” စုန်းထီးကြီး ဦးဘသာနှင့် နိဗ္ဗာန်ရွာ “(စ/ဆုံး)

Unicode Version

” စုန်းထီးကြီး ဦးဘသာနှင့် နိဗ္ဗာန်ရွာ “(စ/ဆုံး)
————————————————————
အတွဲ(၄) စာစဉ်(၁၆)

(၁)

နိဗ္ဗာန်ရွာကြီးက မနက်ဆိုရင်တော့စည်ကားလိုက်တာမှ ပြောမနေပါနဲ့ဗျာ၊ ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်သံထွက်လာပြီးပြီဆိုတာနဲ့ လူတွေအကုန်လှုပ်ရှားနိုးထလာကြတော့တာပဲ၊ ညတုန်းက ခြောက်ကပ်နေတဲ့အဖြစ်နဲ့ ကွာပါ့ဗျာ၊ မကြာပါဘူး ဆွမ်းတော်ဗျို့ဆိုတဲ့အော်သံနဲ့အတူ ကြေးစည်သံတနောင်နောင်ကြားလိုက်ရတယ်၊ ကျုပ်လည်း နိုးလာတာပေါ့ဗျာ၊ ရွှေမိက သဘက်ကလေးပုခုံးပေါ်တင်ပြီးတော့ ကြွေရည်သုတ်ခွက်ကလေးတွေ လင်ဗန်းထဲထည့်ကိုင်ပြိး အိမ်ရှေ့ထွက်သွားတာပါပဲ၊ ခြံံံအပြင်မှာ မတ်တပ်ကလေးရပ်ပြီးတော့ ဟိုကြည်ဒီကြည့်လုပ်နေတာကို ကျုပ်မျက်နှာသစ်ရင်းတွေ့လိုက်သဗျ၊ နောက်တော့ သံဃာတော်တွေ ကြွလာပါရောဗျာ၊ ရွှေမိက ဆွမ်းလောင်းလှူပြီးတော့ လက်အုပ်ချီပြီးဆုတောင်းနေလေရဲ့။

“ကိုအလတ်ကောင်၊ ပြီးရင် မနက်စာစားရအောင်၊ ဟိုကောင်လေးတွေနှိုးပြီးတော့ အိမ်ပေါ်ခေါ်ခဲ့ပါရှင်”

“ဟာဗျာ၊ ကျုပ်ကိုဘယ်လိုခေါ်လိုက်တာလဲ”

“ကိုအလတ်ကောင်လို့ခေါ်တာလေ”

“ကျုပ်နာမည်ခင်မောင်ပါဗျ၊ ခေါ်ချင်ရင်တော့ ကိုခင်မောင်၊ ဒါမှမဟုတ် နာမည်ကိုအဖျားဆွတ်ပြီးတော့ ကိုမောင်၊ အဲဒီလိုခေါ်ပေါ့”

ရွှေမိက ခေါင်းခါပြီးတော့

“မခေါ်တတ်ပါဘူး၊ ချိုတူးခေါ်သလို ကိုအလတ်ကောင်လို့ခေါ်တာပဲ ပါးစပ်တွေ့ပါတယ်၊ ကဲပါ အခေါ်အဝေါ်တွေက အရေးမကြီးပါဘူး၊ ပြီးရင်အိမ်ပေါ်တက်လာခဲ့ကြ”

ကျုပ်လည်း ချိုတူးနဲ့ငညိုကို နှိုးပြီးတော့ မျက်နှာတွေဘာတွေ ထသစ်ခိုင်းပြီး အိမ်ပေါ်တက်ခဲ့တာပေါ့ဗျာ၊ မနက်ခင်း ခြောက်နာရီလောက်ရှိပြီပေါ့။ အိမ်ပေါ်မှာတော့ ပြတင်းတံံံံခါးတွေအကုန်ဖွင့်ထားလို့ လင်းချင်းနေတာပဲဗျာ၊ အိမ်ကြီးက တော်တော်ကောင်းကောင်းဗျ၊ ကြမ်းတွေဆိုရင်လည်း လျှာထိုးကျွန်းသစ်တွေခင်းထားပြီးတော့ ဖယောင်းတိုက်ထားလို့ ပြောင်လက်နေတာပဲ၊ အိမ်ပေါ်မှ စားပွဲဝိုင်းကြီးတစ်ခုချထားပြီးတော့ မုန့်ဖတ်တွေ၊ ဟင်းရည်တွေကိုတွေ့လိုက်ရတယ်။ ကျုပ်တို့တက်လာတော့ ဦးလူလှက ပြံံုံးပြံံုံးရွှင်ရွှင်နဲ့ကြိုသဗျ။

“ကိုဘသာ လာဗျာ၊ ကျုပ်သမီးကတော့ မနက်စောစောစီးစီး မုန့်ဟင်းခါးချက်ထားတယ်၊ စားကြပါအး”

ကျုပ်တို့လည်းဝင်ထိုင်လိုက်ကြတာပေါ့ဗျာ၊ ပဲဟင်းခါးအနံံံ့ကလေးက မွှေးနေတာပဲဗျာ၊ ကျုပ်တို့အညာမုန့်ဟင်းခါးကတော့ ပဲကိုပဲအဓိကထားပြီးချက်တာဗျ၊ ငါးကိုသိပ်ထည့်လေ့မရှိဘူး၊ ငါးက မိုးတွင်းလောက်မှသာစားရတာကိုးဗျ၊ အခု ရွှေမိချက်တဲ့မုန့်ဟင်းခါးကတော့ ငါးနံံံ့လေးကိုသင်းနေတာပဲဗျာ၊ ဟင်းရည်သောက်ကြည့်တော့လည်း ချိုသဗျ။

“ကောင်းတာပေါ့ လူလှရာ၊ တို့ဆီမှာက မုန့်ဟင်းခါးစားရခဲတယ်ကွ၊ အလှူအတန်းတွေ၊ အသုဘတွေရှိမှ စားရတာ၊ မုန့်ဖတ်က ဝယ်လို့မှမလွယ်ဘဲကိုး”

ဦးဘသာက ပြောရင်း မုန့်ဖတ်တွေခူးထည့်ပြီးတော့ ဟင်းရည်နည်းနည်းဆမ်းတယ်ဗျ။ ဦးလူလှလည်း ခေါင်းညိတ်ရင်း

“ဒီရွာမှာက မုန့်ဖတ်ဖို၊ မုန့််လက်ဆောင်းဖိုရှိတယ်ဗျ၊ ဒီတော့ မုန့်ဖတ်တို့ ခေါက်ဆွဲတို့က ရပြီးသားလေ၊ စားကြဗျာ အားမနာနဲ့”

ကျုပ်လည်း နှစ်ဇွန်းလောက်စားပြီးတော့

“ဟင်းရည်ကလည်း ချိုသဗျာ၊ ဒါနဲ့ ဒီလိုရေခမ်းတဲ့အချိန် ငါးကဘယ်ကရတာလဲဗျ”

“ငါ့တူမေးရင်လည်း မေးချင်စရာပဲ၊ ဟောဒီနိဗ္ဗာန်တိုက်နယ်အဖျားလောက်မှာ ကွေးကောက်အင်း ဆိုတဲ့ အင်းကြီးတစ်ခုရှိတယ်၊ နွေရာသီတောင် ရေမခမ်းတတ်ဘူးဟေ့၊ တံံငါတွေက အင်းကနေငါးဖမ်းပြီးတော့ ရွာကို မနက်စောစောလာရောင်းကြတာပေါ့၊ ငါးဘတ်၊ ငါးကြင်းလို ငါးကြီးငါးကောင်းတွေတောင် ရတတ်တယ် ငါ့တူရ”

ကျုပ်လည်း ခေါင်းမဖော်တမ်းစားတာပေါ့ဗျာ၊ ရွှေမိက တက်လာပြီးတော့ ကျုပ်တို့ဘေးနားမှာလာထိုင်တယ်၊ ပြီးတော့ ကျုပ်တို့စားတာကို ပြံုံးစိစိနဲ့ကြည်နေလေရဲ့ဗျာ၊ ဟိုကောင်ချိုတူးဆို သိပ်စားနိုင်တာဗျ၊ သူ့ပန်းကန်ထဲကိုမုန့်ဖတ်ငါးဆယ်သားလောက်ထည့်ပြီးတော့ ဟင်းရည်ဆမ်းပြီး လက်နဲ့နယ်ဖတ်ပြီးစားတာပဲဗျာ၊ ငညိုကလည်း လူကောင်သာသေးတာ စားနိုင်သဗျ။ ကျုပ်တို့လူတစ်သိုက်စားလိုက်တာ စားပွဲပေါ်မှာ ပြင်ထားတဲမုန့်ဟင်းခါးတွေ အကုန်ပြောင်ပါရောဗျာ။ ကျုပ်လည်းစားပြီးတော့မှ

“အားနာစရာကြီးဗျာ၊ မုန့်တွေစားလို့ကုန်သွားပြီ ဟီး ဟီး”

“စားပါ၊ စားပါ ဧည့်သည်တွေအကြောင်းသိလို့ ကျွန်မက ကိုယ်စားဖို့ဖယ်ထားပြီးသား၊ စားတုန်းကတော့ အားမနာပဲနဲ့”

ဒီတော့ ဦးလူလှက ရွှေမိကိုမျက်စောင်းထိုးကြည့်ပြီးတော့

“သမီး၊ ဧည့််သည်တွေကို ဘယ်လိုပြောလိုက်တာလဲ”

ရွှေမိလည်းခေါင်းငုံ့လိုက်တယ်။ ဦးဘသာက ဟိုဟိုဒီဒီကြည့်ရင်း

“လူလှ၊ မင်းက ဆိုင်းဆရာဆိုတော့ ဆိုင်းမလိုက်ဘူးလားကွ”

ရွှေမိက သက်ပြင်းချပြီး

“ပြောမနေပါနဲ့တော့ ဦးကြီးရယ်၊ အဖေက ဆိုင်းမလိုက်နိုင်တာ ကိုးလလောက်ရှိပြီ၊ အရင်ကဆို ကျွန်မတို့အိမ်က ဒီလိုမဟုတ်ဘူး၊ အဖေ့ရဲ့တပည့််တပန်းတွေ၊ ဆိုင်းပညာသင်တဲလူတွေနဲ့ စည်ကားနေတတ်တာ၊ အနယ်နယ်အရပ်ရပ်က ဆိုင်းလာငှားတဲ့သူတွေဆိုရင်လည်း အိမ်ကို ဥဒဟိုဝင်ထွက်သွားလာနေကြတာပဲ၊ အခုဦးကြီးတို့နေတဲ့ အောက်ကအခန်းတွေဆိုရင် အရင်က အဖေ့တပည့််တွေနေကြတဲအခန်းပေါ့”

ဦးဘသာက ခေါင်းညိတ်ရင်း

“ဒါကတော့ ဟိုဂမုန်းသူယောင်ကြောင့် ဖြစ်မယ်လို့ထင်တာပဲဗျာ၊ ကဲ အခုရော ဆိုင်းပြန်လိုက်ဖို့ အစီအစဉ်မရှိဘူးလား”

ဦးလူလှက ခေါင်းညိတ်ရင်း

“ဆိုင်းသမားပဲဗျာ၊ ဆိုင်းအလုပ်ပဲလုပ်တတ်တာပဲ၊ ပြန်လုပ်ရမှာပေါ့”

ဒီအချိန် ရွှေမိက

“ဒါနဲ့ ဦးကြီးနာမည်ကလည်း ဦးသာဒင်နော်၊ အခုရက်ပိုင်း သာဒင်ဆိုတဲ့နာမည်နဲ့လာမယ့်လူကို ရွာကာလသားခေါင်း ကိုဖိုးကွန့်တို့က စောင့််ပြီးရှာဖွေနေကြတယ်”

ဦးလူလှက ရွှေမိဘက်ကိုကြည့်လိုက်ရင်း

“သမီး၊ ဒီကိစ္စကိုဒီမှာတင်ရပ်နော်၊ သူတို့ရှာနေတဲ့သာဒင်က ဟောဒီက ဦးသာဒင်မဖြစ်နိုင်ပါဘူး”

“သိပါတယ်အဖေရဲ့၊ အသမီးလည်းပြောပြတာပါ”

ကျုပ်လည်း မနေနီုင်တော့ဘူး။

“နေစမ်းပါအုံး၊ ကာလသားတွေက ဘာဖြစ်လို့ သာဒင်ဆိုတဲ့လူကို ရှာနေကြတာလဲ”

“ဒါတော့မပြောတတ်ပါဘူး၊ သူကြီးအမိန့််အရလို့ပြောတာပဲ၊ ညဆိုရင်လည်း မဟုတ်တဲ့လူမဝင်အောင်လို့ဆိုပြီး ရွာကိုစောင့််ကြပ်နေတတ်တယ်”

ကျုပ်လည်း ဦးဘသာကိုကြည့်လိုက်တော့ ဦးဘသာက တစ်ခုခုကိုတွေးနေတဲ့ပံံုံပဲဗျ၊ ပြီးတော့မှ

“ဒါနဲ့ လူလှရေ၊ ဒီရွာမှာ အရင်က အကြားအမြင်ဟောတဲ့ အဘွားကြီးတစ်ယောက်ရှိခဲ့တယ်မဟုတ်လား”

“ရှိပါ့ဗျာ၊ ဒေါ်မိုးကြီးလို့ ခေါ်သဗျ၊ ဘာလဲ ကိုဘသာက ဒါတွေစိတ်ဝင်စားလို့လား”

“သတိရလို့ပါကွာ၊ ဒါနဲ့ သူဟောတုန်းပြောတုန်းက တော်တော်မှန်တာနော်၊ တို့ မြိုင်သာဘက်က သူဌေးတွေဆိုရင် ကားတွေမောင်းပြီး ဒီအထိအောင်လာမေးကြတယ်မဟုတ်လား”

“ဒါပေါ့ ကိုဘသာရ၊ အခုတောင် သူ့မြေးမလေးက ဆက်ဟောနေတယ်လေ၊ သူလည်း မှန်တာတော့မှန်တယ်၊ ဒါပေမယ့် ဒေါ်မိုးကြီးလို လူတိုင်းကိုမဟောတာခက်တာဗျ”

“ဟုတ်သလား၊ သူကဘယ်လိုလူတွေကိုဟောတာလဲဗျ”

“သူဓါတ်ကျတဲ့သူကို ဟောတယ်လို့ပြောတာပဲဗျာ၊ အဲ၊ တစ်ခါတုန်းကတောင်မှ ကျုပ်ကိုဟောဖူးသေးတယ်၊ ကျုပ်အခုမှပဲ မှတ်မိတယ်ဗျို့၊ အသက်ငါးဆယ်ကျော်အပိုင်းအခြားရောက်ရင် ဆိုင်းအလုပ်နားရပြီး စီးပွားပျက်တတ်တယ်တဲ့ဗျာ၊ အဲဒီအချိန်တုန်းက ကျုပ်က အသက်လေးဆယ်ကျော်၊ ဆိုင်းဆိုတာကလည်း အမြဲလိုက်နေရတယ်ဆိုတော့ ဒီအကြောင်းကို မယုံမိဘူးပေါ့ဗျာ၊ ခုပြန်တွေးကြည့်မှ ကျုပ်အသက် ငါးဆယ်ကျော်လို့ ငါးဆယ့်နှစ်ထဲရောက်ပြီ၊ ဆိုင်းအလုပ်နားလိုက်ရပေမယ့် စီးပွားတော့ မပျက်သေးဘူးဗျ”

“အဖေရယ်၊ အဖေဆိုင်းမလိုက်တဲ့ ကိုးလ၊ ဆယ်လလောက်အတွင်းမှာ အိမ်မှာစုထားဆောင်းထားတဲ့ ငွေကြေးတွေ၊ လက်ဝတ်လက်စားတွေ ထုခွဲရောင်းချပြီး ဝမ်းရေးဖြေရှင်းနေရတာပဲမဟုတ်လား၊ ဒါလည်း စီးပွားပျက်တာပဲပေါ့”

ဦးလူလှလည်း ခေါင်းညိတ်ပြီး

“ကျုပ်မိုက်ခဲ့တာတွေပါဗျာ”

“အိုဗျာ၊ ဒါတွေ ပြောမနေပါနဲ့ လူလှရာ၊ ပြီးခဲ့တာတွေပြီးပြီ၊ ကဲ အခုမင်းဆိုင်းပြန်လိုက်တော့မယ်မဟုတ်လား”

ဦးလူလှကခေါင်းညိတ်တယ်ဗျ။

“ဒါဆို တပည့််တစ်ယောက်လောက်ရော စပြီး မမွေးကြည့်ချင်ဘူးလား”

ဦးလူလှက ဦးဘသာကိုကြည့်ရင်း

“ကိုဘသာက ဘယ်သူ့ကိုတွေ့ထားလို့လဲဗျ”

ဦးဘသာက ချိုတူးပုခုံးကိုပုတ်ရင်း

“ဟောဒီကောင်လေးဗျာ၊ ဆိုတာ၊ ကတာ သိပ်ဝါသနာပါတာဗျ၊ သူ့ကို အတီးအမှုတ်ဖြစ်ဖြစ်၊ အဆိုအကဖြစ်ဖြစ် သင်ပေးပြီးတော့ တစ်နေရာရာသံံုံးကြည့်ပေါ့ဗျာ”

ချိုတူးမျက်လံုံးတွေပြူးသွားတယ်ဗျ။ ဦးလူလှကတော့ ချိုတူးကိုအကဲခတ်သလိုကြည့်နေရင်း

“ဒီလို ကိုဘသာရဲ့၊ ဆိုင်းဆိုတာ ဇာတ်မဟုတ်တော့ မင်းသမီးလောက်ပဲလိုတာ၊ မင်းသမီးကလည်း ကျုပ်သမီးရွှေမိရှိပြီးသားပဲလေ၊ အင်း၊ ဒါပေမယ့်် အငြိမ့်ထွက်ရင်တော့ လူပြက်လူရွှင်တော် လိုသေးတာပဲ၊ သူဝါသနာပါရင်တော့ လုပ်နိုင်မယ်ထင်ပါတယ်”

ချိုတူးက ပြာပြာသလဲနှင့်

“ဝါသနာပါတယ်ဗျာ၊ ကျုပ် . . . ကျုပ်လုပ်ချင်ပါတယ်၊ ဆရာကြီး ကျုပ်ကိုကြိုက်တာခိုင်းပါ၊ ကျုပ်က ငယ်ငယ်ကတည်းက ဆိုင်းတို့၊ ဇတ်တို့၊ အတီးအမှုတ်တို့ဆိုရင် ဝါသနာပါလွန်းလို့ပါဗျ”

ဦးလူလှက ပြုံးရင်း

“အေးပါ၊ မင်းကတိနဲ့မင်းနော်၊ ငါ့တပည့်လုပ်ရင် ငါခိုင်းတာကိုလုပ်၊ ငါပြောတာကို နားထောင်နိုင်မှရမယ်ကွ”

“နားထောင်ပါ့မယ်ဆရာကြီး”

ဦးဘသာက ပြုံးရင်း

“ဟား၊ ဟား၊ ဟန်ကျသကွဟေ့၊ ဇာတ်ရူးတစ်ကောင်နဲ့ ဆိုင်းဆရာတို့တော့ တွေ့ကြပြီကွ ဟား၊ ဟား”

ကျုပ်တို့လည်းထိုင်ရင်း ရယ်မောလိုက်ကြတာပေါ့ဗျာ။

(၂)

“ကံတရားက သိပ်ကြောက်ဖို့ကောင်းတာပဲ”

ဦးဘသာက ကျုပ်တို့တည်းခိုတဲ့အခန်းရောက်တော့ ကွမ်းအစ်ထဲက ကွမ်းသီးစိတ်တွေကို ကွမ်းညှပ်အသေးလေးနဲ့ညှပ်ရင်းပြောတယ်ဗျ၊ အခန်းထဲမှာတော့ ကျုပ်နဲ့ဦးဘသာနဲ့ပဲရှိတာ၊ ဟိုကောင်ချိုတူးကတော့ ဦးလူလှနဲ့ ဆရာတပည့်နှစ်ယောက် ဘာတွေပြောနေသလည်းတော့ မသိပါဘူးဗျာ၊ ငညိုကတော့ ကလေးဆိုတော့ ခြံထဲမှာပြေးလွှားဆော့လို့ဗျ။

“ကံံတရားက ဆန်းကြယ်တယ်လုပ်စမ်းပါ ဦးဘသာရဲ့၊ ဘယ့်နှယ့်ကြောက်ဖို့ကောင်းရတာတုန်း”

“အေးလေ၊ ဆန်းကြယ်တာထက်လွန်သွားရင် ကြောက်ဖို့ကောင်းသွားတာပေါ့ကွ”

“ဆန်းကြယ်တာတော့ ပြောမနေပါနဲ့ဦးဘသာရာ၊ ဟိုကောင် မင်းသားရူးသဒိုးက အခုဆိုင်းဆရာကြီးဆီရောက်ပြီး တပည့်ဖြစ်သွားလိမ့််မယ်လို့ ဘယ်သူတွေးမိမှာလဲဗျ၊ ကျုုပ်ဖြင့် မနက်က အဲဒီအကြောင်းကိုစဉ်းစားနေရင်း တော်တော်အံ့သြနေတာ၊ ကျုပ်နဲ့ဦးဘသာသာ ငညိုနဲ့မတွေ့ခဲ့ရင်၊ ဒီကောင်နဲ့တွေ့မှာမဟုတ်ဘူးဗျ၊ ပြီးတော့ ဒီကောင်လည်း သဒိုးအလုပ်က ကျွတ်မှာမဟုတ်ဘူး”

ဦးဘသာက ကွမ်းသီးစိတ်လေးတွေ ညှပ်ထည့်ရင်း

“ပြောစမ်းပါအုံးကွာ”

“သဒိုးကနေ လွတ်တော့လည်း၊ ကျုပ်တို့ နိဗ္ဗာန်ရွာကို လာဖို့အကြောင်းဖြစ်တယ်ဗျာ၊ နိဗ္ဗာန်ရွာလာရင်းနဲ့ ဦးလူဝနဲ့တွေ့ဖို့ ဖြစ်လာပြန်ရော၊ ဦးလူဝနဲ့မတွေ့ခဲ့ရင် အခု ဦးလူလှတို့အိမ်ကိုလည်း ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာဖို့ အကြောင်းမရှိဘူးနော်ဗျ၊ ကျုပ်တို့ဖြစ်ခဲ့သမျှ အားလုံးက ကွင်းဆက်တွေလိုပဲဗျ၊ ခဏတဖြုတ်ကြည့်ရင်တော့ သူ့အလိုလိုအစီအစဉ်တကျမဟုတ်ဘဲ ဖြစ်ပျက်နေတယ်ဆိုပေမယ့် သေချာစဉ်းစားကြည့်ခါမှ အရာအားလုံးက သွားသွားပြီးတော့ ဆက်နွယ်နေတယ်ဗျ၊ ကျုပ်အဲဒါကိုတွေးမိတော့ ကံတရားက ဆန်းကြယ်လိုက်တာဆိုပြီး တွေးမိတာပဲ”

ဦးဘသာက ကွမ်းရွက်နှစ်ရွက်ကို ခပ်ချဲချဲကလေးထပ်ကိုင်လိုက်ပြီးတော့

“အဲဒါပေါ့ကွ၊ အကြောင်းကြောင့် အကျိုးဖြစ်၊ အကျိုးကြောင့် အကြောင်းဖြစ်တယ်ဆိုတာပေါ့”

အဲဒီလိုပြောပြီးတော့ ထံုံးဘူးကလေးထဲကနေ ထုံးကိုလက်ညှိုးနဲ့ကလော်ပြီးတော့ ကွမ်းရွက်အနှံံ့ကိုဖြန့်နေတယ်။

“ဒါပေမယ့် ငါလည်း တွေးနေတာတစ်ခုရှိတယ်ကွ”

“ဘာတွေးနေတာလဲဗျ”

“လှသောင်ငါတို့ကိုလှည်းနဲ့လာကြိုတာ၊ ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင် ဗျဂ္ဃလေးက ငါတို့လှည်းကို ဓါးပြတိုက်တာ၊ ပိုပြီးတိုက်ဆိုင်တာကတော့ ဗျဂ္ဃကြီးက ငါ့ကိုလက်စားချေဖို့စောင့်နေတယ်ဆိုတာပဲ၊ ကဲ ပြောစမ်း၊ ဒါတွေကရော မထူးဆန်းဘူးလား”

ကျုပ်လည်း တွေးရင်းခေါင်းညိတ်လိုက်တယ်။

“ဦးဘသာပြောမှ ကျုပ်လည်းတွေးမိတယ်ဗျ၊ ကျုပ်တို့ ဒီနေ့ဒီအချိန်၊ ဒီနေရာကို လှည်းနဲ့ဖြတ်သွားမယ်လို့ ဗျဂ္ဃကြီးကဘယ်လိုသိသလဲ၊ သူအနှစ်သုံးဆယ်လံံုံးလံုံးတော့ တစ်ရက်မှမပျက်ဘဲ စောင့်နေနိုင်မှာမဟုတ်ဘူးဗျ၊ ကျုပ်တောင် တော်တော်ထူးဆန်းသွားပြီ ဦးဘသာရာ”

“ငါ့အထင်တော့ ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာ တစ်ယောက်ယောက်ကတော့ ကြိုးကိုင်နေပံံုံရတယ်၊ ခုနကလည်း ရွှေမိပြောတာ မင်းကြားလိုက်တယ်မဟုတ်လား၊ သာဒင်ဆိုတဲ့နာမည်နဲ့လူကို ရှာနေတယ်ဆိုတာလေ၊ ဒါအကောင်းတော့မဖြစ်နိုင်ဘူး၊ ငါလည်း ဘာရယ်မဟုတ်ဘူး၊ နိဗ္ဗာန်ရွာအဝင် ကာလသားတွေစစ်မေးတော့ သာဒင်လို့မပြောချင်တာနဲ့ သာစလို့ ဖြေလိုက်တာလေ၊ မင်းမှတ်မိပြီလား”

