Unicode Version
“စုန်းထီးကြီးဦးဘသာ နှင့် ရွာဦးကျောင်းက အုန်းမောင်းသံ”(စ/ဆုံး)
—————————————————————————–
အတွဲ(၅) စာစဉ်(၁)
ပန်ကြားချက်။
ယခုဖော်ပြပါ ဦးဘသာအတွဲ(၅)တွင် ဦးဘသာ၏ ရှုထောင့်မှတင်ဆက်ပေးသွားမည်ဖြစ်ပါသည်။
(၁)
ရှည်ရှည်ဝေးဝေးပြောမနေတော့ပါဘူးဗျာ၊ ကျုပ်နာမည်သာဒင်ပါ၊ လူတွေကတော့ ဘသာလို့ပဲခေါ်ကြတယ်၊ အသက်ကြီးပြီဆိုတော့ ဦးတပ်ပြီးတော့ ဦးဘသာပဲခေါ်ကြတယ်ဆိုပါတော့ဗျာ၊ အခုတလော ကျုပ်နေလို့ထိုင်လို့သိပ်မကောင်းဘူးဗျာ၊ နေလို့မကောင်းတာကလည်း ဘာရောဂါကြောင့်ရယ်လို့တော့မဟုတ်ပါဘူးဗျာ၊ အဓိကကတော့ စိတ်ကြောင့်ပါ၊ စိတ်ကြောင့်လို့ပြောရအောင်လည်း ကျုပ်ကစိတ်ရောဂါဖြစ်နေတာမဟုတ်ဘူးရယ်ဗျ။ ကျုပ်အိမ်ကိုဝင်ထွက်သွားလာနေတဲ့ ကျုပ်တူသားတစ်ယောက်လိုခင်မင်ရတဲ့ ခင်မောင်ဆိုတဲ့ကောင်လေးကြောင့်ပေါ့ဗျာ။ သင်္ကြန်ကျအပြီး သူ့ချစ်သူသေဆုံးသွားကတည်းက ရွာမှာမနေချင်တော့ဘူးဆိုပြီးထွက်သွားတဲ့ဒီကောင်လေးက အခုဆိုတစ်လနီးပါးတောင်ရှိတော့မယ် စာမလာသတင်းမကြားနဲ့ဗျ။ အတူရှိချိန်တုန်းကတော့ ဒီကောင်လေးဟာ ငမွှေလေး၊ ငရှုပ်လေးဆိုပြီး စိတ်ပျက်မိတာတော့အမှန်ပါပဲဗျာ၊ ဒါပေမယ့် သူမရှိတော့လည်း ကျုပ်ဘဝကြီးက ပျင်းခြောက်ခြောက်ကြီးဗျ၊ တစ်နေကုန်မနက်အိပ်ရာထ နွားထွက်ကျောင်း၊ ရွာကိုပြန်ဝင် ဒါနဲ့ပဲနှစ်ပါးသွားနေရတော့တာဗျ။
ဒီနေ့လည်း ကျုပ်နွားတွေကိုဆွဲပြီး ရွာပြင်ကိုထွက်လာခဲ့တယ်၊ မိုးဦးကျလို့ မိုးလေးတစ်ဖြောက်နှစ်ဖြောက်လောက်ရွာလိုက်တာနဲ့ ရွာအပြင်က ကွင်းကျယ်ကြီးတွေထဲမှာ မြက်စို့တွေက နုတက်နေတဲ့အချိန်ပေါ့ဗျာ၊ နွားတွေကလည်း ဒီမြက်နုကိုသိပ်ကြိုက်တာမဟုတ်လား၊ ဒါနဲ့ နွားတွေထွက်ကျောင်းရင်း ရွာအပြင်ကုက္ကိုပင်အောက်မှာ တစ်ယောက်တည်းထိုင်နေမိတယ်ပေါ့ဗျာ။
ဒီအချိန် ရွာထဲကနေ သူကြီးသားအကြီးကောင်က ပေါက်တူးကလေးထမ်းပြီးထွက်လာသဗျ၊ သူ့ညီအငယ်ကောင်လည်းပါသေးတယ်၊ ကျုပ်နဲ့တွေ့တော့ ကျုပ်ကပဲသူတို့ကိုလှမ်းခေါ်လိုက်ပါတယ်ဗျာ။
“ဟေ့ အကြီးကောင်၊ ဘယ်သွားမလို့လဲကွ”
“ဘယ်သွားရမှာလဲဦးဘသာရာ၊ မိုးကျတော့မယ်ဗျ၊ အဲဒါ ကန်သင်းလေးဘာလေး နည်းနည်းပြင်မလို့လေဗျာ”
“အေးကွာ၊ ဒါနဲ့ မင်းတို့အလတ်ကောင်ဆီက ဘာသတင်းကြားသေးလဲကွ”
အကြီးကောင်က ခေါင်းခါပြရင်း
“ကျုပ်တို့လည်း ဒါပဲသိချင်နေတာဗျ၊ သူရွာကထွက်သွားပြီးတစ်ပတ်လောက်ကြာတော့ ရန်ကုန်ကနေ ဦးဆိုနီက စာပို့လိုက်သဗျာ၊ အလတ်ကောင် ကောင်းကောင်းမွန်မွန်ရောက်တဲ့အကြောင်းနဲ့ သူ့ဆီမှာနေရင်း အလုပ်တွေဝိုင်းကူပေးနေတယ်ဆိုတဲ့အကြောင်းပေါ့ဗျာ၊ ကျုပ်တို့လည်းစာပြန်လိုက်ပါတယ်၊ အဲဒီနောက်ပိုင်းကတည်းက စာမလာတော့တာပဲဗျ”
ကျုပ်လည်းသက်ပြင်းချလိုက်မိတယ်။
“အေးပါကွာ၊ ဘာပဲပြောပြော အလတ်ကောင်အဆင်ပြေတယ်ဆိုရင်ပဲ ငါဝမ်းသာပါတယ်”
အကြီးကောင်က ကျုပ်ကိုပြီတီတီကြည့်ရင်း
“ဘာလဲ၊ ဦးဘသာက အလတ်ကောင်မရှိတော့ ပျင်းနေတယ်မဟုတ်လား”
ကျုပ်လည်း ယောင်ပြီးတော့ ခေါင်းညိတ်မိလိုက်တယ်ဗျ၊ နောက်တော့မှ
“ပျင်းတယ်လို့လည်း မဟုတ်ပါဘူးကွာ”
“ဟာဗျာ၊ ဟန်မဆောင်စမ်းပါနဲ့၊ ခုနက ဦးဘသာခေါင်းညိတ်တာ ကျုပ်မြင်လိုက်တယ်နော်၊ အလတ်ကောင်လို ငမွှေမရှိတော့ ဦးဘသာကြီး ပျင်းနေတယ်မဟုတ်လား”
လူကြီးရှက်တော့ ပြုံးဆိုတဲ့အတိုင်းကျုပ်လည်း ပြုံးရင်း
“ဟာကွာ၊ သိရဲ့သားနဲ့ မေးမနေစမ်းပါနဲ့ကွာ”
အကြီးကောင်ကရယ်ရင်း
“သြော်၊ ဒါနဲ့ ဦးဘသာဒီနှစ်လယ်ထဲ မြေဆီမပြင်သေးပါလားဗျ၊ ပုံမှန်ဆိုရင် နောက်ချေးတွေချ၊ နောက်ချေးတွေဖြန့်ရတော့မယ်လေဗျာ၊ ဘာလဲ လယ်မစိုက်တော့ဘူးလား”
ကျုပ်လည်းခေါင်းညိတ်ပြီးတော့
“အေးကွ၊ ဒီနှစ်လယ်လုပ်ဖို့ကို စိတ်သိပ်မပါဘူးဖြစ်နေတယ်ကွာ၊ ဒါနဲ့ပဲ လယ်တွေကိုတစ်နှစ်လောက်တော့ အနားပေးထားမလားလို့”
“ဒါပေါ့ဗျာ၊ ဦးဘသာတို့လို သူဌေးတွေကတော့ တစ်နှစ်မစိုက်လည်း စားနိုင်သောက်နိုင်တယ်မဟုတ်လား”
“မင်းကတော့ ပြောရော့မယ်၊ သူဌေးမဟုတ်ပါဘူးကွ၊ ငါကတစ်ကိုယ်တည်းသမားဆိုတော့ ပုံမှန်စားဖို့သောက်ဖို့ကတော့ ဘယ်လိုနေနေရပါတယ်ကွ၊ မင်းတို့လို သားကျွေးမှု၊ မယားကျွေးမှုတွေမှ မရှိတာပဲ”
“ကောင်းတယ်ဗျာ၊ ကောင်းတယ်၊ ဦးဘသာကြီးပဲ အေးအေးနေနိုင်ပါတယ်၊ ကျုပ်တို့ကတော့ သားကျွေးမှု၊ မယားကျွေးမှုတွေရှိသေးတာဆိုတော့ စိုက်ချင်လည်းစိုက်၊ မစိုက်ချင်လည်းစိုက်ပေါ့ဗျာ၊ ကဲ ကဲ ကျုပ်တို့သွားပြီနော်”
“အေးအေး၊ ကောင်းကောင်းသွားကြကွာ၊ ဒါနဲ့ အလတ်ကောင်သတင်းလေးဘာလေးကြားရင် ငါ့လည်းပြောစမ်းပါကွ”
“ပြောမယ်ဦးဘသာ၊ ပြောမယ်”
အကြီးကောင်နဲ့အငယ်ကောင် ပေါက်တူးထမ်းသွားတာကြည့်ရင်း ကျုပ်ဖြင့်အလတ်ကောင်ကို အတော်သတိရသွားတယ်ဗျာ၊ တစ်ခါတစ်ခါများဆိုရင် ရွာအဝင်လမ်းအတိုင်း ရေးကြီးသုတ်ပြာနဲ့ပြေးလာတတ်တဲ့ အလတ်ကောင်ကို မျက်လုံးထဲမြင်ယောင်နေမိတယ်ဗျ။
(၂)
“ဟ၊ ဒီနေ့အုန်းမောင်းမခေါက်ပါလားဟ”
တစ်ရက်တော့ မိုးတွေကတဖွဲဖွဲနဲ့ရွာနေပါရောဗျာ၊ ကျုပ်က ပုံမှန်ဆိုရွာဦးကျောင်းက အုန်းမောင်းခေါက်တဲ့အခါ နိုးနေကျဗျ၊ အခုမနက်တော့ အုန်းမောင်းမခေါက်ပေမယ့်လည်း မျက်စိအကျင့် ဝမ်းအချင့်ဆိုသလို ကျုပ်မျက်လုံးက အကျင့်ဖြစ်နေတော့ မျက်စိကအလိုလိုပွင့်ပြီးနိုးလာသဗျ၊ ဒါနဲ့ ညကကျန်တဲ့ထမင်းကြမ်းခဲကို ဆီလေးနည်းနည်းနဲ့ မီးဖိုပေါ်မှာပြန်နွေးပြီးတော့ မြေပဲဆန်လှော်၊ နှမ်းလေးဖြူးပြီးတော့ ရေနွေးကြမ်းလေးနဲ့ မျှောချလိုက်တယ်ဆိုပါတော့ဗျာ။ ကျုပ်မနက်စာထမင်းစားပြီးတော့ ခမောက်ကြီးကောက်ဆောင်းပြီး နွားကျောင်းထွက်မယ်လုပ်တုန်း အကြီးကောင်က အိမ်ကိုပြေးလာသဗျ။
“ဦးဘသာရေ၊ ဗျို့ ဦးဘသာ”
အကြီးကောင်က ပြေးလာရင်းနဲ့ ခြံတံခါးဖွင့်ပြီးတော့ ကျုပ်အိမ်တံစက်မြိတ်အောက်ရောက်လာပါရောဗျာ။
“သြော်၊ အေး အကြီးကောင်ပါလား၊ မနက်ခင်းအစောလာပုံထောက်ရင် ဘာကိစ္စလဲကွ”
“ကိစ္စကတော့ အလတ်ကောင်ဆီက စာရောက်လို့ဗျ”
“ဟေ၊ အလတ်ကောင်ဆီက စာရောက်တယ်လား”
“ဟုတ်တယ်၊ မနက်ခင်းစောစော တန်းမြင့်ရွာက ကိုဗိုက်ပူက စက်ဘီးနဲ့လာပို့သွားတာပဲဗျ၊ ရောက်နေတာက မနေ့ကတည်းကတဲ့၊ အိမ်ကိုတစ်စောင်၊ ဦးဘသာအတွက်ဆိုပြီးတစ်စောင်ပါသေးတယ်ဗျ”
ကျုပ်လည်း ဝမ်းသာအားရနဲ့ အကြီးကောင်လက်ထဲက စာကိုလှမ်းယူလိုက်တယ်၊ စာအိတ်အဖြူခပ်ညိုညိုကလေးရဲ့ အနားသတ်မှာ အနီအပြာတုံးကလေးပါတဲ့ စာကလေးတစ်စောင်ပေါ့ဗျာ၊ အကြီးကောင်က ပုဆိုးကြမ်းတစ်ထည်နဲ့ထုပ်ထားတဲ့အထုပ်ကိုဖြည်ပြီး အထဲက စက္ကူအိတ်ကြီးကိုထုတ်လိုက်သေးတယ်ဗျ။
“ဟ၊ ဒါကရောဘာလဲကွ”
“ဘာဖြစ်ရမလဲဗျ၊ အလတ်ကောင်က အခုရန်ကုန်မှာအဆင်ပြေပြီးတော့ အခြေကျနေပြီတဲ့ဗျာ၊ ဟောဒါကတော့ ဦးဘသာအတွက် သူကန်တော့လိုက်တဲ့ ပုဆိုးတဲ့ဗျ”
ကျုပ်စိတ်ထဲအတိုင်းမသိဝမ်းသာသွားတာပေါ့ဗျာ၊ ဒါနဲ့ စာကိုအသာချပြီးတော့ စက္ကူအိတ်ကြီးကိုလှမ်းယူလိုက်တယ်၊ စက္ကူညိုညိုကြီးနဲ့လုပ်ထားတဲ့အိတ်ကိုဖြေလိုက်တော့ အထဲမှာစက္ကူအထပ်ထပ်ပတ်ပြီး သားရေပင်းနဲ့စွပ်ထားတဲ့ ကြားက ပုဆိုးကလေးကို ဖွင့်လိုက်မိပါရောဗျာ။ ပုဆိုးကလေးက လှတယ်ဗျ၊ နီညိုရောင်ကိုမှ ခဲရောင်ပြေးလေးတွေနဲ့ဖောက်ထားတာ၊ အကွက်ကလည်းလှတဲ့အပြင် ခဲရောင်ကလေးတွေက ပြောင်ပြောင်လက်လက်နဲ့ရယ်ဗျ၊ ကျုပ်လည်း ပုဆိုးကိုကြည့်ရင်း
“ဟာ၊ ပုဆိုးကတော့ ကောင်းချက်ကွာ”
“ကောင်းတာပေါ့ဗျာ၊ အဲဒါဘန်ကောက်ပုဆိုးတဲ့ဗျ”
ကျုပ်လည်း ကျုပ်ကိုယ်အောက်ပိုင်းမှာ ပုဆိုးပတ်ကြည့်ရင်း
“ဟ၊ ငါနဲ့လိုက်တယ်မဟုတ်လားကွ”
အကြီးကောင်က ပြုံးရယ်လျှက်
“လိုက်တာပေါ့ဗျာ၊ ဦးဘသာကြီး ဒီတစ်ခါအလှူရှိရင်တော့ ပွဲထုတ်လို့ရပြီပေါ့ဗျာ”
ကျုပ်မကွယ်မဝှက်တမ်းပြောရရင် ကျုပ်စိတ်ထဲတော်တော်ပီတိဖြစ်နေသဗျ၊ အဲဒီအပျော်က ဘာအပျော်နဲ့မှမတူဘူးဗျာ၊ ကျုပ်ကတစ်ယောက်တည်းသမားဆိုတော့ ကျုပ်ဘဝမှာ သူများဆီကလက်ဆောင်ရတယ်ဆိုတာ ခပ်ရှားရှားဗျ၊ အဝတ်အစားဆိုရင်ပိုဆိုးတာပေါ့ဗျာ၊ ကိုယ့်ဖာသာဝယ်ဝတ်ရတာ၊ အခုအလတ်ကောင်က ပုဆိုးကန်တော့တယ်တဲ့ဗျ၊ ပုဆိုးကလည်း သာမန်ချည်ပုဆိုးမဟုတ်ဘဲ ဈေးကြီးပုဆိုးမဟုတ်လားဗျာ၊ ဒီတော့ ကျုပ်ဘယ်လောက်ပျော်တယ်၊ ဘယ်လောက်ဝမ်းသာတယ်ဆိုတာ ခင်ဗျားတို့ခန့်မှန်းမိလောက်မှာပါဗျာ။
“သွားတော့မယ် ဦးဘသာ၊ ကျုပ်ရွာဦးကျောင်းကို သွားစရာရှိသေးတယ်”
ရွာဦးကျောင်းဆိုတော့မှ ကျုပ်လည်းသတိရသွားတယ်။
“ဟေ့၊ ဟေ့ နေစမ်းပါအုံးကွ၊ ဒါနဲ့ မနက်က ရွာဦးကျောင်းက အုန်းမောင်းမခေါက်ဘူးနော်ကွ”
ကျုပ်မေးတော့ အကြီးကောင်က ခေါင်းညိတ်ရင်း
“ဟုတ်တယ်ဗျ၊ အုန်းမောင်းက ပြတ်ထွက်သွားပြီ”
“ဟေ၊ ဘယ်လိုဖြစ်ရတာလဲကွာ”
“ကိုရင်တွေ ကျောင်းသားတွေဆော့တယ်ထင်ပါတယ်ဗျာ၊ အဲဒါအုန်းမောင်းထိပ်ဘက်က ကြိုးတွဲတဲ့သစ်သားက ပြုတ်ထွက်ပြီးကျသွားတာပဲ၊ အခု ရွာဦးကျောင်းဆရာတော်က အုန်းမောင်းအသစ်လုပ်ဖို့ အဖေ့ကိုပြောတာနဲ့ ကျုပ်လည်းသွားရမှာ၊ ဒါနဲ့ အုန်းမောင်းက ပြန်ပြင်မသုံးကောင်းဘူးဆိုဗျ”
ကျုပ်လည်း ခေါင်းညိတ်လိုက်ပြီး
“အေးအေး၊ ဒါတော့ဟုတ်တယ်ကွ၊ အုန်းမောင်းပျက်ရင် မဆက်ရ၊ မပြင်ရဘူးကွ၊ အုန်းမောင်းကိုသံနဲ့လည်းမနှက်ရဘူးတဲ့”
“ဘာဖြစ်လို့များပါလိမ့်ဗျာ”
“အုန်းမောင်းဆိုတာ ရွာတစ်ရွာရဲ့ကျက်သရေပဲကွ၊ မင်းတို့ဒီအတိုင်းကြည့်ရင် ဒီသစ်လုံးကြီးက ဘာမှမထူးဘူးဆိုပေမယ့် လောကီပညာနဲ့ကြည့်ရင် အုန်းမောင်းရဲ့သဘောက ရွာကိုအချက်ပြတဲ့သဘော၊ မနက်နေထွက်ပြီး တစ်နေထွက်လာပြီဖြစ်တဲ့အကြောင်း စတင်တဲ့မင်္ဂလာအသံပဲ၊ ဒီလိုမင်္ဂလာအရာကို မပြင်ကောင်း၊ မပြုကောင်းဘူးကွ”
“အင်းပေါ့ဗျာ၊ ရှေးလူကြီးတွေပြောခဲ့တာဆိုတော့လည်း ဖယ်ရှားလို့မှမရတာဗျ၊ ဦးဘသာပြောတော့မှ ကျုပ်လည်း အုန်းမောင်းခေါက်တာဟာ ဒီလောက်အရေးကြီးသလားဆိုပြီး တွေးမိတော့တာ”
ကျုပ်က အကြီးကောင်ကိုလက်ညှိုးထိုးပြီး
“မင်းအုန်းမောင်းခေါက်တတ်လား အကြီးကောင်”
“ခေါက်တော့မခေါက်ဖူးဘူးဗျ၊ ဒါပေမယ့် ခေါက်လို့လွယ်မှာပါ၊ ဒီအတိုင်းခေါက်တာပဲ ဥစ္စာ”
“မှားပြီအကြီးကောင်၊ မင်းမှားပြီ အုန်းမောင်းဆိုတာ အရမ်းကာရောခေါက်လို့မရဘူးကွ၊ ဘာလို့လဲဆိုတော့ ငါတို့လို အုန်းမောင်းသံကိုနားထောင်ပြီး ထတတ်တဲ့လူတွေရှိတယ်၊ အုန်းမောင်းသံကိုနားထောင်ပြီးတော့ ဒီနေ့ကဘယ်နေ့လဲဆိုတာကို တွက်ချက်တဲ့လူတွေရှိတယ်ကွ”
အကြီးကောင်က အံ့သြသွားတဲ့မျက်နှာပေးနဲ့
“နေပါအုံးဦးဘသာရ၊ အုန်းမောင်းသံနဲ့အိပ်ရာနိုးတာကတော့ ထားပါတော့ဗျာ၊ အုန်းမောင်းသံနားထောင်ပြီးတော့ ဘယ်နေ့ဘယ်ရက်ဆိုတာ သိနိုင်တယ်တဲ့လား”
“မင်းမှတ်ထား၊ မသိသေးရင်ပြောပြမယ်၊ အုန်းမောင်းခေါက်တယ်ဆိုတာ အချက်ပေးရုံတင်မဟုတ်ဘဲ ဂမ္ဘီရနည်းလမ်းဆန်သကွ၊ အုန်းမောင်းကို ခေါက်တာကတော့ လွယ်တာပေါ့ကွာ၊ ဒါပေမယ့် နည်းမှန်လမ်းမှန်ခေါက်တတ်ဖို့ကတော့ ရှေးဘုန်းကြီးကျောင်းထွက်တွေနဲ့ တကယ့်ဗဟုသုတရှိတဲ့လူတွေပဲ ခေါက်တတ်တာကွ”
ကျုပ်လည်း တံတွေးတစ်ချက်ထွေးလိုက်ပြီးတော့
“ဒီလိုကွ အုန်းမောင်းခေါက်တဲ့အခါ ပဌာန်း၂၄ပစ္စည်းရွတ်ကြရတယ်၊ ပြီးရင်အစပိုင်းမှာတော့ ခပ်ဆတ်ဆတ်ခေါက်ရတယ်ကွ ပဌာန်းရွတ်ရင်း ခပ်ဆတ်ဆတ်ခေါက်ပြီးတော့ ပဌာန်းပြီးသွားတဲ့အခါကျတော့ ခေါက်နေတာကိုရပ်လိုက်ရတယ်၊ ပြီးရင်တော့ တနင်္ဂနွေဆို တစ်ချက်ခေါက်၊ တနင်္လာနေ့ဆို နှစ်ချက်ခေါက်၊ အင်္ဂါဆိုသုံးချက်ပေါ့ကွာ၊ စနေဆိုရင်တော့ ခုနစ်ချက်ပေါ့ကွ၊ အဲဒီလိုအချက်တွေကိုတော့ ခပ်လေးလေးခေါက်ရတယ်၊ ခေါက်ပြီးရင်တော့ မနက်လေးနာရီဆိုတဲ့ အချိန်အရ လေးချက်ကိုမလေးမစိတ် ခပ်မှန်မှန်ခေါက်ပေးရတယ်ကွ”
“သြော်၊ ဒီလိုလားဗျ”
“ဒါကြောင့်ရှေးလူကြီးတွေက အိပ်ရာထပြီဆိုရင် အုန်းမောင်းခေါက်တဲ့အသံကိုနားထောင်ပြီးတော့ ဒီနေ့က တနင်္ဂနွေလား၊ တနင်္လာလားဆိုတာကို တွက်ကြတယ်ပေါ့ကွာ၊ မနက်မိုးလင်းကတည်းက ဒီနေ့ဘယ်နေ့ဆိုတာကို သိပြီးမှထကြတဲ့အတွက် နေ့မှားရက်မှားတာတွေဖြစ်ခဲတယ်၊ တို့ငယ်ငယ်တုန်းမြိုင်သာမြို့မှာ ဘကြီးတစ်ယောက်ရှိတယ်ကွ၊ သူ့ကိုဆိုရင် ဘိုးပြက္ခဒိန်လို့ခေါ်ကြတာ၊ သူ့ကိုဘယ်အချိန်ကြုံကြုံ ဒီနေ့ဘာနေ့လဲလို့မေးရင် မြန်မာခုနစ်၊ ရက်၊ လ အတိအကျပြောပြသကွ၊ ဒါတင်မကသေးဘူး ဒီနေ့က ရက်ရာဇာလား၊ ပြဿဒါးလား၊ အမြိတ္တစုတ်လား၊ မြေခံရက်ကြမ်းလား၊ လပြည့်လကွယ်လား၊ လဆန်းလားဆိုတာတွေကိုတောင် အတိအကျပြောတာကွ”
