Unicode Version
” စုန်းထီးကြီး ဦးဘသာနှင့် ဘုံဆိုင်ပင် “(စ/ဆုံး)
———————————————————-
အတွဲ(၄) စာစဉ်(၁)
(၁)
ကျုပ်တို့အညာရဲ့ ဓလေ့တစ်ခုကို ပြောပါဆိုရင်တော့ ဘုံဆိုတဲ့စကားကလည်း မပါမဖြစ်ပဲဲဗျ၊ ဘုံဆိုင်ဆိုလို့ ခုခေတ်ကလေးတွေ အရက်ဆိုင်လို့ထင်ကောင်းထင်ကြလိမ့်မယ်၊ တကယ်တော့ မဟုတ်ဘူးဗျ၊ ဘုံဆိုတာ အများနဲ့သက်ဆိုင်တဲ့အရာကိုခေါ်တာ၊ ဒီလိုဗျာ၊ ကျုပ်တို့အညာဖက်တော့ မိဘဘိုးဘွားတွေ သေဆုံးသွားပြီဆိုရင် ကျန်ရစ်ခဲ့တဲ့ အမွေတွေကို အမွေခွဲလေ့ရှိကြတယ်ဗျ၊ အမွေခွဲတဲ့အခါမှာလည်း ရပ်ရွာလူကြီးတစ်ယောက်ယောက်က တာာဝန်ခံံပြီးတော့ အညီအမျှခွဲဝေပေးကြရတာပေါ့ဗျာ၊ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း၊ မရွေ့မပြောင်းနိုင်တဲ့ ပစ္စည်းအကုန်ပါတယ်ဗျ။ အဲဒီမှာ ရွှေ့ပြောင်းမလွယ်တဲ့ သစ်ပင်လိုဟာမျိုးကျတော့ ဘုံဆိုင်ပင်ဆိုပြီး သတ်မှတ်ပေးလိုက်ရတယ်၊ ကျန်ခဲ့တဲ့ သားသမီးတွေနဲ့ ဆိုင်တဲ့အပင်တစ်ခုလို့ပေါ့ဗျာ။
ဟော၊ ပြောရင်းဆိုရင်း မိုးမလင်းသေးဘူး အသံံံတွေဆူညံဆူညံကြားရပြီဗျ၊ တစ်ယောက်နဲ့တစ်ယောက် ပြောဆိုအော်ဟစ် ဆဲဆိုနေတဲ့အသံံတွေပေါ့ဗျာ၊ ကျုုပ်လည်း အိပ်ရာကတောင်မနိုးသေးဘူးဗျ၊ မိုးအကုန်ဆောင်းအကူးဆိုတော့ မနက်ပိုင်းက အေးအေးနဲ့အိပ်လို့သိပ်ကောင်းတာပေါ့ဗျာ၊ ဒါပေမယ့် အသံကြားတော့လည်းမနေနိင်ဘူးဗျ၊ ခြင်ထောင်ထဲကနေထွက်ပြီး အိပ်ရာတောင်မသိမ်းသေးဘဲနဲ့ အိမ်အောက်ကိုပြေးဆင်းလာခဲ့တယ်၊ အိမ်အောက်ရောက်တာနဲ့ သောက်ရေအိုးက ရေတစ်ခွက်ခပ်သောက်ပြီးတော့ ပုဆိုးပြင်ဝတ်ပြီး အသံကြားရာနေရာကိုထွက်လာခဲ့တာပဲ။
ကျုပ်ကို စပ်စုတယ်လို့မထင်နဲ့ဗျ၊ ရွာမှာတစ်ခုခုဖြစ်လာပြီဆိုရင် အဖေက ဝင်မပါတတ်ဘူး၊ အထူးသဖြင့် ရန်ဖြစ်တာမျိုးပေါ့ဗျာ၊ သူကြီးရောက်လာတယ်ဆိုတော့မှ ဖြေရှင်းရပိုခက်သွားတတ်တာပဲ၊ ဒါကြောင့် ရန်ဖြစ်သံကြားတယ်ဆိုရင် ကျုပ်ကပဲ ရှေ့တော်ပြေးထွက်ကြည့်ရတယ်။ တစ်ခါတစ်လေတော့ နှစ်ဦးနှစ်ဖက် စိတ်ကြိုက်ဆဲဆိုပြီးရန် ရန်ပွဲပြိးသွားတာပဲ၊ တစ်ခါတစ်လေလည်း ယောက်ျားသားနှစ်ယောက် တစ်ချီတစ်မောင်းထိုးကြတာပေါ့ဗျာ၊ ပြီးတော့လည်း ဆွေမျိုးသားချင်းတွေဆိုတော့ သွေးအလိမ်းလိမ်းပေနေတဲ့ သွားတွေဖြဲပြီး ပုခုံးဖက်ပြီး ပြီးသွားတာတွေလည်းရှိတယ်၊ အဲဒါကိုမှ မကျေနပ်လို့ သူကြီးဆီတိုင်မယ် တောမယ်ဆိုမှသာ အဖေက ဝင်ပါရတော့တာ၊
လင်မယားရန်ဖြစ်တာလောက်ကတော့ သူလင်သူမယား မကျေနပ်လို့ ထသတ်ချင်သတ်ကြပါစေ အဖေက ဝင်မပါဘူးဗျ၊ ကြားသုံးကြား မဝင်ကောင်းဘူးဆိုတာထင်ပါ့။ တစ်ခါသားကလည်း သူများလင်မယားကြားအဝင်ကောင်းလို့ ကျုပ်ဒုက္ခရောက်တာလည်း ကြုံတုန်း ဖောက်သည်ချရအုံးမယ်ဗျ။
ရွာစွန်က ကိုကြွက်နီဆိုတာ ဘိုးဘွားပိုင်ထန်းပင်တွေကို ကိုယ့်ဖာသာကိုယ်တက်ပြီး ထန်းရည်သောက်တတ်တဲ့လူပေါ့ဗျာ၊ သူက ထန်းကိုစီးပွားဖြစ်တက်မစားဘူးဗျ၊ စိုက်ချိန်ပျိုးချိန်ဆိုရင်တော့ လယ်စိုက်၊ ယာစိုက်စားတယ်၊ ဘာမှစိုက်စရာမရှိတဲ့ နွေရာသီလိုအချိန်မှာသာ အိမ်ရှေ့မှာ ထန်းလက်တဲကြီးထိုးပြီး ထန်းရည်ရောင်းစားတာပေါ့ဗျာ။
ကိုကြွက်နီက သွေးဆိုးတယ်ဗျ၊ တစ်ရက်တော့ ထန်းရည်မူးပြီးတော့ မိန်းမနဲ့စကားများပါရောဗျာ၊ စကားများပြီးတော့ သူ့မိန်းမကို အိမ်ပေါ်ကနေဆွဲချပြီး ပါးတွေနားတွေရိုက်တာပေါ့ဗျာ၊ ထုံးစံအတိုင်း ရွာထဲအသံကြားပြီဆိုတာနဲ့ ရှေ့တော်ပြေးကျုပ်က ပြေးရတော့တာပဲဗျာ။ လူတွေကတော့ ဝိုင်းအုံနေတော့တာ၊ ထန်းပင်အောက်မှာ ကိုကြွက်နီက သူ့မိန်းမကို ရိုက်လိုက်နှက်လိုက်၊ တံံတောင်နဲ့ထောင်းလိုက်နဲ့ပေါ့၊၊ သူ့မိန်းမလည်း မျက်နှာတွေအညိုအမဲတွေဆွဲနေပြီ၊ ဒီအချိန်မှာပဲ ကိုကြွက်နီက ဘာမပြောညာမပြောနဲ့ ဝါးရင်းတုတ်ပြေးဆွဲတာပဲဗျာ။ ရွာသားတွေကတော့ အော်ကြတာပေါ့ဗျာ၊ “ဟေ့ကောင်ကြွက်နီ၊ လွန်မယ်နော်” “ကြွက်နီ၊ မင်းမိန်းမသေသွားမယ်” ဆိုပြီးအော်ကြတာပေါ့၊ ကိုကြွက်နီကတော ပြောနေတဲ့လူတွေကို ဘာမှအရေးမလုပ်ပါဘူးဗျာ၊
လူတွေက ပါးစပ်နဲ့အော်ပေမယ့် တကယ်ရောက်သွားတာက ကျုပ်ဗျ၊ ကျုပ်လည်း ဒီလောက်မိန်းမကို နှိပ်စက်တဲ့လူကို ကြည့်မရတာနဲ့၊ အနားမှာကျနေတဲ့ ထန်းဖလက်လို့ခေါ်တဲ့ ထန်းလက်အရိုးကြီးကောက်ပြီး ကိုကြွက်နီကို ဝင်ရိုက်တာပဲဗျာ၊ နှစ်ချက်လောက်ပဲ ရိုက်ရသေးတယ် ကိုကြွက်နီတစ်ယောက် မှောက်သွားပါရော၊ ထန်းဖလက်က ဆူးတွေပါတယ်ဆိုတော့ ကိုကြွက်နီကျောကုန်းကွဲပြီးတော့ သွေးတွေလည်းထွက်လာတာပေါ့ဗျာ၊ ဒီတော့ သူ့မိန်းမက ထိတ်လန့်တကြားနဲ့ သူ့ယောက်ျားကိုပြေးထူတယ်ဗျ။
“လာကြပါအုံးရှင်၊ ကျွန်ယောက်ျားသေပြီလားမသိဘူး”
ကျုပ်က ဒေါသထွက်နေသေးတာ
“အောင်မာ၊ ခင်ဗျားယောက်ျားကို ကျုပ်သာမတားရင် ခင်ဗျားသေလောက်ပြီဗျ၊ ဘာအခုမှ သူ့ဘက်က ဝင်နာနေတာလဲ”
ကိုကြွက်နီမိန်းမက ကျုပ်ကိုလက်ညိုးငေါက်ငေါက်ထိုးရင်း
“ဟဲ့၊ ဒါငါ့ယောက်ျားပါဟဲ့၊ ငါ့ယောက်ျားအကြောင်း ငါအသိဆုံးပဲ၊ သူက ငါ့ကိုဒီလောက်ချစ်တာ ငါ့ကိုရိုက်သတ်ပါ့မလား”
“ဟာ၊ ခုနက ဝါးရင်းတုတ်ပြေးကောက်တာ မတွေ့ဘူးလား”
“သူက အဲဒီလိုပဲဟဲ့၊ သွားပါပြီဟယ်၊ နင်လုပ်တာ ငါ့ယောက်ျားတစ်ခုခုဖြစ်ကြည့် နင့််ကို မြို့တက်ပြီးတော့ လူရိုက်မှုနဲ့ ရဲတိုင်မယ်အလတ်ကောင်”
ကျုပ်ဖြင့် မျက်လုံးကိုပြူးသွားတာပဲဗျာ၊ ကိုကြွက်နီမိန်းမကတော့ သူ့ယောက်ျားဖက်ပြီးငိုလို့ပေါ့ဗျာ၊ နောက်တော့ အဖေ့ကိုတိုင်ပါရောဗျာ၊ အဖေကတော့ ကျုပ်ကိုဘယ့်နှယ့်ရှိစဆိုတဲ့ မျက်နှာပေးနဲ့ကြည့်တယ်။
“ညည်းယောက်ျားက အရေပြားလန်သွားတာလောက်ပါဟာ၊ ဆေးဆရာဦးမှတ်ကြီးက ဘာမှမဖြစ်ဘူးလို့ ပြောတယ်မဟုတ်လား”
“ဒါပေမယ့် မကျေနပ်ဘူးတော့၊ သူက ကျွန်မယောက်ျားကို ဝင်ရိုက်သွားလို့ အခုထိစကားမေးမရသေးဘူးမဟုတ်လား၊ တစ်ခုခုသာဖြစ်ကြည့်နော် ကျွန်မဒီအတိုင်းသည်းခံနေမှာမဟုတ်ဘူး၊ ကျွန်မယောက်ျားက ကျွန်မတို့မိသားစုကို ပင်ပင်ပန်းပန်းလုပ်ကိုင်ကျွေးနေတဲ့ သူတော်ကောင်းကြီးပါရှင်၊ ကိုကြွက်နီ အီး . . . ဟီး၊ ရှင်ထပါအုံးတော့”
အဖေက အကိုကြီးကိုကြည့်ပြီးတော့
“အကြီးကောင်၊ အလတ်ကောင်ကို ထိပ်တုံးခတ်လိုက်”
ကျုပ်ဖြင့် လန့်သွားတာပဲဗျာ။
“ဗျာ၊ တကယ်ကြီးလား”
အကိုကြီးကလည်း အဖေ့အမိန့်ဆိုတော့ ကျုပ်ကိုဖမ်းခေါ်ပြီး အိမ်အောက်က ထိတ်တုံးကို နေပူထဲကိုချတယ်၊ ပြီးတော့ ကျုပ်ခြေထောက်ကိုထည့်ပြီး ခတ်လိုက်တာပေါ့ဗျာ၊ အဖေက ကိုကြွက်နီမိန်းမကိုကြည့်ရင်း
“စိတ်ချစမ်းပါအေ၊ ညည်းယောက်ျားတစ်ခုခုဖြစ်ရင် ညည်းမပြောနဲ့ ငါကိုယ်တိုင် ဒီကောင့်ကို ရဲလက်အပ်မှာပါ၊ သွားသွား၊ ပြန်တော့”
ကိုကြွက်နီကို လူတွေက ထမ်းပိုးပြိးတော့ အိမ်ကနေပြန်သွားတာပေါ့ဗျာ၊ လူတွေပြန်သွားတော့ အဖေက ကျုပ်အနားကိုလျှောက်လာတယ်။
“အဖေ၊ ကျုပ်ကို ပြန်လွှတ်ပေးလေဗျာ၊ ကျုပ်ဘာမှားလို့လဲ”
“အေး၊ မင်းမှားတာပေါ့ကွာ၊ သူများလင်မယားကြားဝင်ပြီး လက်ပါတဲ့ မင်းကမှားတာပေါ့၊ မင်းကိုမလွတ်ပေးဘူးကွ၊ မှတ်လောက်သားလောက်ဖြစ်သွားအောင်လို့ နေ့တစ်ပိုင်းလောက်တော့ နေပူခံခိုင်းမယ်”
အဖေကပြောပြီး လှည့်ထွက်သွားပါရောဗျာ၊ ဒါနဲ့ ကျုပ်လည်း နေ့တစ်ဝက်လောက် နေပူခံံလိုက်ရတာပေါ့။ အဲဒီကတည်းက ကျုပ်လည်း သူများလင်မယားကြား ရန်ဖြစ်ရုံမကလို့၊ သတ်ပဲသတ်သတ် ရွာကလူတွေလို ဘေးကပဲထိုင်ကြည့်နေတော့တာပေါ့။
(၂)
ဆူညံသံတွေဆီကို ကျုပ်ရောက်သွားတော့ ရန်ဖြစ်နေကြတာဗျ၊ ဖြစ်တာကတော့ ညီအမချင်းရန်ဖြစ်တာဗျ၊ ရန်ဖြစ်ရင်းနဲ့ သူတို့ယောက်ျားတွေ၊ သားသမီးတွေပါ ပါလာကြတော့ ရန်ပွဲက မြိုင်သွားတာပေါဗျာ၊ ကျုပ်လည်း စောစောစီးစီး ပွဲကြည့်ရတယ်ဆိုပြီးကြည်နေတာပေါ့၊ နောက်ဆုံးတော့ သူတို့အမေကြီးက ထွက်လာတယ်။
“ငါတစ်ယောက်လုံး ရှိပါသေးတယ်ဟယ်၊ နင်တို့ ငါ့မျက်နှာကိုမထောက်ကြဘူးလား”
အကြီးမက သူ့အမေကိုလက်ညှိုးထိုးတယ်ဗျ။
“အဲဒါအမေ့ကြောင့်၊ အမေက အဖေပိုင်တဲ့လယ်တွေကို ညီမတို့လင်မယားကို ပေးလုပ်ခိုင်းတော့ တစ်ချိန်ကျရင် သူတို့ပိုင်ပါတယ်ဆိုပြီး ဆွဲသိမ်းသွားတော့ဘယ်လိုလုပ်မလဲ”
ဒီမှာပဲ ရန်ပွဲဆက်ဖြစ်ပါရောဗျာ၊ နောက်ဆုံးတော့ အဘွားကြီးက သူကြီးဆီကို ခေါ်ရှင်းမယ်ဆိုတာနဲ့ အိမ်ကိုရောက်လာကြတယ်ပေါ့။ အဖေက သူတို့ကိုကြည်ပြီးတော့
“ညည်းတို့တကယ်အမွေခွဲမှာလား”
“ခွဲမယ်”
“ဒေါ်၀ ကရော အမွေခွဲပေးတော့မှာလား”
“ခွဲပါ့မယ်သူကြီးရယ်၊ သူတို့ညီအမလေး နှစ်ယောက်ထဲရှိတာ အခုလို အမွေကိစ္စနဲ့ရန်ဖြစ်နေတာ နားရှက်ဖို့ကောင်းပါတယ်ရှင်”
“ဟဲ့ မကြီးနဲ့ မငယ် နင်တို့ငါခွဲပေးတာကို လိုက်နာမလား”
နှစ်ယောက်လံုံးကလည်း ခေါင်းညိတ်တယ်ဗျ။ ဒါနဲ့အဖေက ပိုင်ဆိုင်တဲ့လယ်တွေ၊ ယာတွေနဲ့ ခြံဝိုင်းကြီးကိုလည်း နှစ်ပိုင်းအညီအမျှခွဲပေးလိုက်တာပေါ့ဗျာ၊ အဲဒီမှာတင် ကိစ္စကမပြီးသေးဘူးဗျ၊ ခြံဝိုင်းထဲမှာ ကျန်နေတဲ့ မန်ကျည်းပင်၊ သရက်ပင်တွေက ရှိသေးတယ်။
“ကျန်တဲ့ မန်ကျည်းပင်လေးပင်နဲ့ သရက်ပင် နှစ်ပင်ကိုတော့ နင်တို့အဖေကြီးစိုက်သွားတာဖြစ်လို့ နင်တို့သားအမိသုံးယောက် ဘုံဆိုင်တယ်၊ ဒီတော့ ဒီအပင်တွေအကုန်လုံးက ဘုံဆိုင်ပင်ပဲ”
