Unicode Version
“စုန်းထီးကြီး ဦးဘသာနှင့် တစ်ခုသော လကွယ်ည”(စ/ဆုံး)
—————————————————————————
အတွဲ(၃) စာစဉ် (၁၉)
(၁)
မနက်မိုးလင်းစားသောက်ပြီးတာနဲ့ အမေပေးလိုက်တဲ့ ထမင်းတောင်းကလေးထမ်းပြီးတော့ အိမ်ကထွက်လာခဲ့တာပေါ့ဗျာ၊ လမ်းမှာတော့ ကိုမြင့်တို့နဲ့တွေ့သဗျ၊
“အလတ်ကောင်၊ ငါတို့ ဒီညနေပဲ သွားကြည့်ကြမယ်ဟေ့”
“ဘယ်လိုလုပ်မလဲ ပြောပါအုံး”
ဘုရားပျက်ကုန်းအနားက တောတန်းထဲကနေ ချောင်းမယ်ကွာ၊ အဲဒီနေရာကနေဆိုရင် ညောင်ပင်ကို အပေါ်စီးကနေ ကောင်းကောင်းမြင်ရတယ်မဟုတ်လားကွ၊ အနားအရမ်းကပ်ရင် ငါတို့ကို မင်းရဲ့ဘိုးတော် သတိထားမိသွားအုံးမယ်ကွ”
“အေးပါဗျာ၊ ခင်ဗျားအဆင်တို့ အဆင်ပြေသလိုသာလုပ်ကြပါ”
“အောင်မယ်၊ မင်းအခုမှ ဘယ်ပြေးမလို့လည်း၊ မရဘူးအလတ်ကောင်၊ ငါတို့ချောင်းရင် မင်းလည်းလိုက်လာရမယ်”
“ဘာဗျ၊ ကျုပ်မှ မအားတာပဲဗျာ”
“လုပ်ပြန်ပြီကွာ၊ ကျော်ခေါင်ကလည်း မလိုက်နိုင်ဘူးတဲ့၊ ဒီတော့ ငါနဲ့ဖိုးသားက ဒီဘိုးတော်ကိုယုံတဲ့လူတွေမဟုတ်ဘူးကွ၊ ငါတို့နှစ်ယောက်တည်း တွေ့ခဲ့တာကို ပြောရင် ငါတို့က မလိုလို့တမင်ပြောတယ်လို့ထင်ကြမှာ၊ ဒီတော့ မင်းလည်းလိုက်ရလိမ့်မယ်၊ မင်းက သူ့ဖက်က မဟုတ်လား”
“ထားပါတော့ဗျာ၊ ဒါနဲ့ ကျုပ်က ဒီညနေကျရင် အဲဒီဘုရားပျက်ကုန်းဘက်ကို လာဖို့ရှိတယ်၊ ဟိုဘုရားဒကာတွေကို လာပြရမှာ”
“ဟာ၊ အတော်ပဲပေါ့ကွာ၊ ညနေသူတို့ပြန်သွားပေမယ့် မင်းက ငါတို့နဲ့ နေခဲ့ပေါ့ကွ၊ ဒါနဲ့ အခုဘယ်သွားမလို့လဲ”
“ထုံးစံအတိုင်း ဘိုးတော်ကို ထမင်းပို့ဖို့ပေါ့ဗျာ”
ကျုပ်လည်းပြောပြီးတော့ ခပ်သွက်သွက်ထွက်လာခဲ့တာပေါ့ဗျာ၊ ရွာအထွက်နားရောက်တော့ ဟိုးခပ်လှမ်းလှမ်းမှာ အမဲသားသည် မိန်းမနှစ်ယောက်လာတယ်ဗျ၊ ကျုပ်ကိုတော့ မြင်ပုံမရဘူး၊ နောက်တော့ ရွာလမ်းအတိုင်းမလာဘဲနဲ့ တမာတန်းမရောက်ခင် တောတန်းထဲကို ချိုးဝင်သွားပါရောဗျာ၊ ကျုပ်လည်း အစကတော့ ဒီမိန်းမတွေ အပေါ့တွေ၊ အလေးတွေ ဝင်စွန့်တယ်ထင်နေတာ၊ ကျုပ်အဲဒီအနားကို ရောက်လာတဲ့အထိ သူတို့က ပြန်ထွက်မလာဘူး၊ ကျုပ်လည်း ထမင်းပို့ရမှာဆိုတော့ တောတန်းထဲကိုတိုးခဲ့တာပေါ့ဗျာ၊ ဘုရားပျက်ကုန်းနားမရောက်ခင်မှာ ချုံပင်တွေရှိတယ်ဗျ။ ချုံပင်တွေက လူတစ်ရပ်ကျော်အောင်မြင့်ပြီး ပိတ်နေအောင်ပေါက်တာ၊ ကျုပ်ချုံနားရောက်တော့ ဘုရားပျက်ကုန်းမှာ စကားပြောသံတွေကြားရတယ်။
အသံတွေကို ပီပီသသကြားရပေမယ့် ဘာတွေပြောနေမှန်းမသိဘူးဗျာ၊ ကုလားစကားတွေလိုလိုပဲ၊ ကျုပ်လည်း သိချင်လို့ ချုံကိုဖြဲကြည့်တော့ ခုနက မိန်းမနှစ်ယောက်က မြေပြင်မှာဆောင့်ကြောင့်ထိုင်နေတယ်ဗျ၊ သူတို့အရှေ့မှာတော့ ကျုပ်ဟိုတစ်နေ့က တွေ့ခဲ့တဲ့လူကြီးက ထိုင်လို့ဗျ၊ အသားအရည်ကတော့ ခပ်လတ်လတ်၊ ထောင်ထောင်မောင်းမောင်းနဲ့ ရှမ်းဝတ်စုံအနက်ကြီးဝတ်ထားတာဗျ၊ နှုတ်ခမ်းမွှေးစစနဲ့ မျက်လုံးမျက်ခန်ကောင်းကောင်းဆိုတာ့ အတော်ချောတဲ့လူလို့ ပြောရမှာပဲဗျာ၊ ချောတယ်ဆိုတာထက် ခန့်တယ်လို့ပြောရင်ပိုမှန်မှာဗျ၊ ဒါနဲ့ အဲဒီဈေးသည်ညီအမက စကားတွေပြောနေရင်း တောင်းပြဲကြီးထဲကနေ အမဲသားတွေကို ဖက်နဲ့ထုပ်ပြီးပေးတယ်ဗျ၊ အမဲသားအတုံးလိုက်ကြီးကို ပေးခဲ့တာ၊ ကျုပ်လည်းကြည့်နေရင်း ဝေခွဲမရဘူးပေါ့ဗျာ။
နောက်တော့ သူတို့တွေထွက်လာတာနဲ့ ကျုပ်လည်း ချုံကွယ်တစ်ခုမှာ ထိုင်ချရင်း ပုန်းနေလိုက်တာပေါ့၊ သူတို့ညီအမကတော့ စကားတပြောပြောနဲ့ ထွက်သွားတာပဲ၊ ကျုပ်ပြန်ကြည့်လိုက်တော့ ဘုရားပျက်ကုန်းမှာ ဘယ်သူမှမရှိတော့ဘူးဗျ။ ဘုရားပျက်ကုန်းမှာနေတဲ့ သရဲကြီးကိုများ အမဲသားတွေလာကျွေးတာလားမသိပါဘူးဗျာ၊ ကျုပ်လည်း ကြောက်ကြောက်နဲ့ ဘုရားပျက်ကုန်းကို ကွေ့ပြီး ညောင်ပင်ကြီးဆီကိုလာခဲ့တာပေါ့ဗျာ။
ညောင်ပင်အောက်ရောက်တော့ ကိုခင်မောင်က ထိုင်နေတယ်ဗျ။
“ငါမေ့လို့ကွ၊ မနက်ဖြန်ကစပြီးတော့ ငါ့ကိုထမင်းပို့စရာမလိုတော့ဘူး”
“ဗျာ၊ ဘာဖြစ်လို့လဲ”
“ကျင့်စဉ်အောင်ပြီလေကွာ၊ ဒီညပဲ ရုက္ခစိုးမင်းက ငါ့ကိုပညာတွေအပ်ပေးမယ်တဲ့”
“ဘာပဲပြောပြော၊ ဝမ်းသာစရာကြီးပါဗျာ၊ ဒါနဲ့ ကျုပ်ကိုမမေ့ဘူးလို့ပြောတယ်မဟုတ်လား”
ကိုခင်မောင်ကရယ်တယ်ဗျ။
“ဟား၊ ဟား အေးပါကွာ”
ကိုခင်မောင်က ညောင်ရွက်တစ်ရွက်ခူးလိုက်ပြီးတော့ သူ့ပုဆိုးနဲ့ပွတ်ရင်း ကွမ်းယာ ယာသလိုမျိုး ယာပေးတယ်၊ ပြီးတော့ကျုပ်ကိုလှမ်းပေးတယ်ဗျ။
“ကွမ်းဝါးသလို ဝါးလိုက်စမ်းကွာ”
ကျုပ်လည်း ညောင်ရွက်လိပ်ကိုကြည့်နေတာပေါ့။
“ဘာလို့လဲဗျ”
“ဝါးလိုက်ရင်း မင်းက သိဒ္ဒိဆယ်ပါးထဲက သိဒ္ဓိနည်းနည်းပါးပါးရမယ်ကွ၊ ပီယသိဒ္ဓိပေါ့ကွာ”
ပီယဆိုတဲ့ စကားကြားတာနဲ့ ကျုပ်လည်း ပါးစပ်ထဲအတင်းထိုးထည့်ပြီး ဝါးလိုက်တာပေါ့ဗျာ၊ ကွမ်းတံံံံတွေးလို ထွေးထုတ်ရင် သိဒ္ဓိတွေနည်းသွားမှာစိုးလို့ အကုန်မြိုချလိုက်တော့ ဖန်လိုက်ခါးလိုက်တာ ပြောမနေပါနဲ့တော့ဗျာ။ ကျုပ်စားနေတာကိုကြည့်ရင်း ကိုခင်မောင်ကပြုံးတယ်။
“ဟား၊ ဟား ရပြီ၊ သိဒ္ဓိတွေရပြီဟေ့”
“ဘာမှလည်းမထူးပါလား”
“အိုကွာ၊ ခုရေတွင်းတူး ခုရေကြည်သောက်လို့ ရမလားကွ၊ ကဲကဲ၊ ပြီးရင်ပြန်တော့”
ကျုပ်လည်း ခေါင်းညိတ်ပြီးပြန်ခဲ့တာပေါ့ဗျာ၊ အဲဒီတစ်နေ့တော့ ဘာမှကိုမထူးပါဘူးဗျာ၊ လယ်ထဲလည်းမဆင်းဘူးဆိုတော့ အိမ်မှာဘဲ ဟိုဟာလုပ်လိုက်၊ ဒီဟာလုပ်လိုက်ပေါ့၊ ညနေရောက်တော့ အဖေက အဝတ်အစားအသစ်တွေလဲတယ်ဗျ၊ အချိန်ကတော့ ညနေသုံးနာရီလောက်ရှိမှာပေါ့ဗျာ။
“အလတ်ကောင်ရေ၊ ဦးမင်းလူတို့ သားအဖတွေဘုရားပျက်ကို သွားကြည့်မယ်မဟုတ်လားကွ၊ ဒီတော့ ငါတို့လိုက်ပို့ရအောင်ဟေ့”
ကျုပ်ရယ်၊ အဖေရယ်၊ အကိုကြီးရယ်ထွက်ခဲ့တာပေါ့ဗျာ၊ ရွာဦးကျောင်းမှာလည်း လူတွေစည်ကားလို့ဗျ၊ ဒါနဲ့ခဏလောက်ကြာတော့ ဦးမင်းလူတို့ သားအဖတွေနဲ့ ကျုပ်တို့သားအဖသုံးယောက်အတူတူရွာပြင်ထွက်ခဲ့တာပေါ့ဗျာ၊ သူကြီးလည်းပါတယ်၊ ကျုပ်တို့လည်းပါတယ်ဆိုတော့ တခြားလူတွေ သိပ်မခေါ်လာတော့ပါဘူး။ ဘုရားပျက်ကုန်းက သရဲခြောက်တယ်၊ နောက်ပြီး ကျုပ်လည်း အခုတစ်လော ရှမ်းသရဲတစ်ကောင်တွေ့ထားတယ်ဆိုတော့ လူကလည်း ခပ်လန့်လန့်ပေါ့ဗျာ။
ဒါပေမယ့်လည်း အဖေတို့၊ အကိုကြီးတို့ပါတယ်ဆိုတော့ စိတ်ထဲနည်းနည်းတော့ စိတ်ချရတယ်၊ ဒါ့အပြင် ကြယ်စင်နဲ့ ရွှေစင်လို့ခေါ်တဲ့ ဦးမင်းလူရဲ့သမီးနှစ်ယောက်လည်း ပါလာသေးတယ်မဟုတ်လား။
“သတိတော့ထားကြဗျ၊ အဲဒီဘုရားပျက်ကုန်းက သရဲခြောက်တယ်”
သရဲဆိုတာ ကြားလိုက်တာနဲ့ ကြယ်စင်နဲ့ ရွှေစင်က ကျုပ်အနားကိုကပ်လာတယ်ဗျ၊ ကျုပ်နဲ့အသားချင်းတောင် မထိတထိဖြစ်လာခဲ့တာ၊ အဲဒီမှာ ဦးမင်းလူတို့က ဘုရားပျက်ကြီးကို အသေအချာကြည့်တော့တာပဲဗျာ၊ ပြိုပျက်နေတဲ့ဘုရားကြီးရယ်၊ ဘုရားအရှေ့နားက ခြင်္သေ့ရုပ်လိုလို အပျက်တစ်ခုရယ်၊ နောက်ပြီး တန်ဆောင်းနေရာတွေ၊ ဘာတွေကို အဖေကလိုက်ပြတာပေါ့ဗျာ၊ ဟိုကောင်မလေးနှစ်ယောက်ကတော့ ကျုပ်အနားက မခွာဘူးပေါ့ဗျာ။
ဒီလိုနဲ့ကြည့်နေကြရင်း ဦးမင်းလူက အဖေ့ဘက်ကိုလှည့်ပြီးတော့
“ရပြီသူကြီး၊ ခင်ဗျားပြန်တော့”
အဖေက ခေါင်းညိတ်ပြီးတော့ ပြန်သွားတာဗျ၊ ကျုပ်လည်း အံ့သြနေမိတာပေါ့။ ဦးမင်းလူက အကိုကြီးဘက်ကိုကြည့်နေရင်း
“ဟေ့ကောင်၊ မင်းလည်းပြန်တော့”
အကိုကြီးလည်း ခေါင်းကိုဆတ်ခနဲညိတ်ပြီး တောတန်းထဲက ထွက်သွားပါရောဗျာ၊ ကျုပ်လည်းထူးဆန်းသွားတယ်လေ၊ ဘာတစ်ခုမှတောင် မမေးတော့ဘဲ အဖေနဲ့အကိုကြီးက ဦးမင်းလူကြီးက ပြန်ဆိုတာနဲ့ ပြန်သွားကြတာမဟုတ်လား။ ကျုပ်လည်း အဖေတို့နောက်ပြေးလိုက်တာပေါ့။
“အဖေ၊ အကိုကြီး”
ဒီအခါ ဦးမင်းလူကြီးက ကျုပ်ကိုလက်ညှိုးထိုးပြီးတော့
“ဟေ့ကောင်၊ မင်းက ငြိမ်ငြိမ်နေစမ်း”
“မနေပါဘူးဗျာ၊ အဖေတို့ကို ဘာဖြစ်လို့ပြန်ခိုင်းလိုက်တာလဲဗျ”
ကျုပ်က အဖေ့အနောက်ကိုပြေးလိုက်သွားတော့ ဦးမင်းလူကြီးက အထူးအဆန်းနဲ့ကြည့်တယ်ဗျ၊ ပြီးတော့ သူ့သမီးနှစ်ယောက်ကိုကြည့်ပြီး
“ညည်းတို့နှစ်ယောက်၊ သူ့ကိုဖမ်းထားလိုက်စမ်း”
အဲဒီအခါ ကျုပ်က အရှေ့ကိုသွားနေပေမယ့်် အနောက်ကိုပြန်ပြီးရောက်သွားတယ်ဗျ၊ ကျုပ်က အရှေ့ကိုခြေလှမ်းပေမယ့် ရွေ့တာကျတော့ အနောက်ကိုပဲရွေ့တယ်၊ ကျုပ်လှည့်ကြည့်လိုက်တော့ ကြယ်စင်နဲ့ ရွှေစင်က ကျုပ်ကိုပြုံးကြည့်နေပြီးတော့ လက်ယပ်ခေါ်တယ်။
“လာ၊ လာ ငါတို့ဆီကိုလာ”
ကျုပ်ခြေလှမ်းတွေကို ရပ်တန့်ပစ်လိုက်တယ်၊ ဒါပေမယ့် ခြေထောက်တွေက တရွတ်တိုက်ပြီးတော့ အဲဒီကြယ်စင်နဲ့ ရွှေစင်အနားကို ရောက်သွားရောဗျို့။ သူတို့နှစ်ယောက်က ကျုပ်လက်မောင်းကို တစ်ဖက်တစ်ယောက် ကိုင်ဖက်ထားတယ်၊ မိန်းမချောကလေးနှစ်ယောက်က ကျုပ်ကိုဆွဲထားတယ်ဆိုပေမယ့်လည်း ကျုပ်စိတ်ကဘာကြောင့်မှန်းမသိ၊ သူတို့ကိုကြောက်လန့်နေမိတာပဲဗျာ။
“ကျုပ်၊ ကျုပ်ကိုဘာလုပ်ကြမလို့လဲ”
“ဘာမှမလုပ်ပါဘူးကွ၊ မင်းရှိမှ ငါတို့ခေါ်ချင်တဲ့လူက လိုက်လာမှာမဟုတ်လား”
“နေပါအုံး ခင်ဗျားတို့က ဘယ်သူ့ကိုခေါ်မှာလဲဗျ”
ဦးမင်းလူက ရယ်မောလိုက်ရင်း
“ဟား၊ ဟား၊ ဦးဘသာပေါ့ကွာ”
“ဟာဗျာ၊ ဦးဘသာကိုခေါ်ချင်တာများ၊ ကျုပ်ပြေးခေါ်ပေးလို့ရရဲ့သားနဲ့”
“ဟေ့ကောင် စကားမရှည်နဲ့၊ ကဲ ကောင်မလေးတွေ ဒီကောင့်ကို ခေါ်သွားကြ”
ကျုပ်ကို ကောင်မလေးတွေက ဖမ်းချုပ်သွားတာဗျာ၊ ကျုပ်ဖြင့် အားကုန်သုံးပြီး ရုန်းပေမယ့် ရုန်းမရဘူးဗျ၊ ကျုပ်လည်း ဒီလူတွေက တစ်ခုခုဆိုတာကို သိသွားပြီလေဗျာ၊ ဒါနဲ့ စိတ်ထဲကနေ ဦးဘသာကိုပဲ ခေါ်နေမိတယ်။ နောက်ဆုံးတော့ ဖက်လိပ်ရွာရဲ့အစွန်၊ ရေတွင်းပျက်ကြီးနားက သားသတ်ကုန်းကိုရောက်လာခဲ့ကြတယ်၊ အဲဒီနေရာမှာ ဈေးသည်မနှစ်ယောက်က ထိုင်နေလို့ဗျ၊
“ဟင်၊ ခင်ဗျားတို့ ဒီမှာဘာလုပ်နေကြတာလဲ”
ဦးမင်းလူက ကျုပ်ကိုကြည့်ပြီး
“လျှာမရှည်နဲ့၊ ကဲ သူ့ကိုကြည့်ထားကြစမ်း၊ ငါ့အစီအရင်တွေကို အသုံးချတော့မယ်”
ဦးမင်းလူက ရွာဘက်ကိုလှည့််ကြည့်ပြီးတော့ လက်ဟန်ခြေဟန်တွေမျိုးစုံလုပ်ရင်း ပါးစပ်ကလည်း မန္တန်တွေရွတ်နေတယ်ဗျ၊ ဟိုးခပ်လှမ်းလှမ်းမှာ ရွာဆီကို ငိုက်စိုက် ငိုက်စိုက်နဲ့လျှောက်သွားတဲံ အဖေနဲ့အကိုကြီးကိုတောင် လှမ်းမြင်နေရပါသေးတယ်။ ဆယ့်ငါးမိနစ်လောက်ကြာတော့မှ ဦးမင်းလူက ရပ်လိုက်တယ်။
“ဟား၊ ဟား၊ ရပြီ၊ အစီအရင်တွေအလုပ်ဖြစ်ပြီ၊ ငါတို့နောက်ဆုံးတစ်ခုပဲကျန်တော့တယ်၊ အဲဒါကတော့ ဘသာကိုခေါ်ဖို့ပဲ”
“ဟား၊ ဟား၊ မင်းတို့မခေါ်လည်း ငါရောက်လာပြီကွ”
သစ်ပင်တွေကြားထဲကနေ ဦးဘသာထွက်လာတယ်ဗျ၊ ကျုုပ်ဖြင့် အံ့သြလိုက်တာ ပြောမနေပါနဲ့ဗျာ။ ဦးဘသာက ဦးမင်းလူတို့ ငါးယောက်ကိုကြည့်ရင်း
