Unicode Version
“စုန်းထီးကြီး ဦးဘသာနှင့် မောင်းမတစ်ထောင်ကျတ်မင်းခေါင်”(စ/ဆုံး)
—————————————————————————-
အတွဲ(၄) စာစဉ်(၁၁)
(၁)
ဦးလူဝနဲ့အတူတူ ကြက်ကွင်းရွာထဲကိုဝင်ခဲ့တော့ ရွာထိပ်က ဆိုင်းဘုတ်ကို ကျုပ်သေချာဖတ်ကြည့်လိုက်မိတယ်ဗျ၊ ကိုးလက်မလောက်ရှိတဲ့ ပျဉ်ပြားချပ်ကြီးပေါ်မှာ ထုံးလိုလို၊ မြေဖြူလိုလို အဖြူရောင်ဆေးသုံးပြီး လက်ရေးဝိုင်းဝိုင်းနဲ့ရေးထားတယ်ဗျ။
“နိဗ္ဗာန်တိုက်နယ်၊ ကျတ်ကွင်းရွာ”
ကျုပ်ဖတ်ရင်း သဘောမကျဘူးဖြစ်သွားတယ်ဗျ၊ သူတို့ရွာရဲ့ဆိုင်းဘုတ်ရေးတဲ့လူကပဲ စာလုံးပေါင်းမှားတာလားတော့မသိဘူးဗျို့၊ ကြက်ကွင်းရွာကို ကကြီးရရစ်ကနဲ့သတ်ပြီး ကြက်လို့ရေးရမယ့်အစား၊ ကကြီးယပင့်ကိုတဝမ်းပူနဲ့သတ်ပြီး ကျတ်လို့ရေးထားတာဆိုတော့ အဓိပ္ပါယ်ကတစ်မျိုးဖြစ်သွားတယ်မဟုတ်ဘူးလားဗျာ၊ ကျုပ်တို့ချက်စားတဲ့ကြက်အစား၊ မကောင်းဆိုးဝါး နာနာဘာ၀ ကျတ်ဆိုတဲ့အဓိပ္ပါယ်မျိုး ဖြစ်မသွားဘူးလား၊ ကျုပ်လည်း ဦးလူဝကိုပြောမယ်လို့ကြံလိုက်ပေမယ့် ဦးလူဝနဲ့ ဦးဘသာက စကားတပြောပြောနဲ့သွားနေတာဆိုတော့ မပြောသာတော့ဘူးပေါ့ဗျာ။
ဆက်ဝင်လာရင်း ရွာထိပ်နားရောက်တော့ စေတီကလေးတစ်ဆူတွေ့ပြန်ရောဗျာ၊ စေတီကလေးက ကိုးတောင်ပြည့်စေတီကလေးပါ၊ စေတီအရှေ့မှာ ရေးထားတဲ့ဆိုင်းဘုတ်ကိုလည်း ဖတ်ကြည့်အုံးဗျ။
“ရှေးဟောင်းသမိုင်းဝင် ရွှေကျတ်ကျဘုရား” တဲ့ဗျာ၊ ဒီမှာလည်း ကျတ်ကိုမကောင်းဆိုးဝါးကျတ်ဆိုတဲ့ပုံစံမျိုးနဲ့ရေးထားပါရော၊ ဒီတစ်ခါတော့ ကျုပ်လည်းမနေနိုင်တော့ဘူးဗျ။
“ဗျို့ ဦးလူဝ၊ ခင်ဗျားတို့ရွာမယ် စာတတ်တဲ့လူမရှိတော့ဘူးလားဗျ၊ ရွာနာမည်ကိုလည်း မကောင်းဆိုးဝါး ကျတ်လိုရေးတယ်၊ ဟော အခုဘုရားကိုလည်း အဲဒီလိုပဲရေးထားတယ်၊ ရွာနာမည်မှားရေးတာကအသာထားဗျ၊ ဘုရားဘွဲ့နာမည်ကို မှားရေးတာတော့မကောင်းပါဘူးဗျာ၊ ကျုပ်စာထဲမှာ ဖတ်ဖူးတာကတော့ ရွှေကြက်ယက်၊ ရွှေကြက်ကျဘုရားတို့ဆိုတာ ကကြီးကို ရရစ်ကသတ်နဲ့ ကြက်လို့ရေးကြတာဗျ”
ဒီတော့ ဦးလူဝက ကျုပ်ကိုပြုံးပြုံးကြီးလှည့်ကြည့််တယ်။
“မမှားပါဘူး ငါ့တူရ၊ အဲဒါအမှန်ပဲ၊ တို့ရွာနာမည်ကျတ်ကွင်းဆိုတာကလည်း ငါ့တူပြောတဲ့အဲဒီမကောင်းဆိုးဝါး ကျတ်ကိုပြောတာပဲ၊ ဒါပေမယ့် ရွာကိုမရောက်ဘူးတဲ့လူတွေကတော့ ကျတ်ကွင်းလို့ ပြောလိုက်ရင် အိမ်မှာမွေးထားတဲ့ ကြက်ကိုပဲ ပြေးမြင်တတ်ကြတာကလား”
ကျုပ်ဖြင့်် ထူးဆန်းသွားတယ်ဗျ။
“ဆန်းပါလားဗျာ၊ ကျုပ်လည်း အိမ်မှာချက်စားတဲ့ ကြက်လို့ပဲထင်နေတာဗျ၊ ဒါနဲ့ ဘာလို့များရွာကို နိမိတ်မရှိ နမာမရှိ ကျတ်ကွင်းလို့များမှည့််ခေါ်ထားတာလဲဗျာ၊ ကျတ်ဆိုတာ ကောင်းတဲ့သတ္တဝါမှ မဟုတ်တာ၊ နာနာဘာဝတွေကိုးဗျ”
“မင်းပြောတာတော့ ဦးလေးလက်ခံပါတယ်၊ ဒါပေမယ့် ဦးလေးတို့ရွာပတ်ပတ်လည်က ကျတ်ကုန်းတွေချည်းပဲကွ၊ ဟောဟိုက လယ်ကွင်း၊ ယာခင်းတွေဆိုရင်လည်း ကျတ်ကုန်းတွေပဲ၊ ဒီဘက်က ခင်တန်းကြီးလည်း ကျတ်ကုန်းကြီးပဲကွ၊ ဒီတော့ တို့ရွာပတ်ပတ်လည်မှာ ကျတ်တွေပိုင်တဲ့ကွင်းတွေရှိကြလို့ ကျတ်ကွင်းလို့ခေါ်ကြရင်း ရွာနာမည်တွင်သွားတယ်ဆိုပါတော့ကွာ”
“ဘာဗျ၊ ဒီလောက်ဆိုးရွားတဲ့ ကျတ်တွေရှိတဲ့နေရာမှာမှ ဦးလေးတို့က ဘာလို့နေကြတာလဲ”
ဦးလူဝက ပြာပြာသလဲနဲ့ နှုတ်ခမ်းပေါ်ကို လက်ညှိုးဖြတ်တင်ပြရင်း
“ရှူးတိုးတိုးကွ၊ ကျတ်တွေကို ဆိုးတယ်လို့မပြောရဘူး၊ တကယ်တော့ ကျတ်တွေက လူကောင်းတွေပါ”
“ဟာဗျာ၊ နာနာဘာဝဆိုမှ ကောင်းမလားဗျ”
ဒီတော့ ဦးဘသာက ကျုပ်ကိုမျက်စောင်းထိုးကြည့်ပြီး
“အလတ်ကောင်၊ သူများက ကောင်းတယ်ဆိုကောင်းတယ်ပေါ့ကွာ၊ မင်းလျှာမရှည်စမ်းနဲ့၊ ပါးစပ်ပိတ်ပြီး အနောက်ကနေလိုက်ခဲ့”
ဦးဘသာက ကျုပ်ကိုငေါက်လိုက်တော့ ကျုပ်လည်းဘာမှမပြောရဲဘဲ ဇက်ကလေးပုပြီးတော့ သူ့အနောက်ကလိုက်ခဲ့ရတာပေါ့ဗျာ၊ ရွာက အိမ်ခြေသိပ်မများပါဘူး၊ အလွန်ဆုံးရှိလှ ငါးဆယ်လောက်ပဲရှိတာဗျ၊ ရွာမှာဘုန်းကြီးကျောင်းတွေ ဘာတွေမတွေ့ရဘူး၊ ရွာထိပ်မှာခုနက ရွှေကျတ်ကျဆိုတဲ့ ဘုရားကလေးပဲရှိတယ်ဗျ၊ ရွာလယ်လောက်ရောက်တော့ ဦးလူဝက သူ့ခြံထဲကိုဝင်သွားတယ်၊ ဦးလူဝခြံကြီးက အကျယ်ကြီးပဲဗျာ၊ အိမ်ခြေရင်းမှာလည်း နွားတင်းကုပ်နဲ့ အိမ်ကြီးက လေးပင်ခန်းဖွဲ့ထားတဲ့ သစ်သားအိမ်ကြီးဗျ၊ ရေနံချေးတွေဝပြီးတော့ မည်းနက်နေတာပဲ။
“ကဲ ငါ့တူကြီးတို့ထိုင်ကြအုံး၊ ခြံထဲမှာက ဝါးရိပ်နဲ့ဆိုတော့ အေးသကွ”
ဦးလူ၀ ခြံရှေ့နားမှာ ခင်းထားတဲ့ကွပ်ပျစ်ပေါ်မှာပဲ ထိုင်လိုက်ကြတာပေါ့ဗျာ၊ သူပြောတာလည်းဟုတ်တယ်ဗျ။ အိမ်ရှေ့မှာဝါးရုံတွေရှိတော့ အရိပ်ကောင်းတယ်ဗျာ၊ ဒါ့အပြင် ဝါးရုံပင်ကိုဖြတ်တိုက်လာတဲ့ လေကလေးကလည်း အေးမှအေးပဲဗျို့၊ ဦးလူဝက အိမ်အောက်ကိုဝင်သွားတယ်ဗျ၊ နာမည်နဲ့လူနဲ့လည်း လိုက်ပါတယ်၊ လူက ထွားထွားကျိုင်းကျိုင်း ၀၀ကြီးဗျာ၊ အဆီတွေတစ်နေတဲ့ ဗိုက်ကြီးကလည်းအရှေ့ကိုတွဲကျလို့ဗျ၊ လမ်းလျှောက်ရင်လည်း ပေါင်ကားပြီး ကွတကွတကြီးလျှောက်သွားတာ။
နောက်တော့ ဦးလူဝက ရေနွေးဗန်းကိုင်ပြီး ပြန်ထွက်လာတယ်ဗျ၊ သူကွပ်ပျစ်မှာဝင်ထိုင်ပြီး မကြာပါဘူး၊ မိန်းကလေးတစ်ယောက်က ထန်းလျက်တွေ၊ ပဲလှော်တွေ ထည့််ထားတဲ့ဗန်းကလေးကိုင်ပြီးတော့ ထွက်လာတယ်ဗျ၊ မိန်းကလေးကတော့ လုံးလုံးတစ်တစ်ပါပဲဗျာ၊ အသက်ကတော့ ကျုပ်တို့ထက် နည်းနည်းငယ်မယ်ထင်တယ်။ ဦးလူဝက ဒီမိန်းကလေးကို လက်ညှိုးထိုးပြီးတော့
“ဟောဒါ ကျုပ်သမီးအငယ်ဆုံးပေါ့ဗျာ၊ သူ့နာမည်က ဘုတ်ဆုံတဲ့”
ဘုတ်ဆုံဆိုတဲ့မိန်းကလေးက ထန်းလျက်ပန်းကန်တွေချပေးရင်း
“စားကြပါအုံးရှင်”
ဦးဘသာက အဲဒီမိန်းကလေးကိုကြည့်ပြီးတော့
“ဒါနဲ့ မင်းမှာသမီးတွေချည်းမွေးထားတာမဟုတ်လား”
“အေးလကွာ၊ သမီးချည်းသုံးယောက်ပေါ့၊ အပေါ်က သမီးနှစ်ယောက်တော့ အိမ်ထောင်ကျသွားပြီကွ၊ တစ်ယောက်ကတော့ ဒီရွာမှာပဲ၊ နောက်တစ်ယောက်ကတော့ နိဗ္ဗာန်ရွာက ကောင်လေးနဲ့အိမ်ထောင်ကျပြီး အဲဒီဖက်လိုက်နေတယ်ကွာ၊ ဒါကတော့ အငယ်ဆုံး၊ အပျိုပေါ့၊ ငါ့မှာလည်း ခိုင်းစရာဆိုလို့ သူ့တစ်ယောက်တည်းကျန်ခဲ့တော့တာပဲဟေ့”
ပြောရင်းဆိုရင်း ဦးလူဝက ဘုတ်ဆုံဘက်ကိုကြည့်လိုက်ပြီး
“ဟဲ့သမီး၊ ဧည့်သည်တွေ အိမ်မှာ နှစ်ရက်သုံးရက်လောက် တည်းမယ်၊ အဲဒါ သူတို့နေဖို့ထိုင်ဖို့ အိမ်ပေါ်ထပ်မှာစီစဉ်ပေးလိုက်၊ ပြီးတော့ ဟင်းလေးဘာလေး ကောင်းကောင်းကမ်းကမ်းချက်စမ်းဟာ”
ဘုတ်ဆုံက ခေါင်းညိတ်ပြီးတော့ ကျုပ်တို့ကိုကြည့်တယ်ဗျ၊ ကျုပ်ကလည်း ဘုတ်ဆုံကိုငေးကြည့်နေမိတာပေါ့ဗျာ၊ ဘုတ်ဆုံဆိုတဲ့ကောင်မလေးက လူကသာခပ်ဖိုင့်ဖိုင့်ဆိုပေမယ့် မျက်နှာကလေးကတော့ ချစ်စရာကလေးဗျ၊ ပါးမို့မို့အစ်အစ်လေးနဲ့ ကလေးမျက်နှာလေးကျနေတာပဲဗျာ၊ ခင်ဗျားတို့မြင်သာအောင်ပြောရရင် ခုခေတ် ရုပ်ရှင်မင်းသမီး ပွင့် နဲ့ဆင်တယ်ဗျို့၊ ကိုယ်လုံးကိုယ်ပေါက်လည်း အတူတူလောက်ပဲဗျ။ လမ်းလျှောက်သွားရင် အဆီတွေပြည့်နေတဲ့တင်ပါးကြီးက နိမ့်တုံ မြင့်တုံ တခုန်ခုန်နဲ့သွားတာကိုကြည့်ရင်း ကျုပ်ဖြင့်ရင်တွေတောင် ခုန်လာသလိုပဲဗျာ။
“ဒါနဲ့လူဝ၊ မင်းစီးပွားရေးရော အဆင်ပြေရဲ့လားကွ”
ဦးဘသာက ရေနွေးတစ်ခွက်ငှဲ့ရင်းမေးတယ်၊ ဦးလူဝက ခေါင်းညိတ်လိုက်ပြီးတော့
“ပြေပါ့ဘသာရာ၊ အခုတော့ လယ်ပြီးပြီကွ၊ ယာကျဲမလို့ တလင်းပြင်ထားတယ်၊ ရှေ့တစ်ရက်နှစ်ရက်ဆိုရင်တော့ ယာခင်းကျဲမယ်၊ ဒါနဲ့မင်းနဲ့ငါတောင် မတွေ့တာ သုံးနှစ်လောက်ရှိပြီနော်”
“ဟုတ်ပါ့ကွာ၊ တို့တွေနောက်ဆုံးတွေ့ခဲ့တာ မြိုင်သာမှာမဟုတ်လား၊ စပါးမျိုးဝယ်ရင်းတွေ့ကြတာလေကွာ”
သူတို့က ရှေးဟောင်းနှောင်းဖြစ်တွေပြောနေတယ်ဗျ၊ ကျုပ်စိတ်ထဲမှာတော့ ဦးလူဝကို မေးချင်စိတ်က ထိန်းမရဘူးဗျ၊
“ဦးလူဝ၊ ဒီလောက်ကြောက်ဖို့ကောင်းတဲ့ ကျတ်ကုန်းမှာနေတော့ ဦးလူဝတို့ အခြောက်အလှန့််မခံရဘူးလား၊ ဦးလူဝတို့ ကျတ်တွေကို မကြောက်ကြဘူးလား”
ဦးလူဝက ခေါင်းခါတယ်ဗျ။
“ကျတ်တွေတော့ မြင်နေတာပဲကွ၊ မြင်တာကြာလို့တောင်မှ ကြောက်ရကောင်းမှန်းမသိတော့ဘူး၊ သူတို့လည်း လူလိုပုံစံနဲ့ သွားလာနေကြတာပဲ”
“ဟာဗျာ၊ ထူးဆန်းလိုက်တာ၊ ကျတ်တွေက ဘာမှရန်မပြုဘူးလားဗျ”
“သူတို့လည်း သူတို့ဖာသာနေကြ၊ ငါတို့လည်းငါတို့ဖာသာ နေကြတာပဲလေ၊ ကျတ်ဆိုတာကို သူများတွေကတော့ မကောင်းဆိုးဝါးတွေလို့ ထင်ကြပေမယ့် တို့ရွာသားတွေအတွက်ကတော့ လူကောင်း၊ သူကောင်းကြီးတွေကွ၊ တို့အပေါ် အများကြီးကျေးဇူးရှိတယ်”
ဦးဘသာက ဝင်ထောက်ပြောတယ်။
“ဒီလိုအလတ်ကောင်ရ၊ ကျတ်ဆိုတာတွေက တစ်ချိန်ကလူတွေပဲ၊ အကြောင်းတစ်ခုခုကြောင့် အစုလိုက်အပြုံလိုက်သေသွားကြရာကနေပြီးတော့ မကျွတ်မလွတ်ဘဲ ကျတ်ဖြစ်သွားကြတယ်ဆိုပါတော့၊ တစ်ချို့ဆိုရင် သူတို့ကိုယ်သူတို့ သေသွားမှန်းတောင်မသိကြဘဲ နေ့စဉ်လုပ်စရာရှိတာတွေကို ဆက်လုပ်နေကြသတဲ့ကွ၊ ဒါပေမယ့် ကုသိုလ်ကံအပေါ်မူတည်ပြီးတော့ ကျတ်တွေမှာလည်း ကမ္မဇိဒ္ဓိဆိုတဲ့ တန်ခိုးအစွမ်းတွေရှိတယ်ကွ”
“ကျုပ်လည်း အဲဒါကိုကြားဖူးတာကြာပြီဗျ၊ မေးမယ် မေးမယ်နဲ့ မမေးဖြစ်သေးတာ၊ ကမ္မဇိဒ္ဓိဆိုတာ ဘယ်လိုအစွမ်းလဲဗျ၊ စုန်းပညာတွေလို သင်ယူလို့ရတာလား”
ဦးဘသာက ခေါင်းခါရင်း
“ကမ္မဇိဒ္ဓိဆိုတာ ကံကြောင့်ရရှိလာတဲ့အစွမ်းပဲကွ၊ ဥပမာပြောရရင် နတ်တွေပေါ့ကွာ၊ လူ့ဘဝကနေ သေဆုံးပြီးတော့ နတ်ပြည်မှာနတ်သွားဖြစ်တယ်ဆိုရင် သူပြုခဲ့တဲ့ ကုသိုလ်ကံအပေါ်မူတည်ပြီး အရှိန်အဝါတွေ၊ စည်းစိမ်တွေနဲ့ တန်ခိုးတွေရတာပေါ့၊ ကုသိုလ်ကောင်းတဲ့လူကျတော့ ဟိုးအထက်က တန်ခိုးပိုမြင့်တဲ့ နတ်တွေသွားဖြစ်တာပေါ့၊ ကုသိုလ်နည်းတဲ့လူကျတော့ အောက်နတ်တွေဖြစ်သွားကြတာပေါ့၊ အောက်ဆုံးစတုမဟာရာဇ်ဘုံက နတ်နဲ့ ဟိုးအထက် ဝဿ၀တီနတ်ပြည်က နတ်တို့နဲ့က တန်ခိုးအရာချင်း အဆတစ်သန်းမက ကွာခြားတယ်ကွ”
“ဒါဆိုတော်တော်တန်ခိုးကြီးတာပဲဗျ၊ ဒါနဲ့ သူတို့က နတ်တွေလေဗျာ၊ အခုဟာက နတ်မှမဟုတ်တာ ကျတ်ပဲကို”
“ကမ္မဇိဒ္ဓိအကြောင်းဆက်ရရင် တကယ်လို့ လူတစ်ယောက်က သူ့အကုသိုလ်ကြောင့် ပြိတ္တာဖြစ်သွားတယ်ဆိုရင်တောင်မှ သူ့မှာပြုဖူးခဲ့တဲ့ ကုသိုလ်ကောင်းမှုအဟုန်က အကျိုးပေးသေးတယ်ကွ၊ ဒီတော့ ဒီကုသိုလ်ကံတွေက ကမ္မဇိဒ္ဓိဖြစ်လာတာပေါ့၊ ဒါကြောင့် ပြိတ္တာချင်းတူတာတောင်မှ အစွမ်း၊ တန်ခိုးချင်းမတူကြဘူး၊ ကျတ်ဆိုတာ ပြိတ္တာထဲကမှ အဆင့်မြင့််တဲ့ အသူရကာယ်ဘုံသားထဲပါတယ်ကွ၊ အသူရကာယ်ဆိုတာ ပြိတ္တာထဲမှာ အဆင့်အမြင့်ဆုံးပေါ့၊ သူတို့ရဲ့ ကုသိုလ်ကံကြောင့် အေးအေးလူလူနေနိုင်၊ စားသောက်နိုင်တယ်၊ အချို့ဆို နတ်တွေလိုမျိုး ဘုံဗိမ္မာန်တွေနဲ့၊ အခြွေအရံတွေနဲ့တောင် ခံစားကြရတယ်၊ ဒါပေမယ့် အကုသိုလ်အကျိုးပေးကြောင့် နေ့မှာနတ်တမျှစံစားရပေမယ့် ညဘက်ရောက်တော့ငရဲကျသလို ခံစားရတယ်မဟုတ်လား၊ ဒါကြောင့် အသူရကာယ်ဆိုရင် နေ့စံ၊ ညခံလို့ ပြောကြတာပေါ့”
