” စုန်းထီးကြီး ဦးဘသာနှင့် တန်ခိုးရှင် “(စ/ဆုံး)

Unicode Version

” စုန်းထီးကြီး ဦးဘသာနှင့် တန်ခိုးရှင် “(စ/ဆုံး)
—————————————————————
အတွဲ(၄) စာစဉ်(၁၇)

(၁)

“နင်တို့အကုန်ပြာဖြစ်ပြီသာမှတ်”

ဒေါ်ပျင်းကြီးက ပြောလိုက်ပြီးတော့ သူ့တောင်ဝှေးကို စုန်းတွေဆီကို လှမ်းညွှန်ဖို့်လုပ်တယ်ဗျ၊ ဒီတော့ ဦးဘသာက ကြားကဝင်တားရတာပေါ့ဗျာ။

“အမေမလုပ်နဲ့၊ အမေသူတို့ကိုလုပ်မယ်ဆိုရင် သားကိုအရင်လုပ်”

ဒေါ်ပျင်းတစ်ဖြစ်လဲ ငညိုက ဦးဘသာကို စိတ်ပျက်သွားတဲ့ မျက်နှာမျိုးနဲ့ကြည့်ပြီးတော့

“သာစံ၊ နင်ဟာလေ၊ အဲဒီလိုစိတ်ထားပျော့ညံ့လို့ နင်ဒီလိုသိမ်သိမ်ငယ်ငယ်နဲ့ နေရတာဟဲ့”

ငညိုကပြောရင်း ဦးဘသာကို လက်ညှိုးနဲ့လှမ်းထိုးတယ်ဗျ၊ လက်ညှိုးထိပ်ကနေပြီးတော့ ဆံပင်ချည်တွေက ဖွာခနဲထွက်လာတာပါဗျာ၊ ဦးဘသာက အဲဒီဆံပင်ချည်တွေကို လက်နဲ့ ပုတ်ပုတ်ပြီးရိုက်ချတယ်ဗျ၊ ဆံပင်ချည်တွေဆိုရင် မြေပေါ်ကိုပြုတ်ကျသွားတာမှ အထွေးလိုက်ကြီးဗျာ၊ တစ်ခါ မြေပေါ်ကျသွားတဲ့ ဆံပင်ချည်က တီကောင်တွေလို တွန့်လိမ်တွန့်လိမ်ဖြစ်လာပြီးတော့ ဦးဘသာဆီကို ပြေးလာပါရောဗျာ၊ ဦးဘသာလည်း လေပေါ်က ဆံပင်ချည်တွေကို သတိထားပြီးကာကွယ်နေရတာမို့လို့ မြေကြီးပေါ်ကဟာကိုတော့ သတိမထားဘူးထင်ပါတယ်၊ ဆံပင်ချည်ခင်တွေက ဦးဘသာ ခြေထောက်ကိုထိလိုက်တာနဲ့ နက်မှောင်သန်စွမ်းတဲ့ဆံပင်ကြီးတွေဖြစ်ပြီးတော့ ဦးဘသာရဲ့ ခြေထောက်နဲ့ ခြေသလုံးကို ရစ်ပတ်ပြီး တဖြည်းဖြည်းတက်တော့တာပါပဲဗျာ။

ဦးဘသာ သိသွားတဲ့အချိန်မှာ နောက်ကျသွားပြီဗျ၊ ဆံပင်ချည်တွေက ဦးဘသာတစ်ကိုယ်လုံးကို ပိုးချည်တွေရစ်သလို ရစ်ပတ်ပြီးတက်လာတာ တဖြည်းဖြည်းနဲ့ မျက်နှာအနားကိုတောင် ရောက်လာပြီ၊

“ဦးဘသာ၊ ဦးဘသာ ဘာဖြစ်တာလဲ”

“အလတ်ကောင်၊ မင်းနားထောင်၊ ငါသူ့ကိုမတားနိုင်တော့ဘူး၊ မင်းတားရမယ်၊ မင်း ငညိုကိုရအောင်တားရမယ်”

ဦးဘသာက အော်ပြောနေရင်း သူ့ပါးစပ်တွေရော နှာခေါင်းတွေကိုပါ ဆံပင်တွေဖုံးပြီးတော့ ပိုးတုံးလုံးကြီးတစ်ကောင်လို ဖြစ်သွားတော့တယ်ဗျာ၊ ငညိုက ဒီအဖြစ်ကိုကြည့်လိုက်ပြီးတော့

“ကောင်းတယ်ငါ့သား၊ မင်းအသာနေလိုက်စမ်း၊ ငါသွားမယ့်လမ်းမှာ မင်းဝင်မပါတာ အကောင်းဆုံးပဲ”

ငညိုက အဲဒီလိုပြောပြီးတာနဲ့ စုန်းတွေဘက်ကိုလှည့််ကြည့်တယ်ဗျ။ ဒီအခါ စုန်းတွေလည်း အချင်းချင်းခေါင်းချင်းဆိုင်ကုန်ကြတာပေါ့၊ နောက်တော့ စုန်းတွေထဲကနေ မယဉ်မြိုင်ခုန်ပြီးထွက်လာတယ်ဗျ။

“အောင်မယ် နင်ကဘာကောင်မလဲ”

“ဗွေသုံးလုံးဆိုင် ယဉ်မြိုင်တဲ့ဟေ့”

“ဟား၊ ဟား နင့်ဟာနင် ဗွေသုံးလုံးမကလို့ ဗွေသန်လျက်ပဲပါပါ ငါငရုမစိုက်ဘူး”

“ကျုပ်လည်း ရှင့်ဖာသာရှင် ပျင်းရုံမကလို့ ပျော့ပဲကျကျ ဂရုမစိုက်ဘူး၊ ကျုပ်ဂရုစိုက်တာက ဒီရွာရဲ့အရေးပဲ၊ နိဗ္ဗာန်ရွာဆိုတာ စုန်းရွာ၊ စုန်းသိုက်ရှင့်၊ မယ်တော်လေးပါး၊ ကတော်ကိုးပါးတို့က အသိအမှတ်ပြုထားတဲ့ ပညာသည်ရွာ၊ ရှင်လွယ်လွယ်နဲ့ နိုင်နိုင်ရိုးလား”

“အောင်မယ်၊ လူကောင်ကသေးပေမယ့်် စကားကတော့ လေကြီးလေကျယ်ပြောတတ်သား၊ ဒီမှာကောင်မ၊ အရင်တုန်းက နင်တို့ရွာနိုင်သွားတယ်ဆိုတာ အောက်ဝိဇ္ဇာ မိမိုးကြီးရှိနေလို့ဟဲ့၊ အခု နင်တို့အင်အားလောက်ကတော့ ငါအသာကလေးပဲ”

“ကောင်းပြီလေ၊ ဒါဆို ရှင်နဲ့ကျုပ်နဲ့ နှစ်ယောက်ချင်းပြိင်မယ်၊ ကျန်တဲ့ဘယ်သူမှ ဝင်မပါကြေးနော်၊ ရှင်နိုင်ရင် ရှင်လုပ်ချင်တာလုပ်၊ ကျုပ်နိုင်ရင်လည်း ရှင့်ကိုလုပ်ချင်ရာလုပ်မယ်”

“အကြိုက်ပေါ့ဟာ”

ပြောရင်းဆိုရင်း ငညိုက လက်ကိုမြှောက်လိုက်ပြီးတော့ အပ်တစ်စင်းကို လေထဲကနေဖမ်းယူလိုက်တယ်ဗျ၊ ပြီးတော့ အဲဒီအပ်ကို ပါးစပ်နားမှာ မန်းမှုတ်ပြီးတော့ မယဉ်မြိုင် ဆီကိလှမ်းလွှတ်လိုက်ပါရောဗျာ၊ မယဉ်မြိုင်ကလည်း အပ်ကိုမျက်စောင်းထိုးလိုက်တော့ အပ်က လေထဲမှာ တန့်နေသဗျ။

“သြော်၊ ညည်းက ငါ့အပ်ကို တားနိုင်တယ်ပေါ့ဟုတ်သလား”

ငညိုက ပြောဆိုပြီးတော့ အပ်ကိုတောင်ဝှေးနဲ့လှမ်းချိန်လိုက်တော့ အပ်ကတဖြည်းဖြည်းနဲ့အရှေ့တိုးလာတယ်ဗျာ၊ မယဉ်မြိုင် တစ်ကိုယ်လံုံးလည်း ချွေးတွေထွက်ပြီးတော့ ရွဲစိုနေတာပဲ၊ အပ်က လေပေါ်မှာနေရင်း မယဉ်မြိုင်ဆီကို တစ်လက်မခြင်းတိုးလာပြီးတော့ နောက်ဆုံး မယဉ်မြိုင်ရဲ့နဖူးကို အပ်ချွန်က ထိလိုက်တာနဲ့ ဝုန်းခနဲပေါက်ကွဲသွားပြီးတော့ ဖုန်တွေလဲထသွားတာပေါ့ဗျာ၊

“မမလေး၊ မမလေး”

နိဗ္ဗာန်ရွာ ကစုန်းတွေအကုန်လုံးထိတ်လန့်သွားကြတယ်ဗျာ၊ ငညိုကတော့ အော်ရယ်လို့ဗျ။

“ကောင်းတယ်ကောင်မ၊ မလောက်လေးမလောက်စား နင့်ပညာကလေးနဲ့ ငါ့ကိုများလာပြီး ရန်ရှာချင်သေးတယ်၊ မှတ်ပြီလား”

ဖုန်လုံးတွေလွင့််ပြယ်သွားတဲ့အချိန် အထဲမှာ မယဉ်မြိုင် ရှိနေသေးတယ်ဗျ၊ မယဉ်မြိုင်က မုဆိုးထိုင်ထိုင်သလို ဒူးတစ်ဖက်ထောက်ပြီးတော့ ထိုင်နေတာဗျ၊ ပြီးတော့ ငညိုကိုကြည့်ရင်း

“ရှင်ကျုပ်ကို ဒီလောက်လွယ်လွယ်နဲ့ နိုင်မယ်ထင်လို့လား”

“အောင်မယ်၊ နင်က မသေပါလား၊ ဒီတစ်ခါတော့ နင့်ကို သေအောင်သတ်မယ်ဟဲ့”

(၂)

ငညိုက မယဉ်မြိုင်ကို တောင်ဝှေးနဲ့ လှမ်းချိန်လိုက်တယ်၊ မယဉ်မြိုင်က တကိုယ်လုံး တဆတ်ဆတ်တုန်လာသဗျ၊ ပြီးတော့ လူတစ်ယောက်ထဲကနေ နှစ်ယောက်ဖြစ်သွားပါရောဗျာ၊ ငညိုတောင် အံ့သြသွားတယ်။

“နှစ်ကောင်ဆိုတော့ နှစ်ခါသတ်ရတာပေါ့”

ငညိုကပြောရင်း စက်တွေထပ်ပြီးလွှတ်တယ်ဗျ၊ မယဉ်မြိုင်က နှစ်ယောက်ကနေ သုံးယောက်ဖြစ်သွားပါရောဗျာ၊ ပြီးတာနဲ့ မြေကြီးပေါ်ကနေ တစ်လံလောက် ကြွတက်လာပြီးတော့ အဲဒီသုံးယောက်က ဒေါ်ပျင်းကြီးကို ဝိုင်းပြီး လှည့်နေတာပဲ။ မယဉ်မြိုင်လှည့်လိုက်တာနဲ့ သုံးယောက်ကနေပြီး အယောက်တစ်ရာလောက်ဖြစ်သွားတယ်ဗျ၊ ဒေါ်ပျင်းအနားမှာ ဝဲလည်နေတာ မရေမတွက်နိုင်ဘူးဗျို့။

တုတ်ကြီးက လွယ်အိတ်ထဲကို လက်နဲ့နှိုက်နေတာကို မြင်လိုက်ရသဗျ၊ ဒါနဲ့ကျုုပ်လည်း လှမ်းအော်ရင်း

“ဟေ့လူ၊ မဟုတ်တာမလုပ်နဲ့”

တုတ်ကြီးဆီကို ကျုပ်လည်းပြေးသွားတာပေါ့ဗျာ၊ သူ့အနားရောက်တာနဲ့ သူ့ကိုဆောင့််တွန်းထည့်လိုက်တာပေါ့၊ တုတ်ကြီးလည်း ပက်လက်လန် လဲကျသွားပြီးတော့ သူ့လက်ထဲမှာကိုင်ထားတဲ့ နှမ်းစေ့လိုလို အနက်စေ့တွေအကုန်လုံး မြေပေါ်ကို ပြန့်ကျဲသွားတယ်ဗျ။ တုတ်ကြီးက ကျပ်ကိုမကျေမနပ်နဲ့ကြည့်ရင်း

“တောက်၊ ငါကွာ”

လို့ရေရွတ်ပြီးတာနဲ့ ကျုပ်ရင်ဘတ်ကို သူ့လက်ဝါးနဲ့ ဖြောင်းခနဲနေအောင် တွန်းထည့်လိုက်တာ ကျုပ်လည်း အနောက်ကို အတောင်နှစ်ဆယ်လောက် လွင့်ထွက်သွားပြီးတော့ မြေပေါ်ကို ဖုတ်ခနဲကျတယ်ဗျ၊ တုတ်ကြီးလက်ဝါးကို သေချာကြည့်လိုက်တော့မှ ဘုရားစေတီပုံကို ဇောက်ထိုးဆွဲထားတာဗျ၊ ဆွဲထားတယ်ဆိုတာထက် ဆေးနီ၊ ဆေးနက်တွေနဲ့ ပေါက်ထားတဲ့ပုံစံမျိုးပဲ၊ တုတ်ကြီးက ကျုပ်ကိုမကျေမနပ်နဲ့ကြည့်ရင်း

“မဆီမဆိုင်ဝင်ပါတဲ့ကောင်၊ သေစမ်း”

ဆိုပြီးတော့ သူ့အိတ်ထဲလက်နှိုက်ပြီး ကတ်ကြေးအသေးကလေး တစ်ချောင်းနဲ့ ကျုပ်ကို ကောက်ပစ်ပါရောဗျာ၊ ကတ်ကြေးကလေးက ကြေးလိုဟာနဲ့လုပ်ထားတဲ့ကတ်ကြေးဗျ၊ ကတ်ကြေးအသွားလေးတွေက လက်သန်းလောက်ပဲရှိတာ၊ ဒါပေမယ့် ပျံသန်းလာရင်း ကတ်ကြေးက တဖြည်းဖြည်းကြီးလာပြီးတော့ တစ်တောင်လောက်ရှိတဲ့ အသွားကြီးတွေဖြစ်သွားတယ်၊ ကျုပ်လည်း ပြေးရှောင်ဖို့လုပ်ပေမယ့် ပြေးလို့မရဘူးဗျာ၊ ခြေထောက်တွေကပ်နေပြီး တစ်ကိုယ်လုံးလည်း လေးလံနေတာပဲဗျာ၊ ဒီအချိန်မှာ မိန်းကလေးတစ်ယောက်က ကျုပ်အရှေ့ကိုပြေးဝင်လာပြီး ကျုပ်နဲ့မျက်နှာချင်းဆိုင်လိုက်တယ်။ ဒီမိန်းကလေးကို ကျုပ်သိပါတယ်၊

“ဟင် စုလှိုင်”

စုန်းလိပ် စုလှိုင်ဆိုတဲ့ မိန်းကလေးပါ၊ ကျုပ်ကိုမျက်နှာချင်းဆိုင်လိုက်တာဆိတော့ ကျုပ်ဆီကိုပံျသန်းလာတဲ့ ကတ်ကြေးကို ကျောပေးပြီးသားဖြစ်သွားတာပေါ့ဗျာ၊ ကျုပ်လည်းဝမ်းသာအားရနဲ့ ကြည့်နေတဲ့အချိန်မှာ စုလှိုင်မျက်နှာက အင့်ခနဲပျက်သွားတယ်ဗျ၊ ပြီးတော့ ပါးစပ်ပွင့်သွားပြီး သွေးတွေစီးကျလာပါရော။ နောက်တော့ သူ့ခြေတွေလက်တွေပျော့ဖတ်ပြီး ပုံကျသွားတာနဲ့ ကျုပ်လည်းသူ့ကိုပွေ့ထားလိုက်ရတယ်။

“စုလှိုင်၊ စုလှိုင်”

စုလှိုင်ကတော့ တဝေါ့ဝေါ့နဲ့ သွေးပွက်ပွက်အန်နေတာပဲဗျာ၊ သူ့ကိုကြည့်လိုက်တော့ ကတ်ကြေးကြီးက သူ့ကျောတည့်တည့်မှာစိုက်ဝင်နေတာဗျာ၊ ဒါပေမယ့် ကတ်ကြေးက တစ်ဖက်တည်းဗျ၊ အသွားနှစ်ဖက်ရှိတဲ့ ကတ်ကြေးက အခုတော့ အသွားတစ်ဖက်ပဲစိုက်နေတာ၊ ကျန်တဲ့အသွားတစ်ဖက်က ဘယ်မှာများပါလိမ့်ဗျာ။

