“စုန်းထီးကြီးဦးဘသာနှင့်ကျောပြင်ထက်ကသွေးလက်ဝါး”(စ/ဆုံး)

Unicode Version

“စုန်းထီးကြီးဦးဘသာနှင့်ကျောပြင်ထက်ကသွေးလက်ဝါး”(စ/ဆုံး)
———————————————————————————
အတွဲ(၃) စာစဉ် (၅)

(၁)

ကျုပ်အမေနေကောင်းပြီး ထူထူထောင်ထောင်ဖြစ်သွားမှပဲ ကျုပ်လည်း လယ်ထဲဆင်းနိုင်တော့တယ်ဗျာ။ အရီးပြုံးကြီးရဲ့ ဆန်ပြုတ်အစွမ်းကြောင့်လားတော့မပြောတတ်ပါဘူး၊ ဦးဘသာကြီးလည်း ပြန်ပြီးထူထူထောင်ထောင်ဖြစ်လာတယ်ဗျ၊ လယ်ထဲမှာ စပါးတွေပျိုးထားတာဆိုတော့ ဦးဘသာကြီးလည်း လယ်ထဲဆင်းရတာပေါ့ဗျာ။

လယ်ထဲမှာ ထမင်းစားသောက်ပြီးတော့ ခါးဆန့်နေတုန်းရှိသေးတယ်၊ ဦးဘသာကြီးက တဲထဲကိုဝင်လာပြီးတော့ ကျုပ်ကိုကြိမ်လုံးနဲ့ တဖြန်းဖြန်းရိုက်ပါရောလားဗျာ၊ သူ့ကြိမ်လုံးကို ကျုပ်က လက်နဲ့ကာတော့ လက်ဖျံတောင်မှ အရှိးရာကြီးဖြစ်သွားတာ၊ ဦးဘသာက ကျုပ်ကိုဒေါသတကြီးနဲ့ကြည့်တယ်ဗျ၊ ကျုပ်လည်း ဦးဘသာနဲ့ပေါင်းလာတာ အတော်ကြာခဲ့ပေမယ့် သူကျုပ်အပေါ် ဒီလောက်ဒေါသတကြီးနဲ့ ဆက်ဆံတာမျိုး မခံရဖူးဘူးဗျ။

“ဦးဘသာ ဘာဖြစ်လို့ ကျုပ်ကိုချည်း လှိမ့်ရိုက်နေရတာလဲဗျ၊ ကျုပ်ကို နွားလို့များ မြင်နေလို့လား”

“နွားဆိုလို့ကတော့ မင်းကို ရိုက်ရုံတင်ဘယ်ကမလဲကွာ၊ ချက်ချင်းကို ပေါ်ပစ်လိုက်မှာ”

“နေပါအုံး၊ ဦးဘသာက နေရင်းထိုင်ရင်း ကျုပ်ကိုဘာလို့ မျက်မုန်းကျိုးနေတာလဲဗျ”

ဦးဘသာက သူ့ပါးစပ်ထဲက ကွမ်းတံတွေးတွေကို ပျစ်ခနဲထွေးထုတ်လိုက်ပြီးတော့

“အောင်မာ၊ ငါက မင်းကို အလကားနေရင်း မျက်မုန်းကျိုးနေရမှာလား၊ ပြောစမ်း၊ သိမ်ဝင်သပိတ်ကွဲနဲ့ ကိုးခမ်းအင်းကို မင်းဘယ်နေရာကိုစွန့်လိုက်သလဲ”

ဒီတော့မှ ကျုပ်လည်း ဇက်လေးပု သွားလေးဖြဲလိုက်ရင်း

“အဲဒါကလေ . . . ဟို . . ဟို”

“မလိမ်နဲ့ ငါ့ကိုမှန်မှန်ပြော”

“ကျုပ် . . ကျုပ်လည်း အစကတော့ အဲဒီသပိတ်ကွဲကိုရေစိမ်တာဗျ၊ နောက်တော့ ကျုပ်အမေကိုလုပ်တဲ့ကောင် ပူပါစေဆိုပြီးတော့ ထင်းမီးဖိုထဲကို သွားပြတာပဲ”

“ပြောစမ်းပါအုံး”

“မီးပြနေရင်းနဲ့ အရီးပြုံးကဝင်လာလို့ ကျုပ်လည်း လန့်ပြီးတော့ လွတ်ချလိုက်တာ သပိတ်ကွဲက ထင်းမီးပုံထဲဝင်သွားတယ်”

“မင်းက ပြန်မကောက်ဘူးလား”

ကျုပ်လည်း ခေါင်းကုပ်ရင်း

“ကောက်တော့ ကောက်မလို့ပဲ၊ ဒါပေမယ့် အရီးပြုံးကလည်း ရစ်သီရစ်သီလုပ်နေတာဆိုတော့ ကျုပ်လည်း မကောက်ဖြစ်တော့ဘူးပေါ့ဗျာ၊ အရီးပြုံးလစ်သွားမှ ထင်းမီးဖိုကိုဖြဲပြီးရှာရတယ်”

“အဲဒီတော့ပြန်တွေ့သလား”

ကျုပ်လည်း ခေါင်းခါလိုက်ပြီး

“မတွေ့တော့ဘူးဗျ၊ ပြာဖြစ်သွားပြီထင်ပါရဲ့”

ဦးဘသာက သူ့နဖူးကိုသူ လက်ဝါးနဲ့ဖြန်းခနဲရိုက်တယ်ဗျ။

“သေဟဲ့ နန္ဒိယ”

“နေပါအုံး နန္ဒိယက ဘယ်သူလဲဗျ”

“နန္ဒိယဆိုတာ မင်းလို နွားမျိုးကိုပြောတာ”

အဲဒီလိုပြောပြီးတော့ ကျုပ်ကိုကြိမ်လုံးနဲ့ လွှဲရိုက်ပါရော၊ ကျုပ်လည်း လက်နဲ့အမြန်ကာရတာပေါ့ဗျာ။ နောက်တော့ ဦးဘသာတစ်ချက်အရိုက်မှာ ကျုပ်လည်း သူ့ကြိမ်လုံးကို လက်ဝါးနဲ့ဖမ်းဆုပ်လိုက်တယ်၊ ကျုပ်အားကောင်းကောင်းနဲ့ဆွဲထားတော့ ဦးဘသာက ကြိမ်လုံးကိုပြန်မဆွဲတော့ဘဲ လွှတ်ချလိုက်တယ်ဗျ၊ ပြီးတော့ ခါးထောက်ရင်း တစ်ဖက်ကိုလှည့်သွားတယ်။

“ဘာဖြစ်လို့ ကျုပ်ကိုရိုက်ရတာလဲဆိုတာ ပြောပြလို့ရပြီလား”

“မင်းကွာ၊ ရေနဲ့စိမ်ရင် ရေစိုတယ်၊ မီးနဲ့ကင်ရင် ပူပါတယ်ဆိုတာကို မင်းက မီးပုံထဲထည့်ပြိး ပြာဖြစ်အောင်လုပ်လိုက်တယ်ဆိုတော့ တစ်ဖက်ကလူတော့ သေပြီပေါ့ကွာ၊ မင်းလောက်မိုက်တဲ့ကောင်ရှိသေးရဲ့လားကွ”

“ကျုပ်လည်း မတော်တဆဖြစ်သွားတာပါဗျာ”

“ငါ့အပြစ်ပါ၊ ဒါတွေအားလုံးက ငါ့အပြစ်ပါ၊ မင်းလိုတလွဲလုပ်တတ်တဲ့ကောင်ကို ယုံစားမိတဲ့ငါ့အပြစ်ပဲ”

ကျုပ်လည်း ဟိုတစ်ညက မက်ခဲ့တဲ့အိပ်မက်ကိုပြန်သတိရသွားတယ်၊ အိပ်မက်ထဲမှာ လူကြီးတစ်ယောက်က ကျုပ်ကိုမကျေမချမ်းနဲ့ ပြောသွားတယ်မဟုတ်လားဗျာ၊ သူမီးလောင်တာကြီးကြည့်ပြီး ကျုပ်ဖြင့်ကြောက်လိုက်တာ ပြောမနေပါနဲ့တော့။

“ဒါဆို ထူးဆန်းတယ်ဦးဘသာ၊ ဟိုညက ကျုပ်အိပ်မက်ထဲမှာ မီးလောင်ထားတဲ့လူကြီးတစ်ယောက်တွေ့လိုက်တယ်၊ ကျုပ်ကိုမကျေမချမ်းနဲ့ မင်းဆီကိုငါလာခဲ့မယ်ဆိုပြီး ပြောသွားသေးတယ်ဗျ၊ ဒီလူကြီးက ကျုပ်မီးရှို့လိုက်လို့ သေသွားတဲ့လူကြီးများလား”

“ဒါတော့ ငါလည်းမသိဘူး၊ ငါပြောနိုင်တာတစ်ခုကတော့ ရှေ့လျှောက် မင်းကိုငါ ဘာမှမကူညီတော့ဘူး၊ မင်းလမ်းမင်းသွားတော့၊ ငါ့လမ်းငါသွားမယ် အလတ်ကောင်”

ဦးဘသာက လယ်တဲထဲကနေထွက်သွားတယ်ဗျ၊ သူက အတည်ပေါက်ကြီးပြောနေတာဆိုတော့ ကျုပ်လည်းလန့်တာပေါ့။

“ဦးဘသာ၊ မတော်လို့ ခုနကသေသွားတဲ့လူကြီး ကျုပ်ဆီလာရင် ဘယ့်နှယ့်လုပ်မလဲ”

ဦးဘသာက ကျုပ်ကိုလည်ပြန်တစ်ချက်ကြည့်ပြီးတော့

“အဲဒါ မင်းလုပ်တာပဲ၊ မင်းဘာသာရှင်းပေါ့ကွ”

ခြေလှမ်းကျဲကြီးနဲ့ ဦးဘသာထွက်သွားတော့ ကျုပ်ဖြင့် စိတ်တွေပူလိုက်ရတာ ပြောမနေပါနဲ့တော့ဗျာ၊ ခုနက ဟိုလူကြီး လာလေမလားဆိုတာကို တွေးပူရတဲ့တစ်ချက်ရယ်၊ နောက်ပြီး ပိုခံစားရတာက ဦးဘသာက ကျုပ်ကို လာမပတ်သက်နဲ့လို့ ပြောသွားတာကို ပိုခံစားရတာဗျ။

(၂)

အဲဒီညနေ လယ်ထဲကပြန်ဆင်းလာကြတော့ ရွာအပြင်ဇရပ်ပျက်မှာ လူနှစ်ယောက်ကိုတွေ့တယ်ဗျ၊ တစ်ယောက်ကတော့ ဦးလေးကြီးပဲ၊ နောက်တစ်ယောက်ကလည်း အသက်ကြီးကြီး မိန်းမကြီးပေါ့ဗျာ၊ အဝတ်အစားခပ်နွမ်းနွမ်းတွေဝတ်ထားပြီးတော့ မိန်းမကြီးကလည်း အညာစောင်ပါးကလေးကို ခေါင်းမြီးခြုံထားလို့ဗျ၊ ကျုပ်လည်း သိချင်စိတ်ကိုထိန်းမရတာနဲ့ အငယ်ကောင်တို့ကို ရွာထဲပြန်လွှတ်လိုက်ပြီးတော့ ဇရပ်ပေါ်တက်ခဲ့တာပေါ့ဗျာ။ ဇရပ်က မိုးမလုံတော့ အဲဒီလူကြီးနှစ်ယောက်လည်း မိုးလုံတဲ့ထောင့်ကလေးအနားကို ကပ်နေကြတာပေါ့ဗျာ။

ကျုပ်လည်း ဇရပ်ပေါ်တက်လာတာမြင်ရော ဦးလေးကြီးက ကျုပ်အနားကိုကပ်လာတာပါပဲ။

“ဒီမှာအကိုလေး၊ အကိုလေးမှာ ဆေးပေါ့လိပ်လေး၊ ဆေးခါးလိပ်ကလေးများ မရှိဘူးလား”

ကျုပ်လည်း သူတို့ကိုအကဲခတ်ကြည့်လိုက်တော့ ခရီးသွားတွေထက်စာရင် သူတောင်းစားတွေလိုပဲဗျ။ ကျုပ်လည်း ဆေးလိပ်သမားမဟုတ်တော့ ခေါင်းခါလိုက်တာပေါ့ဗျာ။

“ဒါနဲ့ ဦးလေးကြီးက ဆေးလိပ်သောက်ချင်လို့လား”

“သောက်ချင်တာ မနက်ကတည်းကပါပဲကွာ”

သူတို့ကြည့်ရတာ နွမ်းနွမ်းဖတ်ဖတ်နဲ့ဆိုတော့ ဆေးလိပ်သောက်ဖို့ ပိုက်ဆံမရှိလို့နေမှာဗျ၊ ကျုပ်လည်း သူ့ကိုသနားသွားတာနဲ့။

“ဒါဆိုလည်း ခဏစောင့်ဗျာ၊ ကျုပ်ရွာထဲက ဈေးဆိုင်မှာ သွားဝယ်ပေးမယ်”

“ဒါဆို နေပါအုံး အကိုလေးရာ၊ ကျုပ်ပိုက်ဆံပေးလိုက်ပါ့မယ်”

“ဟင်၊ ခင်ဗျားတို့မှာ ပိုက်ဆံရှိတယ်လား”

ဦးလေးကြီးက သူ့လွယ်အိတ်ထဲကနေ မတ်စေ့တစ်စေ့ထုတ်ပြီး ကျုပ်ကိုလှမ်းပေးတယ်ဗျ၊ ကျုပ်လည်း မတ်စေ့ကိုယူလိုက်ရင်း

“နေပါအုံး၊ ဦးလေးကြီးတို့မှာ ပိုက်ဆံပါတာပဲဗျာ၊ ကိုယ့်ဘာသာကိုယ် ရွာထဲဝင်ပြီး ဝယ်ပေါ့ဗျ”

ဦးလေးကြီးက မချိသွားဖြဲလုပ်ပြီး

“ငါတို့က စဏ္ဍာလတွေကွ၊ တော်ရုံတန်ရုံဆိုရင် ရွာတွေက ငါတို့ကိုအဝင်မခံတာများတယ်၊ ငါတို့ကိုလည်း ဈေးမရောင်းကြဘူးလေ။ စဏ္ဍာလကို ဈေးမရောင်းနဲ့ဆိုတဲ့ စကားလည်းရှိတယ်မဟုတ်လား”

ကျုပ်လည်း သနားသွားပြီးတော့ ရွာထိပ်က ဦးတရုတ်ကြီးအရက်ဆိုင်ကိုပြေးပြီးတော့ ဆေးပေါ့လိပ်ဝယ်ပေးလိုက်တယ်၊ တမတ်ဖိုးဆိုတော့ သုံးလိပ်ပဲရတာပေါ့ဗျာ၊ ပြီးတော့ ဇရပ်ပျက်ကိုပြန်ပြေးလာခဲ့တယ်၊ နေကနေ့ အတော်စောင်းနေပြီဗျ။ ကျုပ်လည်းဆေးလိပ်ပေးလိုက်ရော အဲဒီစဏ္ဍာလ ဦးလေးကြီးက ဆေးပေါ့လိပ်ကို ဖတ်ခနဲလှမ်းယူပြီးတော့ မီးခတ်အစုတ်ကြီးနဲ့ ခတ်ပြီး ဆေးလိပ်ကိုအသည်းအသန်ဖွာနေတော့တာပဲ။ ကျုပ်လည်းအကဲခတ်လိုက်တော့ သူနဲ့ပါလာတဲ့ မိန်းမကြီးက စောင်ကြီးခေါင်းမြီးခြုံလို့ဗျ။

“စိတ်တော့မရှိပါနဲ့ ဦးလေးကြီးရယ်၊ ဦးလေးကြီးတို့က ကျုပ်တို့ရွာကို ဘာလာလုပ်ကြတာလဲ”

“ဦးလေးတို့ စဏ္ဍာလဆိုတာက သူများပေးတာယူ၊ သူများကျွေးတာစားရတယ်၊ အိမ်ခြေရာခြေအတည်တကျမရှိပဲ ရွာစဉ်လှည့်ပြီးတော့ တောင်းစားနေကြရတဲ့လူတွေပေါ့ကွယ်၊ ဟိုဟာကတော့ ငါ့နှမပဲကွဲ့”

ခေါင်းမြီးခြုံထားတဲ့ အဒေါ်ကြီးကိုလက်ညှိုးထိုးပြတယ်၊ ကျုပ်လည်း တစ်ချက်ကြည့်လိုက်တော့ အဲဒီမိန်းမကြီးက ခေါင်းကိုငုံ့သွားတယ်ဗျ။

“နေစမ်းပါအုံး၊ သူက ဘာဖြစ်လို့ စောင်ကြီး ခေါင်းမြီးခြုံထားရတာလဲဗျာ၊ မမွန်းဘူးလား”

“သူက ကုဋ္ဌနူနာလို့ခေါ်တဲ့ နူနာစွဲနေတဲ့သူပေါ့၊ မင်းတို့ခေတ်အခေါ်ဆို လက်ပရိုစီပေါ့ကွယ်၊ သူ့မျက်နှာက နူနာတွေကြောင့် အတော်ပျက်စီးနေတယ်၊ သူ့မျက်နှာကြည့်မိရင် ထမင်းစားခုနစ်ရက်လောက် ပျက်တယ်လို့ ပြောကြတယ်၊ အကိုလေးက ကြည့်ချင်လို့လား”

အနူဆိုတော့ ကျုပ်လည်းရွံတာပေါ့ဗျာ၊ သူများတွေတောင် ထမင်းစားခုနစ်ရက်ပျက်တယ်ဆိုတော့ ဘယ်လောက်တောင် ပုပ်ပွပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေသလဲမှမသိတာ၊ ဒါနဲ့ကျုပ်လည်း မကြည့်ဖြစ်တော့ဘူးပေါ့။

“ဦးလေးတို့ ဒီမှာ လေးငါးရက်လောက်နေပြီးရင် ထွက်သွားမှာပါ အကိုလေး၊ ဦးလေးတို့ကို စိတ်မပူပါနဲ့၊ ဦးလေးတို့က လူဆိုးသူခိုးတွေလည်းမဟုတ်ပါဘူး”

ကျုပ်လည်းခေါင်းညိတ်လိုက်ရင်း

“ရပါတယ်ဦးလေးကြီးရာ၊ လိုတာတစ်ခုခုရှိရင်သာ ကျုပ်ကိုပြောပါ”

“လိုတာကတော့ . . .”

