Unicode Version
” စုန်းထီးကြီးဦးဘသာနှင့် ရင်ထဲကပန်းတစ်ပွင့် “(စ/ဆုံး)
————————————————————————
အတွဲ(၄) စာစဉ်(၆)
(၁)
“အသားတွေလတ်တယ်နော်၊ ယူကြအုံးမလား၊ အသားကောင်း၊ အသားလတ်၊ လျှော့လျှော့ပေါ့ပေါ့လည်း ပေးအုံးမှာတော့”
မိန်းကလေးတစ်ယောက် ရွာလယ်လမ်းကနေ ခံတောင်းရွက်ပြီးတော့ အော်ဟစ်ရင်း လာတယ်ဗျ၊ အချိန်ကတော့ နေ့ခင်းကြောင်တောင်ကြီးရယ်၊ အကိုကြီးတို့ ယာခင်းကျဲတာကို ကျုပ်က လိုက်မသွားဘဲနေခဲ့တာကိုးဗျ၊ အိမ်မှာတော့ ဘယ်သူမှလည်းမရှိဘူးဗျ၊ ညီမနှစ်ယောက်ကလည်း ဘယ်သွားကြမှန်းမသိဘူး၊ အဖေကတော့ ထုံးစံအတိုင်း ရွာပတ်တယ်ပေါ့ဗျာ၊ ဆောင်းဆိုပေမယ့်လည်း နေ့ခင်းက သိပ်ပူတာဗျ၊ အဲဒီခံတောင်းရွက်ထားတဲ့မိန်းကလေးက ကျုပ်တို့အိမ်ရှေ့မှာရပ်တယ်၊ ကျုပ်ကိုမြင်တော့
“အကိုလေး၊ အမဲသားယူပါအုံးလား”
ကျုပ်လည်း အယောင်ယောင်အမှားမှားနဲ့ခေါင်းညိတ်လိုက်တော့တယ်ဗျ၊ ဒီတော့ မိန်းကလေးက ခြံတံခါးကိုအသာတွန်းဖွင့်ပြီးဝင်လာတယ်၊ ကျုပ်လည်း ပြေးသွားလိုက်ပြီးတော့ သူ့လက်ထဲကတောင်းကိုဆွဲယူပြီး အိမ်အရိပ်ထဲမှာ ချလိုက်တာပေါ့ဗျာ၊
“အမေရေ၊ ဒီမှာ အမဲသားလာရောင်းတယ်တဲ့၊ ဝယ်လိုက်ပါအုံးဗျာ”
ကျုပ်အော်တော့မှ အမေက အိမ်နောက်ဘက်ကနေပြေးထွက်လာတယ်။
“ဟဲ့အလတ်ကောင်၊ အိမ်မှာဟင်းစားတွေလည်းရှိသားနဲ့”
အဲဒီမိန်းကလေးက ပြုံးပြရင်း
“ယူပါအဒေါ်ရယ်၊ အသားတွေကလတ်ပါတယ်၊ ကျုပ်လျှော့လည်းလျှော့ပေးပါ့မယ်တော့”
အမေက အဲဒီမိန်းကလေးအရှေ့မှာ ဆောင့်ကြောင့်ထိုင်လိုက်တော့ မိန်းကလေးက ခံတောင်းကိုအုပ်ထားတဲ့ ပုဆိုးစကိုဖယ်လိုက်တယ်ဗျ၊ အထဲမှာ အမဲသားတွေက လတ်ပြီးတော့ ရဲနေတာပဲဗျာ။ အမေက အသားကိုကြည့်ပြီးတော့ ခေါင်းညိတ်တယ်။
“အသားကတော့ ကောင်းသားပဲအေ့၊ ဒါနဲ့ ညည်းကိုငါမတွေ့ဖူးပါလား၊ ဘယ်ကလာရောင်းတာလဲ”
“ပေတောရွာဟိုဘက်၊ လှည်းလမ်းခွက လာရောင်းတာပါ အဒေါ်”
ကျုပ်လည်း ထိုင်ချလိုက်ရင်း
“ဟာဗျာ၊ လှည်းလမ်းခွကဆိုတော့ သိပ်ဝေးတာပဲဗျာ၊ ဒီအထိအတော်လျှောက်ရမှာပဲ”
“ဟုတ်ပါတယ်အကိုလေး၊ အရင်ကတော့ ပေတောရွာလောက်နဲ့တင် အသားကုန်ပါတယ်၊ အခုကတော့ ပေတောရွာမှာလည်း သိပ်မစားကြတော့လို့ ဒီဘက်ရွာကို ဆက်လျှောက်လာတာပါ”
အမေက သနားတတ်တဲ့စိတ်ခံရှိတာကိုးဗျ။
“ဟယ်၊ အဝေးကြီးကလာရတာပဲ၊ အသားတွေလည်း အများကြီးကျန်သေးရဲ့၊ မပူပါနဲ့ အဒေါ်လည်း အသားတစ်တွဲယူမယ်၊ ကျန်တာတွေကိုလည်း အဒေါ်တို့အမျိုးတွေကြားထဲ ကူရောင်းပေးလိုက်မယ်ငါ့တူမ၊ ဟုတ်ပြီလား”
“ဝမ်းသာပါတယ် ဒေါ်လေးရယ်”
အဲဒီမိန်းကလေး အမေ့အတွက် အမဲသားတွေချိန်တွယ်ပေးနေတာကို ကျုပ်ကဘေးကနေထိုင်ကြည့်ရင်း စိတ်ထဲတစ်မျိုးကြီးဖြစ်လာတယ်ဗျ၊ ကျုပ်ရင်တွေ ခုန်လာသလိုပဲဗျာ၊
“ဒါနဲ့ ငါ့ညီမနာမည်က ဘာတဲ့လဲ”
“ပန်းညိုပါရှင်”
“ပန်းညိုတဲ့လား”
ကျုပ်လည်း ရေရွတ်လိုက်မိတယ်ဗျ၊ နာမည်နဲ့လူနဲ့ကတော့ အံကိုက်ပါပဲဗျာ၊ ပန်းညှိုဆိုတဲ့အတိုင်း အသားက ညိုညိုကလေးဗျ၊ ကိုယ်လုံးကိုယ်ပေါက် တောင့််တောင့်တင်းတင်းနဲ့ ရုပ်ရည်ကလည်း ရွာက ကွမ်းတောင်ကိုင်ရုပ်ရည်ထက် မသာချင်နေမယ် လျော့တော့မလျော့ဘူးဗျို့၊ ချုံပြောရရင်တော့ မိန်းမချောတစ်ယောက်ပေါ့ဗျာ။ အမေက ပန်းညိုကိုကြည့်ရင်း
“ငါ့တူမရယ်၊ ညည်းရုပ်ညည်းရေနဲ့ တစ်ရွာနဲ့တစ်ရွာကြား တစ်ယောက်ထဲသွားနေရသလား၊ ရွာဆက်ကလည်း ကျဲပါဘိနဲ့၊ မတော်တဲ့လူတွေနဲ့ တွေ့သွားလို့များကတော့ ညည်းဘ၀ ရေတိမ်နစ်သွားမယ်ဟဲ့၊ ငါက အကောင်းပြောတာ”
“မတတ်နိုင်ဘူးလေ အဒေါ်ရယ်၊ တစ်ဝမ်းတစ်ခါးကလည်း ရှိသေးတာပဲကိုး၊ နောက်ပြီးတော့ ပန်းညိုကလည်း လူလွတ်မဟုတ်ပါဘူး၊ ကလေးတစ်ယောက်အမေပါ”
ကလေးတစ်ယောက်အမေဆိုလို့ ကျုပ်လည်း လန့်သွားတာပဲဗျာ၊ ဘယ့်နှယ့် အသက်က ရှိလှမှ ကျုပ်နဲ့ရွယ်တူလောက်ကိုးဗျ။ အမေက မျက်နှာကိုစူပုတ်လိုက်ပြီး
“ဒါဆိုရင်တော့ နင့်လင်ကိုအပြစ်တင်ရတော့မှာပဲ။ ဘယ့်နှယ့််အေ၊ မိန်းမနဲ့ကလေးကို လုပ်မကျွေးဘူး သူကဘာလုပ်နေသလဲ”
ပန်းညိုမျက်နှာကလေး ညှိုးသွားတယ်ဗျ။
“သူက သေသွားပါပြီအဒေါ်၊ သုံးနှစ်လောက်တော့ ကျော်ပါပြီ”
ဒီတော့မှ အမေ့မျက်နှာပြောင်းသွားတယ်။
“ဟယ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်ရရှာတာပါလား၊ ရော့ရော့ ဒါက အမဲသားဖိုး”
အမေကပြောပြီးတော့ ကျုပ်ကိုလှည့်ကြည့်တယ်ဗျ။
“ဟဲ့အလတ်ကောင်၊ ဒီမှာ ပန်းညိုကို ရွာထဲက အမဲသားဝယ်လေ့ရှိတဲ့ ဘကြီးပုတို့၊ အရီးပြုံးတို့အိမ်ကို သွားစပ်ပေးလိုက်စမ်းပါ၊ တို့ရွာကို မျက်စိသူငယ် နားသူငယ်နဲ့ ဈေးလာရောင်းတဲ့သူပဲအေ၊ တို့က ကူရမှာပေါ့”
အမေပြောတာနဲ့ ကျုပ်လည်း ခံတောင်းကိုစွေ့ခနဲကောက်ပြီးထမ်းပြီးသားပဲဗျ၊ ပြီးတာနဲ့ ပန်းညိုရဲ့အရှေ့ကနေပြီး ဦးဆောင်ထွက်ခဲ့တာပေါ့ဗျာ။ ထွက်လာရင်းနဲ့ လမ်းမှာလည်း စကားပြောဖြစ်ကြတာပေါ့။
“ကျုပ်တို့ရွာကို နောက်ဆို မကြာမကြာလာရောင်းနော် ပန်းညို၊ သြော် ဒါနဲ့ ပန်းညိုအသက်က ဘယ်လောက်ရှိပြီလဲ”
“နှစ်ဆယ့်သုံးပါ”
ကျုပ်ကလည်း နှစ်ဆယ့်နှစ်ကျော်လို့ နှစ်ဆယ့်သုံးထဲရောက်နေပြီလေဗျာ၊ အသက်အရွယ်ကတော့ မတိမ်းမယိမ်းပေါ့။
“ဒါနဲ့ ကလေးကရောဘယ်အရွယ်တုန်းဗျ”
“ပန်းညိုအသက် ဆယ့်ငါးနှစ်ကျော် ဆယ့်ခြောက်နှစ်လောက်မှာပဲ အိမ်ထောင်ကျပါတယ်၊ ကလေးးက အိမ်ထောင်သက်တစ်နှစ်မှာ မွေးတာဆိုတော့ အခုဆိုရင်တော့ လေးနှစ်ကျော်၊ ငါးနှစ်နီးပါးပါ”
“သြော် . . .”
ပန်းညိုမျက်နှာက မသာမယာဖြစ်သွားတာနဲ့ ကျုပ်လည်း ဆက်မပြောဖြစ်တော့ပါဘူးဗျာ၊ ဒါနဲ့ပဲ ရွာထဲအမဲသားကြိုက်ကြတဲ့ ဘကြီးပုတို့၊ အသားဆိုရှယ်ကြိုက်တဲ့ အရီးပြုံးတို့ အိမ်တွေကိုစပ်ပေးလိုက်တော့ ပန်းညိုပါတဲ့အသားတွဲတွေအကုန်လုံး နာရီဝက်မကြာခင်မှာပဲ ကုန်သွားပါရောလားဗျာ၊ ဒါနဲ့ကျုပ်လည်း ပန်းညိုရဲ့တောင်းကလေးပိုက်ပြီးတော့ ရွာထိပ်ကိုလိုက်ပို့ပေးလိုက်တယ်ဗျ၊
“ကျွန်မရဲ့တောင်း ကျွန်မကိုပြန်ပေးပါရှင်၊ ဒီလောက်တော့ ကျွန်မသယ်နိုင်ပါတယ်”
ကျုပ်ဆီကတောင်းအလွတ်ကို သူရအောင်ပြန်သယ်တယ်ဗျ၊ ရွာလယ် မကပ်စေးဆိုင်ရှေ့ကိုရောက်တော့ ပန်းညိုက မတ်တပ်ရပ်ပြီးတစ်ချက်ကြည့်တယ်၊ ပြီးတော့ မရွေးမုန့်တွေဝင်ဝယ်တယ်ဗျ၊ ပြီးတော့ စားလည်းမစားဘဲ သိမ်းထားလိုက်တယ်။
“ပန်းညို မစားဘူးလား”
ပန်းညိုက ခေါင်းခါလိုက်ပြီးတော့
“သားအတွက်ဝယ်တာပါ၊ သားက ဈေးရောင်းပြန်လာရင် မုန့်မျှော်နေကြလေ”
ကျုပ်ဖြင့် ဘေးကနေကြည့်ပြီး စိတ်တောင်မကောင်းပါဘူးဗျာ၊ ဒီအချိန်မှာပဲ ရွာထိပ်နားမှာ လှည်းတစ်စီးသွားနေတယ်ဗျ၊ ကျုပ်လည်း မေးကြည့်တာပေါ့ဗျာ။
“ကိုသာအေး၊ ဘယ်လည်းဗျ”
“ပေတောရွာဘက် စပါးသွားတိုက်မလို့ဟေ့”
“ဟာ၊ ဒါဖြင့်လမ်းကြုံတာပဲဗျာ၊ ဟောဒီက ပန်းညိုကိုခေါ်သွားပါလား”
ကျုပ်တို့တောမှာတော့ သိသိမသိသိ လှည်းကြုံဆိုရင် တားစီးလို့ရတယ်ဗျ၊ အများအားဖြင့်ကတော့ လှည်းလွတ်ရင် ခေါ်ကြတာချည်းပါပဲဗျာ၊ ဒါနဲ့ကိုသာအေးလည်း ပန်းညိုကိုခေါ်သွားတာပေါ့၊ ပန်းညိုကလှည်းနောက်မြီးမှာ တင်ပါးလွှဲထိုင်ရင်းနဲ့ တောင်းကလေးကိုပိုက်သွားရှာတယ်၊ လှည်းအတော်ဝေးဝေးရောက်မှ
“ကျေးဇူးတင်ပါတယ်ရှင်”
လို့ပြောပြီးတော့ ကျုပ်ကိုလက်ပြမလို့လုပ်တယ်ဗျ၊ ဒါပေမယ့်် ရှက်လို့ထင်ပါရဲ့ဗျာ၊ လက်ကိုပြန်ချပြီးတော့ ခေါင်းငိုက်စိုက်ချရင်း လိုက်သွားတော့တာပါပဲ။ ကျုပ်လည်း ဖုန်တထောင်းထောင်းနဲ့ထွက်သွားတဲ့ လှည်းကြီးကို မျက်စိတစ်ဆုံးကြည့်နေရင်း
“ပန်းညိုရယ်၊ မင်းဘဝကလည်း သနားစရာပါလား”
(၂)
နောက်တစ်နေ့တော့ ပန်းညိုလာမလားဆိုပြီး ကျုပ်စောင့််နေမိတယ်ဗျ၊ ယာခင်းထဲကလည်း မဆင်းလို့မဖြစ်ဘူးဆိုတော့ ဆင်းခဲ့ရတယ်၊ ဒါပေမယ့် ရွာအဝင်လမ်းကိုပဲ ငေးပြီးကြည့်နေမိတယ်၊ မိန်းကလေးတစ်ယောက်မြင်ရင်ပဲ ပန်းညိုများဟုတ်နိုးနိုးဆိုပြီးကြည့်နေမိတာပေါ့ဗျာ၊ ယာလုပ်တာက လယ်လောက် မပင်ပန်းဘူးဆိုတော့ နေ့ခင်းထမင်းစားသောက်ပြီးရင် အားသွားပြီဗျ၊ ကျုပ်လည်း ယာခင်းထဲကနေတက်ခဲ့ပြီးတော့ ရွာထိပ်သစ်ပင်ရိပ်အောက်မှာထိုင်ပြီး လမ်းမကြီးကို မျှော်နေတာပေါ့ဗျာ။ ရာသီဥတုကလည်း ပူသလားမပြောပါနဲ့၊ ရွာလမ်းမကြီးခပ်လှမ်းလှမ်းမှာ တံလျှပ်တွေထနေတာများ ရေတွေအလားပါပဲဗျာ။
“ငေးလှချည်လားကွ”
အသံကြားလို့လှည့်ကြည့်မိတော့ ဦးဘသာဖြစ်နေတယ်ဗျ၊ ဦးဘသာက ကျုပ်ထိုင်နေတဲ့ သစ်မြစ်ဆုံကြီးဘေးနားမှာဝင်ထိုင်တယ်ဗျ၊ အနားမှာလည်း ကုက္ကိုလ်ပင်ကြီးရှိတော့ အရိပ်ကအေးနေတာပေါ့ဗျာ။
“မင်းကြည့်ရတာ ဒီအတိုင်းထိုင်နေတာနဲ့မတူဘူး၊ တစ်ယောက်ယောက်ကို မျှော်နေသလိုပဲအလတ်ကောင်”
ကျုပ်လည်း ခေါင်းပဲညိတ်ပြလိုက်တော့တယ်။
“အမဲသားလာရောင်းတဲ့ ကောင်မလေးကိုမဟုတ်လား”
ဦးဘသာပြောတော့ ကျုပ်ဖြင့်အံ့သြသွားတာပဲဗျာ။
“ဦးဘသာက ဘယ်လိုလုပ်ပြီးသိတာလဲဗျ”
“မနေ့က မင်းတို့ကိုငါတွေ့လိုက်ပါတယ်ကွာ၊ ဟိုကတော့ ဒီအတိုင်းရိုးရိုးတန်းတန်းပါပဲ၊ မရိုးတာက မင်းကွ၊ မင်းရဲ့အကြည့်တွေကို ငါကြည့်လိုက်ကတည်း ဒီကောင်မလေးအပေါ် စိတ်ညွှတ်နေတယ်ဆိုတာ ငါသိတယ်၊ မင်းသူ့ကိုချစ်နေတာလား”
ကျုပ်ခေါင်းခါလိုက်မိတယ်၊ အမှန်တော့ကျုပ်ရင်ထဲ ဘာဖြစ်နေမှန်းကိုမသိဘူးဗျာ။
“ကျုပ်လည်းမသိဘူးဦးဘသာ၊ ဒါပေမယ့် သူ့မျက်နှာကိုမြင်လိုက်ရတဲ့အချိန်မှာ ကျုပ်ရင်ထဲ ပြောမပြတတ်အောင်ခံစားရတယ်၊ နောက်တော့ သူ့အကြောင်းကိုသိလိုက်တဲ့အချိန်မှာ သူ့ကိုပိုပြီးသနားမိသွားတယ်ဗျ၊ အဲဒါက အချစ်လားဆိုတာတော့ ကျုပ်လည်းမသိပါဘူးဗျာ”
ဦးဘသာက ကွမ်းချိုးတွေတက်နေတဲ့ သွားတွေပေါ်အောင်ပြုံးရင်း
“အဲဒါအချစ်ပေါ့ကွ၊ အစကတော့သနား၊ နောက်တော့ချစ်သွား၊ သနားချစ်ပေါ့ကွာ”
မှိုင်တွေနေတဲ့ကျုပ်ကိုဦးဘသာက ကြည့်ရင်း
“စောင့်မနေပါနဲ့ကွာ၊ မင်းကောင်မလေး မလာပါဘူးကွ၊ နေပူထဲကြာကြာကြည့်မနေနဲ့၊ တော်ကြာ မျက်စိတိမ်စွဲနေလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကန်းနေအုံးမယ်၊ ဟား၊ ဟား”
ဦးဘသာက သစ်ငုတ်ပေါ်ကနေထပြီးတော့ သူ့ပုဆိုးဖင်ကို ဖုတ်ဖတ်ခါလိုက်သေးတယ်၊ နောက်တော့ သူ့လွယ်အိတ်ထဲလက်နှိုက်ပြီးတော့ သကြားလုံးတွေထုတ်ပေးတယ်ဗျ၊ ကျုပ်လည်း သကြားလုံးတွေလှမ်းယူလိုက်တာပေါ့ဗျာ။
“မကပ်စေးဆိုင်ရှေ့ကဖြတ်တော့ ငါလည်းစားချင်တာနဲ့ ဝယ်လာတာပဲ၊ ဒါပေမယ့် သကြားလုံးက ချိုလွန်းတယ်ကွ၊ ငါမကြိုက်ပါဘူး”
“အိုဗျာ၊ သကြားလုံး ချိုတာဆန်းသလား”
ဦးဘသာက ကျုပ်ပုခုံးကိုပုတ်ရင်း
“ပြန်တော့ဟေ့၊ ဟိုက မလာတော့ဘူးထင်ပါ့”
ဦးဘသာထွက်သွားတော့ ကျုပ်လည်း သကြားလုံးလေးတွေကိုကြည့်နေမိတယ်၊ ကျုပ်တို့ခေတ်က သကြားလုံးဆိုတာက ဆီစိမ်စက္ကူနဲ့ထုတ်ထားတဲ့ သကြားလုံးနီနီ၊ ဝါဝါကလေးတွေဗျ၊ ကျုပ်လည်းမစားချင်သေးတာနဲ့ အကျီအိတ်ကပ်ထဲထည့်ပြီးတော့ သစ်ငုတ်ပေါ်ကနေထလိုက်တယ်။
“အင်းလေ၊ ဒီနေ့မလာတော့ဘူးထင်ပါတယ်”
ဒါနဲ့ပဲ အိမ်ပြန်ခဲ့တာပေါ့ဗျာ။
ခြံံတံခါးကိုဖွင့်ဝင်လိုက်တာနဲ့ အိမ်ထဲမှာ မိန်းကလေးတစ်ယောက်ထိုင်နေတယ်ဗျ၊ ကျုပ်လည်း သူ့မျက်နှာကိုမြင်ပြီး ပျော်လိုက်တာ ပြောမနေပါနဲ့တော့။
“ပန်းညို”
အိမ်မှာ ပန်းညိုတစ်ယောက်တည်းဗျ၊ ကျုပ်လည်းအမြန်ဝင်သွားလိုက်တယ်။
“ဘယ်ကနေဘယ်လိုလုပ်ပြီးရောက်နေတာလဲ၊ ကျုပ်တော့ ပန်းညိုကိုရွာထိပ်မှာ မတွေ့မိပါဘူးဗျ”
