စနေစူးဝါးအတိုက်

*ဆရာမြဖေနှင့် စနေတံစူးဝါးအတိုက်*📖📖📖

******************************************

     ဧရာဝတီတိုင်း အတွင်းရှိ ကညင်ပင်ရွာကလေးမှ ဆရာမြဖေသည် အသက်(၃၀)ကျော်ခန့်
ရှိ ၍ အထက်လမ်းဆရာတစ်ယောက်ဖြစ်ပြီး ပယောဂကုသရာ၌ အလွန်တော်သည်ဟု နံမည်ကြီးလေသည်။ဆရာမြဖေအား ပညာအမွေပေးခဲ့သော ဆရာကြီးဦးစိန်မြင့်သည်လည်း စွယ်စုံရဆရာကြီးတစ်ယောက်ဖြစ်လေသည်။

    တစ်နေ့နံနက်ပိုင်းတွင် ဆရာမြဖေ စာဖတ်
နေခိုက် အိမ်ရှေ့မှ
“ဆရာမြဖေ ရှိပါလားခင်ဗျ ”
ဟု ခေါ်သံကြားသဖြင့် အိမ်ရှေ့သို့ ထွက်ကြည့်
လိုက်ရာ အသက်လေးဆယ်ကျော်ခန့်လူကြီး
တစ်ယောက်နှင့် လူငယ်တစ်ယောက်ကို တွေ့
လိုက်ရသဖြင့်
“ဟုတ်ကဲ့  ကျွန်တော်မြဖေပါ  ဘာကိစ္စရှိလို့ပါလဲဗျ  အိမ်ပေါ်တက်ပါဦး”
ခေါ်လိုက်ရာ အိမ်ပေါ်သို့ တက်လာကြလေသည်။

အသက်လေးဆယ်ကျော်ခန့်လူကြီးမှ
“ကျွန်တော့နံမည်အောင်စိန်ပါ  ဒီရွာနဲ့မော်တော် နှစ်နာရီသာသာလောက်မောင်းရတဲ့ မြိုင်သာရွာကပါ ခုဒီကို လာတာ ဆရာမြဖေကို လာပင့်တာပါခင်ဗျ”
ဟုပြောလိုက်သဖြင့် ဆရာမြဖေမှ
“သြော် မြိုင်သာရွာကကိုး  ကျွန်တော့ကိုလာပင့်တာ ဘာများဖြစ်နေကြလို့လဲဗျ”
“ဖြစ်တာက ကျွန်တော့ တူမလေးပါ  သူကရွာမှာ ကုန်စုံဆိုင်လေး ဖွင့်ထားပြီး ဈေးရောင်းပါတယ် အဲ့လိုရောင်းရင်းကနေ ရွာစွန်က အောက်လမ်းဆရာ အဓိပတိကြီးဆီ အကြွေးတောင်ရင်း စကားများ ကြပါတယ်  အဲ့လိုစကားများ
ပြီးနောက်နေ့က စပြီးအောင့်တယ် အောင့်တယ် အော်ဟစ်နေလိုက် အိမ်သားတွေကို ရန်လုပ်လိုက်နဲ့ ရယ်လိုက် ငိုလိုက်နဲ့ဖြစ်နေတာ ထမင်းလဲ မစားဘူး လာကုတဲ့ ဆရာနှစ်ယောက်လဲ မနိုင်လို့ ပြန်ပြေးသွားကြပြီ ဆရာလိုက်ကြည့်ပြီး ကုသပေးပါဦး အားကိုးပါတယ်ဗျာ”
ဟု ပြောပြလေသည်။
” ပြုစားတယ်လို့ ဘာကြောင့် အတတ်ပြောနိုင်ရတာလဲ ”
လို့ ဆရာမြဖေက မေးလိုက်ရာ
“ပြောနိုင်တာပေါ့ ဆရာရယ် ကျွန်တော်တို့ရွာမှာ ကိုးကျင်းအောင်ဖိုးထောင်ဆိုရင် တစ်ရွာလုံးကကြောက်ကြရတယ် သူ့ခြံထဲက ကြွေကျနေတဲ့
သရက်သီးလေး ကောက်မိတာတောင် မနေနိုင် မထိုင်နိုင် ယားယံနေလို့ သူ့ကိုသွားတောင်း
ပန်မှ ကောင်းသွားတာဗျ  ခုလဲ သူနဲ့ရန်ဖြစ်ပြီး
နောက်နေ့ ကျ ဖြစ်တော့တာပဲဗျာ”
“ဟုတ်ကဲ့ကျွန်တော်လိုက်ကြည့်ပြီး ကုသပေးပါမယ်”
“ကျေးဇူးတင်လိုက်တာ ဆရာရယ် ဒါဆို ဒီနေ့ပဲ
