Unicode Version
“စုန်းထီးကြီးဦးဘသာနှင့် နွားကျောင်းသားမိုးစွေ”(စ/ဆုံး)
————————————————————————-
အတွဲ(၄) စာစဉ်(၇)
(၁)
နောက်နေ့ရောက်တယ်ဆိုရင်ပဲ ကျုပ်မှာခရီးသွားဖို့ ပြင်ရတော့တယ်ဗျ၊ ရွာနီးချုပ်စပ်သွားမှာဆိုတော့လည်း အဝတ်အစားများများမထည်တော့ဘူးပေါ့ဗျာ၊ လွယ်အိတ်တစ်လုံးထဲ အဝတ်အစားသုံးစံံုံလောက်ထည့်လိုက်ရင်ရပြီပေါ့၊ မနက်စာတောင်မစားရသေးဘူး ဦးဘသာကြီးက အိမ်ရှေ့ကိုရောက်ချလာတယ်ဗျ။
“အလတ်ကောင်ရေ၊ နေမမြင့်ခင် စောစောသွားမဟေ့၊ ငါ့နွားကြီးလည်း ခဏထားခဲ့မကွ”
ဦးဘသာအိမ်မှာကျန်နေတဲ့ နွားကြီးတစ်ကောင်ကို အိမ်မှာလာထားတယ်ဗျ၊ ကျုပ်လည်းပြင်ဆင်နေတာဆိုတော့ မပြီးသေးဘူးပေါ့ဗျာ၊ အဖေနဲ့ ဦးဘသာနဲ့ကတော့ စကားတွေပြောနေကြတယ်။ အမေကလည်း မီးဖိုချောင်ထဲကထွက်လာတယ်ဗျ။
“ကျုပ်သားလေးကို အပ်ပါတယ်ဦးဘသာရယ်၊ ဒီကောင်လေးက အရူးအပေါလေးဆိုတော့ သေချာဂရုစိုက်ပါတော့”
“အေးပါမသန်းရာ၊ ညည်းသားငါနဲ့လိုက်ရလို့ ဘယ်တုန်းက ဘာဖြစ်ခဲ့ဖူးလို့လဲဟ”
အမေက ခေါင်းညိတ်တယ်။
“ပြီးတော့ ဒီကောင်လေးကို နွားပညာတွေလည်း သင်ပေးလိုက်ပါအုံးတော့”
“အံမယ်၊ ညည်းသားသာ သင်ချင်ဖို့ပဲ အရေးကြီးတာပါဟ၊ ငါက သင်ပေးဖို့ဝန်မလေးပါဘူး”
ဦးဘသာက ပြောဆိုရင်း အိမ်ပေါ်ကိုမော့ကြည့်တယ်ဗျ။
“ဟေ့အလတ်ကောင် မပြီးသေးဘူးလားဟ”
“ပြီး . . . ပြီးပါပြီဗျ”
ကျုပ်လည်း လွယ်အိတ်လွယ်ပြီးတော့ အိမ်ပေါ်ကနေပြေးဆင်းလာတာပေါ့ဗျာ၊ ဖိနပ်စီးပြီး ထွက်မယ်လုပ်တော့ အဖေကကျုပ်ကိုပိုက်ဆံလှမ်းပေးတယ်၊ ငါးရာလောက်တော့ရှိမယ်ထင်တယ်ဗျ။
“ရော့အလတ်ကောင်၊ ခြေစောင့်လက်စောင့်ယူသွားဟ”
ကျုပ်လည်း ပိုက်ဆံကို အကျီအိတ်ထဲထည့်ပြီးတော့ အိမ်ကနေထွက်ခဲ့တာပေါ့ဗျာ၊ ဦးဘသာကတော့ ဘာကြောင့်မှန်းမသိ ခြေလှမ်းတွေသွက်နေတယ်ဗျ၊ ရွာလယ်မန်ကျည်းပင်အောက်နားက မုန့်ဆိုင်မှာ မုန့်ပစ်စလတ်နဲ့ မတ်ပဲကြော်ဝယ်စားပြီး ဗိုက်ဖြည့်ရင်း ခရီးဆက်ခဲ့တာပေါ့ဗျာ၊
“ဦးဘသာရာ ခရီးထွက်မယ်ဆိုတော့ လှည်းလေးဘာလေးနဲ့လို့ထင်တာဗျ၊ အခုတော့ ခြေကျင်ပါလား”
“ဟကောင်ရ၊ တို့ခရီးက လှည်းနဲ့ထွက်လို့မှမကောင်းတာပဲ၊ လှည်းခေါ်လာတော့ နွားစာအတွက်ဘာအတွက် ပူရတယ်မဟုတ်လား၊ တို့က အေးအေးလူလူနွားကြည့်ဖို့သွားတာဆိုတော့ လှည်းမလိုပါဘူးကွာ”
ဦးဘသာများ ဘယ်လောက်လောသလဲဆို မုန့်တောင်မှ ထိုင်မစားခဲ့ရဘူးဗျာ၊ ဖက်နဲ့ကိုင်လာပြီး လမ်းမှာဖွင့်စားရတာပဲ၊ မုန့်ပစ်စလတ်ဆိုတာကတော့ မုန့်ပျားသလက်ကိုခေါ်တာပါဗျာ၊ ကျုပ်တို့ဘက်တော့ ဒီလိုပဲခေါ်တယ်၊ အဲဒါကို နှမ်းထောင်းလေးဖြူး၊ ဆီလေးဆမ်းပြီးတော့ ရေနွေးကြမ်းလေးနဲ့သောက်ရင် သိပ်ကောင်းတာပ၊ အခုတော့ လမ်းခရီးမှာပဲ လမ်းသွားရင်းစားရတာဆိုတော့ မနှိပ်ဘူးဗျို့။
“ဒါနဲ့ နေပါအုံး ဦးဘသာရဲ့၊ ကျုပ်တို့က အခုဘယ်သွားနေတာလဲဗျ”
“နွားကောင်းဇနပုဒ်ဆိုတဲ့ စာဆိုရှိတယ်မဟုတ်လား၊ နွားကောင်းဟာ ရွာကြီးရွာကောင်းတွေမှာ မရှိတတ်ဘူးကွ၊ ဒီတော့ ငါတို့ တန်းမြင့်ရွာဘက်မသွားဘူးကွာ၊ ပေတောဘက်ကိုသွားကြည့်မလားလို့”
“ကောင်းပါ့ဗျာ၊ ပေတောဘက်တောင် ကျုပ်မရောက်တာ အတော်ကြာပြီဗျ”
ကျုပ်တို့နှစ်ယောက်လည်း စကားတပြောပြောနဲ့ ဖုန်ထူထူလမ်းကြီးအတိုင်း လျှောက်သွားကြတာပေါ့ဗျာ။ ခဏကြာတော့ ကျုပ်တို့ရွာကနေ ပေတောရွာဘက်ကိုသွားတဲ့ လမ်းကလေးကိုကွေ့ချိုးလိုက်တယ်ဗျ။ ပေတောရွာသွားတဲ့လမ်းက တော်တော်သာယာတယ်ဗျ၊ လမ်းဘေးတစ်ဖက်တစ်ချက်မှာလည်း တောအုပ်ကလေးတွေ၊ သစ်ပင်ကလေးတွေနဲ့ဆိုတော့ နေသိပ်မပူဘူးဗျ၊ အဲ၊ ဒါပေမယ့် လမ်းကတောဖုန်တယ်၊ လှည်းစွပ်ကြောင်းရာတွေနဲ့ဆိုတော့ တော်ရုံစက်ဘီးတို့ဘာတို့ မသွားကြဘူးပေါ့ဗျာ၊ တန်းမြင့်ရွာဘက်သွားတဲ့လမ်းကတော့ ဒီလိုမဟုတ်ဘူးဗျ၊ ကျောက်ခင်းလမ်းဆိုတော့ လမ်းသားကောင်းတယ်၊ ဒါပေမယ့် မကောင်းတာကတော့ ကွင်းတွေကိုဖြတ်သွားရတာမို့ လမ်းမှာအရိပ်မရှိသလောက်ပဲဗျ၊ ရှိရင်လည်းခဏပဲ၊ အခုပေတောရွာသွားတဲ့လမ်းလို အရိပ်မဆက်ဘူးပေါ့ဗျာ။
(၂)
“အလတ်ကောင်၊ မင်းအမေကပြောတော့ မင်းက နွားအကြောင်းသင်ချင်လို့ဆိုကွ”
“ဒါပေါ့ဗျာ၊ ဦးဘသာနဲ့ပေါင်းပြီး ဘာမှမတတ်ဘူးဆိုတာတော့ လူကြားမကောင်းဘူးမဟုတ်လား၊ ကျုပ်ကို ဟိုပညာမသင်ပေးရင်တောင်မှ နွားပညာတော့သင်ပေးပေါ့ဗျာ”
“ဟား၊ ဟား ကောင်းပြီလေ၊ အဲဒီတော့ နွားအကြောင်းမင်းဘယ်လောက်သိသလဲ”
“သိတာပေါ့ဗျာ၊ နွားဆိုတာ ခြေလေးချောင်းမှာ ခွာပါတဲ့သတ္တဝါ၊ မြက်စားတာပေါ့”
“ဟား၊ ဟား၊ မင်းအကြောင်းတော့ ငါသိပြီးသားပါကွ၊ ကဲပါ ထားလိုက်တော့ မင်းနွားအကြောင်းမသင်ခင်မှာ အရင်က သိထားတဲ့နွားအကြောင်းတွေအကုန်မေ့ပစ်လိုက်ရမယ်”
“ဘယ်လိုဗျ”
“ဒီလိုကွ ပညာတစ်ခုသင်တဲ့အခါ ဘာမှမသိလေ သင်ကောင်းလေပဲတဲ့၊ ဒါကြောင့် မင်းအနေနဲ့ပညာတစ်ခုကို နက်နက်နဲနဲလေ့လာလိုက်စားချင်ရင်တော့ အရင်က သိထားတဲ့အပေါ်ယံသိတွေကို မေ့ပစ်လိုက်တာကောင်းတယ်၊ ဒါကြောင့် “ဗြောင်သည်ကောင်း၏” လို့ ရှေးပညာရှိတွေ မိန့်ဆိုခဲ့တာကွ”
“ဘယ်လိုဗျ၊ ဗြောင်သည် ကောင်း၏ တဲ့လား”
“အေး၊ စာသင်သားတွေထဲမှာ ဘာမှမတတ်သေးတဲ့ ဗြောင်တွေဆိုရင် သိပ်သင်လို့ကောင်းတယ်လို့ပြောချင်တာကွ၊ မင်းလို နည်းနည်းပါးပါးသိထားပြီးတော့ ကိုယ့််ကိုယ်ကိုယ်ဆရာလောက်ထင်နေတဲ့ကောင်မျိုးဆိုရင်တော့ သင်ရပြုရတာ လက်ပေါက်ကပ်တယ်ပေါ့ကွာ”
“ဦးဘသာကတော့ဗျာ၊ ကျုပ်ဆိုရင်တော့ ပြောလိုက်တာ ရစရာမရှိဘူး”
ဦးဘသာက ကွမ်းချိုးတွေတက်နေတဲ့ သွားတွေပေါ်အောင်ရယ်တယ်ဗျ။
“ဟေး၊ ဟေး ဒါကတော့ကွာ၊ ဆန်ရင်းနာနာဖွပ်၊ လူရင်း နာနာနှပ်တဲ့၊ ငါက မင်းကိုကောင်းစေချင်လို့ နာနာနှပ်တာပါကွ၊ စိတ်မဆိုးပါနဲ့”
ကျုပ်တို့လမ်းလျှောက်လာရင်း အတော်သွားမိလာတော့ ရှေ့မှာဇရပ်ကလေးတစ်ဆောင်တွေ့တယ်ဗျ၊ အဲဒီဇရပ်ကလေးကတော့ ပေတောရွာနဲ့ကျုပ်တို့ရွာရဲ့ လမ်းခုလတ်နေရာလို့ သတ်မှတ်လို့ရတဲ့ ဇရပ်ကလေးပေါ့ဗျာ၊ ကျုပ်တို့လည်း နေကပူပူနဲ့ဆိုတော့ ဇရပ်ကလေးထဲနားမယ်လို့စိတ်ကူးလိုက်တာပေါ့ဗျာ၊ ဇရပ်ကတော့ ဇရပ်ပျက်ကလေးဗျ၊ ကျုပ်လည်းရေဆာတာနဲ့ ဇရပ်ပေါ်မှာ ရေရှိမရှိကိုတက်ကြည့်မိတယ်၊ ထူးဆန်းတာက ဇရပ်ခေါင်းရင်းနားမှာ ရေအိုးကလေးတစ်လုံးတွေ့တာပဲဗျာ၊ အဲဒီရေအိုးကလေးကလည်း ရေတွေစိုနေတာနဲ့ ကျုပ်လည်းထကြည့်တော့ အထဲမှာရေအပြည့်ဗျ၊ ရေအိုးကိုလည်း ဝါးကရွတ်ခွေနဲ့ဖုံးထားသေးသဗျာ၊ အနားက တိုင်မှာလည်း ထန်းသီးမှုတ်ကလေး ချိတ်ထားသေးတယ်၊ ကျုပ်လည်း မုန့်ပစ်စလတ်စားပြီး ရေဆာလာတာနဲ့ ထန်းသီးမှုတ်လေးဖြုတ်ပြီးတော့ ရေသောက်လိုက်တာပေါ့ဗျာ။
ရေကလေးကလည်း အေးနေတာပဲဗျာ၊ ကျုပ်ဆို သုံးလေးမှုတ်လောက်ကို ခပ်သောက်ပစ်လိုက်တာ။
“ရေက အေးနေတာပဲဗျာ၊ ရေလှူတဲ့လူတွေ ကျမ်းမာကြပါစေ၊ ချမ်းသာကြပါစေဗျာ”
ကျုပ်တို့ကတော့ အများသောက်တဲ့ရေအိုးစင်က ရေသောက်ရင် အဲဒီလိုမျိုးဆုတောင်းပေးပြီးမှ သောက်တတ်တာအကျင့်ဗျို့၊ ကျုပ်တို့ငယ်ငယ်ကတည်းက လူကြီးမိဘတွေက သင်ပေးထားတာပေါ့ဗျာ၊ ရေလှူပေးတဲ့လူ ကုသိုလ်ရအောင်လို့ပေါ့၊ တကယ်တော့ ကျုပ်တို့အညာဆိုတာက ရေကခပ်ရှားရှားဗျ၊ အခုလည်းကြည့်လေဗျာ၊ နှစ်ရွာကူးတဲ့လမ်းခုလတ် လူသူမနီးတဲ့နေရာက ရေအိုးကို ရေဖြည့်ထားပေးတယ်ဆိုတော့ ဒီရေကို ပေတောရွာလောက်ကနေ ဝေးဝေးလံလံသယ်လာပြီးတော့ ဖြည့်ထားတာဖြစ်မယ်ဗျ။
ကျုပ်ပြန်ထိုင်တော့ ဦးဘသာကြီးလည်း ရေထသောက်တယ်ဗျ၊ ပြီးတော့ သူပိုက်လာတဲ့ကွမ်းအစ်ကလေး ဖွင့်ပြီးကွမ်းယာနေပါရော။ အဲဒီဇရပ်ကလေးနဲ့မလှမ်းမကမ်းမှာ ဘုန်းကြီးကျောင်းပျက်တစ်ခုရှိတယ်ဗျ၊ အဲဒီဘုန်းကြီးကျောင်းကတော့ အရင်က မန်ကျည်းကိုးပင်ရွာရဲ့ ရွာဦးကျောင်းလို့တော့ ပြောကြတယ်၊ အခုတော့ ဘုရားပျက်၊ ကျောင်းပျက်က ချုံနွယ်ပိတ်ပေါင်းတွေကြားမှာ ငူငူကြီးရှိနေတယ်ဗျာ၊ အဲဒီနေရာကလည်း မြေကြမ်းတယ်လို့ သိပ်နာမည်ကြီးတာဗျ၊ ပြိတ္တာတွေရှိတယ်၊ ဘီလူးတွေရှိတယ်ဆိုပြီးတော့ တော်ရုံလူမသွားကြတဲ့နေရာပေါ့ဗျာ။
ကျုပ်တို့ထိုင်နေရင်း နွားတွေလျှောက်လာတာကိုတွေ့တယ်ဗျ၊ နွားအုပ်က အကောင်နှစ်ဆယ်၊ သုံးဆယ်လောက်ကိုရှိမယ်ဗျာ၊ နွားတွေက သရဲမကြောက်တတ်တော့ အဲဒီဘုန်းကြီးကျောင်းပျက်ကို ဝင်သွားတော့တာပဲဗျာ၊ အဲဒီအနားမှာ အရိပ်ရအပင်တွေနဲ့ အုပ်အုပ်ဆိုင်းဆိုင်းလေးဖြစ်နေတာကိုးဗျ၊ လူသူမနီးတော့လည်း သစ်ပင်မြက်ပင်တွေကလည်း တောထနေတာဆိုတော့ နွားတွေအတွက်တော့ အစာမပူရဘူးပေါ့ဗျာ။
ဦးဘသာက ဖြတ်လျှောက်လာတဲ့နွားတွေကိုကြည့်ပြီးတော့
“အလတ်ကောင် နွားဆိုတာ ဘယ်ကဖြစ်လာတာလဲဆိုတာ မင်းသိသလား”
“သိတာပေါ့ဗျာ၊ နွားမကြီးနဲ့ နွားသိုးကြီးနဲ့ချစ်ကြ၊ အဲဒီကနေမှာ နွားကလေးဖြစ်တာလာပေါ့ဗျ”
ဦးဘသာက ကျုပ်ကိုတစ်ချက်လှည့်ကြည့်ရင်း
“အဲဒါကိုပြောတာမဟုတ်ဘူးကွ၊ နွားဆိုတဲ့စကား ဘယ်ကဖြစ်လာတာလဲလို့မေးတာ”
ကျုပ်လည်းခေါင်းခါရင်း
“ဒါတော့ ကျုပ်လည်းဘယ်သိမလဲဗျ၊ ဘယ်ပညာရှိကများ ဒီလိုချိုထောင်ထောင်နဲ့အကောင်ကို နွားလို့ပေးလိုက်သလဲမှမသိတာ၊ ဒါနဲ့ နွားလို့ဘာကြောင့်ခေါ်တယ်ဆိုတာ သိထားဖို့လိုလို့လားဗျ”
“မင်းကွာ၊ မှတ်ထားကွ၊ ပညာရပ်တစ်ခုသင်ပြီဆိုရင် ကိုယ်သင်တဲ့ပညာရဲ့ အခေါ်အဝေါ်ကစပြီး သေချာသိထားရတယ်၊ ဒါမှာ သူများကမေးရင် ချက်ချင်းဖြေနိုင်မှာကွ၊ နွားဆိုတာ တကယ်တော့ ဗမာစကားစစ်စစ်ပဲကွ”
“ကဲ ပြောပါအုံးဗျာ”
“အဘိဓါန်ဋီကာမှာ “အနံသကဋံံ ဝဟတီတိ အနဝါဟော” လို့ပါတယ်ကွ၊ အဓိပ္ပါယ်ကတော့ လှည်းကိုဆောင်တတ်သော သတ္တဝါကို နွားလို့ခေါ်တယ်ဆိုတဲ့အဓိပ္ပါယ်ပဲ၊ အဲဒီမှာ အနဝါဟ ဆိုတာ နွားပေါ့ကွာ၊ အချိန်ကြာလာတော့ ဝေါဟာရထုံးစံအရ အတိုဖွဲ့ရင်း အရှေ့က အနဲ့ အနောက်က ဟနဲ့ကို ချေလိုက်တယ်ကွ၊ ဒီတော့ နရယ် ဝါရယ်ပဲကျန်တယ်၊ ဒီတော့ နရဲ့အောက်မှာ ဝကိုကပ်ပြီး ရေးချဆွဲလိုက်တော့ နွာဖြစ်သွားတယ်၊ အဲဒီကနေမှ ခေါ်အောင်းကောင် ခေါ်ကြရင်း နွား ဆိုပြီးဖြစ်သွားတာပဲကွ”
ကျုပ်လည်း တစ်ခါမှမကြားဖူးတော့ သေသေချာချာမှတ်ထားလိုက်တာပေါ့။
“နောက်တစ်နည်းရှိသေးတယ်ကွ၊ အဲဒါကတော့ မဂဓအဘိဓါန်ကနေလာတယ်၊ အဲဒီမှာ နွားကို ဂေါဏ လို့ဖော်ပြတယ်။ ဒါကို မြန်မာမှုပြန်ပြုတော့ သဝေထိုးဂငယ်ကို ဝလုံးအဖြစ်ပြောင်းပြီးတော့ ဏကြီးရဲ့အောက်မှာ ကပ်လိုက်တယ်ကွ၊ ဒီတော့ ဏကြီးဝဆွဲရေးချာ ဏွာလို့ဖြစ်သွားတယ်၊ ဂေါရဲ့အသံရှည်ကိုထိန်းသိမ်းချင်လို့ ဏွာရဲ့အနောက်မှာ ဝစ္စပေါက်ထည့်လိုက်တော့ ဏွားဆိုပြီဖြစ်သွားတာပေါ့ကွာ၊ အဲဒီကနေ အချိန်ကြာမြင့်လာတော့ နငယ်ဝဆွဲရေးချဖြစ်သွားတာပေါ့၊ ဒါပေမယ့် ဒီလိုပြောင်းလဲတာကလည်း တော်တော်ကြာပြီရယ်၊ ပုဂံခေတ်မတိုင်ခင် ပျူခေတ်လောက်ကတည်းက နငယ်နဲ့ နွားလို့ရေးကြသတဲ့”
“မှတ်သားရပါတယ်ဗျာ၊ ကျုပ်တောင် တစ်သက်လုံး နွားနွားနဲ့ခေါ်လာပြီး ဘာလို့အခုမှ နွားလို့ခေါ်သလဲဆိုတာကို သိတာဗျ”
“နွားဆိုတာ သိုး၊ ဆိတ်၊ မြင်းတို့လို ခွာပါတဲ့အကောင်ပဲကွ၊ ဒါပေမယ့် လူတွေနဲ့အနေနီးပြီး ယဉ်နေတာကြာလို့ တောထဲမှာမကျက်စားတော့ဘဲ မြို့ရွာလူတွေအနီးမှာပဲ အကျိုးပြုတာအတော်ကြာပြီကွ၊ ဒီလိုမျိုး လူတွေနဲ့လက်ပွန်းတတီးနေတတ်တဲ့ အကောင်တွေကိုတော့ ဂါမိယသားမျိုးလို့ခေါ်တယ်၊ ကဲ မေးရအုံးမယ်၊ နွားမျိုး ဘယ်နှမျိုးရှိသလဲဆိုတာ မင်းသိရဲ့လားအလတ်ကောင်”
