Unicode Version
“စုန်းထီးကြီး ဦးဘသာနှင့် စိန်ရင်တစ်ခွက်စန်းတုတ်တစ်ခွက်”(စ/ဆုံး)
——————————————————————————-
အတွဲ(၄) စာစဉ်(၂)
(၁)
အခုတလောကျုပ်အသိချင်ဆးအရာကိုပြောပါဆိုရင်တော့ ဦးဘသာအမေ ဒေါ်ပျင်းကြီးနဲ့ ဒေါ်ပျင်းအမေ အဘွားကြီးအကြောင်းပဲဗျ၊ ဘာလို့သိချင်တာလဲဆိုရင်တော့ ဦးဘသာကြီးနဲ့ဆက်စပ်မှုရှိနေတယ်မဟုတ်လား၊ ဒီတော့ အဖေ့ကိုပဲ မေးစမ်းကြည့်ရတာပေါ့ဗျာ။
“အဖေ၊ ဒေါ်ပျင်းကြီးအကြောင်း အဖေသိသလား”
မနက်စောစော အဖေက ရေနွေးကြမ်းသောက်နေရင်း ကျုပ်ကိုထူးဆန်းသလိုနဲ့ကြည့်တယ်ဗျ။
“ဒေါ်ပျင်းအကြောင်းသိချင်တာများ၊ မင်းရဲ့ ဦးဘသာကိုသွားမေးပါလားကွ”
“ဟာ၊ အဖေကလည်းဗျာ၊ ဦးဘသာက သူ့အမေအကြောင်းမေးရင် မပြောတာများတယ်ဗျ”
“မပြောဆို၊ ဘယ်သူမှ မပြောရဲကြတာကိုးကွ”
ကျုပ်လည်း အဖေ့ရှေ့ကိုဝင်ထိုင်လိုက်တယ်။
“ဘာဖြစ်လို့ လူတွေက ဒေါ်ပျင်းအကြောင်းဆိုရင် မပြောရဲကြတာလဲဗျ”
“ဒေါ်ပျင်းက စုန်းမကြီးကိုကွ၊ ငါတို့ငယ်ငယ်တုန်းကဆိုရင် ဒေါ်ပျင်းအသံကြားတာနဲ့ သိပ်ကြောက်ခဲ့ရတာ၊ ဒေါ်ပျင်းက အရှေ့ခုနစ်အိမ်၊ အနောက်ခုနစ်အိမ် ပြောတာမှန်သမျှကြားရတယ်ဆိုပဲကွ၊ နောက်ပြီး သူ့မကောင်းကြောင်းပြောတာနဲ့ အဲဒီလူတစ်ခုခုဖြစ်တတ်တယ်ဆိုတော့ ဘယ်သူမှ မပြောဝံံ့ဘူးပေါ့ကွာ၊ ဒီအကြောင်းတွေသိချင်ရင် မင်းအမေကိုမေးကြည့်ပေါ့”
အဖေပြောနေတုန်းမှာပဲ အမေက ငါးခြောက်ဖုတ်ပြီး ဆီဆမ်းထားတဲ့ပန်းကန်လေးကိုင်လို့ အဖေ့ရှေ့ကစားပွဲမှာလာချတယ်၊ ကျုပ်ကလည်း အံကိုက်ဖြစ်သွားတာနဲ့
“အမေ၊ ဒေါ်ပျင်းကြီးက သူ့အကြောင်းပြောရင် သိတယ်ဆို၊ အဲဒါဟုတ်သလား၊ အမေဒေါ်ပျင်းအကြောင်းသိရင် ပြောပြပါလား”
အမေ့ရဲ့လက်က ကျုပ်ခေါင်းပေါ်ကို ဒေါက်ခနဲကျလာတာဗျာ၊ လက်ကလည်းမြန်လိုက်တာပြောမနေပါနဲ့၊ ကျုပ်ဖြင့်နာလွန်းလို့ ခေါင်းကိုပုထားလိုက်ရတယ်။
“ဒေါ်ပျင်းက နင့်မယားမို့လို့ နင်ကသိချင်နေတာလား၊ လုပ်စရာမရှိရင် ရေသွားငင်နေစမ်း၊ တကယ်တည်း အားအားယားယားနဲ့”
အမေက ပြောဆိုရင်း အိမ်နောက်ဖေးကိုဝင်သွားတော့ အဖေက ကျုပ်ကိုကြည့်ရင်း ရယ်တယ်ဗျ။
“ကဲ သိပြီမဟုတ်လား၊ ဒေါ်ပျင်းအကြောင်း”
ကျုပ်လည်း ခေါင်းကိုပွတ်ရင်း
“သိပါပြီအဖေရာ၊ ဒေါ်ပျင်းအကြောင်းတော့မဟုတ်ဘူး၊ လက်သံပြောင်တဲ့ မသန်းအကြောင်းပေါ့”
ဒီလိုနဲ့မနက်စာထမင်းစားသောက်ပြီးတော့ ရွာထဲဆူဆူညံညံအသံံံံကြားတာနဲ့ နားစွင့်မိတယ်ဗျ၊ အသံံံက ရွာလယ်ပိုင်းလောက်ကလာတာ၊ အသံံံကိုနားထောင်ကြည့်တာနဲ့ ဘကြီးစိန်ရင်တို့ လင်မယားအသံံံမှန်းသိတော့ ဆက်ပြီးနားထောင်ကောင်းကောင်းနဲ့နားထောင်နေမိတယ်၊ ရွာလယ်နဲ့ကျုပ်တို့အိမ်က အတော်လှမ်းပေမယ့် လေသင့်တိုင်း ဘကြီးစိန်ရင်နဲဲ့ အဘွားစန်းတုတ်ရဲ့အသံံံံတွေက လွင့်လွင့်လာတာပဲဗျာ။
ငယ်ငယ်တုန်းကဆိုရင်တော့ ဘကြီးစိန်ရင်တို့လင်မယားရန်ဖြစ်သွားကို သွားသွားကြည့်မိတယ်ဗျ၊ ကလေးဆိုတော့လည်း ထူးဆန်းတာမြင်ရင်ကြားရင်နားထောင်ချင်တာပေါ့၊ ဘကြီးစိန်ရင်က ကျုပ်တို့ငယ်ငယ်ကတင် အသက်ရှစ်ဆယ်နီးပါး၊ အခုဆိုရင်တော့ ကိုးဆယ်နားကပ်ပြီပေါ့ဗျာ၊ တောသားဆိုတော့ သန်သန်မာမာပဲဗျ၊ ဘကြီးစိန်ရင်တို့လယ်မယားက ရွာလယ်က မန်ကျည်းသုံးပင်အနားက ဝိုင်းခြံံံမှာနေကြတယ်၊ ဘကြီးစိန်ရင်ရဲဲ့ မိန်းမကတော့ ဘွားစန်းတုတ်လို့ခေါ်တယ်ဗျ၊ အသက်ကတော့ မတိမ်းမယိမ်းပါပဲဗျာ၊ ငယ်လင်ငယ်မယားတွေပေါ့၊ သူတို့ဆီမှာ သားတစ်ယောက်ရှိတယ်ဗျ၊ သူ့သားက ရွာမှာထန်းရည်ရောင်းတဲ့ ကိုကြွက်နီပေါ့ဗျာ၊ သားတွေ မြေးတွေရနေပြီဆိုတော့ ဘကြီးစိန်ရင်က လယ်ယာလုပ်ငန်းခွင်တော့ ဆင်းမလုပ်တော့ဘူး၊ ဒါပေမယ့် အမြဲတမ်း ခြံံံံဝိုင်းထဲမှာ တံံမြက်လှည်းတာဖြစ်ဖြစ်၊ တောင်းယက်နေတာဖြစ်ဖြစ်၊ မိုးတွင်းဆိုရင်တော့ မြက်နှုတ်၊ ပေါင်းရှင်း အမြဲလုပ်နေတတ်တဲ့လူကြီးပေါ့ဗျာ၊ လူက ခပ်ပိန်ပိန်၊ ပုပုပါပဲ၊ ခေါင်းမှာကတော့ ဖြူဖွေးနေတဲ့ဆံံံပင်တွေနဲ့ သျှောင်ထုံးကလေးတစ်ထံံုံးရှိသေးတယ်ဗျ။ သွားတွေတစ်ချောင်းမှ မရှိတော့ပေမယ့် ဘကြီးစိန်ရင်က ကွမ်းတော့စားချင်သေးတယ်၊ ကွမ်းသီးစိတ်ကလေးကို ပါးစပ်ထဲထည့်ပြီး သွားရည်တွေနဲ့ တမြုံ့မြလုပ်နေတတ်တာပေါ့၊ သွားရင်းလာရင်း ဘကြီးစိန်ရင်ကိုတွေ့ရင် ပါးစပ်ကလေး လှုပ်တုတ်တုတ်နဲ့ ကွမ်းသီးမြုံ့နေတာပေါ့ဗျာ။
ဘွားစန်းတုတ်ကတော့ နာမည်ကသာ တုတ်ပါပေမယ့် လူကတော့ ပိန်ပိန်ပဲ။ အသက်သာကြီးပေမယ့် သွားနိုင်လာနိုင်၊ လုပ်ကိုင်နေနိုင်တုန်းပဲဗျ၊ ကိုကြွက်နီက အိမ်ထောင်ကျပြီးတော့ ရွာအရှေ့ပိုင်းမှာ သူ့ဖာသာအိမ်ခွဲနေတယ်ဆိုတော့ ရွာလယ်ဝိုင်းမှာ ဘကြီးစိန်ရင်နဲ့ ဘွားစန်းတုတ်တို့ လင်မယားနှစ်ယောက်ပဲ နေကြတာပေါ့ဗျာ၊ ဘွားစန်းတုတ်က ထင်းရှာ၊ ထင်းကောက်၊ ထမင်းချက်ဟင်းချက်နဲ့ အိမ်မှုကိစ္စတွေလုပ်နိုင်သေးတယ်ဗျ၊ ရေထမ်းတာဘာညာကတော့ ကိုကြွက်နီကိုယ်တိုင်ဖြစ်ဖြစ် ကိုကြွက်နီသားအကြီးကောင်ဖြစ်ဖြစ် လာလာလုပ်ပေးတာပဲဗျာ၊
ကိုကြွက်နီထန်းရည်ကြိုက်တာကတော့ ဘကြီးစိန်ရင်ဆီက အမွေရတာဖြစ်မယ်ဗျ၊ ဘာလို့လဲဆိုတော့ ဘကြီးစိန်ရင်ကလည်း ထန်းရည်သိပ်ကြိုက်လို့ပဲဗျ၊ ဒီအသက်ဒီအရွယ်အထိ ထန်းရည်သောက်တုန်း၊ ကိုကြွက်နီက ထန်းရည်လာလာပို့ပေးရတယ်၊ နေ့တိုင်းတော့မဟုတ်ပေမယ့် တစ်ပတ်တစ်ခါ၊ နှစ်ခါလောက်ပေါ့ဗျာ။ ထန်းရည်သောက်တဲ့အခါ ဘကြီးစိန်ရင်တင်မဟုတ်ဘဲ ဘွားစန်းတုတ်ပါ သောက်တယ်ဗျ၊ အရင်ကတော ဘွားစန်းတုတ်ကြီးက ထန်းရည်မသောက်တတ်ဘူး၊ ဘကြီးစိန်ရင်အတွက် ညနေစောင်းဆိုရင် ထန်းရည်သောက်ဖို့ လုပ်ကိုင်ပေးရင်း ခွက်လှည့်ဘဝကနေ နောက်ဆံံုံးတော့ မောင်တစ်ခွက်၊ မယ်တစ်ခွက်ဘ၀ ရောက်သွားပါရောဗျာ။
ဒါကြောင့်ရွာထဲမှာ မောင်တစ်ထမ်းမယ်တစ်ရွက်လုပ်တာကို “စိန်ရင်တစ်ခွက်၊ စန်းတုတ်တစ်ခွက်” လို့ တင်စားပြီးပြောခဲ့ကြတာ ခုထိပါပဲဗျာ၊ တကယ်လည်း သူတို့ပြောတဲ့အတိုင်းပဲ ထန်းရေမြူလေးရှေ့ချပြီးတော့ ဘကြီးစိန်ရင်က ထန်းမှုတ်နဲ့တစ်ခွက်သောက်လိုက်၊ ဘွားစန်းတုတ်က တစ်ခွက်ခပ်သောက်လိုက်နဲ့ လင်မယားနှစ်ယောက် အတွဲညီပါပေတယ်ဗျာ။
ထန်းရည်သောက်ပြီးရင်တော လင်မယားနှစ်ယောက် ရန်ဖြစ်ပြီပဲဗျာ၊ မူးမူးနဲ့ငယ်ကျိုးငယ်နာဖော်ရင်း ရန်ဖြစ်ကြတာဗျ၊ ရန်ဖြစ်တဲ့အခါ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဆဲကြဆိုကြပဲ၊ လက်တော့မပါဘူးဗျ၊ ပါးစပ်နဲ့ပဲ တုတ်တွေဓါးတွေထုတ်ပြီး ဆော်ကုန်တာ၊ သူတို့ရန်ဖြစ်တာလည်း ငယ်ငယ်တုန်းကကြည့်လို့ကောင်းသဗျ၊ မသိရင် ကွက်စိပ်ဟောတဲ့အတိုင်းပဲကိုး၊ တစ်ခါတစ်ခါ တစ်ယောက်နဲ့တစ်ယောက် မခံချင်အောင်ပြောတာတွေနားထောင်ရင်း ကျုပ်တို့တော့ ဘေးကနေရယ်တာပေါ့ဗျာ။
(၂)
အခုလည်း စောစောစီးစီးရန်ဖြစ်နေပံံုံထောက်တော့ လင်မယားနှစ်ယောက် ထန်းရည်သောက်နေလောက်ပြီလို့ မှတ်လိုက်ပါတယ်၊ ဒါနဲ့ ကျုပ်လည်း ရွာလယ်ကိုထွက်လာခဲ့တာပေါ့ဗျာ၊ ကျုပ်ရောက်တော့ ရန်ပွဲကပြီးသွားပြီ၊ နောက်ဆုံးတော့ ယောက်ျားဖြစ်တဲ ဘကြီးစိန်ရင်က အလံဖြူပြပြီးတော့ အိမ်ထဲဝင်ပြီးအိပ်သွားပြီပေါ့။ ဘွားစန်းတုတ်သာ ကျန်တဲ့ထန်းရည်ကလေးလက်ကျန်ဖြတ်ရင်း ကွပ်ပျစ်ပေါ်မှာထိုင်နေတယ်၊ ဒါနဲ့ ကျုပ်လည်း သူ့အနားကပ်ခဲ့တာပေါ့ဗျာ။ ကျုပ်ခေါင်းထဲမှာ အတွေးတစ်ခုရတာက သူတို့အသက်က ရှစ်ဆယ်ကျော်၊ ကိုးဆယ်တွေဆိုတော ရှေ့မီနောက်မီလို့ ပြောလို့ရတယ်မဟုတ်လား၊ ဒီတော့ ဒေါ်ပျင်းကြီးအကြောင်းကို သူတို့ကောင်းကောင်းမီလိုက်မှာပေါ့။
“ဘွားစန်းတုတ်၊ စောစောစီးစီးကောင်းနေပြီလား”
“ဘာကောင်းတာလဲ၊ မအေဘေးလေး”
ဘွားစန်းတုတ်က အရက်မူးလာရင်တော့ ဆဲဆိုပြီးစကားပြောတာဗျ၊ ကျုပ်လည်းသိချင်တာရှိတော့ သူ့ကိုကပ်မေးရတာပေါ့ဗျာ။
“ဟိုလေး ဘွားစန်းတုတ်၊ ဒေါ်ပျင်းကြီးကို မီလိုက်သလားဗျ”
ဘွားစန်းတုတ်က ရီဝေနေတဲ့ မျက်လုံးတွေနဲ့ ကျုပ်ကိုကြည့်ပြီးတော့ ခေါင်းညိတ်တယ်ဗျ။
“သိတာပေါ့၊ မယ်ပျင်းတင်မဟုတ်ဘူး၊ မယ်ပျင်းရဲ့အမေ မမယ်ဖြူကိုတောင် မီလိုက်သပါ့”
“ဟာ၊ ဒေါ်ပျင်းအမေက မမယ်ဖြူတဲ့လား”
“အေးလေ၊ မမယ်ဖြူလည်းစုန်း၊ မယ်ပျင်းလည်းစုန်းပေါ့ဟဲ့”
“ဒါဖြင့််ရင် ကျုပ်ကိုပြောပြစမ်းပါအုံးဗျာ၊ မမယ်ဖြူဆိုတာတော့ ကျုပ်က အခုမှကြားဖူးတာဗျ”
ဘွားစန်းတုတ်က ဟိုဒီကြည့်ရင်း လက်အုပ်ချီပြီးတော့ ပွစိပွစိရွတ်နေသေးတယ်၊ ကျုပ်လည်း ထူးဆန်းနေတာပေါ့
“ဘွားစန်းတုတ်၊ လူက ထန်းရည်မူးနေပြီးတော့ ဘုရားရှိခိုးနေသေးတယ်”
“ဟဲ့ နင်ဘာသိလို့လဲ၊ မယ်ပျင်းအကြောင်းပြောမယ်ဆိုလို့ တောင်းပန်နေရတာဟေ့”
“ဟာဗျာ၊ ဒေါ်ပျင်းကြီးက သေတာကြာပြီမဟုတ်လား”
“အောင်မာ၊ နင်က ပေါ့ပေါ့တန်တန်မမှတ်နဲ့၊ မယ်ပျင်းက လူသာသေပေမယ့် သူက ဘီလူးဖြစ်သွားတာဟဲ့၊ သူ့အကြောင်းပြောတဲလူတွေကို ဖမ်းစား၊ ပြုစားတတ်တယ်ဆိုပြီးပြောကြတယ်”
ဒီတော့မှ ကျုပ်လည်းခေါင်းညိတ်လိုက်တယ်။
“ဟုတ်မယ်ဗျ၊ ဒါကြောင့်အမေတောင်မှ ဒေါ်ပျင်းအကြောင်းကို မပြောရဲဘူး”
“ရပြီ၊ ရပြီ၊ မမယ်ဖြူဆိုတာ တစ်ချိန်က ဖက်လိပ်ရွာဟောင်းမှာ သိပ်နာမည်ကြီးတဲ့သူပေါ့”
“သူက ဘာဖြစ်လို့နာမည်ကြီးတာလဲဗျ၊ စုန်းပညာတွေစွမ်းလို့လား”
“မဟုတ်ဘူး၊ သူက ငယ်ငယ်တုန်းက စုန်းမတတ်သေးဘူး၊ ရုပ်ရည်ကတော့ မမယ်ဖြူဆိုတဲ့အတိုင်း ဖြူဖြူဝင်းဝင်းနဲ့သိပ်ချောတယ်ဆိုပဲ၊ သူ့မှာ ညီမတစ်ယောက်ရှိတယ် သူ့ညီမကတော့ မမဲတူတဲ့၊ အသားကမည်းပြီး အရုပ်ဆိုးလို့ အဲဒီနာမည်တွင်နေတာပေါ့”
“ပြောပါအုံးဗျာ”
“မမယ်ဖြူအသက်ဆယ့်ခြောက်နှစ်လောက်ရောက်တော့ သိပ်လှတယ်ဆိုပဲ၊ ငါတို့ကတော့ မမယ်ဖြူငယ်ငယ်ကအချိန်ကို မမီခဲ့ပါဘူး၊ အဲဒီလိုသိပ်ချောသိပ်လှလို့ အနီးအပါးက ရွာတွေသာမက ဟိုးမြိုင်သာရွာကြီးက လူပျိုကာလသားတွေ ပိုးကြပမ်းကြတာ ချောင်းပေါက်မတတ်ဆိုပဲ၊ ဒီလိုနဲ့ မမယ်ဖြူသတင်းပြန့်နေလို့ မြိုင်သာရွာသူကြီးက လာကြည့်ရင်း တကယ်စွဲလမ်းသွားတာပေါ့၊ မြိုင်သာရွာသူကြီးကိုလည်း မမယ်ဖြူက ပြန်ချစ်တယ်ဆိုပဲ၊ မြိုင်သာရွာသူကြီးဆိုပေမယ့်လည်း အသက်က သိပ်မကြီးသေးဘူး၊ အဖေသေလို့ သားကတက်ဖြစ်တာဆိုတော့ အသက်နှစ်ဆယ်ကျော်ဝန်းကျင် သန်သန်မာမာနဲ့ တော်တော်ချောတယ်ဆိုပဲ၊ မြိုင်သာရွာသူကြီးနဲ့ မမယ်ဖြူက နေနဲ့လ၊ ရွှေနဲ့မြလို လိုက်ဖက်တင့်တယ်တာပေါ့”
“ဒါပေမယ့် မြိုင်သာရွာသူကြီးကို တစ်ဖက်သက်ကြိုက်နေတာက မမဲတူပဲ၊ ဒါနဲ့ မြိုင်သာရွာသူကြီးနဲ့ စေ့စပ်ကြောင်းလမ်းဖို့ စီစဉ်နေတဲအချိန်မှာပဲ ဘုရင့်မူးမတ်တွေ၊ လူယုံတွေရောက်လာပြီးတော့ မမယ်ဖြူကို လာပြီးစစ်ဆေးကြတယ်”