“ဟုတ်တယ်အကိုလေး၊ ပေတောရွာဘက်ကလာပေမယ့် အင်တိုင်းလမ်းကနေ ဖြတ်လာတာမို့လို့ ရွာအဝင်လမ်းက မဝင်ခဲ့တာ”
“အင်တိုင်းတောဆိုတာ တောရုံလူမသွားရဲဘူး ပန်းညိုရဲ့၊ အန္တရာယ်များပါတယ်”
“ပန်းညိုကတော့ ဘာကိုမှမကြောက်တော့ပါဘူး၊ လူပဲဖြစ်ဖြစ်၊ သရဲပဲဖြစ်ဖြစ် ဘာကိုမှမကြောက်ဘူး၊ ပန်းညိုမှာ ဓါးပါပါတယ်”
ပန်းညိုက သူလွယ်ထားတဲ့လွယ်အိတ်ကလေးထဲကို လက်နှိုက်ပြတယ်ဗျ။
“သြော်၊ ပန်းညိုရယ်၊ ယောက်ျားသားတစ်ယောက်ကို ပန်းညိုအဲဒီဓါးကလေးနဲ့ နိုင်မယ်လို့ထင်လို့လား၊ ပန်းညိုကိုအတင်းကာရော ဗလကာယလုပ်ပါပြီတဲ့ ပန်းညိုဘယ်လိုလုပ်မလဲ”
“မနိုင်လို့ရှိရင်လည်း ပန်းညိုကိုယ့်လည်ပင်းကိုယ်လှီးလိုက်မှာပေါ့”
ကျုပ်တောင် အံ့သြသွားတယ်။ ပန်းညိုက မိန်းကလေးဆိုပေမယ့် သတ္တိတော့သိပ်ရှိတာပဲဗျာ၊ မကြာပါဘူး အမေက နှစ်အိမ်ကျော်က အမျိုးတွေနဲ့ဝင်လာတယ်၊ အမေလာတော့ ပန်းညိုလည်းမအားတော့ပါဘူးဗျာ၊ အမဲသားတွေကို ချိန်တွယ်ပြီးတော့ ပိုင်းဖြတ်နေလေရဲ့၊ အမဲသားတွေအကုန်လံုံးနီးပါး ကုန်သွားပြီးတော့ အမဲသားလေးတစ်ပိုင်းပဲကျန်တော့တယ်၊ ပန်းညိုက အမေ့ကိုလှမ်းပေးပြီးတော့
“ဒါလေးက အဒေါ်တို့အတွက် လက်ဆောင်ချန်ထားတာပါ”
“အို ငါ့တူမကလည်း၊ အဒေါ်တို့က ငါ့တူမကြီးဆီက ဝယ်ပြီးသားလေ၊ မလိုပါဘူး”
“ယူပါအဒေါ်ရယ်၊ အဒေါ်တို့ကို အားနာလို့ပါ”
“အေးပါ၊ ဟဲ့အလတ်ကောင်၊ ပုတ်ထဲကနေ ဆန်တစ်ပြည်ချင်ပေးလိုက်စမ်းပါကွယ်၊ သူများပစ္စည်းတော့ အလကားမလိုချင်ပါဘူး”
ကျုပ်လည်းအမေခိုင်းတဲ့အတိုင်း ဆန်တစ်ပြည်ချိန်ပေးလိုက်တာပေါ့ဗျာ၊ ပြီးတော့ ထုံးစံအတိုင်း ပန်းညိုကိုလိုက်ပို့လိုက်တယ်၊ ဒီနေ့တော့ လှည်းကြုံမရှိတော့ဘူးဆိုတော့ ပန်းညိုကို ဇရပ်ပျက်တွေနားအထိ လိုက်ပို့ပေးလိုက်တာပေါ့ဗျာ၊ ရွာကလူတွေကတော့ ကျုပ်နဲ့ပန်းညိုကို ကွက်ကြည့် ကွက်ကြည့်ရယ်ဗျ။
“ပြန်ပါတော့အကိုလေး၊ ဒီလောက်အထိ လိုက်ပို့စရာမလိုပါဘူး”
“ရပါတယ်ပန်းညို၊ ပန်းညိုအတွက် အနှောင့်အယှက်ဖြစ်သွားလို့လား”
ပန်းညိုက ခေါင်းခါရင်း
“အကိုလေးအတွက် နစ်နာသွားမှာစိုးလို့ပါ၊ တကယ်တော့ ပန်းညိုက အမဲသားရောင်းတဲ့ဈေးသည်ပဲ၊ ပြီးတော့ မုဆိုးမ၊ ကလေးတစ်ယောက်အမေမဟုတ်လား”
“အိုဗျာ၊ ကျုပ်အတွက်ကတော့ ဘာမှမထိခိုက်ပါဘူး၊ ကျုပ်ကတော့ ပန်းညိုကို ရိုးရိုးသားသားကူညီပေးတာပါ”
ပန်းညိုက တောင်းကလေးရွက်ပြီးပြန်ထွက်သွားမယ်အလုပ်မှာ ကျုပ်လည်း အိတ်ထဲက သကြားလုံးတွေကိုသတိရသွားတယ်၊ ဒါနဲ့ ပန်းညိုကိုခေါ်ပြီးတော့ ပန်းညိုလက်ထဲကို သကြားလုံးလေးတွေ ထည့်ပေးလိုက်တယ်ဗျ၊ ပန်းညိုက အံ့သြတဲ့မျက်လုံးနဲ့ ကျုပ်ကိုကြည့်ပြီးတော့
“အကိုလေးက ကျွန်မသားလေး ဒီသကြားလုံးသိပ်ကြိုက်တယ်ဆိုတာ ဘယ်လိုလုပ်ပြီးသိသလဲ”
ကျုပ်လည်းဘာပြောရမှန်းမသိဘူးဗျာ၊ ပန်းညိုက ကျုပ်လက်ထဲက သကြားလုံးတွေကိုယူပြီးတော့
“အကိုလေးနောက်ဆို အဲဒီလိုတွေ မဝယ်ပေးပါနဲ့၊ အကိုလေးပိုက်ဆံကုန်နေပါအုံးမယ်”
အဲဒီလိုပြောပြီးတော့ ရှက်ကိုးရှက်ကန်းနဲ့ထွက်သွားတော့တာပါပဲဗျာ၊ ကျုပ်လည်း ရင်ထဲ ဖိုးသိုးဖတ်သပ်ကြီးဖြစ်ပြီး ကျန်ခဲ့တာဗျ၊ လေးလံတဲ့ခြေလှမ်းတွေနဲ့ ရွာထဲကိုပြန်လာရင်း ရွာလယ် မကပ်စေးဆိုင်ရှေ့ကဖြတ်တော့ သကြားလံုံးလေးတွေကို သွားသတိရတယ်။ ဒါနဲ့ သကြားလုံးဝယ်မယ်ဆိုပြီးသွားတော့
“အဲဒီသကြားလုံးက တစ်လုံးတစ်ကျပ်နော်”
“ဘာဗျ၊ ဈေးကြီးလိုက်တာ”
“မဝယ်စားနိုင်ရင် မဝယ်စားနဲ့ပေါ့၊ သူ့ခေတ်နဲ့သူ့ဈေးတော့ ပေးရမှာပေါ့”
ကျုပ်လည်း မဝယ်တော့ပါဘူးဗျာ၊ သကြားလုံးဖြစ်ပြီး ဈေးကြီးးလိုက်တာဗျာ၊ ဦးဘသာကျုပ်ကိုပေးတာ ဆယ်လုံးနီးပါးလောက်ရှိတယ်ဗျ၊ ဟုတ်ပါရဲ့၊ ကျုပ်လည်း အခုမှသတိထားမိတော့တယ်၊ ဦးဘသာက ဘာလို့ကျုပ်ကိုသကြားလံုံးတွေပေးတာလဲ၊ နောက်ပြီး ရွာထိပ်မှာစောင့်မနေနဲ့ အိမ်ပြန်တော့လို့ ဘာဖြစ်လို့ပြောတာလဲ၊ ဒါဆိုရင် ပန်းညိုအိမ်ကိုရောက်နေတယ်ဆိုတာ သူကြိုသိနေတာများလား၊ ဒီသကြားလုံးတွေကိုလည်း ပန်းညိုကိုပေးလိုက်ဖို့ဆိုတာကို သူများကြိုတွက်ထားမိတာလားဗျာ၊ တကယ်ပါ၊ ဦးဘသာကတော့ ထူးဆန်းပြီးရင်း ထူးဆန်းနေတာပါပဲဗျာ။
(၃)
မပန်းညိုက နောက်ပိုင်းရွာကို နေ့တိုင်းနီးပါးလာတယ်ဗျ၊ သူမလာတဲ့ရက်တွေဆိုရင် ကျုပ်တော့ နေလို့မထိပါဘူးဗျာ၊ စားမဝင်သလိုလို၊ အိပ်မပျော်သလိုလိုပါပဲ။ သူလာပြီဆိုရင်တော့ ကျုပ်ပျော်တယ်၊ ပန်းညိုရဲ့ အမဲသားထည့်ထားတဲ့ ခံတောင်းထမ်းပြီး ရွာထဲက ဆွေမျိုးအိမ်တွေကို လိုက်စပ်ပေးရတာကိုပျော်တယ်၊ အခုဆို ပန်းညိုတစ်ယောက် အရင်ကလို ကြောင်စီစီမဟုတ်တော့ပါဘူးဗျာ၊ ကျုပ်နဲ့စကားတွေဘာတွေပြောရင်း ရယ်ရယ်မောမောနေတတ်ပြီဗျ၊ ကျုပ်ကလည်း သူနဲ့စကားပြောရင်း ဟာသလေးတွေထည့်ထည့်ပြောတယ်၊ ပန်းညိုရယ်နေတာမြင်ရင် ကျုပ်ရင်ထဲ ပျော်လိုက်တာဗျာ။ တစ်ခါတစ်လေတော့လည်း ပန်းညိုက သူ့ဘဝအကြောင်းတွေးမိလို့ထင်ပါရဲ့ဗျာ၊ မျက်နှာကလေးကိုမှိုင်လို့၊ ဒီလိုအချိန်ဆိုရင် ကျုပ်မနေတတ်တော့ဘူးဗျ။ ကျုပ်ရင်ထဲလည်း နေလို့မကောင်းဘူးပေါ့။
ရွာထဲကလူတွေကလည်း ကျုပ်နဲ့ပန်းညိုအကြောင်းကို တီးတိုးတီးတိုးပြောကုန်နေကြပြီဗျ၊ ကျုပ်လည်း ပြန်ကြားတာတွေရှိပါတယ်၊ တစ်ရက်တော အမေက ကျုပ်ကိုခေါ်ပြောတယ်။
“အလတ်ကောင်၊ နင်ပန်းညိုကိုချစ်နေတာလား”
ကျုပ်ဘာပြန်ဖြေရမှန်း မသိသေးခင်မှာပဲ
“နင်သူနဲ့တော့မဖြစ်ဘူးနော်၊ ငါကတော့ လးဝသဘောမတူဘူး၊ သူက ဈေးသည်၊ ဈေးသည်ထဲမှာတောင်မှ အသားစိမ်းငါးစိမ်းကို ရွာရိုးကိုးပေါက် လှည့်ရောင်းနေတဲ့သူ၊ ပြီးတော့ မုဆိုးမ၊ ကလေးတစ်ယောက်ကလည်းရှိသေးတယ်”
“အဲဒါဘာဖြစ်သလဲအမေ၊ ပန်းညိုမှာ ကလေးရှိတာဘာဖြစ်သလဲ၊ အိမ်ထောင်ကျခဲ့ဖူးတာ ဘာဖြစ်သလဲ”
“ဖြစ်တာပေါ့ဟဲ့၊ ဒီရွာမှာ အပျိုတွေတစ်ပုံကြီးပါအလတ်ကောင်ရယ်၊ ဒီရွာကလူမကြိုက်ရင်လည်း ပေတောတို့၊ တန်းမြင့်တို့မှာ အပျိုတွေတစ်ပုံကြီးရှိတယ်၊ အဲဒါကိုမှ မင်းက ဒီမုဆိုးမ၊ ကလေးအမေကို ဘာလို့သွားကြိုက်သလဲဆိုတာတော့ ငါမပြောတတ်ဘူး”
“ဒါတော့ ကျုပ်မသိဘူးအမေ၊ အမေပြောတဲ့ အပျိုတွေဆိုတာကို ကျုပ်ရင်မခုန်သလို၊ စိတ်လည်းမဝင်စားဘူး၊ ဒါပေမယ့် ပန်းညိုကိုတွေ့ရင် ကျွန်တော့်စိတ်ထဲ သနားတယ်၊ သူ့ဘဝကိုတွေးရင်း ကျွန်တော်ပိုသနားတယ်၊ သူ့ကိုကျွန်တော်ပျော်ရွင်အောင်ထားချင်တယ်အမေ၊ သူ့ဘဝကို ကျွန်တော်ဖြည့်ဆည်းပေးချင်တယ်၊ သူနဲ့အတူတူ . . .”
“တော်စမ်းအလတ်ကောင်၊ အမဲသားသည်မကတော့ အနူလက်နဲ့ရွှေခွက်နှိုက်ချင်ပြီထင်တယ်၊ လင်သေပြီးတော့ ဘယ်သူနဲ့ဘယ်လိုနှိုက်ခဲ့မှန်းလည်းသိတာမဟုတ်ဘူး၊ အခု နှိုက်မယ့်နှိုက်တော့လည်း သူကြီးသား လူပျိုနုနုထွတ်ထွတ်ကိုမှန်းချင်သေးတယ်၊ ငါတစ်ခါတည်းပြောထားမယ်အလတ်ကောင်၊ မင်းကသူ့ကိုချစ်နေပေမယ့် သူကမင်းကိုချစ်လို့မဟုတ်ဘူး၊ သူလိုချင်တာက ငွေပဲ၊ ပစ္စည်းဥစ္စာပဲ၊ ဒါတွေမက်ခဲ့လို့ မင်းနဲ့ပရောပရီနေခဲ့တာဖြစ်မှာ”
“တော်ပါတော့အမေ၊ အမေဆက်ပြီး ပန်းညိုကိုမတိုက်ခိုက်ပါနဲ့တော့၊ ပန်းညိုကဒီလိုမဟုတ်ဘူး၊ ကျုပ်ကတော့ရှင်းတယ်အမေ၊ ပန်းညိုကိုချစ်တယ်၊ ပန်းညိုဘဝမှာ လိုအပ်နေတဲ့ကွက်လပ်တွေကို ကျုပ်ဝင်ပြီးဖြည့်ဆည်းပေးချင်တယ်၊ ဒီလောက်ပဲ”
ကျုပ်လည်းပြောပြီးတော့ အိမ်ထဲကနေထွက်ခဲ့တော့တယ်။ အမေကတော့ ကျုပ်ကိုကြည့်ပြီး တအံ့တသြနဲ့ ကျန်ခဲ့တော့တယ်ဗျာ။
“အချစ်ဆိုတာ ဘာလဲဦးဘသာ”
ကျုပ်ထမေးလိုက်တော့ ကျုပ်ဘေးနားမှာ ရေနွေးထိုင်သောက်နေတဲ့ ဦးဘသာတောင်မှ ရေနွေးသီးမလိုဖြစ်သွားတယ်ဗျ။ ဒီနေ့က ပန်းညိုမလာတဲ့ရက်ကိုးဗျ၊ ဒီတော့ ကျုပ်လည်း လွမ်းလွမ်းဆွေးဆွေးနဲ့ ဦးဘသာနေတဲ့အိမ်ကလေးမှာ သွားထိုင်ပြီးဆွေးနေတာပေါ့ဗျာ။
“မင်းကတော့လုပ်ပြီအလတ်ကောင်ရာ၊ မှတ်ထားကွ၊ အချစ်ဆိုတာ တပ်မက်မှု၊ တပ်မက်မှုဆိုတာ တဏှာပေါ့ကွာ၊ တစ်နည်းပြောရရင် လောဘလို့လည်းပြောလို့ရတယ်ကွ၊ စာဆိုတစ်ယောက်ကပြောဖူးတယ် လောဘတွေစုပြုံအနည်ထိုင်လာတဲ့အခါ အချစ်ဖြစ်သွားတတ်တယ်တဲ့ကွ”
“သူပြောတာမှန်မယ်ထင်တယ်ဗျ၊ အခုလည်း ကျုပ်ရင်ထဲမှာ လောဘတစ်မျိုးခံစားနေရတယ်”
ဦးဘသာက ကျုပ်ကိုပြံုံးဖြီးဖြီးနဲ့ကြည့်ရင်း
“မင်းကိုငါပွင့်ပွင့်လင်းလင်းပဲပြောမယ်အလတ်ကောင်၊ အခုရွာထဲကလူတွေက မင်းနဲ့ပန်းညိုနဲ့ကို သို့လောသို့လောနဲ့ ပြောနေကြတယ်နော်၊ ဒီတော့ ငါတစ်ခါတည်းပြောထားတယ်၊ မင်းနဲ့သူနဲ့က ဘာမှမဆိုင်ဘူး၊ မင်းသူနဲ့ ဘာမှဖြစ်လို့မရဘူး”
“ဘာတွေပြောနေတာလည်း ဦးဘသာရာ”
“ငါမင်းစိတ်ကိုသိပြီးသားပါကွ၊ မင်းပန်းညိုကိုသံယောဇဉ်ရှိနေတာကိုလည်း ငါသိပါတယ်၊ ဒါပေမယ့် မင်းပန်းညိုကိုချစ်လို့မရဘူးအလတ်ကောင်၊ မင်းသူ့ကိုမချစ်ရဘူး”
ဦးဘသာစကားကြားတော့ ကျုပ်လည်းဒေါသထွက်သွားတာပေါ့ဗျာ။
“ကျုပ်စိတ်နဲ့ကျုပ်ချစ်တာပဲဗျာ၊ ဘာဖြစ်သလဲ”
ဦးဘသာက ရေနွေးငှဲ့ရင်း
“အချစ်ဆိုတာ လောဘ၊ လောဘဆိုတာ လိုချင်တဲ့သဘောပဲကွ၊ ကိုယ်လိုချင်တာကို မရတော့ ဒေါသဖြစ်တယ်၊ ဒေါသတွေဖြစ်ပါများလာပြီး အနည်ထိုင်သွားတော့ အမုန်းအဖြစ်ပြောင်းလဲသွားတတ်တယ်၊ တကယ်တော့ အမုန်းဆိုတာ ဒေါသတွေအနည်ထိုင်သွားလို့ဖြစ်တာကွ”
“ကျုပ်က ဘယ်သူ့ကိုမုန်းရမှာလဲ”
“မင်းငါ့ကိုမုန်းမယ်၊ အခုတောင် ငါ့ကိုဒေါသဖြစ်နေပြီမဟုတ်လားကွ၊ မလိမ်ချင်စမ်းပါနဲ့ အလတ်ကောင်ရာ ငါပြောတာကိုနားထောင်စမ်းပါ၊ မင်းနဲ့သူနဲ့ လုံးဝမဖြစ်ဘူး”
“ဘာဖြစ်နေလို့လဲဗျ၊ ကျုပ်ကလူပျို၊ သူက ကလေးတစ်ယောက်အမေ၊ မုဆိုးမဖြစ်နေလို့လား”
ဦးဘသာက သက်ပြင်းချရင်း ခေါင်းကိုခါလိုက်တယ်ဗျ။ ကျုပ်စိတ်ထဲ တော်တော်မကောင်းဘူးဗျာ၊ ကျုပ်မိဘတွေက ပန်းညိုနဲ့သဘောမတူတာကို ကျုပ်ဖြေသာပါသေးတယ်၊ အခုတော့ ကျုပ်ဦးလေးတစ်ယောက်လိုချစ်ရတဲ့ ဦးဘသာကပါ ပန်းညိုနဲ့မဖြစ်ရဘူးလို့ တားမြစ်တာခံလိုက်ရတော့ ကျုပ်ရင်ထဲတော်တော်နေလို့မကောင်းဘူး။
“မင်းမသိသေးပါဘူးအလတ်ကောင်ရာ၊ သြော်ဒါနဲ့ ငါတို့သူခိုးဖမ်းကြရအောင်ဟေ့”
ဦးဘသာက စကားအဆက်အစပ်မရှိထပြောတယ်ဗျ။
“ဘယ်သူခိုးကို ဖမ်းမှာလဲဗျ”
“မင်းကို ငတိုးပြောဖူးတယ်မဟုတ်လား၊ နွားပျောက်ကုန်းဆီကို သူက နွားတွေဆွဲဆွဲသွားပေးရတယ်၊ ပြီးရင် ပေတောရွာက လူကြီးတစ်ယောက် လာလာယူသွားတယ်ဆိုတာလေကွာ”
ကျုပ်လည်းခေါင်းညိတ်လိုက်တော့တယ်။
“အဲဒီလူက မကောင်းတဲ့လူပဲကွ၊ ငါထင်တာတော့ သူ့ရဲ့စေခိုင်းမှုနဲ့ ငတိုးက နွားတွေကိုလစ်ရင်လစ်သလိုခိုးတာပဲကွ၊ ပရလောကမှာလည်း သူ့ပိုင်နက်နဲ့သူရှိတာဆိုတော့ ငတိုးရဲ့နွားပျောက်ကုန်းပိုင်နက်ထဲရောက်တော့မှ ခိုးလို့ရတာပေါ့ကွာ၊ ခိုးပြီးတော့ အဲဒီလူက နွားကိုလာယူမယ်၊ ငတိုးကိုတော့ အစာလေးဘာလေးကျွေးချင်ကျွေးမှာပေါ့ကွာ၊ ဒီတော့ ငါဆက်ပြီးဒီလိုအဖြစ်မခံနိုင်တော့ဘူးကွ”
“ကောင်းပါတယ်ဦးဘသာ၊ ဒါဆိုရင်ဘာလုပ်ကြမလဲ”
“နွားတစ်ကောင်နဲ့ မျှားခေါ်ရမှာပေါ့ကွာ”
“မျှားတာကဟုတ်ပါတယ်၊ ဘယ်ကနွားကိုသုံးမလဲ”
ဦးဘသာက သူ့အိမ်ခြေရင်းဘက်ကိုကြည့်လိုက်ရင်း
“ငါ့နွားတစ်ကောင်သုံးတာပေါ့ကွာ”
ကျုပ်လည်း ခေါင်းညိတ်လိုက်တော့တယ်ဗျ။
“ဒါဆို ဘယ်နေ့စမလဲ”
ဦးဘသာက စိတ်ထဲမှာ တစ်ခုခုကိုရေရွတ်နေရင်း
“ပြောနေကြာပါတယ်ကွာ၊ ဒီညနေပဲစကြမယ်”
