ကျွတ်လွတ်ချင်သူ

ကျွတ်လွတ်ချင်သူ(စ/ဆုံး)

————————–

သူမ၏နာမည်ဟာ မသွင် ဖြစ်သည်။

အသက်အားဖြင့် ၃၅ ဝန်းကျင်ခန့်ပင်ရှိလို့နေသည်

မသွင် သည် ကျောင်းဆရာမတစ်ဦးလဲဖြစ်လို့နေပေသည်

ကျောင်းဆရာမ ဖြစ်တာကြောင့် တစ်နှစ်တာကာလနီးပါးပင် ကျောင်းမှာပဲကုန်ဆုံးလို့နေ၏

သဘောကောင်း မနောကောင်းပြီး ၊ စာသင်ကလေးတွေအပေါ် အလွန်ပင် စေတနာ မေတ္တာကြီးမားလွန်းသူလဲဖြစ်သည်

နွေရာသီကျောင်းပိတ်သည်မို့ မသွင်တစ်ယောက် အေးအေးဆေးဆေး တရားစခန်းမှာ သွားနေမည်ဟု တွေးနေလေသည်

*ကိုခင်မောင် *

**​ပြောလေ မိန်းမ ဘာဖြစ်လို့လဲ**

*ကျွန်မ တရားစခန်းဝင်မို့ အဲ့တာရှင့်ကိုပြောမလို့*

**ဪ မိန်းမရယ် တရားစခန်းဝင်တာများကွာ ကောင်းတဲ့အလုပ်ပဲ ဝင်ပေါ့မိန်းမရ**

*အိမ်မှာ ရှင်တစ်ယောက်ထဲဆင်ပြေပါ့မလား
စားရေးသောက်ရေးအတွက် လဲရှိသေးတယ်လေ*

**မိန်းမရယ် တရားစခန်းဝင်တာများ စိတ်ဖြောင့်ဖြောင့်နဲ့သာ ဝင်ပါကွာ
ယောကျာ်းအတွက်စိတ်မပူနဲ့ အမေတို့အိမ်မှာပဲစားလို့ရတယ်လေ**

*ဒါဆိုလဲ ကျွန်မ သဘက်ခါ သွားမယ်*

**ပြင်ဆင်စရာရှိတာတွေအကုန်ပြင်ဆင်ထားအုံး
ယောကျာ်းလိုက်ပို့ပေးမယ် ဟုတ်ပြီလား**

*ကောင်းပါပြီ ရှင်*

ဒီလိုနဲ့ တရားစခန်းသို့သွားမို့ အချိန်ပင်ရောက်ရှိလို့လာခဲ့သည်

**မိန်းမ တခုခု လိုတာရှိရင် ယောကျာ်းကို ဖုန်းဆက်နော် **

*ဆက်ပါမယ်ရှင် မှာတာတွေပြီးအုံးမှာလား အချိန်မလင့်ခင် သွားကြရမှာ*

**ပြီးပြီ ပြီးပြီ **

တရားစခန်းရှိရာသို့ မသွင်တို့လင်မယား၂ယောက်ဟာ ဦးတည်၍သွားခဲ့ကြသည်

၃နာရီလောက်ပဲကြာသည်မို့ တရားစခန်းကိုအချိန်မလင့်ခင်ရောက်ရှိလို့သွားခဲ့သည်

ကျောင်းထိုင်ဆရာတော်ဦးလျှောက်ပြီးသည်နှင့် နေဖို့ထိုင်ဖို့ကို လမ်းညွှန်ပေးတာကြောင့် မသွင်တို့ဟာ လမ်းညွှန်းလိုက်သည့်အတိုင်းသွားခဲ့လေသည်

သင်္ကြန်အတွင်းလဲမဟုတ်တာကြောင့် တရားစခန်းဝင်သည့် သူများကလဲ အလွန်ပင်နည်းပါသည်

မသွင်နဲ့မှ ၃ယောက်ပင်ရှိသည်

ကျန်သည်များက မယ်သီလရှင်များပင်ဖြစ်သည်

•ဒီက နာမည်ကဘယ်လိုခေါ်လဲ •

*ကျွန်မနာမည်ကမသွင်ပါ *

•မိတ်ဆွေလိုသဘောထားပါ လိုတာရှိလဲပြောနော်အားမနာာနဲ့ ၊
အမက ဝင်တာ နည်းနည်းကြာပြီ •

*ဟုတ်ကဲ့ပါ ကျွန်မလိုတာရှိရင်ပြောပါ့မယ်*

ထိုနေ့မှာပဲ မသွင်တစ်ယောက် ဘုန်းကြီးကျောင်းဝေယျာဝေစ္စတွေ လုပ်၊ ဘုရားဝေယျာဝေစ္စတွေလုပ်၍ ညရောက်တော့ သီလခံယူပြီး စောစောအနားယူခဲ့သည်