ကျုပ်လည်း ခေါင်းခါလိုက်ပြီး
“ဦးဘသာပဲ ခုနကပြောတော့ ပညာတစ်ခုသင်တဲ့အခါ ဘာမှမသိလေ ကောင်းလေဆိုဗျ၊ ကျုပ်လည်း ဘာမှမသိတော့ဘူးပေါ့ဗျာ”
“ဟား၊ ဟား မင်းက င့ါစကားနဲ့ ငါ့ကိုပြန်ပြောနေပါပြီ၊ နွားကိုတော့ အသံုံးပြုပုံအပေါ်မူတည်ပြီး သုံးမျိုးခွဲတယ်ကွ၊ ခိုင်းနွား၊ နို့စား၊ အသားစားနွားပေါ့ကွာ၊ ဒါပေမယ့် တို့ဆီမှာတော့ ခိုင်းနွားပဲရှိကြတာ၊ နို့စားနွားနဲ့ အသားတိုးနွားကတော့ သူများနိုင်ငံတွေမှာ မွေးကြတယ်ပြောတာပဲကွ၊ အဲဒီ ခိုင်းနွားထဲမှာမှ အရောင်အဆင်းကိုကြည့်ပြီး လေးမျိုးခွဲကြတယ်၊ နွားရွှေနီ၊ နွားရွှေဝါ၊ နွားပြာ၊ နွားကျားတဲ့ကွ”
ဦးဘသာက ကွမ်းယာကိုပါးစောင်ထဲကို ထိုးထည့်လိုက်ပြီးတော့ ဆက်ပြောတယ်။
“စာဆိုတစ်ခုရှိတယ်ကွ “မြို့မသိ ဗာရာဏသီ၊ မင်းမသိ ဗြဟ္မဒဏ်၊ နွားမသိ နွားပြာနီတဲ့ကွ”
“ဟာဗျာ၊ မြို့မသိဗာရာဏသီ၊ မင်းမသိ ဗြဟ္မဒတ်တော့ ကြားဖူးပါတယ်၊ ဦးဘသာကလည့်ကျမှ နွားမသိ နွားပြာနီတဲ့လား”
“အိုကွာ၊ ငါတို့က နွားအကြောင်းပြောနေတာမဟုတ်လား၊ ဒီစာဆိုထဲကအတိုင်းဆိုရင် နွားပြာနီတွေက ပေါ်လွန်းလို့ နွားအကြောင်းမသိတဲ့လူတွေက နွားဆိုရင် နွားပြာနီပဲရှိတယ်ထင်ကြတာမဟုတ်လား”
“ဟင်၊ ခုနကပြောတော့ နွားကလေးမျိုးဆို၊ အခုက ဘယ်လိုလုပ်ပြီး နွားပြာနီဖြစ်သွားတာလဲ”
“ဒါကြောင့်မင်းကိုပြောတာပေါ့ကွ၊ နွားဆိုတာ မျိုးထက်၊ အရောင်အသွေးကိုကြည့်ပြီး ခွဲတာပေါ့၊ နွားပြာကို အနီရောင်စပ်တော့ နွားပြာနီပေါ့ကွာ၊ အဲဒီနွားပြာနီမှာမှ အမဲရောင်ဘက် နည်းနည်းသမ်းတဲ့နွားဆိုရင် နွားပြာနီမင်ကွပ်လို့ခေါ်သကွ၊ မင်းလည်း ကြားဖူးချင်ကြားဖူးမှာပေါ့ကွာ၊ “နွားပြာနီမင်ကွပ် အတက်မတို့နဲ့” ဆိုပြီးပြောကြတယ်မဟုတ်လား၊ နွားပြာနီမင်ကွပ်တွေက စိတ်တအားဆတ်လို့ ကုန်းတက်မှာ ကြိမ်နဲ့တို့လိုက်လို့ကတော့ လှည်းကိုတစ်ခါတည်းဆွဲပြေးလို့ လှည်းပေါ်ကလူ ပြုတ်ကျတတ်တယ်လို့ ပြောခဲ့တာပဲ”
“ထားပါအုံးဗျာ၊ အဲဒီတော့ ခုနက နွားလေးမျိုးကိုဆက်ပြောပါအုံး၊ ဘယ်နွားက အကောင်းဆုံးလဲဗျ”
“ခိုင်းနွားဆိုရင်တော့ နွားရွှေနီ၊ နွားရွှေဝါ အကောင်းဆုံးပဲကွ၊ သိပ်လည်းဦးနှောက်ကောင်းသလို၊ လူစကားလည်းအတော်နားလည်တယ်၊ သိပ်လည်းသစ္စာရှိတဲ့ကောင်ကြီးတွေပေါ့ကွာ၊ ဟိုနေ့က သေသွားတဲ့ ရွှေနီကြီးက နွားရွှေနီပေါ့ကွ၊ မင်းပြောမှ ငါ့ရွှေနီကို သတိရလိုက်တာကွာ”
“နွားပြာကရောဗျ၊ ကျုပ်တို့အိမ်မှာတော့ နွားပြာတွေများတယ်မဟုတ်လား”
“နွားပြာကတော့ အကြမ်းခံနိုင်တယ်၊ ဒုန်းခံနိုင်တယ်ကွ၊ လယ်ထွန်တာတင်မကဘဲနဲ့ ယာထယ်ထိုးတာ၊ ကျောက်လှည်းတိုက်၊ သစ်ဆွဲမှာတော့ နွားပြာတွေက ပိုကောင်းတာ၊ ဒါကြောင့် ယာသမားတော်တော်များများက နွားပြာကြိုက်ကြတာပေါ့ကွာ၊ ဒုန်းခံတာကိုး၊ ဒါပေမယ့် နွားပြာက ပေကပ်ကပ်တော့နိုင်တယ်ကွ”
“ဟုတ်မယ်ဗျ၊ အိမ်ကကောင်တွေဆိုရင် ဘာစကားမှကိုနားမလည်တာ၊ ကြိမ်လေးတို့တို့ပြီး ခိုင်းနိုင်မှရတာ”
“နောက်ဆုံးကျန်တဲ့ ထန်းသီးမွှေးရောင်နဲ့ နွားကျတော့ နွားကျားလို့ခေါ်တယ်ကွ၊ အစင်းကျားလေးတွေပါတာပေါ့၊ အဲဒီနွားကျတော့ ခိုင်းမရပြုမရနဲ့ တော်တော်လည်း ပေကပ်ကပ်နိုင်တဲ့ကောင်တွေမို့ အညံ့ဆုံးလို့သတ်မှတ်တယ်၊ တစ်ချို့ဆိုရင် “နွားပြာကျား မြက်မဝါးစေနဲ့” လို့ပြောတယ်၊ မြက်စားလို့ကုန်တာပဲရှိတယ် ဘာမှသုံးစားရတဲ့ကောင်လို့ ပြောချင်တာပေါ့ကွာ”
ဦးဘသာ စကားတွေကြားပြီးတော့ ကျုပ်လည်းတော်တော်မှတ်သားရပါတယ်ဗျာ၊ ကျုပ်တို့စကားပြောဆိုနေုတုန်း နွားကျောင်းသားလေးတစ်ယောက် လှည်းကလေးနဲ့စီးလာတယ်ဗျ။ အသက်ကတော့ ဆယ့်သုံးလေးနှစ်လောက်တော့ ရှိမယ်ထင်တယ်ဗျ၊ ခုနက နွားအုပ်တွေကလည်း သူကျောင်းနေတဲ့နွားတွေဖြစ်မယ်၊ လှည်းကလေးဆိုတာက ကလေးတွေဆော့သလိုမျိုး အဖြစ်လုပ်ထားတဲ့ လှည်းပေါ့ဗျာ၊ အဲဒီနွားကျောင်းသားလေးက ရေတစ်အိုးပိုက်ပြီး လှည်းပေါ်ကဆင်းလာတယ်ဗျ၊ နောက်တော့ ဇရပ်ပေါ်က ရေအိုးစင်ကိုတက်ဖြည့်ပါရော။
“ဟေ့သူငယ်၊ မင်းဘယ်ကလဲကွ”
“ပေတောကပါ”
“ဒီနွားတွေက မင်းကျောင်းနေတာလား၊ ဒါဆိုရင် ဘယ်သူ့ရဲ့နွားတွေလဲကွ”
“နွားကတော့ အစုံပဲဗျ၊ အများအားဖြင့်ကတော့ ကျုပ်ဘကြီးရဲ့နွားတွေပဲ၊ အဘကြီးတို့က ဘယ်သူတွေလဲ”
“တို့တွေက ဇီးကုန်းကလာတာကွ၊ နွားဝယ်မလို့ နွားလာကြည့်တာ”
“ကြိုက်တဲ့နွားတွေ့ရင်တော့ ဘကြီးဆီသွားပြီး ဈေးစပ်ဗျို့၊ ဒါပေမယ့် ကျုပ်ကြိုပြောထားမယ်နော် ဘကြီးထွန်းရင်က သူ့နွားတွေကိုသိပ်တန်ဖိုးထားတာဆိုတော့ အဘကြီးတို့ ငွေတော်တော်ပေးမှ ရောင်းမယ့်ပုံပဲဗျ”
“အေးကွာ၊ နွားကောင်းရင်တော့ ပေးပျော်ပါတယ်၊ ဒါနဲ့ မင်းရဲ့နွားတွေက ၀၀ဖီးဖီးကြီးတွေပါလားကွ”
“ဒါကတော့ဗျာ၊ ရွာကလူတွေက ဒီဘုန်းကြီးကျောင်းပျက်နဲ့ အနောက်ဘက်က စေတီလှတောဘက်ကို ခြေဦးတောင်လှည့်ရဲကြတာမှမဟုတ်တာဗျ၊ ဒီတောထဲမှာက ခုထိမြက်ကောင်းတွေရှိနေတုန်းဗျ”
ကျုပ်လည်း ထူးဆန်းသွားတာပေါ့ဗျာ။
“နေစမ်းပါအုံးကွ၊ ရွာကလူတွေက အဲဒီစေတီလှတောဆိုလား အဲဒီကို ဘာလို့မသွားရဲကြတာလဲကွ”
နွားကျောင်းသားကလေးက ပြုံးဖြီးဖြီးနဲ့
“သရဲသိပ်ခြောက်တယ်၊ မြေသိပ်ကြမ်းတယ်လို့ ပြောကြတာကိုးဗျ”
“ဟာ၊ မင်းကတော့ မကြောက်ဘူးလားကွ”
“မကြောက်ပါဘူးဗျာ၊ ပေတောရွာမှာ ဒီစေတီလှတောကိုလာရဲတာ ကျုပ်တစ်ယောက်တည်းရှိတာဗျ၊ သူတို့ကသာ ဟိုလိုခြောက်တယ်၊ ဒီလိုလှန့်ခံရတယ်ပြောပေမယ့် ကျုပ်ကတော့ တစ်ခါမှကို အခြောက်အလှန့်မခံရဖူးပါဘူးဗျာ”
ကောင်လေးက ပြောဆိုရင်း ရေအိုးအလွတ်ပိုက်ပြီးတော့ ဆင်းသွားတယ်ဗျ၊ ကျုပ်လည်း ဒီကောင်လေးဇရပ်အောက်မရောက်ခင်
“ဟေ့ကောင်လေး၊ မင်းနာမည်ဘယ်လိုခေါ်သလဲကွ”
“ကျုပ်နာမည် မိုးစွေ၊ နွားကျောင်းသား မိုးစွေဆိုရင် ပေတောမှာ မသိတဲ့လူမရှိဘူးဗျာ၊ ကဲ၊ ကျုပ်သွားပြီ၊ ဟဲ့၊ တောက်”
မိုးစွေက လှည်းကလေးပေါ်ပြန်တက်ပြီး နွားတွေကိုမောင်းချသွားတယ်ဗျ၊ ကျုပ်တို့လည်း နည်းနည်းအပန်းပြေသွားတာနဲ့ ခရီးဆက်ခဲ့တာပေါ့ဗျာ၊ ဦးဘသာကတော့ မိုးစွေရဲ့နွားကြီးတွေကို ရပ်ကြည့်နေသေးတယ်၊ ကျုပ်ကြည့်လိုက်တော့ နွားတွေက ရောင်စုံ၊ ပုံစံံစုံပဲဗျ။
“ဦးဘသာ ဘာကြည့်နေတာလဲဗျ”
“နွားကောင်းများတွေ့မလားလို့ ကြည့်တာပါကွ”
“ကျုပ်ကြည့်ရသလောက်တော့ ဒီနွားတွေက ခုနက နွားလေးမျိုးထဲကနဲ့ ဆင်တောင်မဆင်ဘူးဗျ၊ ဘာအမျိုးတွေမှန်းကို မသိတော့ပါဘူးဗျာ”
ဦးဘသာက ခေါင်းညိတ်ပြီး
“အေးပေါ့ကွ၊ ဒီလိုမျိုး နွားမျိုးတွေက များလွန်းလို့ ရှေးမြန်မာကြီးတွေက နွားရဲ့အမျိုးအစားထက်၊ နွားရဲ့အသွေးအမွေး၊ ရုပ်ရည်အင်္ဂါကိုကြည့်ပြီး ဝယ်ကြတာပေါ့ကွာ၊ နွားပြာ၊ နွားကျားဖြစ်နေပေမယ့် အင်္ဂါကောင်းရင်တော့ သန္ဓေကောင်းတယ်လို့ ယူဆကြတယ်”
“ဘယ်လိုကြည့်ရသလဲဗျ”
“သူတို့အခေါ်အရတော့ စေလေးလံံုံးကို အရင်ကြည့်ရွေးကြတယ်ကွ၊ အဲဒီစေလေးလုံးကတော့ နှာတံခုံးစေ၊ ခွာလုံးစေ၊ မျက်စိပြူးစေ၊ နှာရှူးစေတဲ့ကွ၊ အဲဒါကို စေလေးလံုံးလို့ အတိုကောက်ခေါ်တာ”
“အဲဒီနှာတံံတို့ မျက်စိတို့က ဘာအတွက်လဲဗျ”
“နှာတံံခုံးတယ် နဖူးကျယ်တယ်ဆိုရင် ကျန်းမာတောင့်တင်းတယ်လို့ ယူဆရတယ်၊ ခွာလံံုံးတယ်ဆိုတာကတော့ နွားကောင်းရဲ့ခွာတွေဟာ ရေဖလားကိုမှောက်ထားသလိုမျိုး ရှိနေရတယ်၊ ဒါမှ သွားနိုင်လာနိုင်တယ်ပေါ့ကွာ၊ မျက်စိပြူးတယ်၊ နှာရှူးတယ်ဆိုတာကတော့ ဖျတ်လတ်တက်ကြွတဲ့လက္ခဏာတွေပေါ့၊ ခိုင်းနွားဆိုတာ မပျင်းတော့မှသုံးစားလို့ကောင်းတာမဟုတ်လားကွ”
“ကျုပ်ဖြင့်ခုမှသိတယ်ဗျာ၊ အိမ်ရောက်တော့မှ အိမ်ကနွားတွေကို ဒီစေလေးလံုံးပါမပါ ဖြဲကြည့်ရအုံးမယ်ဗျ”
ဦးဘသာက နွားတွေတစ်ချက်ကြည့်ပြီးတော့ ဆက်လျှောက်သွားတာနဲ့ ကျုပ်လည်းလိုက်သွားတာပေါ့ဗျာ၊ လမ်းလျှောက်ရင်းနဲ့ စကားပြောလာကြတာပေါ့။
“နွားအင်္ဂါတွေထဲမှာ အင်္ဂါခြောက်ခုပြည့်စုံတဲ့ နွားကိုကျတော့ နွားကြန်စံုံလို့ခေါ်တယ်ကွ”
“လုပ်ပြန်ပြီဗျာ၊ ခုနက ပြောတော့ စေလေးလံုံးဆို၊ အခုကျတော့ အင်္ဂါခြောက်ခုတဲ့”
“အဲဒီစေလေးလုံးကြည့်လို့ စေလေးလုံးပြည့်စုံပြီဆိုရင် နွားကြန်စုံဟုတ်မဟုတ်ကို အင်္ဂါခြောက်ပါးကြည့်ရတယ်ကွ၊ သိပ်တော့ ထွေထွေထူးထူးမဟုတ်ပါဘူးကွာ၊ အမြီးစွပ်ရမယ်၊ ထိပ်ကွက်ရမယ်၊ ခြေလက် လေးဘက်စလံုံး ဒူးဆစ်အထိ ဆွတ်ဆွတ်ဖြူနေရမယ်၊ အဲဒါပြည့်စုံရင် နွားကြန်စုံပေါ့ကွာ”
“နွားကြန်စုံက ဘာဖြစ်သလဲဗျ”
“တောင်သူလယ်သမားတွေအကြိုက်ပေါ့ကွာ၊ ပြီးတော့ အဲဒီနွားကြန်စုံရှိတဲ့အိမ်က မင်္ဂလာရှိတယ်လို့ ယူဆတယ်၊ ပြီးတော့ ကိုယ်မွေးထားတဲ့နွားတွေထဲ မမွေးအပ်တဲ့နွား၊ ခိုက်တတ်တဲ့နွားတွေပါလာခဲ့ရင်လည်း နွားကြန်စုံရှိနေရင် မခိုက်တော့ဘူးလို့ယူဆကြတယ်၊ အဲဒီနေရာမှာ ကြန်စံုံနွားဖြစ်နေပြီဆိုရင်တော့ တောင်သူတွေက ထမ်းပိုးသုံးတန်နဲ့ စမ်းကြသတဲ့”
“ထမ်းပိုးသုံးတန်၊ ကောင်းရိုးမှန်၊ ကြန်စုံနွားများမင်းတဲ့ကွ”
“ဟာဗျာ၊ ဘယ်နွားက ထမ်းပိုးသုံးခုထမ်းနိုင်မှာလဲဗျ၊ အဓိပ္ပါယ်မရှိတာဗျာ”
“ဟကောင်ရ၊ ထမ်းပိုးသုံးတန်ဆိုတာ တင်စားပြောတာကွ၊ အရင်ဆုံး လှမ်းထမ်းပိုးထမ်းခိုင်းတယ်ကွ၊ လှမ်းမှာ ကပြီး(တပ်ပြီး) မောင်းခိုင်းတာပေါ့ကွာ၊ ပြီးတော့ ဆီဆံုံထမ်းပိုးမှာ ထမ်းခိုင်းပြီးတော့ ဆီပွတ်ခိုင်းကြည့်တယ်၊ နောက်ဆုံးကတော့ လယ်ထဲယာထဲ ထွန်ဆွဲခိုင်းတာပဲဟေ့၊ နွားကြန်စုံဆိုတာ အဲဒီသုံးမျိုးလုံးကို နိုင်နိုင်နင်းနင်းတတ်တယ်ဆိုပဲကွ၊ ဒါကြောင့် ထမ်းပိုးသုံးတန်နိုင်တဲ့ နွားကြန်စုံမျိုးဟာ ပိုက်ဆံသိန်းနဲ့ချီပေးတောင်မှ မရောင်းနိုင်ကြဘူးတဲ့ကွာ”
“ရှားတော့ရှားမှာပေါ့ဗျာ”
“ရှားတာပေါ့ကွာ၊ တစ်ရွာတစ်ကောင်တောင်မှ မရှိဘူးတဲ့ကွ”
ကျုပ်တို့စကားတပြောပြောနဲ့လာရင်း နောက်ဆုံးတော့ ပေတောရွာကိုရောက်ခဲ့တယ်ဗျ၊ ပေတောရွာမှာ ကျုပ်တို့ဆွေမျိုးတွေလည်း အများကြီးရှိတာဆိုတော့ သိပ်တော့မစိမ်းဘူးပေါ့ဗျာ၊ အဖေနဲ့ အဖေတူမအေကွဲတော်တဲ့ ဘကြီးတစ်ယောက်တောင် ရှိသေးတယ်၊ သူက ကျုပ်ကိုလည်းသိပ်ခင်တာဆိုတော့ သူတို့အိမ်ကိုပဲလာခဲ့ကြတာပေါ့ဗျာ၊ ဘကြီးကလည်း ကျုပ်တို့ကိုပျော်ပျော်ရွှင်ရွှင်ကြိုဆိုပါတယ်၊ ဘကြီးအိမ်မှာ နေ့လည်စာ စားသောက်ပြီးတော့ ရေနွေးကြမ်းဝိုင်းဖွဲ့တာပေါ့။
“နေအုံး၊ အလတ်ကောင် မင်းတို့ ဘာကိစ္စနဲ့လာကြတာလဲကွ”
ကျုပ်လည်း ဦးဘသာကို လက်ညှိုးထိုးပြရင်း
“ဒီက ဦးကြီးက နွားကောင်းဝယ်ချင်လို့ဗျ၊ ကျုပ်လည်း ပညာရအောင်ဆိုပြီးတော့ သူနဲ့လိုက်ခဲ့တာပဲ”
“အေးအေး၊ တို့ရွာမယ် နွားကောင်းကတော့ ခပ်ရှားရှားကွ၊ မင်းတို့ကြည့်ချင်ရင် ရွာလယ်ပိုင်းက ထွန်းရင်ဆီမှာတော့ နွားတွေတော်တော်များများရှိတယ်၊ ညနေ နွားသိမ်းပြန်လာတော့ဖြစ်ဖြစ်၊ မနက်လောက်ဖြစ်ဖြစ်သွားကြည့်ကြပေါ့ကွာ၊ ငါသူ့ဆီလိုက်ပို့ပေးမယ်”
ကျုပ်တို့လည်း ခေါင်းညိတ်လိုက်တာပေါ့ဗျာ။
(၃)
ကျုပ်တို့ဘကြီးအိမ်မှာ နားနေရင်း ညနေစောင်းရောက်တော့ ရွာထဲမှာ ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြတယ်ဗျ၊ ရွာလယ်လမ်းအတိုင်း လူတွေပြေးနေပါရော၊ နောက်တော့ နွားလှည်းတစ်စီးက ဖြတ်သွားပြန်တယ်၊ ကျုပ်ဆိုတဲ့ကောင်ကလည်း တစ်ခုခုဖြစ်ရင် သိလိုက်ရမှဆိုတော့ လမ်းပေါ်ထွက်ပြီး စနည်းနာတာပေါ့ဗျာ။
“ဘာများဖြစ်လို့လဲဗျ”