“အောင်မာ၊ မင်းတို့လူငါးယောက်လောက်က ငါ့ကိုနိုင်မယ်လို့ထင်လို့လားကွ”
ဒီအခါ ဦးမင်းလူကြီးက ရယ်တယ်ဗျ။
“ဟား၊ ဟား ဒါတော့ ဦးဘသာကြီးက ကျုပ်တို့ကိုလျှော့တွက်လွန်းသွားပြီထင်တယ်၊ ဟုတ်ပါတယ်၊ ကျုပ်တို့ငါးယောက်က ဦးဘသာကို မနိုင်လောက်ပါဘူး၊ ဒါပေမယ့်် လူမစုံသေးဘူးဗျ၊ တခြားလူတွေလည်းရှိသေးတယ်”
ကျုပ်က ဦးဘသာကိုမြင်တော့ အတင်းရုန်းကန်တယ်ဗျ၊ ဦးဘသာက ကျုပ်ကိုကြည့်ပြီး ကြယ်စင်နဲ့ ရွှေစင်ကို မျက်စောင်းထိုးလိုက်တော့ ဟိုနှစ်ယောက်က ကျုပ်ကိုလွှတ်ပေးလိုက်တယ်ဗျ၊ ကျုပ်လည်း ဦးဘသာအနားကိုပြေးသွားလိုက်တာပေါ့ဗျာ၊
“ဦးဘသာ၊ ဘာတွေဖြစ်ကုန်ပြီလဲ”
ဦးဘသာက ကျုပ်ကိုကြည့််ရင်း
“မင်းကိုငါမပြောဘူးလား၊ ဧည့်သည်တွေလာတာ ထူးဆန်းနေပါတယ်လို့”
“ဘာ . . . ဘာတွေထူးဆန်းနေလို့လဲဦးဘသာ၊ ကျုပ်တော့ ဘာမှမတွေးတတ်တော့ဘူး”
ဒီအခါ ဦးမင်းလူကြီးက ရယ်မောလိုက်ပြီးတော့ သူ့ခေါင်းကိုလက်နဲ့ကိုင်လိုက်တယ်၊ နောက်တော့ သူ့ဆံပင်တွေကြားထဲကို လက်နဲ့စမ်းနေသေးတယ်၊ ပြီးတော့ လက်ကိုဆွဲထုတ်လိုက်တော့ အပ်တစ်ချောင်းပါလာတယ်ဗျ၊ ဦးမင်းလူက အပ်ကိုဆွဲထုတ်လိုက်တာနဲ့ သူ့ပံုံစံံကြီးကလည်း ပြောင်းသွားတာပဲဗျာ၊ ကျုပ်လည်း ဦးမင်းလူရုပ်ကိုသေချာကြည့်ပြီးတော့မှ မျက်လံုံးပြူးသွားတော့တာ။
“ဟာ၊ ခင်ဗျား၊ ခင်ဗျားက စဏ္ဍာလဦးလေးကြီးပဲ”
“ဒီလိုဆိုတော့လည်း မင်းက ငါ့ကိုမှတ်မိသားပဲ”
စဏ္ဍာလဦးလေးကြီးက ကဝေပျံံကြီးလေဗျာ၊ ကျုပ်ဝမ်းနှုတ်ဆေးတွေ မတရားကျွေးလိုက်လို့ ဝမ်းလျောပြီး ပြန်ပြေးသွားရတဲ့သူကြီးပေါ့။ ဒါဆို သူ့သမီးနှစ်ယောက်ဆိုတာကရော၊ ကျုပ်လည်း သမီးနှစ်ယောက်ကိုကြည့်လိုက်တယ်၊ ကြယ်စင်နဲ့ ရွှေစင်နဲ့က သူတို့ခေါင်းထဲက အပ်တွေကိုထုတ်လိုက်တယ်ဗျာ။
“ဟာ၊ ဘီလူး၊ ဘီလူးမကြီး”
“ဟဲ့ကောင်လေး ငါ့နာမည်ကျင်ရီလေ၊ သွေးလက်ဝါး ကျင်ရီ”
မျက်နှာက ဘီလူးမျက်နှာကြီးနဲ့ ကျင်ရီဖြစ်နေတယ်ဗျ။ သွေးလက်ဝါးကျင်ရီဆိုတာ ဆေးဆရာဦးမှတ်ကြီးကို အသေသတ်ဖို့လုပ်ခဲ့တာမဟုတ်လားဗျာ။ ကျုပ်လည်း အဲဒီတော့မှ တွေးမိတယ်ဗျ။ မနေ့က ရေခပ်ပြီးအပြန် သူတို့ညီအမ စကားပြောနေတုန်း အငယ်မက ကြယ်စင်ကို အမရီလို့ ခေါ်လိုက်တယ်မဟုတ်လား၊ အမရီဆိုတာ ကျင်ရီကို အဖျားဆွတ်ခေါ်တာဖြစ်လောက်တယ်။
ကျုပ်အံ့သြနေတုန်းမှာပဲ ဘေးနားက ရွှေစင်ဆိုတဲ့မိန်းကလေးကလည်း အနူကြီးတစ်ယောက်ဖြစ်သွားတယ်ဗျာ၊ နှာခေါင်းထိပ်တွေပြတ်ကျနေပြီးတော့ မျက်နှာမှာလည်း သနပ်ခါးတံုံးက အပွေးတွေလန်သလိုမျိုး အနူတွေစွဲနေတာဗျ၊ ကျုပ်ဖြင့် သူ့ကိုမြင်ပြီးတော့ အန်ချင်လိုက်တာပြောမနေပါနဲ့တော့။
“ခင်ဗျားကို ကျုပ်သိတယ်၊ ခင်ဗျားက အောက်လမ်းဘသော်ရဲ့မိန်းမ၊ စုန်းမလေးမဟုတ်လား၊ ကျုပ်ကိုနူအောင်ဆိုပြီး ပညာစက်နဲ့လုပ်ထည့်လိုက်တာ ကျုပ်က ဦးဘသာလုပ်ပေးထားတဲ့ တန်ပြန်အစီအရင်နဲ့မို့လို့ ခင်ဗျားရဲ့ပညာ ခင်ဗျားကိုပြန်ထိပြီးတော့ နူသွားတယ်မဟုတ်လား”
ကောင်မလေးက ကျုပ်ကို ဒေါသတဝင်းဝင်းထွက်နေတဲ့ မျက်စောင်းထိုးပြီးကြည့်နေတယ်ဗျ၊ ဒီတော့ ကျုပ်က ဈေးသည်ညီအမဘက်ကိုလှည့်လိုက်ပြန်ရော။
“ခင်ဗျားတို့က ဘယ်သူတွေလဲ”
ဦးဘသာက ကျုပ်ကိုကြည့်ရင်း
“မင်းသူတို့နှစ်ယောက်ကို မမှတ်မိဘူးလားကွ၊ ငါနဲ့ပညာပြိုင်ရင်း ရှုံးသွားတဲ့ ဒွေးချောင်းရွာက မိအေးနဲ့ မိသေး စုန်းညီအမလေဗျာ”
“ဟာ၊ မှတ်မိပြီ၊ ဒါကြောင့်ကျုပ်လည်း သူတို့ကိုမြင်ဖူးသလိုလိုပဲလို့ ထင်နေတာဗျာ၊ ပုပု၀၀နဲ့က မိအေး၊ ပိန်ပိန်ရှည်ရှည်က မိသေးမဟုတ်လား”
မိအေးနဲ့ မိသေးက ကျုပ်ကိုမဲ့ရွဲ့ပြီးတော့ ကြည့်နေကြတယ်။ ဦးဘသာက ခါးထောက်လိုက်ပြီး
“ဒါပဲလားကွ”
“ကျွန်မကျန်သေးတယ်”
ဦးဘသာပြောလိုက်တော့ ကျုပ်တို့အနောက်ကနေအသံကြားလိုက်ရတယ်ဗျ။ ဆံံပင်အရှည်ကြီးနဲ့ မိန်းမတစ်ယောက်က ရေအိုးကလေးပိုက်ပြီး တဖြည်းဖြည်းနဲ့လမ်းလျှောက်လာတယ်ဗျ၊ လမ်းလျှောက်လာရင်း သူ့ပုံစံက တဖြည်းဖြည်းပြောင်းလဲသွားတယ်၊ ကျုပ်လည်း ကြည့်ပေမယ့် သူ့ကိုမမှတ်မိဘူး။ ဒါနဲ့ ဦးဘသာကိုလက်ကုပ်ပြီးတော့
“သူက ဘယ်သူလဲဦးဘသာ”
“ဘယ်သူရှိရမလဲကွ၊ မြိုင်သာက နာဂဝံသ ရင်မြလေ”
ကျုပ်သိလိုက်ပြီဗျ၊ မရင်မြဆိုတာ ကျုပ်တို့ခရီးထွက်တော့ ကျုပ်ကိုမလှိမ့်တစ်ပတ်နဲ့ခေါ်သွားပြီးတော့ သူ့အိမ်မှာ ဦးဘသာနဲ့ပညာပြိုင်ခဲ့သေးတယ်မဟုတ်လား။ ဆံပင်အရှည်ကြီးတွေ့ကတည်းက ကျုပ်မှတ်မိလိုက်ရမှာဗျာ။
ဒီအချိန်မှာပဲ ကောင်းကင်မှာ ကျီးအုပ်ကြီးတစ်အုပ် ပျံံသန်းလာတယ်၊ ကျီးတွေက အကောင်ငါးဆယ်လောက်ရှိမယ်ဗျ၊ ကောင်းကင်တစ်ခွင်မှာ ဝေ့ဝိုက်ပျံသန်းနေရင်းနဲ့ နောက်ဆံုံးတော့ မြေကြီးပေါ်ကို အုပ်စုလိုက်ကြီးထိုးဆင်းလာတယ်ဗျာ၊ အဲဒီကျီးကန်းတွေက မြေကြီးကိုထိသွားတာနဲ့ အဘွားကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားတော့တာပဲ။
“ဟင်း၊ ဟင်း၊ နင်တို့ ငါ့ကိုရောမေ့နေကြပြီလား”
“မမေ့ပါဘူး ဒေါ်အိုဇာရဲ့”
ဦးဘသာက ပြန်ပြောလိုက်တော့ ဒေါ်အိုဇာကြီးက ဒေါသထွက်သွားတယ်။
“ငါ့ကို အဲဒီလိုမခေါ်နဲ့”
“ဟား၊ ဟား ခင်ဗျားက ဒီလောက်အသက်ကြီးနေပြီးတော့ ဆံပင်တွေဖြူပြီး သွားတွေကျိုးနေတာတောင်မှ အိုဇာလို့ခေါ်တာ မကြိုက်ဘူးတဲ့လား”
ဦးဘသာက ထေ့ပြီးပြောလိုက်တာ့ ဘွားတော်ကြိး တော်တော်ဒေါသထွက်သွားတာဗျ၊ မရင်မြက လက်ဆွဲထားတော့မှသာ ငြိမ်ကျသွားတာ၊ ဒေါ်အိုဇာဆိုတာကတော့ ကျုပ်တို့ကားစီးနေတဲ့အချိန် ကားပေါ်အထိလိုက်ပြီး ပညာပြိုင်သွားတဲ့ ဘွားတော်ပေါ့ဗျာ၊ သူ့အဆင့်ကလည်း မသေးဘူးဗျ၊ သူကလည်း ကာကဇော်ဂနီမဟုတ်လား။
ဒါနဲ့ စဏ္ဍာလကဝေပျံရယ်၊ သွေးလက်ဝါးကျင်ရီရယ်၊ စုန်းမလေးရယ်၊ မိအေး နဲ့ မိသေး ညီအမ၊ နာဂဝံသ မရင်မြနဲ့ ဒေါ်အိုဇာ စုစုပေါင်း ခုနစ်ယောက်ရှိသွားပြီပေါ့ဗျာ။
(၂)
“မင်းတို့ကတစ်ခါတည်း အကြံအစည်နဲ့လုပ်ကြတာပဲကွ”
ဦးဘသာကပြောလိုက်တော့ စဏ္ဍာလကြီးက ခေါင်းညိတ်တယ်။
“ဒါပေါ့ဗျာ၊ တစ်ရွာလုံးကိုလည်း ကျုပ်တို့က အင်းတွေမြှုပ်ပြီးသား၊ ဒါတင်မကသေးဘူး အင်းတွေကို အမဲသားပုံစံံပြောင်းပြီးတော့ ရွာကလူတွေကို ခုနစ်ရက်တိတိကျွေးထားပြီးသားဗျ၊ ဒါကြောင့် ကျုပ်တို့ဘာလုပ်နေတယ်ဆိုတာကို ရွာကလူတွေက သိလည်းသိမှာ မဟုတ်ဘူး၊ မြင်လည်းမြင်မှာမဟုတ်ဘူး၊ ကြားလည်းကြားမှာမဟုတ်ဘူးဗျာ”
ကျုပ်လည်း အတော်မျက်လုံးပြူးသွားတယ်။
“ဒါကြောင့်ကိုးဗျ၊ ဒါကြောင့် အမေက အမဲသားဟင်းကိုဆွမ်းတော်ကပ်လိုက်တိုင်း အသားတုံးတွေပျောက်ပျောက်သွားတာကိုး၊ ကျုပ်လည်း ထင်နေပြီးသားပါ၊ တန်းမြင့်ရွာနဲ့ဒီနဲ့က ရှစ်မိုင်တောင်ဝေးတာကို ခင်ဗျားတို့ ညီအမနှစ်ယောက်လာရောင်းတဲ့ အမဲသားတွေက သွေးစိမ်းလတ်လတ်နဲ့ရှိနေသေးတာကိုကျုုပ်က ရိပ်စားမိပြီးသား”
မိအေးက ပြုံးလိုက်ပြီး
“ဟား၊ ဟား၊ ဒါနဲ့များ စားကောင်းကောင်းနဲ့စားတာပဲမဟုတ်လား”
ကျုပ်လည်းခေါင်းညိတ်လိုက်တော့တယ်ဗျ၊ ပြီးတော့ ဦးဘသာဘက်ကိုကြည့်လိုက်တယ်။
“ဦးဘသာ ဘယ်လိုလဲဗျ”
ဦးဘသာက ဘာမှတော့ပြန်မဖြေဘူးဗျ။ ဒါပေမယ့် အခြေအနေကတော့ သိပ်ဟန်ပံံုံမရဘူးထင်တယ်။ ကျုပ်လည်း ဦးဘသာက ဘာမှမဖြေတာနဲ့ ဦးဘသာအနားကို ကပ်လိုက်တော့ ဦးဘသာက ကျုပ်ဇက်ပိုးကို လက်နဲ့ရိုက်ထည့်လိုက်တာဗျ၊ အားသိပ်ပြင်းလို့ ကျုပ်တောင်ခွေကျသွားချင်တယ်။
“အဲဒါမင်းကြောင့်ကွ၊ အလတ်ကောင်ရ၊ မင်းဆတ်ဆတ်ဆော့ဆော့နဲ့ အားလံံုံးလျှောက်လုပ်လို့ အခုလိုဖြစ်ရတာမဟုတ်လား”
“ဟား၊ ဟား ခင်ဗျားမဟုတ်တမ်းတရားတွေ သူများကိုမစွပ်စွဲပါနဲ့ဗျာ၊ ဒါတွေအားလုံးက ခင်ဗျားကြောင့်ဖြစ်ရတာ”
ကျုပ်တို့အနောက်ဘက် တောအုပ်ထဲကနေ အသံကြားလို့လှည့်ကြည့်လိုက်တော့ ရှမ်းအင်္ကျီအနက်ဝမ်းဆက်ဝတ်ထားတဲ့ လူကြီးထွက်လာတယ်ဗျ၊ ဦးဘသာက အဲဒီလူကိုသေချာကြည့်ပြီး
“လတ်စသတ်တော့ ဘမော်လည်း ပါသကွ”
“ဗျာ။ ဘမော်ဆိုတော့ ဓါးပြကျော်ဘမော်ပေါ့၊ ဒါနဲ့ ဘမော်က တစ်ကျွန်းကျသွားပြီဆိုဗျ”
“ဟား၊ ဟား ငါလိုလူကို ဘယ်သူကအကြာကြီးချုပ်ထားနိုင်မှာလဲကွ၊ ငါက ရဲဘက်စခန်းကနေ ခိုးထွက်ပြေးလာတာ”
ဦးဘသာက ဘမော်ကိုကြည့်ရင်း
“ဘယ်လိုလဲဘမော်ရ၊ စိန်နားကပ်အရောင်နဲ့ ပါးပြောင်မနေစမ်းပါနဲ့ကွာ၊ မင်းအကို ဘသော်ရော မပါခဲ့ဘူးလား”
“သိပ်ပါတာပေါ့ဗျာ”
ဒီအချိန်ဖက်လိပ်ရွာလယ်လမ်းကနေပြီးတော့ လူတစ်ယောက်ထွက်လာတယ်ဗျ၊ အဲဒီလူကတော့ ကိုခင်မောင်ပဲ၊ ကျုပ်ဖြင့်မျက်လံုံးပြူးသွားတာဗျ။
“ဟာ၊ ကိုခင်မောင်ပါလား”
“ဟား၊ ဟား၊ ဟုတ်တယ်၊ အခုနာမည်ကတော့ ခင်မောင်၊ အရင်နာမည်ကတော့ ဘသော်ကွ”
“ဒါ၊ ဒါဆို အောက်လမ်းဘသော်က ကိုခင်မောင်ပေါ့”
“သိပ်သေချာတာပေါ့ကွာ”
ကိုခင်မောင်က သူ့ခေါင်းကိုစမ်းပြီးတော့ ဆံပင်ကြားထဲက အပ်ကိုထုတ်လိုက်တယ်ဆိုရင်ပဲ ချက်ချင်းလူကြီးတစ်ယောက်အဖြစ်ပြောင်းလဲသွားတယ်။ သူ့ရုပ်ကြီးတစ်ခုလံုံး ဇီးစေ့လို အပေါက်အပေါက်တွေထလို့ဗျာ၊ နှာခေါင်းကလည်း ပြတ်ကျနေပြီးတော့ ဆံံပင်မွှေးတစ်မွှေးမှမရှိတဲ့အပြင် မျက်ခုံးမွှေးတွေတောင်မရှိဘူး၊ ရုပ်ပျက်ဆင်းပျက်ကြီးပေါ့ဗျာ။
“ခင် . . . ခင်ဗျားမျက်နှာက ဘယ်လိုဖြစ်တာလဲ”
“မင်းနဲ့သူနဲ့ပေါင်းပြီးတော့ ငါ့ကိုမီးရှို့သတ်တာမဟုတ်လား”
ကျုပ်ပြန်တွေးလိုက်တော့မှ ကိုးခမ်းအင်းအကြောင်းကို တွေးမိတယ်ဗျ၊ သိမ်ဝင်သပိတ်ကွဲကို မီးဖိုထဲထည့်လိုက်လို့ ပြာဖြစ်သွားတာမဟုတ်လားဗျာ၊ ဒါဆို အဲဒါက ဘသော်ပေါ့၊ ဘသော်က အားလုံးစီစဉ်နေတာပေါ့။ ကျုပ်တွေးနေတုန်း ဦးဘသာက ကျုပ်ကိုကြည့်ပြီး
“အလတ်ကောင်၊ မင်း ငါတို့ခရီးသွားတုန်းက အကြောင်းတွေမှတ်မိတယ်မဟုတ်လား၊ မင်းကို ငွေနှစ်သိန်းပေးပြီး လုပ်ခိုင်းတာ ဘသော်ပေါ့ကွ”
ကျုပ်လည်းခေါင်းညိတ်လိုက်တယ်၊ ကိုခင်မောင်တစ်ဖြစ်လဲ ဘသော်က
“ဒါပေါ့၊ ဒါတွေအားလုံးဖြစ်လာအောင် ကျုပ်ပဲစီစဉ်ခဲ့တာ၊ ခင်ဗျားဆီမှာ ကျုပ်က ရွာကိုမလုပ်ပါဘူးဆိုတဲ့ သစ္စာကိုခံလာရတယ်၊ ဒါနဲ့ ကျုပ်မလုပ်နိုင်ရင်တောင်မှ ခင်ဗျားကိုပဲဖြစ်ဖြစ်၊ ဒီကောင့်ကိုပဲဖြစ်ဖြစ်၊ ခင်ဗျားရဲ့ရွာသားတွေကိုဖြစ်ဖြစ် ဒုက္ခပေးဖို့ကြံခဲ့တယ်၊ ဒါနဲ့ အင်းတွေအစီအရင်တွေ လုပ်ပေးတာလည်းကျုပ်ပဲ၊ ပြီးတော့ ဟောဒီက မောင်ထင်နဲ့ ကျင်ရီကိုလွှတ်လိုက်တာလည်းကျုပ်ပဲ၊ မယဉ်ရဲ့ဆရာဆိုတာလည်း ကျုပ်ပါပဲဗျာ”
ကျုပ်ဆို တော်တော်ကိုအံံ့သြသွားတာဗျ၊ ဦးဘသာကတော့ ဘာမှမပြောတော့ဘူး၊
“အခုလည်း ခင်ဗျားကြီးကို ငရဲပြည်ပို့ပေးဖို့ ကျုုပ်လူတွေစုလာပြီဗျ၊ ခင်ဗျားကြီးသေရင်သေ၊ မသေရင်ကျုပ်တို့အားလုံးသေမှာပဲ၊ ကျုပ်တို့က ခင်ဗျားကို စုန်းကိုးပေါက် ဖောက်တော့မှဗျ”
ဦးဘသာက သက်ပြင်းချတယ်။
