ခွင့်လွှတ်ပေးပါ(စ/ဆုံး)

Unicode Version

ခွင့်လွှတ်ပေးပါ(စ/ဆုံး)
——————————
ညကလရောင်မရှိမိုးသားတိမ်မဲတွေကဖုံးအုပ်ထားသည်။
တချက်တချက်လျှပ်စီးလက်လိုက်မိုးချိမ်းလိုက်နှင့်မကြာခင်မိုးရွာတော့မည့်ရှေးပြေးပုံရိပ်ဖြစ်သည်။

အိမ်ရှေ့လယ်ကွင်းထဲမှဖားအော်သံများကလဲဆူညံနေသည်မိုးရွာမှာကိုကြိုနေသယောင်
မိုးမလာခင်လေအရင်လာနှင့်သည်မို့လေများတဝေါဝေါတိုက်ခတ်လာသည့်အထဲမိုးမှုန်မိုးမွှားများမိုးအရိပ်များပါလာသည်ထင့်
ချမ်းစိမ့်စိမ့်ဖြစ်လာသည်။

အိမ်တံခါများအသံမည်စွာဖွင့်လိုက်ပိတ်လိုက်ဖြစ်နေသည်။
နှင်းစက်ကအိမ်တံခါးများပြတင်းပေါက်တံခါးများမိုးပက်မည်စိုး၍လိုက်ပိတ်လိုက်သည်။
အိမ်ရှေ့ပြတင်းပေါက်တံခါးပိတ်သည့်အချိန်တွင်ရုတ်တရက်လျှပ်စီးလက်လိုက်ရာလင်းသွားသည့်အချိန်နှင့်တိုက်ဆိုင်စွာ
နှင်းစက်အိမ်ရှေ့သိုကြည့်လိုက်မိရာတွင်အလွန်ထိတ်လန့်သွားမိသည်။

နှင်းစက်တို့အိမ်ရှေ့ကပိတောက်ပင်အောက်တွင်မကြာသေးခင်ကသေသွားသော
နှင်းစက်သူငယ်ချင်းအမေဒေါ်ငွေသည်အပင်အောက်တွင်မားမားကြီးရပ်နေကာနှင်းစက်တို့အိမ်ထဲကြည့်
နေတာကိုအသေအချာမြင်ရလေသည်နှင်းစက်အသဲအေးကနဲဖြစ်သွားသည်အဖေနဲ့အမေကလဲအပြင်သွားနေတာပြန်မလာသေး
အိမ်တွင်နှင်းစက်တယောက်ထဲရှိနေတာမို့တံခါးအားလုံးအကုန်ပိတ်ရင်း
ကြောက်လန့်စိတ်ကတကိုယ်လုံးပျံ့နှံ့နေသည်။
အိမ်ရှေ့ ညေ့်ခန်းထဲထိုင်ကာအဖေနဲ့အမေကိုစောင့်ရင်းမြန်မြန်ပြန်လာစေရန်ဆုတောင်းနေမိသည်။

နှင်းစက်သူငယ်ချင်းအမေအကြောင်းခေါင်းထဲရောက်နေသည်။
နှင်းစက်တို့မိသားစုနှင့်နွယ်သာကီတို့မိသားစုသည်နှစ်အိမ်တအိမ်ဖြစ်ကာအလွန်ခင်ကြသည်။
နှင်းစက်တို့အိမ်ကရပ်ကွက်ထိပ်တွင်ရှိကာနွယ်သာကီတို့အိမ်ကရပ်ကွက်အဆုံးတွင်ရှိသည်။

နွယ်သာကီအမေသည်အလွန်အပြောကောင်းသူဖြစ်ကာလူရည်လယ်သည်။
သူ့ထက်အသက်ထက်ဝက်လောက်ငယ်သောနွယ်သာကီအဖေအားယူထားလေသည်။
ထမင်းချက်ဟင်းချက်တွင်အထူးကောင်းမွန်လှသဖြင့်နှင်းစက်ကသူတို့အိမ်ရောက်တိုင်းထမင်းစားသည်။
နှင်းစက်တို့အိမ်အတွက်လဲဟင်းချက်ပြီးသားများလာပို့တတ်လေသည်။

