” စုန်းထီးကြီး ဦးဘသာနှင့် ချေးစားသောသရဲမ”(စ/ဆုံး)

Unicode Version

” စုန်းထီးကြီး ဦးဘသာနှင့် ချေးစားသောသရဲမ”(စ/ဆုံး)
———————————————————————

(၁)

ဦးဘသာအကြောင်းပြောရင် ကုန်မယ်မထင်ဘူးဗျ။ ဒီအဖြစ်က ကျုပ်တို့လူပျိုပေါက်အရွယ်လောက်တုန်းက ဖြစ်ခဲ့တာ၊ ချေးစားတဲ့သရဲမဆိုလို့ စာရေးဆရာစိတ်ဝင်စားသွားပြီထင်တယ်၊ ကျုပ်ကလည်း တမင်စိတ်ဝင်စားအောင်ပြောလိုက်တာ၊ တကယ်တော့ အဲဒီသရဲမက သရဲမဟုတ်ဘူးဗျ၊ ခင်ဗျားနားရှုပ်သွားပြီထင်တယ်၊ တကယ်တော့ သရဲမဆိုတာက ခွေးတစ်ကောင်ဗျ၊ ခွေးဆိုတော့ ချေးစားတာပေါ့ဗျာ၊ ဒါကြောင့် တမင်ချေးစားတဲ့သရဲမလို့ ပြောလိုက်တာလေဗျာ၊ ဟဲ ဟဲ။ ဒါပေမယ့် အဲဒီသရဲမဆိုတဲ့ခွေးက နှယ်နှယ်ရရတော့မဟုတ်ဘူးဗျ၊ အဲဒီခွေးမက “စုန်းပူးခွေး” တစ်ကောင်လို့ ရွာကလူတွေက ပြောကြတယ်၊ စုန်းပူးခွေးဆိုတာ ခင်ဗျားတို့ကြားဖူးမယ်ထင်ပါတယ်။

မကြားဖူးလဲ ရပါတယ်ဗျာ၊ ကျုပ်က ပြောပြပါ့မယ်၊ စုန်းပူးခွေးဆိုတာက အဲဒီခွေးကို စုန်းတွေ၊ ကဝေတွေက ဝင်ပူးပြီးတော့ သွားလာလို့ရတယ်လို့ ဆိုတယ်ဗျ၊ ခွေးထဲကို စုန်းက စိတ်ဝင်ပူးပြီးတော့ ခွေးကိုသူ့အလိုကျ ခိုင်းစေတဲ့ပုံပေါ့ဗျာ။

ကျုပ်တို့ရွာမှာ ခွေးသားစားတဲ့သူမရှိတော့ ခွေးလေခွေးလွင့်တွေဆိုတာလည်း သိပ်ပေါတာဗျ။ သူတို့က ဟိုခြံကြိုခြံကြား၊ လမ်းကြိုလမ်းကြား၊ တစ်ခါတစ်လေ ရွာလယ်လမ်းမကြီးပေါ်မှ နေထိုင်တတ်ကြတယ်၊ အိမ်မွေးခွေးတွေနဲ့တော့မတူပါဘူး သူတို့က ဟိုအိမ်က အကြွင်းအကျန်၊ ဒီအိမ်က အကြွင်းအကျန်တွေ ရှာစားရတာပေါ့ဗျာ၊ ထမင်းတွေဘာတွေမရရင်တော့ ရွာက အိမ်ခြံဝိုင်းတွေရဲ့ အနောက်ဘက်တို့ လယ်ကွင်းစပ်တို့ကို သွားရှာလိုက်ရုံပဲ၊ အဲဒီမှာ ပုံပုံတွေရှိတယ်လေဗျာ၊ ကျုပ်တို့ငယ်ငယ်က ရွာမှာ အိမ်သာသိပ်မသုံးဘူးဗျ၊ အိမ်သာတော့ရှိပေမယ့် လူကြီးတစ်ချို့လောက်နဲ့ ရှက်တတ်တဲ့ကာလသား၊ ကာလသမီးတွေလောက်သာသုံးတာ၊ ကလေးတွေနဲ့ အဒေါ်ကြီးတွေ၊ အဘိုးကြီးအဘွားကြီးတွေကတော့ ခြံနောက်ဘေးချုံစပ်၊ လယ်ကွင်းဘေးချုံစပ်ကိုသွားပြီး ထိုင်ချလိုက်တာပဲ၊ ပြီးသွားရင် တုတ်ကလေးတစ်ချောင်းနဲ့ အသာသပ်ပြီး ပုံပုံထဲကို စိုက်ခဲ့လိုက်တာပဲ၊ ဒီလိုနည်းနဲ့ ဖြေရှင်းကြတာများတယ်ဗျ၊ ရွာထဲက ခွေးလေခွေးလွင့်တွေက အလှူအတန်းရှိတော့မှ ၀၀လင်လင်စားသောက်ကြရတာ၊ သာမန်နေ့မျိုးဆိုရင် ဟိုအိမ်က ထမင်းသိုးဟင်းသိုး စွန့်ပစ်တာလိုက်ရှာပြီးစား၊ ဗိုက်မဝဘူးဆိုရင်တော့ ချုံစပ်တိုးပြီး ပုံပုံစားလိုက်တာပဲဗျာ၊ ပုံပုံက သူတို့အတွက်တော့ အဓိက အာဟာရပေါ့ဗျာ။ ပုံပုံမစားလို့လည်းမရဘူးလေ၊ ကျုပ်တို့ငယ်ငယ်က အရာရာရှားပါးတယ်ဗျ၊ ခွေးတွေကိုလည်း တကူးတကကျွေးမနေနိုင်ဘူးလေ၊ ထမင်းတွေ ဟင်းတွေဆိုတာကလည်း ကိုယ့်အိမ်ရှိတဲ့လူနဲ့ သေချာတွက်ပြီးချက်တာ၊ ကျုပ်တို့အိမ်ဆို ထမင်းပိုဖို့နေနေသာသာဗျာ၊ ထမင်းမလောက်တဲ့နေ့တွေတောင် အများကြီးရယ်ဗျ၊ ယောက်ျားလေးတွေ၊ လူပျိုပေါက် တက်လူတွေဆိုတော့ ထမင်းကိုစားလိုက်ကြတာဗျာ၊ တစ်နေ့ကို မနက်တစ်ပြည်၊ ညတစ်ပြည် ထမင်းချက်တာတောင် မလောက်ဘူးဗျာ၊ အဲဒီလောက်ကို စားကြတာ။

သရဲမဆိုတာကတော့ ရွာခွေးလေခွေးလွင့်ကနေ မွေးတဲ့ခွေးတစ်ကောင်ပါပဲ၊ သူ့တစ်ကိုယ်လုံး အမွှေးက နက်မှောင်ပြီးတော့ ပြောင်လက်နေတာပဲဗျာ၊ အဖြူရောင်ဆိုလို့ အမြီးထိပ်ဖျားကလေးပဲ ဖြူတယ်၊ ရွာထဲက လူတွေကလည်း နာမည်ပေးတတ်တယ်ဗျာ၊ အဲဒီခွေးမကို သရဲမလို့ နာမည်ပေးထားကြတယ်၊ ညမှောင်မှောင် လမိုက်တဲ့ညဆိုရင် သရဲမကို မြင်ရမယ်မထင်ဘူးဗျ။

ရွာမှာတော့ သရဲမဆိုရင် ကြောက်ကြတယ်၊ ဒီခွေးက အတော်ကလေး ကိုက်တဲ့ခွေးဗျ၊ တစ်ချက်မှ မဟောင်ဘူးနော်၊ ဟောင်တဲ့ခွေးက မကိုက်ဘူး၊ ကိုက်တဲ့ခွေးက မဟောင်ဘူးဆိုတာများလားမသိပါဘူးဗျာ၊ သူ့ပုံကိုကြည့်လိုက်ရင်တော့ ပေစောင်စောင် ညှောင်နာနာနဲ့လို့ထင်ရတယ်၊ ဒါပေမယ့် ကိုက်မယ်ဆိုရင် သူကိုက်တဲ့လူရဲ့အနောက်ကို တိတ်တိတ်ကလေးသွားပြီးတော့မှ အသံမပေးဘာမပေးနဲ့ ဗြုန်းဆိုကိုက်ထည့်လိုက်တာ၊ ဒါပေမယ့် သရဲမက ကလေးတွေကိုတော့ မကိုက်ပါဘူး၊ ပုံမှန်ဆိုရင်လည်း မကိုက်ပါဘူး၊ ဒါပေမယ့် တစ်ခါတစ်ခါတော့ ဘာမှမဟုတ်ဘဲကိုက်တတ်တယ်၊ အဲဒီတော့ ရွာကလူတွေက သရဲမကို စုန်းပူးပြီး လူကိုကိုက်ခိုင်းတာလို့ ပြောကြတော့တာပေါ့ဗျာ။

(၂)

ကျုပ်တို့ရွာမှာ စုန်းဆိုရင် ဦးဘသာလို့ပဲ တစ်ရွာလုံးကသိထားတာ၊ သရဲမကို ဘယ်စုန်းဝင်ပူးသလဲဆိုတာတော့ တွေးရခက်ခက်ပဲ၊ တစ်ချို့ကပြောတော့ တစ်ခြားရွာက စုန်းတွေဝင်ပူးတာတဲ့ဗျာ။

ရွာမှာ ငွေတိုးချေးစားတဲ့ တရုတ်ကြီးရှိတယ်၊ သူ့မိန်းမကလည်း တရုတ်မပဲ၊ သူ့ကို မတရုတ်မလို့ပဲ အားလုံးကခေါ်ကြတယ်၊ အသားဖြူဖြူ၊ ၀၀ဖိုင့်ဖိုင့်ကြီးပေါ့ဗျာ၊ တရုတ်ကြီးအကြွေးချသမျှကို မတရုတ်မက အတိုးလိုက်သိမ်းရတယ်၊ အကြွေးလိုက်တောင်းရတယ်။ တရုတ်ကြီးက အရက်ဆိုင်ဖွင့်ထားတာဆိုတော့ သူက အချိန်ပြည့်မအားဘူးမဟုတ်လား။

