” စုန်းထီးကြီး ဦးဘသာနှင့် ဒုံရင်းဆိုက်တဲ့ကိန်း “(စ/ဆုံး)

Unicode Version

” စုန်းထီးကြီး ဦးဘသာနှင့် ဒုံရင်းဆိုက်တဲ့ကိန်း “(စ/ဆုံး)
———————————————————————–
အတွဲ(၄) စာစဉ်(၅)

(၁)

“ဟိတ်ကောင်လေး”

ကျုပ်နားထဲ အသံကွဲကြီးကို ကြားလိုက်ရပြန်ရောဗျို့၊ ဒီတစ်ခါတော့ ကျုပ်မထလို့မရတော့ဘူး၊ မထရင်ဟိုနေ့ကလို ဖျာကြီးနဲ့ကပ်ပြီး ပျံနေမှာစိုးလို့ ငေါက်ခနဲကောက်ထလိုက်တယ်ဗျ။ ကျုပ်ထလိုက်တဲ့နေရာကတော့ အိမ်ကလေးတစ်လုံးဗျ၊ အဲဒီအိမ်ကိုကျုပ်တစ်ခါမှလည်းမရောက်ဖူးဘူး၊ ကျုပ်လှည့်ပတ်ကြည့်နေတုန်း အိမ်ရှေ့နားမှာ စကားပြောသံကြားတာနဲ့ အိမ်ပေါ်ကနေဆင်းလာခဲ့တယ်ဗျ၊ စကားပြောနေတာကတော့ ဒေါ်ပျင်းနဲ့ သူ့အမေ ဘွားမယ်ဖြူကြီးပေါ့ဗျာ။

“ဟဲ့ သမီး၊ ရွာထဲမယ် အထက်လမ်းဆရာတွေရောက်နေတယ်ဆိုပဲ”

“အဲဒီသေချင်းဆိုးတွေ ရောက်တာ ကျုပ်ကဘာလုပ်ရမှာလဲအမေရဲ့”

ဒေါ်ပျင်းက ပြောရင်းဆိုရင်း ပြောင်းဖူးဖက်ဆေးလိပ်ကြီးကိုကောက်ဖွာပြီးတော့ ပါးခွက်နေအောင်ကိုစုပ်လိုက်တယ်ဗျ၊ ဆေးလိပ်ကြီးက တစ်ချက်ရဲခနဲလင်းသွားပြီးတော့ မီးခိုးတွေဆိုတာလည်း ခေါင်းတိုင်ကြီးထွက်သလို တအူအူနဲ့ထွက်လာတော့တာပဲဗျာ။

“အဲဒီလူတွေကို သူကြီးကခေါ်ထားတာတဲ့၊ ဘာလို့ခေါ်ထားတာလဲဆိုတော့ နင့်ကိုဝိုင်းနှိမ်နင်းကြမလို့တဲ့”

ဘွားမယ်ဖြူစကားကြားတော့ ဒေါ်ပျင်းက ဟက်ခနဲရယ်တယ်ဗျ၊ သူ့ပါးစပ်ထဲကနေတောင်မှ မီးခိုးတွေအထွေးလိုက်ထွက်သွားသေးတယ်ဗျာ။ ဘွားမယ်ဖြူကတော့ သူပြောတာကိုစိတ်မဝင်စားရကောင်းလားဆိုပြီး ခါးထောက်တယ်ဗျ။

“ညည်းက ရယ်နေ၊ အထက်လမ်းဆရာတွေစုပြီး ညည်းကိုလုပ်တော့ ညည်းခံရမှာပေါ့”

“စိတ်ချပါအမေရယ်၊ သူတို့အထက်လမ်းတစ်ဂိုဏ်းလံုံးမကလို့ ဘုရားပါပင့်လာခဲ့ ကျုပ်ကတော့ ကြောက်ကိုမကြောက်ဘူး”

ဒေါ်ပျင်းက ဆေးလိပ်ကြီးဘေးချပြီးတော့ ထမီပြင်ဝတ်တယ်ဗျ၊ ဘွားမယ်ဖြူက တအံံ့တသြနဲ့ကြည့်ရင်း

“ဟဲ့ သမီး၊ ဒါကဘယ်ကိုသွားမလို့လဲ”

“ရွာကိုရောက်တဲ့ ဧည့်သည်တွေကို သွားကြည့်မလို့ပါအမေရဲ့၊ ဟင်း၊ ဟင်း”

ဒေါ်ပျင်းက တစ်ချက်ပြုံးပြီးတော့ ခြံတံခါးဆီလျှောက်သွားတယ်ဗျ၊ နောက်တော့ ကျုပ်ကိုလည်ပြန်လှည့်ကြည့်ပြီးတော့

“ဟိတ်ကောင်လေး၊ ငါနဲ့လိုက်မလာဘူးလား”

ကျုပ်လည်း အနောက်ကိုလှည့်ကြည့်လိုက်သေးတယ်၊ သူကြည့်တဲ့နေရာမှာ ကျုပ်ကလွဲလို့ ဘယ်သူမှမရှိတာနဲ့ ကျုပ်လည်း ကိုယ့်ကိုယ်ကိုယ်လက်ညှိုးထိုးလိုက်မိတာပေါ့ဗျာ။

“ဗျာ၊ ကျုပ် . . . ကျုပ်ကို ခင်ဗျားက မြင်ရတယ်လား”

ဒေါ်ပျင်းက ရုတ်ခြည်းဆိုသလို ကျုပ်အနားရောက်လာတယ်ဗျ။

“မြင်ရတာပေါ့ကောင်လေးရ၊ အခုဖြစ်နေတာတွေက နင့်ခေါင်းထဲမှာ ဖြစ်နေတာတွေပဲ၊ ကဲလာ ငါနဲ့လိုက်ခဲ့”

“ဟာဗျာ၊ မလိုက်ချင်ပါဘူး”

ဒေါ်ပျင်းက ကျုပ်ကိုတစ်ချက်ကြည့်လိုက်ပြီးတော့ ရယ်တယ်ဗျ၊ သူရယ်ပြီးတာနဲ့ အိမ်ခန်းထဲကနေ ခွေးနက်ကြီးတစ်ကောင် ထွက်လာတော့တာပဲဗျာ၊ ခွေးကြီးက အတော်ကိုကြီးတာဗျာ၊ တစ်ကိုယ်လံုံးမည်းနက်နေပေမယ့် အစွယ်ကြီးတွေကတော့ ဖြူဖွေးပြီးဝင်းလက်နေတယ်။ အစွယ်ကြီးတွေမှာလည်း သွားရည်တွေက စီးကျနေသေးတယ်ဗျ၊ ကျုပ်ကို ကိုယ်တော့မယ့်ပုံစံနဲ့ ပြေးလာတာမို့လို့ ကျုပ်လည်း ကြောက်ကြောက်နဲ့ အိမ်ပေါ်ကဆင်းပြေးရတာပါပဲဗျာ။ ခွေးကြီးကလည်း ကျုပ်နောက်ကနေ ပြေးလိုက်လို့ဗျ။

ကျုပ်လည်းပြေးရင်း ဖက်လိပ်ရွာထဲရောက်သွားတယ်ဗျ၊ ရွာလယ်က အိမ်ကြီးအိမ်ကောင်းကြီးတစ်ခုကတော ကျုပ်အဘိုးအိမ်ပေါ့ဗျာ၊ အဲဒီအိမ်ရှေ့ရောက်တော့ ကျုပ်လည်း ခလုပ်တိုက်ပြီးတော့ လဲကျသွားတယ်၊ အနောက်ကိုအမြန်လှည့်ကြည့်တော့ ခုနက တွေ့ခဲ့တဲ့ခွေးနက်ကြီးက ပျောက်ချင်းမလှကိုပျောက်သွားတာဗျ၊ ကျုပ်လည်း ဖုတ်ဖတ်ခါထပြီးတော့ လူတွေစည်ကားနေတဲ့ သူကြီးအိမ်ထဲကိုဝင်ကြည့်တာပေါ့ဗျာ။

သူကြီးအိမ်ကတော့ လူတွေစည်နေတာပြောမနေပါနဲ့ဗျာ၊ ခြေတံရှည်အိမ်ဆိုတော့ အိမ်အောက်ထပ်မှာတော့ ရွာသားတွေက ချက်ဖို့ပြုတ်ဖို့ပြင်ဆင်နေကြတယ်၊ အိမ်အပေါ်တက်တဲ့လှေကားမှာတော့ ဖိနပ်တွေချွတ်ထားတာ မနည်းပဲဗျ၊ ကျုပ်တက်သွားတော့ ကျုပ်ကိုဘယ်သူမှ မြင်ရတယ်မထင်ဘူး၊ သူ့ဖာသာသူ စကားပြောနေကြတာ။ ဘုရားခန်းအရှေ့နားမှာတော့ ကော်ဇောကြီးခင်းထားပြီးတော့ လူကြီးတွေထိုင်နေကြတယ်ဗျ။

“ကျုပ်၊ ကျုပ်အနူးအညွတ်တောင်းပန်ပါတယ်ဆရာကြီးတို့၊ ဒီစုန်းမက ကျုပ်တို့ရွာကို ဒုက္ခပေးပေါင်းများပြီ၊ ဆရာကြီးတို့ အဲဒီစုန်းမကို နည်းနည်းလောက်ထိန်းကျောင်းပေးစေလိုပါတယ်”

ကျုပ်အဘိုးသူကြီးက ကုန်းပြီးကန်တော့တာပဲဗျာ၊ ဒီတော့ ထိုင်နေတဲ့လူကြီးတွေထဲက မီးခိုးရောင်လိုလိုတိုက်ပဝတ်ထားတဲ့လူကြီးက

“ဘာမှမပူပါနဲ့သူကြီးရာ၊ မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိပါဘူး၊ ကျုပ်တို့နှိမ်နင်းပေးပါ့မယ်ဗျ၊ ကျုပ်တို့ မတစ်လုံးဂိုဏ်းဆိုတာက နယ်တကာလှည့်ပြီးတော့ အဲဒီလိုစုန်းတွေကဝေတွေကို လိုက်လံနှိမ်နင်းပြီး ပညာတွေအလှူခံခဲ့တာ များပြီဗျ”

“ကောင်းပါပြီဆရာကြီးတို့ရာ၊ ဆရာကြီးတို့ ကောင်းသလိုသာစီစဉ်ပါ၊ လိုအပ်တာကိုသာ ကျုပ်ကိုပြောပါ”

“ဒါနဲ့ စုန်းက ဘယ်နှစ်ယောက်မို့လို့လဲဗျ”

“နှစ်ယောက်ပါ၊ အမေကတော့ သိပ်မစွမ်းဘူး၊ သမီးကတော့ တော်တော်စွမ်းတယ်ဆရာကြီးတို့”

“ဟား၊ ဟား စုန်းနှစ်ယောက်လောက်များကတော့ ကျုပ်တို့တစ်ဂိုဏ်းလုံး ပင့်စရာမလိုပါဘူးဗျာ၊ ကျုပ်တို့က စုန်းသိုက်မှတ်လို့ လိုက်လာကြတာကိုး”

“စုန်းသိုက်ဆိုတာက ဘာလဲဆရာကြီးတို့”

“လွန်ခဲ့တဲ့ခြောက်လလောက်က ရှမ်းပြည်နယ်ဘက်က ကျေးရွာတစ်ရွာမှာ စုန်းတွေသောင်းကျန်းလို့ဆိုပြီး သွားနှိမ်နင်းပေးရဖူးတယ်၊ အဲဒီရွာမှာ စုန်းချည်း သုံးဆယ်လောက်ရှိတာ၊ အဲဒီသုံးဆယ်ကိုတောင် ကျုပ်တို့ဂိုဏ်းတည်ထောင်သူ ဟောဒီဘက်က ဆရာကြီးဇေယျက တစ်ယောက်တည်း အပြိုင်တိုက်ခိုက်ခဲ့တာပေါ”

ဇေယျလို့ခေါ်တဲ့ဆရာကြီးကတော့ ခပ်အေးအေးပဲထိုင်နေတာဗျ၊ ပင်နီတိုက်ပုံဝတ်ထားပြီးတော့ သျှောင်ထုံးကြီးကလည်း အကြီးကြီးဗျို့၊ ပိုထူးခြားတာကတော့ မျက်ခုံးမွှေးတွေက သူများတွေလိုမဟုတ်ဘဲ အရှည်ကြီးတွေနဲ့ ကော့ပျံံံလန်တက်နေတာပဲဗျာ၊ ကွမ်းကလည်း မြနေသေးရဲ့။ ဒီအချိန်မှာပဲ အိမ်အောက်ဘက်မှာ လူတွေဆူညံဆူညံံနဲ့အသံကြားရတယ်၊ နောက်တော့ အိမ်လှေကားပေါ်ကိုတက်လာတဲ့သူက ဒေါ်ပျင်းကြီးဗျ။ အိမ်ပေါ်မှာရှိတဲ့ရွာသားတွေအကုန်လုံးက ဒေါ်ပျင်းကိုတွေ့တော့ လန့်သွားကြတာပေါ့၊ ဒေါ်ပျင်းက ဧည့်သည်တွေဘက်ကိုကြည့်ပြီး

“သြော်၊ ဧည့်သည်တွေ ရောက်နေတဲ့ပံုံပဲ၊ ဟင်း၊ ဟင်း”

သူကြီးက လှည့်ကြည့်ပြီးတော့

“ဟဲ့စုန်းမ၊ နင်ငါ့အိမ်ကို ဘာလာလုပ်တာလဲ”

“ဘာမှမဟုတ်ပါဘူး၊ ကျုပ်တို့ရွာကို ဧည့်သည်တွေရောက်နေတယ်ဆိုလို့ မမြင်ဖူးလို့လာကြည့်တာ”

မတစ်လး ဂိုဏ်းဆရာတစ်ယောက်က ဒေါ်ပျင်းကိုလက်ညှိုးထိုးပြီး

“အောင်မယ်၊ စုန်းမ၊ နင်က ငါတို့ကိုမခန့်လေးစားနဲ့ ဒီကိုဘာလာလုပ်တာလဲ၊ ငါနင့်ကိုကြိုပြောလိုက်မယ်၊ နင်ရွာကို ဒုက္ခပေးနေတာတွေကို အခုချက်ချင်းရပ်”

ဒေါ်ပျင်းကတော့ ခပ်ပြုံးပြုံးပဲဗျ။

“ဘယ်သူ့ကိုလက်ညှိုးလာထိုးနေတာလဲရှင်၊ ယောက်ျားကြီးတန်မဲ့နဲ့ စကားပြောတာ လက်ညှိုးတထိုးထိုးနဲ့ မိန်းမကြီးကျနေတာပဲ”

ဒေါ်ပျင်းလည်းပြောလိုက်ရော အဲဒီဂိုဏ်းဆရာကြီးရဲ့ လက်ညှိုးက ခေါက်ခနဲလှန်ပြီးကျိုးသွားတာဗျာ၊ လက်ညှိုးထိပ်က လက်သည်းဆိုရင် လက်ဖမိုးသားနဲ့ထိအောင်လို့ကို ကွေးကျသွားတာ၊ အထက်လမ်းဆရာကြီးက နာပုံရပေမယ့် အံံံကြိတ်ပြီးခံတယ်ဗျ။ ဒီအချိန်မှာပဲ ဘေးနားက ထိုင်နေတဲ့ဆရာတစ်ယောက်က သူ့လည်ပင်းမှာဆွဲထားတဲ့ ပုတီးကိုဖြုတ်ပြီးတော့ ဒေါ်ပျင်းဆီကို အခွေလိုက်လှမ်းပစ်တယ်ဗျ၊ ဒေါ်ပျင်းက အဲဒီပုတီးကုံးကို ကြည့်လိုက်တာနဲ့ ပုတီးကုံးက လေပေါ်မှာတင်ပဲ ဖြန်းခနဲပြတ်ထွက်သွားပြီးတော့ ပုတီးစေ့တွေက တစ်အိမ်လုံးအနှံ့ပြန့်ကျဲသွားတာပဲဗျာ။ နောက်တော့ အဲဒီပုတီးနဲ့ပစ်တဲ့ဆရာလည်း တစ်ခါတည်းခွေကျသွားပြီးတော့ ဗိုက်ကိုလက်နဲ့ဖိပြီး အော်နေတော့တာပဲ၊ ဒီတော့မှ ဆရာကြီးဇေယျက ထလာတယ်ဗျ၊ ပုတီးနဲ့ပစ်တဲ့ တပည့်ရဲ့ ဗိုက်ကိုလက်နဲ့သပ်လိုက်တာနဲ့ အဲဒီလူက အကောင်းအတိုင်းပြန်ဖြစ်သွားရောဗျာ၊ နောက်တစ်ခါ လက်ညှိုးကျိုးသွားတဲ့တပည့်ရဲ့ လက်ဖဝါးကိုပွတ်သပ်လိုက်တော့ လက်ညှိုးက အကောင်းပကတိအတိုင်း ပြန်ဖြစ်သွားပြန်ရောဗျို့။

နောက်တော့ ဆရာကြီးဇေယျက ဒေါ်ပျင်းဘက်ကိုကြည့်တယ်ဗျ။

“ဟဲ့စုန်းမ၊ နင်က အလာသားပါလား၊ ကဲ ဒီနေ့တော့ ခရီးရောက်မဆိုက်မို့ နင်နဲ့ငါနဲ့မတွေ့ချင်သေးဘူး၊ နောက်ရက်ကျတော့ ငါ့အကြောင်းနင်သိမယ်”

“အင်းပါ၊ ဆရာကြီးတို့ နားကြအုံးပေါ့၊ ကျုပ်ပညာသိချင်ရင်တော့ ကျုပ်ဆီကိုလာခဲ့ပါ၊ ကျုပ်က အချိန်မရွေး၊ နေရာမရွေးဘူး”

ဒေါ်ပျင်းက ပြောဆိုပြီးတော့ ချာခနဲလှည့်ထွက်သွားပါပဲဗျာ၊ အဲဒီအချိန်မှာ ကျုပ်ဇက်ပိုးတွေလေးလံလာတယ်၊ နောက်ပြီးတော့ လူကလည်းနေရတာတစ်မျိုးပဲဗျ၊ ကျုပ်မျက်နှာပေါ်ကိုလည်း ရေစက်လေးတွေလာစင်တယ်၊ ကျုပ်လည်း အိမ်ထဲမှာထိုင်နေရင်း ဘယ်ကရေစက်တွေ ကျလာသလဲဆိုပြီးမော့ကြည့်လိုက်တော့ ရေတွေအများကြီးပဲ ကျုပ်မျက်နှာပေါ်ကို ကျလာတော့တာပဲဗျာ။

“ဖွီး . . . ဖွီး”

ကျုပ်လည်း ပါးစပ်ထဲဝင်လာတဲ့ ရေတွေကို မှုတ်ထုတ်လိုက်ပြီးတော့ ငုတ်တုတ်ကောက်ထိုင်လိုက်တာပေါ့ဗျာ၊ အကိုကြီးနဲ့ အငယ်ကောင်က ကျုပ်ကိုကြည့်ပြီး တဟားဟားနဲ့ ရယ်မောနေကြတယ်။

“အလတ်ကောင်ရာ မင်းတော်တော်အိပ်ပုတ်ကြီးတဲ့ကောင်ပဲကွ၊ အိပ်စရာနေရာရှားလို့ သချိုင်းကုန်းထဲလာအိပ်နေရသလား”

အချိန်က ညနေစောင်းကလေးဗျ၊ ကျုပ်မှတ်မိသလောက်ပြန်စဉ်းစားတော့ ဒီနေရာမှာ ဦးဘသာနဲ့ကျုပ်နဲ့ထိုင်နေကြတယ်မဟုတ်လားး၊ နောက်တော့ ဦးဘသာထွက်သွားပြီးတော့ ဒေါ်ပျင်းကြီးပေါ်လာပြီး ကျုပ်ပါးစပ်ထဲကိုဝင်သွားတာပဲလေ၊ ကျုပ်မှတ်မိသလောက်ကတော့ ဒီလောက်ပဲ၊ ဒါနဲ့ အကိုကြီးနဲ့ အငယ်ကောင်တို့အနောက်ကို လိုက်ခဲ့ရတာပေါ့ဗျာ။

(၂)

နောက်နေ့မနက်ကျုပ်တို့ထမင်းစားပြီးတော့ အကိုကြီးက နွားတွေသွားဆွဲလာတယ်ဗျ၊ ကျုပ်တို့လယ်တွေမှာ မျိုးတွေကြဲဖို့အချိန်ရောက်ပြီပေါ့ဗျာ၊ ဒီအချိန်မှာပဲ အိမ်က နွားပြာကြီးက ပေကပ်ကပ်လုပ်နေတယ်ဗျ၊ အကိုကြီးဆွဲတာတောင်မှ တင်းကုပ်ထဲကနေ မလိုက်ချင်လိုက်ချင်နဲ့ထွက်လာတယ်၊ ဆွဲလာရင်းမကြာသေးဘူး အိမ်ရှေ့နားရောက်တာနဲ့ ခွေပြီးလှဲချလိုက်တယ်ဗျ၊ အကိုကြီးက နွားပြာကြီးကို ကြိမ်းမောင်းပေမဲ့ မထတော့ဘဲ မှိန်းနေတယ်။ အဖေက အကိုကြီးကိုကြည့်ရင်း

“အကြီးကောင်၊ သိပ်ရိုက်ပုတ်မနေနဲ့ကွ၊ ဒီကောင်ကြီးကြည့်ရတာ အခြေအနေသိပ်မဟန်ဘူးကွ၊ တန်တော့ နေမကောင်းဘူးထင်တယ်”

အဖေက ထလာပြီးကြည့်တယ်ဗျ၊ ကျုပ်တို့တောမှာတော့ နွားမွေးတဲ့အိမ်တိုင်းက နွားအကြောင်းတော့ အနည်းအကျဉ်းသိကြတာချည်းပဲဗျ၊ ဒီတော့ နွားပြာကြီးကိုအကဲခတ်ကြည့်နေရင်း အဖေက ခေါင်းခါတယ်။

“သာမန်ရောဂါမဟုတ်ဘူးထင်တယ်ကွ၊ ကိုယ်သားကိုယ်ရေတွေကလည်း ပူနေတာပဲ၊ အလတ်ကောင် ဦးဘသာ သွားခေါ်ခဲ့ကွာ”

ကျုပ်တို့ရွာမှာ နွားစပါယ်ရှယ်လစ်က ဦးဘသာဆိုတော့ ဦးသာပဲပြေးခေါ်ရတာပေါ့ဗျာ၊ သူက နွားဆရာဝန်ဆိုလည်းဟုတ်တယ်၊ ကျုပ်တို့ဘက်တော့ နွားဆရာလို့ခေါ်ကြတယ်၊ ဒါပေမယ့် ဦးဘသာကတော့ သူ့ကိုယ်သူအဲဒီဂုဏ်ပုဒ်မတပ်ပါဘူးဗျာ၊ အခြားရွာတွေဆိုရင်တော့ နွားဆရာဆိုပြီးတော့ ပိုက်ဆံယူပြီးကုစားတဲ့သူရှိပေမယ့် ကျုပ်တို့ရွာကတော့ ဦးဘသာပဲ အားကိုးရတာဗျ။

ဦးဘသာကို စုန်းဆိုပြီး ကြောက်လို့ မခေါ်မပြောရင်တောင်မှ ကိုယ့်ခိုင်းနွားတွေတစ်ခုခုဖြစ်လာပြီဆိုရင် ဦးဘသာဆီပြေးပြီ၊ ဘယ်လိုဘယ်အကြောင်းလို့ပြောလိုက်တာနဲ့ ဦးဘသာက ဘယ်သစ်ရွက်၊ ဘယ်ဆေးကို ဘယ်လိုခတ်တိုက်လိုက်လို့တော့ ပြောလိုက်တာပဲဗျ၊ သူပြောတဲ့အတိုင်းတိုက်ရင် တကယ်ယူပစ်သလိုပျောက်တာဆိုတော့ တစ်ရွာလုံးက အားကိုးရတာပေါ့ဗျာ၊ အခုလည်း အိမ်ကနွားပြာကြီးဘာဖြစ်မှန်းမသိဘူးဗျ၊ ကျုပ်ကတော့ ရိုးမှ ရိုးပါ့မလားလို့တွေးနေမိတယ်။

“ဦးဘသာ . . . ဗျို့ ဦးဘသာ”