ကျုပ်တွေးနေတုန်း တုတ်ကြီးတစ်ယောက် ဝေါ့ခနဲသွေးတွေထိုးအန်ပြီးတော့ မြေပေါ်ကို လေးဖက်ထောက်ကျသွားတာပဲ၊ သူလေးဖက်ထောက်သွားတော့မှ သူ့ကျောမှာ ကတ်ကြေးတစ်ဖက်က စိုက်နေပါရော၊ ဒါဆိုရင် စုန်းလိပ်ကြောင့်များလား၊ ဦးဘသာပြောဖူးတာက စုန်းလိပ်ဆိုတာ ပညာစက်တွေလွှတ်ရင် တန်ပြန်ကာကွယ်နိုင်တယ်မဟုတ်လား၊ ဒါပေမယ့် အတင်းအကြပ်လုပ်ရင်တော့ စုန်းလိပ်သမားလည်း သေနိုင်သလို၊ တိုက်ခိုက်တဲ့လူလည်း အခန့်မသင့်ရင် သေနိုင်တယ်လို့ ပြောဖူးတယ်လေဗျာ၊ ဒါဆို အခု တုတ်ကြီးပစ်လိုက်တဲ့ ကတ်ကြေးကို စုလှိုင်က လိပ်ကျောကုန်းနဲ့ ဖမ်းတားပေမယ့် တုတ်ကြီးရဲ့အစွမ်းကပြင်းလွန်းလို့ စုန်းလိပ်ခွံဖောက်ပြီးတော့ စုလှိုင်လည်းသေ၊ တုတ်ကြီးလည်း စုန်းလိပ်ကြောင့် သူ့အတတ် သူပြန်စူးပြီး သေပြီမဟုတ်လား။

“စုလှိုင် . . . စုလှိုင် ထစမ်းပါအုံး”

ကျုပ်က ခေါ်နေပေမယ့် စုလှိုင်က ကျုပ်လက်ထဲတင် ဇက်ကျိုးပြီးသေနေပြီဗျ။ ငညိုတစ်ဖြစ်လဲ ဒေါ်ပျင်းကတော့ တုတ်ကြီးအဖြစ်ကိုကြည့်ပြီးတော့ ရယ်တယ်ဗျ။

“ဟား၊ ဟား တုတ်ကြီး၊ ကောင်းတယ်၊ နင်ဟာလေ အသုံးကိုမကျဘူး၊ ငါ့ဖက်မှာ နင့်လိုအသုံးမကျတဲ့လူမျိုးကို အလိုမရှိဘူးဟဲ့”

ငညိုကပြောဆိုရင်း လက်နှစ်ဖက်ကိုမိုးပေါ်မြှောက်တင်လိုက်တော့ လေပေါ်မှာဖြန်းခနဲအသံကြီးကြားရပြီးတော့ ကိုယ်ပွားတွေအများကြီးနဲ့ မယဉ်မြိုင်တစ်ယောက် လေပေါ်ကျနေ ပြုတ်ကျတော့တယ်၊ လူအစစ်ပဲကျပြီးတော့ ကျန်တဲ့ကိုယ်ပွားတွေအကုန်လုံး မြူမှုန်တွေအဖြစ်နဲ့ ပျောက်ကွယ်သွားတာပဲဗျာ၊ မယဉ်မြိုင်က မြေကြီးပေါ်ဒူးတုပ်ထိုင်ကာ လက်အုပ်ချီလိုက်ပြီး

“အမေကြီး ကြွပါ၊ သမီးတို့ကို ပစ်မထားပါနဲ့၊ ကူညီတော်မူပါ”

အဲဒီလိုပြောပြီး မြေကြီးကို ဦးနဲ့တိုက်တော့တာပဲဗျာ၊ တဘုန်းဘုန်းနဲ့ မြေကြီးနဲ့ရိုက်လို့ သူ့နဖူးမှာတောင် သွေးတွေစို့ကုန်သဗျ။ ငညိုက မယဉ်မြိုင်ကို လက်ညှိုးထိုးမယ်အလုပ် ကျုပ်တို့ပတ်ပတ်လည်မှာ ကျားဟိန်းသံကြီးတွေ ကြားလိုက်ရတာပဲဗျာ၊ ကျားဟိန်းသံတွေကြားလို့ ကျုပ်လည်း ကျီးကန်းတောင်းမှောက်လိုက်ကြည့်ပေမယ့် ကျားအကောင်အထည်ကိုမမြင်ရဘူးဗျ၊ ငညိုက မယဉ်မြိုင်ကို လက်ညှိုးနဲ့ထိုးတော့ လေထဲကနေ လွန်းပျံတစ်ခုက ပျံသန်းလာပြီးတော့ ငညိုရဲ့လက်ကိုထိသွားတယ်၊ ငညိုလည်း နာသွားပုံရတယ်၊ လက်ကိုချက်ချင်းရုတ်သိမ်းလိုက်တယ်ဗျ၊ အဲဒီလွန်းပျံက ဆက်ပျံသွားပြီးတော့ မန်ကျည်းပင်ကြီးတစ်ပင်အောက်ရောက်တော့ ရပ်တန့်သွားတယ်ဗျ၊ ဒီမှာပဲ မိန်းမတစ်ယောက်က ဘွားခနဲပေါ်လာခဲ့တာပဲဗျာ။

ကိုးတောင်လောက်ရှည်တဲ့ ကျားကြီးကိုစီးထားပြီးတော့ အဲဒီမိန်းမက ကျားပေါ်မှာ တင်ပါးလွှဲထိုင်နေတယ်ဗျ၊ ထမီအနက်ကို ရင်လျားဝတ်ပြီးတော့ ထိုင်မသိမ်းကြီးလည်းချထားတယ်ဗျ၊ အဲဒီအပေါ်ကတော့ ခြုံပုဝါနက်တစ်ထည်ကို လွမ်းခြုံထားတယ်၊ ခေါင်းမှာလည်း ကန်တော့ချွန်ခေါင်းပေါင်းကို နှစ်ဖက်ထိုးထားပြီးတော့ ဆံမြိတ်လည်းချထားတယ်၊ လက်တစ်ဖက်မှာတော့ ခုနက ပျံလာတဲ့ ရွှေလွန်းပျံကို ကိုင်ထားတယ်ဗျ။ မျက်နှာကတော့ ရှေးခေတ်မိန်းမတွေရဲ့ မျက်နှာသွင်ပြင်မျိုးဗျ၊ ဒါပေမယ့် မျက်နှာက ပြုံးလည်းမပြုံးဘဲ ခက်ခက်ထန်ထန်နဲ့ဗျို့။

“အရှေ့မယ်တော်ကြွလာပြီ၊ အရှေ့မယ်တော်ကြွလာပြီ”

နိဗ္ဗာန်ရွာက စုန်းတွေအကုန်လုံး မြေပေါ်မှာဒူးထောက်ပြီး ထိုင်ချလိုက်တယ်၊ အရှေ့မယ်တော်က ငညိုတစ်ဖြစ်လဲ ဒေါ်ပျင်းကိုကြည့်ပြီးတော့

“ဟဲ့ကောင်မ၊ ညည်းက ငါလာနေတာတောင် မခန့်လေးစားနဲ့ လေပေါ်က မဆင်းဘူးပေါ့”

“မယ်တော်၊ ကျုပ်ပြောမယ်၊ ဒီကိစ္စက မယ်တော်နဲ့မဆိုင်ဘူး၊ မယ်တော်ဝင်မပါပါနဲ့၊ စုန်းတွေရဲ့ ရန်ငြိုးကို စုန်းအချင်းချင်းဖြေခွင့်ရှိတယ်မဟုတ်လား၊ အခုလည်း တစ်ချိန်က ကျုပ်ရဲ့မကြေခဲ့တဲ့ ရန်ငြိုးကို အခုလာချေတာပဲ”

“တိတ်စမ်းမယ်ပျင်း၊ နင့်ဖာသာရန်ငြိုးချေတာ နင့်အပိုင်း၊ အခုစုန်းတွေကို ကြည့်လိုက်စမ်း၊ နင့်ကိုရန်ပြုခဲ့တဲ့စုန်း၊ ဒီထဲမှာ ဘယ်နှယောက်ပါသလဲ”

ငညိုက တစ်ချက်ဝေ့ကြည့်ရင်း

“တစ်ယောက်မှ မပါဘူး”

“အေး၊ တစ်ယောက်မှ မပါတာကို နင်က ဘယ်တုန်းက ရန်ကြွေးကို ချေဆပ်ချင်နေတာလဲ”

“အလို၊ မယ်တော်ရယ်၊ ဒီစုန်းတွေမပါပေမယ့် နိဗ္ဗာန်ရွာက စုန်းတစ်သိုက်က ကျုပ်ကိုဒုက္ခပေးခဲ့တာပဲ၊ ဒီစုန်းတွေရဲ့ အဘိုး၊ အဘွား၊ အဖေ၊ အမေတွေလုပ်ခဲ့တာပဲလေ၊ ဒီတော့ သူတို့မိဘတွေရဲ့ ကောင်းမွေဆိုးမွေကို သူတို့ခံရမှာပေါ့”

“ဒီလိုသာပြောကြေးဆိုရင် နင့်သား သာစံဆို နင့်ရဲ့ကောင်းမွေ ဆိုးမွေတွေ ခံရတာကြာပေါ့ဟဲ့၊ နင်သာ ဒီလိုသတ်မှတ်တယ်ဆိုရင် ငါလည်း နင့်သားအပေါ် ဒဏ်ခတ်ဖို့ ဝန်မလေးဘူးနော်”

ငညိုက အတော်ဒေါသထွက်သွားပြီးတော့ မယ်တော်ကို တောင်ဝှေးနဲ့လှမ်းချိန်တယ်ဗျ၊ မယ်တော် စီးထားတဲ့ကျားက ချက်ချင်းထခုန်သွားလို့သာပေါ့ဗျာ၊ သူတို့ရပ်နေတဲ့နေရာက မြေကြီးတောင်မှ ဖုန်းခနဲထပေါက်ထွက်ပြီး တစ်တောင်လောက်နက်တဲ့ ကျင်းကြီးဖြစ်သွားတာဗျ၊ ကျားကြီးက ငညိုကိုလှည့်ပတ်ပြေးလွှားနေရင်း မယ်တော်က ရွှေလွန်းပျံကို လက်ကနေပစ်လွှတ်လိုက်တယ်၊ ငညိုဘယ်လောက်က ကာကွယ် ကာကွယ် ရွှေလွန်းပျံက ငညိုဆီတည့်တည့်သွားပြီးတော့ ငညိုရဲ့ရင်ဘတ်မှာ သွားစိုက်တယ်ဗျ၊ မယ်တော်က ချည်ခင်ကြိုးစတစ်ဖက်ဆွဲပြီး ငညိုကိုလှည့်ပတ်နေတော့တာပဲ၊ ရွှေရောင်ပိုးချည်တွေက တဖြည်းဖြည်းနဲ့ ငညိုရဲ့ကိုယ်လုံးကို တစ်ပတ်ပြီးတစ်ပတ် ပတ်လာတယ်ဗျ၊ အပ်ချည်လုံးရစ်သလိုပေါ့ဗျာ။

(၃)

“မင်းလုပ်မှရမှာ အလတ်ကောင်”

ကျုပ်နားထဲ ဦးဘသာရဲ့အသံကိုကြားလိုက်ရတယ်၊ ကျပ်လည်း ဘေးဘီကိုလိုက်ကြည့်နေတာပေါ့ဗျာ။ ပြီးတော့ လက်ထဲက စုလှိုင်ရဲ့အလောင်းကိုလည်း ချထားလိုက်တယ်။

“ဟေ့ကောင်၊ လိုက်ရှာမနေတဲ့၊ ငါက ဟိုဆံချည်ထွေးထဲမှာကွ၊ အခုက မင်းကို မနောကနေတဆင့် ဆက်သွယ်တာ”

“ဟာ၊ ဒါဆို ကျုပ်မနောအလွှာကို သိနိုင်ပြီပေါ့နော်”

“မင်းကိုယ်မင်းအထင်မကြီးနဲ့၊ ငါက ဆံချည်ထဲမှာ အချုပ်နှောင်ခံထားရရင်း အနန္တမနောကို ခဏတာထိုးဖောက်ဝင်ရောက်နိုင်ခဲ့တာဟေ့”

“ရှင်တို့တွေ လေရှည်မနေကြနဲ့၊ ကျုပ်တို့လုပ်စရာရှိတာ အမြန်လုပ်ရမယ်”

ပြောနေရင်း ကျုပ်နားထဲမှာ မိန်းကလေးတစ်ယောက်အသံကြားလိုက်ရပါရောဗျာ၊

“ဒါ၊ ဒါကရော ဘယ်သူလဲ”

“ကျုပ်ယဉ်မြိုင်လေ”

“ဟာ မယဉ်မြိုင်လည်း မနောအလွှာကို ဖောက်နိုင်တာပေါ့နော်”

“အလတ်ကောင် ရှည်ရှည်ဝေးဝေးတွေပြောမနေနဲ့၊ ငါ့အမေက ထုံကူးတာမအောင်သေးဘူးကွ၊ ဒီတော့ သူငညိုကိုယ်လုံးကို အပြီးအပိုင်အသုံးချလို့မရနိုင်သေးဘူး၊ ဒီလိုအခြေအနေကို လမ်းခုလတ်အခြေအနေလို့ခေါ်တယ်ကွ”

“လမ်းခုလတ်တဲ့လား”

“အေး၊ မင်းနားလည်အောင်ပြောရရင်တော့ ငါ့အမေက မင်းရဲ့ကိုယ်အတွင်းမှာ ပုန်းအောင်းပြီးနေတယ်မဟုတ်ဘူးလား၊ အခု မင်းကိုယ်ထဲက သူ့ရဲ့နောက်ဆုံးကျန်ခဲ့တဲ့ နာမ်စိတ်ကို ငညိုရဲ့ကိုယ်ထဲကို ကူးထည့်နေတာပဲ၊ ဒါပေမယ့် အပြီးအပိုင်ကူးလို့မရသေးဘူးဖြစ်နေတယ်၊ သူက ငညိုရဲ့ကိုယ်လုံးထဲ အပြီးအပိုင်ဝင်ပြီးသွားရင် လူသားခန္ဓာကိုရပြီကွ၊ လူသားခန္ဓာရတဲ့အခါ ငါ့ကိုပေးအပ်ထားတဲ့ နတ်အစောင့်အရှောက်တွေကို သူ့ကိုယ်ထဲပြန်သွင်းလို့ရပြီ၊ ဒီလိုဆိုရင် သူ့ကိုဘယ်သူမှ တားဆီးနိုင်မှာမဟုတ်တော့ဘူး”

“ဒါဆို ကျုပ်က ဘာလုပ်ရမှာလဲ”

“ရှင်က သူ့ဆီပြန်သွားရမယ်”

“ဘယ်လိုဗျ”

“ငညိုကို မင်းကပွေ့ဖက်ရလိမ့်မယ်၊ ငါတို့အချက်ပေးတာနဲ့ မင်းလုပ်ရမှာက ငညိုကိုပြေးဖက်ပြီးတော့ ဘဝင်ထဲကျနေတဲ့ ငညိုကိုပြန်ခေါ်ရမယ်”

“ဗျာ၊ ဘဝင်ထဲမှာ ဟုတ်သလား”

“ဘဝင်ဆိုတာက လူတစ်ယောက်လိုချင်တဲ့အရာကို ရလိုက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ကျေနပ်ခံစားမှုပဲ၊ အဲဒါကြောင့် သဘောကျတယ်၊ နှစ်ခြိုက်တယ်ဆိုရင် ဘဝင်ကျတယ်ခေါ်တာကိုး၊ သာမန်အချိန်မှာ ဘဝင်ကျတာက ခဏလေးပဲကွ၊ အခု ငါ့အမေက ငညိုကို ဘဝင်ထဲအကြာကြီးကျအောင် ချထားတယ်၊ တကယ်လို့ ငါ့အမေသာ ငညိုရဲ့အသိစိတ်ကို ထိန်းချုုပ်နိုင်ရင် ဘဝင်ထဲကျနေတဲ့ ငညိုတစ်ယောက် ပြန်လွတ်ဖို့လမ်း မရှိတော့ဘူး”

“ဟုတ်၊ ဟုတ်ပါပြီ၊ အဲဒီတော့ အဲဒီအကောင်အထည် ဘယ်တော့စမှာလဲ”

ဒီအခါ ကျားကြီးနဲ့လှည့်ပတ်ပြေးနေတဲ့ အရှေ့သခင်မက

“အခုပဲဟေ့”

ဆိုပြီး အသံအကျယ်ကြီးနဲ့ ထအော်လိုက်တယ်ဗျာ။ ငညိုတစ်ကိုယ်လုံးကိုလည်း ရွှေချည်တွေနဲ့ပတ်ထားတာ ငညိုရဲ့ချိင်းအောက်က စလို့ တစ်ကိုယ်လုံး အပ်ချည်လုံးကြီးလိုဖြစ်နေပြီဗျ၊ ပြီးတော့ အရှေ့မယ်တော်က ရွှေချည်တစ်ချောင်းနဲ့လှမ်းပစ်ပြီး ငညိုရဲ့လက်ထဲက တောင်ဝှေးကြီးကိုလှမ်းဆွဲလိုက်တာပေါ့ဗျာ၊ ငညိုကလည်း တင်းခံထားတယ်ဗျ၊