လိုက်ခဲ့ပါဗျာ ကျွန်တော်တို့မှာ မော်တော်ပါပါတယ်”
“ဟုတ်ကဲ့ လိုအပ်တာလေးတွေယူပြီး ခုပဲ
လိုက်ခဲ့ပါမယ် ခဏစောင့်ဗျာ”
ဟုပြောပြီး ဘုရားရှိခိုး၍ ဆေးကုသရာတွင်
အသုံးပြု သည့် ပစ္စည်းများထည့်ထားသည့်
ဆေးလွယ်အိပ်ကို လွယ်ကာလိုက်လာခဲ့ပြီး
မော်တော်ဆိပ်သို့ရောက်သောအခါ စက်
တပ်မော်တော်ငယ်တစ်စီးဖြင့် မြိုင်သာရွာဆီ
သို့ ထွက်ခွါလာခဲ့ကြလေတော့သည်။ဆရာမြဖေနှင့် ဦးအောင်စိန်တို့က ဦးပိုင်းတွင် ထိုင်လိုက်ကြပြီး လူငယ်လေးမှ မောင်းနှင်လေသည်။
မော်တော်စီးလာကြရင်းမှ ဦးအောင်စိန်က
“ဆရာရေ စကားများတယ်လို့တော့ မထင်ပါနဲ့
ဗဟုသုတရအောင် စုန်း ကဝေအကြောင်းတွေ
ပြောပြပါလားဗျ  ကျွန်တော်ဝါသနာပါလို့ပါ”
ဟု မေးလေရာ ဆရာမြဖေက
“ဟုတ်ကဲ့ ဦးအောင်စိန် အောက်လမ်း ကဝေ
စုန်းတွေပြုစားရာမှာ ချစ်လို့ပြုစားခြင်း  မုန်းလို့
ပြုစားခြင်း မနာလိုလို့ပြုစားခြင်း လက်တဲ့စမ်းလို၍ ပြုစားခြင်းဆိုပြီး အမျိ ုးမျိ ုးရှိကြတယ်
စုန်း ဆိုတာက လည်း ၉၉ မျိူ းရှိပြီး အချူ ပ် ၁၄မျိူ းရှိပြန်တယ်  စုန်းပညာရှင်များ ဖြစ်လာစေရန် ပထမဦးစွာ ဗူး ဟူသော ဂန္ဓဗ္ဗဗိမာန် တည်စေရန် ပြုလုပ်ရပါတယ် ထိုမှ တစ်ဆင့် ပိုမိုအဆင့်မြင့်လာစေရန် ဗူးတည်ပေးသော ဆရာက လက်တွဲသင်ကြားပေးရတယ် စုန်းပညာရှင်ဖြစ်ရန်ကား တထိုင်ထဲတော့မဖြစ်ပါ ဆရာဖြစ်သူ ထည့်ပေးလိုက်သော ဗူးသည် တည့်လျှင် ကောင်းပြီး စုန်းဖြစ်ရန်အလားအလာများတယ် ဗူးမတည့်လျှင် စောင်းလျှင် ဗူးသွင်းခံရသူ သည် မခံမရပ်နိုင်အောင် ဝမ်းဗိုက် အောင့်ခြင်းဖြစ်တတ်တယ်  ထိုအခါ အထက်လမ်းဆရာများထံသွား၍ ရေမန်းတောင်းသောက်လိုက်လျှင် ဗူးတည့်ခါ စုန်းဖြစ်နိုင်တယ် မပါးနပ်သောအထက်လမ်းဆရာက ဗူးစောင်းသူကို ရေမန်းတိုက်မိလျှင် စုန်းဖြစ်နိုင်ပါတယ်
ဗူးသွင်းသည် ဆိုသည်မှာလည်း အသွင်းခံရသူက သိစရာမလိုပါ ပညာပေးမည့် ဆရာက ကျွေးသော အသီးအနှံ အစားအစာ ကိုစားမိလျှင် ဗူးတည်ပေတော့တယ် ဗူးဟူသော ဂန္ဓဗ္ဗနတ်ဗိမာန် ဆောက်ပြီးလျှင် ဂန္ဓဗ္ဗနတ် လာနေအောင် အမျိူ းမျိူး သော နည်းဖြင့်ပင့်ဖိတ်ရတယ် ပင့်ဖိတ်ခြင်းသည်ပင်လျှင် ပညာတက်စဉ်တမျိူ းပေ
ပဲဗ်