ရွာသားတွေက မျက်နှာစိမ်းဆိုတော့ ကြောင်အမ်းအမ်းနဲ့ဖြစ်ကုန်ကြတယ်။
“ဟိုလေ၊ နွားကျောင်းသားမိုးစွေ ဘာဖြစ်မှန်းမသိဘူး၊ တငိုငို တရယ်ရယ်နဲ့ရယ်”
နွားကျောင်းသားမိုးစွေဆိုတော့ ကျုပ်တို့မနက်က တွေ့ခဲ့တဲ့ကောင်လေးပဲဗျ၊ ဒါနဲ့ကျုပ်လည်း လူတွေအနောက်ကိုပြေးလိုက်ခဲ့တော့တာပေါ့ဗျာ၊ ရွာလယ်လောက်ရောက်တော့ လူတွေက ခြံဝန်းကျယ်ကြီးထဲကို ဝင်သွားကြတယ်ဗျ၊ ကျုပ်လည်း လိုက်ဝင်ခဲ့တော့ ခြံကြီးထဲက ခြေတံရှည်အိမ်ကြီးရဲ့ အရှေ့နားက ကွပ်ပျစ်မှာ နွားကျောင်းသားလေးကို ပက်လက်ချထားပါရောဗျာ၊ နွားကျောင်းသား မိုးစွေက ပက်လက်လန်နေပြီး တဟားဟားနဲ့ရယ်လိုက်၊ တရှုံ့ရနဲ့ ငိုလိုက်လုပ်နေပါရောဗျာ။
“ဟေ့ဟေ့၊ အားလုံးဖယ်ကြစမ်း၊ လူနာအနားမှာ သွားအံံုံမနေကြနဲ့”
လူကြီးတစ်ယောက်ရောက်လာပြီးတော့ လူတွေက သူ့ကိုပြာပြာသလဲနဲ့ဖယ်ပေးလိုက်ရတယ်ဗျ၊ ဒီလူကတော့ ဦးဖိုးခွေးပေါ့ဗျာ၊ ဦးဖိုးခွေးဆိုတာ ပေတောရွာမှာ သိပ်နာမည်ကြီးတဲ့ ဆေးဆရာကြီးမဟုတ်လား၊ ဦးမှတ်ကြီးနဲ့ မယားလုဖက်တွေပေါ့ဗျာ၊ ပေတောရွာမှာ ဦးဖိုးခွေးဆေးကုတာ စွမ်းလွန်းလို့ ဦးမှတ်ကြီးတစ်ယောက် ကျုပ်တို့ရွာကိုပြောင်းပြေးလာရတာကို မှတ်မိတယ်မဟုတ်လား၊ (ထိုအကြောင်းများကို စုန်းထီးကြီးဦးဘသာနှင့် ဆေးဆရာဦးမှတ်ကြီး (အတွဲ(၁))တွင် ဖော်ပြခဲ့ပြီး)
ဦးဖိုးခွေးက သွေးကြောတွေကို စမ်းတယ်ဗျ၊ စမ်းသပ်ပြီးတော့ ခေါင်းခါလိုက်တယ်။ ဦးဖိုးခွေးအနားကို လူကြီးတစ်ယောက်ကပ်လာတယ်ဗျ၊
“ဘယ်လိုလဲဆေးဆရာကြီး ကျုပ်တူလေး ဘာဖြစ်တာလဲဗျာ”
“သွေးထဲမှာတော့ ပယောဂရှိတယ်ဗျ၊ ဒါပေမယ့် သူဖြစ်နေတဲ့လက္ခဏာကို ကျုပ်မတွေ့ဖူးဘူး၊ ကဲကဲ၊ အရင်ဆုံး ပယောဂစစ်ကြည့်တာပေါ့”
ဒါနဲ့ပဲ မိုးစွေကို ခြေဆင်းထိုင်ခိုင်းပြီးတော့ ပယောဂစစ်ကြည့်တာပေါ့ဗျာ၊ ပယောဂလည်း တကယ်ဟုတ်တယ်ဗျ၊ ဒါပေမယ့် စစ်မေးတော့ ဘာမှကိုမထူးတာ၊ ဦးဖိုးခွေးလည်း နည်းမျိုးစံံုံပူးခိုင်း၊ ကပ်ခိုင်း၊ ဖြေခိုင်းပေမယ့် ဘာမှကိုမထူးဘူးဗျာ။ ဒီလိုနဲ့ ဦးဖိုးခွေးတစ်ယောက် ဇောချွေးတွေပြန်လာတာပေါ့။
“ခင်ဗျားတူက တစ်ခုခုတော့တစ်ခုခုပဲဗျ၊ ကျုပ်လည်း တတ်သလောက် လုပ်ပေးတာပဲဗျာ”
ကျုပ်ကတော့ တစ်ခုခုထူးခြားနေပြီမှန်း ထင်လိုက်တာပဲ၊ ဒီအချိန်မှာပဲ ခြံံရှေ့မှာလူကြီးတစ်ယောက်ရောက်လာတယ်ဗျ၊ ဦးဖိုးခွေးတို့က အဲဒီလူကြီးကိုကြည့်လိုက်တယ်။ ဘယ်သူရှိမလဲဗျာ၊ ဦးဘသာပေါ့။
“မင်းတို့စမ်းမရရင် ငါစမ်းကြည့်ချင်တယ်ကွ”
တခြားလူတွေက ကန့်ကွက်ဖို့လုပ်တော့ ဦးဖိုးခွေးက လက်ကာပြလိုက်တယ်။
“အကိုဘသာ၊ ခင်ဗျားတကယ်စမ်းကြည့်မလို့လား”
ဦးဘသာက ခေါင်းညိတ်ပြီးတော့ မိုးစွေအနားကိုတိုးကပ်သွားတယ်ဗျ၊ ပြီးတော့ မိုးစွေငယ်ထိပ်ကို လက်နဲ့အုပ်ပြီးကိုင်ထားတယ်။ ဦးဖိုးခွေးအနားကို ဦးလေးကြီးက ကပ်လာတယ်၊ အဲဒီဦးလေးကြီးကတော့ မိုးစွေရဲ့ဘကြီး ဦးထွန်းရင်ဆိုတာပါပဲဗျာ။
“ဆရာကြီး၊ ဒီလူက ဘယ်သူကြီးလဲဗျ”
“မပူပါနဲ့ဗျာ၊ ဒီလူူကြီးကလည်း ထူးဆန်းတဲ့ပညာတွေတတ်တဲ့လူကြီးပါဗျ”
ဦးဘသာက တစ်ခုခုမန်းမှုတ်နေရင်းနဲ့ မျက်လုံးကြီးပြူးသွားတယ်ဗျ၊ ဒီအချိန်မှာပဲ မိုးစွေလည်း မျက်လုံးတွေပြူးတက်လာတယ်၊ ပြီးတော့မျက်လုံးကြီးတွေနီလာပြီး တအင်းအင်းနဲ့ညည်းနေတော့တယ်ဗျာ၊ ဦးဘသာက ဦးဖိုးခွေးကိုကြည့်ရင်း
“ဖိုးခွေးရေ၊ ဒီကောင်လေးကို အန်အောင်လုပ်လို့ရသလား”
ဦးဖိုးခွေးက ခေါင်းညိတ်ပြီးတော့ သူရဲ့ဆွေးကွမ်းအစ်ကိုဖွင့်တယ်ဗျ၊ အထဲက စက္ကူထုပ်ကလေးတစ်ထုပ်ကိုဖြေလိုက်တော့ အဖြူရောင်အမှုန့်လေးတွေတွေ့တယ်၊ လက်ညှိုးထိပ်ကို တံံံတွေးဆွတ်ပြီးတော့ အဲဒီအမှုန့်ကလေးတွေထဲ နှစ်ပြီး မိုးစွေအနားကိုတိုးလာတယ်။
“အလတ်ကောင် သူ့ပါးစပ်ကိုဖြဲပေးလိုက်စမ်း”
ကျုပ်လည်းပြေးသွားပြီးတော့ မိုးစွေပါးစောင်ကို ညှစ်လိုက်တာပေါ့ဗျာ၊ မိုးစွေပါးစပ်ပွင့်သွားတော့မှ ဦးဖိုးခွေးက လက်ကိုပါးစပ်ထဲတစ်ဆုံးထိုးထည့်တယ်၊ ပြီးတော့မကြာပါဘူးဗျာ မိုးစွေက တအင့်အင့်နဲ့ပျို့တက်လာပြီးတော့ ကွပ်ပျစ်ပေါ်ကိုပဲ အန်ချလိုက်ပါရော။ မိုးစွေပါးစပ်ထဲကနေ ရေတွေအပြင် အနက်ရောင်အတုံးအတုံးတွေ အများကြီးအန်တယ်ဗျာ၊ ပြီးတော့ အန်ဖတ်တွေကလည်း နောက်ချေးနံ့နံလိုက်တာပြောမနေပါနဲ့တော့၊ ဦးဖိုးခွေးက အနက်ရောင်အဖတ်တစ်ခုကိုကောက်ကိုင်ကြည့်တယ်။
“ဟာ၊ နောက်ချေးအစိုတွေပါလား”
ဦးဘသာက မိုးစွေကိုရေတစ်ခွက် ခပ်တိုက်တယ်ဗျ၊ မိုးစွေက ရေသောက်ပြီးတော့မှ နည်းနည်းထူထူထောင်ထောင်ဖြစ်လာတာ။
“ကြောက်တယ်၊ ကြောက်တယ်၊ အီး၊ ဟီး၊ ကြောက်တယ်”
ဦးဖိုးခွေးနဲ့ ဦးထွန်းရင်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြတာပေါ့ဗျာ။
“ဟေ့ကောင်မိုးစွေ၊ ငါမင်းဘကြီးပါကွ”
မိုးစွေက ဘာကိုမှမသိဘဲ မျက်လုံးပြူးမျက်ဆန်ပြူးနဲ့
“ကြောက်တယ်၊ ကယ်ကြပါ၊ ကြောက်တယ်ဗျ”
ဦးဘသာက မိုးစွေဇက်ပိုးကို ခပ်နာနာအုပ်ချထည့်လိုက်တယ်၊ ပြီးတော့
“ဟေ့ကောင်၊ ကြောက်မနေနဲ့၊ ဒီနေရာမျာ ကြောက်စရာမရှိဘူးကွ”
ဒီတော့မှ မိုးစွေက ဘေးပတ်ဝန်းကျင်ကိုကြည့်ရင်း
“ဟင်၊ ဘ၊ ဘကြီး”
“ဟေ့ကောင်မိုးစွေ၊ မင်းဘာတွေဖြစ်ခဲ့တာလဲ”
မိုးစွေက စဉ်းစားနေရင်း ဦးဘသာကိုလှည့်ကြည့်တယ်ဗျ။
“ဒီ၊ ဒီလိုပါ၊ နေ့လည်တုန်းက ကျုပ်လည်း နွားကျောင်းရင်း ပျင်းလာတာနဲ့ ဘုန်းကြီးကျောင်းပေါ်တက်အိပ်တာပေါ့ဗျာ၊ ဘုန်းကြီးကျောင်းကြီးက အေးတော့ အိပ်လို့ကောင်းတာပေါ့၊ ဒါနဲ့ ကျုပ်အိပ်နေတုန်း ခြေသံကြားတယ်ဗျ၊ ထကြည့်တော့ ဘုန်းကြီးတစ်ပါးက ကျုပ်ဘေးနားရောက်နေတယ်။ ပြီးတော့ ကျုပ်ကိုပြောတယ်၊ “ဟေ့ကောင်လေး၊ အိပ်မနေနဲ့ထတော့၊ ထွက်သွားတော့” ဆိုပြီးမောင်းထုတ်တယ်၊ ကျုပ်လည်း ပေကပ်ပြီးပြန်အိပ်နေတာပေါ့ဗျာ”
“ဟာ၊ အဲဒါဘုန်းကြီးသရဲဖြစ်မှာကွ၊ မင်းမို့လို့မကြောက်မရွံံ့ကွာ”
“ဟုတ်တယ်၊ ကျုပ်လည်း သရဲလို့ပဲထင်လိုက်တယ်၊ ကျုပ်က သူ့ကိုမကြောက်တဲ့အပြင် အရွဲ့တိုက်မယ်ဆိုပြီး ဆက်အိပ်နေတာဗျ၊ နောက်တော့ အဲဒီဘုန်းကြီးက ကျုပ်ကိုလာနှိုးပြန်တယ်၊ ခုနကလို ထတော့၊ သွားတော့လို့ပြောတယ်၊ ကျုပ်လည်း ပေကပ်ပြီးဆက်အိပ်နေတော့ သူက “မင်းဆက်အိပ်နေရင်တော့ မင်းထိုက်နဲ့မင်းကံပေါ့ကွာ၊ သူတို့လာနေပြီဟေ့” လို့ပြောပြီးတော့ ပျောက်သွားတာပဲဗျာ”
ဘကြီးထွန်းရင်က ဆူတော့တယ်။
“မင်းနှယ်ကွာ၊ အဲဒါကိုတောင် မင်းမထဘူးလားကွ”
“ကျုပ်လည်း ဒီသရဲငါ့ကိုလာနှင်နေတယ်ဆိုပြီးတော့ မထဘဲ ဆက်အိပ်နေတာပေါ့ဗျာ၊ မကြာပါဘူး ခြေသံတွေကြားရတယ်ဗျ၊ ခြေသံက တဒုန်းဒုန်းနဲ့ဗျာ၊ နောက်တော့ ကျုပ်ဆံပင်ကိုဆောင့်ဆွဲတာနဲ့ ကျုပ်လည်းထကြည့်လိုက်တာပေါ့ဗျာ၊ အောင်မယ်လေး၊ ကြောက်လိုက်တာဗျာ၊ ကြောက်တယ်”
“ဟေ့ကောင်၊ ဆက်ပြောအုံးကွ၊ ကြောက်မနေနဲ့”
“အဲဒီလူက မိန်းကလေးတစ်ယောက်ပဲဗျ၊ အဝတ်အစားကတော့ သပ်သပ်ရပ်ရပ်ပဲ၊ ဒါပေမယ့် မျက်နှာကြီးက စုန်ချွန်းချွန်းကြီးဗျ၊ မျက်လုံးတွေကလည်း အပြင်ကိုပြူးထွက်နေတာပဲ၊ ပါးစပ်ပြဲကြီးကတော့ မသိရင် နားရွက်တက်ချိတ်တော့မဲ့အတိုင်းပဲဗျာ၊ ကျုပ်ကို စကားပြောတော့ သွားစွယ်အချွန်ကြီးတွေ တဖွေးဖွေးနဲ့ သိပ်ကြောက်ဖို့ကောင်းတာပဲ”
“သူက မုန့်နပ်တစ်ချပ်ထုတ်ပြတယ်ဗျ၊ ပြီးတော့ ကျုပ်ကိုစားမလားလို့မေးတယ်၊ ကျုပ်လည်း ဘာကြောင့်မှန်းမသိဘူး ခေါင်းညိတ်မိလိုက်တယ်၊ သူ့လက်ထဲက မုန့်နပ်က မွှေးနေတာပဲဗျာ၊ ကျုပ်လည်းဆာဆာနဲ့တစ်ခုလုံးစားလိုက်ပြီးတော့ ဘာဖြစ်သွားမှန်းကိုမသိတော့ဘူး”
မုန့်နပ်ဆိုတာကတော့ ဘိန်းမုန့်လို ဆန်နဲ့လုပ်တဲ့မုန့်တစ်မျိုးကိုပြောတာဗျ၊ ဆန်ရယ်ထန်းလျက်ရယ်ဆိုတော့ ခပ်မွှေးမွှေးပေါ့ဗျာ။ ဦးဘသာက ဒေါသထွက်သွားပြီး
“ဟဲ့ကောင်လေးရာ၊ မင်းက ဘာလို့အဲဒီမုန့်ကိုသွားစားတာလဲကွ”
“ဟာဗျာ၊ မုန့်ဆိုတော့ ကျုပ်လည်းစားချင်တာပေါ့”
ဦးဘသာက ဦးထွန်းရင်ကိုကြည့်လိုက်ပြီး
“မကောင်းတော့ဘူးဗျို့၊ ခင်ဗျားတူကို မိစ္ဆာမက မုန့်နပ်ကျွေးလိုက်ပြီဗျ”
ဦးထွန်းရင်မှာ ပြာပြာသလဲနဲ့
“အဲဒါဆို ဘာဆက်ဖြစ်မှာလဲ”
“မိစ္ဆာမက ပြန်လာလိမ့်မယ်ဗျ၊ ဒီကောင်လေးရဲ့အသက်ကိုနှုတ်ဖို့ပြန်လာလိမ့်မယ်”
“ကျုပ်၊ ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ”
ဦးထွန်းရင်ကတော့ အရူးမီးဝိုင်းဖြစ်နေပြီဗျ။ တစ်ရွာလံုံးကလည်း တစ်ယောက်တစ်ပေါက်နဲ့ပြောဆိုနေကြတာပေါ့၊ ဦးဘသာက ချောင်းတစ်ချက်ဟန့်လိုက်ပြီးတော့
“မိစ္ဆာမဆိုတာက သိပ်အစွမ်းထက်တယ်ဗျ၊ တကယ်တော့ သူကလည်း နတ်တစ်ပါးပဲ၊ ဒါပေမယ့် နတ်ဆိုးပေါ့၊ တော်ရုံတန်ရုံ ပညာလောက်နဲ့သူ့ကိုတားမလို့မရဘူး၊ ဘုန်းကြီးတွေ၊ ဘုရားတွေကိုလည်း သူတို့ကမကြောက်ဘူး၊ မကြောက်လို့တောင်မှ ဘုန်းကြီးကျောင်းပျက်မှာနေတာပေါ့”
“လုပ်ကြပါအုံးဗျာ၊ ကျုပ်တူလေးကို ကယ်ကြပါအုံး”
ဦးဖိုးခွေးက ဦးဘသာကိုကြည့်ရင်း
“အကိုဘသာ ကူညီနိုင်တယ်ဆိုရင် ကူညီပါဗျာ”
ဦးဘသာက ခေါင်းညိတ်လိုက်ပြီးတော့
“ကျုပ်တို့ ညမနက်ခင် အမြန်လုပ်ရမယ်ဗျ၊ ကဲ လှည်းတစ်စီးပြင်ဗျာ၊ ဆန်မှုန့်၊ ထန်းလျက်နဲ့ ဒယ်အိုး၊ မြေစလောင်းဖုံးတစ်ခုယူလာခဲ့၊ ဒီကောင်လေးကိုလည်း လှည်းအပေါ်ကိုတင်ခေါ်ခဲ့၊ ပြီးရင် အဲဒီဘုန်းကြီးကျောင်းပျက်ကို သွားမယ်”
ဦးဘသာပြောတဲ့အတိုင်း ဝိုင်းလုပ်ကြရတာပေါ့ဗျာ၊ ဆန်မုန့်ညက်တွေ၊ ထန်းလျက်တွေကို မိန်းမကြီးတွေက ယူပေးရတာပေါ့ဗျာ၊ ပြီးတော့ ဒယ်အိုးလေးတစ်လုံးနဲ့ မြေစလောင်းဖံုံးကလေးတစ်ခုကိုယူရတယ်၊ ပြီးတော့ လှည်းသံံုံးစီးနဲ့လူတွေလိုက်ဖို့ပြင်ပါရောဗျာ၊ ဦးဘသာက အဲဒီလူတွေကိုကြည့်ရင်း
“ဟေ့လူတွေမလိုက်ကြနဲ့၊ လူအရမ်းများလို့မကောင်းဘူးကွ၊ လှည်းမောင်းတဲ့လူရယ်၊ ကိုထွန်းရင်ရယ်၊ မိုးစွေ၊ ကျုပ်နဲ့၊ အလတ်ကောင် ငါးယောက်ပဲသွားမယ်၊ ဖိုးခွေးရော လိုက်အံုံးမလား”
ဆေးဆရာကြီးကလည်း ခေါင်းညိတ်တာနဲ့ ကျုပ်တို့တွေထွက်ခဲ့ကြတာပေါ့ဗျာ၊ ညနေစောင်းပြီးတော့ မှောင်ရီဖျိုးဖျတောင်ဖြစ်နေပြီဗျ၊ လှည်းမောင်းတဲ့လူက လှည်းကိုဒုန်းစိုင်းနှင်ခဲ့တော့ ကျုပ်တို့အဲဒီနေရာကို သိပ်မကြာပါဘူး၊ ရောက်သွားရောဗျို့၊ အဲဒီနေရာကလည်း ကြောက်စရာကြီးဗျာ၊ ဘုန်းကြီးကျောင်းက ရှေးဟောင်းဘုန်းကြီးကျောင်းကြီးဆိုတော့ခိုင်ခိုင်ခံ့ခံ့တော့ ရှိနေသေးသဗျ၊ ဒါပေမယ့် ချုံပင်တွေက ကျောင်းကြီးတစ်ခုလုံးကို တွယ်ကပ်ပြီးပေါက်နေတာဆိုတော့ အဝေးကလှမ်းကြည့်တာနဲ့တင် ကြောက်ဖို့လွှတ်ကောင်းဗျာ။
ကျောင်းကြီးအနောက်မှာ စေတီပျက်တစ်ဆူရှိတယ်ဗျ၊ ဦးဘသာက အဲဒီစေတီပျက်နဲ့ ကျောင်းကြီးနဲ့ကြားထဲက မြေသန့်သန့်ကလေးတစ်ခုမှာ လှည်းကိုရပ်ခိုင်းလိုက်တယ်၊ ပြီးတာနဲ့ ကျုပ်ကိုလှည်းပေါ်ကဆင်းခိုင်းတယ်၊ သူလည်း လှည်းပေါ်ကနေဆင်းပြီးတော့ တုတ်တစ်ချောင်းကောက်ပြီးတော့ ကျုပ်တို့လှည်းအနားမှာ စည်းဝိုင်းတစ်ခုတားလိုက်တာပဲဗျာ၊ စည်းဝိုင်းက ခပ်ကျဉ်းကျဉ်းကလေးဗျ။
“ကဲ အခုအချိန်ကစပြီးတော့ ဘယ်သူမှ ဟောဒီစည်းဝိုင်းထဲက မထွက်ပါနဲ့၊ အလတ်ကောင်ရေ၊ မြေကျင်းတူးပြီးတော့ မီးဖိုစမ်းကွာ”
ကျုပ်လည်း မြေကျင်းတစ်ခုတူးပြီး အသင့်ယူလာတဲ့ ထင်းချောင်းတွေနဲ့ မီးဖိုလိုက်ရတာပေါ့ဗျာ၊ ဦးဘသာက ကျုပ်ဘေးနားမှာဝင်ထိုင်တယ်။ ပါလာတဲ့မုန့်ညက်တွေကို ထန်းလျက်ရည်နည်းနည်းထဲ့ပြီးတော့ နှဲတယ်ဗျ၊ မုန့်ညက်ကိုင်လို့ကောင်းသွားတာနဲ့ လူရုပ်ကလေးတစ်ခုလုပ်တယ်၊ ပြီးတော့ မီးဖိုပေါ်မှာ အိုးကင်းတင်ပြီး ဆီနည်းနည်းလောင်းထည့်တယ်ဗျ၊ ဆီပူလာတော့ ခုနကလုပ်ထားတဲ့ လူရုပ်ကိုထည့်ကြော်ပါရောဗျာ၊ အကြာကြီးကြော်တာတော့မဟုတ်ဘူးဗျ၊ စတိသဘောမျိုးပဲ၊ ကြော်နေရင်းနဲ့လည်း ပါးစပ်က