အဖေ့ဆုံးဖြတ်ချက်ကို မကြီးနဲ့မငယ်က ခေါင်းညိတ်ပြီးကျေနပ်လိုက်တာပေါ့ဗျာ၊ အားလံုံးပြေလည်သွားပြီဆိုတော့ အမေက ဆီစိမ်ထားတဲ့လက်ဖက်ပန်းကန်ကို ကြက်သွန်ကြော်၊ နှမ်းလှော်ဖြူးပြီးတော အလယ်မှာချပေးတယ်၊ ဒါက ရွာဓလေ့ထုံးစံပေါ့ဗျာ၊ အမှုအခင်းပြီးသွားရင် တစ်ပန်းကန်ထဲက လက်ဖက်ကို နှစ်ဖက်စလုံး နှိုက်စားရတယ်ဗျ၊ မကြီးကလည်း လက်ဖက်ပန်းကန်ထဲက လက်ဖက်ကို လက်နဲ့နှိုက်စားတယ်၊ မငယ်ကလည်း တစ်လုပ်နှိုက်စားတယ်ပေါ့ဗျာ။
“ပြီးပြီနော်၊ နင်တို့မကျေလည်တာတွေ ဒီမှာပဲ ပြေပြီနော်၊ နောက်ဆို အရင်အတိုင်း ညီအမတွေ ချစ်ချစ်ခင်ခင်ပြန်နေကြ၊ အမွေနဲ့ပတ်သက်ပြီး မတည့်တာ မကြားချင်ဘူးနော်”
အခုမှ ရန်ဖြစ်ထားတာဆိုတော့ သိပ်တော့မကြည်ကြဘူပေါ့ဗျာ၊ ဒါပေမယ့် လက်ဖက်စားပြီးပြီဆိုတော့လည်း ရှိသမျှ ဒေါသတွေ အာဃာတတွေကို ခဝါချလလိုက်တဲ့သဘောပါပဲ။ ပြီးတော့ နှစ်ဦးနှစ်ဖက်စလုံးပြန်သွားကြတယ်၊ နောက်ဆုံးတော့ ဒေါ်ဝကြီးပဲကျန်ခဲ့တော့တယ်။ အဖေက ဒေါ်ဝကိုကြည့်ပြီး
“ကဲ ဒေါ်၀ လက်ဖက်ဖိုး သုံးကျပ်ကျမယ်ဗျာ”
ဒေါ်ဝကမျက်လးပြူးသွားပြီးတော့
“အောင်မယ်လေးသူကြီးရယ်၊ သူကြီးအမွေခွဲပေးတဲ့အထဲမှာ ကျွန်မဖို့ဘာများပါလို့လည်း၊ ကျွန်မကတော့ ဒီလက်ဖက်ဖိုးကို မပေးနို်င်ပါဘူး”
ဒေါ်ဝက ဒေါ်နဲ့မောနဲ့ပြောပြီးတော့ ထသွားတယ်ဗျ၊ ဒီတော အဖေ့မှာ ရန်ပွဲလည်းရှင်းပေးရ၊ လက်ဖက်ဖိုးလည်း ဆုံးရတာပေါ့ဗျာ၊ ဒါနဲ့ပဲ နောက်ဆိုရင် စည်းကမ်းတစ်ခုထုတ်လိုက်ရတယ်၊ ပြဿနာဖြစ်ရင် လက်ဖက်ဖိုးကို နှစ်ဖက်က မျှခံံရမယ်လို့ပေါ့ဗျာ၊ များသောအားဖြင့် စုံဂဏန်းဖြစ်တဲ နှစ်ကျပ်၊ လေးကျပ် လောက်ပဲကောက်တာပါ၊ မဂဏန်းသွားကောက်လိုက်ရင် ဟိုလူက ပိုတယ်၊ ဒီလူက ပိုတယ်နဲ့ ရန်ဖြစ်ကြလွန်းလို့ပါဗျာ။
(၃)
မန်ကျည်းသီးပေါ်ပြီ၊ သရက်သီးပေါ်ပြီဆိုရင်တော့ အဲဒီဘုံဆိုင်ပင်က သရက်သီးတွေ၊ မန်ကျည်းသီးတွေကို ခူးဆွတ်ကြရတယ်ဗျ၊ ပြီးရင် အဲဒီအပင်အောက်မှာပဲ ဖျာကြမ်းကြီးတွေခင်းပြီးတော့ ဘံံုံဆိုင်တဲ့လူတွေ အညီအမျှခွဲဝေယူကြတာပဲဗျာ။ သရက်ပင်တွေ မန်ကျည်းပင်တွေက နှစ်ချပင်တွေဆိုရင် သားစဉ်မြေးဆက်အထိ ဘဝေစုရကြတယ်ဗျ၊ အမျိုးအဆွေတွေဆိုတော့လည်း မပေးတဲ့လူမရှိပါဘူးဗျာ၊ ဥပမာ မန်ကျည်းသီး ကိုးတင်းရတယ်ဆိုပါစို့ဗျာ၊ သားသမီးသုံးယောက် ဘုံဆိုင်တယ်ဆိုရင် တစ်ယောက်ကို မန်ကျည်းသုံးတင်းရတယ်၊ အဲဒီသားသမီးမှာ မြေးသုံးယောက်ရှိတယ်ဆိုရင် မိဘက တစ်တင်းကိုယူပြီး ကျန်တဲ့နှစ်တင်းကို သားသမီးသုံးယောက်အတွက် သုံးပုံပြန်ပုံရတယ်ဗျ။ ဒီလိုနဲ့ ဟိုးမြေးမြစ်အထိ ဝေပုံကျ ဘုံဝေစုခွဲရင် မြေးများတဲ့သူတွေဆို အောက်ဆုံးမြစ်လောက်က မန်ကျည်းသီး လက်တစ်ဆုပ်လောက်၊ နှစ်ဘူးသုံးဘူးလောက်ပဲ ရကြတော့တာဗျ။
ဒါပေမယ့် အထင်တော့မသေးနဲ့ဗျ၊။ ကျုပ်တို့ဆိုရင် ရွာထဲအမျိုးများတာကိုးဗျာ၊ ဘုံဆိုင်ပင်တွေက အသီးတွေဆွတ်ပြီဆိုရင် ဘဝေစုဆိုပြီးတော့ ဟိုအိမ်က မန်ကျည်းသီးတစ်ပြည်၊ ဒီအိမ်က မန်ကျည်းသီး နှစ်ဘူးလောက်နဲ့ ဘုံဝေစုတွေပေါင်းပြီးတော့ မန်ကျည်းသီးတစ်တင်း၊ နှစ်တင်းလောက်ကတော အသာကလေးရတာဗျ၊ ဒါကလည်း အဘိုးကျေးဇူးတွေလို့ ပြောရမှာပဲပေါ့ဗျာ၊ ဟဲ၊ ဟဲ။ ကျုပ်တို့အညာရဲ့ ရိုးရာဓလေ့ကလေးတစ်ခုလို့ ပြောရမှာပေါ့ဗျာ၊ တစ်ခုခုဆိုရင် ဆွေမျိုးတွေအတွက် ရသင့်ရထိုက်တာကို ခွဲဝေပေးတတ်ကြတဲ့ဓလေ့ပေါ့၊ ဘုံဝေစုက များသောအားဖြင့် သွားတောင်းစရာကိုမလိုဘူးဗျ၊ ဘံုံဝေစုခွဲတဲ့လူကလည်း ညီညီမျှမျှပဲ ခွဲပေးကြတာ၊ ကိုယ့်အတွက် ကောင်းတာကိုပိုယူပြီး၊ သူများကိုကျတော့ မကောင်းတာပေးမယ်ဆိုတဲ့ စိတ်တွေနည်းသေးတဲ့ခေတ်ကိုးဗျ။
ဒါပေမယ့် လူတွေဆိုတော့ ပြဿနာတွေ၊ စိတ်ယုတ်၊ စိတ်ပုတ်တွေတော့ရှိကြတာပေါ့၊ အဲဒီအခါမှာ ဘုံဆိုင်ပင် ပြဿနာတွေ တက်ကြတော့တာပဲဗျာ၊ ဟိုလူက အရနည်းတယ်၊ ဒီလူက ပိုယူတယ်လို့ပြောဆိုငြင်းခုန်ရင်း ရန်တွေဖြစ်ကြတာပေါ့ဗျာ၊ အဲဒီလိုဖြစ်ရင်တော့ ဘုံဆိုင်ပင်ကို မီးနဲ့ရှို့သတ်တတ်ကြတယ်ဗျ။ အပင်က မီးလောင်ပြီးသေပါရော၊ ဒါဆိုရင် အပင်က သီးတာတွေ ထွက်တာတွေ မစားရတော့ဘူးပေါ့ဗျာ၊ မစားရလည်း ဘာမှမဖြစ်ဘူး ရန်တစ်ရန်အေးတယ်ဆိုပြီးတော့ မီးရှို့သတ်ကြတာ၊ ဒါပေမယ့် ဒီအဖြစ်ကလည်း တစ်ရွာလုံးနဲ့ယှဉ်ရင် နည်းပါတယ်၊ များသောအားဖြင့်ကတော့ အလကားရတဲ့အသီးပဲဆိုတော့ တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ ပြီးသွားကြတာပါပဲ၊ တစ်ချို့မောင်နှမနည်းတဲ့လူကျတော့လည်း တစ်နှစ်ကိုတစ်ယောက်စီ အလှည့်ကျခူးဆွတ်ရတယ်၊ ဒါကလည်း တစ်မျိုးကောင်းတယ်ဗျ၊ တစ်ယောက်တစ်နှစ် အကုန်သိမ်းရတာဆိုတော့ ပြဿနာမများတော့ဘူးပေါ့ဗျာ၊ ဘုံဆိုင်ပင်တွေထဲမှာ လူတိုင်းမလိုချင်ကြဆုံးအပင်ကတော့ ထန်းပင်ပဲဗျ၊ ထန်းပင်ဆိုတာ လူတိုင်း တက်တတ်ကြတာမှ မဟုတ်တာပဲ၊ ဒါပေမယ့် ထန်းပင်တွေကိုတော့ ထန်းသမားတွေဝယ်ရယ် ရောင်းလိုက်ကြပြီးတော့ ရတဲ့ငွေကိုတော့ ပြန်ခွဲယူကြတယ်။
ဘုံဆိုင်ပင်တွေပြီးတော့ တစ်ဦးဆိုင်ပင်ဆိုတာ ရှိသေးတယ်ဗျ၊ အဲဒါကတော့ သားသမီးနည်းတဲ့ ဘိုးဘွားတွေပိုင်တဲ့အပင်မျိုးပေါ့ဗျာ၊ အဲဒီအပင်က တစ်ဦးဆိုင်ဆိုတော့ သွားတော့မခူးလေနဲ့ဗျ၊ ပြဿနာအကြီးအကျယ် တက်တတ်တယ်။ ကျုပ်တို့ရွာမှာ တစ်ဦးဆိုင်ပင် အများဆုံးရှိတဲ့သူကို ပြောပါဆိုရင်တော့ ဦးဘသာကြီးပဲဗျ။
တစ်ရက်တော့ ဦးဘသာက ကျုပ်တို့အိမ်ကိုရောက်လာတယ်။
“မသန်း၊ နင့်သားကို ငါ့ကိုမန်ကျည်းသီးဆွတ်ခိုင်းဖို့ ခေါ်မလို့ဟ၊ ငါမန်ကျည်းသီး ရတဲ့ထဲက တစ်ဝက်ခွဲပေးပါ့မယ်”
မီးဖိုချောင်းကိစ္စဆိုရင်တော့ အဖေက အမေ့ကိုလွှဲထားတာကိုးဗျ၊
“တစ်ဝက်ကတော့ များတာပေါ့ရှင်၊ သုံးပုံတစ်ပုံံလောက်ပဲပေးပါ၊ ဒါနဲ့ ဘယ်နားကအပင်သွားဆွတ်မလို့လည်း”
“ဖက်လိပ်ရွာဟောင်း၊ ငါတို့အိမ်နောက်ဖေးနားက အပင်ပေါ့ဟ”
အမေ့မျက်နှာတစ်ချက်ပျက်သွားတယ်ဗျ။
“ဖြစ်ပါ့မလားရှင်”
“စိတ်ချပါ၊ နင့်သားကို ငါတာဝန်ယူပါတယ်”
“ဒါဖြင့် အငယ်ကောင် . . .”
အမေ့အသံံကြားတော့ အငယ်ကောင်က ဆင်းသွားတယ်။
“ဖက်လိပ်ရွာဟောင်းက မန်ကျည်းပင်ကို နင်တက်မလား”
“ဟာဗျာ၊ ဖက်လိပ်ရွာဟောင်းက ဒီလောက်သရဲခြောက်တာကို”
ဦးဘသာက အငယ်ကောင့်ကိုကြည်ရင်း
“မင်းကလည်းကွာ နေ့ခင်းကြောင်တောင်ကြီးသွားမှာပါကွ”
အငယ်ကောင်ကတော့ နေ့ခင်းပဲဖြစ်ဖြစ်၊ ညနေစောင်းပဲဖြစ်ဖြစ် အဲဒီဘက်ကို မသွားဝံံ့တာတော့အမှန်ဗျ၊ ဒါနဲ့ပဲ ကျုပ်လည်း အိမ်ပေါ်ကနေဆင်းလာတာပေါ့။
“ကျုပ်ဆွတ်ပေးမယ်ဗျာ”
ဒီတော့မှ အမေကလည်းခေါင်းညိတ်တယ်ဗျ၊ ကျုပ်လည်း ပုဆိုးစုတ်ကြီးပတ်ခဲ့ပြီး တင်းတောင်းကြီးထမ်းလို့ပေါ့ဗျာ၊ ဦးဘသာကတော့ တံချူလုပ်ထားတဲ့ ဝါးလုံးကြီးတစ်လုံးဆွဲလာပြီးတော့ ကျုပ်တို့နှစ်ယောက် ရွာကနေထွက်ခဲ့တာပေါ့။ ကိုးနာရီလောက်ဆိုပေမယ့် နေကအတော်ပူနေပြီဗျ၊ ကျုပ် ဖက်လိပ်ၤရွာဘက်လိုက်ခဲ့ရတာကလည်း အကြောင်းရှိတာကိုး၊ နေ့ခင်းဆိုတော့လည်း ရွာဟောင်းကြီးက ငှက်အော်သံံံလေးတွေနဲ့ သာသာယာယာပဲဗျ၊ ဦးဘသာက ရွာဟောင်းလမ်းအတိုင်းလျှောက်လာရင်း
“ဦးဘသာ၊ ဦးဘသာအိမ်က ဘယ်အိမ်လဲဆိုတာ မှတ်မိသေးရဲ့လား”
“ဟ၊ တစ်သက်လုံးနီးပါး နေခဲ့တာပဲကွ၊ မှတ်မိတာပေါ့”
ရွာဟောင်းကြီးမှာက တစ်ချို့သစ်ကြီးဝါးကြီးတွေနဲ့ဆောက်ထားတဲအိမ်က အိမ်တိုင်ကြီးတွေရယ်၊ ကျန်တဲ့အိမ်တွေကတော့ ခြံံံံဝိုင်းအကွက်လိုနေရာကလေးတွေပဲ ကျန်နေတော့တာဗျ၊ လျှောက်လာရင်း သစ်ပင်တွေကို လက်ညှိုးထိုးပြတယ်။
“ဟောဟို ဥသျှစ်ပင်လည်း ငါ့အမေစိုက်ခဲ့တာ၊ ဒီဖက်က မန်ကျည်းပင်သုံးပင်ကလည်း သူစိုက်ခဲ့တဲအပင်ပေါ့ကွာ”
ဒီလိုနဲ့လျှောက်လာရင်း ခြံဝိုင်းတစ်ခုရှေ့နားကိုရောက်လာတယ်ဗျ၊ ခြံံဝိုင်းထဲမှာတော့ တိုင်ဟောင်းရာတွေ၊ ဒူးလောက်ရှိတဲ့ သစ်သားတိုင်တွေပဲကျန်တယ်၊ မြေပြင်ကလည်း မသိရင် မီးသင့်ထားသလို ပြောင်ရှင်းလို့ဗျ။ အဲဒီခြံဝိုင်းရဲ့အနောက်ဘက်မှာတော မန်ကျည်းပင်ကြီးတစ်ပင်ရှိတယ်၊ သူလည်း နှစ်တွေကြာပြီဆိုတော့ အပင်ကြီးကြီး အုပ်အုပ်ဆိုင်းဆိုင်းကြီးဗျာ။
ဦးဘသာနဲ့အတူတူ ခြံံဝိုင်းထဲဖြတ်လျှောက်လာရင်း ဦးဘသာက ကျုပ်ကို အဲဒီမန်ကျည်းပင်ကြီးကို လက်ညှိုးထိုးပြတယ်ဗျ။
“အလတ်ကောင် မင်းတက်လို့ရရဲ့လား”
“ရပါတယ်ဗျ၊ မန်ကျည်းကိုင်းဆိုတာမျျိုးက သိပ်ခိုင်တာမဟုတ်လား၊ အသီးတွေကလည်း ပြွတ်ခဲနေတာဗျို့၊ ကျုပ်အထင်တော့ သုံးတင်းလောက်အသာလေးရမယ်ထင်တယ်”
“တော်ပါပြီကွာ၊ ငါက တစ်ယောက်တည်းစားမှာကွ၊ တစ်ခွဲလောက်ဆိုရင် တစ်နှစ်ပတ်လုံး စားပါလိမ့်ပဲ”
ကျုပ်လည်း သစ်ပင်တက်ဖို့ပြင်တာပေါ့၊
“ဒါနဲ့ဦးဘသာ ဒီအိမ်က ဦးဘသာ ငယ်ငယ်ကနေခဲ့တဲ့အိမ်လား”
ဦးဘသာက မန်ကျည်းပင်အောက်မှာ ထိုင်ရင်း ကွမ်းအစ်လေးဖွင့်တယ်ဗျ။
“ဒါပေါ့ကွာ၊ ဒီအိမ်မှာ ငါနဲ့ငါ့အမေနဲ့ ငါခုနစ်နှစ်၊ ရှစ်နှစ်အရွယ်လောက်အထိ နေခဲ့တာပေါ့ကွ”
“ဗျာ၊ ဒါဆို အဲဒါပြီးတော့ ဘယ်သွားနေကြတာလဲ”
ဦးဘသာက တစ်ချက်တွေဝေသွားတယ်ဗျ၊ နောက်တော့ သူ့အိမ်ခြံဝိုင်းကြီးကို ငေးကြည့်နေတယ်၊ အိမ်ခြံံံဝိုင်းကလည်း ချုံပင် မြက်ပင်တောင်မရှိဘဲ ကုန်းခေါင်ခေါင်ကြီးဗျာ။ ကျုပ်ကလည်း သူထူးခြားသွားပြီဆိုတာကို သိလိုက်တာနဲ့။
