” စုန်းထီးကြီးဦးဘသာနှင့် ပီလောမွှေတဲ့ဇာတ် “(စ/ဆုံး)

Unicode Version

” စုန်းထီးကြီးဦးဘသာနှင့် ပီလောမွှေတဲ့ဇာတ် “(စ/ဆုံး)
——————————————————————————
အတွဲ(၃) စာစဉ် (၁၁)

(၁)

“ပီလောရယ်တဲ့၊ မှိုနတို၊ ဟင်းချိုအောင် ပုစွန်ခပ်တယ်၊ ကိုသာဇံ၊ သူ့လယ်တော . . .မှာ”

ကျုုပ်တို့ကြားဖူးနေတဲ့ ခွန်းထောက်ကလေးကို အသံနေအသံထားနဲ့ဆိုနေရင်း လက်ကတော့ ဦးဘသာလယ်ထဲက ပေါင်းပင်တွေကို ကောက်ပေးနေတယ်ဗျ၊ ပေါင်းနှုတ်တာကိုတော့ ကျုပ်တို့အရပ်မှာ ပေါင်းကောက်တယ်ပဲခေါ်တာ၊ ကျုပ်တို့လယ်ကတော့ ပေါင်းတွေကောက်ပြီးလို့ရှင်းနေပြီလေ၊ ဒီတော့ အားတဲ့အချိန်လေး ဦးဘသာလယ်ထဲကိုလည်း ပေါင်းကောက်ပေးတာပေါ့ဗျာ၊ နေ့လည်ခင်းထမင်းစားပြီးတော့ ဦးဘသာနဲ့ကျုပ်နဲ့သူ့လယ်ထဲ ပေါက်နေတဲ့ ပေါင်းပင်တွေကို အတူတူနှုတ်ရင်း တောင်းကြီးတစ်လုံးထဲ ထည့်နေတာပေါ့ဗျာ။

“ဗျို့ ဦးဘသာ၊ ကိုသာဇံသူ့လယ်တောဆိုလို့ အဖေကပြောတော့ ဦးဘသာနာမည်က သာစံတဲ့၊ ဦးဘသာကျတော့ ကိုယ့်ကိုယ်ကိုယ် သာဒင်ဆိုပါလား”

ကျုပ်လှမ်းမေးလိုက်တော့ ကွမ်းတမြုံ့မြုံ့ဝါးရင်း ပေါင်းကောက်နေတဲ့ဦးဘသာက ပြုံးတယ်ဗျ၊ သူက ကျုပ်ကိုစကားပြောချင်တာနဲ့ နှုတ်ပြီးသားပေါင်းပင်တွေ ထည့်ထားတဲ့ တောင်းထဲကို ကွမ်းတံတွေး ထွေးထည့်လိုက်ပါရော၊ ကွမ်းစားတတ်တဲ့သူက လယ်ထဲဆင်းရင် လယ်ခင်းထဲကို ကွမ်းမထွေးရဘူးဆိုတဲ့ အယူရှိတယ်မဟုတ်လား။

“ဒါကတော့ကွာ၊ သာစံဆိုတာ ငါ့အမေပေးခဲ့တဲ့နာမည်၊ ငါကတော့ မကြိုက်ဘူး၊ ဒါနဲ့ပဲ ငါ့နာမည်ကို သာဒင်လို့ ငါ့ဖာသာငါပြောင်းလိုက်တာ”

“နေစမ်းပါဦးဗျ၊ ဦးဘသာက သာစံဆိုတာကို ဘာလို့မကြိုက်တာလဲ”

“ငါ့အမေကတော့ သူများတွေထက် သာသာယာယာ စံစားစေချင်လို့များ သာစံလို့ပေးခဲ့သလားတော့ မသိပါဘူးကွာ၊ ဒါပေမယ့် လူတွေက ခေါ်ကြတော့ သာစံလို့မခေါ်ဘဲ သာဇံလို့ခေါ်တယ်မဟုတ်လား၊ ဒီတော့ ရွာမှာလည်း သာဇံက နှစ်ယောက်တောင်ရှိနေပြီးသားဆိုတော့ နာမည်တွေတူနေတာပေါ့ဗျာ”

“ဒါနဲ့ပဲ ဦးဘသာက နာမည်ပြောင်းလိုက်တယ်ဆိုပါတော့”

“အေးပေါ့ကွ၊ တို့ဗမာအယူအဆအရ နာမည်ဆိုတာက ကြိုက်သလိုပြောင်းနိုင်တယ်မဟုတ်လားကွ”

“ဟုတ်လို့လားဗျာ”

“ဒါပေါ့၊ ဗမာထုံးစံအရ လူတစ်ယောက်ကို မိဘက ငယ်နာမည်ပဲ ပေးတာကွ၊ ငယ်နာမည်ဆိုတာက ခေါ်လို့ကောင်းရုံပေးလိုက်တာ၊ အဲဒီလူက ကြီးသွားတော့မှ အများသိတဲ့နာမည်ပြောင်းသွားတော့တာပေါ့ကွာ၊ ဥပမာ မင်းတုန်းမင်းဆိုပါတော့၊ သူ့ရဲ့ငယ်နာမည်က မောင်လွင်တဲ့၊ မင်းညီမင်းသားဖြစ်တော့ မင်းတုန်းမြို့ကိုစားရတယ်၊ အဲဒီမှာ မင်းတုန်းမင်းသားပေါ့၊ ဟော ဘုရင်လည်းဖြစ်သွားရော မင်းတုန်းမင်းဆိုပြီးအများကခေါ်ကြတာပဲမဟုတ်ဘူးလား”

ကျုပ်လည်းခေါင်းညိတ်လိုက်ရင်း

“ဟုတ်တော့ဟုတ်တယ်ဗျနော်”

“ဒါကြောင့် ဗမာထုံးစံက ငယ်တော့အခါ ငယ်နာမည်၊ ကြီးတဲ့အခါကျတော့ လူပြောများတဲ့နာမည်၊ ဒါမှ မဟုတ်ဆုတွေ ဘွဲ့တွေရတော့ အဲဒီဆုတွေဘွဲ့တွေအတိုင်းခေါ်တာပေါ့၊ မောင်ရစ်ဆိုတဲ့ကောင်လေးက စစ်သူကြီးဗန္ဓုလ ဘွဲ့ရသွားတော့၊ ဗန္ဓုလလို့ပဲခေါ်ကြတယ်မဟုတ်လား”

“ဒါဆိုရင် ကိုယ့်ဖာသာကိုယ် နာမည်ပြောင်းလို့ရတယ်ဆိုတာကရောဗျာ”

“အသက်ကြီးလာလို့ ကိုယ့်နာမည်ကိုယ်မကြိုက်တော့လည်း နာမည်အသစ်ပြောင်းပြီးတော့ အရှေ့ခုနစ်အိမ်၊ အနောက်ခုနစ်အိမ်လောက်ကို လက်ဖက်ထုပ်ပေး၊ မုန့်ကျွေးပြီး ဒီနေ့ကစပြီးတော့ ဒီနာမည်ပဲခေါ်ပါလို့ ပြောင်းလိုက်ရင် ပြီးတာပါပဲကွာ၊ တို့ ဗိုလ်ချုပ်အောင်ဆန်းတောင်မှ သူ့နာမည် ထိန်လင်း ကိုမကြိုက်လို့ အောင်ဆန်းဆိုပြီး ပြောင်းလိုက်တယ်မဟုတ်လား”

ကျုပ်လည်းခေါင်းညိတ်လိုက်ရင်း လက်ကလည်း ပေါင်းပင်တွေကို နှုတ်လိုက်၊ တစ်နေရာမှာ ပေါင်းရှင်းသွားရင်း တစ်နေရာကိုအသာကလေး ရွေ့သွားလိုက်နဲ့ ဆက်လုပ်နေတာပေါ့ဗျာ။

“ဒါပေမယ့် နာမည်ဆိုတာကလည်း ကိုယ်ပေးချင်တိုင်းဖြစ်တာမဟုတ်ဘူး၊ အများက ခေါ်တဲ့နာမည်က တွင်နေတာမျိုးကွ၊ ငါ့ကိုပဲကြည့်လေကွာ၊ ငါ့အမေပေးတာ သာစံ၊ ငါ့ဖာသာကျတော့ သာဒင်လို့ပြောင်းတယ်၊ ဒါပေမယ့် ရွာကလူတွေက ငါ့ကို ဦးဘသာလို့ပဲခေါ်တယ်မဟုတ်လား၊ အခုဆို ရွာကလူတွေက ငါ့နာမည် သာစံလား၊ သာဒင်လားဆိုတာတောင်သိကြလို့လား၊ ဦးဘသာဆိုရင်တော့ လူတိုင်းအသိပေါ့”

“ဟုတ်ပါ့ဗျာ၊ ကျုပ်ကိုဆိုရင်လည်း ခင်မောင်လို့ ဘယ်သူမှမခေါ်ဘူးဗျ၊ ကျုပ်အမေခေါ်တဲ့အတိုင်း အလတ်ကောင်၊ အလတ်ကောင်နဲ့ တစ်ရွာလုံးက ဝိုင်းခေါ်နေကြတာကိုး၊ မသိရင် ရွာမှာ အလတ်ကောင်က ကျုပ်တစ်ယောက်တည်း ကန်ထရိုက်ဆွဲထားတာကျနေတာပဲ”

“အေးလေ၊ ဒါကြောင့် နာမည်ဆိုတာက သူများခေါ်မှ တွင်တာလို့ ပြောချင်တာပေါ့ကွာ၊ အင်း၊ နာမည်နဲ့ပတ်သက်လို့ တို့ငယ်ငယ်က ကြားဖူးတဲ့ ဇာတ်လမ်းလေးတစ်ခုတောင်ရှိသေးကွ”

“ပြောပြပါအုံးဗျာ၊ ပေါင်းကောက်ရင်း ပျင်းနေတာနဲ့ နားထောင်ရတာပေါ့”

ဦးဘသာက ပါးစပ်ထဲက ဝါးပြီးသားကွမ်းဖတ်တွေကို ုတောင်းထဲကိုထွေးထည့်လိုက်ပြီးတော့ လည်ချောင်းတစ်ချက်ဟန့်ပြီး ရှင်းလိုက်သေးတယ်ဗျ။

“ဒီလိုကွ၊ အရင်က မန်ကျည်းကိုးပင်ရွာမှာ လူတစ်ယောက်ရှိတယ်၊ သူ့နဖူးမှာ အမှတ်ပါလို့ ရွာကလူတွေက မှတ်ကြီးလို့ခေါ်သတဲ့ကွ”

“ဟာ၊ ဒါဆို ဆေးဆရာဦးမှတ်ကြီးလိုပေါ့ဗျာ”

“ထားပါတော့ကွာ၊ ဒါပေမယ့် မန်ကျည်းကိုးပင်ရွာမှာ မှတ်ကြီးက နှစ်ယောက်ဖြစ်နေတယ်ကွ၊ ဒီတော့ လူတွေက မှားကျတာပေါ့ကွာ၊ မှတ်ကြီးလို့မေးရင် ဟိုမှတ်ကြီးလိုလို၊ ဒီမှတ်ကြီးလိုလိုနဲ့ ဖြစ်ကုန်တာပေါ့၊ တစ်ရက်တော့ အဲဒီမှတ်ကြီးက သူ့နာမည်ကို မောင်ကြီးလို့ ပြောင်းလိုက်တယ်၊ ရွာကလူတွေကိုလည်း မုန့််ကျွေးလိုက်တာပေါ့ကွာ၊ ဒါပေမယ့်် ငါခုနကပြောသလို ရွာကလူတွေက သူ့ကိုမောင်ကြီးလို့မခေါ်ဘဲ မှတ်ကြီးလို့ပဲပြန်ခေါ်ကြတယ်တဲ့ကွာ၊ ဒါနဲ့ပဲ နာမည်ပြောင်းတာ မအောင်မြင်ဘူးပေါ့”

“အင်းပေါ့ဗျာ၊ နှုတ်ကျိုးနေပြီကိုး”

“ဒါနဲ့ တစ်ရက်တော့ အဲဒီမှတ်ကြီးနဲ့ ရွာသားတစ်ယောက်နဲ့ ရန်ဖြစ်ပြီး တုတ်တစ်ပျက် ဓါးတစ်ပျက်ဖြစ်ကုန်ကြရောကွာ၊ တစ်ဖက်က လူက ဓါးနဲ့ခုတ်လိုက်တော့ မှတ်ကြီးတစ်ယောက် လက်ပြတ်သွားတယ်ကွ၊ ဒီတော့မှ သူ့နာမည် မှတ်ကြီးက ပြောင်းသွားတော့တယ်ဟေ့”

“ဟာ၊ ဘယ်လိုများပြောင်းသွားတာလဲဗျ”

“လက်ပြတ် မှတ်ကြီးတဲ့ကွာ၊ ဟား၊ ဟား”

ဦးဘသာာပြောတော့ ကျုပ်လည်း လိုက်ပြီးရယ်မိတာပေါ့ဗျာ၊ ကျုပ်တို့နှစ်ယောက်လည်း စကားတပြောပြောနဲ့ ပေါင်းကောက်နေရင်း မကြာခင် ကန်သင်းအစပ်ကိုရောက်လာတယ်ဗျ၊ ကန်သင်းတွေရဲ့ဘေးနားမှာ ရေသွင်းတဲ့မြောင်းကလေးတွေရှိတတ်တယ်၊ မိုးကောင်းတဲ့အချိန်ဆိုတော့ ရေမြောင်းလေးတွေထဲ ရေတွေရှိတာပေါ့။ ရေမြောင်းဟိုဖက်မှာတော့ မြေရိုင်းကြီးပေါ့ဗျာ၊ ချုံပင်တွေ တောထနေတာပေါ့။

“ဟာ၊ ဟိုမှာ ပီလောပင်တွေ မနည်းပါလားဗျ”

ကျုပ်လည်း ပြောရင်းဆိုရင်း ပီလောရွက်တွေသွားခူးတယ်ဗျ၊ ရိုးကလေးအထဲမှာလည်း ရေစပ်စပ်နဲ့ မှိုနတိုတွေ ဖွေးနေတာပဲဗျာ၊ ဦးဘသာက ကျုပ်ကိုကြည့်ရင်း

“အလတ်ကောင်ရေ၊ မင်းဆိုတဲ့ ခွန်းတောက်ကတော့ မှန်နေပြီဟေ့၊ ငါ့လယ်တောထဲမှာ ပီလောတွေရော၊ မှိုနတိုတွေရော တောထနေလို့ပါလားကွ၊ ဟား၊ ဟား”

ဦးဘသာကတော့ လယ်စပ်ကနေကြည့်နေတယ်၊ ကျုပ်ကတော့ ပီလောရွက်တွေခူးလိုက်၊ မှိုနတိုတွေ ခူးလိုက်ပေါ့ဗျာ။

(၂)

ပီလောရွက်ဆိုတာ အလေ့ကျပေါက်တဲ့အရွက်မျိုးဗျ၊ မမြင်ဖူးတဲ့လူတွေမြင်ရအောင်ပြောရရင်တော့ ချဉ်ပေါင်ရွက်နဲ့နည်းနည်းဆင်တယ်ဗျ။ ကျုပ်တို့ လယ်တော၊ ယာတွေတွေမှာ ခုလိုမိုးတွင်းဆို ပေါမှပေါပဲဗျာ၊ ကျုပ်တို့အညာသားတွေအတွက်တော့ အလကားရတဲ့ ဟင်းစားတစ်မျိုးပေါ့၊ အညာသူအညာသားမှန်ရင် ပီလောဟင်းတော့ စားဖူးကြမယ်ဗျ။ ပီလောမှာလည်း ကျုပ်သိသလောက် အရွက်ချွန်တာနဲ့ အရွက်ဝိုင်းတာဆိုပြီးတော့ နှစ်မျိုးရှိတယ်၊ နှစ်မျိုးစလုံး စားလို့သောက်လို့ကောင်းတာပဲ။

မှိုနတိုဆိုတာကတော့ အရွက်ဝိုင်းဝိုင်းကလေး လေးပွင့််စုပြီးပွင့်နေတဲ့ဟာပေါ့ဗျာ၊ အရွက်ကအစိမ်းရောင်ဆိုပေမယ့် အရွက်ပေါ်မှာ ငွေရောင်အမှေးပါးလေးတွေပါလို့ မှိုနတိုတွေကို အဝေးကလှမ်းကြည့်ရင် ဖွေးနေအောင်မြင်ရတတ်တာပေါ့၊ မှိုနတိုမှာလည်း ကုန်းမှာပေါက်တဲ့ဟာနဲ့ လယ်ကွင်းတွေ ရေစပ်တွေနားမှာပေါက်တဲ့ မှိုနတိုဆိုပြီး ရှိသေးတယ်၊ ကုန်းမှိုနတိုက ခပ်သေးသေးလေးတွေဗျ၊ ကျုပ်တို့ဖက်တော့ ပေါက်လေ့သိပ်မရှိဘူး၊ ကျုပ်တို့ဆီမှာပေါက်တာကတော့ ရေမှိုနတိုပဲ၊ ရေထဲပေါက်တဲ့အပင်တွေဆိုရင် သိပ်သန်တာဗျ၊ တစ်ချို့ဆို ကျပ်ပြားဝိုင်းလောက်တောင်ရှိတာ၊ ဒါပေမယ့်် ရေထဲပေါက်တဲ့ မှိုနတိုက သိပ်ပြီးတော့ မသန့််ဘူးဗျ၊ ရေညှိတွေ၊ ရွံ့တွေပါတတ်တယ်၊

လယ်ကွင်းအစပ်နား ကုန်းစပ်စပ်၊ ရေစပ်စပ်နားမှာ ပေါက်တဲ့မှိုနတိုတွေကတော့ ခူးလို့အဆင်ပြေသလို၊ ဆေးရတာလည်း လွယ်မှလွယ်ပဲဗျာ၊ ဒီတော့ ကျုပ်လည်း ကန်သင်းစပ်နားက မှိုနတိုတစ်အုပ်ကိုခူးလိုက်တာ လက်တစ်ပွေ့ပဲဗျာ၊ ပီလောရွက်နဲ့ပေါင်းလိုက်တော့ လက်နှစ်ဖက်ပွေ့ပြီးတော့ ကိုင်ရပါရော၊ ဒါတောင်မှ ပီလောနဲ့ မှိုနတိုက အများကြီးကျန်သေးတာ၊ အဲဒီအချိန်တုန်းကတော့ စားလို့ကိုမနိုင်ပါဘူးဗျာ။

ခုခေတ်တော့ မရှိတော့ပါဘူး၊ လယ်ထဲပေါင်းကောက်ရမှာစိုးလို့ ပေါင်းသတ်ဆေးနိုင်နိုင်ထည့်ကြရင် အဲဒီအပင်တွေလည်း သူ့အလိုလိုတုန်းသွားတာဗျ၊ ခုခေတ်တော့ ပီလောရွက်ဆိုရင် လမ်းဘေးမှာ နေ့တစ်ပိုင်းလောက်ရှာတောင် လက်တစ်ပွေ့ရဖို့ မသေချာတော့ဘူးဗျ။

ကျုပ်လည်းခူးလာတဲ့ ပီလောနဲ့ မှိုနတိုကို ဦးဘသာကို နည်းနည်းပေးလိုက်တာပေါ့ဗျာ၊ သူကတစ်ကိုယ်တည်းသမားဆိုတော့ တစ်ခါစားပဲယူပါတယ်၊ ညနေအိမ်ပြန်တော့ ပီလောရွက်တွေကို ပုဆိုးနဲ့ထုပ်ပြီး ပြန်ခဲ့တာပေါ့ဗျာ။

ခြံထဲဝင်လိုက်တာနဲ့ အမေ့ကိုအော်ပြောရတယ်။

“အမေရေ၊ ပီလောတွေရော၊ မှိုနတိုတွေရော ပါလာတယ်အများကြီးပဲ”

“အေးဟယ်၊ အတော်ပဲ ပဲကြီးနဲ့ရောချက်စားရအောင်၊ ဟဲ့၊ နင့်ဟာက အများကြီးပါလားဟဲ့”

ကျုပ်ခူးလာတဲ့အရွက်တွေကများလွန်းလို့ အမေ့မှာ ဘေးအိမ်တွေကို ဝေလိုက်တာ လေးငါးအိမ်တောင် စားလောက်တယ်ဗျ၊ ပီလောရွက်တို့ မှိုနတိုတို့ဆိုတာက လက်တစ်ဆုပ်လောက်ရှိရင်ကို စားလို့လောက်နေတာမဟုတ်လား၊ အမေက ပဲကြီးဟင်းချက်တော့တယ်၊ ပြီးတော့ စားခါနီးမှ ဟင်းအိုးဆူူဆူထဲကို ပီလောရွက်နဲ့မှိုနတိုကလေး ခပ်ပြီးတော့ ကြက်သွန်ဖြူ လေးငါးတက်လောက် ဓါးပြားရိုက်ထည့်လိုက်ရင်တော့ ပီလောဟင်းပြီးပြီပေါ့ဗျာ။

ပီလောဟင်းဆိုတာ ခပ်ချွဲချွဲ၊ ခပ်ပျစ်ပျစ်ဗျ၊ ဒီတော့ ထမင်းစားရင် မြောချလို့သိပ်ကောင်းတာပေါ့ဗျာ၊ ကျုပ်တို့အရပ်မှာတော့ ပီလောရွက်ဟင်းချိုကို မော်တော်ကားဟင်းလို့ခေါ်ကြတယ်၊ ဘာလို့လဲဆိုတော့ ထမင်းစားရင် မြန်မြန်စားနိုင်လို့တဲ့ဗျာ၊ တကယ်လည်းဟုတ်တာကိုးဗျ၊ ဆန်ကြမ်းထမင်းကို ငါးပိချက်ကလေးနဲ့ထွေးပြီး ပါးစပ်ထဲကိုထည့်၊ ပြီးရင် ပီလောဟင်းရည်ကလေး ရှူးခနဲခပ်သောက်လိုက်ရင် သူ့အလိုလိုရှလွတ်ခနဲ လည်ချောင်းထဲကို လျောပြီးဝင်သွားတာဗျ။ ဒါကြောင့်လည်း ဦးပုညက ရေသည်ပြဇတ်ထဲမှာ ရေးခဲ့တာပေါ့။

“ပဲ(စိ)တဝက်၊ ပြောင်းတဝက်နှင့် ဆန် ပြက်သိကာ ပါကောင်းလို့ ပါတော့တယ်၊ ဟင်းလျာမှာ ပီလော၊ လည်ချောင်းကို မြေလှန်၊ ဂလုံဆန်အောင်၊ ခြေကန်လို့မျှောရတယ် ကောလိုက်တဲ့ကံ”

ဆိုပြီးတော့ ရေသည်မိန်းမထမင်းစားတဲ့ပုံကို ရေးခဲ့တာမဟုတ်လား၊ ကျုပ်တို့စားတဲ့ထမင်းကတော့ ပဲတွေ၊ ပြောင်းတွေမပါလို့ ရေသည်မိန်းမထမင်းလောက်တော့ မကြမ်းပေမယ့််၊ ကျုပ်တို့ခေတ်က ဆန်တွေက ဆန်ကြမ်းကြီးတွေဗျ၊ ပြီးတော့ ဆန်စက်နဲ့သွားဖွပ်တာထက် အိမ်မှာပဲ မောင်းဆုံနဲ့ ဖွပ်ထားတဲ့ဆန်တွေဆိုတော့ ခပ်ကြမ်းကြမ်းတွေပေါ့ဗျာ၊ ပီလောဟင်းပါတာတောင်မှ ခြေကန်ပြီး မြိုချရတယ်ဆိုတဲ့ ရေသည်မိန်းမရဲ့ဆင်းရဲတာကို ဖွဲ့ဆိုတာ မျက်လုံးထဲတန်းခနဲမြင်အောင် ဖွဲ့တတ်တာ လက်ဖျားခါလောက်ပါရဲ့။

တခြားဟင်းနဲ့ဆို အိမ်မှာဆန်တစ်ပြည်ချက်လောက်ပေမယ့် ပီလောဟင်းနဲ့ဆိုရင်တော့ အဲဒီတစ်ပြည်တောင်မှ အလုအယက်စားကြရတာ၊ အခုပြန်တွေးရင်တောင်မှ မိန်နေပါသေးတယ်ဗျာ။

စားပြီးတော့ ဗိုက်အင့်အင့်နဲ့ အဖေ့ဘေးနားထိုင်ပြီး ထန်းလျက်ခဲစားကြတာပေါ့ဗျာ၊ အဖေနဲ့ ထွေရာလေးပါး လျှောက်ပြောကြရင်း အဲဒီပီလောအကြောင်းရောက်သွားတယ်ဗျ။

“ပီလောက ချွဲလို့ပဲ စာဆိုတောင်ရှိသေးတယ်ကွ၊ ပီလောပင်ပက်ကျိတက်တယ်တဲ့၊၊ ဆိုလိုချင်တာကတော့ကွာ ဒီလောက်ချွဲနေတဲ့ပီလောပင်ကိုတောင်မှ ပက်ကျိက ထပ်ကပ်ပြီး ပိုချွဲတယ်လို့ဆိုချင်တာပေါ့၊ မိန်းကလေးတွေ ချွဲချွဲပျစ်ပျစ်နဲ့ဆိုရင် ပီလောမတွေ၊ ပီလောပင်ပက်ကျိတက်တယ်ဆိုပြီး ခိုင်းနှိုင်းပြောဆိုကြတာပေါ့ကွာ”