ကျုပ်တို့ခေတ်ကတော့ လိမ်တာပတ်တာတွေ သိပ်မရှိဘဲ အားလုံးက ရိုးရိုးသားသားနေကြတယ်ဗျ၊ တရုတ်ကြီးဆီက ငွေချေးပြီးရင် ပြန်ဆပ်ကြတယ်၊ မတရုတ်မကလည်း သိပ်ပြီးလိုက်တောင်းနေစရာမလိုဘူးဗျ၊ ပုံမှန်ဆိုရင် ရွာသားတွေက စိုက်ချိန်ပျိုးချိန်ဆိုရင် တရုတ်ကြီးဆီက ငွေသွားချေးပြီးတော့ ဘာပေါ်ညာပေါ်၊ သီးနှံထွက်ချိန်ဆိုရင်တော့ အတိုးရော အရင်းပါပြန်ဆပ်ကြတယ်၊ တရုတ်ကြီးကလည်း အတိုးသိပ်မတောင်းပါဘူး သုံးပြားတိုး၊ ငါးပြားတိုးလောက်ပဲဆိုတော့ သူ့အရပ်နဲ့သူ့ဇတ်အဆင်ပြေနေတာပေါ့ဗျာ။

အဲ၊ ဒါပေမယ့် အဲဒီတုန်းက ကျုပ်ဦးလေးတစ်ယောက်က တစ်ရွာသူကိုယူပြီးတော့ ရွာမှာလာနေတယ်ဗျ။ ဦးလေးနာမည်က ဖိုးထွန်း၊ သူ့မိန်းမ နာမည်က မကြည်တဲ့၊ မကြည်က အောက်အကြေသူပါ၊ ဧရာဝတီတိုင်းကဆိုလားပါပဲ၊ သူတို့လင်မယားက ဘုန်းကြီးကျောင်းဘေးနားက မြေကွက်လပ်ကလေးကို ရှင်းပြီးတော့ အိမ်ကလေးဆောက်ပြီးနေကြတယ်၊ အိမ်ဆောက်ဖို့ ငွေလိုတော့ တရုတ်ကြီးဆီကနေ သွားပြီးချေးတာပေါ့၊ ဦးလေးဖိုးထွန်းဆိုတာကလည်း ပိုင်ဆိုင်မှုသိပ်မရှိဘဲ သူ့မိဘတွေကလည်းဆင်းရဲတော့ သူများလယ်တွေကို လူငှားလိုက်လုပ်နေတာပေါ့ဗျာ၊ ဒီတော့ ချေးထားတဲ့ငွေကို ဘယ်ပြန်ဆပ်နိုင်မလဲ၊ သုံးလကျော်တော့ မတရုတ်မက လိုက်လာတာပေါ့။

(၃)

ကျုပ်အသက်က အဲဒီတုန်းက အသက်ဆယ့်လေးနှစ်ဖြစ်နေပြီ၊ အရင်လို ကလေးမဟုတ်တော့ဘူးပေါ့၊ အိမ်က အလုပ်တွေကို ကူနေရတဲ့အချိန်ဖြစ်နေပြီ၊ ဖြစ်ချင်တော့ အဲဒီနေ့က ကျုပ်နဲ့ ကျုပ်အကိုနဲ့ ဘုန်းကြီးကျောင်းဘေးနားက ဆွေးနေတဲ့သစ်ပင်ကြီးကို သွားလှဲကြတယ်၊ သစ်ပင်ကြီးက အတော်အိုပြီးခြောက်နေပြီဆိုတော့ လဲကျတော့မယ်လေ၊ ကျုပ်တို့သစ်ပင်ခုတ်တဲ့ဘေးနား ခပ်လှမ်းလှမ်းမှာတော့ မကြည်တို့အိမ်ရှိတယ်ဗျ၊ သစ်သားနဲ့ဘာနဲ့ သပ်သပ်ရပ်ရပ်ကလေးဆောက်ထားတာ။

ကျုပ်တို့အပင်လှဲပြီး သစ်ကိုင်းတွေဖြတ်နေတုန်း မတရုတ်မတစ်ယောက်လမ်းလျှောက်လာတယ်။ ကျုပ်အကိုအကြီးဆုံးက မတရုတ်မကို လှမ်းနှုတ်ဆက်တယ်။

“မတရုတ်မ၊ ဘယ်သွားမလို့လဲဗျ”

“အေးဟာ၊ နင့်ဦးလေးဖိုးထွန်းတို့အိမ်ကိုသွားမလို့၊ အိမ်ဆောက်တုန်းက အကြွေးတွေကျန်နေတယ်လေ”

“ဟာ၊ မတရုတ်မကလည်း ဦးလေးဖိုးထွန်းက သူများလယ်မှာ လူငှားလုပ်နေတာ ဘယ်ပြန်ဆပ်နိုင်အုံးမလဲဗျ”

“အေးလေ၊ မဆပ်နိုင်ရင်လည်း အတိုးလောက်တော့ ပေးမှပေါ့၊ ပိုက်ဆံယူသွားပြီးကတည်းက စာမလာ၊ သတင်းမကြားနဲ့ဆိုတော့ ငါလိုက်လာရတာပေါ့”

မတရုတ်မက လမ်းလျှောက်သွားပြီး ဦးလေးဖိုးထွန်းတို့ခြံဝိုင်းထဲကိုဝင်သွားတယ်၊ အဲဒီအချိန်မှာပဲ သရဲမက ငိုက်စိုက်ငိုက်စိုက်နဲ့လမ်းလျှောက်သွားပြီး ဘုန်းကြီးကျောင်းအနားမှာ ရစ်သီရစ်သီလုပ်နေတာဗျ။ မကြာပါပြီး ဦးလေးဖိုးထွန်းတို့ ခြံဝန်းထဲမှာ ဆဲသံဆိုသံတွေကြားရတယ်၊ မကြည်ဆိုတဲ့ မိန်းမကြီးကလည်း မိန်းမကြမ်းကြီးဗျ၊ နှုတ်ကြမ်းအာကြမ်းကြီးပါ၊ သူနဲ့ကျုပ်တို့အမေတို့နဲ့တောင်မှ စကားသိပ်မပြောကြဘူး။ စကားကြောမတည့်လို့တဲ့လေ။

အခုလည်း ပုံမှန်ဆိုရင် ရယ်ရယ်မောမောနေတတ်တဲ့ မတရုတ်မက အခုတော့ မကြည်နဲ့အော်ဆဲနေကြတယ်၊ ဆယ့်ငါ့းမိနစ်လောက်ကြာတော့မှ မတရုတ်မက ခြံဝိုင်းထဲက ပြန်ထွက်လာတယ်။ မကြည်တို့အိမ်ကို လက်ညှိုးထိုးပြီး

“ကောင်မ၊ လူပါးဝလို့၊ ညည်းမပေးလဲ ဘာမှမဖြစ်ဘူး၊ ညည်းတို့ကို သူကြီးနဲ့တိုင်မယ်”

မတရုတ်မ စိတ်ဆိုးနေလို့ ကျုပ်တို့လည်း နှုတ်မဆက်တော့ပါဘူး၊ ကိုယ့်အလုပ်ကိုယ်လုပ်နေလိုက်တယ်၊ အဲဒီအချိန်မှာပဲ ကျုပ်သတိထားမလိုက်တာ သရဲမဆိုတဲ့ခွေးမက လမ်းမပေါ်ရပ်နေရင်း အကြောဆွဲသလိုလို တုန်ခါနေတယ်၊ နောက်တော့ မတရုတ်မအနောက်ကို အသာကလေးပြေးလိုက်သွားတယ်၊ မတရုတ်မက သိပုံမရဘူး၊ကျုပ်ကတော့ သရဲမက မတရုတ်မကိုကိုက်တော့မယ်ဆိုတာကို သိလိုက်ပြီ။

“မတရုတ်မရေ၊ အနောက်မှာ သရဲမ ပါလာပြီ”

ကျုပ်ကလှမ်းအော်လိုက်တာပေါ့ဗျာ၊ မတရုတ်မနဲ့ကျုပ်တို့နေရာနဲ့ဆိုရင် ခြေလှမ်းသုံးဆယ်လောက်ပဲ ဝေးမှာပေါ့။ မတရုတ်မကလည်း အနောက်ကိုလှည့်ကြည့်ပြီးတော့ ခွေးကိုမောင်းတယ်။ ကျုပ်တို့ညီအကိုလည်း ခွေးကိုလိုက်မောင်းတာပေါ့ဗျာ၊ ဒါပေမယ့် သရဲမက မဖြုံဘူးဗျ၊ မတရုတ်မဆီကို တစ်ဟုန်ထိုးပြေးလိုက်တော့တာ၊ မတရုတ်မကလည်း လန့်ပြီးလှည့်ပြေးတယ်၊ ခြေလေးချောင်းနဲ့ နှစ်ချောင်းမို့လို့ မတရုတ်မသိပ်မပြေးရသေးခင်မှာ သရဲမက မတရုတ်မကိုမီသွားတယ်ဗျ၊ မတရုတ်မခြေထောက်ကိုလှမ်းဟပ်လိုက်တာ မတရုတ်မလဲ ခြေသလုံးကို ကိုက်မိပြီးတော့ လဲကျသွားတယ်ဗျ၊ ကျုပ်တို့လည်း မတရုတ်မဆီကို ပြေးလာတာပေါ့၊ ပါးစပ်ကလည်း သရဲမကို ဝိုင်းပြီးခြောက်လှန့်ကြတာပေါ့ဗျာ၊ ဒါပေမယ့် သရဲမက တစ်ချက်မှမကြောက်တဲ့အပြင် လဲနေတဲ့ မတရုတ်မအပေါ်ကို ပြေးခုန်တက်ပြီး ကိုက်တော့တာပဲဗျာ၊ ကိုက်တာကတော့ လည်မြိုကိုတက်ကိုက်တာ၊ မတရုတ်မက လက်ကိုကာလိုက်တော့ သူ့ဘယ်ဖက်လက်ဖျံကို ကိုက်မိသွားတယ်၊ သရဲမက မလွှတ်ဘဲနဲ့ကို သေချာကိုက်ပြီး ခါနေသေးတယ်ဗျာ၊ ကျုပ်တို့လည်း ဝိုင်းခြောက်ပေမယ့် လုံးဝမလွတ်ဘူးဗျ၊ သာမန်ခွေးဆိုရင် ဒီလောက်ဆိုရင် လွှတ်ပြီပေါ့ဗျာ၊ အခုက သေသေချာချာကိုခဲထားတာဗျ။

ကျုပ်လည်း လက်ထဲကိုကြည့်လိုက်တော့ ခုနက သစ်ပင်ကိုင်းတွေခုတ်နေရင်း တစ်လံလောက်ရှိပြီး လက်သီးဆုပ် မရှိတရှိ လုံးပတ်တုတ်တုတ်နဲ့သစ်ကိုင်းကြီးပါလာတယ်ဗျ၊ ဓါးကတော့ သစ်ပင်ခုတ်တဲ့နေရာမျာ ကျကျန်နေခဲ့တာ။ အဲဒါနဲ့ အဲဒီသစ်ကိုင်းကြီးနဲ့ သရဲမခေါင်းကို ကျုပ်အားကုန်လွှဲရိုက်ချလိုက်တာဗျာ။ ဖြောင်းခနဲတစ်ချက်မြည်သွားပြီး သရဲမခေါင်းကို သစ်ကိုင်းကြီးက ခွပ်ခနဲ မြည်အောင်ထိသွားတာ၊ သစ်ကိုင်းကြီးလည်း ကျိုးသွားတာပေါ့။ အဲဒီတော့မှ သရဲမက လက်ကိုလွှတ်ပြီးတော့ ရွာထဲကိုဝင်ပြေးတော့တာပဲ၊ ကျုပ်တို့လည်း မတရုတ်မကို ဆွဲထူရတာပေါ့။

