Unicode Version
“စုန်းထီးကြီး ဦးဘသာနှင့် ထူးဆန်းသောဧည့်သည်များ”(စ/ဆုံး)
——————————————————————————–
အတွဲ(၃) စာစဉ်(၁၈)
(၁)
ဒီရက်ပိုင်းတော့ အိမ်မှာ အမဲသားဟင်းမပျက်တာကို သတိထားမိတယ်ဗျ၊ အဖေ့ရဲ့အရှေ့မှာဆိုရင်လည်း အမဲသားကြော်နှပ်ခွက်ကလေး အမြဲတွေ့ရတယ်၊ အဖေက ရေနွေးကြမ်းသောက်လိုက် အမဲသားကြော်နှပ်ထားတာကလေးကို တစ်တုံးလောက်ကိုက်လိုက်နဲ့ ဇိမ်ခံနေတာပေါ့ဗျာ၊ ဟင်းချက်တော့လည်း အမဲသားဟင်းဗျ၊ သားသတ်လွတ်စားတဲ့ ကိုခင်မောင်အတွက်ကိုတော့ အသီးအရွက်ဟင်းစီစဉ်ပေးရတယ်ဆိုပေမယ့် ကျုပ်တို့ကတော့ အမဲသားဟင်းနဲ့ကြိတ်တာပေါ့ဗျာ၊ အမဲသားကို ခရမ်းချဉ်သီးနဲ့ချက်ပြီး ကုလားမဆလာလေးအုပ်လိုက်ရင် သိပ်စားကောင်းတာပေါ့ဗျ။
“အမေ၊ ဒါနဲ့ ဒီရက်ပိုင်း သုံးလေးရက်ရှိပြီ၊ အမဲသားချည်းချက်နေသလားလို့”
“အေးလေ၊ အမဲသားသည်တွေ ရွာရောက်လာတာကိုး၊ တို့လည်း အမဲသားက စားရခဲတယ်မဟုတ်လား၊ နင့်အဖေလည်း သိပ်ကြိုက်တာကိုး၊ ဘာလဲ နင်ကမစားချင်ဘူးလား”
“မဟုတ်ပါဘူးအမေရာ မေးကြည့်တာပါ၊ ဟီး”
နောက်တစ်နေ့မနက်တော့ ကျုုပ်လည်း မနက်စာစားသောက်ပြီးတော့ အမေက ကိုခင်မောင်အတွက်ပြင်ပေးလိုက်တဲ့ ထမင်းတောင်းကလေးယူလိုက်တော့ အမေက ကျုပ်အရှေ့မှာလက်ဝါးဖြန့်ပြတယ်။
“အမေ၊ ဘာလုပ်တာလဲ”
“ဟဲ့အလတ်ကောင်၊ အဲဒီသုံးရာက နင်တစ်ယောက်တည်းသုံးလို့ရမလား၊ ငါက ချက်ပြုတ်ပေးနေရသေးတာ၊ ငါ့အတွက်လည်းပါတယ်”
“ဟာ၊ အမေကလဲဗျာ”
“အမေကလည်းမလုပ်နဲ့၊ နင်ပေးမှာလားမပေးဘူးလား”
ကျုပ်လည်း ခေါင်းရင်းထရံကြားထဲ ညှပ်ထားတဲ့ပိုက်ဆံကို လူမသိအောင်သွားယူပြီးတော့ အမေ့ကိုတစ်ရာပေးလိုက်ရတာပေါ့ဗျာ၊ သူခိုးလက်က သူဝှက်လုဆိုတာ ဒါမျိုးကိုပြောတာနေမှာဗျ၊ အမေက ပိုက်ဆံရတော့ ပြုံးသွားတာပေါ့၊ ကျုပ်လည်း ထမင်းတောင်းကလေးထမ်းပြီး၊ လက်တစ်ဖက်က သံဖြူရေပုံးကိုဆွဲရင်း အိမ်ကနေထွက်လာတာပေါ့ဗျာ။
မိုးလင်းနေပြီဆိုပေမယ့် ဖက်လိပ်ရွာဟောင်းကိုတော့ မဖြတ်ရဲဘူးဗျ။ ဒီတော့ ရွာအထွက်လမ်းအတိုင်း လာခဲ့ရင်း ဘယ်ဖက်ကိုကွေ့တယ်၊ အဲဒီမှာ တောတန်းကလေးရှိတယ်၊ နောက်တော့ ဘုရားပျက်ကုန်းနားကဖြတ်ထွက်လိုက်ရင် ဖက်လိပ်ရွာထိပ်နားကို ရောက်တယ်မဟုတ်လားဗျာ၊ ရွာဟောင်းအိမ်ပျက်ကြီးတွေကြားထဲက ဖြတ်ရမှာထက်စာရင်၊ တောထဲကနေ ခပ်သုပ်သုပ်ဖြတ်ရတာကို ပိုပြီးစိတ်ချတယ်ဗျ၊ ဒါနဲ့ အဲဒီလမ်းကပဲ ကျုုပ်သွားနေတာပေါ့ဗျာ။
ရွာအထွက်လမ်းအတိုင်းထွက်လာရင်း တမာပင်တန်းကလေးတွေကို ကျော်လာတဲ့အခါ ရွာလမ်းအတိုင်း မိန်းမနှစ်ယောက် လျှောက်လာကြတယ်ဗျ၊ တစ်ယောက်တော့ အရပ်ပုပု၀၀ဖိုင့်ဖိုင့်နဲ့၊ နောက်တစ်ယောက်ကတော့ အရပ်ကရှည်ရှည်၊ ပိန်ပိန်ပါးပါးပဲဗျ၊ ၀၀ပုပုမိန်းမရဲ့ခေါင်းပေါ်မှာတော့ အညာတောင်းပြဲကြီးကို ရွက်လို့ဗျ၊ တောင်းပြဲဆိုတာ ဈေးသည်တွေရွက်လေ့ရှိတဲ့ အနားဝကျယ်ကျယ်၊ ခပ်တိမ်တိမ်နဲ့တောင်းကြီးပေါ့ဗျာ၊ အရပ်ရှည်ရှည်မိန်းမကတော့ ခေါင်းပေါ်မှာ သဘက်ကြီးကိုပေါင်းထားတယ်ဗျ၊ အညာသူတွေဆိုတော့ နှစ်ယောက်စလုံးအသားတွေမည်းတာကတော့ ပြောမနေပါနဲ့ဗျာ၊
ကျုပ်တော့ သူတို့ကိုဒီရွာမှာ မမြင်ဖူးဘူးဗျ၊ ဒါပေမယ့် ကျုပ်နဲ့လည်း သိပ်ပြီးမျက်နှာမစိမ်းသလိုပဲ၊ သူတို့ကိုတစ်နေရာရာမြင်ဖူးသလိုလိုတော့ ရှိသား၊ ထုံးစံအတိုင်း စပ်စုချင်တာနဲ့ အဲဒီမိန်းမနှစ်ယောက်ကို ကျုပ်ကမေးလိုက်တယ်။
“အမတို့ကို ကျုပ်မြင်ဖူးသလိုပဲ၊ ရွာကိုသွားမလို့ထင်တယ်နော်”
ပုပု၀၀မိန်းမက ကျုပ်ကို ဘာလာရှုပ်တာလဲဆိုတဲ့ မျက်နှာပေးမျိုးနဲ့ စိုက်ကြည့်တယ်ဗျ။ သူ့နံဘေးက မိန်းမကတော့
“ဇီးကုန်းရွာကို ဈေးရောင်းလာခဲ့တာပါ”
“ဟုတ်လား၊ ဘာလာရောင်းတာတုန်းဗျ”
ကျုပ်မေးတော့ ပုပုနဲ့မိန်းမက
“ငါတို့ဖာသာ ဘာရောင်းရောင်းပေါ့၊ နင်ဝယ်မှာလား”
သူ့စကားကတော့ ကြမ်းတယ်ဗျ၊ ဈေးသည်ဖြစ်ပြီး နှုတ်ကြမ်းအာကြမ်းနဲ့ ဈေးသည်ကို ခုမှတွေ့ဖူးတာပါ၊ ကျုပ်လည်းပိုက်ဆံမပါတော့ ခေါင်းခါပြလိုက်တယ်၊ ဒီမိန်းမနှစ်ယောက်က ကျုပ်ကိုကြည့်ပြီးတော့ ဆက်လျှောက်သွားပါရောဗျာ၊ ကျုပ်လည်း ဒါနဲ့အရှေ့နားနည်းနည်းသွားပြီးတော့ တောတန်းထဲကိုချိုးကွေ့လိုက်တာပေါ့ဗျာ။
တောတန်းက မနက်ပိုင်းဆို သာယာတယ်ဗျ၊ သစ်ပင်တွေကလည်း ခပ်ကျဲကျဲပေါက်နေတာဆိုတော့ ကောင်းကောင်းလင်းတယ်၊ ကျုပ်ဖြတ်လာရင်း ဘုရားပျက်ကုန်းအနားကိုရောက်လာတယ်၊ ဘုရားပျက်ကုန်းဆိုတာက သရဲသိပ်ခြောက်တဲ့နေရာဆိုတော့ ကျုပ်လည်း ခြေလှမ်းသွက်သွက် လှမ်းခဲ့တာပေါ့ဗျာ၊ ဒီအချိန်မှာပဲ ချောင်းဆိုးသံကို ကြားလိုက်ရတယ်ဗျ။
“အဟွတ်၊ အဟမ်း”
ချောင်းဆိုးပြီးတော့ ချွဲခပ်တဲ့အသံလို အသံပါပဲ၊ ပြီးတော့ ထွီခနဲထွေးလိုက်တဲ့အသံကိုလည်းကြားလိုက်ရတယ်၊ ကျုပ်လည်း လမ်းလျှောက်နေရင်း ခြေလှမ်းတွေရပ်သွားတာပေါ့ဗျာ၊ ကျုပ်ကိုများ သရဲခြောက်နေပြီလားလို့ပေါ့၊ အသံကြားတဲ့နေရာကတော့ ဘုရားငုတ်တိုအနားမှာဗျ၊ အဲဒီဘုရားငုတ်တိုအနားမှာ အရင်က ရသေ့ကြီးပုံစံနဲ့ အောက်လမ်းအကျင့်လာကျင့်တဲ့ မောင်မဲဇာကြီးနေခဲ့သေးတယ်မဟုတ်လား (ထိုအကြောင်းကို စုန်းမျိုးတစ်ရာ မောင်မဲဇာတွင် ဖော်ပြပြီး)။
ကြောက်စိတ်ထက် သိချင်စိတ်က များနေတာနဲ့ ကျုပ်လည်း အဲဒီဘုရားငုတ်တိုနားကို ချောင်းကြည့်လိုက်တာပေါ့ဗျာ၊ ဒီတော့ အပေါ်က အင်္ကျီအနက်၊ အောက်ကလည်း ရှမ်းဘောင်းဘီလို ဘောင်းဘီအနက်ကြီးဝတ်ထားတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတယ်ဗျ၊ အဲဒီလူက ကျုပ်ကိုလှည့်ကြည့်တယ်၊ ကျုပ်ကိုလည်းမြင်ရော ဖြတ်ခနဲပျောက်သွားတာပဲဗျာ၊ တကယ်ပါ၊ ကျုပ်ဆို မျက်တောင်တောင်မခတ်မိဘူး၊ နောက်တော့မှ ဒီလိုပျောက်သွားတာ လူမဖြစ်နိုင်ဘူးလို့ တွေးမိပြီးတော့ အပြေးတစ်ပိုင်းနဲ့ ပြေးထွက်ခဲ့တာပေါ့ဗျာ။
(၂)
ကိုခင်မောင် ရုက္ခစိုးမှော်ကျင့်နေတဲ့ ညောင်ပင်ကြီးနားရောက်တာတောင် ကျုပ်လန့်နေတုန်းပဲဗျ။ ဒီနေ့တော့ ကိုခင်မောင်က ဘုရားမရှိခိုးတော့ဘဲ ထူးထူးဆန်းဆန်းထိုင်နေတယ်ဗျာ၊၊ ကျုပ်လှမ်းဝင်လာတာလည်းမြင်ရော၊ ကျုပ်ကိုပြုံးပြတယ်။
“ထိုင်စမ်းပါအုံး အလတ်ကောင်ရာ၊ ဒါနဲ့ အမောတကောနဲ့ ဘာဖြစ်လာရပြန်တာလည်း”
“ကျုပ်၊ ကျုပ်ဘုရားပျက်ကုန်းနားက ဖြတ်လာတော့ သရဲခြောက်ခံထိလို့ဗျ”
“လုပ်ပြန်ပြီ၊ ဘယ်လိုတွေ့ခဲ့တာလည်း”
“ရှမ်းဘောင်းဘီနဲ့ အနက်ဝမ်းဆက်ဝတ်ထားတဲ့လူကြီးတစ်ယောက်ဗျ၊ သူကချောင်းဟန့်ပြီးတော့ သလိပ်တောင်ထွေးလိုက်သေးတာ၊ ကျုပ်ကိုမြင်တော့ ဖြတ်ခနဲပျောက်သွားတော့တာပဲ”
ကိုခင်မောင်က တစ်ချက်တွေးနေသေးတယ်၊ နောက်တော့မှ ခေါင်းညိတ်တယ်ဗျ။
“အင်းပေါ့လေ၊ မြင်အပ်၊ မမြင်အပ်ပုဂ္ဂိုလ်တွေဆိုတာ နေရာတိုင်းမှာရှိနေတာပေါ့၊ ဒါနဲ့ ပြောရအုံးမယ်၊ မင်းအခု ဘာသောက်ချင်လဲအလတ်ကောင်”
“ပြေးရတာ မောလိုက်တာဗျာ။ ဒီတော့ ရေသောက်ချင်တာပေါ့”
ကိုခင်မောင်က ပြုံးရင်း
“ရေများလွယ်တာပေါ့ကွ၊ မင်းကိုင်လာတာ ရေပုံးကြီးမဟုတ်လား”
“ဟုတ်ပါ့ဗျာ၊ ဒါဆို ဘာသောက်ရမလဲ”
“နည်းနည်းခက်တာ စဉ်းစားကြည့်”
ကျုပ်လည်း မစဉ်းစားတတ်တော့ဘူး။
“ရတယ်ဗျာ၊ ဘာဖြစ်ဖြစ်၊ ကျုပ်သောက်မယ်”
“ဟား၊ ဟား ဒါဆိုရင်တော့ လင်မနစ်ဖျော်ရည်မသောက်ချင်ဘူးလား”
ကျုပ်လည်း ခေါင်းညိတ်လိုက်တာပေါ့ဗျာ၊ လင်မနစ်လိုဖျော်ရည်ဆိုတာက မြို့တက်မှ သောက်ရတာဗျ၊ မြိုင်သာသွားရင် သစ်ပင်ကြီးအောက်မှာ ဖျော်ရောင်းတာမဟုတ်လား၊ ဈေးကလည်းကြီးတယ်ဗျ၊ တစ်ခွက်ကို ပြားခြောက်ဆယ်၊ တစ်ကျပ်လောက်ပေးရတာ၊ လူတိုင်းမသောက်နိုင်ဘူး။ သူ့အရသာက ချဉ်ချဉ်၊ ရှတတ၊ အေးအေးလေးပေါ့ဗျာ။
ကျုပ်က ခေါင်းသာညိတ်လိုက်တာ မယုံဘူးဗျို့၊ ဒီလိုတောရွာမှာ လင်မနစ်ရပါ့မလား၊ ရမယ်ဆိုရင်လည်း ရွာထဲရရမှာပေါ့၊ ဒီလိုညောင်ပင်အောက်မှာဆိုတော့ ဖြစ်နိုင်ပါ့မလား၊ ကျုပ်လည်း ကိုခင်မောင်တစ်ယောက် ကျင့်စဉ်ကျင့်ရင်း ရူးသွားတာများလားဆိုပြီးတော့ သံသယမျက်လုံးတွေနဲ့ ကြည့်လိုက်တာပေါ့ဗျာ။
“အောင်မယ်၊ မင်းက သံသယဖြစ်နေသေးတယ်၊ ငါမရူးပါဘူးကွ၊ ကဲ၊ မင်းသိအောင် ငါပြရသေးတာပေါ့”
ကိုခင်မောင်က သူ့လွယ်အိတ်ထဲကို လက်နှိုက်တယ်ဗျ၊ သူ့လွယ်အိတ်ကို ညောင်ပင်ခြေရင်းက အမြစ်တစ်ခုပေါ်မှာ တင်ထောင်ထားတာကိုး၊ ပြီးတော့ လွယ်အိတ်အပေါ်မှာလည်း အဖြူရောင်ပိတ်စနဲ့ အုပ်ထားသေးတယ်။ ပုလင်းထဲနှိုက်ရင်း
“ကဲ၊ အဘရေ၊ လင်မနစ်တစ်လုံးလောက် အေးအေးလေးပေးပါဗျာ”
အဲဒီလိုပြောပြီး လက်ကိုလှုပ်နေတယ်ဗျ၊ ကျုပ်လည်း သေချာကြည့်နေမိတာ၊ သုံးမိနစ်လောက်ကြာတာ့ လက်ကိုဆွဲထုတ်လိုက်တယ်ဆိုရင်ပဲ ကိုခင်မောင်ရဲ့လက်ထဲမှာ လင်မနစ်ပုလင်းအသေးကလေးပါလာတယ်ဗျ၊ ကျုပ်ဖြင့်် လန့်သွားတာပဲ။ အဲဒီလိုတစ်ခါသောက် လင်မနစ်က ပိုပြီးဈေးကြီးတယ်ဗျ၊ ဒါနဲ့ ကိုခင်မောင်က ကျုပ်ကိုလှမ်းပေးတယ်။
“ရော့၊ သောက်”
ကျုပ်ဆို လုံးဝကိုမယုံတာဗျာ၊ ပုလင်းက အမြှုပ်တွေတောင်တက်ပြီး အေးနေသေးတာ၊ ဒါနဲ့ ပုလင်းအဖုံးကို သွားနဲ့ကိုက်ဖွင့်လိုက်တော့ ရှဲခနဲအသံမြည်ပြီး အထဲက အမြှုပ်တွေတက်လာတယ်၊ တကယ်အစစ်လား ဘာလားသိချင်တာနဲ့ ကျုပ်လည်း ပုလင်းကိုမော့ချလိုက်တာပေါ့ဗျာ။ အစစ်မှ တကယ့်အစစ်ဗျ၊ ရေတောင်မရောဘူးဗျာ၊ သောက်လို့ကောင်းလိုက်တာမှ ပြောမနေပါနဲ့တော့၊ ဒီတော့မှ ကျုပ်လည်းကိုခင်မောင်ကို တော်တော်ကြည်ညိုသွားတာ။
“နေပါအုံး ကိုခင်မောင်၊ ခင်ဗျားကို လင်မနစ်ပုလင်း ဘယ်သူပေးသွားတာလဲ”
“ဟား၊ ဟား၊ ဘယ်သူကပေးရမှာလည်း ရုက္ခစိုးမင်းကြီးပေးတာပေါ့ကွ”
“ဗျာ၊ ရုက္ခစိုးမင်းက ပေးတာတဲ့လား”
“ဒါက အကင်းပဲရှီသေးတယ်ကွ၊ ကိုယ်လိုချင်တယ်ဆိုတဲ့အရာတစ်ခုကို ပြောလိုက်၊ တလိုက်တာနဲ့ ရုက္ခစိုးမင်းကြီးက သူ့အစွမ်းနဲ့ဖန်တီးပေးတာပေါ့ကွာ၊ ဟော ဒီလင်မနစ်ပုလင်းဆိုတာလည်း ဒီရွာမှာရှိပါ့မလား”
“မရှိပါဘူးဗျာ၊ မြိုင်သာမှာတောင်မှ ဖျော်ရောင်းတဲ့ဟာပဲတွေ့ဖူးတာ၊ တော်တော်ဆန်းတယ်ဗျာ၊ ဒါဆိုရင် ကိုခင်မောင်တစ်ယောက် အောင်တော့မှာပေါ့”
“ဒါပေါ့ကွ၊ နေအုံး စမ်းလက်စနဲ့ ထပ်စမ်းရအောင်၊ မင်းဘာစားချင်သလဲ”
ဘာစားချင်သလဲဆိုတော့မှ ကျုပ်လည်းစဉ်းစားလို့ကိုမရဘူးဗျာ၊
“ကြာတယ်ကွာ၊ ကဲ ဒါဆိုရင် မင်းအတွက် ကိတ်မုန့်တောင်းပေးမယ်”