အမေကလည်း ရေနွေးကြမ်းအိုးလေးကိုင်လာပြီး

“ဒါပေါ့၊ ဟိုတစ်ခါက ချွဲချွဲပျစ်ပျစ်ပြောတဲ့ မင်းသမီးကို တို့ရွာကလူတွေက ပီလောငိုလို့ ခေါ်တယ်မဟုတ်လား၊ ချွဲလွန်းလို့ ပီလောတောင် ငိုရတယ်တဲ့”

ဒီလိုနဲ့ ကျုပ်တို့စကားဝိုင်းကလေးက ညဘက်မှာ ရယ်သံမောသံ တသောသောနဲ့ ဖြစ်ခဲ့တာပေါ့ဗျာ။

(၃)

သုံးလေးရက်ကြာတော့ အမေက ကျုပ်ကို လက်တို့ပြီးခေါ်တယ်။

“ဟဲ့၊ အလတ်ကောင် နင့််အဖေအနောက်ကို လိုက်ကြည့်စမ်း”

“ဟာ၊ အမေကလည်း ဘာဖြစ်လို့လဲ”

“နင့်အဖေကို ရွာနောက်ပိုင်းက ခင်နှောင်းက မြှူဆွယ်နေလို့တဲ့ဟ”

“ဟာ၊ အမေကလည်း ဟုတ်ပါ့မလား”

အမေက ကျုပ်ကိုခေါင်းခေါက်ရင်း

“ဒါကြောင့်် နင့်ကိုလိုက်ကြည့်ခိုင်းတာပေါ့၊ နင်ပါးပါးနပ်နပ်တော့လုပ်၊ ကြားလား”

အမေ့အမိန့်နဲ့ ကျုပ်လည်း မယောင်မလည်နဲ့ထွက်ခဲ့တာပေါ့ဗျာ၊ ခင်ဗျားတို့နားလည်အောင် ရှင်းပြရအုံးမယ်၊ အဲဒီတုန်းက ယောက်ျားလေးတစ်ယောက်က မိန်းမနောက်ထပ်ထပ်ယူတာ အိမ်ထောင်ရေးဖောက်ပြန်တယ်လို့ မခေါ်ဘူးဗျ၊ ကျွေးနိုင်ရင် ယူလို့ရတဲ့ခေတ်၊ ကျုပ်တို့ရွာမှာတောင် မိန်းမတွေအများကြီး ယူထားတဲ့လူတွေမနည်းဘူး၊ မယားပြိုင်ယူတယ်လို့ခေါ်တာ၊ အဓိက ကတော့၊ မိန်းကလေးမိဘတွေသဘောတူရင် အိမ်ထောင်ရှိတဲ့ယောက်ျားဖြစ်ပါစေ နောက်ထပ်မိန်းမထပ်ယူလို့ရတယ်၊ ပြီးတော့ ယူထားတဲ့မိန်းမကို အိမ်ခေါ်လာပြီး မယားနှစ်ယောက် ပေါင်းလို့လည်းရသလို၊ ရွာတောင်ပိုင်းမှာ မိန်းမတစ်ယောက်ယူ၊ အိမ်တစ်ဆောင်မီးတပြောင်နဲ့ထား၊ ရွာမြောက်ပိုင်းမှာလည်း မိန်းမတစ်ယောက်နဲ့ ဟိုအိမ်သွားနေလိုက်၊ ဒီအိမ်သွားနေလိုက် ပေါင်းသင်းနေတဲ့သူတွေလည်းရှိတယ်ဗျ။

အသက်ခြောက်ဆယ်အဘိုးကြီးလည်း အပျိုနဲ့ယူချင်ယူတာပဲ၊ ဟော၊ လူပျိုဆိုပေမယ့်လည်း တစ်ခုလပ်၊ တစ်လင်ကွာနဲ့ ညားချင်ရင်လည်းညားတာပဲဗျာ၊ တစ်ခါတစ်လေ အကိုဖြစ်သူသေသွားလို့ အကို့မိန်းမကိုယူလိုက်ရတာ၊ ညီဖြစ်သူဆုံးသွားပြီး မိန်းမက ကလေးတွေနဲ့ကျန်ခဲ့လို့ အကိုက ထပ်ယူပြီး စောင့််ရှောက်ထားရတာတွေလည်းရှိတယ်၊ ခုခေတ်လို တလင်တမယားခေတ်မဟုတ်ဘူးပေါ့ဗျာ၊ ယောက်ျားကောင်း မောင်းမတစ်ထောင်ဆိုတဲ့ခေတ်ပေါ့။

ကျုပ်အဘိုးသူကြီးဆိုရင်လည်း မိန်းမချည်း ခုနစ်ယောက်လောက်ယူခဲ့တာဗျ၊ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်က တန်ခိုးထွားခဲ့တဲ့သူကိုးဗျ၊ ဒါတောင်မှ တိတ်တိတ်ပုန်းတို့၊ လင်ခန်းမယားခန်း ပြတ်သွားတဲ့သူတွေ မပါသေးဘူးဗျ၊ ဒါကြောင့်် တစ်ရွာလုံး ကျုပ်တို့အမျိုးမလွတ်ဘူးလို့ အရီးပြုံးကပြောတာပေါ့၊ မိန်းမခုနစ်ယောက်က မွေးတဲ့သားသမီး၊ မြေးမြစ်တွေက တစ်ရွာလုံးအနှံ့ဖြစ်နေတာပေါ့ဗျာ။

ကျုပ်လည်း အဖေ့ကိုတော့ သိပ်မထင်ချင်ဘူး၊ ဒါပေမယ့်လည်း အဖေကလည်း ယောက်ျားသားဆိုတော့လည်း သိပ်တော့မယုံရဲဘူးပေါ့ဗျာ၊ နွားအိုမြက်နုကြိုက်တို့၊ သေခါနီးရိက္ခာယူတယ်တို့ဆိုတာတောင် ရှိသေးတယ်မဟုတ်လား၊ ကျုပ်လည်း အဖေ့အနောက်ကနေ အသာလေးလိုက်လာခဲ့တာပေါ့ဗျာ၊ အဖေကမျက်စိလျင်တာနဲ့ တော်တော်ဝေးဝေးကနေလိုက်မှရတယ်၊ အဖေက ရွာနောက်ပိုင်းကို တည့်တည့်ဦးတည်သွားနေတယ်ဗျ၊ အဲဒီနေရာမှာ လမ်းကွေ့ကလေးရှိတော့ ကျုပ်လည်း လမ်းကွေ့နားက ချုံကွယ်လေးထဲ ဝင်နေလိုက်တယ်၊ ကျုပ်ပြန်ထွက်ကြည့်လိုက်တော့ အဖေမရှိတော့ဘူး၊ အဲဒီအနားမှာလည်း မခင်နှောင်းအိမ်ရှိတယ်မဟုတ်လား၊ ကျုပ်လည်း အဖေဝင်သွားတာဖြစ်မယ်ဆိုပြီးတော့ မခင်နှောင်းအိမ်ကို ပတ်ချောင်းဖို့ပြင်တာပေ့ါဗျာ။

မခင်နှောင်းဆိုတာက ကျုပ်တို့ထက် လေးငါးနှစ်တော့ကြီးတယ်၊ ရွာမှာတော့ အပျိုကြီးစာရင်းဝင်ပေါ့ဗျာ၊ အကိုကြီးတို့နဲ့တော့ ရွယ်တူလောက်ရှိမှာပေါ့၊ အပျိုကြီးဆိုပြီး ဘိုသီဘတ်သီကြီး မဟုတ်ဘူးဗျ၊ သူ့မိဘတွေက လယ်တွေပိုင်တယ်၊ အခု သူ့မိဘနှစ်ပါးစလုံး ရှေ့ဆင့်နောက်ဆင့်ဆုံးသွားတာဆိုတော့ အိမ်မှာ သူ့အဘွားရယ်၊ သူရယ်ပဲ ကျန်ခဲ့တာပေါ့ဗျာ၊ လယ်တွေကို သီးစားချထားပြီးတော့ အေးအေးဆေးဆေးနေရုံပဲ၊ ကိုယ်လုံးကိုယ်ပေါက်ကလည်း တောင့်တောင့်၊ အသားကလည်း တင်းတင်းရင်းရင်းနဲ့ မျက်နှာလေးတွေ၊ ပါးလေးတွေဆိုရင် ပြောင်ပြောင်လေးဗျ။ အဖေကြိုက်ချင်လည်း ကြိုက်ချင်စရာကြီးပါ၊ သူ့ပုံစံက မင်းကြိုက် စိုးကြိုက်ရုပ်ကိုးဗျ။

မခင်နှောင်းတို့ အိမ်နံဘေးမှာ စပါးကျီတွေရှိတယ်၊ အဲဒီဘေးနားမှာတော့ ခြံလွတ်ကြီးတစ်ခုရှိတယ်ဗျ၊ ကျုပ်လည်း ခြံလွတ်ကြီးထဲကို အတင်းဝင်လိုက်တာပေါ့၊ ခြံလွတ်ဆိုတော့ အထဲမှာ ချုံနွယ်ပိတ်ပေါင်းတွေ အပြည့်ပေါ့ဗျာ၊ ကျုပ်လည်းး အဖေဝင်သွားသလားဆိုတာ သေချာအောင်လို့ လှေကားအတက်အဆင်းကိုသေချာကြည့်ရတယ်၊ တွေ့ပါပြီဗျာ၊ အဖေအမြဲစီးနေက အဖေ့ကတ္တီပါဖိနပ်၊ မခင်နှောင်းတို့အိမ်ပေါ်တက်တဲ့ လှေကားရင်းနားမှာချွတ်ထားတယ်၊ ကျုပ်လည်း မခင်နှောင်းတို့အိမ်အနားကိုထပ်ကပ်ခဲ့တော့ အိမ်အလယ်ခန်းလောက်မှာ အသံကြားတယ်ဗျ။

မခင်လှတို့အိမ်အောက်က လူတစ်ယောက်ကုန်းပြီးဝင်လို့ရအောင်မြင့်တယ်၊ ကျုပ်တော့ ကုန်းမဝင်ပါဘူး၊ ဘာကြောင့်လည်းဆိုတော့ ကြမ်းကြားတွေရှိတယ်လေ၊ မတော်တဆ ကြမ်းပေါက်ကနေ ကျုပ်ကိုမြင်သွားနိုင်တယ်၊ ဒီတော့ ထရံနားကို ကပ်ပြီး ထရံကိုအပေါက်ရှာမိတယ်။ ထရံတွေကလည်း အသစ်ဆိုတော့ အပေါက်ကိုမတွေ့ဘူး၊ ကျုပ်တို့ဆီမှာ ထရံချော၊ ထရံကောင်းဆိုရင် အပေါက်မတွေ့အောင် စိပ်စိပ်ရက်ကြတာကိုး၊ ဒါနဲ့ပဲ နားနဲ့ကပ်ပြီး နားထောင်ရတာပေါ့။

“ကိုမောင်၊ စားနော်”

အဖေ့ကိုလည်း ကိုမောင်တဲ့ဗျ။ အဖေ့နာမည်ကို အဖျားစွတ်ပြီးခေါ်တဲ့ပုံပဲဗျ။ အဖေပြန်ဖြေတဲ့အသံကိုတော့မကြားရဘူးဗျ။ ကျုပ်ထင်တာကတော့ မခင်နှောင်းတစ်ယောက် အဖေ့ကိုထမင်းပြင်ကျွေးနေပုံပဲဗျ၊ ပန်းကန်သံခွက်သံတွေကြားတာနဲ့ နေ့လည်စာမစားရသေးတဲ့ကျုပ်တောင်မှ ဗိုက်တွေဆာနေပြီ။

“ကိုမောင်အကြိုက် ပီလောဟင်းရည်လေးချက်ထားသေးတယ်၊ သောက်လို့ကောင်းရဲ့လား”

“ကောင်းပါ့ဗျာ၊ ခင် ချက်တဲ့ ပီလောဟင်းလက်ရာကောင်းချက်ကတော့ အိမ်ကမိန်းမချက်တဲ့ ပီလောဟင်းကိုတောင်မသောက်ချင်လောက်အောင်ကိုကောင်းတာ”

အဖေက ထမင်းလုပ်ကြီးနဲ့စကားပြောနေတယ်၊ ပြီးတော့ ဟင်းချိုတွေကိုလည်း ရှလူးရှလူးနဲ့သောက်နေသေးတယ်ထင်ပါတယ်ဗျာ၊ ဒီအချိန်မှာပဲ မခင်နှောင်းတို့အိမ်မှာ မွေးထားတဲ့ ခွေးကြီးက အိမ်ခေါင်းရင်းနားမှာ ကုန်းကုန်းနဲ့လုပ်နေတဲ့ကျုပ်ကိုမြင်သွားပါရောဗျာ၊ ဒါနဲ့ ကျုပ်ဆီကို တဟုန်ထိုးပြေးလာတယ်ဗျ။ ကျုပ်လည်း အနောက်က ခြေသံကြားလို့လှည့်ကြည့်တော့ ဒီခွေးကြီးက ကျုပ်ကိုလှမ်းကိုက်တာဗျာ၊ ကျုပ်အရှောင်မြန်လို့ပေါ့၊ ဒါတောင်မှ ပုဆိုးစကို ခဲမိသွားသေးတယ်။ ကျုပ်လန့်အော်တော့မလို့ ဒါပေမယ့် အဖေတို့ရှိတော့ ပါးစပ်ပိတ်ထားလိုက်ရတယ်။

ခွေးကိုလည်း ထုမယ့်နှက်မယ့်ဟန်လုပ်တော့ ခွေးက လန့်ပြီးအနောက်ဆုတ်သွားတယ်၊ ဒါပေမယ့် ကျုပ်ကိုထိုးဟောင်တော့တာပါပဲ၊ ဒီအခါ အိမ်ပေါ်က အသံကြားရတယ်ဗျ။

“ဟဲ့၊ နှာကောက်၊ နင်ဘယ်လိုဖြစ်လို့အော်နေတာလဲဟဲ့”

“ဟာ၊ ခင်ကလည်း ခွေးဝဲစားတွေ့လို့ ဟောင်တာဖြစ်မှာပါ”

“ဟုတ်ပါရဲ့၊ ကိုမောင်ရယ်၊ အားနာလိုက်တာ၊ စားသာစား၊ ဝအောင်စား၊ စားပြီးသွားရင်လည်း အဟင်း . . .”

ခင်နှောင်းအသံက ရယ်သံနှောနေတယ်ဗျ၊ ကျုပ်ကိုလည်း ခွေးကြီးက တဂီးဂီးလုပ်နေတာနဲ့ ကျုပ်လည်း ခြံကွက်အလွတ်ထဲကို ပြန်ပြေးဝင်ပြီးတော့ အိမ်ကိုအပြေးပြန်လာတာပေါ့ဗျာ။

“အမေရေ . . . အမေ”

ကျုပ်ဆိုခြံထဲဝင်ကတည်းက အော်ပြီးဝင်လာတာဗျ၊ အမေအနားရောက်တော့ အမေက ကျုပ်ကိုခေါင်းတန်းခေါက်ပါရော၊

“သေမလို့အော်လာတာလားဟဲ့၊ ပတ်ဝန်းကျင်က ကြားရင်တစ်မျိုးထင်နေအုံးမယ်”

“သေတာထက် အရေးကြီးတယ်အမေရေ၊ အဖေက မခင်နှောင်းနဲ့ . . .”

ကျုပ်ပြောတော့မှ အမေက ပြူးပြူးပြာပြာဖြစ်သွားတယ်။

“ဟဲ့၊ ဘာဖြစ်တာလဲ”

“မခင်နှောင်းနဲ့အတူတူစားသောက်နေတာဗျာ၊ ပြီးတော့ပြောသေးတယ် မခင်နှောင်းချက်ကျွေးတဲ့ ပီလောဟင်းရည်က ကောင်းလွန်းလို့၊ အမေချက်ပေးတာကိုတောင် မသောက်ချင်ဘူးတဲ့ဗျာ”

“ကြည့်စမ်း၊ သေနာကောင်ကြီး”

“အမေက အဲဒါတွေခက်တာပဲ၊ အဖေစိတ်ကုန်တာ အမေ့ကြောင့်လည်းပါတယ်၊ အမေက တစ်ချိန်လုံး ဆဲလိုက်ဆိုလိုက် လုပ်နေတော့တာကိုးဗျ၊ ဟိုက မခင်နှောင်းက အချော့ကောင်း၊ အချွဲကောင်းနော်ဗျ၊ အဖေ့ကိုတောင် ကိုမောင်လို့ခေါ်တာ၊ စကားပြောရင်လည်း ရယ်ရတာနဲ့၊ တဟင်းဟင်းနဲ့ မူနေရတာနဲ့”

အမေက ဒေါသတွေထွက်ပြီးတော့ ခါးထောက်လိုက်တယ်။

“လာပါစေအုံး၊ ဒီလူကြီးတော့ ငါနဲ့တွေ့မယ်၊ နင်ပြောတာ သေချာတယ်နော်အလတ်ကောင်”

“အမေကလည်းဗျာ၊ ကျုပ်မျက်စိနဲ့မြင်ခဲ့တာ၊ ဟောဒီကျုပ်နားနဲ့ဆတ်ဆတ်ကိုကြားခဲ့တာ၊ အမေမယုံဘူးဆိုရင် အမေ့ယောက်ျားပြန်လာရင် ထမင်းတန်းကျွေးကြည့်ပေါ့၊ ဟိုအိမ်မှာ တစ်ဖြဲနှစ်ဖြဲစားလာတာဆိုတော့ အိမ်ရောက်ရင် ထမင်းဘယ်စားနိုင်မလဲ၊ အမေ့လက်ရာကိုလည်း စားချင်မှာလည်းမဟုတ်ပါဘူးလေ”

“တောက်၊ အေး၊ တွေ့မယ်၊ မသန်းတဲ့ တစ်သန်းထဲရှိတယ်၊ ဒင်းတို့အမျိုးတွေက ဒီအတိုင်းပဲ၊ ဒင်းအဖေကြီးကလည်း နှာဘူးကြီး၊ ဒင်းလည်း အသက်ကြီးမှ အကြောထလာတယ်ထင်တယ်၊ ဟင်း၊ ဟင်း”

ကွမ်းတစ်ယာညက်လောက်ကြာတော့ အဖေပြန်ရောက်လာတယ်ဗျ၊ အဖေက မခင်နှောင်းအိမ်မှာ ထမင်းစားပြီးတော့ ဘာတွေထပ်စားလာသလဲတော့မသိဘူး၊ သွားကြားထိုးတံလေးကိုက်လာပြီးတော့ လေကလေးကလည်း တချွန်ချွန်နဲ့ဗျ၊ ခြံထဲဝင်လာပြီးတော့ ခုံတန်းကလေးမှာထိုင်လိုက်တယ်၊ ပြီးတော့ သီချင်းကလေး ညည်းနေရင်း ရေနွေးအိုးထဲက ရေနွေးငှဲ့နေတယ်ဗျ။ ကျုပ်တောင်အချက်ပေးစရာမလိုပါဘူးဗျာ၊ အမေက မီးဖိုချောင်ထဲကနေထွက်လာတယ်။

“ဟော၊ လင်တော်မောင်သူကြီးမင်းတောင် အိမ်ပြန်ရောက်လာပြီကိုး၊ ထမင်းစားတော့မလား ဟောဒီက မိန်းမပြင်ပေးမယ်”

အဖေက ရေနွေးငှဲ့ရင်း ခေါင်းခါတယ်။

“မစားတော့ပါဘူးကွာ၊ ငါအပြင်ကနေစားလာခဲ့ပြီးပြီကွ”

“ဟောတော်၊ တော်တော်မှစားကောင်းခဲ့ရဲ့လား”

“ကောင်းပါ့၊ ကြက်သားဟင်းရယ်၊ ပီလောဟင်းရည်လေးနဲ့ဆိုတော့ စားလို့မြိန်ချက်”

“သြော်၊ ဟုတ်ရဲ့လား၊ ပြောစမ်းပါအုံးတော်၊ အဲဒီကချက်တဲ့လက်ရာနဲ့ ကျုပ်ချက်တဲ့လက်ရာ ဘယ်ဟာက ပိုကောင်းသလဲတော့”

“ဟာ မသန်း၊ မင်းဘာဖြစ်နေတာလဲဟ၊ မင်းချက်ကျွေးတဲ့လက်ရာကို ငါအနှစ်သုံးဆယ်လောက်စားခဲ့တာပါကွ၊ မင်းလက်ရာအကောင်းဆုံးပေါ့”

အဖေက မြှောက်ပြောပေမယ့် အမေက မပြုံးဘဲနဲ့ မျက်နှာကြီးက မဲ့ရွဲ့သွားတယ်ဗျ၊ အရင်ကဆို ဒေါသထွက်လာရင် အဖေ့ကိုကတ်ကတ်လန်ရန်တွေ့လိုက်၊ စိတ်မထင်ရင်မထင်သလို လက်ပါတတ်တဲ့အမေက အခုတော့ မျက်ရည်ပေါက်တွေကျပြီးတော့ မီးဖိုထဲကိုပြေးဝင်သွားတော့တယ်၊ အဖေက ကျုပ်ကိုနားမလည်နိုင်သလိုနဲ့ကြည့်တယ်။

“အလတ်ကောင်၊ မင်းအမေဘာဖြစ်သွားတာလဲကွ”

ကျုပ်လည်း ဟန်ဆောင်ကောင်းလွန်းတဲ့ အဖေ့ကို ဒေါသထွက်ထွက်နဲ့ပြန်ကြည့်ရင်း

“ဒါလေးတောင်အဖေမသိဘူးလား၊ တကယ်ဆိုရင် အဖေက အမေ့ကိုမပြောရင်တောင် ကျုပ်တို့ကိုတိုင်ပင်သင့််တယ်၊ အဖေအရမ်းဖြစ်ချင်နေတယ်ဆိုရင်တောင် ကျုပ်တို့မျက်နှာကိုကြည့်သင့်တယ်”

အဖေက အခုထက်ထိ ဘာမှမသိသလိုမျိုး ဟန်ဆောင်နေတုန်းဗျ။ ကျုပ်လည်း ဘာမှမပြောတော့ဘဲ အိမ်ပေါ်တက်သွားလိုက်တော့တယ်၊ ခဏကြာတော့ အမေကလည်း အိမ်ပေါ်တက်လာတယ်ဗျ၊ နောက်တော့ အခန်းထဲကနေ ထန်းခေါက်ဖာကြီးရွက်လာပြီးတော့ အိမ်ပေါ်ကနေ ဆင်းချလာပါရော၊ ကျုပ်လည်း အမေ့ကိုအပေါ်ထပ်မှာ ဆွဲရတာပေါ့။

“ဟဲ့အလတ်ကောင် ငါ့ကိုလွှတ်စမ်း၊ ငါသူနဲ့ဆက်ပြီးမပေါင်းချင်တော့ဘူး”

အမေနဲ့ကျုပ်နဲ့ လေသံလေးနဲ့ပြောနေကြတာပေါ့ဗျာ။

“အမေရာ စိတ်ကိုထိန်းထားပါ၊ အမေထွက်သွားလိုက်ရင် အမေအရှုံးသမားဖြစ်သွားမှာပေါ့၊ ဘာလဲ မခင်နှောင်းကိုအဖေက အိမ်ပေါ်ခေါ်တင်လာတာကို အမေက မြင်ချင်နေတာလား၊ ပြီးတော့ အမေအိမ်ကနေဆင်းသွားပါပြီတဲ့၊ အမေ့အမျိုးတွေက အမေ့ကိုဘာပြောကြမလဲ”

ကျုပ်ပြောလိုက်တော့ အမေက နည်းနည်းတည်ငြိမ်သွားတယ်။ ကျုပ်လည်းဆက်ပြောတယ်။

“ဒီလောက်ကတော့ ဘာမှမပူနဲ့အနေ၊ အမေသာ ဟန်မပျက်နေ၊ ဒီကောင်မနဲ့အဖေနဲ့ကို ကျုပ်လူမသိအောင် ရှင်းပေးမယ်”

အမေက ကျုပ်ကို အားကိုးတကြီးနဲ့ကြည့်တယ်ဗျ။

“အလတ်ကောင်၊ နင်ဘာတွေလျှောက်လုပ်အုံးမလို့လဲ”

“စိတ်ချပါအမေရ၊ အလတ်ကောင်တို့က မကြံလို့သာ လွဲနေတာ၊ ကြံပြီဆိုလို့ကတော့ ထရံတောင် ခနောင်းဖြစ်တဲ့ကောင်ပါဗျ”

အမေက ဘာမှမပြောတော့ဘဲ ထန်းခေါက်ဖာကြီးရွက်ပြီး အိမ်ခန်းထဲပြန်ဝင်သွားတယ်ပေါ့ဗျာ။

(၃)

“အဖြစ်ကတော့ အဲဒါပါပဲ ဦးဘသာကြီးရယ်”

နောက်တစ်နေ့လယ်ထဲဆင်းတော့ ဦးဘသာကြီးကို အဲဒီအကြောင်းပြောပြမိတယ်ဗျ၊ ဦးဘသာက ကျုပ်ပြောတာကိုနားထောင်နေရင်း ခေါင်းညိတ်တယ်။

“ပီလောရွက်ဆိုတာ ကြားမိတော့မှ ခင်နှောင်းက မင်းအဖေကို တမင်ကြံနေတာများလား”

“ဘယ်လိုတမင်ကြံတာများလဲဗျ”