“ဘာလုပ်နေတာလဲ”

အရှေ့မယ်တော်က ကျုပ်ကိုကြည့်ပြီးအော်လိုက်တော့ ကျုပ်ကျောကုန်းကို အနောက်က တစ်ယောက်ယောက်က ဆောင့်ကန်လိုက်သလိုဖြစ်ပြီး ကျုပ်ဖြင့်် အရှေ့ကိုလွင့်ထွက်သွားပါရောဗျာ၊ ကို့ရိုးကားယားကြီးနဲ့ လွင့်ထွက်ပြီးတော့ ငညိုကိုပြေးဖက်တာပေါ့၊ ငညိုကလည်း လျှင်သဗျ၊ ကျုပ်သူ့ကိုဖက်လည်းဖက်လိုက်ရော သူ့လက်တစ်ဖက်က ကျုပ်လည်ပင်းကိုချုပ်ကိုင်ပြီး ညှစ်ပါရော၊ ကျုပ်ဖြင့် လည်ပင်းအစ်လို့ သေတော့မယ်ဗျာ၊ လေထဲမှာလည်း တန်းလန်းကြီးဖြစ်နေရောဗျို့။

နောက်တော့ ကျုပ်မျက်ခွံတွေမှေးစင်းလာပြီး ကျုပ်လည်း အိပ်ချင်သလိုဖြစ်သွားတယ်၊ မျက်လုံးထဲမှာလည်း ဖြူဖြူတွေ၊ ဝါဝါတွေ အစုံမြင်နေရတယ်ဗျ၊ ပြီးတော့ အဲဒီဖြူဖြူဝါဝါတွေက တဖြည်းဖြည်းကြည်လင်လာပြီးတော့ ကျုပ်က ဈေးတန်းတစ်ခုထဲကို ရောက်နေပါရောလား၊ ဈေးထဲမှာ လူတွေများလိုက်တာဗျာ၊ တော်တော်စည်ကားတဲ့ဈေးကြီးဗျ၊ ကျုပ်လည်း ဟိုဟိုဒီဒီလိုက်ကြည့်ရင်းနဲ့ တစ်နေရာရောက်တော့ ငညိုကိုတွေ့လိုက်တယ်ဗျ၊ ငညိုရဲ့အရှေ့မှာတော့ နို့အေးချောင်းရောင်းတဲ့ တွန်းလှည်းကြီးက ရှိနေပြန်ရောဗျာ၊ နို့အေးချောင်းရောင်းတဲ့သူက နို့အေးချောင်းတွေထည့်ထားတဲ့ အခွက်အခွက်တွေပါတဲ့ ဗန်းကြီးကို တဝေါဝေါနဲ့ လှည့်နေလေရဲ့။

“ဟေ့ကောင်ငညို”

“ဟာ၊ ကိုအလတ်ကောင်ပါလား”

“မင်းဒီမှာဘာလုပ်နေတာလဲ”

ငညိုပြောဆိုနေတုန်း နို့အေးချောင်းရောင်းတဲ့လူကြီးက သူ့လက်ထဲကိုင်ထားတဲ့ ဂလိုင်လို့ခေါ်တဲ့ ခေါင်းလောင်းအသေးလေးကို တဒေါင်ဒေါင်နဲ့ခေါက်ရင်း

“နို့အေးချောင်းတွေရမယ်၊ တစ်ချောင်းဝယ် တစ်ချောင်းစားရတဲ့အပြင် ဟောဒီအဝိုင်းကိုလှည့်ပြီး ကံစမ်းလို့လည်း ရသဗျာ”

ပြောရင်းဆိုရင်း အဲဒီလှည်းတစ်နေရာမှာ တပ်ထားတဲ့ အဝိုင်းပုံစံအပြားကိုှလှည့်လိုက်တာပေါ့ဗျာ၊ အဲဒီအဝိုင်းကြီးမှာ သံငုတ်ကလေးတွေတပ်ထားပြီးတော့ သံငုတ်တွေကြားထဲမှာလည်း သင်္ချာဂဏန်းတွေရေးထားသေးတယ်၊ အဝိုင်းထိပ်မှာတော့ မြှားကလေးတစ်ချောင်းရှိပြီးတော့ အဝိုင်းလည်တာ ရပ်သွားလို့ အဲဒီမြှားမှာကျနေတဲ့ နံပါတ်အတိုင်း နို့အေးချောင်းစားရတာပေါ့ဗျာ၊ များသောအားဖြင့် နံပါတ်တွေက တစ်တွေချည်းပါပဲ၊ ဒါပေမယ့် နှစ်တို့၊ သုံးတို့၊ ငါးတို့လည်းပါတယ်၊ အဝိုင်းကြီးတစ်ခုလုံးမှာမှ တစ်ဆယ်လို့ပါတဲ့နေရာတစ်ခုပဲရှိတယ်၊ အဲဒီတစ်ဆယ်ဂဏန်းကိုလည်း ဆေးအနီရောင်နဲ့ ရေးထားသေးသဗျ၊ နို့အေးချောင်းလှည်းကို မှီလိုက်တဲ့သူတွေဆိုရင်တော့ မျက်စိထဲတန်းမြင်ကြလိမ့်မယ်ဗျာ။

ငညိုက တစ်မတ်စေ့တစ်စေ့ကိုထုတ်လိုက်ပြီးတော့ ရောင်းတဲ့သူကိုပေးလိုက်တယ်၊ ရောင်းတဲ့လူက မတ်စေ့ကိုကိုက်ကြည့်ပြီးတော့

“တစ်မတ်ဆိုတော့ တစ်ခါပဲလှည့်လို့ရမယ်ကောင်လေး”

ငညိုလည်း ခေါင်းညိတ်ပြီးတော့ အဝိုင်းကြီးကို အားပြင်းပြင်းနဲ့ဆွဲလှည့်လိုက်တယ်၊ အဝိုင်းက လေးငါးဆယ်ပတ်လောက် လည်သွားပြီးတော့ နောက်တော့ တဖြည်းဖြည်းနဲ့ အရှိန်နည်းသွားတယ်၊ နောက်ဆုံးမြှားမှပြထားတဲ့ဂဏန်းကတော့ တစ်ပဲဗျ။ ငညိုလည်း အတော်စိတ်ပျက်သွားတယ်၊ နို့အေးချောင်းသည်က နို့အေးချောင်းတစ်ချောင်းထုတ်ပေးတယ်ဗျ၊ ငညိုစားတာမှ မြန်လိုက်တာ ပြောမနေပါနဲ့ဗျာ၊ ပိန်ပိန်ပါးပါး နို့အေးချောင်းက နှစ်ကိုက်နဲ့တင် ကုန်ရောပဲ။ ပြီးတော့ ငညိုက ပါးစပ်ထဲအရသာခံပြီးတော့ ပြုံးနေသေးတယ်။

“ဟေ့ကောင် ငညို၊ မင်း နို့အေးချောင်းစားရတာ ကြိုုက်တာလားကွ”

“ဒါပေါ့ဗျာ၊ အရင်ကဆို တစ်ချောင်းတစ်လေစားရဖို့တောင် အမေ့ဆီက ပိုက်ဆံတစ်မတ်ကို မရမကတောင်းရတယ်၊ အခုတော့ စိတ်ကြိုုက်အဝစားလို့ရပြီ”

ငညိုက နို့အေးချောင်းတုတ်တံကို သူ့ခြေရင်းကိုပစ်ချလိုက်တယ်ဗျ၊ ဒီကောင်စားသလား မစားသလားကတော့ သူ့ခြေရင်းမှာ နို့အေးချောင်းတုတ်ချောင်းတွေ ပုံလို့ဗျာ။

“ဟေ့ငညို၊ စားပြီးရင်လည်း ပြန်ရအောင်ကွာ”

“မပြန်ချင်ဘူး”

“ဘာလို့မပြန်တာလဲကွ၊ နို့အေးချောင်းတွေချည်းလှိမ့်စားမနေနဲ့ ရင်ကြပ်မယ်”

ကျုပ်က ငညိုကိုအတင်းဆွဲခေါ်တာပေါ့ဗျာ၊ ငညိုကလည်း ခြေကန်ရုန်းတယ်၊ ပြီးတော့ ကံစမ်းတဲ့အဝိုင်းကြီးကိုလက်ညှိုးထိုးပြပြီး

“ဟိုအဝိုင်းကြီးမှာ တစ်ဆယ်ကျမှပြန်မှာ”

“ဟာ၊ ဟေ့ကောင်၊ အဲဒီတစ်ဆယ်က တစ်ခုပဲပါတာကွ၊ မင်းရဖို့မလွယ်ဘူး၊ လာပါကွာ”

ငညိုက ခြေဆောင့်ရင်း

“မရဘူး၊ အဲဒီတစ်ဆယ်မကျမချင်း၊ နို့အေးချောင်း တစ်ချောင်းဝယ်ပြီးတော့ ဆယ်ချောင်းမရမချင်း မပြန်ဘူး”

ငညိုကတော့ လုပ်ပြီဗျာ၊ ဒါနဲ့ ကျုပ်လည်းခေါင်းကုပ်ရင်း

“အေးကွာ၊ ဒါဆို မင်းမလှည့်နဲ့ ငါလှည့်ပေးမယ်”

ငညိုက သူ့အင်္ကျီအိတ်ထဲက မတ်စေ့တစ်စေ့ဆွဲထုတ်ပြီး ပေးလိုက်တယ်၊ နို့အေးချောင်းရောင်းတဲ့လူကလည်း ဆွဲယူလိုက်ပြီးတော့ လက်တစ်ချောင်းထောင်ပြတယ်။

“တစ်ခါပဲလှည့်ရမယ်နော်”

ကျုပ်လည်း လက်ဝါးနှစ်ဖက်ကို ပွတ်လိုက်ပြီးတော့ လှည့်တဲ့အဝိုင်းကြီးကို သေသေချာချာကိုင်လိုက်တာပေါ့ဗျာ၊ ပြီးတော့ စိတ်ထဲကနေလည်း

“တစ်ဆယ်ကျပါစေ၊ တစ်ဆယ်ကျလိုက်စမ်းကွာ”

လို့ပြောရင်း အားကုန်လှည့်ထည့်လိုက်တော့တာပါပဲ၊ လူကြီးအားနဲ့မို့ အဝိုင်းကြီးက တရွီးရွီးနဲ့ ဆယ်ပတ်လောက်လည်ပြီးတော့ တဖြည်းဖြည်းနဲ့ရပ်သွားတယ်၊ ရပ်သွားတဲ့အခါမှာ မြားကလေးက တစ်ဆယ်ဆိုတဲ့ ဂဏန်းကိုရပ်ခါနီးမှ အသာကလေးလည်ပြီး တစ်ဖြစ်သွားတယ်ဗျာ။ ကျုပ်လည်း တော်တော်စိတ်ပျက်မိသားဗျ၊ နို့အေးချောင်းရောင်းတဲ့လူက

“တစ်ဆိုတော့ တစ်ချောင်းပဲရမယ်”

ဒီအချိန် အပြားကြီးက တဖြည်းဖြည်းအနောက်ကိုပြန်လည်တာဗျ၊ ကျုပ်လည်း

“ဟေ့လူကြည့်၊ မရပ်သေးဘူး၊ အဝိုင်းက မရပ်သေးဘူးဗျ”

နောက်ပြန်လည်ရင်း တစ်ဆိုတဲ့နေရာကနေ မြှားဦးချွန်ကလေးက တစ်ဆယ်ဆိုတဲ့ နေရာကိုပြန်ညွှန်ပြလိုက်တယ်၊ ကျုပ်နဲ့ငညိုလည်း ပျော်ပြီးတော့ ထခုန်ကြတယ်ဗျာ။ ဒီတော့မှ နို့အေးချောင်းသည်က ဆယ်ချောင်းထုတ်ပေးတယ်၊ နို့အေးချောင်းဆယ်ချောင်းလည်းရရော ငညိုက ဆယ်ချောင်းစလုံးကိုယူပြီးတော့ တစ်ချောင်းပြီးတစ်ချောင်းကိုက်စားတယ်။

“ကဲ၊ ငညို ဆယ်ချောင်းရပြီဆိုတော့ ပြန်ကြစို့ကွာ”

ကျုပ်ပြောရင် ငညိုလက်ကိုဆွဲလိုက်တာနဲ့ ဘေးပတ်ဝန်းကျင်က အရာတွေအားလုံးက ချက်ချင်းတဖုတ်ဖုတ်နဲ့ပျောက်သွားတာပဲဗျာ၊ နောက်ဆုံးတော့ ဖုန်းဆိုးကွင်းကြီးတစ်ခုကိုရောက်သွားတယ်ဗျ၊ ကျုပ်လည်း ငညိုကိုကြည့်ုလိုက်တော့ ငညိုမရှိတော့ဘူးဗျို့။

“မင်းတော်တော်ယုတ်ကမ်းတဲ့အကောင်ပဲ”

ကျုပ်အရှေ့မှာ တဖြည်းဖြည်းနဲ့ပေါ်လာတာကတော့ ဒေါ်ပျင်းကြီးပဲဗျ။

“မင်းက ငါကြိုတင်ကြံစီထားသမျှ အားလုံးကို ဖျက်လိုဖျက်ဆီးလုပ်တဲ့အကောင်ပဲ မင်းကိုငါ အရှင်မထားဘူး”

ဒေါ်ပျင်းက ပြောဆိုရင်း လက်နှစ်ဖက်ကိုလေပေါ်မြှောက်လိုက်တယ်ဗျ။ ကျုပ်လည်း ဘာလုပ်ရမှန်းမသိတာနဲ့ ဒေါ်ပျင်းကြီးကိုလက်ညှိုးနဲ့ဖမ်းထိုးလိုက်ပြီး

“ခင်ဗျားရပ်လိုက်စမ်း”

ဒေါ်ပျင်းက ကျုပ်ပြောတဲ့အတိုင်း လက်နှစ်ဖက်မြှောက်ပြီးတော့ ရပ်သွားတယ်ဗျာ၊ ကျုပ်ဖြင့်် မယုံနိုင်ဘူးဖြစ်နေတာ၊ ဒါနဲ့ ကျုပ်ဒေါ်ပျင်းကို တကယ်နိုင်မနိုင်သိရအောင်လို့ ထပ်စမ်းကြည့်ချင်သေးတယ်။

“ခင်ဗျားလက်တစ်ဖက်ကို ဖင်နှိုက်လိုက်စမ်း”

ဒေါ်ပျင်းရဲ့ ညာဘက်လက်က ကိုယ်လုံးအနောက်ကနေ ဖင်ကိုနှိုက်လိုက်တယ်ဗျ၊ ဒေါ်ပျင်းမျက်လုံးကြီးကတော့ ပြူးတူးကြောင်တောင်နဲ့ကို ကြည့်နေတာဗျ။ ကျုပ်လည်း နိုင်ခွင့်ရတုန်း နိုင်ကြည့်ချင်သေးတယ်။

“ခင်ဗျားနောက်လက်တစ်ဖက်ကို ခေါင်းကုပ်စမ်းဗျာ”

ထောင်နေတဲ့ဘယ်ဘက်လက်က ခေါင်းပေါ်ကိုတင်ပြီးတော့ ဆံပင်တွေကို တဗြင်းဗြင်းနဲ့ကုပ်နေပါရောဗျာ။ ကျုပ်ဖြင့်ရယ်ချင်လာတာ မနည်းအောင့်ထားရတယ်။

“ပေါင်ကိုကွလိုက်၊ ပြီးရင် မျောက်လိုခုန်စမ်းဗျာ”

ကျုပ်ပြောတဲ့အတိုင်း ဒေါ်ပျင်းက ပေါင်ကွပြီးတော့ မျောက်လိုခုန်ဆွခုန်ဆွလုပ်နေတော့တာပဲဗျာ၊ ကျုပ်လည်း ရယ်လိုက်ရတာ အူတွေတောင်နာလို့ ဗိုက်ကိုလက်နဲ့ နှိပ်ထားရတယ်။ ဒေါ်ပျင်းကတော့ မျက်နှာသေကြီးနဲ့ ကျုုပ်ကိုကြည့်ပြီး

“ဟဲ့ကောင်စား၊ နင့်ကိုငါမကျေနပ်ဘူး၊ နင့်ကိုငါသတ်မယ်ဟဲ့”

“အောင်မယ်၊ ခင်ဗျားက ပါးစပ်အားနေတော့ ပြောသေးတယ်ပေါ့၊ ကဲဗျာ၊ ခင်ဗျားပါးစပ်ကလည်း မျောက်လိုအော်စမ်းဗျာ”

ဒေါ်ပျင်းက ကွိကွိကွကွတွေအောက်ပြီး ခုန်နေတော့တာပဲဗျာ၊ ဒီအချိန် ကျုပ်ခေါင်းထဲမှာ အသံကြားရတယ်။

“တော်ပြီအလတ်ကောင်၊ ပေါတောတောတွေလုပ်မနေနဲ့”

“ဟာ၊ ဦးဘသာ အသံပါလားဗျ၊ ဒါနဲ့ ကျုပ်က ဒေါ်ပျင်းကို ဘာလို့နိုင်နေတာလဲဗျာ”