ကိုခင်မောင်ပြောတော့ ကျုပ်လည်းခေါင်းညိတ်လိုက်တယ်၊ ကိတ်မုန့်ဆိုတာ ရှားတယ်ဗျ၊ မြိုင်သာမှာတောင်မှ မုန့်တိုက်ကတစ်ခုပဲရှိတာ၊ ကျုပ်တို့လိုတောသားတွေတော့ တစ်နှစ်ကို ကိတ်မုန့်တစ်လုံး စားရဖို့မသေချာဘူးဗျာ။ ကိုခင်မောင်က လွယ်အိတ်ထဲကိုလက်နှိုက်တယ်ဗျ။
“ကဲ အဘရေ၊ ဒီကောင်လေးကို ကိတ်မုန့််နည်းနည်းကျွေးလိုက်ပါဗျာ”
ဟော၊ ပြီးတော့ လက်ကိုပြန်ထုတ်လိုက်တော့ လက်တစ်ဆုပ်လောက်ရှိတဲ့ ကိတ်မုန့်ချပ်ပါလာတယ်ဗျာ၊ ကိတ်မုန့်ထူထူလှီးထားတဲ့အချပ်တွေပေါ့၊ ကိတ်မုန့််အပေါ်မှာလည်း အနီရောင်၊ အစိမ်းရောင်နဲ့ ကျောက်ဖရုံယိုတွေ ဖြူးထားသေးတယ်ဗျ၊ ကျုပ်ဖြင့်စားလို့ကောင်းလိုက်တာ မပြောပါနဲ့တော့၊ ပါးစပ်ထဲအတင်းထိုးထည့်စားတာ နင်နေလို့တောင်မှ လင်မနစ်သောက်ပြီး မျောချရတယ်။
“ကိုခင်မောင်ကတော့ နိပ်ပြီဗျာ၊ ကျုပ်တောင်မှ ဒီကျင့်စဉ်ကို ကျင့်ချင်လာပြီ၊ ကျင့်စဉ်အောင်ရင် ကိုယ်စားချင်တာ လုပ်ခိုင်းလို့ရတာကိုး”
ကိုခင်မောင်က ရယ်တယ်ဗျ။
“ဒါထက်အများကြီး အကျိုးရှိတာတွေ ရှိပါသေးတယ်၊ အစားအသောက်လောက်ကတော့ ပမွှားလေးပါကွ”
“ဒါနဲ့ ကိုခင်မောင်ကျင့်စဉ်အောင်ရင် ဘာလုပ်မှာတုန်းဗှ”
ကိုခင်မောင်မျက်နှာက တည်သွားတယ်။
“အဲဒါတော့ မပြောသေးဘူးကွာ၊ နောက်ရောက်မှ နောက်ဈေးပေါ့၊ ကဲ၊ စားပြီးပြီဆိုရင်လည်းပြန်တော့၊ ငါမေတ္တာပို့ရအုံးမယ်”
ကျုပ်လည်း ကိုခင်မောင်အတွက် ထမင်းတောင်းချ၊ သောက်ရေအိုးရေဖြည့်ပြီးတော့ ပြန်ခဲ့တာပေါ့ဗျာ၊ စိတ်ထဲမှာတော့ အတော်ကျေနပ်နေသား၊ ဘာလို့လဲဆိုတော့ ကိတ်မုန့်လည်းစားရတယ်၊ လင်မနစ်လည်း သောက်ရတယ်လေဗျာ။ ဒါပေမယ့် ဒီအကြောင်းတွေကို ကျုပ်ပြောပြတော့ ဘယ်သူမှမယုံဘူးဗျ၊ ယုတ်စွအဆုံး အငယ်ကောင်တောင်မှ မယံဘူး။
“ဟာဗျာ၊ အကိုလတ်ကတော့ လျှောက်ပြောနေပြန်ပါပြီ”
“ငါပြောတာတကယ်ကွ”
“တကယ်ဆိုရင်လည်း အဲဒီကိတ်မုန့်ပြလေဗျာ၊ လင်မနစ်ရော”
“ကိတ်မုန့်ကစားလို့ကုန်ပြီကွ”
“ဒါဆို လင်မနစ်ပုလင်းကျန်မှာပေါ့”
“အေးကွ၊ ပုလင်းလည်း ငါကသောက်ပြီး ညောင်ပင်အောက်မှာထားခဲ့တာ”
“တွေ့လား၊ ဘာမှလည်း အကောင်အထည်ပြနိုင်တာမဟုတ်ပဲနဲ့၊ အကိုလတ်သူများကိုပဲ လျှောက်ပြောလို့ရမယ်၊ ကျုပ်ကိုတော့ လာမလှိမ့်နဲ့”
ကျုပ်လည်း ကိုယ့်ပါးစပ်ကိုယ်ပြန်ရိုက်ချင်တယ်ဗျာ၊ ကိတ်မုန့်တစ်တုံးလောက် ထားထားလိုက်ပါလား၊ လင်မနစ် တစ်ဝက်လောက် ချန်ထားလိုက်ပါလားလို့ပေါ့ဗျာ။ ခုတော့ သက်သေမရှိတော့ လေကျယ်တယ်ချည်း ဖြစ်နေတော့တာပေါ့။
(၃)
ကျုပ်နဲ့အငယ်ကောင်နဲ့ အိမ်ပေါ်မှာ စကားပြောနေတုန်း ခြံထဲကို မိန်းမနှစ်ယောက်ဝင်လာတယ်ဗျ။
“ဝယ်ပါအုံးအဒေါ်ရဲ့”
“တော်ပါပြီအေ၊ နေ့တိုင်း အမဲသားတွေချည်းစားနေရလို့ ငြီးငွေ့နေပါပြီ”
“စားပါအဒေါ်ရဲ့၊ ရတုန်းစားထားနော်၊ နောက်ရက်တွေ အသားထပ်ရဖို့ မသေချာတော့ဘူး၊ ကျွန်မတို့လည်းလျှော့ပေးပါ့မယ်”
ကျုပ်လည်း လှေကားကနေဆင်းလိုက်တော့ အိမ်အောက်မှာ တောင်းပြဲကြီးချပြီး ဈေးရောင်းနေတဲ့ မိန်းမနှစ်ယောက်ကိုတွေ့လိုက်ပါရော၊ ဒီမိန်းမက ကျုပ်မနက်ကတွေ့ခဲ့တဲ့ မိန်းမပဲဗျ။ ကျုပ်ကိုလည်းတွေ့ရော မျက်နှာထားတွေက ခပ်တင်းတင်းဖြစ်သွားတယ်၊ ဒါနဲ့ သူတို့တောင်းထဲမှာ ပါလာတဲ့အမဲသားတွေကို အမေ့အတွက် လှီးဖြတ်ပေးနေတာပေါ့ဗျာ၊ အသားတွေကလည်း ကောင်းလိုက်တာဗျာ၊ နီရဲပြီးတော့ အသားဆိုမှ အသားချည်းပဲဗျ၊ လတ်လိုက်တာကလည်း ပြောမနေပါနဲ့ သွေးတွေတောင်ပေနေသေးတာ။ အရပ်ရှည်ရှည်နဲ့မိန်းမက အမေ့အတွက် လှီးဖြတ်ပြီး ချိန်ခွင်လေးနဲ့ထည့်ချိန်တယ်။
“ငါးဆယ်သားကျော်တယ်နော်အဒေါ်၊ ပိုထည့်ပေးလိုက်တယ်”
“အေးကွယ်၊ ငါ့တူမတွေ ကျမ်းမာချမ်းသာပါစေ”
အမေနဲ့ကျတော့ သူတို့မျက်နှာတွေက ချိုလို့ဗျ၊ ကျုပ်ကိုတော့ မျက်စောင်းတခဲခဲနဲ့ ခါးခါးသီးသီးဖြစ်နေတာ၊ ကျုုပ်လည်းသူတို့လုပ်ကိုင်နေတာတွေကို ဘေးကနေကြည့်ရင်း
“အသားတွေက လတ်သားနော်ဗျ၊ ခင်ဗျားတို့ ဘယ်ကသွားယူတာလဲ”
ကျုပ်မေးတော့ မျက်စောင်းထိုးကြည့်တယ်၊ အမေကလည်း သိချင်နေပုံရတယ်ဗျ။
“ထောက်ရှာ”
“တန်းမြင့်”
မိန်းမနှစ်ယောက်က တစ်ယောက်တစ်မျိုးပြောတယ်ဗျ၊ နောက်တော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း
“ဒီလိုပါအဒေါ်၊ ကျွန်မတို့က ထောက်ရှာရွာကပါ၊ တန်းမြင့်ရွာမှာ အမဲပေါ်နေတော့ အဲဒီကနေတက်ယူပြီးတော့ လှည့်ရောင်းတာပါ”
“အေးကွယ်၊ ညည်းတို့လည်း ပင်ပန်းကြတယ်နော်”
“ဒီလောက်တော့မဟုတ်ပါဘူးအဒေါ်ရယ်”
ကျုပ်ကတော့ စိတ်ထဲတစ်မျိုးဖြစ်သွားတယ်ဗျ။
“နေပါအုံး၊ ခင်ဗျားတို့က တန်းမြင့်ရွာကနေသွားယူတယ်လည်းပြောသေးတယ်၊ မနက်ကတွေ့တော့ ပေတောရွာဘက်ထွက်တဲ့လမ်းကနေ လာကြတာပါ”
ကျုပ်မေးတော့ သူတို့မျက်နှာပျက်သွားတယ်ဗျ၊ နောက်တော့အချင်းချင်းလက်ကုပ်ပြီးတော့ ထလိုက်ကြတယ်။
“သွားအုံးမယ်အဒေါ်ရေ၊ တခြားဘက် လည်ရောင်းရမှာဆိုတော့ အချိန်မလင့်ခင်သွားရမယ်မဟုတ်လား”
အမေက ငါးဆယ်တန်ပေးလိုက်တော့ လှမ်းယူပြီး ခပ်သုတ်သုတ်ထွက်သွားကြတာပဲဗျာ၊ အမေကတော့ ကျုပ်ကိုကြည့်ရင်း
“နင်ဟာလေ၊ တော်တော်လျာရှည်တဲ့အကောင်”
“အိုဗျာ၊ သူတို့ကိုနည်းနည်းပါးပါးမေးမိတာ ကျုပ်အမှားလား”
“အေးပါ၊ နင်မမှားပါဘူး၊ နေမွန်းတည့်တော့မယ်၊ ဘုရားဆွမ်းတော်ကပ်ထားတာတွေ သွားစွန့်တော့”
ကျုပ်လည်း အိမ်ပေါ်တက်ခဲ့ပြီး ဘုရားကျောင်းဆောင်ပေါ်မှာတင်ထားတဲ့ ဆွမ်းတော်ဗန်းကလေးကို စွန့်လိုက်တာပေါ့ဗျာ၊ ဆွမ်းထမင်းတွေက ပြည့်နေပေမယ့် ဆွမ်းဟင်းခွက်က ဘာမှမရှိတော့ဘူးဗျ၊ ဟင်းအနှစ်တွေချည်းကျန်တော့တာ။
“အမေရေ၊ ဟင်းလဲမရှိတော့ပါလား”
“ဟောတော်၊ ဒါဆိုရင်တော့ ကြောင်စားသွားပြီထင်တယ်၊ အမဲသားဟင်းနဲ့ဆွမ်းကပ်ထားတာလေ၊ အတုံးကြီးသုံးတုံးတောင်ထည့်ထားတာ”
ကျုပ်လည်း အမေယုံအောင်ပြလိုက်တယ်၊ အမေကတော့ ခြေရင်းအိမ်က မွေးထားတဲ့ ကြောင်ဝါကြိးကို မေတ္တာပို့နေလေရဲ့။
“ဒါနဲ့ အဖေ့ကိုလည်းမတွေ့ပါလားအမေ”
“အေးလေ၊ နင့်အဖေက ရွာဦးကျောင်းမှာ ဧည့်သည်တွေရောက်နေတယ်ဆိုလို့ အဲဒီကိုသွားတာဖြစ်မှာပေါ့”
“ဧည့်သည်၊ မိုးတွင်းကြီး ဘယ်ကဧည့်သည်လဲဗျ”
“ဟဲ့၊ အဲဒါတော့ ငါသိမလား၊ နင်ငါ့ကို စစ်စစ်ဆေးဆေးလာမလုပ်နေနဲ့၊ သိချင်သပဆိုရင် နင့်ဖာသာနင်သွားမေး”
ကျုပ်လည်း လယ်ထဲမဆင်းရဘူးဆိုတော့ ပျင်းနေတာနဲ့ ရွာဦးကျောင်းဘက်ကို လှည့်ခဲ့တာပေါ့ဗျာ။
(၄)
ကျုပ်လည်း ဘုန်းကြီးကျောင်းအဝရောက်ရုံရှိသေးတယ် ဘုန်းကြီးကျောင်းထဲက ရယ်သံတွေကိုကြားလိုက်ရပါရောဗျာ၊ ရှေးဟောင်းကျောင်းကြီးအပေါ်ကို အပြေးတက်ခဲ့တော့ အဖေနဲ့ ရွာခံလူကြီးတစ်သိုက်ထိုင်နေကြတယ်ဗျ၊ ရွာဦးကျောင်းဆရာတော် ထိုင်နေတဲ့အနားမှာတော့ လူကြီးတစ်ယောက်နဲ့ မိန်းကလေးနှစ်ယောက် ထိုင်နေကြတယ်၊ လူကြီးကတော့ အသားမည်းမည်းနဲ့ ၀၀ဖြိုးဖြိုး၊ စိုစိုပြေပြေပါပဲဗျာ၊ တိုက်ပုံအဖြူကြီးကိုလည်းဝတ်ထားသေးတယ်၊ လက်ချောင်းတွေမှာလည်း လက်စွပ်တွေက ပြူးနေတာပဲဗျာ၊ ကျုပ်ကတော့ ဒီလူကြီးကို သိပ်စိတ်မဝင်စားပါဘူးဗျာ၊ ကျုပ်စိတ်ဝင်စားတာကတော့ ကောင်မလေးနှစ်ယောက်ပဲဗျာ။
အဲဒီလူကြီးရဲ့ အနားမှာထိုင်နေတဲ့ ကောင်မလေးတွေကလည်း ဝတ်ကောင်းစားလှတွေဝတ်ထားတယ်။ တစ်ယောက်က အသားဖြူဖြူရယ်ဗျ၊ ပန်းရောင်ဇာဝမ်းဆက်လေးဝတ်ထားတာ၊ မျက်နှာကလေးဆို နုနေတာပဲဗျာ၊ ကျုပ်နဲ့အကြည့်ချင်းဆုံသွားတော့ လန့်သွားပြီးတော့ ခေါင်းငုံ့သွားတယ်၊ ကျုပ်ကလည်း ဗို့တစ်ထောင်အား မျက်လုံးကြီးတွေနဲ့ စူးစိုက်ကြည့်နေတာဆိုတော့ သူလည်းရှက်သွားတာဖြစ်မှာပေါ့ဗျာ၊ နောက်ထပ်ကောင်မလေးတစ်ယောက်ကတော့ အသက်နည်းနည်းကြီးပုံရတယ်ဗျ၊ သုံးဆယ်နီးပါးလောက်ရှိပြီထင်တာပဲ၊ အသားကတော့ ခပ်လတ်လတ်ပါ၊ သူက အဖြူဝမ်းဆက်ဝတ်ထားတယ်၊ ချောတာကတော့ ပြောမနေပါနဲ့၊ ဟိုတစ်ယောက်က အသားဖြူတဲ့လူ ချောတဲ့အချောမျိုး၊ ဒီတစ်ယောက်ကျတော့ ညိုချောလေးဗျ။ ကျုပ်ကသူ့ကိုကြည့်တော့ သူကလည်းရဲရဲတင်းတင်းနဲ့ ကျုပ်ကိုပြန်ကြည့်တယ်။
ရွာဦးကျောင်းဆရာတော်အပါအဝင် ရွာခံလူကြီးတွေကတော့ ကျုပ်ကိုဝိုင်းကြည့်နေတာပေါ့ဗျာ၊ အဖေက ချောင်းတစ်ချက်ဟန့်လိုက်ပြီး
“အလတ်ကောင်၊ အဲဒီမှာ မတ်တပ်ကြီးရပ်ပြီး ဘာတွေငေးနေတာလဲ”
ဒီတော့မှ ကျုပ်လည်းသတိရတာ၊ သူတို့ထိုင်နေတဲ့အနားမှာ ကျုပ်က မတ်တပ်ကြီးရပ်ပြီး ကောင်မလေးတွေကို ငမ်းနေတာကိုးဗျ၊ သူတို့အလှမှာ သတိလက်လွတ်ဖြစ်သွားတာပေါ့ဗျာ၊ ဒါနဲ့ သွားကြီးကိုဖြီးပြီးတော့ အဖေ့ဘေးနားကိုအတင်းထိုင်ချလိုက်တာ၊ တင်ပါးလွှဲထိုင်နေတဲ့ အဖေ့ခြေသလုံးအပေါ်ကို တက်ထိုင်မိပြီး အဖေဆိုထအော်တာ အကျယ်ကြီးပဲဗျာ။
“အား၊ သေပါပြီကွာ၊ ဟေ့ကောင် ဘယ်လိုဖြစ်နေတာလဲ”
“ဟို၊ ဟိုလေ၊ ဒီက မိန်းကလေးတွေရဲ့အလှကိုကြည့်ပြီး မြောသွားလို့ပါအဖေရဲ့”
ကျုပ်လည်း ရှက်ရှက်နဲ့ ပြုံးဖြီးဖြီးကြီးပြောလိုက်တော့ မိန်းကလေးနှစ်ယောက်က တခစ်ခစ်နဲ့ရယ်တယ်ဗျ၊ ကျန်တဲ့လူတွေလည်း ကျုပ်ကိုကြည့်ပြီး ရယ်ကြတာပေါ့ဗျာ။ ကျုပ်ကတော့ မရှက်ပါဘူး၊ သူတို့တွေကိုပဲ စိုက်ကြည့်နေတာ၊ အဖေက ကျုပ်ကျောကုန်းကို လက်သီးနဲ့ထုသလား၊ မထုသလားတောင် မမှတ်မိပါဘူး။
“ကာလသားတွေများ ဒီအတိုင်းပဲ ဒကာကြီးရေ၊ ခက်တော့တာပဲ”
ဆရာတော်က အဲဒီဦးလေးကြီးကိုပြောတယ်၊ ဦးလေးကြီးက ပြုံုးရင်း
“တင်ပါ့ဘုရား၊ တပည့််တော်တို့လည်း ဒီလိုပဲ ငယ်ရာကနေကြီးလာတာပါ၊ ကိစ္စမရှိပါဘူးအရှင်ဘုရား”
ကျုပ်လည်း စပ်စုဖို့စလိုက်တာပေါ့ဗျာ၊ ဒါနဲ့ အဖေ့ကိုကြည့်ရင်း
“အဖေ၊ သူတို့က ဘယ်သူတွေလဲ”
အဖေက ကျုပ်ကိုကြည့်ရင်း
“ဟောဒါကတော့ ဦးမင်းလူတဲ့ကွ၊ တို့ရွာက ဘုရားပျက်ကုန်းကို ပြင်ပြင်ပြီးတော့ ဘုရားပြန်တည်ပေးမယ့် အလှူရှင်တွေပေါ့၊ သူက . . . ဟိုးအထက်ဘက်”
ကျုပ်က အဖေပြောတာကိုဆက်နားမထောင်တော့ဘဲ မိန်းကလေးနှစ်ယောက်ထဲက ပန်းရောင်လေးနဲ့တစ်ယောက်ကို လက်ညှိုးထိုးပြီး
“ဒီက ညီမလေးနာမည်ကရော ဘယ်လိုခေါ်သလဲဟင်”
ကောင်မလေးက ရှက်နေတဲ့ပုံပဲဗျ၊ ကျုပ်ဖြင့်် ကြည့်ရင်း အသည်းတွေယားလာတာဗျာ။
“ဟို၊ ကျွန်မနာမည် ရွှေစင်ပါ”
“ရွှေစင်တဲ့လား၊ လူနဲ့နာမည်နဲ့လိုက်တယ်ဗျာ၊ အသားအရေက ကြည်လင်နေပြီးတော့ မသိရင်ရွှေစင်ရုပ်ကလေးကျနေတာပဲ၊ ဒါနဲ့ ဟိုဘက်က . . .”