“အောက်လမ်းအတိုက်တစ်ခုရှိတယ်ကွ၊ အတိုက်ဆိုတာထက် အညှို့လို့ခေါ်တာပေါ့၊ အညှို့ဆိုတာကတော့ လူတစ်ယောက်ကို ညှို့ပြီးတော့ လိုချင်တာစေခိုင်းတာပေါ့ကွာ၊ ငါ့အထင်တော့ မင်းအဖေကို ခင်နှောင်းက ပီလောကယ်ဆိုတဲ့အစီအရင်သုံးတာဖြစ်မယ်”

“ပီလောကယ်တဲ့လား”

“ပီလောရွက်ကိုအစီအရင်အတိုင်း လုပ်ရတယ်၊ အရင်ဆုံး ယောက်ျားကိုလုပ်မယ်စုံရင် အရွက်ကိုစုံလုပ်ရတယ်၊ မိန်းကလေးကိုလုပ်မယ်ဆိုရင် အရွက်အရေအတွက်ကို မဂဏန်းလုပ်ရတယ်၊ ပြီးတော့ ထမီလျှော်တဲ့အင်တုံထဲမှာ ရေဆေးရသတဲ့ကွာ၊ ပြီးတော့ ခြေနဲ့နင်းရသေးတယ်၊ တအားကြမ်းကြမ်းတော့ မဟုတ်ပေမယ့် ခပ်ဖွဖွပေါ့ကွာ”

“ဟာ၊ တော်တော်မိုက်ရိုင်းတာပဲဗျာ”

“အေးပြီးရင် “ဘယ်သူရေ၊ ဘယ်သူဝါ ငါခိုင်းတဲ့အတိုင်းလုပ်၊ ငါလိုချင်တဲ့အတိုင်း ဖြစ်ပေါ့ကွာ” အဲဒီလိုပြောပြောပြီးနင်းရတာတဲ့ကွ၊ ပြီးရင်တော့ ဟင်းရည်ချက်ပေါ့၊ ပြီးတော့ ကိုယ်လုပ်ချင်တဲ့လူကိုတိုက်၊ သူ့ရဲ့အာနိသင်က အကွာဓါတ်မဟုတ်ဘဲ အကပ်ဓါတ်ပေါ့ကွာ၊ ဒီတော့ ကိုယ်တိုက်လိုက်တဲ့လူက ကိုယ့်ကိုလာကပ်ပြီး ခွဲမရ၊ ခွာမရပေါ့၊ နောက်ဆုံးအဆင့်ဆိုရင်တော့ သူ့ကိုမှ မမြင်ရရင် မနေနိုင်၊ သူ့အသံမကြားရရင် မနေနိုင်ပေါ့ကွာ”

“တောက်၊ ဒါကြောင့်ဖြစ်မယ်ဗျ၊ အဖေက အိမ်မှာတောင်ထမင်းမစားတော့ဘဲ အဲဒီကောင်မအိမ်မှာ သွားသွားစားနေတာပေါ့”

“ဟား၊ ဟား ဘာမှမပူပါနဲ့ကွာ၊ ပီလောကိုဖျက်တာ ဖရုံကွ”

“ဗျာ၊ ဖရုံက ဖျက်လို့ရတယ်”

“ဒါပေါ့ကွ၊ မယုံရင် ပီလောဟင်းရည်ထဲကို ဖရုံညွန့်ခပ်ကြည့်ပါလား၊ ချွဲတာကို လုံးဝပျက်သွားတာ”

ကျုပ်တွေးကြည့်တော့လည်း ဟုတ်တယ်ဗျ၊ တစ်ခါတစ်လေ ပိလောရွက်နည်းရင် ဒန့်ဒလွန်ရွက်တို့၊ ဖရုံရွက်တို့ထည့်ပြီး ရောချက်စားတယ်၊ အဲဒိအခါကျရင်တော့ ပီလောရွက်က သိပ်မချွဲတော့ဘူးမဟုတ်လား။

“အဲဒီတော့၊ မင်းလုပ်ရမှာက ဘာမှထွေထွေထူးထူးမဟုတ်ဘူး၊ မင်းအဖေ ကို ဖရုံညွန့်နဲ့ ဟင်းခါးဖြစ်ဖြစ်၊ ဟင်းချိုဖြစ်ဖြစ်သာ များများကျွေး၊ ဖရုံသီးရရင်ကျွေး၊ ဟုတ်ပြီလား”

ကျုပ်လည်း ခေါင်းညိတ်လိုက်တော့တယ်၊ ဒါနဲ့ ဖရုံညွန့်တွေကို အကိုကြီးတို့ ယာခင်းအစပ်နားက သွားခူးတယ်ဗျ၊ အကိုကြီးတို့လယ်ရဲ့နံဘေးမှာ ကမူကလေးရှိတယ်၊ အဲဒီနေရာက လယ်စိုက်မရဘူးကိုး၊ ဒါနဲ့ ဖရုံတို့၊ သခွားတို့၊ ကြက်ဟင်းခါးတို့ စိုက်ထားတာပေါ့ဗျာ။ ဖရုံညွန့်တွေ တော်တော်တက်နေပြီဆိုရင်တော့ ခူးစားကြတာပဲ၊ တစ်ခါခူးရင် ဟင်းစားရတာကိုးဗျ။

ပြီးတော့ အိမ်ကိုပြန်လာပြီးတော့ အမေ့ကိုပေးရတယ်၊ ဖရုံနဲ့ပီလောကို ဓါတ်ရိုက်ဓါတ်ဆင်လုပ်ရမယ်လို့ပြောပြီး ချက်ခိုင်းတာပေါ့ဗျာ။ ဒီလိုနဲ့ အဲဒီနေ့ညနေစာထမင်းဝိုင်းကတော့ ဖရုံဟင်းတွေချည်းပေါ့ဗျာ၊ ဖရုံညွှန့််ကို ဟင်းခါးချက်တယ်၊ ပြီးတော့ ပြုတ်ကျော်လည်းလုပ်ထားသေးတယ်၊ အမေက အကွက်မြင်ပုံများ ထမင်းစားပြီးရင် အချိုတည်းဖို့ ဖရုံယိုတောင်မှ စီစဉ်ထားသေးသဗျာ၊ အဖေကတော့ နည်းနည်းထူးဆန်းနေတာပေါ့။

“မသန်း၊ ညည်းဟာက ဖရုံတွေချည်းပါပဲလား”

“အို၊ တော့်သားကြီး ယာခင်းက ဖရုံတွေကောင်းလို့တော့၊ စားစရာရှိတာသာ စားစမ်းပါ”

အဖေကတော့ ဘာမှမသိတော့ စားတာပေါ့ဗျာ။ ဖရုံညွှန့်ကြော်ချက်လေးစားလိုက်၊ ဖရုံညွန့်ဟင်းခါးလေး တရှူးရှူးနဲ့သောက်လိုက်ပေါ့၊ ကျုပ်ကတော့ အဖေမမြင်အောင်လို့ အမေ့ကိုလက်မလေးထောင်ပြလိုက်တယ်။

ဖရုံရဲ့အစွမ်းကတော့ အံ့မခန်းပါပဲဗျာ၊ ပုံမှန်ဆို အိမ်မကပ်တဲ့အဖေက အခုတော့အိမ်ကိုကပ်နေတာပဲဗျာ၊ အမေကတောင် သိပ်မယုံချင်ဘူး။

“ယောက်ျား၊ ရှင်အပြင်မသွားဘူးလား”

“မသွားချင်ပါဘူးကွာ”

“ဒါနဲ့ ရွာအနောက်ပိုင်းရော မသွားဘူးလားရှင့်”

“ဟ၊ ရွာအနောက်ပိုင်းမှာ ဘာရှိလို့ ငါကသွားရမှာလဲ”

အဖေ့လေသံကတော့ ခပ်ပြတ်ပြတ်ပဲဗျ၊ မနေ့ကတစ်ချက်မှ မပြုံးနိုင်တဲ့အမေတောင်မှ ဒီနေ့တော့ နည်းနည်းပြုံးလို့ရယ်၊ ဒါနဲ့ ကျုပ်လည်း မီးဖိုထဲဝင်ခဲ့တာပေါ့။

“ဟဲ့အလတ်ကောင်၊ နင့်ဖရုံက စွမ်းသားဟဲ့၊ သွား၊ သွား နင့်အကိုကြီးယာထဲဆင်း၊ ဒီနေ့လည်း ဖရုံညွှန့်တွေ ထပ်ခူးခဲ့အုံး”

“ဟာ၊ အမေကလည်း နေ့တိုင်းတော့ ဖရုံညွန့်ထွက်ပါ့မလား”

“လျှာမရှည်နဲ့၊ ရသလောက်သာခူး၊ အညွန့်မရရင် ဖရုံပွင့်ခူး၊ အပွင့်မရရင် ဖရုံရိုးသာ ဖြတ်ခဲ့ဟာ”

အမေကတော့ အတော်စိတ်အားထက်သန်နေပုံပဲဗျ၊ ဒါနဲ့ကျုပ်လည်း လယ်ထဲဆင်းခဲ့တာပေါ့၊ ဦးဘသာလယ်အနားကဖြတ်တော့ ဦးဘသာက နွားတွေကို လယ်ကန်းသင်းပေါင်နားက မြက်တွေစားခိုင်းနေတယ်ဗျ။ ကျုပ်လည်း ဦးဘသာဆီ ဝမ်းသာအားရနဲ့ပြေးသွားတယ်။ ဦးဘသာက ကျုပ်ကိုမြင်တော့ ဘေးဘီကိုကြည့်ရင်း

“မင်းကိုအရေးကြီးတာပြောရအုံးမယ်”

“ကျုပ်အရင်ပြောမယ်ဦးဘသာ၊ ဦးဘသာရဲ့ ဖရုံက စွမ်းတယ်ဗျ၊ အခုဆို အဖေအိမ်ကပ်သွားပြီ”

ဦးဘသာက ကျုပ်လက်ကိုပုတ်ရင်း

“အဲဒါ အသာထားစမ်းပါကွာ၊ မင်းပြောတဲ့အတိုင်းပဲ အခုခင်နှောင်းက ပိုပြီးအစွမ်းထက်တဲ့ ပညာတစ်ခုသုံးတော့မယ်ကွ”

“ဗျာ၊ ဘယ်လိုပညာလဲ၊ ဘာအတွက်သုံးမှာလည်း”

“ခင်နှောင်းက ကတော်ဆယ်ပါးထဲက တစ်ပါးဖြစ်ရမယ်လို့ ကျွေးကျော်ထားတဲ့သူကွ၊ အခု တခြားကတော် ဖြစ်မဖြစ်တော့မသိဘူး၊ သူကြီးကတော်တော့ ကြိမ်းသေဖြစ်တော့မယ်ထင်တယ်”

“ဟာ၊ ဒါဆို အဖေ့ကိုအပိုင်ဖမ်းတော့မှာပေါ့”

“အေး၊ ဟုတ်ချင်ဟုတ်မှာပေါ့ကွ”

“ဒါနဲ့ ဦးဘသာက ဘယ်လိုလုပ်သိတာတုန်း”

“သိတာပေါ့ကွာ၊ ဒီနေ့မနက်အစောကြီး မင်းတို့လယ်ထဲကနေ ရွံ့တွေလာခူးနေတယ်ကွ၊ ငါလည်း အစောကြီးထွက်လာတော့ ရွံလာခူးတဲ့ ခင်နှောင်းနဲ့တွေ့ရော၊ ငါကလည်း စပ်စပ်ဆော့ဆော့နဲ့ ခင်နှောင်းရေ၊ နင်အဲဒီရွှံ့တွေဘာလုပ်မလဲလို့မေးလိုက်တာ၊ ငါ့ကိုမျက်စောင်းထိုးသွားပြီးတော့ ဘာလုပ်လုပ်ပေါ့တဲ့ကွာ”

“အောင်မယ်၊ ကျုပ်ထင်တာတော့ ခင်နှောင်းလည်း ပညာတတ်တယ်မဟုတ်လား”

“သေချာတာပေါ့ကွာ၊ ငါ့ကိုတောင်မှ ဘုကြည့်ကြည့်သွားသေးတယ်၊ သူတကယ်ရွံ့လိုရင် ရိုးချောင်းဘေးနားမှာ ရွံ့တွေညက်ပြီး ပေါမှပေါပဲကွာ၊ ဘာဖြစ်လို့ မင်းတို့လယ်ကို ရွံ့လာခူးမလဲ၊ ဟုတ်တယ်မဟုတ်လား”

“ဒါပေါ့ဗျ”

“အေး၊ အဲဒါ ဆေးအိုးပုတ်ဖုတ်တော့မှာကွ၊ ဆေးအိုးပုတ်ဆိုတာက အဲဒီရွံ့နဲ့ အိုးပုတ်လုပ်ပြီး အင်းကွက်ဆွဲရတယ်ကွ၊ ပြီးရင် အိုးပုတ်ရဲ့ဖင်ကို ယောက်မနဲ့ရိုက်ခေါ်ရင် သူထမင်းကျွေးထားဖူးတဲ့လူက ထွက်လာတယ်ဆိုပဲ”

ကျုပ်လည်း ခေါင်းနားပန်းကြီးသွားတော့တယ်ဗျာ။

“ဟာ၊ ဟုတ်ပြီဗျ၊ အဖေက ဒီနေ့တစ်နေ့လုံးအိမ်ကပ်နေတာပဲ၊ ဒီအတိုင်းဆိုရင်တော့ မဟန်ပါဘူးဗျာ၊ ကျုပ်တို့ တားလို့ရမည့်နည်း မရှိတော့ဘူးလားဦးဘသာ”

“ဆေးအိုးပုတ်ကျတော့ တားဖို့ခက်တယ်ကွ၊ ဒီလိုလုပ်ကွာ၊ မင်းအဖေဖိနပ်ကို ငါ့ဆီကိုယူလာခဲ့၊ ငါခြေချုပ်အင်းဆွဲပေးလိုက်မယ်၊ ဒါဆိုရင် မင်းအဖေခြေကျွမရဘဲဖြစ်နေလိမ့်မယ်ကွ၊ သူဘယ်လောက်ခေါ်ခေါ် သွားမရတော့ဘူးပေါ့”

ကျုပ်လည်း ဦးဘသာအကြံကိုနားထောင်ရင်း ခေါင်းညိတ်လိုက်တယ်။

“ဦးဘသာကတော့ဗျာ၊ သိပ်ပြီးအကြံကောင်း ဉာဏ်ကောင်းထွက်တာပဲဗျ၊ ဦးဘသာခေါင်းကို ရွှေချထားဖို့ကောင်းတယ်”

“ဟိတ်ကောင်၊ အပိုတွေပြောမနေနဲ့၊ အခုမြန်မြန်ပြန်တော့”

ကျုပ်လည်း အကိုကြီးယာတောထဲဆင်းပြီးတော့ အမေမှာတဲ့ဖရုံတွေချိုးပြီး အိမ်ကိုတန်းပြေးတာပေါ့ဗျာ။ အိမ်ရောက်တော့မှ မယောင်မလည်နဲ့ အဖေ့ကိုကြည့်တယ်၊ အဖေက အိမ်ပေါ်တက်သွားပုံရတယ်ဗျ၊ လှေကားရင်းမှာ အဖေ့ဖိနပ်ကိုတွေ့တာနဲ့ အသာယူပြီးတော့ ဖိနပ်ကိုခါးကြားထိုးပြီး ခိုးခဲ့တာပေါ့ဗျာ၊ အဖေက အိမ်နေဖိနပ်ကျတော့ ခုံဖိနပ်တို့၊ တာယာဖိနပ်တို့စီးတတ်ပေမယ့် အပြင်သွားမယ်ဆိုရင်တော့ ကတ္တီပါဖိနပ်စီးတတ်တယ်ဆိုတော့ ကျုပ်ခိုးသွားတာလည်း ချက်ချင်းတော့ သိမှာမဟုတ်ဘူး။ ကျုပ်မှာ ဦးဘသာနဲ့တွေ့တော့မှ ဖိနပ်သူခိုးလုံးလုံးဖြစ်ရောဗျို့။ လယ်ကွင်းထဲကိုပြေးရတာ သိပ်မောတာပဲဗျာ၊ ဦးဘသာဆီရောက်တော့ အမောကိုဆို့နေတာပဲ။

“ရော့၊ ဦးဘသာ၊ ဖိနပ် . . ဟော၊ ဟဲ”

လူကလည်း ဟောဟဲလိုက်နေပြီဗျ။ ဦးဘသာက ဖိနပ်ကိုယူလိုက်ပြီးတော့ သူ့အရှေ့မှာ မှောက်ခုံချတယ်။ ပြီးတော့ ရွံ့မြေစာခဲတစ်ခုကိုယူပြီး လက်ဝါးထဲထည့်တယ်၊ ရေလေးနည်းနည်းထည့်ပြီးတော့ ဖျော်လိုက်တယ်ဗျ၊ ပြီးတော့မှ အဲဒီရွံ့ဖျော်ကိုလက်ခလယ်နဲ့ တို့ပြီးတော့ ပါးစပ်က ပွစိပွစိရွတ်ရင်းနဲ့ ဖိနပ်အောက်မှာ ရေးနေတော့တာပဲ၊ ရေးတာကတော့ ကြက်ခြေခတ်ပုံပဲဗျ၊ ရွတ်နေတာကတော့ သူ့ပညာတွေဖြစ်မှာပေါ့၊ ရေးလို့လည်းပြီးရော ဖိနပ်တစ်ဖက်စီကို လက်မှာကိုင်ပြီးတော့ ဖိနပ်နှစ်ဖက်ကို လက်ခုပ်တီးသလိုမျိုး သုံးလေးချက်တီးလိုက်တယ်။

“ကဲ၊ ချုပ်စေ၊ ချုပ်စေ၊ ချုပ်စေ”

အဲဒီလိုပြောပြီးတော့ ကျုပ်ကိုပြန်ပေးတယ်။

“ငါပြောမယ်၊ ဒီအတိုင်းရိုးရိုးတန်းတန်းပဲဆိုရင်တော့ မင်းအဖေသွားလို့ရလိမ့်မယ်၊ ပညာနဲ့ခေါ်တဲ့အချိန်ဆိုရင်တော့ သွားရမှာမဟုတ်ဘူး”

ကျုပ်လည်း အိမ်ကိုအမြန်ပြေးပြီးတော့ ဖိနပ်ကလေးကို မသိမသာပြန်ထားလိုက်ရတယ်၊ မောလိုက်တာလည်း ပြောမနေပါနဲ့တော့ဗျာ၊ ကွပ်ပျစ်ပေါ်မှာ ပက်လက်အိပ်ရင်း အတော်ကိုနားယူရတယ်ဗျ။ အနားယူရင်း မျက်စိစင်းလာပြီး ကျုပ်လည်းအိပ်ပျော်သွားလိုက်တာ ညစာစားခါနီးမှ နိုးပါရောဗျာ။

(၄)

တစ်နေ့လုံးတော့ အကောင်းဗျ၊ အဖေက အိမ်ကပ်နေတာလည်းပါမှာပေါ့၊ ထမင်းစားသောက်ပြီးတော့ ညအိပ်ကြတယ်၊ အဲဒီအထိအကောင်းပဲဗျ၊ ကျုပ်လည်း အိပ်တော့အိပ်တာပဲဗျ၊ ဒါပေမယ့် တစ်နေ့ခင်းလုံးအိပ်ထားတာဆိုတော့ အိပ်မရဘူးပေါ့။ ဒီလိုနဲ့ သန်းခေါင်ကြက်တွန်သံကြားလိုက်တယ်၊ ကျုပ်မျက်လုံးတွေလည်း မှေးစင်းလာတယ်။

“တောက်၊ တောက်၊ တောက်”

တစ်ခုခုကိုခေါက်နေတဲ့အသံမျိုးဗျ၊ တိုးတိုးကလေးကြားလိုက်တာ၊ ဒါပေမယ့် ညသန်းခေါင်လူခြေတိတ်နေတော့ အသံက နည်းနည်းကျယ်နေတာပေါ့ဗျာ၊ ကျုပ်လည်း ဘယ်ကအသံလဲလို့ စဉ်းစားနေရင်းတော့မှ ဦးဘသာပြောတဲ့ ဆေးအိုးပုတ်ခေါက်နေတာများလားဆိုပြီး သတိထားမိတယ်။ အသံက သုံးချက်ကြားပြီး ပျောက်သွားတာဗျ၊ ငါးမိနစ်လောက်ကြာတော့ တစ်ခါပြန်ကြားရတယ်။

“တောက်၊ တောက်၊ တောက်”

ခြံရှေ့ကလာတဲ့အသံပဲ၊ ကျုပ်လည်း အိမ်ပေါ်ကနေအမြန်ပြေးဆင်းပြီးတော့ ခြံရှေ့ကိုပြေးထွက်လာတာပေါ့ဗျာ၊ ခြံရှေ့မှာ မိန်းမတစ်ယောက်ရဲ့အရိပ်တွေ့တယ်ဗျ၊ အရိပ်က လှစ်ခနဲပဲထွက်ပြေးတာ။ ကျုပ်လည်း သူ့အနောက်ကိုအပြေးလိုက်တာပေါ့ဗျာ။

“ဟိတ်၊ မပြေးနဲ့”

သေချာပေါက် မခင်နှောင်းပေါ့ဗျာ၊ ပြေးတာကလည်း မိန်းကလေးခြေလှမ်းဆိုပေမယ့် အတော်မြန်တာဗျ၊ ကျုပ်တောင် မနည်းပြေးလိုက်ရတယ်၊ ပြေးရင်းနဲ့ ရွာလယ်လောက်နားရောက်တော့ ကျုပ်ကသူ့ကိုမီသွားပါရောဗျာ၊ သူ့လက်ကိုဖမ်းဆွဲလိုက်တော့ သူလည်းတုန့်ခနဲရပ်သွားပြီးတော့ ကျုပ်ဘက်ကိုလှည့်လာတယ်၊ ပြီးတာနဲ့ ကျုပ်ရင်ဘတ်ကို လက်ဝါးနဲ့ ဖြောင်းခနဲအုပ်ရိုက်ထည့်လိုက်တာဗျ။

သူက လက်ဝါးနဲ့ရိုက်ပေမယ့် ကျုပ်ရင်ဝကို မီးစနဲ့ထိုးထည့်လိုက်သလိုမျိုး စူးခနဲ၊ ပူခနဲဖြစ်သွားတာဗျ၊ မခင်နှောင်းက ဆံပင်ဖျားလျားကြီးချထားတယ်၊ ကျုပ်ကိုပြီတီတီမျက်နှာထားနဲ့ ကြည့်ပြီး တစ်ဖက်ကိုလှည့်ပြေးတာပေါ့ဗျာ၊ ကျုပ်လည်း လိုက်မယ်လို့ကြံလိုက်ပေမယ့် ခြေတွေလက်တွေက မလှုပ်နိုင်တော့ဘူးဗျ၊ ပြီးတော့ ကျုပ်လည်း ဒူးထောက်ထိုင်ကျသွားတယ်၊ လက်တွေခြေတွေကလည်း ကတုန်ကယင်ဖြစ်လာတယ်ဗျ၊ ကျုပ်အတော်ကြောက်လန့်သွားတာ၊ ကျုပ်ကို မခင်နှောင်းက ပညာစက်နဲ့ရိုက်ထည့်သွားတာမဟုတ်လား။

“ဦး . . .ဦးဘသာ”

ကျုပ်ရေရွတ်ရင်းနဲ့ တစ်ကိုယ်လုံးပူလောင်လာပြီးတော့ ဇက်ကျိုးကျသွားတယ်၊ ဒီအချိန်မှာပဲ ကျုပ်ခေါင်းကိုလူတစ်ယောက်က လာပြီးအုပ်ကိုင်တယ်ဗျ၊ သူလက်နဲ့အုပ်ကိုင်လိုက်တာနဲ့ ကျုပ်တစ်ကိုယ်လုံးခံစားရသမျှတွေအကုန် ပေါ့ပါးပြီး ယူပစ်သလိုပျောက်သွားတာပဲဗျာ၊ ကျုပ်လည်း ဇက်ထောင်နိုင်တော့မှ မော့ကြည့်လိုက်တော့ ဦးဘသာကြီးဖြစ်နေတယ်။

“ဦးဘသာ၊ ကျုပ် . . . ကျုပ်”

ဦးဘသာက ဟိုးခပ်လှမ်းလှမ်းမှာပြေးနေတဲ့ မခင်နှောင်းကို လက်ညိုးနဲ့လှမ်းထိုးတယ်။

“ဟဲ့၊ ခင်နှောင်း၊ ပြန်လာခဲ့စမ်းဟာ”

ဦးဘသာက ပြောတာတော့ အေးအေးဆေးဆေးပဲဗျ၊ ပြီးတော့ ကျုပ်ကိုဆွဲထူပြီးတော့ ဖုန်တွေဘာတွေခါပေးတယ်။

“အလတ်ကောင်၊ မင်းဘာဖြစ်သွားသေးလဲ”

“ဦးဘသာရောက်လာမှ ကောင်းသွားတာဗျ၊ ခုနက သူကျုပ်ရင်ဘတ်ကိုတွန်းလိုက်တော့ ကျုပ်မှာ မီးစနဲ့ထိုးလိုက်သလိုခံစားရပြီးတော့ ပူလိုက်တာဗျာ”

ကျုပ်တို့ပြောနေတဲ့အချိန်မှာ မခင်နှောင်းက ခြေလှမ်းကျဲကြီးနဲ့ ကျုပ်တို့ဆီကို လှမ်းလျှောက်လာတယ်။

“အဘိုးကြီး၊ ကိုယ့်ကိစ္စမဟုတ်တာ ဝင်မပါနဲ့”