“အရင်ဆုံး ငတိုးမသိအောင်လို့ ငါတို့နွားကို နွားပျောက်ကုန်းကိုလွှတ်လိုက်မယ်ကွာ၊ မကြာခင်ညနေစောင်းတော့မှာဆိုတော့ ဒီလူက သေချာပေါက် ဒီည၊ ဒါမှမဟုတ် မနက်ဖြန်မနက်စောစော နွားကိုလာယူမှာပဲကွ၊ ဒီအခါငါတို့စောင့်ဖမ်းကြတာပေါ့ကွာ”
“ကောင်းပါ့ဗျာ၊ ဒါဆို ကျုပ်ဒီညအိမ်မပြန်တော့ဘူးလို့ ပြောလိုက်တော့မယ်”
ဦးဘသာရဲ့အစီအစဉ်ကိုကြားပြီးတော့ လွမ်းနေတဲ့စိတ်တောင် ဘယ်ရောက်သွားမှန်းမသိပါဘူးဗျာ၊ ဒီလိုနဲ့ ညနေရောက်လာခဲ့တာပေါ့၊ ဦးဘသာက သူ့ရဲ့ရွှေနီလို့ခေါ်တဲ့ နွားကြီးဆီသွားပြီးတော့ နွားမျက်လုံးကိုကြည့်ရင်း
“ကဲရွှေနီ၊ နွားပျောက်ကုန်းလို့ခေါ်တဲ့နေရာကို တန်းတန်းမတ်မတ်သွားပေတော့၊ ဟိုမှာ စောင့်နေ၊ ငါတို့မနက်ဖြန်ပြန်လာခေါ်မယ်”
ဦးဘသာက ချည်တိုင်က ကြိုးကိုလွှတ်ပေးလိုက်တာနဲ့ ရွှေနီလို့ခေါ်တဲ့နွားကြီးက ခြံထဲကနေ အေးအေးလူလူနဲ့ထွက်သွားတော့တာပဲဗျာ၊ ကျုပ်ဖြင့် အဲဒီနွားကြီး ရောက်ပါ့မလားလို့တောင်မှ စိတ်ပူနေသေးတယ်။
“မပူပါနဲ့ကွ၊ ရွှေနီက ငါ့စကားကိုကောင်းကောင်းနားထောင်ပါတယ်”
“ဦးဘသာကြီးက ဘယ်လိုလုပ်ပြီးတော့ နွားနဲ့စကားပြောတတ်နေတာလဲဗျာ”
“ဘာပညာမှမလိုပါဘူးကွာ၊ အရေးကြီးတာကတော့ တစ်ယောက်နဲ့တစ်ယောက်နဲ့ကြားက အပြန်အလှန်မေတ္တာပေါ့ကွာ၊ တိရစ္ဆာန်တွေဆိုပြီး အထင်မသေးနဲ့ကွ၊ သက်ရှိတွေအားလုံးမှာ တန်းတူခံစားနိုင်တဲ့အရာဆိုတာ မေတ္တာပဲရှိတယ်”
“ဒါဆိုရင်လူတွေရော”
ကျုပ်ထမေးတော့ ဦးဘသာက ကြောင်အမ်းအမ်းနဲ့
“လူတွေရော သူ့အပေါ်မေတ္တာထားတာကို ပြန်ခံစားမိပြီးတော့ မေတ္တာပြန်ထားကြသလား ဦးဘသာ”
ဦးဘသာက ခေါင်းခါလိုက်တယ်။
“မေတ္တာထားတာကိုတော့ ခံစားမိကြပေမယ့် မေတ္တာပြန်ထားမထားကတော့ မသေချာဘူးကွ”
“ဘာလို့လဲဦးဘသာရာ”
“လူတွေဖြစ်နေလို့ပေါ့ကွာ”
ပြီးလည်းပြီးရော ဦးဘသာက အိမ်ပေါ်တက်သွားတယ်ဗျ၊ အိမ်ရှေ့ခန်းမှာ ဖျာကြမ်းခင်းပြီးတော့ တစ်ရေးတစ်မောအိပ်နေတဲ့ပုံပဲ၊ ကျုပ်လည်းအိပ်ဖို့ကြိုးစားတာပေါ့ဗျာ၊ ညကျရင် ညည့်နက်မယ်မဟုတ်လားဗျ။ ဒါပေမယ့် အိပ်မယ်လို့ကြံလိုက်တိုင်း အတွေးထဲမှာ ပန်းညိုရဲ့မျက်နှာတွေကိုပဲ မြင်ယောင်နေတယ်ဗျာ။
မှေးခနဲအိပ်ပျော်သွားတော့ အိပ်မက်ထဲမှာ ပန်းညိုနဲ့တွေ့တယ်ဗျ၊ ပန်းညိုက ကျုပ်ကိုရယ်မောပြိး ပြုံးဖြီးဖြီးနဲ့ကြည့်နေတာ၊ နောက်တော့ ကျုပ်အရှေ့ကိုတဖြည်းဖြည်းတိုးသွားတော့ သူ့မျက်နှာက ဒေါသတွေခက်ထန်လာတယ်၊
“သွား၊ မလာနဲ့၊ သွား”
ကျုပ်ကိုအော်ထုတ်ပြီးတော့ သူကလှည့်ပြေးတာပဲဗျာ၊ ကျုပ်လည်း သူ့နာမည်ကိုခေါ်ပြီးတော့ အနောက်ကနေပြေးလိုက်တာပေါ့ဗျာ၊ ဒီအချိန်မှာပဲ ကျုပ်တို့နှစ်ယောက်ကြားက မြေကြီးက ဝုန်းခနဲကွဲထွက်သွားပြီးတော့ ချောက်ကြီးတစ်ခုအဖြစ်ပြောင်းသွားတယ်ဗျ၊ ကျုပ်လည်း ချောက်ဒီဖက်ကမ်းကနေ ပန်းညိုကိုအော်ခေါ်နေမိတယ်။ ချောက်ကြီးထဲကနေ ရယ်သံကြီးတစ်ခုကြားရတယ်ဗျ၊ နောက်တော့ လူကြီးတစ်ယောက်ထွက်လာတာပဲ၊ ထွက်လာတဲ့သူကိုကြည့်လိုက်တော့ ဦးဘသာကြီးဖြစ်နေတယ်ဗျ၊ ဦးဘသာက ကျုပ်ကိုလက်ညှိုးထိုးပြီးတော့
“မင်းမချစ်ရဘူး၊ မင်းသူ့ကိုမချစ်ရဘူး အလတ်ကောင်”
“ချစ်မှာပဲ . . . . ချစ်မှာပဲဗျ”
ကျုပ်ထအော်လိုက်တော့ ဦးဘသာက ကျုပ်ကိုတအံ့တသြနဲ့ကြည့်နေတယ်ဗျ၊ ပတ်ဝန်းကျင်တစ်ခွင်လုံး အမှောင်ထုက ဖုံးအုပ်နေပြီပေါ့၊
“အလတ်ကောင် ဘာတွေထအော်တာလဲကွ”
ကျုပ်လည်းဘာမှမပြောတော့ဘဲ ခေါင်းပဲခါလိုက်တယ်၊ ဦးဘသာက ကွမ်းအစ်ကလေးကိုပိုက်ပြီးတော့ သွားလို့လုပ်နေတယ်။
“အချိန်ကျပြီအလတ်ကောင်၊ ငါတို့သွားကြစို့”
ဦးဘသာနဲ့ကျုပ်နဲ့ရွာပြင်ကိုထွက်ခဲ့တယ်ဗျ၊ ရွာလမ်းမကတော့ လူသူရှင်းနေပြီပေါ့ဗျာ၊ ရွာထိပ်က ဦးတရုတ်ကြီးရဲ့အရက်ဆိုင်တောင်မှ လူပါးနေပြီမို့ ဦးတရုတ်ကြီးက ဆိုင်တံခါးတစ်ခြမ်းကို ပိတ်နေပြီ။ တကယ်တော့ နွားပျောက်ကုန်းလိုနေရာကို ညဘက်သွားရတာ ကြောက်စရာကြီးဗျာ၊ ကျုပ်လည်း ဦးဘသာကြီးပါနေလို့သာ မကြောက်မရွံ့လိုက်ရဲတာဗျ၊ ဦးဘသာကတော့ အရှေ့ကနေ မီးပုံးကိုင်ပြီးသွားနေလေရဲ့၊ မီးပုံးဆိုတာကတော့ ဘီစကွတ်သံပုံးကို တစ်ဖက်ခြမ်းဖွင့်ထားတဲ့ ပုံးကြီးတစ်ခုကိုပြောတာပါ၊ အဲဒီပုံးထဲကို ဖယောင်းတိုင်ဖြစ်ဖြစ်၊ ဆီမီးဖြစ်ဖြစ် ထည့််ထွန်းရုံပဲ၊ ဘေးဖက်တွေက လေတိုက်တာ သက်သာတော့ ညရေးညတာဆိုရင် သွားရတာအဆင်ပြေတာပေါ့ဗျာ။
နွားပျောက်ကုန်းနားရောက်တာနဲ့ ကျောထဲစိမ့်ခနဲအေးသွားတယ်ဗျ၊ နွားပျောက်ကုန်းမှာပေါက်နေတဲ့ ချုံနွယ်ပိတ်ပေါင်းတွေက အုပ်အုပ်ဆိုင်းဆိုင်းနဲ့ဆိုတော့ အမှောင်ကျနေတာပေါ့ဗျာ၊ ဆူးချုံတောတွေကိုလည်း တိုးရသေးသဗျ၊ ဦးဘသာက တကျွတ်ကျွတ်နဲ့ သူ့နွားကြီးကို အသံပေးပေမယ့် အသံမကြားရတော့ဘူးဗျို့၊ နောက်တော့ နွားခြေရာတွေကိုတွေ့ပါရော။
“ဟာ၊ နွားကိုခေါ်သွားပြီကွ၊ ငါတို့နည်းနည်းနောက်ကျသွားပြီ”
ု”ဒါဆိုလည်း ခြေရာအတိုင်းလိုက်ရုံပေါ့ဗျာ”
ဦးဘသာလည်းခေါင်းညိတ်တယ်ဗျ၊ ဒီလိုနဲ့ နွားပျောက်ကုန်းနားက ထွက်မယ်လုပ်တော့ သရဲငတိုးကိုတွေ့လိုက်တယ်ဗျ၊
“ဟေ့ငတိုး၊ မင်းဘယ်ကပြန်လာတာလဲ”
ငတိုးက မျက်လုံးအပြူးသားနဲ့ ကျုပ်တို့ကိုကြည့်တယ်။
“သွားပို့တာ၊ သွားပို့တာ”
“ဘယ်ကိုသွားပို့တာလဲ”
ငတိုးက တစ်နေရာကိုလက်ညှိုးထိုးပြတယ်ဗျ၊ ဦးဘသာက ငတိုးကိုကြည့်ရင်း
“ဒါဆိုရင်လည်း ငါတို့နဲ့အတူတူလိုက်ခဲ့ငတိုးရာ”
ငတိုးက ခေါင်းတခါခါနဲ့
“လိုက်လို့မရဘူး၊ လိုက်လို့မရဘူး၊ ငါ၊ ငါကြောက်တယ်၊ သူက ငါ့ကိုသတ်လိမ့်မယ်၊ ငါကြောက်တယ်”
ကျုပ်နဲ့ဦးဘသာလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြတယ်၊ ဦးဘသာက
“မကြောက်ပါနဲ့ကွာ၊ ငါရှိပါတယ်ကွ၊ မင်းသာနေရာပြ၊ အဲဒီလူကို ငါတို့ကြည့်ရှင်းမယ်”
ဒီတော့မှ ငတိုးက ကြောက်ကြောက်လန့်လန့်နဲ့ လိုက်လာတာပဲဗျာ၊ ငတိုးက လမ်းလျှောက်ရင်တော့ လေးဖက်တွားပြီး ကုန်းကုန်းကြီးလျှောက်တာဗျ၊ ကျုပ်တို့လည်း သူ့အနောက်ကနေဆက်လိုက်လာခဲ့တာပေါ့ဗျာ၊ လမ်းကတော့ ပေတောရွာသွားတဲ့လမ်းအတိုင်းပဲဗျ၊ ဒါပေမယ့် ပေတောရွာဘက်ကိုမကွေ့ဘဲနဲ့ အင်တိုင်းတောကြီးထဲကို ဆင်းသွားပါရောဗျာ၊ အင်တိုင်းတောဆိုတာကတော့ တောအုပ်တစ်ခုပဲဗျ၊ အဲဒီကနေဆက်သွားရင် သစ်တောကြိုးဝိုင်းတွေနဲ့ တောင်တန်းတွေဘက်ကိုရောက်တယ်လို့ပြောတယ်၊ ကျုပ်တို့တော့ တစ်ခါမှမသွားဖူးပါဘူးဗျာ။
တောထဲရောက်တော့ သစ်ပင်ကြီးတွေက ကြောက်စရာကြီးဗျာ၊ တစ်ချို့သစ်ပင်ပင်စည်ကြီးတွေမှာဆိုရင် မျက်နှာကြီးတွေနဲ့ဗျ၊ ဒါတင်မကဘဲ သစ်ပင်ကြီးတွေက ကျုပ်တို့ကိုငုံ့ကြည့်ပြီးတော့ ခြောက်ကပ်ကပ်အသံကြီးတွေနဲ့ ရယ်မောနေကြသေးတာ၊ မသိရင် တစ်တောလုံးက အသက်ဝင်နေသလိုပဲ။ ချုံပုတ်တွေကလည်း တလှုပ်လှုပ်နဲ့ ပြိတ္တာတွေမှ ပုံစံအစုံပဲပဲဗျာ၊ တောထဲအတော်သွားမိတော့ လျှိုမြောင်ကလေးတစ်ခုထဲကို ဆင်းလာတယ်ဗျ၊ အဲဒီအောက်မှာတော့ တချွင်ချွင်နဲ့အသံကိုကြားရတယ်၊ အဲဒီအသံကြားတာနဲ့ တောအုပ်ထဲက နာနာဘာဝတွေအကုန်လုံး အသံကြားတဲ့နေရာကို တိုးဝှေ့ပြီးသွားကြတာပေ့ါဗျာ၊ ကျုပ်တို့ပုခုံးတွေကိုတောင် အတင်းဝင်တိုက်ပြီးတော့ အလုအယက်သွားကြတာဗျ။
လျှိုမြောင်ကလေးရဲ့ အောက်ခြေမှာ စမ်းချောင်းတစ်ခုရှိတယ်၊ ရေက နည်းနည်းလေးပဲကျန်တော့တာပါဗျာ၊ အဲဒီစမ်းချောင်းရဲ့ သဲတွေထွန်းနေတဲ့ သောင်ခုံပေါ်မှာ နွားကြီးတစ်ကောင်က ဘေးစောင်းကြီးအိပ်နေတယ်ဗျ၊ နွားကြီးအနားမှာတော့ လူတစ်ယောက်က ဆီမီးခွက်တစ်ခုထွန်းပြီးတော့ ဓါးထိုင်သွေးနေတယ်။
“မင်းတို့တွေ စားရမယ်ကွ”
နွားကိုသေချာကြည့်တော့ ဦးဘသာရဲ့နွားကြီးဗျာ၊ သေတာကတော့ သေနေပြီဗျ၊ အဲဒီလူကြီးးက အဖြူရောင်ခေါင်းပေါင်းကြီးကို ပေါင်းထားသေးတယ်။ နောက်တော့ နွားပေါင်ကြီးကို ဆွဲဖြတ်ယူပြီးတော့ စဉ်းတီတုံးပေါ်တင်ပြီး ခုတ်ဖြတ်တယ်ဗျ၊ နွားခွာတွေနဲ့ အရိုးတွေကိုဖြတ်တောက်လိုက်ပြီးတော့ သဲသောင်ပြင်ပေါ်ကို လှမ်းပစ်ထည့်လိုက်တယ်။
“စားကြစမ်း”
အဲဒီလိုပစ်လိုက်တာနဲ့ နာနာဘာဝတွေက အလုအယက်ပြေးသွားပြီးတော့ ကောက်စားကြတာပဲဗျာ၊ ဒီလူကြီးက နာနာဘဘာဝတွေ လုယက်နေတာကိုကြည့်ရင်း ရယ်မောနေသေးတယ်ဗျ။
“ဟား၊ ဟား လုကြနော်၊ လောကကြီးမှာ သူများဆီက လုနိုင်ယက်နိုင်တဲ့ကောင်မှ ဗိုက်ဝတာကွ”
အဲဒီလူကြီးက ပြောလည်းပြော၊ အမဲအရွတ်တွေကို လှီးဖြတ်ပြီး လွင့်လွင့်ပစ်တာပေါ့ဗျာ၊ နာနာဘာဝတွေလည်း လုကြယက်ကြနဲ့ပေါ့၊ ဒါပေမယ့် ဒီလူကြီးက လုပ်တာကိုင်တာတော့ သိပ်ကျွမ်းကျင်တယ်ဗျ၊ အမဲပေါင်တစ်ချောင်းကို ကိုင်တာ ခဏကလေးပဲဗျ၊ နောက်တော့ အသားတွဲတွေကို တောင်းကြီးတစ်လုံးထဲကိုထည့်တယ်။ ပြီးတော့ နောက်တစ်ပေါင်ကိုထပ်ဆွဲလိုက်တယ်၊ အသားတွေဖျက်နေရင်း တစ်ခါတစ်ခါလည်း အသားစိမ်းတွေကိုလှီးလှီးပြီးတော့ သူ့ပါးစပ်ထဲကိုပစ်ပစ်ထည့်ပြီး ဝါးစားသေးတယ်ဗျ၊ ကျုပ်ဖြင့် ဒီလူကြီးကိုကြည့်ရင်း တစ်ကိုယ်လုံး ကြက်သီးတွေထနေတာ ပြောမနေပါနဲ့တော့ဗျာ။
နာနာဘာဝတစ်ချို့ကတော့ အသားလုမရလို့ အဲဒီလူကြီးအနားကိုကပ်လာတယ်ဗျ၊ အဲဒီလူကြီးက ဓါးနဲ့ရွယ်ပြီးတော့
“ဟေ့ကောင်တွေ၊ ငါ့ဆီက လာမလုကြနဲ့နော်၊ လုရင်မင်းတို့သေမယ်မှတ်”
အဲဒီလိုဓါးကြိမ်းကြိမ်းလိုက်တာနဲ့ နာနာဘာဝတွေက အနောက်ကိုဆုတ်သွားတာပဲ။
“ဟိတ်ကောင်၊ ရပ်လိုက်စမ်း”
ဦးဘသာကြီးက အဲဒီလူကြီးအရှေ့မှာ ခါးထောက်ပြီးသွားရပ်တယ်ဗျ၊ ကျုပ်ကိုတောင်မှ မခေါ်သွားဘူး၊ ကျုပ်ကတော့ သစ်ပင်ကွယ်တစ်ခုကနေကြည့်နေတာကိုး။ ဦးဘသာကို အဲဒီလူကြီးက မော့ကြည့်တယ်ဗျ။
“ဟဲ့ နာနာဘာဝကောင်၊ ငါကျွေးတာကိုစား၊ ငါ့ဆီက လာလုစားရင် သေမယ်နော်”
ပြောနေရင်း သားလှီးဓါးကြီးကို ထောင်ပြတယ်ဗျ၊ ဦးဘသာက ရယ်မောလိုက်ပြီး
“အောင်မာ ငါ့များနာနာဘာဝတဲ့၊ နင်သာ နာနာဘာဝကောင်ဟဲ့”
ဦးဘသာ လက်ညှိုးထိုးပြီးပြောလိုက်တော့ ဒီလူကြီးက ချက်ချင်းမျက်နှာကြီးတွေ ပွတက်၊ လက်ကြိးတွေတုတ်လာပြီးတော့ လူဝကြီးတစ်ယောက်လိုဖြစ်သွားတယ်ဗျ၊ သူ့ဗိုက်ကြီးက ပွင့်နေပြီးတော့ အူတွေကလည်း အခွေလိုက်ထွက်ကျနေသေးတယ်၊ ဗိုက်ထဲကနေလည်း လောက်တွေရွစိရွစိနဲ့သွားနေတာပဲဗျာ၊ ဦးဘသာကြီးကိုကြည့်ပြီးတော့ အသံဆိုးကြီးနဲ့အော်ဟစ်လိုက်တယ်ဗျ။
“မင်းကလူလားကွ၊ လူဆိုရင်တော့ အမဲဖျက်ပစ်ရမှာပေါ့”
ဦးဘသာကို သားလှီးဓါးနဲ့လှမ်းခုတ်တာဗျ၊ ဒါပေမယ့် ဦးဘသာခေါင်းအနားအရောက်မှာ ဓါးက တုန့်ခနဲလေပေါ်မှာရပ်တန့်သွားတယ်၊ ဦးဘသာက အဲဒီဓါးသွားကို လက်နဲ့တောက်ထည့်လိုက်တော့ ဓါးကြီးတစ်ခုလုံးက မှန်ကွဲထွက်သွားသလို တစ်စစီကွဲထွက်သွားတာပဲဗျာ။ ဒီတော့ အဲဒီကောင်ကြီးက အသံပြဲကြီးနဲ့အော်တယ်၊ ပြီးတော့ လေပြင်းပြင်းတစ်ချက်ရှုသွင်းလိုက်ပြီး ဘူဘွတ်ဆိုပြီး လေတစ်ချက်လည်လိုက်တာပဲဗျာ၊ လေလည်လိုက်တော့ အပုပ်နံ့ကြီးတွေက ထောင်းခနဲထွက်လာတာ ပြောမနေပါနဲ့တော့ဗျာ၊ သူတို့အနားမှာ အသားလုစားနေတဲ့ နာနာဘာဝတွေတောင်မှ ကိုယ်နေတဲ့ဆီကိုထွက်ပြေးကြတယ်ဗျို့။ ဦးဘသာလည်း နှာခေါင်းကိုလက်နှစ်ချောင်းနဲ့ညှစ်ပြီးပိတ်ထားတယ်။
“တော်တော်ညစ်ပတ်တဲ့ကောင်ပဲ”
ဦးဘသာက လက်နဲ့တွန်းထုတ်လိုက်တော့ ဒီကောင်ကြီးအနောက်ကို ပေနှစ်ဆယ်လောက်လွင့်ထွက်သွားသေးတာဗျ၊ အားတော့မလျှော့ဘူးနော်၊ ဦးဘသာကို အမိအရပြန်လုပ်သေးတာ၊ ဒါပေမယ့် ဦးဘသာကိုတစ်ချက်တောင်မထိပါဘူးဗျာ၊ တော်တော်ကြာကြာတိုက်ခိုက်ပြီးတော့ ဒီကောင်ကြီးတစ်ချက်ငြိမ်ကျသွားတယ်ဗျ။