“ဦးဘသာနဲ့ ကျုပ်နဲ့ခင်တာကြာလှပြီ၊ ဦးဘသာ အမေအကြောင်းကို တစ်ခါမှ မပြောပြဖူးဘူးနော်ဗျ၊ အခုအားရင် နည်းနည်းလောက်ပြောပြစမ်းပါဗျာ၊ ကျုပ်လည်း မန်ကျည်းသီးဆွတ်ရင်း ပျင်းပျင်းနဲ့ နားထောင်ရတာပေါ့”
ကျုပ်ပြောလိုက်တော့ ဦးဘသာက ခေါင်းညိတ်သွားတယ်ဗျ၊ ဒီအချိန်မှာပဲ ပတ်ဝန်းကျင်က တဝုန်းဝုန်းနဲ့ လေတိုက်သလိုမျိုးဖြစ်လာပါရောဗျာ၊ မီးလောင်ရာနေရာက တိုင်ငုတ်တိုကြီးတွေက တဖြည်းဖြည်းမြေကြီးထဲကနေ ရှည်တက်လာတာဗျ။ ပြီးတော့ အိမ်တိုင်ကြီးတွေဖြစ်သွားပြီးတော့ ထရံတွေ၊ ခေါင်မိုးတွေလည်း ပေါ်လာတယ်၊ ကျုပ်ဖြင့် ကြည့်နေရင်း အတော်အသြနေတာပေါ့၊ နောက်တော့ ကျုပ်မျက်စိရှေ့မှာပဲ အိမ်ကြီးတစ်လံုံးဖြစ်သွားပါရောလားဗျာ။
“ဦးဘသာ . . . ဦးဘသာ”
ကျုပ်အနားမှာထိုင်နေတဲ့ ဦးဘသာလည်း ပျောက်သွားတယ်ဗျ၊ ကျုုပ်ဘေးဘီကိုကြည့်လိုက်တော့ ရွာကြီးတစ်ရွာထဲမှာ ရောက်နေတာဗျို့။ ပြီးတော့ အိမ်ရှေ့နားက ငိုသံံံကြားရတယ်။ ဒါနဲ့ ကျုပ်လည်း အိမ်ရှေ့ကိုပြေးသွားလိုက်တာပေါ့။ အိမ်ရှေ့ခြံစည်းရိုးတံခါးကို တွန်းဖွင့်ပြီးအပြင်ကိုထွက်လိုက်တော့ ရွာလယ်လမ်းမကြီးက ဖြူးလို့ဗျ၊ အဲဒီရွာလယ်လမ်းမကြီးပေါ်မှာ ကောင်လေးနှစ်ယောက်ရှိတယ်၊ ကောင်းလေးတစ်ယောက်ကတော့ ယောင်ပေစူးလေးနဲ့ မတ်တပ်ရပ်လို့ဗျ၊ နောက်ကောင်လေးတစ်ယောက်ကတော့ ကတုံးလေးပါ၊ မြေမှာခွေခွေကလေး လဲကျနေပြီးတော့ ငိုယိုနေတယ်။
ဒီအချိန်မှာပဲ ကျုပ်ထွက်ခဲ့တဲ့ ခြံဝိုင်းထဲကနေ မိန်းမကြီးတစ်ယောက်ထွက်လာတယ်ဗျ၊ အသက်ကတော့ သုံးဆယ့်ငါး၊ လေးဆယ်လောက်ရှိမယ်ထင်တယ်၊ ပိန်ပိန်ပါးပါး အသားကတော့ ခပ်ဖြူဖြူပဲဗျ၊ ဆံထုံးကြီးကလည်း အကြီးကြီးပဲဗျို့၊ အဲဒီမိန်းမကြီးက ငိုနေတဲ့ကောင်လေးအနားကို တိုးကပ်သွားတယ်။
“ဟဲ့ နင့်ကိုဘယ်သူလုပ်တာလဲ”
ကောင်လေးက ငိုပဲငိုနေတာဗျ။ ဒါနဲ့ မိန်းမကြီးက အဲဒီကောင်လေးအနားမှာ မတ်တပ်ရပ်နေတဲ့ ယောင်ပေစူးနဲ့ကောင်လေးကို မျက်စောင်းထိုးပြီးကြည့်တယ်။
“နင်ငါ့သားကို လုပ်လိုက်တာလား ငအောင်”
ယောင်ပေးစူးနဲ့ကောင်လေးက ခေါင်းခါပြတယ်။ ဒီတော့ အဲဒီမိန်းမကြီးက ငအောင်ဆိုတဲ့ကောင်လေးကို လက်ညှိုးနဲ့ထိုးလိုက်တော အဲဒီကောင်လေးက သူ့ဗိုက်ကိုသူလက်နဲ့ဖိပြီးတော့ မြေပြင်မှာလူးလှိမ်ပြီး ငိုတော့တာပဲဗျာ။
“မှတ်ထား၊ ငါ့သားကို ငိုအောင်လုပ်ရင် နင့်တို့ အဲဒီထက် ဆယ်ဆမက ငိုရမလိမ့်မယ်”
ငအောင်ဆိုတဲ့ကောင်လေးရဲ့ ဗိုက်က အထဲကိုခွက်ဝင်နေတာဗျာ၊ ကျောရိုးနဲ့ဗိုက်သားနဲ့ ကပ်နေပြီလားလို့ထင်ရတယ်၊ ငအောင်လည်း ငိုတာအသည်းအသန်ပဲဗျာ၊ ဒီတော့မှ ကတးနဲ့ကောင်လေးက အငိုရပ်ပြီးတော့
“သူ့ကိုမလုပ်ပါနဲ့အမေ၊ သူလုပ်တာမဟုတ်ပါဘူး၊ သူနဲ့သားနဲ့ ဆော့နေရင်း သားဖာသာသား ချော်လဲပြီးတော့ နာသွားလို့ငိုတာပါ”
“မင်းတကယ်ပြောတာလား သာစံံ”
ကောင်လေးက ခေါင်းညိတ်တယ်ဗျ၊ ဒီအချိန်မှာပဲ ရွာထဲက မိန်းမကြီးတွေပြေးလာကြတယ်၊ ငိုနေတဲ့ ငအောင်ကလေးကိုတွေ့ပြီးတော့ တော်တော်လန့်သွားကြတာ။ အဲဒီထဲက ခပ်၀၀နဲ့မိန်းမကြီးက မြေပြင်မှာဒူးတုပ်ထိုင်ချပြီးတော့ လက်အုပ်ချီလိုက်တယ်ဗျ။ ပြီးတော့ အသားဖြူဖြူနဲ့မတ်တပ်ရပ်နေတဲ့မိန်းမကြီးကို ကုန်းကုန်းကန်တော့တာပါပဲ။
“ကျုပ်သားလေးကို မလုပ်ပါနဲ့ အမပျင်းရယ်၊ ကျုပ်ရှိကြီးခိုးပါတယ်၊ မှားတာရှိရင် ခွင့်လွှတ်ပေးပါ၊ လုပ်ချင်ရင်လည်း ကျုပ်ကိုသာလုပ်ပါတော့၊ အီး . . . ဟီး”
ဒါဆို ကျုပ်မြင်နေရတာက ဒေါ်ပျင်းကြီးပေါ့၊ ဟိုက ငိုနေတဲ့ကလေးလေးက သာစံံဆိုတော့ ဦးဘသာကြီးငယ်ငယ်တုန်းကပေါ့ဗျာ၊ ဒေါ်ပျင်းကြီးက ဒီတော့မှ တစ်ဖက်ကိုလှည့်သွားပြီးတော့ လက်ဖျောက်တစ်ချက်တီးလိုက်တယ်၊ ပြီးတော့ ခြံံဝိုင်းထဲကို လှမ်းဝင်သွားရင်း
“ဟဲ့ သာစံံ၊ လာလိုက်ခဲ့လေ”
အဲဒီလိုပြောပြီး ဝင်သွားတော့ ကတံုံးနဲ့ကောင်လေးက ခြံဝိုင်းထဲကိုပြေးဝင်သွားတာပဲ၊ ဒါပေမယ့် ခြံဝိုင်းထဲကိုမရောက်ခင် ခြံံံတံံံခါးကိုကိုင်ပြီးတော့ ရပ်ကြည့်နေသေးတယ်၊ မြေပြင်မှာ လူးလှိမ့်နေတဲ့ ငအောင်က ဒီတော့မှ အငိုတိတ်တယ်ဗျာ၊ ဗိုက်ကလည်း ပုံမှန်အတိုင်းဖြစ်သွားတာ၊ သူ့အမေက ငအောင်ကိုဆွဲထူပြီးတော့ မြေကြီးကိုတံံံတွေးထွေးပြီး ဖနောင့်နဲ့သုံးချက်လောက်ပေါက်လိုက်တယ်။ ပြီးတော့ ငအောင်ရဲ့နားရွက်ကို လိမ်ဆွဲတယ်။
“နင့်ကိုငါ ဘာမှာထားလဲငအောင်၊ သာစံနဲ့ အပေါင်းအသင်းမလုပ်ပါနဲ့လို့ ငါမပြောထားဘူးလား”
ငအောင်ကတော့ ဘာမှမပြောဘဲ ငိုနေတယ်ဗျ။
“နင်ကြပ်ကြပ်သူနဲ့ဆော့၊ နောက်ဆို နင့်ကို သူ့အမေက သေအောင်လုပ်လိမ့်မယ်၊ လာစမ်း”
ငအောင်ရဲ့အမေက ငအောင်ရဲ့နားကိုဆွဲပြီးတော့ ထွက်သွားကြတာပဲ၊ ကျန်တဲ့မိန်းမကြီးတွေကလည်း သာစံံကိုကြည့်ပြီးတော့ မဲ့ရွဲ့ပြပြီး ထွက်သွားတော့တာပဲဗျာ၊ ကျုပ်လည်း ဒီတော့မှ ခြံဝိုင်းထဲဝင်လာခဲ့တယ်၊ ဒေါ်ပျင်းက အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို အုန်းမှုတ်ခွက်ခံံပြီးတော့ ဖွာနေတယ်ဗျ၊ သာစံံကတော့ သူ့အမေနားမှာ ငုတ်တုတ်သွားထိုင်တာပေါ့။
“အမေရာ၊ အမေဒီလိုမျိုး တစ်ခုခုဆိုရင် ပညာထုတ်ထုတ်သုံးးတာကို သာားတော့ဖြင့်မကြိုက်ဘူး”
ဒေါ်ပျင်းက ဆေးလိပ်ငွေ့တွေကို မှုတ်ထုတ်လိုက်ပြီးတော
“အောင်မာ၊ ကောင်လေး အသက်က ငယ်ငယ်ရှိသေးတယ်၊ မအေကို မကြိုက်ဘူးတွေ ဘာတွေပြောနေပြီပေါ့”
“အမေဒီလိုမျိုးအမြဲလုပ်နေလို့ အခုသားကိုဆိုရင် ရွာထဲမှာဘယ်သူမှ မခေါ်ကြတောဘူး၊ ဘယ်သူမှ မဆော့ကြတော့ဘူးဗျ”
“ဟဲ့သာစံ၊ သူတို့မခေါ်လည်း မဆော့နဲ့ပေါ့၊ နင့်ဟာနင်ဆော့ပါလား”
“အမေကလည်း ဘာသိလို့လဲ၊ ကျည်းသားရိုက်တမ်းတို့ ဂုံညင်းခင်းတာတို့၊ စိန်ပြေးတမ်းတို့က တစ်ယောက်တည်းဆော့လို့ရတာမှမဟုတ်တာအမေရ”
“တယ်၊ ဒီကောင်လေးတော့ ငါခေါက်လိုက်ရင် နာတော့မယ်”
ဒေါ်ပျင်းက ပြောပြောဆိုဆိုနဲ့ သာစံခေါင်းကိုလှမ်းခေါက်လိုက်တော့ သာစံံက ထိုင်နေရင်းနဲ့ ဘေးနားကို တစ်ပေလောက် စွေ့ခနဲရွေ့သွားတာဗျ၊ ဒီအချိန်မှာပဲ အိမ်အပေါ်လှေကားထပ်ကနေ အဘွားကြိးတစ်ယောက်ဆင်းလာတယ်၊ အသားကလည်းး ခပ်ဖြူဖြူဗျ၊ ထမီရင်လျားကြီးနဲ့ ဆံံပင်ကိုလည်း ဖားလျားချလို့ဗျ။
“ဟဲ့ မိပျင်း၊ နင် ငါ့မြေးကို ဘာမှကိုယ်ထိလက်ရောက် လုပ်စရာမလိုဘူးဟဲ့”
ဒီတော့ ကွပ်ပျစ်မှာထိုင်နေတဲ့ သာစံံက လှေကားပေါ်ပြေးတက်သွားရင်း လှေကားထိပ်နားမှာထိုင်နေတဲ့ မိန်းမကြီးကိုဖက်လိုက်တယ်။
“ဘွားဘွားကြီး”
“ပြောစမ်း၊ ငါ့မြေးကို ဘာဖြစ်လို့ အမေကဆူတာလဲ”
“သားဆော့ချင်တယ်၊ သားကစားချင်တယ်၊ ဒါပေမယ့် ရွာထဲက ဘယ်သူမှ သားနဲ့မဆော့ဘူး၊ သားနဲ့မကစားကြဘူး”
“သြော်၊ ငါ့မြေးကက ဆော့ဖော်မရှိတာလား၊ ဒါများ ဘွားဘွားကိုပြောပေါ့ မြေးရဲ့”
အဘွားကြီးက ခြံထောင့်တစ်နေရာကိုကြည့်ပြီး လက်ခုပ်တီးပြလိုက်တော ခြံထောင့်သစ်ပင်ကြီးက တရှဲရှဲနဲ့လှုပ်သွားပြီးတော့ မဲမဲအကောင်ကြီးသုံးကောင် ဆင်းလာကြတာဗျာ၊ လူတော့ လူပုံစံံံပဲဗျ၊ ဒါပေမယ့် ကြောက်စရာကြီးတွေပေါ့၊ ကျုပ်အနားကဖြတ်သွားတော့ ကျုပ်ဖြင့် လန့်သွားပြီး အနောက်ဆုတ်လိုက်မိသေးတယ်၊ အဲဒီကောင်ကြီးသုံးကောင်က လှေကားရင်းမှာ ရပ်သွားတယ်။
“ဟဲ့ နင်တို့ပုံစံတွေကလည်း ကလေးကြောက်စရာပုံတွေဟဲ့၊ ပြောင်းစမ်း၊ နင်တို့အခွက်တွေကို နင်တို့ပြောင်းကြ”
အဘွားကြီးပြောလိုက်တော့ မဲမဲကြီးသုံးကောင်က ချက်ချင်းပုသွားပြီးတော့ ကလေးပုံံစံံလေးတွေဖြစ်သွားတာဗျ၊ အဝတ်အစားမပါဘဲ ခါးမှာ လံကွတ်တီပတ်ထားတဲ့ ပုံလေးတွေပေါ့ဗျာ၊ ပုပု၀၀နဲ့ မသိရင် ဖိုးဝရုပ်နဲ့တောင် တူကြသေးတယ်၊ အရွယ်ကတော့ ငါးနှစ်ခြောက်နှစ် ဝန်းကျင်လောက်ပဲနေမှာ။ သာစံက အဲဒီကလေးတွေကိုကြည့်တော့ အဲဒီကလေးတွေက ပုံစံအမျိုးမျိုးနဲ့ ပြောင်ပြတယ်၊ ပြီးတော့ ကျွမ်းတွေဘာတွေ ထိုးပြတယ်ဗျ။
“ဘွားဘွားကြီး၊ သူတို့ကဘယ်သူတွေလဲ”
“အဲဒါက ငါ့မြေးရဲ့ဘိုးဘိုးတွေပေါ့ကွဲ့”
“ဘိုးဘိုးတွေကလည်း ကလေးလေးတွေလား”
“အေးပေါ့ ငါ့မြေးရဲ့၊ ကဲ ဒီနေ့ကစပြီးတော့ ငါ့မြေးနဲ့ဘယ်သူမှမဆော့လို့ အားငယ်မနေနဲ့တော့၊ ဟောဟိုက ဘိုးဘိုးသုံးယောက် နဲ့သွားဆော့ချည်”
သာစံက လှေကားပေါ်ကနေဆင်းသွားပြီးတော့ ပုဆိုးတစ်ထည်ကို ဖုထုံးချည်ပြီးတော့ အဲဒီသရဲကလေးသုံးကောင်ကို လိုက်ရိုက်တော့တာပဲဗျာ၊ ဟိုသရဲကလေးတွေကလည်း ပြေးလိုက်တာမှ လှစ်ခနဲလှစ်ခနဲပဲဗျ၊ လှေကားပေါ်ထိုင်နေတဲအဘွားကြီးက လှမ်းကြည့်ပြီး
“ဟဲ့ကောင်တွေ၊ ကလေးနဲ့ဆော့တာကို နည်းနည်းပါးပါးအလျော့ပေးလိုက်ကြပါတော့လား၊ ငါမပြောချင်ဘူးနော်”
ဒီတော့မှ သရဲကလေးတွေက ရပ်ပေးတယ်ဗျ၊ သာစံက သရဲကလေးတွေကို လိုက်လိုက်ရိုက်ပြီးတော့ ပျော်နေပါရော၊ နောက်တော့ သရဲကလေးတစ်ကောင်က မြင်းလိုလုပ်ပေးတယ်၊ သာစံံံက တက်စီးလိုက်တော ခြံံံတစ်ပတ် မြင်းလိုပတ်ပြေးပါရောဗျာ၊ ဒီတော့ လှေကားမှာထိုင်နေတဲ့ အဘွားကြီးက ဒေါ်ပျင်းကိုကြည့်ရင်း
“မိပျင်း၊ နင်လည်း ဒေါသလေးဘာလေးလျော့နော်၊ ငါ့မြေးကိုထိရင် နင်လည်းနာမယ်မှတ်”
“အောင်မယ်၊ အမေကများ သမီးကိုလာပြီးစိန်ခေါ်နေသေးတယ်၊ မကျေနပ်ရင် အမေနဲ့သမီးနဲ့ ဘယ်သူပညာပိုထက်သလဲဆိုတာ ပြိုင်မလား”