ဦးဘသာက

“ခင်နှောင်း၊ ညည်းကိုငါက ရွာကိုကြီးကြီးမားမား ဒုက္ခမပေးသေးဘူးဆိုပြီးတော့ ဒီအတိုင်းကြည့်နေတာနော်၊ ညည်းကိုလွတ်ထားတာမဟုတ်ဘူး”

ခင်နှောင်းက မျက်နှာထားတည်တည်နဲ့

“အခုရော ကျုပ်ကဘယ်သူ့ကိုလုပ်နေလို့လဲ”

“နင် သူ့ကိုလုပ်လိုက်တယ်မဟုတ်လားခင်နှောင်း၊ နင်မညာနဲ့နော်၊ နင့်ပညာတွေငါသိပြီးပြီ”

“အဲဒါကလည်း သူ့ကိုမေ့မြောသွားအောင်ပဲ လုပ်တာပဲ”

ကျုပ်လည်း ဒေါသထွက်သွားတယ်။

“အောင်မာ၊ ခင်ဗျားကြီးက သူများကိုလည်း အောက်လမ်းနည်းတွေနဲ့ လုပ်ပြီး မြှူဆွယ်ခဲ့သေးတယ်မဟုတ်လား”

ခင်နှောင်းကပြုံးရင်း

“အို၊ ဒါကတော့ ကိုယ်ချစ်တဲ့လူကို ကိုယ်ပိုင်ဆိုင်ရအောင်လုပ်တာပဲ၊ ဒီလောက်အပြစ်ကြီးလို့လား”

ခင်နှောင်းဆိုတဲ့မိန်းမက ပြောလေကဲလေပဲဗျ။

“ခင်ဗျား ချစ်တဲ့လူမှာ၊ မယားနဲ့ သားသမီးနဲ့ဆိုတာကို ခင်ဗျားမသိဘူးလား”

“မယားတွေ၊ သားသမီးတွေရှိတော့ရော၊ ဘာအရေးလဲ၊ ငါကတော့ သူ့ကိုလိုချင်တယ်၊ သူနဲ့ငါက တစ်ချိန်က ချစ်ကြိုက်ခဲ့ပေမယ့် ငါ့မိဘတွေရဲ့ ကန့်ကွက်မှုကြောင့်် ငါတို့အဲဒီအချိန်က အခွင့်မသာခဲ့ဘူး”

“ဒါဆိုရင်လည်း အဲဒီကတည်းက လက်လျော့လိုက်ပေါ့ဗျာ၊ ခင်ဗျားအခုလိုလုပ်တာ မကောင်းပါဘူးမခင်နှောင်း”

“ဟဲ့အလတ်ကောင်၊ ယောက်ျားတစ်ယောက်က မိန်းမနှစ်ယောက်ကိုပေါင်းသင်းတာ ဆန်းသလား”

ကျုပ်ဘာမှပြန်မဖြေနိုင်ဘူး၊ နောက်ပြီးတော့ ခေါင်းကိုခါပြလိုက်မိတယ်။

“အေး၊ ပြီးတော့ ငါဘယ်လောက်မြှူဆွယ်၊ မြှူဆွယ် ကာယကံရှင်ကလည်း စိတ်ပါမှဖြစ်တာမဟုတ်လား”

“ဒါကတော့ဗျာ၊ ကျုုပ်အဖေက အသက်ကြီးပြီဗျ၊ ပြီးတော့ ဘယ်ယောက်ျားမဆို မိန်းမဆိုရင် ငယ်တာ၊ လှတာကို လိုချင်တာပဲမဟုတ်လား”

မခင်နှောင်းက ကျုပ်ကိုမျက်မှောင်ကြုတ်ကြည့်ရင်း

“ဟဲ့၊ နင်ဘာတွေပြောနေတာလဲ”

“ဟုတ်တယ်လေဗျာ၊ အဖေနဲ့ မခင်နှောင်းနဲ့ဆိုရင်လည်း အသက်က အကွာကြီးမဟုတ်လား၊ ဒီတော့ တစ်ခုခုဖြစ်ရင် အရပ်ထဲမှာ လူကြားလို့မကောင်းဘူးဗျာ၊ မခင်နှောင်းရာ ကျွန်တော်သူ့သားတစ်ယောက်အနေနဲ့ တောင်းပန်ပါတယ်၊ ကျုပ်တို့အဖေကို ဆက်မလုပ်ပါနဲ့တော့ဗျာ၊ မခင်နှောင်း ဆက်ပြီးမကြိုးစားပါနဲ့တော့”

မခင်နှောင်းမျက်နှာထားက တည်သွားတယ်၊ ဦးဘသာက မခင်နှောင်းကို လက်ညှိုးထိုးပြီး

“ခင်နှောင်း၊ ငါနင့်ကိုလုပ်ပြန်ရင်လည်း ပညာကြီးတဲ့လူက အနိုင်ကျင့်တယ်ဆိုပြီးဖြစ်နေမယ်၊ နင်လည်း ရပ်တန်းက ရပ်လိုက်ပါတော့”

ဒီတော့မှ မခင်နှောင်းက ခေါင်းညိတ်တယ်ဗျ။

“ကောင်းပြီလေ၊ ကျုပ်ကတိပေးတယ်၊ ရှင်တို့အဖေကို ကျုပ်မလုပ်တော့ဘူး၊ ရှေ့လျှောက်လည်း ဘာမှဆက်လုပ်မှာမဟုတ်ဘူး”

ဒီတော့မှ ကျုပ်လည်းသက်ပြင်းချလိုက်ရတော့တယ်။

“ခင်နှောင်း၊ အဲဒါနင်ပေးတဲ့ကတိနော်၊ နင့််ကတိကိုဖောက်ရင် နင့်ကိုပညာခြောက်လသိမ်းပစ်မယ်”

မခင်နှောင်းလည်းခေါင်းညိတ်တယ်၊ ဦးဘသာက လက်ဝါးဖြန့်လိုက်တော့ မခင်နှောင်းက ဦးဘသာလက်ဝါးထဲကို အိုးပုတ်ကလေးတစ်ခုထည့်ပေးခဲ့ပြီးတော့ လှည့်ထွက်သွားတယ်ဗျ။ ဦးသဘာက အိုးပုတ်ကို ကျုပ်ကိုပြတယ်၊ အိုးပုတ်က သေးသေးလေးပါဗျ၊ အဖြစ်လုပ်ထားတဲ့ပုံကလေးပါ၊ အိုးဖင်မှာတော့ အင်းတစ်ကွက်ဆွဲထားတယ်၊ အင်္ဂလိပ်အက္ခရာတွေလိုလို ဘာလိုလိုနဲ့ဗျ၊ ဦးဘသာက အိုးပုတ်ကိုမြေပေါ်ချနင်းလိုက်ပြီးတော့ သူ့ခုံဖိနပ်နဲ့နင်းထည့်လိုက်တော့ အိုးပုတ်က တစ်စစီကွဲသွားပါရောဗျာ။

“ကဲ၊ အလတ်ကောင်၊ ခင်နှောင်းလည်း ကတိပေးသွားပြီဆိုတော့ မင်းတို့လည်း ကျေနပ်တော့ပေါ့ကွာ”

“ဒါနဲ့ ဦးဘသာ၊ ကျုပ် ဦးဘသာ နာမည်ကိုရွတ်လိုက်တိုင်း ဦးဘသာက ဘာလို့ပေါ်လာရတာလဲ၊ မဟုတ်မှလွဲရော . . .”

“ဟေ့ကောင်၊ မဟုတ်တာတွေ တွေးမနေပါနဲ့၊ ငါလည်း ညနေကတည်းက ဆေးအိုးပုတ်ကို ညအချိန်သုံးတော့မယ်ဆိုတာ သိပြီးတော့ လာစောင့်နေတာကွ၊ ခင်နှောင်းက သူကြီးကတော်ဖြစ်ချင်တယ်၊ ဒါနဲ့ သူကြီးကို ညည့််နက်သန်းခေါင် အိမ်ကိုခေါ်မယ်၊ ပြီးရင် သူခိုးလိုလို၊ ဓါးပြလိုလိုအော်လိုက်လို့ ရွာသားတွေ ဝိုင်းလာရင် သူကြီးနဲ့ခင်နှောင်းကို တစ်အိမ်တည်းမှာတွေ့ပြီးတော့ အများကပြောတော့မှာပေါ့ကွာ၊ ဒီတော့မင်းအဖေကလည်း သူ့ကိုယူမှရမယ်မဟုတ်လား၊ ဒီလိုနည်းနဲ့ မင်းအဖေကို အပိုင်ဖမ်းချင်တာကွ”

ကျုပ်လည်းခေါင်းညိတ်လိုက်တယ်ဗျ၊ ပြီးတာနဲ့ အိမ်ကိုပြန်လာခဲ့တော့တယ်။ မနက်ရောက်တော့ အဖေက လမ်းထွက်ဖို့ပြင်ပါရောဗျာ၊ အမေက ပြောချင်ပေမယ့် ကျုပ်က အမေ့ကိုတားထားလိုက်တယ်။

“ယောက်ျား၊ ရှင်ဘယ်သွားမလို့လဲ”

“ဆရာတော်ဆီသွားမလို့ကွ”

အဖေက ဖိနပ်ကိုစီးပြီးထွက်လိုက်တော့ ဖိနပ်က လှေကားကနေ ခွာမရဘဲ အဖေသာ လှေကားရင်းက လိမ့်ကျပါရောဗျာ၊

“အလတ်ကောင် ဖိနပ်က ခွာမရဘူးကွ”

ကျုပ်လည်း ဦးဘသာရဲ့ခြေချုပ်အင်းမှန်းသိလိုက်ပြီလေဗျာ၊ ဒါနဲ့ပဲ အဖေ့ဖိနပ်အနားသွားလိုက်တော့ ဖိနပ်က နှစ်ရံဖြစ်နေတယ်ဗျ။

“အဖေ၊ အဖေက ဖိနပ်နှစ်ရံစီးတာလား”

“လျှာမရှည်နဲ့အလတ်ကောင်၊ ငါသွားတော့မယ်ကွ”

အဖေနောက်တစ်ခါပြန်စီးတော့ ဖိနပ်က ဘာမှမဖြစ်တော့ဘူး၊ ဘယ်ဖြစ်မလဲဗျာ၊ ကျုပ်က အဖေ့ဖိနပ်ကို ကိုင်ကြည့်သလိုလိုနဲ့ အဖေ့ဖိနပ်အောက်ခြေမှာ ပေနေတဲ့ရွံ့တွေကို လက်နဲ့ပွတ်လိုက်တာကိုးဗျ။

(၅)

“သူခိုးဗျို့၊ သူခိုး”

ရွာထဲဆူညံနေတာနဲ့ ကျုပ်တို့လည်း ဆင်းခဲ့တာပေါ့ဗျာ၊ အဖေကလည်း မြန်တယ်၊ ကျုပ်လည်း ဓါးကြိးဆွဲပြီး ပြေးဆင်းသွားတာပေါ့၊ ရွာအနောက်ပိုင်းကိုရောက်တော့ ရွာသားတွေက မခင်နှောင်းအိမ်ကို ဝိုင်းထားတယ်ဗျ။

“သူခိုးက ဒီထဲကိုပြေးသွားတာသူကြီး”

အဖေလည်း အိမ်ရှေ့သွားပြီး

“ဟေ့သူခိုး၊ ထွက်လာခဲ့စမ်း၊ မထွက်လာရင် ငါတို့ဝင်လာမှာနော်”

ဒီတော့မှ မခင်နှောင်း အိမ်တံခါးက ကျွီခနဲဖြစ်သွားပြီးတော့ ယောက်ျားတစ်ယောက်ထွက်လာတယ်ဗျ။ အဖေနဲ့ကျုပ်လည်း အဲဒီယောက်ျားကိုကြည့်ပြီး အံ့သြသွားရတာ။

“ဟင်၊ အကြီးကောင်”

“ဟာ၊ အကိုကြီး”

အကိုကြီးက အင်္ကျီချွတ်နဲ့ဗျ၊ အောက်က ပုဆိုးပဲဝတ်ထားတယ်၊ အကိုကြီးရဲ့အနောက်မှာတော့ မခင်နှောင်းက ကပိုကရိုနဲ့ရပ်နေတယ်။

“ဟဲ့ ခင်နှောင်း၊ ညည်းပြောတော့ သူခိုးဆို”

“သူခိုးမဟုတ်ပါဘူး၊ အဲဒါ ကိုမောင်ပါ၊ အဘွားက အိမ်ထဲရောက်လာတဲ့ ကိုမောင်ကို သူခိုးထင်ပြီးအော်လိုက်မိတာ”

အဖေလည်း အကိုကြီးဘက်ကိုလှည့်ကြည့်လိုက်တာပေါ့။

“ဟေ့၊ အကြီးကောင်၊ မင်းဘယ်လိုလုပ်ပြီး ခင်နှောင်းအိမ်ထဲရောက်နေတာလဲကွ”

အကိုကြီးကတော့ ကြောင်တောင်တောင်နဲ့

“သား၊ သူ့ကိုချစ်တယ် အဖေ”

တစ်ရွာလုံးက လူတွေက ဟာခနဲ၊ ဟင်ခနဲဖြစ်သွားကြတော့တာပဲဗျာ၊ ကျုပ်လည်း မခင်နှောင်းကိုကြည့်လိုက်တော့ မခင်နှောင်းက ကျုပ်ကိုကြည့်ရင်း တစ်ချက်ပြုံးပြတယ်ဗျ၊ ကျုပ်လည်း ဒီတော့မှ ကိုယ့်နဖူူးကိုယ် ပြန်ရိုက်မိတာပဲ။

“သေပြီ၊ သွားပြီ”

ကျုပ်ထင်တာမှားသွားပြီဗျ။ တကယ်တော့ မခင်နှောင်းမြှူဆွယ်နေတာက အဖေ့ကိုမဟုတ်ဘူးဗျို့၊ အကိုကြီးကိုဗျ၊ ကျုပ်အဖေ့အနောက်က လိုက်ချောင်းတုန်းက အဖေက ပျောက်သွားတယ်ဆိုတာ မခင်နှောင်းတို့အိမ်ရဲ့ ဓါးလွယ်ခုတ် မျက်စောင်းထိုးက ရွာလူကြီး ဦးဖေရဲ့အိမ်ကိုဝင်သွားတာတဲ့ဗျာ၊ ကျုပ်ကတော့ အဖေက မခင်နှောင်းအိမ်ကိုဝင်သွားတယ်ထင်ပြီး သွားလိုက်ချောင်းခဲ့တာမဟုတ်လား။

အဖေစီးတဲ့ဖိနပ်နဲ့ အကိုကြီးစီးတဲ့ဖိနပ်နဲ့က တစ်ဆိုဒ်တည်းဗျ၊ ကတ္တီပါဖိနပ်ဆိုတာကလည်း တစ်ပုံစံတည်းကိုးဗျ၊ ဒီတော့ မခင်နှောင်းအိမ်ရှေ့မှာ ချွတ်ထားတဲ့ အကိုကြီးဖိနပ်ကို ကျုပ်က အဖေ့ဖိနပ်လို့ပဲ ထင်သွားတာပေါ့ဗျာ၊

နောက်ပြီး မခင်နှောင်းက ကိုမောင်လို့ခေါ်တာလေ၊ ကျုပ်အကိုကြီးနာမည်က တင်မောင်ဆိုတော့ အဖျားဆွတ်ပြီး ကိုမောင်လို့ခေါ်တာလည်းဖြစ်နိုင်တယ်၊ နောက်ပြီးတော့ စကားပြောတဲ့အသံကလည်း အဖေ့အသံနဲ့ဆင်ပါတယ်လို့မှတ်နေတာ လတ်စသတ်တော့ အကိုကြီးကိုးဗျ၊ ထမင်းလုပ်ကြီးနဲ့စကားပြောတာဆိုတော့ အသံက ဗလုံးဗထွေးနဲ့ပေါ့ဗျာ။

အဖေထမင်းစားလာတယ်ဆိုတာကလည်း မခင်နှောင်းကျွေးတာမဟုတ်ဘဲ ဦးဖေအိမ်က ကျွေးတာဖြစ်မှာ။ ဦးဖေက သူ့အိမ်လာရင် ထမင်းတော့ ကျွေးတတ်တာပဲ။ ပီလောရွက်ဟင်းဆိုတာကလည်း ခုချိန်လယ်ထဲမယ် ပီလောရွက်ပေါတော့ အိမ်တိုင်းလိုလို ချက်ကြမယ်ထင်ပါရဲ့။

ကျုပ်ဖြင့် ဘယ်လိုရှင်းပြရမလဲတောင် မသိတော့ပါဘူးဗျာ၊ တကယ်ကမခင်နှောင်းက အကိုကြီးကို ကြံနေတာဗျ၊ အရင်တုန်းက မခင်နှောင်းနဲ့အကိုကြီးနဲ့ကလည်း သမီးရည်းစားတွေဖြစ်ခဲ့သေးတယ်၊ ဒါပေမယ့် မခင်နှောင်းအဖေအမေတွေက ကျုပ်တို့အဘိုးခေတ်ကတည်းက ရန်ဘက်တွေ၊ ဒီတော့ ကြည့်မရရဘူးပေါ့ဗျာ၊ သူ့သမီးနဲ့ သဘောမတူဘူးပေါ့။

ကျုပ်ဖြင့် တွေးရင်းတွေးရင်း အကုန်ပေါ်လာတော့တာပဲ၊ မခင်နှောင်း ကျုပ်တို့လယ်ကနေ ရွံ့လာခူးတယ်ဆိုတာ အကိုကြီးကို အဖေကလယ်တွေခွဲပေးထားတာကို မသိလို့နေမယ်၊ ဒါကြောင့်လည်း သူအိုးပုတ်တီးတော့ အကိုကြီးက မထလာတာပေါ့ဗျာ၊ နောက်တော့လည်း ကျုပ်နဲ့ဦးဘသာကို ကတိပေးသွားသေးတယ်မဟုတ်လား။ ကျုပ်အဖေကို ပညာနဲ့မလုပ်ပါတော့ဘူး၊ မမြှူဆွယ်တော့ပါဘူးဆိုပြီးတော့ပေါ့၊ ဒါဆို အဲဒီကတည်းက ကျုပ်တို့ထင်နေတဲ့လူ လွဲနေတယ်ဆိုတာ သူသိခဲ့ပုံပဲ။

ကြားထဲက အဖေက နစ်နာသူပေါ့ဗျာ။ ကျုပ်နဲ့အမေနဲ့ပေါင်းပြီး ဖရုံဟင်းတွေချက်ကျွေးတာလည်း စားရသေးတယ်မဟုတ်လား။

ရွာသားတွေက အဖေ့ကိုဝိုင်းကြည့်တယ်။

“သူကြီး၊ ဘယ်လိုလုပ်မလဲ”

လူကြားသူကြားထဲဆိုတော့ အဖေလည်းရှက်တာပေါ့ဗျာ၊ ဒါနဲ့ မခင်နှောင်းဘက်ကိုလှည့်လိုက်တယ်။

“ခင်နှောင်း၊ ငါ့သားကတော့ နင့်ကိုကြိုက်တယ်လို့ပြောနေပြီ၊ နင့်သဘောကရော”

မခင်နှောင်းကလည်း ခေါင်းညိတ်တယ်ဗျ၊ အဖေက နောက်ဆုံးတော့ သက်ပြင်းတစ်ချက်ချလိုက်တယ်။

“အေးလေ၊ ကိစ္စတွေအေးအေးဆေးဆေးဖြစ်သွားရင် မင်းတို့နှစ်ယောက်ကို စီစဉ်ပေးပါ့မယ်”

အပျော်ဆုံးလူကတော့ မခင်နှောင်းပဲဖြစ်မှာပါ၊ အဖေက ကျုပ်ကိုကြည့်ပြီး

“အလတ်ကောင်၊ မင်းအကိုကြီးကိုခေါ်လာခဲ့”

ကျုပ်အကိုကြီးလက်ကိုဆွဲလိုက်တော့ အကိုကြီးက အယောင်ယောင်အမှားမှားနဲ့ ငူငူကြီးပါလာတယ်ဗျ၊ ကျုပ်ဖြင့် ခေါင်းကိုပဲ တဗြင်းဗြင်းကုပ်မိတော့တယ်၊ အကိုကြီး မိန်းမနှစ်ယောက်ရမယ့်ကိစ္စက၊ ကောင်းတဲ့ကိစ္စလား၊ ဆိုးတဲ့ကိစ္စလားဆိုတာတော့ ကျုပ်မပြောတတ်တော့ပါဘူးဗျာ။

ဆက်ရန်။

#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ

Zawgyi Version

” စုန္းထီးႀကီးဦးဘသာႏွင့္ ပီေလာေမႊတဲ့ဇာတ္ “(စ/ဆုံး)
——————————————————————————
အတြဲ(၃) စာစဥ္ (၁၁)

(၁)

“ပီေလာရယ္တဲ့၊ မႈိနတို၊ ဟင္းခ်ိဳေအာင္ ပုစြန္ခပ္တယ္၊ ကိုသာဇံ၊ သူ႔လယ္ေတာ . . .မွာ”

က်ဳုပ္တို႔ၾကားဖူးေနတဲ့ ခြန္းေထာက္ကေလးကို အသံေနအသံထားနဲ႔ဆိုေနရင္း လက္ကေတာ့ ဦးဘသာလယ္ထဲက ေပါင္းပင္ေတြကို ေကာက္ေပးေနတယ္ဗ်၊ ေပါင္းႏႈတ္တာကိုေတာ့ က်ဳပ္တို႔အရပ္မွာ ေပါင္းေကာက္တယ္ပဲေခၚတာ၊ က်ဳပ္တို႔လယ္ကေတာ့ ေပါင္းေတြေကာက္ၿပီးလို႔ရွင္းေနၿပီေလ၊ ဒီေတာ့ အားတဲ့အခ်ိန္ေလး ဦးဘသာလယ္ထဲကိုလည္း ေပါင္းေကာက္ေပးတာေပါ့ဗ်ာ၊ ေန႔လည္ခင္းထမင္းစားၿပီးေတာ့ ဦးဘသာနဲ႔က်ဳပ္နဲ႔သူ႔လယ္ထဲ ေပါက္ေနတဲ့ ေပါင္းပင္ေတြကို အတူတူႏႈတ္ရင္း ေတာင္းႀကီးတစ္လုံးထဲ ထည့္ေနတာေပါ့ဗ်ာ။

“ဗ်ိဳ႕ ဦးဘသာ၊ ကိုသာဇံသူ႔လယ္ေတာဆိုလို႔ အေဖကေျပာေတာ့ ဦးဘသာနာမည္က သာစံတဲ့၊ ဦးဘသာက်ေတာ့ ကိုယ့္ကိုယ္ကိုယ္ သာဒင္ဆိုပါလား”

က်ဳပ္လွမ္းေမးလိုက္ေတာ့ ကြမ္းတၿမဳံ႕ၿမဳံ႕ဝါးရင္း ေပါင္းေကာက္ေနတဲ့ဦးဘသာက ၿပဳံးတယ္ဗ်၊ သူက က်ဳပ္ကိုစကားေျပာခ်င္တာနဲ႔ ႏႈတ္ၿပီးသားေပါင္းပင္ေတြ ထည့္ထားတဲ့ ေတာင္းထဲကို ကြမ္းတံေတြး ေထြးထည့္လိုက္ပါေရာ၊ ကြမ္းစားတတ္တဲ့သူက လယ္ထဲဆင္းရင္ လယ္ခင္းထဲကို ကြမ္းမေထြးရဘူးဆိုတဲ့ အယူရွိတယ္မဟုတ္လား။

“ဒါကေတာ့ကြာ၊ သာစံဆိုတာ ငါ့အေမေပးခဲ့တဲ့နာမည္၊ ငါကေတာ့ မႀကိဳက္ဘူး၊ ဒါနဲ႔ပဲ ငါ့နာမည္ကို သာဒင္လို႔ ငါ့ဖာသာငါေျပာင္းလိုက္တာ”

“ေနစမ္းပါဦးဗ်၊ ဦးဘသာက သာစံဆိုတာကို ဘာလို႔မႀကိဳက္တာလဲ”

“ငါ့အေမကေတာ့ သူမ်ားေတြထက္ သာသာယာယာ စံစားေစခ်င္လို႔မ်ား သာစံလို႔ေပးခဲ့သလားေတာ့ မသိပါဘူးကြာ၊ ဒါေပမယ့္ လူေတြက ေခၚၾကေတာ့ သာစံလို႔မေခၚဘဲ သာဇံလို႔ေခၚတယ္မဟုတ္လား၊ ဒီေတာ့ ႐ြာမွာလည္း သာဇံက ႏွစ္ေယာက္ေတာင္ရွိေနၿပီးသားဆိုေတာ့ နာမည္ေတြတူေနတာေပါ့ဗ်ာ”

“ဒါနဲ႔ပဲ ဦးဘသာက နာမည္ေျပာင္းလိုက္တယ္ဆိုပါေတာ့”

“ေအးေပါ့ကြ၊ တို႔ဗမာအယူအဆအရ နာမည္ဆိုတာက ႀကိဳက္သလိုေျပာင္းႏိုင္တယ္မဟုတ္လားကြ”

“ဟုတ္လို႔လားဗ်ာ”