ဦးလေးကြီးက ကျုပ်ကိုတစ်ချက်ကြည့်နေတယ်၊ ကျုပ်လည်း သူတို့ဘာပြောမလဲဆိုပြီး ဆက်စောင့်ကြည့်နေမိတယ်။

“လိုတာကတော့ ထမင်းစားဖို့ပဲ အကိုလေးရ၊ ကျုပ်တို့ နေ့လည်ကတည်းက ရောက်နေတာ၊ ဒီရွာက ရွာသားတွေက ကျုပ်တို့ကို အခေါ်အပြောလည်းမလုပ်ကြတော့ ကျုပ်တို့ ဘာမှမစားရသေးဘူး”

“ကောင်းပြီလေ၊ ကျုပ်ခင်ဗျားတို့စားဖို့ ထမင်းပို့ပေးမယ်၊ ခဏတော့စောင့်ကြ၊ ဒါနဲ့ ကျုပ်ကို ဘာလို့အကိုလေးလို့ ခေါ်နေတာလဲဗျာ၊ ဦးလေးကြီး အသက်အရွယ်နဲ့ အကိုလေးလို့ အခေါ်ခံရတာ မနိပ်ပါဘူးဗျာ”

“ဒီလိုပါ အကိုလေး . . . အဲလေ . . . ကောင်လေးရယ်၊ ဦးလေးတို့ စဏ္ဍာလတွေဆိုတာက သူများပေးချင်ကမ်းချင်အောင်လို့ မြှောက်ပင့်ပြီး ပြောဆိုရတာမဟုတ်လား၊ ဒါကိုတော့ ခွင့်လွတ်ပေးစေချင်ပါတယ်၊ ကောင်လေးမကြိုက်ရင် နောက်မခေါ်တော့ပါဘူး”

“ကောင်လေးဆိုတာကလည်း တော်တော်သူစိမ်းဆန်တယ်ဗျ၊ ရင်းရင်းနှီးနှီးဖြစ်သွားအောင် ငါ့တူလို့ခေါ်ပေါ့”

“မခေါ်ဝံ့ပါဘူးကောင်လေးရယ်၊ ကောင်လေးကို ငါ့တူလို့ခေါ်လိုက်ရင် ကောင်လေးက ငါတို့နဲ့အမျိုးတော်ပြီး စဏ္ဍာလဖြစ်သွားမှာပေါ့၊ မခေါ်ပါရစေနဲ့”

ကျုပ်လည်း သက်ပြင်းချလိုက်မိတယ်၊ သူတို့ကိုလည်း သနားသွားတယ်ဗျ။

“ကောင်းပါပြီဗျာ၊ ခင်ဗျားတို့ ကြိုက်သလိုသာခေါ်တော့ ဟုတ်ပြီလား”

(၃)

“အဖေရေ၊ ရွာထိပ်က ဇရပ်မှာ စဏ္ဍာလဆိုလား လူနှစ်ယောက်ရောက်နေကြတယ်ဗျ”

အိမ်ထဲဝင်လိုက်တာနဲ့ ခုံတန်းရှည်မှာထိုင်နေတဲ့အဖေ့ကိုကြည့်ပြီး ကျုပ်က အရင်ဆုံးသတင်းပို့လိုက်တာပဲဗျာ၊ အဖေက သူသိပြီးပြီဆိုတဲ့ မျက်နှာပေးနဲ့ဗျ။

“အဲဒါ ကျုပ်လည်း စကားဝင်ပြောခဲ့တော့ သူတို့ထမင်းဆာတယ်လို့ပြောတယ်”

အဖေ့ဘေးနားမှာ ထိုင်ပြီး ဆေးလိပ်ဖွာနေတဲ့အမေက ကျုပ်ကိုကြည့်ရင်း

“တယ်၊ ဒီအလတ်ကောင်ကတော့ ဇာတ်ရှုပ်တွေခင်းပြန်ပြီ၊ စဏ္ဍာလနဲ့များ သွားပြီးစကားပြောရသလားဟဲ့၊ ငါတို့လည်းသိလို့ တမင်သက်သက် မခေါ်ချင်လို့မခေါ်တာ”

အဖေက အမေ့ကိုတစ်ချက်ကြည့်လိုက်ပြီး

“မင်းကလည်းကွာ၊ စဏ္ဍာလ လဲဘာဖြစ်လဲ၊ အခု သူတို့ထမင်းဆာတယ်လို့ ပြောတယ်မဟုတ်လား၊ အလှူခံပုဂ္ဂိုလ် လို့ပဲ သဘောထားလိုက်စမ်းပါကွာ၊ သွား . . . သွား၊ သူတို့စားဖို့ ထမင်းနဲ့ဟင်းနဲ့ ပြင်ပေးလိုက်စမ်းပါ”

အမေက အဖေ့ကိုမျက်စောင်းထိုးပြီးတော့ လက်ထဲက ဆေးလိပ်ကို ပြာခွက်ထဲဖိသတ်ရင်း

“တကတည်းတော်၊ အဖေနဲ့သားက လိုက်လည်းလိုက်ပါ့၊ သားဖြစ်သူကလည်း ဇာတ်ရှုပ်တွေခင်းလာတယ်၊ အဖေဖြစ်သူကလည်း ဘုရားဖြစ်မယ့် အုတ်နီခဲ၊ တော်ပါပေတယ်၊ ရှင်တို့ပဲတော်ပါတယ်”

အမေက တဗြစ်တောက်တောက်ပြောပြီးတော့ မီးဖိုထဲဝင်သွားတယ်ဗျ၊ ကျုပ်လည်း အဖေ့ဘေးနားမှာ ဝင်ထိုင်ပြီးတော့

“ဒါနဲ့ အဖေ စဏ္ဍာလဆိုတာဘာလဲ”

“စဏ္ဍာလဆိုတာ အမျိုးယုတ်ညံ့တဲ့လူတွေကို အလွယ်ခေါ်တာပေါ့သားရယ်၊ ပါဠိလိုအနက်ကတော့ အလုပ်ကြမ်းသမားလို့ ဆိုနိုင်တယ်၊ စဏ္ဍာလတွေကို လေးမျိုးခွဲထားတယ်၊ အဲဒါကတော့ ပြည့်တန်ဆာ၊ သွေးမစွမ်း၊ သူတောင်းစား၊ သူကောင်ထမ်းတဲ့ကွ”

အဖေက လက်ချောင်းတွေထောင်ပြီးတော့ သေသေချာချာကိုပြောပြနေတာဗျ။

“ပြည့်တန်ဆာကတော့ ပြောစရာသိပ်မလိုပါဘူးကွာ၊ သွေးမစွမ်းဆိုတာကတော့ ခြေလက်အင်္ဂါမပြည့်စုံတဲ့လူတွေ၊ နောက်ပြီး မွေးရာပါရောဂါတို့၊ နူနာဖြစ်နေတဲ့လူကိုပြောတာ၊ သူတောင်းစားကတော့ တောင်းစားတဲ့လူပေါ့၊ သူကောင်ထမ်းဆိုတာကတော့ သုဘရာဇာ ဒွန်းစဏ္ဍားတွေကိုပြောတာကွ”

ကျုပ်လည်းခေါင်းညိတ်လိုက်တယ်၊ အဖေကဆက်ပြီးတော့

“မန်လည်ဆရာတော်ဘုရားကြီးကတော့ စဏ္ဍာလကို အစို့ငါးစို့၊ အစုငါးစုခွဲတယ်ပေါ့ကွာ၊ အဲဒါကတော့ စပ်၊ အမွှန်း၊ သူကောင်ထမ်း၊ တွင်းတူး၊ သဂြိုဟ်ကိုင်တဲ့ကွ၊ စပ်ဆိုတာ အခေါင်းတွေစပ်တဲ့လူ၊ အမွှန်းဆိုတာက အခေါင်းမှာ ဆေးတွေခြယ်သ တန်ဆာဆင်တဲ့လူပေါ့၊ တွင်းတူးကတော့ တွင်းတူးတဲ့လူ၊ သူကောင်ထမ်းကတော့ လူသေကောင်ကိုထမ်းရတဲ့သူပေါ့၊ သဂြိုဟ်ကိုင်ဆိုတာကတော့ လူသေမြေချဖို့အတွက် လုပ်ကိုင်ရတဲ့လူတွေကိုပြောတာပေါ့၊ ဒါပေမယ့် မန်လည်ဆရာတော်ဘုရားကြီးအဆိုရ စဏ္ဍာလဆိုတာ ဒွန်းစဏ္ဍားတွေကိုပဲ ပြောချင်တာဖြစ်လို့ အမြင်တော့ကျဉ်းတယ်ကွ”

အဖေရှင်းလေလေ၊ ကျုပ်က ရှပ်လေလေဖြစ်နေပြီဗျ။ ဒါနဲ့ ကျုပ်လည်းခေါင်းကုပ်ပြီးတော့

“အဖေပြောတာကလည်း ရှုပ်နေတာပဲဗျာ၊ ဒီတော့ စဏ္ဍာလဆိုတာ ဘာကိုပြောချင်တာလဲ”

“မင်းကလည်းကွာ ခုနကပြောခဲ့တဲ့အတိုင်း အမျိုးဇာတ်နိမ့်ကျတဲ့ သူတောင်းစားတို့၊ သုဘရာဇာတို့၊ နူနာရောဂါသည်တို့ကိုပြောတာပေါ့ကွာ”

အဖေနဲ့စကားပြောနေရင်း အမေက တောင်းကလေးတစ်တောင်းပိုက်ပြီးထွက်လာတယ်။ အဖေကဆက်ပြီးတော့

“ဒါပေမယ့် အဲဒီလူတွေက အခုခေတ်တော့ မရှိတော့ဘူးကွ၊ ဇန်နဝါရီလ လေးရက်နေ့မှာ မြန်မာပြည်လွတ်လပ်ရေးရတော့ အဲဒီလိုအမျိုးဇာတ်ခွဲခြားတာတွေကို ဖယ်ရှားလိုက်ပြီးတော့ လူတိုင်းဟာ လွတ်လပ်စွာ၊ သွားလာ လုပ်ကိုင်စားသောက်ခွင့်ရှိတယ်လို့ အမိန့်ပြန်လိုက်တယ်၊ အဲဒီမှာ ဘုရားကျွန်တွေ၊ ဒွန်းစဏ္ဍား၊ စဏ္ဍာလဆိုတဲ့ လူတွေအကုန်ခွဲခြားဆက်ဆံခံရတာကနေ လွတ်မြောက်သွားတယ်၊ အဲဒီလူတွေ လုပ်ကိုက်စားသောက်ဖို့တောင်မှ စဏ္ဍာလပပျောက်ရေးတို့၊ ဒွန်းစဏ္ဍားပပျောက်ရေးတို့ဆိုပြီး လုပ်ခဲ့သေးတယ်”

“ဒါပေမယ့် အခုရှိသေးတယ်မဟုတ်လား၊ ရှိလို့တောင် ရွာထိပ်မှာရောက်နေပြီလေအဖေရာ”

အဖေက သက်ပြင်းတစ်ချက်ချလိုက်ပြီးတော့

“ဒါကျတော့ အစိုးရနဲ့မဆိုင်တော့ဘူးကွ၊ လူမှုရေးနဲ့ဆိုင်သွားပြီ၊ အစိုးရက ဘယ်လိုပဲစည်းမျည်းတွေချထားချထား၊ လူတွေကိုယ်တိုင်ကိုက စဏ္ဍာလက ယုတ်ညံ့တယ်လို့ တွေးနေတုန်းပဲ၊ စဏ္ဍာလတွေ ကိုယ်တိုင်ကလည်း ငါတို့က စဏ္ဍာလတွေဆိုပြီးတော့ အလုပ်လုပ်ကိုင်မစားဘဲနဲ့ ဆက်ပြီးတောင်းရမ်းစားသောက်နေကြပါရော၊ ဒါပေမယ့် ဒီခေတ်တော့ နည်းသွားပါပြီကွာ၊ ဟိုးဘုရင်ခေတ်၊ အင်္ဂလိပ်ခေတ်ကဆို စဏ္ဍာလတွေဆိုတာ ရွာကြီးတွေတည်ပြီးတော့ကို နေထိုင်ကြတာကွ”

အဖေနဲ့ကျုပ်နဲ့ စကားကောင်းနေတုန်း အမေက သူ့လက်ထဲက တောင်းကိုစားပွဲပေါ်ပစ်တင်ပေးလိုက်တယ်။

“ရော့ အဲဒီမှာ ထမင်းဟင်းထည့်ထားတယ်၊ နင့်အမျိုးတွေကို သွားကျွေးလိုက်”

အမေကပြောတော့ အဖေက အမေ့ကိုလှည့်ကြည့်ပြီး

“အမျိုးလို့ မပြောစမ်းပါနဲ့ကွာ၊ စဏ္ဍာလတွေနဲ့ အမျိုးတော်စရာလားကွ၊ မင်းစကားပြောတာ ဆင်ခြင်နော်”

အဖေကပြောပြီးတော့ ခုံတန်းကနေထသွားတယ်ဗျ၊ အမေက အဖေ့ကို အံ့ဩတကြိးနဲ့ကြည့်နေရင်း

“အောင်မယ်၊ ခုနကတော့ လူလူချင်းခွဲခြားတာတွေပါဆို၊ အခုတော့ စဏ္ဍာလနဲ့ အမျိုးတော်တယ်လို့ မပြောနဲ့ဆိုပါလား၊ ရှင်ဟာလေ . . .”

အမေက ပွစိပွစိစလုပ်နေပြီမို့လို့ ကျုပ်လည်း သူတို့လင်မယားရန်ကလွတ်အောင် ထမင်းတောင်းကလေးရွက်ပြီး အိမ်ကနေပြေးထွက်လာခဲ့တာပေါ့ဗျာ။

ရွာထိပ်မှာဆို လူတောင်မရှိတော့ဘူးဗျ၊ ဇရပ်ပျက်မှာတော့ ဆီမီးအလင်းရောင်လေးတွေ့တာနဲ့ ကျုပ်လည်း ခပ်သွက်သွက်ထွက်လာခဲ့တာပေါ့ဗျာ။ တဲရောက်လို့ ထမင်းဟင်းတွေချပေးလိုက်တာနဲ့ ဦးလေးကြီးက တောင်းဖွင့်ပြီးတော့ အားရပါးရစားတော့တာပဲဗျာ၊ အဒေါ်ကြီးကတော့ မစားသေးဘူးဗျ။

“အဒေါ်ကြီး မစားဘူးလားဗျ”

ကျုပ်မေးလိုက်တော့ ဦးလေးကြီးက ကျုပ်ကိုကြည့်ရင်း

“ထမင်းစားတာတော့ ခေါင်းမြီးခြုံပြီးစားလို့ရမလားကွ၊ သူက မင်းရှိနေလို့ ခေါင်းမချွတ်သေးတာ”

“ဪ၊ စား . . .စား၊ ဒါဆို ကျုပ်လည်းသွားပြီဗျာ၊ လိုတာရှိရင်လည်းပြောပေါ့”

“အခုလိုကျွေးရတဲ့အတွက် ဘေးရန်ကင်းပြီး စီးပွားချမ်းသာတွေ ဒီရေအလာ တိုးပါစေကွာ”

ကျုပ်လည်းရွာထဲကို အပြေးဝင်ခဲ့တာပေါ့ဗျာ။

(၃)

ညရောက်တော့ ခွေးတွေက အူလိုက်တာဗျာ၊ ညည့်နက်သန်းခေါင်အချိန်လောက်ရောက်တော့ ရွာထဲမှာပြေးလွားနေတဲ့ ခြေသံတစ်ခုကိုကြားလိုက်ရပါရောလား၊ ဘုရားခန်းအရှေ့မှာ အိပ်နေတဲ့ကျုပ်က အိမ်အပြင်နဲ့အနီးဆုံးကိုဗျ၊ ဒါနဲ့ ကျုပ်လည်းသေချာနားစွင့်နေလိုက်တာ၊ ခြေသံက တဖုတ်ဖုတ်နဲ့ပြေးနေတာဗျ။ အိမ်ရှေ့မှာ နှစ်ခေါက်သုံးခေါက်ဖြတ်ပြေးတာနဲ့ ကျုပ်လည်း နောက်တော့ သုံးတောင့်ထိုးဓါတ်မီးဆွဲပြီး အိမ်ကနေဆင်းခဲ့တာပေါ့ဗျာ။

ကျုပ်ရှေ့တင်ပဲ ပြေးသံကြားလိုက်ရတယ်ဗျ၊ ဒါနဲ့ ခြံ၀ကိုထွက်ပြီးတော့ ရွာလယ်လမ်းကို လက်နှိုက်ဓါတ်မီးနဲ့ထိုးကြည့်တော့ လူမပြောနဲ့ ခွေးတစ်ကောင်တောင်မှ မရှိဘူးဗျာ၊ ပြေးသံကတော့ ကြားနေရဆဲပဲဗျို့၊ ကျုပ်လည်း အခြေအနေမဟန်မှန်းသိတာနဲ့ အိမ်ပေါ်ကိုအမြန်ပြေးတက်ခဲ့ရပါရောလားဗျာ။

မနက်ခင်းအိပ်ရာနိုးလို့ ကျုပ်ထပြီး မျက်နှာသစ်နေရုံရှိသေးတယ်၊ ရွာထိပ်မှာ ကောက်ညှင်းပေါင်းသွားဝယ်တဲ့အငယ်ကောင်က အမောတကောနဲ့ ခြံထဲကိုပြေးဝင်လာတာပဲဗျာ။

“အဖေရေ . . . အဖေ”

မနက်စာစားဖို့ထိုင်နေတဲ့အဖေက အငယ်ကောင်ကိုကြည့်နေတယ်၊ အငယ်ကောင်က အဖေ့ရှေ့ကိုပြေးသွားပြီးတော့

“ဦး . . . ဦးမှတ်ကြီးကို ညက သရဲက ကျောပုတ်သွားလို့တဲ့ဗျ”

“ဟုတ်ရဲ့လားကွာ”

ကျုပ်လည်း အငယ်ကောင်ပြောတာကြားတော့ သိချင်စိတ်နဲ့ လက်ထဲရေခွက်ကိုင်ပြီး အဖေ့အနားကိုပြေးလာခဲ့တာပေါ့။

“ဟုတ်ပါတယ်အဖေရာ၊ သူ့ကျောကုန်းမှာ လက်ဝါးရာကြီးတစ်ခုတောင် ကျန်နေခဲ့ပါသေးတယ်၊ အခု ရွာထဲကလူတွေက အုတ်အုတ်ကျက်ကျက်ဖြစ်နေကြပြီ”

အငယ်ကောင်စကားဆုံးတော့ အဖေက ပုဆိုးပြင်ဝတ်ပြီး ထွက်သွားတာပဲဗျာ၊ ကျုပ်လည်း လက်ထဲက ရေခွက်ချပြီးတော့ အဖေ့အနောက်ကို အပြေးလိုက်ခဲ့တာပေါ့၊ ဖြစ်တော့ဖြစ်နိုင်တယ်ဗျ၊ ညကလည်း ရွာထဲမှာ အကောင်အထည်မမြင်ရဘဲ ပတ်ပြေးနေတာကို ကျုပ်ကိုယ်တိုင် ကြုံခဲ့တယ်မဟုတ်လား။

ဦးမှတ်ကြီးအိမ်ရောက်တော့ လူတွေကတော့သိပ်မစည်သေးဘူးဗျ၊ ပယောဂကုတဲ့လူက သရဲအပုတ်ခံရတယ်ဆိုတာကို လူသိဘယ်ခံဝံ့ပါ့မလဲဗျာ၊ အဖေနဲ့ကျုပ်လည်း အိမ်ဦးခန်းမှာထိုင်နေတဲ့ ဦးမှတ်ကြီးအနားကို ဝင်ထိုင်လိုက်ကြတယ်။

