“စုန်းထီးကြီး ဦးဘသာနှင့် နွားတစ်ထောင် ငသောင်း”(စ/ဆုံး)

Unicode Version

“စုန်းထီးကြီး ဦးဘသာနှင့် နွားတစ်ထောင် ငသောင်း”(စ/ဆုံး)
——————————————————————————
အတွဲ(၄) စာစဉ်(၁၈)

(၁)

နောက်တစ်နေ့မနက်စောစော မနက်စာစားပြီးတာနဲ့ ဦးလူလှက သူ့တပည့်ချိုတူးကို ပညာတွေပေးနေတော့တာပဲဗျာ၊ ချိုတူးဆိုတဲ့ကောင်ကလည်း အဆိုကခပ်ကောင်းကောင်းဆိုတော့ အခြေခံသဘောတရားတွေကို သင်ယူရတယ်ဆိုပါတော့၊ ဦးလူလှက ရေနွေးကြမ်းခွက်ကိုင်ထားရင်း ဒူးတစ်ချောင်းချိတ်ပြီးထိုင်ထားတယ်၊ ချိုတူးကတော့ သူ့အနားမှာ ငုတ်တုတ်ကလေးပေါ့ဗျာ၊ ဦးဘသာနဲ့ကျုပ်နဲ့ကတော့ သူတို့ကိုထိုင်ကြည့်ရင်း အကြမ်းရေသောက်ပေါ့။

“မြန်မာဂီတမှာ တျာ၊ တေ၊ တျောဆိုတဲ့ အခြေခံအသံသုံးပါးရှိတယ်၊ အဲဒီအသံကို ဆက်ပြီးပွားရင်တော့ အသံခုနှစ်မျိုးထွက်တယ်၊ ဒါကို သံစဉ် ခုနစ်ပါးလို့ခေါ်ကြတာပေါ့ကွာ၊ ဒီသံစဉ် ခုနစ်မျိုးက မြန်မာ့ဂီတကို လေ့လာလိုက်စားတဲ့သူတိုင်းသိရတယ်၊ အဆိုပညာသည်တင်မကဘူး၊ အတီးအခတ်ပညာသည်တွေလည်း သိထားရတယ်ကွ၊ များသောအားဖြင့်ကတော့ အသံတွေကို နာမည်တပ်ပြီးမခေါ်ကြဘူး၊ နံပါတ်စဉ်ပဲတပ်ပြီးတော့ တစ်၊ နှစ်၊ သုံး၊ လေး လို့ပဲခေါ်ကြတယ်ကွ”

ဦးလူလှက ရေနွေးကြမ်းခွက်ကိုမှုတ်သောက်လိုက်ပြီး

“တူရိယာတစ်မျိုးနဲ့တစ်မျိုးကျတော့ ဒီအသံတွေက အခေါ်အဝေါ်တွေကွဲသွားတယ်၊ ဥပမာ စောင်းဆိုပါစို့ကွာ၊ စောင်းသမားက အဖွဲ့အနွဲ့ကြိုက်တယ်ကွ၊ ဒီတော့ အသံခုနစ်မျိုးကို ညှင်းလုံး၊ ခြောက်သွယ်ညွန့်၊ မြင်စိုင်း၊ အောက်ပြန်၊ ပြည်တော်ပြန်၊ ဒူကရဒွေး၊ ပုလဲ ဆိုပြီးတော့ ခေါ်ကြတယ်၊ နှဲလို၊ ပုလွေလို လေမှုတ်တူရိယာကျတော့ လက်နဲ့ပိတ်အုပ်ရတဲ့အပေါက်ကို တင်စားပြီး၊ တစ်ပေါက်သံ၊ နှစ်ပေါက်သံဆိုပြီး ခေါ်ကြလေ့ရှိတယ်ကွ၊ ဟော ပတ္တလားလို၊ ကြေးမောင်းတို့လို တူရိယာကျတော့ ဘယ်သံညာသံ၊ အနိမ့်အမြင့်၊ အထူအပါးဆိုပြီးကွဲသွားပြန်ရော၊ ဒါပေမယ့် အားလုံးကိုချုံကြည့်လိုက်ရင်တော့ ဒီသံစဉ်ခုနစ်ပါးပါပဲ ကွာ”

“ဟုတ်ကဲ့ပါဆရာကြီး”

“သံစဉ်ခုနစ်ပါးက သူ့ချည်းသက်သက် တည်ရှိနေတာမဟုတ်ဘူးကွ၊ သံစဉ်ခုနစ်ပါးထဲက အသံတစ်ခုကို မူတည်ထားပြီး တီးခတ်ရတယ်၊ ကျန်တဲ့အသံတွေက သူ့အစဉ်အဆက်အလိုက် ရွေ့လျားပြီး လိုက်ပါတီးခတ်ရတယ်ကွ၊ သံစဉ်တစ်ခုကို မူတည်ယူပြီး နောက်ထပ် သံစဉ်ခုနစ်မျိုး ထပ်ပွားလို့ရနိုင်လို့ စုစုပေါင်း သံစဉ် လေးဆယ့်ကိုးမျိုးအထိ ပေါင်းစပ်နိုင်သကွ၊ ဒါကြောင့် မာဃဒေ၀ လင်္ကာသစ်မှာ “ပေါင်းရိုး ညိုးညံ၊ ခုနစ်သံတွင်၊ အသံခုနစ်မျိုး လေးဆယ့်ကိုးတည့်” လို့ဆိုကြတာပေါ့”

ကျုပ်တောင်မှ နားထောင်ပြီးခပ်ရှုပ်ရှုပ်ဗျ၊ ပညာဉာဏ်နည်းတဲ့ ချိုတူးလိုလူမျိုးကတော့ ခေါင်းကိုတဗြင်းဗြင်းကုပ်နေတာပဲဗျို့။ ချိုတူး အခြေအနေမဟန်တာနဲ့ ကျုပ်လည်း ဝင်ထောက်ရတာပ။

“ဒါနဲ့ဦးလူလှ၊ ကျုပ်တို့အမေပြောပြောနေတာ ခုနစ်သံချီအော်တယ်၊ ခုနစ်သံချီအော်တယ်နဲ့ အဲဒါကရော ဒီအသံနဲ့ဆိုင်သလားဗျ”

ဦးလူလှက ခေါင်းညိတ်ပြီး

“ဆိုင်သပေါ့ကွာ၊ အသံမှာ တစ်သံက အနိမ့်ဆုံး၊ အပါးဆုံးကွ၊ အဲဒါကနေ အသံတွေက တဖြည်းဖြည်းထူလာလိုက်တာ၊ ခုနစ်သံရောက်တော့ အမြင့်ဆုံးဖြစ်သွားတာပေါ့ကွာ၊ ဒါကြောင့် ခုနစ်သံချီအော်တယ်ဆိုတာ အသံအကျယ်ကြီးနဲ့အော်တာကိုဆိုလိုတာ၊ သူ့ထက်အသံကျယ်တာ မရှိတော့ဘူးကိုးကွ၊ သဘင်တွေ၊ ဇာတ်ပွဲတွေမှာလည်း ခုနစ်သံချီဟစ်ရတဲ့အခန်းတွေရှိတယ်၊ ငိုချင်းချရတဲ့အခန်းတို့၊ ကျွေးကြော်ရတဲ့အခန်းတို့ဆို ခုနစ်သံရောက်အောင် အော်ဟစ်ပြီး ငိုရ၊ ပြောရတယ်၊ ဒါပေမယ့် ခုနစ်သံမရောက်ရင် ဇာတ်လုံးလည်းမကြွတော့ဘူး၊ ဇာတ်သမားပညာလည်း နည်းတယ်ဆိုပြီး ကဲ့ရဲ့ကြတာပေါ့ကွာ”

“သြော်၊ ကျုပ်သဘောပေါက်ပါပြီဆရာကြီး”

“ချိုတူး မင်းကအဆိုကောင်းဆိုတော့ တို့အဖွဲ့မှာ နောက်ထလုပ်စမ်းကွာ”

“ဗျာ၊ နောက်ထဆိုတော့ အနောက်မှာ မတ်တပ်ရပ်နေရတဲ့လူလား”

“ဒါပေါ့ကွ၊ မင်းဆိုင်းတွေကြည့်ဖူးတယ်မဟုတ်လား၊ နောက်ထက ကောင်းသုံးချက်ညီရတယ်တဲ့ကွ၊ အဆိုကောင်းရတယ်၊ အပြောကောင်းရတယ်၊ အသောကောင်းရတယ်ကွ၊ တို့ဆိုင်းမှာ နောက်ထတွေရှိတယ်၊ ဒါပေမယ့် ခုရွာမှာ နောက်ထတစ်ယောက်ပဲကျန်တယ်ဆိုတော့ မင်းနဲ့နှစ်ယောက်ဆိုရင်တော့ အတိုင်အဖောက်ရတာပေါ့ကွာ”

ဒီအချိန်မှာပဲ ခြံဝိုင်းရှေ့မှာ အော်သံကြားတယ်ဗျ။

“ဗျို့ ဆိုင်းဆရာကြီး၊ ဆိုင်းဆရာကြီး ရှိပါသလား”

အသက်ကြီးကြီး လူကြီးသုံးယောက်ဗျ၊ လွယ်အိတ်ကြီးတွေလွယ်၊ ခေါင်းပေါင်းကြီးတွေပေါင်းလို့ဗျ၊ ဒါနဲ့ ဦးလူလှက ပြန်ပြီးအသံပြုတယ်။