“ဟာ၊ ဒါကတော့ဗျာ၊ ဒီနေ့ဘာနေ့လဲဆိုတာကို ပြက္ခဒိန်ကြည့်ထားလို့ဖြစ်မှာပေါ့ဗျ”
ကျုပ်လည်းခေါင်းခါပြီး
“မဟုတ်ဘူးအကြီးကောင်ရ၊ သူ့ကိုဒီနေ့တစ်ရက်ထဲမေးလို့ရတာတင်မဟုတ်ဘူးကွ၊ ရှေ့တစ်ပတ်ကဘာနေ့လဲ၊ လာမယ့် အင်္ဂါနေ့က ဘယ်နေ့လဲ၊ တချို့ဆိုရင် မယုံကြလို့ တစ်လတိတိကြိုပြီးမေးကြတာကွ”
“ဟာ၊ သူဖြေတိုင်းမှန်ရောလား”
“အစစ်ပေါ့ကွ၊ သူဖြေတဲ့ရက်ကို ပြက္ခဒိန်မှာသွားကြည့် အဲဒီနေ့၊ အဲဒီရက်ပဲကွ၊ သူက သင်္ချာတွက်ကိန်းတစ်ခုသုံးတာကွ၊ အဲဒီတွက်ကိန်းကိုလည်း စိတ်ထဲမှာဖမ်းတွက်တာနော်၊ ငါတောင်မယုံလို့ သူ့ကိုတစ်နှစ်နဲ့သုံးလတိတိကြိုပြီးမေးကြည့်သေးတယ်”
“မှန်တာပဲလားဗျာ”
“ငါ့ကိုဆဲပါလေရောကွာ၊ ပယ်ပယ်နှယ်နှယ်ကိုဆဲတာကွ၊ နောက်တော့ သူ့လက်ချောင်းတွေကိုရေတွက်ပြီးတော့ ရေတွက်တယ်ကွ၊ နောက်တော့သူက နေ့တစ်နေ့ပြောတယ်၊ ငါလည်း အဲဒီနေ့ကို မှတ်စုစာအုပ်ထဲရေးမှတ်ထားတာပေါ့ကွာ၊ ဟော နောက်နှစ် ပြက္ခဒိန်ထွက်ပြီဆိုတော့ အဲဒီနေ့နဲ့တိုက်ကြည့်တာ ကွက်တိပဲကွာ၊ ငါဆိုရင် အဲဒီကတည်းက သူ့ကိုသြချသွားရတာ”
“ထူးပါပေ့ဗျာ၊ ဦးဘသာကြီးရော အဲဒီလိုနည်းမတတ်ဘူးလားဗျ”
“ငါ့ကိုသင်တော့သင်ပေးတယ်ကွ၊ ဒါပေမယ့် မလွယ်ဘူး၊ သူက သင်္ချာပါရမီပါမှရတာကွ၊ ဒီလိုကွာ အရင်ဆုံးကိုယ်မေးတဲ့ခုနစ်ကိုသူက အရင်တွက်တယ်၊ ပြီးတာနဲ့ လကိုတွက်တယ်၊ နောက်တော့ဘယ်ရက်ဆိုတာကို တွက်တယ်၊ အဲဒီရက်က တနင်္ဂနွေလား၊ တနင်္လာလားဆိုတာကို ထပ်တွက်တယ်၊ ပြီးရင် ဗေဒင်ပညာနဲ့ ရက်ရာဇာလား ဘာလားဆိုတာကို အဆင့်ဆင့်တွက်ရတာကွ၊ တကယ်ကိုမလွယ်ပါဘူးကွာ၊ ဒါပေမယ့် ဦးပြက္ခဒိန်ကတော့ သူ့ကိုရက်မေးလိုက်ရင် မျက်လုံးလေးထောင့်ကပ်ပြီး စိတ်မှန်းနဲ့တွက်ချသွားလိုက်တာကွာ၊ တကယ်ကိုခဏလေးပါ၊ တစ်မိနစ်တောင်မကြာဘူး”
အကြီးကောင်က အားတက်သရောနဲ့
“ကျုပ်လည်း ဒီလိုပညာကိုတတ်ချင်လိုက်တာဗျာ”
“မလိုတော့ဘူးလေ အကြီးကောင်ရ၊ ခုခေတ်က ပုံနှိပ်ပြက္ခဒိန်တွေပေါ်နေပြီလေ၊ ဘယ်နေ့က ဘာလဲဆိုတာကို ပြက္ခဒိန်လှန်ပြီးတော့ အလွယ်ရှာလို့ရတာပဲမဟုတ်လား၊ နောက်ပြီး နှစ်တစ်ရာပြက္ခဒိန်ဆိုတာတောင်ရှိသေးတယ်၊ ရှေ့လာမယ့်နှစ်ပေါင်းနှစ်ဆယ် သုံးဆယ်လောက်က ပြက္ခဒိန်တွေကို ကြည့်နိုင်တယ်ဆိုတော့ လူတွေက ဒီလိုအရာပဲအားကိုးတာပေါ့ကွာ၊ ဒီတော့ ဦးပြက္ခဒိန်ရဲ့ ပညာတွေကို နောင်လာနောက်သားတွေမဆက်ခံတော့ဘဲ ပျောက်ကွယ်သွားတာကလည်း မဆန်းဘူးလေကွ”
“ဟုတ်တော့လည်းဟုတ်တယ်ဗျ၊ ခုခေတ်ကျတော့ ပြက္ခဒိန်ပြေးကြည့်ပြီး အလွယ်ကလေးသိနိုင်တာဆိုတော့ သူ့လိုအချိန်ကုန်ခံပြီးတော့ နေ့တွေရက်တွေ ဘယ်တွက်ကြတော့မလဲဗျာ”
“အေးကွာ၊ စကားကောင်းနေတာနဲ့ မင်းတောင်နောက်ကျတော့မယ်၊ ရွာဦးကျောင်းကိုသွားလိုက်အုံးကွာ၊ ငါလည်းအလတ်ကောင်ဆီက စာလေးဖောက်ဖတ်ကြည့်လိုက်အုံးမယ်ကွ”
အကြီးကောင်လည်း ခေါင်းညိတ်ပြီးတော့ထွက်သွားတယ်၊ ကျုပ်လည်း နွားတင်းကုပ်ဆီကိုလာပြီးတော့ နွားတွေကိုကြိုးဖြည်ပေးရင်း
“ဟေ့ကောင်တွေ၊ ဒီနေ့တော့ငါမလိုက်တော့ဘူးကွာ၊ မင်းတို့ကောင်တွေ ငါမလိုက်ဘူးဆိုပြီး ဟော့ဟော့ရမ်းရမ်းမလုပ်နဲ့၊ စားသောက်ပြီးရင် အိမ်ကိုတန်းတန်းမတ်မတ်ပြန်လာကြ၊ ဟုတ်ပြီလား”
ကျုပ်ပြောလိုက်တော့ နွားကြီးတွေက ခေါင်းညိတ်ပြပြီးတော့ ခြံထဲကနေ တစ်ကောင်ပြီးအတန်းလိုက်ကြီးထွက်သွားတော့တာပဲဗျာ၊ ကျုပ်လည်း အလတ်ကောင်ပေးတဲ့ စာအိတ်ကလေးယူပြီး အိမ်ပေါ်ကိုတက်ခဲ့တယ်၊ အိမ်ပြတင်းပေါက် အလင်းရောင်ကောင်းတဲ့နေရာမှာ စာအိတ်ကိုဖွင့်လိုက်တယ်ဆိုရင်ပဲ စက္ကူအဖြူအချောပေါ်မှာရေးထားတဲ့ အလတ်ကောင်ရဲ့စာကို တွေ့လိုက်ရတာပါပဲဗျာ။
(၃)
“သို့၊ ဦးဘသာ သတိရခြင်းများစွာဖြင့် စာရေးလိုက်ပါတယ်၊ ဦးဘသာ ကျုပ်ကိုသတိရသေးရဲ့လားဗျာ၊ ကျုပ်ကတော့ ဒီမှာနေတဲ့ရက်တိုင်း၊ အချိန်တိုင်း ဦးဘသာကို အမြဲသတိရနေမိတယ်ဗျ”
ကျုပ်လည်းအလတ်ကောင်စာကိုဖတ်ရင်း
“သတိရတာပေါ့ကွာ၊ မင်းကိုလည်းငါသတိရပါတယ်”
ကျုပ်ကိုယ်ကျုပ်တောင်မသိလိုက်ဘဲ အရူးတစ်ယောက်လိုပြောဆိုနေမိတယ်ဗျာ၊ အမှန်တော့ ကျုပ်ပြန်ပြောတာကိုလည်း အလတ်ကောင်က ကြားနိုင်တာမှမဟုတ်တာဗျ၊ ဒါနဲ့ပဲစာကိုဆက်ဖတ်လိုက်တယ်။
တကယ်တော့ မဟာရန်ကုန်ရွှေမြို့တော်ကြီးဆိုတာ ကျုပ်တို့ထင်ထားသလိုမဟုတ်ပါဘူးဗျာ၊ အလွန်ကိုအလိမ်အညာများလွန်းတဲ့နေရာ၊ အလွန်ကိုကြောက်စရာကောင်းလွန်းတဲ့နေရာကြီးဗျ၊ ကျုပ်ရန်ကုန်ရောက်တဲ့အကြောင်း ပြောရအုံးမယ်ဗျာ၊ ရထားစီးတော့ ကျုပ်နဲ့မျက်နှာချင်းဆိုင်က အဒေါ်ကြီးက ရန်ကုန်ကတဲ့ဗျာ၊ ကျုပ်လည်းတစ်ခါမှ မရောက်ဖူးဘူးဆိုတော့သူ့ကိုအားကိုးလိုက်တာပေါ့ဗျာ၊ ရထားပေါ်မှာလည်း တစ်လမ်းလုံးစကားတွေပြောသွားကြတာဗျ၊ ဒီအဒေါ်ကြီးက သိပ်လည်းခင်မင်တတ်တာပဲ၊ ကျုပ်ကိုလည်းမုန့်တွေဝယ်ကျွေး၊ ထမင်းတွေကျွေးနဲ့ပေါ့ဗျာ၊ ဒါနဲ့ ရန်ကုန်ဘူတာကြီးကို ရောက်ခဲ့ပါရောဗျာ၊ ခက်တာက ကျုပ်မှာဦးဆိုနီရဲ့လိပ်စာပါပေမယ့် ဘယ်ကိုသွားလို့သွားရမယ်မသိဘူးဗျ၊ ပစ္စည်းတွေကလည်း မနည်းမနောပဲလေဗျာ၊ သံသေတ္တာတစ်လုံးရယ်၊ လက်ဆွဲခြင်းတစ်လုံး၊ စောင်နဲ့ထုပ်ထားတဲ့အထုပ်ကြီးတစ်ထုပ်မဟုတ်လားဗျ၊
ကျုပ်နေဖို့ထိုင်ဖို့၊ စားဖို့သောက်ဖို့ပစ္စည်းတွေ၊ နောက်တော့ဦးဆိုနီတို့အတွက် ရွာကထည့်ပေးလိုက်တဲ့ လက်ဆောင်တွေ၊ စားစရာတွေစုံလို့ပေါ့ဗျာ၊ ဒါနဲ့ ကျုပ်လည်း လေးဘီးဆင်းငှားတော့ ခုနက အဒေါ်ကြီးက ကျုပ်ပစ္စည်းတွေကိုကြည့်ထားပေးမယ်တဲ့ဗျာ၊ လေးဘီးဂိတ်က ဘူတာအရှေ့ဘက်ကိုးဗျ၊ ဒါနဲ့ လေးဘီးငှားပြီး ကျုပ်ပြန်လှည့်လာတော့ ကျုပ်ပစ္စည်းတွေမရှိတော့ဘူးဗျာ။ ဘာဆိုဘာမှကို မကျန်တော့တာ၊ ကျုပ်လည်း ဘူတာထဲလိုက်ရှာပါသေးတယ်၊ အတော်ကြာတော့မှ ဒီအဒေါ်ကြီး ကျုပ်ပစ္စည်းတွေကို ယူပြီးပြေးပြီဆိုတာကို သိလိုက်တာဗျ။ ဒါနဲ့ပဲ ပါသမျှပစ္စည်းအကုန်ရေစက်ချပြီးတော့ လွယ်အိတ်တစ်လုံးနဲ့ဆက်လာခဲ့တာပေါ့ဗျာ၊ ပစ္စည်းတွေပါသွားတာ နှမြောပေမယ့် လွယ်အိတ်ထဲမှာ ငွေတွေဆိုတော့ သိပ်တော့မခံစားရပါဘူး။
လေးဘီးငှားပြီးတော့ ကမာရွတ်လို့ခေါ်တဲ့နေရာမှာ ဆင်းလိုက်တယ်ဗျ၊ ဦးဆိုနီပေးလိုက်တဲ့လိပ်စာထဲက လေးဘီးကားမရောက်ဖူးတဲ့ဗျာ၊ နောက်မှသိတာက လေးဘီးမောင်းတဲ့လူက ကျုပ်ကိုတောသားဆိုပြီး လမ်းခုလတ်မှာချပေးခဲ့တာဗျ၊ အဆုံးထိလိုက်ပို့ပေးနေရင် အချိန်ကုန်မှာစိုးလို့ထင်ပါတယ်၊ ဒါနဲ့ကျုပ်လည်း မေးစမ်းလိုက်တော့မှ သွားရမယ့်နေရာက တော်တော်ကိုလိုနေသေးတယ်ဗျ၊ လေးဘီးကားသမား မကောင်းကြံတာသိတော့ ကျုပ်လည်း လေးဘီးငှားမစီးရဲတော့ပါဘူးဗျာ၊ လမ်းညွှန်တဲ့လူကတော့ လိုင်းကားစီးရင်ရောက်တယ်ဆိုပြီးညွှန်တာနဲ့ လိုင်းကားစီးရအောင် ကားဂိတ်နားကိုလာခဲ့ရတယ်၊ ကားဂိတ်ရှေ့ရောက်တော့ လမ်းဘေးချုံစပ်ကြားမှာ ရွှေလိုပြောင်လက်လက်အရာကလေးတွေ့လိုက်ရတယ်ဗျ၊ ကျုပ်လည်းအဲဒီအနားသွားကြည့်တော့ လက်ကိုင်ပုဝါတစ်ခုထဲမှာ ရွှေဆွဲကြိုးရယ်၊ လက်ကောက်ရယ်၊ နောက် လက်စွပ်နှစ်ကွင်းရယ်ပါသဗျာ၊ ကျုပ်ဘေးဘီကိုကြည့်လိုက်တော့ ရွှေထုပ်ကျရလောက်အောင်သားနားတဲ့လူလဲမရှိဘူးဗျ၊ ပိုင်ရှင်တော့ နှမြောနေတော့မှာပဲ ကောက်ထားပြီး ဘယ်သူကျတာလဲလို့ ဈေးထဲဝင်မေးမယ်လို့ ကြံပြီး ကျုပ်ကုန်းကောက်လိုက်တယ်၊ နောက်တော့ အရှေ့ဆက်လျှောက်လာတဲ့အခါ ကျုပ်အနောက်ကနေ လူနှစ်ယောက်လိုက်လာတယ်ဗျ။
ကျုပ်ကိုနောင်ကြီးလို့ခေါ်လို့ ကျုပ်လှည့်ကြည့်လိုက်မိတယ်၊ သူတို့က ရွှေထုပ်ကိုလက်ညှိုးထိုးပြတာနဲ့ အဲဒီရွှေထုပ်ကိုသူတို့ကိုပြန်ပေးလိုက်တာပေါ့ဗျာ၊ သူတို့ကအတော်စိတ်ပျက်သွားတဲ့ပုံပဲဗျ၊ နောက်တော့ပြောသေးတယ်၊ ဒီရွှေက အကိုတို့ဟာမဟုတ်ပါဘူး၊ တစ်ယောက်ယောက်ကျခဲ့တာဖြစ်မယ်တဲ့ဗျာ၊ ရန်ကုန်မှာက ဒီလိုကျကျန်တာမျိုးဆိုရင် ပိုင်ရှင်မပေါ်တတ်ဘူး၊ ရသူယူကြေးဆိုပဲဗျ၊ ကျုပ်လည်း နည်းနည်းတော့ လောဘတက်မိတာအမှန်ပဲဗျာ၊ ဒီလူတွေက ကျုပ်ရွှေကောက်တာကိုမြင်လိုက်တယ်တဲ့၊ ကျုပ်တစ်ယောက်တည်း ရွှေထုပ်ယူသွားရင် သူတို့ကရဲတိုင်မယ်တဲ့ဗျာ၊ ကျုပ်က သူတို့ကိုရွှေထုတ်ပြန်ပေးတော့လည်းမယူဘူး၊ နောက်တော့ ဒီရွှေတွေကို ညီလေးပဲယူပါ၊ အကိုတို့က အချိန်မရလို့ ရွှေတွေရဲ့တန်ကြေးတစ်ဝက်လောက်ဖြစ်ဖြစ် ညီလေးဆီမှာပါရင်ပေးခဲ့ပါလို့ဆိုတယ်ဗျ၊ ဒီရွှေတွေသွားရောင်းရင် နှစ်သောင်းလောက်တော့ရမှာတဲ့ဗျ၊ ကျုပ်မှာလည်း ဒီလောက်ငွေမပါဘူးလေဗျာ၊ ဒါနဲ့ပဲ နောက်ဆုံးပါတဲ့ငွေသုံးထောင်ကို ထုတ်ပေးလိုက်တယ်။
စာဖတ်ရင်းကျုပ်စိတ်တိုသွားတယ်ဗျ။
“ဟာ၊ အလတ်ကောင်ရာ၊ မင်းတော်တော်အတဲ့ကောင်ပဲကွာ၊ အဲဒါလူလိမ်တွေကွ”
ကျုပ်လည်း ရေရွတ်လိုက်မိပါတယ်ဗျာ။ စိတ်ပျက်ပျက်နဲ့စာကိုဆက်ဖတ်တော့ ထင်တဲ့အတိုင်းပါပဲ။
ကျုပ်လည်း ဌေးပြီဆိုပြီး ရွှေဆိုင်သွားပြတော့မှ ရွှေတွေက အတုတွေတဲ့ဗျာ၊ ရွှေဆိုင်ကလူတွေက ကျုပ်ကိုဟားလိုက်တာ ပြောမနေပါနဲ့၊ ရန်ကုန်မှာ ရွှေထုပ်ချပြီးလိမ်တဲ့နည်းတဲ့၊ အခုခေတ် ခေတ်စားနေတဲ့နည်းတဲ့ဗျာ၊ ဆိုင်ကလူက ရန်ကုန်မှာဘယ်သူမှမယုံဖို့ သင်ပေးလိုက်ပြီးတော့ ကျုပ်ကိုသနားလို့ ငွေငါးဆယ်ပေးပြီးပြန်လွှတ်လိုက်တယ်၊ ကျုပ်လည်း ရွာကပါသမျှတစ်မနက်တည်းကုန်သွားတော့ အတော်စိတ်ဓါတ်ကျသွားတယ်ဗျ၊ လူတွေအများကြီးသွားနေတဲ့လမ်းမကြီးမှာထိုင်ပြီး ငိုကိုငိုချလိုက်တာ၊ လူတွေက ကျုပ်ကိုတော့ကြည့်သွားတာပါပဲ၊ ဒါပေမယ့် ဒီကလူတွေက သွားလာနေတာဆိုတော့ ဘယ်သူမှ စပ်စပ်စုစုတော့ ရပ်မကြည့်ဘူးဗျ၊ အဲဒီအချိန် ကျုပ်ဦးဘသာကို သိပ်သတိရတာပဲဗျာ၊ ဦးဘသာ သာရှိရင် ဒီလူလိမ်တွေဆီက ပိုက်ဆံပြန်ရနိုင်တယ်မဟုတ်လား၊ ဒါနဲ့ကျုပ်လည်း ဦးဘသာကို တမိတယ်ဗျ၊ ဦးဘသာကြားလားတော့မသိဘူး၊ ပုံမှန်ဆိုရင် ကျုပ်ကတလိုက်ရင် ဦးဘသာက သိတယ်မဟုတ်လား၊ နောက်တော့ ဦးဘသာကြားအောင် အသံအကျယ်ကြီးနဲ့အော်မိတယ်ဗျ၊ ဦးဘသာ ကျုပ်အော်တာကိုကြားလား၊ ကြားပေမယ့် ရွာမှာအလုပ်တွေများနေလို့ မလာနိုင်တာလား။
“မင်းအော်တာကို ငါကကြားမလားကွ၊ သူ့ဆိုင်ရာဆိုင်ရာ နယ်ဆိုတာရှိတယ်အလတ်ကောင်ရ၊ အဲဒီလိုအော်တိုင်းသာကြားရင် တယ်လီဖုန်းဆိုတာ မလိုတော့ဘူးပေါ့ကွာ”
ကျုပ်လည်း အလတ်ကောင်စာထဲကဟာကို ပြန်ဖြေရှင်းပြနေမိတယ်။ ဆက်ဖတ်လိုက်တော့
ဦးဘသာမလာတာနဲ့ ကျုပ်လည်းနောက်ဆုံး ဦးဆိုနီဆီကိုလိုက်သွားဖြစ်ပါတယ်ဗျာ၊ လူတစ်ယောက်က ကျုပ်ကိုသူနဲ့အတူတူလိုင်းကားစီးဖို့ခေါ်သွားတော့မှ ရောက်သွားတယ်ဗျ၊ လိုင်းကားဆိုတာကလည်း ကြပ်ညပ်နေတာပါပဲဗျာ၊ ကျုပ်တို့ရွာကနေ မြိုင်သာကိုသွားတဲ့လိုင်းကားတောင်မှ ရန်ကုန်ကလိုင်းကားလောက်ကြပ်မယ်မထင်ဘူးဗျ။ ကားစပယ်ယာက တိုးထား တိုးထားဆိုတာနဲ့ ကျုပ်လည်းတိုးလိုက်တာ ဟိုးကားအထဲရောက်သွားတော့တယ်ဗျာ၊ ဟော ဆင်းရမယ့်မှတ်တိုင်ကျတော့ ကျုပ်ဆင်းမယ်လို့အော်နေပေမယ့် မှတ်တိုင်မှာ ခဏလေးရပ်တာဗျ၊ ကျုပ်လည်း အတင်းအော်ရင်း တိုးဝှေ့ဆင်းတော့မှ အရှေ့နားမှာရပ်ပေးတယ်၊ လူကြားထဲတိုးရင်း ကျုပ်စီးထားတဲ့ဖိနပ်တစ်ဖက် ဘယ်နားကျလို့ကျနေခဲ့မှန်းလဲမသိပါဘူးဗျာ၊ ကားကလည်း ကျုပ်ကိုချပေးပြီးတာနဲ့ ဝူးခနဲမောင်းထွက်သွားတော့တာပါပဲ။
ကျုပ်ဖိနပ်တစ်ဖက်မပါတော့ဘူးဗျ၊ စိတ်ညစ်ညစ်နဲ့ ချွေးသုတ်မယ်ဆိုပြီး လက်ကိုင်ပုဝါထုတ်တော့မှ ကျုပ်လွယ်အိတ်ကြီးက ဟက်တက်ကြီးကွဲနေသဗျာ၊ အထဲကပစ္စည်းတွေကိုလှည်း မွှေနှောက်ထားတာ ရစရာကိုမရှိပါဘူး။ ကျုပ်လည်း သူများနှိုက်ခံရမှန်းအခုမှသိတာ၊ အစက ကျုပ်လွယ်အိတ်များ မခိုင်လို့ပြဲသွားတာလားလို့ပေါ့။
ကျုပ်လည်းစိတ်ညစ်ညစ်နဲ့လိပ်စာကိုင်ပြီးလျှောက်လာတော့မှ ဦးဆိုနီတို့ရပ်ကွက်က သူဌေးရပ်ကွက်ကြီးဖြစ်နေသဗျ၊ အိမ်ကြီးတွေဆိုရင်လည်း ကြီးလိုက်တာမှ ကျုပ်တို့ရွာက ဘုန်းကြီးကျောင်းထက်တောင်ကြီးသေးသဗျာ၊ ကျုပ်လျှောက်နေတာ မိုးချုပ်နေပြီဆိုပေမယ့် လမ်းမီးတိုင်အလင်းကြောင့် နေ့ခင်းကြီးအလားပါပဲ၊ လိပ်စာအတိုင်းရောက်တော့ ခြံတံခါးကိုထုလိုက်တယ်ဗျ၊ အဲဒီမှာ ဦးဆိုနီလာဖွင့်ပေးတာပဲဗျာ၊ ကျုပ်က အတော်ဝမ်းသာသွားပေမယ့် ဦးဆိုနီကတော့ အံ့သြနေတဲ့ပုံပါပဲ၊ နောက်မှသိလိုက်ရတာက ဦးဆိုနီက သူဌေးမဟုတ်ပါဘူးဗျာ၊၊ အဲဒီအိမ်က အရာရှိကြီးတစ်ဦးရဲ့အိမ်ဗျ၊ အရာရှိကြီးက မှောင်ခိုပစ္စည်းတွေသွင်းတယ်၊ အဲဒါကို ဦးဆိုနီက လဟာပြင်ဈေးတို့၊ ပန်းဆိုးတန်းတို့မှာ မှောင်ခိုဆိုင်ကြီးတွေဖွင့်ပြီး ရောင်းပေးရသဗျ၊ ရောင်းလို့ရတဲ့အမြတ်ကို အရာရှိကြီးနဲ့ ဦးဆိုနီနဲ့ ပေါင်းစားတယ်ပေါ့ဗျာ၊ ကားကလည်း သူပိုင်တာမဟုတ်ပါဘူးဗျာ၊ အရာရှိကြီးအိမ်က ကားကိုယူသုံးတာပါ၊ ပြောရရင်တော့ ဦးဆိုနီက သူဌေးမဟုတ်ဘဲ အရာရှိကြီးရဲ့ အောက်ဆွဲပေါ့ဗျာ။
