Unicode Version
ကံတရားအတိုင်းစီရင်ချက်(စ/ဆုံး)
—————————————–
ကျွန်တော်တို့မြို့အား ပတ်ခွေ စီးဆင်းနေသော ကျုံကူချောင်း၏ အနောက်ဘက်ကမ်းတစ်လျှောက်တွင် ကျုံကူရွာတန်းနှင့်အကြီးဝရွာများ တည်ရှိ၏။ တစ်ချိန်က ထိုရွာနှစ်ရွာကြားတွင် ချောက်ချားဖွယ်ရာ သစ်ပင်ကြီးများ အုပ်ဆိုင်းနေသော ကျုံကူသင်္ချိုင်းဟူသည် ရှိခဲ့၏။ ယခု
စည်ကားစွာရှိနေသောရွှေညောင်ပင်ဈေးနှင့်အနီးတစ်ဝိုက်အိမ်ရာများသည် တစ်ချိန်က၎င်းသင်္ချိုင်း၏မြေနေရာများဖြစ်သည်။ယခင်ကထိုသင်္ချိုင်းသည်
ခြောက်လန့်မှုရှိသည်ဟုအလွန်နာမည်ကြီးခဲ့၏။ သရဲ၊တစ္ဆေဇာတ်လမ်းများ
အမျိုးမျိုးအဖုံဖုံကြားခဲ့ဖူးရာထူးထူးခြားခြားမဖဲဝါနှင့်ပက်ပင်းရင်ဆိုင်တွေ့ဆုံ
ခဲ့ရသည်ဆိုသော ကိုသက်နှောင်း၏ဖြစ်ရပ်ကား အလွန်ကြောက်မက်ဖွယ် ရာဖြစ်ခဲ့၏။ ထောင်မှထွက်လာသောကိုသက်နှောင်း၏ ပြောပြချက်ကြောင့် ထိုစဉ်က၎င်းဖြစ်ရပ်သည် ချောင်းတစ်ဖက်ကမ်းရှိမြို့ပေါ်ရပ်ကွက်များကိုပါ ကူးစက်ဂယက်ရိုက်ခဲ့ဖူး၏။
လွန်ခဲ့သည့် အနှစ်လေးဆယ်ခန့်က ကျုံကူရွာ၊ နောက်ဖေးတန်းတွင်
ကိုသက်နှောင်းနှင့်မကြင်နှင်းတို့လင်မယားနှစ်ယောက် နေထိုင်ခဲ့ကြ၏။ ကိုသက်နှောင်းကကြုံရာကျပန်းဘောက်အလုပ်ဖြင့်ဝင်ငွေရှာ၍မကြင်နှင်း
ကလည်း တစ်ဖက်တစ်လမ်းမှ ဈေးရောင်းသဖြင့် အဆင်ပြေစွာ ရှိခဲ့ကြ၏။ သို့သော် မကြာမီတွင် ကိုသက်နှောင်းသည် အရက်သေစာ သောက်စား တတ်လာပြီးဖဲရိုက်၊ ကြက်တိုက်၊အလောင်းကစားတွေပါပါလာ၏။ကြာသော် ကိုသက်နှောင်းတွင်ဖဲကြွေး၊ ကြက်ကြွေးပါမကအရက်ကြွေးပါတင်လေ၏။
သည်အခါသူသည်အလွန်စိတ်ညစ်လာကာအလုပ်ကိုကောင်းကောင်းမလုပ်
တော့ဘဲနေ့စဉ်အရက်မူးလျက်သာနေတော့၏။
တစ်နေ့တွင် စားဝတ်နေရေး ကျပ်တည်းလာမှုကို အကြောင်းပြု၍ မကြင်နှင်းနှင့် ကိုသက်နှောင်းတို့ စကားများ ရန်ဖြစ်ကြပြီး ကိုသက်နှောင်း သည်အိမ်ပေါ်မှဆင်းလာခဲ့ရ၏။ ထိုနေ့ကလမ်းတွင်အပေါင်းအသင်းဖြစ်သူ ကိုရင်နောင်နှင့် တွေ့ဆုံလေ၏။
“ဖြစ်ပါ့မလား ရင်နောင်ရာ။ အလောင်းပိုင်ရှင်တွေ သိသွားရင် မလွယ် ဘူး။ ပြီးတော့လည်း ငါက ညဘက်ဆို သင်္ချိုင်းကုန်းကို တစ်ခါမှ သွားဖူးတာ မဟုတ်ဘူး”
“ဟေ့ကောင် သက်နှောင်းရ – မင်းအတွက် သက်သက် ငါပြောတာပါ။ ငါသတင်းအမှန်ရလို့ပြောတာ။ မင်းလုပ်ရဲရင်လုပ်၊မလုပ်ရဲလည်းငါမတတ် နိုင်ဘူး။ လုပ်ရဲရင်တော့ မင်းအကြွေးတွေ ကျေမယ့်အပြင် မင်းလက်ထဲမှာ ငွေသီးပြီး ကျန်ခဲ့မယ့် အဖြစ်မျိုးကွ၊ ငါ့အတွက်ကတော့ မင်းပေးမှ ရမှာပါကွာ”
“သူငယ်ချင်း…မင်းပြောတာကျိန်းသေတယ်နော်။တော်ကြာ..မဟုတ်ရင်”
“ဟကောင်ရ၊ ဒီလောက်အန္တရာယ်ကြီးတဲ့ကိစ္စ မဟုတ်တာ။ ငါပြောပါ့ မလား။ ဟုတ်မဟုတ်- တကယ်သိချင်ရင် တကယ်လုပ်ကြည့်ပေါ့၊ ငါကတော့ မင်းကိုသတင်းပေးရုံသက်သက်ပဲ”
သည်ညသည် လမိုက်ည…။
လမိုက်ညတို့၏ထုံးစံအတိုင်းညဉ့်နက်လာလေ၊အမှောင်ထုကကြီးစိုးလေ
လေ ဖြစ်သည်။ ထို့အတူ လမ်းများပေါ်တွင် လူသူကလည်း ကင်းမဲ့သထက် ကင်းမဲ့လာ၏။
ထိုအချိန်မျိုးတွင် ညောင်ပင်ကြီးများ၊ ကုက္ကိုပင်ကြီးများဖြင့် အုပ်ဆိုင်း မည်းမှောင်နေသော ကျုံကူသင်္ချိုင်းလိုနေရာမျိုးတွင်ကား လူသူမဆိုထားဘိ၊ ခွေးကြောင်များပင်လျှင် ဖြတ်သန်းသွားရဲလိမ့်မည် မဟုတ်ပေ။ သို့သော် ထို သင်္ချိုင်း၏ မြေပုံတစ်ခုပေါ်တွင် လူတစ်ယောက် ရောက်ရှိနေသည်ဆိုပါက အဘယ်သို့ ရှိမည်နည်း။ ထို့ထက် အချိန်မတော်ကြီးတွင် လူတစ်ယောက်က အလောင်းမြှုပ်ထားရာ မြေပုံပေါ်မှ မြေကြီးခဲများကို ပေါက်ပြားဖြင့် တူးဆွ ဖယ်ရှားနေမည်ဆိုလျှင်လည်းမည်မျှအံ့ဩစရာကောင်းလိုက်မည်နည်း။
မှန်ပါသည်။ မသန်းမေ အသက် (၃၂)နှစ်ဟူသော မှတ်တိုင်ကို ဖယ်ရှားလျက်မြေပုံပေါ်တွင်ပေါက်ပြားတစ်လက်ဖြင့်ကိုရင်နောင်၏သတင်းပေး ချက်အရ ကိုသက်နှောင်းတစ်ယောက် သဲသဲမဲမဲ တူးဆွနေပါသည်။ သူသည် အရက်အတော်အတန်မူးနေပြီး စိတ်လှုပ်ရှားလွန်းသဖြင့် ဇောချွေးများလည်း တစ်ကိုယ်လုံး ရွှဲနစ်နေ၏။ သူသည် တစ်ခါတစ်ခါ ကြောက်စိတ်ကလေးများ ဝင်လာဟန်ရှိသော်လည်း သူ၏ဘဝက ဤသို့ ဖြေရှင်းမှ ပြေလည်မည်ကို သတိရလာပြန်သဖြင့်ကြောက်စိတ်ကိုဖြေဖျောက်ကာသူ၏ပေါက်ပြားကိုသာ အသံတိုးနိုင်သမျှ တိုးညင်းစွာဖြင့်မြေကြီးကိုတူးဆွနေ၏။
“ဒုန်း”
ကိုသက်နှောင်းတူးဆွနေသောမြေပုံကျင်းနက်ထဲမှရုတ်တရက်ထွက်ပေါ်
လာသောအသံ။
ထိုအသံကြောင့်ကိုသက်နှောင်းလန့်ဖျပ်သွားပြီးပေါက်ပြားကိုလွှတ်ချကာ
မြေကျင်းနှုတ်ခမ်းအပေါ်ခုန်တက်မိလိုက်လေ၏။ ရီဝေဝေဖြစ်နေသော သူ၏
ယစ်မူးမှုသည်လည်းအနည်းငယ်ပျက်ပြယ်သွားဟန်ရှိ၏။ သူခေတ္တမျှတွေဝေ
စဉ်းစားနေပြီးမှသူ၏လုပ်ငန်းသည်တစ်ဝက်မျှအောင်မြင်နေပြီဖြစ်ကြောင်းကို
သိသွားသဖြင့် သူ စိတ်အားထက်သန်လာပြန်သည်။ ထို့ကြောင့် သူသည် ဆက်လက်လှုပ်ရှားပြန်လေ၏။
ဤတွင်ကိုသက်နှောင်းသည် သူ့တွင်အသင့်ပါလာသော သံတူးရွင်းဖြင့်
အခေါင်းပေါ်ရှိပျဉ်ချပ်များကိုတဖြည်းဖြည်းချင်းထိုးခွာလိုက်သည်။ခေါင်းထဲမှ ထွက်ပေါ်လာသော ပုပ်အက်အက်အနံ့များက ကိုသက်နှောင်း၏ နှာခေါင်း အတွင်းရှိ အရက်နံ့များကို အုပ်မိုးသွားလေ၏။ ရုတ်တရက် ကိုသက်နှောင်း တစ်ချက်ပျို့တက်လာ၏။ သို့သော် သူ၏စိတ်မာန်ကိုတင်းလျက်ပါလာသော လက်နှိပ်မီးဖြင့်အလောင်းကောင်ပေါ်သို့အလင်းတစ်ချက်ပေးလိုက်၏။
ပုပ်ပွနေသော အလောင်းကောင်ကြီးနှင့်အတူ ဝင်းဝင်းလက်လက်အရာ သုံးလေးငါးခုတို့ကကိုသက်နှောင်း၏မျက်စိထဲဝင်းခနဲပေါ်လာ၏။သူသည်မီးကို ရုတ်တရက် မှိတ်လိုက်ပြီး ကျင်းဝသို့ ပြန်တက်လာကာ ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်နေပြီး မှောင်လည်း အလွန်မှောင်မည်းနေ၏။ အခြေအနေကောင်းသည်ကို သူ ရိပ်မိ
သဖြင့်အသက်ကိုတစ်ဝကြီးလေးငါးကြိမ်ရှူသွင်းလိုက်ပြီးကျင်းထဲသို့ပြန်ဆင်း
သွားသည်။
ကျင်းထဲအရောက်တွင် သူ၏လက်များက အလောင်းကောင်ပေါ်သို့ အလိုလိုရောက်သွား၏။ထိုစဉ်ကျင်းဝနားဆီမှအမျိုးသမီးတစ်ဦး၏အသံလိုလို။
“ဟေ့-အဲဒါတွေနင်နဲ့မဆိုင်ဘူး”
ထိုအခါ ကိုသက်နှောင်း ထိတ်ခနဲ ဖြစ်သွားပြီး ကျင်းဝသို့ ပြန်တက်၍ ဘေးပတ်လည်ကိုလိုက်ကြည့်မိပြန်သည်။ ကြယ်ရောင်များအောက်ရှိမြေပြင်
ပေါ်တွင်ကားလူမဆိုထားနှင့်အခြားသက်ရှိသတ္တဝါပင်ရှိပုံမပေါ်။ကိုသက်နှောင်း
အနေဖြင့် မိမိ စိတ်ချောက်ချားနေပြီဟု သဘောပေါက်လျက် ကျင်းထဲ ပြန် ဆင်းရန်အလုပ် ကျင်းထဲရှိ အခေါင်းထဲမှ စကားပြောသံသဲ့သဲ့ကို ကြားရ ပြန်သည်။
“ဒါတွေ…ရှင်နဲ့မဆိုင်ဘူးမယူနဲ့- ပြန်သွား”