“ရှိပါတယ်ဗျ၊ ခြံဝိုင်းထဲဝင်ခဲ့ပါ”

“ခွေးတွေဘာတွေကြည့်ပါအုံးဗျာ၊ ကျုပ်တို့ဖြင့် ကျန်တာမကြောက်ပေမယ့် ခွေးတော့ကြောက်သဗျ”

“အိုဗျာ၊ ဆိုင်းဆရာအိမ်မှာ ခွေးမွေးပါ့မလားဗျ၊ လာသာလာစမ်းပါဗျာ”

ဒီလူကြီးသုံးယောက် ရောက်လာတဲ့နဲ့ ကွပ်ပျစ်မှာထိုင်နေတဲ့ကျုပ်တို့လည်း အနောက်ကိုနည်းနည်းဆုတ်ပြီး နေရာဖယ်ပေးလိုက်တာပေါ့ဗျာ၊ ကွပ်ပျစ်က ကျယ်တော့ အကျယ်ကြီးပါ။

“ထိုင်ပါအုံး ဆရာကြီးတို့ရဲ့ ဘယ်ကဘယ်လို လှည့်လာကြတာလဲ”

“ဆိုင်းဆရာအိမ်လာမှတော့ ဆိုင်းငှားဖို့ပေါ့ဗျာ”

“ဘယ်ရွာတုန်း၊ ဘာအတွက်တုန်းဗျ”

“သိပ်မဝေးပါဘူးဗျာ၊ ကျုပ်တို့က ကွေးကောက်အင်းဘက်က လာခဲ့ကြတာပါ၊ ရွာမှာရှင်ပြုရှိတာနဲ့ ဆိုင်းလိုက်ရှာနေတာ၊ ဒီကောင်က နိဗ္ဗာန်ရွာက ဦးလူလှဆိုင်း ကောင်းတယ်ဆိုတာနဲ့ ကျုပ်တို့လည်းလာခဲ့တာ၊ ဒါနဲ့ ခုနက ခြံဝမှာရေးထားတော့ ဆိုင်းမလိုက်ဘူးဆိုဗျ”

ဦးလူလှက ပြာပြာသလဲနဲ့

“လိုက်ပါတယ်ဗျာ၊ အဲဒီဆိုင်းဘုတ်ကလည်း လွင့်ပစ်ရမှာဗျ၊ ခုထိကို မဖြုုတ်မိသေးဘူး”

ဒီလူကြီးတွေက အိမ်ကိုတစ်ချက်ဝေ့ကြည့်ပြီးတော့

“ခင်ဗျားက ဆိုင်းလိုက်မယ်သာပြောတာ ဆိုင်းသမားတွေလည်း မတွေ့ပါလားဗျ၊ ဟုတ်မှလည်းလုပ်အုံးနော်”

ဒီလူကြီးတွေက မယုံသင်္ကာဖြစ်နေတာနဲ့ ဦးလူလှက ခေါင်းညိတ်ရင်း

“ကောင်းပါ့ဗျာ၊ ဆိုင်းလာငှားပြီးမှတော့ ဆိုင်းလက်သံနားမထောင်ဘဲငှားလို့ဘယ်ဖြစ်မလဲဗျ၊ ကျုပ်လက်သံကို ခင်ဗျားတို့ကြားဖူးတယ်ရှိအောင် နားထောင်ကြည့်သွားကြစမ်းဗျာ”

“ကောင်းတာပေါ့ဗျာ၊ ကျုပ်တို့လည်း နားထောင်စမ်းချင်သပ”

ဦးလူလှက မတ်တပ်ရပ်လိုက်ပြီးတော့ ရွှေမိကိုလှမ်းအော်ရင်း

“သမီးရေ၊ မန်ကျည်းသားကို ပြာကျအောင်ဖုတ်ပြီးတော့ ထမင်းနဲ့သေချာနယ်ထားစမ်းပါကွာ၊ ပတ်စာလုပ်ရအောင်”

ပြီးတော့ ကျုပ်နဲ့ချိုတူးကို အိမ်အောက်ကိုခေါ်သွားတယ်ဗျ၊ အိမ်အောက်မှာ ဆင့်တန်းတွေနဲ့ထပ်ထားတဲ့ တူရိယာပစ္စည်းတွေကိုသွားယူထုတ်တယ်။

“ဟောဒါက ပတ်ဝိုင်းထိမ်းတဲ့ ခြေထောက်၊ အဲဒါတွေအရင်ယူသွား”

ကျုပ်တို့လည်းသယ်ရတာပေါ့ဗျာ၊ အဲဒါပြီးတော့ မှန်စီရွှေချထားတဲ့အပြားကြီးတွေ သယ်ရတယ်ဗျ။

“သေချာသယ်ကွနော်၊ ဒီအပြားကြီးတွေကို ပန်းပြားလို့ခေါ်သကွ၊ ပတ်ဝိုင်းကြီးကို ကာရံတဲ့အပြားကြီးပေါ့ကွာ၊ စုစုပေါင်းရှစ်ပြားရှိတယ်၊ ဒီပန်းပြားတွေက ဈေးကြီးသကွ၊ မန္တလေး မဟာမြတ်မုနိဘုရားကြီးတောင်ဘက် ဇွန်းစုရပ်ကနေ ဝယ်ထားတာကွ”

ဦးလူလှက ခိုင်းလည်းခိုင်း၊ သင်လည်းသင်တယ်၊

“ဒါနဲ့ ဒီအချွန်ကလေးတွေက ဘာတွေလဲဗျ”

“အော်၊ အဲဒါကတော့ ပတ်လုံးတွေချိတ်ဖို့ပေါ့ကွ၊ စရွေးလို့ခေါ်တယ်၊ ပန်းပြားတစ်ပြားမှာ စရွေးသုံးခုစီပါတယ်လေကွာ၊ ပတ်လုံးတွေချိတ်တဲ့အခါ ပန်းပြားနဲ့မထိရအောင် ကာရံထားတဲ့ကြိမ်အထဲမှာပါတယ်မဟုတ်လား အဲဒါကို ပတ်ခေါင်းအုံးခေါ်တယ်၊ တစ်ချို့ကလည်း ပတ်ခံလို့ခေါ်တယ်”

ပန်းပြားတွေထုတ်ပြီးတော့ ဦးလူလှက ပန်းပြားတွေကို သေချာစီပြီး တွဲစပ်စေတယ်ဗျ၊ ဒီလိုတွဲရင်းနဲ့ ချိုတူးက ထအော်တာပဲ။

“ဟာ ဆရာကြီး၊ ဟောဒီပန်းပြားကြီးက အပေါက်ကြီးနဲ့ပါလားဗျာ၊ မဟုတ်မှလွှဲရော တစ်နေရာရာမှာများ အထဲကအစာတွေ ကျကျန်ခဲ့တာများလား”

“ဟာကွာ၊ အဲဒါ မင်းပေါက်လို့ခေါ်သကွ၊ ဆိုင်းဆရာက ပတ်ဝိုင်းထဲကိုဝင်ရမယ့် အပေါက်ပေါ့ကွာ၊ တမင်ဖောက်ထားတာ၊ ဘယ့်နှယ့် ကျကျန်ခဲ့ရမှာလည်း”

ကျုပ်နဲ့ချိုတူးနဲ့ စီလိုက်တော့ မကြာခင်မှာပဲ ပတ်ဝိုင်းကြီးတစ်ခုဖြစ်သွားပြီပေါ့ဗျာ၊ ဦးလူလှက ပတ်ဝိုင်းတစ်လျှောက်ကို သူ့တံတောင်နဲ့လိုက်တိုင်းရင်း

“ပတ်ဝိုင်းတစ်ခုလုံးက ဆယ်တောင်ထွာရှိတယ်ကွ၊ ပေနဲ့ပြောမယ်ဆိုရင် ဆယ့်ငါးပေဆယ်လက်မခွဲလောက်ရှိမယ်၊ အမြင့်ကတော့ နှစ်တောင်မိုက်လျော့ရှိတယ်၊ ချိုတူး၊ မင်းမှတ်ထားနော်”

ပြီးတော့ အိမ်ပေါ်တက်ပြီး ဗုံကလေးတွေယူလာတယ်ဗျ၊ ဗုံကလေးတွေက လုံးလုံးသေးသေးကလေးတွေဗျ၊

“အဲဒီဗုံတွေ ဒီမှာတပ်မှာမဟုတ်လား ဦးလူလှ”

“အေးပေါ့၊ မသိတဲ့လူက ဗုံလို့ခေါ်မှာပေါ့၊ တကယ်က ပတ်လုံးလို့ခေါ်တယ်၊ ပိတောက်သားနဲ့နှစ်ဖက်ဖွင့်လုပ်ထားပြီးတော့ အထက်အောက်ကို နွားသားရေနဲ့ ကျက်ထားရတာပေါ့ကွာ၊ ပတ်လုံးအစ မဒေါင်းလှ ဆိုတဲ့စကားရှိတယ်၊ အရင်ကတော့ မန္တလေးက မဒေါင်းလှရွာမှာ ပတ်လုံးတွေလုပ်ကြတာပေါ့ကွာ၊ ခုခေတ်တော့ ပျော်ဘွယ်က မန်ကျည်းတန်းရွာမှာ လုပ်ကြတယ်”