ဂန္ဓဗ္ဗနတ်လာနေလျှင် နတ်၏အာနုဘော်ကြောင့်လည်းကောင်း ပညာ၏အာနုဘော်ကြောင့်လည်းကောင်း ပြုစားနိုင် ဖမ်းစားနိုင်ပေတေ့ာတယ် ထို့အပြင် ဗူးတည်ပေးစရာမလိုပဲ မွေးရာပါ ဗူးပါလာသူများ အစွမ်းထက်လာသော စုန်းပညာရှင်များလည်း ရှိသေးတယ် အချိ ု့့ပညာရှင်များက မိမိကိုယ်ကို စုန်းပညာတတ်မှန်းမသိဖြစ်ကြတယ်
မွေးကတည်းက ပညာပါလာသူ ဗူးပါလာသူကို ဝမ်းတွင်းစုန်းဟု အသိများကြပါတယ်
ထိုစုန်းပညာရှင်များသည် မိမိပညာအဆင့်အနိမ့်အပေါ်မူတည်၍ ဗူးအိမ်တွင်နေသော နတ်၏ တန်ခိုးအနိမ့်အမြင့် အပေါ်မူတည်၍ မြင်ကြားသိထင်ခြင်းများဖြစ်ကြတယ် ပထမ အဆင့်တွင် စုန်း   စုန်းပြီးလျှင် ကဝေ ဖြစ်လာပြီး ကဝေအဆင့်ပြီးလျှင် အရှင်မ ဖြစ်လာတယ် အရှင်မ ဆိုသည်မှာ မြောက်ဘက်ရှင်မ ကဲ့သို့အဆင့်ဖြစ်ပါတယ် အရှင်မအဆင့်ပြီးလျှင် ကတော် အဆင့်ဖြစ်တယ် ဥပမာ ရေယဉ်ကတော် ယောကတော် ဆောကတော် များကဲ့သို့ဖြစ်ပါတယ် ကတော်အဆင့် ရောက်လျှင် အောက်သိဒ္ဓိ ဆယ်ပါးပြီးပေသည် စုန်းပညာရှင်တယောက်သည် ပညာအနိမ့်အမြင့်အပေါ်မူတည်၍ လူတယောက်ကို ကြည့်လျှင် ဒီလူဆရာလား သာမန်လား ဆရာဆိုလျှင် ဘယ်အဆင့်ရှိသည် ဘယ်ဟာကွက် ရှိသည် ဒီဆရာ့ပညာကဘယ်လိုပညာလဲ ဒီပညာရဲ့ ပညာစောင့်တွေက ဘယ်သူလဲ စသဖြင့် သိမြင်နိုင်ပါတယ် စုန်းပညာရှင်အတော်များများသည် ၎င်းတို့ထက်သာလွန်သော ဆရာကို တွေ့လျှင် အလိုလို ကြောက်ရွံ့ လာပြီး  ပညာအဆင့်တူဟု ယူဆလျှင် ပညာစမ်းချင်ကြပါတယ်ဗျ”
ဟုတ်ကဲ့
“ဟုတ်ကဲ့ ဆရာ ဗဟုသုတ အတော်စုံပါပေတယ် ကုသပုံလေးတွေလဲ ရှင်းပြပေးပါလားဗျ”
ဟုမေးလိုက်ရာ ဆရာမြဖေမှ လွယ်အိတ်ထဲမှ
အင်းချပ်တစ်ချပ်ကို ထုတ်ယူပြလိုက်သည်။

“ဒီအင်းက တန်ပြန်သက်ပျောက်အင်းလို့ခေါ်ပါတယ် စုန်း ကဝေ အောက်လမ်း ခုလပ်ဆရာ
များကိုတန်ပြန်စေလိုသော် ဤအင်းကို ဂုံစက္ကူမှာချ မုဆိုးမအိမ်မှာ စီရင်ပြီး တန်စက်
လက်ပြန်ရေနှင့်တိုက်ပါက  ပြု သူသေပါတယ် အလွန်အာခံမှလုပ်သင့်ပါတယ် နောက်ပြီး အပင်းမိတဲ့သူတွေကို အပင်းချတဲ့ ဂါထာတွေလဲရှိတယ်
အပင်းကျရေမာန်းနည်း
ဉုံ ဗုဒ္ဓံ ဗုဒ္ဓံ ဣတိပိသော ဉုံ ဓမ္မံ ဓမ္မံ ဣတိပိသော ဉုံ သံဃံ သံဃံ ဣတိပိသော ကောက္ကသံ ကောဏဂုံ ကသဖ ဂေါတမ အရိမေတ္တေယျ ဓမ္မ စက္က ပဝတ္တံ မံ စက္ကန္တု ဉုံ ဖွ ကျဆရာ
ကျ ကြေဆရာကြေ
ဒီဂါထာနဲ့ စုန်ရေ ဆန်ရေခပ် သပြေညွန့်၇ညွန့်စိုက် သက်ငယ်ချောင်း ၇ချောင်းစိုက် (၃၇)အုပ်မန်း တစ်ခါမန်း တစ်ခါမွှေပြီးတိုက် သွေးပင်း လေပင်း သည်းချေပင်း အသားပင်း အစာပင်း အငွေ့ပင်းဟုဆိုအပ်သောအပင်းပေါင်း