“ဘယ်လိုဖြစ်တာလဲဗျာ”

ဦးမှတ်ကြီးက အဖေ့ကိုကြည့်လိုက်ပြီးတော့ သူဝတ်ထားတဲ့အင်္ကျီကိုဆွဲလှန်လိုက်တယ်ဗျ၊ ပြီးတော့ သူ့ကျောကုန်းကိုလှည့်ပြတာနဲ့ ကျုပ်တို့သားအဖလည်း အသေအချာစိုက်ကြည့်လိုက်ကြတာပေါ့ဗျာ။ သူ့ကျောကုန်းမှာ လက်ဝါးရာကြီးဗျ၊ လက်ဝါးဆိုပေမယ့် လက်ဝါးကတော့ ခပ်သေးသေးပါ၊ ဒါပေမယ့် ထူးဆန်းတာက လက်ဝါးရာက သွေးခြေဥသလိုမျိုး နီရဲနေပြီးတော့ လက်ဝါးအရာအတိုင်းကြီး ဖောင်းကြွတက်နေတယ်ဗျ၊

ကျုပ်တို့လည်း ကြည့်ရင်းအံ့ဩနေတာပေါ့ဗျာ၊ ဦးမှတ်ကြိးက ကျောကုန်းကိုပြန်ဖုံးလိုက်ပြီးတော့

“ညက ကျုပ်လည်း အပေါ့သွားချင်တာနဲ့ အိမ်ပေါ်ကနေဆင်းခဲ့တာပဲ၊ အိမ်နောက်ဖေးချုံတောထဲဆင်းပြီးတော့ အပေါ့သွားပြီး ပြန်အထမှာ ကျုပ်နောက်ကျောကို တစ်ယောက်ယောက်က အားနဲ့ရိုက်ထည့်လိုက်သလို ဖြန်းခနဲအရိုက်ခံရတယ်ဗျ၊ အားကပြင်းလွန်းလို့ ကျုပ်တောင် အရှေ့ဘက်ကို မှောက်ထိုးလဲကျသွားတယ်၊ ကျုပ်ပြန်ကြည့်လိုက်တော့ ဘယ်သူမှတော့မရှိဘူးဗျ”

ဦးမှတ်ကြီးက သူဖော်ထားတဲ့ လိမ်းဆေးတစ်ဘူးကိုဆွဲယူလိုက်ပြီးတော့

“ကျုပ်ဖြင့် အဲဒီဒဏ်ရာကြောင့်၊ ကျောတွေ ရင်တွေ အောင့်နေတာပဲဗျာ”

လိမ်းဆေးဘူးထဲ လက်ညှိုးနဲ့ကော်လိုက်ပြီးတော့ သူ့ကျောကုန်းကို ပွတ်လိမ်းနေတယ်ဗျ။ အဖေက မျက်မှောင်ကြုတ်ရင်း

“ဒါဆို ခင်ဗျားဘယ်လိုထင်သလဲ ဦးမှတ်ကြီး”

“ကျုပ်အထင်ကတော့ လူမဖြစ်နိုင်ဘူးဗျာ၊ သရဲပဲဖြစ်မယ်၊ သရဲကလည်း ကျုပ်ကိုလုပ်ချင်လို့ တမင်စောင့်နေတာဖြစ်မှာဗျ၊ ဘာလို့လဲဆိုတော့ ဟိုရက်က သူကြီးကတော်ကို ဖမ်းစားထားတဲ့စုန်းကို ကျုပ်က ပညာနဲ့ထုတ်ပေးခဲ့တယ်မဟုတ်လား၊ ဒါကြောင့် အဲဒီစုန်းက အငြိုးထားနေတာဖြစ်မယ်”

ဟိုနေ့က အမေ့ကိုအတိုက်ခံရတာကို ဦးမှတ်ကြီးက သူလုပ်လိုက်လို့ စုန်းထွက်သွားတယ်လို့ ထင်နေပုံရတယ်ဗျ၊ ပြီးတော့ အဲဒီအကြောင်းကိုလည်း ရွာထဲမှာလိုက်ကြွားတာပေါ့ဗျာ၊ အမေ့ကို အစားမဝင်၊ ရေမဝင်အောင် အသေလုပ်ထားတဲ့စုန်းကို သူ့ပညာနဲ့အနိုင်ယူခဲ့တယ်ဆိုပြီးတော့ပေါ့ဗျာ၊ ဆေးဆရာဦးမှတ်ကြီးကို လူတွေက အတော်အထင်ကြီးသွားတာဗျ၊ ဒီရက်ပိုင်းဆို ဦးမှတ်ကြီး လမ်းလျှောက်တာတောင်မှ မြောက်ကြွမြောက်ကြွနဲ့ပေါ့ဗျာ၊ သူကြီးကတော်ရဲ့ အသက်ကိုကယ်တင်ထားတယ်ဆိုပြီးတော့ပေါ့။

အဖေကတော့ သက်ပြင်းတစ်ချက်ချတယ်ဗျ။

“ကျုပ်တို့ကတော့ ဒါတွေနားလည်းမလည်ဘူး၊ သိလည်းမသိကျွမ်းဘူးဆိုတော့ ဦးမှတ်ကြီးကောင်းသလိုသာလုပ်ပါဗျာ”

“ရပါတယ်သူကြီး၊ ဒီသရဲလောက်ကတော့ ကျုပ်မမှုပါဘူးဗျာ”

ဒါနဲ့ ကျုပ်နဲ့အဖေလည်း အိမ်ကိုပြန်လာခဲ့တယ်ဗျ၊ ဦးဘသာအိမ်ကို လှည့်ကြည့်လိုက်တော့ လူမရှိဘူးဗျ။

လယ်ထဲဆင်းလာတော့ ရွာလယ်က ကုန်စုံဆိုင်မှာ ဆေးလိပ်ဆယ်လိပ်လောက် ဝယ်ခဲ့တယ်၊ ဘယ်သူ့အတွက်လည်းဆိုတာ ခင်ဗျားတို့သိကြမှာပါ၊ ရွာပြင် ဇရပ်ပျက်နားရောက်တော့ အဲဒီ စဏ္ဍာလဦးလေးကြီးကို ဆေးလိပ်ဝင်ပေးတာပေါ့၊ ဦးလေးကြီးကလည်း ကျေးဇူးတင်တာပေါ့ဗျာ။ နေ့လည်ထမင်းစားတော့လည်း ကျုပ်တို့ယာထဲကို ပို့တဲ့ထမင်းကို သူတို့ကိုနည်းနည်းဖယ်ပြီး ကျွေးလိုက်ပါတယ်၊ သူတို့ခမြာ စားရမဲ့၊ သောက်ရမဲ့မဟုတ်လားဗျ၊ သူတို့က လယ်ထဲဆင်းလာကြတဲ့ လူတွေကိုလည်း ထွက်တောင်းကြတယ်၊ မြန်မာတွေဆိုတာ သနားတတ်တယ်၊ အပေးအကမ်းရှိတတ်တယ်ဆိုတော့ သူတို့စားဖို့သောက်ဖို့လောက်တော့ ရတာပေါ့ဗျာ။

ဦးဘသာကြီးကို ကျုပ်မခေါ်ရဲပေမယ့် ကြည့်တော့ကြည့်နေလိုက်တယ်၊ သူက ကျုပ်ကိုတကယ်စိတ်ဆိုးသွားတယ်ထင်ပါရဲ့ဗျာ၊ လှည့်တောင်မကြည့်တော့ဘူးဗျ။ ကျုပ်လည်း စိတ်ထဲတော်တော်မကောင်းဖြစ်နေတာပေါ့။

ညနေ လယ်ထဲက ပြန်လာတော့ ဦးမှတ်ကြီးအိမ်ရှေ့မှာ လူတွေဝိုင်းနေကြတာပေါ့ဗျာ၊ ကျုပ်လည်း ဘာဖြစ်တာလဲဆိုတာ သိချင်ပြီးအတင်းတိုးဝှေ့ကြည့်တော့ ဦးမှတ်ကြီးတစ်ယောက် အိမ်ရှေ့နားမှာ ငုတ်တုတ်ကလေးထိုင်နေတယ်ဗျ၊ သူ့အရှေ့မှာလည်း သွေးအိုင်ကြီးက မနည်းမနောပဲဗျာ၊ သူ့သမီးကတော့ သူ့ကိုကျောကုန်းကိုထုပေးနေတယ်။

ပယောဂကုပေးနေတဲ့သူဆိုတော့ ဘယ်သူမှ ဘာမှမပြောရဲကြပေမယ့် ဦးမှတ်ကြီးကို မယုံသင်္ကာနဲ့ကြည့်နေကြတယ်။

“အဲဒါ သရဲပုတ်တာခံရလို့နေမှာကွ”

“စုန်းမက သူ့ကိုသတ်ဖို့ကြံထားပုံပဲ”

“အထက်လမ်းဖြစ်ပြီး ဒီလောက်ကိုတောင် မနိုင်ဘူးလားကွာ”

တီးတိုး တီးတိုးနဲ့ပြောနေကြတာပေါ့ဗျာ၊ ဒီအချိန်မှာပဲ ဦးမှတ်ကြီးသမီးက အိမ်ရှေ့ထွက်လာပြီးတော့

“ရှင်တို့ ဘာတွေစပ်စုနေကြတာလဲ၊ ကိုယ့်အလုပ်ကိုယ်လုပ်ကြစမ်း၊ ကျုပ်အိမ်ရှေ့ကနေ ထွက်သွားကြနော်၊ မထွက်သွားလို့ကတော့ ခဲနဲ့ပေါက်ထုတ်မှာ”

အိမ်ရှေ့မှာ အုံနေတဲ့လူတွေကို မောင်းထုတ်တယ်ဗျ၊ လူတွေကလည်း အနောက်ကိုဆုတ်သွားကြတာပေါ့ဗျာ၊ ဒီအချိန်မှာပဲ ဦးမှတ်ကြီးက ပျို့တက်လာပြီးတော့ သွေးတွေထပ်ပြီး အန်ချပါရောဗျာ၊ သွေးတွေဆိုတာ မနည်းဘူးဗျ၊ ကရားကနေ ရေကိုသွန်မှောက်ချလိုက်သလိုမျိုး ဝေါခနဲထွက်လာတာ၊ သွေးထဲမှာလည်း ဖြူဖြူတွေ မဲမဲတွေစုံလို့ပေါ့ဗျာ၊ သွေးအန်လို့လဲပြီးတော့ အိမ်တိုင်ကိုမှီရင်း လဲကျသွားပါလေရာ။

“အဖေ . . . . အဖေ”

သူ့သမီးက အိမ်ပေါ်ကိုပြေးတက်ပြီးတော့ ဦးမှတ်ကြိးကိုပွေ့လိုက်တယ်၊ ဦးမှတ်ကြီးကတော့ မျက်ဖြူတွေလန်နေပြီးတော့ လူကလည်း နုံးချိနေပြီဗျ၊

“ဟေ့လူတွေ၊ နောက်ဆုတ်ကြ၊ နောက်ဆုတ်ကြစမ်း”

အဖေနဲ့ ရပ်ရွာလူကြီးတွေရောက်လာတယ်၊ ဦးမှတ်ကြီးဖြစ်နေတာသိလို့ ရွာဦးကျောင်းဆရာတော်ပါ ရောက်လာခဲ့တယ်၊ ဦးမှတ်ကြီးက တစ်ကိုယ်လုံးဖြူဖတ်နေပြီးတော့ ပက်လက်လန်လို့ဗျ၊ ရွာဦးကျောင်းဆရာတော်က အင်္ကျီလှန်ကြည့်တော့ ကျောကုန်းက သွေးလက်ဝါးရာကြီးက မဲနက်ပြီး ယောင်ကိုင်းနေတာပဲဗျာ။ ဦးမှတ်ကြီးတို့ မိသားစုကတော့ ငိုနေတော့တာပဲ”

“အဖေရဲ့၊ ဒီရွာက လူတွေကိုအဖေက ကယ်တင်ခဲ့ပြီး၊ အဖေ့ကျတော့ ဘယ်သူမှ မကူညီနိုင်တော့ဘူးတဲ့လား”

ဒါနဲ့ အဖေတို့ကတိုင်ပင်ကြတယ်။

“ကျုပ်ကတော့ မြို့ဆေးရုံကိုပို့လိုက်ချင်တယ်”

အဖေက ထပြောပေမယ့် ရွာလူကြီးအချို့က ကန့်ကွက်တယ်။

“မြို့ဆေးရုံပို့လည်း သူတို့က ဒါမျိုးမကုတတ်ပါဘူးကွာ၊ ဒါမျိုးက ဆရာတစ်ယောက်ရှာပြီး ကုမှရမှာ”

ရွာဦးကျောင်းဆရာတော်ကလည်း ခေါင်းညိတ်တယ်။ ဒါနဲ့အဖေက

“ဆရာဆိုရင် ဒီရွာအနီးမှာ တခြားဆရာမှမရှိဘဲကိုး၊ မြိုင်သာလောက် တက်ပင့်မှရမှာ၊ အချိန်ကလည်းလင့်နေပြီဆိုတော့ ခုချိန်ရွာကနေလှည်းနဲ့ထွက်ရင်တောင်မှ ဟိုကိုညနက်မှရောက်မှာ”

တစ်ယောက်တစ်ပေါက်ပြောဆိုနေတဲ့အချိန် ကျုပ်ကလည်း အားလုံးရဲ့အရှေ့ကိုထွက်လိုက်ပြီးတော့

“သရဲဆိုရင် ဦးဘသာကြီး ကောင်းကောင်းနိုင်တယ်လေဗျာ”

ကျုပ်က အသံအကျယ်ကြီးနဲ့ပြောလိုက်တော့ ကျုပ်ကို အဖေတို့ရော၊ ရွာဦးကျောင်းဆရာတော်ရော၊ ရွာလူကြီးတွေကရော အကြည့်မျိုးစုံနဲ့ ဝိုင်းကြည့်တယ်ဗျ၊ ရွာလူကြီးတစ်ချို့ကတော့ ထပြီးကန့်ကွက်တယ်။

“ဘသာဆိုတာ မကောင်းတဲ့စုန်းရိုးပဲ၊ သူတို့စုန်းအချင်းချင်းလုပ်တာကို သူက ပြန်လုပ်ပေးပါ့မလား”

“ဟုတ်တယ် သူကြီးသားရေ၊ ဦးဘသာက နဂိုကတည်းကမှ ဦးမှတ်ကြီးနဲ့ တည့်တာမဟုတ်ဘူးနော်၊ ဒီအဖြစ်ကို အခွင့်ကောင်းယူပြီးတော့ ဦးမှတ်ကြီးကိုရှင်းလိုက်ရင် ဘယ့်နှယ့်လုပ်ကြမလဲ”

တစ်ယောက်တစ်ပေါက်နဲ့ ငြင်းခုန်နေကြရင်း အသံတွေဆူနေတဲ့အချိန်မှာ နောက်ဆုံးတော့ ရွာဦးကျောင်းဆရာတော်က ထအော်တယ်။

“အားလုံး တိတ်တိတ်နေကြစမ်းပါ၊ ကဲ သမီး နင်တို့ဘာဖြစ်ချင်သလဲ၊ နင်တို့ ဆန္ဒကိုပြော၊ ဦးဘသာကို ခေါ်မယ်မခေါ်ဘူးဆိုတာ နင်တို့ဆုံးဖြတ်”

ဦးမှတ်ကြီးသမီးကိုလှည့်ကြည့်ပြီးမေးလိုက်တာပေါ့ဗျာ၊ ဦးမှတ်ကြီးသမီးကလည်း ငိုမဲ့မဲ့နဲ့စဉ်းစားနေရင်း

“ခေါ်ပါမယ်ဘုရား၊ အဖေကောင်းမယ်ဆိုရင်တော့ ခေါ်ပါမယ်”

လူနာရှင်ဆိုတော့လည်း ကောက်ရိုးတစ်မျှင်ရရင်ပဲဖြစ်ဖြစ် အားကိုးချင်တာပေါ့ဗျာ။ ရွာဦးကျောင်းဆရာတော်က အဖေ့ကိုကြည့်ပြီးတော့

“ကဲသူကြီး၊ လူနာရှင်ရဲ့ ဆန္ဒ အတိုင်း ဦးဘသာကို သွားခေါ်ပေတော့”

ဒီအခါ တခြားရွာလူကြီးတွေက ထပြီးကန့်ကွက်ကြတယ်၊ ဆရာတော်က အဲဒီလူကြီးတွေကို တစ်ချက်အော်လိုက်ပြီးတော့

“ဒီမှာ ခင်ဗျားတို့ပါးစပ်ပိတ်ထားကြ၊ လူနာရှင်ရဲ့ ဆန္ဒကို မလွန်ဆန်ကြနဲ့၊ သူတို့ကိုယ်တိုင်က ကုပါမယ်လို့ပြောနေတာကို ခင်ဗျားတို့က ဘာတွေထပ်ပြောချင်နေကြသေးလဲ”

ဆရာတော် ငေါက်လိုက်တော့မှ အားလုံးငြိမ်ကျသွားတယ်၊ အဖေက ကျုပ်ကိုကြည့်ပြီး

“ကဲ အလတ်ကောင်၊ ဦးဘသာကို သွားခေါ်ကွာ”

“ကျုပ် . . . ကျုပ်ခေါ်လို့မရဘူး၊ ဦးဘသာက ကျုပ်နဲ့မခေါ်ဘူး”

အဖေက ကျုပ်ပုခုံးကိုတွန်းရင်း

“ခေါ်တာတွေ မခေါ်တာတွေ နောက်ထားကွာ၊ အခုငါခေါ်ခိုင်းလိုက်တာ၊ ဟုတ်ပြီလား၊ သွား . . . မြန်မြန်ရအောင်ခေါ်လာခဲ့”

အဖေ့အမိန့်ဆိုတော့လည်း ကျုပ်လည်းဦးဘသာအိမ်ကို ပြေးလာခဲ့ရတာပေါ့ဗျာ၊ အိမ်ရှေ့မှာ ဆီမီးခွက်အလင်းရောင်လေးတွေ့တော့ ဦးဘသာရှိတယ်ဆိုတာ သိလိုက်တာပေါ့။

“ဦးဘသာ၊ ဗျို့ . . . ဦးဘသာ”

“ဘာလဲကွာ၊ မင်းငါနဲ့ လာမပတ်သက်နဲ့လို့ ပြောထားတယ်မဟုတ်လား”

“အဲဒါက အရေးမကြီးဘူးဗျ၊ အခု အဖေက ဦးဘသာကိုခေါ်ခိုင်းလိုက်လို့”

ဦးဘသာက အိမ်ပေါ်ကနေဆင်းလာတယ်ဗျ၊

“ဘာဖြစ်တာလဲ”