“ဒါေပါ့၊ ဗမာထုံးစံအရ လူတစ္ေယာက္ကို မိဘက ငယ္နာမည္ပဲ ေပးတာကြ၊ ငယ္နာမည္ဆိုတာက ေခၚလို႔ေကာင္း႐ုံေပးလိုက္တာ၊ အဲဒီလူက ႀကီးသြားေတာ့မွ အမ်ားသိတဲ့နာမည္ေျပာင္းသြားေတာ့တာေပါ့ကြာ၊ ဥပမာ မင္းတုန္းမင္းဆိုပါေတာ့၊ သူ႔ရဲ႕ငယ္နာမည္က ေမာင္လြင္တဲ့၊ မင္းညီမင္းသားျဖစ္ေတာ့ မင္းတုန္းၿမိဳ႕ကိုစားရတယ္၊ အဲဒီမွာ မင္းတုန္းမင္းသားေပါ့၊ ေဟာ ဘုရင္လည္းျဖစ္သြားေရာ မင္းတုန္းမင္းဆိုၿပီးအမ်ားကေခၚၾကတာပဲမဟုတ္ဘူးလား”

က်ဳပ္လည္းေခါင္းညိတ္လိုက္ရင္း

“ဟုတ္ေတာ့ဟုတ္တယ္ဗ်ေနာ္”

“ဒါေၾကာင့္ ဗမာထုံးစံက ငယ္ေတာ့အခါ ငယ္နာမည္၊ ႀကီးတဲ့အခါက်ေတာ့ လူေျပာမ်ားတဲ့နာမည္၊ ဒါမွ မဟုတ္ဆုေတြ ဘြဲ႕ေတြရေတာ့ အဲဒီဆုေတြဘြဲ႕ေတြအတိုင္းေခၚတာေပါ့၊ ေမာင္ရစ္ဆိုတဲ့ေကာင္ေလးက စစ္သူႀကီးဗႏၶဳလ ဘြဲ႕ရသြားေတာ့၊ ဗႏၶဳလလို႔ပဲေခၚၾကတယ္မဟုတ္လား”

“ဒါဆိုရင္ ကိုယ့္ဖာသာကိုယ္ နာမည္ေျပာင္းလို႔ရတယ္ဆိုတာကေရာဗ်ာ”

“အသက္ႀကီးလာလို႔ ကိုယ့္နာမည္ကိုယ္မႀကိဳက္ေတာ့လည္း နာမည္အသစ္ေျပာင္းၿပီးေတာ့ အေရွ႕ခုနစ္အိမ္၊ အေနာက္ခုနစ္အိမ္ေလာက္ကို လက္ဖက္ထုပ္ေပး၊ မုန႔္ေကြၽးၿပီး ဒီေန႔ကစၿပီးေတာ့ ဒီနာမည္ပဲေခၚပါလို႔ ေျပာင္းလိုက္ရင္ ၿပီးတာပါပဲကြာ၊ တို႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေတာင္မွ သူ႔နာမည္ ထိန္လင္း ကိုမႀကိဳက္လို႔ ေအာင္ဆန္းဆိုၿပီး ေျပာင္းလိုက္တယ္မဟုတ္လား”

က်ဳပ္လည္းေခါင္းညိတ္လိုက္ရင္း လက္ကလည္း ေပါင္းပင္ေတြကို ႏႈတ္လိုက္၊ တစ္ေနရာမွာ ေပါင္းရွင္းသြားရင္း တစ္ေနရာကိုအသာကေလး ေ႐ြ႕သြားလိုက္နဲ႔ ဆက္လုပ္ေနတာေပါ့ဗ်ာ။

“ဒါေပမယ့္ နာမည္ဆိုတာကလည္း ကိုယ္ေပးခ်င္တိုင္းျဖစ္တာမဟုတ္ဘူး၊ အမ်ားက ေခၚတဲ့နာမည္က တြင္ေနတာမ်ိဳးကြ၊ ငါ့ကိုပဲၾကည့္ေလကြာ၊ ငါ့အေမေပးတာ သာစံ၊ ငါ့ဖာသာက်ေတာ့ သာဒင္လို႔ေျပာင္းတယ္၊ ဒါေပမယ့္ ႐ြာကလူေတြက ငါ့ကို ဦးဘသာလို႔ပဲေခၚတယ္မဟုတ္လား၊ အခုဆို ႐ြာကလူေတြက ငါ့နာမည္ သာစံလား၊ သာဒင္လားဆိုတာေတာင္သိၾကလို႔လား၊ ဦးဘသာဆိုရင္ေတာ့ လူတိုင္းအသိေပါ့”

“ဟုတ္ပါ့ဗ်ာ၊ က်ဳပ္ကိုဆိုရင္လည္း ခင္ေမာင္လို႔ ဘယ္သူမွမေခၚဘူးဗ်၊ က်ဳပ္အေမေခၚတဲ့အတိုင္း အလတ္ေကာင္၊ အလတ္ေကာင္နဲ႔ တစ္႐ြာလုံးက ဝိုင္းေခၚေနၾကတာကိုး၊ မသိရင္ ႐ြာမွာ အလတ္ေကာင္က က်ဳပ္တစ္ေယာက္တည္း ကန္ထ႐ိုက္ဆြဲထားတာက်ေနတာပဲ”

“ေအးေလ၊ ဒါေၾကာင့္ နာမည္ဆိုတာက သူမ်ားေခၚမွ တြင္တာလို႔ ေျပာခ်င္တာေပါ့ကြာ၊ အင္း၊ နာမည္နဲ႔ပတ္သက္လို႔ တို႔ငယ္ငယ္က ၾကားဖူးတဲ့ ဇာတ္လမ္းေလးတစ္ခုေတာင္ရွိေသးကြ”

“ေျပာျပပါအုံးဗ်ာ၊ ေပါင္းေကာက္ရင္း ပ်င္းေနတာနဲ႔ နားေထာင္ရတာေပါ့”

ဦးဘသာက ပါးစပ္ထဲက ဝါးၿပီးသားကြမ္းဖတ္ေတြကို ုေတာင္းထဲကိုေထြးထည့္လိုက္ၿပီးေတာ့ လည္ေခ်ာင္းတစ္ခ်က္ဟန႔္ၿပီး ရွင္းလိုက္ေသးတယ္ဗ်။

“ဒီလိုကြ၊ အရင္က မန္က်ည္းကိုးပင္႐ြာမွာ လူတစ္ေယာက္ရွိတယ္၊ သူ႔နဖူးမွာ အမွတ္ပါလို႔ ႐ြာကလူေတြက မွတ္ႀကီးလို႔ေခၚသတဲ့ကြ”

“ဟာ၊ ဒါဆို ေဆးဆရာဦးမွတ္ႀကီးလိုေပါ့ဗ်ာ”

“ထားပါေတာ့ကြာ၊ ဒါေပမယ့္ မန္က်ည္းကိုးပင္႐ြာမွာ မွတ္ႀကီးက ႏွစ္ေယာက္ျဖစ္ေနတယ္ကြ၊ ဒီေတာ့ လူေတြက မွားက်တာေပါ့ကြာ၊ မွတ္ႀကီးလို႔ေမးရင္ ဟိုမွတ္ႀကီးလိုလို၊ ဒီမွတ္ႀကီးလိုလိုနဲ႔ ျဖစ္ကုန္တာေပါ့၊ တစ္ရက္ေတာ့ အဲဒီမွတ္ႀကီးက သူ႔နာမည္ကို ေမာင္ႀကီးလို႔ ေျပာင္းလိုက္တယ္၊ ႐ြာကလူေတြကိုလည္း မုန္႔္ေကြၽးလိုက္တာေပါ့ကြာ၊ ဒါေပမယ့္္ ငါခုနကေျပာသလို ႐ြာကလူေတြက သူ႔ကိုေမာင္ႀကီးလို႔မေခၚဘဲ မွတ္ႀကီးလို႔ပဲျပန္ေခၚၾကတယ္တဲ့ကြာ၊ ဒါနဲ႔ပဲ နာမည္ေျပာင္းတာ မေအာင္ျမင္ဘူးေပါ့”

“အင္းေပါ့ဗ်ာ၊ ႏႈတ္က်ိဳးေနၿပီကိုး”

“ဒါနဲ႔ တစ္ရက္ေတာ့ အဲဒီမွတ္ႀကီးနဲ႔ ႐ြာသားတစ္ေယာက္နဲ႔ ရန္ျဖစ္ၿပီး တုတ္တစ္ပ်က္ ဓါးတစ္ပ်က္ျဖစ္ကုန္ၾကေရာကြာ၊ တစ္ဖက္က လူက ဓါးနဲ႔ခုတ္လိုက္ေတာ့ မွတ္ႀကီးတစ္ေယာက္ လက္ျပတ္သြားတယ္ကြ၊ ဒီေတာ့မွ သူ႔နာမည္ မွတ္ႀကီးက ေျပာင္းသြားေတာ့တယ္ေဟ့”

“ဟာ၊ ဘယ္လိုမ်ားေျပာင္းသြားတာလဲဗ်”

“လက္ျပတ္ မွတ္ႀကီးတဲ့ကြာ၊ ဟား၊ ဟား”

ဦးဘသာာေျပာေတာ့ က်ဳပ္လည္း လိုက္ၿပီးရယ္မိတာေပါ့ဗ်ာ၊ က်ဳပ္တို႔ႏွစ္ေယာက္လည္း စကားတေျပာေျပာနဲ႔ ေပါင္းေကာက္ေနရင္း မၾကာခင္ ကန္သင္းအစပ္ကိုေရာက္လာတယ္ဗ်၊ ကန္သင္းေတြရဲ႕ေဘးနားမွာ ေရသြင္းတဲ့ေျမာင္းကေလးေတြရွိတတ္တယ္၊ မိုးေကာင္းတဲ့အခ်ိန္ဆိုေတာ့ ေရေျမာင္းေလးေတြထဲ ေရေတြရွိတာေပါ့။ ေရေျမာင္းဟိုဖက္မွာေတာ့ ေျမ႐ိုင္းႀကီးေပါ့ဗ်ာ၊ ခ်ဳံပင္ေတြ ေတာထေနတာေပါ့။

“ဟာ၊ ဟိုမွာ ပီေလာပင္ေတြ မနည္းပါလားဗ်”

က်ဳပ္လည္း ေျပာရင္းဆိုရင္း ပီေလာ႐ြက္ေတြသြားခူးတယ္ဗ်၊ ႐ိုးကေလးအထဲမွာလည္း ေရစပ္စပ္နဲ႔ မႈိနတိုေတြ ေဖြးေနတာပဲဗ်ာ၊ ဦးဘသာက က်ဳပ္ကိုၾကည့္ရင္း

“အလတ္ေကာင္ေရ၊ မင္းဆိုတဲ့ ခြန္းေတာက္ကေတာ့ မွန္ေနၿပီေဟ့၊ ငါ့လယ္ေတာထဲမွာ ပီေလာေတြေရာ၊ မႈိနတိုေတြေရာ ေတာထေနလို႔ပါလားကြ၊ ဟား၊ ဟား”

ဦးဘသာကေတာ့ လယ္စပ္ကေနၾကည့္ေနတယ္၊ က်ဳပ္ကေတာ့ ပီေလာ႐ြက္ေတြခူးလိုက္၊ မႈိနတိုေတြ ခူးလိုက္ေပါ့ဗ်ာ။

(၂)

ပီေလာ႐ြက္ဆိုတာ အေလ့က်ေပါက္တဲ့အ႐ြက္မ်ိဳးဗ်၊ မျမင္ဖူးတဲ့လူေတြျမင္ရေအာင္ေျပာရရင္ေတာ့ ခ်ဥ္ေပါင္႐ြက္နဲ႔နည္းနည္းဆင္တယ္ဗ်။ က်ဳပ္တို႔ လယ္ေတာ၊ ယာေတြေတြမွာ ခုလိုမိုးတြင္းဆို ေပါမွေပါပဲဗ်ာ၊ က်ဳပ္တို႔အညာသားေတြအတြက္ေတာ့ အလကားရတဲ့ ဟင္းစားတစ္မ်ိဳးေပါ့၊ အညာသူအညာသားမွန္ရင္ ပီေလာဟင္းေတာ့ စားဖူးၾကမယ္ဗ်။ ပီေလာမွာလည္း က်ဳပ္သိသေလာက္ အ႐ြက္ခြၽန္တာနဲ႔ အ႐ြက္ဝိုင္းတာဆိုၿပီးေတာ့ ႏွစ္မ်ိဳးရွိတယ္၊ ႏွစ္မ်ိဳးစလုံး စားလို႔ေသာက္လို႔ေကာင္းတာပဲ။

မႈိနတိုဆိုတာကေတာ့ အ႐ြက္ဝိုင္းဝိုင္းကေလး ေလးပြင့္္စုၿပီးပြင့္ေနတဲ့ဟာေပါ့ဗ်ာ၊ အ႐ြက္ကအစိမ္းေရာင္ဆိုေပမယ့္ အ႐ြက္ေပၚမွာ ေငြေရာင္အေမွးပါးေလးေတြပါလို႔ မႈိနတိုေတြကို အေဝးကလွမ္းၾကည့္ရင္ ေဖြးေနေအာင္ျမင္ရတတ္တာေပါ့၊ မႈိနတိုမွာလည္း ကုန္းမွာေပါက္တဲ့ဟာနဲ႔ လယ္ကြင္းေတြ ေရစပ္ေတြနားမွာေပါက္တဲ့ မႈိနတိုဆိုၿပီး ရွိေသးတယ္၊ ကုန္းမႈိနတိုက ခပ္ေသးေသးေလးေတြဗ်၊ က်ဳပ္တို႔ဖက္ေတာ့ ေပါက္ေလ့သိပ္မရွိဘူး၊ က်ဳပ္တို႔ဆီမွာေပါက္တာကေတာ့ ေရမႈိနတိုပဲ၊ ေရထဲေပါက္တဲ့အပင္ေတြဆိုရင္ သိပ္သန္တာဗ်၊ တစ္ခ်ိဳ႕ဆို က်ပ္ျပားဝိုင္းေလာက္ေတာင္ရွိတာ၊ ဒါေပမယ့္္ ေရထဲေပါက္တဲ့ မႈိနတိုက သိပ္ၿပီးေတာ့ မသန္႔္ဘူးဗ်၊ ေရညႇိေတြ၊ ႐ြံ႕ေတြပါတတ္တယ္၊

လယ္ကြင္းအစပ္နား ကုန္းစပ္စပ္၊ ေရစပ္စပ္နားမွာ ေပါက္တဲ့မႈိနတိုေတြကေတာ့ ခူးလို႔အဆင္ေျပသလို၊ ေဆးရတာလည္း လြယ္မွလြယ္ပဲဗ်ာ၊ ဒီေတာ့ က်ဳပ္လည္း ကန္သင္းစပ္နားက မႈိနတိုတစ္အုပ္ကိုခူးလိုက္တာ လက္တစ္ေပြ႕ပဲဗ်ာ၊ ပီေလာ႐ြက္နဲ႔ေပါင္းလိုက္ေတာ့ လက္ႏွစ္ဖက္ေပြ႕ၿပီးေတာ့ ကိုင္ရပါေရာ၊ ဒါေတာင္မွ ပီေလာနဲ႔ မႈိနတိုက အမ်ားႀကီးက်န္ေသးတာ၊ အဲဒီအခ်ိန္တုန္းကေတာ့ စားလို႔ကိုမႏိုင္ပါဘူးဗ်ာ။

ခုေခတ္ေတာ့ မရွိေတာ့ပါဘူး၊ လယ္ထဲေပါင္းေကာက္ရမွာစိုးလို႔ ေပါင္းသတ္ေဆးႏိုင္ႏိုင္ထည့္ၾကရင္ အဲဒီအပင္ေတြလည္း သူ႔အလိုလိုတုန္းသြားတာဗ်၊ ခုေခတ္ေတာ့ ပီေလာ႐ြက္ဆိုရင္ လမ္းေဘးမွာ ေန႔တစ္ပိုင္းေလာက္ရွာေတာင္ လက္တစ္ေပြ႕ရဖို႔ မေသခ်ာေတာ့ဘူးဗ်။

က်ဳပ္လည္းခူးလာတဲ့ ပီေလာနဲ႔ မႈိနတိုကို ဦးဘသာကို နည္းနည္းေပးလိုက္တာေပါ့ဗ်ာ၊ သူကတစ္ကိုယ္တည္းသမားဆိုေတာ့ တစ္ခါစားပဲယူပါတယ္၊ ညေနအိမ္ျပန္ေတာ့ ပီေလာ႐ြက္ေတြကို ပုဆိုးနဲ႔ထုပ္ၿပီး ျပန္ခဲ့တာေပါ့ဗ်ာ။

ၿခံထဲဝင္လိုက္တာနဲ႔ အေမ့ကိုေအာ္ေျပာရတယ္။

“အေမေရ၊ ပီေလာေတြေရာ၊ မႈိနတိုေတြေရာ ပါလာတယ္အမ်ားႀကီးပဲ”

“ေအးဟယ္၊ အေတာ္ပဲ ပဲႀကီးနဲ႔ေရာခ်က္စားရေအာင္၊ ဟဲ့၊ နင့္ဟာက အမ်ားႀကီးပါလားဟဲ့”

က်ဳပ္ခူးလာတဲ့အ႐ြက္ေတြကမ်ားလြန္းလို႔ အေမ့မွာ ေဘးအိမ္ေတြကို ေဝလိုက္တာ ေလးငါးအိမ္ေတာင္ စားေလာက္တယ္ဗ်၊ ပီေလာ႐ြက္တို႔ မႈိနတိုတို႔ဆိုတာက လက္တစ္ဆုပ္ေလာက္ရွိရင္ကို စားလို႔ေလာက္ေနတာမဟုတ္လား၊ အေမက ပဲႀကီးဟင္းခ်က္ေတာ့တယ္၊ ၿပီးေတာ့ စားခါနီးမွ ဟင္းအိုးဆူူဆူထဲကို ပီေလာ႐ြက္နဲ႔မႈိနတိုကေလး ခပ္ၿပီးေတာ့ ၾကက္သြန္ျဖဴ ေလးငါးတက္ေလာက္ ဓါးျပား႐ိုက္ထည့္လိုက္ရင္ေတာ့ ပီေလာဟင္းၿပီးၿပီေပါ့ဗ်ာ။

ပီေလာဟင္းဆိုတာ ခပ္ခြၽဲခြၽဲ၊ ခပ္ပ်စ္ပ်စ္ဗ်၊ ဒီေတာ့ ထမင္းစားရင္ ေျမာခ်လို႔သိပ္ေကာင္းတာေပါ့ဗ်ာ၊ က်ဳပ္တို႔အရပ္မွာေတာ့ ပီေလာ႐ြက္ဟင္းခ်ိဳကို ေမာ္ေတာ္ကားဟင္းလို႔ေခၚၾကတယ္၊ ဘာလို႔လဲဆိုေတာ့ ထမင္းစားရင္ ျမန္ျမန္စားႏိုင္လို႔တဲ့ဗ်ာ၊ တကယ္လည္းဟုတ္တာကိုးဗ်၊ ဆန္ၾကမ္းထမင္းကို ငါးပိခ်က္ကေလးနဲ႔ေထြးၿပီး ပါးစပ္ထဲကိုထည့္၊ ၿပီးရင္ ပီေလာဟင္းရည္ကေလး ရႉးခနဲခပ္ေသာက္လိုက္ရင္ သူ႔အလိုလိုရွလြတ္ခနဲ လည္ေခ်ာင္းထဲကို ေလ်ာၿပီးဝင္သြားတာဗ်။ ဒါေၾကာင့္လည္း ဦးပုညက ေရသည္ျပဇတ္ထဲမွာ ေရးခဲ့တာေပါ့။

“ပဲ(စိ)တဝက္၊ ေျပာင္းတဝက္ႏွင့္ ဆန္ ျပက္သိကာ ပါေကာင္းလို႔ ပါေတာ့တယ္၊ ဟင္းလ်ာမွာ ပီေလာ၊ လည္ေခ်ာင္းကို ေျမလွန္၊ ဂလုံဆန္ေအာင္၊ ေျခကန္လို႔ေမွ်ာရတယ္ ေကာလိုက္တဲ့ကံ”

ဆိုၿပီးေတာ့ ေရသည္မိန္းမထမင္းစားတဲ့ပုံကို ေရးခဲ့တာမဟုတ္လား၊ က်ဳပ္တို႔စားတဲ့ထမင္းကေတာ့ ပဲေတြ၊ ေျပာင္းေတြမပါလို႔ ေရသည္မိန္းမထမင္းေလာက္ေတာ့ မၾကမ္းေပမယ့္္၊ က်ဳပ္တို႔ေခတ္က ဆန္ေတြက ဆန္ၾကမ္းႀကီးေတြဗ်၊ ၿပီးေတာ့ ဆန္စက္နဲ႔သြားဖြပ္တာထက္ အိမ္မွာပဲ ေမာင္းဆုံနဲ႔ ဖြပ္ထားတဲ့ဆန္ေတြဆိုေတာ့ ခပ္ၾကမ္းၾကမ္းေတြေပါ့ဗ်ာ၊ ပီေလာဟင္းပါတာေတာင္မွ ေျခကန္ၿပီး ၿမိဳခ်ရတယ္ဆိုတဲ့ ေရသည္မိန္းမရဲ႕ဆင္းရဲတာကို ဖြဲ႕ဆိုတာ မ်က္လုံးထဲတန္းခနဲျမင္ေအာင္ ဖြဲ႕တတ္တာ လက္ဖ်ားခါေလာက္ပါရဲ႕။

တျခားဟင္းနဲ႔ဆို အိမ္မွာဆန္တစ္ျပည္ခ်က္ေလာက္ေပမယ့္ ပီေလာဟင္းနဲ႔ဆိုရင္ေတာ့ အဲဒီတစ္ျပည္ေတာင္မွ အလုအယက္စားၾကရတာ၊ အခုျပန္ေတြးရင္ေတာင္မွ မိန္ေနပါေသးတယ္ဗ်ာ။

စားၿပီးေတာ့ ဗိုက္အင့္အင့္နဲ႔ အေဖ့ေဘးနားထိုင္ၿပီး ထန္းလ်က္ခဲစားၾကတာေပါ့ဗ်ာ၊ အေဖနဲ႔ ေထြရာေလးပါး ေလွ်ာက္ေျပာၾကရင္း အဲဒီပီေလာအေၾကာင္းေရာက္သြားတယ္ဗ်။

“ပီေလာက ခြၽဲလို႔ပဲ စာဆိုေတာင္ရွိေသးတယ္ကြ၊ ပီေလာပင္ပက္က်ိတက္တယ္တဲ့၊၊ ဆိုလိုခ်င္တာကေတာ့ကြာ ဒီေလာက္ခြၽဲေနတဲ့ပီေလာပင္ကိုေတာင္မွ ပက္က်ိက ထပ္ကပ္ၿပီး ပိုခြၽဲတယ္လို႔ဆိုခ်င္တာေပါ့၊ မိန္းကေလးေတြ ခြၽဲခြၽဲပ်စ္ပ်စ္နဲ႔ဆိုရင္ ပီေလာမေတြ၊ ပီေလာပင္ပက္က်ိတက္တယ္ဆိုၿပီး ခိုင္းႏႈိင္းေျပာဆိုၾကတာေပါ့ကြာ”

အေမကလည္း ေရေႏြးၾကမ္းအိုးေလးကိုင္လာၿပီး

“ဒါေပါ့၊ ဟိုတစ္ခါက ခြၽဲခြၽဲပ်စ္ပ်စ္ေျပာတဲ့ မင္းသမီးကို တို႔႐ြာကလူေတြက ပီေလာငိုလို႔ ေခၚတယ္မဟုတ္လား၊ ခြၽဲလြန္းလို႔ ပီေလာေတာင္ ငိုရတယ္တဲ့”

ဒီလိုနဲ႔ က်ဳပ္တို႔စကားဝိုင္းကေလးက ညဘက္မွာ ရယ္သံေမာသံ တေသာေသာနဲ႔ ျဖစ္ခဲ့တာေပါ့ဗ်ာ။

(၃)

သုံးေလးရက္ၾကာေတာ့ အေမက က်ဳပ္ကို လက္တို႔ၿပီးေခၚတယ္။

“ဟဲ့၊ အလတ္ေကာင္ နင့္္အေဖအေနာက္ကို လိုက္ၾကည့္စမ္း”

“ဟာ၊ အေမကလည္း ဘာျဖစ္လို႔လဲ”

“နင့္အေဖကို ႐ြာေနာက္ပိုင္းက ခင္ေႏွာင္းက ျမႇဴဆြယ္ေနလို႔တဲ့ဟ”

“ဟာ၊ အေမကလည္း ဟုတ္ပါ့မလား”

အေမက က်ဳပ္ကိုေခါင္းေခါက္ရင္း

“ဒါေၾကာင့္္ နင့္ကိုလိုက္ၾကည့္ခိုင္းတာေပါ့၊ နင္ပါးပါးနပ္နပ္ေတာ့လုပ္၊ ၾကားလား”

အေမ့အမိန႔္နဲ႔ က်ဳပ္လည္း မေယာင္မလည္နဲ႔ထြက္ခဲ့တာေပါ့ဗ်ာ၊ ခင္ဗ်ားတို႔နားလည္ေအာင္ ရွင္းျပရအုံးမယ္၊ အဲဒီတုန္းက ေယာက္်ားေလးတစ္ေယာက္က မိန္းမေနာက္ထပ္ထပ္ယူတာ အိမ္ေထာင္ေရးေဖာက္ျပန္တယ္လို႔ မေခၚဘူးဗ်၊ ေကြၽးႏိုင္ရင္ ယူလို႔ရတဲ့ေခတ္၊ က်ဳပ္တို႔႐ြာမွာေတာင္ မိန္းမေတြအမ်ားႀကီး ယူထားတဲ့လူေတြမနည္းဘူး၊ မယားၿပိဳင္ယူတယ္လို႔ေခၚတာ၊ အဓိက ကေတာ့၊ မိန္းကေလးမိဘေတြသေဘာတူရင္ အိမ္ေထာင္ရွိတဲ့ေယာက္်ားျဖစ္ပါေစ ေနာက္ထပ္မိန္းမထပ္ယူလို႔ရတယ္၊ ၿပီးေတာ့ ယူထားတဲ့မိန္းမကို အိမ္ေခၚလာၿပီး မယားႏွစ္ေယာက္ ေပါင္းလို႔လည္းရသလို၊ ႐ြာေတာင္ပိုင္းမွာ မိန္းမတစ္ေယာက္ယူ၊ အိမ္တစ္ေဆာင္မီးတေျပာင္နဲ႔ထား၊ ႐ြာေျမာက္ပိုင္းမွာလည္း မိန္းမတစ္ေယာက္နဲ႔ ဟိုအိမ္သြားေနလိုက္၊ ဒီအိမ္သြားေနလိုက္ ေပါင္းသင္းေနတဲ့သူေတြလည္းရွိတယ္ဗ်။