“အရင်ဘဝက မကောင်းတာတွေလုပ်ခဲ့လို့ အခုလိုဖြစ်နေတာကိုတောင် သံဝေဂမရနိုင်သေးဘူးလား သဒိုးရဲ့”
ဒီကောင်ကြီးက ငြိမ်ကျသွားတာဗျ၊ နောက်တော့ လူတစ်ယောက်အဖြစ်ပြန်လည်ပြောင်းလဲသွားတယ်၊ ဦးဘသာက လက်ညှိုးနဲ့ထိုးထားပြီးတော့ သူ့ကိုဖိညှစ်နေတာပေါ့ဗျာ။
“မင်းအမှားကိုမင်းသိပြီး တောင်းပန်စမ်း”
“တောင်းပန်ပါတယ်၊ ကျုပ်တောင်းပန်ပါတယ်ဆရာကြီးရယ်”
“ပြောစမ်း၊ မင်းဘာကြောင့် နွားတွေကိုခိုးနေရတာလဲ”
ဒီလူကြီးက ဘာမှမပြောဘဲ ခေါင်းတခါခါ လည်တခါခါသာ လုပ်နေတယ်ဗျ။ နောက်တော့ ဦးဘသာကြီးကို အနားကပ်ဖို့ခေါ်တယ်၊ ဦးဘသာကြီးလည်း အနားကပ်သွားရော သူတို့နှစ်ယောက် တစ်ခုခုကိုတိုးတိုးလေးပြောတယ်ဗျ၊ ဦးဘသာကြီးတောင်မှ သူပြောတာကြားပြီးတော့ ထိတ်လန့်သွားတယ်။
“ကဲရပြီ၊ မင်းငယ်ထိပ်ကိုပြစမ်း”
အဲဒီလူကြီးက ခေါင်းပေါင်းကြီးကိုဖြေလိုက်တယ်ဗျ၊ ငယ်ထိပ်မှာ အလင်းရောင်တွေထွက်နေတဲ့ ဝလုံးပုံစံတစ်ခုရှိတယ်၊ ဦးဘသာက အဲဒီဝလုံးပုံစံကို လက်ညှိုးနဲ့ထိပြီးတော့ ကြက်ခြေခတ်ပုံစံ ရေးဆွဲလိုက်တယ်ဗျာ။ ပြီးတာနဲ့ မန္တန်တစ်ခုခုရွတ်ပြီးတော့ ငယ်ထိပ်ကိုလက်နဲ့ပုတ်ချလိုက်တော့ အဲဒီလူကြီး ပါးစပ်ကြီးဖြဲကာ အော်ဟစ်ရင်းနဲ့ တဖြည်းဖြည်းမြုမှုန်တွေဖြစ်ပြီးတော့ ပျောက်သွားတော့တာပါပဲဗျာ။ သူပျောက်သွားတာနဲ့ တောကြီးတစ်ခုလုံးတိတ်ဆိတ်သွားတယ်ဗျ၊ ဖျက်လက်စနွားကြီးနဲ့ အမဲသားတောင်းကြီးကတော့ ကျန်ခဲ့တာပေါ့ဗျာ။
ကျုပ်လည်း ဒီတော့မှ ဦးဘသာဆီကိုပြေးထွက်သွားလိုက်မိတယ်။
“ဦးဘသာ ပြီးသွားပြီလား”
ဦးဘသာက လက်နှစ်ဖက်ကိုပွတ်ကာ ဖုန်ခါရင်း
“တစ်ရန်တော့အေးသွားပြီဟေ့၊ နောက်တစ်ရန်ပဲကျန်တော့တယ်”
“ဗျာ၊ နောက်တစ်ကောင်ရှိသေးတယ်လား”
“မဟုတ်ဘူးကွ၊ ဒီလူကြီးက အရင်ဘဝက သားသတ်သမားကြီးဖြစ်ခဲ့တဲ့သူပဲ၊ သူသေသွားတာတောင်မှ သူ့ကိုဆက်ပြီးခိုင်းစားတာခံနေရတာ”
“တော်တော်ယုတ်မာတဲ့သူပဲဗျာ၊ ဘယ်သူကများ ဒီလိုခိုင်းစားပါလိမ့်နော်”
ဦးဘသာက မိုးပေါ်ကိုမော့ကြည့်ရင်း
“ဒီနေရာမှာပဲစောင့်နေကြရအောင်၊ သိပ်မကြာခင် လာတော့မှာပါကွ”
(၅)
အချိန်တွေဘယ်လောက်ကြာလို့ ကြာလိုက်သလဲမသိဘူးဗျ၊ တောကြီးထဲမှာ ကျုပ်တို့နှစ်ယောက်တည်းရယ်၊ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေတာများ အပ်ကျသံတောင်မကြားရဘူးဗျာ၊ နောက်တော့ မကြာပါဘူး၊ မီးလုံးနီနီကြီးတစ်ခုက လူအရပ်အမြင့်လောက်ကနေပြီးတော့ နိမ့်ချည် မြင့်ချည်နဲ့လာနေတယ်ဗျ၊ ကျုပ်လည်း ပြေးပုန်းမယ်လုပ်တော့ ဦးဘသာက ကျုပ်ပုခုံးကိုလက်နဲ့ကိုင်ထားတယ်။
“မင်းပါရှိနေဖို့လိုတယ်၊ ဒီလူက မင်းနဲ့တွေ့ဖို့လိုတဲ့လူကွ”
နောက်တော့ အမှောင်ထဲကနေ မိန်းကလေးတစ်ယောက်လျှောက်လာတယ်ဗျ၊ အမှောင်ထဲဆိုတော့ မသဲကွဲဘူးပေါ့ဗျာ၊ အဲဒီမိန်းကလေးရဲ့ ခေါင်းက အနီရောင်ကြီးလင်းသွားလိုက်၊ မှိန်သွားလိုက်နဲ့ဖြစ်လို့ဗျ၊ အနားရောက်တော့ အဲဒီမိန်းကလေးက ဦးဘသာနဲ့ကျုပ်နဲ့ကို အထူးအဆန်းသဖွယ်ကြည့်တယ်။
“ပန်း၊ ပန်းညို”
ကျုပ်လည်း သူ့ကိုကြည့်ပြီးရေရွတ်လိုက်မိတော့တယ်ဗျာ၊ ကျုပ်မြင်နေရတာကို ယုံတောင်မယုံနိုင်ဘူး၊ ပန်းညိုက လှည့်ပြေးမယ်အလုပ်မှာ ဦးဘသာလှမ်းပြီးတော့
“ရပ်စမ်း၊ နင်လှည့်ပြေးမယ်မကြံနဲ့နော်”
ဒီတော့ ပန်းညိုလည်းရပ်သွားတော့တယ်။ ကျုပ်ကတော့ မယုံနိုင်သေးဘူး။
“ပန်းညို၊ ပန်းညို ဒီကိုဘာလာလုပ်တာလဲ”
“အကိုလေး၊ အကိုလေးကရော ဘာလာလုပ်တာလဲ”
ဦးဘသာက ကြားထဲကနေဝင်ပြီးတော့
“အလတ်ကောင်ရာ မင်းက ကျားတစ်ကောင်လုံးရှေ့မှာရောက်နေတာကို ခြေရာလိုက်ရှာနေချင်သေးတာလားကွ၊ မင်းရဲ့ ပန်းညိုက စုန်းမကွ”
“ဗျာ”
ကျုပ်နားကိုတောင် ကျုပ်မယုံချင်ဘူးဗျာ၊ ကျုပ်လည်း ပန်းညိုဘက်ကိုကြည့်ပြီး
“ပန်းညိုတကယ်ပြောတာလား၊ ဦးဘသာပြောတာတွေက အမှန်တွေပဲလား”
ပန်းညိုက ခေါင်းကလေးငုံ့ပြီးတော့ အသာညိတ်ပြရှာတယ်ဗျ၊
“စုန်းမတင်ဘယ်ကပါ့မလဲကွာ၊ စိတ်ဓါတ်ကလည်း အောက်တန်းကျသေးတယ်၊ ခုကန သားသတ်သမားကြီးက သူ့အဖေပေ့ါကွ၊ သူ့အဖေက တစ်သက်လုံးအသားသတ်တဲ့အလုပ်နဲ့ အသက်မွေးလာခဲ့တဲ့ သဒိုးကြီးပဲကွ၊ ပန်းညိုက လုပ်မစားကိုင်မစားချင်လို့ သေသွားတဲ့အဖေကိုတောင် ဖမ်းထားပြီးတော့ သူများနွားတွေကို ခိုးခိုးပြီးတော့ သတ်ခိုင်းနေတာပေါ့ကွ”
ပန်းညိုက ငိုနေတယ်ဗျ။
“မင်းပဲစဉ်းစားကြည့်စမ်းပါကွာ၊ အမဲသားလတ်လတ်ဆတ်ဆတ်နေ့တိုင်းရတယ်ဆိုတော့ ဘယ်ကရနေတာဖြစ်မလဲကွ၊ ပန်းညိုလုပ်ရပ်တွေကို ပေတောရွာကလူတွေက ရိပ်စားမိသွားလို့ သူက ငါတို့ရွာကိုလာပြီးတော့ စားကျက်အသစ်ရှာတာပဲ၊ အဲဒီမှာ မင်းနဲ့တွေ့တယ်၊ မင်းနဲ့ခင်မင်အောင် ပေါင်းသင်းပြီးတော့ မင်းကိုအသုံးချနေခဲ့တာပဲ အလတ်ကောင်”
ကျုပ်ခေါင်းကိုတွင်တွင်ခါတယ်။
“မယုံဘူး၊ ဦးဘသာပြောတာတွေကို ကျုပ်မယုံဘူး၊ ပန်းညို၊ သူပြောတာတွေကတကယ်ပဲလား၊ ကျုပ်ကို၊ ကျုပ်ကို ပန်းညိုကိုယ်တိုင်ပြောစမ်းပါ”
ပန်းညိုက ငိုယိုရင်း
“သူပြောတာတွေက အမှန်တွေပါ”
ကျုပ်လည်း စိတ်မထိန်းနိုင်တော့ဘဲ ပန်းညိုအနားကို တိုးကပ်သွားလိုက်တယ်၊ ပန်းညိုရဲ့လက်မောင်းတွေကို လက်နဲ့ညှစ်ကိုင်ပြီးတော့
“ကျန်တာတွေမှန်တာ ဘာမှမဖြစ်ဘူးပန်းညို၊ တစ်ခုတော့မှားတယ်မဟုတ်လား၊ အဲဒါကတော့ ကျုပ်ကို၊ ကျုပ်ကို ပန်းညိုတကယ်ချစ်ခဲ့တာမဟုတ်လား၊ ပန်းညိုမညာပါနဲ့၊ ပန်းညို ကိုယ့်ကိုယ်ကိုယ်မညာစမ်းပါနဲ့”
ပန်းညိုက ဆွံ့အနေလေသည်။
“ကျုပ်ကတော့ မညာပါဘူး၊ ကျုပ်ပန်းညိုကိုချစ်တယ်၊ ကျုပ်ပန်းညိုကိုတကယ်အချစ်စစ်နဲ့ချစ်ခဲ့တယ်၊ ဒီတော့ ပန်းညိုက စုန်းမကလို့ ဘာပဲဖြစ်ဖြစ်၊ ကျုပ်မကြောက်ဘူး၊ ကျုပ်ပန်းညိုကိုလက်ထပ်ယူမယ်”
ဒီတော့မှ ပန်းညိုက ကျုပ်ကိုမော့ကြည့်ရင်း
“မဖြစ်ဘူးအကိုလေး၊ ပန်းညိုက ယုတ်ညံ့တဲ့စုန်းမပါ၊ နောက်ပြီး မုဆိုးမ၊ ကလေးတစ်ယောက်အမေပါ၊ ဒီတော့ ပန်းညိုနဲ့အကိုလေးဟာ ဘယ်တော့မှမဆုံနိုင်ဘူးအကိုလေး”
“ရတယ်ပန်းညို၊ ပန်းညိုဘာပဲဖြစ်နေဖြစ်နေရတယ်၊ ပန်းညိုကိုအကိုခွင့်လွှတ်တယ်၊ ပန်းညိုရှေ့လျှောက် မကောင်းတာတွေမလုပ်တော့ဘူးဆိုရင်ကို ရပြီ”
ဒီအချိန်မှာ ပန်းညိုက ကျုပ်ရင်ဘတ်ကိုတွန်းထည့်လိုက်တယ်ဗျ၊ ကျုပ်လည်း အနောက်ကိုလွင့်ထွက်သွားပြီး သဲသောင်ခုံပေါ်လဲကျသွားတာပေါ့၊ ပန်းညိုက သူ့နဖူးကိုသူ လက်နဲ့ထိလိုက်တယ်။ သူ့လက်ချောင်းတွေကလည်း တစ်ချက်လင်းထွက်သွားတယ်ဗျ။ ဦးဘသာက အရှေ့ကိုခြေတစ်လှမ်းတက်ပြီးတော့
“ဟေ့၊ ကလေးမ၊ မလုပ်နဲ့”
ဦးဘသာအော်ပေမယ့် နောက်ကျသွားပြီဗျ၊ ပန်းညိုက စူးစူးဝါးဝါးတစ်ချက်အော်ပြီးတော့ ဒူးထောက်လဲကျသွားတယ်၊ ကျုပ်လည်း အပြေးထပြီးတော့ ပန်းညိုခန္ဓာကိုယ်ကို ကောက်ပွေ့လိုက်တယ်။
“ပန်းညို၊ ပန်းညို”
“အကိုလေး၊ ပန်းညို အကိုလေးကို ချစ် . . ချစ်”
ပန်းညိုတစ်ယောက်ပြောရင်းဆိုရင် ဇက်ကျိုးကျသွားတော့တာပါပဲဗျာ၊ ကျုပ်ရင်ဘတ်တွေတော့ တဒုန်းဒုန်းနဲ့ ပေါက်ကွဲသလိုဖြစ်နေတယ်ဗျ၊ ကိုယ့်ကိုယ်ကိုယ်လည်း ဘာတွေဖြစ်လို့ ဖြစ်နေမှန်းကိုမသိတော့ပါဘူးဗျာ။ ဦးဘသာက ကျုပ်အနားကိုလမ်းလျှောက်လာရင်းနဲ့ ကျုပ်ပုခုံးကိုလက်နဲ့ပုတ်လိုက်တော့တယ်။ ကျုပ်မျက်လုံးထဲမှာ ဘာမှမမြင်ရတော့ဘူးဗျာ၊ အလင်းရောင်တွေပဲ မြင်ရတော့တယ်၊ ပြီးတော့ ကျုပ်မျက်ခွံတွေလေးလံလာပြီးတော့ မျက်လုံးတွေကို သူ့အလိုလိုမှိတ်ကျသွားတော့တယ်ဗျာ။
လေးငါးရက်လောက် ကြာခဲ့ပြီဗျ၊ အခုရက်ပိုင်း ကျုပ်နေရတာမကောင်းဘူးဗျာ၊ စိတ်ထဲမှာ လွမ်းဆွေးသလိုလိုကြီးကျန်နေခဲ့သေးတယ်၊ ဦးဘသာကြိးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျုပ်ကိုဘာမှမပြောတော့ပါဘူး၊ ကျုပ်လည်း ဆက်မတွေးတော့ဘူးလို့ စဉ်းစားထားတယ်၊ ရွာပြင်မှာ ငူငူကြီးထိုင်နေတဲ့ ကျုပ်အနားကို ဦးဘသာက ရောက်လာတယ်ဗျ။
“ပန်းဆိုတာ ပွင့်တဲ့အချိန်ကလေးကိုပဲ မက်မက်မောမော နမ်းရှုံ့ရတယ်မဟုတ်လားအလတ်ကောင်ရ၊ ပန်းပွင့်တွေက ပွင့်သွားပြီးရင် ကြွေကျသွားတာပဲ၊ ဒါပေမယ့် အဲဒီပန်းကိုစိုက်ခဲ့တဲ့လူကတော့ ဘယ်တုန်းကပွင့်ခဲ့တဲ့ ပန်းကလေးဆိုပြီး အမှတ်ရနေဆဲပဲမဟုတ်လား”
“ဟုတ်ပါတယ် ဦးဘသာ၊ ပန်းညိုဆိုတာလည်း အခုဦးဘသာပြောသလိုမျိုး ကျုပ်ရင်ထဲမှာပွင့်ပြီးတော့ ကြွေလွင့်သွားခဲ့တဲ့ ပန်းတစ်ပွင့်လိုပါပဲ”
ဦးဘသာက ခေါင်းတဆတ်ဆတ်ညိတ်ပြီးတော့
“ဒါနဲ့ အလတ်ကောင်ရေ၊ ငါခရီးထွက်မလားလို့ကွ”
“ဘယ်သွားမလို့လဲဗျ”
“ငါ့နွားတွေကုန်ပြီလေကွ၊ အခုဆိုတစ်ကောင်ပဲရှိတော့တာ၊ တို့ဗမာအယူအဆအရ တိရစ္တာန်မွေးရင် တစ်ကောင်တည်းမမွေးကြဘူးကွ၊ အဖော်မဲ့တတ်တယ်ဆိုပဲလေ၊ ဒါကြောင့် နွားဝယ်ထွက်မလားလို့”
“နွားများဗျာ၊ ဦးဘသာဘယ်ကဝယ်မှာလဲ”
ဦးဘသာက ခေါင်းခါရင်း
“မဟုတ်ဘူးကွ၊ နွားဆိုပေမယ့် နွားကောင်း၊ နွားဆိုးဆိုတာရှိသေးတယ်၊ မွေးအပ်တဲ့နွား၊ မမွေးအပ်တဲ့နွား၊ ခိုင်းကောင်းတဲ့နွား၊ ခိုင်းမကောင်းတဲ့နွားဆိုတာ ရှိပြန်ရော၊ ငါက နွားကိုစိတ်ကြိုက် ချောတာလှတာ မွေးချင်တာဆိုတော့ ရွာစဉ်လှည့်ပြီး နွားကြည့်မယ်ကွာ၊ ကိုယ်ကြိုက်တာတွေ့တော့လည်း ဝယ်တာပေါ့၊ ခုဆို လယ်လည်းပြီးပြီဆိုတော့ ငါလည်းပျင်းနေတာနဲ့အတော်ပဲ”
“ဦးဘသာသွားရင် ကျုပ်လည်းလိုက်ခဲ့မယ်ဗျာ”
“လိုက်ချင်လည်း လိုက်ပေါ့၊ ဒါပေမယ့် မင်းအိမ်က ခွင့်ပြုချက်တော့ယူအုံးနော်”
ကျုပ်လည်းအိမ်ပြန်ပြေးပြီးတော့ အဖေတို့နဲ့တိုင်ပင်တာပေါ့ဗျာ၊ အဖေကတော့ ကျုပ်ပြောတာနားထောင်ရင်း
“အဖေကတော့ တားစရာမရှိပါဘူးကွာ၊ နောက်ပြီး မင်းလည်း ဦးဘသာကြီးဆီက နွားပညာတွေသင်ထားကွ၊ နွားနဲ့လှည်းဆိုတာ တို့တောမှာ မတိမ်ကောဘူးတဲ့ကွ၊ အရှေ့ပိုင်းက ဦးသာအောင်သားတောင်မှ နွားကောင်းတွေဝယ်ရောင်းလုပ်ပြီး ကုန်ကူးပြီးတော့ ချမ်းသာသွားတာမဟုတ်လား၊ နွားကြည့်တာကလည်း ပညာပဲကွ”
အဖေကပြောပြီးတော့ အမေ့ကိုလှမ်းကြည့်တယ်ဗျ၊ အမေကလည်း ခေါင်းတညိတ်ညိတ်ပါပဲ။
“ကျုပ်လည်းတားစရာမရှိပေါင်တော်၊ ဦးဘသာနဲ့ဆိုတော့လည်း စိတ်ချရတာပ၊ အလတ်ကောင်၊ နင့်အဖေပြောသလို နွားပညာသင်စမ်းဟာ၊ နွားဆရာဖြစ်တော့လည်း စားဖို့သောက်ဖို့မပူရဘူးပေါ့၊၊ နောက်ပြီးတော့ ဝယ်ရောင်းလုပ်မယ်ဆိုရင်လည်း စီးပွားဖြစ်တာပေါ့”
ဒါနဲ့ပဲ ကျုပ်ခရီးသွားဖို့ အတည်ဖြစ်သွားတော့တယ်၊ သွားမှာကလည်း ခပ်ဝေးဝေးမဟုတ်ပါဘူးဗျာ၊ ကျုပ်တို့နားက ရွာတွေဆီမှာ ရွာစဉ်လှည့်ပြီး နွားကောင်းနွားလှလိုက်ကြည့်ဖို့ပါ၊ ပြီးတော့ ကြိုက်ဈေးတည့်ရင်ဝယ်ရုံပေါ့ဗျာ၊ ကျုပ်လည်း စိတ်ပြေလိုပြေငြားဆိုပြီးတော့ လိုက်ဖို့ဆုံးဖြတ်လိုက်တာပါပဲ၊ ဒါပေမယ့် ဒီခရီးစဉ်က ထင်သလောက်မဖြောင့်ဖြူးဘူးဗျ၊ ဘာလို့လဲဆိုတော့ ကျုပ်တစ်သက်မှာ တစ်ခါမှ စိတ်တောင်မကူးဖူးတဲ့ အဖြစ်ဆန်းတွေနဲ့ တွေ့ခဲ့ရလို့ပဲဗျ။
ပန်းညို၊ ပန်းညိုကတော့ ဦးဘသာကြီးပြောခဲ့သလို ကျုပ်ရင်ထဲမှာပွင့်လန်းပြီး ကြွေကျသွားခဲ့ပေမယ့် အဲဒီပန်းရဲ့ရနံ့ကလေးကို အမြဲအမှတ်ရနေမယ့် ရင်ထဲက ပန်းတစ်ပွင့်ပေါ့ဗျာ။
ပြီးပါပြီ။
မေတ္တာရှင်ရွှေပြည်သာ၏ ဒိုးကလေးဝတ္ထုကို အနည်းငယ်မှီးငြမ်းထားပါသည်။
စာရေးသူအားလည်း အထူးလေးစားလျှက်
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ
Zawgyi Version
” စုန္းထီးႀကီးဦးဘသာႏွင့္ ရင္ထဲကပန္းတစ္ပြင့္ “(စ/ဆုံး)
————————————————————————
အတြဲ(၄) စာစဥ္(၆)
(၁)
“အသားေတြလတ္တယ္ေနာ္၊ ယူၾကအုံးမလား၊ အသားေကာင္း၊ အသားလတ္၊ ေလွ်ာ့ေလွ်ာ့ေပါ့ေပါ့လည္း ေပးအုံးမွာေတာ့”
မိန္းကေလးတစ္ေယာက္ ႐ြာလယ္လမ္းကေန ခံေတာင္း႐ြက္ၿပီးေတာ့ ေအာ္ဟစ္ရင္း လာတယ္ဗ်၊ အခ်ိန္ကေတာ့ ေန႔ခင္းေၾကာင္ေတာင္ႀကီးရယ္၊ အကိုႀကီးတို႔ ယာခင္းက်ဲတာကို က်ဳပ္က လိုက္မသြားဘဲေနခဲ့တာကိုးဗ်၊ အိမ္မွာေတာ့ ဘယ္သူမွလည္းမရွိဘူးဗ်၊ ညီမႏွစ္ေယာက္ကလည္း ဘယ္သြားၾကမွန္းမသိဘူး၊ အေဖကေတာ့ ထုံးစံအတိုင္း ႐ြာပတ္တယ္ေပါ့ဗ်ာ၊ ေဆာင္းဆိုေပမယ့္လည္း ေန႔ခင္းက သိပ္ပူတာဗ်၊ အဲဒီခံေတာင္း႐ြက္ထားတဲ့မိန္းကေလးက က်ဳပ္တို႔အိမ္ေရွ႕မွာရပ္တယ္၊ က်ဳပ္ကိုျမင္ေတာ့
“အကိုေလး၊ အမဲသားယူပါအုံးလား”
က်ဳပ္လည္း အေယာင္ေယာင္အမွားမွားနဲ႔ေခါင္းညိတ္လိုက္ေတာ့တယ္ဗ်၊ ဒီေတာ့ မိန္းကေလးက ၿခံတံခါးကိုအသာတြန္းဖြင့္ၿပီးဝင္လာတယ္၊ က်ဳပ္လည္း ေျပးသြားလိုက္ၿပီးေတာ့ သူ႔လက္ထဲကေတာင္းကိုဆြဲယူၿပီး အိမ္အရိပ္ထဲမွာ ခ်လိုက္တာေပါ့ဗ်ာ၊
“အေမေရ၊ ဒီမွာ အမဲသားလာေရာင္းတယ္တဲ့၊ ဝယ္လိုက္ပါအုံးဗ်ာ”
က်ဳပ္ေအာ္ေတာ့မွ အေမက အိမ္ေနာက္ဘက္ကေနေျပးထြက္လာတယ္။
“ဟဲ့အလတ္ေကာင္၊ အိမ္မွာဟင္းစားေတြလည္းရွိသားနဲ႔”
အဲဒီမိန္းကေလးက ၿပဳံးျပရင္း
“ယူပါအေဒၚရယ္၊ အသားေတြကလတ္ပါတယ္၊ က်ဳပ္ေလွ်ာ့လည္းေလွ်ာ့ေပးပါ့မယ္ေတာ့”
အေမက အဲဒီမိန္းကေလးအေရွ႕မွာ ေဆာင့္ေၾကာင့္ထိုင္လိုက္ေတာ့ မိန္းကေလးက ခံေတာင္းကိုအုပ္ထားတဲ့ ပုဆိုးစကိုဖယ္လိုက္တယ္ဗ်၊ အထဲမွာ အမဲသားေတြက လတ္ၿပီးေတာ့ ရဲေနတာပဲဗ်ာ။ အေမက အသားကိုၾကည့္ၿပီးေတာ့ ေခါင္းညိတ္တယ္။
“အသားကေတာ့ ေကာင္းသားပဲေအ့၊ ဒါနဲ႔ ညည္းကိုငါမေတြ႕ဖူးပါလား၊ ဘယ္ကလာေရာင္းတာလဲ”
“ေပေတာ႐ြာဟိုဘက္၊ လွည္းလမ္းခြက လာေရာင္းတာပါ အေဒၚ”
က်ဳပ္လည္း ထိုင္ခ်လိုက္ရင္း
“ဟာဗ်ာ၊ လွည္းလမ္းခြကဆိုေတာ့ သိပ္ေဝးတာပဲဗ်ာ၊ ဒီအထိအေတာ္ေလွ်ာက္ရမွာပဲ”
“ဟုတ္ပါတယ္အကိုေလး၊ အရင္ကေတာ့ ေပေတာ႐ြာေလာက္နဲ႔တင္ အသားကုန္ပါတယ္၊ အခုကေတာ့ ေပေတာ႐ြာမွာလည္း သိပ္မစားၾကေတာ့လို႔ ဒီဘက္႐ြာကို ဆက္ေလွ်ာက္လာတာပါ”
အေမက သနားတတ္တဲ့စိတ္ခံရွိတာကိုးဗ်။
“ဟယ္၊ အေဝးႀကီးကလာရတာပဲ၊ အသားေတြလည္း အမ်ားႀကီးက်န္ေသးရဲ႕၊ မပူပါနဲ႔ အေဒၚလည္း အသားတစ္တြဲယူမယ္၊ က်န္တာေတြကိုလည္း အေဒၚတို႔အမ်ိဳးေတြၾကားထဲ ကူေရာင္းေပးလိုက္မယ္ငါ့တူမ၊ ဟုတ္ၿပီလား”
“ဝမ္းသာပါတယ္ ေဒၚေလးရယ္”
အဲဒီမိန္းကေလး အေမ့အတြက္ အမဲသားေတြခ်ိန္တြယ္ေပးေနတာကို က်ဳပ္ကေဘးကေနထိုင္ၾကည့္ရင္း စိတ္ထဲတစ္မ်ိဳးႀကီးျဖစ္လာတယ္ဗ်၊ က်ဳပ္ရင္ေတြ ခုန္လာသလိုပဲဗ်ာ၊
“ဒါနဲ႔ ငါ့ညီမနာမည္က ဘာတဲ့လဲ”
“ပန္းညိဳပါရွင္”
“ပန္းညိဳတဲ့လား”
က်ဳပ္လည္း ေရ႐ြတ္လိုက္မိတယ္ဗ်၊ နာမည္နဲ႔လူနဲ႔ကေတာ့ အံကိုက္ပါပဲဗ်ာ၊ ပန္းညႇိဳဆိုတဲ့အတိုင္း အသားက ညိဳညိဳကေလးဗ်၊ ကိုယ္လုံးကိုယ္ေပါက္ ေတာင့္္ေတာင့္တင္းတင္းနဲ႔ ႐ုပ္ရည္ကလည္း ႐ြာက ကြမ္းေတာင္ကိုင္႐ုပ္ရည္ထက္ မသာခ်င္ေနမယ္ ေလ်ာ့ေတာ့မေလ်ာ့ဘူးဗ်ိဳ႕၊ ခ်ဳံေျပာရရင္ေတာ့ မိန္းမေခ်ာတစ္ေယာက္ေပါ့ဗ်ာ။ အေမက ပန္းညိဳကိုၾကည့္ရင္း
“ငါ့တူမရယ္၊ ညည္း႐ုပ္ညည္းေရနဲ႔ တစ္႐ြာနဲ႔တစ္႐ြာၾကား တစ္ေယာက္ထဲသြားေနရသလား၊ ႐ြာဆက္ကလည္း က်ဲပါဘိနဲ႔၊ မေတာ္တဲ့လူေတြနဲ႔ ေတြ႕သြားလို႔မ်ားကေတာ့ ညည္းဘ၀ ေရတိမ္နစ္သြားမယ္ဟဲ့၊ ငါက အေကာင္းေျပာတာ”
“မတတ္ႏိုင္ဘူးေလ အေဒၚရယ္၊ တစ္ဝမ္းတစ္ခါးကလည္း ရွိေသးတာပဲကိုး၊ ေနာက္ၿပီးေတာ့ ပန္းညိဳကလည္း လူလြတ္မဟုတ္ပါဘူး၊ ကေလးတစ္ေယာက္အေမပါ”
ကေလးတစ္ေယာက္အေမဆိုလို႔ က်ဳပ္လည္း လန႔္သြားတာပဲဗ်ာ၊ ဘယ့္ႏွယ့္ အသက္က ရွိလွမွ က်ဳပ္နဲ႔႐ြယ္တူေလာက္ကိုးဗ်။ အေမက မ်က္ႏွာကိုစူပုတ္လိုက္ၿပီး
“ဒါဆိုရင္ေတာ့ နင့္လင္ကိုအျပစ္တင္ရေတာ့မွာပဲ။ ဘယ့္ႏွယ့္္ေအ၊ မိန္းမနဲ႔ကေလးကို လုပ္မေကြၽးဘူး သူကဘာလုပ္ေနသလဲ”
ပန္းညိဳမ်က္ႏွာကေလး ညႇိဳးသြားတယ္ဗ်။
“သူက ေသသြားပါၿပီအေဒၚ၊ သုံးႏွစ္ေလာက္ေတာ့ ေက်ာ္ပါၿပီ”
ဒီေတာ့မွ အေမ့မ်က္ႏွာေျပာင္းသြားတယ္။
“ဟယ္၊ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ မုဆိုးမျဖစ္ရရွာတာပါလား၊ ေရာ့ေရာ့ ဒါက အမဲသားဖိုး”
အေမကေျပာၿပီးေတာ့ က်ဳပ္ကိုလွည့္ၾကည့္တယ္ဗ်။
“ဟဲ့အလတ္ေကာင္၊ ဒီမွာ ပန္းညိဳကို ႐ြာထဲက အမဲသားဝယ္ေလ့ရွိတဲ့ ဘႀကီးပုတို႔၊ အရီးၿပဳံးတို႔အိမ္ကို သြားစပ္ေပးလိုက္စမ္းပါ၊ တို႔႐ြာကို မ်က္စိသူငယ္ နားသူငယ္နဲ႔ ေဈးလာေရာင္းတဲ့သူပဲေအ၊ တို႔က ကူရမွာေပါ့”
အေမေျပာတာနဲ႔ က်ဳပ္လည္း ခံေတာင္းကိုေစြ႕ခနဲေကာက္ၿပီးထမ္းၿပီးသားပဲဗ်၊ ၿပီးတာနဲ႔ ပန္းညိဳရဲ႕အေရွ႕ကေနၿပီး ဦးေဆာင္ထြက္ခဲ့တာေပါ့ဗ်ာ။ ထြက္လာရင္းနဲ႔ လမ္းမွာလည္း စကားေျပာျဖစ္ၾကတာေပါ့။
“က်ဳပ္တို႔႐ြာကို ေနာက္ဆို မၾကာမၾကာလာေရာင္းေနာ္ ပန္းညိဳ၊ ေၾသာ္ ဒါနဲ႔ ပန္းညိဳအသက္က ဘယ္ေလာက္ရွိၿပီလဲ”
“ႏွစ္ဆယ့္သုံးပါ”
က်ဳပ္ကလည္း ႏွစ္ဆယ့္ႏွစ္ေက်ာ္လို႔ ႏွစ္ဆယ့္သုံးထဲေရာက္ေနၿပီေလဗ်ာ၊ အသက္အ႐ြယ္ကေတာ့ မတိမ္းမယိမ္းေပါ့။
“ဒါနဲ႔ ကေလးကေရာဘယ္အ႐ြယ္တုန္းဗ်”
“ပန္းညိဳအသက္ ဆယ့္ငါးႏွစ္ေက်ာ္ ဆယ့္ေျခာက္ႏွစ္ေလာက္မွာပဲ အိမ္ေထာင္က်ပါတယ္၊ ကေလးးက အိမ္ေထာင္သက္တစ္ႏွစ္မွာ ေမြးတာဆိုေတာ့ အခုဆိုရင္ေတာ့ ေလးႏွစ္ေက်ာ္၊ ငါးႏွစ္နီးပါးပါ”
“ေၾသာ္ . . .”
ပန္းညိဳမ်က္ႏွာက မသာမယာျဖစ္သြားတာနဲ႔ က်ဳပ္လည္း ဆက္မေျပာျဖစ္ေတာ့ပါဘူးဗ်ာ၊ ဒါနဲ႔ပဲ ႐ြာထဲအမဲသားႀကိဳက္ၾကတဲ့ ဘႀကီးပုတို႔၊ အသားဆိုရွယ္ႀကိဳက္တဲ့ အရီးၿပဳံးတို႔ အိမ္ေတြကိုစပ္ေပးလိုက္ေတာ့ ပန္းညိဳပါတဲ့အသားတြဲေတြအကုန္လုံး နာရီဝက္မၾကာခင္မွာပဲ ကုန္သြားပါေရာလားဗ်ာ၊ ဒါနဲ႔က်ဳပ္လည္း ပန္းညိဳရဲ႕ေတာင္းကေလးပိုက္ၿပီးေတာ့ ႐ြာထိပ္ကိုလိုက္ပို႔ေပးလိုက္တယ္ဗ်၊
“ကြၽန္မရဲ႕ေတာင္း ကြၽန္မကိုျပန္ေပးပါရွင္၊ ဒီေလာက္ေတာ့ ကြၽန္မသယ္ႏိုင္ပါတယ္”
က်ဳပ္ဆီကေတာင္းအလြတ္ကို သူရေအာင္ျပန္သယ္တယ္ဗ်၊ ႐ြာလယ္ မကပ္ေစးဆိုင္ေရွ႕ကိုေရာက္ေတာ့ ပန္းညိဳက မတ္တပ္ရပ္ၿပီးတစ္ခ်က္ၾကည့္တယ္၊ ၿပီးေတာ့ မေ႐ြးမုန႔္ေတြဝင္ဝယ္တယ္ဗ်၊ ၿပီးေတာ့ စားလည္းမစားဘဲ သိမ္းထားလိုက္တယ္။
“ပန္းညိဳ မစားဘူးလား”
ပန္းညိဳက ေခါင္းခါလိုက္ၿပီးေတာ့
“သားအတြက္ဝယ္တာပါ၊ သားက ေဈးေရာင္းျပန္လာရင္ မုန႔္ေမွ်ာ္ေနၾကေလ”
က်ဳပ္ျဖင့္ ေဘးကေနၾကည့္ၿပီး စိတ္ေတာင္မေကာင္းပါဘူးဗ်ာ၊ ဒီအခ်ိန္မွာပဲ ႐ြာထိပ္နားမွာ လွည္းတစ္စီးသြားေနတယ္ဗ်၊ က်ဳပ္လည္း ေမးၾကည့္တာေပါ့ဗ်ာ။
“ကိုသာေအး၊ ဘယ္လည္းဗ်”
“ေပေတာ႐ြာဘက္ စပါးသြားတိုက္မလို႔ေဟ့”
“ဟာ၊ ဒါျဖင့္လမ္းႀကဳံတာပဲဗ်ာ၊ ေဟာဒီက ပန္းညိဳကိုေခၚသြားပါလား”
က်ဳပ္တို႔ေတာမွာေတာ့ သိသိမသိသိ လွည္းႀကဳံဆိုရင္ တားစီးလို႔ရတယ္ဗ်၊ အမ်ားအားျဖင့္ကေတာ့ လွည္းလြတ္ရင္ ေခၚၾကတာခ်ည္းပါပဲဗ်ာ၊ ဒါနဲ႔ကိုသာေအးလည္း ပန္းညိဳကိုေခၚသြားတာေပါ့၊ ပန္းညိဳကလွည္းေနာက္ၿမီးမွာ တင္ပါးလႊဲထိုင္ရင္းနဲ႔ ေတာင္းကေလးကိုပိုက္သြားရွာတယ္၊ လွည္းအေတာ္ေဝးေဝးေရာက္မွ
“ေက်းဇူးတင္ပါတယ္ရွင္”
လို႔ေျပာၿပီးေတာ့ က်ဳပ္ကိုလက္ျပမလို႔လုပ္တယ္ဗ်၊ ဒါေပမယ့္္ ရွက္လို႔ထင္ပါရဲ႕ဗ်ာ၊ လက္ကိုျပန္ခ်ၿပီးေတာ့ ေခါင္းငိုက္စိုက္ခ်ရင္း လိုက္သြားေတာ့တာပါပဲ။ က်ဳပ္လည္း ဖုန္တေထာင္းေထာင္းနဲ႔ထြက္သြားတဲ့ လွည္းႀကီးကို မ်က္စိတစ္ဆုံးၾကည့္ေနရင္း
“ပန္းညိဳရယ္၊ မင္းဘဝကလည္း သနားစရာပါလား”
(၂)
ေနာက္တစ္ေန႔ေတာ့ ပန္းညိဳလာမလားဆိုၿပီး က်ဳပ္ေစာင့္္ေနမိတယ္ဗ်၊ ယာခင္းထဲကလည္း မဆင္းလို႔မျဖစ္ဘူးဆိုေတာ့ ဆင္းခဲ့ရတယ္၊ ဒါေပမယ့္ ႐ြာအဝင္လမ္းကိုပဲ ေငးၿပီးၾကည့္ေနမိတယ္၊ မိန္းကေလးတစ္ေယာက္ျမင္ရင္ပဲ ပန္းညိဳမ်ားဟုတ္ႏိုးႏိုးဆိုၿပီးၾကည့္ေနမိတာေပါ့ဗ်ာ၊ ယာလုပ္တာက လယ္ေလာက္ မပင္ပန္းဘူးဆိုေတာ့ ေန႔ခင္းထမင္းစားေသာက္ၿပီးရင္ အားသြားၿပီဗ်၊ က်ဳပ္လည္း ယာခင္းထဲကေနတက္ခဲ့ၿပီးေတာ့ ႐ြာထိပ္သစ္ပင္ရိပ္ေအာက္မွာထိုင္ၿပီး လမ္းမႀကီးကို ေမွ်ာ္ေနတာေပါ့ဗ်ာ။ ရာသီဥတုကလည္း ပူသလားမေျပာပါနဲ႔၊ ႐ြာလမ္းမႀကီးခပ္လွမ္းလွမ္းမွာ တံလွ်ပ္ေတြထေနတာမ်ား ေရေတြအလားပါပဲဗ်ာ။
“ေငးလွခ်ည္လားကြ”
အသံၾကားလို႔လွည့္ၾကည့္မိေတာ့ ဦးဘသာျဖစ္ေနတယ္ဗ်၊ ဦးဘသာက က်ဳပ္ထိုင္ေနတဲ့ သစ္ျမစ္ဆုံႀကီးေဘးနားမွာဝင္ထိုင္တယ္ဗ်၊ အနားမွာလည္း ကုကၠိဳလ္ပင္ႀကီးရွိေတာ့ အရိပ္ကေအးေနတာေပါ့ဗ်ာ။
“မင္းၾကည့္ရတာ ဒီအတိုင္းထိုင္ေနတာနဲ႔မတူဘူး၊ တစ္ေယာက္ေယာက္ကို ေမွ်ာ္ေနသလိုပဲအလတ္ေကာင္”
က်ဳပ္လည္း ေခါင္းပဲညိတ္ျပလိုက္ေတာ့တယ္။
“အမဲသားလာေရာင္းတဲ့ ေကာင္မေလးကိုမဟုတ္လား”
ဦးဘသာေျပာေတာ့ က်ဳပ္ျဖင့္အံ့ၾသသြားတာပဲဗ်ာ။
“ဦးဘသာက ဘယ္လိုလုပ္ၿပီးသိတာလဲဗ်”
“မေန႔က မင္းတို႔ကိုငါေတြ႕လိုက္ပါတယ္ကြာ၊ ဟိုကေတာ့ ဒီအတိုင္း႐ိုး႐ိုးတန္းတန္းပါပဲ၊ မ႐ိုးတာက မင္းကြ၊ မင္းရဲ႕အၾကည့္ေတြကို ငါၾကည့္လိုက္ကတည္း ဒီေကာင္မေလးအေပၚ စိတ္ၫႊတ္ေနတယ္ဆိုတာ ငါသိတယ္၊ မင္းသူ႔ကိုခ်စ္ေနတာလား”
က်ဳပ္ေခါင္းခါလိုက္မိတယ္၊ အမွန္ေတာ့က်ဳပ္ရင္ထဲ ဘာျဖစ္ေနမွန္းကိုမသိဘူးဗ်ာ။
“က်ဳပ္လည္းမသိဘူးဦးဘသာ၊ ဒါေပမယ့္ သူ႔မ်က္ႏွာကိုျမင္လိုက္ရတဲ့အခ်ိန္မွာ က်ဳပ္ရင္ထဲ ေျပာမျပတတ္ေအာင္ခံစားရတယ္၊ ေနာက္ေတာ့ သူ႔အေၾကာင္းကိုသိလိုက္တဲ့အခ်ိန္မွာ သူ႔ကိုပိုၿပီးသနားမိသြားတယ္ဗ်၊ အဲဒါက အခ်စ္လားဆိုတာေတာ့ က်ဳပ္လည္းမသိပါဘူးဗ်ာ”
ဦးဘသာက ကြမ္းခ်ိဳးေတြတက္ေနတဲ့ သြားေတြေပၚေအာင္ၿပဳံးရင္း
“အဲဒါအခ်စ္ေပါ့ကြ၊ အစကေတာ့သနား၊ ေနာက္ေတာ့ခ်စ္သြား၊ သနားခ်စ္ေပါ့ကြာ”
မႈိင္ေတြေနတဲ့က်ဳပ္ကိုဦးဘသာက ၾကည့္ရင္း
“ေစာင့္မေနပါနဲ႔ကြာ၊ မင္းေကာင္မေလး မလာပါဘူးကြ၊ ေနပူထဲၾကာၾကာၾကည့္မေနနဲ႔၊ ေတာ္ၾကာ မ်က္စိတိမ္စြဲေနလို႔ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ကန္းေနအုံးမယ္၊ ဟား၊ ဟား”
ဦးဘသာက သစ္ငုတ္ေပၚကေနထၿပီးေတာ့ သူ႔ပုဆိုးဖင္ကို ဖုတ္ဖတ္ခါလိုက္ေသးတယ္၊ ေနာက္ေတာ့ သူ႔လြယ္အိတ္ထဲလက္ႏႈိက္ၿပီးေတာ့ သၾကားလုံးေတြထုတ္ေပးတယ္ဗ်၊ က်ဳပ္လည္း သၾကားလုံးေတြလွမ္းယူလိုက္တာေပါ့ဗ်ာ။
“မကပ္ေစးဆိုင္ေရွ႕ကျဖတ္ေတာ့ ငါလည္းစားခ်င္တာနဲ႔ ဝယ္လာတာပဲ၊ ဒါေပမယ့္ သၾကားလုံးက ခ်ိဳလြန္းတယ္ကြ၊ ငါမႀကိဳက္ပါဘူး”
“အိုဗ်ာ၊ သၾကားလုံး ခ်ိဳတာဆန္းသလား”
ဦးဘသာက က်ဳပ္ပုခုံးကိုပုတ္ရင္း
“ျပန္ေတာ့ေဟ့၊ ဟိုက မလာေတာ့ဘူးထင္ပါ့”
ဦးဘသာထြက္သြားေတာ့ က်ဳပ္လည္း သၾကားလုံးေလးေတြကိုၾကည့္ေနမိတယ္၊ က်ဳပ္တို႔ေခတ္က သၾကားလုံးဆိုတာက ဆီစိမ္စကၠဴနဲ႔ထုတ္ထားတဲ့ သၾကားလုံးနီနီ၊ ဝါဝါကေလးေတြဗ်၊ က်ဳပ္လည္းမစားခ်င္ေသးတာနဲ႔ အက်ီအိတ္ကပ္ထဲထည့္ၿပီးေတာ့ သစ္ငုတ္ေပၚကေနထလိုက္တယ္။
“အင္းေလ၊ ဒီေန႔မလာေတာ့ဘူးထင္ပါတယ္”
ဒါနဲ႔ပဲ အိမ္ျပန္ခဲ့တာေပါ့ဗ်ာ။
ၿခံံတံခါးကိုဖြင့္ဝင္လိုက္တာနဲ႔ အိမ္ထဲမွာ မိန္းကေလးတစ္ေယာက္ထိုင္ေနတယ္ဗ်၊ က်ဳပ္လည္း သူ႔မ်က္ႏွာကိုျမင္ၿပီး ေပ်ာ္လိုက္တာ ေျပာမေနပါနဲ႔ေတာ့။
“ပန္းညိဳ”
အိမ္မွာ ပန္းညိဳတစ္ေယာက္တည္းဗ်၊ က်ဳပ္လည္းအျမန္ဝင္သြားလိုက္တယ္။
“ဘယ္ကေနဘယ္လိုလုပ္ၿပီးေရာက္ေနတာလဲ၊ က်ဳပ္ေတာ့ ပန္းညိဳကို႐ြာထိပ္မွာ မေတြ႕မိပါဘူးဗ်”