၁၁၁မျိုး အပိုင်းပိုင်းပြတ်ကျ တယ်  ဆီကိုမန်းလိုက မဆစ်ဆီကိုသုံးပါ ပယောဂမျက်စိနာအား ရေကိုမန်းပြီး ခပ်ရင် ပျောက်ပါတယ်ဗျ”
“ဆရာနဲ့ စကားပြောရတာ အရမ်းဗဟုသုတ
ရတယ်ဗျာ  ဒါနဲ့ နောက် (၁၅)မိနစ်လောက်
မောင်းရင် ကျွန်တော်တို့ ရွာကိုရောက်ပီ ဆရာ”                                                    “ဟုတ်လား ဒါဆို ဒီနေ့ကုလို့ အချိန်မှီသေးတယ် ခုမှ နေ့လယ်ပိုင်းပဲရှိသေးတယ်”
ခဏမျှ ကြာလျှင် မြိုင်သာရွာကမ်းနားသို့ ရောက်ရှိလေသည်။မြိုင်သာရွာမှာ အိမ်ခြေတစ်ရာခန့်ရှိသည့်ရွာတစ်ရွာဖြစ်လေသည်။
“ကဲ ဆရာရေ ကျွန်တော်တို့ရွာကို ရောက်ပြီဗျ
မော်တော်ပေါ်က ဆင်းပီး လူနာအိမ်ကို သွား
ကြမယ်”
ဟု ဦးအောင်စိန်မှ ပြောသဖြင့် ဆရာမြဖေလဲ
လွယ်အိတ်လေးကို လွယ်လိုက်ပြီး မော်တော်
ပေါ်မှ ဆင်းလိုက်လေသည်။ဆရာမြဖေ မြေ
ပေါ်သို့ ခြေချ လိုက်သည်နှင့်တစ်ပြိုင်နက် မြေ
ကြီးမှာ ငလျင်လှုပ်သလို တုန်ခါလာသဖြင့်
ဦးအောင်စိန်မှ
“ဆရာရေ ငလျင်လှုပ်နေတယ်ဗျ  ကျွန်တော့
ခေါင်းတွေတောင် မူးနောက်နေပြီ”
ဟု ပြောသဖြင့် ဆရာမြဖေက ပြုံးလိုက်ပြီး
“ငလျင်လှုပ်တာ မဟုတ်ပါဘူး ဦးအောင်စိန်ရေ
ကျွန်တော့ကို ကြို ဆိုနေတာပါ”
“ဗျာ ဆရာ့ကို ကြို ဆိုနေတာ ဟုတ်လားဆရာ
ကျွန်တော် နားမလယ်ဘူးဗျာ”
“ဦးအောင်စိန်တို့ရွာက အောက်လမ်းဆရာက   ကျွန်တော် လာမှန်းသိလို့ ပညာစမ်းနေတာပါ”
ဟုပြောလိုက်၍ ဘယ်ဘက်လက်ညှိုးဖြင့် လေထဲသို့ ထိုးလိုက်ပြီး
“ဟဲ့ မကောင်းတဲ့ အတိုက်အခိုက်မှန်သမျှ
ခုချက်ချင်းပျက်စမ်း ဘုရားငါးဆူအမိန့် ငါဆရာရဲ့အမိန့်”
ဟု အမိန့်ပေးလိုက်ရာ လှုပ်ခါနေသောမြေပြင်
မှာ ပကတိ ငြိမ်သက်သွားလေသည်။
ဦးအောင်စိန်နှင့်ပါလာသူ လူငယ်လေးက     ကြောက်လန့်တစ်ကြားဖြင့်
“ဟင် ဆရာလာနေတာကို သူကသိနေတယ်
ဟုတ်လားဆရာ ”
“ဟုတ်တယ်ဗျ  ပညာမြင့်ရင်သိကြတယ် သူ့
အောက်က ရွာသူ စုန်း သရဲတစ္ဆေတွေက
သတင်းပေးကြတယ်လေ ”
ဆရာမြဖေတို့ လူနာအိမ်သို့ရောက်သော
အခါ အသက်(၃၀)ခန့်ရှိသော အမျိ ုးသမီးတစ်ယောက်မှာ သူမ၏ ဗိုက်ကိုဖိကာ ‘အောင့်တယ် အောင့်တယ်’ဟု အော်ဟစ်နေပြီး ဆွေမျိုးများက ပြုစုနေသည်ကို တွေ့ရလေသည်။လူနာ၏အမျိ ုးသားဖြစ်ဟန်တူသော လူတစ်ယောက်က