ခွေးကိုက်ပြီးတော့ မတရုတ်မကြီးက ရူးသွားပါရောဗျာ၊ ကျုပ်တို့က ခွေးရူးပြန်တယ်ထင်နေတာ၊ နောက်တော့မဟုတ်ဘူးဗျ၊ ရူးနေတာ၊ အဲဒါနဲ့တရုတ်ကြီးက မြိုင်သာက အထက်လမ်းဆရာကြီးကိုပင့်ပြီးတော့ ကုသလိုက်မှ ပျောက်သွားတယ်တဲ့ဗျ၊ အောက်လမ်းနဲ့လုပ်ထားတယ်ပြောတာ၊ တစ်ချို့က ဦးဘသာကြီးလုပ်တယ်လို့ ပြောကြတာ၊ ကျုပ်ကတော့ မယုံပါဘူး၊ ဦးဘသာကြီးက တရုတ်ကြီးဆီမှာ အကြွေးရှိတာမှန်ပေမယ့် မတရုတ်မကို ဘာလို့လုပ်မလဲဗျ၊ အချိန်တန်လို့ သူ့လယ်ထွက်ရင် ပြန်ဆပ်နေကျပဲမဟုတ်လား။

(၄)

နောက်တစ်ခါဖြစ်တာတော့ ကျုပ်တို့ရွာထိပ် တာလမ်းမကြီးနံဘေးမှာပေါ့ဗျာ၊ အဲဒီတုန်းက ဆည်မြောင်းဖောက်တဲ့သူတွေလာကြတဲ့အချိန်ပေါ့၊ သူတို့စတည်းချတဲ့နေရာက ကျုပ်တို့ရွာနဲ့သိပ်မဝေးတဲ့နေရာမှာဆိုတော့ ရွာထိပ် တာလမ်းနံဘေးမှာ ဆိုင်ကလေးတွေပေါ်လာတာပေါ့ဗျာ။ မနက်ဆို အကြော်စုံဆိုင်၊ မုန့်တီဆိုင်၊ မုန့်ဆီခွက်ကြော်တို့၊ မုန့်ပေါင်းတို့ လုပ်ရောင်းတဲ့ဆိုင်ကလေးတွေရှိတယ်၊ အရက်ပုန်းဆိုင်လည်း ရှိတာပေါ့ဗျာ၊ ဆည်မြောင်းကလူတွေ လာပြီးစားကြလေ့ရှိတယ်။

ဒေါ်ဖော့ဆိုတာ ကျုပ်အမေဘက်က တော်တဲ့အရီးပေါ့၊ သူကလည်း စီးပွားရေးလဘ်မြင်တယ်၊ ရွာထိပ်မှာ မုန့်ပြားသလက်ဆိုင်ဖွင့်ပြီးရောင်းတယ်၊ တစ်မနက်တော့ မနက်စောစော ငါးနာရီလောက် မုန့်ဆိုင်မှာမုန့်လုပ်နေတာပေါ့၊ သူနဲ့အတူ အခြားဈေးသည်တွေလည်းရှိတယ်၊ မုန့်လုပ်နေရင်း သူ့မုန့်ဖိုအနားကို သရဲမ ကပ်လာတယ်ဗျ၊ သရဲမ မျက်လုံးကလည်း မီးခွက်အလင်းရောင်နဲ့ ဝင်းလက်နေတယ်ဆိုပဲဗျ၊ ဒေါ်ဖော့ကလည်း သရဲမက စုန်းပူးခွေးမှန်းသိလို့ မုန့်တစ်ခုကိုပစ်ကျွေးလိုက်တယ်၊ သရဲမက ဘယ်လိုစားလိုက်မှန်းမသိဘူးဗျာ၊ ကုန်သွားတာမြန်လိုက်တာတဲ့၊ ဒါပေမယ့် ဆိုင်ကထွက်မသွားဘဲပေကပ်ကပ်လုပ်နေပြန်ရော၊ ဒီတော့ အရီးဒေါ်ဖော့က စိတ်ထဲနည်းနည်းတော့ ခုသွားတယ်။

“မနက်စောစောစီးစီး ဈေးဦးတောင်မပေါက်သေးဘူးအေ၊ ဒီခွေးမကတော့ လာပြီးငတ်ကြီးကျနေတယ်၊ သွားစမ်း”

အဲဒီလိုပြောပြီးတော့ မောင်းထုတ်လိုက်တယ်ဗျ၊ မောင်းထုတ်ပေမယ့် သရဲမက မသွားပဲနဲ့ ပေစောင်စောင်နဲ့သူ့ကိုရပ်ပြီးကြည့်နေတယ်၊ ဒေါ်ဖော့လဲ ထင်းစတစ်ချောင်းကိုယူပြီး လှမ်းပစ်ဖို့ လက်ကိုလှမ်းလိုက်တယ်ဆိုရင်ပဲသူကလဲကျသွားတော့တယ်။

“လုပ်ပါအုံး၊ ငါ့ကိုလုပ်ကြပါအုံး”

ဒေါ်ဖော့လက်ကြီးတန်းနေပြီးတော့ ကျောက်ရုပ်ကြီးလိုလှုပ်မရဘူးဖြစ်နေတယ်၊ လဲကျသွားတာကိုလည်း ပြန်ထလို့မရဘူးဖြစ်နေတာပေါ့ဗျာ၊ ဘေးနားက ဈေးသည်တွေက ဒေါ်ဖော့ကိုသယ်တော့ ကိုယ်တစ်ခြမ်းက လှုပ်မရဘဲ တောင့်နေသတဲ့ဗျာ၊ ခြေထောက်တစ်ဖက်က ဆောင့်ကြောင့်ထိုင်နေတာဆိုတော့ ဒူးကြီးကိုထောင်လို့တဲ့ဗျ။

“အကြောကပ်သွားတာဖြစ်မယ်”

ဈေးသည်တွေက ခြေထောက်ကိုဝိုင်းနှိပ်တော့ အရီးဒေါ်ဖော့က ငယ်သံပါအောင် အော်သတဲ့ဗျာ၊ ခြေထောက်တွေ လက်တွေဆိုလည်းတောင့်နေလိုက်တာ အားနဲ့ချိုးတာတောင် ပြန်ချိုးလို့မရဘူးတဲ့ဗျာ၊ အံ့ဩစရာကြီး၊ ဒါနဲ့ ရွာထဲက သူ့အိမ်ကိုပြန်ပို့ပြီးတော့ သမားတော်ကြီးကိုသွားပင့်ရတာပေါ့။ ကျုပ်ကလည်း လူတွေစုရုံးစုရုံးဖြစ်နေတော့ ဒေါ်ဖော့တို့အိမ်ကိုလာခဲ့တာပေါ့ဗျာ၊ ဒေါ်ဖော့က မျက်ရည်တွေကျနေတယ်ဗျ၊

“အဲဒါငါ့ကိုစုန်းလုပ်တာ၊ သရဲမကို စုန်းပူးပြီးတော့ ငါ့ဆီမှာ မုန့်လာတောင်းစားတာ၊ ငါက တစ်ခုပဲကျွေးပြီး မောင်းထုတ်လိုက်တာကို မကျေနပ်လို့နေမှာ”

စကားတော့ပြောနိုင်သေးတယ်ဗျ၊ ဖြစ်ချင်တော့ ရွာမှာ ဆေးဆရာကြီးမရှိဘူးဗျ၊ ပေတောရွာက သူ့အမျိုး မင်္ဂလာဆောင်ကိုသွားနေသတဲ့ဗျာ၊ ပေတောဆိုတာက ရှစ်မိုင်ဝေးတယ်ဆိုတော့ နွားလှည်းပြင်ပြီး ဆေးဆရာကြီးကို ပြန်ပင့်ဖို့လုပ်ကြတာပေါ့ဗျာ။

မကြာပါဘူး အဖေတို့ရောက်လာတယ်၊ ဒီအချိန်မှာ ကျုပ်လည်းတစ်ခုသတိရသွားတယ်၊ အဲဒါကတော့ ဦးဘသာကြီးကိုပေါ့၊ ဒါနဲ့ ဦးဘသာကြီးကို ပြကြည့်ဖို့ပြောလိုက်တယ်၊ လူတွေက လက်ခံတဲ့သူရှိတယ်၊ လက်မခံတဲ့သူတွေလဲရှိတာပေါ့၊ ဦးဘသာကြီးက စုန်းဆိုတော့ သူလုပ်မှ ပိုဆိုးနေမယ်ပေါ့၊

“ကဲ၊ ငါ့သား ဦးဘသာကြီးကို သွားခေါ်ပေတော့”

အဖေဝင်ပြောလိုက်မှ အားလုံးက တိတ်သွားတယ်။ ကျုပ်လည်း ဦးဘသာကြီးကိုသွားခေါ်ရတာပေါ့၊ ဦးဘသာကြီးက မနက်ခင်းထမင်းစားနေတုန်းရှိသေးတယ်ဗျ၊ ကျုပ်ခေါ်တော့ သူလည်းလိုက်လာတာပေါ့။

ဦးဘသာလာတော့ အားလုံးကလည်း ရှဲပေးလိုက်ကြတယ်၊ ဦးဘသာက အိမ်ပေါက်ဝမှာပဲရှိသေးတယ်၊ အထဲက ဒေါ်ဖော့ကြီးက တုန်တုန်ယင်ယင်ဖြစ်နေပြီး ဦးဘသာကြီးကိုလှမ်းဆဲတော့တယ်။

“မသာကောင်ကြီး၊ နင်ငါ့ကို အနိုင်လာမကျင့်နဲ့၊ နင်နဲ့မဆိုင်ဘူး ထွက်သွားစမ်း”

အသံက ဩဩကြမ်းကြမ်းကြီးဗျ၊ ကျုပ်တို့လည်း အရီးဒေါ်ဖော့အသံမဟုတ်မှန်းသိလိုက်တာပေါ့၊ ဦးဘသာကြီးက တောက်တစ်ချက်အကျယ်ကြီးခေါက်လိုက်တော့မှ ဒေါ်ဖော့ကြီး ငြိမ်ကျသွားတယ်။

