ကြောင်နက်ကျိန်စာ(စ/ဆုံး)

Unicode Version

ကြောင်နက်ကျိန်စာ(စ/ဆုံး)
———————————
အချိန်သည်ကား ည ၁၁ နာရီဝန်းကျင်ခန့်။
နေရာမှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတစ်နေရာ…။
ဆယ့်နှစ်ဘီးကုန်ကားကြီးတစ်စင်းမှာ အမြန်လမ်းမပေါ်တွင် အရှိန်မှန်မှန်ဖြင့်မောင်းနှင်လာခဲ့သည်။
ကားကိုမောင်းနှင်နေသူကား ဒရိုင်ဘာနေထွန်းဖြစ်ပြီး ဘေးနားတွင်မူ တပည့်ဖြစ်သူ စပါယ်ယာသူရကား ကွမ်းတစ်မြုံ့မြုံ့ဖြင့် ကားတံခါးဘောင်ပေါ်ကိုလက်တင်ပြီး အပြင်ဘက်ကိုငေးကြည့်လိုက်ပါခဲ့သည်။
“သူရ အိပ်ချင်နေပြီလား”
“မအိပ်ချင်ပါဘူးဆရာ”
“အေးကွာ တို့ကုန်ကားသမားတွေရဲ့ဘဝက ဒီလိုပဲကွ အိပ်လဲကားပေါ် စားလဲကားပေါ် မင်းလဲစပါယ်ယာဘဝနဲ့ကျေနပ်မနေနဲ့ဦး ဒရိုင်ဘာဖြစ်အောင်ကြိုးစား ဟိုရှေ့ကျရင်လမ်းဖြောင့်ပြီ အဲ့ကျမှမင်းမောင်းတော့”
“ဟုတ်ကဲ့ပါဆရာ”
သူရကား အသက်နှစ်ဆယ်ခန့်လူငယ်တစ်ယောက်။
နေထွန်းမောင်းနှင်နေတဲ့ ကုန်ကားမှာ စပါယ်ယာလိုက်ပြီး ဒရိုင်ဘာဖြစ်ရန်ကြိုးစားနေသူ။
နေထွန်းက လက်ရှိမောင်းနေတဲ့ ကုန်ကားကိုပိုင်တဲ့ သူဌေးရဲ့တူ အိမ်ထောင်မရှိတာကြောင့် လူပျိုကြီးတစ်ဦးလဲဖြစ်တာကြောင့် အနှောင်အဖွဲ့ မရှိ။
လူမှန်တစ်ဦးဖြစ်သည့်အပြင် အသောက်အစား လောင်းကစား မိန်းမကိစ္စကင်းရှင်းတာကြောင့် ကုန်ကားမောင်းသူဒရိုင်ဘာတွေကြားထဲ အားလုံးရဲ့လေးစားခြင်းကိုခံရသူဖြစ်ပြီး သူရကိုယ်တိုင်ကလဲ ဆရာဖြစ်သူကိုချစ်ကြောက်ရိုသေရသည်။
သို့သော် ခြောက်ပြစ်ကင်းသူမရှိဆိုသည့်စကားအတိုင်း နေထွန်းမှာ အကျင့်ဆိုးတစ်ခုရှိနေပြီး ထိုသည်ကား အစား ပင်တည်း။
ထမင်းစားရင် အသားပါမှစားတတ်သလို ကိုယ်တိုင်လဲသတ်ဖြတ်သလို မြိန်ရေယှက်ရေစားတတ်၏။
“သူရ ငါဗိုက်ဆာပြီကွာ ရှေ့နားမှာ ငါစားနေကျဆိုင်လေးတစ်ဆိုင်ရှိတယ် လမ်းဖြောင့်ကျရင် မင်းမမောင်းနဲ့တော့ စားပြီးသောက်ပြီးမှ မင်းမောင်းတော့”
“ဒီအချိန် ထမင်းဆိုင်ကရှိပါဦးမလားဆရာရဲ့”
“ရှိတယ်ကွ သူတို့ကဆိုင်မဟုတ်ဘူး သူတို့ရွာထိပ်က အမြန်လမ်းနဲ့ကပ်နေတာလေကွာ အဲ့တော့ ခုံလေးတွေချပြီး ကုန်ကားသမားတွေကိုအဓိကရောင်းတာ ဈေးကလဲတန်သလို အသားစုံလဲရတယ်ကွ တို့ကားသမားတွေရဲ့ ဘုံဆိုင်သဘောပေါ့”
“ဟုတ်လားဆရာ ကျွန်တော်တကယ်မသိတာ”
“မသိဆို မင်းကားလိုက်တာ ကြာမှမကြာသေးပဲ နောက်ပြီးမင်းပါတဲ့ အချိန်တွေက အဲ့နေရာကိုဖြတ်သွားတာ နေ့ဘက်တွေလေ ညဘက်မှမဟုတ်တာ ဒါကြောင့်မကြုံတာပါကွာ”
သူရ ဘာမှဆက်မပြောတော့ပဲ ခေါင်းပဲညှိတ်လိုက်ပြီး အိတ်ထဲက ကွမ်းယာထုပ်ထဲကကွမ်းတစ်ယာကိုယူဝါးလိုက်ပြီး ကားနောက်ကြည့်မှန်ကို ငေးနေလိုက်၏။
ကုန်ကားတစ်စင်းထိုးဆိုက်လာတာကြောင့်ခုံတွေသိမ်းနေတဲ့ အသက်လေးဆယ်ကျော်အရွယ်လူကြီးမှာ လုပ်လက်စအလုပ်ကိုရပ်လိုက်ပြီး နေထွန်းတို့ကုန်ကားကိုလှမ်းကြည့်နေတာကို သူရမြင်လိုက်ရသည်။
ကားပေါ်က ခပ်သုတ်သုတ်ပင်ဆင်းသွားတဲ့ ဆရာဖြစ်နောက်ကနေကပ်လိုက်သွားပြီး မသိမ်းရသေးတဲ့ခုံစားပွဲတစ်ခုမှာဝင်ထိုင်လိုက်တယ်။
ကားပေါ်ကဆင်းဆင်းချင်းမှောင်နေတာကြောင့် ထိုလူကြီးကား နေထွန်းတို့ဆရာတပည့်ကိုသေချာမြင်ပုံမရ။
ခုံမှာထိုင်ပြီးတော့မှသာ အနားရှိဘက်ထရီမီးချောင်း ခပ်မှိန်မှိန်ကြောင့် မြင်သွားပုံ၏ရပြီး စားပွဲနားကိုတိုးကပ်လာတော့သည်။
“ဟာ ဆရာနေထွန်းပါလား ထိုင်ပါဗျာ”
‘ထိုင်ပဲထိုင်ပြီးနေပြီ ဒီလူဘယ်လိုလူလဲ’
သူရစိတ်ထဲကနေ မကျေမနပ်ပြောလိုက်မိ၏။
“ကိုစ ဘာတွေရှိသေးလဲဗျာ ကျုပ်တို့ထမင်းစားမယ် သြော် ဒါကျုပ်တပည့် သူရတဲ့ စပါယ်ယာလိုက်တာမကြာသေးဘူး”
သူရကို ကြည့်နေတဲ့ ကိုစဆိုသူကို နေထွန်းက သူရနှင့်မိတ်ဆက်ပေးလိုက်သည်။
“ကဲ ကိုစ ကျုပ်တို့ထမင်းစားမယ်”
“အဲ ဟို…”
အားနာသွားတဲ့မျက်နှာပေးဖြင့် နေထွန်းကိုကြည့်လိုက်ပြီး အိုးတွေပန်းကန်တွေသိမ်းနေတဲ့ မိန်းမဖြစ်သူကိုလှည့်ကြည့်လိုက်သည်။
နေထွန်းနဲ့ သူရလဲ ထိုအခါမှနောက်ကိုလှမ်းကြည့်လိုက်တော့ ဆိုင်သိမ်းနေတာကိုသဘောပေါက်သွားပြီး…
“ဆရာနေထွန်းပါလား ကျွန်မသိမ်းဆည်းနေတာနဲ့ မမြင်လိုက်တာ လောလောဆယ်တော့ဘာမှမရှိတော့ဘူးဆရာရဲ့”
ပြောသည့်လေသံက အတော်ပင်အားနာနေသည့်လေသံ။
အားမနာ၍မရ ထိုလင်မယားအပေါ်နေထွန်းကျေးဇူးမကင်းလှ။
မိုးတွင်းကာလအချိန်က ကိုစအပြင်းဖျားခဲ့ချိန် အလုပ်မရှိ၍ ဒုက္ခရောက်နေသော သူတို့လင်မယားကို ဟိုက်ဝေးလမ်းကနေ ဆယ်မိုင်ခန့်ဝေးတဲ့သူတို့ရွာဆီ တကူးတကလာပြီးအကူညီပေးခဲ့ဖူးသည်။