ကျုပ်ပြောတော့ အသားညိုညိုနဲ့ ညိုချောလေးက
“ကြ . . . ကြယ်စင်ပါ”
“ဟာဗျာ၊ နာမည်လေးကလည်းလှတယ်ဗျာ၊ ဒါနဲ့ ခင်ဗျားတို့နှစ်ယောက်က”
ဒီတော့ ဦးမင်းလူဆိုတဲ့လူကြီးက ထပြောတယ်။
“ဒါက ဦးလေးသမီးအရင်းတွေပါ၊ အကြီးမက ကြယ်စင်တဲ့၊ အငယ်မကတော့ ရွှေစင်ပေါ့”
ကျုပ်သွားကြီးဖြီးနေတုန်း အဖေက ကျုပ်ကိုကြည့်ပြီးတော့
“နောက်နေ့ကျရင် အလှူရှင်တွေက အဲဒီဘုရားငုတ်တိုဘက်ကို သွားကြည့်ချင်တယ်တဲ့ကွ၊ ဒီတော့ မင်းလိုက်ပြလိုက်”
“ဟုတ်ကဲ့အဖေ၊ စိတ်ချ ကျုပ်တို့တာဝန်ထားပပါ၊ ဒါနဲ့ တည်းတာကျတော့ရော၊ ကျုပ်တို့အိမ် . . .”
“သူတို့ကို ဦးဘဖြူတို့အိမ်မှာတည်းခိုင်းမယ်၊ အိမ်က အကောင်းကြီးမဟုတ်လား၊ လောလောဆယ်လည်း လူမနေဘူးဆိုတော့ အဆင်ပြေသွားတာပေါ့၊ မိညိုကိုပြောပြီး ထားလိုက်မယ်၊ စားတာသောက်တာကတော့ ကျုပ်တို့ပဲစီစဉ်ပေးမယ် ဦးမင်းလူ၊ တခြားအိမ်မှာဆိုရင် ခင်ဗျားသမီးနှစ်ယောက်နဲ့ အနေကျပ်နေမှာစိုးလို့ပါ”
“ကျေးဇူးတင်ပါတယ်သူကြီးရာ”
“မလိုပါဘူးဗျာ၊ ကျုပ်တို့ရွာမှာ နှစ်ရှည်လများပျက်စီးနေတဲ့ စေတီတစ်ခုကို ပြန်ပြင်မယ့် အလှူရှင်ပေါ်လာတာကိုပဲ ကျုပ်တို့ဝမ်းသာမိပါပြီ”
“အင်းဗျာ၊ ကျုပ်လည်း ဒီရွာနဲ့ ရေစက်ပါတယ်ထင်ပါတယ်၊ တလောက ကျုပ်ထူးဆန်းတဲ့ အိပ်မက်ရတယ်ဗျ၊ အဲဒါကတော့ ဘိုးတော်ကြီးတစ်ပါးက မင်းအဲဒီရွာကိုသွားပြီး ပျက်နေတဲ့ဘုရားကိုပြင်ရမယ်တဲ့၊ ကျုပ်လည်း လောလောဆယ်တော့ သိန်းနှစ်ဆယ်မှန်းထားတယ်၊ ဘုရားအနေအထားနဲ့ အခြေအနေကိုကြည့်ပြီးတော့မှ ကျန်တာတွေကို သေချာတွက်ချက်ရမယ်မဟုတ်လားဗျာ”
“ဒါပေါ့၊ ဒါပေါ့၊ ကဲ၊ ခင်ဗျားတို့လည်း ပင်ပန်းနေပြီဆိုတော့ နားကြပါအုံးဗျာ၊ ခင်ဗျားတို့ကားကို ကျောင်းဝန်းထဲမှာပဲ ရပ်ထားခဲ့ပါ၊ ဒီမှာက စိတ်ချရပါတယ်”
ဒါနဲ့ ကျုပ်တို့လည်းထလိုက်လာတာပေါ့ဗျာ၊ အဖေနဲ့ အရှေ့က ဦးမင်းလူတို့ သွားကြတုန်း၊ ကျုပ်ကတော့ အနောက်က ကောင်မလေးနှစ်ယောက်အနားမှာ ရစ်သီရစ်သီပေါ့။
“ညီမတို့ ဘာသိချင်သလဲဆိုတာသာမေးနော်၊ နောက်နေ့တွေလည်း မပြန်သေးဘူးဆိုရင်၊ ဟိုးတောင်ရိုးပေါ်လိုက်ပြမယ်”
“တောင်ရိုးပေါ်မှာ ဘာသွားကြည့်ရမှာလဲ”
ရွှေစင်ဆိုတဲ့မိန်းကလေးက ကျုပ်ကို ခပ်မာမာပြောတယ်ဗျ၊ ကျုပ်လည်း ပြံုံးရင်း ဖြီးနေလိုက်တယ်ဗျာ။ ဒီလိုနဲ့ ကျုပ်တို့တွေ ဦးဘဖြူအိမ်ကိုရောက်လာတာပေါ့ဗျာ၊ ကျုပ်တို့ရွာသားတွေကိုလည်း အိမ်ကိုသန့်ရှင်းပေးလိုက်တာပေါ့၊ အိမ်က အကုန်အကောင်းကြီးပါဗျာ၊ မညိုတို့တွေလည်း သူကြီးအမိန့််ဆိုတော့ လက်ခံရတာပေါ့ဗျာ၊ အိမ်ကိုသန့်ရှင်းရေးလုပ်ပြီးတော့ သူတို့တွေလွတ်လွတ်လပ်လပ်တည်းပါစေဆိုပြီးပြန်ခဲ့တာပေါ့၊ ခက်တာက ဦးဘဖြူအိမ်မှာရေမရှိဘူးဗျ။ အဖေက ကျုပ်ကိုလှမ်းကြည့်တယ်၊ ကျုပ်ကလည်း သိတဲ့အတိုင်းပဲမဟုတ်လား။ သူတို့နဲ့နီးလေကောင်းလေဆိုတော့ အိမ်အောက်က ရေပုံးနဲ့ ထမ်းပိုးကြီးပြေးဆွဲပြီးတော့ ရွာလယ်က ရေတွင်းဆီကိုပြေးလာခဲ့တာပဲဗျာ။
ကျုပ်တို့ရွာတစ်ရွာလုံး သင့်သလိုရေတွင်းတွေသုံးကြတာဗျ၊ နီးရာအိမ်က ရေယူသုံးတယ်ပေါ့ဗျာ၊ မိုးတွင်းဆိုတော့လည်း ရေတွင်းတွေက ရေထွက်တယ်ဆိုတော့ ရေပေါသေးတာပေါ့ဗျာ၊ ရေတွင်းတွေထဲကမှ ရွာလယ်ကရေတွင်းက ရေတော်တော်ကောင်းတာဗျ၊ ကြည်စိမ်းနေပြီး ပြန်စစ်စရာကိုသိပ်မလိုဘူး၊ အညာကရေတွင်းတွေက သဲတွေ၊ ရွှံ့တွေပါတတ်တယ်ဆိုပေမယ့် အဲဒီရေတွင်းကတော့ အတော်ကြည်သဗျာ။
ကြယ်စင်နဲ့ ရွှေစင်ညီအမသုံးဖို့ဆိုပြီး စိတ်ထဲတွေးလိုက်တာနဲ့ ရေခပ်ရတာ ပင်ပန်းတယ်လို့တောင်မထင်ပါဘူးဗျာ၊ ကျုပ်လည်း ရေတစ်ထမ်းဆွဲပြီး ဦးဘဖြူအိမ်ကိုပြန်သွားဖြည့်တာပေါ့၊ ရွာလယ်ရေတွင်းနဲ့ ဦးဘဖြူအိမ်နဲ့က နည်းနည်းတော့လှမ်းတယ်ဗျ၊ ကျုပ်လည်း ရေတစ်ထမ်းကို ဦးဘဖြူအိမ်အနောက်က ရေချိုးတဲ့နေရာကို သွားဖြည့်ပေးလိုက်တာပေါ့ဗျာ။ ဦးမင်းလူကိုမတွေ့ပေမယ့် အိမ်ပေါ်ထပ်ကနေ ကြယ်စင်နဲ့ ရွှေစင်ညီအမတွေ ထမီရင်လျားနဲ့ဆင်းလာတယ်ဗျ၊ ကျုပ်ကိုမြင်တော့ နည်းနည်းတော့ ရှက်သွားပုံရတယ်။ ကျုပ်လည်း ရေအိုးထဲကိုတစ်ထမ်းလောင်းထည့်ပြီး
“ပင်ပန်းလာပြီထင်တယ်၊ ရေချိုးကြနော်၊ ဒီရေက သိပ်အေးသိပ်ကြည်တာဗျ၊ ခင်ဗျားတို့ပင်ပန်းတာတွေအကုန်လုံး ပျောက်သွားလိမ့်မယ်”
ရွှေစင်ကတော့ ဘာမှမပြောပေမယ့် ကြယ်စင်ကတော့ ကျုပ်ကိုပြုံးပြတယ်။
“ကျေးဇူးတင်လိုက်တာ ကိုခင်မောင်ရယ်”
ကျုပ်တောင် နည်းနည်းထူးဆန်းသွားသေးတယ်ဗျ၊ ကျုပ်နဲ့ကောင်းကောင်းမိတ်မဆက်ရသေးပေမယ့် ကျုပ်နာမည်ကို သူတို့သိပြီးသားဖြစ်နေတယ်မဟုတ်လား၊ ဒါကလည်း အဖေများပြောခဲ့တာလားလို့ပေါ့၊ ဒါနဲ့ကျုပ်လည်း သူတို့ကိုပြုံးပြရင်း နောက်ထပ်ရေတစ်ထမ်း ပြေးဆွဲတာပေါ့ဗျာ။
(၅)
ရေတွင်းမှာ ရေသွားခပ်တော့ မိန်းကလေးတစ်ယောက်နဲ့တွေ့ပြန်ရောဗျာ၊ အဲဒီမိန်းကလေးက ဆံပင်အရှည်ကြီးနဲ့ဗျ၊ ရှည်တာမှ ခြေသလုံးလောက်အထိကိုရှိမယ်ထင်တယ်၊ ကျုပ်လည်း သူ့ကိုသေချာကြည့်လိုက်မိတယ်၊ ရုပ်ရည်ကတော့ သိပ်အချောကြီးမဟုတ်ပေမယ့်် ကိုယ်လုံးကိုယ်ပေါက်နဲ့ဆံပင်ကြီးကတော့ သိပ်လှတယ်ဗျ၊ အဲဒီမိန်းကလေးကိုတွေ့တော့ ကျုပ်လည်း သူ့အတွက်ရေငင်ပြီးတော့ သူပိုက်လာတဲ့ ရေအိုးထဲကိုလောင်းထည့်ပေးလိုက်တယ်။
“ကျေးဇူးတင်ပါတယ်မောင်လေး”
“ရပါတယ်၊ ဒါနဲ့ ခင်ဗျားကို ကျုပ်မမြင်ဖူးပါဘူး”
“မြိုင်သာကနေလာခဲ့တာပါ”
“ဒါကြောင့်ကိုးဗျ၊ ဒါနဲ့ ဘယ်သူ့အိမ်မှာတည်းသလဲ”
ကျုပ်မေးတော့ အဲဒီမိန်းကလေးက မပြောချင်တဲ့ပုံစံံနဲ့ ခေါင်းခါပြတယ်ဗျ၊ ပြီးတော့ ရေအိုးရွက်ပြီးတော့ ရွာလယ်လမ်းအတိုင်းအရှေ့ဘက်ထွက်သွားတာပဲ၊ ကျုပ်ဖြင့် သူ့ကျောကုန်းငေးကြည့်ရင်း ဆံနွယ်တွေလှုပ်ရှားနေတာကို ငေးမောကြည့်နေမိတယ်ဗျာ၊
“အား . . . အား”
ကောင်းကင်မှာ ကျီးကန်းတွေအော်တဲ့အသံကိုကြားလိုက်တော့မှပဲ ကျုပ်လည်းသတိကပ်သွားမိတော့တယ်၊ ဘယ်လိုဖြစ်သလဲမသိဘူးဗျာ၊ ကျီးတွေပြိုနေတာ အကောင်နှစ်ဆယ်လောက်တောင်ရှိမယ်ဗျ၊ ကျီးကန်းတွေ့လို့ထူးဆန်းတယ်ဆိုရမှာပေါ့၊ ကျုပ်တို့ရွာမှာက ကျီးကန်းမှမရှိဘဲ၊ တောကျီးကန်းတော့ တစ်ကောင်တစ်လေရှိပေမယ့် အခုလိုကျီးအုပ်ကြီးကိုတော့ မြင်ရခဲတယ်မဟုတ်လား။
အချိန်က တဖြည်းဖြည်းညနေစောင်းလာခဲ့ပြီဗျ၊ ကျုပ်လည်းရေထမ်းပေးပြီး ရေပုံးကို ဦးဘဖြူတို့အိမ်အောက်မှာ ပြန်ထည့်ထားတော့ အိမ်ပေါ်ကနေမိန်းကလေးစကားပြောသံတွေကြားရတယ်ဗျ။
“ဟိုတစ်ယောက်ကတော့ အားကိုးရတယ်နော် အမရီ”
“ဟား၊ ဟား၊ သူက ဒီလိုပဲ စိတ်ကောင်းရှိပါတယ် ညီမရဲ့”
“စိတ်ကောင်းပဲရှိတာလား၊ အမကိုများ ကြိုက်နေတာများလား”
“ခစ်ခစ်၊ အကြောင်းသိသွားရင် ထွက်တောင်ပြေးသွားပါအုံးမယ် ညီမရယ်၊ ဒါနဲ့ ညီမကိုလည်း ကြည့်တယ်နော်”
“အဲဒါကတော့ အရင်ကတည်းက ကြည့်တာ၊ မျက်လုံးပေါက်ထွက်မတတ်ပဲ”
သူတို့ဘာတွေပြောနေသလဲဆိုတာတော့ မသိဘူးဗျ၊ ဖြစ်နိုင်တာကတော့ ယောက်ျားလေးတစ်ယောက်အကြောင်းပြောနေကြတာ၊ ကျုပ်လည်း ကျုပ်ခိုးနားထောင်နေမှန်း သိသွားမှာစိုးတာနဲ့ ခြေသံလုံလုံနဲ့ထွက်လာခဲ့တာပေါ့ဗျာ။
ရွာလယ်လမ်းရောက်တော့မှ ကိုမြင့်တို့နဲ့တွေ့တယ်။ ကိုမြင့်တို့က ထုံးစံအတိုင်း ညနေ နေညိုပြီဆိုရင် လေပြိုလာကြပြီလေဗျာ၊ ဒီတော့ ဦးတရုတ်ကြီးဆိုင်သွားပြီး ဆေးလေးဝါးလေး သွားမှီဝဲကြမယ်မဟုတ်လား၊ ကျုပ်ကိုမြင်တော့ ကိုမြင့်ကလှမ်းခေါ်တယ်။
“အလတ်ကောင်၊ နက်ဖြန် လကွယ်ညနော်ကွ”
“အင်းဗျာ၊ ကျုပ်ဖြင့် ခင်ဗျားတို့နဲ့ လိုက်နိုင်လိမ့်မယ်တောင်မထင်ဘူး”
“ရပါတယ်၊ မင်းမပါလည်း ငါတို့သုံးယောက်က ရအောင်သွားမှာအလတ်ကောင်၊ စိတ်ချ၊ မင်းဘိုးတော်က လူလိမ်ဆိုတာ ငါတို့ဖော်ပြမယ်”
ကိုမြင့်ကတော့ ခေါင်းတမော့မော့နဲ့သွားတာပဲဗျာ၊ ကျုပ်က ဘာလို့မလိုက်ရသလဲဆိုရင် ခုနက ဘုရားဒကာကြီးတွေကို မနက်ဖြန်ကျရင် ဘုရားပျက်ကုန်းကိုလိုက်ပြရအုံးမယ်မဟုတ်လား၊ ပြီးတော့ ဒီကောင်မလေးတွေအနားမှာလည်း ရစ်သီရစ်သီလုပ်ချင်သေးတာပ။
