” ငန်းတော်ကြား မြွေကြီး၏ ကျိန်စာလေလား “

” ငန်းတော်ကြား မြွေကြီး၏ ကျိန်စာလေလား ”

************************************************

စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)
ဖြစ်ရပ်ဆန်းကြယ်
၁၉၈၆ ခုနှစ်အချိန်ကာလတွင်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်၊ နွယ်သာကီလမ်းမကြီးတွင် နေထိုင်သော လင်မယားနှစ်ဦးရှိပြီး၊ ထိုလင်မယားနှစ်ဦးမှာ အလွန်ပင်ဆင်းရဲသည်ကြောင့် သူများ၏အိမ်နောက်ဖေးတွင် ကျောခင်းစရာမျှ တဲလေးထိုး၍ ငှားရမ်းနေထိုင်ခဲ့ရသည်။ ခင်ပွန်း၏အမည်မှာ ဦးသိန်းထွန်းဖြစ်ပြီး၊ ဇနီး၏အမည်မှာ မလှရင်ဖြစ်ပေသည်။ အိမ်ထောင်သက်(၃)နှစ်ကြာပြီး ခုနှစ်အားဖြင့် ၁၉၈၉ခှုနှစ်တွင် သမီးဦးလေးမွေးဖွားလာခဲ့၏။ သမီးဦးလေးမွေးဖွားလာပြီးသည့်တိုင်အောင် လင်မယားနှစ်ဦးသားမှာ သူများ၏အိမ်နောက်ဖေးတွင် ငှားရမ်းနေခဲ့ရသော ဘဝမှမလွတ်မြောက်နိုင်သေးပေ။ အလွန်ပင်ဆင်းရဲနွမ်းပါးနေခဲ့ရ၏။ အိမ်ထောင်သက်(၆)နှစ်ကြာပြီးနောက်၊ သားဦးသမီးလေး(၃)နှစ်အရွယ်၊ ၁၉၉၂-၁၉၉၃ခုနှစ်တွင်မူ မလှရင်မှာ ကိုယ်ဝန်ထပ်မံရရှိလာခဲ့ပြန်၏။ ထိုကလေးလေး ကိုယ်ဝန်ရရှိလာသည်နှင့် ကိုသိန်းထွန်းမှာ သူများ၏အလုပ်သမားဘဝမှ တဆင့်တိုးခါ ကိုယ်ပိုင်အလုပ်လေးတစ်ခု စတင်ပြုလုပ်လာနိုင်ပြီး၊ လုပ်ငန်းသေးသေးလေးမှနေ၍ အတော်အသင့်လုပ်ငန်းအဆင့်သို့ တိုးတတ်လာခဲ့လေသည်။ သူများ၏နောက်ဖေးမှလည်း ငှားရမ်းနေထိုင်နေခဲ့ရသည့်ဘဝမှ ရုံးထွက်လာနိုင်ခါ လုံးချင်းအိမ်လေးကိုပင် ငှားရမ်းနေထိုင်လာနိုင်ခဲ့ပြီဖြစ်သည်။
ကိုယ်ဝန်(၇)လအချိန်တွင်မှ ငှားရမ်းနေထိုင်ခဲ့ရသော အခြေနေမှတဆင့် မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရက်ကွက်၊ နှင်းဆီးလမ်းရှိ် လုံးချင်းတစ်လုံးကိုပင် ဝယ်ယူလာနိုင်ခဲ့လေသည်။ ကိုသိန်းထွန်းသည်လည်း မည်သည့်စီးပွားရေးကိုမဆို သူတစ်ယောက် အကောင်ထည်ဖော်ပြုလုပ်လိုက်သည်နှင့် လွန်စွာအောင်မြင်နေခဲ့လေသည်။ ထို့နောက် မလှရင်သည်လည်း ကိုယ်ဝန်လစေ့၍ ဒုတိယမြောက်သားလေးကိုပင် ၁၉၉၃ခုနှစ်၌ မွေးဖွားလာခဲ့ရလေသည်။ သားလေးမွေးဖွားလာပြီးနောက်လည်း စီးပွားရေးများမှာ တဆင့်ထက်တဆင့် ပိုမိုဖြစ်ထွန်းလာလျက်၊ မိသားစုများသည်လည်း ပြေပြေလည်လည်ဖြစ်လာခါ၊ မလှရင်၏လည်ပင်းတွင်လည်း ရွှေဆွဲကြိုးကြီးမှာ လက်မလုံးခန့်၊ လက်ကောက်ဝတ်တွင်လည်း တံတောင်းဆစ်တိုင်အောင်ဟုပင် ပြောဆိုရလောက်အောင် ရွှေလက်ကောက်များနှင့် ပြည့်စုံလာခဲ့ရလေသည်။ ထို့ကြောင့် ယခုမွေးဖွားလာခဲ့သော သားငယ်လေးမှာ မိဘများကိုပင် ဆင်းရဲတွင်းမှ ကယ်တင်ပေးခဲ့သည့် သားလေးပင်ဖြစ်သည်ဟု မိဘများမှ သတ်မှတ်ထားခဲ့ကြလေတော့သည်။