“ဟာဗျာ ဗိုက်ဆာပါတယ်ဆိုမှ”
“အားနာလိုက်တာဆရာရယ် ဒီလိုလုပ်ပါလား ထမင်းတော့ရှိတယ် ဟို ဒီရက်ထဲ အသုတ်တွေပါတွဲရောင်းနေတော့ ဆီချက်တွေအစုံရှိတယ် ထမင်းသုတ်လုပ်ပေးမယ်လေ ကြက်ဥလဲရှိတယ် ချက်ချင်းကြော်လိုက်လို့ရတယ်”
နေထွန်းဆီက ဘာသံမှပြန်မထွက်လာ စိတ်ပျက်နေသည့်ပုံစံဖြင့် စားပွဲပေါ်ကိုလက်တင်ပြီး စီးကရက်ကိုသာဆက်တိုက်ဖွာနေတော့တယ်။
ကြားထဲကသူရက ထိုလင်မယားကိုပြန်အားနာသွားပေမယ့် အစားအသောက်နဲ့ပတ်သက်လာရင် သီးမခံတတ်သော ဆရာဖြစ်သူကိုမလွန်ဆန်ရဲတာကြောင့် ဘာမှမပြောပဲနေလိုက်တော့တယ်။
“ကဲမိညို သွား ထမင်းသုတ်သွားလုပ်လိုက်”
“နေနေ မလုပ်နဲ့တော့…”
ထိုအခါမှ နေထွန်းဆီကအသံထွက်လာပြီး…
“ဒီအနီးအနားမှာ ဆိုင်ကလဲမရှိတော့ဘူး အနီးဆုံးဆိုင်ဆိုရင်တောင် နောက်ထပ်သုံးနာရီလောက်မောင်းရဦးမှာ ဆရာနေထွန်းရဲ့ ဒီလိုလုပ်ပါလား ကျုပ်ရွာပြန်ပြီးတစ်အသားတစ်ခုခုစီစဉ်လိုက်မယ်လေ”
အစားအသောက်နှင့်ပတ်သတ်လာရင် ဘာမှကိုသီးမခံတတ်ပေမယ့် ကျေးဇူးရှင် ဆိုသောခေါင်းစဉ်ရဲ့အပေါ်မှာ ဒီလောက်ထိ အခွင့်အရေးထပ်ယူရန်မသင့်။
ပြန်စီစဉ်ရအောင် ရွာကအတော်ဝေးသည့်အပြင် ယာဉ်ဆိုလို့ ဘားကောက်စက်ဘီးလေးကို နောက်တွဲတပ်ထားတာသာရှိသည်။
“ညောင်…ဝုန်း”
“မင်းမေ လခွား…”
“ဟ ဘာတုန်းဟ”
ကိုယ့်အတွေးနဲ့ကိုယ် ငြိမ်နေကြသူတွေကြားထဲကို တစ်စုံတစ်ခုပြုတ်ကျလာခဲ့ပြီး အားလုံးထိတ်လန့်သွားတာကြောင့် အားလုံးရဲ့ နှုတ်ကနေရောင်ရမ်းပြီးအော်လိုက်မိတော့သည်။
“ခွပ် ညောင့်…. (ကြောင်အော်သံ ကိုယ့်ဘာသာအော်ကြည့်ကြ)”
ထိုမဲမဲပုံစံအရာကား ဆန့်တငင်ငင်ဖြစ်နေပြီး စားပွဲအောက်တွင် လူးလှိမ့်နေတော့သည်။
ထိုအခါမှ နေထွန်းနှင့် ကိုစက အခြေအနေကိုသဘောပေါက်တော့သည်။
သူရတို့ထိုင်နေသည့်စားပွဲကား သစ်ပင်ရိပ်ကျသောနေရာ၊ သစ်ကိုင်းပေါ်ကနေ ကြောင်နက်တစ်ကောင်ပြုတ်ကျလာခဲ့ရာအားလုံးလန့်သွားချိန် စားပွဲပေါ်ရှိ ရေနွေးကြမ်းပန်းကန်ဖြင့် ထိုကြောင်နက်ကို နေထွန်း ပစ်ပေါက်လိုက်တာ ချက်ကောင်းကိုထိသွားဟန်တူသည်။
ထို့ကြောင့် ကြောင်နက်မှာ မချိ့မဆန့်အော်သံဖြင့် စားပွဲအောက်တွင်လူးလွန့်နေတော့သည်။
“ဟ ဟုတ်ပြီ…”
နေထွန်းအသံထွက်လာပြီး စားပွဲအောက်ရှိကြောင်နက်ရဲ့ လည်ပင်းကို ဆုပ်ကိုင်ကာ ကိုစကိုမြှောက်ပြလိုက်ပြီး
” ဒီကြောင်ကိုချက်ပေးဗျာ”
အစကတော့ ဗိုက်ဆာနေတဲ့အချိန် လန့်သွားတာကြောင့် နေထွန်းဒေါသထွက်ပြီးအနားရှိတာနဲ့ကောက်ထုလိုက်ခြင်းဖြစ်သည်။
ယခုမှသာ ထိုကြောင်နက်ကိုချက်ပြုတ်ပေးဖို့ ကိုစလက်ထဲသို့အပ်နေလေပြီ။
တစ်ကိုယ်လုံးနက်မှောင်နေတဲ့ ကြောင်နက်ကား အတော်အသင့်ကြီးသည်။ သွေးတစ်စက်စက်ကျနေတာကိုကြည့်တော့ ခေါင်းခွံကွဲသွားပြီး မျက်လုံးတစ်လုံးမှာ ရှေ့သို့ပြူးထွက်နေပြီး ရုန်းကန်ခြင်းပင်မပြုနိုင်တော့ပဲ အသက်ငင်နေတော့သည်။
သူရကား ထိုမြင်ကွင်းကိုကြည့်ပြီးကြောက်ရွံ့တာကြောင့် ဆရာဖြစ်သူရဲ့ အစားမက်ပုံကို အော်ဂလီပင်ဆန်မိတော့သည်။
ထို့နည်းတူ ကိုစလဲတွေးပုံပေါ်တာကြောင့် အလိမ္မာသုံးကာ ရှောင်တော့၏
“ဆရာနေထွန်း ကျုပ်မချက်ပေးချင်လို့မဟုတ်ဘူးနော် ကြောင်က မကိုင်တတ်ရင်ချက်တဲ့အခါနံတယ်ဗျ ကျုပ်က ကိုင်နေမကျတော့…”
“နေနေ ကျုပ်ဘာသာကိုင်မယ်”
ကိုစ၏ စကားဆုံးအောင်ပင်မစောင့် တဈာ့ပဲ ထိုင်နေရာမှထကာ….
“အစ်မ မညို မီးဖိုရှိတယ်မလား”
“ရှိတယ်ဆရာ ဟိုမှာ”
ဆိုင်နောက်နားကို လက်ညှိုးထိုးပြလိုက်တာကြောင့် နေထွန်းလဲ ကြောင်ကိုယူကာ မီးဖိုးဆီသို့လျှောက်သွားလိုက်တော့တယ်။
သူရလဲ မနေသာတော့တာကြောင့် ဆရာဖြစ်သူနောက်သို့လိုက်သွားပြီး လိုအပ်တာလုပ်ပေးဖို့ပြင်လိုက်တယ်။
မီးဖိုအနားမှာ အရန်သင့်တွေ့ရတဲ့ကောက်ရိုးတွေနဲ့ မီးတောက်ရအောင်ပြုလုပ်လိုက်ပြီး အသက်ငွေ့ငွေ့ရှိသေးတဲ့ ကြောင်နက်ကို မီးညှပ်ဖြင့်ညှပ်ကာ မီးကင်လေတော့သည်။
ထိုအခါမှ လွန့်လူးလာပြီး အကောင်းတိုင်းရှိနေသောမျက်လုံးတစ်လုံးဖြင့် နေထွန်းကိုစူးစူးရဲရဲကြည့်ကာ ဝမ်းခေါင်းသံကြီးဖြင့် တစ်ခါ အော်လိုက်ပြီး မချိ့မဆန့်အသက်ထွက်သွားတော့သည်။
“အစ်မ မညိုရေ ဂျင်းများများနဲ့ ငရုပ်သီးတစ်ဆုံလောက်ထောင်းထားပေးပါဗျို့”
ကြောင်သေကို မီးမြှိုက်ပြီးနောက် အရေခွံဆုတ်ကာ ခုတ်ထစ်ပြီး ကိုယ်တိုင် ချက်ပြုတ်တော့သည်။
ဟင်းအိုးနားမှာပဲ တဝဲလည်လည်လုပ်နေတဲ့ ဆရာဖြစ်သူကိုကြည့်ပြီး သူရထိတ်လန့်လာတာကြောင့် ဆက်မနေရဲတော့ပဲ ကိုစတို့ဆီသွားကာ….