“အေးပါ၊ မင်းတို့ပြောသလို ဒါတွေအကုန်လံံုံးက ငါလုပ်ခဲ့တာ၊ အဲဒီတော့ ငါ့ကိစ္စတွေအကုန် ငါခေါင်းခံမယ်၊ ဒါပေမယ့် သူ့ကိုတော့လွတ်ပေးလိုက်ပါကွာ”
“ဟား၊ ဟား ရမလားဗျ၊ ကျုပ်က ခင်ဗျားတင်မကဘူး အဲဒီကောင်လေးပါ သေသွားတာကိုမြင်ချင်တာ”
ကျုပ်ဆိုအတော်ထိတ်လန့်နေပြီ၊ ဒီအချိန်မှာပဲ ဦးဘသာက ခေါင်းပေါင်းကိုပြင်ပြီးပေါင်းလိုက်တယ်။
“လာစမ်းပါကွ၊ မင်းတို့ရဲ့ စုန်းကိုးပေါက်ဖောက်တာ ဘယ်လိုနေသလဲဆိုတာ စမ်းကြည့်ရတာပေါ့”
“ဦးဘသာ စုန်းကိုးပေါက်ဆိုတာ ဘာလဲဗျ”
ဦးဘသာက ကျုပ်အနားကိုကပ်လိုက်ပြီး
“ငါကပြေးဆိုရင်သာ မင်းရေတွင်းပျက်ဘက်ကိုဦးတည်ပြီးပြေးပေတော့၊ အနောက်ကို လံုံးဝလှည့်မကြည့်နဲ့အလတ်ကောင်”
“ဟာ၊ ဒါဆို ဦးဘသာကရော”
“စုန်းကိုးပေါက်ဖောက်ရင် အဖောက်ခံရတဲ့စုန်းလည်းသေပြီး ဖောက်တဲ့စုန်းတွေက ပညာစက်တွေရတယ်ကွ၊ ဒီလူတွေကိုကြည့်လိုက်စမ်းကွာ၊ လူတစ်ယောက်တစ်ယောက်ချင်းဆီကိုတောင် ငါကမနည်းတိုက်ခိုက်ခဲ့ရတာဆိုတော့ ဒီလူတွေအကုန်လံုံးကို တစ်ပြိုင်တည်းတော့ နိုင်မှာမဟုတ်ဘူးကွ”
“ဟာဗျာ”
“မဗျာနဲ့အလတ်ကောင်၊ ငါကတော့ ဘယ်နေ့ငါသေမလဲဆိုပြီးတော့ င့ါစိတ်ကိုအမြဲပြင်ဆင်ပြီးသား၊ ငါသေရမှာမကြောက်ဘူး၊ ငါကြောက်တာက မင်းသေသွားမှာကိုပဲ၊ ငါသေသွားပြီးရင် ဒီလူတွေက မင်းကိုအလွတ်ပေးမှာမဟုတ်ဘူး”
“အဲဒီလိုမလုပ်ပါနဲ့ဦးဘသာ၊ ကျုပ် . . . ကျုပ် ဦးဘသာမရှိဘူးဆိုရင် ကျုပ်လည်းအသက်မရှင်ချင်တော့ဘူးဗျာ”
ဦးဘသာက ကျုပ်ပုခုံးကိုပုတ်ရင်း
“ငါပြောမယ်အလတ်ကောင်၊ ငါက ကျလူကွ၊ အိုနေပြီ၊ နာနေပြီ မကြာခင်သေရတော့မှာ၊ မင်းကတော့ တက်လူ၊ မင်းက ရှေ့လျှောက်အလုပ်တွေအများကြီးလုပ်ရအုံးမယ်၊ အသက်တွေအများကြီးရှည်အောင် နေနိုင်အုံးမှာကွ ဒီတော့ မင်းသေတယ်ဆိုတာ ဘာမှမတန်ပါဘူးကွာ”
“ငါက အလွန်ဆုံးနောက်ထပ်နေရ ဆယ်နှစ်၊ အနှစ်နှစ်ဆယ်ပေါ့ကွာ၊ ဒီတော့ အခုအချိန်မှာ သေသွားလို့လည်း ရွာမှာလူတစ်ယောက်လျော့သွားတာကလွဲလို့ ဘာမှဖြစ်မသွားဘူး၊ ငါပြောတာနားထောင်စမ်းပါ၊ ငါက ပြေးဆိုတာနဲ့၊ မင်း ဟောဟိုက ရေတွင်းပျက်ဆီကိုသာ ဦးတည်ပြီးပြေးတော့”
“ခင်ဗျားတို့ လူသေတွေအချင်းချင်းဘာတွေပြောနေကြတာလဲဗျ၊ ကဲ ရင်မြရေ စလိုက်တော့”
ဒီအချိန်မှာပဲ ဒေါ်အိုဇာကြီးက မိုးပေါ်ခုန်တက်သွားတယ်ဗျ၊ မိုးပေါ်ရောက်တော့ ကျီးကန်းတွေဖြစ်သွားတယ်၊ ကျီးကန်းတွေက ဦးဘသာကြီးခေါင်းပေါ်မှာ ဝဲပျံနေရင်း သူတို့ခေါင်းပေါ်ကနေလည်း အလင်းရောင်တွေတလက်လက်နဲ့လှမ်းပစ်တယ်ဗျ၊ ဦးဘသာကြီးကတော့ လက်ဝါးနှစ်ဖက်နဲ့ လိုက်ပြီးကာနေတော့တာပါပဲ၊ ဒီအချိန်မှာ မရင်မြက သူ့ဆံံပင်ကြီးကို ဖြေချလိုက်တော့ ဆံပင်ရှည်ကြီးက မြွေနက်ကြီးတစ်ကောင်ဖြစ်သွားပါရောဗျာ၊ မြွေကြီးခေါင်းပေါ်မှာလည်း အဖြူရောင်အမောက်ကြီးတစ်ခုပါတယ်။ ကျုပ်ထင်တော့ ရိုးရိုးမြွေမဟုတ်ဘဲ မြွေနဂါးကြီးဖြစ်မှာပေါ့ဗျာ။
မြွေကြီးက ဦးဘသာအနားကိုသွားပြီး ဦးဘသာကိုဆတ်ခနဲပေါက်လိုက်တာဗျ၊ ဦးဘသာက ခြေထောက်ကိုအသာရှောင်ပြီးတော့ မြွေခေါင်းကို ခြေထောက်နဲ့နင်းထားတာဗျာ၊ မြွေကြီးက မလှုပ်နိုင်တော့ဘဲ မြေပြင်မှာ ပြားကပ်အောင်ဝပ်နေတော့တယ်၊ မြွေကြီးရဲ့အမြီးက မရင်မြရဲ့ ဆံပင်တွေနဲ့ ဆက်နေတာဆိုတော့ မရင်မြလည်း တန်းလန်းကြီးဖြစ်နေတာပေါ့ဗျာ။
မိသေးနဲ့မိအေးကလည်း စက်တွေနဲ့ပစ်ပါရောဗျာ၊ ဦးဘသာက ဘာတွေရွတ်သလဲတော့မသိဘူးဗျို့၊ စက်လက်နက်တွေက သူ့ကိုမထိဘဲ အနားရောက်သွားတာနဲ့ အားပျော့ပြီး မြေပေါ်တဖုတ်ဖုတ်ပြုတ်ကျတာပဲ၊ သွေးလက်ဝါးကျင်ရီက လှစ်ခနဲပြေးလာပြီးတော့ ဦးဘသာနဖူးကို လက်ဝါးနဲ့ပိတ်ရိုက်တာပေါ့ဗျာ၊ ဦးဘသာက အသာရှောင်လိုက်ပြီးတော့ ကျင်ရီရဲ့နဖူးကိုလက်ဝါးနဲ့ပြန်ရိုက်ထည့်လိုက်တယ်၊ ဒီအချိန်မှာပဲ မိုးပေါ်က ဒေါ်အိုဇာပစ်နေတဲ့စက်လက်နက်တွေက ကျင်ရီရဲ့ကျောကုန်းကိုထိပြီးတော့ ကျင်ရီတစ်ယောက် လဲကျသွားတော့တာပဲဗျာ။
နောက်ဆုံးတော့ စဏ္ဍာလကဝေပျံကြီးအလှည့်ဗျ။
“မြေလျှိုးမိုးပျံ၊ ကဝေပျံတဲ့ဟေ့”
စဏ္ဍာလကြီးက ရေရွတ်လိုက်ပြီးတော့ မြေကြီးထဲကို ဒိုင်ဗင်ခုန်ချသွားတာဗျာ၊ မြေကြီးတွေက တဖွားဖွားနဲ့ဗျ၊ ကျောက်တုံးလို အလုံးကြီးတစ်လံုံးပြေးလာပြီးတော့ ဦးဘသာခြေထောက်အနားရောက်လာတယ်၊ ဦးဘသာလည်း မြွေကိုဖိနင်ထားတဲ့ ခြေထောက်ကိုလွှတ်လိုက်ပြီးတော့ အဲဒီအလုံးကြီးကို ဖနောင့်နဲ့ပေါက်ထည့်လိုက်တာ ဝုန်းခနဲအသံကြီးနဲ့အတူ မြေကြီးက ပေါက်ကွဲထွက်သွားပြီး စဏ္ဍာလဦးလေးကြီး ပြန်ခုန်ထွက်လာတယ်ဗျ။
နောက်တော့ ဓါးပြကျော်ဘမော်က လက်ခမောင်းတွေခတ်ပြီးတော့ ဦးဘသာကြီးဆီကို ခုန်ဝင်လာတာပဲဗျာ၊ ဦးဘသာက သူ့အစောင့်အရှောက်ဘီလူးနှစ်ကောင်လွတ်ပေးလိုက်တော့ ဘီလူးတွေနဲ့ ဘမော်နဲ့ လုံးကြထွေးကြပေါ့။ နောက်ဆုံးကျန်နေတဲ့လူကတော့ ဘသော်ရဲ့မိန်းမ စုန်းမလေးပဲဗျာ၊ စုန်းမလေးက ဦးဘသာကြီးဆီကိုပြေးမသွားဘဲနဲ့ ကျုပ်ဆီကိုပြေးလာတယ်၊ ပြီးတော့ ကျုပ်ရင်လတ်ကို လက်ဝါးနဲ့တွန်းထည့်လိုက်တယ်။ ကျုပ်လည်း တစ်ကိုယ်လုံးပူထူပြီးတော့ ဘယ်လိုကြီးဖြစ်သွားသလဲမသိပါဘူးဗျာ၊ ဒါနဲ့တစ်ပတ်လည်ပြီး မြေပြင်ပေါ်ကို မှောက်ခုံကြီးလဲကျသွားတော့တာပဲ။
“အလတ်ကောင် . . .”
ဦးဘသာက အော်ပြီးတော့ ကျုပ်ဆီပြေးလာတယ်ဗျ၊ ကျန်တဲ့သူတွေလည်း တိုက်ခိုက်နေတာတွေ ခဏရပ်လိုက်ကြတာပေါ့၊ ကျုပ်လည်း မှောက်လျှက်သားလဲကျနေရာကနေ ကုန်းပြီးထတယ်ဗျ၊ ကျုပ်လက်ကို အမှတ်မထင်ကြည့်လိုက်တော့ ကျုပ်လက်ဝါးမှာ အနက်ရောင်မျဉ်းကြောင်းတွေနဲ့ ဆွဲထားတဲ့ အင်းတစ်ကွက်ပေါ်နေတယ်။ ကျုပ်လက်ဝါးကို ကျုပ်အံံ့သြပြီးကြည့်နေတုန်း ဦးဘသာက ကျုပ်ကိုပြေးထူတယ်ဗျ။
“အလတ်ကောင်၊ မင်းဘာဖြစ်သွားသေးလဲ”
ဒီအချိန်မှာပဲ ကျုပ်လက်ဝါးက သူ့အလိုလိုကို ဦးဘသာကြီးရဲ့ရင်ဘတ်ကို တွန်းထည့်လိုက်တာပါပဲဗျာ၊ ဦးဘသာကြီး ရှောင်ချိန်မရတော့ဘဲ ကျုပ်လက်ဝါးက သူ့ရင်ဘတ်တည့်တည့်ကို ထိမှန်သွားတယ်။
ဖောင်းခနဲမြည်သံကြီးနဲ့အတူ ဦးဘသာတစ်ယောက် အနောက်ကို ကျွမ်းသုံးလေးပတ်လွင့်ပြီး ကျသွားတယ်ဗျ။ နောက်တော့ ချက်ချင်းကောက်ထိုင်ပြီးတော့ ကျုပ်ကိုကြည့်တယ်။
“အလတ်ကောင်၊ မင်း . . . မင်းငါ့ကိုဘာလုပ်တာလဲ”
“ဦး . . . ဦးဘသာ၊ ကျုပ်လည်း မသိဘူး၊ ကျုပ်ဘာဖြစ်သွားတာလဲ မသိဘူး”
ပြောနေတုန်း ဦးဘသာနှုတ်ခမ်းစွန်းကနေ သွေးတွေစီးကျလာတယ်ဗျ။ ကျုပ်ဖြင့် ဦးဘသာဒီလိုဖြစ်တာကိုမြင်တော့ စိတ်မကောင်းဘူးဗျာ။ ဒီအချိန်မှာပဲ အောက်လမ်းဘသော်က ရယ်တယ်ဗျ။
“ဟား၊ ဟား ဦးဘသာ၊ ကျုပ်တို့က ခင်ဗျားရဲ့ပျော့ကွက်နိုင်ကွက်ကို သိထားပြီးသားဗျ၊ အလတ်ကောင်ဆိုတာ ကျုပ်တို့ရဲ့ဝှက်ဖဲပဲ”
ကျုပ်လည်း ဒေါသတကြီးနဲ့ ဘသော်ကိုကြည့်လိုက်တယ်။
“ဘာဗျ”
“ဟုတ်တယ်၊ မင်းနာမည်ခင်မောင်ဆိုတာ ငါသိပြီးသား၊ တကယ်တော့ ရုက္ခစိုးမှော်ကို ငါကျင့််နေတယ်ဆိုပေမယ့် မင်းအတွက်ကျင့်နေတာကွ”
“ခင်ဗျားပြောတာတွေ ကျုပ်တစ်ခုမှနားမလည်ဘူး”
“ဒီလိုကွ၊ တကယ်တော့ ငါက မှော်ကျင့်နေတာမဟုတ်ဘူး၊ အစီအရင်တစ်ခုကိုစီရင်ရင်းနဲ့ တခြားလူတွေစုံလာအောင်လို့ စုနေခဲ့တာ၊ ငါ့ညီ ဘမော်ကတော့ ဘုရားပျက်ကုန်းက ဘီလူးရုပ်တုအပျက်ရှေ့မှာ ဘီလူးမှော်သွင်းနေတုန်းပေါ့ကွာ၊ ဘီလူးမှော်ဆိုတာ ခုနစ်ရက်တိတိ အမဲသားတစ်ပိဿာကို ဘီလူးမင်းကိုဆက်သပြီးတော့ ဘီလူးအင်းဆွဲပြီး အစိမ်းစားရတာပဲ၊ ဒီနေ့ဆိုရင် ခုနစ်ရက်ပြည့်ပြီ၊ ဒီကောင်လည်းမှော်အောင်၊ တခြားသူတွေလည်း ရောက်လာမယ်အချိန်နဲ့ ကြိုတင်ပြီးတော့ စောင့်နေတာပေါ့ကွာ”
ကျုပ်လည်း အခုမှ တစ်ခုတွေးမိလိုက်တယ်။
“ဒါဆိုရင် မနက်က ခင်ဗျားကျုပ်ကိုကျွေးလိုက်တဲ့ ညောင်ရွက်က”
“မှန်တာပေါ့ကွာ၊ အဲဒါ စုန်းပေါက်အင်းပဲ၊ မင်းအတွက်စီရင်ပြီး ငါထည့်ပေးထားတာကွ၊ ငါတို့ရဲ့ပထမဆုံးစုန်းပေါက်ကို ငါတို့မဖောက်နိုင်ဘူးဆိုတာ သေချာတယ်လေကွာ၊ မင်းက ဦးဘသာကြီးရဲ့အားနည်းချက်မဟုတ်လား၊ ဒီတော့ မင်းတစ်ခုခုဖြစ်ရင် ဦးဘသာက မင်းဆီလာမယ်မဟုတ်လားကွ၊ ဒီတော့ မင်းမျိုထားတဲ့ စုန်းပေါက်နဲ့ ဦးဘသာမရှောင်နိုင်အောင် ဖောက်မလို့ကြိုပြီးစီရင်ထားပြီးသားကွ”
ဒေါ်အိုဇာကြီးက မိုးပေါ်ကနေဆင်းလာပြီးတော့ ဦးဘသာရဲ့ လည်ကုတ်ကိုလက်ဝါးနဲ့ဖြောင်းခနဲရိုက်ထည့်လိုက်တယ်ဗျ၊ ဦးဘသာက အရှေ့ကိုခွေခွေကလေးလဲကျသွားတယ်၊ သူ့လည်ကုတ်မှာလဲ အင်းကွက်တစ်ကွက်ပေါ်သွားပြန်တယ်။
“သေစမ်း၊ ကိုယ်နဲ့မဆိုင်ဘဲ နေရာတကာဝင်ရှုပ်ချင်တဲ့ကောင်”
သွေးလက်ဝါးကျင်ရီက ဦးဘသာကြီးဆီပြေးသွားပြီးတော့ ဘယ်ဖက်ပါးကို ပိတ်ရိုက်ထည့်လိုက်တယ်ဗျာ၊ ဦးဘသာကြီးမှာ အော်ဟစ်နေတော့တာပေါ့။။
“ညာဖက်ပါးက ငါ့အတွက်ကွ”
စဏ္ဍာလကြီးကလည်း ပြေးခုန်လာရင်း ဦးဘသာညာဖက်ပါးကို ရိုက်ထည့်လိုက်တယ်ဗျ၊ ဦးဘသာလည်း လိမ့်နေတာပေါ့ဗျာ၊ ဒီလိုနဲ့ ကျန်တဲ့လူတွေက တစ်ယောက်တစ်ချက် ဝိုင်းရိုက်ရင်း ဦးဘသာကြီးမှာ လူးလိမ့်နေအောင်ခံံံရတာပဲဗျာ၊ သွေးတွေဆိုရင်လည်း မြင်မကောင်းဘူးဗျို့။ ကျုပ်မျက်စိရှေ့တင်ဖြစ်နေတာဆိုတော့ ကျုပ်လည်း မနေနိုင်ဘူးပေါ့ဗျာ။
“ဦးဘသာ၊ မလုပ်ကြပါနဲ့၊ ဦးဘသာကိုမလုပ်ကြပါနဲ့”
နောက်ဆုံးတော့ ကျုပ်လည်း ဦးဘသာအပေါ်ကိုပြေးပြီး ကိုယ်လုံးနဲ့အုပ်ထားလိုက်တယ်၊ အကုန်လုံး တစ်ယောက်တစ်ချက်ရိုက်ပြီးတော့ စုန်းအပေါက်လို့ခေါ်တဲ့ အင်းတွေဖောက်ထားကြပြီးပေမယ့် ဘသော်တစ်ယောက်ဖောက်ဖို့ကျန်သေးတယ်ဗျ၊ သူ့မိန်းမစုန်းမလေးက စုန်းပညာမရှိတော့လို့ မဖောက်ဖူးဗျ။ ဒီလိုနဲ့ ဘသော်က ကျုပ်အနားကိုရောက်လာတယ်။
“အလတ်ကောင်ရာ၊ မင်းက သူ့ကိုကာကွယ်ပေးနေသေးတယ်တဲ့လား၊ ဒီမှာဟေ့ကောင် ဦးဘသာကို ပထမဆုံးစုန်းပေါက်ဖောက်ဖို့ကူညီတာက မင်းကွ”
“အဲဒါ ခင်ဗျားတို့လုပ်တာ၊ အဲဒါ ခင်ဗျားလုပ်တာကိုးဗျ”
“ဘာပဲပြောပြော မင်းငါ့ကိုကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်ကွာ၊ ဒီစုန်းကြီးသေရင် မင်းလည်း သူ့ဆီက ပညာနည်းနည်းပါးပါး ရမှာပါကွ”
“မလုပ်ပါနဲ့ဗျာ၊ ကျုပ်ပညာတွေဘာတွေ မလိုချင်ဘူူး”
ဒီတော့ ဘသော်က ကျုပ်ကျောကုန်းကို လက်ညှိုးထိုးပြီးတော့ ပြောတယ်ဗျ။
“အလတ်ကောင် ဖယ်ပေးစမ်း”
ကျုပ်စိတ်က မဖယ်ပေးချင်ပေမယ့် ကိုယ်လုံးကတော့ သူ့အလိုလိုကုန်းထလာတာပဲဗျာ၊ ကျုပ်ဖြင့် ထူးဆန်းနေတော့တာပဲ။
“မင်းက အမဲသားခုနစ်ရက်စားထားတယ်မဟုတ်လား၊ ဒီတော့ မင်းကိုလည်း ငါတို့စိတ်တိုင်းကျ ထိန်းကျောင်းလို့ရပြီပေါ့ကွ၊ ကဲ ခပ်လှမ်းလှမ်းက ကြည့်နေစမ်း”
သူပြောတဲ့အတိုင်း ကျုပ်ခြေထောက်တွေက ရွေ့သွားတယ်ဗျာ၊ နောက်ဆုံးတော့ ဘသော်က ဦးဘသာကို စိတ်တိုင်းကျ ခြေထောက်တွေနဲ့ ကန်ကြောက်နေသေးတာ။