အဘွားကြီးက မျက်နှာတစ်ချက်ပျက်သွားပြီး
“နင်က ငါမွေးထားတဲ့ငါ့သမီးပါ၊ ဒီတော့ နင့်မှာ ငါပြောတဲ့စကားကို နားထောင်ရမယ့်တာဝန်ရှိတယ်”
အဲဒီအခါ ဒေါ်ပျင်းကြီးက ရယ်တယ်ဗျ။
“ဟား၊ ဟား မယ်ပျင်းတို့ကတော့ ကိုယ်မှန်တယ်ထင်တာ ကိုယ်လုပ်မယ်၊ မိဘသော ဘာသော နားလည်နေမှာမဟုတ်ဘူး”
အဘွားကြီးက ဘာမှပြန်မပြောတော့ဘဲ အိမ်ပေါ်ကိုတက်သွားတော့တယ်ဗျ။ ကျုပ်ကြည့်နေရင်း ခပ်မှိုင်းမှိုင်းဖြစ်နေတဲ့ ပတ်ဝန်းကျင်က နေရောင်တွေလင်းလာတယ်ဗျ၊ ဒေါ်ပျင်းကြီးလည်းပျောက်သွားသလို အိမ်ကြီးတစ်ခုလုံးကလည်း ရုတ်ခြည်းပျောက်ကွယ်သွားပြီးတော့ ခြံံဝိုင်းအလွတ်ကြီးသာ ကျန်နေခဲ့တော့တာဗျ၊ ကျုပ်လှည့််ကြည်လိုက်တော့ ဦးဘသာတစ်ယောက် မန်ကျည်းပင်ကြီးအောက်မှာ ကလေးတစ်ယောက်လို ငုတ်တုတ်ကလေးထိုင်လို့ဗျ၊ ကျုပ်လည်း သူ့အနားကိုကပ်ခဲ့တာပေါ့။
“ဦးဘသာ၊ ဗျို့၊ ဦးဘသာ”
ကျုပ်ခေါ်တာကို မကြားဘဲနဲ့ တစ်ခုခုကိုတွေးနေတဲပုံပဲဗျ၊ ဒါနဲ့ ကျုပ်လည်း မန်ကျည်းပင်အပေါ်ကို တက်မယ်ပြင်ရင်း သစ်ပင်ကိုလက်အုပ်ချီပြီး ခွင့်တောင်းလိုက်တယ်၊ ပြီးတော့ သစ်ပင်ကိုတက်မယ်အလုပ်မှာ
“နေအုံးအလတ်ကောင်၊ မင်းတက်စရာမလိုတောဘူူး”
“ဘာဗျ၊ ဒါဆိုမန်ကျည်းသီးတွေ မဆွတ်တော့ဘူးလား”
ဦးဘသာက မတ်တပ်ရပ်လိုက်ပြီးတော့
“အရင်တုန်းကတော့ ဘိုးဘိုးတွေက ဆွတ်ပေးတာပဲကွ”
ဦးဘသာက မန်ကျည်းပင်ကြီးရဲ့ ပင်စည်ကိုလက်နဲ့ပုတ်ပြီးတော့ အပင်ပေါ်ကိုမော့ကြည်တယ်။
“ဘိုးဘိုးတို့ရေ၊ ထုံးစံံံံအတိုင်း မန်ကျည်းတစ်တင်းလောက် ဆွတ်ပေးစမ်းပါ”
ဒီလိုအော်လိုက်တော့ မန်ကျည်းပင်အောက်မှာ ကျုပ်ချထားတဲ့ တင်းတောင်းကြီးထဲကို မန်ကျည်းသီးတွေ တဖြုတ်ဖြုတ်ပြုတ်ကျတော့တာပဲဗျာ၊ ကျလာတဲ့မန်ကျည်းသီးတွေကလည်း ကောင်းပေ့၊ ညွန့်ပေ့ဆိုတဲ့အသီးတွေဗျ၊ ကျုပ်တို့ဆွတ်ရင်တော့ ကိုယ်မီတဲ့နေရာလောက်က ရှိသမျှအသီး အကုန်ဆွတ်တာမဟုတ်လား၊ အဲဒီထဲမှာ ပိုးထိုးထားတဲ့အသီးတို့၊ နေလောင်ပြီးခြောက်နေတဲ့အသီးတို့လည်း ပါတာပေါ့၊ အခုကတော့ ဒီလိုမဟုတ်ဘူးဗျာ၊ အသီးတွေက တကယ့်ကိုအကောင်းဆိုတဲ့အသီးတွေချည်းပဲဗျ။ ဦးဘသာကတော့ ပြုံးနေရင်း သစ်ပင်ပေါ်ကိုမော့ကြည့်နေတယ်။ သစ်ပင်ကြီးက တဖြန်းဖြန်းလှုပ်လို့ဗျ။
တစ်တင်းဆိုတဲ့အတိုင်းပဲ တင်းတောင်းကြီးမောက်လျှံံသွားတော့ ရပ်တန့်သွားတော့တာပဲဗျာ၊ ကျုပ်လည်း တင်းတောင်းပေါ်မှာ ပုဆိုးလွှမ်းပြီးတော့ တောင်းကြီးကိုထမ်းလိုက်တာပေါ့၊ ပြီးတော့ ဦးဘသာကြီးနဲ့အတူတူ အဲဲဒီခြံဝိုင်းထဲကနေထွက်လာခဲ့ကြတယ်၊ အပြန်လမ်းတော့ ဦးဘသာက စကားတစ်ခွန်းမှမပြောဘူးဗျ၊ ကျုပ်လည်း မေးမနေတော့ပါဘူး၊ ရွာအဝင်နားရောက်တော့မှ ဦးဘသာက ကျုပ်ဘက်ကိုလှည့်ပြီးတော့
“အလတ်ကောင်၊ မင်းပြောတာများ ဟုတ်နေပြီလားမသိဘူးကွ”
“ဘာလဲဗျ၊ အဆုံးမရှိ၊ အစမရှိနဲ့ ဘာကိုဟုတ်တာလဲ”
“ငါ့အမေလည်းစုန်း၊ ငါလည်း စုန်းဆိုတာလေကွာ”
ကျုပ်လည်း ဘာမှမပြောတော့ဘဲ ပြံံုံးပြီးတော့ပဲ ကြည့်နေလိုက်တယ်ဗျ၊ ဒီအတိုင်းဆို ကျုပ်ထင်တာမှန်နေပါပြီဗျာ၊ ဦးဘသာက သူ့အမေနဲ့ပတ်သက်တာတွေ ပြန်တွေးမိရင် တစ်ခုခုကိုတော့ ပြန်သိလာတဲ့ပုံပဲဗျ၊ ဒါနဲ့ ကျုပ်တို့လည်း ရွာထဲကိုဝင်ခဲ့တာပေါ့ဗျာ။
(၄)
ဘုံဆိုင်ပင်ထဲမှာ အကြီးအကျယ်ဆုံး၊ ပြဿနာအတက်ဆုံးဘုံဆိုင်ပင်ကိုပြောပါဆိုရင်တော့ ရွာလယ်က မန်ကျည်းပင်ကြီးပေါ့ဗျာ၊ မန်ကျည်းပင်ကြီးသက်တမ်းက နှစ်ပေါင်းဘယ်လောက်ရှိသလဲဆိုတာ ဘယ်သူမှသိဘူး၊ တစ်ချို့ကတော့ နှစ်ပေါင်းနှစ်ရာရှိပြီ၊ သုံးရာရှိပြီလို့မှန်းကြတယ်၊ ဖက်လိပ်ရွာကနေ ကပ်ဆိုးကျလို့ ဇီးကုန်းရွာကိုပြောင်းလာကတည်းက ဒီအပင်ကြီးရှိနေတာကိုးဗျ၊ ဒီတော့ ရွာလူကြီးဖြစ်တဲ့အဘိုးက ဒီအပင်က ရွာသားတွေအားလံုံးနဲ့ဆိုင်တဲ့ ဘုံဆိုင်ပင်လို့ ပြောလို့တစ်ရွာလုံးနဲ့ ဆိုင်တဲ့အပင်ကြီးဖြစ်သွားပါရောလား။ မန်ကျည်းပင်ဆိုပေမယ့် တစ်ပင်တည်းမဟုတ်ဘူးဗျ၊ သုံးပင်အတန်းလိုက်ကြီးပေါက်နေတာဗျ၊ မန်ကျည်းပင်ကြီးတွေ အသက်ကြီးသွားပြီဆိုပြီး အထင်မသေးနဲ့ဗျို့၊ သီးအားခဲအားကတော့ လွှတ်ကောင်းဗျာ၊ အဲဒီမန်ကျည်းပင်ကြီးက မန်ကျည်းသီးဆွတ်ပြီဆိုရင်တော့ ပြဿနာတစ်ခုပေါ်ပြီပေါ့၊ မန်ကျည်းသီးကို ဘုံခွဲတဲ့ကိစ္စပေါ့ဗျာ။
အဖေ့အတွက်လည်း စိန်ခေါ်မှုတစ်ခုလို့ ကျုပ်ကတော့ထင်တယ်၊ တစ်ရွာလုံးနဲ့ဆိုင်တာဆိုတော့ တစ်ရွာလုံးရမှဖြစ်တော့မှာပေါ့ဗျာ၊ လူတွေဆိုတော့လည်း အလကားတော့ ရချင်ကြသား၊ အဲဒီမှာအဝေမတည့်လို့ကတော့ ဟိုလူ့ကိုမျက်နှာလိုက်တယ်၊ ဒီလူ့ကိုမျက်နှာလိုက်တယ်နဲ့၊ မန်ကျည်းသီး လက်တစ်ဆုပ်လောက်နဲ့ ရန်တွေစောင်ကုန်ကြတာပေါ့ဗျာ။
ဟိုတစ်နှစ်ကလည်း အဖေခွဲဝေပေးတာ မမျှဘူးဆိုပြီး ပြဿနာတွေ တက်ထားဖူးတယ်ဗျ၊ နောက်ဆးအဖေက ဒီလောက်ဖြစ်လှတာဆိုပြီး မန်ကျည်းသီးတွေအကုန်လုံးကို ရွာဦးကျောင်းဆရာတော်ကို လှူထည့်လိုက်တော့မှပဲ ပြဿနာတစ်ရန်အေးသွားတယ်ဗျ၊ ဆရာတော်ကိုလှူတယ်ဆိုတော့လည်း ဘယ်သူကပြောရဲတော့မှာလဲဗျာ၊ ရွာဦးကျောင်းက ကပ္ပိယကြီးကတော့ မန်ကျည်းသီးတွေ စားရလွန်းလို့ သွားတွေကြိမ်းပြီး၊ ပါရလွန်းလို့ ဖင်တွေလည်းကြိမ်းနေတာပဲတဲ့ဗျာ။
ဒီနှစ်လည်း လူတွေက တော်တော်ကိုမျှော်လင့်ထားတယ်ဗျ၊ အဖေက ရွာဦးကျောင်းကိုလှူမှာစိုးလို့တောင် မလှူဖို့ဝိုင်းပြောနေကြသေးတာ၊ သူကြီးဆိုတော့ ခေါင်းရှောင်လို့လည်းမကောင်းဘူးပေါ့ဗျာ၊ အဖေကတော့ အဲဒီကိစ္စကို ဓါတ်တော်ဝေတယ်လို့ တင်စားပြီးခေါ်သဗျ။
“အဖေကလည်း မန်ကျည်းသီးခွဲတာကိုများ ဘာလို့ ဓါတ်တော်ဝေတယ်လို့ ပြောရတာလဲဗျ”
“ဟ၊ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ပြီး ကြွင်းကျန်ရစ်တဲ ဓါတ်တော်တွေကိုလိုချင်ကြလို့ တိုင်းပြည်ရှစ်ခုက ဘုရင်တွေက စစ်အင်္ဂါခင်းပြီးတော့ စစ်ဖြစ်ဖို့လာတယ်မဟုတ်လား၊ အဲဒီမှာ ဒေါဏပုဏ္ဍားကြီးက အညီအမျှခွဲဝေပေးလိုက်လို့ စစ်မဖြစ်တော့ဘဲ အေးအေးချမ်းချမ်းနဲ့ပြီးသွားကြတယ်လေ၊ အခုလည်း အဲဒီမန်ကျည်းသးပင်ကိစ္စကလည်း ဒီလိုပဲကွ၊ ငါဖြင့် ဒေါဏ ပုဏ္ဍားကြီးသာရှိရင် သူ့ကိုပဲ ခွဲဝေခိုင်းချင်တယ်ကွာ၊ ဒီမန်ကျည်းသီးလောက်နဲ့ ရပ်ထဲရွာထဲမှာ ရန်မဖြစ်စေချင်တော့ဘူးကွ”
ဒီလိုနဲ့ အဖေကြောက်တဲ့ နေ့ကိုရောက်လာပါရောဗျာ၊ မန်ကျည်းသးပင်က အသီးတွေကိုခူးဆွတ်ပြီးတော့ အပင်အောက်မှာပဲ ဖျာကြမ်းကြီးတွေခင်းပြီး ပုံထားကြတာပေါ့၊ ရွာကလူတွေလည်း အဖေဘယ်လိုခွဲမလဲဆိုတာ သိချင်တာကလည်းတစ်ကြောင်း၊ ပညာစမ်းချင်တာကလည်း တစ်ကြောင်းနဲ့ ရောက်နေကြတာပေါ့ဗျာ၊ ခွဲတောင်မခွဲရသေးဘူး မန်ကျည်းသီးဘယ်လောက်ရှိသလဲဆိုပြီး ရေတွက်နေရုံနဲဲ့တင် ပြဿနာထဖြစ်ကြပါရောလား၊
ဒီလိုဆူဆူညံံံံညံဖြစ်နေတုန်း ဦးဘသာကြီးက ရောက်ချလာတယ်ဗျ၊ ပြီးတော့ အဖေ့ကိုကြည့်ပြီး
“သူကြီး၊ ကျုပ်အညီအမျှခွဲပေးရမလား”
အဖေကလည်း အကူအညီရမလားဆိုပြီးတော့ ခေါင်းညိတ်လိုက်တာပေါ့ဗျာ၊ အဲဒီမှာ ဦးဘသာက မန်ကျည်းသီးပုံနားမှာရပ်ပြီးတော့ ပြည်တောင်းတစ်လုံးကောက်ယူလိုက်တယ်ဗျ။
“ကဲ၊ ကဲ၊ တစ်ရွာလုံးကလူတွေ တစ်အိမ်တစ်ယောက် လာကြစမ်း၊ တစ်အိမ်ကို တစ်ပြည်ရမယ်ဟေ့”
ရွာကလူတွေက ဖြစ်နိုင်ပါ့မလားဆိုပြီးတွေးကုန်တာပေါ့ဗျာ၊ ဒါနဲ့ လူတွေ သူ့ထက်ငါ အလုအယက်တန်းစီတယ်ဗျ၊ တစ်အိမ်ကိုတစ်ပြည်တောင်ရမှာဆိုတော့ နောက်ကျလို့ ကုန်သွားမှာစိုးတာကိုး၊ ဦးဘသာကလည်း မန်ကျည်းသီးပုံကြီးထဲကို ပြည်တောင်းနဲ့ခပ်ခပ်ပြီးထည့်ပေးတယ်၊ လူတွေကလည်း တစ်အိမ်တစ်ပြည်ယူပြီး ပြန်ကြတာပေါ့ဗျာ၊ တစ်ချို့များဆိုရင် ဦးဘသာကိုင်ထားတဲ့ ပြည်တောင်း မပြည့်မှာစိုးလို့ဆိုပြီးတော့ သူတို့ပြည်တောင်းထဲကို ပြန်ချင်ကြည့်ကြသေးသဗျ၊ ပြန်ချိန်ကြည့်တော့လည်း ကွက်တိပဲပေါ့။
ဒီလိုနဲ့ တစ်အိမ်ကိုတစ်ပြည် ဝေလာလိုက်တာ၊ နောက်ဆံုံးတစ်ပြည်ပဲကျန်တယ်ဗျ၊ အိမ်ပေါက်စေ့လူတွေလည်း စုံအောင်ရသွားတာ အံ့သြစရာကြီးပါဗျာ၊ ဒါနဲ့ ကျုုပ်လည်း ကျန်တဲဲ့တစ်ပြည်ကိုလက်ညှိုးထိုးလိုက်တယ်။
“ဦးဘသာ၊ ဒီတစ်ပြည်ကရော ဘယ်သူ့အတွက်လဲ”
“ဟေ့ကောင်၊ ဒီသစ်ပင်ကြီးက တစ်ရွာလုံးနဲ့ဆိုင်တယ်လေကွာ၊ ဒီတော့ ကျန်တဲ့တစ်ပြည်က ငါ့အတွက်ပေါ့ကွ”
ဦးဘသာ မန်ကျည်းသီးဝေကတည်းက မလောက်မငှဖြစ်ရင်၊ အချိန်မှားရင်၊ နည်းတာပိုတာဖြစ်ရင်ဆိုပြီးတော့ ဘေးနားက ရန်တွေ့ဖို့ ဝိုင်းပြီးကြည့်နေတဲ့သူတွေလည်း အကုန်လုံးသက်ပြင်းချပြီး ပြန်သွားလေရဲ့ဗျာ၊ တိကျတာမှ ဖျာကြမ်းကြီးပေါ်မှာ မန်ကျည်းသီးတစ်တောင့််တောင် မကျန်ခဲ့ဘူးဗျ။ အဖေလည်း အဲဒီတော့မှ သက်ပြင်းချနိုင်တော့တာပဲ။
“တော်ပါသေးရဲ့၊ ဒေါဏပုဏ္ဍားကြီးနဲ့ တွေ့လို့” ဆိုပြီး တိုးတိုးလေး ရေရွတ်လိုက်တာကို ကျုပ်ကြားမိအောင် ကြားလိုက်သေးတယ်ဗျာ။
ကျုပ်ကတော့ စဉ်းစားမိတယ်ဗျာ၊ တစ်အိမ်ထောင်တစ်ပြည်ဆိုတာ မနည်းဘူးဗျ၊ ဒီတော့ ဒီမန်ကျည်းသီးတွေကပဲ ပွားလာတာလား၊ ဦးဘသာပဲဲ ပြည်တောင်းကို တစ်ခုခုလုပ်ထားတာလားဆိုတာ ကျုပ်တော့မတွေးတတ်တော့ပါဘူးဗျာ၊ ကျုပ်ကတော့ ဦးဘသာကြီး ပညာနဲဲ့လုပ်လိုက်တယ်လို့ပဲ မှတ်တယ်။ ဒီလိုနဲ့ တစ်နှစ်တစ်ခါကြုံရတဲ့ ဘုံဝေစုခွဲတဲ့ ဘုံဆိုင်ပင်ကိစ္စကြီးလည်း ပြီးသွားတော့တာပေါ့ဗျာ၊