“ဦးလေး ကျွန်တော့ကို ထမင်းသုတ်လေးလုပ်ပေးပါလား”
“ဟေ မင်းက အစားရှောင်တာလား ကြောင်သားမစားဘူးလား”
“စားပါတယ် အခုကဗိုက်အတော်ဆာနေပြီမို့ မနေနိုင်တော့လို့ပါ”
အမှန်တော့ သူရလိမ်ပြောလိုက်ခြင်းသာ။
ဗိုက်မဆာပေမယ့် မျက်စိရှေ့တင်ဖြစ်သွားတဲ့မြင်ကွင်းကိုကြည့်ကာ ကြောင်နက်သားကိုမစားလိုတော့တာကြောင့် တမင်ကြိုစားလိုက်ခြင်းသာဖြစ်တယ်။
ကိုစလဲ အကင်းပါးသူပီပီ ချက်ချင်းပဲ ထမင်းသုတ်ပေးဖို့ မိန်းဖြစ်သူကိုခိုင်းလိုက်တော့တယ်။
“ဆရာနေထွန်း ဆရာ့တပည့်ကတော့ဗိုက်ဆာလို့တဲ့ ထမင်းပဲသုတ်ပေးလိုက်တော့မယ်”
“ဟာ ဒီကောင့်နှယ် ကြောင်သားကအရမ်းကောင်းတာကွ မစားလဲနေ မင်းမစားတော့ ငါပိုစားရတာပေါ့”
သူရဘာမှမပြောတော့ပဲ စားပွဲမှာပဲပြန်ထိုင်နေလိုက်တော့တယ်။
နာရီကိုကြည့်လိုက်တော့ ညတစ်နာရီပင်ခွဲနေလေပြီ…။
အကယ်၍ သူတို့ထမင်းမစားပဲဆက်သွားမည်ဆိုပါက ယခုချိန်ဆိုရင် မိတ္ထိလာမြို့ပင်နီးလောက်ပြီဖြစ်၏။
ထိုအချိန်ကျမှ ထမင်းကိုသေသေချာချာစားလို့ရပါရက်နဲ့ ဆရာဖြစ်သူရဲ့ အစားမက်ပုံကို ထပ်ခါထပ်ခါ အော်ဂလီဆန်မိတော့သည်။
သူရလဲ ထမင်းသုတ်စားလိုက်ပြီး ခုံကိုမှီကာ မှေးနေတော့သည်။
“ကျက်ပြီဟေ့”
အော်သံကြောင့် သူရမျက်လုံးဖွင့်လိုက်တော့ ဟင်းအိုးကြီးကိုသယ်လာတဲ့ ဆရာဖြစ်သူကိုတွေ့လိုက်ရပြီး ပန်းကန်ထဲပင်မထည့်ပဲ အိုးလိုက်ပင်စားပွဲပေါ်တင်လာတော့သည်။
ထို့နောက် မြိန်ယှက်စွာစားတော့လေသည်။
ဟင်းတုန်းများကို တစ်တုံးပြီးတစ်တုံးကောက်ဝါးနေပြီး ပတ်ဝန်းကျင်ကိုပင်မေ့နေပုံရသည်။
စားသောက်ပြီးခါမှ…
“ကိုစ တို့လဲ ကျုပ်ကြောင့်အိပ်ရေးပျက်ရပြီ”
“မဟုတ်တာ ဆရာနေထွန်းရယ် ကျုပ်တို့က ဒီမှာပဲတစ်ညလုံးနေပြီး မနက်စောစောဈေးသည်စောင့် ဝယ်ခြမ်းပြီးတာနဲ့ချက်ပြုတ်တော့ မိုးလင်းရောလေ ပြီးမှတစ်ယောက်တစ်လှည့်အိပ်ကြတာ ညနေဆိုပြန်ထ ညဘက်ပဲရောင်းတာလေ ဒီနေ့က ဈေးရောင်းပတ်ကျတယ် နောက်တစ်ရက်မှအိမ်ပြန်တာ တစ်ရက်လုပ် တစ်ရက်နားပေါ့ဗျာ…”
“ကြောင်နက်သားက တကယ်ကောင်းတယ်ကိုစရဲ့ ခင်ဗျားစားကြည့်ပါလား”
“မစားတော့ပါဘူးဆရာရယ်”
“သူရရေ တို့နောက်ကျနေပြီကွာ သွားကြစို့”
“ဟုတ်ကဲ့ သွားမယ်လေဆရာ”
“ဟင်းတွေကျုပ်ယူသွားမယ် ကိုစရေ အိုးပါယူသွားလိုက်မယ် မနက်ဖြန်ညနေပြန်လာမှပဲ အိုးဝင်ပေးတော့မယ်”
“ဟုတ်ကဲ့ပါဆရာ ရပါတယ်”
နေထွန်းတို့ဆရာတပည့်လဲ ကားဆီသို့ဦးတည်လာခဲ့ပြီး ကိုစလဲ နောက်ကနေဟင်းအိုးမ ကာလိုက်ပို့သည်။
ကိုစ မိန်းမကတော့ ပင်ပန်းသွားသည်ထင်၊ တန်းလျားတစ်ခုပေါ်မှာစောင်ခြုံပြီးအိပ်ပျော်ကျန်ခဲ့တော့သည်။
နေထွန်းလဲ ဟင်းအိုးကိုယူကာ ကားပေါ်သို့အရင်တင်လိုက်တော့သည်။
သူရကတော့ ခုထားတဲ့ဂျမ်းတုန်းများကိုလိုက်ဖြုတ်နေ၏။
“ကိုစ ရော့…”
နေထွန်း အိတ်ထဲကနေ
ငါးရာတန်သုံးရွက်ထုတ်ပေးတာကို ကိုစ အတင်းငြင်းသည်။
“ကိုစ ယူပါဗျာ ကျုပ်ကပေးရင်ယူမှကြိုက်တာ ခင်ဗျားသိတယ်နော်”
“ဟုတ်ကဲ့ သိပါတယ်”
“အေး ဒါဆိုယူ ကဲ ယူပါဆိုဗျာ”
ကိုစရဲ့ အင်္ကျီအိတ်ကပ်ထဲကိုထည့်ပေးလိုက်ပြီးကားပေါ်တက်လိုက်တော့တယ်။
“ကဲ ကျုပ်တို့သွားပြီနော်…”
“သူရ ကြောင်သား စားကြည့်ပါလား”
“ကျွန်တော်ဗိုက်တင်းနေလို့ဆရာရဲ့ မစားတော့ပါဘူး”
“မစားလဲနေကွာ”
ပြောလဲပြော ကားပေါ်ပါလာသည့်ဟင်းအိုးထဲမှ ကြောင်သားတစ်တုံးကိုယူဝါးလိုက်၏။
ခဏအကြာ…
“သူရ မင်းမောင်းမလား”
“သူရ သူရ…”
ခုံကိုမှီကာ အိပ်ပျော်နေသောသူရကိုကြည့်ပြီး နေထွန်းဘာမှဆက်မပြောတော့ပဲ ကားကိုသာဂရုစိုက်မောင်းနေတော့သည်။
“ကျွီ…ဝူး..”
ကားဘရိတ်ကိုရုတ်တရက်အုပ်လိုက်တာကြောင့် သူရနိုးသွားတော့သည်။
“ဆရာ ဘာဖြစ်လို့လဲ”
“ဟေ ဘာမှမဖြစ်ပါဘူးကွ ချိုင့်တွေ့လို့အုပ်လိုက်တာပါ”
နေထွန်းလိမ်ပြောလိုက်ခြင်းသာဖြစ်သည်။
မဲမဲအကောင်တစ်ကောင် ကားရှေ့ကနေဖြတ်ဖြတ်ကူးတာ လေးကြိမ်ရှိပြီ။
ဟိုက်ဝေးလမ်းဖြစ်သည့်အလျောက် မမြင်အပ်သည့်အရာများရှိသည်ကိုနေထွန်း နားလည်ပါသည်။ သို့သော် ယခုကား တိုက်ဆိုင်မှုမဟုတ်တာတော့သေချာနေပြီ။
ကားမီးကို အပေါ်မီးချိန်းလိုက်ပြီး ဂရုတစိုက်ဆက်မောင်းနေတော့သည်။
သူရကားအိပ်မပျော်တော့တာကြောင့် ကွမ်းဝါးပြီးမှိန်းလိုက်လာတော့သည်။
အဝေးပြေးနေသောကားမီးရောင်အောက်တွင် မဲမဲအကောင်ကြီးတစ်ကောင် ပိတ်နေတာကိုခပ်လှမ်းလှမ်းကနေ နေထွန်းရောသူရပါ မြင်လိုက်ရတော့သည်။
ဟွန်းတီးနေပါသော်လည်း