“သေစမ်းအဘိုးကြီး၊ ကိုယ့်နေရာကိုယ် အေးအေးဆေးဆေးမနေချင်တဲ့အဘိုးကြီး သေစမ်း”
ဦးဘသာခမြာ ပုဆိုးတွေဘာတွေကျွတ်ပြီးတော့ ဘသော်ကန်သမျှကို ခံနေရတယ်ဗျ။ ကျုပ်ကလည်း ကူညီချင်ပေမယ့် ဘာမှလုပ်မရဘူးဗျာ၊ ဦးဘသာအော်ဟစ်လူးလိမ့်နေတာကိုပဲ ရင်နာနာနဲ့ကြည့်နေရုံပဲ။
(၄)
နောက်တော့ အောက်လမ်းဘသော်က ဦးဘသာကြီးကိုဆွဲထူတယ်ဗျ၊ ဦးဘသာကို သူ့အရှေ့မှာ ဒူးထောက်ထိုင်ခိုင်းပြီး
“ကျုပ်တို့ကို တောင်းပန်ရင် ခင်ဗျားကြီးကို အသက်ရှင်ခွင့်ပေးမယ်”
ဦးဘသာက ဒီလောက်ခံထားရတဲ့ကြားထဲက ဘသော်ကိုပေစောင်စောင်နဲ့ကြည့်တယ်ဗျ။
“ငါက မင်းတို့ကိုဘာလုပ်ထားလို့ ပြန်ပြီးတောင်းပန်ရမှာလဲကွ”
“ဟာ၊ ခင်ဗျားကြီး ကျုပ်တို့ကိုလုပ်ထားတာကို တကယ်မသိချင်ယောင်ဆောင်နေတာလား၊ ကျုပ်ကိုကြည့်စမ်း၊၊၊ ကျုုပ်မျက်ခွက်ကိုကြည့်စမ်း၊ ကျုပ်ဒီလိုဖြစ်အောင်လို့ ခင်ဗျားကြီးလုပ်တာမဟုတ်လို့ ဘယ်သူလုပ်ခဲ့တာလဲ”
“ဟား၊ ဟား မင်းတို့မကောင်းကြံံလို့ မင်းတို့ဒဏ်တွေ မင်းတို့ပြန်ခံရတာပဲကွ၊ ငါနဲ့ဘာမှမဆိုင်ဘူး၊ ငါကဘယ်တော့မှ သူတစ်ပါးကို မကောင်းတဲ့စိတ်နဲ့မလုပ်ခဲ့ဖူးဘူးကွ၊ ငါလုပ်တာတွေက လူတွေကောင်းဖို့၊ ငါ့ရွာသားတွေကောင်းဖို့အတွက်ပဲ လုပ်ခဲ့တာ”
“ကောင်းပြီ၊ ဒီလောက်တောင်ကောင်းချင်နေရင်လည်း ငရဲကျမှ လူကောင်းသူကောင်းသွားလုပ်ဗျာ”
အောက်လမ်းဘသော်က သူ့လက်နဲ့ဦးဘသာကြီးရဲ့ နဖူးကိုအုပ်ကိုင်လိုက်တယ်ဗျ၊ ပြီးတော့ မန္တန်တွေ ရွတ်ပါလေရောဗျာ၊ ညနေစောင်းနေလို့ နည်းနည်းမှောင်နေတဲ့ကောင်းကင်ကြိးက ဗြုန်းစားကြီး အမှောင်ထုကဖံုံးအုပ်သွားတယ်ဗျာ၊ ကျုပ်တို့တစ်နေရာတည်း ကွက်ပြီးအုပ်သွားတာ၊ ညသန်းခေါင်အချိန်လောက်ကို ပိန်းပိတ်အောင်မှောင်သွားတော့တာပဲဗျာ။
နောက်တော့ မိုးပေါ်မှာ တိမ်တွေဖွဲ့လာတယ်ဗျာ၊ တိမ်တွေကြားထဲမှာလည်း လျှပ်ပန်းလျှပ်နွယ်တွေက တဖြတ်ဖြတ်နဲ့ ဝင်းလက်နေသေးတယ်။ ဒီအချိန်မှာပဲ ဦးဘသာကြီးတစ်ကိုယ်လုံးမှာ ရှိနေတဲ့ စုန်းပေါက်လို့ခေါ်တဲ့ အင်းကွက်လိုအကွက်တွေအကုန်လုံးက အလင်းရောင်တွေဝင်းလက်လာတယ်ဗျာ၊ ဘသော်ကတော့ မျက်လံုံးကြီးပြူးပြီးတော့ ရယ်နေတယ်။ နောက်တော့ ဦးဘသာကြီးက လူးလွန့်နေတာပဲဗျာ၊ တစ်ယောက်တစ်ချက်ရိုက်ထားလို့ စုန်းပေါက်တွေဖြစ်နေတဲ့နေရာကနေ စိမ်းဖန့်ဖန့်အလင်းရောင်ကြီးတွေက အတန်းလိုက်ကြီးထွက်လာတာဗျ၊ ပြီးတော့ အလင်းတန်းတစ်ခုချင်းစီက ကျန်တဲ့လူတွေဆီကို တိုးဝင်နေတယ်။ ကျုပ်လက်ဝါးကိုလည်း အလင်းတန်းတစ်ချို့ကလာပြီးဝင်တယ်ဗျ။
“သေစမ်းအဘိုးကြီး၊ ခင်ဗျားကြီးလဲသေ၊ ခင်ဗျားကြီးဆီက ပညာတွေအကုန်လုံးလည်း ကျုပ်ရတာပေါ့ဗျာ”
ဦးဘသာက အသံကွဲခြောက်ခြောက်ကြီးနဲ့ရယ်လိုက်ရင်း
“ဟား၊ ဟား မင်းမှားပြီဘသော်၊ မင်းတို့မှားပြီ”
ပြီးတော့ ကျုပ်ကိုလှည့်ကြည့်ရင်း
“အလတ်ကောင်ရေ၊ ပြေးတော့”
ဒီအချိန်မှာပဲ ကျုပ်ခြေလက်တွေ အချုပ်အနှောင်မခံံံရတော့ဘဲ လွတ်လပ်သွားတယ်ဗျာ၊ ကျုပ်လည်း ဦးဘသာပြောထားတဲ့အတိုင်း ရေတွင်းကြီးဆီကိုပြေးတာပေါ့၊ သားသတ်ကုန်းနဲ့ရေတွင်းဆိုတာက ပေတစ်ရာတောင်မဝေးပါဘူးဗျာ၊ ကျုပ်ပြေးသွားတော့ အားလုံးက ကျုပ်ကိုဝိုင်းကြည့်နေကြတယ်၊ တစ်ချို့ကလိုက်ဖို့လုပ်သေးတယ်၊ ဒါပေမယ့် ဘသော်က အဲဒီလူတွေကို တားလိုက်တယ်။
“မလိုက်နဲ့၊ မင်းတို့လိုက်ရင် ငါတို့စီရင်ထားတဲ့ စည်းအပြင်ထွက်သွားလိမ့်မယ်၊ စည်းအပြင်ထွက်ရင် ပညာတွေမရဘဲ နေသွားလိမ့်မယ်ကွ”
ဟုတ်လည်းဟုတ်တယ်ဗျ၊ ရေတွင်းနားကိုကျုပ်ရောက်လာတော့ အလင်းတန်းတွေက ကျုပ်အနောက်ကို လိုက်မလာတော့ဘူးဗျ။ ဦးဘသာက ဟက်ဟက်ပက်ပက်ရယ်ရင်း
“မင်းတို့ နေရာရွေးတာမှားပြီကွ၊ ဒီနေရာ တို့နေရာ၊ ဒီနေရာက တို့ရွာကွ”
“ခင်ဗျားတို့ရွာဖြစ်တော့ရော ဘာလုပ်လို့ရလို့လဲ”
“ဒီနေရာက ငါ့အမေခေါင်းချသွားတဲ့နေရာကွ”
ဦးဘသာက အဲဒီလိုပြောရင်း အရှေ့ကိုငိုက်စိုက်ကျသွားတော့တယ်။ ဒီအချိန်မှာပဲ ဦးဘသာဇက်ပိုးထဲကနေ အဘွားကြီးတစ်ယောက် မိုးပေါ်ပျံတက်လာတယ်ဗျ။ ဆံပင်ဖြူဖြူကြီးတွေက လေမှာဝဲနေတာပဲဗျာ၊ ထွက်လာတယ်ဆိုပေမယ့် လမ်းလျှောက်လာတာ မဟုတ်ဘဲ မိုးပေါ်ပျံံလာတာဗျ။ အဘွားကြီးက သူတို့တွေကို အပေါ်စီးကနေ ကြည့်နေရင်း
“အောင်မာ၊ နင်တို့က ပညာတွေတော်တော်လိုချင်နေကြတယ်ပေါ့၊ ကဲ ယူကြစမ်း၊ ငါ့ပညာတွေပါ နင်တို့ယူကြ”
အဘွားကြီးဆီကနေ ဖြူဖြူအလင်းတန်းကြီးတွေ ထွက်လာပါရောဗျာ၊ ပြီးတော့ အဲဒီဘသော်တို့ လူတစ်သိုက်ဆီကို အလင်းတန်းတွေက တိုးဝင်သွားပါရော၊ ဘသော်တို့တွေဆိုရင် အော်လိုက်ကြတာပြောမနေပါနဲ့တော့ဗျာ၊ ပြီးတော့ သူတို့ရဲ့လက်တွေခြေတွေက မီးကျွမ်းထားတဲ့ သစ်သားစတွေလို နီရဲလာတယ်ဗျ။ ပြီးတော့ တစ်ကိုယ်လံုံးကို မီးတွေစွဲလောင်တော့တယ်။ ကျုပ်ဖြင့် အဝေးကလှမ်းကြည့်နေတာတောင်မှ ကြောက်နေရသေးတယ်ဗျာ၊ ဒီလူတွေအော်တာကလည်း ငရဲပွက်သလိုပဲ အတော်ကြောက်စရာကောင်းတာ။
ပြီးတာနဲ့ အဲဒီလူတွေအကုန် တောင့်တောင့်ကြီးတွေဖြစ်သွားပြီးတော့ လဲကျသွားတယ်ဗျ၊ မြေကြီးနဲ့ထိသွားတယ်ဆိုရင်ပဲ ပြာမှုန်တွေလိုမျိုး အပံုံတွေဖြစ်သွားတော့တာပဲဗျာ၊ ကျုပ်လည်း အနားကိုတဖြည်းဖြည်းချင်းကပ်သွားလိုက်တယ်၊ အဲဒီအဘွားကြီးက ဦးဘသာအရှေ့မှာရပ်လိုက်ပြီးတော့ ဦးဘသာခေါင်းကိုလက်နှစ်ဖက်နဲ့ကိုင်ပြီးတော့ ဆွဲမော့လိုက်တယ်။
“အမေ . . .”
ဦးဘသာ နှုတ်ခမ်းက ပွင့်တယ်ဆိုရုံကလေးပွင့်ပြီး ရေရွတ်လိုက်တယ်ဗျ၊ အဘွားကြီးက ဦးဘသာကိုပြုံးကြည့်နေသေးတယ်။
“ကျုပ်သိတယ်အမေ၊ အမေကျုပ်နဲ့ ရှိနေတယ်ဆိုတာ ကျုပ်သိတယ်”
“သားရဲ့ နောက်ဆုံးပညာရပ်က အမေ့ရဲ့ကိုယ်ပွားကို စောင့်ရှောက်ခိုင်းထားတာပဲသား၊ သားအသက်အန္တရာယ်ကြုံလာတဲ့အခါ သားကိုကာကွယ်ပေးမယ့် ပညာဗူးထည့်သွင်းထားတာပဲ”
“ကျုပ်အမေ့ကိုအရမ်းလွမ်းတယ်အမေ”
“အမေတို့ ပြန်တွေ့ကြမှာပါသားရယ်၊ အခုတော့ အမေ့ရဲ့ပညာဗူးအစွမ်း ကုန်ခမ်းသွားပြီ ငါ့သား”
အမေဆိုတော့ ဦးဘသာရဲ့အမေ ဒေါ်ပျင်းကြီးဖြစ်နိုင်တယ်ဗျ၊ ကြည့်နေရင်းနဲ့ပဲ ဒေါ်ပျင်းကြီးက မှုန်ဝါးပြီးတော့ ပျောက်သွားတော့တာပဲဗျာ၊ ကျုပ်လည်း ပြေးသွားပြီးတော့ ဦးဘသာကိုထွေးပွေ့လိုက်တယ်ဆိုရင်ပဲ ဦးဘသာက ကျုပ်ပေါင်ပေါ်ကို ပက်လက်လန်ပြီးလဲကျသွားတယ်။ ဦးဘသာက ကောင်းကင်ကြိးကိုမော့ကြည့်ရင်း
“ကြယ်တွေလှလိုက်တာကွာ”
လို့ပြောတယ်၊ ကျုပ်မော့ကြည့်တော့ နေဝင်ပြီးစ ကောင်းကင်မှာ ဘာကြယ်မှ မရှိပါဘူးဗျာ၊ ခုနကဘသော်တို့ ဆင့်ခေါ်ထားတဲ့ တိမ်တိုက်တွေလည်း ဘယ်ရောက်သွားမှန်းကိုမသိဘူး၊ ကျုပ်တို့ရဲ့အနားမှာတော့ စုန်းမလေးက မျက်လုံးအပြူးသားနဲ့ ရပ်ကြည့်နေတယ်ဗျ၊ နောက်တော့ တစ်ဖက်ကိုလှည့်ထွက်သွားပြီး ခြေဦးတည့်ရာ ပြေးသွားတာပဲ။
“ဟေ့၊ မပြေးနဲ့ ရပ်လိုက်”
ကျုပ်အော်လိုက်ပေမယ့် မမီတော့ပါဘူးဗျာ၊ စုန်းမလေးက လူစားတဲ့ရေတွင်းကြီးထဲကို ပြုတ်ကျသွားပါရောလား။
ဦးဘသာကို ပွေ့ရင်း ကျုပ်ရွာထဲကိုပြန်လာခဲ့တယ်၊ ရွာကြီးကတော့ တိတ်ဆိတ်လို့ဗျ၊ လူမပြောနဲ့ ရွာထဲကခွေးတွေတောင်မှ တိတ်ဆိတ်နေပါရောလား၊ ဒါကလည်း ဘသော်တို့လုပ်သွားတဲ့ အစီအရင်တွေကြောင့်ဖြစ်မှာဗျ၊ ဦးဘသာအိမ်ထဲကိုဝင်ပြီးတော့ အိမ်ရှေ့ခန်းမှာပဲ ဦးဘသာကိုလှဲထားလိုက်တယ်။ ဦးဘသာက ကလေးတစ်ယောက်လို အိပ်မောကျနေလေရဲ့ဗျာ။
“ဦးဘသာ ဘာမှ မဖြစ်ပါစေနဲ့”
(၅)
ကျုပ်နိုးလာတော့ မနက်အတော်လင်းနေပြီဗျ၊ ကျုပ်လည်း ဘေးဘီကိုကြည့်လိုက်တော့ ကျုပ်အိမ်ကိုကျုပ်ပြန်ရောက်နေတယ်၊ ဒါနဲ့ အိပ်ရာထဲက အမြန်ထလိုက်တယ်။ ကျုပ်ခေါင်းတစ်ခုလုံးလည်း လေးလံပြီးတော့ အခဲနေတာပဲဗျာ၊ အိမ်အောက်ကိုဆင်းလာတော့ အဖေတို့က ထုံးစံအတိုင်း အလုပ်များနေလေရဲ့။ အဖေ့ရဲ့အရှေ့မှာတော့ ကာလသားကိုမြင့်နဲ့ ဖိုးသားတို့က ထိုင်နေကြတာဗျ။ ကျုပ်ဆင်းလာတော့ ကျုပ်ကိုအထူးအဆန်းနဲ့ကြည့်ကြတယ်။
“ညတုန်းက အဖြစ်တွေကတော့ မယုံချင်စရာပါပဲ သူကြီးရာ”
“ယုံချင်စရာလားကွ၊ မင်းတို့နှစ်ကောင် အရက်မူးမူးနဲ့ အိပ်ပျော်သွားပြီး အိပ်မက်မက်နေတာဖြစ်မှာ”
အဖေက ကျုပ်ကိုကြည့်ရင်း
“ဒါနဲ့အလတ်ကောင်၊ သူတို့ပြောတာ တကယ်လား”
ကျုပ်လည်း ဘာမှမပြောချင်တော့တာနဲ့ ခေါင်းသာခါပြလိုက်တယ်၊ ကိုမြင့်နဲ့ ဖိုးသားကတော့ မကျေနပ်ဘူးပေါ့ဗျာ၊ ကျုပ်ထင်တာကတော့ သူတို့လည်း ညောင်ပင်အောက်က ကိုခင်မောင်ကို သွားချောင်းရင်း ကျုပ်တို့အဖြစ်အပျက်တစ်ချို့ကိုတွေ့လိုက်ရတာနေမှာဗျ။
ကျုပ်ခြံထဲကနေ အမြန်ပြေးထွက်လာပြီး ဦးဘသာအိမ်ကိုပြေးလာခဲ့မိတယ်၊ ဦးဘသာကတော့ အိမ်ရှေ့မှာ ထမင်းစားနေလေရဲ့ဗျာ။
“ဦးဘသာ ညတုန်းက ကျုပ်အိမ်ကိုဘယ်လိုပြန်ရောက်သွားတာလဲ”
ဦးဘသာက ကျုပ်ကိုမျက်စောင်းထိုးကြည့်ရင်း
“မင်းဟာမင်းအိမ်ပြန်တာ ဘာလို့ငါ့ကိုလာမေးနေရတာလဲကွ”
“ဟာဗျာ၊ ဦးဘသာဘေးနားမှာ ကျုုပ်အိပ်နေခဲ့တာပဲမဟုတ်လား”
“ပေါက်ပေါက်ရှာရှာတော့ ပြောတော့မယ်အလတ်ကောင်ရာ”
“ဒါဆို ညကအဖြစ်တွေကို ဦးဘသာမမှတ်မိဘူးလား”
ဦးဘသာက မျက်မှောင်ကြုတ်ရင်း ကျုပ်ကိုကြည့််နေတယ်ဗျ၊ သူ့မျက်လုံးတွေကိုကြည့်ရတာတော့ ကျုပ်ကိုလိမ်ပြောနေတဲ့ပုံစံံမရဘူးဗျာ၊ ဒါဆို ဘယ်လိုဖြစ်သွားတာလည်း ဦးဘသာတစ်ယောက် တကယ်ပဲဘာမှ မမှတ်မိတော့တာလား။ ကျုပ်ကလည်း သူ့ကိုအစဖော်ချင်တာနဲ့
“ညက စုန်းတွေ ဦးဘာကို စုန်းအပေါက်ဖောက်ပြီးတော့ ပညာတွေစုပ်ကြတာလေဗျာ”
“အလတ်ကောင်ရာ မင်းကတော့ ဘယ်စာအုပ်တွေဖတ်ပြီးတော့ လာပြောနေပြန်ပြီလဲမသိပါဘူး၊ ပေါက်ကရတွေ”
“တကယ်ပဲ ဦးဘသာ ဘာမှမသိတော့ဘူးလား”
“ငါက ဘာသိရမှာလဲကွ”
“ဟာဗျာ၊ စုန်းးအကြောင်းတွေပေါ့”
“ဒီမှာအလတ်ကောင်၊ မင်း ငါ့ကိုပေါက်ပေါက်ရှာရှာတွေ မေးမနေနဲ့ ငါကဘာဖြစ်လို့ စုန်းအကြောင်းတွေသိနေရမှာလဲ”
“ဟာ၊ ဦးဘသာက စုန်းပဲလေ”
ကျုပ်ပြောတဲ့စကားကို ဦးဘသာက မယုံသလိုနဲ့နားထောင်ပြီးတော့ သူ့ကိုယ်သူလက်ညှိုးထိုးလိုက်တယ်။
“ဘာ၊ ငါက စုန်းတဲ့လား”
“ဒါပေါ့ဗျာ၊ မမှတ်မိတော့ဘူးလား”
“ဟား၊ ဟား မင်းပြောသလို ငါသာတကယ်စုန်းဖြစ်ချင်တယ်ဟေ့၊ စုန်းပညာသာတတ်လို့ကတော့ တစ်ရွာလုံးကိုပြုစားပစ်အုံးမှာ၊ ဟား၊ ဟား”
အဲဒီလိုပြောရင်း သူစားပြီးသားပန်းကန်ကိုကောက်ပြီးတော့ အိမ်နောက်ဖေးကိုဝင်သွားတော့တာပဲဗျာ၊ ကျုပ်လည်း ခေါင်းကုပ်ရင်း ဦးဘသာနောက်ကျောကို ကြည့်နေမိတယ်၊ ဧကန္တ ညက စုန်းတွေက ပညာတွေစုပ်လိုက်လို့များ၊ ဦးဘသာ စုန်းပညာတွေမတတ်တော့တာလားပဲ၊ စုန်းပညာတွေ ပျောက်ကွယ်သွားလို့ သူကစုန်းတစ်ယောက်ဆိုတာတောင် မသိတော့တာလားဗျာ။