“ဟေ၊ ဘာတုန်းဟ”

“အိမ်က နွားပြာကြီး ဘာဖြစ်မှန်းမသိလို့ အဖေကလာခဲ့ပါအုံးတဲ့ဗျာ”

“အေးအေး၊ ငါလာပြီ”

ဦးဘသာလည်း နွားထွက်ကျောင်းဖို့ထင်တယ်ဗျ၊ ကျုပ်ခေါ်တော့ ကျုပ်အနောက်ကိုလိုက်လာတယ်၊ လမ်းတစ်လျှောက် ဘာစကားမှမပြောတာနဲ့ ကျုပ်လည်း ပြောမနေတော့ဘူးပေါ့ဗျာ၊ ခြံံံထဲရောက်တာနဲ့ နွားပြာကြိးကိုတစ်ချက်သွားကြည့်တယ်။ လှဲအိပ်နေတဲ့ နွားပြာကြီးကိုလှည့်ပတ်ပြီးတော့ကို ကြည့်တာဗျ၊ ပြီးတော့ ခေါင်းတညိတ်ညိတ်နဲ့ ကျောကအမွှေးတွေကို လက်နဲ့ပွတ်ကြည့်တယ်၊ နောက်တော့ နားရွက်ကိုလက်နဲ့ထောင်ကြည့်နေပြန်တယ်၊ နောက်ဆုံးကတော့ နွားရဲ့ကိုယ်လုံးကိုစမ်းကြည့်တယ်ဗျ၊ အဖေကလည်း သိချင်လို့ ဘေးနားကသွားကြည့်နေတာပေါ့ဗျာ။

“ဘာဖြစ်တာလဲ ဦးဘသာ”

“သူကြီးနွားပြာက သရက်ရွက်ကြီးနေတာဗျ”

ကျုပ်လည်း အံ့သြသွားတာပေါ့ဗျာ။

“ဗျာ၊ သရက်ရွက်ကြီးတာကို ဦးဘသာက ဘယ်လိုလုပ်ပြီးသိတာလဲဗျ”

“ကိုယ်သားကိုယ်ရေတွေပူနေတယ်ကွ၊ အမွှေးတွေကလည်း ထောင်မတ်မနေဘူး ခပ်စောင်းစောင်းရယ်၊ နောက်ပြီးတော့ နားရွက်လည်းမထောင်နိုင်ဘူးမဟုတ်လား၊ အဲဒါ သရက်ရွက်ကြီးတာပေါ့ကွ၊ မင်းမယုံရင် လက်တွေ့စမ်းပြမယ်၊ မီးဖိုထဲက ဆားလက်တစ်ဆုပ်လောက် သွားနှိုက်ခဲ့ကွာ”

ကျုပ်လည်း ဦးဘသာပြောတဲ့အတိုင်း ဆားလက်တစ်ဆုပ်နှိုက်ပြီးတော့ ပြန်လာခဲ့တာပေါ့ဗျာ၊ ဦးဘသာက ဆားတွေကိုယူပြီးတော့ နွားရဲ့ကျောကုန်းအလယ်က ဗွေပေါ်မှာ အဲဒီဆားတွေကို အပံုံကလေးဖြစ်အောင်ပုံလိုက်တယ်ဗျ၊ ကျုပ်တို့ကြည့်နေတဲ့အချိန်မှာပဲ ဆားတွေက အရေပျော်လာပါရောဗျာ၊ ဆားပံုံအောက်ဘက်က ဆားတွေအရေပျော်တော့ ဆားပုံလည်းပျက်သွားတာပေါ့၊ ဆားရေတွေစီးကျနေတာကို အတိုင်းသားမြင်ရတယ်ဗျာ။

“တွေ့လား၊ အဲဒီဆားအရည်ပျော်ရင် အဲဒါသရက်ရွက်ကြီးတဲ့ရောဂါပဲကွ”

“ထူးဆန်းလိုက်တာဗျာ”

“ဒါ ငါတို့ရှေးဗမာ့နည်းကွ”

“ကုလို့ရော ပျောက်ပါ့မလား ဦးဘသာ”

အဖေက ဝင်မေးတော့ ဦးဘသာက ခေါင်းညိတ်တယ်ဗျ။

“ပျောက်တာပေ့ါသူကြီးရာ၊ ဆေးစုံကွမ်းစုံ ကျွေးရင် ဒိဋ္ဌပျောက်တာပေါ့ဗျ”

“ဒါဆိုရင်လည်း ကုပေးပါဦးဘသာရာ၊ ကျုပ် ဦးဘသာကို သမားပွဲကန်တော့ပါ့မယ်”

“မလိုပါဘူးသူကြီးရာ၊ ကျုပ်က ဘယ်တုန်းက သမားပွဲဆိုပြီးတောင်းဖူးလို့လဲဗျ”

သမားပွဲဆိုတာကတော့ ကျုပ်တို့ဆီမှာ နွားတွေရောဂါဖြစ်လို့ ဆေးကုရင် ဆေးကုပေးတဲ့လူကို တောင်းတစ်လံုံးနဲ့ ဆန်၊ ဆီ၊ ဆားနဲ့ စားသောက်ဖွယ်ရာတွေ ပြင်ပေးတာကိုခေါ်တာပါ၊ ကျေးဇူးတင်တဲ့အနေနဲ့ ပြန်ကန်တော့တဲ့ပုံပေါ့ဗျာ၊ အခကြေးငွေယူတဲ့ နွားဆရာတွေဆိုရင်လည်း အဲဒီသမားပွဲထဲမှာ ပိုက်ဆံကိုကန်တော့ထိုးပြီးထည့်ပေးလိုက်ရတာပဲ။

“အလတ်ကောင်၊ မင်းတို့အိမ်မှာ ငရုတ်ဆံုံသန့်သန့်ရှိသလားကွ”

“ရှိတယ်ဗျ၊ သံဆံုံတစ်ခုရှိတယ်”

ကျုပ်လည်း အိမ်ပေါ်ထပ်ကနေ သံံဆုံကြီးယူပေးလိုက်တာပေါ့ဗျာ၊ သံဆံုံက ငရုတ်သီးအမှုန့်ထောင်းတာတို့၊ ဆေးထောင်းတာတို့မှာသံုံးတာကိုးဗျ၊ ဦးဘသာက ကျုပ်ကိုပါဝင်ပစ္စည်းတွေရှာခိုင်းတယ်ဗျ။

“ကွမ်းရွက် အစိတ်သား၊ ကွမ်းသီး၊ ရှားစေး၊ နွယ်ချို၊ စမုန်စပါးက ငါးကျပ်သားစီကွ၊ ဆေးရွက်ကြီးနဲ့ ထုံးနဲ့ကတော့ နှစ်ကျပ်သားလောက်ဆိုရပါတယ်”

ကျုပ်လည်း သူရေးပြတာကိုကြည့်ရင်း

“ဦးဘသာဆေးအမည်တွေကလည်း ကွမ်းစားတဲ့အခါသံုံးတဲ့ ပစ္စည်းတွေချည်းပါပဲလားဗျ”

“အေးလေ၊ အဲဒါကြောင့်လည်း ဆေးစုံကွမ်းစံုံလို့ ခေါ်တာပေါ့ကွ”

“ဒါနဲ့၊ ဒီအမည်တွေနဲ့ကုရင် ပျောက်ပါ့မလား”

ကျုပ်ကမေးတော့ ဦးဘသာက ကျုပ်ကိုမော့ကြည့်တယ်ဗျ။

“ဒီဆေးက ဟိုးရှေးကတည်းက သုံးလာတဲ့ဆေးနည်းကွ၊ ဆေးနည်းလွယ်တယ်ဆိုပြီး အထင်မသေးနဲ့ တမြန်နှစ်က ရွာနောက်ပိုင်းက ဖိုးထူးတို့ ငါနဲ့မကုချင်လို့ဆိုပြီးတော့ မြိုင်သာက တိရစ္ဆာန်ဆရာဝန်သွားပင့်ကုတာတောင် ပျောက်တာမှမဟုတ်တာကွ၊ ငွေကုန် လူပန်းပဲအဖတ်တင်တာမဟုတ်လား၊ ငါကနောက်တော့ ဖိုးထူးယောက္ခမကို ခေါ်ပြောရတယ်၊ အဘိုးကြီးကလည်း သိပ်မယံုံဘူး၊၊ ဒါနဲ့ တစ်ဆုံထောင်းတိုက်လိုက်တော့ တစ်ပတ်မကြာဘူး ပျောက်ပါရောလား၊ ဒါနဲ့ ဖိုးထူးက သူ့ယောက္ခမကိုတောင် ပုဆိုးအချောတစ်ထည် ကန်တော့သေးတယ်ဆိုပဲ”

“ဟာဗျာ၊ တကယ်တော့ အဲဒါဦးဘသာပေးတဲ့နည်းလမ်းမဟုတ်ဘူးလားဗျ၊ ဒီအဘိုးကြီးက တကယ်ဆိုရင် ဦးဘသာကိုပေးသင့်တာနော်”

ဦးဘသာက ပြုံးရင်း

“ဒီလိုစိတ်ထားရင် ပင်ပန်းတာပေါ့အလတ်ကောင်ရ၊ ငါကတော့ ဘာမှမမျှော်လင့်ဘူး၊ ငါ့နည်းလမ်းနဲ့ သူ့နွားကောင်းသွားတယ်၊ ရောဂါသက်သာသွားတယ်ဆိုရင်ပဲ ငါကျေနပ်တယ်၊ သတ္တဝါတစ်ကောင်ရဲ့အသက်ကိုကယ်တယ်ဆိုပြီး ပျော်တယ်၊ ဒီလောက်ပဲစိတ်ထဲထားတယ်ကွ၊ မှတ်ထားအလတ်ကောင်ရေ၊ သူများကို ကူညီတယ်ဆိုတာ မျှော်လင့်ချက်မထားရဘူးကွ၊ မျှော်လင့်ချက်ထားရင် စိတ်ပင်ပန်းရမယ်၊ သူ့အလှည့်တုန်းက ငါလုပ်ပေးထားတယ်၊ ငါ့အလှည့််ကျရင် လုပ်ပေးရမယ်ဆိုပြီး တထစ်ချမတွက်ထားတဲ့၊ ကဲ စကားတွေတောင်ရှည်နေပြီ၊ အဲဒီပစ္စည်းတွေရှာပြီး ဆုံထဲထည့်၊ ညက်အောင်ထောင်းကွာ၊ ကွမ်းရွက်ကိုတော့ နောက်ဆုံးမှထည့်၊ မဟုတ်ရင် ကွမ်းရွက်တွေက အထောင်းလွန်ပြီး အရည်ပျော်သွားမယ်”

ဦးဘသာပြောတဲ့ ပစ္စည်းတွေရှာရတာပေါ့ဗျာ၊ ပစ္စည်းတွေကလည်း သိပ်ခက်ခက်ခဲခဲမှမဟုတ်တာဗျ၊ ပြီးတော့ ကျုပ်လည်း သံံဆုံထဲထည့်ထောင်းပါရောဗျာ၊ ဆယ့်ငါးမိနစ်လောက်ထောင်းမိတော့ အကုန်လံံုံးညက်သွားပါရောဗျာ၊ ထံုံးလည်းပါတယ်ဆိုတော့ ခပ်စေးစေးလေးဖြစ်နေတာပေါ့၊ ဦးဘသာက နွားပြာကြီးကိုကြည့်ပြီးတော့

“အခြေအနေတော့ သိပ်မဆိုးသေးပါဘူးကွ၊ ဒီတော့ ဆေးကိုနှစ်ပုံခွဲလိုက်၊ ခုမနက် တစ်ပုံတိုက်၊ ညနေကျရင် ကျန်တဲ့တစ်ပုံတိုက်လိုက်ကွာ”

ဦးဘသာပြောသလို ဆေးဆုံထဲက ဆေးတွေကို နှစ်ပုံခွဲပြီးတော့ တစ်ပံုံကိုလက်နဲ့သေသေချာချာလုံးပြီး နွားပြာကြီးပါးစပ်ထဲ အတင်းထိုးထည့်တာပေါ့ဗျာ၊ နွားဆိုတာကလည်း လူစကားနားလည်တယ်ဆိုတော့ ဆေးတိုက်မှန်းသိရင်သောက်တာပဲ၊ နောက်တော့ ပါးစပ်ဖြဲပြီးရေတစ်ခွက်လောင်းထည့်တော့ တဂွတ်ဂွတ်နဲ့သောက်ရှာတယ်ဗျ၊ ဒါနဲ့ အဲဒီနေ့ကတော့ နွားကြီးကို အနားပေးလိုက်တာပေါ့ဗျာ၊

(၃)

ဦးဘသာအိမ်ပြန်တော့ အဖေနဲ့အမေက ပဲတွေ၊ ဟင်းချက်စရာ ငရုတ်၊ ကြက်သွန်နဲ့ ဆီတစ်ပုလင်းထည့်ပေးလိုက်သေးတယ်ဗျ၊ ကျုပ်လည်း အဲဒီတောင်းကလေးပိုက်ပြီး လိုက်ပို့တာပေါ့ဗျာ၊ ဦးဘသာက အိမ်ထဲမှာ မနားပါဘူး။

“ငါ့နွားတွေ ဆာနေလောက်ပြီကွ၊ နွားကျောင်းသွားမယ်ဟေ့”

ကျုပ်လည်း လုပ်စရာမရှိတော့ဘူးဆိုတော့ ဦးဘသာအနောက်ကိုလိုက်ခဲ့တာပေါ့ဗျာ၊ လယ်ကွင်းထဲမှာ ရိုးပြတ်တွေဖုံးနေပေမယ့် ချောင်းကမ်းစပ်မှာတော့ မြက်တွေစိမ်းစိုနေသေးတယ်ဗျ၊ ကျုပ်နဲ့ဦးဘသာကတော့ အဲဒီအနားက လူတစ်ရပ်လောက်မြင့်တဲ့ တာပေါင်ရိုးပေါ်တက်ပြီး ကျောခင်းလှဲနေကြတာပေါ့ဗျာ။

“ဒါနဲ့ ဦးဘသာကြီးက ဘာဖြစ်လို့ နွားအကြောင်းတွေအကုန်သိနေတာလဲဗျ”

“သိဆို၊ လေ့လာထားတာကိုးကွ၊ ပြီးတော့ နွားလည်းမွေးတာဆိုတော့ သိထားမှလည်း တော်ကာကျမှာကိုး”

“ကျုပ်သိသလောက်တော့ ဦးဘသာက ဟိုးအရင်ကတည်းက နွားတွေမွေးလာတယ်မဟုတ်လား၊ အရင်တုန်းကလည်း နွားတွေတစ်ပြုံတစ်ခေါင်းကြီးရှိသေးတယ်မဟုတ်လား၊ ကျုပ်သိချင်တာတစ်ခုကတော့ ဦးဘသာက နွားတွေကိုဘာကြောင့်မွေးနေတာလဲဆိုတာပဲ”

ဦးဘသာက ကွင်းပြင်ကြီးကိုငေးကြည့်နေရင်း

“မင်းကိုငါမေးမယ်ကွာ၊ မင်းအကိုကြီးက ဘာလို့ခွေးနီမကို ထမင်းကျန်ဟင်းကျန်တွေကျွေးနေတာလဲ”

“ဟာ၊ အဲဒါကတော့ သူချစ်လို့ပေါ့ဗျ”

“မင်းအမေကရော ဟင်းခိုးစားတတ်တဲ့ ကြောင်ကျားကြီးကို ထမင်းတွေ၊ ဟင်းတွေ ကျွေးနေရတာလဲ”

“အိုဗျာ၊ ဒါကလည်းချစ်လို့ပေါ့”

“အေး၊ သူတို့တောင် ခွေးတွေ၊ ကြောင်တွေကို ချစ်ကြသေးတာ၊ ငါကရော နွားတွေကိုချစ်လို့မရဘူးလားကွ”

ကျုပ်လည်း ခေါင်းခါလိုက်တယ်ဗျ။

“နွားကို ချစ်လို့မရဘူးလို့တော့ မပြောပါဘူးဗျာ၊ ဒါပေမယ့် နွားဆိုတာက သံုံးမျိုးပဲရှိတယ်မဟုတ်လားဗျ။ ခိုင်းနွားရယ်၊ အသားတိုးရယ်၊ နို့စားရယ်လေဗျာ၊ ဦးဘသာမှာ လယ်တွေရှိတယ်ဆိုပေမယ့် ဒီနွားတွေအားလံံုံးလည်း ခိုင်းလို့ရတာမဟုတ်ဘူး၊ အသားတိုးဆိုရအောင်ကလည်း ဦးဘသာက သဒိုးသမားကို တစ်ခါမှနွားရောင်းတာမတွေ့ဖူးဘူးဗျ၊ နောက်ပြီး နို့စားရအောင်ကလည်း ဒီနွားတွေက နို့မှသိပ်မထွက်တာပဲ”

ဦးဘသာက ခေါင်းခါရင်း

“အိုကွာ၊ ချစ်လို့မွေးပါတယ်ဆိုမှပဲ၊ မင်းအကိုကြီးမွေးတဲ့ ခွေးနီမကိုရော မင်းတို့သတ်စားကြသလားကွ၊ မင်းအမေရဲ့ ကြောင်ကျားကိုမွေးထားကျွေးထားတာကရော အချိန်တန်ရင်ခိုင်းစားဖို့လား၊ မင်းနှယ်”

“ဟုတ်ပါပြီ၊ အဲဒီတော့ နွားကိုချစ်လို့ ဘာရသလဲဗျ”

ဦးဘသာက ပြူးကြောင်နေတဲ့မျက်လုံးတွေနဲ့ ကျုပ်ကိုလှည့်ကြည့်တယ်။

“နွားကိုချစ်လို့ ဘာရသလဲတဲ့လား၊ မေးမှ မေးတတ်တယ်အလတ်ကောင်ရာ၊ မင်း ဗုဒ္ဓဘာသာမဟုတ်ဘူးလား”

လုပ်ပြီဗျာ၊ ဦးဘသာလို ဘုရားမသိ၊ တရားမသိ ဘာသာခြားက ကျုပ်ကိုများ ဗုဒ္ဓဘာသာမဟုတ်ဘူးလားလို့ မေးတော့ ကျုပ်အခံံရခက်တာပေါ့။

“နေပါအုံးဗျ၊ ဗုဒ္ဓဘာသာဖြစ်တာနဲ့ နွားနဲ့က ဘာဆိုင်လို့လဲ၊ ဘုရားက နွားမသတ်ရလို့ ပြောခဲ့တာမှမဟုတ်တာ”

ဦးဘသာက ကျုပ်ကိုခပ်ထေ့ထေ့ပြုံးရင်း

“အလတ်ကောင်ရဲ့ ဗုဒ္ဓဘာသာက ဘုရားတွေ့ရင် ဖင်ပူးတောင်းထောင်ပြီး ကန်တော့ဖို့တတ်တဲ့ ဗုဒ္ဓဘာသာပဲကွ၊ မှတ်ထား၊ ဘုရားက ကျွဲနွားတွေကို မညှင်းဆဲဖို့ကို ဟောခဲ့ပြီးသားကွ၊ သုတ္တနိပါတ်၊ ဗြဟ္မဏဓမ္မိသုတ်တော်မှာ ဟောခဲ့တာ”

“ကျုပ်ဖြင့်အခုမှ ကြားဖူးတာဗျ၊ ပြောပြပါအံုံး ဦးဘသာရာ”

“ပါဠိလိုတော့ မပြောတော့ဘူးကွာ၊ ပြောရင်လည်း မင်းလိုဒုံးဝေးတဲ့ကောင်က ခွေးအနားမှာစာအံသလိုဖြစ်နေမှာပဲ၊ ဘုရားအလောင်းတော် သာကီဝင်မင်းမျိုးတွေရဲ့ ဟိုးအစမင်းက ဥက္ကာမုခမင်းတဲ့ကွ၊ အဲဒီမင်းလက်ထက် ဟိုးကမ္လာဦးအစက လူတွေက ကျွဲနွားတွေကို မညှင်းပန်း၊ မနှိပ်စက်ကြဘူးကွ၊ မညှင်းပန်းတဲ့အပြင် ကျွဲနွားတွေက လူတွေကိုအလုပ်အကျွေးပြုတယ်၊ လယ်ယာတွေထွန်ယက်ပေးတယ်၊ နောက်ပြီး နွားနို့၊ ထောပတ်၊ ဆီဦး စတာတွေကိုဖန်တီးပေးတယ်ဆိုပြီးတော့ ကျေးဇူးရှင်တွေလို ဆက်ဆံံကြသတဲ့ကွ”

“အဲဒီတော့ဘာဖြစ်သလဲ”

“အဲဒီတော့ ကျွဲနွားတွေကို ကျေးဇူးရှင်လိုဆက်ဆံတဲ့လူတွေကို နတ်ကောင်းနတ်မြတ်တွေက ရိုသေလေးမြတ်ကြသတဲ့ကွ၊ လူ့လောကကို နတ်တွေက စောင့်ရှောက်ကြလို့ ရောဂါ၊ ကပ်ဘေးတွေမဖြစ်ဘူးတဲ့၊ ဒီတော့ လူတွေမှာ အဲဒီအချိန်က ရောဂါသုံးမျိုးပဲရှိတယ်ကွ၊ အဲဒါကတော့ ကိုယ့်မှာမရှိတဲ့အရာကို လိုချင်တဲ့ရောဂါ၊ စားချိန်တန်ပြီး မစားရလို့ ဆာလောင်တဲ့ရောဂါ၊ အိုချိန်ကျရင် အိုရတဲ့ရောဂါ ဒီသံုံးမျိုးပဲရှိသတဲ့ကွ”

“ဟုတ်လို့လားဗျ၊ ကျုပ်တော့ မယုံချင်ပါဘူး”

“အေး၊ အဲဒါငါပြောတာမဟုတ်ဘူးကွ၊ ဘုရားဟောတာ၊ နောက်ပိုင်း လူတွေကပြောင်းလဲလာပြီးတော့ ကျွဲနွားတွေကို သတ်ဖြတ်ညှည်းဆဲ စားသောက်ကြတဲ့အခါမှ ရောဂါတွေပေါ်လာတယ်၊ ကိုးဆယ့်ရှစ်ပါးရောဂါတွေက ကျွဲနွားတွေကို သတ်ဖြတ်တဲ့အချိန်ကစပြီးဖြစ်လာတယ်လို့ သုတ္တနိပါတ် ပါဠိတော်မှာ ဟောထားပြန်ရော၊ ဒါကြောင့် ငါက ကျွဲနွားတွေကိုသနားတယ်၊ ကျွဲနွားတွေကို ငါချစ်တယ်၊ ဒါကြောင့် ငါက ဂရုတစိုက်မွေးတယ်၊ ခိုင်းချိန်တန်လို့ ခိုင်းရရင်တောင်မှာ သခင်က ကျွန်တစ်ယောက်ကို ခိုင်းတယ်လို့ သဘောမထားပဲ၊ မိဘတစ်ယောက်က သားသမီးတစ်ယောက်ကို ခိုင်းတယ်လို့ပဲ သဘောထားပြီးခိုင်းတာကွ”

ဦးဘသာက မြက်တွေစားနေတဲ့ သူ့နွားတွေကိုကြည့်ပြီးတော့

“တကယ်လို့ လူတွေအားလုံးက ကျွဲနွားတွေကို မချစ်မြတ်နိုးနိုင်ကြရင်တောင်၊ ငါကတော့ ကျေးဇူးရှင်လို့သဘောထားပြီး၊ ငါ့ရဲ့သွေးသားဆွေမျိုးုတွေလို့ သဘောထားပြီးတော့ ချစ်တယ်ကွ၊ ဒီလိုချစ်ရတာကလည်း အနည်းဆုံးတော့ ငါ့ပတ်ဝန်းကျင်၊ ငါ့ရပ်ရွာကို နတ်ကောင်းနတ်မြတ်တွေ စောင့်ရှောက်ကြပါစေဆိုတဲ့သဘောလည်းပါတာပေါ့ကွာ”

ဦးဘသာစကားနားထောင်ပြီးတော့မှ ကျုပ်လည်းအသိတစ်ခုဝင်သွားတယ်ဗျာ၊ ကျုပ်တို့က နွားဆိုရင် တိရစ္ဆာန်ပဲဆိုပြီးတော့ အော်ချင်အော်၊ ရိုက်ချင်ရိုက်၊ ထုချင်ထုနဲ့ လုပ်ကြတာကိုတွေးရင်း ကိုယ့်ကိုယ်ကိုယ် မကောင်းတဲ့လူပါလားဆိုပြီးတော့တောင် တွေးမိသွားတာဗျ။