“မှတ်မိပြီဗျို့၊ ကျုပ်တောင်အဲဒီတုန်းက ထူးဆန်းသွားသေးတယ်၊ သာစံံဆိုတဲ့နာမည်ကို ဦးဘသာက မကြိုက်ဘူးဆိုပေမယ့် ဘာလို့ သူတို့မေးတော့ ပြောလိုက်ရတာလဲဆိုပြီး တွေးနေမိသေးတာ၊ ဒါနဲ့ ဦးသာဒင် ဘယ်လိုသိတာလဲဗျ”

“မနောအသိပေါ့ကွာ”

ကျုပ်လည်း ခေါင်းကုပ်ရင်း

“မနောအသိဆိုတာဘာလဲဗျ၊ စိတ်က ကြိုသိနေတာကိုပြောတာလား”

ဦးဘသာက ကွမ်းယာထဲကို ကွမ်းသီးစိတ်လေးတွေထည့်တယ်၊ ပြီးတော့ အမှုန်ဖြစ်လုနီးပါးလုပ်ထားတဲ့ ဆေးရွက်ကြီးထည့်တယ်၊ စမုန်စပါးနည်းနည်းဖြူးပြီးတော့ ကွမ်းကိုယာနေရင်း

“ဒီလိုကွ၊ မင်းနားလည်အောင်ပြောရမယ်ဆိုရင် လူတွေလက်ခံထားတဲ့ စိတ်နှစ်မျိုးရှိတယ်၊ တစ်မျိုးက သိစိတ်နဲ့ တစ်မျိုးက မသိစိတ်လို့ခေါ်တယ်”

“ဒါတော့ ကျုပ်သိတာပေါ့ဗျာ”

“သိစိတ်ဆိုတာက တစ်ခုခုကိုလုပ်နေတာကို သိတာ၊ စိတ်ကနေ စေခိုင်းလို့ လုပ်နေရတာကိုပြောတာ၊ ဥပမာ လယ်လုပ်စမ်း၊ စားစမ်း။ သွားစမ်း အဲဒါတွေကို သိစိတ်က စေခိုင်းနေတာပဲ”

“ဒါဆို မသိစိတ်ကရောဗျ”

“မသိစိတ်ဆိုတာ အသိစိတ်က မသိလိုက်ဘဲ သူ့အလိုလိုဖြစ်နေတာကိုပြောချင်တာ၊ ဆိုကြပါစို့ကွာ၊ အသက်ရှူတယ်ဆိုတာ မသိစိတ်ကလုပ်နေတာ၊ မင်းရဲ့စိတ်ထဲမှာ အချိန်နဲ့အမျှ အသက်ရှူနေတယ်ဆိုတာကို သတိမထားမိ၊ မသိဘူးမဟုတ်လား၊ ဒါထက်ပြောရရင် တို့တွေရဲ့နှလုံးက စက္ကန့်နဲ့အမျှ ခုန်နေတယ်ဆိုတာကို သတိမထားမိကြဘူး၊ သွေးတွေ၊ လေတွေက ခန္ဓာကိုယ်တစ်ခုလံုံးကို လည်ပတ်နေတယ်ဆိုတာကို သတိမှမထားမိဘဲ၊ အဲဒါကို မသိစိတ်လို့ခေါ်တယ်၊ မသိစိတ်ကို မနောလို့ ခေါ်ကြတာပေါ့”

ကျုပ်လည်း လေရှှုနေတာကို သေချာအာရုံခံရင်း

“ဟာဗျာ၊ အခုလိုသေသေချာချာအာရံံုံစူးစိုက်လိုက်တော့လည်း အသက်ရှူတာ၊ ဝင်လေဝင်တာ၊ ထွက်လေထွက်တာကို သိပြီမဟုတ်လားဗျ”

“အေးပေါ့၊ အဲဒီလို မသိစိတ်က သူ့အလိုလိုစေခိုင်းပြီး ဖြစ်ပျက်နေသမျှကို သိစိတ်က သိအောင်အာရုံစိုက်တာကို သတိလို့ခေါ်တယ်ကွ၊ ဒါကြောင့် သတိကပ်၊ သတိကပ်ဆိုတာ ကြားဖူးတယ်မဟုတ်လား”

ကျုပ်လည်း ခေါင်းညိတ်လိုက်ရတော့တယ်။ ဦးဘသာက ကွမ်းယာကို ပါးစောင်ထဲထည့်လိုက်ပြီးတော့

“မသိစိတ်က ခိုင်းစေနေတဲ့အရာတွေကို သိစိတ်က သိအောင် သတိနဲ့ယှဉ်ပြီးမှတ်တာကိုတော့ သမထလို့ခေါ်သကွ၊ မသိစိတ်မှာ ဖြစ်ပေါ်နေတဲ့အရာတွေကို သိစိတ်နဲ့ ထိုးထွင်းသိမြင်ပြီးတော့ အချိန်ကြာလာတဲ့အခါ ဘာဖြစ်လာသလဲဆိုတော့ အဲဒီမသိစိတ်ကိုပါ စေခိုင်းလို့ရနိုင်လာတယ်၊ အဲဒါကိုတော့ သမထအောင်တယ်၊ မနောပေါက်တယ်လို့ ဆိုတာပေါ့ကွာ”

ကျုပ်လည်းခေါင်းကို တဗြင်းဗြင်းကုပ်မိတယ်။

“ဦးဘသာပြောမှ ခေါင်းရှုပ်လာပြီ၊ ကျုုပ်တော့ ဘာမှနားမလည်တော့ဘူး”

“မင်းနားလည်အောင် ဥပမာပေးမယ်ကွာ၊ အိပ်မက်ဆိုတာ မသိစိတ်ထဲမှာ ဖြစ်ပျက်နေတဲ့အရာတွေကွ၊ အပြင်မှာတကယ်ဖြစ်တာမဟုတ်ဘူးနော်၊ ကိုယ့်မသိစိတ်ထဲမှာ သူ့အလိုလိုဖြစ်နေတာ၊ ဒါပေမယ့် ကိုယ့်ရဲ့သိစိတ်က အဲဒီအိပ်မက်ကိုသိသွားတဲ့အခါကျတော့ ကိုယ်လန့်နိုးသွားရင်လည်း အိပ်မက်ကိုမှတ်မိနေတာပေါ့ကွာ၊ အဲဒါကြောင့် အိပ်မက်မက်တယ်ဆိုတာ မသိစိတ်ထဲမှာ ဖြစ်နေတဲ့အရာတွေကို သိစိတ်က မှတ်မိနေတာပဲ၊ တကယ်လို့ မသိစိတ်ထဲမှာဖြစ်နေတဲ့အရာတွေကို သိစိတ်က မမှတ်မိဘူးဆိုရင် အိပ်မက်ကိုမမှတ်မိဘူးပေါ့ကွာ၊ အိပ်မက်က မမက်တာမဟုတ်ဘူးကွ၊ သိစိတ်က မမှတ်မိတာ၊ နားလည်လား”

“နားလည်သလိုလိုတော့ရှိပြီ၊ ဒါကြောင့်ဖြစ်မှာဗျ၊ တစ်ခါတစ်လေကျရင် ညကဘာအိပ်မက်မယ်တယ်ဆိုတာကို မျက်လုံးထဲပြန်မြင်ယောင်နေရသလိုကို မှတ်မိနေပေမယ့် တစ်ခါတစ်လေကျတော့ အိပ်လိုက်ပြီး အိပ်ရာကနိုးလာတော့ ဘာအိပ်မက်မှ မမှတ်မိဘူး၊ ဒါဆိုရင် ဦးဘသာပြောပုံအရ အိပ်မက်မမက်တာမဟုတ်ဘဲ၊ သိစိတ်က မမှတ်မိတာပဲနေမှာ”

“မှန်တာပေါ့ကွာ၊ ခုနက ပြောသလို သမထကျင့်စဉ်တွေကျင့်ပြီး သမထအားကောင်းတဲ့လူကျတော့ သိစိတ်က မသိစိတ်ကိုနိုင်သွားပြီကွ၊ အဲဒီတော့ ဘာဖြစ်သလဲဆိုရင် အိပ်မက်ကိုတောင်မှ ကိုယ်ကြိုက်သလို စေခိုင်းလာနိုင်တယ်၊ ပြီးတော့ ကိုယ့်အိပ်မက်တောင်မဟုတ်ဘူး၊ အခြားသူရဲ့မသိစိတ်ကိုတောင်မှ ကိုယ်ဖြစ်စေချင်သလို ခိုင်းစားနိုင်တယ်၊ ဥပမာ အိပ်မက်ပေးတယ်လို့ ပြောကြတာရှိတယ်မဟုတ်လား၊ ဒါက သူများရဲ့မသိစိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့အိပ်မက်ကို ကိုယ့်ရဲ့အသိစိတ်နဲ့ ဘယ်လိုမက်ပါ၊ ဘယ်လိုပြောပါဆိုပြီးတော့ သွားခိုင်းစားတာမျိုးပေါ့”

“ဟုတ်ပြီ၊ ကျုပ်နားလည်ပါပြီ”

“သိစိတ်က တို့ရုပ်နမ်ခန္ဓာရှိသူတွေမှာ ဦးဆောင်နေတတ်ပေမယ့် တခြားဘုံသား၊ ပရလောကသားတွေကိုတော့ မသိစိတ်က ဦးဆောင်နေတယ်၊ ဒါကြောင့် မသိစိတ်ကို သိစိတ်က ထိန်းချုပ်နိုင်အောင်ကြိုးစားတယ်ဆိုတာ တန်ခိုးစွမ်းအားရဲ့ ပထမဆုံးအဆင့်ပဲ၊ ကမ္မဇိဒ္ဓိအစွမ်းမှာလည်း ဒိအဆင့်တွေပါတာပေါ့၊ ငါခုနကပြောတဲ့ မနောအသိဆိုတာကတော့ အဲဒီမသိစိတ်ကပြောတဲ့အရာတွေကို သိစိတ်က သိလိုက်တာကို ဆိုလိုတာပဲကွ”

“ထူးဆန်းတယ်ဗျာ”

“ဘာမှမထူးဆန်းပါဘူးကွာ၊ တကယ်တော့ သတိရှိဖို့ပဲလိုတာ၊ မနောဆိုတဲ့ မသိစိတ်က တစ်ခုခုဖြစ်လာတော့မယ်ဆိုတာကို သူကကြိုသိပြီးအချက်ပေးလေ့ရှိတယ်၊ ကားမှောက်တဲ့သူတွေ၊ ဘေးအန္တရာယ်နဲ့ ကြုံခဲ့တဲ့သူတွေကို မေးကြည့်ရင် သူတို့အဖြစ်အပျက်တွေမဖြစ်ခင် စိတ်ထဲမှာ ဖြစ်တော့မယ်ဆိုပြီး ကြိုသိနေသလိုမျိုး ဖြစ်တယ်တဲ့ကွ၊ အဲဒါ မသိစိတ်က စကားပြောတာ၊ မနောက အသိပေးတာပေါ့၊ တစ်ချို့ကတော့ ကိုယ်စောင့်နတ်က သတိပေးတယ်ဆိုပြီး ပြောတတ်ကြတယ်၊ အဲဒီလို မနောက အသိပေးတာကို သတိရှိတဲ့လူကျတော့ သိလိုက်လို့ ရပ်တန့်လိုက်ရင်း ဘေးအန္တရာယ်ကင်းသွားတဲ့လူတွေအများကြီးရှိသလို၊ မနောက အသိပေးတာကို သတိမထားမိလို့ အဲဒီအတိုင်းဖြစ်ပျက်သွားကြတဲ့သူတွေလည်း မနည်းဘူးကွ”

“ဟုတ်ပြီဗျ၊ ဒါဆိုရင် ဦးဘသာရဲ့မနောက ဦးဘသာကို သာဒင်လို့မပြောနဲ့လို့ အသိပေးမယ်ဗျာ၊ ဦးဘသာက သတိရှိလိုက်လို့ အဲဒီအသိကိုရလိုက်ပြီးတော့ ဟိုလူတွေနာမည်မေးတဲ့အခါကျတော့ သာဒင်လို့မပြောဘဲ သာစံလို့ပဲ ပြောခဲ့တာပေါ့၊ ဒီလိုလား”

“အစစ်ပေါ့အလတ်ကောင်ရာ”

“ဒီမနောရဲ့အပေါ်မှာ အနန္တမနောလို့ခေါ်တဲ့ အလွှာတစ်ခုရှိတယ်ကွ၊ အဲဒီအလွှာကတော့ မနောကိုစေခိုင်းနိုင်တဲ့အလွှာပေါ့ကွာ၊ ဒါတွေကို တန်ခိုးရှိတဲ့ နတ်တွေ၊ ဘိုးတော်တွေ၊ အထက်ဝိဇ္ဇာ၊ အောက်ဝိဇ္ဇာတွေပဲ အသုံးပြုနိုင်ကြတယ်ကွ၊ အနန္တမနော ဆိုတဲ့အတိုင်း အတိုင်းအဆမရှိကျယ်ပြန့်တယ်၊ ဘိုးတော်တွေ နတ်တွေဟာ အဲဒီမနောအလွှာကနေပြီးတော့ လူတွေနဲ့ဆက်သွယ်ကြတယ်၊ အဲဒါကို ဓါတ်စီးတယ်၊ နတ်ပူးတယ်လို့ဆိုကြတာပေါ့ကွာ”

“ဒါဆို စုန်းတွေရော အဲဒီလိုမျိုး သုံးနိုင်ကြသလားဗျ”

“စုန်းကြီးရင် ကဝေဆိုတဲ့အတိုင်း အချို့ကဝေတွေတော့ အဲဒီလိုမျိုး ဆက်သွယ်နိုင်တယ်လို့ဆိုသကွ၊ ဒါပေမယ့် ရိုးရိုးစုန်းကဝေတွေမှာတော့ မနောအသိကို ထိန်းချုပ်နိုင်တဲ့ပညာတွေရှိတယ်ကွ”

“အဲဒီမနောတွေထားပါတော့ ဦးဘသာရယ်၊ အခုကျုပ်တို့ နိဗ္ဗာန်ရွာကိုရောက်လာပြီမဟုတ်လား၊ ဟိုကောင်လေး ငညိုကို ဘာဆက်လုပ်မှာလဲဗျ”

“အေးအေး၊ ခဏနေရင် ငညိုကိုခေါ်ပြီး ခြေလက်သန့်စင်ပေးလိုက်ကွာ၊ ငါတို့ အကြားအမြင်ရတယ်ဆိုတဲ့ မိန်းကလေးဆီကိုသွားကြမယ်ဟေ့”

“ဦးဘသာကလည်းဗျာ၊ ဘာလဲ ငညိုကို အကြားအမြင်ကြည့်ပေးမလို့လား”

“ဟိုရောက်ရင် သိမှာပေါ့ကွာ”

ဦးဘသာက ကွမ်းကိုဝါးနေပြီဗျ၊ ဦးဘသာကွမ်းဝါးရင် စကားဖြတ်ပြောလို့မကောင်းတော့ဘူးမဟုတ်လား၊ ဒါနဲ့ ကျုပ်လည်း ငညိုကိုခြံထဲကနေခေါ်ပြီးတော့ ခြေလက်ဆေးပေးပြီး အဝတ်အစားလဲခိုင်းလိုက်တယ်ဗျာ။

(၃)

ရွာထဲကို ကျုပ်ရယ်၊ ငညိုရယ်၊ ဦးဘသာရယ် သုံးယောက်ထဲထွက်လာခဲ့ကြတယ်၊ ရွာလမ်းမှာလည်း ကလေးတွေဆော့ကစားနေသလို၊ ခွေးတွေကလည်း ပြေးလွှားနေကြတာဗျ၊ ရွာကြီးက စည်စည်ကားကားပါပဲဗျာ၊ မျက်နှာစိမ်းတွေမို့ထင်တယ် ရွာကလူတွေက ကျုပ်တို့ကိုလှည့်ကြည့် လှည့်ကြည့်လုပ်နေသေးတာ။

“ဦးဘသာ သူတို့ကြည့်နေတာကလည်း တစ်မျိုးကြီးဗျ၊ ဟိုးခြံထဲက ထမင်းစားနေတဲ့အဒေါ်ကြီးဆိုရင် ကျုပ်တို့ကိုမျက်လုံးစိမ်းကြီးနဲ့ ကြည့်နေတာပဲ”

“သွားလိုက်မကြည့်နဲ့အလတ်ကောင်၊ ကိုယ့်လမ်းကိုယ်သွား”

ခြံတစ်ခြံရှေ့ရောက်တော့ အဘွားကြီးတစ်ယောက်က ကွပ်ပျစ်မှာထိုင်နေတယ်ဗျ၊ ကွပ်ပျစ်အောက်မှာတော့ ခွေးနက်သုံးကောင်က ခွေခွေကလေးအိပ်လို့ဗျ၊ ကျုပ်တို့ကိုမြင်တာနဲ့ ခွေးနက်တွေက ခေါင်းထောင်လာတယ်၊ ပြီးတော့ အဘွားကြီးက ဘာပြောတယ်မသိဘူး၊ ခွေးတွေက ကျုပ်တို့ဆီကို တဂူးဂူးတဂဲဂဲနဲ့ ကိုက်မယ်ဆွဲမယ်ဆိုပြီး ပြေးလာပါရော၊ ခွေးကြီးတွေက အကြီးကြီးတွေဗျ၊ အင်းခွေးလို ခွေးအမျိုးအစားပေ့ါဗျာ၊ တစ်ကိုယ်လုံးလည်း နက်မှောင်နေတာမှ မပြောပါနဲ့၊ ကျုပ်လည်း ကြောက်တာပေါ့၊ ငညိုဆိုရင် ကျုပ်ပုဆိုးစကိုဆွဲထားတာဗျ၊ ဒီကောင်ကြီးတွေက တကယ်ကိုက်မယ့်ပုံပဲ။

ဒါပေမယ့် ကျုပ်တို့နဲ့ ခြေငါးလှမ်းလောက်အကွာရောက်တော့ အဲဒီခွေးကြီးတွေက မြေမှာစင်းစင်းကြီးဝပ်သွားတယ်ဗျ၊ ပြီးတော့ ခေါင်းတွေကိုငုံ့ပြီးအမြှီးတွေလည်း ကုပ်လို့ဗျာ၊ ကျုပ်ကတော့ ဦးလသာလုပ်လိုက်တယ်ထင်တာပါပဲ၊ ခွေးတွေက အသေကောင်ကြီးတွေလို မလှုပ်မယှက် တောင့်တောင့်ကြီးဗျ။ အဘွားကြီးကတော့ ကျုပ်တို့ကိုကြည့်ပြီး ပွစိပွစိနဲ့ပြောနေတာပဲ၊

ဟော နောက်တစ်အိမ်ကိုလည်းဖြတ်ရော ခြံထဲမှာ အဝတ်လှန်းနေတဲ့မိန်းမကြီးက ခြံပြင်ကိုပြေးထွက်လာပါရောဗျာ၊ ပြီးတော့ဘာလုပ်တယ်ထင်သလဲဗျ၊ သူ့ထမီကို မလှန်ပြီးတော့ သူ့ပစ္စည်းကို ပြတာဗျာ၊ ပါးစပ်ကလည်း အယုတ္တအနတ္တတွေ ဆဲလိုက်တာ မိုးမွန်နေတာပဲ၊ ဦးဘသာက လှည့်တောင်မကြည့်ဘူး။

“ဟဲ့ကောင်မ၊ ဒီအသက်အရွယ်ရောက်နေတာတောင် ထမီမနိုင်ဘူးလား”

ဦးဘသာပြောပြီးတော့ ဒီမိန်းမရဲ့ထမီကြီးက လှန်မရတော့ဘူးဗျာ၊ သူလည်းဆွဲလှန်ပေမယ့် ထမီက သူ့ခြေသလုံးတွေမှာ ကော်နဲ့ကပ်ထားသလို ကပ်နေပါရော၊ ဒါနဲ့ ခါးထောက်ပြီး ဆဲတာပေါ့။

“နင့်အသံမကြားချင်ဘူး”

ဦးဘသာပြောပြီးဆက်လျှောက်သွားတယ်၊ အဒေါ်ကြီးက ပါးစပ်ကြီးပြဲနေအောင်ဟပြီးတော့ ဆဲဆိုနေပေမယ့် ဘာအသံမှ မထွက်ဘူးဗျာ၊ အံ့ပါရဲ့၊ ပါးစပ်ကြီးတော့ ဖြဲကားပြီးပြောနေတာပဲ၊ မသိရင် တီဗွီကို အသံပိတ်ပြီးကြည့်နေသလိုပေါ့ဗျာ၊ ဆက်လျှောက်လာရင်း ရွာအနောက်ပိုင်းကိုရောက်လာတယ်ဗျ၊ ဦးဘသာက အိမ်ကြီးတစ်အိမ်ရှေ့မှာရပ်ပြီးတော့

“အိမ်ရှေ့မှာ မန်ကျည်းပင်ကြီးနဲ့ဆိုတော့ ဒီအိမ်ပဲဖြစ်မယ်ကွ”

ဦးဘသာက အိမ်ထဲလှမ်းဝင်ဖို့လုပ်လိုက်တော့ ခြံတံခါးက လူမရှိဘဲ ဂျိန်းဆိုပိတ်သွားတယ်ဗျာ၊ ခြံဝင်းတစ်ခုလုံးကို ဝါးကပ်တွေနဲ့ကာထားတာဗျ၊ ခြံတံခါးကိုတော့သစ်သားချောင်းကလေးတွေနဲ့လုပ်ထားတာပေါ့၊ ဦးဘသာလည်း ခြံတံခါးကိုကြည့်ပြီး

“အောင်မာ၊ ငါ့ကိုဒီလောက်နဲ့များ တားလို့ရမယ်တဲ့လား”

ဦးဘသာလည်း ခြံတံခါးကိုကြည့်လိုက်တော့ ခြံတံခါးက ဝုန်းခနဲပြန်ပွင့်သွားတယ်၊ ပြီးတာနဲ့ ချက်ချင်းပဲ ပြန်ပိတ်သွားတာပဲ၊ ဒါနဲ့ ဦးဘသာလည်း ခြံတံခါးကိုလက်ညှိုးထိုးလိုက်တော့ ခြံတံခါးက ဝုန်းဆိုပွင့်ထွက်ပြီးတော့ တစ်စစီဖြစ်သွားပါရောလား။ ပွဲကတော့ကြမ်းပြီဗျာ၊ ဦးဘသာ အိမ်ထဲဝင်သွားတော့ အိမ်ပေါက်ဝမှာ မိန်းမတစ်ယောက်က ကျောပေးပြီးတော့ ငုတ်တုတ်ထိုင်နေသဗျ။

“ရှင်ပြန်တော့၊ ရှင့်ကို ကျုပ်တို့မကြိုဆိုဘူး”

“ငါနင်တို့နဲ့ ရန်ဖြစ်ရအောင် လာခဲ့တာမဟုတ်ဘူး၊ မိမိုးကြီးနဲ့ ငါတွေ့ချင်တယ်”

“မိမိုးကြီးက သေတာကြာပြီ၊ ရှင်တွေ့ချင်ရင် တမလွန်ကိုလိုက်သွားပေါ့”

“သူမသေဘူးဆိုတာ ငါသိတယ်၊ သူက ရုပ်အနေနဲ့မရှိတော့ပေမယ့် နာမ်လောကထဲမှာကျင်လည်နေတယ်၊ တစ်နည်းပြောရရင် သူက ထုံကူးသွားတာပဲမဟုတ်လား၊ မင်းတို့နဲ့အဆက်အသွယ်ရှိနေတယ်မဟုတ်လား”

“ငါ ပြဿနာမဖြစ်ချင်ဘူး ကလေးမ၊ ငါအရေးကြီးတဲ့ကိစ္စတစ်ခုနဲ့လာခဲ့တာပဲ၊ မင်းလမ်းဖယ်ပါ”

“ကျုပ်သေသွားမှ ကျုပ်အလောင်းပေါ်ကကျော်ပြီး ဒီအိမ်ထဲကိုဝင်သွားပေါ့တော်”

ဦးဘသာက တွေဝေနေတယ်ဗျ၊ ကျုပ်ကတော့ ဒီမိန်းမကို တော်တော်မျက်မုန်းကျိုးနေပြီ၊ ကျုပ်သာ ပညာတတ်လို့ကတော့ ဒီမိန်းမကိုလုပ်တော့မှာ။

“ငါတောင်းပန်ပါတယ်ကလေးမ၊ မိမိုးကြီးနဲ့ တွေ့ခွင့်ရအောင်လုပ်ပေးပါ”

ကျုပ်လည်း ဦးဘသာအနားကိုကပ်လိုက်ပြီးတော့

“အိုဗျာ၊ ဦးဘသာကလည်း သူက မချေမငံံပြောနေပြီပဲဗျ၊ ပြန်ကြမ်းလိုက်ပေါ့”

“မဖြစ်ဘူးအလတ်ကောင်ရ၊ သူကျောပေးထိုင်ထားတာ အလကားမဟုတ်ဘူး၊ စုန်းလိပ်သွင်းထားတာ၊ လိပ်ရဲ့နောက်ကျောက မာတယ်မဟုတ်လား၊ အခုလည်း အဲဒီလိုပဲပေါ့ကွာ၊ တော်ရုံလူ သူ့ကိုမထိခိုက်နိုင်အောင် စုန်းလိပ်လုပ်နေတာဟေ့”

“ဟာဗျာ၊ ဦးဘသာက သူ့ကိုမနိုင်ဘူးလား”