နှင်းစက်အဖေကရုံးတရုံးမှအရာရှိကြီးတဦးဖြစ်ကာနွယ်သာကီမိဘများကကုန်သည်ပွဲစားများဖြစ်သည်။
နှင်းစက်နို့မိသားစုကမရှိမရှားဖြစ်ကာချွေတာစုဆောင်းနိုင်ပေမဲ့
နွယ်သာကီတိုမိသားစုကတော့စီးပွားရေးကဖောင်းလိုက်ပိန်လိုက်ဖြစ်သည်။

တနေ့တွင်နှင်းစက်မိဘများထံသို့နွယ်သာကီအဖေနဲ့အမေရောက်လာကာ
ပဲခူးရိုးမတနေရာတွင်သစ်လုပ်ငန်းတခုရလာ၍စပ်တူလုပ်ရန်လာဆွယ်လေသည်။
နွယ်သာကီအမေဒေါ်ငွေအပြောကောင်းသဖြင့်နှင်းစက်အဖေနဲ့အမေကစုဆောင်းထားတဲ့ငွေကလေးကိုယုံကြည်စွာထည့်လိုက်လေသည်။

ပထမတခေါက်လောက်သာငွေအနဲငယ်အမြတ်လာပေးပြီးကထဲကအရင်းကောအမြတ်ပါမလာတော့ပေ
ထိုအခါစိတ်သဘောထားပြည့်ဝကာရိုးသားဖြူစင်သောနှင်းစက်မိဘများကသီးခံစောင့်ပေမဲ့
ဘာအကြောင်းမှမထူးနွယ်သာကီမိဘများကတော့ရွှေတွဲလဲငွေတွဲလဲနှင့်သုံးဖြုံးနေလေသည်။

ဒီမှာတင်နှင်းစက်မိဘများကအရင်းသွားတောင်းရာနွယ်သာကီအမေဒေါ်ငွေသည်မပေးနိုင်ကြောင်း
ကြိုက်တဲ့နေရာသွားတိုင်နိုင်ကြောင်းပြောကာငွေများအားလိမ်လိုက်လေသည်။
ထိုအခါနှင်းစက်တို့တမိသားစုလုံးသောကများဖြင့်မစားနိုင်မအိပ်နိုင်ဖြစ်နေလေသည်။

ဒါပေမဲ့သံသရာတပတ်လည်လာတဲ့အခါမှာတော့နွယ်သာကီ့အဖေသည်မယားငယ်ယူကာ
ထွက်ပြေးသွားလေသည်ဒီမှာတင်ဒေါ်ငွေမရှုနိုင်မကယ်နိုင်ဖြစ်ကာစီးပွားရေးကျသွားလိုက်တာကုန်းကောက်စရာပင်မရှိတော့ပါ
ဝဋ်ကအင်မတန်ကြောက်စရာကောင်းပေစွသူတော်ကောင်းရဲ့ချွေးနဲစာလိမ်စားမိသောအဖြစ်က
သူတို့စေတနာသူတို့အကျိုးပေးလေပြီဒေါ်ငွေလဲကျမ်းမာရေးမကောင်းတော့အိပ်ယာထဲဘုန်းဘုန်းလဲလေသည်။

တရက်မိုးအေးအေးနဲ့နှင်းစက်အိပ်ယာထဲကွေးနေတုန်း
”နှင်းစက်ရေ———နှင်းစက်—-””
အိမ်ရှေ့ကကျယ်လောင်စွာခေါ်သံကြောင့်နှင်းစက်အိမ်ရှေ့သိုထွက်ကြည့်ရာ
မိုးရွာထဲရပ်နေသောနွယ်သာကီကိုမြင်ရလေသည်။ဒါနဲ့ထွက်တွေ့တော့နွယ်သာကီကမျက်ရည်များနှင့်နှင်းစက်အားပြောလိုက်သည်။

