Unicode Version ဆေးဆရာနှင့်ကိုးထောင်ကျား(စ/ဆုံး) ——————————— တောင်တွေရစ်ဝိုင်းနေတဲ့လွမ်းမောဖွယ်တောင်တန်းတွေရဲ့အလယ်မှာ ဘုန်းကြီးအိုကြီးတပါးဟာဆွေမျိုးနီးစပ်တော်သောမိဘမဲ့ကျောင်သားကလေးတယောက်နှင့်နေလေသည် ။ ဘုန်းကြီးရဲ့သစ်ခက်သစ်ရွက်တွေနဲ့ဆောက်ထားတဲ့တဲကကျောင်းလေးကိုလာရန် ရေတခွန်စိမ့်စမ်းလိူမြောင်ချိုင့်ဝှမ်းတွေကိုဖြတ်သန်းပြီးမှလာလို့ရပေမည် ။ ဘုန်းကြီးအိုကြီးသည်အချိန်ပြည့်နီးပါတောင်တန်းတွေပေါ်ကြွသွားကအေးချမ်း ်သောနေရာတွင်တရားထိုင်နေလေ့ရှိကာဘုန်းကြီးကျောင်းသားအိုက်စံလဲဘုန်းကြီးနောက်လိုက်သွားကာ ဆေးမြစ်ရှာသစ်သစ်သီးရှာသောအလုပ်ကိုလုပ်လေသည် ။ တခါတခါတောကောင်းကြီးများအသံကြားရပေမဲ့အိုက်စံတို့အတွက်တော့ရိုးနေလေပြီ ။ တခါတုန်းကတောထဲဘုန်းကြီးနောက်လိုက်ရင်းကျားကြီးတကောင်သည်ခြေထောက်ငြောင့်စူးကာ ဒဏ်ရာကြီးသဖြင့်သွေးများထွက်ကာလဲနေလေသည်။ ဘုန်းကြီးလဲမေတ္တာပို့ကာအိုက်စံကိုကူညီခိုင်းရာကြောက်ကြောက်နဲ့စူးနေသောငြောင့်ကိုထုတ်ပေး၍ ဒဏ်ရာအားဆေးရွက်များအုပ်ပေးခဲ့လေသည် ။ ဘုန်းကြီးကအိုက်စံအား ”’လောကမှာလူထက်တရိဆ္တန်တွေကကျေးဇူးပိုသိတတ်သကွဲ့”’ ‘ ထိုသို့အမိန်ရှိကာဆုံးမလေသည်။ ဘုန်းကြီးကျောင်းသို့တခါတလေဘုန်းကြီးကိုသိသောရွာသားများရောက်လာ၍လူဖွယ်ပစ္စည်းများလာလူလေ့ရှိလေသည် ။ တနေ့တွင်ဘုန်းကြီးသည်တောနက်ထဲကြွရန်အိုက်စံကိုခေါ်ပြီးစားနပ်ရိခ္ခါများသယ်စေ၍ခရီးထွက်လေသည်။ တောနက်ထဲရောက်တော့ကျောက်ဂူတခုတွင်စခန်းချကာနေလေသည် ။ …
ဆေးဆရာနှင့်ကိုးထောင်ကျား(စ/ဆုံး) Read More