ကိုသက်နှောင်း လန့်ဖျပ်ပြီး အလောင်းကောင်ပေါ်သို့ လက်နှိပ်ဓာတ်မီး တစ်ချက်ထိုးချလိုက်သည်။ အလင်းရောင်များ ဝင်းထိန်သွား၏။ ငြိမ်သက်နေ
သောအလောင်းကောင်ကြီးမှလွဲ၍ဘာမှမတွေ့။
ထိုစဉ်ကိုသက်နှောင်း စိတ်ရှုပ်လာပြီး အရက်ရှိန်ကြောင့်ဒေါသကလေး ပါပါလာ၏။ဘာကိုမှစဉ်းစားမနေတော့ဘဲအလောင်းကောင်၏နားရွက်စွန်များ တွင်ပန်ဆင်ထားသောစိန်နားကပ်တစ်ရံ၊လည်ပင်းတွင်ဆွဲထားသောဆွဲကြိုး၊ လက်နှစ်ဖက်ရှိလက်ကောက်များနှင့်လက်သူကြွယ်တွင်စွပ်ထားသောလက်
စွပ်တို့ကိုအမြန်ဖြုတ်ယူလိုက်သည်။
သူ၏လက်တွင်လည်းအပုပ်ရည်၊အပုပ်ဖတ်များပေရေနံဟောင်သွား၏။ သို့သော် သူ ဂရုမစိုက်။ အသင့်ပါလာသော လွယ်အိတ်ထဲသို့ ၎င်းလက်ဝတ် ရတနာများကိုအသေအချာထည့်လိုက်သည်။ထို့နောက်အခေါင်းပျဉ်ပြားကို ပြန်ပိတ်လိုက်ပြီး ကျင်းဝပေါ် ခုန်တက်လေ၏။ တစ်ဖန် မှတ်တိုင်ကို ပြန်စိုက်၍ မြေကြီးခဲများကို ကျင်းထဲသို့ ပြန်ယက်ချလိုက်ပြီး မြေပုံကို နေသားတကျ ဖြစ် အောင်စီမံလိုက်သည်။
ထို့နောက်ချောင်းဘက်သို့လျှောက်သွားကာ ပေါက်ပြားကို ရေထဲပစ်ချ လိုက်ပြီးခြေလက်တို့ကိုဆေးကြော၏။လက်ဝတ်ရတနာများထည့်ထားသော
လွယ်အိတ်ကိုလည်း ရေထဲအသာနှစ်ဆေးလိုက်၏။ ထို့နောက် သူသည် သင်္ချိုင်းကုန်းရှိလမ်းကလေးအတိုင်းရွာဘက်သို့လျှောက်လာခဲ့၏။
ထိုစဉ်ရုတ်တရက်သူ၏ရှေ့ခပ်လှမ်းလှမ်းဆီမှအရိပ်မည်းမည်းတစ်ခုက ဆီးတားလိုက်သဖြင့် သူ၏ခြေလှမ်းများ ရပ်တန့်သွား၏။ သူ၏ နှုတ်မှလည်း စကားများလျှပ်တစ်ပြက်ထွက်သွား၏။
“ဟေ့….ငါ့ရှေ့ကကာဆီးကားဆီးလုပ်နေတာ ဘယ်သူလဲကွ”
“ကျုပ် မဖဲဝါ”
“ဟေ”
ကိုသက်နှောင်း ကြောင်အမ်းအမ်း ဖြစ်သွားသည်။ မဖဲဝါတဲ့။ သို့သော် သူမယုံ။ အခြားတစ်ယောက်ယောက်ဟု သူထင်၏။
“ဟေ့ .. ငါ သက်နှောင်းကွ၊ ဘာမှတ်လို့လဲ- ငါ့ကို ရုတ်ရုတ် ရုတ်ရုတ် တော့လုပ်မယ်မကြံနဲ့နော်-သေသွားမယ်ဟင်း”
ကိုသက်နှောင်းသည် သူ၏ စကားမဆုံးမီမှာပင် လက်နှိပ်ဓာတ်မီးကို ရုတ်တရက် ခလုတ်နှိပ်၍ ထိုးဖွင့်လိုက်သည်။ အလင်းတန်းများ ဖြာကျသွား သည်နှင့်ခုနကကာဆီးနေသောအရိပ်မည်းကြီးကမတွေ့ရတော့ပေ။
ထိုအခါ ကိုသက်နှောင်းသည် လက်နှိပ်ဓာတ်မီးကို မှိတ်ပစ်လိုက်ရာ မှောင်သွားသည်နှင့်ကြယ်ရောင်လရောင်အောက်တွင်ခုနကအရိပ်မည်းကြီး
က ပြန်ပေါ်လာပြန်သည်။ ရှေ့သို့လှမ်းဟန်ပြင်နေသော ကိုသက်နှောင်း၏ ခြေလှမ်းများ တုန့်ခနဲရပ်သွားရလေ၏။
“ဟေ့-ငါ့ရှေ့က ကာဆီးကာဆီးလုပ်နေတဲ့ကောင်မ – အမြန်ဖယ်စမ်း ဟေ့-ဒီမှာတွေ့လားဓား၊ အပိုင်းပိုင်း အတစ်တစ်ဖြစ်သွားမယ်”
ကိုသက်နှောင်းသည် သူ၏ဓားရှည်ကို ထုတ်ပြပြီး ခြိမ်းခြောက်လိုက် သည်။ သို့သော်ရှေ့မှ အရိပ်မည်းကြီးကတုတ်တုတ်မျှပင်မလှုပ်သည့်ပြင် -။ “သေ…ဪရှင်ကတော်တော်သတ္တိကောင်းနေတာကိုး၊ရှိပါစေလေ။
ဒါပေမဲ့- ရှင့်ကိုတော့ တစ်ခုပြောပါရစေ။ ရှင် အခုယူလာတဲ့လက်ဝတ်ရတနာ တွေဟာ ကျွန်မနဲ့လုံးလုံး ပတ်သက်နေပါတယ်။ ရှင် တူးခဲ့တဲ့မြေပုံထဲက
အလောင်းကောင် မသန်းမေရဲ့ဘဝသစ်ဝိညာဉ်ဟာ ကျွန်မဆီရောက်လာပြီး
အကူအညီတစ်ခု တောင်းတယ်။ သူမဟာ ဒုက္ခဆင်းရဲ ကြီးမားတဲ့ဘဝကို ရောက်နေတယ်။ ဒီတော့ သူမကိုယ်ပိုင်ငွေနဲ့ ဝယ်ယူဝတ်ဆင်ခဲ့တဲ့အလောင်း ကောင်ပေါ်က လက်ဝတ်ရတနာတွေကို တူးယူရောင်းချပြီး အလှူဒါနတစ်ခု လုပ်ပေးရမယ်။ ပြီးတော့ အမျှအတန်းပေးဝေရမယ်။ သူမက သာဓုခေါ်လိုက် ရင်မကောင်းတဲ့ဘဝကကျွတ်လွတ်ပြီးကောင်းရာသုဂတိဘုံကိုရောက်မယ်လို့ လာပြီး အသနားခံရှာတယ်။ ကျွန်မကလည်း သနားတာနဲ့ လုပ်ပေးမယ်လို့ ကတိပေးပြီးပြီ။ ဒါပေမဲ့ – ရှင်က လက်ဝတ်ရတနာတွေ ယူသွားမယ်ဆိုတော့ ကျွန်မဒီကိစ္စကိုဘယ်လိုလုပ်ဆောင်ရွက်လို့ရတော့မှာလဲ။ အဲဒီတော့ရှင့်အိတ် ထဲမှာ ပါလာတဲ့ လက်ဝတ်ရတနာတွေ ကျွန်မကို ပေးခဲ့ပါ။ ဒါတွေ ကျွန်မနဲ့ပဲ သက်ဆိုင်ပါတယ်”
ကိုသက်နှောင်းသည်သူ့ရှေ့မှ မျက်ဝါးထင်ထင်တွေ့မြင်နေရသောအရိပ် မည်းကြီး၏ ပီသသော အသံများကြောင့် အလွန် ကြောက်ရွံ့တွေဝေသွားလေ ၏။ သူ၏အသိစိတ်ထဲတွင်လည်း သူတူးယူရရှိထားသော လက်ဝတ်ရတနာ များအား တောင်းခံနေသည်ကို နားလည် သဘောပေါက်နေ၏။ တစ်ဖက်က ပြန်ကြည့်မည်ဆိုပါလျှင်လည်း သည်လက်ဝတ်ရတနာများကိုသူရမှဖြစ်မည်။
သူ့တွင်အကြွေးတွေပေးစရာရှိသည်။ဒီလိုအဖိုးတန်ပစ္စည်းများပါလာမှသာသူ အိမ်ပေါ်ပြန်တက်နိုင်မည်။ သို့သော်ရှေ့ ကာဆီးတောင်းခံနေသူကားသာမန် လူသားမဟုတ်။ သုသာန်သင်္ချိုင်းများကို အပိုင်စားရထားသော တန်ခိုးရှင် မဖဲဝါ။
ဘာပဲဖြစ်ဖြစ်၊ ခုချိန်မျိုးမှာတော့ ကိုသက်နှောင်းအနေဖြင့် ဉာဏ်ကူမှ ရတော့မည်။ မဖဲဝါနှင့်တေ့တေ့ဆိုင်ဆိုင်ဆွေးနွေးရတော့မည်။
“ဒီမှာမဖဲဝါကျုပ်မှာလည်းအကြွေးတွေဝိုင်းနေတယ်ဆိုတာခင်ဗျားလည်း
သိမှာပေါ့။ ဒါပေမဲ့ – မသန်းမေကျွတ်ဖို့အတွက်တော့ ဘာမှမပူနဲ့။ ကျုပ်သူ့ အတွက်အလှူတစ်ခုလုပ်ပြီး အမျှအတန်းပေးဝေလိုက်မယ်။ ဘယ့်နှယ်လဲ”
“ရှင်….ရှင်တကယ်ပြောတာလား၊ဝမ်းသာလိုက်တာ-ကိုသက်နှောင်းရယ်
ကျွန်မအနေနဲ့ လောလောဆယ် ဒီလက်ဝတ်ရတနာတွေကို တူးယူဖို့ဆိုတာ မလွယ်တဲ့အပြင် အလှူတစ်ခု လုပ်ပေးဖို့ဆိုတာလည်း ဘယ်လိုမှ စဉ်းစားလို့ မရဘူး။ ဒါကို ရှင်က လုပ်ပေးမယ်ဆိုတော့ အရမ်းကို ဟန်ကျတာပဲ။ တကယ် တော့ မသန်းမေရဲ့ဘဝဟာ သိပ်သနားစရာ ကောင်းလှပါတယ်။ သူ့ဘဝ တစ်လျှောက်လုံး မိဘကို လုပ်ကျွေးခဲ့ပြီး ရပ်ရေး၊ရွာရေး၊ကုသိုလ်ရေးတွေ ဆိုရင်လည်းအမြဲတမ်းပါဝင်ခဲ့သူပါ။ ဒါပေမဲ့- သူ့ချစ်သူရဲ့သစ္စာဖောက်မှုအပေါ် နာကြည်းမုန်းတီးလွန်းပြီးသေရတဲ့အတွက်ခုလောလောဆယ်မှာတော့ဆင်းရဲ
ဒုက္ခကြီးတဲ့ဘဝနဲ့တွေ့ကြုံနေရတယ်။ သူ့ကိုကျွန်မအရမ်း သနားတာပဲ။ ကဲ-
ဒါဆိုရင်ရှင်ကျွန်မကိုကတိတစ်ခုတော့ပေးဖို့လိုတယ်။ဘာလဲဆိုတော့ရှင့်ဘက်
က ခုနစ်ရက်အတွင်း အလှူအတန်းတစ်ခု လုပ်ပေးဖို့ပါပဲ။ ဘယ့်နှယ့်လည်း ကိုသက်နှောင်းကတိပေးနိုင်မယ်မဟုတ်လား”
ထိုအခါ ကိုသက်နှောင်းကတိတစ်လုံးကိုလွယ်လွယ်ဖြင့်ပေးလိုက်၏။ “ပေး … ပေးပါတယ် မဖဲဝါ၊ ကျပ် ခုနစ်ရက်အတွင်း မသန်းမေအတွက် အလှူအတန်းတစ်ခုလုပ်ပေးမယ်ဆိုတာကတိပေးပါတယ်”
ထိုစဉ်အရိပ်မည်းကြီးသည် ငြိမ်သက်စွာပြောဆိုနေရာမှလှုပ်ရှားလာပြီး ကိုသက်နှောင်းကိုနှုတ်ဆက်စကားဆိုလေ၏။
“ကောင်းပြီ-ကိုသက်နှောင်း၊ ရှင် ကတိသာ တည်ပါစေ ကျွန်မဘက် ကလည်းကျေးဇူးမမေ့ပါဘူး။ကတိမတည်ဘူးဆိုရင်တော့ကျွန်မမဖဲဝါကလည်း ရာဇဝင်နဲ့ဆိုတာကိုတော့ ရှင် သိမှာပေါ့။ ကဲ – ကျွန်မကို သွားခွင့်ပြုပါ။ ရှင် လည်း သွားနိုင်ပါပြီ”
ကိုသက်နှောင်းအနေဖြင့်ညကဖြစ်ပျက်ခဲ့သောအကြောင်းအရာတို့သည် ကားအိပ်မက်လေလား၊ တကယ်လားဟူ၍ပင်ခွဲခြားမရတော့ပါ။ အကြွေးကိစ္စ