”’ သူငယ်ချင်းနှင်းစက်အခုငါ့အမေအသက်ငင်နေပြီသူနောက်ဆုံးအသက်မထွက်ခင်နင့်အဖေနဲ့အမေဆီကသူ့ကိုခွင့်လွတ်ကြောင်းလေးကြားသွားချင်တယ်ဆိုလို့————–ငါလာခေါ်တာပါနင့်အဖေနဲ့အမေကိုပြောပေးပါ——-””
နှင်းစက်လဲသူတို့အဖြစ်ကိုသနားတာနဲ့အဖေနဲ့အမေအားသွားပြောရာ
စိတ်ကြီးသောအဖေကခါးခါးသီးသီးငြင်းကာအမေကတော့သနားတတ်သောကြောင့်
အဖေအလစ်တွင်လာမည်ဟုမှာလိုက်လေသည်။

ဒါပေမဲ့ထိုညတွင်ဒေါ်ငွေတစ်ယောက်အမေလာတာကိုမစောင့်နု်င်တော့ပဲ
ဘဝတပါးသို့ပြောင်းသွားလေသည်။
ထိုညကရပ်ကွက်အတွင်းကခွေးများသဲကြီးမဲကြီးအူကြသည်မှာအလွန်လန့်စရာကောင်းလှပေသည်။

အိမ်နားကခွေးတအုပ်ကတော့နှင်းစက်တို့အိမ်ရှေ့တွင်ထိုးဟောင်နေကာတခုခုကိုဟောင်နေပုံရလေသည်။မကြာခင်နှင်းစက်တို့အိမ်ခေါင်မိုးပေါ်သို့ဘယ်ကပြစ်လိုက်သည်အသိသောခဲတလုံးကျလာသည်။
အပြင်ထွက်ကြည့်တောလဲဘာမှမတွေ့ပါ။
ဒေါ်ငွေသူသေကြောင်းလာအသိပေးတာဖြစ်မည်ဟုထင်ပါသည်။
ရပ်ကွက်ထဲကသူများပြောစကားအရနှင်းစက်တို့အိမ်ရှေ့ကပိတောက်ပင်အောက်တွင်
အရိပ်မဲတခုအားမကြာခဏတွေ့ရကြောင်းပြောသည်ကိုကြားနေရသည်။

တရက်တော့နှင်းစက်ကျောင်းမှအပြန်သူငယ်ချင်းအိမ်စာဝင်လုပ်နေ၍မိုးချုပ်မှအိမ်ပြန်လာသည်။
အိမ်ရှေ့ရောက်တော့ခြံဝတွင်မိန်းမတယောက်ရပ်နေတာမြင်တော့
”ဘယ်သူနဲ့တွေ့ချင်လို့လဲရှင်””
နှင်းစက်အသံကြောင့်ရပ်နေသူသည်နောက်သို့လှည့်ကြည့်လိုက်ရာအလွန်ကြောက်မက်ဖွယ်မျက်နှာနှင့်
ဒေါ်ငွေကြီးဖြစ်နေရာနှင်းစက်ကငယ်သံပါအောင်အော်လိုက်သည်။
”’အားးးးးးးးး”’

နောက်တရက်အမေကညနေစောင်းမှောင်စပျိုးချိန်အိမ်ရှေ့ခြံထဲကအပင်များရေလောင်းနေရင်း
အမေနားထဲငိုသံပါကြီးဖြင့်ခွင့်လွှတ်ပေးပါလို့တောင်းဆိုသံကြောင့်အမေလဲလန့်သွားကာ
ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ခြံစည်ရိုးနားရပ်နေသောလူလိမ်မဒေါ်ငွေအားတွေ့ရလေသည်။
အမေလဲအမျှပေးကာအိမ်ထဲပြန်ဝင်လာပြီးအဖေ့အားပြောပြရာအဖေက
”’ အဲဒါသူ့အကုသိုလ်သူအကျိုးပေးတာငါတို့ရဲ့ဖြူစင်သန့်ရှင်းစွာစုထားတဲ့ချွေးနဲစာလေးကိုမှလိမ်စားရက်တာ——-
အခုတော့ဒုခ္ခရောက်နေပြီမဟုတ်လားလူဆိုတာသူများအပေါ်မိုးကောင်းတုန်းရွာထားတော့ကိုယ့်အလှည့်ကျတော့မိုးကြိုးပါပစ်ချတာခံရတာပေါ့ ”””