အတွဲ(၃) ပြီး၏။
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ
Zawgyi Version
“စုန္းထီးႀကီး ဦးဘသာႏွင့္ တစ္ခုေသာ လကြယ္ည”(စ/ဆုံး)
—————————————————————————
အတြဲ(၃) စာစဥ္ (၁၉)
(၁)
မနက္မိုးလင္းစားေသာက္ၿပီးတာနဲ႔ အေမေပးလိုက္တဲ့ ထမင္းေတာင္းကေလးထမ္းၿပီးေတာ့ အိမ္ကထြက္လာခဲ့တာေပါ့ဗ်ာ၊ လမ္းမွာေတာ့ ကိုျမင့္တို႔နဲ႔ေတြ႕သဗ်၊
“အလတ္ေကာင္၊ ငါတို႔ ဒီညေနပဲ သြားၾကည့္ၾကမယ္ေဟ့”
“ဘယ္လိုလုပ္မလဲ ေျပာပါအုံး”
ဘုရားပ်က္ကုန္းအနားက ေတာတန္းထဲကေန ေခ်ာင္းမယ္ကြာ၊ အဲဒီေနရာကေနဆိုရင္ ေညာင္ပင္ကို အေပၚစီးကေန ေကာင္းေကာင္းျမင္ရတယ္မဟုတ္လားကြ၊ အနားအရမ္းကပ္ရင္ ငါတို႔ကို မင္းရဲ႕ဘိုးေတာ္ သတိထားမိသြားအုံးမယ္ကြ”
“ေအးပါဗ်ာ၊ ခင္ဗ်ားအဆင္တို႔ အဆင္ေျပသလိုသာလုပ္ၾကပါ”
“ေအာင္မယ္၊ မင္းအခုမွ ဘယ္ေျပးမလို႔လည္း၊ မရဘူးအလတ္ေကာင္၊ ငါတို႔ေခ်ာင္းရင္ မင္းလည္းလိုက္လာရမယ္”
“ဘာဗ်၊ က်ဳပ္မွ မအားတာပဲဗ်ာ”
“လုပ္ျပန္ၿပီကြာ၊ ေက်ာ္ေခါင္ကလည္း မလိုက္ႏိုင္ဘူးတဲ့၊ ဒီေတာ့ ငါနဲ႔ဖိုးသားက ဒီဘိုးေတာ္ကိုယုံတဲ့လူေတြမဟုတ္ဘူးကြ၊ ငါတို႔ႏွစ္ေယာက္တည္း ေတြ႕ခဲ့တာကို ေျပာရင္ ငါတို႔က မလိုလို႔တမင္ေျပာတယ္လို႔ထင္ၾကမွာ၊ ဒီေတာ့ မင္းလည္းလိုက္ရလိမ့္မယ္၊ မင္းက သူ႔ဖက္က မဟုတ္လား”
“ထားပါေတာ့ဗ်ာ၊ ဒါနဲ႔ က်ဳပ္က ဒီညေနက်ရင္ အဲဒီဘုရားပ်က္ကုန္းဘက္ကို လာဖို႔ရွိတယ္၊ ဟိုဘုရားဒကာေတြကို လာျပရမွာ”
“ဟာ၊ အေတာ္ပဲေပါ့ကြာ၊ ညေနသူတို႔ျပန္သြားေပမယ့္ မင္းက ငါတို႔နဲ႔ ေနခဲ့ေပါ့ကြ၊ ဒါနဲ႔ အခုဘယ္သြားမလို႔လဲ”
“ထုံးစံအတိုင္း ဘိုးေတာ္ကို ထမင္းပို႔ဖို႔ေပါ့ဗ်ာ”
က်ဳပ္လည္းေျပာၿပီးေတာ့ ခပ္သြက္သြက္ထြက္လာခဲ့တာေပါ့ဗ်ာ၊ ႐ြာအထြက္နားေရာက္ေတာ့ ဟိုးခပ္လွမ္းလွမ္းမွာ အမဲသားသည္ မိန္းမႏွစ္ေယာက္လာတယ္ဗ်၊ က်ဳပ္ကိုေတာ့ ျမင္ပုံမရဘူး၊ ေနာက္ေတာ့ ႐ြာလမ္းအတိုင္းမလာဘဲနဲ႔ တမာတန္းမေရာက္ခင္ ေတာတန္းထဲကို ခ်ိဳးဝင္သြားပါေရာဗ်ာ၊ က်ဳပ္လည္း အစကေတာ့ ဒီမိန္းမေတြ အေပါ့ေတြ၊ အေလးေတြ ဝင္စြန႔္တယ္ထင္ေနတာ၊ က်ဳပ္အဲဒီအနားကို ေရာက္လာတဲ့အထိ သူတို႔က ျပန္ထြက္မလာဘူး၊ က်ဳပ္လည္း ထမင္းပို႔ရမွာဆိုေတာ့ ေတာတန္းထဲကိုတိုးခဲ့တာေပါ့ဗ်ာ၊ ဘုရားပ်က္ကုန္းနားမေရာက္ခင္မွာ ခ်ဳံပင္ေတြရွိတယ္ဗ်။ ခ်ဳံပင္ေတြက လူတစ္ရပ္ေက်ာ္ေအာင္ျမင့္ၿပီး ပိတ္ေနေအာင္ေပါက္တာ၊ က်ဳပ္ခ်ဳံနားေရာက္ေတာ့ ဘုရားပ်က္ကုန္းမွာ စကားေျပာသံေတြၾကားရတယ္။
အသံေတြကို ပီပီသသၾကားရေပမယ့္ ဘာေတြေျပာေနမွန္းမသိဘူးဗ်ာ၊ ကုလားစကားေတြလိုလိုပဲ၊ က်ဳပ္လည္း သိခ်င္လို႔ ခ်ဳံကိုၿဖဲၾကည့္ေတာ့ ခုနက မိန္းမႏွစ္ေယာက္က ေျမျပင္မွာေဆာင့္ေၾကာင့္ထိုင္ေနတယ္ဗ်၊ သူတို႔အေရွ႕မွာေတာ့ က်ဳပ္ဟိုတစ္ေန႔က ေတြ႕ခဲ့တဲ့လူႀကီးက ထိုင္လို႔ဗ်၊ အသားအရည္ကေတာ့ ခပ္လတ္လတ္၊ ေထာင္ေထာင္ေမာင္းေမာင္းနဲ႔ ရွမ္းဝတ္စုံအနက္ႀကီးဝတ္ထားတာဗ်၊ ႏႈတ္ခမ္းေမႊးစစနဲ႔ မ်က္လုံးမ်က္ခန္ေကာင္းေကာင္းဆိုတာ့ အေတာ္ေခ်ာတဲ့လူလို႔ ေျပာရမွာပဲဗ်ာ၊ ေခ်ာတယ္ဆိုတာထက္ ခန႔္တယ္လို႔ေျပာရင္ပိုမွန္မွာဗ်၊ ဒါနဲ႔ အဲဒီေဈးသည္ညီအမက စကားေတြေျပာေနရင္း ေတာင္းၿပဲႀကီးထဲကေန အမဲသားေတြကို ဖက္နဲ႔ထုပ္ၿပီးေပးတယ္ဗ်၊ အမဲသားအတုံးလိုက္ႀကီးကို ေပးခဲ့တာ၊ က်ဳပ္လည္းၾကည့္ေနရင္း ေဝခြဲမရဘူးေပါ့ဗ်ာ။
ေနာက္ေတာ့ သူတို႔ေတြထြက္လာတာနဲ႔ က်ဳပ္လည္း ခ်ဳံကြယ္တစ္ခုမွာ ထိုင္ခ်ရင္း ပုန္းေနလိုက္တာေပါ့၊ သူတို႔ညီအမကေတာ့ စကားတေျပာေျပာနဲ႔ ထြက္သြားတာပဲ၊ က်ဳပ္ျပန္ၾကည့္လိုက္ေတာ့ ဘုရားပ်က္ကုန္းမွာ ဘယ္သူမွမရွိေတာ့ဘူးဗ်။ ဘုရားပ်က္ကုန္းမွာေနတဲ့ သရဲႀကီးကိုမ်ား အမဲသားေတြလာေကြၽးတာလားမသိပါဘူးဗ်ာ၊ က်ဳပ္လည္း ေၾကာက္ေၾကာက္နဲ႔ ဘုရားပ်က္ကုန္းကို ေကြ႕ၿပီး ေညာင္ပင္ႀကီးဆီကိုလာခဲ့တာေပါ့ဗ်ာ။
ေညာင္ပင္ေအာက္ေရာက္ေတာ့ ကိုခင္ေမာင္က ထိုင္ေနတယ္ဗ်။
“ငါေမ့လို႔ကြ၊ မနက္ျဖန္ကစၿပီးေတာ့ ငါ့ကိုထမင္းပို႔စရာမလိုေတာ့ဘူး”
“ဗ်ာ၊ ဘာျဖစ္လို႔လဲ”
“က်င့္စဥ္ေအာင္ၿပီေလကြာ၊ ဒီညပဲ ႐ုကၡစိုးမင္းက ငါ့ကိုပညာေတြအပ္ေပးမယ္တဲ့”
“ဘာပဲေျပာေျပာ၊ ဝမ္းသာစရာႀကီးပါဗ်ာ၊ ဒါနဲ႔ က်ဳပ္ကိုမေမ့ဘူးလို႔ေျပာတယ္မဟုတ္လား”
ကိုခင္ေမာင္ကရယ္တယ္ဗ်။
“ဟား၊ ဟား ေအးပါကြာ”
ကိုခင္ေမာင္က ေညာင္႐ြက္တစ္႐ြက္ခူးလိုက္ၿပီးေတာ့ သူ႔ပုဆိုးနဲ႔ပြတ္ရင္း ကြမ္းယာ ယာသလိုမ်ိဳး ယာေပးတယ္၊ ၿပီးေတာ့က်ဳပ္ကိုလွမ္းေပးတယ္ဗ်။
“ကြမ္းဝါးသလို ဝါးလိုက္စမ္းကြာ”
က်ဳပ္လည္း ေညာင္႐ြက္လိပ္ကိုၾကည့္ေနတာေပါ့။
“ဘာလို႔လဲဗ်”
“ဝါးလိုက္ရင္း မင္းက သိဒၵိဆယ္ပါးထဲက သိဒၶိနည္းနည္းပါးပါးရမယ္ကြ၊ ပီယသိဒၶိေပါ့ကြာ”
ပီယဆိုတဲ့ စကားၾကားတာနဲ႔ က်ဳပ္လည္း ပါးစပ္ထဲအတင္းထိုးထည့္ၿပီး ဝါးလိုက္တာေပါ့ဗ်ာ၊ ကြမ္းတံံံံေတြးလို ေထြးထုတ္ရင္ သိဒၶိေတြနည္းသြားမွာစိုးလို႔ အကုန္ၿမိဳခ်လိုက္ေတာ့ ဖန္လိုက္ခါးလိုက္တာ ေျပာမေနပါနဲ႔ေတာ့ဗ်ာ။ က်ဳပ္စားေနတာကိုၾကည့္ရင္း ကိုခင္ေမာင္ကၿပဳံးတယ္။
“ဟား၊ ဟား ရၿပီ၊ သိဒၶိေတြရၿပီေဟ့”
“ဘာမွလည္းမထူးပါလား”
“အိုကြာ၊ ခုေရတြင္းတူး ခုေရၾကည္ေသာက္လို႔ ရမလားကြ၊ ကဲကဲ၊ ၿပီးရင္ျပန္ေတာ့”
က်ဳပ္လည္း ေခါင္းညိတ္ၿပီးျပန္ခဲ့တာေပါ့ဗ်ာ၊ အဲဒီတစ္ေန႔ေတာ့ ဘာမွကိုမထူးပါဘူးဗ်ာ၊ လယ္ထဲလည္းမဆင္းဘူးဆိုေတာ့ အိမ္မွာဘဲ ဟိုဟာလုပ္လိုက္၊ ဒီဟာလုပ္လိုက္ေပါ့၊ ညေနေရာက္ေတာ့ အေဖက အဝတ္အစားအသစ္ေတြလဲတယ္ဗ်၊ အခ်ိန္ကေတာ့ ညေနသုံးနာရီေလာက္ရွိမွာေပါ့ဗ်ာ။
“အလတ္ေကာင္ေရ၊ ဦးမင္းလူတို႔ သားအဖေတြဘုရားပ်က္ကို သြားၾကည့္မယ္မဟုတ္လားကြ၊ ဒီေတာ့ ငါတို႔လိုက္ပို႔ရေအာင္ေဟ့”
က်ဳပ္ရယ္၊ အေဖရယ္၊ အကိုႀကီးရယ္ထြက္ခဲ့တာေပါ့ဗ်ာ၊ ႐ြာဦးေက်ာင္းမွာလည္း လူေတြစည္ကားလို႔ဗ်၊ ဒါနဲ႔ခဏေလာက္ၾကာေတာ့ ဦးမင္းလူတို႔ သားအဖေတြနဲ႔ က်ဳပ္တို႔သားအဖသုံးေယာက္အတူတူ႐ြာျပင္ထြက္ခဲ့တာေပါ့ဗ်ာ၊ သူႀကီးလည္းပါတယ္၊ က်ဳပ္တို႔လည္းပါတယ္ဆိုေတာ့ တျခားလူေတြ သိပ္မေခၚလာေတာ့ပါဘူး။ ဘုရားပ်က္ကုန္းက သရဲေျခာက္တယ္၊ ေနာက္ၿပီး က်ဳပ္လည္း အခုတစ္ေလာ ရွမ္းသရဲတစ္ေကာင္ေတြ႕ထားတယ္ဆိုေတာ့ လူကလည္း ခပ္လန႔္လန႔္ေပါ့ဗ်ာ။
ဒါေပမယ့္လည္း အေဖတို႔၊ အကိုႀကီးတို႔ပါတယ္ဆိုေတာ့ စိတ္ထဲနည္းနည္းေတာ့ စိတ္ခ်ရတယ္၊ ဒါ့အျပင္ ၾကယ္စင္နဲ႔ ေ႐ႊစင္လို႔ေခၚတဲ့ ဦးမင္းလူရဲ႕သမီးႏွစ္ေယာက္လည္း ပါလာေသးတယ္မဟုတ္လား။
“သတိေတာ့ထားၾကဗ်၊ အဲဒီဘုရားပ်က္ကုန္းက သရဲေျခာက္တယ္”
သရဲဆိုတာ ၾကားလိုက္တာနဲ႔ ၾကယ္စင္နဲ႔ ေ႐ႊစင္က က်ဳပ္အနားကိုကပ္လာတယ္ဗ်၊ က်ဳပ္နဲ႔အသားခ်င္းေတာင္ မထိတထိျဖစ္လာခဲ့တာ၊ အဲဒီမွာ ဦးမင္းလူတို႔က ဘုရားပ်က္ႀကီးကို အေသအခ်ာၾကည့္ေတာ့တာပဲဗ်ာ၊ ၿပိဳပ်က္ေနတဲ့ဘုရားႀကီးရယ္၊ ဘုရားအေရွ႕နားက ျခေသၤ့႐ုပ္လိုလို အပ်က္တစ္ခုရယ္၊ ေနာက္ၿပီး တန္ေဆာင္းေနရာေတြ၊ ဘာေတြကို အေဖကလိုက္ျပတာေပါ့ဗ်ာ၊ ဟိုေကာင္မေလးႏွစ္ေယာက္ကေတာ့ က်ဳပ္အနားက မခြာဘူးေပါ့ဗ်ာ။
ဒီလိုနဲ႔ၾကည့္ေနၾကရင္း ဦးမင္းလူက အေဖ့ဘက္ကိုလွည့္ၿပီးေတာ့
“ရၿပီသူႀကီး၊ ခင္ဗ်ားျပန္ေတာ့”
အေဖက ေခါင္းညိတ္ၿပီးေတာ့ ျပန္သြားတာဗ်၊ က်ဳပ္လည္း အံ့ၾသေနမိတာေပါ့။ ဦးမင္းလူက အကိုႀကီးဘက္ကိုၾကည့္ေနရင္း
“ေဟ့ေကာင္၊ မင္းလည္းျပန္ေတာ့”
အကိုႀကီးလည္း ေခါင္းကိုဆတ္ခနဲညိတ္ၿပီး ေတာတန္းထဲက ထြက္သြားပါေရာဗ်ာ၊ က်ဳပ္လည္းထူးဆန္းသြားတယ္ေလ၊ ဘာတစ္ခုမွေတာင္ မေမးေတာ့ဘဲ အေဖနဲ႔အကိုႀကီးက ဦးမင္းလူႀကီးက ျပန္ဆိုတာနဲ႔ ျပန္သြားၾကတာမဟုတ္လား။ က်ဳပ္လည္း အေဖတို႔ေနာက္ေျပးလိုက္တာေပါ့။
“အေဖ၊ အကိုႀကီး”
ဒီအခါ ဦးမင္းလူႀကီးက က်ဳပ္ကိုလက္ညႇိဳးထိုးၿပီးေတာ့
“ေဟ့ေကာင္၊ မင္းက ၿငိမ္ၿငိမ္ေနစမ္း”
“မေနပါဘူးဗ်ာ၊ အေဖတို႔ကို ဘာျဖစ္လို႔ျပန္ခိုင္းလိုက္တာလဲဗ်”
က်ဳပ္က အေဖ့အေနာက္ကိုေျပးလိုက္သြားေတာ့ ဦးမင္းလူႀကီးက အထူးအဆန္းနဲ႔ၾကည့္တယ္ဗ်၊ ၿပီးေတာ့ သူ႔သမီးႏွစ္ေယာက္ကိုၾကည့္ၿပီး
“ညည္းတို႔ႏွစ္ေယာက္၊ သူ႔ကိုဖမ္းထားလိုက္စမ္း”
အဲဒီအခါ က်ဳပ္က အေရွ႕ကိုသြားေနေပမယ့္္ အေနာက္ကိုျပန္ၿပီးေရာက္သြားတယ္ဗ်၊ က်ဳပ္က အေရွ႕ကိုေျခလွမ္းေပမယ့္ ေ႐ြ႕တာက်ေတာ့ အေနာက္ကိုပဲေ႐ြ႕တယ္၊ က်ဳပ္လွည့္ၾကည့္လိုက္ေတာ့ ၾကယ္စင္နဲ႔ ေ႐ႊစင္က က်ဳပ္ကိုၿပဳံးၾကည့္ေနၿပီးေတာ့ လက္ယပ္ေခၚတယ္။
“လာ၊ လာ ငါတို႔ဆီကိုလာ”
က်ဳပ္ေျခလွမ္းေတြကို ရပ္တန႔္ပစ္လိုက္တယ္၊ ဒါေပမယ့္ ေျခေထာက္ေတြက တ႐ြတ္တိုက္ၿပီးေတာ့ အဲဒီၾကယ္စင္နဲ႔ ေ႐ႊစင္အနားကို ေရာက္သြားေရာဗ်ိဳ႕။ သူတို႔ႏွစ္ေယာက္က က်ဳပ္လက္ေမာင္းကို တစ္ဖက္တစ္ေယာက္ ကိုင္ဖက္ထားတယ္၊ မိန္းမေခ်ာကေလးႏွစ္ေယာက္က က်ဳပ္ကိုဆြဲထားတယ္ဆိုေပမယ့္လည္း က်ဳပ္စိတ္ကဘာေၾကာင့္မွန္းမသိ၊ သူတို႔ကိုေၾကာက္လန႔္ေနမိတာပဲဗ်ာ။
“က်ဳပ္၊ က်ဳပ္ကိုဘာလုပ္ၾကမလို႔လဲ”
“ဘာမွမလုပ္ပါဘူးကြ၊ မင္းရွိမွ ငါတို႔ေခၚခ်င္တဲ့လူက လိုက္လာမွာမဟုတ္လား”
“ေနပါအုံး ခင္ဗ်ားတို႔က ဘယ္သူ႔ကိုေခၚမွာလဲဗ်”
ဦးမင္းလူက ရယ္ေမာလိုက္ရင္း
“ဟား၊ ဟား၊ ဦးဘသာေပါ့ကြာ”
“ဟာဗ်ာ၊ ဦးဘသာကိုေခၚခ်င္တာမ်ား၊ က်ဳပ္ေျပးေခၚေပးလို႔ရရဲ႕သားနဲ႔”
“ေဟ့ေကာင္ စကားမရွည္နဲ႔၊ ကဲ ေကာင္မေလးေတြ ဒီေကာင့္ကို ေခၚသြားၾက”
က်ဳပ္ကို ေကာင္မေလးေတြက ဖမ္းခ်ဳပ္သြားတာဗ်ာ၊ က်ဳပ္ျဖင့္ အားကုန္သုံးၿပီး ႐ုန္းေပမယ့္ ႐ုန္းမရဘူးဗ်၊ က်ဳပ္လည္း ဒီလူေတြက တစ္ခုခုဆိုတာကို သိသြားၿပီေလဗ်ာ၊ ဒါနဲ႔ စိတ္ထဲကေန ဦးဘသာကိုပဲ ေခၚေနမိတယ္။ ေနာက္ဆုံးေတာ့ ဖက္လိပ္႐ြာရဲ႕အစြန္၊ ေရတြင္းပ်က္ႀကီးနားက သားသတ္ကုန္းကိုေရာက္လာခဲ့ၾကတယ္၊ အဲဒီေနရာမွာ ေဈးသည္မႏွစ္ေယာက္က ထိုင္ေနလို႔ဗ်၊
“ဟင္၊ ခင္ဗ်ားတို႔ ဒီမွာဘာလုပ္ေနၾကတာလဲ”
ဦးမင္းလူက က်ဳပ္ကိုၾကည့္ၿပီး
“လွ်ာမရွည္နဲ႔၊ ကဲ သူ႔ကိုၾကည့္ထားၾကစမ္း၊ ငါ့အစီအရင္ေတြကို အသုံးခ်ေတာ့မယ္”
ဦးမင္းလူက ႐ြာဘက္ကိုလွည့္္ၾကည့္ၿပီးေတာ့ လက္ဟန္ေျခဟန္ေတြမ်ိဳးစုံလုပ္ရင္း ပါးစပ္ကလည္း မႏၲန္ေတြ႐ြတ္ေနတယ္ဗ်၊ ဟိုးခပ္လွမ္းလွမ္းမွာ ႐ြာဆီကို ငိုက္စိုက္ ငိုက္စိုက္နဲ႔ေလွ်ာက္သြားတဲံ အေဖနဲ႔အကိုႀကီးကိုေတာင္ လွမ္းျမင္ေနရပါေသးတယ္။ ဆယ့္ငါးမိနစ္ေလာက္ၾကာေတာ့မွ ဦးမင္းလူက ရပ္လိုက္တယ္။
“ဟား၊ ဟား၊ ရၿပီ၊ အစီအရင္ေတြအလုပ္ျဖစ္ၿပီ၊ ငါတို႔ေနာက္ဆုံးတစ္ခုပဲက်န္ေတာ့တယ္၊ အဲဒါကေတာ့ ဘသာကိုေခၚဖို႔ပဲ”
“ဟား၊ ဟား၊ မင္းတို႔မေခၚလည္း ငါေရာက္လာၿပီကြ”
သစ္ပင္ေတြၾကားထဲကေန ဦးဘသာထြက္လာတယ္ဗ်၊ က်ဳုပ္ျဖင့္ အံ့ၾသလိုက္တာ ေျပာမေနပါနဲ႔ဗ်ာ။ ဦးဘသာက ဦးမင္းလူတို႔ ငါးေယာက္ကိုၾကည့္ရင္း