“ငါလုပ်လိုက်ရင် သူသေရင်သေ၊ မသေရင် ဒုက္ခိတဖြစ်မှာကွ၊ ငါမလုပ်ချင်ပါဘူး”

ဒီအချိန်မှာ ခြံဘေးကနေ မိန်းကလေးတစ်ယောက်ထွက်လာတယ်ဗျ၊ ရေစိုထမီကို ထမီရင်လျားလုပ်ထားတာ၊ ကျုပ်တို့ကိုတွေ့တော့ လန့်သွားတဲ့အကြည့်နဲ့ကြည့်နေတယ်၊ ပြီးတော့ ချက်ချင်းပဲ မျက်သားက အပေါ်ကိုတက်သွားပြီးတော့ မျက်ဖြူလန်သွားတာပဲဗျာ။

“သြော်၊ ငါထင်ထားတဲ့အတိုင်းပါပဲလား၊ ကိုင်း လာလာ အိမ်ပေါ်တက်ကြ”

ဒီတော့ အိမ်တံခါးကို နောက်ပြန်ထိုင်နေတဲ့မိန်းကလေးက

“မမလေး၊ သူတို့က လူဆိုးတွေ၊ သူတို့ကိုဝင်ခိုင်းလို့ဖြစ်ပါ့မလား”

“ဖြစ်ပါတယ်ဟဲ့၊ ဒင်းကိုငါသိပါတယ်၊ နင်ဖယ်စမ်း”

မိန်းကလေးအသံက ခပ်သြသြကြီးဗျ၊ သူပြောတော့ တံခါးက မိန်းကလေးလည်း ဖယ်ပေးလိုက်တာပေါ့ဗျာ၊ အဲဒီ ရေစိုထမီဝတ်ထားတဲ့ မိန်းကလေးအနောက်ကနေ ကျုပ်တို့ကုပ်ချောင်းကုပ်ချောင်းနဲ့လိုက်သွားတာပေါ့၊ ဟိုမိန်းကလေးကတော့ ကျုပ်တို့ကိုမကျေနပ်လို့ ဘုကြည့်ကြည့်နေတယ်ဗျ၊

အိမ်ခန်းထဲမှာတော့ ဘုရားစင်လိုစင်ကြီးတစ်ခုရှိတယ်၊ ဒါပေမယ့် စင်ပေါ်မှာတော့ ဘုရားဆင်းတုမရှိဘူးဗျ၊ မိန်းမကြီးတစ်ယောက်ပုံစံ ရုပ်တုကိုတင်ထားတာ၊ ပြီးတော့ အနက်ရောင်အစတွေ၊ အဝါရောင်အစတွေ၊ အနီရောင်အစတွေနဲ့ ရှုပ်ရှက်ခပ်နေတာပဲဗျာ၊ ခုနကအရုပ်အရှေ့မှာတော့ တောင်ဝှေးတစ်ချောင်းကို အလျားလိုက်တင်ထားတယ်ဗျ။

ခုနက စင်အရှေ့မှာ စားပွဲအသေးလေးတစ်လုံးချထားတယ်၊ ရေစိုထမီနဲ့မိန်းကလေးက စားပွဲခုံပေါ်တက်ပြီးတော့ ဆောင့်ကြောင့်ကြီးထိုင်လိုက်ပါရောဗျာ။

“ကဲ သာဒင် နင်ဘာထူးလို့ တို့ဆီရောက်လာတာလဲ”

“ထူးတာကတော့ ဟောဒီကလေးပါ၊ ဟောဒီကလေးက မွေးရာပါ မောက်လုံးကလေးဖြစ်နေပါတယ် မိမိုးကြီး၊ သူ့ကိုတစ်ချက်လောက်စစ်ဆေးပေးပါ”

“အေး အရှေ့နားတိုး”

ဦးဘသာက ကြောက်လန့်နေတဲ့ငညိုကို အရှေ့တိုးခိုင်းလိုက်တယ်၊ အဲဒီမိန်းကလေးက ငညိုရဲ့ငယ်ထိပ်ပေါ်ကို လက်ဝါးနှစ်ဖက်ဖြန့်ပြီးတင်တယ်ဗျ၊ ပြီးတော့ လက်ဝါးကို မှောက်လိုက်၊ လှန်လိုက် လုပ်နေပါရော။

“ဟဲ့သာဒင် ဒီကလေးမှာ ဘာပညာစက်မှ မရှိပါဘူးဟဲ့”

“ဟာ၊ မဟုတ်တာပဲ မိမိုးကြီးရာ သေသေချာချာစစ်ဆေးကြည့်စမ်းပါ”

“အလိုတော်၊ ငါ့နာမည် မိမိုးကြီးပါဟဲ့၊ မှော်ပညာအရာမှာ ဝိဇ္ဖာပေါက်ပြီး ဆရာနေရာရောက်နေတဲ့ အောက်ဝိဇ္ဇာပါ၊ ငါတပ်အပ်ပြောရဲတယ်၊ ဒီကလေးမယ် ဘာပညာ၊ ဘာစက်မှ မရှိဘူးဟဲ့”

ဦးဘသာက ခေါင်းကုပ်နေတယ်ဗျ။

“ကျုပ်ပညာစက်တွေကို ဖးဖိထားလို့များ မိမိုးကြီးမသိနိုင်တာလား”

“နင်က ငါ့ကိုတော်တော်အထင်သေးနေတာပဲ၊ နင်ငါ့အကြောင်း မသိဘူးလား”

“သိပါတယ် မိမိုးကြီး၊ ဒါပေမယ့် ဒီကလေးမှာ ပညာစက်မရှိဘူးဆိုတာတော့ အတော်ထူးခြားနေတယ်၊ ကျုပ်သူ့ကို စမ်းသပ်တုန်းက သူ့မှာအမောက်လံံုံးတစ်ခုရှိတယ်၊ ပြီးတော့ လေတွေ၊ ရေတွေကိုလည်း ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့တယ်”

အဲဒီမိန်းကလေးက မျက်လုံးကိုစူးစူးစိုက်စိုက်မှိတ်ထားတယ်ဗျ။ မျက်လုံုံးဘေးနားမှာတောင် အစင်းကြောင်းတွေပေါ်လို့ဗျာ။

“ဆက်ပြောစမ်း၊ ငါစိတ်ဝင်စားလာပြီ”

ဦးဘသာကလည်း ခေါင်းညိတ်ရင်း

“ပညာသည်တွေထဲမှာ ရေတို့၊ လေတို့ကို ထိန်းချုပ်နိုင်တယ်ဆိုတာ နှယ်နှယ်ရရအစွမ်းမှမဟုတ်ဘဲ မိမိုးကြီးရဲ့၊ ဝမ်းတွင်းပါတဲ့ ပညာသည်တွေတောင်မှ သဘာဝဓါတ်ကြီးလေးပါးကိုထိန်းချုပ်ဖို့က အတော်ကြာအောင် လေ့လာလိုက်စားနိုင်မှမဟုတ်လား၊ အခု ဒီကလေးကတော့ ဝမ်းတွင်းပါတဲ့ကလေးဗျ၊ လေကိုထိန်းချုပ်လိုက်တာလည်း ထူးဆန်းတာမပြောပါနဲ့၊ ဆိုင်ကြီးတစ်ခုလံုံးကို လေပေါ်အစိတ်စိတ်အမွှာမွှာဖြစ်ပြီး မြောက်တက်သွားအောင် လုပ်နိုင်သဗျ၊ သူလုပ်လိုက်လို့ ပျက်စီးသွားတဲ့အရာတွေကို ကျုပ်တောင်မှ မနည်းပြန်လိုက်ဆယ်ပြီးတော့ နဂိုအတိုင်းဖြစ်အောင်ထားရတယ်”

“ဒီကလေး ပညာမသေးဘူးပဲ၊ မှန်းစမ်း၊ ငါတို့စမ်းနေတာသိလို့ တင်းခံနေတာများလား”

မိန်းကလေးက မျက်လံုံးတွေပြန်ဖွင့်လိုက်တယ်ဗျ၊ ပြီးတော့ ခုနက အိမ်တံခါးကို နောက်ပြန်ထိုင်နေတဲ့ မိန်းကလေးကိုကြည့်ပြီးတော့

“ဟဲ့ ငါ့ကိုပုဝါပေးစမ်း”

အဲဒီမိန်းကလေးက ပြာပြာသလဲနဲ့ ဘုရားကျောင်းဆောင်လို စင်ကလေးဆီပြေးပြီးတော့ အနီရောင်၊ အနက်ရောင်၊ အဝါရောင်အစတွေကို သိမ်းကြံုံးပြီး ဆွဲယူလိုက်တယ်ဗျ၊ ပြီးတော့ မိမိုးကြီးဝင်ပူးတဲ့ မိန်းကလေးကိုပေးလိုက်ပါရော၊ မိန်းကလေးက ပုဝါစတွေကိုလှမ်းယူပြီးတော့ သူ့ကိုယ်လံုံးမှာ တစ်ပတ်ပတ်တယ်၊ ဘယ်ပုခံံုံးကနေ ဘေးစောင်းတင်ပြီးတော့ ချိုင်းအောက်ကနေထွက်ပြီး ဘယ်ပုခုံးကိုပဲ ပုဝါကိုပြန်တင်ပြီး အနောက်ကိုအစပြန်ချတယ်ဗျ၊ အဲဒီလိုလုပ်တာကို ထုံရစ်တယ်လို့ ခေါ်တယ်တဲ့ဗျာ၊ ဒါက ဦးဘသာက နောက်မှပြောပြတာပါ။

“တောင်ဝှေးပေးစမ်း”

ခုနက မိန်းကလေးက စင်ပေါ်မှာတင်ထားတဲ့ တောင်ဝှေးကိုလှမ်းပေးလိုက်တယ်ဗျ။ မိမိုးကြီးက တောင်ဝှေးကိုလှမ်းယူလိုက်တယ်၊ တောင်ဝှေးက သိပ်မရှည်ပါဘူးဗျာ၊ တစ်လံလောက်ပဲရှိပရတယ်၊ ကျပ်ပြားလုံးလောက်ရှိတဲ့ သစ်သားနဲ့လုပ်ထားတဲ့ တောင်ဝှေးပါ။ တောင်ဝှေးကိုလှမ်းယူပြီးတော့ ငညိုရဲ့ခေါင်းကို တောင်ဝှေးနဲ့ခေါက်ရင်း “အိပ်စမ်း” လို့ပြောလိုက်တာနဲ့ ငညိုတစ်ယောက် တုံးခနဲလဲကျသွားတာပဲဗျာ၊ ငညိုကို သူ့ခြေထောက်အနားကို ခေါင်းထားပြီးအိပ်စေရင်း သူကတော့ စားပွဲခုံပေါ် ဆောင့်ကြောင့်ထိုင်ပြီးတော့ ငညိုရဲ့ရင်ဘတ်ကို တောင်ဝှေးစတစ်ဖက်နဲ့ လှမ်းထောက်ထားလိုက်တယ်။

ပြီးတော့ မန္တန်တွေကို ရွတ်တော့တာပဲဗျာ၊ အသံနေအသံထား အဖြတ်အတောက်မှန်မှန်နဲ့ကို ရွတ်တာဗျ၊ ရွတ်နေရင်းနဲ့ အသံံက အံကြိတ်ထားသလိုမျိုး တင်းတင်းကြီးဖြစ်လာတယ်။

“သာဒင်၊ နင်တော့ ပြဿနာရှာလာပြီ၊ နင်တော့ပြဿနာကို တို့ရွာကိုသယ်လာခဲ့ပြီဟဲ့”

ပြောရင်းနဲ့ မိမိုးကြီးဆံပင်တွေက လေတိုက်သလို တဝူးဝူးဖြစ်လာတယ်၊ အစကတော့ ဖြည်းဖြည်းပဲဗျ၊ နောက်တော့ ဆံပင်တွေအကုန်လံံုံး လေတွေလှန်ပြီးတော့ လွင့်နေတာပဲဗျာ၊ မျက်နှာကြီးကလည်း မဲ့လို့ဗျ၊ ဒီအချိန် တောင်ဝှေးထိပ်နားက အဖြူရောင်အလင်းတန်းတွေထွက်လာတယ်၊ အဖြူရောင်အလင်းတွေက နေရောင်ခြည်လို အတော်စူးစူးဗျ၊ ဘေးကကြည့်နေတဲ့ကျုပ်တို့အကုန်လုံး ကိုယ့်မျက်လံံုံးကိုယ် ပိတ်ထားလိုက်ရတယ်၊ ပြီးတာနဲ့ ငညိုကလေးက ရွှီးခနဲအသံအကျယ်ကြီးမြည်ပြီးတော့ မိုးပေါ်ကိုထောင်တက်သွားတာပဲဗျာ၊ အိမ်ခေါင်မိုးကြီးဆိုရင် ဝုန်းခနဲပွင့်ပြီးတော့ အပေါက်ကြီးအကြီးကြီး ကျန်နေခဲ့တယ်၊ ခုံပေါ်မှာ ဆောင့်ကြောင့်ထိုင်နေတဲ့ မိမိုးကြီးလည်း အနောက်ကိုပက်လက်လန်ပြီးတော့ ခြေလွတ်လက်လွှတ်လဲကျပါရောလား။

“မမလေး၊ မမလေး”

ဟိုမိန်းကလေးက ပြေးဆွဲပြီးထူတယ်ဗျ၊ မိမိုးကြီးဝင်ပူးတဲ့မိန်းကလေးက အတော်မောနေပံုံရတယ်၊ သူ့ရင်ဘတ်က ဖားဖိုကြီးလို ပိန်လိုက်ဖောင်းလိုက်နဲ့ အသက်ကိုမနည်းလုပြီးရှူနေရတယ်ဗျာ။

“တောင်ဝှေး . . . တောင်ဝှေး . . . ပါသွားပြီ”

ဟုတ်ပါ့ဗျာ၊ ကျုပ်တို့ကြည့်လိုက်တဲ့အချိန် ခုနက တောင်ဝှေးကြီးလုံးဝမရှိတော့ဘူးဗျ။ သူပြောပံုံအရဆိုရင် တောင်ဝှေးကို ငညိုက ဆွဲယူသွားတဲ့ပုံပဲ။ ကျုုပ်လည်း ဘာတွေဖြစ်နေမှန်းကို နားမလည်တော့ပါဘူးဗျာ၊ မိမိုးကြီးပူးတဲ့မိန်းကလေးက မျက်လုံးတွေကိုပြန်မှိတ်ပြီး အာရုံစူးစိုက်တယ်ဗျာ၊ ဒါပေမယ့် သူဘာမှလုပ်မရဘူးဖြစ်နေတယ်၊ ပြီးတော့ မျက်ရည်တွေကျလာတယ်။ ဦးဘသာဆို တော်တော်ထိတ်လန့်နေတာ။

“နင့်ပညာတွေကွယ်သွားပြီ၊ နင့်ကို မိမိုးကြီးမစီးမကပ်တော့ဘူးမဟုတ်လား”

ဒီမိန်းကလေးက ခေါင်းညိတ်တယ်ဗျ။

“ဘာတွေဖြစ်နေတာလဲ၊ ဒီကိစ္စကို မိမိုးကြီးသိသလို နင်လည်းတစ်ခုခုတော့ သိမယ်ထင်တာပဲ ကလေးမ၊ ပြောစမ်းပါ”

အဲဒီမိန်းကလေးက အားယူပြီး ထိုင်ရင်း

“မိမိုးကြီးက ဒီလိုအဖြစ်မျိုးကို သတိပေးနေတာကြာပြီ”

(၅)

“ဘာကိုသတိပေးနေတာလဲ ကလေးမ”

“သာဒင်ဆိုတဲ့လူတစ်ယောက် ရွာကိုလာလိမ့်မယ်၊ ဘယ်လ၊ ဘယ်အပတ်မှာလာမယ်လို့ အတတ်ဟောထားတယ်၊ အဲဒီလူလာရင် ရွာမှာပြဿနာကြီးဖြစ်မယ်တဲ့၊ ဒါကြောင့် ရွာက ကာလသားခေါင်း ကိုဖိုးကွန့်တို့ကို ပြောဆိုပြီး သာဒင်ဆိုတဲ့လူရွာကိုလာရင် ရွာထဲကိုမသွင်းဖို့ ကြိုတင်မှာထားပြီးသား”

ကျုပ်လည်း ခေါင်းညိတ်လိုက်ရင်း

“ဒါကြောင့်ကိုး၊ ဒါကြောင့် ရွာထိပ်မှာ ကာလသားတွေက လူတွေကိုရှာဖွေနေတာကိုး”

“ဒါဆို မိမိုးကြီးက တစ်ခုခုကိုကြိုသိနေလို့ပဲကွ၊ သူက ဘာကိုကြိုသိနေတာလဲ”

ဦးဘသာလည်း ပဟေဠိဖြစ်သွားတယ်ထင်တယ်။

“ဘေးဆိုးကြီးတစ်ခုတဲ့၊ အထူးသဖြင့် ဒီရွာမှာရှိတဲ့ စုန်းတွေ၊ ကဝေတွေအတွက် အလွန်ကြီးမားတဲ့ ဘေးဆိုးကြီးတစ်ခုတဲ့”

ကျုုပ်လည်း သိချင်တာနဲ့

“ဘာဘေးလဲဗျ”

မိန်းကလေးက ခေါင်းခါရင်း

“ဒါကတော့ မိမိုးကြီးပဲသိမှာ”

“နေပါအုံးဗျ၊ အဲဒီမိမိုးကြီးဆိုတာ ဘယ်သူလဲ”

ဦးဘသာက ကျုပ်ဘက်ကိုလှည့်ကြည့်ပြီး

“အထက်လမ်းပညာရပ်တွေကို တစ်ဖက်ကမ်းခတ်တတ်မြောက်သွားတဲ့လူကို အထက်ဝိဇ္ဇာလို့ခေါ်တယ်ကွ၊ ဒီလိုပဲ အောက်လမ်းပညာရပ်တွေ စုန်းပညာရပ်တွေကို တစ်ဖက်ကမ်းခတ်တတ်မြောက်သွားတဲ့လူကို အောက်ဝိဇ္ဇာလို့ခေါ်ကြတယ်၊ မိမိုးကြီးက အရင်ကတည်းက ကဝေမြောက်တစ်ဦးပဲကွ၊ ဒါပေမယ့် သူက ကဝေပညာကို မကောင်းတဲ့နေရာမှာ အသုံးမချဘဲနဲ့၊ မင်းကိုမနက်ကပြောခဲ့တဲ့ အနန္တမနောကိုထိုးဖောက်သိမြင်ပြီးတော့ အကြားအမြင်ဟောပေးနေခဲ့တာပဲ”

“သြော်၊ ဒီလိုကိုး”

“သူသေသွားသေမယ့် သူရဲ့နာမ်က မသေခဲ့ဘူး၊ ဘိုးတော်တွေ ထွက်ရပ်ပေါက်သလိုမျိုး၊ သူကလည်း ထွက်ရပ်ပေါက်သွားခဲ့တယ်၊ အခုတော့ သူက အနန္တမနောအတွင်းမှာ နာမ်ခန္ဓာနဲ့အသက်ရှင်ရင်း နေထိုင်တယ်၊ ဘိုးတော်တွေ ဓါတ်စီးသလိုမျိုး ဟောဒီက ကလေးမကို ဓါတ်စီးပြီးတော့ အကြားအမြင်တွေ ဆက်ဟောပေးနေတာပဲ”

“ကျုပ်နားလည်ပြီ၊ ဒါနဲ့ ဦးဘသာက ငညိုကို ဒီကိုခေါ်လာတယ်ဆိုတာကရောဗျာ”

“ခုနက ငါပြောခဲ့တယ်မဟုတ်လား၊ ငညိုက မွေးရာပါထူးခြားတဲ့သူပဲ၊ ဒါကြောင့်မို့လို့ သူ့ကိုငါ့ပညာချည်းသက်သက်နဲ့ ပညာဖျက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ နွားသန်ညိုးရင် တိုးတတ်တယ် ဆိုတဲ့စကားအတိုင်း ပညာကြမ်းတဲ့ ငညိုကို ငါက အကိုင်အတွယ်မတော်ခဲ့ရင် ငညိုရော၊ ငါရော တစ်ခုခုဖြစ်တတ်တယ်၊ အခန့်မသင့်ရင် နှစ်ယောက်စလုံးသေရင်သေ၊ မဟုတ်ရင် တစ်ယောက်သေတတ်တယ်ကွ၊ ဒါကြောင့်မို့လို့ မိမိုးကြီးဆီကိုလာခဲ့တာ”

“ဒါဆိုရင် မိမိုးကြီးတစ်ယောက်ပဲ သူ့ကိုလုပ်ပေးနိုင်တဲ့သဘောလား”

“အေးပေါ့၊ ခုနက တောင်ဝှေးကို “ကဝေမှုတ်ပြောင်း” လို့ခေါ်ကြတယ်၊ အတတ်ပညာတွေအားလုံးကို ဒီတောင်ဝှေးနဲ့သပ်ချလိုက်ပြီး ဖြိုဖျက်ဆီးရတယ်”

“ဒါဆို အခုဘာဆက်ဖြစ်မှာလဲ၊ ငညိုကရော ဘယ်ရောက်သွားတာလဲ”

ဦးဘသာ ပြန်မဖြေနိုင်တော့ဘူးဗျ၊ ပြီးတော့ မိမိုးကြီး ဝင်စီးတတ်တဲ့ မိန်းကလေးကိုလှည့်ကြည့်လိုက်တယ်။

“မိမိုးကြီးအဆိုအရဆိုရင်တော့ တော်တော်ဆိုးရွားတဲ့အဖြစ်တစ်ခုဖြစ်တော့မှာမို့လို့ပဲ”

“ဒါနဲ့စကားမစပ်၊ ကျွန်မနာမည်က ယဉ်မြိုင်ပါ၊ ဟိုကတော့ ကျွန်မရဲ့တပည့် စုလှိုင်လို့ခေါ်ပါတယ်”

ဦးဘသာက ခေါင်းညိတ်လိုက်ရင်း

“ဗွေခုံလောက်ဆိုင် ယဉ်မြိုင်ဆိုတာမှတ်တယ်”

မိမိုးကြိး ဝင်စီးတဲ့မိန်းကလေးက ယဉ်မြိုုင်တဲ့ဗျာ၊ ရုပ်ရည်ကလည်း ချောချောကလေးဗျ၊ ခုနက စုန်းလိပ်သွင်းထားတယ်ဆိုတဲ့ မိန်းကလေးကတော့ စုလှိုင်ပေါ့ဗျာ၊

“ဒါဆို ဘာဆက်ဖြစ်နိုင်မလဲ ဆရာကြီး”

ယဉ်မြိုင်ကမေးတယ်၊ ဦးဘသာလည်း ချက်ချင်းတော့မဖြေနိုင်သေးဘူးဗျ။ ခေါင်းကိုတွင်တွင်ခါရင်း

“တစ်ခုခုတော့ ထူးတော့မှာ အမှန်ပဲဟေ့”

ဒီလိုနဲ့ ကျုပ်တို့လည်း သူတို့အိမ်ကနေပြန်လာခဲ့တာပေါ့ဗျာ၊ နေ့လည်တောင်ရောက်နေပြီဆိုတော့ ဦးလူလှတို့အိမ်ကိုရောက်သွားတဲ့အခါ ထမင်းဝိုင်းက အသင့်စောင့်နေပြီဗျ။

“ကိုဘသာတို့၊ အချိန်ကိုက်ရောက်လာတာပဲ၊ လာဗျာ၊ စားကြရအောင်”

ထမင်းဝိုင်းမှာထိုင်နေတဲ့ ချိုတူးက ကျုပ်တို့ကိုလှမ်းကြည့်ပြီး

“ဒါနဲ့ ငညိုတစ်ယောက်ကောဗျ”

ကျုပ်ကတော့ မျက်နှာကွက်ခနဲပျက်သွားတယ်၊ ဦးဘသာကတော့ အေးအေးလူလူပါပဲ။

“အေးကွာ၊ ရွာထဲမှာကလေးတွေဆော့နေတာကိုတွေ့တော့ သူလည်းပါချင်တယ်ဆိုပြီးတော့ ရောဆော့နေလေရဲ့၊ သူဗိုက်ဆာတော့ ပြန်လာပါလိမ့်မယ်”

ကျုပ်တို့လည်း ထမင်းဝိုင်းမှာထိုင်လိုက်တယ်၊ ဟင်းကတော့ ကောင်းတယ်ဗျာ၊ ဝက်သားသုံးထပ်သားကို အာလူးနဲ့ဆိမ့်ဆိမ့်ကလေးချက်ထားတာဗျ၊ ပြီးတော့ မန်ကျည်းသီးအစိမ်းကို ငါးပိချက်ချက်ထားတယ်၊ တို့စရာကတော့ သခွားသီးစိတ်ကလေးတွေနဲ့ သီဟိုရ်ညွန့်လေးတွေပေါ့ဗျာ။ ဖရုံညွန့်၊ ဖရုံကင်းလေးတွေကို အရည်သောက်ကလေးချက်ထားတာလည်း ပါသေးသဗျ။ ရွှေမိကတော့ ဧည့်သည်တွေရှေ့မို့ထင်တယ် ထမင်းမစားဘဲ ဘေးကနေယပ်တောင်တစ်ချောင်းနဲ့ထိုင်ပြီးတော့ ယင်ကောင်တွေမောင်းနေတယ်ဗျ။

ကျုုပ်လည်း ဆာဆာနဲ့ ထမင်းကိုစားလိုက်တယ်၊ ဦးဘသာကြည့်ရတာ စိတ်နဲ့လူနဲ့ကပ်ပုံမရဘူးဗျာ၊ ထမင်းပန်းကန်ထဲ လက်နှိုက်ပြီးတော့ ငေးနေလေရဲ့၊ ဦးလူလှက ဒါကိုတွေ့တာနဲ့။