ညဘက်အမေအိမ်မက်မက်ရာတွင်အိမ်မက်ထဲတွင်ဒေါ်ငွေသည်ညိုးငယ်သောမျက်နှာနှင့်အမေအား
အခါခါတောင်းပန်နေကာသူ့အားခွင့်လွတ်တယ်ပြောမှသူဒီဘဝကသွားနိုင်မည်လို့ငိုကာအိမ်မက်ပေးပြန်သည်။
အဖေဘယ်လိုပဲပြောပြောအင်မတန်သနားတတ်သောအမေကနံမည်ကြီးနေသောဘုန်းကြီးတပါးထံ
သွား၍ဒေါ်ကြူအားဖိတ်ကာခေါ်သွားလေသည်။နှင်းစက်လဲအမေနဲ့အဖော်လိုက်သွားသည်။

ဘုန်းကြီးကျောင်းရောက်တော့ကျောင်းပေါ်တက်လိုက်တယ်ဆိုရင်ပဲဘုန်းကြီးက
”’ ဟိုအပေါက်ဝမှာရပ်နေတဲ့တကာမပါလာခဲ့အထဲဝင်ခဲ့ ”’
နှင်းစက်လှည့်ကြည့်တော့ကျောင်းပေါက်ဝတွင်ဘယ်သူမှမတွေ့ရပါ
ဒါပေမဲ့ကျောင်းပေါ်တက်လာသောခြေသံတရှပ်ရှပ်ကိုအတိုင်းသားကြားလိုက်ရသည်။

ဒါနဲ့အမေလဲပါလာသောင်္သကန်းအားဘုန်းကြီးအားကပ်၍အကျိုအကြောင်းရှောက်ရာဘုန်းကြီးက
”အော်သူတော်ကောင်းမိသားစုပိုက်စံလိမ်စားလို့ပိတ်တာဖြစ်နေတာကိုး—– လူတွေဟာသံသရာမကြောက်ခဏကလေးနေရတဲ့လ့ူ့ဘဝမှာ——ငရဲမကြောက်ပဲအကုသိုလ်ယူတာကိုး ””
ဘုန်းကြီးလဲတရားဟောကာကုသိုလ်အားဒေါ်ငွေအားအမျှပေးလေသည်အမေကလဲ
”’ကျမတို့မိသားစုကဒေါ်ငွေအားခွင့်လွတ်ပါသည် ””
ဟုပြောလိုက်လေသည်။
အဲဒီနောက်အိမ်ရှေ့တွင်ဘာအရိပ်အရောင်မှမတွေ့ရတော့ပါ။

ပြီး

D Moe Moe

Zawgyi Version

ခြင့္လႊတ္ေပးပါ(စ/ဆံုး)
——————————
ညကလေရာင္မရွိမိုးသားတိမ္မဲေတြကဖုံးအုပ္ထားသည္။
တခ်က္တခ်က္လွ်ပ္စီးလက္လိုက္မိုးခ်ိမ္းလိုက္ႏွင့္မၾကာခင္မိုး႐ြာေတာ့မည့္ေရွးေျပးပုံရိပ္ျဖစ္သည္။