အိမ်ထောင်ရေး၊ စီးပွားရေးကိစ္စတွေ ခေါင်းထဲရှုပ်ထွေးနေပြီမို့ မဖဲဝါကိစ္စကို မေ့ ဖျောက်ထားလိုက်သည်။ ရွာထဲလူတွေ မသိအောင် ရသည့်ဈေးနှင့်ထုခွဲ ရောင်းချကာအကြွေးဆပ်၊စားဖို့ချန်၊အပေါင်းအသင်းဝတ္တရားကျေပွန်ဖို့ကျွေးရ မွေးရ၊ကိုယ်ကိုယ်တိုင်အရက်သောက်ကြမ်းပြန်တော့သောက်မိစားမိ၊ သည်လို နှင့်လက်ဝတ်ရတနာရောင်းချရရှိခဲ့သောငွေကြေးများမှာခုနစ်ရက်ပင်မကြာလိုက်ကုန်ခန်းသွားတော့သည်။
သည်တော့ မဖဲဝါနှင့် ထားခဲ့သည့်ကတိစကားတို့သည်လည်း အလိုလို ပျက်ပြယ်သွားလေတော့သည်။ ကိုသက်နှောင်းအတွက် ဘာမျှ မတတ်နိုင် တော့ပြီ။မဖဲဝါနှင့်ဝေးအောင် သင်္ချိုင်းကုန်းကိုမသွားရုံသာရှိတော့သည်။
သို့ပေမဲ့ – ခုနစ်ရက်လွန်မြောက် ရှစ်ရက်ရောက်သော် ညမိုးချုပ်ရုံသာ ရှိသေးသည်။ အရိပ်မည်းကြီးတစ်ခုကအိမ်ရှေ့ခြံတံခါးဝတွင်ကိုယ်ထင်ပြလာ လေသည်။ထိုအရိပ်မည်းကြီးကိုမြင်ဖူးထားသောကိုသက်နှောင်းခမျာအလွန်
ထိတ်လန့် တုန်လှုပ်သွား၏။ မဖဲဝါ လိုက်လာချေပြီ။ ကိုသက်နှောင်း ဘာကိုမျှ စဉ်းစားမနေနိုင်တော့ဘဲ ဘုရားကျောင်းဆောင်ရှေ့အလိုလို ရောက် သွားတော့၏။ ဘုရားရှိခိုးစာများ တတွတ်တွတ် ရွတ်ကာ ကြေးစည်ကို နာနာ ထု၏။ ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်နှင့် (၃၇)မင်းနတ်များအား မဖဲဝါကို နှင်ထုတ်ပေးရန်တိုင်တည်၏။ ဤတွင်ခြံဝရှိခုနကအရိပ်မည်းကြီးမှာ ပျောက် ကွယ်သွားတော့သည်။
မကြင်နှင်းကတော့ရုတ်တရက်ကြီးသူတော်ကောင်းစိတ်ဝင်သွားသော ကိုသက်နှောင်းကိုကြည့်ပြီး အံ့ဩနေ၏။ တော်တော်ကလေးကြာတော့ မကြင်နှင်းအိပ်ခန်းထဲ ဝင်သွားသည်။ ကိုသက်နှောင်းသည် အိမ်ရှေ့ခန်းတွင် တစ်ယောက်တည်းမနေရဲသဖြင့်နောက်မှလိုက်ဝင်သွား၏။
ထိုညက မကြင်နှင်းစောစီးစွာ အိပ်မောကျသွားသော်လည်း ကိုသက် နှောင်းကား အိပ်၍မပျော် ဖြစ်နေသည်။ အတိတ်မှ သူ၏လုပ်ရပ်များက ပစ္စုပ္ပန်တွင်တစ္ဆေအဖြစ်ဖန်တီးခြောက်လှန့်လာခြင်းဖြစ်သည်။သူကားဤညအိပ်ပျော်နိုင်ပါဦးမည်လော။ သူ၏ အတွေးစိတ်ကူးများကြားတွင် မဖဲဝါ၏ အသံသဲ့သဲ့ကလေးများကဝင်ရောက်နှောင့်ယှက်နေ၏။သူသည်အိပ်မပျော်။ ရုတ်တရက် ထထိုင်လိုက်၏။ ထိုစဉ် အပြင်ဘက်မှ ခွေးအူသံများ စူးစူးဝါးဝါး ထွက်ပေါ်လာလေသည်။ ထို့အပြင် မဖဲဝါ၏ ကြုံးဝါးသံများကလည်း ကိုသက် နှောင်း၏နားထဲသို့အတင်းတိုးဝင်လာသည်။
“ရှင်…. ကတိမတည်ဘူး”
ရှင် … ကျွန်မကို လှည့်စားလို့ ရမယ် ထင်နေသလား၊ မဖဲဝါအကြောင်း ကောင်းကောင်းပြရသေးတာပေါ့”
ယခုကိုသက်နှောင်းကြားလိုက်ရသည်မှာခုနကလိုသဲ့သဲ့မျှ ကြားယောင် ခြင်းမျိုးမဟုတ်တော့ဘဲသဲသဲကွဲကွဲကြီးကြားလိုက်ရခြင်းဖြစ်သည်။ သို့သော် အထက်ပါအတိုင်းကြားလိုက်ရသည်မှာအခြားမှမဟုတ်၊ သူ့မိန်းမမကြင်နှင်း၏
နှုတ်မှထွက်ပေါ်လာခြင်းဖြစ်သည်။မဖဲဝါမကြင်နှင်းကိုဝင်ပူးပြီးပြောဆိုကြုံးဝါး
နေခြင်းပေလော။
“ကြင်နှင်း – ကြင်နှင်း – အရေးထဲ ဘာတွေထယောင်နေတာလဲ” ထိုအခါမကြင်နှင်းဆီမှငိုယိုလျက်စကားပြန်ပြောလေသည်။
“ကိုသက်နှောင်းရှင်- ဘာတွေလုပ်ခဲ့တာတွေလည်းကျွန်မမနေရတော့
ဘူး။ လာခေါ်နေပြီ။ အား”
မကြင်နှင်းသည် စကားကိုဆုံးအောင်ပင် ပြောပြမသွားနိုင်ချေ။ သူမ၏ မျက်လုံးများကလည်း အပေါ်သို့လန်တက်ပြီး ငြိမ်ကျသွားလေသည်။ ထိုအခါ ကိုသက်နှောင်းသည်မကြင်နှင်းကိုအမြန်ပွေ့ပြီးစမ်းသပ်ကြည့်သည်။ မကြင်
နှင်းကားအသက်မရှိတော့ချေ။
“ဒါ – ဒါ မဖဲဝါ လက်ချက်ပဲ ဖြစ်ရမယ်။ သိကြသေးတာပေါ့။ သက်နှောင်း အကြောင်း ကောင်းကောင်း သိစေရမယ်။ ဟေ့- အီး… ဟီး – ဖြစ်ရလေ မကြင် နှင်းရယ် – ဖြစ်ရလေခြင်း”
မကြင်နှင်း သေဆုံးရသည်မှာ မဖဲဝါ၏လက်ချက်ဟု ကိုသက်နှောင်း
တစ်ထစ်ချမှတ်ယူထားပြီးဖြစ်သည်။
သည်ကနေ့ညနေသည်မကြင်နှင်း၏အလောင်းကိုမြေချပြီးသောညနေ ဖြစ်သည်။တစ်နေ့တာပူပြင်းခဲ့သောနေလုံးကြီးသည်လည်းအပူရှိန်ကိုလျှော့
ချကာ မိုးကုတ်စက်ဝိုင်းပေါ်မေးတင်ထားလေသည်။ ကိုသက်နှောင်းက မိုက် ကြေးခွဲသည့်အနေဖြင့် မဖဲဝါရှိရာ ဤကျုံကူသင်္ချိုင်းဇရပ်ထဲတွင် အရက် ပုလင်းကိုထောင်လျက် အမြည်းကို တကျွတ်ကျွတ် ဝါးနေလေ၏။ သူ၏ ဘေးနားတွင်လည်းငှက်ကြီးတောင်ဓားရှည်ကြီးကိုချထား၏။ ရံဖန်ရံခါဖန်ခွက် နှင့် ပုလင်းထိသံကြားရပြီး တစ်ခါတစ်ခါ တက်ခေါက်သံများလည်း ကြားနေရ၏။
ညနေသည်လည်း မှောင်သထက် မှောင်လာ၏။ ထိုစဉ် သင်္ချိုင်းဇရပ်မှ ယိုင်ထိုးထိုးလူတစ်ယောက်ထွက်လာသည်ကို ဝိုးတဝါး မြင်နေရ၏။ ထိုလူ၏ ဘယ်ဘက်လက်ထဲတွင် ပုလင်းတစ်လုံး၊ ညာဘက်လက်ထဲတွင် ဓားတစ်လက်။ “ဂွမ်း – ချလွမ်း – ချလွမ်း”
ထိုသူသည် ရူးမိုက်စွာ ပုလင်းကိုလူသွားလမ်းပေါ်ကိုင်ပေါက်ခွဲပစ်လိုက်
သည်။ထို့နောက်ကျယ်လောင်ဟစ်အော်သံအသံများဖြင့်တစ်စုံတစ်ယောက်
ကိုစိန်ခေါ်လိုက်သည်။
“ဟေ့ … မဖဲဝါ ငါ့မိန်းမကို သတ်သွားတဲ့မဖဲဝါ၊ သတ္တိရှိရင် လာခဲ့လေ ။ သက်နှောင်းအကြောင်း ကောင်းကောင်းသိစေရမယ်။ ဟောဒီ – ဓားသွားမှာ မင်းရဲ့ဝိညာဉ်တွေအပိုင်းပိုင်းအတစ်တစ်ဖြစ်သွားစေရမယ်။လာလေ-လာစမ်း ပါ မဖဲဝါ။ ဘာလဲ – မင်းအခုမှ ကြောက်နေပြီလားကွ။ ငါ့မိန်းမကို သတ်တုန်း ကတော့ သတ်သွားပြီး ခုမှ ဘယ်ရှောင်ပုန်းနေတာလဲ၊ ဟား- ဟား- ဟား သက်နှောင်းကို ကြောက်နေပြီလား ဟေ့-မဖဲဝါလာလေ-လာလေ ထွက်ခဲ့လေ”
ညဉ့်သည်နက်သထက်နက်လာ၏။ သို့သော်ဤသင်္ချိုင်းကား ခါတိုင်းလို တိတ်ဆိတ် ငြိမ်သက်မနေ၊ ကိုသက်နှောင်း၏ စိန်ခေါ်သံများဖြင့် လွှမ်းမိုးဟိန်း
ထွက်နေ၏။ သို့သော်ကိုသက်နှောင်းစိန်ခေါ်နေသောမဖဲဝါကားခုထိထွက်ပေါ် လာပုံမရသေးချေ။ကိုသက်နှောင်း၏စိန်ခေါ်သံကသာရွာထဲမှပင်အတိုင်းသား ကြားနေရသည်။ ရွာသူ၊ ရွာသားတွေကတော့ ကိုသက်နှောင်း တစ်ယောက် မိန်းမလည်းသေ၊မူးလည်းမူးနေသဖြင့်စိတ်ပေါက်ပေါက်နှင့်သင်္ချိုင်းကုန်းသွား ပြီးအော်ဟစ်နေသည်ဟုထင်ကြသဖြင့်မည်သူမျှဂရုမစိုက်အားကြပေ။
သို့သော် ကိုသက်နှောင်းကတော့ မဖဲဝါကို တကယ် စိန်ခေါ်နေခြင်းဖြစ် သည်။ ခုလောက်ဆိုကိုသက်နှောင်း၏စိန်ခေါ်နေမှုကိုမဖဲဝါသိကောင်းသိနေ မည်ဖြစ်သည်။ သို့သော်ယခုအချိန်အထိတော့ ဘာမျှထူးခြားမှုမရှိသေးချေ။
“ဟေ့….မဖဲဝါထွက်ခဲ့လေ-ကြောက်နေပြီလားကွ၊ခုလိုသတ္တိမရှိလို့လည်း လူမရှိတဲ့သင်္ချိုင်းကုန်းမှာ နေနေရတာပေါ့ကွ၊ အောက်တန်းစားမ မဖဲဝါ၊ ထွက်ခဲ့လေ – သတ္တိရှိရင်ထွက်ခဲ့လေ”
ထိုစဉ် ရုတ်တရက်-
“ဟေ့- သတ္တိရှိလို့ထွက်လာပြီကွ”
တစ်ဖက်မှ လျှပ်တစ်ပြက် အသံတန်ပြန်လာသဖြင့် ကိုသက်နှောင်း
ရုတ်တရက်တန့်သွားသည်။
သို့သော်သူ၏ဒေါသကတွန်းပေ။ရှေ့ကိုဆက်တိုး