“ကြွပါဆရာ”
ဟု ခေါ်ပြီး အိမ်ဦးခန်းတွင် ဖျာခင်းပေးလေသည်။ဆရာမြဖေလဲ ဖျာပေါ်တွင်ထိုင်လိုက်ပြီး
ဘုရားရှိခိုး လိုက်သည်။ပြီးသောအခါ
“ကဲ လူနာရှင် လူနာရဲ့ အသက်နဲ့ခန္ဓာကို
ဆရာ့ဆီအပ်ပါ”
ဟု ပြောလိုက်ရာ ဖျာခင်းပေးသော အမျိ ုးသားမှ
“ကျွန်တော်က လူနာရှင်ပါဆရာ လူနာရဲ့ ယောက်ျားပါ လူနာက တနင်္ဂနွေသမီး မအေးပွင့်ပါ
လူနာကို ဆရာ့ဆီ အပ်ပါတယ်”
ဟု အပ်နှံလေသည်။ထိုအခါ ဆရာမြဖေက
“ကိုင်း တနင်္ဂနွေသမီးကို နှောင့်ယှက်နေတဲ့
မိစ္ဆာ ခုချက်ချင်း ဝင်ခဲ့စမ်းဟေ့”
အမိန့်ပေးလိုက်သော်လဲ မည်သို့မျှ မထူးခြား
ချေ ။
“ငါခေါ်နေတာကို အာခံနေတယ်ပေါ့ ခုချက်ချင်း
ဆိုင်ရာက ဆွဲသွင်းလိုက်စမ်း ငါဆရာအမိန့်”
ထိုအခါ အောင့်တယ် အောင့်တယ် ဟုအော်ဟစ် လူးလှိမ့်နေသော မအေးပွင့်မှာ ‘ဝုန်း’
ခနဲ ထထိုင်လိုက်လေရာ ပြု စုနေကြသူ
များ လန့်ဖျန့်သွားကြလေသည်။
မအေးပွင့်မှာ ဆရာမြဖေအား မျက်ထောင့်နီ
ဖြင့်ကြည့်ပြီး
“မင်းက ဘာကောင်လဲကွ မလောက်လေး
မလောက်စားနဲ့ ငါ့ကို လာစမ်းနေတာ မသေချင်ရင် ခုထွက်သွားစမ်း”
ဟု ယောက်ျားသံကြီးဖြင့် ကြိမ်းမောင်းလေသည်။
“ငါ ဘာကောင်လဲဆိုတာ မကြာခင် မင်းသိရ
မှာပေါ့ မင်းက ဒီတနင်္ဂနွေသမီးကို ဘာကြောင့်
ဒုက္ခပေးရတာလဲ”
“ဒီကောင်မက မိုက်ရိုင်းတယ် ငါ့ကို မလေးမစားနဲ့ ကြွေးလာတောင်းပြီး စော်ကားလို့
အသေလုပ်ထားတာ ”
“ဘာကွ မင်းက သူများဆီက အကြွေးယူပြီး
မပေးပဲ တောင်းတော့ ဒုက္ခပေးတယ် မင်းလုပ်
ထားတာတွေ ခုချက်ချင်း ပြန်သိမ်းစမ်း”
“ဟား ဟား ဟား မင်းကငါ့ကို အမိန့်လာပေး
နေတယ် မင်းစွမ်းမယ်ထင်ရင် စမ်းကြည့်လိုက်
လေ”
“ကောင်းပြီလေ မေတ္တာနဲ့ ပြောမရတော့လဲ
ရသလို လုပ်ရမှာပေါ့ ဟေ့ ကြိုးပိုင် ကြိုးနဲ့တုတ်
လိုက်စမ်း”
ဟု ဆရာမြဖေက အမိန့်ပေးလိုက်သော်လဲ
မအေးပွင့်မှာ အပြုံးမပျက်ပဲ
“ကြိုးပိုင်အဆင့်လောက်နဲ့ ငါ့အနားတောင်
ကပ်မရဘူး ငါ့နံမည် ကိုးကျင်းအောင်ဖိုးထောင်
တဲ့ကြ”
“သြ မင်းက ဒီလိုလား ကဲ ကြိုးပိုင်က ခုဝင်ပူး
နေတဲ့ မိစ္ဆာထက် ဘုန်းတန်ခိုး ဆယ်ဆကြီး
စေ ဒီမိစ္ဆာကို လက်ပြန်ကြိုး တုတ်လိုက်စမ်း”
ဆရာမြဖေက အမိန့်ပေးလိုက်သောအခါ
ကိုးကျင်းအောင်ဖိုးထောင် ဝင်ပူးကပ်နေသည့်
မအေးပွင့်၏ လက်များမှာ နောက်သို့ရောက်
သွားပြီး လက်ပြန်ကြိုး တုတ်ထားသလို ဖြစ်