“ကျုပ်နားလည်ပြီ၊ ဒါဆို ကျတ်က နေ့စံညခံပေါ့၊ အစွမ်းတွေ တန်ခိုးတွေ တော်တော်ရှိတာပေါ့”
“ဒါပေါ့ကွ၊ ကျတ်ကျတော့ ညစံနေ့ခံပေါ့၊ နေ့ဘက်ဆိုရင် ကျတ်တွေက တိရစ္ဆာန်တွေအသွင်ဖြစ်ရင်ဖြစ်တယ်၊ မဖြစ်တဲ့ကျတ်တွေကလည်း သူ့ဒုက္ခသူခံစားနေရတာပေါ့ကွာ၊ ဟော ညဘက်ရောက်ရင်တော့ သူတို့ဟာ သူတို့ရဲ့ကုသိုလ်ကြောင့် အေးအေးဆေးဆေးနေထိုင်နိုင်ကြတာပေါ့၊ ကျတ်ဆိုတာ ပြိတ္တာတွေနဲ့မတူဘူးကွ၊ ပြိတ္တာတွေက ဆာလောင်နေပြီးတော့ အစာရှာစားရပေမယ့် ကျတ်တွေကျတော့ တို့လူသားတွေလိုပဲ အလုပ်တွေလုပ်၊ ဟင်းတွေချက်ပြုတ်ပြီး နေထိုင်နိုင်တယ်၊ ပြီးတော့ နေ့စံညခံဆိုတာ ကျတ်တွေအတွက်တော့ မှန်တယ်ကွ”
“ဟာဗျာ၊ သူတို့က ညမှထွက်တာမဟုတ်လား”
ဦးဘသာက ခေါင်းခါပြီးတော့
“တို့လူ့လောကရဲ့ နေဝင်ချိန်က၊ ပရလောကမှာ နေထွက်ချိန်တဲ့ကွ၊ တို့လူ့လောကမှာ နေဝင်ပြီးတော့ မိုးချုပ်လို့ ညရောက်သွားတယ်ဆိုပေမယ့် သူတို့ပရလောကဘက်မှာတော့ အဲဒါဟာ နေထွက်တဲ့နေ့အချိန်ပဲပေါ့၊ ဒါကြောင့် လူကြီးသူမတွေက ကလေးသူငယ်တွေကို နေဝင်မိုးချုပ်ဆိုရင် အိမ်အပြင်ကိုမထွက်ခိုင်းဘူးမဟုတ်လားကွ၊ ငါခုနကပြောသလို ဆာလောင်နေတဲ့ ပြိတ္တာတွေက နေဝင်မိုးချုပ်သွားရင် သူတို့နေထွက်ချိန်ကိုးကွ၊ ဒီတော့ သူတို့က မနက်စောစောအစာရှာထွက်ကြတယ်လေ”
“ဒါဆို အဲဒီကျတ်တွေက ကမ္မဇိဒ္ဓိအားကောင်းလို့ ဦးဘသာကြီးတောင် မနိုင်တာလား”
ဦးဘသာကပြုံးရင်း
“ကျတ်ဆိုတာ နတ်တစ်ပိုင်းပဲကွ၊ မှတ်ထား၊ ကျတ်တွေကို သူတို့ပိုင်နက်ထဲမှာဆိုရင် ငါ့လိုစုန်းမပြောနဲ့ ဘိုးတော်တို့ ဘုန်းကြီးတို့တောင်မှ မနိုင်ဘူးကွ”
“ဟာဗျာ၊ ဖြစ်နိုင်ပါ့မလား၊ ဘုရားစာရွတ်မယ်ဆိုရင်ရောဗျာ”
“မင်းနှယ်ကွာ၊ ဘုရားစာရွတ်တိုင်းမရဘူးကွ၊ မင်းတော်တော်ဗဟုသုတနည်းတဲ့ကောင်၊ မေတ္တာသုတ်ဆိုတာ ဘယ်လိုဖြစ်လာသလဲဆိုတာ မင်းမသိဘူးလား၊ ရဟန်းတွေက တောအုပ်ကြီးထဲသွားပြီး တရားအားထုတ်ကြတော့ သစ်ပင်မှာနေတဲ့ နတ်တွေနဲ့ ပရလောကသားတွေက မခံနိုင်ဘဲ အလုပ်ပျက်အကိုင်ပျက်ဖြစ်လို့ ခြောက်လှန့််လွှတ်တယ်လေကွာ၊ ဒီတော့ ဘုရားက မေတ္တာသည်သာ အကောင်းဆုံးလက်နက်ဆိုပြီးတော့ မေတ္တာသုတ်ပေးလိုက်တယ်မဟုတ်လားကွ၊ ဒီလိုပဲပေါ့၊ ကျတ်တွေကိုလည်း သူ့ပိုင်နက်ထဲသွားပြီးရန်ရှာတာထက် သူတို့ကိုပြောရာပြေကြောင်းပြောပြီး နားလည်မှုယူရတယ်ကွ”
ကျုပ်လည်း ခေါင်းညိတ်လိုက်တော့တယ်။ ချိုတူးနဲ့ ငညိုတို့ကတော့ ဦးလူဝကျွေးတဲ့ ထန်းလျက်တွေကို စားကောင်းကောင်းနဲ့ စားနေကြတာပါပဲ၊ ဦးလူဝက ကျုပ်တို့ကိုကြည့်ပြီးတော့။
“ဒါနဲ့ သူတို့ကဘယ်သူတွေလဲကွ”
“ဒါကတော့ တို့ရွာက သူကြီးသားကွ၊ နာမည်က ခင်မောင်တဲ့၊ ဒါပေမယ့်် သူ့ကိုတစ်ရွာလုံးက အလတ်ကောင်ပဲခေါ်တာ၊ ဟောဟိုက ကောင်လေးကတော့ ချိုတူးတဲ့ကွ၊ ဒီဘက်ကတော့ သူ့တူ၊ ငညိုလို့ခေါ်တယ်”
“နေပါအုံး၊ အဲဒီငညိုဆိုတဲ့ကောင်လေးက စကားမပြောတတ်ဘူးလား”
ဦးဘသာက ခေါင်းခါပြပြီးတော့
“သူ့ကိုငါ အာစေးထည့်ထားတာကွ”
ဒီတော့ ဦးလူဝက မျက်လုံးပြူးသွားတယ်ဗျ၊ ငညိုကိုသေသေချာချာကြည့်ပြီးတော့
“အာစေးထည့်ထားတယ်ဆိုတော့ သူကတော်တော်စွမ်းသလား”
“စွမ်းတာပေါ့ကွ၊ မကောင်းတာတွေမပြောမိအောင်လို့ လုပ်ထားရတယ် လူဝရေ၊ ငါမြင်ဖူးသမျှ ဝမ်းတွင်းပါတဲ့သူထဲမှာ ဒီကောင်လေးအစွမ်းဆုံးပဲကွ”
ဦးလူဝက ခေါင်းတဆတ်ဆတ်ညိတ်တယ်ဗျ။
“ကျုပ်နားလည်ပြီ၊ အခုနိဗ္ဗာန်ရွာကို သွားမယ်ဆိုတာလည်း ဒီကောင်လေးကြောင့်ထင်ပါ့”
“အမှန်ပေါ့ လူဝရာ”
(၂)
ကျုပ်တို့စကားပြောနေတုန်း ဘုတ်ဆုံကထွက်လာတယ်ဗျ။
“အဖေ၊ ဟင်းတွေကျက်ပြီနော်၊ ဧည့်သည်တွေဆာလာတယ်ဆိုရင် ကျွေးလို့ရပြီ”
“သြော်၊ အေးအေး၊ ဒါနဲ့ အိမ်ကြီးရှင်တွေအတွက်လည်း တစ်ပွဲပြင်လိုက်စမ်းပါဟေ့”
ကျုပ်က မျက်မှောင်ကြုတ်လိုက်မိတယ်ဗျ၊ အိမ်ကြီးရှင်ဆိုတော့ ဒီအိမ်က ဦးလူဝပိုင်တဲ့အိမ်မဟုတ်ဘူးပေါ့၊ ဒီအိမ်မှာ ဦးလူဝတို့က ကပ်နေတာများလား၊ တခြားအိမ်ရှင်တွေရှိလို့ ကျုပ်တို့ကိုများ အိမ်ပေါ်ပေးမတက်တာလား၊ ကျုပ်လည်း သို့လော သို့လောတွေ တွေးနေမိတာပေါ့ဗျာ၊ ကျုပ်ဘာတွေးသလဲဆိုတာကို ဦးဘသာက သိတယ်ထင်ပါရဲ့။ ကျုပ်ပုခုံးကိုဆတ်ခနဲလှမ်းပုတ်တယ်။
“ဟေ့အလတ်ကောင်၊ အိမ်ကြီးရှင်ဆိုလို့ တခြားမတွေးနဲ့ကွ၊ ခုနက မင်းပြောခဲ့တဲ့ ကျတ်တွေကိုပြောတာ”
“ဗျာ၊ ကျတ်တွေကိုများ အိမ်ကြီးရှင်တဲ့လား”
ဦးလူဝက ဝင်ပြောတယ်။
“ငါ့တူကြီးကို ဦးလေးပြောပြမယ်၊ ကျတ်ဆိုတာ လူဆိုးတွေမဟုတ်ဘူးကွ၊ ငါ့တူကြီးတို့လို တကယ်ထဲထဲဝင်ဝင်မသိကြတဲ့လူတွေကတော့ ကျတ်တွေကို ဆိုးတယ်လို့ပဲထင်မှာ၊ ကျတ်တွေနဲ့ပတ်သက်ပြီးတော့ ကြားဖူးထားတဲ့စကားတွေကလည်း အဆိုးတွေပဲမဟုတ်လား”
ကျုပ်လည်းခေါင်းညိတ်လိုက်တယ်။
“ငါ့တူကြီးကို ဦးလေးတစ်ခုမေးမယ်နော်၊ ငါ့တူကြီးကို လူတွေက လူဆိုးလို့ဝိုင်းခေါ်ရင် ငါ့တူကြီးကြိုက်သလား မကြိုက်ဘူးလား”
“ဟာဗျာ၊ ဘယ်ကြိုက်မှာလဲဗျ”
“အေး၊ ကျတ်တွေကလည်း ဒီလိုပဲပေါ့ကွာ၊ သူတို့ကို ဆိုးတယ်လို့အကြောင်းမဲ့ခေါ်ရင် တကယ်တမ်းမဆိုးရင်တောင်မှ သူတို့က ဆိုးသွားတတ်ကြတယ်၊ ဒါကြောင့်် ကျတ်တွေကိုဆိုးတယ်လို့မပြောဖို့ တားရတာပဲဟေ့”
“ကျုပ်နားလည်ပါပြီ ဦးလေး”
“ဒီခြံကြီးရော၊ ရွာက အိမ်တွေအကုန်လုံးရော ကျတ်ကုန်းကြီးပဲကွ၊ ဒီတော့ ငါတို့က ဒီကျတ်ကုန်းမှာလာပြီးနေတော့ အရင်နေခဲ့တဲ့ကျတ်တွေကို အိမ်ကြီးရှင်လို့ သဘောထားပြီးဆက်ဆံရတယ်၊ လပြည့်လကွယ်လိုနေ့မျိုး၊ အိမ်ကိုဧည့်သည်လာတဲ့အခါမျိုးကျရင် အိမ်ကြီးရှင်တွေကို ထမင်းကျွေးပြီး ဧည့်သည်ဆောင်သည်လာလို့ သည်းခံပေးပါဆိုတဲ့အကြောင်းပြောရတယ်ကွ”
ဘုတ်ဆုံက မြေနဲ့လုပ်ထားတဲ့ ကလေးဆော့တဲ့ အိုးပုတ်လိုခွက်ကလေးတွေကိုင်လာတယ်ဗျ၊ အထဲမှာတော့ ထမင်းရယ်၊ ဟင်းတွေရယ်ထည့်ထားတာပဲဗျာ၊ ခြံရဲ့ဟိုးဘက်ထောင့်နားမှာတော့ သစ်သားနဲ့ဆောက်ထားတဲ့ အိမ်ကလေးတစ်လုံးရှိတယ်ဗျ၊ အဲဒီအိမ်ကလေးရဲ့ကြမ်းအပေါ်မှာ ခုနက ဟင်းခွက်တွေတင်ပြီးတော့ တိုးတိုးနဲ့ရေရွတ်နေတာပဲ၊ ပြီးတော့မှပြန်လာတယ်၊ ကျုပ်တို့စားဖို့သောက်ဖို့အတွက်လည်း ပြင်ဆင်ပေးတာပေါ့ဗျာ။
ဦးလူဝတို့က ဟင်းကောင်းစားတဲ့လူတွေဗျ၊ ဟင်းတွေကလည်းစုံလို့ဗျာ၊ ကျုပ်တို့လည်း ဆာဆာာနဲ့ ခေါင်းမဖော်တမ်းစားကြတာပေါ့ဗျာ၊ တစ်ယောက်ကို သုံးလေးပန်းကန်လောက်စားလိုက်လို့ ထမင်းလည်းစားပြီးရော ထတောင်မထနိုင်ကြတော့ဘူးဗျ၊ ငညိုဆိုရင် အဆီရစ်ပြီးတော့ ပက်လက်လှန်ပြီး အိပ်သွားတော့တာ၊ ကျုပ်နဲ့ ဦးလူဝတို့လည်း စကားစမြည်ပြောကြတာပေါ့ဗျာ။
“ငါ့တူတို့ ကျတ်တွေနဲ့မတွေ့ဖူးသေးဘူးထင်တယ်”
ကျုပ်လည်းဦးဘသာမျက်နှာကိုကြည့်လိုက်ပြီး
“တွေ့ဖူးပါ့ဗျာ”
လို့အစချီကာ ညကဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေအကုန်ပြန်ပြောပြလိုက်တယ်ဗျ၊ ဦးလူဝက တအံ့တသြနဲ့နားထောင်နေတယ်။
“မင်းတို့က သီချင်းဆိုတာကိုးကွ၊ ကျတ်ဆိုတာ အပျော်အပါးကြိုက်တယ်၊ တို့ရွာကလူတွေဆို လယ်ထဲယာထဲဆင်းတောင်မှ သီချင်းမဆိုဝံ့ကြဘူးကွ”
“သီချင်းဆိုရင် ဘာဖြစ်လို့လဲဗျ”
“သီချင်းဆိုတဲ့လူကို သူတို့ရွာကိုခေါ်သွားတတ်တယ်၊ မဟုတ်တာတော့မလုပ်ပါဘူးကွာ၊ အဲဒီမှာ လေးငါးရက်လောက်ခေါ်ထားပြီး ပြန်လွှတ်လိုက်တာပဲတဲ့၊ သူတို့ဆီမှာ လေးငါးရက်ရောက်သွားပေမယ့်် အပြင်ပြန်ရောက်လာရင် သုံးလေးနှစ်လောက် ကြာသွားတတ်တယ်ဆိုပဲဟေ့၊ ဒါကြောင့် ရွာကလူတွေ သီချင်းမဆိုဝံ့တာ၊ တစ်ခါကလည်း ထူးဆန်းတာပြောရအုံးမယ်”
ဦးလူဝက ပြောရင်းမောသွားတယ်ထင်ပါတယ်၊ ရေနွေးတစ်ခွက်ကောက်သောက်လိုက်ရင်း
“ဒီလိုကွ၊ နိဗ္ဗာန်ရွာမှာ အလှူရှိတော့ဆိုင်းအဖွဲ့ ငှားကြတာပေါ့၊ ဇာတ်အဖွဲ့ကို နိဗ္ဗာန်ရွာကလူတွေက လှည်းတွေနဲ့ကြိုတာပေါ့ကွာ၊ အဲဒီတော့ လှည်းပေါ်မှာပါလာတဲ့ နှဲသမားတို့ဘာတို့က လမ်းမှာတီးကျမှုတ်ကျရင်း လိုက်သွားတာပေါ့၊ ဒီလိုနဲ့ နိဗ္ဗာန်ရွာကိုရောက်သွားတယ်ပေါ့ကွာ၊ အလှူဝင်ညဆိုတော့ ဆိုင်းနဲ့ဖော်ဖြေရတာပေါ့၊ အဲဒီမှာဆိုင်းအဖွဲ့လည်း မဏ္ဍပ်ကြီးထဲမှာ ဆိုင်းတွေဆင်ပြီး တီးကြမှုတ်ကြနဲ့ ဧည့််ခံကြတာပေါ့၊ ညသန်းခေါင်ကျော်ပြီး မိုးလင်းနှစ်ချက်တီးတာတောင်မှ ကြည့်တဲ့လူတွေက လျော့မသွားဘူးတဲ့ကွာ၊ နောက်တော့ ဆိုင်းအဖွဲ့လည်း အတင်းနားလိုက်ရတာပေါ့၊ အဖွဲ့လူတွေလည်းမောမောပန်းပန်းနဲ့ မဏ္ဍပ်ကြီးထဲမှာပဲ အိပ်လိုက်ကြတာ၊ မနက်မိုးလင်းသွားတော့ တောအုပ်ကြီးထဲရောက်နေသတဲ့၊ တို့ရွာအနောက်ဘက်က ခင်တန်းကြီးထဲပေါ့ကွာ”
“ဗျာ၊ အဲဒါ ကျုပ်တို့ရောက်ခဲ့တဲ့နေရာပဲဗျ”
“အေး၊ ကျတ်တွေက တီးသံမှုတ်သံကြားလို့ နိဗ္ဗာန်ရွာရောက်သွားသလိုမျိုး တန်ခိုးနဲ့ဖန်တီးပြီးတော့ တီးခိုင်းတာပဲတဲ့ဟေ့၊ အဲဒီကတည်းက ဟောဒီကျတ်ကွင်းမပြောနဲ့ နိဗ္ဗာန်ရွာသွားတဲ့လမ်းပေါ်မှာ သီချင်းမဆိုရဲ၊ သီချင်းမဖွင့်ရဲတော့တာပဲ ငါ့တူရေ”
ကျုပ်လည်း ချိုတူးဘက်ကိုလှည့်လိုက်ပြီး
“အဲဒါမင်းကြောင့်ပေါ့ ချိုတူး၊ မင်းအဆိုကောင်း၊ အကကောင်းလို့ဖြစ်ရတာ”
ချိုတူးက ခေါင်းကုပ်လျှက်
“ဟာဗျာ၊ ကျုပ်လည်းသိမှမသိတာဗျ”
ချိုတူးပြောတော့ ကျုပ်တို့လည်းဝိုင်းရယ်လိုက်ကြတာပေါ့ဗျာ၊ ဦးလူဝက တစ်ချက်ငြိမ်သွားပြီးတော့
“ဒါနဲ့ မင်းတို့ခုနကပြောတဲ့အထဲမှာ ဝတုတ်ဆိုတဲ့လူနဲ့တွေ့ခဲ့တယ်ဆိုကွ၊ အဲဒါတကယ်လား”
“တကယ်ပေါ့ဗျာ၊ သူက နွားကိုယ်လုံးကြီးနဲ့ဖြစ်နေပြီးတော့ ခေါင်းကတော့ လူခေါင်းကြီးဗျ၊ ကျင်းကြီးထဲက ချေးတွေကို အားရပါးရစားနေလိုက်တာဗျာ၊ ကျုပ်ဖြင့်ပြန်တွေးရင်း အော်ဂလီဆန်လာပြီ”
ဦးလူဝက ခေါင်းတဆတ်ဆတ်ညိတ်လျှက်
“အဲဒီဝတုတ်က တို့ရွာမှာရှိခဲ့ဖူးတဲ့ ဝတုတ်ထင်တယ်ကွ”
“ဗျာ၊ ဒါဆို ဦးဝတုတ်က အရင်က ဒီရွာသားပေါ့”
“ဒီရွာသားတော့မဟုတ်ဘူးကွ၊ သူ့အကြောင်းကလည်း ဒီလိုဟေ့”
(၃)