ရန်သာပြင်လိုက်သည်။
“ဪ…မဖဲဝါထွက်လာသေးတယ်နော်အေး-ထွက်လာရင်သေဖို့သာ
ပြင်ပေတော့ – ရော့ကွာ”
“ဝှစ်”
ကိုသက်နှောင်းသည် ပြောပြောဆိုဆိုနှင့်လက်ထဲရှိ ငှက်ကြီးတောင် ဓားဖြင့် ရှေ့မှ မားမားမားမားလုပ်နေသော အရိပ်မည်းကြီးကို လှမ်းခုတ်လိုက် သည်။ သို့သော် ထိုအရိပ်မည်းကြီးက လျှပ်တစ်ပြက် ရှောင်တိမ်းလိုက်သဖြင့် ကိုသက်နှောင်း၏ ခုတ်ချက်က လေထဲ ဝှစ်ခနဲ မြည်ရုံမြည်ကာ အလဟဿ ဖြစ်သွား၏။ ထိုအခါကိုသက်နှောင်းပိုမိုဒေါသထွက်လာပြီး-
“ကဲကွာ..ကဲကွာ..ကဲကွာ” “ဒုတ်-ချွမ်-ဝှစ်-ရွပ်”
ကိုသက်နှောင်းက ဓားဖြင့် အဆက်မပြတ် အားကုန် လိုက်ခုတ်သဖြင့် တစ်ဖက်မှအရိပ်မည်းကြီးကလည်းတုတ်တစ်ချောင်းဖြင့်ခုခံရင်းနောက်ဆုတ် နောက်ဆုတ်ဖြင့်ကိုသက်နှောင်း၏မျက်နှာနှင့်ရင်ဘတ်ပေါ်သို့ညှီစို့စို့သွေးစိမ်း
များဖြင့် ပက်၍ ပက်၍ သွားနေလေသည်။ ကိုသက်နှောင်းသည် မူးမူးရူးရူးနှင့် ထိုအရိပ်မည်းကြီးနောက်သို့သာ တရစပ် လိုက်ခုတ်နေသောကြောင့် ဓားနှင့် တုတ်ထိသံများ၊ နှုတ်မှကြုံးဝါးသံများ သင်္ချိုင်းကုန်းတစ်ခုလုံး ဆူညံသွား၏။ ထိုအခါရွာသူ၊ရွာသားအချို့လန့်နိုးလာကြပြီးသင်္ချိုင်းကုန်း၌တစ်ခုခုဖြစ်နေ
သည်ကို သိရှိသွားကာ လူစု၍ သင်္ချိုင်းကုန်းသို့ ရောက်လာကြလေသည်။ ထိုအချိန်တွင် ကိုသက်နှောင်းဓားဖြင့် လိုက်ခုတ်နေသော အရိပ်မည်းကြီးမှာ တအားအားအော်ဟစ်ပြီး ဗုန်းခနဲနောက်ပြန်လဲကျသွားလေသည်။ “ဟာ…လူတစ်ယောက်လဲကျသွားပြီ”
“ကိုသက်နှောင်းမလုပ်နဲ့ – မလုပ်နဲ့-လူကြီးတွေလာနေပြီ” ရွာသူ၊ရွာသားတို့၏အသံဗလံများ ဆူညံသွား၏။ ရွာသားတစ်ယောက်က လဲကျနေသောလူကိုလက်နှိပ်မီးဖြင့်ထိုးကြည့်လိုက်သည်။
“ဟာ..ကိုသက်နှောင်းခင်ဗျားဘယ်လိုလုပ်လိုက်တာလဲ။ဒါစိတ်နောက်
နေတဲ့ ကိုကျောက်ခဲလေ… ဘယ်လိုဖြစ်ကြတာလဲဗျာ”
ထိုအခါကိုသက်နှောင်းရင်ထဲထိတ်လန့်သွားပြီးလက်ထဲမှဓားကိုလည်း လွှတ်ချလိုက်လေသည်။မျက်လုံးထဲတွင်လည်းမီးဝင်းဝင်းတောက်သွားသည်။ သူဘာတွေဖြစ်ပျက်ခဲ့သည်ကိုပင်စဉ်းစားမရဖြစ်သွားသည်။ ထို့နောက်ရွာလူကြီးများကကိုသက်နှောင်းကို ဆွဲခေါ်သွားပြီး ရဲစခန်းသို့
ပို့လိုက်ကြလေသည်။
ယနေ့-ကိုသက်နှောင်အားပြစ်မှုထင်ရှားသဖြင့်တရားရုံးတော်ကအလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ် စီရင်ချက်ချမှတ်လေသည်။ ကိုသက်နောင်းအနေဖြင့် ရင်ကျိုးမတတ်ခံစားလိုက်ရသည်။ မိန်းမဖြစ်သူ သေလို့မှ မကြာသေး ထောင်ဒဏ်အပြစ်ပေးခံရသည်။
သည်ညသည် ကိုသက်နှောင်းအဖို့ ထောင်ကြီးထဲတွင် ပထမဦးဆုံး အိပ်စက်ရမည့်ညဖြစ်သည်။ ဖြစ်သမျှ အကြောင်း အကောင်းချည်းဟု မှတ် ယူလျက် စိတ်ကို တုံးတုံးချကာ ကောင်းစွာ အိပ်စက်နိုင်ဖို့ ကြိုးစားလိုက် သည်။ သို့သော် သူ၏အတိတ်လုပ်ရပ်များက နှိုးဆွနေသဖြင့် တော်တော်နှင့် အိပ်မရဖြစ်နေသည်။ သို့သော် သူသည် ဘုရားတရားဘက် အာရုံပြောင်းကာ အကုသိုလ်စိတ် အညစ်အကြေးများကို ကုသိုလ်ဖြင့် ဆေးကြောကြည့်၏။ စိတ်ကောင်း စိတ်မြတ်သံဝေဂလေးများ ဝင်လာတော့မှ သူ၏ စိတ်များ အေးချမ်းလာပြီးမှေးခနဲအိပ်ပျော်သွားတော့၏။
ထိုသို့အိပ်ပျော်သွားစဉ်ထူးဆန်းသောအိပ်မက်တစ်ခုကိုသူမြင်မက်မိ၏။
သူ့ဆီကိုမဖဲဝါလိုက်လာပြီးစကားပြော၏။
“ဝမ်းနည်းပါတယ်။ ကိုသက်နှောင်းရယ်။ ရှင့်ဘက်က ပြောတဲ့အတိုင်း မလုပ်လို့ကျွန်မအခုလိုစီရင်ခဲ့ရတာကိုရှင်နားလည်အောင်ကျွန်မလာရှင်းတာ ပါ။ရှင့်ရဲ့ကတိမတည်မှုကြောင့်ကျွတ်ထိုက်တဲ့မသန်းမေရဲ့ဘဝဟာကျွတ်လွတ် ရမယ့် ပုဂ္ဂိုလ်ဖြစ်နေတဲ့အတွက် မကျွတ်ကျွတ်တဲ့နည်းနဲ့ လုပ်ပေးရမယ်လို့ အထက်ကပုဂ္ဂိုလ်ဖြစ်နေတဲ့အတွက်မကျွတ်၊ကျွတ်တဲ့နည်းနဲ့ လုပ်ပေးရမယ် လို့အထက်ကပုဂ္ဂိုလ်ကြီးတွေကကျွန်မကိုညွှန်ကြားလာပါတယ်” “ဒီတော့မသန်းမေကိုမကျွတ်ကျွတ်အောင်လုပ်ပေးရမယ့်တာဝန်ကျွန်မ
မှာ ရှိလာပါတယ်။ ရှင့်ကြောင့် အလှူအတန်း ကိစ္စကလည်း ပျက်သွားပြီဆို
တော့ အခြားနည်းလမ်းတစ်ခုကိုပဲ ရွေးချယ်ရတော့တယ်။ အဲဒီနည်းကတော့ လူစားလဲတဲ့နည်းပဲ။ အဲဒါကြောင့်ကျွန်မကိုယ်တိုင်ရှင့်မိန်းမမကြင်နှင်းရဲ့နေရာ မှာရောက်နေပါပြီ”
“ဘာပြောတယ်….လူစားလဲဖို့ငါ့မိန်းမကိုသတ်တာ”
“နေပါဦးရှင်၊ ကျွန်မစကား မဆုံးသေးပါဘူး။ ကျွန်မအနေနဲ့ လူစားလဲဖို့ ကိစ္စကိုမဖြစ်မနေလုပ်ရတဲ့အတွက်ရှင့်မိန်းမကိုသတ်မိတာရှင်သိသွားတော့ ရှင်ကကျွန်မကိုလာပြီး စိန်ခေါ်ပြန်တယ်။ မကြားဝံ့မနာသာစကားတွေနဲ့ ပြော လာပြန်တော့လည်းပုထုဇဉ်ဖြစ်တဲ့ကျွန်မအနေနဲ့ဒေါသဖြစ်ခဲ့တာတော့အမှန်
ပဲ။ ဒါပေမဲ့ – ရှင်က ဘုန်းကံသိပ်မြင့်နေလေတော့ ရှင့်ကိုကျွန်မကိုယ်တိုင် ယှဉ် ပြိုင်နိုင်ဖို့ မတတ်နိုင်ခဲ့ဘူး။ ဒါကြောင့် သေနေ့စေ့နေပြီဖြစ်တဲ့ ကိုကျောက်ခဲကို ဝင်ပူးပြီး ရှင့်ဆီဓားခုတ်လာခံစေခဲ့တာ”
“ဘာ-ဘာပြောတယ်- မဖဲဝါ။ ကိုကျောက်ခဲကို သေအောင် နင်တမင် ဖန်တီးခဲ့တာ”
“ဟုတ်ပါတယ်…ရှင်- ဒီကိစ္စတွေအားလုံးကို ခွင့်လွှတ်ဖို့ရှင့်ဆီကို ကျွန်မ လာတောင်းပန်တာပါ။ မသန်းမေ ကျွတ်လွတ်ဖို့ မကြင်နှင်းကို သတ်မိတဲ့ အတွက် ကျွန်မလည်း ငရဲကြီးပါတယ်။ ပြီးတော့ ကိုကျောက်ခဲကို သေစေပြီး ရှင့်ကိုထောင်ကျစေခဲ့တဲ့အတွက်လည်းကျွန်မဝဋ်လိုက်ဦးမှာပါ”
“ဘာပဲပြောပြော ကိုသက်နှောင်းရေ – သတ္တဝါအချင်းချင်း မေတ္တာ နဲ့ ဆက်ဆံကြတာပဲ ကောင်းပါတယ်။ လောဘ၊ဒေါသ၊မောဟတွေပါလာပြီ ဆိုရင်တော့အခုလိုမျိုးဆိုးကျိုးတွေ ဖြစ်လာရတော့မှာပါ။ ဒါကြောင့်မို့တစ်ဦးနဲ့ တစ်ဦးရန်ငြိုးအာဃာတတွေဖျောက်ဖျက်ပစ်ဖို့လာပြောတာပါ။ကျွန်မဘက်က မှားတယ်ဆိုရင်တော့ ခွင့်လွှတ်ပါ။ ရှင့်ဇနီးဟောင်းကိုလည်း ကျွန်မ ကောင်း ကောင်း စောင့်ရှောက်ထားလိုက်ပါ့မယ်။ ထောင်က ထွက်လာရင်တော့ ရှင်နဲ့ ကျွန်မ မိတ်ဆွေ ဖြစ်လာဖို့ အရေးကြီးပါတယ်။ ကဲ – ကျွန်မ သွားတော့မယ်။ ကျွန်မကိုခွင့်ပြုပါဦး”
မဖဲဝါ၏ ကိုယ်ရောင်ကိုယ်ဝါများ ကိုသက်နှောင်း၏ အိပ်မက်အာရုံထဲမှ ပျောက်ကွယ်သွားလေသည်။ကိုသက်နှောင်းရုတ်တရက်လန့်နိုးလာပြီးထထိုင်
မိ၏။ သူ၏ မိုက်ပြစ်နောင်တများကိုလည်း သံဝေဂရမိ၏။ ဖြစ်နိုင်လျှင် သူ၏ အတွေးစိတ်များကို အတိတ်ကာလဆီမှ အပြီးအပိုင် ရုပ်သိမ်းလျက် ပစ္စုပ္ပန် တည့်တည့်ကိုသာ ရှုပွားရင်း ဝဋ်ဒုက္ခသံသရာမှ ချက်ချင်း လွတ်မြောက်ရန် ဆန္ဒပြင်းပြစွာကြိုးပမ်းရပေမည်။
ဤအဖြစ်အပျက်၏ အကြောင်းအရာများအား စိမ်းညို့ ညို့တောင်တန်း များဝန်းရံလျက်ရှိသောတောရကျောင်းကလေးတစ်ခုတွင်သီတင်းသုံးနေထိုင် တော်မူလျက်ရှိသောဦးပဉ္ဇင်းကြီးဦးသံဝရအနေဖြင့်ယခုအချိန်ထိ လွမ်းမြေ့စွာ