“ေအာင္မာ၊ မင္းတို႔လူငါးေယာက္ေလာက္က ငါ့ကိုႏိုင္မယ္လို႔ထင္လို႔လားကြ”
ဒီအခါ ဦးမင္းလူႀကီးက ရယ္တယ္ဗ်။
“ဟား၊ ဟား ဒါေတာ့ ဦးဘသာႀကီးက က်ဳပ္တို႔ကိုေလွ်ာ့တြက္လြန္းသြားၿပီထင္တယ္၊ ဟုတ္ပါတယ္၊ က်ဳပ္တို႔ငါးေယာက္က ဦးဘသာကို မႏိုင္ေလာက္ပါဘူး၊ ဒါေပမယ့္္ လူမစုံေသးဘူးဗ်၊ တျခားလူေတြလည္းရွိေသးတယ္”
က်ဳပ္က ဦးဘသာကိုျမင္ေတာ့ အတင္း႐ုန္းကန္တယ္ဗ်၊ ဦးဘသာက က်ဳပ္ကိုၾကည့္ၿပီး ၾကယ္စင္နဲ႔ ေ႐ႊစင္ကို မ်က္ေစာင္းထိုးလိုက္ေတာ့ ဟိုႏွစ္ေယာက္က က်ဳပ္ကိုလႊတ္ေပးလိုက္တယ္ဗ်၊ က်ဳပ္လည္း ဦးဘသာအနားကိုေျပးသြားလိုက္တာေပါ့ဗ်ာ၊
“ဦးဘသာ၊ ဘာေတြျဖစ္ကုန္ၿပီလဲ”
ဦးဘသာက က်ဳပ္ကိုၾကည့္္ရင္း
“မင္းကိုငါမေျပာဘူးလား၊ ဧည့္သည္ေတြလာတာ ထူးဆန္းေနပါတယ္လို႔”
“ဘာ . . . ဘာေတြထူးဆန္းေနလို႔လဲဦးဘသာ၊ က်ဳပ္ေတာ့ ဘာမွမေတြးတတ္ေတာ့ဘူး”
ဒီအခါ ဦးမင္းလူႀကီးက ရယ္ေမာလိုက္ၿပီးေတာ့ သူ႔ေခါင္းကိုလက္နဲ႔ကိုင္လိုက္တယ္၊ ေနာက္ေတာ့ သူ႔ဆံပင္ေတြၾကားထဲကို လက္နဲ႔စမ္းေနေသးတယ္၊ ၿပီးေတာ့ လက္ကိုဆြဲထုတ္လိုက္ေတာ့ အပ္တစ္ေခ်ာင္းပါလာတယ္ဗ်၊ ဦးမင္းလူက အပ္ကိုဆြဲထုတ္လိုက္တာနဲ႔ သူ႔ပံုံစံံႀကီးကလည္း ေျပာင္းသြားတာပဲဗ်ာ၊ က်ဳပ္လည္း ဦးမင္းလူ႐ုပ္ကိုေသခ်ာၾကည့္ၿပီးေတာ့မွ မ်က္လံုံးျပဴးသြားေတာ့တာ။
“ဟာ၊ ခင္ဗ်ား၊ ခင္ဗ်ားက စ႑ာလဦးေလးႀကီးပဲ”
“ဒီလိုဆိုေတာ့လည္း မင္းက ငါ့ကိုမွတ္မိသားပဲ”
စ႑ာလဦးေလးႀကီးက ကေဝပ်ံံႀကီးေလဗ်ာ၊ က်ဳပ္ဝမ္းႏႈတ္ေဆးေတြ မတရားေကြၽးလိုက္လို႔ ဝမ္းေလ်ာၿပီး ျပန္ေျပးသြားရတဲ့သူႀကီးေပါ့။ ဒါဆို သူ႔သမီးႏွစ္ေယာက္ဆိုတာကေရာ၊ က်ဳပ္လည္း သမီးႏွစ္ေယာက္ကိုၾကည့္လိုက္တယ္၊ ၾကယ္စင္နဲ႔ ေ႐ႊစင္နဲ႔က သူတို႔ေခါင္းထဲက အပ္ေတြကိုထုတ္လိုက္တယ္ဗ်ာ။
“ဟာ၊ ဘီလူး၊ ဘီလူးမႀကီး”
“ဟဲ့ေကာင္ေလး ငါ့နာမည္က်င္ရီေလ၊ ေသြးလက္ဝါး က်င္ရီ”
မ်က္ႏွာက ဘီလူးမ်က္ႏွာႀကီးနဲ႔ က်င္ရီျဖစ္ေနတယ္ဗ်။ ေသြးလက္ဝါးက်င္ရီဆိုတာ ေဆးဆရာဦးမွတ္ႀကီးကို အေသသတ္ဖို႔လုပ္ခဲ့တာမဟုတ္လားဗ်ာ။ က်ဳပ္လည္း အဲဒီေတာ့မွ ေတြးမိတယ္ဗ်။ မေန႔က ေရခပ္ၿပီးအျပန္ သူတို႔ညီအမ စကားေျပာေနတုန္း အငယ္မက ၾကယ္စင္ကို အမရီလို႔ ေခၚလိုက္တယ္မဟုတ္လား၊ အမရီဆိုတာ က်င္ရီကို အဖ်ားဆြတ္ေခၚတာျဖစ္ေလာက္တယ္။
က်ဳပ္အံ့ၾသေနတုန္းမွာပဲ ေဘးနားက ေ႐ႊစင္ဆိုတဲ့မိန္းကေလးကလည္း အႏူႀကီးတစ္ေယာက္ျဖစ္သြားတယ္ဗ်ာ၊ ႏွာေခါင္းထိပ္ေတြျပတ္က်ေနၿပီးေတာ့ မ်က္ႏွာမွာလည္း သနပ္ခါးတံုံးက အေပြးေတြလန္သလိုမ်ိဳး အႏူေတြစြဲေနတာဗ်၊ က်ဳပ္ျဖင့္ သူ႔ကိုျမင္ၿပီးေတာ့ အန္ခ်င္လိုက္တာေျပာမေနပါနဲ႔ေတာ့။
“ခင္ဗ်ားကို က်ဳပ္သိတယ္၊ ခင္ဗ်ားက ေအာက္လမ္းဘေသာ္ရဲ႕မိန္းမ၊ စုန္းမေလးမဟုတ္လား၊ က်ဳပ္ကိုႏူေအာင္ဆိုၿပီး ပညာစက္နဲ႔လုပ္ထည့္လိုက္တာ က်ဳပ္က ဦးဘသာလုပ္ေပးထားတဲ့ တန္ျပန္အစီအရင္နဲ႔မို႔လို႔ ခင္ဗ်ားရဲ႕ပညာ ခင္ဗ်ားကိုျပန္ထိၿပီးေတာ့ ႏူသြားတယ္မဟုတ္လား”
ေကာင္မေလးက က်ဳပ္ကို ေဒါသတဝင္းဝင္းထြက္ေနတဲ့ မ်က္ေစာင္းထိုးၿပီးၾကည့္ေနတယ္ဗ်၊ ဒီေတာ့ က်ဳပ္က ေဈးသည္ညီအမဘက္ကိုလွည့္လိုက္ျပန္ေရာ။
“ခင္ဗ်ားတို႔က ဘယ္သူေတြလဲ”
ဦးဘသာက က်ဳပ္ကိုၾကည့္ရင္း
“မင္းသူတို႔ႏွစ္ေယာက္ကို မမွတ္မိဘူးလားကြ၊ ငါနဲ႔ပညာၿပိဳင္ရင္း ရႈံးသြားတဲ့ ေဒြးေခ်ာင္း႐ြာက မိေအးနဲ႔ မိေသး စုန္းညီအမေလဗ်ာ”
“ဟာ၊ မွတ္မိၿပီ၊ ဒါေၾကာင့္က်ဳပ္လည္း သူတို႔ကိုျမင္ဖူးသလိုလိုပဲလို႔ ထင္ေနတာဗ်ာ၊ ပုပု၀၀နဲ႔က မိေအး၊ ပိန္ပိန္ရွည္ရွည္က မိေသးမဟုတ္လား”
မိေအးနဲ႔ မိေသးက က်ဳပ္ကိုမဲ့႐ြဲ႕ၿပီးေတာ့ ၾကည့္ေနၾကတယ္။ ဦးဘသာက ခါးေထာက္လိုက္ၿပီး
“ဒါပဲလားကြ”
“ကြၽန္မက်န္ေသးတယ္”
ဦးဘသာေျပာလိုက္ေတာ့ က်ဳပ္တို႔အေနာက္ကေနအသံၾကားလိုက္ရတယ္ဗ်။ ဆံံပင္အရွည္ႀကီးနဲ႔ မိန္းမတစ္ေယာက္က ေရအိုးကေလးပိုက္ၿပီး တျဖည္းျဖည္းနဲ႔လမ္းေလွ်ာက္လာတယ္ဗ်၊ လမ္းေလွ်ာက္လာရင္း သူ႔ပုံစံက တျဖည္းျဖည္းေျပာင္းလဲသြားတယ္၊ က်ဳပ္လည္း ၾကည့္ေပမယ့္ သူ႔ကိုမမွတ္မိဘူး။ ဒါနဲ႔ ဦးဘသာကိုလက္ကုပ္ၿပီးေတာ့
“သူက ဘယ္သူလဲဦးဘသာ”
“ဘယ္သူရွိရမလဲကြ၊ ၿမိဳင္သာက နာဂဝံသ ရင္ျမေလ”
က်ဳပ္သိလိုက္ၿပီဗ်၊ မရင္ျမဆိုတာ က်ဳပ္တို႔ခရီးထြက္ေတာ့ က်ဳပ္ကိုမလွိမ့္တစ္ပတ္နဲ႔ေခၚသြားၿပီးေတာ့ သူ႔အိမ္မွာ ဦးဘသာနဲ႔ပညာၿပိဳင္ခဲ့ေသးတယ္မဟုတ္လား။ ဆံပင္အရွည္ႀကီးေတြ႕ကတည္းက က်ဳပ္မွတ္မိလိုက္ရမွာဗ်ာ။
ဒီအခ်ိန္မွာပဲ ေကာင္းကင္မွာ က်ီးအုပ္ႀကီးတစ္အုပ္ ပ်ံံသန္းလာတယ္၊ က်ီးေတြက အေကာင္ငါးဆယ္ေလာက္ရွိမယ္ဗ်၊ ေကာင္းကင္တစ္ခြင္မွာ ေဝ့ဝိုက္ပ်ံသန္းေနရင္းနဲ႔ ေနာက္ဆံုံးေတာ့ ေျမႀကီးေပၚကို အုပ္စုလိုက္ႀကီးထိုးဆင္းလာတယ္ဗ်ာ၊ အဲဒီက်ီးကန္းေတြက ေျမႀကီးကိုထိသြားတာနဲ႔ အဘြားႀကီးတစ္ေယာက္အျဖစ္ ေျပာင္းလဲသြားေတာ့တာပဲ။
“ဟင္း၊ ဟင္း၊ နင္တို႔ ငါ့ကိုေရာေမ့ေနၾကၿပီလား”
“မေမ့ပါဘူး ေဒၚအိုဇာရဲ႕”
ဦးဘသာက ျပန္ေျပာလိုက္ေတာ့ ေဒၚအိုဇာႀကီးက ေဒါသထြက္သြားတယ္။
“ငါ့ကို အဲဒီလိုမေခၚနဲ႔”
“ဟား၊ ဟား ခင္ဗ်ားက ဒီေလာက္အသက္ႀကီးေနၿပီးေတာ့ ဆံပင္ေတြျဖဴၿပီး သြားေတြက်ိဳးေနတာေတာင္မွ အိုဇာလို႔ေခၚတာ မႀကိဳက္ဘူးတဲ့လား”
ဦးဘသာက ေထ့ၿပီးေျပာလိုက္တာ့ ဘြားေတာ္ႀကိး ေတာ္ေတာ္ေဒါသထြက္သြားတာဗ်၊ မရင္ျမက လက္ဆြဲထားေတာ့မွသာ ၿငိမ္က်သြားတာ၊ ေဒၚအိုဇာဆိုတာကေတာ့ က်ဳပ္တို႔ကားစီးေနတဲ့အခ်ိန္ ကားေပၚအထိလိုက္ၿပီး ပညာၿပိဳင္သြားတဲ့ ဘြားေတာ္ေပါ့ဗ်ာ၊ သူ႔အဆင့္ကလည္း မေသးဘူးဗ်၊ သူကလည္း ကာကေဇာ္ဂနီမဟုတ္လား။
ဒါနဲ႔ စ႑ာလကေဝပ်ံရယ္၊ ေသြးလက္ဝါးက်င္ရီရယ္၊ စုန္းမေလးရယ္၊ မိေအး နဲ႔ မိေသး ညီအမ၊ နာဂဝံသ မရင္ျမနဲ႔ ေဒၚအိုဇာ စုစုေပါင္း ခုနစ္ေယာက္ရွိသြားၿပီေပါ့ဗ်ာ။
(၂)
“မင္းတို႔ကတစ္ခါတည္း အႀကံအစည္နဲ႔လုပ္ၾကတာပဲကြ”
ဦးဘသာကေျပာလိုက္ေတာ့ စ႑ာလႀကီးက ေခါင္းညိတ္တယ္။
“ဒါေပါ့ဗ်ာ၊ တစ္႐ြာလုံးကိုလည္း က်ဳပ္တို႔က အင္းေတြျမႇဳပ္ၿပီးသား၊ ဒါတင္မကေသးဘူး အင္းေတြကို အမဲသားပုံစံံေျပာင္းၿပီးေတာ့ ႐ြာကလူေတြကို ခုနစ္ရက္တိတိေကြၽးထားၿပီးသားဗ်၊ ဒါေၾကာင့္ က်ဳပ္တို႔ဘာလုပ္ေနတယ္ဆိုတာကို ႐ြာကလူေတြက သိလည္းသိမွာ မဟုတ္ဘူး၊ ျမင္လည္းျမင္မွာမဟုတ္ဘူး၊ ၾကားလည္းၾကားမွာမဟုတ္ဘူးဗ်ာ”
က်ဳပ္လည္း အေတာ္မ်က္လုံးျပဴးသြားတယ္။
“ဒါေၾကာင့္ကိုးဗ်၊ ဒါေၾကာင့္ အေမက အမဲသားဟင္းကိုဆြမ္းေတာ္ကပ္လိုက္တိုင္း အသားတုံးေတြေပ်ာက္ေပ်ာက္သြားတာကိုး၊ က်ဳပ္လည္း ထင္ေနၿပီးသားပါ၊ တန္းျမင့္႐ြာနဲ႔ဒီနဲ႔က ရွစ္မိုင္ေတာင္ေဝးတာကို ခင္ဗ်ားတို႔ ညီအမႏွစ္ေယာက္လာေရာင္းတဲ့ အမဲသားေတြက ေသြးစိမ္းလတ္လတ္နဲ႔ရွိေနေသးတာကိုက်ဳုပ္က ရိပ္စားမိၿပီးသား”
မိေအးက ၿပဳံးလိုက္ၿပီး
“ဟား၊ ဟား၊ ဒါနဲ႔မ်ား စားေကာင္းေကာင္းနဲ႔စားတာပဲမဟုတ္လား”
က်ဳပ္လည္းေခါင္းညိတ္လိုက္ေတာ့တယ္ဗ်၊ ၿပီးေတာ့ ဦးဘသာဘက္ကိုၾကည့္လိုက္တယ္။
“ဦးဘသာ ဘယ္လိုလဲဗ်”
ဦးဘသာက ဘာမွေတာ့ျပန္မေျဖဘူးဗ်။ ဒါေပမယ့္ အေျခအေနကေတာ့ သိပ္ဟန္ပံံုံမရဘူးထင္တယ္။ က်ဳပ္လည္း ဦးဘသာက ဘာမွမေျဖတာနဲ႔ ဦးဘသာအနားကို ကပ္လိုက္ေတာ့ ဦးဘသာက က်ဳပ္ဇက္ပိုးကို လက္နဲ႔႐ိုက္ထည့္လိုက္တာဗ်၊ အားသိပ္ျပင္းလို႔ က်ဳပ္ေတာင္ေခြက်သြားခ်င္တယ္။
“အဲဒါမင္းေၾကာင့္ကြ၊ အလတ္ေကာင္ရ၊ မင္းဆတ္ဆတ္ေဆာ့ေဆာ့နဲ႔ အားလံံုံးေလွ်ာက္လုပ္လို႔ အခုလိုျဖစ္ရတာမဟုတ္လား”
“ဟား၊ ဟား ခင္ဗ်ားမဟုတ္တမ္းတရားေတြ သူမ်ားကိုမစြပ္စြဲပါနဲ႔ဗ်ာ၊ ဒါေတြအားလုံးက ခင္ဗ်ားေၾကာင့္ျဖစ္ရတာ”
က်ဳပ္တို႔အေနာက္ဘက္ ေတာအုပ္ထဲကေန အသံၾကားလို႔လွည့္ၾကည့္လိုက္ေတာ့ ရွမ္းအက်ႌအနက္ဝမ္းဆက္ဝတ္ထားတဲ့ လူႀကီးထြက္လာတယ္ဗ်၊ ဦးဘသာက အဲဒီလူကိုေသခ်ာၾကည့္ၿပီး
“လတ္စသတ္ေတာ့ ဘေမာ္လည္း ပါသကြ”
“ဗ်ာ။ ဘေမာ္ဆိုေတာ့ ဓါးျပေက်ာ္ဘေမာ္ေပါ့၊ ဒါနဲ႔ ဘေမာ္က တစ္ကြၽန္းက်သြားၿပီဆိုဗ်”
“ဟား၊ ဟား ငါလိုလူကို ဘယ္သူကအၾကာႀကီးခ်ဳပ္ထားႏိုင္မွာလဲကြ၊ ငါက ရဲဘက္စခန္းကေန ခိုးထြက္ေျပးလာတာ”
ဦးဘသာက ဘေမာ္ကိုၾကည့္ရင္း
“ဘယ္လိုလဲဘေမာ္ရ၊ စိန္နားကပ္အေရာင္နဲ႔ ပါးေျပာင္မေနစမ္းပါနဲ႔ကြာ၊ မင္းအကို ဘေသာ္ေရာ မပါခဲ့ဘူးလား”
“သိပ္ပါတာေပါ့ဗ်ာ”
ဒီအခ်ိန္ဖက္လိပ္႐ြာလယ္လမ္းကေနၿပီးေတာ့ လူတစ္ေယာက္ထြက္လာတယ္ဗ်၊ အဲဒီလူကေတာ့ ကိုခင္ေမာင္ပဲ၊ က်ဳပ္ျဖင့္မ်က္လံုံးျပဴးသြားတာဗ်။
“ဟာ၊ ကိုခင္ေမာင္ပါလား”
“ဟား၊ ဟား၊ ဟုတ္တယ္၊ အခုနာမည္ကေတာ့ ခင္ေမာင္၊ အရင္နာမည္ကေတာ့ ဘေသာ္ကြ”
“ဒါ၊ ဒါဆို ေအာက္လမ္းဘေသာ္က ကိုခင္ေမာင္ေပါ့”
“သိပ္ေသခ်ာတာေပါ့ကြာ”
ကိုခင္ေမာင္က သူ႔ေခါင္းကိုစမ္းၿပီးေတာ့ ဆံပင္ၾကားထဲက အပ္ကိုထုတ္လိုက္တယ္ဆိုရင္ပဲ ခ်က္ခ်င္းလူႀကီးတစ္ေယာက္အျဖစ္ေျပာင္းလဲသြားတယ္။ သူ႔႐ုပ္ႀကီးတစ္ခုလံုံး ဇီးေစ့လို အေပါက္အေပါက္ေတြထလို႔ဗ်ာ၊ ႏွာေခါင္းကလည္း ျပတ္က်ေနၿပီးေတာ့ ဆံံပင္ေမႊးတစ္ေမႊးမွမရွိတဲ့အျပင္ မ်က္ခုံးေမႊးေတြေတာင္မရွိဘူး၊ ႐ုပ္ပ်က္ဆင္းပ်က္ႀကီးေပါ့ဗ်ာ။
“ခင္ . . . ခင္ဗ်ားမ်က္ႏွာက ဘယ္လိုျဖစ္တာလဲ”
“မင္းနဲ႔သူနဲ႔ေပါင္းၿပီးေတာ့ ငါ့ကိုမီးရႈိ႕သတ္တာမဟုတ္လား”
က်ဳပ္ျပန္ေတြးလိုက္ေတာ့မွ ကိုးခမ္းအင္းအေၾကာင္းကို ေတြးမိတယ္ဗ်၊ သိမ္ဝင္သပိတ္ကြဲကို မီးဖိုထဲထည့္လိုက္လို႔ ျပာျဖစ္သြားတာမဟုတ္လားဗ်ာ၊ ဒါဆို အဲဒါက ဘေသာ္ေပါ့၊ ဘေသာ္က အားလုံးစီစဥ္ေနတာေပါ့။ က်ဳပ္ေတြးေနတုန္း ဦးဘသာက က်ဳပ္ကိုၾကည့္ၿပီး
“အလတ္ေကာင္၊ မင္း ငါတို႔ခရီးသြားတုန္းက အေၾကာင္းေတြမွတ္မိတယ္မဟုတ္လား၊ မင္းကို ေငြႏွစ္သိန္းေပးၿပီး လုပ္ခိုင္းတာ ဘေသာ္ေပါ့ကြ”
က်ဳပ္လည္းေခါင္းညိတ္လိုက္တယ္၊ ကိုခင္ေမာင္တစ္ျဖစ္လဲ ဘေသာ္က
“ဒါေပါ့၊ ဒါေတြအားလုံးျဖစ္လာေအာင္ က်ဳပ္ပဲစီစဥ္ခဲ့တာ၊ ခင္ဗ်ားဆီမွာ က်ဳပ္က ႐ြာကိုမလုပ္ပါဘူးဆိုတဲ့ သစၥာကိုခံလာရတယ္၊ ဒါနဲ႔ က်ဳပ္မလုပ္ႏိုင္ရင္ေတာင္မွ ခင္ဗ်ားကိုပဲျဖစ္ျဖစ္၊ ဒီေကာင့္ကိုပဲျဖစ္ျဖစ္၊ ခင္ဗ်ားရဲ႕႐ြာသားေတြကိုျဖစ္ျဖစ္ ဒုကၡေပးဖို႔ႀကံခဲ့တယ္၊ ဒါနဲ႔ အင္းေတြအစီအရင္ေတြ လုပ္ေပးတာလည္းက်ဳပ္ပဲ၊ ၿပီးေတာ့ ေဟာဒီက ေမာင္ထင္နဲ႔ က်င္ရီကိုလႊတ္လိုက္တာလည္းက်ဳပ္ပဲ၊ မယဥ္ရဲ႕ဆရာဆိုတာလည္း က်ဳပ္ပါပဲဗ်ာ”
က်ဳပ္ဆို ေတာ္ေတာ္ကိုအံံ့ၾသသြားတာဗ်၊ ဦးဘသာကေတာ့ ဘာမွမေျပာေတာ့ဘူး၊
“အခုလည္း ခင္ဗ်ားႀကီးကို ငရဲျပည္ပို႔ေပးဖို႔ က်ဳုပ္လူေတြစုလာၿပီဗ်၊ ခင္ဗ်ားႀကီးေသရင္ေသ၊ မေသရင္က်ဳပ္တို႔အားလုံးေသမွာပဲ၊ က်ဳပ္တို႔က ခင္ဗ်ားကို စုန္းကိုးေပါက္ ေဖာက္ေတာ့မွဗ်”
ဦးဘသာက သက္ျပင္းခ်တယ္။