“နင်ဘာလို့လုပ်တာလဲ ပြောစမ်း”

“သူက ငါ့မုန့်တောင်းစားတာကို မကျွေးလို့”

အနီးကလူတွေက ဦးဘသာကြီးကို အဖြစ်အပျက်တွေရှင်းပြလိုက်တော့ ဦးဘသာကြီးက သဘောပေါက်သွားတယ်။

“နင့်ကိုမုန့်တစ်ခုကျွေးပြီးပြီဆို၊ နင်မကျေနပ်ဘူးလားဟဲ့ အငတ်မရဲ့၊ နင်လုပ်ထားတာတွေ ပြန်နှုတ်ပြီးအခုထွက်သွားစမ်း”

“မသွားနိုင်ဘူး၊ ကျုပ်ကိုကြက်တစ်ကောင်နဲ့ ခေါစာပစ်မှ ကျုပ်ထွက်သွားမယ်”

“ဒီကောင်မတော့”

ဦးဘသာကြီးက ရေရွတ်ပြီးတော့ အရီးဒေါ်ဖော့အနားသို့ပြေးသွားတယ်ဗျာ၊ ပြီးတော့ အရီးဒေါ်ဖော့ရဲ့ ဆံပင်တွေကိုစုကိုင်လိုက်တယ်၊ အရီးဒေါ်ဖော့က ဘီးဆံပတ်လုပ်ထားတာနေမှာ၊ ရုန်းရင်းဆန်ခတ်ဖြစ်တော့ ဘီးဆံပတ်ပြေသွားတယ်နေမှာပေါ့ဗျာ၊ ဦးဘသာကြီးက ဆံပင်တွေကိုစုကိုင်ပြီးတော့ အရီးဒေါ်ဖော့ရဲ့ပါးကို ဘယ်ပြန်ညာပြန်တွေချည်း ရိုက်တော့တာဗျာ၊ တဖြန်းဖြန်းနဲ့၊ အရီးဒေါ်ဖော့ကြီးက အောင်မယ်လေး ကြောက်ပါပြီဆရာကြီးရဲ့လို့အော်ပြီးတော့ လိမ့်နေတာပဲဗျာ။

“ဟဲ့ အငတ်မ၊ ဒီလောက်ကျွေးတာတော်ရောပေါ့၊ နောက်ဆို စားချင်သောက်ချင် ကိုယ့်ဖာသာဝယ်စား၊ နင်နော်၊ နင်ဘယ်သူလဲဆိုတာ ငါသိတယ်၊ နင်ဒီရွာမှာ ဒါမျိုးလာလုပ်လို့မရဘူး”

အဲဒီတော့မှ အရီးဒေါ်ဖော့ကြီးလည်း ပက်လက်ကြီးလန်ပြီးတော့ လဲကျသွားတော့တယ်ဗျာ၊ ဦးဘသာကြီးက ပုဆိုးကြီးမပြီးအိမ်ထဲကနေထွက်သွားတယ်၊ ကျုပ်တို့ကလည်း သိချင်တော့ ဘယ်သူလဲလို့ ဝိုင်းမေးတော့ သူက ဘာမှမပြောဘဲ ခေါင်းပဲခါပြတယ်ဗျ။ ဦးဘသာကြီး ထွက်သွားပြီးတော့ အရီးဒေါ်ဖော့လဲ လန့်နိုးသွားတယ်၊ သူ့လက်တွေလဲ အရင်လိုကောင်းကောင်းမွန်မွန်ဖြစ်သွားတယ်ဗျာ၊ ဦးဘသာကြီး ပါးရိုက်ထားတာ သူ့ပါးတွေလည်း တစ်ချက်မှ မနာဘူးတဲ့ဗျာ၊ စုန်းမက ပညာပြန်နှုတ်သွားပြီးတော့ သူလည်းဘာမှမခံစားရတော့တာဖြစ်မယ်ဗျ။

အဲဒီနောက်ပိုင်းတော့ သရဲမကို အားလုံးက ထိတ်လန့်နေကြတယ်၊ သရဲမက ခြံရှေ့ကိုလာရင်ကို ကြောက်နေကြရတာ၊ ရွာထိပ်ဆိုင်တွေဆီကို တစ်ချက်လောက်သွားလိုက်ရင် သရဲမကို မုန့်တွေ၊ အကြော်တွေ ဝိုင်းကျွေးကြတာလေ၊ ကြောက်လို့နေမှာပေါ့ဗျာ။

တစ်ရက်တော့ အဖေက အကိုကြီးကို တိုးတိုးလေးခေါ်ပြောတယ်၊ အကိုကြီးကလည်း ကျွန်တော့်ကိုခေါ်ပြီးတော့ ရွာအနောက်ပိုင်းက ကရင်အစုကို ကျုပ်တို့ထွက်ခဲ့တယ်၊ ကရင်အစုဆိုတာ အိမ်ခြေဆယ့်ငါးလုံးလောက်ရှိတဲ့ အစုကလေးပါ၊ ရွာနဲ့ မိုင်ဝက်လောက်လှမ်းတယ်၊ သူ့အစုနဲ့သူနေကြတယ်ဆိုပေမယ့် ရွာနဲ့လဲမကင်းကြပါဘူး။ အကိုကြီးက တောင်းတစ်ခုထမ်းလာတယ်၊ အထဲမှာတော့ စပါးတွေနေမှာပါ၊ ကရင်အစုရောက်တော့ ကရင်အဘိုးကြီးတစ်ယောက်နဲ့တွေ့တယ်ဗျ။ ကျုပ်တို့က ရွာထဲနေတာဆိုတော့ သူတို့အစုက လူတွေကိုသိပ်မသိပါဘူး၊ အဲဒီအဘိုးကြီးကို တောင်းကြီးပေးပြီး အကိုကြီးကပိုက်ဆံအစိတ်ပေးလိုက်တာကို မြင်ရတယ်၊ နောက်တော့ ကျုပ်တို့ပြန်ခဲ့တယ်၊ အရမ်းစပ်စုတဲ့ကျုပ်က သိပ်သိချင်တာပေါ့ဗျာ၊ ဒါနဲ့ အကိုကြီးကို မရမကမေးရတော့တယ်။

“မင်းဘယ်သူ့ကိုမှ ပြန်မပြောနဲ့နော်၊ သရဲမကို ရှင်းဖို့သွားခိုင်းတာကွ၊ ရွာသားတွေကြောက်နေလို့ အဖေက ရှင်းခိုင်းလိုက်တာ”

ကျုပ်လည်း အရမ်းအံ့ဩသွားတာပေါ့၊ အဖေက ဘုရားနဲ့တရားနဲ့နေတဲ့သူ၊ အခုတော့ သရဲမကို သတ်ခိုင်းပြီဆိုတော့လည်း၊ အင်းလေ၊ ရွာသားတွေအကျိုးအတွက်ပဲမဟုတ်လားဗျ။

နောက်တစ်နေ့ညကျတော့ တစ်ရွာလုံးခွေးတွေ အူလိုက်၊ ဟောင်လိုက်တာဗျာ၊ ဆူညံနေတာပဲ၊ ကျုပ်လည်း ဘာမှန်းတော့မသိဘူးပေါ့၊ စိတ်ထဲတော့ ထင်လိုက်မိသေးတယ်၊ ကရင်ကြီးများ သရဲမကို လာဆွဲတာလားပေါ့ဗျာ၊ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့နောက်ပိုင်းကတည်းက ရွာမှာသရဲမကို မတွေ့ရတော့ဘူးဗျ၊ ဘာမှမသိတဲ့ရွာသားတွေကတော့ တစ်ယောက်တစ်မျိုးထင်ကြေးပေးကြတာပေါ့ဗျာ။ ကျုပ်ကတော့ သိနေတယ်လေ၊ ဘယ်သူ့ရဲ့စီစဉ်မှု၊ ဘယ်သူ့ရဲ့လက်ချက်လဲဆိုတာကို၊ ဒါပေမယ့် မပြောရဲပေါင်ဗျာ၊ အဖေ့လက်သီးတော့ ချိုသလားခါးသလား မြည်းမကြည့်ချင်တော့ပါဘူး။

ကဲ၊ ဒီနေ့တော့ တော်လောက်ပြီစာရေးဆရာရေ၊ နောက်နေ့များကြုံရင် ဦးဘသာကြီးအကြောင်းတွေ ထပ်ပြောချင်ပါသေးရဲ့ဗျာ။

ပြီးပါပြီ။
#အဂ္ဂဇော် #ဦးဘသာ #ကဝေ #စုန်း #horror

Zawgyi Version

” စုန္းထီးႀကီး ဦးဘသာႏွင့္ ေခ်းစားေသာသရဲမ”(စ/ဆုံး)
———————————————————————

(၁)

ဦးဘသာအေၾကာင္းေျပာရင္ ကုန္မယ္မထင္ဘူးဗ်။ ဒီအျဖစ္က က်ဳပ္တို႔လူပ်ိဳေပါက္အ႐ြယ္ေလာက္တုန္းက ျဖစ္ခဲ့တာ၊ ေခ်းစားတဲ့သရဲမဆိုလို႔ စာေရးဆရာစိတ္ဝင္စားသြားၿပီထင္တယ္၊ က်ဳပ္ကလည္း တမင္စိတ္ဝင္စားေအာင္ေျပာလိုက္တာ၊ တကယ္ေတာ့ အဲဒီသရဲမက သရဲမဟုတ္ဘူးဗ်၊ ခင္ဗ်ားနားရႈပ္သြားၿပီထင္တယ္၊ တကယ္ေတာ့ သရဲမဆိုတာက ေခြးတစ္ေကာင္ဗ်၊ ေခြးဆိုေတာ့ ေခ်းစားတာေပါ့ဗ်ာ၊ ဒါေၾကာင့္ တမင္ေခ်းစားတဲ့သရဲမလို႔ ေျပာလိုက္တာေလဗ်ာ၊ ဟဲ ဟဲ။ ဒါေပမယ့္ အဲဒီသရဲမဆိုတဲ့ေခြးက ႏွယ္ႏွယ္ရရေတာ့မဟုတ္ဘူးဗ်၊ အဲဒီေခြးမက “စုန္းပူးေခြး” တစ္ေကာင္လို႔ ႐ြာကလူေတြက ေျပာၾကတယ္၊ စုန္းပူးေခြးဆိုတာ ခင္ဗ်ားတို႔ၾကားဖူးမယ္ထင္ပါတယ္။