“ဟုတ္တယ္အကိုေလး၊ ေပေတာ႐ြာဘက္ကလာေပမယ့္ အင္တိုင္းလမ္းကေန ျဖတ္လာတာမို႔လို႔ ႐ြာအဝင္လမ္းက မဝင္ခဲ့တာ”
“အင္တိုင္းေတာဆိုတာ ေတာ႐ုံလူမသြားရဲဘူး ပန္းညိဳရဲ႕၊ အႏၲရာယ္မ်ားပါတယ္”
“ပန္းညိဳကေတာ့ ဘာကိုမွမေၾကာက္ေတာ့ပါဘူး၊ လူပဲျဖစ္ျဖစ္၊ သရဲပဲျဖစ္ျဖစ္ ဘာကိုမွမေၾကာက္ဘူး၊ ပန္းညိဳမွာ ဓါးပါပါတယ္”
ပန္းညိဳက သူလြယ္ထားတဲ့လြယ္အိတ္ကေလးထဲကို လက္ႏႈိက္ျပတယ္ဗ်။
“ေၾသာ္၊ ပန္းညိဳရယ္၊ ေယာက္်ားသားတစ္ေယာက္ကို ပန္းညိဳအဲဒီဓါးကေလးနဲ႔ ႏိုင္မယ္လို႔ထင္လို႔လား၊ ပန္းညိဳကိုအတင္းကာေရာ ဗလကာယလုပ္ပါၿပီတဲ့ ပန္းညိဳဘယ္လိုလုပ္မလဲ”
“မႏိုင္လို႔ရွိရင္လည္း ပန္းညိဳကိုယ့္လည္ပင္းကိုယ္လွီးလိုက္မွာေပါ့”
က်ဳပ္ေတာင္ အံ့ၾသသြားတယ္။ ပန္းညိဳက မိန္းကေလးဆိုေပမယ့္ သတၱိေတာ့သိပ္ရွိတာပဲဗ်ာ၊ မၾကာပါဘူး အေမက ႏွစ္အိမ္ေက်ာ္က အမ်ိဳးေတြနဲ႔ဝင္လာတယ္၊ အေမလာေတာ့ ပန္းညိဳလည္းမအားေတာ့ပါဘူးဗ်ာ၊ အမဲသားေတြကို ခ်ိန္တြယ္ၿပီးေတာ့ ပိုင္းျဖတ္ေနေလရဲ႕၊ အမဲသားေတြအကုန္လံုံးနီးပါး ကုန္သြားၿပီးေတာ့ အမဲသားေလးတစ္ပိုင္းပဲက်န္ေတာ့တယ္၊ ပန္းညိဳက အေမ့ကိုလွမ္းေပးၿပီးေတာ့
“ဒါေလးက အေဒၚတို႔အတြက္ လက္ေဆာင္ခ်န္ထားတာပါ”
“အို ငါ့တူမကလည္း၊ အေဒၚတို႔က ငါ့တူမႀကီးဆီက ဝယ္ၿပီးသားေလ၊ မလိုပါဘူး”
“ယူပါအေဒၚရယ္၊ အေဒၚတို႔ကို အားနာလို႔ပါ”
“ေအးပါ၊ ဟဲ့အလတ္ေကာင္၊ ပုတ္ထဲကေန ဆန္တစ္ျပည္ခ်င္ေပးလိုက္စမ္းပါကြယ္၊ သူမ်ားပစၥည္းေတာ့ အလကားမလိုခ်င္ပါဘူး”
က်ဳပ္လည္းအေမခိုင္းတဲ့အတိုင္း ဆန္တစ္ျပည္ခ်ိန္ေပးလိုက္တာေပါ့ဗ်ာ၊ ၿပီးေတာ့ ထုံးစံအတိုင္း ပန္းညိဳကိုလိုက္ပို႔လိုက္တယ္၊ ဒီေန႔ေတာ့ လွည္းႀကဳံမရွိေတာ့ဘူးဆိုေတာ့ ပန္းညိဳကို ဇရပ္ပ်က္ေတြနားအထိ လိုက္ပို႔ေပးလိုက္တာေပါ့ဗ်ာ၊ ႐ြာကလူေတြကေတာ့ က်ဳပ္နဲ႔ပန္းညိဳကို ကြက္ၾကည့္ ကြက္ၾကည့္ရယ္ဗ်။
“ျပန္ပါေတာ့အကိုေလး၊ ဒီေလာက္အထိ လိုက္ပို႔စရာမလိုပါဘူး”
“ရပါတယ္ပန္းညိဳ၊ ပန္းညိဳအတြက္ အေႏွာင့္အယွက္ျဖစ္သြားလို႔လား”
ပန္းညိဳက ေခါင္းခါရင္း
“အကိုေလးအတြက္ နစ္နာသြားမွာစိုးလို႔ပါ၊ တကယ္ေတာ့ ပန္းညိဳက အမဲသားေရာင္းတဲ့ေဈးသည္ပဲ၊ ၿပီးေတာ့ မုဆိုးမ၊ ကေလးတစ္ေယာက္အေမမဟုတ္လား”
“အိုဗ်ာ၊ က်ဳပ္အတြက္ကေတာ့ ဘာမွမထိခိုက္ပါဘူး၊ က်ဳပ္ကေတာ့ ပန္းညိဳကို ႐ိုး႐ိုးသားသားကူညီေပးတာပါ”
ပန္းညိဳက ေတာင္းကေလး႐ြက္ၿပီးျပန္ထြက္သြားမယ္အလုပ္မွာ က်ဳပ္လည္း အိတ္ထဲက သၾကားလုံးေတြကိုသတိရသြားတယ္၊ ဒါနဲ႔ ပန္းညိဳကိုေခၚၿပီးေတာ့ ပန္းညိဳလက္ထဲကို သၾကားလုံးေလးေတြ ထည့္ေပးလိုက္တယ္ဗ်၊ ပန္းညိဳက အံ့ၾသတဲ့မ်က္လုံးနဲ႔ က်ဳပ္ကိုၾကည့္ၿပီးေတာ့
“အကိုေလးက ကြၽန္မသားေလး ဒီသၾကားလုံးသိပ္ႀကိဳက္တယ္ဆိုတာ ဘယ္လိုလုပ္ၿပီးသိသလဲ”
က်ဳပ္လည္းဘာေျပာရမွန္းမသိဘူးဗ်ာ၊ ပန္းညိဳက က်ဳပ္လက္ထဲက သၾကားလုံးေတြကိုယူၿပီးေတာ့
“အကိုေလးေနာက္ဆို အဲဒီလိုေတြ မဝယ္ေပးပါနဲ႔၊ အကိုေလးပိုက္ဆံကုန္ေနပါအုံးမယ္”
အဲဒီလိုေျပာၿပီးေတာ့ ရွက္ကိုးရွက္ကန္းနဲ႔ထြက္သြားေတာ့တာပါပဲဗ်ာ၊ က်ဳပ္လည္း ရင္ထဲ ဖိုးသိုးဖတ္သပ္ႀကီးျဖစ္ၿပီး က်န္ခဲ့တာဗ်၊ ေလးလံတဲ့ေျခလွမ္းေတြနဲ႔ ႐ြာထဲကိုျပန္လာရင္း ႐ြာလယ္ မကပ္ေစးဆိုင္ေရွ႕ကျဖတ္ေတာ့ သၾကားလံုံးေလးေတြကို သြားသတိရတယ္။ ဒါနဲ႔ သၾကားလုံးဝယ္မယ္ဆိုၿပီးသြားေတာ့
“အဲဒီသၾကားလုံးက တစ္လုံးတစ္က်ပ္ေနာ္”
“ဘာဗ်၊ ေဈးႀကီးလိုက္တာ”
“မဝယ္စားႏိုင္ရင္ မဝယ္စားနဲ႔ေပါ့၊ သူ႔ေခတ္နဲ႔သူ႔ေဈးေတာ့ ေပးရမွာေပါ့”
က်ဳပ္လည္း မဝယ္ေတာ့ပါဘူးဗ်ာ၊ သၾကားလုံးျဖစ္ၿပီး ေဈးႀကီးးလိုက္တာဗ်ာ၊ ဦးဘသာက်ဳပ္ကိုေပးတာ ဆယ္လုံးနီးပါးေလာက္ရွိတယ္ဗ်၊ ဟုတ္ပါရဲ႕၊ က်ဳပ္လည္း အခုမွသတိထားမိေတာ့တယ္၊ ဦးဘသာက ဘာလို႔က်ဳပ္ကိုသၾကားလံုံးေတြေပးတာလဲ၊ ေနာက္ၿပီး ႐ြာထိပ္မွာေစာင့္မေနနဲ႔ အိမ္ျပန္ေတာ့လို႔ ဘာျဖစ္လို႔ေျပာတာလဲ၊ ဒါဆိုရင္ ပန္းညိဳအိမ္ကိုေရာက္ေနတယ္ဆိုတာ သူႀကိဳသိေနတာမ်ားလား၊ ဒီသၾကားလုံးေတြကိုလည္း ပန္းညိဳကိုေပးလိုက္ဖို႔ဆိုတာကို သူမ်ားႀကိဳတြက္ထားမိတာလားဗ်ာ၊ တကယ္ပါ၊ ဦးဘသာကေတာ့ ထူးဆန္းၿပီးရင္း ထူးဆန္းေနတာပါပဲဗ်ာ။
(၃)
မပန္းညိဳက ေနာက္ပိုင္း႐ြာကို ေန႔တိုင္းနီးပါးလာတယ္ဗ်၊ သူမလာတဲ့ရက္ေတြဆိုရင္ က်ဳပ္ေတာ့ ေနလို႔မထိပါဘူးဗ်ာ၊ စားမဝင္သလိုလို၊ အိပ္မေပ်ာ္သလိုလိုပါပဲ။ သူလာၿပီဆိုရင္ေတာ့ က်ဳပ္ေပ်ာ္တယ္၊ ပန္းညိဳရဲ႕ အမဲသားထည့္ထားတဲ့ ခံေတာင္းထမ္းၿပီး ႐ြာထဲက ေဆြမ်ိဳးအိမ္ေတြကို လိုက္စပ္ေပးရတာကိုေပ်ာ္တယ္၊ အခုဆို ပန္းညိဳတစ္ေယာက္ အရင္ကလို ေၾကာင္စီစီမဟုတ္ေတာ့ပါဘူးဗ်ာ၊ က်ဳပ္နဲ႔စကားေတြဘာေတြေျပာရင္း ရယ္ရယ္ေမာေမာေနတတ္ၿပီဗ်၊ က်ဳပ္ကလည္း သူနဲ႔စကားေျပာရင္း ဟာသေလးေတြထည့္ထည့္ေျပာတယ္၊ ပန္းညိဳရယ္ေနတာျမင္ရင္ က်ဳပ္ရင္ထဲ ေပ်ာ္လိုက္တာဗ်ာ။ တစ္ခါတစ္ေလေတာ့လည္း ပန္းညိဳက သူ႔ဘဝအေၾကာင္းေတြးမိလို႔ထင္ပါရဲ႕ဗ်ာ၊ မ်က္ႏွာကေလးကိုမႈိင္လို႔၊ ဒီလိုအခ်ိန္ဆိုရင္ က်ဳပ္မေနတတ္ေတာ့ဘူးဗ်။ က်ဳပ္ရင္ထဲလည္း ေနလို႔မေကာင္းဘူးေပါ့။
႐ြာထဲကလူေတြကလည္း က်ဳပ္နဲ႔ပန္းညိဳအေၾကာင္းကို တီးတိုးတီးတိုးေျပာကုန္ေနၾကၿပီဗ်၊ က်ဳပ္လည္း ျပန္ၾကားတာေတြရွိပါတယ္၊ တစ္ရက္ေတာ အေမက က်ဳပ္ကိုေခၚေျပာတယ္။
“အလတ္ေကာင္၊ နင္ပန္းညိဳကိုခ်စ္ေနတာလား”
က်ဳပ္ဘာျပန္ေျဖရမွန္း မသိေသးခင္မွာပဲ
“နင္သူနဲ႔ေတာ့မျဖစ္ဘူးေနာ္၊ ငါကေတာ့ လးဝသေဘာမတူဘူး၊ သူက ေဈးသည္၊ ေဈးသည္ထဲမွာေတာင္မွ အသားစိမ္းငါးစိမ္းကို ႐ြာ႐ိုးကိုးေပါက္ လွည့္ေရာင္းေနတဲ့သူ၊ ၿပီးေတာ့ မုဆိုးမ၊ ကေလးတစ္ေယာက္ကလည္းရွိေသးတယ္”
“အဲဒါဘာျဖစ္သလဲအေမ၊ ပန္းညိဳမွာ ကေလးရွိတာဘာျဖစ္သလဲ၊ အိမ္ေထာင္က်ခဲ့ဖူးတာ ဘာျဖစ္သလဲ”
“ျဖစ္တာေပါ့ဟဲ့၊ ဒီ႐ြာမွာ အပ်ိဳေတြတစ္ပုံႀကီးပါအလတ္ေကာင္ရယ္၊ ဒီ႐ြာကလူမႀကိဳက္ရင္လည္း ေပေတာတို႔၊ တန္းျမင့္တို႔မွာ အပ်ိဳေတြတစ္ပုံႀကီးရွိတယ္၊ အဲဒါကိုမွ မင္းက ဒီမုဆိုးမ၊ ကေလးအေမကို ဘာလို႔သြားႀကိဳက္သလဲဆိုတာေတာ့ ငါမေျပာတတ္ဘူး”
“ဒါေတာ့ က်ဳပ္မသိဘူးအေမ၊ အေမေျပာတဲ့ အပ်ိဳေတြဆိုတာကို က်ဳပ္ရင္မခုန္သလို၊ စိတ္လည္းမဝင္စားဘူး၊ ဒါေပမယ့္ ပန္းညိဳကိုေတြ႕ရင္ ကြၽန္ေတာ့္စိတ္ထဲ သနားတယ္၊ သူ႔ဘဝကိုေတြးရင္း ကြၽန္ေတာ္ပိုသနားတယ္၊ သူ႔ကိုကြၽန္ေတာ္ေပ်ာ္႐ြင္ေအာင္ထားခ်င္တယ္အေမ၊ သူ႔ဘဝကို ကြၽန္ေတာ္ျဖည့္ဆည္းေပးခ်င္တယ္၊ သူနဲ႔အတူတူ . . .”
“ေတာ္စမ္းအလတ္ေကာင္၊ အမဲသားသည္မကေတာ့ အႏူလက္နဲ႔ေ႐ႊခြက္ႏႈိက္ခ်င္ၿပီထင္တယ္၊ လင္ေသၿပီးေတာ့ ဘယ္သူနဲ႔ဘယ္လိုႏႈိက္ခဲ့မွန္းလည္းသိတာမဟုတ္ဘူး၊ အခု ႏႈိက္မယ့္ႏႈိက္ေတာ့လည္း သူႀကီးသား လူပ်ိဳႏုႏုထြတ္ထြတ္ကိုမွန္းခ်င္ေသးတယ္၊ ငါတစ္ခါတည္းေျပာထားမယ္အလတ္ေကာင္၊ မင္းကသူ႔ကိုခ်စ္ေနေပမယ့္ သူကမင္းကိုခ်စ္လို႔မဟုတ္ဘူး၊ သူလိုခ်င္တာက ေငြပဲ၊ ပစၥည္းဥစၥာပဲ၊ ဒါေတြမက္ခဲ့လို႔ မင္းနဲ႔ပေရာပရီေနခဲ့တာျဖစ္မွာ”
“ေတာ္ပါေတာ့အေမ၊ အေမဆက္ၿပီး ပန္းညိဳကိုမတိုက္ခိုက္ပါနဲ႔ေတာ့၊ ပန္းညိဳကဒီလိုမဟုတ္ဘူး၊ က်ဳပ္ကေတာ့ရွင္းတယ္အေမ၊ ပန္းညိဳကိုခ်စ္တယ္၊ ပန္းညိဳဘဝမွာ လိုအပ္ေနတဲ့ကြက္လပ္ေတြကို က်ဳပ္ဝင္ၿပီးျဖည့္ဆည္းေပးခ်င္တယ္၊ ဒီေလာက္ပဲ”
က်ဳပ္လည္းေျပာၿပီးေတာ့ အိမ္ထဲကေနထြက္ခဲ့ေတာ့တယ္။ အေမကေတာ့ က်ဳပ္ကိုၾကည့္ၿပီး တအံ့တၾသနဲ႔ က်န္ခဲ့ေတာ့တယ္ဗ်ာ။
“အခ်စ္ဆိုတာ ဘာလဲဦးဘသာ”
က်ဳပ္ထေမးလိုက္ေတာ့ က်ဳပ္ေဘးနားမွာ ေရေႏြးထိုင္ေသာက္ေနတဲ့ ဦးဘသာေတာင္မွ ေရေႏြးသီးမလိုျဖစ္သြားတယ္ဗ်။ ဒီေန႔က ပန္းညိဳမလာတဲ့ရက္ကိုးဗ်၊ ဒီေတာ့ က်ဳပ္လည္း လြမ္းလြမ္းေဆြးေဆြးနဲ႔ ဦးဘသာေနတဲ့အိမ္ကေလးမွာ သြားထိုင္ၿပီးေဆြးေနတာေပါ့ဗ်ာ။
“မင္းကေတာ့လုပ္ၿပီအလတ္ေကာင္ရာ၊ မွတ္ထားကြ၊ အခ်စ္ဆိုတာ တပ္မက္မႈ၊ တပ္မက္မႈဆိုတာ တဏွာေပါ့ကြာ၊ တစ္နည္းေျပာရရင္ ေလာဘလို႔လည္းေျပာလို႔ရတယ္ကြ၊ စာဆိုတစ္ေယာက္ကေျပာဖူးတယ္ ေလာဘေတြစုၿပဳံအနည္ထိုင္လာတဲ့အခါ အခ်စ္ျဖစ္သြားတတ္တယ္တဲ့ကြ”
“သူေျပာတာမွန္မယ္ထင္တယ္ဗ်၊ အခုလည္း က်ဳပ္ရင္ထဲမွာ ေလာဘတစ္မ်ိဳးခံစားေနရတယ္”
ဦးဘသာက က်ဳပ္ကိုၿပံဳံးၿဖီးၿဖီးနဲ႔ၾကည့္ရင္း
“မင္းကိုငါပြင့္ပြင့္လင္းလင္းပဲေျပာမယ္အလတ္ေကာင္၊ အခု႐ြာထဲကလူေတြက မင္းနဲ႔ပန္းညိဳနဲ႔ကို သို႔ေလာသို႔ေလာနဲ႔ ေျပာေနၾကတယ္ေနာ္၊ ဒီေတာ့ ငါတစ္ခါတည္းေျပာထားတယ္၊ မင္းနဲ႔သူနဲ႔က ဘာမွမဆိုင္ဘူး၊ မင္းသူနဲ႔ ဘာမွျဖစ္လို႔မရဘူး”
“ဘာေတြေျပာေနတာလည္း ဦးဘသာရာ”
“ငါမင္းစိတ္ကိုသိၿပီးသားပါကြ၊ မင္းပန္းညိဳကိုသံေယာဇဥ္ရွိေနတာကိုလည္း ငါသိပါတယ္၊ ဒါေပမယ့္ မင္းပန္းညိဳကိုခ်စ္လို႔မရဘူးအလတ္ေကာင္၊ မင္းသူ႔ကိုမခ်စ္ရဘူး”
ဦးဘသာစကားၾကားေတာ့ က်ဳပ္လည္းေဒါသထြက္သြားတာေပါ့ဗ်ာ။
“က်ဳပ္စိတ္နဲ႔က်ဳပ္ခ်စ္တာပဲဗ်ာ၊ ဘာျဖစ္သလဲ”
ဦးဘသာက ေရေႏြးငွဲ႔ရင္း
“အခ်စ္ဆိုတာ ေလာဘ၊ ေလာဘဆိုတာ လိုခ်င္တဲ့သေဘာပဲကြ၊ ကိုယ္လိုခ်င္တာကို မရေတာ့ ေဒါသျဖစ္တယ္၊ ေဒါသေတြျဖစ္ပါမ်ားလာၿပီး အနည္ထိုင္သြားေတာ့ အမုန္းအျဖစ္ေျပာင္းလဲသြားတတ္တယ္၊ တကယ္ေတာ့ အမုန္းဆိုတာ ေဒါသေတြအနည္ထိုင္သြားလို႔ျဖစ္တာကြ”
“က်ဳပ္က ဘယ္သူ႔ကိုမုန္းရမွာလဲ”
“မင္းငါ့ကိုမုန္းမယ္၊ အခုေတာင္ ငါ့ကိုေဒါသျဖစ္ေနၿပီမဟုတ္လားကြ၊ မလိမ္ခ်င္စမ္းပါနဲ႔ အလတ္ေကာင္ရာ ငါေျပာတာကိုနားေထာင္စမ္းပါ၊ မင္းနဲ႔သူနဲ႔ လုံးဝမျဖစ္ဘူး”
“ဘာျဖစ္ေနလို႔လဲဗ်၊ က်ဳပ္ကလူပ်ိဳ၊ သူက ကေလးတစ္ေယာက္အေမ၊ မုဆိုးမျဖစ္ေနလို႔လား”
ဦးဘသာက သက္ျပင္းခ်ရင္း ေခါင္းကိုခါလိုက္တယ္ဗ်။ က်ဳပ္စိတ္ထဲ ေတာ္ေတာ္မေကာင္းဘူးဗ်ာ၊ က်ဳပ္မိဘေတြက ပန္းညိဳနဲ႔သေဘာမတူတာကို က်ဳပ္ေျဖသာပါေသးတယ္၊ အခုေတာ့ က်ဳပ္ဦးေလးတစ္ေယာက္လိုခ်စ္ရတဲ့ ဦးဘသာကပါ ပန္းညိဳနဲ႔မျဖစ္ရဘူးလို႔ တားျမစ္တာခံလိုက္ရေတာ့ က်ဳပ္ရင္ထဲေတာ္ေတာ္ေနလို႔မေကာင္းဘူး။
“မင္းမသိေသးပါဘူးအလတ္ေကာင္ရာ၊ ေၾသာ္ဒါနဲ႔ ငါတို႔သူခိုးဖမ္းၾကရေအာင္ေဟ့”
ဦးဘသာက စကားအဆက္အစပ္မရွိထေျပာတယ္ဗ်။
“ဘယ္သူခိုးကို ဖမ္းမွာလဲဗ်”
“မင္းကို ငတိုးေျပာဖူးတယ္မဟုတ္လား၊ ႏြားေပ်ာက္ကုန္းဆီကို သူက ႏြားေတြဆြဲဆြဲသြားေပးရတယ္၊ ၿပီးရင္ ေပေတာ႐ြာက လူႀကီးတစ္ေယာက္ လာလာယူသြားတယ္ဆိုတာေလကြာ”
က်ဳပ္လည္းေခါင္းညိတ္လိုက္ေတာ့တယ္။
“အဲဒီလူက မေကာင္းတဲ့လူပဲကြ၊ ငါထင္တာေတာ့ သူ႔ရဲ႕ေစခိုင္းမႈနဲ႔ ငတိုးက ႏြားေတြကိုလစ္ရင္လစ္သလိုခိုးတာပဲကြ၊ ပရေလာကမွာလည္း သူ႔ပိုင္နက္နဲ႔သူရွိတာဆိုေတာ့ ငတိုးရဲ႕ႏြားေပ်ာက္ကုန္းပိုင္နက္ထဲေရာက္ေတာ့မွ ခိုးလို႔ရတာေပါ့ကြာ၊ ခိုးၿပီးေတာ့ အဲဒီလူက ႏြားကိုလာယူမယ္၊ ငတိုးကိုေတာ့ အစာေလးဘာေလးေကြၽးခ်င္ေကြၽးမွာေပါ့ကြာ၊ ဒီေတာ့ ငါဆက္ၿပီးဒီလိုအျဖစ္မခံႏိုင္ေတာ့ဘူးကြ”
“ေကာင္းပါတယ္ဦးဘသာ၊ ဒါဆိုရင္ဘာလုပ္ၾကမလဲ”
“ႏြားတစ္ေကာင္နဲ႔ မွ်ားေခၚရမွာေပါ့ကြာ”
“မွ်ားတာကဟုတ္ပါတယ္၊ ဘယ္ကႏြားကိုသုံးမလဲ”
ဦးဘသာက သူ႔အိမ္ေျခရင္းဘက္ကိုၾကည့္လိုက္ရင္း
“ငါ့ႏြားတစ္ေကာင္သုံးတာေပါ့ကြာ”
က်ဳပ္လည္း ေခါင္းညိတ္လိုက္ေတာ့တယ္ဗ်။
“ဒါဆို ဘယ္ေန႔စမလဲ”
ဦးဘသာက စိတ္ထဲမွာ တစ္ခုခုကိုေရ႐ြတ္ေနရင္း
“ေျပာေနၾကာပါတယ္ကြာ၊ ဒီညေနပဲစၾကမယ္”