“ဦးမှတ်ကြီးကို သရဲပုတ်ခံရတာ၊ အခုသွေးတွေအန်ပြီးတော့ သတိလစ်နေပြီဗျာ”

ဦးဘသာကြီးလည်း ထိတ်ထိတ်လန့်လန့်ဖြစ်သွားတယ်ဗျ။ ပြီးတော့ ကျုပ်အနောက်ကနေလိုက်လာပါရော၊ ကျုပ်တို့နှစ်ယောက် အပြေးတစ်ပိုင်းနဲ့ လာခဲ့ကြတာပေါ့ဗျာ။ ဦးမှတ်ကြီးအိမ်ပေါ်ကို ဦးဘသာက အပြေးတက်သွားတယ်၊ အိမ်ပေါ်ရောက်တော့ ရွာဦးကျောင်းဆရာတော်ကိုတွေ့တာနဲ့ ဦးဘသာက လက်အုပ်ချီလိုက်တယ်။

“ဘသာ နင်ကြည့်စမ်း၊ ဒကာ မှတ်ကြီးဘာဖြစ်တာလဲဆိုတာ”

“တင်ပါ့ဘုရား”

(၅)

ဦးဘသာက ဦးမှတ်ကြီးရဲ့ လည်ပင်းကိုစမ်းလိုက်တယ်၊ ဦးမှတ်ကြီးက ဘေးတစ်စောင်းကြီးလှဲနေတာပေါ့ဗျာ။ နောက်တော့ မျက်ခွံတွေကိုလှန်ကြည့်တယ်၊ ပြီးတာနဲ့ ကျောကုန်းက လက်ဝါးရာကြီးကို ကြည့်လိုက်တယ်ဗျ။ ကျုပ်တို့အားလုံးလည်း ဦးဘသာလုပ်တာတွေကို လိုက်ကြည့်နေတာပေါ့ဗျာ။

“ဘယ်လိုလဲဘသာ၊ ကုလို့ရနိုင်သလား”

“တင်ပါ့ဘုရား၊ ဒဏ်ရာကတော့ ပြင်းထန်တယ်ဆိုပေမယ့် အချိန်မနှောင်းသေးတော့ ကုသလို့ရမှာပါ”

ဦးမှတ်ကြီးသမီးက ငိုယိုပြီးတော့

“ဒါဆိုရင်လည်း အဖေ့ကိုကုပေးပါရှင်၊ ဦးဘသာကို အားကိုးပါတယ်”

“အေးအေး၊ ဘာမှစိတ်မပူနဲ့၊ အလတ်ကောင်ရေ၊ နွားကျင်ငယ်ရေရှာပြီးတော့ အုတ်နီခဲမှုန့်နဲ့ဖျော်စမ်းကွာ”

ကျုပ်လည်း အိမ်ပေါ်ကနေအပြေးဆင်းခဲ့ရတာပေါ့ဗျာ၊ ဦးမှတ်ကြီးအိမ်က နွားတွေကို ဒန်ဖလားတစ်လုံးထဲ သေးပေါက်ထည့်ခိုင်းရတာပေါ့ဗျာ၊ အရေးထဲမှ နွားတွေက ရှက်fနေသလားမသိပါဘူးဗျာ၊ သေးကိုမပေါက်တာ၊ ဒါနဲ့ကျုပ်လည်း နွားရိုက်ကြိမ်နဲ့ လေးငါးချက်ရိုက်ထည့်တာပေါ့၊ ဦးဘသာကြီးက စိတ်မရှည်ဘူးနဲ့တူပါတယ်၊ အိမ်ပေါ်ကနေဆင်းလာတယ်ဗျ။

“အလတ်ကောင်ရာ နွားကိုရိုက်တိုင်း သေးထွက်မလားကွ၊ ပေးစမ်း အဲဒီဒန်ခွက် ငါ့ကိုပေးစမ်း”

ဦးဘသာက ဒန်ဖလားကို နွားအောက်မှာချလိုက်တယ်၊ ပြီးတော့ နွားသိုးကြီးရဲ့ ချိုကိုကိုင်ပြီးတော့

“သားကြီးရေ၊ မင်းသခင်နေမကောင်းဘူးကွ၊ ဆေးသုံးချင်လို့ မင်းက ဆီးနည်းနည်းစွန့်ပေးကွာ၊ ဟုတ်ပြီလား”

ဦးဘသာက နွားရဲ့နဖူးကိုပွတ်ပေးလိုက်တော့ အဲဒီနွားကြီးက ဦးဘသာစကားကို နားလည်တဲ့အတိုင်းပဲဗျာ၊ ဒန်ဖလားထဲကို သေးတွေပေါက်ထည့်လိုက်တယ်ဗျ၊ အဲဒီ နွားကျင်ငယ်ရေကိုယူပြီးတော့ အိမ်နောက်ဖေးအတက်အဆင်းနားက အုတ်နီခဲတစ်လုံးကို ထုခွဲပြီးတော့ ကျောက်ပြင်တစ်ခုမှာ တင်သွေးတာပေါ့ဗျာ၊ နွားကျင်ငယ်ရယ်နဲ့ အုတ်နီခဲဆိုတော့ အရောင်နီနီကြီးပေါ့၊ ကျုပ်တို့လုပ်နေသမျှကို လူတွေအားလုံးက ဝိုင်းကြည့်နေကြတယ်။

“ရပြီ၊ ရပြီ၊ မင်းဘေးဖယ်နေ”

ကျုပ်လည်း ဦးဘသာဆီကို ကျောက်ပြင်ထိုးပေးလိုက်တာပေါ့ဗျာ၊ ဦးဘသာက သူ့ဘယ်လက်နဲ့ အဲဒီကျောက်ပြင်က အုတ်နီခဲသွေးထားတဲ့အရည်တွေကို လက်နဲ့ပွတ်လိုက်တယ်၊ ဦးဘသာလက်ဝါးတစ်ခုလုံး အုတ်နီရေတွေ ပေသွားတာပေါ့ဗျာ၊ ပြီးတော့ ဦးမှတ်ကြီးရဲ့ ရင်ဘတ်ကိုလှန်ပြီးတော့ လက်ဝါးနဲ့ဖြန်းခနဲရိုက်ထည့်လိုက်တယ်ဗျ၊ လက်ဝါးကို ပြန်မခွာသေးဘဲ တစ်ခုခုရွတ်နေသေးတယ်။

လက်ကိုပြန်ခွာလိုက်တော့ နီနီလက်ရာကြီးကျန်ခဲ့တာပေါ့ဗျာ၊ ဦးမှတ်ကြီးရင်ဘတ်မှာ ဦးဘသာရဲ့ ဘယ်ဖက်လက်ဝါးရာနီနီကြီးဗျ၊ ကျောဘက်မှာတော့ သရဲပုတ်ထားတဲ့ ညာဖက်လက်ဝါးရာက အနက်ရောင်ကြီးဖြစ်နေတော့တာ။ ဦးဘသာက လူကြီးတွေဘက်ကိုလှည့်ပြီးတော့

“ရပါပြီ၊ မနက်ဖြန်လောက်ဆို ကောင်းသွားမှာပါ”

ရွာဦးကျောင်းဆရာတော်က သိချင်တယ်ထင်ပါရဲ့။

“ဟဲ့ ဘသာ၊ မင်းဘယ်လိုကုလိုက်တာလဲဟဲ့”

“တင်ပါ့ဘုရား၊ အခု မှတ်ကြီးအရိုက်ခံရတာ သရဲပုတ်တာမဟုတ်ပါဘူးဗျာ၊ စုန်းတွေထဲမှာ တော်တော်စွမ်းတဲ့ သွေးစုန်းလို့ခေါ်တဲ့ စုန်းက ရိုက်ထားတဲ့ သွေးလက်ဝါးရာပါဘုရား”

“ဟင် . . . သွေးလက်ဝါးတဲ့လား”

“မှန်ပါ၊ သွေးလက်ဝါးအရိုက်ခံရရင် နှစ်ဆယ့်လေးနာရီပြည့်တာနဲ့ အဲဒီလူသေပါရောလားဘုရား၊ အခုက မှတ်ကြီး ကံကောင်းသွားတယ်ပြောရမယ်၊ သူညက အရိုက်ခံရတာဆိုတော့ အဲဒီအချိန်ပြန်ရောက်တာနဲ့ သူသေတော့မှာပါဘုရား”

“ကြောက်စရာကောင်းလိုက်တာကွယ်၊ ဒါနဲ့ ကုတာကျတော့လည်း လွယ်လွယ်လေးပါလား”

“သွေးလက်ဝါးကို တန်ပြန်ရိုက်တဲ့အနေတဲ့ သေးလက်ဝါးနဲ့ ပြန်ရိုက်ထည့်တာပါဘုရား၊ ရိုက်တဲ့လူက ညာဘက်နဲ့ရိုက်တော့ တပည့်တော်က ဘယ်ဘက်နဲ့ပြန်ရိုက်ပါတယ်၊ ကျောကိုအရိုက်ခံရတာဆိုတော့၊ ရင်ဘတ်ကိုပြန်ရိုက်လိုက်ပါတယ်ဘုရား၊ နောက်ပြီး ပညာနည်းနည်းသုံးလိုက်ပါတယ်”

“အင်းကွယ်၊ ဒီလိုကျတော့လည်း မောင်မင်းတို့ပညာရပ်တွေက အံ့မခန်းပါပဲလား”

“တင်ပါ့ဘုရား၊ ဘယ်ပညာရပ်မဆို ကောင်းတာဖြစ်အောင် စေခိုင်းလို့ရသလို၊ မကောင်းတာဖြစ်အောင်လည်း လုပ်လို့ရတယ်မဟုတ်လားဘုရား”

ဆရာတော်က ခေါင်းညိတ်လိုက်တယ်၊ ဦးဘသာက ဆရာတော်ကိုတစ်ချက်ကန်တော့ပြီးတော့ အိမ်ပေါ်ကဆင်းတယ်ဗျ၊ ရွာသားတွေအကုန်လုံးလည်း ဒီတော့မှ ဦးဘသာကို အံ့ဩချီးကျူးချင်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြတာပေါ့ဗျာ။ ဦးဘသာက အိမ်ပေါ်ကနေဆင်းခါနီး ကျုပ်ကိုတစ်ချက်ကြည့်ပြီး

“မင်းလာအုံး၊ မင်းနဲ့စာရင်းရှင်းစရာရှိသေးတယ်”

ကျုပ်လည်း သူ့အနောက်ကို အယောင်ယောင်အမှားမှားနဲ့ လိုက်သွားတာပေါ့ဗျာ၊ ဦးဘသာက ရွာထဲမဝင်ဘဲ ရွာပြင်ကိုသွားနေတာဗျ၊ ကျုပ်လည်း စိတ်ထဲမအောင့်နိုင်တော့တာနဲ့။

“နေပါအုံး၊ ကျုပ်နဲ့ရှင်းမယ်ဆိုတာ ဘာကိုပြောတာလဲ”

ဦးဘသာက ဘေးဘီကိုကြည့်လိုက်တယ်။

“မှတ်ကြီးဖြစ်ရတာ မင်းကြောင့်ကွ”

“ဗျာ . . . ကျုပ်က ဘာလုပ်ရသေးလို့လဲ”

“မင်း မီးကင်လိုက်လို့ သေသွားတဲ့အောက်လမ်းကောင်က ဒီစုန်းကိုခေါ်ပြီးတော့ လက်တုံ့ပြန်ခိုင်းတာပဲကွ၊ ဒါပေမယ့် စုန်းကိုထုတ်လိုက်တဲ့လူက မှတ်ကြီးဆိုပြီး ရွာထဲမှာ သတင်းပျံ့နေတာမဟုတ်လား၊ ဒီတော့ မှတ်ကြီးလုပ်လိုက်တာပဲလို့ထင်ပြီးတော့ မှတ်ကြီးကို ဆော်ခံထိတာပဲဟေ့၊ တကယ်ဆိုရင် အဲဒီလက်ဝါးက မင်းကျောကုန်းမှာ ပေါ်လာရမှာ”

ကျုပ်လည်း လန့်သွားတယ်ဗျ။

“ဒါနဲ့ သေသွားတဲ့လူက ကျုပ်ကိုလက်ညှိုးထိုးပြီးတော့ ပြောသွားတာပဲဗျာ၊ ဘာလို့ ဦးမှတ်ကြီးကို ထိရတာလဲ”

“ဒါကတော့ ဒီလိုကွ၊ သူက လုပ်တဲ့လူရဲ့ပညာကို ခြေရာခံရင်း မင်းဆီရောက်လာတာ၊ ဒါပေမယ့် သူလွှတ်လိုက်တဲ့စုန်းကျတော့ မင်းမှန်းမသိဘူးလေ၊ ဒါနဲ့ ရွာမှာနေရင်းနဲ့ ဒီအကြောင်းကို စုံစမ်းတော့ ဦးမှတ်ကြီးလုပ်တယ်ပဲ ထင်သွားတာပေါ့”

ကျုပ်လည်း အခုမှပဲ နားလည်သွားတော့တယ်။

“ဒါနဲ့ နေပါအုံးဗျ၊ ရွာက စုန်းဆိုတော့ မကြွယ်လုပ်တာများလား”

ဦးဘသာက ခေါင်းခါလိုက်တယ်။

“ရွာက စုန်းမဟုတ်ဘူးကွ၊ အခုရွာကိုရောက်နေတဲ့စုန်း”

“အခုရွာကိုရောက်နေတာဆိုတော့ . . . .”

ကျုပ်လည်း စဉ်းစားရင်းနဲ့ ရွာထိပ်ဇရပ်ပျက်က စဏ္ဍာလ မောင်နှမကို သတိထားမိသွားတယ်။

“ဒါ . . . ဒါဆို အဲဒီလူနှစ်ယောက်ပဲဖြစ်ရမယ်ဦးဘသာ”

ဦးဘသာက ကျုပ်ကိုခါးထောက်ပြီးတော့ကြည့်တယ်။

“ရွာထိပ်ဇရပ်ပျက်မှာ စဏ္ဍာလနှစ်ယောက် ရောက်နေကြတယ်ဗျ၊ သူတို့ကိုတောင်မှ ကျုပ်ကသနားလို့ ဆေးလိပ်ဝယ်ပေး၊ ထမင်းကျွေးနဲ့ လုပ်ပေးလိုက်ရသေးတာ”

“ဘာ . . . ငါမသိပါလားကွ၊ ငါလည်း လယ်ထဲဆင်းနေတာပဲ၊ မင်းပြောတဲ့လူနှစ်ယောက်ကို မတွေ့ပါဘူးကွာ”

ဒါနဲ့ကျုပ်လည်း ရွာပြင်ကိုထွက်ခဲ့တာပေါ့ဗျာ၊ ရွာပြင်ရောက်တော့ ဇရပ်ပျက်ကလေးမှာ မီးရောင်ကလေးလက်နေတယ်။ ကျုပ်လည်း ဦးဘသာကိုလက်ညှိုးထိုးပြပြီးတော့

“ဟိုးမှာတွေ့လားဦးဘသာ၊ မီးရောင်လက်နေတယ်”

ဦးဘသာက သေသေချာချာလှမ်းကြည့်တယ်ဗျ၊ ဒါပေမယ့် ဘာမှမတွေ့ရဘူးနဲ့တူတယ်။

“ဘာမှ မရှိပါဘူးကွာ၊ မင်းကလည်း”

“ဟာဗျာ၊ ဦးဘသာက အသက်ကြီးတော့ မျက်လုံးတွေသေချာမမြင်ရတာနေမှာ၊ ဟိုးမှာ မီးရောင်ကိုတောင်မြင်နေရပါတယ်ဆို”

အဲဒီအခါမှာ ကျုပ်တို့ဘေးနားကို လေတစ်ချက်ဝေ့လိုက်သလိုမျိုးဖြစ်သွားပြီးတော့ ရယ်သံကြီးလည်းထွက်ပေါ်လာတယ်ဗျ။

“ဟား၊ ဟား ဘယ်တွေ့ရမှာလဲကွာ”

ကျုပ်တို့ရှေ့နားမှာပဲ စဏ္ဍာလဦးလေးကြီးက ဝုန်းဆိုပေါ်လာပါရောဗျာ၊ ကျုပ်လည်း ကြောက်ကြောက်နဲ့ အနောက်ကိုခုန်ဆုတ်လိုက်တယ်။ ဦးဘသာက အဲဒီလူကြီးကိုသေသေချာချာကြည့်ပြီးတော့

“ဒါဆို မှတ်ကြီးဖြစ်တာ၊ မင်းလက်ချက်လား”

အဲဒီလူကြီးက ပြုံးရယ်ရင်း

“ငါ့လက်ချက်မဟုတ်ဘူး၊ အဲဒါ ငါ့ညီမလက်ချက်ပဲကွ”

ကျုပ်လည်း စဏ္ဍာလဦးလေးကြီးကို လက်ညှိုးထိုးရင်း

“ဒါဆို၊ ဦးလေး . . . ဦးလေးကြီးက ဘာကြီးလဲ”

စဏ္ဍာလ ဦးလေးကြီးကမဖြေခင် ဦးဘသာကြီးက

“ဒီလူကြီးက ကဝေပျံကြီးပဲကွ”

“ဒါဆို သူ့ညီမဆိုတာကရော”

ဦးဘသာက မျက်မှောင်ကြုတ်လိုက်ပြီး

“သူ့ညီမက သွေးလက်ဝါး ကျင်ရီဆိုတဲ့ တစ်ယောက်ပေါ့ကွာ၊ ဟုတ်တယ်မဟုတ်လား”

စဏ္ဍာလ ဦးလေးကြီးက ခေါင်းညိတ်ပြတယ်ဗျ။

“သွေးလက်ဝါး ကျင်ရီက သေသွားပြီဆိုပြီး သတင်းထွက်နေတာမဟုတ်လား၊ ငါ လက်ဝါးရာကိုကြည့်လိုက်ကတည်းက ကျင်ရီရဲ့လက်ချက်မှန်းသိလိုက်တယ်၊ ဒါပေမယ့် သူက သေသွားပြီဆိုတော့ တခြားတစ်ယောက်များလားလို့တွေးလိုက်တာ”

ဦးဘသာပြောတော့ စဏ္ဍာလ ဦးလေးကြီးက ရယ်တယ်ဗျ။

“ခင်ဗျားတို့ ကာဆီးကာဆီး မလုပ်ကြနဲ့၊ ကျုပ်တပည့်ကို သတ်သွားတဲ့လူကို ကျုပ်ပြန်ပြီးလက်စားချေဖို့ရောက်လာခဲ့တာပဲ”

ဦးဘသာက ခါးထောက်လိုက်ပြီးတော့

“ကိုးခမ်းအင်းကိုဖျက်ပေးတာက ငါကွ၊ ဒါပေမယ့် အဲဒီအင်းကို ပြာချဖျက်ဆီးတာကတော့ ဒီကောင်ပဲ”

ဦးဘသာက ကျုပ်ကိုလက်ညှိုးထိုးတယ်ဗျ၊ စဏ္ဍာလဦးလေးကြီးက ကျုပ်ကိုမျက်ထောင့်နီကြီးနဲ့ကြည့်နေတာ၊

