*ခုနှစ်ရက်လည်တဲ့နေ့*📖📖📖 (စ/ဆုံး)
**************************
“မကြည်ရေ ငါက သေတော့မှာဟ”
“ငါ …ကြာကြာမနေရတော့ဘူးနဲ့ တူတယ် …”
“ငါသာ သေလို့ကတော့ နင်တော့ ကလေးတွေနဲ့
ဒုက္ခရောက်မှာ မြင်ယောင်သေးတယ် …”
ဘာကြောင့်ရယ်တော့ မသိဘူး။
လွန်ခဲ့တဲ့ တစ်လလောက်ကစပြီး ကိုခိုင့်ပါးစပ်က
သေစကားတွေချည်းပဲ ထွက်နေတယ်
တကယ်တော့ ကိုခိုင့် ခန္ဓာကိုယ်က ကျားကိုယ်စီးစားလို့
မကုန်တဲ့ ခန္ဓာကိုယ်ပါ။ အရပ်အမောင်းကလည်း
ကောင်းမှကောင်း၊ ခြောက်ပေပြည့်ဖို့ နည်းနည်းပဲ လိုတယ်။
ပြီးတော့ သူ့အရပ်အမောင်းနဲ့ လိုက်ဖက်တဲ့ တောင့်တင်း
သန်မာထွားကျိုင်းတဲ့ အလုံးအထည် ရှိတယ်။
ဘယ်လိုကြည့်ကြည့် ယောင်္ကျားပီပီသသ၊
ကျန်းမာသန်စွမ်းသူ၊ အသက်ကလည်း လေးဆယ်ကျော်ရုံရှိသေး၊
ဆန့်သောလက် မကွေးမီ၊ ကွေးသော်လည်း မဆန့်မီ
ဆိုတဲ့ တရားသဘော မကြည့်နဲ့။ ကိုခိုင်သေဖို့အကြောင်း
လုံးဝမှ မရှိဘူး။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်
လွန်ခဲ့တဲ့ သုံး/လေးနှစ်လောက်ကထင်ရဲ့။
သူ့ဦးခေါင်းမှာ ဒဏ်ရာတစ်ခု ရဘူးတယ်
ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောဋ္ဌာနမှာ
ကြီးကြီးမားမား ခွဲစိပ်မှု လုပ်ခဲ့ရတယ်၊
တစ်ခါတစ်ခါ ခွဲစိပ်ထားတဲ့နေရာက ဒဏ်ပြန်ပေါ်လာတတ်တယ်
ဒီလို ဒဏ်ပြန်ပေါ်တဲ့အခါ ခေါင်းကိုက်ဝေဒနာကို
အပြင်းအထန် ခံစားရတယ်လို့ သူပြောတယ်။
ကိုခိုင်က သူသေရင်လည်း ဒီခေါင်းကိုက်ဝေဒနာနဲ့ပဲ
သေမယ်လို့ တစ်ထစ်ချ ယူဆထားပုံရတယ်
ဒီနွေမှာ သူအလုပ်တွေ အရမ်းလုပ်တယ်
အလုပ်ပင်ပန်းရင် ဒဏ်ပြန်ပေါ်ပြီး ခေါင်းတွေ ကိုက်လာတယ်။
ဒါကြောင့်လည်း သေစကားတွေ ခဏခဏ တဖွဖွ ပြောနေတာ
ဖြစ်မယ်၊ ဒီလို နိမိတ်မကောင်းတဲ့ သေစကားတွေ
ပြောခဲ့တာ သူ့မိန်းမ မကြည်တစ်ယောက်ထဲတင် မကဘူး။
အခြားခင်မင်သူ လေးငါးယောက်ကိုလည်း ပြောခဲ့သေးတယ်။
အဲဒီ လေးငါးယောက်ထဲမှာ မကြည်ရဲ့အစ်မဖြစ်သူလည်းပါတယ်။
ကိုခိုင်က မကြည်ရဲ့အစ်မကို ရိုသေလေးစားတယ်။
“အစ်မ၊ ကျနော်သေရင် အိမ်ရှေ့က ခြံကွက်ရောင်းပြီး
ကျနော်သားလေးကို ရှင်ပြုပေးပါ”
လို့ လူကောင်းပကတိကနေ မှာသွားတယ်။ အံ့သြစရာက
ဒီလိုမှာပြီး ရက်ပိုင်းလောက်ပဲ ကြာတယ်။
(5.6.2014)နေ့မှာ ကိုခိုင့် ဆုံးသွားတယ်
သူထင်သလို ခေါင်းကိုက်ဝေဒနာကြောင့် ဆုံးသွားရတာတော့
မဟုတ်ဘူး၊ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးရဲ့
မိုင်တိုင်အမှတ် ၅၈မိုင် ၅ ဖာလုံမှာ ကားပေါ်က ပြုတ်ကျတဲ့
ဒဏ်ရာနဲ့သေဆုံးခဲ့ရတာပါ။
XXXX
(1.5.2014)နေ့ ညဦးပိုင်းက ကိုခိုင်ဆိုက်ကယ်မှောက်ပြီး
ဒဏ်ရာရတယ်။
အနောက်ရွာအသွား မြေသားလမ်းမပေါ်မှာ ဖြစ်တာပါ။
မိုးရေနှင့် ရွံ့စေးတွေကြောင့် ဆိုက်ကယ်ဘီးချော်သွားတယ်
ထိန်းမရဖြစ်ပြီး လမ်းဘေးထိုးကျသွားတယ်၊
ဖြစ်ဖြစ်ချင်း သွေးပူနေတော့ ဘာမှ မဖြစ်ဘူး။
