ကျိန်စာသင့်နေသည့်စာအုပ်(စ/ဆုံး)
———————————-
” တူး….တူး…တူး. ….”
မနက်စောစောစီးစီးဖုန်းမည်သံကြောင့် ကောင်းခန့်တစ်ယောက်အိပ်ရာကနေမထချင်ထချင်ဖြင့် ထလာခဲ့ပြီးအိပ်မှုန်းစုံမွားဖြင့် ဖုန်းကိုင်လိုက်လေသည်။
” ဟယ်လို ဘယ်သူလဲ ”
” ဟေ့ကောင် ကောင်းခန့် ငါလေကွာ ”
” ဘယ်ကငါလဲ ငါမသိဘူး ဖုန်းချလိုက်တော့မယ် ”
” ဟေ့..ဟေ့ကောင်နေဦး၊ ငါသီဟပါကွ ”
” ဪ၊ မင်းကလဲအစတည်းကပြောရင်ပြီးနေတာဘဲ ငါလဲအိပ်ချင်နေ
တာနဲ့နာမည်ကိုမကြည့်မိဘူး ပြောစရာရှိလား ”
” အေးကွာပြောစရာကတော့အများကြီးဘဲ ဒါပေမဲ့မင်းကိုတစ်ခုထဲဘဲ
ပြောမယ် ”
” မြန်မြန်ပြောကွာ ”
” ဒီလိုကွာ မနက်ဖြန်အုန်းတန်းရွာကမြတ်စိုးအိမ်အလည်သွားမလို့
မင်းလိုက်မလားလို့ ဟီးဟီးဟီး ”
” ဟာ ငါတို့နဲ့ကျောင်းတူတူတက်ခဲ့တဲ့အုန်းတန်းရွာကမြတ်စိုးလား ”
” ဟုတ်တယ်လေ ၊ ငါမနေ့ကသူ့ကိုဖုန်းဆက်တော့သူတို့ရွာမှာကျောင်း
ပြီးလို့မြို့မှာကျောင်းတက်နေတဲ့စော်အလန်းတွေပြန်လာပြီတဲ့ ”
” ဟာ တကယ်လား ”
ကောင်းခန့်ကသူနှင့်သက်တူရွယ်တူမိန်းကလေးမဟုတ်ရင်တောင် ဖွန်
ကြောင်တတ်တဲ့လူဖြစ်၍ သီဟစကားကိုကြားလိုက်ပြီး ပျော်သွားလေသည်။
” တကယ်ပေါ့ကွာ၊ မင်းလိုက်မလား ”
” အင်း လိုက်မယ်၊ မနက်ဖြန်ဘယ်အချိန်သွားမှာလဲ ”
” မနက် ၈ နာရီလောက်သွားမယ် ”
” ဪ ”
” ဒါဆိုမနက်ဖြန်ငါလာခေါ်မယ် မင်းအိမ်ကစောင့်နေ၊ ညအိပ်ရမှာဆို
တော့လိုအပ်တာတွေကိုသယ်ချာထည့်ထား ”
” အေးပါကွာ ”
” ဒါဆို ဖုန်းချပြီ😎 ”
သီဟတစ်ယောက်ဖုန်းချသွားတော့ ကောင်းခန့်စိတ်ထဲ၌နောက်တစ်နေ့တွင်တွေ့ရတော့မည့် မိန်းကလေးများကိုမမြင်ဖူးဘဲစိတ်ထဲ၌ ‘ ရုပ်ဆိုးတဲ့မိန်းကလေးတွေမရှိပါစေနဲ့ ‘ လို့ဆုတောင်းနေတော့သည်။ မြတ်စိုးဆိုတာကကျောက်တော်နယ်၊အုန်းတန်းရွာမှဖြစ်လေသည်။ မြတ်စိုးနှင့်ကောင်းခန့်၊သီဟတို့နှစ်ယောက် စစ်တွေမြို့ အ့ထ့က ကျောင်း၌ဆုံကြပြီးသူငယ်ချင်းဖြစ်သွားခြင်းဖြစ်သည်။
ကောင်းခန့်နှင့်သီဟကစစ်တွေမြို့မှဖြစ်ပြီး ငယ်ငယ်ကတည်းကပေါင်းလာသည့်သူငယ်ချင်းများဖြစ်ကြ၍တစ်ယောက်အကြောင်း တစ်ယောင်သိနေကြသည်။ ကောင်းခန့်ကငယ်ငယ်ကတည်းက သူ့ထက်ကြီးသည့်မိန်းကလေးတွေပင်အလွတ်မပေးဘဲ ဖွန်ကြောင်တတ်သည့်အကျင့်ရှိပြီးယခုထက်တိုင် ထိုအကျင့်မပျောက်သေးပေ။ သီဟလဲထိုနည်းတူ၊လူ
ကြီးရှေ့၌ဆိုလျင်လိမ္မာသလိုနဲ့ နောက်ကွယ်၌ကားကောင်းခန့်နှင့်အတူမိန်းကလေးချောချောလေးတွေမြင်ရင်လိုက်ပြီး ဖွန်ကြောင်လေ့ရှိသည်။
ကောင်းခန့်မိဘများက ကောင်းခန့်ကိုတစ်ဦးတည်းသားဖြစ်တာကြောင့်
ငယ်ငယ်ကတည်းက အလိုလိုက်ထားတာကြောင့် ကောင်းခန့်လုပ်ချင်သည့်အရာ၊သွားချင်သည့်နေရာများကို လွတ်လပ်စွာသွားခွင့်ရှိလေသည်။ သီဟမှာကား ငယ်ငယ်ကတည်းကဖခင်ဖြစ်သူကားအက်ဆီးဒင့်
ဖြစ်ပြီးဆုံးသွားတာကြောင့်မိခင်ဖြစ်သူတစ်ယောက်ထဲနဲ့သာနေလာခဲ့
ခြင်းဖြစ်သည်။ သီဟကားမိခင်ဖြစ်သူနှင့်နှစ်ယောက်တည်းနေလာတာ
ဖြစ်၍ ဘယ်အရာမဆိုမိခင်ဖြစ်သူဆီမှခွင့်ပြုချက်ရမှာသာ သွားရလာလေ့ရှိ၏။ ယခုလဲအုန်းတန်းရွာမှသူငယ်ချင်းဖြစ်သူဆီအလည်သွားမှာဖြစ်၍ သွားခွင့်ရခြင်းဖြစ်လေသည်။