“ငါ့အမေက မင်းရဲ့မသိစိတ်ထဲမှာနေတာကွ၊ အခုမင်းဖြစ်နေတဲ့စိတ်ဟာ မင်းရဲ့အသိစိတ်ပဲ၊ အသိစိတ်က မသိစိတ်ကိုလွှမ်းမိုးနိုင်တဲ့အခါ မသိစိတ်ထဲက အရာအားလုံးကိ အနိုင်ယူ စေခိုင်းနိုင်တယ်လို့ ငါပြောထားခဲ့တယ်မဟုတ်လား”

“သြော်၊ ကျုပ်သဘောပေါက်ပြီ၊ ဒါကြောင့် ဒေါ်ပျင်းကိုကျုပ်နိုင်နေတာကိုးဗျ”

“ငါပြောမယ်၊ မင်း ငါ့အမေကိုကြည့်ပြီးတော့ ခင်ဗျားက တကယ်မရှိဘူး၊ ခင်ဗျားကို ကျုပ်မလိုချင်ဘူး၊ ခင်ဗျားကျုပ်စိတ်ထဲမှာ ပျောက်ကွယ်သွားပြီလို့ ပြောရမယ်”

“ကျုပ်ပြောရင် တကယ်ပျောက်ကွယ်သွားမှာလား”

“ငါပြောပြီးသားပဲ အလတ်ကောင်ရာ”

ဒါနဲ့ကျုပ်လည်း ခါးထောက်လိုက်ပြီးတော့ ဒေါ်ပျင်းကိုလက်ညှိုးထိုးရင်း

“ခင်ဗျားက တကယ်မရှိဘူး”

ဒေါ်ပျင်းကြီးက ငြိမ်ကျသွားတယ်ဗျ၊ ပြီးတော့ ကျုပ်ကိုခေါင်းခါပြတယ်၊ ဆက်မပြောစေချင်လို့ ဖြစ်မှာပေါ့ဗျာ။

“ခင်ဗျားကိုကျုပ်မလိုချင်ဘူး၊ အခုအချိန်ကစပြီး ခင်ဗျားက ကျုပ်စိတ်ထဲမှာ ပျောက်ကွယ်သွားပြီ”

ဒေါ်ပျင်းက ငိုယိုတော့တာပဲဗျာ၊ ပြီးတော့ တစ်ကိုယ်လုံးလေထဲလွင့်သလိုဖြစ်သွားပြီးတော့ မှုန်ဝါးပြီးပျောက်ကွယ်သွားတာပဲ၊ ကျုပ်လည်း ဦးဘသာကိုလှမ်းကြည့်ပြီးတော့

“ရပြီလားဦးဘသာ”

ဘာအသံမှတော့ မကြားရတော့ဘူးဗျ၊

“ဦးဘသာ၊ ဦးဘသာ”

ကျုပ်အော်ခေါ်နေပေမယ့် ဘာကိုမှမကြားရဘူး၊ နောက်တော့ ကောင်းကင်ကြီးတစ်ခုလုံး လင်းထိန်လာပြီးတော့ ကျုပ်လည်း ငိုက်ခနဲတစ်ချက်ဖြစ်သွားတာပေါ့ဗျာ။

(၅)

“ကိုအလတ်ကောင် ထမင်းစားရင်း ငိုက်နေတာလားဗျ”

ကျုပ်သတိပြန်ဝင်လာတော့ ကျုပ်က ထမင်းပန်းကန်ကို လက်နှိုက်လျှက်သားကြီးဗျ၊ အရမ်းအိပ်ချင်ပြီးတော့ တစ်ချက်ငိုက်သလို ဖြစ်သွားလို့ ဘေးနားက ချိုတူးက ကျုပ်ကိုလှမ်းတောင်သတိပေးရတယ်။

“ဟုတ်ပါ့ကွာ၊ ပင်ပန်းတယ်ဆိုရင်လည်း ထမင်းစားပြီးအိပ်ပေါ့ကွ”

ဦးဘသာက ရယ်ကျဲကျဲနဲ့ပြောတယ်၊ ဒီအချိန် ဦးလူလှက ဝက်သားပန်းကန်ထဲက ဝက်သားတုံးတစ်တုံးကို ဇွန်းနဲ့ခပ်လိုက်ပြီးတော့ ဦးဘသာပန်းကန်ထဲကို လှမ်းထည့်ပေးတယ်ဗျ၊ ချိုတူးကလည်း ဝက်သားဟင်းဖတ်ကို ထမင်းထဲမြှုုပ်ပြီး ထမင်းကိုကျုံးကျုံးပြီးတော့ စားတာဗျို့၊ ရွှေမိတစ်ယောက်ကတော့ ယင်ကောင်တွေဝဲနေလို့ ထမင်းဝိုင်းကို ဘေးနားကနေ ယပ်တောင်တစ်ချောင်းနဲ့ တဖြပ်ဖြပ်ယပ်ခတ်ပေးနေလေရဲ့။ အားလုံးက ပုံမှန်အတိုင်း စားသောက်နေကြပေမယ့် ကျုပ်တစ်ယောက်တည်း တွေတွေကြီးဖြစ်နေတယ်ဗျ။ ဦးဘသာကတော့ သူ့ဝသီအတိုင်း ဘာမှမသိသိုနဲ့ ထမင်းကိုဆက်ပြီးစားနေတယ်။

ကျုပ်လည်း ထမင်းပန်းကန်ထဲ လက်နက်ပြီးတော့ တွေးနေမိတယ်၊ ဒေါ်ပျင်းထွက်သွားပြီးတော့ ရပ်ဝန်းပျက်ပျယ်သွားတာများလား၊ ဒါဆိုရင် ပြီးခဲ့တဲ့အရာတွေကရော၊ သေသွားခဲ့တဲ့ စုလှိုင်ဆိုတဲ့ မိန်းကလေးကရော၊ ကျုပ်တွေးရင်းတွေးရင်း ခေါင်းတွေခြောက်လာတယ်။

“ငါ့တူကြီးက မဆာလို့လား၊ ဒါမှမဟုတ် ရွှေမိလက်ရာတွေက မကောင်းလို့လား”

“မ၊ မဟုတ်ပါဘူးဗျာ၊ စားလို့ကောင်းပါတယ်၊ ကျုပ်ခေါင်းထဲ အတွေးလေတစ်ခု ဝင်လာလို့ပါ”

ဦးဘသာက ကျုပ်ကိုပြ့ုံးကြည့်ရင်း

“မင်းကတွေးနေ၊ ဟိုမှာ မတွေးတဲ့ကောင်က ဝက်သားတုံးတွေ တစ်တုံးပြီးတစ်တုံး ဆွဲဆွဲယူနေတာနော်၊ မင်း အတွေးကောင်းလို့ ငါးပိချက်နဲ့ ညားနေမယ်”

ရွှေမိရော၊ ဦးလူလှတို့ရော ပြုံးစိစိနဲ့ကျုပ်ကိုကြည့်နေကြတယ်၊ ကျုပ်လည်း ဦးဘသာကိုကြည့်ပြီး စိတ်ထဲကနေ စကားလှမ်းပြောတယ်ဗျ၊ ဒါပေမယ့် ဦးဘသာက မကြားတဲ့ပုံပဲ။

“ဒါနဲ့ ငညိုရောဦးဘသာ”

ကျုပ်အသံထွက်ပြောလိုက်တော့မှ ဦးဘသာက ကျုပ်ကိုလှမ်းကြည့်တယ်၊ ပြီးတော့ ခြံတံခါးအရှေ့ကိုလှမ်းကြည့်ပြီး

“ဟိုမှာ လာပါပြီကွာ၊ ပြောရင်းဆိုရင်း”

ကျုပ်က ငညိုကိုသေသွားပြီထင်တာဗျာ၊ ငညိုက အပြေးတစ်ပိုင်းနဲ့ ခြံဝန်းထဲပြေးဝင်လာတယ်၊ ငညိုရဲ့အနောက်မှာတော့ စုလင်ဆိုတဲ့ မိန်းကလေးပါလာတယ်ဗျာ၊ ကျုပ်ဖြင့် ဝမ်းသာလိုက်တာ ပြောမနေပါနဲ့တော့၊ ဒါနဲ့ ထမင်းဝိုင်းကထပြီး ငညိုဆီကိုပြေးသွားလိုက်တယ်၊ ငညိုပုခုံးကိုဖက်လိုက်တော့ ငညိုက အထူးအဆန်းဖြစ်သွားတဲ့ပုံနဲ့ဗျ၊ ပြီးတော့ ငညိုအနောက်မှာ ရပ်နေတဲ့ စုလှိုင်ကိုမော့ကြည့်လိုက်တယ်။

“စုလှိုင်၊ မင်း . . . မင်းမသေဘူးနော်”

စုလှိုင်က ကျုပ်ကိုဘုကြည့်ကြည့်ရင်း

“ရှင်ဘာတွေလာကြောင်နေတာလဲ၊ ကျုပ်က ဘာဖြစ်လို့သေရမှာလဲ”

ပြောပြီးတော့ ဟိုဖက်ကိုချာခနဲလှည့်သွားတာပဲ၊ ဦးလူလှက စုလှိုင်ကိုကြည့်ပြီး

“ဟဲ့ စုလှိုင်၊ ထမင်းမစားရသေးဘူးဆိုရင် တစ်ခါတည်းဝင်စားသွားလေဟာ၊ ဒီနေ့ဟင်းကောင်းပါတယ်ဟ”

စုလှိုင်က ဦးလူလှကို သမင်လည်ပြန်လှည့်ကြည့်ရင်းနဲ့

“မစားတော့ပါဘူး ဦးလေးရေ၊ ဒီမှာ အလကားနေရင်း လူကိုမသေဘူးလားဆိုပြီး မေးနေတဲ့ငကြောင်တစ်ကောင်လည်း ရှိသေးရဲ့တော်”

ပြီးတော့ စုလှိုင်က ကျုပ်ကိုမျက်စောင်းထိုးပြီးတော့ ထမီစကလေး အသာမပြီး ခြံဝိုင်းထဲကနေထွက်သွားတာပဲဗျာ၊ ကျုပ်ဖြင့် ပျော်လိုက်တာမှ ပြောမနေပါနဲ့တော့ဗျာ၊ ဦးဘသာကို အသာလှမ်းကြည့်လိုက်တော့ ဦးဘသာက ကျုပ်ကိုပြုံးပြလို့ဗျ။

စားသောက်ပြီးတော့ ကျုပ်တို့အခန်းထဲ ပြန်နားကြတယ်၊

“ဒါဆို ဒါတွေက တကယ်မဖြစ်ခဲ့ဘူးပေါ့နော်”

ဦးဘသာက ခေါင်းခါရင်း

“စိတ်သာရှင်စော ဘုရားဟောတဲ့ကွ၊ တကယ့်တန်ခိုးရှင်ဆိုတာ တခြားမဟုတ်ပါဘူးကွာ၊ ကိုယ့်ရဲ့မသိစိတ်ကို ကိုယ့်ရဲ့သိစိတ်က စေခိုင်းထိန်းချုပ်နိုင်ရင် တန်ခိုးရှင်တဲ့ကွ”

“ဒါဆို ကျုပ်၊ ကျုုပ်က တန်ခိုးရှင်ဖြစ်သွားပြီပေါ့နော် ဦးဘသာ”

ချိုတူးက အခန်းတံခါးဝမှာ ရပ်နေရင်းနဲ့

“ကျုပ်သိတဲ့ တန်ခိုးရှင်ကတော့ ဝမ်းနှုတ်ဆေးပဲဗျ၊ ညနက်ပိုင်းများသောက်ထားလိုက်ရင် မနက်အစောဆို ဝမ်းထဲရစ်နာလာပြီးတော့ တဗြစ်ဗြစ်နဲ့ သွားတာပဲဗျို့”

“ဟေ့ကောင်ချိုတူး မင်းက ငါ့ကိုလှောင်တာလား”

“လှောင်တာ မဟုတ်ပါဘူး ကိုအလတ်ကောင်ရာ၊ ပြောင်တာပါဗျ”

ကျုပ်လည်း ကြမ်းပေါ်ပေါ်ကနေ ကုန်းထရင်း

“ငါ့ကိုများ ပြောင်ရသေးတယ်လို့”

ဘေးဘီကြည့်လိုက်တော့ အခန်းထောင့််မှာ တံမြက်စည်းထောင်ထားတယ်ဗျ၊ ကျုပ်လည်း အဲဒီတံမြက်စည်းကိုပြေးဆွဲပြီးတော့ ချိတူးအနောက်ကိုပြေးလိုက်တာပေါ့ဗျာ၊ ချိုတူးက အပြေးတော့မြန်သဗျ။

“တန်ခိုးရှင် ကိုအလတ်ကောင်၊ ဝမ်းနှုတ်ဆေး ကိုအလတ်ကောင်”

“ဟေ့ကောင်၊ မပြေးနဲ့ မိလို့ကတော့လား ဟောဒီတံမြက်စည်းအရိုးနဲ့ မင်းစအိုကို ထိုးခွဲမှာကွ”

ချိုတူးက အိမ်ကိုပတ်ပြေးတော့ ကျုပ်လည်း သူ့အနောက်ကို ပြေးလိုက်တာပေါ့ဗျာ၊ မီးဖိုဆောင်ထဲမှာ ထမင်းချက်နေတဲ့ ရွှေမိက ကျုပ်တို့ကိုကြည့်ရင်း ပြုံးလို့ဗျ၊ ဦးဘသာကတော့ အခန်းထဲကနေလှမ်းအော်တယ်။

“ဟေ့ကောင်တွေ၊ ဟာကွာ၊ ဒီကောင်တွေကတော့ ပြောမရပါလားကွာ”

လို့ ညည်းညူနေပါတော့တယ်ဗျာ။

ပြီးပါပြီ။

#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ

Zawgyi Version

” စုန္းထီးႀကီး ဦးဘသာႏွင့္ တန္ခိုးရွင္ “(စ/ဆုံး)
—————————————————————
အတြဲ(၄) စာစဥ္(၁၇)

(၁)

“နင္တို႔အကုန္ျပာျဖစ္ၿပီသာမွတ္”

ေဒၚပ်င္းႀကီးက ေျပာလိုက္ၿပီးေတာ့ သူ႔ေတာင္ေဝွးကို စုန္းေတြဆီကို လွမ္းၫႊန္ဖို႔္လုပ္တယ္ဗ်၊ ဒီေတာ့ ဦးဘသာက ၾကားကဝင္တားရတာေပါ့ဗ်ာ။

“အေမမလုပ္နဲ႔၊ အေမသူတို႔ကိုလုပ္မယ္ဆိုရင္ သားကိုအရင္လုပ္”

ေဒၚပ်င္းတစ္ျဖစ္လဲ ငညိဳက ဦးဘသာကို စိတ္ပ်က္သြားတဲ့ မ်က္ႏွာမ်ိဳးနဲ႔ၾကည့္ၿပီးေတာ့

“သာစံ၊ နင္ဟာေလ၊ အဲဒီလိုစိတ္ထားေပ်ာ့ညံ့လို႔ နင္ဒီလိုသိမ္သိမ္ငယ္ငယ္နဲ႔ ေနရတာဟဲ့”

ငညိဳကေျပာရင္း ဦးဘသာကို လက္ညႇိဳးနဲ႔လွမ္းထိုးတယ္ဗ်၊ လက္ညႇိဳးထိပ္ကေနၿပီးေတာ့ ဆံပင္ခ်ည္ေတြက ဖြာခနဲထြက္လာတာပါဗ်ာ၊ ဦးဘသာက အဲဒီဆံပင္ခ်ည္ေတြကို လက္နဲ႔ ပုတ္ပုတ္ၿပီး႐ိုက္ခ်တယ္ဗ်၊ ဆံပင္ခ်ည္ေတြဆိုရင္ ေျမေပၚကိုျပဳတ္က်သြားတာမွ အေထြးလိုက္ႀကီးဗ်ာ၊ တစ္ခါ ေျမေပၚက်သြားတဲ့ ဆံပင္ခ်ည္က တီေကာင္ေတြလို တြန႔္လိမ္တြန႔္လိမ္ျဖစ္လာၿပီးေတာ့ ဦးဘသာဆီကို ေျပးလာပါေရာဗ်ာ၊ ဦးဘသာလည္း ေလေပၚက ဆံပင္ခ်ည္ေတြကို သတိထားၿပီးကာကြယ္ေနရတာမို႔လို႔ ေျမႀကီးေပၚကဟာကိုေတာ့ သတိမထားဘူးထင္ပါတယ္၊ ဆံပင္ခ်ည္ခင္ေတြက ဦးဘသာ ေျခေထာက္ကိုထိလိုက္တာနဲ႔ နက္ေမွာင္သန္စြမ္းတဲ့ဆံပင္ႀကီးေတြျဖစ္ၿပီးေတာ့ ဦးဘသာရဲ႕ ေျခေထာက္နဲ႔ ေျခသလုံးကို ရစ္ပတ္ၿပီး တျဖည္းျဖည္းတက္ေတာ့တာပါပဲဗ်ာ။

ဦးဘသာ သိသြားတဲ့အခ်ိန္မွာ ေနာက္က်သြားၿပီဗ်၊ ဆံပင္ခ်ည္ေတြက ဦးဘသာတစ္ကိုယ္လုံးကို ပိုးခ်ည္ေတြရစ္သလို ရစ္ပတ္ၿပီးတက္လာတာ တျဖည္းျဖည္းနဲ႔ မ်က္ႏွာအနားကိုေတာင္ ေရာက္လာၿပီ၊