ပြီးပါပြီ။
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ
Zawgyi Version
” စုန္းထီးႀကီး ဦးဘသာႏွင့္ ဘုံဆိုင္ပင္ “(စ/ဆုံး)
———————————————————-
အတြဲ(၄) စာစဥ္(၁)
(၁)
က်ဳပ္တို႔အညာရဲ႕ ဓေလ့တစ္ခုကို ေျပာပါဆိုရင္ေတာ့ ဘုံဆိုတဲ့စကားကလည္း မပါမျဖစ္ပဲဲဗ်၊ ဘုံဆိုင္ဆိုလို႔ ခုေခတ္ကေလးေတြ အရက္ဆိုင္လို႔ထင္ေကာင္းထင္ၾကလိမ့္မယ္၊ တကယ္ေတာ့ မဟုတ္ဘူးဗ်၊ ဘုံဆိုတာ အမ်ားနဲ႔သက္ဆိုင္တဲ့အရာကိုေခၚတာ၊ ဒီလိုဗ်ာ၊ က်ဳပ္တို႔အညာဖက္ေတာ့ မိဘဘိုးဘြားေတြ ေသဆုံးသြားၿပီဆိုရင္ က်န္ရစ္ခဲ့တဲ့ အေမြေတြကို အေမြခြဲေလ့ရွိၾကတယ္ဗ်၊ အေမြခြဲတဲ့အခါမွာလည္း ရပ္႐ြာလူႀကီးတစ္ေယာက္ေယာက္က တာာဝန္ခံံၿပီးေတာ့ အညီအမွ်ခြဲေဝေပးၾကရတာေပါ့ဗ်ာ၊ ေ႐ႊ႕ေျပာင္းႏိုင္တဲ့ပစၥည္း၊ မေ႐ြ႕မေျပာင္းႏိုင္တဲ့ ပစၥည္းအကုန္ပါတယ္ဗ်။ အဲဒီမွာ ေ႐ႊ႕ေျပာင္းမလြယ္တဲ့ သစ္ပင္လိုဟာမ်ိဳးက်ေတာ့ ဘုံဆိုင္ပင္ဆိုၿပီး သတ္မွတ္ေပးလိုက္ရတယ္၊ က်န္ခဲ့တဲ့ သားသမီးေတြနဲ႔ ဆိုင္တဲ့အပင္တစ္ခုလို႔ေပါ့ဗ်ာ။
ေဟာ၊ ေျပာရင္းဆိုရင္း မိုးမလင္းေသးဘူး အသံံံေတြဆူညံဆူညံၾကားရၿပီဗ်၊ တစ္ေယာက္နဲ႔တစ္ေယာက္ ေျပာဆိုေအာ္ဟစ္ ဆဲဆိုေနတဲ့အသံံေတြေပါ့ဗ်ာ၊ က်ဳုပ္လည္း အိပ္ရာကေတာင္မႏိုးေသးဘူးဗ်၊ မိုးအကုန္ေဆာင္းအကူးဆိုေတာ့ မနက္ပိုင္းက ေအးေအးနဲ႔အိပ္လို႔သိပ္ေကာင္းတာေပါ့ဗ်ာ၊ ဒါေပမယ့္ အသံၾကားေတာ့လည္းမေနနိင္ဘူးဗ်၊ ျခင္ေထာင္ထဲကေနထြက္ၿပီး အိပ္ရာေတာင္မသိမ္းေသးဘဲနဲ႔ အိမ္ေအာက္ကိုေျပးဆင္းလာခဲ့တယ္၊ အိမ္ေအာက္ေရာက္တာနဲ႔ ေသာက္ေရအိုးက ေရတစ္ခြက္ခပ္ေသာက္ၿပီးေတာ့ ပုဆိုးျပင္ဝတ္ၿပီး အသံၾကားရာေနရာကိုထြက္လာခဲ့တာပဲ။
က်ဳပ္ကို စပ္စုတယ္လို႔မထင္နဲ႔ဗ်၊ ႐ြာမွာတစ္ခုခုျဖစ္လာၿပီဆိုရင္ အေဖက ဝင္မပါတတ္ဘူး၊ အထူးသျဖင့္ ရန္ျဖစ္တာမ်ိဳးေပါ့ဗ်ာ၊ သူႀကီးေရာက္လာတယ္ဆိုေတာ့မွ ေျဖရွင္းရပိုခက္သြားတတ္တာပဲ၊ ဒါေၾကာင့္ ရန္ျဖစ္သံၾကားတယ္ဆိုရင္ က်ဳပ္ကပဲ ေရွ႕ေတာ္ေျပးထြက္ၾကည့္ရတယ္။ တစ္ခါတစ္ေလေတာ့ ႏွစ္ဦးႏွစ္ဖက္ စိတ္ႀကိဳက္ဆဲဆိုၿပီးရန္ ရန္ပြဲၿပိးသြားတာပဲ၊ တစ္ခါတစ္ေလလည္း ေယာက္်ားသားႏွစ္ေယာက္ တစ္ခ်ီတစ္ေမာင္းထိုးၾကတာေပါ့ဗ်ာ၊ ၿပီးေတာ့လည္း ေဆြမ်ိဳးသားခ်င္းေတြဆိုေတာ့ ေသြးအလိမ္းလိမ္းေပေနတဲ့ သြားေတြၿဖဲၿပီး ပုခုံးဖက္ၿပီး ၿပီးသြားတာေတြလည္းရွိတယ္၊ အဲဒါကိုမွ မေက်နပ္လို႔ သူႀကီးဆီတိုင္မယ္ ေတာမယ္ဆိုမွသာ အေဖက ဝင္ပါရေတာ့တာ၊
လင္မယားရန္ျဖစ္တာေလာက္ကေတာ့ သူလင္သူမယား မေက်နပ္လို႔ ထသတ္ခ်င္သတ္ၾကပါေစ အေဖက ဝင္မပါဘူးဗ်၊ ၾကားသုံးၾကား မဝင္ေကာင္းဘူးဆိုတာထင္ပါ့။ တစ္ခါသားကလည္း သူမ်ားလင္မယားၾကားအဝင္ေကာင္းလို႔ က်ဳပ္ဒုကၡေရာက္တာလည္း ႀကဳံတုန္း ေဖာက္သည္ခ်ရအုံးမယ္ဗ်။
႐ြာစြန္က ကိုႂကြက္နီဆိုတာ ဘိုးဘြားပိုင္ထန္းပင္ေတြကို ကိုယ့္ဖာသာကိုယ္တက္ၿပီး ထန္းရည္ေသာက္တတ္တဲ့လူေပါ့ဗ်ာ၊ သူက ထန္းကိုစီးပြားျဖစ္တက္မစားဘူးဗ်၊ စိုက္ခ်ိန္ပ်ိဳးခ်ိန္ဆိုရင္ေတာ့ လယ္စိုက္၊ ယာစိုက္စားတယ္၊ ဘာမွစိုက္စရာမရွိတဲ့ ေႏြရာသီလိုအခ်ိန္မွာသာ အိမ္ေရွ႕မွာ ထန္းလက္တဲႀကီးထိုးၿပီး ထန္းရည္ေရာင္းစားတာေပါ့ဗ်ာ။
ကိုႂကြက္နီက ေသြးဆိုးတယ္ဗ်၊ တစ္ရက္ေတာ့ ထန္းရည္မူးၿပီးေတာ့ မိန္းမနဲ႔စကားမ်ားပါေရာဗ်ာ၊ စကားမ်ားၿပီးေတာ့ သူ႔မိန္းမကို အိမ္ေပၚကေနဆြဲခ်ၿပီး ပါးေတြနားေတြ႐ိုက္တာေပါ့ဗ်ာ၊ ထုံးစံအတိုင္း ႐ြာထဲအသံၾကားၿပီဆိုတာနဲ႔ ေရွ႕ေတာ္ေျပးက်ဳပ္က ေျပးရေတာ့တာပဲဗ်ာ။ လူေတြကေတာ့ ဝိုင္းအုံေနေတာ့တာ၊ ထန္းပင္ေအာက္မွာ ကိုႂကြက္နီက သူ႔မိန္းမကို ႐ိုက္လိုက္ႏွက္လိုက္၊ တံံေတာင္နဲ႔ေထာင္းလိုက္နဲ႔ေပါ့၊၊ သူ႔မိန္းမလည္း မ်က္ႏွာေတြအညိဳအမဲေတြဆြဲေနၿပီ၊ ဒီအခ်ိန္မွာပဲ ကိုႂကြက္နီက ဘာမေျပာညာမေျပာနဲ႔ ဝါးရင္းတုတ္ေျပးဆြဲတာပဲဗ်ာ။ ႐ြာသားေတြကေတာ့ ေအာ္ၾကတာေပါ့ဗ်ာ၊ “ေဟ့ေကာင္ႂကြက္နီ၊ လြန္မယ္ေနာ္” “ႂကြက္နီ၊ မင္းမိန္းမေသသြားမယ္” ဆိုၿပီးေအာ္ၾကတာေပါ့၊ ကိုႂကြက္နီကေတာ ေျပာေနတဲ့လူေတြကို ဘာမွအေရးမလုပ္ပါဘူးဗ်ာ၊
လူေတြက ပါးစပ္နဲ႔ေအာ္ေပမယ့္ တကယ္ေရာက္သြားတာက က်ဳပ္ဗ်၊ က်ဳပ္လည္း ဒီေလာက္မိန္းမကို ႏွိပ္စက္တဲ့လူကို ၾကည့္မရတာနဲ႔၊ အနားမွာက်ေနတဲ့ ထန္းဖလက္လို႔ေခၚတဲ့ ထန္းလက္အ႐ိုးႀကီးေကာက္ၿပီး ကိုႂကြက္နီကို ဝင္႐ိုက္တာပဲဗ်ာ၊ ႏွစ္ခ်က္ေလာက္ပဲ ႐ိုက္ရေသးတယ္ ကိုႂကြက္နီတစ္ေယာက္ ေမွာက္သြားပါေရာ၊ ထန္းဖလက္က ဆူးေတြပါတယ္ဆိုေတာ့ ကိုႂကြက္နီေက်ာကုန္းကြဲၿပီးေတာ့ ေသြးေတြလည္းထြက္လာတာေပါ့ဗ်ာ၊ ဒီေတာ့ သူ႔မိန္းမက ထိတ္လန႔္တၾကားနဲ႔ သူ႔ေယာက္်ားကိုေျပးထူတယ္ဗ်။
“လာၾကပါအုံးရွင္၊ ကြၽန္ေယာက္်ားေသၿပီလားမသိဘူး”
က်ဳပ္က ေဒါသထြက္ေနေသးတာ
“ေအာင္မာ၊ ခင္ဗ်ားေယာက္်ားကို က်ဳပ္သာမတားရင္ ခင္ဗ်ားေသေလာက္ၿပီဗ်၊ ဘာအခုမွ သူ႔ဘက္က ဝင္နာေနတာလဲ”
ကိုႂကြက္နီမိန္းမက က်ဳပ္ကိုလက္ညိဳးေငါက္ေငါက္ထိုးရင္း
“ဟဲ့၊ ဒါငါ့ေယာက္်ားပါဟဲ့၊ ငါ့ေယာက္်ားအေၾကာင္း ငါအသိဆုံးပဲ၊ သူက ငါ့ကိုဒီေလာက္ခ်စ္တာ ငါ့ကို႐ိုက္သတ္ပါ့မလား”
“ဟာ၊ ခုနက ဝါးရင္းတုတ္ေျပးေကာက္တာ မေတြ႕ဘူးလား”
“သူက အဲဒီလိုပဲဟဲ့၊ သြားပါၿပီဟယ္၊ နင္လုပ္တာ ငါ့ေယာက္်ားတစ္ခုခုျဖစ္ၾကည့္ နင့္္ကို ၿမိဳ႕တက္ၿပီးေတာ့ လူ႐ိုက္မႈနဲ႔ ရဲတိုင္မယ္အလတ္ေကာင္”
က်ဳပ္ျဖင့္ မ်က္လုံးကိုျပဴးသြားတာပဲဗ်ာ၊ ကိုႂကြက္နီမိန္းမကေတာ့ သူ႔ေယာက္်ားဖက္ၿပီးငိုလို႔ေပါ့ဗ်ာ၊ ေနာက္ေတာ့ အေဖ့ကိုတိုင္ပါေရာဗ်ာ၊ အေဖကေတာ့ က်ဳပ္ကိုဘယ့္ႏွယ့္ရွိစဆိုတဲ့ မ်က္ႏွာေပးနဲ႔ၾကည့္တယ္။
“ညည္းေယာက္်ားက အေရျပားလန္သြားတာေလာက္ပါဟာ၊ ေဆးဆရာဦးမွတ္ႀကီးက ဘာမွမျဖစ္ဘူးလို႔ ေျပာတယ္မဟုတ္လား”
“ဒါေပမယ့္ မေက်နပ္ဘူးေတာ့၊ သူက ကြၽန္မေယာက္်ားကို ဝင္႐ိုက္သြားလို႔ အခုထိစကားေမးမရေသးဘူးမဟုတ္လား၊ တစ္ခုခုသာျဖစ္ၾကည့္ေနာ္ ကြၽန္မဒီအတိုင္းသည္းခံေနမွာမဟုတ္ဘူး၊ ကြၽန္မေယာက္်ားက ကြၽန္မတို႔မိသားစုကို ပင္ပင္ပန္းပန္းလုပ္ကိုင္ေကြၽးေနတဲ့ သူေတာ္ေကာင္းႀကီးပါရွင္၊ ကိုႂကြက္နီ အီး . . . ဟီး၊ ရွင္ထပါအုံးေတာ့”
အေဖက အကိုႀကီးကိုၾကည့္ၿပီးေတာ့
“အႀကီးေကာင္၊ အလတ္ေကာင္ကို ထိပ္တုံးခတ္လိုက္”
က်ဳပ္ျဖင့္ လန႔္သြားတာပဲဗ်ာ။
“ဗ်ာ၊ တကယ္ႀကီးလား”
အကိုႀကီးကလည္း အေဖ့အမိန႔္ဆိုေတာ့ က်ဳပ္ကိုဖမ္းေခၚၿပီး အိမ္ေအာက္က ထိတ္တုံးကို ေနပူထဲကိုခ်တယ္၊ ၿပီးေတာ့ က်ဳပ္ေျခေထာက္ကိုထည့္ၿပီး ခတ္လိုက္တာေပါ့ဗ်ာ၊ အေဖက ကိုႂကြက္နီမိန္းမကိုၾကည့္ရင္း
“စိတ္ခ်စမ္းပါေအ၊ ညည္းေယာက္်ားတစ္ခုခုျဖစ္ရင္ ညည္းမေျပာနဲ႔ ငါကိုယ္တိုင္ ဒီေကာင့္ကို ရဲလက္အပ္မွာပါ၊ သြားသြား၊ ျပန္ေတာ့”
ကိုႂကြက္နီကို လူေတြက ထမ္းပိုးၿပိးေတာ့ အိမ္ကေနျပန္သြားတာေပါ့ဗ်ာ၊ လူေတြျပန္သြားေတာ့ အေဖက က်ဳပ္အနားကိုေလွ်ာက္လာတယ္။
“အေဖ၊ က်ဳပ္ကို ျပန္လႊတ္ေပးေလဗ်ာ၊ က်ဳပ္ဘာမွားလို႔လဲ”
“ေအး၊ မင္းမွားတာေပါ့ကြာ၊ သူမ်ားလင္မယားၾကားဝင္ၿပီး လက္ပါတဲ့ မင္းကမွားတာေပါ့၊ မင္းကိုမလြတ္ေပးဘူးကြ၊ မွတ္ေလာက္သားေလာက္ျဖစ္သြားေအာင္လို႔ ေန႔တစ္ပိုင္းေလာက္ေတာ့ ေနပူခံခိုင္းမယ္”
အေဖကေျပာၿပီး လွည့္ထြက္သြားပါေရာဗ်ာ၊ ဒါနဲ႔ က်ဳပ္လည္း ေန႔တစ္ဝက္ေလာက္ ေနပူခံံလိုက္ရတာေပါ့။ အဲဒီကတည္းက က်ဳပ္လည္း သူမ်ားလင္မယားၾကား ရန္ျဖစ္႐ုံမကလို႔၊ သတ္ပဲသတ္သတ္ ႐ြာကလူေတြလို ေဘးကပဲထိုင္ၾကည့္ေနေတာ့တာေပါ့။
(၂)
ဆူညံသံေတြဆီကို က်ဳပ္ေရာက္သြားေတာ့ ရန္ျဖစ္ေနၾကတာဗ်၊ ျဖစ္တာကေတာ့ ညီအမခ်င္းရန္ျဖစ္တာဗ်၊ ရန္ျဖစ္ရင္းနဲ႔ သူတို႔ေယာက္်ားေတြ၊ သားသမီးေတြပါ ပါလာၾကေတာ့ ရန္ပြဲက ၿမိဳင္သြားတာေပါဗ်ာ၊ က်ဳပ္လည္း ေစာေစာစီးစီး ပြဲၾကည့္ရတယ္ဆိုၿပီးၾကည္ေနတာေပါ့၊ ေနာက္ဆုံးေတာ့ သူတို႔အေမႀကီးက ထြက္လာတယ္။
“ငါတစ္ေယာက္လုံး ရွိပါေသးတယ္ဟယ္၊ နင္တို႔ ငါ့မ်က္ႏွာကိုမေထာက္ၾကဘူးလား”
အႀကီးမက သူ႔အေမကိုလက္ညႇိဳးထိုးတယ္ဗ်။
“အဲဒါအေမ့ေၾကာင့္၊ အေမက အေဖပိုင္တဲ့လယ္ေတြကို ညီမတို႔လင္မယားကို ေပးလုပ္ခိုင္းေတာ့ တစ္ခ်ိန္က်ရင္ သူတို႔ပိုင္ပါတယ္ဆိုၿပီး ဆြဲသိမ္းသြားေတာ့ဘယ္လိုလုပ္မလဲ”
ဒီမွာပဲ ရန္ပြဲဆက္ျဖစ္ပါေရာဗ်ာ၊ ေနာက္ဆုံးေတာ့ အဘြားႀကီးက သူႀကီးဆီကို ေခၚရွင္းမယ္ဆိုတာနဲ႔ အိမ္ကိုေရာက္လာၾကတယ္ေပါ့။ အေဖက သူတို႔ကိုၾကည္ၿပီးေတာ့
“ညည္းတို႔တကယ္အေမြခြဲမွာလား”
“ခြဲမယ္”
“ေဒၚ၀ ကေရာ အေမြခြဲေပးေတာ့မွာလား”
“ခြဲပါ့မယ္သူႀကီးရယ္၊ သူတို႔ညီအမေလး ႏွစ္ေယာက္ထဲရွိတာ အခုလို အေမြကိစၥနဲ႔ရန္ျဖစ္ေနတာ နားရွက္ဖို႔ေကာင္းပါတယ္ရွင္”
“ဟဲ့ မႀကီးနဲ႔ မငယ္ နင္တို႔ငါခြဲေပးတာကို လိုက္နာမလား”
ႏွစ္ေယာက္လံုံးကလည္း ေခါင္းညိတ္တယ္ဗ်။ ဒါနဲ႔အေဖက ပိုင္ဆိုင္တဲ့လယ္ေတြ၊ ယာေတြနဲ႔ ၿခံဝိုင္းႀကီးကိုလည္း ႏွစ္ပိုင္းအညီအမွ်ခြဲေပးလိုက္တာေပါ့ဗ်ာ၊ အဲဒီမွာတင္ ကိစၥကမၿပီးေသးဘူးဗ်၊ ၿခံဝိုင္းထဲမွာ က်န္ေနတဲ့ မန္က်ည္းပင္၊ သရက္ပင္ေတြက ရွိေသးတယ္။
“က်န္တဲ့ မန္က်ည္းပင္ေလးပင္နဲ႔ သရက္ပင္ ႏွစ္ပင္ကိုေတာ့ နင္တို႔အေဖႀကီးစိုက္သြားတာျဖစ္လို႔ နင္တို႔သားအမိသုံးေယာက္ ဘုံဆိုင္တယ္၊ ဒီေတာ့ ဒီအပင္ေတြအကုန္လုံးက ဘုံဆိုင္ပင္ပဲ”