နောက်တစ်နေ့ရောက်တော့ ကောင်းခန့်လဲအိမ်မှမိဘတွေကိုသီဟနှင့်အတူနယ်ဘက်မှကျောင်းတုန်းကသူငယ်ချင်းမြတ်စိုးတို့ရွာ၌လိုက်သွားရန် အသိပေးပြီးပြင်ဆင်စရာရှိတာပြင်ဆင်ကာ သီဟအလာကိုစောင့်မျော်နေတော့သည်။ နာရီဝက်လောက်ကြာတော့ သီဟဆိုင်ကယ်တစ်စီး
ဖြင့်ကောင်းခန့်အိမ်ဆီရောက်လာလေသည်။ သီဟရောက်တော့ ကောင်းခန့်လဲ
” သီဟ မင်းကလဲကြာလိုက်တာကွာ ”
” ငါလာတာမကြာပါဘူး ခုမှ ၇ နာရီကျော်ဘဲရှိသေးတာ ”
ကောင်းခန့်လဲသီဟပြောမှလက်ကနာရီကြည့်လိုက်မိသည်။
” မင်းပြောတာမှန်တယ်ဟ၊ ငါလောနေတာ ဟီးဟီး ”
” ကဲပါ၊ စကားမများနဲ့တော့ သွားရအောင်၊ မင်းဆိုင်ကယ်ယူဦးမလား ”
” မယူတော့ဘူး ”
” ဒါဆိုတက်တော့ သွားရမည့်ရွာကဘယ်အချိန်ရောက်မှာလဲမသိဘူး ”
” အေးပါကွာ ”
ကောင်းခန့်လဲသီဟဆိုင်ကယ်နောက်ဘက်၌တက်လိုက်၏။ သီဟလဲကောင်းခန့်ဆိုင်ကယ်ပေါ်ရောက်သည်နှင့်အိမ်ကနေ ဖြည်းဖြည်းချင်းထွက်လာခဲ့လေသည်။ တဖြည်းဖြည်းနှင့် မြို့ပြင်ကိုရောက်လာလေသည်။
မြို့ပြင်ကိုရောက်တော့
” သီဟ မင်းဆိုင်ကယ်မောင်းတာကလဲလိပ်တွားပြီးသွားနေတဲ့အတိုင်း
ဘဲ အရှိန်လေးဘာလေးမြင့်ပြီးမောင်းပါဦး ”
” အေးကွာငါလဲ မေ့နေလို့😁 ”
” အမ်၊ ငါမေ့နေတာ မင်းမြတ်စိုးတို့ရွာရောက်ဖူးလား ”
” ဘယ်ကလာရောက်ဖူးမှာလဲ မြတ်စိုးကကျောက်တော်ကစောင့်နေမှာ၊ သူကငါ့ကိုကျောက်တော်ရောက်ရင်ဖုန်းဆက်လိုက် သူလာခေါ်မယ်တဲ့ ”
” ဪ ”
သီဟလဲစကားပြောပြီးတော့ဆိုက်ကယ်ကိုအရှိန်မြင့်ကာမောင်းသွားတော့သည်။ ကောင်းခန့်နှင့်အောင်လှဆိုင်ကယ်မောင်းပြီးစကားပြောရင်း မောင်းလာလိုက်တာတဖြည်းဖြည်းပုဏ္ဏားကျွန်းမြို့ဆီရောက်လာခဲ့လေသည်။ ပုဏ္ဏားကျွန်းမြို့ကိုရောက်တော့ နှစ်ယောက်လုံးဗိုက်ဆာနေ၍ထမင်းဆိုင်တစ်ဆိုင်၌ထမင်းဝယ်စားလိုက်လေသည်။ ထမင်းစားပြီးတော့
မြို့ထဲမှလိုအပ်တာတွေဝယ်ပြီး ကွမ်းယာဆိုင်တစ်ဆိုင်ဝင်ကာခဏနားလိုက်၏။ ကောင်းခန့်နာရီကိုကြည့်လိုက်တော့ ၁ နာရီပင်ကျော်နေလေ
ပြီ။ ကွမ်းယာဆိုင်၌ခဏနားပြီးနှစ်ယောက်လုံးထပ်ပြီးဆိုင်ကယ်စီးကာ ပုဏ္ဏားကျွန်းမြို့မှနေထွက်လာခဲ့သည်။
အခန်း ( ၂ )
သူတို့နှစ်ယောက်ပုဏ္ဏားကျွန်းမြို့မှထွက်လာပြီး တစ်နေရာအရောက်
” သီဟ ခဏရပ်ဦးကွာ ”
” မင်းကဆိုင်ကယ်ရပ်ပြီးဘာလုပ်မလို့လဲ ”
” ငါမရတော့ဘူးနော်၊ ရပ်ဆိုရပ် ”
” မင်းကိုလဲငါပြောနေတယ်လေ ဆိုင်ကယ်ရပ်ပြီးဘာလုပ်မှာလဲလို့ ”
” မင်းမေလင် သေးပေါက်မလို့ဟ ”
” မင်းကလဲအစတည်းကပြောရင်ပြီးတာဘဲ ”
သီဟဆိုင်ကယ်ရပ်လိုက်တော့ ကောင်းခန့်ဆိုင်ကယ်ပေါ်မှဆင်းပြေးသွားပြီး ခြုံတစ်ခြုံနားကိုဝင်သွားလေသည်။ ခဏအကြာ
” သီဟ ဟေ့ကောင်သီဟ ဒီကိုလာဦး ”
” မလာဘူးကြာ ”
” ဟာ၊ ဟေ့ကောင်မင်းတော်တော်လျာရှည်တာဘဲ မြန်မြန်လာစမ်းပါ
ကြာ ”
” မင်းမေလင်လာပြီဟေ့ ”
သီဟလဲစိတ်တိုတိုနှင့်ပြန်ဖြေပြီး ကောင်းခန့်ခေါ်သည့်နေရာကိုသွားလိုက်လေသည်။ ကောင်းခန့်အနားကိုရောက်တော့
” ဟာ ”
သီဟမြင်လိုက်ရသည့်မြင်ကွင်းကြောင့်အံ့ဩသွားသည်။
” ငါတို့နှစ်ယောက်တော့ချမ်းသာတော့မယ် ဟိ့ဟိ့ ”
ကောင်းခန့်ကသေတ္တာလေးတစ်လုံးကိုင်လျက်ပျော်နေလေသည်။ ကောင်းခန့်ကိုင်ထားသည့်သေတ္တာကသံသေတ္တာဖြစ်ပြီး သေတ္တာ၌သံချေးများပင်တက်နေလေပြီ။
” သီဟ ရပ်ပြီးဘာလုပ်နေတာလဲ ”
” အံ့ဩသွားလို့ပါကွာ ဒါနဲ့မင်းကအဲသေတ္တာကိုဘယ်လိုတွေ့တာလဲ ”