အနားရောက်သည့်တိုင် မလှုပ်မယှက်ရှိနေတာကြောင့် ကားကိုထိုးရပ်လိုက်ရပြီး သေချာကြည့်လိုက်တော့ ထိုအကောင်ကြီးမှာ ခြင်္သေ့ထိုင်ထိုင်ကာ နေထွန်းတို့ ကားကိုကျောပေးထားပြီး လမ်းလယ်ကနေပိတ်ထိုင်နေ၏။
အကောင်ကြီးက နွားမဒန်းအရွယ်ရှိပြီး အမြီးကား ကိုမြေပြင်ကို တဘုတ်ဘုတ်ရိုက်နေသည်ကို ကားမီးရောင်ဖြင့် ထင်ထင်ရှားရှားတွေ့လိုက်ရသည်။
နေထွန်းရောသူရပါကြောက်ရွံ့သွားပြီး ကားကိုဖြတ်မမောင်းရဲတာကြောင့် လမ်းလယ်ခေါင်မှာ ရပ်နေပြီး ကြက်သေသေနေတော့သည်။
ထိုအချိန်မှာပင် ကျောပေး ထိုင်နေသောအကောင်ကြီးက ခန္ဓာကိုယ်မလှုပ်သော်ငြား ခေါင်းကား နောက်ကိုလည်လာပြီး ကားဆီသို့ ခေါင်းတစ်ခုထဲသာလှည့်ပြန်ကြည့်တော့လေသည်။
ထိုအခါမှ နေထွန်းတို့ဆရာတပည့်၏ ကြောက်စိတ်မှာ အထွတ်ထိပ်သို့ရောက်သွားခဲ့၏။
ကျောပေးထားတဲ့အနေအထားနဲ့ ခေါင်းနောက်ပြန်လည်လာသော သတ္တဝါကြီးကား ဧရာမကြောင်နက်ကြီးတစ်ကောင်ဖြစ်ပြီး မျက်လုံးတစ်လုံးကား အောက်ဘက်ကို တန်းလန်း ပြုတ်ကျနေပြီး ခေါင်းခွံကြီးကား ဟက်တက်ကွဲနေကာ သွေးအလိမ်းလိမ်းဖြင့် အစွယ်ကြီးများပေါ်အောင် မာန်ဖီနေတာကိုမြင်လိုက်ရတာကြောင့် နေထွန်းလဲ လီဘာကိုနင်းကာ ကမူးရှူးထိုးဝင်တိုက်တော့သည်။
“ဆရာ ဆရာ ရှေ့မှာ သစ်ပင်ကြီး…ဘရိတ်နင်း ဘရိ… ”
သူရစကားပင်မဆုံးလိုက် နေထွန်းတစ်ယောက် ကြောက်စိတ်ကြောင့် ကားကို လမ်းဘေးဆွဲချလိုက်ရာ သစ်ပင်ကြီးတစ်ပင်ကိုဝင်တိုက်မိတော့သည်။
အရှိန်ပြင်းတာကြောင့် ကားဆီဘောက်ပေါက်သွားပြီး ကားတစ်စီးလုံးမီးလောင်ပြီး နေထွန်းတစ်ယောက် မီးထဲကိုပါသွားတော့သည်။
“အဖြစ်ကတော့ အဲ့တာပါပဲဒကာလေး”
“ဒါဆို အရှင်ဘုရားတို့အဖြစ်က တော်တော်ကြောက်စရာကောင်းခဲ့မှာပဲနော်”
“ဟုတ်တယ် ဘုန်းကြီးတောင် မီးလောင်နေတဲ့ကားထဲကနေ မနဲရုန်းထွက်ခဲ့ရတာ ဒီမှာကြည့် အဲ့တုန်းက မီးလောင်တဲ့ဒဏ်ရာ”
ဆရာတော် မိန့်လဲမိန့် ကိုယ်ရုံသင်္ကန်းကို အနည်းငယ် လျှောချကာ ဘယ်ဖက်ပခုံးမှာရှိတဲ့ မီးလောင်အမာရွတ်ကြီးကို ကျွန်တတော့ကိုပြသည်။
သင်္ကန်းကို ပြန်ရုံလိုက်ပြီး…..
” ကားမီးလောင်နေတော့ ဘုန်းကြီးလဲ ဆရာနေထွန်းကို ဆွဲထုတ်ပေမယ့် မီးကအားကောင်းလွန်းတော့ မတတ်နိုင်ခဲ့ဘူး နောက်ပြီးတော့ မီးလောင်နေတဲ့ကားထဲကနေ ‘ကြောင်နက်ကြီး ကြောင်နက်ကြီး ကြောက်ပါပြီ’ ဆိုတဲ့ ဆရာနေထွန်းရဲ့အသံကိုကြားလိုက်ရတယ်”
“ကြောက်စရာပါလားဘုရား”
ကျွန်တော်လဲ ဆရာတော်ရဲ့စကားကိုဝင်ထောက်လိုက်တယ်။
“နောက်ပြီးတော့ ဘုန်းကြီးလဲသတိလစ်သွားတော့တာပဲ ဒီအဖြစ်ပျက်တွေကို ကိုယ်တိုင်မြင်တွေ့ပြီး သံဝေဂရခဲ့တာကြောင့် သာသနာ့ဘောင်ကိုအပြီးတိုင်ဝင်ခဲ့တယ် ဆိုပါတော့ ဒကားလေးရယ်”
သူရတစ်ဖြစ်လဲ ဆရာတော် ဥူးတေဇနိယလဲ မောသွားဟန်ရှိတာကြောင့် ကျွန်တော်လဲ လက်ဖက်ရည်ကြမ်းတစ်ခွက် ကပ်လိုက်မိ၏။
လက်ဖက်ရည်ကို မှုတ်ကာ တစ်ငုံသောက်လိုက်ပြီး….
“ဒီကိစ္စကို ဒကာလေးအနေနဲ့ ဘယ်လိုမြင်မိလဲ”
“တပည့်တော်အနေနဲ့ကတော့ ဒီကြောင်နက်ရဲ့ကျိန်စာလို့ပဲ မြင်မိတယ်ဘုရား မသေခင်စူးစူးဝါးဝါးကြည့်ပြီး တစ်ချက်အော်သွားတာဟာ ကျိန်စာတိုက်သွားတာလို့ပဲထင်တယ်”
“အင်း ဒါလဲဖြစ်နိုင်ပါတယ် တိတိကျကျမသိပေမယ့် ဘုန်းကြီးအမြင်ကတော့ ဒါကဝဋ်ကွဲ့ နောင်ဘဝအထိမကူးပဲ ချက်ချင်းလက်ငင်းအကျိုးပေးသွားတာ ဘုန်းကြီးကိုပဲကြည့် ကြောင်နက်ကိုမသေစေချင်ပေမယ့် ဆရာကိုမလွန်ဆန်နိုင်တာကြောင့် မီးမြှိုက်ဖို့ ကောက်ရိုးယူပေးမိတာ ဒါကြောင့် အသက်မသေပေမယ့် သေရာပါဒဏ်ရာရခဲ့တာပဲ”
“တင်ပါ့ဘုရား တပည့်တော် တစ်ခုလောက်ခွင့်တောင်းလိုပါတယ်”
“ဘာများတုန်းကွဲ့”
“ဒီလိုပါဘုရား အရှင်ဘုရားရဲ့ဇာတ်လမ်းကို တပည့်တော် ဝတ္ထုတိုလေးအနေနဲ့ ရေးပြီး ပညာပေးချင်ပါတယ်ဘုရား အဲ့တာခွင့်တောင်းချင်တာပါ”
“ရပါတယ်ဒကားလေးရယ် တချို့ ဝဋ်ကြွေးက နောင်ဘဝမကူးဘူးဆိုတာကို သိစေချင်တယ် သေသေချာချာလေးရေးပြလိုက်ပါ”
“စိတ်ချပါဘုရား တပည့်တော် အမည်တွေလွှဲပြီး အရှင်ဘုရားပြောသမျှကို တစ်ခုမကျန် ဇာတ်လမ်းတည်ဆောက်ပြီးရေးပါ့မယ်”
“အေးကွယ် သာဓု သာဓု သာဓု”
စာဖတ်သူတို့ရော ဘယ်လိုမြင်လဲဗျ။
ဒါဟာ ကျိန်စာလား၊ ဝဋ်လည်တာလား ကိုယ့်အမြင်လေးကို Comment မှာရေးသွားခဲ့ပါဦး။
ကြိုးစားပါဦးမည်။
ရှိုင်းဝေလင်း(ပုတီးကုန်း)

Zawgyi Version

ေၾကာင္နက္က်ိန္စာ(စ/ဆံုး)
———————————
အခ်ိန္သည္ကား ည ၁၁ နာရီဝန္းက်င္ခန္႔။