အေဖ့ဆုံးျဖတ္ခ်က္ကို မႀကီးနဲ႔မငယ္က ေခါင္းညိတ္ၿပီးေက်နပ္လိုက္တာေပါ့ဗ်ာ၊ အားလံုံးေျပလည္သြားၿပီဆိုေတာ့ အေမက ဆီစိမ္ထားတဲ့လက္ဖက္ပန္းကန္ကို ၾကက္သြန္ေၾကာ္၊ ႏွမ္းေလွာ္ျဖဴးၿပီးေတာ အလယ္မွာခ်ေပးတယ္၊ ဒါက ႐ြာဓေလ့ထုံးစံေပါ့ဗ်ာ၊ အမႈအခင္းၿပီးသြားရင္ တစ္ပန္းကန္ထဲက လက္ဖက္ကို ႏွစ္ဖက္စလုံး ႏႈိက္စားရတယ္ဗ်၊ မႀကီးကလည္း လက္ဖက္ပန္းကန္ထဲက လက္ဖက္ကို လက္နဲ႔ႏႈိက္စားတယ္၊ မငယ္ကလည္း တစ္လုပ္ႏႈိက္စားတယ္ေပါ့ဗ်ာ။
“ၿပီးၿပီေနာ္၊ နင္တို႔မေက်လည္တာေတြ ဒီမွာပဲ ေျပၿပီေနာ္၊ ေနာက္ဆို အရင္အတိုင္း ညီအမေတြ ခ်စ္ခ်စ္ခင္ခင္ျပန္ေနၾက၊ အေမြနဲ႔ပတ္သက္ၿပီး မတည့္တာ မၾကားခ်င္ဘူးေနာ္”
အခုမွ ရန္ျဖစ္ထားတာဆိုေတာ့ သိပ္ေတာ့မၾကည္ၾကဘူေပါ့ဗ်ာ၊ ဒါေပမယ့္ လက္ဖက္စားၿပီးၿပီဆိုေတာ့လည္း ရွိသမွ် ေဒါသေတြ အာဃာတေတြကို ခဝါခ်လလိုက္တဲ့သေဘာပါပဲ။ ၿပီးေတာ့ ႏွစ္ဦးႏွစ္ဖက္စလုံးျပန္သြားၾကတယ္၊ ေနာက္ဆုံးေတာ့ ေဒၚဝႀကီးပဲက်န္ခဲ့ေတာ့တယ္။ အေဖက ေဒၚဝကိုၾကည့္ၿပီး
“ကဲ ေဒၚ၀ လက္ဖက္ဖိုး သုံးက်ပ္က်မယ္ဗ်ာ”
ေဒၚဝကမ်က္လးျပဴးသြားၿပီးေတာ့
“ေအာင္မယ္ေလးသူႀကီးရယ္၊ သူႀကီးအေမြခြဲေပးတဲ့အထဲမွာ ကြၽန္မဖို႔ဘာမ်ားပါလို႔လည္း၊ ကြၽန္မကေတာ့ ဒီလက္ဖက္ဖိုးကို မေပးႏို္င္ပါဘူး”
ေဒၚဝက ေဒၚနဲ႔ေမာနဲ႔ေျပာၿပီးေတာ့ ထသြားတယ္ဗ်၊ ဒီေတာ အေဖ့မွာ ရန္ပြဲလည္းရွင္းေပးရ၊ လက္ဖက္ဖိုးလည္း ဆုံးရတာေပါ့ဗ်ာ၊ ဒါနဲ႔ပဲ ေနာက္ဆိုရင္ စည္းကမ္းတစ္ခုထုတ္လိုက္ရတယ္၊ ျပႆနာျဖစ္ရင္ လက္ဖက္ဖိုးကို ႏွစ္ဖက္က မွ်ခံံရမယ္လို႔ေပါ့ဗ်ာ၊ မ်ားေသာအားျဖင့္ စုံဂဏန္းျဖစ္တဲ ႏွစ္က်ပ္၊ ေလးက်ပ္ ေလာက္ပဲေကာက္တာပါ၊ မဂဏန္းသြားေကာက္လိုက္ရင္ ဟိုလူက ပိုတယ္၊ ဒီလူက ပိုတယ္နဲ႔ ရန္ျဖစ္ၾကလြန္းလို႔ပါဗ်ာ။
(၃)
မန္က်ည္းသီးေပၚၿပီ၊ သရက္သီးေပၚၿပီဆိုရင္ေတာ့ အဲဒီဘုံဆိုင္ပင္က သရက္သီးေတြ၊ မန္က်ည္းသီးေတြကို ခူးဆြတ္ၾကရတယ္ဗ်၊ ၿပီးရင္ အဲဒီအပင္ေအာက္မွာပဲ ဖ်ာၾကမ္းႀကီးေတြခင္းၿပီးေတာ့ ဘံံုံဆိုင္တဲ့လူေတြ အညီအမွ်ခြဲေဝယူၾကတာပဲဗ်ာ။ သရက္ပင္ေတြ မန္က်ည္းပင္ေတြက ႏွစ္ခ်ပင္ေတြဆိုရင္ သားစဥ္ေျမးဆက္အထိ ဘေဝစုရၾကတယ္ဗ်၊ အမ်ိဳးအေဆြေတြဆိုေတာ့လည္း မေပးတဲ့လူမရွိပါဘူးဗ်ာ၊ ဥပမာ မန္က်ည္းသီး ကိုးတင္းရတယ္ဆိုပါစို႔ဗ်ာ၊ သားသမီးသုံးေယာက္ ဘုံဆိုင္တယ္ဆိုရင္ တစ္ေယာက္ကို မန္က်ည္းသုံးတင္းရတယ္၊ အဲဒီသားသမီးမွာ ေျမးသုံးေယာက္ရွိတယ္ဆိုရင္ မိဘက တစ္တင္းကိုယူၿပီး က်န္တဲ့ႏွစ္တင္းကို သားသမီးသုံးေယာက္အတြက္ သုံးပုံျပန္ပုံရတယ္ဗ်။ ဒီလိုနဲ႔ ဟိုးေျမးျမစ္အထိ ေဝပုံက် ဘုံေဝစုခြဲရင္ ေျမးမ်ားတဲ့သူေတြဆို ေအာက္ဆုံးျမစ္ေလာက္က မန္က်ည္းသီး လက္တစ္ဆုပ္ေလာက္၊ ႏွစ္ဘူးသုံးဘူးေလာက္ပဲ ရၾကေတာ့တာဗ်။
ဒါေပမယ့္ အထင္ေတာ့မေသးနဲ႔ဗ်၊။ က်ဳပ္တို႔ဆိုရင္ ႐ြာထဲအမ်ိဳးမ်ားတာကိုးဗ်ာ၊ ဘုံဆိုင္ပင္ေတြက အသီးေတြဆြတ္ၿပီဆိုရင္ ဘေဝစုဆိုၿပီးေတာ့ ဟိုအိမ္က မန္က်ည္းသီးတစ္ျပည္၊ ဒီအိမ္က မန္က်ည္းသီး ႏွစ္ဘူးေလာက္နဲ႔ ဘုံေဝစုေတြေပါင္းၿပီးေတာ့ မန္က်ည္းသီးတစ္တင္း၊ ႏွစ္တင္းေလာက္ကေတာ အသာကေလးရတာဗ်၊ ဒါကလည္း အဘိုးေက်းဇူးေတြလို႔ ေျပာရမွာပဲေပါ့ဗ်ာ၊ ဟဲ၊ ဟဲ။ က်ဳပ္တို႔အညာရဲ႕ ႐ိုးရာဓေလ့ကေလးတစ္ခုလို႔ ေျပာရမွာေပါ့ဗ်ာ၊ တစ္ခုခုဆိုရင္ ေဆြမ်ိဳးေတြအတြက္ ရသင့္ရထိုက္တာကို ခြဲေဝေပးတတ္ၾကတဲ့ဓေလ့ေပါ့၊ ဘုံေဝစုက မ်ားေသာအားျဖင့္ သြားေတာင္းစရာကိုမလိုဘူးဗ်၊ ဘံုံေဝစုခြဲတဲ့လူကလည္း ညီညီမွ်မွ်ပဲ ခြဲေပးၾကတာ၊ ကိုယ့္အတြက္ ေကာင္းတာကိုပိုယူၿပီး၊ သူမ်ားကိုက်ေတာ့ မေကာင္းတာေပးမယ္ဆိုတဲ့ စိတ္ေတြနည္းေသးတဲ့ေခတ္ကိုးဗ်။
ဒါေပမယ့္ လူေတြဆိုေတာ့ ျပႆနာေတြ၊ စိတ္ယုတ္၊ စိတ္ပုတ္ေတြေတာ့ရွိၾကတာေပါ့၊ အဲဒီအခါမွာ ဘုံဆိုင္ပင္ ျပႆနာေတြ တက္ၾကေတာ့တာပဲဗ်ာ၊ ဟိုလူက အရနည္းတယ္၊ ဒီလူက ပိုယူတယ္လို႔ေျပာဆိုျငင္းခုန္ရင္း ရန္ေတြျဖစ္ၾကတာေပါ့ဗ်ာ၊ အဲဒီလိုျဖစ္ရင္ေတာ့ ဘုံဆိုင္ပင္ကို မီးနဲ႔ရႈိ႕သတ္တတ္ၾကတယ္ဗ်။ အပင္က မီးေလာင္ၿပီးေသပါေရာ၊ ဒါဆိုရင္ အပင္က သီးတာေတြ ထြက္တာေတြ မစားရေတာ့ဘူးေပါ့ဗ်ာ၊ မစားရလည္း ဘာမွမျဖစ္ဘူး ရန္တစ္ရန္ေအးတယ္ဆိုၿပီးေတာ့ မီးရႈိ႕သတ္ၾကတာ၊ ဒါေပမယ့္ ဒီအျဖစ္ကလည္း တစ္႐ြာလုံးနဲ႔ယွဥ္ရင္ နည္းပါတယ္၊ မ်ားေသာအားျဖင့္ကေတာ့ အလကားရတဲ့အသီးပဲဆိုေတာ့ တိုင္တိုင္ပင္ပင္ ညႇိညႇိႏႈိင္းႏႈိင္းနဲ႔ ၿပီးသြားၾကတာပါပဲ၊ တစ္ခ်ိဳ႕ေမာင္ႏွမနည္းတဲ့လူက်ေတာ့လည္း တစ္ႏွစ္ကိုတစ္ေယာက္စီ အလွည့္က်ခူးဆြတ္ရတယ္၊ ဒါကလည္း တစ္မ်ိဳးေကာင္းတယ္ဗ်၊ တစ္ေယာက္တစ္ႏွစ္ အကုန္သိမ္းရတာဆိုေတာ့ ျပႆနာမမ်ားေတာ့ဘူးေပါ့ဗ်ာ၊ ဘုံဆိုင္ပင္ေတြထဲမွာ လူတိုင္းမလိုခ်င္ၾကဆုံးအပင္ကေတာ့ ထန္းပင္ပဲဗ်၊ ထန္းပင္ဆိုတာ လူတိုင္း တက္တတ္ၾကတာမွ မဟုတ္တာပဲ၊ ဒါေပမယ့္ ထန္းပင္ေတြကိုေတာ့ ထန္းသမားေတြဝယ္ရယ္ ေရာင္းလိုက္ၾကၿပီးေတာ့ ရတဲ့ေငြကိုေတာ့ ျပန္ခြဲယူၾကတယ္။
ဘုံဆိုင္ပင္ေတြၿပီးေတာ့ တစ္ဦးဆိုင္ပင္ဆိုတာ ရွိေသးတယ္ဗ်၊ အဲဒါကေတာ့ သားသမီးနည္းတဲ့ ဘိုးဘြားေတြပိုင္တဲ့အပင္မ်ိဳးေပါ့ဗ်ာ၊ အဲဒီအပင္က တစ္ဦးဆိုင္ဆိုေတာ့ သြားေတာ့မခူးေလနဲ႔ဗ်၊ ျပႆနာအႀကီးအက်ယ္ တက္တတ္တယ္။ က်ဳပ္တို႔႐ြာမွာ တစ္ဦးဆိုင္ပင္ အမ်ားဆုံးရွိတဲ့သူကို ေျပာပါဆိုရင္ေတာ့ ဦးဘသာႀကီးပဲဗ်။
တစ္ရက္ေတာ့ ဦးဘသာက က်ဳပ္တို႔အိမ္ကိုေရာက္လာတယ္။
“မသန္း၊ နင့္သားကို ငါ့ကိုမန္က်ည္းသီးဆြတ္ခိုင္းဖို႔ ေခၚမလို႔ဟ၊ ငါမန္က်ည္းသီး ရတဲ့ထဲက တစ္ဝက္ခြဲေပးပါ့မယ္”
မီးဖိုေခ်ာင္းကိစၥဆိုရင္ေတာ့ အေဖက အေမ့ကိုလႊဲထားတာကိုးဗ်၊
“တစ္ဝက္ကေတာ့ မ်ားတာေပါ့ရွင္၊ သုံးပုံတစ္ပုံံေလာက္ပဲေပးပါ၊ ဒါနဲ႔ ဘယ္နားကအပင္သြားဆြတ္မလို႔လည္း”
“ဖက္လိပ္႐ြာေဟာင္း၊ ငါတို႔အိမ္ေနာက္ေဖးနားက အပင္ေပါ့ဟ”
အေမ့မ်က္ႏွာတစ္ခ်က္ပ်က္သြားတယ္ဗ်။
“ျဖစ္ပါ့မလားရွင္”
“စိတ္ခ်ပါ၊ နင့္သားကို ငါတာဝန္ယူပါတယ္”
“ဒါျဖင့္ အငယ္ေကာင္ . . .”
အေမ့အသံံၾကားေတာ့ အငယ္ေကာင္က ဆင္းသြားတယ္။
“ဖက္လိပ္႐ြာေဟာင္းက မန္က်ည္းပင္ကို နင္တက္မလား”
“ဟာဗ်ာ၊ ဖက္လိပ္႐ြာေဟာင္းက ဒီေလာက္သရဲေျခာက္တာကို”
ဦးဘသာက အငယ္ေကာင့္ကိုၾကည္ရင္း
“မင္းကလည္းကြာ ေန႔ခင္းေၾကာင္ေတာင္ႀကီးသြားမွာပါကြ”
အငယ္ေကာင္ကေတာ့ ေန႔ခင္းပဲျဖစ္ျဖစ္၊ ညေနေစာင္းပဲျဖစ္ျဖစ္ အဲဒီဘက္ကို မသြားဝံံ့တာေတာ့အမွန္ဗ်၊ ဒါနဲ႔ပဲ က်ဳပ္လည္း အိမ္ေပၚကေနဆင္းလာတာေပါ့။
“က်ဳပ္ဆြတ္ေပးမယ္ဗ်ာ”
ဒီေတာ့မွ အေမကလည္းေခါင္းညိတ္တယ္ဗ်၊ က်ဳပ္လည္း ပုဆိုးစုတ္ႀကီးပတ္ခဲ့ၿပီး တင္းေတာင္းႀကီးထမ္းလို႔ေပါ့ဗ်ာ၊ ဦးဘသာကေတာ့ တံခ်ဴလုပ္ထားတဲ့ ဝါးလုံးႀကီးတစ္လုံးဆြဲလာၿပီးေတာ့ က်ဳပ္တို႔ႏွစ္ေယာက္ ႐ြာကေနထြက္ခဲ့တာေပါ့။ ကိုးနာရီေလာက္ဆိုေပမယ့္ ေနကအေတာ္ပူေနၿပီဗ်၊ က်ဳပ္ ဖက္လိပ္ရၤြာဘက္လိုက္ခဲ့ရတာကလည္း အေၾကာင္းရွိတာကိုး၊ ေန႔ခင္းဆိုေတာ့လည္း ႐ြာေဟာင္းႀကီးက ငွက္ေအာ္သံံံေလးေတြနဲ႔ သာသာယာယာပဲဗ်၊ ဦးဘသာက ႐ြာေဟာင္းလမ္းအတိုင္းေလွ်ာက္လာရင္း
“ဦးဘသာ၊ ဦးဘသာအိမ္က ဘယ္အိမ္လဲဆိုတာ မွတ္မိေသးရဲ႕လား”
“ဟ၊ တစ္သက္လုံးနီးပါး ေနခဲ့တာပဲကြ၊ မွတ္မိတာေပါ့”
႐ြာေဟာင္းႀကီးမွာက တစ္ခ်ိဳ႕သစ္ႀကီးဝါးႀကီးေတြနဲ႔ေဆာက္ထားတဲအိမ္က အိမ္တိုင္ႀကီးေတြရယ္၊ က်န္တဲ့အိမ္ေတြကေတာ့ ၿခံံံံဝိုင္းအကြက္လိုေနရာကေလးေတြပဲ က်န္ေနေတာ့တာဗ်၊ ေလွ်ာက္လာရင္း သစ္ပင္ေတြကို လက္ညႇိဳးထိုးျပတယ္။
“ေဟာဟို ဥသွ်စ္ပင္လည္း ငါ့အေမစိုက္ခဲ့တာ၊ ဒီဖက္က မန္က်ည္းပင္သုံးပင္ကလည္း သူစိုက္ခဲ့တဲအပင္ေပါ့ကြာ”
ဒီလိုနဲ႔ေလွ်ာက္လာရင္း ၿခံဝိုင္းတစ္ခုေရွ႕နားကိုေရာက္လာတယ္ဗ်၊ ၿခံံဝိုင္းထဲမွာေတာ့ တိုင္ေဟာင္းရာေတြ၊ ဒူးေလာက္ရွိတဲ့ သစ္သားတိုင္ေတြပဲက်န္တယ္၊ ေျမျပင္ကလည္း မသိရင္ မီးသင့္ထားသလို ေျပာင္ရွင္းလို႔ဗ်။ အဲဒီၿခံဝိုင္းရဲ႕အေနာက္ဘက္မွာေတာ မန္က်ည္းပင္ႀကီးတစ္ပင္ရွိတယ္၊ သူလည္း ႏွစ္ေတြၾကာၿပီဆိုေတာ့ အပင္ႀကီးႀကီး အုပ္အုပ္ဆိုင္းဆိုင္းႀကီးဗ်ာ။
ဦးဘသာနဲ႔အတူတူ ၿခံံဝိုင္းထဲျဖတ္ေလွ်ာက္လာရင္း ဦးဘသာက က်ဳပ္ကို အဲဒီမန္က်ည္းပင္ႀကီးကို လက္ညႇိဳးထိုးျပတယ္ဗ်။
“အလတ္ေကာင္ မင္းတက္လို႔ရရဲ႕လား”
“ရပါတယ္ဗ်၊ မန္က်ည္းကိုင္းဆိုတာမ််ိဳးက သိပ္ခိုင္တာမဟုတ္လား၊ အသီးေတြကလည္း ႁပြတ္ခဲေနတာဗ်ိဳ႕၊ က်ဳပ္အထင္ေတာ့ သုံးတင္းေလာက္အသာေလးရမယ္ထင္တယ္”
“ေတာ္ပါၿပီကြာ၊ ငါက တစ္ေယာက္တည္းစားမွာကြ၊ တစ္ခြဲေလာက္ဆိုရင္ တစ္ႏွစ္ပတ္လုံး စားပါလိမ့္ပဲ”
က်ဳပ္လည္း သစ္ပင္တက္ဖို႔ျပင္တာေပါ့၊
“ဒါနဲ႔ဦးဘသာ ဒီအိမ္က ဦးဘသာ ငယ္ငယ္ကေနခဲ့တဲ့အိမ္လား”
ဦးဘသာက မန္က်ည္းပင္ေအာက္မွာ ထိုင္ရင္း ကြမ္းအစ္ေလးဖြင့္တယ္ဗ်။
“ဒါေပါ့ကြာ၊ ဒီအိမ္မွာ ငါနဲ႔ငါ့အေမနဲ႔ ငါခုနစ္ႏွစ္၊ ရွစ္ႏွစ္အ႐ြယ္ေလာက္အထိ ေနခဲ့တာေပါ့ကြ”
“ဗ်ာ၊ ဒါဆို အဲဒါၿပီးေတာ့ ဘယ္သြားေနၾကတာလဲ”
ဦးဘသာက တစ္ခ်က္ေတြေဝသြားတယ္ဗ်၊ ေနာက္ေတာ့ သူ႔အိမ္ၿခံဝိုင္းႀကီးကို ေငးၾကည့္ေနတယ္၊ အိမ္ၿခံံံဝိုင္းကလည္း ခ်ဳံပင္ ျမက္ပင္ေတာင္မရွိဘဲ ကုန္းေခါင္ေခါင္ႀကီးဗ်ာ။ က်ဳပ္ကလည္း သူထူးျခားသြားၿပီဆိုတာကို သိလိုက္တာနဲ႔။