အတိအကျပြောပြနိုင်ပါသေးသည်။
– တင်နိုင်ဝင်း(ထမင်းဈေးမြို့)
Zawgyi Version
ကံတရားအတိုင္းစီရင္ခ်က္(စ/ဆုံး)
—————————————–
ကြၽန္ေတာ္တို႔ၿမိဳ႕အား ပတ္ေခြ စီးဆင္းေနေသာ က်ဳံကူေခ်ာင္း၏ အေနာက္ဘက္ကမ္းတစ္ေလွ်ာက္တြင္ က်ဳံကူ႐ြာတန္းႏွင့္အႀကီးဝ႐ြာမ်ား တည္ရွိ၏။ တစ္ခ်ိန္က ထို႐ြာႏွစ္႐ြာၾကားတြင္ ေခ်ာက္ခ်ားဖြယ္ရာ သစ္ပင္ႀကီးမ်ား အုပ္ဆိုင္းေနေသာ က်ဳံကူသခ်ႋဳင္းဟူသည္ ရွိခဲ့၏။ ယခု
စည္ကားစြာရွိေနေသာေ႐ႊေညာင္ပင္ေဈးႏွင့္အနီးတစ္ဝိုက္အိမ္ရာမ်ားသည္ တစ္ခ်ိန္က၎သခ်ႋဳင္း၏ေျမေနရာမ်ားျဖစ္သည္။ယခင္ကထိုသခ်ႋဳင္းသည္
ေျခာက္လန႔္မႈရွိသည္ဟုအလြန္နာမည္ႀကီးခဲ့၏။ သရဲ၊တေစၦဇာတ္လမ္းမ်ား
အမ်ိဳးမ်ိဳးအဖုံဖုံၾကားခဲ့ဖူးရာထူးထူးျခားျခားမဖဲဝါႏွင့္ပက္ပင္းရင္ဆိုင္ေတြ႕ဆုံ
ခဲ့ရသည္ဆိုေသာ ကိုသက္ေႏွာင္း၏ျဖစ္ရပ္ကား အလြန္ေၾကာက္မက္ဖြယ္ ရာျဖစ္ခဲ့၏။ ေထာင္မွထြက္လာေသာကိုသက္ေႏွာင္း၏ ေျပာျပခ်က္ေၾကာင့္ ထိုစဥ္က၎ျဖစ္ရပ္သည္ ေခ်ာင္းတစ္ဖက္ကမ္းရွိၿမိဳ႕ေပၚရပ္ကြက္မ်ားကိုပါ ကူးစက္ဂယက္႐ိုက္ခဲ့ဖူး၏။
လြန္ခဲ့သည့္ အႏွစ္ေလးဆယ္ခန႔္က က်ဳံကူ႐ြာ၊ ေနာက္ေဖးတန္းတြင္
ကိုသက္ေႏွာင္းႏွင့္မၾကင္ႏွင္းတို႔လင္မယားႏွစ္ေယာက္ ေနထိုင္ခဲ့ၾက၏။ ကိုသက္ေႏွာင္းကႀကဳံရာက်ပန္းေဘာက္အလုပ္ျဖင့္ဝင္ေငြရွာ၍မၾကင္ႏွင္း
ကလည္း တစ္ဖက္တစ္လမ္းမွ ေဈးေရာင္းသျဖင့္ အဆင္ေျပစြာ ရွိခဲ့ၾက၏။ သို႔ေသာ္ မၾကာမီတြင္ ကိုသက္ေႏွာင္းသည္ အရက္ေသစာ ေသာက္စား တတ္လာၿပီးဖဲ႐ိုက္၊ ၾကက္တိုက္၊အေလာင္းကစားေတြပါပါလာ၏။ၾကာေသာ္ ကိုသက္ေႏွာင္းတြင္ဖဲေႂကြး၊ ၾကက္ေႂကြးပါမကအရက္ေႂကြးပါတင္ေလ၏။
သည္အခါသူသည္အလြန္စိတ္ညစ္လာကာအလုပ္ကိုေကာင္းေကာင္းမလုပ္
ေတာ့ဘဲေန႔စဥ္အရက္မူးလ်က္သာေနေတာ့၏။
တစ္ေန႔တြင္ စားဝတ္ေနေရး က်ပ္တည္းလာမႈကို အေၾကာင္းျပဳ၍ မၾကင္ႏွင္းႏွင့္ ကိုသက္ေႏွာင္းတို႔ စကားမ်ား ရန္ျဖစ္ၾကၿပီး ကိုသက္ေႏွာင္း သည္အိမ္ေပၚမွဆင္းလာခဲ့ရ၏။ ထိုေန႔ကလမ္းတြင္အေပါင္းအသင္းျဖစ္သူ ကိုရင္ေနာင္ႏွင့္ ေတြ႕ဆုံေလ၏။
“ျဖစ္ပါ့မလား ရင္ေနာင္ရာ။ အေလာင္းပိုင္ရွင္ေတြ သိသြားရင္ မလြယ္ ဘူး။ ၿပီးေတာ့လည္း ငါက ညဘက္ဆို သခ်ႋဳင္းကုန္းကို တစ္ခါမွ သြားဖူးတာ မဟုတ္ဘူး”
“ေဟ့ေကာင္ သက္ေႏွာင္းရ – မင္းအတြက္ သက္သက္ ငါေျပာတာပါ။ ငါသတင္းအမွန္ရလို႔ေျပာတာ။ မင္းလုပ္ရဲရင္လုပ္၊မလုပ္ရဲလည္းငါမတတ္ ႏိုင္ဘူး။ လုပ္ရဲရင္ေတာ့ မင္းအေႂကြးေတြ ေက်မယ့္အျပင္ မင္းလက္ထဲမွာ ေငြသီးၿပီး က်န္ခဲ့မယ့္ အျဖစ္မ်ိဳးကြ၊ ငါ့အတြက္ကေတာ့ မင္းေပးမွ ရမွာပါကြာ”
“သူငယ္ခ်င္း…မင္းေျပာတာက်ိန္းေသတယ္ေနာ္။ေတာ္ၾကာ..မဟုတ္ရင္”
“ဟေကာင္ရ၊ ဒီေလာက္အႏၲရာယ္ႀကီးတဲ့ကိစၥ မဟုတ္တာ။ ငါေျပာပါ့ မလား။ ဟုတ္မဟုတ္- တကယ္သိခ်င္ရင္ တကယ္လုပ္ၾကည့္ေပါ့၊ ငါကေတာ့ မင္းကိုသတင္းေပး႐ုံသက္သက္ပဲ”
သည္ညသည္ လမိုက္ည…။
လမိုက္ညတို႔၏ထုံးစံအတိုင္းညဥ့္နက္လာေလ၊အေမွာင္ထုကႀကီးစိုးေလ
ေလ ျဖစ္သည္။ ထို႔အတူ လမ္းမ်ားေပၚတြင္ လူသူကလည္း ကင္းမဲ့သထက္ ကင္းမဲ့လာ၏။
ထိုအခ်ိန္မ်ိဳးတြင္ ေညာင္ပင္ႀကီးမ်ား၊ ကုကၠိဳပင္ႀကီးမ်ားျဖင့္ အုပ္ဆိုင္း မည္းေမွာင္ေနေသာ က်ဳံကူသခ်ႋဳင္းလိုေနရာမ်ိဳးတြင္ကား လူသူမဆိုထားဘိ၊ ေခြးေၾကာင္မ်ားပင္လွ်င္ ျဖတ္သန္းသြားရဲလိမ့္မည္ မဟုတ္ေပ။ သို႔ေသာ္ ထို သခ်ႋဳင္း၏ ေျမပုံတစ္ခုေပၚတြင္ လူတစ္ေယာက္ ေရာက္ရွိေနသည္ဆိုပါက အဘယ္သို႔ ရွိမည္နည္း။ ထို႔ထက္ အခ်ိန္မေတာ္ႀကီးတြင္ လူတစ္ေယာက္က အေလာင္းျမႇဳပ္ထားရာ ေျမပုံေပၚမွ ေျမႀကီးခဲမ်ားကို ေပါက္ျပားျဖင့္ တူးဆြ ဖယ္ရွားေနမည္ဆိုလွ်င္လည္းမည္မွ်အံ့ဩစရာေကာင္းလိုက္မည္နည္း။
မွန္ပါသည္။ မသန္းေမ အသက္ (၃၂)ႏွစ္ဟူေသာ မွတ္တိုင္ကို ဖယ္ရွားလ်က္ေျမပုံေပၚတြင္ေပါက္ျပားတစ္လက္ျဖင့္ကိုရင္ေနာင္၏သတင္းေပး ခ်က္အရ ကိုသက္ေႏွာင္းတစ္ေယာက္ သဲသဲမဲမဲ တူးဆြေနပါသည္။ သူသည္ အရက္အေတာ္အတန္မူးေနၿပီး စိတ္လႈပ္ရွားလြန္းသျဖင့္ ေဇာေခြၽးမ်ားလည္း တစ္ကိုယ္လုံး ႐ႊဲနစ္ေန၏။ သူသည္ တစ္ခါတစ္ခါ ေၾကာက္စိတ္ကေလးမ်ား ဝင္လာဟန္ရွိေသာ္လည္း သူ၏ဘဝက ဤသို႔ ေျဖရွင္းမွ ေျပလည္မည္ကို သတိရလာျပန္သျဖင့္ေၾကာက္စိတ္ကိုေျဖေဖ်ာက္ကာသူ၏ေပါက္ျပားကိုသာ အသံတိုးႏိုင္သမွ် တိုးညင္းစြာျဖင့္ေျမႀကီးကိုတူးဆြေန၏။
“ဒုန္း”
ကိုသက္ေႏွာင္းတူးဆြေနေသာေျမပုံက်င္းနက္ထဲမွ႐ုတ္တရက္ထြက္ေပၚ
လာေသာအသံ။
ထိုအသံေၾကာင့္ကိုသက္ေႏွာင္းလန႔္ဖ်ပ္သြားၿပီးေပါက္ျပားကိုလႊတ္ခ်ကာ
ေျမက်င္းႏႈတ္ခမ္းအေပၚခုန္တက္မိလိုက္ေလ၏။ ရီေဝေဝျဖစ္ေနေသာ သူ၏
ယစ္မူးမႈသည္လည္းအနည္းငယ္ပ်က္ျပယ္သြားဟန္ရွိ၏။ သူေခတၱမွ်ေတြေဝ
စဥ္းစားေနၿပီးမွသူ၏လုပ္ငန္းသည္တစ္ဝက္မွ်ေအာင္ျမင္ေနၿပီျဖစ္ေၾကာင္းကို
သိသြားသျဖင့္ သူ စိတ္အားထက္သန္လာျပန္သည္။ ထို႔ေၾကာင့္ သူသည္ ဆက္လက္လႈပ္ရွားျပန္ေလ၏။
ဤတြင္ကိုသက္ေႏွာင္းသည္ သူ႔တြင္အသင့္ပါလာေသာ သံတူး႐ြင္းျဖင့္
အေခါင္းေပၚရွိပ်ဥ္ခ်ပ္မ်ားကိုတျဖည္းျဖည္းခ်င္းထိုးခြာလိုက္သည္။ေခါင္းထဲမွ ထြက္ေပၚလာေသာ ပုပ္အက္အက္အနံ႔မ်ားက ကိုသက္ေႏွာင္း၏ ႏွာေခါင္း အတြင္းရွိ အရက္နံ႔မ်ားကို အုပ္မိုးသြားေလ၏။ ႐ုတ္တရက္ ကိုသက္ေႏွာင္း တစ္ခ်က္ပ်ိဳ႕တက္လာ၏။ သို႔ေသာ္ သူ၏စိတ္မာန္ကိုတင္းလ်က္ပါလာေသာ လက္ႏွိပ္မီးျဖင့္အေလာင္းေကာင္ေပၚသို႔အလင္းတစ္ခ်က္ေပးလိုက္၏။
ပုပ္ပြေနေသာ အေလာင္းေကာင္ႀကီးႏွင့္အတူ ဝင္းဝင္းလက္လက္အရာ သုံးေလးငါးခုတို႔ကကိုသက္ေႏွာင္း၏မ်က္စိထဲဝင္းခနဲေပၚလာ၏။သူသည္မီးကို ႐ုတ္တရက္ မွိတ္လိုက္ၿပီး က်င္းဝသို႔ ျပန္တက္လာကာ ေဘးပတ္ဝန္းက်င္ကို အကဲခတ္လိုက္သည္။ ပတ္ဝန္းက်င္တစ္ခုလုံး တိတ္ဆိတ္ ၿငိမ္သက္ေနၿပီး ေမွာင္လည္း အလြန္ေမွာင္မည္းေန၏။ အေျခအေနေကာင္းသည္ကို သူ ရိပ္မိ
သျဖင့္အသက္ကိုတစ္ဝႀကီးေလးငါးႀကိမ္ရႉသြင္းလိုက္ၿပီးက်င္းထဲသို႔ျပန္ဆင္း
သြားသည္။
က်င္းထဲအေရာက္တြင္ သူ၏လက္မ်ားက အေလာင္းေကာင္ေပၚသို႔ အလိုလိုေရာက္သြား၏။ထိုစဥ္က်င္းဝနားဆီမွအမ်ိဳးသမီးတစ္ဦး၏အသံလိုလို။
“ေဟ့-အဲဒါေတြနင္နဲ႔မဆိုင္ဘူး”
ထိုအခါ ကိုသက္ေႏွာင္း ထိတ္ခနဲ ျဖစ္သြားၿပီး က်င္းဝသို႔ ျပန္တက္၍ ေဘးပတ္လည္ကိုလိုက္ၾကည့္မိျပန္သည္။ ၾကယ္ေရာင္မ်ားေအာက္ရွိေျမျပင္
ေပၚတြင္ကားလူမဆိုထားႏွင့္အျခားသက္ရွိသတၱဝါပင္ရွိပုံမေပၚ။ကိုသက္ေႏွာင္း
အေနျဖင့္ မိမိ စိတ္ေခ်ာက္ခ်ားေနၿပီဟု သေဘာေပါက္လ်က္ က်င္းထဲ ျပန္ ဆင္းရန္အလုပ္ က်င္းထဲရွိ အေခါင္းထဲမွ စကားေျပာသံသဲ့သဲ့ကို ၾကားရ ျပန္သည္။
“ဒါေတြ…ရွင္နဲ႔မဆိုင္ဘူးမယူနဲ႔- ျပန္သြား”