ပြန်လာရင်းနဲ့ ဦးဘသာနဲ့တွေ့တယ်ဗျ၊ ကျုပ်လယ်ထဲကိုမဆင်းပေမယ့်် ဦးဘသာက လယ်ထဲဆင်းတဲ့သဘောပါပဲဗျာ၊ သူ့နွားနှစ်ကောင်မောင်းလာရင်း ကျုပ်ကိုတွေ့တော့လှမ်းခေါ်တယ်။
“အလတ်ကောင်၊ မင်းကိုကြည့်ရတာကလည်း ချွေးတွေသံတွေနဲ့ပါလားကွ”
“ချွေးတွေရွှဲမှာပေါ့ဗျာ၊ ခုနကပဲ ဧည့်သည်တွေအတွက် ရေသွားထမ်းပေးရသေးတယ်မဟုတ်လား”
ဦးဘသာက မျက်မှောင်ကြုတ်ရင်း
“နေစမ်းပါအုံး၊ ဘယ်ကဧည့်သည်တွေ ရောက်နေပြန်ပြီလဲ”
“ဘယ်ကဆိုလဲဗျာ၊ ကျုပ်လည်းသိပ်သေချာမကြားလိုက်ဘူး၊ ဦးလေးကြီးတစ်ယောက်နဲ့ မိန်းကလေးနှစ်ယောက်ဗျ၊ ဦးလေးကြီးနာမည်က ဦးမင်းလူတဲ့၊ သူ့သမီးနှစ်ယောက်ကြတော့ ရွှေစင်နဲ့ ကြယ်စင်တဲ့ဗျာ၊ နာမည်လေးတွေ မလှဘူးလား”
ဦးဘသာက ကျုပ်ပြောတော့ ခေါင်းညိတ်တယ်ဗျ။ ကျုပ်လည်း ဆက်ပြောတာပေါ့။
“နာမည်လေးတွေလှသလို၊ လူလေးတွေလည်း သိပ်လှတာပဲဗျာ၊ ခုလည်း သူတို့ညီအမရေချိုးဖို့အတွက် ရေသွားထမ်းပေးပြီးတော့ ပြန်လာခဲ့တာ”
“ဟား၊ ဟား အလတ်ကောင်တို့ကတော့ သွက်တယ်ဟေ့၊ ကြိုးစားထားကွ၊ မြို့သူတစ်ယောက်လောက်ကိုတော့ တို့ရွာသူအဖြစ် စည်းရုံးပေးပါအုံးကွာ၊ ဟား၊ ဟား”
ဦးဘသာပြောတော့ ကျုပ်လည်းရှက်ရှက်နဲ့ခေါင်းကုပ်နေတာပေါ့။ ဦးဘသာက ကျုပ်အနားကပ်ပြီး
“ဒါနဲ့ ခုတလောရွာမှာ ထူးဆန်းမနေဘူးလား”
“ဘာထူးဆန်းလဲဗျ”
“ဟိုကွာ၊ ဧည့်သည်တွေအများကြီး ရောက်နေတယ်နော်”
“ဧည့်သည်ရောက်တာ ဆန်းသလားဦးဘသာရဲ့”
“ပုံမှန်ဆိုရင်တော့ မဆန်းပါဘူးကွာ၊ ဒါပေမယ့် အခုရောက်လာကြတာ လူစိမ်းတွေမဟုတ်လား၊ ရောက်လာပံုံတွေကလည်း ဗြုန်းစားကြီးတွေ”
ဦးဘသာပြောမှ ကျုပ်လည်းစဉ်းစားမိတယ်ဗျ။
“မင်းပြောတဲ့ ဘုရားဒကာဆိုတာကရော ဘာလို့မိုးတွင်းကြီးရောက်လာတာလဲကွ၊ မိုးကုန်မှ လုပ်ငန်းစလို့ရမယ်လေ၊ ဘုရားတည်မယ်ဆိုရင် ငါတို့ရွာသားတွေက လယ်ယာလုပ်ငန်းခွင်ပြီးမှ ကူလို့ရတာမဟုတ်ဘူးလား”
“ဟာဗျာ၊ ဒါကတော့ သူတို့ကအခုတည်မယ်လဲ မပြောသေးပါဘူး၊ အခုက နေရာလာကြည့်တာဗျ”
“ထားပါတော့၊ မင်းသွားသွားပို့နေတဲ့ ရုက္ခစိုးကျင့်စဉ်တစ်ယောက်လည်း ရှိသေးတယ်မဟုတ်လား”
“သူကလည်း ရောက်တာကြာပါပြီ”
“နောက်ပြီး ညနေကလည်း ကောင်မလေးတစ်ယောက်တွေ့လိုက်သေးတယ်၊ မျက်နှာစိမ်းပဲကွ”
“ဆံံပင်ရှည်ရှည်နဲ့ ကောင်မလေးမဟုတ်လား၊ အဲဒါ မြိုင်သာကနေလာတဲ့သူတဲ့ဗျ၊ ကျုပ်မေးတော့လည်း ဘာမှပြန်မဖြေဘူး”
“အေးလေ၊ ဒါကြောင့်် နည်းနည်းထူးဆန်းမနေဘူးလား”
ကျုပ်လည်း ပုခုံးတွန့်လိုက်ပြီး
“ကျုပ်အတွက်တော့ ဘာမှမထူးဆန်းပါဘူးဗျာ၊ နောက်ပြီး ဈေးသည်နှစ်ယောက်လည်းရှိသေးတယ်၊ တစ်ယောက်က ပိန်ပိန်၊ တစ်ယောက်က ပုပုဗျ”
ဦးဘသာက မျက်မှောင်ကြုတ်သွားတယ်။
“ဟုတ်လား၊ ငါတော့မတွေ့မိပါဘူး”
“ဘယ်တွေ့မလဲဗျ၊ ဦးဘသာက လယ်ထဲချည်းဆင်းနေတာကိုး၊ သူတို့က နေ့လည်နေ့ခင်းလောက်လာကြတာ၊ ဒါနဲ့ ထူးဆန်းတယ်ဆိုရင် ထုံးစံံအတိုင်း ရွှာတော်ရှင်ကို မေးကြည့်ပေါ့ဗျာ”
“မေးပြီးတာကြာပေါ့ကွ၊ ရွာတော်ရှင်ကလည်း ဘာမှမပြောဘူး”
“ဒါဆိုလည်း မထူးလို့ပေါ့ဗျာ၊ သံသယတွေ သိပ်မများပါနဲ့ ဦးဘသာရာ၊ သူတို့က ဒီအတိုင်းတိုက်ဆိုင်သွားတာပါ”
“အေး၊ မင်းပြောသလိုပဲ တိုက်ဆိုင်တာဖြစ်ပါစေလို့ ဆုတောင်းပါတယ်ကွာ၊ ငါ့မျက်ခုံးနှစ်ဖက်က တအားလှုပ်နေတာ သုံးလေးရက်ရှိပြီကွ”
“မျက်ခံုံးလှုပ်တာများဗျာ အဆန်းလား”
“ငါ့အတွက်တော့ ဆန်းတယ်ဟ၊ ငါမျက်ခုံးတွေ အဲဒီလိုလှုပ်လာပြီဆိုရင် တစ်ခုခုတော့ ပြဿနာဖြစ်တော့မှာပဲကွ၊ အဲဒါက ကြိုတင်နိမိတ်ပြတဲ့ပုံပေါ့”
“ဒီအတိုင်း သွေးလေအားနည်းလို့ဖြစ်မှာပါ၊ ကဲ ဦးဘသာပဲ မျက်ခုံးဆက်လှုပ်၊ ကျုပ်တော့သွားပြီဗျာ၊ ရေမိုးချိုးပြီးတော့ ညကျရင် ဟိုကောင်မလေးတွေအိမ်ရှေ့ လမ်းသလားလိုက်အုံးမယ်”
“ဟား၊ ဟား ကြိုးစားထားဟေ့အလတ်ကောင်ရေ”
ကျုပ်လည်း ဦးဘသာကြီးကိုလက်ပြပြီးတော့ အိမ်ကိုပြန်ပြေးခဲ့တာပေါ့ဗျာ။
ညနေအိမ်မှာထမင်းစားတော့ အမဲသားဟင်းပဲဗျ၊ ကျုပ်လည်း အမဲသားကိုကြည့်ရင်း စဉ်းစားလာတယ်၊ သူတို့ပြောတာတွေက သဘာဝမကျဘူးဗျ၊ ထောက်ရှာရွာနဲ့ တန်းမြင့်ရွာဆိုတာ လှည်းနဲ့တောင် နေ့တစ်ပိုင်းလောက်သွားရတာ၊ ကျုပ်တို့ရွာနဲ့ တန်းမြင့်ရွာဆိုရင်လည်း ရှစ်မိုင်တောင်ဝေးတာဆိုတော့ ယောက်ျားခြေလှမ်းနဲ့တောင်မှ နှစ်နာရီသာသာလောက်သွားရတာ၊ ပြီးတော့ တန်းမြင့်ရွာကနေ ယူလာတဲ့အမဲသားက ဒီရောက်တော့ သွေးတောင်မခြောက်သေးဆိုတော့ ဖြစ်နိုင်ပါ့မလား၊ အမဲသားအကြောင်းတွေးရင်း ပဟေဠိဖြစ်သွားတာနဲ့ အမဲသားဟင်းကိုခပ်နေတဲ့လက်ကို ရပ်ထားလိုက်မိတယ်။ အမေက ကျုုပ်ကိုကြည့်ရင်း
“ဟဲ့အလတ်ကောင်၊ ဟင်းခွက်ကိုခပ်ရင်လည်းခပ်လေ၊ တန်းလန်းကြီးလုပ်ပြီး ဘာတွေတွေးနေတာလဲ”
အမေအော်မှ ကျုပ်လည်း သတိဝင်ပြီး လက်ကိုပြန်သိမ်းလိုက်မိတယ်၊ အမေက ကျုပ်ကိုကြည့်ရင်း
“ဟဲ့၊ နင်က မစားဘူးလား”
“မစားတော့ဘူးဗျာ၊ နေ့စဉ်ရက်ဆက်စားနေရတာဆိုတော့ မစားချင်တော့ဘူး”
အငယ်မကတော့ အမဲသားတုံးကို ပါးစပ်နဲ့ဖဲ့ရင်း
“ကောင်းတယ်၊ အကိုလတ်မစားတော့ သမီးတို့များများစားရတာပေါ့”
သူတို့အားလုံး အမဲသားနဲ့မြိန်ရေရှည်ရည်စားနေတဲ့အချိန်မှာ ကျုပ်ကတော့ငါးပိချက်နဲ့ တို့စရာနဲ့ပဲစားလိုက်တာပေါ့ဗျာ။ ထမင်းစားပြီးတော့ အဖေ့ကိုခင်မောင်အကြောင်းကို သတင်းပို့ရသေးတယ်၊ အဖေကတော့ ခေါင်းတညိတ်ညိတ်နဲ့
“ဟေ၊ ဒါဆိုရင် လာမယ့််လကွယ်ညတော့ တစ်ခုခုထူးပြီထင်တယ်ကွ”
အဖေပြောတာကို ကျုပ်လည်းခေါင်းညိတ်လိုက်တယ်၊ ကိုမြင့်တို့ကလည်း မနက်ဖြန်လကွယ်ညမှာ ကိုခင်မောင်ကိုသွားချောင်းမယ်ဆိုတော့ တကယ်ဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာ ထူးပြီပေါ့ဗျာ။
ဆက်ရန်။
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ
Zawgyi Version
“စုန္းထီးႀကီး ဦးဘသာႏွင့္ ထူးဆန္းေသာဧည့္သည္မ်ား”(စ/ဆုံး)
——————————————————————————–
အတြဲ(၃) စာစဥ္(၁၈)
(၁)
ဒီရက္ပိုင္းေတာ့ အိမ္မွာ အမဲသားဟင္းမပ်က္တာကို သတိထားမိတယ္ဗ်၊ အေဖ့ရဲ႕အေရွ႕မွာဆိုရင္လည္း အမဲသားေၾကာ္ႏွပ္ခြက္ကေလး အၿမဲေတြ႕ရတယ္၊ အေဖက ေရေႏြးၾကမ္းေသာက္လိုက္ အမဲသားေၾကာ္ႏွပ္ထားတာကေလးကို တစ္တုံးေလာက္ကိုက္လိုက္နဲ႔ ဇိမ္ခံေနတာေပါ့ဗ်ာ၊ ဟင္းခ်က္ေတာ့လည္း အမဲသားဟင္းဗ်၊ သားသတ္လြတ္စားတဲ့ ကိုခင္ေမာင္အတြက္ကိုေတာ့ အသီးအ႐ြက္ဟင္းစီစဥ္ေပးရတယ္ဆိုေပမယ့္ က်ဳပ္တို႔ကေတာ့ အမဲသားဟင္းနဲ႔ႀကိတ္တာေပါ့ဗ်ာ၊ အမဲသားကို ခရမ္းခ်ဥ္သီးနဲ႔ခ်က္ၿပီး ကုလားမဆလာေလးအုပ္လိုက္ရင္ သိပ္စားေကာင္းတာေပါ့ဗ်။
“အေမ၊ ဒါနဲ႔ ဒီရက္ပိုင္း သုံးေလးရက္ရွိၿပီ၊ အမဲသားခ်ည္းခ်က္ေနသလားလို႔”
“ေအးေလ၊ အမဲသားသည္ေတြ ႐ြာေရာက္လာတာကိုး၊ တို႔လည္း အမဲသားက စားရခဲတယ္မဟုတ္လား၊ နင့္အေဖလည္း သိပ္ႀကိဳက္တာကိုး၊ ဘာလဲ နင္ကမစားခ်င္ဘူးလား”
“မဟုတ္ပါဘူးအေမရာ ေမးၾကည့္တာပါ၊ ဟီး”
ေနာက္တစ္ေန႔မနက္ေတာ့ က်ဳုပ္လည္း မနက္စာစားေသာက္ၿပီးေတာ့ အေမက ကိုခင္ေမာင္အတြက္ျပင္ေပးလိုက္တဲ့ ထမင္းေတာင္းကေလးယူလိုက္ေတာ့ အေမက က်ဳပ္အေရွ႕မွာလက္ဝါးျဖန႔္ျပတယ္။
“အေမ၊ ဘာလုပ္တာလဲ”
“ဟဲ့အလတ္ေကာင္၊ အဲဒီသုံးရာက နင္တစ္ေယာက္တည္းသုံးလို႔ရမလား၊ ငါက ခ်က္ျပဳတ္ေပးေနရေသးတာ၊ ငါ့အတြက္လည္းပါတယ္”
“ဟာ၊ အေမကလဲဗ်ာ”
“အေမကလည္းမလုပ္နဲ႔၊ နင္ေပးမွာလားမေပးဘူးလား”
က်ဳပ္လည္း ေခါင္းရင္းထရံၾကားထဲ ညႇပ္ထားတဲ့ပိုက္ဆံကို လူမသိေအာင္သြားယူၿပီးေတာ့ အေမ့ကိုတစ္ရာေပးလိုက္ရတာေပါ့ဗ်ာ၊ သူခိုးလက္က သူဝွက္လုဆိုတာ ဒါမ်ိဳးကိုေျပာတာေနမွာဗ်၊ အေမက ပိုက္ဆံရေတာ့ ၿပဳံးသြားတာေပါ့၊ က်ဳပ္လည္း ထမင္းေတာင္းကေလးထမ္းၿပီး၊ လက္တစ္ဖက္က သံျဖဴေရပုံးကိုဆြဲရင္း အိမ္ကေနထြက္လာတာေပါ့ဗ်ာ။