“ဦးဘသာ၊ ဦးဘသာ ဘာျဖစ္တာလဲ”

“အလတ္ေကာင္၊ မင္းနားေထာင္၊ ငါသူ႔ကိုမတားႏိုင္ေတာ့ဘူး၊ မင္းတားရမယ္၊ မင္း ငညိဳကိုရေအာင္တားရမယ္”

ဦးဘသာက ေအာ္ေျပာေနရင္း သူ႔ပါးစပ္ေတြေရာ ႏွာေခါင္းေတြကိုပါ ဆံပင္ေတြဖုံးၿပီးေတာ့ ပိုးတုံးလုံးႀကီးတစ္ေကာင္လို ျဖစ္သြားေတာ့တယ္ဗ်ာ၊ ငညိဳက ဒီအျဖစ္ကိုၾကည့္လိုက္ၿပီးေတာ့

“ေကာင္းတယ္ငါ့သား၊ မင္းအသာေနလိုက္စမ္း၊ ငါသြားမယ့္လမ္းမွာ မင္းဝင္မပါတာ အေကာင္းဆုံးပဲ”

ငညိဳက အဲဒီလိုေျပာၿပီးတာနဲ႔ စုန္းေတြဘက္ကိုလွည့္္ၾကည့္တယ္ဗ်။ ဒီအခါ စုန္းေတြလည္း အခ်င္းခ်င္းေခါင္းခ်င္းဆိုင္ကုန္ၾကတာေပါ့၊ ေနာက္ေတာ့ စုန္းေတြထဲကေန မယဥ္ၿမိဳင္ခုန္ၿပီးထြက္လာတယ္ဗ်။

“ေအာင္မယ္ နင္ကဘာေကာင္မလဲ”

“ေဗြသုံးလုံးဆိုင္ ယဥ္ၿမိဳင္တဲ့ေဟ့”

“ဟား၊ ဟား နင့္ဟာနင္ ေဗြသုံးလုံးမကလို႔ ေဗြသန္လ်က္ပဲပါပါ ငါင႐ုမစိုက္ဘူး”

“က်ဳပ္လည္း ရွင့္ဖာသာရွင္ ပ်င္း႐ုံမကလို႔ ေပ်ာ့ပဲက်က် ဂ႐ုမစိုက္ဘူး၊ က်ဳပ္ဂ႐ုစိုက္တာက ဒီ႐ြာရဲ႕အေရးပဲ၊ နိဗၺာန္႐ြာဆိုတာ စုန္း႐ြာ၊ စုန္းသိုက္ရွင့္၊ မယ္ေတာ္ေလးပါး၊ ကေတာ္ကိုးပါးတို႔က အသိအမွတ္ျပဳထားတဲ့ ပညာသည္႐ြာ၊ ရွင္လြယ္လြယ္နဲ႔ ႏိုင္ႏိုင္႐ိုးလား”

“ေအာင္မယ္၊ လူေကာင္ကေသးေပမယ့္္ စကားကေတာ့ ေလႀကီးေလက်ယ္ေျပာတတ္သား၊ ဒီမွာေကာင္မ၊ အရင္တုန္းက နင္တို႔႐ြာႏိုင္သြားတယ္ဆိုတာ ေအာက္ဝိဇၨာ မိမိုးႀကီးရွိေနလို႔ဟဲ့၊ အခု နင္တို႔အင္အားေလာက္ကေတာ့ ငါအသာကေလးပဲ”

“ေကာင္းၿပီေလ၊ ဒါဆို ရွင္နဲ႔က်ဳပ္နဲ႔ ႏွစ္ေယာက္ခ်င္းၿပိင္မယ္၊ က်န္တဲ့ဘယ္သူမွ ဝင္မပါေၾကးေနာ္၊ ရွင္ႏိုင္ရင္ ရွင္လုပ္ခ်င္တာလုပ္၊ က်ဳပ္ႏိုင္ရင္လည္း ရွင့္ကိုလုပ္ခ်င္ရာလုပ္မယ္”

“အႀကိဳက္ေပါ့ဟာ”

ေျပာရင္းဆိုရင္း ငညိဳက လက္ကိုေျမႇာက္လိုက္ၿပီးေတာ့ အပ္တစ္စင္းကို ေလထဲကေနဖမ္းယူလိုက္တယ္ဗ်၊ ၿပီးေတာ့ အဲဒီအပ္ကို ပါးစပ္နားမွာ မန္းမႈတ္ၿပီးေတာ့ မယဥ္ၿမိဳင္ ဆီကိလွမ္းလႊတ္လိုက္ပါေရာဗ်ာ၊ မယဥ္ၿမိဳင္ကလည္း အပ္ကိုမ်က္ေစာင္းထိုးလိုက္ေတာ့ အပ္က ေလထဲမွာ တန႔္ေနသဗ်။

“ေၾသာ္၊ ညည္းက ငါ့အပ္ကို တားႏိုင္တယ္ေပါ့ဟုတ္သလား”

ငညိဳက ေျပာဆိုၿပီးေတာ့ အပ္ကိုေတာင္ေဝွးနဲ႔လွမ္းခ်ိန္လိုက္ေတာ့ အပ္ကတျဖည္းျဖည္းနဲ႔အေရွ႕တိုးလာတယ္ဗ်ာ၊ မယဥ္ၿမိဳင္ တစ္ကိုယ္လံုံးလည္း ေခြၽးေတြထြက္ၿပီးေတာ့ ႐ြဲစိုေနတာပဲ၊ အပ္က ေလေပၚမွာေနရင္း မယဥ္ၿမိဳင္ဆီကို တစ္လက္မျခင္းတိုးလာၿပီးေတာ့ ေနာက္ဆုံး မယဥ္ၿမိဳင္ရဲ႕နဖူးကို အပ္ခြၽန္က ထိလိုက္တာနဲ႔ ဝုန္းခနဲေပါက္ကြဲသြားၿပီးေတာ့ ဖုန္ေတြလဲထသြားတာေပါ့ဗ်ာ၊

“မမေလး၊ မမေလး”

နိဗၺာန္႐ြာ ကစုန္းေတြအကုန္လုံးထိတ္လန႔္သြားၾကတယ္ဗ်ာ၊ ငညိဳကေတာ့ ေအာ္ရယ္လို႔ဗ်။

“ေကာင္းတယ္ေကာင္မ၊ မေလာက္ေလးမေလာက္စား နင့္ပညာကေလးနဲ႔ ငါ့ကိုမ်ားလာၿပီး ရန္ရွာခ်င္ေသးတယ္၊ မွတ္ၿပီလား”

ဖုန္လုံးေတြလြင့္္ျပယ္သြားတဲ့အခ်ိန္ အထဲမွာ မယဥ္ၿမိဳင္ ရွိေနေသးတယ္ဗ်၊ မယဥ္ၿမိဳင္က မုဆိုးထိုင္ထိုင္သလို ဒူးတစ္ဖက္ေထာက္ၿပီးေတာ့ ထိုင္ေနတာဗ်၊ ၿပီးေတာ့ ငညိဳကိုၾကည့္ရင္း

“ရွင္က်ဳပ္ကို ဒီေလာက္လြယ္လြယ္နဲ႔ ႏိုင္မယ္ထင္လို႔လား”

“ေအာင္မယ္၊ နင္က မေသပါလား၊ ဒီတစ္ခါေတာ့ နင့္ကို ေသေအာင္သတ္မယ္ဟဲ့”

(၂)

ငညိဳက မယဥ္ၿမိဳင္ကို ေတာင္ေဝွးနဲ႔ လွမ္းခ်ိန္လိုက္တယ္၊ မယဥ္ၿမိဳင္က တကိုယ္လုံး တဆတ္ဆတ္တုန္လာသဗ်၊ ၿပီးေတာ့ လူတစ္ေယာက္ထဲကေန ႏွစ္ေယာက္ျဖစ္သြားပါေရာဗ်ာ၊ ငညိဳေတာင္ အံ့ၾသသြားတယ္။

“ႏွစ္ေကာင္ဆိုေတာ့ ႏွစ္ခါသတ္ရတာေပါ့”

ငညိဳကေျပာရင္း စက္ေတြထပ္ၿပီးလႊတ္တယ္ဗ်၊ မယဥ္ၿမိဳင္က ႏွစ္ေယာက္ကေန သုံးေယာက္ျဖစ္သြားပါေရာဗ်ာ၊ ၿပီးတာနဲ႔ ေျမႀကီးေပၚကေန တစ္လံေလာက္ ႂကြတက္လာၿပီးေတာ့ အဲဒီသုံးေယာက္က ေဒၚပ်င္းႀကီးကို ဝိုင္းၿပီး လွည့္ေနတာပဲ။ မယဥ္ၿမိဳင္လွည့္လိုက္တာနဲ႔ သုံးေယာက္ကေနၿပီး အေယာက္တစ္ရာေလာက္ျဖစ္သြားတယ္ဗ်၊ ေဒၚပ်င္းအနားမွာ ဝဲလည္ေနတာ မေရမတြက္ႏိုင္ဘူးဗ်ိဳ႕။

တုတ္ႀကီးက လြယ္အိတ္ထဲကို လက္နဲ႔ႏႈိက္ေနတာကို ျမင္လိုက္ရသဗ်၊ ဒါနဲ႔က်ဳုပ္လည္း လွမ္းေအာ္ရင္း

“ေဟ့လူ၊ မဟုတ္တာမလုပ္နဲ႔”

တုတ္ႀကီးဆီကို က်ဳပ္လည္းေျပးသြားတာေပါ့ဗ်ာ၊ သူ႔အနားေရာက္တာနဲ႔ သူ႔ကိုေဆာင့္္တြန္းထည့္လိုက္တာေပါ့၊ တုတ္ႀကီးလည္း ပက္လက္လန္ လဲက်သြားၿပီးေတာ့ သူ႔လက္ထဲမွာကိုင္ထားတဲ့ ႏွမ္းေစ့လိုလို အနက္ေစ့ေတြအကုန္လုံး ေျမေပၚကို ျပန႔္က်ဲသြားတယ္ဗ်။ တုတ္ႀကီးက က်ပ္ကိုမေက်မနပ္နဲ႔ၾကည့္ရင္း

“ေတာက္၊ ငါကြာ”

လို႔ေရ႐ြတ္ၿပီးတာနဲ႔ က်ဳပ္ရင္ဘတ္ကို သူ႔လက္ဝါးနဲ႔ ေျဖာင္းခနဲေနေအာင္ တြန္းထည့္လိုက္တာ က်ဳပ္လည္း အေနာက္ကို အေတာင္ႏွစ္ဆယ္ေလာက္ လြင့္ထြက္သြားၿပီးေတာ့ ေျမေပၚကို ဖုတ္ခနဲက်တယ္ဗ်၊ တုတ္ႀကီးလက္ဝါးကို ေသခ်ာၾကည့္လိုက္ေတာ့မွ ဘုရားေစတီပုံကို ေဇာက္ထိုးဆြဲထားတာဗ်၊ ဆြဲထားတယ္ဆိုတာထက္ ေဆးနီ၊ ေဆးနက္ေတြနဲ႔ ေပါက္ထားတဲ့ပုံစံမ်ိဳးပဲ၊ တုတ္ႀကီးက က်ဳပ္ကိုမေက်မနပ္နဲ႔ၾကည့္ရင္း

“မဆီမဆိုင္ဝင္ပါတဲ့ေကာင္၊ ေသစမ္း”

ဆိုၿပီးေတာ့ သူ႔အိတ္ထဲလက္ႏႈိက္ၿပီး ကတ္ေၾကးအေသးကေလး တစ္ေခ်ာင္းနဲ႔ က်ဳပ္ကို ေကာက္ပစ္ပါေရာဗ်ာ၊ ကတ္ေၾကးကေလးက ေၾကးလိုဟာနဲ႔လုပ္ထားတဲ့ကတ္ေၾကးဗ်၊ ကတ္ေၾကးအသြားေလးေတြက လက္သန္းေလာက္ပဲရွိတာ၊ ဒါေပမယ့္ ပ်ံသန္းလာရင္း ကတ္ေၾကးက တျဖည္းျဖည္းႀကီးလာၿပီးေတာ့ တစ္ေတာင္ေလာက္ရွိတဲ့ အသြားႀကီးေတြျဖစ္သြားတယ္၊ က်ဳပ္လည္း ေျပးေရွာင္ဖို႔လုပ္ေပမယ့္ ေျပးလို႔မရဘူးဗ်ာ၊ ေျခေထာက္ေတြကပ္ေနၿပီး တစ္ကိုယ္လုံးလည္း ေလးလံေနတာပဲဗ်ာ၊ ဒီအခ်ိန္မွာ မိန္းကေလးတစ္ေယာက္က က်ဳပ္အေရွ႕ကိုေျပးဝင္လာၿပီး က်ဳပ္နဲ႔မ်က္ႏွာခ်င္းဆိုင္လိုက္တယ္။ ဒီမိန္းကေလးကို က်ဳပ္သိပါတယ္၊

“ဟင္ စုလႈိင္”

စုန္းလိပ္ စုလႈိင္ဆိုတဲ့ မိန္းကေလးပါ၊ က်ဳပ္ကိုမ်က္ႏွာခ်င္းဆိုင္လိုက္တာဆိေတာ့ က်ဳပ္ဆီကိုပံ်သန္းလာတဲ့ ကတ္ေၾကးကို ေက်ာေပးၿပီးသားျဖစ္သြားတာေပါ့ဗ်ာ၊ က်ဳပ္လည္းဝမ္းသာအားရနဲ႔ ၾကည့္ေနတဲ့အခ်ိန္မွာ စုလႈိင္မ်က္ႏွာက အင့္ခနဲပ်က္သြားတယ္ဗ်၊ ၿပီးေတာ့ ပါးစပ္ပြင့္သြားၿပီး ေသြးေတြစီးက်လာပါေရာ။ ေနာက္ေတာ့ သူ႔ေျခေတြလက္ေတြေပ်ာ့ဖတ္ၿပီး ပုံက်သြားတာနဲ႔ က်ဳပ္လည္းသူ႔ကိုေပြ႕ထားလိုက္ရတယ္။

“စုလႈိင္၊ စုလႈိင္”

စုလႈိင္ကေတာ့ တေဝါ့ေဝါ့နဲ႔ ေသြးပြက္ပြက္အန္ေနတာပဲဗ်ာ၊ သူ႔ကိုၾကည့္လိုက္ေတာ့ ကတ္ေၾကးႀကီးက သူ႔ေက်ာတည့္တည့္မွာစိုက္ဝင္ေနတာဗ်ာ၊ ဒါေပမယ့္ ကတ္ေၾကးက တစ္ဖက္တည္းဗ်၊ အသြားႏွစ္ဖက္ရွိတဲ့ ကတ္ေၾကးက အခုေတာ့ အသြားတစ္ဖက္ပဲစိုက္ေနတာ၊ က်န္တဲ့အသြားတစ္ဖက္က ဘယ္မွာမ်ားပါလိမ့္ဗ်ာ။

က်ဳပ္ေတြးေနတုန္း တုတ္ႀကီးတစ္ေယာက္ ေဝါ့ခနဲေသြးေတြထိုးအန္ၿပီးေတာ့ ေျမေပၚကို ေလးဖက္ေထာက္က်သြားတာပဲ၊ သူေလးဖက္ေထာက္သြားေတာ့မွ သူ႔ေက်ာမွာ ကတ္ေၾကးတစ္ဖက္က စိုက္ေနပါေရာ၊ ဒါဆိုရင္ စုန္းလိပ္ေၾကာင့္မ်ားလား၊ ဦးဘသာေျပာဖူးတာက စုန္းလိပ္ဆိုတာ ပညာစက္ေတြလႊတ္ရင္ တန္ျပန္ကာကြယ္ႏိုင္တယ္မဟုတ္လား၊ ဒါေပမယ့္ အတင္းအၾကပ္လုပ္ရင္ေတာ့ စုန္းလိပ္သမားလည္း ေသႏိုင္သလို၊ တိုက္ခိုက္တဲ့လူလည္း အခန႔္မသင့္ရင္ ေသႏိုင္တယ္လို႔ ေျပာဖူးတယ္ေလဗ်ာ၊ ဒါဆို အခု တုတ္ႀကီးပစ္လိုက္တဲ့ ကတ္ေၾကးကို စုလႈိင္က လိပ္ေက်ာကုန္းနဲ႔ ဖမ္းတားေပမယ့္ တုတ္ႀကီးရဲ႕အစြမ္းကျပင္းလြန္းလို႔ စုန္းလိပ္ခြံေဖာက္ၿပီးေတာ့ စုလႈိင္လည္းေသ၊ တုတ္ႀကီးလည္း စုန္းလိပ္ေၾကာင့္ သူ႔အတတ္ သူျပန္စူးၿပီး ေသၿပီမဟုတ္လား။

“စုလႈိင္ . . . စုလႈိင္ ထစမ္းပါအုံး”