“မောင်မိုးစွေ၊ ပူပလားဟေ့၊ မောင်မိုးစွေ ကျက်ပလားဟေ့”
တစ်ယောက်တည်းအော်နေတော့တာ၊ ကျုပ်တို့လည်း အထူးအဆန်းနဲ့ကြည့်နေတာပေါ့ဗျာ၊ ဦးဘသာလုပ်နေတာတွေကို ဦးထွန်းရင်ကကြည့်နေပေမယ့် မယုံသလိုပဲဗျ၊ ဆေးဆရာဦးဖိုးခွေးကတော့ ကြည့်ရင်းခေါင်းတညိတ်ညိတ်လုပ်နေတယ်။ ကြော်ပြီးသား မုန့်ကို စလောင်းဖုံးထဲကို ထည့်ပြီးလက်တစ်ဖက်နဲ့ကိုင်ထားလိုက်တာပဲဗျာ၊ ပြီးတော့ ကျုပ်ကိုမီးသတ်ခိုင်းတယ်ဗျ။
“အလတ်ကောင်ရေ၊ ပစ္စည်းတွေအားလုံးကို လှည်းပေါ်ပြန်တင်စမ်း၊ ပြီးရင် လှည်းသမားကလည်း လှည်းကိုထွက်ဖို့အသင့်ပြင်ထားနော်”
လှည်းသမားလည်း ခေါင်းညိတ်ပြီးတော့ လှည်းကိုအသင့်ပြင်ထားတာပေါ့ဗျာ၊ ဦးဘသာက စလောင်းဖုံးကို ကိုင်ရင်း စည်းအပြင်ကိုထွက်သွားတယ်ဗျ၊ ပြီးတော့ ကျောင်းကြီးဘက်ကိုကြည့်ရင်း လှမ်းအော်တယ်။
“ဟဲ့ မိုးစွေကိုစားချင်တဲ့ဟာမ ထွက်လာခဲ့စမ်း၊ လာစား၊ ဒီမှာမိုးစွေကိုလာစား”
ဦးဘသာအော်လိုက်တော့ ကျောင်းပေါ်ကနေ မည်းမည်းအရိပ်ကြီးတစ်ခုက ခုန်ချလာတာပဲဗျာ၊ ပြီးတော့ ကျုပ်တို့ဆီကိုလျှောက်လာတာဗျ၊ နေဝင်ပြီးပြီဆိုပေမယ့်လည်း အလင်းရောင်မသဲမကွဲလေး ရှိနေသေးတော အကုန်မြင်သာပါနေပါတယ်ဗျာ၊ မိန်းမတစ်ယောက်ဗျာ၊ ဆံံပင်ကတော့အရှည်ကြီးပဲဗျာ၊ ကျုပ်တို့ဆီကိုမျက်နှာမူပြီးလမ်းလျှောက်လာတယ်ဆိုပေမယ့် သူ့ကိုယ်လံံုံးက နောက်ပြန်ကြီးဗျာ၊ နောက်ပြန်ကြီးလမ်းလျှောက်လာတယ်ထင်ရတာပေါ့၊ ခေါင်းကတော့ အတည့်ဗျ။
“ဟဲ့ ရော့၊ ဒါ နင်စားချင်တဲ မိုးစွေပဲ”
ဦးဘသာက ပြောပြီးတော့ စလောင်းဖုံးကိုလှမ်းပစ်ပေးလိုက်တယ်ဗျ၊ မိစ္ဆာမကြီးက စလောင်းဖုံးကိုလှမ်းဖမ်းပြီးတော့ အထဲကိုသေချာကြည့်လိုက်တာပေါ့ဗျာ။
“ဒါမဟုတ်ဘူး၊ ဒါမဟုတ်ဘူး၊ ငါစားချင်တာ ဟိုဟာ”
ပြီးတော့ လှည်းပေါ်မှာ ဆန့်ဆန့်ကြီးလှဲအိပ်နေတဲ့ မိုးစွေကိုလက်ညှိုးထိုးပြပါရောဗျာ။
“ဒါပဲရမယ်၊ နင့်ကိုကျွေးတာစား၊ မဟုတ်တာတွေမတောင်းဆိုနဲ့နော်”
ဦးဘသာကပြောပေမယ့် မိစ္ဆာမက ကျုပ်တို့လှည်းဆီကိုအပြေးတစ်ပိုင်းနဲ့လျှောက်လာတာဗျ၊ ဒါပေမယ့် စည်းနားရောက်တော့ သူစည်းကိုမဖြတ်ဝံ့ဘူးဗျ။ ဦးဘသာက တစ်ချက်ကြည့်ရင်း
“ကျော်လေ၊ နင်စည်းကိုဖြတ်လိုက်လေဟာ”
မိစ္ဆာမက ခေါင်းခါပြီးတော့ မိုးစွေကို မျက်လုံးနဲ့စူးစူးစိုက်စိုက်ကြည့်တယ်ဗျ၊ မိစ္ဆာမကြီးရဲ့ မျက်လုံးတွေက အစိမ်းရောင်ကြီးတွေ လင်းလို့ပေါ့ဗျာ၊ သူကြည့်နေတဲ့အချိန်မှာပဲ လှဲပေါ်မှာလဲနေတဲ့မိုးစွေတစ်ယောက် ငေါက်ခနဲကောက်ထိုင်တယ်ဗျ။
“ကျုပ်သွားရတော့မယ် ဘကြီး၊ ကျုပ်သွားရတော့မယ်”
ဦးထွန်းရင်လည်း ကြောင်တောင်တောင်နဲ့ကြည့်နေတာပေါ့ဗျာ၊ ဒီအချိန် မိုးစွေက လှည်းပေါ်ကနေလွှားခနဲခုန်ချပြီးတော့ မိစ္ဆာမဆီကိုပြေးတာပဲဗျာ၊ အားလံုံးက ဟာခနဲဟင်ခနဲ အံ့သြနေကြတာ၊ ကျုပ်သာမြန်လို့ဗျို့၊ ကျုပ်က မိုးစွေပြေးတဲ့အရှေ့ကို ခုန်ဝင်လိုက်ပြီးတော့ မိုးစွေကိုလက်နဲ့ဖမ်းချုပ်ထားလိုက်တယ်။ မိုးစွေအားက သန်လိုက်တာဗျာ၊ ကျုပ်လက်ထဲကနေ အတင်းရုန်းတာဗျ၊ ကျုပ်လည်းတောင့်ခံံထားပေမယ့် သူတွန်းတဲ့ဒဏ်ကိုမခံံနိုင်ဘူးဗျာ၊ မိုးစွေကို ခြေကန်တွန်းရင်း ကျုပ်ခြေထောက်နောက်ဖက်က စည်းကိုတောင်နင်းမိနေပြီဗျ။
ဦးဘသာက ကျုပ်တို့ကိုလှမ်းကြည့်ရင်း
“တားထားကြ၊ မိုးစွေကို တားထားကြ”
ဒီတော့မှ လှည်းမောင်းတဲ့လူက ခုန်ဆင်းလာပြီး မိုးစွေကိုဆွဲတော့တာပဲဗျာ၊ ဘကြီးထွန်းးရင်လည်း ပါတာပေါ့၊ ကျုပ်တို့ယောက်ျားသုံးယောက် ဝိုင်းဆွဲတာတောင်မှ မိုးစွေတစ်ယောက်ကို မနည်းဆွဲခေါ်နေရတယ်ဗျ၊ ဦးဘသာက မိစ္ဆာမအနောက်ကိုလာရင်းနဲ့ မိစ္ဆာမရဲ့ကျောကုန်းကို လက်နဲ့ဖိထားလိုက်တယ်။ ကျောကုန်းဆိုပေမယ့် မိစ္ဆာမက နောက်ပြန်ကြီးဆိုတော့ သူ့ရင်ဘတ်ပေါ့ဗျာ။
“အီး၊ ဟီး၊ သေပါပြီ”
“နင်အခုချက်ချင်း သူ့ကိုလွှတ်လိုက်စမ်း”
“ပူလိုက်တာ၊ အောင်မယ်လေး၊ ကယ်ပါ”
“နင်သူ့ကိုချုပ်ထားတာကို လွှတ်လိုက်နော်၊ မဟုတ်ရင် ဒီထက်နာမယ်”
မိစ္ဆာမခမျာ လူးလွန့််နေတာပဲဗျာ။ နောက်တော့မှ ခေါင်းညိတ်ပြတယ်ဗျ၊ သူခေါင်းညိတ်ပြီးတာနဲ့ မိုးစွေတစ်ယောက် ခွေကျသွားတော့တာပါပဲဗျာ။ မိစ္ဆာမက ဦးဘသာဘက်ကိုလှည့်လိုက်ပြီးတော့ ဦးဘသာကိုလက်နဲ့ပုတ်တယ်ဗျ၊ ဦးဘသာလည်း သူ့လက်နဲ့ခံံလိုက်တော့ ဝုန်းခနဲအသံကြီးထွက်လာပြီး သူတို့နှစ်ယောက် လွင့်ထွက်သွားကြတာပေါ့ဗျာ။
မိစ္ဆာမပြေးတာက လှစ်ခနဲကိုမြန်တာဗျ၊ လှစ်ခနဲလှစ်ခနဲပြေးရင်းနဲ့ ဦးဘသာကို လက်နဲ့ပုတ်နေတာဗျ၊ ဦးဘသာလည်း ခံရတယ်၊ နောက်တော့ ဦးဘသာက မိစ္ဆာမကိုမျက်စောင်းတစ်ချက်ထိုးလိုက်တော မိစ္ဆာမက ငြိမ်ကုပ်သွားပါရော။
“နင့်ကိုငါ မလုပ်ချင်ဘူးမိစ္ဆာမ၊ နင်ဒီထက်ဆိုးရင် ငါ့အဆိုးမဆိုနဲ့နော်”
မိစ္ဆာမက ရယ်တယ်ဗျ။
“ဟား၊ ဟား နင်စွမ်းသလား၊ ငါပဲစွမ်းသလားကြည့်ကြသေးတာပေါ့ စုန်းစုတ်”
မိစ္ဆာမက အလျော့မပေးတော့ ဦးဘသာက လက်ဝါးနှစ်ဖက်ကို ပူးပြီးလက်ခုပ်တီးလိုက်တယ်ဗျ၊ ပြီးတော့ အဲဒီလက်ဝါးနှစ်ဖက်ကိုခပ်ကြမ်းကြမ်းပွတ်ထည့်လိုက်ပြီးတော့
“ရော့၊ ဟောဒါက ခေါင်းဖြတ်စက်”
အဲဒီလိုပြောပြီး လက်နှစ်ဖက်ကို မိစ္ဆာမဘက်ကို ချိန်ရွယ်ပြီး ပွတ်ထည့်ပေးလိုက်တယ်၊ ကျုပ်တို့ကြည့်နေတုန်းမှာပဲ မိစ္ဆာမရဲ့ခေါင်းကြီးက တုံးခနဲပြတ်ကျသွားတာပဲဗျာ၊ ကိုယ်လုံးကြီးကတော့ ငူငူကြီးရပ်လို့ဗျ၊ ခေါင်းက မြေကြီးပေါ်ပြတ်ကျပြီးတော့ ဟိုခုန်ဒီခုန်နဲ့ ခုန်နေသေးတယ်။ ပြီးတာနဲ့ အသံံနက်ကြီးနဲ့ရယ်တာ ကြောက်စရာကြီးဗျာ။ ရယ်ရင်းနဲ့ ခေါင်းကြီးက ဘုန်းကြီးကျောင်းဘက်ကိုခုန်ထွက်ပြီးပြေးသွားတယ်ဗျ၊ ဦးဘသာက လှည်းပေါ်ကိုပြေးတက်လာတယ်။
“ဟေ့ကောင်တွေ မြန်မြန်လုပ်၊ လှည်းကိုမြန်မြန်မောင်းကြ”
ဦးဘသာ ပြာယီးပြာယာဖြစ်နေတာကို ကျုပ်တစ်ခါမှမမြင်ဖူးဘူးလေဗျာ။
“ဘာလုပ်နေတာလဲကွ၊ လှည်းကိုအမြန်မောင်းတော့ဟေ့”
ဦးဘသာပြောတာနဲ့ လှည်းမောင်းတဲ့လူလည်း နွားနှစ်ကောင်ကို ကြိမ်နဲ့ခပ်နာနာလေးနှင်လိုက်တော့ လှည်းက တစ်ဟုန်ထိုးထွက်သွားပါရောဗျာ။ ကျုပ်လည်း ဦးဘသာကိုကြည့်ရင်း
“ဦးဘသာ၊ ဒီမိစ္ဆာမကို အနိုင်မတိုက်ဘူးလားဗျ”
ဦးဘသာက ခေါင်းခါရင်း
“မရဘူး၊ သူက နတ်တစ်ပါးနီးပါး အစွမ်းရှိတယ်ကွ၊ ငါလုပ်ခဲ့တဲ့စက်တွေတောင်မှ သူ့ကိုခဏလောက်ပဲ ထိန်းထားနိုင်မှာ၊ သူက တော်တော်အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲကွ”
ဒီအချိန်မှာပဲ ဘုန်းကြီးကျောင်းခေါင်မိုးပေါ်ကနေ ခေါင်းကြီးက တဖြည်းဖြည်းကြီးလာတာဗျ၊ ခေါင်းအောက်မှာလည်း ကိုယ်လုံးကြီးထွက်လာပါရောဗျာ၊ လူကောင်ကြီးက အတော့်ကိုကြီးတာဗျာ၊ ကျုပ်တို့လှည်းကလေးကို လှမ်းကြည့်ပြီးတော့ ခြေလှမ်းကျဲကြီးလှမ်းလိုက်ပါရော။ အရပ်ကြီးက ထန်းပင်ကြီးလောက်ရှိမယ်ထင်တယ်ဗျာ၊ ခြေထောက်တစ်ဖက်တစ်ဖက်ကလည်း ထန်းလုံးကြိးနဲ့ကိုတူတယ်၊ အရပ်ဂလန်ဂလားကြီးနဲ့ ကျုပ်တို့လှည်းနောက်ကို တစ်လှမ်းချင်းလိုက်လာတာပေါ့ဗျာ။
ဦးဘသာက လက်ညှိုးနဲ့ထိုးလိုက်ရင် တစ်ချက်ရပ်သွားလိုက်၊ ပြီးရင်ပြန်လှမ်းလာလိုက်နဲ့ပေါ့ဗျာ၊ ဒီလိုနဲ့ ကျုပ်တို့လှည်းက ပေတောရွာအဝင်နားက ညောင်ပင်ကြီးကိုဖြတ်လိုက်တော့မှ မိစ္ဆာမကြီးက ညောင်ပင်အနားမှာ ငူငူကြီးရပ်ပြီး ကျန်ခဲ့တာပေါ့ဗျာ။
ရွာရောက်တော့မှပဲ အားလုံးသက်ပြင်းချနိုင်တယ်ဗျ၊ ဦးဘသာက ရေဖလားတစ်ခွက်ထဲကို ကွမ်းရွက်တွေလက်နဲ့ချေထည့်ပြီးတော့ နွားကျောင်းသားမိုးစွေရဲ့ ဦးခေါင်းကို လောင်းချလိုက်တော့မှပဲ မိုးစွေက သတိပြန်ကပ်တယ်ဗျ၊ ဦးထွန်းရင်နဲ့ မိုးစွေတို့ဆိုတာ ဦးဘသာကို ကုန်းကုန်းကန်တော့တာ ပြောမနေပါနဲ့တော့ဗျာ။ ညအိပ်တာတောင်မှ စိတ်မချသေးလို့ သူတို့အိမ်မှာတည်းခိုင်းတာဗျ။ ညနက်တော့မှ မိုးစွေက ဖြစ်ခဲ့သမျှကိုအကုန်ပြောတာ။
“ကျုပ်အရင်က မိုက်ခဲ့ပါတယ်ဗျာ၊ အဲဒီ စေတီလှတောဘက်ကို လူတွေရှောင်ကွင်းသွားပေမယ့် ကျုပ်က မရှောင်ကွင်းဘဲ သရဲတစ္ဆေကို အယုံအကြည်မရှိဘူးဆိုပြီး မိုက်မိုက်ကန်းကန်းသွားမိပါတယ်၊ ကျုပ်ဆရာကြီးတို့ကိုတောင်းပန်ပါတယ်”
“အေးလေ၊ လူဆိုတာတော့ မှားတတ်တာပဲ၊ နောက်ဆိုဆင်ခြင်ပေါ့ကွ”
ှုဦးဘသာက ရေနွေးတစ်ခွက်ကောက်သောက်လိုက်ပြီးတော့
“ဒါနဲ့ အဲဒီကျောင်းက ဘာလို့ကျောင်းပျက်ဖြစ်သွားတယ်ဆိုတာ မင်းတို့သိကြလား”
ကျုပ်တို့လူငယ်တွေလည်း ခေါင်းခါလိုက်တာပေါ့ဗျာ၊ ဘကြီးထွန်းရင်ကတော့
“သရဲတစ္ဆေအရမ်းခြောက်လွန်းလို့တော့ ကြားဖူးတာပဲ၊ ဘုန်းကြီးတွေလည်း သေဖူးတယ်ဆိုလားဗျာ”
ဦးဘသာက ခေါင်းညိတ်လိုက်ရင်း
“အဲဒီမိစ္ဆာမကြီးက တခြားသူမဟုတ်ဘူးဟေ့၊ အဲဒီကျောင်းတိုက်မှာ ကျောင်းထိုင်သွားတဲ့ ဆရာတော်ကြီးရဲ့မိခင်၊ အဲဒီကျောင်းကြီးတစ်ဆောင်လုံးကို လှူဒါန်းခဲ့တဲ့ ဒကာမကြီးပဲကွ”
“ဗျာ၊ သူက ကောင်းမှုတွေလုပ်ခဲ့ရဲ့သားနဲ့ ဘာလို့ ဒီလိုမိစ္ဆာမဖြစ်သွားတာလဲဗျာ”
“အေး၊ အစွဲပေါ့ကွာ၊ ငါထင်တာတော့ ကျောင်းကိုစွဲတယ်ထင်ပါရဲ့၊ သူ့သား ဘုန်းကြီးပျံလွန်တော်မူပြီးကတည်းက အဲဒီကျောင်းမှာ တခြားဘုန်းကြီးကျောင်းမထိုင်ရဲတော့ဘူးကွ၊ ကျောင်းထိုင်ရင် အမျိုးမျိုးနှောင့်ယှက်တယ်၊ တစ်ခါကလည်း ဘုန်းတော်ကြီးတစ်ပါးက ကျောင်းကို ကမ္နဝါညှပ်လွတ်တာဆိုပဲ၊ ဒကာမကြီးက မကျေနပ်တော့ အဲဒီဦးဇင်းကို ဒုက္ခပေးရင်း ဦးဇင်းပျံလွန်တော်မူသွားတယ်ဆိုပဲကွာ”
“ဗျာ၊ ဒါဆို တော်တော်ဆိုးတာပဲ”
“ဒါကြောင့် အစွဲဆိုတာ သိပ်ကြောက်ဖို့ကောင်းတယ်လို့ပြောတာကွ၊ သူက ကုသိုလ်တွေအများကြီးလုပ်ခဲ့ပေမယ့် သေခါနီးနှလံုံးသွင်းမကောင်းခဲ့တော့ ယုတ်ညံ့တဲ့ဘဝကို ရောက်ရတာပေါ့ကွာ၊ ဟော မကောင်းဆိုးဝါးကြီးဖြစ်သွားတယ်ဆိုပေမယ့်လည်း သူလုပ်ခဲ့တဲ့ ကုသိုလ်ကံံံတွေကြောင့် ကမ္မဇိဒ္ဓိလို့ခေါ်တဲ့ တန်ခိုးအစွမ်းတွေရပြီးတော့ မိစ္ဆာမကြီးဖြစ်သွားတာပေါ့ကွာ၊ ဒါကြောင့်် သူ့အရပ်မှာ၊ သူ့အစွမ်းကိုနိုင်ဖို့ခက်တယ်ကွ၊ နောက်မှတ်ထား၊ အဲဒီနေရာကို ယောင်လို့တောင်မသွားကြနဲ့”
“ကြောက်စရာကောင်းလိုက်တာဗျာ၊ ဒါနဲ့ သူ့အတွက်အမျှအတန်းပေးဝေမယ်ဆိုရင်ရော၊ သူမကျွတ်လွတ်နိုင်ဘူးလား”
“ဒါကတော့ ကံံပဲကွ၊ သူ့မှာ ပြိတ္တာဖြစ်ရမယ့် အကုသိုလ်ကံရှိနေသရွေ့တော့ သူဒီလိုပဲ နေထိုင်နေရမှာပဲပေါ့ကွာ”
ကျုပ်တို့လည်း သက်ပြင်းချလိုက်တော့တယ်ဗျာ။
အခုတော့အဲဒီနေရာမှာ ဘုန်းကြီးကျောင်းအသစ်နဲ့ ဘုရားစေတီအသစ်နဲ့ဖြစ်သွားခဲ့ပြီဗျ၊ ဖြစ်ပုံကလည်း ထူးဆန်းတယ်ပြောရမယ်၊ ဆရာတော်ကလေးတစ်ပါးက အဲဒီကိုအိပ်မက်အရလာပြီးတော့ ကျောင်းကိုပြင်၊ စေတီကိုပြင်တယ်တဲ့ဗျာ၊ ကျောင်းပြင်ရင်း ကျောင်းတိုက်အောက်နားက ရွှေအိုးတစ်လုံးရတယ်ဆိုပဲ၊ ဒါနဲ့ ကျောင်းအလှူ၊ စေတီအလှူတွေလုပ်ပြီးတော့ အမျှပေးဝေလိုက်တော့ အဲဒီမိစ္ဆာမကြီး ကျွတ်လွတ်သွားတယ်တဲ့ဗျာ၊၊ တစ်ချို့ကပြောတာကတော့ အဲဒီဆရာတော်က အရင်တုန်းက အဲဒီကျောင်းမှာထိုင်သွားခဲ့ဖူးတဲ့ ကျောင်းထိုင်ဦးဇင်းပြန်ဝင်စားတာလို့ပြောကြတယ်၊ ကျောင်းကိုစောင့်နေတဲ့ မိစ္ဆာမကြီးက သူ့အရင်ဘဝက အမေအဟောင်းပေါ့ဗျာ၊ ဒါကြောင့်လည်း မိစ္ဆာမကြီး ကျွတ်လွတ်သွားတာလားဆိုတာတော့ မသိပါဘူးဗျာ။