“ဘယ်ဘုရင်လဲဗျ၊ မူးမတ်တွေကရော ဘာကိုလာစစ်ဆေးတာလဲ”
“သီပေါမင်းခေတ်ပေါ့၊ ရှေးက မိန်းမချောမိန်းမလှပေါ်တယ်လို့ကြားရင် ဘုရင့်လူတွေက အဲဒီမိန်းကလေးကိုသွားရောက်ကြည့်ရှုပြီးတော့ မိန်းမကောင်းဟုတ်မဟုတ် ဆန်းစစ်ရတယ်ဆိုတာပဲ၊ ဒါနဲ့ မမယ်ဖြူကိုစစ်ဆေးကြပြီးတော့ မိန်းမကောင်းအင်္ဂါစုံတယ်ဆိုပြီးတော့ တော်ကောက်ဖို့ စီစဉ်လိုက်တာပေါ့။ အိမ်ကိုချက်ချင်းသဲဖြူခင်း၊ ရာဇမတ်ကာပြီးတော့ ဘုရင့်တံခွန်စိုက်ပြီး သိမ်းယူသတဲ့”
“ဟာ၊ ဒါဆိုရင် သူကြီးတော့ သွားပြီပဲဗျာ”
“ဒါပေါ့၊ ရှင်ဘုရင်အမိန့်ဆိုတော့လည်း လွန်ဆန်မရဘူးပေါ့၊ မကြာခင်ပဲ မူးမတ်တွေက မမယ်ဖြူလေးကို နေပြည်တော်ကို ခေါ်သွားတာပေါ့၊ ဒီလိုဖြစ်အောင်လုပ်တာက မမဲတူလို့ပြောကြတယ်၊ မမဲတူက မမယ်ဖြူကိုပထုတ်လိုက်ပြီးတော့ နောက်သိပ်မကြာဘူး မြိုင်သာရွာသူကြီးမင်းနဲ့ လက်ထပ်ယူလိုက်ကြတယ်တဲ့၊ အများပြောတာကတော့ မမဲတူက စုန်းတစ်ယောက်ဆီကနေ ပညာနဲ့ပြုစားခိုင်းတယ်ပြောတာပဲ”
ကျုပ်လည်းခေါင်းညိတ်ပြိးတော့
“ဖြစ်နိုင်တယ်ဗျ၊ သူလုပ်တာပဲဖြစ်မှာ၊ မူးမတ်တွေရောက်လာတာကလည်းစေ့စပ်မယ့်အချိန်နဲ့ တိုက်ဆိုင်နေတယ်မဟုတ်လား၊ ပြီးတော့ သူ့လိုရုပ်ဆိုးတဲ့လူကို ရွာသူကြီးက ယူပါ့မလား”
“မပြီးသေးဘူး၊ အဲဒီလိုနဲ့ မမယ်ဖြူမင်းနေပြည်တော်ရောက်တော့ ဘုရင်က နေ့ကောင်းနက္ခတ်ကောင်းရွေးနေတာမို့ နန်းတွင်းကို မဝင်ရသေးဘူးပေါ့၊ အဲဒီမှာ မမယ်ဖြူကို စုန်းမလို့စွပ်စွဲပြီးတော့ စမ်းသပ်ကြတယ်ဆိုပဲ၊ စုဖုရားတို့ အင်အားကောင်းနေတဲ့အချိန်ဆိုတော့ မမယ်ဖြူကို မနီးစပ်စေချင်တာလည်း ပါတာပေါ့”
“မမယ်ဖြူက စုန်းမှမဟုတ်တာ”
“ဒါပေမယ့်လည်း မင်းချင်းတွေနဲ့ ချောက်ချပြီးလုပ်တာဆိုတော့ မမယ်ဖြူလည်း မငြင်းနိုင်ပါဘူး၊ နောက်ဆုံးတော့ စုန်းမဆိုတာသိပြီး ရေချကွပ်မျက်သတဲ့”
“ရေချတယ်ဆိုတာ ဘာကိုပြောတာလဲ”
“မင်းနှယ်ကွယ်၊ ရေချတယ်ဆိုတာ ရာဇဝတ်သား၊ အပြစ်သားတွေကို ရေထဲနှစ်သတ်တာကိုခေါ်တာ၊ ပြီးတော့ စုန်းမတွေဆိုရင်လည်း မင်းမိန့်နဲ့ ရေချသတ်သတဲ့၊ စုန်းသတ်တာလည်း ရိုးရိုးရေချသတ်လို့မရဘူးနော်၊ သူ့ကိုစီရင်တဲ့နည်းက သတ်သတ်ရှိတယ်၊ အဲဒီနည်းကို သတ္တဝေဒ လို့ခေါ်တယ်”
ဒီအချိန်မှာပဲ အိမ်ပေါ်ကနေ ရယ်သံကြားရတယ်ဗျ၊ ဘွားစန်းတုတ်က ဒေါသထွက်သွားပြီး
“ကိုစိန်ရင် ရှင်ဘာရယ်တာလဲ”
“ဟား၊ ဟား မသိတဲ့လူကို မတတ်တဲ့လူက ဆရာလုပ်တယ်ဆိုတာ ဒါကိုပြောတာပဲဟေ့၊ သတ္တဝေဒ မဟုတ်ပါဘူးကွာ၊ သတ္တဝေဠုပါကွ”
ဘွားစိန်တင်က မျက်နှာကြီးစူပုတ်ပြီး
“အိုတော်၊ အသက်ကြီးနေပြီဆိုတော့ အမှတ်မှားတဲ့အခါမှာလည်း မှားမှာပေါ့၊ ရှင်ဒီလောက်သိနေရင် ရှင်လာပြောပါလား”
ဒီတော့ ဘကြီးစိန်ရင်က အိမ်ပေါ်ကနေဆင်းလာပြီး ကျုပ်နားလာထိုင်တယ်ဗျ၊ ဘွားစန်းတုတ်ကတော့ ဘကြီးစိန်ရင်ကို မျက်စောင်းတစ်ချက်ထိုးပြီးတော့ ထန်းရည်သောက်ထားတဲ့ မြူအိုးတွေ၊ ထန်းမှုတ်တွေကို သိမ်းပြီး နောက်ဖေးကိုဝင်သွားတော့တာပဲ၊ ဘကြီးစိန်ရင်က ရေတစ်ခွက်သောက်နေတာနဲ့
“ဘကြီးစိန်ရင်၊ အဲဒီ သတ္တဝေဠုဆိုတာ ပြောပြပါအးဗျာ၊ ကျုပ်တော့ တစ်ခါမှ မကြားဖူးဘူး”
“အေးကွ၊ ဟိုးဘုရင်ခေတ်က အရမ်းဆိုးသွမ်းတယ်လို့ နာမည်ကြီးတဲ့ စုန်းတွေ၊ ကဝေတွေဆိုရင် မင်းမိန့်နဲ့ဖမ်းဆီးပြီးတော့ ကွပ်မျက်လေ့ရှိသတဲ့၊ မင်းမိန့်က ဘယ်လောက်အာဏာပြင်းသလဲဆိုရင် အစွမ်းထက်လှပါတဲ့ ဇော်ဂနီတွေ၊ ကာကနီတွေတောင်မှ လာပြီးအဖမ်းခံံံကြရတယ်ကွ၊ အဲဒီလိုဖမ်းမိတဲ့စုန်းဆိုရင် နေပြည်တော်ကိုခေါ်လာပြီးတော့ ဘုရင်က သေမိန့်ပေးပြီး ခုနကလို ရေချပြီးကွပ်မျက်ကြတယ်၊ မီးနဲ့တိုက်တယ်လို့လည်းကြားဖူးတယ်၊ ဒါပေမယ့် ကုန်းဘောင်ခေတ်တော့ မီးမသုံးတော့ဘူး၊ မီးရှို့တာက ထင်းကုန်တာကိုးကွ၊ ဟား၊ ဟား”
“အဲဒါနဲ့ ဘယ်လိုရေချသလဲဗျာ”
“ရေချတဲ့နည်းကတော့ တော်တော်ရှုပ်တယ်ကွ၊ အရင်ဆံံုံး တံစူးဝါးကို ခုနစ်စိတ်ခွဲပြီးတော့ ဇီးသားနဲ့ခံံပြီးတော့ ဝါးကပ်တစ်ခုရက်လုပ်ရတယ်ကွ၊ လူသေတင်တဲ့ကပ်ပေါ့ကွာ၊ ပြီးတော့ အိမ်ခုနစ်အိမ်ကနေပြီး ကျင်ကြီးကျင်ငယ်တွေကို ခုနစ်ရက်တိုင်တိုင် အိုးကြီးတစ်လုံးနဲ့စုရသတဲ့၊ ဒါပဲလားဆိုတော့ မပြီးသေးဘူး၊ နောက်ထပ်တံစူးဝါးတစ်ချောင်းရှာပြီး အထက်ပိုင်းကို လေးလုပ်ရတယ်၊ အောက်ပိုင်းကိုတော့ မြားကြီးခုနစ်စင်း၊ မြားငယ်ခုနစ်စင်း ပြုလုပ်ရတယ်၊ အဲဒီမြားတွေမှာလည်း လင်းတတောင်နဲ့ အတောင်တပ်ရတယ်ဆိုပဲ”
“ခက်ခဲလိုက်တာဗျာ”
“အေးပေါ့၊ ရေချမယ့်နေ့ရောက်ရင် စုန်းမကို အဝတ်အစားတွေချွတ်ပြီး ထမီဖြူကြီးပတ်ပေးရတယ်၊ ပြီးတော ဆံပင်ကို ဆံံထံုံးခုနစ်ခုရအောင်ထုံးရသတဲ့၊ အဲဒီဆံံထံုံးခုနစ်ခုမှာ ခုနကလုပ်ထားတဲ့ မြှားငယ်ခုနစ်စင်းကို တစ်စင်းစီထိုးပေးရတယ်၊ ပြီးရင် အစောပိုင်းက လုပ်ထားတဲ့ကပ်မှာ ကပ်ပြီးတော့ သမန်းကြိုးနဲ့လက်တွေခြေတွေ ခါးတွေကိုချည်ပေးရသတဲ့၊ နောက်ပြီးလည်ပင်းမှာလည်း သမန်းကြိုးနဲ့ အထုံးခုနစ်ခုရအောင်ချည်နှောင်ရပြန်တယ်”
ဘကြီးစိန်ရင်က မောသွားလို့ထင်တယ်ဗျ၊ ရေတစ်ခွက်ကို ခပ်သောက်လိုက်ပြန်ရော။
“ပြီးရင် ရေခုနစ်တောင်နက်တဲ့ မြစ်ထဲမှာ လှေနှစ်စီးကို ဘေးချင်းယှဉ်ရပ်ထားရတယ်ကွ၊ အဲဒီလှေနှစ်စင်းရဲ့အလယ်မှာ စုန်းမကိုတင်ရတယ်၊ ပြီးတာနဲ့ လေးသည်တော်အလှည့််ရောက်လာပြီ လေးသည်တော်က တံစူးဝါးနဲ့လုပ်ထားတဲ့လေးကိုကိုင်ပြီးတော့ မြားကြီးခုနစ်စင်းထဲက လေးစင်းကို အရှေ့၊ အနောက်၊ မြောက်၊ တောင် အရပ်လေးမျက်နှာကိုပစ်လွှတ်လိုက်ရတယ်၊ ပစ်လွှတ်တဲ့အချိန်မှာလည်း အဲဒီစုန်းမကို အမျိုးစံုံဆဲရေးတိုင်းထွာရတယ်၊ ပြီးတော့ ကောင်းကင်ကိုတစ်စင်း၊ ရေထဲကိုတစ်စင်းလွှတ်ရတယ်၊ ကျန်တဲ့အစင်းကိုတော့ စုန်းမဆီကိုချိန်လွှတ်ပေးရသတဲ့၊ အဲဒါပြီးရင်တော့ ကျင်ကြီးကျင်ငယ်တွေ စုထားတဲ့အိုးကြီးနဲ့ စုန်းမတစ်ကိုယ်လုံးကို လောင်းချပြီးတော့ လှေဝမ်းဗိုက်တွေကို ထိုးဖောက်ပစ်ရသတဲ့၊ လှေရော စုန်းမရော အကုန်ရေအောက်နစ်ပြီးတော့ သေတာပေါ့ကွာ”
“အတော်ခက်တဲ့နည်းပဲဗျ၊ ကျုပ်ဆိုနားထောင်ရင်း ဘာတွေမှန်းကိုမသိတော့ဘူး”
“အေး၊ အဲဒီနည်းကို သတ္တဝေဠု လို့ခေါ်တာပေါ့၊ မင်းဖတ်ချင်ရင် ဗမာမင်းအုပ်ချုပ်ပံံုံစာတမ်းမှာ ရေးထားတာရှိတယ်ကွ၊ ဒါပေမယ့် မမယ်ဖြူကို အဲဒီလိုလုပ်ပြီး သတ်ပေမယ့် မမယ်ဖြူက မသေဘူူးတဲ့ကွ၊ ဘာလို့လဲဆိုတော့ သူက ကျိန်စာတိုက်လိုက်တာ”
“ဘယ်လိုကျိန်စာတိုက်သလဲဗျ”
“ငါစုန်းမဟုတ်ဘဲနဲ့ ငါ့ကိုစုန်းလို့စွပ်စွဲကြတယ်၊ အဲဒါကြောင့် ငါစုန်းတစ်ယောက်ဖြစ်ပါစေ၊ ဆိုပြီးတော့ ကျိန်လိုက်တာပေါ့ကွာ၊ ထူးထူးဆန်းဆန်းပဲ လှေတွေရေနစ်သွားပေမယ့် မမယ်ဖြူက မနစ်ဘူးတဲ့ကွ၊ အဲဒီလို ရေချလို့မသေတဲ့စုန်းတွေဆိုရင် မင်းမိန့်နဲ့မြိုင်ရပ်ကိုနှင်လေ့ရှိတာကြောင့် မမယ်ဖြူကို မဟာမြိုင်တောကြီးထဲကို နှင်လိုက်တာပေါ့ကွာ”
“ဒါနဲ့ မမယ်ဖြူက စုန်းတတ်သွားရောလား”
“အေးပေါ့၊ မဟာမြိုင်တောကြီးထဲကို မိန်းကလေးတစ်ယောက်ထဲရောက်သွားတာပေါ့၊ အဲဒီမှာ မြို့ဟောင်းမြို့ပျက်ကြီးတစ်ခုရှိတယ်၊ အဲဒီမြို့ပျက်ကြီးမှာလည်း နယ်နှင်ခံံထားရတဲ့ စုန်းတွေနေကြသတဲ့၊ မမယ်ဖြူအဲဒီကိုရောက်သွားတော့ စုန်းထီးကြီးခုနစ်ယောက်နဲ့ ညားပါလေရော”
“ဟာဗျာ၊ ယောက်ျားတစ်ယောက်က မိန်းမအများကြီးကိုယူတယ်ပဲကြားဖူးတာ၊ သူ့အလှည့်ကျမှ မိန်းမတစ်ယောက်က ယောက်ျားအများကြိးကို ယူတယ်တဲ့လား”
“ဟေ့ကောင်လေးရ၊ တောထဲတောင်ထဲ ယောက်ျားသားတွေချည်းရှိတဲ့နေရာကို မိန်းကလေးတစ်ယောက်ထဲ ရောက်သွားတာကိုးကွ၊ အဲဒီမှာ မမယ်ဖြူလည်း စုန်းပညာတွေ တတ်သွားတာပေါ့ကွာ၊ နောက်တော့ ဒေါ်ပျင်းကိုမွေးတာပဲ၊ ထူးဆန်းတာတစ်ခုကတော့ ဒေါ်ပျင်းကို ကိုယ်ဝန်လွယ်ထားရတဲ့အချိန်မှာ စုန်းထီးကြီး ခုနစ်ယောက်စလံံုံးက တစ်လကို တစ်ယောက်နှုန်းနဲ့သေသွားတာပဲတဲ့ကွာ၊ ဒေါ်ပျင်း ကိုယ်ဝန်ခုနစ်လနဲ့ မမယ်ဖြူလည်းရွာကိုပြန်ခဲ့တယ်၊ အချိန်ကလည်း ကုန်းဘောင်မင်းဆက် ပါတော်မူပြီးတော့ အင်္ဂလိပ်တွေအုပ်ချုပ်နေတဲ့အချိန်ဆိုတော့ မင်းမိန့်လည်းမတည်တော့ဘူးမဟုတ်လား၊ ဒါနဲ့ ဖက်လိပ်ရွာကို ပြန်ရောက်လာတယ်ဆိုပါစို့ကွာ၊ ဒေါ်ပျင်းကိုတော့ ဟောဒီဖက်လိပ်ရွာမှာပဲ မွေးခဲ့တာကွ”
“သြော်၊ လတ်စသတ်တော့ဒီလိုကိုး၊၊ ဒါနဲ့ ဒေါ်ပျင်းအကြောင်းလည်း ဆက်ပြောပါအုံး”
“မင်းက ရွာထဲကလူတွေပြောတဲ့အတိုင်း သိပ်အမေးအမြန်းထူပြီး စကားရှည်တာပဲ၊ ဒေါ်ပျင်းအကြောင်းပြောရရင်တော့ သုံးရက်သုံးညတောင် ပြောလို့လောက်မှာ မဟုတ်ဘူးကွ၊ ပြန်တော့ကွာ၊ ငါလည်း အာညောင်းနေပြီ”
ဘကြီးစိန်ရင်က အတင်းနှင်လွှွှတ်တာနဲ့ ကျုပ်လည်းသူတို့ခြံံံံဝိုင်းထဲကနေ ပြန်လာခဲ့တာပေါ့ဗျာ၊ ဘာရယ်မဟုတ် ရွာပြင်ကိုသွားကြည့်တော့ ပူပြင်းလှတဲ့နေပူထဲမှာ လယ်ကွင်းတွေအကုန်လံုံးက ရိုးပြတ်တွေထိုးထိုးထောင်ထောင်နဲ့ပဲ ကျန်နေခဲ့တယ်ဗျ၊ ပဲစိုက်မည့်လူတွေကတော့ မကြာခင် ထယ်ထိုးကြတော့မယ့်အချိန်ပဲ၊ အောက်ခံမြေသားထဲမှာ ရေအစိုဓါတ်ကျန်နေအောင် ထယ်ထိုးကြရမှာပေါ့၊ ဒါပေမယ့် ကျုပ်တို့ကတော့ ရိတ်သိမ်းပြီးတာမကြာသေးဘူးဆိုတော့ ခဏလောက်နားနေတာပေါ့ဗျာ။
(၃)
ရွာအထွက်နားကိုလှမ်းငေးကြည့်တော့ တမာတန်းနားမှာ နွားနှစ်ကောင်နဲ့ ဦးဘသာကြီးကိုသွားတွေ့တယ်ဗျ၊ တော်တော်လှမ်းတယ်ဆိုပေမယ့် လူပံံုံကြည့်လိုက်တာနဲ့ ဘယ်သူလည်းဆိုတာ တန်းသိတာကိုးဗျ၊ ဒါနဲ့ကျုပ်လည်း နေပူကျဲတဲကြီးထဲမှာပဲ ဦးဘသာဆီကိုလာခဲ့တာပေါ့ဗျာ၊ ဦးဘသာကတော့ တမာပင်တန်းအောက်ထိုင်ရင်းနဲ့ နွားတွေကိုကြည့်နေတာပေါ့ဗျာ။
“ဟာ၊ ဦးဘသာ၊ ဘာထိုင်လုပ်နေတာလဲဗျ”
“မင်းအမျိုးတွေ စားသောက်နေတာကို ထိုင်ကြည့်နေတာဟေ့”
“ဟာဗျာ၊ ဦးဘသာကတော့ လုပ်ပြီ၊ တစ်ယောက်တည်းထိုင်နေတာ မပျင်းဘူးလားဗျ”
“ခုနကတော့ နည်းနည်းပျင်းသလိုပဲကွ၊ အခုတော့ မပျင်းတော့ပါဘူး၊ စကားများမဲ့ကောင် ရောက်လာပြီမဟုတ်လား”
“ဦးဘသာကတော့ ပြောတော့မယ်၊ ဒါနဲ့ တမာပင်အရိပ်လေးက တန်ဖိုးရှိလိုက်တာဗျာ၊ တမာရွက်က သေးတယ်ဆိုပေမယ့် အရိပ်ကတော့ အေးနေတာပဲ”
“ဒါပေါ့ကွ၊ ဒါနဲ့ ဒီတမာပင်တွေကို ဘယ်သူစိုက်ခဲ့တယ်ထင်လို့လဲ”
“မသိဘူးလေဗျာ”
ဦးဘသာက ပြုံးပြီးတော့
“ဟား၊ ဟား အဲဒါငါစိုက်ခဲ့တာကွ”
“ဟာ၊ တကယ်လား ဦးဘသာ”
“အေးပေါ့၊ ငါခုနစ်နှစ် ရှစ်နှစ်လောက်တုန်းက စိုက်ခဲ့တာပေါ့ကွာ၊ အဲဒီနေ့က . . . .”