သွားလေသည်။
“ဓားပိုင်က ဓားနဲ့ ခုတ်စမ်း မသေစေနဲ့”
မအေးပွင့်မှာ မျက်နှာတစ်ချက်ပျက်သွားသော်
လဲ ချက်ချင်းပင် အံကြိတ်ခါ တင်းခံလေသည်။
“ကဲ အရှုံးပေးပြီလား မအေးပွင့်ကို မင်းလုပ်
ထားတာတွေ ပြန်သိမ်းတော့မလား”
“ဒီလောက်နဲ့တော့ အရှုံးပေးစရာလား လုံးဝ
မထုတ်ပေးနိုင်ဘူးကွ”
“အေး မင်းဘယ်လောက်ခေါင်းမာနိုင်မလဲ
ကြည့်ကြတာပေါ့ ဆင်ပိုင်က ဆင်နဲ့နင်းထား
ပန်းပဲဦးတင့်တယ်က ဒီမိစ္ဆာရဲ့ နှလုံးသားကို
တူနဲ့ထုစမ်း မသေစေနဲ့”
ထိုအခါမှာတော့ မအေးပွင့်မှာ မှောက်ကျ သွား
ပြီး ကြမ်းနှင့် ကပ်ခါ တစ်အားအားဖြင့် အော်ဟစ်နေရင်းမှ
“ကျွန်တော် အရှုံးပေးပါပြီ မအေးပွင့်ကို တိုက်
ထားတာတွေ ပြန်နှုတ်ပေးပါတော့မယ် တူနဲ့
မထုခိုင်းပါနဲ့တော့ ”
“အေး ဒါဆိုလဲ ခုနှုတ်ပေးပေတော့ လိမ်ညာနေရင် ဦးတင့်တယ်က တူနဲ့ဆက်ထုစေ”
“မလိမ်ညာရဲတော့ပါဘူးဗျာ ဆရာ့ရဲပညာက
အလွန်ထက်ပါပေတယ် ကျွန်တော်တိုက်ထား
တာက စနေတံစူးဝါးနဲ့တိုက်ထားတာပါ တော်
ရုံ ပညာနဲ့ဖျက်လို့မရပါဘူး ”
“တံစူးဝါးကိုတော့ သိပါတယ် စနေတံစူးဝါးက ဘယ်လိုဟာလဲ”
“တံဆူးဝါး ဆိုတာ လူသေတွေ မီးသဂြိုလ်တဲ့ အခါ ထိုးတဲ့ ဝါးဆစ်ပိတ် ဝါးမျိုးကို ခေါ်တာ မသာ အလောင်းကြီးကို ဟိုဘက်ကထိုး၊ ဒီဘက်ကထိုး လုပ်ကြတယ် မသာကြီးက အကြောများဆွဲလို့ ကုန်း ထလာရင် ထိုဝါးဆူးနဲ့ ရိုက်ကြပါတယ် ဒါ ရိုးရိုးတံဆူးဝါးပေါ့
ရိုးရိုး တံဆူးဝါးကလည်း အာနိသင်ရှိပါတယ် အဲဒီ ဝါးနဲ့ အကင်တုတ်လုပ်ပြီး အသားတွေ၊ ငါးတွေ ကင်ပြီး ကျွေးရင် စားတဲ့ လူကတော့ မလွယ်ဘူးဗျာ ကလေးတွေကို ထိုတုတ်နဲ့ ရိုက်ရင် ရောဂါတခု ခုဖြစ်တတ်တယ်၊ ခြေလက်ကျိုး၊ ဆေးရုံ တက်ရတတ်တယ် အခန့်မသင့်ရင် သေနိုင်ပါတယ်  ခြံထောင့်တွေမှာ သွားကြားထိုးတံဆိုက်လောက် ကလေး မြေကြီးထဲ ထိုးထားတော့ ဘယ်သိပါ့မလဲ အိမ် ခြံဝိုင်းထဲ မသာ စီးတဲ့ ဖိနပ် မှောက်ထားရင်တောင် အဲ့ဒီအိမ် လာဘ်ပိတ်ပြီး အရောင်းကျတယ်
နောက်
အစီအမံ နဲ့ တံဆူးဝါကြတော့ အချိန်ယူ လုပ်ကြရတယ် လူသေမဲ့ အချိန် စောင့်ရတယ် တံဆူးဝါးကို အစီအမံ အင်း ခံ ဆွဲထားတတ်ကြတယ် မကောင်းတဲ့ သွေးသားများနဲ့လည်း လောင်းထားကြသေးတယ်
သေတဲ့ လူက စနေသား၊ သမီး
စနေ့နေ့ သေရမယ်
စနေသား ဘုန်းကြီးဆိုရင် အကောင်းဆုံးဘဲ