“တို့ရွာက အရင်တုန်းက ကျတ်ကုန်းကြီး၊ ကွင်းကြီးပေါ့ကွာ၊ ဒါပေမယ့်် အောက်ပြည်ကလူတွေတက်လာပြီးတော့ကျတ်တွေနဲ့တည့်အောင်ပေါင်းတယ်ကွ၊ ပြီးတော့ သူတို့က ဒီနားကကွင်းတွေမှာ စိုက်ပျိုးရေးတွေလုပ်ကြတာပဲ၊ မြေကလည်း မြေရိုင်း၊ မြေသြဇာကလည်းကောင်းဆိုတော့ စီးပွားဖြစ်တာပေါ့ကွာ၊ ကျတ်တွေက သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါဆိုသလိုပဲကွ၊ သူတို့အပေါ်ကောင်းရင် သူတို့ကလည်းပြန်ကောင်းတယ်”
“ဘယ်လောက်တောင်လဲဆိုရင် ကျတ်တွေကို ပူဇော်ပြီးတော့ လယ်တွေယာတွေကို ကြွက်မထိုး၊ ငှက်မကျ၊ ပိုးမကိုက်အောင် စောင့်ပေးပါဆိုရင် တကယ်ကိုပဲ ငှက်တွေ၊ အဖျက်ပိုးတွေမကျဘူးတဲ့ကွ၊ ဒါကြောင့် လူပြောများလာပြီးတော့ မကြောက်တတ်တဲ့လူတွေ ကျတ်ကုန်းမှာ လာပြီးလယ်လုပ်၊ ယာလုပ်ကြရင်း အခုလိုရွာဖြစ်သွားတာပေါ့ကွာ၊ ဒါက ငါတို့ငယ်ငယ်တုန်းကပေါ့”
“လူတွေများလာတော့ ဆိုင်တွေဘာတွလာဖွင့်ကြတာပေါ့ကွာ၊ အဲဒီထဲမှာ ဝတုတ်ဆိုတဲ့လူလည်းပါတယ်ကွ၊ အသက်ကတော့ ငါတို့နဲ့မတိမ်းမယိမ်းပဲ၊ သူက နိဗ္ဗာန်ရွာသား၊ လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က ငါတို့ရွာမှာ အရက်ဆိုင်လာဖွင့်တာပေါ့”
“နိဗ္ဗာန်ရွာက အရက်ဖိုတွေကနေ အရက်တွေယူပြီးတော့ ဆိုင်ဖွင့်ရောင်းတာပေါ့၊ အရက်ဆိုင်ဆိုတော့လည်း ရွာထိပ်နားပေါ့ကွာ၊ အခု ရွာဆိုင်းဘုတ်တပ်ထားတဲ့နေရာ လမ်းဘေးပေါ့၊ သူ့ဆိုင်က ရောင်းကောင်းတယ်လို့ပြောရမယ်၊ တို့ရွာက တောင်သူတွေလည်း လုပ်ငန်းခွင်က ပြန်လာရင် တစ်ခွက်တစ်ဖလားသောက်ပြီးတော့ ပင်ပန်းတာတွေကို ဖြေကြတာပေါ့ကွာ”
ဦးလူဝက ပြောရင်း မြေပဲစေ့တွေကောက်ဝါးတယ်။
“တို့ရွာမှာ စည်းကမ်းတစ်ခုရှိတယ်ကွ၊ အဲဒါကတော့ ကျတ်တွေလာဝယ်ရင် ပို်က်ဆံမယူဘဲ ရောင်းပေးရတာပဲ၊ ကျတ်တွေက လူယောင်ဆောင်ပြီးတော့ ညနေမှောင်ရီဖြိုးဖျအချိန်တို့၊ မနက်အစောပိုင်းတို့ဆိုရင် ဈေးလာဝယ်ကြတယ်၊ ကျတ်တွေလာဝယ်ပြီဆိုရင် ပိုက်ဆံမယူဘဲနဲ့ “အမကြီး ဆိုင်ကိုရောင်းကောင်းအောင်လုပ်ပေးနော်” ဆိုပြီးပြောလိုက်ရင် ဈေးရောင်းကောင်းသတဲ့ကွ”
“ဟာ၊ ကျတ်တွေဈေးလာဝယ်မှန်း ဘယ်လိုလုပ်ပြီးသိသလဲဗျ”
“တို့ရွာက ကျဉ်းကျဉ်းလေးပါ၊ တစ်ရွာလုံးမသိတဲ့လူမှ မရှိတာ၊ ဒီတော့ အချိန်မတော်၊ အချိန်တော် မျက်နှာစိမ်း ဈေးလာဝယ်တယ်ဆိုရင် ကျတ်ပဲထင်ကြတာကွ”
“ဒါပေမယ့်ဗျာ၊ ကျတ်တွေဈေးလာဝယ်တိုင်းသာ ပိုက်ဆံမယူကြေးဆိုရင် အရင်းပြုတ်ကုန်မှာပေါ့”
“ဒီလိုလည်းမဟုတ်သေးဘူးငါ့တူရ၊ ကျတ်တွေက အမြဲတမ်းဈေးလာမဝယ်ဘူး၊ တစ်နှစ်မှ တစ်ခါလောက်လာတာ၊ ပြီးတော့ ဝယ်ပြန်ရင်လည်း အများကြီးမဝယ်ဘူးကွ၊ ဆေးလိပ်တစ်လိပ်၊ ကွမ်းတစ်ယာ၊ ဆန်တစ်ပြည် အဲဒီလောက်ပဲဝယ်တာ၊ ကျတ်တွေဈေးဝယ်လာပြီးပြီဟေ့ဆိုရင် အဲဒီဆိုင်က ရောင်းအားတက်သလားမမေးနဲ့ကွာ၊ ခေါင်းရွက်ဗျက်ထိုးရောင်းတဲ့ဈေးသည်တောင်မှ အရင်က သုံးလေးရွာပတ်ရတယ်ဆိုရင်တောင် ကျတ်တစ်ယောက်လာဝယ်ပြီးတာနဲ့ ရွာပတ်စရာမလိုဘဲ တာလမ်းပေါ်မှာတင် ဝယ်သူတွေတွေ့ပြီးတော့ တန်းကုန်တာပဲကွ၊ ဒါကြောင့်် ကျတ်ဈေးလာဝယ်ရင် မရောင်းဖို့မပြောနဲ့၊ ထီပေါက်သလိုကိုပျော်ပြီး ရောင်းပေးကြတာ”
“ဆန်းပါ့ဗျာ”
“ဒါပေမယ့် ဝတုတ်ကတော့ ဒီလိုမဟုတ်ဘူးကွ၊ သူက စိတ်လည်းဆတ်တယ်၊ ရိုင်းလည်းရိုင်းတယ်ကွ၊ တစ်ရက်တော့ သူ့အရက်ဆိုင်ပိတ်ခါနီးမှာ လူသုံးယောက် ရောက်လာသတဲ့ကွာ၊ ဆိုင်မှာထိုင်ပြီး အရက်တစ်လုံးမှာတယ်တဲ့၊ ဝတုတ်ကလည်း ရောင်းလည်းရောင်း သူလည်းသောက်ဆိုတော့ ရေချိန်ကိုက်နေပြီပေါ့ကွာ၊ အဲဒီမှာ သုံးယောက်လာပြီး တစ်လုံးပဲမှာရကောင်းလားဆိုပြီးတော့ ရန်ဖြစ်ရောတဲ့”
“ဟာ၊ အဲဒါကျတ်တွေထင်တယ်နော်ဗျ”
ချိုတူးက ဝင်ပြောတယ်၊ ဦးလူဝက ခေါင်းညိတ်ပြီး
“အမှန်ပေါ့ကွာ၊ နောက်ပြီးတော့ ဒီလူသုံးယောက်က ပဲခြမ်းသုတ်မှာတယ်တဲ့၊ ဝတုတ်ကလည်း ဒေါသထွက်ထွက်နဲ့ ပဲခြမ်းသုပ်တော့မရဘူး မင်းတို့လိုနွားတွေကို ချေးပဲကျွေးမယ်ဆိုပြီး ကြိမ်းမောင်းပြောဆိုသတဲ့၊ နောက်တော့ အဲဒီလူသုံးယောက်ဆိုင်ကထွက်တော့ အရက်ဖိုးမရှင်းလို့ဆိုပြီး ဝတုတ်က ဒီလူတွေကို ထထိုးတော့တာပဲတဲ့ဟေ့၊ ဝတုတ်ဆိုင်မှာ ကူဖော်လောင်ဖက်ရအောင်ဆိုပြီး ခေါ်ထားတဲ့ကောင်လေးက ကြောက်အားလန့်အားနဲ့ပြေးလာခေါ်တော့မှ ငါတို့သိတာပဲ၊ ငါတို့လိုက်သွားတော့ ဝတုတ်က သေတောင်နေပြီကွ”
“ဒီလူကလည်း ဒီရွာမှာစီးပွားရေးလာလုပ်ပြီးတော့ ဒါလေးတောင်မသိဘူးလား”
“မသိတာမဟုတ်ဘူးကွ၊ သိတယ်၊ မလေးစားတာပေါ့၊ မင်းတို့ပြောပုံအရဆိုရင်တော့ ဝတုတ်ကိုကျတ်တွေက ခေါ်သွားပြီးတော့ နှိပ်စက်ထားတာဖြစ်မယ်ကွ”
ကျုပ်လည်းခေါင်းညိတ်လိုက်တယ်။
“ဟုတ်မယ်ဗျ၊ သူက ကျတ်တွေကို မင်းတို့လိုနွားတွေကို ချေးပဲကျွေးမယ်လို့ပြောခဲ့လို့ ကျတ်တွေက သူ့ကိုနွားပုံပြောင်းပြီးတော့ ချေးပဲစားခိုင်းထားတာ ထင်ပါရဲ့ဗျာ”
“ဟုတ်မယ်၊ ဟုတ်မယ်၊ ပြီးတော့ ဘသာနဲ့တွေ့ခဲ့တဲ့ လူကြီးကလည်း ဦးမင်းခေါင်ကြီးဖြစ်မယ်ဟေ့”
“ဦးမင်းခေါင်တဲ့လား”
“အေးကွ၊ မောင်းမတစ်ထောင် ဦးမင်းခေါင်လို့ခေါ်ကြတယ်၊ ဟိုးရှေးခေတ်တုန်းက ဒီနေရမှာမြို့တစ်မြို့ရှိတယ်လို့တော့ ပြောကြတယ်၊ အခုခင်တန်းနေရာမှာ တစ်ချိန်က နန်းတော်ကြီးဖြစ်ခဲ့တယ်တဲ့၊ ဦးမင်းခေါင်က မြို့သူကြီးပေါ့၊ သူ့မှာ မိန်းမပေါင်းတစ်ထောင်ရှိတယ်ဆိုပဲ၊ တစ်ရက်တော့ ဘုရင်ကိုသူများကုန်းချောလို့ ဘုရင်က ဦးမင်းခေါင်ကိုရော သူ့မိန်းမတွေကိုရောဖမ်းပြီးတော့ အဲဒီနေရာမှာပဲ မီးကျင်းကြီးတူးပြီးတော့ မီးဖုတ်သတ်ပစ်ခဲ့တယ်လို့ပြောတာပဲ၊ အဲဒါ သူတို့တွေအားလုံးသေတော့ ကျတ်တွေဖြစ်ကုန်တယ်လို့ ဆိုကြတာပဲ၊ ဒီအတိုင်း ပါးစပ်ရာဇဝင်ပေါ့ကွာ”
ချိုတူးတစ်ယောက်တော့ စကားပြောတာနားထောင်ပြီး မျက်လုံးတွေမှေးစင်းလာတယ်ဗျ။ ဦးလူဝကတော့ ရေတစ်ခွက်သောက်ပြီးတော့ အာပေါင်အာရင်းသန်သန်နဲ့ဆက်ပြောတယ်။
“ခုနက ရွာထဲက ရွှေကျတ်ကျဘုရားဆိုတာလည်း ထူးဆန်းတယ်ကွ၊ အဲဒီနေရာမှာ ဟိုးခေတ်ကတည်းက စေတီတစ်ခုရှိခဲ့တယ်ပြောတယ်၊ တို့ငယ်ငယ်တုန်းကတော့ ခြံကွက်လွှတ်ကြီးပေါ့ကွာ၊ အဲဒီခြံံပေါ်မှာ ဘယ်သူအိမ်ဆောက်နေနေ ထွက်ပြေးရတာပဲဟေ့၊ အခြောက်အလှန့်က တယ်ကြမ်းတယ်ဆိုပဲ၊ နောက်တော့မှ အိပ်မက်ရလို့ တူးဖော်ရင်း စေတီအုတ်မြစ်တွေတွေ့တာပဲ၊ အဲဒီဘုရားလေးက ဦးမင်းခေါင်တည်ခဲ့တဲ့ဘုရားလို့တော့ ယူဆရတာပဲ၊ ပိုပြီးထူးခြားတာကတော့ ဘုရားတည်ဖို့ ပိုက်ဆံအတွက်တောင်းတော့ အဲဒီနေရာကို ရွှေတုံး၊ ငွေတုံးတွေပြုတ်ကျလာတာပဲကွ၊ အဲဒါတွေကို ထုခွဲရောင်းချပြီးတော့၊ တို့ရွာသားတွေကလည်း ဝိုင်းစုစိုက်ထည့်ပြီးတော့ စေတီလေးဖြစ်သွားတာပေါ့ကွာ၊ စေတီဌာပနာတော့လည်း ဒီလိုပဲ၊ တို့ရွာသားတွေဆိုတာ ဘယ်မှာရတနာပစ္စည်းတွေရှိမှာလဲ၊ အဲဒီတော့ ဘုရားတည်တဲ့လူကို အိပ်မက်ပေးတယ်တဲ့ကွ၊ စေတီခြေရင်းမှာ ဖလားတစ်လုံးချထား၊ သူတို့လာပေးမယ်တဲ့”
“တကယ်ပဲ ရတနာတွေရောက်လာသလား”
“ရောက်လာတာပေါ့ကွာ၊ တို့တွေလည်း ဘုရားအနားမှာ မဏ္ဍပ်ထိုးပြီး တစ်ညလုံးစောင့််ကြည့်တာပေါ့၊ ဖလားထဲကို ဂလောက်ခနဲကျသံကြားလို့ သွားကြည့်တော့ ပတ္တမြားတစ်လုံးကိုတွေ့ရတယ်ကွ၊ တော်တော်တော့ထူးဆန်းသား၊ အနီးအနားမှာလည်း သစ်ပင်တွေဘာတွေမရှိဘူးနော်၊ သူ့အလိုလိုကျလာတာ၊ နောက်တော့ ဂလောက်ခနဲအသံကြားရင် သွားပြေးကြည့်ကြတယ်၊ အထဲမှာ ရွှေလက်စွပ်၊ နားဋောင်းအစုံပဲ၊ အဲဒီည တစ်ညလုံးကျပြီးတော့ နောက်တစ်နေ့မနက်မှာပဲ ဌာပနာတွေပိတ်တာပဲ၊ အဲဒီကြေးဖလားတစ်လုံးအပြည့််နီးပါးလောက်ရတနာတွေရတယ်ကွ”
“ဟာ၊ မနည်းဘူးဗျာ”
“ဒါကြောင့်် အဲဒီဘုရားကို လူတွေက ကျတ်တွေချပေးတဲ့ဘုရားမို့ ရွှေကျတ်ကျဘုရားလို့ခေါ်ရင်း နာမည်တွင်သွားတာပဲဟေ့”
ကျုပ်တို့လည်း ကျတ်အကြောင်းတွေပြောရတာ မောလာတာနဲ့ တစ်ခန်းရပ်လိုက်ကြပါတော့တယ်။
(၄)
“အား၊ ကျွှတ်၊ ကျွတ်”
ညအိပ်တော့ ကျုပ်တို့တွေ အိမ်ပေါ်ထပ်က အခန်းရှေ့မှာ စုအိပ်တာပဲဗျာ၊ ဦးဘသာက တစ်ခြင်ထောင်၊ ကျုပ်နဲ့ ချိုတူး၊ ငညိုကတော့ တစ်ခြင်ထောင်ပေါ့ဗျာ၊ ငညိုကတော့ ကျုပ်နဲ့ချိုတူးအလယ်မှာ အိပ်တာပေါ့။
“အား၊ အီး”
နားထဲညည်းသံကြားလို့ထကြည့်တော့ ချိုတူးတစ်ယောက် အိပ်နေရင်းနဲ့ ကယောင်ကတမ်းနဲ့အော်နေတယ်ဗျ၊ ကျုပ်လည်း ဒီကောင့််ပေါင်ကို ခြေထောက်နဲ့လှမ်းကန်ပြီးတော့
“ဟေ့ကောင် ဘာဖြစ်တာလဲ”
ချိုတူးက ဘာမှမပြောဘူးဗျ၊ ကျုပ်လည်းပြန်အိပ်မယ်ကြံံတော့ ချိုတူးက ထညည်းပြန်ရောဗျို့။ ကျုပ်လည်း ထပြီးဒီကောင့်ကိုအော်ရတယ်၊ ဒါပေမယ့် ဒီကောင်က မနိုးပါဘူးဗျာ၊ တအင်းအင်းနဲ့ပဲ ညည်းနေတာ၊ ကျုပ်လည်း ဒီကောင့်အနားကိုသွားလိုက်တော့ ထူးဆန်းတာမြင်လိုက်သဗျ၊ ဒီကောင့််ပေါင်ကြားထဲမှာ ဘောလုံးကြီးတစ်လုံးတွေ့တယ်၊ ပုဆိုးအောက်ကနေလုံးပြီး ပူထွက်နေပါရော၊
“ဟကောင်၊ ပေါင်ကြားထဲမှာ ဘာကြီးညှပ်အိပ်တာလဲကွ”
ကျုပ်ပုဆိုးလှန်ကြည့်လိုက်တော့ ဘောလုံးကြီးက နည်းတာကြီးမဟုတ်ဘူးဗျာ၊ ဒါနဲ့ဘာကြီးလည်းဆိုပြီး လက်နဲ့စမ်းလိုက်တော့ ချိုတူးက ထအော်သဗျ။
“အား၊ သေပါပြီ၊ အား”
ကျုပ်လည်းအဲဒီတော့မှ သေချာကြည့်မိတာ၊ ဘောလုံးမဟုတ်ဘူးဗျို့၊ ဒီကောင့် ဘောက ကြီးနေတာဗျ၊ ကျုပ်လည်း ထပြီးအော်ရတော့တယ်။
“လုပ်ကြပါအုံးဗျာ၊ ချိုတူး ဘောကြီးနေပြီဗျ”
ဦးဘသာလည်းနိုးသွားတယ်၊ ဦးလူဝလည်း မီးခွက်ကလေးနဲ့ထွက်လာတယ်ဗျ၊ သေချာကြည့်တော့မှ ချိုတူးရဲ့ ကပ္ပယ်အိတ်ကြီးက ဘောလုံးကြီးတစ်လုံးလို ဖောင်းကားနေတာပဲဗျာ၊ သွေးကြောကြီးတွေဆိုရင် စိမ်းပြီးထင်းလို့ဗျို့၊ ကျုပ်တို့လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြတယ်ဗျာ။
“အဖေ၊ ဘာဖြစ်လို့လဲ”
ဘုတ်ဆုံက အခန်းထဲကပြေးထွက်လာဖို့လုပ်တော့ ဦးလူဝက ကမန်းကတမ်းလှမ်းတားတယ်။
“ဟဲ့သမီး၊ ဒီကိုလာမကြည့်နဲ့၊ အိမ်အောက်ကိုဆင်းစမ်း”
ဦးဘသာက လက်နဲ့ပွတ်ကြည့်တယ်ဗျ။
“ပယောဂပဲ လူဝရေ၊ တစ်ယောက်ယောက်တော့ ဒီကောင့်ကိုလုပ်လိုက်ပြီဟ”
ဦးလူဝက ချိုတူးကိုသေချာကြည့်ပြီး
“ဟေ့ကောင်လေး၊ မင်းဘာမဟုတ်တာလုပ်မိသေးသလဲ ပြောစမ်း”
ချိုတူးက သေသေချာချာစဉ်းစားနေတယ်ဗျ၊ နောက်တော့မှ
“ဟိုလေ၊ ညလယ်ပိုင်းက ကျုပ်လည်းအပေါ့သွားချင်တာနဲ့ အိမ်ပေါ်ကဆင်းလိုက်တာ၊ ဒါပေမယ့် အိမ်သာကိုမသွားဘဲနဲ့ အိမ်နောက်ဖေးက ဝါးချုံအောက်မှာပဲ ပန်းထည့်လိုက်တာပဲဗျာ”