ေနရာမွာ ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီးတစ္ေနရာ…။
ဆယ့္ႏွစ္ဘီးကုန္ကားႀကီးတစ္စင္းမွာ အျမန္လမ္းမေပၚတြင္ အရွိန္မွန္မွန္ျဖင့္ေမာင္းႏွင္လာခဲ့သည္။
ကားကိုေမာင္းႏွင္ေနသူကား ဒ႐ိုင္ဘာေနထြန္းျဖစ္ၿပီး ေဘးနားတြင္မူ တပည့္ျဖစ္သူ စပါယ္ယာသူရကား ကြမ္းတစ္ၿမဳံ႕ၿမဳံ႕ျဖင့္ ကားတံခါးေဘာင္ေပၚကိုလက္တင္ၿပီး အျပင္ဘက္ကိုေငးၾကည့္လိုက္ပါခဲ့သည္။
“သူရ အိပ္ခ်င္ေနၿပီလား”
“မအိပ္ခ်င္ပါဘူးဆရာ”
“ေအးကြာ တို႔ကုန္ကားသမားေတြရဲ႕ဘဝက ဒီလိုပဲကြ အိပ္လဲကားေပၚ စားလဲကားေပၚ မင္းလဲစပါယ္ယာဘဝနဲ႔ေက်နပ္မေနနဲ႔ဦး ဒ႐ိုင္ဘာျဖစ္ေအာင္ႀကိဳးစား ဟိုေရွ႕က်ရင္လမ္းေျဖာင့္ၿပီ အဲ့က်မွမင္းေမာင္းေတာ့”
“ဟုတ္ကဲ့ပါဆရာ”
သူရကား အသက္ႏွစ္ဆယ္ခန္႔လူငယ္တစ္ေယာက္။
ေနထြန္းေမာင္းႏွင္ေနတဲ့ ကုန္ကားမွာ စပါယ္ယာလိုက္ၿပီး ဒ႐ိုင္ဘာျဖစ္ရန္ႀကိဳးစားေနသူ။
ေနထြန္းက လက္ရွိ​ေမာင္းေနတဲ့ ကုန္ကားကိုပိုင္တဲ့ သူေဌးရဲ႕တူ အိမ္ေထာင္မရွိတာေၾကာင့္ လူပ်ိဳႀကီးတစ္ဦးလဲျဖစ္တာေၾကာင့္ အေႏွာင္အဖြဲ႕ မရွိ။
လူမွန္တစ္ဦးျဖစ္သည့္အျပင္ အေသာက္အစား ေလာင္းကစား မိန္းမကိစၥကင္းရွင္းတာေၾကာင့္ ကုန္ကားေမာင္းသူဒ႐ိုင္ဘာေတြၾကားထဲ အားလုံးရဲ႕ေလးစားျခင္းကိုခံရသူျဖစ္ၿပီး သူရကိုယ္တိုင္ကလဲ ဆရာျဖစ္သူကိုခ်စ္ေၾကာက္႐ိုေသရသည္။
သို႔ေသာ္ ေျခာက္ျပစ္ကင္းသူမရွိဆိုသည့္စကားအတိုင္း ေနထြန္းမွာ အက်င့္ဆိုးတစ္ခုရွိေနၿပီး ထိုသည္ကား အစား ပင္တည္း။
ထမင္းစားရင္ အသားပါမွစားတတ္သလို ကိုယ္တိုင္လဲသတ္ျဖတ္သလို ၿမိန္ေရယွက္ေရစားတတ္၏။
“သူရ ငါဗိုက္ဆာၿပီကြာ ေရွ႕နားမွာ ငါစားေနက်ဆိုင္ေလးတစ္ဆိုင္ရွိတယ္ လမ္းေျဖာင့္က်ရင္ မင္းမေမာင္းနဲ႔ေတာ့ စားၿပီးေသာက္ၿပီးမွ မင္းေမာင္းေတာ့”
“ဒီအခ်ိန္ ထမင္းဆိုင္ကရွိပါဦးမလားဆရာရဲ႕”
“ရွိတယ္ကြ သူတို႔ကဆိုင္မဟုတ္ဘူး သူတို႔႐ြာထိပ္က အျမန္လမ္းနဲ႔ကပ္ေနတာေလကြာ အဲ့ေတာ့ ခုံေလးေတြခ်ၿပီး ကုန္ကားသမားေတြကိုအဓိကေရာင္းတာ ေစ်းကလဲတန္သလို အသားစုံလဲရတယ္ကြ တို႔ကားသမားေတြရဲ႕ ဘုံဆိုင္သေဘာေပါ့”
“ဟုတ္လားဆရာ ကြၽန္ေတာ္တကယ္မသိတာ”
“မသိဆို မင္းကားလိုက္တာ ၾကာမွမၾကာေသးပဲ ေနာက္ၿပီးမင္းပါတဲ့ အခ်ိန္ေတြက အဲ့ေနရာကိုျဖတ္သြားတာ ေန႔ဘက္ေတြေလ ညဘက္မွမဟုတ္တာ ဒါေၾကာင့္မႀကဳံတာပါကြာ”
သူရ ဘာမွဆက္မေျပာေတာ့ပဲ ေခါင္းပဲညႇိတ္လိုက္ၿပီး အိတ္ထဲက ကြမ္းယာထုပ္ထဲကကြမ္းတစ္ယာကိုယူဝါးလိုက္ၿပီး ကားေနာက္ၾကည့္မွန္ကို ေငးေနလိုက္၏။
ကုန္ကားတစ္စင္းထိုးဆိုက္လာတာေၾကာင့္ခုံေတြသိမ္းေနတဲ့ အသက္ေလးဆယ္ေက်ာ္အ႐ြယ္လူႀကီးမွာ လုပ္လက္စအလုပ္ကိုရပ္လိုက္ၿပီး ေနထြန္းတို႔ကုန္ကားကိုလွမ္းၾကည့္ေနတာကို သူရျမင္လိုက္ရသည္။
ကားေပၚက ခပ္သုတ္သုတ္ပင္ဆင္းသြားတဲ့ ဆရာျဖစ္ေနာက္ကေနကပ္လိုက္သြားၿပီး မသိမ္းရေသးတဲ့ခုံစားပြဲတစ္ခုမွာဝင္ထိုင္လိုက္တယ္။
ကားေပၚကဆင္းဆင္းခ်င္းေမွာင္ေနတာေၾကာင့္ ထိုလူႀကီးကား ေနထြန္းတို႔ဆရာတပည့္ကိုေသခ်ာျမင္ပုံမရ။
ခုံမွာထိုင္ၿပီးေတာ့မွသာ အနားရွိဘက္ထရီမီးေခ်ာင္း ခပ္မွိန္မွိန္ေၾကာင့္ ျမင္သြားပုံ၏ရၿပီး စားပြဲနားကိုတိုးကပ္လာေတာ့သည္။
“ဟာ ဆရာေနထြန္းပါလား ထိုင္ပါဗ်ာ”
‘ထိုင္ပဲထိုင္ၿပီးေနၿပီ ဒီလူဘယ္လိုလူလဲ’
သူရစိတ္ထဲကေန မေက်မနပ္ေျပာလိုက္မိ၏။
“ကိုစ ဘာေတြရွိေသးလဲဗ်ာ က်ဳပ္တို႔ထမင္းစားမယ္ ေၾသာ္ ဒါက်ဳပ္တပည့္ သူရတဲ့ စပါယ္ယာလိုက္တာမၾကာေသးဘူး”
သူရကို ၾကည့္ေနတဲ့ ကိုစဆိုသူကို ေနထြန္းက သူရႏွင့္မိတ္ဆက္ေပးလိုက္သည္။
“ကဲ ကိုစ က်ဳပ္တို႔ထမင္းစားမယ္”
“အဲ ဟို…”
အားနာသြားတဲ့မ်က္ႏွာေပးျဖင့္ ေနထြန္းကိုၾကည့္လိုက္ၿပီး အိုးေတြပန္းကန္ေတြသိမ္းေနတဲ့ မိန္းမျဖစ္သူကိုလွည့္ၾကည့္လိုက္သည္။
ေနထြန္းနဲ႔ သူရလဲ ထိုအခါမွေနာက္ကိုလွမ္းၾကည့္လိုက္ေတာ့ ဆိုင္သိမ္းေနတာကိုသေဘာေပါက္သြားၿပီး…
“ဆရာေနထြန္းပါလား ကြၽန္မသိမ္းဆည္းေနတာနဲ႔ မျမင္လိုက္တာ ေလာေလာဆယ္ေတာ့ဘာမွမရွိေတာ့ဘူးဆရာရဲ႕”
ေျပာသည့္ေလသံက အေတာ္ပင္အားနာေနသည့္ေလသံ။
အားမနာ၍မရ ထိုလင္မယားအေပၚေနထြန္းေက်းဇူးမကင္းလွ။
မိုးတြင္းကာလအခ်ိန္က ကိုစအျပင္းဖ်ားခဲ့ခ်ိန္ အလုပ္မရွိ၍ ဒုကၡေရာက္ေနေသာ သူတို႔လင္မယားကို ဟိုက္ေဝးလမ္းကေန ဆယ္မိုင္ခန္႔ေဝးတဲ့သူတို႔႐ြာဆီ တကူးတကလာၿပီးအကူညီေပးခဲ့ဖူးသည္။
“ဟာဗ်ာ ဗိုက္ဆာပါတယ္ဆိုမွ”