“မင်းတကယ်ပဲ မီးရှို့ခဲ့တာလားကောင်လေး”

ကျုပ်လည်းခေါင်းညိတ်ရင်း

“ကျုပ် . . . ကျုပ်မသိလို့လုပ်မိတာပါဗျာ”

“မင်းကံကောင်းသွားတယ်ကောင်လေး၊ ကဝေပျံတွေက ကျေးဇူးရှင်ကို ပညာနဲ့ပြန်မလုပ်ရဘူးဆိုတဲ့ စည်းကမ်းချက်ရှိလို့သာ မင်းကံကောင်းသွားတယ်မှတ်၊ နို့မဟုတ်ရင်တော့ မင်းသေပြီ”

ဦးလေးကြီးက ကျုပ်ကိုလက်ညှိုးထိုးပြီးပြောလိုက်တော့ ကျုပ်လည်းလန့်သွားတာပေါ့ဗျာ၊ သူပြောတာလည်းဟုတ်တယ်၊ ကျုပ်က သူတို့ကို ဆေးလိပ်ပေးလိုက်၊ ထမင်းကျွေးလိုက်နဲ့ဆိုတော့ ဘာပဲပြောပြော သူတို့အပေါ် ကျုပ်က ကျေးဇူးရှိသွားတယ်မဟုတ်လား။ ဒါပေမယ့် အဲဒီဦးလေးကြီးက ဦးဘသာကိုလက်ညှိုးထိုးရင်း

“ခင်ဗျားကတော့ ကျုပ်ရဲ့အင်းကွက်ကိုဖျက်ပြီးတော့ တန်ပြန်အင်းဆွဲပေးလိုက်တာဆိုတော့ ခင်ဗျားအပြစ်လဲမကင်းဘူး၊ ဒီတော့ ဒီကောင်လေးကိုမသတ်ပေမယ့်၊ ခင်ဗျားကတော့သေရမယ်”

ဦးလေးကြီးရဲ့ အသံကြီးက ကြောက်စရာကြီးဗျာ၊ ဒါပေမယ့် ဦးဘသာကြီးကတော့ ခါးထောက်ပြီး ဟက်ဟက်ပက်ပက်ရယ်တယ်ဗျ။

“ဟား . . . ဟား၊ ငါ့နာမည်သာဒင်ပါကွ၊ သာဒင်ကို ဘာထင်နေသလဲ . . . ဘယ်ကစမ်းစမ်း၊ ညာကစမ်းစမ်း ငါကတော့အချိန်မရွေးပဲကွ”

ဆက်ရန်
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ #horror 1

Zawgyi Version

“စုန္းထီးႀကီးဦးဘသာႏွင့္ေက်ာျပင္ထက္ကေသြးလက္ဝါး”(စ/ဆုံး)
———————————————————————————
အတြဲ(၃) စာစဥ္ (၅)

(၁)

က်ဳပ္အေမေနေကာင္းၿပီး ထူထူေထာင္ေထာင္ျဖစ္သြားမွပဲ က်ဳပ္လည္း လယ္ထဲဆင္းႏိုင္ေတာ့တယ္ဗ်ာ။ အရီးၿပဳံးႀကီးရဲ႕ ဆန္ျပဳတ္အစြမ္းေၾကာင့္လားေတာ့မေျပာတတ္ပါဘူး၊ ဦးဘသာႀကီးလည္း ျပန္ၿပီးထူထူေထာင္ေထာင္ျဖစ္လာတယ္ဗ်၊ လယ္ထဲမွာ စပါးေတြပ်ိဳးထားတာဆိုေတာ့ ဦးဘသာႀကီးလည္း လယ္ထဲဆင္းရတာေပါ့ဗ်ာ။

လယ္ထဲမွာ ထမင္းစားေသာက္ၿပီးေတာ့ ခါးဆန႔္ေနတုန္းရွိေသးတယ္၊ ဦးဘသာႀကီးက တဲထဲကိုဝင္လာၿပီးေတာ့ က်ဳပ္ကိုႀကိမ္လုံးနဲ႔ တျဖန္းျဖန္း႐ိုက္ပါေရာလားဗ်ာ၊ သူ႔ႀကိမ္လုံးကို က်ဳပ္က လက္နဲ႔ကာေတာ့ လက္ဖ်ံေတာင္မွ အရွိးရာႀကီးျဖစ္သြားတာ၊ ဦးဘသာက က်ဳပ္ကိုေဒါသတႀကီးနဲ႔ၾကည့္တယ္ဗ်၊ က်ဳပ္လည္း ဦးဘသာနဲ႔ေပါင္းလာတာ အေတာ္ၾကာခဲ့ေပမယ့္ သူက်ဳပ္အေပၚ ဒီေလာက္ေဒါသတႀကီးနဲ႔ ဆက္ဆံတာမ်ိဳး မခံရဖူးဘူးဗ်။

“ဦးဘသာ ဘာျဖစ္လို႔ က်ဳပ္ကိုခ်ည္း လွိမ့္႐ိုက္ေနရတာလဲဗ်၊ က်ဳပ္ကို ႏြားလို႔မ်ား ျမင္ေနလို႔လား”

“ႏြားဆိုလို႔ကေတာ့ မင္းကို ႐ိုက္႐ုံတင္ဘယ္ကမလဲကြာ၊ ခ်က္ခ်င္းကို ေပၚပစ္လိုက္မွာ”

“ေနပါအုံး၊ ဦးဘသာက ေနရင္းထိုင္ရင္း က်ဳပ္ကိုဘာလို႔ မ်က္မုန္းက်ိဳးေနတာလဲဗ်”

ဦးဘသာက သူ႔ပါးစပ္ထဲက ကြမ္းတံေတြးေတြကို ပ်စ္ခနဲေထြးထုတ္လိုက္ၿပီးေတာ့

“ေအာင္မာ၊ ငါက မင္းကို အလကားေနရင္း မ်က္မုန္းက်ိဳးေနရမွာလား၊ ေျပာစမ္း၊ သိမ္ဝင္သပိတ္ကြဲနဲ႔ ကိုးခမ္းအင္းကို မင္းဘယ္ေနရာကိုစြန႔္လိုက္သလဲ”

ဒီေတာ့မွ က်ဳပ္လည္း ဇက္ေလးပု သြားေလးၿဖဲလိုက္ရင္း

“အဲဒါကေလ . . . ဟို . . ဟို”

“မလိမ္နဲ႔ ငါ့ကိုမွန္မွန္ေျပာ”

“က်ဳပ္ . . က်ဳပ္လည္း အစကေတာ့ အဲဒီသပိတ္ကြဲကိုေရစိမ္တာဗ်၊ ေနာက္ေတာ့ က်ဳပ္အေမကိုလုပ္တဲ့ေကာင္ ပူပါေစဆိုၿပီးေတာ့ ထင္းမီးဖိုထဲကို သြားျပတာပဲ”

“ေျပာစမ္းပါအုံး”

“မီးျပေနရင္းနဲ႔ အရီးၿပဳံးကဝင္လာလို႔ က်ဳပ္လည္း လန႔္ၿပီးေတာ့ လြတ္ခ်လိုက္တာ သပိတ္ကြဲက ထင္းမီးပုံထဲဝင္သြားတယ္”

“မင္းက ျပန္မေကာက္ဘူးလား”

က်ဳပ္လည္း ေခါင္းကုပ္ရင္း

“ေကာက္ေတာ့ ေကာက္မလို႔ပဲ၊ ဒါေပမယ့္ အရီးၿပဳံးကလည္း ရစ္သီရစ္သီလုပ္ေနတာဆိုေတာ့ က်ဳပ္လည္း မေကာက္ျဖစ္ေတာ့ဘူးေပါ့ဗ်ာ၊ အရီးၿပဳံးလစ္သြားမွ ထင္းမီးဖိုကိုၿဖဲၿပီးရွာရတယ္”

“အဲဒီေတာ့ျပန္ေတြ႕သလား”

က်ဳပ္လည္း ေခါင္းခါလိုက္ၿပီး

“မေတြ႕ေတာ့ဘူးဗ်၊ ျပာျဖစ္သြားၿပီထင္ပါရဲ႕”

ဦးဘသာက သူ႔နဖူးကိုသူ လက္ဝါးနဲ႔ျဖန္းခနဲ႐ိုက္တယ္ဗ်။

“ေသဟဲ့ နႏၵိယ”

“ေနပါအုံး နႏၵိယက ဘယ္သူလဲဗ်”

“နႏၵိယဆိုတာ မင္းလို ႏြားမ်ိဳးကိုေျပာတာ”

အဲဒီလိုေျပာၿပီးေတာ့ က်ဳပ္ကိုႀကိမ္လုံးနဲ႔ လႊဲ႐ိုက္ပါေရာ၊ က်ဳပ္လည္း လက္နဲ႔အျမန္ကာရတာေပါ့ဗ်ာ။ ေနာက္ေတာ့ ဦးဘသာတစ္ခ်က္အ႐ိုက္မွာ က်ဳပ္လည္း သူ႔ႀကိမ္လုံးကို လက္ဝါးနဲ႔ဖမ္းဆုပ္လိုက္တယ္၊ က်ဳပ္အားေကာင္းေကာင္းနဲ႔ဆြဲထားေတာ့ ဦးဘသာက ႀကိမ္လုံးကိုျပန္မဆြဲေတာ့ဘဲ လႊတ္ခ်လိုက္တယ္ဗ်၊ ၿပီးေတာ့ ခါးေထာက္ရင္း တစ္ဖက္ကိုလွည့္သြားတယ္။

“ဘာျဖစ္လို႔ က်ဳပ္ကို႐ိုက္ရတာလဲဆိုတာ ေျပာျပလို႔ရၿပီလား”

“မင္းကြာ၊ ေရနဲ႔စိမ္ရင္ ေရစိုတယ္၊ မီးနဲ႔ကင္ရင္ ပူပါတယ္ဆိုတာကို မင္းက မီးပုံထဲထည့္ၿပိး ျပာျဖစ္ေအာင္လုပ္လိုက္တယ္ဆိုေတာ့ တစ္ဖက္ကလူေတာ့ ေသၿပီေပါ့ကြာ၊ မင္းေလာက္မိုက္တဲ့ေကာင္ရွိေသးရဲ႕လားကြ”

“က်ဳပ္လည္း မေတာ္တဆျဖစ္သြားတာပါဗ်ာ”

“ငါ့အျပစ္ပါ၊ ဒါေတြအားလုံးက ငါ့အျပစ္ပါ၊ မင္းလိုတလြဲလုပ္တတ္တဲ့ေကာင္ကို ယုံစားမိတဲ့ငါ့အျပစ္ပဲ”

က်ဳပ္လည္း ဟိုတစ္ညက မက္ခဲ့တဲ့အိပ္မက္ကိုျပန္သတိရသြားတယ္၊ အိပ္မက္ထဲမွာ လူႀကီးတစ္ေယာက္က က်ဳပ္ကိုမေက်မခ်မ္းနဲ႔ ေျပာသြားတယ္မဟုတ္လားဗ်ာ၊ သူမီးေလာင္တာႀကီးၾကည့္ၿပီး က်ဳပ္ျဖင့္ေၾကာက္လိုက္တာ ေျပာမေနပါနဲ႔ေတာ့။

“ဒါဆို ထူးဆန္းတယ္ဦးဘသာ၊ ဟိုညက က်ဳပ္အိပ္မက္ထဲမွာ မီးေလာင္ထားတဲ့လူႀကီးတစ္ေယာက္ေတြ႕လိုက္တယ္၊ က်ဳပ္ကိုမေက်မခ်မ္းနဲ႔ မင္းဆီကိုငါလာခဲ့မယ္ဆိုၿပီး ေျပာသြားေသးတယ္ဗ်၊ ဒီလူႀကီးက က်ဳပ္မီးရႈိ႕လိုက္လို႔ ေသသြားတဲ့လူႀကီးမ်ားလား”

“ဒါေတာ့ ငါလည္းမသိဘူး၊ ငါေျပာႏိုင္တာတစ္ခုကေတာ့ ေရွ႕ေလွ်ာက္ မင္းကိုငါ ဘာမွမကူညီေတာ့ဘူး၊ မင္းလမ္းမင္းသြားေတာ့၊ ငါ့လမ္းငါသြားမယ္ အလတ္ေကာင္”

ဦးဘသာက လယ္တဲထဲကေနထြက္သြားတယ္ဗ်၊ သူက အတည္ေပါက္ႀကီးေျပာေနတာဆိုေတာ့ က်ဳပ္လည္းလန႔္တာေပါ့။

“ဦးဘသာ၊ မေတာ္လို႔ ခုနကေသသြားတဲ့လူႀကီး က်ဳပ္ဆီလာရင္ ဘယ့္ႏွယ့္လုပ္မလဲ”

ဦးဘသာက က်ဳပ္ကိုလည္ျပန္တစ္ခ်က္ၾကည့္ၿပီးေတာ့

“အဲဒါ မင္းလုပ္တာပဲ၊ မင္းဘာသာရွင္းေပါ့ကြ”

ေျခလွမ္းက်ဲႀကီးနဲ႔ ဦးဘသာထြက္သြားေတာ့ က်ဳပ္ျဖင့္ စိတ္ေတြပူလိုက္ရတာ ေျပာမေနပါနဲ႔ေတာ့ဗ်ာ၊ ခုနက ဟိုလူႀကီး လာေလမလားဆိုတာကို ေတြးပူရတဲ့တစ္ခ်က္ရယ္၊ ေနာက္ၿပီး ပိုခံစားရတာက ဦးဘသာက က်ဳပ္ကို လာမပတ္သက္နဲ႔လို႔ ေျပာသြားတာကို ပိုခံစားရတာဗ်။

(၂)

အဲဒီညေန လယ္ထဲကျပန္ဆင္းလာၾကေတာ့ ႐ြာအျပင္ဇရပ္ပ်က္မွာ လူႏွစ္ေယာက္ကိုေတြ႕တယ္ဗ်၊ တစ္ေယာက္ကေတာ့ ဦးေလးႀကီးပဲ၊ ေနာက္တစ္ေယာက္ကလည္း အသက္ႀကီးႀကီး မိန္းမႀကီးေပါ့ဗ်ာ၊ အဝတ္အစားခပ္ႏြမ္းႏြမ္းေတြဝတ္ထားၿပီးေတာ့ မိန္းမႀကီးကလည္း အညာေစာင္ပါးကေလးကို ေခါင္းၿမီးၿခဳံထားလို႔ဗ်၊ က်ဳပ္လည္း သိခ်င္စိတ္ကိုထိန္းမရတာနဲ႔ အငယ္ေကာင္တို႔ကို ႐ြာထဲျပန္လႊတ္လိုက္ၿပီးေတာ့ ဇရပ္ေပၚတက္ခဲ့တာေပါ့ဗ်ာ။ ဇရပ္က မိုးမလုံေတာ့ အဲဒီလူႀကီးႏွစ္ေယာက္လည္း မိုးလုံတဲ့ေထာင့္ကေလးအနားကို ကပ္ေနၾကတာေပါ့ဗ်ာ။

က်ဳပ္လည္း ဇရပ္ေပၚတက္လာတာျမင္ေရာ ဦးေလးႀကီးက က်ဳပ္အနားကိုကပ္လာတာပါပဲ။

“ဒီမွာအကိုေလး၊ အကိုေလးမွာ ေဆးေပါ့လိပ္ေလး၊ ေဆးခါးလိပ္ကေလးမ်ား မရွိဘူးလား”

က်ဳပ္လည္း သူတို႔ကိုအကဲခတ္ၾကည့္လိုက္ေတာ့ ခရီးသြားေတြထက္စာရင္ သူေတာင္းစားေတြလိုပဲဗ်။ က်ဳပ္လည္း ေဆးလိပ္သမားမဟုတ္ေတာ့ ေခါင္းခါလိုက္တာေပါ့ဗ်ာ။

“ဒါနဲ႔ ဦးေလးႀကီးက ေဆးလိပ္ေသာက္ခ်င္လို႔လား”

“ေသာက္ခ်င္တာ မနက္ကတည္းကပါပဲကြာ”

သူတို႔ၾကည့္ရတာ ႏြမ္းႏြမ္းဖတ္ဖတ္နဲ႔ဆိုေတာ့ ေဆးလိပ္ေသာက္ဖို႔ ပိုက္ဆံမရွိလို႔ေနမွာဗ်၊ က်ဳပ္လည္း သူ႔ကိုသနားသြားတာနဲ႔။

“ဒါဆိုလည္း ခဏေစာင့္ဗ်ာ၊ က်ဳပ္႐ြာထဲက ေဈးဆိုင္မွာ သြားဝယ္ေပးမယ္”

“ဒါဆို ေနပါအုံး အကိုေလးရာ၊ က်ဳပ္ပိုက္ဆံေပးလိုက္ပါ့မယ္”

“ဟင္၊ ခင္ဗ်ားတို႔မွာ ပိုက္ဆံရွိတယ္လား”

ဦးေလးႀကီးက သူ႔လြယ္အိတ္ထဲကေန မတ္ေစ့တစ္ေစ့ထုတ္ၿပီး က်ဳပ္ကိုလွမ္းေပးတယ္ဗ်၊ က်ဳပ္လည္း မတ္ေစ့ကိုယူလိုက္ရင္း

“ေနပါအုံး၊ ဦးေလးႀကီးတို႔မွာ ပိုက္ဆံပါတာပဲဗ်ာ၊ ကိုယ့္ဘာသာကိုယ္ ႐ြာထဲဝင္ၿပီး ဝယ္ေပါ့ဗ်”

ဦးေလးႀကီးက မခ်ိသြားၿဖဲလုပ္ၿပီး

“ငါတို႔က စ႑ာလေတြကြ၊ ေတာ္႐ုံတန္႐ုံဆိုရင္ ႐ြာေတြက ငါတို႔ကိုအဝင္မခံတာမ်ားတယ္၊ ငါတို႔ကိုလည္း ေဈးမေရာင္းၾကဘူးေလ။ စ႑ာလကို ေဈးမေရာင္းနဲ႔ဆိုတဲ့ စကားလည္းရွိတယ္မဟုတ္လား”

က်ဳပ္လည္း သနားသြားၿပီးေတာ့ ႐ြာထိပ္က ဦးတ႐ုတ္ႀကီးအရက္ဆိုင္ကိုေျပးၿပီးေတာ့ ေဆးေပါ့လိပ္ဝယ္ေပးလိုက္တယ္၊ တမတ္ဖိုးဆိုေတာ့ သုံးလိပ္ပဲရတာေပါ့ဗ်ာ၊ ၿပီးေတာ့ ဇရပ္ပ်က္ကိုျပန္ေျပးလာခဲ့တယ္၊ ေနကေန႔ အေတာ္ေစာင္းေနၿပီဗ်။ က်ဳပ္လည္းေဆးလိပ္ေပးလိုက္ေရာ အဲဒီစ႑ာလ ဦးေလးႀကီးက ေဆးေပါ့လိပ္ကို ဖတ္ခနဲလွမ္းယူၿပီးေတာ့ မီးခတ္အစုတ္ႀကီးနဲ႔ ခတ္ၿပီး ေဆးလိပ္ကိုအသည္းအသန္ဖြာေနေတာ့တာပဲ။ က်ဳပ္လည္းအကဲခတ္လိုက္ေတာ့ သူနဲ႔ပါလာတဲ့ မိန္းမႀကီးက ေစာင္ႀကီးေခါင္းၿမီးၿခဳံလို႔ဗ်။