“ဒါနဲ့ ဦးဘသာက ဗုဒ္ဓဘာသာမှမဟုတ်တာ၊ ဘုရားပြောတာကျတော့ လိုက်လုပ်တယ်တဲ့လား”

“ဒီမယ်အလတ်ကောင်ရ၊ သူများအသတ်ကိုသတ်တာမကောင်းဘူး၊ သူများကိုညှင်းဆဲတာ မကောင်းဘူးဆိုတာကို သိနေဖို့က ဘယ်ဘာသာဝင်မှ ဖြစ်ဖို့မလိုပါဘူးကွ၊ လူဖြစ်နေရင်ရပြီကွ၊ လူစိတ်ရှိတယ်ဆိုတာ တခြားအရာတွေကိုသွားလိုက်တွေးမနေနဲ့၊ ကိုယ်ချင်းစာစိတ်ရှိတာက လူစိတ်ရှိတာပဲ၊ ဒီတော့ လူဖြစ်နေသရွေ့ လူစိတ်ရှိနေဖို့လို့တယ်၊ မင်းနားလည်သလား”

ကျုပ်လည်းခေါင်းညိတ်လိုက်မိတော့တယ်ဗျာ၊ တကယ်ပါ၊ ဦးဘသာက စကားပြောရင် ဘောက်ဆတ်ဆတ်ဆိုပေမယ့် တကယ်တမ်း အခြေအချပြောရင် သူ့ကိုကျုပ်ပြောလို့မနိုင်ပါဘူးဗျာ။

ကွမ်းကြိုက်တဲ့ဦးဘသာက သွားလေရာ ကွမ်းအစ်ကလေးတော့ပါတယ်ဗျ။ အခုလည်း ကျုပ်နဲ့စကားပြောရတာမောလို့လားတော့မသိ၊ ကွမ်းအစ်ကလေးဖွင့််ပြီး ကွမ်းယာနေတုန်း ကျုပ်ခေါင်းကြီးဘယ်လိုဖြစ်လာသလဲမသိဘူးဗျာ၊ ကိုယ့်နှလုံးခုန်သံတွေကို ကိုယ်ပြန်ကြားနေရသလိုပဲ၊ သွေးကြောထဲမှာ သွေးတွေတဒုတ်ဒုတ်စီးနေတာကိုလည်း ခံံံံစားနေမိသလိုပဲဗျာ၊ ဒီလိုနဲ့ ကျုပ်ယိုင်ကျသွားတော့တယ်၊ ဦးဘသာက သူ့လက်ထဲက ကွမ်းကို အမြန်ပါးစပ်ထဲထည့်ပြီးတော့ ကျုပ်ပုခုံးကိုဆွဲပြီး ဖမ်းထိန်းလိုက်တယ်ဗျ။

“အလတ်ကောင်၊ အလတ်ကောင်”

ဦးဘသာခေါ်သံတွေက တဖြည်းဖြည်းနဲ့ဝေးဝေးပြီး တိမ်သွားတယ်ဗျာ။

(၄)

“အီး . . ဟီး”

ကျုပ်နားထဲငိုသံကြားတော့မှ မျက်လုံးဖွင့်ကြည့်လိုက်မိတယ်ဗျ၊ ဒီတစ်ခါတော့ ကျုပ်ကအိပ်နေတာမဟုတ်ဘူးဗျာ၊ မတ်တပ်ကြီးရပ်လို့ဗျ၊ ကျုပ်အရှေ့မှာတော့ ဖျာတစ်ချပ်ပေါ်မှာ ဒေါ်ပျင်းက ပက်လက်လန်ပြီးတော့ တောင့်တောင့််ကြီးအိပ်နေတယ်ဗျ၊ သူ့အနားမှာတော့ သာစံံက ငိုယိုလို့ဗျာ၊ အိမ်ကလည်း သူကြီးအိမ်မှာဗျ၊ လူတွေလည်းဝိုင်းလို့။

ဦးဇေယျဆိုတဲ့လူကြီးက ဒေါ်ပျင်းဘေးနားမှာထိုင်နေရင်း

“ကဲ သူကြီး၊ စုန်းမကိုတော့ ကျုပ်တို့နိုင်ခဲ့ပြီ၊ ကျန်တာဘာဆက်လုပ်မလဲ”

အဘိုးသူကြီးက မျက်လုံးကိုမှေးစင်းလိုက်ရင်း

“သူ့လို အကျိုးမပေးတဲ့ကောင်မကို လူ့လောကမှာထားနေရင်အပိုပါပဲဗျာ၊ သူ့ကိုသတ်သာ သတ်ပစ်လိုက်ပါ”

ဒီတော့ သာစံကလေးက ငိုတော့တာပဲဗျာ။

“ဟေ့လူကြီးတွေ၊ ခင်ဗျားတို့ပြောတော့ ကျုပ်အမေကို မသတ်ဘူးဆို၊ ကျုပ်အမေကို မဆိုးတော့အောင်လုပ်ပေးမှာဆိုဗျ၊ ကျုပ်အမေ မဆိုးတော့ဘူးဆိုရင် ကျုပ်တို့ကိုရွာထဲပြန်ခေါ်နေမယ်ဆို၊ အီး . . . ဟီး”

သူကြီးကပြုံးရင်း

“ဟဲ၊ဟဲ ကောင်လေးရေ၊ ဒီဟာကို ပရိယာရ်လို့ခေါ်တယ်ကွ၊ စိတ်ချပါ မင်းအမေသေသွားပြီးရင် မင်းဒီရွာမှာ လွတ်လွတ်လပ်လပ်နေလို့ရပြီ”

“အိုဗျာ၊ သူကြိးကတော့ စုန်းမရဲ့ကလေးဟာ စုန်းကလေးပဲဖြစ်မှာပေါ့၊ သူ့ကိုရွာထဲအဝင်မခံနိုင်ပါဘူး၊ မယ်ပျင်းသေရင် ကျုပ်တို့ သူတို့မြေးအဘွားကိုပါ ရွာကနေနှင်ထုတ်မယ်”

သူကြီးက သာစံကိုကြည့်ရင်း

“ကဲ၊ ကြားတယ်နော်ကောင်လေး၊ မင်းကိုငါကထားချင်ပေမယ့်၊ တစ်ရွာလုံးက မထားချင်ကြဘူးကွ”

သာစံံကလေးကတော့ ငိုယိုနေတာပေါ့ဗျာ၊ နောက်တော့ သူကြီးလူနှစ်ယောက်က သာစံကိုဖမ်းချုပ်ထားကြတယ်၊ ဦးဇေယျက သူကြီးကိုကြည့်ပြီးတော့

“ပညာပြိုင်ပွဲမှာ မယ်ပျင်းရှုံးခဲ့တယ်ဆိုပေမယ့် ကျုပ်တို့က အထက်ဂိုဏ်းဖြစ်လို့ လူသတ်လို့မရဘူးသူကြီး၊ ဒီတော့ သူကြီးဖာသာလုပ်ရလိမ့်မယ်”

ဦးဇေယျက မျက်ပါးရွှေဆိုင်းကလေးတစ်ချပ်ကိုထုတ်လိုက်တယ်ဗျ၊ ပြီးတော့ ဒေါ်ပျင်းရဲ့ဗိုက်ကိုလှန်လိုက်ပြီးတော့

“ဟောဒီရွှေပြားကလေးကို ချက်ကိုကပ်လိုက်တာနဲ့ သူ့ပညာတွေအကုန်ပျောက်သွားပြီးတော့ လူလည်းသေသွားလိမ့်မယ်သူကြီး”

သူကြီးလက်ကို ရွှေဆိုင်းကလေးလှမ်းပေးတယ်ဗျ၊ သူကြီးကလည်း လှမ်းယူပြီးတော့ ဒေါ်ပျင်းရဲ့ချက်ကိုကပ်ထည့်ုလိုက်တာပေါ့ဗျာ၊ လဲနေတဲ့ဒေါ်ပျင်းက တစ်ချက်ဆတ်ခနဲတုန်သွားပြီးတော့ ပြန်ငြိမ်ကျသွားတယ်၊ သာစံံဆိုရင် ငိုလိုက်တာမှ ပြောမနေပါနဲ့တော့ဗျာ။

“စုန်းမသေပြီ၊ မယ်ပျင်းသေပြီဟေ့”

တစ်ရွာလုံးက ထအော်တာဗျ၊ လက်ခုပ်လက်ဝါးတီးတဲ့လူနဲ့၊ ရွာလမ်းပေါ်မှ ကွေးနေအောင် ကတဲ့လူနဲ့ စံုံနေတာပဲဗျာ၊ နှစ်ရှည်လများ ရွာကိုဒုက္ခပေးတဲ့ စုန်းမသေတယ်ဆိုတော့လည်း ပျော်ရှာမှာပေါ့ဗျာ၊ သူကြီးက အလောင်းကြီးကိုကြည့်ပြီးတော့

“ခုတော့ အချိန်နှောင်းနေပြီဆိုတော့ မယ်ပျင်းအလောင်းကိုယူသွားပြီးတော့ ရွာပြင်မှာထားထားလိုက်၊ မနက်ဖြန်မနက်ကျတော့မှ ထင်းများများနဲ့မီးရှို့ကြမယ်”

ထို့နောက် ဦးဇေယျတို့ဘက်သို့လှည့်လိုက်ပြီး

“ဆရာကြီးတို့ကိုတော့ ကျုပ်တို့တစ်ရွာလုံးက ထိုက်ထိုက်တန်တန်ပူဇော်ပါရစေဗျာ”

သာစံကလေးကတော့ ငိုနေရှာတာပေါ့ဗျာ၊ နောက်တော့ သာစံကိုလွှတ်ပေးပြီး ဒေါ်ပျင်းအလောင်းကို ရွာသားတွေက ကပ်နဲ့ထမ်းထုတ်သွားတာပေါ့ဗျာ၊ ရွာအပြင်မှာ ဝါးနဲ့အလောင်းစင်လေးအဖြစ်ရိုက်ပြီးတော့ တင်ထားခဲ့တာပေါ့ဗျာ၊ အဲဒီအလောင်းစင်ရိုက်ထားတဲ့နေရာကတော့ နွားပျောက်ကုန်းရဲ့အနားက ကုန်းကလေးတစ်ခုမှာပဲဗျာ၊ ခုခေတ် လင်ပျောက်ကုန်းလို့ ခေါ်တဲ့နေရာကလေးပေါ့ဗျာ။

ရွာသားတွေပြန်သွားပေမယ့် သာစံကလေးတစ်ယောက်ထဲကျန်နေခဲ့တယ်ဗျ၊ သူ့အမေအလောင်းနံဘေးမှာ မတ်တပ်ရပ်ရင်း ငိုနေတာပေါ့ဗျာ၊ မကြာပါဘူး ဘွားမယ်ဖြူကြီးရောက်လာတယ်။ ဒေါ်ပျင်းအလောင်းကိုတွေ့တော့ သူလည်းငိုတာပဲ။

“သမီးရယ်၊ အဲဒီလူတွေနဲ့ သွားမပြိုင်ပါနဲ့လို့ အမေပြောထားရက်နဲ့၊ အခုတော့”

သာစံကလည်း သူ့အဘွားရောက်လာတော့ သူ့အဘွားကိုဖက်ပြီးငိုရောဗျာ၊ မြေးအဘွားနှစ်ယောက်ဖက်ငိုနေတာ အချိန်တော်တော်ကြာသွားတယ်ဗျ၊ ပတ်ဝန်းကျင်တစ်ခွင်လံုံးကို အမှောင်ထုက အုပ်ဆိုင်းလာပြီးတော့ မိုးချုပ်သွားပါလေရော၊ သာစံနဲ့ဘွားမယ်ဖြူကတော့ အလောင်းအနားမှာပဲရှိနေတုန်းပဲဗျ၊ ဒီအချိန်မှာ ဘွားမယ်ဖြူက သာစံကိုဆွဲခေါ်တယ်။

“မြေးလေး၊ မိုးချုပ်ပြီကွဲ့၊ အိမ်ကိုပြန်ကြရအောင်နော်”

“မပြန်ဘူးဘွားဘွားကြီး၊ အမေမပါဘဲနဲ့ သားအိမ်ကိုမပြန်ဘူး”

“နင့်အမေက သေသွားပြီမြေးရဲ့၊ နင့်အမေကို လူတစ်စုလုပ်လို့ သေသွားပြီ”

ဘွားမယ်ဖြူက သာစံလက်ကိုဆွဲပြီးအတင်းခေါ်တယ်၊ သာစံကလည်း အလောင်းစင်ကတိုင်ကို ကိုင်ထားပြီးတော့ ဆွဲထားလို့ ခေါ်မရဘူးပေါ့ဗျာ၊

“ဟဲ့၊ ဘာတွေဒီလောက်တောင် ငိုနေကြတာလဲ”

အသံကြားလို့ ကြည့်လိုက်တော့ အလောင်းစင်ပေါ်မှာ ဒေါ်ပျင်းကြီးက ငုတ်တုတ်ထိုင်နေပါရောဗျာ။ သာစံတို့မြေးအဘွားမပြောနဲ့ ကျုပ်တောင်မှ အတော်လန့်သွားတာဗျ။

“သမီး”

“အမေ”

သာစံကအော်ရင်းသူ့အမေဆီပြေးသွားတယ်ဗျ၊ ဒေါ်ပျင်းက အလောင်းစင်ပေါ်ကနေခုန်ချလိုက်တော့ သာစံကပြေးဖက်တယ်။

“အမေ၊ အမေမသေဘူးနော်”

“မသေပါဘူးသားရယ်၊ အမေက ခဏသေပေးလိုက်တာ၊ ငါ့သားကိုဗန်းပြပြီး အကျင့်ယုတ်တဲ့ဒင်းတို့ကို အမေက ကောင်းကောင်းကြီးလက်စားချေပြအုံးမှာ”

ဒေါ်ပျင်းက ရေရွတ်ပြီးတော့ လက်နှစ်ဖက်မိုးပေါ်ထောင်လိုက်တာနဲ့ မီးရှူးမီးပန်းလိုအရာတွေထွက်လာပြီးတော့ သူတို့အနားမှာ တဖုန်းဖုန်းနဲ့ပေါက်နေတော့တာပဲဗျာ၊ ရွှေရောင်တွေ၊ ငွေရောင်တွေ၊ အစိမ်းရောင်တွေနဲ့ ရောင်စုံပေါက်နေတာဆိုတော့ ကြည့်လို့ကောင်းလိုက်တာဗျာ။ မကြာပါဘူးဗျာ၊ ရွာထဲကလူတွေထွက်လာကြတယ်၊ ဟိုဆရာကြီးတွေလည်း ပါတာပေါ့ဗျာ၊ အနားကိုရောက်လာတော့ ဒေါ်ပျင်းက သာစံကိုတွန်းထုတ်လိုက်တယ်ဗျ၊ သာစံကိုဘွားမယ်ဖြူက ချီပြီးတော့ အနောက်ဆုတ်သွားတာပေါ့ဗျာ။

“ဟဲ့ စုန်းမ၊ နင်မသေဘူးလား”

“လွယ်လွယ်နဲ့သေမှတော့ မယ်ပျင်းလို့ ဘယ်ခေါ်မလဲရှင်၊ အခုနက ရှင်တို့က ကျုပ်သားကို ဓါးစာခံလုပ်ထားလို့ ကျုပ်ကရှင်တို့ကို အရှုံးပေးလိုက်တာ၊ ရှင်တို့စိတ်တိုင်းကျ ခဏသေပေးလိုက်တာ”

ဒီတော့ မတစ်လုံးဂိုဏ်းက တိုက်ပုံအပြာရောင်တစ်ထည်ဝတ်ထားတဲ့ ဆရာကြီးတစ်ယောက်က အရှေ့ကိုတက်လာတယ်ဗျ။

“ဟယ်၊ မိန်းမယုတ်၊ ဒီတစ်ခါတော့ နင်ပြေးမလွတ်ဘူးမှတ်”

ဆရာကြီးအရှေ့ကိုတက်သွားတော့ သူကြီးနဲ့ရွာသားတွေက ကြောက်ကြောက်နဲ့အနောက်ကိုဆုတ်သွားတယ်ဗျ၊ ဒီတော့ ကုန်းကလေးပေါ်မှာ ဒေါ်ပျင်းနဲ့ မတစ်လုံးဂိုဏ်းက တပည့်တပန်းငါးဆယ်လောက် ကုန်းပေါ်မှာတွေ့ကြတာပေါ့ဗျာ၊ ဒေါ်ပျင်းက မတစ်လုံးဂိုဏ်းရှေ့နားက မြေပြင်ကိုလက်ညှိုးလှမ်းထိုးလိုက်တော့ စည်းတစ်ခုပေါ်လာတယ်ဗျ။

“နင်တို့ထဲက အဲဒီစည်းကို ဖြတ်ဝံ့တဲ့သူဖြတ်လာခဲ့၊ ဖြတ်တဲ့လူမှန်သမျှ၊ သေရမယ်”

အပြာရောင်တိုက်ပုံနဲ့လူကြီးက စည်းကိုခုန်ကျော်လိုက်တာပေါ့ဗျာ၊ ပြီးတော့ သူ့လက်ထဲမှာကိုင်ထားတဲ့ ကြိမ်လုံးကိုဝင့်လိုက်ပြီးတော့ ဂါထာတွေရွတ်နေတာပေါ့၊ ဒေါ်ပျင်းက အဲဒီလူကြီးကို မျက်စောင်းထိုးပြီးကြည့်နေတာဗျာ၊ အဲဒီလူကြီးက ဂါထာတွေရွတ်နေရင်း သွားကြားကနေ သွေးတွေပွက်ခနဲစီးကျလာပြီးတော့ သွေးတွေထိုးအန်ပါရော။ ဒီတော့ ဒေါ်ပျင်းက ကြောက်စရာအသံနဲ့အော်တာဗျ၊ အဲဒီလူကြီးက သူ့ရင်ဘတ်ကိုသူူ လက်သီးနဲ့တဒုန်းဒုန်းထုပြီးတော့ မျက်နှာကြီးကလည်း အစ်လို့ဗျ၊ တော်တော်ဝေဒနာခံစားနေရတဲ့ပုံပဲဗျာ၊ ပြီးတာနဲ့ မြေပေါ်ကိုလဲကျသွားပြီးတော့ သေသွားပါရောလား။

ဒီတစ်ခါတော့ ရှမ်းအင်္ကျီဝတ်ထားတဲ့ ဆရာကြီးက အရှေ့ကိုခုန်တက်လိုက်တယ်ဗျ၊ လက်ထဲမှာတော့ နှစ်လံလောက်ရှိတဲ့ ဝါးလုံးတုတ်တစ်ချောင်းကိုင်ထားတယ်။

“ဟဲ့စုန်းမ၊ ငါ့ရဲ့စုန်းရိုက်တုတ်အစွမ်းကို နင်ခံနိုင်ရင် ခံဝံ့စမ်း”

ဝါးတုတ်ဖြူဖြူမှာ ဆေးနီဆေးနက်တွေနဲ့ စာတွေရေးထားတယ်ဗျ၊ ရေးထားတယ်ဆိုတာထက် ထွင်းထားသလိုမျိုးပဲ၊ တုတ်အလယ်လောက်မှာ အင်းကွက်တွေပါတယ်ဗျ၊ အဲဒီလူကြီးက ဒေါ်ပျင်းကြီးဆီကိုခုန်ဝင်သွားပြီးတော့ လက်ထဲကတုတ်နဲ့ ဒေါ်ပြင်းငယ်ထိပ်ကို တအားလွှဲရိုက်ချထည့်လိုက်တာပေါ့ဗျာ။

ဒေါ်ပျင်းက ရှောင်တောင်မရှောင်ဘူးဗျ၊ ခေါင်းကိုအရှေ့ကိုထိုးပေးပြီး တမင်ကိုခံလိုက်သေးတာ၊ စုန်းရိုက်တုတ်က ဒေါ်ပြင်းငယ်ထိပ်ပေါ်တည့်တည့်ကျပြီးတော့ ငယ်ထိပ်ပေါ်ကိုထိနေတယ်ဗျ၊ ရှမ်းကြီးက တော်တော်အံ့သြသွားပုံပဲ

“နင်၊ နင် ဘာမှမဖြစ်ဘူးလား”

“ရှင့်တုတ်က ကျုပ်လိုစုန်းကိုမပြောနဲ့ ချေးစားခွေးကို ရိုက်ရင်တောင်မှ ပြေးပါ့မလား”

ချက်ချင်းပဲ စုန်းရိုက်တုတ်က ရှစ်စိတ်ကွဲပြီးတော့ ဝါးခြမ်းတွေဖြစ်သွားတယ်ဗျာ၊ ရှမ်းကြီးက အံ့သြနေတဲ့အချိန်မှာပဲ ဒေါ်ပျင်းက ရှမ်းကြီးရဲ့ရင်ဘတ်ကို လက်ဝါးနဲ့ဖြောင်းခနဲရိုက်ထည့်လိုက်ပါရော၊ ရှမ်းကြီးမှာ အနောက်ကို ပေနှစ်ဆယ်လောက် တရွတ်တိုက်ဆွဲပြီး ဆုတ်သွားတာဗျာ၊ ပြီးတော့ သူ့ရင်ဘတ်ကိုသူ ငကြည့်တယ်ဗျ၊ အကျီကြီးက ပေါက်နေပြီးတော့ သူ့ရင်ဘတ်တည့်တည့်မှာ အနီရောင်လက်ဝါးရာကြီးက ထင်းနေတာပဲဗျာ၊ ကျုပ်အထင်တော့ သွေးလက်ဝါးဆိုတာနေမယ်၊ ရှမ်းကြီးက လက်ဝါးရာကိုငုံ့ကြည့်ရင်း ခေါင်းငိုက်စိုက်ပြီးတော့မြေပေါ်ကိုလဲကျသွားတာ ပြန်မထလာနိုင်တော့ပါဘူးဗျာ။

“ဆရာကြီး၊ ဆရာကြီး”

မတစ်လုံးဂိုဏ်းသားတွေ တော်တော်ကြောက်လန့်သွားကြတယ်ဗျာ၊ ဒါနဲ့ သူတို့အားကိုးတဲ့ ဂိုဏ်းချုပ်ဆရာကြီး ဦးဇေယျကို ခေါ်ကြတာပေါ့၊ ဦးဇေယျကလည်း ကွမ်းလေးတမြုံ့မြနဲ့ စည်းကိုဖြတ်ပြီးတော့ ဒေါ်ပျင်းနဲ့ မျက်နှာချင်းဆိုင်လိုက်တယ်ဗျ။

“စုန်းမ၊ နင်င့ါကိုနိုင်ရင်နိုင်မယ်၊ ဘုရားစက်ကိုတော့ နင်နိုင်မှာမဟုတ်ဘူး”

ဦးဇေယျက ပြောပြီးတော့ သူ့တိုက်ပုံအတွင်းအိတ်ထဲကနေ အုတ်ခွက်ဘုရားကလေးထုတ်တယ်ဗျ၊ ဘုရားက တစ်လက်မသာသာလောက်ပဲရှိမယ်၊ ဖြူဖြူကလေးဗျ၊ အဲဒါကိုမန်းမှုတ်ပြီးတော့ လက်ထဲမှာကိုင်ထားရင်း

“ချုပ်ကြဟေ့”

လို့အော်လိုက်တာနဲ့ ဒေါ်ပျင်းခြေတွေလက်တွေက ကားယားကြီးဖြစ်သွားတယ်ဗျ၊ ဒေါ်ပျင်းလည်း ပြန်ပြီးဖြေနေတဲ့ပုံပဲ၊ ဒီအချိန်မှာ ဦးဇေယျက ခုနက အုတ်ခွက်ဘုရားလေးကို ဒေါ်ပျင်းဆီကိုလှမ်းပစ်လိုက်ပါရောဗျာ၊ လေပေါ်မှာပျံနေတဲ့အုတ်ခွက်ဘုရားက မသိရင် ငှက်တစ်ကောင်ပျံသွားသလိုပဲ တဖတ်ဖတ်နဲ့ပျံသွားတာဗျ၊ ကျုပ်တော့ ဒေါ်ပျင်းသေပြီထင်တာ။