အဲဒီအိမ်ကြီးရဲ့အနောက်ဘက်က သစ်သားအိမ်ကလေးမှာ ဦးဆိုနီက နောက်မိန်းမနဲ့နေသဗျ၊ ကျုပ်ကိုတော့ ခြေရင်းဘက်က အဖီလေးမှာနေရာပေးတယ်၊ အဖီကလည်း စုတ်လိုက်တာ ပြောမနေပါနဲ့ဗျာ၊ မိုးရွာရင် မိုးရေကပက်၊ မိုးရေကလည်းယိုသေးသဗျ။ ဒါပေမယ့် ကျုပ်ရွာလည်းမပြန်ချင်ဘူးဗျာ၊ ဘာပဲပြောပြောရန်ကုန်မှာနေပြီးတော့ လူတစ်လုံးသူတစ်လုံးဖြစ်အောင်လုပ်မယ်လို့ တွေးထားတာဆိုတော့ ကုတ်ကပ်ပြီးနေရတာပေါ့။ ဦးဆိုနီဆိုင်မှာပဲ ဈေးဝိုင်းရောင်းပေးရတယ်ပေါ့ဗျာ၊ ဈေးရောင်းတာတော့ တော်တော်ပျော်ဖို့ကောင်းတာဗျ၊ မှောင်ခိုပစ္စည်းဆိုတာ အမြတ်က သုံးဆလောက်တင်ထားပြီးသားတဲ့၊ မှောင်ခိုလမ်းကနေ တစ်ဆယ်နဲ့ဝယ်လာတဲ့ပစ္စည်းက ဒီရောက်ရင် ငါးဆယ်ဆိုလည်းဟုတ်တယ်၊ တစ်ရာဆိုလည်းဟုတ်တယ်တဲ့ဗျာ၊ ပစ္စည်းတွေကတော့ အစုံပဲဗျာ၊ ကျုပ်တို့တစ်သက်လုံး မမြင်ဖူးတဲ့ပစ္စည်းတွေများ မနည်းမနောပါပဲ။
တစ်ရက်တော့ ဦးဆိုနီနဲ့အရာရှိကြီးနဲ့ စကားများတယ်ဗျ။ အဲဒီနေ့ညနေဆိုင်ထွက်တော့ ဦးဆိုနီက ဆိုင်ဖွင့်ပြီးတော့ သွားစရာရှိလို့ဆိုပြီးထွက်သွားတယ်၊ ကျုပ်လည်း ဆိုင်ခင်းနေတုန်း ရဲတွေရောက်လာပြီး ကျုပ်ကိုဖမ်းတော့တာပါပဲဗျာ၊ သူတို့ပြောတာကတော့ မှောင်ခိုပစ္စည်းတွေ့တယ်ဆိုလားပဲဗျ၊ ဖမ်းစရာရှိရင် တစ်ဈေးလုံးဖမ်းရမှာ၊ ကျုပ်ရောင်းတဲ့ပစ္စည်းက တခြားဆိုင်တွေမှာလည်း ရောင်းနေတာပဲလေဗျာ၊ အဲဒါကျတော့ မဖမ်းဘဲ ကျုပ်ကိုပဲကွက်ဖမ်းပြီး အချုပ်ထဲထည့်လိုက်ပါရောဗျာ၊ ဦးဆိုနီလည်း အဲဒီကတည်းက မပေါ်လာတော့ဘူး၊ အချုပ်ထဲမှာ ဒုစရိုက်သမားတွေနဲ့ နေရတာဆိုတော့ သိပ်အားငယ်ဖို့ကောင်းတယ်ဗျာ။
ဒါပေမယ့် ကျုပ်ကစိတ်ထားကောင်းလို့လားတော့မသိဘူး၊ ကူညီတဲ့လူတော့ ပေါ်လာစမြဲပဲဗျ၊ ကျုပ်အချုပ်ကျနေတုန်း အချုပ်ထဲမှာ အတူနေတဲ့ဦးလေးကြီးက ကျုပ်ကိုခင်သဗျာ၊ ဒီဦးလေးကြီးက သိပ်တော့ကျပ်ပြည့်ပုံမရဘူးဗျ၊ စကားတွေက တောင်ပြောမြောက်ပြောနဲ့၊ ရဲတွေကတော့ ရူးနေလို့ဖမ်းလာတယ်ဆိုလားပဲ၊ တစ်ရက်လောက်ကြာတော့ သူ့မိန်းမက သူ့ကိုလာထုတ်ပေးတယ်ဗျာ၊ သူ့မိန်းမက ချောလိုက်တာပြောမနေပါနဲ့တော့၊ သူ့ကိုထုတ်ရင်း ကျုပ်ကိုပါသနားလို့ဆိုပြီး ဒီလူကြီးက ထုတ်ခိုင်းပါရောဗျာ၊ အဲဒါနဲ့သူတို့အိမ်ရောက်သွားတယ်။
သူတို့ကလည်း ချမ်းသာတယ်ဗျာ၊ မြို့ထဲမှာ အိမ်ကြီးနဲ့နေတာ၊ ကျုပ်ကိုလည်း ကောင်းကောင်းမွန်မွန်ကျွေးတယ်၊ ပိုက်ဆံတွေလည်း မုန့်ဖိုးဆိုပြီးတအားပေးတာဗျ၊ ဦးဆိုနီအိမ်မှာ တစ်လလောက်ကြာပေမယ့် ဘာမှမရခဲ့ပါဘူးဗျာ၊ အခုအိမ်ကတော့ အတော်အဆင်ပြေတယ်၊ ကျုပ်အတော်စုဆောင်းမိနေပြီဗျာ၊ အလုပ်ကတော့ အိမ်မှာ တောက်တိုမယ်ရ အကုန်လုပ်ရတာပေါ့ဗျာ၊ အခု အဖေတို့ကိုလည်း ငွေတစ်ထောင်နဲ့ လက်ဆောင်တွေထည့်ပေးလိုက်တယ်၊ ဦးဘသာကိုပေးလိုက်တဲ့ပုဆိုးကလည်း အခုအိမ်ရှင်တွေ ကျုပ်ကိုလက်ဆောင်ပေးတဲ့ပုဆိုးဗျ၊ သြော်၊ မေ့လို့ အိမ်ရှင်နာမည်တွေပြောဖို့ကျန်သေးတယ်၊ ကျုပ်ပြောတဲ့ အသက်ခြောက်ဆယ်လောက်ရှိတဲ့ ဂေါက်တောက်တောက်အဘိုးကြီးကတော့ ဦးဖိုးထူးတဲ့ဗျ၊ သူ့မိန်းမက အသက်သုံးဆယ့်ငါးလောက်ပဲရှိမယ်၊ သူ့နာမည်ကတော့ မရွှေတောင်ဆိုပဲဗျာ၊ အခုမကြာခင် သူတို့လင်မယားနှစ်ယောက် ပုဂံဘုရားစုံသွားဖူးကြမယ်တဲ့၊ ကျုပ်ကိုလည်း ခေါ်မယ်တဲ့ဗျာ၊ ကျုပ်ကတော့ အတိုင်းအထက်အလွန်ပေါ့။
စာလည်းတော်တော်ရှည်နေပြီဆိုတော့ ဦးဘသာကိုကျုပ်နှုတ်ဆက်လိုက်ပါတယ်ဗျာ၊ ကျုပ်အဆင်ပြေရင် ဦးဘသာကိုအလည်ခေါ်အုံးမယ်၊ ဦးဖိုးထူးတို့၊ မရွှေတောင်တို့နဲ့ မိတ်ဆက်ပေးမယ်၊ ဒီလူတွေက သူတော်ကောင်းတွေပါဗျာ၊ ရက်ရောချက်ကလည်း အံ့မခန်းပဲဗျ၊ ဦးဘသာကြီးနဲ့ တစ်ရက်ပေးဆုံချင်ပါသေးတယ်ဗျာ။ အမြဲသတိရလျက် အလတ်ကောင်။
စာဆုံးတော့ ကျုပ်လည်းခေါင်းညိတ်မိလိုက်တယ်။
“အေး၊ ဆုံကြမှာပေါ့ကွာ၊ ဆုံကြအုံးမှာပေါ့”
စာဖတ်ပြီးတော့ ကျုပ်စိတ်တွေလေးလာတယ်ဗျာ၊ စိတ်ထဲပျော်နေရမှာဆိုပေမယ့် တစ်မျိုးပဲဗျ၊ အလတ်ကောင်ကိုလွမ်းတာကြောင့်လားတော့မသိပါဘူး၊ ဘာပဲပြောပြော၊ ဒီကောင်လေးအဆင်ပြေတယ်ကြားရတော့ ကျုပ်ဝမ်းသာပါတယ်၊ ရန်ကုန်ရောက်ပြီဆိုတော့ သူလည်း မျက်စိပွင့်နားပွင့်ဖြစ်နေပြီပေါ့ဗျာ။
(၄)
သုံးရက်လောက်ကြာပြီးတော့မှ အုန်းမောင်းခေါက်သံကိုပြန်ကြားရတယ်ဗျ၊ ကျုပ်လည်း မျက်စိနှစ်လုံးဖွင့်ပြီး အုန်းမောင်းသံကိုနားထောင်နေတယ်ပေါ့ဗျာ၊ ဒီလိုအုန်းမောင်းသံက ကျုပ်တို့တောရွာမှာပဲ နားထောင်ရတဲ့ မင်္ဂလာအသံတစ်မျိုးမဟုတ်လားဗျာ၊ ဒါပေမယ့် ဒီနေ့တော့ထူးထူးဆန်းဆန်း အုန်းမောင်းခေါက်သံကြားပြီးတော့ ကျုပ်ကျောထဲစိမ့်ခနဲအေးသွားသဗျာ။
နွားကျောင်းဖို့အတွက် ရွာထဲထွက်ခဲ့ရင်း တစ်နေရာရောက်တော့ ခြံဝိုင်းတစ်ခုနားကအဖြတ် အထဲကလူတွေ စကားများနေကြပါရောဗျာ၊ အဲဒီခြံဝိုင်းထဲမှာ မောင်နှမတွေအိမ်တွေဆောက်ပြီးနေကြတဲ့ခြံပါ။ ဘိုးဘွားပိုင်ခြံဝိုင်းထဲမှာ မောင်နှမသုံးယောက် အိမ်သုံးလုံးဆောက်ပြီးနေတဲ့ခြံဗျ၊ မောင်ကြီးမောင်ငယ်ခြံဆိုရင် လူတိုင်းသိတယ်၊ အဲဒီမောင်နှမတွေက တစ်ယောက်နဲ့တစ်ယောက်လည်း သိပ်ချစ်ကြတာ၊ အခုတော့ ထူးထူးဆန်းဆန်းပဲ ခြေရင်းအိမ်က ညီနဲ့ခေါင်းရင်းအိမ်က အကိုကြီးနဲ့ရန်ဖြစ်ကြပါရောဗျာ၊ ရန်ဖြစ်ပြီးမကြာခင်မှာပဲ တစ်ယောက်နဲ့တစ်ယောက်ထိုးကြကြိတ်ကြတော့တယ်၊ ဟိုဖက်ဒီဖက်မိသားစုတွေကလည်း ဝင်မဆွဲဘဲ တုတ်တွေဓါးတွေဆွဲချလာပါရောဗျာ၊ ဒါနဲ့ ကျုပ်ကမနေနိုင်လို့ ခြံထဲဝင်ပြီး တားရတယ်ပေါ့ဗျာ။
“ဟေ့ကောင်တွေရပ်လိုက်ကြစမ်း၊ တစ်ဖင်ထဲထွက်ထားတဲ့ မောင်နှမတွေချင်းပဲကွာ၊ ဘာဖြစ်လို့ တုတ်တွေဓါးတွေနဲ့ ဖြစ်ကုန်ကြတာလဲ”
မောင်ငယ်က ဒေါသတကြီးနဲ့
“ဦးဘသာ အသာနေစမ်းပါဗျာ၊ ကျုပ်သည်းခံလာတာကြာပြီဗျ၊ ဒီနေ့တော့ အကိုကြီးကိုကျုပ်ရအောင်သတ်မယ်”
မောင်ကြီးကလည်း ဓါးတဝင့်ဝင့်နဲ့
“အောင်မာ၊ မင်းသတ်ချင်တိုင်းရမလားကွ၊ ငါ့မှာလည်းလက်ပါတယ်၊ မင်းငါ့အသားကိုထိရဲထိကြည့်စမ်း၊ မောင်ကြီးတို့ကတော့ အသက်ချင်းလဲပစ်လိုက်မယ်”
ကျုပ်က ကြားဝင်ပြီးတော့
“နေကြပါအုံးကွာ၊ မင်းတို့မောင်နှမတွေဆိုတာ သိပ်ချစ်ကြတာမဟုတ်လားကွ၊ အခုဘယ်လိုဖြစ်ကြတာလဲ၊ ဘာကိစ္စပဲဖြစ်ဖြစ် မောင်နှမတွေဆိုတာ သည်းခံရတယ်၊ တစ်ယောက်နဲ့တစ်ယောက် တိုင်တိုင်ပင်ပင်လုပ်ကြရတယ်ကွ၊ သူစိမ်းတွေမှမဟုတ်ဘဲကွာ၊ အခုတော့ တုတ်တစ်ပြက်၊ ဓါးတစ်ပြက်နဲ့၊ ဆုံးသွားတဲ့မင်းအဖေကြီးသာ ဒီမြင်ကွင်းမြင်ရင် ဘယ်လောက်တောင်ဝမ်းနည်းလိမ့်မလဲကွာ”
ကျုပ်ပြောလိုက်တော့ မောင်ကြီးက လက်ထဲက ဓါးကိုပစ်ချလိုက်တယ်ဗျ။
“ကျုပ်မှားပါပြီဦးဘသာ”
မောင်ကြီးဓါးချတော့ မောင်ငယ်ကလည်း
“ကျုပ်လည်းမှားပါတယ်အကိုကြီး၊ တကယ်တော့ ကျွန်တော်ကသည်းခံရမှာပါ”
ဒီတော့မှ ညီအကိုနှစ်ယောက်က ပြန်တည့််သွားသဗျာ၊ ဒါနဲ့ကျုပ်လည်း နွားတွေဆွဲပြီး ရွာထဲလမ်းလျှောက်အလာ တစ်ခြံရောက်တော့ အမေနဲ့သမီးက တစ်ယောက်တစ်ခွန်းနဲ့ ခွန်းကြီးခွန်းငယ်ပြောပြီး ဆဲဆိုနေပါရောဗျာ၊ ဒါတင်မကသေးဘူး ရွာလမ်းအတိုင်းလဲ ခေါင်းမှာသွေးသံရဲရဲနဲ့လူတစ်ယောက်ပြေးလာပြန်တယ်ဗျ၊ ကာလသား ကိုမြင့်တို့ကိုလည်းတွေ့လိုက်တာနဲ့
“ဟေ့ကောင်တွေ၊ ဘာတွေဖြစ်နေကြတာလဲကွ”
“မသိဘူးဦးဘသာရာ၊ ဒီနေ့ကတော့ ရွာထဲမှာ နောင်ဂျိန်သတ်တဲ့နေ့ပဲဗျ”
ကျုပ်လည်း မျက်ခုံးပင့်ရင်း
“ဟေ၊ ဒီအတိုင်းဆို တစ်ရွာလုံးရန်ဖြစ်နေတာများလား”
ကျုပ်လည်း တစ်ခုစဉ်းစားမိပြီးတော့ သူကြီးအိမ်ကိုလာခဲ့တာပေါ့ဗျာ၊ သူကြီးအိမ်ရောက်တော့ လူတွေကိုပြည့်ကျပ်နေတာ ခြံဝန်းအပြည့်ပါပဲဗျာ။ ကျုပ်လည်း လူအုပ်ကြားထဲတိုးဝင်သွားတော့ သူကြီးအိမ်မှာ လင်မယားအချင်းချင်းကွာရှင်းမဲ့လူတွေ၊ တစ်ယောက်နဲ့တစ်ယောက်မကျေနပ်လို့ သူကြီးကိုရှင်းခိုင်းမဲ့လူတွေ အများကြီးပေါ့ဗျာ၊ ဒါနဲ့ကျုပ်လည်း အရှေ့ကိုတိုးကပ်ခဲ့ပြီးတော့
“သူကြီး၊ ဘာတွေဖြစ်နေကြတာလဲဗျာ”
သူကြီးက တော်တော်စိတ်ပျက်နေတဲ့မျက်နှာနဲ့ ကျုပ်ကိုကြည့်ရင်း
“ဦးဘသာမြင်တဲ့အတိုင်းပါပဲဗျာ၊ ဒီမနက်ကျတော့မှ ဘာတွေထဖြစ်မှန်းကိုမသိတော့ဘူး”
သူကြီးကလည်း ခေါင်းကိုတဗျင်းဗျင်းကုတ်တယ်ဗျ၊ ဒါနဲ့ကျုပ်လည်း သူကြီးအနားကပ်သွားလိုက်ပြီးတော့
“ဒီလိုဖြစ်တာ အကြောင်းရှိတယ်သူကြီး၊ ဒါအလကားဖြစ်တာမဟုတ်ဘူး ကျုပ်အထင်ရွာခိုက်နေတာပဲ”
သူကြီးမျက်လုံးပြူးသွားပြီးတော့
“ရွာခိုက်တာတဲ့လား၊ ဘယ်လိုဖြစ်တာလဲ ဦးဘသာ”
“တစ်ရွာလုံးကို မကောင်းတဲ့အရာတစ်ခုခုစီးနေတာပေါ့ဗျာ၊ ဒါကြောင့် အေးချမ်းတဲ့ကျုပ်တို့ရွာကလေးက အခုလိုဆူညံပွက်လောရိုက်နေတာပေါ့ဗျ”
သူကြီးက ခေါင်းညိတ်ရင်း
“ဦးဘသာ တစ်ခုခုသိထားပြီထင်တယ်ဗျ၊ ဘာကြောင့်အခုလိုဖြစ်နေရတာလဲဗျာ”
ကျုပ်လည်း ကျုပ်ထင်ထားတဲ့အတိုင်း
“တခြားတော့မဟုတ်ဘူးသူကြီး၊ ကျုပ်ကတော့ အုန်းမောင်းကြောင့်လို့ထင်တယ်”
သူကြီးက အံ့သြသွားပြီးတော့
“အုန်းမောင်း . . . အုန်းမောင်းတဲ့လားဗျာ၊ ဘုန်းကြီးကျောင်းမှာ သူ့ဖာသာသူနေတဲ့အုန်းမောင်းက ကျုပ်တို့ရွာနဲ့ဘာဆိုင်မှာလဲဗျ”
“ဒီလိုတော့ တထစ်ချပြောလို့မရဘူးသူကြီး၊ အုန်းမောင်းက သူ့ဖာသာသူ ဘုန်းကြီးကျောင်းနေတယ်ဆိုပေမယ့် သူ့ရဲ့အသံက ရွာတစ်ခွင်ကိုပြန့်နှံ့တယ်မဟုတ်လားဗျာ၊ ဒီအုန်းမောင်းသံမှာလည်း ဂမ္ဘီရဆန်တဲ့ အစွမ်းတွေရှိတယ်ဗျ၊ ကျုပ်အထင်မမှားဘူးဆိုရင် ဒီအုန်းမောင်းကြောင့်ပဲ”
သူကြီးက ချက်ချင်းမတ်တပ်ထရပ်လိုက်ပြီး
“ကဲ ဒါဖြင့် ရွာဦးကျောင်းသွားတာပေါ့ဗျာ၊ အကြီးကောင်ရေ ဒီလူတွေကို မင်းကြည့်ထိန်းထားလိုက်စမ်းကွာ၊ ငါဦးဘသာနဲ့ ရွာဦးကျောင်းလိုက်သွားအုံးမယ်ကွ”
အကြီးကောင်က မျက်လုံးပြူးမျက်ဆန်ပြူးနဲ့
“ဟာ၊ အဖေကလဲဗျာ၊ ဒီလူတွေအကုန်လုံးကို ကျုပ်ဘယ်လိုထိန်းမှာလဲဗျ၊ အခုတောင်စကားများရင်း လက်ပါချင်နေပြီ၊ ကြာရင် တစ်ယောက်နဲ့တစ်ယောက် ထသတ်ကုန်မလားပဲ”
“အိုကွာ၊ ထိန်းသာထိန်းထားလိုက်စမ်းပါ၊ ငါ့ခြံထဲမှာ လက်ပါတဲ့လူ ထိပ်တုံးနော် . . . ထိပ်တုံးဟေ့”
သူကြီးက အဲဒီလိုပြောပြီးတော့ ကျုပ်နဲ့အတူတူ ရွာဦးဘုန်းကြီးကျောင်းကိုထွက်ခဲ့ကြတာပေါ့ဗျာ။
ရွာဦးကျောင်းရောက်တော့ သူကြီးက ဆရာတော်ကိုဦးတင်လိုက်တယ်ဗျ၊ ဆရာတော်ရဲ့အရှေ့မှာတော့ ကိုရင်နှစ်ပါးက ထိုင်လို့ဗျို့။ သူကြီးက ဆရာတော်ကိုကြည့်ရင်း
“အရှင်ဘုရား ဘာဖြစ်တာပါလဲဘုရား”
“ဘာဖြစ်ရမှာလဲသူကြီးရယ်၊ ဒီကိုရင်နှစ်ပါးက ဆွမ်းခံမလိုက်ခင်မှာပဲ ခွန်းကြီးခွန်းငယ်ဖြစ်ရာကနေ ထပြီးထိုးကြကြိတ်ကြတာပဲ၊ ဒါနဲ့ သူတို့ကိုဒဏ်ပေးမလို့၊ သူကြီးက ကျောင်းကိုလာပုံထောက်တော့ ကိစ္စထူးတစ်ခုရှိရမယ်ထင်တယ်”
သူကြီးက ကျုပ်ကိုတစ်ချက်လှည့်ကြည့်ရင်း
“တင်ပါ့၊ အရှင်ဘုရားကျောင်းက အုန်းမောင်းကြီးကိုကြည့်ချင်လို့ပါဘုရား”
“အုန်းမောင်းအသစ်ကိုပြောတာထင်တယ်၊ ကြည့်ဗျာ၊ ဟောဟိုကျောင်းထောင့်မှာချိတ်ထားတယ် ကြည့်ပေတော့”
ဆရာတော်က ပြောလည်းပြော သူလည်းထပြီးတော့လိုက်ပြတယ်ဗျ၊ ကျောင်းအတက်အဆင်းလှေကားရဲ့ဘေးနား ကျောင်းထောင့်မှာ အုန်းမောင်းအသစ်ကိုချိတ်ဆွဲထားပါရောဗျာ။ ကျုပ်လည်းအုန်းမောင်းကိုသေချာကြည့်လိုက်ပြီးတော့ ကိုယ့်နဖူးကိုယ်လက်နဲ့ပြန်ရိုက်မိတယ်ဗျ၊ သူကြီးက ကျုပ်အမူအရာကိုကြည့်ပြီး
“အုန်းမောင်းက တစ်ခုခုထူးနေတယ်မဟုတ်လား ဦးဘသာ”
“ထူးတာမဟုတ်ဘူးဗျ၊ ရူးတာ ရူးနေတာ”
ဆရာတော်က အထူးအဆန်းနဲ့
“နေပါအုံး ဦးဘသာရာ၊ အုန်းမောင်းက လူမှမဟုတ်တာ၊ ဘယ်လိုလုပ်ပြီးတော့ ရူးမှာလဲ”
“တင်ပါ့၊ အုန်းမောင်းက မရူးပေမယ့် အုန်းမောင်းလုပ်တဲ့လူက ရူးတာပါဘုရား၊ တပည့်တော်မေးပါရစေ၊ ဒီအုန်းမောင်းကို ဘယ်သူလုပ်တာပါလဲဘုရား”
“ရွာက ကာလသားတွေဦးစီးပြီးလုပ်ကြတာလေကွာ၊ သြော်၊ ကပ္ပိယကြီးက ဦးဆောင်တာပေါ့”