“အရင္ဆုံး ငတိုးမသိေအာင္လို႔ ငါတို႔ႏြားကို ႏြားေပ်ာက္ကုန္းကိုလႊတ္လိုက္မယ္ကြာ၊ မၾကာခင္ညေနေစာင္းေတာ့မွာဆိုေတာ့ ဒီလူက ေသခ်ာေပါက္ ဒီည၊ ဒါမွမဟုတ္ မနက္ျဖန္မနက္ေစာေစာ ႏြားကိုလာယူမွာပဲကြ၊ ဒီအခါငါတို႔ေစာင့္ဖမ္းၾကတာေပါ့ကြာ”
“ေကာင္းပါ့ဗ်ာ၊ ဒါဆို က်ဳပ္ဒီညအိမ္မျပန္ေတာ့ဘူးလို႔ ေျပာလိုက္ေတာ့မယ္”
ဦးဘသာရဲ႕အစီအစဥ္ကိုၾကားၿပီးေတာ့ လြမ္းေနတဲ့စိတ္ေတာင္ ဘယ္ေရာက္သြားမွန္းမသိပါဘူးဗ်ာ၊ ဒီလိုနဲ႔ ညေနေရာက္လာခဲ့တာေပါ့၊ ဦးဘသာက သူ႔ရဲ႕ေ႐ႊနီလို႔ေခၚတဲ့ ႏြားႀကီးဆီသြားၿပီးေတာ့ ႏြားမ်က္လုံးကိုၾကည့္ရင္း
“ကဲေ႐ႊနီ၊ ႏြားေပ်ာက္ကုန္းလို႔ေခၚတဲ့ေနရာကို တန္းတန္းမတ္မတ္သြားေပေတာ့၊ ဟိုမွာ ေစာင့္ေန၊ ငါတို႔မနက္ျဖန္ျပန္လာေခၚမယ္”
ဦးဘသာက ခ်ည္တိုင္က ႀကိဳးကိုလႊတ္ေပးလိုက္တာနဲ႔ ေ႐ႊနီလို႔ေခၚတဲ့ႏြားႀကီးက ၿခံထဲကေန ေအးေအးလူလူနဲ႔ထြက္သြားေတာ့တာပဲဗ်ာ၊ က်ဳပ္ျဖင့္ အဲဒီႏြားႀကီး ေရာက္ပါ့မလားလို႔ေတာင္မွ စိတ္ပူေနေသးတယ္။
“မပူပါနဲ႔ကြ၊ ေ႐ႊနီက ငါ့စကားကိုေကာင္းေကာင္းနားေထာင္ပါတယ္”
“ဦးဘသာႀကီးက ဘယ္လိုလုပ္ၿပီးေတာ့ ႏြားနဲ႔စကားေျပာတတ္ေနတာလဲဗ်ာ”
“ဘာပညာမွမလိုပါဘူးကြာ၊ အေရးႀကီးတာကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္နဲ႔ၾကားက အျပန္အလွန္ေမတၱာေပါ့ကြာ၊ တိရစာၦန္ေတြဆိုၿပီး အထင္မေသးနဲ႔ကြ၊ သက္ရွိေတြအားလုံးမွာ တန္းတူခံစားႏိုင္တဲ့အရာဆိုတာ ေမတၱာပဲရွိတယ္”
“ဒါဆိုရင္လူေတြေရာ”
က်ဳပ္ထေမးေတာ့ ဦးဘသာက ေၾကာင္အမ္းအမ္းနဲ႔
“လူေတြေရာ သူ႔အေပၚေမတၱာထားတာကို ျပန္ခံစားမိၿပီးေတာ့ ေမတၱာျပန္ထားၾကသလား ဦးဘသာ”
ဦးဘသာက ေခါင္းခါလိုက္တယ္။
“ေမတၱာထားတာကိုေတာ့ ခံစားမိၾကေပမယ့္ ေမတၱာျပန္ထားမထားကေတာ့ မေသခ်ာဘူးကြ”
“ဘာလို႔လဲဦးဘသာရာ”
“လူေတြျဖစ္ေနလို႔ေပါ့ကြာ”
ၿပီးလည္းၿပီးေရာ ဦးဘသာက အိမ္ေပၚတက္သြားတယ္ဗ်၊ အိမ္ေရွ႕ခန္းမွာ ဖ်ာၾကမ္းခင္းၿပီးေတာ့ တစ္ေရးတစ္ေမာအိပ္ေနတဲ့ပုံပဲ၊ က်ဳပ္လည္းအိပ္ဖို႔ႀကိဳးစားတာေပါ့ဗ်ာ၊ ညက်ရင္ ညည့္နက္မယ္မဟုတ္လားဗ်။ ဒါေပမယ့္ အိပ္မယ္လို႔ႀကံလိုက္တိုင္း အေတြးထဲမွာ ပန္းညိဳရဲ႕မ်က္ႏွာေတြကိုပဲ ျမင္ေယာင္ေနတယ္ဗ်ာ။
ေမွးခနဲအိပ္ေပ်ာ္သြားေတာ့ အိပ္မက္ထဲမွာ ပန္းညိဳနဲ႔ေတြ႕တယ္ဗ်၊ ပန္းညိဳက က်ဳပ္ကိုရယ္ေမာၿပိး ၿပဳံးၿဖီးၿဖီးနဲ႔ၾကည့္ေနတာ၊ ေနာက္ေတာ့ က်ဳပ္အေရွ႕ကိုတျဖည္းျဖည္းတိုးသြားေတာ့ သူ႔မ်က္ႏွာက ေဒါသေတြခက္ထန္လာတယ္၊
“သြား၊ မလာနဲ႔၊ သြား”
က်ဳပ္ကိုေအာ္ထုတ္ၿပီးေတာ့ သူကလွည့္ေျပးတာပဲဗ်ာ၊ က်ဳပ္လည္း သူ႔နာမည္ကိုေခၚၿပီးေတာ့ အေနာက္ကေနေျပးလိုက္တာေပါ့ဗ်ာ၊ ဒီအခ်ိန္မွာပဲ က်ဳပ္တို႔ႏွစ္ေယာက္ၾကားက ေျမႀကီးက ဝုန္းခနဲကြဲထြက္သြားၿပီးေတာ့ ေခ်ာက္ႀကီးတစ္ခုအျဖစ္ေျပာင္းသြားတယ္ဗ်၊ က်ဳပ္လည္း ေခ်ာက္ဒီဖက္ကမ္းကေန ပန္းညိဳကိုေအာ္ေခၚေနမိတယ္။ ေခ်ာက္ႀကီးထဲကေန ရယ္သံႀကီးတစ္ခုၾကားရတယ္ဗ်၊ ေနာက္ေတာ့ လူႀကီးတစ္ေယာက္ထြက္လာတာပဲ၊ ထြက္လာတဲ့သူကိုၾကည့္လိုက္ေတာ့ ဦးဘသာႀကီးျဖစ္ေနတယ္ဗ်၊ ဦးဘသာက က်ဳပ္ကိုလက္ညႇိဳးထိုးၿပီးေတာ့
“မင္းမခ်စ္ရဘူး၊ မင္းသူ႔ကိုမခ်စ္ရဘူး အလတ္ေကာင္”
“ခ်စ္မွာပဲ . . . . ခ်စ္မွာပဲဗ်”
က်ဳပ္ထေအာ္လိုက္ေတာ့ ဦးဘသာက က်ဳပ္ကိုတအံ့တၾသနဲ႔ၾကည့္ေနတယ္ဗ်၊ ပတ္ဝန္းက်င္တစ္ခြင္လုံး အေမွာင္ထုက ဖုံးအုပ္ေနၿပီေပါ့၊
“အလတ္ေကာင္ ဘာေတြထေအာ္တာလဲကြ”
က်ဳပ္လည္းဘာမွမေျပာေတာ့ဘဲ ေခါင္းပဲခါလိုက္တယ္၊ ဦးဘသာက ကြမ္းအစ္ကေလးကိုပိုက္ၿပီးေတာ့ သြားလို႔လုပ္ေနတယ္။
“အခ်ိန္က်ၿပီအလတ္ေကာင္၊ ငါတို႔သြားၾကစို႔”
ဦးဘသာနဲ႔က်ဳပ္နဲ႔႐ြာျပင္ကိုထြက္ခဲ့တယ္ဗ်၊ ႐ြာလမ္းမကေတာ့ လူသူရွင္းေနၿပီေပါ့ဗ်ာ၊ ႐ြာထိပ္က ဦးတ႐ုတ္ႀကီးရဲ႕အရက္ဆိုင္ေတာင္မွ လူပါးေနၿပီမို႔ ဦးတ႐ုတ္ႀကီးက ဆိုင္တံခါးတစ္ျခမ္းကို ပိတ္ေနၿပီ။ တကယ္ေတာ့ ႏြားေပ်ာက္ကုန္းလိုေနရာကို ညဘက္သြားရတာ ေၾကာက္စရာႀကီးဗ်ာ၊ က်ဳပ္လည္း ဦးဘသာႀကီးပါေနလို႔သာ မေၾကာက္မ႐ြံ႕လိုက္ရဲတာဗ်၊ ဦးဘသာကေတာ့ အေရွ႕ကေန မီးပုံးကိုင္ၿပီးသြားေနေလရဲ႕၊ မီးပုံးဆိုတာကေတာ့ ဘီစကြတ္သံပုံးကို တစ္ဖက္ျခမ္းဖြင့္ထားတဲ့ ပုံးႀကီးတစ္ခုကိုေျပာတာပါ၊ အဲဒီပုံးထဲကို ဖေယာင္းတိုင္ျဖစ္ျဖစ္၊ ဆီမီးျဖစ္ျဖစ္ ထည့္္ထြန္း႐ုံပဲ၊ ေဘးဖက္ေတြက ေလတိုက္တာ သက္သာေတာ့ ညေရးညတာဆိုရင္ သြားရတာအဆင္ေျပတာေပါ့ဗ်ာ။
ႏြားေပ်ာက္ကုန္းနားေရာက္တာနဲ႔ ေက်ာထဲစိမ့္ခနဲေအးသြားတယ္ဗ်၊ ႏြားေပ်ာက္ကုန္းမွာေပါက္ေနတဲ့ ခ်ဳံႏြယ္ပိတ္ေပါင္းေတြက အုပ္အုပ္ဆိုင္းဆိုင္းနဲ႔ဆိုေတာ့ အေမွာင္က်ေနတာေပါ့ဗ်ာ၊ ဆူးခ်ဳံေတာေတြကိုလည္း တိုးရေသးသဗ်၊ ဦးဘသာက တကြၽတ္ကြၽတ္နဲ႔ သူ႔ႏြားႀကီးကို အသံေပးေပမယ့္ အသံမၾကားရေတာ့ဘူးဗ်ိဳ႕၊ ေနာက္ေတာ့ ႏြားေျခရာေတြကိုေတြ႕ပါေရာ။
“ဟာ၊ ႏြားကိုေခၚသြားၿပီကြ၊ ငါတို႔နည္းနည္းေနာက္က်သြားၿပီ”
ု”ဒါဆိုလည္း ေျခရာအတိုင္းလိုက္႐ုံေပါ့ဗ်ာ”
ဦးဘသာလည္းေခါင္းညိတ္တယ္ဗ်၊ ဒီလိုနဲ႔ ႏြားေပ်ာက္ကုန္းနားက ထြက္မယ္လုပ္ေတာ့ သရဲငတိုးကိုေတြ႕လိုက္တယ္ဗ်၊
“ေဟ့ငတိုး၊ မင္းဘယ္ကျပန္လာတာလဲ”
ငတိုးက မ်က္လုံးအျပဴးသားနဲ႔ က်ဳပ္တို႔ကိုၾကည့္တယ္။
“သြားပို႔တာ၊ သြားပို႔တာ”
“ဘယ္ကိုသြားပို႔တာလဲ”
ငတိုးက တစ္ေနရာကိုလက္ညႇိဳးထိုးျပတယ္ဗ်၊ ဦးဘသာက ငတိုးကိုၾကည့္ရင္း
“ဒါဆိုရင္လည္း ငါတို႔နဲ႔အတူတူလိုက္ခဲ့ငတိုးရာ”
ငတိုးက ေခါင္းတခါခါနဲ႔
“လိုက္လို႔မရဘူး၊ လိုက္လို႔မရဘူး၊ ငါ၊ ငါေၾကာက္တယ္၊ သူက ငါ့ကိုသတ္လိမ့္မယ္၊ ငါေၾကာက္တယ္”
က်ဳပ္နဲ႔ဦးဘသာလည္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္ၾကတယ္၊ ဦးဘသာက
“မေၾကာက္ပါနဲ႔ကြာ၊ ငါရွိပါတယ္ကြ၊ မင္းသာေနရာျပ၊ အဲဒီလူကို ငါတို႔ၾကည့္ရွင္းမယ္”
ဒီေတာ့မွ ငတိုးက ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ လိုက္လာတာပဲဗ်ာ၊ ငတိုးက လမ္းေလွ်ာက္ရင္ေတာ့ ေလးဖက္တြားၿပီး ကုန္းကုန္းႀကီးေလွ်ာက္တာဗ်၊ က်ဳပ္တို႔လည္း သူ႔အေနာက္ကေနဆက္လိုက္လာခဲ့တာေပါ့ဗ်ာ၊ လမ္းကေတာ့ ေပေတာ႐ြာသြားတဲ့လမ္းအတိုင္းပဲဗ်၊ ဒါေပမယ့္ ေပေတာ႐ြာဘက္ကိုမေကြ႕ဘဲနဲ႔ အင္တိုင္းေတာႀကီးထဲကို ဆင္းသြားပါေရာဗ်ာ၊ အင္တိုင္းေတာဆိုတာကေတာ့ ေတာအုပ္တစ္ခုပဲဗ်၊ အဲဒီကေနဆက္သြားရင္ သစ္ေတာႀကိဳးဝိုင္းေတြနဲ႔ ေတာင္တန္းေတြဘက္ကိုေရာက္တယ္လို႔ေျပာတယ္၊ က်ဳပ္တို႔ေတာ့ တစ္ခါမွမသြားဖူးပါဘူးဗ်ာ။
ေတာထဲေရာက္ေတာ့ သစ္ပင္ႀကီးေတြက ေၾကာက္စရာႀကီးဗ်ာ၊ တစ္ခ်ိဳ႕သစ္ပင္ပင္စည္ႀကီးေတြမွာဆိုရင္ မ်က္ႏွာႀကီးေတြနဲ႔ဗ်၊ ဒါတင္မကဘဲ သစ္ပင္ႀကီးေတြက က်ဳပ္တို႔ကိုငုံ႔ၾကည့္ၿပီးေတာ့ ေျခာက္ကပ္ကပ္အသံႀကီးေတြနဲ႔ ရယ္ေမာေနၾကေသးတာ၊ မသိရင္ တစ္ေတာလုံးက အသက္ဝင္ေနသလိုပဲ။ ခ်ဳံပုတ္ေတြကလည္း တလႈပ္လႈပ္နဲ႔ ၿပိတၱာေတြမွ ပုံစံအစုံပဲပဲဗ်ာ၊ ေတာထဲအေတာ္သြားမိေတာ့ လွ်ိဳေျမာင္ကေလးတစ္ခုထဲကို ဆင္းလာတယ္ဗ်၊ အဲဒီေအာက္မွာေတာ့ တခြၽင္ခြၽင္နဲ႔အသံကိုၾကားရတယ္၊ အဲဒီအသံၾကားတာနဲ႔ ေတာအုပ္ထဲက နာနာဘာဝေတြအကုန္လုံး အသံၾကားတဲ့ေနရာကို တိုးေဝွ႔ၿပီးသြားၾကတာေပ့ါဗ်ာ၊ က်ဳပ္တို႔ပုခုံးေတြကိုေတာင္ အတင္းဝင္တိုက္ၿပီးေတာ့ အလုအယက္သြားၾကတာဗ်။
လွ်ိဳေျမာင္ကေလးရဲ႕ ေအာက္ေျခမွာ စမ္းေခ်ာင္းတစ္ခုရွိတယ္၊ ေရက နည္းနည္းေလးပဲက်န္ေတာ့တာပါဗ်ာ၊ အဲဒီစမ္းေခ်ာင္းရဲ႕ သဲေတြထြန္းေနတဲ့ ေသာင္ခုံေပၚမွာ ႏြားႀကီးတစ္ေကာင္က ေဘးေစာင္းႀကီးအိပ္ေနတယ္ဗ်၊ ႏြားႀကီးအနားမွာေတာ့ လူတစ္ေယာက္က ဆီမီးခြက္တစ္ခုထြန္းၿပီးေတာ့ ဓါးထိုင္ေသြးေနတယ္။
“မင္းတို႔ေတြ စားရမယ္ကြ”
ႏြားကိုေသခ်ာၾကည့္ေတာ့ ဦးဘသာရဲ႕ႏြားႀကီးဗ်ာ၊ ေသတာကေတာ့ ေသေနၿပီဗ်၊ အဲဒီလူႀကီးးက အျဖဴေရာင္ေခါင္းေပါင္းႀကီးကို ေပါင္းထားေသးတယ္။ ေနာက္ေတာ့ ႏြားေပါင္ႀကီးကို ဆြဲျဖတ္ယူၿပီးေတာ့ စဥ္းတီတုံးေပၚတင္ၿပီး ခုတ္ျဖတ္တယ္ဗ်၊ ႏြားခြာေတြနဲ႔ အ႐ိုးေတြကိုျဖတ္ေတာက္လိုက္ၿပီးေတာ့ သဲေသာင္ျပင္ေပၚကို လွမ္းပစ္ထည့္လိုက္တယ္။
“စားၾကစမ္း”
အဲဒီလိုပစ္လိုက္တာနဲ႔ နာနာဘာဝေတြက အလုအယက္ေျပးသြားၿပီးေတာ့ ေကာက္စားၾကတာပဲဗ်ာ၊ ဒီလူႀကီးက နာနာဘဘာဝေတြ လုယက္ေနတာကိုၾကည့္ရင္း ရယ္ေမာေနေသးတယ္ဗ်။
“ဟား၊ ဟား လုၾကေနာ္၊ ေလာကႀကီးမွာ သူမ်ားဆီက လုႏိုင္ယက္ႏိုင္တဲ့ေကာင္မွ ဗိုက္ဝတာကြ”
အဲဒီလူႀကီးက ေျပာလည္းေျပာ၊ အမဲအ႐ြတ္ေတြကို လွီးျဖတ္ၿပီး လြင့္လြင့္ပစ္တာေပါ့ဗ်ာ၊ နာနာဘာဝေတြလည္း လုၾကယက္ၾကနဲ႔ေပါ့၊ ဒါေပမယ့္ ဒီလူႀကီးက လုပ္တာကိုင္တာေတာ့ သိပ္ကြၽမ္းက်င္တယ္ဗ်၊ အမဲေပါင္တစ္ေခ်ာင္းကို ကိုင္တာ ခဏကေလးပဲဗ်၊ ေနာက္ေတာ့ အသားတြဲေတြကို ေတာင္းႀကီးတစ္လုံးထဲကိုထည့္တယ္။ ၿပီးေတာ့ ေနာက္တစ္ေပါင္ကိုထပ္ဆြဲလိုက္တယ္၊ အသားေတြဖ်က္ေနရင္း တစ္ခါတစ္ခါလည္း အသားစိမ္းေတြကိုလွီးလွီးၿပီးေတာ့ သူ႔ပါးစပ္ထဲကိုပစ္ပစ္ထည့္ၿပီး ဝါးစားေသးတယ္ဗ်၊ က်ဳပ္ျဖင့္ ဒီလူႀကီးကိုၾကည့္ရင္း တစ္ကိုယ္လုံး ၾကက္သီးေတြထေနတာ ေျပာမေနပါနဲ႔ေတာ့ဗ်ာ။
နာနာဘာဝတစ္ခ်ိဳ႕ကေတာ့ အသားလုမရလို႔ အဲဒီလူႀကီးအနားကိုကပ္လာတယ္ဗ်၊ အဲဒီလူႀကီးက ဓါးနဲ႔႐ြယ္ၿပီးေတာ့
“ေဟ့ေကာင္ေတြ၊ ငါ့ဆီက လာမလုၾကနဲ႔ေနာ္၊ လုရင္မင္းတို႔ေသမယ္မွတ္”
အဲဒီလိုဓါးႀကိမ္းႀကိမ္းလိုက္တာနဲ႔ နာနာဘာဝေတြက အေနာက္ကိုဆုတ္သြားတာပဲ။
“ဟိတ္ေကာင္၊ ရပ္လိုက္စမ္း”
ဦးဘသာႀကီးက အဲဒီလူႀကီးအေရွ႕မွာ ခါးေထာက္ၿပီးသြားရပ္တယ္ဗ်၊ က်ဳပ္ကိုေတာင္မွ မေခၚသြားဘူး၊ က်ဳပ္ကေတာ့ သစ္ပင္ကြယ္တစ္ခုကေနၾကည့္ေနတာကိုး။ ဦးဘသာကို အဲဒီလူႀကီးက ေမာ့ၾကည့္တယ္ဗ်။
“ဟဲ့ နာနာဘာဝေကာင္၊ ငါေကြၽးတာကိုစား၊ ငါ့ဆီက လာလုစားရင္ ေသမယ္ေနာ္”
ေျပာေနရင္း သားလွီးဓါးႀကီးကို ေထာင္ျပတယ္ဗ်၊ ဦးဘသာက ရယ္ေမာလိုက္ၿပီး
“ေအာင္မာ ငါ့မ်ားနာနာဘာဝတဲ့၊ နင္သာ နာနာဘာဝေကာင္ဟဲ့”
ဦးဘသာ လက္ညႇိဳးထိုးၿပီးေျပာလိုက္ေတာ့ ဒီလူႀကီးက ခ်က္ခ်င္းမ်က္ႏွာႀကီးေတြ ပြတက္၊ လက္ႀကိးေတြတုတ္လာၿပီးေတာ့ လူဝႀကီးတစ္ေယာက္လိုျဖစ္သြားတယ္ဗ်၊ သူ႔ဗိုက္ႀကီးက ပြင့္ေနၿပီးေတာ့ အူေတြကလည္း အေခြလိုက္ထြက္က်ေနေသးတယ္၊ ဗိုက္ထဲကေနလည္း ေလာက္ေတြ႐ြစိ႐ြစိနဲ႔သြားေနတာပဲဗ်ာ၊ ဦးဘသာႀကီးကိုၾကည့္ၿပီးေတာ့ အသံဆိုးႀကီးနဲ႔ေအာ္ဟစ္လိုက္တယ္ဗ်။
“မင္းကလူလားကြ၊ လူဆိုရင္ေတာ့ အမဲဖ်က္ပစ္ရမွာေပါ့”
ဦးဘသာကို သားလွီးဓါးနဲ႔လွမ္းခုတ္တာဗ်၊ ဒါေပမယ့္ ဦးဘသာေခါင္းအနားအေရာက္မွာ ဓါးက တုန႔္ခနဲေလေပၚမွာရပ္တန႔္သြားတယ္၊ ဦးဘသာက အဲဒီဓါးသြားကို လက္နဲ႔ေတာက္ထည့္လိုက္ေတာ့ ဓါးႀကီးတစ္ခုလုံးက မွန္ကြဲထြက္သြားသလို တစ္စစီကြဲထြက္သြားတာပဲဗ်ာ။ ဒီေတာ့ အဲဒီေကာင္ႀကီးက အသံၿပဲႀကီးနဲ႔ေအာ္တယ္၊ ၿပီးေတာ့ ေလျပင္းျပင္းတစ္ခ်က္ရႈသြင္းလိုက္ၿပီး ဘူဘြတ္ဆိုၿပီး ေလတစ္ခ်က္လည္လိုက္တာပဲဗ်ာ၊ ေလလည္လိုက္ေတာ့ အပုပ္နံ႔ႀကီးေတြက ေထာင္းခနဲထြက္လာတာ ေျပာမေနပါနဲ႔ေတာ့ဗ်ာ၊ သူတို႔အနားမွာ အသားလုစားေနတဲ့ နာနာဘာဝေတြေတာင္မွ ကိုယ္ေနတဲ့ဆီကိုထြက္ေျပးၾကတယ္ဗ်ိဳ႕။ ဦးဘသာလည္း ႏွာေခါင္းကိုလက္ႏွစ္ေခ်ာင္းနဲ႔ညႇစ္ၿပီးပိတ္ထားတယ္။
“ေတာ္ေတာ္ညစ္ပတ္တဲ့ေကာင္ပဲ”
ဦးဘသာက လက္နဲ႔တြန္းထုတ္လိုက္ေတာ့ ဒီေကာင္ႀကီးအေနာက္ကို ေပႏွစ္ဆယ္ေလာက္လြင့္ထြက္သြားေသးတာဗ်၊ အားေတာ့မေလွ်ာ့ဘူးေနာ္၊ ဦးဘသာကို အမိအရျပန္လုပ္ေသးတာ၊ ဒါေပမယ့္ ဦးဘသာကိုတစ္ခ်က္ေတာင္မထိပါဘူးဗ်ာ၊ ေတာ္ေတာ္ၾကာၾကာတိုက္ခိုက္ၿပီးေတာ့ ဒီေကာင္ႀကီးတစ္ခ်က္ၿငိမ္က်သြားတယ္ဗ်။