“စိတ္ေတာ့မရွိပါနဲ႔ ဦးေလးႀကီးရယ္၊ ဦးေလးႀကီးတို႔က က်ဳပ္တို႔႐ြာကို ဘာလာလုပ္ၾကတာလဲ”

“ဦးေလးတို႔ စ႑ာလဆိုတာက သူမ်ားေပးတာယူ၊ သူမ်ားေကြၽးတာစားရတယ္၊ အိမ္ေျခရာေျခအတည္တက်မရွိပဲ ႐ြာစဥ္လွည့္ၿပီးေတာ့ ေတာင္းစားေနၾကရတဲ့လူေတြေပါ့ကြယ္၊ ဟိုဟာကေတာ့ ငါ့ႏွမပဲကြဲ႕”

ေခါင္းၿမီးၿခဳံထားတဲ့ အေဒၚႀကီးကိုလက္ညႇိဳးထိုးျပတယ္၊ က်ဳပ္လည္း တစ္ခ်က္ၾကည့္လိုက္ေတာ့ အဲဒီမိန္းမႀကီးက ေခါင္းကိုငုံ႔သြားတယ္ဗ်။

“ေနစမ္းပါအုံး၊ သူက ဘာျဖစ္လို႔ ေစာင္ႀကီး ေခါင္းၿမီးၿခဳံထားရတာလဲဗ်ာ၊ မမြန္းဘူးလား”

“သူက ကု႒ႏူနာလို႔ေခၚတဲ့ ႏူနာစြဲေနတဲ့သူေပါ့၊ မင္းတို႔ေခတ္အေခၚဆို လက္ပ႐ိုစီေပါ့ကြယ္၊ သူ႔မ်က္ႏွာက ႏူနာေတြေၾကာင့္ အေတာ္ပ်က္စီးေနတယ္၊ သူ႔မ်က္ႏွာၾကည့္မိရင္ ထမင္းစားခုနစ္ရက္ေလာက္ ပ်က္တယ္လို႔ ေျပာၾကတယ္၊ အကိုေလးက ၾကည့္ခ်င္လို႔လား”

အႏူဆိုေတာ့ က်ဳပ္လည္း႐ြံတာေပါ့ဗ်ာ၊ သူမ်ားေတြေတာင္ ထမင္းစားခုနစ္ရက္ပ်က္တယ္ဆိုေတာ့ ဘယ္ေလာက္ေတာင္ ပုပ္ပြၿပီး ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနသလဲမွမသိတာ၊ ဒါနဲ႔က်ဳပ္လည္း မၾကည့္ျဖစ္ေတာ့ဘူးေပါ့။

“ဦးေလးတို႔ ဒီမွာ ေလးငါးရက္ေလာက္ေနၿပီးရင္ ထြက္သြားမွာပါ အကိုေလး၊ ဦးေလးတို႔ကို စိတ္မပူပါနဲ႔၊ ဦးေလးတို႔က လူဆိုးသူခိုးေတြလည္းမဟုတ္ပါဘူး”

က်ဳပ္လည္းေခါင္းညိတ္လိုက္ရင္း

“ရပါတယ္ဦးေလးႀကီးရာ၊ လိုတာတစ္ခုခုရွိရင္သာ က်ဳပ္ကိုေျပာပါ”

“လိုတာကေတာ့ . . .”

ဦးေလးႀကီးက က်ဳပ္ကိုတစ္ခ်က္ၾကည့္ေနတယ္၊ က်ဳပ္လည္း သူတို႔ဘာေျပာမလဲဆိုၿပီး ဆက္ေစာင့္ၾကည့္ေနမိတယ္။

“လိုတာကေတာ့ ထမင္းစားဖို႔ပဲ အကိုေလးရ၊ က်ဳပ္တို႔ ေန႔လည္ကတည္းက ေရာက္ေနတာ၊ ဒီ႐ြာက ႐ြာသားေတြက က်ဳပ္တို႔ကို အေခၚအေျပာလည္းမလုပ္ၾကေတာ့ က်ဳပ္တို႔ ဘာမွမစားရေသးဘူး”

“ေကာင္းၿပီေလ၊ က်ဳပ္ခင္ဗ်ားတို႔စားဖို႔ ထမင္းပို႔ေပးမယ္၊ ခဏေတာ့ေစာင့္ၾက၊ ဒါနဲ႔ က်ဳပ္ကို ဘာလို႔အကိုေလးလို႔ ေခၚေနတာလဲဗ်ာ၊ ဦးေလးႀကီး အသက္အ႐ြယ္နဲ႔ အကိုေလးလို႔ အေခၚခံရတာ မနိပ္ပါဘူးဗ်ာ”

“ဒီလိုပါ အကိုေလး . . . အဲေလ . . . ေကာင္ေလးရယ္၊ ဦးေလးတို႔ စ႑ာလေတြဆိုတာက သူမ်ားေပးခ်င္ကမ္းခ်င္ေအာင္လို႔ ေျမႇာက္ပင့္ၿပီး ေျပာဆိုရတာမဟုတ္လား၊ ဒါကိုေတာ့ ခြင့္လြတ္ေပးေစခ်င္ပါတယ္၊ ေကာင္ေလးမႀကိဳက္ရင္ ေနာက္မေခၚေတာ့ပါဘူး”

“ေကာင္ေလးဆိုတာကလည္း ေတာ္ေတာ္သူစိမ္းဆန္တယ္ဗ်၊ ရင္းရင္းႏွီးႏွီးျဖစ္သြားေအာင္ ငါ့တူလို႔ေခၚေပါ့”

“မေခၚဝံ့ပါဘူးေကာင္ေလးရယ္၊ ေကာင္ေလးကို ငါ့တူလို႔ေခၚလိုက္ရင္ ေကာင္ေလးက ငါတို႔နဲ႔အမ်ိဳးေတာ္ၿပီး စ႑ာလျဖစ္သြားမွာေပါ့၊ မေခၚပါရေစနဲ႔”

က်ဳပ္လည္း သက္ျပင္းခ်လိုက္မိတယ္၊ သူတို႔ကိုလည္း သနားသြားတယ္ဗ်။

“ေကာင္းပါၿပီဗ်ာ၊ ခင္ဗ်ားတို႔ ႀကိဳက္သလိုသာေခၚေတာ့ ဟုတ္ၿပီလား”

(၃)

“အေဖေရ၊ ႐ြာထိပ္က ဇရပ္မွာ စ႑ာလဆိုလား လူႏွစ္ေယာက္ေရာက္ေနၾကတယ္ဗ်”

အိမ္ထဲဝင္လိုက္တာနဲ႔ ခုံတန္းရွည္မွာထိုင္ေနတဲ့အေဖ့ကိုၾကည့္ၿပီး က်ဳပ္က အရင္ဆုံးသတင္းပို႔လိုက္တာပဲဗ်ာ၊ အေဖက သူသိၿပီးၿပီဆိုတဲ့ မ်က္ႏွာေပးနဲ႔ဗ်။

“အဲဒါ က်ဳပ္လည္း စကားဝင္ေျပာခဲ့ေတာ့ သူတို႔ထမင္းဆာတယ္လို႔ေျပာတယ္”

အေဖ့ေဘးနားမွာ ထိုင္ၿပီး ေဆးလိပ္ဖြာေနတဲ့အေမက က်ဳပ္ကိုၾကည့္ရင္း

“တယ္၊ ဒီအလတ္ေကာင္ကေတာ့ ဇာတ္ရႈပ္ေတြခင္းျပန္ၿပီ၊ စ႑ာလနဲ႔မ်ား သြားၿပီးစကားေျပာရသလားဟဲ့၊ ငါတို႔လည္းသိလို႔ တမင္သက္သက္ မေခၚခ်င္လို႔မေခၚတာ”

အေဖက အေမ့ကိုတစ္ခ်က္ၾကည့္လိုက္ၿပီး

“မင္းကလည္းကြာ၊ စ႑ာလ လဲဘာျဖစ္လဲ၊ အခု သူတို႔ထမင္းဆာတယ္လို႔ ေျပာတယ္မဟုတ္လား၊ အလႉခံပုဂၢိဳလ္ လို႔ပဲ သေဘာထားလိုက္စမ္းပါကြာ၊ သြား . . . သြား၊ သူတို႔စားဖို႔ ထမင္းနဲ႔ဟင္းနဲ႔ ျပင္ေပးလိုက္စမ္းပါ”

အေမက အေဖ့ကိုမ်က္ေစာင္းထိုးၿပီးေတာ့ လက္ထဲက ေဆးလိပ္ကို ျပာခြက္ထဲဖိသတ္ရင္း

“တကတည္းေတာ္၊ အေဖနဲ႔သားက လိုက္လည္းလိုက္ပါ့၊ သားျဖစ္သူကလည္း ဇာတ္ရႈပ္ေတြခင္းလာတယ္၊ အေဖျဖစ္သူကလည္း ဘုရားျဖစ္မယ့္ အုတ္နီခဲ၊ ေတာ္ပါေပတယ္၊ ရွင္တို႔ပဲေတာ္ပါတယ္”

အေမက တျဗစ္ေတာက္ေတာက္ေျပာၿပီးေတာ့ မီးဖိုထဲဝင္သြားတယ္ဗ်၊ က်ဳပ္လည္း အေဖ့ေဘးနားမွာ ဝင္ထိုင္ၿပီးေတာ့

“ဒါနဲ႔ အေဖ စ႑ာလဆိုတာဘာလဲ”

“စ႑ာလဆိုတာ အမ်ိဳးယုတ္ညံ့တဲ့လူေတြကို အလြယ္ေခၚတာေပါ့သားရယ္၊ ပါဠိလိုအနက္ကေတာ့ အလုပ္ၾကမ္းသမားလို႔ ဆိုႏိုင္တယ္၊ စ႑ာလေတြကို ေလးမ်ိဳးခြဲထားတယ္၊ အဲဒါကေတာ့ ျပည့္တန္ဆာ၊ ေသြးမစြမ္း၊ သူေတာင္းစား၊ သူေကာင္ထမ္းတဲ့ကြ”

အေဖက လက္ေခ်ာင္းေတြေထာင္ၿပီးေတာ့ ေသေသခ်ာခ်ာကိုေျပာျပေနတာဗ်။

“ျပည့္တန္ဆာကေတာ့ ေျပာစရာသိပ္မလိုပါဘူးကြာ၊ ေသြးမစြမ္းဆိုတာကေတာ့ ေျခလက္အဂၤါမျပည့္စုံတဲ့လူေတြ၊ ေနာက္ၿပီး ေမြးရာပါေရာဂါတို႔၊ ႏူနာျဖစ္ေနတဲ့လူကိုေျပာတာ၊ သူေတာင္းစားကေတာ့ ေတာင္းစားတဲ့လူေပါ့၊ သူေကာင္ထမ္းဆိုတာကေတာ့ သုဘရာဇာ ဒြန္းစ႑ားေတြကိုေျပာတာကြ”

က်ဳပ္လည္းေခါင္းညိတ္လိုက္တယ္၊ အေဖကဆက္ၿပီးေတာ့

“မန္လည္ဆရာေတာ္ဘုရားႀကီးကေတာ့ စ႑ာလကို အစို႔ငါးစို႔၊ အစုငါးစုခြဲတယ္ေပါ့ကြာ၊ အဲဒါကေတာ့ စပ္၊ အမႊန္း၊ သူေကာင္ထမ္း၊ တြင္းတူး၊ သၿဂိဳဟ္ကိုင္တဲ့ကြ၊ စပ္ဆိုတာ အေခါင္းေတြစပ္တဲ့လူ၊ အမႊန္းဆိုတာက အေခါင္းမွာ ေဆးေတြျခယ္သ တန္ဆာဆင္တဲ့လူေပါ့၊ တြင္းတူးကေတာ့ တြင္းတူးတဲ့လူ၊ သူေကာင္ထမ္းကေတာ့ လူေသေကာင္ကိုထမ္းရတဲ့သူေပါ့၊ သၿဂိဳဟ္ကိုင္ဆိုတာကေတာ့ လူေသေျမခ်ဖို႔အတြက္ လုပ္ကိုင္ရတဲ့လူေတြကိုေျပာတာေပါ့၊ ဒါေပမယ့္ မန္လည္ဆရာေတာ္ဘုရားႀကီးအဆိုရ စ႑ာလဆိုတာ ဒြန္းစ႑ားေတြကိုပဲ ေျပာခ်င္တာျဖစ္လို႔ အျမင္ေတာ့က်ဥ္းတယ္ကြ”

အေဖရွင္းေလေလ၊ က်ဳပ္က ရွပ္ေလေလျဖစ္ေနၿပီဗ်။ ဒါနဲ႔ က်ဳပ္လည္းေခါင္းကုပ္ၿပီးေတာ့

“အေဖေျပာတာကလည္း ရႈပ္ေနတာပဲဗ်ာ၊ ဒီေတာ့ စ႑ာလဆိုတာ ဘာကိုေျပာခ်င္တာလဲ”

“မင္းကလည္းကြာ ခုနကေျပာခဲ့တဲ့အတိုင္း အမ်ိဳးဇာတ္နိမ့္က်တဲ့ သူေတာင္းစားတို႔၊ သုဘရာဇာတို႔၊ ႏူနာေရာဂါသည္တို႔ကိုေျပာတာေပါ့ကြာ”

အေဖနဲ႔စကားေျပာေနရင္း အေမက ေတာင္းကေလးတစ္ေတာင္းပိုက္ၿပီးထြက္လာတယ္။ အေဖကဆက္ၿပီးေတာ့

“ဒါေပမယ့္ အဲဒီလူေတြက အခုေခတ္ေတာ့ မရွိေတာ့ဘူးကြ၊ ဇန္နဝါရီလ ေလးရက္ေန႔မွာ ျမန္မာျပည္လြတ္လပ္ေရးရေတာ့ အဲဒီလိုအမ်ိဳးဇာတ္ခြဲျခားတာေတြကို ဖယ္ရွားလိုက္ၿပီးေတာ့ လူတိုင္းဟာ လြတ္လပ္စြာ၊ သြားလာ လုပ္ကိုင္စားေသာက္ခြင့္ရွိတယ္လို႔ အမိန႔္ျပန္လိုက္တယ္၊ အဲဒီမွာ ဘုရားကြၽန္ေတြ၊ ဒြန္းစ႑ား၊ စ႑ာလဆိုတဲ့ လူေတြအကုန္ခြဲျခားဆက္ဆံခံရတာကေန လြတ္ေျမာက္သြားတယ္၊ အဲဒီလူေတြ လုပ္ကိုက္စားေသာက္ဖို႔ေတာင္မွ စ႑ာလပေပ်ာက္ေရးတို႔၊ ဒြန္းစ႑ားပေပ်ာက္ေရးတို႔ဆိုၿပီး လုပ္ခဲ့ေသးတယ္”

“ဒါေပမယ့္ အခုရွိေသးတယ္မဟုတ္လား၊ ရွိလို႔ေတာင္ ႐ြာထိပ္မွာေရာက္ေနၿပီေလအေဖရာ”

အေဖက သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီးေတာ့

“ဒါက်ေတာ့ အစိုးရနဲ႔မဆိုင္ေတာ့ဘူးကြ၊ လူမႈေရးနဲ႔ဆိုင္သြားၿပီ၊ အစိုးရက ဘယ္လိုပဲစည္းမ်ည္းေတြခ်ထားခ်ထား၊ လူေတြကိုယ္တိုင္ကိုက စ႑ာလက ယုတ္ညံ့တယ္လို႔ ေတြးေနတုန္းပဲ၊ စ႑ာလေတြ ကိုယ္တိုင္ကလည္း ငါတို႔က စ႑ာလေတြဆိုၿပီးေတာ့ အလုပ္လုပ္ကိုင္မစားဘဲနဲ႔ ဆက္ၿပီးေတာင္းရမ္းစားေသာက္ေနၾကပါေရာ၊ ဒါေပမယ့္ ဒီေခတ္ေတာ့ နည္းသြားပါၿပီကြာ၊ ဟိုးဘုရင္ေခတ္၊ အဂၤလိပ္ေခတ္ကဆို စ႑ာလေတြဆိုတာ ႐ြာႀကီးေတြတည္ၿပီးေတာ့ကို ေနထိုင္ၾကတာကြ”

အေဖနဲ႔က်ဳပ္နဲ႔ စကားေကာင္းေနတုန္း အေမက သူ႔လက္ထဲက ေတာင္းကိုစားပြဲေပၚပစ္တင္ေပးလိုက္တယ္။

“ေရာ့ အဲဒီမွာ ထမင္းဟင္းထည့္ထားတယ္၊ နင့္အမ်ိဳးေတြကို သြားေကြၽးလိုက္”

အေမကေျပာေတာ့ အေဖက အေမ့ကိုလွည့္ၾကည့္ၿပီး

“အမ်ိဳးလို႔ မေျပာစမ္းပါနဲ႔ကြာ၊ စ႑ာလေတြနဲ႔ အမ်ိဳးေတာ္စရာလားကြ၊ မင္းစကားေျပာတာ ဆင္ျခင္ေနာ္”

အေဖကေျပာၿပီးေတာ့ ခုံတန္းကေနထသြားတယ္ဗ်၊ အေမက အေဖ့ကို အံ့ဩတႀကိးနဲ႔ၾကည့္ေနရင္း

“ေအာင္မယ္၊ ခုနကေတာ့ လူလူခ်င္းခြဲျခားတာေတြပါဆို၊ အခုေတာ့ စ႑ာလနဲ႔ အမ်ိဳးေတာ္တယ္လို႔ မေျပာနဲ႔ဆိုပါလား၊ ရွင္ဟာေလ . . .”