ဦးဘသာက ပြောနေရင်းနဲ့ ငိုင်ကျသွားတာဗျ၊ သူ့မျက်နှာက ကျောက်ရုပ်ကြီးတစ်ရုပ်လို အသက်မဲ့သွားတာ၊ ကျုပ်လည်း သူ့ကိုသေချာကြည့်ရင်း
“ဦးဘသာ၊ အဲဒီနေ့က ဘာဖြစ်တာလဲဗျ”
ကျုပ်မေးနေပေမယ့် ဦးဘသာကြီးက ဘာမှပြန်မဖြေဘူးူဗျ၊ ဒီအချိန်မှာပဲ ကောင်းကင်ကြီးက တဖြည်းဖြည်းအုံ့မှိုင်းလာပြီးတော့ ဝါဝါကျင်ကျင်ကြီးဖြစ်လာတယ်ဗျာ၊ ဦးဘသာရော၊ နွားနှစ်ကောင်ရော ဖြတ်ခနဲပျောက်သွားတာဗျ၊ ကျုပ်လည်းသိလိုက်ပါပြီ၊ ဦးဘသာ ငယ်ဘဝအကြောင်းပြန်တွေးနေတာ ဖြစ်နိုင်တယ်ဆိုပြီးတော့ပေါ့ဗျာ။ ပတ်ဝန်းကျင်က ချက်ချင်းပဲပြောင်းသွားတယ်ဗျ၊ ကျုပ်တို့ရွာသုဿန်အနားမှာ အိမ်ကလေးတစ်လုံးတွေ့လိုက်ရတယ်။ အိမ်ကလေးက ခြံနဲ့ဝန်းနဲ့သပ်သပ်ရပ်ရပ်ကလေးပါ၊ အဲဒီအိမ်ထဲကနေ ကောင်လေးတစ်ယောက်နဲ့ အဒေါ်ကြီးတစ်ယောက်ထွက်လာပြန်တယ်။
သူတို့က ကျုပ်ဘက်ကိုလမ်းလျှောက်လာရင်း တဖြည်းဖြည်းနီးလာတော့မှ ဒေါ်ပျင်းကြီးနဲ့ ဦးဘသာဖြစ်နေတာဗျ၊ ဦးဘသာငယ်ငယ်က သာစံပေါ့ဗျာ။ ဒေါ်ပျင်းက တောင်းပြဲကြီးတစ်ခုရွက်လာတယ်၊ ဦးဘသာကတော့ ခွဲတောင်းကလေးတစ်ခုပိုက်လို့ဗျ။ ကျုပ်ထိုင်နေတဲ့အနားမှာ ဘာမှမရှိဘဲ ဟာလာဟင်းလင်းကြီးဗျာ၊ ကျုပ်အရှေ့နားရောက်တော့ ဒေါ်ပျင်းကြီးတို့ သားအမိထိုင်ချလိုက်တယ်ဗျ။
အဲဒီနေရာက ကုန်းနည်းနည်းဆန်တယ်၊ ဒေါ်ပျင်းကြီးက တောင်းပြဲကြီးထဲကို ကျောက်တံံုံးတွေကောက်ထည့်တယ်ဗျ၊ သာစံံံကလေးကတော့ ဘေးကနေကြည့်နေတာပေါ့ဗျာ။
“ဟဲ့ကောင်လေး၊ ဘာရပ်ကြည့်နေတာလဲ၊ သွားစမ်း ကျောက်တံံုံးသွားကောက်ပေးအုံး”
ဦးဘသာကလည်း ကျောက်တုံးတွေကို ပြေးကောက်ပေးတယ်ဗျ၊ တောင်းပြဲကြီးထဲထည့်ရင်း တော်တော်ရသွားတော့မှ။
“အေး၊ ရပြီ၊ ရပြီ၊ ဒီလောက်ဆိုတော်ပြီ”
ဒေါ်ပျင်းက တောင်းပြဲထဲက ကျောက်တုံးတွေကို လက်နဲ့အသာကလေးပွတ်နေရင်း ပါးစပ်က တစ်ခုခုကိုရေရွတ်နေတယ်ဗျ၊ မကြာပါဘူးဗျာ၊ အဲဒီကျောက်တံံုံးတွေအားလးက ခရမ်းချဉ်သီးတွေ၊ အာလူးတွေဖြစ်ကုန်ရောဗျို့။ တောင်းပြဲကြီးကို ပြည့်လုနီးနီးဖြစ်သွားတယ်၊ ဒေါ်ပျင်းက ပုဆိုးပိုင်းကို ခေါင်းဖုအဖြစ်ခွေလိုက်ပြီးတော့ တောင်းပြဲကြီးကိုရွက်ပြီး ကျုပ်ထိုင်နေတဲ့အနောက်ဘက်ကို သားအမိနှစ်ယောက်ဆက်သွားတယ်ဗျ၊ ကျုပ်ထိုင်နေတာ့အနောက်မှာတော့ ရွာကြီးတစ်ရွာဗျ၊ အဲဒါ ဖက်လိပ်ရွာကြီးနေမှာပေါ့။
သူတို့သားအမိ ရွာထဲဝင်သွားတာနဲ့ ကျုပ်လည်းလိုက်လာခဲ့တယ်၊ ဟောဗျာ၊ ရွာထိပ်က ရေတွင်းပျက်ကြီးက အခုတော့ အမိုးတွေ၊ ပြဿဒ်တွေနဲ့ အုတ်စီထားတဲ့ရေတွင်းကြီးဖြစ်နေပါရော၊ သူတို့သားအမိဆက်သွားရင်းနဲ့ ရွာထိပ်ရောက်တော့ ဒေါ်ပျင်းကထအော်တယ်။
“မယ်ပျင်းလာပြီဟေ့၊ ခရမ်းချဉ်၊ အာလူးတွေရောင်းမယ်နော်”
အဲဒီလိုအော်လိုက်တာနဲ့ ရွာလမ်းမှာဆော့ကစားနေတဲ့ ကလေးတွေအားလုံး နီးရာခြံံံံဝိုင်းထဲ ပြေးဝင်ကုန်ကြတာပဲဗျာ၊ အိမ်ထဲမှာ အလင်းရောင်နည်းလို့ အိမ်ပြင်ထွက်ပြီး သန်းရှာနေကြတဲ့မိန်းမတွေလည်း အကုန်အိမ်ထဲဝင်ပြေးတော့တာပဲ၊ ဒေါ်ပျင်းက ဆက်လျှောက်လာရင်း ရွာစွန်က အိမ်တစ်အိမ်ရှေ့မှာရပ်လိုက်တယ်။
“အမကြီး၊ ဘယ်မှာသွားပုန်းမလို့လဲ၊ ခရမ်းချဉ်သီးတွေအားပေးပါအုံး”
အဒေါ်ကြီးတစ်ယောက်လည်း ကြောက်ကြောက်လန့်လန့်နဲ့ ခေါင်းညိတ်တယ်ဗျ၊
“ဝင် . . . ခြံံံထဲဝင်ခဲ့လေ မယ်ပျင်း”
“သြော်၊ အမနှယ်၊ ခြံထဲဝင်ခဲ့လည်းပြောသေးတယ် ခြံံတံံံခါးကိုလည်း ပိတ်ထားပါရောလား၊ ရပါတယ်၊ ရောင်းချင်တဲ့ ကျုပ်ကပဲ တံခါးဖွင့်ရတော့မှာပေါ့”
ဒေါ်ပျင်းကြီးပြောလိုက်တာနဲ့ ဝါးခြမ်းတွေနဲ့လုပ်ထားတဲ့ ခိုင်ခိုင်မာမာခြံံံံတံံခါးက ဝုန်းခနဲပွင့်ထွက်ပြီးတော့ အပြားလိုက်ကြီးလဲကျသွားတယ်ဗျ၊ ဒေါ်ပျင်းကတော့ ခပ်ပြုံးပြုံးပဲ၊ လဲသွားတဲ့ ခြံတံခါးကိုနင်းပြီးတော့ အိမ်ထဲကိုဆက်ဝင်သွားတယ်၊ သာစံလည်း တောင်းကလေးပိုက်ပြီး အနောက်ကနေလိုက်သွားတာပေါ့ဗျာ။
“အမကြီး၊ ခရမ်းချဉ်သီးတွေလတ်တယ်နော်၊ တစ်ပိဿာမှ ဆယ်ပြားထဲပါ”
“လတ်တာတော့ လတ်ပါတယ် မယ်ပျင်းရယ်၊ ဒါနဲ့ ညည်းတို့ဆီမှာ ကိုင်းလည်းမရှိ၊ ယာလည်းမရှိဘဲ ဒီခရမ်းချဉ်သီးတွေက ဘယ်ကထွက်တာလဲ”
“အို အမကြိးကလည်း မဟုတ်တာတွေမေးနေပြန်ပါပြီ၊ ဝယ်မှာလား၊ မဝယ်ဘူးလား”
အဒေါ်ကြီးက ခေါင်းညိတ်ရင်း
“ဝယ်၊ ဝယ်ပါ့မယ်ဟယ်၊ နင်ဘယ်လောက်သားရောင်းမလဲ”
“သုံးပိဿာတော့ယူလိုက်ပါရှင်၊ အချင်းချင်းတွေပဲ ပိုထည့်ပေးမှာပေါ့”
ဒေါ်ပျင်းက တောင်းထဲက ခရမ်းချဉ်သီးတွေကို လက်နဲ့နှိုက်နှိုက်ပြီးတော့ ကြမ်းပေါ်ကိုချပေးတယ်ဗျ၊ ချိန်ခွင်မပါ ဘာမပါနဲ့ဆိုတော့ သံုံးပိဿာကို ဘယ်လိုပြည့်သလဲတော့ မသိပါဘူးဗျာ။
“ကဲရပြီ၊ ပေး၊ ပြားသုံးဆယ်”
အဒေါ်ကြီးက ငွေပြားလေးနှစ်ပြားကို ထုတ်လိုက်တယ်ဗျ။
“ပြားသုံးဆယ်တော့ မရှိဘူးအေ၊ ပြားနှစ်ဆယ်ပဲရှိတယ်၊ ပြားနှစ်ဆယ်ပဲ ထားလိုက်ပေါ့မယ်ပျင်းရယ်”
ဒေါ်ပျင်းက ငွေပြားနှစ်ပြားကိုလှမ်းယူပြီးတော့ သေချာပွတ်ကြည့်ရင်း
“ရပါတယ်၊ ဒီလိုဆိုတော့လည်း ကျန်တဲ့ဆယ်ပြားရအောင် လုပ်ရသေးတာပ”
အဒေါ်ကြီးက လန့်သွားပြီးတော့ လက်ကာကာ ခြေကာကာနဲ့ြုဖစ်သွားတယ်။
“အောင်မယ်လေး၊ မလုပ်ပါနဲ့ မယ်ပျင်းရယ်၊ ဒီလိုလုပ်ပါလား၊ ငါ့သမက်ယာထဲက ပြန်လာရင်လေ၊ သူ့ကိုဆယ်ပြားကျန်တာပေးခိုင်းလိုက်ပါ့မယ် ဟုတ်ပြီလား”
“ရပါတယ်၊ အချင်းချင်းတွေပဲ”
ဒေါ်ပျင်းက ပြံုံးနေရင်း အိမ်အောက်မှာပုန်းနေတဲ့ လေးငါးနှစ်လောက်အရွယ်ရှိမယ့် ကလေးလေးတစ်ယောက်ကို လက်ညှိုးထိုးလိုက်တယ်၊ ကလေးလေးက မကြာခင် အော်ဟစ်ပြီးတော့ လက်မှာဝက်မွှေးတွေလို အမွှေးကြမ်းကြီးတွေပေါက်လာတယ်ဗျာ၊ ပြီးတော့ ပုဆိုးအောက်ကနေလည်း အမြီးတစ်ချောင်းက ထိုးထိုးထောင်ထောင်ထွက်လာပါရော။ ဒေါ်ပျင်းက တောင်းပြဲကြီးကို ခေါင်းပေါ်ကောက်ရွက်လိုက်ပြီး
“ဘာမှမပူပါနဲ့အမကြီးရယ်၊ ဒီညနေ အမကြီးသမက်သာ ငွေဆယ်ပြားလာမပေးလို့ကတော့ ဒီကလေးတစ်သက်လုံး အမြှီးတစ်ချောင်းနဲ့ နေသွားရမယ်လို့သာ မှတ်ထားပေတော့”
အဒေါ်ကြီးက ကြိတ်ပြီးငိုတော့တာပဲဗျာ၊ ဒေါ်ပျင်းကတော့ ရင်ကော့ပြီးခြံဝိုင်းထဲကနေထွက်သွားလေရဲ့၊ သာစံတစ်ယောက်ကတော့ မသာမယာတဲ့မျက်နှာနဲ့ အဒေါ်ကြီးကိုကြည့်ရင်း ကျန်ခဲ့တယ်၊ ဒေါ်ပျင်းခြံထဲက ထွက်သွားတော့ အဒေါ်ကြီးလဲ သူ့မြေးဖက်ပြီး ငိုတော့တာပဲဗျာ၊ ပြီးတော့ ခရမ်းချဉ်သီးတွေကိုလည်း ခြေထောက်နဲ့ကန်ချလိုက်သေးတယ်။
“ဒီစုန်းမတော့၊ မြန်မြန်သေပါစေ၊ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များ၊ ဒီစုန်းမကိုအရှင်မထားပါနဲ့၊ မြန်မြန်သတ်ပေးကြပါ”
ဒီအခါ ဒေါ်ပျင်းကြီးက နောက်ပြန်ကြီးလမ်းလျှောက်လာပြီးတော့
“အမကြီးဘာပြောတာလည်း၊ ကျွန်မအကြောင်းပြောလိုက်တာများလား”
အဒေါ်ကြီးက ခေါင်းခါပြီးတော့ ဆက်ပြီးငိုနေတော့တာပဲ၊ ဒေါ်ပျင်းကတော့ ရပ်ကြည့်နေတဲ့ သာစံံကိုငေါက်ပြီးတော့ ဆက်လျှောက်သွားတာပဲဗျာ၊ ကျုပ်လည်းသိချင်တာနဲ့ ဆက်လိုက်ခဲ့တယ်၊ ဒီလိုဆိုတော့လည်း ဖက်လိပ်ရွာက ရွာကြီးဗျ၊ တစ်ချို့အိမ်ကြီးတွေဆိုရင် တိုင်လုံးကြီးတွေနဲ့ ဆောက်ထားကြတာ၊ ဒီလိုနဲ့ ခပ်ကျယ်ကျယ်ခြံကြီးထဲကို ဝင်သွားတာပဲ။
“ဘွားတင်၊ အာလူးသီးတွေ အားပေးပါအုံးတော့”
အိမ်ကိုခေါ်ပေမယ့် ဘယ်သူမှမထွက်လာဘူးဗျ၊ ဒေါ်ပျင်းက ထရံံကိုတစ်ချက်စိုက်ကြည့်လိုက်တော့ ထရံချပ်ကြီးက အချပ်လိုက်ကြီး ဘုန်းခနဲကွာထွက်သွားတာဗျာ၊ ခြေတံရှည်အိမ်ကြီးရဲ့ အရှေ့ဘက်က ထရံတစ်ခြမ်းလုံးကို ဒေါ်ပျင်းက ပညာနဲ့ဖြုတ်လိုက်တာဗျ။ ထရံံပြုတ်သွားတော့အိမ်ထဲပုန်းနေတဲ့လူတွေ ပေါ်လာတာပေါ့ဗျာ။ ဒီအချိန်မှာပဲ ဖျာလိပ်ကြီးတစ်လိပ်က လဲကျသွားတယ်၊ အထဲက အဘွားကြီးတစ်ယောက်ထွက်လာတယ်ဗျ။
“ဟော၊ ဘွားတင်၊ မကြီးမငယ်နဲ့ ဘာလို့ဘုတ်ဝှက်တမ်း(တူတူပုန်း) ဆော့နေတာလည်း”
“မဟုတ်ပါဘူးဟာ၊ ငါကြမ်းပိုးရှာတာပါဟ”
ဘွားတင်ဆိုတဲ့အဘွားကြီးက တုန်တုန်ယင်ယင်နဲ့လှေကားပေါ်က ဆင်းလာတယ်ဗျ၊ ထုံးစံအတိုင်း ဒေါ်ပျင်းက ဈေးရောင်းတော့တာပေါ့၊ ဈေးရောင်းတယ်ဆိုပေမယ့် သူက ဓါးပြတိုက်သလိုပဲဗျ။
“အာလူးတွေအကုန်ယူလိုက်ပါတော့၊ ပြားသုံးဆယ်လောက်ပဲပေး”
ဘွားတင်က သူဝတ်ထားတဲ သျှင်မီးအင်္ကျီအိတ်ထဲက ငွေပြားတွေထုတ်ပေးတယ်ဗျ၊ ဒေါ်ပျင်းက ငွေပြားတွေရတာနဲ့ တောင်းပြဲကြီးကို မြေပေါ်ကိုပစ်ချလိုက်တယ်ဗျ၊ ဒီအချိန်မှာပဲ တောင်းပြဲကြိးက ထန်းရွက်စုတ်ကြီးတစ်ရွက်ဖြစ်သွားပြီးတော့ အာလူးတွေကလည်း အကုန်လုံးကျောက်ခဲတွေဖြစ်ကုန်တာပေါ့၊ ဒေါ်ပျင်းက ရယ်ကျဲကျဲနဲ့
“အဝသာစားတော့ ဘွားတင်ရေ၊ စားမကုန်ရင် အိမ်နီးနားချင်းတွေကိုလည်း ခွဲကျွေးလိုက်ပါအံုံး”
အဲဒီလိုပြောပြီးတော့ ထွက်သွားတော့တာဗျာ၊ သူလည်းထွက်သွားရော ဘွားတင်ဆိုတဲ့အဘွားကြီးက ခွေလဲကျသွားလို့ အိမ်ပေါ်ကလူတွေဆင်းလာပြီးတော့ ဝိုင်းပွေ့ထားကြတယ်။ ဘွားတင်ကတော့
“အဲဒါပြောတာပေါ့၊ ဒုက္ခက အိမ်ပေါက်ဝအထိရောက်လာတယ်ဆိုတာ၊ ငါတို့အိမ်တော့ ဒီနေ့ ဂြိုလ်ဆိုးဝင်တာပဲဟေ့”
ဒေါ်ပျင်းသားအမိနောက်ကို ကျုပ်လည်းပြေးလိုက်ခဲ့တာပေါ့၊ ရွာလယ်နားရောက်ခါနီးတော့ ခွေးတစ်ကောင်ကထွက်လာပြီးတော့ ဒေါ်ပျင်းကြီးကိုကြည့်ရင်း ထိုးဟောင်တာပဲဗျာ၊ ဒေါ်ပျင်းက အဲဒီခွေးကိုခါးထောက်ကြည့်ရင်း
“အောင်မာ၊ ခွေးက ခွေးပါးဝလို့၊ ငါ့များလာဟောင်နေရသေးတယ်”
ဒေါ်ပျင်းမျက်စောင်းထိုးလိုက်တာနဲ့ အဲဒီခွေးကြီးက ပါးစပ်ကနေအမြှုပ်တွေစီးကျလာပြီးတော့ ခွေခွေလေးလဲကျပြီး ဆန့်ငင်ဆန့်ငင်နဲ့ သေသွားတော့တာပါပဲဗျာ၊ ကျုပ်ဖြင့် ဒေါ်ပျင်းကြီးလုပ်ရပ်တွေကိုကြည့်ပြီးတော့ တော်တော်ကိုကြောက်နေမိတာ၊ နောက်ဆုံးတော့ ဒေါ်ပျင်းက သာစံကိုကြည့်လိုက်တယ်။