မိုးလင္းေနၿပီဆိုေပမယ့္ ဖက္လိပ္႐ြာေဟာင္းကိုေတာ့ မျဖတ္ရဲဘူးဗ်။ ဒီေတာ့ ႐ြာအထြက္လမ္းအတိုင္း လာခဲ့ရင္း ဘယ္ဖက္ကိုေကြ႕တယ္၊ အဲဒီမွာ ေတာတန္းကေလးရွိတယ္၊ ေနာက္ေတာ့ ဘုရားပ်က္ကုန္းနားကျဖတ္ထြက္လိုက္ရင္ ဖက္လိပ္႐ြာထိပ္နားကို ေရာက္တယ္မဟုတ္လားဗ်ာ၊ ႐ြာေဟာင္းအိမ္ပ်က္ႀကီးေတြၾကားထဲက ျဖတ္ရမွာထက္စာရင္၊ ေတာထဲကေန ခပ္သုပ္သုပ္ျဖတ္ရတာကို ပိုၿပီးစိတ္ခ်တယ္ဗ်၊ ဒါနဲ႔ အဲဒီလမ္းကပဲ က်ဳုပ္သြားေနတာေပါ့ဗ်ာ။
႐ြာအထြက္လမ္းအတိုင္းထြက္လာရင္း တမာပင္တန္းကေလးေတြကို ေက်ာ္လာတဲ့အခါ ႐ြာလမ္းအတိုင္း မိန္းမႏွစ္ေယာက္ ေလွ်ာက္လာၾကတယ္ဗ်၊ တစ္ေယာက္ေတာ့ အရပ္ပုပု၀၀ဖိုင့္ဖိုင့္နဲ႔၊ ေနာက္တစ္ေယာက္ကေတာ့ အရပ္ကရွည္ရွည္၊ ပိန္ပိန္ပါးပါးပဲဗ်၊ ၀၀ပုပုမိန္းမရဲ႕ေခါင္းေပၚမွာေတာ့ အညာေတာင္းၿပဲႀကီးကို ႐ြက္လို႔ဗ်၊ ေတာင္းၿပဲဆိုတာ ေဈးသည္ေတြ႐ြက္ေလ့ရွိတဲ့ အနားဝက်ယ္က်ယ္၊ ခပ္တိမ္တိမ္နဲ႔ေတာင္းႀကီးေပါ့ဗ်ာ၊ အရပ္ရွည္ရွည္မိန္းမကေတာ့ ေခါင္းေပၚမွာ သဘက္ႀကီးကိုေပါင္းထားတယ္ဗ်၊ အညာသူေတြဆိုေတာ့ ႏွစ္ေယာက္စလုံးအသားေတြမည္းတာကေတာ့ ေျပာမေနပါနဲ႔ဗ်ာ၊
က်ဳပ္ေတာ့ သူတို႔ကိုဒီ႐ြာမွာ မျမင္ဖူးဘူးဗ်၊ ဒါေပမယ့္ က်ဳပ္နဲ႔လည္း သိပ္ၿပီးမ်က္ႏွာမစိမ္းသလိုပဲ၊ သူတို႔ကိုတစ္ေနရာရာျမင္ဖူးသလိုလိုေတာ့ ရွိသား၊ ထုံးစံအတိုင္း စပ္စုခ်င္တာနဲ႔ အဲဒီမိန္းမႏွစ္ေယာက္ကို က်ဳပ္ကေမးလိုက္တယ္။
“အမတို႔ကို က်ဳပ္ျမင္ဖူးသလိုပဲ၊ ႐ြာကိုသြားမလို႔ထင္တယ္ေနာ္”
ပုပု၀၀မိန္းမက က်ဳပ္ကို ဘာလာရႈပ္တာလဲဆိုတဲ့ မ်က္ႏွာေပးမ်ိဳးနဲ႔ စိုက္ၾကည့္တယ္ဗ်။ သူ႔နံေဘးက မိန္းမကေတာ့
“ဇီးကုန္း႐ြာကို ေဈးေရာင္းလာခဲ့တာပါ”
“ဟုတ္လား၊ ဘာလာေရာင္းတာတုန္းဗ်”
က်ဳပ္ေမးေတာ့ ပုပုနဲ႔မိန္းမက
“ငါတို႔ဖာသာ ဘာေရာင္းေရာင္းေပါ့၊ နင္ဝယ္မွာလား”
သူ႔စကားကေတာ့ ၾကမ္းတယ္ဗ်၊ ေဈးသည္ျဖစ္ၿပီး ႏႈတ္ၾကမ္းအာၾကမ္းနဲ႔ ေဈးသည္ကို ခုမွေတြ႕ဖူးတာပါ၊ က်ဳပ္လည္းပိုက္ဆံမပါေတာ့ ေခါင္းခါျပလိုက္တယ္၊ ဒီမိန္းမႏွစ္ေယာက္က က်ဳပ္ကိုၾကည့္ၿပီးေတာ့ ဆက္ေလွ်ာက္သြားပါေရာဗ်ာ၊ က်ဳပ္လည္း ဒါနဲ႔အေရွ႕နားနည္းနည္းသြားၿပီးေတာ့ ေတာတန္းထဲကိုခ်ိဳးေကြ႕လိုက္တာေပါ့ဗ်ာ။
ေတာတန္းက မနက္ပိုင္းဆို သာယာတယ္ဗ်၊ သစ္ပင္ေတြကလည္း ခပ္က်ဲက်ဲေပါက္ေနတာဆိုေတာ့ ေကာင္းေကာင္းလင္းတယ္၊ က်ဳပ္ျဖတ္လာရင္း ဘုရားပ်က္ကုန္းအနားကိုေရာက္လာတယ္၊ ဘုရားပ်က္ကုန္းဆိုတာက သရဲသိပ္ေျခာက္တဲ့ေနရာဆိုေတာ့ က်ဳပ္လည္း ေျခလွမ္းသြက္သြက္ လွမ္းခဲ့တာေပါ့ဗ်ာ၊ ဒီအခ်ိန္မွာပဲ ေခ်ာင္းဆိုးသံကို ၾကားလိုက္ရတယ္ဗ်။
“အဟြတ္၊ အဟမ္း”
ေခ်ာင္းဆိုးၿပီးေတာ့ ခြၽဲခပ္တဲ့အသံလို အသံပါပဲ၊ ၿပီးေတာ့ ထြီခနဲေထြးလိုက္တဲ့အသံကိုလည္းၾကားလိုက္ရတယ္၊ က်ဳပ္လည္း လမ္းေလွ်ာက္ေနရင္း ေျခလွမ္းေတြရပ္သြားတာေပါ့ဗ်ာ၊ က်ဳပ္ကိုမ်ား သရဲေျခာက္ေနၿပီလားလို႔ေပါ့၊ အသံၾကားတဲ့ေနရာကေတာ့ ဘုရားငုတ္တိုအနားမွာဗ်၊ အဲဒီဘုရားငုတ္တိုအနားမွာ အရင္က ရေသ့ႀကီးပုံစံနဲ႔ ေအာက္လမ္းအက်င့္လာက်င့္တဲ့ ေမာင္မဲဇာႀကီးေနခဲ့ေသးတယ္မဟုတ္လား (ထိုအေၾကာင္းကို စုန္းမ်ိဳးတစ္ရာ ေမာင္မဲဇာတြင္ ေဖာ္ျပၿပီး)။
ေၾကာက္စိတ္ထက္ သိခ်င္စိတ္က မ်ားေနတာနဲ႔ က်ဳပ္လည္း အဲဒီဘုရားငုတ္တိုနားကို ေခ်ာင္းၾကည့္လိုက္တာေပါ့ဗ်ာ၊ ဒီေတာ့ အေပၚက အက်ႌအနက္၊ ေအာက္ကလည္း ရွမ္းေဘာင္းဘီလို ေဘာင္းဘီအနက္ႀကီးဝတ္ထားတဲ့လူတစ္ေယာက္ကိုေတြ႕လိုက္ရတယ္ဗ်၊ အဲဒီလူက က်ဳပ္ကိုလွည့္ၾကည့္တယ္၊ က်ဳပ္ကိုလည္းျမင္ေရာ ျဖတ္ခနဲေပ်ာက္သြားတာပဲဗ်ာ၊ တကယ္ပါ၊ က်ဳပ္ဆို မ်က္ေတာင္ေတာင္မခတ္မိဘူး၊ ေနာက္ေတာ့မွ ဒီလိုေပ်ာက္သြားတာ လူမျဖစ္ႏိုင္ဘူးလို႔ ေတြးမိၿပီးေတာ့ အေျပးတစ္ပိုင္းနဲ႔ ေျပးထြက္ခဲ့တာေပါ့ဗ်ာ။
(၂)
ကိုခင္ေမာင္ ႐ုကၡစိုးေမွာ္က်င့္ေနတဲ့ ေညာင္ပင္ႀကီးနားေရာက္တာေတာင္ က်ဳပ္လန႔္ေနတုန္းပဲဗ်။ ဒီေန႔ေတာ့ ကိုခင္ေမာင္က ဘုရားမရွိခိုးေတာ့ဘဲ ထူးထူးဆန္းဆန္းထိုင္ေနတယ္ဗ်ာ၊၊ က်ဳပ္လွမ္းဝင္လာတာလည္းျမင္ေရာ၊ က်ဳပ္ကိုၿပဳံးျပတယ္။
“ထိုင္စမ္းပါအုံး အလတ္ေကာင္ရာ၊ ဒါနဲ႔ အေမာတေကာနဲ႔ ဘာျဖစ္လာရျပန္တာလည္း”
“က်ဳပ္၊ က်ဳပ္ဘုရားပ်က္ကုန္းနားက ျဖတ္လာေတာ့ သရဲေျခာက္ခံထိလို႔ဗ်”
“လုပ္ျပန္ၿပီ၊ ဘယ္လိုေတြ႕ခဲ့တာလည္း”
“ရွမ္းေဘာင္းဘီနဲ႔ အနက္ဝမ္းဆက္ဝတ္ထားတဲ့လူႀကီးတစ္ေယာက္ဗ်၊ သူကေခ်ာင္းဟန႔္ၿပီးေတာ့ သလိပ္ေတာင္ေထြးလိုက္ေသးတာ၊ က်ဳပ္ကိုျမင္ေတာ့ ျဖတ္ခနဲေပ်ာက္သြားေတာ့တာပဲ”
ကိုခင္ေမာင္က တစ္ခ်က္ေတြးေနေသးတယ္၊ ေနာက္ေတာ့မွ ေခါင္းညိတ္တယ္ဗ်။
“အင္းေပါ့ေလ၊ ျမင္အပ္၊ မျမင္အပ္ပုဂၢိဳလ္ေတြဆိုတာ ေနရာတိုင္းမွာရွိေနတာေပါ့၊ ဒါနဲ႔ ေျပာရအုံးမယ္၊ မင္းအခု ဘာေသာက္ခ်င္လဲအလတ္ေကာင္”
“ေျပးရတာ ေမာလိုက္တာဗ်ာ။ ဒီေတာ့ ေရေသာက္ခ်င္တာေပါ့”
ကိုခင္ေမာင္က ၿပဳံးရင္း
“ေရမ်ားလြယ္တာေပါ့ကြ၊ မင္းကိုင္လာတာ ေရပုံးႀကီးမဟုတ္လား”
“ဟုတ္ပါ့ဗ်ာ၊ ဒါဆို ဘာေသာက္ရမလဲ”
“နည္းနည္းခက္တာ စဥ္းစားၾကည့္”
က်ဳပ္လည္း မစဥ္းစားတတ္ေတာ့ဘူး။
“ရတယ္ဗ်ာ၊ ဘာျဖစ္ျဖစ္၊ က်ဳပ္ေသာက္မယ္”
“ဟား၊ ဟား ဒါဆိုရင္ေတာ့ လင္မနစ္ေဖ်ာ္ရည္မေသာက္ခ်င္ဘူးလား”
က်ဳပ္လည္း ေခါင္းညိတ္လိုက္တာေပါ့ဗ်ာ၊ လင္မနစ္လိုေဖ်ာ္ရည္ဆိုတာက ၿမိဳ႕တက္မွ ေသာက္ရတာဗ်၊ ၿမိဳင္သာသြားရင္ သစ္ပင္ႀကီးေအာက္မွာ ေဖ်ာ္ေရာင္းတာမဟုတ္လား၊ ေဈးကလည္းႀကီးတယ္ဗ်၊ တစ္ခြက္ကို ျပားေျခာက္ဆယ္၊ တစ္က်ပ္ေလာက္ေပးရတာ၊ လူတိုင္းမေသာက္ႏိုင္ဘူး။ သူ႔အရသာက ခ်ဥ္ခ်ဥ္၊ ရွတတ၊ ေအးေအးေလးေပါ့ဗ်ာ။
က်ဳပ္က ေခါင္းသာညိတ္လိုက္တာ မယုံဘူးဗ်ိဳ႕၊ ဒီလိုေတာ႐ြာမွာ လင္မနစ္ရပါ့မလား၊ ရမယ္ဆိုရင္လည္း ႐ြာထဲရရမွာေပါ့၊ ဒီလိုေညာင္ပင္ေအာက္မွာဆိုေတာ့ ျဖစ္ႏိုင္ပါ့မလား၊ က်ဳပ္လည္း ကိုခင္ေမာင္တစ္ေယာက္ က်င့္စဥ္က်င့္ရင္း ႐ူးသြားတာမ်ားလားဆိုၿပီးေတာ့ သံသယမ်က္လုံးေတြနဲ႔ ၾကည့္လိုက္တာေပါ့ဗ်ာ။
“ေအာင္မယ္၊ မင္းက သံသယျဖစ္ေနေသးတယ္၊ ငါမ႐ူးပါဘူးကြ၊ ကဲ၊ မင္းသိေအာင္ ငါျပရေသးတာေပါ့”
ကိုခင္ေမာင္က သူ႔လြယ္အိတ္ထဲကို လက္ႏႈိက္တယ္ဗ်၊ သူ႔လြယ္အိတ္ကို ေညာင္ပင္ေျခရင္းက အျမစ္တစ္ခုေပၚမွာ တင္ေထာင္ထားတာကိုး၊ ၿပီးေတာ့ လြယ္အိတ္အေပၚမွာလည္း အျဖဴေရာင္ပိတ္စနဲ႔ အုပ္ထားေသးတယ္။ ပုလင္းထဲႏႈိက္ရင္း
“ကဲ၊ အဘေရ၊ လင္မနစ္တစ္လုံးေလာက္ ေအးေအးေလးေပးပါဗ်ာ”
အဲဒီလိုေျပာၿပီး လက္ကိုလႈပ္ေနတယ္ဗ်၊ က်ဳပ္လည္း ေသခ်ာၾကည့္ေနမိတာ၊ သုံးမိနစ္ေလာက္ၾကာတာ့ လက္ကိုဆြဲထုတ္လိုက္တယ္ဆိုရင္ပဲ ကိုခင္ေမာင္ရဲ႕လက္ထဲမွာ လင္မနစ္ပုလင္းအေသးကေလးပါလာတယ္ဗ်၊ က်ဳပ္ျဖင့္္ လန႔္သြားတာပဲ။ အဲဒီလိုတစ္ခါေသာက္ လင္မနစ္က ပိုၿပီးေဈးႀကီးတယ္ဗ်၊ ဒါနဲ႔ ကိုခင္ေမာင္က က်ဳပ္ကိုလွမ္းေပးတယ္။
“ေရာ့၊ ေသာက္”
က်ဳပ္ဆို လုံးဝကိုမယုံတာဗ်ာ၊ ပုလင္းက အျမႇဳပ္ေတြေတာင္တက္ၿပီး ေအးေနေသးတာ၊ ဒါနဲ႔ ပုလင္းအဖုံးကို သြားနဲ႔ကိုက္ဖြင့္လိုက္ေတာ့ ရွဲခနဲအသံျမည္ၿပီး အထဲက အျမႇဳပ္ေတြတက္လာတယ္၊ တကယ္အစစ္လား ဘာလားသိခ်င္တာနဲ႔ က်ဳပ္လည္း ပုလင္းကိုေမာ့ခ်လိုက္တာေပါ့ဗ်ာ။ အစစ္မွ တကယ့္အစစ္ဗ်၊ ေရေတာင္မေရာဘူးဗ်ာ၊ ေသာက္လို႔ေကာင္းလိုက္တာမွ ေျပာမေနပါနဲ႔ေတာ့၊ ဒီေတာ့မွ က်ဳပ္လည္းကိုခင္ေမာင္ကို ေတာ္ေတာ္ၾကည္ညိဳသြားတာ။
“ေနပါအုံး ကိုခင္ေမာင္၊ ခင္ဗ်ားကို လင္မနစ္ပုလင္း ဘယ္သူေပးသြားတာလဲ”
“ဟား၊ ဟား၊ ဘယ္သူကေပးရမွာလည္း ႐ုကၡစိုးမင္းႀကီးေပးတာေပါ့ကြ”
“ဗ်ာ၊ ႐ုကၡစိုးမင္းက ေပးတာတဲ့လား”
“ဒါက အကင္းပဲရွီေသးတယ္ကြ၊ ကိုယ္လိုခ်င္တယ္ဆိုတဲ့အရာတစ္ခုကို ေျပာလိုက္၊ တလိုက္တာနဲ႔ ႐ုကၡစိုးမင္းႀကီးက သူ႔အစြမ္းနဲ႔ဖန္တီးေပးတာေပါ့ကြာ၊ ေဟာ ဒီလင္မနစ္ပုလင္းဆိုတာလည္း ဒီ႐ြာမွာရွိပါ့မလား”
“မရွိပါဘူးဗ်ာ၊ ၿမိဳင္သာမွာေတာင္မွ ေဖ်ာ္ေရာင္းတဲ့ဟာပဲေတြ႕ဖူးတာ၊ ေတာ္ေတာ္ဆန္းတယ္ဗ်ာ၊ ဒါဆိုရင္ ကိုခင္ေမာင္တစ္ေယာက္ ေအာင္ေတာ့မွာေပါ့”
“ဒါေပါ့ကြ၊ ေနအုံး စမ္းလက္စနဲ႔ ထပ္စမ္းရေအာင္၊ မင္းဘာစားခ်င္သလဲ”
ဘာစားခ်င္သလဲဆိုေတာ့မွ က်ဳပ္လည္းစဥ္းစားလို႔ကိုမရဘူးဗ်ာ၊
“ၾကာတယ္ကြာ၊ ကဲ ဒါဆိုရင္ မင္းအတြက္ ကိတ္မုန႔္ေတာင္းေပးမယ္”