အိမ္ေရွ႕လယ္ကြင္းထဲမွဖားေအာ္သံမ်ားကလဲဆူညံေနသည္မိုး႐ြာမွာကိုႀကိဳေနသေယာင္
မိုးမလာခင္ေလအရင္လာႏွင့္သည္မို႔ေလမ်ားတေဝါေဝါတိုက္ခတ္လာသည့္အထဲမိုးမႈန္မိုးမႊားမ်ားမိုးအရိပ္မ်ားပါလာသည္ထင့္
ခ်မ္းစိမ့္စိမ့္ျဖစ္လာသည္။

အိမ္တံခါမ်ားအသံမည္စြာဖြင့္လိုက္ပိတ္လိုက္ျဖစ္ေနသည္။
ႏွင္းစက္ကအိမ္တံခါးမ်ားျပတင္းေပါက္တံခါးမ်ားမိုးပက္မည္စိုး၍လိုက္ပိတ္လိုက္သည္။
အိမ္ေရွ႕ျပတင္းေပါက္တံခါးပိတ္သည့္အခ်ိန္တြင္႐ုတ္တရက္လွ်ပ္စီးလက္လိုက္ရာလင္းသြားသည့္အခ်ိန္ႏွင့္တိုက္ဆိုင္စြာ
ႏွင္းစက္အိမ္ေရွ႕သိုၾကည့္လိုက္မိရာတြင္အလြန္ထိတ္လန႔္သြားမိသည္။

ႏွင္းစက္တို႔အိမ္ေရွ႕ကပိေတာက္ပင္ေအာက္တြင္မၾကာေသးခင္ကေသသြားေသာ
ႏွင္းစက္သူငယ္ခ်င္းအေမေဒၚေငြသည္အပင္ေအာက္တြင္မားမားႀကီးရပ္ေနကာႏွင္းစက္တို႔အိမ္ထဲၾကည့္
ေနတာကိုအေသအခ်ာျမင္ရေလသည္ႏွင္းစက္အသဲေအးကနဲျဖစ္သြားသည္အေဖနဲ႔အေမကလဲအျပင္သြားေနတာျပန္မလာေသး
အိမ္တြင္ႏွင္းစက္တေယာက္ထဲရွိေနတာမို႔တံခါးအားလုံးအကုန္ပိတ္ရင္း
ေၾကာက္လန႔္စိတ္ကတကိုယ္လုံးပ်ံ႕ႏွံ႔ေနသည္။
အိမ္ေရွ႕ ေည့္ခန္းထဲထိုင္ကာအေဖနဲ႔အေမကိုေစာင့္ရင္းျမန္ျမန္ျပန္လာေစရန္ဆုေတာင္းေနမိသည္။

ႏွင္းစက္သူငယ္ခ်င္းအေမအေၾကာင္းေခါင္းထဲေရာက္ေနသည္။
ႏွင္းစက္တို႔မိသားစုႏွင့္ႏြယ္သာကီတို႔မိသားစုသည္ႏွစ္အိမ္တအိမ္ျဖစ္ကာအလြန္ခင္ၾကသည္။
ႏွင္းစက္တို႔အိမ္ကရပ္ကြက္ထိပ္တြင္ရွိကာႏြယ္သာကီတို႔အိမ္ကရပ္ကြက္အဆုံးတြင္ရွိသည္။

ႏြယ္သာကီအေမသည္အလြန္အေျပာေကာင္းသူျဖစ္ကာလူရည္လယ္သည္။
သူ႔ထက္အသက္ထက္ဝက္ေလာက္ငယ္ေသာႏြယ္သာကီအေဖအားယူထားေလသည္။
ထမင္းခ်က္ဟင္းခ်က္တြင္အထူးေကာင္းမြန္လွသျဖင့္ႏွင္းစက္ကသူတို႔အိမ္ေရာက္တိုင္းထမင္းစားသည္။
ႏွင္းစက္တို႔အိမ္အတြက္လဲဟင္းခ်က္ၿပီးသားမ်ားလာပို႔တတ္ေလသည္။