” ဒီခြုံနားကိုလာတည်းကတွေ့တာ ဘယ်သူဝှက်ထားခဲ့မှန်းမသိဘူး သံချေးတွေတောင်တက်နေပြီ ဟီးဟီး ”
” ကြာတယ်ကွာ ဖွင့်ကြည့်ရအောင် ”
” အင်း ”
ကောင်းခန့်လဲသေတ္တာကိုကိုင်ပြီး သော့ခလောက်ကိုကျောက်တုံးတစ်တုံးကောက်ယူပြီးဖျက်စ်ီးလိုက်လေသည်။ သော့ခလောက်ကလဲ သံချေးများတက်နေပြီဖြစ်တာကြောင့်လွယ်လွယ်နှင့်ဖျက်စီး၍ရခြင်းပင်။ သေတ္တာထဲ၌ဘယ်အရာများပါနေမလဲဆိုတဲ့စိတ်နဲ့ နှစ်ယောက်လုံးရင်ခုန်နေလေသည်။ ကောင်းခန့်သေတ္တာကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တော့ ‘ သတိ ဖွင့်မဖတ်ရ ‘ ဆိုတဲ့စာသားနှင့်စာအုပ်တစ်အုပ်ကိုမြင်လိုက်လေသည်။
” သွားပါပြီကွာ ငါကရုပ်ရှင်ကားထဲကလို သေတ္တာထဲမှာရွေတွေများပါနေ
မလားလို့ ”
” အေးကွာ ”
စာအုပ်ကိုမြင်လိုက်တာကြောင့်သူတို့နှစ်ယောက်စိတ်ပျက်သွားလေသည်။
” သီဟ သွားရအောင် ”
” နေပါဦး ဒီစာအုပ်ကိုသေတ္တာထဲမှာထားတာဆိုတော့ ဘယ်လိုစာအုပ်
မျိုးလဲမသိဘူး စာအုပ်ကိုယူသွားရအောင် ”
” မင်းလိုချင်ရင်ယူလေ ”
” အင်း ”
သီဟကသေတ္တာထဲမှစာအုပ်ကိုယူလိုက်ပြီး အဝတ်အစားထည့်ထားသည့်အိတ်ထဲ၌ ထည့်ထားလိုက်လေသည်။
သူတို့နှစ်ယောက်သေတ္တာရသည့်နေရာမှထွက်လာပြီး ၂ နာရီလောက်သွားတော့ ကျောက်တော်မြို့ဆီရောက်သွားလေသည်။ ကျောက်တော်မြို့ကိုရောက်တော့ သီဟကမြတ်စိုးဆီဖုန်းဆက်လိုက်၏။ ဖုန်းဆက်
ပြီး ၁၀ မိနစ်လောက်အကြာမှာတော့ မြတ်စိုးတစ်ယောက် သူတို့နှစ်ယောက်ဆီဆိုင်ကယ်လေးတစ်စီးဖြင့် ရောက်လာလေသည်။ ကောင်းခန့်၊သီဟနှင့်မြတ်စိုးတို့သုံးယောက်ကျောင်းပြီးကတည်းကမတွေ့ရတာကြာပြီဖြစ်တာကြောင့် ယခုတွေ့တော့သုံးယောက်လုံးပျော်နေကြလေသည်။ သူတို့သုံးယောက်ပျော်နေတာကြောင့်ဘီယာသောက်ကြပြီးကျောက်တော်
မြို့မှနေ ညနေဝင်ချိန်၊နွားရိုင်းသွားချိန်လောက်မှ ထွက်လာခဲ့လေ၏။
ကောင်းခန့်နှင့်သီဟကဆိုင်ကယ်တစ်စီး၊ မြတ်စိုးကဆိုင်ကယ်တစ်စီးဖြင့်ရှေ့ကနေသွားလေသည်။ ည ၈ နာရီလောက်မှမြတ်စိုးတို့ရွာကိုရောက်သွားလေ၏။ ရွာကိုရောက်တော့ မြတ်စိုးကပင်ဦးဆောင်ပြီး အိမ်ကိုခေါ်သွားလေသည်။ ရွာထဲ၌ကား အိမ်တိုင်းလိုလိုဆိုလာမီးများဖြင့်သာ အိမ်များကိုအလှဆင်ထားကြ၏။ မြတ်စိုးတို့အိမ်ရောက်တော့ မြတ်စိုးနှင့်အတူကောင်းခန့်နှင့်သီဟတို့နှစ်ယောက်ရေချိုးလိုက်ကြလေသည်။ ရေချိုး
ပြီးတော့မြတ်စိုးအမေပြင်ဆင်ထားသည့်ထမင်းဝိုင်း၌ ကောင်းခန်နှင့်သီဟတို့နှစ်ယောက် ဘီယာသောက်ထားသည့်အစွမ်းဖြင့်မရှက်မကြောက်အစာငတ်နေသည့်လူတစ်ယောက်လိုခေါင်းမဖော်တမ်းစားတော့သည်။ မြတ်စိုးအမေကတော့ သူတို့နှစ်ယောက်ထမင်းစားနေတာကိုကြည့်
ပြီးပြုံးနေလေ၏။ ထမင်းစားပြီးတော့ မြတ်စိုးကသူအိပ်သည့်အိပ်ခန်း၌ကောင်းခန့်နှင့်သီဟကိုခေါ်လာလေ၏။ အိပ်ခန်းကိုရောက်တော့ ကောင်းခန့်ကဟန်ပင်မဆောင်နိုင်တော့ဘဲ အိပ်ရာပေါ်၌တစ်ခါတည်းတန်းအိပ်သွားတော့သည်။ မြတ်စိုးကတော့ဖုန်းတစ်လုံးဖြင့် FaceBook သုံးနေလေသည်။ သီဟကတော့သေတ္တာထဲမှရခဲ့သည့်စာအုပ်ကို အဝတ်ထည့်ထားသည့်အိတ်ကနေထုတ်လိုက်ပြီး အိပ်ရာပေါ်တင်ကာဖုန်းမီးလေးဖွင့်ပြီးစာအုပ်ကိုသေချာကြည့်နေလေသည်။
သီဟတစ်ယောက်ဖုန်းမီးရောင်ဖြင့်စာအုပ်ပေါ်၌ပေါ်နေသည့် အရာများကိုမြင်ပြီးအံ့ဩသွားရသည်။ ‘ သတိ ဖွင့်မဖတ်ရ ‘ ဆိုတဲ့စာသားအောက်၌