“ဦးဘသာနဲ႔ က်ဳပ္နဲ႔ခင္တာၾကာလွၿပီ၊ ဦးဘသာ အေမအေၾကာင္းကို တစ္ခါမွ မေျပာျပဖူးဘူးေနာ္ဗ်၊ အခုအားရင္ နည္းနည္းေလာက္ေျပာျပစမ္းပါဗ်ာ၊ က်ဳပ္လည္း မန္က်ည္းသီးဆြတ္ရင္း ပ်င္းပ်င္းနဲ႔ နားေထာင္ရတာေပါ့”
က်ဳပ္ေျပာလိုက္ေတာ့ ဦးဘသာက ေခါင္းညိတ္သြားတယ္ဗ်၊ ဒီအခ်ိန္မွာပဲ ပတ္ဝန္းက်င္က တဝုန္းဝုန္းနဲ႔ ေလတိုက္သလိုမ်ိဳးျဖစ္လာပါေရာဗ်ာ၊ မီးေလာင္ရာေနရာက တိုင္ငုတ္တိုႀကီးေတြက တျဖည္းျဖည္းေျမႀကီးထဲကေန ရွည္တက္လာတာဗ်။ ၿပီးေတာ့ အိမ္တိုင္ႀကီးေတြျဖစ္သြားၿပီးေတာ့ ထရံေတြ၊ ေခါင္မိုးေတြလည္း ေပၚလာတယ္၊ က်ဳပ္ျဖင့္ ၾကည့္ေနရင္း အေတာ္အၾသေနတာေပါ့၊ ေနာက္ေတာ့ က်ဳပ္မ်က္စိေရွ႕မွာပဲ အိမ္ႀကီးတစ္လံုံးျဖစ္သြားပါေရာလားဗ်ာ။
“ဦးဘသာ . . . ဦးဘသာ”
က်ဳပ္အနားမွာထိုင္ေနတဲ့ ဦးဘသာလည္း ေပ်ာက္သြားတယ္ဗ်၊ က်ဳုပ္ေဘးဘီကိုၾကည့္လိုက္ေတာ့ ႐ြာႀကီးတစ္႐ြာထဲမွာ ေရာက္ေနတာဗ်ိဳ႕။ ၿပီးေတာ့ အိမ္ေရွ႕နားက ငိုသံံံၾကားရတယ္။ ဒါနဲ႔ က်ဳပ္လည္း အိမ္ေရွ႕ကိုေျပးသြားလိုက္တာေပါ့။ အိမ္ေရွ႕ၿခံစည္း႐ိုးတံခါးကို တြန္းဖြင့္ၿပီးအျပင္ကိုထြက္လိုက္ေတာ့ ႐ြာလယ္လမ္းမႀကီးက ျဖဴးလို႔ဗ်၊ အဲဒီ႐ြာလယ္လမ္းမႀကီးေပၚမွာ ေကာင္ေလးႏွစ္ေယာက္ရွိတယ္၊ ေကာင္းေလးတစ္ေယာက္ကေတာ့ ေယာင္ေပစူးေလးနဲ႔ မတ္တပ္ရပ္လို႔ဗ်၊ ေနာက္ေကာင္ေလးတစ္ေယာက္ကေတာ့ ကတုံးေလးပါ၊ ေျမမွာေခြေခြကေလး လဲက်ေနၿပီးေတာ့ ငိုယိုေနတယ္။
ဒီအခ်ိန္မွာပဲ က်ဳပ္ထြက္ခဲ့တဲ့ ၿခံဝိုင္းထဲကေန မိန္းမႀကီးတစ္ေယာက္ထြက္လာတယ္ဗ်၊ အသက္ကေတာ့ သုံးဆယ့္ငါး၊ ေလးဆယ္ေလာက္ရွိမယ္ထင္တယ္၊ ပိန္ပိန္ပါးပါး အသားကေတာ့ ခပ္ျဖဴျဖဴပဲဗ်၊ ဆံထုံးႀကီးကလည္း အႀကီးႀကီးပဲဗ်ိဳ႕၊ အဲဒီမိန္းမႀကီးက ငိုေနတဲ့ေကာင္ေလးအနားကို တိုးကပ္သြားတယ္။
“ဟဲ့ နင့္ကိုဘယ္သူလုပ္တာလဲ”
ေကာင္ေလးက ငိုပဲငိုေနတာဗ်။ ဒါနဲ႔ မိန္းမႀကီးက အဲဒီေကာင္ေလးအနားမွာ မတ္တပ္ရပ္ေနတဲ့ ေယာင္ေပစူးနဲ႔ေကာင္ေလးကို မ်က္ေစာင္းထိုးၿပီးၾကည့္တယ္။
“နင္ငါ့သားကို လုပ္လိုက္တာလား ငေအာင္”
ေယာင္ေပးစူးနဲ႔ေကာင္ေလးက ေခါင္းခါျပတယ္။ ဒီေတာ့ အဲဒီမိန္းမႀကီးက ငေအာင္ဆိုတဲ့ေကာင္ေလးကို လက္ညႇိဳးနဲ႔ထိုးလိုက္ေတာ အဲဒီေကာင္ေလးက သူ႔ဗိုက္ကိုသူလက္နဲ႔ဖိၿပီးေတာ့ ေျမျပင္မွာလူးလွိမ္ၿပီး ငိုေတာ့တာပဲဗ်ာ။
“မွတ္ထား၊ ငါ့သားကို ငိုေအာင္လုပ္ရင္ နင့္တို႔ အဲဒီထက္ ဆယ္ဆမက ငိုရမလိမ့္မယ္”
ငေအာင္ဆိုတဲ့ေကာင္ေလးရဲ႕ ဗိုက္က အထဲကိုခြက္ဝင္ေနတာဗ်ာ၊ ေက်ာ႐ိုးနဲ႔ဗိုက္သားနဲ႔ ကပ္ေနၿပီလားလို႔ထင္ရတယ္၊ ငေအာင္လည္း ငိုတာအသည္းအသန္ပဲဗ်ာ၊ ဒီေတာ့မွ ကတးနဲ႔ေကာင္ေလးက အငိုရပ္ၿပီးေတာ့
“သူ႔ကိုမလုပ္ပါနဲ႔အေမ၊ သူလုပ္တာမဟုတ္ပါဘူး၊ သူနဲ႔သားနဲ႔ ေဆာ့ေနရင္း သားဖာသာသား ေခ်ာ္လဲၿပီးေတာ့ နာသြားလို႔ငိုတာပါ”
“မင္းတကယ္ေျပာတာလား သာစံံ”
ေကာင္ေလးက ေခါင္းညိတ္တယ္ဗ်၊ ဒီအခ်ိန္မွာပဲ ႐ြာထဲက မိန္းမႀကီးေတြေျပးလာၾကတယ္၊ ငိုေနတဲ့ ငေအာင္ကေလးကိုေတြ႕ၿပီးေတာ့ ေတာ္ေတာ္လန႔္သြားၾကတာ။ အဲဒီထဲက ခပ္၀၀နဲ႔မိန္းမႀကီးက ေျမျပင္မွာဒူးတုပ္ထိုင္ခ်ၿပီးေတာ့ လက္အုပ္ခ်ီလိုက္တယ္ဗ်။ ၿပီးေတာ့ အသားျဖဴျဖဴနဲ႔မတ္တပ္ရပ္ေနတဲ့မိန္းမႀကီးကို ကုန္းကုန္းကန္ေတာ့တာပါပဲ။
“က်ဳပ္သားေလးကို မလုပ္ပါနဲ႔ အမပ်င္းရယ္၊ က်ဳပ္ရွိႀကီးခိုးပါတယ္၊ မွားတာရွိရင္ ခြင့္လႊတ္ေပးပါ၊ လုပ္ခ်င္ရင္လည္း က်ဳပ္ကိုသာလုပ္ပါေတာ့၊ အီး . . . ဟီး”
ဒါဆို က်ဳပ္ျမင္ေနရတာက ေဒၚပ်င္းႀကီးေပါ့၊ ဟိုက ငိုေနတဲ့ကေလးေလးက သာစံံဆိုေတာ့ ဦးဘသာႀကီးငယ္ငယ္တုန္းကေပါ့ဗ်ာ၊ ေဒၚပ်င္းႀကီးက ဒီေတာ့မွ တစ္ဖက္ကိုလွည့္သြားၿပီးေတာ့ လက္ေဖ်ာက္တစ္ခ်က္တီးလိုက္တယ္၊ ၿပီးေတာ့ ၿခံံဝိုင္းထဲကို လွမ္းဝင္သြားရင္း
“ဟဲ့ သာစံံ၊ လာလိုက္ခဲ့ေလ”
အဲဒီလိုေျပာၿပီး ဝင္သြားေတာ့ ကတံုံးနဲ႔ေကာင္ေလးက ၿခံဝိုင္းထဲကိုေျပးဝင္သြားတာပဲ၊ ဒါေပမယ့္ ၿခံဝိုင္းထဲကိုမေရာက္ခင္ ၿခံံံတံံံခါးကိုကိုင္ၿပီးေတာ့ ရပ္ၾကည့္ေနေသးတယ္၊ ေျမျပင္မွာ လူးလွိမ့္ေနတဲ့ ငေအာင္က ဒီေတာ့မွ အငိုတိတ္တယ္ဗ်ာ၊ ဗိုက္ကလည္း ပုံမွန္အတိုင္းျဖစ္သြားတာ၊ သူ႔အေမက ငေအာင္ကိုဆြဲထူၿပီးေတာ့ ေျမႀကီးကိုတံံံေတြးေထြးၿပီး ဖေနာင့္နဲ႔သုံးခ်က္ေလာက္ေပါက္လိုက္တယ္။ ၿပီးေတာ့ ငေအာင္ရဲ႕နား႐ြက္ကို လိမ္ဆြဲတယ္။
“နင့္ကိုငါ ဘာမွာထားလဲငေအာင္၊ သာစံနဲ႔ အေပါင္းအသင္းမလုပ္ပါနဲ႔လို႔ ငါမေျပာထားဘူးလား”
ငေအာင္ကေတာ့ ဘာမွမေျပာဘဲ ငိုေနတယ္ဗ်။
“နင္ၾကပ္ၾကပ္သူနဲ႔ေဆာ့၊ ေနာက္ဆို နင့္ကို သူ႔အေမက ေသေအာင္လုပ္လိမ့္မယ္၊ လာစမ္း”
ငေအာင္ရဲ႕အေမက ငေအာင္ရဲ႕နားကိုဆြဲၿပီးေတာ့ ထြက္သြားၾကတာပဲ၊ က်န္တဲ့မိန္းမႀကီးေတြကလည္း သာစံံကိုၾကည့္ၿပီးေတာ့ မဲ့႐ြဲ႕ျပၿပီး ထြက္သြားေတာ့တာပဲဗ်ာ၊ က်ဳပ္လည္း ဒီေတာ့မွ ၿခံဝိုင္းထဲဝင္လာခဲ့တယ္၊ ေဒၚပ်င္းက အိမ္ေရွ႕ကြပ္ပ်စ္ေပၚမွာ ေျပာင္းဖူးဖက္ေဆးလိပ္ႀကီးကို အုန္းမႈတ္ခြက္ခံံၿပီးေတာ့ ဖြာေနတယ္ဗ်၊ သာစံံကေတာ့ သူ႔အေမနားမွာ ငုတ္တုတ္သြားထိုင္တာေပါ့။
“အေမရာ၊ အေမဒီလိုမ်ိဳး တစ္ခုခုဆိုရင္ ပညာထုတ္ထုတ္သုံးးတာကို သာားေတာ့ျဖင့္မႀကိဳက္ဘူး”
ေဒၚပ်င္းက ေဆးလိပ္ေငြ႕ေတြကို မႈတ္ထုတ္လိုက္ၿပီးေတာ
“ေအာင္မာ၊ ေကာင္ေလး အသက္က ငယ္ငယ္ရွိေသးတယ္၊ မေအကို မႀကိဳက္ဘူးေတြ ဘာေတြေျပာေနၿပီေပါ့”
“အေမဒီလိုမ်ိဳးအၿမဲလုပ္ေနလို႔ အခုသားကိုဆိုရင္ ႐ြာထဲမွာဘယ္သူမွ မေခၚၾကေတာဘူး၊ ဘယ္သူမွ မေဆာ့ၾကေတာ့ဘူးဗ်”
“ဟဲ့သာစံ၊ သူတို႔မေခၚလည္း မေဆာ့နဲ႔ေပါ့၊ နင့္ဟာနင္ေဆာ့ပါလား”
“အေမကလည္း ဘာသိလို႔လဲ၊ က်ည္းသား႐ိုက္တမ္းတို႔ ဂုံညင္းခင္းတာတို႔၊ စိန္ေျပးတမ္းတို႔က တစ္ေယာက္တည္းေဆာ့လို႔ရတာမွမဟုတ္တာအေမရ”
“တယ္၊ ဒီေကာင္ေလးေတာ့ ငါေခါက္လိုက္ရင္ နာေတာ့မယ္”
ေဒၚပ်င္းက ေျပာေျပာဆိုဆိုနဲ႔ သာစံေခါင္းကိုလွမ္းေခါက္လိုက္ေတာ့ သာစံံက ထိုင္ေနရင္းနဲ႔ ေဘးနားကို တစ္ေပေလာက္ ေစြ႕ခနဲေ႐ြ႕သြားတာဗ်၊ ဒီအခ်ိန္မွာပဲ အိမ္အေပၚေလွကားထပ္ကေန အဘြားႀကိးတစ္ေယာက္ဆင္းလာတယ္၊ အသားကလည္းး ခပ္ျဖဴျဖဴဗ်၊ ထမီရင္လ်ားႀကီးနဲ႔ ဆံံပင္ကိုလည္း ဖားလ်ားခ်လို႔ဗ်။
“ဟဲ့ မိပ်င္း၊ နင္ ငါ့ေျမးကို ဘာမွကိုယ္ထိလက္ေရာက္ လုပ္စရာမလိုဘူးဟဲ့”
ဒီေတာ့ ကြပ္ပ်စ္မွာထိုင္ေနတဲ့ သာစံံက ေလွကားေပၚေျပးတက္သြားရင္း ေလွကားထိပ္နားမွာထိုင္ေနတဲ့ မိန္းမႀကီးကိုဖက္လိုက္တယ္။
“ဘြားဘြားႀကီး”
“ေျပာစမ္း၊ ငါ့ေျမးကို ဘာျဖစ္လို႔ အေမကဆူတာလဲ”
“သားေဆာ့ခ်င္တယ္၊ သားကစားခ်င္တယ္၊ ဒါေပမယ့္ ႐ြာထဲက ဘယ္သူမွ သားနဲ႔မေဆာ့ဘူး၊ သားနဲ႔မကစားၾကဘူး”
“ေၾသာ္၊ ငါ့ေျမးကက ေဆာ့ေဖာ္မရွိတာလား၊ ဒါမ်ား ဘြားဘြားကိုေျပာေပါ့ ေျမးရဲ႕”
အဘြားႀကီးက ၿခံေထာင့္တစ္ေနရာကိုၾကည့္ၿပီး လက္ခုပ္တီးျပလိုက္ေတာ ၿခံေထာင့္သစ္ပင္ႀကီးက တရွဲရွဲနဲ႔လႈပ္သြားၿပီးေတာ့ မဲမဲအေကာင္ႀကီးသုံးေကာင္ ဆင္းလာၾကတာဗ်ာ၊ လူေတာ့ လူပုံစံံံပဲဗ်၊ ဒါေပမယ့္ ေၾကာက္စရာႀကီးေတြေပါ့၊ က်ဳပ္အနားကျဖတ္သြားေတာ့ က်ဳပ္ျဖင့္ လန႔္သြားၿပီး အေနာက္ဆုတ္လိုက္မိေသးတယ္၊ အဲဒီေကာင္ႀကီးသုံးေကာင္က ေလွကားရင္းမွာ ရပ္သြားတယ္။
“ဟဲ့ နင္တို႔ပုံစံေတြကလည္း ကေလးေၾကာက္စရာပုံေတြဟဲ့၊ ေျပာင္းစမ္း၊ နင္တို႔အခြက္ေတြကို နင္တို႔ေျပာင္းၾက”
အဘြားႀကီးေျပာလိုက္ေတာ့ မဲမဲႀကီးသုံးေကာင္က ခ်က္ခ်င္းပုသြားၿပီးေတာ့ ကေလးပုံံစံံေလးေတြျဖစ္သြားတာဗ်၊ အဝတ္အစားမပါဘဲ ခါးမွာ လံကြတ္တီပတ္ထားတဲ့ ပုံေလးေတြေပါ့ဗ်ာ၊ ပုပု၀၀နဲ႔ မသိရင္ ဖိုးဝ႐ုပ္နဲ႔ေတာင္ တူၾကေသးတယ္၊ အ႐ြယ္ကေတာ့ ငါးႏွစ္ေျခာက္ႏွစ္ ဝန္းက်င္ေလာက္ပဲေနမွာ။ သာစံက အဲဒီကေလးေတြကိုၾကည့္ေတာ့ အဲဒီကေလးေတြက ပုံစံအမ်ိဳးမ်ိဳးနဲ႔ ေျပာင္ျပတယ္၊ ၿပီးေတာ့ ကြၽမ္းေတြဘာေတြ ထိုးျပတယ္ဗ်။
“ဘြားဘြားႀကီး၊ သူတို႔ကဘယ္သူေတြလဲ”
“အဲဒါက ငါ့ေျမးရဲ႕ဘိုးဘိုးေတြေပါ့ကြဲ႕”
“ဘိုးဘိုးေတြကလည္း ကေလးေလးေတြလား”
“ေအးေပါ့ ငါ့ေျမးရဲ႕၊ ကဲ ဒီေန႔ကစၿပီးေတာ့ ငါ့ေျမးနဲ႔ဘယ္သူမွမေဆာ့လို႔ အားငယ္မေနနဲ႔ေတာ့၊ ေဟာဟိုက ဘိုးဘိုးသုံးေယာက္ နဲ႔သြားေဆာ့ခ်ည္”
သာစံက ေလွကားေပၚကေနဆင္းသြားၿပီးေတာ့ ပုဆိုးတစ္ထည္ကို ဖုထုံးခ်ည္ၿပီးေတာ့ အဲဒီသရဲကေလးသုံးေကာင္ကို လိုက္႐ိုက္ေတာ့တာပဲဗ်ာ၊ ဟိုသရဲကေလးေတြကလည္း ေျပးလိုက္တာမွ လွစ္ခနဲလွစ္ခနဲပဲဗ်၊ ေလွကားေပၚထိုင္ေနတဲအဘြားႀကီးက လွမ္းၾကည့္ၿပီး
“ဟဲ့ေကာင္ေတြ၊ ကေလးနဲ႔ေဆာ့တာကို နည္းနည္းပါးပါးအေလ်ာ့ေပးလိုက္ၾကပါေတာ့လား၊ ငါမေျပာခ်င္ဘူးေနာ္”
ဒီေတာ့မွ သရဲကေလးေတြက ရပ္ေပးတယ္ဗ်၊ သာစံက သရဲကေလးေတြကို လိုက္လိုက္႐ိုက္ၿပီးေတာ့ ေပ်ာ္ေနပါေရာ၊ ေနာက္ေတာ့ သရဲကေလးတစ္ေကာင္က ျမင္းလိုလုပ္ေပးတယ္၊ သာစံံံက တက္စီးလိုက္ေတာ ၿခံံံတစ္ပတ္ ျမင္းလိုပတ္ေျပးပါေရာဗ်ာ၊ ဒီေတာ့ ေလွကားမွာထိုင္ေနတဲ့ အဘြားႀကီးက ေဒၚပ်င္းကိုၾကည့္ရင္း
“မိပ်င္း၊ နင္လည္း ေဒါသေလးဘာေလးေလ်ာ့ေနာ္၊ ငါ့ေျမးကိုထိရင္ နင္လည္းနာမယ္မွတ္”
“ေအာင္မယ္၊ အေမကမ်ား သမီးကိုလာၿပီးစိန္ေခၚေနေသးတယ္၊ မေက်နပ္ရင္ အေမနဲ႔သမီးနဲ႔ ဘယ္သူပညာပိုထက္သလဲဆိုတာ ၿပိဳင္မလား”