ႏွင္းစက္အေဖက႐ုံးတ႐ုံးမွအရာရွိႀကီးတဦးျဖစ္ကာႏြယ္သာကီမိဘမ်ားကကုန္သည္ပြဲစားမ်ားျဖစ္သည္။
ႏွင္းစက္ႏို႔မိသားစုကမရွိမရွားျဖစ္ကာေခြၽတာစုေဆာင္းႏိုင္ေပမဲ့
ႏြယ္သာကီတိုမိသားစုကေတာ့စီးပြားေရးကေဖာင္းလိုက္ပိန္လိုက္ျဖစ္သည္။

တေန႔တြင္ႏွင္းစက္မိဘမ်ားထံသို႔ႏြယ္သာကီအေဖနဲ႔အေမေရာက္လာကာ
ပဲခူး႐ိုးမတေနရာတြင္သစ္လုပ္ငန္းတခုရလာ၍စပ္တူလုပ္ရန္လာဆြယ္ေလသည္။
ႏြယ္သာကီအေမေဒၚေငြအေျပာေကာင္းသျဖင့္ႏွင္းစက္အေဖနဲ႔အေမကစုေဆာင္းထားတဲ့ေငြကေလးကိုယုံၾကည္စြာထည့္လိုက္ေလသည္။

ပထမတေခါက္ေလာက္သာေငြအနဲငယ္အျမတ္လာေပးၿပီးကထဲကအရင္းေကာအျမတ္ပါမလာေတာ့ေပ
ထိုအခါစိတ္သေဘာထားျပည့္ဝကာ႐ိုးသားျဖဴစင္ေသာႏွင္းစက္မိဘမ်ားကသီးခံေစာင့္ေပမဲ့
ဘာအေၾကာင္းမွမထူးႏြယ္သာကီမိဘမ်ားကေတာ့ေ႐ႊတြဲလဲေငြတြဲလဲႏွင့္သုံးၿဖဳံးေနေလသည္။

ဒီမွာတင္ႏွင္းစက္မိဘမ်ားကအရင္းသြားေတာင္းရာႏြယ္သာကီအေမေဒၚေငြသည္မေပးႏိုင္ေၾကာင္း
ႀကိဳက္တဲ့ေနရာသြားတိုင္ႏိုင္ေၾကာင္းေျပာကာေငြမ်ားအားလိမ္လိုက္ေလသည္။
ထိုအခါႏွင္းစက္တို႔တမိသားစုလုံးေသာကမ်ားျဖင့္မစားႏိုင္မအိပ္ႏိုင္ျဖစ္ေနေလသည္။

ဒါေပမဲ့သံသရာတပတ္လည္လာတဲ့အခါမွာေတာ့ႏြယ္သာကီ့အေဖသည္မယားငယ္ယူကာ
ထြက္ေျပးသြားေလသည္ဒီမွာတင္ေဒၚေငြမရႈႏိုင္မကယ္ႏိုင္ျဖစ္ကာစီးပြားေရးက်သြားလိုက္တာကုန္းေကာက္စရာပင္မရွိေတာ့ပါ
ဝဋ္ကအင္မတန္ေၾကာက္စရာေကာင္းေပစြသူေတာ္ေကာင္းရဲ႕ေခြၽးနဲစာလိမ္စားမိေသာအျဖစ္က
သူတို႔ေစတနာသူတို႔အက်ိဳးေပးေလၿပီေဒၚေငြလဲက်မ္းမာေရးမေကာင္းေတာ့အိပ္ယာထဲဘုန္းဘုန္းလဲေလသည္။

တရက္မိုးေအးေအးနဲ႔ႏွင္းစက္အိပ္ယာထဲေကြးေနတုန္း
”ႏွင္းစက္ေရ———ႏွင္းစက္—-””
အိမ္ေရွ႕ကက်ယ္ေလာင္စြာေခၚသံေၾကာင့္ႏွင္းစက္အိမ္ေရွ႕သိုထြက္ၾကည့္ရာ
မိုး႐ြာထဲရပ္ေနေသာႏြယ္သာကီကိုျမင္ရေလသည္။ဒါနဲ႔ထြက္ေတြ႕ေတာ့ႏြယ္သာကီကမ်က္ရည္မ်ားႏွင့္ႏွင္းစက္အားေျပာလိုက္သည္။