“အားနာလိုက္တာဆရာရယ္ ဒီလိုလုပ္ပါလား ထမင္းေတာ့ရွိတယ္ ဟို ဒီရက္ထဲ အသုတ္ေတြပါတြဲေရာင္းေနေတာ့ ဆီခ်က္ေတြအစုံရွိတယ္ ထမင္းသုတ္လုပ္ေပးမယ္ေလ ၾကက္ဥလဲရွိတယ္ ခ်က္ခ်င္းေၾကာ္လိုက္လို႔ရတယ္”
ေနထြန္းဆီက ဘာသံမွျပန္မထြက္လာ စိတ္ပ်က္ေနသည့္ပုံစံျဖင့္ စားပြဲေပၚကိုလက္တင္ၿပီး စီးကရက္ကိုသာဆက္တိုက္ဖြာေနေတာ့တယ္။
ၾကားထဲကသူရက ထိုလင္မယားကိုျပန္အားနာသြားေပမယ့္ အစားအေသာက္နဲ႔ပတ္သက္လာရင္ သီးမခံတတ္ေသာ ဆရာျဖစ္သူကိုမလြန္ဆန္ရဲတာေၾကာင့္ ဘာမွမေျပာပဲေနလိုက္ေတာ့တယ္။
“ကဲမိညိဳ သြား ထမင္းသုတ္သြားလုပ္လိုက္”
“ေနေန မလုပ္နဲ႔ေတာ့…”
ထိုအခါမွ ေနထြန္းဆီကအသံထြက္လာၿပီး…
“ဒီအနီးအနားမွာ ဆိုင္ကလဲမရွိေတာ့ဘူး အနီးဆုံးဆိုင္ဆိုရင္ေတာင္ ေနာက္ထပ္သုံးနာရီေလာက္ေမာင္းရဦးမွာ ဆရာေနထြန္းရဲ႕ ဒီလိုလုပ္ပါလား က်ဳပ္႐ြာျပန္ၿပီးတစ္အသားတစ္ခုခုစီစဥ္လိုက္မယ္ေလ”
အစားအေသာက္ႏွင့္ပတ္သတ္လာရင္ ဘာမွကိုသီးမခံတတ္ေပမယ့္ ေက်းဇူးရွင္ ဆိုေသာေခါင္းစဥ္ရဲ႕အေပၚမွာ ဒီေလာက္ထိ အခြင့္အေရးထပ္ယူရန္မသင့္။
ျပန္စီစဥ္ရေအာင္ ႐ြာကအေတာ္ေဝးသည့္အျပင္ ယာဥ္ဆိုလို႔ ဘားေကာက္စက္ဘီးေလးကို ေနာက္တြဲတပ္ထားတာသာရွိသည္။
“ေညာင္…ဝုန္း”
“မင္းေမ လခြား…”
“ဟ ဘာတုန္းဟ”
ကိုယ့္အေတြးနဲ႔ကိုယ္ ၿငိမ္ေနၾကသူေတြၾကားထဲကို တစ္စုံတစ္ခုျပဳတ္က်လာခဲ့ၿပီး အားလုံးထိတ္လန္႔သြားတာေၾကာင့္ အားလုံးရဲ႕ ႏႈတ္ကေနေရာင္ရမ္းၿပီးေအာ္လိုက္မိေတာ့သည္။
“ခြပ္ ေညာင့္…. (ေၾကာင္ေအာ္သံ ကိုယ့္ဘာသာေအာ္ၾကည့္ၾက)”
ထိုမဲမဲပုံစံအရာကား ဆန္႔တငင္ငင္ျဖစ္ေနၿပီး စားပြဲေအာက္တြင္ လူးလွိမ့္ေနေတာ့သည္။
ထိုအခါမွ ေနထြန္းႏွင့္ ကိုစက အေျခအေနကိုသေဘာေပါက္ေတာ့သည္။
သူရတို႔ထိုင္ေနသည့္စားပြဲကား သစ္ပင္ရိပ္က်ေသာေနရာ၊ သစ္ကိုင္းေပၚကေန ေၾကာင္နက္တစ္ေကာင္ျပဳတ္က်လာခဲ့ရာအားလုံးလန္႔သြားခ်ိန္ စားပြဲေပၚရွိ ေရေႏြးၾကမ္းပန္းကန္ျဖင့္ ထိုေၾကာင္နက္ကို ေနထြန္း ပစ္ေပါက္လိုက္တာ ခ်က္ေကာင္းကိုထိသြားဟန္တူသည္။
ထို႔ေၾကာင့္ ေၾကာင္နက္မွာ မခ်ိ႕မဆန္႔ေအာ္သံျဖင့္ စားပြဲေအာက္တြင္လူးလြန္႔ေနေတာ့သည္။
“ဟ ဟုတ္ၿပီ…”
ေနထြန္းအသံထြက္လာၿပီး စားပြဲေအာက္ရွိေၾကာင္နက္ရဲ႕ လည္ပင္းကို ဆုပ္ကိုင္ကာ ကိုစကိုေျမႇာက္ျပလိုက္ၿပီး
” ဒီေၾကာင္ကိုခ်က္ေပးဗ်ာ”
အစကေတာ့ ဗိုက္ဆာေနတဲ့အခ်ိန္ လန္႔သြားတာေၾကာင့္ ေနထြန္းေဒါသထြက္ၿပီးအနားရွိတာနဲ႔ေကာက္ထုလိုက္ျခင္းျဖစ္သည္။
ယခုမွသာ ထိုေၾကာင္နက္ကိုခ်က္ျပဳတ္ေပးဖို႔ ကိုစလက္ထဲသို႔အပ္ေနေလၿပီ။
တစ္ကိုယ္လုံးနက္ေမွာင္ေနတဲ့ ေၾကာင္နက္ကား အေတာ္အသင့္ႀကီးသည္။ ေသြးတစ္စက္စက္က်ေနတာကိုၾကည့္ေတာ့ ေခါင္းခြံကြဲသြားၿပီး မ်က္လုံးတစ္လုံးမွာ ေရွ႕သို႔ျပဴးထြက္ေနၿပီး ႐ုန္းကန္ျခင္းပင္မျပဳႏိုင္ေတာ့ပဲ အသက္ငင္ေနေတာ့သည္။
သူရကား ထိုျမင္ကြင္းကိုၾကည့္ၿပီးေၾကာက္႐ြံ႕တာေၾကာင့္ ဆရာျဖစ္သူရဲ႕ အစားမက္ပုံကို ေအာ္ဂလီပင္ဆန္မိေတာ့သည္။
ထို႔နည္းတူ ကိုစလဲေတြးပုံေပၚတာေၾကာင့္ အလိမၼာသုံးကာ ေရွာင္ေတာ့၏
“ဆရာေနထြန္း က်ဳပ္မခ်က္ေပးခ်င္လို႔မဟုတ္ဘူးေနာ္ ေၾကာင္က မကိုင္တတ္ရင္ခ်က္တဲ့အခါနံတယ္ဗ် က်ဳပ္က ကိုင္ေနမက်ေတာ့…”
“ေနေန က်ဳပ္ဘာသာကိုင္မယ္”
ကိုစ၏ စကားဆုံးေအာင္ပင္မေစာင့္ တဈာ့ပဲ ထိုင္ေနရာမွထကာ….
“အစ္မ မညိဳ မီးဖိုရွိတယ္မလား”
“ရွိတယ္ဆရာ ဟိုမွာ”
ဆိုင္ေနာက္နားကို လက္ညႇိဳးထိုးျပလိုက္တာေၾကာင့္ ေနထြန္းလဲ ေၾကာင္ကိုယူကာ မီးဖိုးဆီသို႔ေလွ်ာက္သြားလိုက္ေတာ့တယ္။
သူရလဲ မေနသာေတာ့တာေၾကာင့္ ဆရာျဖစ္သူေနာက္သို႔လိုက္သြားၿပီး လိုအပ္တာလုပ္ေပးဖို႔ျပင္လိုက္တယ္။
မီးဖိုအနားမွာ အရန္သင့္ေတြ႕ရတဲ့ေကာက္႐ိုးေတြနဲ႔ မီးေတာက္ရေအာင္ျပဳလုပ္လိုက္ၿပီး အသက္ေငြ႕ေငြ႕ရွိေသးတဲ့ ေၾကာင္နက္ကို မီးညႇပ္ျဖင့္ညႇပ္ကာ မီးကင္ေလေတာ့သည္။
ထိုအခါမွ လြန္႔လူးလာၿပီး အေကာင္းတိုင္းရွိေနေသာမ်က္လုံးတစ္လုံးျဖင့္ ေနထြန္းကိုစူးစူးရဲရဲၾကည့္ကာ ဝမ္းေခါင္းသံႀကီးျဖင့္ တစ္ခါ ေအာ္လိုက္ၿပီး မခ်ိ႕မဆန္႔အသက္ထြက္သြားေတာ့သည္။
“အစ္မ မညိဳေရ ဂ်င္းမ်ားမ်ားနဲ႔ င႐ုပ္သီးတစ္ဆုံေလာက္ေထာင္းထားေပးပါဗ်ိဳ႕”
ေၾကာင္ေသကို မီးျမႇိဳက္ၿပီးေနာက္ အေရခြံဆုတ္ကာ ခုတ္ထစ္ၿပီး ကိုယ္တိုင္ ခ်က္ျပဳတ္ေတာ့သည္။
ဟင္းအိုးနားမွာပဲ တဝဲလည္လည္လုပ္ေနတဲ့ ဆရာျဖစ္သူကိုၾကည့္ၿပီး သူရထိတ္လန္႔လာတာေၾကာင့္ ဆက္မေနရဲေတာ့ပဲ ကိုစတို႔ဆီသြားကာ….