“အရင္ဘဝက မေကာင္းတာေတြလုပ္ခဲ့လို႔ အခုလိုျဖစ္ေနတာကိုေတာင္ သံေဝဂမရႏိုင္ေသးဘူးလား သဒိုးရဲ႕”
ဒီေကာင္ႀကီးက ၿငိမ္က်သြားတာဗ်၊ ေနာက္ေတာ့ လူတစ္ေယာက္အျဖစ္ျပန္လည္ေျပာင္းလဲသြားတယ္၊ ဦးဘသာက လက္ညႇိဳးနဲ႔ထိုးထားၿပီးေတာ့ သူ႔ကိုဖိညႇစ္ေနတာေပါ့ဗ်ာ။
“မင္းအမွားကိုမင္းသိၿပီး ေတာင္းပန္စမ္း”
“ေတာင္းပန္ပါတယ္၊ က်ဳပ္ေတာင္းပန္ပါတယ္ဆရာႀကီးရယ္”
“ေျပာစမ္း၊ မင္းဘာေၾကာင့္ ႏြားေတြကိုခိုးေနရတာလဲ”
ဒီလူႀကီးက ဘာမွမေျပာဘဲ ေခါင္းတခါခါ လည္တခါခါသာ လုပ္ေနတယ္ဗ်။ ေနာက္ေတာ့ ဦးဘသာႀကီးကို အနားကပ္ဖို႔ေခၚတယ္၊ ဦးဘသာႀကီးလည္း အနားကပ္သြားေရာ သူတို႔ႏွစ္ေယာက္ တစ္ခုခုကိုတိုးတိုးေလးေျပာတယ္ဗ်၊ ဦးဘသာႀကီးေတာင္မွ သူေျပာတာၾကားၿပီးေတာ့ ထိတ္လန႔္သြားတယ္။
“ကဲရၿပီ၊ မင္းငယ္ထိပ္ကိုျပစမ္း”
အဲဒီလူႀကီးက ေခါင္းေပါင္းႀကီးကိုေျဖလိုက္တယ္ဗ်၊ ငယ္ထိပ္မွာ အလင္းေရာင္ေတြထြက္ေနတဲ့ ဝလုံးပုံစံတစ္ခုရွိတယ္၊ ဦးဘသာက အဲဒီဝလုံးပုံစံကို လက္ညႇိဳးနဲ႔ထိၿပီးေတာ့ ၾကက္ေျခခတ္ပုံစံ ေရးဆြဲလိုက္တယ္ဗ်ာ။ ၿပီးတာနဲ႔ မႏၲန္တစ္ခုခု႐ြတ္ၿပီးေတာ့ ငယ္ထိပ္ကိုလက္နဲ႔ပုတ္ခ်လိုက္ေတာ့ အဲဒီလူႀကီး ပါးစပ္ႀကီးၿဖဲကာ ေအာ္ဟစ္ရင္းနဲ႔ တျဖည္းျဖည္းျမဳမႈန္ေတြျဖစ္ၿပီးေတာ့ ေပ်ာက္သြားေတာ့တာပါပဲဗ်ာ။ သူေပ်ာက္သြားတာနဲ႔ ေတာႀကီးတစ္ခုလုံးတိတ္ဆိတ္သြားတယ္ဗ်၊ ဖ်က္လက္စႏြားႀကီးနဲ႔ အမဲသားေတာင္းႀကီးကေတာ့ က်န္ခဲ့တာေပါ့ဗ်ာ။
က်ဳပ္လည္း ဒီေတာ့မွ ဦးဘသာဆီကိုေျပးထြက္သြားလိုက္မိတယ္။
“ဦးဘသာ ၿပီးသြားၿပီလား”
ဦးဘသာက လက္ႏွစ္ဖက္ကိုပြတ္ကာ ဖုန္ခါရင္း
“တစ္ရန္ေတာ့ေအးသြားၿပီေဟ့၊ ေနာက္တစ္ရန္ပဲက်န္ေတာ့တယ္”
“ဗ်ာ၊ ေနာက္တစ္ေကာင္ရွိေသးတယ္လား”
“မဟုတ္ဘူးကြ၊ ဒီလူႀကီးက အရင္ဘဝက သားသတ္သမားႀကီးျဖစ္ခဲ့တဲ့သူပဲ၊ သူေသသြားတာေတာင္မွ သူ႔ကိုဆက္ၿပီးခိုင္းစားတာခံေနရတာ”
“ေတာ္ေတာ္ယုတ္မာတဲ့သူပဲဗ်ာ၊ ဘယ္သူကမ်ား ဒီလိုခိုင္းစားပါလိမ့္ေနာ္”
ဦးဘသာက မိုးေပၚကိုေမာ့ၾကည့္ရင္း
“ဒီေနရာမွာပဲေစာင့္ေနၾကရေအာင္၊ သိပ္မၾကာခင္ လာေတာ့မွာပါကြ”
(၅)
အခ်ိန္ေတြဘယ္ေလာက္ၾကာလို႔ ၾကာလိုက္သလဲမသိဘူးဗ်၊ ေတာႀကီးထဲမွာ က်ဳပ္တို႔ႏွစ္ေယာက္တည္းရယ္၊ ပတ္ဝန္းက်င္တစ္ခုလုံး တိတ္ဆိတ္ေနတာမ်ား အပ္က်သံေတာင္မၾကားရဘူးဗ်ာ၊ ေနာက္ေတာ့ မၾကာပါဘူး၊ မီးလုံးနီနီႀကီးတစ္ခုက လူအရပ္အျမင့္ေလာက္ကေနၿပီးေတာ့ နိမ့္ခ်ည္ ျမင့္ခ်ည္နဲ႔လာေနတယ္ဗ်၊ က်ဳပ္လည္း ေျပးပုန္းမယ္လုပ္ေတာ့ ဦးဘသာက က်ဳပ္ပုခုံးကိုလက္နဲ႔ကိုင္ထားတယ္။
“မင္းပါရွိေနဖို႔လိုတယ္၊ ဒီလူက မင္းနဲ႔ေတြ႕ဖို႔လိုတဲ့လူကြ”
ေနာက္ေတာ့ အေမွာင္ထဲကေန မိန္းကေလးတစ္ေယာက္ေလွ်ာက္လာတယ္ဗ်၊ အေမွာင္ထဲဆိုေတာ့ မသဲကြဲဘူးေပါ့ဗ်ာ၊ အဲဒီမိန္းကေလးရဲ႕ ေခါင္းက အနီေရာင္ႀကီးလင္းသြားလိုက္၊ မွိန္သြားလိုက္နဲ႔ျဖစ္လို႔ဗ်၊ အနားေရာက္ေတာ့ အဲဒီမိန္းကေလးက ဦးဘသာနဲ႔က်ဳပ္နဲ႔ကို အထူးအဆန္းသဖြယ္ၾကည့္တယ္။
“ပန္း၊ ပန္းညိဳ”
က်ဳပ္လည္း သူ႔ကိုၾကည့္ၿပီးေရ႐ြတ္လိုက္မိေတာ့တယ္ဗ်ာ၊ က်ဳပ္ျမင္ေနရတာကို ယုံေတာင္မယုံႏိုင္ဘူး၊ ပန္းညိဳက လွည့္ေျပးမယ္အလုပ္မွာ ဦးဘသာလွမ္းၿပီးေတာ့
“ရပ္စမ္း၊ နင္လွည့္ေျပးမယ္မႀကံနဲ႔ေနာ္”
ဒီေတာ့ ပန္းညိဳလည္းရပ္သြားေတာ့တယ္။ က်ဳပ္ကေတာ့ မယုံႏိုင္ေသးဘူး။
“ပန္းညိဳ၊ ပန္းညိဳ ဒီကိုဘာလာလုပ္တာလဲ”
“အကိုေလး၊ အကိုေလးကေရာ ဘာလာလုပ္တာလဲ”
ဦးဘသာက ၾကားထဲကေနဝင္ၿပီးေတာ့
“အလတ္ေကာင္ရာ မင္းက က်ားတစ္ေကာင္လုံးေရွ႕မွာေရာက္ေနတာကို ေျခရာလိုက္ရွာေနခ်င္ေသးတာလားကြ၊ မင္းရဲ႕ ပန္းညိဳက စုန္းမကြ”
“ဗ်ာ”
က်ဳပ္နားကိုေတာင္ က်ဳပ္မယုံခ်င္ဘူးဗ်ာ၊ က်ဳပ္လည္း ပန္းညိဳဘက္ကိုၾကည့္ၿပီး
“ပန္းညိဳတကယ္ေျပာတာလား၊ ဦးဘသာေျပာတာေတြက အမွန္ေတြပဲလား”
ပန္းညိဳက ေခါင္းကေလးငုံ႔ၿပီးေတာ့ အသာညိတ္ျပရွာတယ္ဗ်၊
“စုန္းမတင္ဘယ္ကပါ့မလဲကြာ၊ စိတ္ဓါတ္ကလည္း ေအာက္တန္းက်ေသးတယ္၊ ခုကန သားသတ္သမားႀကီးက သူ႔အေဖေပ့ါကြ၊ သူ႔အေဖက တစ္သက္လုံးအသားသတ္တဲ့အလုပ္နဲ႔ အသက္ေမြးလာခဲ့တဲ့ သဒိုးႀကီးပဲကြ၊ ပန္းညိဳက လုပ္မစားကိုင္မစားခ်င္လို႔ ေသသြားတဲ့အေဖကိုေတာင္ ဖမ္းထားၿပီးေတာ့ သူမ်ားႏြားေတြကို ခိုးခိုးၿပီးေတာ့ သတ္ခိုင္းေနတာေပါ့ကြ”
ပန္းညိဳက ငိုေနတယ္ဗ်။
“မင္းပဲစဥ္းစားၾကည့္စမ္းပါကြာ၊ အမဲသားလတ္လတ္ဆတ္ဆတ္ေန႔တိုင္းရတယ္ဆိုေတာ့ ဘယ္ကရေနတာျဖစ္မလဲကြ၊ ပန္းညိဳလုပ္ရပ္ေတြကို ေပေတာ႐ြာကလူေတြက ရိပ္စားမိသြားလို႔ သူက ငါတို႔႐ြာကိုလာၿပီးေတာ့ စားက်က္အသစ္ရွာတာပဲ၊ အဲဒီမွာ မင္းနဲ႔ေတြ႕တယ္၊ မင္းနဲ႔ခင္မင္ေအာင္ ေပါင္းသင္းၿပီးေတာ့ မင္းကိုအသုံးခ်ေနခဲ့တာပဲ အလတ္ေကာင္”
က်ဳပ္ေခါင္းကိုတြင္တြင္ခါတယ္။
“မယုံဘူး၊ ဦးဘသာေျပာတာေတြကို က်ဳပ္မယုံဘူး၊ ပန္းညိဳ၊ သူေျပာတာေတြကတကယ္ပဲလား၊ က်ဳပ္ကို၊ က်ဳပ္ကို ပန္းညိဳကိုယ္တိုင္ေျပာစမ္းပါ”
ပန္းညိဳက ငိုယိုရင္း
“သူေျပာတာေတြက အမွန္ေတြပါ”
က်ဳပ္လည္း စိတ္မထိန္းႏိုင္ေတာ့ဘဲ ပန္းညိဳအနားကို တိုးကပ္သြားလိုက္တယ္၊ ပန္းညိဳရဲ႕လက္ေမာင္းေတြကို လက္နဲ႔ညႇစ္ကိုင္ၿပီးေတာ့
“က်န္တာေတြမွန္တာ ဘာမွမျဖစ္ဘူးပန္းညိဳ၊ တစ္ခုေတာ့မွားတယ္မဟုတ္လား၊ အဲဒါကေတာ့ က်ဳပ္ကို၊ က်ဳပ္ကို ပန္းညိဳတကယ္ခ်စ္ခဲ့တာမဟုတ္လား၊ ပန္းညိဳမညာပါနဲ႔၊ ပန္းညိဳ ကိုယ့္ကိုယ္ကိုယ္မညာစမ္းပါနဲ႔”
ပန္းညိဳက ဆြံ႕အေနေလသည္။
“က်ဳပ္ကေတာ့ မညာပါဘူး၊ က်ဳပ္ပန္းညိဳကိုခ်စ္တယ္၊ က်ဳပ္ပန္းညိဳကိုတကယ္အခ်စ္စစ္နဲ႔ခ်စ္ခဲ့တယ္၊ ဒီေတာ့ ပန္းညိဳက စုန္းမကလို႔ ဘာပဲျဖစ္ျဖစ္၊ က်ဳပ္မေၾကာက္ဘူး၊ က်ဳပ္ပန္းညိဳကိုလက္ထပ္ယူမယ္”
ဒီေတာ့မွ ပန္းညိဳက က်ဳပ္ကိုေမာ့ၾကည့္ရင္း
“မျဖစ္ဘူးအကိုေလး၊ ပန္းညိဳက ယုတ္ညံ့တဲ့စုန္းမပါ၊ ေနာက္ၿပီး မုဆိုးမ၊ ကေလးတစ္ေယာက္အေမပါ၊ ဒီေတာ့ ပန္းညိဳနဲ႔အကိုေလးဟာ ဘယ္ေတာ့မွမဆုံႏိုင္ဘူးအကိုေလး”
“ရတယ္ပန္းညိဳ၊ ပန္းညိဳဘာပဲျဖစ္ေနျဖစ္ေနရတယ္၊ ပန္းညိဳကိုအကိုခြင့္လႊတ္တယ္၊ ပန္းညိဳေရွ႕ေလွ်ာက္ မေကာင္းတာေတြမလုပ္ေတာ့ဘူးဆိုရင္ကို ရၿပီ”
ဒီအခ်ိန္မွာ ပန္းညိဳက က်ဳပ္ရင္ဘတ္ကိုတြန္းထည့္လိုက္တယ္ဗ်၊ က်ဳပ္လည္း အေနာက္ကိုလြင့္ထြက္သြားၿပီး သဲေသာင္ခုံေပၚလဲက်သြားတာေပါ့၊ ပန္းညိဳက သူ႔နဖူးကိုသူ လက္နဲ႔ထိလိုက္တယ္။ သူ႔လက္ေခ်ာင္းေတြကလည္း တစ္ခ်က္လင္းထြက္သြားတယ္ဗ်။ ဦးဘသာက အေရွ႕ကိုေျခတစ္လွမ္းတက္ၿပီးေတာ့
“ေဟ့၊ ကေလးမ၊ မလုပ္နဲ႔”
ဦးဘသာေအာ္ေပမယ့္ ေနာက္က်သြားၿပီဗ်၊ ပန္းညိဳက စူးစူးဝါးဝါးတစ္ခ်က္ေအာ္ၿပီးေတာ့ ဒူးေထာက္လဲက်သြားတယ္၊ က်ဳပ္လည္း အေျပးထၿပီးေတာ့ ပန္းညိဳခႏၶာကိုယ္ကို ေကာက္ေပြ႕လိုက္တယ္။
“ပန္းညိဳ၊ ပန္းညိဳ”
“အကိုေလး၊ ပန္းညိဳ အကိုေလးကို ခ်စ္ . . ခ်စ္”
ပန္းညိဳတစ္ေယာက္ေျပာရင္းဆိုရင္ ဇက္က်ိဳးက်သြားေတာ့တာပါပဲဗ်ာ၊ က်ဳပ္ရင္ဘတ္ေတြေတာ့ တဒုန္းဒုန္းနဲ႔ ေပါက္ကြဲသလိုျဖစ္ေနတယ္ဗ်၊ ကိုယ့္ကိုယ္ကိုယ္လည္း ဘာေတြျဖစ္လို႔ ျဖစ္ေနမွန္းကိုမသိေတာ့ပါဘူးဗ်ာ။ ဦးဘသာက က်ဳပ္အနားကိုလမ္းေလွ်ာက္လာရင္းနဲ႔ က်ဳပ္ပုခုံးကိုလက္နဲ႔ပုတ္လိုက္ေတာ့တယ္။ က်ဳပ္မ်က္လုံးထဲမွာ ဘာမွမျမင္ရေတာ့ဘူးဗ်ာ၊ အလင္းေရာင္ေတြပဲ ျမင္ရေတာ့တယ္၊ ၿပီးေတာ့ က်ဳပ္မ်က္ခြံေတြေလးလံလာၿပီးေတာ့ မ်က္လုံးေတြကို သူ႔အလိုလိုမွိတ္က်သြားေတာ့တယ္ဗ်ာ။
ေလးငါးရက္ေလာက္ ၾကာခဲ့ၿပီဗ်၊ အခုရက္ပိုင္း က်ဳပ္ေနရတာမေကာင္းဘူးဗ်ာ၊ စိတ္ထဲမွာ လြမ္းေဆြးသလိုလိုႀကီးက်န္ေနခဲ့ေသးတယ္၊ ဦးဘသာႀကိးကေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီး က်ဳပ္ကိုဘာမွမေျပာေတာ့ပါဘူး၊ က်ဳပ္လည္း ဆက္မေတြးေတာ့ဘူးလို႔ စဥ္းစားထားတယ္၊ ႐ြာျပင္မွာ ငူငူႀကီးထိုင္ေနတဲ့ က်ဳပ္အနားကို ဦးဘသာက ေရာက္လာတယ္ဗ်။
“ပန္းဆိုတာ ပြင့္တဲ့အခ်ိန္ကေလးကိုပဲ မက္မက္ေမာေမာ နမ္းရႈံ႕ရတယ္မဟုတ္လားအလတ္ေကာင္ရ၊ ပန္းပြင့္ေတြက ပြင့္သြားၿပီးရင္ ေႂကြက်သြားတာပဲ၊ ဒါေပမယ့္ အဲဒီပန္းကိုစိုက္ခဲ့တဲ့လူကေတာ့ ဘယ္တုန္းကပြင့္ခဲ့တဲ့ ပန္းကေလးဆိုၿပီး အမွတ္ရေနဆဲပဲမဟုတ္လား”
“ဟုတ္ပါတယ္ ဦးဘသာ၊ ပန္းညိဳဆိုတာလည္း အခုဦးဘသာေျပာသလိုမ်ိဳး က်ဳပ္ရင္ထဲမွာပြင့္ၿပီးေတာ့ ေႂကြလြင့္သြားခဲ့တဲ့ ပန္းတစ္ပြင့္လိုပါပဲ”
ဦးဘသာက ေခါင္းတဆတ္ဆတ္ညိတ္ၿပီးေတာ့
“ဒါနဲ႔ အလတ္ေကာင္ေရ၊ ငါခရီးထြက္မလားလို႔ကြ”
“ဘယ္သြားမလို႔လဲဗ်”
“ငါ့ႏြားေတြကုန္ၿပီေလကြ၊ အခုဆိုတစ္ေကာင္ပဲရွိေတာ့တာ၊ တို႔ဗမာအယူအဆအရ တိရစၱာန္ေမြးရင္ တစ္ေကာင္တည္းမေမြးၾကဘူးကြ၊ အေဖာ္မဲ့တတ္တယ္ဆိုပဲေလ၊ ဒါေၾကာင့္ ႏြားဝယ္ထြက္မလားလို႔”
“ႏြားမ်ားဗ်ာ၊ ဦးဘသာဘယ္ကဝယ္မွာလဲ”
ဦးဘသာက ေခါင္းခါရင္း
“မဟုတ္ဘူးကြ၊ ႏြားဆိုေပမယ့္ ႏြားေကာင္း၊ ႏြားဆိုးဆိုတာရွိေသးတယ္၊ ေမြးအပ္တဲ့ႏြား၊ မေမြးအပ္တဲ့ႏြား၊ ခိုင္းေကာင္းတဲ့ႏြား၊ ခိုင္းမေကာင္းတဲ့ႏြားဆိုတာ ရွိျပန္ေရာ၊ ငါက ႏြားကိုစိတ္ႀကိဳက္ ေခ်ာတာလွတာ ေမြးခ်င္တာဆိုေတာ့ ႐ြာစဥ္လွည့္ၿပီး ႏြားၾကည့္မယ္ကြာ၊ ကိုယ္ႀကိဳက္တာေတြ႕ေတာ့လည္း ဝယ္တာေပါ့၊ ခုဆို လယ္လည္းၿပီးၿပီဆိုေတာ့ ငါလည္းပ်င္းေနတာနဲ႔အေတာ္ပဲ”
“ဦးဘသာသြားရင္ က်ဳပ္လည္းလိုက္ခဲ့မယ္ဗ်ာ”
“လိုက္ခ်င္လည္း လိုက္ေပါ့၊ ဒါေပမယ့္ မင္းအိမ္က ခြင့္ျပဳခ်က္ေတာ့ယူအုံးေနာ္”
က်ဳပ္လည္းအိမ္ျပန္ေျပးၿပီးေတာ့ အေဖတို႔နဲ႔တိုင္ပင္တာေပါ့ဗ်ာ၊ အေဖကေတာ့ က်ဳပ္ေျပာတာနားေထာင္ရင္း
“အေဖကေတာ့ တားစရာမရွိပါဘူးကြာ၊ ေနာက္ၿပီး မင္းလည္း ဦးဘသာႀကီးဆီက ႏြားပညာေတြသင္ထားကြ၊ ႏြားနဲ႔လွည္းဆိုတာ တို႔ေတာမွာ မတိမ္ေကာဘူးတဲ့ကြ၊ အေရွ႕ပိုင္းက ဦးသာေအာင္သားေတာင္မွ ႏြားေကာင္းေတြဝယ္ေရာင္းလုပ္ၿပီး ကုန္ကူးၿပီးေတာ့ ခ်မ္းသာသြားတာမဟုတ္လား၊ ႏြားၾကည့္တာကလည္း ပညာပဲကြ”
အေဖကေျပာၿပီးေတာ့ အေမ့ကိုလွမ္းၾကည့္တယ္ဗ်၊ အေမကလည္း ေခါင္းတညိတ္ညိတ္ပါပဲ။
“က်ဳပ္လည္းတားစရာမရွိေပါင္ေတာ္၊ ဦးဘသာနဲ႔ဆိုေတာ့လည္း စိတ္ခ်ရတာပ၊ အလတ္ေကာင္၊ နင့္အေဖေျပာသလို ႏြားပညာသင္စမ္းဟာ၊ ႏြားဆရာျဖစ္ေတာ့လည္း စားဖို႔ေသာက္ဖို႔မပူရဘူးေပါ့၊၊ ေနာက္ၿပီးေတာ့ ဝယ္ေရာင္းလုပ္မယ္ဆိုရင္လည္း စီးပြားျဖစ္တာေပါ့”
ဒါနဲ႔ပဲ က်ဳပ္ခရီးသြားဖို႔ အတည္ျဖစ္သြားေတာ့တယ္၊ သြားမွာကလည္း ခပ္ေဝးေဝးမဟုတ္ပါဘူးဗ်ာ၊ က်ဳပ္တို႔နားက ႐ြာေတြဆီမွာ ႐ြာစဥ္လွည့္ၿပီး ႏြားေကာင္းႏြားလွလိုက္ၾကည့္ဖို႔ပါ၊ ၿပီးေတာ့ ႀကိဳက္ေဈးတည့္ရင္ဝယ္႐ုံေပါ့ဗ်ာ၊ က်ဳပ္လည္း စိတ္ေျပလိုေျပျငားဆိုၿပီးေတာ့ လိုက္ဖို႔ဆုံးျဖတ္လိုက္တာပါပဲ၊ ဒါေပမယ့္ ဒီခရီးစဥ္က ထင္သေလာက္မေျဖာင့္ျဖဴးဘူးဗ်၊ ဘာလို႔လဲဆိုေတာ့ က်ဳပ္တစ္သက္မွာ တစ္ခါမွ စိတ္ေတာင္မကူးဖူးတဲ့ အျဖစ္ဆန္းေတြနဲ႔ ေတြ႕ခဲ့ရလို႔ပဲဗ်။
ပန္းညိဳ၊ ပန္းညိဳကေတာ့ ဦးဘသာႀကီးေျပာခဲ့သလို က်ဳပ္ရင္ထဲမွာပြင့္လန္းၿပီး ေႂကြက်သြားခဲ့ေပမယ့္ အဲဒီပန္းရဲ႕ရနံ႔ကေလးကို အၿမဲအမွတ္ရေနမယ့္ ရင္ထဲက ပန္းတစ္ပြင့္ေပါ့ဗ်ာ။
ၿပီးပါၿပီ။
ေမတၱာရွင္ေ႐ႊျပည္သာ၏ ဒိုးကေလးဝတၳဳကို အနည္းငယ္မွီးျငမ္းထားပါသည္။
စာေရးသူအားလည္း အထူးေလးစားလွ်က္
#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