“ကိုဘသာ၊ စားလေဗျာ၊ ဘာတွေငေးနေတာလဲဗျ၊ ဝက်သားမစားလို့လား”

ဒီတော့မှ ဦးဘသာက သတိဝင်သွားပြီး

“စားပါတယ်၊ စားပါတယ်”

ှုဦးလူလှက ဝက်သားဟင်းပန်းကန်ထဲက ဝက်သားတုံးကြီးတစ်တုံးကို ဇွန်းနဲ့ခပ်လိုက်ပြီးတော့ ဦးဘသာပန်းကန်ထဲကိုလှမ်းထည့်တယ်ဗျ၊ ဒါပေမယ့် ဝက်သားတုံးက ဦးဘသာပန်းကန်အနားကိုရောက်တော့ လက်ကရပ်သွားတယ်ဗျ၊ ကျုုပ်လည်း ဘာဖြစ်တာလဲဆိုပြီးကြည့်နေတာပေါ့ဗျာ၊ ဟင်းတုံးထည့်ပေးတဲ့ ဦးလူလှရဲ့လက်က လေပေါ်မှာတန်းလန်းကြီးရပ်နေတယ်၊

“ဦးလူလှ၊ ထည့်လေဗျာ”

ကျုပ်ကတောင် မနေနိုင်လို့ပြောလိုက်တယ်၊ ဦးလူလှက ကျောက်ရပ်ကြီးတစ်ရုပ်လို ရပ်သွားတာပဲဗျာ၊ ဦးဘသာက လက်ကို လက်သုတ်ပုဝါနဲ့သုတ်ရင်း ချိုတူးဆီကိုမေးငေါ့ပြတယ်ဗျာ၊ ပါးစပ်ထဲကို ထမင်းလုပ်ထည့်နေတဲ့ချိုတူးလည်း ထမင်းလုပ်တန်းလန်းကြီးနဲ့ ရပ်နေတာပဲဗျာ။ ဒါနဲ့ ဘေးနားက ရွေမိကိုကြည့်လိုက်တော့ ရွှေမိလည်း မျက်လုံးကြီးပြူးလို့ ယပ်တောင်ကြီးကိုင်ရင်း ရပ်နေတာပဲ။

“ဦး၊ ဦးဘသာ သူတို့ကိုဘာလုပ်လိုက်တာလဲ”

“ငါလုပ်တာမဟုတ်ဘူးကွ”

ဒီအချျိန်ရွာလမ်းပေါ်မှာ လူတွေရုံးစုရုံးစုနဲ့ ပြေးလာကြပါရောဗျာ၊ ကောင်းကင်ကြီးကလည်း ပုံမှန်ထက်ပိုပြီး လင်းလင်းထိန်ထိန်ကြီးဖြစ်နေသလိုပဲ၊ ဦးဘသာလည်း ထထွက်သွားတာနဲ့ ကျုပ်လည်း လက်ကိုကမန်းကတမ်းဆေးပြီးတော့ ဦးဘသာအနောက်ကိုလိုက်ခဲ့တော့တာပဲဗျာ၊ ရွာလယ်လမ်းမှာ သွားလာနေကြတဲ့လူတွေ၊ လုပ်ကိုင်နေကြတဲ့လူတွေလည်း အကုန်လုံးရပ်နေတယ်ဗျ၊ ဒါပေမယ့် မရပ်တဲ့လူတွေတော့ရှိတယ်။

“ဦးဘသာ၊ ဘာဖြစ်နေတာလဲဆိုတာ ကျုပ်ကိုပြောစမ်းပါ”

“တစ်ယောက်ယောက်က ရပ်ဝန်းတစ်ခုကိုဖန်တီးလိုက်ပြီအလတ်ကောင်”

“ဘာရပ်ဝန်းလဲ”

“စုန်းပညာတတ်တဲ့လူတွေပဲ သွားနိုင်လာနိုင်ပြီးတော့ ပညာမတတ်တဲ့လူတွေအကုန်လုံး အိပ်မောကျရပ်တန့်နေတဲ့ ရပ်ဝန်းတစ်ခုပေါ့ကွာ”

“ဗျာ၊ ဒါ . . . ဒါကို ဘယ်သူကလုပ်တာလဲဗျ”

ဦးဘသာက ခေါင်းခါရင်း

“ဒါကိုလုပ်တဲ့လူက နှယ်နှယ်ရရတော့မဟုတ်ဘူးကွ၊ ပုံမှန်အားဖြင့် ဒီလိုရပ်ဝန်းကို အိမ်ခန်းတစ်ခန်းစာ၊ တစ်အိမ်လုံးစာ၊ တစ်ခြံလုံးစာလောက်ပဲ လုပ်နိုင်ကြတာ၊ အခုတစ်ရွာလုံးကို လုပ်တယ်ဆိုတော့ ဒီလူကတော်တော်စွမ်းအားထက်တဲ့လူပဲဖြစ်ရမယ်”

ဒီအချိန်မှာပဲ အသံနက်ကြီးနဲ့ ရယ်မောတဲ့အသံကိုကြားလိုက်ရတယ်ဗျ၊ ရယ်သံက ကောင်းကင်ကနေလာတာ၊ ကျုပ်တို့ကြည့်နေတုန်း သစ်ပင်တစ်ပင်အမြင့်လောက်မှာ အဖြူရောင်အလင်းလုံးတစ်ခုပေါ်လာတယ်။

“ဟား၊ ဟား၊ ဟား နင်တို့တွေအကုန်လုံး ပြန်ပေးဆပ်ရလိမ့်မယ်”

ကျုပ်တို့နဲ့အတူတူပြေးလာတဲ့သူတွေက အယောက်ငါးဆယ် ခြောက်ဆယ်လောက်တော့ရှိသဗျ၊ ဦးဘသာပြောသလိုဆိုရင် ဒီလူတွေက စုန်းတွေ၊ ကဝေတွေများလား။ အလင်းလုံးကြီးက တဖြည်းဖြည်းနိမ့်ဆင်းလာရင်းနဲ့ လူတစ်ယောက်အသွင်ဖြစ်သွားတယ်။

“ဟာ၊ ငညို . . . ငညိုပါလား”

ကျုပ်ဖြင့်လန့်ပြီးအော်မိတယ်၊ မိုးပေါ်ပျံနေတာက ငညိုဗျ၊ လက်ထဲမှာလည်း ခုနက တောင်ဝှေးကြီးကိုင်လို့ဗျ။ ရွာခံစုန်းအဘိုးကြီးတစ်ယောက်က အရှေ့ကိုတက်သွားပြီးတော့

“ဟေ့ကောင်၊ မင်းဘယ်သူလဲ၊ မင်းဘာလို့ ဒီလိုလုပ်ရတာလဲ”

ငညိုက မျက်မှောင်ကြီးကြုုတ်ပြီးတော့

“အောင်မာ၊ ငါ့ကိုများ ဟေ့ကောင်လေး ဘာလေးနဲ့”

ငညိုက ပြောဆိုရင်း တောင်ဝှေးနဲ့လှမ်းညွှန်လိုက်တာနဲ့ ဒီအဘိုးကြီးက တုန်တုန်ယင်ယင်ဖြစ်လာပြီးတော့ ရှဲခနဲအငွေ့ဖြစ်ပြီး ပျောက်သွားတာပဲဗျာ၊ မျက်စိရှေ့တင်ကလေးဖြစ်သွားတာဗျ၊ ကျန်တဲ့စုန်းတွေထဲက အဘွားကြီးတစ်ယောက်က အရှေ့ကိုပြေးထွက်လာပြီးတော့

“အောင်မယ် နင့်ကိုနင်ဘာမှတ်နေသလဲ စုန်းပြူးလေးရဲ့”

အဘွားကြီးက သူ့ခေါင်းမှာစိုက်ထားတဲ့ နံ့သာဘီးကိုဖြုတ်ပြီးတော့ လှမ်းလွှတ်လိုက်တယ်ဗျ၊ ဘီးက လေထဲပျံသွားပြီးတော့ ငညိုကိုသွားထိတာပဲ၊ ဒါပေမယ့် ငညိုက ဘာမှမဖြစ်ဘူးဗျ၊ သူ့လက်တစ်ဖက်နဲ့ အဲဒီသစ်သားနံ့သာဘီးကို ဖမ်းယူလိုက်ပြီး လက်ဝါးထဲထည့်ညှစ်ပြီးတော့ တစ်စစီဖြစ်အောင် ချိုးချလိုက်တာပဲဗျာ၊ ပြီးတာနဲ့ အဘွားကြီးကို ဘီးအစအနတွေနဲ့ လှမ်းပစ်ထည့်လိုက်တော့တာပါပဲ။ အဘွားကြီးကလည်း မခေဘူးဗျ၊ ဘီးအစတွေအကုန်လုံးကို လက်နဲ့ပုတ်ချပြီးတားလိုက်တယ်၊ ဒီတော့ ငညိုက အဘွားကြီးကို တောင်ဝှေးနဲ့လှမ်းညွှန်လိုက်တော့ အဘွားကြီးကိုယ်လုံးက တဆတ်ဆတ်တုန်ယင်လာတယ်ဗျ။

“မလုပ်နဲ့၊ ရပ်လိုက်”

ဦးဘသာကြီးက အဘွားကြီးအရှေ့ကိုခုန်ဝင်လိုက်တယ်ဗျ၊ ဒီအချိန်မှာ ဝုန်းခနဲပေါက်ကွဲသံံကြီးနဲ့အတူ အဘွားကြီးလွင့်ထွက်သွားတယ်၊ ကျန်တဲ့စုန်းတွေက အဘွားကြီးကို ဝိုင်းပြီးဖမ်းထားပေးရတယ်၊ ဦးဘသာကတော့ တဆတ်ဆတ်တုန်နေတယ်ဗျ၊ ဒီတော့မှ ငညိုက တောင်ဝှေးကိုပြန်ချလိုက်တယ်။

“တော်ပါတော့အမေ၊ ဒီလိုတွေဆက်လုပ်မနေပါနဲ့”

ဦးဘသာက ငညိုကိုကြည့်ပြီးပြောတယ်၊ ငညိုက ဟက်ဟက်ပက်ပက်ရယ်မောရင်း

“သား၊ ဒီကိစ္စမှာ နင်ဝင်မပါနဲ့၊ နင်ဖယ်နေစမ်း”

“အမေ၊ ဒီလိုမလုပ်ပါနဲ့”

ငညိုက ဒေါသထွက်ထွက်နဲ့

“ဟဲ့သား၊ ဒီရွာကလူတွေ အမေတို့ကို ဘယ်လိုဆက်ဆံခဲ့တယ်ဆိုတာ နင်သိသလား၊ မိမိုးကြီးက အမေ့ကိုဘယ်လောက် နိုင်စားသလဲဆိုတာ နင်သိတယ်မဟုတ်လားဟဲ့”

“သိပါတယ်၊ အဲဒါတွေက အမေလုပ်ခဲ့တဲ့ ပြဿနာတွေပဲ”

“အောင်မယ်၊ ငါ့သားက အသက်ကလေး နည်းနည်းရလာတော့ ငါ့ကိုပြန်ပြီးအာခံနေပြီပေါ့”

ငညိုကပြောဆိုပြီးတော့ ဦးဘသာကိုလက်ညှိုးထိုးပြီး လက်ကိုဝှေ့ယမ်းထည့်လိုက်တော့ ဦးဘသာက လွင့်ထွက်သွားပြီးတော့ သစ်ပင်တစ်ပင်ရဲ့ခြေရင်းမှာ ခွေခွေကလေးကျသွားတယ်။ ငညိုက ရွာကစုန်းတွေကိုကြည့်ပြီးတော့

“ဟဲ့ စုန်းတွေ၊ နင်တို့ငါ့နာမည်ကိုမှတ်ထား၊ ငါ့နာမည် မယ်ပျင်းတဲ့၊ အခုနင်တို့ စုန်းသိုက်ကို အမြစ်ဖြတ်ပေးဖို့လာခဲ့တာဟဲ့”

နိဗ္ဗာန်ရွာက စုန်းတွေက ငညိုကိုကြည့်ပြီးတော့ အတော်အံ့သြနေကြတာဗျ။

“နင်တို့တစ်ချိန်က မိမိုးကြီးအစွမ်းကိုအသုံးချပြီးတော့ ငါ့ကိုအနိုင်ယူခဲ့တယ်၊ အခု ငါပြန်လာပြီ၊ နင်တို့အားကိုးတဲ့ မိမိုးကြီးလည်းမရှိတော့ဘူး၊ ပြီးတော့ မိမိုးကြီးကိုင်ဆောင်ခဲ့တဲ့ ကဝေမှုတ်ပြောင်းကိုလည်း ငါရထားပြီဟေ့၊ နင်တို့တွေအကုန်လုံးကို အမှုန့်ချေပစ်မဟဲ့”

ကျုပ်လည်း နားမရှင်းတော့ဘူးဗျာ။

“နေစမ်းပါအုံး ဒေါ်ပျင်းရ၊ ဒါဆို ငညိုကဘာလဲ၊ ငညိုက ဘာမှမတတ်ဘူးလား”

“ဟား၊ ဟား တော်တော်တုံးအတဲ့ကောင်လေးပဲ၊ အေးအေး၊ ငါကလည်း နင်ဒီလိုမျိုးတုံးအလို့ နင့်ကိုသိပ်ချစ်တာဟဲ့”

“ဗျာ၊ ကျုပ်ကဘာလုပ်လို့လဲ”

ဒီတော့ ဦးဘသာက ကုန်းထလာပြီးတော့

“ဒီလိုအလတ်ကောင်ရ၊ ငါထင်နေတာ အခုတော့တကယ်မှန်နေပြီ”

“ဘာကိုမှန်တာလဲဗျာ”

“ဒီကိစ္စတွေဟာ တကယ်မဟုတ်ဘူး၊ ငါနွားဝယ်ချင်စိတ်ဖြစ်လာအောင်လည်း ငါ့အမေလုပ်ခဲ့တာ၊ ငါတို့ပေတောရွာရောက်တယ်၊ လှည်းလမ်းခွရောက်အောင်ကိုလည်း ငါ့အမေပဲ ဆွဲခေါ်ခဲ့တာ၊ နောက်တော့ ငညိုနဲ့တွေ့အောင် အမေပဲစီမံခဲ့တာမဟုတ်လား”

“သိပ်ဟုတ်တာပေါ့၊ တကယ်တော့ ငညိုစိတ်ဆိုးလို့ ဆိုင်ကြီးလေပေါ်မြောက်တက်သွားတာမဟုတ်ဘူး၊ အဲဒါအကုန်လုံး ငါလုပ်နေတာ”

“ဟာဗျာ၊ ငညိုက မောက်လုံးဆို သူ့မှာလည်း အမောက်ကြီးရှိတာ ကျုပ်အမြင်ပဲမဟုတ်လား”

ဒီအချိန်မှာပဲ သစ်ပင်တစ်ပင်အနောက်ကနေ လူတစ်ယောက်ထွက်လာတယ်ဗျ၊ ဦးဘသာက အဲဒီလူကိုလှမ်းကြည့်ပြီး

“သြော်၊ တုတ်ကြီး၊ မင်းပါလား”

ဒီလူက တုတ်ကြီးဆိုတဲ့ လူဗျ၊ သဒိုး ဂေါရာစဉ်းအတုရောင်းတာ မကျေနပ်လို့ လာခဲ့တဲ့ အောက်လမ်းဆရာပေါ့။

“သူနဲ့က ဘာဆိုင်လို့လဲဗျ”

“မြိုုင်သာက ဆရာတုတ်ကြီးဆိုတာ ငါ့အမေရဲ့ တူဝမ်းကွဲတော်တယ်၊ ငါသိပြီ၊ ဒီဇာတ်လမ်းမှာ မင်းလည်းပါတယ်မဟုတ်လား တုတ်ကြီး”

တုတ်ကြီးက ရယ်တယ်ဗျ။

“အစစ်ပေါ့ဗျာ၊ ကျုပ်ဆီက ပုံရိပ်ယောင်သွင်သဲနဲ့ ပက်လိုက်တာကိုးဗျ၊ ဒီတော့ ငညိုရဲ့ခေါင်းမှာ မောက်လုံးကြီးတစ်ခု ပေါ်လာခဲ့တာပေါ့၊ ဒီတော့မှ ခင်ဗျားတို့က ဒီကလေးမှာ ပညာတွေရှိတယ်ဆိုတာ ပိုပြီးယုံကြည်သွားမယ်မဟုတ်လား”

ဦးဘသာကြီး စိတ်တိုသွားတယ်ဗျ။

“တုတ်ကြီး၊ မင်းက ဘာဖြစ်ချင်နေတာလဲ”

“ရှင်းရှင်းလေးပါ ဦးဘသာရာ၊ ကျုုပ်အဒေါ် ဒေါ်ပျင်း လူ့ဘဝကိုတစ်ဖန်ပြန်ပြီးတော့ ထုံကူးလို့ရအောင် ကျုပ်ကူညီမယ်၊ ကျုပ်တို့တူဝရီးနှစ်ယောက် ဒီနယ်တစ်ကြောက အောက်လမ်းလောက၊ စုန်းလောကကို ချုပ်ကိုင်မယ်ဗျာ၊ အရင်က နိဗ္ဗာန်ရွာက ခင်ဗျားအမေကို နှိပ်ကွပ်ဖူးထားတော့ သူကလက်တုံ့ပြန်ချင်တယ်၊ ဒီလောက်ပါပဲ”

“ဟေ့ကောင်တုတ်ကြီး၊ မင်းမှားနေပြီနော်၊ ငါက သူ့ရဲ့သား၊ သူ့အကြောင်းကို မင်းထက်သိတယ်ကွ၊ ငါ့အမေနဲ့ပေါင်းလို့ မင်းကောင်းဖို့ရှိမှာမဟုတ်ဘူးနော်”

“တော်စမ်းပါ ဦးဘသာရာ၊ ခင်ဗျားကိုပဲ ကျုုပ်ကအံ့သြနေတာဗျ၊ ခင်ဗျားမှာ ဒီလိုအမေလည်းရှိတယ်ဗျာ၊ ဒီလောက်အစွမ်းထက်တဲ့ပညာရပ်တွေလည်း ရှိရဲ့သားနဲ့ ဘာလို့ ဒီလောကကို မအုပ်စိုးချင်တာလဲဆိုတာကို ကျုပ်က အံ့သြနေတာ”

“မင်းနားမလည်ပါဘူး တုတ်ကြီးရာ”

ကျုပ်လည်း အတော်ထူးဆန်းသွားတာပေါ့။

“နေပါအုံး၊ ဒေါ်ပျင်းကြီးက ဦးဘသာဆီအစွမ်းတွေပေးပြီးသွားတော့ သေသွားပြီမဟုတ်ဘူးလား”

ငညိုက ဒေါ်ပျင်းအသံနဲ့ ရယ်တယ်ဗျ။

“မသေပါဘူး၊ ငါ့ဆီမှာ မင်းရှိနေတယ်လေ”

“ဘယ်လိုဗျ”

“ဟုတ်တယ်၊ ငါက မင်းကိုယ်ထဲမှာ နေနေတယ်၊ ဒါကြောင့် ဒီခရီးစဉ်မှာ မင်းမပါရင် ငါ့ရဲ့အစီအစဉ်တွေအကုန်လုံး အောင်မြင်မှာမဟုတ်ဘူး”

“ဒါဆို ဦးဘသာပြောသလိုမျိုး မနောကိုစေခိုင်းပြီး ပြောခိုင်းလိုက်တာများလား၊ ကျုပ်တို့ရဲ့မနောကို ထွင်းဖောက်ပြီးတော့ စေခိုင်းတာမျိုးလား”

“သိပ်မှန်တာပေါ့၊ မိမိုးကြီးပဲ အနန္တမနောကို ထွင်းဖောက်နိုင်တာမဟုတ်ဘူး၊ ငါလည်း အဲဒီနယ်ပယ်ကို ထိုးဖောက်သွားနိုင်တယ်ဆိုတာ မင်းတို့မသိလို့ပါ”

တုတ်ကြီးက ငညိုကိုမော့ကြည့်ပြီးတော့

“ဒေါ်ပျင်းရာ ပြောနေကြာပါတယ်၊ အရင်ဆုံး နိဗ္ဗာန်ရွာကစုန်းသိုက်ကို အရင်ရှင်းမယ်၊ ပြီးရင် လှည်းလမ်းခွ၊ ပေတော၊ မြိုင်သာ . . . အိုဗျာ၊ ရှိရှိသမျှ စုန်းတွေအားလုံးကိုရှင်းမယ်၊ စုန်းဆိုရင် ကျုပ်တို့တူဝရီးပဲ လောကမှာကျန်နေရမယ်၊ စုန်းပညာတတ်ချင်ရင် ကျုပ်တို့ဂိုဏ်းမှာပဲ လာပြီးသင်ရစေမယ်ဗျာ”

ငညိုက နိဗ္ဗာန်ရွာက စုန်းတွေကိုကြည့်ရင်း မထေ့တထေ့ပြုံးတယ်ဗျ။

“ကောင်တွေ၊ ကောင်မတွေ၊ နင်တို့အားလုံး ပြာဖြစ်ပြီသာမှတ်တော့ဟဲ့၊ ဟား၊ ဟား၊ ဟား”

ဆက်ရန်။

#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ

Zawgyi Version

” စုန္းထီးႀကီး ဦးဘသာႏွင့္ နိဗၺာန္႐ြာ “(စ/ဆုံး)
————————————————————
အတြဲ(၄) စာစဥ္(၁၆)

(၁)

နိဗၺာန္႐ြာႀကီးက မနက္ဆိုရင္ေတာ့စည္ကားလိုက္တာမွ ေျပာမေနပါနဲ႔ဗ်ာ၊ ဘုန္းႀကီးေက်ာင္းက အုန္းေမာင္းေခါက္သံထြက္လာၿပီးၿပီဆိုတာနဲ႔ လူေတြအကုန္လႈပ္ရွားႏိုးထလာၾကေတာ့တာပဲ၊ ညတုန္းက ေျခာက္ကပ္ေနတဲ့အျဖစ္နဲ႔ ကြာပါ့ဗ်ာ၊ မၾကာပါဘူး ဆြမ္းေတာ္ဗ်ိဳ႕ဆိုတဲ့ေအာ္သံနဲ႔အတူ ေၾကးစည္သံတေနာင္ေနာင္ၾကားလိုက္ရတယ္၊ က်ဳပ္လည္း ႏိုးလာတာေပါ့ဗ်ာ၊ ေ႐ႊမိက သဘက္ကေလးပုခုံးေပၚတင္ၿပီးေတာ့ ေႂကြရည္သုတ္ခြက္ကေလးေတြ လင္ဗန္းထဲထည့္ကိုင္ၿပိး အိမ္ေရွ႕ထြက္သြားတာပါပဲ၊ ၿခံံံအျပင္မွာ မတ္တပ္ကေလးရပ္ၿပီးေတာ့ ဟိုၾကည္ဒီၾကည့္လုပ္ေနတာကို က်ဳပ္မ်က္ႏွာသစ္ရင္းေတြ႕လိုက္သဗ်၊ ေနာက္ေတာ့ သံဃာေတာ္ေတြ ႂကြလာပါေရာဗ်ာ၊ ေ႐ႊမိက ဆြမ္းေလာင္းလႉၿပီးေတာ့ လက္အုပ္ခ်ီၿပီးဆုေတာင္းေနေလရဲ႕။

“ကိုအလတ္ေကာင္၊ ၿပီးရင္ မနက္စာစားရေအာင္၊ ဟိုေကာင္ေလးေတြႏႈိးၿပီးေတာ့ အိမ္ေပၚေခၚခဲ့ပါရွင္”

“ဟာဗ်ာ၊ က်ဳပ္ကိုဘယ္လိုေခၚလိုက္တာလဲ”

“ကိုအလတ္ေကာင္လို႔ေခၚတာေလ”

“က်ဳပ္နာမည္ခင္ေမာင္ပါဗ်၊ ေခၚခ်င္ရင္ေတာ့ ကိုခင္ေမာင္၊ ဒါမွမဟုတ္ နာမည္ကိုအဖ်ားဆြတ္ၿပီးေတာ့ ကိုေမာင္၊ အဲဒီလိုေခၚေပါ့”

ေ႐ႊမိက ေခါင္းခါၿပီးေတာ့

“မေခၚတတ္ပါဘူး၊ ခ်ိဳတူးေခၚသလို ကိုအလတ္ေကာင္လို႔ေခၚတာပဲ ပါးစပ္ေတြ႕ပါတယ္၊ ကဲပါ အေခၚအေဝၚေတြက အေရးမႀကီးပါဘူး၊ ၿပီးရင္အိမ္ေပၚတက္လာခဲ့ၾက”

က်ဳပ္လည္း ခ်ိဳတူးနဲ႔ငညိဳကို ႏႈိးၿပီးေတာ့ မ်က္ႏွာေတြဘာေတြ ထသစ္ခိုင္းၿပီး အိမ္ေပၚတက္ခဲ့တာေပါ့ဗ်ာ၊ မနက္ခင္း ေျခာက္နာရီေလာက္ရွိၿပီေပါ့။ အိမ္ေပၚမွာေတာ့ ျပတင္းတံံံံခါးေတြအကုန္ဖြင့္ထားလို႔ လင္းခ်င္းေနတာပဲဗ်ာ၊ အိမ္ႀကီးက ေတာ္ေတာ္ေကာင္းေကာင္းဗ်၊ ၾကမ္းေတြဆိုရင္လည္း လွ်ာထိုးကြၽန္းသစ္ေတြခင္းထားၿပီးေတာ့ ဖေယာင္းတိုက္ထားလို႔ ေျပာင္လက္ေနတာပဲ၊ အိမ္ေပၚမွ စားပြဲဝိုင္းႀကီးတစ္ခုခ်ထားၿပီးေတာ့ မုန႔္ဖတ္ေတြ၊ ဟင္းရည္ေတြကိုေတြ႕လိုက္ရတယ္။ က်ဳပ္တို႔တက္လာေတာ့ ဦးလူလွက ၿပံံုံးၿပံံုံး႐ႊင္႐ႊင္နဲ႔ႀကိဳသဗ်။