စနေသား ဘုန်းကြီးသေတဲ့ အချိန်ဆိုရင် အစီအမံလုပ်ကြတယ် မီးသဂြိုလ်တဲ့ နေရာမှာ လူမသိအောင် ဆေးတွေပက်ကြတယ် မသာကို ထိုတံဆူးဝါးနဲ့ နှံစပ်အောင်ထိုးတယ်မကောင်းတဲ့ နေရာပိုထိုးတယ် ပြီးရင်တော့ အစီအရင် လုပ်ပြီးရင် ရပြီ  တချို့အဆင့်မြင့်ဆရာကြီးတွေက မသာ ဘုန်းကြီးကို ထိုးတံဆူးဝါးမှာ ချုပ်တုပ်ပြီး အစောင့်ထည့်တယ်
ထိုတံဆူးဝါးနဲ့ လူကိုယ်တိုင် လာထိုးကြတယ်။
ဘယ်နား နေနေ၊ လာထိုးနိုင်တယ်
ခေါင်းတွေ ကိုက်တယ်  နားထင် ဘေးနှစ်ဘက်ထိုးတယ် ခေါင်းထိပ်တည့်တည့်က ထိုးရင်မျက်ရိုးတွေကိုက်တယ် ခေါင်း မထောင်နိုင်အောင် အိပ်ရာထဲ အိပ်နေရတယ် ဗိုက်ကိုထိုး
ရင် မခံမရပ်နိုင်အောင် အောင့်တယ် ဆေးသောက်မရ ဆေးထိုးမရဘူး တော်ရုံ အထက်လမ်း ဆရာတွေ မနိုင်ကြဘူး”
ဟု ကိုးကျင်းအောင်ဖိုးထောင် ပူးကပ်နေသည့်
မအေးပွင့်မှ ရှင်းပြလေသည်။ဆရာမြဖေမှ
“ငရဲ သွားမည့်မကောင်းတဲ့ ပညာတွေပဲ အင်
မတန်အပြစ်ကြီးတယ် ဒီအိမ်ခြံကိုလဲတိုက်ထားသေးတယ်မလား'”
“ခြံထောင့်လေးထောင့်မှာ စနေတံစူးဝါးတွေ စိုက်ထားပါသေးတယ်”
“ကဲ အဲ့ဒါတွေကို ဆရာရှင်းလိုက်ပါမယ် ခု
မအေးပွင့်ကို တိုက်ထားတာတွေ ပြန်နှုတ်ပေး
တော့ သင့်ရဲ့ မကောင်းတဲ့အတိုက်တွေ ကုန်အောင် နှုတ်ပါ ချန်ထားခဲ့ရင် သင့်တစ်ကိုယ်
လုံး လောင်မီးကျ သလို ပူလောင်စေ”
ဆရာမြဖေက ပြောလိုက်ရာ မအေးပွင့်မှာ
ဝမ်းဗိုက်နေရာကို သပ်ချလိုက် လေထဲသို့ ပစ်လိုက် လုပ်နေလေသည်။အတန်ကြာသော
အခါ
“ကုန်ပါပြီ ဆရာ ချန်မထားရဲပါဘူး ကျွန်တော့ကို သွားခွင့်ပြုပါတော့”
“ဒီတိုင်းသွားလို့ မရသေးဘူးလေ နောက်နောင်
ကိုလဲ (၇)ရက်သားသမီးတွေကို မကောင်းတဲ့
ပညာနဲ့ ဒုက္ခမပေးပါဘူးဆိုတဲ့ ကတိပေးပြီး
သစ္စာရေသောက်ရမယ် ပြီးတော့ ဒီယုတ်ညံ့တဲ့
ပညာတွေကို ဆရာ့ကို လှူ နိုင်မလား”
“သစ္စာရေတော့ သောက်ပါ့မယ် ပညာတော့ မလှူ ပါရစေနဲ့”
ဟု တောင်းပန်လေသည်။
“လူနာရှင် ကျွန်တော့ကို သောက်ရေတစ်ခွက် ခပ်ပေးပါဗျာ ”
ဟုပြောလိုက်ရာ ခပ်ပေးလေသည်။
“နောက်နောင် (၇)ရက်သားသမီးတွေကို ယုတ်ညံတဲ့ပညာတွေနဲ့ ဒုက္ခပေးပါက တစ်သက်
လုံး ဒုက္ခ သုက္ခတွေနဲ့ ကြုံတွေ့ရပြီး သေပြီးနောက်မှာလဲ မဟာအဝီစိငရဲမှာ မကျွတ်တမ်း
ခံရစေ ရော့ သောက်လိုက်”
ကိုးကျင်းအောင်ဖိုးထောင် ပူးကပ်နေသော
မအေးပွင့်မှာ ဆရာမြဖေ တိုက်သော သစ္စာ