“ေအးပါ၊ မင္းတို႔ေျပာသလို ဒါေတြအကုန္လံံုံးက ငါလုပ္ခဲ့တာ၊ အဲဒီေတာ့ ငါ့ကိစၥေတြအကုန္ ငါေခါင္းခံမယ္၊ ဒါေပမယ့္ သူ႔ကိုေတာ့လြတ္ေပးလိုက္ပါကြာ”
“ဟား၊ ဟား ရမလားဗ်၊ က်ဳပ္က ခင္ဗ်ားတင္မကဘူး အဲဒီေကာင္ေလးပါ ေသသြားတာကိုျမင္ခ်င္တာ”
က်ဳပ္ဆိုအေတာ္ထိတ္လန႔္ေနၿပီ၊ ဒီအခ်ိန္မွာပဲ ဦးဘသာက ေခါင္းေပါင္းကိုျပင္ၿပီးေပါင္းလိုက္တယ္။
“လာစမ္းပါကြ၊ မင္းတို႔ရဲ႕ စုန္းကိုးေပါက္ေဖာက္တာ ဘယ္လိုေနသလဲဆိုတာ စမ္းၾကည့္ရတာေပါ့”
“ဦးဘသာ စုန္းကိုးေပါက္ဆိုတာ ဘာလဲဗ်”
ဦးဘသာက က်ဳပ္အနားကိုကပ္လိုက္ၿပီး
“ငါကေျပးဆိုရင္သာ မင္းေရတြင္းပ်က္ဘက္ကိုဦးတည္ၿပီးေျပးေပေတာ့၊ အေနာက္ကို လံုံးဝလွည့္မၾကည့္နဲ႔အလတ္ေကာင္”
“ဟာ၊ ဒါဆို ဦးဘသာကေရာ”
“စုန္းကိုးေပါက္ေဖာက္ရင္ အေဖာက္ခံရတဲ့စုန္းလည္းေသၿပီး ေဖာက္တဲ့စုန္းေတြက ပညာစက္ေတြရတယ္ကြ၊ ဒီလူေတြကိုၾကည့္လိုက္စမ္းကြာ၊ လူတစ္ေယာက္တစ္ေယာက္ခ်င္းဆီကိုေတာင္ ငါကမနည္းတိုက္ခိုက္ခဲ့ရတာဆိုေတာ့ ဒီလူေတြအကုန္လံုံးကို တစ္ၿပိဳင္တည္းေတာ့ ႏိုင္မွာမဟုတ္ဘူးကြ”
“ဟာဗ်ာ”
“မဗ်ာနဲ႔အလတ္ေကာင္၊ ငါကေတာ့ ဘယ္ေန႔ငါေသမလဲဆိုၿပီးေတာ့ င့ါစိတ္ကိုအၿမဲျပင္ဆင္ၿပီးသား၊ ငါေသရမွာမေၾကာက္ဘူး၊ ငါေၾကာက္တာက မင္းေသသြားမွာကိုပဲ၊ ငါေသသြားၿပီးရင္ ဒီလူေတြက မင္းကိုအလြတ္ေပးမွာမဟုတ္ဘူး”
“အဲဒီလိုမလုပ္ပါနဲ႔ဦးဘသာ၊ က်ဳပ္ . . . က်ဳပ္ ဦးဘသာမရွိဘူးဆိုရင္ က်ဳပ္လည္းအသက္မရွင္ခ်င္ေတာ့ဘူးဗ်ာ”
ဦးဘသာက က်ဳပ္ပုခုံးကိုပုတ္ရင္း
“ငါေျပာမယ္အလတ္ေကာင္၊ ငါက က်လူကြ၊ အိုေနၿပီ၊ နာေနၿပီ မၾကာခင္ေသရေတာ့မွာ၊ မင္းကေတာ့ တက္လူ၊ မင္းက ေရွ႕ေလွ်ာက္အလုပ္ေတြအမ်ားႀကီးလုပ္ရအုံးမယ္၊ အသက္ေတြအမ်ားႀကီးရွည္ေအာင္ ေနႏိုင္အုံးမွာကြ ဒီေတာ့ မင္းေသတယ္ဆိုတာ ဘာမွမတန္ပါဘူးကြာ”
“ငါက အလြန္ဆုံးေနာက္ထပ္ေနရ ဆယ္ႏွစ္၊ အႏွစ္ႏွစ္ဆယ္ေပါ့ကြာ၊ ဒီေတာ့ အခုအခ်ိန္မွာ ေသသြားလို႔လည္း ႐ြာမွာလူတစ္ေယာက္ေလ်ာ့သြားတာကလြဲလို႔ ဘာမွျဖစ္မသြားဘူး၊ ငါေျပာတာနားေထာင္စမ္းပါ၊ ငါက ေျပးဆိုတာနဲ႔၊ မင္း ေဟာဟိုက ေရတြင္းပ်က္ဆီကိုသာ ဦးတည္ၿပီးေျပးေတာ့”
“ခင္ဗ်ားတို႔ လူေသေတြအခ်င္းခ်င္းဘာေတြေျပာေနၾကတာလဲဗ်၊ ကဲ ရင္ျမေရ စလိုက္ေတာ့”
ဒီအခ်ိန္မွာပဲ ေဒၚအိုဇာႀကီးက မိုးေပၚခုန္တက္သြားတယ္ဗ်၊ မိုးေပၚေရာက္ေတာ့ က်ီးကန္းေတြျဖစ္သြားတယ္၊ က်ီးကန္းေတြက ဦးဘသာႀကီးေခါင္းေပၚမွာ ဝဲပ်ံေနရင္း သူတို႔ေခါင္းေပၚကေနလည္း အလင္းေရာင္ေတြတလက္လက္နဲ႔လွမ္းပစ္တယ္ဗ်၊ ဦးဘသာႀကီးကေတာ့ လက္ဝါးႏွစ္ဖက္နဲ႔ လိုက္ၿပီးကာေနေတာ့တာပါပဲ၊ ဒီအခ်ိန္မွာ မရင္ျမက သူ႔ဆံံပင္ႀကီးကို ေျဖခ်လိုက္ေတာ့ ဆံပင္ရွည္ႀကီးက ေႁမြနက္ႀကီးတစ္ေကာင္ျဖစ္သြားပါေရာဗ်ာ၊ ေႁမြႀကီးေခါင္းေပၚမွာလည္း အျဖဴေရာင္အေမာက္ႀကီးတစ္ခုပါတယ္။ က်ဳပ္ထင္ေတာ့ ႐ိုး႐ိုးေႁမြမဟုတ္ဘဲ ေႁမြနဂါးႀကီးျဖစ္မွာေပါ့ဗ်ာ။
ေႁမြႀကီးက ဦးဘသာအနားကိုသြားၿပီး ဦးဘသာကိုဆတ္ခနဲေပါက္လိုက္တာဗ်၊ ဦးဘသာက ေျခေထာက္ကိုအသာေရွာင္ၿပီးေတာ့ ေႁမြေခါင္းကို ေျခေထာက္နဲ႔နင္းထားတာဗ်ာ၊ ေႁမြႀကီးက မလႈပ္ႏိုင္ေတာ့ဘဲ ေျမျပင္မွာ ျပားကပ္ေအာင္ဝပ္ေနေတာ့တယ္၊ ေႁမြႀကီးရဲ႕အၿမီးက မရင္ျမရဲ႕ ဆံပင္ေတြနဲ႔ ဆက္ေနတာဆိုေတာ့ မရင္ျမလည္း တန္းလန္းႀကီးျဖစ္ေနတာေပါ့ဗ်ာ။
မိေသးနဲ႔မိေအးကလည္း စက္ေတြနဲ႔ပစ္ပါေရာဗ်ာ၊ ဦးဘသာက ဘာေတြ႐ြတ္သလဲေတာ့မသိဘူးဗ်ိဳ႕၊ စက္လက္နက္ေတြက သူ႔ကိုမထိဘဲ အနားေရာက္သြားတာနဲ႔ အားေပ်ာ့ၿပီး ေျမေပၚတဖုတ္ဖုတ္ျပဳတ္က်တာပဲ၊ ေသြးလက္ဝါးက်င္ရီက လွစ္ခနဲေျပးလာၿပီးေတာ့ ဦးဘသာနဖူးကို လက္ဝါးနဲ႔ပိတ္႐ိုက္တာေပါ့ဗ်ာ၊ ဦးဘသာက အသာေရွာင္လိုက္ၿပီးေတာ့ က်င္ရီရဲ႕နဖူးကိုလက္ဝါးနဲ႔ျပန္႐ိုက္ထည့္လိုက္တယ္၊ ဒီအခ်ိန္မွာပဲ မိုးေပၚက ေဒၚအိုဇာပစ္ေနတဲ့စက္လက္နက္ေတြက က်င္ရီရဲ႕ေက်ာကုန္းကိုထိၿပီးေတာ့ က်င္ရီတစ္ေယာက္ လဲက်သြားေတာ့တာပဲဗ်ာ။
ေနာက္ဆုံးေတာ့ စ႑ာလကေဝပ်ံႀကီးအလွည့္ဗ်။
“ေျမလွ်ိဳးမိုးပ်ံ၊ ကေဝပ်ံတဲ့ေဟ့”
စ႑ာလႀကီးက ေရ႐ြတ္လိုက္ၿပီးေတာ့ ေျမႀကီးထဲကို ဒိုင္ဗင္ခုန္ခ်သြားတာဗ်ာ၊ ေျမႀကီးေတြက တဖြားဖြားနဲ႔ဗ်၊ ေက်ာက္တုံးလို အလုံးႀကီးတစ္လံုံးေျပးလာၿပီးေတာ့ ဦးဘသာေျခေထာက္အနားေရာက္လာတယ္၊ ဦးဘသာလည္း ေႁမြကိုဖိနင္ထားတဲ့ ေျခေထာက္ကိုလႊတ္လိုက္ၿပီးေတာ့ အဲဒီအလုံးႀကီးကို ဖေနာင့္နဲ႔ေပါက္ထည့္လိုက္တာ ဝုန္းခနဲအသံႀကီးနဲ႔အတူ ေျမႀကီးက ေပါက္ကြဲထြက္သြားၿပီး စ႑ာလဦးေလးႀကီး ျပန္ခုန္ထြက္လာတယ္ဗ်။
ေနာက္ေတာ့ ဓါးျပေက်ာ္ဘေမာ္က လက္ခေမာင္းေတြခတ္ၿပီးေတာ့ ဦးဘသာႀကီးဆီကို ခုန္ဝင္လာတာပဲဗ်ာ၊ ဦးဘသာက သူ႔အေစာင့္အေရွာက္ဘီလူးႏွစ္ေကာင္လြတ္ေပးလိုက္ေတာ့ ဘီလူးေတြနဲ႔ ဘေမာ္နဲ႔ လုံးၾကေထြးၾကေပါ့။ ေနာက္ဆုံးက်န္ေနတဲ့လူကေတာ့ ဘေသာ္ရဲ႕မိန္းမ စုန္းမေလးပဲဗ်ာ၊ စုန္းမေလးက ဦးဘသာႀကီးဆီကိုေျပးမသြားဘဲနဲ႔ က်ဳပ္ဆီကိုေျပးလာတယ္၊ ၿပီးေတာ့ က်ဳပ္ရင္လတ္ကို လက္ဝါးနဲ႔တြန္းထည့္လိုက္တယ္။ က်ဳပ္လည္း တစ္ကိုယ္လုံးပူထူၿပီးေတာ့ ဘယ္လိုႀကီးျဖစ္သြားသလဲမသိပါဘူးဗ်ာ၊ ဒါနဲ႔တစ္ပတ္လည္ၿပီး ေျမျပင္ေပၚကို ေမွာက္ခုံႀကီးလဲက်သြားေတာ့တာပဲ။
“အလတ္ေကာင္ . . .”
ဦးဘသာက ေအာ္ၿပီးေတာ့ က်ဳပ္ဆီေျပးလာတယ္ဗ်၊ က်န္တဲ့သူေတြလည္း တိုက္ခိုက္ေနတာေတြ ခဏရပ္လိုက္ၾကတာေပါ့၊ က်ဳပ္လည္း ေမွာက္လွ်က္သားလဲက်ေနရာကေန ကုန္းၿပီးထတယ္ဗ်၊ က်ဳပ္လက္ကို အမွတ္မထင္ၾကည့္လိုက္ေတာ့ က်ဳပ္လက္ဝါးမွာ အနက္ေရာင္မ်ဥ္းေၾကာင္းေတြနဲ႔ ဆြဲထားတဲ့ အင္းတစ္ကြက္ေပၚေနတယ္။ က်ဳပ္လက္ဝါးကို က်ဳပ္အံံ့ၾသၿပီးၾကည့္ေနတုန္း ဦးဘသာက က်ဳပ္ကိုေျပးထူတယ္ဗ်။
“အလတ္ေကာင္၊ မင္းဘာျဖစ္သြားေသးလဲ”
ဒီအခ်ိန္မွာပဲ က်ဳပ္လက္ဝါးက သူ႔အလိုလိုကို ဦးဘသာႀကီးရဲ႕ရင္ဘတ္ကို တြန္းထည့္လိုက္တာပါပဲဗ်ာ၊ ဦးဘသာႀကီး ေရွာင္ခ်ိန္မရေတာ့ဘဲ က်ဳပ္လက္ဝါးက သူ႔ရင္ဘတ္တည့္တည့္ကို ထိမွန္သြားတယ္။
ေဖာင္းခနဲျမည္သံႀကီးနဲ႔အတူ ဦးဘသာတစ္ေယာက္ အေနာက္ကို ကြၽမ္းသုံးေလးပတ္လြင့္ၿပီး က်သြားတယ္ဗ်။ ေနာက္ေတာ့ ခ်က္ခ်င္းေကာက္ထိုင္ၿပီးေတာ့ က်ဳပ္ကိုၾကည့္တယ္။
“အလတ္ေကာင္၊ မင္း . . . မင္းငါ့ကိုဘာလုပ္တာလဲ”
“ဦး . . . ဦးဘသာ၊ က်ဳပ္လည္း မသိဘူး၊ က်ဳပ္ဘာျဖစ္သြားတာလဲ မသိဘူး”
ေျပာေနတုန္း ဦးဘသာႏႈတ္ခမ္းစြန္းကေန ေသြးေတြစီးက်လာတယ္ဗ်။ က်ဳပ္ျဖင့္ ဦးဘသာဒီလိုျဖစ္တာကိုျမင္ေတာ့ စိတ္မေကာင္းဘူးဗ်ာ။ ဒီအခ်ိန္မွာပဲ ေအာက္လမ္းဘေသာ္က ရယ္တယ္ဗ်။
“ဟား၊ ဟား ဦးဘသာ၊ က်ဳပ္တို႔က ခင္ဗ်ားရဲ႕ေပ်ာ့ကြက္ႏိုင္ကြက္ကို သိထားၿပီးသားဗ်၊ အလတ္ေကာင္ဆိုတာ က်ဳပ္တို႔ရဲ႕ဝွက္ဖဲပဲ”
က်ဳပ္လည္း ေဒါသတႀကီးနဲ႔ ဘေသာ္ကိုၾကည့္လိုက္တယ္။
“ဘာဗ်”
“ဟုတ္တယ္၊ မင္းနာမည္ခင္ေမာင္ဆိုတာ ငါသိၿပီးသား၊ တကယ္ေတာ့ ႐ုကၡစိုးေမွာ္ကို ငါက်င့္္ေနတယ္ဆိုေပမယ့္ မင္းအတြက္က်င့္ေနတာကြ”
“ခင္ဗ်ားေျပာတာေတြ က်ဳပ္တစ္ခုမွနားမလည္ဘူး”
“ဒီလိုကြ၊ တကယ္ေတာ့ ငါက ေမွာ္က်င့္ေနတာမဟုတ္ဘူး၊ အစီအရင္တစ္ခုကိုစီရင္ရင္းနဲ႔ တျခားလူေတြစုံလာေအာင္လို႔ စုေနခဲ့တာ၊ ငါ့ညီ ဘေမာ္ကေတာ့ ဘုရားပ်က္ကုန္းက ဘီလူး႐ုပ္တုအပ်က္ေရွ႕မွာ ဘီလူးေမွာ္သြင္းေနတုန္းေပါ့ကြာ၊ ဘီလူးေမွာ္ဆိုတာ ခုနစ္ရက္တိတိ အမဲသားတစ္ပိႆာကို ဘီလူးမင္းကိုဆက္သၿပီးေတာ့ ဘီလူးအင္းဆြဲၿပီး အစိမ္းစားရတာပဲ၊ ဒီေန႔ဆိုရင္ ခုနစ္ရက္ျပည့္ၿပီ၊ ဒီေကာင္လည္းေမွာ္ေအာင္၊ တျခားသူေတြလည္း ေရာက္လာမယ္အခ်ိန္နဲ႔ ႀကိဳတင္ၿပီးေတာ့ ေစာင့္ေနတာေပါ့ကြာ”
က်ဳပ္လည္း အခုမွ တစ္ခုေတြးမိလိုက္တယ္။
“ဒါဆိုရင္ မနက္က ခင္ဗ်ားက်ဳပ္ကိုေကြၽးလိုက္တဲ့ ေညာင္႐ြက္က”
“မွန္တာေပါ့ကြာ၊ အဲဒါ စုန္းေပါက္အင္းပဲ၊ မင္းအတြက္စီရင္ၿပီး ငါထည့္ေပးထားတာကြ၊ ငါတို႔ရဲ႕ပထမဆုံးစုန္းေပါက္ကို ငါတို႔မေဖာက္ႏိုင္ဘူးဆိုတာ ေသခ်ာတယ္ေလကြာ၊ မင္းက ဦးဘသာႀကီးရဲ႕အားနည္းခ်က္မဟုတ္လား၊ ဒီေတာ့ မင္းတစ္ခုခုျဖစ္ရင္ ဦးဘသာက မင္းဆီလာမယ္မဟုတ္လားကြ၊ ဒီေတာ့ မင္းမ်ိဳထားတဲ့ စုန္းေပါက္နဲ႔ ဦးဘသာမေရွာင္ႏိုင္ေအာင္ ေဖာက္မလို႔ႀကိဳၿပီးစီရင္ထားၿပီးသားကြ”
ေဒၚအိုဇာႀကီးက မိုးေပၚကေနဆင္းလာၿပီးေတာ့ ဦးဘသာရဲ႕ လည္ကုတ္ကိုလက္ဝါးနဲ႔ေျဖာင္းခနဲ႐ိုက္ထည့္လိုက္တယ္ဗ်၊ ဦးဘသာက အေရွ႕ကိုေခြေခြကေလးလဲက်သြားတယ္၊ သူ႔လည္ကုတ္မွာလဲ အင္းကြက္တစ္ကြက္ေပၚသြားျပန္တယ္။
“ေသစမ္း၊ ကိုယ္နဲ႔မဆိုင္ဘဲ ေနရာတကာဝင္ရႈပ္ခ်င္တဲ့ေကာင္”
ေသြးလက္ဝါးက်င္ရီက ဦးဘသာႀကီးဆီေျပးသြားၿပီးေတာ့ ဘယ္ဖက္ပါးကို ပိတ္႐ိုက္ထည့္လိုက္တယ္ဗ်ာ၊ ဦးဘသာႀကီးမွာ ေအာ္ဟစ္ေနေတာ့တာေပါ့။။
“ညာဖက္ပါးက ငါ့အတြက္ကြ”
စ႑ာလႀကီးကလည္း ေျပးခုန္လာရင္း ဦးဘသာညာဖက္ပါးကို ႐ိုက္ထည့္လိုက္တယ္ဗ်၊ ဦးဘသာလည္း လိမ့္ေနတာေပါ့ဗ်ာ၊ ဒီလိုနဲ႔ က်န္တဲ့လူေတြက တစ္ေယာက္တစ္ခ်က္ ဝိုင္း႐ိုက္ရင္း ဦးဘသာႀကီးမွာ လူးလိမ့္ေနေအာင္ခံံံရတာပဲဗ်ာ၊ ေသြးေတြဆိုရင္လည္း ျမင္မေကာင္းဘူးဗ်ိဳ႕။ က်ဳပ္မ်က္စိေရွ႕တင္ျဖစ္ေနတာဆိုေတာ့ က်ဳပ္လည္း မေနႏိုင္ဘူးေပါ့ဗ်ာ။
“ဦးဘသာ၊ မလုပ္ၾကပါနဲ႔၊ ဦးဘသာကိုမလုပ္ၾကပါနဲ႔”
ေနာက္ဆုံးေတာ့ က်ဳပ္လည္း ဦးဘသာအေပၚကိုေျပးၿပီး ကိုယ္လုံးနဲ႔အုပ္ထားလိုက္တယ္၊ အကုန္လုံး တစ္ေယာက္တစ္ခ်က္႐ိုက္ၿပီးေတာ့ စုန္းအေပါက္လို႔ေခၚတဲ့ အင္းေတြေဖာက္ထားၾကၿပီးေပမယ့္ ဘေသာ္တစ္ေယာက္ေဖာက္ဖို႔က်န္ေသးတယ္ဗ်၊ သူ႔မိန္းမစုန္းမေလးက စုန္းပညာမရွိေတာ့လို႔ မေဖာက္ဖူးဗ်။ ဒီလိုနဲ႔ ဘေသာ္က က်ဳပ္အနားကိုေရာက္လာတယ္။
“အလတ္ေကာင္ရာ၊ မင္းက သူ႔ကိုကာကြယ္ေပးေနေသးတယ္တဲ့လား၊ ဒီမွာေဟ့ေကာင္ ဦးဘသာကို ပထမဆုံးစုန္းေပါက္ေဖာက္ဖို႔ကူညီတာက မင္းကြ”
“အဲဒါ ခင္ဗ်ားတို႔လုပ္တာ၊ အဲဒါ ခင္ဗ်ားလုပ္တာကိုးဗ်”
“ဘာပဲေျပာေျပာ မင္းငါ့ကိုကူညီတဲ့အတြက္ ေက်းဇူးတင္ပါတယ္ကြာ၊ ဒီစုန္းႀကီးေသရင္ မင္းလည္း သူ႔ဆီက ပညာနည္းနည္းပါးပါး ရမွာပါကြ”
“မလုပ္ပါနဲ႔ဗ်ာ၊ က်ဳပ္ပညာေတြဘာေတြ မလိုခ်င္ဘူူး”
ဒီေတာ့ ဘေသာ္က က်ဳပ္ေက်ာကုန္းကို လက္ညႇိဳးထိုးၿပီးေတာ့ ေျပာတယ္ဗ်။
“အလတ္ေကာင္ ဖယ္ေပးစမ္း”
က်ဳပ္စိတ္က မဖယ္ေပးခ်င္ေပမယ့္ ကိုယ္လုံးကေတာ့ သူ႔အလိုလိုကုန္းထလာတာပဲဗ်ာ၊ က်ဳပ္ျဖင့္ ထူးဆန္းေနေတာ့တာပဲ။
“မင္းက အမဲသားခုနစ္ရက္စားထားတယ္မဟုတ္လား၊ ဒီေတာ့ မင္းကိုလည္း ငါတို႔စိတ္တိုင္းက် ထိန္းေက်ာင္းလို႔ရၿပီေပါ့ကြ၊ ကဲ ခပ္လွမ္းလွမ္းက ၾကည့္ေနစမ္း”
သူေျပာတဲ့အတိုင္း က်ဳပ္ေျခေထာက္ေတြက ေ႐ြ႕သြားတယ္ဗ်ာ၊ ေနာက္ဆုံးေတာ့ ဘေသာ္က ဦးဘသာကို စိတ္တိုင္းက် ေျခေထာက္ေတြနဲ႔ ကန္ေၾကာက္ေနေသးတာ။