ကျုပ်လည်း ပတ်လုံးတွေလှမ်းယူလိုက်ပြီးတော့ ခုနက စရွေးလို့ခေါ်တဲ့အချွန်လေးတွေမှာ လိုက်ချိတ်ဖို့လုပ်နေတာပေါ့ဗျာ၊ ဦးလူလှက ပတ်လုံးတွေချိတ်ဖို့လုပ်နေတဲ့ ကျုပ်နဲ့ချိုတူးကိုကြည့်လိုက်ပြီးတော့

“အောင်မယ်၊ မင်းတို့က ဘယ်နေရာမှာ ဘယ်အလုံးချိတ်ရမလဲဆိုတာ သိကြလို့လားကွ”

“ဗျာ၊ ဘယ်မှာချိတ်ချိတ် အားလုံးက တူတူပဲမဟုတ်ဘူးလား”

“အောင်မယ်လေးကွာ၊ မတူဘူးကွ၊ မတူဘူး၊ ပတ်ဝိုင်းမှာ ပတ်လုံးပေါင်း နှစ်ဆယ့်နှစ်လုံးရှိတယ်ကွ၊ အဲဒီနှစ်ဆယ့်နှစ်လုံးမှာလည်း သူ့နာမည်နဲ့သူရှိတယ်၊ သူ့ဟာနဲ့သူအစဉ်လိုက် ချိတ်ရသကွ”

ဦးလူလှက ပတ်ဝိုင်းအနားကိုတိုးလာပြီးတော့

“ပတ်လုံးစချိတ်ရင် ဟောဒီမင်းပေါက်အနား ဘယ်ဖက်ထိပ်ဆုံး စရွေးတိုင်ကနေ အစဉ်လိုက် ချိတ်သွားရတယ်ကွ၊ ဟိုကောင်ချိုတူး၊ မင်းရဲ့ညာဘက်လက်မှာ ကိုင်ထားတဲ့ ပတ်လုံးက ဒုန်းခဲကြီးပဲ၊ အဲဒါအရင်စချိတ်ကွာ၊ ပြီးရင်တော့ အလတ်ကောင်ရဲ့ဘယ်ဘက်လက်မှာကိုင်ထားတဲ့ ပတ်လုံးကိုချိတ်၊ အဲဒီပတ်လုံးက လက်သဲပတ်လုံးပဲ”

ဦးလူလှပြောတဲ့အတိုင်း ကျုပ်တို့လည်း လိုက်ချိတ်တာပေါ့ဗျာ၊ ပတ်လုံးတွေအားလုံးက တစ်ပုံစံတည်းလို့ထင်ရပေမယ့် ဦးလူလှကတော့ ဘယ်ပတ်လုံးက ဘယ်နေရာ၊ ဘာနာမည်ဆိုတာကို အကုန်သိနေတယ်ဗျာ၊ ကျုပ်ဖြင့် အဲဒီတစ်ချက်တည်းနဲ့တင် ဦးလူလှကို လေးစားသွားတာဗျ။

“ဦးလူလှက ဘယ်ပတ်လုံးက ဘာနာမည်၊ ဘယ်နေရာဆိုတာကို မှတ်မိနေတယ်နော်ဗျ”

“ဒါပေါ့ကွ၊ ဆိုင်းဆရာဆိုတာ တီးရုံတင်မဟုတ်ဘူးကွ၊ ဆိုင်းဝိုင်းကြီးတစ်ခုလုံးရဲ့ အရေးကိုစီမံရတာကိုး၊ ဒီလိုဆင်တာလောက်တော့ အပျော့ပေါ့ကွာ”

“ဒါဆို ပတ်လုံးနာမည်တွေလည်း ပြောပြပါအုံးဗျာ၊ ဗဟုသုတပေါ့”

“ဘယ်ဖက်အစွန်ဆုံးကနေ စရေတွက်ရင်၊ ဒုန်းခဲကြီး၊ လက်သဲ၊ တဆစ်လုံး၊ ဘယ်တျော၊ ဘယ်တေး၊ ဒူးလုံး၊ တေးလက်၊ တျာလက်၊ ပတ်စာတပ်၊ ငါးပေါက်လုံး၊ လေးပေါက်လုံး၊ သုံးပေါက်လုံး၊ နှစ်ပေါက်လုံး၊ သံကုန်ဖျား၊ တျောဖျား၊ ခြောက်ပေါက်ဖျား၊ ငါးပေါက်ဖျား၊ လေးပေါက်ဖျား၊ သုံးပေါက်ဖျား၊ နှစ်ပေါက်ဖျား၊ သံကုန်ညွန့်၊ ကြူသံ ဆူသံ၊ဒုန်းခဲကြီး၊ လက်သဲ၊ တဆစ်လုံး၊ ဘယ်တျော၊ ဘယ်တေး၊ ဒူးလုံး၊ တေးလက်၊ တျာလက်၊ ပတ်စာတပ်၊ ငါးပေါက်လုံး၊ လေးပေါက်လုံး၊ သုံးပေါက်လုံး၊ နှစ်ပေါက်လုံး၊ သံကုန်ဖျား၊ တျောဖျား၊ ခြောက်ပေါက်ဖျား၊ ငါးပေါက်ဖျား၊ လေးပေါက်ဖျား၊ သုံးပေါက်ဖျား၊ နှစ်ပေါက်ဖျား၊ သံကုန်ညွန့်၊ ကြူသံ ဆူသံ၊ စုစုပေါင်း နှစ်ဆယ့်နှစ်လုံးရှိတယ်ကွ”

ဦးလူလှက မီးဖိုဘက်ကိုကြည့်ရင်း

“ဟဲ့ရွှေမိ၊ ပတ်စာရပြီလားဟဲ့”

ရွှေမိက ကြွေရည်သုတ်ဇလုံကြီးတစ်လုံးနဲ့ပြေးလာတယ်ဗျ၊ ဇလုံထဲမှာတော့ ထမင်းတွေကို မန်ကျည်းပြာနဲ့ ညက်နေအောင်နယ်ထားတဲ့ ပတ်စာတွေရှိတာပေါ့ဗျာ၊ ဦးလူလှက လှမ်းယူလိုက်ပြီးတော့ သူ့လက်နဲ့ပတ်စာတွေကို နှဲသဗျ။

“ပတ်စာလုပ်တဲ့အခါ မန်ကျည်းသားကို ပြာချထားတာက အကောင်းဆုံးပဲ၊ မန်ကျည်းပြာက အငန်ဓါတ်ရှိတော့ အသံလွင်တယ်၊ မန်ကျည်းပြာမရရင်တော့ ညောင်သားကိုပြာချပြီး သုံးလို့ရတယ်”

နှဲပြီးတော့ အဲဒီပတ်စာတွေကို လက်နဲ့ကလော်ပြီး ခုနက ပတ်လုံးပေါ်ကိုတင်တယ်ဗျ၊ ပြီးတော့ လက်မအားနဲ့ ကြိတ်ချေပြီးတော့ ဖြန့်တယ်၊

“ပတ်လုံးကောင်းတာနဲ့ပဲ အသံကောင်းတာမဟုတ်ဘူးကွ၊ ပတ်စာကောင်းမှ၊ ပတ်စာတပ်တာကောင်းမှလည်း အသံကောင်းတာ၊ ပတ်စာရဲ့ အမာအပျော့၊ အထူအပါးအပေါ်မူတည်ပြီးတော့ အသံကလည်းပြောင်းသွားတယ်၊ နောက်ပြီး ရာသီဥတုကြောင့်လည်း ပတ်စာက ခြောက်တာတို၊ စိုတာတို့ဖြစ်နေရင် အသံကွာတတ်တယ်ကွ”

ဦးလူလှလုပ်နေတာကို ကျုပ်တို့ထိုင်ကြည့်နေမိတာပေါ့ဗျာ၊ အားလုံးပြီးသွားတော့ ဦးလူလှက လက်ဆေးပြီးတော့ မင်းပေါက်ကနေလက်အုပ်ချီကန်တော့ပြီး ပတ်ဝိုင်းထဲကိုဝင်တယ်ဗျ၊ ပတ်ဝိုင်းအလယ်မှာ ခွေးချေခုံကလေးချပြီးတော့ ထိုင်လိုက်တယ်။ ပြီးတော့ ပတ်လုံးတွေကို တီးတော့တာပဲဗျာ၊ ပထမတော့ တီးလုံးတွေက အသံနိမ့်ရာကနေ မြင့်ရာကိုတီးတယ်၊ ပြီးတော့ အသံမြင့်ရာကနေ နိမ့်ရာကိုတီးတယ်ဗျ။ ပြီးတော့ တေးသီချင်းတစ်ပုဒ်ကို တီးတော့တာပဲဗျာ၊ လက်သံက ကောင်းကောင်းနဲ့ဆိုတော့ ပတ်ဝိုင်းချည်းတီးတာတောင်မှ တော်တော်နားထောင်ကောင်းတယ်ဗျာ၊ ဒီတော့ ဆိုင်းလာငှားတဲ့လူကြီးတွေထဲက လူကြီးတစ်ယောက်က

“ကျုပ်သိပြီ၊ ဒါ စံရာတောင်ကျွန်း သီချင်းပဲဗျ”

ဦးလူလှက ပြုံးရင်း

“ခင်ဗျားက ဆိုင်းတော့နားထောင်တတ်သားဗျ၊ ကဲ ဒီတစ်ခါ တီးကွက်တစ်ခုပြောင်းမယ်ဗျာ”

ဆိုင်းသံကြားလို့ ရွာထဲက ကလေးတွေက အော်ဟစ်ပြီး ပြေးလာကြတာပေါ့ဗျာ၊

(၂)