မၾကားဖူးလဲ ရပါတယ္ဗ်ာ၊ က်ဳပ္က ေျပာျပပါ့မယ္၊ စုန္းပူးေခြးဆိုတာက အဲဒီေခြးကို စုန္းေတြ၊ ကေဝေတြက ဝင္ပူးၿပီးေတာ့ သြားလာလို႔ရတယ္လို႔ ဆိုတယ္ဗ်၊ ေခြးထဲကို စုန္းက စိတ္ဝင္ပူးၿပီးေတာ့ ေခြးကိုသူ႔အလိုက် ခိုင္းေစတဲ့ပုံေပါ့ဗ်ာ။

က်ဳပ္တို႔႐ြာမွာ ေခြးသားစားတဲ့သူမရွိေတာ့ ေခြးေလေခြးလြင့္ေတြဆိုတာလည္း သိပ္ေပါတာဗ်။ သူတို႔က ဟိုၿခံႀကိဳၿခံၾကား၊ လမ္းႀကိဳလမ္းၾကား၊ တစ္ခါတစ္ေလ ႐ြာလယ္လမ္းမႀကီးေပၚမွ ေနထိုင္တတ္ၾကတယ္၊ အိမ္ေမြးေခြးေတြနဲ႔ေတာ့မတူပါဘူး သူတို႔က ဟိုအိမ္က အႂကြင္းအက်န္၊ ဒီအိမ္က အႂကြင္းအက်န္ေတြ ရွာစားရတာေပါ့ဗ်ာ၊ ထမင္းေတြဘာေတြမရရင္ေတာ့ ႐ြာက အိမ္ၿခံဝိုင္းေတြရဲ႕ အေနာက္ဘက္တို႔ လယ္ကြင္းစပ္တို႔ကို သြားရွာလိုက္႐ုံပဲ၊ အဲဒီမွာ ပုံပုံေတြရွိတယ္ေလဗ်ာ၊ က်ဳပ္တို႔ငယ္ငယ္က ႐ြာမွာ အိမ္သာသိပ္မသုံးဘူးဗ်၊ အိမ္သာေတာ့ရွိေပမယ့္ လူႀကီးတစ္ခ်ိဳ႕ေလာက္နဲ႔ ရွက္တတ္တဲ့ကာလသား၊ ကာလသမီးေတြေလာက္သာသုံးတာ၊ ကေလးေတြနဲ႔ အေဒၚႀကီးေတြ၊ အဘိုးႀကီးအဘြားႀကီးေတြကေတာ့ ၿခံေနာက္ေဘးခ်ဳံစပ္၊ လယ္ကြင္းေဘးခ်ဳံစပ္ကိုသြားၿပီး ထိုင္ခ်လိုက္တာပဲ၊ ၿပီးသြားရင္ တုတ္ကေလးတစ္ေခ်ာင္းနဲ႔ အသာသပ္ၿပီး ပုံပုံထဲကို စိုက္ခဲ့လိုက္တာပဲ၊ ဒီလိုနည္းနဲ႔ ေျဖရွင္းၾကတာမ်ားတယ္ဗ်၊ ႐ြာထဲက ေခြးေလေခြးလြင့္ေတြက အလႉအတန္းရွိေတာ့မွ ၀၀လင္လင္စားေသာက္ၾကရတာ၊ သာမန္ေန႔မ်ိဳးဆိုရင္ ဟိုအိမ္က ထမင္းသိုးဟင္းသိုး စြန႔္ပစ္တာလိုက္ရွာၿပီးစား၊ ဗိုက္မဝဘူးဆိုရင္ေတာ့ ခ်ဳံစပ္တိုးၿပီး ပုံပုံစားလိုက္တာပဲဗ်ာ၊ ပုံပုံက သူတို႔အတြက္ေတာ့ အဓိက အာဟာရေပါ့ဗ်ာ။ ပုံပုံမစားလို႔လည္းမရဘူးေလ၊ က်ဳပ္တို႔ငယ္ငယ္က အရာရာရွားပါးတယ္ဗ်၊ ေခြးေတြကိုလည္း တကူးတကေကြၽးမေနႏိုင္ဘူးေလ၊ ထမင္းေတြ ဟင္းေတြဆိုတာကလည္း ကိုယ့္အိမ္ရွိတဲ့လူနဲ႔ ေသခ်ာတြက္ၿပီးခ်က္တာ၊ က်ဳပ္တို႔အိမ္ဆို ထမင္းပိုဖို႔ေနေနသာသာဗ်ာ၊ ထမင္းမေလာက္တဲ့ေန႔ေတြေတာင္ အမ်ားႀကီးရယ္ဗ်၊ ေယာက္်ားေလးေတြ၊ လူပ်ိဳေပါက္ တက္လူေတြဆိုေတာ့ ထမင္းကိုစားလိုက္ၾကတာဗ်ာ၊ တစ္ေန႔ကို မနက္တစ္ျပည္၊ ညတစ္ျပည္ ထမင္းခ်က္တာေတာင္ မေလာက္ဘူးဗ်ာ၊ အဲဒီေလာက္ကို စားၾကတာ။

သရဲမဆိုတာကေတာ့ ႐ြာေခြးေလေခြးလြင့္ကေန ေမြးတဲ့ေခြးတစ္ေကာင္ပါပဲ၊ သူ႔တစ္ကိုယ္လုံး အေမႊးက နက္ေမွာင္ၿပီးေတာ့ ေျပာင္လက္ေနတာပဲဗ်ာ၊ အျဖဴေရာင္ဆိုလို႔ အၿမီးထိပ္ဖ်ားကေလးပဲ ျဖဴတယ္၊ ႐ြာထဲက လူေတြကလည္း နာမည္ေပးတတ္တယ္ဗ်ာ၊ အဲဒီေခြးမကို သရဲမလို႔ နာမည္ေပးထားၾကတယ္၊ ညေမွာင္ေမွာင္ လမိုက္တဲ့ညဆိုရင္ သရဲမကို ျမင္ရမယ္မထင္ဘူးဗ်။

႐ြာမွာေတာ့ သရဲမဆိုရင္ ေၾကာက္ၾကတယ္၊ ဒီေခြးက အေတာ္ကေလး ကိုက္တဲ့ေခြးဗ်၊ တစ္ခ်က္မွ မေဟာင္ဘူးေနာ္၊ ေဟာင္တဲ့ေခြးက မကိုက္ဘူး၊ ကိုက္တဲ့ေခြးက မေဟာင္ဘူးဆိုတာမ်ားလားမသိပါဘူးဗ်ာ၊ သူ႔ပုံကိုၾကည့္လိုက္ရင္ေတာ့ ေပေစာင္ေစာင္ ေညႇာင္နာနာနဲ႔လို႔ထင္ရတယ္၊ ဒါေပမယ့္ ကိုက္မယ္ဆိုရင္ သူကိုက္တဲ့လူရဲ႕အေနာက္ကို တိတ္တိတ္ကေလးသြားၿပီးေတာ့မွ အသံမေပးဘာမေပးနဲ႔ ျဗဳန္းဆိုကိုက္ထည့္လိုက္တာ၊ ဒါေပမယ့္ သရဲမက ကေလးေတြကိုေတာ့ မကိုက္ပါဘူး၊ ပုံမွန္ဆိုရင္လည္း မကိုက္ပါဘူး၊ ဒါေပမယ့္ တစ္ခါတစ္ခါေတာ့ ဘာမွမဟုတ္ဘဲကိုက္တတ္တယ္၊ အဲဒီေတာ့ ႐ြာကလူေတြက သရဲမကို စုန္းပူးၿပီး လူကိုကိုက္ခိုင္းတာလို႔ ေျပာၾကေတာ့တာေပါ့ဗ်ာ။

(၂)

က်ဳပ္တို႔႐ြာမွာ စုန္းဆိုရင္ ဦးဘသာလို႔ပဲ တစ္႐ြာလုံးကသိထားတာ၊ သရဲမကို ဘယ္စုန္းဝင္ပူးသလဲဆိုတာေတာ့ ေတြးရခက္ခက္ပဲ၊ တစ္ခ်ိဳ႕ကေျပာေတာ့ တစ္ျခား႐ြာက စုန္းေတြဝင္ပူးတာတဲ့ဗ်ာ။

႐ြာမွာ ေငြတိုးေခ်းစားတဲ့ တ႐ုတ္ႀကီးရွိတယ္၊ သူ႔မိန္းမကလည္း တ႐ုတ္မပဲ၊ သူ႔ကို မတ႐ုတ္မလို႔ပဲ အားလုံးကေခၚၾကတယ္၊ အသားျဖဴျဖဴ၊ ၀၀ဖိုင့္ဖိုင့္ႀကီးေပါ့ဗ်ာ၊ တ႐ုတ္ႀကီးအေႂကြးခ်သမွ်ကို မတ႐ုတ္မက အတိုးလိုက္သိမ္းရတယ္၊ အေႂကြးလိုက္ေတာင္းရတယ္။ တ႐ုတ္ႀကီးက အရက္ဆိုင္ဖြင့္ထားတာဆိုေတာ့ သူက အခ်ိန္ျပည့္မအားဘူးမဟုတ္လား။

က်ဳပ္တို႔ေခတ္ကေတာ့ လိမ္တာပတ္တာေတြ သိပ္မရွိဘဲ အားလုံးက ႐ိုး႐ိုးသားသားေနၾကတယ္ဗ်၊ တ႐ုတ္ႀကီးဆီက ေငြေခ်းၿပီးရင္ ျပန္ဆပ္ၾကတယ္၊ မတ႐ုတ္မကလည္း သိပ္ၿပီးလိုက္ေတာင္းေနစရာမလိုဘူးဗ်၊ ပုံမွန္ဆိုရင္ ႐ြာသားေတြက စိုက္ခ်ိန္ပ်ိဳးခ်ိန္ဆိုရင္ တ႐ုတ္ႀကီးဆီက ေငြသြားေခ်းၿပီးေတာ့ ဘာေပၚညာေပၚ၊ သီးႏွံထြက္ခ်ိန္ဆိုရင္ေတာ့ အတိုးေရာ အရင္းပါျပန္ဆပ္ၾကတယ္၊ တ႐ုတ္ႀကီးကလည္း အတိုးသိပ္မေတာင္းပါဘူး သုံးျပားတိုး၊ ငါးျပားတိုးေလာက္ပဲဆိုေတာ့ သူ႔အရပ္နဲ႔သူ႔ဇတ္အဆင္ေျပေနတာေပါ့ဗ်ာ။