“ကဲ သား၊ ဘကြီးစံံတင်တို့အိမ်ကိုဝင်ပြီးတော့ ဆန်တစ်စိတ်လောက် တောင်းခဲ့စမ်းပါ၊ စပါးမလိုချင်ဘူးနော်၊ စပါးဆိုရင် ဖွပ်ရဘာရနဲ့ရှုပ်တယ်၊ ဆန်ပဲလိုချင်တယ်”
သာစံက ခေါင်းညိတ်ပြီးတော့ ထွက်သွားတယ်ဗျ၊ ခပ်လှမ်းလှမ်းက အိမ်တစ်အိမ်ရှေ့ရောက်တော့ တောင်းလေးပိုက်ပြီးတော့
“ဘကြီးစံတင်၊ ဘကြီးစံတင်၊ အမေက ဆန်တစ်စိတ်တောင်းခိုင်းလိုက်လို့”
အဲဒီအခါ အဘကြီးတစ်ယောက်က ပြာပြာသလဲနဲ့ပြေးလာတယ်။
“သြော်၊ သာစံံပါလား၊ အေးအေး၊ ပေးမယ်ကွ၊ ဒီမှာစောင့်နေနော်၊ ခြံံထဲမဝင်ပါနဲ့ကွာ”
“အမေက မှာလိုက်သေးတယ်၊ စပါးမလိုချင်ဘူး၊ ဆန်ပဲလိုချင်တယ်တဲ့”
အဘကြီးမျက်နှာကတော့ တော်တော်ပျက်သွားတယ်ဗျ၊၊ ဒါပေမယ့်လည်း တောင်းယူပြီးတော့ ဆန်တွေထည့်ပေးလိုက်တာပေါ့ဗျာ၊ သာစံကိုကြည့်ရင်း
“မင်း အမေကိုပြောလိုက်နော်၊ ဘကြီးတို့ ဘာမှမမှားမလုပ်ပါဘူး၊ ဘကြီးတို့ကို ချမ်းသာပေးပါလို့”
သာစံလည်း တောင်းထမ်းပြီးပြန်သွားတော့တာပဲ၊ နောက်တော့ သားအမိနှစ်ယောက် နေပူကြီးထဲပြန်လာခဲ့ကြတာပေါ့၊ ရေတွင်းနားရောက်တော့
“အမေရာ၊ သားကတော့ အမေ့ကိုဒီလိုမျိုးတွေ ဆက်မလုပ်စေချင်တော့ဘူး”
အရှေ့က သွားနေတဲ့ ဒေါ်ပျင်းက ရပ်သွားတယ်ဗျ။ နောက်တော့ သာစံံကိုလှည့်ကြည့်ပြီး
“ဟဲ့၊ ငါက ဘာတွေလုပ်နေလို့လဲ”
“အမေက ကျောက်တးတွေကို အာလူးဆိုပြီးရောင်းတယ်မဟုတ်လား၊ တကယ်ဆိုရင် သားတို့ကရော သူများတွေလို မြေလွတ်မှာ သီးနှံတွေစိုက်ပျိုးပြီးတော့ ခူးဆွတ်ရောင်းလို့ရတယ်မဟုတ်လား”
“အောင်မာ၊ ဒီကောင်လေးတော့ ငါကျွေးတဲ့ထမင်းစားပြီး ငါ့ကိုလာဆရာလုပ်နေသေးတယ်၊ ငါတို့က ပညာသည်ဟဲ့၊ ငါတို့က သူများတွေလို ပင်ပင်ပန်းပန်းလုပ်စားစရာအကြောင်း မရှိဘူး၊ လုပ်စားစရာလည်းမလိုဘူး၊ ပညာရှိတဲ့လူက ပညာနဲ့ပဲ အသက်မွေးရသတဲ့”
“ဒါဆိုလည်းအမေရာ၊ ထမင်းချက် ဟင်းချက်တဲ့အခါ အဲဒီကျောက်တုံးတွေကို အာလူးအဖြစ်ပြောင်းပြီးတော့ စားလိုက်လို့မရဘူးလား”
ဒေါ်ပျင်းက သာစံအနားကိုလာရင်း
“နင်ဟာလေ၊ တော်တော်အမေးအမြန်းထူပြီး ဘုဂလန့်တိုက်တဲ့ကောင်လေးပဲ၊ လာခဲ့၊ နင်နဲ့ငါနဲ့အိမ်ရောက်မှတွေ့မယ်”
ဒေါ်ပျင်းက ဘောက်ဆတ်၊ ဘောက်ဆတ်နဲ့ လမ်းလျှောက်သွားပါရောဗျာ၊ အိမ်ပြန်ရောက်တော့ သူ့အဘွားမမယ်ဖြူကြိးနဲ့တွေ့တယ်၊ သူတို့အိမ်က ရွာပြင်မှာဗျ၊ အရင်တစ်ခါတော့ အိမ်က ရွာထဲမှာ၊ အခုဘာလို့ရွာပြင်ရောက်နေသလဲဆိုတာတော့မသိပါဘူးဗျာ၊ မောမောပန်းပန်းနဲ့ပြန်လာတဲ့ သာစံကို အဘွားကြီးဖြစ်နေတဲ့ ဘွားမယ်ဖြူက ရေတစ်ခွက်ခပ်တိုက်တယ်။
“နေပူလိုက်တာအဘွားရာ၊ ဒီကနေရွာကို အရိပ်ထဲကနေသွားရရင် သိပ်ကောင်းမှာ”
ဒီတော့ ဘွားမယ်ဖြူကြီးကကြည့်ရင်း
“အရိပ်လိုချင် သစ်ပင်စိုက်ပေါ့ငါ့မြေးရဲ့”
“ဘာသစ်ပင်စိုက်ရမလဲ”
ဘွားမယ်ဖြူက တစ်နေရာထသွားပြီးတော တမာစေ့တွေ ယူလာတယ်။
“ရော့၊ အဲဒီမှာ တမာစေ့တွေ၊ နေ့ချင်းညချင်းကြီးအောင်လို့ အဘွားလုပ်ပေးမယ်”
သာစံက တားပြီးတော့ ဘွားမယ်ဖြူလက်ထဲက တမာစေ့တွေကို လှမ်းယူတယ်ဗျ။
“မလုပ်ပါနဲ့ဘွားဘွားကြီးရာ၊ ပေးပါ၊ သားဖာသာ ပျိုးပြီးစိုက်ပါ့မယ်၊ အမေနဲ့ဘွားဘွားကြီးနဲ့က အားအားရှိ ပညာ၊ ပညာနဲ့ပဲ ပြောနေတော့တာ၊ သားကတော့ အဲဒီလိုမလုပ်ချင်ဘူး”
“အောင်မယ်၊ ငါ့မြေးက ပညာမတတ်သေးလို့ပါ၊ ပညာတတ်သွားရင် ဒီလိုတောင်နေမှာမဟုတ်ဘူး”
သာစံကပြေးထွက်သွားပြီးတော့ သောက်ရေအိုးစင်အောက်နားက အိုးခြမ်းပဲ့ထဲကို တမာစေ့လေးတွေထည့်နေတယ်ဗျ၊ နောက်တော့ တမာပင်လေးတွေက တစ်တောင်လောက် တစ်မိုက်လောက်ဖြစ်သွားတော့ သာစံက တူရွင်းလေးယူပြီးတော့ ထွက်လာတယ်၊ အခုမြင်နေရတဲ့နေရာမှာ တမာပင်လေးတွေကို တန်းစီပြီးစိုက်နေတာပေါ့ဗျာ။
“ကဲ တမာပင်လေးတွေရေ၊ မြန်မြန်ကြီးပြီးတော့ မြန်မြန်အရိပ်ဖြစ်စမ်းပါ”
လို့လည်းပြောနေသေးတာ၊ ကျုပ်လည်း သာစံအပင်စိုက်တာကို ပြုံးပြီးကြည့်နေရင်း ဗြုန်းဆို သာစံပျောက်သွားပြီးတော ကျုပ်အရှေ့မှာ နွားကြီးပေါ်လာတာပဲဗျာ၊ ကျုပ်သတိရလို့ ဘေးဘီကိုကြည့်လိုက်တော့ တမာပင်တန်းအောက်မှာဖြစ်နေတဲ့၊ ဦးဘသာက ခပ်လှမ်းလှမ်းမှာ ငူငူကြီးထိုင်နေလေရဲ့ဗျာ။ ကျုပ်လည်း တမာပင်တွေကိုမော့ကြည့်လိုက်တယ်။ သာစံံံံစိုက်စ တုန်းကလောက်တော့ အပင်မကျန်ပေမယ့် တမာပင်တွေက အတန်းကလေးဖြစ်ပြီးတော့ အေးမြနေတာပါပဲဗျာ။
ကျုပ်တို့နွားတွေသိမ်းပြီး အိမ်ပြန်လာတော့ ရွာထဲမှာ လူတွေဆူနေပြန်ရောဗျ၊ ဘာဖြစ်တာလဲလို့ မေးကြည့်တော့ ဘကြီးစိန်ရင် ပွဲကြမ်းနေသတဲ့၊ ကျုပ်ကတော့ ထံံုံးစံံံံအတိုင်း ပါးစပ်သေနတ်ပစ်တယ်ထင်နေတာပေါ့ဗျာ၊ ဘကြီးစိန်ရင်အိမ်ရှေ့ရောက်တော့မှ လူတွေကိုအံုံခဲနေပါရော။
“အောင်မယ်လေးဗျ”
အကိုကြီးက အိမ်ထဲကနေလိမ့်ကျပြီး အိမ်ရှေ့ကိုဒလိမ့်ခေါက်ကွေးကျလာတာပဲဗျာ၊ ကျုပ်လည်း အကိုကြီးကိုပြေးထူလိုက်တာပေါ့။
“အကိုကြီးဘာဖြစ်တာလဲ”
“ဘကြီးစိန်ရင်က တစ်ခုခုတော့ တစ်ခုခုပဲကွ၊ အခုပဲ ငါ့ကိုတွန်းထုတ်လိုက်တာနဲ့ ငါအိမ်အောက်ကိုကျတာပဲ”
ကျုပ်လည်း မနက်က အကောင်းကြီးစကားပြောခဲ့တာဆိုတော့ ထူးဆန်းနေတာပေါ့ဗျာ၊ ဒါနဲ့ အိမ်ပေါ်ကိုပြေးတက်လိုက်တော့ ဘကြီးစိန်ရင်က အိမ်ပေါက်ဝကို ကျောပေးပြီးတော့ ထိုင်နေတယ်ဗျ။ ကျုပ်လည်း သူ့အနားကိုသွားပြီး
“ဘကြီးစိန်ရင် ဘာဖြစ်တာလဲ”
ဘကြီးစိန်ရင်က နီရဲနေတဲ့မျက်လုံးတွေနဲ့ကျုပ်ကိုလှည့်ကြည့်တယ်ဗျ၊ သူ့အရှေ့မှာတော့ ထန်းရည်မြူအိုးသုံးလုံးချထားတယ်။ နောက်တော့ ကျုပ်ကိုလက်ပြန်နဲ့ရိုက်ထည့်လိုက်တာ ကျုပ်ဖြင့် နွားဝှေ့ခံံရသလို ခံလိုက်ရပြီးတော့ အိမ်ထောင့်ကိုလွင့်သွားတာပဲဗျာ၊ ဘကြီးစိန်ရင်က ထန်းရည်အိုးကိုမြှောက်ကိုင်ပြီးတော့ ပါးစပ်ထဲကိုလောင်းထည့်တယ်ဗျ၊ ဒီအချိန်မှာပဲ ဦးဘသာက အိမ်ပေါ်တက်လာတယ်။
“ဦးဘသာ တစ်ခုခုလုပ်ပါအုံးဗျာ”
ဦးဘသာက ဘကြီးစိန်ရင်ကို သေသေချာချာကြည့်ပြီး
“အဘိုး၊ တော်ပါတော့”
ကျုပ်တောင်အံ့သြသွားတာဗျ၊ ဘကြီးစိန်ရင်နဲ့ ဦးဘသာက အသက်သိပ်ကွာတာမဟုတ်ဘူးမလား”
“အဘိုး၊ တော်လိုက်ပါတော့၊ သူလည်းအသက်ကြီးနေပြီ၊ အဘိုးထန်းရည်ဒီလောက်သောက်ချင်ရင် ကျုပ်လာတိုက်ပါ့မယ်၊ သူ့ကိုဆက်ပြီး မနှောင့်ယှက်ပါနဲ့တော့”
ဘကြီးစိန်ရင်က မျက်လုံးရွဲကြီးတွေနဲ့ ဦးဘသာကိုလှည့်ကြည့်တယ်ဗျ၊ နောက်တော့ မတ်တပ်ရပ်ထပြီးတော့ ဦးဘသာကြီးဆီကိုတစ်လှမ်းချင်းလျှောက်သွားတယ်၊ ကျုပ်လည်း ကြောင်ပြီးကြည့်နေမိတာပေါ့ဗျာ၊ ဘကြီးစိန်ရင်က ဦးဘသာကို တစ်ခုခုများလုပ်လေမလားဆိုပြီးတော့ပေါ့၊ ဒါပေမယ့် ဘာမှမလုပ်ဘူးဗျ၊ ဦးဘသာမျက်နှာကိုသေချာပွတ်သပ်ကြည့်ရင်း
“ငါ့မြေးတောင် တော်တော်အရွယ်ရောက်နေပြီပေါ့၊ ထန်းသံုံးမြူနဲ့ ပဲလှော်ယူပြီးတော့ အဘိုးတို့ဆီကိုလာခဲ့ပါငါ့မြေး”
အဲဒီလိုပြောပြီးတာနဲ့ ဘကြီးစိန်ရင်တစ်ယောက် ဇက်ကျိုးပြီးခွေကျသွားတာပဲဗျာ၊ ကျုပ်လည်း ဘကြီးစိန်ရင်ကိုပြေးပွေ့ပေးထားရတာဗျ၊ ဦးဘသာကတော့ အိမ်ပေါ်ကနေတစ်လှမ်းချင်းဆင်းသွားတယ်၊ အကိုကြီးတို့တက်လာပြီးတော့ ဘကြီးစိန်ရင်ကို သေချာလှဲသိပ်ပေးထားခဲ့ရတာပေါ့ဗျာ။ ကျုပ်ထင်တာကတော့ ဘကြီးစိန်ရင်က ထန်းရည်သောက်တယ်ဆိုတော့ ထန်းရည်ကြိုက်တဲ့သရဲတစ်ကောင်က သူ့ကိုဝင်ပူးပြီးတော့ သောက်တယ်လို့ထင်တာပဲဗျ၊ ညနေကပဲ ဘကြီးစိန်ရင်က ကိုကြွက်နီအိမ်ကိုသွားပြီး ထန်းရည်တစ်မြျူသောက်ခဲ့သေးတယ်တဲ့၊ နောက်တော့ အိမ်မှသောက်မယ်ဆိုပြီး နှစ်မြူထပ်ယူသွားတာတဲ့ဗျာ။
ကျုပ်ကတော့ အိမ်ပေါ်ကဆင်းလာရင်း တွေတွေကြီးလမ်းလျှောက်သွားနေတဲ့ ဦးဘသာရဲ့နောက်ကျောကို ငေးကြည့်နေမိတယ်၊ အဘိုးဆိုတာ ဘယ်သူလဲ၊ သူနဲ့များ ဘာဆိုင်နေတာလဲဆိုတာကို စဉ်းစားနေမိတယ်၊ ဒီအချက်ကတော့ ကျုပ်နောက်ထပ်ဖော်ရမယ့် ပဟေဠိတစ်ခုပေါ့ဗျာ။
ပြီးပါပြီ။
စာရေးဆရာ မျိုးခန့်(စကားဝါမြေ)၏ ဆောင်းပါးတစ်ပုဒ်အား မှီငြမ်းရေးသားထားပါသည်။ စာရေးဆရာအားလည်း အထူးလေးစားလျှက်
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ
Zawgyi Version
“စုန္းထီးႀကီး ဦးဘသာႏွင့္ စိန္ရင္တစ္ခြက္စန္းတုတ္တစ္ခြက္”(စ/ဆုံး)
——————————————————————————-
အတြဲ(၄) စာစဥ္(၂)
(၁)
အခုတေလာက်ဳပ္အသိခ်င္ဆးအရာကိုေျပာပါဆိုရင္ေတာ့ ဦးဘသာအေမ ေဒၚပ်င္းႀကီးနဲ႔ ေဒၚပ်င္းအေမ အဘြားႀကီးအေၾကာင္းပဲဗ်၊ ဘာလို႔သိခ်င္တာလဲဆိုရင္ေတာ့ ဦးဘသာႀကီးနဲ႔ဆက္စပ္မႈရွိေနတယ္မဟုတ္လား၊ ဒီေတာ့ အေဖ့ကိုပဲ ေမးစမ္းၾကည့္ရတာေပါ့ဗ်ာ။
“အေဖ၊ ေဒၚပ်င္းႀကီးအေၾကာင္း အေဖသိသလား”
မနက္ေစာေစာ အေဖက ေရေႏြးၾကမ္းေသာက္ေနရင္း က်ဳပ္ကိုထူးဆန္းသလိုနဲ႔ၾကည့္တယ္ဗ်။
“ေဒၚပ်င္းအေၾကာင္းသိခ်င္တာမ်ား၊ မင္းရဲ႕ ဦးဘသာကိုသြားေမးပါလားကြ”
“ဟာ၊ အေဖကလည္းဗ်ာ၊ ဦးဘသာက သူ႔အေမအေၾကာင္းေမးရင္ မေျပာတာမ်ားတယ္ဗ်”
“မေျပာဆို၊ ဘယ္သူမွ မေျပာရဲၾကတာကိုးကြ”
က်ဳပ္လည္း အေဖ့ေရွ႕ကိုဝင္ထိုင္လိုက္တယ္။
“ဘာျဖစ္လို႔ လူေတြက ေဒၚပ်င္းအေၾကာင္းဆိုရင္ မေျပာရဲၾကတာလဲဗ်”
“ေဒၚပ်င္းက စုန္းမႀကီးကိုကြ၊ ငါတို႔ငယ္ငယ္တုန္းကဆိုရင္ ေဒၚပ်င္းအသံၾကားတာနဲ႔ သိပ္ေၾကာက္ခဲ့ရတာ၊ ေဒၚပ်င္းက အေရွ႕ခုနစ္အိမ္၊ အေနာက္ခုနစ္အိမ္ ေျပာတာမွန္သမွ်ၾကားရတယ္ဆိုပဲကြ၊ ေနာက္ၿပီး သူ႔မေကာင္းေၾကာင္းေျပာတာနဲ႔ အဲဒီလူတစ္ခုခုျဖစ္တတ္တယ္ဆိုေတာ့ ဘယ္သူမွ မေျပာဝံံ့ဘူးေပါ့ကြာ၊ ဒီအေၾကာင္းေတြသိခ်င္ရင္ မင္းအေမကိုေမးၾကည့္ေပါ့”
အေဖေျပာေနတုန္းမွာပဲ အေမက ငါးေျခာက္ဖုတ္ၿပီး ဆီဆမ္းထားတဲ့ပန္းကန္ေလးကိုင္လို႔ အေဖ့ေရွ႕ကစားပြဲမွာလာခ်တယ္၊ က်ဳပ္ကလည္း အံကိုက္ျဖစ္သြားတာနဲ႔