ကိုသက္ေႏွာင္း လန႔္ဖ်ပ္ၿပီး အေလာင္းေကာင္ေပၚသို႔ လက္ႏွိပ္ဓာတ္မီး တစ္ခ်က္ထိုးခ်လိုက္သည္။ အလင္းေရာင္မ်ား ဝင္းထိန္သြား၏။ ၿငိမ္သက္ေန
ေသာအေလာင္းေကာင္ႀကီးမွလြဲ၍ဘာမွမေတြ႕။
ထိုစဥ္ကိုသက္ေႏွာင္း စိတ္ရႈပ္လာၿပီး အရက္ရွိန္ေၾကာင့္ေဒါသကေလး ပါပါလာ၏။ဘာကိုမွစဥ္းစားမေနေတာ့ဘဲအေလာင္းေကာင္၏နား႐ြက္စြန္မ်ား တြင္ပန္ဆင္ထားေသာစိန္နားကပ္တစ္ရံ၊လည္ပင္းတြင္ဆြဲထားေသာဆြဲႀကိဳး၊ လက္ႏွစ္ဖက္ရွိလက္ေကာက္မ်ားႏွင့္လက္သူႂကြယ္တြင္စြပ္ထားေသာလက္
စြပ္တို႔ကိုအျမန္ျဖဳတ္ယူလိုက္သည္။
သူ၏လက္တြင္လည္းအပုပ္ရည္၊အပုပ္ဖတ္မ်ားေပေရနံေဟာင္သြား၏။ သို႔ေသာ္ သူ ဂ႐ုမစိုက္။ အသင့္ပါလာေသာ လြယ္အိတ္ထဲသို႔ ၎လက္ဝတ္ ရတနာမ်ားကိုအေသအခ်ာထည့္လိုက္သည္။ထို႔ေနာက္အေခါင္းပ်ဥ္ျပားကို ျပန္ပိတ္လိုက္ၿပီး က်င္းဝေပၚ ခုန္တက္ေလ၏။ တစ္ဖန္ မွတ္တိုင္ကို ျပန္စိုက္၍ ေျမႀကီးခဲမ်ားကို က်င္းထဲသို႔ ျပန္ယက္ခ်လိုက္ၿပီး ေျမပုံကို ေနသားတက် ျဖစ္ ေအာင္စီမံလိုက္သည္။
ထို႔ေနာက္ေခ်ာင္းဘက္သို႔ေလွ်ာက္သြားကာ ေပါက္ျပားကို ေရထဲပစ္ခ် လိုက္ၿပီးေျခလက္တို႔ကိုေဆးေၾကာ၏။လက္ဝတ္ရတနာမ်ားထည့္ထားေသာ
လြယ္အိတ္ကိုလည္း ေရထဲအသာႏွစ္ေဆးလိုက္၏။ ထို႔ေနာက္ သူသည္ သခ်ႋဳင္းကုန္းရွိလမ္းကေလးအတိုင္း႐ြာဘက္သို႔ေလွ်ာက္လာခဲ့၏။
ထိုစဥ္႐ုတ္တရက္သူ၏ေရွ႕ခပ္လွမ္းလွမ္းဆီမွအရိပ္မည္းမည္းတစ္ခုက ဆီးတားလိုက္သျဖင့္ သူ၏ေျခလွမ္းမ်ား ရပ္တန႔္သြား၏။ သူ၏ ႏႈတ္မွလည္း စကားမ်ားလွ်ပ္တစ္ျပက္ထြက္သြား၏။
“ေဟ့….ငါ့ေရွ႕ကကာဆီးကားဆီးလုပ္ေနတာ ဘယ္သူလဲကြ”
“က်ဳပ္ မဖဲဝါ”
“ေဟ”
ကိုသက္ေႏွာင္း ေၾကာင္အမ္းအမ္း ျဖစ္သြားသည္။ မဖဲဝါတဲ့။ သို႔ေသာ္ သူမယုံ။ အျခားတစ္ေယာက္ေယာက္ဟု သူထင္၏။
“ေဟ့ .. ငါ သက္ေႏွာင္းကြ၊ ဘာမွတ္လို႔လဲ- ငါ့ကို ႐ုတ္႐ုတ္ ႐ုတ္႐ုတ္ ေတာ့လုပ္မယ္မႀကံနဲ႔ေနာ္-ေသသြားမယ္ဟင္း”
ကိုသက္ေႏွာင္းသည္ သူ၏ စကားမဆုံးမီမွာပင္ လက္ႏွိပ္ဓာတ္မီးကို ႐ုတ္တရက္ ခလုတ္ႏွိပ္၍ ထိုးဖြင့္လိုက္သည္။ အလင္းတန္းမ်ား ျဖာက်သြား သည္ႏွင့္ခုနကကာဆီးေနေသာအရိပ္မည္းႀကီးကမေတြ႕ရေတာ့ေပ။
ထိုအခါ ကိုသက္ေႏွာင္းသည္ လက္ႏွိပ္ဓာတ္မီးကို မွိတ္ပစ္လိုက္ရာ ေမွာင္သြားသည္ႏွင့္ၾကယ္ေရာင္လေရာင္ေအာက္တြင္ခုနကအရိပ္မည္းႀကီး
က ျပန္ေပၚလာျပန္သည္။ ေရွ႕သို႔လွမ္းဟန္ျပင္ေနေသာ ကိုသက္ေႏွာင္း၏ ေျခလွမ္းမ်ား တုန႔္ခနဲရပ္သြားရေလ၏။
“ေဟ့-ငါ့ေရွ႕က ကာဆီးကာဆီးလုပ္ေနတဲ့ေကာင္မ – အျမန္ဖယ္စမ္း ေဟ့-ဒီမွာေတြ႕လားဓား၊ အပိုင္းပိုင္း အတစ္တစ္ျဖစ္သြားမယ္”
ကိုသက္ေႏွာင္းသည္ သူ၏ဓားရွည္ကို ထုတ္ျပၿပီး ၿခိမ္းေျခာက္လိုက္ သည္။ သို႔ေသာ္ေရွ႕မွ အရိပ္မည္းႀကီးကတုတ္တုတ္မွ်ပင္မလႈပ္သည့္ျပင္ -။ “ေသ…ဪရွင္ကေတာ္ေတာ္သတၱိေကာင္းေနတာကိုး၊ရွိပါေစေလ။
ဒါေပမဲ့- ရွင့္ကိုေတာ့ တစ္ခုေျပာပါရေစ။ ရွင္ အခုယူလာတဲ့လက္ဝတ္ရတနာ ေတြဟာ ကြၽန္မနဲ႔လုံးလုံး ပတ္သက္ေနပါတယ္။ ရွင္ တူးခဲ့တဲ့ေျမပုံထဲက
အေလာင္းေကာင္ မသန္းေမရဲ႕ဘဝသစ္ဝိညာဥ္ဟာ ကြၽန္မဆီေရာက္လာၿပီး
အကူအညီတစ္ခု ေတာင္းတယ္။ သူမဟာ ဒုကၡဆင္းရဲ ႀကီးမားတဲ့ဘဝကို ေရာက္ေနတယ္။ ဒီေတာ့ သူမကိုယ္ပိုင္ေငြနဲ႔ ဝယ္ယူဝတ္ဆင္ခဲ့တဲ့အေလာင္း ေကာင္ေပၚက လက္ဝတ္ရတနာေတြကို တူးယူေရာင္းခ်ၿပီး အလႉဒါနတစ္ခု လုပ္ေပးရမယ္။ ၿပီးေတာ့ အမွ်အတန္းေပးေဝရမယ္။ သူမက သာဓုေခၚလိုက္ ရင္မေကာင္းတဲ့ဘဝကကြၽတ္လြတ္ၿပီးေကာင္းရာသုဂတိဘုံကိုေရာက္မယ္လို႔ လာၿပီး အသနားခံရွာတယ္။ ကြၽန္မကလည္း သနားတာနဲ႔ လုပ္ေပးမယ္လို႔ ကတိေပးၿပီးၿပီ။ ဒါေပမဲ့ – ရွင္က လက္ဝတ္ရတနာေတြ ယူသြားမယ္ဆိုေတာ့ ကြၽန္မဒီကိစၥကိုဘယ္လိုလုပ္ေဆာင္႐ြက္လို႔ရေတာ့မွာလဲ။ အဲဒီေတာ့ရွင့္အိတ္ ထဲမွာ ပါလာတဲ့ လက္ဝတ္ရတနာေတြ ကြၽန္မကို ေပးခဲ့ပါ။ ဒါေတြ ကြၽန္မနဲ႔ပဲ သက္ဆိုင္ပါတယ္”
ကိုသက္ေႏွာင္းသည္သူ႔ေရွ႕မွ မ်က္ဝါးထင္ထင္ေတြ႕ျမင္ေနရေသာအရိပ္ မည္းႀကီး၏ ပီသေသာ အသံမ်ားေၾကာင့္ အလြန္ ေၾကာက္႐ြံ႕ေတြေဝသြားေလ ၏။ သူ၏အသိစိတ္ထဲတြင္လည္း သူတူးယူရရွိထားေသာ လက္ဝတ္ရတနာ မ်ားအား ေတာင္းခံေနသည္ကို နားလည္ သေဘာေပါက္ေန၏။ တစ္ဖက္က ျပန္ၾကည့္မည္ဆိုပါလွ်င္လည္း သည္လက္ဝတ္ရတနာမ်ားကိုသူရမွျဖစ္မည္။
သူ႔တြင္အေႂကြးေတြေပးစရာရွိသည္။ဒီလိုအဖိုးတန္ပစၥည္းမ်ားပါလာမွသာသူ အိမ္ေပၚျပန္တက္ႏိုင္မည္။ သို႔ေသာ္ေရွ႕ ကာဆီးေတာင္းခံေနသူကားသာမန္ လူသားမဟုတ္။ သုသာန္သခ်ႋဳင္းမ်ားကို အပိုင္စားရထားေသာ တန္ခိုးရွင္ မဖဲဝါ။
ဘာပဲျဖစ္ျဖစ္၊ ခုခ်ိန္မ်ိဳးမွာေတာ့ ကိုသက္ေႏွာင္းအေနျဖင့္ ဉာဏ္ကူမွ ရေတာ့မည္။ မဖဲဝါႏွင့္ေတ့ေတ့ဆိုင္ဆိုင္ေဆြးေႏြးရေတာ့မည္။
“ဒီမွာမဖဲဝါက်ဳပ္မွာလည္းအေႂကြးေတြဝိုင္းေနတယ္ဆိုတာခင္ဗ်ားလည္း
သိမွာေပါ့။ ဒါေပမဲ့ – မသန္းေမကြၽတ္ဖို႔အတြက္ေတာ့ ဘာမွမပူနဲ႔။ က်ဳပ္သူ႔ အတြက္အလႉတစ္ခုလုပ္ၿပီး အမွ်အတန္းေပးေဝလိုက္မယ္။ ဘယ့္ႏွယ္လဲ”
“ရွင္….ရွင္တကယ္ေျပာတာလား၊ဝမ္းသာလိုက္တာ-ကိုသက္ေႏွာင္းရယ္
ကြၽန္မအေနနဲ႔ ေလာေလာဆယ္ ဒီလက္ဝတ္ရတနာေတြကို တူးယူဖို႔ဆိုတာ မလြယ္တဲ့အျပင္ အလႉတစ္ခု လုပ္ေပးဖို႔ဆိုတာလည္း ဘယ္လိုမွ စဥ္းစားလို႔ မရဘူး။ ဒါကို ရွင္က လုပ္ေပးမယ္ဆိုေတာ့ အရမ္းကို ဟန္က်တာပဲ။ တကယ္ ေတာ့ မသန္းေမရဲ႕ဘဝဟာ သိပ္သနားစရာ ေကာင္းလွပါတယ္။ သူ႔ဘဝ တစ္ေလွ်ာက္လုံး မိဘကို လုပ္ေကြၽးခဲ့ၿပီး ရပ္ေရး၊႐ြာေရး၊ကုသိုလ္ေရးေတြ ဆိုရင္လည္းအၿမဲတမ္းပါဝင္ခဲ့သူပါ။ ဒါေပမဲ့- သူ႔ခ်စ္သူရဲ႕သစၥာေဖာက္မႈအေပၚ နာၾကည္းမုန္းတီးလြန္းၿပီးေသရတဲ့အတြက္ခုေလာေလာဆယ္မွာေတာ့ဆင္းရဲ
ဒုကၡႀကီးတဲ့ဘဝနဲ႔ေတြ႕ႀကဳံေနရတယ္။ သူ႔ကိုကြၽန္မအရမ္း သနားတာပဲ။ ကဲ-
ဒါဆိုရင္ရွင္ကြၽန္မကိုကတိတစ္ခုေတာ့ေပးဖို႔လိုတယ္။ဘာလဲဆိုေတာ့ရွင့္ဘက္
က ခုနစ္ရက္အတြင္း အလႉအတန္းတစ္ခု လုပ္ေပးဖို႔ပါပဲ။ ဘယ့္ႏွယ့္လည္း ကိုသက္ေႏွာင္းကတိေပးႏိုင္မယ္မဟုတ္လား”
ထိုအခါ ကိုသက္ေႏွာင္းကတိတစ္လုံးကိုလြယ္လြယ္ျဖင့္ေပးလိုက္၏။ “ေပး … ေပးပါတယ္ မဖဲဝါ၊ က်ပ္ ခုနစ္ရက္အတြင္း မသန္းေမအတြက္ အလႉအတန္းတစ္ခုလုပ္ေပးမယ္ဆိုတာကတိေပးပါတယ္”
ထိုစဥ္အရိပ္မည္းႀကီးသည္ ၿငိမ္သက္စြာေျပာဆိုေနရာမွလႈပ္ရွားလာၿပီး ကိုသက္ေႏွာင္းကိုႏႈတ္ဆက္စကားဆိုေလ၏။
“ေကာင္းၿပီ-ကိုသက္ေႏွာင္း၊ ရွင္ ကတိသာ တည္ပါေစ ကြၽန္မဘက္ ကလည္းေက်းဇူးမေမ့ပါဘူး။ကတိမတည္ဘူးဆိုရင္ေတာ့ကြၽန္မမဖဲဝါကလည္း ရာဇဝင္နဲ႔ဆိုတာကိုေတာ့ ရွင္ သိမွာေပါ့။ ကဲ – ကြၽန္မကို သြားခြင့္ျပဳပါ။ ရွင္ လည္း သြားႏိုင္ပါၿပီ”
ကိုသက္ေႏွာင္းအေနျဖင့္ညကျဖစ္ပ်က္ခဲ့ေသာအေၾကာင္းအရာတို႔သည္ ကားအိပ္မက္ေလလား၊ တကယ္လားဟူ၍ပင္ခြဲျခားမရေတာ့ပါ။ အေႂကြးကိစၥ