အင်္ကျီအမဲကိုဝတ်ဆင်ထားပြီးလုံချည်ခါးတောင်းကျိုက်ထားကာလက်ထဲ၌ ငှက်ကြီးတောင်ဓားတစ်လက်ကိုင်ပြီး မတ်တပ်ရပ်နေသည့်ပုံတစ်ပုံပေါ်နေ၍ သီဟအံ့ဩသွားခြင်းဖြစ်သည်။ သီဟစာအုပ်၌မြင်နေရသည့်ပုံကြောင့် ‘ ငါကောင်းခန့်နှင့်ကြည့်တုန်းကမတွေ့ပါဘူး ‘ ဆိုပြီးစိတ်ထဲမှပြောကာ ခေါင်းထဲတွင်ထိုအရုပ်အကြောင်းကား ပဟေဠိဆန်စွာရှိနေလေသည်။ သီဟလဲထိုစာအုပ်ကိုဖွင့်မကြည့်တော့ဘဲ အိတ်ထဲကိုပြန်၍ထည့်လိုက်ကာအိပ်တော့သည်။
အခန်း ( ၃ )
အချိန်တွေဘယ်လောက်ကြာသွားမှန်းမသိ
” ဟေ့ကောင်ထစမ်း ”
ဆိုတဲ့အသံကြားမှသီဟနိုးလာလေသည်။ သူလဲအိပ်ရာကနိုးပြီးဘေးနားတဝိုက်ကိုကြည့်လိုက်တော့ စာအုပ်၌တွေ့ခဲ့သည့်လူတစ်ယောက်အပြင်
အခြားနေရာတွေ၌မှောင်မည်းနေတာကလွဲလို့ဘာတစ်ခုမှမမြင်ရပေ။
” မင်းကိုပြောစရာရှိတယ် ”
” ခင်ဗျားကစာအုပ်ထဲကလူမဟုတ်ဘူးလား ”
” ဟေ့ကောင်စကားမများနဲ့၊ ငါကမင်းသေတ္တာထဲကယူလာတဲ့စာအုပ်ကို
စောင့်နေတဲ့ဝိညာဉ်ဘဲ ”
” ဗျာ ”
” အဲဒီစာအုပ်ကို ချင်း လူမျိုးတစ်ယောက်ကရေးခဲ့တာ စာအုပ်ကိုရေးပြီးသူကကျိန်စာတိုက်ခဲ့တယ် သူတို့လူမျိုးမဟုတ်ဘဲဒီစာအုပ်ကိုဖတ်တဲ့လူကသေသွားပြီးစာအုပ်အစောင့်ဖြစ်ပါစေလို့ ပြီးတော့သူကစာအုပ်ကိုကျိန်စာတိုက်ပြီးသူ့ကိုသူသတ်ပြီးစာအုပ်အစောင့်အဖြစ်စောင့်နေတာ ၊ ငါလဲတစ်နေ့ဒီစာအုပ်ကိုတောထဲကရပြီးအိမ်ကိုရောက်တော့ဖတ်ကြည့်တာ စာအုပ်ထဲမှာအထက်လမ်းကျင့်စဉ်တွေနဲ့အောက်လမ်းကျင့်စဉ်တွေအကုန်လုံးပါတယ် ငါလဲစာအုပ်ကိုဖတ်ပြီးတော့သေတ္တာတစ်လုံးထဲထည့်
ပြီးသေချာကိုဖွက်ထားခဲ့တာ ညနေဘက်ရောက်တော့ ငါ့အိမ်ကိုသူရောက်လာပြီးငါအခုကိုင်ထားတဲ့ဓားနဲ့ငါ့ကိုခုတ်သတ်ခဲ့တာ၊ သူကငါ့ကိုသတ်
ပြီးတော့ငါ့ကိုစာအုပ်အစောင့်အဖြစ်ထားခဲ့တာ ပြီးတော့သူကပြောသေးတယ်မင်းစာအုပ်စောင့်အဖြစ်ကလွတ်ချင်ရင်လူတစ်ယောက်ကိုသတ်ပြီး
လူစားထိုးရမယ်တဲ့၊ ငါစာအုပ်အစောင့်အဖြစ်နေလာတာနှစ်ပေါင်း ၅၀ ကျော်နေပြီ မင်းမသေချင်ရင်စာအုပ်ကိုဖွင့်မဖတ်နဲ့ဖတ်ခဲ့ရင်တော့မင်းပုန်းချင်တဲ့နေရာ၊ပြေးချင်တဲ့နေရာပြေး ငါလိုက်သတ်မှာဘဲ ကြားလား ”
” ကြား….ကြားပါတယ် ”
သီဟကြားနေရသည့်စကားများကြောင့် စကားအထစ်ထစ်အငေါ့ငေါ့ဖြင့်ဖြေလိုက်လေသည်။
” ကြားတယ်ဆို စာအုပ်ကိုမနက်ဖြန်ပြန်ပြီးမြေမြုပ်လိုက် ”
” ဟုတ်…ဟုတ်ကဲ့ ”
စာအုပ်ထဲမှလူကထိုသို့ပြောပြီး သီဟအမြင်မှပျောက်ကွယ်သွားလေတော့သည်။
မနက်မိုးလင်းတော့ သီဟကအိပ်မက်အကြောင်း ကောင်းခန့်နှင့်မြတ်စိုးကိုပြောပြလိုက်လေသည်။ သို့သော် ကောင်းခန့်နှင့်မြတ်စိုးကမယုံသည့်အပြင် သူ့ကိုကြည့်ပြီးလှောင်ရယ်နေလေ၏။ သီဟလဲသူတို့နှစ်ယောက်လှောင်ရယ်နေတာကြောင့် ‘ ငါစာအုပ်ကိုစွဲပြီးအိပ်လို့ အိပ်မက်ထဲမှာပါတာဖြစ်နိုင်တယ် ဒီနှစ်ကောင်ရှေ့မှာငါစာအုပ်ကိုဖွင့်ဖတ်ပြမယ် ‘ ဆို
ပြီးစိတ်ထဲ၌ပြောလိုက်လေသည်။ သီဟက အိတ်ထဲမှစာအုပ်ကိုယူကာသူတို့နှစ်ယောက်ရှေ့မှာဖွင့်ဖတ်ရန်ဟန်ပြင်လိုက်စဉ်
” မဖွင့်နဲ့ ”
ဆိုတဲ့အသံကိုသီဟနား၌ကြားလိုက်ရသည်။ ကောင်းခန်နှင့်မြတ်စိုးကြားဟန်မတူ၊ သီဟလဲနောက်တစ်ခါအလှောင်မခံရအောင် စာအုပ်ကိုဖြည်း
ဖြည်းချင်းဖွင့်လိုက်လေသည်။ စာအုပ်ဖွင့်လိုက်သည်နှင့်စာအုပ်ထဲမှအမဲရောင်အခိုးအငွေ့များထွက်လာလေသည်။