“အေမ၊ ေဒၚပ်င္းႀကီးက သူ႔အေၾကာင္းေျပာရင္ သိတယ္ဆို၊ အဲဒါဟုတ္သလား၊ အေမေဒၚပ်င္းအေၾကာင္းသိရင္ ေျပာျပပါလား”
အေမ့ရဲ႕လက္က က်ဳပ္ေခါင္းေပၚကို ေဒါက္ခနဲက်လာတာဗ်ာ၊ လက္ကလည္းျမန္လိုက္တာေျပာမေနပါနဲ႔၊ က်ဳပ္ျဖင့္နာလြန္းလို႔ ေခါင္းကိုပုထားလိုက္ရတယ္။
“ေဒၚပ်င္းက နင့္မယားမို႔လို႔ နင္ကသိခ်င္ေနတာလား၊ လုပ္စရာမရွိရင္ ေရသြားငင္ေနစမ္း၊ တကယ္တည္း အားအားယားယားနဲ႔”
အေမက ေျပာဆိုရင္း အိမ္ေနာက္ေဖးကိုဝင္သြားေတာ့ အေဖက က်ဳပ္ကိုၾကည့္ရင္း ရယ္တယ္ဗ်။
“ကဲ သိၿပီမဟုတ္လား၊ ေဒၚပ်င္းအေၾကာင္း”
က်ဳပ္လည္း ေခါင္းကိုပြတ္ရင္း
“သိပါၿပီအေဖရာ၊ ေဒၚပ်င္းအေၾကာင္းေတာ့မဟုတ္ဘူး၊ လက္သံေျပာင္တဲ့ မသန္းအေၾကာင္းေပါ့”
ဒီလိုနဲ႔မနက္စာထမင္းစားေသာက္ၿပီးေတာ့ ႐ြာထဲဆူဆူညံညံအသံံံံၾကားတာနဲ႔ နားစြင့္မိတယ္ဗ်၊ အသံံံက ႐ြာလယ္ပိုင္းေလာက္ကလာတာ၊ အသံံံကိုနားေထာင္ၾကည့္တာနဲ႔ ဘႀကီးစိန္ရင္တို႔ လင္မယားအသံံံမွန္းသိေတာ့ ဆက္ၿပီးနားေထာင္ေကာင္းေကာင္းနဲ႔နားေထာင္ေနမိတယ္၊ ႐ြာလယ္နဲ႔က်ဳပ္တို႔အိမ္က အေတာ္လွမ္းေပမယ့္ ေလသင့္တိုင္း ဘႀကီးစိန္ရင္နဲဲ့ အဘြားစန္းတုတ္ရဲ႕အသံံံံေတြက လြင့္လြင့္လာတာပဲဗ်ာ။
ငယ္ငယ္တုန္းကဆိုရင္ေတာ့ ဘႀကီးစိန္ရင္တို႔လင္မယားရန္ျဖစ္သြားကို သြားသြားၾကည့္မိတယ္ဗ်၊ ကေလးဆိုေတာ့လည္း ထူးဆန္းတာျမင္ရင္ၾကားရင္နားေထာင္ခ်င္တာေပါ့၊ ဘႀကီးစိန္ရင္က က်ဳပ္တို႔ငယ္ငယ္ကတင္ အသက္ရွစ္ဆယ္နီးပါး၊ အခုဆိုရင္ေတာ့ ကိုးဆယ္နားကပ္ၿပီေပါ့ဗ်ာ၊ ေတာသားဆိုေတာ့ သန္သန္မာမာပဲဗ်၊ ဘႀကီးစိန္ရင္တို႔လယ္မယားက ႐ြာလယ္က မန္က်ည္းသုံးပင္အနားက ဝိုင္းၿခံံံမွာေနၾကတယ္၊ ဘႀကီးစိန္ရင္ရဲဲ့ မိန္းမကေတာ့ ဘြားစန္းတုတ္လို႔ေခၚတယ္ဗ်၊ အသက္ကေတာ့ မတိမ္းမယိမ္းပါပဲဗ်ာ၊ ငယ္လင္ငယ္မယားေတြေပါ့၊ သူတို႔ဆီမွာ သားတစ္ေယာက္ရွိတယ္ဗ်၊ သူ႔သားက ႐ြာမွာထန္းရည္ေရာင္းတဲ့ ကိုႂကြက္နီေပါ့ဗ်ာ၊ သားေတြ ေျမးေတြရေနၿပီဆိုေတာ့ ဘႀကီးစိန္ရင္က လယ္ယာလုပ္ငန္းခြင္ေတာ့ ဆင္းမလုပ္ေတာ့ဘူး၊ ဒါေပမယ့္ အၿမဲတမ္း ၿခံံံံဝိုင္းထဲမွာ တံံျမက္လွည္းတာျဖစ္ျဖစ္၊ ေတာင္းယက္ေနတာျဖစ္ျဖစ္၊ မိုးတြင္းဆိုရင္ေတာ့ ျမက္ႏႈတ္၊ ေပါင္းရွင္း အၿမဲလုပ္ေနတတ္တဲ့လူႀကီးေပါ့ဗ်ာ၊ လူက ခပ္ပိန္ပိန္၊ ပုပုပါပဲ၊ ေခါင္းမွာကေတာ့ ျဖဴေဖြးေနတဲ့ဆံံံပင္ေတြနဲ႔ ေသွ်ာင္ထုံးကေလးတစ္ထံံုံးရွိေသးတယ္ဗ်။ သြားေတြတစ္ေခ်ာင္းမွ မရွိေတာ့ေပမယ့္ ဘႀကီးစိန္ရင္က ကြမ္းေတာ့စားခ်င္ေသးတယ္၊ ကြမ္းသီးစိတ္ကေလးကို ပါးစပ္ထဲထည့္ၿပီး သြားရည္ေတြနဲ႔ တၿမဳံ႕ျမလုပ္ေနတတ္တာေပါ့၊ သြားရင္းလာရင္း ဘႀကီးစိန္ရင္ကိုေတြ႕ရင္ ပါးစပ္ကေလး လႈပ္တုတ္တုတ္နဲ႔ ကြမ္းသီးၿမဳံ႕ေနတာေပါ့ဗ်ာ။
ဘြားစန္းတုတ္ကေတာ့ နာမည္ကသာ တုတ္ပါေပမယ့္ လူကေတာ့ ပိန္ပိန္ပဲ။ အသက္သာႀကီးေပမယ့္ သြားႏိုင္လာႏိုင္၊ လုပ္ကိုင္ေနႏိုင္တုန္းပဲဗ်၊ ကိုႂကြက္နီက အိမ္ေထာင္က်ၿပီးေတာ့ ႐ြာအေရွ႕ပိုင္းမွာ သူ႔ဖာသာအိမ္ခြဲေနတယ္ဆိုေတာ့ ႐ြာလယ္ဝိုင္းမွာ ဘႀကီးစိန္ရင္နဲ႔ ဘြားစန္းတုတ္တို႔ လင္မယားႏွစ္ေယာက္ပဲ ေနၾကတာေပါ့ဗ်ာ၊ ဘြားစန္းတုတ္က ထင္းရွာ၊ ထင္းေကာက္၊ ထမင္းခ်က္ဟင္းခ်က္နဲ႔ အိမ္မႈကိစၥေတြလုပ္ႏိုင္ေသးတယ္ဗ်၊ ေရထမ္းတာဘာညာကေတာ့ ကိုႂကြက္နီကိုယ္တိုင္ျဖစ္ျဖစ္ ကိုႂကြက္နီသားအႀကီးေကာင္ျဖစ္ျဖစ္ လာလာလုပ္ေပးတာပဲဗ်ာ၊
ကိုႂကြက္နီထန္းရည္ႀကိဳက္တာကေတာ့ ဘႀကီးစိန္ရင္ဆီက အေမြရတာျဖစ္မယ္ဗ်၊ ဘာလို႔လဲဆိုေတာ့ ဘႀကီးစိန္ရင္ကလည္း ထန္းရည္သိပ္ႀကိဳက္လို႔ပဲဗ်၊ ဒီအသက္ဒီအ႐ြယ္အထိ ထန္းရည္ေသာက္တုန္း၊ ကိုႂကြက္နီက ထန္းရည္လာလာပို႔ေပးရတယ္၊ ေန႔တိုင္းေတာ့မဟုတ္ေပမယ့္ တစ္ပတ္တစ္ခါ၊ ႏွစ္ခါေလာက္ေပါ့ဗ်ာ။ ထန္းရည္ေသာက္တဲ့အခါ ဘႀကီးစိန္ရင္တင္မဟုတ္ဘဲ ဘြားစန္းတုတ္ပါ ေသာက္တယ္ဗ်၊ အရင္ကေတာ ဘြားစန္းတုတ္ႀကီးက ထန္းရည္မေသာက္တတ္ဘူး၊ ဘႀကီးစိန္ရင္အတြက္ ညေနေစာင္းဆိုရင္ ထန္းရည္ေသာက္ဖို႔ လုပ္ကိုင္ေပးရင္း ခြက္လွည့္ဘဝကေန ေနာက္ဆံံုံးေတာ့ ေမာင္တစ္ခြက္၊ မယ္တစ္ခြက္ဘ၀ ေရာက္သြားပါေရာဗ်ာ။
ဒါေၾကာင့္႐ြာထဲမွာ ေမာင္တစ္ထမ္းမယ္တစ္႐ြက္လုပ္တာကို “စိန္ရင္တစ္ခြက္၊ စန္းတုတ္တစ္ခြက္” လို႔ တင္စားၿပီးေျပာခဲ့ၾကတာ ခုထိပါပဲဗ်ာ၊ တကယ္လည္း သူတို႔ေျပာတဲ့အတိုင္းပဲ ထန္းေရျမဴေလးေရွ႕ခ်ၿပီးေတာ့ ဘႀကီးစိန္ရင္က ထန္းမႈတ္နဲ႔တစ္ခြက္ေသာက္လိုက္၊ ဘြားစန္းတုတ္က တစ္ခြက္ခပ္ေသာက္လိုက္နဲ႔ လင္မယားႏွစ္ေယာက္ အတြဲညီပါေပတယ္ဗ်ာ။
ထန္းရည္ေသာက္ၿပီးရင္ေတာ လင္မယားႏွစ္ေယာက္ ရန္ျဖစ္ၿပီပဲဗ်ာ၊ မူးမူးနဲ႔ငယ္က်ိဳးငယ္နာေဖာ္ရင္း ရန္ျဖစ္ၾကတာဗ်၊ ရန္ျဖစ္တဲ့အခါ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီး ဆဲၾကဆိုၾကပဲ၊ လက္ေတာ့မပါဘူးဗ်၊ ပါးစပ္နဲ႔ပဲ တုတ္ေတြဓါးေတြထုတ္ၿပီး ေဆာ္ကုန္တာ၊ သူတို႔ရန္ျဖစ္တာလည္း ငယ္ငယ္တုန္းကၾကည့္လို႔ေကာင္းသဗ်၊ မသိရင္ ကြက္စိပ္ေဟာတဲ့အတိုင္းပဲကိုး၊ တစ္ခါတစ္ခါ တစ္ေယာက္နဲ႔တစ္ေယာက္ မခံခ်င္ေအာင္ေျပာတာေတြနားေထာင္ရင္း က်ဳပ္တို႔ေတာ့ ေဘးကေနရယ္တာေပါ့ဗ်ာ။
(၂)
အခုလည္း ေစာေစာစီးစီးရန္ျဖစ္ေနပံံုံေထာက္ေတာ့ လင္မယားႏွစ္ေယာက္ ထန္းရည္ေသာက္ေနေလာက္ၿပီလို႔ မွတ္လိုက္ပါတယ္၊ ဒါနဲ႔ က်ဳပ္လည္း ႐ြာလယ္ကိုထြက္လာခဲ့တာေပါ့ဗ်ာ၊ က်ဳပ္ေရာက္ေတာ့ ရန္ပြဲကၿပီးသြားၿပီ၊ ေနာက္ဆုံးေတာ့ ေယာက္်ားျဖစ္တဲ ဘႀကီးစိန္ရင္က အလံျဖဴျပၿပီးေတာ့ အိမ္ထဲဝင္ၿပီးအိပ္သြားၿပီေပါ့။ ဘြားစန္းတုတ္သာ က်န္တဲ့ထန္းရည္ကေလးလက္က်န္ျဖတ္ရင္း ကြပ္ပ်စ္ေပၚမွာထိုင္ေနတယ္၊ ဒါနဲ႔ က်ဳပ္လည္း သူ႔အနားကပ္ခဲ့တာေပါ့ဗ်ာ။ က်ဳပ္ေခါင္းထဲမွာ အေတြးတစ္ခုရတာက သူတို႔အသက္က ရွစ္ဆယ္ေက်ာ္၊ ကိုးဆယ္ေတြဆိုေတာ ေရွ႕မီေနာက္မီလို႔ ေျပာလို႔ရတယ္မဟုတ္လား၊ ဒီေတာ့ ေဒၚပ်င္းႀကီးအေၾကာင္းကို သူတို႔ေကာင္းေကာင္းမီလိုက္မွာေပါ့။
“ဘြားစန္းတုတ္၊ ေစာေစာစီးစီးေကာင္းေနၿပီလား”
“ဘာေကာင္းတာလဲ၊ မေအေဘးေလး”
ဘြားစန္းတုတ္က အရက္မူးလာရင္ေတာ့ ဆဲဆိုၿပီးစကားေျပာတာဗ်၊ က်ဳပ္လည္းသိခ်င္တာရွိေတာ့ သူ႔ကိုကပ္ေမးရတာေပါ့ဗ်ာ။
“ဟိုေလး ဘြားစန္းတုတ္၊ ေဒၚပ်င္းႀကီးကို မီလိုက္သလားဗ်”
ဘြားစန္းတုတ္က ရီေဝေနတဲ့ မ်က္လုံးေတြနဲ႔ က်ဳပ္ကိုၾကည့္ၿပီးေတာ့ ေခါင္းညိတ္တယ္ဗ်။
“သိတာေပါ့၊ မယ္ပ်င္းတင္မဟုတ္ဘူး၊ မယ္ပ်င္းရဲ႕အေမ မမယ္ျဖဴကိုေတာင္ မီလိုက္သပါ့”
“ဟာ၊ ေဒၚပ်င္းအေမက မမယ္ျဖဴတဲ့လား”
“ေအးေလ၊ မမယ္ျဖဴလည္းစုန္း၊ မယ္ပ်င္းလည္းစုန္းေပါ့ဟဲ့”
“ဒါျဖင့္္ရင္ က်ဳပ္ကိုေျပာျပစမ္းပါအုံးဗ်ာ၊ မမယ္ျဖဴဆိုတာေတာ့ က်ဳပ္က အခုမွၾကားဖူးတာဗ်”
ဘြားစန္းတုတ္က ဟိုဒီၾကည့္ရင္း လက္အုပ္ခ်ီၿပီးေတာ့ ပြစိပြစိ႐ြတ္ေနေသးတယ္၊ က်ဳပ္လည္း ထူးဆန္းေနတာေပါ့
“ဘြားစန္းတုတ္၊ လူက ထန္းရည္မူးေနၿပီးေတာ့ ဘုရားရွိခိုးေနေသးတယ္”
“ဟဲ့ နင္ဘာသိလို႔လဲ၊ မယ္ပ်င္းအေၾကာင္းေျပာမယ္ဆိုလို႔ ေတာင္းပန္ေနရတာေဟ့”
“ဟာဗ်ာ၊ ေဒၚပ်င္းႀကီးက ေသတာၾကာၿပီမဟုတ္လား”
“ေအာင္မာ၊ နင္က ေပါ့ေပါ့တန္တန္မမွတ္နဲ႔၊ မယ္ပ်င္းက လူသာေသေပမယ့္ သူက ဘီလူးျဖစ္သြားတာဟဲ့၊ သူ႔အေၾကာင္းေျပာတဲလူေတြကို ဖမ္းစား၊ ျပဳစားတတ္တယ္ဆိုၿပီးေျပာၾကတယ္”
ဒီေတာ့မွ က်ဳပ္လည္းေခါင္းညိတ္လိုက္တယ္။
“ဟုတ္မယ္ဗ်၊ ဒါေၾကာင့္အေမေတာင္မွ ေဒၚပ်င္းအေၾကာင္းကို မေျပာရဲဘူး”
“ရၿပီ၊ ရၿပီ၊ မမယ္ျဖဴဆိုတာ တစ္ခ်ိန္က ဖက္လိပ္႐ြာေဟာင္းမွာ သိပ္နာမည္ႀကီးတဲ့သူေပါ့”
“သူက ဘာျဖစ္လို႔နာမည္ႀကီးတာလဲဗ်၊ စုန္းပညာေတြစြမ္းလို႔လား”
“မဟုတ္ဘူး၊ သူက ငယ္ငယ္တုန္းက စုန္းမတတ္ေသးဘူး၊ ႐ုပ္ရည္ကေတာ့ မမယ္ျဖဴဆိုတဲ့အတိုင္း ျဖဴျဖဴဝင္းဝင္းနဲ႔သိပ္ေခ်ာတယ္ဆိုပဲ၊ သူ႔မွာ ညီမတစ္ေယာက္ရွိတယ္ သူ႔ညီမကေတာ့ မမဲတူတဲ့၊ အသားကမည္းၿပီး အ႐ုပ္ဆိုးလို႔ အဲဒီနာမည္တြင္ေနတာေပါ့”
“ေျပာပါအုံးဗ်ာ”
“မမယ္ျဖဴအသက္ဆယ့္ေျခာက္ႏွစ္ေလာက္ေရာက္ေတာ့ သိပ္လွတယ္ဆိုပဲ၊ ငါတို႔ကေတာ့ မမယ္ျဖဴငယ္ငယ္ကအခ်ိန္ကို မမီခဲ့ပါဘူး၊ အဲဒီလိုသိပ္ေခ်ာသိပ္လွလို႔ အနီးအပါးက ႐ြာေတြသာမက ဟိုးၿမိဳင္သာ႐ြာႀကီးက လူပ်ိဳကာလသားေတြ ပိုးၾကပမ္းၾကတာ ေခ်ာင္းေပါက္မတတ္ဆိုပဲ၊ ဒီလိုနဲ႔ မမယ္ျဖဴသတင္းျပန႔္ေနလို႔ ၿမိဳင္သာ႐ြာသူႀကီးက လာၾကည့္ရင္း တကယ္စြဲလမ္းသြားတာေပါ့၊ ၿမိဳင္သာ႐ြာသူႀကီးကိုလည္း မမယ္ျဖဴက ျပန္ခ်စ္တယ္ဆိုပဲ၊ ၿမိဳင္သာ႐ြာသူႀကီးဆိုေပမယ့္လည္း အသက္က သိပ္မႀကီးေသးဘူး၊ အေဖေသလို႔ သားကတက္ျဖစ္တာဆိုေတာ့ အသက္ႏွစ္ဆယ္ေက်ာ္ဝန္းက်င္ သန္သန္မာမာနဲ႔ ေတာ္ေတာ္ေခ်ာတယ္ဆိုပဲ၊ ၿမိဳင္သာ႐ြာသူႀကီးနဲ႔ မမယ္ျဖဴက ေနနဲ႔လ၊ ေ႐ႊနဲ႔ျမလို လိုက္ဖက္တင့္တယ္တာေပါ့”
“ဒါေပမယ့္ ၿမိဳင္သာ႐ြာသူႀကီးကို တစ္ဖက္သက္ႀကိဳက္ေနတာက မမဲတူပဲ၊ ဒါနဲ႔ ၿမိဳင္သာ႐ြာသူႀကီးနဲ႔ ေစ့စပ္ေၾကာင္းလမ္းဖို႔ စီစဥ္ေနတဲအခ်ိန္မွာပဲ ဘုရင့္မူးမတ္ေတြ၊ လူယုံေတြေရာက္လာၿပီးေတာ့ မမယ္ျဖဴကို လာၿပီးစစ္ေဆးၾကတယ္”
“ဘယ္ဘုရင္လဲဗ်၊ မူးမတ္ေတြကေရာ ဘာကိုလာစစ္ေဆးတာလဲ”
“သီေပါမင္းေခတ္ေပါ့၊ ေရွးက မိန္းမေခ်ာမိန္းမလွေပၚတယ္လို႔ၾကားရင္ ဘုရင့္လူေတြက အဲဒီမိန္းကေလးကိုသြားေရာက္ၾကည့္ရႈၿပီးေတာ့ မိန္းမေကာင္းဟုတ္မဟုတ္ ဆန္းစစ္ရတယ္ဆိုတာပဲ၊ ဒါနဲ႔ မမယ္ျဖဴကိုစစ္ေဆးၾကၿပီးေတာ့ မိန္းမေကာင္းအဂၤါစုံတယ္ဆိုၿပီးေတာ့ ေတာ္ေကာက္ဖို႔ စီစဥ္လိုက္တာေပါ့။ အိမ္ကိုခ်က္ခ်င္းသဲျဖဴခင္း၊ ရာဇမတ္ကာၿပီးေတာ့ ဘုရင့္တံခြန္စိုက္ၿပီး သိမ္းယူသတဲ့”
“ဟာ၊ ဒါဆိုရင္ သူႀကီးေတာ့ သြားၿပီပဲဗ်ာ”