အိမ္ေထာင္ေရး၊ စီးပြားေရးကိစၥေတြ ေခါင္းထဲရႈပ္ေထြးေနၿပီမို႔ မဖဲဝါကိစၥကို ေမ့ ေဖ်ာက္ထားလိုက္သည္။ ႐ြာထဲလူေတြ မသိေအာင္ ရသည့္ေဈးႏွင့္ထုခြဲ ေရာင္းခ်ကာအေႂကြးဆပ္၊စားဖို႔ခ်န္၊အေပါင္းအသင္းဝတၱရားေက်ပြန္ဖို႔ေကြၽးရ ေမြးရ၊ကိုယ္ကိုယ္တိုင္အရက္ေသာက္ၾကမ္းျပန္ေတာ့ေသာက္မိစားမိ၊ သည္လို ႏွင့္လက္ဝတ္ရတနာေရာင္းခ်ရရွိခဲ့ေသာေငြေၾကးမ်ားမွာခုနစ္ရက္ပင္မၾကာလိုက္ကုန္ခန္းသြားေတာ့သည္။
သည္ေတာ့ မဖဲဝါႏွင့္ ထားခဲ့သည့္ကတိစကားတို႔သည္လည္း အလိုလို ပ်က္ျပယ္သြားေလေတာ့သည္။ ကိုသက္ေႏွာင္းအတြက္ ဘာမွ် မတတ္ႏိုင္ ေတာ့ၿပီ။မဖဲဝါႏွင့္ေဝးေအာင္ သခ်ႋဳင္းကုန္းကိုမသြား႐ုံသာရွိေတာ့သည္။
သို႔ေပမဲ့ – ခုနစ္ရက္လြန္ေျမာက္ ရွစ္ရက္ေရာက္ေသာ္ ညမိုးခ်ဳပ္႐ုံသာ ရွိေသးသည္။ အရိပ္မည္းႀကီးတစ္ခုကအိမ္ေရွ႕ၿခံတံခါးဝတြင္ကိုယ္ထင္ျပလာ ေလသည္။ထိုအရိပ္မည္းႀကီးကိုျမင္ဖူးထားေသာကိုသက္ေႏွာင္းခမ်ာအလြန္
ထိတ္လန႔္ တုန္လႈပ္သြား၏။ မဖဲဝါ လိုက္လာေခ်ၿပီ။ ကိုသက္ေႏွာင္း ဘာကိုမွ် စဥ္းစားမေနႏိုင္ေတာ့ဘဲ ဘုရားေက်ာင္းေဆာင္ေရွ႕အလိုလို ေရာက္ သြားေတာ့၏။ ဘုရားရွိခိုးစာမ်ား တတြတ္တြတ္ ႐ြတ္ကာ ေၾကးစည္ကို နာနာ ထု၏။ ဘိုးဘိုးေအာင္၊ ဘိုးမင္းေခါင္ႏွင့္ (၃၇)မင္းနတ္မ်ားအား မဖဲဝါကို ႏွင္ထုတ္ေပးရန္တိုင္တည္၏။ ဤတြင္ၿခံဝရွိခုနကအရိပ္မည္းႀကီးမွာ ေပ်ာက္ ကြယ္သြားေတာ့သည္။
မၾကင္ႏွင္းကေတာ့႐ုတ္တရက္ႀကီးသူေတာ္ေကာင္းစိတ္ဝင္သြားေသာ ကိုသက္ေႏွာင္းကိုၾကည့္ၿပီး အံ့ဩေန၏။ ေတာ္ေတာ္ကေလးၾကာေတာ့ မၾကင္ႏွင္းအိပ္ခန္းထဲ ဝင္သြားသည္။ ကိုသက္ေႏွာင္းသည္ အိမ္ေရွ႕ခန္းတြင္ တစ္ေယာက္တည္းမေနရဲသျဖင့္ေနာက္မွလိုက္ဝင္သြား၏။
ထိုညက မၾကင္ႏွင္းေစာစီးစြာ အိပ္ေမာက်သြားေသာ္လည္း ကိုသက္ ေႏွာင္းကား အိပ္၍မေပ်ာ္ ျဖစ္ေနသည္။ အတိတ္မွ သူ၏လုပ္ရပ္မ်ားက ပစၥဳပၸန္တြင္တေစၦအျဖစ္ဖန္တီးေျခာက္လွန႔္လာျခင္းျဖစ္သည္။သူကားဤညအိပ္ေပ်ာ္ႏိုင္ပါဦးမည္ေလာ။ သူ၏ အေတြးစိတ္ကူးမ်ားၾကားတြင္ မဖဲဝါ၏ အသံသဲ့သဲ့ကေလးမ်ားကဝင္ေရာက္ေႏွာင့္ယွက္ေန၏။သူသည္အိပ္မေပ်ာ္။ ႐ုတ္တရက္ ထထိုင္လိုက္၏။ ထိုစဥ္ အျပင္ဘက္မွ ေခြးအူသံမ်ား စူးစူးဝါးဝါး ထြက္ေပၚလာေလသည္။ ထို႔အျပင္ မဖဲဝါ၏ ႀကဳံးဝါးသံမ်ားကလည္း ကိုသက္ ေႏွာင္း၏နားထဲသို႔အတင္းတိုးဝင္လာသည္။
“ရွင္…. ကတိမတည္ဘူး”
ရွင္ … ကြၽန္မကို လွည့္စားလို႔ ရမယ္ ထင္ေနသလား၊ မဖဲဝါအေၾကာင္း ေကာင္းေကာင္းျပရေသးတာေပါ့”
ယခုကိုသက္ေႏွာင္းၾကားလိုက္ရသည္မွာခုနကလိုသဲ့သဲ့မွ် ၾကားေယာင္ ျခင္းမ်ိဳးမဟုတ္ေတာ့ဘဲသဲသဲကြဲကြဲႀကီးၾကားလိုက္ရျခင္းျဖစ္သည္။ သို႔ေသာ္ အထက္ပါအတိုင္းၾကားလိုက္ရသည္မွာအျခားမွမဟုတ္၊ သူ႔မိန္းမမၾကင္ႏွင္း၏
ႏႈတ္မွထြက္ေပၚလာျခင္းျဖစ္သည္။မဖဲဝါမၾကင္ႏွင္းကိုဝင္ပူးၿပီးေျပာဆိုႀကဳံးဝါး
ေနျခင္းေပေလာ။
“ၾကင္ႏွင္း – ၾကင္ႏွင္း – အေရးထဲ ဘာေတြထေယာင္ေနတာလဲ” ထိုအခါမၾကင္ႏွင္းဆီမွငိုယိုလ်က္စကားျပန္ေျပာေလသည္။
“ကိုသက္ေႏွာင္းရွင္- ဘာေတြလုပ္ခဲ့တာေတြလည္းကြၽန္မမေနရေတာ့
ဘူး။ လာေခၚေနၿပီ။ အား”
မၾကင္ႏွင္းသည္ စကားကိုဆုံးေအာင္ပင္ ေျပာျပမသြားႏိုင္ေခ်။ သူမ၏ မ်က္လုံးမ်ားကလည္း အေပၚသို႔လန္တက္ၿပီး ၿငိမ္က်သြားေလသည္။ ထိုအခါ ကိုသက္ေႏွာင္းသည္မၾကင္ႏွင္းကိုအျမန္ေပြ႕ၿပီးစမ္းသပ္ၾကည့္သည္။ မၾကင္
ႏွင္းကားအသက္မရွိေတာ့ေခ်။
“ဒါ – ဒါ မဖဲဝါ လက္ခ်က္ပဲ ျဖစ္ရမယ္။ သိၾကေသးတာေပါ့။ သက္ေႏွာင္း အေၾကာင္း ေကာင္းေကာင္း သိေစရမယ္။ ေဟ့- အီး… ဟီး – ျဖစ္ရေလ မၾကင္ ႏွင္းရယ္ – ျဖစ္ရေလျခင္း”
မၾကင္ႏွင္း ေသဆုံးရသည္မွာ မဖဲဝါ၏လက္ခ်က္ဟု ကိုသက္ေႏွာင္း
တစ္ထစ္ခ်မွတ္ယူထားၿပီးျဖစ္သည္။
သည္ကေန႔ညေနသည္မၾကင္ႏွင္း၏အေလာင္းကိုေျမခ်ၿပီးေသာညေန ျဖစ္သည္။တစ္ေန႔တာပူျပင္းခဲ့ေသာေနလုံးႀကီးသည္လည္းအပူရွိန္ကိုေလွ်ာ့
ခ်ကာ မိုးကုတ္စက္ဝိုင္းေပၚေမးတင္ထားေလသည္။ ကိုသက္ေႏွာင္းက မိုက္ ေၾကးခြဲသည့္အေနျဖင့္ မဖဲဝါရွိရာ ဤက်ဳံကူသခ်ႋဳင္းဇရပ္ထဲတြင္ အရက္ ပုလင္းကိုေထာင္လ်က္ အျမည္းကို တကြၽတ္ကြၽတ္ ဝါးေနေလ၏။ သူ၏ ေဘးနားတြင္လည္းငွက္ႀကီးေတာင္ဓားရွည္ႀကီးကိုခ်ထား၏။ ရံဖန္ရံခါဖန္ခြက္ ႏွင့္ ပုလင္းထိသံၾကားရၿပီး တစ္ခါတစ္ခါ တက္ေခါက္သံမ်ားလည္း ၾကားေနရ၏။
ညေနသည္လည္း ေမွာင္သထက္ ေမွာင္လာ၏။ ထိုစဥ္ သခ်ႋဳင္းဇရပ္မွ ယိုင္ထိုးထိုးလူတစ္ေယာက္ထြက္လာသည္ကို ဝိုးတဝါး ျမင္ေနရ၏။ ထိုလူ၏ ဘယ္ဘက္လက္ထဲတြင္ ပုလင္းတစ္လုံး၊ ညာဘက္လက္ထဲတြင္ ဓားတစ္လက္။ “ဂြမ္း – ခ်လြမ္း – ခ်လြမ္း”
ထိုသူသည္ ႐ူးမိုက္စြာ ပုလင္းကိုလူသြားလမ္းေပၚကိုင္ေပါက္ခြဲပစ္လိုက္
သည္။ထို႔ေနာက္က်ယ္ေလာင္ဟစ္ေအာ္သံအသံမ်ားျဖင့္တစ္စုံတစ္ေယာက္
ကိုစိန္ေခၚလိုက္သည္။
“ေဟ့ … မဖဲဝါ ငါ့မိန္းမကို သတ္သြားတဲ့မဖဲဝါ၊ သတၱိရွိရင္ လာခဲ့ေလ ။ သက္ေႏွာင္းအေၾကာင္း ေကာင္းေကာင္းသိေစရမယ္။ ေဟာဒီ – ဓားသြားမွာ မင္းရဲ႕ဝိညာဥ္ေတြအပိုင္းပိုင္းအတစ္တစ္ျဖစ္သြားေစရမယ္။လာေလ-လာစမ္း ပါ မဖဲဝါ။ ဘာလဲ – မင္းအခုမွ ေၾကာက္ေနၿပီလားကြ။ ငါ့မိန္းမကို သတ္တုန္း ကေတာ့ သတ္သြားၿပီး ခုမွ ဘယ္ေရွာင္ပုန္းေနတာလဲ၊ ဟား- ဟား- ဟား သက္ေႏွာင္းကို ေၾကာက္ေနၿပီလား ေဟ့-မဖဲဝါလာေလ-လာေလ ထြက္ခဲ့ေလ”
ညဥ့္သည္နက္သထက္နက္လာ၏။ သို႔ေသာ္ဤသခ်ႋဳင္းကား ခါတိုင္းလို တိတ္ဆိတ္ ၿငိမ္သက္မေန၊ ကိုသက္ေႏွာင္း၏ စိန္ေခၚသံမ်ားျဖင့္ လႊမ္းမိုးဟိန္း
ထြက္ေန၏။ သို႔ေသာ္ကိုသက္ေႏွာင္းစိန္ေခၚေနေသာမဖဲဝါကားခုထိထြက္ေပၚ လာပုံမရေသးေခ်။ကိုသက္ေႏွာင္း၏စိန္ေခၚသံကသာ႐ြာထဲမွပင္အတိုင္းသား ၾကားေနရသည္။ ႐ြာသူ၊ ႐ြာသားေတြကေတာ့ ကိုသက္ေႏွာင္း တစ္ေယာက္ မိန္းမလည္းေသ၊မူးလည္းမူးေနသျဖင့္စိတ္ေပါက္ေပါက္ႏွင့္သခ်ႋဳင္းကုန္းသြား ၿပီးေအာ္ဟစ္ေနသည္ဟုထင္ၾကသျဖင့္မည္သူမွ်ဂ႐ုမစိုက္အားၾကေပ။
သို႔ေသာ္ ကိုသက္ေႏွာင္းကေတာ့ မဖဲဝါကို တကယ္ စိန္ေခၚေနျခင္းျဖစ္ သည္။ ခုေလာက္ဆိုကိုသက္ေႏွာင္း၏စိန္ေခၚေနမႈကိုမဖဲဝါသိေကာင္းသိေန မည္ျဖစ္သည္။ သို႔ေသာ္ယခုအခ်ိန္အထိေတာ့ ဘာမွ်ထူးျခားမႈမရွိေသးေခ်။
“ေဟ့….မဖဲဝါထြက္ခဲ့ေလ-ေၾကာက္ေနၿပီလားကြ၊ခုလိုသတၱိမရွိလို႔လည္း လူမရွိတဲ့သခ်ႋဳင္းကုန္းမွာ ေနေနရတာေပါ့ကြ၊ ေအာက္တန္းစားမ မဖဲဝါ၊ ထြက္ခဲ့ေလ – သတၱိရွိရင္ထြက္ခဲ့ေလ”
ထိုစဥ္ ႐ုတ္တရက္-
“ေဟ့- သတၱိရွိလို႔ထြက္လာၿပီကြ”
တစ္ဖက္မွ လွ်ပ္တစ္ျပက္ အသံတန္ျပန္လာသျဖင့္ ကိုသက္ေႏွာင္း
႐ုတ္တရက္တန႔္သြားသည္။
သို႔ေသာ္သူ၏ေဒါသကတြန္းေပ။ေရွ႕ကိုဆက္တိုး
ရန္သာျပင္လိုက္သည္။