ကျုပ်လည်းသိလိုက်ပြီဗျ။
“တင်ပါ့၊ အဲဒီကပ္ပိယကြီးကိုရော တွေ့လို့ရမလား”
ဆရာတော်က ခေါင်းညိတ်ပြီးတော့
“မောင်ကျောင်းသား၊ ကပ္ပိယကြီးကိုသွားခေါ်ခဲ့ကွာ”
ကျောင်းဝန်းထဲမှာရှိတဲ့ ကျောင်းသားတစ်ယောက်ကိုဆရာတော်က အော်လိုက်တော့ ကျောင်းသားက ကျောင်းအနောက်ဘက်ကိုပြေးသွားပြီး ကပ္ပိယကြီးကိုသွားခေါ်တယ်၊ ကပ္ပိယကြီးက ကျောင်းအနောက်ဘက်မှာ တဲကလေးထိုးပြီး သီးသန့်နေတယ်မဟုတ်လားဗျာ၊ မကြာခင်မှာပဲ ကပ္ပိယကြီးက ကျုပ်တို့အနားကိုရောက်လာတယ်။
“အရှင်ဘုရားခေါ်တယ်ဆို”
ဆရာတော်ကို ကျုပ်ကိုလက်ညှိုးထိုးပြပြီး
“ဘာမှတော့မဟုတ်ပါဘူး၊ ဦးဘသာက မင်းကိုတွေ့ချင်တယ်ဆိုလို့ပါ”
ဒီအခါ ကပ္ပိယကြီးကကျုပ်ကိုတစ်ချက် မျက်စောင်းထိုးပြီးကြည့်တယ်ဗျ၊ ခင်ဗျားတို့သိတဲ့အတိုင်း အရင်က ဆေးဆရာမှတ်ကြီးက ကျုပ်မကောင်းကြောင်းတွေပြောထားတာဆိုတော့ ကျုပ်ကိုအမြင်မကြည်တဲ့အဖွဲ့ထဲမှာ ကပ္ပိယကြီးလည်း ပါသဗျာ။
“ဟုတ်ကဲ့ စုန်းထီးကြီးက ဘာများသိချင်လို့လဲဗျ”
ကျုပ်ကိုစုန်းထီးလို့ လူတွေရှေ့ခေါ်ပြီးတော့ သက်သက်ဖိနှိပ်တာဗျ၊ ကျုပ်ကလည်း သူဘယ်လိုခေါ်ခေါ် ဂရုမစိုက်ပါဘူးဗျာ။
“ကပ္ပိယကြီးက အုန်းမောင်းခေါက်တဲ့နည်းတော့ သိတယ်မဟုတ်လား”
“သိတာပေါ့ဗျာ၊ ကျုပ်က ငယ်ငယ်ကတည်းက ရွှေဘိုမှာဘုန်းကြီးကျောင်းသားဗျ၊ အခုဒီရွာမှာလည်း ကပ္ပိယလုပ်လာတာ ဘုန်းကြီးနှစ်ဆက်ရှိပြီမဟုတ်လား၊ ဒါနဲ့နေပါအုံး ခင်ဗျားလိုစုန်းက ဘာဖြစ်လို့ အုန်းမောင်းခေါက်နည်းသိချင်တာလဲ၊ ဘာလဲဗျ၊ စုန်းက ကပ္ပိယလုပ်မလို့လား၊ ဒါမျိုးက မလုပ်ကောင်းဘူးနော်ဗျ”
ကပ္ပိယကြီးက ကျုပ်ကိုမထိတထိနဲ့ရွဲ့တယ်ဗျ၊ သူကြီးက မျက်နှာပျက်သွားပေမယ့် ရွာဦးကျောင်းဆရာတော်နဲ့ ကပ္ပိယကြီးနဲ့က တစ်ယောက်မျက်နှာတစ်ယောက်လှမ်းကြည့်ပြီးပြုံးနေကြတယ်၊ ကျုပ်ကိုစကားနဲ့တင်စီးနိုင်တာကို ကျေနပ်နေတဲ့ပုံပေါ့ဗျာ၊ ကျုပ်ကတော့ သူတို့ကိုဘယ်လိုမှမမြင်ပါဘူး၊ ကိုယ့်ရွာသားအချင်းချင်းမဟုတ်လားဗျာ၊ ဒါနဲ့ ကျုပ်က ခေါင်းညိတ်ပြီးတော့
“စုန်းက စုန်းအလုပ်လုပ်၊ ဘုန်းကြီးက ဘုန်းကြီးအလုပ်လုပ်ရင် ကျုပ်ကျောင်းအထိလာစရာမလိုဘူးပေါ့ဗျာ၊ ဒါနဲ့နေပါအုံး၊ ဒီအုန်းမောင်းကိုဘယ်သူလုပ်တာလဲ”
ကပ္ပိယကြီးက ရင်ကိုကော့ပြီးတော့ သူ့ကိုယ်သူလက်မနဲ့ထိုးပြလိုက်ရင်း
“ကျုပ်လုပ်တာလေဗျာ”
“ဒါဆို အုန်းမောင်းလုပ်နည်းရောသိရဲ့လား”
ကပ္ပိယကြီးက မျက်လုံးပြူးသွားပြီး ဒေါသတကြီးနဲ့
“ဟ၊ အုန်းမောင်းလုပ်တာ ဘာနည်းလိုလို့လဲဗျ၊ သစ်လုံးကြီးကို အခေါင်းထွင်းပြီး ချိတ်ထားရုံလေဗျာ၊ ဘာနည်းတွေ ဘာနက်တွေလုပ်နေအုံးမှာလဲ စုန်းကြီးရ”
“ခင်ဗျားမသိရင် မသိဘူးလို့ဝန်ခံလိုက်စမ်းပါ ကပ္ပိယကြီးရာ၊ ရှေးလူကြီးတွေဆိုတာ ဘယ်အရာမဆို မျက်နှာလွှဲခဲပစ် ပြီးပြီးရောဆိုပြီး လုပ်လေ့မရှိဘူးဗျ၊ အရာအားလုံးမှာ သူ့နည်းနဲ့သူ စံနစ်တကျသတ်မှတ်ပြီး သမားစဉ်အတိုင်းလုပ်ကြတာ”
ကပ္ပိယကြီးက ကျုပ်ကိုမကျေနပ်တဲ့အကြည့်နဲ့ကြည့်ရင်း ဆရာတော်ဘက်ကိုလှည့်ကာ
“အရှင်ဘုရားကြည့်ပြောပါအုံးဗျာ၊ စုန်းကဘုန်းကြီးကျောင်းကိုလာပြီးတော့ နောက်ဆိုအရှင်ဘုရားကိုတောင်မှ စာဝါချမလားပဲ”
ကြည့်ပါအုံးဗျာ၊ ကျုပ်နဲ့ဆရာတော်ကို ရန်တိုက်ပေးတာ၊ ဒါပေမယ့် ဆရာတော်က စာဖတ်တဲ့သူဆိုတော့ စိတ်ဖြောင့်တယ်ဗျ၊ ကျုပ်ကိုကြည့်ရင်း
“ပြောပါအုံး ဦးဘသာရာ၊ အုန်းမောင်းလုပ်တာ ရှေးလူကြီးတွေ ဘယ်လိုလုပ်ကြသလဲဆိုတာ”
“အရှင်ဘုရားမေးတော့လဲ ပြောရတာပေါ့ဘုရား၊ ရှေးလူကြီးတွေ စပ်ဆိုခဲ့တဲ့ အုန်းမောင်းလုပ်ပုံ လင်္ကာလေးရှိတယ်ဘုရား၊ အဲဒါကတော့ ထိပ်ဝတစ်ပြန်၊ အနားချန်၊ လေးပြန်အဝထား၊ ထိပ်ထူခေါင်ပါး၊ အဝေးကြားတဲ့ဘုရား”
ဆရာတော်ရော ကပ္ပိယကြီးပါ တော်တော်အံ့သြသွားတယ်ဗျ၊ သူကြီးက
“ရှင်းပါအုံးဦးဘသာရာ”
“ဒီလိုပါ ဥပမာပေးရမယ်ဆိုရင်တော့ ထိပ်ဝတစ်ပေထားမယ့်် အုန်းမောင်းဆိုရင် အနားအဖြစ်တစ်ပေချန်ထားရမယ်လို့ဆိုလိုတာပါ၊ အနားဆိုတာတော့ အုန်းမောင်းရဲ့အောက်ဆုံးနဲ့ ထိပ်ဆုံးက နေရာပါ၊ ဒီတော့ ထိပ်ဝတစ်ပေရှိတဲ့သစ်လုံးမှာ အောက်ခြေအနားကလည်း တစ်ပေရှိရပါမယ်၊ လေးပြန်အဝထားဆိုတာကတော့ အုန်းမောင်းအဖြစ်ထွင်းမယ့်အခေါင်းဝက ထိပ်ဝရဲ့လေးပြန်ရှိရမယ်လို့ဆိုလိုတာပါ၊ ဒါဆိုရင် အောက်ခြေအနားက တစ်ပေ၊ လေးပြန်ဆိုတော့ အဲဒီအပေါ်က လေးပေက အခေါင်းထွင်းရမယ့်နေရာပါ၊ ပြီးရင် အဲဒီအပေါ်ကနေ အနားအဖြစ် နောက်ထပ်တစ်ပြန် တစ်ပေထပ်ထားရပါတယ်”
ကျုပ်ပြောတော့မှ ဆရာတော်က ခေါင်းညိတ်တယ်ဗျ၊ ကျုပ်လည်းဆက်ပြီးတော့
“ထိပ်ထူခေါင်ပါးဆိုတာကတော့ ထိပ်လို့ခေါ်တဲ့ အုန်းမောင်းချိတ်မယ့် အထက်ပိုင်းက အခေါင်းကိုကျတော့ ခေါင်လို့ခေါ်ပြီးတော့ သူ့ကိုပါးပါးလေးထွင်းပေးပြီးတော့ အောက်ခြေဘက်က ထိပ်လို့ခေါ်တဲ့နေရာက အသားတွေကိုတော့ ခပ်ထူထူလေးထွင်းပေးရပါတယ်ဘုရား၊ အောက်ခြေကပါးရင် အသံကအဝေးမထွက်ပါဘူးဘုရား”
“ဒကာကြီးပြောမှပဲ ဦးဇင်းလဲသိတော့တယ်၊ ဟဲ့ ကပ္ပိယကြီး ဒီအုန်းမောင်းကို မင်းဘယ်လိုထွင်းလိုက်တာလဲ”
ကပ္ပိယကြီးလည်း အခုမှ ပျာပျာသလဲနဲ့
“တင်ပါ့၊ အရင်အုန်းမောင်းအဟောင်းပုံစံကို တုပပြီးတော့ထွင်းလိုက်ပါတယ်ဘုရား”
ကျုပ်လည်း
“အင်းပေါ့ဗျာ၊ ပုံစံတူလုပ်တယ်ဆိုပေမယ့်လည်း နည်းစနစ်မတူတော့ မကောင်းဘူးမဟုတ်လား၊ ပြီးတော့ အုန်းမောင်းဆိုတာ တွေ့ကရာအသားနဲ့လုပ်လို့မရဘူး၊ အုန်းမောင်းလုပ်ဖို့ အကောင်းဆုံးသစ်သားကတော့ ဘုမ္မဲဇာအသားဗျ၊ အဲဒီအသားရှားတော့ ပိတောက်သား၊ ပိန္နဲသားတွေနဲ့လုပ်ကြတယ်၊ ဒီအသားတွေကသာ အုန်းမောင်းလုပ်လို့အကောင်းဆုံးပါဘုရား”
သူကြီးက စိတ်မရှည်တော့ဘဲ
“နေပါအုံး ဦးဘသာရ၊ အဲဒီအုန်းမောင်းအသားနဲ့ အခုရွာထဲမှာဖြစ်နေတဲ့ ရန်ပွဲတွေနဲ့က ဘာဆိုင်လို့လဲဗျ”
“ကျုပ်ပြောတာ ဆုံးအောင်နားထောင်ပါအုံးဗျာ၊ အုန်းမောင်းလုပ်တဲ့သစ်သားကို ရွေးချယ်တဲ့အခါမှာလည်း လင်းနေ၊ လင်းစုန်းလို လင်းပါတဲ့အသားတွေမရွေးရဘူး၊ သစ်စုန်း၊ သစ်ခြောက်၊ သစ်မီးတောက်လို့ခေါ်တဲ့ သူ့အလိုလိုပွတ်တိုက်ပြီး မီးတောက်တဲ့သစ်သားတွေ မသုံးရဘူးဗျ၊ ပြီးတော့ ပိုးထိုးထားတဲ့သစ်တွေကျတော့ အုန်းမောင်းရဲ့ကြာရှည်ခံနိုင်မှုကိုထိခိုက်လို့မသုံးသင့်ဘူး၊ ဒါ့အပြင် ရေဆန်၊ ရေမြောလာတဲ့သစ်တွေ၊ နတ်ရဲစောင့်တဲ့သစ်၊ နောက်ပြီးတော့ အပင်စောင့်နတ်မကျေနပ်ဘဲ ခုတ်လာတဲ့သစ်တွေ ဒီသစ်တွေကိုမသုံးရဘူး။ သုံးရင်တော့ အဲဒီအုန်းမောင်းသံကြားတဲ့ရွာက ခိုက်တယ်၊ ရွာနာတယ်တဲ့ဗျ၊ ဒီတော့ သူကြီးစဉ်းစားကြည့်ပါ၊ ဒီလိုတရွာလုံးဖြစ်တဲ့ကိစ္စက သာမန်ပဲဖြစ်နိုင်သလား”
“ဖြစ်တော့မဖြစ်နိုင်ဘူး၊ တစ်ခုခုကြောင့်ပဲဆိုတာ ကျုပ်သိတယ်၊ ဘယ့်နှယ့်ဗျာ၊ ရန်ဖြစ်တယ်ဆိုရင်လည်း တစ်ပွဲတစ်လေပေါ့၊ ခုတော့ ရွာကလူတွေအကုန်လုံး တစ်ယောက်မျက်နှာတစ်ယောက်မြင်တာနဲ့ ရန်ပဲထဖြစ်နေကြတာက ထူးတာပေါ့”
ဦးဇင်းလည်း ခေါင်းညိတ်ပြီး
“အေး၊ တို့ကျောင်းလည်း မနက်က မောင်ကျောင်းသားတွေတစ်ပွဲဖြစ်ပြီးပြီ၊ အခု ကိုရင်တစ်ခါဖြစ်တယ်မဟုတ်လား၊ ဒါဆိုရင် ဒီအုန်းမောင်းကြောင့် ဒီလိုတွေဖြစ်နေတယ်လို့ ဒကာကြီးက ယူဆတာလား”
“တင်ပါ့ဘုရား၊ ဒီသစ်သားဘယ်ကရသလဲဆိုတာ သိချင်ပါတယ်”
ဆရာတော်က ကပ္ပိယကြီးကိုကြည့်တယ်ဗျ၊ ကပ္ပိယကြီးက ခေါင်းကုပ်ပြီးတော့
“ကာလသားငမြင့်က ဖိုးတေတို့ခြံဝိုင်းထဲက သစ်တုံးကြီးကိုယူခဲ့တာပါဘုရား”
ကျုပ်လည်း တဖြည်းဖြည်းနဲ့အုန်းမောင်းအနားကပ်ပြီးတော့ အုန်းမောင်းကိုလက်နဲ့ပွတ်သပ်ရင်း အာရုံခံလိုက်မိတယ်ဗျ၊ ကျုပ်ထင်တဲ့အတိုင်းပါပဲဗျာ၊ အုန်းမောင်းကိုကျုပ်လက်နဲ့ထိလိုက်တာနဲ့ ကျုပ်တစ်ကိုယ်လုံးကို တုန်တက်သွားပြီးတော့ ကြက်သီးတွေထောင်လာတာ မနည်းဘူးဗျာ၊ ဒါနဲ့ အုန်းမောင်းကိုကြည့်ပြီး
“ဒီသစ်လုံးထဲက အကောင်ထွက်ခဲ့စမ်းဟဲ့”
ကျုပ်အော်လိုက်ပြီးမကြာပါဘူးဗျာ၊ ကျုပ်တို့အနားမှာရပ်ပြီးကြည့်နေတဲ့ မောင်ကျောင်းသားလေးက ခွေခနဲလဲကျသွားတာပဲ၊ ကျုပ်တို့အံ့သြနေတဲ့အချိန်မှာပဲ မောင်ကျောင်းသားက ဒူးတစ်ဖက်ထောင်ပြီး ထိုင်လိုက်သဗျ။
“အောင်မာ၊ ငါမွေးရင် ငါ့မြစ်လောက်ရှိမယ့် ကောင်တွေကများ ငါ့ကိုအကောင်တဲ့လား”
ကျုပ်လည်း ဒီပုဂ္ဂိုလ်က တစ်ခုခုပဲဆိုတာကို သိလိုက်ပြီဗျ။ သူက သာမန်သရဲမဟုတ်ဘူး၊ မောင်ကျောင်းသားလို ဘုရားတရားရှိတဲ့လူကိုတောင် ဝင်ပူးတယ်ဆိုကတည်း အဆင့်မြင့်တဲ့ပုဂ္ဂိုလ်တစ်ယောက်ဆိုတာ ကျုပ်သိပြီးသားပါ။ ဒါနဲ့ကျုပ်လည်း
“စော်ကားမိတာရှိရင်တောင်းပန်ပါတယ်၊ အခု မောင်ကျောင်းသားကိုယ်ထဲရောက်နေတာ ဘယ်ပုဂ္ဂိုလ်လဲဆိုတာ သိချင်ပါတယ်”
“ငါက ဒီသစ်ပင်မှာနေတဲ့နတ်မင်းပဲ၊ ဖိုးတေက ငါအတန်တန်တားတဲ့ကြားထဲက ငါ့အပင်ကိုခုတ်လို့ ငါနေရာပျောက်တယ်၊ အခုဒီသစ်လုံးကြီးမှာ ချို့ချို့တဲ့တဲ့နေရတယ်၊ ဖိုးတေကိုလည်း ငါမကျေနပ်လို့ ဒင်းတို့အိမ်ကိုမီးလောင်အောင်တိုက်လိုက်ပြီး ဒင်းလည်းအိမ်မှာမနေနိုင်ပဲ လျှောက်သွားနေရတယ်မဟုတ်လား”
ဖိုးတေဆိုတာ သစ်ခုတ်သမားဗျ၊ အခုနတ်မင်းပြောပုံအရဆို ဖိုးတေဖြစ်ခဲ့တာတွေနဲ့ ကွက်တိပဲဗျာ၊ ဧကန္တတော့ သူ့သစ်ပင်ကိုခုတ်လို့ ဖိုးတေတို့အိမ်ကိုမီးလောင်တိုက်သွင်းတာနေမှာဗျ၊ ဖိုးတေအိမ်မီးလောင်ပြီး ဖိုးတေလည်း အရက်ကြောင်ကြောင်ပြီးတော့ အခုဆိုရင် ရွာထဲ ဟိုနားအိပ်၊ ဒီနားအိပ်နဲ့ရယ်ဗျ”
“အခုလုပ်နေတဲ့ ရွာထဲက ကိစ္စတွေက ခင်ဗျားလုပ်တာလား”
“ဟုတ်တယ် ငါလုပ်တာ၊ ငါ့ဗိမ္မာန်ရှိတဲ့အပင်ကို အခေါင်းဖောက်ပြီး အုန်းမောင်းတဒေါက်ဒေါက်ထုတာ မခံနိုင်လို့ လုပ်လိုက်တာ”
“မှားတာရှိရင် ကျုပ်ကပဲတောင်းပန်ပါတယ်၊ နတ်မင်းကို ကျေနပ်အောင်စီစဉ်ပေးပါ့မယ်၊ နတ်မင်းရွာကိုမလုပ်ပါနဲ့”
“ဒါဆို ငါ့ကိုသစ်ပင်တစ်ပင်အစားပေးပါ၊ ဟောဒီကျောင်းဝန်းထဲမှာ ငါနေရတာပျော်တယ်၊ တစ်နေရာပေးပါ”
ကျုပ်လည်း ဦးဇင်းကိုကြည့်လိုက်တော့ ဦးဇင်းက ခေါင်းညိတ်ပြတယ်ဗျ။
“ကဲ ဒါဆို နတ်မင်းသင့်တော်မယ့်အပင်ကိုပြောပါ”
မောင်ကျောင်းသားက ကျောင်းအနောက်တောင်ထောင့်ကိုလက်ညှိုးညွှန်ပြပြီးတော့
“အဲဒီနားမှာ ညောင်ပင်တစ်ပင်ရှိတယ်၊ အဲဒီညောင်ပင်မှာ အပိုင်မရှိသေးဘူး ဒီတော့ ငါနေမယ်၊ အဲဒီညောင်ပင်ကို ဘယ်သူမှမခုတ်ပါနဲ့”
ဆရာတော်က
“နေပါ၊ နေပါ၊ ကျုပ်နေရာပေးပါတယ်၊ ဘယ်သူမှ မခုတ်စေရဘူးလို့လည်း ကတိပေးပါတယ်”
မောင်ကျောင်းသားက ဦးဇင်းကိုလက်ညှိုးထိုးပြီး မျက်စောင်းထိုးရင်းနဲ့
“ဘုန်းကြီး ကတိ ဘုန်းကြီးတည်နော်”
အဲဒီလိုပြောပြီး ဇက်ကျိုးကျသွားတာပဲဗျာ၊ ကိစ္စတစ်ခုတော့ ပြေလည်သွားပြီဗျ၊ ဒါနဲ့ ဦးဇင်းက
“ကပ္ပိယကြီးက ဦးဘသာပြောတဲ့နည်းအတိုင်း အုန်းမောင်းတစ်ခုပြန်လုပ်ပါ၊ သစ်သားကိုတော့ သေသေချာချာရွေးပါ၊ ကျုပ်တို့ကြောင့် ရွာနာတာမျိုးမဖြစ်စေချင်ဘူး”
“တင်ပါ့ဘုရား”
ကပ္ပိယကြီးလည်း ဒီတော့မှ နည်းနည်းအပိုးကျိုးသွားတယ်ဗျ၊ ဦးဇင်းက မောင်ကျောင်းသားညွှန်ပြတဲ့နေရာကိုကြည့်ပြီးတော့
“အဲဒီနေရာမှာ ညောင်ပင်မရှိပါဘူးကွာ”
“ရှိလို့ပြောတာနေမှာပေါ့ဘုရား”
ဒါနဲ့မယုံလို့ ကျုပ်တို့တွေသွားရှာကြည့်တယ်၊ မိုးဦးကျဆိုတော့လည်း ချုံပင်တွေက စိမ်းစိုနေပြီပေါ့ဗျာ၊ ချုံတွေကြားမှာ သေချာရှာလိုက်တော့မှ ဒူးလောက်ရှိတဲ့ညောင်ပင်ကလေးတစ်ပင်က အသစ်ထွက်နေသဗျ၊ ဆရာတော်အမိန့်နဲ့ အဲဒီညောင်ပင်အနားကိုရှင်းလင်းပြီးတော့ ခြံစည်းရိုးအကြမ်းကလေး ခတ်ထားလိုက်တယ်ဆိုပါတော့ဗျာ။
ကျုပ်နဲ့သူကြီးနဲ့ရွာထဲပြန်လာတော့ ရန်ဖြစ်နေတဲ့လူတွေက ငူငူကြီးတွေဖြစ်နေတယ်ဗျ၊ နောက်ပြီးတော့မှ မောင်နဲ့နှမ၊ သားနဲ့အမိ၊ လင်မယားတွေအဆင်ပြန်ပြေသွားကြတယ်၊ သူကြီးအိမ်ရောက်တော့ သူကြီးအိမ်ထဲကနေ လူတွေတဖွဲဖွဲထွက်လာနေကြပါရော၊ သူကြီးက လူတွေကိုကြည့်ရင်း
“ဟေ့မောင်ပိန်နဲ့ မဝတုတ်၊ မင်းတို့ပဲခုနက လင်မယားချင်းကွဲမယ်ဆိုကွာ”
မောင်ပိန်က ခေါင်းကုတ်ပြီး
“မကွဲတော့ပါဘူးသူကြီးရာ၊ ကွဲချင်စိတ်လည်းမရှိတော့ပါဘူး”
လို့ပြောပြီးတော့ ပြန်ထွက်သွားကြတယ်၊ သူကြီးကတော့ ပြုံးရင်းကျုပ်ကိုကြည့်တယ်ဗျ၊ သူကြီးရဲ့အပြုံးကတော့ ကျုပ်ကိုလေးစားတဲ့အပြုံး၊ အားကိုးတဲ့အပြုံး၊ ကျေနပ်ပီတိဖြစ်နေတဲ့အပြုံးဆိုတာကို ကျုပ်နားလည်လိုက်ပါတယ်ဗျာ။