“ဒါေပါ့၊ ရွင္ဘုရင္အမိန႔္ဆိုေတာ့လည္း လြန္ဆန္မရဘူးေပါ့၊ မၾကာခင္ပဲ မူးမတ္ေတြက မမယ္ျဖဴေလးကို ေနျပည္ေတာ္ကို ေခၚသြားတာေပါ့၊ ဒီလိုျဖစ္ေအာင္လုပ္တာက မမဲတူလို႔ေျပာၾကတယ္၊ မမဲတူက မမယ္ျဖဴကိုပထုတ္လိုက္ၿပီးေတာ့ ေနာက္သိပ္မၾကာဘူး ၿမိဳင္သာ႐ြာသူႀကီးမင္းနဲ႔ လက္ထပ္ယူလိုက္ၾကတယ္တဲ့၊ အမ်ားေျပာတာကေတာ့ မမဲတူက စုန္းတစ္ေယာက္ဆီကေန ပညာနဲ႔ျပဳစားခိုင္းတယ္ေျပာတာပဲ”
က်ဳပ္လည္းေခါင္းညိတ္ၿပိးေတာ့
“ျဖစ္ႏိုင္တယ္ဗ်၊ သူလုပ္တာပဲျဖစ္မွာ၊ မူးမတ္ေတြေရာက္လာတာကလည္းေစ့စပ္မယ့္အခ်ိန္နဲ႔ တိုက္ဆိုင္ေနတယ္မဟုတ္လား၊ ၿပီးေတာ့ သူ႔လို႐ုပ္ဆိုးတဲ့လူကို ႐ြာသူႀကီးက ယူပါ့မလား”
“မၿပီးေသးဘူး၊ အဲဒီလိုနဲ႔ မမယ္ျဖဴမင္းေနျပည္ေတာ္ေရာက္ေတာ့ ဘုရင္က ေန႔ေကာင္းနကၡတ္ေကာင္းေ႐ြးေနတာမို႔ နန္းတြင္းကို မဝင္ရေသးဘူးေပါ့၊ အဲဒီမွာ မမယ္ျဖဴကို စုန္းမလို႔စြပ္စြဲၿပီးေတာ့ စမ္းသပ္ၾကတယ္ဆိုပဲ၊ စုဖုရားတို႔ အင္အားေကာင္းေနတဲ့အခ်ိန္ဆိုေတာ့ မမယ္ျဖဴကို မနီးစပ္ေစခ်င္တာလည္း ပါတာေပါ့”
“မမယ္ျဖဴက စုန္းမွမဟုတ္တာ”
“ဒါေပမယ့္လည္း မင္းခ်င္းေတြနဲ႔ ေခ်ာက္ခ်ၿပီးလုပ္တာဆိုေတာ့ မမယ္ျဖဴလည္း မျငင္းႏိုင္ပါဘူး၊ ေနာက္ဆုံးေတာ့ စုန္းမဆိုတာသိၿပီး ေရခ်ကြပ္မ်က္သတဲ့”
“ေရခ်တယ္ဆိုတာ ဘာကိုေျပာတာလဲ”
“မင္းႏွယ္ကြယ္၊ ေရခ်တယ္ဆိုတာ ရာဇဝတ္သား၊ အျပစ္သားေတြကို ေရထဲႏွစ္သတ္တာကိုေခၚတာ၊ ၿပီးေတာ့ စုန္းမေတြဆိုရင္လည္း မင္းမိန႔္နဲ႔ ေရခ်သတ္သတဲ့၊ စုန္းသတ္တာလည္း ႐ိုး႐ိုးေရခ်သတ္လို႔မရဘူးေနာ္၊ သူ႔ကိုစီရင္တဲ့နည္းက သတ္သတ္ရွိတယ္၊ အဲဒီနည္းကို သတၱေဝဒ လို႔ေခၚတယ္”
ဒီအခ်ိန္မွာပဲ အိမ္ေပၚကေန ရယ္သံၾကားရတယ္ဗ်၊ ဘြားစန္းတုတ္က ေဒါသထြက္သြားၿပီး
“ကိုစိန္ရင္ ရွင္ဘာရယ္တာလဲ”
“ဟား၊ ဟား မသိတဲ့လူကို မတတ္တဲ့လူက ဆရာလုပ္တယ္ဆိုတာ ဒါကိုေျပာတာပဲေဟ့၊ သတၱေဝဒ မဟုတ္ပါဘူးကြာ၊ သတၱေဝဠဳပါကြ”
ဘြားစိန္တင္က မ်က္ႏွာႀကီးစူပုတ္ၿပီး
“အိုေတာ္၊ အသက္ႀကီးေနၿပီဆိုေတာ့ အမွတ္မွားတဲ့အခါမွာလည္း မွားမွာေပါ့၊ ရွင္ဒီေလာက္သိေနရင္ ရွင္လာေျပာပါလား”
ဒီေတာ့ ဘႀကီးစိန္ရင္က အိမ္ေပၚကေနဆင္းလာၿပီး က်ဳပ္နားလာထိုင္တယ္ဗ်၊ ဘြားစန္းတုတ္ကေတာ့ ဘႀကီးစိန္ရင္ကို မ်က္ေစာင္းတစ္ခ်က္ထိုးၿပီးေတာ့ ထန္းရည္ေသာက္ထားတဲ့ ျမဴအိုးေတြ၊ ထန္းမႈတ္ေတြကို သိမ္းၿပီး ေနာက္ေဖးကိုဝင္သြားေတာ့တာပဲ၊ ဘႀကီးစိန္ရင္က ေရတစ္ခြက္ေသာက္ေနတာနဲ႔
“ဘႀကီးစိန္ရင္၊ အဲဒီ သတၱေဝဠဳဆိုတာ ေျပာျပပါအးဗ်ာ၊ က်ဳပ္ေတာ့ တစ္ခါမွ မၾကားဖူးဘူး”
“ေအးကြ၊ ဟိုးဘုရင္ေခတ္က အရမ္းဆိုးသြမ္းတယ္လို႔ နာမည္ႀကီးတဲ့ စုန္းေတြ၊ ကေဝေတြဆိုရင္ မင္းမိန႔္နဲ႔ဖမ္းဆီးၿပီးေတာ့ ကြပ္မ်က္ေလ့ရွိသတဲ့၊ မင္းမိန႔္က ဘယ္ေလာက္အာဏာျပင္းသလဲဆိုရင္ အစြမ္းထက္လွပါတဲ့ ေဇာ္ဂနီေတြ၊ ကာကနီေတြေတာင္မွ လာၿပီးအဖမ္းခံံံၾကရတယ္ကြ၊ အဲဒီလိုဖမ္းမိတဲ့စုန္းဆိုရင္ ေနျပည္ေတာ္ကိုေခၚလာၿပီးေတာ့ ဘုရင္က ေသမိန႔္ေပးၿပီး ခုနကလို ေရခ်ၿပီးကြပ္မ်က္ၾကတယ္၊ မီးနဲ႔တိုက္တယ္လို႔လည္းၾကားဖူးတယ္၊ ဒါေပမယ့္ ကုန္းေဘာင္ေခတ္ေတာ့ မီးမသုံးေတာ့ဘူး၊ မီးရႈိ႕တာက ထင္းကုန္တာကိုးကြ၊ ဟား၊ ဟား”
“အဲဒါနဲ႔ ဘယ္လိုေရခ်သလဲဗ်ာ”
“ေရခ်တဲ့နည္းကေတာ့ ေတာ္ေတာ္ရႈပ္တယ္ကြ၊ အရင္ဆံံုံး တံစူးဝါးကို ခုနစ္စိတ္ခြဲၿပီးေတာ့ ဇီးသားနဲ႔ခံံၿပီးေတာ့ ဝါးကပ္တစ္ခုရက္လုပ္ရတယ္ကြ၊ လူေသတင္တဲ့ကပ္ေပါ့ကြာ၊ ၿပီးေတာ့ အိမ္ခုနစ္အိမ္ကေနၿပီး က်င္ႀကီးက်င္ငယ္ေတြကို ခုနစ္ရက္တိုင္တိုင္ အိုးႀကီးတစ္လုံးနဲ႔စုရသတဲ့၊ ဒါပဲလားဆိုေတာ့ မၿပီးေသးဘူး၊ ေနာက္ထပ္တံစူးဝါးတစ္ေခ်ာင္းရွာၿပီး အထက္ပိုင္းကို ေလးလုပ္ရတယ္၊ ေအာက္ပိုင္းကိုေတာ့ ျမားႀကီးခုနစ္စင္း၊ ျမားငယ္ခုနစ္စင္း ျပဳလုပ္ရတယ္၊ အဲဒီျမားေတြမွာလည္း လင္းတေတာင္နဲ႔ အေတာင္တပ္ရတယ္ဆိုပဲ”
“ခက္ခဲလိုက္တာဗ်ာ”
“ေအးေပါ့၊ ေရခ်မယ့္ေန႔ေရာက္ရင္ စုန္းမကို အဝတ္အစားေတြခြၽတ္ၿပီး ထမီျဖဴႀကီးပတ္ေပးရတယ္၊ ၿပီးေတာ ဆံပင္ကို ဆံံထံုံးခုနစ္ခုရေအာင္ထုံးရသတဲ့၊ အဲဒီဆံံထံုံးခုနစ္ခုမွာ ခုနကလုပ္ထားတဲ့ ျမႇားငယ္ခုနစ္စင္းကို တစ္စင္းစီထိုးေပးရတယ္၊ ၿပီးရင္ အေစာပိုင္းက လုပ္ထားတဲ့ကပ္မွာ ကပ္ၿပီးေတာ့ သမန္းႀကိဳးနဲ႔လက္ေတြေျခေတြ ခါးေတြကိုခ်ည္ေပးရသတဲ့၊ ေနာက္ၿပီးလည္ပင္းမွာလည္း သမန္းႀကိဳးနဲ႔ အထုံးခုနစ္ခုရေအာင္ခ်ည္ေႏွာင္ရျပန္တယ္”
ဘႀကီးစိန္ရင္က ေမာသြားလို႔ထင္တယ္ဗ်၊ ေရတစ္ခြက္ကို ခပ္ေသာက္လိုက္ျပန္ေရာ။
“ၿပီးရင္ ေရခုနစ္ေတာင္နက္တဲ့ ျမစ္ထဲမွာ ေလွႏွစ္စီးကို ေဘးခ်င္းယွဥ္ရပ္ထားရတယ္ကြ၊ အဲဒီေလွႏွစ္စင္းရဲ႕အလယ္မွာ စုန္းမကိုတင္ရတယ္၊ ၿပီးတာနဲ႔ ေလးသည္ေတာ္အလွည့္္ေရာက္လာၿပီ ေလးသည္ေတာ္က တံစူးဝါးနဲ႔လုပ္ထားတဲ့ေလးကိုကိုင္ၿပီးေတာ့ ျမားႀကီးခုနစ္စင္းထဲက ေလးစင္းကို အေရွ႕၊ အေနာက္၊ ေျမာက္၊ ေတာင္ အရပ္ေလးမ်က္ႏွာကိုပစ္လႊတ္လိုက္ရတယ္၊ ပစ္လႊတ္တဲ့အခ်ိန္မွာလည္း အဲဒီစုန္းမကို အမ်ိဳးစံုံဆဲေရးတိုင္းထြာရတယ္၊ ၿပီးေတာ့ ေကာင္းကင္ကိုတစ္စင္း၊ ေရထဲကိုတစ္စင္းလႊတ္ရတယ္၊ က်န္တဲ့အစင္းကိုေတာ့ စုန္းမဆီကိုခ်ိန္လႊတ္ေပးရသတဲ့၊ အဲဒါၿပီးရင္ေတာ့ က်င္ႀကီးက်င္ငယ္ေတြ စုထားတဲ့အိုးႀကီးနဲ႔ စုန္းမတစ္ကိုယ္လုံးကို ေလာင္းခ်ၿပီးေတာ့ ေလွဝမ္းဗိုက္ေတြကို ထိုးေဖာက္ပစ္ရသတဲ့၊ ေလွေရာ စုန္းမေရာ အကုန္ေရေအာက္နစ္ၿပီးေတာ့ ေသတာေပါ့ကြာ”
“အေတာ္ခက္တဲ့နည္းပဲဗ်၊ က်ဳပ္ဆိုနားေထာင္ရင္း ဘာေတြမွန္းကိုမသိေတာ့ဘူး”
“ေအး၊ အဲဒီနည္းကို သတၱေဝဠဳ လို႔ေခၚတာေပါ့၊ မင္းဖတ္ခ်င္ရင္ ဗမာမင္းအုပ္ခ်ဳပ္ပံံုံစာတမ္းမွာ ေရးထားတာရွိတယ္ကြ၊ ဒါေပမယ့္ မမယ္ျဖဴကို အဲဒီလိုလုပ္ၿပီး သတ္ေပမယ့္ မမယ္ျဖဴက မေသဘူူးတဲ့ကြ၊ ဘာလို႔လဲဆိုေတာ့ သူက က်ိန္စာတိုက္လိုက္တာ”
“ဘယ္လိုက်ိန္စာတိုက္သလဲဗ်”
“ငါစုန္းမဟုတ္ဘဲနဲ႔ ငါ့ကိုစုန္းလို႔စြပ္စြဲၾကတယ္၊ အဲဒါေၾကာင့္ ငါစုန္းတစ္ေယာက္ျဖစ္ပါေစ၊ ဆိုၿပီးေတာ့ က်ိန္လိုက္တာေပါ့ကြာ၊ ထူးထူးဆန္းဆန္းပဲ ေလွေတြေရနစ္သြားေပမယ့္ မမယ္ျဖဴက မနစ္ဘူးတဲ့ကြ၊ အဲဒီလို ေရခ်လို႔မေသတဲ့စုန္းေတြဆိုရင္ မင္းမိန႔္နဲ႔ၿမိဳင္ရပ္ကိုႏွင္ေလ့ရွိတာေၾကာင့္ မမယ္ျဖဴကို မဟာၿမိဳင္ေတာႀကီးထဲကို ႏွင္လိုက္တာေပါ့ကြာ”
“ဒါနဲ႔ မမယ္ျဖဴက စုန္းတတ္သြားေရာလား”
“ေအးေပါ့၊ မဟာၿမိဳင္ေတာႀကီးထဲကို မိန္းကေလးတစ္ေယာက္ထဲေရာက္သြားတာေပါ့၊ အဲဒီမွာ ၿမိဳ႕ေဟာင္းၿမိဳ႕ပ်က္ႀကီးတစ္ခုရွိတယ္၊ အဲဒီၿမိဳ႕ပ်က္ႀကီးမွာလည္း နယ္ႏွင္ခံံထားရတဲ့ စုန္းေတြေနၾကသတဲ့၊ မမယ္ျဖဴအဲဒီကိုေရာက္သြားေတာ့ စုန္းထီးႀကီးခုနစ္ေယာက္နဲ႔ ညားပါေလေရာ”
“ဟာဗ်ာ၊ ေယာက္်ားတစ္ေယာက္က မိန္းမအမ်ားႀကီးကိုယူတယ္ပဲၾကားဖူးတာ၊ သူ႔အလွည့္က်မွ မိန္းမတစ္ေယာက္က ေယာက္်ားအမ်ားႀကိးကို ယူတယ္တဲ့လား”
“ေဟ့ေကာင္ေလးရ၊ ေတာထဲေတာင္ထဲ ေယာက္်ားသားေတြခ်ည္းရွိတဲ့ေနရာကို မိန္းကေလးတစ္ေယာက္ထဲ ေရာက္သြားတာကိုးကြ၊ အဲဒီမွာ မမယ္ျဖဴလည္း စုန္းပညာေတြ တတ္သြားတာေပါ့ကြာ၊ ေနာက္ေတာ့ ေဒၚပ်င္းကိုေမြးတာပဲ၊ ထူးဆန္းတာတစ္ခုကေတာ့ ေဒၚပ်င္းကို ကိုယ္ဝန္လြယ္ထားရတဲ့အခ်ိန္မွာ စုန္းထီးႀကီး ခုနစ္ေယာက္စလံံုံးက တစ္လကို တစ္ေယာက္ႏႈန္းနဲ႔ေသသြားတာပဲတဲ့ကြာ၊ ေဒၚပ်င္း ကိုယ္ဝန္ခုနစ္လနဲ႔ မမယ္ျဖဴလည္း႐ြာကိုျပန္ခဲ့တယ္၊ အခ်ိန္ကလည္း ကုန္းေဘာင္မင္းဆက္ ပါေတာ္မူၿပီးေတာ့ အဂၤလိပ္ေတြအုပ္ခ်ဳပ္ေနတဲ့အခ်ိန္ဆိုေတာ့ မင္းမိန႔္လည္းမတည္ေတာ့ဘူးမဟုတ္လား၊ ဒါနဲ႔ ဖက္လိပ္႐ြာကို ျပန္ေရာက္လာတယ္ဆိုပါစို႔ကြာ၊ ေဒၚပ်င္းကိုေတာ့ ေဟာဒီဖက္လိပ္႐ြာမွာပဲ ေမြးခဲ့တာကြ”
“ေၾသာ္၊ လတ္စသတ္ေတာ့ဒီလိုကိုး၊၊ ဒါနဲ႔ ေဒၚပ်င္းအေၾကာင္းလည္း ဆက္ေျပာပါအုံး”
“မင္းက ႐ြာထဲကလူေတြေျပာတဲ့အတိုင္း သိပ္အေမးအျမန္းထူၿပီး စကားရွည္တာပဲ၊ ေဒၚပ်င္းအေၾကာင္းေျပာရရင္ေတာ့ သုံးရက္သုံးညေတာင္ ေျပာလို႔ေလာက္မွာ မဟုတ္ဘူးကြ၊ ျပန္ေတာ့ကြာ၊ ငါလည္း အာေညာင္းေနၿပီ”
ဘႀကီးစိန္ရင္က အတင္းႏွင္လႊႊတ္တာနဲ႔ က်ဳပ္လည္းသူတို႔ၿခံံံံဝိုင္းထဲကေန ျပန္လာခဲ့တာေပါ့ဗ်ာ၊ ဘာရယ္မဟုတ္ ႐ြာျပင္ကိုသြားၾကည့္ေတာ့ ပူျပင္းလွတဲ့ေနပူထဲမွာ လယ္ကြင္းေတြအကုန္လံုံးက ႐ိုးျပတ္ေတြထိုးထိုးေထာင္ေထာင္နဲ႔ပဲ က်န္ေနခဲ့တယ္ဗ်၊ ပဲစိုက္မည့္လူေတြကေတာ့ မၾကာခင္ ထယ္ထိုးၾကေတာ့မယ့္အခ်ိန္ပဲ၊ ေအာက္ခံေျမသားထဲမွာ ေရအစိုဓါတ္က်န္ေနေအာင္ ထယ္ထိုးၾကရမွာေပါ့၊ ဒါေပမယ့္ က်ဳပ္တို႔ကေတာ့ ရိတ္သိမ္းၿပီးတာမၾကာေသးဘူးဆိုေတာ့ ခဏေလာက္နားေနတာေပါ့ဗ်ာ။
(၃)
႐ြာအထြက္နားကိုလွမ္းေငးၾကည့္ေတာ့ တမာတန္းနားမွာ ႏြားႏွစ္ေကာင္နဲ႔ ဦးဘသာႀကီးကိုသြားေတြ႕တယ္ဗ်၊ ေတာ္ေတာ္လွမ္းတယ္ဆိုေပမယ့္ လူပံံုံၾကည့္လိုက္တာနဲ႔ ဘယ္သူလည္းဆိုတာ တန္းသိတာကိုးဗ်၊ ဒါနဲ႔က်ဳပ္လည္း ေနပူက်ဲတဲႀကီးထဲမွာပဲ ဦးဘသာဆီကိုလာခဲ့တာေပါ့ဗ်ာ၊ ဦးဘသာကေတာ့ တမာပင္တန္းေအာက္ထိုင္ရင္းနဲ႔ ႏြားေတြကိုၾကည့္ေနတာေပါ့ဗ်ာ။
“ဟာ၊ ဦးဘသာ၊ ဘာထိုင္လုပ္ေနတာလဲဗ်”
“မင္းအမ်ိဳးေတြ စားေသာက္ေနတာကို ထိုင္ၾကည့္ေနတာေဟ့”
“ဟာဗ်ာ၊ ဦးဘသာကေတာ့ လုပ္ၿပီ၊ တစ္ေယာက္တည္းထိုင္ေနတာ မပ်င္းဘူးလားဗ်”
“ခုနကေတာ့ နည္းနည္းပ်င္းသလိုပဲကြ၊ အခုေတာ့ မပ်င္းေတာ့ပါဘူး၊ စကားမ်ားမဲ့ေကာင္ ေရာက္လာၿပီမဟုတ္လား”
“ဦးဘသာကေတာ့ ေျပာေတာ့မယ္၊ ဒါနဲ႔ တမာပင္အရိပ္ေလးက တန္ဖိုးရွိလိုက္တာဗ်ာ၊ တမာ႐ြက္က ေသးတယ္ဆိုေပမယ့္ အရိပ္ကေတာ့ ေအးေနတာပဲ”
“ဒါေပါ့ကြ၊ ဒါနဲ႔ ဒီတမာပင္ေတြကို ဘယ္သူစိုက္ခဲ့တယ္ထင္လို႔လဲ”
“မသိဘူးေလဗ်ာ”
ဦးဘသာက ၿပဳံးၿပီးေတာ့
“ဟား၊ ဟား အဲဒါငါစိုက္ခဲ့တာကြ”
“ဟာ၊ တကယ္လား ဦးဘသာ”
“ေအးေပါ့၊ ငါခုနစ္ႏွစ္ ရွစ္ႏွစ္ေလာက္တုန္းက စိုက္ခဲ့တာေပါ့ကြာ၊ အဲဒီေန႔က . . . .”