အဲဒီအချိန်မှာပဲ ဘွားမယ်ဖြူကြီးက ဒေါ်ပျင်းဆီကိုပြေးဝင်သွားတာဗျာ၊ ဒေါ်ပျင်းအရှေ့မှာ ကျောပေးကာလိုက်ပြီးတော့ ဒေါ်ပျင်းရဲ့ပါးကိုလည်း ဖြန်းခနဲနေအောင် ရိုက်ထည့်လိုက်တာ၊ ဦးဇေယျပစ်လိုက်တဲ့ အုတ်ခွက်ဘုရားကလေးကတော့ ဘွားမယ်ဖြူကြီးရဲ့ ကျောကုန်းကိုကပ်သွားတယ်ဗျ၊ ဘွားမယ်ဖြူအော်လိုက်တာ ပြောမနေပါနဲ့တော့ဗျာ၊ နောက်ပြီးတော့ သူ့တစ်ကိုယ်လုံးကို မီးတောက်မီးလျှံတွေက ဝါးမြိုသွားတယ်ဗျ၊ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဘွားမယ်ဖြူအသားတွေမီးလောင်ပြီးတော့ အရိုးခြောက်ကြီးလိုဖြစ်သွားပြီးတော့ ပုံကျသွားတော့တာပဲဗျာ။

“ဘွားဘွားကြီး”

“အမေ”

သာစံနဲ့ ဒေါ်ပျင်းတို့နှစ်ယောက် ပြိုင်တူအော်ကြတယ်ဗျ၊ ချက်ချင်းပဲ ဒေါ်ပျင်းရဲ့မျက်စိကနေ အရောင်တွေလက်လာပြီးတော့ လှစ်ခနဲပြေးပြီး ဦးဇေယျရဲ့ လည်ပင်းကိုလက်တစ်ဖက်နဲ့ဆုပ်ကိုင်လိုက်တယ်ဗျ၊ ဦးဇေယျလည်း ရုတ်တရက်ဆိုတော့ မရှောင်နိုင်ဘူးပေါ့၊ ပြီးတော့ ဒေါ်ပျင်းကြီးက ဦးဇေယျကို မြှောက်တင်လိုက်တာ အတော်မြင့်မြင့်ကိုမြောက်သွားတာဗျ၊ ဦးဇေယျခြေထောက်ဆိုရင် လေပေါ်မှာတွဲလောင်းဖြစ်ပြီး လှုပ်ယမ်းနေတော့တာ။

“သူတောင်းစားကြီး၊ သေပေတော့”

ဒေါ်ပျင်းက အော်ဟစ်နေတုန်းမှာပဲ ဦးဇေယျတစ်ကိုယ်လုံး ဓါတ်လိုက်သလို လှုပ်လာတာဗျ၊ ပြီးတော့ မီးခိုးငွေ့တွေလည်းထွက်လာတယ်၊ မျက်စိတစ်မှိတ်အတွင်းပဲ ဦးဇေယျတစ်ယောက် အရိုးကျပြီးတော့ မည်းခြောက်သွားတော့တယ်ဗျာ၊ ဦးဇေယျသေတာကိုမြင်တော့ မတစ်လုံးဂိုဏ်းကလူတွေအကုန်လုံးပြန်လှည့်ပြေးတာပေါ့ဗျာ၊ ဒီတော့ ဒေါ်ပျင်းကြီးက အသံကွဲကြီးနဲ့ရယ်လိုက်ရင်း

“ဟား၊ ဟား ဘယ်ပြေးကြမလို့လဲ၊ ပြန်လာခဲ့၊ ပြန်လာခဲ့ကြစမ်း”

ဒီလူကြီးတွေပြေးနေပေမယ့် အရှေ့ကိုမရောက်ဘူးဗျ၊ ပြီးတာနဲ့ အနောက်ကနေတစ်ယောက်ယောက်က ကြိုးနဲ့ဆိုသလိုမျိုး အနောက်ကိုပြန်ရောက်ကုန်တော့တာပဲ၊ ဒေါ်ပျင်းကြီးက အရူးမကြီးလို ရယ်မောနေရင်း မြေကြီးကိုခြေဖနောင့်နဲ့ပေါက်လိုက်တော့ ဒီလူတွေအားလံုံး မီးခိုးတွေထွက်လာပြီးတော့ လဲကျကုန်တော့တာပဲဗျာ၊ တစ်ချို့ကတော့ မြေကြီးမှာ လူးလွန့်ရင်းနဲ့ တွားသွားနေသေးတယ်၊ သွားနေရင်းနဲ့ပဲ တစ်ကိုယ်လုံးပိန်ခြောက်ပြီးတော အရိုးစုကြီးလိုပိန်ကပ်သွားတော့တာပဲ။

“ဟား၊ ဟား ကောင်းတယ်၊ နင်တို့မိန်းမတွေ လင်ပျောက်မတွေဖြစ်ကုန်ပြီ၊ ဟား၊ ဟား”

အခုမှကျုပ်လည်းသိတော့တယ်ဗျ၊ ဘာလို့ ဒီကုန်းကလေးကို လင်ပျောက်ကုန်းလို့ ခေါ်ကြတာလဲဆိုတာလေဗျာ၊ လတ်စသတ်တော့ ဒေါ်ပျင်းကြီးသတ်ခဲ့လို့ မတစ်လံုံးဂိုဏ်းက ဂိုဏ်းသားတွေအကုန်သေခဲ့တာကိုး၊ သူပြောခဲ့တဲ့ လင်ပျောက်မဆိုတာကို အစွဲပြုပြီး ဒီကုန်းကို လင်ပျောက်ကုန်းလို့ နာမည်ပေးခဲ့တာပဲ။ ကုန်းတစ်ကုန်းလုံး အရိုးစုတွေပြန့်ကျဲနေတာပဲဗျာ၊ ဒေါ်ပျင်းကြီးရယ်မောနေတုန်း ဒေါ်ပျင်းအရှေ့ကိုလူတစ်ယောက်ရပ်လာတယ်ဗျ။

“အမေ၊ ရပ်လိုက်တော့”

ကျုပ်ကြည့်လိုက်တော့ ဦးဘသာဖြစ်နေတယ်၊ ကျုပ်က အဲဒီကုန်းနဲ့ခပ်လှမ်းလှမ်းကနေ ကြည့်နေတာကိုးဗျ၊ ဒါနဲ့ ဘေးနားက သာစံံကိုကြည့်လိုက်တော့ သာစံမရှိတော့ဘူး။

“ဘာဖြစ်လို့လဲဟဲ့ သာစံံံရဲ့”

“အမေရှေ့ဆက်တိုးလို့မဖြစ်တော့ဘူး”

“ဘာလို့ ငါကရှေ့ဆက်တိုးလို့ မဖြစ်တာလဲ”

“အမေဆက်တိုးရင် ဒီထက်ပိုပြီးမှားတော့မယ်မဟုတ်လား၊ အမေက နဂိုကတည်းက တစ်ရွာလုံးကိုသတ်ဖို့ အကြံအစည်ရှိခဲ့တယ်မဟုတ်လား၊ အရင်တစ်ခါတုန်းကလည်း ကျုပ်တားခဲ့လို့ ရွာကလူတွေအသက်ရှင်ခဲ့တယ်၊ အခုလည်း ကျုပ်တားရမယ်အမေ၊ အတိတ်က မဖြစ်ခဲ့တဲ့အရာတစ်ခုကို ပုံရိပ်ယောင်ထဲမှာ ဖြစ်အောင်အမေလုပ်လို့မရဘူး”

ဒေါ်ပျင်းက ရယ်မောလိုက်ရင်း လက်တစ်ဖက်ကိုဘေးကိုဆန့်တန်းလိုက်တယ်ဗျ၊။ နောက်တော့ ကျုပ်ကိုလက်ယပ်ခေါ်လိုက်တော့ ကျုပ်လေပေါ်မှာလွင့်သွားပြီးတော့ ဗြုန်းဆို သူ့လက်ထဲကိုရောက်သွားတော့တာပဲဗျာ၊ ဒေါ်ပျင်းက ကျုပ်လည်းပင်းကို လက်နဲ့ညှစ်ထားတယ်။

“ဒါဆို နင်နှစ်ခုရွေးဘသာ၊ ငါ့ပုံရိပ်ယောင်က အစွမ်းတွေပျောက်ကုန်တော့မယ်၊ ဒီတော့ ငါဒီအစွမ်းတွေကို တစ်ယောက်ယောက်ကို ထည့်ပေးခဲ့မှရတော့မယ်”

ကျုပ်လည်း ရုန်းကန်နေတာပေါ့ဗျာ၊ ဒါပေမယ့် သူ့လက်ကနေမရုန်းနိုင်ဘူးဗျ။

“ပညာကို နင့်ဆီကိုပေးရမလား၊ ဒါမှမဟုတ် သူ့ဆီကိုထည့်ပေးရမလား”

“မလုပ်ပါနဲ့အမေ၊ မလုပ်ပါနဲ့၊ ကျုပ်ဒီပညာတွေကို ထပ်ပြီးမလိုချင်တော့ဘူး”

ဒေါ်ပျင်းက ကျုပ်ဘက်ကိုလှည့်ကြည့်ရင်း

“ဒါဆို ဒီကောင်လေးဆီကိုပဲ ထည့်ပေးခဲ့ရမှာပေါ့”

“မလုပ်ပါနဲ့အမေရာ၊ ကျုပ်တောင်းပန်ပါတယ်၊ ဒီကောင်လေးသာ ဒီပညာတွေရသွားခဲ့ရင် သူပျက်စီးသွားလိမ့်မယ်၊ သူဟာ ရင့်ကျက်တဲ့သူတစ်ယောက်မဟုတ်သေးဘူး၊ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းမရှိသေးဘူး၊ ဒီတော့ ပညာတွေသူ့ဆီရောက်သွားရင် ပညာတွေက သူ့ကိုထိန်းချုပ်သွားလိမ့်မယ်၊ ကျုပ်ဒါမျိုးအဖြစ်မခံဘူး”

“ဟား၊ ဟား ဒါဆိုလည်း နင့်ပညာနင်ပြန်ယူပေါ့ ငါ့သားရယ်”

ဦးဘသာက ချီတုံချတံုံဖြစ်နေတယ်ဗျ၊ ဒီအချိန်မှာပဲ ဒေါ်ပျင်းက သူ့ပါးစပ်ကိုဖွင့်ပြီး ကျုပ်ဘက်ကိုမျက်နှာလှည့်လိုက်တော့တာပဲဗျာ၊ သူ့ပါးစပ်ထဲက အဝါရောင်၊ အစိမ်းရောင်အလင်းတန်းတွေက တဖြည်းဖြည်းချင်းထွက်လာတယ်ဗျ၊ ကျုပ်လည်းအော်ဟစ်နေပေမယ့် ကျုပ်မျက်နှာအနားကို ပျံသန်းလာကြတာပေါ့ဗျာ။

“တော်ပြီအမေ၊ ကျုပ်ကိုပဲပေးတော့”

ဒေါ်ပျင်းက ဦးဘသာဘက်ကိုချက်ချင်းလှည့်လိုက်တယ်၊ ဒေါ်ပျင်းပါးစပ်ထဲက အလင်းတန်းတွေက ဦးဘသာရဲ့ပါးစပ်ထဲကို တိုးဝင်ကုန်တယ်ဗျ၊ နောက်တော့ ပတ်ဝန်းကျင်ကြီးတစ်ခုလုံးက အရောင်တွေပြောင်းလာတယ်၊ ကျုပ်မျက်လုံးတွေ အမြင်ဝါးသွားတယ်၊ မျက်လုံးအမြင်တွေပြန်ကြည်သွားတော့ ကျုပ်က ဦးဘသာကြီးရဲ့လက်မောင်းကိုဖက်ထားရင်းနဲ့ ကျုပ်ပါးစပ်က ဦးဘသာပါးစပ်အနားကို ရောက်နေတယ်ဗျ၊

ဦးဘသာကတော့ မျက်ဖြူကြီးလန်နေပြီးတော့ ပါးစပ်ကြီးပွင့်လို့ပေါ့ဗျာ၊ ဒါနဲ့ကျုပ်လည်း လက်ကိုလွှတ်ချလိုက်တယ်။

“ဦး . . . ဦးဘသာ”

ဦးဘသာက ပက်လက်လန်ပြီးတော့ အရုပ်ကြိုးပြတ်လဲကျသွားတာပဲဗျာ။ ခဏတာအတွင်းမှာပဲ ဦးဘသာရဲ့ ဖြူဖျော့နေတဲ့အသားက သွေးရောင်ပြန်သမ်းသွားတယ်ဗျ၊ ဦးဘသာက ပက်လက်လှန်ရင်း

“ခွီးတဲ့မှပဲကွာ”

လို့ရေရွတ်လိုက်တယ်၊ ကျုပ်လည်း ဦးဘသာကိုတွဲထူလိုက်တာပေါ့။

“ဘာတွေဖြစ်သွားတာလဲ ဦးဘသာ”

ဦးဘသာက ငိုင်ငိုင်ကြီးဖြစ်နေရင်းနဲ့

“မင်း ဒီပညာတွေကိုတတ်လို့မရဘူးအလတ်ကောင်၊ ငါမင်းကို ဘယ်နည်းနဲ့မှ ဒီပညာတွေကို မတတ်စေချင်ဘူး၊ ဒီပညာတွေဆိုတာ လူတွေရဲ့စိတ်ကိုအမျိုးမျိုးထိန်းချုပ်ဖမ်းစားတယ်၊ ပညာရဲ့တန်ခိုး၊ ပညာရဲ့အစွမ်းကို မထိန်းချုပ်နိုင်ဘူးဆိုရင် အဲဒီလူက အဆိုးဘက်ကိုရောက်သွားလိမ့်မယ်၊ ငါ့အမေလိုပေါ့”

ကျုပ်လည်းငိုင်ကျသွားတော့တယ်။

“ကျုပ်အမှားပါဦးဘသာ၊ ကျုပ်က ဦးဘသာကို စုန်းပညာတွေပြန်တတ်စေချင်ခဲ့တာ၊ ဒါတွေအကုန်လုံးက ကျုပ်အမှားပါ”

ဦးဘသာက ခေါင်းခါရင်း ကွမ်းအစ်ကလေးပြန်ကောက်ကိုင်ပြီးတော့ မတ်တတ်ရပ်လိုက်တယ်ဗျ။

“မင်းအမှားမဟုတ်ပါဘူးအလတ်ကောင်ရာ၊ တကယ်တော့ ငါ့အမှားပါ”

“ဘာဖြစ်လို့လဲဗျ”

“စာဆိုတစ်ခုရှိတယ်ကွ၊ တစ်ခါစုန်းဖြစ်ရင် တစ်သက်လုံးစုန်းဖြစ်ပြီတဲ့၊ ကြည့်ရတာ ငါလည်း ဒီစာဆိုကို မလွန်ဆန်နိုင်ဘူးထင်ပါရဲ့ကွာ”

နောက်တော့ ဦးဘသာက ကျုပ်ကိုလက်ညှိုးထိုးပြီး တစ်ခုခုရေရွတ်လိုက်တယ်ဗျ၊

“ကျုပ်၊ ကျုပ်ကိုဘာလုပ်လိုက်တာလဲ”

“မင်းမှာအစွမ်းတွေရှိနေသေးလားလို့ စမ်းသပ်လိုက်တာ၊ အခုတော့ မင်းဟာဖြူစင်သွားပြီ၊ မင်းမှာ ဘာမှမရှိတော့ဘူး”

ဦးဘသာကပြောပြီးတော့ ချောင်းရိုးထဲကိုဆင်းချသွားတယ်ဗျ၊ သူ့နွားနှစ်ကောင်ကို လှမ်းခေါ်ပြီးတော့ ပြန်သွားတော့တယ်၊ ကျုပ်တစ်ယောက်တည်းသာ တာရိုးပေါ်မှာကျန်နေခဲ့တာပေါ့ဗျာ၊ ကျုပ်လက်နှစ်ဖက်ကို ကျုပ်ပြန်ကြည့်ရင်း စိတ်ထဲဝမ်းနည်းသလိုလိုကြီးဖြစ်လာတယ်။ အမှန်ဆိုရင် ဦးဘသာကြီး ပညာတွေအားလုံးပြန်ရသွားတာကို ကျုပ်က ဝမ်းသာနေရမှာလေဗျာ၊ အခုတော့ ရင်ထဲဆို့နင့်နင့်ကြီးဖြစ်နေတယ်။ ကျုပ်နဲ့မလှမ်းမကမ်းမှာ သစ်ကိုင်းခြောက်ကလေးတစ်ခုကျနေတာနဲ့ သစ်ကိုင်းခြောက်ကိုကြည့်ပြီးတော့

“မြွေဖြစ်စမ်း”

ကျုပ်ပြောလိုက်ပေမယ့်လည်း အလကားပါပဲဗျာ၊ သစ်ကိုင်းခြောက်က သစ်ကိုင်းခြောက်ပါပဲ၊ ကျုုပ်လည်း မတ်တပ်ရပ်လိုက်ပြီးတော့ ဖုတ်ဖတ်ခါလိုက်တယ်၊ ဘာပဲဖြစ်ဖြစ် ဦးဘသာဆုံးဖြတ်တာ မှန်ပါတယ်၊ တကယ်လို့ ကျုပ်သာပညာတွေတတ်သွားခဲ့ရင်၊ ကျုပ်စေခိုင်းသမျှ၊ ကျုပ်ကြံစည်သမျှက တကယ်ဖြစ်လာခဲ့ရင် ကျုပ်စိတ်ကိုကျုပ်ထိန်းနိုင်မှာမဟုတ်ဘူးဗျ၊ ကျုပ်ဦးဘသာလို သိုသိုဝှက်ဝှက် နေနိုင်မှာမဟုတ်ဘူး၊ ဒီလိုသာဖြစ်ခဲ့ရင် ကျုပ်မိသားစု၊ ကျုပ်ရဲ့ဘဝ၊ ကျုပ်ရဲ့ရွာ အားလုံးက အပြောင်းအလဲတွေဖြစ်ကုန်မှာပဲဒ ဦးဘသာကတော့ ဒီလိုမဟုတ်ခဲ့ဘူး၊ ဦးဘသာက ငယ်ငယ်ကတည်းက ဒီပညာတွေရဲ့အကျိုးဆက်ကိုသိတဲ့လူမို့လို့ ပညာတွေကိုဘယ်လိုထိန်းကွပ်ရမယ်ဆိုတာကို သူသိတယ်၊ သူ့စိတ်ကိုသူ နိုင်တယ်ပေါ့ဗျာ။

ဘာပဲပြောပြော နောက်ဆုံးတော့ ဒုံရင်းပြန်ဖြစ်သွားတာပေါ့ဗျာ၊ ဦးဘသာကြီးလည်း ပညာတွေပြန်ရသွားတာပေါ့ဗျာ၊ ရွာကို ကာကွယ်မကာကွယ်ကတော့ သူ့ဆုံးဖြတ်ချက်ပါ၊ ဒါပေမယ့် ကျုပ်ပြောနိုင်တာတစ်ခုကတော့ ဦးဘသာကြီးမှာ ပညာတွေရှိနေသရွေ့ လူတစ်ဖက်သား သူ့ရှေ့မှာ ဒုက္ခရောက်နေတာကို လက်ပိုက်ကြည့်နေမယ့််သူ မဟုတ်ဘူးဆိုတာကိုပါပဲ။

နွားအကြောင်းမှာ အရှင်နာဂသိန်သားငါးကျေးငှက် အဘိဓါတ်မှလည်းကောင်း၊ ရောဂါများအကြောင်းမှာ မဟာနိဒ္ဒေသပါဠိမှလည်းကောင်း မှီငြမ်းပါသည်။
ပြီးပါပြီ။

#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ

Zawgyi Version

” စုန္းထီးႀကီး ဦးဘသာႏွင့္ ဒုံရင္းဆိုက္တဲ့ကိန္း “(စ/ဆုံး)
———————————————————————–
အတြဲ(၄) စာစဥ္(၅)

(၁)

“ဟိတ္ေကာင္ေလး”

က်ဳပ္နားထဲ အသံကြဲႀကီးကို ၾကားလိုက္ရျပန္ေရာဗ်ိဳ႕၊ ဒီတစ္ခါေတာ့ က်ဳပ္မထလို႔မရေတာ့ဘူး၊ မထရင္ဟိုေန႔ကလို ဖ်ာႀကီးနဲ႔ကပ္ၿပီး ပ်ံေနမွာစိုးလို႔ ေငါက္ခနဲေကာက္ထလိုက္တယ္ဗ်။ က်ဳပ္ထလိုက္တဲ့ေနရာကေတာ့ အိမ္ကေလးတစ္လုံးဗ်၊ အဲဒီအိမ္ကိုက်ဳပ္တစ္ခါမွလည္းမေရာက္ဖူးဘူး၊ က်ဳပ္လွည့္ပတ္ၾကည့္ေနတုန္း အိမ္ေရွ႕နားမွာ စကားေျပာသံၾကားတာနဲ႔ အိမ္ေပၚကေနဆင္းလာခဲ့တယ္ဗ်၊ စကားေျပာေနတာကေတာ့ ေဒၚပ်င္းနဲ႔ သူ႔အေမ ဘြားမယ္ျဖဴႀကီးေပါ့ဗ်ာ။

“ဟဲ့ သမီး၊ ႐ြာထဲမယ္ အထက္လမ္းဆရာေတြေရာက္ေနတယ္ဆိုပဲ”

“အဲဒီေသခ်င္းဆိုးေတြ ေရာက္တာ က်ဳပ္ကဘာလုပ္ရမွာလဲအေမရဲ႕”

ေဒၚပ်င္းက ေျပာရင္းဆိုရင္း ေျပာင္းဖူးဖက္ေဆးလိပ္ႀကီးကိုေကာက္ဖြာၿပီးေတာ့ ပါးခြက္ေနေအာင္ကိုစုပ္လိုက္တယ္ဗ်၊ ေဆးလိပ္ႀကီးက တစ္ခ်က္ရဲခနဲလင္းသြားၿပီးေတာ့ မီးခိုးေတြဆိုတာလည္း ေခါင္းတိုင္ႀကီးထြက္သလို တအူအူနဲ႔ထြက္လာေတာ့တာပဲဗ်ာ။

“အဲဒီလူေတြကို သူႀကီးကေခၚထားတာတဲ့၊ ဘာလို႔ေခၚထားတာလဲဆိုေတာ့ နင့္ကိုဝိုင္းႏွိမ္နင္းၾကမလို႔တဲ့”

ဘြားမယ္ျဖဴစကားၾကားေတာ့ ေဒၚပ်င္းက ဟက္ခနဲရယ္တယ္ဗ်၊ သူ႔ပါးစပ္ထဲကေနေတာင္မွ မီးခိုးေတြအေထြးလိုက္ထြက္သြားေသးတယ္ဗ်ာ။ ဘြားမယ္ျဖဴကေတာ့ သူေျပာတာကိုစိတ္မဝင္စားရေကာင္းလားဆိုၿပီး ခါးေထာက္တယ္ဗ်။

“ညည္းက ရယ္ေန၊ အထက္လမ္းဆရာေတြစုၿပီး ညည္းကိုလုပ္ေတာ့ ညည္းခံရမွာေပါ့”

“စိတ္ခ်ပါအေမရယ္၊ သူတို႔အထက္လမ္းတစ္ဂိုဏ္းလံုံးမကလို႔ ဘုရားပါပင့္လာခဲ့ က်ဳပ္ကေတာ့ ေၾကာက္ကိုမေၾကာက္ဘူး”

ေဒၚပ်င္းက ေဆးလိပ္ႀကီးေဘးခ်ၿပီးေတာ့ ထမီျပင္ဝတ္တယ္ဗ်၊ ဘြားမယ္ျဖဴက တအံံ့တၾသနဲ႔ၾကည့္ရင္း

“ဟဲ့ သမီး၊ ဒါကဘယ္ကိုသြားမလို႔လဲ”

“႐ြာကိုေရာက္တဲ့ ဧည့္သည္ေတြကို သြားၾကည့္မလို႔ပါအေမရဲ႕၊ ဟင္း၊ ဟင္း”