ဆက်ရန်။
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ
Zawgyi Version
“စုန္းထီးႀကီးဦးဘသာ ႏွင့္ ႐ြာဦးေက်ာင္းက အုန္းေမာင္းသံ”(စ/ဆုံး)
—————————————————————————–
အတြဲ(၅) စာစဥ္(၁)
ပန္ၾကားခ်က္။
ယခုေဖာ္ျပပါ ဦးဘသာအတြဲ(၅)တြင္ ဦးဘသာ၏ ရႈေထာင့္မွတင္ဆက္ေပးသြားမည္ျဖစ္ပါသည္။
(၁)
ရွည္ရွည္ေဝးေဝးေျပာမေနေတာ့ပါဘူးဗ်ာ၊ က်ဳပ္နာမည္သာဒင္ပါ၊ လူေတြကေတာ့ ဘသာလို႔ပဲေခၚၾကတယ္၊ အသက္ႀကီးၿပီဆိုေတာ့ ဦးတပ္ၿပီးေတာ့ ဦးဘသာပဲေခၚၾကတယ္ဆိုပါေတာ့ဗ်ာ၊ အခုတေလာ က်ဳပ္ေနလို႔ထိုင္လို႔သိပ္မေကာင္းဘူးဗ်ာ၊ ေနလို႔မေကာင္းတာကလည္း ဘာေရာဂါေၾကာင့္ရယ္လို႔ေတာ့မဟုတ္ပါဘူးဗ်ာ၊ အဓိကကေတာ့ စိတ္ေၾကာင့္ပါ၊ စိတ္ေၾကာင့္လို႔ေျပာရေအာင္လည္း က်ဳပ္ကစိတ္ေရာဂါျဖစ္ေနတာမဟုတ္ဘူးရယ္ဗ်။ က်ဳပ္အိမ္ကိုဝင္ထြက္သြားလာေနတဲ့ က်ဳပ္တူသားတစ္ေယာက္လိုခင္မင္ရတဲ့ ခင္ေမာင္ဆိုတဲ့ေကာင္ေလးေၾကာင့္ေပါ့ဗ်ာ။ သၾကၤန္က်အၿပီး သူ႔ခ်စ္သူေသဆုံးသြားကတည္းက ႐ြာမွာမေနခ်င္ေတာ့ဘူးဆိုၿပီးထြက္သြားတဲ့ဒီေကာင္ေလးက အခုဆိုတစ္လနီးပါးေတာင္ရွိေတာ့မယ္ စာမလာသတင္းမၾကားနဲ႔ဗ်။ အတူရွိခ်ိန္တုန္းကေတာ့ ဒီေကာင္ေလးဟာ ငေမႊေလး၊ ငရႈပ္ေလးဆိုၿပီး စိတ္ပ်က္မိတာေတာ့အမွန္ပါပဲဗ်ာ၊ ဒါေပမယ့္ သူမရွိေတာ့လည္း က်ဳပ္ဘဝႀကီးက ပ်င္းေျခာက္ေျခာက္ႀကီးဗ်၊ တစ္ေနကုန္မနက္အိပ္ရာထ ႏြားထြက္ေက်ာင္း၊ ႐ြာကိုျပန္ဝင္ ဒါနဲ႔ပဲႏွစ္ပါးသြားေနရေတာ့တာဗ်။
ဒီေန႔လည္း က်ဳပ္ႏြားေတြကိုဆြဲၿပီး ႐ြာျပင္ကိုထြက္လာခဲ့တယ္၊ မိုးဦးက်လို႔ မိုးေလးတစ္ေျဖာက္ႏွစ္ေျဖာက္ေလာက္႐ြာလိုက္တာနဲ႔ ႐ြာအျပင္က ကြင္းက်ယ္ႀကီးေတြထဲမွာ ျမက္စို႔ေတြက ႏုတက္ေနတဲ့အခ်ိန္ေပါ့ဗ်ာ၊ ႏြားေတြကလည္း ဒီျမက္ႏုကိုသိပ္ႀကိဳက္တာမဟုတ္လား၊ ဒါနဲ႔ ႏြားေတြထြက္ေက်ာင္းရင္း ႐ြာအျပင္ကုကၠိဳပင္ေအာက္မွာ တစ္ေယာက္တည္းထိုင္ေနမိတယ္ေပါ့ဗ်ာ။
ဒီအခ်ိန္ ႐ြာထဲကေန သူႀကီးသားအႀကီးေကာင္က ေပါက္တူးကေလးထမ္းၿပီးထြက္လာသဗ်၊ သူ႔ညီအငယ္ေကာင္လည္းပါေသးတယ္၊ က်ဳပ္နဲ႔ေတြ႕ေတာ့ က်ဳပ္ကပဲသူတို႔ကိုလွမ္းေခၚလိုက္ပါတယ္ဗ်ာ။
“ေဟ့ အႀကီးေကာင္၊ ဘယ္သြားမလို႔လဲကြ”
“ဘယ္သြားရမွာလဲဦးဘသာရာ၊ မိုးက်ေတာ့မယ္ဗ်၊ အဲဒါ ကန္သင္းေလးဘာေလး နည္းနည္းျပင္မလို႔ေလဗ်ာ”
“ေအးကြာ၊ ဒါနဲ႔ မင္းတို႔အလတ္ေကာင္ဆီက ဘာသတင္းၾကားေသးလဲကြ”
အႀကီးေကာင္က ေခါင္းခါျပရင္း
“က်ဳပ္တို႔လည္း ဒါပဲသိခ်င္ေနတာဗ်၊ သူ႐ြာကထြက္သြားၿပီးတစ္ပတ္ေလာက္ၾကာေတာ့ ရန္ကုန္ကေန ဦးဆိုနီက စာပို႔လိုက္သဗ်ာ၊ အလတ္ေကာင္ ေကာင္းေကာင္းမြန္မြန္ေရာက္တဲ့အေၾကာင္းနဲ႔ သူ႔ဆီမွာေနရင္း အလုပ္ေတြဝိုင္းကူေပးေနတယ္ဆိုတဲ့အေၾကာင္းေပါ့ဗ်ာ၊ က်ဳပ္တို႔လည္းစာျပန္လိုက္ပါတယ္၊ အဲဒီေနာက္ပိုင္းကတည္းက စာမလာေတာ့တာပဲဗ်”
က်ဳပ္လည္းသက္ျပင္းခ်လိုက္မိတယ္။
“ေအးပါကြာ၊ ဘာပဲေျပာေျပာ အလတ္ေကာင္အဆင္ေျပတယ္ဆိုရင္ပဲ ငါဝမ္းသာပါတယ္”
အႀကီးေကာင္က က်ဳပ္ကိုၿပီတီတီၾကည့္ရင္း
“ဘာလဲ၊ ဦးဘသာက အလတ္ေကာင္မရွိေတာ့ ပ်င္းေနတယ္မဟုတ္လား”
က်ဳပ္လည္း ေယာင္ၿပီးေတာ့ ေခါင္းညိတ္မိလိုက္တယ္ဗ်၊ ေနာက္ေတာ့မွ
“ပ်င္းတယ္လို႔လည္း မဟုတ္ပါဘူးကြာ”
“ဟာဗ်ာ၊ ဟန္မေဆာင္စမ္းပါနဲ႔၊ ခုနက ဦးဘသာေခါင္းညိတ္တာ က်ဳပ္ျမင္လိုက္တယ္ေနာ္၊ အလတ္ေကာင္လို ငေမႊမရွိေတာ့ ဦးဘသာႀကီး ပ်င္းေနတယ္မဟုတ္လား”
လူႀကီးရွက္ေတာ့ ၿပဳံးဆိုတဲ့အတိုင္းက်ဳပ္လည္း ၿပဳံးရင္း
“ဟာကြာ၊ သိရဲ႕သားနဲ႔ ေမးမေနစမ္းပါနဲ႔ကြာ”
အႀကီးေကာင္ကရယ္ရင္း
“ေၾသာ္၊ ဒါနဲ႔ ဦးဘသာဒီႏွစ္လယ္ထဲ ေျမဆီမျပင္ေသးပါလားဗ်၊ ပုံမွန္ဆိုရင္ ေနာက္ေခ်းေတြခ်၊ ေနာက္ေခ်းေတြျဖန႔္ရေတာ့မယ္ေလဗ်ာ၊ ဘာလဲ လယ္မစိုက္ေတာ့ဘူးလား”
က်ဳပ္လည္းေခါင္းညိတ္ၿပီးေတာ့
“ေအးကြ၊ ဒီႏွစ္လယ္လုပ္ဖို႔ကို စိတ္သိပ္မပါဘူးျဖစ္ေနတယ္ကြာ၊ ဒါနဲ႔ပဲ လယ္ေတြကိုတစ္ႏွစ္ေလာက္ေတာ့ အနားေပးထားမလားလို႔”
“ဒါေပါ့ဗ်ာ၊ ဦးဘသာတို႔လို သူေဌးေတြကေတာ့ တစ္ႏွစ္မစိုက္လည္း စားႏိုင္ေသာက္ႏိုင္တယ္မဟုတ္လား”
“မင္းကေတာ့ ေျပာေရာ့မယ္၊ သူေဌးမဟုတ္ပါဘူးကြ၊ ငါကတစ္ကိုယ္တည္းသမားဆိုေတာ့ ပုံမွန္စားဖို႔ေသာက္ဖို႔ကေတာ့ ဘယ္လိုေနေနရပါတယ္ကြ၊ မင္းတို႔လို သားေကြၽးမႈ၊ မယားေကြၽးမႈေတြမွ မရွိတာပဲ”
“ေကာင္းတယ္ဗ်ာ၊ ေကာင္းတယ္၊ ဦးဘသာႀကီးပဲ ေအးေအးေနႏိုင္ပါတယ္၊ က်ဳပ္တို႔ကေတာ့ သားေကြၽးမႈ၊ မယားေကြၽးမႈေတြရွိေသးတာဆိုေတာ့ စိုက္ခ်င္လည္းစိုက္၊ မစိုက္ခ်င္လည္းစိုက္ေပါ့ဗ်ာ၊ ကဲ ကဲ က်ဳပ္တို႔သြားၿပီေနာ္”
“ေအးေအး၊ ေကာင္းေကာင္းသြားၾကကြာ၊ ဒါနဲ႔ အလတ္ေကာင္သတင္းေလးဘာေလးၾကားရင္ ငါ့လည္းေျပာစမ္းပါကြ”
“ေျပာမယ္ဦးဘသာ၊ ေျပာမယ္”
အႀကီးေကာင္နဲ႔အငယ္ေကာင္ ေပါက္တူးထမ္းသြားတာၾကည့္ရင္း က်ဳပ္ျဖင့္အလတ္ေကာင္ကို အေတာ္သတိရသြားတယ္ဗ်ာ၊ တစ္ခါတစ္ခါမ်ားဆိုရင္ ႐ြာအဝင္လမ္းအတိုင္း ေရးႀကီးသုတ္ျပာနဲ႔ေျပးလာတတ္တဲ့ အလတ္ေကာင္ကို မ်က္လုံးထဲျမင္ေယာင္ေနမိတယ္ဗ်။
(၂)
“ဟ၊ ဒီေန႔အုန္းေမာင္းမေခါက္ပါလားဟ”
တစ္ရက္ေတာ့ မိုးေတြကတဖြဲဖြဲနဲ႔႐ြာေနပါေရာဗ်ာ၊ က်ဳပ္က ပုံမွန္ဆို႐ြာဦးေက်ာင္းက အုန္းေမာင္းေခါက္တဲ့အခါ ႏိုးေနက်ဗ်၊ အခုမနက္ေတာ့ အုန္းေမာင္းမေခါက္ေပမယ့္လည္း မ်က္စိအက်င့္ ဝမ္းအခ်င့္ဆိုသလို က်ဳပ္မ်က္လုံးက အက်င့္ျဖစ္ေနေတာ့ မ်က္စိကအလိုလိုပြင့္ၿပီးႏိုးလာသဗ်၊ ဒါနဲ႔ ညကက်န္တဲ့ထမင္းၾကမ္းခဲကို ဆီေလးနည္းနည္းနဲ႔ မီးဖိုေပၚမွာျပန္ေႏြးၿပီးေတာ့ ေျမပဲဆန္ေလွာ္၊ ႏွမ္းေလးျဖဴးၿပီးေတာ့ ေရေႏြးၾကမ္းေလးနဲ႔ ေမွ်ာခ်လိုက္တယ္ဆိုပါေတာ့ဗ်ာ။ က်ဳပ္မနက္စာထမင္းစားၿပီးေတာ့ ခေမာက္ႀကီးေကာက္ေဆာင္းၿပီး ႏြားေက်ာင္းထြက္မယ္လုပ္တုန္း အႀကီးေကာင္က အိမ္ကိုေျပးလာသဗ်။
“ဦးဘသာေရ၊ ဗ်ိဳ႕ ဦးဘသာ”
အႀကီးေကာင္က ေျပးလာရင္းနဲ႔ ၿခံတံခါးဖြင့္ၿပီးေတာ့ က်ဳပ္အိမ္တံစက္ၿမိတ္ေအာက္ေရာက္လာပါေရာဗ်ာ။
“ေၾသာ္၊ ေအး အႀကီးေကာင္ပါလား၊ မနက္ခင္းအေစာလာပုံေထာက္ရင္ ဘာကိစၥလဲကြ”
“ကိစၥကေတာ့ အလတ္ေကာင္ဆီက စာေရာက္လို႔ဗ်”
“ေဟ၊ အလတ္ေကာင္ဆီက စာေရာက္တယ္လား”
“ဟုတ္တယ္၊ မနက္ခင္းေစာေစာ တန္းျမင့္႐ြာက ကိုဗိုက္ပူက စက္ဘီးနဲ႔လာပို႔သြားတာပဲဗ်၊ ေရာက္ေနတာက မေန႔ကတည္းကတဲ့၊ အိမ္ကိုတစ္ေစာင္၊ ဦးဘသာအတြက္ဆိုၿပီးတစ္ေစာင္ပါေသးတယ္ဗ်”
က်ဳပ္လည္း ဝမ္းသာအားရနဲ႔ အႀကီးေကာင္လက္ထဲက စာကိုလွမ္းယူလိုက္တယ္၊ စာအိတ္အျဖဴခပ္ညိဳညိဳကေလးရဲ႕ အနားသတ္မွာ အနီအျပာတုံးကေလးပါတဲ့ စာကေလးတစ္ေစာင္ေပါ့ဗ်ာ၊ အႀကီးေကာင္က ပုဆိုးၾကမ္းတစ္ထည္နဲ႔ထုပ္ထားတဲ့အထုပ္ကိုျဖည္ၿပီး အထဲက စကၠဴအိတ္ႀကီးကိုထုတ္လိုက္ေသးတယ္ဗ်။
“ဟ၊ ဒါကေရာဘာလဲကြ”
“ဘာျဖစ္ရမလဲဗ်၊ အလတ္ေကာင္က အခုရန္ကုန္မွာအဆင္ေျပၿပီးေတာ့ အေျခက်ေနၿပီတဲ့ဗ်ာ၊ ေဟာဒါကေတာ့ ဦးဘသာအတြက္ သူကန္ေတာ့လိုက္တဲ့ ပုဆိုးတဲ့ဗ်”
က်ဳပ္စိတ္ထဲအတိုင္းမသိဝမ္းသာသြားတာေပါ့ဗ်ာ၊ ဒါနဲ႔ စာကိုအသာခ်ၿပီးေတာ့ စကၠဴအိတ္ႀကီးကိုလွမ္းယူလိုက္တယ္၊ စကၠဴညိဳညိဳႀကီးနဲ႔လုပ္ထားတဲ့အိတ္ကိုေျဖလိုက္ေတာ့ အထဲမွာစကၠဴအထပ္ထပ္ပတ္ၿပီး သားေရပင္းနဲ႔စြပ္ထားတဲ့ ၾကားက ပုဆိုးကေလးကို ဖြင့္လိုက္မိပါေရာဗ်ာ။ ပုဆိုးကေလးက လွတယ္ဗ်၊ နီညိဳေရာင္ကိုမွ ခဲေရာင္ေျပးေလးေတြနဲ႔ေဖာက္ထားတာ၊ အကြက္ကလည္းလွတဲ့အျပင္ ခဲေရာင္ကေလးေတြက ေျပာင္ေျပာင္လက္လက္နဲ႔ရယ္ဗ်၊ က်ဳပ္လည္း ပုဆိုးကိုၾကည့္ရင္း
“ဟာ၊ ပုဆိုးကေတာ့ ေကာင္းခ်က္ကြာ”
“ေကာင္းတာေပါ့ဗ်ာ၊ အဲဒါဘန္ေကာက္ပုဆိုးတဲ့ဗ်”
က်ဳပ္လည္း က်ဳပ္ကိုယ္ေအာက္ပိုင္းမွာ ပုဆိုးပတ္ၾကည့္ရင္း
“ဟ၊ ငါနဲ႔လိုက္တယ္မဟုတ္လားကြ”
အႀကီးေကာင္က ၿပဳံးရယ္လွ်က္
“လိုက္တာေပါ့ဗ်ာ၊ ဦးဘသာႀကီး ဒီတစ္ခါအလႉရွိရင္ေတာ့ ပြဲထုတ္လို႔ရၿပီေပါ့ဗ်ာ”
က်ဳပ္မကြယ္မဝွက္တမ္းေျပာရရင္ က်ဳပ္စိတ္ထဲေတာ္ေတာ္ပီတိျဖစ္ေနသဗ်၊ အဲဒီအေပ်ာ္က ဘာအေပ်ာ္နဲ႔မွမတူဘူးဗ်ာ၊ က်ဳပ္ကတစ္ေယာက္တည္းသမားဆိုေတာ့ က်ဳပ္ဘဝမွာ သူမ်ားဆီကလက္ေဆာင္ရတယ္ဆိုတာ ခပ္ရွားရွားဗ်၊ အဝတ္အစားဆိုရင္ပိုဆိုးတာေပါ့ဗ်ာ၊ ကိုယ့္ဖာသာဝယ္ဝတ္ရတာ၊ အခုအလတ္ေကာင္က ပုဆိုးကန္ေတာ့တယ္တဲ့ဗ်၊ ပုဆိုးကလည္း သာမန္ခ်ည္ပုဆိုးမဟုတ္ဘဲ ေဈးႀကီးပုဆိုးမဟုတ္လားဗ်ာ၊ ဒီေတာ့ က်ဳပ္ဘယ္ေလာက္ေပ်ာ္တယ္၊ ဘယ္ေလာက္ဝမ္းသာတယ္ဆိုတာ ခင္ဗ်ားတို႔ခန႔္မွန္းမိေလာက္မွာပါဗ်ာ။
“သြားေတာ့မယ္ ဦးဘသာ၊ က်ဳပ္႐ြာဦးေက်ာင္းကို သြားစရာရွိေသးတယ္”
႐ြာဦးေက်ာင္းဆိုေတာ့မွ က်ဳပ္လည္းသတိရသြားတယ္။
“ေဟ့၊ ေဟ့ ေနစမ္းပါအုံးကြ၊ ဒါနဲ႔ မနက္က ႐ြာဦးေက်ာင္းက အုန္းေမာင္းမေခါက္ဘူးေနာ္ကြ”
က်ဳပ္ေမးေတာ့ အႀကီးေကာင္က ေခါင္းညိတ္ရင္း
“ဟုတ္တယ္ဗ်၊ အုန္းေမာင္းက ျပတ္ထြက္သြားၿပီ”
“ေဟ၊ ဘယ္လိုျဖစ္ရတာလဲကြာ”
“ကိုရင္ေတြ ေက်ာင္းသားေတြေဆာ့တယ္ထင္ပါတယ္ဗ်ာ၊ အဲဒါအုန္းေမာင္းထိပ္ဘက္က ႀကိဳးတြဲတဲ့သစ္သားက ျပဳတ္ထြက္ၿပီးက်သြားတာပဲ၊ အခု ႐ြာဦးေက်ာင္းဆရာေတာ္က အုန္းေမာင္းအသစ္လုပ္ဖို႔ အေဖ့ကိုေျပာတာနဲ႔ က်ဳပ္လည္းသြားရမွာ၊ ဒါနဲ႔ အုန္းေမာင္းက ျပန္ျပင္မသုံးေကာင္းဘူးဆိုဗ်”
က်ဳပ္လည္း ေခါင္းညိတ္လိုက္ၿပီး
“ေအးေအး၊ ဒါေတာ့ဟုတ္တယ္ကြ၊ အုန္းေမာင္းပ်က္ရင္ မဆက္ရ၊ မျပင္ရဘူးကြ၊ အုန္းေမာင္းကိုသံနဲ႔လည္းမႏွက္ရဘူးတဲ့”
“ဘာျဖစ္လို႔မ်ားပါလိမ့္ဗ်ာ”
“အုန္းေမာင္းဆိုတာ ႐ြာတစ္႐ြာရဲ႕က်က္သေရပဲကြ၊ မင္းတို႔ဒီအတိုင္းၾကည့္ရင္ ဒီသစ္လုံးႀကီးက ဘာမွမထူးဘူးဆိုေပမယ့္ ေလာကီပညာနဲ႔ၾကည့္ရင္ အုန္းေမာင္းရဲ႕သေဘာက ႐ြာကိုအခ်က္ျပတဲ့သေဘာ၊ မနက္ေနထြက္ၿပီး တစ္ေနထြက္လာၿပီျဖစ္တဲ့အေၾကာင္း စတင္တဲ့မဂၤလာအသံပဲ၊ ဒီလိုမဂၤလာအရာကို မျပင္ေကာင္း၊ မျပဳေကာင္းဘူးကြ”
“အင္းေပါ့ဗ်ာ၊ ေရွးလူႀကီးေတြေျပာခဲ့တာဆိုေတာ့လည္း ဖယ္ရွားလို႔မွမရတာဗ်၊ ဦးဘသာေျပာေတာ့မွ က်ဳပ္လည္း အုန္းေမာင္းေခါက္တာဟာ ဒီေလာက္အေရးႀကီးသလားဆိုၿပီး ေတြးမိေတာ့တာ”
က်ဳပ္က အႀကီးေကာင္ကိုလက္ညႇိဳးထိုးၿပီး
“မင္းအုန္းေမာင္းေခါက္တတ္လား အႀကီးေကာင္”
“ေခါက္ေတာ့မေခါက္ဖူးဘူးဗ်၊ ဒါေပမယ့္ ေခါက္လို႔လြယ္မွာပါ၊ ဒီအတိုင္းေခါက္တာပဲ ဥစၥာ”
“မွားၿပီအႀကီးေကာင္၊ မင္းမွားၿပီ အုန္းေမာင္းဆိုတာ အရမ္းကာေရာေခါက္လို႔မရဘူးကြ၊ ဘာလို႔လဲဆိုေတာ့ ငါတို႔လို အုန္းေမာင္းသံကိုနားေထာင္ၿပီး ထတတ္တဲ့လူေတြရွိတယ္၊ အုန္းေမာင္းသံကိုနားေထာင္ၿပီးေတာ့ ဒီေန႔ကဘယ္ေန႔လဲဆိုတာကို တြက္ခ်က္တဲ့လူေတြရွိတယ္ကြ”
အႀကီးေကာင္က အံ့ၾသသြားတဲ့မ်က္ႏွာေပးနဲ႔
“ေနပါအုံးဦးဘသာရ၊ အုန္းေမာင္းသံနဲ႔အိပ္ရာႏိုးတာကေတာ့ ထားပါေတာ့ဗ်ာ၊ အုန္းေမာင္းသံနားေထာင္ၿပီးေတာ့ ဘယ္ေန႔ဘယ္ရက္ဆိုတာ သိႏိုင္တယ္တဲ့လား”
“မင္းမွတ္ထား၊ မသိေသးရင္ေျပာျပမယ္၊ အုန္းေမာင္းေခါက္တယ္ဆိုတာ အခ်က္ေပး႐ုံတင္မဟုတ္ဘဲ ဂမၻီရနည္းလမ္းဆန္သကြ၊ အုန္းေမာင္းကို ေခါက္တာကေတာ့ လြယ္တာေပါ့ကြာ၊ ဒါေပမယ့္ နည္းမွန္လမ္းမွန္ေခါက္တတ္ဖို႔ကေတာ့ ေရွးဘုန္းႀကီးေက်ာင္းထြက္ေတြနဲ႔ တကယ့္ဗဟုသုတရွိတဲ့လူေတြပဲ ေခါက္တတ္တာကြ”
က်ဳပ္လည္း တံေတြးတစ္ခ်က္ေထြးလိုက္ၿပီးေတာ့
“ဒီလိုကြ အုန္းေမာင္းေခါက္တဲ့အခါ ပဌာန္း၂၄ပစၥည္း႐ြတ္ၾကရတယ္၊ ၿပီးရင္အစပိုင္းမွာေတာ့ ခပ္ဆတ္ဆတ္ေခါက္ရတယ္ကြ ပဌာန္း႐ြတ္ရင္း ခပ္ဆတ္ဆတ္ေခါက္ၿပီးေတာ့ ပဌာန္းၿပီးသြားတဲ့အခါက်ေတာ့ ေခါက္ေနတာကိုရပ္လိုက္ရတယ္၊ ၿပီးရင္ေတာ့ တနဂၤေႏြဆို တစ္ခ်က္ေခါက္၊ တနလၤာေန႔ဆို ႏွစ္ခ်က္ေခါက္၊ အဂၤါဆိုသုံးခ်က္ေပါ့ကြာ၊ စေနဆိုရင္ေတာ့ ခုနစ္ခ်က္ေပါ့ကြ၊ အဲဒီလိုအခ်က္ေတြကိုေတာ့ ခပ္ေလးေလးေခါက္ရတယ္၊ ေခါက္ၿပီးရင္ေတာ့ မနက္ေလးနာရီဆိုတဲ့ အခ်ိန္အရ ေလးခ်က္ကိုမေလးမစိတ္ ခပ္မွန္မွန္ေခါက္ေပးရတယ္ကြ”
“ေၾသာ္၊ ဒီလိုလားဗ်”
“ဒါေၾကာင့္ေရွးလူႀကီးေတြက အိပ္ရာထၿပီဆိုရင္ အုန္းေမာင္းေခါက္တဲ့အသံကိုနားေထာင္ၿပီးေတာ့ ဒီေန႔က တနဂၤေႏြလား၊ တနလၤာလားဆိုတာကို တြက္ၾကတယ္ေပါ့ကြာ၊ မနက္မိုးလင္းကတည္းက ဒီေန႔ဘယ္ေန႔ဆိုတာကို သိၿပီးမွထၾကတဲ့အတြက္ ေန႔မွားရက္မွားတာေတြျဖစ္ခဲတယ္၊ တို႔ငယ္ငယ္တုန္းၿမိဳင္သာၿမိဳ႕မွာ ဘႀကီးတစ္ေယာက္ရွိတယ္ကြ၊ သူ႔ကိုဆိုရင္ ဘိုးျပကၡဒိန္လို႔ေခၚၾကတာ၊ သူ႔ကိုဘယ္အခ်ိန္ႀကဳံႀကဳံ ဒီေန႔ဘာေန႔လဲလို႔ေမးရင္ ျမန္မာခုနစ္၊ ရက္၊ လ အတိအက်ေျပာျပသကြ၊ ဒါတင္မကေသးဘူး ဒီေန႔က ရက္ရာဇာလား၊ ျပႆဒါးလား၊ အၿမိတၱစုတ္လား၊ ေျမခံရက္ၾကမ္းလား၊ လျပည့္လကြယ္လား၊ လဆန္းလားဆိုတာေတြကိုေတာင္ အတိအက်ေျပာတာကြ”