သားလေး၏ အမည်နာမများကိုပင် နာမည်ကျော် ဘုန်းတော်ကြီးများထံမှ တောင်းခံလေခဲ့ရင်း၊ ဘုန်းတော်ကြီးများမှာ ထိုကလေးလေးကိုပင် နဂါးသိုက်မှ လာရောက်ခြင်းဖြစ်သည်ဟု ပြောဆိုကြလေ၏။ ထူးခြားသည်လား ဘုန်းတော်ကြီးများ ပြောဆိုသည့်အတိုင်း အမှန်တကယ်ပင် ထိုကလေးလေးမှာ နဂါးသိုက်မှလာရောက်ဝင်စားခြင်းပင်လား၊ (၂)နှစ်အရွယ်သို့ ရောက်ရှိလာခဲ့သည့် ထိုကလေးလေးမှာ သူတစ်ယောက် စိတ်အလိုမကျခြင်း၊ လိုချင်တာမရှိသည့် အချိန်ခါမျိုးတွင်မူ မိဘများအား ဂျစ်တိုက်သည်က ထူးခြားပေလှသည်။ ကြမ်းပြင်အပေါ်တွင် လူးလိမ့်လျက် ငိုကြွေးနေခဲ့သည်က နဂါးသိုက်မှလာရောက်ဝင်စားသော လက္ခဏာပုံရိပ်များပင်ဖြစ်ပေသည်။ ထိုတင်မကသေး နှင်းဆီလမ်းမကြီးရှိ လုံးချင်းအိမ်လေးကိုပင် ဝယ်ယူလိုက်လေပြီး၊ အိမ်၏ခြံအရှေ့ဘက်ထောင်တွင် ငန်းတော်ကြားမြွေကြီးတစ်ကောင်သည်လည်း ထူးထူးခြားခြား ရှိနေခဲ့ပေသည်။
ထိုမြွေကြီးမှာ လပြည့်၊ညကွယ်ညများသာလျင် ခြံထောင်နေရာဆီမှ ထွက်ခွာလာလေ့ရှိပြီး၊ တစ်ခြားသောနေ့များတွင်မူ သူ့အားမမြင်တွေ့နိုင်ပေ။ တစ်ခါတစ်ရံသော အချိန်ခါမျိုးများတွင် နေအိမ်ထုတ်တန်းအပေါ်သို့ တတ်ရောက်နေလေ့ရှိပြီး၊ ကိုသိန်းထွန်းသည်လည်း မိသားစုများအား အန္တရယ်ပြုမည်ကိုပင် စိုးရိမ်သည်ကြောင့် ခြိမ်းခြောက်မှု့များစွာ ပြုလုပ်ခဲ့ရပေသည်။ သို့သော် ကိုသိန်းထွန်းနှင့်မလှရင်တို့ ကိုးကွယ်ရာဖြစ်သော ဆရာတော်ကြီးမှ ထိုမြွေကြီးဟာ သူတော်ကောင်းမြွေကြီးပင်ဖြစ်လိမ့်မည်။ ထိုတင်မကသေး ကိုသိန်းထွန်းနှင့်မလှရင်တို့၏ ဒုတိယမြောက်သားလေး၏ အဆက်အနွယ်များပင် ဖြစ်လိမ့်မည်ဟု ပြောဆိုခဲ့လေသည်။ ထို့ကြောင့် ကိုသိန်းထွန်းသည်လည်း လပြည့်၊ လကွယ်ညများတွင် ခြံထောင်နေရာဆီသို့ ထိုမြွေကြီးအား တမ်းတလျက် နွားနို့များကိုပင် တိုက်ကျွေးနေလေ့ရှိလေသည်။
မြွေကြီးမှာ လုံးပတ်အာြး့ဖင့် နှစ်လက်မခန့်ရှိနေပြီး၊ အရှည်အားဖြင့် လေပေးကျော်ကျော်မျှပင် ရှိနေခဲ့ပါသည်။ အဝါရောင်နှင့် အနက်ရောင် တစ်ကွက်ကြားစီဖြစ်ပေါ်နေခဲ့သည်က ငန်းတော်ကြားမြွေကြီးတို့၏ အရောင်အသွေးပင်ဖြစ်ပေသည်။ ထိုမြွေကြီးနှင့် ကိုသိန်းထွန်းတို့၏ ဒုတိယမြောက်သားလေးတို့မှာ မည်သို့ပင် ပတ်သတ်ဆက်နွယ်ကြသနည်းမသိ၊ သို့သော် ပတ်သတ်ဆက်နွယ်မှု့ရှိနေသည်မှာ အသေချာပင်ဖြစ်သည်။ တစ်ခါသောအခါများတွင် ကိုသိန်းထွန်းမှာ အလုပ်ကိစ္စတစ်ခုနှင့် အပြင်ဆီသို့ထွက်ခွာသွားခဲ့၏။ မလှရင်မှာ နှစ်နှစ်သားလေးကိုပင် ပုခတ်အတွင်း၌ အိပ်စက်စေခိုင်းပြီး၊ သူမမှာမူ အိမ်မှု့ကိစ္စများကိုပင် ပြုလုပ်နေခဲ့လေ၏။ ထိုအခါ ကလေး၏ပုခတ်ကြိုးနှစ်ခုအား အကျယ်ဖြစ်စေရန် ကန့်လန့်ဖြတ်ထောက်ထားသည့် ဝါးလုံးပေါ်တွင် ငန်းတော်ကြားမြွေကြီးမှာ ရစ်ပတ်ခွေနေသည့် မြင်ကွင်းကိုပင် မြင်တွေ့့ခဲ့ရဘူးလေသည်။
ထိုမြင်ကွင်းကြောင့် မလှရင်သည်လည်း မျက်လုံးပြူးဆံပြာဖြစ်သွားလေခါ ငယ်သံပါအောင်ပင် အော်ဟစ်လိုက်မိသည်။ မလှရင်၏အော်ဟစ်သံများကြောင့် ထိုမြွေကြီးသည်လည်း ပုခတ်အပေါ်နေ၍ ဆင်းသတ်ထွက်ပြေးသွားခဲ့သည်။ ထို့ကြောင့် မရင်လှမှာမူ ပုခတ်အတွင်း၌ အိပ်စက်နေခဲ့သော မိမိ၏သားလေးမှာ တစ်စုံတစ်ခုများ အန္တရယ်ဖြစ်သွားပြီလားဟူသော အတွေးစိတ်ဖြင့် လျင်မြန်စွာသွားရောက်ကြည့်ရှု့ခဲ့ရသည်။ သို့သော် ပုခတ်အတွင်းမှာ ကလေးလေးမှာ အိပ်ယာနိုးနေခဲ့ရင်း ပြုံးရယ်နေခဲ့သည့် အမူယာများကိုပင် မြင်တွေ့ခဲ့ရပေသည်။ မြွေကြီးမှာ ကလေးလေးကိုပင် လာရောက်မြူနေခဲ့သည့် သဘောပင်လားဟု ထင်မြင်စေမိတော့လေသည်။
ထိုလမ်းနှင့်ထိုအိမ်ကြီးအတွင်း ကိုသိန်းထွန်းတို့မိသားစုမှာ နေထိုင်လာလျက် စီးပွားရေးများသည်လည်း ဆထက်တပိုး တိုးတတ်နေခဲ့ရလေ၏။ သို့သော် ဆိုးရွားသည့် ပြသနာတစ်ရပ်မှာ တစ်လမ်းလုံးနှင့် ကိုသိန်းထွန်းတို့၏မိသားစုမှာ အသင့်မြတ်ကြခြင်းပင်ဖြစ်ပေသည်။ ကိုသိန်းထွန်းသည် မိမိ၏စီးပွားရေးများနှင့် ပတ်သတ်ပြီးမနားမနေ လုပ်ဆောင်နေခဲ့ရသည်ကြောင့် ပတ်ဝန်းကျင်အား လစ်လျူရှု့သကဲ့သို့ ဖြစ်နေခဲ့ရပြီး၊ ဇနီးဖြစ်သူ မလှရင်သည်လည်း အိမ်လည်တတ်ခြင်းမရှိ၊ ပတ်ဝန်းကျင်နှင့်လည်း ရောထွေးစွာနေထိုင်ခြင်းမရှိ၊ ခပ်အေးအေးသာလျင် နေထိုင်တတ်သည်ကြောင့် ပတ်ဝန်းကျင်ရှိသူများမှ ထိုသူတို့၏မိသားစုကိုပင် အမြင်ကတ်လျက်၊ အမြဲတစေ စောင်းမြောင်းပြောဆိုနေတတ်သည်။ ပုတုဇဉ်လူသားများဖြစ်သည်ကြောင့် ရည်ရှည်စွာသည်းမခံနိုင်တော့ပဲ စကားများရန်ဖြစ်ခြင်းများမှအစ ရပ်ကွက်ရုံးအထိပင် ရောက်ရှိလာခဲ့ရလေသည်။
တစ်ပတ်မဟုတ် တစ်ပတ်၊ ထိုကဲ့သို့ ခတ်ရန်ဖြစ်ပွားနေခဲ့ရပြီး၊ တစ်လမ်းလုံးနှင့်လည်း မသင့်မြတ်တော့သည်ကြောင့် အိမ်ထောင်ဦးစီးဖြစ်သူ ကိုသိန်းထွန်းမှာ တစ်ခြားသော ရပ်ကွက်တစ်ခုဆီသို့ ပြောင်းရွှေ့နေထိုင်ရန်အတွက် ဆုံးဖြတ်လိုက်လေသည်။ ထို့ကြောင့် ၂၀၀၀ခုနှစ် မြောက်ဥက္ကလာပမြို့နယ်၊ (ည)ရပ်ကွက်၊ ဧရာလမ်းအတွင်းရှိ နေအိမ်တစ်လုံးကိုပင် ဝယ်ယူနေထိုင်ရန်ဆုံးဖြတ်လိုက်ပြီး၊ နှင်းဆီလမ်းအတွင်းမှနေ၍ ပြောင်းရွှေ့ကြရန် ပြင်ဆင်ကြလေတော့သည်။ ကိုသိန်းထွန်းတို့မိသားစု နေအိမ်ပြောင်းရွှေ့ရန်အတွက် ပရိဘောဂ ပစ္စည်းများကိုပင် ပြောင်းရွှေ့မည့်နေအိမ်ထံသို့ ပို့ဆောင်ပြီးခဲ့ပြီး၊ မိသားစုလေးဦးသာလျင် ပြောင်းရွှေ့တော့မည့် အချိန်တွင်မူ ငန်းတော်ကြားမြွေကြီးမှာ အိမ်အပေါက်ဝနေ၍ ကန့်လန့်ဖြတ်တားဆီးထားခဲ့လေသည်။ ကိုသိန်းထွန်းနှင့် မလှရင်တို့မှာမူ ထိုမြွေကြီးအကြောင်းအား သိရှိထားခဲ့သော်လည်း အိမ်ပြောင်းရွှေ့ရေးအတွက် ဝိုင်းဝန်းလုပ်ဆောင်ပေးနေကြသည့် သူများမှာ မသိရှိထားခဲ့ပေ။ ထို့ကြောင့် ရိုက်သတ်ရန်အတွက်ကိုပင် ပြင်ဆင်လေကြ၏၊ ကိုသိန်းထွန်းတစ်ယောက် အကျိုးအကြောင်းပြောဆို၍ ထိုသူများကိုပင် သေချာစွာရှင်းပြခဲ့ရသည်။
အိမ်အပေါက်ဝမှနေ၍ ထိုကဲ့သို့ ကန့်လန့်ဖြတ် ပိတ်ဆို့ထားခဲ့သော မြွေကြီးကိုပင် ကိုသိန်းထွန်းတစ်ယောက် တွေ့ရှ်ိလိုက်ရသည်နှင့် ကောင်းစွာသဘောပေါက်သွားခဲ့သည်။ မြွေကြီး၏သဘောမှာ ထိုအိမ်မှနေ၍ မိမိတို့မိသားစုကိုပင် မပြောင်းရွှေ့စေချင်သောကြောင့် ထိုကဲ့သို့တားဆီးနေခဲ့ခြင်းပင်ဖြစ်လိမ့်မည်။ သို့သော်လည်း မိမိတို့မှာ အရာအားလုံးပြင်ဆင်ပြီးပြီဖြစ်သောကြောင့် မပြောင်းရွှေ့၍ပင် မဖြစ်တော့ချေ။ သို့နှင့် ကန့်လန့်ဖြတ်တားဆီးနေခဲ့သော မြွေကြီးကိုပင် ကိုသိန်းထွန်းမှာ ထိုကဲ့သို့ပြောဆိုလေခဲ့သည်။
“ကဲ… ခင်ဗျားပြောချင်တာကို ကျွန်တော်တို့သဘောပေါက်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မိသားစု ဒီရပ်ကွက်ထဲမှာ ဘယ်လိုမှဆက်နေလို့ မဖြစ်တော့ဘူး။ အဲ့ဒါကြောင့် အခုလိုပြောင်းရခြင်းဖြစ်တယ်။ အသင်မြွေကြီး ကျွန်တော်တို့ကိုလမ်းဖယ်ပေးပါ။ သင်လည်း သွားလိုရာကိုသာ လွတ်လွတ်လပ်လပ်သွားပါ။”
ထိုကဲ့သို့ပင်ပြောဆိုလေခဲ့ပြီး၊ ဇနီးဖြစ်သူထံမှ လက်ဝတ်လက်စားများကိုပင် ချွတ်ယူတောင်းလိုက်စေခဲ့၏။ ထို့နောက် ငွေဖလားခွက်အတွင်းသို့ ရေတစ်ဝက်ခန့်ထည့်ထားပြီး၊ ရွှေငွေလက်ဝတ်လက်စားများကိုပင် ငွေဖလားခွက်အတွင်းသို့ စိမ်ထားလိုက်လေ၏။ ထို့နောက် မြွေကြီးကိုပင် ရွှေရေ၊ငွေရေလောင်းမည်ဖြစ်သောကြောင့် ကြောက်ကြောက်နှင့်ပင် အိမ်ပေါက်ဝဆီမှ ကန့်လန့်ဖြတ်တားဆီးနေခဲ့သော မြွေကြီးအနားသို့ တိုးကပ်သွားခဲ့ပြီး၊ ရွှေရေ၊ ငွေရေများကိုပင် လောင်းပေးလိုက်စေသည်။ မြွေကြီးမှာ တုန့်တုန့်မှမလှုပ် လောင်းနေခဲ့သည့် ရေများစွာကုန်သွားမှသာလျင် နေအိမ်အပေါ်မှနေ၍ ဆင်းသတ်ပျောက်ကွယ်သွားခဲ့၏။ ထို့နောက်မှသာလျင် မိမိတို့မိသားစုသည်လည်း ၂၀၀၀ခုနှစ် မြောက်ဥက္ကလာပမြို့နယ်၊ (ည)ရပ်ကွက်၊ ဧရာလမ်းအတွင်းရှိ နေအိမ်အသစ်ဆီသို့ စတင်ပြောင်းရွှေ့လာခဲ့ရတော့သည်။