အသက္ေျခာက္ဆယ္အဘိုးႀကီးလည္း အပ်ိဳနဲ႔ယူခ်င္ယူတာပဲ၊ ေဟာ၊ လူပ်ိဳဆိုေပမယ့္လည္း တစ္ခုလပ္၊ တစ္လင္ကြာနဲ႔ ညားခ်င္ရင္လည္းညားတာပဲဗ်ာ၊ တစ္ခါတစ္ေလ အကိုျဖစ္သူေသသြားလို႔ အကို႔မိန္းမကိုယူလိုက္ရတာ၊ ညီျဖစ္သူဆုံးသြားၿပီး မိန္းမက ကေလးေတြနဲ႔က်န္ခဲ့လို႔ အကိုက ထပ္ယူၿပီး ေစာင့္္ေရွာက္ထားရတာေတြလည္းရွိတယ္၊ ခုေခတ္လို တလင္တမယားေခတ္မဟုတ္ဘူးေပါ့ဗ်ာ၊ ေယာက္်ားေကာင္း ေမာင္းမတစ္ေထာင္ဆိုတဲ့ေခတ္ေပါ့။

က်ဳပ္အဘိုးသူႀကီးဆိုရင္လည္း မိန္းမခ်ည္း ခုနစ္ေယာက္ေလာက္ယူခဲ့တာဗ်၊ အဂၤလိပ္ေခတ္၊ ဂ်ပန္ေခတ္က တန္ခိုးထြားခဲ့တဲ့သူကိုးဗ်၊ ဒါေတာင္မွ တိတ္တိတ္ပုန္းတို႔၊ လင္ခန္းမယားခန္း ျပတ္သြားတဲ့သူေတြ မပါေသးဘူးဗ်၊ ဒါေၾကာင့္္ တစ္႐ြာလုံး က်ဳပ္တို႔အမ်ိဳးမလြတ္ဘူးလို႔ အရီးၿပဳံးကေျပာတာေပါ့၊ မိန္းမခုနစ္ေယာက္က ေမြးတဲ့သားသမီး၊ ေျမးျမစ္ေတြက တစ္႐ြာလုံးအႏွံ႔ျဖစ္ေနတာေပါ့ဗ်ာ။

က်ဳပ္လည္း အေဖ့ကိုေတာ့ သိပ္မထင္ခ်င္ဘူး၊ ဒါေပမယ့္လည္း အေဖကလည္း ေယာက္်ားသားဆိုေတာ့လည္း သိပ္ေတာ့မယုံရဲဘူးေပါ့ဗ်ာ၊ ႏြားအိုျမက္ႏုႀကိဳက္တို႔၊ ေသခါနီးရိကၡာယူတယ္တို႔ဆိုတာေတာင္ ရွိေသးတယ္မဟုတ္လား၊ က်ဳပ္လည္း အေဖ့အေနာက္ကေန အသာေလးလိုက္လာခဲ့တာေပါ့ဗ်ာ၊ အေဖကမ်က္စိလ်င္တာနဲ႔ ေတာ္ေတာ္ေဝးေဝးကေနလိုက္မွရတယ္၊ အေဖက ႐ြာေနာက္ပိုင္းကို တည့္တည့္ဦးတည္သြားေနတယ္ဗ်၊ အဲဒီေနရာမွာ လမ္းေကြ႕ကေလးရွိေတာ့ က်ဳပ္လည္း လမ္းေကြ႕နားက ခ်ဳံကြယ္ေလးထဲ ဝင္ေနလိုက္တယ္၊ က်ဳပ္ျပန္ထြက္ၾကည့္လိုက္ေတာ့ အေဖမရွိေတာ့ဘူး၊ အဲဒီအနားမွာလည္း မခင္ေႏွာင္းအိမ္ရွိတယ္မဟုတ္လား၊ က်ဳပ္လည္း အေဖဝင္သြားတာျဖစ္မယ္ဆိုၿပီးေတာ့ မခင္ေႏွာင္းအိမ္ကို ပတ္ေခ်ာင္းဖို႔ျပင္တာေပ့ါဗ်ာ။

မခင္ေႏွာင္းဆိုတာက က်ဳပ္တို႔ထက္ ေလးငါးႏွစ္ေတာ့ႀကီးတယ္၊ ႐ြာမွာေတာ့ အပ်ိဳႀကီးစာရင္းဝင္ေပါ့ဗ်ာ၊ အကိုႀကီးတို႔နဲ႔ေတာ့ ႐ြယ္တူေလာက္ရွိမွာေပါ့၊ အပ်ိဳႀကီးဆိုၿပီး ဘိုသီဘတ္သီႀကီး မဟုတ္ဘူးဗ်၊ သူ႔မိဘေတြက လယ္ေတြပိုင္တယ္၊ အခု သူ႔မိဘႏွစ္ပါးစလုံး ေရွ႕ဆင့္ေနာက္ဆင့္ဆုံးသြားတာဆိုေတာ့ အိမ္မွာ သူ႔အဘြားရယ္၊ သူရယ္ပဲ က်န္ခဲ့တာေပါ့ဗ်ာ၊ လယ္ေတြကို သီးစားခ်ထားၿပီးေတာ့ ေအးေအးေဆးေဆးေန႐ုံပဲ၊ ကိုယ္လုံးကိုယ္ေပါက္ကလည္း ေတာင့္ေတာင့္၊ အသားကလည္း တင္းတင္းရင္းရင္းနဲ႔ မ်က္ႏွာေလးေတြ၊ ပါးေလးေတြဆိုရင္ ေျပာင္ေျပာင္ေလးဗ်။ အေဖႀကိဳက္ခ်င္လည္း ႀကိဳက္ခ်င္စရာႀကီးပါ၊ သူ႔ပုံစံက မင္းႀကိဳက္ စိုးႀကိဳက္႐ုပ္ကိုးဗ်။

မခင္ေႏွာင္းတို႔ အိမ္နံေဘးမွာ စပါးက်ီေတြရွိတယ္၊ အဲဒီေဘးနားမွာေတာ့ ၿခံလြတ္ႀကီးတစ္ခုရွိတယ္ဗ်၊ က်ဳပ္လည္း ၿခံလြတ္ႀကီးထဲကို အတင္းဝင္လိုက္တာေပါ့၊ ၿခံလြတ္ဆိုေတာ့ အထဲမွာ ခ်ဳံႏြယ္ပိတ္ေပါင္းေတြ အျပည့္ေပါ့ဗ်ာ၊ က်ဳပ္လည္းး အေဖဝင္သြားသလားဆိုတာ ေသခ်ာေအာင္လို႔ ေလွကားအတက္အဆင္းကိုေသခ်ာၾကည့္ရတယ္၊ ေတြ႕ပါၿပီဗ်ာ၊ အေဖအၿမဲစီးေနက အေဖ့ကတၱီပါဖိနပ္၊ မခင္ေႏွာင္းတို႔အိမ္ေပၚတက္တဲ့ ေလွကားရင္းနားမွာခြၽတ္ထားတယ္၊ က်ဳပ္လည္း မခင္ေႏွာင္းတို႔အိမ္အနားကိုထပ္ကပ္ခဲ့ေတာ့ အိမ္အလယ္ခန္းေလာက္မွာ အသံၾကားတယ္ဗ်။

မခင္လွတို႔အိမ္ေအာက္က လူတစ္ေယာက္ကုန္းၿပီးဝင္လို႔ရေအာင္ျမင့္တယ္၊ က်ဳပ္ေတာ့ ကုန္းမဝင္ပါဘူး၊ ဘာေၾကာင့္လည္းဆိုေတာ့ ၾကမ္းၾကားေတြရွိတယ္ေလ၊ မေတာ္တဆ ၾကမ္းေပါက္ကေန က်ဳပ္ကိုျမင္သြားႏိုင္တယ္၊ ဒီေတာ့ ထရံနားကို ကပ္ၿပီး ထရံကိုအေပါက္ရွာမိတယ္။ ထရံေတြကလည္း အသစ္ဆိုေတာ့ အေပါက္ကိုမေတြ႕ဘူး၊ က်ဳပ္တို႔ဆီမွာ ထရံေခ်ာ၊ ထရံေကာင္းဆိုရင္ အေပါက္မေတြ႕ေအာင္ စိပ္စိပ္ရက္ၾကတာကိုး၊ ဒါနဲ႔ပဲ နားနဲ႔ကပ္ၿပီး နားေထာင္ရတာေပါ့။

“ကိုေမာင္၊ စားေနာ္”

အေဖ့ကိုလည္း ကိုေမာင္တဲ့ဗ်။ အေဖ့နာမည္ကို အဖ်ားစြတ္ၿပီးေခၚတဲ့ပုံပဲဗ်။ အေဖျပန္ေျဖတဲ့အသံကိုေတာ့မၾကားရဘူးဗ်။ က်ဳပ္ထင္တာကေတာ့ မခင္ေႏွာင္းတစ္ေယာက္ အေဖ့ကိုထမင္းျပင္ေကြၽးေနပုံပဲဗ်၊ ပန္းကန္သံခြက္သံေတြၾကားတာနဲ႔ ေန႔လည္စာမစားရေသးတဲ့က်ဳပ္ေတာင္မွ ဗိုက္ေတြဆာေနၿပီ။

“ကိုေမာင္အႀကိဳက္ ပီေလာဟင္းရည္ေလးခ်က္ထားေသးတယ္၊ ေသာက္လို႔ေကာင္းရဲ႕လား”

“ေကာင္းပါ့ဗ်ာ၊ ခင္ ခ်က္တဲ့ ပီေလာဟင္းလက္ရာေကာင္းခ်က္ကေတာ့ အိမ္ကမိန္းမခ်က္တဲ့ ပီေလာဟင္းကိုေတာင္မေသာက္ခ်င္ေလာက္ေအာင္ကိုေကာင္းတာ”

အေဖက ထမင္းလုပ္ႀကီးနဲ႔စကားေျပာေနတယ္၊ ၿပီးေတာ့ ဟင္းခ်ိဳေတြကိုလည္း ရွလူးရွလူးနဲ႔ေသာက္ေနေသးတယ္ထင္ပါတယ္ဗ်ာ၊ ဒီအခ်ိန္မွာပဲ မခင္ေႏွာင္းတို႔အိမ္မွာ ေမြးထားတဲ့ ေခြးႀကီးက အိမ္ေခါင္းရင္းနားမွာ ကုန္းကုန္းနဲ႔လုပ္ေနတဲ့က်ဳပ္ကိုျမင္သြားပါေရာဗ်ာ၊ ဒါနဲ႔ က်ဳပ္ဆီကို တဟုန္ထိုးေျပးလာတယ္ဗ်။ က်ဳပ္လည္း အေနာက္က ေျခသံၾကားလို႔လွည့္ၾကည့္ေတာ့ ဒီေခြးႀကီးက က်ဳပ္ကိုလွမ္းကိုက္တာဗ်ာ၊ က်ဳပ္အေရွာင္ျမန္လို႔ေပါ့၊ ဒါေတာင္မွ ပုဆိုးစကို ခဲမိသြားေသးတယ္။ က်ဳပ္လန႔္ေအာ္ေတာ့မလို႔ ဒါေပမယ့္ အေဖတို႔ရွိေတာ့ ပါးစပ္ပိတ္ထားလိုက္ရတယ္။

ေခြးကိုလည္း ထုမယ့္ႏွက္မယ့္ဟန္လုပ္ေတာ့ ေခြးက လန႔္ၿပီးအေနာက္ဆုတ္သြားတယ္၊ ဒါေပမယ့္ က်ဳပ္ကိုထိုးေဟာင္ေတာ့တာပါပဲ၊ ဒီအခါ အိမ္ေပၚက အသံၾကားရတယ္ဗ်။

“ဟဲ့၊ ႏွာေကာက္၊ နင္ဘယ္လိုျဖစ္လို႔ေအာ္ေနတာလဲဟဲ့”

“ဟာ၊ ခင္ကလည္း ေခြးဝဲစားေတြ႕လို႔ ေဟာင္တာျဖစ္မွာပါ”

“ဟုတ္ပါရဲ႕၊ ကိုေမာင္ရယ္၊ အားနာလိုက္တာ၊ စားသာစား၊ ဝေအာင္စား၊ စားၿပီးသြားရင္လည္း အဟင္း . . .”

ခင္ေႏွာင္းအသံက ရယ္သံေႏွာေနတယ္ဗ်၊ က်ဳပ္ကိုလည္း ေခြးႀကီးက တဂီးဂီးလုပ္ေနတာနဲ႔ က်ဳပ္လည္း ၿခံကြက္အလြတ္ထဲကို ျပန္ေျပးဝင္ၿပီးေတာ့ အိမ္ကိုအေျပးျပန္လာတာေပါ့ဗ်ာ။

“အေမေရ . . . အေမ”

က်ဳပ္ဆိုၿခံထဲဝင္ကတည္းက ေအာ္ၿပီးဝင္လာတာဗ်၊ အေမအနားေရာက္ေတာ့ အေမက က်ဳပ္ကိုေခါင္းတန္းေခါက္ပါေရာ၊

“ေသမလို႔ေအာ္လာတာလားဟဲ့၊ ပတ္ဝန္းက်င္က ၾကားရင္တစ္မ်ိဳးထင္ေနအုံးမယ္”

“ေသတာထက္ အေရးႀကီးတယ္အေမေရ၊ အေဖက မခင္ေႏွာင္းနဲ႔ . . .”

က်ဳပ္ေျပာေတာ့မွ အေမက ျပဴးျပဴးျပာျပာျဖစ္သြားတယ္။

“ဟဲ့၊ ဘာျဖစ္တာလဲ”

“မခင္ေႏွာင္းနဲ႔အတူတူစားေသာက္ေနတာဗ်ာ၊ ၿပီးေတာ့ေျပာေသးတယ္ မခင္ေႏွာင္းခ်က္ေကြၽးတဲ့ ပီေလာဟင္းရည္က ေကာင္းလြန္းလို႔၊ အေမခ်က္ေပးတာကိုေတာင္ မေသာက္ခ်င္ဘူးတဲ့ဗ်ာ”

“ၾကည့္စမ္း၊ ေသနာေကာင္ႀကီး”

“အေမက အဲဒါေတြခက္တာပဲ၊ အေဖစိတ္ကုန္တာ အေမ့ေၾကာင့္လည္းပါတယ္၊ အေမက တစ္ခ်ိန္လုံး ဆဲလိုက္ဆိုလိုက္ လုပ္ေနေတာ့တာကိုးဗ်၊ ဟိုက မခင္ေႏွာင္းက အေခ်ာ့ေကာင္း၊ အခြၽဲေကာင္းေနာ္ဗ်၊ အေဖ့ကိုေတာင္ ကိုေမာင္လို႔ေခၚတာ၊ စကားေျပာရင္လည္း ရယ္ရတာနဲ႔၊ တဟင္းဟင္းနဲ႔ မူေနရတာနဲ႔”

အေမက ေဒါသေတြထြက္ၿပီးေတာ့ ခါးေထာက္လိုက္တယ္။

“လာပါေစအုံး၊ ဒီလူႀကီးေတာ့ ငါနဲ႔ေတြ႕မယ္၊ နင္ေျပာတာ ေသခ်ာတယ္ေနာ္အလတ္ေကာင္”

“အေမကလည္းဗ်ာ၊ က်ဳပ္မ်က္စိနဲ႔ျမင္ခဲ့တာ၊ ေဟာဒီက်ဳပ္နားနဲ႔ဆတ္ဆတ္ကိုၾကားခဲ့တာ၊ အေမမယုံဘူးဆိုရင္ အေမ့ေယာက္်ားျပန္လာရင္ ထမင္းတန္းေကြၽးၾကည့္ေပါ့၊ ဟိုအိမ္မွာ တစ္ၿဖဲႏွစ္ၿဖဲစားလာတာဆိုေတာ့ အိမ္ေရာက္ရင္ ထမင္းဘယ္စားႏိုင္မလဲ၊ အေမ့လက္ရာကိုလည္း စားခ်င္မွာလည္းမဟုတ္ပါဘူးေလ”

“ေတာက္၊ ေအး၊ ေတြ႕မယ္၊ မသန္းတဲ့ တစ္သန္းထဲရွိတယ္၊ ဒင္းတို႔အမ်ိဳးေတြက ဒီအတိုင္းပဲ၊ ဒင္းအေဖႀကီးကလည္း ႏွာဘူးႀကီး၊ ဒင္းလည္း အသက္ႀကီးမွ အေၾကာထလာတယ္ထင္တယ္၊ ဟင္း၊ ဟင္း”

ကြမ္းတစ္ယာညက္ေလာက္ၾကာေတာ့ အေဖျပန္ေရာက္လာတယ္ဗ်၊ အေဖက မခင္ေႏွာင္းအိမ္မွာ ထမင္းစားၿပီးေတာ့ ဘာေတြထပ္စားလာသလဲေတာ့မသိဘူး၊ သြားၾကားထိုးတံေလးကိုက္လာၿပီးေတာ့ ေလကေလးကလည္း တခြၽန္ခြၽန္နဲ႔ဗ်၊ ၿခံထဲဝင္လာၿပီးေတာ့ ခုံတန္းကေလးမွာထိုင္လိုက္တယ္၊ ၿပီးေတာ့ သီခ်င္းကေလး ညည္းေနရင္း ေရေႏြးအိုးထဲက ေရေႏြးငွဲ႔ေနတယ္ဗ်။ က်ဳပ္ေတာင္အခ်က္ေပးစရာမလိုပါဘူးဗ်ာ၊ အေမက မီးဖိုေခ်ာင္ထဲကေနထြက္လာတယ္။

“ေဟာ၊ လင္ေတာ္ေမာင္သူႀကီးမင္းေတာင္ အိမ္ျပန္ေရာက္လာၿပီကိုး၊ ထမင္းစားေတာ့မလား ေဟာဒီက မိန္းမျပင္ေပးမယ္”

အေဖက ေရေႏြးငွဲ႔ရင္း ေခါင္းခါတယ္။

“မစားေတာ့ပါဘူးကြာ၊ ငါအျပင္ကေနစားလာခဲ့ၿပီးၿပီကြ”

“ေဟာေတာ္၊ ေတာ္ေတာ္မွစားေကာင္းခဲ့ရဲ႕လား”

“ေကာင္းပါ့၊ ၾကက္သားဟင္းရယ္၊ ပီေလာဟင္းရည္ေလးနဲ႔ဆိုေတာ့ စားလို႔ၿမိန္ခ်က္”

“ေၾသာ္၊ ဟုတ္ရဲ႕လား၊ ေျပာစမ္းပါအုံးေတာ္၊ အဲဒီကခ်က္တဲ့လက္ရာနဲ႔ က်ဳပ္ခ်က္တဲ့လက္ရာ ဘယ္ဟာက ပိုေကာင္းသလဲေတာ့”

“ဟာ မသန္း၊ မင္းဘာျဖစ္ေနတာလဲဟ၊ မင္းခ်က္ေကြၽးတဲ့လက္ရာကို ငါအႏွစ္သုံးဆယ္ေလာက္စားခဲ့တာပါကြ၊ မင္းလက္ရာအေကာင္းဆုံးေပါ့”

အေဖက ေျမႇာက္ေျပာေပမယ့္ အေမက မၿပဳံးဘဲနဲ႔ မ်က္ႏွာႀကီးက မဲ့႐ြဲ႕သြားတယ္ဗ်၊ အရင္ကဆို ေဒါသထြက္လာရင္ အေဖ့ကိုကတ္ကတ္လန္ရန္ေတြ႕လိုက္၊ စိတ္မထင္ရင္မထင္သလို လက္ပါတတ္တဲ့အေမက အခုေတာ့ မ်က္ရည္ေပါက္ေတြက်ၿပီးေတာ့ မီးဖိုထဲကိုေျပးဝင္သြားေတာ့တယ္၊ အေဖက က်ဳပ္ကိုနားမလည္ႏိုင္သလိုနဲ႔ၾကည့္တယ္။

“အလတ္ေကာင္၊ မင္းအေမဘာျဖစ္သြားတာလဲကြ”

က်ဳပ္လည္း ဟန္ေဆာင္ေကာင္းလြန္းတဲ့ အေဖ့ကို ေဒါသထြက္ထြက္နဲ႔ျပန္ၾကည့္ရင္း

“ဒါေလးေတာင္အေဖမသိဘူးလား၊ တကယ္ဆိုရင္ အေဖက အေမ့ကိုမေျပာရင္ေတာင္ က်ဳပ္တို႔ကိုတိုင္ပင္သင့္္တယ္၊ အေဖအရမ္းျဖစ္ခ်င္ေနတယ္ဆိုရင္ေတာင္ က်ဳပ္တို႔မ်က္ႏွာကိုၾကည့္သင့္တယ္”

အေဖက အခုထက္ထိ ဘာမွမသိသလိုမ်ိဳး ဟန္ေဆာင္ေနတုန္းဗ်။ က်ဳပ္လည္း ဘာမွမေျပာေတာ့ဘဲ အိမ္ေပၚတက္သြားလိုက္ေတာ့တယ္၊ ခဏၾကာေတာ့ အေမကလည္း အိမ္ေပၚတက္လာတယ္ဗ်၊ ေနာက္ေတာ့ အခန္းထဲကေန ထန္းေခါက္ဖာႀကီး႐ြက္လာၿပီးေတာ့ အိမ္ေပၚကေန ဆင္းခ်လာပါေရာ၊ က်ဳပ္လည္း အေမ့ကိုအေပၚထပ္မွာ ဆြဲရတာေပါ့။

“ဟဲ့အလတ္ေကာင္ ငါ့ကိုလႊတ္စမ္း၊ ငါသူနဲ႔ဆက္ၿပီးမေပါင္းခ်င္ေတာ့ဘူး”

အေမနဲ႔က်ဳပ္နဲ႔ ေလသံေလးနဲ႔ေျပာေနၾကတာေပါ့ဗ်ာ။

“အေမရာ စိတ္ကိုထိန္းထားပါ၊ အေမထြက္သြားလိုက္ရင္ အေမအရႈံးသမားျဖစ္သြားမွာေပါ့၊ ဘာလဲ မခင္ေႏွာင္းကိုအေဖက အိမ္ေပၚေခၚတင္လာတာကို အေမက ျမင္ခ်င္ေနတာလား၊ ၿပီးေတာ့ အေမအိမ္ကေနဆင္းသြားပါၿပီတဲ့၊ အေမ့အမ်ိဳးေတြက အေမ့ကိုဘာေျပာၾကမလဲ”

က်ဳပ္ေျပာလိုက္ေတာ့ အေမက နည္းနည္းတည္ၿငိမ္သြားတယ္။ က်ဳပ္လည္းဆက္ေျပာတယ္။

“ဒီေလာက္ကေတာ့ ဘာမွမပူနဲ႔အေန၊ အေမသာ ဟန္မပ်က္ေန၊ ဒီေကာင္မနဲ႔အေဖနဲ႔ကို က်ဳပ္လူမသိေအာင္ ရွင္းေပးမယ္”

အေမက က်ဳပ္ကို အားကိုးတႀကီးနဲ႔ၾကည့္တယ္ဗ်။

“အလတ္ေကာင္၊ နင္ဘာေတြေလွ်ာက္လုပ္အုံးမလို႔လဲ”

“စိတ္ခ်ပါအေမရ၊ အလတ္ေကာင္တို႔က မႀကံလို႔သာ လြဲေနတာ၊ ႀကံၿပီဆိုလို႔ကေတာ့ ထရံေတာင္ ခေနာင္းျဖစ္တဲ့ေကာင္ပါဗ်”

အေမက ဘာမွမေျပာေတာ့ဘဲ ထန္းေခါက္ဖာႀကီး႐ြက္ၿပီး အိမ္ခန္းထဲျပန္ဝင္သြားတယ္ေပါ့ဗ်ာ။

(၃)

“အျဖစ္ကေတာ့ အဲဒါပါပဲ ဦးဘသာႀကီးရယ္”

ေနာက္တစ္ေန႔လယ္ထဲဆင္းေတာ့ ဦးဘသာႀကီးကို အဲဒီအေၾကာင္းေျပာျပမိတယ္ဗ်၊ ဦးဘသာက က်ဳပ္ေျပာတာကိုနားေထာင္ေနရင္း ေခါင္းညိတ္တယ္။

“ပီေလာ႐ြက္ဆိုတာ ၾကားမိေတာ့မွ ခင္ေႏွာင္းက မင္းအေဖကို တမင္ႀကံေနတာမ်ားလား”

“ဘယ္လိုတမင္ႀကံတာမ်ားလဲဗ်”