“ဪ…မဖဲဝါထြက္လာေသးတယ္ေနာ္ေအး-ထြက္လာရင္ေသဖို႔သာ
ျပင္ေပေတာ့ – ေရာ့ကြာ”
“ဝွစ္”
ကိုသက္ေႏွာင္းသည္ ေျပာေျပာဆိုဆိုႏွင့္လက္ထဲရွိ ငွက္ႀကီးေတာင္ ဓားျဖင့္ ေရွ႕မွ မားမားမားမားလုပ္ေနေသာ အရိပ္မည္းႀကီးကို လွမ္းခုတ္လိုက္ သည္။ သို႔ေသာ္ ထိုအရိပ္မည္းႀကီးက လွ်ပ္တစ္ျပက္ ေရွာင္တိမ္းလိုက္သျဖင့္ ကိုသက္ေႏွာင္း၏ ခုတ္ခ်က္က ေလထဲ ဝွစ္ခနဲ ျမည္႐ုံျမည္ကာ အလဟႆ ျဖစ္သြား၏။ ထိုအခါကိုသက္ေႏွာင္းပိုမိုေဒါသထြက္လာၿပီး-
“ကဲကြာ..ကဲကြာ..ကဲကြာ” “ဒုတ္-ခြၽမ္-ဝွစ္-႐ြပ္”
ကိုသက္ေႏွာင္းက ဓားျဖင့္ အဆက္မျပတ္ အားကုန္ လိုက္ခုတ္သျဖင့္ တစ္ဖက္မွအရိပ္မည္းႀကီးကလည္းတုတ္တစ္ေခ်ာင္းျဖင့္ခုခံရင္းေနာက္ဆုတ္ ေနာက္ဆုတ္ျဖင့္ကိုသက္ေႏွာင္း၏မ်က္ႏွာႏွင့္ရင္ဘတ္ေပၚသို႔ညႇီစို႔စို႔ေသြးစိမ္း
မ်ားျဖင့္ ပက္၍ ပက္၍ သြားေနေလသည္။ ကိုသက္ေႏွာင္းသည္ မူးမူး႐ူး႐ူးႏွင့္ ထိုအရိပ္မည္းႀကီးေနာက္သို႔သာ တရစပ္ လိုက္ခုတ္ေနေသာေၾကာင့္ ဓားႏွင့္ တုတ္ထိသံမ်ား၊ ႏႈတ္မွႀကဳံးဝါးသံမ်ား သခ်ႋဳင္းကုန္းတစ္ခုလုံး ဆူညံသြား၏။ ထိုအခါ႐ြာသူ၊႐ြာသားအခ်ိဳ႕လန႔္ႏိုးလာၾကၿပီးသခ်ႋဳင္းကုန္း၌တစ္ခုခုျဖစ္ေန
သည္ကို သိရွိသြားကာ လူစု၍ သခ်ႋဳင္းကုန္းသို႔ ေရာက္လာၾကေလသည္။ ထိုအခ်ိန္တြင္ ကိုသက္ေႏွာင္းဓားျဖင့္ လိုက္ခုတ္ေနေသာ အရိပ္မည္းႀကီးမွာ တအားအားေအာ္ဟစ္ၿပီး ဗုန္းခနဲေနာက္ျပန္လဲက်သြားေလသည္။ “ဟာ…လူတစ္ေယာက္လဲက်သြားၿပီ”
“ကိုသက္ေႏွာင္းမလုပ္နဲ႔ – မလုပ္နဲ႔-လူႀကီးေတြလာေနၿပီ” ႐ြာသူ၊႐ြာသားတို႔၏အသံဗလံမ်ား ဆူညံသြား၏။ ႐ြာသားတစ္ေယာက္က လဲက်ေနေသာလူကိုလက္ႏွိပ္မီးျဖင့္ထိုးၾကည့္လိုက္သည္။
“ဟာ..ကိုသက္ေႏွာင္းခင္ဗ်ားဘယ္လိုလုပ္လိုက္တာလဲ။ဒါစိတ္ေနာက္
ေနတဲ့ ကိုေက်ာက္ခဲေလ… ဘယ္လိုျဖစ္ၾကတာလဲဗ်ာ”
ထိုအခါကိုသက္ေႏွာင္းရင္ထဲထိတ္လန႔္သြားၿပီးလက္ထဲမွဓားကိုလည္း လႊတ္ခ်လိုက္ေလသည္။မ်က္လုံးထဲတြင္လည္းမီးဝင္းဝင္းေတာက္သြားသည္။ သူဘာေတြျဖစ္ပ်က္ခဲ့သည္ကိုပင္စဥ္းစားမရျဖစ္သြားသည္။ ထို႔ေနာက္႐ြာလူႀကီးမ်ားကကိုသက္ေႏွာင္းကို ဆြဲေခၚသြားၿပီး ရဲစခန္းသို႔
ပို႔လိုက္ၾကေလသည္။
ယေန႔-ကိုသက္ေႏွာင္အားျပစ္မႈထင္ရွားသျဖင့္တရား႐ုံးေတာ္ကအလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ သုံးႏွစ္ စီရင္ခ်က္ခ်မွတ္ေလသည္။ ကိုသက္ေနာင္းအေနျဖင့္ ရင္က်ိဳးမတတ္ခံစားလိုက္ရသည္။ မိန္းမျဖစ္သူ ေသလို႔မွ မၾကာေသး ေထာင္ဒဏ္အျပစ္ေပးခံရသည္။
သည္ညသည္ ကိုသက္ေႏွာင္းအဖို႔ ေထာင္ႀကီးထဲတြင္ ပထမဦးဆုံး အိပ္စက္ရမည့္ညျဖစ္သည္။ ျဖစ္သမွ် အေၾကာင္း အေကာင္းခ်ည္းဟု မွတ္ ယူလ်က္ စိတ္ကို တုံးတုံးခ်ကာ ေကာင္းစြာ အိပ္စက္ႏိုင္ဖို႔ ႀကိဳးစားလိုက္ သည္။ သို႔ေသာ္ သူ၏အတိတ္လုပ္ရပ္မ်ားက ႏႈိးဆြေနသျဖင့္ ေတာ္ေတာ္ႏွင့္ အိပ္မရျဖစ္ေနသည္။ သို႔ေသာ္ သူသည္ ဘုရားတရားဘက္ အာ႐ုံေျပာင္းကာ အကုသိုလ္စိတ္ အညစ္အေၾကးမ်ားကို ကုသိုလ္ျဖင့္ ေဆးေၾကာၾကည့္၏။ စိတ္ေကာင္း စိတ္ျမတ္သံေဝဂေလးမ်ား ဝင္လာေတာ့မွ သူ၏ စိတ္မ်ား ေအးခ်မ္းလာၿပီးေမွးခနဲအိပ္ေပ်ာ္သြားေတာ့၏။
ထိုသို႔အိပ္ေပ်ာ္သြားစဥ္ထူးဆန္းေသာအိပ္မက္တစ္ခုကိုသူျမင္မက္မိ၏။
သူ႔ဆီကိုမဖဲဝါလိုက္လာၿပီးစကားေျပာ၏။
“ဝမ္းနည္းပါတယ္။ ကိုသက္ေႏွာင္းရယ္။ ရွင့္ဘက္က ေျပာတဲ့အတိုင္း မလုပ္လို႔ကြၽန္မအခုလိုစီရင္ခဲ့ရတာကိုရွင္နားလည္ေအာင္ကြၽန္မလာရွင္းတာ ပါ။ရွင့္ရဲ႕ကတိမတည္မႈေၾကာင့္ကြၽတ္ထိုက္တဲ့မသန္းေမရဲ႕ဘဝဟာကြၽတ္လြတ္ ရမယ့္ ပုဂၢိဳလ္ျဖစ္ေနတဲ့အတြက္ မကြၽတ္ကြၽတ္တဲ့နည္းနဲ႔ လုပ္ေပးရမယ္လို႔ အထက္ကပုဂၢိဳလ္ျဖစ္ေနတဲ့အတြက္မကြၽတ္၊ကြၽတ္တဲ့နည္းနဲ႔ လုပ္ေပးရမယ္ လို႔အထက္ကပုဂၢိဳလ္ႀကီးေတြကကြၽန္မကိုၫႊန္ၾကားလာပါတယ္” “ဒီေတာ့မသန္းေမကိုမကြၽတ္ကြၽတ္ေအာင္လုပ္ေပးရမယ့္တာဝန္ကြၽန္မ
မွာ ရွိလာပါတယ္။ ရွင့္ေၾကာင့္ အလႉအတန္း ကိစၥကလည္း ပ်က္သြားၿပီဆို
ေတာ့ အျခားနည္းလမ္းတစ္ခုကိုပဲ ေ႐ြးခ်ယ္ရေတာ့တယ္။ အဲဒီနည္းကေတာ့ လူစားလဲတဲ့နည္းပဲ။ အဲဒါေၾကာင့္ကြၽန္မကိုယ္တိုင္ရွင့္မိန္းမမၾကင္ႏွင္းရဲ႕ေနရာ မွာေရာက္ေနပါၿပီ”
“ဘာေျပာတယ္….လူစားလဲဖို႔ငါ့မိန္းမကိုသတ္တာ”
“ေနပါဦးရွင္၊ ကြၽန္မစကား မဆုံးေသးပါဘူး။ ကြၽန္မအေနနဲ႔ လူစားလဲဖို႔ ကိစၥကိုမျဖစ္မေနလုပ္ရတဲ့အတြက္ရွင့္မိန္းမကိုသတ္မိတာရွင္သိသြားေတာ့ ရွင္ကကြၽန္မကိုလာၿပီး စိန္ေခၚျပန္တယ္။ မၾကားဝံ့မနာသာစကားေတြနဲ႔ ေျပာ လာျပန္ေတာ့လည္းပုထုဇဥ္ျဖစ္တဲ့ကြၽန္မအေနနဲ႔ေဒါသျဖစ္ခဲ့တာေတာ့အမွန္
ပဲ။ ဒါေပမဲ့ – ရွင္က ဘုန္းကံသိပ္ျမင့္ေနေလေတာ့ ရွင့္ကိုကြၽန္မကိုယ္တိုင္ ယွဥ္ ၿပိဳင္ႏိုင္ဖို႔ မတတ္ႏိုင္ခဲ့ဘူး။ ဒါေၾကာင့္ ေသေန႔ေစ့ေနၿပီျဖစ္တဲ့ ကိုေက်ာက္ခဲကို ဝင္ပူးၿပီး ရွင့္ဆီဓားခုတ္လာခံေစခဲ့တာ”
“ဘာ-ဘာေျပာတယ္- မဖဲဝါ။ ကိုေက်ာက္ခဲကို ေသေအာင္ နင္တမင္ ဖန္တီးခဲ့တာ”
“ဟုတ္ပါတယ္…ရွင္- ဒီကိစၥေတြအားလုံးကို ခြင့္လႊတ္ဖို႔ရွင့္ဆီကို ကြၽန္မ လာေတာင္းပန္တာပါ။ မသန္းေမ ကြၽတ္လြတ္ဖို႔ မၾကင္ႏွင္းကို သတ္မိတဲ့ အတြက္ ကြၽန္မလည္း ငရဲႀကီးပါတယ္။ ၿပီးေတာ့ ကိုေက်ာက္ခဲကို ေသေစၿပီး ရွင့္ကိုေထာင္က်ေစခဲ့တဲ့အတြက္လည္းကြၽန္မဝဋ္လိုက္ဦးမွာပါ”
“ဘာပဲေျပာေျပာ ကိုသက္ေႏွာင္းေရ – သတၱဝါအခ်င္းခ်င္း ေမတၱာ နဲ႔ ဆက္ဆံၾကတာပဲ ေကာင္းပါတယ္။ ေလာဘ၊ေဒါသ၊ေမာဟေတြပါလာၿပီ ဆိုရင္ေတာ့အခုလိုမ်ိဳးဆိုးက်ိဳးေတြ ျဖစ္လာရေတာ့မွာပါ။ ဒါေၾကာင့္မို႔တစ္ဦးနဲ႔ တစ္ဦးရန္ၿငိဳးအာဃာတေတြေဖ်ာက္ဖ်က္ပစ္ဖို႔လာေျပာတာပါ။ကြၽန္မဘက္က မွားတယ္ဆိုရင္ေတာ့ ခြင့္လႊတ္ပါ။ ရွင့္ဇနီးေဟာင္းကိုလည္း ကြၽန္မ ေကာင္း ေကာင္း ေစာင့္ေရွာက္ထားလိုက္ပါ့မယ္။ ေထာင္က ထြက္လာရင္ေတာ့ ရွင္နဲ႔ ကြၽန္မ မိတ္ေဆြ ျဖစ္လာဖို႔ အေရးႀကီးပါတယ္။ ကဲ – ကြၽန္မ သြားေတာ့မယ္။ ကြၽန္မကိုခြင့္ျပဳပါဦး”
မဖဲဝါ၏ ကိုယ္ေရာင္ကိုယ္ဝါမ်ား ကိုသက္ေႏွာင္း၏ အိပ္မက္အာ႐ုံထဲမွ ေပ်ာက္ကြယ္သြားေလသည္။ကိုသက္ေႏွာင္း႐ုတ္တရက္လန႔္ႏိုးလာၿပီးထထိုင္
မိ၏။ သူ၏ မိုက္ျပစ္ေနာင္တမ်ားကိုလည္း သံေဝဂရမိ၏။ ျဖစ္ႏိုင္လွ်င္ သူ၏ အေတြးစိတ္မ်ားကို အတိတ္ကာလဆီမွ အၿပီးအပိုင္ ႐ုပ္သိမ္းလ်က္ ပစၥဳပၸန္ တည့္တည့္ကိုသာ ရႈပြားရင္း ဝဋ္ဒုကၡသံသရာမွ ခ်က္ခ်င္း လြတ္ေျမာက္ရန္ ဆႏၵျပင္းျပစြာႀကိဳးပမ္းရေပမည္။
ဤအျဖစ္အပ်က္၏ အေၾကာင္းအရာမ်ားအား စိမ္းညိဳ႕ ညိဳ႕ေတာင္တန္း မ်ားဝန္းရံလ်က္ရွိေသာေတာရေက်ာင္းကေလးတစ္ခုတြင္သီတင္းသုံးေနထိုင္ ေတာ္မူလ်က္ရွိေသာဦးပၪၨင္းႀကီးဦးသံဝရအေနျဖင့္ယခုအခ်ိန္ထိ လြမ္းေျမ့စြာ
အတိအက်ေျပာျပႏိုင္ပါေသးသည္။
– တင္ႏိုင္ဝင္း(ထမင္းေဈးၿမိဳ႕)