အဲ၊ ဒါေပမယ့္ အဲဒီတုန္းက က်ဳပ္ဦးေလးတစ္ေယာက္က တစ္႐ြာသူကိုယူၿပီးေတာ့ ႐ြာမွာလာေနတယ္ဗ်။ ဦးေလးနာမည္က ဖိုးထြန္း၊ သူ႔မိန္းမ နာမည္က မၾကည္တဲ့၊ မၾကည္က ေအာက္အေၾကသူပါ၊ ဧရာဝတီတိုင္းကဆိုလားပါပဲ၊ သူတို႔လင္မယားက ဘုန္းႀကီးေက်ာင္းေဘးနားက ေျမကြက္လပ္ကေလးကို ရွင္းၿပီးေတာ့ အိမ္ကေလးေဆာက္ၿပီးေနၾကတယ္၊ အိမ္ေဆာက္ဖို႔ ေငြလိုေတာ့ တ႐ုတ္ႀကီးဆီကေန သြားၿပီးေခ်းတာေပါ့၊ ဦးေလးဖိုးထြန္းဆိုတာကလည္း ပိုင္ဆိုင္မႈသိပ္မရွိဘဲ သူ႔မိဘေတြကလည္းဆင္းရဲေတာ့ သူမ်ားလယ္ေတြကို လူငွားလိုက္လုပ္ေနတာေပါ့ဗ်ာ၊ ဒီေတာ့ ေခ်းထားတဲ့ေငြကို ဘယ္ျပန္ဆပ္ႏိုင္မလဲ၊ သုံးလေက်ာ္ေတာ့ မတ႐ုတ္မက လိုက္လာတာေပါ့။

(၃)

က်ဳပ္အသက္က အဲဒီတုန္းက အသက္ဆယ့္ေလးႏွစ္ျဖစ္ေနၿပီ၊ အရင္လို ကေလးမဟုတ္ေတာ့ဘူးေပါ့၊ အိမ္က အလုပ္ေတြကို ကူေနရတဲ့အခ်ိန္ျဖစ္ေနၿပီ၊ ျဖစ္ခ်င္ေတာ့ အဲဒီေန႔က က်ဳပ္နဲ႔ က်ဳပ္အကိုနဲ႔ ဘုန္းႀကီးေက်ာင္းေဘးနားက ေဆြးေနတဲ့သစ္ပင္ႀကီးကို သြားလွဲၾကတယ္၊ သစ္ပင္ႀကီးက အေတာ္အိုၿပီးေျခာက္ေနၿပီဆိုေတာ့ လဲက်ေတာ့မယ္ေလ၊ က်ဳပ္တို႔သစ္ပင္ခုတ္တဲ့ေဘးနား ခပ္လွမ္းလွမ္းမွာေတာ့ မၾကည္တို႔အိမ္ရွိတယ္ဗ်၊ သစ္သားနဲ႔ဘာနဲ႔ သပ္သပ္ရပ္ရပ္ကေလးေဆာက္ထားတာ။

က်ဳပ္တို႔အပင္လွဲၿပီး သစ္ကိုင္းေတြျဖတ္ေနတုန္း မတ႐ုတ္မတစ္ေယာက္လမ္းေလွ်ာက္လာတယ္။ က်ဳပ္အကိုအႀကီးဆုံးက မတ႐ုတ္မကို လွမ္းႏႈတ္ဆက္တယ္။

“မတ႐ုတ္မ၊ ဘယ္သြားမလို႔လဲဗ်”

“ေအးဟာ၊ နင့္ဦးေလးဖိုးထြန္းတို႔အိမ္ကိုသြားမလို႔၊ အိမ္ေဆာက္တုန္းက အေႂကြးေတြက်န္ေနတယ္ေလ”

“ဟာ၊ မတ႐ုတ္မကလည္း ဦးေလးဖိုးထြန္းက သူမ်ားလယ္မွာ လူငွားလုပ္ေနတာ ဘယ္ျပန္ဆပ္ႏိုင္အုံးမလဲဗ်”

“ေအးေလ၊ မဆပ္ႏိုင္ရင္လည္း အတိုးေလာက္ေတာ့ ေပးမွေပါ့၊ ပိုက္ဆံယူသြားၿပီးကတည္းက စာမလာ၊ သတင္းမၾကားနဲ႔ဆိုေတာ့ ငါလိုက္လာရတာေပါ့”

မတ႐ုတ္မက လမ္းေလွ်ာက္သြားၿပီး ဦးေလးဖိုးထြန္းတို႔ၿခံဝိုင္းထဲကိုဝင္သြားတယ္၊ အဲဒီအခ်ိန္မွာပဲ သရဲမက ငိုက္စိုက္ငိုက္စိုက္နဲ႔လမ္းေလွ်ာက္သြားၿပီး ဘုန္းႀကီးေက်ာင္းအနားမွာ ရစ္သီရစ္သီလုပ္ေနတာဗ်။ မၾကာပါၿပီး ဦးေလးဖိုးထြန္းတို႔ ၿခံဝန္းထဲမွာ ဆဲသံဆိုသံေတြၾကားရတယ္၊ မၾကည္ဆိုတဲ့ မိန္းမႀကီးကလည္း မိန္းမၾကမ္းႀကီးဗ်၊ ႏႈတ္ၾကမ္းအာၾကမ္းႀကီးပါ၊ သူနဲ႔က်ဳပ္တို႔အေမတို႔နဲ႔ေတာင္မွ စကားသိပ္မေျပာၾကဘူး။ စကားေၾကာမတည့္လို႔တဲ့ေလ။

အခုလည္း ပုံမွန္ဆိုရင္ ရယ္ရယ္ေမာေမာေနတတ္တဲ့ မတ႐ုတ္မက အခုေတာ့ မၾကည္နဲ႔ေအာ္ဆဲေနၾကတယ္၊ ဆယ့္ငါ့းမိနစ္ေလာက္ၾကာေတာ့မွ မတ႐ုတ္မက ၿခံဝိုင္းထဲက ျပန္ထြက္လာတယ္။ မၾကည္တို႔အိမ္ကို လက္ညႇိဳးထိုးၿပီး

“ေကာင္မ၊ လူပါးဝလို႔၊ ညည္းမေပးလဲ ဘာမွမျဖစ္ဘူး၊ ညည္းတို႔ကို သူႀကီးနဲ႔တိုင္မယ္”

မတ႐ုတ္မ စိတ္ဆိုးေနလို႔ က်ဳပ္တို႔လည္း ႏႈတ္မဆက္ေတာ့ပါဘူး၊ ကိုယ့္အလုပ္ကိုယ္လုပ္ေနလိုက္တယ္၊ အဲဒီအခ်ိန္မွာပဲ က်ဳပ္သတိထားမလိုက္တာ သရဲမဆိုတဲ့ေခြးမက လမ္းမေပၚရပ္ေနရင္း အေၾကာဆြဲသလိုလို တုန္ခါေနတယ္၊ ေနာက္ေတာ့ မတ႐ုတ္မအေနာက္ကို အသာကေလးေျပးလိုက္သြားတယ္၊ မတ႐ုတ္မက သိပုံမရဘူး၊က်ဳပ္ကေတာ့ သရဲမက မတ႐ုတ္မကိုကိုက္ေတာ့မယ္ဆိုတာကို သိလိုက္ၿပီ။

“မတ႐ုတ္မေရ၊ အေနာက္မွာ သရဲမ ပါလာၿပီ”

က်ဳပ္ကလွမ္းေအာ္လိုက္တာေပါ့ဗ်ာ၊ မတ႐ုတ္မနဲ႔က်ဳပ္တို႔ေနရာနဲ႔ဆိုရင္ ေျခလွမ္းသုံးဆယ္ေလာက္ပဲ ေဝးမွာေပါ့။ မတ႐ုတ္မကလည္း အေနာက္ကိုလွည့္ၾကည့္ၿပီးေတာ့ ေခြးကိုေမာင္းတယ္။ က်ဳပ္တို႔ညီအကိုလည္း ေခြးကိုလိုက္ေမာင္းတာေပါ့ဗ်ာ၊ ဒါေပမယ့္ သရဲမက မၿဖဳံဘူးဗ်၊ မတ႐ုတ္မဆီကို တစ္ဟုန္ထိုးေျပးလိုက္ေတာ့တာ၊ မတ႐ုတ္မကလည္း လန႔္ၿပီးလွည့္ေျပးတယ္၊ ေျခေလးေခ်ာင္းနဲ႔ ႏွစ္ေခ်ာင္းမို႔လို႔ မတ႐ုတ္မသိပ္မေျပးရေသးခင္မွာ သရဲမက မတ႐ုတ္မကိုမီသြားတယ္ဗ်၊ မတ႐ုတ္မေျခေထာက္ကိုလွမ္းဟပ္လိုက္တာ မတ႐ုတ္မလဲ ေျခသလုံးကို ကိုက္မိၿပီးေတာ့ လဲက်သြားတယ္ဗ်၊ က်ဳပ္တို႔လည္း မတ႐ုတ္မဆီကို ေျပးလာတာေပါ့၊ ပါးစပ္ကလည္း သရဲမကို ဝိုင္းၿပီးေျခာက္လွန႔္ၾကတာေပါ့ဗ်ာ၊ ဒါေပမယ့္ သရဲမက တစ္ခ်က္မွမေၾကာက္တဲ့အျပင္ လဲေနတဲ့ မတ႐ုတ္မအေပၚကို ေျပးခုန္တက္ၿပီး ကိုက္ေတာ့တာပဲဗ်ာ၊ ကိုက္တာကေတာ့ လည္ၿမိဳကိုတက္ကိုက္တာ၊ မတ႐ုတ္မက လက္ကိုကာလိုက္ေတာ့ သူ႔ဘယ္ဖက္လက္ဖ်ံကို ကိုက္မိသြားတယ္၊ သရဲမက မလႊတ္ဘဲနဲ႔ကို ေသခ်ာကိုက္ၿပီး ခါေနေသးတယ္ဗ်ာ၊ က်ဳပ္တို႔လည္း ဝိုင္းေျခာက္ေပမယ့္ လုံးဝမလြတ္ဘူးဗ်၊ သာမန္ေခြးဆိုရင္ ဒီေလာက္ဆိုရင္ လႊတ္ၿပီေပါ့ဗ်ာ၊ အခုက ေသေသခ်ာခ်ာကိုခဲထားတာဗ်။