“အေး၊ ငါထင်ပါတယ်၊ ဒါကြောင့််နေမှာကွ၊ တို့ဆီမှာက တခြားနဲ့မတူဘူး၊ ကျင်ကြီး၊ ကျင်ငယ်စွန့်တဲ့အခါ စည်းကမ်းရှိဖို့လိုတယ်ကွ”
“ကျုပ်၊ ကျုပ်လည်းအဲဒါကိုမေ့သွားလို့ပါ ဦးလေးရာ”
“လူဝရေ စုန်းပြုစားတာများမဟုတ်ဘူးလားကွ၊ ငါကုပေးလိုက်ပါ့မယ်”
ဦးလူဝက တားတယ်ဗျ။
“မလုပ်နဲ့ဘသာရေ၊ ကျတ်ရှိတဲ့အရပ်မှာ စုန်းဆိုးမနေဝံ့ပါဘူးကွ၊ သေချာတယ်၊ ဒါ ကျတ်တွေလုပ်တာကွ၊ အဲဒီခြံနောက်ဘက်ဝါးရုံအနားတစ်ဝိုက်မှာလည်း ကျတ်တွေရှိတတ်တယ်၊ ငါ့အထင်တော့ ချိုတူးတစ်ယောက် မဆင်မခြင်အပေါ့သွားတာကို သူတို့မကြိုက်လို့ ကိုင်လိုက်တာကွ၊ နေနေငါပဲလုပ်လိုက်မယ်”
ဦးလူဝက ထိုသို့ပြောလိုက်ကာ အိမ်အောက်သို့ငဲ့စောင်းကြည့်ပြီးနောက်
“သမီး ဘုတ်ဆုံရေ၊ ကျတ်ကျွေးရအောင်ပြင်ဟေ့၊ ကဲ အလတ်ကောင် ဘုတ်ဆုံဆီကနေ ကြက်သွားယူစမ်း”
ကျုပ်လည်းအိမ်အောက်ကိုဆင်းခဲ့တာပေါ့၊ ဘုတ်ဆုံက ကြက်ဖိုတစ်ကောင်ရယ် ကြက်ဥတစ်လုံးရယ်ယူပြီးကျုပ်ကိုပေးတယ်ဗျ၊ ကျုပ်လည်း ကြက်အရှင်ကိုင်ပြီးတော့ တက်ခဲ့ရတာပေါ့ဗျာ၊ အိမ်ပေါ်ရောက်တော့ ကြက်ဖိုကို ဦးလူဝကယူပြီးတော့ လက်နှစ်ဖက်နဲ့သေချာကိုင်တယ်။ ပြီးတော့ ချိုတူးအရှေ့နား ဆောင့်ကြောင့်ထိုင်ပြီးတော့ ကိုးတယ်ဗျ၊ ကိုးတယ်ဆိုတာက ရွတ်ဖတ်တာတစ်မျိုးပေါ့ဗျာ။
“ရှင်မင်းများတို့ ကြောက်ပါတယ်၊ ရွံ့ပါတယ်၊ လန့်ပါတယ်ခင်ဗျာ၊ မသိလို့လုပ်မိ၊ မသိလို့ပြောမိ၊ မသိလို့ကျူးမိပါတယ်၊ အမိုက်အမဲမို့ ဗွေမယူပါနဲ့၊ ကြောက်အောင်ထိတ်အောင်လန့်အောင်မလုပ်ပါနဲ့၊ မဖမ်းဆီးပါနဲ့၊ ချည်တဲ့ကြိုးဖြုတ်ပါ၊ ထိုးတဲ့လှံ နုတ်ပါ၊ သွေးယောင်မဆောင်ပါနဲ့၊ လေယောင်မဆောင်ပါနဲ့။ ကြောက်ပါတယ်ဗျား၊ ဒီနေ့ဒီအချိန်ကစပြီးတော့ မိမွေးတိုင်းဖမွေးတိုင်း ဖြစ်ပါစေဗျား၊ ကျွေးပါ့မယ်၊ မွေးပါ့မယ်၊ ယခုဒါနပြုမယ့်အစာကို စီးနင်းရင်းလိုက်ခဲ့ပါ”
ပြီးတော့ ချိုတူးရဲ့ခြေထောက်နဲ့ခေါင်းတွေကို ကြက်နဲ့ထိတာပဲဗျာ၊ ပြီးတော့ ကျုပ်ကိုအဲဒီကြက်ကိုပေးတယ်ဗျ၊ ကျုပ်လည်းကြက်ကိုကိုင်ပြီးတော့ အိမ်အောက်ကိုပြန်ဆင်းခဲ့တာပေါ့၊ ဘုတ်ဆံုံကတော့ လျှင်တယ်ဗျာ၊ ကြက်ကိုဆွဲယူပြီးတော့ လည်လိမ်ပစ်ထည့်လိုက်တာပဲ၊ ကြက်က အော်ချိန်တောင်မရလိုက်ဘူး၊ ပြီးတော့ ကြက်ကိုရင်ခွဲပြီးတော့ ရင်ထဲက ကလီစာတွေအကုန်လုံးကို ဖက်နဲ့ထုပ်တယ်ဗျ၊ ကျန်တဲ့ကြက်ကောင်ကို ခြေထောက်ကနေကိုင်ပြီး ရေလောင်းချပြီးတော့ အိုးတစ်လုံးထဲကိုထည့်ပြီး ဒီအတိုင်းချက်တော့တာပဲဗျာ၊ အမွှေးအတောင်၊ ခေါင်း၊ ခြေထောက် ဘာတစ်ခုမှကိုမဖြုတ်ဘူးဗျ။
ဒီလိုချက်တဲ့အခါ ရေနဲ့ဆီပဲထည့်ရတယ်တဲ့ဗျာ၊ ဆားတောင်မထည့်ရဘူး၊ နောက်ပြီးတော့ ချင်းတို့၊ နနွင်းမှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မဆလာတို့ မခတ်ရဘူးတဲ့၊ ကြက်ဥကိုလည်းထည့်ပြုတ်သေးတယ်။
“နေပါအံုံးဘုတ်ဆုံမရဲ့ ကြက်ဥက ဘာလုပ်တာလဲ”
“ပုံမှန်ဆိုရင်တော့ ကြက်ဖိုကြက်မကို ချက်ရတာ၊ ဒါပေမယ့် အကုန်အကျများတော့ နောက်ပိုင်းကြက်မနေရာမှာ ကြက်ဥတစ်လံုံးအစားထိုးပြီးထည့်ကြတာပဲရှင့်”
ဘုတ်ဆုံမအလုပ်ရှုပ်နေတာနဲ့ကျုပ်လည်း အိမ်ပေါ်ပြန်တက်ခဲ့တာပေါ့ဗျာ၊ အိမ်ပေါ်မှာတော့ ဦးလူဝတစ်ယောက် ကတ်ကြေးတစ်လက်နဲ့ အလုပ်ရှုပ်နေတယ်ဗျ။
“ဦးလူဝ၊ ဘာလုပ်ဖို့လဲဗျ”
“ဟေ၊ လူနာဆီက သွေးသားယူဖို့လေကွာ”
“ဟာဗျာ၊ ကတ်ကြေးကြီးနဲ့ညှပ်မှတော့ သေပြီပေါ့ဗျ”
ဦးလူဝက ဘာမှပြန်မပြောဘဲ ပြုံးဖြီးဖြီးလုပ်နေတယ်။ နောက်တော့ အဲဒီကတ်ကြေးနဲ့ ချိုတူးခေါင်းကဆံပင်ကိုညှပ်တယ်၊ ပြီးရင် ခြေသည်းလက်သည်းတွေ ထပ်ညှပ်ပြီးတော့ စက္ကူတစ်ခုနဲ့ထုတ်တယ်ဗျ၊ ထုံးနဲ့နနွင်းကို ရေနဲ့ခပ်ကျဲကျဲဖျော်ပြီးတော့ ဝါဂွမ်းစကလေးတစ်ခုမှာဆွတ်ပြီးတော့ ချိုတူးရဲ့ ခြေ၊ လက်တွေကို လိုက်ပြီးတို့နေသေးတယ်။
“အဲဒါကဘာလုပ်တာလဲဗျ”
“လူနာရဲ့သွေးသားယူတယ်ဆိုပြီးတော့ ဒီလိုမျိုးုစတိလုပ်ရတာပေါ့”
ပြီးတော့အဲဒီဂွမ်းဖတ်ကို စက္ကူထဲထည့်ပြီးထုတ်တယ်ဗျာ၊ အချိန်က မိုးလင်းတော့မယ်၊ ဘုတ်ဆုံမက နှီးတောင်းထဲကို ထမင်းထည့်ပြီးတော့ အပေါ်က ကြက်ချက်ထားတာတွေထည့်လိုက်တာပဲဗျာ။ ပြီးတော့ အိမ်ပြင်ထွက်ပြီး ရွာထိပ်သွားတော့တာပဲ ကျုပ်လည်းလိုက်ကြည့်တာပေါ့၊ ဦးလူဝရယ်ကျုပ်ရယ် လာခဲ့ကြတာပေါ့ဗျာ၊ ဦးလူဝက ရွာထိပ်မှာဖက်ခင်းပြီးတော့ တောင်းထဲကထမင်းတွေကိုပုံတယ်ဗျ၊ ပြီးတော့ ကျတ်တွေကိုဖိတ်ခေါ်သေးတယ်၊ ချိုတူးလက်သည်းတွေညှပ်ထားတဲ့ စက္ကူလေးလည်း ထည့်လိုက်သေးတယ်ဗျ။
“ကဲ ပြီးပြီငါ့တူ၊ ပြန်ကြစို့”
“ဒီလိုလုပ်ရင် တကယ်ကောင်းမှာလားဗျ”
“ကောင်းမကောင်းကတော့ ငါ့တူကိုယ်တိုင်ကြည့်ပေါ့ကွာ”
ဒီအချိန်မှာ ယင်မဲကြီးတွေက ကွင်းထဲကိုဖြတ်ပြီး တဝီဝီနဲ့ပျံသန်းလာတယ်ဗျ၊ ယင်မဲမဆိုတာ တော်တော်ကြီးတဲ့ယင်ကောင်ကြီးတွေပေါ့ဗျာ၊ တစ်ကောင်တစ်ကောင် ပျားကြီးလောက်ကိုရှိတာဗျ၊ သူတို့ပျံံလာရင်လည်း အတောင်ပံခတ်သလို တဝီဝီနဲ့ရယ်၊ ပြီးတော့ ကျုပ်တို့ကျွေးထားတဲ့ ထမင်းတွေပေါ်မှာ အုံလိုက်ကျင်းလိုက်ကြီး နားလိုက်ကြတာ မည်းနက်နေတာပဲဗျာ။ ကျုပ်တို့လည်းအိမ်ပြန်လာခဲ့တယ်၊ အိမ်ပေါ်လှေကားကနေတက်မယ်လုပ်တော့ ဦးလူဝက ကျုပ်ကိုလှမ်းဆွဲထားတယ်ဗျ။
“ငါ့တူ၊ ကျတ်ကျွေးပြီးရင် အိမ်ပေါ်ကိုဒီအတိုင်းမတက်ရဘူးကွ”
“ဗျာ၊ ဒါဆိုဘယ်လိုတက်ရမှာလဲ”
ဦးလူဝက အိမ်ပေါ်ကိုလှမ်းကြည့်ပြီး
“လွတ်ပြီလားဟေ့”
ဒီတော့ အိမ်ပေါ်က ဦးဘသာနဲ့ ဘုတ်ဆုံမတို့ကပြန်အော်တယ်။
“လွတ်ပြီ၊ လွတ်ပြီ”
ဦးလူဝကတစ်ခါ
“ပျောက်ပြီလားဟေ့”
“ပျောက်ပြီ၊ ပျောက်ပြီ”
ဒီအတိုင်းသုံးကြိမ်သုံးခါမေးပြီးတော့မှ အိမ်ပေါ်ပြန်တက်ရတာပဲဗျာ၊ အိမ်ပေါ်ရောက်တော့ သကောင့်သားချိုတူးက ရေနွေးတောင်သောက်နေပြီဗျ၊ ကျုပ်လည်း ချိုတူးကိုလှမ်းကြည့်ပြီး
“ဟေ့ကောင်သေးသွားပြီလား”
“သေးသွားပါပြီဗျ”
“ငါ့လှန်ပြစမ်း၊ ငါကြည့်စမ်းမယ်”
ချိုတူးက ရှက်သွားတယ်ဗျ၊ ကျုပ်တကယ်လှန်မယ်ထင်လို့ ပုဆိုးကိုလက်နဲ့အုပ်ပြီး
“ရပြီ၊ ကောင်းသွားပါပြီဆို ကိုအလတ်ကောင်ရ”
“ငါမယုံသေးဘူး၊ ငါ့မျက်စိနဲ့တပ်အပ်မြင်မှ ယုံမယ်ဟေ့”
ကျုပ်က အော်ပြီးတာနဲ့ ချိုတူးကိုဝင်လုံးတော့တာပဲဗျာ၊ ဦးဘသာနဲ့ ဦးလူဝလည်း ရယ်လိုက်တာမှ ခွက်ထိုးခွက်လန်ပဲ၊ ဘုတ်ဆုံကတော့ ရှက်လို့ထင်ပါရဲ့အိမ်အောက်ကို ဆင်းပြေးတာ တန်းနေတာပဲဗျာ။
(၄)
နောက်တစ်နေ့မနက်ခင်းကတော့ သာသာယာယာပဲပေါ့ဗျာ၊
“ငါ့တူတို့ ရောက်တုန်းရောက်ခိုက်၊ ယာခတယ်ဆိုတာ မမြင်ဖူးရင်ကြည့်သွား”
“လုပ်ပြန်ပြီအဆန်းဗျာ၊ ယာခတယ်ဆိုတာ ဘာလဲဗျ”
“ယာခတယ်ဆိုတာ လယ်ကြီးရှင်တွေကို အစာကျွေးတာပေါ့ကွာ၊ သူတို့မြေမှာ ငါတို့တွေက စိုက်ပျိုးတာဆိုတော့ မစိုက်ခင်တစ်ခါ၊ စိုက်ပြီးတော့တစ်ခါ ကျွေးမွေးတာကိုပြောတာ၊ တို့တွေနောက်ရက်ဆို ယာတွေစကျဲတော့မှာဆိုတော့ ဒီနေ့ပဲ ယာခမလားလို့ဟေ့။
ဘုတ်ဆုံကတော့ အလုပ်များတာပေါ့ဗျာ၊ ကြက်ဖိုကြက်မနှစ်ကောင်ကို အရင်နည်းအတိုင်းချက်တယ်ဗျ၊ ပြီးတော့ ဆန်နှစ်ပြည်ချက်တယ်၊ ဖရုံ၊ သခွားတွေလည်းထည့်ချက်တာပေါ့ဗျာ၊ ပြီးတော့ ဝါးကျည်တောက်ထဲကို ရေတွေထည့်ပြီးတော့ ယူလာရတယ်ဗျ၊ ထန်းလျက်၊ မြေပဲလည်း ပါတာပေါ့။ မနက်ကလိုတော့ လက်သည်းခြေသည်းတွေ မလိုတော့ဘူးပေါ့ဗျာ၊ အားလုံးပြင်ဆင်ပြီးတော့ ညနေရောက်မှာကိုစောင့်နေကြတာပေါ့ဗျာ၊ နေ့လည်မွန်းလွဲကျော်သွားတာနဲ့ လှည်းဆင်ပြီးတော့ ဦးလူဝတို့ယာခင်းကိုထွက်ခဲ့တာပေါ့ဗျာ။
ဦးလူဝတို့ယာခင်းက အကျယ်ကြီးဗျ၊ ငါးဧကကျော်လောက်ရှိမယ်ထင်ပါတယ်။ ယာခင်းတစ်နေရာက သစ်ပင်ရိပ်မှာ လှည်းကိုရပ်လိုက်ကြတယ်ဗျ၊ ပြီးတော့ အသင့်သယ်လာခဲ့တဲ့ ဖက်ရွက်တွေကိုမြေကြီးပေါ်ခင်းပြီးတော့ ထမင်းတွေပုံတယ်၊ ဟင်းတွေပုံတယ်၊ ရေသောက်ဖို့ကတော့ ဝါးကျည်တောက်ပေါ့ဗျာ၊ အားလုံးစုံသွားတော့ ဦးလူဝက လက်နှစ်ဖက်ကိုအနောက်ပစ်ပြိးတော့ ယာခင်းထဲကိုကြည့်ပြီးအော်တယ်။
“ဒီတော၊ ဒီတောင်၊ ဒီယာအနီးမှာရှိကြတဲ့ ကျတ်အို၊ ကျတ်မင်း၊ ကျတ်နားပင်းအပေါင်းတို့၊ အချင်းချင်းခေါ်၊ ကလေးချီလို့ခေါ်၊ ခွေးလိုတအို့အို့ခေါ်ကြပါ၊ မကြားသည်၊ မမြင်သည်မရှိကြပါနှင့်။ ကျွန်ုပ်တို့နှင့်အတူတူ စားလှည့်ပါ၊ သောက်လှည့်ပါ၊ ဖိတ်ခေါ်ပါတယ်၊ ဆေးမခတ်ပါဘူး၊ ဝါးမခတ်ပါဘူး၊ ဆရာသမားလည်းမဟုတ်ပါဘူး”
“ဤယာခင်းကို စောင့်ကြပါ၊ ကြပ်ကြပါ၊ ဝိုင်းကြပါ၊ ဝန်းကြပါ၊ အစေ့အားလုံးပေါက်အောင်ဆောင်မပါ၊ ပေါက်တဲ့အပင်ရှင်အောင် ကူညီပါ၊ ရှင်တဲ့အပင် ဖူးပွင့်သီးအောင်လည်း ကြည့်ရှုကြပါ၊ သူခိုးသူဝှက်၊ အဖျက်ပိုးမွှားကင်းအောင်လည်း ကြည့်ရှုပါ၊ မြွေဆိုး၊ ကင်းဆိုးဝေးအောင်လည်း မောင်းပေးကြပါ၊ အားကိုးပါတယ်၊ ကိုးစားပါတယ် ယာကြီးရှင်၊ လယ်ကြီးရှင်တို့ခင်ဗျာ၊ ယာထွက်သီးနှံထွက်ရင်လည်း တပည့်တို့ကျေးဇူးဆပ်ပါမယ်၊ မမေ့ပါဘူး၊ မလျော့ပါဘူး ကျတ်မင်းအပေါင်းတို့”
ဒီတစ်ခါတော့ ဘာမှမထူးခြားဘူးဗျ၊ ဦးလူဝကို လှည်းကိုပြန်လှည့်ပြီးတော့
“ကဲ၊ သွားရအောင်ဟေ့”
“သူတို့လာစားပါ့မလားဗျ”
“စားတာပေါ့ကွာ၊ ဒါပေမယ့် နေ့ခင်းဆိုတော့ လူမြင်မခံဘူးကွ၊ ပြီးတော့ ဒီကျတ်တွေကလည်း ရှက်တတ်တယ်၊ လူူကြည့်နေတာမကြိုက်ဘူး”
ဒါနဲ့ကျုပ်တို့လှည်းပေါ်ပြန်တက်ခဲ့တာပေါ့ဗျာ၊ ကျုပ်ကလှည်းနောက်မြီးမှာ ခြေချထိုင်ပြီးလိုက်လာခဲ့တာပေါ့၊ ဦးဘသာက လှည်းပေါ်ထိုင်ရင်း
“မင်းတွေ့ချင်လို့လား အလတ်ကောင်ရ”
ကျုပ်ခေါင်းညိတ်လိုက်တော့ ဦးဘသာက ကျုပ်မျက်လုံးကို သူ့လက်ဝါးနဲ့ပွတ်ထည့်လိုက်တယ်၊ ကျုုပ်မျက်လုံးပြန်ဖွင့်လိုက်တော့ ခုနက နေရာမှာ လူတွေအများကြီးပဲဗျို့၊ ကျုပ်တို့ခင်းထားတဲ့ဖက်ဘေးနားမှာဆောင့်ကြောင့်ထိုင်နေကြပြီးတော့ လက်တစ်ဖက်နဲ့ထမင်းတွေနှိုက်စားနေတာဗျာ၊ ဦးလူဝပြောသလို ကလေးခါးတစ်ခွင်ထားတဲ့ ကျတ်တွေလည်းပါတယ်ဗျို့၊ ယောက်ျားမိန်းမအစုံပဲ၊ ကလေးချီထားတဲ့ ကျတ်တွေကလည်း သူတို့ချီထားတဲ့ကလေးကို ထမင်းတွေခွံ့လို့ဗျ။
လှည်းကဝေးသွားပေမယ့် ကျုပ်ကတော့အဲဒီနားကိုပဲ ငေးကြည့်နေမိတာဗျ၊ သစ်ပင်ရိပ်အောက်မှာ ကုန်းကုန်း ကုန်းကုန်းနဲ့ အလုအယက်စားသောက်နေတာကိုကြည့်ရင်း ကျုပ်ဖြင့်် တွေးမိတယ်၊
“သြော်၊ ပရလောကသားများ၊ ကြောက်ဖို့လည်းကောင်း၊ သနားဖို့လည်းကောင်းလှပါလားဗျာ”
ပြီးပါပြီ။
(မကွေးတိုင်း အောင်လံမြို့နယ်မှ ကျေးရွာတစ်ရွာ၏ အကြောင်းကို ဖြစ်ရပ်မှန်အတိုင်း ပြန်လည်မှီငြမ်းရေးသားပါသည်)