“ဦးလူလှကြီး ဆိုင်းတီးနေပြီဟေ့”

ကလေးတွေက ခြံထဲဝင်လာပြီး လာဝိုင်းကြည့်ကြတယ်၊ ဘေးအိမ်တွေကလည်း ပြတင်းတံခါးဖွင့်ပြီးတော့ ထွက်ကြည့်ကြတယ်ဗျာ၊ အရိပ်ကောင်းကောင်းမှာ သန်းတုပ်နေကြတဲ့ မိန်းမကြီးတွေ၊ ထမင်းတစ်ခွက်နဲ့ ကလေးကိုထမင်းခွံ့နေကြတဲ့ မိန်းမတွေရော ခြံထဲကိုတဖွဲဖွဲနဲ့ရောက်လာတော့တာပဲဗျာ။ ရွှေမိကလည်း စည်းနဲ့ဝါးကို တီးပေးတယ်။

ဦးလူလှလက်သံကလည်း ခပ်ပြောင်ပြောင်၊ ပတ်လုံးတွေကလည်းကောင်း၊ ပတ်စာတွေကလည်းကောင်းဆိုတော့ ဆိုင်းသံက ရွာထဲကိုပြန့်သွားတာပေါ့ဗျာ၊ ဒီအချိန် ရွာလယ်လမ်းမှာ ရေပုံးကြီးနှစ်ပုံးကို ထမ်းပိုးနဲ့ထမ်းရင်း သွားလာနေတဲ့လူကြီးတစ်ယောက်က ဆိုင်းသံကြားတော့ ချက်ချင်းထမ်းပိုးကိုချပြီး ခြံထဲကိုပြေးဝင်လာပါရောဗျို့။

“ဟော မြကြီး၊ မင်းတောင်ရောက်လာပါရော၊ သမီးရေ၊ မြကြီးအတွက် နှဲပေးလိုက်စမ်းပါဟေ့”

စည်းနဲ့ဝါးတီးနေတဲ့ ရွှေမိက နှဲသွားယူပေးလိုက်တယ်ဗျ၊ မြကြီးဆိုတဲ့လူက ဦးလူလှတီးကွက်နဲ့အညီ နှဲကိုလိုက်မှုတ်တော့တာပဲဗျို့၊ တူရိယာတဖြည်းဖြည်းစုံလာတော့ အသံကလည်း မြိုင်လာသဗျ။ နောက်တော့ ဖုန်အလုံးလုံးနဲ့ လူကြီးတစ်ယောက်ခြံထဲပြေးဝင်လာပါရောဗျာ။

“ဟာ ဆရာကြီးကလည်း ဆိုင်းတီးနေတာ ကျုပ်တောင်မခေါ်ဘူးဗျာ”

“ငါ့လက်သံကြားရင် မင်းလာမယ်မှန်းသိပြီးသားပါကွ၊ ဗလရ၊ ကဲ ပတ်မဝင်ထိန်းစမ်းကွာ”

ဗလဆိုတဲ့လူက အိမ်ပေါ်ကနေ ပတ်မကြီးယူလာပြီးတော့ ဆိုင်းဘေးနားမှာဆင်တယ်ဗျာ၊ ပြီးတာနဲ့ ပတ်မကြီးနဲ့ ခြောက်လုံးပတ်ကို တထီထီနဲ့တီးတော့တာပဲ။ မကြာပါဘူး၊ သျှောင်ထုံးကြီးနဲ့ အဘကြီးတစ်ယောက်က အူယားဖားလျားနဲ့ပြေးလာပါရောဗျာ။

“ငါ့ဖြင့် ထမင်းစားမလို့ရှိသေးသကွာ၊ ပတ်မသံကြားတာနဲ့ ထူးပြီလားဆိုပြီးတော့ ပြေးချလာရတာ”

“ကဲ အလတ်ကောင်နဲ့ ချိုတူးရေ၊ ဘကြီးနောင်အတွက် ကြေးဝိုင်းကလေးဆင်ပေးလိုက်စမ်းဟေ့”

ရွှေမိက ဘယ်လိုဆင်ဆိုပြီးပြတာနဲ့ ကျုပ်တို့လည်းဆိုင်းဝိုင်းဘယ်ဖက်နားမှာ ကြေးဝိုင်းဆင်ပေးလိုက်တာပေါ့ဗျာ၊ ကြေးဝိုင်းဆိုတာကတော့ ကြေးနောင်လို့ခေါ်တဲ့ မောင်းကလေး ဆယ့်ကိုးလုံးချိတ်ထားတဲ့ဝိုင်းပေါ့ဗျာ၊ ဘကြီးနောင်က မောင်းတီးတဲ့လက်ခတ်နဲ့ ခတ်ပြီးတီးပါရောဗျို့၊ လူစုံပြီဆိုတော့ နားထောင်လို့တော့ကောင်းသားဗျ၊

“ဟေ့၊ ချိုတူး၊ ဝါးလက်ခုပ်တီးပြီး မင်းဝင်စမ်းကွာ”

ချိုတူးလည်း ဝါးလက်ခုပ်ဆွဲပြီးတော့ ယောယောင်ဝင်သွားတာပဲဗျာ၊ မနေ့က ညနေက ဦးလူလှက ချိုတူးကို ဝါးလက်ခုပ်ခတ်နည်းပြထားလို့ ချိုုတူးက မတက်တခေါက်တော့ တီးတတ်နေပါပြီ။ လာငှားတဲ့သူတွေလည်း တပြုံးပြုံးနဲ့သဘောကျကြသဗျာ၊ အားလုံးတီးပြီးသွားတော့ ကြည့်နေတဲ့သူတွေအကုန်လုံးက လက်ခုပ်လက်ဝါးတီးပြီးအားပေးကြတယ်။

“ကောင်းပါ့ဗျာ၊ ဒါကြောင့် နိဗ္ဗာန်ရွာက ဦးလူလှဆိုင်းဆိုတာ နာမည်ရှိတာကိုး၊ ကျုုပ်တို့တစ်ခါတည်းနဲ့ ချုပ်ချင်တယ်ဗျာ၊ ဒါပေမယ့် ခက်တာက ကျုပ်တို့က မင်းသမီးလည်းလိုချင်သဗျ”

“မပူပါနဲ့ဗျာ၊ ဟောဒီက ကျုပ်သမီး ရွှေမိက အကအလှနိုင်သဗျ၊ ခင်ဗျားတို့ပွဲ အဆင်ပြေရစေမယ်လို့ မှတ်လိုက်တော့”

“ကောင်းတာပေါ့၊ ကဲ ဒါဆို ကျုပ်တို့စရံသတ်ခဲ့မယ်၊ ပွဲက နီးပြီဆိုတော့ အဆင်ပြေပါ့မလား”

“ပြေတာပေါ့ဗျာ၊ ကျုပ်တို့လည်း ပွဲဆက်ကျဲနေတာနဲ့အတော်ပဲ၊ လဆန်းငါးရက်ဆိုတော့ ရှေ့တစ်ပတ်ထဲပဲဗျ”

သူတို့တွေ စရံတွေချပြီး ကတိတွေပေးကြတယ်ဗျာ၊ နောက်တော့ ဦးလူလှက ကျုုပ်တို့ဘက်လှည့်ပြီးတော့

“ချိုတူးရေ နောက်ထတစ်ယောက်တော့လိုနေပြီဟေ့၊ ရွာမြောက်ပိုင်းမှာ ငသောင်းဆိုတဲ့လူကို သွားရှာကွာ၊ ပြီးရင် ငါ့ဆီကိုသာခေါ်လာခဲ့”

ချိုတူးလည်းခေါင်းညိတ်လိုက်တယ်ဗျ၊ ဦးလူလှဆိုင်းနားကတည်းက ဆိုင်းအဖွဲ့မှာပါတဲ့အဖွဲ့သားတွေအကုန်လုံးက ရွာမှာကြုံရာအလုပ်လုပ်ပြီးတော့ ဆိုင်းပြန်ထွက်မယ့်အချိန်ကို စောင့်နေတာတဲ့ဗျာ၊ တချို့ကတော့ တခြားဆိုင်းအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးလုပ်ကိုင်နေကြတယ်လို့ ပြောတာပါပဲ၊ ချိုတူးက သူတစ်ယောက်တည်းမသွားရဲလို့ ကျုပ်ကိုအဖော်စပ်တယ်။

“ကိုအလတ်ကောင် လိုက်ခဲ့ပါဗျာ”

“ဟာ ချိုုတူးရာ နေ့ခင်းကြောင်တောင်ကြီး၊ မင်းဘာကြောက်စရာလိုသလဲ”

“မဟုတ်ဘူးဗျ၊ ကျုပ်က လူတောတိုးရမှာကိုကြောက်တာ၊ ဟီး၊ ဟီး”

ဒါနဲ့ ချိုတူးနဲ့ကျုပ်လည်း ရွာမြောက်ပိုင်းကိုထွက်ခဲ့တာပေါ့၊ ဦးဘသာကတော့ ဆိုင်းအဖွဲ့ကလူတွေနဲ့ ကွပ်ပျစ်မှာထိုင်စကားပြောရင်း ကျန်နေခဲ့ပါရောဗျာ။

(၃)

ကျုပ်တို့ရွာမြောက်ပိုင်းရောက်အောင် ဆယ့်ငါးမိနစ်လောက်လျှောက်ရသဗျ၊ ရွာမြောက်ပိုင်းရောက်တော့ လမ်းဘေးတွေ့တဲ့သူကို မေးကြည့်တာပေါ့ဗျာ။