ဦးဘသာက ေျပာေနရင္းနဲ႔ ငိုင္က်သြားတာဗ်၊ သူ႔မ်က္ႏွာက ေက်ာက္႐ုပ္ႀကီးတစ္႐ုပ္လို အသက္မဲ့သြားတာ၊ က်ဳပ္လည္း သူ႔ကိုေသခ်ာၾကည့္ရင္း
“ဦးဘသာ၊ အဲဒီေန႔က ဘာျဖစ္တာလဲဗ်”
က်ဳပ္ေမးေနေပမယ့္ ဦးဘသာႀကီးက ဘာမွျပန္မေျဖဘူးူဗ်၊ ဒီအခ်ိန္မွာပဲ ေကာင္းကင္ႀကီးက တျဖည္းျဖည္းအုံ႔မႈိင္းလာၿပီးေတာ့ ဝါဝါက်င္က်င္ႀကီးျဖစ္လာတယ္ဗ်ာ၊ ဦးဘသာေရာ၊ ႏြားႏွစ္ေကာင္ေရာ ျဖတ္ခနဲေပ်ာက္သြားတာဗ်၊ က်ဳပ္လည္းသိလိုက္ပါၿပီ၊ ဦးဘသာ ငယ္ဘဝအေၾကာင္းျပန္ေတြးေနတာ ျဖစ္ႏိုင္တယ္ဆိုၿပီးေတာ့ေပါ့ဗ်ာ။ ပတ္ဝန္းက်င္က ခ်က္ခ်င္းပဲေျပာင္းသြားတယ္ဗ်၊ က်ဳပ္တို႔႐ြာသုႆန္အနားမွာ အိမ္ကေလးတစ္လုံးေတြ႕လိုက္ရတယ္။ အိမ္ကေလးက ၿခံနဲ႔ဝန္းနဲ႔သပ္သပ္ရပ္ရပ္ကေလးပါ၊ အဲဒီအိမ္ထဲကေန ေကာင္ေလးတစ္ေယာက္နဲ႔ အေဒၚႀကီးတစ္ေယာက္ထြက္လာျပန္တယ္။
သူတို႔က က်ဳပ္ဘက္ကိုလမ္းေလွ်ာက္လာရင္း တျဖည္းျဖည္းနီးလာေတာ့မွ ေဒၚပ်င္းႀကီးနဲ႔ ဦးဘသာျဖစ္ေနတာဗ်၊ ဦးဘသာငယ္ငယ္က သာစံေပါ့ဗ်ာ။ ေဒၚပ်င္းက ေတာင္းၿပဲႀကီးတစ္ခု႐ြက္လာတယ္၊ ဦးဘသာကေတာ့ ခြဲေတာင္းကေလးတစ္ခုပိုက္လို႔ဗ်။ က်ဳပ္ထိုင္ေနတဲ့အနားမွာ ဘာမွမရွိဘဲ ဟာလာဟင္းလင္းႀကီးဗ်ာ၊ က်ဳပ္အေရွ႕နားေရာက္ေတာ့ ေဒၚပ်င္းႀကီးတို႔ သားအမိထိုင္ခ်လိုက္တယ္ဗ်။
အဲဒီေနရာက ကုန္းနည္းနည္းဆန္တယ္၊ ေဒၚပ်င္းႀကီးက ေတာင္းၿပဲႀကီးထဲကို ေက်ာက္တံံုံးေတြေကာက္ထည့္တယ္ဗ်၊ သာစံံံကေလးကေတာ့ ေဘးကေနၾကည့္ေနတာေပါ့ဗ်ာ။
“ဟဲ့ေကာင္ေလး၊ ဘာရပ္ၾကည့္ေနတာလဲ၊ သြားစမ္း ေက်ာက္တံံုံးသြားေကာက္ေပးအုံး”
ဦးဘသာကလည္း ေက်ာက္တုံးေတြကို ေျပးေကာက္ေပးတယ္ဗ်၊ ေတာင္းၿပဲႀကီးထဲထည့္ရင္း ေတာ္ေတာ္ရသြားေတာ့မွ။
“ေအး၊ ရၿပီ၊ ရၿပီ၊ ဒီေလာက္ဆိုေတာ္ၿပီ”
ေဒၚပ်င္းက ေတာင္းၿပဲထဲက ေက်ာက္တုံးေတြကို လက္နဲ႔အသာကေလးပြတ္ေနရင္း ပါးစပ္က တစ္ခုခုကိုေရ႐ြတ္ေနတယ္ဗ်၊ မၾကာပါဘူးဗ်ာ၊ အဲဒီေက်ာက္တံံုံးေတြအားလးက ခရမ္းခ်ဥ္သီးေတြ၊ အာလူးေတြျဖစ္ကုန္ေရာဗ်ိဳ႕။ ေတာင္းၿပဲႀကီးကို ျပည့္လုနီးနီးျဖစ္သြားတယ္၊ ေဒၚပ်င္းက ပုဆိုးပိုင္းကို ေခါင္းဖုအျဖစ္ေခြလိုက္ၿပီးေတာ့ ေတာင္းၿပဲႀကီးကို႐ြက္ၿပီး က်ဳပ္ထိုင္ေနတဲ့အေနာက္ဘက္ကို သားအမိႏွစ္ေယာက္ဆက္သြားတယ္ဗ်၊ က်ဳပ္ထိုင္ေနတာ့အေနာက္မွာေတာ့ ႐ြာႀကီးတစ္႐ြာဗ်၊ အဲဒါ ဖက္လိပ္႐ြာႀကီးေနမွာေပါ့။
သူတို႔သားအမိ ႐ြာထဲဝင္သြားတာနဲ႔ က်ဳပ္လည္းလိုက္လာခဲ့တယ္၊ ေဟာဗ်ာ၊ ႐ြာထိပ္က ေရတြင္းပ်က္ႀကီးက အခုေတာ့ အမိုးေတြ၊ ျပႆဒ္ေတြနဲ႔ အုတ္စီထားတဲ့ေရတြင္းႀကီးျဖစ္ေနပါေရာ၊ သူတို႔သားအမိဆက္သြားရင္းနဲ႔ ႐ြာထိပ္ေရာက္ေတာ့ ေဒၚပ်င္းကထေအာ္တယ္။
“မယ္ပ်င္းလာၿပီေဟ့၊ ခရမ္းခ်ဥ္၊ အာလူးေတြေရာင္းမယ္ေနာ္”
အဲဒီလိုေအာ္လိုက္တာနဲ႔ ႐ြာလမ္းမွာေဆာ့ကစားေနတဲ့ ကေလးေတြအားလုံး နီးရာၿခံံံံဝိုင္းထဲ ေျပးဝင္ကုန္ၾကတာပဲဗ်ာ၊ အိမ္ထဲမွာ အလင္းေရာင္နည္းလို႔ အိမ္ျပင္ထြက္ၿပီး သန္းရွာေနၾကတဲ့မိန္းမေတြလည္း အကုန္အိမ္ထဲဝင္ေျပးေတာ့တာပဲ၊ ေဒၚပ်င္းက ဆက္ေလွ်ာက္လာရင္း ႐ြာစြန္က အိမ္တစ္အိမ္ေရွ႕မွာရပ္လိုက္တယ္။
“အမႀကီး၊ ဘယ္မွာသြားပုန္းမလို႔လဲ၊ ခရမ္းခ်ဥ္သီးေတြအားေပးပါအုံး”
အေဒၚႀကီးတစ္ေယာက္လည္း ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ ေခါင္းညိတ္တယ္ဗ်၊
“ဝင္ . . . ၿခံံံထဲဝင္ခဲ့ေလ မယ္ပ်င္း”
“ေၾသာ္၊ အမႏွယ္၊ ၿခံထဲဝင္ခဲ့လည္းေျပာေသးတယ္ ၿခံံတံံံခါးကိုလည္း ပိတ္ထားပါေရာလား၊ ရပါတယ္၊ ေရာင္းခ်င္တဲ့ က်ဳပ္ကပဲ တံခါးဖြင့္ရေတာ့မွာေပါ့”
ေဒၚပ်င္းႀကီးေျပာလိုက္တာနဲ႔ ဝါးျခမ္းေတြနဲ႔လုပ္ထားတဲ့ ခိုင္ခိုင္မာမာၿခံံံံတံံခါးက ဝုန္းခနဲပြင့္ထြက္ၿပီးေတာ့ အျပားလိုက္ႀကီးလဲက်သြားတယ္ဗ်၊ ေဒၚပ်င္းကေတာ့ ခပ္ၿပဳံးၿပဳံးပဲ၊ လဲသြားတဲ့ ၿခံတံခါးကိုနင္းၿပီးေတာ့ အိမ္ထဲကိုဆက္ဝင္သြားတယ္၊ သာစံလည္း ေတာင္းကေလးပိုက္ၿပီး အေနာက္ကေနလိုက္သြားတာေပါ့ဗ်ာ။
“အမႀကီး၊ ခရမ္းခ်ဥ္သီးေတြလတ္တယ္ေနာ္၊ တစ္ပိႆာမွ ဆယ္ျပားထဲပါ”
“လတ္တာေတာ့ လတ္ပါတယ္ မယ္ပ်င္းရယ္၊ ဒါနဲ႔ ညည္းတို႔ဆီမွာ ကိုင္းလည္းမရွိ၊ ယာလည္းမရွိဘဲ ဒီခရမ္းခ်ဥ္သီးေတြက ဘယ္ကထြက္တာလဲ”
“အို အမႀကိးကလည္း မဟုတ္တာေတြေမးေနျပန္ပါၿပီ၊ ဝယ္မွာလား၊ မဝယ္ဘူးလား”
အေဒၚႀကီးက ေခါင္းညိတ္ရင္း
“ဝယ္၊ ဝယ္ပါ့မယ္ဟယ္၊ နင္ဘယ္ေလာက္သားေရာင္းမလဲ”
“သုံးပိႆာေတာ့ယူလိုက္ပါရွင္၊ အခ်င္းခ်င္းေတြပဲ ပိုထည့္ေပးမွာေပါ့”
ေဒၚပ်င္းက ေတာင္းထဲက ခရမ္းခ်ဥ္သီးေတြကို လက္နဲ႔ႏႈိက္ႏႈိက္ၿပီးေတာ့ ၾကမ္းေပၚကိုခ်ေပးတယ္ဗ်၊ ခ်ိန္ခြင္မပါ ဘာမပါနဲ႔ဆိုေတာ့ သံုံးပိႆာကို ဘယ္လိုျပည့္သလဲေတာ့ မသိပါဘူးဗ်ာ။
“ကဲရၿပီ၊ ေပး၊ ျပားသုံးဆယ္”
အေဒၚႀကီးက ေငြျပားေလးႏွစ္ျပားကို ထုတ္လိုက္တယ္ဗ်။
“ျပားသုံးဆယ္ေတာ့ မရွိဘူးေအ၊ ျပားႏွစ္ဆယ္ပဲရွိတယ္၊ ျပားႏွစ္ဆယ္ပဲ ထားလိုက္ေပါ့မယ္ပ်င္းရယ္”
ေဒၚပ်င္းက ေငြျပားႏွစ္ျပားကိုလွမ္းယူၿပီးေတာ့ ေသခ်ာပြတ္ၾကည့္ရင္း
“ရပါတယ္၊ ဒီလိုဆိုေတာ့လည္း က်န္တဲ့ဆယ္ျပားရေအာင္ လုပ္ရေသးတာပ”
အေဒၚႀကီးက လန႔္သြားၿပီးေတာ့ လက္ကာကာ ေျခကာကာနဲ႔ျုဖစ္သြားတယ္။
“ေအာင္မယ္ေလး၊ မလုပ္ပါနဲ႔ မယ္ပ်င္းရယ္၊ ဒီလိုလုပ္ပါလား၊ ငါ့သမက္ယာထဲက ျပန္လာရင္ေလ၊ သူ႔ကိုဆယ္ျပားက်န္တာေပးခိုင္းလိုက္ပါ့မယ္ ဟုတ္ၿပီလား”
“ရပါတယ္၊ အခ်င္းခ်င္းေတြပဲ”
ေဒၚပ်င္းက ၿပံဳံးေနရင္း အိမ္ေအာက္မွာပုန္းေနတဲ့ ေလးငါးႏွစ္ေလာက္အ႐ြယ္ရွိမယ့္ ကေလးေလးတစ္ေယာက္ကို လက္ညႇိဳးထိုးလိုက္တယ္၊ ကေလးေလးက မၾကာခင္ ေအာ္ဟစ္ၿပီးေတာ့ လက္မွာဝက္ေမႊးေတြလို အေမႊးၾကမ္းႀကီးေတြေပါက္လာတယ္ဗ်ာ၊ ၿပီးေတာ့ ပုဆိုးေအာက္ကေနလည္း အၿမီးတစ္ေခ်ာင္းက ထိုးထိုးေထာင္ေထာင္ထြက္လာပါေရာ။ ေဒၚပ်င္းက ေတာင္းၿပဲႀကီးကို ေခါင္းေပၚေကာက္႐ြက္လိုက္ၿပီး
“ဘာမွမပူပါနဲ႔အမႀကီးရယ္၊ ဒီညေန အမႀကီးသမက္သာ ေငြဆယ္ျပားလာမေပးလို႔ကေတာ့ ဒီကေလးတစ္သက္လုံး အျမႇီးတစ္ေခ်ာင္းနဲ႔ ေနသြားရမယ္လို႔သာ မွတ္ထားေပေတာ့”
အေဒၚႀကီးက ႀကိတ္ၿပီးငိုေတာ့တာပဲဗ်ာ၊ ေဒၚပ်င္းကေတာ့ ရင္ေကာ့ၿပီးၿခံဝိုင္းထဲကေနထြက္သြားေလရဲ႕၊ သာစံတစ္ေယာက္ကေတာ့ မသာမယာတဲ့မ်က္ႏွာနဲ႔ အေဒၚႀကီးကိုၾကည့္ရင္း က်န္ခဲ့တယ္၊ ေဒၚပ်င္းၿခံထဲက ထြက္သြားေတာ့ အေဒၚႀကီးလဲ သူ႔ေျမးဖက္ၿပီး ငိုေတာ့တာပဲဗ်ာ၊ ၿပီးေတာ့ ခရမ္းခ်ဥ္သီးေတြကိုလည္း ေျခေထာက္နဲ႔ကန္ခ်လိုက္ေသးတယ္။
“ဒီစုန္းမေတာ့၊ ျမန္ျမန္ေသပါေစ၊ သမၼာေဒ၀ နတ္ေကာင္းနတ္ျမတ္မ်ား၊ ဒီစုန္းမကိုအရွင္မထားပါနဲ႔၊ ျမန္ျမန္သတ္ေပးၾကပါ”
ဒီအခါ ေဒၚပ်င္းႀကီးက ေနာက္ျပန္ႀကီးလမ္းေလွ်ာက္လာၿပီးေတာ့
“အမႀကီးဘာေျပာတာလည္း၊ ကြၽန္မအေၾကာင္းေျပာလိုက္တာမ်ားလား”
အေဒၚႀကီးက ေခါင္းခါၿပီးေတာ့ ဆက္ၿပီးငိုေနေတာ့တာပဲ၊ ေဒၚပ်င္းကေတာ့ ရပ္ၾကည့္ေနတဲ့ သာစံံကိုေငါက္ၿပီးေတာ့ ဆက္ေလွ်ာက္သြားတာပဲဗ်ာ၊ က်ဳပ္လည္းသိခ်င္တာနဲ႔ ဆက္လိုက္ခဲ့တယ္၊ ဒီလိုဆိုေတာ့လည္း ဖက္လိပ္႐ြာက ႐ြာႀကီးဗ်၊ တစ္ခ်ိဳ႕အိမ္ႀကီးေတြဆိုရင္ တိုင္လုံးႀကီးေတြနဲ႔ ေဆာက္ထားၾကတာ၊ ဒီလိုနဲ႔ ခပ္က်ယ္က်ယ္ၿခံႀကီးထဲကို ဝင္သြားတာပဲ။
“ဘြားတင္၊ အာလူးသီးေတြ အားေပးပါအုံးေတာ့”
အိမ္ကိုေခၚေပမယ့္ ဘယ္သူမွမထြက္လာဘူးဗ်၊ ေဒၚပ်င္းက ထရံံကိုတစ္ခ်က္စိုက္ၾကည့္လိုက္ေတာ့ ထရံခ်ပ္ႀကီးက အခ်ပ္လိုက္ႀကီး ဘုန္းခနဲကြာထြက္သြားတာဗ်ာ၊ ေျခတံရွည္အိမ္ႀကီးရဲ႕ အေရွ႕ဘက္က ထရံတစ္ျခမ္းလုံးကို ေဒၚပ်င္းက ပညာနဲ႔ျဖဳတ္လိုက္တာဗ်။ ထရံံျပဳတ္သြားေတာ့အိမ္ထဲပုန္းေနတဲ့လူေတြ ေပၚလာတာေပါ့ဗ်ာ။ ဒီအခ်ိန္မွာပဲ ဖ်ာလိပ္ႀကီးတစ္လိပ္က လဲက်သြားတယ္၊ အထဲက အဘြားႀကီးတစ္ေယာက္ထြက္လာတယ္ဗ်။
“ေဟာ၊ ဘြားတင္၊ မႀကီးမငယ္နဲ႔ ဘာလို႔ဘုတ္ဝွက္တမ္း(တူတူပုန္း) ေဆာ့ေနတာလည္း”
“မဟုတ္ပါဘူးဟာ၊ ငါၾကမ္းပိုးရွာတာပါဟ”
ဘြားတင္ဆိုတဲ့အဘြားႀကီးက တုန္တုန္ယင္ယင္နဲ႔ေလွကားေပၚက ဆင္းလာတယ္ဗ်၊ ထုံးစံအတိုင္း ေဒၚပ်င္းက ေဈးေရာင္းေတာ့တာေပါ့၊ ေဈးေရာင္းတယ္ဆိုေပမယ့္ သူက ဓါးျပတိုက္သလိုပဲဗ်။
“အာလူးေတြအကုန္ယူလိုက္ပါေတာ့၊ ျပားသုံးဆယ္ေလာက္ပဲေပး”
ဘြားတင္က သူဝတ္ထားတဲ သွ်င္မီးအက်ႌအိတ္ထဲက ေငြျပားေတြထုတ္ေပးတယ္ဗ်၊ ေဒၚပ်င္းက ေငြျပားေတြရတာနဲ႔ ေတာင္းၿပဲႀကီးကို ေျမေပၚကိုပစ္ခ်လိုက္တယ္ဗ်၊ ဒီအခ်ိန္မွာပဲ ေတာင္းၿပဲႀကိးက ထန္း႐ြက္စုတ္ႀကီးတစ္႐ြက္ျဖစ္သြားၿပီးေတာ့ အာလူးေတြကလည္း အကုန္လုံးေက်ာက္ခဲေတြျဖစ္ကုန္တာေပါ့၊ ေဒၚပ်င္းက ရယ္က်ဲက်ဲနဲ႔
“အဝသာစားေတာ့ ဘြားတင္ေရ၊ စားမကုန္ရင္ အိမ္နီးနားခ်င္းေတြကိုလည္း ခြဲေကြၽးလိုက္ပါအံုံး”
အဲဒီလိုေျပာၿပီးေတာ့ ထြက္သြားေတာ့တာဗ်ာ၊ သူလည္းထြက္သြားေရာ ဘြားတင္ဆိုတဲ့အဘြားႀကီးက ေခြလဲက်သြားလို႔ အိမ္ေပၚကလူေတြဆင္းလာၿပီးေတာ့ ဝိုင္းေပြ႕ထားၾကတယ္။ ဘြားတင္ကေတာ့