မနက်၄နာရီ ထိုးသည့်အခါမှာ မသွင်တစ်ယောက် တစ်ကိုယ်ရည် သန့်ရှင်းရေးလုပ်ပြီး ဘုရားမီးပူဇော် ဆွမ်း ၊ သောက်တော်ရေ ၊ပန်း ၊ ဆီမီး တို့ဖြင့်ကပ်လှူပြီး တရားထိုင်နေခဲ့သည်

ဝင်လေထွက်လေ ရှု့မှတ်နေတာ နာရီဝက်လောက်အကြာတွင်

ကိုရင်လေးတစ်ပါးဟာ ကျောင်းတံတိုင်းပေါ်သို့ တတ်၍ ဇတ်ကြီးကျိုးကျကာ ဟိုးအောက်သို့ ခုန်ဆင်းလို့သွားခဲ့သည်

*မလုပ်နဲ့ ကိုရင်လေး မခုန်ချနဲ့*

မသွင်တစ်ယောက် မျက်လုံးများပင်ပွင့်သွားသည်

*ဟင် ဒါ ဒါက တကယ်လား
ဒါမှမဟုတ် ဘာဖြစ်တာလဲ
ငါအခုမှတရားစထိုင်လို့များလားမသိဘူး
အတွေးတွေနယ်ချဲ့နေတာဖြစ်မယ်*

•မသွင် တရားထိုင်လို့ပြီးပြီလား
ပြီးရင် မနက်စာ စားကြရအောင်လေ
၉နာရီကျရင်ဆရာတော် သီလပေးလိမ့်မယ်•

*ဟုတ်ကဲ့ မခင်မြ ကျွန်မလာခဲ့ပါ့မယ်*

မနက်ခင်းသီလယူ ၊ နေ့လည်ကျ တရားမှတ် ကြရသည်

တရားမှတ်နေချိန်တိုင်းတွင် မသွင်တစ်ယောက် ကိုရင်လေးတစ်ပါးက တံတိုင်းပေါ်ကနေ ထပ်ခါတလဲလဲခုန်ချနေတာကိုပဲ အမြဲလိုလိုတွေ့နေခဲ့ရသည်ည်

တရားစမှတ်သည့်အချိန်မှာ ထိုသို့ဖြစ်တတ်မှာပဲလို့မသွင်တစ်ယောက် တွေးခဲ့သည်

ညသို့ရောက်သောအခါ မသွင်တစ်ယောက် ဘုရားရှိခိုးပြီး အိပ်ယာဝင်ဖို့ပြင်နေစဥ်
အပြင်ဘက်ကနေ အသံတစ်ခုကိုကြားလိုက်ရသည်ည်

×ဂျလစ် •••ဂျလစ် •••ဂျလစ်••••$

တစ်ခုခုကို ကုတ်နေသည့်အသံပင်။

*ဒီချိန်ကြီး ဘယ်သူများပါလိမ့် *

မသွင်တစ်ယောက်အပြင်ဘက်သို့လှမ်းကြည့်လိုက်သည်

အရိပ်မဲမဲတစ်ခုဟာ တံတိုင်းတွေကားထားသည့်ဘက်သို့ ဖြတ်သွားသည်

*သူခိုးများလားးဒီချိန်ကြီး ဘုန်းကြီးကျောင်းထဲကိုဘာလုပ်တာပါလိမ့်*

မသွင်တစ်ယောက် အနောက်ကနေတိတ်တိတ်လေးလိုက်သွားသည်

တံတိုင်းသို့အရောက်ာက်တွင် အဲ့ဒီအရိပ်မဲမဲဟာ
တံတိုင်းပေါ်ကနေ ခုန်ချသွားခဲ့သည်

မသွင်တစ်ယောက်မျက်လုံးပြူးသွားသည်

*မခင်မြ ရေ မခင်မြ ရေ လာပါအုံး *

မခင်မြလဲ အော်သံရှိရာသို့အပြေးသွားခဲ့သည်

•ဘာဖြစ်တာလဲ မသွင်ရယ် ရင်ထိတ်လိုက်တာ•

*အောက်ကိုတစ်ယောက်ယောက် ခုန်ချသွားတယ်မခင်မြ
ကျွန်မကိုယ်တိုင်တွေ့ခဲ့တာ *

မခင်မြတစ်ယောက် လိုက်လံရှာဖွေသော်လည်းမည်သူမျှမရှိ

•မသွင်ရယ် စိတ်ထင်လို့နေမှာပါ ဘာမှလဲမရှိပါဘူး
လာ လာ ရေအေးလေးသောက်လိုက်အုံး
အနားယူတော့ချေ•