အေမက ပြစိပြစိစလုပ္ေနၿပီမို႔လို႔ က်ဳပ္လည္း သူတို႔လင္မယားရန္ကလြတ္ေအာင္ ထမင္းေတာင္းကေလး႐ြက္ၿပီး အိမ္ကေနေျပးထြက္လာခဲ့တာေပါ့ဗ်ာ။

႐ြာထိပ္မွာဆို လူေတာင္မရွိေတာ့ဘူးဗ်၊ ဇရပ္ပ်က္မွာေတာ့ ဆီမီးအလင္းေရာင္ေလးေတြ႕တာနဲ႔ က်ဳပ္လည္း ခပ္သြက္သြက္ထြက္လာခဲ့တာေပါ့ဗ်ာ။ တဲေရာက္လို႔ ထမင္းဟင္းေတြခ်ေပးလိုက္တာနဲ႔ ဦးေလးႀကီးက ေတာင္းဖြင့္ၿပီးေတာ့ အားရပါးရစားေတာ့တာပဲဗ်ာ၊ အေဒၚႀကီးကေတာ့ မစားေသးဘူးဗ်။

“အေဒၚႀကီး မစားဘူးလားဗ်”

က်ဳပ္ေမးလိုက္ေတာ့ ဦးေလးႀကီးက က်ဳပ္ကိုၾကည့္ရင္း

“ထမင္းစားတာေတာ့ ေခါင္းၿမီးၿခဳံၿပီးစားလို႔ရမလားကြ၊ သူက မင္းရွိေနလို႔ ေခါင္းမခြၽတ္ေသးတာ”

“ဪ၊ စား . . .စား၊ ဒါဆို က်ဳပ္လည္းသြားၿပီဗ်ာ၊ လိုတာရွိရင္လည္းေျပာေပါ့”

“အခုလိုေကြၽးရတဲ့အတြက္ ေဘးရန္ကင္းၿပီး စီးပြားခ်မ္းသာေတြ ဒီေရအလာ တိုးပါေစကြာ”

က်ဳပ္လည္း႐ြာထဲကို အေျပးဝင္ခဲ့တာေပါ့ဗ်ာ။

(၃)

ညေရာက္ေတာ့ ေခြးေတြက အူလိုက္တာဗ်ာ၊ ညည့္နက္သန္းေခါင္အခ်ိန္ေလာက္ေရာက္ေတာ့ ႐ြာထဲမွာေျပးလြားေနတဲ့ ေျခသံတစ္ခုကိုၾကားလိုက္ရပါေရာလား၊ ဘုရားခန္းအေရွ႕မွာ အိပ္ေနတဲ့က်ဳပ္က အိမ္အျပင္နဲ႔အနီးဆုံးကိုဗ်၊ ဒါနဲ႔ က်ဳပ္လည္းေသခ်ာနားစြင့္ေနလိုက္တာ၊ ေျခသံက တဖုတ္ဖုတ္နဲ႔ေျပးေနတာဗ်။ အိမ္ေရွ႕မွာ ႏွစ္ေခါက္သုံးေခါက္ျဖတ္ေျပးတာနဲ႔ က်ဳပ္လည္း ေနာက္ေတာ့ သုံးေတာင့္ထိုးဓါတ္မီးဆြဲၿပီး အိမ္ကေနဆင္းခဲ့တာေပါ့ဗ်ာ။

က်ဳပ္ေရွ႕တင္ပဲ ေျပးသံၾကားလိုက္ရတယ္ဗ်၊ ဒါနဲ႔ ၿခံ၀ကိုထြက္ၿပီးေတာ့ ႐ြာလယ္လမ္းကို လက္ႏႈိက္ဓါတ္မီးနဲ႔ထိုးၾကည့္ေတာ့ လူမေျပာနဲ႔ ေခြးတစ္ေကာင္ေတာင္မွ မရွိဘူးဗ်ာ၊ ေျပးသံကေတာ့ ၾကားေနရဆဲပဲဗ်ိဳ႕၊ က်ဳပ္လည္း အေျခအေနမဟန္မွန္းသိတာနဲ႔ အိမ္ေပၚကိုအျမန္ေျပးတက္ခဲ့ရပါေရာလားဗ်ာ။

မနက္ခင္းအိပ္ရာႏိုးလို႔ က်ဳပ္ထၿပီး မ်က္ႏွာသစ္ေန႐ုံရွိေသးတယ္၊ ႐ြာထိပ္မွာ ေကာက္ညႇင္းေပါင္းသြားဝယ္တဲ့အငယ္ေကာင္က အေမာတေကာနဲ႔ ၿခံထဲကိုေျပးဝင္လာတာပဲဗ်ာ။

“အေဖေရ . . . အေဖ”

မနက္စာစားဖို႔ထိုင္ေနတဲ့အေဖက အငယ္ေကာင္ကိုၾကည့္ေနတယ္၊ အငယ္ေကာင္က အေဖ့ေရွ႕ကိုေျပးသြားၿပီးေတာ့

“ဦး . . . ဦးမွတ္ႀကီးကို ညက သရဲက ေက်ာပုတ္သြားလို႔တဲ့ဗ်”

“ဟုတ္ရဲ႕လားကြာ”

က်ဳပ္လည္း အငယ္ေကာင္ေျပာတာၾကားေတာ့ သိခ်င္စိတ္နဲ႔ လက္ထဲေရခြက္ကိုင္ၿပီး အေဖ့အနားကိုေျပးလာခဲ့တာေပါ့။

“ဟုတ္ပါတယ္အေဖရာ၊ သူ႔ေက်ာကုန္းမွာ လက္ဝါးရာႀကီးတစ္ခုေတာင္ က်န္ေနခဲ့ပါေသးတယ္၊ အခု ႐ြာထဲကလူေတြက အုတ္အုတ္က်က္က်က္ျဖစ္ေနၾကၿပီ”

အငယ္ေကာင္စကားဆုံးေတာ့ အေဖက ပုဆိုးျပင္ဝတ္ၿပီး ထြက္သြားတာပဲဗ်ာ၊ က်ဳပ္လည္း လက္ထဲက ေရခြက္ခ်ၿပီးေတာ့ အေဖ့အေနာက္ကို အေျပးလိုက္ခဲ့တာေပါ့၊ ျဖစ္ေတာ့ျဖစ္ႏိုင္တယ္ဗ်၊ ညကလည္း ႐ြာထဲမွာ အေကာင္အထည္မျမင္ရဘဲ ပတ္ေျပးေနတာကို က်ဳပ္ကိုယ္တိုင္ ႀကဳံခဲ့တယ္မဟုတ္လား။

ဦးမွတ္ႀကီးအိမ္ေရာက္ေတာ့ လူေတြကေတာ့သိပ္မစည္ေသးဘူးဗ်၊ ပေယာဂကုတဲ့လူက သရဲအပုတ္ခံရတယ္ဆိုတာကို လူသိဘယ္ခံဝံ့ပါ့မလဲဗ်ာ၊ အေဖနဲ႔က်ဳပ္လည္း အိမ္ဦးခန္းမွာထိုင္ေနတဲ့ ဦးမွတ္ႀကီးအနားကို ဝင္ထိုင္လိုက္ၾကတယ္။

“ဘယ္လိုျဖစ္တာလဲဗ်ာ”

ဦးမွတ္ႀကီးက အေဖ့ကိုၾကည့္လိုက္ၿပီးေတာ့ သူဝတ္ထားတဲ့အက်ႌကိုဆြဲလွန္လိုက္တယ္ဗ်၊ ၿပီးေတာ့ သူ႔ေက်ာကုန္းကိုလွည့္ျပတာနဲ႔ က်ဳပ္တို႔သားအဖလည္း အေသအခ်ာစိုက္ၾကည့္လိုက္ၾကတာေပါ့ဗ်ာ။ သူ႔ေက်ာကုန္းမွာ လက္ဝါးရာႀကီးဗ်၊ လက္ဝါးဆိုေပမယ့္ လက္ဝါးကေတာ့ ခပ္ေသးေသးပါ၊ ဒါေပမယ့္ ထူးဆန္းတာက လက္ဝါးရာက ေသြးေျခဥသလိုမ်ိဳး နီရဲေနၿပီးေတာ့ လက္ဝါးအရာအတိုင္းႀကီး ေဖာင္းႂကြတက္ေနတယ္ဗ်၊

က်ဳပ္တို႔လည္း ၾကည့္ရင္းအံ့ဩေနတာေပါ့ဗ်ာ၊ ဦးမွတ္ႀကိးက ေက်ာကုန္းကိုျပန္ဖုံးလိုက္ၿပီးေတာ့

“ညက က်ဳပ္လည္း အေပါ့သြားခ်င္တာနဲ႔ အိမ္ေပၚကေနဆင္းခဲ့တာပဲ၊ အိမ္ေနာက္ေဖးခ်ဳံေတာထဲဆင္းၿပီးေတာ့ အေပါ့သြားၿပီး ျပန္အထမွာ က်ဳပ္ေနာက္ေက်ာကို တစ္ေယာက္ေယာက္က အားနဲ႔႐ိုက္ထည့္လိုက္သလို ျဖန္းခနဲအ႐ိုက္ခံရတယ္ဗ်၊ အားကျပင္းလြန္းလို႔ က်ဳပ္ေတာင္ အေရွ႕ဘက္ကို ေမွာက္ထိုးလဲက်သြားတယ္၊ က်ဳပ္ျပန္ၾကည့္လိုက္ေတာ့ ဘယ္သူမွေတာ့မရွိဘူးဗ်”

ဦးမွတ္ႀကီးက သူေဖာ္ထားတဲ့ လိမ္းေဆးတစ္ဘူးကိုဆြဲယူလိုက္ၿပီးေတာ့

“က်ဳပ္ျဖင့္ အဲဒီဒဏ္ရာေၾကာင့္၊ ေက်ာေတြ ရင္ေတြ ေအာင့္ေနတာပဲဗ်ာ”

လိမ္းေဆးဘူးထဲ လက္ညႇိဳးနဲ႔ေကာ္လိုက္ၿပီးေတာ့ သူ႔ေက်ာကုန္းကို ပြတ္လိမ္းေနတယ္ဗ်။ အေဖက မ်က္ေမွာင္ၾကဳတ္ရင္း

“ဒါဆို ခင္ဗ်ားဘယ္လိုထင္သလဲ ဦးမွတ္ႀကီး”

“က်ဳပ္အထင္ကေတာ့ လူမျဖစ္ႏိုင္ဘူးဗ်ာ၊ သရဲပဲျဖစ္မယ္၊ သရဲကလည္း က်ဳပ္ကိုလုပ္ခ်င္လို႔ တမင္ေစာင့္ေနတာျဖစ္မွာဗ်၊ ဘာလို႔လဲဆိုေတာ့ ဟိုရက္က သူႀကီးကေတာ္ကို ဖမ္းစားထားတဲ့စုန္းကို က်ဳပ္က ပညာနဲ႔ထုတ္ေပးခဲ့တယ္မဟုတ္လား၊ ဒါေၾကာင့္ အဲဒီစုန္းက အၿငိဳးထားေနတာျဖစ္မယ္”

ဟိုေန႔က အေမ့ကိုအတိုက္ခံရတာကို ဦးမွတ္ႀကီးက သူလုပ္လိုက္လို႔ စုန္းထြက္သြားတယ္လို႔ ထင္ေနပုံရတယ္ဗ်၊ ၿပီးေတာ့ အဲဒီအေၾကာင္းကိုလည္း ႐ြာထဲမွာလိုက္ႂကြားတာေပါ့ဗ်ာ၊ အေမ့ကို အစားမဝင္၊ ေရမဝင္ေအာင္ အေသလုပ္ထားတဲ့စုန္းကို သူ႔ပညာနဲ႔အႏိုင္ယူခဲ့တယ္ဆိုၿပီးေတာ့ေပါ့ဗ်ာ၊ ေဆးဆရာဦးမွတ္ႀကီးကို လူေတြက အေတာ္အထင္ႀကီးသြားတာဗ်၊ ဒီရက္ပိုင္းဆို ဦးမွတ္ႀကီး လမ္းေလွ်ာက္တာေတာင္မွ ေျမာက္ႂကြေျမာက္ႂကြနဲ႔ေပါ့ဗ်ာ၊ သူႀကီးကေတာ္ရဲ႕ အသက္ကိုကယ္တင္ထားတယ္ဆိုၿပီးေတာ့ေပါ့။

အေဖကေတာ့ သက္ျပင္းတစ္ခ်က္ခ်တယ္ဗ်။

“က်ဳပ္တို႔ကေတာ့ ဒါေတြနားလည္းမလည္ဘူး၊ သိလည္းမသိကြၽမ္းဘူးဆိုေတာ့ ဦးမွတ္ႀကီးေကာင္းသလိုသာလုပ္ပါဗ်ာ”

“ရပါတယ္သူႀကီး၊ ဒီသရဲေလာက္ကေတာ့ က်ဳပ္မမႈပါဘူးဗ်ာ”

ဒါနဲ႔ က်ဳပ္နဲ႔အေဖလည္း အိမ္ကိုျပန္လာခဲ့တယ္ဗ်၊ ဦးဘသာအိမ္ကို လွည့္ၾကည့္လိုက္ေတာ့ လူမရွိဘူးဗ်။

လယ္ထဲဆင္းလာေတာ့ ႐ြာလယ္က ကုန္စုံဆိုင္မွာ ေဆးလိပ္ဆယ္လိပ္ေလာက္ ဝယ္ခဲ့တယ္၊ ဘယ္သူ႔အတြက္လည္းဆိုတာ ခင္ဗ်ားတို႔သိၾကမွာပါ၊ ႐ြာျပင္ ဇရပ္ပ်က္နားေရာက္ေတာ့ အဲဒီ စ႑ာလဦးေလးႀကီးကို ေဆးလိပ္ဝင္ေပးတာေပါ့၊ ဦးေလးႀကီးကလည္း ေက်းဇူးတင္တာေပါ့ဗ်ာ။ ေန႔လည္ထမင္းစားေတာ့လည္း က်ဳပ္တို႔ယာထဲကို ပို႔တဲ့ထမင္းကို သူတို႔ကိုနည္းနည္းဖယ္ၿပီး ေကြၽးလိုက္ပါတယ္၊ သူတို႔ချမာ စားရမဲ့၊ ေသာက္ရမဲ့မဟုတ္လားဗ်၊ သူတို႔က လယ္ထဲဆင္းလာၾကတဲ့ လူေတြကိုလည္း ထြက္ေတာင္းၾကတယ္၊ ျမန္မာေတြဆိုတာ သနားတတ္တယ္၊ အေပးအကမ္းရွိတတ္တယ္ဆိုေတာ့ သူတို႔စားဖို႔ေသာက္ဖို႔ေလာက္ေတာ့ ရတာေပါ့ဗ်ာ။

ဦးဘသာႀကီးကို က်ဳပ္မေခၚရဲေပမယ့္ ၾကည့္ေတာ့ၾကည့္ေနလိုက္တယ္၊ သူက က်ဳပ္ကိုတကယ္စိတ္ဆိုးသြားတယ္ထင္ပါရဲ႕ဗ်ာ၊ လွည့္ေတာင္မၾကည့္ေတာ့ဘူးဗ်။ က်ဳပ္လည္း စိတ္ထဲေတာ္ေတာ္မေကာင္းျဖစ္ေနတာေပါ့။

ညေန လယ္ထဲက ျပန္လာေတာ့ ဦးမွတ္ႀကီးအိမ္ေရွ႕မွာ လူေတြဝိုင္းေနၾကတာေပါ့ဗ်ာ၊ က်ဳပ္လည္း ဘာျဖစ္တာလဲဆိုတာ သိခ်င္ၿပီးအတင္းတိုးေဝွ႔ၾကည့္ေတာ့ ဦးမွတ္ႀကီးတစ္ေယာက္ အိမ္ေရွ႕နားမွာ ငုတ္တုတ္ကေလးထိုင္ေနတယ္ဗ်၊ သူ႔အေရွ႕မွာလည္း ေသြးအိုင္ႀကီးက မနည္းမေနာပဲဗ်ာ၊ သူ႔သမီးကေတာ့ သူ႔ကိုေက်ာကုန္းကိုထုေပးေနတယ္။

ပေယာဂကုေပးေနတဲ့သူဆိုေတာ့ ဘယ္သူမွ ဘာမွမေျပာရဲၾကေပမယ့္ ဦးမွတ္ႀကီးကို မယုံသကၤာနဲ႔ၾကည့္ေနၾကတယ္။

“အဲဒါ သရဲပုတ္တာခံရလို႔ေနမွာကြ”

“စုန္းမက သူ႔ကိုသတ္ဖို႔ႀကံထားပုံပဲ”

“အထက္လမ္းျဖစ္ၿပီး ဒီေလာက္ကိုေတာင္ မႏိုင္ဘူးလားကြာ”

တီးတိုး တီးတိုးနဲ႔ေျပာေနၾကတာေပါ့ဗ်ာ၊ ဒီအခ်ိန္မွာပဲ ဦးမွတ္ႀကီးသမီးက အိမ္ေရွ႕ထြက္လာၿပီးေတာ့

“ရွင္တို႔ ဘာေတြစပ္စုေနၾကတာလဲ၊ ကိုယ့္အလုပ္ကိုယ္လုပ္ၾကစမ္း၊ က်ဳပ္အိမ္ေရွ႕ကေန ထြက္သြားၾကေနာ္၊ မထြက္သြားလို႔ကေတာ့ ခဲနဲ႔ေပါက္ထုတ္မွာ”

အိမ္ေရွ႕မွာ အုံေနတဲ့လူေတြကို ေမာင္းထုတ္တယ္ဗ်၊ လူေတြကလည္း အေနာက္ကိုဆုတ္သြားၾကတာေပါ့ဗ်ာ၊ ဒီအခ်ိန္မွာပဲ ဦးမွတ္ႀကီးက ပ်ိဳ႕တက္လာၿပီးေတာ့ ေသြးေတြထပ္ၿပီး အန္ခ်ပါေရာဗ်ာ၊ ေသြးေတြဆိုတာ မနည္းဘူးဗ်၊ ကရားကေန ေရကိုသြန္ေမွာက္ခ်လိုက္သလိုမ်ိဳး ေဝါခနဲထြက္လာတာ၊ ေသြးထဲမွာလည္း ျဖဴျဖဴေတြ မဲမဲေတြစုံလို႔ေပါ့ဗ်ာ၊ ေသြးအန္လို႔လဲၿပီးေတာ့ အိမ္တိုင္ကိုမွီရင္း လဲက်သြားပါေလရာ။

“အေဖ . . . . အေဖ”

သူ႔သမီးက အိမ္ေပၚကိုေျပးတက္ၿပီးေတာ့ ဦးမွတ္ႀကိးကိုေပြ႕လိုက္တယ္၊ ဦးမွတ္ႀကီးကေတာ့ မ်က္ျဖဴေတြလန္ေနၿပီးေတာ့ လူကလည္း ႏုံးခ်ိေနၿပီဗ်၊

“ေဟ့လူေတြ၊ ေနာက္ဆုတ္ၾက၊ ေနာက္ဆုတ္ၾကစမ္း”

အေဖနဲ႔ ရပ္႐ြာလူႀကီးေတြေရာက္လာတယ္၊ ဦးမွတ္ႀကီးျဖစ္ေနတာသိလို႔ ႐ြာဦးေက်ာင္းဆရာေတာ္ပါ ေရာက္လာခဲ့တယ္၊ ဦးမွတ္ႀကီးက တစ္ကိုယ္လုံးျဖဴဖတ္ေနၿပီးေတာ့ ပက္လက္လန္လို႔ဗ်၊ ႐ြာဦးေက်ာင္းဆရာေတာ္က အက်ႌလွန္ၾကည့္ေတာ့ ေက်ာကုန္းက ေသြးလက္ဝါးရာႀကီးက မဲနက္ၿပီး ေယာင္ကိုင္းေနတာပဲဗ်ာ။ ဦးမွတ္ႀကီးတို႔ မိသားစုကေတာ့ ငိုေနေတာ့တာပဲ”