“အဲဒါေျပာတာေပါ့၊ ဒုကၡက အိမ္ေပါက္ဝအထိေရာက္လာတယ္ဆိုတာ၊ ငါတို႔အိမ္ေတာ့ ဒီေန႔ ၿဂိဳလ္ဆိုးဝင္တာပဲေဟ့”
ေဒၚပ်င္းသားအမိေနာက္ကို က်ဳပ္လည္းေျပးလိုက္ခဲ့တာေပါ့၊ ႐ြာလယ္နားေရာက္ခါနီးေတာ့ ေခြးတစ္ေကာင္ကထြက္လာၿပီးေတာ့ ေဒၚပ်င္းႀကီးကိုၾကည့္ရင္း ထိုးေဟာင္တာပဲဗ်ာ၊ ေဒၚပ်င္းက အဲဒီေခြးကိုခါးေထာက္ၾကည့္ရင္း
“ေအာင္မာ၊ ေခြးက ေခြးပါးဝလို႔၊ ငါ့မ်ားလာေဟာင္ေနရေသးတယ္”
ေဒၚပ်င္းမ်က္ေစာင္းထိုးလိုက္တာနဲ႔ အဲဒီေခြးႀကီးက ပါးစပ္ကေနအျမႇဳပ္ေတြစီးက်လာၿပီးေတာ့ ေခြေခြေလးလဲက်ၿပီး ဆန႔္ငင္ဆန႔္ငင္နဲ႔ ေသသြားေတာ့တာပါပဲဗ်ာ၊ က်ဳပ္ျဖင့္ ေဒၚပ်င္းႀကီးလုပ္ရပ္ေတြကိုၾကည့္ၿပီးေတာ့ ေတာ္ေတာ္ကိုေၾကာက္ေနမိတာ၊ ေနာက္ဆုံးေတာ့ ေဒၚပ်င္းက သာစံကိုၾကည့္လိုက္တယ္။
“ကဲ သား၊ ဘႀကီးစံံတင္တို႔အိမ္ကိုဝင္ၿပီးေတာ့ ဆန္တစ္စိတ္ေလာက္ ေတာင္းခဲ့စမ္းပါ၊ စပါးမလိုခ်င္ဘူးေနာ္၊ စပါးဆိုရင္ ဖြပ္ရဘာရနဲ႔ရႈပ္တယ္၊ ဆန္ပဲလိုခ်င္တယ္”
သာစံက ေခါင္းညိတ္ၿပီးေတာ့ ထြက္သြားတယ္ဗ်၊ ခပ္လွမ္းလွမ္းက အိမ္တစ္အိမ္ေရွ႕ေရာက္ေတာ့ ေတာင္းေလးပိုက္ၿပီးေတာ့
“ဘႀကီးစံတင္၊ ဘႀကီးစံတင္၊ အေမက ဆန္တစ္စိတ္ေတာင္းခိုင္းလိုက္လို႔”
အဲဒီအခါ အဘႀကီးတစ္ေယာက္က ျပာျပာသလဲနဲ႔ေျပးလာတယ္။
“ေၾသာ္၊ သာစံံပါလား၊ ေအးေအး၊ ေပးမယ္ကြ၊ ဒီမွာေစာင့္ေနေနာ္၊ ၿခံံထဲမဝင္ပါနဲ႔ကြာ”
“အေမက မွာလိုက္ေသးတယ္၊ စပါးမလိုခ်င္ဘူး၊ ဆန္ပဲလိုခ်င္တယ္တဲ့”
အဘႀကီးမ်က္ႏွာကေတာ့ ေတာ္ေတာ္ပ်က္သြားတယ္ဗ်၊၊ ဒါေပမယ့္လည္း ေတာင္းယူၿပီးေတာ့ ဆန္ေတြထည့္ေပးလိုက္တာေပါ့ဗ်ာ၊ သာစံကိုၾကည့္ရင္း
“မင္း အေမကိုေျပာလိုက္ေနာ္၊ ဘႀကီးတို႔ ဘာမွမမွားမလုပ္ပါဘူး၊ ဘႀကီးတို႔ကို ခ်မ္းသာေပးပါလို႔”
သာစံလည္း ေတာင္းထမ္းၿပီးျပန္သြားေတာ့တာပဲ၊ ေနာက္ေတာ့ သားအမိႏွစ္ေယာက္ ေနပူႀကီးထဲျပန္လာခဲ့ၾကတာေပါ့၊ ေရတြင္းနားေရာက္ေတာ့
“အေမရာ၊ သားကေတာ့ အေမ့ကိုဒီလိုမ်ိဳးေတြ ဆက္မလုပ္ေစခ်င္ေတာ့ဘူး”
အေရွ႕က သြားေနတဲ့ ေဒၚပ်င္းက ရပ္သြားတယ္ဗ်။ ေနာက္ေတာ့ သာစံံကိုလွည့္ၾကည့္ၿပီး
“ဟဲ့၊ ငါက ဘာေတြလုပ္ေနလို႔လဲ”
“အေမက ေက်ာက္တးေတြကို အာလူးဆိုၿပီးေရာင္းတယ္မဟုတ္လား၊ တကယ္ဆိုရင္ သားတို႔ကေရာ သူမ်ားေတြလို ေျမလြတ္မွာ သီးႏွံေတြစိုက္ပ်ိဳးၿပီးေတာ့ ခူးဆြတ္ေရာင္းလို႔ရတယ္မဟုတ္လား”
“ေအာင္မာ၊ ဒီေကာင္ေလးေတာ့ ငါေကြၽးတဲ့ထမင္းစားၿပီး ငါ့ကိုလာဆရာလုပ္ေနေသးတယ္၊ ငါတို႔က ပညာသည္ဟဲ့၊ ငါတို႔က သူမ်ားေတြလို ပင္ပင္ပန္းပန္းလုပ္စားစရာအေၾကာင္း မရွိဘူး၊ လုပ္စားစရာလည္းမလိုဘူး၊ ပညာရွိတဲ့လူက ပညာနဲ႔ပဲ အသက္ေမြးရသတဲ့”
“ဒါဆိုလည္းအေမရာ၊ ထမင္းခ်က္ ဟင္းခ်က္တဲ့အခါ အဲဒီေက်ာက္တုံးေတြကို အာလူးအျဖစ္ေျပာင္းၿပီးေတာ့ စားလိုက္လို႔မရဘူးလား”
ေဒၚပ်င္းက သာစံအနားကိုလာရင္း
“နင္ဟာေလ၊ ေတာ္ေတာ္အေမးအျမန္းထူၿပီး ဘုဂလန႔္တိုက္တဲ့ေကာင္ေလးပဲ၊ လာခဲ့၊ နင္နဲ႔ငါနဲ႔အိမ္ေရာက္မွေတြ႕မယ္”
ေဒၚပ်င္းက ေဘာက္ဆတ္၊ ေဘာက္ဆတ္နဲ႔ လမ္းေလွ်ာက္သြားပါေရာဗ်ာ၊ အိမ္ျပန္ေရာက္ေတာ့ သူ႔အဘြားမမယ္ျဖဴႀကိးနဲ႔ေတြ႕တယ္၊ သူတို႔အိမ္က ႐ြာျပင္မွာဗ်၊ အရင္တစ္ခါေတာ့ အိမ္က ႐ြာထဲမွာ၊ အခုဘာလို႔႐ြာျပင္ေရာက္ေနသလဲဆိုတာေတာ့မသိပါဘူးဗ်ာ၊ ေမာေမာပန္းပန္းနဲ႔ျပန္လာတဲ့ သာစံကို အဘြားႀကီးျဖစ္ေနတဲ့ ဘြားမယ္ျဖဴက ေရတစ္ခြက္ခပ္တိုက္တယ္။
“ေနပူလိုက္တာအဘြားရာ၊ ဒီကေန႐ြာကို အရိပ္ထဲကေနသြားရရင္ သိပ္ေကာင္းမွာ”
ဒီေတာ့ ဘြားမယ္ျဖဴႀကီးကၾကည့္ရင္း
“အရိပ္လိုခ်င္ သစ္ပင္စိုက္ေပါ့ငါ့ေျမးရဲ႕”
“ဘာသစ္ပင္စိုက္ရမလဲ”
ဘြားမယ္ျဖဴက တစ္ေနရာထသြားၿပီးေတာ တမာေစ့ေတြ ယူလာတယ္။
“ေရာ့၊ အဲဒီမွာ တမာေစ့ေတြ၊ ေန႔ခ်င္းညခ်င္းႀကီးေအာင္လို႔ အဘြားလုပ္ေပးမယ္”
သာစံက တားၿပီးေတာ့ ဘြားမယ္ျဖဴလက္ထဲက တမာေစ့ေတြကို လွမ္းယူတယ္ဗ်။
“မလုပ္ပါနဲ႔ဘြားဘြားႀကီးရာ၊ ေပးပါ၊ သားဖာသာ ပ်ိဳးၿပီးစိုက္ပါ့မယ္၊ အေမနဲ႔ဘြားဘြားႀကီးနဲ႔က အားအားရွိ ပညာ၊ ပညာနဲ႔ပဲ ေျပာေနေတာ့တာ၊ သားကေတာ့ အဲဒီလိုမလုပ္ခ်င္ဘူး”
“ေအာင္မယ္၊ ငါ့ေျမးက ပညာမတတ္ေသးလို႔ပါ၊ ပညာတတ္သြားရင္ ဒီလိုေတာင္ေနမွာမဟုတ္ဘူး”
သာစံကေျပးထြက္သြားၿပီးေတာ့ ေသာက္ေရအိုးစင္ေအာက္နားက အိုးျခမ္းပဲ့ထဲကို တမာေစ့ေလးေတြထည့္ေနတယ္ဗ်၊ ေနာက္ေတာ့ တမာပင္ေလးေတြက တစ္ေတာင္ေလာက္ တစ္မိုက္ေလာက္ျဖစ္သြားေတာ့ သာစံက တူ႐ြင္းေလးယူၿပီးေတာ့ ထြက္လာတယ္၊ အခုျမင္ေနရတဲ့ေနရာမွာ တမာပင္ေလးေတြကို တန္းစီၿပီးစိုက္ေနတာေပါ့ဗ်ာ။
“ကဲ တမာပင္ေလးေတြေရ၊ ျမန္ျမန္ႀကီးၿပီးေတာ့ ျမန္ျမန္အရိပ္ျဖစ္စမ္းပါ”
လို႔လည္းေျပာေနေသးတာ၊ က်ဳပ္လည္း သာစံအပင္စိုက္တာကို ၿပဳံးၿပီးၾကည့္ေနရင္း ျဗဳန္းဆို သာစံေပ်ာက္သြားၿပီးေတာ က်ဳပ္အေရွ႕မွာ ႏြားႀကီးေပၚလာတာပဲဗ်ာ၊ က်ဳပ္သတိရလို႔ ေဘးဘီကိုၾကည့္လိုက္ေတာ့ တမာပင္တန္းေအာက္မွာျဖစ္ေနတဲ့၊ ဦးဘသာက ခပ္လွမ္းလွမ္းမွာ ငူငူႀကီးထိုင္ေနေလရဲ႕ဗ်ာ။ က်ဳပ္လည္း တမာပင္ေတြကိုေမာ့ၾကည့္လိုက္တယ္။ သာစံံံံစိုက္စ တုန္းကေလာက္ေတာ့ အပင္မက်န္ေပမယ့္ တမာပင္ေတြက အတန္းကေလးျဖစ္ၿပီးေတာ့ ေအးျမေနတာပါပဲဗ်ာ။
က်ဳပ္တို႔ႏြားေတြသိမ္းၿပီး အိမ္ျပန္လာေတာ့ ႐ြာထဲမွာ လူေတြဆူေနျပန္ေရာဗ်၊ ဘာျဖစ္တာလဲလို႔ ေမးၾကည့္ေတာ့ ဘႀကီးစိန္ရင္ ပြဲၾကမ္းေနသတဲ့၊ က်ဳပ္ကေတာ့ ထံံုံးစံံံံအတိုင္း ပါးစပ္ေသနတ္ပစ္တယ္ထင္ေနတာေပါ့ဗ်ာ၊ ဘႀကီးစိန္ရင္အိမ္ေရွ႕ေရာက္ေတာ့မွ လူေတြကိုအံုံခဲေနပါေရာ။
“ေအာင္မယ္ေလးဗ်”
အကိုႀကီးက အိမ္ထဲကေနလိမ့္က်ၿပီး အိမ္ေရွ႕ကိုဒလိမ့္ေခါက္ေကြးက်လာတာပဲဗ်ာ၊ က်ဳပ္လည္း အကိုႀကီးကိုေျပးထူလိုက္တာေပါ့။
“အကိုႀကီးဘာျဖစ္တာလဲ”
“ဘႀကီးစိန္ရင္က တစ္ခုခုေတာ့ တစ္ခုခုပဲကြ၊ အခုပဲ ငါ့ကိုတြန္းထုတ္လိုက္တာနဲ႔ ငါအိမ္ေအာက္ကိုက်တာပဲ”
က်ဳပ္လည္း မနက္က အေကာင္းႀကီးစကားေျပာခဲ့တာဆိုေတာ့ ထူးဆန္းေနတာေပါ့ဗ်ာ၊ ဒါနဲ႔ အိမ္ေပၚကိုေျပးတက္လိုက္ေတာ့ ဘႀကီးစိန္ရင္က အိမ္ေပါက္ဝကို ေက်ာေပးၿပီးေတာ့ ထိုင္ေနတယ္ဗ်။ က်ဳပ္လည္း သူ႔အနားကိုသြားၿပီး
“ဘႀကီးစိန္ရင္ ဘာျဖစ္တာလဲ”
ဘႀကီးစိန္ရင္က နီရဲေနတဲ့မ်က္လုံးေတြနဲ႔က်ဳပ္ကိုလွည့္ၾကည့္တယ္ဗ်၊ သူ႔အေရွ႕မွာေတာ့ ထန္းရည္ျမဴအိုးသုံးလုံးခ်ထားတယ္။ ေနာက္ေတာ့ က်ဳပ္ကိုလက္ျပန္နဲ႔႐ိုက္ထည့္လိုက္တာ က်ဳပ္ျဖင့္ ႏြားေဝွ႔ခံံရသလို ခံလိုက္ရၿပီးေတာ့ အိမ္ေထာင့္ကိုလြင့္သြားတာပဲဗ်ာ၊ ဘႀကီးစိန္ရင္က ထန္းရည္အိုးကိုေျမႇာက္ကိုင္ၿပီးေတာ့ ပါးစပ္ထဲကိုေလာင္းထည့္တယ္ဗ်၊ ဒီအခ်ိန္မွာပဲ ဦးဘသာက အိမ္ေပၚတက္လာတယ္။
“ဦးဘသာ တစ္ခုခုလုပ္ပါအုံးဗ်ာ”
ဦးဘသာက ဘႀကီးစိန္ရင္ကို ေသေသခ်ာခ်ာၾကည့္ၿပီး
“အဘိုး၊ ေတာ္ပါေတာ့”
က်ဳပ္ေတာင္အံ့ၾသသြားတာဗ်၊ ဘႀကီးစိန္ရင္နဲ႔ ဦးဘသာက အသက္သိပ္ကြာတာမဟုတ္ဘူးမလား”
“အဘိုး၊ ေတာ္လိုက္ပါေတာ့၊ သူလည္းအသက္ႀကီးေနၿပီ၊ အဘိုးထန္းရည္ဒီေလာက္ေသာက္ခ်င္ရင္ က်ဳပ္လာတိုက္ပါ့မယ္၊ သူ႔ကိုဆက္ၿပီး မေႏွာင့္ယွက္ပါနဲ႔ေတာ့”
ဘႀကီးစိန္ရင္က မ်က္လုံး႐ြဲႀကီးေတြနဲ႔ ဦးဘသာကိုလွည့္ၾကည့္တယ္ဗ်၊ ေနာက္ေတာ့ မတ္တပ္ရပ္ထၿပီးေတာ့ ဦးဘသာႀကီးဆီကိုတစ္လွမ္းခ်င္းေလွ်ာက္သြားတယ္၊ က်ဳပ္လည္း ေၾကာင္ၿပီးၾကည့္ေနမိတာေပါ့ဗ်ာ၊ ဘႀကီးစိန္ရင္က ဦးဘသာကို တစ္ခုခုမ်ားလုပ္ေလမလားဆိုၿပီးေတာ့ေပါ့၊ ဒါေပမယ့္ ဘာမွမလုပ္ဘူးဗ်၊ ဦးဘသာမ်က္ႏွာကိုေသခ်ာပြတ္သပ္ၾကည့္ရင္း
“ငါ့ေျမးေတာင္ ေတာ္ေတာ္အ႐ြယ္ေရာက္ေနၿပီေပါ့၊ ထန္းသံုံးျမဴနဲ႔ ပဲေလွာ္ယူၿပီးေတာ့ အဘိုးတို႔ဆီကိုလာခဲ့ပါငါ့ေျမး”
အဲဒီလိုေျပာၿပီးတာနဲ႔ ဘႀကီးစိန္ရင္တစ္ေယာက္ ဇက္က်ိဳးၿပီးေခြက်သြားတာပဲဗ်ာ၊ က်ဳပ္လည္း ဘႀကီးစိန္ရင္ကိုေျပးေပြ႕ေပးထားရတာဗ်၊ ဦးဘသာကေတာ့ အိမ္ေပၚကေနတစ္လွမ္းခ်င္းဆင္းသြားတယ္၊ အကိုႀကီးတို႔တက္လာၿပီးေတာ့ ဘႀကီးစိန္ရင္ကို ေသခ်ာလွဲသိပ္ေပးထားခဲ့ရတာေပါ့ဗ်ာ။ က်ဳပ္ထင္တာကေတာ့ ဘႀကီးစိန္ရင္က ထန္းရည္ေသာက္တယ္ဆိုေတာ့ ထန္းရည္ႀကိဳက္တဲ့သရဲတစ္ေကာင္က သူ႔ကိုဝင္ပူးၿပီးေတာ့ ေသာက္တယ္လို႔ထင္တာပဲဗ်၊ ညေနကပဲ ဘႀကီးစိန္ရင္က ကိုႂကြက္နီအိမ္ကိုသြားၿပီး ထန္းရည္တစ္ျမ်ဴေသာက္ခဲ့ေသးတယ္တဲ့၊ ေနာက္ေတာ့ အိမ္မွေသာက္မယ္ဆိုၿပီး ႏွစ္ျမဴထပ္ယူသြားတာတဲ့ဗ်ာ။
က်ဳပ္ကေတာ့ အိမ္ေပၚကဆင္းလာရင္း ေတြေတြႀကီးလမ္းေလွ်ာက္သြားေနတဲ့ ဦးဘသာရဲ႕ေနာက္ေက်ာကို ေငးၾကည့္ေနမိတယ္၊ အဘိုးဆိုတာ ဘယ္သူလဲ၊ သူနဲ႔မ်ား ဘာဆိုင္ေနတာလဲဆိုတာကို စဥ္းစားေနမိတယ္၊ ဒီအခ်က္ကေတာ့ က်ဳပ္ေနာက္ထပ္ေဖာ္ရမယ့္ ပေဟဠိတစ္ခုေပါ့ဗ်ာ။
ၿပီးပါၿပီ။
စာေရးဆရာ မ်ိဳးခန႔္(စကားဝါေျမ)၏ ေဆာင္းပါးတစ္ပုဒ္အား မွီျငမ္းေရးသားထားပါသည္။ စာေရးဆရာအားလည္း အထူးေလးစားလွ်က္
#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