ေဒၚပ်င္းက တစ္ခ်က္ၿပဳံးၿပီးေတာ့ ၿခံတံခါးဆီေလွ်ာက္သြားတယ္ဗ်၊ ေနာက္ေတာ့ က်ဳပ္ကိုလည္ျပန္လွည့္ၾကည့္ၿပီးေတာ့

“ဟိတ္ေကာင္ေလး၊ ငါနဲ႔လိုက္မလာဘူးလား”

က်ဳပ္လည္း အေနာက္ကိုလွည့္ၾကည့္လိုက္ေသးတယ္၊ သူၾကည့္တဲ့ေနရာမွာ က်ဳပ္ကလြဲလို႔ ဘယ္သူမွမရွိတာနဲ႔ က်ဳပ္လည္း ကိုယ့္ကိုယ္ကိုယ္လက္ညႇိဳးထိုးလိုက္မိတာေပါ့ဗ်ာ။

“ဗ်ာ၊ က်ဳပ္ . . . က်ဳပ္ကို ခင္ဗ်ားက ျမင္ရတယ္လား”

ေဒၚပ်င္းက ႐ုတ္ျခည္းဆိုသလို က်ဳပ္အနားေရာက္လာတယ္ဗ်။

“ျမင္ရတာေပါ့ေကာင္ေလးရ၊ အခုျဖစ္ေနတာေတြက နင့္ေခါင္းထဲမွာ ျဖစ္ေနတာေတြပဲ၊ ကဲလာ ငါနဲ႔လိုက္ခဲ့”

“ဟာဗ်ာ၊ မလိုက္ခ်င္ပါဘူး”

ေဒၚပ်င္းက က်ဳပ္ကိုတစ္ခ်က္ၾကည့္လိုက္ၿပီးေတာ့ ရယ္တယ္ဗ်၊ သူရယ္ၿပီးတာနဲ႔ အိမ္ခန္းထဲကေန ေခြးနက္ႀကီးတစ္ေကာင္ ထြက္လာေတာ့တာပဲဗ်ာ၊ ေခြးႀကီးက အေတာ္ကိုႀကီးတာဗ်ာ၊ တစ္ကိုယ္လံုံးမည္းနက္ေနေပမယ့္ အစြယ္ႀကီးေတြကေတာ့ ျဖဴေဖြးၿပီးဝင္းလက္ေနတယ္။ အစြယ္ႀကီးေတြမွာလည္း သြားရည္ေတြက စီးက်ေနေသးတယ္ဗ်၊ က်ဳပ္ကို ကိုယ္ေတာ့မယ့္ပုံစံနဲ႔ ေျပးလာတာမို႔လို႔ က်ဳပ္လည္း ေၾကာက္ေၾကာက္နဲ႔ အိမ္ေပၚကဆင္းေျပးရတာပါပဲဗ်ာ။ ေခြးႀကီးကလည္း က်ဳပ္ေနာက္ကေန ေျပးလိုက္လို႔ဗ်။

က်ဳပ္လည္းေျပးရင္း ဖက္လိပ္႐ြာထဲေရာက္သြားတယ္ဗ်၊ ႐ြာလယ္က အိမ္ႀကီးအိမ္ေကာင္းႀကီးတစ္ခုကေတာ က်ဳပ္အဘိုးအိမ္ေပါ့ဗ်ာ၊ အဲဒီအိမ္ေရွ႕ေရာက္ေတာ့ က်ဳပ္လည္း ခလုပ္တိုက္ၿပီးေတာ့ လဲက်သြားတယ္၊ အေနာက္ကိုအျမန္လွည့္ၾကည့္ေတာ့ ခုနက ေတြ႕ခဲ့တဲ့ေခြးနက္ႀကီးက ေပ်ာက္ခ်င္းမလွကိုေပ်ာက္သြားတာဗ်၊ က်ဳပ္လည္း ဖုတ္ဖတ္ခါထၿပီးေတာ့ လူေတြစည္ကားေနတဲ့ သူႀကီးအိမ္ထဲကိုဝင္ၾကည့္တာေပါ့ဗ်ာ။

သူႀကီးအိမ္ကေတာ့ လူေတြစည္ေနတာေျပာမေနပါနဲ႔ဗ်ာ၊ ေျခတံရွည္အိမ္ဆိုေတာ့ အိမ္ေအာက္ထပ္မွာေတာ့ ႐ြာသားေတြက ခ်က္ဖို႔ျပဳတ္ဖို႔ျပင္ဆင္ေနၾကတယ္၊ အိမ္အေပၚတက္တဲ့ေလွကားမွာေတာ့ ဖိနပ္ေတြခြၽတ္ထားတာ မနည္းပဲဗ်၊ က်ဳပ္တက္သြားေတာ့ က်ဳပ္ကိုဘယ္သူမွ ျမင္ရတယ္မထင္ဘူး၊ သူ႔ဖာသာသူ စကားေျပာေနၾကတာ။ ဘုရားခန္းအေရွ႕နားမွာေတာ့ ေကာ္ေဇာႀကီးခင္းထားၿပီးေတာ့ လူႀကီးေတြထိုင္ေနၾကတယ္ဗ်။

“က်ဳပ္၊ က်ဳပ္အႏူးအၫြတ္ေတာင္းပန္ပါတယ္ဆရာႀကီးတို႔၊ ဒီစုန္းမက က်ဳပ္တို႔႐ြာကို ဒုကၡေပးေပါင္းမ်ားၿပီ၊ ဆရာႀကီးတို႔ အဲဒီစုန္းမကို နည္းနည္းေလာက္ထိန္းေက်ာင္းေပးေစလိုပါတယ္”

က်ဳပ္အဘိုးသူႀကီးက ကုန္းၿပီးကန္ေတာ့တာပဲဗ်ာ၊ ဒီေတာ့ ထိုင္ေနတဲ့လူႀကီးေတြထဲက မီးခိုးေရာင္လိုလိုတိုက္ပဝတ္ထားတဲ့လူႀကီးက

“ဘာမွမပူပါနဲ႔သူႀကီးရာ၊ မေကာင္းမႈဆိုတာ ဆိတ္ကြယ္ရာမရွိပါဘူး၊ က်ဳပ္တို႔ႏွိမ္နင္းေပးပါ့မယ္ဗ်၊ က်ဳပ္တို႔ မတစ္လုံးဂိုဏ္းဆိုတာက နယ္တကာလွည့္ၿပီးေတာ့ အဲဒီလိုစုန္းေတြကေဝေတြကို လိုက္လံႏွိမ္နင္းၿပီး ပညာေတြအလႉခံခဲ့တာ မ်ားၿပီဗ်”

“ေကာင္းပါၿပီဆရာႀကီးတို႔ရာ၊ ဆရာႀကီးတို႔ ေကာင္းသလိုသာစီစဥ္ပါ၊ လိုအပ္တာကိုသာ က်ဳပ္ကိုေျပာပါ”

“ဒါနဲ႔ စုန္းက ဘယ္ႏွစ္ေယာက္မို႔လို႔လဲဗ်”

“ႏွစ္ေယာက္ပါ၊ အေမကေတာ့ သိပ္မစြမ္းဘူး၊ သမီးကေတာ့ ေတာ္ေတာ္စြမ္းတယ္ဆရာႀကီးတို႔”

“ဟား၊ ဟား စုန္းႏွစ္ေယာက္ေလာက္မ်ားကေတာ့ က်ဳပ္တို႔တစ္ဂိုဏ္းလုံး ပင့္စရာမလိုပါဘူးဗ်ာ၊ က်ဳပ္တို႔က စုန္းသိုက္မွတ္လို႔ လိုက္လာၾကတာကိုး”

“စုန္းသိုက္ဆိုတာက ဘာလဲဆရာႀကီးတို႔”

“လြန္ခဲ့တဲ့ေျခာက္လေလာက္က ရွမ္းျပည္နယ္ဘက္က ေက်း႐ြာတစ္႐ြာမွာ စုန္းေတြေသာင္းက်န္းလို႔ဆိုၿပီး သြားႏွိမ္နင္းေပးရဖူးတယ္၊ အဲဒီ႐ြာမွာ စုန္းခ်ည္း သုံးဆယ္ေလာက္ရွိတာ၊ အဲဒီသုံးဆယ္ကိုေတာင္ က်ဳပ္တို႔ဂိုဏ္းတည္ေထာင္သူ ေဟာဒီဘက္က ဆရာႀကီးေဇယ်က တစ္ေယာက္တည္း အၿပိဳင္တိုက္ခိုက္ခဲ့တာေပါ”

ေဇယ်လို႔ေခၚတဲ့ဆရာႀကီးကေတာ့ ခပ္ေအးေအးပဲထိုင္ေနတာဗ်၊ ပင္နီတိုက္ပုံဝတ္ထားၿပီးေတာ့ ေသွ်ာင္ထုံးႀကီးကလည္း အႀကီးႀကီးဗ်ိဳ႕၊ ပိုထူးျခားတာကေတာ့ မ်က္ခုံးေမႊးေတြက သူမ်ားေတြလိုမဟုတ္ဘဲ အရွည္ႀကီးေတြနဲ႔ ေကာ့ပ်ံံံလန္တက္ေနတာပဲဗ်ာ၊ ကြမ္းကလည္း ျမေနေသးရဲ႕။ ဒီအခ်ိန္မွာပဲ အိမ္ေအာက္ဘက္မွာ လူေတြဆူညံဆူညံံနဲ႔အသံၾကားရတယ္၊ ေနာက္ေတာ့ အိမ္ေလွကားေပၚကိုတက္လာတဲ့သူက ေဒၚပ်င္းႀကီးဗ်။ အိမ္ေပၚမွာရွိတဲ့႐ြာသားေတြအကုန္လုံးက ေဒၚပ်င္းကိုေတြ႕ေတာ့ လန႔္သြားၾကတာေပါ့၊ ေဒၚပ်င္းက ဧည့္သည္ေတြဘက္ကိုၾကည့္ၿပီး

“ေၾသာ္၊ ဧည့္သည္ေတြ ေရာက္ေနတဲ့ပံုံပဲ၊ ဟင္း၊ ဟင္း”

သူႀကီးက လွည့္ၾကည့္ၿပီးေတာ့

“ဟဲ့စုန္းမ၊ နင္ငါ့အိမ္ကို ဘာလာလုပ္တာလဲ”

“ဘာမွမဟုတ္ပါဘူး၊ က်ဳပ္တို႔႐ြာကို ဧည့္သည္ေတြေရာက္ေနတယ္ဆိုလို႔ မျမင္ဖူးလို႔လာၾကည့္တာ”

မတစ္လး ဂိုဏ္းဆရာတစ္ေယာက္က ေဒၚပ်င္းကိုလက္ညႇိဳးထိုးၿပီး

“ေအာင္မယ္၊ စုန္းမ၊ နင္က ငါတို႔ကိုမခန႔္ေလးစားနဲ႔ ဒီကိုဘာလာလုပ္တာလဲ၊ ငါနင့္ကိုႀကိဳေျပာလိုက္မယ္၊ နင္႐ြာကို ဒုကၡေပးေနတာေတြကို အခုခ်က္ခ်င္းရပ္”

ေဒၚပ်င္းကေတာ့ ခပ္ၿပဳံးၿပဳံးပဲဗ်။

“ဘယ္သူ႔ကိုလက္ညႇိဳးလာထိုးေနတာလဲရွင္၊ ေယာက္်ားႀကီးတန္မဲ့နဲ႔ စကားေျပာတာ လက္ညႇိဳးတထိုးထိုးနဲ႔ မိန္းမႀကီးက်ေနတာပဲ”

ေဒၚပ်င္းလည္းေျပာလိုက္ေရာ အဲဒီဂိုဏ္းဆရာႀကီးရဲ႕ လက္ညႇိဳးက ေခါက္ခနဲလွန္ၿပီးက်ိဳးသြားတာဗ်ာ၊ လက္ညႇိဳးထိပ္က လက္သည္းဆိုရင္ လက္ဖမိုးသားနဲ႔ထိေအာင္လို႔ကို ေကြးက်သြားတာ၊ အထက္လမ္းဆရာႀကီးက နာပုံရေပမယ့္ အံံံႀကိတ္ၿပီးခံတယ္ဗ်။ ဒီအခ်ိန္မွာပဲ ေဘးနားက ထိုင္ေနတဲ့ဆရာတစ္ေယာက္က သူ႔လည္ပင္းမွာဆြဲထားတဲ့ ပုတီးကိုျဖဳတ္ၿပီးေတာ့ ေဒၚပ်င္းဆီကို အေခြလိုက္လွမ္းပစ္တယ္ဗ်၊ ေဒၚပ်င္းက အဲဒီပုတီးကုံးကို ၾကည့္လိုက္တာနဲ႔ ပုတီးကုံးက ေလေပၚမွာတင္ပဲ ျဖန္းခနဲျပတ္ထြက္သြားၿပီးေတာ့ ပုတီးေစ့ေတြက တစ္အိမ္လုံးအႏွံ႔ျပန႔္က်ဲသြားတာပဲဗ်ာ။ ေနာက္ေတာ့ အဲဒီပုတီးနဲ႔ပစ္တဲ့ဆရာလည္း တစ္ခါတည္းေခြက်သြားၿပီးေတာ့ ဗိုက္ကိုလက္နဲ႔ဖိၿပီး ေအာ္ေနေတာ့တာပဲ၊ ဒီေတာ့မွ ဆရာႀကီးေဇယ်က ထလာတယ္ဗ်၊ ပုတီးနဲ႔ပစ္တဲ့ တပည့္ရဲ႕ ဗိုက္ကိုလက္နဲ႔သပ္လိုက္တာနဲ႔ အဲဒီလူက အေကာင္းအတိုင္းျပန္ျဖစ္သြားေရာဗ်ာ၊ ေနာက္တစ္ခါ လက္ညႇိဳးက်ိဳးသြားတဲ့တပည့္ရဲ႕ လက္ဖဝါးကိုပြတ္သပ္လိုက္ေတာ့ လက္ညႇိဳးက အေကာင္းပကတိအတိုင္း ျပန္ျဖစ္သြားျပန္ေရာဗ်ိဳ႕။

ေနာက္ေတာ့ ဆရာႀကီးေဇယ်က ေဒၚပ်င္းဘက္ကိုၾကည့္တယ္ဗ်။

“ဟဲ့စုန္းမ၊ နင္က အလာသားပါလား၊ ကဲ ဒီေန႔ေတာ့ ခရီးေရာက္မဆိုက္မို႔ နင္နဲ႔ငါနဲ႔မေတြ႕ခ်င္ေသးဘူး၊ ေနာက္ရက္က်ေတာ့ ငါ့အေၾကာင္းနင္သိမယ္”

“အင္းပါ၊ ဆရာႀကီးတို႔ နားၾကအုံးေပါ့၊ က်ဳပ္ပညာသိခ်င္ရင္ေတာ့ က်ဳပ္ဆီကိုလာခဲ့ပါ၊ က်ဳပ္က အခ်ိန္မေ႐ြး၊ ေနရာမေ႐ြးဘူး”

ေဒၚပ်င္းက ေျပာဆိုၿပီးေတာ့ ခ်ာခနဲလွည့္ထြက္သြားပါပဲဗ်ာ၊ အဲဒီအခ်ိန္မွာ က်ဳပ္ဇက္ပိုးေတြေလးလံလာတယ္၊ ေနာက္ၿပီးေတာ့ လူကလည္းေနရတာတစ္မ်ိဳးပဲဗ်၊ က်ဳပ္မ်က္ႏွာေပၚကိုလည္း ေရစက္ေလးေတြလာစင္တယ္၊ က်ဳပ္လည္း အိမ္ထဲမွာထိုင္ေနရင္း ဘယ္ကေရစက္ေတြ က်လာသလဲဆိုၿပီးေမာ့ၾကည့္လိုက္ေတာ့ ေရေတြအမ်ားႀကီးပဲ က်ဳပ္မ်က္ႏွာေပၚကို က်လာေတာ့တာပဲဗ်ာ။

“ဖြီး . . . ဖြီး”

က်ဳပ္လည္း ပါးစပ္ထဲဝင္လာတဲ့ ေရေတြကို မႈတ္ထုတ္လိုက္ၿပီးေတာ့ ငုတ္တုတ္ေကာက္ထိုင္လိုက္တာေပါ့ဗ်ာ၊ အကိုႀကီးနဲ႔ အငယ္ေကာင္က က်ဳပ္ကိုၾကည့္ၿပီး တဟားဟားနဲ႔ ရယ္ေမာေနၾကတယ္။

“အလတ္ေကာင္ရာ မင္းေတာ္ေတာ္အိပ္ပုတ္ႀကီးတဲ့ေကာင္ပဲကြ၊ အိပ္စရာေနရာရွားလို႔ သခ်ိဳင္းကုန္းထဲလာအိပ္ေနရသလား”

အခ်ိန္က ညေနေစာင္းကေလးဗ်၊ က်ဳပ္မွတ္မိသေလာက္ျပန္စဥ္းစားေတာ့ ဒီေနရာမွာ ဦးဘသာနဲ႔က်ဳပ္နဲ႔ထိုင္ေနၾကတယ္မဟုတ္လားး၊ ေနာက္ေတာ့ ဦးဘသာထြက္သြားၿပီးေတာ့ ေဒၚပ်င္းႀကီးေပၚလာၿပီး က်ဳပ္ပါးစပ္ထဲကိုဝင္သြားတာပဲေလ၊ က်ဳပ္မွတ္မိသေလာက္ကေတာ့ ဒီေလာက္ပဲ၊ ဒါနဲ႔ အကိုႀကီးနဲ႔ အငယ္ေကာင္တို႔အေနာက္ကို လိုက္ခဲ့ရတာေပါ့ဗ်ာ။

(၂)

ေနာက္ေန႔မနက္က်ဳပ္တို႔ထမင္းစားၿပီးေတာ့ အကိုႀကီးက ႏြားေတြသြားဆြဲလာတယ္ဗ်၊ က်ဳပ္တို႔လယ္ေတြမွာ မ်ိဳးေတြႀကဲဖို႔အခ်ိန္ေရာက္ၿပီေပါ့ဗ်ာ၊ ဒီအခ်ိန္မွာပဲ အိမ္က ႏြားျပာႀကီးက ေပကပ္ကပ္လုပ္ေနတယ္ဗ်၊ အကိုႀကီးဆြဲတာေတာင္မွ တင္းကုပ္ထဲကေန မလိုက္ခ်င္လိုက္ခ်င္နဲ႔ထြက္လာတယ္၊ ဆြဲလာရင္းမၾကာေသးဘူး အိမ္ေရွ႕နားေရာက္တာနဲ႔ ေခြၿပီးလွဲခ်လိုက္တယ္ဗ်၊ အကိုႀကီးက ႏြားျပာႀကီးကို ႀကိမ္းေမာင္းေပမဲ့ မထေတာ့ဘဲ မွိန္းေနတယ္။ အေဖက အကိုႀကီးကိုၾကည့္ရင္း

“အႀကီးေကာင္၊ သိပ္႐ိုက္ပုတ္မေနနဲ႔ကြ၊ ဒီေကာင္ႀကီးၾကည့္ရတာ အေျခအေနသိပ္မဟန္ဘူးကြ၊ တန္ေတာ့ ေနမေကာင္းဘူးထင္တယ္”

အေဖက ထလာၿပီးၾကည့္တယ္ဗ်၊ က်ဳပ္တို႔ေတာမွာေတာ့ ႏြားေမြးတဲ့အိမ္တိုင္းက ႏြားအေၾကာင္းေတာ့ အနည္းအက်ဥ္းသိၾကတာခ်ည္းပဲဗ်၊ ဒီေတာ့ ႏြားျပာႀကီးကိုအကဲခတ္ၾကည့္ေနရင္း အေဖက ေခါင္းခါတယ္။

“သာမန္ေရာဂါမဟုတ္ဘူးထင္တယ္ကြ၊ ကိုယ္သားကိုယ္ေရေတြကလည္း ပူေနတာပဲ၊ အလတ္ေကာင္ ဦးဘသာ သြားေခၚခဲ့ကြာ”

က်ဳပ္တို႔႐ြာမွာ ႏြားစပါယ္ရွယ္လစ္က ဦးဘသာဆိုေတာ့ ဦးသာပဲေျပးေခၚရတာေပါ့ဗ်ာ၊ သူက ႏြားဆရာဝန္ဆိုလည္းဟုတ္တယ္၊ က်ဳပ္တို႔ဘက္ေတာ့ ႏြားဆရာလို႔ေခၚၾကတယ္၊ ဒါေပမယ့္ ဦးဘသာကေတာ့ သူ႔ကိုယ္သူအဲဒီဂုဏ္ပုဒ္မတပ္ပါဘူးဗ်ာ၊ အျခား႐ြာေတြဆိုရင္ေတာ့ ႏြားဆရာဆိုၿပီးေတာ့ ပိုက္ဆံယူၿပီးကုစားတဲ့သူရွိေပမယ့္ က်ဳပ္တို႔႐ြာကေတာ့ ဦးဘသာပဲ အားကိုးရတာဗ်။

ဦးဘသာကို စုန္းဆိုၿပီး ေၾကာက္လို႔ မေခၚမေျပာရင္ေတာင္မွ ကိုယ့္ခိုင္းႏြားေတြတစ္ခုခုျဖစ္လာၿပီဆိုရင္ ဦးဘသာဆီေျပးၿပီ၊ ဘယ္လိုဘယ္အေၾကာင္းလို႔ေျပာလိုက္တာနဲ႔ ဦးဘသာက ဘယ္သစ္႐ြက္၊ ဘယ္ေဆးကို ဘယ္လိုခတ္တိုက္လိုက္လို႔ေတာ့ ေျပာလိုက္တာပဲဗ်၊ သူေျပာတဲ့အတိုင္းတိုက္ရင္ တကယ္ယူပစ္သလိုေပ်ာက္တာဆိုေတာ့ တစ္႐ြာလုံးက အားကိုးရတာေပါ့ဗ်ာ၊ အခုလည္း အိမ္ကႏြားျပာႀကီးဘာျဖစ္မွန္းမသိဘူးဗ်၊ က်ဳပ္ကေတာ့ ႐ိုးမွ ႐ိုးပါ့မလားလို႔ေတြးေနမိတယ္။

“ဦးဘသာ . . . ဗ်ိဳ႕ ဦးဘသာ”

“ေဟ၊ ဘာတုန္းဟ”

“အိမ္က ႏြားျပာႀကီး ဘာျဖစ္မွန္းမသိလို႔ အေဖကလာခဲ့ပါအုံးတဲ့ဗ်ာ”

“ေအးေအး၊ ငါလာၿပီ”

ဦးဘသာလည္း ႏြားထြက္ေက်ာင္းဖို႔ထင္တယ္ဗ်၊ က်ဳပ္ေခၚေတာ့ က်ဳပ္အေနာက္ကိုလိုက္လာတယ္၊ လမ္းတစ္ေလွ်ာက္ ဘာစကားမွမေျပာတာနဲ႔ က်ဳပ္လည္း ေျပာမေနေတာ့ဘူးေပါ့ဗ်ာ၊ ၿခံံံထဲေရာက္တာနဲ႔ ႏြားျပာႀကိးကိုတစ္ခ်က္သြားၾကည့္တယ္။ လွဲအိပ္ေနတဲ့ ႏြားျပာႀကီးကိုလွည့္ပတ္ၿပီးေတာ့ကို ၾကည့္တာဗ်၊ ၿပီးေတာ့ ေခါင္းတညိတ္ညိတ္နဲ႔ ေက်ာကအေမႊးေတြကို လက္နဲ႔ပြတ္ၾကည့္တယ္၊ ေနာက္ေတာ့ နား႐ြက္ကိုလက္နဲ႔ေထာင္ၾကည့္ေနျပန္တယ္၊ ေနာက္ဆုံးကေတာ့ ႏြားရဲ႕ကိုယ္လုံးကိုစမ္းၾကည့္တယ္ဗ်၊ အေဖကလည္း သိခ်င္လို႔ ေဘးနားကသြားၾကည့္ေနတာေပါ့ဗ်ာ။

“ဘာျဖစ္တာလဲ ဦးဘသာ”

“သူႀကီးႏြားျပာက သရက္႐ြက္ႀကီးေနတာဗ်”

က်ဳပ္လည္း အံ့ၾသသြားတာေပါ့ဗ်ာ။

“ဗ်ာ၊ သရက္႐ြက္ႀကီးတာကို ဦးဘသာက ဘယ္လိုလုပ္ၿပီးသိတာလဲဗ်”