“ကိုဘသာ လာဗ်ာ၊ က်ဳပ္သမီးကေတာ့ မနက္ေစာေစာစီးစီး မုန႔္ဟင္းခါးခ်က္ထားတယ္၊ စားၾကပါအး”

က်ဳပ္တို႔လည္းဝင္ထိုင္လိုက္ၾကတာေပါ့ဗ်ာ၊ ပဲဟင္းခါးအနံံံ့ကေလးက ေမႊးေနတာပဲဗ်ာ၊ က်ဳပ္တို႔အညာမုန႔္ဟင္းခါးကေတာ့ ပဲကိုပဲအဓိကထားၿပီးခ်က္တာဗ်၊ ငါးကိုသိပ္ထည့္ေလ့မရွိဘူး၊ ငါးက မိုးတြင္းေလာက္မွသာစားရတာကိုးဗ်၊ အခု ေ႐ႊမိခ်က္တဲ့မုန႔္ဟင္းခါးကေတာ့ ငါးနံံံ့ေလးကိုသင္းေနတာပဲဗ်ာ၊ ဟင္းရည္ေသာက္ၾကည့္ေတာ့လည္း ခ်ိဳသဗ်။

“ေကာင္းတာေပါ့ လူလွရာ၊ တို႔ဆီမွာက မုန႔္ဟင္းခါးစားရခဲတယ္ကြ၊ အလႉအတန္းေတြ၊ အသုဘေတြရွိမွ စားရတာ၊ မုန႔္ဖတ္က ဝယ္လို႔မွမလြယ္ဘဲကိုး”

ဦးဘသာက ေျပာရင္း မုန႔္ဖတ္ေတြခူးထည့္ၿပီးေတာ့ ဟင္းရည္နည္းနည္းဆမ္းတယ္ဗ်။ ဦးလူလွလည္း ေခါင္းညိတ္ရင္း

“ဒီ႐ြာမွာက မုန႔္ဖတ္ဖို၊ မုန္႔္လက္ေဆာင္းဖိုရွိတယ္ဗ်၊ ဒီေတာ့ မုန႔္ဖတ္တို႔ ေခါက္ဆြဲတို႔က ရၿပီးသားေလ၊ စားၾကဗ်ာ အားမနာနဲ႔”

က်ဳပ္လည္း ႏွစ္ဇြန္းေလာက္စားၿပီးေတာ့

“ဟင္းရည္ကလည္း ခ်ိဳသဗ်ာ၊ ဒါနဲ႔ ဒီလိုေရခမ္းတဲ့အခ်ိန္ ငါးကဘယ္ကရတာလဲဗ်”

“ငါ့တူေမးရင္လည္း ေမးခ်င္စရာပဲ၊ ေဟာဒီနိဗၺာန္တိုက္နယ္အဖ်ားေလာက္မွာ ေကြးေကာက္အင္း ဆိုတဲ့ အင္းႀကီးတစ္ခုရွိတယ္၊ ေႏြရာသီေတာင္ ေရမခမ္းတတ္ဘူးေဟ့၊ တံံငါေတြက အင္းကေနငါးဖမ္းၿပီးေတာ့ ႐ြာကို မနက္ေစာေစာလာေရာင္းၾကတာေပါ့၊ ငါးဘတ္၊ ငါးၾကင္းလို ငါးႀကီးငါးေကာင္းေတြေတာင္ ရတတ္တယ္ ငါ့တူရ”

က်ဳပ္လည္း ေခါင္းမေဖာ္တမ္းစားတာေပါ့ဗ်ာ၊ ေ႐ႊမိက တက္လာၿပီးေတာ့ က်ဳပ္တို႔ေဘးနားမွာလာထိုင္တယ္၊ ၿပီးေတာ့ က်ဳပ္တို႔စားတာကို ၿပံဳံးစိစိနဲ႔ၾကည္ေနေလရဲ႕ဗ်ာ၊ ဟိုေကာင္ခ်ိဳတူးဆို သိပ္စားႏိုင္တာဗ်၊ သူ႔ပန္းကန္ထဲကိုမုန႔္ဖတ္ငါးဆယ္သားေလာက္ထည့္ၿပီးေတာ့ ဟင္းရည္ဆမ္းၿပီး လက္နဲ႔နယ္ဖတ္ၿပီးစားတာပဲဗ်ာ၊ ငညိဳကလည္း လူေကာင္သာေသးတာ စားႏိုင္သဗ်။ က်ဳပ္တို႔လူတစ္သိုက္စားလိုက္တာ စားပြဲေပၚမွာ ျပင္ထားတဲမုန႔္ဟင္းခါးေတြ အကုန္ေျပာင္ပါေရာဗ်ာ။ က်ဳပ္လည္းစားၿပီးေတာ့မွ

“အားနာစရာႀကီးဗ်ာ၊ မုန႔္ေတြစားလို႔ကုန္သြားၿပီ ဟီး ဟီး”

“စားပါ၊ စားပါ ဧည့္သည္ေတြအေၾကာင္းသိလို႔ ကြၽန္မက ကိုယ္စားဖို႔ဖယ္ထားၿပီးသား၊ စားတုန္းကေတာ့ အားမနာပဲနဲ႔”

ဒီေတာ့ ဦးလူလွက ေ႐ႊမိကိုမ်က္ေစာင္းထိုးၾကည့္ၿပီးေတာ့

“သမီး၊ ဧည့္္သည္ေတြကို ဘယ္လိုေျပာလိုက္တာလဲ”

ေ႐ႊမိလည္းေခါင္းငုံ႔လိုက္တယ္။ ဦးဘသာက ဟိုဟိုဒီဒီၾကည့္ရင္း

“လူလွ၊ မင္းက ဆိုင္းဆရာဆိုေတာ့ ဆိုင္းမလိုက္ဘူးလားကြ”

ေ႐ႊမိက သက္ျပင္းခ်ၿပီး

“ေျပာမေနပါနဲ႔ေတာ့ ဦးႀကီးရယ္၊ အေဖက ဆိုင္းမလိုက္ႏိုင္တာ ကိုးလေလာက္ရွိၿပီ၊ အရင္ကဆို ကြၽန္မတို႔အိမ္က ဒီလိုမဟုတ္ဘူး၊ အေဖ့ရဲ႕တပည့္္တပန္းေတြ၊ ဆိုင္းပညာသင္တဲလူေတြနဲ႔ စည္ကားေနတတ္တာ၊ အနယ္နယ္အရပ္ရပ္က ဆိုင္းလာငွားတဲ့သူေတြဆိုရင္လည္း အိမ္ကို ဥဒဟိုဝင္ထြက္သြားလာေနၾကတာပဲ၊ အခုဦးႀကီးတို႔ေနတဲ့ ေအာက္ကအခန္းေတြဆိုရင္ အရင္က အေဖ့တပည့္္ေတြေနၾကတဲအခန္းေပါ့”

ဦးဘသာက ေခါင္းညိတ္ရင္း

“ဒါကေတာ့ ဟိုဂမုန္းသူေယာင္ေၾကာင့္ ျဖစ္မယ္လို႔ထင္တာပဲဗ်ာ၊ ကဲ အခုေရာ ဆိုင္းျပန္လိုက္ဖို႔ အစီအစဥ္မရွိဘူးလား”

ဦးလူလွက ေခါင္းညိတ္ရင္း

“ဆိုင္းသမားပဲဗ်ာ၊ ဆိုင္းအလုပ္ပဲလုပ္တတ္တာပဲ၊ ျပန္လုပ္ရမွာေပါ့”

ဒီအခ်ိန္ ေ႐ႊမိက

“ဒါနဲ႔ ဦးႀကီးနာမည္ကလည္း ဦးသာဒင္ေနာ္၊ အခုရက္ပိုင္း သာဒင္ဆိုတဲ့နာမည္နဲ႔လာမယ့္လူကို ႐ြာကာလသားေခါင္း ကိုဖိုးကြန႔္တို႔က ေစာင့္္ၿပီးရွာေဖြေနၾကတယ္”

ဦးလူလွက ေ႐ႊမိဘက္ကိုၾကည့္လိုက္ရင္း

“သမီး၊ ဒီကိစၥကိုဒီမွာတင္ရပ္ေနာ္၊ သူတို႔ရွာေနတဲ့သာဒင္က ေဟာဒီက ဦးသာဒင္မျဖစ္ႏိုင္ပါဘူး”

“သိပါတယ္အေဖရဲ႕၊ အသမီးလည္းေျပာျပတာပါ”

က်ဳပ္လည္း မေနႏီုင္ေတာ့ဘူး။

“ေနစမ္းပါအုံး၊ ကာလသားေတြက ဘာျဖစ္လို႔ သာဒင္ဆိုတဲ့လူကို ရွာေနၾကတာလဲ”

“ဒါေတာ့မေျပာတတ္ပါဘူး၊ သူႀကီးအမိန္႔္အရလို႔ေျပာတာပဲ၊ ညဆိုရင္လည္း မဟုတ္တဲ့လူမဝင္ေအာင္လို႔ဆိုၿပီး ႐ြာကိုေစာင့္္ၾကပ္ေနတတ္တယ္”

က်ဳပ္လည္း ဦးဘသာကိုၾကည့္လိုက္ေတာ့ ဦးဘသာက တစ္ခုခုကိုေတြးေနတဲ့ပံံုံပဲဗ်၊ ၿပီးေတာ့မွ

“ဒါနဲ႔ လူလွေရ၊ ဒီ႐ြာမွာ အရင္က အၾကားအျမင္ေဟာတဲ့ အဘြားႀကီးတစ္ေယာက္ရွိခဲ့တယ္မဟုတ္လား”

“ရွိပါ့ဗ်ာ၊ ေဒၚမိုးႀကီးလို႔ ေခၚသဗ်၊ ဘာလဲ ကိုဘသာက ဒါေတြစိတ္ဝင္စားလို႔လား”

“သတိရလို႔ပါကြာ၊ ဒါနဲ႔ သူေဟာတုန္းေျပာတုန္းက ေတာ္ေတာ္မွန္တာေနာ္၊ တို႔ ၿမိဳင္သာဘက္က သူေဌးေတြဆိုရင္ ကားေတြေမာင္းၿပီး ဒီအထိေအာင္လာေမးၾကတယ္မဟုတ္လား”

“ဒါေပါ့ ကိုဘသာရ၊ အခုေတာင္ သူ႔ေျမးမေလးက ဆက္ေဟာေနတယ္ေလ၊ သူလည္း မွန္တာေတာ့မွန္တယ္၊ ဒါေပမယ့္ ေဒၚမိုးႀကီးလို လူတိုင္းကိုမေဟာတာခက္တာဗ်”

“ဟုတ္သလား၊ သူကဘယ္လိုလူေတြကိုေဟာတာလဲဗ်”

“သူဓါတ္က်တဲ့သူကို ေဟာတယ္လို႔ေျပာတာပဲဗ်ာ၊ အဲ၊ တစ္ခါတုန္းကေတာင္မွ က်ဳပ္ကိုေဟာဖူးေသးတယ္၊ က်ဳပ္အခုမွပဲ မွတ္မိတယ္ဗ်ိဳ႕၊ အသက္ငါးဆယ္ေက်ာ္အပိုင္းအျခားေရာက္ရင္ ဆိုင္းအလုပ္နားရၿပီး စီးပြားပ်က္တတ္တယ္တဲ့ဗ်ာ၊ အဲဒီအခ်ိန္တုန္းက က်ဳပ္က အသက္ေလးဆယ္ေက်ာ္၊ ဆိုင္းဆိုတာကလည္း အၿမဲလိုက္ေနရတယ္ဆိုေတာ့ ဒီအေၾကာင္းကို မယုံမိဘူးေပါ့ဗ်ာ၊ ခုျပန္ေတြးၾကည့္မွ က်ဳပ္အသက္ ငါးဆယ္ေက်ာ္လို႔ ငါးဆယ့္ႏွစ္ထဲေရာက္ၿပီ၊ ဆိုင္းအလုပ္နားလိုက္ရေပမယ့္ စီးပြားေတာ့ မပ်က္ေသးဘူးဗ်”

“အေဖရယ္၊ အေဖဆိုင္းမလိုက္တဲ့ ကိုးလ၊ ဆယ္လေလာက္အတြင္းမွာ အိမ္မွာစုထားေဆာင္းထားတဲ့ ေငြေၾကးေတြ၊ လက္ဝတ္လက္စားေတြ ထုခြဲေရာင္းခ်ၿပီး ဝမ္းေရးေျဖရွင္းေနရတာပဲမဟုတ္လား၊ ဒါလည္း စီးပြားပ်က္တာပဲေပါ့”

ဦးလူလွလည္း ေခါင္းညိတ္ၿပီး

“က်ဳပ္မိုက္ခဲ့တာေတြပါဗ်ာ”

“အိုဗ်ာ၊ ဒါေတြ ေျပာမေနပါနဲ႔ လူလွရာ၊ ၿပီးခဲ့တာေတြၿပီးၿပီ၊ ကဲ အခုမင္းဆိုင္းျပန္လိုက္ေတာ့မယ္မဟုတ္လား”

ဦးလူလွကေခါင္းညိတ္တယ္ဗ်။

“ဒါဆို တပည့္္တစ္ေယာက္ေလာက္ေရာ စၿပီး မေမြးၾကည့္ခ်င္ဘူးလား”

ဦးလူလွက ဦးဘသာကိုၾကည့္ရင္း

“ကိုဘသာက ဘယ္သူ႔ကိုေတြ႕ထားလို႔လဲဗ်”

ဦးဘသာက ခ်ိဳတူးပုခုံးကိုပုတ္ရင္း

“ေဟာဒီေကာင္ေလးဗ်ာ၊ ဆိုတာ၊ ကတာ သိပ္ဝါသနာပါတာဗ်၊ သူ႔ကို အတီးအမႈတ္ျဖစ္ျဖစ္၊ အဆိုအကျဖစ္ျဖစ္ သင္ေပးၿပီးေတာ့ တစ္ေနရာရာသံံုံးၾကည့္ေပါ့ဗ်ာ”

ခ်ိဳတူးမ်က္လံုံးေတြျပဴးသြားတယ္ဗ်။ ဦးလူလွကေတာ့ ခ်ိဳတူးကိုအကဲခတ္သလိုၾကည့္ေနရင္း

“ဒီလို ကိုဘသာရဲ႕၊ ဆိုင္းဆိုတာ ဇာတ္မဟုတ္ေတာ့ မင္းသမီးေလာက္ပဲလိုတာ၊ မင္းသမီးကလည္း က်ဳပ္သမီးေ႐ႊမိရွိၿပီးသားပဲေလ၊ အင္း၊ ဒါေပမယ့္္ အၿငိမ့္ထြက္ရင္ေတာ့ လူျပက္လူ႐ႊင္ေတာ္ လိုေသးတာပဲ၊ သူဝါသနာပါရင္ေတာ့ လုပ္ႏိုင္မယ္ထင္ပါတယ္”

ခ်ိဳတူးက ျပာျပာသလဲႏွင့္

“ဝါသနာပါတယ္ဗ်ာ၊ က်ဳပ္ . . . က်ဳပ္လုပ္ခ်င္ပါတယ္၊ ဆရာႀကီး က်ဳပ္ကိုႀကိဳက္တာခိုင္းပါ၊ က်ဳပ္က ငယ္ငယ္ကတည္းက ဆိုင္းတို႔၊ ဇတ္တို႔၊ အတီးအမႈတ္တို႔ဆိုရင္ ဝါသနာပါလြန္းလို႔ပါဗ်”

ဦးလူလွက ၿပဳံးရင္း

“ေအးပါ၊ မင္းကတိနဲ႔မင္းေနာ္၊ ငါ့တပည့္လုပ္ရင္ ငါခိုင္းတာကိုလုပ္၊ ငါေျပာတာကို နားေထာင္ႏိုင္မွရမယ္ကြ”

“နားေထာင္ပါ့မယ္ဆရာႀကီး”

ဦးဘသာက ၿပဳံးရင္း

“ဟား၊ ဟား၊ ဟန္က်သကြေဟ့၊ ဇာတ္႐ူးတစ္ေကာင္နဲ႔ ဆိုင္းဆရာတို႔ေတာ့ ေတြ႕ၾကၿပီကြ ဟား၊ ဟား”

က်ဳပ္တို႔လည္းထိုင္ရင္း ရယ္ေမာလိုက္ၾကတာေပါ့ဗ်ာ။

(၂)

“ကံတရားက သိပ္ေၾကာက္ဖို႔ေကာင္းတာပဲ”

ဦးဘသာက က်ဳပ္တို႔တည္းခိုတဲ့အခန္းေရာက္ေတာ့ ကြမ္းအစ္ထဲက ကြမ္းသီးစိတ္ေတြကို ကြမ္းညႇပ္အေသးေလးနဲ႔ညႇပ္ရင္းေျပာတယ္ဗ်၊ အခန္းထဲမွာေတာ့ က်ဳပ္နဲ႔ဦးဘသာနဲ႔ပဲရွိတာ၊ ဟိုေကာင္ခ်ိဳတူးကေတာ့ ဦးလူလွနဲ႔ ဆရာတပည့္ႏွစ္ေယာက္ ဘာေတြေျပာေနသလည္းေတာ့ မသိပါဘူးဗ်ာ၊ ငညိဳကေတာ့ ကေလးဆိုေတာ့ ၿခံထဲမွာေျပးလႊားေဆာ့လို႔ဗ်။

“ကံံတရားက ဆန္းၾကယ္တယ္လုပ္စမ္းပါ ဦးဘသာရဲ႕၊ ဘယ့္ႏွယ့္ေၾကာက္ဖို႔ေကာင္းရတာတုန္း”

“ေအးေလ၊ ဆန္းၾကယ္တာထက္လြန္သြားရင္ ေၾကာက္ဖို႔ေကာင္းသြားတာေပါ့ကြ”

“ဆန္းၾကယ္တာေတာ့ ေျပာမေနပါနဲ႔ဦးဘသာရာ၊ ဟိုေကာင္ မင္းသား႐ူးသဒိုးက အခုဆိုင္းဆရာႀကီးဆီေရာက္ၿပီး တပည့္ျဖစ္သြားလိမ့္္မယ္လို႔ ဘယ္သူေတြးမိမွာလဲဗ်၊ က်ဳုပ္ျဖင့္ မနက္က အဲဒီအေၾကာင္းကိုစဥ္းစားေနရင္း ေတာ္ေတာ္အံ့ၾသေနတာ၊ က်ဳပ္နဲ႔ဦးဘသာသာ ငညိဳနဲ႔မေတြ႕ခဲ့ရင္၊ ဒီေကာင္နဲ႔ေတြ႕မွာမဟုတ္ဘူးဗ်၊ ၿပီးေတာ့ ဒီေကာင္လည္း သဒိုးအလုပ္က ကြၽတ္မွာမဟုတ္ဘူး”

ဦးဘသာက ကြမ္းသီးစိတ္ေလးေတြ ညႇပ္ထည့္ရင္း

“ေျပာစမ္းပါအုံးကြာ”

“သဒိုးကေန လြတ္ေတာ့လည္း၊ က်ဳပ္တို႔ နိဗၺာန္႐ြာကို လာဖို႔အေၾကာင္းျဖစ္တယ္ဗ်ာ၊ နိဗၺာန္႐ြာလာရင္းနဲ႔ ဦးလူဝနဲ႔ေတြ႕ဖို႔ ျဖစ္လာျပန္ေရာ၊ ဦးလူဝနဲ႔မေတြ႕ခဲ့ရင္ အခု ဦးလူလွတို႔အိမ္ကိုလည္း ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာဖို႔ အေၾကာင္းမရွိဘူးေနာ္ဗ်၊ က်ဳပ္တို႔ျဖစ္ခဲ့သမွ် အားလုံးက ကြင္းဆက္ေတြလိုပဲဗ်၊ ခဏတျဖဳတ္ၾကည့္ရင္ေတာ့ သူ႔အလိုလိုအစီအစဥ္တက်မဟုတ္ဘဲ ျဖစ္ပ်က္ေနတယ္ဆိုေပမယ့္ ေသခ်ာစဥ္းစားၾကည့္ခါမွ အရာအားလုံးက သြားသြားၿပီးေတာ့ ဆက္ႏြယ္ေနတယ္ဗ်၊ က်ဳပ္အဲဒါကိုေတြးမိေတာ့ ကံတရားက ဆန္းၾကယ္လိုက္တာဆိုၿပီး ေတြးမိတာပဲ”

ဦးဘသာက ကြမ္း႐ြက္ႏွစ္႐ြက္ကို ခပ္ခ်ဲခ်ဲကေလးထပ္ကိုင္လိုက္ၿပီးေတာ့

“အဲဒါေပါ့ကြ၊ အေၾကာင္းေၾကာင့္ အက်ိဳးျဖစ္၊ အက်ိဳးေၾကာင့္ အေၾကာင္းျဖစ္တယ္ဆိုတာေပါ့”

အဲဒီလိုေျပာၿပီးေတာ့ ထံုံးဘူးကေလးထဲကေန ထုံးကိုလက္ညႇိဳးနဲ႔ကေလာ္ၿပီးေတာ့ ကြမ္း႐ြက္အႏွံံ့ကိုျဖန႔္ေနတယ္။

“ဒါေပမယ့္ ငါလည္း ေတြးေနတာတစ္ခုရွိတယ္ကြ”

“ဘာေတြးေနတာလဲဗ်”

“လွေသာင္ငါတို႔ကိုလွည္းနဲ႔လာႀကိဳတာ၊ ၿပီးေတာ့ တိုက္တိုက္ဆိုင္ဆိုင္ ဗ်ဂၣေလးက ငါတို႔လွည္းကို ဓါးျပတိုက္တာ၊ ပိုၿပီးတိုက္ဆိုင္တာကေတာ့ ဗ်ဂၣႀကီးက ငါ့ကိုလက္စားေခ်ဖို႔ေစာင့္ေနတယ္ဆိုတာပဲ၊ ကဲ ေျပာစမ္း၊ ဒါေတြကေရာ မထူးဆန္းဘူးလား”

က်ဳပ္လည္း ေတြးရင္းေခါင္းညိတ္လိုက္တယ္။

“ဦးဘသာေျပာမွ က်ဳပ္လည္းေတြးမိတယ္ဗ်၊ က်ဳပ္တို႔ ဒီေန႔ဒီအခ်ိန္၊ ဒီေနရာကို လွည္းနဲ႔ျဖတ္သြားမယ္လို႔ ဗ်ဂၣႀကီးကဘယ္လိုသိသလဲ၊ သူအႏွစ္သုံးဆယ္လံံုံးလံုံးေတာ့ တစ္ရက္မွမပ်က္ဘဲ ေစာင့္ေနႏိုင္မွာမဟုတ္ဘူးဗ်၊ က်ဳပ္ေတာင္ ေတာ္ေတာ္ထူးဆန္းသြားၿပီ ဦးဘသာရာ”

“ငါ့အထင္ေတာ့ ဒီကိစၥေတြရဲ႕ ေနာက္ကြယ္မွာ တစ္ေယာက္ေယာက္ကေတာ့ ႀကိဳးကိုင္ေနပံံုံရတယ္၊ ခုနကလည္း ေ႐ႊမိေျပာတာ မင္းၾကားလိုက္တယ္မဟုတ္လား၊ သာဒင္ဆိုတဲ့နာမည္နဲ႔လူကို ရွာေနတယ္ဆိုတာေလ၊ ဒါအေကာင္းေတာ့မျဖစ္ႏိုင္ဘူး၊ ငါလည္း ဘာရယ္မဟုတ္ဘူး၊ နိဗၺာန္႐ြာအဝင္ ကာလသားေတြစစ္ေမးေတာ့ သာဒင္လို႔မေျပာခ်င္တာနဲ႔ သာစလို႔ ေျဖလိုက္တာေလ၊ မင္းမွတ္မိၿပီလား”

“မွတ္မိၿပီဗ်ိဳ႕၊ က်ဳပ္ေတာင္အဲဒီတုန္းက ထူးဆန္းသြားေသးတယ္၊ သာစံံဆိုတဲ့နာမည္ကို ဦးဘသာက မႀကိဳက္ဘူးဆိုေပမယ့္ ဘာလို႔ သူတို႔ေမးေတာ့ ေျပာလိုက္ရတာလဲဆိုၿပီး ေတြးေနမိေသးတာ၊ ဒါနဲ႔ ဦးသာဒင္ ဘယ္လိုသိတာလဲဗ်”

“မေနာအသိေပါ့ကြာ”

က်ဳပ္လည္း ေခါင္းကုပ္ရင္း

“မေနာအသိဆိုတာဘာလဲဗ်၊ စိတ္က ႀကိဳသိေနတာကိုေျပာတာလား”

ဦးဘသာက ကြမ္းယာထဲကို ကြမ္းသီးစိတ္ေလးေတြထည့္တယ္၊ ၿပီးေတာ့ အမႈန္ျဖစ္လုနီးပါးလုပ္ထားတဲ့ ေဆး႐ြက္ႀကီးထည့္တယ္၊ စမုန္စပါးနည္းနည္းျဖဴးၿပီးေတာ့ ကြမ္းကိုယာေနရင္း

“ဒီလိုကြ၊ မင္းနားလည္ေအာင္ေျပာရမယ္ဆိုရင္ လူေတြလက္ခံထားတဲ့ စိတ္ႏွစ္မ်ိဳးရွိတယ္၊ တစ္မ်ိဳးက သိစိတ္နဲ႔ တစ္မ်ိဳးက မသိစိတ္လို႔ေခၚတယ္”