ကိုခင္ေမာင္ေျပာေတာ့ က်ဳပ္လည္းေခါင္းညိတ္လိုက္တယ္၊ ကိတ္မုန႔္ဆိုတာ ရွားတယ္ဗ်၊ ၿမိဳင္သာမွာေတာင္မွ မုန႔္တိုက္ကတစ္ခုပဲရွိတာ၊ က်ဳပ္တို႔လိုေတာသားေတြေတာ့ တစ္ႏွစ္ကို ကိတ္မုန႔္တစ္လုံး စားရဖို႔မေသခ်ာဘူးဗ်ာ။ ကိုခင္ေမာင္က လြယ္အိတ္ထဲကိုလက္ႏႈိက္တယ္ဗ်။
“ကဲ အဘေရ၊ ဒီေကာင္ေလးကို ကိတ္မုန္႔္နည္းနည္းေကြၽးလိုက္ပါဗ်ာ”
ေဟာ၊ ၿပီးေတာ့ လက္ကိုျပန္ထုတ္လိုက္ေတာ့ လက္တစ္ဆုပ္ေလာက္ရွိတဲ့ ကိတ္မုန႔္ခ်ပ္ပါလာတယ္ဗ်ာ၊ ကိတ္မုန႔္ထူထူလွီးထားတဲ့အခ်ပ္ေတြေပါ့၊ ကိတ္မုန္႔္အေပၚမွာလည္း အနီေရာင္၊ အစိမ္းေရာင္နဲ႔ ေက်ာက္ဖ႐ုံယိုေတြ ျဖဴးထားေသးတယ္ဗ်၊ က်ဳပ္ျဖင့္စားလို႔ေကာင္းလိုက္တာ မေျပာပါနဲ႔ေတာ့၊ ပါးစပ္ထဲအတင္းထိုးထည့္စားတာ နင္ေနလို႔ေတာင္မွ လင္မနစ္ေသာက္ၿပီး ေမ်ာခ်ရတယ္။
“ကိုခင္ေမာင္ကေတာ့ နိပ္ၿပီဗ်ာ၊ က်ဳပ္ေတာင္မွ ဒီက်င့္စဥ္ကို က်င့္ခ်င္လာၿပီ၊ က်င့္စဥ္ေအာင္ရင္ ကိုယ္စားခ်င္တာ လုပ္ခိုင္းလို႔ရတာကိုး”
ကိုခင္ေမာင္က ရယ္တယ္ဗ်။
“ဒါထက္အမ်ားႀကီး အက်ိဳးရွိတာေတြ ရွိပါေသးတယ္၊ အစားအေသာက္ေလာက္ကေတာ့ ပမႊားေလးပါကြ”
“ဒါနဲ႔ ကိုခင္ေမာင္က်င့္စဥ္ေအာင္ရင္ ဘာလုပ္မွာတုန္းဗွ”
ကိုခင္ေမာင္မ်က္ႏွာက တည္သြားတယ္။
“အဲဒါေတာ့ မေျပာေသးဘူးကြာ၊ ေနာက္ေရာက္မွ ေနာက္ေဈးေပါ့၊ ကဲ၊ စားၿပီးၿပီဆိုရင္လည္းျပန္ေတာ့၊ ငါေမတၱာပို႔ရအုံးမယ္”
က်ဳပ္လည္း ကိုခင္ေမာင္အတြက္ ထမင္းေတာင္းခ်၊ ေသာက္ေရအိုးေရျဖည့္ၿပီးေတာ့ ျပန္ခဲ့တာေပါ့ဗ်ာ၊ စိတ္ထဲမွာေတာ့ အေတာ္ေက်နပ္ေနသား၊ ဘာလို႔လဲဆိုေတာ့ ကိတ္မုန႔္လည္းစားရတယ္၊ လင္မနစ္လည္း ေသာက္ရတယ္ေလဗ်ာ။ ဒါေပမယ့္ ဒီအေၾကာင္းေတြကို က်ဳပ္ေျပာျပေတာ့ ဘယ္သူမွမယုံဘူးဗ်၊ ယုတ္စြအဆုံး အငယ္ေကာင္ေတာင္မွ မယံဘူး။
“ဟာဗ်ာ၊ အကိုလတ္ကေတာ့ ေလွ်ာက္ေျပာေနျပန္ပါၿပီ”
“ငါေျပာတာတကယ္ကြ”
“တကယ္ဆိုရင္လည္း အဲဒီကိတ္မုန႔္ျပေလဗ်ာ၊ လင္မနစ္ေရာ”
“ကိတ္မုန႔္ကစားလို႔ကုန္ၿပီကြ”
“ဒါဆို လင္မနစ္ပုလင္းက်န္မွာေပါ့”
“ေအးကြ၊ ပုလင္းလည္း ငါကေသာက္ၿပီး ေညာင္ပင္ေအာက္မွာထားခဲ့တာ”
“ေတြ႕လား၊ ဘာမွလည္း အေကာင္အထည္ျပႏိုင္တာမဟုတ္ပဲနဲ႔၊ အကိုလတ္သူမ်ားကိုပဲ ေလွ်ာက္ေျပာလို႔ရမယ္၊ က်ဳပ္ကိုေတာ့ လာမလွိမ့္နဲ႔”
က်ဳပ္လည္း ကိုယ့္ပါးစပ္ကိုယ္ျပန္႐ိုက္ခ်င္တယ္ဗ်ာ၊ ကိတ္မုန႔္တစ္တုံးေလာက္ ထားထားလိုက္ပါလား၊ လင္မနစ္ တစ္ဝက္ေလာက္ ခ်န္ထားလိုက္ပါလားလို႔ေပါ့ဗ်ာ။ ခုေတာ့ သက္ေသမရွိေတာ့ ေလက်ယ္တယ္ခ်ည္း ျဖစ္ေနေတာ့တာေပါ့။
(၃)
က်ဳပ္နဲ႔အငယ္ေကာင္နဲ႔ အိမ္ေပၚမွာ စကားေျပာေနတုန္း ၿခံထဲကို မိန္းမႏွစ္ေယာက္ဝင္လာတယ္ဗ်။
“ဝယ္ပါအုံးအေဒၚရဲ႕”
“ေတာ္ပါၿပီေအ၊ ေန႔တိုင္း အမဲသားေတြခ်ည္းစားေနရလို႔ ၿငီးေငြ႕ေနပါၿပီ”
“စားပါအေဒၚရဲ႕၊ ရတုန္းစားထားေနာ္၊ ေနာက္ရက္ေတြ အသားထပ္ရဖို႔ မေသခ်ာေတာ့ဘူး၊ ကြၽန္မတို႔လည္းေလွ်ာ့ေပးပါ့မယ္”
က်ဳပ္လည္း ေလွကားကေနဆင္းလိုက္ေတာ့ အိမ္ေအာက္မွာ ေတာင္းၿပဲႀကီးခ်ၿပီး ေဈးေရာင္းေနတဲ့ မိန္းမႏွစ္ေယာက္ကိုေတြ႕လိုက္ပါေရာ၊ ဒီမိန္းမက က်ဳပ္မနက္ကေတြ႕ခဲ့တဲ့ မိန္းမပဲဗ်။ က်ဳပ္ကိုလည္းေတြ႕ေရာ မ်က္ႏွာထားေတြက ခပ္တင္းတင္းျဖစ္သြားတယ္၊ ဒါနဲ႔ သူတို႔ေတာင္းထဲမွာ ပါလာတဲ့အမဲသားေတြကို အေမ့အတြက္ လွီးျဖတ္ေပးေနတာေပါ့ဗ်ာ၊ အသားေတြကလည္း ေကာင္းလိုက္တာဗ်ာ၊ နီရဲၿပီးေတာ့ အသားဆိုမွ အသားခ်ည္းပဲဗ်၊ လတ္လိုက္တာကလည္း ေျပာမေနပါနဲ႔ ေသြးေတြေတာင္ေပေနေသးတာ။ အရပ္ရွည္ရွည္နဲ႔မိန္းမက အေမ့အတြက္ လွီးျဖတ္ၿပီး ခ်ိန္ခြင္ေလးနဲ႔ထည့္ခ်ိန္တယ္။
“ငါးဆယ္သားေက်ာ္တယ္ေနာ္အေဒၚ၊ ပိုထည့္ေပးလိုက္တယ္”
“ေအးကြယ္၊ ငါ့တူမေတြ က်မ္းမာခ်မ္းသာပါေစ”
အေမနဲ႔က်ေတာ့ သူတို႔မ်က္ႏွာေတြက ခ်ိဳလို႔ဗ်၊ က်ဳပ္ကိုေတာ့ မ်က္ေစာင္းတခဲခဲနဲ႔ ခါးခါးသီးသီးျဖစ္ေနတာ၊ က်ဳုပ္လည္းသူတို႔လုပ္ကိုင္ေနတာေတြကို ေဘးကေနၾကည့္ရင္း
“အသားေတြက လတ္သားေနာ္ဗ်၊ ခင္ဗ်ားတို႔ ဘယ္ကသြားယူတာလဲ”
က်ဳပ္ေမးေတာ့ မ်က္ေစာင္းထိုးၾကည့္တယ္၊ အေမကလည္း သိခ်င္ေနပုံရတယ္ဗ်။
“ေထာက္ရွာ”
“တန္းျမင့္”
မိန္းမႏွစ္ေယာက္က တစ္ေယာက္တစ္မ်ိဳးေျပာတယ္ဗ်၊ ေနာက္ေတာ့ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရင္း
“ဒီလိုပါအေဒၚ၊ ကြၽန္မတို႔က ေထာက္ရွာ႐ြာကပါ၊ တန္းျမင့္႐ြာမွာ အမဲေပၚေနေတာ့ အဲဒီကေနတက္ယူၿပီးေတာ့ လွည့္ေရာင္းတာပါ”
“ေအးကြယ္၊ ညည္းတို႔လည္း ပင္ပန္းၾကတယ္ေနာ္”
“ဒီေလာက္ေတာ့မဟုတ္ပါဘူးအေဒၚရယ္”
က်ဳပ္ကေတာ့ စိတ္ထဲတစ္မ်ိဳးျဖစ္သြားတယ္ဗ်။
“ေနပါအုံး၊ ခင္ဗ်ားတို႔က တန္းျမင့္႐ြာကေနသြားယူတယ္လည္းေျပာေသးတယ္၊ မနက္ကေတြ႕ေတာ့ ေပေတာ႐ြာဘက္ထြက္တဲ့လမ္းကေန လာၾကတာပါ”
က်ဳပ္ေမးေတာ့ သူတို႔မ်က္ႏွာပ်က္သြားတယ္ဗ်၊ ေနာက္ေတာ့အခ်င္းခ်င္းလက္ကုပ္ၿပီးေတာ့ ထလိုက္ၾကတယ္။
“သြားအုံးမယ္အေဒၚေရ၊ တျခားဘက္ လည္ေရာင္းရမွာဆိုေတာ့ အခ်ိန္မလင့္ခင္သြားရမယ္မဟုတ္လား”
အေမက ငါးဆယ္တန္ေပးလိုက္ေတာ့ လွမ္းယူၿပီး ခပ္သုတ္သုတ္ထြက္သြားၾကတာပဲဗ်ာ၊ အေမကေတာ့ က်ဳပ္ကိုၾကည့္ရင္း
“နင္ဟာေလ၊ ေတာ္ေတာ္လ်ာရွည္တဲ့အေကာင္”
“အိုဗ်ာ၊ သူတို႔ကိုနည္းနည္းပါးပါးေမးမိတာ က်ဳပ္အမွားလား”
“ေအးပါ၊ နင္မမွားပါဘူး၊ ေနမြန္းတည့္ေတာ့မယ္၊ ဘုရားဆြမ္းေတာ္ကပ္ထားတာေတြ သြားစြန႔္ေတာ့”
က်ဳပ္လည္း အိမ္ေပၚတက္ခဲ့ၿပီး ဘုရားေက်ာင္းေဆာင္ေပၚမွာတင္ထားတဲ့ ဆြမ္းေတာ္ဗန္းကေလးကို စြန႔္လိုက္တာေပါ့ဗ်ာ၊ ဆြမ္းထမင္းေတြက ျပည့္ေနေပမယ့္ ဆြမ္းဟင္းခြက္က ဘာမွမရွိေတာ့ဘူးဗ်၊ ဟင္းအႏွစ္ေတြခ်ည္းက်န္ေတာ့တာ။
“အေမေရ၊ ဟင္းလဲမရွိေတာ့ပါလား”
“ေဟာေတာ္၊ ဒါဆိုရင္ေတာ့ ေၾကာင္စားသြားၿပီထင္တယ္၊ အမဲသားဟင္းနဲ႔ဆြမ္းကပ္ထားတာေလ၊ အတုံးႀကီးသုံးတုံးေတာင္ထည့္ထားတာ”
က်ဳပ္လည္း အေမယုံေအာင္ျပလိုက္တယ္၊ အေမကေတာ့ ေျခရင္းအိမ္က ေမြးထားတဲ့ ေၾကာင္ဝါႀကိးကို ေမတၱာပို႔ေနေလရဲ႕။
“ဒါနဲ႔ အေဖ့ကိုလည္းမေတြ႕ပါလားအေမ”
“ေအးေလ၊ နင့္အေဖက ႐ြာဦးေက်ာင္းမွာ ဧည့္သည္ေတြေရာက္ေနတယ္ဆိုလို႔ အဲဒီကိုသြားတာျဖစ္မွာေပါ့”
“ဧည့္သည္၊ မိုးတြင္းႀကီး ဘယ္ကဧည့္သည္လဲဗ်”
“ဟဲ့၊ အဲဒါေတာ့ ငါသိမလား၊ နင္ငါ့ကို စစ္စစ္ေဆးေဆးလာမလုပ္ေနနဲ႔၊ သိခ်င္သပဆိုရင္ နင့္ဖာသာနင္သြားေမး”
က်ဳပ္လည္း လယ္ထဲမဆင္းရဘူးဆိုေတာ့ ပ်င္းေနတာနဲ႔ ႐ြာဦးေက်ာင္းဘက္ကို လွည့္ခဲ့တာေပါ့ဗ်ာ။
(၄)
က်ဳပ္လည္း ဘုန္းႀကီးေက်ာင္းအဝေရာက္႐ုံရွိေသးတယ္ ဘုန္းႀကီးေက်ာင္းထဲက ရယ္သံေတြကိုၾကားလိုက္ရပါေရာဗ်ာ၊ ေရွးေဟာင္းေက်ာင္းႀကီးအေပၚကို အေျပးတက္ခဲ့ေတာ့ အေဖနဲ႔ ႐ြာခံလူႀကီးတစ္သိုက္ထိုင္ေနၾကတယ္ဗ်၊ ႐ြာဦးေက်ာင္းဆရာေတာ္ ထိုင္ေနတဲ့အနားမွာေတာ့ လူႀကီးတစ္ေယာက္နဲ႔ မိန္းကေလးႏွစ္ေယာက္ ထိုင္ေနၾကတယ္၊ လူႀကီးကေတာ့ အသားမည္းမည္းနဲ႔ ၀၀ၿဖိဳးၿဖိဳး၊ စိုစိုေျပေျပပါပဲဗ်ာ၊ တိုက္ပုံအျဖဴႀကီးကိုလည္းဝတ္ထားေသးတယ္၊ လက္ေခ်ာင္းေတြမွာလည္း လက္စြပ္ေတြက ျပဴးေနတာပဲဗ်ာ၊ က်ဳပ္ကေတာ့ ဒီလူႀကီးကို သိပ္စိတ္မဝင္စားပါဘူးဗ်ာ၊ က်ဳပ္စိတ္ဝင္စားတာကေတာ့ ေကာင္မေလးႏွစ္ေယာက္ပဲဗ်ာ။
အဲဒီလူႀကီးရဲ႕ အနားမွာထိုင္ေနတဲ့ ေကာင္မေလးေတြကလည္း ဝတ္ေကာင္းစားလွေတြဝတ္ထားတယ္။ တစ္ေယာက္က အသားျဖဴျဖဴရယ္ဗ်၊ ပန္းေရာင္ဇာဝမ္းဆက္ေလးဝတ္ထားတာ၊ မ်က္ႏွာကေလးဆို ႏုေနတာပဲဗ်ာ၊ က်ဳပ္နဲ႔အၾကည့္ခ်င္းဆုံသြားေတာ့ လန႔္သြားၿပီးေတာ့ ေခါင္းငုံ႔သြားတယ္၊ က်ဳပ္ကလည္း ဗို႔တစ္ေထာင္အား မ်က္လုံးႀကီးေတြနဲ႔ စူးစိုက္ၾကည့္ေနတာဆိုေတာ့ သူလည္းရွက္သြားတာျဖစ္မွာေပါ့ဗ်ာ၊ ေနာက္ထပ္ေကာင္မေလးတစ္ေယာက္ကေတာ့ အသက္နည္းနည္းႀကီးပုံရတယ္ဗ်၊ သုံးဆယ္နီးပါးေလာက္ရွိၿပီထင္တာပဲ၊ အသားကေတာ့ ခပ္လတ္လတ္ပါ၊ သူက အျဖဴဝမ္းဆက္ဝတ္ထားတယ္၊ ေခ်ာတာကေတာ့ ေျပာမေနပါနဲ႔၊ ဟိုတစ္ေယာက္က အသားျဖဴတဲ့လူ ေခ်ာတဲ့အေခ်ာမ်ိဳး၊ ဒီတစ္ေယာက္က်ေတာ့ ညိဳေခ်ာေလးဗ်။ က်ဳပ္ကသူ႔ကိုၾကည့္ေတာ့ သူကလည္းရဲရဲတင္းတင္းနဲ႔ က်ဳပ္ကိုျပန္ၾကည့္တယ္။