“ဟေ့ကလေးမ၊ ဒီမြောက်ပိုင်းမှာ ငသောင်းဆိုတဲ့လူကို သိသလား”

“ငသောင်းနဲ့တွေ့ချင်ရင် ဒီအချိန် ကွင်းထဲလိုက်သွားမှရမယ်”

“ကွင်းထဲ၊ ဘယ်ကွင်းလဲ”

“ရွာပြင်ကိုဆက်ထွက်သွား၊ စိန်မှန်ကွင်းရောက်ရင် ငသောင်းနဲ့တွေ့လိမ့်မယ်”

ကျုပ်တို့လည်း ရွာပြင်ကိုဆက်ထွက်သွားတာပေါ့ဗျာ၊ ရွာပြင်ရောက်တော့ စိန်မှန်ကွင်းလို့ခေါ်တဲ့ ကွင်းကိုမေးစမ်းသွားရတာပေါ့၊ ရွာနဲ့အတော်လှမ်းလှမ်းမှာရှိတဲ့ ကွင်းကြီးတစ်ခုကို ရွာသားတွေလက် လက်ညှိုးထိုးပြတာပဲဗျာ၊ ကွင်းမှာ ရိုးပြတ်တွေဖုံးလို့ဗျ၊ ဆက်သွားရင်း မကြာခင် ဆီးပင်ကလေးတစ်ပင်အောက်ရောက်တော့ နွားတွေနဲ့အတူတူထိုင်နေတဲ့ လူတစ်ယောက်ကိုမြင်တယ်ဗျ။

“ဟေ့လူ၊ ဒီမှာ ငသောင်းဆိုတဲ့လူရှိလား”

အဲဒီလူက ကျုပ်တို့ကိုမော့ကြည့်ရင်း

“ဘယ်က ငသောင်းလဲ”

“ဆိုင်းနောက်ထလုပ်တဲ့ ငသောင်းကိုပြောတာ”

အဲဒီလူက ခေါင်းခါပြရင်း

“အဲဒီငသောင်းကိုတော့ မကြားဖူးဘူး၊ ဒီမှာရှိတဲ့ငသောင်းကတော့ နွားလားတစ်ထောင်တစ်ယောက်တည်းထိန်းတဲ့ ငသောင်းပဲရှိတယ်”

ချိုတူးက မျက်မှောင်ကြုတ်လိုက်ပြီးတော့

“ကိုယ့်လူက လေထွားလှချည်လားဗျာ၊ ခင်ဗျားအနားမှာ နွားက အလွန်ဆုံးရှိမှ နှစ်ဆယ်ပေါ့ဗျ၊ ဒါကိုတောင် နွားလားတစ်ထောင်တစ်ယာက်တည်း ထိန်းသတဲ့၊ ဖွီ”

ဒီလူက မကျေမနပ်နဲ့မတ်တပ်ရပ်ထပြီးတော့ ပုဆိုးကိုခပ်တိုတိုပြင်ဝတ်ရင်း

“အောင်မယ် ခင်ဗျားက မယုံဘူးပေါ့”

“ဒီသုံးဆယ်လောက်ပဲ ရအောင်ထိန်းစမ်းပါအုံးဗျာ”

ဒီလူက လေတစ်ချက်ချွန်လိုက်တယ်ဗျ၊ သူလေချွန်လိုက်တာနဲ့ နေပူပူမို့ဇီးပင်ရိပ်အောက် ထိုင်မှိန်းနေတဲ့ နွားတွေအကုန်လုံး ခေါင်းတွေထောင်လာကုန်တော့တာပါပဲဗျာ၊ ပြီးတော့ နွားတွေက ငေါက်ခနဲကောက်ထပြီးတော့ ခွာတွေယက်နေတာ ဖုန်တွေတထောင်းထောင်းထလို့ဗျ။

“ချိုတူးရေ၊ နွားအကြောင်းတော့ ငါကောင်းကောင်းမသိပေမယ့်၊ ခုလိုနွားတွေခွာယက်နေတာမျိုးကတော့ လူကိုပြေးထိုးချင်လို့ပဲကွ၊ ပြေးဟေ့”

ကျုပ်နဲ့ချိုတူးလည်း လှည့်ပြေးတာပေါ့ဗျာ၊ ကျုပ်ပြောတဲ့အတိုင်းပါပဲ၊ နွားတွေက ကျုပ်တို့အနောက်ကို အပြေးလိုက်လာပါရောဗျာ၊ ငသောင်းဆိုတဲ့လူက ရယ်ကျဲကျဲနဲ့

“ကိုယ့်လူတို့ကို ငသောင်းနွားဘယ်လိုကျောင်းတယ်ဆိုတာ ပြရသေးတာပေါ့၊ လာဟဲ့”

လို့အော်ပြီးတော့ နွားကျောကုန်းပေါ်ကို အသာကလေးခုန်တက်လိုက်တယ်ဗျာ၊ နွားမတစ်ကောင်ရဲ့ကျောပေါ်မှာ ငသောင်းက မတ်တပ်ရပ်ပြီး လိုက်စီးတယ်ဗျ။

“ကဲ ဖေ့သားကြီးတို့ ဘယ်ကိုချိုးဟဲ့”

ကျုပ်တို့လည်းပြေးရင်း ဘယ်ဖက်ကိုချိုးပြေးတာပေါ့ဗျာ၊ နွားအုပ်ကလည်း ကျုပ်တို့ကိုလိုက်တာပေါ့၊

“ချိုတူးရေ ရွာထဲကိုဝင်ပြေးဟ”

ကျုပ်နဲ့ချိုတူးလည်း ရွာဖက်ကိုလှည့်လိုက်တယ်၊ မကြာပါဘူး ရွာတံခါးနားရောက်လာကြတယ်ဗျ၊ ဒီတော့ ငသောင်းက လေတစ်ချက်ချွန်လိုက်တာနဲ့ ရွာတံခါးနားမှာ မြက်စားနေတဲ့ နွားဆယ်ကောင်လောက်က ကျုပ်တို့ဆီကိုပြေးလာပါရောဗျာ။

“ဟေ့ မဖြစ်ဘူး၊ မတိုးနဲ့ချိုတူးရေ၊ ညာဘက်ကို ပတ်ပြေးဟ”

ကျုပ်တို့လည်း ရွာထဲကိုမဝင်ရဲတော့ဘူးဗျာ၊ နွားတွေက အဲဒီဘက်ကနေ ပြေးလာတာမဟုတ်လား၊ နွားကချိုနဲ့၊ ကျုပ်တို့က ချိုမပါဘူး၊ ပြိုင်တိုးရင်ကျုုပ်တို့နာမှာပေါ့ဗျာ၊ ဒါနဲ့ ညာဘက်ကို ပန်းတက်ပြီးပြေးရတယ်၊ အဲဒီညာဘက်ကွင်းထဲက နွားတွေကလည်း ကျုပ်တို့နှစ်ယောက်ကိုမြင်တာနဲ့ ပြေးလိုက်တာပဲဗျာ၊ နောက်ဆုံး နွားတွေက ကျုပ်တို့ကိုလိုက်ရင်းနဲ့ အကောင်တစ်ရာလောက်ကိုဖြစ်သွားတယ်ဗျ၊ လမ်းမှာ ရှိသမျှနွားတွေကလည်း ကျုပ်တို့ကိုလိုက်တာပဲ၊ ကျုပ်လည်း ပြေးရင်းအနောက်လှည့်ကြည့်တော့ ငသောင်းက နွားကျောကုန်းတစ်ခုပေါ်ကနေ နောက်တစ်ကောင်ရဲ့ကျောကုန်းပေါ်ကို လွှားခနဲခုန်တက်ပြီး အေးအေးလူလူသွားလာနေတာပါပဲဗျာ။

ပြေးရင်းလွှားရင်းနဲ့ အရှေ့ကွင်းထဲမှာ လူနှစ်ရပ်အမြင့်လောက်ရှိတဲ့ သစ်ပင်ကလေးတစ်ခုတွေ့သဗျ၊ ဒါနဲ့ကျုပ်လည်း အဲဒီသစ်ပင်ဆီကိုပြေးတာပေါ့ဗျာ၊ နွားဘယ်လောက်မာမာသစ်ပင်ကိုတော့ မဝှေ့ဘူးမဟုတ်လား၊ ချိုတူးကတော့ သူ့ဖာသာသူ ဘယ်ဆက်ပြေးပြေးပေါ့ဗျာ၊ အသက်ဘေးဆိုတော့ ကိုယ်လွတ်အောင်ပဲ ကြံရတာပဲမဟုတ်လား။

ကျုပ်လည်းပြေးရင်း သစ်ပင်နားရောက်တော့ သစ်ပင်ပေါ်ကိုတစ်ခါတည်းပြေးခုန်တက်လိုက်တယ်၊ ကျုပ်နဲ့ချိုတူးက အကြံတူသဗျ၊ ဒီကောင်လည်း သစ်ပင်ကလေးအပေါ်ကို လှမ်းခုန်တက်လိုက်တာ၊ လက်မောင်းလုံးလောက်တောင် မတုတ်တဲ့သစ်ပင်ကလေးအပေါ်ကို ကျုပ်တို့နှစ်ယောက်ပြိုင် ခုန်တက်တာဆိုတော့ သစ်ပင်ကလေးဆိုရင် ညွှတ်ကိုကျသွားတာဗျာ၊ ကျုပ်တို့လည်း နွားတစ်ရပ်လွှတ်တဲ့အထိ သစ်ပင်ပေါ်ကိုကုပ်ဖက်တက်ရတော့တယ်၊ သစ်ပင်ကသေးသေး လူကြီးကနှစ်ယောက်ဆိုတော့ သစ်ပင်က လေတိုက်တိုင်း ဘယ်ယိမ်း၊ ညာယိမ်းနဲ့ ညွတ်နေပါရောလားဗျာ။