“ကိုယ္သားကိုယ္ေရေတြပူေနတယ္ကြ၊ အေမႊးေတြကလည္း ေထာင္မတ္မေနဘူး ခပ္ေစာင္းေစာင္းရယ္၊ ေနာက္ၿပီးေတာ့ နား႐ြက္လည္းမေထာင္ႏိုင္ဘူးမဟုတ္လား၊ အဲဒါ သရက္႐ြက္ႀကီးတာေပါ့ကြ၊ မင္းမယုံရင္ လက္ေတြ႕စမ္းျပမယ္၊ မီးဖိုထဲက ဆားလက္တစ္ဆုပ္ေလာက္ သြားႏႈိက္ခဲ့ကြာ”

က်ဳပ္လည္း ဦးဘသာေျပာတဲ့အတိုင္း ဆားလက္တစ္ဆုပ္ႏႈိက္ၿပီးေတာ့ ျပန္လာခဲ့တာေပါ့ဗ်ာ၊ ဦးဘသာက ဆားေတြကိုယူၿပီးေတာ့ ႏြားရဲ႕ေက်ာကုန္းအလယ္က ေဗြေပၚမွာ အဲဒီဆားေတြကို အပံုံကေလးျဖစ္ေအာင္ပုံလိုက္တယ္ဗ်၊ က်ဳပ္တို႔ၾကည့္ေနတဲ့အခ်ိန္မွာပဲ ဆားေတြက အေရေပ်ာ္လာပါေရာဗ်ာ၊ ဆားပံုံေအာက္ဘက္က ဆားေတြအေရေပ်ာ္ေတာ့ ဆားပုံလည္းပ်က္သြားတာေပါ့၊ ဆားေရေတြစီးက်ေနတာကို အတိုင္းသားျမင္ရတယ္ဗ်ာ။

“ေတြ႕လား၊ အဲဒီဆားအရည္ေပ်ာ္ရင္ အဲဒါသရက္႐ြက္ႀကီးတဲ့ေရာဂါပဲကြ”

“ထူးဆန္းလိုက္တာဗ်ာ”

“ဒါ ငါတို႔ေရွးဗမာ့နည္းကြ”

“ကုလို႔ေရာ ေပ်ာက္ပါ့မလား ဦးဘသာ”

အေဖက ဝင္ေမးေတာ့ ဦးဘသာက ေခါင္းညိတ္တယ္ဗ်။

“ေပ်ာက္တာေပ့ါသူႀကီးရာ၊ ေဆးစုံကြမ္းစုံ ေကြၽးရင္ ဒိ႒ေပ်ာက္တာေပါ့ဗ်”

“ဒါဆိုရင္လည္း ကုေပးပါဦးဘသာရာ၊ က်ဳပ္ ဦးဘသာကို သမားပြဲကန္ေတာ့ပါ့မယ္”

“မလိုပါဘူးသူႀကီးရာ၊ က်ဳပ္က ဘယ္တုန္းက သမားပြဲဆိုၿပီးေတာင္းဖူးလို႔လဲဗ်”

သမားပြဲဆိုတာကေတာ့ က်ဳပ္တို႔ဆီမွာ ႏြားေတြေရာဂါျဖစ္လို႔ ေဆးကုရင္ ေဆးကုေပးတဲ့လူကို ေတာင္းတစ္လံုံးနဲ႔ ဆန္၊ ဆီ၊ ဆားနဲ႔ စားေသာက္ဖြယ္ရာေတြ ျပင္ေပးတာကိုေခၚတာပါ၊ ေက်းဇူးတင္တဲ့အေနနဲ႔ ျပန္ကန္ေတာ့တဲ့ပုံေပါ့ဗ်ာ၊ အခေၾကးေငြယူတဲ့ ႏြားဆရာေတြဆိုရင္လည္း အဲဒီသမားပြဲထဲမွာ ပိုက္ဆံကိုကန္ေတာ့ထိုးၿပီးထည့္ေပးလိုက္ရတာပဲ။

“အလတ္ေကာင္၊ မင္းတို႔အိမ္မွာ င႐ုတ္ဆံုံသန႔္သန႔္ရွိသလားကြ”

“ရွိတယ္ဗ်၊ သံဆံုံတစ္ခုရွိတယ္”

က်ဳပ္လည္း အိမ္ေပၚထပ္ကေန သံံဆုံႀကီးယူေပးလိုက္တာေပါ့ဗ်ာ၊ သံဆံုံက င႐ုတ္သီးအမႈန႔္ေထာင္းတာတို႔၊ ေဆးေထာင္းတာတို႔မွာသံုံးတာကိုးဗ်၊ ဦးဘသာက က်ဳပ္ကိုပါဝင္ပစၥည္းေတြရွာခိုင္းတယ္ဗ်။

“ကြမ္း႐ြက္ အစိတ္သား၊ ကြမ္းသီး၊ ရွားေစး၊ ႏြယ္ခ်ိဳ၊ စမုန္စပါးက ငါးက်ပ္သားစီကြ၊ ေဆး႐ြက္ႀကီးနဲ႔ ထုံးနဲ႔ကေတာ့ ႏွစ္က်ပ္သားေလာက္ဆိုရပါတယ္”

က်ဳပ္လည္း သူေရးျပတာကိုၾကည့္ရင္း

“ဦးဘသာေဆးအမည္ေတြကလည္း ကြမ္းစားတဲ့အခါသံုံးတဲ့ ပစၥည္းေတြခ်ည္းပါပဲလားဗ်”

“ေအးေလ၊ အဲဒါေၾကာင့္လည္း ေဆးစုံကြမ္းစံုံလို႔ ေခၚတာေပါ့ကြ”

“ဒါနဲ႔၊ ဒီအမည္ေတြနဲ႔ကုရင္ ေပ်ာက္ပါ့မလား”

က်ဳပ္ကေမးေတာ့ ဦးဘသာက က်ဳပ္ကိုေမာ့ၾကည့္တယ္ဗ်။

“ဒီေဆးက ဟိုးေရွးကတည္းက သုံးလာတဲ့ေဆးနည္းကြ၊ ေဆးနည္းလြယ္တယ္ဆိုၿပီး အထင္မေသးနဲ႔ တျမန္ႏွစ္က ႐ြာေနာက္ပိုင္းက ဖိုးထူးတို႔ ငါနဲ႔မကုခ်င္လို႔ဆိုၿပီးေတာ့ ၿမိဳင္သာက တိရစာၦန္ဆရာဝန္သြားပင့္ကုတာေတာင္ ေပ်ာက္တာမွမဟုတ္တာကြ၊ ေငြကုန္ လူပန္းပဲအဖတ္တင္တာမဟုတ္လား၊ ငါကေနာက္ေတာ့ ဖိုးထူးေယာကၡမကို ေခၚေျပာရတယ္၊ အဘိုးႀကီးကလည္း သိပ္မယံုံဘူး၊၊ ဒါနဲ႔ တစ္ဆုံေထာင္းတိုက္လိုက္ေတာ့ တစ္ပတ္မၾကာဘူး ေပ်ာက္ပါေရာလား၊ ဒါနဲ႔ ဖိုးထူးက သူ႔ေယာကၡမကိုေတာင္ ပုဆိုးအေခ်ာတစ္ထည္ ကန္ေတာ့ေသးတယ္ဆိုပဲ”

“ဟာဗ်ာ၊ တကယ္ေတာ့ အဲဒါဦးဘသာေပးတဲ့နည္းလမ္းမဟုတ္ဘူးလားဗ်၊ ဒီအဘိုးႀကီးက တကယ္ဆိုရင္ ဦးဘသာကိုေပးသင့္တာေနာ္”

ဦးဘသာက ၿပဳံးရင္း

“ဒီလိုစိတ္ထားရင္ ပင္ပန္းတာေပါ့အလတ္ေကာင္ရ၊ ငါကေတာ့ ဘာမွမေမွ်ာ္လင့္ဘူး၊ ငါ့နည္းလမ္းနဲ႔ သူ႔ႏြားေကာင္းသြားတယ္၊ ေရာဂါသက္သာသြားတယ္ဆိုရင္ပဲ ငါေက်နပ္တယ္၊ သတၱဝါတစ္ေကာင္ရဲ႕အသက္ကိုကယ္တယ္ဆိုၿပီး ေပ်ာ္တယ္၊ ဒီေလာက္ပဲစိတ္ထဲထားတယ္ကြ၊ မွတ္ထားအလတ္ေကာင္ေရ၊ သူမ်ားကို ကူညီတယ္ဆိုတာ ေမွ်ာ္လင့္ခ်က္မထားရဘူးကြ၊ ေမွ်ာ္လင့္ခ်က္ထားရင္ စိတ္ပင္ပန္းရမယ္၊ သူ႔အလွည့္တုန္းက ငါလုပ္ေပးထားတယ္၊ ငါ့အလွည့္္က်ရင္ လုပ္ေပးရမယ္ဆိုၿပီး တထစ္ခ်မတြက္ထားတဲ့၊ ကဲ စကားေတြေတာင္ရွည္ေနၿပီ၊ အဲဒီပစၥည္းေတြရွာၿပီး ဆုံထဲထည့္၊ ညက္ေအာင္ေထာင္းကြာ၊ ကြမ္း႐ြက္ကိုေတာ့ ေနာက္ဆုံးမွထည့္၊ မဟုတ္ရင္ ကြမ္း႐ြက္ေတြက အေထာင္းလြန္ၿပီး အရည္ေပ်ာ္သြားမယ္”

ဦးဘသာေျပာတဲ့ ပစၥည္းေတြရွာရတာေပါ့ဗ်ာ၊ ပစၥည္းေတြကလည္း သိပ္ခက္ခက္ခဲခဲမွမဟုတ္တာဗ်၊ ၿပီးေတာ့ က်ဳပ္လည္း သံံဆုံထဲထည့္ေထာင္းပါေရာဗ်ာ၊ ဆယ့္ငါးမိနစ္ေလာက္ေထာင္းမိေတာ့ အကုန္လံံုံးညက္သြားပါေရာဗ်ာ၊ ထံုံးလည္းပါတယ္ဆိုေတာ့ ခပ္ေစးေစးေလးျဖစ္ေနတာေပါ့၊ ဦးဘသာက ႏြားျပာႀကီးကိုၾကည့္ၿပီးေတာ့

“အေျခအေနေတာ့ သိပ္မဆိုးေသးပါဘူးကြ၊ ဒီေတာ့ ေဆးကိုႏွစ္ပုံခြဲလိုက္၊ ခုမနက္ တစ္ပုံတိုက္၊ ညေနက်ရင္ က်န္တဲ့တစ္ပုံတိုက္လိုက္ကြာ”

ဦးဘသာေျပာသလို ေဆးဆုံထဲက ေဆးေတြကို ႏွစ္ပုံခြဲၿပီးေတာ့ တစ္ပံုံကိုလက္နဲ႔ေသေသခ်ာခ်ာလုံးၿပီး ႏြားျပာႀကီးပါးစပ္ထဲ အတင္းထိုးထည့္တာေပါ့ဗ်ာ၊ ႏြားဆိုတာကလည္း လူစကားနားလည္တယ္ဆိုေတာ့ ေဆးတိုက္မွန္းသိရင္ေသာက္တာပဲ၊ ေနာက္ေတာ့ ပါးစပ္ၿဖဲၿပီးေရတစ္ခြက္ေလာင္းထည့္ေတာ့ တဂြတ္ဂြတ္နဲ႔ေသာက္ရွာတယ္ဗ်၊ ဒါနဲ႔ အဲဒီေန႔ကေတာ့ ႏြားႀကီးကို အနားေပးလိုက္တာေပါ့ဗ်ာ၊

(၃)

ဦးဘသာအိမ္ျပန္ေတာ့ အေဖနဲ႔အေမက ပဲေတြ၊ ဟင္းခ်က္စရာ င႐ုတ္၊ ၾကက္သြန္နဲ႔ ဆီတစ္ပုလင္းထည့္ေပးလိုက္ေသးတယ္ဗ်၊ က်ဳပ္လည္း အဲဒီေတာင္းကေလးပိုက္ၿပီး လိုက္ပို႔တာေပါ့ဗ်ာ၊ ဦးဘသာက အိမ္ထဲမွာ မနားပါဘူး။

“ငါ့ႏြားေတြ ဆာေနေလာက္ၿပီကြ၊ ႏြားေက်ာင္းသြားမယ္ေဟ့”

က်ဳပ္လည္း လုပ္စရာမရွိေတာ့ဘူးဆိုေတာ့ ဦးဘသာအေနာက္ကိုလိုက္ခဲ့တာေပါ့ဗ်ာ၊ လယ္ကြင္းထဲမွာ ႐ိုးျပတ္ေတြဖုံးေနေပမယ့္ ေခ်ာင္းကမ္းစပ္မွာေတာ့ ျမက္ေတြစိမ္းစိုေနေသးတယ္ဗ်၊ က်ဳပ္နဲ႔ဦးဘသာကေတာ့ အဲဒီအနားက လူတစ္ရပ္ေလာက္ျမင့္တဲ့ တာေပါင္႐ိုးေပၚတက္ၿပီး ေက်ာခင္းလွဲေနၾကတာေပါ့ဗ်ာ။

“ဒါနဲ႔ ဦးဘသာႀကီးက ဘာျဖစ္လို႔ ႏြားအေၾကာင္းေတြအကုန္သိေနတာလဲဗ်”

“သိဆို၊ ေလ့လာထားတာကိုးကြ၊ ၿပီးေတာ့ ႏြားလည္းေမြးတာဆိုေတာ့ သိထားမွလည္း ေတာ္ကာက်မွာကိုး”

“က်ဳပ္သိသေလာက္ေတာ့ ဦးဘသာက ဟိုးအရင္ကတည္းက ႏြားေတြေမြးလာတယ္မဟုတ္လား၊ အရင္တုန္းကလည္း ႏြားေတြတစ္ၿပဳံတစ္ေခါင္းႀကီးရွိေသးတယ္မဟုတ္လား၊ က်ဳပ္သိခ်င္တာတစ္ခုကေတာ့ ဦးဘသာက ႏြားေတြကိုဘာေၾကာင့္ေမြးေနတာလဲဆိုတာပဲ”

ဦးဘသာက ကြင္းျပင္ႀကီးကိုေငးၾကည့္ေနရင္း

“မင္းကိုငါေမးမယ္ကြာ၊ မင္းအကိုႀကီးက ဘာလို႔ေခြးနီမကို ထမင္းက်န္ဟင္းက်န္ေတြေကြၽးေနတာလဲ”

“ဟာ၊ အဲဒါကေတာ့ သူခ်စ္လို႔ေပါ့ဗ်”

“မင္းအေမကေရာ ဟင္းခိုးစားတတ္တဲ့ ေၾကာင္က်ားႀကီးကို ထမင္းေတြ၊ ဟင္းေတြ ေကြၽးေနရတာလဲ”

“အိုဗ်ာ၊ ဒါကလည္းခ်စ္လို႔ေပါ့”

“ေအး၊ သူတို႔ေတာင္ ေခြးေတြ၊ ေၾကာင္ေတြကို ခ်စ္ၾကေသးတာ၊ ငါကေရာ ႏြားေတြကိုခ်စ္လို႔မရဘူးလားကြ”

က်ဳပ္လည္း ေခါင္းခါလိုက္တယ္ဗ်။

“ႏြားကို ခ်စ္လို႔မရဘူးလို႔ေတာ့ မေျပာပါဘူးဗ်ာ၊ ဒါေပမယ့္ ႏြားဆိုတာက သံုံးမ်ိဳးပဲရွိတယ္မဟုတ္လားဗ်။ ခိုင္းႏြားရယ္၊ အသားတိုးရယ္၊ ႏို႔စားရယ္ေလဗ်ာ၊ ဦးဘသာမွာ လယ္ေတြရွိတယ္ဆိုေပမယ့္ ဒီႏြားေတြအားလံံုံးလည္း ခိုင္းလို႔ရတာမဟုတ္ဘူး၊ အသားတိုးဆိုရေအာင္ကလည္း ဦးဘသာက သဒိုးသမားကို တစ္ခါမွႏြားေရာင္းတာမေတြ႕ဖူးဘူးဗ်၊ ေနာက္ၿပီး ႏို႔စားရေအာင္ကလည္း ဒီႏြားေတြက ႏို႔မွသိပ္မထြက္တာပဲ”

ဦးဘသာက ေခါင္းခါရင္း

“အိုကြာ၊ ခ်စ္လို႔ေမြးပါတယ္ဆိုမွပဲ၊ မင္းအကိုႀကီးေမြးတဲ့ ေခြးနီမကိုေရာ မင္းတို႔သတ္စားၾကသလားကြ၊ မင္းအေမရဲ႕ ေၾကာင္က်ားကိုေမြးထားေကြၽးထားတာကေရာ အခ်ိန္တန္ရင္ခိုင္းစားဖို႔လား၊ မင္းႏွယ္”

“ဟုတ္ပါၿပီ၊ အဲဒီေတာ့ ႏြားကိုခ်စ္လို႔ ဘာရသလဲဗ်”

ဦးဘသာက ျပဴးေၾကာင္ေနတဲ့မ်က္လုံးေတြနဲ႔ က်ဳပ္ကိုလွည့္ၾကည့္တယ္။

“ႏြားကိုခ်စ္လို႔ ဘာရသလဲတဲ့လား၊ ေမးမွ ေမးတတ္တယ္အလတ္ေကာင္ရာ၊ မင္း ဗုဒၶဘာသာမဟုတ္ဘူးလား”

လုပ္ၿပီဗ်ာ၊ ဦးဘသာလို ဘုရားမသိ၊ တရားမသိ ဘာသာျခားက က်ဳပ္ကိုမ်ား ဗုဒၶဘာသာမဟုတ္ဘူးလားလို႔ ေမးေတာ့ က်ဳပ္အခံံရခက္တာေပါ့။

“ေနပါအုံးဗ်၊ ဗုဒၶဘာသာျဖစ္တာနဲ႔ ႏြားနဲ႔က ဘာဆိုင္လို႔လဲ၊ ဘုရားက ႏြားမသတ္ရလို႔ ေျပာခဲ့တာမွမဟုတ္တာ”

ဦးဘသာက က်ဳပ္ကိုခပ္ေထ့ေထ့ၿပဳံးရင္း

“အလတ္ေကာင္ရဲ႕ ဗုဒၶဘာသာက ဘုရားေတြ႕ရင္ ဖင္ပူးေတာင္းေထာင္ၿပီး ကန္ေတာ့ဖို႔တတ္တဲ့ ဗုဒၶဘာသာပဲကြ၊ မွတ္ထား၊ ဘုရားက ကြၽဲႏြားေတြကို မညႇင္းဆဲဖို႔ကို ေဟာခဲ့ၿပီးသားကြ၊ သုတၱနိပါတ္၊ ျဗဟၼဏဓမၼိသုတ္ေတာ္မွာ ေဟာခဲ့တာ”

“က်ဳပ္ျဖင့္အခုမွ ၾကားဖူးတာဗ်၊ ေျပာျပပါအံုံး ဦးဘသာရာ”

“ပါဠိလိုေတာ့ မေျပာေတာ့ဘူးကြာ၊ ေျပာရင္လည္း မင္းလိုဒုံးေဝးတဲ့ေကာင္က ေခြးအနားမွာစာအံသလိုျဖစ္ေနမွာပဲ၊ ဘုရားအေလာင္းေတာ္ သာကီဝင္မင္းမ်ိဳးေတြရဲ႕ ဟိုးအစမင္းက ဥကၠာမုခမင္းတဲ့ကြ၊ အဲဒီမင္းလက္ထက္ ဟိုးကမႅာဦးအစက လူေတြက ကြၽဲႏြားေတြကို မညႇင္းပန္း၊ မႏွိပ္စက္ၾကဘူးကြ၊ မညႇင္းပန္းတဲ့အျပင္ ကြၽဲႏြားေတြက လူေတြကိုအလုပ္အေကြၽးျပဳတယ္၊ လယ္ယာေတြထြန္ယက္ေပးတယ္၊ ေနာက္ၿပီး ႏြားႏို႔၊ ေထာပတ္၊ ဆီဦး စတာေတြကိုဖန္တီးေပးတယ္ဆိုၿပီးေတာ့ ေက်းဇူးရွင္ေတြလို ဆက္ဆံံၾကသတဲ့ကြ”

“အဲဒီေတာ့ဘာျဖစ္သလဲ”

“အဲဒီေတာ့ ကြၽဲႏြားေတြကို ေက်းဇူးရွင္လိုဆက္ဆံတဲ့လူေတြကို နတ္ေကာင္းနတ္ျမတ္ေတြက ႐ိုေသေလးျမတ္ၾကသတဲ့ကြ၊ လူ႔ေလာကကို နတ္ေတြက ေစာင့္ေရွာက္ၾကလို႔ ေရာဂါ၊ ကပ္ေဘးေတြမျဖစ္ဘူးတဲ့၊ ဒီေတာ့ လူေတြမွာ အဲဒီအခ်ိန္က ေရာဂါသုံးမ်ိဳးပဲရွိတယ္ကြ၊ အဲဒါကေတာ့ ကိုယ့္မွာမရွိတဲ့အရာကို လိုခ်င္တဲ့ေရာဂါ၊ စားခ်ိန္တန္ၿပီး မစားရလို႔ ဆာေလာင္တဲ့ေရာဂါ၊ အိုခ်ိန္က်ရင္ အိုရတဲ့ေရာဂါ ဒီသံုံးမ်ိဳးပဲရွိသတဲ့ကြ”

“ဟုတ္လို႔လားဗ်၊ က်ဳပ္ေတာ့ မယုံခ်င္ပါဘူး”

“ေအး၊ အဲဒါငါေျပာတာမဟုတ္ဘူးကြ၊ ဘုရားေဟာတာ၊ ေနာက္ပိုင္း လူေတြကေျပာင္းလဲလာၿပီးေတာ့ ကြၽဲႏြားေတြကို သတ္ျဖတ္ညႇည္းဆဲ စားေသာက္ၾကတဲ့အခါမွ ေရာဂါေတြေပၚလာတယ္၊ ကိုးဆယ့္ရွစ္ပါးေရာဂါေတြက ကြၽဲႏြားေတြကို သတ္ျဖတ္တဲ့အခ်ိန္ကစၿပီးျဖစ္လာတယ္လို႔ သုတၱနိပါတ္ ပါဠိေတာ္မွာ ေဟာထားျပန္ေရာ၊ ဒါေၾကာင့္ ငါက ကြၽဲႏြားေတြကိုသနားတယ္၊ ကြၽဲႏြားေတြကို ငါခ်စ္တယ္၊ ဒါေၾကာင့္ ငါက ဂ႐ုတစိုက္ေမြးတယ္၊ ခိုင္းခ်ိန္တန္လို႔ ခိုင္းရရင္ေတာင္မွာ သခင္က ကြၽန္တစ္ေယာက္ကို ခိုင္းတယ္လို႔ သေဘာမထားပဲ၊ မိဘတစ္ေယာက္က သားသမီးတစ္ေယာက္ကို ခိုင္းတယ္လို႔ပဲ သေဘာထားၿပီးခိုင္းတာကြ”

ဦးဘသာက ျမက္ေတြစားေနတဲ့ သူ႔ႏြားေတြကိုၾကည့္ၿပီးေတာ့

“တကယ္လို႔ လူေတြအားလုံးက ကြၽဲႏြားေတြကို မခ်စ္ျမတ္ႏိုးႏိုင္ၾကရင္ေတာင္၊ ငါကေတာ့ ေက်းဇူးရွင္လို႔သေဘာထားၿပီး၊ ငါ့ရဲ႕ေသြးသားေဆြမ်ိဳးုေတြလို႔ သေဘာထားၿပီးေတာ့ ခ်စ္တယ္ကြ၊ ဒီလိုခ်စ္ရတာကလည္း အနည္းဆုံးေတာ့ ငါ့ပတ္ဝန္းက်င္၊ ငါ့ရပ္႐ြာကို နတ္ေကာင္းနတ္ျမတ္ေတြ ေစာင့္ေရွာက္ၾကပါေစဆိုတဲ့သေဘာလည္းပါတာေပါ့ကြာ”