အိမ်ရောက်တော့မှ လဲကျသွားတာ၊ ညာခြေထောက်
မထောက်နိုင်တော့ဘူး၊ အလုပ်သိပ်လုပ်တဲ့ကိုခိုင်
ဒီတော့မှ နားနေရတော့တယ်။ (4.6.2014)မှာ
ခြေထောက်စပြီး ထောက်နိုင်တယ်
အဲဒီနေ့က ညနေ့ခင်းမှာ ရပ်ကွက်ထဲက မိတ်ဆွေကိုတင်မင်း
ဆိုက်ကယ်အတိုက်ခံရပြီး နံရိုးသုံးချောင်းတစ်စုံတစ်ယောက်ကို ဒေါသထွက်နေပုံရပါတယ်
မကြာခဏဆိုသလို ‘တောက်”ခတ်တဲ့အသံကြီးကိုလည်း
ကြားနေရပါတယ်။ တော်တော်လေးကြာတော့
နောက်ဘက် အိပ်ခန်းထဲက “ကလစ်”ဆိုတဲ့
အသံကို ကြားရတယ်။
အိပ်ခန်းထဲမှာ သူကိုင်နေကျ လေသေနတ်တစ်လက်ရှိပါတယ်
“ကလစ်”ဆိုတဲ့ အသံက လေသေနတ်မောင်း တင်လိုက်တဲ့
အသံမှန်း အားလုံးသိကြတယ်
ခဏနေတော့ “ဖန်း”ခနဲ လေသေနတ်မောင်းဖြုတ်လိုက်တဲ့
အသံကို ကြားလိုက်ကြရတယ်
ခဲကျည်ဆံပါပုံတော့ မရပါဘူး။ ဘာကြောင့်လည်းဆိုတော့
တစ်နေရာရာကို ထိမှန်တဲ့အသံ မကြားရလို့ပါ ။
သန်းခေါင်ကျော် ည တစ်နာရီလောက်ထိ အိမ်ပေါ်မှာ
အခန်းတွေကူးပြီး တရှပ်ရှပ် သွားလာနေပါတယ်
ခြေသံနဲ့ အတူ ရိပ်ခနဲ ရိပ်ခနဲ ဝဲသွားတဲ့အရိပ်လို
အရာကိုလည်း မြင်တွေ့ကြရပါတယ်
တစ်အိမ်လုံးကို ဗြောင်းဆန်အောင် စိတ်တိုင်းကျသွားတာ
လှုပ်ရှားပြီးမှ …
ခြေသံပြင်းပြင်းနဲ့ အိမ်အောက်ကို ဆင်းသွားတယ်
အိမ်ထဲဆင်းပြီး ခြံထဲကို လှည့်ပတ်နေပုံပါ။
အိမ်အောက်မှာ မွေးထားတဲ့ မန်ဒါလီဘဲတွေ
တရှီးရှီးအော်ကြ၊ လန့် ပြေးကြတဲ့ အသံတွေကို
အိမ်ပေါ်က ကြားနေရပါတယ်
တော်တော်လေး ကြာတော့ မြောက်ဘက်လမ်းမကြီး
အတိုင်း ခွေးဟောင်သံ၊ အူသံတွေကို ဆူဆူညံညံ
ကြားရတယ်။
ဒီတော့မှ ကိုခိုင်တစ်ယောက် မြောက်ဘက်အစွန်မှာနေတဲ့
သူ့မိဘ၊ ဆွေမျိုးအိမ်သွားပြီးဆိုတာ သိကြရပါတယ်
နောက်နေ့ မနက်ကျတော့ …
မြောက်ပိုင်းက ဆွေမျိုးတွေ အိမ်မှာလည်း
ကိုခိုင်တစ်ညလုံး ဗြောင်းဆန်အောင် သောင်းကျန်းတဲ့
အကြောင်း …မနက်မိုးလင်းခါနီးမှ ငြိမ်သွားတဲ့အကြောင်း
ကြားရပါတယ် ။
ကိုခိုင်ဟာ သေလွန်ပြီး နှစ်ပတ်လောက်အထိ
မိသားစုတွေနှင့် ဆွေမျိုးမိဘ၊ မိတ်ဆွေတွေ
အိမ်ကို သွားလာပြီး ခြောက်လှန့် နေပါသေးတယ်။
အဲဒီနောက်မှာတော့ အသံပေးတာ ခြောက်တာ၊
လှန့်တာ။ ဘာတစ်ခုမှ မပြုတော့ပါဘူး၊
သူ့အတွက် ရည်စူးပြီး ပြုလုပ်တဲ့ ကောင်းမှု
ကုသိုလ်တွေရဲ့ အဖို့ ဘာဂကို သာဓုခေါ်ပြီး
ခြောက်လှန့်နေတဲ့ တစ္ဆေ သရဲဘဝက ကျွတ်လွတ်၊
မြင့်မြတ်ရာ ဘုံဘဝကို ရောက်သွားတာလား…၊
ဒါမှမဟုတ်…
အခြားတစ်နေရာရာကိုများ သွားလာနေလို့လား …
ဒီလိုမှ မဟုတ်ရင်လည်း …ရောက်ရာဘဝမှာ
ပျော်တတ်တဲ့ သတ္တဝါတွေရဲ့ သဘာဝအတိုင်း
ဘဝသစ်မှာ ပျော်ပြီး ဘဝဟောင်းကို မေ့သွားလို့လား
ဆိုတာတော့ …ကိုခိုင်ကလွဲပြီး ဘယ်သူမှ သိနိုင်မှာ
မဟုတ်ပါဘူး။
ပြီးပါပြီ
မူရင်းရေးသူ ဆရာ မောင်မှိုင်းညို့ (ချောင်းဦး)
စာဖတ်သူများ စိတ်ရွှင်လန်းပါစေ