နွားအုပ်က သစ်ပင်နားရောက်တော့ တန့်သွားတယ်ဗျ၊ ငသောင်းကတော့ နွားတွေကျောပေါ်မှာ ဘေးတစ်စောင်းလက်ထောက်အိပ်ရင်း လိုက်လာတာဗျ၊ နွားတွေက သစ်ပင်အဝန်းအဝိုင်းနားကို တိုးမလာဘဲ သစ်ပင်ကိုချည်း လှည့်ပတ်ပြေးနေတော့တာပဲ၊ ငသောင်းဆိုတဲ့လူကတော့ နွားလားတစ်ကောင်ပေါ်ကနေပြီး ပုံစံမျိုးစုံနဲ့ တက်စီးပြနေတာဗျာ၊ ကျုုပ်ဖြင့် တစ်သက်နဲ့တစ်ကိုယ် နွားကိုဒီလိုအမျိုးမျိုးစီးနိုင်တဲ့လူ ဒီတစ်ခါပဲ မြင်ဖူးသေးတယ်။

ကျုပ်နဲ့ချိုတူးလည်း နွားတွေကို သစ်ပင်ပေါ်ကနေ အမျိုးမျိုးပြောင်ပြကြတာပေါ့ဗျာ၊ နွားတွေက ဒေါသတော့တော်တော်ထွက်တယ်ဗျ၊ ဒါပေမယ့် သစ်ပင်ကိုတော့ မတိုးဝံ့ကြဘူး၊ သစ်ပင်ကိုဝိုင်းပတ်ပြီးတော့ ခဏကြာတော့ နွားတွေမောသွားတယ်ထင်ပါရဲ့ အကုန်လုံးရပ်ပြီး လာရာလမ်းကို တညီတညွတ်တည်းစုပြီး ပြန်ပါရောလားဗျာ၊ ငသောင်းဆိုတဲ့လူကတော့ နွားလားတစ်ကောင်နဲ့ ကျန်ခဲ့သဗျ။

“ဟိုလူနှစ်ယောက်၊ ကျုပ်ဘယ်လိုနွားကျောင်းသလဲဆိုတာ ယုံပြီမဟုတ်လား”

ငသောင်းက ခပ်ကြွားကြွားပြောတယ်ဗျ။

“အေး၊ ယုံပြီဟေ့၊ နွားလားတစ်ထောင် တစ်ကောင်တည်းကျောင်းတယ်ဆိုတာ ငါတို့လက်တွေ့ပါပဲ”

“ဒါဆိုရင်လည်း အပင်ပေါ်ကနေဆင်းလာကြတော့လေဗျာ”

ငသောင်းကို ကျုပ်က ယုံချင်ပေမယ့် ချိုတူးကလုံးဝမယုံဘူး။

“ကိုအလတ်ကောင် မဆင်းနဲ့နော်၊ တော်ကြာ ကျုပ်တို့ဆင်းတော့မှ သူ့နွားနဲ့လိုက်ဝှေ့ခိုင်းနေရင် ထပ်ပြေးနေရအုံးမယ်”

“မင်းကလည်း ဟုတ်ပါ့မလား”

“သတိဆိုတာ ပိုတယ်မရှိဘူးကိုအလတ်ကောင်ရေ၊ ခုနက နွားတွေကလည်း ခပ်လှမ်းလှမ်းကိုရောက်သေးတာမဟုတ်ဘူး”

ကျုပ်လည်း ချိုတူးပြောတာဟုတ်တာနဲ့ သစ်ပင်ပေါ်က မဆင်းဘူးပေါ့ဗျာ၊ ခဏကြာတော့ ငသောင်းက ထပ်အော်သဗျ။

“ဆင်းလာခဲ့ပါတော့ဗျာ၊ အဲဒီအပင်မှာ ကြာကြာမနေကောင်းဘူးဗျ”

“အောင်မာ၊ မဆင်းဘူးဟေ့၊ မင်းက ငါတို့ကို နွားနဲ့လိုက်ဝှေ့ခိုင်းနေရင် ဘယ့်နှယ့်လုပ်မလဲ”

“မဝှေ့ခိုင်းတော့ပါဘူးဗျာ၊ ခင်ဗျားတို့ မယုံဘူးဆိုလို့ ကျုပ်က ပြတာပါဗျ”

“ဟား၊ ဟား တကယ်မလုပ်ဘူးဆိုရင် ခင်ဗျားစီးထားတဲ့ နွားလားကြီးကို ပြန်လွှတ်လိုက်လေဗျာ၊ ဟုတ်တယ်မဟုတ်လား ချိုတူး”

ကျုပ်ချိုတူးဘက်ကိုလှည့်ကြည့်လိုက်တော့ ချိုတူးတစ်ယောက်မရှိတော့ဘူးဗျ၊ ဒါနဲ့ သစ်ပင်အောက်များဆင်းသွားသလားဆိုပြီးကြည့်လိုက်တော့ သစ်ပင်အောက်မှာလည်းမရှိဘူး၊ ဒါနဲ့ အပေါ်ကိုမော့ကြည့်လိုက်တော့ ချိုတူးက သစ်ပင်ပေါ်မှာ ဇောက်ထိုးကြီး တွဲလောင်းဖြစ်နေတယ်ဗျ။

“ဟေ့ ချိုတူး၊ ဇောက်ထိုးကြီးဘယ်လိုဖြစ်တာလဲ”

ချိုတူးမျက်နှာက တော်တော်ထိတ်လန့်နေတဲ့မျက်နှာနဲ့

“ကိုအလတ်ကောင်၊ ကျုပ်ကဇောက်ထိုးနေမလားဗျ၊ အပေါ်မှာ၊ အပေါ်မှာ”

ကျုပ်ဆက်ကြည့်တော့မှ ချိုတူးရဲ့ခြေသလုံးနှစ်ဖက်ကို ဆွဲကိုင်ထားတဲ့အကောင်ကြီးကိုတွေ့လိုက်ရရောဗျို့။ အကောင်ကြီးက မျောက်ဝံကြီးနဲ့တောင် တူသဗျာ၊ တစ်ကိုယ်လုံးလည်း အကျိအချွဲတွေကပ်လို့၊ ဒီတော့မှ ကျုပ်လည်း သစ်ပင်ပေါ်က ခုန်ဆင်းဖို့လုပ်တော့ ကျုပ်လည်ကုတ်ကို လက်ကြီးတစ်ဖက်က ဆွဲထည့်လိုက်ပါရောဗျာ၊ ကျုပ်လည်း သစ်ပင်အဖျားလောက်ကို ပါသွားတာပေါ့၊ ငသောင်းက အဲဒီအကောင်ကြီးကို လေးခွနဲ့ပစ်တယ်ဗျ။

“ကယ်ကြပါအုံး၊ ကယ်ကြပါအုံး”

“ခင်ဗျားတို့ကို ကျုပ်ပြောသားပဲ သစ်ပင်ပေါ်က ပြန်ဆင်းလာကြပါဆို”

ချိုတူးက ဇောက်ထိုးကြီးနဲ့အော်တယ်၊ ကျုပ်ကလည်း ဂုတ်ကိုအဆွဲခံထားရတာဆိုတော့ တန်းလန်းကြီးပေါ့ဗျာ၊ ကျုပ်က အရေးကြုံရင် ဘယ်သူ့ခေါ်ရမလဲဆိုတာ သိပြီးသားပါ၊ ဒါနဲ့ စိတ်ထဲက ဦးဘသာမျက်နှာကိုမြင်ယောင်လိုက်ပြီးတော့ ဦးဘသာကို တမ်းတလိုက်တယ်။

“ဦးဘသာ လုပ်ပါအုံးဗျာ”

သစ်ပင်ကြီးက တချက်ဖြန်းခနဲုတုန်သွားပြီးတော့ ဒီကောင်ကြီးက ကျုပ်ကိုသူ့မျက်နှာအရှေ့ကိုဆွဲလိုက်ပါရောဗျာ၊ သူ့မျက်နှာက လူဝံမျက်နှာကြီးလိုပဲ အတွန့်အတွန့်တွေနဲ့ ကြောက်စရာကြီးဗျာ၊ အစွယ်ကြီးတွေငေါထွက်နေတဲ့ သူ့ပါးစပ်ကိုဟလိုက်တာ ပါးစပ်ပေါက်ကြီးက စကောတစ်ချပ်စာလောက်ကို ကျယ်သွားတာဗျာ၊ ပါးစပ်ထဲမှာတော့ သွားတွေ၊ အစွယ်တွေက အပြည့်ပဲ။ ကျုပ်ကို ဂုတ်ကနေကိုင်ပြီးတော့ သူ့ပါးစပ်ကြီးထဲ ခြေထောက်ကနေစထည့်တာဗျာ၊ စကောလောက်အပေါက်ဆိုတော့ ကျုပ်တို့တစ်ကိုယ်လုံး ဝင်ဆန့်မယ်တောင်ထင်တယ်ဗျာ၊ ကျုပ်ခြေထောက်တွေ သူ့သွားတွေနဲ့ထိတော့ ခြေထောက်မှာ အကျိအချွဲတွေကပ်လာသေးသဗျာ။