“ဟာ၊ ဒါကေတာ့ဗ်ာ၊ ဒီေန႔ဘာေန႔လဲဆိုတာကို ျပကၡဒိန္ၾကည့္ထားလို႔ျဖစ္မွာေပါ့ဗ်”
က်ဳပ္လည္းေခါင္းခါၿပီး
“မဟုတ္ဘူးအႀကီးေကာင္ရ၊ သူ႔ကိုဒီေန႔တစ္ရက္ထဲေမးလို႔ရတာတင္မဟုတ္ဘူးကြ၊ ေရွ႕တစ္ပတ္ကဘာေန႔လဲ၊ လာမယ့္ အဂၤါေန႔က ဘယ္ေန႔လဲ၊ တခ်ိဳ႕ဆိုရင္ မယုံၾကလို႔ တစ္လတိတိႀကိဳၿပီးေမးၾကတာကြ”
“ဟာ၊ သူေျဖတိုင္းမွန္ေရာလား”
“အစစ္ေပါ့ကြ၊ သူေျဖတဲ့ရက္ကို ျပကၡဒိန္မွာသြားၾကည့္ အဲဒီေန႔၊ အဲဒီရက္ပဲကြ၊ သူက သခ်ၤာတြက္ကိန္းတစ္ခုသုံးတာကြ၊ အဲဒီတြက္ကိန္းကိုလည္း စိတ္ထဲမွာဖမ္းတြက္တာေနာ္၊ ငါေတာင္မယုံလို႔ သူ႔ကိုတစ္ႏွစ္နဲ႔သုံးလတိတိႀကိဳၿပီးေမးၾကည့္ေသးတယ္”
“မွန္တာပဲလားဗ်ာ”
“ငါ့ကိုဆဲပါေလေရာကြာ၊ ပယ္ပယ္ႏွယ္ႏွယ္ကိုဆဲတာကြ၊ ေနာက္ေတာ့ သူ႔လက္ေခ်ာင္းေတြကိုေရတြက္ၿပီးေတာ့ ေရတြက္တယ္ကြ၊ ေနာက္ေတာ့သူက ေန႔တစ္ေန႔ေျပာတယ္၊ ငါလည္း အဲဒီေန႔ကို မွတ္စုစာအုပ္ထဲေရးမွတ္ထားတာေပါ့ကြာ၊ ေဟာ ေနာက္ႏွစ္ ျပကၡဒိန္ထြက္ၿပီဆိုေတာ့ အဲဒီေန႔နဲ႔တိုက္ၾကည့္တာ ကြက္တိပဲကြာ၊ ငါဆိုရင္ အဲဒီကတည္းက သူ႔ကိုၾသခ်သြားရတာ”
“ထူးပါေပ့ဗ်ာ၊ ဦးဘသာႀကီးေရာ အဲဒီလိုနည္းမတတ္ဘူးလားဗ်”
“ငါ့ကိုသင္ေတာ့သင္ေပးတယ္ကြ၊ ဒါေပမယ့္ မလြယ္ဘူး၊ သူက သခ်ၤာပါရမီပါမွရတာကြ၊ ဒီလိုကြာ အရင္ဆုံးကိုယ္ေမးတဲ့ခုနစ္ကိုသူက အရင္တြက္တယ္၊ ၿပီးတာနဲ႔ လကိုတြက္တယ္၊ ေနာက္ေတာ့ဘယ္ရက္ဆိုတာကို တြက္တယ္၊ အဲဒီရက္က တနဂၤေႏြလား၊ တနလၤာလားဆိုတာကို ထပ္တြက္တယ္၊ ၿပီးရင္ ေဗဒင္ပညာနဲ႔ ရက္ရာဇာလား ဘာလားဆိုတာကို အဆင့္ဆင့္တြက္ရတာကြ၊ တကယ္ကိုမလြယ္ပါဘူးကြာ၊ ဒါေပမယ့္ ဦးျပကၡဒိန္ကေတာ့ သူ႔ကိုရက္ေမးလိုက္ရင္ မ်က္လုံးေလးေထာင့္ကပ္ၿပီး စိတ္မွန္းနဲ႔တြက္ခ်သြားလိုက္တာကြာ၊ တကယ္ကိုခဏေလးပါ၊ တစ္မိနစ္ေတာင္မၾကာဘူး”
အႀကီးေကာင္က အားတက္သေရာနဲ႔
“က်ဳပ္လည္း ဒီလိုပညာကိုတတ္ခ်င္လိုက္တာဗ်ာ”
“မလိုေတာ့ဘူးေလ အႀကီးေကာင္ရ၊ ခုေခတ္က ပုံႏွိပ္ျပကၡဒိန္ေတြေပၚေနၿပီေလ၊ ဘယ္ေန႔က ဘာလဲဆိုတာကို ျပကၡဒိန္လွန္ၿပီးေတာ့ အလြယ္ရွာလို႔ရတာပဲမဟုတ္လား၊ ေနာက္ၿပီး ႏွစ္တစ္ရာျပကၡဒိန္ဆိုတာေတာင္ရွိေသးတယ္၊ ေရွ႕လာမယ့္ႏွစ္ေပါင္းႏွစ္ဆယ္ သုံးဆယ္ေလာက္က ျပကၡဒိန္ေတြကို ၾကည့္ႏိုင္တယ္ဆိုေတာ့ လူေတြက ဒီလိုအရာပဲအားကိုးတာေပါ့ကြာ၊ ဒီေတာ့ ဦးျပကၡဒိန္ရဲ႕ ပညာေတြကို ေနာင္လာေနာက္သားေတြမဆက္ခံေတာ့ဘဲ ေပ်ာက္ကြယ္သြားတာကလည္း မဆန္းဘူးေလကြ”
“ဟုတ္ေတာ့လည္းဟုတ္တယ္ဗ်၊ ခုေခတ္က်ေတာ့ ျပကၡဒိန္ေျပးၾကည့္ၿပီး အလြယ္ကေလးသိႏိုင္တာဆိုေတာ့ သူ႔လိုအခ်ိန္ကုန္ခံၿပီးေတာ့ ေန႔ေတြရက္ေတြ ဘယ္တြက္ၾကေတာ့မလဲဗ်ာ”
“ေအးကြာ၊ စကားေကာင္းေနတာနဲ႔ မင္းေတာင္ေနာက္က်ေတာ့မယ္၊ ႐ြာဦးေက်ာင္းကိုသြားလိုက္အုံးကြာ၊ ငါလည္းအလတ္ေကာင္ဆီက စာေလးေဖာက္ဖတ္ၾကည့္လိုက္အုံးမယ္ကြ”
အႀကီးေကာင္လည္း ေခါင္းညိတ္ၿပီးေတာ့ထြက္သြားတယ္၊ က်ဳပ္လည္း ႏြားတင္းကုပ္ဆီကိုလာၿပီးေတာ့ ႏြားေတြကိုႀကိဳးျဖည္ေပးရင္း
“ေဟ့ေကာင္ေတြ၊ ဒီေန႔ေတာ့ငါမလိုက္ေတာ့ဘူးကြာ၊ မင္းတို႔ေကာင္ေတြ ငါမလိုက္ဘူးဆိုၿပီး ေဟာ့ေဟာ့ရမ္းရမ္းမလုပ္နဲ႔၊ စားေသာက္ၿပီးရင္ အိမ္ကိုတန္းတန္းမတ္မတ္ျပန္လာၾက၊ ဟုတ္ၿပီလား”
က်ဳပ္ေျပာလိုက္ေတာ့ ႏြားႀကီးေတြက ေခါင္းညိတ္ျပၿပီးေတာ့ ၿခံထဲကေန တစ္ေကာင္ၿပီးအတန္းလိုက္ႀကီးထြက္သြားေတာ့တာပဲဗ်ာ၊ က်ဳပ္လည္း အလတ္ေကာင္ေပးတဲ့ စာအိတ္ကေလးယူၿပီး အိမ္ေပၚကိုတက္ခဲ့တယ္၊ အိမ္ျပတင္းေပါက္ အလင္းေရာင္ေကာင္းတဲ့ေနရာမွာ စာအိတ္ကိုဖြင့္လိုက္တယ္ဆိုရင္ပဲ စကၠဴအျဖဴအေခ်ာေပၚမွာေရးထားတဲ့ အလတ္ေကာင္ရဲ႕စာကို ေတြ႕လိုက္ရတာပါပဲဗ်ာ။
(၃)
“သို႔၊ ဦးဘသာ သတိရျခင္းမ်ားစြာျဖင့္ စာေရးလိုက္ပါတယ္၊ ဦးဘသာ က်ဳပ္ကိုသတိရေသးရဲ႕လားဗ်ာ၊ က်ဳပ္ကေတာ့ ဒီမွာေနတဲ့ရက္တိုင္း၊ အခ်ိန္တိုင္း ဦးဘသာကို အၿမဲသတိရေနမိတယ္ဗ်”
က်ဳပ္လည္းအလတ္ေကာင္စာကိုဖတ္ရင္း
“သတိရတာေပါ့ကြာ၊ မင္းကိုလည္းငါသတိရပါတယ္”
က်ဳပ္ကိုယ္က်ဳပ္ေတာင္မသိလိုက္ဘဲ အ႐ူးတစ္ေယာက္လိုေျပာဆိုေနမိတယ္ဗ်ာ၊ အမွန္ေတာ့ က်ဳပ္ျပန္ေျပာတာကိုလည္း အလတ္ေကာင္က ၾကားႏိုင္တာမွမဟုတ္တာဗ်၊ ဒါနဲ႔ပဲစာကိုဆက္ဖတ္လိုက္တယ္။
တကယ္ေတာ့ မဟာရန္ကုန္ေ႐ႊၿမိဳ႕ေတာ္ႀကီးဆိုတာ က်ဳပ္တို႔ထင္ထားသလိုမဟုတ္ပါဘူးဗ်ာ၊ အလြန္ကိုအလိမ္အညာမ်ားလြန္းတဲ့ေနရာ၊ အလြန္ကိုေၾကာက္စရာေကာင္းလြန္းတဲ့ေနရာႀကီးဗ်၊ က်ဳပ္ရန္ကုန္ေရာက္တဲ့အေၾကာင္း ေျပာရအုံးမယ္ဗ်ာ၊ ရထားစီးေတာ့ က်ဳပ္နဲ႔မ်က္ႏွာခ်င္းဆိုင္က အေဒၚႀကီးက ရန္ကုန္ကတဲ့ဗ်ာ၊ က်ဳပ္လည္းတစ္ခါမွ မေရာက္ဖူးဘူးဆိုေတာ့သူ႔ကိုအားကိုးလိုက္တာေပါ့ဗ်ာ၊ ရထားေပၚမွာလည္း တစ္လမ္းလုံးစကားေတြေျပာသြားၾကတာဗ်၊ ဒီအေဒၚႀကီးက သိပ္လည္းခင္မင္တတ္တာပဲ၊ က်ဳပ္ကိုလည္းမုန႔္ေတြဝယ္ေကြၽး၊ ထမင္းေတြေကြၽးနဲ႔ေပါ့ဗ်ာ၊ ဒါနဲ႔ ရန္ကုန္ဘူတာႀကီးကို ေရာက္ခဲ့ပါေရာဗ်ာ၊ ခက္တာက က်ဳပ္မွာဦးဆိုနီရဲ႕လိပ္စာပါေပမယ့္ ဘယ္ကိုသြားလို႔သြားရမယ္မသိဘူးဗ်၊ ပစၥည္းေတြကလည္း မနည္းမေနာပဲေလဗ်ာ၊ သံေသတၱာတစ္လုံးရယ္၊ လက္ဆြဲျခင္းတစ္လုံး၊ ေစာင္နဲ႔ထုပ္ထားတဲ့အထုပ္ႀကီးတစ္ထုပ္မဟုတ္လားဗ်၊
က်ဳပ္ေနဖို႔ထိုင္ဖို႔၊ စားဖို႔ေသာက္ဖို႔ပစၥည္းေတြ၊ ေနာက္ေတာ့ဦးဆိုနီတို႔အတြက္ ႐ြာကထည့္ေပးလိုက္တဲ့ လက္ေဆာင္ေတြ၊ စားစရာေတြစုံလို႔ေပါ့ဗ်ာ၊ ဒါနဲ႔ က်ဳပ္လည္း ေလးဘီးဆင္းငွားေတာ့ ခုနက အေဒၚႀကီးက က်ဳပ္ပစၥည္းေတြကိုၾကည့္ထားေပးမယ္တဲ့ဗ်ာ၊ ေလးဘီးဂိတ္က ဘူတာအေရွ႕ဘက္ကိုးဗ်၊ ဒါနဲ႔ ေလးဘီးငွားၿပီး က်ဳပ္ျပန္လွည့္လာေတာ့ က်ဳပ္ပစၥည္းေတြမရွိေတာ့ဘူးဗ်ာ။ ဘာဆိုဘာမွကို မက်န္ေတာ့တာ၊ က်ဳပ္လည္း ဘူတာထဲလိုက္ရွာပါေသးတယ္၊ အေတာ္ၾကာေတာ့မွ ဒီအေဒၚႀကီး က်ဳပ္ပစၥည္းေတြကို ယူၿပီးေျပးၿပီဆိုတာကို သိလိုက္တာဗ်။ ဒါနဲ႔ပဲ ပါသမွ်ပစၥည္းအကုန္ေရစက္ခ်ၿပီးေတာ့ လြယ္အိတ္တစ္လုံးနဲ႔ဆက္လာခဲ့တာေပါ့ဗ်ာ၊ ပစၥည္းေတြပါသြားတာ ႏွေျမာေပမယ့္ လြယ္အိတ္ထဲမွာ ေငြေတြဆိုေတာ့ သိပ္ေတာ့မခံစားရပါဘူး။
ေလးဘီးငွားၿပီးေတာ့ ကမာ႐ြတ္လို႔ေခၚတဲ့ေနရာမွာ ဆင္းလိုက္တယ္ဗ်၊ ဦးဆိုနီေပးလိုက္တဲ့လိပ္စာထဲက ေလးဘီးကားမေရာက္ဖူးတဲ့ဗ်ာ၊ ေနာက္မွသိတာက ေလးဘီးေမာင္းတဲ့လူက က်ဳပ္ကိုေတာသားဆိုၿပီး လမ္းခုလတ္မွာခ်ေပးခဲ့တာဗ်၊ အဆုံးထိလိုက္ပို႔ေပးေနရင္ အခ်ိန္ကုန္မွာစိုးလို႔ထင္ပါတယ္၊ ဒါနဲ႔က်ဳပ္လည္း ေမးစမ္းလိုက္ေတာ့မွ သြားရမယ့္ေနရာက ေတာ္ေတာ္ကိုလိုေနေသးတယ္ဗ်၊ ေလးဘီးကားသမား မေကာင္းႀကံတာသိေတာ့ က်ဳပ္လည္း ေလးဘီးငွားမစီးရဲေတာ့ပါဘူးဗ်ာ၊ လမ္းၫႊန္တဲ့လူကေတာ့ လိုင္းကားစီးရင္ေရာက္တယ္ဆိုၿပီးၫႊန္တာနဲ႔ လိုင္းကားစီးရေအာင္ ကားဂိတ္နားကိုလာခဲ့ရတယ္၊ ကားဂိတ္ေရွ႕ေရာက္ေတာ့ လမ္းေဘးခ်ဳံစပ္ၾကားမွာ ေ႐ႊလိုေျပာင္လက္လက္အရာကေလးေတြ႕လိုက္ရတယ္ဗ်၊ က်ဳပ္လည္းအဲဒီအနားသြားၾကည့္ေတာ့ လက္ကိုင္ပုဝါတစ္ခုထဲမွာ ေ႐ႊဆြဲႀကိဳးရယ္၊ လက္ေကာက္ရယ္၊ ေနာက္ လက္စြပ္ႏွစ္ကြင္းရယ္ပါသဗ်ာ၊ က်ဳပ္ေဘးဘီကိုၾကည့္လိုက္ေတာ့ ေ႐ႊထုပ္က်ရေလာက္ေအာင္သားနားတဲ့လူလဲမရွိဘူးဗ်၊ ပိုင္ရွင္ေတာ့ ႏွေျမာေနေတာ့မွာပဲ ေကာက္ထားၿပီး ဘယ္သူက်တာလဲလို႔ ေဈးထဲဝင္ေမးမယ္လို႔ ႀကံၿပီး က်ဳပ္ကုန္းေကာက္လိုက္တယ္၊ ေနာက္ေတာ့ အေရွ႕ဆက္ေလွ်ာက္လာတဲ့အခါ က်ဳပ္အေနာက္ကေန လူႏွစ္ေယာက္လိုက္လာတယ္ဗ်။
က်ဳပ္ကိုေနာင္ႀကီးလို႔ေခၚလို႔ က်ဳပ္လွည့္ၾကည့္လိုက္မိတယ္၊ သူတို႔က ေ႐ႊထုပ္ကိုလက္ညႇိဳးထိုးျပတာနဲ႔ အဲဒီေ႐ႊထုပ္ကိုသူတို႔ကိုျပန္ေပးလိုက္တာေပါ့ဗ်ာ၊ သူတို႔ကအေတာ္စိတ္ပ်က္သြားတဲ့ပုံပဲဗ်၊ ေနာက္ေတာ့ေျပာေသးတယ္၊ ဒီေ႐ႊက အကိုတို႔ဟာမဟုတ္ပါဘူး၊ တစ္ေယာက္ေယာက္က်ခဲ့တာျဖစ္မယ္တဲ့ဗ်ာ၊ ရန္ကုန္မွာက ဒီလိုက်က်န္တာမ်ိဳးဆိုရင္ ပိုင္ရွင္မေပၚတတ္ဘူး၊ ရသူယူေၾကးဆိုပဲဗ်၊ က်ဳပ္လည္း နည္းနည္းေတာ့ ေလာဘတက္မိတာအမွန္ပဲဗ်ာ၊ ဒီလူေတြက က်ဳပ္ေ႐ႊေကာက္တာကိုျမင္လိုက္တယ္တဲ့၊ က်ဳပ္တစ္ေယာက္တည္း ေ႐ႊထုပ္ယူသြားရင္ သူတို႔ကရဲတိုင္မယ္တဲ့ဗ်ာ၊ က်ဳပ္က သူတို႔ကိုေ႐ႊထုတ္ျပန္ေပးေတာ့လည္းမယူဘူး၊ ေနာက္ေတာ့ ဒီေ႐ႊေတြကို ညီေလးပဲယူပါ၊ အကိုတို႔က အခ်ိန္မရလို႔ ေ႐ႊေတြရဲ႕တန္ေၾကးတစ္ဝက္ေလာက္ျဖစ္ျဖစ္ ညီေလးဆီမွာပါရင္ေပးခဲ့ပါလို႔ဆိုတယ္ဗ်၊ ဒီေ႐ႊေတြသြားေရာင္းရင္ ႏွစ္ေသာင္းေလာက္ေတာ့ရမွာတဲ့ဗ်၊ က်ဳပ္မွာလည္း ဒီေလာက္ေငြမပါဘူးေလဗ်ာ၊ ဒါနဲ႔ပဲ ေနာက္ဆုံးပါတဲ့ေငြသုံးေထာင္ကို ထုတ္ေပးလိုက္တယ္။
စာဖတ္ရင္းက်ဳပ္စိတ္တိုသြားတယ္ဗ်။
“ဟာ၊ အလတ္ေကာင္ရာ၊ မင္းေတာ္ေတာ္အတဲ့ေကာင္ပဲကြာ၊ အဲဒါလူလိမ္ေတြကြ”
က်ဳပ္လည္း ေရ႐ြတ္လိုက္မိပါတယ္ဗ်ာ။ စိတ္ပ်က္ပ်က္နဲ႔စာကိုဆက္ဖတ္ေတာ့ ထင္တဲ့အတိုင္းပါပဲ။
က်ဳပ္လည္း ေဌးၿပီဆိုၿပီး ေ႐ႊဆိုင္သြားျပေတာ့မွ ေ႐ႊေတြက အတုေတြတဲ့ဗ်ာ၊ ေ႐ႊဆိုင္ကလူေတြက က်ဳပ္ကိုဟားလိုက္တာ ေျပာမေနပါနဲ႔၊ ရန္ကုန္မွာ ေ႐ႊထုပ္ခ်ၿပီးလိမ္တဲ့နည္းတဲ့၊ အခုေခတ္ ေခတ္စားေနတဲ့နည္းတဲ့ဗ်ာ၊ ဆိုင္ကလူက ရန္ကုန္မွာဘယ္သူမွမယုံဖို႔ သင္ေပးလိုက္ၿပီးေတာ့ က်ဳပ္ကိုသနားလို႔ ေငြငါးဆယ္ေပးၿပီးျပန္လႊတ္လိုက္တယ္၊ က်ဳပ္လည္း ႐ြာကပါသမွ်တစ္မနက္တည္းကုန္သြားေတာ့ အေတာ္စိတ္ဓါတ္က်သြားတယ္ဗ်၊ လူေတြအမ်ားႀကီးသြားေနတဲ့လမ္းမႀကီးမွာထိုင္ၿပီး ငိုကိုငိုခ်လိုက္တာ၊ လူေတြက က်ဳပ္ကိုေတာ့ၾကည့္သြားတာပါပဲ၊ ဒါေပမယ့္ ဒီကလူေတြက သြားလာေနတာဆိုေတာ့ ဘယ္သူမွ စပ္စပ္စုစုေတာ့ ရပ္မၾကည့္ဘူးဗ်၊ အဲဒီအခ်ိန္ က်ဳပ္ဦးဘသာကို သိပ္သတိရတာပဲဗ်ာ၊ ဦးဘသာ သာရွိရင္ ဒီလူလိမ္ေတြဆီက ပိုက္ဆံျပန္ရႏိုင္တယ္မဟုတ္လား၊ ဒါနဲ႔က်ဳပ္လည္း ဦးဘသာကို တမိတယ္ဗ်၊ ဦးဘသာၾကားလားေတာ့မသိဘူး၊ ပုံမွန္ဆိုရင္ က်ဳပ္ကတလိုက္ရင္ ဦးဘသာက သိတယ္မဟုတ္လား၊ ေနာက္ေတာ့ ဦးဘသာၾကားေအာင္ အသံအက်ယ္ႀကီးနဲ႔ေအာ္မိတယ္ဗ်၊ ဦးဘသာ က်ဳပ္ေအာ္တာကိုၾကားလား၊ ၾကားေပမယ့္ ႐ြာမွာအလုပ္ေတြမ်ားေနလို႔ မလာႏိုင္တာလား။
“မင္းေအာ္တာကို ငါကၾကားမလားကြ၊ သူ႔ဆိုင္ရာဆိုင္ရာ နယ္ဆိုတာရွိတယ္အလတ္ေကာင္ရ၊ အဲဒီလိုေအာ္တိုင္းသာၾကားရင္ တယ္လီဖုန္းဆိုတာ မလိုေတာ့ဘူးေပါ့ကြာ”
က်ဳပ္လည္း အလတ္ေကာင္စာထဲကဟာကို ျပန္ေျဖရွင္းျပေနမိတယ္။ ဆက္ဖတ္လိုက္ေတာ့
ဦးဘသာမလာတာနဲ႔ က်ဳပ္လည္းေနာက္ဆုံး ဦးဆိုနီဆီကိုလိုက္သြားျဖစ္ပါတယ္ဗ်ာ၊ လူတစ္ေယာက္က က်ဳပ္ကိုသူနဲ႔အတူတူလိုင္းကားစီးဖို႔ေခၚသြားေတာ့မွ ေရာက္သြားတယ္ဗ်၊ လိုင္းကားဆိုတာကလည္း ၾကပ္ညပ္ေနတာပါပဲဗ်ာ၊ က်ဳပ္တို႔႐ြာကေန ၿမိဳင္သာကိုသြားတဲ့လိုင္းကားေတာင္မွ ရန္ကုန္ကလိုင္းကားေလာက္ၾကပ္မယ္မထင္ဘူးဗ်။ ကားစပယ္ယာက တိုးထား တိုးထားဆိုတာနဲ႔ က်ဳပ္လည္းတိုးလိုက္တာ ဟိုးကားအထဲေရာက္သြားေတာ့တယ္ဗ်ာ၊ ေဟာ ဆင္းရမယ့္မွတ္တိုင္က်ေတာ့ က်ဳပ္ဆင္းမယ္လို႔ေအာ္ေနေပမယ့္ မွတ္တိုင္မွာ ခဏေလးရပ္တာဗ်၊ က်ဳပ္လည္း အတင္းေအာ္ရင္း တိုးေဝွ႔ဆင္းေတာ့မွ အေရွ႕နားမွာရပ္ေပးတယ္၊ လူၾကားထဲတိုးရင္း က်ဳပ္စီးထားတဲ့ဖိနပ္တစ္ဖက္ ဘယ္နားက်လို႔က်ေနခဲ့မွန္းလဲမသိပါဘူးဗ်ာ၊ ကားကလည္း က်ဳပ္ကိုခ်ေပးၿပီးတာနဲ႔ ဝူးခနဲေမာင္းထြက္သြားေတာ့တာပါပဲ။
က်ဳပ္ဖိနပ္တစ္ဖက္မပါေတာ့ဘူးဗ်၊ စိတ္ညစ္ညစ္နဲ႔ ေခြၽးသုတ္မယ္ဆိုၿပီး လက္ကိုင္ပုဝါထုတ္ေတာ့မွ က်ဳပ္လြယ္အိတ္ႀကီးက ဟက္တက္ႀကီးကြဲေနသဗ်ာ၊ အထဲကပစၥည္းေတြကိုလွည္း ေမႊေႏွာက္ထားတာ ရစရာကိုမရွိပါဘူး။ က်ဳပ္လည္း သူမ်ားႏႈိက္ခံရမွန္းအခုမွသိတာ၊ အစက က်ဳပ္လြယ္အိတ္မ်ား မခိုင္လို႔ၿပဲသြားတာလားလို႔ေပါ့။
က်ဳပ္လည္းစိတ္ညစ္ညစ္နဲ႔လိပ္စာကိုင္ၿပီးေလွ်ာက္လာေတာ့မွ ဦးဆိုနီတို႔ရပ္ကြက္က သူေဌးရပ္ကြက္ႀကီးျဖစ္ေနသဗ်၊ အိမ္ႀကီးေတြဆိုရင္လည္း ႀကီးလိုက္တာမွ က်ဳပ္တို႔႐ြာက ဘုန္းႀကီးေက်ာင္းထက္ေတာင္ႀကီးေသးသဗ်ာ၊ က်ဳပ္ေလွ်ာက္ေနတာ မိုးခ်ဳပ္ေနၿပီဆိုေပမယ့္ လမ္းမီးတိုင္အလင္းေၾကာင့္ ေန႔ခင္းႀကီးအလားပါပဲ၊ လိပ္စာအတိုင္းေရာက္ေတာ့ ၿခံတံခါးကိုထုလိုက္တယ္ဗ်၊ အဲဒီမွာ ဦးဆိုနီလာဖြင့္ေပးတာပဲဗ်ာ၊ က်ဳပ္က အေတာ္ဝမ္းသာသြားေပမယ့္ ဦးဆိုနီကေတာ့ အံ့ၾသေနတဲ့ပုံပါပဲ၊ ေနာက္မွသိလိုက္ရတာက ဦးဆိုနီက သူေဌးမဟုတ္ပါဘူးဗ်ာ၊၊ အဲဒီအိမ္က အရာရွိႀကီးတစ္ဦးရဲ႕အိမ္ဗ်၊ အရာရွိႀကီးက ေမွာင္ခိုပစၥည္းေတြသြင္းတယ္၊ အဲဒါကို ဦးဆိုနီက လဟာျပင္ေဈးတို႔၊ ပန္းဆိုးတန္းတို႔မွာ ေမွာင္ခိုဆိုင္ႀကီးေတြဖြင့္ၿပီး ေရာင္းေပးရသဗ်၊ ေရာင္းလို႔ရတဲ့အျမတ္ကို အရာရွိႀကီးနဲ႔ ဦးဆိုနီနဲ႔ ေပါင္းစားတယ္ေပါ့ဗ်ာ၊ ကားကလည္း သူပိုင္တာမဟုတ္ပါဘူးဗ်ာ၊ အရာရွိႀကီးအိမ္က ကားကိုယူသုံးတာပါ၊ ေျပာရရင္ေတာ့ ဦးဆိုနီက သူေဌးမဟုတ္ဘဲ အရာရွိႀကီးရဲ႕ ေအာက္ဆြဲေပါ့ဗ်ာ။