“ဦးေလး ကြၽန္ေတာ့ကို ထမင္းသုတ္ေလးလုပ္ေပးပါလား”
“ေဟ မင္းက အစားေရွာင္တာလား ေၾကာင္သားမစားဘူးလား”
“စားပါတယ္ အခုကဗိုက္အေတာ္ဆာေနၿပီမို႔ မေနႏိုင္ေတာ့လို႔ပါ”
အမွန္ေတာ့ သူရလိမ္ေျပာလိုက္ျခင္းသာ။
ဗိုက္မဆာေပမယ့္ မ်က္စိေရွ႕တင္ျဖစ္သြားတဲ့​ျမင္ကြင္းကိုၾကည့္ကာ ေၾကာင္နက္သားကိုမစားလိုေတာ့တာ​ေၾကာင့္ တမင္ႀကိဳစားလိုက္ျခင္းသာျဖစ္တယ္။
ကိုစလဲ အကင္းပါးသူပီပီ ခ်က္ခ်င္းပဲ ထမင္းသုတ္ေပးဖို႔ မိန္းျဖစ္သူကိုခိုင္းလိုက္ေတာ့တယ္။
“ဆရာေနထြန္း ဆရာ့တပည့္ကေတာ့ဗိုက္ဆာလို႔တဲ့ ထမင္းပဲသုတ္ေပးလိုက္ေတာ့မယ္”
“ဟာ ဒီေကာင့္ႏွယ္ ေၾကာင္သားကအရမ္းေကာင္းတာကြ မစားလဲေန မင္းမစားေတာ့ ငါပိုစားရတာေပါ့”
သူရဘာမွမေျပာေတာ့ပဲ စားပြဲမွာပဲျပန္ထိုင္ေနလိုက္ေတာ့တယ္။
နာရီကိုၾကည့္လိုက္ေတာ့ ညတစ္နာရီပင္ခြဲေနေလၿပီ…။
အကယ္၍ သူတို႔ထမင္းမစားပဲဆက္သြားမည္ဆိုပါက ယခုခ်ိန္ဆိုရင္ မိတၳိလာၿမိဳ႕ပင္နီးေလာက္ၿပီျဖစ္၏။
ထိုအခ်ိန္က်မွ ထမင္းကိုေသေသခ်ာခ်ာစားလို႔ရပါရက္နဲ႔ ဆရာျဖစ္သူရဲ႕ အစားမက္ပုံကို ထပ္ခါထပ္ခါ ေအာ္ဂလီဆန္မိေတာ့သည္။
သူရလဲ ထမင္းသုတ္စားလိုက္ၿပီး ခုံကိုမွီကာ ေမွးေနေတာ့သည္။
“က်က္ၿပီေဟ့”
ေအာ္သံေၾကာင့္ သူရမ်က္လုံးဖြင့္လိုက္ေတာ့ ဟင္းအိုးႀကီးကိုသယ္လာတဲ့ ဆရာျဖစ္သူကိုေတြ႕လိုက္ရၿပီး ပန္းကန္ထဲပင္မထည့္ပဲ အိုးလိုက္ပင္စားပြဲေပၚတင္လာေတာ့သည္။
ထို႔ေနာက္ ၿမိန္ယွက္စြာစားေတာ့ေလသည္။
ဟင္းတုန္းမ်ားကို တစ္တုံးၿပီးတစ္တုံးေကာ​က္ဝါးေနၿပီး ပတ္ဝန္းက်င္ကိုပင္ေမ့ေနပုံရသည္။
စားေသာက္ၿပီးခါမွ…
“ကိုစ တို႔လဲ က်ဳပ္ေၾကာင့္အိပ္ေရးပ်က္ရၿပီ”
“မဟုတ္တာ ဆရာေနထြန္းရယ္ က်ဳပ္တို႔က ဒီမွာပဲတစ္ညလုံးေနၿပီး မနက္ေစာေစာေစ်းသည္ေစာင့္ ဝယ္ျခမ္းၿပီးတာနဲ႔ခ်က္ျပဳတ္ေတာ့ မိုးလင္းေရာေလ ၿပီးမွတစ္ေယာက္တစ္လွည့္အိပ္ၾကတာ ည​ေနဆိုျပန္ထ ညဘက္ပဲေရာင္းတာေလ ဒီေန႔က ေစ်းေရာင္းပတ္က်တယ္ ေနာက္တစ္ရက္မွအိမ္ျပန္တာ တစ္ရက္လုပ္ တစ္ရက္နားေပါ့ဗ်ာ…”
“ေၾကာင္နက္သားက တကယ္ေကာင္းတယ္ကိုစရဲ႕ ခင္ဗ်ားစားၾကည့္ပါလား”
“မစားေတာ့ပါဘူးဆရာရယ္”
“သူရေရ တို႔ေနာက္က်ေနၿပီကြာ သြားၾကစို႔”
“ဟုတ္ကဲ့ သြားမယ္ေလဆရာ”
“ဟင္းေတြက်ဳပ္ယူသြားမယ္ ကိုစေရ အိုးပါယူသြားလိုက္မယ္ မနက္ျဖန္ညေနျပန္လာမွပဲ အိုးဝင္ေပးေတာ့မယ္”
“ဟုတ္ကဲ့ပါဆရာ ရပါတယ္”
ေနထြန္းတို႔ဆရာတပည့္လဲ ကားဆီသို႔ဦးတည္လာခဲ့ၿပီး ကိုစလဲ ေနာက္ကေနဟင္းအိုးမ ကာလိုက္ပို႔သည္။
ကိုစ မိန္းမကေတာ့ ပင္ပန္းသြားသည္ထင္၊ တန္းလ်ားတစ္ခုေပၚမွာေစာင္ၿခဳံၿပီးအိပ္ေပ်ာ္က်န္ခဲ့ေတာ့သည္။
ေနထြန္းလဲ ဟင္းအိုးကိုယူကာ ကားေပၚသို႔အရင္တင္လိုက္ေတာ့သည္။
သူရကေတာ့ ခုထားတဲ့ဂ်မ္းတုန္းမ်ားကိုလိုက္ျဖဳတ္ေန၏။
“ကိုစ ေရာ့…”
ေနထြန္း အိတ္ထဲကေန
ငါးရာတန္သုံး႐ြက္ထုတ္ေပးတာကို ကိုစ အတင္းျငင္းသည္။
“ကိုစ ယူပါဗ်ာ က်ဳပ္ကေပးရင္ယူမွႀကိဳက္တာ ခင္ဗ်ားသိတယ္ေနာ္”
“ဟုတ္ကဲ့ သိပါတယ္”
“ေအး ဒါဆိုယူ ကဲ ယူပါဆိုဗ်ာ”
ကိုစရဲ႕ အက်ႌအိတ္ကပ္ထဲကိုထည့္ေပးလိုက္ၿပီးကားေပၚတက္လိုက္ေတာ့တယ္။
“ကဲ က်ဳပ္တို႔သြားၿပီေနာ္…”
“သူရ ေၾကာင္သား စားၾကည့္ပါလား”
“ကြၽန္ေတာ္ဗိုက္တင္းေနလို႔ဆရာရဲ႕ မစားေတာ့ပါဘူး”
“မစားလဲေနကြာ”
ေျပာလဲေျပာ ကားေပၚပါလာသည့္ဟင္းအိုးထဲမွ ေၾကာင္သားတစ္တုံးကိုယူဝါးလိုက္၏။
ခဏအၾကာ…
“သူရ မင္းေမာင္းမလား”
“သူရ သူရ…”
ခုံကိုမွီကာ အိပ္ေပ်ာ္ေနေသာသူရကိုၾကည့္ၿပီး ေနထြန္းဘာမွဆက္မေျပာေတာ့ပဲ ကားကိုသာဂ႐ုစိုက္ေမာင္းေနေတာ့သည္။
“ကြၽီ…ဝူး..”