က်ဳပ္လည္း လက္ထဲကိုၾကည့္လိုက္ေတာ့ ခုနက သစ္ပင္ကိုင္းေတြခုတ္ေနရင္း တစ္လံေလာက္ရွိၿပီး လက္သီးဆုပ္ မရွိတရွိ လုံးပတ္တုတ္တုတ္နဲ႔သစ္ကိုင္းႀကီးပါလာတယ္ဗ်၊ ဓါးကေတာ့ သစ္ပင္ခုတ္တဲ့ေနရာမ်ာ က်က်န္ေနခဲ့တာ။ အဲဒါနဲ႔ အဲဒီသစ္ကိုင္းႀကီးနဲ႔ သရဲမေခါင္းကို က်ဳပ္အားကုန္လႊဲ႐ိုက္ခ်လိုက္တာဗ်ာ။ ေျဖာင္းခနဲတစ္ခ်က္ျမည္သြားၿပီး သရဲမေခါင္းကို သစ္ကိုင္းႀကီးက ခြပ္ခနဲ ျမည္ေအာင္ထိသြားတာ၊ သစ္ကိုင္းႀကီးလည္း က်ိဳးသြားတာေပါ့။ အဲဒီေတာ့မွ သရဲမက လက္ကိုလႊတ္ၿပီးေတာ့ ႐ြာထဲကိုဝင္ေျပးေတာ့တာပဲ၊ က်ဳပ္တို႔လည္း မတ႐ုတ္မကို ဆြဲထူရတာေပါ့။

ေခြးကိုက္ၿပီးေတာ့ မတ႐ုတ္မႀကီးက ႐ူးသြားပါေရာဗ်ာ၊ က်ဳပ္တို႔က ေခြး႐ူးျပန္တယ္ထင္ေနတာ၊ ေနာက္ေတာ့မဟုတ္ဘူးဗ်၊ ႐ူးေနတာ၊ အဲဒါနဲ႔တ႐ုတ္ႀကီးက ၿမိဳင္သာက အထက္လမ္းဆရာႀကီးကိုပင့္ၿပီးေတာ့ ကုသလိုက္မွ ေပ်ာက္သြားတယ္တဲ့ဗ်၊ ေအာက္လမ္းနဲ႔လုပ္ထားတယ္ေျပာတာ၊ တစ္ခ်ိဳ႕က ဦးဘသာႀကီးလုပ္တယ္လို႔ ေျပာၾကတာ၊ က်ဳပ္ကေတာ့ မယုံပါဘူး၊ ဦးဘသာႀကီးက တ႐ုတ္ႀကီးဆီမွာ အေႂကြးရွိတာမွန္ေပမယ့္ မတ႐ုတ္မကို ဘာလို႔လုပ္မလဲဗ်၊ အခ်ိန္တန္လို႔ သူ႔လယ္ထြက္ရင္ ျပန္ဆပ္ေနက်ပဲမဟုတ္လား။

(၄)

ေနာက္တစ္ခါျဖစ္တာေတာ့ က်ဳပ္တို႔႐ြာထိပ္ တာလမ္းမႀကီးနံေဘးမွာေပါ့ဗ်ာ၊ အဲဒီတုန္းက ဆည္ေျမာင္းေဖာက္တဲ့သူေတြလာၾကတဲ့အခ်ိန္ေပါ့၊ သူတို႔စတည္းခ်တဲ့ေနရာက က်ဳပ္တို႔႐ြာနဲ႔သိပ္မေဝးတဲ့ေနရာမွာဆိုေတာ့ ႐ြာထိပ္ တာလမ္းနံေဘးမွာ ဆိုင္ကေလးေတြေပၚလာတာေပါ့ဗ်ာ။ မနက္ဆို အေၾကာ္စုံဆိုင္၊ မုန႔္တီဆိုင္၊ မုန႔္ဆီခြက္ေၾကာ္တို႔၊ မုန႔္ေပါင္းတို႔ လုပ္ေရာင္းတဲ့ဆိုင္ကေလးေတြရွိတယ္၊ အရက္ပုန္းဆိုင္လည္း ရွိတာေပါ့ဗ်ာ၊ ဆည္ေျမာင္းကလူေတြ လာၿပီးစားၾကေလ့ရွိတယ္။

ေဒၚေဖာ့ဆိုတာ က်ဳပ္အေမဘက္က ေတာ္တဲ့အရီးေပါ့၊ သူကလည္း စီးပြားေရးလဘ္ျမင္တယ္၊ ႐ြာထိပ္မွာ မုန႔္ျပားသလက္ဆိုင္ဖြင့္ၿပီးေရာင္းတယ္၊ တစ္မနက္ေတာ့ မနက္ေစာေစာ ငါးနာရီေလာက္ မုန႔္ဆိုင္မွာမုန႔္လုပ္ေနတာေပါ့၊ သူနဲ႔အတူ အျခားေဈးသည္ေတြလည္းရွိတယ္၊ မုန႔္လုပ္ေနရင္း သူ႔မုန႔္ဖိုအနားကို သရဲမ ကပ္လာတယ္ဗ်၊ သရဲမ မ်က္လုံးကလည္း မီးခြက္အလင္းေရာင္နဲ႔ ဝင္းလက္ေနတယ္ဆိုပဲဗ်၊ ေဒၚေဖာ့ကလည္း သရဲမက စုန္းပူးေခြးမွန္းသိလို႔ မုန႔္တစ္ခုကိုပစ္ေကြၽးလိုက္တယ္၊ သရဲမက ဘယ္လိုစားလိုက္မွန္းမသိဘူးဗ်ာ၊ ကုန္သြားတာျမန္လိုက္တာတဲ့၊ ဒါေပမယ့္ ဆိုင္ကထြက္မသြားဘဲေပကပ္ကပ္လုပ္ေနျပန္ေရာ၊ ဒီေတာ့ အရီးေဒၚေဖာ့က စိတ္ထဲနည္းနည္းေတာ့ ခုသြားတယ္။

“မနက္ေစာေစာစီးစီး ေဈးဦးေတာင္မေပါက္ေသးဘူးေအ၊ ဒီေခြးမကေတာ့ လာၿပီးငတ္ႀကီးက်ေနတယ္၊ သြားစမ္း”

အဲဒီလိုေျပာၿပီးေတာ့ ေမာင္းထုတ္လိုက္တယ္ဗ်၊ ေမာင္းထုတ္ေပမယ့္ သရဲမက မသြားပဲနဲ႔ ေပေစာင္ေစာင္နဲ႔သူ႔ကိုရပ္ၿပီးၾကည့္ေနတယ္၊ ေဒၚေဖာ့လဲ ထင္းစတစ္ေခ်ာင္းကိုယူၿပီး လွမ္းပစ္ဖို႔ လက္ကိုလွမ္းလိုက္တယ္ဆိုရင္ပဲသူကလဲက်သြားေတာ့တယ္။

“လုပ္ပါအုံး၊ ငါ့ကိုလုပ္ၾကပါအုံး”

ေဒၚေဖာ့လက္ႀကီးတန္းေနၿပီးေတာ့ ေက်ာက္႐ုပ္ႀကီးလိုလႈပ္မရဘူးျဖစ္ေနတယ္၊ လဲက်သြားတာကိုလည္း ျပန္ထလို႔မရဘူးျဖစ္ေနတာေပါ့ဗ်ာ၊ ေဘးနားက ေဈးသည္ေတြက ေဒၚေဖာ့ကိုသယ္ေတာ့ ကိုယ္တစ္ျခမ္းက လႈပ္မရဘဲ ေတာင့္ေနသတဲ့ဗ်ာ၊ ေျခေထာက္တစ္ဖက္က ေဆာင့္ေၾကာင့္ထိုင္ေနတာဆိုေတာ့ ဒူးႀကီးကိုေထာင္လို႔တဲ့ဗ်။

“အေၾကာကပ္သြားတာျဖစ္မယ္”

ေဈးသည္ေတြက ေျခေထာက္ကိုဝိုင္းႏွိပ္ေတာ့ အရီးေဒၚေဖာ့က ငယ္သံပါေအာင္ ေအာ္သတဲ့ဗ်ာ၊ ေျခေထာက္ေတြ လက္ေတြဆိုလည္းေတာင့္ေနလိုက္တာ အားနဲ႔ခ်ိဳးတာေတာင္ ျပန္ခ်ိဳးလို႔မရဘူးတဲ့ဗ်ာ၊ အံ့ဩစရာႀကီး၊ ဒါနဲ႔ ႐ြာထဲက သူ႔အိမ္ကိုျပန္ပို႔ၿပီးေတာ့ သမားေတာ္ႀကီးကိုသြားပင့္ရတာေပါ့။ က်ဳပ္ကလည္း လူေတြစု႐ုံးစု႐ုံးျဖစ္ေနေတာ့ ေဒၚေဖာ့တို႔အိမ္ကိုလာခဲ့တာေပါ့ဗ်ာ၊ ေဒၚေဖာ့က မ်က္ရည္ေတြက်ေနတယ္ဗ်၊

“အဲဒါငါ့ကိုစုန္းလုပ္တာ၊ သရဲမကို စုန္းပူးၿပီးေတာ့ ငါ့ဆီမွာ မုန႔္လာေတာင္းစားတာ၊ ငါက တစ္ခုပဲေကြၽးၿပီး ေမာင္းထုတ္လိုက္တာကို မေက်နပ္လို႔ေနမွာ”

စကားေတာ့ေျပာႏိုင္ေသးတယ္ဗ်၊ ျဖစ္ခ်င္ေတာ့ ႐ြာမွာ ေဆးဆရာႀကီးမရွိဘူးဗ်၊ ေပေတာ႐ြာက သူ႔အမ်ိဳး မဂၤလာေဆာင္ကိုသြားေနသတဲ့ဗ်ာ၊ ေပေတာဆိုတာက ရွစ္မိုင္ေဝးတယ္ဆိုေတာ့ ႏြားလွည္းျပင္ၿပီး ေဆးဆရာႀကီးကို ျပန္ပင့္ဖို႔လုပ္ၾကတာေပါ့ဗ်ာ။

မၾကာပါဘူး အေဖတို႔ေရာက္လာတယ္၊ ဒီအခ်ိန္မွာ က်ဳပ္လည္းတစ္ခုသတိရသြားတယ္၊ အဲဒါကေတာ့ ဦးဘသာႀကီးကိုေပါ့၊ ဒါနဲ႔ ဦးဘသာႀကီးကို ျပၾကည့္ဖို႔ေျပာလိုက္တယ္၊ လူေတြက လက္ခံတဲ့သူရွိတယ္၊ လက္မခံတဲ့သူေတြလဲရွိတာေပါ့၊ ဦးဘသာႀကီးက စုန္းဆိုေတာ့ သူလုပ္မွ ပိုဆိုးေနမယ္ေပါ့၊

“ကဲ၊ ငါ့သား ဦးဘသာႀကီးကို သြားေခၚေပေတာ့”

အေဖဝင္ေျပာလိုက္မွ အားလုံးက တိတ္သြားတယ္။ က်ဳပ္လည္း ဦးဘသာႀကီးကိုသြားေခၚရတာေပါ့၊ ဦးဘသာႀကီးက မနက္ခင္းထမင္းစားေနတုန္းရွိေသးတယ္ဗ်၊ က်ဳပ္ေခၚေတာ့ သူလည္းလိုက္လာတာေပါ့။