မသွင်တစ်ယောက် ထိုသို့ကြုံခဲ့ရသည်မှာည်မှာ ရက်ပေါင်းများစွာပင်ဖြစ်လို့နေလာသည်

ထိုသို့ခဏခဏကြုံခဲ့ရသည်ည်မို့ မသွင်တစ်ယောက် အနည်းငယ်တော့ စိတ်တိုမိလာသည်

သေသေချာချာလဲမသိရပဲ ဒါကြီးပဲ ထပ်ခါတလဲလဲ မြင်နေရတော့ အဆင်မပြေဖြစ်လာခဲ့သည်

နောက်တစ်နေ့ နေ့လည် ဘုရားရင်ပြင်တော်မှာ မခင်မြရယ် မသွင်ရယ် ဒေါ် ဝိုင်း ရယ်ဟာ တရားမှတ်တဲ့သူကမှတ် တရားထိုင်တဲ့သူကထိုင်နေကြသည်

မသွင်ကတော့တရားထိုင်နေလေ၏

ထိုအချိန် ကိုရင်လေးထပ်ရောက်လာပြီး တံတိုင်းပေါ်ကိုတတ်၍

°ဒကာမကြီး ကိုရင့်ကိုကူညီပေးပါ
ကိုရင် ဒီဘဝကကျွတ်လွှတ်ချင်ပြီ၊
ဘယ်သူ့ကိုမှ ကိုယ်ထင်ပြလို့မရဘူး ဒကာမကြီးနဲ့ကရေစက်ပါလာလို့ မြင်တွေ့နေရတာ
ဒကာမကြီးတစ်ယောက်ပဲ ကူညီပေးနိုင်တာပါ °

*တခြားသူကိုအကူညီတောင်းပါလား ဘာလို့လိုက်နှောင့်ယှက်နေတာလဲ *

ကျောင်းဆရာမဖြစ်တဲ့မသွင်ဟာ နေ့တိုင်းနီးပါး တွေ့ကြုံလာရတဲ့အရှိန်ကြောင့် သတိမမူပဲ ပြောဆိုလိုက်သည်

•မသွင် မသွင် နင်ဘာဖြစ်တာလဲ ခေါင်းကိုက်လို့လား•

*ငါ မသွင်မဟုတ်ဘူးးးးးအီးးးဟီးးးးး*

°°ခင်မြ ဆရာတော်ကို ချက်ချင်းသွားပင့်ချေ °°

ခင်မြတစ်ယောက် ကျောင်းထိုင်တရာတော်ကိုချက်ချင်းသွာခေါ်လာခဲ့သည်

`ဘာဖြစ်တာလဲ ဒကာမကြီးတို့´

ဒေါ်ဝိုင်းဟာ လက်အုပ်လေးချီကာ

°°မသိပါဘူးဘုရား မသွင်ကိုယ်မှာ တစ်စုံတစ်ခုကပ်နေတယ်ထင်တယ် ဘုရား°°

`ကဲ အခုလိပ်ပြာပိုင်ရှင်ကို ပူးကပ်နေတာဘယ်သူလဲဆိုတာ ဘုန်းဘုန်းကိုလျှောက်တင်ချေ´

°အီးးးးးဟီးးးးးးးးတပည့်တော်က ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဒီတံတိုင်းပေါ်ကနေ ဆွဲကြိုးချပြီး ခုန်ချသွားတဲ့ ကိုရင်လေးပါ ဘုရားးးအီးးးဟီးးးးး°

` အိမ်းးးးးးဖြစ်မှဖြစ်ရလေကွယ်
ဘုရားသားတော်ဖြစ်ပြီး အဖန်ငါးရာ ငါးကမ္ဘာကိုတောင်မကြောက်မရွံ့ကျူးလွန်ခဲ့တာကိုးးး
အခုကဘာဖြစ်လို့ ဒီဒကာမကြီးကိုယ်ကို ဝင်ကပ်နေရတာလဲ´