ကားဘရိတ္ကို႐ုတ္တရက္အုပ္လိုက္တာေၾကာင့္ သူရႏိုးသြားေတာ့သည္။
“ဆရာ ဘာျဖစ္လို႔လဲ”
“ေဟ ဘာမွမျဖစ္ပါဘူးကြ ခ်ိဳင့္ေတြ႕လို႔အုပ္လိုက္တာပါ”
ေနထြန္းလိမ္ေျပာလိုက္ျခင္းသာျဖစ္သည္။
မဲမဲအေကာင္တစ္​ေကာင္ ကားေရွ႕ကေနျဖတ္ျဖတ္ကူးတာ ေလးႀကိမ္ရွိၿပီ။
ဟိုက္ေဝးလမ္းျဖစ္သည့္အေလ်ာက္ မျမင္အပ္သည့္အရာမ်ားရွိသည္ကိုေနထြန္း နားလည္ပါသည္။ သို႔ေသာ္ ယခုကား တိုက္ဆိုင္မႈမဟုတ္တာေတာ့ေသခ်ာေနၿပီ။
ကားမီးကို အေပၚမီးခ်ိန္းလိုက္ၿပီး ဂ႐ုတစိုက္ဆက္ေမာင္းေနေတာ့သည္။
သူရကားအိပ္မေပ်ာ္ေတာ့တာေၾကာင့္ ကြမ္းဝါးၿပီးမွိန္းလိုက္လာေတာ့သည္။
အေဝးေျပးေနေသာကားမီးေရာင္ေအာက္တြင္ မဲမဲအေကာင္ႀကီးတစ္ေကာင္ ပိတ္ေနတာကိုခပ္လွမ္းလွမ္းကေန ေနထြန္းေရာသူရပါ ျမင္လိုက္ရေတာ့သည္။
ဟြန္းတီးေနပါေသာ္လည္း
အနားေရာက္သည့္တိုင္ မလႈပ္မယွက္ရွိေနတာေၾကာင့္ ကားကိုထိုးရပ္လိုက္ရၿပီး ေသခ်ာၾကည့္လိုက္ေတာ့ ထိုအေကာင္ႀကီးမွာ ျခေသၤ့ထိုင္ထိုင္ကာ ေနထြန္းတို႔ ကားကိုေက်ာေပးထားၿပီး လမ္းလယ္ကေနပိတ္ထိုင္ေန၏။
အေကာင္ႀကီးက ႏြားမဒန္းအ႐ြယ္ရွိၿပီး အၿမီးကား ကိုေျမ​ျပင္ကို တဘုတ္ဘုတ္႐ိုက္ေနသည္ကို ကားမီးေရာင္ျဖင့္ ထင္ထင္ရွားရွားေတြ႕လိုက္ရသည္။
ေနထြန္းေရာသူရပါေၾကာက္႐ြံ႕သြားၿပီး ကားကိုျဖတ္မေမာင္းရဲတာေၾကာင့္ လမ္းလယ္ေခါင္မွာ ရပ္ေနၿပီး ၾကက္ေသေသေနေတာ့သည္။
ထိုအခ်ိန္မွာပင္ ေက်ာေပး ထိုင္ေနေသာအေကာင္ႀကီးက ခႏၶာကိုယ္မလႈပ္ေသာ္ျငား ေခါင္းကား ေနာက္ကိုလည္လာၿပီး ကားဆီသို႔ ေခါင္းတစ္ခုထဲသာလွည့္ျပန္ၾကည့္ေတာ့ေလသည္။
ထိုအခါမွ ေနထြန္းတို႔ဆရာတပည့္၏ ေၾကာက္စိတ္မွာ အထြတ္ထိပ္သို႔ေရာက္သြားခဲ့၏။
ေက်ာေပးထားတဲ့အေနအထားနဲ႔ ေခါင္းေနာက္​ျပန္လည္လာေသာ သတၱဝါႀကီးကား ဧရာမေၾကာင္နက္ႀကီးတစ္ေကာင္ျဖစ္ၿပီး မ်က္လုံးတစ္လုံးကား ေအာက္ဘက္ကို တန္းလန္း ျပဳတ္က်ေနၿပီး ေခါင္းခြံႀကီးကား ဟက္တက္ကြဲေနကာ ေသြးအလိမ္းလိမ္းျဖင့္ အစြယ္ႀကီးမ်ားေပၚေအာင္ မာန္ဖီေနတာကိုျမင္လိုက္ရတာေၾကာင့္ ေနထြန္းလဲ လီဘာကိုနင္းကာ ကမူးရႉးထိုးဝင္တိုက္ေတာ့သည္။
“ဆရာ ဆရာ ေရွ႕မွာ သစ္ပင္ႀကီး…ဘရိတ္နင္း ဘရိ… ”
သူရစကားပင္မဆုံးလိုက္ ေနထြန္းတစ္ေယာက္ ေၾကာက္စိတ္ေၾကာင့္ ကားကို လမ္းေဘးဆြဲခ်လိုက္ရာ သစ္ပင္ႀကီးတစ္ပင္ကိုဝင္တိုက္မိေတာ့သည္။
အရွိန္ျပင္းတာေၾကာင့္ ကားဆီေဘာက္ေပါက္သြားၿပီး ကားတစ္စီးလုံးမီးေလာင္ၿပီး ေနထြန္းတစ္ေယာက္ မီးထဲကိုပါသြားေတာ့သည္။
“အျဖစ္ကေတာ့ အဲ့တာပါပဲဒကာေလး”
“ဒါဆို အရွင္ဘုရားတို႔အျဖစ္က ေတာ္ေတာ္ေၾကာက္စရာေကာင္းခဲ့မွာပဲေနာ္”
“ဟုတ္တယ္ ဘုန္းႀကီးေတာင္ မီးေလာင္ေနတဲ့ကားထဲကေန မနဲ႐ုန္းထြက္ခဲ့ရတာ ဒီမွာၾကည့္ အဲ့တုန္းက မီးေလာင္တဲ့ဒဏ္ရာ”
ဆရာေတာ္ မိန္႔လဲမိန္႔ ကိုယ္႐ုံသကၤန္းကို အနည္းငယ္ ေလွ်ာခ်ကာ ဘယ္ဖက္ပခုံးမွာရွိတဲ့ မီးေလာင္အမာ႐ြတ္ႀကီးကို ကြၽန္တေတာ့ကိုျပသည္။
သကၤန္းကို ျပန္႐ုံလိုက္ၿပီး…..
” ကားမီးေလာင္ေနေတာ့ ဘုန္းႀကီးလဲ ဆရာေနထြန္းကို ဆြဲထုတ္ေပမယ့္ မီးကအားေကာင္းလြန္းေတာ့ မတတ္ႏိုင္ခဲ့ဘူး ေနာက္ၿပီးေတာ့ မီးေလာင္ေနတဲ့ကားထဲကေန ‘ေၾကာင္နက္ႀကီး ေၾကာင္နက္ႀကီး ေၾကာက္ပါၿပီ’ ဆိုတဲ့ ဆရာေနထြန္းရဲ႕အသံကိုၾကားလိုက္ရတယ္”
“ေၾကာက္စရာပါလားဘုရား”
ကြၽန္ေတာ္လဲ ဆရာေတာ္ရဲ႕စကားကိုဝင္ေထာက္လိုက္တယ္။
“ေနာက္ၿပီးေတာ့ ဘုန္းႀကီးလဲသတိလစ္သြားေတာ့တာပဲ ဒီအျဖစ္ပ်က္ေတြကို ကိုယ္တိုင္ျမင္ေတြ႕ၿပီး သံေဝဂရခဲ့တာေၾကာင့္ သာသနာ့ေဘာင္ကိုအၿပီးတိုင္ဝင္ခဲ့တယ္ ဆိုပါေတာ့ ဒကားေလးရယ္”
သူရတစ္ျဖစ္လဲ ဆရာေတာ္ ဥဴးေတဇနိယလဲ ေမာသြားဟန္ရွိတာေၾကာင့္ ကြၽန္ေတာ္လဲ လက္ဖက္ရည္ၾကမ္းတစ္ခြက္ ကပ္လိုက္မိ၏။
လက္ဖက္ရည္ကို မႈတ္ကာ တစ္ငုံေသာက္လိုက္ၿပီး….
“ဒီကိစၥကို ဒကာေလးအေနနဲ႔ ဘယ္လိုျမင္မိလဲ”
“တပည့္ေတာ္အေနနဲ႔ကေတာ့ ဒီေၾကာင္နက္ရဲ႕က်ိန္စာလို႔ပဲ ျမင္မိတယ္ဘုရား မေသခင္စူးစူးဝါးဝါးၾကည့္ၿပီး တစ္ခ်က္ေအာ္သြားတာဟာ က်ိန္စာတိုက္သြားတာလို႔ပဲထင္တယ္”
“အင္း ဒါလဲျဖစ္ႏိုင္ပါတယ္ တိတိက်က်မသိေပမယ့္ ဘုန္းႀကီးအျမင္ကေတာ့ ဒါကဝဋ္ကြဲ႕ ေနာင္ဘဝအထိမကူးပဲ ခ်က္ခ်င္းလက္ငင္းအက်ိဳးေပးသြားတာ ဘုန္းႀကီးကိုပဲၾကည့္ ေၾကာင္နက္ကိုမေသေစခ်င္ေပမယ့္ ဆရာကိုမလြန္ဆန္ႏိုင္တာ​ေၾကာင့္ မီးျမႇိဳက္ဖို႔ ေကာက္႐ိုးယူေပးမိတာ ဒါေၾကာင့္ အသက္မေသေပမယ့္ ေသရာပါဒဏ္ရာရခဲ့တာပဲ”
“တင္ပါ့ဘုရား တပည့္ေတာ္ တစ္ခုေလာက္ခြင့္ေတာင္းလိုပါတယ္”
“ဘာမ်ားတုန္းကြဲ႕”
“ဒီလိုပါဘုရား အရွင္ဘုရားရဲ႕ဇာတ္လမ္းကို တပည့္ေတာ္ ဝတၳဳတိုေလးအေနနဲ႔ ေရးၿပီး ပညာေပးခ်င္ပါတယ္ဘုရား အဲ့တာခြင့္ေတာင္းခ်င္တာပါ”
“ရပါတယ္ဒကားေလးရယ္ တခ်ိဳ႕ ဝဋ္ေႂကြး​က ေနာင္ဘဝမကူးဘူးဆိုတာကို သိေစခ်င္တယ္ ေသေသခ်ာခ်ာေလးေရးျပလိုက္ပါ”
“စိတ္ခ်ပါဘုရား တပည့္ေတာ္ အမည္ေတြလႊဲၿပီး အရွင္ဘုရားေျပာသမွ်ကို တစ္ခုမက်န္ ဇာတ္လမ္းတည္ေဆာက္ၿပီးေရးပါ့မယ္”
“ေအးကြယ္ သာဓု သာဓု သာဓု”
စာဖတ္သူတို႔ေရာ ဘယ္လိုျမင္လဲဗ်။
ဒါဟာ က်ိန္စာလား၊ ဝဋ္လည္တာလား ကိုယ့္အျမင္ေလးကို Comment မွာေရးသြားခဲ့ပါဦး။
ႀကိဳးစားပါဦးမည္။
ရႈိင္းေဝလင္း(ပုတီးကုန္း)