ဦးဘသာစကားနားေထာင္ၿပီးေတာ့မွ က်ဳပ္လည္းအသိတစ္ခုဝင္သြားတယ္ဗ်ာ၊ က်ဳပ္တို႔က ႏြားဆိုရင္ တိရစာၦန္ပဲဆိုၿပီးေတာ့ ေအာ္ခ်င္ေအာ္၊ ႐ိုက္ခ်င္႐ိုက္၊ ထုခ်င္ထုနဲ႔ လုပ္ၾကတာကိုေတြးရင္း ကိုယ့္ကိုယ္ကိုယ္ မေကာင္းတဲ့လူပါလားဆိုၿပီးေတာ့ေတာင္ ေတြးမိသြားတာဗ်။

“ဒါနဲ႔ ဦးဘသာက ဗုဒၶဘာသာမွမဟုတ္တာ၊ ဘုရားေျပာတာက်ေတာ့ လိုက္လုပ္တယ္တဲ့လား”

“ဒီမယ္အလတ္ေကာင္ရ၊ သူမ်ားအသတ္ကိုသတ္တာမေကာင္းဘူး၊ သူမ်ားကိုညႇင္းဆဲတာ မေကာင္းဘူးဆိုတာကို သိေနဖို႔က ဘယ္ဘာသာဝင္မွ ျဖစ္ဖို႔မလိုပါဘူးကြ၊ လူျဖစ္ေနရင္ရၿပီကြ၊ လူစိတ္ရွိတယ္ဆိုတာ တျခားအရာေတြကိုသြားလိုက္ေတြးမေနနဲ႔၊ ကိုယ္ခ်င္းစာစိတ္ရွိတာက လူစိတ္ရွိတာပဲ၊ ဒီေတာ့ လူျဖစ္ေနသေ႐ြ႕ လူစိတ္ရွိေနဖို႔လို႔တယ္၊ မင္းနားလည္သလား”

က်ဳပ္လည္းေခါင္းညိတ္လိုက္မိေတာ့တယ္ဗ်ာ၊ တကယ္ပါ၊ ဦးဘသာက စကားေျပာရင္ ေဘာက္ဆတ္ဆတ္ဆိုေပမယ့္ တကယ္တမ္း အေျခအခ်ေျပာရင္ သူ႔ကိုက်ဳပ္ေျပာလို႔မႏိုင္ပါဘူးဗ်ာ။

ကြမ္းႀကိဳက္တဲ့ဦးဘသာက သြားေလရာ ကြမ္းအစ္ကေလးေတာ့ပါတယ္ဗ်။ အခုလည္း က်ဳပ္နဲ႔စကားေျပာရတာေမာလို႔လားေတာ့မသိ၊ ကြမ္းအစ္ကေလးဖြင့္္ၿပီး ကြမ္းယာေနတုန္း က်ဳပ္ေခါင္းႀကီးဘယ္လိုျဖစ္လာသလဲမသိဘူးဗ်ာ၊ ကိုယ့္ႏွလုံးခုန္သံေတြကို ကိုယ္ျပန္ၾကားေနရသလိုပဲ၊ ေသြးေၾကာထဲမွာ ေသြးေတြတဒုတ္ဒုတ္စီးေနတာကိုလည္း ခံံံံစားေနမိသလိုပဲဗ်ာ၊ ဒီလိုနဲ႔ က်ဳပ္ယိုင္က်သြားေတာ့တယ္၊ ဦးဘသာက သူ႔လက္ထဲက ကြမ္းကို အျမန္ပါးစပ္ထဲထည့္ၿပီးေတာ့ က်ဳပ္ပုခုံးကိုဆြဲၿပီး ဖမ္းထိန္းလိုက္တယ္ဗ်။

“အလတ္ေကာင္၊ အလတ္ေကာင္”

ဦးဘသာေခၚသံေတြက တျဖည္းျဖည္းနဲ႔ေဝးေဝးၿပီး တိမ္သြားတယ္ဗ်ာ။

(၄)

“အီး . . ဟီး”

က်ဳပ္နားထဲငိုသံၾကားေတာ့မွ မ်က္လုံးဖြင့္ၾကည့္လိုက္မိတယ္ဗ်၊ ဒီတစ္ခါေတာ့ က်ဳပ္ကအိပ္ေနတာမဟုတ္ဘူးဗ်ာ၊ မတ္တပ္ႀကီးရပ္လို႔ဗ်၊ က်ဳပ္အေရွ႕မွာေတာ့ ဖ်ာတစ္ခ်ပ္ေပၚမွာ ေဒၚပ်င္းက ပက္လက္လန္ၿပီးေတာ့ ေတာင့္ေတာင့္္ႀကီးအိပ္ေနတယ္ဗ်၊ သူ႔အနားမွာေတာ့ သာစံံက ငိုယိုလို႔ဗ်ာ၊ အိမ္ကလည္း သူႀကီးအိမ္မွာဗ်၊ လူေတြလည္းဝိုင္းလို႔။

ဦးေဇယ်ဆိုတဲ့လူႀကီးက ေဒၚပ်င္းေဘးနားမွာထိုင္ေနရင္း

“ကဲ သူႀကီး၊ စုန္းမကိုေတာ့ က်ဳပ္တို႔ႏိုင္ခဲ့ၿပီ၊ က်န္တာဘာဆက္လုပ္မလဲ”

အဘိုးသူႀကီးက မ်က္လုံးကိုေမွးစင္းလိုက္ရင္း

“သူ႔လို အက်ိဳးမေပးတဲ့ေကာင္မကို လူ႔ေလာကမွာထားေနရင္အပိုပါပဲဗ်ာ၊ သူ႔ကိုသတ္သာ သတ္ပစ္လိုက္ပါ”

ဒီေတာ့ သာစံကေလးက ငိုေတာ့တာပဲဗ်ာ။

“ေဟ့လူႀကီးေတြ၊ ခင္ဗ်ားတို႔ေျပာေတာ့ က်ဳပ္အေမကို မသတ္ဘူးဆို၊ က်ဳပ္အေမကို မဆိုးေတာ့ေအာင္လုပ္ေပးမွာဆိုဗ်၊ က်ဳပ္အေမ မဆိုးေတာ့ဘူးဆိုရင္ က်ဳပ္တို႔ကို႐ြာထဲျပန္ေခၚေနမယ္ဆို၊ အီး . . . ဟီး”

သူႀကီးကၿပဳံးရင္း

“ဟဲ၊ဟဲ ေကာင္ေလးေရ၊ ဒီဟာကို ပရိယာရ္လို႔ေခၚတယ္ကြ၊ စိတ္ခ်ပါ မင္းအေမေသသြားၿပီးရင္ မင္းဒီ႐ြာမွာ လြတ္လြတ္လပ္လပ္ေနလို႔ရၿပီ”

“အိုဗ်ာ၊ သူႀကိးကေတာ့ စုန္းမရဲ႕ကေလးဟာ စုန္းကေလးပဲျဖစ္မွာေပါ့၊ သူ႔ကို႐ြာထဲအဝင္မခံႏိုင္ပါဘူး၊ မယ္ပ်င္းေသရင္ က်ဳပ္တို႔ သူတို႔ေျမးအဘြားကိုပါ ႐ြာကေနႏွင္ထုတ္မယ္”

သူႀကီးက သာစံကိုၾကည့္ရင္း

“ကဲ၊ ၾကားတယ္ေနာ္ေကာင္ေလး၊ မင္းကိုငါကထားခ်င္ေပမယ့္၊ တစ္႐ြာလုံးက မထားခ်င္ၾကဘူးကြ”

သာစံံကေလးကေတာ့ ငိုယိုေနတာေပါ့ဗ်ာ၊ ေနာက္ေတာ့ သူႀကီးလူႏွစ္ေယာက္က သာစံကိုဖမ္းခ်ဳပ္ထားၾကတယ္၊ ဦးေဇယ်က သူႀကီးကိုၾကည့္ၿပီးေတာ့

“ပညာၿပိဳင္ပြဲမွာ မယ္ပ်င္းရႈံးခဲ့တယ္ဆိုေပမယ့္ က်ဳပ္တို႔က အထက္ဂိုဏ္းျဖစ္လို႔ လူသတ္လို႔မရဘူးသူႀကီး၊ ဒီေတာ့ သူႀကီးဖာသာလုပ္ရလိမ့္မယ္”

ဦးေဇယ်က မ်က္ပါးေ႐ႊဆိုင္းကေလးတစ္ခ်ပ္ကိုထုတ္လိုက္တယ္ဗ်၊ ၿပီးေတာ့ ေဒၚပ်င္းရဲ႕ဗိုက္ကိုလွန္လိုက္ၿပီးေတာ့

“ေဟာဒီေ႐ႊျပားကေလးကို ခ်က္ကိုကပ္လိုက္တာနဲ႔ သူ႔ပညာေတြအကုန္ေပ်ာက္သြားၿပီးေတာ့ လူလည္းေသသြားလိမ့္မယ္သူႀကီး”

သူႀကီးလက္ကို ေ႐ႊဆိုင္းကေလးလွမ္းေပးတယ္ဗ်၊ သူႀကီးကလည္း လွမ္းယူၿပီးေတာ့ ေဒၚပ်င္းရဲ႕ခ်က္ကိုကပ္ထည့္ုလိုက္တာေပါ့ဗ်ာ၊ လဲေနတဲ့ေဒၚပ်င္းက တစ္ခ်က္ဆတ္ခနဲတုန္သြားၿပီးေတာ့ ျပန္ၿငိမ္က်သြားတယ္၊ သာစံံဆိုရင္ ငိုလိုက္တာမွ ေျပာမေနပါနဲ႔ေတာ့ဗ်ာ။

“စုန္းမေသၿပီ၊ မယ္ပ်င္းေသၿပီေဟ့”

တစ္႐ြာလုံးက ထေအာ္တာဗ်၊ လက္ခုပ္လက္ဝါးတီးတဲ့လူနဲ႔၊ ႐ြာလမ္းေပၚမွ ေကြးေနေအာင္ ကတဲ့လူနဲ႔ စံုံေနတာပဲဗ်ာ၊ ႏွစ္ရွည္လမ်ား ႐ြာကိုဒုကၡေပးတဲ့ စုန္းမေသတယ္ဆိုေတာ့လည္း ေပ်ာ္ရွာမွာေပါ့ဗ်ာ၊ သူႀကီးက အေလာင္းႀကီးကိုၾကည့္ၿပီးေတာ့

“ခုေတာ့ အခ်ိန္ေႏွာင္းေနၿပီဆိုေတာ့ မယ္ပ်င္းအေလာင္းကိုယူသြားၿပီးေတာ့ ႐ြာျပင္မွာထားထားလိုက္၊ မနက္ျဖန္မနက္က်ေတာ့မွ ထင္းမ်ားမ်ားနဲ႔မီးရႈိ႕ၾကမယ္”

ထို႔ေနာက္ ဦးေဇယ်တို႔ဘက္သို႔လွည့္လိုက္ၿပီး

“ဆရာႀကီးတို႔ကိုေတာ့ က်ဳပ္တို႔တစ္႐ြာလုံးက ထိုက္ထိုက္တန္တန္ပူေဇာ္ပါရေစဗ်ာ”

သာစံကေလးကေတာ့ ငိုေနရွာတာေပါ့ဗ်ာ၊ ေနာက္ေတာ့ သာစံကိုလႊတ္ေပးၿပီး ေဒၚပ်င္းအေလာင္းကို ႐ြာသားေတြက ကပ္နဲ႔ထမ္းထုတ္သြားတာေပါ့ဗ်ာ၊ ႐ြာအျပင္မွာ ဝါးနဲ႔အေလာင္းစင္ေလးအျဖစ္႐ိုက္ၿပီးေတာ့ တင္ထားခဲ့တာေပါ့ဗ်ာ၊ အဲဒီအေလာင္းစင္႐ိုက္ထားတဲ့ေနရာကေတာ့ ႏြားေပ်ာက္ကုန္းရဲ႕အနားက ကုန္းကေလးတစ္ခုမွာပဲဗ်ာ၊ ခုေခတ္ လင္ေပ်ာက္ကုန္းလို႔ ေခၚတဲ့ေနရာကေလးေပါ့ဗ်ာ။

႐ြာသားေတြျပန္သြားေပမယ့္ သာစံကေလးတစ္ေယာက္ထဲက်န္ေနခဲ့တယ္ဗ်၊ သူ႔အေမအေလာင္းနံေဘးမွာ မတ္တပ္ရပ္ရင္း ငိုေနတာေပါ့ဗ်ာ၊ မၾကာပါဘူး ဘြားမယ္ျဖဴႀကီးေရာက္လာတယ္။ ေဒၚပ်င္းအေလာင္းကိုေတြ႕ေတာ့ သူလည္းငိုတာပဲ။

“သမီးရယ္၊ အဲဒီလူေတြနဲ႔ သြားမၿပိဳင္ပါနဲ႔လို႔ အေမေျပာထားရက္နဲ႔၊ အခုေတာ့”

သာစံကလည္း သူ႔အဘြားေရာက္လာေတာ့ သူ႔အဘြားကိုဖက္ၿပီးငိုေရာဗ်ာ၊ ေျမးအဘြားႏွစ္ေယာက္ဖက္ငိုေနတာ အခ်ိန္ေတာ္ေတာ္ၾကာသြားတယ္ဗ်၊ ပတ္ဝန္းက်င္တစ္ခြင္လံုံးကို အေမွာင္ထုက အုပ္ဆိုင္းလာၿပီးေတာ့ မိုးခ်ဳပ္သြားပါေလေရာ၊ သာစံနဲ႔ဘြားမယ္ျဖဴကေတာ့ အေလာင္းအနားမွာပဲရွိေနတုန္းပဲဗ်၊ ဒီအခ်ိန္မွာ ဘြားမယ္ျဖဴက သာစံကိုဆြဲေခၚတယ္။

“ေျမးေလး၊ မိုးခ်ဳပ္ၿပီကြဲ႕၊ အိမ္ကိုျပန္ၾကရေအာင္ေနာ္”

“မျပန္ဘူးဘြားဘြားႀကီး၊ အေမမပါဘဲနဲ႔ သားအိမ္ကိုမျပန္ဘူး”

“နင့္အေမက ေသသြားၿပီေျမးရဲ႕၊ နင့္အေမကို လူတစ္စုလုပ္လို႔ ေသသြားၿပီ”

ဘြားမယ္ျဖဴက သာစံလက္ကိုဆြဲၿပီးအတင္းေခၚတယ္၊ သာစံကလည္း အေလာင္းစင္ကတိုင္ကို ကိုင္ထားၿပီးေတာ့ ဆြဲထားလို႔ ေခၚမရဘူးေပါ့ဗ်ာ၊

“ဟဲ့၊ ဘာေတြဒီေလာက္ေတာင္ ငိုေနၾကတာလဲ”

အသံၾကားလို႔ ၾကည့္လိုက္ေတာ့ အေလာင္းစင္ေပၚမွာ ေဒၚပ်င္းႀကီးက ငုတ္တုတ္ထိုင္ေနပါေရာဗ်ာ။ သာစံတို႔ေျမးအဘြားမေျပာနဲ႔ က်ဳပ္ေတာင္မွ အေတာ္လန႔္သြားတာဗ်။

“သမီး”

“အေမ”

သာစံကေအာ္ရင္းသူ႔အေမဆီေျပးသြားတယ္ဗ်၊ ေဒၚပ်င္းက အေလာင္းစင္ေပၚကေနခုန္ခ်လိုက္ေတာ့ သာစံကေျပးဖက္တယ္။

“အေမ၊ အေမမေသဘူးေနာ္”

“မေသပါဘူးသားရယ္၊ အေမက ခဏေသေပးလိုက္တာ၊ ငါ့သားကိုဗန္းျပၿပီး အက်င့္ယုတ္တဲ့ဒင္းတို႔ကို အေမက ေကာင္းေကာင္းႀကီးလက္စားေခ်ျပအုံးမွာ”

ေဒၚပ်င္းက ေရ႐ြတ္ၿပီးေတာ့ လက္ႏွစ္ဖက္မိုးေပၚေထာင္လိုက္တာနဲ႔ မီးရႉးမီးပန္းလိုအရာေတြထြက္လာၿပီးေတာ့ သူတို႔အနားမွာ တဖုန္းဖုန္းနဲ႔ေပါက္ေနေတာ့တာပဲဗ်ာ၊ ေ႐ႊေရာင္ေတြ၊ ေငြေရာင္ေတြ၊ အစိမ္းေရာင္ေတြနဲ႔ ေရာင္စုံေပါက္ေနတာဆိုေတာ့ ၾကည့္လို႔ေကာင္းလိုက္တာဗ်ာ။ မၾကာပါဘူးဗ်ာ၊ ႐ြာထဲကလူေတြထြက္လာၾကတယ္၊ ဟိုဆရာႀကီးေတြလည္း ပါတာေပါ့ဗ်ာ၊ အနားကိုေရာက္လာေတာ့ ေဒၚပ်င္းက သာစံကိုတြန္းထုတ္လိုက္တယ္ဗ်၊ သာစံကိုဘြားမယ္ျဖဴက ခ်ီၿပီးေတာ့ အေနာက္ဆုတ္သြားတာေပါ့ဗ်ာ။

“ဟဲ့ စုန္းမ၊ နင္မေသဘူးလား”

“လြယ္လြယ္နဲ႔ေသမွေတာ့ မယ္ပ်င္းလို႔ ဘယ္ေခၚမလဲရွင္၊ အခုနက ရွင္တို႔က က်ဳပ္သားကို ဓါးစာခံလုပ္ထားလို႔ က်ဳပ္ကရွင္တို႔ကို အရႈံးေပးလိုက္တာ၊ ရွင္တို႔စိတ္တိုင္းက် ခဏေသေပးလိုက္တာ”

ဒီေတာ့ မတစ္လုံးဂိုဏ္းက တိုက္ပုံအျပာေရာင္တစ္ထည္ဝတ္ထားတဲ့ ဆရာႀကီးတစ္ေယာက္က အေရွ႕ကိုတက္လာတယ္ဗ်။

“ဟယ္၊ မိန္းမယုတ္၊ ဒီတစ္ခါေတာ့ နင္ေျပးမလြတ္ဘူးမွတ္”

ဆရာႀကီးအေရွ႕ကိုတက္သြားေတာ့ သူႀကီးနဲ႔႐ြာသားေတြက ေၾကာက္ေၾကာက္နဲ႔အေနာက္ကိုဆုတ္သြားတယ္ဗ်၊ ဒီေတာ့ ကုန္းကေလးေပၚမွာ ေဒၚပ်င္းနဲ႔ မတစ္လုံးဂိုဏ္းက တပည့္တပန္းငါးဆယ္ေလာက္ ကုန္းေပၚမွာေတြ႕ၾကတာေပါ့ဗ်ာ၊ ေဒၚပ်င္းက မတစ္လုံးဂိုဏ္းေရွ႕နားက ေျမျပင္ကိုလက္ညႇိဳးလွမ္းထိုးလိုက္ေတာ့ စည္းတစ္ခုေပၚလာတယ္ဗ်။

“နင္တို႔ထဲက အဲဒီစည္းကို ျဖတ္ဝံ့တဲ့သူျဖတ္လာခဲ့၊ ျဖတ္တဲ့လူမွန္သမွ်၊ ေသရမယ္”

အျပာေရာင္တိုက္ပုံနဲ႔လူႀကီးက စည္းကိုခုန္ေက်ာ္လိုက္တာေပါ့ဗ်ာ၊ ၿပီးေတာ့ သူ႔လက္ထဲမွာကိုင္ထားတဲ့ ႀကိမ္လုံးကိုဝင့္လိုက္ၿပီးေတာ့ ဂါထာေတြ႐ြတ္ေနတာေပါ့၊ ေဒၚပ်င္းက အဲဒီလူႀကီးကို မ်က္ေစာင္းထိုးၿပီးၾကည့္ေနတာဗ်ာ၊ အဲဒီလူႀကီးက ဂါထာေတြ႐ြတ္ေနရင္း သြားၾကားကေန ေသြးေတြပြက္ခနဲစီးက်လာၿပီးေတာ့ ေသြးေတြထိုးအန္ပါေရာ။ ဒီေတာ့ ေဒၚပ်င္းက ေၾကာက္စရာအသံနဲ႔ေအာ္တာဗ်၊ အဲဒီလူႀကီးက သူ႔ရင္ဘတ္ကိုသူူ လက္သီးနဲ႔တဒုန္းဒုန္းထုၿပီးေတာ့ မ်က္ႏွာႀကီးကလည္း အစ္လို႔ဗ်၊ ေတာ္ေတာ္ေဝဒနာခံစားေနရတဲ့ပုံပဲဗ်ာ၊ ၿပီးတာနဲ႔ ေျမေပၚကိုလဲက်သြားၿပီးေတာ့ ေသသြားပါေရာလား။

ဒီတစ္ခါေတာ့ ရွမ္းအက်ႌဝတ္ထားတဲ့ ဆရာႀကီးက အေရွ႕ကိုခုန္တက္လိုက္တယ္ဗ်၊ လက္ထဲမွာေတာ့ ႏွစ္လံေလာက္ရွိတဲ့ ဝါးလုံးတုတ္တစ္ေခ်ာင္းကိုင္ထားတယ္။

“ဟဲ့စုန္းမ၊ ငါ့ရဲ႕စုန္း႐ိုက္တုတ္အစြမ္းကို နင္ခံႏိုင္ရင္ ခံဝံ့စမ္း”

ဝါးတုတ္ျဖဴျဖဴမွာ ေဆးနီေဆးနက္ေတြနဲ႔ စာေတြေရးထားတယ္ဗ်၊ ေရးထားတယ္ဆိုတာထက္ ထြင္းထားသလိုမ်ိဳးပဲ၊ တုတ္အလယ္ေလာက္မွာ အင္းကြက္ေတြပါတယ္ဗ်၊ အဲဒီလူႀကီးက ေဒၚပ်င္းႀကီးဆီကိုခုန္ဝင္သြားၿပီးေတာ့ လက္ထဲကတုတ္နဲ႔ ေဒၚျပင္းငယ္ထိပ္ကို တအားလႊဲ႐ိုက္ခ်ထည့္လိုက္တာေပါ့ဗ်ာ။

ေဒၚပ်င္းက ေရွာင္ေတာင္မေရွာင္ဘူးဗ်၊ ေခါင္းကိုအေရွ႕ကိုထိုးေပးၿပီး တမင္ကိုခံလိုက္ေသးတာ၊ စုန္း႐ိုက္တုတ္က ေဒၚျပင္းငယ္ထိပ္ေပၚတည့္တည့္က်ၿပီးေတာ့ ငယ္ထိပ္ေပၚကိုထိေနတယ္ဗ်၊ ရွမ္းႀကီးက ေတာ္ေတာ္အံ့ၾသသြားပုံပဲ

“နင္၊ နင္ ဘာမွမျဖစ္ဘူးလား”

“ရွင့္တုတ္က က်ဳပ္လိုစုန္းကိုမေျပာနဲ႔ ေခ်းစားေခြးကို ႐ိုက္ရင္ေတာင္မွ ေျပးပါ့မလား”

ခ်က္ခ်င္းပဲ စုန္း႐ိုက္တုတ္က ရွစ္စိတ္ကြဲၿပီးေတာ့ ဝါးျခမ္းေတြျဖစ္သြားတယ္ဗ်ာ၊ ရွမ္းႀကီးက အံ့ၾသေနတဲ့အခ်ိန္မွာပဲ ေဒၚပ်င္းက ရွမ္းႀကီးရဲ႕ရင္ဘတ္ကို လက္ဝါးနဲ႔ေျဖာင္းခနဲ႐ိုက္ထည့္လိုက္ပါေရာ၊ ရွမ္းႀကီးမွာ အေနာက္ကို ေပႏွစ္ဆယ္ေလာက္ တ႐ြတ္တိုက္ဆြဲၿပီး ဆုတ္သြားတာဗ်ာ၊ ၿပီးေတာ့ သူ႔ရင္ဘတ္ကိုသူ ငၾကည့္တယ္ဗ်၊ အက်ီႀကီးက ေပါက္ေနၿပီးေတာ့ သူ႔ရင္ဘတ္တည့္တည့္မွာ အနီေရာင္လက္ဝါးရာႀကီးက ထင္းေနတာပဲဗ်ာ၊ က်ဳပ္အထင္ေတာ့ ေသြးလက္ဝါးဆိုတာေနမယ္၊ ရွမ္းႀကီးက လက္ဝါးရာကိုငုံ႔ၾကည့္ရင္း ေခါင္းငိုက္စိုက္ၿပီးေတာ့ေျမေပၚကိုလဲက်သြားတာ ျပန္မထလာႏိုင္ေတာ့ပါဘူးဗ်ာ။