“ေသစမ္းအဘိုးႀကီး၊ ကိုယ့္ေနရာကိုယ္ ေအးေအးေဆးေဆးမေနခ်င္တဲ့အဘိုးႀကီး ေသစမ္း”
ဦးဘသာချမာ ပုဆိုးေတြဘာေတြကြၽတ္ၿပီးေတာ့ ဘေသာ္ကန္သမွ်ကို ခံေနရတယ္ဗ်။ က်ဳပ္ကလည္း ကူညီခ်င္ေပမယ့္ ဘာမွလုပ္မရဘူးဗ်ာ၊ ဦးဘသာေအာ္ဟစ္လူးလိမ့္ေနတာကိုပဲ ရင္နာနာနဲ႔ၾကည့္ေန႐ုံပဲ။
(၄)
ေနာက္ေတာ့ ေအာက္လမ္းဘေသာ္က ဦးဘသာႀကီးကိုဆြဲထူတယ္ဗ်၊ ဦးဘသာကို သူ႔အေရွ႕မွာ ဒူးေထာက္ထိုင္ခိုင္းၿပီး
“က်ဳပ္တို႔ကို ေတာင္းပန္ရင္ ခင္ဗ်ားႀကီးကို အသက္ရွင္ခြင့္ေပးမယ္”
ဦးဘသာက ဒီေလာက္ခံထားရတဲ့ၾကားထဲက ဘေသာ္ကိုေပေစာင္ေစာင္နဲ႔ၾကည့္တယ္ဗ်။
“ငါက မင္းတို႔ကိုဘာလုပ္ထားလို႔ ျပန္ၿပီးေတာင္းပန္ရမွာလဲကြ”
“ဟာ၊ ခင္ဗ်ားႀကီး က်ဳပ္တို႔ကိုလုပ္ထားတာကို တကယ္မသိခ်င္ေယာင္ေဆာင္ေနတာလား၊ က်ဳပ္ကိုၾကည့္စမ္း၊၊၊ က်ဳုပ္မ်က္ခြက္ကိုၾကည့္စမ္း၊ က်ဳပ္ဒီလိုျဖစ္ေအာင္လို႔ ခင္ဗ်ားႀကီးလုပ္တာမဟုတ္လို႔ ဘယ္သူလုပ္ခဲ့တာလဲ”
“ဟား၊ ဟား မင္းတို႔မေကာင္းႀကံံလို႔ မင္းတို႔ဒဏ္ေတြ မင္းတို႔ျပန္ခံရတာပဲကြ၊ ငါနဲ႔ဘာမွမဆိုင္ဘူး၊ ငါကဘယ္ေတာ့မွ သူတစ္ပါးကို မေကာင္းတဲ့စိတ္နဲ႔မလုပ္ခဲ့ဖူးဘူးကြ၊ ငါလုပ္တာေတြက လူေတြေကာင္းဖို႔၊ ငါ့႐ြာသားေတြေကာင္းဖို႔အတြက္ပဲ လုပ္ခဲ့တာ”
“ေကာင္းၿပီ၊ ဒီေလာက္ေတာင္ေကာင္းခ်င္ေနရင္လည္း ငရဲက်မွ လူေကာင္းသူေကာင္းသြားလုပ္ဗ်ာ”
ေအာက္လမ္းဘေသာ္က သူ႔လက္နဲ႔ဦးဘသာႀကီးရဲ႕ နဖူးကိုအုပ္ကိုင္လိုက္တယ္ဗ်၊ ၿပီးေတာ့ မႏၲန္ေတြ ႐ြတ္ပါေလေရာဗ်ာ၊ ညေနေစာင္းေနလို႔ နည္းနည္းေမွာင္ေနတဲ့ေကာင္းကင္ႀကိးက ျဗဳန္းစားႀကီး အေမွာင္ထုကဖံုံးအုပ္သြားတယ္ဗ်ာ၊ က်ဳပ္တို႔တစ္ေနရာတည္း ကြက္ၿပီးအုပ္သြားတာ၊ ညသန္းေခါင္အခ်ိန္ေလာက္ကို ပိန္းပိတ္ေအာင္ေမွာင္သြားေတာ့တာပဲဗ်ာ။
ေနာက္ေတာ့ မိုးေပၚမွာ တိမ္ေတြဖြဲ႕လာတယ္ဗ်ာ၊ တိမ္ေတြၾကားထဲမွာလည္း လွ်ပ္ပန္းလွ်ပ္ႏြယ္ေတြက တျဖတ္ျဖတ္နဲ႔ ဝင္းလက္ေနေသးတယ္။ ဒီအခ်ိန္မွာပဲ ဦးဘသာႀကီးတစ္ကိုယ္လုံးမွာ ရွိေနတဲ့ စုန္းေပါက္လို႔ေခၚတဲ့ အင္းကြက္လိုအကြက္ေတြအကုန္လုံးက အလင္းေရာင္ေတြဝင္းလက္လာတယ္ဗ်ာ၊ ဘေသာ္ကေတာ့ မ်က္လံုံးႀကီးျပဴးၿပီးေတာ့ ရယ္ေနတယ္။ ေနာက္ေတာ့ ဦးဘသာႀကီးက လူးလြန႔္ေနတာပဲဗ်ာ၊ တစ္ေယာက္တစ္ခ်က္႐ိုက္ထားလို႔ စုန္းေပါက္ေတြျဖစ္ေနတဲ့ေနရာကေန စိမ္းဖန႔္ဖန႔္အလင္းေရာင္ႀကီးေတြက အတန္းလိုက္ႀကီးထြက္လာတာဗ်၊ ၿပီးေတာ့ အလင္းတန္းတစ္ခုခ်င္းစီက က်န္တဲ့လူေတြဆီကို တိုးဝင္ေနတယ္။ က်ဳပ္လက္ဝါးကိုလည္း အလင္းတန္းတစ္ခ်ိဳ႕ကလာၿပီးဝင္တယ္ဗ်။
“ေသစမ္းအဘိုးႀကီး၊ ခင္ဗ်ားႀကီးလဲေသ၊ ခင္ဗ်ားႀကီးဆီက ပညာေတြအကုန္လုံးလည္း က်ဳပ္ရတာေပါ့ဗ်ာ”
ဦးဘသာက အသံကြဲေျခာက္ေျခာက္ႀကီးနဲ႔ရယ္လိုက္ရင္း
“ဟား၊ ဟား မင္းမွားၿပီဘေသာ္၊ မင္းတို႔မွားၿပီ”
ၿပီးေတာ့ က်ဳပ္ကိုလွည့္ၾကည့္ရင္း
“အလတ္ေကာင္ေရ၊ ေျပးေတာ့”
ဒီအခ်ိန္မွာပဲ က်ဳပ္ေျခလက္ေတြ အခ်ဳပ္အေႏွာင္မခံံံရေတာ့ဘဲ လြတ္လပ္သြားတယ္ဗ်ာ၊ က်ဳပ္လည္း ဦးဘသာေျပာထားတဲ့အတိုင္း ေရတြင္းႀကီးဆီကိုေျပးတာေပါ့၊ သားသတ္ကုန္းနဲ႔ေရတြင္းဆိုတာက ေပတစ္ရာေတာင္မေဝးပါဘူးဗ်ာ၊ က်ဳပ္ေျပးသြားေတာ့ အားလုံးက က်ဳပ္ကိုဝိုင္းၾကည့္ေနၾကတယ္၊ တစ္ခ်ိဳ႕ကလိုက္ဖို႔လုပ္ေသးတယ္၊ ဒါေပမယ့္ ဘေသာ္က အဲဒီလူေတြကို တားလိုက္တယ္။
“မလိုက္နဲ႔၊ မင္းတို႔လိုက္ရင္ ငါတို႔စီရင္ထားတဲ့ စည္းအျပင္ထြက္သြားလိမ့္မယ္၊ စည္းအျပင္ထြက္ရင္ ပညာေတြမရဘဲ ေနသြားလိမ့္မယ္ကြ”
ဟုတ္လည္းဟုတ္တယ္ဗ်၊ ေရတြင္းနားကိုက်ဳပ္ေရာက္လာေတာ့ အလင္းတန္းေတြက က်ဳပ္အေနာက္ကို လိုက္မလာေတာ့ဘူးဗ်။ ဦးဘသာက ဟက္ဟက္ပက္ပက္ရယ္ရင္း
“မင္းတို႔ ေနရာေ႐ြးတာမွားၿပီကြ၊ ဒီေနရာ တို႔ေနရာ၊ ဒီေနရာက တို႔႐ြာကြ”
“ခင္ဗ်ားတို႔႐ြာျဖစ္ေတာ့ေရာ ဘာလုပ္လို႔ရလို႔လဲ”
“ဒီေနရာက ငါ့အေမေခါင္းခ်သြားတဲ့ေနရာကြ”
ဦးဘသာက အဲဒီလိုေျပာရင္း အေရွ႕ကိုငိုက္စိုက္က်သြားေတာ့တယ္။ ဒီအခ်ိန္မွာပဲ ဦးဘသာဇက္ပိုးထဲကေန အဘြားႀကီးတစ္ေယာက္ မိုးေပၚပ်ံတက္လာတယ္ဗ်။ ဆံပင္ျဖဴျဖဴႀကီးေတြက ေလမွာဝဲေနတာပဲဗ်ာ၊ ထြက္လာတယ္ဆိုေပမယ့္ လမ္းေလွ်ာက္လာတာ မဟုတ္ဘဲ မိုးေပၚပ်ံံလာတာဗ်။ အဘြားႀကီးက သူတို႔ေတြကို အေပၚစီးကေန ၾကည့္ေနရင္း
“ေအာင္မာ၊ နင္တို႔က ပညာေတြေတာ္ေတာ္လိုခ်င္ေနၾကတယ္ေပါ့၊ ကဲ ယူၾကစမ္း၊ ငါ့ပညာေတြပါ နင္တို႔ယူၾက”
အဘြားႀကီးဆီကေန ျဖဴျဖဴအလင္းတန္းႀကီးေတြ ထြက္လာပါေရာဗ်ာ၊ ၿပီးေတာ့ အဲဒီဘေသာ္တို႔ လူတစ္သိုက္ဆီကို အလင္းတန္းေတြက တိုးဝင္သြားပါေရာ၊ ဘေသာ္တို႔ေတြဆိုရင္ ေအာ္လိုက္ၾကတာေျပာမေနပါနဲ႔ေတာ့ဗ်ာ၊ ၿပီးေတာ့ သူတို႔ရဲ႕လက္ေတြေျခေတြက မီးကြၽမ္းထားတဲ့ သစ္သားစေတြလို နီရဲလာတယ္ဗ်။ ၿပီးေတာ့ တစ္ကိုယ္လံုံးကို မီးေတြစြဲေလာင္ေတာ့တယ္။ က်ဳပ္ျဖင့္ အေဝးကလွမ္းၾကည့္ေနတာေတာင္မွ ေၾကာက္ေနရေသးတယ္ဗ်ာ၊ ဒီလူေတြေအာ္တာကလည္း ငရဲပြက္သလိုပဲ အေတာ္ေၾကာက္စရာေကာင္းတာ။
ၿပီးတာနဲ႔ အဲဒီလူေတြအကုန္ ေတာင့္ေတာင့္ႀကီးေတြျဖစ္သြားၿပီးေတာ့ လဲက်သြားတယ္ဗ်၊ ေျမႀကီးနဲ႔ထိသြားတယ္ဆိုရင္ပဲ ျပာမႈန္ေတြလိုမ်ိဳး အပံုံေတြျဖစ္သြားေတာ့တာပဲဗ်ာ၊ က်ဳပ္လည္း အနားကိုတျဖည္းျဖည္းခ်င္းကပ္သြားလိုက္တယ္၊ အဲဒီအဘြားႀကီးက ဦးဘသာအေရွ႕မွာရပ္လိုက္ၿပီးေတာ့ ဦးဘသာေခါင္းကိုလက္ႏွစ္ဖက္နဲ႔ကိုင္ၿပီးေတာ့ ဆြဲေမာ့လိုက္တယ္။
“အေမ . . .”
ဦးဘသာ ႏႈတ္ခမ္းက ပြင့္တယ္ဆို႐ုံကေလးပြင့္ၿပီး ေရ႐ြတ္လိုက္တယ္ဗ်၊ အဘြားႀကီးက ဦးဘသာကိုၿပဳံးၾကည့္ေနေသးတယ္။
“က်ဳပ္သိတယ္အေမ၊ အေမက်ဳပ္နဲ႔ ရွိေနတယ္ဆိုတာ က်ဳပ္သိတယ္”
“သားရဲ႕ ေနာက္ဆုံးပညာရပ္က အေမ့ရဲ႕ကိုယ္ပြားကို ေစာင့္ေရွာက္ခိုင္းထားတာပဲသား၊ သားအသက္အႏၲရာယ္ႀကဳံလာတဲ့အခါ သားကိုကာကြယ္ေပးမယ့္ ပညာဗူးထည့္သြင္းထားတာပဲ”
“က်ဳပ္အေမ့ကိုအရမ္းလြမ္းတယ္အေမ”
“အေမတို႔ ျပန္ေတြ႕ၾကမွာပါသားရယ္၊ အခုေတာ့ အေမ့ရဲ႕ပညာဗူးအစြမ္း ကုန္ခမ္းသြားၿပီ ငါ့သား”
အေမဆိုေတာ့ ဦးဘသာရဲ႕အေမ ေဒၚပ်င္းႀကီးျဖစ္ႏိုင္တယ္ဗ်၊ ၾကည့္ေနရင္းနဲ႔ပဲ ေဒၚပ်င္းႀကီးက မႈန္ဝါးၿပီးေတာ့ ေပ်ာက္သြားေတာ့တာပဲဗ်ာ၊ က်ဳပ္လည္း ေျပးသြားၿပီးေတာ့ ဦးဘသာကိုေထြးေပြ႕လိုက္တယ္ဆိုရင္ပဲ ဦးဘသာက က်ဳပ္ေပါင္ေပၚကို ပက္လက္လန္ၿပီးလဲက်သြားတယ္။ ဦးဘသာက ေကာင္းကင္ႀကိးကိုေမာ့ၾကည့္ရင္း
“ၾကယ္ေတြလွလိုက္တာကြာ”
လို႔ေျပာတယ္၊ က်ဳပ္ေမာ့ၾကည့္ေတာ့ ေနဝင္ၿပီးစ ေကာင္းကင္မွာ ဘာၾကယ္မွ မရွိပါဘူးဗ်ာ၊ ခုနကဘေသာ္တို႔ ဆင့္ေခၚထားတဲ့ တိမ္တိုက္ေတြလည္း ဘယ္ေရာက္သြားမွန္းကိုမသိဘူး၊ က်ဳပ္တို႔ရဲ႕အနားမွာေတာ့ စုန္းမေလးက မ်က္လုံးအျပဴးသားနဲ႔ ရပ္ၾကည့္ေနတယ္ဗ်၊ ေနာက္ေတာ့ တစ္ဖက္ကိုလွည့္ထြက္သြားၿပီး ေျခဦးတည့္ရာ ေျပးသြားတာပဲ။
“ေဟ့၊ မေျပးနဲ႔ ရပ္လိုက္”
က်ဳပ္ေအာ္လိုက္ေပမယ့္ မမီေတာ့ပါဘူးဗ်ာ၊ စုန္းမေလးက လူစားတဲ့ေရတြင္းႀကီးထဲကို ျပဳတ္က်သြားပါေရာလား။
ဦးဘသာကို ေပြ႕ရင္း က်ဳပ္႐ြာထဲကိုျပန္လာခဲ့တယ္၊ ႐ြာႀကီးကေတာ့ တိတ္ဆိတ္လို႔ဗ်၊ လူမေျပာနဲ႔ ႐ြာထဲကေခြးေတြေတာင္မွ တိတ္ဆိတ္ေနပါေရာလား၊ ဒါကလည္း ဘေသာ္တို႔လုပ္သြားတဲ့ အစီအရင္ေတြေၾကာင့္ျဖစ္မွာဗ်၊ ဦးဘသာအိမ္ထဲကိုဝင္ၿပီးေတာ့ အိမ္ေရွ႕ခန္းမွာပဲ ဦးဘသာကိုလွဲထားလိုက္တယ္။ ဦးဘသာက ကေလးတစ္ေယာက္လို အိပ္ေမာက်ေနေလရဲ႕ဗ်ာ။
“ဦးဘသာ ဘာမွ မျဖစ္ပါေစနဲ႔”
(၅)
က်ဳပ္ႏိုးလာေတာ့ မနက္အေတာ္လင္းေနၿပီဗ်၊ က်ဳပ္လည္း ေဘးဘီကိုၾကည့္လိုက္ေတာ့ က်ဳပ္အိမ္ကိုက်ဳပ္ျပန္ေရာက္ေနတယ္၊ ဒါနဲ႔ အိပ္ရာထဲက အျမန္ထလိုက္တယ္။ က်ဳပ္ေခါင္းတစ္ခုလုံးလည္း ေလးလံၿပီးေတာ့ အခဲေနတာပဲဗ်ာ၊ အိမ္ေအာက္ကိုဆင္းလာေတာ့ အေဖတို႔က ထုံးစံအတိုင္း အလုပ္မ်ားေနေလရဲ႕။ အေဖ့ရဲ႕အေရွ႕မွာေတာ့ ကာလသားကိုျမင့္နဲ႔ ဖိုးသားတို႔က ထိုင္ေနၾကတာဗ်။ က်ဳပ္ဆင္းလာေတာ့ က်ဳပ္ကိုအထူးအဆန္းနဲ႔ၾကည့္ၾကတယ္။
“ညတုန္းက အျဖစ္ေတြကေတာ့ မယုံခ်င္စရာပါပဲ သူႀကီးရာ”
“ယုံခ်င္စရာလားကြ၊ မင္းတို႔ႏွစ္ေကာင္ အရက္မူးမူးနဲ႔ အိပ္ေပ်ာ္သြားၿပီး အိပ္မက္မက္ေနတာျဖစ္မွာ”
အေဖက က်ဳပ္ကိုၾကည့္ရင္း
“ဒါနဲ႔အလတ္ေကာင္၊ သူတို႔ေျပာတာ တကယ္လား”
က်ဳပ္လည္း ဘာမွမေျပာခ်င္ေတာ့တာနဲ႔ ေခါင္းသာခါျပလိုက္တယ္၊ ကိုျမင့္နဲ႔ ဖိုးသားကေတာ့ မေက်နပ္ဘူးေပါ့ဗ်ာ၊ က်ဳပ္ထင္တာကေတာ့ သူတို႔လည္း ေညာင္ပင္ေအာက္က ကိုခင္ေမာင္ကို သြားေခ်ာင္းရင္း က်ဳပ္တို႔အျဖစ္အပ်က္တစ္ခ်ိဳ႕ကိုေတြ႕လိုက္ရတာေနမွာဗ်။
က်ဳပ္ၿခံထဲကေန အျမန္ေျပးထြက္လာၿပီး ဦးဘသာအိမ္ကိုေျပးလာခဲ့မိတယ္၊ ဦးဘသာကေတာ့ အိမ္ေရွ႕မွာ ထမင္းစားေနေလရဲ႕ဗ်ာ။
“ဦးဘသာ ညတုန္းက က်ဳပ္အိမ္ကိုဘယ္လိုျပန္ေရာက္သြားတာလဲ”
ဦးဘသာက က်ဳပ္ကိုမ်က္ေစာင္းထိုးၾကည့္ရင္း
“မင္းဟာမင္းအိမ္ျပန္တာ ဘာလို႔ငါ့ကိုလာေမးေနရတာလဲကြ”
“ဟာဗ်ာ၊ ဦးဘသာေဘးနားမွာ က်ဳုပ္အိပ္ေနခဲ့တာပဲမဟုတ္လား”
“ေပါက္ေပါက္ရွာရွာေတာ့ ေျပာေတာ့မယ္အလတ္ေကာင္ရာ”
“ဒါဆို ညကအျဖစ္ေတြကို ဦးဘသာမမွတ္မိဘူးလား”
ဦးဘသာက မ်က္ေမွာင္ၾကဳတ္ရင္း က်ဳပ္ကိုၾကည့္္ေနတယ္ဗ်၊ သူ႔မ်က္လုံးေတြကိုၾကည့္ရတာေတာ့ က်ဳပ္ကိုလိမ္ေျပာေနတဲ့ပုံစံံမရဘူးဗ်ာ၊ ဒါဆို ဘယ္လိုျဖစ္သြားတာလည္း ဦးဘသာတစ္ေယာက္ တကယ္ပဲဘာမွ မမွတ္မိေတာ့တာလား။ က်ဳပ္ကလည္း သူ႔ကိုအစေဖာ္ခ်င္တာနဲ႔
“ညက စုန္းေတြ ဦးဘာကို စုန္းအေပါက္ေဖာက္ၿပီးေတာ့ ပညာေတြစုပ္ၾကတာေလဗ်ာ”
“အလတ္ေကာင္ရာ မင္းကေတာ့ ဘယ္စာအုပ္ေတြဖတ္ၿပီးေတာ့ လာေျပာေနျပန္ၿပီလဲမသိပါဘူး၊ ေပါက္ကရေတြ”
“တကယ္ပဲ ဦးဘသာ ဘာမွမသိေတာ့ဘူးလား”
“ငါက ဘာသိရမွာလဲကြ”
“ဟာဗ်ာ၊ စုန္းးအေၾကာင္းေတြေပါ့”
“ဒီမွာအလတ္ေကာင္၊ မင္း ငါ့ကိုေပါက္ေပါက္ရွာရွာေတြ ေမးမေနနဲ႔ ငါကဘာျဖစ္လို႔ စုန္းအေၾကာင္းေတြသိေနရမွာလဲ”
“ဟာ၊ ဦးဘသာက စုန္းပဲေလ”
က်ဳပ္ေျပာတဲ့စကားကို ဦးဘသာက မယုံသလိုနဲ႔နားေထာင္ၿပီးေတာ့ သူ႔ကိုယ္သူလက္ညႇိဳးထိုးလိုက္တယ္။
“ဘာ၊ ငါက စုန္းတဲ့လား”
“ဒါေပါ့ဗ်ာ၊ မမွတ္မိေတာ့ဘူးလား”
“ဟား၊ ဟား မင္းေျပာသလို ငါသာတကယ္စုန္းျဖစ္ခ်င္တယ္ေဟ့၊ စုန္းပညာသာတတ္လို႔ကေတာ့ တစ္႐ြာလုံးကိုျပဳစားပစ္အုံးမွာ၊ ဟား၊ ဟား”
အဲဒီလိုေျပာရင္း သူစားၿပီးသားပန္းကန္ကိုေကာက္ၿပီးေတာ့ အိမ္ေနာက္ေဖးကိုဝင္သြားေတာ့တာပဲဗ်ာ၊ က်ဳပ္လည္း ေခါင္းကုပ္ရင္း ဦးဘသာေနာက္ေက်ာကို ၾကည့္ေနမိတယ္၊ ဧကႏၲ ညက စုန္းေတြက ပညာေတြစုပ္လိုက္လို႔မ်ား၊ ဦးဘသာ စုန္းပညာေတြမတတ္ေတာ့တာလားပဲ၊ စုန္းပညာေတြ ေပ်ာက္ကြယ္သြားလို႔ သူကစုန္းတစ္ေယာက္ဆိုတာေတာင္ မသိေတာ့တာလားဗ်ာ။
အတြဲ(၃) ၿပီး၏။
#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