°တပည်တော် သူနဲ့သာ ဆက်သွယ်လို့ရတာမို့ အကူညီတောင်းတာပါ ဒါပေမယ့့် သူ့ကိုလိုက်နှောက်ယှက်တယ်ဆိုပြီး တပည့်တော်ကိုမကူညီလို့ပါဘုရား°

` သံဝေဂရဖို့ကောင်းပြီနော် ကိုရင်
ဘဝတစ်ပါးကူးသွားတာတောင် စိတ်လိုက်မာန်ပါတွေလုပ်နေတုန်းပါပဲလား
ဘုန်းဘုန်းတို့ ကိုရင့်အတွက်ရည်စူးပြီး အမျှပေးဝေပါ့မယ် သာဓု ခေါ်ပါ´

°တင်ပါ့ဘုန်းဘုန်း တပည့်တော်လဲ နားလည်ပါပြီ
အဖန်ငါးရာ ငါးကမ္ဘာကိုလဲ တပည့်တော်ကြောက်ပါပြီ
နေ့တိုင်းလိုလို ဒီတံတိုင်းပေါ်ကခုန်ချနေရတဲ့ဝဋ်ဒုက္ခကလဲကျွတ်လွတ်ချင်နေပါပြီ••••

` အခုတော့ ဒီဒကာမကြီးကိုယ်ကနေ ထွက်လိုက်ပါကွယ်´

ထိုသို့ပြောလိုက်သည်နှင့် မသွင်တစ်ယောက်ခွေကျကာလဲကျသွားသည်

•မသွင် မသွင် ရလားး•

မသွင်တစ်ယောက် ပြန်လည်၍သတိရလာသည်

•ကျွန်မဘာဖြစ်သွားတာလဲ မခင်မြ•

အဖြစ်အပျက်တွေကို မသွင် အားးအကုန်ရှင်းပြလိုက်သည်

မသွင်တစ်ယောက် ကိုရင်လေးကို ပြောဆိုမိသွားတာကို အားကြီးစိတ်မကောင်းဖြစ်ခဲ့ရသည်

နောက်နေ့မနက်ရောက်တော့ မသွင်ဟာ ပစ္စည်းဒကာမအဖြစ်နဲ့ ကိုရင်လေးအတွက် ရည်းစူးကာ ဒါနကုသိုလ်ပြုပေးကာ ၊ မသွင်တစ်ယောက်ဆောက်တည်တဲ့သီလကုသိုလ်ကိုပါ ရည်းစူးပြီး အမျှဝေပေးခဲ့သည်

ထိုနေ့ည မသွင်တစ်ယောက် တရားထိုင်နေလေ၏

°ဒကာမကှီးးးးဒကာမကှီးးးးးးးး°

ခေါ်သံကြားတာကြောင့်မသွင်တစ်ယောက်မျက်လုံးဖွင့်ကြည့်လိုက်သည်

အလွန်ပင် သပ်ရပ်ပြီး ကျက်သရေရှိလှတဲ့ ကိုရင်လေးပင်

မသွင်တစ်ယောက် ငေးမောကာကြည့်လို့နေလေသည်

°ဒကာမကြီး ပြုပေးတဲ့ကုသိုလ်အဖို့ဖို့ကိုလဲ ကိုရင်ရပါတယ်
အခု ဒကာမကြီးကိုလာနူတ်ဆက်တာပါ
ကိုရင်လဲ ကံတရားကစီမံတဲ့အတိုင်းဆက်သွားရပေအုံးမည်°

*တင်ပါ့ကိုရင်လေး ကိုရင့်အပေါ်မှာ ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ ပြစ်မှားမိတာရှိရင်တပည့်တော်မကိုခွင့်လွှတ်ပေးပါဘုရား*

°ခွင့်လွှတ်ပါတယ် ဒကာမကြီး°

ထိုသို့ပြောပြီးသည်နှင့် ကိုရင်လေးဟာ ပျောက်ကွယ်လို့သွားခဲ့သည်

ထိုနေ့ကစပြီး ကျောင်းဆရာမဖြစ်တဲ့မသွင်လဲ အရာရာကို စိတ်လိုက်မာန်ပါမလုပ်ဖို့ရယ်
အကြောင်းအရာကိုမသိပဲ ကြိုတင်အပြစ်ပြောဆိုတာတွေဟာ ဘယ်သူ့အတွက်မှမကောင်းဆိုတာကို သင်ခန်းစာလေးတစ်ခုအဖြစ် မှတ်ယူထားခဲ့လေတော့သည်။

ပြီးပါပြီ။

နှောင်းနွေ (ကိုယ်တိုင်ရေး)