သစ်ပင်ကြီးက တစ်ချက်သိမ့်ခနဲတုန်သွားပြီးတော့ သစ်ရွက်တွေကြွေသွားပါရောဗျာ၊ ဒီတော့အကောင်ကြီးက သစ်ပင်အောက်ကိုငုံ့ကြည့်တယ်ဗျ။ သစ်ပင်အောက်မှာတော့ ဦးဘသာက ပေါက်ဆိန်တစ်လက်ကိုင်ပြီး သစ်ပင်ကို ပေါက်နေပါရော။

(၄)

အကောင်ကြီးက စိတ်ဆိုးမာန်ဆိုးနဲ့ သစ်ပင်ခြေရင်းကို ခုန်ဆင်းလိုက်ပါရောဗျာ၊ လက်ထဲကိုင်ထားတဲ့ ကျုပ်ကိုလည်း လေပေါ်မြှောက်တင်လိုက်တာဗျ၊ ဝါးနှစ်ပြန်စာလောက် လေပေါ်မြောက်တက်သွားတာဗျာ၊ ရင်ကိုအေးသွားတာပဲ၊ ဒီလောက်အမြင့်ကနေ အောက်ကိုပြန်ကျရင်တော့ သေရင်သေ၊ မသေရင်ကျိုးပြီလို့ ကျုပ်စိတ်ထဲကတွေးပြီး မျက်စိမှိတ်ထားလိုက်တာပဲ၊ လေပေါ်တက်ပြီး မကြာပါဘူး ချက်ချင်းပြန်ပြုတ်ကျတာပဲဗျာ၊ ဒါပေမယ့် ကျုပ်မြေကြီးနဲ့ကိုယ်နဲ့မထိဘူးဗျ၊ မာမာကျောကျော၊ ပွပွအိအိ အထိအတွေ့ရလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ငသောင်းရဲ့နွားကြီးပေါ်ကိုကျတာဗျ။ နွားက ကျုပ်ကိုပြေးခံတယ်ထင်ပါတယ်၊ ကျုပ်လည်း ဒီတော့မှ မြေပေါ်ကိုဆင်းလိုက်ရတယ်၊ ချိုတူးတစ်ယောက်ကတော့ သစ်ပင်ထိပ်ဖျားမှာပဲ ပေါ့။

“ဟေ့ကောင်၊ မင်းဘာကောင်လည်း၊ ဒီအပင်က ဘာအပင်လို့မင်းထင်နေတာလဲ”

ဦးဘသာက မထုံတတ်တေးရုပ်နဲ့ဗျ။

“ထင်းစိုက်ပါမယ်ဆိုမှ ဘာအပင်လည်းလို့ သိစရာလိုနေမှာလား၊ ကျုပ်ထင်းလိုတယ်၊ ဒီအပင်ကို ချိုင်မှဖြစ်မယ်”

“အောင်မယ်၊ ရာရာစစ၊ လူပါးဝလို့ ဒါငါ့အပင်ဟဲ့၊ ငါနေတဲ့အပင်၊ မင်းငါဘယ်သူလဲဆိုတာသိသလား”

ဦးဘသာက ခေါင်းခါပြတယ်။ အကောင်ကြီးက သူ့ကိုယ်သူလက်ညှိုးထိုးပြပြီးတော့

“ငါ့နာမည်စိန်မှန်တဲ့ဟေ့၊ ကွင်းပိုင်ကြီးက ဟောဒီအပင်နေရာကို အပိုင်စားပေးထားတာ၊ ငါ့အပင်အရိပ်အောက် ရောက်လာတဲ့ သတ္တဝါမှန်သမျှ ငါ့မှာဖမ်းဆီးစားပိုင်ခွင့်ရှိတယ်ဆိုတာ မင်းသိသလား”

ဦးဘသာက လက်နှစ်ဖက်ကို ဘေးကိုဆန့်တန်းလိုက်ပြီး

“အေးကွာ၊ ငါ့ကိုစားမယ်ဆိုရင်လည်း စားစမ်း”

“ဟား၊ ဟား ငါ့တစ်သက်နဲ့တစ်ကိုယ် ဒီလိုသတ္တိရှိတဲ့လူကို အခုမှပဲ မြင်ဖူးတာပဲဟေ့”

ငသောင်းက အတော်စိုးထိတ်နေတယ်ဗျ၊

“မဖြစ်ဘူးနော်၊ ဒီအဘကြီးတော့ သေတော့မှာပဲ”

“ဘာဖြစ်လို့လဲ၊ ဒီသရဲကြီးက တကယ်ပဲလူစားသလား”

“စားတာပေါ့ဗျာ၊ အဲဒီစိန်မှန်ဆိုတဲ့လူက လူတုန်းကတည်းက ခပ်ကြမ်းကြမ်းဗျ၊ သေပြီးတော့လည်း သရဲဖြစ်သွားတော့ ပိုကြမ်းနေတာ၊ ဟောဒီကွင်းထဲက အဲဒီသစ်ပင်ကလေးမှာနေထိုင်လို့ ဒီကွင်းကိုတောင် စိန်မှန်ကွင်းလို့ လူတွေခေါ်ကြတာ၊ အဲဒီသစ်ပင်အောက်ကို လူမပြောနဲ့၊ နွားတွေ၊ ဆိတ်တွေတောင်မသွားဝံ့ဘူး၊ ယုတ်စွအဆုံး ငှက်တောင်မှ အဲဒီအပင်မှာ မနားရဲ့ဘူးတဲ့ဗျ၊ သူ့အပင်ဆီရောက်တဲ့အရာ မှန်သမျှကို စားပစ်တယ်ဆိုပဲ”

“ဟာဗျာ၊ ခင်ဗျား ဒါကိုစောစောစီးစီးမပြောဘူး”

“ပြောမလို့ပါဘဲ၊ သစ်ပင်အနားမှာ မပြောဝံ့တာနဲ့ ခင်ဗျားတို့ကိုမြန်မြန်ပြန်ဆင်းလာခိုင်းတာ”

သရဲကြီးစိန်မှန်က ဦးဘသာလက်ကို သူ့လက်ကြီးနဲ့ကိုင်ပြီး လိမ်ချိုးချလိုက်ပါရောဗျာ၊ ဂျွတ်၊ ဖြောင်း ဆိုတဲ့အသံကြီးနဲ့အတူ သစ်ကိုင်းကျိုးသံလိုအသံကြီးထွက်ပေါ်လာပြီးတော့ သရဲကြီးက အသံကုန်ဟစ်အော်တယ်ဗျ၊ ကျုပ်တို့လှမ်းကြည့်လိုက်တော့ သရဲကြီးရဲ့ လက်တစ်ဖက်က တွဲလောင်းကြီးကျလို့ဗျ၊ ဦးဘသာက သရဲကိုကြည့်ပြီး

“ငါဘာမှမလုပ်ရသေးဘူးနော်၊ မင်းပဲ ငါ့လက်ကိုအရင်ချိုးတာ”

သရဲကြီးက မကျေနပ်ဘဲ ဦးဘသာရဲ့ခြေထောက်ကို သူ့ခြေထောက်နဲ့ဖြတ်ကန်ထည့်လိုက်တယ်ဗျာ၊ ဝုန်းခနဲအသံကြီးနဲ့ သရဲကြီးက မြေပေါ်လဲကျသွားတာပဲ၊ ပြီးတော့ သူ့ခြေထောက်ကိုသူပြန်ပွတ်တယ်။ တော်တော်နာသွားပုံရတယ်။

“ခင်ဗျားဘာလုပ်ထားတာလဲအဘိုးကြီး”

“ဟေ့အေး၊ ငါဘာမှမလုပ်ရသေးပါဘူးကွာ၊ မင်းပဲငါ့ကိုလုပ်နေတာမဟုတ်လား”

ဦးဘသာ ပြန်ပြောတော့ သရဲကြီးစိန်မှန်က ပါးစပ်ကြိးကိုပြဲနေအောင်ဖြဲပြီးတော့ ဦးဘသာခေါင်းကို ကိုက်ချလိုက်ပါရောဗျာ၊ ဒါပေမယ့် ပါးစပ်မပိတ်ရခင်မှာပဲ သရဲကြီးက သူ့ခေါင်းကို လက်နှစ်ဖက်နဲ့ အုပ်ကိုင်ပြီးတော့ ညည်းညူနေတော့တာပါပဲဗျာ။

“ဘယ်လိုလဲကွ စိန်မှန်ရ၊ မင်းငါ့ကို စားမရဘူးလား”

“ကျုပ်ခင်ဗျားကို မစားတော့ဘူးအဘိုးကြီး၊ ခင်ဗျားကိုလွှတ်ပေးလိုက်ပြီ၊ ခင်ဗျားကျုပ်နေရာကနေ အခုချက်ချင်းထွက်သွား”

ဦးဘသာက ပေါက်ဆိန်ကိုလှမ်းကောက်ပြီးတော့

“မင်းငါ့ကိုမစားဘူးဆိုလည်း မင်းသဘောပေါ့ကွာ၊ ငါကတော့ ဒီသစ်ပင်ကြီးကို ခုတ်ရမယ်ဟေ့”