ဦးဘသာလာေတာ့ အားလုံးကလည္း ရွဲေပးလိုက္ၾကတယ္၊ ဦးဘသာက အိမ္ေပါက္ဝမွာပဲရွိေသးတယ္၊ အထဲက ေဒၚေဖာ့ႀကီးက တုန္တုန္ယင္ယင္ျဖစ္ေနၿပီး ဦးဘသာႀကီးကိုလွမ္းဆဲေတာ့တယ္။

“မသာေကာင္ႀကီး၊ နင္ငါ့ကို အႏိုင္လာမက်င့္နဲ႔၊ နင္နဲ႔မဆိုင္ဘူး ထြက္သြားစမ္း”

အသံက ဩဩၾကမ္းၾကမ္းႀကီးဗ်၊ က်ဳပ္တို႔လည္း အရီးေဒၚေဖာ့အသံမဟုတ္မွန္းသိလိုက္တာေပါ့၊ ဦးဘသာႀကီးက ေတာက္တစ္ခ်က္အက်ယ္ႀကီးေခါက္လိုက္ေတာ့မွ ေဒၚေဖာ့ႀကီး ၿငိမ္က်သြားတယ္။

“နင္ဘာလို႔လုပ္တာလဲ ေျပာစမ္း”

“သူက ငါ့မုန႔္ေတာင္းစားတာကို မေကြၽးလို႔”

အနီးကလူေတြက ဦးဘသာႀကီးကို အျဖစ္အပ်က္ေတြရွင္းျပလိုက္ေတာ့ ဦးဘသာႀကီးက သေဘာေပါက္သြားတယ္။

“နင့္ကိုမုန႔္တစ္ခုေကြၽးၿပီးၿပီဆို၊ နင္မေက်နပ္ဘူးလားဟဲ့ အငတ္မရဲ႕၊ နင္လုပ္ထားတာေတြ ျပန္ႏႈတ္ၿပီးအခုထြက္သြားစမ္း”

“မသြားႏိုင္ဘူး၊ က်ဳပ္ကိုၾကက္တစ္ေကာင္နဲ႔ ေခါစာပစ္မွ က်ဳပ္ထြက္သြားမယ္”

“ဒီေကာင္မေတာ့”

ဦးဘသာႀကီးက ေရ႐ြတ္ၿပီးေတာ့ အရီးေဒၚေဖာ့အနားသို႔ေျပးသြားတယ္ဗ်ာ၊ ၿပီးေတာ့ အရီးေဒၚေဖာ့ရဲ႕ ဆံပင္ေတြကိုစုကိုင္လိုက္တယ္၊ အရီးေဒၚေဖာ့က ဘီးဆံပတ္လုပ္ထားတာေနမွာ၊ ႐ုန္းရင္းဆန္ခတ္ျဖစ္ေတာ့ ဘီးဆံပတ္ေျပသြားတယ္ေနမွာေပါ့ဗ်ာ၊ ဦးဘသာႀကီးက ဆံပင္ေတြကိုစုကိုင္ၿပီးေတာ့ အရီးေဒၚေဖာ့ရဲ႕ပါးကို ဘယ္ျပန္ညာျပန္ေတြခ်ည္း ႐ိုက္ေတာ့တာဗ်ာ၊ တျဖန္းျဖန္းနဲ႔၊ အရီးေဒၚေဖာ့ႀကီးက ေအာင္မယ္ေလး ေၾကာက္ပါၿပီဆရာႀကီးရဲ႕လို႔ေအာ္ၿပီးေတာ့ လိမ့္ေနတာပဲဗ်ာ။

“ဟဲ့ အငတ္မ၊ ဒီေလာက္ေကြၽးတာေတာ္ေရာေပါ့၊ ေနာက္ဆို စားခ်င္ေသာက္ခ်င္ ကိုယ့္ဖာသာဝယ္စား၊ နင္ေနာ္၊ နင္ဘယ္သူလဲဆိုတာ ငါသိတယ္၊ နင္ဒီ႐ြာမွာ ဒါမ်ိဳးလာလုပ္လို႔မရဘူး”

အဲဒီေတာ့မွ အရီးေဒၚေဖာ့ႀကီးလည္း ပက္လက္ႀကီးလန္ၿပီးေတာ့ လဲက်သြားေတာ့တယ္ဗ်ာ၊ ဦးဘသာႀကီးက ပုဆိုးႀကီးမၿပီးအိမ္ထဲကေနထြက္သြားတယ္၊ က်ဳပ္တို႔ကလည္း သိခ်င္ေတာ့ ဘယ္သူလဲလို႔ ဝိုင္းေမးေတာ့ သူက ဘာမွမေျပာဘဲ ေခါင္းပဲခါျပတယ္ဗ်။ ဦးဘသာႀကီး ထြက္သြားၿပီးေတာ့ အရီးေဒၚေဖာ့လဲ လန႔္ႏိုးသြားတယ္၊ သူ႔လက္ေတြလဲ အရင္လိုေကာင္းေကာင္းမြန္မြန္ျဖစ္သြားတယ္ဗ်ာ၊ ဦးဘသာႀကီး ပါး႐ိုက္ထားတာ သူ႔ပါးေတြလည္း တစ္ခ်က္မွ မနာဘူးတဲ့ဗ်ာ၊ စုန္းမက ပညာျပန္ႏႈတ္သြားၿပီးေတာ့ သူလည္းဘာမွမခံစားရေတာ့တာျဖစ္မယ္ဗ်။

အဲဒီေနာက္ပိုင္းေတာ့ သရဲမကို အားလုံးက ထိတ္လန႔္ေနၾကတယ္၊ သရဲမက ၿခံေရွ႕ကိုလာရင္ကို ေၾကာက္ေနၾကရတာ၊ ႐ြာထိပ္ဆိုင္ေတြဆီကို တစ္ခ်က္ေလာက္သြားလိုက္ရင္ သရဲမကို မုန႔္ေတြ၊ အေၾကာ္ေတြ ဝိုင္းေကြၽးၾကတာေလ၊ ေၾကာက္လို႔ေနမွာေပါ့ဗ်ာ။

တစ္ရက္ေတာ့ အေဖက အကိုႀကီးကို တိုးတိုးေလးေခၚေျပာတယ္၊ အကိုႀကီးကလည္း ကြၽန္ေတာ့္ကိုေခၚၿပီးေတာ့ ႐ြာအေနာက္ပိုင္းက ကရင္အစုကို က်ဳပ္တို႔ထြက္ခဲ့တယ္၊ ကရင္အစုဆိုတာ အိမ္ေျခဆယ့္ငါးလုံးေလာက္ရွိတဲ့ အစုကေလးပါ၊ ႐ြာနဲ႔ မိုင္ဝက္ေလာက္လွမ္းတယ္၊ သူ႔အစုနဲ႔သူေနၾကတယ္ဆိုေပမယ့္ ႐ြာနဲ႔လဲမကင္းၾကပါဘူး။ အကိုႀကီးက ေတာင္းတစ္ခုထမ္းလာတယ္၊ အထဲမွာေတာ့ စပါးေတြေနမွာပါ၊ ကရင္အစုေရာက္ေတာ့ ကရင္အဘိုးႀကီးတစ္ေယာက္နဲ႔ေတြ႕တယ္ဗ်။ က်ဳပ္တို႔က ႐ြာထဲေနတာဆိုေတာ့ သူတို႔အစုက လူေတြကိုသိပ္မသိပါဘူး၊ အဲဒီအဘိုးႀကီးကို ေတာင္းႀကီးေပးၿပီး အကိုႀကီးကပိုက္ဆံအစိတ္ေပးလိုက္တာကို ျမင္ရတယ္၊ ေနာက္ေတာ့ က်ဳပ္တို႔ျပန္ခဲ့တယ္၊ အရမ္းစပ္စုတဲ့က်ဳပ္က သိပ္သိခ်င္တာေပါ့ဗ်ာ၊ ဒါနဲ႔ အကိုႀကီးကို မရမကေမးရေတာ့တယ္။

“မင္းဘယ္သူ႔ကိုမွ ျပန္မေျပာနဲ႔ေနာ္၊ သရဲမကို ရွင္းဖို႔သြားခိုင္းတာကြ၊ ႐ြာသားေတြေၾကာက္ေနလို႔ အေဖက ရွင္းခိုင္းလိုက္တာ”

က်ဳပ္လည္း အရမ္းအံ့ဩသြားတာေပါ့၊ အေဖက ဘုရားနဲ႔တရားနဲ႔ေနတဲ့သူ၊ အခုေတာ့ သရဲမကို သတ္ခိုင္းၿပီဆိုေတာ့လည္း၊ အင္းေလ၊ ႐ြာသားေတြအက်ိဳးအတြက္ပဲမဟုတ္လားဗ်။

ေနာက္တစ္ေန႔ညက်ေတာ့ တစ္႐ြာလုံးေခြးေတြ အူလိုက္၊ ေဟာင္လိုက္တာဗ်ာ၊ ဆူညံေနတာပဲ၊ က်ဳပ္လည္း ဘာမွန္းေတာ့မသိဘူးေပါ့၊ စိတ္ထဲေတာ့ ထင္လိုက္မိေသးတယ္၊ ကရင္ႀကီးမ်ား သရဲမကို လာဆြဲတာလားေပါ့ဗ်ာ၊ တိုက္တိုက္ဆိုင္ဆိုင္ အဲဒီေန႔ေနာက္ပိုင္းကတည္းက ႐ြာမွာသရဲမကို မေတြ႕ရေတာ့ဘူးဗ်၊ ဘာမွမသိတဲ့႐ြာသားေတြကေတာ့ တစ္ေယာက္တစ္မ်ိဳးထင္ေၾကးေပးၾကတာေပါ့ဗ်ာ။ က်ဳပ္ကေတာ့ သိေနတယ္ေလ၊ ဘယ္သူ႔ရဲ႕စီစဥ္မႈ၊ ဘယ္သူ႔ရဲ႕လက္ခ်က္လဲဆိုတာကို၊ ဒါေပမယ့္ မေျပာရဲေပါင္ဗ်ာ၊ အေဖ့လက္သီးေတာ့ ခ်ိဳသလားခါးသလား ျမည္းမၾကည့္ခ်င္ေတာ့ပါဘူး။

ကဲ၊ ဒီေန႔ေတာ့ ေတာ္ေလာက္ၿပီစာေရးဆရာေရ၊ ေနာက္ေန႔မ်ားႀကဳံရင္ ဦးဘသာႀကီးအေၾကာင္းေတြ ထပ္ေျပာခ်င္ပါေသးရဲ႕ဗ်ာ။

ၿပီးပါၿပီ။
#အဂၢေဇာ္ #ဦးဘသာ #ကေဝ #စုန္း #horror