ထိုရပ်ကွက်အတွင်းသို့ ပြောင်းရွှေ့လာခဲ့ကြပြီးနောက် တစ်လခန့်အကြာတွင် သုံးနှစ်သားကလေးမှာ မပီတပီသော စကားများဖြင့် မိဘနှစ်ပါးကိုပင် ထိုကဲ့သို့ပြောဆိုလာခဲ့သည်။
“ဖေဖေ၊ မေမေ… သားတို့အိမ်ထဲမှာ မြွေကြီးတစ်ကောင်ရှိတယ်။ သူကသားကိုပြောတယ်။ သားမမတဲ့”
ထိုကဲ့သို့ပြောဆိုလိုက်သည်ကြောင့် မိဘနှစ်ပါးသည်လည်း မျက်မှောင်များကိုပင် ကြုတ်မိစေခဲ့သည်။ ထို့နောက် ကလေးကိုပင် ထိုကဲ့သို့သော် စကားများဖြင့်သာပြန်လည် နှစ်သိမ့်စေခဲ့ရလေ၏။
“ဟင်… သြော်… သားကလည်း ဘယ်ကမြွေကြီးလဲ၊ သားမမက ကျောင်းသွားနေတယ်လေ။”
“ဟင့်အင်း…. မမဇင်မာကိုပြောတာမဟုတ်ဘူး။ မြွေကြီးက သူကိုယ်သူ သားရဲ့မမလို့ပြောတာ မေမေရဲ့”
“ဟေး… ဟုတ်လား၊ ဘယ်မှာတုန်း အဲ့ဒီမြွေကြီးက”
“လာ… သားပြမယ်။”
မည်သည့်အတွက်ဖြင့် ငန်းတော်ကြားမြွေကြီးမှာ မိမိတို့မိသားစုအပေါ်တွင် အဘယ့်ကြောင့် သံယော်ဇဉ်ကြီးမားနေခဲ့ရသနည်း။ တစ်ခြားသော ရပ်ကွက်အတွင်းဆီသို့ ပြောင်းရွှေ့လာခဲ့သည့် တိုင်အောင်ပင် မြွေကြီးမှာ လိုက်ပါလာခဲ့လေသည်က အံ့သြစရာကောင်းလှသည်။ ကိုသိန်းထွန်းနှင့်မလှရင်တို့သည်လည်း မိမိတို့၏သားလေးပြောဆိုမှု့များကြောင့် ငန်းတော်ကြားမြွေကြီးမှာ မိမိတို့နှင့်လိုက်ပါလာခဲ့သည်အား အံ့သြတကြီးသိရှိလိုက်ရခြင်းဖြစ်ပေသည်။ ထုံးစံအတိုင်းပါပင် ကိုသိန်းထွန်းသည်လည်း ထိုမြွေကြီးရှိနေရာ ခြံထောင်အနားဆီသို့ လပြည့်၊ လကွယ် ညများတွင် နို့တိုက်ကျွေးလျက် မေတ္တာပို့မှု့များစွာ ပြုလုပ်ပေးနေလျက်ရှိလေသည်။ ကိုသိန်းထွန်းတစ်ယောက် သိရှိထားလိုက်ရသည်က လူမမယ်ကလေးလေး၏ ပြောစကားများအရ ငန်းတော်ကြားမြွေကြီးနှင့် မိမိတို့၏သားလေးမှာ အတိတ်ဘဝသော ဘဝများမှ မောင်နှမတော်စပ်ခဲ့ခြင်းဖြစ်လိမ့်မည်။
သို့သော် တစ်ခါတစ်ရံသော အခါများတွင် ငန်းတော်ကြားမြွေကြီးမှာ လမ်းအတွင်း၌ ဖြတ်သန်းသွားလာလေ့ရှိသည်အား လမ်းသူလမ်းသားတစ်ချို့မှ မျက်မြင်ကိုယ်တွေ့့မြင်တွေ့ရလေသည်။ ထို့ကြောင့် ငန်းတော်ကြားမြွေဟု သိရှိလိုက်ရလျင် ထိုသူများမှာ အဆိပ်ပြင်းသောမြွေ၊ မြွေဆိုးဟုပင် သတ်မှတ်လိုက်စေသည်။ ထို့ကြောင့် လမ်းအတွင်း၌ရှိနေကြသော လူငယ်တစ်ချို့မှာ လမ်းမိလမ်းဖဖြစ်သည့် ဘကျားဟုသည့် အဖိုးကြီးနှင့် စကားလက်စုံကျရာမှ မကြာသေးမီက လမ်းအတွင်းသို့ ပြောင်းရွှေ့လာကြသည့် ကိုသိန်းထွန်းတို့၏မိသားစုများ အကြောင်းကိုပင် စကားဆက်မိခဲ့ကြလေတော့သည်။