ပြီးပါပြီ။
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ
Zawgyi Version
“စုန္းထီးႀကီးဦးဘသာႏွင့္ ႏြားေက်ာင္းသားမိုးေစြ”(စ/ဆုံး)
————————————————————————-
အတြဲ(၄) စာစဥ္(၇)
(၁)
ေနာက္ေန႔ေရာက္တယ္ဆိုရင္ပဲ က်ဳပ္မွာခရီးသြားဖို႔ ျပင္ရေတာ့တယ္ဗ်၊ ႐ြာနီးခ်ဳပ္စပ္သြားမွာဆိုေတာ့လည္း အဝတ္အစားမ်ားမ်ားမထည္ေတာ့ဘူးေပါ့ဗ်ာ၊ လြယ္အိတ္တစ္လုံးထဲ အဝတ္အစားသုံးစံံုံေလာက္ထည့္လိုက္ရင္ရၿပီေပါ့၊ မနက္စာေတာင္မစားရေသးဘူး ဦးဘသာႀကီးက အိမ္ေရွ႕ကိုေရာက္ခ်လာတယ္ဗ်။
“အလတ္ေကာင္ေရ၊ ေနမျမင့္ခင္ ေစာေစာသြားမေဟ့၊ ငါ့ႏြားႀကီးလည္း ခဏထားခဲ့မကြ”
ဦးဘသာအိမ္မွာက်န္ေနတဲ့ ႏြားႀကီးတစ္ေကာင္ကို အိမ္မွာလာထားတယ္ဗ်၊ က်ဳပ္လည္းျပင္ဆင္ေနတာဆိုေတာ့ မၿပီးေသးဘူးေပါ့ဗ်ာ၊ အေဖနဲ႔ ဦးဘသာနဲ႔ကေတာ့ စကားေတြေျပာေနၾကတယ္။ အေမကလည္း မီးဖိုေခ်ာင္ထဲကထြက္လာတယ္ဗ်။
“က်ဳပ္သားေလးကို အပ္ပါတယ္ဦးဘသာရယ္၊ ဒီေကာင္ေလးက အ႐ူးအေပါေလးဆိုေတာ့ ေသခ်ာဂ႐ုစိုက္ပါေတာ့”
“ေအးပါမသန္းရာ၊ ညည္းသားငါနဲ႔လိုက္ရလို႔ ဘယ္တုန္းက ဘာျဖစ္ခဲ့ဖူးလို႔လဲဟ”
အေမက ေခါင္းညိတ္တယ္။
“ၿပီးေတာ့ ဒီေကာင္ေလးကို ႏြားပညာေတြလည္း သင္ေပးလိုက္ပါအုံးေတာ့”
“အံမယ္၊ ညည္းသားသာ သင္ခ်င္ဖို႔ပဲ အေရးႀကီးတာပါဟ၊ ငါက သင္ေပးဖို႔ဝန္မေလးပါဘူး”
ဦးဘသာက ေျပာဆိုရင္း အိမ္ေပၚကိုေမာ့ၾကည့္တယ္ဗ်။
“ေဟ့အလတ္ေကာင္ မၿပီးေသးဘူးလားဟ”
“ၿပီး . . . ၿပီးပါၿပီဗ်”
က်ဳပ္လည္း လြယ္အိတ္လြယ္ၿပီးေတာ့ အိမ္ေပၚကေနေျပးဆင္းလာတာေပါ့ဗ်ာ၊ ဖိနပ္စီးၿပီး ထြက္မယ္လုပ္ေတာ့ အေဖကက်ဳပ္ကိုပိုက္ဆံလွမ္းေပးတယ္၊ ငါးရာေလာက္ေတာ့ရွိမယ္ထင္တယ္ဗ်။
“ေရာ့အလတ္ေကာင္၊ ေျခေစာင့္လက္ေစာင့္ယူသြားဟ”
က်ဳပ္လည္း ပိုက္ဆံကို အက်ီအိတ္ထဲထည့္ၿပီးေတာ့ အိမ္ကေနထြက္ခဲ့တာေပါ့ဗ်ာ၊ ဦးဘသာကေတာ့ ဘာေၾကာင့္မွန္းမသိ ေျခလွမ္းေတြသြက္ေနတယ္ဗ်၊ ႐ြာလယ္မန္က်ည္းပင္ေအာက္နားက မုန႔္ဆိုင္မွာ မုန႔္ပစ္စလတ္နဲ႔ မတ္ပဲေၾကာ္ဝယ္စားၿပီး ဗိုက္ျဖည့္ရင္း ခရီးဆက္ခဲ့တာေပါ့ဗ်ာ၊
“ဦးဘသာရာ ခရီးထြက္မယ္ဆိုေတာ့ လွည္းေလးဘာေလးနဲ႔လို႔ထင္တာဗ်၊ အခုေတာ့ ေျခက်င္ပါလား”
“ဟေကာင္ရ၊ တို႔ခရီးက လွည္းနဲ႔ထြက္လို႔မွမေကာင္းတာပဲ၊ လွည္းေခၚလာေတာ့ ႏြားစာအတြက္ဘာအတြက္ ပူရတယ္မဟုတ္လား၊ တို႔က ေအးေအးလူလူႏြားၾကည့္ဖို႔သြားတာဆိုေတာ့ လွည္းမလိုပါဘူးကြာ”
ဦးဘသာမ်ား ဘယ္ေလာက္ေလာသလဲဆို မုန႔္ေတာင္မွ ထိုင္မစားခဲ့ရဘူးဗ်ာ၊ ဖက္နဲ႔ကိုင္လာၿပီး လမ္းမွာဖြင့္စားရတာပဲ၊ မုန႔္ပစ္စလတ္ဆိုတာကေတာ့ မုန႔္ပ်ားသလက္ကိုေခၚတာပါဗ်ာ၊ က်ဳပ္တို႔ဘက္ေတာ့ ဒီလိုပဲေခၚတယ္၊ အဲဒါကို ႏွမ္းေထာင္းေလးျဖဴး၊ ဆီေလးဆမ္းၿပီးေတာ့ ေရေႏြးၾကမ္းေလးနဲ႔ေသာက္ရင္ သိပ္ေကာင္းတာပ၊ အခုေတာ့ လမ္းခရီးမွာပဲ လမ္းသြားရင္းစားရတာဆိုေတာ့ မႏွိပ္ဘူးဗ်ိဳ႕။
“ဒါနဲ႔ ေနပါအုံး ဦးဘသာရဲ႕၊ က်ဳပ္တို႔က အခုဘယ္သြားေနတာလဲဗ်”
“ႏြားေကာင္းဇနပုဒ္ဆိုတဲ့ စာဆိုရွိတယ္မဟုတ္လား၊ ႏြားေကာင္းဟာ ႐ြာႀကီး႐ြာေကာင္းေတြမွာ မရွိတတ္ဘူးကြ၊ ဒီေတာ့ ငါတို႔ တန္းျမင့္႐ြာဘက္မသြားဘူးကြာ၊ ေပေတာဘက္ကိုသြားၾကည့္မလားလို႔”
“ေကာင္းပါ့ဗ်ာ၊ ေပေတာဘက္ေတာင္ က်ဳပ္မေရာက္တာ အေတာ္ၾကာၿပီဗ်”
က်ဳပ္တို႔ႏွစ္ေယာက္လည္း စကားတေျပာေျပာနဲ႔ ဖုန္ထူထူလမ္းႀကီးအတိုင္း ေလွ်ာက္သြားၾကတာေပါ့ဗ်ာ။ ခဏၾကာေတာ့ က်ဳပ္တို႔႐ြာကေန ေပေတာ႐ြာဘက္ကိုသြားတဲ့ လမ္းကေလးကိုေကြ႕ခ်ိဳးလိုက္တယ္ဗ်။ ေပေတာ႐ြာသြားတဲ့လမ္းက ေတာ္ေတာ္သာယာတယ္ဗ်၊ လမ္းေဘးတစ္ဖက္တစ္ခ်က္မွာလည္း ေတာအုပ္ကေလးေတြ၊ သစ္ပင္ကေလးေတြနဲ႔ဆိုေတာ့ ေနသိပ္မပူဘူးဗ်၊ အဲ၊ ဒါေပမယ့္ လမ္းကေတာဖုန္တယ္၊ လွည္းစြပ္ေၾကာင္းရာေတြနဲ႔ဆိုေတာ့ ေတာ္႐ုံစက္ဘီးတို႔ဘာတို႔ မသြားၾကဘူးေပါ့ဗ်ာ၊ တန္းျမင့္႐ြာဘက္သြားတဲ့လမ္းကေတာ့ ဒီလိုမဟုတ္ဘူးဗ်၊ ေက်ာက္ခင္းလမ္းဆိုေတာ့ လမ္းသားေကာင္းတယ္၊ ဒါေပမယ့္ မေကာင္းတာကေတာ့ ကြင္းေတြကိုျဖတ္သြားရတာမို႔ လမ္းမွာအရိပ္မရွိသေလာက္ပဲဗ်၊ ရွိရင္လည္းခဏပဲ၊ အခုေပေတာ႐ြာသြားတဲ့လမ္းလို အရိပ္မဆက္ဘူးေပါ့ဗ်ာ။
(၂)
“အလတ္ေကာင္၊ မင္းအေမကေျပာေတာ့ မင္းက ႏြားအေၾကာင္းသင္ခ်င္လို႔ဆိုကြ”
“ဒါေပါ့ဗ်ာ၊ ဦးဘသာနဲ႔ေပါင္းၿပီး ဘာမွမတတ္ဘူးဆိုတာေတာ့ လူၾကားမေကာင္းဘူးမဟုတ္လား၊ က်ဳပ္ကို ဟိုပညာမသင္ေပးရင္ေတာင္မွ ႏြားပညာေတာ့သင္ေပးေပါ့ဗ်ာ”
“ဟား၊ ဟား ေကာင္းၿပီေလ၊ အဲဒီေတာ့ ႏြားအေၾကာင္းမင္းဘယ္ေလာက္သိသလဲ”
“သိတာေပါ့ဗ်ာ၊ ႏြားဆိုတာ ေျခေလးေခ်ာင္းမွာ ခြာပါတဲ့သတၱဝါ၊ ျမက္စားတာေပါ့”
“ဟား၊ ဟား၊ မင္းအေၾကာင္းေတာ့ ငါသိၿပီးသားပါကြ၊ ကဲပါ ထားလိုက္ေတာ့ မင္းႏြားအေၾကာင္းမသင္ခင္မွာ အရင္က သိထားတဲ့ႏြားအေၾကာင္းေတြအကုန္ေမ့ပစ္လိုက္ရမယ္”
“ဘယ္လိုဗ်”
“ဒီလိုကြ ပညာတစ္ခုသင္တဲ့အခါ ဘာမွမသိေလ သင္ေကာင္းေလပဲတဲ့၊ ဒါေၾကာင့္ မင္းအေနနဲ႔ပညာတစ္ခုကို နက္နက္နဲနဲေလ့လာလိုက္စားခ်င္ရင္ေတာ့ အရင္က သိထားတဲ့အေပၚယံသိေတြကို ေမ့ပစ္လိုက္တာေကာင္းတယ္၊ ဒါေၾကာင့္ “ေျဗာင္သည္ေကာင္း၏” လို႔ ေရွးပညာရွိေတြ မိန႔္ဆိုခဲ့တာကြ”
“ဘယ္လိုဗ်၊ ေျဗာင္သည္ ေကာင္း၏ တဲ့လား”
“ေအး၊ စာသင္သားေတြထဲမွာ ဘာမွမတတ္ေသးတဲ့ ေျဗာင္ေတြဆိုရင္ သိပ္သင္လို႔ေကာင္းတယ္လို႔ေျပာခ်င္တာကြ၊ မင္းလို နည္းနည္းပါးပါးသိထားၿပီးေတာ့ ကိုယ့္္ကိုယ္ကိုယ္ဆရာေလာက္ထင္ေနတဲ့ေကာင္မ်ိဳးဆိုရင္ေတာ့ သင္ရျပဳရတာ လက္ေပါက္ကပ္တယ္ေပါ့ကြာ”
“ဦးဘသာကေတာ့ဗ်ာ၊ က်ဳပ္ဆိုရင္ေတာ့ ေျပာလိုက္တာ ရစရာမရွိဘူး”
ဦးဘသာက ကြမ္းခ်ိဳးေတြတက္ေနတဲ့ သြားေတြေပၚေအာင္ရယ္တယ္ဗ်။
“ေဟး၊ ေဟး ဒါကေတာ့ကြာ၊ ဆန္ရင္းနာနာဖြပ္၊ လူရင္း နာနာႏွပ္တဲ့၊ ငါက မင္းကိုေကာင္းေစခ်င္လို႔ နာနာႏွပ္တာပါကြ၊ စိတ္မဆိုးပါနဲ႔”
က်ဳပ္တို႔လမ္းေလွ်ာက္လာရင္း အေတာ္သြားမိလာေတာ့ ေရွ႕မွာဇရပ္ကေလးတစ္ေဆာင္ေတြ႕တယ္ဗ်၊ အဲဒီဇရပ္ကေလးကေတာ့ ေပေတာ႐ြာနဲ႔က်ဳပ္တို႔႐ြာရဲ႕ လမ္းခုလတ္ေနရာလို႔ သတ္မွတ္လို႔ရတဲ့ ဇရပ္ကေလးေပါ့ဗ်ာ၊ က်ဳပ္တို႔လည္း ေနကပူပူနဲ႔ဆိုေတာ့ ဇရပ္ကေလးထဲနားမယ္လို႔စိတ္ကူးလိုက္တာေပါ့ဗ်ာ၊ ဇရပ္ကေတာ့ ဇရပ္ပ်က္ကေလးဗ်၊ က်ဳပ္လည္းေရဆာတာနဲ႔ ဇရပ္ေပၚမွာ ေရရွိမရွိကိုတက္ၾကည့္မိတယ္၊ ထူးဆန္းတာက ဇရပ္ေခါင္းရင္းနားမွာ ေရအိုးကေလးတစ္လုံးေတြ႕တာပဲဗ်ာ၊ အဲဒီေရအိုးကေလးကလည္း ေရေတြစိုေနတာနဲ႔ က်ဳပ္လည္းထၾကည့္ေတာ့ အထဲမွာေရအျပည့္ဗ်၊ ေရအိုးကိုလည္း ဝါးက႐ြတ္ေခြနဲ႔ဖုံးထားေသးသဗ်ာ၊ အနားက တိုင္မွာလည္း ထန္းသီးမႈတ္ကေလး ခ်ိတ္ထားေသးတယ္၊ က်ဳပ္လည္း မုန႔္ပစ္စလတ္စားၿပီး ေရဆာလာတာနဲ႔ ထန္းသီးမႈတ္ေလးျဖဳတ္ၿပီးေတာ့ ေရေသာက္လိုက္တာေပါ့ဗ်ာ။
ေရကေလးကလည္း ေအးေနတာပဲဗ်ာ၊ က်ဳပ္ဆို သုံးေလးမႈတ္ေလာက္ကို ခပ္ေသာက္ပစ္လိုက္တာ။
“ေရက ေအးေနတာပဲဗ်ာ၊ ေရလႉတဲ့လူေတြ က်မ္းမာၾကပါေစ၊ ခ်မ္းသာၾကပါေစဗ်ာ”
က်ဳပ္တို႔ကေတာ့ အမ်ားေသာက္တဲ့ေရအိုးစင္က ေရေသာက္ရင္ အဲဒီလိုမ်ိဳးဆုေတာင္းေပးၿပီးမွ ေသာက္တတ္တာအက်င့္ဗ်ိဳ႕၊ က်ဳပ္တို႔ငယ္ငယ္ကတည္းက လူႀကီးမိဘေတြက သင္ေပးထားတာေပါ့ဗ်ာ၊ ေရလႉေပးတဲ့လူ ကုသိုလ္ရေအာင္လို႔ေပါ့၊ တကယ္ေတာ့ က်ဳပ္တို႔အညာဆိုတာက ေရကခပ္ရွားရွားဗ်၊ အခုလည္းၾကည့္ေလဗ်ာ၊ ႏွစ္႐ြာကူးတဲ့လမ္းခုလတ္ လူသူမနီးတဲ့ေနရာက ေရအိုးကို ေရျဖည့္ထားေပးတယ္ဆိုေတာ့ ဒီေရကို ေပေတာ႐ြာေလာက္ကေန ေဝးေဝးလံလံသယ္လာၿပီးေတာ့ ျဖည့္ထားတာျဖစ္မယ္ဗ်။
က်ဳပ္ျပန္ထိုင္ေတာ့ ဦးဘသာႀကီးလည္း ေရထေသာက္တယ္ဗ်၊ ၿပီးေတာ့ သူပိုက္လာတဲ့ကြမ္းအစ္ကေလး ဖြင့္ၿပီးကြမ္းယာေနပါေရာ။ အဲဒီဇရပ္ကေလးနဲ႔မလွမ္းမကမ္းမွာ ဘုန္းႀကီးေက်ာင္းပ်က္တစ္ခုရွိတယ္ဗ်၊ အဲဒီဘုန္းႀကီးေက်ာင္းကေတာ့ အရင္က မန္က်ည္းကိုးပင္႐ြာရဲ႕ ႐ြာဦးေက်ာင္းလို႔ေတာ့ ေျပာၾကတယ္၊ အခုေတာ့ ဘုရားပ်က္၊ ေက်ာင္းပ်က္က ခ်ဳံႏြယ္ပိတ္ေပါင္းေတြၾကားမွာ ငူငူႀကီးရွိေနတယ္ဗ်ာ၊ အဲဒီေနရာကလည္း ေျမၾကမ္းတယ္လို႔ သိပ္နာမည္ႀကီးတာဗ်၊ ၿပိတၱာေတြရွိတယ္၊ ဘီလူးေတြရွိတယ္ဆိုၿပီးေတာ့ ေတာ္႐ုံလူမသြားၾကတဲ့ေနရာေပါ့ဗ်ာ။
က်ဳပ္တို႔ထိုင္ေနရင္း ႏြားေတြေလွ်ာက္လာတာကိုေတြ႕တယ္ဗ်၊ ႏြားအုပ္က အေကာင္ႏွစ္ဆယ္၊ သုံးဆယ္ေလာက္ကိုရွိမယ္ဗ်ာ၊ ႏြားေတြက သရဲမေၾကာက္တတ္ေတာ့ အဲဒီဘုန္းႀကီးေက်ာင္းပ်က္ကို ဝင္သြားေတာ့တာပဲဗ်ာ၊ အဲဒီအနားမွာ အရိပ္ရအပင္ေတြနဲ႔ အုပ္အုပ္ဆိုင္းဆိုင္းေလးျဖစ္ေနတာကိုးဗ်၊ လူသူမနီးေတာ့လည္း သစ္ပင္ျမက္ပင္ေတြကလည္း ေတာထေနတာဆိုေတာ့ ႏြားေတြအတြက္ေတာ့ အစာမပူရဘူးေပါ့ဗ်ာ။
ဦးဘသာက ျဖတ္ေလွ်ာက္လာတဲ့ႏြားေတြကိုၾကည့္ၿပီးေတာ့
“အလတ္ေကာင္ ႏြားဆိုတာ ဘယ္ကျဖစ္လာတာလဲဆိုတာ မင္းသိသလား”
“သိတာေပါ့ဗ်ာ၊ ႏြားမႀကီးနဲ႔ ႏြားသိုးႀကီးနဲ႔ခ်စ္ၾက၊ အဲဒီကေနမွာ ႏြားကေလးျဖစ္တာလာေပါ့ဗ်”
ဦးဘသာက က်ဳပ္ကိုတစ္ခ်က္လွည့္ၾကည့္ရင္း
“အဲဒါကိုေျပာတာမဟုတ္ဘူးကြ၊ ႏြားဆိုတဲ့စကား ဘယ္ကျဖစ္လာတာလဲလို႔ေမးတာ”
က်ဳပ္လည္းေခါင္းခါရင္း
“ဒါေတာ့ က်ဳပ္လည္းဘယ္သိမလဲဗ်၊ ဘယ္ပညာရွိကမ်ား ဒီလိုခ်ိဳေထာင္ေထာင္နဲ႔အေကာင္ကို ႏြားလို႔ေပးလိုက္သလဲမွမသိတာ၊ ဒါနဲ႔ ႏြားလို႔ဘာေၾကာင့္ေခၚတယ္ဆိုတာ သိထားဖို႔လိုလို႔လားဗ်”
“မင္းကြာ၊ မွတ္ထားကြ၊ ပညာရပ္တစ္ခုသင္ၿပီဆိုရင္ ကိုယ္သင္တဲ့ပညာရဲ႕ အေခၚအေဝၚကစၿပီး ေသခ်ာသိထားရတယ္၊ ဒါမွာ သူမ်ားကေမးရင္ ခ်က္ခ်င္းေျဖႏိုင္မွာကြ၊ ႏြားဆိုတာ တကယ္ေတာ့ ဗမာစကားစစ္စစ္ပဲကြ”
“ကဲ ေျပာပါအုံးဗ်ာ”
“အဘိဓါန္ဋီကာမွာ “အနံသကဋံံ ဝဟတီတိ အနဝါေဟာ” လို႔ပါတယ္ကြ၊ အဓိပၸါယ္ကေတာ့ လွည္းကိုေဆာင္တတ္ေသာ သတၱဝါကို ႏြားလို႔ေခၚတယ္ဆိုတဲ့အဓိပၸါယ္ပဲ၊ အဲဒီမွာ အနဝါဟ ဆိုတာ ႏြားေပါ့ကြာ၊ အခ်ိန္ၾကာလာေတာ့ ေဝါဟာရထုံးစံအရ အတိုဖြဲ႕ရင္း အေရွ႕က အနဲ႔ အေနာက္က ဟနဲ႔ကို ေခ်လိုက္တယ္ကြ၊ ဒီေတာ့ နရယ္ ဝါရယ္ပဲက်န္တယ္၊ ဒီေတာ့ နရဲ႕ေအာက္မွာ ဝကိုကပ္ၿပီး ေရးခ်ဆြဲလိုက္ေတာ့ ႏြာျဖစ္သြားတယ္၊ အဲဒီကေနမွ ေခၚေအာင္းေကာင္ ေခၚၾကရင္း ႏြား ဆိုၿပီးျဖစ္သြားတာပဲကြ”
က်ဳပ္လည္း တစ္ခါမွမၾကားဖူးေတာ့ ေသေသခ်ာခ်ာမွတ္ထားလိုက္တာေပါ့။
“ေနာက္တစ္နည္းရွိေသးတယ္ကြ၊ အဲဒါကေတာ့ မဂဓအဘိဓါန္ကေနလာတယ္၊ အဲဒီမွာ ႏြားကို ေဂါဏ လို႔ေဖာ္ျပတယ္။ ဒါကို ျမန္မာမႈျပန္ျပဳေတာ့ သေဝထိုးဂငယ္ကို ဝလုံးအျဖစ္ေျပာင္းၿပီးေတာ့ ဏႀကီးရဲ႕ေအာက္မွာ ကပ္လိုက္တယ္ကြ၊ ဒီေတာ့ ဏႀကီးဝဆြဲေရးခ်ာ ဏြာလို႔ျဖစ္သြားတယ္၊ ေဂါရဲ႕အသံရွည္ကိုထိန္းသိမ္းခ်င္လို႔ ဏြာရဲ႕အေနာက္မွာ ဝစၥေပါက္ထည့္လိုက္ေတာ့ ဏြားဆိုၿပီျဖစ္သြားတာေပါ့ကြာ၊ အဲဒီကေန အခ်ိန္ၾကာျမင့္လာေတာ့ နငယ္ဝဆြဲေရးခ်ျဖစ္သြားတာေပါ့၊ ဒါေပမယ့္ ဒီလိုေျပာင္းလဲတာကလည္း ေတာ္ေတာ္ၾကာၿပီရယ္၊ ပုဂံေခတ္မတိုင္ခင္ ပ်ဴေခတ္ေလာက္ကတည္းက နငယ္နဲ႔ ႏြားလို႔ေရးၾကသတဲ့”
“မွတ္သားရပါတယ္ဗ်ာ၊ က်ဳပ္ေတာင္ တစ္သက္လုံး ႏြားႏြားနဲ႔ေခၚလာၿပီး ဘာလို႔အခုမွ ႏြားလို႔ေခၚသလဲဆိုတာကို သိတာဗ်”
“ႏြားဆိုတာ သိုး၊ ဆိတ္၊ ျမင္းတို႔လို ခြာပါတဲ့အေကာင္ပဲကြ၊ ဒါေပမယ့္ လူေတြနဲ႔အေနနီးၿပီး ယဥ္ေနတာၾကာလို႔ ေတာထဲမွာမက်က္စားေတာ့ဘဲ ၿမိဳ႕႐ြာလူေတြအနီးမွာပဲ အက်ိဳးျပဳတာအေတာ္ၾကာၿပီကြ၊ ဒီလိုမ်ိဳး လူေတြနဲ႔လက္ပြန္းတတီးေနတတ္တဲ့ အေကာင္ေတြကိုေတာ့ ဂါမိယသားမ်ိဳးလို႔ေခၚတယ္၊ ကဲ ေမးရအုံးမယ္၊ ႏြားမ်ိဳး ဘယ္ႏွမ်ိဳးရွိသလဲဆိုတာ မင္းသိရဲ႕လားအလတ္ေကာင္”