“အေဖရဲ႕၊ ဒီ႐ြာက လူေတြကိုအေဖက ကယ္တင္ခဲ့ၿပီး၊ အေဖ့က်ေတာ့ ဘယ္သူမွ မကူညီႏိုင္ေတာ့ဘူးတဲ့လား”

ဒါနဲ႔ အေဖတို႔ကတိုင္ပင္ၾကတယ္။

“က်ဳပ္ကေတာ့ ၿမိဳ႕ေဆး႐ုံကိုပို႔လိုက္ခ်င္တယ္”

အေဖက ထေျပာေပမယ့္ ႐ြာလူႀကီးအခ်ိဳ႕က ကန႔္ကြက္တယ္။

“ၿမိဳ႕ေဆး႐ုံပို႔လည္း သူတို႔က ဒါမ်ိဳးမကုတတ္ပါဘူးကြာ၊ ဒါမ်ိဳးက ဆရာတစ္ေယာက္ရွာၿပီး ကုမွရမွာ”

႐ြာဦးေက်ာင္းဆရာေတာ္ကလည္း ေခါင္းညိတ္တယ္။ ဒါနဲ႔အေဖက

“ဆရာဆိုရင္ ဒီ႐ြာအနီးမွာ တျခားဆရာမွမရွိဘဲကိုး၊ ၿမိဳင္သာေလာက္ တက္ပင့္မွရမွာ၊ အခ်ိန္ကလည္းလင့္ေနၿပီဆိုေတာ့ ခုခ်ိန္႐ြာကေနလွည္းနဲ႔ထြက္ရင္ေတာင္မွ ဟိုကိုညနက္မွေရာက္မွာ”

တစ္ေယာက္တစ္ေပါက္ေျပာဆိုေနတဲ့အခ်ိန္ က်ဳပ္ကလည္း အားလုံးရဲ႕အေရွ႕ကိုထြက္လိုက္ၿပီးေတာ့

“သရဲဆိုရင္ ဦးဘသာႀကီး ေကာင္းေကာင္းႏိုင္တယ္ေလဗ်ာ”

က်ဳပ္က အသံအက်ယ္ႀကီးနဲ႔ေျပာလိုက္ေတာ့ က်ဳပ္ကို အေဖတို႔ေရာ၊ ႐ြာဦးေက်ာင္းဆရာေတာ္ေရာ၊ ႐ြာလူႀကီးေတြကေရာ အၾကည့္မ်ိဳးစုံနဲ႔ ဝိုင္းၾကည့္တယ္ဗ်၊ ႐ြာလူႀကီးတစ္ခ်ိဳ႕ကေတာ့ ထၿပီးကန႔္ကြက္တယ္။

“ဘသာဆိုတာ မေကာင္းတဲ့စုန္း႐ိုးပဲ၊ သူတို႔စုန္းအခ်င္းခ်င္းလုပ္တာကို သူက ျပန္လုပ္ေပးပါ့မလား”

“ဟုတ္တယ္ သူႀကီးသားေရ၊ ဦးဘသာက နဂိုကတည္းကမွ ဦးမွတ္ႀကီးနဲ႔ တည့္တာမဟုတ္ဘူးေနာ္၊ ဒီအျဖစ္ကို အခြင့္ေကာင္းယူၿပီးေတာ့ ဦးမွတ္ႀကီးကိုရွင္းလိုက္ရင္ ဘယ့္ႏွယ့္လုပ္ၾကမလဲ”

တစ္ေယာက္တစ္ေပါက္နဲ႔ ျငင္းခုန္ေနၾကရင္း အသံေတြဆူေနတဲ့အခ်ိန္မွာ ေနာက္ဆုံးေတာ့ ႐ြာဦးေက်ာင္းဆရာေတာ္က ထေအာ္တယ္။

“အားလုံး တိတ္တိတ္ေနၾကစမ္းပါ၊ ကဲ သမီး နင္တို႔ဘာျဖစ္ခ်င္သလဲ၊ နင္တို႔ ဆႏၵကိုေျပာ၊ ဦးဘသာကို ေခၚမယ္မေခၚဘူးဆိုတာ နင္တို႔ဆုံးျဖတ္”

ဦးမွတ္ႀကီးသမီးကိုလွည့္ၾကည့္ၿပီးေမးလိုက္တာေပါ့ဗ်ာ၊ ဦးမွတ္ႀကီးသမီးကလည္း ငိုမဲ့မဲ့နဲ႔စဥ္းစားေနရင္း

“ေခၚပါမယ္ဘုရား၊ အေဖေကာင္းမယ္ဆိုရင္ေတာ့ ေခၚပါမယ္”

လူနာရွင္ဆိုေတာ့လည္း ေကာက္႐ိုးတစ္မွ်င္ရရင္ပဲျဖစ္ျဖစ္ အားကိုးခ်င္တာေပါ့ဗ်ာ။ ႐ြာဦးေက်ာင္းဆရာေတာ္က အေဖ့ကိုၾကည့္ၿပီးေတာ့

“ကဲသူႀကီး၊ လူနာရွင္ရဲ႕ ဆႏၵ အတိုင္း ဦးဘသာကို သြားေခၚေပေတာ့”

ဒီအခါ တျခား႐ြာလူႀကီးေတြက ထၿပီးကန႔္ကြက္ၾကတယ္၊ ဆရာေတာ္က အဲဒီလူႀကီးေတြကို တစ္ခ်က္ေအာ္လိုက္ၿပီးေတာ့

“ဒီမွာ ခင္ဗ်ားတို႔ပါးစပ္ပိတ္ထားၾက၊ လူနာရွင္ရဲ႕ ဆႏၵကို မလြန္ဆန္ၾကနဲ႔၊ သူတို႔ကိုယ္တိုင္က ကုပါမယ္လို႔ေျပာေနတာကို ခင္ဗ်ားတို႔က ဘာေတြထပ္ေျပာခ်င္ေနၾကေသးလဲ”

ဆရာေတာ္ ေငါက္လိုက္ေတာ့မွ အားလုံးၿငိမ္က်သြားတယ္၊ အေဖက က်ဳပ္ကိုၾကည့္ၿပီး

“ကဲ အလတ္ေကာင္၊ ဦးဘသာကို သြားေခၚကြာ”

“က်ဳပ္ . . . က်ဳပ္ေခၚလို႔မရဘူး၊ ဦးဘသာက က်ဳပ္နဲ႔မေခၚဘူး”

အေဖက က်ဳပ္ပုခုံးကိုတြန္းရင္း

“ေခၚတာေတြ မေခၚတာေတြ ေနာက္ထားကြာ၊ အခုငါေခၚခိုင္းလိုက္တာ၊ ဟုတ္ၿပီလား၊ သြား . . . ျမန္ျမန္ရေအာင္ေခၚလာခဲ့”

အေဖ့အမိန႔္ဆိုေတာ့လည္း က်ဳပ္လည္းဦးဘသာအိမ္ကို ေျပးလာခဲ့ရတာေပါ့ဗ်ာ၊ အိမ္ေရွ႕မွာ ဆီမီးခြက္အလင္းေရာင္ေလးေတြ႕ေတာ့ ဦးဘသာရွိတယ္ဆိုတာ သိလိုက္တာေပါ့။

“ဦးဘသာ၊ ဗ်ိဳ႕ . . . ဦးဘသာ”

“ဘာလဲကြာ၊ မင္းငါနဲ႔ လာမပတ္သက္နဲ႔လို႔ ေျပာထားတယ္မဟုတ္လား”

“အဲဒါက အေရးမႀကီးဘူးဗ်၊ အခု အေဖက ဦးဘသာကိုေခၚခိုင္းလိုက္လို႔”

ဦးဘသာက အိမ္ေပၚကေနဆင္းလာတယ္ဗ်၊

“ဘာျဖစ္တာလဲ”

“ဦးမွတ္ႀကီးကို သရဲပုတ္ခံရတာ၊ အခုေသြးေတြအန္ၿပီးေတာ့ သတိလစ္ေနၿပီဗ်ာ”

ဦးဘသာႀကီးလည္း ထိတ္ထိတ္လန႔္လန႔္ျဖစ္သြားတယ္ဗ်။ ၿပီးေတာ့ က်ဳပ္အေနာက္ကေနလိုက္လာပါေရာ၊ က်ဳပ္တို႔ႏွစ္ေယာက္ အေျပးတစ္ပိုင္းနဲ႔ လာခဲ့ၾကတာေပါ့ဗ်ာ။ ဦးမွတ္ႀကီးအိမ္ေပၚကို ဦးဘသာက အေျပးတက္သြားတယ္၊ အိမ္ေပၚေရာက္ေတာ့ ႐ြာဦးေက်ာင္းဆရာေတာ္ကိုေတြ႕တာနဲ႔ ဦးဘသာက လက္အုပ္ခ်ီလိုက္တယ္။

“ဘသာ နင္ၾကည့္စမ္း၊ ဒကာ မွတ္ႀကီးဘာျဖစ္တာလဲဆိုတာ”

“တင္ပါ့ဘုရား”

(၅)

ဦးဘသာက ဦးမွတ္ႀကီးရဲ႕ လည္ပင္းကိုစမ္းလိုက္တယ္၊ ဦးမွတ္ႀကီးက ေဘးတစ္ေစာင္းႀကီးလွဲေနတာေပါ့ဗ်ာ။ ေနာက္ေတာ့ မ်က္ခြံေတြကိုလွန္ၾကည့္တယ္၊ ၿပီးတာနဲ႔ ေက်ာကုန္းက လက္ဝါးရာႀကီးကို ၾကည့္လိုက္တယ္ဗ်။ က်ဳပ္တို႔အားလုံးလည္း ဦးဘသာလုပ္တာေတြကို လိုက္ၾကည့္ေနတာေပါ့ဗ်ာ။

“ဘယ္လိုလဲဘသာ၊ ကုလို႔ရႏိုင္သလား”

“တင္ပါ့ဘုရား၊ ဒဏ္ရာကေတာ့ ျပင္းထန္တယ္ဆိုေပမယ့္ အခ်ိန္မေႏွာင္းေသးေတာ့ ကုသလို႔ရမွာပါ”

ဦးမွတ္ႀကီးသမီးက ငိုယိုၿပီးေတာ့

“ဒါဆိုရင္လည္း အေဖ့ကိုကုေပးပါရွင္၊ ဦးဘသာကို အားကိုးပါတယ္”

“ေအးေအး၊ ဘာမွစိတ္မပူနဲ႔၊ အလတ္ေကာင္ေရ၊ ႏြားက်င္ငယ္ေရရွာၿပီးေတာ့ အုတ္နီခဲမႈန႔္နဲ႔ေဖ်ာ္စမ္းကြာ”

က်ဳပ္လည္း အိမ္ေပၚကေနအေျပးဆင္းခဲ့ရတာေပါ့ဗ်ာ၊ ဦးမွတ္ႀကီးအိမ္က ႏြားေတြကို ဒန္ဖလားတစ္လုံးထဲ ေသးေပါက္ထည့္ခိုင္းရတာေပါ့ဗ်ာ၊ အေရးထဲမွ ႏြားေတြက ရွက္fေနသလားမသိပါဘူးဗ်ာ၊ ေသးကိုမေပါက္တာ၊ ဒါနဲ႔က်ဳပ္လည္း ႏြား႐ိုက္ႀကိမ္နဲ႔ ေလးငါးခ်က္႐ိုက္ထည့္တာေပါ့၊ ဦးဘသာႀကီးက စိတ္မရွည္ဘူးနဲ႔တူပါတယ္၊ အိမ္ေပၚကေနဆင္းလာတယ္ဗ်။

“အလတ္ေကာင္ရာ ႏြားကို႐ိုက္တိုင္း ေသးထြက္မလားကြ၊ ေပးစမ္း အဲဒီဒန္ခြက္ ငါ့ကိုေပးစမ္း”

ဦးဘသာက ဒန္ဖလားကို ႏြားေအာက္မွာခ်လိုက္တယ္၊ ၿပီးေတာ့ ႏြားသိုးႀကီးရဲ႕ ခ်ိဳကိုကိုင္ၿပီးေတာ့

“သားႀကီးေရ၊ မင္းသခင္ေနမေကာင္းဘူးကြ၊ ေဆးသုံးခ်င္လို႔ မင္းက ဆီးနည္းနည္းစြန႔္ေပးကြာ၊ ဟုတ္ၿပီလား”

ဦးဘသာက ႏြားရဲ႕နဖူးကိုပြတ္ေပးလိုက္ေတာ့ အဲဒီႏြားႀကီးက ဦးဘသာစကားကို နားလည္တဲ့အတိုင္းပဲဗ်ာ၊ ဒန္ဖလားထဲကို ေသးေတြေပါက္ထည့္လိုက္တယ္ဗ်၊ အဲဒီ ႏြားက်င္ငယ္ေရကိုယူၿပီးေတာ့ အိမ္ေနာက္ေဖးအတက္အဆင္းနားက အုတ္နီခဲတစ္လုံးကို ထုခြဲၿပီးေတာ့ ေက်ာက္ျပင္တစ္ခုမွာ တင္ေသြးတာေပါ့ဗ်ာ၊ ႏြားက်င္ငယ္ရယ္နဲ႔ အုတ္နီခဲဆိုေတာ့ အေရာင္နီနီႀကီးေပါ့၊ က်ဳပ္တို႔လုပ္ေနသမွ်ကို လူေတြအားလုံးက ဝိုင္းၾကည့္ေနၾကတယ္။

“ရၿပီ၊ ရၿပီ၊ မင္းေဘးဖယ္ေန”

က်ဳပ္လည္း ဦးဘသာဆီကို ေက်ာက္ျပင္ထိုးေပးလိုက္တာေပါ့ဗ်ာ၊ ဦးဘသာက သူ႔ဘယ္လက္နဲ႔ အဲဒီေက်ာက္ျပင္က အုတ္နီခဲေသြးထားတဲ့အရည္ေတြကို လက္နဲ႔ပြတ္လိုက္တယ္၊ ဦးဘသာလက္ဝါးတစ္ခုလုံး အုတ္နီေရေတြ ေပသြားတာေပါ့ဗ်ာ၊ ၿပီးေတာ့ ဦးမွတ္ႀကီးရဲ႕ ရင္ဘတ္ကိုလွန္ၿပီးေတာ့ လက္ဝါးနဲ႔ျဖန္းခနဲ႐ိုက္ထည့္လိုက္တယ္ဗ်၊ လက္ဝါးကို ျပန္မခြာေသးဘဲ တစ္ခုခု႐ြတ္ေနေသးတယ္။

လက္ကိုျပန္ခြာလိုက္ေတာ့ နီနီလက္ရာႀကီးက်န္ခဲ့တာေပါ့ဗ်ာ၊ ဦးမွတ္ႀကီးရင္ဘတ္မွာ ဦးဘသာရဲ႕ ဘယ္ဖက္လက္ဝါးရာနီနီႀကီးဗ်၊ ေက်ာဘက္မွာေတာ့ သရဲပုတ္ထားတဲ့ ညာဖက္လက္ဝါးရာက အနက္ေရာင္ႀကီးျဖစ္ေနေတာ့တာ။ ဦးဘသာက လူႀကီးေတြဘက္ကိုလွည့္ၿပီးေတာ့

“ရပါၿပီ၊ မနက္ျဖန္ေလာက္ဆို ေကာင္းသြားမွာပါ”

႐ြာဦးေက်ာင္းဆရာေတာ္က သိခ်င္တယ္ထင္ပါရဲ႕။

“ဟဲ့ ဘသာ၊ မင္းဘယ္လိုကုလိုက္တာလဲဟဲ့”

“တင္ပါ့ဘုရား၊ အခု မွတ္ႀကီးအ႐ိုက္ခံရတာ သရဲပုတ္တာမဟုတ္ပါဘူးဗ်ာ၊ စုန္းေတြထဲမွာ ေတာ္ေတာ္စြမ္းတဲ့ ေသြးစုန္းလို႔ေခၚတဲ့ စုန္းက ႐ိုက္ထားတဲ့ ေသြးလက္ဝါးရာပါဘုရား”

“ဟင္ . . . ေသြးလက္ဝါးတဲ့လား”

“မွန္ပါ၊ ေသြးလက္ဝါးအ႐ိုက္ခံရရင္ ႏွစ္ဆယ့္ေလးနာရီျပည့္တာနဲ႔ အဲဒီလူေသပါေရာလားဘုရား၊ အခုက မွတ္ႀကီး ကံေကာင္းသြားတယ္ေျပာရမယ္၊ သူညက အ႐ိုက္ခံရတာဆိုေတာ့ အဲဒီအခ်ိန္ျပန္ေရာက္တာနဲ႔ သူေသေတာ့မွာပါဘုရား”

“ေၾကာက္စရာေကာင္းလိုက္တာကြယ္၊ ဒါနဲ႔ ကုတာက်ေတာ့လည္း လြယ္လြယ္ေလးပါလား”

“ေသြးလက္ဝါးကို တန္ျပန္႐ိုက္တဲ့အေနတဲ့ ေသးလက္ဝါးနဲ႔ ျပန္႐ိုက္ထည့္တာပါဘုရား၊ ႐ိုက္တဲ့လူက ညာဘက္နဲ႔႐ိုက္ေတာ့ တပည့္ေတာ္က ဘယ္ဘက္နဲ႔ျပန္႐ိုက္ပါတယ္၊ ေက်ာကိုအ႐ိုက္ခံရတာဆိုေတာ့၊ ရင္ဘတ္ကိုျပန္႐ိုက္လိုက္ပါတယ္ဘုရား၊ ေနာက္ၿပီး ပညာနည္းနည္းသုံးလိုက္ပါတယ္”

“အင္းကြယ္၊ ဒီလိုက်ေတာ့လည္း ေမာင္မင္းတို႔ပညာရပ္ေတြက အံ့မခန္းပါပဲလား”

“တင္ပါ့ဘုရား၊ ဘယ္ပညာရပ္မဆို ေကာင္းတာျဖစ္ေအာင္ ေစခိုင္းလို႔ရသလို၊ မေကာင္းတာျဖစ္ေအာင္လည္း လုပ္လို႔ရတယ္မဟုတ္လားဘုရား”

ဆရာေတာ္က ေခါင္းညိတ္လိုက္တယ္၊ ဦးဘသာက ဆရာေတာ္ကိုတစ္ခ်က္ကန္ေတာ့ၿပီးေတာ့ အိမ္ေပၚကဆင္းတယ္ဗ်၊ ႐ြာသားေတြအကုန္လုံးလည္း ဒီေတာ့မွ ဦးဘသာကို အံ့ဩခ်ီးက်ဴးခ်င္တဲ့ မ်က္လုံးေတြနဲ႔ ၾကည့္ေနၾကတာေပါ့ဗ်ာ။ ဦးဘသာက အိမ္ေပၚကေနဆင္းခါနီး က်ဳပ္ကိုတစ္ခ်က္ၾကည့္ၿပီး

“မင္းလာအုံး၊ မင္းနဲ႔စာရင္းရွင္းစရာရွိေသးတယ္”

က်ဳပ္လည္း သူ႔အေနာက္ကို အေယာင္ေယာင္အ