“ဒါေတာ့ က်ဳပ္သိတာေပါ့ဗ်ာ”

“သိစိတ္ဆိုတာက တစ္ခုခုကိုလုပ္ေနတာကို သိတာ၊ စိတ္ကေန ေစခိုင္းလို႔ လုပ္ေနရတာကိုေျပာတာ၊ ဥပမာ လယ္လုပ္စမ္း၊ စားစမ္း။ သြားစမ္း အဲဒါေတြကို သိစိတ္က ေစခိုင္းေနတာပဲ”

“ဒါဆို မသိစိတ္ကေရာဗ်”

“မသိစိတ္ဆိုတာ အသိစိတ္က မသိလိုက္ဘဲ သူ႔အလိုလိုျဖစ္ေနတာကိုေျပာခ်င္တာ၊ ဆိုၾကပါစို႔ကြာ၊ အသက္ရႉတယ္ဆိုတာ မသိစိတ္ကလုပ္ေနတာ၊ မင္းရဲ႕စိတ္ထဲမွာ အခ်ိန္နဲ႔အမွ် အသက္ရႉေနတယ္ဆိုတာကို သတိမထားမိ၊ မသိဘူးမဟုတ္လား၊ ဒါထက္ေျပာရရင္ တို႔ေတြရဲ႕ႏွလုံးက စကၠန႔္နဲ႔အမွ် ခုန္ေနတယ္ဆိုတာကို သတိမထားမိၾကဘူး၊ ေသြးေတြ၊ ေလေတြက ခႏၶာကိုယ္တစ္ခုလံုံးကို လည္ပတ္ေနတယ္ဆိုတာကို သတိမွမထားမိဘဲ၊ အဲဒါကို မသိစိတ္လို႔ေခၚတယ္၊ မသိစိတ္ကို မေနာလို႔ ေခၚၾကတာေပါ့”

က်ဳပ္လည္း ေလရွႈေနတာကို ေသခ်ာအာ႐ုံခံရင္း

“ဟာဗ်ာ၊ အခုလိုေသေသခ်ာခ်ာအာရံံုံစူးစိုက္လိုက္ေတာ့လည္း အသက္ရႉတာ၊ ဝင္ေလဝင္တာ၊ ထြက္ေလထြက္တာကို သိၿပီမဟုတ္လားဗ်”

“ေအးေပါ့၊ အဲဒီလို မသိစိတ္က သူ႔အလိုလိုေစခိုင္းၿပီး ျဖစ္ပ်က္ေနသမွ်ကို သိစိတ္က သိေအာင္အာ႐ုံစိုက္တာကို သတိလို႔ေခၚတယ္ကြ၊ ဒါေၾကာင့္ သတိကပ္၊ သတိကပ္ဆိုတာ ၾကားဖူးတယ္မဟုတ္လား”

က်ဳပ္လည္း ေခါင္းညိတ္လိုက္ရေတာ့တယ္။ ဦးဘသာက ကြမ္းယာကို ပါးေစာင္ထဲထည့္လိုက္ၿပီးေတာ့

“မသိစိတ္က ခိုင္းေစေနတဲ့အရာေတြကို သိစိတ္က သိေအာင္ သတိနဲ႔ယွဥ္ၿပီးမွတ္တာကိုေတာ့ သမထလို႔ေခၚသကြ၊ မသိစိတ္မွာ ျဖစ္ေပၚေနတဲ့အရာေတြကို သိစိတ္နဲ႔ ထိုးထြင္းသိျမင္ၿပီးေတာ့ အခ်ိန္ၾကာလာတဲ့အခါ ဘာျဖစ္လာသလဲဆိုေတာ့ အဲဒီမသိစိတ္ကိုပါ ေစခိုင္းလို႔ရႏိုင္လာတယ္၊ အဲဒါကိုေတာ့ သမထေအာင္တယ္၊ မေနာေပါက္တယ္လို႔ ဆိုတာေပါ့ကြာ”

က်ဳပ္လည္းေခါင္းကို တျဗင္းျဗင္းကုပ္မိတယ္။

“ဦးဘသာေျပာမွ ေခါင္းရႈပ္လာၿပီ၊ က်ဳုပ္ေတာ့ ဘာမွနားမလည္ေတာ့ဘူး”

“မင္းနားလည္ေအာင္ ဥပမာေပးမယ္ကြာ၊ အိပ္မက္ဆိုတာ မသိစိတ္ထဲမွာ ျဖစ္ပ်က္ေနတဲ့အရာေတြကြ၊ အျပင္မွာတကယ္ျဖစ္တာမဟုတ္ဘူးေနာ္၊ ကိုယ့္မသိစိတ္ထဲမွာ သူ႔အလိုလိုျဖစ္ေနတာ၊ ဒါေပမယ့္ ကိုယ့္ရဲ႕သိစိတ္က အဲဒီအိပ္မက္ကိုသိသြားတဲ့အခါက်ေတာ့ ကိုယ္လန႔္ႏိုးသြားရင္လည္း အိပ္မက္ကိုမွတ္မိေနတာေပါ့ကြာ၊ အဲဒါေၾကာင့္ အိပ္မက္မက္တယ္ဆိုတာ မသိစိတ္ထဲမွာ ျဖစ္ေနတဲ့အရာေတြကို သိစိတ္က မွတ္မိေနတာပဲ၊ တကယ္လို႔ မသိစိတ္ထဲမွာျဖစ္ေနတဲ့အရာေတြကို သိစိတ္က မမွတ္မိဘူးဆိုရင္ အိပ္မက္ကိုမမွတ္မိဘူးေပါ့ကြာ၊ အိပ္မက္က မမက္တာမဟုတ္ဘူးကြ၊ သိစိတ္က မမွတ္မိတာ၊ နားလည္လား”

“နားလည္သလိုလိုေတာ့ရွိၿပီ၊ ဒါေၾကာင့္ျဖစ္မွာဗ်၊ တစ္ခါတစ္ေလက်ရင္ ညကဘာအိပ္မက္မယ္တယ္ဆိုတာကို မ်က္လုံးထဲျပန္ျမင္ေယာင္ေနရသလိုကို မွတ္မိေနေပမယ့္ တစ္ခါတစ္ေလက်ေတာ့ အိပ္လိုက္ၿပီး အိပ္ရာကႏိုးလာေတာ့ ဘာအိပ္မက္မွ မမွတ္မိဘူး၊ ဒါဆိုရင္ ဦးဘသာေျပာပုံအရ အိပ္မက္မမက္တာမဟုတ္ဘဲ၊ သိစိတ္က မမွတ္မိတာပဲေနမွာ”

“မွန္တာေပါ့ကြာ၊ ခုနက ေျပာသလို သမထက်င့္စဥ္ေတြက်င့္ၿပီး သမထအားေကာင္းတဲ့လူက်ေတာ့ သိစိတ္က မသိစိတ္ကိုႏိုင္သြားၿပီကြ၊ အဲဒီေတာ့ ဘာျဖစ္သလဲဆိုရင္ အိပ္မက္ကိုေတာင္မွ ကိုယ္ႀကိဳက္သလို ေစခိုင္းလာႏိုင္တယ္၊ ၿပီးေတာ့ ကိုယ့္အိပ္မက္ေတာင္မဟုတ္ဘူး၊ အျခားသူရဲ႕မသိစိတ္ကိုေတာင္မွ ကိုယ္ျဖစ္ေစခ်င္သလို ခိုင္းစားႏိုင္တယ္၊ ဥပမာ အိပ္မက္ေပးတယ္လို႔ ေျပာၾကတာရွိတယ္မဟုတ္လား၊ ဒါက သူမ်ားရဲ႕မသိစိတ္ထဲမွာ ျဖစ္ေပၚေနတဲ့အိပ္မက္ကို ကိုယ့္ရဲ႕အသိစိတ္နဲ႔ ဘယ္လိုမက္ပါ၊ ဘယ္လိုေျပာပါဆိုၿပီးေတာ့ သြားခိုင္းစားတာမ်ိဳးေပါ့”

“ဟုတ္ၿပီ၊ က်ဳပ္နားလည္ပါၿပီ”

“သိစိတ္က တို႔႐ုပ္နမ္ခႏၶာရွိသူေတြမွာ ဦးေဆာင္ေနတတ္ေပမယ့္ တျခားဘုံသား၊ ပရေလာကသားေတြကိုေတာ့ မသိစိတ္က ဦးေဆာင္ေနတယ္၊ ဒါေၾကာင့္ မသိစိတ္ကို သိစိတ္က ထိန္းခ်ဳပ္ႏိုင္ေအာင္ႀကိဳးစားတယ္ဆိုတာ တန္ခိုးစြမ္းအားရဲ႕ ပထမဆုံးအဆင့္ပဲ၊ ကမၼဇိဒၶိအစြမ္းမွာလည္း ဒိအဆင့္ေတြပါတာေပါ့၊ ငါခုနကေျပာတဲ့ မေနာအသိဆိုတာကေတာ့ အဲဒီမသိစိတ္ကေျပာတဲ့အရာေတြကို သိစိတ္က သိလိုက္တာကို ဆိုလိုတာပဲကြ”

“ထူးဆန္းတယ္ဗ်ာ”

“ဘာမွမထူးဆန္းပါဘူးကြာ၊ တကယ္ေတာ့ သတိရွိဖို႔ပဲလိုတာ၊ မေနာဆိုတဲ့ မသိစိတ္က တစ္ခုခုျဖစ္လာေတာ့မယ္ဆိုတာကို သူကႀကိဳသိၿပီးအခ်က္ေပးေလ့ရွိတယ္၊ ကားေမွာက္တဲ့သူေတြ၊ ေဘးအႏၲရာယ္နဲ႔ ႀကဳံခဲ့တဲ့သူေတြကို ေမးၾကည့္ရင္ သူတို႔အျဖစ္အပ်က္ေတြမျဖစ္ခင္ စိတ္ထဲမွာ ျဖစ္ေတာ့မယ္ဆိုၿပီး ႀကိဳသိေနသလိုမ်ိဳး ျဖစ္တယ္တဲ့ကြ၊ အဲဒါ မသိစိတ္က စကားေျပာတာ၊ မေနာက အသိေပးတာေပါ့၊ တစ္ခ်ိဳ႕ကေတာ့ ကိုယ္ေစာင့္နတ္က သတိေပးတယ္ဆိုၿပီး ေျပာတတ္ၾကတယ္၊ အဲဒီလို မေနာက အသိေပးတာကို သတိရွိတဲ့လူက်ေတာ့ သိလိုက္လို႔ ရပ္တန႔္လိုက္ရင္း ေဘးအႏၲရာယ္ကင္းသြားတဲ့လူေတြအမ်ားႀကီးရွိသလို၊ မေနာက အသိေပးတာကို သတိမထားမိလို႔ အဲဒီအတိုင္းျဖစ္ပ်က္သြားၾကတဲ့သူေတြလည္း မနည္းဘူးကြ”

“ဟုတ္ၿပီဗ်၊ ဒါဆိုရင္ ဦးဘသာရဲ႕မေနာက ဦးဘသာကို သာဒင္လို႔မေျပာနဲ႔လို႔ အသိေပးမယ္ဗ်ာ၊ ဦးဘသာက သတိရွိလိုက္လို႔ အဲဒီအသိကိုရလိုက္ၿပီးေတာ့ ဟိုလူေတြနာမည္ေမးတဲ့အခါက်ေတာ့ သာဒင္လို႔မေျပာဘဲ သာစံလို႔ပဲ ေျပာခဲ့တာေပါ့၊ ဒီလိုလား”

“အစစ္ေပါ့အလတ္ေကာင္ရာ”

“ဒီမေနာရဲ႕အေပၚမွာ အနႏၲမေနာလို႔ေခၚတဲ့ အလႊာတစ္ခုရွိတယ္ကြ၊ အဲဒီအလႊာကေတာ့ မေနာကိုေစခိုင္းႏိုင္တဲ့အလႊာေပါ့ကြာ၊ ဒါေတြကို တန္ခိုးရွိတဲ့ နတ္ေတြ၊ ဘိုးေတာ္ေတြ၊ အထက္ဝိဇၨာ၊ ေအာက္ဝိဇၨာေတြပဲ အသုံးျပဳႏိုင္ၾကတယ္ကြ၊ အနႏၲမေနာ ဆိုတဲ့အတိုင္း အတိုင္းအဆမရွိက်ယ္ျပန႔္တယ္၊ ဘိုးေတာ္ေတြ နတ္ေတြဟာ အဲဒီမေနာအလႊာကေနၿပီးေတာ့ လူေတြနဲ႔ဆက္သြယ္ၾကတယ္၊ အဲဒါကို ဓါတ္စီးတယ္၊ နတ္ပူးတယ္လို႔ဆိုၾကတာေပါ့ကြာ”

“ဒါဆို စုန္းေတြေရာ အဲဒီလိုမ်ိဳး သုံးႏိုင္ၾကသလားဗ်”

“စုန္းႀကီးရင္ ကေဝဆိုတဲ့အတိုင္း အခ်ိဳ႕ကေဝေတြေတာ့ အဲဒီလိုမ်ိဳး ဆက္သြယ္ႏိုင္တယ္လို႔ဆိုသကြ၊ ဒါေပမယ့္ ႐ိုး႐ိုးစုန္းကေဝေတြမွာေတာ့ မေနာအသိကို ထိန္းခ်ဳပ္ႏိုင္တဲ့ပညာေတြရွိတယ္ကြ”

“အဲဒီမေနာေတြထားပါေတာ့ ဦးဘသာရယ္၊ အခုက်ဳပ္တို႔ နိဗၺာန္႐ြာကိုေရာက္လာၿပီမဟုတ္လား၊ ဟိုေကာင္ေလး ငညိဳကို ဘာဆက္လုပ္မွာလဲဗ်”

“ေအးေအး၊ ခဏေနရင္ ငညိဳကိုေခၚၿပီး ေျခလက္သန႔္စင္ေပးလိုက္ကြာ၊ ငါတို႔ အၾကားအျမင္ရတယ္ဆိုတဲ့ မိန္းကေလးဆီကိုသြားၾကမယ္ေဟ့”

“ဦးဘသာကလည္းဗ်ာ၊ ဘာလဲ ငညိဳကို အၾကားအျမင္ၾကည့္ေပးမလို႔လား”

“ဟိုေရာက္ရင္ သိမွာေပါ့ကြာ”

ဦးဘသာက ကြမ္းကိုဝါးေနၿပီဗ်၊ ဦးဘသာကြမ္းဝါးရင္ စကားျဖတ္ေျပာလို႔မေကာင္းေတာ့ဘူးမဟုတ္လား၊ ဒါနဲ႔ က်ဳပ္လည္း ငညိဳကိုၿခံထဲကေနေခၚၿပီးေတာ့ ေျခလက္ေဆးေပးၿပီး အဝတ္အစားလဲခိုင္းလိုက္တယ္ဗ်ာ။

(၃)

႐ြာထဲကို က်ဳပ္ရယ္၊ ငညိဳရယ္၊ ဦးဘသာရယ္ သုံးေယာက္ထဲထြက္လာခဲ့ၾကတယ္၊ ႐ြာလမ္းမွာလည္း ကေလးေတြေဆာ့ကစားေနသလို၊ ေခြးေတြကလည္း ေျပးလႊားေနၾကတာဗ်၊ ႐ြာႀကီးက စည္စည္ကားကားပါပဲဗ်ာ၊ မ်က္ႏွာစိမ္းေတြမို႔ထင္တယ္ ႐ြာကလူေတြက က်ဳပ္တို႔ကိုလွည့္ၾကည့္ လွည့္ၾကည့္လုပ္ေနေသးတာ။

“ဦးဘသာ သူတို႔ၾကည့္ေနတာကလည္း တစ္မ်ိဳးႀကီးဗ်၊ ဟိုးၿခံထဲက ထမင္းစားေနတဲ့အေဒၚႀကီးဆိုရင္ က်ဳပ္တို႔ကိုမ်က္လုံးစိမ္းႀကီးနဲ႔ ၾကည့္ေနတာပဲ”

“သြားလိုက္မၾကည့္နဲ႔အလတ္ေကာင္၊ ကိုယ့္လမ္းကိုယ္သြား”

ၿခံတစ္ၿခံေရွ႕ေရာက္ေတာ့ အဘြားႀကီးတစ္ေယာက္က ကြပ္ပ်စ္မွာထိုင္ေနတယ္ဗ်၊ ကြပ္ပ်စ္ေအာက္မွာေတာ့ ေခြးနက္သုံးေကာင္က ေခြေခြကေလးအိပ္လို႔ဗ်၊ က်ဳပ္တို႔ကိုျမင္တာနဲ႔ ေခြးနက္ေတြက ေခါင္းေထာင္လာတယ္၊ ၿပီးေတာ့ အဘြားႀကီးက ဘာေျပာတယ္မသိဘူး၊ ေခြးေတြက က်ဳပ္တို႔ဆီကို တဂူးဂူးတဂဲဂဲနဲ႔ ကိုက္မယ္ဆြဲမယ္ဆိုၿပီး ေျပးလာပါေရာ၊ ေခြးႀကီးေတြက အႀကီးႀကီးေတြဗ်၊ အင္းေခြးလို ေခြးအမ်ိဳးအစားေပ့ါဗ်ာ၊ တစ္ကိုယ္လုံးလည္း နက္ေမွာင္ေနတာမွ မေျပာပါနဲ႔၊ က်ဳပ္လည္း ေၾကာက္တာေပါ့၊ ငညိဳဆိုရင္ က်ဳပ္ပုဆိုးစကိုဆြဲထားတာဗ်၊ ဒီေကာင္ႀကီးေတြက တကယ္ကိုက္မယ့္ပုံပဲ။

ဒါေပမယ့္ က်ဳပ္တို႔နဲ႔ ေျခငါးလွမ္းေလာက္အကြာေရာက္ေတာ့ အဲဒီေခြးႀကီးေတြက ေျမမွာစင္းစင္းႀကီးဝပ္သြားတယ္ဗ်၊ ၿပီးေတာ့ ေခါင္းေတြကိုငုံ႔ၿပီးအျမႇီးေတြလည္း ကုပ္လို႔ဗ်ာ၊ က်ဳပ္ကေတာ့ ဦးလသာလုပ္လိုက္တယ္ထင္တာပါပဲ၊ ေခြးေတြက အေသေကာင္ႀကီးေတြလို မလႈပ္မယွက္ ေတာင့္ေတာင့္ႀကီးဗ်။ အဘြားႀကီးကေတာ့ က်ဳပ္တို႔ကိုၾကည့္ၿပီး ပြစိပြစိနဲ႔ေျပာေနတာပဲ၊

ေဟာ ေနာက္တစ္အိမ္ကိုလည္းျဖတ္ေရာ ၿခံထဲမွာ အဝတ္လွန္းေနတဲ့မိန္းမႀကီးက ၿခံျပင္ကိုေျပးထြက္လာပါေရာဗ်ာ၊ ၿပီးေတာ့ဘာလုပ္တယ္ထင္သလဲဗ်၊ သူ႔ထမီကို မလွန္ၿပီးေတာ့ သူ႔ပစၥည္းကို ျပတာဗ်ာ၊ ပါးစပ္ကလည္း အယုတၱအနတၱေတြ ဆဲလိုက္တာ မိုးမြန္ေနတာပဲ၊ ဦးဘသာက လွည့္ေတာင္မၾကည့္ဘူး။

“ဟဲ့ေကာင္မ၊ ဒီအသက္အ႐ြယ္ေရာက္ေနတာေတာင္ ထမီမႏိုင္ဘူးလား”

ဦးဘသာေျပာၿပီးေတာ့ ဒီမိန္းမရဲ႕ထမီႀကီးက လွန္မရေတာ့ဘူးဗ်ာ၊ သူလည္းဆြဲလွန္ေပမယ့္ ထမီက သူ႔ေျခသလုံးေတြမွာ ေကာ္နဲ႔ကပ္ထားသလို ကပ္ေနပါေရာ၊ ဒါနဲ႔ ခါးေထာက္ၿပီး ဆဲတာေပါ့။

“နင့္အသံမၾကားခ်င္ဘူး”

ဦးဘသာေျပာၿပီးဆက္ေလွ်ာက္သြားတယ္၊ အေဒၚႀကီးက ပါးစပ္ႀကီးၿပဲေနေအာင္ဟၿပီးေတာ့ ဆဲဆိုေနေပမယ့္ ဘာအသံမွ မထြက္ဘူးဗ်ာ၊ အံ့ပါရဲ႕၊ ပါးစပ္ႀကီးေတာ့ ၿဖဲကားၿပီးေျပာေနတာပဲ၊ မသိရင္ တီဗြီကို အသံပိတ္ၿပီးၾကည့္ေနသလိုေပါ့ဗ်ာ၊ ဆက္ေလွ်ာက္လာရင္း ႐ြာအေနာက္ပိုင္းကိုေရာက္လာတယ္ဗ်၊ ဦးဘသာက အိမ္ႀကီးတစ္အိမ္ေရွ႕မွာရပ္ၿပီးေတာ့

“အိမ္ေရွ႕မွာ မန္က်ည္းပင္ႀကီးနဲ႔ဆိုေတာ့ ဒီအိမ္ပဲျဖစ္မယ္ကြ”

ဦးဘသာက အိမ္ထဲလွမ္းဝင္ဖို႔လုပ္လိုက္ေတာ့ ၿခံတံခါးက လူမရွိဘဲ ဂ်ိန္းဆိုပိတ္သြားတယ္ဗ်ာ၊ ၿခံဝင္းတစ္ခုလုံးကို ဝါးကပ္ေတြနဲ႔ကာထားတာဗ်၊ ၿခံတံခါးကိုေတာ့သစ္သားေခ်ာင္းကေလးေတြနဲ႔လုပ္ထားတာေပါ့၊ ဦးဘသာလည္း ၿခံတံခါးကိုၾကည့္ၿပီး

“ေအာင္မာ၊ ငါ့ကိုဒီေလာက္နဲ႔မ်ား တားလို႔ရမယ္တဲ့လား”

ဦးဘသာလည္း ၿခံတံခါးကိုၾကည့္လိုက္ေတာ့ ၿခံတံခါးက ဝုန္းခနဲျပန္ပြင့္သြားတယ္၊ ၿပီးတာနဲ႔ ခ်က္ခ်င္းပဲ ျပန္ပိတ္သြားတာပဲ၊ ဒါနဲ႔ ဦးဘသာလည္း ၿခံတံခါးကိုလက္ညႇိဳးထိုးလိုက္ေတာ့ ၿခံတံခါးက ဝုန္းဆိုပြင့္ထြက္ၿပီးေတာ့ တစ္စစီျဖစ္သြားပါေရာလား။ ပြဲကေတာ့ၾကမ္းၿပီဗ်ာ၊ ဦးဘသာ အိမ္ထဲဝင္သြားေတာ့ အိမ္ေပါက္ဝမွာ မိန္းမတစ္ေယာက္က ေက်ာေပးၿပီးေတာ့ ငုတ္တုတ္ထိုင္ေနသဗ်။

“ရွင္ျပန္ေတာ့၊ ရွင့္ကို က်ဳပ္တို႔မႀကိဳဆိုဘူး”

“ငါနင္တို႔နဲ႔ ရန္ျဖစ္ရေအာင္ လာခဲ့တာမဟုတ္ဘူး၊ မိမိုးႀကီးနဲ႔ ငါေတြ႕ခ်င္တယ္”

“မိမိုးႀကီးက ေသတာၾကာၿပီ၊ ရွင္ေတြ႕ခ်င္ရင္ တမလြန္ကိုလိုက္သြားေပါ့”

“သူမေသဘူးဆိုတာ ငါသိတယ္၊ သူက ႐ုပ္အေနနဲ႔မရွိေတာ့ေပမယ့္ နာမ္ေလာကထဲမွာက်င္လည္ေနတယ္၊ တစ္နည္းေျပာရရင္ သူက ထုံကူးသြားတာပဲမဟုတ္လား၊ မင္းတို႔နဲ႔အဆက္အသြယ္ရွိေနတယ္မဟုတ္လား”

“ငါ ျပႆနာမျဖစ္ခ်င္ဘူး ကေလးမ၊ ငါအေရးႀကီးတဲ့ကိစၥတစ္ခုနဲ႔လာခဲ့တာပဲ၊ မင္းလမ္းဖယ္ပါ”

“က်ဳပ္ေသသြားမွ က်ဳပ္အေလာင္းေပၚကေက်ာ္ၿပီး ဒီအိမ္ထဲကိုဝင္သြားေပါ့ေတာ္”

ဦးဘသာက ေတြေဝေနတယ္ဗ်၊ က်ဳပ္ကေတာ့ ဒီမိန္းမကို ေတာ္ေတာ္မ်က္မုန္းက်ိဳးေနၿပီ၊ က်ဳပ္သာ ပညာတတ္လို႔ကေတာ့ ဒီမိန္းမကိုလုပ္ေတာ့မွာ။

“ငါေတာင္းပန္ပါတယ္ကေလးမ၊ မိမိုးႀကီးနဲ႔ ေတြ႕ခြင့္ရေအာင္လုပ္ေပးပါ”

က်ဳပ္လည္း ဦးဘသာအနားကိုကပ္လိုက္ၿပီးေတာ့

“အိုဗ်ာ၊ ဦးဘသာကလည္း သူက မေခ်မငံံေျပာေနၿပီပဲဗ်၊ ျပန္ၾကမ္းလိုက္ေပါ့”

“မျဖစ္ဘူးအလတ္ေကာင္ရ၊ သူေက်ာေပးထိုင္ထားတာ အလကားမဟုတ္ဘူး၊ စုန္းလိပ္သြင္းထားတာ၊ လိပ္ရဲ႕ေနာက္ေက်ာက မာတယ္မဟုတ္လား၊ အခုလည္း အဲဒီလိုပဲေပါ့ကြာ၊ ေတာ္႐ုံလူ သူ႔ကိုမထိခိုက္ႏိုင္ေအာင္ စုန္းလိပ္လုပ္ေနတာေဟ့”