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ
Zawgyi Version
“စုန္းထီးႀကီး ဦးဘသာႏွင့္ ေမာင္းမတစ္ေထာင္က်တ္မင္းေခါင္”(စ/ဆုံး)
—————————————————————————-
အတြဲ(၄) စာစဥ္(၁၁)
(၁)
ဦးလူဝနဲ႔အတူတူ ၾကက္ကြင္း႐ြာထဲကိုဝင္ခဲ့ေတာ့ ႐ြာထိပ္က ဆိုင္းဘုတ္ကို က်ဳပ္ေသခ်ာဖတ္ၾကည့္လိုက္မိတယ္ဗ်၊ ကိုးလက္မေလာက္ရွိတဲ့ ပ်ဥ္ျပားခ်ပ္ႀကီးေပၚမွာ ထုံးလိုလို၊ ေျမျဖဴလိုလို အျဖဴေရာင္ေဆးသုံးၿပီး လက္ေရးဝိုင္းဝိုင္းနဲ႔ေရးထားတယ္ဗ်။
“နိဗၺာန္တိုက္နယ္၊ က်တ္ကြင္း႐ြာ”
က်ဳပ္ဖတ္ရင္း သေဘာမက်ဘူးျဖစ္သြားတယ္ဗ်၊ သူတို႔႐ြာရဲ႕ဆိုင္းဘုတ္ေရးတဲ့လူကပဲ စာလုံးေပါင္းမွားတာလားေတာ့မသိဘူးဗ်ိဳ႕၊ ၾကက္ကြင္း႐ြာကို ကႀကီးရရစ္ကနဲ႔သတ္ၿပီး ၾကက္လို႔ေရးရမယ့္အစား၊ ကႀကီးယပင့္ကိုတဝမ္းပူနဲ႔သတ္ၿပီး က်တ္လို႔ေရးထားတာဆိုေတာ့ အဓိပၸါယ္ကတစ္မ်ိဳးျဖစ္သြားတယ္မဟုတ္ဘူးလားဗ်ာ၊ က်ဳပ္တို႔ခ်က္စားတဲ့ၾကက္အစား၊ မေကာင္းဆိုးဝါး နာနာဘာ၀ က်တ္ဆိုတဲ့အဓိပၸါယ္မ်ိဳး ျဖစ္မသြားဘူးလား၊ က်ဳပ္လည္း ဦးလူဝကိုေျပာမယ္လို႔ႀကံလိုက္ေပမယ့္ ဦးလူဝနဲ႔ ဦးဘသာက စကားတေျပာေျပာနဲ႔သြားေနတာဆိုေတာ့ မေျပာသာေတာ့ဘူးေပါ့ဗ်ာ။
ဆက္ဝင္လာရင္း ႐ြာထိပ္နားေရာက္ေတာ့ ေစတီကေလးတစ္ဆူေတြ႕ျပန္ေရာဗ်ာ၊ ေစတီကေလးက ကိုးေတာင္ျပည့္ေစတီကေလးပါ၊ ေစတီအေရွ႕မွာ ေရးထားတဲ့ဆိုင္းဘုတ္ကိုလည္း ဖတ္ၾကည့္အုံးဗ်။
“ေရွးေဟာင္းသမိုင္းဝင္ ေ႐ႊက်တ္က်ဘုရား” တဲ့ဗ်ာ၊ ဒီမွာလည္း က်တ္ကိုမေကာင္းဆိုးဝါးက်တ္ဆိုတဲ့ပုံစံမ်ိဳးနဲ႔ေရးထားပါေရာ၊ ဒီတစ္ခါေတာ့ က်ဳပ္လည္းမေနႏိုင္ေတာ့ဘူးဗ်။
“ဗ်ိဳ႕ ဦးလူဝ၊ ခင္ဗ်ားတို႔႐ြာမယ္ စာတတ္တဲ့လူမရွိေတာ့ဘူးလားဗ်၊ ႐ြာနာမည္ကိုလည္း မေကာင္းဆိုးဝါး က်တ္လိုေရးတယ္၊ ေဟာ အခုဘုရားကိုလည္း အဲဒီလိုပဲေရးထားတယ္၊ ႐ြာနာမည္မွားေရးတာကအသာထားဗ်၊ ဘုရားဘြဲ႕နာမည္ကို မွားေရးတာေတာ့မေကာင္းပါဘူးဗ်ာ၊ က်ဳပ္စာထဲမွာ ဖတ္ဖူးတာကေတာ့ ေ႐ႊၾကက္ယက္၊ ေ႐ႊၾကက္က်ဘုရားတို႔ဆိုတာ ကႀကီးကို ရရစ္ကသတ္နဲ႔ ၾကက္လို႔ေရးၾကတာဗ်”
ဒီေတာ့ ဦးလူဝက က်ဳပ္ကိုၿပဳံးၿပဳံးႀကီးလွည့္ၾကည့္္တယ္။
“မမွားပါဘူး ငါ့တူရ၊ အဲဒါအမွန္ပဲ၊ တို႔႐ြာနာမည္က်တ္ကြင္းဆိုတာကလည္း ငါ့တူေျပာတဲ့အဲဒီမေကာင္းဆိုးဝါး က်တ္ကိုေျပာတာပဲ၊ ဒါေပမယ့္ ႐ြာကိုမေရာက္ဘူးတဲ့လူေတြကေတာ့ က်တ္ကြင္းလို႔ ေျပာလိုက္ရင္ အိမ္မွာေမြးထားတဲ့ ၾကက္ကိုပဲ ေျပးျမင္တတ္ၾကတာကလား”
က်ဳပ္ျဖင့္္ ထူးဆန္းသြားတယ္ဗ်။
“ဆန္းပါလားဗ်ာ၊ က်ဳပ္လည္း အိမ္မွာခ်က္စားတဲ့ ၾကက္လို႔ပဲထင္ေနတာဗ်၊ ဒါနဲ႔ ဘာလို႔မ်ား႐ြာကို နိမိတ္မရွိ နမာမရွိ က်တ္ကြင္းလို႔မ်ားမွည့္္ေခၚထားတာလဲဗ်ာ၊ က်တ္ဆိုတာ ေကာင္းတဲ့သတၱဝါမွ မဟုတ္တာ၊ နာနာဘာဝေတြကိုးဗ်”
“မင္းေျပာတာေတာ့ ဦးေလးလက္ခံပါတယ္၊ ဒါေပမယ့္ ဦးေလးတို႔႐ြာပတ္ပတ္လည္က က်တ္ကုန္းေတြခ်ည္းပဲကြ၊ ေဟာဟိုက လယ္ကြင္း၊ ယာခင္းေတြဆိုရင္လည္း က်တ္ကုန္းေတြပဲ၊ ဒီဘက္က ခင္တန္းႀကီးလည္း က်တ္ကုန္းႀကီးပဲကြ၊ ဒီေတာ့ တို႔႐ြာပတ္ပတ္လည္မွာ က်တ္ေတြပိုင္တဲ့ကြင္းေတြရွိၾကလို႔ က်တ္ကြင္းလို႔ေခၚၾကရင္း ႐ြာနာမည္တြင္သြားတယ္ဆိုပါေတာ့ကြာ”
“ဘာဗ်၊ ဒီေလာက္ဆိုး႐ြားတဲ့ က်တ္ေတြရွိတဲ့ေနရာမွာမွ ဦးေလးတို႔က ဘာလို႔ေနၾကတာလဲ”
ဦးလူဝက ျပာျပာသလဲနဲ႔ ႏႈတ္ခမ္းေပၚကို လက္ညႇိဳးျဖတ္တင္ျပရင္း
“ရႉးတိုးတိုးကြ၊ က်တ္ေတြကို ဆိုးတယ္လို႔မေျပာရဘူး၊ တကယ္ေတာ့ က်တ္ေတြက လူေကာင္းေတြပါ”
“ဟာဗ်ာ၊ နာနာဘာဝဆိုမွ ေကာင္းမလားဗ်”
ဒီေတာ့ ဦးဘသာက က်ဳပ္ကိုမ်က္ေစာင္းထိုးၾကည့္ၿပီး
“အလတ္ေကာင္၊ သူမ်ားက ေကာင္းတယ္ဆိုေကာင္းတယ္ေပါ့ကြာ၊ မင္းလွ်ာမရွည္စမ္းနဲ႔၊ ပါးစပ္ပိတ္ၿပီး အေနာက္ကေနလိုက္ခဲ့”
ဦးဘသာက က်ဳပ္ကိုေငါက္လိုက္ေတာ့ က်ဳပ္လည္းဘာမွမေျပာရဲဘဲ ဇက္ကေလးပုၿပီးေတာ့ သူ႔အေနာက္ကလိုက္ခဲ့ရတာေပါ့ဗ်ာ၊ ႐ြာက အိမ္ေျခသိပ္မမ်ားပါဘူး၊ အလြန္ဆုံးရွိလွ ငါးဆယ္ေလာက္ပဲရွိတာဗ်၊ ႐ြာမွာဘုန္းႀကီးေက်ာင္းေတြ ဘာေတြမေတြ႕ရဘူး၊ ႐ြာထိပ္မွာခုနက ေ႐ႊက်တ္က်ဆိုတဲ့ ဘုရားကေလးပဲရွိတယ္ဗ်၊ ႐ြာလယ္ေလာက္ေရာက္ေတာ့ ဦးလူဝက သူ႔ၿခံထဲကိုဝင္သြားတယ္၊ ဦးလူဝၿခံႀကီးက အက်ယ္ႀကီးပဲဗ်ာ၊ အိမ္ေျခရင္းမွာလည္း ႏြားတင္းကုပ္နဲ႔ အိမ္ႀကီးက ေလးပင္ခန္းဖြဲ႕ထားတဲ့ သစ္သားအိမ္ႀကီးဗ်၊ ေရနံေခ်းေတြဝၿပီးေတာ့ မည္းနက္ေနတာပဲ။
“ကဲ ငါ့တူႀကီးတို႔ထိုင္ၾကအုံး၊ ၿခံထဲမွာက ဝါးရိပ္နဲ႔ဆိုေတာ့ ေအးသကြ”
ဦးလူ၀ ၿခံေရွ႕နားမွာ ခင္းထားတဲ့ကြပ္ပ်စ္ေပၚမွာပဲ ထိုင္လိုက္ၾကတာေပါ့ဗ်ာ၊ သူေျပာတာလည္းဟုတ္တယ္ဗ်။ အိမ္ေရွ႕မွာဝါး႐ုံေတြရွိေတာ့ အရိပ္ေကာင္းတယ္ဗ်ာ၊ ဒါ့အျပင္ ဝါး႐ုံပင္ကိုျဖတ္တိုက္လာတဲ့ ေလကေလးကလည္း ေအးမွေအးပဲဗ်ိဳ႕၊ ဦးလူဝက အိမ္ေအာက္ကိုဝင္သြားတယ္ဗ်၊ နာမည္နဲ႔လူနဲ႔လည္း လိုက္ပါတယ္၊ လူက ထြားထြားက်ိဳင္းက်ိဳင္း ၀၀ႀကီးဗ်ာ၊ အဆီေတြတစ္ေနတဲ့ ဗိုက္ႀကီးကလည္းအေရွ႕ကိုတြဲက်လို႔ဗ်၊ လမ္းေလွ်ာက္ရင္လည္း ေပါင္ကားၿပီး ကြတကြတႀကီးေလွ်ာက္သြားတာ။
ေနာက္ေတာ့ ဦးလူဝက ေရေႏြးဗန္းကိုင္ၿပီး ျပန္ထြက္လာတယ္ဗ်၊ သူကြပ္ပ်စ္မွာဝင္ထိုင္ၿပီး မၾကာပါဘူး၊ မိန္းကေလးတစ္ေယာက္က ထန္းလ်က္ေတြ၊ ပဲေလွာ္ေတြ ထည့္္ထားတဲ့ဗန္းကေလးကိုင္ၿပီးေတာ့ ထြက္လာတယ္ဗ်၊ မိန္းကေလးကေတာ့ လုံးလုံးတစ္တစ္ပါပဲဗ်ာ၊ အသက္ကေတာ့ က်ဳပ္တို႔ထက္ နည္းနည္းငယ္မယ္ထင္တယ္။ ဦးလူဝက ဒီမိန္းကေလးကို လက္ညႇိဳးထိုးၿပီးေတာ့
“ေဟာဒါ က်ဳပ္သမီးအငယ္ဆုံးေပါ့ဗ်ာ၊ သူ႔နာမည္က ဘုတ္ဆုံတဲ့”
ဘုတ္ဆုံဆိုတဲ့မိန္းကေလးက ထန္းလ်က္ပန္းကန္ေတြခ်ေပးရင္း
“စားၾကပါအုံးရွင္”
ဦးဘသာက အဲဒီမိန္းကေလးကိုၾကည့္ၿပီးေတာ့
“ဒါနဲ႔ မင္းမွာသမီးေတြခ်ည္းေမြးထားတာမဟုတ္လား”
“ေအးလကြာ၊ သမီးခ်ည္းသုံးေယာက္ေပါ့၊ အေပၚက သမီးႏွစ္ေယာက္ေတာ့ အိမ္ေထာင္က်သြားၿပီကြ၊ တစ္ေယာက္ကေတာ့ ဒီ႐ြာမွာပဲ၊ ေနာက္တစ္ေယာက္ကေတာ့ နိဗၺာန္႐ြာက ေကာင္ေလးနဲ႔အိမ္ေထာင္က်ၿပီး အဲဒီဖက္လိုက္ေနတယ္ကြာ၊ ဒါကေတာ့ အငယ္ဆုံး၊ အပ်ိဳေပါ့၊ ငါ့မွာလည္း ခိုင္းစရာဆိုလို႔ သူ႔တစ္ေယာက္တည္းက်န္ခဲ့ေတာ့တာပဲေဟ့”
ေျပာရင္းဆိုရင္း ဦးလူဝက ဘုတ္ဆုံဘက္ကိုၾကည့္လိုက္ၿပီး
“ဟဲ့သမီး၊ ဧည့္သည္ေတြ အိမ္မွာ ႏွစ္ရက္သုံးရက္ေလာက္ တည္းမယ္၊ အဲဒါ သူတို႔ေနဖို႔ထိုင္ဖို႔ အိမ္ေပၚထပ္မွာစီစဥ္ေပးလိုက္၊ ၿပီးေတာ့ ဟင္းေလးဘာေလး ေကာင္းေကာင္းကမ္းကမ္းခ်က္စမ္းဟာ”
ဘုတ္ဆုံက ေခါင္းညိတ္ၿပီးေတာ့ က်ဳပ္တို႔ကိုၾကည့္တယ္ဗ်၊ က်ဳပ္ကလည္း ဘုတ္ဆုံကိုေငးၾကည့္ေနမိတာေပါ့ဗ်ာ၊ ဘုတ္ဆုံဆိုတဲ့ေကာင္မေလးက လူကသာခပ္ဖိုင့္ဖိုင့္ဆိုေပမယ့္ မ်က္ႏွာကေလးကေတာ့ ခ်စ္စရာကေလးဗ်၊ ပါးမို႔မို႔အစ္အစ္ေလးနဲ႔ ကေလးမ်က္ႏွာေလးက်ေနတာပဲဗ်ာ၊ ခင္ဗ်ားတို႔ျမင္သာေအာင္ေျပာရရင္ ခုေခတ္ ႐ုပ္ရွင္မင္းသမီး ပြင့္ နဲ႔ဆင္တယ္ဗ်ိဳ႕၊ ကိုယ္လုံးကိုယ္ေပါက္လည္း အတူတူေလာက္ပဲဗ်။ လမ္းေလွ်ာက္သြားရင္ အဆီေတြျပည့္ေနတဲ့တင္ပါးႀကီးက နိမ့္တုံ ျမင့္တုံ တခုန္ခုန္နဲ႔သြားတာကိုၾကည့္ရင္း က်ဳပ္ျဖင့္ရင္ေတြေတာင္ ခုန္လာသလိုပဲဗ်ာ။
“ဒါနဲ႔လူဝ၊ မင္းစီးပြားေရးေရာ အဆင္ေျပရဲ႕လားကြ”
ဦးဘသာက ေရေႏြးတစ္ခြက္ငွဲ႔ရင္းေမးတယ္၊ ဦးလူဝက ေခါင္းညိတ္လိုက္ၿပီးေတာ့
“ေျပပါ့ဘသာရာ၊ အခုေတာ့ လယ္ၿပီးၿပီကြ၊ ယာက်ဲမလို႔ တလင္းျပင္ထားတယ္၊ ေရွ႕တစ္ရက္ႏွစ္ရက္ဆိုရင္ေတာ့ ယာခင္းက်ဲမယ္၊ ဒါနဲ႔မင္းနဲ႔ငါေတာင္ မေတြ႕တာ သုံးႏွစ္ေလာက္ရွိၿပီေနာ္”
“ဟုတ္ပါ့ကြာ၊ တို႔ေတြေနာက္ဆုံးေတြ႕ခဲ့တာ ၿမိဳင္သာမွာမဟုတ္လား၊ စပါးမ်ိဳးဝယ္ရင္းေတြ႕ၾကတာေလကြာ”
သူတို႔က ေရွးေဟာင္းေႏွာင္းျဖစ္ေတြေျပာေနတယ္ဗ်၊ က်ဳပ္စိတ္ထဲမွာေတာ့ ဦးလူဝကို ေမးခ်င္စိတ္က ထိန္းမရဘူးဗ်၊
“ဦးလူဝ၊ ဒီေလာက္ေၾကာက္ဖို႔ေကာင္းတဲ့ က်တ္ကုန္းမွာေနေတာ့ ဦးလူဝတို႔ အေျခာက္အလွန္႔္မခံရဘူးလား၊ ဦးလူဝတို႔ က်တ္ေတြကို မေၾကာက္ၾကဘူးလား”
ဦးလူဝက ေခါင္းခါတယ္ဗ်။
“က်တ္ေတြေတာ့ ျမင္ေနတာပဲကြ၊ ျမင္တာၾကာလို႔ေတာင္မွ ေၾကာက္ရေကာင္းမွန္းမသိေတာ့ဘူး၊ သူတို႔လည္း လူလိုပုံစံနဲ႔ သြားလာေနၾကတာပဲ”
“ဟာဗ်ာ၊ ထူးဆန္းလိုက္တာ၊ က်တ္ေတြက ဘာမွရန္မျပဳဘူးလားဗ်”
“သူတို႔လည္း သူတို႔ဖာသာေနၾက၊ ငါတို႔လည္းငါတို႔ဖာသာ ေနၾကတာပဲေလ၊ က်တ္ဆိုတာကို သူမ်ားေတြကေတာ့ မေကာင္းဆိုးဝါးေတြလို႔ ထင္ၾကေပမယ့္ တို႔႐ြာသားေတြအတြက္ကေတာ့ လူေကာင္း၊ သူေကာင္းႀကီးေတြကြ၊ တို႔အေပၚ အမ်ားႀကီးေက်းဇူးရွိတယ္”
ဦးဘသာက ဝင္ေထာက္ေျပာတယ္။
“ဒီလိုအလတ္ေကာင္ရ၊ က်တ္ဆိုတာေတြက တစ္ခ်ိန္ကလူေတြပဲ၊ အေၾကာင္းတစ္ခုခုေၾကာင့္ အစုလိုက္အၿပဳံလိုက္ေသသြားၾကရာကေနၿပီးေတာ့ မကြၽတ္မလြတ္ဘဲ က်တ္ျဖစ္သြားၾကတယ္ဆိုပါေတာ့၊ တစ္ခ်ိဳ႕ဆိုရင္ သူတို႔ကိုယ္သူတို႔ ေသသြားမွန္းေတာင္မသိၾကဘဲ ေန႔စဥ္လုပ္စရာရွိတာေတြကို ဆက္လုပ္ေနၾကသတဲ့ကြ၊ ဒါေပမယ့္ ကုသိုလ္ကံအေပၚမူတည္ၿပီးေတာ့ က်တ္ေတြမွာလည္း ကမၼဇိဒၶိဆိုတဲ့ တန္ခိုးအစြမ္းေတြရွိတယ္ကြ”
“က်ဳပ္လည္း အဲဒါကိုၾကားဖူးတာၾကာၿပီဗ်၊ ေမးမယ္ ေမးမယ္နဲ႔ မေမးျဖစ္ေသးတာ၊ ကမၼဇိဒၶိဆိုတာ ဘယ္လိုအစြမ္းလဲဗ်၊ စုန္းပညာေတြလို သင္ယူလို႔ရတာလား”
ဦးဘသာက ေခါင္းခါရင္း
“ကမၼဇိဒၶိဆိုတာ ကံေၾကာင့္ရရွိလာတဲ့အစြမ္းပဲကြ၊ ဥပမာေျပာရရင္ နတ္ေတြေပါ့ကြာ၊ လူ႔ဘဝကေန ေသဆုံးၿပီးေတာ့ နတ္ျပည္မွာနတ္သြားျဖစ္တယ္ဆိုရင္ သူျပဳခဲ့တဲ့ ကုသိုလ္ကံအေပၚမူတည္ၿပီး အရွိန္အဝါေတြ၊ စည္းစိမ္ေတြနဲ႔ တန္ခိုးေတြရတာေပါ့၊ ကုသိုလ္ေကာင္းတဲ့လူက်ေတာ့ ဟိုးအထက္က တန္ခိုးပိုျမင့္တဲ့ နတ္ေတြသြားျဖစ္တာေပါ့၊ ကုသိုလ္နည္းတဲ့လူက်ေတာ့ ေအာက္နတ္ေတြျဖစ္သြားၾကတာေပါ့၊ ေအာက္ဆုံးစတုမဟာရာဇ္ဘုံက နတ္နဲ႔ ဟိုးအထက္ ဝႆ၀တီနတ္ျပည္က နတ္တို႔နဲ႔က တန္ခိုးအရာခ်င္း အဆတစ္သန္းမက ကြာျခားတယ္ကြ”
“ဒါဆိုေတာ္ေတာ္တန္ခိုးႀကီးတာပဲဗ်၊ ဒါနဲ႔ သူတို႔က နတ္ေတြေလဗ်ာ၊ အခုဟာက နတ္မွမဟုတ္တာ က်တ္ပဲကို”