”’ သူငယ္ခ်င္းႏွင္းစက္အခုငါ့အေမအသက္ငင္ေနၿပီသူေနာက္ဆုံးအသက္မထြက္ခင္နင့္အေဖနဲ႔အေမဆီကသူ႔ကိုခြင့္လြတ္ေၾကာင္းေလးၾကားသြားခ်င္တယ္ဆိုလို႔————–ငါလာေခၚတာပါနင့္အေဖနဲ႔အေမကိုေျပာေပးပါ——-””
ႏွင္းစက္လဲသူတို႔အျဖစ္ကိုသနားတာနဲ႔အေဖနဲ႔အေမအားသြားေျပာရာ
စိတ္ႀကီးေသာအေဖကခါးခါးသီးသီးျငင္းကာအေမကေတာ့သနားတတ္ေသာေၾကာင့္
အေဖအလစ္တြင္လာမည္ဟုမွာလိုက္ေလသည္။

ဒါေပမဲ့ထိုညတြင္ေဒၚေငြတစ္ေယာက္အေမလာတာကိုမေစာင့္ႏု္င္ေတာ့ပဲ
ဘဝတပါးသို႔ေျပာင္းသြားေလသည္။
ထိုညကရပ္ကြက္အတြင္းကေခြးမ်ားသဲႀကီးမဲႀကီးအူၾကသည္မွာအလြန္လန႔္စရာေကာင္းလွေပသည္။

အိမ္နားကေခြးတအုပ္ကေတာ့ႏွင္းစက္တို႔အိမ္ေရွ႕တြင္ထိုးေဟာင္ေနကာတခုခုကိုေဟာင္ေနပုံရေလသည္။မၾကာခင္ႏွင္းစက္တို႔အိမ္ေခါင္မိုးေပၚသို႔ဘယ္ကျပစ္လိုက္သည္အသိေသာခဲတလုံးက်လာသည္။
အျပင္ထြက္ၾကည့္ေတာလဲဘာမွမေတြ႕ပါ။
ေဒၚေငြသူေသေၾကာင္းလာအသိေပးတာျဖစ္မည္ဟုထင္ပါသည္။
ရပ္ကြက္ထဲကသူမ်ားေျပာစကားအရႏွင္းစက္တို႔အိမ္ေရွ႕ကပိေတာက္ပင္ေအာက္တြင္
အရိပ္မဲတခုအားမၾကာခဏေတြ႕ရေၾကာင္းေျပာသည္ကိုၾကားေနရသည္။

တရက္ေတာ့ႏွင္းစက္ေက်ာင္းမွအျပန္သူငယ္ခ်င္းအိမ္စာဝင္လုပ္ေန၍မိုးခ်ဳပ္မွအိမ္ျပန္လာသည္။
အိမ္ေရွ႕ေရာက္ေတာ့ၿခံဝတြင္မိန္းမတေယာက္ရပ္ေနတာျမင္ေတာ့
”ဘယ္သူနဲ႔ေတြ႕ခ်င္လို႔လဲရွင္””
ႏွင္းစက္အသံေၾကာင့္ရပ္ေနသူသည္ေနာက္သို႔လွည့္ၾကည့္လိုက္ရာအလြန္ေၾကာက္မက္ဖြယ္မ်က္ႏွာႏွင့္
ေဒၚေငြႀကီးျဖစ္ေနရာႏွင္းစက္ကငယ္သံပါေအာင္ေအာ္လိုက္သည္။
”’အားးးးးးးးး”’