က်ဳပ္လည္း ေခါင္းခါလိုက္ၿပီး
“ဦးဘသာပဲ ခုနကေျပာေတာ့ ပညာတစ္ခုသင္တဲ့အခါ ဘာမွမသိေလ ေကာင္းေလဆိုဗ်၊ က်ဳပ္လည္း ဘာမွမသိေတာ့ဘူးေပါ့ဗ်ာ”
“ဟား၊ ဟား မင္းက င့ါစကားနဲ႔ ငါ့ကိုျပန္ေျပာေနပါၿပီ၊ ႏြားကိုေတာ့ အသံုံးျပဳပုံအေပၚမူတည္ၿပီး သုံးမ်ိဳးခြဲတယ္ကြ၊ ခိုင္းႏြား၊ ႏို႔စား၊ အသားစားႏြားေပါ့ကြာ၊ ဒါေပမယ့္ တို႔ဆီမွာေတာ့ ခိုင္းႏြားပဲရွိၾကတာ၊ ႏို႔စားႏြားနဲ႔ အသားတိုးႏြားကေတာ့ သူမ်ားႏိုင္ငံေတြမွာ ေမြးၾကတယ္ေျပာတာပဲကြ၊ အဲဒီ ခိုင္းႏြားထဲမွာမွ အေရာင္အဆင္းကိုၾကည့္ၿပီး ေလးမ်ိဳးခြဲၾကတယ္၊ ႏြားေ႐ႊနီ၊ ႏြားေ႐ႊဝါ၊ ႏြားျပာ၊ ႏြားက်ားတဲ့ကြ”
ဦးဘသာက ကြမ္းယာကိုပါးေစာင္ထဲကို ထိုးထည့္လိုက္ၿပီးေတာ့ ဆက္ေျပာတယ္။
“စာဆိုတစ္ခုရွိတယ္ကြ “ၿမိဳ႕မသိ ဗာရာဏသီ၊ မင္းမသိ ျဗဟၼဒဏ္၊ ႏြားမသိ ႏြားျပာနီတဲ့ကြ”
“ဟာဗ်ာ၊ ၿမိဳ႕မသိဗာရာဏသီ၊ မင္းမသိ ျဗဟၼဒတ္ေတာ့ ၾကားဖူးပါတယ္၊ ဦးဘသာကလည့္က်မွ ႏြားမသိ ႏြားျပာနီတဲ့လား”
“အိုကြာ၊ ငါတို႔က ႏြားအေၾကာင္းေျပာေနတာမဟုတ္လား၊ ဒီစာဆိုထဲကအတိုင္းဆိုရင္ ႏြားျပာနီေတြက ေပၚလြန္းလို႔ ႏြားအေၾကာင္းမသိတဲ့လူေတြက ႏြားဆိုရင္ ႏြားျပာနီပဲရွိတယ္ထင္ၾကတာမဟုတ္လား”
“ဟင္၊ ခုနကေျပာေတာ့ ႏြားကေလးမ်ိဳးဆို၊ အခုက ဘယ္လိုလုပ္ၿပီး ႏြားျပာနီျဖစ္သြားတာလဲ”
“ဒါေၾကာင့္မင္းကိုေျပာတာေပါ့ကြ၊ ႏြားဆိုတာ မ်ိဳးထက္၊ အေရာင္အေသြးကိုၾကည့္ၿပီး ခြဲတာေပါ့၊ ႏြားျပာကို အနီေရာင္စပ္ေတာ့ ႏြားျပာနီေပါ့ကြာ၊ အဲဒီႏြားျပာနီမွာမွ အမဲေရာင္ဘက္ နည္းနည္းသမ္းတဲ့ႏြားဆိုရင္ ႏြားျပာနီမင္ကြပ္လို႔ေခၚသကြ၊ မင္းလည္း ၾကားဖူးခ်င္ၾကားဖူးမွာေပါ့ကြာ၊ “ႏြားျပာနီမင္ကြပ္ အတက္မတို႔နဲ႔” ဆိုၿပီးေျပာၾကတယ္မဟုတ္လား၊ ႏြားျပာနီမင္ကြပ္ေတြက စိတ္တအားဆတ္လို႔ ကုန္းတက္မွာ ႀကိမ္နဲ႔တို႔လိုက္လို႔ကေတာ့ လွည္းကိုတစ္ခါတည္းဆြဲေျပးလို႔ လွည္းေပၚကလူ ျပဳတ္က်တတ္တယ္လို႔ ေျပာခဲ့တာပဲ”
“ထားပါအုံးဗ်ာ၊ အဲဒီေတာ့ ခုနက ႏြားေလးမ်ိဳးကိုဆက္ေျပာပါအုံး၊ ဘယ္ႏြားက အေကာင္းဆုံးလဲဗ်”
“ခိုင္းႏြားဆိုရင္ေတာ့ ႏြားေ႐ႊနီ၊ ႏြားေ႐ႊဝါ အေကာင္းဆုံးပဲကြ၊ သိပ္လည္းဦးေႏွာက္ေကာင္းသလို၊ လူစကားလည္းအေတာ္နားလည္တယ္၊ သိပ္လည္းသစၥာရွိတဲ့ေကာင္ႀကီးေတြေပါ့ကြာ၊ ဟိုေန႔က ေသသြားတဲ့ ေ႐ႊနီႀကီးက ႏြားေ႐ႊနီေပါ့ကြ၊ မင္းေျပာမွ ငါ့ေ႐ႊနီကို သတိရလိုက္တာကြာ”
“ႏြားျပာကေရာဗ်၊ က်ဳပ္တို႔အိမ္မွာေတာ့ ႏြားျပာေတြမ်ားတယ္မဟုတ္လား”
“ႏြားျပာကေတာ့ အၾကမ္းခံႏိုင္တယ္၊ ဒုန္းခံႏိုင္တယ္ကြ၊ လယ္ထြန္တာတင္မကဘဲနဲ႔ ယာထယ္ထိုးတာ၊ ေက်ာက္လွည္းတိုက္၊ သစ္ဆြဲမွာေတာ့ ႏြားျပာေတြက ပိုေကာင္းတာ၊ ဒါေၾကာင့္ ယာသမားေတာ္ေတာ္မ်ားမ်ားက ႏြားျပာႀကိဳက္ၾကတာေပါ့ကြာ၊ ဒုန္းခံတာကိုး၊ ဒါေပမယ့္ ႏြားျပာက ေပကပ္ကပ္ေတာ့ႏိုင္တယ္ကြ”
“ဟုတ္မယ္ဗ်၊ အိမ္ကေကာင္ေတြဆိုရင္ ဘာစကားမွကိုနားမလည္တာ၊ ႀကိမ္ေလးတို႔တို႔ၿပီး ခိုင္းႏိုင္မွရတာ”
“ေနာက္ဆုံးက်န္တဲ့ ထန္းသီးေမႊးေရာင္နဲ႔ ႏြားက်ေတာ့ ႏြားက်ားလို႔ေခၚတယ္ကြ၊ အစင္းက်ားေလးေတြပါတာေပါ့၊ အဲဒီႏြားက်ေတာ့ ခိုင္းမရျပဳမရနဲ႔ ေတာ္ေတာ္လည္း ေပကပ္ကပ္ႏိုင္တဲ့ေကာင္ေတြမို႔ အညံ့ဆုံးလို႔သတ္မွတ္တယ္၊ တစ္ခ်ိဳ႕ဆိုရင္ “ႏြားျပာက်ား ျမက္မဝါးေစနဲ႔” လို႔ေျပာတယ္၊ ျမက္စားလို႔ကုန္တာပဲရွိတယ္ ဘာမွသုံးစားရတဲ့ေကာင္လို႔ ေျပာခ်င္တာေပါ့ကြာ”
ဦးဘသာ စကားေတြၾကားၿပီးေတာ့ က်ဳပ္လည္းေတာ္ေတာ္မွတ္သားရပါတယ္ဗ်ာ၊ က်ဳပ္တို႔စကားေျပာဆိုေနုတုန္း ႏြားေက်ာင္းသားေလးတစ္ေယာက္ လွည္းကေလးနဲ႔စီးလာတယ္ဗ်။ အသက္ကေတာ့ ဆယ့္သုံးေလးႏွစ္ေလာက္ေတာ့ ရွိမယ္ထင္တယ္ဗ်၊ ခုနက ႏြားအုပ္ေတြကလည္း သူေက်ာင္းေနတဲ့ႏြားေတြျဖစ္မယ္၊ လွည္းကေလးဆိုတာက ကေလးေတြေဆာ့သလိုမ်ိဳး အျဖစ္လုပ္ထားတဲ့ လွည္းေပါ့ဗ်ာ၊ အဲဒီႏြားေက်ာင္းသားေလးက ေရတစ္အိုးပိုက္ၿပီး လွည္းေပၚကဆင္းလာတယ္ဗ်၊ ေနာက္ေတာ့ ဇရပ္ေပၚက ေရအိုးစင္ကိုတက္ျဖည့္ပါေရာ။
“ေဟ့သူငယ္၊ မင္းဘယ္ကလဲကြ”
“ေပေတာကပါ”
“ဒီႏြားေတြက မင္းေက်ာင္းေနတာလား၊ ဒါဆိုရင္ ဘယ္သူ႔ရဲ႕ႏြားေတြလဲကြ”
“ႏြားကေတာ့ အစုံပဲဗ်၊ အမ်ားအားျဖင့္ကေတာ့ က်ဳပ္ဘႀကီးရဲ႕ႏြားေတြပဲ၊ အဘႀကီးတို႔က ဘယ္သူေတြလဲ”
“တို႔ေတြက ဇီးကုန္းကလာတာကြ၊ ႏြားဝယ္မလို႔ ႏြားလာၾကည့္တာ”
“ႀကိဳက္တဲ့ႏြားေတြ႕ရင္ေတာ့ ဘႀကီးဆီသြားၿပီး ေဈးစပ္ဗ်ိဳ႕၊ ဒါေပမယ့္ က်ဳပ္ႀကိဳေျပာထားမယ္ေနာ္ ဘႀကီးထြန္းရင္က သူ႔ႏြားေတြကိုသိပ္တန္ဖိုးထားတာဆိုေတာ့ အဘႀကီးတို႔ ေငြေတာ္ေတာ္ေပးမွ ေရာင္းမယ့္ပုံပဲဗ်”
“ေအးကြာ၊ ႏြားေကာင္းရင္ေတာ့ ေပးေပ်ာ္ပါတယ္၊ ဒါနဲ႔ မင္းရဲ႕ႏြားေတြက ၀၀ဖီးဖီးႀကီးေတြပါလားကြ”
“ဒါကေတာ့ဗ်ာ၊ ႐ြာကလူေတြက ဒီဘုန္းႀကီးေက်ာင္းပ်က္နဲ႔ အေနာက္ဘက္က ေစတီလွေတာဘက္ကို ေျခဦးေတာင္လွည့္ရဲၾကတာမွမဟုတ္တာဗ်၊ ဒီေတာထဲမွာက ခုထိျမက္ေကာင္းေတြရွိေနတုန္းဗ်”
က်ဳပ္လည္း ထူးဆန္းသြားတာေပါ့ဗ်ာ။
“ေနစမ္းပါအုံးကြ၊ ႐ြာကလူေတြက အဲဒီေစတီလွေတာဆိုလား အဲဒီကို ဘာလို႔မသြားရဲၾကတာလဲကြ”
ႏြားေက်ာင္းသားကေလးက ၿပဳံးၿဖီးၿဖီးနဲ႔
“သရဲသိပ္ေျခာက္တယ္၊ ေျမသိပ္ၾကမ္းတယ္လို႔ ေျပာၾကတာကိုးဗ်”
“ဟာ၊ မင္းကေတာ့ မေၾကာက္ဘူးလားကြ”
“မေၾကာက္ပါဘူးဗ်ာ၊ ေပေတာ႐ြာမွာ ဒီေစတီလွေတာကိုလာရဲတာ က်ဳပ္တစ္ေယာက္တည္းရွိတာဗ်၊ သူတို႔ကသာ ဟိုလိုေျခာက္တယ္၊ ဒီလိုလွန႔္ခံရတယ္ေျပာေပမယ့္ က်ဳပ္ကေတာ့ တစ္ခါမွကို အေျခာက္အလွန႔္မခံရဖူးပါဘူးဗ်ာ”
ေကာင္ေလးက ေျပာဆိုရင္း ေရအိုးအလြတ္ပိုက္ၿပီးေတာ့ ဆင္းသြားတယ္ဗ်၊ က်ဳပ္လည္း ဒီေကာင္ေလးဇရပ္ေအာက္မေရာက္ခင္
“ေဟ့ေကာင္ေလး၊ မင္းနာမည္ဘယ္လိုေခၚသလဲကြ”
“က်ဳပ္နာမည္ မိုးေစြ၊ ႏြားေက်ာင္းသား မိုးေစြဆိုရင္ ေပေတာမွာ မသိတဲ့လူမရွိဘူးဗ်ာ၊ ကဲ၊ က်ဳပ္သြားၿပီ၊ ဟဲ့၊ ေတာက္”
မိုးေစြက လွည္းကေလးေပၚျပန္တက္ၿပီး ႏြားေတြကိုေမာင္းခ်သြားတယ္ဗ်၊ က်ဳပ္တို႔လည္း နည္းနည္းအပန္းေျပသြားတာနဲ႔ ခရီးဆက္ခဲ့တာေပါ့ဗ်ာ၊ ဦးဘသာကေတာ့ မိုးေစြရဲ႕ႏြားႀကီးေတြကို ရပ္ၾကည့္ေနေသးတယ္၊ က်ဳပ္ၾကည့္လိုက္ေတာ့ ႏြားေတြက ေရာင္စုံ၊ ပုံစံံစုံပဲဗ်။
“ဦးဘသာ ဘာၾကည့္ေနတာလဲဗ်”
“ႏြားေကာင္းမ်ားေတြ႕မလားလို႔ ၾကည့္တာပါကြ”
“က်ဳပ္ၾကည့္ရသေလာက္ေတာ့ ဒီႏြားေတြက ခုနက ႏြားေလးမ်ိဳးထဲကနဲ႔ ဆင္ေတာင္မဆင္ဘူးဗ်၊ ဘာအမ်ိဳးေတြမွန္းကို မသိေတာ့ပါဘူးဗ်ာ”
ဦးဘသာက ေခါင္းညိတ္ၿပီး
“ေအးေပါ့ကြ၊ ဒီလိုမ်ိဳး ႏြားမ်ိဳးေတြက မ်ားလြန္းလို႔ ေရွးျမန္မာႀကီးေတြက ႏြားရဲ႕အမ်ိဳးအစားထက္၊ ႏြားရဲ႕အေသြးအေမြး၊ ႐ုပ္ရည္အဂၤါကိုၾကည့္ၿပီး ဝယ္ၾကတာေပါ့ကြာ၊ ႏြားျပာ၊ ႏြားက်ားျဖစ္ေနေပမယ့္ အဂၤါေကာင္းရင္ေတာ့ သေႏၶေကာင္းတယ္လို႔ ယူဆၾကတယ္”
“ဘယ္လိုၾကည့္ရသလဲဗ်”
“သူတို႔အေခၚအရေတာ့ ေစေလးလံံုံးကို အရင္ၾကည့္ေ႐ြးၾကတယ္ကြ၊ အဲဒီေစေလးလုံးကေတာ့ ႏွာတံခုံးေစ၊ ခြာလုံးေစ၊ မ်က္စိျပဴးေစ၊ ႏွာရႉးေစတဲ့ကြ၊ အဲဒါကို ေစေလးလံုံးလို႔ အတိုေကာက္ေခၚတာ”
“အဲဒီႏွာတံံတို႔ မ်က္စိတို႔က ဘာအတြက္လဲဗ်”
“ႏွာတံံခုံးတယ္ နဖူးက်ယ္တယ္ဆိုရင္ က်န္းမာေတာင့္တင္းတယ္လို႔ ယူဆရတယ္၊ ခြာလံံုံးတယ္ဆိုတာကေတာ့ ႏြားေကာင္းရဲ႕ခြာေတြဟာ ေရဖလားကိုေမွာက္ထားသလိုမ်ိဳး ရွိေနရတယ္၊ ဒါမွ သြားႏိုင္လာႏိုင္တယ္ေပါ့ကြာ၊ မ်က္စိျပဴးတယ္၊ ႏွာရႉးတယ္ဆိုတာကေတာ့ ဖ်တ္လတ္တက္ႂကြတဲ့လကၡဏာေတြေပါ့၊ ခိုင္းႏြားဆိုတာ မပ်င္းေတာ့မွသုံးစားလို႔ေကာင္းတာမဟုတ္လားကြ”
“က်ဳပ္ျဖင့္ခုမွသိတယ္ဗ်ာ၊ အိမ္ေရာက္ေတာ့မွ အိမ္ကႏြားေတြကို ဒီေစေလးလံုံးပါမပါ ၿဖဲၾကည့္ရအုံးမယ္ဗ်”
ဦးဘသာက ႏြားေတြတစ္ခ်က္ၾကည့္ၿပီးေတာ့ ဆက္ေလွ်ာက္သြားတာနဲ႔ က်ဳပ္လည္းလိုက္သြားတာေပါ့ဗ်ာ၊ လမ္းေလွ်ာက္ရင္းနဲ႔ စကားေျပာလာၾကတာေပါ့။
“ႏြားအဂၤါေတြထဲမွာ အဂၤါေျခာက္ခုျပည့္စုံတဲ့ ႏြားကိုက်ေတာ့ ႏြားၾကန္စံုံလို႔ေခၚတယ္ကြ”
“လုပ္ျပန္ၿပီဗ်ာ၊ ခုနက ေျပာေတာ့ ေစေလးလံုံးဆို၊ အခုက်ေတာ့ အဂၤါေျခာက္ခုတဲ့”
“အဲဒီေစေလးလုံးၾကည့္လို႔ ေစေလးလုံးျပည့္စုံၿပီဆိုရင္ ႏြားၾကန္စုံဟုတ္မဟုတ္ကို အဂၤါေျခာက္ပါးၾကည့္ရတယ္ကြ၊ သိပ္ေတာ့ ေထြေထြထူးထူးမဟုတ္ပါဘူးကြာ၊ အၿမီးစြပ္ရမယ္၊ ထိပ္ကြက္ရမယ္၊ ေျခလက္ ေလးဘက္စလံုံး ဒူးဆစ္အထိ ဆြတ္ဆြတ္ျဖဴေနရမယ္၊ အဲဒါျပည့္စုံရင္ ႏြားၾကန္စုံေပါ့ကြာ”
“ႏြားၾကန္စုံက ဘာျဖစ္သလဲဗ်”
“ေတာင္သူလယ္သမားေတြအႀကိဳက္ေပါ့ကြာ၊ ၿပီးေတာ့ အဲဒီႏြားၾကန္စုံရွိတဲ့အိမ္က မဂၤလာရွိတယ္လို႔ ယူဆတယ္၊ ၿပီးေတာ့ ကိုယ္ေမြးထားတဲ့ႏြားေတြထဲ မေမြးအပ္တဲ့ႏြား၊ ခိုက္တတ္တဲ့ႏြားေတြပါလာခဲ့ရင္လည္း ႏြားၾကန္စုံရွိေနရင္ မခိုက္ေတာ့ဘူးလို႔ယူဆၾကတယ္၊ အဲဒီေနရာမွာ ၾကန္စံုံႏြားျဖစ္ေနၿပီဆိုရင္ေတာ့ ေတာင္သူေတြက ထမ္းပိုးသုံးတန္နဲ႔ စမ္းၾကသတဲ့”
“ထမ္းပိုးသုံးတန္၊ ေကာင္း႐ိုးမွန္၊ ၾကန္စုံႏြားမ်ားမင္းတဲ့ကြ”
“ဟာဗ်ာ၊ ဘယ္ႏြားက ထမ္းပိုးသုံးခုထမ္းႏိုင္မွာလဲဗ်၊ အဓိပၸါယ္မရွိတာဗ်ာ”
“ဟေကာင္ရ၊ ထမ္းပိုးသုံးတန္ဆိုတာ တင္စားေျပာတာကြ၊ အရင္ဆုံး လွမ္းထမ္းပိုးထမ္းခိုင္းတယ္ကြ၊ လွမ္းမွာ ကၿပီး(တပ္ၿပီး) ေမာင္းခိုင္းတာေပါ့ကြာ၊ ၿပီးေတာ့ ဆီဆံုံထမ္းပိုးမွာ ထမ္းခိုင္းၿပီးေတာ့ ဆီပြတ္ခိုင္းၾကည့္တယ္၊ ေနာက္ဆုံးကေတာ့ လယ္ထဲယာထဲ ထြန္ဆြဲခိုင္းတာပဲေဟ့၊ ႏြားၾကန္စုံဆိုတာ အဲဒီသုံးမ်ိဳးလုံးကို ႏိုင္ႏိုင္နင္းနင္းတတ္တယ္ဆိုပဲကြ၊ ဒါေၾကာင့္ ထမ္းပိုးသုံးတန္ႏိုင္တဲ့ ႏြားၾကန္စုံမ်ိဳးဟာ ပိုက္ဆံသိန္းနဲ႔ခ်ီေပးေတာင္မွ မေရာင္းႏိုင္ၾကဘူးတဲ့ကြာ”
“ရွားေတာ့ရွားမွာေပါ့ဗ်ာ”
“ရွားတာေပါ့ကြာ၊ တစ္႐ြာတစ္ေကာင္ေတာင္မွ မရွိဘူးတဲ့ကြ”
က်ဳပ္တို႔စကားတေျပာေျပာနဲ႔လာရင္း ေနာက္ဆုံးေတာ့ ေပေတာ႐ြာကိုေရာက္ခဲ့တယ္ဗ်၊ ေပေတာ႐ြာမွာ က်ဳပ္တို႔ေဆြမ်ိဳးေတြလည္း အမ်ားႀကီးရွိတာဆိုေတာ့ သိပ္ေတာ့မစိမ္းဘူးေပါ့ဗ်ာ၊ အေဖနဲ႔ အေဖတူမေအကြဲေတာ္တဲ့ ဘႀကီးတစ္ေယာက္ေတာင္ ရွိေသးတယ္၊ သူက က်ဳပ္ကိုလည္းသိပ္ခင္တာဆိုေတာ့ သူတို႔အိမ္ကိုပဲလာခဲ့ၾကတာေပါ့ဗ်ာ၊ ဘႀကီးကလည္း က်ဳပ္တို႔ကိုေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ႀကိဳဆိုပါတယ္၊ ဘႀကီးအိမ္မွာ ေန႔လည္စာ စားေသာက္ၿပီးေတာ့ ေရေႏြးၾကမ္းဝိုင္းဖြဲ႕တာေပါ့။
“ေနအုံး၊ အလတ္ေကာင္ မင္းတို႔ ဘာကိစၥနဲ႔လာၾကတာလဲကြ”
က်ဳပ္လည္း ဦးဘသာကို လက္ညႇိဳးထိုးျပရင္း
“ဒီက ဦးႀကီးက ႏြားေကာင္းဝယ္ခ်င္လို႔ဗ်၊ က်ဳပ္လည္း ပညာရေအာင္ဆိုၿပီးေတာ့ သူနဲ႔လိုက္ခဲ့တာပဲ”
“ေအးေအး၊ တို႔႐ြာမယ္ ႏြားေကာင္းကေတာ့ ခပ္ရွားရွားကြ၊ မင္းတို႔ၾကည့္ခ်င္ရင္ ႐ြာလယ္ပိုင္းက ထြန္းရင္ဆီမွာေတာ့ ႏြားေတြေတာ္ေတာ္မ်ားမ်ားရွိတယ္၊ ညေန ႏြားသိမ္းျပန္လာေတာ့ျဖစ္ျဖစ္၊ မနက္ေလာက္ျဖစ္ျဖစ္သြားၾကည့္ၾကေပါ့ကြာ၊ ငါသူ႔ဆီလိုက္ပို႔ေပးမယ္”
က်ဳပ္တို႔လည္း ေခါင္းညိတ္လိုက္တာေပါ့ဗ်ာ။
(၃)
က်ဳပ္တို႔ဘႀကီးအိမ္မွာ နားေနရင္း ညေနေစာင္းေရာက္ေတာ့ ႐ြာထဲမွာ ႐ုတ္႐ုတ္သဲသဲျဖစ္ကုန္ၾကတယ္ဗ်၊ ႐ြာလယ္လမ္းအတိုင္း လူေတြေျပးေနပါေရာ၊ ေနာက္ေတာ့ ႏြားလွည္းတစ္စီးက ျဖတ္သြားျပန္တယ္၊ က်ဳပ္ဆိုတဲ့ေကာင္ကလည္း တစ္ခုခုျဖစ္ရင္ သိလိုက္ရမွဆိုေတာ့ လမ္းေပၚထြက္ၿပီး စနည္းနာတာေပါ့ဗ်ာ။
“ဘာမ်ားျဖစ္လို႔လဲဗ်”