အဲဒီအိမ္ႀကီးရဲ႕အေနာက္ဘက္က သစ္သားအိမ္ကေလးမွာ ဦးဆိုနီက ေနာက္မိန္းမနဲ႔ေနသဗ်၊ က်ဳပ္ကိုေတာ့ ေျခရင္းဘက္က အဖီေလးမွာေနရာေပးတယ္၊ အဖီကလည္း စုတ္လိုက္တာ ေျပာမေနပါနဲ႔ဗ်ာ၊ မိုး႐ြာရင္ မိုးေရကပက္၊ မိုးေရကလည္းယိုေသးသဗ်။ ဒါေပမယ့္ က်ဳပ္႐ြာလည္းမျပန္ခ်င္ဘူးဗ်ာ၊ ဘာပဲေျပာေျပာရန္ကုန္မွာေနၿပီးေတာ့ လူတစ္လုံးသူတစ္လုံးျဖစ္ေအာင္လုပ္မယ္လို႔ ေတြးထားတာဆိုေတာ့ ကုတ္ကပ္ၿပီးေနရတာေပါ့။ ဦးဆိုနီဆိုင္မွာပဲ ေဈးဝိုင္းေရာင္းေပးရတယ္ေပါ့ဗ်ာ၊ ေဈးေရာင္းတာေတာ့ ေတာ္ေတာ္ေပ်ာ္ဖို႔ေကာင္းတာဗ်၊ ေမွာင္ခိုပစၥည္းဆိုတာ အျမတ္က သုံးဆေလာက္တင္ထားၿပီးသားတဲ့၊ ေမွာင္ခိုလမ္းကေန တစ္ဆယ္နဲ႔ဝယ္လာတဲ့ပစၥည္းက ဒီေရာက္ရင္ ငါးဆယ္ဆိုလည္းဟုတ္တယ္၊ တစ္ရာဆိုလည္းဟုတ္တယ္တဲ့ဗ်ာ၊ ပစၥည္းေတြကေတာ့ အစုံပဲဗ်ာ၊ က်ဳပ္တို႔တစ္သက္လုံး မျမင္ဖူးတဲ့ပစၥည္းေတြမ်ား မနည္းမေနာပါပဲ။
တစ္ရက္ေတာ့ ဦးဆိုနီနဲ႔အရာရွိႀကီးနဲ႔ စကားမ်ားတယ္ဗ်။ အဲဒီေန႔ညေနဆိုင္ထြက္ေတာ့ ဦးဆိုနီက ဆိုင္ဖြင့္ၿပီးေတာ့ သြားစရာရွိလို႔ဆိုၿပီးထြက္သြားတယ္၊ က်ဳပ္လည္း ဆိုင္ခင္းေနတုန္း ရဲေတြေရာက္လာၿပီး က်ဳပ္ကိုဖမ္းေတာ့တာပါပဲဗ်ာ၊ သူတို႔ေျပာတာကေတာ့ ေမွာင္ခိုပစၥည္းေတြ႕တယ္ဆိုလားပဲဗ်၊ ဖမ္းစရာရွိရင္ တစ္ေဈးလုံးဖမ္းရမွာ၊ က်ဳပ္ေရာင္းတဲ့ပစၥည္းက တျခားဆိုင္ေတြမွာလည္း ေရာင္းေနတာပဲေလဗ်ာ၊ အဲဒါက်ေတာ့ မဖမ္းဘဲ က်ဳပ္ကိုပဲကြက္ဖမ္းၿပီး အခ်ဳပ္ထဲထည့္လိုက္ပါေရာဗ်ာ၊ ဦးဆိုနီလည္း အဲဒီကတည္းက မေပၚလာေတာ့ဘူး၊ အခ်ဳပ္ထဲမွာ ဒုစ႐ိုက္သမားေတြနဲ႔ ေနရတာဆိုေတာ့ သိပ္အားငယ္ဖို႔ေကာင္းတယ္ဗ်ာ။
ဒါေပမယ့္ က်ဳပ္ကစိတ္ထားေကာင္းလို႔လားေတာ့မသိဘူး၊ ကူညီတဲ့လူေတာ့ ေပၚလာစၿမဲပဲဗ်၊ က်ဳပ္အခ်ဳပ္က်ေနတုန္း အခ်ဳပ္ထဲမွာ အတူေနတဲ့ဦးေလးႀကီးက က်ဳပ္ကိုခင္သဗ်ာ၊ ဒီဦးေလးႀကီးက သိပ္ေတာ့က်ပ္ျပည့္ပုံမရဘူးဗ်၊ စကားေတြက ေတာင္ေျပာေျမာက္ေျပာနဲ႔၊ ရဲေတြကေတာ့ ႐ူးေနလို႔ဖမ္းလာတယ္ဆိုလားပဲ၊ တစ္ရက္ေလာက္ၾကာေတာ့ သူ႔မိန္းမက သူ႔ကိုလာထုတ္ေပးတယ္ဗ်ာ၊ သူ႔မိန္းမက ေခ်ာလိုက္တာေျပာမေနပါနဲ႔ေတာ့၊ သူ႔ကိုထုတ္ရင္း က်ဳပ္ကိုပါသနားလို႔ဆိုၿပီး ဒီလူႀကီးက ထုတ္ခိုင္းပါေရာဗ်ာ၊ အဲဒါနဲ႔သူတို႔အိမ္ေရာက္သြားတယ္။
သူတို႔ကလည္း ခ်မ္းသာတယ္ဗ်ာ၊ ၿမိဳ႕ထဲမွာ အိမ္ႀကီးနဲ႔ေနတာ၊ က်ဳပ္ကိုလည္း ေကာင္းေကာင္းမြန္မြန္ေကြၽးတယ္၊ ပိုက္ဆံေတြလည္း မုန႔္ဖိုးဆိုၿပီးတအားေပးတာဗ်၊ ဦးဆိုနီအိမ္မွာ တစ္လေလာက္ၾကာေပမယ့္ ဘာမွမရခဲ့ပါဘူးဗ်ာ၊ အခုအိမ္ကေတာ့ အေတာ္အဆင္ေျပတယ္၊ က်ဳပ္အေတာ္စုေဆာင္းမိေနၿပီဗ်ာ၊ အလုပ္ကေတာ့ အိမ္မွာ ေတာက္တိုမယ္ရ အကုန္လုပ္ရတာေပါ့ဗ်ာ၊ အခု အေဖတို႔ကိုလည္း ေငြတစ္ေထာင္နဲ႔ လက္ေဆာင္ေတြထည့္ေပးလိုက္တယ္၊ ဦးဘသာကိုေပးလိုက္တဲ့ပုဆိုးကလည္း အခုအိမ္ရွင္ေတြ က်ဳပ္ကိုလက္ေဆာင္ေပးတဲ့ပုဆိုးဗ်၊ ေၾသာ္၊ ေမ့လို႔ အိမ္ရွင္နာမည္ေတြေျပာဖို႔က်န္ေသးတယ္၊ က်ဳပ္ေျပာတဲ့ အသက္ေျခာက္ဆယ္ေလာက္ရွိတဲ့ ေဂါက္ေတာက္ေတာက္အဘိုးႀကီးကေတာ့ ဦးဖိုးထူးတဲ့ဗ်၊ သူ႔မိန္းမက အသက္သုံးဆယ့္ငါးေလာက္ပဲရွိမယ္၊ သူ႔နာမည္ကေတာ့ မေ႐ႊေတာင္ဆိုပဲဗ်ာ၊ အခုမၾကာခင္ သူတို႔လင္မယားႏွစ္ေယာက္ ပုဂံဘုရားစုံသြားဖူးၾကမယ္တဲ့၊ က်ဳပ္ကိုလည္း ေခၚမယ္တဲ့ဗ်ာ၊ က်ဳပ္ကေတာ့ အတိုင္းအထက္အလြန္ေပါ့။
စာလည္းေတာ္ေတာ္ရွည္ေနၿပီဆိုေတာ့ ဦးဘသာကိုက်ဳပ္ႏႈတ္ဆက္လိုက္ပါတယ္ဗ်ာ၊ က်ဳပ္အဆင္ေျပရင္ ဦးဘသာကိုအလည္ေခၚအုံးမယ္၊ ဦးဖိုးထူးတို႔၊ မေ႐ႊေတာင္တို႔နဲ႔ မိတ္ဆက္ေပးမယ္၊ ဒီလူေတြက သူေတာ္ေကာင္းေတြပါဗ်ာ၊ ရက္ေရာခ်က္ကလည္း အံ့မခန္းပဲဗ်၊ ဦးဘသာႀကီးနဲ႔ တစ္ရက္ေပးဆုံခ်င္ပါေသးတယ္ဗ်ာ။ အၿမဲသတိရလ်က္ အလတ္ေကာင္။
စာဆုံးေတာ့ က်ဳပ္လည္းေခါင္းညိတ္မိလိုက္တယ္။
“ေအး၊ ဆုံၾကမွာေပါ့ကြာ၊ ဆုံၾကအုံးမွာေပါ့”
စာဖတ္ၿပီးေတာ့ က်ဳပ္စိတ္ေတြေလးလာတယ္ဗ်ာ၊ စိတ္ထဲေပ်ာ္ေနရမွာဆိုေပမယ့္ တစ္မ်ိဳးပဲဗ်၊ အလတ္ေကာင္ကိုလြမ္းတာေၾကာင့္လားေတာ့မသိပါဘူး၊ ဘာပဲေျပာေျပာ၊ ဒီေကာင္ေလးအဆင္ေျပတယ္ၾကားရေတာ့ က်ဳပ္ဝမ္းသာပါတယ္၊ ရန္ကုန္ေရာက္ၿပီဆိုေတာ့ သူလည္း မ်က္စိပြင့္နားပြင့္ျဖစ္ေနၿပီေပါ့ဗ်ာ။
(၄)
သုံးရက္ေလာက္ၾကာၿပီးေတာ့မွ အုန္းေမာင္းေခါက္သံကိုျပန္ၾကားရတယ္ဗ်၊ က်ဳပ္လည္း မ်က္စိႏွစ္လုံးဖြင့္ၿပီး အုန္းေမာင္းသံကိုနားေထာင္ေနတယ္ေပါ့ဗ်ာ၊ ဒီလိုအုန္းေမာင္းသံက က်ဳပ္တို႔ေတာ႐ြာမွာပဲ နားေထာင္ရတဲ့ မဂၤလာအသံတစ္မ်ိဳးမဟုတ္လားဗ်ာ၊ ဒါေပမယ့္ ဒီေန႔ေတာ့ထူးထူးဆန္းဆန္း အုန္းေမာင္းေခါက္သံၾကားၿပီးေတာ့ က်ဳပ္ေက်ာထဲစိမ့္ခနဲေအးသြားသဗ်ာ။
ႏြားေက်ာင္းဖို႔အတြက္ ႐ြာထဲထြက္ခဲ့ရင္း တစ္ေနရာေရာက္ေတာ့ ၿခံဝိုင္းတစ္ခုနားကအျဖတ္ အထဲကလူေတြ စကားမ်ားေနၾကပါေရာဗ်ာ၊ အဲဒီၿခံဝိုင္းထဲမွာ ေမာင္ႏွမေတြအိမ္ေတြေဆာက္ၿပီးေနၾကတဲ့ၿခံပါ။ ဘိုးဘြားပိုင္ၿခံဝိုင္းထဲမွာ ေမာင္ႏွမသုံးေယာက္ အိမ္သုံးလုံးေဆာက္ၿပီးေနတဲ့ၿခံဗ်၊ ေမာင္ႀကီးေမာင္ငယ္ၿခံဆိုရင္ လူတိုင္းသိတယ္၊ အဲဒီေမာင္ႏွမေတြက တစ္ေယာက္နဲ႔တစ္ေယာက္လည္း သိပ္ခ်စ္ၾကတာ၊ အခုေတာ့ ထူးထူးဆန္းဆန္းပဲ ေျခရင္းအိမ္က ညီနဲ႔ေခါင္းရင္းအိမ္က အကိုႀကီးနဲ႔ရန္ျဖစ္ၾကပါေရာဗ်ာ၊ ရန္ျဖစ္ၿပီးမၾကာခင္မွာပဲ တစ္ေယာက္နဲ႔တစ္ေယာက္ထိုးၾကႀကိတ္ၾကေတာ့တယ္၊ ဟိုဖက္ဒီဖက္မိသားစုေတြကလည္း ဝင္မဆြဲဘဲ တုတ္ေတြဓါးေတြဆြဲခ်လာပါေရာဗ်ာ၊ ဒါနဲ႔ က်ဳပ္ကမေနႏိုင္လို႔ ၿခံထဲဝင္ၿပီး တားရတယ္ေပါ့ဗ်ာ။
“ေဟ့ေကာင္ေတြရပ္လိုက္ၾကစမ္း၊ တစ္ဖင္ထဲထြက္ထားတဲ့ ေမာင္ႏွမေတြခ်င္းပဲကြာ၊ ဘာျဖစ္လို႔ တုတ္ေတြဓါးေတြနဲ႔ ျဖစ္ကုန္ၾကတာလဲ”
ေမာင္ငယ္က ေဒါသတႀကီးနဲ႔
“ဦးဘသာ အသာေနစမ္းပါဗ်ာ၊ က်ဳပ္သည္းခံလာတာၾကာၿပီဗ်၊ ဒီေန႔ေတာ့ အကိုႀကီးကိုက်ဳပ္ရေအာင္သတ္မယ္”
ေမာင္ႀကီးကလည္း ဓါးတဝင့္ဝင့္နဲ႔
“ေအာင္မာ၊ မင္းသတ္ခ်င္တိုင္းရမလားကြ၊ ငါ့မွာလည္းလက္ပါတယ္၊ မင္းငါ့အသားကိုထိရဲထိၾကည့္စမ္း၊ ေမာင္ႀကီးတို႔ကေတာ့ အသက္ခ်င္းလဲပစ္လိုက္မယ္”
က်ဳပ္က ၾကားဝင္ၿပီးေတာ့
“ေနၾကပါအုံးကြာ၊ မင္းတို႔ေမာင္ႏွမေတြဆိုတာ သိပ္ခ်စ္ၾကတာမဟုတ္လားကြ၊ အခုဘယ္လိုျဖစ္ၾကတာလဲ၊ ဘာကိစၥပဲျဖစ္ျဖစ္ ေမာင္ႏွမေတြဆိုတာ သည္းခံရတယ္၊ တစ္ေယာက္နဲ႔တစ္ေယာက္ တိုင္တိုင္ပင္ပင္လုပ္ၾကရတယ္ကြ၊ သူစိမ္းေတြမွမဟုတ္ဘဲကြာ၊ အခုေတာ့ တုတ္တစ္ျပက္၊ ဓါးတစ္ျပက္နဲ႔၊ ဆုံးသြားတဲ့မင္းအေဖႀကီးသာ ဒီျမင္ကြင္းျမင္ရင္ ဘယ္ေလာက္ေတာင္ဝမ္းနည္းလိမ့္မလဲကြာ”
က်ဳပ္ေျပာလိုက္ေတာ့ ေမာင္ႀကီးက လက္ထဲက ဓါးကိုပစ္ခ်လိုက္တယ္ဗ်။
“က်ဳပ္မွားပါၿပီဦးဘသာ”
ေမာင္ႀကီးဓါးခ်ေတာ့ ေမာင္ငယ္ကလည္း
“က်ဳပ္လည္းမွားပါတယ္အကိုႀကီး၊ တကယ္ေတာ့ ကြၽန္ေတာ္ကသည္းခံရမွာပါ”
ဒီေတာ့မွ ညီအကိုႏွစ္ေယာက္က ျပန္တည့္္သြားသဗ်ာ၊ ဒါနဲ႔က်ဳပ္လည္း ႏြားေတြဆြဲၿပီး ႐ြာထဲလမ္းေလွ်ာက္အလာ တစ္ၿခံေရာက္ေတာ့ အေမနဲ႔သမီးက တစ္ေယာက္တစ္ခြန္းနဲ႔ ခြန္းႀကီးခြန္းငယ္ေျပာၿပီး ဆဲဆိုေနပါေရာဗ်ာ၊ ဒါတင္မကေသးဘူး ႐ြာလမ္းအတိုင္းလဲ ေခါင္းမွာေသြးသံရဲရဲနဲ႔လူတစ္ေယာက္ေျပးလာျပန္တယ္ဗ်၊ ကာလသား ကိုျမင့္တို႔ကိုလည္းေတြ႕လိုက္တာနဲ႔
“ေဟ့ေကာင္ေတြ၊ ဘာေတြျဖစ္ေနၾကတာလဲကြ”
“မသိဘူးဦးဘသာရာ၊ ဒီေန႔ကေတာ့ ႐ြာထဲမွာ ေနာင္ဂ်ိန္သတ္တဲ့ေန႔ပဲဗ်”
က်ဳပ္လည္း မ်က္ခုံးပင့္ရင္း
“ေဟ၊ ဒီအတိုင္းဆို တစ္႐ြာလုံးရန္ျဖစ္ေနတာမ်ားလား”
က်ဳပ္လည္း တစ္ခုစဥ္းစားမိၿပီးေတာ့ သူႀကီးအိမ္ကိုလာခဲ့တာေပါ့ဗ်ာ၊ သူႀကီးအိမ္ေရာက္ေတာ့ လူေတြကိုျပည့္က်ပ္ေနတာ ၿခံဝန္းအျပည့္ပါပဲဗ်ာ။ က်ဳပ္လည္း လူအုပ္ၾကားထဲတိုးဝင္သြားေတာ့ သူႀကီးအိမ္မွာ လင္မယားအခ်င္းခ်င္းကြာရွင္းမဲ့လူေတြ၊ တစ္ေယာက္နဲ႔တစ္ေယာက္မေက်နပ္လို႔ သူႀကီးကိုရွင္းခိုင္းမဲ့လူေတြ အမ်ားႀကီးေပါ့ဗ်ာ၊ ဒါနဲ႔က်ဳပ္လည္း အေရွ႕ကိုတိုးကပ္ခဲ့ၿပီးေတာ့
“သူႀကီး၊ ဘာေတြျဖစ္ေနၾကတာလဲဗ်ာ”
သူႀကီးက ေတာ္ေတာ္စိတ္ပ်က္ေနတဲ့မ်က္ႏွာနဲ႔ က်ဳပ္ကိုၾကည့္ရင္း
“ဦးဘသာျမင္တဲ့အတိုင္းပါပဲဗ်ာ၊ ဒီမနက္က်ေတာ့မွ ဘာေတြထျဖစ္မွန္းကိုမသိေတာ့ဘူး”
သူႀကီးကလည္း ေခါင္းကိုတဗ်င္းဗ်င္းကုတ္တယ္ဗ်၊ ဒါနဲ႔က်ဳပ္လည္း သူႀကီးအနားကပ္သြားလိုက္ၿပီးေတာ့
“ဒီလိုျဖစ္တာ အေၾကာင္းရွိတယ္သူႀကီး၊ ဒါအလကားျဖစ္တာမဟုတ္ဘူး က်ဳပ္အထင္႐ြာခိုက္ေနတာပဲ”
သူႀကီးမ်က္လုံးျပဴးသြားၿပီးေတာ့
“႐ြာခိုက္တာတဲ့လား၊ ဘယ္လိုျဖစ္တာလဲ ဦးဘသာ”
“တစ္႐ြာလုံးကို မေကာင္းတဲ့အရာတစ္ခုခုစီးေနတာေပါ့ဗ်ာ၊ ဒါေၾကာင့္ ေအးခ်မ္းတဲ့က်ဳပ္တို႔႐ြာကေလးက အခုလိုဆူညံပြက္ေလာ႐ိုက္ေနတာေပါ့ဗ်”
သူႀကီးက ေခါင္းညိတ္ရင္း
“ဦးဘသာ တစ္ခုခုသိထားၿပီထင္တယ္ဗ်၊ ဘာေၾကာင့္အခုလိုျဖစ္ေနရတာလဲဗ်ာ”
က်ဳပ္လည္း က်ဳပ္ထင္ထားတဲ့အတိုင္း
“တျခားေတာ့မဟုတ္ဘူးသူႀကီး၊ က်ဳပ္ကေတာ့ အုန္းေမာင္းေၾကာင့္လို႔ထင္တယ္”
သူႀကီးက အံ့ၾသသြားၿပီးေတာ့
“အုန္းေမာင္း . . . အုန္းေမာင္းတဲ့လားဗ်ာ၊ ဘုန္းႀကီးေက်ာင္းမွာ သူ႔ဖာသာသူေနတဲ့အုန္းေမာင္းက က်ဳပ္တို႔႐ြာနဲ႔ဘာဆိုင္မွာလဲဗ်”
“ဒီလိုေတာ့ တထစ္ခ်ေျပာလို႔မရဘူးသူႀကီး၊ အုန္းေမာင္းက သူ႔ဖာသာသူ ဘုန္းႀကီးေက်ာင္းေနတယ္ဆိုေပမယ့္ သူ႔ရဲ႕အသံက ႐ြာတစ္ခြင္ကိုျပန႔္ႏွံ႔တယ္မဟုတ္လားဗ်ာ၊ ဒီအုန္းေမာင္းသံမွာလည္း ဂမၻီရဆန္တဲ့ အစြမ္းေတြရွိတယ္ဗ်၊ က်ဳပ္အထင္မမွားဘူးဆိုရင္ ဒီအုန္းေမာင္းေၾကာင့္ပဲ”
သူႀကီးက ခ်က္ခ်င္းမတ္တပ္ထရပ္လိုက္ၿပီး
“ကဲ ဒါျဖင့္ ႐ြာဦးေက်ာင္းသြားတာေပါ့ဗ်ာ၊ အႀကီးေကာင္ေရ ဒီလူေတြကို မင္းၾကည့္ထိန္းထားလိုက္စမ္းကြာ၊ ငါဦးဘသာနဲ႔ ႐ြာဦးေက်ာင္းလိုက္သြားအုံးမယ္ကြ”
အႀကီးေကာင္က မ်က္လုံးျပဴးမ်က္ဆန္ျပဴးနဲ႔
“ဟာ၊ အေဖကလဲဗ်ာ၊ ဒီလူေတြအကုန္လုံးကို က်ဳပ္ဘယ္လိုထိန္းမွာလဲဗ်၊ အခုေတာင္စကားမ်ားရင္း လက္ပါခ်င္ေနၿပီ၊ ၾကာရင္ တစ္ေယာက္နဲ႔တစ္ေယာက္ ထသတ္ကုန္မလားပဲ”
“အိုကြာ၊ ထိန္းသာထိန္းထားလိုက္စမ္းပါ၊ ငါ့ၿခံထဲမွာ လက္ပါတဲ့လူ ထိပ္တုံးေနာ္ . . . ထိပ္တုံးေဟ့”
သူႀကီးက အဲဒီလိုေျပာၿပီးေတာ့ က်ဳပ္နဲ႔အတူတူ ႐ြာဦးဘုန္းႀကီးေက်ာင္းကိုထြက္ခဲ့ၾကတာေပါ့ဗ်ာ။
႐ြာဦးေက်ာင္းေရာက္ေတာ့ သူႀကီးက ဆရာေတာ္ကိုဦးတင္လိုက္တယ္ဗ်၊ ဆရာေတာ္ရဲ႕အေရွ႕မွာေတာ့ ကိုရင္ႏွစ္ပါးက ထိုင္လို႔ဗ်ိဳ႕။ သူႀကီးက ဆရာေတာ္ကိုၾကည့္ရင္း
“အရွင္ဘုရား ဘာျဖစ္တာပါလဲဘုရား”
“ဘာျဖစ္ရမွာလဲသူႀကီးရယ္၊ ဒီကိုရင္ႏွစ္ပါးက ဆြမ္းခံမလိုက္ခင္မွာပဲ ခြန္းႀကီးခြန္းငယ္ျဖစ္ရာကေန ထၿပီးထိုးၾကႀကိတ္ၾကတာပဲ၊ ဒါနဲ႔ သူတို႔ကိုဒဏ္ေပးမလို႔၊ သူႀကီးက ေက်ာင္းကိုလာပုံေထာက္ေတာ့ ကိစၥထူးတစ္ခုရွိရမယ္ထင္တယ္”
သူႀကီးက က်ဳပ္ကိုတစ္ခ်က္လွည့္ၾကည့္ရင္း
“တင္ပါ့၊ အရွင္ဘုရားေက်ာင္းက အုန္းေမာင္းႀကီးကိုၾကည့္ခ်င္လို႔ပါဘုရား”
“အုန္းေမာင္းအသစ္ကိုေျပာတာထင္တယ္၊ ၾကည့္ဗ်ာ၊ ေဟာဟိုေက်ာင္းေထာင့္မွာခ်ိတ္ထားတယ္ ၾကည့္ေပေတာ့”
ဆရာေတာ္က ေျပာလည္းေျပာ သူလည္းထၿပီးေတာ့လိုက္ျပတယ္ဗ်၊ ေက်ာင္းအတက္အဆင္းေလွကားရဲ႕ေဘးနား ေက်ာင္းေထာင့္မွာ အုန္းေမာင္းအသစ္ကိုခ်ိတ္ဆြဲထားပါေရာဗ်ာ။ က်ဳပ္လည္းအုန္းေမာင္းကိုေသခ်ာၾကည့္လိုက္ၿပီးေတာ့ ကိုယ့္နဖူးကိုယ္လက္နဲ႔ျပန္႐ိုက္မိတယ္ဗ်၊ သူႀကီးက က်ဳပ္အမူအရာကိုၾကည့္ၿပီး
“အုန္းေမာင္းက တစ္ခုခုထူးေနတယ္မဟုတ္လား ဦးဘသာ”
“ထူးတာမဟုတ္ဘူးဗ်၊ ႐ူးတာ ႐ူးေနတာ”
ဆရာေတာ္က အထူးအဆန္းနဲ႔
“ေနပါအုံး ဦးဘသာရာ၊ အုန္းေမာင္းက လူမွမဟုတ္တာ၊ ဘယ္လိုလုပ္ၿပီးေတာ့ ႐ူးမွာလဲ”
“တင္ပါ့၊ အုန္းေမာင္းက မ႐ူးေပမယ့္ အုန္းေမာင္းလုပ္တဲ့လူက ႐ူးတာပါဘုရား၊ တပည့္ေတာ္ေမးပါရေစ၊ ဒီအုန္းေမာင္းကို ဘယ္သူလုပ္တာပါလဲဘုရား”
“႐ြာက ကာလသားေတြဦးစီးၿပီးလုပ္ၾကတာေလကြာ၊ ေၾသာ္၊ ကပၸိယႀကီးက ဦးေဆာင္တာေပါ့”
က်ဳပ္လည္းသိလိုက္ၿပီဗ်။
“တင္ပါ့၊ အဲဒီကပၸိယႀကီးကိုေရာ ေတြ႕လို႔ရမလား”