” ဟင် ”
” ဟာ ”
ဒီတစ်ခါတော့စာအုပ်ထဲမှထွက်လာသည့်အမဲရောင်အခိုးအငွေ့တွေ
ကြာင့် သုံးယောက်လုံးအံ့ဩသွားသည်။ အမဲရောင်အခိုးအငွေ့များကသီဟကို သုံးခါတိတိလှည်ပတ်ပြီးပျောက်ကွယ်သွားလေသည်။ အမဲရောင်အခိုးအငွေ့များပျောက်သွားတော့ ကောင်းခန့်နှင့်မြတ်စိုးတို့နှစ်ယောက်
သီဟအနားကိုလာပြီး
” စာအုပ်ထဲကထွက်လာတာ ဘာတွေလဲဟ ”
ဆိုပြီးကောင်းခန့်ကပြောလာလေသည်။
” အေး ငါလဲအဲဒါဘဲစဉ်းစားနေတာ ၊ အိပ်မက်ထဲမှာပြောသွားတဲ့လူရဲ့စ
ကားမှန်နေပြီလား ”
” မဖြစ်နိုင်ပါဘူးကွာ ”
” ဖြစ်နိုင်လား၊မဖြစ်နိုင်ဘူးလားဆိုတာ ငါတို့သုံးယောက်လုံးမသိဘူး ”
” ထားပါကွာ၊ စာအုပ်ကိုဖွင့်ပြီးပြီဘဲသေရင်သုံးယောက်လုံးသေအောင်
စာအုပ်ကိုသုံးယောက်လုံးကြည့်ရအောင် ”
” မရဘူး ငါဘဲစာအုပ်ကိုယူလာခဲ့တာငါဘဲဖတ်မယ် ”
ထိုအချိန်မြတ်စိုးတစ်ယောက်အသားများတဆတ်ဆတ်တုန်လာရင်း သီဟနှင့်ကောင်းခန့်ကိုမျက်ထောက်နီနီကြီးဖြင့်ကြည့်ကာ
” မင်းတို့နှစ်ယောက်ထဲက တစ်ယောက်သေရမယ် ”
မြတ်စိုးကထိုသို့ပြောပြီး ကြမ်းပြင်ပေါ်၌ခွေခနဲလဲကျသွားတော့သည်။ ကောင်းခန့်နှင့်သီဟတို့နှစ်ယောက် မြတ်စိုးပြောလာသည့်စကားများကြောင့်အံ့ဩထိန့်လန့်နေတော့သည်။ သူတို့နှစ်ယောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း စိတ်ထဲ၌ ‘ ဘယ်သူသေမှာလဲ ‘ ဆိုပြီးရင်တထိတ်ထိတ်ဖြစ်နေလေသည်။ ခဏကြာတော့မြတ်စိုးတစ်ယောက် လဲကျနေရာမှထလာပြီး
” ကောင်းခန့် ငါဘာဖြစ်သွားတာလဲ ”
မြတ်စိုးစကားကြောင့် သူတို့နှစ်ယောက်လဲတွေးနေသည့်အတွေးစများပြတ်သွားပြီး မြတ်စိုးကို
” မင်းခေါင်းမူးတယ်ဆိုပြီး လဲကျသွားတာလေ ”
ကောင်းခန့်ကလိမ်ပြီးပြောလိုက်သည်။
” ဪ ”
မြတ်စိုးတစ်ယောက်ခေါင်းကိုကိုင်ရင်း ကောင်းခန့်နှင့်သီဟတို့နှစ်ယောက်ပြောတာကို ‘ ဪ ‘ လို့သာတစ်ခွန်းထဲပြော၍နေလိုက်တော့သည်။
ညနေဘက်ရောက်တော့ သူတို့သုံးယောက်ရွာထဲ၌စကားပြောရင်းလမ်းလျောက်နေမိသည်။ မြတ်စိုးပြောသလိုရွာထဲ၌မိန်းကလေးချောချောလေးများရှိလေ၏။ သို့သော် ကောင်းခန့်နှင့်သီဟတို့နှစ်ယောက်စိတ်ထဲ၌
မြတ်စိုးပြောခဲ့သည့်စကားများကိုသာ အာရုံရောက်နေလေသည်။ သူတို့နှစ်ယောက်မျက်နှာပျက်နေတာကိုမြတ်စိုးမြင်တော့
” မင်းတို့နှစ်ကောင်ဘာဖြစ်နေတာလဲ ငါကြည့်နေတာကြာပြီ၊ ကြည့်လိုက်
ရင်ရုပ်တွေကစော်မရလို့စိတ်ညစ်နေတဲ့ရုပ်နဲ့ ”
” ဘာမှမဖြစ်ပါဘူး ”
” ဪ၊ မင်းတို့နှစ်ကောင်ကမပြောချင်ဘူးပေါ့ ”
” မဟုတ်ပါဘူးကွာ ”
” ဒါဆိုပြောလေ ”
” မင်းတို့ရွာမှာအရက်ရောင်းလား ငါသောက်ချင်လို့ ”
” ဪ၊ ဒါများကွာအစတည်းကပြောရင်ပြီးနေတာဘဲ လာ ငါ့နောက်လို
က်ခဲ့ မင်းတို့ကိုတောအရက်နဲ့ရှယ်ပြုစုပေးမယ် ”
” အင်း ”
ကောင်းခန့်နှင့်သီဟလိမ်လိုက်သည်ကိုမြတ်စိုးကမသိဘဲ အရက်သောက်ချင်သည်ဟုထင်ကာ ရွာထိပ်မှအရက်ဆိုင်ကိုခေါ်သွားလေသည်။ ၁၀ မိနစ်လောက်အကြာမှာတော့ ရွာထိပ်မှအရက်ဆိုင်ဆီရောက်သွားလေသည်။ အရက်ဆိုင်ထဲ၌ကားအရက်သောက်နေသည့်လူများ ဟိုတစ်စု၊ဒီတစ်စုဖြင့်စကားစမြည်ပြောရင်းသောက်နေကြလေသည်။
” လာလေကွာ ဘာကြည့်နေတာလဲ ”
သူတို့နှစ်ယောက်လဲမြတ်စိုးခေါ်မှနောက်မှလိုက်သွားလေသည်။ အရက်ဆိုင်ထဲရောက်တော့လွတ်နေသောဝိုင်းတစ်ဝိုင်း၌ သူတို့သုံးယောက်ဝင်ထိုင်လိုက်လေသည်။