ရေကို သောက်ပြီး ပျော့ခွေကျ သွားလေသည်။
မအေးပွင့်၏ အမျိ ုးသားနှင့်ဆွေမျိ ုးများ ဝိုင်းဝန်း
ပြုစုကြလေသည်။ခဏမျှ ကြာသောအခါ သတိရလာပြီး
“ကျွန်မ ဘာဖြစ်သွားတာလဲဟင် ရေတစ်ခွက်
လောက်တိုက်ကြပါ”
ဟု ပြောလေသဖြင့် ဆရာမြဖေမှ ဘုရားစင်မှ
သောက်တော်ရေတစ်ခွက်ကို စွန့်၍ပေးလိုက်
ပြီး
“ဒီရေကို တိုက်လိုက်ပါ ပီးရင် သူ့စားချင်တာရှိ
ရင် ကျွေးလိုက်ပါ ဘာမှမဖြစ်တော့ပါဘူး
ကဲ ဦးအောင်စိန်ရေ ခြံထောင့်တွေက စနေတံစူးဝါးတွေ သွားယူရအောင် လိုက်ခဲ့ဦးဗျာ”
လို့ပြောပြီး ခြံထဲသို့ ဆင်းသွားလေသည်။ဦး
အောင်စိန်လဲ လိုက်ပါသွားလေ၏။ခြံထောင့်လေးထောင့်တွင် စိုက်ထားသော စနေတံစူးဝါးများကို ဆရာမြဖေမှ နှုတ်ယူပေးလိုက်ပြီး     “ဦးအောင်စိန်ရေ ဒါတွေကို မီးပုံရှို့လိုက်ပါ”
ဟုပြောလိုက်၍ အိမ်ပေါ်သို့ ပြန်တက်သွားလေ
သည်။အိမ်ပေါ်သို့ ရောက်သောအခါ မအေးပွင့်မှာ ရွှင်ရွှင်လန်းလန်းဖြစ်နေပြီး ဆရာမြဖေကို
တွေ့သည်နှင့်
“ကျွန်မရဲ့ရောဂါတွေကို ကုသပေးတဲ့ အတွက်
ကျေးဇူး အရမ်းတင်ပါတယ် ဆရာ့ကို ကျွန်မ
ကန်တော့ပါရစေ”
ဆိုပြီး ရိုသေစွာ ရှိခိုး ကန်တော့လေသည်။
ဆရာမြဖေမှ
“သာဓု သာဓု သာဓု ဘေးရန်မှန်သမျှ ကင်းကွာ
ပါစေ နောက်ကို လဲစကားပြောရာမှာ ဆင်ခြင်
ပါ”
ထိုအခိုက် ဦးအောင်စိန်လဲ အိမ်ပေါ်သို့တက်
လာပြီး
“ဆရာရေ ဟိုတံစူးဝါးတွေ မီးရှို့လိုက်ပါပြီ
ရပြီလား”
“ဟုတ်ကဲ့ ရပါပြီ ဦးအောင်စိန်ရေ အတိုက်အခိုက်တွေလဲ အားလုံးရှင်းသွားပြီဆိုတော့ ကျွန်တော်လဲ ပြန်တော့မယ် လိုက်ပို့ပါဦး”
“ဟင် ဆရာကလဲ ချက်ချင်းကြီး ပြန်တော့မလို့လား ထမင်းစားပြီးမှ ပြန်ပါဗျာ”
မအေးပွင့်မှလဲ
“ဟုတ်သားပဲ ဆရာရယ် ထမင်းစားပြီးမှ ပြန်
ပါနော်”
“နေပါစေဗျာ မစားတော့ပါဘူး ကျွန်တော် အိမ်မှာလဲ လုပ်စရာလေးတွေ ရှိသေးလို့ပါ”
မအေးပွင့်နှင့် သူမရဲ့ယောက်ျားဖြစ်သူမှ
“ဒါဆိုလဲဆရာရယ် ဒီပိုက်ဆံလေးတော့ ကန်တော့ပါရစေ လက်ခံပေးပါ”
ဟုဆိုကာ ပိုက်ဆံတစ်ထပ်ကို ကန်တော့လေ
သည်။
“သာဓု သာဓု သာဓုပါ ကဲ ဆရာပြန်တော့မယ်
ဦးအောင်စိန်ရေ အချိန်သိပ်မလင့်ခင်လေး
ပြန်ကြစို့ဗျာ”
ဟု ပြောပြီး ဆေးလွယ်အိတ်ကလေးကိုလွယ်
၍ မအေးပွင့်တို့အိမ်မှ မော်တော်ဆိပ်သို့ ထွက်လာခဲ့လေတော့သည်။
***********

                         ကိုဖြိုး(ကျိုက်လတ်)