“ဟာဗ်ာ၊ ဦးဘသာက သူ႔ကိုမႏိုင္ဘူးလား”

“ငါလုပ္လိုက္ရင္ သူေသရင္ေသ၊ မေသရင္ ဒုကၡိတျဖစ္မွာကြ၊ ငါမလုပ္ခ်င္ပါဘူး”

ဒီအခ်ိန္မွာ ၿခံေဘးကေန မိန္းကေလးတစ္ေယာက္ထြက္လာတယ္ဗ်၊ ေရစိုထမီကို ထမီရင္လ်ားလုပ္ထားတာ၊ က်ဳပ္တို႔ကိုေတြ႕ေတာ့ လန႔္သြားတဲ့အၾကည့္နဲ႔ၾကည့္ေနတယ္၊ ၿပီးေတာ့ ခ်က္ခ်င္းပဲ မ်က္သားက အေပၚကိုတက္သြားၿပီးေတာ့ မ်က္ျဖဴလန္သြားတာပဲဗ်ာ။

“ေၾသာ္၊ ငါထင္ထားတဲ့အတိုင္းပါပဲလား၊ ကိုင္း လာလာ အိမ္ေပၚတက္ၾက”

ဒီေတာ့ အိမ္တံခါးကို ေနာက္ျပန္ထိုင္ေနတဲ့မိန္းကေလးက

“မမေလး၊ သူတို႔က လူဆိုးေတြ၊ သူတို႔ကိုဝင္ခိုင္းလို႔ျဖစ္ပါ့မလား”

“ျဖစ္ပါတယ္ဟဲ့၊ ဒင္းကိုငါသိပါတယ္၊ နင္ဖယ္စမ္း”

မိန္းကေလးအသံက ခပ္ၾသၾသႀကီးဗ်၊ သူေျပာေတာ့ တံခါးက မိန္းကေလးလည္း ဖယ္ေပးလိုက္တာေပါ့ဗ်ာ၊ အဲဒီ ေရစိုထမီဝတ္ထားတဲ့ မိန္းကေလးအေနာက္ကေန က်ဳပ္တို႔ကုပ္ေခ်ာင္းကုပ္ေခ်ာင္းနဲ႔လိုက္သြားတာေပါ့၊ ဟိုမိန္းကေလးကေတာ့ က်ဳပ္တို႔ကိုမေက်နပ္လို႔ ဘုၾကည့္ၾကည့္ေနတယ္ဗ်၊

အိမ္ခန္းထဲမွာေတာ့ ဘုရားစင္လိုစင္ႀကီးတစ္ခုရွိတယ္၊ ဒါေပမယ့္ စင္ေပၚမွာေတာ့ ဘုရားဆင္းတုမရွိဘူးဗ်၊ မိန္းမႀကီးတစ္ေယာက္ပုံစံ ႐ုပ္တုကိုတင္ထားတာ၊ ၿပီးေတာ့ အနက္ေရာင္အစေတြ၊ အဝါေရာင္အစေတြ၊ အနီေရာင္အစေတြနဲ႔ ရႈပ္ရွက္ခပ္ေနတာပဲဗ်ာ၊ ခုနကအ႐ုပ္အေရွ႕မွာေတာ့ ေတာင္ေဝွးတစ္ေခ်ာင္းကို အလ်ားလိုက္တင္ထားတယ္ဗ်။

ခုနက စင္အေရွ႕မွာ စားပြဲအေသးေလးတစ္လုံးခ်ထားတယ္၊ ေရစိုထမီနဲ႔မိန္းကေလးက စားပြဲခုံေပၚတက္ၿပီးေတာ့ ေဆာင့္ေၾကာင့္ႀကီးထိုင္လိုက္ပါေရာဗ်ာ။

“ကဲ သာဒင္ နင္ဘာထူးလို႔ တို႔ဆီေရာက္လာတာလဲ”

“ထူးတာကေတာ့ ေဟာဒီကေလးပါ၊ ေဟာဒီကေလးက ေမြးရာပါ ေမာက္လုံးကေလးျဖစ္ေနပါတယ္ မိမိုးႀကီး၊ သူ႔ကိုတစ္ခ်က္ေလာက္စစ္ေဆးေပးပါ”

“ေအး အေရွ႕နားတိုး”

ဦးဘသာက ေၾကာက္လန႔္ေနတဲ့ငညိဳကို အေရွ႕တိုးခိုင္းလိုက္တယ္၊ အဲဒီမိန္းကေလးက ငညိဳရဲ႕ငယ္ထိပ္ေပၚကို လက္ဝါးႏွစ္ဖက္ျဖန႔္ၿပီးတင္တယ္ဗ်၊ ၿပီးေတာ့ လက္ဝါးကို ေမွာက္လိုက္၊ လွန္လိုက္ လုပ္ေနပါေရာ။

“ဟဲ့သာဒင္ ဒီကေလးမွာ ဘာပညာစက္မွ မရွိပါဘူးဟဲ့”

“ဟာ၊ မဟုတ္တာပဲ မိမိုးႀကီးရာ ေသေသခ်ာခ်ာစစ္ေဆးၾကည့္စမ္းပါ”

“အလိုေတာ္၊ ငါ့နာမည္ မိမိုးႀကီးပါဟဲ့၊ ေမွာ္ပညာအရာမွာ ဝိဇၹာေပါက္ၿပီး ဆရာေနရာေရာက္ေနတဲ့ ေအာက္ဝိဇၨာပါ၊ ငါတပ္အပ္ေျပာရဲတယ္၊ ဒီကေလးမယ္ ဘာပညာ၊ ဘာစက္မွ မရွိဘူးဟဲ့”

ဦးဘသာက ေခါင္းကုပ္ေနတယ္ဗ်။

“က်ဳပ္ပညာစက္ေတြကို ဖးဖိထားလို႔မ်ား မိမိုးႀကီးမသိႏိုင္တာလား”

“နင္က ငါ့ကိုေတာ္ေတာ္အထင္ေသးေနတာပဲ၊ နင္ငါ့အေၾကာင္း မသိဘူးလား”

“သိပါတယ္ မိမိုးႀကီး၊ ဒါေပမယ့္ ဒီကေလးမွာ ပညာစက္မရွိဘူးဆိုတာေတာ့ အေတာ္ထူးျခားေနတယ္၊ က်ဳပ္သူ႔ကို စမ္းသပ္တုန္းက သူ႔မွာအေမာက္လံံုံးတစ္ခုရွိတယ္၊ ၿပီးေတာ့ ေလေတြ၊ ေရေတြကိုလည္း ေကာင္းေကာင္းထိန္းခ်ဳပ္ႏိုင္ခဲ့တယ္”

အဲဒီမိန္းကေလးက မ်က္လုံးကိုစူးစူးစိုက္စိုက္မွိတ္ထားတယ္ဗ်။ မ်က္လုံုံးေဘးနားမွာေတာင္ အစင္းေၾကာင္းေတြေပၚလို႔ဗ်ာ။

“ဆက္ေျပာစမ္း၊ ငါစိတ္ဝင္စားလာၿပီ”

ဦးဘသာကလည္း ေခါင္းညိတ္ရင္း

“ပညာသည္ေတြထဲမွာ ေရတို႔၊ ေလတို႔ကို ထိန္းခ်ဳပ္ႏိုင္တယ္ဆိုတာ ႏွယ္ႏွယ္ရရအစြမ္းမွမဟုတ္ဘဲ မိမိုးႀကီးရဲ႕၊ ဝမ္းတြင္းပါတဲ့ ပညာသည္ေတြေတာင္မွ သဘာဝဓါတ္ႀကီးေလးပါးကိုထိန္းခ်ဳပ္ဖို႔က အေတာ္ၾကာေအာင္ ေလ့လာလိုက္စားႏိုင္မွမဟုတ္လား၊ အခု ဒီကေလးကေတာ့ ဝမ္းတြင္းပါတဲ့ကေလးဗ်၊ ေလကိုထိန္းခ်ဳပ္လိုက္တာလည္း ထူးဆန္းတာမေျပာပါနဲ႔၊ ဆိုင္ႀကီးတစ္ခုလံုံးကို ေလေပၚအစိတ္စိတ္အမႊာမႊာျဖစ္ၿပီး ေျမာက္တက္သြားေအာင္ လုပ္ႏိုင္သဗ်၊ သူလုပ္လိုက္လို႔ ပ်က္စီးသြားတဲ့အရာေတြကို က်ဳပ္ေတာင္မွ မနည္းျပန္လိုက္ဆယ္ၿပီးေတာ့ နဂိုအတိုင္းျဖစ္ေအာင္ထားရတယ္”

“ဒီကေလး ပညာမေသးဘူးပဲ၊ မွန္းစမ္း၊ ငါတို႔စမ္းေနတာသိလို႔ တင္းခံေနတာမ်ားလား”

မိန္းကေလးက မ်က္လံုံးေတြျပန္ဖြင့္လိုက္တယ္ဗ်၊ ၿပီးေတာ့ ခုနက အိမ္တံခါးကို ေနာက္ျပန္ထိုင္ေနတဲ့ မိန္းကေလးကိုၾကည့္ၿပီးေတာ့

“ဟဲ့ ငါ့ကိုပုဝါေပးစမ္း”

အဲဒီမိန္းကေလးက ျပာျပာသလဲနဲ႔ ဘုရားေက်ာင္းေဆာင္လို စင္ကေလးဆီေျပးၿပီးေတာ့ အနီေရာင္၊ အနက္ေရာင္၊ အဝါေရာင္အစေတြကို သိမ္းႀကံဳံးၿပီး ဆြဲယူလိုက္တယ္ဗ်၊ ၿပီးေတာ့ မိမိုးႀကီးဝင္ပူးတဲ့ မိန္းကေလးကိုေပးလိုက္ပါေရာ၊ မိန္းကေလးက ပုဝါစေတြကိုလွမ္းယူၿပီးေတာ့ သူ႔ကိုယ္လံုံးမွာ တစ္ပတ္ပတ္တယ္၊ ဘယ္ပုခံံုံးကေန ေဘးေစာင္းတင္ၿပီးေတာ့ ခ်ိဳင္းေအာက္ကေနထြက္ၿပီး ဘယ္ပုခုံးကိုပဲ ပုဝါကိုျပန္တင္ၿပီး အေနာက္ကိုအစျပန္ခ်တယ္ဗ်၊ အဲဒီလိုလုပ္တာကို ထုံရစ္တယ္လို႔ ေခၚတယ္တဲ့ဗ်ာ၊ ဒါက ဦးဘသာက ေနာက္မွေျပာျပတာပါ။

“ေတာင္ေဝွးေပးစမ္း”

ခုနက မိန္းကေလးက စင္ေပၚမွာတင္ထားတဲ့ ေတာင္ေဝွးကိုလွမ္းေပးလိုက္တယ္ဗ်။ မိမိုးႀကီးက ေတာင္ေဝွးကိုလွမ္းယူလိုက္တယ္၊ ေတာင္ေဝွးက သိပ္မရွည္ပါဘူးဗ်ာ၊ တစ္လံေလာက္ပဲရွိပရတယ္၊ က်ပ္ျပားလုံးေလာက္ရွိတဲ့ သစ္သားနဲ႔လုပ္ထားတဲ့ ေတာင္ေဝွးပါ။ ေတာင္ေဝွးကိုလွမ္းယူၿပီးေတာ့ ငညိဳရဲ႕ေခါင္းကို ေတာင္ေဝွးနဲ႔ေခါက္ရင္း “အိပ္စမ္း” လို႔ေျပာလိုက္တာနဲ႔ ငညိဳတစ္ေယာက္ တုံးခနဲလဲက်သြားတာပဲဗ်ာ၊ ငညိဳကို သူ႔ေျခေထာက္အနားကို ေခါင္းထားၿပီးအိပ္ေစရင္း သူကေတာ့ စားပြဲခုံေပၚ ေဆာင့္ေၾကာင့္ထိုင္ၿပီးေတာ့ ငညိဳရဲ႕ရင္ဘတ္ကို ေတာင္ေဝွးစတစ္ဖက္နဲ႔ လွမ္းေထာက္ထားလိုက္တယ္။

ၿပီးေတာ့ မႏၲန္ေတြကို ႐ြတ္ေတာ့တာပဲဗ်ာ၊ အသံေနအသံထား အျဖတ္အေတာက္မွန္မွန္နဲ႔ကို ႐ြတ္တာဗ်၊ ႐ြတ္ေနရင္းနဲ႔ အသံံက အံႀကိတ္ထားသလိုမ်ိဳး တင္းတင္းႀကီးျဖစ္လာတယ္။

“သာဒင္၊ နင္ေတာ့ ျပႆနာရွာလာၿပီ၊ နင္ေတာ့ျပႆနာကို တို႔႐ြာကိုသယ္လာခဲ့ၿပီဟဲ့”

ေျပာရင္းနဲ႔ မိမိုးႀကီးဆံပင္ေတြက ေလတိုက္သလို တဝူးဝူးျဖစ္လာတယ္၊ အစကေတာ့ ျဖည္းျဖည္းပဲဗ်၊ ေနာက္ေတာ့ ဆံပင္ေတြအကုန္လံံုံး ေလေတြလွန္ၿပီးေတာ့ လြင့္ေနတာပဲဗ်ာ၊ မ်က္ႏွာႀကီးကလည္း မဲ့လို႔ဗ်၊ ဒီအခ်ိန္ ေတာင္ေဝွးထိပ္နားက အျဖဴေရာင္အလင္းတန္းေတြထြက္လာတယ္၊ အျဖဴေရာင္အလင္းေတြက ေနေရာင္ျခည္လို အေတာ္စူးစူးဗ်၊ ေဘးကၾကည့္ေနတဲ့က်ဳပ္တို႔အကုန္လုံး ကိုယ့္မ်က္လံံုံးကိုယ္ ပိတ္ထားလိုက္ရတယ္၊ ၿပီးတာနဲ႔ ငညိဳကေလးက ႐ႊီးခနဲအသံအက်ယ္ႀကီးျမည္ၿပီးေတာ့ မိုးေပၚကိုေထာင္တက္သြားတာပဲဗ်ာ၊ အိမ္ေခါင္မိုးႀကီးဆိုရင္ ဝုန္းခနဲပြင့္ၿပီးေတာ့ အေပါက္ႀကီးအႀကီးႀကီး က်န္ေနခဲ့တယ္၊ ခုံေပၚမွာ ေဆာင့္ေၾကာင့္ထိုင္ေနတဲ့ မိမိုးႀကီးလည္း အေနာက္ကိုပက္လက္လန္ၿပီးေတာ့ ေျခလြတ္လက္လႊတ္လဲက်ပါေရာလား။

“မမေလး၊ မမေလး”

ဟိုမိန္းကေလးက ေျပးဆြဲၿပီးထူတယ္ဗ်၊ မိမိုးႀကီးဝင္ပူးတဲ့မိန္းကေလးက အေတာ္ေမာေနပံုံရတယ္၊ သူ႔ရင္ဘတ္က ဖားဖိုႀကီးလို ပိန္လိုက္ေဖာင္းလိုက္နဲ႔ အသက္ကိုမနည္းလုၿပီးရႉေနရတယ္ဗ်ာ။

“ေတာင္ေဝွး . . . ေတာင္ေဝွး . . . ပါသြားၿပီ”

ဟုတ္ပါ့ဗ်ာ၊ က်ဳပ္တို႔ၾကည့္လိုက္တဲ့အခ်ိန္ ခုနက ေတာင္ေဝွးႀကီးလုံးဝမရွိေတာ့ဘူးဗ်။ သူေျပာပံုံအရဆိုရင္ ေတာင္ေဝွးကို ငညိဳက ဆြဲယူသြားတဲ့ပုံပဲ။ က်ဳုပ္လည္း ဘာေတြျဖစ္ေနမွန္းကို နားမလည္ေတာ့ပါဘူးဗ်ာ၊ မိမိုးႀကီးပူးတဲ့မိန္းကေလးက မ်က္လုံးေတြကိုျပန္မွိတ္ၿပီး အာ႐ုံစူးစိုက္တယ္ဗ်ာ၊ ဒါေပမယ့္ သူဘာမွလုပ္မရဘူးျဖစ္ေနတယ္၊ ၿပီးေတာ့ မ်က္ရည္ေတြက်လာတယ္။ ဦးဘသာဆို ေတာ္ေတာ္ထိတ္လန႔္ေနတာ။

“နင့္ပညာေတြကြယ္သြားၿပီ၊ နင့္ကို မိမိုးႀကီးမစီးမကပ္ေတာ့ဘူးမဟုတ္လား”

ဒီမိန္းကေလးက ေခါင္းညိတ္တယ္ဗ်။

“ဘာေတြျဖစ္ေနတာလဲ၊ ဒီကိစၥကို မိမိုးႀကီးသိသလို နင္လည္းတစ္ခုခုေတာ့ သိမယ္ထင္တာပဲ ကေလးမ၊ ေျပာစမ္းပါ”

အဲဒီမိန္းကေလးက အားယူၿပီး ထိုင္ရင္း

“မိမိုးႀကီးက ဒီလိုအျဖစ္မ်ိဳးကို သတိေပးေနတာၾကာၿပီ”

(၅)

“ဘာကိုသတိေပးေနတာလဲ ကေလးမ”

“သာဒင္ဆိုတဲ့လူတစ္ေယာက္ ႐ြာကိုလာလိမ့္မယ္၊ ဘယ္လ၊ ဘယ္အပတ္မွာလာမယ္လို႔ အတတ္ေဟာထားတယ္၊ အဲဒီလူလာရင္ ႐ြာမွာျပႆနာႀကီးျဖစ္မယ္တဲ့၊ ဒါေၾကာင့္ ႐ြာက ကာလသားေခါင္း ကိုဖိုးကြန႔္တို႔ကို ေျပာဆိုၿပီး သာဒင္ဆိုတဲ့လူ႐ြာကိုလာရင္ ႐ြာထဲကိုမသြင္းဖို႔ ႀကိဳတင္မွာထားၿပီးသား”

က်ဳပ္လည္း ေခါင္းညိတ္လိုက္ရင္း

“ဒါေၾကာင့္ကိုး၊ ဒါေၾကာင့္ ႐ြာထိပ္မွာ ကာလသားေတြက လူေတြကိုရွာေဖြေနတာကိုး”

“ဒါဆို မိမိုးႀကီးက တစ္ခုခုကိုႀကိဳသိေနလို႔ပဲကြ၊ သူက ဘာကိုႀကိဳသိေနတာလဲ”

ဦးဘသာလည္း ပေဟဠိျဖစ္သြားတယ္ထင္တယ္။

“ေဘးဆိုးႀကီးတစ္ခုတဲ့၊ အထူးသျဖင့္ ဒီ႐ြာမွာရွိတဲ့ စုန္းေတြ၊ ကေဝေတြအတြက္ အလြန္ႀကီးမားတဲ့ ေဘးဆိုးႀကီးတစ္ခုတဲ့”

က်ဳုပ္လည္း သိခ်င္တာနဲ႔

“ဘာေဘးလဲဗ်”

မိန္းကေလးက ေခါင္းခါရင္း

“ဒါကေတာ့ မိမိုးႀကီးပဲသိမွာ”

“ေနပါအုံးဗ်၊ အဲဒီမိမိုးႀကီးဆိုတာ ဘယ္သူလဲ”

ဦးဘသာက က်ဳပ္ဘက္ကိုလွည့္ၾကည့္ၿပီး

“အထက္လမ္းပညာရပ္ေတြကို တစ္ဖက္ကမ္းခတ္တတ္ေျမာက္သြားတဲ့လူကို အထက္ဝိဇၨာလို႔ေခၚတယ္ကြ၊ ဒီလိုပဲ ေအာက္လမ္းပညာရပ္ေတြ စုန္းပညာရပ္ေတြကို တစ္ဖက္ကမ္းခတ္တတ္ေျမာက္သြားတဲ့လူကို ေအာက္ဝိဇၨာလို႔ေခၚၾကတယ္၊ မိမိုးႀကီးက အရင္ကတည္းက ကေဝေျမာက္တစ္ဦးပဲကြ၊ ဒါေပမယ့္ သူက ကေဝပညာကို မေကာင္းတဲ့ေနရာမွာ အသုံးမခ်ဘဲနဲ႔၊ မင္းကိုမနက္ကေျပာခဲ့တဲ့ အနႏၲမေနာကိုထိုးေဖာက္သိျမင္ၿပီးေတာ့ အၾကားအျမင္ေဟာေပးေနခဲ့တာပဲ”

“ေၾသာ္၊ ဒီလိုကိုး”

“သူေသသြားေသမယ့္ သူရဲ႕နာမ္က မေသခဲ့ဘူး၊ ဘိုးေတာ္ေတြ ထြက္ရပ္ေပါက္သလိုမ်ိဳး၊ သူကလည္း ထြက္ရပ္ေပါက္သြားခဲ့တယ္၊ အခုေတာ့ သူက အနႏၲမေနာအတြင္းမွာ နာမ္ခႏၶာနဲ႔အသက္ရွင္ရင္း ေနထိုင္တယ္၊ ဘိုးေတာ္ေတြ ဓါတ္စီးသလိုမ်ိဳး ေဟာဒီက ကေလးမကို ဓါတ္စီးၿပီးေတာ့ အၾကားအျမင္ေတြ ဆက္ေဟာေပးေနတာပဲ”

“က်ဳပ္နားလည္ၿပီ၊ ဒါနဲ႔ ဦးဘသာက ငညိဳကို ဒီကိုေခၚလာတယ္ဆိုတာကေရာဗ်ာ”

“ခုနက ငါေျပာခဲ့တယ္မဟုတ္လား၊ ငညိဳက ေမြးရာပါထူးျခားတဲ့သူပဲ၊ ဒါေၾကာင့္မို႔လို႔ သူ႔ကိုငါ့ပညာခ်ည္းသက္သက္နဲ႔ ပညာဖ်က္ဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး၊ ႏြားသန္ညိဳးရင္ တိုးတတ္တယ္ ဆိုတဲ့စကားအတိုင္း ပညာၾကမ္းတဲ့ ငညိဳကို ငါက အကိုင္အတြယ္မေတာ္ခဲ့ရင္ ငညိဳေရာ၊ ငါေရာ တစ္ခုခုျဖစ္တတ္တယ္၊ အခန႔္မသင့္ရင္ ႏွစ္ေယာက္စလုံးေသရင္ေသ၊ မဟုတ္ရင္ တစ္ေယာက္ေသတတ္တယ္ကြ၊ ဒါေၾကာင့္မို႔လို႔ မိမိုးႀကီးဆီကိုလာခဲ့တာ”

“ဒါဆိုရင္ မိမိုးႀကီးတစ္ေယာက္ပဲ သူ႔ကိုလုပ္ေပးႏိုင္တဲ့သေဘာလား”

“ေအးေပါ့၊ ခုနက ေတာင္ေဝွးကို “ကေဝမႈတ္ေျပာင္း” လို႔ေခၚၾကတယ္၊ အတတ္ပညာေတြအားလုံးကို ဒီေတာင္ေဝွးနဲ႔သပ္ခ်လိုက္ၿပီး ၿဖိဳဖ်က္ဆီးရတယ္”

“ဒါဆို အခုဘာဆက္ျဖစ္မွာလဲ၊ ငညိဳကေရာ ဘယ္ေရာက္သြားတာလဲ”

ဦးဘသာ ျပန္မေျဖႏိုင္ေတာ့ဘူးဗ်၊ ၿပီးေတာ့ မိမိုးႀကီး ဝင္စီးတတ္တဲ့ မိန္းကေလးကိုလွည့္ၾကည့္လိုက္တယ္။

“မိမိုးႀကီးအဆိုအရဆိုရင္ေတာ့ ေတာ္ေတာ္ဆိုး႐ြားတဲ့အျဖစ္တစ္ခုျဖစ္ေတာ့မွာမို႔လို႔ပဲ”

“ဒါနဲ႔စကားမစပ္၊ ကြၽန္မနာမည္က ယဥ္ၿမိဳင္ပါ၊ ဟိုကေတာ့ ကြၽန္မရဲ႕တပည့္ စုလႈိင္လို႔ေခၚပါတယ္”

ဦးဘသာက ေခါင္းညိတ္လိုက္ရင္း

“ေဗြခုံေလာက္ဆိုင္ ယဥ္ၿမိဳင္ဆိုတာမွတ္တယ္”

မိမိုးႀကိး ဝင္စီးတဲ့မိန္းကေလးက ယဥ္ၿမိဳုင္တဲ့ဗ်ာ၊ ႐ုပ္ရည္ကလည္း ေခ်ာေခ်ာကေလးဗ်၊ ခုနက စုန္းလိပ္သြင္းထားတယ္ဆိုတဲ့ မိန္းကေလးကေတာ့ စုလႈိင္ေပါ့ဗ်ာ၊

“ဒါဆို ဘာဆက္ျဖစ္ႏိုင္မလဲ ဆရာႀကီး”

ယဥ္ၿမိဳင္ကေမးတယ္၊ ဦးဘသာလည္း ခ်က္ခ်င္းေတာ့မေျဖႏိုင္ေသးဘူးဗ်။ ေခါင္းကိုတြင္တြင္ခါရင္း

“တစ္ခုခုေတာ့ ထူးေတာ့မွာ အမွန္ပဲေဟ့”

ဒီလိုနဲ႔ က်ဳပ္တို႔လည္း သူတို႔အိမ္ကေနျပန္လာခဲ့တာေပါ့ဗ်ာ၊ ေန႔လည္ေတာင္ေရာက္ေနၿပီဆိုေတာ့ ဦးလူလွတို႔အိမ္ကိုေရာက္သြားတဲ့အခါ ထမင္းဝိုင္းက အသင့္ေစာင့္ေနၿပီဗ်။