” တောတစ်လုံး ဦးလေး ” ( တောအရက်ကိုပြောခြင်းဖြစ်သည် )
ခဏအကြာမှာတော့သူတို့သုံးယောက်ဆီအရက်တစ်လုံးကိုင်ပြီး လူကြီးတစ်ယောက်လာလေသည်။ အနားကိုရောက်တော့
” ဟာ မြတ်စိုးဒီနေ့ဧည့်သည်တွေခေါ်လာတာလား ”
” ဟုတ်တယ်ဦးလေး သူတို့နှစ်ယောက်ကစစ်တွေကလေကျွန်တော်
နှင့်ကျောင်းတုန်းကသိတာလေ၊ အခုသူတို့နှစ်ယောက်အရက်သော
က်ချင်တယ်ဆိုလို့ ဦးလေးဆိုင်ကိုခေါ်လာခဲ့တာ ”
” ဪ ၊ မြတ်စိုးအမြည်းကတော့အရင်တိုင်းဘဲလား ”
” မဟုတ်ဘူး၊ ကြက်ကြော်လေးချပေး ”
” အေးအေး ခဏလေးသွားယူလိုက်မယ် ”
ထိုလူထသွားတော့ မြတ်စိုးတစ်ယောက်ကောင်းခန့်နှင့်သီဟကိုကြည့်လိုက်သည်။ သူတို့နှစ်ယောက်မျက်နှာတွေယခုထက်ထိပျော်နေသည့်ပုံမပေါက်တာကြောင့် မြတ်စိုးစိတ်ညစ်သွားသည်။
” ဟေ့ကောင်တွေ ဘာဖြစ်နေတာလဲ ၊ မင်းတို့နှစ်ယောက်အရက်သော
က်ချင်တယ်ဆိုလို့ အရက်ဆိုင်ခေါ်လာခဲ့ပြီလေ မင်းတို့မျက်နှာတွေက
ဘာဖြစ်နေတာလဲ ငါတောင်မင်းတို့နှစ်ယောက်ကိုကြည့်ပြီးစိတ်ညစ်
လာပြီ ”
” ဘာမှမဖြစ်ဘူး ”
ကောင်းခန့်ကခုံ၌တင်ထားသည့်အရက်ပုလင်းကိုယူလိုက်ပြီး အမြည်းမပါဘဲဆက်တိုက်သောက်တော့သည်။ သီဟကတော့စကားမပြောဘဲငိုင်
မြဲငိုင်နေလေသည်။ ကောင်းခန့်သောက်နေတာကိုမြင်ပြီး မြတ်စိုးအံ့ဩသွားသည်။
” ဖြည်းဖြည်းသောက်လဲရပါတယ်ကွာ လူတွေမြင်ရင်မင်းကိုအရက်သ
မားကြီးထင်နေဦးမယ် ”
မြတ်စိုးပြောမှကောင်းခန့်သောက်နေသည့်အရက်ပုလင်းကို ခုံပေါ်၌ချထားလိုက်သည်။ ထိုအချိန်အမြည်းခွက်တစ်ခွက်ဖြင့် အရက်ပုလင်းချပေးခဲ့သည့်လူပြန်ရောက်လာလေသည်။
” ဟာ၊ မြတ်စိုးအရက်တစ်ဝက်တောင်ကုန်သွားပြီ တော်တော်မြန်တာ
ဘဲ ”
” ကျွန်တော်သောက်တာမဟုတ်ဘူး သူသောက်တာ ”
မြတ်စိုးကကောင်းခန့်ကိုလက်ညိုးထိုးပြလိုက်သည်။
” အိမ်း၊ ငါ့တူနှစ်ယောက်ဆိုင်ကိုရောက်ကတည်းကမျက်နှာမကောင်း
ဘူး ဘာဖြစ်ကြတာလဲ ”
” ဘာမှမဖြစ်ဘူး ”
” ကောင်းခန့်ပြောလိုက်ရအောင် ”
စကားတစ်ခွန်းမှဝင်မပြောသောသီဟကဝင်ပြောလာတာကြောင့် ကောင်းခန့်ခဏငြိမ်သွားသည်။
” ငါတူတို့ပြောစရာရှိတာပြော ဘာမှအားမနာနဲ့ဦးလေးကိုသူငယ်ချင်းတ
စ်ယောက်လိုစိတ်ထဲကနေမှတ်ပြီးပြော ”
” ဒီလိုပါဦးလေး…….. ”
ကောင်းခန့်ကစာအုပ်ရသည့်နေရာကနေအစအဆုံးပြောပြလိုက်တော့သည်။ ကောင်းခန့်ပြောနေသည့်စကားများကိုနားထောင်ပြီး ထိုလူကတစ်ခုခုကိုအလေးအနက်ထားပြီးစဉ်းစားနေလေသည်။ ခဏကြာတော့
” ငါတူတို့ယူခဲ့တဲ့စာအုပ်က ကျိန်စာသင့်နေတဲ့စာအုပ်ဆိုတော့ ဦးလေး
ကိုစာအုပ်လေးပြစမ်းပါဦး ”
” စာအုပ်အိမ်မှာကျန်ခဲ့တယ် ကျွန်တော်သွားယူပေးမယ် ”
မြတ်စိုးကဝင်ပြောပြီး ထိုင်နေရာမှထပြီးအရက်ဆိုင်မှထသွားလေသည်။
မြတ်စိုးထွက်သွားတော့ ထိုလူက
” ငါ့တူတို့နှစ်ယောက်ကိုဦးလေးတစ်ခုပြောမယ် ဦးလေးကငယ်ငယ်က
အထက်လမ်းဆရာကြီးတစ်ယောက်ရဲ့နောက် သုံးနှစ်တိတိလိုက်ဖူး
တယ်၊ ဒါကြောင့်ငါ့တူတို့အခုကြုံနေရတဲ့အခက်အခဲလိုမျိုး ကျိန်စာသင့်
နေတဲ့ပစ္စည်းအများကြီးကိုဦးလေးမြင်ဖူး၊ကိုင်ဖူးတယ် ပြီးတော့ကျိန်စာ
သင့်နေတဲ့ပစ္စည်းတွေကိုဘယ်ပုံဘယ်နည်းနဲ့ဖျက်စီးရမှာလဲဆိုတာလဲ
သိတယ် ”
” ဟာ၊ တကယ်လားဦးလေး ”
” ဘာလဲငါ့တူတို့နှစ်ယောက်ကမယုံလို့လား ”
” ယုံပါတယ်ဗျ ယုံပါတယ် ”