အဘြားႀကီးက မ်က္ႏွာတစ္ခ်က္ပ်က္သြားၿပီး
“နင္က ငါေမြးထားတဲ့ငါ့သမီးပါ၊ ဒီေတာ့ နင့္မွာ ငါေျပာတဲ့စကားကို နားေထာင္ရမယ့္တာဝန္ရွိတယ္”
အဲဒီအခါ ေဒၚပ်င္းႀကီးက ရယ္တယ္ဗ်။
“ဟား၊ ဟား မယ္ပ်င္းတို႔ကေတာ့ ကိုယ္မွန္တယ္ထင္တာ ကိုယ္လုပ္မယ္၊ မိဘေသာ ဘာေသာ နားလည္ေနမွာမဟုတ္ဘူး”
အဘြားႀကီးက ဘာမွျပန္မေျပာေတာ့ဘဲ အိမ္ေပၚကိုတက္သြားေတာ့တယ္ဗ်။ က်ဳပ္ၾကည့္ေနရင္း ခပ္မႈိင္းမႈိင္းျဖစ္ေနတဲ့ ပတ္ဝန္းက်င္က ေနေရာင္ေတြလင္းလာတယ္ဗ်၊ ေဒၚပ်င္းႀကီးလည္းေပ်ာက္သြားသလို အိမ္ႀကီးတစ္ခုလုံးကလည္း ႐ုတ္ျခည္းေပ်ာက္ကြယ္သြားၿပီးေတာ့ ၿခံံဝိုင္းအလြတ္ႀကီးသာ က်န္ေနခဲ့ေတာ့တာဗ်၊ က်ဳပ္လွည့္္ၾကည္လိုက္ေတာ့ ဦးဘသာတစ္ေယာက္ မန္က်ည္းပင္ႀကီးေအာက္မွာ ကေလးတစ္ေယာက္လို ငုတ္တုတ္ကေလးထိုင္လို႔ဗ်၊ က်ဳပ္လည္း သူ႔အနားကိုကပ္ခဲ့တာေပါ့။
“ဦးဘသာ၊ ဗ်ိဳ႕၊ ဦးဘသာ”
က်ဳပ္ေခၚတာကို မၾကားဘဲနဲ႔ တစ္ခုခုကိုေတြးေနတဲပုံပဲဗ်၊ ဒါနဲ႔ က်ဳပ္လည္း မန္က်ည္းပင္အေပၚကို တက္မယ္ျပင္ရင္း သစ္ပင္ကိုလက္အုပ္ခ်ီၿပီး ခြင့္ေတာင္းလိုက္တယ္၊ ၿပီးေတာ့ သစ္ပင္ကိုတက္မယ္အလုပ္မွာ
“ေနအုံးအလတ္ေကာင္၊ မင္းတက္စရာမလိုေတာဘူူး”
“ဘာဗ်၊ ဒါဆိုမန္က်ည္းသီးေတြ မဆြတ္ေတာ့ဘူးလား”
ဦးဘသာက မတ္တပ္ရပ္လိုက္ၿပီးေတာ့
“အရင္တုန္းကေတာ့ ဘိုးဘိုးေတြက ဆြတ္ေပးတာပဲကြ”
ဦးဘသာက မန္က်ည္းပင္ႀကီးရဲ႕ ပင္စည္ကိုလက္နဲ႔ပုတ္ၿပီးေတာ့ အပင္ေပၚကိုေမာ့ၾကည္တယ္။
“ဘိုးဘိုးတို႔ေရ၊ ထုံးစံံံံအတိုင္း မန္က်ည္းတစ္တင္းေလာက္ ဆြတ္ေပးစမ္းပါ”
ဒီလိုေအာ္လိုက္ေတာ့ မန္က်ည္းပင္ေအာက္မွာ က်ဳပ္ခ်ထားတဲ့ တင္းေတာင္းႀကီးထဲကို မန္က်ည္းသီးေတြ တျဖဳတ္ျဖဳတ္ျပဳတ္က်ေတာ့တာပဲဗ်ာ၊ က်လာတဲ့မန္က်ည္းသီးေတြကလည္း ေကာင္းေပ့၊ ၫြန႔္ေပ့ဆိုတဲ့အသီးေတြဗ်၊ က်ဳပ္တို႔ဆြတ္ရင္ေတာ့ ကိုယ္မီတဲ့ေနရာေလာက္က ရွိသမွ်အသီး အကုန္ဆြတ္တာမဟုတ္လား၊ အဲဒီထဲမွာ ပိုးထိုးထားတဲ့အသီးတို႔၊ ေနေလာင္ၿပီးေျခာက္ေနတဲ့အသီးတို႔လည္း ပါတာေပါ့၊ အခုကေတာ့ ဒီလိုမဟုတ္ဘူးဗ်ာ၊ အသီးေတြက တကယ့္ကိုအေကာင္းဆိုတဲ့အသီးေတြခ်ည္းပဲဗ်။ ဦးဘသာကေတာ့ ၿပဳံးေနရင္း သစ္ပင္ေပၚကိုေမာ့ၾကည့္ေနတယ္။ သစ္ပင္ႀကီးက တျဖန္းျဖန္းလႈပ္လို႔ဗ်။
တစ္တင္းဆိုတဲ့အတိုင္းပဲ တင္းေတာင္းႀကီးေမာက္လွ်ံံသြားေတာ့ ရပ္တန႔္သြားေတာ့တာပဲဗ်ာ၊ က်ဳပ္လည္း တင္းေတာင္းေပၚမွာ ပုဆိုးလႊမ္းၿပီးေတာ့ ေတာင္းႀကီးကိုထမ္းလိုက္တာေပါ့၊ ၿပီးေတာ့ ဦးဘသာႀကီးနဲ႔အတူတူ အဲဲဒီၿခံဝိုင္းထဲကေနထြက္လာခဲ့ၾကတယ္၊ အျပန္လမ္းေတာ့ ဦးဘသာက စကားတစ္ခြန္းမွမေျပာဘူးဗ်၊ က်ဳပ္လည္း ေမးမေနေတာ့ပါဘူး၊ ႐ြာအဝင္နားေရာက္ေတာ့မွ ဦးဘသာက က်ဳပ္ဘက္ကိုလွည့္ၿပီးေတာ့
“အလတ္ေကာင္၊ မင္းေျပာတာမ်ား ဟုတ္ေနၿပီလားမသိဘူးကြ”
“ဘာလဲဗ်၊ အဆုံးမရွိ၊ အစမရွိနဲ႔ ဘာကိုဟုတ္တာလဲ”
“ငါ့အေမလည္းစုန္း၊ ငါလည္း စုန္းဆိုတာေလကြာ”
က်ဳပ္လည္း ဘာမွမေျပာေတာ့ဘဲ ၿပံံုံးၿပီးေတာ့ပဲ ၾကည့္ေနလိုက္တယ္ဗ်၊ ဒီအတိုင္းဆို က်ဳပ္ထင္တာမွန္ေနပါၿပီဗ်ာ၊ ဦးဘသာက သူ႔အေမနဲ႔ပတ္သက္တာေတြ ျပန္ေတြးမိရင္ တစ္ခုခုကိုေတာ့ ျပန္သိလာတဲ့ပုံပဲဗ်၊ ဒါနဲ႔ က်ဳပ္တို႔လည္း ႐ြာထဲကိုဝင္ခဲ့တာေပါ့ဗ်ာ။
(၄)
ဘုံဆိုင္ပင္ထဲမွာ အႀကီးအက်ယ္ဆုံး၊ ျပႆနာအတက္ဆုံးဘုံဆိုင္ပင္ကိုေျပာပါဆိုရင္ေတာ့ ႐ြာလယ္က မန္က်ည္းပင္ႀကီးေပါ့ဗ်ာ၊ မန္က်ည္းပင္ႀကီးသက္တမ္းက ႏွစ္ေပါင္းဘယ္ေလာက္ရွိသလဲဆိုတာ ဘယ္သူမွသိဘူး၊ တစ္ခ်ိဳ႕ကေတာ့ ႏွစ္ေပါင္းႏွစ္ရာရွိၿပီ၊ သုံးရာရွိၿပီလို႔မွန္းၾကတယ္၊ ဖက္လိပ္႐ြာကေန ကပ္ဆိုးက်လို႔ ဇီးကုန္း႐ြာကိုေျပာင္းလာကတည္းက ဒီအပင္ႀကီးရွိေနတာကိုးဗ်၊ ဒီေတာ့ ႐ြာလူႀကီးျဖစ္တဲ့အဘိုးက ဒီအပင္က ႐ြာသားေတြအားလံုံးနဲ႔ဆိုင္တဲ့ ဘုံဆိုင္ပင္လို႔ ေျပာလို႔တစ္႐ြာလုံးနဲ႔ ဆိုင္တဲ့အပင္ႀကီးျဖစ္သြားပါေရာလား။ မန္က်ည္းပင္ဆိုေပမယ့္ တစ္ပင္တည္းမဟုတ္ဘူးဗ်၊ သုံးပင္အတန္းလိုက္ႀကီးေပါက္ေနတာဗ်၊ မန္က်ည္းပင္ႀကီးေတြ အသက္ႀကီးသြားၿပီဆိုၿပီး အထင္မေသးနဲ႔ဗ်ိဳ႕၊ သီးအားခဲအားကေတာ့ လႊတ္ေကာင္းဗ်ာ၊ အဲဒီမန္က်ည္းပင္ႀကီးက မန္က်ည္းသီးဆြတ္ၿပီဆိုရင္ေတာ့ ျပႆနာတစ္ခုေပၚၿပီေပါ့၊ မန္က်ည္းသီးကို ဘုံခြဲတဲ့ကိစၥေပါ့ဗ်ာ။
အေဖ့အတြက္လည္း စိန္ေခၚမႈတစ္ခုလို႔ က်ဳပ္ကေတာ့ထင္တယ္၊ တစ္႐ြာလုံးနဲ႔ဆိုင္တာဆိုေတာ့ တစ္႐ြာလုံးရမွျဖစ္ေတာ့မွာေပါ့ဗ်ာ၊ လူေတြဆိုေတာ့လည္း အလကားေတာ့ ရခ်င္ၾကသား၊ အဲဒီမွာအေဝမတည့္လို႔ကေတာ့ ဟိုလူ႔ကိုမ်က္ႏွာလိုက္တယ္၊ ဒီလူ႔ကိုမ်က္ႏွာလိုက္တယ္နဲ႔၊ မန္က်ည္းသီး လက္တစ္ဆုပ္ေလာက္နဲ႔ ရန္ေတြေစာင္ကုန္ၾကတာေပါ့ဗ်ာ။
ဟိုတစ္ႏွစ္ကလည္း အေဖခြဲေဝေပးတာ မမွ်ဘူးဆိုၿပီး ျပႆနာေတြ တက္ထားဖူးတယ္ဗ်၊ ေနာက္ဆးအေဖက ဒီေလာက္ျဖစ္လွတာဆိုၿပီး မန္က်ည္းသီးေတြအကုန္လုံးကို ႐ြာဦးေက်ာင္းဆရာေတာ္ကို လႉထည့္လိုက္ေတာ့မွပဲ ျပႆနာတစ္ရန္ေအးသြားတယ္ဗ်၊ ဆရာေတာ္ကိုလႉတယ္ဆိုေတာ့လည္း ဘယ္သူကေျပာရဲေတာ့မွာလဲဗ်ာ၊ ႐ြာဦးေက်ာင္းက ကပၸိယႀကီးကေတာ့ မန္က်ည္းသီးေတြ စားရလြန္းလို႔ သြားေတြႀကိမ္းၿပီး၊ ပါရလြန္းလို႔ ဖင္ေတြလည္းႀကိမ္းေနတာပဲတဲ့ဗ်ာ။
ဒီႏွစ္လည္း လူေတြက ေတာ္ေတာ္ကိုေမွ်ာ္လင့္ထားတယ္ဗ်၊ အေဖက ႐ြာဦးေက်ာင္းကိုလႉမွာစိုးလို႔ေတာင္ မလႉဖို႔ဝိုင္းေျပာေနၾကေသးတာ၊ သူႀကီးဆိုေတာ့ ေခါင္းေရွာင္လို႔လည္းမေကာင္းဘူးေပါ့ဗ်ာ၊ အေဖကေတာ့ အဲဒီကိစၥကို ဓါတ္ေတာ္ေဝတယ္လို႔ တင္စားၿပီးေခၚသဗ်။
“အေဖကလည္း မန္က်ည္းသီးခြဲတာကိုမ်ား ဘာလို႔ ဓါတ္ေတာ္ေဝတယ္လို႔ ေျပာရတာလဲဗ်”
“ဟ၊ ဘုရားရွင္ ပရိနိဗၺာန္စံဝင္ၿပီး ႂကြင္းက်န္ရစ္တဲ ဓါတ္ေတာ္ေတြကိုလိုခ်င္ၾကလို႔ တိုင္းျပည္ရွစ္ခုက ဘုရင္ေတြက စစ္အဂၤါခင္းၿပီးေတာ့ စစ္ျဖစ္ဖို႔လာတယ္မဟုတ္လား၊ အဲဒီမွာ ေဒါဏပု႑ားႀကီးက အညီအမွ်ခြဲေဝေပးလိုက္လို႔ စစ္မျဖစ္ေတာ့ဘဲ ေအးေအးခ်မ္းခ်မ္းနဲ႔ၿပီးသြားၾကတယ္ေလ၊ အခုလည္း အဲဒီမန္က်ည္းသးပင္ကိစၥကလည္း ဒီလိုပဲကြ၊ ငါျဖင့္ ေဒါဏ ပု႑ားႀကီးသာရွိရင္ သူ႔ကိုပဲ ခြဲေဝခိုင္းခ်င္တယ္ကြာ၊ ဒီမန္က်ည္းသီးေလာက္နဲ႔ ရပ္ထဲ႐ြာထဲမွာ ရန္မျဖစ္ေစခ်င္ေတာ့ဘူးကြ”
ဒီလိုနဲ႔ အေဖေၾကာက္တဲ့ ေန႔ကိုေရာက္လာပါေရာဗ်ာ၊ မန္က်ည္းသးပင္က အသီးေတြကိုခူးဆြတ္ၿပီးေတာ့ အပင္ေအာက္မွာပဲ ဖ်ာၾကမ္းႀကီးေတြခင္းၿပီး ပုံထားၾကတာေပါ့၊ ႐ြာကလူေတြလည္း အေဖဘယ္လိုခြဲမလဲဆိုတာ သိခ်င္တာကလည္းတစ္ေၾကာင္း၊ ပညာစမ္းခ်င္တာကလည္း တစ္ေၾကာင္းနဲ႔ ေရာက္ေနၾကတာေပါ့ဗ်ာ၊ ခြဲေတာင္မခြဲရေသးဘူး မန္က်ည္းသီးဘယ္ေလာက္ရွိသလဲဆိုၿပီး ေရတြက္ေန႐ုံနဲဲ့တင္ ျပႆနာထျဖစ္ၾကပါေရာလား၊
ဒီလိုဆူဆူညံံံံညံျဖစ္ေနတုန္း ဦးဘသာႀကီးက ေရာက္ခ်လာတယ္ဗ်၊ ၿပီးေတာ့ အေဖ့ကိုၾကည့္ၿပီး
“သူႀကီး၊ က်ဳပ္အညီအမွ်ခြဲေပးရမလား”
အေဖကလည္း အကူအညီရမလားဆိုၿပီးေတာ့ ေခါင္းညိတ္လိုက္တာေပါ့ဗ်ာ၊ အဲဒီမွာ ဦးဘသာက မန္က်ည္းသီးပုံနားမွာရပ္ၿပီးေတာ့ ျပည္ေတာင္းတစ္လုံးေကာက္ယူလိုက္တယ္ဗ်။
“ကဲ၊ ကဲ၊ တစ္႐ြာလုံးကလူေတြ တစ္အိမ္တစ္ေယာက္ လာၾကစမ္း၊ တစ္အိမ္ကို တစ္ျပည္ရမယ္ေဟ့”
႐ြာကလူေတြက ျဖစ္ႏိုင္ပါ့မလားဆိုၿပီးေတြးကုန္တာေပါ့ဗ်ာ၊ ဒါနဲ႔ လူေတြ သူ႔ထက္ငါ အလုအယက္တန္းစီတယ္ဗ်၊ တစ္အိမ္ကိုတစ္ျပည္ေတာင္ရမွာဆိုေတာ့ ေနာက္က်လို႔ ကုန္သြားမွာစိုးတာကိုး၊ ဦးဘသာကလည္း မန္က်ည္းသီးပုံႀကီးထဲကို ျပည္ေတာင္းနဲ႔ခပ္ခပ္ၿပီးထည့္ေပးတယ္၊ လူေတြကလည္း တစ္အိမ္တစ္ျပည္ယူၿပီး ျပန္ၾကတာေပါ့ဗ်ာ၊ တစ္ခ်ိဳ႕မ်ားဆိုရင္ ဦးဘသာကိုင္ထားတဲ့ ျပည္ေတာင္း မျပည့္မွာစိုးလို႔ဆိုၿပီးေတာ့ သူတို႔ျပည္ေတာင္းထဲကို ျပန္ခ်င္ၾကည့္ၾကေသးသဗ်၊ ျပန္ခ်ိန္ၾကည့္ေတာ့လည္း ကြက္တိပဲေပါ့။
ဒီလိုနဲ႔ တစ္အိမ္ကိုတစ္ျပည္ ေဝလာလိုက္တာ၊ ေနာက္ဆံုံးတစ္ျပည္ပဲက်န္တယ္ဗ်၊ အိမ္ေပါက္ေစ့လူေတြလည္း စုံေအာင္ရသြားတာ အံ့ၾသစရာႀကီးပါဗ်ာ၊ ဒါနဲ႔ က်ဳုပ္လည္း က်န္တဲဲ့တစ္ျပည္ကိုလက္ညႇိဳးထိုးလိုက္တယ္။
“ဦးဘသာ၊ ဒီတစ္ျပည္ကေရာ ဘယ္သူ႔အတြက္လဲ”
“ေဟ့ေကာင္၊ ဒီသစ္ပင္ႀကီးက တစ္႐ြာလုံးနဲ႔ဆိုင္တယ္ေလကြာ၊ ဒီေတာ့ က်န္တဲ့တစ္ျပည္က ငါ့အတြက္ေပါ့ကြ”
ဦးဘသာ မန္က်ည္းသီးေဝကတည္းက မေလာက္မငွျဖစ္ရင္၊ အခ်ိန္မွားရင္၊ နည္းတာပိုတာျဖစ္ရင္ဆိုၿပီးေတာ့ ေဘးနားက ရန္ေတြ႕ဖို႔ ဝိုင္းၿပီးၾကည့္ေနတဲ့သူေတြလည္း အကုန္လုံးသက္ျပင္းခ်ၿပီး ျပန္သြားေလရဲ႕ဗ်ာ၊ တိက်တာမွ ဖ်ာၾကမ္းႀကီးေပၚမွာ မန္က်ည္းသီးတစ္ေတာင့္္ေတာင္ မက်န္ခဲ့ဘူးဗ်။ အေဖလည္း အဲဒီေတာ့မွ သက္ျပင္းခ်ႏိုင္ေတာ့တာပဲ။
“ေတာ္ပါေသးရဲ႕၊ ေဒါဏပု႑ားႀကီးနဲ႔ ေတြ႕လို႔” ဆိုၿပီး တိုးတိုးေလး ေရ႐ြတ္လိုက္တာကို က်ဳပ္ၾကားမိေအာင္ ၾကားလိုက္ေသးတယ္ဗ်ာ။
က်ဳပ္ကေတာ့ စဥ္းစားမိတယ္ဗ်ာ၊ တစ္အိမ္ေထာင္တစ္ျပည္ဆိုတာ မနည္းဘူးဗ်၊ ဒီေတာ့ ဒီမန္က်ည္းသီးေတြကပဲ ပြားလာတာလား၊ ဦးဘသာပဲဲ ျပည္ေတာင္းကို တစ္ခုခုလုပ္ထားတာလားဆိုတာ က်ဳပ္ေတာ့မေတြးတတ္ေတာ့ပါဘူးဗ်ာ၊ က်ဳပ္ကေတာ့ ဦးဘသာႀကီး ပညာနဲဲ့လုပ္လိုက္တယ္လို႔ပဲ မွတ္တယ္။ ဒီလိုနဲ႔ တစ္ႏွစ္တစ္ခါႀကဳံရတဲ့ ဘုံေဝစုခြဲတဲ့ ဘုံဆိုင္ပင္ကိစၥႀကီးလည္း ၿပီးသြားေတာ့တာေပါ့ဗ်ာ၊
ၿပီးပါၿပီ။
#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