႐ြာဦးေက်ာင္းဆရာေတာ္အပါအဝင္ ႐ြာခံလူႀကီးေတြကေတာ့ က်ဳပ္ကိုဝိုင္းၾကည့္ေနတာေပါ့ဗ်ာ၊ အေဖက ေခ်ာင္းတစ္ခ်က္ဟန႔္လိုက္ၿပီး
“အလတ္ေကာင္၊ အဲဒီမွာ မတ္တပ္ႀကီးရပ္ၿပီး ဘာေတြေငးေနတာလဲ”
ဒီေတာ့မွ က်ဳပ္လည္းသတိရတာ၊ သူတို႔ထိုင္ေနတဲ့အနားမွာ က်ဳပ္က မတ္တပ္ႀကီးရပ္ၿပီး ေကာင္မေလးေတြကို ငမ္းေနတာကိုးဗ်၊ သူတို႔အလွမွာ သတိလက္လြတ္ျဖစ္သြားတာေပါ့ဗ်ာ၊ ဒါနဲ႔ သြားႀကီးကိုၿဖီးၿပီးေတာ့ အေဖ့ေဘးနားကိုအတင္းထိုင္ခ်လိုက္တာ၊ တင္ပါးလႊဲထိုင္ေနတဲ့ အေဖ့ေျခသလုံးအေပၚကို တက္ထိုင္မိၿပီး အေဖဆိုထေအာ္တာ အက်ယ္ႀကီးပဲဗ်ာ။
“အား၊ ေသပါၿပီကြာ၊ ေဟ့ေကာင္ ဘယ္လိုျဖစ္ေနတာလဲ”
“ဟို၊ ဟိုေလ၊ ဒီက မိန္းကေလးေတြရဲ႕အလွကိုၾကည့္ၿပီး ေျမာသြားလို႔ပါအေဖရဲ႕”
က်ဳပ္လည္း ရွက္ရွက္နဲ႔ ၿပဳံးၿဖီးၿဖီးႀကီးေျပာလိုက္ေတာ့ မိန္းကေလးႏွစ္ေယာက္က တခစ္ခစ္နဲ႔ရယ္တယ္ဗ်၊ က်န္တဲ့လူေတြလည္း က်ဳပ္ကိုၾကည့္ၿပီး ရယ္ၾကတာေပါ့ဗ်ာ။ က်ဳပ္ကေတာ့ မရွက္ပါဘူး၊ သူတို႔ေတြကိုပဲ စိုက္ၾကည့္ေနတာ၊ အေဖက က်ဳပ္ေက်ာကုန္းကို လက္သီးနဲ႔ထုသလား၊ မထုသလားေတာင္ မမွတ္မိပါဘူး။
“ကာလသားေတြမ်ား ဒီအတိုင္းပဲ ဒကာႀကီးေရ၊ ခက္ေတာ့တာပဲ”
ဆရာေတာ္က အဲဒီဦးေလးႀကီးကိုေျပာတယ္၊ ဦးေလးႀကီးက ၿပဳံုးရင္း
“တင္ပါ့ဘုရား၊ တပည့္္ေတာ္တို႔လည္း ဒီလိုပဲ ငယ္ရာကေနႀကီးလာတာပါ၊ ကိစၥမရွိပါဘူးအရွင္ဘုရား”
က်ဳပ္လည္း စပ္စုဖို႔စလိုက္တာေပါ့ဗ်ာ၊ ဒါနဲ႔ အေဖ့ကိုၾကည့္ရင္း
“အေဖ၊ သူတို႔က ဘယ္သူေတြလဲ”
အေဖက က်ဳပ္ကိုၾကည့္ရင္း
“ေဟာဒါကေတာ့ ဦးမင္းလူတဲ့ကြ၊ တို႔႐ြာက ဘုရားပ်က္ကုန္းကို ျပင္ျပင္ၿပီးေတာ့ ဘုရားျပန္တည္ေပးမယ့္ အလႉရွင္ေတြေပါ့၊ သူက . . . ဟိုးအထက္ဘက္”
က်ဳပ္က အေဖေျပာတာကိုဆက္နားမေထာင္ေတာ့ဘဲ မိန္းကေလးႏွစ္ေယာက္ထဲက ပန္းေရာင္ေလးနဲ႔တစ္ေယာက္ကို လက္ညႇိဳးထိုးၿပီး
“ဒီက ညီမေလးနာမည္ကေရာ ဘယ္လိုေခၚသလဲဟင္”
ေကာင္မေလးက ရွက္ေနတဲ့ပုံပဲဗ်၊ က်ဳပ္ျဖင့္္ ၾကည့္ရင္း အသည္းေတြယားလာတာဗ်ာ။
“ဟို၊ ကြၽန္မနာမည္ ေ႐ႊစင္ပါ”
“ေ႐ႊစင္တဲ့လား၊ လူနဲ႔နာမည္နဲ႔လိုက္တယ္ဗ်ာ၊ အသားအေရက ၾကည္လင္ေနၿပီးေတာ့ မသိရင္ေ႐ႊစင္႐ုပ္ကေလးက်ေနတာပဲ၊ ဒါနဲ႔ ဟိုဘက္က . . .”
က်ဳပ္ေျပာေတာ့ အသားညိဳညိဳနဲ႔ ညိဳေခ်ာေလးက
“ၾက . . . ၾကယ္စင္ပါ”
“ဟာဗ်ာ၊ နာမည္ေလးကလည္းလွတယ္ဗ်ာ၊ ဒါနဲ႔ ခင္ဗ်ားတို႔ႏွစ္ေယာက္က”
ဒီေတာ့ ဦးမင္းလူဆိုတဲ့လူႀကီးက ထေျပာတယ္။
“ဒါက ဦးေလးသမီးအရင္းေတြပါ၊ အႀကီးမက ၾကယ္စင္တဲ့၊ အငယ္မကေတာ့ ေ႐ႊစင္ေပါ့”
က်ဳပ္သြားႀကီးၿဖီးေနတုန္း အေဖက က်ဳပ္ကိုၾကည့္ၿပီးေတာ့
“ေနာက္ေန႔က်ရင္ အလႉရွင္ေတြက အဲဒီဘုရားငုတ္တိုဘက္ကို သြားၾကည့္ခ်င္တယ္တဲ့ကြ၊ ဒီေတာ့ မင္းလိုက္ျပလိုက္”
“ဟုတ္ကဲ့အေဖ၊ စိတ္ခ် က်ဳပ္တို႔တာဝန္ထားပပါ၊ ဒါနဲ႔ တည္းတာက်ေတာ့ေရာ၊ က်ဳပ္တို႔အိမ္ . . .”
“သူတို႔ကို ဦးဘျဖဴတို႔အိမ္မွာတည္းခိုင္းမယ္၊ အိမ္က အေကာင္းႀကီးမဟုတ္လား၊ ေလာေလာဆယ္လည္း လူမေနဘူးဆိုေတာ့ အဆင္ေျပသြားတာေပါ့၊ မိညိဳကိုေျပာၿပီး ထားလိုက္မယ္၊ စားတာေသာက္တာကေတာ့ က်ဳပ္တို႔ပဲစီစဥ္ေပးမယ္ ဦးမင္းလူ၊ တျခားအိမ္မွာဆိုရင္ ခင္ဗ်ားသမီးႏွစ္ေယာက္နဲ႔ အေနက်ပ္ေနမွာစိုးလို႔ပါ”
“ေက်းဇူးတင္ပါတယ္သူႀကီးရာ”
“မလိုပါဘူးဗ်ာ၊ က်ဳပ္တို႔႐ြာမွာ ႏွစ္ရွည္လမ်ားပ်က္စီးေနတဲ့ ေစတီတစ္ခုကို ျပန္ျပင္မယ့္ အလႉရွင္ေပၚလာတာကိုပဲ က်ဳပ္တို႔ဝမ္းသာမိပါၿပီ”
“အင္းဗ်ာ၊ က်ဳပ္လည္း ဒီ႐ြာနဲ႔ ေရစက္ပါတယ္ထင္ပါတယ္၊ တေလာက က်ဳပ္ထူးဆန္းတဲ့ အိပ္မက္ရတယ္ဗ်၊ အဲဒါကေတာ့ ဘိုးေတာ္ႀကီးတစ္ပါးက မင္းအဲဒီ႐ြာကိုသြားၿပီး ပ်က္ေနတဲ့ဘုရားကိုျပင္ရမယ္တဲ့၊ က်ဳပ္လည္း ေလာေလာဆယ္ေတာ့ သိန္းႏွစ္ဆယ္မွန္းထားတယ္၊ ဘုရားအေနအထားနဲ႔ အေျခအေနကိုၾကည့္ၿပီးေတာ့မွ က်န္တာေတြကို ေသခ်ာတြက္ခ်က္ရမယ္မဟုတ္လားဗ်ာ”
“ဒါေပါ့၊ ဒါေပါ့၊ ကဲ၊ ခင္ဗ်ားတို႔လည္း ပင္ပန္းေနၿပီဆိုေတာ့ နားၾကပါအုံးဗ်ာ၊ ခင္ဗ်ားတို႔ကားကို ေက်ာင္းဝန္းထဲမွာပဲ ရပ္ထားခဲ့ပါ၊ ဒီမွာက စိတ္ခ်ရပါတယ္”
ဒါနဲ႔ က်ဳပ္တို႔လည္းထလိုက္လာတာေပါ့ဗ်ာ၊ အေဖနဲ႔ အေရွ႕က ဦးမင္းလူတို႔ သြားၾကတုန္း၊ က်ဳပ္ကေတာ့ အေနာက္က ေကာင္မေလးႏွစ္ေယာက္အနားမွာ ရစ္သီရစ္သီေပါ့။
“ညီမတို႔ ဘာသိခ်င္သလဲဆိုတာသာေမးေနာ္၊ ေနာက္ေန႔ေတြလည္း မျပန္ေသးဘူးဆိုရင္၊ ဟိုးေတာင္႐ိုးေပၚလိုက္ျပမယ္”
“ေတာင္႐ိုးေပၚမွာ ဘာသြားၾကည့္ရမွာလဲ”
ေ႐ႊစင္ဆိုတဲ့မိန္းကေလးက က်ဳပ္ကို ခပ္မာမာေျပာတယ္ဗ်၊ က်ဳပ္လည္း ၿပံဳံးရင္း ၿဖီးေနလိုက္တယ္ဗ်ာ။ ဒီလိုနဲ႔ က်ဳပ္တို႔ေတြ ဦးဘျဖဴအိမ္ကိုေရာက္လာတာေပါ့ဗ်ာ၊ က်ဳပ္တို႔႐ြာသားေတြကိုလည္း အိမ္ကိုသန႔္ရွင္းေပးလိုက္တာေပါ့၊ အိမ္က အကုန္အေကာင္းႀကီးပါဗ်ာ၊ မညိဳတို႔ေတြလည္း သူႀကီးအမိန္႔္ဆိုေတာ့ လက္ခံရတာေပါ့ဗ်ာ၊ အိမ္ကိုသန႔္ရွင္းေရးလုပ္ၿပီးေတာ့ သူတို႔ေတြလြတ္လြတ္လပ္လပ္တည္းပါေစဆိုၿပီးျပန္ခဲ့တာေပါ့၊ ခက္တာက ဦးဘျဖဴအိမ္မွာေရမရွိဘူးဗ်။ အေဖက က်ဳပ္ကိုလွမ္းၾကည့္တယ္၊ က်ဳပ္ကလည္း သိတဲ့အတိုင္းပဲမဟုတ္လား။ သူတို႔နဲ႔နီးေလေကာင္းေလဆိုေတာ့ အိမ္ေအာက္က ေရပုံးနဲ႔ ထမ္းပိုးႀကီးေျပးဆြဲၿပီးေတာ့ ႐ြာလယ္က ေရတြင္းဆီကိုေျပးလာခဲ့တာပဲဗ်ာ။
က်ဳပ္တို႔႐ြာတစ္႐ြာလုံး သင့္သလိုေရတြင္းေတြသုံးၾကတာဗ်၊ နီးရာအိမ္က ေရယူသုံးတယ္ေပါ့ဗ်ာ၊ မိုးတြင္းဆိုေတာ့လည္း ေရတြင္းေတြက ေရထြက္တယ္ဆိုေတာ့ ေရေပါေသးတာေပါ့ဗ်ာ၊ ေရတြင္းေတြထဲကမွ ႐ြာလယ္ကေရတြင္းက ေရေတာ္ေတာ္ေကာင္းတာဗ်၊ ၾကည္စိမ္းေနၿပီး ျပန္စစ္စရာကိုသိပ္မလိုဘူး၊ အညာကေရတြင္းေတြက သဲေတြ၊ ႐ႊံ႕ေတြပါတတ္တယ္ဆိုေပမယ့္ အဲဒီေရတြင္းကေတာ့ အေတာ္ၾကည္သဗ်ာ။
ၾကယ္စင္နဲ႔ ေ႐ႊစင္ညီအမသုံးဖို႔ဆိုၿပီး စိတ္ထဲေတြးလိုက္တာနဲ႔ ေရခပ္ရတာ ပင္ပန္းတယ္လို႔ေတာင္မထင္ပါဘူးဗ်ာ၊ က်ဳပ္လည္း ေရတစ္ထမ္းဆြဲၿပီး ဦးဘျဖဴအိမ္ကိုျပန္သြားျဖည့္တာေပါ့၊ ႐ြာလယ္ေရတြင္းနဲ႔ ဦးဘျဖဴအိမ္နဲ႔က နည္းနည္းေတာ့လွမ္းတယ္ဗ်၊ က်ဳပ္လည္း ေရတစ္ထမ္းကို ဦးဘျဖဴအိမ္အေနာက္က ေရခ်ိဳးတဲ့ေနရာကို သြားျဖည့္ေပးလိုက္တာေပါ့ဗ်ာ။ ဦးမင္းလူကိုမေတြ႕ေပမယ့္ အိမ္ေပၚထပ္ကေန ၾကယ္စင္နဲ႔ ေ႐ႊစင္ညီအမေတြ ထမီရင္လ်ားနဲ႔ဆင္းလာတယ္ဗ်၊ က်ဳပ္ကိုျမင္ေတာ့ နည္းနည္းေတာ့ ရွက္သြားပုံရတယ္။ က်ဳပ္လည္း ေရအိုးထဲကိုတစ္ထမ္းေလာင္းထည့္ၿပီး
“ပင္ပန္းလာၿပီထင္တယ္၊ ေရခ်ိဳးၾကေနာ္၊ ဒီေရက သိပ္ေအးသိပ္ၾကည္တာဗ်၊ ခင္ဗ်ားတို႔ပင္ပန္းတာေတြအကုန္လုံး ေပ်ာက္သြားလိမ့္မယ္”
ေ႐ႊစင္ကေတာ့ ဘာမွမေျပာေပမယ့္ ၾကယ္စင္ကေတာ့ က်ဳပ္ကိုၿပဳံးျပတယ္။
“ေက်းဇူးတင္လိုက္တာ ကိုခင္ေမာင္ရယ္”
က်ဳပ္ေတာင္ နည္းနည္းထူးဆန္းသြားေသးတယ္ဗ်၊ က်ဳပ္နဲ႔ေကာင္းေကာင္းမိတ္မဆက္ရေသးေပမယ့္ က်ဳပ္နာမည္ကို သူတို႔သိၿပီးသားျဖစ္ေနတယ္မဟုတ္လား၊ ဒါကလည္း အေဖမ်ားေျပာခဲ့တာလားလို႔ေပါ့၊ ဒါနဲ႔က်ဳပ္လည္း သူတို႔ကိုၿပဳံးျပရင္း ေနာက္ထပ္ေရတစ္ထမ္း ေျပးဆြဲတာေပါ့ဗ်ာ။
(၅)
ေရတြင္းမွာ ေရသြားခပ္ေတာ့ မိန္းကေလးတစ္ေယာက္နဲ႔ေတြ႕ျပန္ေရာဗ်ာ၊ အဲဒီမိန္းကေလးက ဆံပင္အရွည္ႀကီးနဲ႔ဗ်၊ ရွည္တာမွ ေျခသလုံးေလာက္အထိကိုရွိမယ္ထင္တယ္၊ က်ဳပ္လည္း သူ႔ကိုေသခ်ာၾကည့္လိုက္မိတယ္၊ ႐ုပ္ရည္ကေတာ့ သိပ္အေခ်ာႀကီးမဟုတ္ေပမယ့္္ ကိုယ္လုံးကိုယ္ေပါက္နဲ႔ဆံပင္ႀကီးကေတာ့ သိပ္လွတယ္ဗ်၊ အဲဒီမိန္းကေလးကိုေတြ႕ေတာ့ က်ဳပ္လည္း သူ႔အတြက္ေရငင္ၿပီးေတာ့ သူပိုက္လာတဲ့ ေရအိုးထဲကိုေလာင္းထည့္ေပးလိုက္တယ္။
“ေက်းဇူးတင္ပါတယ္ေမာင္ေလး”
“ရပါတယ္၊ ဒါနဲ႔ ခင္ဗ်ားကို က်ဳပ္မျမင္ဖူးပါဘူး”
“ၿမိဳင္သာကေနလာခဲ့တာပါ”
“ဒါေၾကာင့္ကိုးဗ်၊ ဒါနဲ႔ ဘယ္သူ႔အိမ္မွာတည္းသလဲ”
က်ဳပ္ေမးေတာ့ အဲဒီမိန္းကေလးက မေျပာခ်င္တဲ့ပုံစံံနဲ႔ ေခါင္းခါျပတယ္ဗ်၊ ၿပီးေတာ့ ေရအိုး႐ြက္ၿပီးေတာ့ ႐ြာလယ္လမ္းအတိုင္းအေရွ႕ဘက္ထြက္သြားတာပဲ၊ က်ဳပ္ျဖင့္ သူ႔ေက်ာကုန္းေငးၾကည့္ရင္း ဆံႏြယ္ေတြလႈပ္ရွားေနတာကို ေငးေမာၾကည့္ေနမိတယ္ဗ်ာ၊