“ဟုတ်တယ်အဘရ… ကျွန်တော်လည်း မနေ့ညတုန်းက အလုပ်ကပြန်လာတာ။ ဟိုတလောတုန်းကမှပြောင်းလာကြတဲ့ အိမ်သစ်အနားမှာ ငန်းတော်ကြားမြွေကြီးတစ်ကောင်ကို တွေ့ခဲ့တယ်။”
“အမလေး… မင်းတွေ့တာက တစ်ခါတည်း ငါတို့ဆိုရင် နေ့တိုင်းလိုလို တွေ့နေရတာ။ အဘ… ကျုပ်တို့လမ်းအတွက် အန္တရယ်ရှိနေပြီနော်။ ဒီမြွေကြီး ဘယ်ကနေဘယ်လို ရောက်လာတာလဲမသိဘူး”
“ဟုတ်တယ်အဘ… ကျုပ်တို့မှာလည်း ကလေးတွေနဲ့ ကြာလာရင် လမ်းထဲမှာ မြွေဆိုးရှိနေတော့ ကလေးတွေအတွက် စိုးရိမ်ရတယ်ဗျ”
“အေးကွ… မင်းတို့ပြောတာလဲဟုတ်တယ်။ ငန်းတော်ကြားဆိုတဲ့ မြွေမျိုးက မြွေဘုရင်၊ ငန်းတော်ကြားရှိနေရင် တစ်ခြားမြွေဆိုးတွေလည်း အဝင်အထွက် ရှိနေနိုင်ပြီ”
“ဟင်… ဘယ်လိုအဘ… ကျုပ်ကြားဘူးထားတာက ငန်းတော်ကြားရှိရင် မြွေဆိုးတွေမလာဘူးဆို…”
“ဟုတ်တယ်။ ငန်းတော်ကြားမြွေက မြွေဘုရင်လို့ခေါ်တယ်၊ ဘယ်တော့မှ သူကအစာ ရှာစားတာမဟုတ်ဘူး။ တစ်ခြားမြွေတွေက သူ့ကိုအစာ လာရှာကျွေးရတာ။ တစ်နေ့တစ်ခါ အစာရှာလာပြီး၊ သူ့ဆီကိုလာတယ်။ သူကပါးစပ်လေး “ဟ”ထားပေးလိုက်ရုံပဲ၊ သူ့ပါးစပ်ထဲကိုတစ်ခြားမြွေတွေက ရလာတဲ့အစာကို ထည့်ပေးရတယ်။ အဲ့ဒီတော့မှသူကစားတာ။ တစ်ခါတစ်လေ အစာရှာမရဘူးဆိုရင် အစာရှာမရတဲ့ မြွေက သူကိုယ်တိုင် “ဟ”ထားတဲ့ ငန်းတော်ကြားမြွေပါးစပ်ထဲကို ဝင်ပေးပြီး၊ အမြိုခံရတာကွ၊ တကယ့်ကိုဘုန်းကြီးတဲ့ မြွေတစ်မျိုးပဲ၊ ဒါကြောင့် တစ်ခြားမြွေတွေက သူရှိတဲ့နေရာကို ဘယ်တော့မှမလာကြဘူး။ သူနဲ့ဝေးတဲ့နေရာမှာ နေကြလေ့ရှိတယ်။ အဲ့ဒါကြောင့် ငန်းတော်ကြားရှိရင် တစ်ခြားမြွေဆိုးတွေ မရှိနိုင်ဘူးဆိုပြီး၊ တစ်ချို့က လက်ခံထားကြတာပေါ့။ ဒါပေမယ့်လည်း ပြေးလို့မလွတ်ဘူး။ မြွေဆိုးတစ်ကောင်မဟုတ် တစ်ကောင်ကောင်က သူ့အတွက် အစာကိုလာရှာကျွေးနေရတာ၊ အဲ့ဒါကြောင့် ငန်းတော်ကြားမြွေရှိနေရင် တစ်ခြားမြွေဆိုးတွေ အဝင်အထွက်ရှိနေပြီလို့ ပြောတာပဲကွ။ သူတို့က အဝါနဲ့အနက်ကြား သံကွင်းဆက်ပုံစံမျိုးက ပိုများတယ်။ အဲ့ဒီအဆစ်တွေမှာ ညို့့ဓာတ်ဆိုတာရှိတယ်။ တစ်ချို့နားလည်တဲ့သူတွေက ငန်းတော်ကြားမြွေကိုသတ်ပြီး၊ ညို့ဓာတ်ပါတဲ့ သူ့ရဲ့အဆစ်နဲ့ ပီယဆေးဖော်ကြတယ်။ ဘယ်လိုစမ်းလဲဆိုတော့ ငန်းတော်ကြားမြွေရဲ့ အဆစ်တွေကိုယြူုပီး၊ ဝွပ်နေတဲ့ကြက်မကို သွားတို့ကြည့်၊ အဲ့ဒီကြက်မက ချက်ချင်းပဲ ဝတ်နေရာကနေ တင်းထဲက လိုက်လာပြီဆိုရင် အဲ့ဒီအဆစ်မှာညို့ဓာတ်ရှိနေတာ သေချာသွားပြီး၊ အဲ့ဒီအဆစ်နဲ့ပဲ နားလည်တဲ့သူတွေက ပီယဆေးဖော်ကြတယ်။ သူရှိနေတဲ့နေရာကို တစ်ခြားမြွေဆိုးတွေရှောင်နေပေမယ့်လည်း အဲ့ဒီညို့ဓာတ်ကြောင့် ရောက်ကိုရောက်လာရတယ်။ ပြီးရင် သူ့ကိုအစာရှာကျွေးရတယ်။ အဲ့ဒါကြောင့် ငန်းတော်ကြားမြွေရှိနေရင် တစ်ခြားမြွေဆိုးတွေ ရှိနေနိုင်တာသေချာသွားပြီးကွ”