က်ဳပ္က ေခၚေနေပမယ့္ စုလႈိင္က က်ဳပ္လက္ထဲတင္ ဇက္က်ိဳးၿပီးေသေနၿပီဗ်။ ငညိဳတစ္ျဖစ္လဲ ေဒၚပ်င္းကေတာ့ တုတ္ႀကီးအျဖစ္ကိုၾကည့္ၿပီးေတာ့ ရယ္တယ္ဗ်။

“ဟား၊ ဟား တုတ္ႀကီး၊ ေကာင္းတယ္၊ နင္ဟာေလ အသုံးကိုမက်ဘူး၊ ငါ့ဖက္မွာ နင့္လိုအသုံးမက်တဲ့လူမ်ိဳးကို အလိုမရွိဘူးဟဲ့”

ငညိဳကေျပာဆိုရင္း လက္ႏွစ္ဖက္ကိုမိုးေပၚေျမႇာက္တင္လိုက္ေတာ့ ေလေပၚမွာျဖန္းခနဲအသံႀကီးၾကားရၿပီးေတာ့ ကိုယ္ပြားေတြအမ်ားႀကီးနဲ႔ မယဥ္ၿမိဳင္တစ္ေယာက္ ေလေပၚက်ေန ျပဳတ္က်ေတာ့တယ္၊ လူအစစ္ပဲက်ၿပီးေတာ့ က်န္တဲ့ကိုယ္ပြားေတြအကုန္လုံး ျမဴမႈန္ေတြအျဖစ္နဲ႔ ေပ်ာက္ကြယ္သြားတာပဲဗ်ာ၊ မယဥ္ၿမိဳင္က ေျမႀကီးေပၚဒူးတုပ္ထိုင္ကာ လက္အုပ္ခ်ီလိုက္ၿပီး

“အေမႀကီး ႂကြပါ၊ သမီးတို႔ကို ပစ္မထားပါနဲ႔၊ ကူညီေတာ္မူပါ”

အဲဒီလိုေျပာၿပီး ေျမႀကီးကို ဦးနဲ႔တိုက္ေတာ့တာပဲဗ်ာ၊ တဘုန္းဘုန္းနဲ႔ ေျမႀကီးနဲ႔႐ိုက္လို႔ သူ႔နဖူးမွာေတာင္ ေသြးေတြစို႔ကုန္သဗ်။ ငညိဳက မယဥ္ၿမိဳင္ကို လက္ညႇိဳးထိုးမယ္အလုပ္ က်ဳပ္တို႔ပတ္ပတ္လည္မွာ က်ားဟိန္းသံႀကီးေတြ ၾကားလိုက္ရတာပဲဗ်ာ၊ က်ားဟိန္းသံေတြၾကားလို႔ က်ဳပ္လည္း က်ီးကန္းေတာင္းေမွာက္လိုက္ၾကည့္ေပမယ့္ က်ားအေကာင္အထည္ကိုမျမင္ရဘူးဗ်၊ ငညိဳက မယဥ္ၿမိဳင္ကို လက္ညႇိဳးနဲ႔ထိုးေတာ့ ေလထဲကေန လြန္းပ်ံတစ္ခုက ပ်ံသန္းလာၿပီးေတာ့ ငညိဳရဲ႕လက္ကိုထိသြားတယ္၊ ငညိဳလည္း နာသြားပုံရတယ္၊ လက္ကိုခ်က္ခ်င္း႐ုတ္သိမ္းလိုက္တယ္ဗ်၊ အဲဒီလြန္းပ်ံက ဆက္ပ်ံသြားၿပီးေတာ့ မန္က်ည္းပင္ႀကီးတစ္ပင္ေအာက္ေရာက္ေတာ့ ရပ္တန႔္သြားတယ္ဗ်၊ ဒီမွာပဲ မိန္းမတစ္ေယာက္က ဘြားခနဲေပၚလာခဲ့တာပဲဗ်ာ။

ကိုးေတာင္ေလာက္ရွည္တဲ့ က်ားႀကီးကိုစီးထားၿပီးေတာ့ အဲဒီမိန္းမက က်ားေပၚမွာ တင္ပါးလႊဲထိုင္ေနတယ္ဗ်၊ ထမီအနက္ကို ရင္လ်ားဝတ္ၿပီးေတာ့ ထိုင္မသိမ္းႀကီးလည္းခ်ထားတယ္ဗ်၊ အဲဒီအေပၚကေတာ့ ၿခဳံပုဝါနက္တစ္ထည္ကို လြမ္းၿခဳံထားတယ္၊ ေခါင္းမွာလည္း ကန္ေတာ့ခြၽန္ေခါင္းေပါင္းကို ႏွစ္ဖက္ထိုးထားၿပီးေတာ့ ဆံၿမိတ္လည္းခ်ထားတယ္၊ လက္တစ္ဖက္မွာေတာ့ ခုနက ပ်ံလာတဲ့ ေ႐ႊလြန္းပ်ံကို ကိုင္ထားတယ္ဗ်။ မ်က္ႏွာကေတာ့ ေရွးေခတ္မိန္းမေတြရဲ႕ မ်က္ႏွာသြင္ျပင္မ်ိဳးဗ်၊ ဒါေပမယ့္ မ်က္ႏွာက ၿပဳံးလည္းမၿပဳံးဘဲ ခက္ခက္ထန္ထန္နဲ႔ဗ်ိဳ႕။

“အေရွ႕မယ္ေတာ္ႂကြလာၿပီ၊ အေရွ႕မယ္ေတာ္ႂကြလာၿပီ”

နိဗၺာန္႐ြာက စုန္းေတြအကုန္လုံး ေျမေပၚမွာဒူးေထာက္ၿပီး ထိုင္ခ်လိုက္တယ္၊ အေရွ႕မယ္ေတာ္က ငညိဳတစ္ျဖစ္လဲ ေဒၚပ်င္းကိုၾကည့္ၿပီးေတာ့

“ဟဲ့ေကာင္မ၊ ညည္းက ငါလာေနတာေတာင္ မခန႔္ေလးစားနဲ႔ ေလေပၚက မဆင္းဘူးေပါ့”

“မယ္ေတာ္၊ က်ဳပ္ေျပာမယ္၊ ဒီကိစၥက မယ္ေတာ္နဲ႔မဆိုင္ဘူး၊ မယ္ေတာ္ဝင္မပါပါနဲ႔၊ စုန္းေတြရဲ႕ ရန္ၿငိဳးကို စုန္းအခ်င္းခ်င္းေျဖခြင့္ရွိတယ္မဟုတ္လား၊ အခုလည္း တစ္ခ်ိန္က က်ဳပ္ရဲ႕မေၾကခဲ့တဲ့ ရန္ၿငိဳးကို အခုလာေခ်တာပဲ”

“တိတ္စမ္းမယ္ပ်င္း၊ နင့္ဖာသာရန္ၿငိဳးေခ်တာ နင့္အပိုင္း၊ အခုစုန္းေတြကို ၾကည့္လိုက္စမ္း၊ နင့္ကိုရန္ျပဳခဲ့တဲ့စုန္း၊ ဒီထဲမွာ ဘယ္ႏွေယာက္ပါသလဲ”

ငညိဳက တစ္ခ်က္ေဝ့ၾကည့္ရင္း

“တစ္ေယာက္မွ မပါဘူး”

“ေအး၊ တစ္ေယာက္မွ မပါတာကို နင္က ဘယ္တုန္းက ရန္ေႂကြးကို ေခ်ဆပ္ခ်င္ေနတာလဲ”

“အလို၊ မယ္ေတာ္ရယ္၊ ဒီစုန္းေတြမပါေပမယ့္ နိဗၺာန္႐ြာက စုန္းတစ္သိုက္က က်ဳပ္ကိုဒုကၡေပးခဲ့တာပဲ၊ ဒီစုန္းေတြရဲ႕ အဘိုး၊ အဘြား၊ အေဖ၊ အေမေတြလုပ္ခဲ့တာပဲေလ၊ ဒီေတာ့ သူတို႔မိဘေတြရဲ႕ ေကာင္းေမြဆိုးေမြကို သူတို႔ခံရမွာေပါ့”

“ဒီလိုသာေျပာေၾကးဆိုရင္ နင့္သား သာစံဆို နင့္ရဲ႕ေကာင္းေမြ ဆိုးေမြေတြ ခံရတာၾကာေပါ့ဟဲ့၊ နင္သာ ဒီလိုသတ္မွတ္တယ္ဆိုရင္ ငါလည္း နင့္သားအေပၚ ဒဏ္ခတ္ဖို႔ ဝန္မေလးဘူးေနာ္”

ငညိဳက အေတာ္ေဒါသထြက္သြားၿပီးေတာ့ မယ္ေတာ္ကို ေတာင္ေဝွးနဲ႔လွမ္းခ်ိန္တယ္ဗ်၊ မယ္ေတာ္ စီးထားတဲ့က်ားက ခ်က္ခ်င္းထခုန္သြားလို႔သာေပါ့ဗ်ာ၊ သူတို႔ရပ္ေနတဲ့ေနရာက ေျမႀကီးေတာင္မွ ဖုန္းခနဲထေပါက္ထြက္ၿပီး တစ္ေတာင္ေလာက္နက္တဲ့ က်င္းႀကီးျဖစ္သြားတာဗ်၊ က်ားႀကီးက ငညိဳကိုလွည့္ပတ္ေျပးလႊားေနရင္း မယ္ေတာ္က ေ႐ႊလြန္းပ်ံကို လက္ကေနပစ္လႊတ္လိုက္တယ္၊ ငညိဳဘယ္ေလာက္က ကာကြယ္ ကာကြယ္ ေ႐ႊလြန္းပ်ံက ငညိဳဆီတည့္တည့္သြားၿပီးေတာ့ ငညိဳရဲ႕ရင္ဘတ္မွာ သြားစိုက္တယ္ဗ်၊ မယ္ေတာ္က ခ်ည္ခင္ႀကိဳးစတစ္ဖက္ဆြဲၿပီး ငညိဳကိုလွည့္ပတ္ေနေတာ့တာပဲ၊ ေ႐ႊေရာင္ပိုးခ်ည္ေတြက တျဖည္းျဖည္းနဲ႔ ငညိဳရဲ႕ကိုယ္လုံးကို တစ္ပတ္ၿပီးတစ္ပတ္ ပတ္လာတယ္ဗ်၊ အပ္ခ်ည္လုံးရစ္သလိုေပါ့ဗ်ာ။

(၃)

“မင္းလုပ္မွရမွာ အလတ္ေကာင္”

က်ဳပ္နားထဲ ဦးဘသာရဲ႕အသံကိုၾကားလိုက္ရတယ္၊ က်ပ္လည္း ေဘးဘီကိုလိုက္ၾကည့္ေနတာေပါ့ဗ်ာ။ ၿပီးေတာ့ လက္ထဲက စုလႈိင္ရဲ႕အေလာင္းကိုလည္း ခ်ထားလိုက္တယ္။

“ေဟ့ေကာင္၊ လိုက္ရွာမေနတဲ့၊ ငါက ဟိုဆံခ်ည္ေထြးထဲမွာကြ၊ အခုက မင္းကို မေနာကေနတဆင့္ ဆက္သြယ္တာ”

“ဟာ၊ ဒါဆို က်ဳပ္မေနာအလႊာကို သိႏိုင္ၿပီေပါ့ေနာ္”

“မင္းကိုယ္မင္းအထင္မႀကီးနဲ႔၊ ငါက ဆံခ်ည္ထဲမွာ အခ်ဳပ္ေႏွာင္ခံထားရရင္း အနႏၲမေနာကို ခဏတာထိုးေဖာက္ဝင္ေရာက္ႏိုင္ခဲ့တာေဟ့”

“ရွင္တို႔ေတြ ေလရွည္မေနၾကနဲ႔၊ က်ဳပ္တို႔လုပ္စရာရွိတာ အျမန္လုပ္ရမယ္”

ေျပာေနရင္း က်ဳပ္နားထဲမွာ မိန္းကေလးတစ္ေယာက္အသံၾကားလိုက္ရပါေရာဗ်ာ၊

“ဒါ၊ ဒါကေရာ ဘယ္သူလဲ”

“က်ဳပ္ယဥ္ၿမိဳင္ေလ”

“ဟာ မယဥ္ၿမိဳင္လည္း မေနာအလႊာကို ေဖာက္ႏိုင္တာေပါ့ေနာ္”

“အလတ္ေကာင္ ရွည္ရွည္ေဝးေဝးေတြေျပာမေနနဲ႔၊ ငါ့အေမက ထုံကူးတာမေအာင္ေသးဘူးကြ၊ ဒီေတာ့ သူငညိဳကိုယ္လုံးကို အၿပီးအပိုင္အသုံးခ်လို႔မရႏိုင္ေသးဘူး၊ ဒီလိုအေျခအေနကို လမ္းခုလတ္အေျခအေနလို႔ေခၚတယ္ကြ”

“လမ္းခုလတ္တဲ့လား”

“ေအး၊ မင္းနားလည္ေအာင္ေျပာရရင္ေတာ့ ငါ့အေမက မင္းရဲ႕ကိုယ္အတြင္းမွာ ပုန္းေအာင္းၿပီးေနတယ္မဟုတ္ဘူးလား၊ အခု မင္းကိုယ္ထဲက သူ႔ရဲ႕ေနာက္ဆုံးက်န္ခဲ့တဲ့ နာမ္စိတ္ကို ငညိဳရဲ႕ကိုယ္ထဲကို ကူးထည့္ေနတာပဲ၊ ဒါေပမယ့္ အၿပီးအပိုင္ကူးလို႔မရေသးဘူးျဖစ္ေနတယ္၊ သူက ငညိဳရဲ႕ကိုယ္လုံးထဲ အၿပီးအပိုင္ဝင္ၿပီးသြားရင္ လူသားခႏၶာကိုရၿပီကြ၊ လူသားခႏၶာရတဲ့အခါ ငါ့ကိုေပးအပ္ထားတဲ့ နတ္အေစာင့္အေရွာက္ေတြကို သူ႔ကိုယ္ထဲျပန္သြင္းလို႔ရၿပီ၊ ဒီလိုဆိုရင္ သူ႔ကိုဘယ္သူမွ တားဆီးႏိုင္မွာမဟုတ္ေတာ့ဘူး”

“ဒါဆို က်ဳပ္က ဘာလုပ္ရမွာလဲ”

“ရွင္က သူ႔ဆီျပန္သြားရမယ္”

“ဘယ္လိုဗ်”

“ငညိဳကို မင္းကေပြ႕ဖက္ရလိမ့္မယ္၊ ငါတို႔အခ်က္ေပးတာနဲ႔ မင္းလုပ္ရမွာက ငညိဳကိုေျပးဖက္ၿပီးေတာ့ ဘဝင္ထဲက်ေနတဲ့ ငညိဳကိုျပန္ေခၚရမယ္”

“ဗ်ာ၊ ဘဝင္ထဲမွာ ဟုတ္သလား”

“ဘဝင္ဆိုတာက လူတစ္ေယာက္လိုခ်င္တဲ့အရာကို ရလိုက္တဲ့အခါ ျဖစ္ေပၚလာတဲ့ ေက်နပ္ခံစားမႈပဲ၊ အဲဒါေၾကာင့္ သေဘာက်တယ္၊ ႏွစ္ၿခိဳက္တယ္ဆိုရင္ ဘဝင္က်တယ္ေခၚတာကိုး၊ သာမန္အခ်ိန္မွာ ဘဝင္က်တာက ခဏေလးပဲကြ၊ အခု ငါ့အေမက ငညိဳကို ဘဝင္ထဲအၾကာႀကီးက်ေအာင္ ခ်ထားတယ္၊ တကယ္လို႔ ငါ့အေမသာ ငညိဳရဲ႕အသိစိတ္ကို ထိန္းခ်ဳုပ္ႏိုင္ရင္ ဘဝင္ထဲက်ေနတဲ့ ငညိဳတစ္ေယာက္ ျပန္လြတ္ဖို႔လမ္း မရွိေတာ့ဘူး”

“ဟုတ္၊ ဟုတ္ပါၿပီ၊ အဲဒီေတာ့ အဲဒီအေကာင္အထည္ ဘယ္ေတာ့စမွာလဲ”

ဒီအခါ က်ားႀကီးနဲ႔လွည့္ပတ္ေျပးေနတဲ့ အေရွ႕သခင္မက

“အခုပဲေဟ့”

ဆိုၿပီး အသံအက်ယ္ႀကီးနဲ႔ ထေအာ္လိုက္တယ္ဗ်ာ။ ငညိဳတစ္ကိုယ္လုံးကိုလည္း ေ႐ႊခ်ည္ေတြနဲ႔ပတ္ထားတာ ငညိဳရဲ႕ခ်ိင္းေအာက္က စလို႔ တစ္ကိုယ္လုံး အပ္ခ်ည္လုံးႀကီးလိုျဖစ္ေနၿပီဗ်၊ ၿပီးေတာ့ အေရွ႕မယ္ေတာ္က ေ႐ႊခ်ည္တစ္ေခ်ာင္းနဲ႔လွမ္းပစ္ၿပီး ငညိဳရဲ႕လက္ထဲက ေတာင္ေဝွးႀကီးကိုလွမ္းဆြဲလိုက္တာေပါ့ဗ်ာ၊ ငညိဳကလည္း တင္းခံထားတယ္ဗ်၊

“ဘာလုပ္ေနတာလဲ”

အေရွ႕မယ္ေတာ္က က်ဳပ္ကိုၾကည့္ၿပီးေအာ္လိုက္ေတာ့ က်ဳပ္ေက်ာကုန္းကို အေနာက္က တစ္ေယာက္ေယာက္က ေဆာင့္ကန္လိုက္သလိုျဖစ္ၿပီး က်ဳပ္ျဖင့္္ အေရွ႕ကိုလြင့္ထြက္သြားပါေရာဗ်ာ၊ ကို႔႐ိုးကားယားႀကီးနဲ႔ လြင့္ထြက္ၿပီးေတာ့ ငညိဳကိုေျပးဖက္တာေပါ့၊ ငညိဳကလည္း လွ်င္သဗ်၊ က်ဳပ္သူ႔ကိုဖက္လည္းဖက္လိုက္ေရာ သူ႔လက္တစ္ဖက္က က်ဳပ္လည္ပင္းကိုခ်ဳပ္ကိုင္ၿပီး ညႇစ္ပါေရာ၊ က်ဳပ္ျဖင့္ လည္ပင္းအစ္လို႔ ေသေတာ့မယ္ဗ်ာ၊ ေလထဲမွာလည္း တန္းလန္းႀကီးျဖစ္ေနေရာဗ်ိဳ႕။

ေနာက္ေတာ့ က်ဳပ္မ်က္ခြံေတြေမွးစင္းလာၿပီး က်ဳပ္လည္း အိပ္ခ်င္သလိုျဖစ္သြားတယ္၊ မ်က္လုံးထဲမွာလည္း ျဖဴျဖဴေတြ၊ ဝါဝါေတြ အစုံျမင္ေနရတယ္ဗ်၊ ၿပီးေတာ့ အဲဒီျဖဴျဖဴဝါဝါေတြက တျဖည္းျဖည္းၾကည္လင္လာၿပီးေတာ့ က်ဳပ္က ေဈးတန္းတစ္ခုထဲကို ေရာက္ေနပါေရာလား၊ ေဈးထဲမွာ လူေတြမ်ားလိုက္တာဗ်ာ၊ ေတာ္ေတာ္စည္ကားတဲ့ေဈးႀကီးဗ်၊ က်ဳပ္လည္း ဟိုဟိုဒီဒီလိုက္ၾကည့္ရင္းနဲ႔ တစ္ေနရာေရာက္ေတာ့ ငညိဳကိုေတြ႕လိုက္တယ္ဗ်၊ ငညိဳရဲ႕အေရွ႕မွာေတာ့ ႏို႔ေအးေခ်ာင္းေရာင္းတဲ့ တြန္းလွည္းႀကီးက ရွိေနျပန္ေရာဗ်ာ၊ ႏို႔ေအးေခ်ာင္းေရာင္းတဲ့သူက ႏို႔ေအးေခ်ာင္းေတြထည့္ထားတဲ့ အခြက္အခြက္ေတြပါတဲ့ ဗန္းႀကီးကို တေဝါေဝါနဲ႔ လွည့္ေနေလရဲ႕။

“ေဟ့ေကာင္ငညိဳ”

“ဟာ၊ ကိုအလတ္ေကာင္ပါလား”

“မင္းဒီမွာဘာလုပ္ေနတာလဲ”

ငညိဳေျပာဆိုေနတုန္း ႏို႔ေအးေခ်ာင္းေရာင္းတဲ့လူႀကီးက သူ႔လက္ထဲကိုင္ထားတဲ့ ဂလိုင္လို႔ေခၚတဲ့ ေခါင္းေလာင္းအေသးေလးကို တေဒါင္ေဒါင္နဲ႔ေခါက္ရင္း

“ႏို႔ေအးေခ်ာင္းေတြရမယ္၊ တစ္ေခ်ာင္းဝယ္ တစ္ေခ်ာင္းစားရတဲ့အျပင္ ေဟာဒီအဝိုင္းကိုလွည့္ၿပီး ကံစမ္းလို႔လည္း ရသဗ်ာ”

ေျပာရင္းဆိုရင္း အဲဒီလွည္းတစ္ေနရာမွာ တပ္ထားတဲ့ အဝိုင္းပုံစံအျပားကိုွလွည့္လိုက္တာေပါ့ဗ်ာ၊ အဲဒီအဝိုင္းႀကီးမွာ သံငုတ္ကေလးေတြတပ္ထားၿပီးေတာ့ သံငုတ္ေတြၾကားထဲမွာလည္း သခ်ၤာဂဏန္းေတြေရးထားေသးတယ္၊ အဝိုင္းထိပ္မွာေတာ့ ျမႇားကေလးတစ္ေခ်ာင္းရွိၿပီးေတာ့ အဝိုင္းလည္တာ ရပ္သြားလို႔ အဲဒီျမႇားမွာက်ေနတဲ့ နံပါတ္အတိုင္း ႏို႔ေအးေခ်ာင္းစားရတာေပါ့ဗ်ာ၊ မ်ားေသာအားျဖင့္ နံပါတ္ေတြက တစ္ေတြခ်ည္းပါပဲ၊ ဒါေပမယ့္ ႏွစ္တို႔၊ သုံးတို႔၊ ငါးတို႔လည္းပါတယ္၊ အဝိုင္းႀကီးတစ္ခုလုံးမွာမွ တစ္ဆယ္လို႔ပါတဲ့ေနရာတစ္ခုပဲရွိတယ္၊ အဲဒီတစ္ဆယ္ဂဏန္းကိုလည္း ေဆးအနီေရာင္နဲ႔ ေရးထားေသးသဗ်၊ ႏို႔ေအးေခ်ာင္းလွည္းကို မွီလိုက္တဲ့သူေတြဆိုရင္ေတာ့ မ်က္စိထဲတန္းျမင္ၾကလိမ့္မယ္ဗ်ာ။

ငညိဳက တစ္မတ္ေစ့တစ္ေစ့ကိုထုတ္လိုက္ၿပီးေတာ့ ေရာင္းတဲ့သူကိုေပးလိုက္တယ္၊ ေရာင္းတဲ့လူက မတ္ေစ့ကိုကိုက္ၾကည့္ၿပီးေတာ့

“တစ္မတ္ဆိုေတာ့ တစ္ခါပဲလွည့္လို႔ရမယ္ေကာင္ေလး”

ငညိဳလည္း ေခါင္းညိတ္ၿပီးေတာ့ အဝိုင္းႀကီးကို အားျပင္းျပင္းနဲ႔ဆြဲလွည့္လိုက္တယ္၊ အဝိုင္းက ေလးငါးဆယ္ပတ္ေလာက္ လည္သြားၿပီးေတာ့ ေနာက္ေတာ့ တျဖည္းျဖည္းနဲ႔ အရွိန္နည္းသြားတယ္၊ ေနာက္ဆုံးျမႇားမွျပထားတဲ့ဂဏန္းကေတာ့ တစ္ပဲဗ်။ ငညိဳလည္း အေတာ္စိတ္ပ်က္သြားတယ္၊ ႏို႔ေအးေခ်ာင္းသည္က ႏို႔ေအးေခ်ာင္းတစ္ေခ်ာင္းထုတ္ေပးတယ္ဗ်၊ ငညိဳစားတာမွ ျမန္လိုက္တာ ေျပာမေနပါနဲ႔ဗ်ာ၊ ပိန္ပိန္ပါးပါး ႏို႔ေအးေခ်ာင္းက ႏွစ္ကိုက္နဲ႔တင္ ကုန္ေရာပဲ။ ၿပီးေတာ့ ငညိဳက ပါးစပ္ထဲအရသာခံၿပီးေတာ့ ၿပဳံးေနေသးတယ္။

“ေဟ့ေကာင္ ငညိဳ၊ မင္း ႏို႔ေအးေခ်ာင္းစားရတာ ႀကိဳုက္တာလားကြ”

“ဒါေပါ့ဗ်ာ၊ အရင္ကဆို တစ္ေခ်ာင္းတစ္ေလစားရဖို႔ေတာင္ အေမ့ဆီက ပိုက္ဆံတစ္မတ္ကို မရမကေတာင္းရတယ္၊ အခုေတာ့ စိတ္ႀကိဳုက္အဝစားလို႔ရၿပီ”

ငညိဳက ႏို႔ေအးေခ်ာင္းတုတ္တံကို သူ႔ေျခရင္းကိုပစ္ခ်လိုက္တယ္ဗ်၊ ဒီေကာင္စားသလား မစားသလားကေတာ့ သူ႔ေျခရင္းမွာ ႏို႔ေအးေခ်ာင္းတုတ္ေခ်ာင္းေတြ ပုံလို႔ဗ်ာ။

“ေဟ့ငညိဳ၊ စားၿပီးရင္လည္း ျပန္ရေအာင္ကြာ”

“မျပန္ခ်င္ဘူး”

“ဘာလို႔မျပန္တာလဲကြ၊ ႏို႔ေအးေခ်ာင္းေတြခ်ည္းလွိမ့္စားမေနနဲ႔ ရင္ၾကပ္မယ္”

က်ဳပ္က ငညိဳကိုအတင္းဆြဲေခၚတာေပါ့ဗ်ာ၊ ငညိဳကလည္း ေျခကန္႐ုန္းတယ္၊ ၿပီးေတာ့ ကံစမ္းတဲ့အဝိုင္းႀကီးကိုလက္ညႇိဳးထိုးျပၿပီး

“ဟိုအဝိုင္းႀကီးမွာ တစ္ဆယ္က်မွျပန္မွာ”

“ဟာ၊ ေဟ့ေကာင္၊ အဲဒီတစ္ဆယ္က တစ္ခုပဲပါတာကြ၊ မင္းရဖို႔မလြယ္ဘူး၊ လာပါကြာ”

ငညိဳက ေျခေဆာင့္ရင္း

“မရဘူး၊ အဲဒီတစ္ဆယ္မက်မခ်င္း၊ ႏို႔ေအးေခ်ာင္း တစ္ေခ်ာင္းဝယ္ၿပီးေတာ့ ဆယ္ေခ်ာင္းမရမခ်င္း မျပန္ဘူး”

ငညိဳကေတာ့ လုပ္ၿပီဗ်ာ၊ ဒါနဲ႔ က်ဳပ္လည္းေခါင္းကုပ္ရင္း

“ေအးကြာ၊ ဒါဆို မင္းမလွည့္နဲ႔ ငါလွည့္ေပးမယ္”

ငညိဳက သူ႔အက်ႌအိတ္ထဲက မတ္ေစ့တစ္ေစ့ဆြဲထုတ္ၿပီး ေပးလိုက္တယ္၊ ႏို႔ေအးေခ်ာင္းေရာင္းတဲ့လူကလည္း ဆြဲယူလိုက္ၿပီးေတာ့ လက္တစ္ေခ်ာင္းေထာင္ျပတယ္။

“တစ္ခါပဲလွည့္ရမယ္ေနာ္”

က်ဳပ္လည္း လက္ဝါးႏွစ္ဖက္ကို ပြတ္လိုက္ၿပီးေတာ့ လွည့္တဲ့အဝိုင္းႀကီးကို ေသေသခ်ာခ်ာကိုင္လိုက္တာေပါ့ဗ်ာ၊ ၿပီးေတာ့ စိတ္ထဲကေနလည္း

“တစ္ဆယ္က်ပါေစ၊ တစ္ဆယ္က်လိုက္စမ္းကြာ”

လို႔ေျပာရင္း အားကုန္လွည့္ထည့္လိုက္ေတာ့တာပါပဲ၊ လူႀကီးအားနဲ႔မို႔ အဝိုင္းႀကီးက တ႐ြီး႐ြီးနဲ႔ ဆယ္ပတ္ေလာက္လည္ၿပီးေတာ့ တျဖည္းျဖည္းနဲ႔ရပ္သြားတယ္၊ ရပ္သြားတဲ့အခါမွာ ျမားကေလးက တစ္ဆယ္ဆိုတဲ့ ဂဏန္းကိုရပ္ခါနီးမွ အသာကေလးလည္ၿပီး တစ္ျဖစ္သြားတယ္ဗ်ာ။ က်ဳပ္လည္း ေတာ္ေတာ္စိတ္ပ်က္မိသားဗ်၊ ႏို႔ေအးေခ်ာင္းေရာင္းတဲ့လူက

“တစ္ဆိုေတာ့ တစ္ေခ်ာင္းပဲရမယ္”

ဒီအခ်ိန္ အျပားႀကီးက တျဖည္းျဖည္းအေနာက္ကိုျပန္လည္တာဗ်၊ က်ဳပ္လည္း

“ေဟ့လူၾကည့္၊ မရပ္ေသးဘူး၊ အဝိုင္းက မရပ္ေသးဘူးဗ်”

ေနာက္ျပန္လည္ရင္း တစ္ဆိုတဲ့ေနရာကေန ျမႇားဦးခြၽန္ကေလးက တစ္ဆယ္ဆိုတဲ့ ေနရာကိုျပန္ၫႊန္ျပလိုက္တယ္၊ က်ဳပ္နဲ႔ငညိဳလည္း ေပ်ာ္ၿပီးေတာ့ ထခုန္ၾကတယ္ဗ်ာ။ ဒီေတာ့မွ ႏို႔ေအးေခ်ာင္းသည္က ဆယ္ေခ်ာင္းထုတ္ေပးတယ္၊ ႏို႔ေအးေခ်ာင္းဆယ္ေခ်ာင္းလည္းရေရာ ငညိဳက ဆယ္ေခ်ာင္းစလုံးကိုယူၿပီးေတာ့ တစ္ေခ်ာင္းၿပီးတစ္ေခ်ာင္းကိုက္စားတယ္။

“ကဲ၊ ငညိဳ ဆယ္ေခ်ာင္းရၿပီဆိုေတာ့ ျပန္ၾကစို႔ကြာ”

က်ဳပ္ေျပာရင္ ငညိဳလက္ကိုဆြဲလိုက္တာနဲ႔ ေဘးပတ္ဝန္းက်င္က အရာေတြအားလုံးက ခ်က္ခ်င္းတဖုတ္ဖုတ္နဲ႔ေပ်ာက္သြားတာပဲဗ်ာ၊ ေနာက္ဆုံးေတာ့ ဖုန္းဆိုးကြင္းႀကီးတစ္ခုကိုေရာက္သြားတယ္ဗ်၊ က်ဳပ္လည္း ငညိဳကိုၾကည့္ုလိုက္ေတာ့ ငညိဳမရွိေတာ့ဘူးဗ်ိဳ႕။

“မင္းေတာ္ေတာ္ယုတ္ကမ္းတဲ့အေကာင္ပဲ”

က်ဳပ္အေရွ႕မွာ တျဖည္းျဖည္းနဲ႔ေပၚလာတာကေတာ့ ေဒၚပ်င္းႀကီးပဲဗ်။

“မင္းက ငါႀကိဳတင္ႀကံစီထားသမွ် အားလုံးကို ဖ်က္လိုဖ်က္ဆီးလုပ္တဲ့အေကာင္ပဲ မင္းကိုငါ အရွင္မထားဘူး”

ေဒၚပ်င္းက ေျပာဆိုရင္း လက္ႏွစ္ဖက္ကိုေလေပၚေျမႇာက္လိုက္တယ္ဗ်။ က်ဳပ္လည္း ဘာလုပ္ရမွန္းမသိတာနဲ႔ ေဒၚပ်င္းႀကီးကိုလက္ညႇိဳးနဲ႔ဖမ္းထိုးလိုက္ၿပီး

“ခင္ဗ်ားရပ္လိုက္စမ္း”

ေဒၚပ်င္းက က်ဳပ္ေျပာတဲ့အတိုင္း လက္ႏွစ္ဖက္ေျမႇာက္ၿပီးေတာ့ ရပ္သြားတယ္ဗ်ာ၊ က်ဳပ္ျဖင့္္ မယုံႏိုင္ဘူးျဖစ္ေနတာ၊ ဒါနဲ႔ က်ဳပ္ေဒၚပ်င္းကို တကယ္ႏိုင္မႏိုင္သိရေအာင္လို႔ ထပ္စမ္းၾကည့္ခ်င္ေသးတယ္။

“ခင္ဗ်ားလက္တစ္ဖက္ကို ဖင္ႏႈိက္လိုက္စမ္း”

ေဒၚပ်င္းရဲ႕ ညာဘက္လက္က ကိုယ္လုံးအေနာက္ကေန ဖင္ကိုႏႈိက္လိုက္တယ္ဗ်၊ ေဒၚပ်င္းမ်က္လုံးႀကီးကေတာ့ ျပဴးတူးေၾကာင္ေတာင္နဲ႔ကို ၾကည့္ေနတာဗ်။ က်ဳပ္လည္း ႏိုင္ခြင့္ရတုန္း ႏိုင္ၾကည့္ခ်င္ေသးတယ္။

“ခင္ဗ်ားေနာက္လက္တစ္ဖက္ကို ေခါင္းကုပ္စမ္းဗ်ာ”

ေထာင္ေနတဲ့ဘယ္ဘက္လက္က ေခါင္းေပၚကိုတင္ၿပီးေတာ့ ဆံပင္ေတြကို တျဗင္းျဗင္းနဲ႔ကုပ္ေနပါေရာဗ်ာ။ က်ဳပ္ျဖင့္ရယ္ခ်င္လာတာ မနည္းေအာင့္ထားရတယ္။