႐ြာသားေတြက မ်က္ႏွာစိမ္းဆိုေတာ့ ေၾကာင္အမ္းအမ္းနဲ႔ျဖစ္ကုန္ၾကတယ္။
“ဟိုေလ၊ ႏြားေက်ာင္းသားမိုးေစြ ဘာျဖစ္မွန္းမသိဘူး၊ တငိုငို တရယ္ရယ္နဲ႔ရယ္”
ႏြားေက်ာင္းသားမိုးေစြဆိုေတာ့ က်ဳပ္တို႔မနက္က ေတြ႕ခဲ့တဲ့ေကာင္ေလးပဲဗ်၊ ဒါနဲ႔က်ဳပ္လည္း လူေတြအေနာက္ကိုေျပးလိုက္ခဲ့ေတာ့တာေပါ့ဗ်ာ၊ ႐ြာလယ္ေလာက္ေရာက္ေတာ့ လူေတြက ၿခံဝန္းက်ယ္ႀကီးထဲကို ဝင္သြားၾကတယ္ဗ်၊ က်ဳပ္လည္း လိုက္ဝင္ခဲ့ေတာ့ ၿခံႀကီးထဲက ေျခတံရွည္အိမ္ႀကီးရဲ႕ အေရွ႕နားက ကြပ္ပ်စ္မွာ ႏြားေက်ာင္းသားေလးကို ပက္လက္ခ်ထားပါေရာဗ်ာ၊ ႏြားေက်ာင္းသား မိုးေစြက ပက္လက္လန္ေနၿပီး တဟားဟားနဲ႔ရယ္လိုက္၊ တရႈံ႕ရနဲ႔ ငိုလိုက္လုပ္ေနပါေရာဗ်ာ။
“ေဟ့ေဟ့၊ အားလုံးဖယ္ၾကစမ္း၊ လူနာအနားမွာ သြားအံံုံမေနၾကနဲ႔”
လူႀကီးတစ္ေယာက္ေရာက္လာၿပီးေတာ့ လူေတြက သူ႔ကိုျပာျပာသလဲနဲ႔ဖယ္ေပးလိုက္ရတယ္ဗ်၊ ဒီလူကေတာ့ ဦးဖိုးေခြးေပါ့ဗ်ာ၊ ဦးဖိုးေခြးဆိုတာ ေပေတာ႐ြာမွာ သိပ္နာမည္ႀကီးတဲ့ ေဆးဆရာႀကီးမဟုတ္လား၊ ဦးမွတ္ႀကီးနဲ႔ မယားလုဖက္ေတြေပါ့ဗ်ာ၊ ေပေတာ႐ြာမွာ ဦးဖိုးေခြးေဆးကုတာ စြမ္းလြန္းလို႔ ဦးမွတ္ႀကီးတစ္ေယာက္ က်ဳပ္တို႔႐ြာကိုေျပာင္းေျပးလာရတာကို မွတ္မိတယ္မဟုတ္လား၊ (ထိုအေၾကာင္းမ်ားကို စုန္းထီးႀကီးဦးဘသာႏွင့္ ေဆးဆရာဦးမွတ္ႀကီး (အတြဲ(၁))တြင္ ေဖာ္ျပခဲ့ၿပီး)
ဦးဖိုးေခြးက ေသြးေၾကာေတြကို စမ္းတယ္ဗ်၊ စမ္းသပ္ၿပီးေတာ့ ေခါင္းခါလိုက္တယ္။ ဦးဖိုးေခြးအနားကို လူႀကီးတစ္ေယာက္ကပ္လာတယ္ဗ်၊
“ဘယ္လိုလဲေဆးဆရာႀကီး က်ဳပ္တူေလး ဘာျဖစ္တာလဲဗ်ာ”
“ေသြးထဲမွာေတာ့ ပေယာဂရွိတယ္ဗ်၊ ဒါေပမယ့္ သူျဖစ္ေနတဲ့လကၡဏာကို က်ဳပ္မေတြ႕ဖူးဘူး၊ ကဲကဲ၊ အရင္ဆုံး ပေယာဂစစ္ၾကည့္တာေပါ့”
ဒါနဲ႔ပဲ မိုးေစြကို ေျခဆင္းထိုင္ခိုင္းၿပီးေတာ့ ပေယာဂစစ္ၾကည့္တာေပါ့ဗ်ာ၊ ပေယာဂလည္း တကယ္ဟုတ္တယ္ဗ်၊ ဒါေပမယ့္ စစ္ေမးေတာ့ ဘာမွကိုမထူးတာ၊ ဦးဖိုးေခြးလည္း နည္းမ်ိဳးစံံုံပူးခိုင္း၊ ကပ္ခိုင္း၊ ေျဖခိုင္းေပမယ့္ ဘာမွကိုမထူးဘူးဗ်ာ။ ဒီလိုနဲ႔ ဦးဖိုးေခြးတစ္ေယာက္ ေဇာေခြၽးေတြျပန္လာတာေပါ့။
“ခင္ဗ်ားတူက တစ္ခုခုေတာ့တစ္ခုခုပဲဗ်၊ က်ဳပ္လည္း တတ္သေလာက္ လုပ္ေပးတာပဲဗ်ာ”
က်ဳပ္ကေတာ့ တစ္ခုခုထူးျခားေနၿပီမွန္း ထင္လိုက္တာပဲ၊ ဒီအခ်ိန္မွာပဲ ၿခံံေရွ႕မွာလူႀကီးတစ္ေယာက္ေရာက္လာတယ္ဗ်၊ ဦးဖိုးေခြးတို႔က အဲဒီလူႀကီးကိုၾကည့္လိုက္တယ္။ ဘယ္သူရွိမလဲဗ်ာ၊ ဦးဘသာေပါ့။
“မင္းတို႔စမ္းမရရင္ ငါစမ္းၾကည့္ခ်င္တယ္ကြ”
တျခားလူေတြက ကန႔္ကြက္ဖို႔လုပ္ေတာ့ ဦးဖိုးေခြးက လက္ကာျပလိုက္တယ္။
“အကိုဘသာ၊ ခင္ဗ်ားတကယ္စမ္းၾကည့္မလို႔လား”
ဦးဘသာက ေခါင္းညိတ္ၿပီးေတာ့ မိုးေစြအနားကိုတိုးကပ္သြားတယ္ဗ်၊ ၿပီးေတာ့ မိုးေစြငယ္ထိပ္ကို လက္နဲ႔အုပ္ၿပီးကိုင္ထားတယ္။ ဦးဖိုးေခြးအနားကို ဦးေလးႀကီးက ကပ္လာတယ္၊ အဲဒီဦးေလးႀကီးကေတာ့ မိုးေစြရဲ႕ဘႀကီး ဦးထြန္းရင္ဆိုတာပါပဲဗ်ာ။
“ဆရာႀကီး၊ ဒီလူက ဘယ္သူႀကီးလဲဗ်”
“မပူပါနဲ႔ဗ်ာ၊ ဒီလူူႀကီးကလည္း ထူးဆန္းတဲ့ပညာေတြတတ္တဲ့လူႀကီးပါဗ်”
ဦးဘသာက တစ္ခုခုမန္းမႈတ္ေနရင္းနဲ႔ မ်က္လုံးႀကီးျပဴးသြားတယ္ဗ်၊ ဒီအခ်ိန္မွာပဲ မိုးေစြလည္း မ်က္လုံးေတြျပဴးတက္လာတယ္၊ ၿပီးေတာ့မ်က္လုံးႀကီးေတြနီလာၿပီး တအင္းအင္းနဲ႔ညည္းေနေတာ့တယ္ဗ်ာ၊ ဦးဘသာက ဦးဖိုးေခြးကိုၾကည့္ရင္း
“ဖိုးေခြးေရ၊ ဒီေကာင္ေလးကို အန္ေအာင္လုပ္လို႔ရသလား”
ဦးဖိုးေခြးက ေခါင္းညိတ္ၿပီးေတာ့ သူရဲ႕ေဆြးကြမ္းအစ္ကိုဖြင့္တယ္ဗ်၊ အထဲက စကၠဴထုပ္ကေလးတစ္ထုပ္ကိုေျဖလိုက္ေတာ့ အျဖဴေရာင္အမႈန႔္ေလးေတြေတြ႕တယ္၊ လက္ညႇိဳးထိပ္ကို တံံံေတြးဆြတ္ၿပီးေတာ့ အဲဒီအမႈန႔္ကေလးေတြထဲ ႏွစ္ၿပီး မိုးေစြအနားကိုတိုးလာတယ္။
“အလတ္ေကာင္ သူ႔ပါးစပ္ကိုၿဖဲေပးလိုက္စမ္း”
က်ဳပ္လည္းေျပးသြားၿပီးေတာ့ မိုးေစြပါးေစာင္ကို ညႇစ္လိုက္တာေပါ့ဗ်ာ၊ မိုးေစြပါးစပ္ပြင့္သြားေတာ့မွ ဦးဖိုးေခြးက လက္ကိုပါးစပ္ထဲတစ္ဆုံးထိုးထည့္တယ္၊ ၿပီးေတာ့မၾကာပါဘူးဗ်ာ မိုးေစြက တအင့္အင့္နဲ႔ပ်ိဳ႕တက္လာၿပီးေတာ့ ကြပ္ပ်စ္ေပၚကိုပဲ အန္ခ်လိုက္ပါေရာ။ မိုးေစြပါးစပ္ထဲကေန ေရေတြအျပင္ အနက္ေရာင္အတုံးအတုံးေတြ အမ်ားႀကီးအန္တယ္ဗ်ာ၊ ၿပီးေတာ့ အန္ဖတ္ေတြကလည္း ေနာက္ေခ်းနံ႔နံလိုက္တာေျပာမေနပါနဲ႔ေတာ့၊ ဦးဖိုးေခြးက အနက္ေရာင္အဖတ္တစ္ခုကိုေကာက္ကိုင္ၾကည့္တယ္။
“ဟာ၊ ေနာက္ေခ်းအစိုေတြပါလား”
ဦးဘသာက မိုးေစြကိုေရတစ္ခြက္ ခပ္တိုက္တယ္ဗ်၊ မိုးေစြက ေရေသာက္ၿပီးေတာ့မွ နည္းနည္းထူထူေထာင္ေထာင္ျဖစ္လာတာ။
“ေၾကာက္တယ္၊ ေၾကာက္တယ္၊ အီး၊ ဟီး၊ ေၾကာက္တယ္”
ဦးဖိုးေခြးနဲ႔ ဦးထြန္းရင္တို႔ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၾကတာေပါ့ဗ်ာ။
“ေဟ့ေကာင္မိုးေစြ၊ ငါမင္းဘႀကီးပါကြ”
မိုးေစြက ဘာကိုမွမသိဘဲ မ်က္လုံးျပဴးမ်က္ဆန္ျပဴးနဲ႔
“ေၾကာက္တယ္၊ ကယ္ၾကပါ၊ ေၾကာက္တယ္ဗ်”
ဦးဘသာက မိုးေစြဇက္ပိုးကို ခပ္နာနာအုပ္ခ်ထည့္လိုက္တယ္၊ ၿပီးေတာ့
“ေဟ့ေကာင္၊ ေၾကာက္မေနနဲ႔၊ ဒီေနရာမ်ာ ေၾကာက္စရာမရွိဘူးကြ”
ဒီေတာ့မွ မိုးေစြက ေဘးပတ္ဝန္းက်င္ကိုၾကည့္ရင္း
“ဟင္၊ ဘ၊ ဘႀကီး”
“ေဟ့ေကာင္မိုးေစြ၊ မင္းဘာေတြျဖစ္ခဲ့တာလဲ”
မိုးေစြက စဥ္းစားေနရင္း ဦးဘသာကိုလွည့္ၾကည့္တယ္ဗ်။
“ဒီ၊ ဒီလိုပါ၊ ေန႔လည္တုန္းက က်ဳပ္လည္း ႏြားေက်ာင္းရင္း ပ်င္းလာတာနဲ႔ ဘုန္းႀကီးေက်ာင္းေပၚတက္အိပ္တာေပါ့ဗ်ာ၊ ဘုန္းႀကီးေက်ာင္းႀကီးက ေအးေတာ့ အိပ္လို႔ေကာင္းတာေပါ့၊ ဒါနဲ႔ က်ဳပ္အိပ္ေနတုန္း ေျခသံၾကားတယ္ဗ်၊ ထၾကည့္ေတာ့ ဘုန္းႀကီးတစ္ပါးက က်ဳပ္ေဘးနားေရာက္ေနတယ္။ ၿပီးေတာ့ က်ဳပ္ကိုေျပာတယ္၊ “ေဟ့ေကာင္ေလး၊ အိပ္မေနနဲ႔ထေတာ့၊ ထြက္သြားေတာ့” ဆိုၿပီးေမာင္းထုတ္တယ္၊ က်ဳပ္လည္း ေပကပ္ၿပီးျပန္အိပ္ေနတာေပါ့ဗ်ာ”
“ဟာ၊ အဲဒါဘုန္းႀကီးသရဲျဖစ္မွာကြ၊ မင္းမို႔လို႔မေၾကာက္မ႐ြံံ့ကြာ”
“ဟုတ္တယ္၊ က်ဳပ္လည္း သရဲလို႔ပဲထင္လိုက္တယ္၊ က်ဳပ္က သူ႔ကိုမေၾကာက္တဲ့အျပင္ အ႐ြဲ႕တိုက္မယ္ဆိုၿပီး ဆက္အိပ္ေနတာဗ်၊ ေနာက္ေတာ့ အဲဒီဘုန္းႀကီးက က်ဳပ္ကိုလာႏႈိးျပန္တယ္၊ ခုနကလို ထေတာ့၊ သြားေတာ့လို႔ေျပာတယ္၊ က်ဳပ္လည္း ေပကပ္ၿပီးဆက္အိပ္ေနေတာ့ သူက “မင္းဆက္အိပ္ေနရင္ေတာ့ မင္းထိုက္နဲ႔မင္းကံေပါ့ကြာ၊ သူတို႔လာေနၿပီေဟ့” လို႔ေျပာၿပီးေတာ့ ေပ်ာက္သြားတာပဲဗ်ာ”
ဘႀကီးထြန္းရင္က ဆူေတာ့တယ္။
“မင္းႏွယ္ကြာ၊ အဲဒါကိုေတာင္ မင္းမထဘူးလားကြ”
“က်ဳပ္လည္း ဒီသရဲငါ့ကိုလာႏွင္ေနတယ္ဆိုၿပီးေတာ့ မထဘဲ ဆက္အိပ္ေနတာေပါ့ဗ်ာ၊ မၾကာပါဘူး ေျခသံေတြၾကားရတယ္ဗ်၊ ေျခသံက တဒုန္းဒုန္းနဲ႔ဗ်ာ၊ ေနာက္ေတာ့ က်ဳပ္ဆံပင္ကိုေဆာင့္ဆြဲတာနဲ႔ က်ဳပ္လည္းထၾကည့္လိုက္တာေပါ့ဗ်ာ၊ ေအာင္မယ္ေလး၊ ေၾကာက္လိုက္တာဗ်ာ၊ ေၾကာက္တယ္”
“ေဟ့ေကာင္၊ ဆက္ေျပာအုံးကြ၊ ေၾကာက္မေနနဲ႔”
“အဲဒီလူက မိန္းကေလးတစ္ေယာက္ပဲဗ်၊ အဝတ္အစားကေတာ့ သပ္သပ္ရပ္ရပ္ပဲ၊ ဒါေပမယ့္ မ်က္ႏွာႀကီးက စုန္ခြၽန္းခြၽန္းႀကီးဗ်၊ မ်က္လုံးေတြကလည္း အျပင္ကိုျပဴးထြက္ေနတာပဲ၊ ပါးစပ္ၿပဲႀကီးကေတာ့ မသိရင္ နား႐ြက္တက္ခ်ိတ္ေတာ့မဲ့အတိုင္းပဲဗ်ာ၊ က်ဳပ္ကို စကားေျပာေတာ့ သြားစြယ္အခြၽန္ႀကီးေတြ တေဖြးေဖြးနဲ႔ သိပ္ေၾကာက္ဖို႔ေကာင္းတာပဲ”
“သူက မုန႔္နပ္တစ္ခ်ပ္ထုတ္ျပတယ္ဗ်၊ ၿပီးေတာ့ က်ဳပ္ကိုစားမလားလို႔ေမးတယ္၊ က်ဳပ္လည္း ဘာေၾကာင့္မွန္းမသိဘူး ေခါင္းညိတ္မိလိုက္တယ္၊ သူ႔လက္ထဲက မုန႔္နပ္က ေမႊးေနတာပဲဗ်ာ၊ က်ဳပ္လည္းဆာဆာနဲ႔တစ္ခုလုံးစားလိုက္ၿပီးေတာ့ ဘာျဖစ္သြားမွန္းကိုမသိေတာ့ဘူး”
မုန႔္နပ္ဆိုတာကေတာ့ ဘိန္းမုန႔္လို ဆန္နဲ႔လုပ္တဲ့မုန႔္တစ္မ်ိဳးကိုေျပာတာဗ်၊ ဆန္ရယ္ထန္းလ်က္ရယ္ဆိုေတာ့ ခပ္ေမႊးေမႊးေပါ့ဗ်ာ။ ဦးဘသာက ေဒါသထြက္သြားၿပီး
“ဟဲ့ေကာင္ေလးရာ၊ မင္းက ဘာလို႔အဲဒီမုန႔္ကိုသြားစားတာလဲကြ”
“ဟာဗ်ာ၊ မုန႔္ဆိုေတာ့ က်ဳပ္လည္းစားခ်င္တာေပါ့”
ဦးဘသာက ဦးထြန္းရင္ကိုၾကည့္လိုက္ၿပီး
“မေကာင္းေတာ့ဘူးဗ်ိဳ႕၊ ခင္ဗ်ားတူကို မိစာၦမက မုန႔္နပ္ေကြၽးလိုက္ၿပီဗ်”
ဦးထြန္းရင္မွာ ျပာျပာသလဲနဲ႔
“အဲဒါဆို ဘာဆက္ျဖစ္မွာလဲ”
“မိစာၦမက ျပန္လာလိမ့္မယ္ဗ်၊ ဒီေကာင္ေလးရဲ႕အသက္ကိုႏႈတ္ဖို႔ျပန္လာလိမ့္မယ္”
“က်ဳပ္၊ က်ဳပ္တို႔ဘယ္လိုလုပ္ၾကမလဲ”
ဦးထြန္းရင္ကေတာ့ အ႐ူးမီးဝိုင္းျဖစ္ေနၿပီဗ်။ တစ္႐ြာလံုံးကလည္း တစ္ေယာက္တစ္ေပါက္နဲ႔ေျပာဆိုေနၾကတာေပါ့၊ ဦးဘသာက ေခ်ာင္းတစ္ခ်က္ဟန႔္လိုက္ၿပီးေတာ့
“မိစာၦမဆိုတာက သိပ္အစြမ္းထက္တယ္ဗ်၊ တကယ္ေတာ့ သူကလည္း နတ္တစ္ပါးပဲ၊ ဒါေပမယ့္ နတ္ဆိုးေပါ့၊ ေတာ္႐ုံတန္႐ုံ ပညာေလာက္နဲ႔သူ႔ကိုတားမလို႔မရဘူး၊ ဘုန္းႀကီးေတြ၊ ဘုရားေတြကိုလည္း သူတို႔ကမေၾကာက္ဘူး၊ မေၾကာက္လို႔ေတာင္မွ ဘုန္းႀကီးေက်ာင္းပ်က္မွာေနတာေပါ့”
“လုပ္ၾကပါအုံးဗ်ာ၊ က်ဳပ္တူေလးကို ကယ္ၾကပါအုံး”
ဦးဖိုးေခြးက ဦးဘသာကိုၾကည့္ရင္း
“အကိုဘသာ ကူညီႏိုင္တယ္ဆိုရင္ ကူညီပါဗ်ာ”
ဦးဘသာက ေခါင္းညိတ္လိုက္ၿပီးေတာ့
“က်ဳပ္တို႔ ညမနက္ခင္ အျမန္လုပ္ရမယ္ဗ်၊ ကဲ လွည္းတစ္စီးျပင္ဗ်ာ၊ ဆန္မႈန႔္၊ ထန္းလ်က္နဲ႔ ဒယ္အိုး၊ ေျမစေလာင္းဖုံးတစ္ခုယူလာခဲ့၊ ဒီေကာင္ေလးကိုလည္း လွည္းအေပၚကိုတင္ေခၚခဲ့၊ ၿပီးရင္ အဲဒီဘုန္းႀကီးေက်ာင္းပ်က္ကို သြားမယ္”
ဦးဘသာေျပာတဲ့အတိုင္း ဝိုင္းလုပ္ၾကရတာေပါ့ဗ်ာ၊ ဆန္မုန႔္ညက္ေတြ၊ ထန္းလ်က္ေတြကို မိန္းမႀကီးေတြက ယူေပးရတာေပါ့ဗ်ာ၊ ၿပီးေတာ့ ဒယ္အိုးေလးတစ္လုံးနဲ႔ ေျမစေလာင္းဖံုံးကေလးတစ္ခုကိုယူရတယ္၊ ၿပီးေတာ့ လွည္းသံံုံးစီးနဲ႔လူေတြလိုက္ဖို႔ျပင္ပါေရာဗ်ာ၊ ဦးဘသာက အဲဒီလူေတြကိုၾကည့္ရင္း
“ေဟ့လူေတြမလိုက္ၾကနဲ႔၊ လူအရမ္းမ်ားလို႔မေကာင္းဘူးကြ၊ လွည္းေမာင္းတဲ့လူရယ္၊ ကိုထြန္းရင္ရယ္၊ မိုးေစြ၊ က်ဳပ္နဲ႔၊ အလတ္ေကာင္ ငါးေယာက္ပဲသြားမယ္၊ ဖိုးေခြးေရာ လိုက္အံုံးမလား”
ေဆးဆရာႀကီးကလည္း ေခါင္းညိတ္တာနဲ႔ က်ဳပ္တို႔ေတြထြက္ခဲ့ၾကတာေပါ့ဗ်ာ၊ ညေနေစာင္းၿပီးေတာ့ ေမွာင္ရီဖ်ိဳးဖ်ေတာင္ျဖစ္ေနၿပီဗ်၊ လွည္းေမာင္းတဲ့လူက လွည္းကိုဒုန္းစိုင္းႏွင္ခဲ့ေတာ့ က်ဳပ္တို႔အဲဒီေနရာကို သိပ္မၾကာပါဘူး၊ ေရာက္သြားေရာဗ်ိဳ႕၊ အဲဒီေနရာကလည္း ေၾကာက္စရာႀကီးဗ်ာ၊ ဘုန္းႀကီးေက်ာင္းက ေရွးေဟာင္းဘုန္းႀကီးေက်ာင္းႀကီးဆိုေတာ့ခိုင္ခိုင္ခံ့ခံ့ေတာ့ ရွိေနေသးသဗ်၊ ဒါေပမယ့္ ခ်ဳံပင္ေတြက ေက်ာင္းႀကီးတစ္ခုလုံးကို တြယ္ကပ္ၿပီးေပါက္ေနတာဆိုေတာ့ အေဝးကလွမ္းၾကည့္တာနဲ႔တင္ ေၾကာက္ဖို႔လႊတ္ေကာင္းဗ်ာ။
ေက်ာင္းႀကီးအေနာက္မွာ ေစတီပ်က္တစ္ဆူရွိတယ္ဗ်၊ ဦးဘသာက အဲဒီေစတီပ်က္နဲ႔ ေက်ာင္းႀကီးနဲ႔ၾကားထဲက ေျမသန႔္သန႔္ကေလးတစ္ခုမွာ လွည္းကိုရပ္ခိုင္းလိုက္တယ္၊ ၿပီးတာနဲ႔ က်ဳပ္ကိုလွည္းေပၚကဆင္းခိုင္းတယ္၊ သူလည္း လွည္းေပၚကေနဆင္းၿပီးေတာ့ တုတ္တစ္ေခ်ာင္းေကာက္ၿပီးေတာ့ က်ဳပ္တို႔လွည္းအနားမွာ စည္းဝိုင္းတစ္ခုတားလိုက္တာပဲဗ်ာ၊ စည္းဝိုင္းက ခပ္က်ဥ္းက်ဥ္းကေလးဗ်။
“ကဲ အခုအခ်ိန္ကစၿပီးေတာ့ ဘယ္သူမွ ေဟာဒီစည္းဝိုင္းထဲက မထြက္ပါနဲ႔၊ အလတ္ေကာင္ေရ၊ ေျမက်င္းတူးၿပီးေတာ့ မီးဖိုစမ္းကြာ”
က်ဳပ္လည္း ေျမက်င္းတစ္ခုတူးၿပီး အသင့္ယူလာတဲ့ ထင္းေခ်ာင္းေတြနဲ႔ မီးဖိုလိုက္ရတာေပါ့ဗ်ာ၊ ဦးဘသာက က်ဳပ္ေဘးနားမွာဝင္ထိုင္တယ္။ ပါလာတဲ့မုန႔္ညက္ေတြကို ထန္းလ်က္ရည္နည္းနည္းထဲ့ၿပီးေတာ့ ႏွဲတယ္ဗ်၊ မုန႔္ညက္ကိုင္လို႔ေကာင္းသြားတာနဲ႔ လူ႐ုပ္ကေလးတစ္ခုလုပ္တယ္၊ ၿပီးေတာ့ မီးဖိုေပၚမွာ အိုးကင္းတင္ၿပီး ဆီနည္းနည္းေလာင္းထည့္တယ္ဗ်၊ ဆီပူလာေတာ့ ခုနကလုပ္ထားတဲ့ လူ႐ုပ္ကိုထည့္ေၾကာ္ပါေရာဗ်ာ၊ အၾကာႀကီးေၾကာ္တာေတာ့မဟုတ္ဘူးဗ်၊ စတိသေဘာမ်ိဳးပဲ၊ ေၾကာ္ေနရင္းနဲ႔လည္း ပါးစပ္က