” ဒါနဲ့ဦးလေးနာမည်ကဘာလဲ ”
” ငါ့နာမည်က အောင်ကြီး ”
” ဪ ”
သူတို့နှစ်ယောက်လဲအသက်ဘေးမှလွတ်မြောက်အောင် ကူညီပေးမဲ့လူတစ်ယောက်ပေါ်လာတာကြောင့် ပျော်နေလေသည်။ တဖြည်းဖြည်းအမှောင်တွေကြီးစိုးလာတာကြောင့် အရက်သောက်နေသည့်လူများကပြန်သွားကြလေသည်။ သို့သော် အောင်ကြီးဆိုသောလူနှင့်ကောင်းခန့်၊သီဟတို့နှစ်ယောက်ကား အရက်ဝိုင်း၌ပင်ဖယောင်းတိုင်မီလေးထွန်းပြီး မြတ်စိုးအလာကိုစောင့်နေကြသည်။ နာရီဝက်လောက်ကြာတော့ မြတ်စိုးစာအုပ်တစ်အုပ်ကိုင်ပြီး အရက်ဆိုင်ဆီပြေးလာလေသည်။
အခန်း ( ၄ )
မြတ်စိုးတစ်ယောက်အရက်ဝိုင်းနားရောက်တော့စာအုပ်ကို အောင်ကြီးကိုပေးလိုက်လေသည်။ ခုံပေါ်၌ဖယောင်းတိုင်တစ်ချောင်းဖြင့်စာအုပ်ကိုသာတင်ထားပြီး အရက်ပုလင်းနှင့်အမြည်းခွက်ကိုအခြားတစ်ခုံပြောင်းထားလိုက်သည်။ အောင်ကြီးစာအုပ်ကိုဖွင့်ကြည့်လိုက်တော့ စာအုပ်ထဲ၌သွေးရောင်များဖြင့်ရေးသားထားသည့် စာများပါလေသည်။ စာအုပ်ထဲ၌ပါလာသည့်စာများက သီဟအိပ်မက်ထဲ၌ပြောခဲ့သည့်လူ၏စကားအတိုင်း အောက်လမ်းကျင့်စဉ်နှင့်အထက်လမ်းကျင့်စဉ်များပါလေသည်။
စာအုပ်ဖတ်နေစဉ်
” ဖောက် ဖောက် ဖောက် ”
ဘေးနားတဝိုက်ကျောက်ခဲများ ‘ တဖောက်ဖောက် ‘ ဖြင့်ကျလာလေသည်။ အောင်ကြီးကခဲများကိုမြင်ပြီး
” မြတ်စိုးအိမ်ထဲကလက်နှိပ်ဓာတ်မီးလေးတစ်လုံးနဲ့ မီးခြစ်တစ်ခုယူလာ
ပေး ”
” ဟုတ်ကဲ့ပါ ဦးလေး ”
မြတ်စိုးတစ်ယောက်အိမ်ထဲဝင်သွားပြီးခဏအကြာ မီးခြစ်တစ်ခုနှင့်လက်နှိပ်ဓာတ်မီးလေးယူပြီးပြေးလာလေသည်။
” ငါယူခိုင်းထားတဲ့ပစ္စည်းတွေစုံပြီဆိုရင် ငါ့နောက်မြန်မြန်လိုက်ခဲ့ ”
” ဟုတ်ကဲ့ပါ ဦးလေး ”
ကောင်းခန့်၊သီဟ၊မြတ်စိုးသူတို့သုံးယောက် အောင်ကြီးနောက်ကနေခပ်သွက်သွက်လေးပြေးလိုက်နေ၏။ အောင်ကြီးကတော့စာအုပ်ကိုကိုင်
ပြီးရှေ့ကနေခပ်မြန်မြန်လေးပြေးနေသည်။ အချိန်ကား ည ၈ နာရီ။
သင်္ချိုင်းအတွင်း၌သူတို့လေးယောက်လုံးချွေးများတစ်ကိုယ်လုံးထွက်လျက်
” မြတ်စိုး မီးခြစ်ကိုငါ့ကိုပေး၊ ဓာတ်မီးနဲ့အသံကြားရာဘက်ကိုထွန်းပေး
နောက်တစ်ခုပြောချင်တာကလူစုမကွဲစေနဲ့ကြားလား ”
” ကြားပါတယ် ”
အောင်ကြီးတစ်ယောက်မြတ်စိုးဆီမှမီးခြစ်ကိုယူလိုက်ပြီး စာအုပ်ကိုမီးရှို့
ရန်ဟန်ပြင်နေစဉ်
” မင်းတို့ထဲကတစ်ယောက်သေကိုသေစေရမယ် ဟားဟားဟား ”
ကောင်းခန့်၊သီဟနှင့်မြတ်စိုးတို့သုံးယောက်ကကြောက်ပြီးတစ်ယောက်နှင့်တစ်ယောက်ပူးကပ်နေကြသည်။ အောင်ကြီးစာအုပ်ကိုမီးရှို့ရန်အတွက်နောက်တစ်ခါပြင်ဆင်လိုက်လေသည်။
” ဝေါဝေါ ဖလော ဝေါ ”
” အား အား ”
ရုတ်တရက်လေပြင်းများကျလာတာကြောင့်အိပ်တန်းတက်နေသည့် ငှက်များကလန့်ပြီးပျံသွားကြလေသည်။
” ဘုတ် ဘုတ် ဘုတ် ”
” ဖောက် ဖောက် ဖောက် ”
သင်္ချိုင်းအနားတစ်ဝိုက်မှခြေသံများပေါ်လာပြီးသူတို့လေးယောက်ဘေးတွက်ခဲများအဆက်မပြတ်ကျလာလေသည်။ မြတ်စိုးကအသံကြားရာဘက်ဆီဓာတ်မီးထွန်းကြည့်လိုက်တော့
” အမယ်လေးဗျ ”
ဆိုပြီးအော်မိလိုက်သည်။ မြတ်စိုးအော်သံကြောင့်အောင်ကြီး၊ကောင်းခန့်နှင့်သီဟတို့သုံးယောက်ကြည့်လိုက်တော့ မရေတွက်နိုင်လောက်အောင်များပြားသောသရဲများကလက်ပြတ်ခြေပြတ်တွေဖြင့်တစ်ချို့ဆိုရင် ခေါင်းပင်မပါဘဲသူတို့လေးယောက်ဆီလာနေကြသည်။ ထိုအချိန်ကောင်းခန့်ကိုအေးစက်နေသောလက်တစ်စုံကဆွဲယူပြီး အမှောင်ရိပ်အတွင်းကိုဝင်ရောက်ပျောက်ကွယ်သွားလေသည်။