“ဟ… ဒါဆိုဘယ့်နှဲ့လုပ်ကြမတုန်း။ လမ်းသူလမ်းသားကလေးတွေနဲ့ မြွေဆိုးတွေနဲ့မဖြစ်ဘူးအဘ၊ ကျုပ်တို့သတ်ပစ်မှဖြစ်မယ်။”
“အေးပေါ့ကွာ… ကြည့်ကောင်းအောင်တော့လုပ်ပေါ့”
“ကဲ… ထွန်းလှ၊ တင်မောင်၊ မြအေး၊ ငါတို့လေးယောက် ညကျရင် ဒီမြွေကြီးကို သေချာစောင့်ပြီးကြည့်ပြီး၊ အပျက်ရှင်းမှဖြစ်မယ်။”
ဘကြီးကျားပြောဆိုလိုက်သည့် ငန်းတော်ကြားမြွေတို့၏ စရိုက်လက္ခဏာများမှာ တစ်ခြားသော ငန်းတော်ကြားမြွေရိုင်းများသာလျင် ဖြစ်လိမ့်မည်။ သို့သော် ယခု ဘဝဘဝသော ရေစက်များကြောင့် ကိုသိန်းထွန်းတို့၏မိသားစုနှင့် ပတ်သတ်နေခဲ့သည့် ငန်းတော်ကြားမြွေကြီးမှာမူ သူတော်ကောင်းမြွေကြီးသာလျင် ဖြစ်ဟန်တူသည်။ အသားငါးလည်းမစား၊ မသေရုံမျှ နို့လေးသာ သောက်သုံးနေခဲ့သော ငန်းတော်ကြားမြွေကြီးပင်ဖြစ်သည်။ သို့သော် လမ်းအတွင်းရှိလူငယ်များမှာ ထိုမြွေကြီးအကြောင်းမသိ၊ ဘကြီးကျားပြောဆိုလိုက်သော ငန်းတော်ကြားမြွေတို့၏ အလေ့အထများနှင့်အတူ ထိုမြွေသည်လည်း ထိုအတိုင်းပင်ဖြစ်လိမ့်မည်ဟု ရောထွေးလျက် ညတွင်းချင်းပင်လျင် မြွေကြီးအား ရိုက်သတ်ရန်အတွက် ပြင်ဆင်ခဲ့ကြလေတော့သည်။
တိုက်တိုက်ဆိုင်ဆိုင်သာလျင် ထိုနေ့ဟာ တပေါင်းလပြည့်ညပင်ဖြစ်ပြီး၊ မြွေကြီးသည်လည်း သူ၏ထုံးစံအတိုင်း ခိုအောင်းနေရာမှ ခြံအပြင်သို့ ထွက်ခွာလာလျက် မျက်နှာချင်းဆိုင် ခြံအတွင်းသို့ ကူးပြောင်းမည့်ပုံစံဖြင့် လမ်းမအပေါ်သို့ တတ်ရောက်လာခဲ့ချိန်တွင်၊ မြွေကြီးအား အများဆုံးတွေ့ရှိရသည့် နေရာအနီးတွင် အသင့်စောင့်စားနေကြသော လူငယ်များ၏ ဝိုင်းဝန်းရိုက်သတ်ခြင်းကိုပင် ခံလိုက်ရလေတော့သည်။ မိမိ၏အိမ်ရှေ့့တွင် ဆူဆူညံညံအသံများ ကြားနေရသည်ကြောင့် ကိုသိန်းထွန်းသည်လည်း ထွက်ခွာလာခဲ့ပြီး၊ လူအများကြားအတွင်းသို့ ဝင်ရောက်ကြည့်ရှု့လိုက်ချိန်တွင် သွေးများစွာထွက်လျက် ပလက်အနေအထား သေဆုံးနေခဲ့သော ငန်းတော်ကြားမြွေကြီးကိုပင် ဝမ်းနည်းတကြီးမြင်တွေ့လိုက်ရလေတော့သည်။
သို့မှသာလျင် ကိုသိန်းထွန်းသည်လည်း မည်သူကိုပင် ဒေါသထွက်ရမည်နည်းမသိ၊ သေဆုံးသွားခဲ့သော မြွေကြီးကိုပင် ကောက်ယူလျက် မျက်ရည်များစွာကျလာမိခဲ့သည်။ လမ်းသူ၊လမ်းသားများသည်လည်း ကိုသိန်းထွန်းအား နားမလည်နိုင်၊ အဘယ့်ကြောင့် အဆိပ်ပြင်းလှစွာသော မြွေကြီးသေဆုံးသွားခဲ့သည်ကိုပင် ကောက်ယူလျက်ဝမ်းနည်းတကြီး ဖြစ်ရလေသနည်း။ ထို့နောက်မှသာလျင် ကိုသိန်းထွန်းမှာ လမ်းသူ၊လမ်းသားများအား ထိုမြွေကြီး၏အကြောင်းများကိုပင် သေချာရှင်းပြလေခဲ့ရလေ၏။ သို့သော်လည်း အချိန်နှောင်းသွားခဲ့ပြီဖြစ်သည်။ မြွေကြီး၏အကြောင်းများအား သိရှိလိုက်ရသည့် လမ်းသူ၊လမ်းသားများသည်လည်း ထိုမြွေကြီးကိုပင် အံ့သြတကြီးဖြစ်ခဲ့ရလေသည်။ ကိုသိန်းထွန်းသည်လည်း မြွေကြီးကိုပင် မိမိ၏ခြံထောင့်ဆီ၌ သေချာစွာမြှုပ်နှင်္သင်္ဂျိုပေးထားခဲ့ပြီး၊ တစ်ပတ်ခန့်အကြာတွင်…
ထူးဆန်းမှု့သည်လား၊ တိုက်ဆိုင်မှု့သည်လား၊ အမှန်တကယ်ပင်လျင် ငန်းတော်ကြားမြွေကြီးမှာ ကျိန်စာတိုက်သွားခဲ့ခြင်းပင်လားမသိ၊ လမ်းလူငယ်များဖြစ်ကြသော ကိုထွန်းလှ၊ ကိုတင်မောင်၊ ကိုမြအေးတို့၏ နေအိမ်သုံးအိမ်မှာ ခြေရင်း၊ခေါင်းရင်းများသာဖြစ်ပြီး၊ ဘချစ်၏နေအိမ်မှာမူ ထိုသုံးအိမ်နှင့် နှစ်အိမ်ကြားဖြစ်သည်။ သို့သော် ကိုဘချစ်၏နေအိမ်မှနေ၍ မီးစတင်လောင်ခါ၊ နှစ်အိမ်ကျော်ဖြစ်သော် ကျန်ခေါင်းရင်းခြေရင်းဖြစ်သည့် ကိုထွန်းလှ၊ ကိုတင်မောင်၊ ကိုမြအေးတို့၏ နေအိမ်များဆီသို့ မီးကူးလောင်းကာ တိုင်ငုတ်တိုများသာလျင် ကျန်ရှိနေခဲ့ရတော့သည်။ ဆင်းရဲသည့်ကြားမှ မီးလောင်ကျွမ်းခဲ့ရသည်ကြောင့် မိသားစုလေးစုသည်လည်း နေထိုင်စရာမဲ့လျက် ဘုန်းကြီးကျောင်းဆီသို့ပင် ခိုကပ်နေထိုင်ခဲ့ရလေတော့သည်။ မီးစတင်လောင်ရာ နေအိမ်ဖြစ်သော ကိုဘချစ်သည်လည်း မီးလောင်မှု့ဖြင့် အချုပ်အတွင်းသို့ ရောက်ရှိခဲ့ရ၏။
ထူးခြားသည်က မီးကူးလောင်းခဲ့ခြင်းမှာ လွန်စွာထူးခြားမှုတစ်ရပ် ဖြစ်ခဲ့ပါသည်။ မည်သည့်နေအိမ်များဆီသို့မှ မီးဆွဲလောင်ခြင်းမရှိပဲ၊ ငန်းတော်ကြားမြွေကြီးအား ရက်စက်စွာရိုက်သတ်ခဲ့ကြသည့် ကိုဘချစ်နှင့်အပေါင်းအဖော်များ၏ နေအိမ်သာလျင် မီးလောင်ကျွမ်းခဲ့ရခြင်းဖြစ်သည်။ ထိုဖြစ်ရပ်ကြီးနှင့်ပတ်သတ်ပြီး တစ်လမ်းလုံးမှ သတ်မှတ်လိုက်ကြသည်က ကိုဘချစ်နှင့်အဖွဲ့မှာ သူတော်ကောင်း ငန်းတော်ကြားမြွေကြီးအား ရက်စက်စွာသတ်ဖြတ်ခဲ့ခြင်းကြောင့်၊ ထိုသူတို့၏ဘဝများသည်လည်း ထိုကဲ့သို့သော အဖြစ်ဆိုးများနှင့်ပင် ကြုံတွေ့ရလေတော့သည်ဟု ယနေ့တိုင်အထိ စံနမူထားခါ ပြောဆိုနေလေ့ရှိ်ကြပေတော့သည်။ ။

ပြီး။

(အတိတ်ဘဝမှ ငန်းတော်ကြားမြွေကြီးနှင့် ဆွေမျိုးတော်စပ်ခဲ့သော သုံးနှစ်သားကလေးမှာ ယခုဆိုလျင် ဖခင်ကြီး ဦးသိန်းထွန်းနှင့် မိခင်ကြီး မလှရင်တို့နှင့်အတူ အသက်(၂၃)နှစ်ကျော်မျှရှိနေလျက်၊ မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်လျက်ရှိနေပါသေးကြောင်း သိရှိရပါသည်။)

စာရေးသူ-ထီးကလေး

(ရင်နှင့်ရင်း၍ရေးသားသည်။)

#crd