“အား . . . အား”
ေကာင္းကင္မွာ က်ီးကန္းေတြေအာ္တဲ့အသံကိုၾကားလိုက္ေတာ့မွပဲ က်ဳပ္လည္းသတိကပ္သြားမိေတာ့တယ္၊ ဘယ္လိုျဖစ္သလဲမသိဘူးဗ်ာ၊ က်ီးေတြၿပိဳေနတာ အေကာင္ႏွစ္ဆယ္ေလာက္ေတာင္ရွိမယ္ဗ်၊ က်ီးကန္းေတြ႕လို႔ထူးဆန္းတယ္ဆိုရမွာေပါ့၊ က်ဳပ္တို႔႐ြာမွာက က်ီးကန္းမွမရွိဘဲ၊ ေတာက်ီးကန္းေတာ့ တစ္ေကာင္တစ္ေလရွိေပမယ့္ အခုလိုက်ီးအုပ္ႀကီးကိုေတာ့ ျမင္ရခဲတယ္မဟုတ္လား။
အခ်ိန္က တျဖည္းျဖည္းညေနေစာင္းလာခဲ့ၿပီဗ်၊ က်ဳပ္လည္းေရထမ္းေပးၿပီး ေရပုံးကို ဦးဘျဖဴတို႔အိမ္ေအာက္မွာ ျပန္ထည့္ထားေတာ့ အိမ္ေပၚကေနမိန္းကေလးစကားေျပာသံေတြၾကားရတယ္ဗ်။
“ဟိုတစ္ေယာက္ကေတာ့ အားကိုးရတယ္ေနာ္ အမရီ”
“ဟား၊ ဟား၊ သူက ဒီလိုပဲ စိတ္ေကာင္းရွိပါတယ္ ညီမရဲ႕”
“စိတ္ေကာင္းပဲရွိတာလား၊ အမကိုမ်ား ႀကိဳက္ေနတာမ်ားလား”
“ခစ္ခစ္၊ အေၾကာင္းသိသြားရင္ ထြက္ေတာင္ေျပးသြားပါအုံးမယ္ ညီမရယ္၊ ဒါနဲ႔ ညီမကိုလည္း ၾကည့္တယ္ေနာ္”
“အဲဒါကေတာ့ အရင္ကတည္းက ၾကည့္တာ၊ မ်က္လုံးေပါက္ထြက္မတတ္ပဲ”
သူတို႔ဘာေတြေျပာေနသလဲဆိုတာေတာ့ မသိဘူးဗ်၊ ျဖစ္ႏိုင္တာကေတာ့ ေယာက္်ားေလးတစ္ေယာက္အေၾကာင္းေျပာေနၾကတာ၊ က်ဳပ္လည္း က်ဳပ္ခိုးနားေထာင္ေနမွန္း သိသြားမွာစိုးတာနဲ႔ ေျခသံလုံလုံနဲ႔ထြက္လာခဲ့တာေပါ့ဗ်ာ။
႐ြာလယ္လမ္းေရာက္ေတာ့မွ ကိုျမင့္တို႔နဲ႔ေတြ႕တယ္။ ကိုျမင့္တို႔က ထုံးစံအတိုင္း ညေန ေနညိဳၿပီဆိုရင္ ေလၿပိဳလာၾကၿပီေလဗ်ာ၊ ဒီေတာ့ ဦးတ႐ုတ္ႀကီးဆိုင္သြားၿပီး ေဆးေလးဝါးေလး သြားမွီဝဲၾကမယ္မဟုတ္လား၊ က်ဳပ္ကိုျမင္ေတာ့ ကိုျမင့္ကလွမ္းေခၚတယ္။
“အလတ္ေကာင္၊ နက္ျဖန္ လကြယ္ညေနာ္ကြ”
“အင္းဗ်ာ၊ က်ဳပ္ျဖင့္ ခင္ဗ်ားတို႔နဲ႔ လိုက္ႏိုင္လိမ့္မယ္ေတာင္မထင္ဘူး”
“ရပါတယ္၊ မင္းမပါလည္း ငါတို႔သုံးေယာက္က ရေအာင္သြားမွာအလတ္ေကာင္၊ စိတ္ခ်၊ မင္းဘိုးေတာ္က လူလိမ္ဆိုတာ ငါတို႔ေဖာ္ျပမယ္”
ကိုျမင့္ကေတာ့ ေခါင္းတေမာ့ေမာ့နဲ႔သြားတာပဲဗ်ာ၊ က်ဳပ္က ဘာလို႔မလိုက္ရသလဲဆိုရင္ ခုနက ဘုရားဒကာႀကီးေတြကို မနက္ျဖန္က်ရင္ ဘုရားပ်က္ကုန္းကိုလိုက္ျပရအုံးမယ္မဟုတ္လား၊ ၿပီးေတာ့ ဒီေကာင္မေလးေတြအနားမွာလည္း ရစ္သီရစ္သီလုပ္ခ်င္ေသးတာပ။
ျပန္လာရင္းနဲ႔ ဦးဘသာနဲ႔ေတြ႕တယ္ဗ်၊ က်ဳပ္လယ္ထဲကိုမဆင္းေပမယ့္္ ဦးဘသာက လယ္ထဲဆင္းတဲ့သေဘာပါပဲဗ်ာ၊ သူ႔ႏြားႏွစ္ေကာင္ေမာင္းလာရင္း က်ဳပ္ကိုေတြ႕ေတာ့လွမ္းေခၚတယ္။
“အလတ္ေကာင္၊ မင္းကိုၾကည့္ရတာကလည္း ေခြၽးေတြသံေတြနဲ႔ပါလားကြ”
“ေခြၽးေတြ႐ႊဲမွာေပါ့ဗ်ာ၊ ခုနကပဲ ဧည့္သည္ေတြအတြက္ ေရသြားထမ္းေပးရေသးတယ္မဟုတ္လား”
ဦးဘသာက မ်က္ေမွာင္ၾကဳတ္ရင္း
“ေနစမ္းပါအုံး၊ ဘယ္ကဧည့္သည္ေတြ ေရာက္ေနျပန္ၿပီလဲ”
“ဘယ္ကဆိုလဲဗ်ာ၊ က်ဳပ္လည္းသိပ္ေသခ်ာမၾကားလိုက္ဘူး၊ ဦးေလးႀကီးတစ္ေယာက္နဲ႔ မိန္းကေလးႏွစ္ေယာက္ဗ်၊ ဦးေလးႀကီးနာမည္က ဦးမင္းလူတဲ့၊ သူ႔သမီးႏွစ္ေယာက္ၾကေတာ့ ေ႐ႊစင္နဲ႔ ၾကယ္စင္တဲ့ဗ်ာ၊ နာမည္ေလးေတြ မလွဘူးလား”
ဦးဘသာက က်ဳပ္ေျပာေတာ့ ေခါင္းညိတ္တယ္ဗ်။ က်ဳပ္လည္း ဆက္ေျပာတာေပါ့။
“နာမည္ေလးေတြလွသလို၊ လူေလးေတြလည္း သိပ္လွတာပဲဗ်ာ၊ ခုလည္း သူတို႔ညီအမေရခ်ိဳးဖို႔အတြက္ ေရသြားထမ္းေပးၿပီးေတာ့ ျပန္လာခဲ့တာ”
“ဟား၊ ဟား အလတ္ေကာင္တို႔ကေတာ့ သြက္တယ္ေဟ့၊ ႀကိဳးစားထားကြ၊ ၿမိဳ႕သူတစ္ေယာက္ေလာက္ကိုေတာ့ တို႔႐ြာသူအျဖစ္ စည္း႐ုံးေပးပါအုံးကြာ၊ ဟား၊ ဟား”
ဦးဘသာေျပာေတာ့ က်ဳပ္လည္းရွက္ရွက္နဲ႔ေခါင္းကုပ္ေနတာေပါ့။ ဦးဘသာက က်ဳပ္အနားကပ္ၿပီး
“ဒါနဲ႔ ခုတေလာ႐ြာမွာ ထူးဆန္းမေနဘူးလား”
“ဘာထူးဆန္းလဲဗ်”
“ဟိုကြာ၊ ဧည့္သည္ေတြအမ်ားႀကီး ေရာက္ေနတယ္ေနာ္”
“ဧည့္သည္ေရာက္တာ ဆန္းသလားဦးဘသာရဲ႕”
“ပုံမွန္ဆိုရင္ေတာ့ မဆန္းပါဘူးကြာ၊ ဒါေပမယ့္ အခုေရာက္လာၾကတာ လူစိမ္းေတြမဟုတ္လား၊ ေရာက္လာပံုံေတြကလည္း ျဗဳန္းစားႀကီးေတြ”
ဦးဘသာေျပာမွ က်ဳပ္လည္းစဥ္းစားမိတယ္ဗ်။
“မင္းေျပာတဲ့ ဘုရားဒကာဆိုတာကေရာ ဘာလို႔မိုးတြင္းႀကီးေရာက္လာတာလဲကြ၊ မိုးကုန္မွ လုပ္ငန္းစလို႔ရမယ္ေလ၊ ဘုရားတည္မယ္ဆိုရင္ ငါတို႔႐ြာသားေတြက လယ္ယာလုပ္ငန္းခြင္ၿပီးမွ ကူလို႔ရတာမဟုတ္ဘူးလား”
“ဟာဗ်ာ၊ ဒါကေတာ့ သူတို႔ကအခုတည္မယ္လဲ မေျပာေသးပါဘူး၊ အခုက ေနရာလာၾကည့္တာဗ်”
“ထားပါေတာ့၊ မင္းသြားသြားပို႔ေနတဲ့ ႐ုကၡစိုးက်င့္စဥ္တစ္ေယာက္လည္း ရွိေသးတယ္မဟုတ္လား”
“သူကလည္း ေရာက္တာၾကာပါၿပီ”
“ေနာက္ၿပီး ညေနကလည္း ေကာင္မေလးတစ္ေယာက္ေတြ႕လိုက္ေသးတယ္၊ မ်က္ႏွာစိမ္းပဲကြ”
“ဆံံပင္ရွည္ရွည္နဲ႔ ေကာင္မေလးမဟုတ္လား၊ အဲဒါ ၿမိဳင္သာကေနလာတဲ့သူတဲ့ဗ်၊ က်ဳပ္ေမးေတာ့လည္း ဘာမွျပန္မေျဖဘူး”
“ေအးေလ၊ ဒါေၾကာင့္္ နည္းနည္းထူးဆန္းမေနဘူးလား”
က်ဳပ္လည္း ပုခုံးတြန႔္လိုက္ၿပီး
“က်ဳပ္အတြက္ေတာ့ ဘာမွမထူးဆန္းပါဘူးဗ်ာ၊ ေနာက္ၿပီး ေဈးသည္ႏွစ္ေယာက္လည္းရွိေသးတယ္၊ တစ္ေယာက္က ပိန္ပိန္၊ တစ္ေယာက္က ပုပုဗ်”
ဦးဘသာက မ်က္ေမွာင္ၾကဳတ္သြားတယ္။
“ဟုတ္လား၊ ငါေတာ့မေတြ႕မိပါဘူး”
“ဘယ္ေတြ႕မလဲဗ်၊ ဦးဘသာက လယ္ထဲခ်ည္းဆင္းေနတာကိုး၊ သူတို႔က ေန႔လည္ေန႔ခင္းေလာက္လာၾကတာ၊ ဒါနဲ႔ ထူးဆန္းတယ္ဆိုရင္ ထုံးစံံအတိုင္း ႐ႊာေတာ္ရွင္ကို ေမးၾကည့္ေပါ့ဗ်ာ”
“ေမးၿပီးတာၾကာေပါ့ကြ၊ ႐ြာေတာ္ရွင္ကလည္း ဘာမွမေျပာဘူး”
“ဒါဆိုလည္း မထူးလို႔ေပါ့ဗ်ာ၊ သံသယေတြ သိပ္မမ်ားပါနဲ႔ ဦးဘသာရာ၊ သူတို႔က ဒီအတိုင္းတိုက္ဆိုင္သြားတာပါ”
“ေအး၊ မင္းေျပာသလိုပဲ တိုက္ဆိုင္တာျဖစ္ပါေစလို႔ ဆုေတာင္းပါတယ္ကြာ၊ ငါ့မ်က္ခုံးႏွစ္ဖက္က တအားလႈပ္ေနတာ သုံးေလးရက္ရွိၿပီကြ”
“မ်က္ခံုံးလႈပ္တာမ်ားဗ်ာ အဆန္းလား”
“ငါ့အတြက္ေတာ့ ဆန္းတယ္ဟ၊ ငါမ်က္ခုံးေတြ အဲဒီလိုလႈပ္လာၿပီဆိုရင္ တစ္ခုခုေတာ့ ျပႆနာျဖစ္ေတာ့မွာပဲကြ၊ အဲဒါက ႀကိဳတင္နိမိတ္ျပတဲ့ပုံေပါ့”
“ဒီအတိုင္း ေသြးေလအားနည္းလို႔ျဖစ္မွာပါ၊ ကဲ ဦးဘသာပဲ မ်က္ခုံးဆက္လႈပ္၊ က်ဳပ္ေတာ့သြားၿပီဗ်ာ၊ ေရမိုးခ်ိဳးၿပီးေတာ့ ညက်ရင္ ဟိုေကာင္မေလးေတြအိမ္ေရွ႕ လမ္းသလားလိုက္အုံးမယ္”
“ဟား၊ ဟား ႀကိဳးစားထားေဟ့အလတ္ေကာင္ေရ”
က်ဳပ္လည္း ဦးဘသာႀကီးကိုလက္ျပၿပီးေတာ့ အိမ္ကိုျပန္ေျပးခဲ့တာေပါ့ဗ်ာ။
ညေနအိမ္မွာထမင္းစားေတာ့ အမဲသားဟင္းပဲဗ်၊ က်ဳပ္လည္း အမဲသားကိုၾကည့္ရင္း စဥ္းစားလာတယ္၊ သူတို႔ေျပာတာေတြက သဘာဝမက်ဘူးဗ်၊ ေထာက္ရွာ႐ြာနဲ႔ တန္းျမင့္႐ြာဆိုတာ လွည္းနဲ႔ေတာင္ ေန႔တစ္ပိုင္းေလာက္သြားရတာ၊ က်ဳပ္တို႔႐ြာနဲ႔ တန္းျမင့္႐ြာဆိုရင္လည္း ရွစ္မိုင္ေတာင္ေဝးတာဆိုေတာ့ ေယာက္်ားေျခလွမ္းနဲ႔ေတာင္မွ ႏွစ္နာရီသာသာေလာက္သြားရတာ၊ ၿပီးေတာ့ တန္းျမင့္႐ြာကေန ယူလာတဲ့အမဲသားက ဒီေရာက္ေတာ့ ေသြးေတာင္မေျခာက္ေသးဆိုေတာ့ ျဖစ္ႏိုင္ပါ့မလား၊ အမဲသားအေၾကာင္းေတြးရင္း ပေဟဠိျဖစ္သြားတာနဲ႔ အမဲသားဟင္းကိုခပ္ေနတဲ့လက္ကို ရပ္ထားလိုက္မိတယ္။ အေမက က်ဳုပ္ကိုၾကည့္ရင္း
“ဟဲ့အလတ္ေကာင္၊ ဟင္းခြက္ကိုခပ္ရင္လည္းခပ္ေလ၊ တန္းလန္းႀကီးလုပ္ၿပီး ဘာေတြေတြးေနတာလဲ”
အေမေအာ္မွ က်ဳပ္လည္း သတိဝင္ၿပီး လက္ကိုျပန္သိမ္းလိုက္မိတယ္၊ အေမက က်ဳပ္ကိုၾကည့္ရင္း
“ဟဲ့၊ နင္က မစားဘူးလား”
“မစားေတာ့ဘူးဗ်ာ၊ ေန႔စဥ္ရက္ဆက္စားေနရတာဆိုေတာ့ မစားခ်င္ေတာ့ဘူး”
အငယ္မကေတာ့ အမဲသားတုံးကို ပါးစပ္နဲ႔ဖဲ့ရင္း
“ေကာင္းတယ္၊ အကိုလတ္မစားေတာ့ သမီးတို႔မ်ားမ်ားစားရတာေပါ့”
သူတို႔အားလုံး အမဲသားနဲ႔ၿမိန္ေရရွည္ရည္စားေနတဲ့အခ်ိန္မွာ က်ဳပ္ကေတာ့ငါးပိခ်က္နဲ႔ တို႔စရာနဲ႔ပဲစားလိုက္တာေပါ့ဗ်ာ။ ထမင္းစားၿပီးေတာ့ အေဖ့ကိုခင္ေမာင္အေၾကာင္းကို သတင္းပို႔ရေသးတယ္၊ အေဖကေတာ့ ေခါင္းတညိတ္ညိတ္နဲ႔
“ေဟ၊ ဒါဆိုရင္ လာမယ့္္လကြယ္ညေတာ့ တစ္ခုခုထူးၿပီထင္တယ္ကြ”
အေဖေျပာတာကို က်ဳပ္လည္းေခါင္းညိတ္လိုက္တယ္၊ ကိုျမင့္တို႔ကလည္း မနက္ျဖန္လကြယ္ညမွာ ကိုခင္ေမာင္ကိုသြားေခ်ာင္းမယ္ဆိုေတာ့ တကယ္ဟုတ္သလား၊ မဟုတ္ဘူးလားဆိုတာ ထူးၿပီေပါ့ဗ်ာ။
ဆက္ရန္။
#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