“ကမၼဇိဒၶိအေၾကာင္းဆက္ရရင္ တကယ္လို႔ လူတစ္ေယာက္က သူ႔အကုသိုလ္ေၾကာင့္ ၿပိတၱာျဖစ္သြားတယ္ဆိုရင္ေတာင္မွ သူ႔မွာျပဳဖူးခဲ့တဲ့ ကုသိုလ္ေကာင္းမႈအဟုန္က အက်ိဳးေပးေသးတယ္ကြ၊ ဒီေတာ့ ဒီကုသိုလ္ကံေတြက ကမၼဇိဒၶိျဖစ္လာတာေပါ့၊ ဒါေၾကာင့္ ၿပိတၱာခ်င္းတူတာေတာင္မွ အစြမ္း၊ တန္ခိုးခ်င္းမတူၾကဘူး၊ က်တ္ဆိုတာ ၿပိတၱာထဲကမွ အဆင့္ျမင့္္တဲ့ အသူရကာယ္ဘုံသားထဲပါတယ္ကြ၊ အသူရကာယ္ဆိုတာ ၿပိတၱာထဲမွာ အဆင့္အျမင့္ဆုံးေပါ့၊ သူတို႔ရဲ႕ ကုသိုလ္ကံေၾကာင့္ ေအးေအးလူလူေနႏိုင္၊ စားေသာက္ႏိုင္တယ္၊ အခ်ိဳ႕ဆို နတ္ေတြလိုမ်ိဳး ဘုံဗိမၼာန္ေတြနဲ႔၊ အေႁခြအရံေတြနဲ႔ေတာင္ ခံစားၾကရတယ္၊ ဒါေပမယ့္ အကုသိုလ္အက်ိဳးေပးေၾကာင့္ ေန႔မွာနတ္တမွ်စံစားရေပမယ့္ ညဘက္ေရာက္ေတာ့ငရဲက်သလို ခံစားရတယ္မဟုတ္လား၊ ဒါေၾကာင့္ အသူရကာယ္ဆိုရင္ ေန႔စံ၊ ညခံလို႔ ေျပာၾကတာေပါ့”
“က်ဳပ္နားလည္ၿပီ၊ ဒါဆို က်တ္က ေန႔စံညခံေပါ့၊ အစြမ္းေတြ တန္ခိုးေတြ ေတာ္ေတာ္ရွိတာေပါ့”
“ဒါေပါ့ကြ၊ က်တ္က်ေတာ့ ညစံေန႔ခံေပါ့၊ ေန႔ဘက္ဆိုရင္ က်တ္ေတြက တိရစာၦန္ေတြအသြင္ျဖစ္ရင္ျဖစ္တယ္၊ မျဖစ္တဲ့က်တ္ေတြကလည္း သူ႔ဒုကၡသူခံစားေနရတာေပါ့ကြာ၊ ေဟာ ညဘက္ေရာက္ရင္ေတာ့ သူတို႔ဟာ သူတို႔ရဲ႕ကုသိုလ္ေၾကာင့္ ေအးေအးေဆးေဆးေနထိုင္ႏိုင္ၾကတာေပါ့၊ က်တ္ဆိုတာ ၿပိတၱာေတြနဲ႔မတူဘူးကြ၊ ၿပိတၱာေတြက ဆာေလာင္ေနၿပီးေတာ့ အစာရွာစားရေပမယ့္ က်တ္ေတြက်ေတာ့ တို႔လူသားေတြလိုပဲ အလုပ္ေတြလုပ္၊ ဟင္းေတြခ်က္ျပဳတ္ၿပီး ေနထိုင္ႏိုင္တယ္၊ ၿပီးေတာ့ ေန႔စံညခံဆိုတာ က်တ္ေတြအတြက္ေတာ့ မွန္တယ္ကြ”
“ဟာဗ်ာ၊ သူတို႔က ညမွထြက္တာမဟုတ္လား”
ဦးဘသာက ေခါင္းခါၿပီးေတာ့
“တို႔လူ႔ေလာကရဲ႕ ေနဝင္ခ်ိန္က၊ ပရေလာကမွာ ေနထြက္ခ်ိန္တဲ့ကြ၊ တို႔လူ႔ေလာကမွာ ေနဝင္ၿပီးေတာ့ မိုးခ်ဳပ္လို႔ ညေရာက္သြားတယ္ဆိုေပမယ့္ သူတို႔ပရေလာကဘက္မွာေတာ့ အဲဒါဟာ ေနထြက္တဲ့ေန႔အခ်ိန္ပဲေပါ့၊ ဒါေၾကာင့္ လူႀကီးသူမေတြက ကေလးသူငယ္ေတြကို ေနဝင္မိုးခ်ဳပ္ဆိုရင္ အိမ္အျပင္ကိုမထြက္ခိုင္းဘူးမဟုတ္လားကြ၊ ငါခုနကေျပာသလို ဆာေလာင္ေနတဲ့ ၿပိတၱာေတြက ေနဝင္မိုးခ်ဳပ္သြားရင္ သူတို႔ေနထြက္ခ်ိန္ကိုးကြ၊ ဒီေတာ့ သူတို႔က မနက္ေစာေစာအစာရွာထြက္ၾကတယ္ေလ”
“ဒါဆို အဲဒီက်တ္ေတြက ကမၼဇိဒၶိအားေကာင္းလို႔ ဦးဘသာႀကီးေတာင္ မႏိုင္တာလား”
ဦးဘသာကၿပဳံးရင္း
“က်တ္ဆိုတာ နတ္တစ္ပိုင္းပဲကြ၊ မွတ္ထား၊ က်တ္ေတြကို သူတို႔ပိုင္နက္ထဲမွာဆိုရင္ ငါ့လိုစုန္းမေျပာနဲ႔ ဘိုးေတာ္တို႔ ဘုန္းႀကီးတို႔ေတာင္မွ မႏိုင္ဘူးကြ”
“ဟာဗ်ာ၊ ျဖစ္ႏိုင္ပါ့မလား၊ ဘုရားစာ႐ြတ္မယ္ဆိုရင္ေရာဗ်ာ”
“မင္းႏွယ္ကြာ၊ ဘုရားစာ႐ြတ္တိုင္းမရဘူးကြ၊ မင္းေတာ္ေတာ္ဗဟုသုတနည္းတဲ့ေကာင္၊ ေမတၱာသုတ္ဆိုတာ ဘယ္လိုျဖစ္လာသလဲဆိုတာ မင္းမသိဘူးလား၊ ရဟန္းေတြက ေတာအုပ္ႀကီးထဲသြားၿပီး တရားအားထုတ္ၾကေတာ့ သစ္ပင္မွာေနတဲ့ နတ္ေတြနဲ႔ ပရေလာကသားေတြက မခံႏိုင္ဘဲ အလုပ္ပ်က္အကိုင္ပ်က္ျဖစ္လို႔ ေျခာက္လွန္႔္လႊတ္တယ္ေလကြာ၊ ဒီေတာ့ ဘုရားက ေမတၱာသည္သာ အေကာင္းဆုံးလက္နက္ဆိုၿပီးေတာ့ ေမတၱာသုတ္ေပးလိုက္တယ္မဟုတ္လားကြ၊ ဒီလိုပဲေပါ့၊ က်တ္ေတြကိုလည္း သူ႔ပိုင္နက္ထဲသြားၿပီးရန္ရွာတာထက္ သူတို႔ကိုေျပာရာေျပေၾကာင္းေျပာၿပီး နားလည္မႈယူရတယ္ကြ”
က်ဳပ္လည္း ေခါင္းညိတ္လိုက္ေတာ့တယ္။ ခ်ိဳတူးနဲ႔ ငညိဳတို႔ကေတာ့ ဦးလူဝေကြၽးတဲ့ ထန္းလ်က္ေတြကို စားေကာင္းေကာင္းနဲ႔ စားေနၾကတာပါပဲ၊ ဦးလူဝက က်ဳပ္တို႔ကိုၾကည့္ၿပီးေတာ့။
“ဒါနဲ႔ သူတို႔ကဘယ္သူေတြလဲကြ”
“ဒါကေတာ့ တို႔႐ြာက သူႀကီးသားကြ၊ နာမည္က ခင္ေမာင္တဲ့၊ ဒါေပမယ့္္ သူ႔ကိုတစ္႐ြာလုံးက အလတ္ေကာင္ပဲေခၚတာ၊ ေဟာဟိုက ေကာင္ေလးကေတာ့ ခ်ိဳတူးတဲ့ကြ၊ ဒီဘက္ကေတာ့ သူ႔တူ၊ ငညိဳလို႔ေခၚတယ္”
“ေနပါအုံး၊ အဲဒီငညိဳဆိုတဲ့ေကာင္ေလးက စကားမေျပာတတ္ဘူးလား”
ဦးဘသာက ေခါင္းခါျပၿပီးေတာ့
“သူ႔ကိုငါ အာေစးထည့္ထားတာကြ”
ဒီေတာ့ ဦးလူဝက မ်က္လုံးျပဴးသြားတယ္ဗ်၊ ငညိဳကိုေသေသခ်ာခ်ာၾကည့္ၿပီးေတာ့
“အာေစးထည့္ထားတယ္ဆိုေတာ့ သူကေတာ္ေတာ္စြမ္းသလား”
“စြမ္းတာေပါ့ကြ၊ မေကာင္းတာေတြမေျပာမိေအာင္လို႔ လုပ္ထားရတယ္ လူဝေရ၊ ငါျမင္ဖူးသမွ် ဝမ္းတြင္းပါတဲ့သူထဲမွာ ဒီေကာင္ေလးအစြမ္းဆုံးပဲကြ”
ဦးလူဝက ေခါင္းတဆတ္ဆတ္ညိတ္တယ္ဗ်။
“က်ဳပ္နားလည္ၿပီ၊ အခုနိဗၺာန္႐ြာကို သြားမယ္ဆိုတာလည္း ဒီေကာင္ေလးေၾကာင့္ထင္ပါ့”
“အမွန္ေပါ့ လူဝရာ”
(၂)
က်ဳပ္တို႔စကားေျပာေနတုန္း ဘုတ္ဆုံကထြက္လာတယ္ဗ်။
“အေဖ၊ ဟင္းေတြက်က္ၿပီေနာ္၊ ဧည့္သည္ေတြဆာလာတယ္ဆိုရင္ ေကြၽးလို႔ရၿပီ”
“ေၾသာ္၊ ေအးေအး၊ ဒါနဲ႔ အိမ္ႀကီးရွင္ေတြအတြက္လည္း တစ္ပြဲျပင္လိုက္စမ္းပါေဟ့”
က်ဳပ္က မ်က္ေမွာင္ၾကဳတ္လိုက္မိတယ္ဗ်၊ အိမ္ႀကီးရွင္ဆိုေတာ့ ဒီအိမ္က ဦးလူဝပိုင္တဲ့အိမ္မဟုတ္ဘူးေပါ့၊ ဒီအိမ္မွာ ဦးလူဝတို႔က ကပ္ေနတာမ်ားလား၊ တျခားအိမ္ရွင္ေတြရွိလို႔ က်ဳပ္တို႔ကိုမ်ား အိမ္ေပၚေပးမတက္တာလား၊ က်ဳပ္လည္း သို႔ေလာ သို႔ေလာေတြ ေတြးေနမိတာေပါ့ဗ်ာ၊ က်ဳပ္ဘာေတြးသလဲဆိုတာကို ဦးဘသာက သိတယ္ထင္ပါရဲ႕။ က်ဳပ္ပုခုံးကိုဆတ္ခနဲလွမ္းပုတ္တယ္။
“ေဟ့အလတ္ေကာင္၊ အိမ္ႀကီးရွင္ဆိုလို႔ တျခားမေတြးနဲ႔ကြ၊ ခုနက မင္းေျပာခဲ့တဲ့ က်တ္ေတြကိုေျပာတာ”
“ဗ်ာ၊ က်တ္ေတြကိုမ်ား အိမ္ႀကီးရွင္တဲ့လား”
ဦးလူဝက ဝင္ေျပာတယ္။
“ငါ့တူႀကီးကို ဦးေလးေျပာျပမယ္၊ က်တ္ဆိုတာ လူဆိုးေတြမဟုတ္ဘူးကြ၊ ငါ့တူႀကီးတို႔လို တကယ္ထဲထဲဝင္ဝင္မသိၾကတဲ့လူေတြကေတာ့ က်တ္ေတြကို ဆိုးတယ္လို႔ပဲထင္မွာ၊ က်တ္ေတြနဲ႔ပတ္သက္ၿပီးေတာ့ ၾကားဖူးထားတဲ့စကားေတြကလည္း အဆိုးေတြပဲမဟုတ္လား”
က်ဳပ္လည္းေခါင္းညိတ္လိုက္တယ္။
“ငါ့တူႀကီးကို ဦးေလးတစ္ခုေမးမယ္ေနာ္၊ ငါ့တူႀကီးကို လူေတြက လူဆိုးလို႔ဝိုင္းေခၚရင္ ငါ့တူႀကီးႀကိဳက္သလား မႀကိဳက္ဘူးလား”
“ဟာဗ်ာ၊ ဘယ္ႀကိဳက္မွာလဲဗ်”
“ေအး၊ က်တ္ေတြကလည္း ဒီလိုပဲေပါ့ကြာ၊ သူတို႔ကို ဆိုးတယ္လို႔အေၾကာင္းမဲ့ေခၚရင္ တကယ္တမ္းမဆိုးရင္ေတာင္မွ သူတို႔က ဆိုးသြားတတ္ၾကတယ္၊ ဒါေၾကာင့္္ က်တ္ေတြကိုဆိုးတယ္လို႔မေျပာဖို႔ တားရတာပဲေဟ့”
“က်ဳပ္နားလည္ပါၿပီ ဦးေလး”
“ဒီၿခံႀကီးေရာ၊ ႐ြာက အိမ္ေတြအကုန္လုံးေရာ က်တ္ကုန္းႀကီးပဲကြ၊ ဒီေတာ့ ငါတို႔က ဒီက်တ္ကုန္းမွာလာၿပီးေနေတာ့ အရင္ေနခဲ့တဲ့က်တ္ေတြကို အိမ္ႀကီးရွင္လို႔ သေဘာထားၿပီးဆက္ဆံရတယ္၊ လျပည့္လကြယ္လိုေန႔မ်ိဳး၊ အိမ္ကိုဧည့္သည္လာတဲ့အခါမ်ိဳးက်ရင္ အိမ္ႀကီးရွင္ေတြကို ထမင္းေကြၽးၿပီး ဧည့္သည္ေဆာင္သည္လာလို႔ သည္းခံေပးပါဆိုတဲ့အေၾကာင္းေျပာရတယ္ကြ”
ဘုတ္ဆုံက ေျမနဲ႔လုပ္ထားတဲ့ ကေလးေဆာ့တဲ့ အိုးပုတ္လိုခြက္ကေလးေတြကိုင္လာတယ္ဗ်၊ အထဲမွာေတာ့ ထမင္းရယ္၊ ဟင္းေတြရယ္ထည့္ထားတာပဲဗ်ာ၊ ၿခံရဲ႕ဟိုးဘက္ေထာင့္နားမွာေတာ့ သစ္သားနဲ႔ေဆာက္ထားတဲ့ အိမ္ကေလးတစ္လုံးရွိတယ္ဗ်၊ အဲဒီအိမ္ကေလးရဲ႕ၾကမ္းအေပၚမွာ ခုနက ဟင္းခြက္ေတြတင္ၿပီးေတာ့ တိုးတိုးနဲ႔ေရ႐ြတ္ေနတာပဲ၊ ၿပီးေတာ့မွျပန္လာတယ္၊ က်ဳပ္တို႔စားဖို႔ေသာက္ဖို႔အတြက္လည္း ျပင္ဆင္ေပးတာေပါ့ဗ်ာ။
ဦးလူဝတို႔က ဟင္းေကာင္းစားတဲ့လူေတြဗ်၊ ဟင္းေတြကလည္းစုံလို႔ဗ်ာ၊ က်ဳပ္တို႔လည္း ဆာဆာာနဲ႔ ေခါင္းမေဖာ္တမ္းစားၾကတာေပါ့ဗ်ာ၊ တစ္ေယာက္ကို သုံးေလးပန္းကန္ေလာက္စားလိုက္လို႔ ထမင္းလည္းစားၿပီးေရာ ထေတာင္မထႏိုင္ၾကေတာ့ဘူးဗ်၊ ငညိဳဆိုရင္ အဆီရစ္ၿပီးေတာ့ ပက္လက္လွန္ၿပီး အိပ္သြားေတာ့တာ၊ က်ဳပ္နဲ႔ ဦးလူဝတို႔လည္း စကားစျမည္ေျပာၾကတာေပါ့ဗ်ာ။
“ငါ့တူတို႔ က်တ္ေတြနဲ႔မေတြ႕ဖူးေသးဘူးထင္တယ္”
က်ဳပ္လည္းဦးဘသာမ်က္ႏွာကိုၾကည့္လိုက္ၿပီး
“ေတြ႕ဖူးပါ့ဗ်ာ”
လို႔အစခ်ီကာ ညကျဖစ္ပ်က္ခဲ့တဲ့အေၾကာင္းေတြအကုန္ျပန္ေျပာျပလိုက္တယ္ဗ်၊ ဦးလူဝက တအံ့တၾသနဲ႔နားေထာင္ေနတယ္။
“မင္းတို႔က သီခ်င္းဆိုတာကိုးကြ၊ က်တ္ဆိုတာ အေပ်ာ္အပါးႀကိဳက္တယ္၊ တို႔႐ြာကလူေတြဆို လယ္ထဲယာထဲဆင္းေတာင္မွ သီခ်င္းမဆိုဝံ့ၾကဘူးကြ”
“သီခ်င္းဆိုရင္ ဘာျဖစ္လို႔လဲဗ်”
“သီခ်င္းဆိုတဲ့လူကို သူတို႔႐ြာကိုေခၚသြားတတ္တယ္၊ မဟုတ္တာေတာ့မလုပ္ပါဘူးကြာ၊ အဲဒီမွာ ေလးငါးရက္ေလာက္ေခၚထားၿပီး ျပန္လႊတ္လိုက္တာပဲတဲ့၊ သူတို႔ဆီမွာ ေလးငါးရက္ေရာက္သြားေပမယ့္္ အျပင္ျပန္ေရာက္လာရင္ သုံးေလးႏွစ္ေလာက္ ၾကာသြားတတ္တယ္ဆိုပဲေဟ့၊ ဒါေၾကာင့္ ႐ြာကလူေတြ သီခ်င္းမဆိုဝံ့တာ၊ တစ္ခါကလည္း ထူးဆန္းတာေျပာရအုံးမယ္”
ဦးလူဝက ေျပာရင္းေမာသြားတယ္ထင္ပါတယ္၊ ေရေႏြးတစ္ခြက္ေကာက္ေသာက္လိုက္ရင္း
“ဒီလိုကြ၊ နိဗၺာန္႐ြာမွာ အလႉရွိေတာ့ဆိုင္းအဖြဲ႕ ငွားၾကတာေပါ့၊ ဇာတ္အဖြဲ႕ကို နိဗၺာန္႐ြာကလူေတြက လွည္းေတြနဲ႔ႀကိဳတာေပါ့ကြာ၊ အဲဒီေတာ့ လွည္းေပၚမွာပါလာတဲ့ ႏွဲသမားတို႔ဘာတို႔က လမ္းမွာတီးက်မႈတ္က်ရင္း လိုက္သြားတာေပါ့၊ ဒီလိုနဲ႔ နိဗၺာန္႐ြာကိုေရာက္သြားတယ္ေပါ့ကြာ၊ အလႉဝင္ညဆိုေတာ့ ဆိုင္းနဲ႔ေဖာ္ေျဖရတာေပါ့၊ အဲဒီမွာဆိုင္းအဖြဲ႕လည္း မ႑ပ္ႀကီးထဲမွာ ဆိုင္းေတြဆင္ၿပီး တီးၾကမႈတ္ၾကနဲ႔ ဧည့္္ခံၾကတာေပါ့၊ ညသန္းေခါင္ေက်ာ္ၿပီး မိုးလင္းႏွစ္ခ်က္တီးတာေတာင္မွ ၾကည့္တဲ့လူေတြက ေလ်ာ့မသြားဘူးတဲ့ကြာ၊ ေနာက္ေတာ့ ဆိုင္းအဖြဲ႕လည္း အတင္းနားလိုက္ရတာေပါ့၊ အဖြဲ႕လူေတြလည္းေမာေမာပန္းပန္းနဲ႔ မ႑ပ္ႀကီးထဲမွာပဲ အိပ္လိုက္ၾကတာ၊ မနက္မိုးလင္းသြားေတာ့ ေတာအုပ္ႀကီးထဲေရာက္ေနသတဲ့၊ တို႔႐ြာအေနာက္ဘက္က ခင္တန္းႀကီးထဲေပါ့ကြာ”
“ဗ်ာ၊ အဲဒါ က်ဳပ္တို႔ေရာက္ခဲ့တဲ့ေနရာပဲဗ်”
“ေအး၊ က်တ္ေတြက တီးသံမႈတ္သံၾကားလို႔ နိဗၺာန္႐ြာေရာက္သြားသလိုမ်ိဳး တန္ခိုးနဲ႔ဖန္တီးၿပီးေတာ့ တီးခိုင္းတာပဲတဲ့ေဟ့၊ အဲဒီကတည္းက ေဟာဒီက်တ္ကြင္းမေျပာနဲ႔ နိဗၺာန္႐ြာသြားတဲ့လမ္းေပၚမွာ သီခ်င္းမဆိုရဲ၊ သီခ်င္းမဖြင့္ရဲေတာ့တာပဲ ငါ့တူေရ”
က်ဳပ္လည္း ခ်ိဳတူးဘက္ကိုလွည့္လိုက္ၿပီး
“အဲဒါမင္းေၾကာင့္ေပါ့ ခ်ိဳတူး၊ မင္းအဆိုေကာင္း၊ အကေကာင္းလို႔ျဖစ္ရတာ”
ခ်ိဳတူးက ေခါင္းကုပ္လွ်က္
“ဟာဗ်ာ၊ က်ဳပ္လည္းသိမွမသိတာဗ်”
ခ်ိဳတူးေျပာေတာ့ က်ဳပ္တို႔လည္းဝိုင္းရယ္လိုက္ၾကတာေပါ့ဗ်ာ၊ ဦးလူဝက တစ္ခ်က္ၿငိမ္သြားၿပီးေတာ့
“ဒါနဲ႔ မင္းတို႔ခုနကေျပာတဲ့အထဲမွာ ဝတုတ္ဆိုတဲ့လူနဲ႔ေတြ႕ခဲ့တယ္ဆိုကြ၊ အဲဒါတကယ္လား”
“တကယ္ေပါ့ဗ်ာ၊ သူက ႏြားကိုယ္လုံးႀကီးနဲ႔ျဖစ္ေနၿပီးေတာ့ ေခါင္းကေတာ့ လူေခါင္းႀကီးဗ်၊ က်င္းႀကီးထဲက ေခ်းေတြကို အားရပါးရစားေနလိုက္တာဗ်ာ၊ က်ဳပ္ျဖင့္ျပန္ေတြးရင္း ေအာ္ဂလီဆန္လာၿပီ”
ဦးလူဝက ေခါင္းတဆတ္ဆတ္ညိတ္လွ်က္
“အဲဒီဝတုတ္က တို႔႐ြာမွာရွိခဲ့ဖူးတဲ့ ဝတုတ္ထင္တယ္ကြ”
“ဗ်ာ၊ ဒါဆို ဦးဝတုတ္က အရင္က ဒီ႐ြာသားေပါ့”
“ဒီ႐ြာသားေတာ့မဟုတ္ဘူးကြ၊ သူ႔အေၾကာင္းကလည္း ဒီလိုေဟ့”
(၃)