“ဆရာႀကီး၊ ဆရာႀကီး”

မတစ္လုံးဂိုဏ္းသားေတြ ေတာ္ေတာ္ေၾကာက္လန႔္သြားၾကတယ္ဗ်ာ၊ ဒါနဲ႔ သူတို႔အားကိုးတဲ့ ဂိုဏ္းခ်ဳပ္ဆရာႀကီး ဦးေဇယ်ကို ေခၚၾကတာေပါ့၊ ဦးေဇယ်ကလည္း ကြမ္းေလးတၿမဳံ႕ျမနဲ႔ စည္းကိုျဖတ္ၿပီးေတာ့ ေဒၚပ်င္းနဲ႔ မ်က္ႏွာခ်င္းဆိုင္လိုက္တယ္ဗ်။

“စုန္းမ၊ နင္င့ါကိုႏိုင္ရင္ႏိုင္မယ္၊ ဘုရားစက္ကိုေတာ့ နင္ႏိုင္မွာမဟုတ္ဘူး”

ဦးေဇယ်က ေျပာၿပီးေတာ့ သူ႔တိုက္ပုံအတြင္းအိတ္ထဲကေန အုတ္ခြက္ဘုရားကေလးထုတ္တယ္ဗ်၊ ဘုရားက တစ္လက္မသာသာေလာက္ပဲရွိမယ္၊ ျဖဴျဖဴကေလးဗ်၊ အဲဒါကိုမန္းမႈတ္ၿပီးေတာ့ လက္ထဲမွာကိုင္ထားရင္း

“ခ်ဳပ္ၾကေဟ့”

လို႔ေအာ္လိုက္တာနဲ႔ ေဒၚပ်င္းေျခေတြလက္ေတြက ကားယားႀကီးျဖစ္သြားတယ္ဗ်၊ ေဒၚပ်င္းလည္း ျပန္ၿပီးေျဖေနတဲ့ပုံပဲ၊ ဒီအခ်ိန္မွာ ဦးေဇယ်က ခုနက အုတ္ခြက္ဘုရားေလးကို ေဒၚပ်င္းဆီကိုလွမ္းပစ္လိုက္ပါေရာဗ်ာ၊ ေလေပၚမွာပ်ံေနတဲ့အုတ္ခြက္ဘုရားက မသိရင္ ငွက္တစ္ေကာင္ပ်ံသြားသလိုပဲ တဖတ္ဖတ္နဲ႔ပ်ံသြားတာဗ်၊ က်ဳပ္ေတာ့ ေဒၚပ်င္းေသၿပီထင္တာ။

အဲဒီအခ်ိန္မွာပဲ ဘြားမယ္ျဖဴႀကီးက ေဒၚပ်င္းဆီကိုေျပးဝင္သြားတာဗ်ာ၊ ေဒၚပ်င္းအေရွ႕မွာ ေက်ာေပးကာလိုက္ၿပီးေတာ့ ေဒၚပ်င္းရဲ႕ပါးကိုလည္း ျဖန္းခနဲေနေအာင္ ႐ိုက္ထည့္လိုက္တာ၊ ဦးေဇယ်ပစ္လိုက္တဲ့ အုတ္ခြက္ဘုရားကေလးကေတာ့ ဘြားမယ္ျဖဴႀကီးရဲ႕ ေက်ာကုန္းကိုကပ္သြားတယ္ဗ်၊ ဘြားမယ္ျဖဴေအာ္လိုက္တာ ေျပာမေနပါနဲ႔ေတာ့ဗ်ာ၊ ေနာက္ၿပီးေတာ့ သူ႔တစ္ကိုယ္လုံးကို မီးေတာက္မီးလွ်ံေတြက ဝါးၿမိဳသြားတယ္ဗ်၊ မ်က္စိတစ္မွိတ္အတြင္းမွာပဲ ဘြားမယ္ျဖဴအသားေတြမီးေလာင္ၿပီးေတာ့ အ႐ိုးေျခာက္ႀကီးလိုျဖစ္သြားၿပီးေတာ့ ပုံက်သြားေတာ့တာပဲဗ်ာ။

“ဘြားဘြားႀကီး”

“အေမ”

သာစံနဲ႔ ေဒၚပ်င္းတို႔ႏွစ္ေယာက္ ၿပိဳင္တူေအာ္ၾကတယ္ဗ်၊ ခ်က္ခ်င္းပဲ ေဒၚပ်င္းရဲ႕မ်က္စိကေန အေရာင္ေတြလက္လာၿပီးေတာ့ လွစ္ခနဲေျပးၿပီး ဦးေဇယ်ရဲ႕ လည္ပင္းကိုလက္တစ္ဖက္နဲ႔ဆုပ္ကိုင္လိုက္တယ္ဗ်၊ ဦးေဇယ်လည္း ႐ုတ္တရက္ဆိုေတာ့ မေရွာင္ႏိုင္ဘူးေပါ့၊ ၿပီးေတာ့ ေဒၚပ်င္းႀကီးက ဦးေဇယ်ကို ေျမႇာက္တင္လိုက္တာ အေတာ္ျမင့္ျမင့္ကိုေျမာက္သြားတာဗ်၊ ဦးေဇယ်ေျခေထာက္ဆိုရင္ ေလေပၚမွာတြဲေလာင္းျဖစ္ၿပီး လႈပ္ယမ္းေနေတာ့တာ။

“သူေတာင္းစားႀကီး၊ ေသေပေတာ့”

ေဒၚပ်င္းက ေအာ္ဟစ္ေနတုန္းမွာပဲ ဦးေဇယ်တစ္ကိုယ္လုံး ဓါတ္လိုက္သလို လႈပ္လာတာဗ်၊ ၿပီးေတာ့ မီးခိုးေငြ႕ေတြလည္းထြက္လာတယ္၊ မ်က္စိတစ္မွိတ္အတြင္းပဲ ဦးေဇယ်တစ္ေယာက္ အ႐ိုးက်ၿပီးေတာ့ မည္းေျခာက္သြားေတာ့တယ္ဗ်ာ၊ ဦးေဇယ်ေသတာကိုျမင္ေတာ့ မတစ္လုံးဂိုဏ္းကလူေတြအကုန္လုံးျပန္လွည့္ေျပးတာေပါ့ဗ်ာ၊ ဒီေတာ့ ေဒၚပ်င္းႀကီးက အသံကြဲႀကီးနဲ႔ရယ္လိုက္ရင္း

“ဟား၊ ဟား ဘယ္ေျပးၾကမလို႔လဲ၊ ျပန္လာခဲ့၊ ျပန္လာခဲ့ၾကစမ္း”

ဒီလူႀကီးေတြေျပးေနေပမယ့္ အေရွ႕ကိုမေရာက္ဘူးဗ်၊ ၿပီးတာနဲ႔ အေနာက္ကေနတစ္ေယာက္ေယာက္က ႀကိဳးနဲ႔ဆိုသလိုမ်ိဳး အေနာက္ကိုျပန္ေရာက္ကုန္ေတာ့တာပဲ၊ ေဒၚပ်င္းႀကီးက အ႐ူးမႀကီးလို ရယ္ေမာေနရင္း ေျမႀကီးကိုေျခဖေနာင့္နဲ႔ေပါက္လိုက္ေတာ့ ဒီလူေတြအားလံုံး မီးခိုးေတြထြက္လာၿပီးေတာ့ လဲက်ကုန္ေတာ့တာပဲဗ်ာ၊ တစ္ခ်ိဳ႕ကေတာ့ ေျမႀကီးမွာ လူးလြန႔္ရင္းနဲ႔ တြားသြားေနေသးတယ္၊ သြားေနရင္းနဲ႔ပဲ တစ္ကိုယ္လုံးပိန္ေျခာက္ၿပီးေတာ အ႐ိုးစုႀကီးလိုပိန္ကပ္သြားေတာ့တာပဲ။

“ဟား၊ ဟား ေကာင္းတယ္၊ နင္တို႔မိန္းမေတြ လင္ေပ်ာက္မေတြျဖစ္ကုန္ၿပီ၊ ဟား၊ ဟား”

အခုမွက်ဳပ္လည္းသိေတာ့တယ္ဗ်၊ ဘာလို႔ ဒီကုန္းကေလးကို လင္ေပ်ာက္ကုန္းလို႔ ေခၚၾကတာလဲဆိုတာေလဗ်ာ၊ လတ္စသတ္ေတာ့ ေဒၚပ်င္းႀကီးသတ္ခဲ့လို႔ မတစ္လံုံးဂိုဏ္းက ဂိုဏ္းသားေတြအကုန္ေသခဲ့တာကိုး၊ သူေျပာခဲ့တဲ့ လင္ေပ်ာက္မဆိုတာကို အစြဲျပဳၿပီး ဒီကုန္းကို လင္ေပ်ာက္ကုန္းလို႔ နာမည္ေပးခဲ့တာပဲ။ ကုန္းတစ္ကုန္းလုံး အ႐ိုးစုေတြျပန႔္က်ဲေနတာပဲဗ်ာ၊ ေဒၚပ်င္းႀကီးရယ္ေမာေနတုန္း ေဒၚပ်င္းအေရွ႕ကိုလူတစ္ေယာက္ရပ္လာတယ္ဗ်။

“အေမ၊ ရပ္လိုက္ေတာ့”

က်ဳပ္ၾကည့္လိုက္ေတာ့ ဦးဘသာျဖစ္ေနတယ္၊ က်ဳပ္က အဲဒီကုန္းနဲ႔ခပ္လွမ္းလွမ္းကေန ၾကည့္ေနတာကိုးဗ်၊ ဒါနဲ႔ ေဘးနားက သာစံံကိုၾကည့္လိုက္ေတာ့ သာစံမရွိေတာ့ဘူး။

“ဘာျဖစ္လို႔လဲဟဲ့ သာစံံံရဲ႕”

“အေမေရွ႕ဆက္တိုးလို႔မျဖစ္ေတာ့ဘူး”

“ဘာလို႔ ငါကေရွ႕ဆက္တိုးလို႔ မျဖစ္တာလဲ”

“အေမဆက္တိုးရင္ ဒီထက္ပိုၿပီးမွားေတာ့မယ္မဟုတ္လား၊ အေမက နဂိုကတည္းက တစ္႐ြာလုံးကိုသတ္ဖို႔ အႀကံအစည္ရွိခဲ့တယ္မဟုတ္လား၊ အရင္တစ္ခါတုန္းကလည္း က်ဳပ္တားခဲ့လို႔ ႐ြာကလူေတြအသက္ရွင္ခဲ့တယ္၊ အခုလည္း က်ဳပ္တားရမယ္အေမ၊ အတိတ္က မျဖစ္ခဲ့တဲ့အရာတစ္ခုကို ပုံရိပ္ေယာင္ထဲမွာ ျဖစ္ေအာင္အေမလုပ္လို႔မရဘူး”

ေဒၚပ်င္းက ရယ္ေမာလိုက္ရင္း လက္တစ္ဖက္ကိုေဘးကိုဆန႔္တန္းလိုက္တယ္ဗ်၊။ ေနာက္ေတာ့ က်ဳပ္ကိုလက္ယပ္ေခၚလိုက္ေတာ့ က်ဳပ္ေလေပၚမွာလြင့္သြားၿပီးေတာ့ ျဗဳန္းဆို သူ႔လက္ထဲကိုေရာက္သြားေတာ့တာပဲဗ်ာ၊ ေဒၚပ်င္းက က်ဳပ္လည္းပင္းကို လက္နဲ႔ညႇစ္ထားတယ္။

“ဒါဆို နင္ႏွစ္ခုေ႐ြးဘသာ၊ ငါ့ပုံရိပ္ေယာင္က အစြမ္းေတြေပ်ာက္ကုန္ေတာ့မယ္၊ ဒီေတာ့ ငါဒီအစြမ္းေတြကို တစ္ေယာက္ေယာက္ကို ထည့္ေပးခဲ့မွရေတာ့မယ္”

က်ဳပ္လည္း ႐ုန္းကန္ေနတာေပါ့ဗ်ာ၊ ဒါေပမယ့္ သူ႔လက္ကေနမ႐ုန္းႏိုင္ဘူးဗ်။

“ပညာကို နင့္ဆီကိုေပးရမလား၊ ဒါမွမဟုတ္ သူ႔ဆီကိုထည့္ေပးရမလား”

“မလုပ္ပါနဲ႔အေမ၊ မလုပ္ပါနဲ႔၊ က်ဳပ္ဒီပညာေတြကို ထပ္ၿပီးမလိုခ်င္ေတာ့ဘူး”

ေဒၚပ်င္းက က်ဳပ္ဘက္ကိုလွည့္ၾကည့္ရင္း

“ဒါဆို ဒီေကာင္ေလးဆီကိုပဲ ထည့္ေပးခဲ့ရမွာေပါ့”

“မလုပ္ပါနဲ႔အေမရာ၊ က်ဳပ္ေတာင္းပန္ပါတယ္၊ ဒီေကာင္ေလးသာ ဒီပညာေတြရသြားခဲ့ရင္ သူပ်က္စီးသြားလိမ့္မယ္၊ သူဟာ ရင့္က်က္တဲ့သူတစ္ေယာက္မဟုတ္ေသးဘူး၊ သူ႔ကိုယ္သူ ထိန္းခ်ဳပ္ႏိုင္စြမ္းမရွိေသးဘူး၊ ဒီေတာ့ ပညာေတြသူ႔ဆီေရာက္သြားရင္ ပညာေတြက သူ႔ကိုထိန္းခ်ဳပ္သြားလိမ့္မယ္၊ က်ဳပ္ဒါမ်ိဳးအျဖစ္မခံဘူး”

“ဟား၊ ဟား ဒါဆိုလည္း နင့္ပညာနင္ျပန္ယူေပါ့ ငါ့သားရယ္”

ဦးဘသာက ခ်ီတုံခ်တံုံျဖစ္ေနတယ္ဗ်၊ ဒီအခ်ိန္မွာပဲ ေဒၚပ်င္းက သူ႔ပါးစပ္ကိုဖြင့္ၿပီး က်ဳပ္ဘက္ကိုမ်က္ႏွာလွည့္လိုက္ေတာ့တာပဲဗ်ာ၊ သူ႔ပါးစပ္ထဲက အဝါေရာင္၊ အစိမ္းေရာင္အလင္းတန္းေတြက တျဖည္းျဖည္းခ်င္းထြက္လာတယ္ဗ်၊ က်ဳပ္လည္းေအာ္ဟစ္ေနေပမယ့္ က်ဳပ္မ်က္ႏွာအနားကို ပ်ံသန္းလာၾကတာေပါ့ဗ်ာ။

“ေတာ္ၿပီအေမ၊ က်ဳပ္ကိုပဲေပးေတာ့”

ေဒၚပ်င္းက ဦးဘသာဘက္ကိုခ်က္ခ်င္းလွည့္လိုက္တယ္၊ ေဒၚပ်င္းပါးစပ္ထဲက အလင္းတန္းေတြက ဦးဘသာရဲ႕ပါးစပ္ထဲကို တိုးဝင္ကုန္တယ္ဗ်၊ ေနာက္ေတာ့ ပတ္ဝန္းက်င္ႀကီးတစ္ခုလုံးက အေရာင္ေတြေျပာင္းလာတယ္၊ က်ဳပ္မ်က္လုံးေတြ အျမင္ဝါးသြားတယ္၊ မ်က္လုံးအျမင္ေတြျပန္ၾကည္သြားေတာ့ က်ဳပ္က ဦးဘသာႀကီးရဲ႕လက္ေမာင္းကိုဖက္ထားရင္းနဲ႔ က်ဳပ္ပါးစပ္က ဦးဘသာပါးစပ္အနားကို ေရာက္ေနတယ္ဗ်၊

ဦးဘသာကေတာ့ မ်က္ျဖဴႀကီးလန္ေနၿပီးေတာ့ ပါးစပ္ႀကီးပြင့္လို႔ေပါ့ဗ်ာ၊ ဒါနဲ႔က်ဳပ္လည္း လက္ကိုလႊတ္ခ်လိုက္တယ္။

“ဦး . . . ဦးဘသာ”

ဦးဘသာက ပက္လက္လန္ၿပီးေတာ့ အ႐ုပ္ႀကိဳးျပတ္လဲက်သြားတာပဲဗ်ာ။ ခဏတာအတြင္းမွာပဲ ဦးဘသာရဲ႕ ျဖဴေဖ်ာ့ေနတဲ့အသားက ေသြးေရာင္ျပန္သမ္းသြားတယ္ဗ်၊ ဦးဘသာက ပက္လက္လွန္ရင္း

“ခြီးတဲ့မွပဲကြာ”

လို႔ေရ႐ြတ္လိုက္တယ္၊ က်ဳပ္လည္း ဦးဘသာကိုတြဲထူလိုက္တာေပါ့။

“ဘာေတြျဖစ္သြားတာလဲ ဦးဘသာ”

ဦးဘသာက ငိုင္ငိုင္ႀကီးျဖစ္ေနရင္းနဲ႔

“မင္း ဒီပညာေတြကိုတတ္လို႔မရဘူးအလတ္ေကာင္၊ ငါမင္းကို ဘယ္နည္းနဲ႔မွ ဒီပညာေတြကို မတတ္ေစခ်င္ဘူး၊ ဒီပညာေတြဆိုတာ လူေတြရဲ႕စိတ္ကိုအမ်ိဳးမ်ိဳးထိန္းခ်ဳပ္ဖမ္းစားတယ္၊ ပညာရဲ႕တန္ခိုး၊ ပညာရဲ႕အစြမ္းကို မထိန္းခ်ဳပ္ႏိုင္ဘူးဆိုရင္ အဲဒီလူက အဆိုးဘက္ကိုေရာက္သြားလိမ့္မယ္၊ ငါ့အေမလိုေပါ့”

က်ဳပ္လည္းငိုင္က်သြားေတာ့တယ္။

“က်ဳပ္အမွားပါဦးဘသာ၊ က်ဳပ္က ဦးဘသာကို စုန္းပညာေတြျပန္တတ္ေစခ်င္ခဲ့တာ၊ ဒါေတြအကုန္လုံးက က်ဳပ္အမွားပါ”

ဦးဘသာက ေခါင္းခါရင္း ကြမ္းအစ္ကေလးျပန္ေကာက္ကိုင္ၿပီးေတာ့ မတ္တတ္ရပ္လိုက္တယ္ဗ်။

“မင္းအမွားမဟုတ္ပါဘူးအလတ္ေကာင္ရာ၊ တကယ္ေတာ့ ငါ့အမွားပါ”

“ဘာျဖစ္လို႔လဲဗ်”

“စာဆိုတစ္ခုရွိတယ္ကြ၊ တစ္ခါစုန္းျဖစ္ရင္ တစ္သက္လုံးစုန္းျဖစ္ၿပီတဲ့၊ ၾကည့္ရတာ ငါလည္း ဒီစာဆိုကို မလြန္ဆန္ႏိုင္ဘူးထင္ပါရဲ႕ကြာ”

ေနာက္ေတာ့ ဦးဘသာက က်ဳပ္ကိုလက္ညႇိဳးထိုးၿပီး တစ္ခုခုေရ႐ြတ္လိုက္တယ္ဗ်၊

“က်ဳပ္၊ က်ဳပ္ကိုဘာလုပ္လိုက္တာလဲ”

“မင္းမွာအစြမ္းေတြရွိေနေသးလားလို႔ စမ္းသပ္လိုက္တာ၊ အခုေတာ့ မင္းဟာျဖဴစင္သြားၿပီ၊ မင္းမွာ ဘာမွမရွိေတာ့ဘူး”

ဦးဘသာကေျပာၿပီးေတာ့ ေခ်ာင္း႐ိုးထဲကိုဆင္းခ်သြားတယ္ဗ်၊ သူ႔ႏြားႏွစ္ေကာင္ကို လွမ္းေခၚၿပီးေတာ့ ျပန္သြားေတာ့တယ္၊ က်ဳပ္တစ္ေယာက္တည္းသာ တာ႐ိုးေပၚမွာက်န္ေနခဲ့တာေပါ့ဗ်ာ၊ က်ဳပ္လက္ႏွစ္ဖက္ကို က်ဳပ္ျပန္ၾကည့္ရင္း စိတ္ထဲဝမ္းနည္းသလိုလိုႀကီးျဖစ္လာတယ္။ အမွန္ဆိုရင္ ဦးဘသာႀကီး ပညာေတြအားလုံးျပန္ရသြားတာကို က်ဳပ္က ဝမ္းသာေနရမွာေလဗ်ာ၊ အခုေတာ့ ရင္ထဲဆို႔နင့္နင့္ႀကီးျဖစ္ေနတယ္။ က်ဳပ္နဲ႔မလွမ္းမကမ္းမွာ သစ္ကိုင္းေျခာက္ကေလးတစ္ခုက်ေနတာနဲ႔ သစ္ကိုင္းေျခာက္ကိုၾကည့္ၿပီးေတာ့

“ေႁမြျဖစ္စမ္း”

က်ဳပ္ေျပာလိုက္ေပမယ့္လည္း အလကားပါပဲဗ်ာ၊ သစ္ကိုင္းေျခာက္က သစ္ကိုင္းေျခာက္ပါပဲ၊ က်ဳုပ္လည္း မတ္တပ္ရပ္လိုက္ၿပီးေတာ့ ဖုတ္ဖတ္ခါလိုက္တယ္၊ ဘာပဲျဖစ္ျဖစ္ ဦးဘသာဆုံးျဖတ္တာ မွန္ပါတယ္၊ တကယ္လို႔ က်ဳပ္သာပညာေတြတတ္သြားခဲ့ရင္၊ က်ဳပ္ေစခိုင္းသမွ်၊ က်ဳပ္ႀကံစည္သမွ်က တကယ္ျဖစ္လာခဲ့ရင္ က်ဳပ္စိတ္ကိုက်ဳပ္ထိန္းႏိုင္မွာမဟုတ္ဘူးဗ်၊ က်ဳပ္ဦးဘသာလို သိုသိုဝွက္ဝွက္ ေနႏိုင္မွာမဟုတ္ဘူး၊ ဒီလိုသာျဖစ္ခဲ့ရင္ က်ဳပ္မိသားစု၊ က်ဳပ္ရဲ႕ဘဝ၊ က်ဳပ္ရဲ႕႐ြာ အားလုံးက အေျပာင္းအလဲေတြျဖစ္ကုန္မွာပဲဒ ဦးဘသာကေတာ့ ဒီလိုမဟုတ္ခဲ့ဘူး၊ ဦးဘသာက ငယ္ငယ္ကတည္းက ဒီပညာေတြရဲ႕အက်ိဳးဆက္ကိုသိတဲ့လူမို႔လို႔ ပညာေတြကိုဘယ္လိုထိန္းကြပ္ရမယ္ဆိုတာကို သူသိတယ္၊ သူ႔စိတ္ကိုသူ ႏိုင္တယ္ေပါ့ဗ်ာ။

ဘာပဲေျပာေျပာ ေနာက္ဆုံးေတာ့ ဒုံရင္းျပန္ျဖစ္သြားတာေပါ့ဗ်ာ၊ ဦးဘသာႀကီးလည္း ပညာေတြျပန္ရသြားတာေပါ့ဗ်ာ၊ ႐ြာကို ကာကြယ္မကာကြယ္ကေတာ့ သူ႔ဆုံးျဖတ္ခ်က္ပါ၊ ဒါေပမယ့္ က်ဳပ္ေျပာႏိုင္တာတစ္ခုကေတာ့ ဦးဘသာႀကီးမွာ ပညာေတြရွိေနသေ႐ြ႕ လူတစ္ဖက္သား သူ႔ေရွ႕မွာ ဒုကၡေရာက္ေနတာကို လက္ပိုက္ၾကည့္ေနမယ့္္သူ မဟုတ္ဘူးဆိုတာကိုပါပဲ။

ႏြားအေၾကာင္းမွာ အရွင္နာဂသိန္သားငါးေက်းငွက္ အဘိဓါတ္မွလည္းေကာင္း၊ ေရာဂါမ်ားအေၾကာင္းမွာ မဟာနိေဒၵသပါဠိမွလည္းေကာင္း မွီျငမ္းပါသည္။
ၿပီးပါၿပီ။

#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