ဆရာေတာ္က ေခါင္းညိတ္ၿပီးေတာ့
“ေမာင္ေက်ာင္းသား၊ ကပၸိယႀကီးကိုသြားေခၚခဲ့ကြာ”
ေက်ာင္းဝန္းထဲမွာရွိတဲ့ ေက်ာင္းသားတစ္ေယာက္ကိုဆရာေတာ္က ေအာ္လိုက္ေတာ့ ေက်ာင္းသားက ေက်ာင္းအေနာက္ဘက္ကိုေျပးသြားၿပီး ကပၸိယႀကီးကိုသြားေခၚတယ္၊ ကပၸိယႀကီးက ေက်ာင္းအေနာက္ဘက္မွာ တဲကေလးထိုးၿပီး သီးသန႔္ေနတယ္မဟုတ္လားဗ်ာ၊ မၾကာခင္မွာပဲ ကပၸိယႀကီးက က်ဳပ္တို႔အနားကိုေရာက္လာတယ္။
“အရွင္ဘုရားေခၚတယ္ဆို”
ဆရာေတာ္ကို က်ဳပ္ကိုလက္ညႇိဳးထိုးျပၿပီး
“ဘာမွေတာ့မဟုတ္ပါဘူး၊ ဦးဘသာက မင္းကိုေတြ႕ခ်င္တယ္ဆိုလို႔ပါ”
ဒီအခါ ကပၸိယႀကီးကက်ဳပ္ကိုတစ္ခ်က္ မ်က္ေစာင္းထိုးၿပီးၾကည့္တယ္ဗ်၊ ခင္ဗ်ားတို႔သိတဲ့အတိုင္း အရင္က ေဆးဆရာမွတ္ႀကီးက က်ဳပ္မေကာင္းေၾကာင္းေတြေျပာထားတာဆိုေတာ့ က်ဳပ္ကိုအျမင္မၾကည္တဲ့အဖြဲ႕ထဲမွာ ကပၸိယႀကီးလည္း ပါသဗ်ာ။
“ဟုတ္ကဲ့ စုန္းထီးႀကီးက ဘာမ်ားသိခ်င္လို႔လဲဗ်”
က်ဳပ္ကိုစုန္းထီးလို႔ လူေတြေရွ႕ေခၚၿပီးေတာ့ သက္သက္ဖိႏွိပ္တာဗ်၊ က်ဳပ္ကလည္း သူဘယ္လိုေခၚေခၚ ဂ႐ုမစိုက္ပါဘူးဗ်ာ။
“ကပၸိယႀကီးက အုန္းေမာင္းေခါက္တဲ့နည္းေတာ့ သိတယ္မဟုတ္လား”
“သိတာေပါ့ဗ်ာ၊ က်ဳပ္က ငယ္ငယ္ကတည္းက ေ႐ႊဘိုမွာဘုန္းႀကီးေက်ာင္းသားဗ်၊ အခုဒီ႐ြာမွာလည္း ကပၸိယလုပ္လာတာ ဘုန္းႀကီးႏွစ္ဆက္ရွိၿပီမဟုတ္လား၊ ဒါနဲ႔ေနပါအုံး ခင္ဗ်ားလိုစုန္းက ဘာျဖစ္လို႔ အုန္းေမာင္းေခါက္နည္းသိခ်င္တာလဲ၊ ဘာလဲဗ်၊ စုန္းက ကပၸိယလုပ္မလို႔လား၊ ဒါမ်ိဳးက မလုပ္ေကာင္းဘူးေနာ္ဗ်”
ကပၸိယႀကီးက က်ဳပ္ကိုမထိတထိနဲ႔႐ြဲ႕တယ္ဗ်၊ သူႀကီးက မ်က္ႏွာပ်က္သြားေပမယ့္ ႐ြာဦးေက်ာင္းဆရာေတာ္နဲ႔ ကပၸိယႀကီးနဲ႔က တစ္ေယာက္မ်က္ႏွာတစ္ေယာက္လွမ္းၾကည့္ၿပီးၿပဳံးေနၾကတယ္၊ က်ဳပ္ကိုစကားနဲ႔တင္စီးႏိုင္တာကို ေက်နပ္ေနတဲ့ပုံေပါ့ဗ်ာ၊ က်ဳပ္ကေတာ့ သူတို႔ကိုဘယ္လိုမွမျမင္ပါဘူး၊ ကိုယ့္႐ြာသားအခ်င္းခ်င္းမဟုတ္လားဗ်ာ၊ ဒါနဲ႔ က်ဳပ္က ေခါင္းညိတ္ၿပီးေတာ့
“စုန္းက စုန္းအလုပ္လုပ္၊ ဘုန္းႀကီးက ဘုန္းႀကီးအလုပ္လုပ္ရင္ က်ဳပ္ေက်ာင္းအထိလာစရာမလိုဘူးေပါ့ဗ်ာ၊ ဒါနဲ႔ေနပါအုံး၊ ဒီအုန္းေမာင္းကိုဘယ္သူလုပ္တာလဲ”
ကပၸိယႀကီးက ရင္ကိုေကာ့ၿပီးေတာ့ သူ႔ကိုယ္သူလက္မနဲ႔ထိုးျပလိုက္ရင္း
“က်ဳပ္လုပ္တာေလဗ်ာ”
“ဒါဆို အုန္းေမာင္းလုပ္နည္းေရာသိရဲ႕လား”
ကပၸိယႀကီးက မ်က္လုံးျပဴးသြားၿပီး ေဒါသတႀကီးနဲ႔
“ဟ၊ အုန္းေမာင္းလုပ္တာ ဘာနည္းလိုလို႔လဲဗ်၊ သစ္လုံးႀကီးကို အေခါင္းထြင္းၿပီး ခ်ိတ္ထား႐ုံေလဗ်ာ၊ ဘာနည္းေတြ ဘာနက္ေတြလုပ္ေနအုံးမွာလဲ စုန္းႀကီးရ”
“ခင္ဗ်ားမသိရင္ မသိဘူးလို႔ဝန္ခံလိုက္စမ္းပါ ကပၸိယႀကီးရာ၊ ေရွးလူႀကီးေတြဆိုတာ ဘယ္အရာမဆို မ်က္ႏွာလႊဲခဲပစ္ ၿပီးၿပီးေရာဆိုၿပီး လုပ္ေလ့မရွိဘူးဗ်၊ အရာအားလုံးမွာ သူ႔နည္းနဲ႔သူ စံနစ္တက်သတ္မွတ္ၿပီး သမားစဥ္အတိုင္းလုပ္ၾကတာ”
ကပၸိယႀကီးက က်ဳပ္ကိုမေက်နပ္တဲ့အၾကည့္နဲ႔ၾကည့္ရင္း ဆရာေတာ္ဘက္ကိုလွည့္ကာ
“အရွင္ဘုရားၾကည့္ေျပာပါအုံးဗ်ာ၊ စုန္းကဘုန္းႀကီးေက်ာင္းကိုလာၿပီးေတာ့ ေနာက္ဆိုအရွင္ဘုရားကိုေတာင္မွ စာဝါခ်မလားပဲ”
ၾကည့္ပါအုံးဗ်ာ၊ က်ဳပ္နဲ႔ဆရာေတာ္ကို ရန္တိုက္ေပးတာ၊ ဒါေပမယ့္ ဆရာေတာ္က စာဖတ္တဲ့သူဆိုေတာ့ စိတ္ေျဖာင့္တယ္ဗ်၊ က်ဳပ္ကိုၾကည့္ရင္း
“ေျပာပါအုံး ဦးဘသာရာ၊ အုန္းေမာင္းလုပ္တာ ေရွးလူႀကီးေတြ ဘယ္လိုလုပ္ၾကသလဲဆိုတာ”
“အရွင္ဘုရားေမးေတာ့လဲ ေျပာရတာေပါ့ဘုရား၊ ေရွးလူႀကီးေတြ စပ္ဆိုခဲ့တဲ့ အုန္းေမာင္းလုပ္ပုံ လကၤာေလးရွိတယ္ဘုရား၊ အဲဒါကေတာ့ ထိပ္ဝတစ္ျပန္၊ အနားခ်န္၊ ေလးျပန္အဝထား၊ ထိပ္ထူေခါင္ပါး၊ အေဝးၾကားတဲ့ဘုရား”
ဆရာေတာ္ေရာ ကပၸိယႀကီးပါ ေတာ္ေတာ္အံ့ၾသသြားတယ္ဗ်၊ သူႀကီးက
“ရွင္းပါအုံးဦးဘသာရာ”
“ဒီလိုပါ ဥပမာေပးရမယ္ဆိုရင္ေတာ့ ထိပ္ဝတစ္ေပထားမယ့္္ အုန္းေမာင္းဆိုရင္ အနားအျဖစ္တစ္ေပခ်န္ထားရမယ္လို႔ဆိုလိုတာပါ၊ အနားဆိုတာေတာ့ အုန္းေမာင္းရဲ႕ေအာက္ဆုံးနဲ႔ ထိပ္ဆုံးက ေနရာပါ၊ ဒီေတာ့ ထိပ္ဝတစ္ေပရွိတဲ့သစ္လုံးမွာ ေအာက္ေျခအနားကလည္း တစ္ေပရွိရပါမယ္၊ ေလးျပန္အဝထားဆိုတာကေတာ့ အုန္းေမာင္းအျဖစ္ထြင္းမယ့္အေခါင္းဝက ထိပ္ဝရဲ႕ေလးျပန္ရွိရမယ္လို႔ဆိုလိုတာပါ၊ ဒါဆိုရင္ ေအာက္ေျခအနားက တစ္ေပ၊ ေလးျပန္ဆိုေတာ့ အဲဒီအေပၚက ေလးေပက အေခါင္းထြင္းရမယ့္ေနရာပါ၊ ၿပီးရင္ အဲဒီအေပၚကေန အနားအျဖစ္ ေနာက္ထပ္တစ္ျပန္ တစ္ေပထပ္ထားရပါတယ္”
က်ဳပ္ေျပာေတာ့မွ ဆရာေတာ္က ေခါင္းညိတ္တယ္ဗ်၊ က်ဳပ္လည္းဆက္ၿပီးေတာ့
“ထိပ္ထူေခါင္ပါးဆိုတာကေတာ့ ထိပ္လို႔ေခၚတဲ့ အုန္းေမာင္းခ်ိတ္မယ့္ အထက္ပိုင္းက အေခါင္းကိုက်ေတာ့ ေခါင္လို႔ေခၚၿပီးေတာ့ သူ႔ကိုပါးပါးေလးထြင္းေပးၿပီးေတာ့ ေအာက္ေျခဘက္က ထိပ္လို႔ေခၚတဲ့ေနရာက အသားေတြကိုေတာ့ ခပ္ထူထူေလးထြင္းေပးရပါတယ္ဘုရား၊ ေအာက္ေျခကပါးရင္ အသံကအေဝးမထြက္ပါဘူးဘုရား”
“ဒကာႀကီးေျပာမွပဲ ဦးဇင္းလဲသိေတာ့တယ္၊ ဟဲ့ ကပၸိယႀကီး ဒီအုန္းေမာင္းကို မင္းဘယ္လိုထြင္းလိုက္တာလဲ”
ကပၸိယႀကီးလည္း အခုမွ ပ်ာပ်ာသလဲနဲ႔
“တင္ပါ့၊ အရင္အုန္းေမာင္းအေဟာင္းပုံစံကို တုပၿပီးေတာ့ထြင္းလိုက္ပါတယ္ဘုရား”
က်ဳပ္လည္း
“အင္းေပါ့ဗ်ာ၊ ပုံစံတူလုပ္တယ္ဆိုေပမယ့္လည္း နည္းစနစ္မတူေတာ့ မေကာင္းဘူးမဟုတ္လား၊ ၿပီးေတာ့ အုန္းေမာင္းဆိုတာ ေတြ႕ကရာအသားနဲ႔လုပ္လို႔မရဘူး၊ အုန္းေမာင္းလုပ္ဖို႔ အေကာင္းဆုံးသစ္သားကေတာ့ ဘုမၼဲဇာအသားဗ်၊ အဲဒီအသားရွားေတာ့ ပိေတာက္သား၊ ပိႏၷဲသားေတြနဲ႔လုပ္ၾကတယ္၊ ဒီအသားေတြကသာ အုန္းေမာင္းလုပ္လို႔အေကာင္းဆုံးပါဘုရား”
သူႀကီးက စိတ္မရွည္ေတာ့ဘဲ
“ေနပါအုံး ဦးဘသာရ၊ အဲဒီအုန္းေမာင္းအသားနဲ႔ အခု႐ြာထဲမွာျဖစ္ေနတဲ့ ရန္ပြဲေတြနဲ႔က ဘာဆိုင္လို႔လဲဗ်”
“က်ဳပ္ေျပာတာ ဆုံးေအာင္နားေထာင္ပါအုံးဗ်ာ၊ အုန္းေမာင္းလုပ္တဲ့သစ္သားကို ေ႐ြးခ်ယ္တဲ့အခါမွာလည္း လင္းေန၊ လင္းစုန္းလို လင္းပါတဲ့အသားေတြမေ႐ြးရဘူး၊ သစ္စုန္း၊ သစ္ေျခာက္၊ သစ္မီးေတာက္လို႔ေခၚတဲ့ သူ႔အလိုလိုပြတ္တိုက္ၿပီး မီးေတာက္တဲ့သစ္သားေတြ မသုံးရဘူးဗ်၊ ၿပီးေတာ့ ပိုးထိုးထားတဲ့သစ္ေတြက်ေတာ့ အုန္းေမာင္းရဲ႕ၾကာရွည္ခံႏိုင္မႈကိုထိခိုက္လို႔မသုံးသင့္ဘူး၊ ဒါ့အျပင္ ေရဆန္၊ ေရေျမာလာတဲ့သစ္ေတြ၊ နတ္ရဲေစာင့္တဲ့သစ္၊ ေနာက္ၿပီးေတာ့ အပင္ေစာင့္နတ္မေက်နပ္ဘဲ ခုတ္လာတဲ့သစ္ေတြ ဒီသစ္ေတြကိုမသုံးရဘူး။ သုံးရင္ေတာ့ အဲဒီအုန္းေမာင္းသံၾကားတဲ့႐ြာက ခိုက္တယ္၊ ႐ြာနာတယ္တဲ့ဗ်၊ ဒီေတာ့ သူႀကီးစဥ္းစားၾကည့္ပါ၊ ဒီလိုတ႐ြာလုံးျဖစ္တဲ့ကိစၥက သာမန္ပဲျဖစ္ႏိုင္သလား”
“ျဖစ္ေတာ့မျဖစ္ႏိုင္ဘူး၊ တစ္ခုခုေၾကာင့္ပဲဆိုတာ က်ဳပ္သိတယ္၊ ဘယ့္ႏွယ့္ဗ်ာ၊ ရန္ျဖစ္တယ္ဆိုရင္လည္း တစ္ပြဲတစ္ေလေပါ့၊ ခုေတာ့ ႐ြာကလူေတြအကုန္လုံး တစ္ေယာက္မ်က္ႏွာတစ္ေယာက္ျမင္တာနဲ႔ ရန္ပဲထျဖစ္ေနၾကတာက ထူးတာေပါ့”
ဦးဇင္းလည္း ေခါင္းညိတ္ၿပီး
“ေအး၊ တို႔ေက်ာင္းလည္း မနက္က ေမာင္ေက်ာင္းသားေတြတစ္ပြဲျဖစ္ၿပီးၿပီ၊ အခု ကိုရင္တစ္ခါျဖစ္တယ္မဟုတ္လား၊ ဒါဆိုရင္ ဒီအုန္းေမာင္းေၾကာင့္ ဒီလိုေတြျဖစ္ေနတယ္လို႔ ဒကာႀကီးက ယူဆတာလား”
“တင္ပါ့ဘုရား၊ ဒီသစ္သားဘယ္ကရသလဲဆိုတာ သိခ်င္ပါတယ္”
ဆရာေတာ္က ကပၸိယႀကီးကိုၾကည့္တယ္ဗ်၊ ကပၸိယႀကီးက ေခါင္းကုပ္ၿပီးေတာ့
“ကာလသားငျမင့္က ဖိုးေတတို႔ၿခံဝိုင္းထဲက သစ္တုံးႀကီးကိုယူခဲ့တာပါဘုရား”
က်ဳပ္လည္း တျဖည္းျဖည္းနဲ႔အုန္းေမာင္းအနားကပ္ၿပီးေတာ့ အုန္းေမာင္းကိုလက္နဲ႔ပြတ္သပ္ရင္း အာ႐ုံခံလိုက္မိတယ္ဗ်၊ က်ဳပ္ထင္တဲ့အတိုင္းပါပဲဗ်ာ၊ အုန္းေမာင္းကိုက်ဳပ္လက္နဲ႔ထိလိုက္တာနဲ႔ က်ဳပ္တစ္ကိုယ္လုံးကို တုန္တက္သြားၿပီးေတာ့ ၾကက္သီးေတြေထာင္လာတာ မနည္းဘူးဗ်ာ၊ ဒါနဲ႔ အုန္းေမာင္းကိုၾကည့္ၿပီး
“ဒီသစ္လုံးထဲက အေကာင္ထြက္ခဲ့စမ္းဟဲ့”
က်ဳပ္ေအာ္လိုက္ၿပီးမၾကာပါဘူးဗ်ာ၊ က်ဳပ္တို႔အနားမွာရပ္ၿပီးၾကည့္ေနတဲ့ ေမာင္ေက်ာင္းသားေလးက ေခြခနဲလဲက်သြားတာပဲ၊ က်ဳပ္တို႔အံ့ၾသေနတဲ့အခ်ိန္မွာပဲ ေမာင္ေက်ာင္းသားက ဒူးတစ္ဖက္ေထာင္ၿပီး ထိုင္လိုက္သဗ်။
“ေအာင္မာ၊ ငါေမြးရင္ ငါ့ျမစ္ေလာက္ရွိမယ့္ ေကာင္ေတြကမ်ား ငါ့ကိုအေကာင္တဲ့လား”
က်ဳပ္လည္း ဒီပုဂၢိဳလ္က တစ္ခုခုပဲဆိုတာကို သိလိုက္ၿပီဗ်။ သူက သာမန္သရဲမဟုတ္ဘူး၊ ေမာင္ေက်ာင္းသားလို ဘုရားတရားရွိတဲ့လူကိုေတာင္ ဝင္ပူးတယ္ဆိုကတည္း အဆင့္ျမင့္တဲ့ပုဂၢိဳလ္တစ္ေယာက္ဆိုတာ က်ဳပ္သိၿပီးသားပါ။ ဒါနဲ႔က်ဳပ္လည္း
“ေစာ္ကားမိတာရွိရင္ေတာင္းပန္ပါတယ္၊ အခု ေမာင္ေက်ာင္းသားကိုယ္ထဲေရာက္ေနတာ ဘယ္ပုဂၢိဳလ္လဲဆိုတာ သိခ်င္ပါတယ္”
“ငါက ဒီသစ္ပင္မွာေနတဲ့နတ္မင္းပဲ၊ ဖိုးေတက ငါအတန္တန္တားတဲ့ၾကားထဲက ငါ့အပင္ကိုခုတ္လို႔ ငါေနရာေပ်ာက္တယ္၊ အခုဒီသစ္လုံးႀကီးမွာ ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့ေနရတယ္၊ ဖိုးေတကိုလည္း ငါမေက်နပ္လို႔ ဒင္းတို႔အိမ္ကိုမီးေလာင္ေအာင္တိုက္လိုက္ၿပီး ဒင္းလည္းအိမ္မွာမေနႏိုင္ပဲ ေလွ်ာက္သြားေနရတယ္မဟုတ္လား”
ဖိုးေတဆိုတာ သစ္ခုတ္သမားဗ်၊ အခုနတ္မင္းေျပာပုံအရဆို ဖိုးေတျဖစ္ခဲ့တာေတြနဲ႔ ကြက္တိပဲဗ်ာ၊ ဧကႏၲေတာ့ သူ႔သစ္ပင္ကိုခုတ္လို႔ ဖိုးေတတို႔အိမ္ကိုမီးေလာင္တိုက္သြင္းတာေနမွာဗ်၊ ဖိုးေတအိမ္မီးေလာင္ၿပီး ဖိုးေတလည္း အရက္ေၾကာင္ေၾကာင္ၿပီးေတာ့ အခုဆိုရင္ ႐ြာထဲ ဟိုနားအိပ္၊ ဒီနားအိပ္နဲ႔ရယ္ဗ်”
“အခုလုပ္ေနတဲ့ ႐ြာထဲက ကိစၥေတြက ခင္ဗ်ားလုပ္တာလား”
“ဟုတ္တယ္ ငါလုပ္တာ၊ ငါ့ဗိမၼာန္ရွိတဲ့အပင္ကို အေခါင္းေဖာက္ၿပီး အုန္းေမာင္းတေဒါက္ေဒါက္ထုတာ မခံႏိုင္လို႔ လုပ္လိုက္တာ”
“မွားတာရွိရင္ က်ဳပ္ကပဲေတာင္းပန္ပါတယ္၊ နတ္မင္းကို ေက်နပ္ေအာင္စီစဥ္ေပးပါ့မယ္၊ နတ္မင္း႐ြာကိုမလုပ္ပါနဲ႔”
“ဒါဆို ငါ့ကိုသစ္ပင္တစ္ပင္အစားေပးပါ၊ ေဟာဒီေက်ာင္းဝန္းထဲမွာ ငါေနရတာေပ်ာ္တယ္၊ တစ္ေနရာေပးပါ”
က်ဳပ္လည္း ဦးဇင္းကိုၾကည့္လိုက္ေတာ့ ဦးဇင္းက ေခါင္းညိတ္ျပတယ္ဗ်။
“ကဲ ဒါဆို နတ္မင္းသင့္ေတာ္မယ့္အပင္ကိုေျပာပါ”
ေမာင္ေက်ာင္းသားက ေက်ာင္းအေနာက္ေတာင္ေထာင့္ကိုလက္ညႇိဳးၫႊန္ျပၿပီးေတာ့
“အဲဒီနားမွာ ေညာင္ပင္တစ္ပင္ရွိတယ္၊ အဲဒီေညာင္ပင္မွာ အပိုင္မရွိေသးဘူး ဒီေတာ့ ငါေနမယ္၊ အဲဒီေညာင္ပင္ကို ဘယ္သူမွမခုတ္ပါနဲ႔”
ဆရာေတာ္က
“ေနပါ၊ ေနပါ၊ က်ဳပ္ေနရာေပးပါတယ္၊ ဘယ္သူမွ မခုတ္ေစရဘူးလို႔လည္း ကတိေပးပါတယ္”
ေမာင္ေက်ာင္းသားက ဦးဇင္းကိုလက္ညႇိဳးထိုးၿပီး မ်က္ေစာင္းထိုးရင္းနဲ႔
“ဘုန္းႀကီး ကတိ ဘုန္းႀကီးတည္ေနာ္”
အဲဒီလိုေျပာၿပီး ဇက္က်ိဳးက်သြားတာပဲဗ်ာ၊ ကိစၥတစ္ခုေတာ့ ေျပလည္သြားၿပီဗ်၊ ဒါနဲ႔ ဦးဇင္းက
“ကပၸိယႀကီးက ဦးဘသာေျပာတဲ့နည္းအတိုင္း အုန္းေမာင္းတစ္ခုျပန္လုပ္ပါ၊ သစ္သားကိုေတာ့ ေသေသခ်ာခ်ာေ႐ြးပါ၊ က်ဳပ္တို႔ေၾကာင့္ ႐ြာနာတာမ်ိဳးမျဖစ္ေစခ်င္ဘူး”
“တင္ပါ့ဘုရား”
ကပၸိယႀကီးလည္း ဒီေတာ့မွ နည္းနည္းအပိုးက်ိဳးသြားတယ္ဗ်၊ ဦးဇင္းက ေမာင္ေက်ာင္းသားၫႊန္ျပတဲ့ေနရာကိုၾကည့္ၿပီးေတာ့
“အဲဒီေနရာမွာ ေညာင္ပင္မရွိပါဘူးကြာ”
“ရွိလို႔ေျပာတာေနမွာေပါ့ဘုရား”
ဒါနဲ႔မယုံလို႔ က်ဳပ္တို႔ေတြသြားရွာၾကည့္တယ္၊ မိုးဦးက်ဆိုေတာ့လည္း ခ်ဳံပင္ေတြက စိမ္းစိုေနၿပီေပါ့ဗ်ာ၊ ခ်ဳံေတြၾကားမွာ ေသခ်ာရွာလိုက္ေတာ့မွ ဒူးေလာက္ရွိတဲ့ေညာင္ပင္ကေလးတစ္ပင္က အသစ္ထြက္ေနသဗ်၊ ဆရာေတာ္အမိန႔္နဲ႔ အဲဒီေညာင္ပင္အနားကိုရွင္းလင္းၿပီးေတာ့ ၿခံစည္း႐ိုးအၾကမ္းကေလး ခတ္ထားလိုက္တယ္ဆိုပါေတာ့ဗ်ာ။
က်ဳပ္နဲ႔သူႀကီးနဲ႔႐ြာထဲျပန္လာေတာ့ ရန္ျဖစ္ေနတဲ့လူေတြက ငူငူႀကီးေတြျဖစ္ေနတယ္ဗ်၊ ေနာက္ၿပီးေတာ့မွ ေမာင္နဲ႔ႏွမ၊ သားနဲ႔အမိ၊ လင္မယားေတြအဆင္ျပန္ေျပသြားၾကတယ္၊ သူႀကီးအိမ္ေရာက္ေတာ့ သူႀကီးအိမ္ထဲကေန လူေတြတဖြဲဖြဲထြက္လာေနၾကပါေရာ၊ သူႀကီးက လူေတြကိုၾကည့္ရင္း
“ေဟ့ေမာင္ပိန္နဲ႔ မဝတုတ္၊ မင္းတို႔ပဲခုနက လင္မယားခ်င္းကြဲမယ္ဆိုကြာ”
ေမာင္ပိန္က ေခါင္းကုတ္ၿပီး
“မကြဲေတာ့ပါဘူးသူႀကီးရာ၊ ကြဲခ်င္စိတ္လည္းမရွိေတာ့ပါဘူး”
လို႔ေျပာၿပီးေတာ့ ျပန္ထြက္သြားၾကတယ္၊ သူႀကီးကေတာ့ ၿပဳံးရင္းက်ဳပ္ကိုၾကည့္တယ္ဗ်၊ သူႀကီးရဲ႕အၿပဳံးကေတာ့ က်ဳပ္ကိုေလးစားတဲ့အၿပဳံး၊ အားကိုးတဲ့အၿပဳံး၊ ေက်နပ္ပီတိျဖစ္ေနတဲ့အၿပဳံးဆိုတာကို က်ဳပ္နားလည္လိုက္ပါတယ္ဗ်ာ။
ဆက္ရန္။
#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