“ေအာက္လမ္းအတိုက္တစ္ခုရွိတယ္ကြ၊ အတိုက္ဆိုတာထက္ အညႇိဳ႕လို႔ေခၚတာေပါ့၊ အညႇိဳ႕ဆိုတာကေတာ့ လူတစ္ေယာက္ကို ညႇိဳ႕ၿပီးေတာ့ လိုခ်င္တာေစခိုင္းတာေပါ့ကြာ၊ ငါ့အထင္ေတာ့ မင္းအေဖကို ခင္ေႏွာင္းက ပီေလာကယ္ဆိုတဲ့အစီအရင္သုံးတာျဖစ္မယ္”

“ပီေလာကယ္တဲ့လား”

“ပီေလာ႐ြက္ကိုအစီအရင္အတိုင္း လုပ္ရတယ္၊ အရင္ဆုံး ေယာက္်ားကိုလုပ္မယ္စုံရင္ အ႐ြက္ကိုစုံလုပ္ရတယ္၊ မိန္းကေလးကိုလုပ္မယ္ဆိုရင္ အ႐ြက္အေရအတြက္ကို မဂဏန္းလုပ္ရတယ္၊ ၿပီးေတာ့ ထမီေလွ်ာ္တဲ့အင္တုံထဲမွာ ေရေဆးရသတဲ့ကြာ၊ ၿပီးေတာ့ ေျခနဲ႔နင္းရေသးတယ္၊ တအားၾကမ္းၾကမ္းေတာ့ မဟုတ္ေပမယ့္ ခပ္ဖြဖြေပါ့ကြာ”

“ဟာ၊ ေတာ္ေတာ္မိုက္႐ိုင္းတာပဲဗ်ာ”

“ေအးၿပီးရင္ “ဘယ္သူေရ၊ ဘယ္သူဝါ ငါခိုင္းတဲ့အတိုင္းလုပ္၊ ငါလိုခ်င္တဲ့အတိုင္း ျဖစ္ေပါ့ကြာ” အဲဒီလိုေျပာေျပာၿပီးနင္းရတာတဲ့ကြ၊ ၿပီးရင္ေတာ့ ဟင္းရည္ခ်က္ေပါ့၊ ၿပီးေတာ့ ကိုယ္လုပ္ခ်င္တဲ့လူကိုတိုက္၊ သူ႔ရဲ႕အာနိသင္က အကြာဓါတ္မဟုတ္ဘဲ အကပ္ဓါတ္ေပါ့ကြာ၊ ဒီေတာ့ ကိုယ္တိုက္လိုက္တဲ့လူက ကိုယ့္ကိုလာကပ္ၿပီး ခြဲမရ၊ ခြာမရေပါ့၊ ေနာက္ဆုံးအဆင့္ဆိုရင္ေတာ့ သူ႔ကိုမွ မျမင္ရရင္ မေနႏိုင္၊ သူ႔အသံမၾကားရရင္ မေနႏိုင္ေပါ့ကြာ”

“ေတာက္၊ ဒါေၾကာင့္ျဖစ္မယ္ဗ်၊ အေဖက အိမ္မွာေတာင္ထမင္းမစားေတာ့ဘဲ အဲဒီေကာင္မအိမ္မွာ သြားသြားစားေနတာေပါ့”

“ဟား၊ ဟား ဘာမွမပူပါနဲ႔ကြာ၊ ပီေလာကိုဖ်က္တာ ဖ႐ုံကြ”

“ဗ်ာ၊ ဖ႐ုံက ဖ်က္လို႔ရတယ္”

“ဒါေပါ့ကြ၊ မယုံရင္ ပီေလာဟင္းရည္ထဲကို ဖ႐ုံၫြန႔္ခပ္ၾကည့္ပါလား၊ ခြၽဲတာကို လုံးဝပ်က္သြားတာ”

က်ဳပ္ေတြးၾကည့္ေတာ့လည္း ဟုတ္တယ္ဗ်၊ တစ္ခါတစ္ေလ ပိေလာ႐ြက္နည္းရင္ ဒန႔္ဒလြန္႐ြက္တို႔၊ ဖ႐ုံ႐ြက္တို႔ထည့္ၿပီး ေရာခ်က္စားတယ္၊ အဲဒိအခါက်ရင္ေတာ့ ပီေလာ႐ြက္က သိပ္မခြၽဲေတာ့ဘူးမဟုတ္လား။

“အဲဒီေတာ့၊ မင္းလုပ္ရမွာက ဘာမွေထြေထြထူးထူးမဟုတ္ဘူး၊ မင္းအေဖ ကို ဖ႐ုံၫြန႔္နဲ႔ ဟင္းခါးျဖစ္ျဖစ္၊ ဟင္းခ်ိဳျဖစ္ျဖစ္သာ မ်ားမ်ားေကြၽး၊ ဖ႐ုံသီးရရင္ေကြၽး၊ ဟုတ္ၿပီလား”

က်ဳပ္လည္း ေခါင္းညိတ္လိုက္ေတာ့တယ္၊ ဒါနဲ႔ ဖ႐ုံၫြန႔္ေတြကို အကိုႀကီးတို႔ ယာခင္းအစပ္နားက သြားခူးတယ္ဗ်၊ အကိုႀကီးတို႔လယ္ရဲ႕နံေဘးမွာ ကမူကေလးရွိတယ္၊ အဲဒီေနရာက လယ္စိုက္မရဘူးကိုး၊ ဒါနဲ႔ ဖ႐ုံတို႔၊ သခြားတို႔၊ ၾကက္ဟင္းခါးတို႔ စိုက္ထားတာေပါ့ဗ်ာ။ ဖ႐ုံၫြန႔္ေတြ ေတာ္ေတာ္တက္ေနၿပီဆိုရင္ေတာ့ ခူးစားၾကတာပဲ၊ တစ္ခါခူးရင္ ဟင္းစားရတာကိုးဗ်။

ၿပီးေတာ့ အိမ္ကိုျပန္လာၿပီးေတာ့ အေမ့ကိုေပးရတယ္၊ ဖ႐ုံနဲ႔ပီေလာကို ဓါတ္႐ိုက္ဓါတ္ဆင္လုပ္ရမယ္လို႔ေျပာၿပီး ခ်က္ခိုင္းတာေပါ့ဗ်ာ။ ဒီလိုနဲ႔ အဲဒီေန႔ညေနစာထမင္းဝိုင္းကေတာ့ ဖ႐ုံဟင္းေတြခ်ည္းေပါ့ဗ်ာ၊ ဖ႐ုံၫႊန္႔္ကို ဟင္းခါးခ်က္တယ္၊ ၿပီးေတာ့ ျပဳတ္ေက်ာ္လည္းလုပ္ထားေသးတယ္၊ အေမက အကြက္ျမင္ပုံမ်ား ထမင္းစားၿပီးရင္ အခ်ိဳတည္းဖို႔ ဖ႐ုံယိုေတာင္မွ စီစဥ္ထားေသးသဗ်ာ၊ အေဖကေတာ့ နည္းနည္းထူးဆန္းေနတာေပါ့။

“မသန္း၊ ညည္းဟာက ဖ႐ုံေတြခ်ည္းပါပဲလား”

“အို၊ ေတာ့္သားႀကီး ယာခင္းက ဖ႐ုံေတြေကာင္းလို႔ေတာ့၊ စားစရာရွိတာသာ စားစမ္းပါ”

အေဖကေတာ့ ဘာမွမသိေတာ့ စားတာေပါ့ဗ်ာ။ ဖ႐ုံၫႊန႔္ေၾကာ္ခ်က္ေလးစားလိုက္၊ ဖ႐ုံၫြန႔္ဟင္းခါးေလး တရႉးရႉးနဲ႔ေသာက္လိုက္ေပါ့၊ က်ဳပ္ကေတာ့ အေဖမျမင္ေအာင္လို႔ အေမ့ကိုလက္မေလးေထာင္ျပလိုက္တယ္။

ဖ႐ုံရဲ႕အစြမ္းကေတာ့ အံ့မခန္းပါပဲဗ်ာ၊ ပုံမွန္ဆို အိမ္မကပ္တဲ့အေဖက အခုေတာ့အိမ္ကိုကပ္ေနတာပဲဗ်ာ၊ အေမကေတာင္ သိပ္မယုံခ်င္ဘူး။

“ေယာက္်ား၊ ရွင္အျပင္မသြားဘူးလား”

“မသြားခ်င္ပါဘူးကြာ”

“ဒါနဲ႔ ႐ြာအေနာက္ပိုင္းေရာ မသြားဘူးလားရွင့္”

“ဟ၊ ႐ြာအေနာက္ပိုင္းမွာ ဘာရွိလို႔ ငါကသြားရမွာလဲ”

အေဖ့ေလသံကေတာ့ ခပ္ျပတ္ျပတ္ပဲဗ်၊ မေန႔ကတစ္ခ်က္မွ မၿပဳံးႏိုင္တဲ့အေမေတာင္မွ ဒီေန႔ေတာ့ နည္းနည္းၿပဳံးလို႔ရယ္၊ ဒါနဲ႔ က်ဳပ္လည္း မီးဖိုထဲဝင္ခဲ့တာေပါ့။

“ဟဲ့အလတ္ေကာင္၊ နင့္ဖ႐ုံက စြမ္းသားဟဲ့၊ သြား၊ သြား နင့္အကိုႀကီးယာထဲဆင္း၊ ဒီေန႔လည္း ဖ႐ုံၫႊန႔္ေတြ ထပ္ခူးခဲ့အုံး”

“ဟာ၊ အေမကလည္း ေန႔တိုင္းေတာ့ ဖ႐ုံၫြန႔္ထြက္ပါ့မလား”

“လွ်ာမရွည္နဲ႔၊ ရသေလာက္သာခူး၊ အၫြန႔္မရရင္ ဖ႐ုံပြင့္ခူး၊ အပြင့္မရရင္ ဖ႐ုံ႐ိုးသာ ျဖတ္ခဲ့ဟာ”

အေမကေတာ့ အေတာ္စိတ္အားထက္သန္ေနပုံပဲဗ်၊ ဒါနဲ႔က်ဳပ္လည္း လယ္ထဲဆင္းခဲ့တာေပါ့၊ ဦးဘသာလယ္အနားကျဖတ္ေတာ့ ဦးဘသာက ႏြားေတြကို လယ္ကန္းသင္းေပါင္နားက ျမက္ေတြစားခိုင္းေနတယ္ဗ်။ က်ဳပ္လည္း ဦးဘသာဆီ ဝမ္းသာအားရနဲ႔ေျပးသြားတယ္။ ဦးဘသာက က်ဳပ္ကိုျမင္ေတာ့ ေဘးဘီကိုၾကည့္ရင္း

“မင္းကိုအေရးႀကီးတာေျပာရအုံးမယ္”

“က်ဳပ္အရင္ေျပာမယ္ဦးဘသာ၊ ဦးဘသာရဲ႕ ဖ႐ုံက စြမ္းတယ္ဗ်၊ အခုဆို အေဖအိမ္ကပ္သြားၿပီ”

ဦးဘသာက က်ဳပ္လက္ကိုပုတ္ရင္း

“အဲဒါ အသာထားစမ္းပါကြာ၊ မင္းေျပာတဲ့အတိုင္းပဲ အခုခင္ေႏွာင္းက ပိုၿပီးအစြမ္းထက္တဲ့ ပညာတစ္ခုသုံးေတာ့မယ္ကြ”

“ဗ်ာ၊ ဘယ္လိုပညာလဲ၊ ဘာအတြက္သုံးမွာလည္း”

“ခင္ေႏွာင္းက ကေတာ္ဆယ္ပါးထဲက တစ္ပါးျဖစ္ရမယ္လို႔ ေကြၽးေက်ာ္ထားတဲ့သူကြ၊ အခု တျခားကေတာ္ ျဖစ္မျဖစ္ေတာ့မသိဘူး၊ သူႀကီးကေတာ္ေတာ့ ႀကိမ္းေသျဖစ္ေတာ့မယ္ထင္တယ္”

“ဟာ၊ ဒါဆို အေဖ့ကိုအပိုင္ဖမ္းေတာ့မွာေပါ့”

“ေအး၊ ဟုတ္ခ်င္ဟုတ္မွာေပါ့ကြ”

“ဒါနဲ႔ ဦးဘသာက ဘယ္လိုလုပ္သိတာတုန္း”

“သိတာေပါ့ကြာ၊ ဒီေန႔မနက္အေစာႀကီး မင္းတို႔လယ္ထဲကေန ႐ြံ႕ေတြလာခူးေနတယ္ကြ၊ ငါလည္း အေစာႀကီးထြက္လာေတာ့ ႐ြံလာခူးတဲ့ ခင္ေႏွာင္းနဲ႔ေတြ႕ေရာ၊ ငါကလည္း စပ္စပ္ေဆာ့ေဆာ့နဲ႔ ခင္ေႏွာင္းေရ၊ နင္အဲဒီ႐ႊံ႕ေတြဘာလုပ္မလဲလို႔ေမးလိုက္တာ၊ ငါ့ကိုမ်က္ေစာင္းထိုးသြားၿပီးေတာ့ ဘာလုပ္လုပ္ေပါ့တဲ့ကြာ”

“ေအာင္မယ္၊ က်ဳပ္ထင္တာေတာ့ ခင္ေႏွာင္းလည္း ပညာတတ္တယ္မဟုတ္လား”

“ေသခ်ာတာေပါ့ကြာ၊ ငါ့ကိုေတာင္မွ ဘုၾကည့္ၾကည့္သြားေသးတယ္၊ သူတကယ္႐ြံ႕လိုရင္ ႐ိုးေခ်ာင္းေဘးနားမွာ ႐ြံ႕ေတြညက္ၿပီး ေပါမွေပါပဲကြာ၊ ဘာျဖစ္လို႔ မင္းတို႔လယ္ကို ႐ြံ႕လာခူးမလဲ၊ ဟုတ္တယ္မဟုတ္လား”

“ဒါေပါ့ဗ်”

“ေအး၊ အဲဒါ ေဆးအိုးပုတ္ဖုတ္ေတာ့မွာကြ၊ ေဆးအိုးပုတ္ဆိုတာက အဲဒီ႐ြံ႕နဲ႔ အိုးပုတ္လုပ္ၿပီး အင္းကြက္ဆြဲရတယ္ကြ၊ ၿပီးရင္ အိုးပုတ္ရဲ႕ဖင္ကို ေယာက္မနဲ႔႐ိုက္ေခၚရင္ သူထမင္းေကြၽးထားဖူးတဲ့လူက ထြက္လာတယ္ဆိုပဲ”

က်ဳပ္လည္း ေခါင္းနားပန္းႀကီးသြားေတာ့တယ္ဗ်ာ။

“ဟာ၊ ဟုတ္ၿပီဗ်၊ အေဖက ဒီေန႔တစ္ေန႔လုံးအိမ္ကပ္ေနတာပဲ၊ ဒီအတိုင္းဆိုရင္ေတာ့ မဟန္ပါဘူးဗ်ာ၊ က်ဳပ္တို႔ တားလို႔ရမည့္နည္း မရွိေတာ့ဘူးလားဦးဘသာ”

“ေဆးအိုးပုတ္က်ေတာ့ တားဖို႔ခက္တယ္ကြ၊ ဒီလိုလုပ္ကြာ၊ မင္းအေဖဖိနပ္ကို ငါ့ဆီကိုယူလာခဲ့၊ ငါေျခခ်ဳပ္အင္းဆြဲေပးလိုက္မယ္၊ ဒါဆိုရင္ မင္းအေဖေျခကြၽမရဘဲျဖစ္ေနလိမ့္မယ္ကြ၊ သူဘယ္ေလာက္ေခၚေခၚ သြားမရေတာ့ဘူးေပါ့”

က်ဳပ္လည္း ဦးဘသာအႀကံကိုနားေထာင္ရင္း ေခါင္းညိတ္လိုက္တယ္။

“ဦးဘသာကေတာ့ဗ်ာ၊ သိပ္ၿပီးအႀကံေကာင္း ဉာဏ္ေကာင္းထြက္တာပဲဗ်၊ ဦးဘသာေခါင္းကို ေ႐ႊခ်ထားဖို႔ေကာင္းတယ္”

“ဟိတ္ေကာင္၊ အပိုေတြေျပာမေနနဲ႔၊ အခုျမန္ျမန္ျပန္ေတာ့”

က်ဳပ္လည္း အကိုႀကီးယာေတာထဲဆင္းၿပီးေတာ့ အေမမွာတဲ့ဖ႐ုံေတြခ်ိဳးၿပီး အိမ္ကိုတန္းေျပးတာေပါ့ဗ်ာ။ အိမ္ေရာက္ေတာ့မွ မေယာင္မလည္နဲ႔ အေဖ့ကိုၾကည့္တယ္၊ အေဖက အိမ္ေပၚတက္သြားပုံရတယ္ဗ်၊ ေလွကားရင္းမွာ အေဖ့ဖိနပ္ကိုေတြ႕တာနဲ႔ အသာယူၿပီးေတာ့ ဖိနပ္ကိုခါးၾကားထိုးၿပီး ခိုးခဲ့တာေပါ့ဗ်ာ၊ အေဖက အိမ္ေနဖိနပ္က်ေတာ့ ခုံဖိနပ္တို႔၊ တာယာဖိနပ္တို႔စီးတတ္ေပမယ့္ အျပင္သြားမယ္ဆိုရင္ေတာ့ ကတၱီပါဖိနပ္စီးတတ္တယ္ဆိုေတာ့ က်ဳပ္ခိုးသြားတာလည္း ခ်က္ခ်င္းေတာ့ သိမွာမဟုတ္ဘူး။ က်ဳပ္မွာ ဦးဘသာနဲ႔ေတြ႕ေတာ့မွ ဖိနပ္သူခိုးလုံးလုံးျဖစ္ေရာဗ်ိဳ႕။ လယ္ကြင္းထဲကိုေျပးရတာ သိပ္ေမာတာပဲဗ်ာ၊ ဦးဘသာဆီေရာက္ေတာ့ အေမာကိုဆို႔ေနတာပဲ။

“ေရာ့၊ ဦးဘသာ၊ ဖိနပ္ . . ေဟာ၊ ဟဲ”

လူကလည္း ေဟာဟဲလိုက္ေနၿပီဗ်။ ဦးဘသာက ဖိနပ္ကိုယူလိုက္ၿပီးေတာ့ သူ႔အေရွ႕မွာ ေမွာက္ခုံခ်တယ္။ ၿပီးေတာ့ ႐ြံ႕ေျမစာခဲတစ္ခုကိုယူၿပီး လက္ဝါးထဲထည့္တယ္၊ ေရေလးနည္းနည္းထည့္ၿပီးေတာ့ ေဖ်ာ္လိုက္တယ္ဗ်၊ ၿပီးေတာ့မွ အဲဒီ႐ြံ႕ေဖ်ာ္ကိုလက္ခလယ္နဲ႔ တို႔ၿပီးေတာ့ ပါးစပ္က ပြစိပြစိ႐ြတ္ရင္းနဲ႔ ဖိနပ္ေအာက္မွာ ေရးေနေတာ့တာပဲ၊ ေရးတာကေတာ့ ၾကက္ေျခခတ္ပုံပဲဗ်၊ ႐ြတ္ေနတာကေတာ့ သူ႔ပညာေတြျဖစ္မွာေပါ့၊ ေရးလို႔လည္းၿပီးေရာ ဖိနပ္တစ္ဖက္စီကို လက္မွာကိုင္ၿပီးေတာ့ ဖိနပ္ႏွစ္ဖက္ကို လက္ခုပ္တီးသလိုမ်ိဳး သုံးေလးခ်က္တီးလိုက္တယ္။

“ကဲ၊ ခ်ဳပ္ေစ၊ ခ်ဳပ္ေစ၊ ခ်ဳပ္ေစ”

အဲဒီလိုေျပာၿပီးေတာ့ က်ဳပ္ကိုျပန္ေပးတယ္။

“ငါေျပာမယ္၊ ဒီအတိုင္း႐ိုး႐ိုးတန္းတန္းပဲဆိုရင္ေတာ့ မင္းအေဖသြားလို႔ရလိမ့္မယ္၊ ပညာနဲ႔ေခၚတဲ့အခ်ိန္ဆိုရင္ေတာ့ သြားရမွာမဟုတ္ဘူး”

က်ဳပ္လည္း အိမ္ကိုအျမန္ေျပးၿပီးေတာ့ ဖိနပ္ကေလးကို မသိမသာျပန္ထားလိုက္ရတယ္၊ ေမာလိုက္တာလည္း ေျပာမေနပါနဲ႔ေတာ့ဗ်ာ၊ ကြပ္ပ်စ္ေပၚမွာ ပက္လက္အိပ္ရင္း အေတာ္ကိုနားယူရတယ္ဗ်။ အနားယူရင္း မ်က္စိစင္းလာၿပီး က်ဳပ္လည္းအိပ္ေပ်ာ္သြားလိုက္တာ ညစာစားခါနီးမွ ႏိုးပါေရာဗ်ာ။

(၄)

တစ္ေန႔လုံးေတာ့ အေကာင္းဗ်၊ အေဖက အိမ္ကပ္ေနတာလည္းပါမွာေပါ့၊ ထမင္းစားေသာက္ၿပီးေတာ့ ညအိပ္ၾကတယ္၊ အဲဒီအထိအေကာင္းပဲဗ်၊ က်ဳပ္လည္း အိပ္ေတာ့အိပ္တာပဲဗ်၊ ဒါေပမယ့္ တစ္ေန႔ခင္းလုံးအိပ္ထားတာဆိုေတာ့ အိပ္မရဘူးေပါ့။ ဒီလိုနဲ႔ သန္းေခါင္ၾကက္တြန္သံၾကားလိုက္တယ္၊ က်ဳပ္မ်က္လုံးေတြလည္း ေမွးစင္းလာတယ္။

“ေတာက္၊ ေတာက္၊ ေတာက္”

တစ္ခုခုကိုေခါက္ေနတဲ့အသံမ်ိဳးဗ်၊ တိုးတိုးကေလးၾကားလိုက္တာ၊ ဒါေပမယ့္ ညသန္းေခါင္လူေျခတိတ္ေနေတာ့ အသံက နည္းနည္းက်ယ္ေနတာေပါ့ဗ်ာ၊ က်ဳပ္လည္း ဘယ္ကအသံလဲလို႔ စဥ္းစားေနရင္းေတာ့မွ ဦးဘသာေျပာတဲ့ ေဆးအိုးပုတ္ေခါက္ေနတာမ်ားလားဆိုၿပီး သတိထားမိတယ္။ အသံက သုံးခ်က္ၾကားၿပီး ေပ်ာက္သြားတာဗ်၊ ငါးမိနစ္ေလာက္ၾကာေတာ့ တစ္ခါျပန္ၾကားရတယ္။

“ေတာက္၊ ေတာက္၊ ေတာက္”

ၿခံေရွ႕ကလာတဲ့အသံပဲ၊ က်ဳပ္လည္း အိမ္ေပၚကေနအျမန္ေျပးဆင္းၿပီးေတာ့ ၿခံေရွ႕ကိုေျပးထြက္လာတာေပါ့ဗ်ာ၊ ၿခံေရွ႕မွာ မိန္းမတစ္ေယာက္ရဲ႕အရိပ္ေတြ႕တယ္ဗ်၊ အရိပ္က လွစ္ခနဲပဲထြက္ေျပးတာ။ က်ဳပ္လည္း သူ႔အေနာက္ကိုအေျပးလိုက္တာေပါ့ဗ်ာ။

“ဟိတ္၊ မေျပးနဲ႔”

ေသခ်ာေပါက္ မခင္ေႏွာင္းေပါ့ဗ်ာ၊ ေျပးတာကလည္း မိန္းကေလးေျခလွမ္းဆိုေပမယ့္ အေတာ္ျမန္တာဗ်၊ က်ဳပ္ေတာင္ မနည္းေျပးလိုက္ရတယ္၊ ေျပးရင္းနဲ႔ ႐ြာလယ္ေလာက္နားေရာက္ေတာ့ က်ဳပ္ကသူ႔ကိုမီသြားပါေရာဗ်ာ၊ သူ႔လက္ကိုဖမ္းဆြဲလိုက္ေတာ့ သူလည္းတုန႔္ခနဲရပ္သြားၿပီးေတာ့ က်ဳပ္ဘက္ကိုလွည့္လာတယ္၊ ၿပီးတာနဲ႔ က်ဳပ္ရင္ဘတ္ကို လက္ဝါးနဲ႔ ေျဖာင္းခနဲအုပ္႐ိုက္ထည့္လိုက္တာဗ်။

သူက လက္ဝါးနဲ႔႐ိုက္ေပမယ့္ က်ဳပ္ရင္ဝကို မီးစနဲ႔ထိုးထည့္လိုက္သလိုမ်ိဳး စူးခနဲ၊ ပူခနဲျဖစ္သြားတာဗ်၊ မခင္ေႏွာင္းက ဆံပင္ဖ်ားလ်ားႀကီးခ်ထားတယ္၊ က်ဳပ္ကိုၿပီတီတီမ်က္ႏွာထားနဲ႔ ၾကည့္ၿပီး တစ္ဖက္ကိုလွည့္ေျပးတာေပါ့ဗ်ာ၊ က်ဳပ္လည္း လိုက္မယ္လို႔ႀကံလိုက္ေပမယ့္ ေျခေတြလက္ေတြက မလႈပ္ႏိုင္ေတာ့ဘူးဗ်၊ ၿပီးေတာ့ က်ဳပ္လည္း ဒူးေထာက္ထိုင္က်သြားတယ္၊ လက္ေတြေျခေတြကလည္း ကတုန္ကယင္ျဖစ္လာတယ္ဗ်၊ က်ဳပ္အေတာ္ေၾကာက္လန႔္သြားတာ၊ က်ဳပ္ကို မခင္ေႏွာင္းက ပညာစက္နဲ႔႐ိုက္ထည့္သြားတာမဟုတ္လား။