“တို႔႐ြာက အရင္တုန္းက က်တ္ကုန္းႀကီး၊ ကြင္းႀကီးေပါ့ကြာ၊ ဒါေပမယ့္္ ေအာက္ျပည္ကလူေတြတက္လာၿပီးေတာ့က်တ္ေတြနဲ႔တည့္ေအာင္ေပါင္းတယ္ကြ၊ ၿပီးေတာ့ သူတို႔က ဒီနားကကြင္းေတြမွာ စိုက္ပ်ိဳးေရးေတြလုပ္ၾကတာပဲ၊ ေျမကလည္း ေျမ႐ိုင္း၊ ေျမၾသဇာကလည္းေကာင္းဆိုေတာ့ စီးပြားျဖစ္တာေပါ့ကြာ၊ က်တ္ေတြက သင္ေကာင္းလွ်င္ ကြၽႏ္ုပ္မဆိုးပါဆိုသလိုပဲကြ၊ သူတို႔အေပၚေကာင္းရင္ သူတို႔ကလည္းျပန္ေကာင္းတယ္”
“ဘယ္ေလာက္ေတာင္လဲဆိုရင္ က်တ္ေတြကို ပူေဇာ္ၿပီးေတာ့ လယ္ေတြယာေတြကို ႂကြက္မထိုး၊ ငွက္မက်၊ ပိုးမကိုက္ေအာင္ ေစာင့္ေပးပါဆိုရင္ တကယ္ကိုပဲ ငွက္ေတြ၊ အဖ်က္ပိုးေတြမက်ဘူးတဲ့ကြ၊ ဒါေၾကာင့္ လူေျပာမ်ားလာၿပီးေတာ့ မေၾကာက္တတ္တဲ့လူေတြ က်တ္ကုန္းမွာ လာၿပီးလယ္လုပ္၊ ယာလုပ္ၾကရင္း အခုလို႐ြာျဖစ္သြားတာေပါ့ကြာ၊ ဒါက ငါတို႔ငယ္ငယ္တုန္းကေပါ့”
“လူေတြမ်ားလာေတာ့ ဆိုင္ေတြဘာတြလာဖြင့္ၾကတာေပါ့ကြာ၊ အဲဒီထဲမွာ ဝတုတ္ဆိုတဲ့လူလည္းပါတယ္ကြ၊ အသက္ကေတာ့ ငါတို႔နဲ႔မတိမ္းမယိမ္းပဲ၊ သူက နိဗၺာန္႐ြာသား၊ လြန္ခဲ့တဲ့ ႏွစ္သုံးဆယ္ေလာက္က ငါတို႔႐ြာမွာ အရက္ဆိုင္လာဖြင့္တာေပါ့”
“နိဗၺာန္႐ြာက အရက္ဖိုေတြကေန အရက္ေတြယူၿပီးေတာ့ ဆိုင္ဖြင့္ေရာင္းတာေပါ့၊ အရက္ဆိုင္ဆိုေတာ့လည္း ႐ြာထိပ္နားေပါ့ကြာ၊ အခု ႐ြာဆိုင္းဘုတ္တပ္ထားတဲ့ေနရာ လမ္းေဘးေပါ့၊ သူ႔ဆိုင္က ေရာင္းေကာင္းတယ္လို႔ေျပာရမယ္၊ တို႔႐ြာက ေတာင္သူေတြလည္း လုပ္ငန္းခြင္က ျပန္လာရင္ တစ္ခြက္တစ္ဖလားေသာက္ၿပီးေတာ့ ပင္ပန္းတာေတြကို ေျဖၾကတာေပါ့ကြာ”
ဦးလူဝက ေျပာရင္း ေျမပဲေစ့ေတြေကာက္ဝါးတယ္။
“တို႔႐ြာမွာ စည္းကမ္းတစ္ခုရွိတယ္ကြ၊ အဲဒါကေတာ့ က်တ္ေတြလာဝယ္ရင္ ပို္က္ဆံမယူဘဲ ေရာင္းေပးရတာပဲ၊ က်တ္ေတြက လူေယာင္ေဆာင္ၿပီးေတာ့ ညေနေမွာင္ရီၿဖိဳးဖ်အခ်ိန္တို႔၊ မနက္အေစာပိုင္းတို႔ဆိုရင္ ေဈးလာဝယ္ၾကတယ္၊ က်တ္ေတြလာဝယ္ၿပီဆိုရင္ ပိုက္ဆံမယူဘဲနဲ႔ “အမႀကီး ဆိုင္ကိုေရာင္းေကာင္းေအာင္လုပ္ေပးေနာ္” ဆိုၿပီးေျပာလိုက္ရင္ ေဈးေရာင္းေကာင္းသတဲ့ကြ”
“ဟာ၊ က်တ္ေတြေဈးလာဝယ္မွန္း ဘယ္လိုလုပ္ၿပီးသိသလဲဗ်”
“တို႔႐ြာက က်ဥ္းက်ဥ္းေလးပါ၊ တစ္႐ြာလုံးမသိတဲ့လူမွ မရွိတာ၊ ဒီေတာ့ အခ်ိန္မေတာ္၊ အခ်ိန္ေတာ္ မ်က္ႏွာစိမ္း ေဈးလာဝယ္တယ္ဆိုရင္ က်တ္ပဲထင္ၾကတာကြ”
“ဒါေပမယ့္ဗ်ာ၊ က်တ္ေတြေဈးလာဝယ္တိုင္းသာ ပိုက္ဆံမယူေၾကးဆိုရင္ အရင္းျပဳတ္ကုန္မွာေပါ့”
“ဒီလိုလည္းမဟုတ္ေသးဘူးငါ့တူရ၊ က်တ္ေတြက အၿမဲတမ္းေဈးလာမဝယ္ဘူး၊ တစ္ႏွစ္မွ တစ္ခါေလာက္လာတာ၊ ၿပီးေတာ့ ဝယ္ျပန္ရင္လည္း အမ်ားႀကီးမဝယ္ဘူးကြ၊ ေဆးလိပ္တစ္လိပ္၊ ကြမ္းတစ္ယာ၊ ဆန္တစ္ျပည္ အဲဒီေလာက္ပဲဝယ္တာ၊ က်တ္ေတြေဈးဝယ္လာၿပီးၿပီေဟ့ဆိုရင္ အဲဒီဆိုင္က ေရာင္းအားတက္သလားမေမးနဲ႔ကြာ၊ ေခါင္း႐ြက္ဗ်က္ထိုးေရာင္းတဲ့ေဈးသည္ေတာင္မွ အရင္က သုံးေလး႐ြာပတ္ရတယ္ဆိုရင္ေတာင္ က်တ္တစ္ေယာက္လာဝယ္ၿပီးတာနဲ႔ ႐ြာပတ္စရာမလိုဘဲ တာလမ္းေပၚမွာတင္ ဝယ္သူေတြေတြ႕ၿပီးေတာ့ တန္းကုန္တာပဲကြ၊ ဒါေၾကာင့္္ က်တ္ေဈးလာဝယ္ရင္ မေရာင္းဖို႔မေျပာနဲ႔၊ ထီေပါက္သလိုကိုေပ်ာ္ၿပီး ေရာင္းေပးၾကတာ”
“ဆန္းပါ့ဗ်ာ”
“ဒါေပမယ့္ ဝတုတ္ကေတာ့ ဒီလိုမဟုတ္ဘူးကြ၊ သူက စိတ္လည္းဆတ္တယ္၊ ႐ိုင္းလည္း႐ိုင္းတယ္ကြ၊ တစ္ရက္ေတာ့ သူ႔အရက္ဆိုင္ပိတ္ခါနီးမွာ လူသုံးေယာက္ ေရာက္လာသတဲ့ကြာ၊ ဆိုင္မွာထိုင္ၿပီး အရက္တစ္လုံးမွာတယ္တဲ့၊ ဝတုတ္ကလည္း ေရာင္းလည္းေရာင္း သူလည္းေသာက္ဆိုေတာ့ ေရခ်ိန္ကိုက္ေနၿပီေပါ့ကြာ၊ အဲဒီမွာ သုံးေယာက္လာၿပီး တစ္လုံးပဲမွာရေကာင္းလားဆိုၿပီးေတာ့ ရန္ျဖစ္ေရာတဲ့”
“ဟာ၊ အဲဒါက်တ္ေတြထင္တယ္ေနာ္ဗ်”
ခ်ိဳတူးက ဝင္ေျပာတယ္၊ ဦးလူဝက ေခါင္းညိတ္ၿပီး
“အမွန္ေပါ့ကြာ၊ ေနာက္ၿပီးေတာ့ ဒီလူသုံးေယာက္က ပဲျခမ္းသုတ္မွာတယ္တဲ့၊ ဝတုတ္ကလည္း ေဒါသထြက္ထြက္နဲ႔ ပဲျခမ္းသုပ္ေတာ့မရဘူး မင္းတို႔လိုႏြားေတြကို ေခ်းပဲေကြၽးမယ္ဆိုၿပီး ႀကိမ္းေမာင္းေျပာဆိုသတဲ့၊ ေနာက္ေတာ့ အဲဒီလူသုံးေယာက္ဆိုင္ကထြက္ေတာ့ အရက္ဖိုးမရွင္းလို႔ဆိုၿပီး ဝတုတ္က ဒီလူေတြကို ထထိုးေတာ့တာပဲတဲ့ေဟ့၊ ဝတုတ္ဆိုင္မွာ ကူေဖာ္ေလာင္ဖက္ရေအာင္ဆိုၿပီး ေခၚထားတဲ့ေကာင္ေလးက ေၾကာက္အားလန႔္အားနဲ႔ေျပးလာေခၚေတာ့မွ ငါတို႔သိတာပဲ၊ ငါတို႔လိုက္သြားေတာ့ ဝတုတ္က ေသေတာင္ေနၿပီကြ”
“ဒီလူကလည္း ဒီ႐ြာမွာစီးပြားေရးလာလုပ္ၿပီးေတာ့ ဒါေလးေတာင္မသိဘူးလား”
“မသိတာမဟုတ္ဘူးကြ၊ သိတယ္၊ မေလးစားတာေပါ့၊ မင္းတို႔ေျပာပုံအရဆိုရင္ေတာ့ ဝတုတ္ကိုက်တ္ေတြက ေခၚသြားၿပီးေတာ့ ႏွိပ္စက္ထားတာျဖစ္မယ္ကြ”
က်ဳပ္လည္းေခါင္းညိတ္လိုက္တယ္။
“ဟုတ္မယ္ဗ်၊ သူက က်တ္ေတြကို မင္းတို႔လိုႏြားေတြကို ေခ်းပဲေကြၽးမယ္လို႔ေျပာခဲ့လို႔ က်တ္ေတြက သူ႔ကိုႏြားပုံေျပာင္းၿပီးေတာ့ ေခ်းပဲစားခိုင္းထားတာ ထင္ပါရဲ႕ဗ်ာ”
“ဟုတ္မယ္၊ ဟုတ္မယ္၊ ၿပီးေတာ့ ဘသာနဲ႔ေတြ႕ခဲ့တဲ့ လူႀကီးကလည္း ဦးမင္းေခါင္ႀကီးျဖစ္မယ္ေဟ့”
“ဦးမင္းေခါင္တဲ့လား”
“ေအးကြ၊ ေမာင္းမတစ္ေထာင္ ဦးမင္းေခါင္လို႔ေခၚၾကတယ္၊ ဟိုးေရွးေခတ္တုန္းက ဒီေနရမွာၿမိဳ႕တစ္ၿမိဳ႕ရွိတယ္လို႔ေတာ့ ေျပာၾကတယ္၊ အခုခင္တန္းေနရာမွာ တစ္ခ်ိန္က နန္းေတာ္ႀကီးျဖစ္ခဲ့တယ္တဲ့၊ ဦးမင္းေခါင္က ၿမိဳ႕သူႀကီးေပါ့၊ သူ႔မွာ မိန္းမေပါင္းတစ္ေထာင္ရွိတယ္ဆိုပဲ၊ တစ္ရက္ေတာ့ ဘုရင္ကိုသူမ်ားကုန္းေခ်ာလို႔ ဘုရင္က ဦးမင္းေခါင္ကိုေရာ သူ႔မိန္းမေတြကိုေရာဖမ္းၿပီးေတာ့ အဲဒီေနရာမွာပဲ မီးက်င္းႀကီးတူးၿပီးေတာ့ မီးဖုတ္သတ္ပစ္ခဲ့တယ္လို႔ေျပာတာပဲ၊ အဲဒါ သူတို႔ေတြအားလုံးေသေတာ့ က်တ္ေတြျဖစ္ကုန္တယ္လို႔ ဆိုၾကတာပဲ၊ ဒီအတိုင္း ပါးစပ္ရာဇဝင္ေပါ့ကြာ”
ခ်ိဳတူးတစ္ေယာက္ေတာ့ စကားေျပာတာနားေထာင္ၿပီး မ်က္လုံးေတြေမွးစင္းလာတယ္ဗ်။ ဦးလူဝကေတာ့ ေရတစ္ခြက္ေသာက္ၿပီးေတာ့ အာေပါင္အာရင္းသန္သန္နဲ႔ဆက္ေျပာတယ္။
“ခုနက ႐ြာထဲက ေ႐ႊက်တ္က်ဘုရားဆိုတာလည္း ထူးဆန္းတယ္ကြ၊ အဲဒီေနရာမွာ ဟိုးေခတ္ကတည္းက ေစတီတစ္ခုရွိခဲ့တယ္ေျပာတယ္၊ တို႔ငယ္ငယ္တုန္းကေတာ့ ၿခံကြက္လႊတ္ႀကီးေပါ့ကြာ၊ အဲဒီၿခံံေပၚမွာ ဘယ္သူအိမ္ေဆာက္ေနေန ထြက္ေျပးရတာပဲေဟ့၊ အေျခာက္အလွန႔္က တယ္ၾကမ္းတယ္ဆိုပဲ၊ ေနာက္ေတာ့မွ အိပ္မက္ရလို႔ တူးေဖာ္ရင္း ေစတီအုတ္ျမစ္ေတြေတြ႕တာပဲ၊ အဲဒီဘုရားေလးက ဦးမင္းေခါင္တည္ခဲ့တဲ့ဘုရားလို႔ေတာ့ ယူဆရတာပဲ၊ ပိုၿပီးထူးျခားတာကေတာ့ ဘုရားတည္ဖို႔ ပိုက္ဆံအတြက္ေတာင္းေတာ့ အဲဒီေနရာကို ေ႐ႊတုံး၊ ေငြတုံးေတြျပဳတ္က်လာတာပဲကြ၊ အဲဒါေတြကို ထုခြဲေရာင္းခ်ၿပီးေတာ့၊ တို႔႐ြာသားေတြကလည္း ဝိုင္းစုစိုက္ထည့္ၿပီးေတာ့ ေစတီေလးျဖစ္သြားတာေပါ့ကြာ၊ ေစတီဌာပနာေတာ့လည္း ဒီလိုပဲ၊ တို႔႐ြာသားေတြဆိုတာ ဘယ္မွာရတနာပစၥည္းေတြရွိမွာလဲ၊ အဲဒီေတာ့ ဘုရားတည္တဲ့လူကို အိပ္မက္ေပးတယ္တဲ့ကြ၊ ေစတီေျခရင္းမွာ ဖလားတစ္လုံးခ်ထား၊ သူတို႔လာေပးမယ္တဲ့”
“တကယ္ပဲ ရတနာေတြေရာက္လာသလား”
“ေရာက္လာတာေပါ့ကြာ၊ တို႔ေတြလည္း ဘုရားအနားမွာ မ႑ပ္ထိုးၿပီး တစ္ညလုံးေစာင့္္ၾကည့္တာေပါ့၊ ဖလားထဲကို ဂေလာက္ခနဲက်သံၾကားလို႔ သြားၾကည့္ေတာ့ ပတၱျမားတစ္လုံးကိုေတြ႕ရတယ္ကြ၊ ေတာ္ေတာ္ေတာ့ထူးဆန္းသား၊ အနီးအနားမွာလည္း သစ္ပင္ေတြဘာေတြမရွိဘူးေနာ္၊ သူ႔အလိုလိုက်လာတာ၊ ေနာက္ေတာ့ ဂေလာက္ခနဲအသံၾကားရင္ သြားေျပးၾကည့္ၾကတယ္၊ အထဲမွာ ေ႐ႊလက္စြပ္၊ နားေဋာင္းအစုံပဲ၊ အဲဒီည တစ္ညလုံးက်ၿပီးေတာ့ ေနာက္တစ္ေန႔မနက္မွာပဲ ဌာပနာေတြပိတ္တာပဲ၊ အဲဒီေၾကးဖလားတစ္လုံးအျပည့္္နီးပါးေလာက္ရတနာေတြရတယ္ကြ”
“ဟာ၊ မနည္းဘူးဗ်ာ”
“ဒါေၾကာင့္္ အဲဒီဘုရားကို လူေတြက က်တ္ေတြခ်ေပးတဲ့ဘုရားမို႔ ေ႐ႊက်တ္က်ဘုရားလို႔ေခၚရင္း နာမည္တြင္သြားတာပဲေဟ့”
က်ဳပ္တို႔လည္း က်တ္အေၾကာင္းေတြေျပာရတာ ေမာလာတာနဲ႔ တစ္ခန္းရပ္လိုက္ၾကပါေတာ့တယ္။
(၄)
“အား၊ ကႊၽတ္၊ ကြၽတ္”
ညအိပ္ေတာ့ က်ဳပ္တို႔ေတြ အိမ္ေပၚထပ္က အခန္းေရွ႕မွာ စုအိပ္တာပဲဗ်ာ၊ ဦးဘသာက တစ္ျခင္ေထာင္၊ က်ဳပ္နဲ႔ ခ်ိဳတူး၊ ငညိဳကေတာ့ တစ္ျခင္ေထာင္ေပါ့ဗ်ာ၊ ငညိဳကေတာ့ က်ဳပ္နဲ႔ခ်ိဳတူးအလယ္မွာ အိပ္တာေပါ့။
“အား၊ အီး”
နားထဲညည္းသံၾကားလို႔ထၾကည့္ေတာ့ ခ်ိဳတူးတစ္ေယာက္ အိပ္ေနရင္းနဲ႔ ကေယာင္ကတမ္းနဲ႔ေအာ္ေနတယ္ဗ်၊ က်ဳပ္လည္း ဒီေကာင့္္ေပါင္ကို ေျခေထာက္နဲ႔လွမ္းကန္ၿပီးေတာ့
“ေဟ့ေကာင္ ဘာျဖစ္တာလဲ”
ခ်ိဳတူးက ဘာမွမေျပာဘူးဗ်၊ က်ဳပ္လည္းျပန္အိပ္မယ္ႀကံံေတာ့ ခ်ိဳတူးက ထညည္းျပန္ေရာဗ်ိဳ႕။ က်ဳပ္လည္း ထၿပီးဒီေကာင့္ကိုေအာ္ရတယ္၊ ဒါေပမယ့္ ဒီေကာင္က မႏိုးပါဘူးဗ်ာ၊ တအင္းအင္းနဲ႔ပဲ ညည္းေနတာ၊ က်ဳပ္လည္း ဒီေကာင့္အနားကိုသြားလိုက္ေတာ့ ထူးဆန္းတာျမင္လိုက္သဗ်၊ ဒီေကာင့္္ေပါင္ၾကားထဲမွာ ေဘာလုံးႀကီးတစ္လုံးေတြ႕တယ္၊ ပုဆိုးေအာက္ကေနလုံးၿပီး ပူထြက္ေနပါေရာ၊
“ဟေကာင္၊ ေပါင္ၾကားထဲမွာ ဘာႀကီးညႇပ္အိပ္တာလဲကြ”
က်ဳပ္ပုဆိုးလွန္ၾကည့္လိုက္ေတာ့ ေဘာလုံးႀကီးက နည္းတာႀကီးမဟုတ္ဘူးဗ်ာ၊ ဒါနဲ႔ဘာႀကီးလည္းဆိုၿပီး လက္နဲ႔စမ္းလိုက္ေတာ့ ခ်ိဳတူးက ထေအာ္သဗ်။
“အား၊ ေသပါၿပီ၊ အား”
က်ဳပ္လည္းအဲဒီေတာ့မွ ေသခ်ာၾကည့္မိတာ၊ ေဘာလုံးမဟုတ္ဘူးဗ်ိဳ႕၊ ဒီေကာင့္ ေဘာက ႀကီးေနတာဗ်၊ က်ဳပ္လည္း ထၿပီးေအာ္ရေတာ့တယ္။
“လုပ္ၾကပါအုံးဗ်ာ၊ ခ်ိဳတူး ေဘာႀကီးေနၿပီဗ်”
ဦးဘသာလည္းႏိုးသြားတယ္၊ ဦးလူဝလည္း မီးခြက္ကေလးနဲ႔ထြက္လာတယ္ဗ်၊ ေသခ်ာၾကည့္ေတာ့မွ ခ်ိဳတူးရဲ႕ ကပၸယ္အိတ္ႀကီးက ေဘာလုံးႀကီးတစ္လုံးလို ေဖာင္းကားေနတာပဲဗ်ာ၊ ေသြးေၾကာႀကီးေတြဆိုရင္ စိမ္းၿပီးထင္းလို႔ဗ်ိဳ႕၊ က်ဳပ္တို႔လည္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္မိၾကတယ္ဗ်ာ။
“အေဖ၊ ဘာျဖစ္လို႔လဲ”
ဘုတ္ဆုံက အခန္းထဲကေျပးထြက္လာဖို႔လုပ္ေတာ့ ဦးလူဝက ကမန္းကတမ္းလွမ္းတားတယ္။
“ဟဲ့သမီး၊ ဒီကိုလာမၾကည့္နဲ႔၊ အိမ္ေအာက္ကိုဆင္းစမ္း”
ဦးဘသာက လက္နဲ႔ပြတ္ၾကည့္တယ္ဗ်။
“ပေယာဂပဲ လူဝေရ၊ တစ္ေယာက္ေယာက္ေတာ့ ဒီေကာင့္ကိုလုပ္လိုက္ၿပီဟ”
ဦးလူဝက ခ်ိဳတူးကိုေသခ်ာၾကည့္ၿပီး
“ေဟ့ေကာင္ေလး၊ မင္းဘာမဟုတ္တာလုပ္မိေသးသလဲ ေျပာစမ္း”
ခ်ိဳတူးက ေသေသခ်ာခ်ာစဥ္းစားေနတယ္ဗ်၊ ေနာက္ေတာ့မွ
“ဟိုေလ၊ ညလယ္ပိုင္းက က်ဳပ္လည္းအေပါ့သြားခ်င္တာနဲ႔ အိမ္ေပၚကဆင္းလိုက္တာ၊ ဒါေပမယ့္ အိမ္သာကိုမသြားဘဲနဲ႔ အိမ္ေနာက္ေဖးက ဝါးခ်ဳံေအာက္မွာပဲ ပန္းထည့္လိုက္တာပဲဗ်ာ”
“ေအး၊ ငါထင္ပါတယ္၊ ဒါေၾကာင့္္ေနမွာကြ၊ တို႔ဆီမွာက တျခားနဲ႔မတူဘူး၊ က်င္ႀကီး၊ က်င္ငယ္စြန႔္တဲ့အခါ စည္းကမ္းရွိဖို႔လိုတယ္ကြ”