” အား ”
ကောင်းခန့်အော်သံကြောင့်ဘေးကိုကြည်ု့လိုက်တော့ကောင်းခန့်မရှိတော့ပေ။
” ကောင်းခန့်ရယ် ကောင်းခန့် ”
သူတို့သုံးယောက်လုံးကောင်းခန့်ကိုအော်ခေါ်သော်လဲ ပြန်ထူးသံမကြားရ၊ သရဲများကတစ်ဖြည်းဖြည်းနီးလာတာကြောင့်
” မြတ်စိုးနှင့်သီဟပြေးတော့ အခြေအနေမကောင်းဘူး ပြေး ”
သီဟနှင့်မြတ်စိုးလဲအောင်ကြီးအသံကြားတော့ခြေဦးတည့်ရာပြေးတော့သည်။ အောင်ကြီးကသင်္ချိုင်းထဲ၌ပင်စာအုပ်ကိုပစ်ချကာ အများနည်းတူေ
ခြဦးတည့်ရာပြေးတော့သည်။
” ဟား..ဟားဟားဟား ”
သင်္ချိုင်းထဲမှထွက်ပြေးလာတော့ယောကျာင်္းတစ်ယောက်၏အော်ရယ်သံကိုကြားလိုက်ရလေသည်။ သီဟနှင့်မြတ်စိုးကပြေးနေရင်းနှစ်ယောက်တွေ့သွားကြပြီး ရွာကိုတစ်ချိုးတည်းပြေးတော့သည်။ ရွာကိုရောက်တော့လူ
ကြီးတွေကိုအကျိုးအကြောင်းချင်းပြလိုက်ကာ ကောင်းခန့်နှင့်အောင်ကြီးကိုရှာရန်ထွက်လာခဲ့လေသည်။ သီဟနှင့်မြတ်စိုးကိုကားအကြောက်လွန်နေတာကြောင့် ရွာထဲ၌ပင်ထားခဲ့ရလေ၏။ ရွာမှလူတွေ၌လက်နှိပ်ဓာတ်မီးကိုယ်စီဖြင့်၊ သင်္ချိုင်းကိုရောက်တော့ရွာမှလူများအုပ်စုလိုက်ခွဲပြီး ကောင်းခန့်နှင့်အောင်ကြီးကိုရှာကြလေသည်။ သင်္ချိုင်းထဲ၌ရှာကြပြီး ၅ မိနစ်လောက်ကြာတော့
” သူကြီးရယ်သူကြီး ၊ ဒီကိုမြန်မြန်လာခဲ့ဦး ”
ရွာလူကြီးကသင်္ချိုင်းထဲမှလူတစ်စုရဲ့ခေါ်သံကြောင့်အနားကိုသွားကြည့်လိုက်တော့ မျက်လုံးများပြူးထွက်လျက်သေနေသောကောင်လေးတစ်ယောက်ကိုတွေ့လေသည်။
” အိမ်း၊ ဒါဟိုကောင်လေးနှစ်ယောက်ပြောတဲ့ကောင်းခန့်ဆိုတဲ့ကောင်
လေးဘဲဖြစ်ရမယ် ”
သူကြီးကထိုသို့ပြောဆိုလျက်၊ အလောင်းကိုသေနေသည့်နေရာမှယူ၍သင်္ချိုင်း၌ပင်အစောင့်များဖြင့်ချထားခဲ့လေသည်။ ထိုညတစ်ညလုံးအောင်
ကြီးကိုရှာသော်လဲမတွေ့ပေ။ ရွာလူကြီးကသေသွားတဲ့ကောင်းခန့်မိဘများကိုညတွင်းချင်းအကြောင်းကြားလိုက်၏။ နောက်တစ်နေ့ရောက်တော့ကောင်းခန့်ကိုသင်္ဂြိုလ်ရန်ပြင်ဆင်ထားပြီး ကောင်းခန့်မိဘအလာကိုစောင့်နေကြ၏။ မနက် ၁၂ နာရီလောက်မှကောင်းခန့်မိဘများသင်္ချိုင်းဆီရောက်လာပြီးသားဖြစ်သူအလောင်းကိုကြည့်ကာ အော်ဟစ်ငိုကြွေးလျက်၊ မြင်ရသူအဖိုစိတ်မကောင်းစရာပင်။ သီဟကတော့ကောင်းခန့်သေသွားသည်ကို ‘ ငါ့မကောင်းလို့သေသွားတာ ‘ ဆိုပြီးပါးစပ်ကနေခပ်တိုးတိုးလေးပြောရင်း ကောင်းခန့်မျက်နှာကိုမြင်ကာမျက်ရည်များစီးဆင်းလာလေသည်။ မြတ်စိုးလဲထိုနည်းတူ ‘ ငါသာသူ့ကိုမခေါ်ခဲ့ရင် ဒီလိုမဖြစ်ဘူး ‘ ဆိုပြီးမျက်ရည်များကျကာ နောင်တရနေလေ၏။
ကောင်းခန့်ကိုသင်္ဂြိုလ်ပြီး သီဟလဲစစ်တွေမြို့ကိုပြန်သွားလေတော့သည်။ သီဟပြန်သွားပြီးတစ်ပါတ်ခန့်အကြာမှာတော့ ပါးစပ်ကနေ ‘ သရဲတွေလာနေပြီ ပြေးကြဟေ့ပြေးကြ ‘ ဆိုပြီးအော်ကာ အောင်ကြီးအရူးတစ်ယောက်ဖြစ်ပြီးရွာကိုရောက်လာလေသည်။ အောင်ကြီးဘာတွေကိုမြင်သွားပြီးယခုလိုရူးသွားမှန်းဘယ်သူမှမသိကြပေ၊၊ အောင်ကြီးသင်္ချိုင်းထဲ၌ပစ်ချခဲ့သည့်စာအုပ်လဲ ဘယ်သူမှမရတော့ဘဲထာဝရပျောက်ကွယ်သွားတော့သည်။
ဆုံး😉 ( အမှားပါရင်လဲ comment မှာထောက်ပြပေးကြပါဦး 🙏)
စာဖတ်သူများကိုချစ်ခင်လေးစားလျက် 😍
Nov. 30. 6:58pm
Khine Lin Soe ( Z. L. T )