ေနာက္တရက္အေမကညေနေစာင္းေမွာင္စပ်ိဳးခ်ိန္အိမ္ေရွ႕ၿခံထဲကအပင္မ်ားေရေလာင္းေနရင္း
အေမနားထဲငိုသံပါႀကီးျဖင့္ခြင့္လႊတ္ေပးပါလို႔ေတာင္းဆိုသံေၾကာင့္အေမလဲလန႔္သြားကာ
ပတ္ဝန္းက်င္ကိုၾကည့္လိုက္ေတာ့ၿခံစည္႐ိုးနားရပ္ေနေသာလူလိမ္မေဒၚေငြအားေတြ႕ရေလသည္။
အေမလဲအမွ်ေပးကာအိမ္ထဲျပန္ဝင္လာၿပီးအေဖ့အားေျပာျပရာအေဖက
”’ အဲဒါသူ႔အကုသိုလ္သူအက်ိဳးေပးတာငါတို႔ရဲ႕ျဖဴစင္သန႔္ရွင္းစြာစုထားတဲ့ေခြၽးနဲစာေလးကိုမွလိမ္စားရက္တာ——-
အခုေတာ့ဒုခၡေရာက္ေနၿပီမဟုတ္လားလူဆိုတာသူမ်ားအေပၚမိုးေကာင္းတုန္း႐ြာထားေတာ့ကိုယ့္အလွည့္က်ေတာ့မိုးႀကိဳးပါပစ္ခ်တာခံရတာေပါ့ ”””

ညဘက္အေမအိမ္မက္မက္ရာတြင္အိမ္မက္ထဲတြင္ေဒၚေငြသည္ညိဳးငယ္ေသာမ်က္ႏွာႏွင့္အေမအား
အခါခါေတာင္းပန္ေနကာသူ႔အားခြင့္လြတ္တယ္ေျပာမွသူဒီဘဝကသြားႏိုင္မည္လို႔ငိုကာအိမ္မက္ေပးျပန္သည္။
အေဖဘယ္လိုပဲေျပာေျပာအင္မတန္သနားတတ္ေသာအေမကနံမည္ႀကီးေနေသာဘုန္းႀကီးတပါးထံ
သြား၍ေဒၚၾကဴအားဖိတ္ကာေခၚသြားေလသည္။ႏွင္းစက္လဲအေမနဲ႔အေဖာ္လိုက္သြားသည္။

ဘုန္းႀကီးေက်ာင္းေရာက္ေတာ့ေက်ာင္းေပၚတက္လိုက္တယ္ဆိုရင္ပဲဘုန္းႀကီးက
”’ ဟိုအေပါက္ဝမွာရပ္ေနတဲ့တကာမပါလာခဲ့အထဲဝင္ခဲ့ ”’
ႏွင္းစက္လွည့္ၾကည့္ေတာ့ေက်ာင္းေပါက္ဝတြင္ဘယ္သူမွမေတြ႕ရပါ
ဒါေပမဲ့ေက်ာင္းေပၚတက္လာေသာေျခသံတရွပ္ရွပ္ကိုအတိုင္းသားၾကားလိုက္ရသည္။

ဒါနဲ႔အေမလဲပါလာေသာသၤကန္းအားဘုန္းႀကီးအားကပ္၍အက်ိဳအေၾကာင္းေရွာက္ရာဘုန္းႀကီးက
”ေအာ္သူေတာ္ေကာင္းမိသားစုပိုက္စံလိမ္စားလို႔ပိတ္တာျဖစ္ေနတာကိုး—– လူေတြဟာသံသရာမေၾကာက္ခဏကေလးေနရတဲ့လ့ူ႔ဘဝမွာ——ငရဲမေၾကာက္ပဲအကုသိုလ္ယူတာကိုး ””
ဘုန္းႀကီးလဲတရားေဟာကာကုသိုလ္အားေဒၚေငြအားအမွ်ေပးေလသည္အေမကလဲ
”’က်မတို႔မိသားစုကေဒၚေငြအားခြင့္လြတ္ပါသည္ ””
ဟုေျပာလိုက္ေလသည္။
အဲဒီေနာက္အိမ္ေရွ႕တြင္ဘာအရိပ္အေရာင္မွမေတြ႕ရေတာ့ပါ။

ၿပီး

D Moe Moe