“က်ဳပ္၊ က်ဳပ္လည္းအဲဒါကိုေမ့သြားလို႔ပါ ဦးေလးရာ”
“လူဝေရ စုန္းျပဳစားတာမ်ားမဟုတ္ဘူးလားကြ၊ ငါကုေပးလိုက္ပါ့မယ္”
ဦးလူဝက တားတယ္ဗ်။
“မလုပ္နဲ႔ဘသာေရ၊ က်တ္ရွိတဲ့အရပ္မွာ စုန္းဆိုးမေနဝံ့ပါဘူးကြ၊ ေသခ်ာတယ္၊ ဒါ က်တ္ေတြလုပ္တာကြ၊ အဲဒီၿခံေနာက္ဘက္ဝါး႐ုံအနားတစ္ဝိုက္မွာလည္း က်တ္ေတြရွိတတ္တယ္၊ ငါ့အထင္ေတာ့ ခ်ိဳတူးတစ္ေယာက္ မဆင္မျခင္အေပါ့သြားတာကို သူတို႔မႀကိဳက္လို႔ ကိုင္လိုက္တာကြ၊ ေနေနငါပဲလုပ္လိုက္မယ္”
ဦးလူဝက ထိုသို႔ေျပာလိုက္ကာ အိမ္ေအာက္သို႔ငဲ့ေစာင္းၾကည့္ၿပီးေနာက္
“သမီး ဘုတ္ဆုံေရ၊ က်တ္ေကြၽးရေအာင္ျပင္ေဟ့၊ ကဲ အလတ္ေကာင္ ဘုတ္ဆုံဆီကေန ၾကက္သြားယူစမ္း”
က်ဳပ္လည္းအိမ္ေအာက္ကိုဆင္းခဲ့တာေပါ့၊ ဘုတ္ဆုံက ၾကက္ဖိုတစ္ေကာင္ရယ္ ၾကက္ဥတစ္လုံးရယ္ယူၿပီးက်ဳပ္ကိုေပးတယ္ဗ်၊ က်ဳပ္လည္း ၾကက္အရွင္ကိုင္ၿပီးေတာ့ တက္ခဲ့ရတာေပါ့ဗ်ာ၊ အိမ္ေပၚေရာက္ေတာ့ ၾကက္ဖိုကို ဦးလူဝကယူၿပီးေတာ့ လက္ႏွစ္ဖက္နဲ႔ေသခ်ာကိုင္တယ္။ ၿပီးေတာ့ ခ်ိဳတူးအေရွ႕နား ေဆာင့္ေၾကာင့္ထိုင္ၿပီးေတာ့ ကိုးတယ္ဗ်၊ ကိုးတယ္ဆိုတာက ႐ြတ္ဖတ္တာတစ္မ်ိဳးေပါ့ဗ်ာ။
“ရွင္မင္းမ်ားတို႔ ေၾကာက္ပါတယ္၊ ႐ြံ႕ပါတယ္၊ လန႔္ပါတယ္ခင္ဗ်ာ၊ မသိလို႔လုပ္မိ၊ မသိလို႔ေျပာမိ၊ မသိလို႔က်ဴးမိပါတယ္၊ အမိုက္အမဲမို႔ ေဗြမယူပါနဲ႔၊ ေၾကာက္ေအာင္ထိတ္ေအာင္လန႔္ေအာင္မလုပ္ပါနဲ႔၊ မဖမ္းဆီးပါနဲ႔၊ ခ်ည္တဲ့ႀကိဳးျဖဳတ္ပါ၊ ထိုးတဲ့လွံ ႏုတ္ပါ၊ ေသြးေယာင္မေဆာင္ပါနဲ႔၊ ေလေယာင္မေဆာင္ပါနဲ႔။ ေၾကာက္ပါတယ္ဗ်ား၊ ဒီေန႔ဒီအခ်ိန္ကစၿပီးေတာ့ မိေမြးတိုင္းဖေမြးတိုင္း ျဖစ္ပါေစဗ်ား၊ ေကြၽးပါ့မယ္၊ ေမြးပါ့မယ္၊ ယခုဒါနျပဳမယ့္အစာကို စီးနင္းရင္းလိုက္ခဲ့ပါ”
ၿပီးေတာ့ ခ်ိဳတူးရဲ႕ေျခေထာက္နဲ႔ေခါင္းေတြကို ၾကက္နဲ႔ထိတာပဲဗ်ာ၊ ၿပီးေတာ့ က်ဳပ္ကိုအဲဒီၾကက္ကိုေပးတယ္ဗ်၊ က်ဳပ္လည္းၾကက္ကိုကိုင္ၿပီးေတာ့ အိမ္ေအာက္ကိုျပန္ဆင္းခဲ့တာေပါ့၊ ဘုတ္ဆံုံကေတာ့ လွ်င္တယ္ဗ်ာ၊ ၾကက္ကိုဆြဲယူၿပီးေတာ့ လည္လိမ္ပစ္ထည့္လိုက္တာပဲ၊ ၾကက္က ေအာ္ခ်ိန္ေတာင္မရလိုက္ဘူး၊ ၿပီးေတာ့ ၾကက္ကိုရင္ခြဲၿပီးေတာ့ ရင္ထဲက ကလီစာေတြအကုန္လုံးကို ဖက္နဲ႔ထုပ္တယ္ဗ်၊ က်န္တဲ့ၾကက္ေကာင္ကို ေျခေထာက္ကေနကိုင္ၿပီး ေရေလာင္းခ်ၿပီးေတာ့ အိုးတစ္လုံးထဲကိုထည့္ၿပီး ဒီအတိုင္းခ်က္ေတာ့တာပဲဗ်ာ၊ အေမႊးအေတာင္၊ ေခါင္း၊ ေျခေထာက္ ဘာတစ္ခုမွကိုမျဖဳတ္ဘူးဗ်။
ဒီလိုခ်က္တဲ့အခါ ေရနဲ႔ဆီပဲထည့္ရတယ္တဲ့ဗ်ာ၊ ဆားေတာင္မထည့္ရဘူး၊ ေနာက္ၿပီးေတာ့ ခ်င္းတို႔၊ နႏြင္းမႈန႔္၊ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ မဆလာတို႔ မခတ္ရဘူးတဲ့၊ ၾကက္ဥကိုလည္းထည့္ျပဳတ္ေသးတယ္။
“ေနပါအံုံးဘုတ္ဆုံမရဲ႕ ၾကက္ဥက ဘာလုပ္တာလဲ”
“ပုံမွန္ဆိုရင္ေတာ့ ၾကက္ဖိုၾကက္မကို ခ်က္ရတာ၊ ဒါေပမယ့္ အကုန္အက်မ်ားေတာ့ ေနာက္ပိုင္းၾကက္မေနရာမွာ ၾကက္ဥတစ္လံုံးအစားထိုးၿပီးထည့္ၾကတာပဲရွင့္”
ဘုတ္ဆုံမအလုပ္ရႈပ္ေနတာနဲ႔က်ဳပ္လည္း အိမ္ေပၚျပန္တက္ခဲ့တာေပါ့ဗ်ာ၊ အိမ္ေပၚမွာေတာ့ ဦးလူဝတစ္ေယာက္ ကတ္ေၾကးတစ္လက္နဲ႔ အလုပ္ရႈပ္ေနတယ္ဗ်။
“ဦးလူဝ၊ ဘာလုပ္ဖို႔လဲဗ်”
“ေဟ၊ လူနာဆီက ေသြးသားယူဖို႔ေလကြာ”
“ဟာဗ်ာ၊ ကတ္ေၾကးႀကီးနဲ႔ညႇပ္မွေတာ့ ေသၿပီေပါ့ဗ်”
ဦးလူဝက ဘာမွျပန္မေျပာဘဲ ၿပဳံးၿဖီးၿဖီးလုပ္ေနတယ္။ ေနာက္ေတာ့ အဲဒီကတ္ေၾကးနဲ႔ ခ်ိဳတူးေခါင္းကဆံပင္ကိုညႇပ္တယ္၊ ၿပီးရင္ ေျခသည္းလက္သည္းေတြ ထပ္ညႇပ္ၿပီးေတာ့ စကၠဴတစ္ခုနဲ႔ထုတ္တယ္ဗ်၊ ထုံးနဲ႔နႏြင္းကို ေရနဲ႔ခပ္က်ဲက်ဲေဖ်ာ္ၿပီးေတာ့ ဝါဂြမ္းစကေလးတစ္ခုမွာဆြတ္ၿပီးေတာ့ ခ်ိဳတူးရဲ႕ ေျခ၊ လက္ေတြကို လိုက္ၿပီးတို႔ေနေသးတယ္။
“အဲဒါကဘာလုပ္တာလဲဗ်”
“လူနာရဲ႕ေသြးသားယူတယ္ဆိုၿပီးေတာ့ ဒီလိုမ်ိဳးုစတိလုပ္ရတာေပါ့”
ၿပီးေတာ့အဲဒီဂြမ္းဖတ္ကို စကၠဴထဲထည့္ၿပီးထုတ္တယ္ဗ်ာ၊ အခ်ိန္က မိုးလင္းေတာ့မယ္၊ ဘုတ္ဆုံမက ႏွီးေတာင္းထဲကို ထမင္းထည့္ၿပီးေတာ့ အေပၚက ၾကက္ခ်က္ထားတာေတြထည့္လိုက္တာပဲဗ်ာ။ ၿပီးေတာ့ အိမ္ျပင္ထြက္ၿပီး ႐ြာထိပ္သြားေတာ့တာပဲ က်ဳပ္လည္းလိုက္ၾကည့္တာေပါ့၊ ဦးလူဝရယ္က်ဳပ္ရယ္ လာခဲ့ၾကတာေပါ့ဗ်ာ၊ ဦးလူဝက ႐ြာထိပ္မွာဖက္ခင္းၿပီးေတာ့ ေတာင္းထဲကထမင္းေတြကိုပုံတယ္ဗ်၊ ၿပီးေတာ့ က်တ္ေတြကိုဖိတ္ေခၚေသးတယ္၊ ခ်ိဳတူးလက္သည္းေတြညႇပ္ထားတဲ့ စကၠဴေလးလည္း ထည့္လိုက္ေသးတယ္ဗ်။
“ကဲ ၿပီးၿပီငါ့တူ၊ ျပန္ၾကစို႔”
“ဒီလိုလုပ္ရင္ တကယ္ေကာင္းမွာလားဗ်”
“ေကာင္းမေကာင္းကေတာ့ ငါ့တူကိုယ္တိုင္ၾကည့္ေပါ့ကြာ”
ဒီအခ်ိန္မွာ ယင္မဲႀကီးေတြက ကြင္းထဲကိုျဖတ္ၿပီး တဝီဝီနဲ႔ပ်ံသန္းလာတယ္ဗ်၊ ယင္မဲမဆိုတာ ေတာ္ေတာ္ႀကီးတဲ့ယင္ေကာင္ႀကီးေတြေပါ့ဗ်ာ၊ တစ္ေကာင္တစ္ေကာင္ ပ်ားႀကီးေလာက္ကိုရွိတာဗ်၊ သူတို႔ပ်ံံလာရင္လည္း အေတာင္ပံခတ္သလို တဝီဝီနဲ႔ရယ္၊ ၿပီးေတာ့ က်ဳပ္တို႔ေကြၽးထားတဲ့ ထမင္းေတြေပၚမွာ အုံလိုက္က်င္းလိုက္ႀကီး နားလိုက္ၾကတာ မည္းနက္ေနတာပဲဗ်ာ။ က်ဳပ္တို႔လည္းအိမ္ျပန္လာခဲ့တယ္၊ အိမ္ေပၚေလွကားကေနတက္မယ္လုပ္ေတာ့ ဦးလူဝက က်ဳပ္ကိုလွမ္းဆြဲထားတယ္ဗ်။
“ငါ့တူ၊ က်တ္ေကြၽးၿပီးရင္ အိမ္ေပၚကိုဒီအတိုင္းမတက္ရဘူးကြ”
“ဗ်ာ၊ ဒါဆိုဘယ္လိုတက္ရမွာလဲ”
ဦးလူဝက အိမ္ေပၚကိုလွမ္းၾကည့္ၿပီး
“လြတ္ၿပီလားေဟ့”
ဒီေတာ့ အိမ္ေပၚက ဦးဘသာနဲ႔ ဘုတ္ဆုံမတို႔ကျပန္ေအာ္တယ္။
“လြတ္ၿပီ၊ လြတ္ၿပီ”
ဦးလူဝကတစ္ခါ
“ေပ်ာက္ၿပီလားေဟ့”
“ေပ်ာက္ၿပီ၊ ေပ်ာက္ၿပီ”
ဒီအတိုင္းသုံးႀကိမ္သုံးခါေမးၿပီးေတာ့မွ အိမ္ေပၚျပန္တက္ရတာပဲဗ်ာ၊ အိမ္ေပၚေရာက္ေတာ့ သေကာင့္သားခ်ိဳတူးက ေရေႏြးေတာင္ေသာက္ေနၿပီဗ်၊ က်ဳပ္လည္း ခ်ိဳတူးကိုလွမ္းၾကည့္ၿပီး
“ေဟ့ေကာင္ေသးသြားၿပီလား”
“ေသးသြားပါၿပီဗ်”
“ငါ့လွန္ျပစမ္း၊ ငါၾကည့္စမ္းမယ္”
ခ်ိဳတူးက ရွက္သြားတယ္ဗ်၊ က်ဳပ္တကယ္လွန္မယ္ထင္လို႔ ပုဆိုးကိုလက္နဲ႔အုပ္ၿပီး
“ရၿပီ၊ ေကာင္းသြားပါၿပီဆို ကိုအလတ္ေကာင္ရ”
“ငါမယုံေသးဘူး၊ ငါ့မ်က္စိနဲ႔တပ္အပ္ျမင္မွ ယုံမယ္ေဟ့”
က်ဳပ္က ေအာ္ၿပီးတာနဲ႔ ခ်ိဳတူးကိုဝင္လုံးေတာ့တာပဲဗ်ာ၊ ဦးဘသာနဲ႔ ဦးလူဝလည္း ရယ္လိုက္တာမွ ခြက္ထိုးခြက္လန္ပဲ၊ ဘုတ္ဆုံကေတာ့ ရွက္လို႔ထင္ပါရဲ႕အိမ္ေအာက္ကို ဆင္းေျပးတာ တန္းေနတာပဲဗ်ာ။
(၄)
ေနာက္တစ္ေန႔မနက္ခင္းကေတာ့ သာသာယာယာပဲေပါ့ဗ်ာ၊
“ငါ့တူတို႔ ေရာက္တုန္းေရာက္ခိုက္၊ ယာခတယ္ဆိုတာ မျမင္ဖူးရင္ၾကည့္သြား”
“လုပ္ျပန္ၿပီအဆန္းဗ်ာ၊ ယာခတယ္ဆိုတာ ဘာလဲဗ်”
“ယာခတယ္ဆိုတာ လယ္ႀကီးရွင္ေတြကို အစာေကြၽးတာေပါ့ကြာ၊ သူတို႔ေျမမွာ ငါတို႔ေတြက စိုက္ပ်ိဳးတာဆိုေတာ့ မစိုက္ခင္တစ္ခါ၊ စိုက္ၿပီးေတာ့တစ္ခါ ေကြၽးေမြးတာကိုေျပာတာ၊ တို႔ေတြေနာက္ရက္ဆို ယာေတြစက်ဲေတာ့မွာဆိုေတာ့ ဒီေန႔ပဲ ယာခမလားလို႔ေဟ့။
ဘုတ္ဆုံကေတာ့ အလုပ္မ်ားတာေပါ့ဗ်ာ၊ ၾကက္ဖိုၾကက္မႏွစ္ေကာင္ကို အရင္နည္းအတိုင္းခ်က္တယ္ဗ်၊ ၿပီးေတာ့ ဆန္ႏွစ္ျပည္ခ်က္တယ္၊ ဖ႐ုံ၊ သခြားေတြလည္းထည့္ခ်က္တာေပါ့ဗ်ာ၊ ၿပီးေတာ့ ဝါးက်ည္ေတာက္ထဲကို ေရေတြထည့္ၿပီးေတာ့ ယူလာရတယ္ဗ်၊ ထန္းလ်က္၊ ေျမပဲလည္း ပါတာေပါ့။ မနက္ကလိုေတာ့ လက္သည္းေျခသည္းေတြ မလိုေတာ့ဘူးေပါ့ဗ်ာ၊ အားလုံးျပင္ဆင္ၿပီးေတာ့ ညေနေရာက္မွာကိုေစာင့္ေနၾကတာေပါ့ဗ်ာ၊ ေန႔လည္မြန္းလြဲေက်ာ္သြားတာနဲ႔ လွည္းဆင္ၿပီးေတာ့ ဦးလူဝတို႔ယာခင္းကိုထြက္ခဲ့တာေပါ့ဗ်ာ။
ဦးလူဝတို႔ယာခင္းက အက်ယ္ႀကီးဗ်၊ ငါးဧကေက်ာ္ေလာက္ရွိမယ္ထင္ပါတယ္။ ယာခင္းတစ္ေနရာက သစ္ပင္ရိပ္မွာ လွည္းကိုရပ္လိုက္ၾကတယ္ဗ်၊ ၿပီးေတာ့ အသင့္သယ္လာခဲ့တဲ့ ဖက္႐ြက္ေတြကိုေျမႀကီးေပၚခင္းၿပီးေတာ့ ထမင္းေတြပုံတယ္၊ ဟင္းေတြပုံတယ္၊ ေရေသာက္ဖို႔ကေတာ့ ဝါးက်ည္ေတာက္ေပါ့ဗ်ာ၊ အားလုံးစုံသြားေတာ့ ဦးလူဝက လက္ႏွစ္ဖက္ကိုအေနာက္ပစ္ၿပိးေတာ့ ယာခင္းထဲကိုၾကည့္ၿပီးေအာ္တယ္။
“ဒီေတာ၊ ဒီေတာင္၊ ဒီယာအနီးမွာရွိၾကတဲ့ က်တ္အို၊ က်တ္မင္း၊ က်တ္နားပင္းအေပါင္းတို႔၊ အခ်င္းခ်င္းေခၚ၊ ကေလးခ်ီလို႔ေခၚ၊ ေခြးလိုတအို႔အို႔ေခၚၾကပါ၊ မၾကားသည္၊ မျမင္သည္မရွိၾကပါႏွင့္။ ကြၽႏ္ုပ္တို႔ႏွင့္အတူတူ စားလွည့္ပါ၊ ေသာက္လွည့္ပါ၊ ဖိတ္ေခၚပါတယ္၊ ေဆးမခတ္ပါဘူး၊ ဝါးမခတ္ပါဘူး၊ ဆရာသမားလည္းမဟုတ္ပါဘူး”
“ဤယာခင္းကို ေစာင့္ၾကပါ၊ ၾကပ္ၾကပါ၊ ဝိုင္းၾကပါ၊ ဝန္းၾကပါ၊ အေစ့အားလုံးေပါက္ေအာင္ေဆာင္မပါ၊ ေပါက္တဲ့အပင္ရွင္ေအာင္ ကူညီပါ၊ ရွင္တဲ့အပင္ ဖူးပြင့္သီးေအာင္လည္း ၾကည့္ရႈၾကပါ၊ သူခိုးသူဝွက္၊ အဖ်က္ပိုးမႊားကင္းေအာင္လည္း ၾကည့္ရႈပါ၊ ေႁမြဆိုး၊ ကင္းဆိုးေဝးေအာင္လည္း ေမာင္းေပးၾကပါ၊ အားကိုးပါတယ္၊ ကိုးစားပါတယ္ ယာႀကီးရွင္၊ လယ္ႀကီးရွင္တို႔ခင္ဗ်ာ၊ ယာထြက္သီးႏွံထြက္ရင္လည္း တပည့္တို႔ေက်းဇူးဆပ္ပါမယ္၊ မေမ့ပါဘူး၊ မေလ်ာ့ပါဘူး က်တ္မင္းအေပါင္းတို႔”
ဒီတစ္ခါေတာ့ ဘာမွမထူးျခားဘူးဗ်၊ ဦးလူဝကို လွည္းကိုျပန္လွည့္ၿပီးေတာ့
“ကဲ၊ သြားရေအာင္ေဟ့”
“သူတို႔လာစားပါ့မလားဗ်”
“စားတာေပါ့ကြာ၊ ဒါေပမယ့္ ေန႔ခင္းဆိုေတာ့ လူျမင္မခံဘူးကြ၊ ၿပီးေတာ့ ဒီက်တ္ေတြကလည္း ရွက္တတ္တယ္၊ လူူၾကည့္ေနတာမႀကိဳက္ဘူး”
ဒါနဲ႔က်ဳပ္တို႔လွည္းေပၚျပန္တက္ခဲ့တာေပါ့ဗ်ာ၊ က်ဳပ္ကလွည္းေနာက္ၿမီးမွာ ေျခခ်ထိုင္ၿပီးလိုက္လာခဲ့တာေပါ့၊ ဦးဘသာက လွည္းေပၚထိုင္ရင္း
“မင္းေတြ႕ခ်င္လို႔လား အလတ္ေကာင္ရ”
က်ဳပ္ေခါင္းညိတ္လိုက္ေတာ့ ဦးဘသာက က်ဳပ္မ်က္လုံးကို သူ႔လက္ဝါးနဲ႔ပြတ္ထည့္လိုက္တယ္၊ က်ဳုပ္မ်က္လုံးျပန္ဖြင့္လိုက္ေတာ့ ခုနက ေနရာမွာ လူေတြအမ်ားႀကီးပဲဗ်ိဳ႕၊ က်ဳပ္တို႔ခင္းထားတဲ့ဖက္ေဘးနားမွာေဆာင့္ေၾကာင့္ထိုင္ေနၾကၿပီးေတာ့ လက္တစ္ဖက္နဲ႔ထမင္းေတြႏႈိက္စားေနတာဗ်ာ၊ ဦးလူဝေျပာသလို ကေလးခါးတစ္ခြင္ထားတဲ့ က်တ္ေတြလည္းပါတယ္ဗ်ိဳ႕၊ ေယာက္်ားမိန္းမအစုံပဲ၊ ကေလးခ်ီထားတဲ့ က်တ္ေတြကလည္း သူတို႔ခ်ီထားတဲ့ကေလးကို ထမင္းေတြခြံ႕လို႔ဗ်။
လွည္းကေဝးသြားေပမယ့္ က်ဳပ္ကေတာ့အဲဒီနားကိုပဲ ေငးၾကည့္ေနမိတာဗ်၊ သစ္ပင္ရိပ္ေအာက္မွာ ကုန္းကုန္း ကုန္းကုန္းနဲ႔ အလုအယက္စားေသာက္ေနတာကိုၾကည့္ရင္း က်ဳပ္ျဖင့္္ ေတြးမိတယ္၊
“ေၾသာ္၊ ပရေလာကသားမ်ား၊ ေၾကာက္ဖို႔လည္းေကာင္း၊ သနားဖို႔လည္းေကာင္းလွပါလားဗ်ာ”
ၿပီးပါၿပီ။
(မေကြးတိုင္း ေအာင္လံၿမိဳ႕နယ္မွ ေက်း႐ြာတစ္႐ြာ၏ အေၾကာင္းကို ျဖစ္ရပ္မွန္အတိုင္း ျပန္လည္မွီျငမ္းေရးသားပါသည္)
#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