“ေပါင္ကိုကြလိုက္၊ ၿပီးရင္ ေမ်ာက္လိုခုန္စမ္းဗ်ာ”

က်ဳပ္ေျပာတဲ့အတိုင္း ေဒၚပ်င္းက ေပါင္ကြၿပီးေတာ့ ေမ်ာက္လိုခုန္ဆြခုန္ဆြလုပ္ေနေတာ့တာပဲဗ်ာ၊ က်ဳပ္လည္း ရယ္လိုက္ရတာ အူေတြေတာင္နာလို႔ ဗိုက္ကိုလက္နဲ႔ ႏွိပ္ထားရတယ္။ ေဒၚပ်င္းကေတာ့ မ်က္ႏွာေသႀကီးနဲ႔ က်ဳုပ္ကိုၾကည့္ၿပီး

“ဟဲ့ေကာင္စား၊ နင့္ကိုငါမေက်နပ္ဘူး၊ နင့္ကိုငါသတ္မယ္ဟဲ့”

“ေအာင္မယ္၊ ခင္ဗ်ားက ပါးစပ္အားေနေတာ့ ေျပာေသးတယ္ေပါ့၊ ကဲဗ်ာ၊ ခင္ဗ်ားပါးစပ္ကလည္း ေမ်ာက္လိုေအာ္စမ္းဗ်ာ”

ေဒၚပ်င္းက ကြိကြိကြကြေတြေအာက္ၿပီး ခုန္ေနေတာ့တာပဲဗ်ာ၊ ဒီအခ်ိန္ က်ဳပ္ေခါင္းထဲမွာ အသံၾကားရတယ္။

“ေတာ္ၿပီအလတ္ေကာင္၊ ေပါေတာေတာေတြလုပ္မေနနဲ႔”

“ဟာ၊ ဦးဘသာ အသံပါလားဗ်၊ ဒါနဲ႔ က်ဳပ္က ေဒၚပ်င္းကို ဘာလို႔ႏိုင္ေနတာလဲဗ်ာ”

“ငါ့အေမက မင္းရဲ႕မသိစိတ္ထဲမွာေနတာကြ၊ အခုမင္းျဖစ္ေနတဲ့စိတ္ဟာ မင္းရဲ႕အသိစိတ္ပဲ၊ အသိစိတ္က မသိစိတ္ကိုလႊမ္းမိုးႏိုင္တဲ့အခါ မသိစိတ္ထဲက အရာအားလုံးကိ အႏိုင္ယူ ေစခိုင္းႏိုင္တယ္လို႔ ငါေျပာထားခဲ့တယ္မဟုတ္လား”

“ေၾသာ္၊ က်ဳပ္သေဘာေပါက္ၿပီ၊ ဒါေၾကာင့္ ေဒၚပ်င္းကိုက်ဳပ္ႏိုင္ေနတာကိုးဗ်”

“ငါေျပာမယ္၊ မင္း ငါ့အေမကိုၾကည့္ၿပီးေတာ့ ခင္ဗ်ားက တကယ္မရွိဘူး၊ ခင္ဗ်ားကို က်ဳပ္မလိုခ်င္ဘူး၊ ခင္ဗ်ားက်ဳပ္စိတ္ထဲမွာ ေပ်ာက္ကြယ္သြားၿပီလို႔ ေျပာရမယ္”

“က်ဳပ္ေျပာရင္ တကယ္ေပ်ာက္ကြယ္သြားမွာလား”

“ငါေျပာၿပီးသားပဲ အလတ္ေကာင္ရာ”

ဒါနဲ႔က်ဳပ္လည္း ခါးေထာက္လိုက္ၿပီးေတာ့ ေဒၚပ်င္းကိုလက္ညႇိဳးထိုးရင္း

“ခင္ဗ်ားက တကယ္မရွိဘူး”

ေဒၚပ်င္းႀကီးက ၿငိမ္က်သြားတယ္ဗ်၊ ၿပီးေတာ့ က်ဳပ္ကိုေခါင္းခါျပတယ္၊ ဆက္မေျပာေစခ်င္လို႔ ျဖစ္မွာေပါ့ဗ်ာ။

“ခင္ဗ်ားကိုက်ဳပ္မလိုခ်င္ဘူး၊ အခုအခ်ိန္ကစၿပီး ခင္ဗ်ားက က်ဳပ္စိတ္ထဲမွာ ေပ်ာက္ကြယ္သြားၿပီ”

ေဒၚပ်င္းက ငိုယိုေတာ့တာပဲဗ်ာ၊ ၿပီးေတာ့ တစ္ကိုယ္လုံးေလထဲလြင့္သလိုျဖစ္သြားၿပီးေတာ့ မႈန္ဝါးၿပီးေပ်ာက္ကြယ္သြားတာပဲ၊ က်ဳပ္လည္း ဦးဘသာကိုလွမ္းၾကည့္ၿပီးေတာ့

“ရၿပီလားဦးဘသာ”

ဘာအသံမွေတာ့ မၾကားရေတာ့ဘူးဗ်၊

“ဦးဘသာ၊ ဦးဘသာ”

က်ဳပ္ေအာ္ေခၚေနေပမယ့္ ဘာကိုမွမၾကားရဘူး၊ ေနာက္ေတာ့ ေကာင္းကင္ႀကီးတစ္ခုလုံး လင္းထိန္လာၿပီးေတာ့ က်ဳပ္လည္း ငိုက္ခနဲတစ္ခ်က္ျဖစ္သြားတာေပါ့ဗ်ာ။

(၅)

“ကိုအလတ္ေကာင္ ထမင္းစားရင္း ငိုက္ေနတာလားဗ်”

က်ဳပ္သတိျပန္ဝင္လာေတာ့ က်ဳပ္က ထမင္းပန္းကန္ကို လက္ႏႈိက္လွ်က္သားႀကီးဗ်၊ အရမ္းအိပ္ခ်င္ၿပီးေတာ့ တစ္ခ်က္ငိုက္သလို ျဖစ္သြားလို႔ ေဘးနားက ခ်ိဳတူးက က်ဳပ္ကိုလွမ္းေတာင္သတိေပးရတယ္။

“ဟုတ္ပါ့ကြာ၊ ပင္ပန္းတယ္ဆိုရင္လည္း ထမင္းစားၿပီးအိပ္ေပါ့ကြ”

ဦးဘသာက ရယ္က်ဲက်ဲနဲ႔ေျပာတယ္၊ ဒီအခ်ိန္ ဦးလူလွက ဝက္သားပန္းကန္ထဲက ဝက္သားတုံးတစ္တုံးကို ဇြန္းနဲ႔ခပ္လိုက္ၿပီးေတာ့ ဦးဘသာပန္းကန္ထဲကို လွမ္းထည့္ေပးတယ္ဗ်၊ ခ်ိဳတူးကလည္း ဝက္သားဟင္းဖတ္ကို ထမင္းထဲျမႇဳုပ္ၿပီး ထမင္းကိုက်ဳံးက်ဳံးၿပီးေတာ့ စားတာဗ်ိဳ႕၊ ေ႐ႊမိတစ္ေယာက္ကေတာ့ ယင္ေကာင္ေတြဝဲေနလို႔ ထမင္းဝိုင္းကို ေဘးနားကေန ယပ္ေတာင္တစ္ေခ်ာင္းနဲ႔ တျဖပ္ျဖပ္ယပ္ခတ္ေပးေနေလရဲ႕။ အားလုံးက ပုံမွန္အတိုင္း စားေသာက္ေနၾကေပမယ့္ က်ဳပ္တစ္ေယာက္တည္း ေတြေတြႀကီးျဖစ္ေနတယ္ဗ်။ ဦးဘသာကေတာ့ သူ႔ဝသီအတိုင္း ဘာမွမသိသိုနဲ႔ ထမင္းကိုဆက္ၿပီးစားေနတယ္။

က်ဳပ္လည္း ထမင္းပန္းကန္ထဲ လက္နက္ၿပီးေတာ့ ေတြးေနမိတယ္၊ ေဒၚပ်င္းထြက္သြားၿပီးေတာ့ ရပ္ဝန္းပ်က္ပ်ယ္သြားတာမ်ားလား၊ ဒါဆိုရင္ ၿပီးခဲ့တဲ့အရာေတြကေရာ၊ ေသသြားခဲ့တဲ့ စုလႈိင္ဆိုတဲ့ မိန္းကေလးကေရာ၊ က်ဳပ္ေတြးရင္းေတြးရင္း ေခါင္းေတြေျခာက္လာတယ္။

“ငါ့တူႀကီးက မဆာလို႔လား၊ ဒါမွမဟုတ္ ေ႐ႊမိလက္ရာေတြက မေကာင္းလို႔လား”

“မ၊ မဟုတ္ပါဘူးဗ်ာ၊ စားလို႔ေကာင္းပါတယ္၊ က်ဳပ္ေခါင္းထဲ အေတြးေလတစ္ခု ဝင္လာလို႔ပါ”

ဦးဘသာက က်ဳပ္ကိုျပ့ုံးၾကည့္ရင္း

“မင္းကေတြးေန၊ ဟိုမွာ မေတြးတဲ့ေကာင္က ဝက္သားတုံးေတြ တစ္တုံးၿပီးတစ္တုံး ဆြဲဆြဲယူေနတာေနာ္၊ မင္း အေတြးေကာင္းလို႔ ငါးပိခ်က္နဲ႔ ညားေနမယ္”

ေ႐ႊမိေရာ၊ ဦးလူလွတို႔ေရာ ၿပဳံးစိစိနဲ႔က်ဳပ္ကိုၾကည့္ေနၾကတယ္၊ က်ဳပ္လည္း ဦးဘသာကိုၾကည့္ၿပီး စိတ္ထဲကေန စကားလွမ္းေျပာတယ္ဗ်၊ ဒါေပမယ့္ ဦးဘသာက မၾကားတဲ့ပုံပဲ။

“ဒါနဲ႔ ငညိဳေရာဦးဘသာ”

က်ဳပ္အသံထြက္ေျပာလိုက္ေတာ့မွ ဦးဘသာက က်ဳပ္ကိုလွမ္းၾကည့္တယ္၊ ၿပီးေတာ့ ၿခံတံခါးအေရွ႕ကိုလွမ္းၾကည့္ၿပီး

“ဟိုမွာ လာပါၿပီကြာ၊ ေျပာရင္းဆိုရင္း”

က်ဳပ္က ငညိဳကိုေသသြားၿပီထင္တာဗ်ာ၊ ငညိဳက အေျပးတစ္ပိုင္းနဲ႔ ၿခံဝန္းထဲေျပးဝင္လာတယ္၊ ငညိဳရဲ႕အေနာက္မွာေတာ့ စုလင္ဆိုတဲ့ မိန္းကေလးပါလာတယ္ဗ်ာ၊ က်ဳပ္ျဖင့္ ဝမ္းသာလိုက္တာ ေျပာမေနပါနဲ႔ေတာ့၊ ဒါနဲ႔ ထမင္းဝိုင္းကထၿပီး ငညိဳဆီကိုေျပးသြားလိုက္တယ္၊ ငညိဳပုခုံးကိုဖက္လိုက္ေတာ့ ငညိဳက အထူးအဆန္းျဖစ္သြားတဲ့ပုံနဲ႔ဗ်၊ ၿပီးေတာ့ ငညိဳအေနာက္မွာ ရပ္ေနတဲ့ စုလႈိင္ကိုေမာ့ၾကည့္လိုက္တယ္။

“စုလႈိင္၊ မင္း . . . မင္းမေသဘူးေနာ္”

စုလႈိင္က က်ဳပ္ကိုဘုၾကည့္ၾကည့္ရင္း

“ရွင္ဘာေတြလာေၾကာင္ေနတာလဲ၊ က်ဳပ္က ဘာျဖစ္လို႔ေသရမွာလဲ”

ေျပာၿပီးေတာ့ ဟိုဖက္ကိုခ်ာခနဲလွည့္သြားတာပဲ၊ ဦးလူလွက စုလႈိင္ကိုၾကည့္ၿပီး

“ဟဲ့ စုလႈိင္၊ ထမင္းမစားရေသးဘူးဆိုရင္ တစ္ခါတည္းဝင္စားသြားေလဟာ၊ ဒီေန႔ဟင္းေကာင္းပါတယ္ဟ”

စုလႈိင္က ဦးလူလွကို သမင္လည္ျပန္လွည့္ၾကည့္ရင္းနဲ႔

“မစားေတာ့ပါဘူး ဦးေလးေရ၊ ဒီမွာ အလကားေနရင္း လူကိုမေသဘူးလားဆိုၿပီး ေမးေနတဲ့ငေၾကာင္တစ္ေကာင္လည္း ရွိေသးရဲ႕ေတာ္”

ၿပီးေတာ့ စုလႈိင္က က်ဳပ္ကိုမ်က္ေစာင္းထိုးၿပီးေတာ့ ထမီစကေလး အသာမၿပီး ၿခံဝိုင္းထဲကေနထြက္သြားတာပဲဗ်ာ၊ က်ဳပ္ျဖင့္ ေပ်ာ္လိုက္တာမွ ေျပာမေနပါနဲ႔ေတာ့ဗ်ာ၊ ဦးဘသာကို အသာလွမ္းၾကည့္လိုက္ေတာ့ ဦးဘသာက က်ဳပ္ကိုၿပဳံးျပလို႔ဗ်။

စားေသာက္ၿပီးေတာ့ က်ဳပ္တို႔အခန္းထဲ ျပန္နားၾကတယ္၊

“ဒါဆို ဒါေတြက တကယ္မျဖစ္ခဲ့ဘူးေပါ့ေနာ္”

ဦးဘသာက ေခါင္းခါရင္း

“စိတ္သာရွင္ေစာ ဘုရားေဟာတဲ့ကြ၊ တကယ့္တန္ခိုးရွင္ဆိုတာ တျခားမဟုတ္ပါဘူးကြာ၊ ကိုယ့္ရဲ႕မသိစိတ္ကို ကိုယ့္ရဲ႕သိစိတ္က ေစခိုင္းထိန္းခ်ဳပ္ႏိုင္ရင္ တန္ခိုးရွင္တဲ့ကြ”

“ဒါဆို က်ဳပ္၊ က်ဳုပ္က တန္ခိုးရွင္ျဖစ္သြားၿပီေပါ့ေနာ္ ဦးဘသာ”

ခ်ိဳတူးက အခန္းတံခါးဝမွာ ရပ္ေနရင္းနဲ႔

“က်ဳပ္သိတဲ့ တန္ခိုးရွင္ကေတာ့ ဝမ္းႏႈတ္ေဆးပဲဗ်၊ ညနက္ပိုင္းမ်ားေသာက္ထားလိုက္ရင္ မနက္အေစာဆို ဝမ္းထဲရစ္နာလာၿပီးေတာ့ တျဗစ္ျဗစ္နဲ႔ သြားတာပဲဗ်ိဳ႕”

“ေဟ့ေကာင္ခ်ိဳတူး မင္းက ငါ့ကိုေလွာင္တာလား”

“ေလွာင္တာ မဟုတ္ပါဘူး ကိုအလတ္ေကာင္ရာ၊ ေျပာင္တာပါဗ်”

က်ဳပ္လည္း ၾကမ္းေပၚေပၚကေန ကုန္းထရင္း

“ငါ့ကိုမ်ား ေျပာင္ရေသးတယ္လို႔”

ေဘးဘီၾကည့္လိုက္ေတာ့ အခန္းေထာင့္္မွာ တံျမက္စည္းေထာင္ထားတယ္ဗ်၊ က်ဳပ္လည္း အဲဒီတံျမက္စည္းကိုေျပးဆြဲၿပီးေတာ့ ခ်ိတူးအေနာက္ကိုေျပးလိုက္တာေပါ့ဗ်ာ၊ ခ်ိဳတူးက အေျပးေတာ့ျမန္သဗ်။

“တန္ခိုးရွင္ ကိုအလတ္ေကာင္၊ ဝမ္းႏႈတ္ေဆး ကိုအလတ္ေကာင္”

“ေဟ့ေကာင္၊ မေျပးနဲ႔ မိလို႔ကေတာ့လား ေဟာဒီတံျမက္စည္းအ႐ိုးနဲ႔ မင္းစအိုကို ထိုးခြဲမွာကြ”

ခ်ိဳတူးက အိမ္ကိုပတ္ေျပးေတာ့ က်ဳပ္လည္း သူ႔အေနာက္ကို ေျပးလိုက္တာေပါ့ဗ်ာ၊ မီးဖိုေဆာင္ထဲမွာ ထမင္းခ်က္ေနတဲ့ ေ႐ႊမိက က်ဳပ္တို႔ကိုၾကည့္ရင္း ၿပဳံးလို႔ဗ်၊ ဦးဘသာကေတာ့ အခန္းထဲကေနလွမ္းေအာ္တယ္။

“ေဟ့ေကာင္ေတြ၊ ဟာကြာ၊ ဒီေကာင္ေတြကေတာ့ ေျပာမရပါလားကြာ”

လို႔ ညည္းညဴေနပါေတာ့တယ္ဗ်ာ။

ၿပီးပါၿပီ။

#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