“ေမာင္မိုးေစြ၊ ပူပလားေဟ့၊ ေမာင္မိုးေစြ က်က္ပလားေဟ့”
တစ္ေယာက္တည္းေအာ္ေနေတာ့တာ၊ က်ဳပ္တို႔လည္း အထူးအဆန္းနဲ႔ၾကည့္ေနတာေပါ့ဗ်ာ၊ ဦးဘသာလုပ္ေနတာေတြကို ဦးထြန္းရင္ကၾကည့္ေနေပမယ့္ မယုံသလိုပဲဗ်၊ ေဆးဆရာဦးဖိုးေခြးကေတာ့ ၾကည့္ရင္းေခါင္းတညိတ္ညိတ္လုပ္ေနတယ္။ ေၾကာ္ၿပီးသား မုန႔္ကို စေလာင္းဖုံးထဲကို ထည့္ၿပီးလက္တစ္ဖက္နဲ႔ကိုင္ထားလိုက္တာပဲဗ်ာ၊ ၿပီးေတာ့ က်ဳပ္ကိုမီးသတ္ခိုင္းတယ္ဗ်။
“အလတ္ေကာင္ေရ၊ ပစၥည္းေတြအားလုံးကို လွည္းေပၚျပန္တင္စမ္း၊ ၿပီးရင္ လွည္းသမားကလည္း လွည္းကိုထြက္ဖို႔အသင့္ျပင္ထားေနာ္”
လွည္းသမားလည္း ေခါင္းညိတ္ၿပီးေတာ့ လွည္းကိုအသင့္ျပင္ထားတာေပါ့ဗ်ာ၊ ဦးဘသာက စေလာင္းဖုံးကို ကိုင္ရင္း စည္းအျပင္ကိုထြက္သြားတယ္ဗ်၊ ၿပီးေတာ့ ေက်ာင္းႀကီးဘက္ကိုၾကည့္ရင္း လွမ္းေအာ္တယ္။
“ဟဲ့ မိုးေစြကိုစားခ်င္တဲ့ဟာမ ထြက္လာခဲ့စမ္း၊ လာစား၊ ဒီမွာမိုးေစြကိုလာစား”
ဦးဘသာေအာ္လိုက္ေတာ့ ေက်ာင္းေပၚကေန မည္းမည္းအရိပ္ႀကီးတစ္ခုက ခုန္ခ်လာတာပဲဗ်ာ၊ ၿပီးေတာ့ က်ဳပ္တို႔ဆီကိုေလွ်ာက္လာတာဗ်၊ ေနဝင္ၿပီးၿပီဆိုေပမယ့္လည္း အလင္းေရာင္မသဲမကြဲေလး ရွိေနေသးေတာ အကုန္ျမင္သာပါေနပါတယ္ဗ်ာ၊ မိန္းမတစ္ေယာက္ဗ်ာ၊ ဆံံပင္ကေတာ့အရွည္ႀကီးပဲဗ်ာ၊ က်ဳပ္တို႔ဆီကိုမ်က္ႏွာမူၿပီးလမ္းေလွ်ာက္လာတယ္ဆိုေပမယ့္ သူ႔ကိုယ္လံံုံးက ေနာက္ျပန္ႀကီးဗ်ာ၊ ေနာက္ျပန္ႀကီးလမ္းေလွ်ာက္လာတယ္ထင္ရတာေပါ့၊ ေခါင္းကေတာ့ အတည့္ဗ်။
“ဟဲ့ ေရာ့၊ ဒါ နင္စားခ်င္တဲ မိုးေစြပဲ”
ဦးဘသာက ေျပာၿပီးေတာ့ စေလာင္းဖုံးကိုလွမ္းပစ္ေပးလိုက္တယ္ဗ်၊ မိစာၦမႀကီးက စေလာင္းဖုံးကိုလွမ္းဖမ္းၿပီးေတာ့ အထဲကိုေသခ်ာၾကည့္လိုက္တာေပါ့ဗ်ာ။
“ဒါမဟုတ္ဘူး၊ ဒါမဟုတ္ဘူး၊ ငါစားခ်င္တာ ဟိုဟာ”
ၿပီးေတာ့ လွည္းေပၚမွာ ဆန႔္ဆန႔္ႀကီးလွဲအိပ္ေနတဲ့ မိုးေစြကိုလက္ညႇိဳးထိုးျပပါေရာဗ်ာ။
“ဒါပဲရမယ္၊ နင့္ကိုေကြၽးတာစား၊ မဟုတ္တာေတြမေတာင္းဆိုနဲ႔ေနာ္”
ဦးဘသာကေျပာေပမယ့္ မိစာၦမက က်ဳပ္တို႔လွည္းဆီကိုအေျပးတစ္ပိုင္းနဲ႔ေလွ်ာက္လာတာဗ်၊ ဒါေပမယ့္ စည္းနားေရာက္ေတာ့ သူစည္းကိုမျဖတ္ဝံ့ဘူးဗ်။ ဦးဘသာက တစ္ခ်က္ၾကည့္ရင္း
“ေက်ာ္ေလ၊ နင္စည္းကိုျဖတ္လိုက္ေလဟာ”
မိစာၦမက ေခါင္းခါၿပီးေတာ့ မိုးေစြကို မ်က္လုံးနဲ႔စူးစူးစိုက္စိုက္ၾကည့္တယ္ဗ်၊ မိစာၦမႀကီးရဲ႕ မ်က္လုံးေတြက အစိမ္းေရာင္ႀကီးေတြ လင္းလို႔ေပါ့ဗ်ာ၊ သူၾကည့္ေနတဲ့အခ်ိန္မွာပဲ လွဲေပၚမွာလဲေနတဲ့မိုးေစြတစ္ေယာက္ ေငါက္ခနဲေကာက္ထိုင္တယ္ဗ်။
“က်ဳပ္သြားရေတာ့မယ္ ဘႀကီး၊ က်ဳပ္သြားရေတာ့မယ္”
ဦးထြန္းရင္လည္း ေၾကာင္ေတာင္ေတာင္နဲ႔ၾကည့္ေနတာေပါ့ဗ်ာ၊ ဒီအခ်ိန္ မိုးေစြက လွည္းေပၚကေနလႊားခနဲခုန္ခ်ၿပီးေတာ့ မိစာၦမဆီကိုေျပးတာပဲဗ်ာ၊ အားလံုံးက ဟာခနဲဟင္ခနဲ အံ့ၾသေနၾကတာ၊ က်ဳပ္သာျမန္လို႔ဗ်ိဳ႕၊ က်ဳပ္က မိုးေစြေျပးတဲ့အေရွ႕ကို ခုန္ဝင္လိုက္ၿပီးေတာ့ မိုးေစြကိုလက္နဲ႔ဖမ္းခ်ဳပ္ထားလိုက္တယ္။ မိုးေစြအားက သန္လိုက္တာဗ်ာ၊ က်ဳပ္လက္ထဲကေန အတင္း႐ုန္းတာဗ်၊ က်ဳပ္လည္းေတာင့္ခံံထားေပမယ့္ သူတြန္းတဲ့ဒဏ္ကိုမခံံႏိုင္ဘူးဗ်ာ၊ မိုးေစြကို ေျခကန္တြန္းရင္း က်ဳပ္ေျခေထာက္ေနာက္ဖက္က စည္းကိုေတာင္နင္းမိေနၿပီဗ်။
ဦးဘသာက က်ဳပ္တို႔ကိုလွမ္းၾကည့္ရင္း
“တားထားၾက၊ မိုးေစြကို တားထားၾက”
ဒီေတာ့မွ လွည္းေမာင္းတဲ့လူက ခုန္ဆင္းလာၿပီး မိုးေစြကိုဆြဲေတာ့တာပဲဗ်ာ၊ ဘႀကီးထြန္းးရင္လည္း ပါတာေပါ့၊ က်ဳပ္တို႔ေယာက္်ားသုံးေယာက္ ဝိုင္းဆြဲတာေတာင္မွ မိုးေစြတစ္ေယာက္ကို မနည္းဆြဲေခၚေနရတယ္ဗ်၊ ဦးဘသာက မိစာၦမအေနာက္ကိုလာရင္းနဲ႔ မိစာၦမရဲ႕ေက်ာကုန္းကို လက္နဲ႔ဖိထားလိုက္တယ္။ ေက်ာကုန္းဆိုေပမယ့္ မိစာၦမက ေနာက္ျပန္ႀကီးဆိုေတာ့ သူ႔ရင္ဘတ္ေပါ့ဗ်ာ။
“အီး၊ ဟီး၊ ေသပါၿပီ”
“နင္အခုခ်က္ခ်င္း သူ႔ကိုလႊတ္လိုက္စမ္း”
“ပူလိုက္တာ၊ ေအာင္မယ္ေလး၊ ကယ္ပါ”
“နင္သူ႔ကိုခ်ဳပ္ထားတာကို လႊတ္လိုက္ေနာ္၊ မဟုတ္ရင္ ဒီထက္နာမယ္”
မိစာၦမခမ်ာ လူးလြန္႔္ေနတာပဲဗ်ာ။ ေနာက္ေတာ့မွ ေခါင္းညိတ္ျပတယ္ဗ်၊ သူေခါင္းညိတ္ၿပီးတာနဲ႔ မိုးေစြတစ္ေယာက္ ေခြက်သြားေတာ့တာပါပဲဗ်ာ။ မိစာၦမက ဦးဘသာဘက္ကိုလွည့္လိုက္ၿပီးေတာ့ ဦးဘသာကိုလက္နဲ႔ပုတ္တယ္ဗ်၊ ဦးဘသာလည္း သူ႔လက္နဲ႔ခံံလိုက္ေတာ့ ဝုန္းခနဲအသံႀကီးထြက္လာၿပီး သူတို႔ႏွစ္ေယာက္ လြင့္ထြက္သြားၾကတာေပါ့ဗ်ာ။
မိစာၦမေျပးတာက လွစ္ခနဲကိုျမန္တာဗ်၊ လွစ္ခနဲလွစ္ခနဲေျပးရင္းနဲ႔ ဦးဘသာကို လက္နဲ႔ပုတ္ေနတာဗ်၊ ဦးဘသာလည္း ခံရတယ္၊ ေနာက္ေတာ့ ဦးဘသာက မိစာၦမကိုမ်က္ေစာင္းတစ္ခ်က္ထိုးလိုက္ေတာ မိစာၦမက ၿငိမ္ကုပ္သြားပါေရာ။
“နင့္ကိုငါ မလုပ္ခ်င္ဘူးမိစာၦမ၊ နင္ဒီထက္ဆိုးရင္ ငါ့အဆိုးမဆိုနဲ႔ေနာ္”
မိစာၦမက ရယ္တယ္ဗ်။
“ဟား၊ ဟား နင္စြမ္းသလား၊ ငါပဲစြမ္းသလားၾကည့္ၾကေသးတာေပါ့ စုန္းစုတ္”
မိစာၦမက အေလ်ာ့မေပးေတာ့ ဦးဘသာက လက္ဝါးႏွစ္ဖက္ကို ပူးၿပီးလက္ခုပ္တီးလိုက္တယ္ဗ်၊ ၿပီးေတာ့ အဲဒီလက္ဝါးႏွစ္ဖက္ကိုခပ္ၾကမ္းၾကမ္းပြတ္ထည့္လိုက္ၿပီးေတာ့
“ေရာ့၊ ေဟာဒါက ေခါင္းျဖတ္စက္”
အဲဒီလိုေျပာၿပီး လက္ႏွစ္ဖက္ကို မိစာၦမဘက္ကို ခ်ိန္႐ြယ္ၿပီး ပြတ္ထည့္ေပးလိုက္တယ္၊ က်ဳပ္တို႔ၾကည့္ေနတုန္းမွာပဲ မိစာၦမရဲ႕ေခါင္းႀကီးက တုံးခနဲျပတ္က်သြားတာပဲဗ်ာ၊ ကိုယ္လုံးႀကီးကေတာ့ ငူငူႀကီးရပ္လို႔ဗ်၊ ေခါင္းက ေျမႀကီးေပၚျပတ္က်ၿပီးေတာ့ ဟိုခုန္ဒီခုန္နဲ႔ ခုန္ေနေသးတယ္။ ၿပီးတာနဲ႔ အသံံနက္ႀကီးနဲ႔ရယ္တာ ေၾကာက္စရာႀကီးဗ်ာ။ ရယ္ရင္းနဲ႔ ေခါင္းႀကီးက ဘုန္းႀကီးေက်ာင္းဘက္ကိုခုန္ထြက္ၿပီးေျပးသြားတယ္ဗ်၊ ဦးဘသာက လွည္းေပၚကိုေျပးတက္လာတယ္။
“ေဟ့ေကာင္ေတြ ျမန္ျမန္လုပ္၊ လွည္းကိုျမန္ျမန္ေမာင္းၾက”
ဦးဘသာ ျပာယီးျပာယာျဖစ္ေနတာကို က်ဳပ္တစ္ခါမွမျမင္ဖူးဘူးေလဗ်ာ။
“ဘာလုပ္ေနတာလဲကြ၊ လွည္းကိုအျမန္ေမာင္းေတာ့ေဟ့”
ဦးဘသာေျပာတာနဲ႔ လွည္းေမာင္းတဲ့လူလည္း ႏြားႏွစ္ေကာင္ကို ႀကိမ္နဲ႔ခပ္နာနာေလးႏွင္လိုက္ေတာ့ လွည္းက တစ္ဟုန္ထိုးထြက္သြားပါေရာဗ်ာ။ က်ဳပ္လည္း ဦးဘသာကိုၾကည့္ရင္း
“ဦးဘသာ၊ ဒီမိစာၦမကို အႏိုင္မတိုက္ဘူးလားဗ်”
ဦးဘသာက ေခါင္းခါရင္း
“မရဘူး၊ သူက နတ္တစ္ပါးနီးပါး အစြမ္းရွိတယ္ကြ၊ ငါလုပ္ခဲ့တဲ့စက္ေတြေတာင္မွ သူ႔ကိုခဏေလာက္ပဲ ထိန္းထားႏိုင္မွာ၊ သူက ေတာ္ေတာ္အဆင့္ျမင့္တဲ့ ပုဂၢိဳလ္တစ္ေယာက္ပဲကြ”
ဒီအခ်ိန္မွာပဲ ဘုန္းႀကီးေက်ာင္းေခါင္မိုးေပၚကေန ေခါင္းႀကီးက တျဖည္းျဖည္းႀကီးလာတာဗ်၊ ေခါင္းေအာက္မွာလည္း ကိုယ္လုံးႀကီးထြက္လာပါေရာဗ်ာ၊ လူေကာင္ႀကီးက အေတာ့္ကိုႀကီးတာဗ်ာ၊ က်ဳပ္တို႔လွည္းကေလးကို လွမ္းၾကည့္ၿပီးေတာ့ ေျခလွမ္းက်ဲႀကီးလွမ္းလိုက္ပါေရာ။ အရပ္ႀကီးက ထန္းပင္ႀကီးေလာက္ရွိမယ္ထင္တယ္ဗ်ာ၊ ေျခေထာက္တစ္ဖက္တစ္ဖက္ကလည္း ထန္းလုံးႀကိးနဲ႔ကိုတူတယ္၊ အရပ္ဂလန္ဂလားႀကီးနဲ႔ က်ဳပ္တို႔လွည္းေနာက္ကို တစ္လွမ္းခ်င္းလိုက္လာတာေပါ့ဗ်ာ။
ဦးဘသာက လက္ညႇိဳးနဲ႔ထိုးလိုက္ရင္ တစ္ခ်က္ရပ္သြားလိုက္၊ ၿပီးရင္ျပန္လွမ္းလာလိုက္နဲ႔ေပါ့ဗ်ာ၊ ဒီလိုနဲ႔ က်ဳပ္တို႔လွည္းက ေပေတာ႐ြာအဝင္နားက ေညာင္ပင္ႀကီးကိုျဖတ္လိုက္ေတာ့မွ မိစာၦမႀကီးက ေညာင္ပင္အနားမွာ ငူငူႀကီးရပ္ၿပီး က်န္ခဲ့တာေပါ့ဗ်ာ။
႐ြာေရာက္ေတာ့မွပဲ အားလုံးသက္ျပင္းခ်ႏိုင္တယ္ဗ်၊ ဦးဘသာက ေရဖလားတစ္ခြက္ထဲကို ကြမ္း႐ြက္ေတြလက္နဲ႔ေခ်ထည့္ၿပီးေတာ့ ႏြားေက်ာင္းသားမိုးေစြရဲ႕ ဦးေခါင္းကို ေလာင္းခ်လိုက္ေတာ့မွပဲ မိုးေစြက သတိျပန္ကပ္တယ္ဗ်၊ ဦးထြန္းရင္နဲ႔ မိုးေစြတို႔ဆိုတာ ဦးဘသာကို ကုန္းကုန္းကန္ေတာ့တာ ေျပာမေနပါနဲ႔ေတာ့ဗ်ာ။ ညအိပ္တာေတာင္မွ စိတ္မခ်ေသးလို႔ သူတို႔အိမ္မွာတည္းခိုင္းတာဗ်။ ညနက္ေတာ့မွ မိုးေစြက ျဖစ္ခဲ့သမွ်ကိုအကုန္ေျပာတာ။
“က်ဳပ္အရင္က မိုက္ခဲ့ပါတယ္ဗ်ာ၊ အဲဒီ ေစတီလွေတာဘက္ကို လူေတြေရွာင္ကြင္းသြားေပမယ့္ က်ဳပ္က မေရွာင္ကြင္းဘဲ သရဲတေစၦကို အယုံအၾကည္မရွိဘူးဆိုၿပီး မိုက္မိုက္ကန္းကန္းသြားမိပါတယ္၊ က်ဳပ္ဆရာႀကီးတို႔ကိုေတာင္းပန္ပါတယ္”
“ေအးေလ၊ လူဆိုတာေတာ့ မွားတတ္တာပဲ၊ ေနာက္ဆိုဆင္ျခင္ေပါ့ကြ”
ႈဦးဘသာက ေရေႏြးတစ္ခြက္ေကာက္ေသာက္လိုက္ၿပီးေတာ့
“ဒါနဲ႔ အဲဒီေက်ာင္းက ဘာလို႔ေက်ာင္းပ်က္ျဖစ္သြားတယ္ဆိုတာ မင္းတို႔သိၾကလား”
က်ဳပ္တို႔လူငယ္ေတြလည္း ေခါင္းခါလိုက္တာေပါ့ဗ်ာ၊ ဘႀကီးထြန္းရင္ကေတာ့
“သရဲတေစၦအရမ္းေျခာက္လြန္းလို႔ေတာ့ ၾကားဖူးတာပဲ၊ ဘုန္းႀကီးေတြလည္း ေသဖူးတယ္ဆိုလားဗ်ာ”
ဦးဘသာက ေခါင္းညိတ္လိုက္ရင္း
“အဲဒီမိစာၦမႀကီးက တျခားသူမဟုတ္ဘူးေဟ့၊ အဲဒီေက်ာင္းတိုက္မွာ ေက်ာင္းထိုင္သြားတဲ့ ဆရာေတာ္ႀကီးရဲ႕မိခင္၊ အဲဒီေက်ာင္းႀကီးတစ္ေဆာင္လုံးကို လႉဒါန္းခဲ့တဲ့ ဒကာမႀကီးပဲကြ”
“ဗ်ာ၊ သူက ေကာင္းမႈေတြလုပ္ခဲ့ရဲ႕သားနဲ႔ ဘာလို႔ ဒီလိုမိစာၦမျဖစ္သြားတာလဲဗ်ာ”
“ေအး၊ အစြဲေပါ့ကြာ၊ ငါထင္တာေတာ့ ေက်ာင္းကိုစြဲတယ္ထင္ပါရဲ႕၊ သူ႔သား ဘုန္းႀကီးပ်ံလြန္ေတာ္မူၿပီးကတည္းက အဲဒီေက်ာင္းမွာ တျခားဘုန္းႀကီးေက်ာင္းမထိုင္ရဲေတာ့ဘူးကြ၊ ေက်ာင္းထိုင္ရင္ အမ်ိဳးမ်ိဳးေႏွာင့္ယွက္တယ္၊ တစ္ခါကလည္း ဘုန္းေတာ္ႀကီးတစ္ပါးက ေက်ာင္းကို ကမၷဝါညႇပ္လြတ္တာဆိုပဲ၊ ဒကာမႀကီးက မေက်နပ္ေတာ့ အဲဒီဦးဇင္းကို ဒုကၡေပးရင္း ဦးဇင္းပ်ံလြန္ေတာ္မူသြားတယ္ဆိုပဲကြာ”
“ဗ်ာ၊ ဒါဆို ေတာ္ေတာ္ဆိုးတာပဲ”
“ဒါေၾကာင့္ အစြဲဆိုတာ သိပ္ေၾကာက္ဖို႔ေကာင္းတယ္လို႔ေျပာတာကြ၊ သူက ကုသိုလ္ေတြအမ်ားႀကီးလုပ္ခဲ့ေပမယ့္ ေသခါနီးႏွလံုံးသြင္းမေကာင္းခဲ့ေတာ့ ယုတ္ညံ့တဲ့ဘဝကို ေရာက္ရတာေပါ့ကြာ၊ ေဟာ မေကာင္းဆိုးဝါးႀကီးျဖစ္သြားတယ္ဆိုေပမယ့္လည္း သူလုပ္ခဲ့တဲ့ ကုသိုလ္ကံံံေတြေၾကာင့္ ကမၼဇိဒၶိလို႔ေခၚတဲ့ တန္ခိုးအစြမ္းေတြရၿပီးေတာ့ မိစာၦမႀကီးျဖစ္သြားတာေပါ့ကြာ၊ ဒါေၾကာင့္္ သူ႔အရပ္မွာ၊ သူ႔အစြမ္းကိုႏိုင္ဖို႔ခက္တယ္ကြ၊ ေနာက္မွတ္ထား၊ အဲဒီေနရာကို ေယာင္လို႔ေတာင္မသြားၾကနဲ႔”
“ေၾကာက္စရာေကာင္းလိုက္တာဗ်ာ၊ ဒါနဲ႔ သူ႔အတြက္အမွ်အတန္းေပးေဝမယ္ဆိုရင္ေရာ၊ သူမကြၽတ္လြတ္ႏိုင္ဘူးလား”
“ဒါကေတာ့ ကံံပဲကြ၊ သူ႔မွာ ၿပိတၱာျဖစ္ရမယ့္ အကုသိုလ္ကံရွိေနသေ႐ြ႕ေတာ့ သူဒီလိုပဲ ေနထိုင္ေနရမွာပဲေပါ့ကြာ”
က်ဳပ္တို႔လည္း သက္ျပင္းခ်လိုက္ေတာ့တယ္ဗ်ာ။
အခုေတာ့အဲဒီေနရာမွာ ဘုန္းႀကီးေက်ာင္းအသစ္နဲ႔ ဘုရားေစတီအသစ္နဲ႔ျဖစ္သြားခဲ့ၿပီဗ်၊ ျဖစ္ပုံကလည္း ထူးဆန္းတယ္ေျပာရမယ္၊ ဆရာေတာ္ကေလးတစ္ပါးက အဲဒီကိုအိပ္မက္အရလာၿပီးေတာ့ ေက်ာင္းကိုျပင္၊ ေစတီကိုျပင္တယ္တဲ့ဗ်ာ၊ ေက်ာင္းျပင္ရင္း ေက်ာင္းတိုက္ေအာက္နားက ေ႐ႊအိုးတစ္လုံးရတယ္ဆိုပဲ၊ ဒါနဲ႔ ေက်ာင္းအလႉ၊ ေစတီအလႉေတြလုပ္ၿပီးေတာ့ အမွ်ေပးေဝလိုက္ေတာ့ အဲဒီမိစာၦမႀကီး ကြၽတ္လြတ္သြားတယ္တဲ့ဗ်ာ၊၊ တစ္ခ်ိဳ႕ကေျပာတာကေတာ့ အဲဒီဆရာေတာ္က အရင္တုန္းက အဲဒီေက်ာင္းမွာထိုင္သြားခဲ့ဖူးတဲ့ ေက်ာင္းထိုင္ဦးဇင္းျပန္ဝင္စားတာလို႔ေျပာၾကတယ္၊ ေက်ာင္းကိုေစာင့္ေနတဲ့ မိစာၦမႀကီးက သူ႔အရင္ဘဝက အေမအေဟာင္းေပါ့ဗ်ာ၊ ဒါေၾကာင့္လည္း မိစာၦမႀကီး ကြၽတ္လြတ္သြားတာလားဆိုတာေတာ့ မသိပါဘူးဗ်ာ။
ၿပီးပါၿပီ။
#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