“ကိုဘသာတို႔၊ အခ်ိန္ကိုက္ေရာက္လာတာပဲ၊ လာဗ်ာ၊ စားၾကရေအာင္”

ထမင္းဝိုင္းမွာထိုင္ေနတဲ့ ခ်ိဳတူးက က်ဳပ္တို႔ကိုလွမ္းၾကည့္ၿပီး

“ဒါနဲ႔ ငညိဳတစ္ေယာက္ေကာဗ်”

က်ဳပ္ကေတာ့ မ်က္ႏွာကြက္ခနဲပ်က္သြားတယ္၊ ဦးဘသာကေတာ့ ေအးေအးလူလူပါပဲ။

“ေအးကြာ၊ ႐ြာထဲမွာကေလးေတြေဆာ့ေနတာကိုေတြ႕ေတာ့ သူလည္းပါခ်င္တယ္ဆိုၿပီးေတာ့ ေရာေဆာ့ေနေလရဲ႕၊ သူဗိုက္ဆာေတာ့ ျပန္လာပါလိမ့္မယ္”

က်ဳပ္တို႔လည္း ထမင္းဝိုင္းမွာထိုင္လိုက္တယ္၊ ဟင္းကေတာ့ ေကာင္းတယ္ဗ်ာ၊ ဝက္သားသုံးထပ္သားကို အာလူးနဲ႔ဆိမ့္ဆိမ့္ကေလးခ်က္ထားတာဗ်၊ ၿပီးေတာ့ မန္က်ည္းသီးအစိမ္းကို ငါးပိခ်က္ခ်က္ထားတယ္၊ တို႔စရာကေတာ့ သခြားသီးစိတ္ကေလးေတြနဲ႔ သီဟိုရ္ၫြန႔္ေလးေတြေပါ့ဗ်ာ။ ဖ႐ုံၫြန႔္၊ ဖ႐ုံကင္းေလးေတြကို အရည္ေသာက္ကေလးခ်က္ထားတာလည္း ပါေသးသဗ်။ ေ႐ႊမိကေတာ့ ဧည့္သည္ေတြေရွ႕မို႔ထင္တယ္ ထမင္းမစားဘဲ ေဘးကေနယပ္ေတာင္တစ္ေခ်ာင္းနဲ႔ထိုင္ၿပီးေတာ့ ယင္ေကာင္ေတြေမာင္းေနတယ္ဗ်။

က်ဳုပ္လည္း ဆာဆာနဲ႔ ထမင္းကိုစားလိုက္တယ္၊ ဦးဘသာၾကည့္ရတာ စိတ္နဲ႔လူနဲ႔ကပ္ပုံမရဘူးဗ်ာ၊ ထမင္းပန္းကန္ထဲ လက္ႏႈိက္ၿပီးေတာ့ ေငးေနေလရဲ႕၊ ဦးလူလွက ဒါကိုေတြ႕တာနဲ႔။

“ကိုဘသာ၊ စားေလဗ်ာ၊ ဘာေတြေငးေနတာလဲဗ်၊ ဝက္သားမစားလို႔လား”

ဒီေတာ့မွ ဦးဘသာက သတိဝင္သြားၿပီး

“စားပါတယ္၊ စားပါတယ္”

ႈဦးလူလွက ဝက္သားဟင္းပန္းကန္ထဲက ဝက္သားတုံးႀကီးတစ္တုံးကို ဇြန္းနဲ႔ခပ္လိုက္ၿပီးေတာ့ ဦးဘသာပန္းကန္ထဲကိုလွမ္းထည့္တယ္ဗ်၊ ဒါေပမယ့္ ဝက္သားတုံးက ဦးဘသာပန္းကန္အနားကိုေရာက္ေတာ့ လက္ကရပ္သြားတယ္ဗ်၊ က်ဳုပ္လည္း ဘာျဖစ္တာလဲဆိုၿပီးၾကည့္ေနတာေပါ့ဗ်ာ၊ ဟင္းတုံးထည့္ေပးတဲ့ ဦးလူလွရဲ႕လက္က ေလေပၚမွာတန္းလန္းႀကီးရပ္ေနတယ္၊

“ဦးလူလွ၊ ထည့္ေလဗ်ာ”

က်ဳပ္ကေတာင္ မေနႏိုင္လို႔ေျပာလိုက္တယ္၊ ဦးလူလွက ေက်ာက္ရပ္ႀကီးတစ္႐ုပ္လို ရပ္သြားတာပဲဗ်ာ၊ ဦးဘသာက လက္ကို လက္သုတ္ပုဝါနဲ႔သုတ္ရင္း ခ်ိဳတူးဆီကိုေမးေငါ့ျပတယ္ဗ်ာ၊ ပါးစပ္ထဲကို ထမင္းလုပ္ထည့္ေနတဲ့ခ်ိဳတူးလည္း ထမင္းလုပ္တန္းလန္းႀကီးနဲ႔ ရပ္ေနတာပဲဗ်ာ။ ဒါနဲ႔ ေဘးနားက ေ႐ြမိကိုၾကည့္လိုက္ေတာ့ ေ႐ႊမိလည္း မ်က္လုံးႀကီးျပဴးလို႔ ယပ္ေတာင္ႀကီးကိုင္ရင္း ရပ္ေနတာပဲ။

“ဦး၊ ဦးဘသာ သူတို႔ကိုဘာလုပ္လိုက္တာလဲ”

“ငါလုပ္တာမဟုတ္ဘူးကြ”

ဒီအခ််ိန္႐ြာလမ္းေပၚမွာ လူေတြ႐ုံးစု႐ုံးစုနဲ႔ ေျပးလာၾကပါေရာဗ်ာ၊ ေကာင္းကင္ႀကီးကလည္း ပုံမွန္ထက္ပိုၿပီး လင္းလင္းထိန္ထိန္ႀကီးျဖစ္ေနသလိုပဲ၊ ဦးဘသာလည္း ထထြက္သြားတာနဲ႔ က်ဳပ္လည္း လက္ကိုကမန္းကတမ္းေဆးၿပီးေတာ့ ဦးဘသာအေနာက္ကိုလိုက္ခဲ့ေတာ့တာပဲဗ်ာ၊ ႐ြာလယ္လမ္းမွာ သြားလာေနၾကတဲ့လူေတြ၊ လုပ္ကိုင္ေနၾကတဲ့လူေတြလည္း အကုန္လုံးရပ္ေနတယ္ဗ်၊ ဒါေပမယ့္ မရပ္တဲ့လူေတြေတာ့ရွိတယ္။

“ဦးဘသာ၊ ဘာျဖစ္ေနတာလဲဆိုတာ က်ဳပ္ကိုေျပာစမ္းပါ”

“တစ္ေယာက္ေယာက္က ရပ္ဝန္းတစ္ခုကိုဖန္တီးလိုက္ၿပီအလတ္ေကာင္”

“ဘာရပ္ဝန္းလဲ”

“စုန္းပညာတတ္တဲ့လူေတြပဲ သြားႏိုင္လာႏိုင္ၿပီးေတာ့ ပညာမတတ္တဲ့လူေတြအကုန္လုံး အိပ္ေမာက်ရပ္တန႔္ေနတဲ့ ရပ္ဝန္းတစ္ခုေပါ့ကြာ”

“ဗ်ာ၊ ဒါ . . . ဒါကို ဘယ္သူကလုပ္တာလဲဗ်”

ဦးဘသာက ေခါင္းခါရင္း

“ဒါကိုလုပ္တဲ့လူက ႏွယ္ႏွယ္ရရေတာ့မဟုတ္ဘူးကြ၊ ပုံမွန္အားျဖင့္ ဒီလိုရပ္ဝန္းကို အိမ္ခန္းတစ္ခန္းစာ၊ တစ္အိမ္လုံးစာ၊ တစ္ၿခံလုံးစာေလာက္ပဲ လုပ္ႏိုင္ၾကတာ၊ အခုတစ္႐ြာလုံးကို လုပ္တယ္ဆိုေတာ့ ဒီလူကေတာ္ေတာ္စြမ္းအားထက္တဲ့လူပဲျဖစ္ရမယ္”

ဒီအခ်ိန္မွာပဲ အသံနက္ႀကီးနဲ႔ ရယ္ေမာတဲ့အသံကိုၾကားလိုက္ရတယ္ဗ်၊ ရယ္သံက ေကာင္းကင္ကေနလာတာ၊ က်ဳပ္တို႔ၾကည့္ေနတုန္း သစ္ပင္တစ္ပင္အျမင့္ေလာက္မွာ အျဖဴေရာင္အလင္းလုံးတစ္ခုေပၚလာတယ္။

“ဟား၊ ဟား၊ ဟား နင္တို႔ေတြအကုန္လုံး ျပန္ေပးဆပ္ရလိမ့္မယ္”

က်ဳပ္တို႔နဲ႔အတူတူေျပးလာတဲ့သူေတြက အေယာက္ငါးဆယ္ ေျခာက္ဆယ္ေလာက္ေတာ့ရွိသဗ်၊ ဦးဘသာေျပာသလိုဆိုရင္ ဒီလူေတြက စုန္းေတြ၊ ကေဝေတြမ်ားလား။ အလင္းလုံးႀကီးက တျဖည္းျဖည္းနိမ့္ဆင္းလာရင္းနဲ႔ လူတစ္ေယာက္အသြင္ျဖစ္သြားတယ္။

“ဟာ၊ ငညိဳ . . . ငညိဳပါလား”

က်ဳပ္ျဖင့္လန႔္ၿပီးေအာ္မိတယ္၊ မိုးေပၚပ်ံေနတာက ငညိဳဗ်၊ လက္ထဲမွာလည္း ခုနက ေတာင္ေဝွးႀကီးကိုင္လို႔ဗ်။ ႐ြာခံစုန္းအဘိုးႀကီးတစ္ေယာက္က အေရွ႕ကိုတက္သြားၿပီးေတာ့

“ေဟ့ေကာင္၊ မင္းဘယ္သူလဲ၊ မင္းဘာလို႔ ဒီလိုလုပ္ရတာလဲ”

ငညိဳက မ်က္ေမွာင္ႀကီးၾကဳုတ္ၿပီးေတာ့

“ေအာင္မာ၊ ငါ့ကိုမ်ား ေဟ့ေကာင္ေလး ဘာေလးနဲ႔”

ငညိဳက ေျပာဆိုရင္း ေတာင္ေဝွးနဲ႔လွမ္းၫႊန္လိုက္တာနဲ႔ ဒီအဘိုးႀကီးက တုန္တုန္ယင္ယင္ျဖစ္လာၿပီးေတာ့ ရွဲခနဲအေငြ႕ျဖစ္ၿပီး ေပ်ာက္သြားတာပဲဗ်ာ၊ မ်က္စိေရွ႕တင္ကေလးျဖစ္သြားတာဗ်၊ က်န္တဲ့စုန္းေတြထဲက အဘြားႀကီးတစ္ေယာက္က အေရွ႕ကိုေျပးထြက္လာၿပီးေတာ့

“ေအာင္မယ္ နင့္ကိုနင္ဘာမွတ္ေနသလဲ စုန္းျပဴးေလးရဲ႕”

အဘြားႀကီးက သူ႔ေခါင္းမွာစိုက္ထားတဲ့ နံ႔သာဘီးကိုျဖဳတ္ၿပီးေတာ့ လွမ္းလႊတ္လိုက္တယ္ဗ်၊ ဘီးက ေလထဲပ်ံသြားၿပီးေတာ့ ငညိဳကိုသြားထိတာပဲ၊ ဒါေပမယ့္ ငညိဳက ဘာမွမျဖစ္ဘူးဗ်၊ သူ႔လက္တစ္ဖက္နဲ႔ အဲဒီသစ္သားနံ႔သာဘီးကို ဖမ္းယူလိုက္ၿပီး လက္ဝါးထဲထည့္ညႇစ္ၿပီးေတာ့ တစ္စစီျဖစ္ေအာင္ ခ်ိဳးခ်လိုက္တာပဲဗ်ာ၊ ၿပီးတာနဲ႔ အဘြားႀကီးကို ဘီးအစအနေတြနဲ႔ လွမ္းပစ္ထည့္လိုက္ေတာ့တာပါပဲ။ အဘြားႀကီးကလည္း မေခဘူးဗ်၊ ဘီးအစေတြအကုန္လုံးကို လက္နဲ႔ပုတ္ခ်ၿပီးတားလိုက္တယ္၊ ဒီေတာ့ ငညိဳက အဘြားႀကီးကို ေတာင္ေဝွးနဲ႔လွမ္းၫႊန္လိုက္ေတာ့ အဘြားႀကီးကိုယ္လုံးက တဆတ္ဆတ္တုန္ယင္လာတယ္ဗ်။

“မလုပ္နဲ႔၊ ရပ္လိုက္”

ဦးဘသာႀကီးက အဘြားႀကီးအေရွ႕ကိုခုန္ဝင္လိုက္တယ္ဗ်၊ ဒီအခ်ိန္မွာ ဝုန္းခနဲေပါက္ကြဲသံံႀကီးနဲ႔အတူ အဘြားႀကီးလြင့္ထြက္သြားတယ္၊ က်န္တဲ့စုန္းေတြက အဘြားႀကီးကို ဝိုင္းၿပီးဖမ္းထားေပးရတယ္၊ ဦးဘသာကေတာ့ တဆတ္ဆတ္တုန္ေနတယ္ဗ်၊ ဒီေတာ့မွ ငညိဳက ေတာင္ေဝွးကိုျပန္ခ်လိုက္တယ္။

“ေတာ္ပါေတာ့အေမ၊ ဒီလိုေတြဆက္လုပ္မေနပါနဲ႔”

ဦးဘသာက ငညိဳကိုၾကည့္ၿပီးေျပာတယ္၊ ငညိဳက ဟက္ဟက္ပက္ပက္ရယ္ေမာရင္း

“သား၊ ဒီကိစၥမွာ နင္ဝင္မပါနဲ႔၊ နင္ဖယ္ေနစမ္း”

“အေမ၊ ဒီလိုမလုပ္ပါနဲ႔”

ငညိဳက ေဒါသထြက္ထြက္နဲ႔

“ဟဲ့သား၊ ဒီ႐ြာကလူေတြ အေမတို႔ကို ဘယ္လိုဆက္ဆံခဲ့တယ္ဆိုတာ နင္သိသလား၊ မိမိုးႀကီးက အေမ့ကိုဘယ္ေလာက္ ႏိုင္စားသလဲဆိုတာ နင္သိတယ္မဟုတ္လားဟဲ့”

“သိပါတယ္၊ အဲဒါေတြက အေမလုပ္ခဲ့တဲ့ ျပႆနာေတြပဲ”

“ေအာင္မယ္၊ ငါ့သားက အသက္ကေလး နည္းနည္းရလာေတာ့ ငါ့ကိုျပန္ၿပီးအာခံေနၿပီေပါ့”

ငညိဳကေျပာဆိုၿပီးေတာ့ ဦးဘသာကိုလက္ညႇိဳးထိုးၿပီး လက္ကိုေဝွ႔ယမ္းထည့္လိုက္ေတာ့ ဦးဘသာက လြင့္ထြက္သြားၿပီးေတာ့ သစ္ပင္တစ္ပင္ရဲ႕ေျခရင္းမွာ ေခြေခြကေလးက်သြားတယ္။ ငညိဳက ႐ြာကစုန္းေတြကိုၾကည့္ၿပီးေတာ့

“ဟဲ့ စုန္းေတြ၊ နင္တို႔ငါ့နာမည္ကိုမွတ္ထား၊ ငါ့နာမည္ မယ္ပ်င္းတဲ့၊ အခုနင္တို႔ စုန္းသိုက္ကို အျမစ္ျဖတ္ေပးဖို႔လာခဲ့တာဟဲ့”

နိဗၺာန္႐ြာက စုန္းေတြက ငညိဳကိုၾကည့္ၿပီးေတာ့ အေတာ္အံ့ၾသေနၾကတာဗ်။

“နင္တို႔တစ္ခ်ိန္က မိမိုးႀကီးအစြမ္းကိုအသုံးခ်ၿပီးေတာ့ ငါ့ကိုအႏိုင္ယူခဲ့တယ္၊ အခု ငါျပန္လာၿပီ၊ နင္တို႔အားကိုးတဲ့ မိမိုးႀကီးလည္းမရွိေတာ့ဘူး၊ ၿပီးေတာ့ မိမိုးႀကီးကိုင္ေဆာင္ခဲ့တဲ့ ကေဝမႈတ္ေျပာင္းကိုလည္း ငါရထားၿပီေဟ့၊ နင္တို႔ေတြအကုန္လုံးကို အမႈန႔္ေခ်ပစ္မဟဲ့”

က်ဳပ္လည္း နားမရွင္းေတာ့ဘူးဗ်ာ။

“ေနစမ္းပါအုံး ေဒၚပ်င္းရ၊ ဒါဆို ငညိဳကဘာလဲ၊ ငညိဳက ဘာမွမတတ္ဘူးလား”

“ဟား၊ ဟား ေတာ္ေတာ္တုံးအတဲ့ေကာင္ေလးပဲ၊ ေအးေအး၊ ငါကလည္း နင္ဒီလိုမ်ိဳးတုံးအလို႔ နင့္ကိုသိပ္ခ်စ္တာဟဲ့”

“ဗ်ာ၊ က်ဳပ္ကဘာလုပ္လို႔လဲ”

ဒီေတာ့ ဦးဘသာက ကုန္းထလာၿပီးေတာ့

“ဒီလိုအလတ္ေကာင္ရ၊ ငါထင္ေနတာ အခုေတာ့တကယ္မွန္ေနၿပီ”

“ဘာကိုမွန္တာလဲဗ်ာ”

“ဒီကိစၥေတြဟာ တကယ္မဟုတ္ဘူး၊ ငါႏြားဝယ္ခ်င္စိတ္ျဖစ္လာေအာင္လည္း ငါ့အေမလုပ္ခဲ့တာ၊ ငါတို႔ေပေတာ႐ြာေရာက္တယ္၊ လွည္းလမ္းခြေရာက္ေအာင္ကိုလည္း ငါ့အေမပဲ ဆြဲေခၚခဲ့တာ၊ ေနာက္ေတာ့ ငညိဳနဲ႔ေတြ႕ေအာင္ အေမပဲစီမံခဲ့တာမဟုတ္လား”

“သိပ္ဟုတ္တာေပါ့၊ တကယ္ေတာ့ ငညိဳစိတ္ဆိုးလို႔ ဆိုင္ႀကီးေလေပၚေျမာက္တက္သြားတာမဟုတ္ဘူး၊ အဲဒါအကုန္လုံး ငါလုပ္ေနတာ”

“ဟာဗ်ာ၊ ငညိဳက ေမာက္လုံးဆို သူ႔မွာလည္း အေမာက္ႀကီးရွိတာ က်ဳပ္အျမင္ပဲမဟုတ္လား”

ဒီအခ်ိန္မွာပဲ သစ္ပင္တစ္ပင္အေနာက္ကေန လူတစ္ေယာက္ထြက္လာတယ္ဗ်၊ ဦးဘသာက အဲဒီလူကိုလွမ္းၾကည့္ၿပီး

“ေၾသာ္၊ တုတ္ႀကီး၊ မင္းပါလား”

ဒီလူက တုတ္ႀကီးဆိုတဲ့ လူဗ်၊ သဒိုး ေဂါရာစဥ္းအတုေရာင္းတာ မေက်နပ္လို႔ လာခဲ့တဲ့ ေအာက္လမ္းဆရာေပါ့။

“သူနဲ႔က ဘာဆိုင္လို႔လဲဗ်”

“ၿမိဳုင္သာက ဆရာတုတ္ႀကီးဆိုတာ ငါ့အေမရဲ႕ တူဝမ္းကြဲေတာ္တယ္၊ ငါသိၿပီ၊ ဒီဇာတ္လမ္းမွာ မင္းလည္းပါတယ္မဟုတ္လား တုတ္ႀကီး”

တုတ္ႀကီးက ရယ္တယ္ဗ်။

“အစစ္ေပါ့ဗ်ာ၊ က်ဳပ္ဆီက ပုံရိပ္ေယာင္သြင္သဲနဲ႔ ပက္လိုက္တာကိုးဗ်၊ ဒီေတာ့ ငညိဳရဲ႕ေခါင္းမွာ ေမာက္လုံးႀကီးတစ္ခု ေပၚလာခဲ့တာေပါ့၊ ဒီေတာ့မွ ခင္ဗ်ားတို႔က ဒီကေလးမွာ ပညာေတြရွိတယ္ဆိုတာ ပိုၿပီးယုံၾကည္သြားမယ္မဟုတ္လား”

ဦးဘသာႀကီး စိတ္တိုသြားတယ္ဗ်။

“တုတ္ႀကီး၊ မင္းက ဘာျဖစ္ခ်င္ေနတာလဲ”

“ရွင္းရွင္းေလးပါ ဦးဘသာရာ၊ က်ဳုပ္အေဒၚ ေဒၚပ်င္း လူ႔ဘဝကိုတစ္ဖန္ျပန္ၿပီးေတာ့ ထုံကူးလို႔ရေအာင္ က်ဳပ္ကူညီမယ္၊ က်ဳပ္တို႔တူဝရီးႏွစ္ေယာက္ ဒီနယ္တစ္ေၾကာက ေအာက္လမ္းေလာက၊ စုန္းေလာကကို ခ်ဳပ္ကိုင္မယ္ဗ်ာ၊ အရင္က နိဗၺာန္႐ြာက ခင္ဗ်ားအေမကို ႏွိပ္ကြပ္ဖူးထားေတာ့ သူကလက္တုံ႔ျပန္ခ်င္တယ္၊ ဒီေလာက္ပါပဲ”

“ေဟ့ေကာင္တုတ္ႀကီး၊ မင္းမွားေနၿပီေနာ္၊ ငါက သူ႔ရဲ႕သား၊ သူ႔အေၾကာင္းကို မင္းထက္သိတယ္ကြ၊ ငါ့အေမနဲ႔ေပါင္းလို႔ မင္းေကာင္းဖို႔ရွိမွာမဟုတ္ဘူးေနာ္”

“ေတာ္စမ္းပါ ဦးဘသာရာ၊ ခင္ဗ်ားကိုပဲ က်ဳုပ္ကအံ့ၾသေနတာဗ်၊ ခင္ဗ်ားမွာ ဒီလိုအေမလည္းရွိတယ္ဗ်ာ၊ ဒီေလာက္အစြမ္းထက္တဲ့ပညာရပ္ေတြလည္း ရွိရဲ႕သားနဲ႔ ဘာလို႔ ဒီေလာကကို မအုပ္စိုးခ်င္တာလဲဆိုတာကို က်ဳပ္က အံ့ၾသေနတာ”

“မင္းနားမလည္ပါဘူး တုတ္ႀကီးရာ”

က်ဳပ္လည္း အေတာ္ထူးဆန္းသြားတာေပါ့။

“ေနပါအုံး၊ ေဒၚပ်င္းႀကီးက ဦးဘသာဆီအစြမ္းေတြေပးၿပီးသြားေတာ့ ေသသြားၿပီမဟုတ္ဘူးလား”

ငညိဳက ေဒၚပ်င္းအသံနဲ႔ ရယ္တယ္ဗ်။

“မေသပါဘူး၊ ငါ့ဆီမွာ မင္းရွိေနတယ္ေလ”

“ဘယ္လိုဗ်”

“ဟုတ္တယ္၊ ငါက မင္းကိုယ္ထဲမွာ ေနေနတယ္၊ ဒါေၾကာင့္ ဒီခရီးစဥ္မွာ မင္းမပါရင္ ငါ့ရဲ႕အစီအစဥ္ေတြအကုန္လုံး ေအာင္ျမင္မွာမဟုတ္ဘူး”

“ဒါဆို ဦးဘသာေျပာသလိုမ်ိဳး မေနာကိုေစခိုင္းၿပီး ေျပာခိုင္းလိုက္တာမ်ားလား၊ က်ဳပ္တို႔ရဲ႕မေနာကို ထြင္းေဖာက္ၿပီးေတာ့ ေစခိုင္းတာမ်ိဳးလား”

“သိပ္မွန္တာေပါ့၊ မိမိုးႀကီးပဲ အနႏၲမေနာကို ထြင္းေဖာက္ႏိုင္တာမဟုတ္ဘူး၊ ငါလည္း အဲဒီနယ္ပယ္ကို ထိုးေဖာက္သြားႏိုင္တယ္ဆိုတာ မင္းတို႔မသိလို႔ပါ”

တုတ္ႀကီးက ငညိဳကိုေမာ့ၾကည့္ၿပီးေတာ့

“ေဒၚပ်င္းရာ ေျပာေနၾကာပါတယ္၊ အရင္ဆုံး နိဗၺာန္႐ြာကစုန္းသိုက္ကို အရင္ရွင္းမယ္၊ ၿပီးရင္ လွည္းလမ္းခြ၊ ေပေတာ၊ ၿမိဳင္သာ . . . အိုဗ်ာ၊ ရွိရွိသမွ် စုန္းေတြအားလုံးကိုရွင္းမယ္၊ စုန္းဆိုရင္ က်ဳပ္တို႔တူဝရီးပဲ ေလာကမွာက်န္ေနရမယ္၊ စုန္းပညာတတ္ခ်င္ရင္ က်ဳပ္တို႔ဂိုဏ္းမွာပဲ လာၿပီးသင္ရေစမယ္ဗ်ာ”

ငညိဳက နိဗၺာန္႐ြာက စုန္းေတြကိုၾကည့္ရင္း မေထ့တေထ့ၿပဳံးတယ္ဗ်။

“ေကာင္ေတြ၊ ေကာင္မေတြ၊ နင္တို႔အားလုံး ျပာျဖစ္ၿပီသာမွတ္ေတာ့ဟဲ့၊ ဟား၊ ဟား၊ ဟား”

ဆက္ရန္။

#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