“ဦး . . .ဦးဘသာ”

က်ဳပ္ေရ႐ြတ္ရင္းနဲ႔ တစ္ကိုယ္လုံးပူေလာင္လာၿပီးေတာ့ ဇက္က်ိဳးက်သြားတယ္၊ ဒီအခ်ိန္မွာပဲ က်ဳပ္ေခါင္းကိုလူတစ္ေယာက္က လာၿပီးအုပ္ကိုင္တယ္ဗ်၊ သူလက္နဲ႔အုပ္ကိုင္လိုက္တာနဲ႔ က်ဳပ္တစ္ကိုယ္လုံးခံစားရသမွ်ေတြအကုန္ ေပါ့ပါးၿပီး ယူပစ္သလိုေပ်ာက္သြားတာပဲဗ်ာ၊ က်ဳပ္လည္း ဇက္ေထာင္ႏိုင္ေတာ့မွ ေမာ့ၾကည့္လိုက္ေတာ့ ဦးဘသာႀကီးျဖစ္ေနတယ္။

“ဦးဘသာ၊ က်ဳပ္ . . . က်ဳပ္”

ဦးဘသာက ဟိုးခပ္လွမ္းလွမ္းမွာေျပးေနတဲ့ မခင္ေႏွာင္းကို လက္ညိဳးနဲ႔လွမ္းထိုးတယ္။

“ဟဲ့၊ ခင္ေႏွာင္း၊ ျပန္လာခဲ့စမ္းဟာ”

ဦးဘသာက ေျပာတာေတာ့ ေအးေအးေဆးေဆးပဲဗ်၊ ၿပီးေတာ့ က်ဳပ္ကိုဆြဲထူၿပီးေတာ့ ဖုန္ေတြဘာေတြခါေပးတယ္။

“အလတ္ေကာင္၊ မင္းဘာျဖစ္သြားေသးလဲ”

“ဦးဘသာေရာက္လာမွ ေကာင္းသြားတာဗ်၊ ခုနက သူက်ဳပ္ရင္ဘတ္ကိုတြန္းလိုက္ေတာ့ က်ဳပ္မွာ မီးစနဲ႔ထိုးလိုက္သလိုခံစားရၿပီးေတာ့ ပူလိုက္တာဗ်ာ”

က်ဳပ္တို႔ေျပာေနတဲ့အခ်ိန္မွာ မခင္ေႏွာင္းက ေျခလွမ္းက်ဲႀကီးနဲ႔ က်ဳပ္တို႔ဆီကို လွမ္းေလွ်ာက္လာတယ္။

“အဘိုးႀကီး၊ ကိုယ့္ကိစၥမဟုတ္တာ ဝင္မပါနဲ႔”

ဦးဘသာက

“ခင္ေႏွာင္း၊ ညည္းကိုငါက ႐ြာကိုႀကီးႀကီးမားမား ဒုကၡမေပးေသးဘူးဆိုၿပီးေတာ့ ဒီအတိုင္းၾကည့္ေနတာေနာ္၊ ညည္းကိုလြတ္ထားတာမဟုတ္ဘူး”

ခင္ေႏွာင္းက မ်က္ႏွာထားတည္တည္နဲ႔

“အခုေရာ က်ဳပ္ကဘယ္သူ႔ကိုလုပ္ေနလို႔လဲ”

“နင္ သူ႔ကိုလုပ္လိုက္တယ္မဟုတ္လားခင္ေႏွာင္း၊ နင္မညာနဲ႔ေနာ္၊ နင့္ပညာေတြငါသိၿပီးၿပီ”

“အဲဒါကလည္း သူ႔ကိုေမ့ေျမာသြားေအာင္ပဲ လုပ္တာပဲ”

က်ဳပ္လည္း ေဒါသထြက္သြားတယ္။

“ေအာင္မာ၊ ခင္ဗ်ားႀကီးက သူမ်ားကိုလည္း ေအာက္လမ္းနည္းေတြနဲ႔ လုပ္ၿပီး ျမႇဴဆြယ္ခဲ့ေသးတယ္မဟုတ္လား”

ခင္ေႏွာင္းကၿပဳံးရင္း

“အို၊ ဒါကေတာ့ ကိုယ္ခ်စ္တဲ့လူကို ကိုယ္ပိုင္ဆိုင္ရေအာင္လုပ္တာပဲ၊ ဒီေလာက္အျပစ္ႀကီးလို႔လား”

ခင္ေႏွာင္းဆိုတဲ့မိန္းမက ေျပာေလကဲေလပဲဗ်။

“ခင္ဗ်ား ခ်စ္တဲ့လူမွာ၊ မယားနဲ႔ သားသမီးနဲ႔ဆိုတာကို ခင္ဗ်ားမသိဘူးလား”

“မယားေတြ၊ သားသမီးေတြရွိေတာ့ေရာ၊ ဘာအေရးလဲ၊ ငါကေတာ့ သူ႔ကိုလိုခ်င္တယ္၊ သူနဲ႔ငါက တစ္ခ်ိန္က ခ်စ္ႀကိဳက္ခဲ့ေပမယ့္ ငါ့မိဘေတြရဲ႕ ကန႔္ကြက္မႈေၾကာင့္္ ငါတို႔အဲဒီအခ်ိန္က အခြင့္မသာခဲ့ဘူး”

“ဒါဆိုရင္လည္း အဲဒီကတည္းက လက္ေလ်ာ့လိုက္ေပါ့ဗ်ာ၊ ခင္ဗ်ားအခုလိုလုပ္တာ မေကာင္းပါဘူးမခင္ေႏွာင္း”

“ဟဲ့အလတ္ေကာင္၊ ေယာက္်ားတစ္ေယာက္က မိန္းမႏွစ္ေယာက္ကိုေပါင္းသင္းတာ ဆန္းသလား”

က်ဳပ္ဘာမွျပန္မေျဖႏိုင္ဘူး၊ ေနာက္ၿပီးေတာ့ ေခါင္းကိုခါျပလိုက္မိတယ္။

“ေအး၊ ၿပီးေတာ့ ငါဘယ္ေလာက္ျမႇဴဆြယ္၊ ျမႇဴဆြယ္ ကာယကံရွင္ကလည္း စိတ္ပါမွျဖစ္တာမဟုတ္လား”

“ဒါကေတာ့ဗ်ာ၊ က်ဳုပ္အေဖက အသက္ႀကီးၿပီဗ်၊ ၿပီးေတာ့ ဘယ္ေယာက္်ားမဆို မိန္းမဆိုရင္ ငယ္တာ၊ လွတာကို လိုခ်င္တာပဲမဟုတ္လား”

မခင္ေႏွာင္းက က်ဳပ္ကိုမ်က္ေမွာင္ၾကဳတ္ၾကည့္ရင္း

“ဟဲ့၊ နင္ဘာေတြေျပာေနတာလဲ”

“ဟုတ္တယ္ေလဗ်ာ၊ အေဖနဲ႔ မခင္ေႏွာင္းနဲ႔ဆိုရင္လည္း အသက္က အကြာႀကီးမဟုတ္လား၊ ဒီေတာ့ တစ္ခုခုျဖစ္ရင္ အရပ္ထဲမွာ လူၾကားလို႔မေကာင္းဘူးဗ်ာ၊ မခင္ေႏွာင္းရာ ကြၽန္ေတာ္သူ႔သားတစ္ေယာက္အေနနဲ႔ ေတာင္းပန္ပါတယ္၊ က်ဳပ္တို႔အေဖကို ဆက္မလုပ္ပါနဲ႔ေတာ့ဗ်ာ၊ မခင္ေႏွာင္း ဆက္ၿပီးမႀကိဳးစားပါနဲ႔ေတာ့”

မခင္ေႏွာင္းမ်က္ႏွာထားက တည္သြားတယ္၊ ဦးဘသာက မခင္ေႏွာင္းကို လက္ညႇိဳးထိုးၿပီး

“ခင္ေႏွာင္း၊ ငါနင့္ကိုလုပ္ျပန္ရင္လည္း ပညာႀကီးတဲ့လူက အႏိုင္က်င့္တယ္ဆိုၿပီးျဖစ္ေနမယ္၊ နင္လည္း ရပ္တန္းက ရပ္လိုက္ပါေတာ့”

ဒီေတာ့မွ မခင္ေႏွာင္းက ေခါင္းညိတ္တယ္ဗ်။

“ေကာင္းၿပီေလ၊ က်ဳပ္ကတိေပးတယ္၊ ရွင္တို႔အေဖကို က်ဳပ္မလုပ္ေတာ့ဘူး၊ ေရွ႕ေလွ်ာက္လည္း ဘာမွဆက္လုပ္မွာမဟုတ္ဘူး”

ဒီေတာ့မွ က်ဳပ္လည္းသက္ျပင္းခ်လိုက္ရေတာ့တယ္။

“ခင္ေႏွာင္း၊ အဲဒါနင္ေပးတဲ့ကတိေနာ္၊ နင့္္ကတိကိုေဖာက္ရင္ နင့္ကိုပညာေျခာက္လသိမ္းပစ္မယ္”

မခင္ေႏွာင္းလည္းေခါင္းညိတ္တယ္၊ ဦးဘသာက လက္ဝါးျဖန႔္လိုက္ေတာ့ မခင္ေႏွာင္းက ဦးဘသာလက္ဝါးထဲကို အိုးပုတ္ကေလးတစ္ခုထည့္ေပးခဲ့ၿပီးေတာ့ လွည့္ထြက္သြားတယ္ဗ်။ ဦးသဘာက အိုးပုတ္ကို က်ဳပ္ကိုျပတယ္၊ အိုးပုတ္က ေသးေသးေလးပါဗ်၊ အျဖစ္လုပ္ထားတဲ့ပုံကေလးပါ၊ အိုးဖင္မွာေတာ့ အင္းတစ္ကြက္ဆြဲထားတယ္၊ အဂၤလိပ္အကၡရာေတြလိုလို ဘာလိုလိုနဲ႔ဗ်၊ ဦးဘသာက အိုးပုတ္ကိုေျမေပၚခ်နင္းလိုက္ၿပီးေတာ့ သူ႔ခုံဖိနပ္နဲ႔နင္းထည့္လိုက္ေတာ့ အိုးပုတ္က တစ္စစီကြဲသြားပါေရာဗ်ာ။

“ကဲ၊ အလတ္ေကာင္၊ ခင္ေႏွာင္းလည္း ကတိေပးသြားၿပီဆိုေတာ့ မင္းတို႔လည္း ေက်နပ္ေတာ့ေပါ့ကြာ”

“ဒါနဲ႔ ဦးဘသာ၊ က်ဳပ္ ဦးဘသာ နာမည္ကို႐ြတ္လိုက္တိုင္း ဦးဘသာက ဘာလို႔ေပၚလာရတာလဲ၊ မဟုတ္မွလြဲေရာ . . .”

“ေဟ့ေကာင္၊ မဟုတ္တာေတြ ေတြးမေနပါနဲ႔၊ ငါလည္း ညေနကတည္းက ေဆးအိုးပုတ္ကို ညအခ်ိန္သုံးေတာ့မယ္ဆိုတာ သိၿပီးေတာ့ လာေစာင့္ေနတာကြ၊ ခင္ေႏွာင္းက သူႀကီးကေတာ္ျဖစ္ခ်င္တယ္၊ ဒါနဲ႔ သူႀကီးကို ညည့္္နက္သန္းေခါင္ အိမ္ကိုေခၚမယ္၊ ၿပီးရင္ သူခိုးလိုလို၊ ဓါးျပလိုလိုေအာ္လိုက္လို႔ ႐ြာသားေတြ ဝိုင္းလာရင္ သူႀကီးနဲ႔ခင္ေႏွာင္းကို တစ္အိမ္တည္းမွာေတြ႕ၿပီးေတာ့ အမ်ားကေျပာေတာ့မွာေပါ့ကြာ၊ ဒီေတာ့မင္းအေဖကလည္း သူ႔ကိုယူမွရမယ္မဟုတ္လား၊ ဒီလိုနည္းနဲ႔ မင္းအေဖကို အပိုင္ဖမ္းခ်င္တာကြ”

က်ဳပ္လည္းေခါင္းညိတ္လိုက္တယ္ဗ်၊ ၿပီးတာနဲ႔ အိမ္ကိုျပန္လာခဲ့ေတာ့တယ္။ မနက္ေရာက္ေတာ့ အေဖက လမ္းထြက္ဖို႔ျပင္ပါေရာဗ်ာ၊ အေမက ေျပာခ်င္ေပမယ့္ က်ဳပ္က အေမ့ကိုတားထားလိုက္တယ္။

“ေယာက္်ား၊ ရွင္ဘယ္သြားမလို႔လဲ”

“ဆရာေတာ္ဆီသြားမလို႔ကြ”

အေဖက ဖိနပ္ကိုစီးၿပီးထြက္လိုက္ေတာ့ ဖိနပ္က ေလွကားကေန ခြာမရဘဲ အေဖသာ ေလွကားရင္းက လိမ့္က်ပါေရာဗ်ာ၊

“အလတ္ေကာင္ ဖိနပ္က ခြာမရဘူးကြ”

က်ဳပ္လည္း ဦးဘသာရဲ႕ေျခခ်ဳပ္အင္းမွန္းသိလိုက္ၿပီေလဗ်ာ၊ ဒါနဲ႔ပဲ အေဖ့ဖိနပ္အနားသြားလိုက္ေတာ့ ဖိနပ္က ႏွစ္ရံျဖစ္ေနတယ္ဗ်။

“အေဖ၊ အေဖက ဖိနပ္ႏွစ္ရံစီးတာလား”

“လွ်ာမရွည္နဲ႔အလတ္ေကာင္၊ ငါသြားေတာ့မယ္ကြ”

အေဖေနာက္တစ္ခါျပန္စီးေတာ့ ဖိနပ္က ဘာမွမျဖစ္ေတာ့ဘူး၊ ဘယ္ျဖစ္မလဲဗ်ာ၊ က်ဳပ္က အေဖ့ဖိနပ္ကို ကိုင္ၾကည့္သလိုလိုနဲ႔ အေဖ့ဖိနပ္ေအာက္ေျခမွာ ေပေနတဲ့႐ြံ႕ေတြကို လက္နဲ႔ပြတ္လိုက္တာကိုးဗ်။

(၅)

“သူခိုးဗ်ိဳ႕၊ သူခိုး”

႐ြာထဲဆူညံေနတာနဲ႔ က်ဳပ္တို႔လည္း ဆင္းခဲ့တာေပါ့ဗ်ာ၊ အေဖကလည္း ျမန္တယ္၊ က်ဳပ္လည္း ဓါးႀကိးဆြဲၿပီး ေျပးဆင္းသြားတာေပါ့၊ ႐ြာအေနာက္ပိုင္းကိုေရာက္ေတာ့ ႐ြာသားေတြက မခင္ေႏွာင္းအိမ္ကို ဝိုင္းထားတယ္ဗ်။

“သူခိုးက ဒီထဲကိုေျပးသြားတာသူႀကီး”

အေဖလည္း အိမ္ေရွ႕သြားၿပီး

“ေဟ့သူခိုး၊ ထြက္လာခဲ့စမ္း၊ မထြက္လာရင္ ငါတို႔ဝင္လာမွာေနာ္”

ဒီေတာ့မွ မခင္ေႏွာင္း အိမ္တံခါးက ကြၽီခနဲျဖစ္သြားၿပီးေတာ့ ေယာက္်ားတစ္ေယာက္ထြက္လာတယ္ဗ်။ အေဖနဲ႔က်ဳပ္လည္း အဲဒီေယာက္်ားကိုၾကည့္ၿပီး အံ့ၾသသြားရတာ။

“ဟင္၊ အႀကီးေကာင္”

“ဟာ၊ အကိုႀကီး”

အကိုႀကီးက အက်ႌခြၽတ္နဲ႔ဗ်၊ ေအာက္က ပုဆိုးပဲဝတ္ထားတယ္၊ အကိုႀကီးရဲ႕အေနာက္မွာေတာ့ မခင္ေႏွာင္းက ကပိုက႐ိုနဲ႔ရပ္ေနတယ္။

“ဟဲ့ ခင္ေႏွာင္း၊ ညည္းေျပာေတာ့ သူခိုးဆို”

“သူခိုးမဟုတ္ပါဘူး၊ အဲဒါ ကိုေမာင္ပါ၊ အဘြားက အိမ္ထဲေရာက္လာတဲ့ ကိုေမာင္ကို သူခိုးထင္ၿပီးေအာ္လိုက္မိတာ”

အေဖလည္း အကိုႀကီးဘက္ကိုလွည့္ၾကည့္လိုက္တာေပါ့။

“ေဟ့၊ အႀကီးေကာင္၊ မင္းဘယ္လိုလုပ္ၿပီး ခင္ေႏွာင္းအိမ္ထဲေရာက္ေနတာလဲကြ”

အကိုႀကီးကေတာ့ ေၾကာင္ေတာင္ေတာင္နဲ႔

“သား၊ သူ႔ကိုခ်စ္တယ္ အေဖ”

တစ္႐ြာလုံးက လူေတြက ဟာခနဲ၊ ဟင္ခနဲျဖစ္သြားၾကေတာ့တာပဲဗ်ာ၊ က်ဳပ္လည္း မခင္ေႏွာင္းကိုၾကည့္လိုက္ေတာ့ မခင္ေႏွာင္းက က်ဳပ္ကိုၾကည့္ရင္း တစ္ခ်က္ၿပဳံးျပတယ္ဗ်၊ က်ဳပ္လည္း ဒီေတာ့မွ ကိုယ့္နဖူူးကိုယ္ ျပန္႐ိုက္မိတာပဲ။

“ေသၿပီ၊ သြားၿပီ”

က်ဳပ္ထင္တာမွားသြားၿပီဗ်။ တကယ္ေတာ့ မခင္ေႏွာင္းျမႇဴဆြယ္ေနတာက အေဖ့ကိုမဟုတ္ဘူးဗ်ိဳ႕၊ အကိုႀကီးကိုဗ်၊ က်ဳပ္အေဖ့အေနာက္က လိုက္ေခ်ာင္းတုန္းက အေဖက ေပ်ာက္သြားတယ္ဆိုတာ မခင္ေႏွာင္းတို႔အိမ္ရဲ႕ ဓါးလြယ္ခုတ္ မ်က္ေစာင္းထိုးက ႐ြာလူႀကီး ဦးေဖရဲ႕အိမ္ကိုဝင္သြားတာတဲ့ဗ်ာ၊ က်ဳပ္ကေတာ့ အေဖက မခင္ေႏွာင္းအိမ္ကိုဝင္သြားတယ္ထင္ၿပီး သြားလိုက္ေခ်ာင္းခဲ့တာမဟုတ္လား။

အေဖစီးတဲ့ဖိနပ္နဲ႔ အကိုႀကီးစီးတဲ့ဖိနပ္နဲ႔က တစ္ဆိုဒ္တည္းဗ်၊ ကတၱီပါဖိနပ္ဆိုတာကလည္း တစ္ပုံစံတည္းကိုးဗ်၊ ဒီေတာ့ မခင္ေႏွာင္းအိမ္ေရွ႕မွာ ခြၽတ္ထားတဲ့ အကိုႀကီးဖိနပ္ကို က်ဳပ္က အေဖ့ဖိနပ္လို႔ပဲ ထင္သြားတာေပါ့ဗ်ာ၊

ေနာက္ၿပီး မခင္ေႏွာင္းက ကိုေမာင္လို႔ေခၚတာေလ၊ က်ဳပ္အကိုႀကီးနာမည္က တင္ေမာင္ဆိုေတာ့ အဖ်ားဆြတ္ၿပီး ကိုေမာင္လို႔ေခၚတာလည္းျဖစ္ႏိုင္တယ္၊ ေနာက္ၿပီးေတာ့ စကားေျပာတဲ့အသံကလည္း အေဖ့အသံနဲ႔ဆင္ပါတယ္လို႔မွတ္ေနတာ လတ္စသတ္ေတာ့ အကိုႀကီးကိုးဗ်၊ ထမင္းလုပ္ႀကီးနဲ႔စကားေျပာတာဆိုေတာ့ အသံက ဗလုံးဗေထြးနဲ႔ေပါ့ဗ်ာ။

အေဖထမင္းစားလာတယ္ဆိုတာကလည္း မခင္ေႏွာင္းေကြၽးတာမဟုတ္ဘဲ ဦးေဖအိမ္က ေကြၽးတာျဖစ္မွာ။ ဦးေဖက သူ႔အိမ္လာရင္ ထမင္းေတာ့ ေကြၽးတတ္တာပဲ။ ပီေလာ႐ြက္ဟင္းဆိုတာကလည္း ခုခ်ိန္လယ္ထဲမယ္ ပီေလာ႐ြက္ေပါေတာ့ အိမ္တိုင္းလိုလို ခ်က္ၾကမယ္ထင္ပါရဲ႕။

က်ဳပ္ျဖင့္ ဘယ္လိုရွင္းျပရမလဲေတာင္ မသိေတာ့ပါဘူးဗ်ာ၊ တကယ္ကမခင္ေႏွာင္းက အကိုႀကီးကို ႀကံေနတာဗ်၊ အရင္တုန္းက မခင္ေႏွာင္းနဲ႔အကိုႀကီးနဲ႔ကလည္း သမီးရည္းစားေတြျဖစ္ခဲ့ေသးတယ္၊ ဒါေပမယ့္ မခင္ေႏွာင္းအေဖအေမေတြက က်ဳပ္တို႔အဘိုးေခတ္ကတည္းက ရန္ဘက္ေတြ၊ ဒီေတာ့ ၾကည့္မရရဘူးေပါ့ဗ်ာ၊ သူ႔သမီးနဲ႔ သေဘာမတူဘူးေပါ့။

က်ဳပ္ျဖင့္ ေတြးရင္းေတြးရင္း အကုန္ေပၚလာေတာ့တာပဲ၊ မခင္ေႏွာင္း က်ဳပ္တို႔လယ္ကေန ႐ြံ႕လာခူးတယ္ဆိုတာ အကိုႀကီးကို အေဖကလယ္ေတြခြဲေပးထားတာကို မသိလို႔ေနမယ္၊ ဒါေၾကာင့္လည္း သူအိုးပုတ္တီးေတာ့ အကိုႀကီးက မထလာတာေပါ့ဗ်ာ၊ ေနာက္ေတာ့လည္း က်ဳပ္နဲ႔ဦးဘသာကို ကတိေပးသြားေသးတယ္မဟုတ္လား။ က်ဳပ္အေဖကို ပညာနဲ႔မလုပ္ပါေတာ့ဘူး၊ မျမႇဴဆြယ္ေတာ့ပါဘူးဆိုၿပီးေတာ့ေပါ့၊ ဒါဆို အဲဒီကတည္းက က်ဳပ္တို႔ထင္ေနတဲ့လူ လြဲေနတယ္ဆိုတာ သူသိခဲ့ပုံပဲ။

ၾကားထဲက အေဖက နစ္နာသူေပါ့ဗ်ာ။ က်ဳပ္နဲ႔အေမနဲ႔ေပါင္းၿပီး ဖ႐ုံဟင္းေတြခ်က္ေကြၽးတာလည္း စားရေသးတယ္မဟုတ္လား။

႐ြာသားေတြက အေဖ့ကိုဝိုင္းၾကည့္တယ္။

“သူႀကီး၊ ဘယ္လိုလုပ္မလဲ”

လူၾကားသူၾကားထဲဆိုေတာ့ အေဖလည္းရွက္တာေပါ့ဗ်ာ၊ ဒါနဲ႔ မခင္ေႏွာင္းဘက္ကိုလွည့္လိုက္တယ္။

“ခင္ေႏွာင္း၊ ငါ့သားကေတာ့ နင့္ကိုႀကိဳက္တယ္လို႔ေျပာေနၿပီ၊ နင့္သေဘာကေရာ”

မခင္ေႏွာင္းကလည္း ေခါင္းညိတ္တယ္ဗ်၊ အေဖက ေနာက္ဆုံးေတာ့ သက္ျပင္းတစ္ခ်က္ခ်လိုက္တယ္။

“ေအးေလ၊ ကိစၥေတြေအးေအးေဆးေဆးျဖစ္သြားရင္ မင္းတို႔ႏွစ္ေယာက္ကို စီစဥ္ေပးပါ့မယ္”

အေပ်ာ္ဆုံးလူကေတာ့ မခင္ေႏွာင္းပဲျဖစ္မွာပါ၊ အေဖက က်ဳပ္ကိုၾကည့္ၿပီး

“အလတ္ေကာင္၊ မင္းအကိုႀကီးကိုေခၚလာခဲ့”

က်ဳပ္အကိုႀကီးလက္ကိုဆြဲလိုက္ေတာ့ အကိုႀကီးက အေယာင္ေယာင္အမွားမွားနဲ႔ ငူငူႀကီးပါလာတယ္ဗ်၊ က်ဳပ္ျဖင့္ ေခါင္းကိုပဲ တျဗင္းျဗင္းကုပ္မိေတာ့တယ္၊ အကိုႀကီး မိန္းမႏွစ္ေယာက္ရမယ့္ကိစၥက၊ ေကာင္းတဲ့ကိစၥလား၊ ဆိုးတဲ့ကိစၥလားဆိုတာေတာ့ က်ဳပ္မေျပာတတ္ေတာ့ပါဘူးဗ်ာ။

ဆက္ရန္။

#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