“ခင်ဗျားကို မစားဘူးလို့ပြောပြီးပြီဘဲ သွားပါတော့ဗျာ”

“ဟ၊ မင်းငါ့ကိုမစားတာ မင်းအပိုင်း၊ ငါကတော့ အိမ်မှာချက်ပြုတ်စားဖို့ ထင်းလိုတယ်၊ ဒီတော့ ဒီသစ်ပင်ကို ငါခုတ်ရမယ်”

ဦးဘသာက ပင်စည်ကိုပေါက်ဆိန်နဲ့တအားလွှဲခုတ်မယ်လုပ်တော့မှ သရဲကြီးစိန်မှန်က တောင်းပန်ရှာတယ်။

“မလုပ်ပါနဲ့ဗျာ၊ ကျုပ်နေတဲ့အပင်ကိုတော့ မဖျက်ဆီးပါနဲ့ဗျာ၊ ကွင်းထဲလည်း ဒီတစ်ပင်ပဲရှိတော့တာ၊ ဒီအပင်မရှိရင် ကျုပ်နေစရာမရှိတော့ဘူးဗျ”

ဦးဘသာက ပေါက်ဆိန်ထမ်းရင်း

“အေး၊ ဒါဆို ငါပြောမယ် စိန်မှန်၊ သစ်ပင်ဆိုတာက လူသားတွေနဲ့ သဟာဇာတဖြစ်တည်လာတာကွ၊ နေပူကြီးထဲကလာပြီးတော့ သစ်ရိပ်ဝါးရိပ်ခိုတဲ့လူတွေ အေးမြပါစေလို့ စိတ်ထားရင် ကုသိုလ်တောင်ရသေးသကွ၊ ဒါကြောင့် ရှေးလူကြီးသူမတွေက လမ်းနံဘေးတွေ၊ လွင်ထီးခေါင်တွေမှာ သစ်ပင်တွေရအောင်စိုက်ခဲ့ကြတာပေါ့ကွာ၊ ဒါကို မင်းက မင်းအရိပ်ကိုလာတဲ့လူမှန်သမျှ ဖမ်းစားတယ်တဲ့လား”

သရဲကြီးစိန်မှန်တစ်ချက်ငြိမ်သွားတယ်၊ ဦးဘသာက သရဲကြီးကိုလက်ညှိုးထိုးပြီးတော့

“ဒီမယ်စိန်မှန် မင်းအရိပ်ကိုဝင်တဲ့သူတွေကို မင်းဖမ်းစားပိုင်ခွင့်ရှိတယ်၊ ကွင်းပိုင်ကလည်း ခွင့်ပြုထားတယ်ဆိုတော့ ငါမတားဘူး၊ ဒါပေမယ့် မင်းအရိပ်ကို ငါဝင်ခဲ့ပြီ၊ ဒီတော့ မင်းငါ့ကိုအရင်စားရမယ်၊ စားမလား”

သရဲကြီးက ခေါင်းတခါခါနဲ့

“မစားဝံ့ပါ၊ မစားဝံ့ပါဆရာကြီး”

“ဒီတော့ ဒီနေ့ကစပြီး မင်းအရိပ်မှာဝင်တဲ့တခြားလူတွေကို ဖမ်းစားချင်ရင် ငါ့ကိုအရင်စားရမယ်၊ ငါ့ကိုစားပြီးမှ တခြားသူကိုစားရမယ်၊ မင်းငါ့ကိုမစားရသေးမချင်း တခြားသူတွေကို စားခွင့်မရှိဘူး၊ ဟုတ်ပြီလား”

သရဲစိန်မှန်က ကြောက်ကြောက်နဲ့ခေါင်းညိတ်တယ်။ ဦးဘသာက ပေါက်ဆိန်ကိုလက်ဝါးပေါ်တက်ပြီး တခြားလက်တစ်ဖက်နဲ့အုပ်လိုက်တယ်ဗျ၊ ဒီအချိန်မှာ ပေါက်ဆိန်က တဖြည်းဖြည်းသေးသွားတာပဲဗျာ၊ ဦးဘသာလက်ထဲ တစ်လက်မလောက်ရှိတဲ့ ပေါက်ဆိန်ကလေးဖြစ်သွားရောဗျို့၊ ဦးဘသာက ပေါက်ဆိန်ကိုလက်ညှိုးထိုးပြရင်း

“မင်း င့ါကိုမစားရသေးဘဲနဲ့ တခြားလူကို ရန်ပြုမယ်ကြံရင်၊ ဟောဒီ မှော်ပေါက်ဆိန်က ဒီအပင်ကို သူ့အလိုလိုခုတ်ပိုင်းသွားလိမ့်မယ်၊ မင်းမယုံရင် စမ်းကြည့်လိုက် စိန်မှန်”

ဦးဘသာကပြောပြီးတော့ သူ့လက်ဝါးကို သစ်ပင်ပင်စည်နဲ့ရိုက်ထည့်လိုက်တာ သစ်ပင်ကြီးလှုပ်သွားပြီးတော့ လက်ထဲကပေါက်ဆိန်ကလေးပျောက်သွားပြီး သစ်ပင်ပင်စည်ထဲကို ဝင်သွားတယ်ဗျ၊ ဇောက်ထိုးကြီးဖြစ်နေတဲ့ ချိုတူးလည်း သစ်ပင်ပေါ်ကနေ ဒလိမ့်ခေါက်ကွေး ပြုတ်ကျလာတော့တာပါပဲ၊ သစ်ပင်က သိပ်မမြင့်လို့သာ တော်သေးတာပေါ့ဗျာ၊ ကျုပ်လည်း ချိုတူးကိုပြေးဆွဲရတယ်၊ ငသောင်းက သစ်ပင်အရိပ်အောက် မဝင်ဝံ့သေးဘူးဗျ၊ ချိုတူးကိုဆွဲထူပြီးကြည့်လိုက်တော့ ဦးဘသာ မရှိတော့ဘူး။ သရဲကြီးစိန်မှန်လည်း သစ်ပင်ပေါ်ကိုတဖြောဖြောနဲ့ ပြန်တက်ပြီးတော့ ပျောက်သွားတာပဲဗျ။

ကျုပ်တို့သစ်ပင်ရိပ်က ထွက်လာတော့ ငသောင်းက အနားရောက်လာတယ်၊ ချိုတူးက ငသောင်းကိုလက်ညှိုုးထိုးပြီး

“အဲဒါခင်ဗျားကြောင့်၊ ခင်ဗျားသာ နွားတွေနဲ့မလိုက်ရင် ကျုပ်တို့ဒီလိုဖြစ်မှာမဟုတ်ဘူး”

ငသောင်းက ရယ်ကျဲကျဲနဲ့ ခေါင်းကုပ်ရင်း

“ဒါနဲ့ မင်းတို့က ဘာလို့ ဆိုင်းနောက်ထ ငသောင်းကို လိုက်ရှာနေကြတာလဲ”

“ဘာလို့ရှာရမလဲဗျ၊ ဦးလူလှဆိုင်း ပြန်စနေပြီ၊ မနက်ကပဲ ဆိုင်းငှားတဲ့လူတွေလာတော့ နောက်ထတစ်ယောက်လိုနေတယ်ဆိုတာနဲ့ ငသောင်းကိုလိုက်ရှာခေါ်တာပဲ၊ ဘယ်မလဲ အဲဒီဆိုင်းနောက်ထ ငသောင်း”

ငသောင်းက ပျော်သွားပြီးတော့

“ဟာ၊ ခင်ဗျားတို့ဗျာ၊ အဲဒါများ စောစောကမပြောဘူး၊ ဆိုင်းနောက်ထငသောင်းဆိုတာ နွားလားတစ်ထောင်တစ်ယောက်တည်းကျောင်းတဲ့ ဟောဒီက နွားကျောင်းသား ငသောင်းပေါ့ဗျ”

ကျုပ်နဲ့ချိုတူး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိတယ်။

“ဘယ်လိုဗျ”

“ဟုတ်တယ်၊ ဦးလူလှဆိုင်းနားသွားတော့ ကျုပ်လည်း အလုပ်မရှိတာနဲ့ ဒီရွာမှာပဲ သူများနွားကို အငှားလိုက်ကျောင်းနေရတာပဲ၊ ခင်ဗျားတို့သာ စောစောပြောရင် ကျုပ်နွားနဲ့မတိုက်ပါဘူးဗျာ”

ဒါနဲ့ ငသောင်းကိုခေါ်ပြီး ကျုပ်တို့ရွာထဲကို ပြန်ဝင်ခဲ့တာပေါ့ဗျာ၊

“ဒါနဲ့ ခင်ဗျားက ဘယ်လိုလုပ်ပြီး နွားလားတစ်ထောင်ကို တစ်ယောက်တည်းကျောင်းနိုင်ရတာလဲ၊ နည်းကောင်းလေး ဘာလေးရှိရင် ကျုပ်ကိုမျှပါအုံးဗျာ”

ကျုပ်မေးတော့ ငသောင်းကပြုံးရင်း လွယ်အိတ်ကိုနှိုက်တယ်ဗျ၊ ပြီးတော့ လွယ်အိတ်ထဲကနေ ခြောက်လက်မလောက်ရှိတဲ့ အရိုးတစ်ခုကိုထုတ်ပြတယ်၊ အရိုးကတော့ ခပ်ကြီးကြီးပါဗျာ၊ အပေါက်တွေလည်းပါသေးတယ်။

“ဒီအရိုးက ဘာစွမ်းလို့လဲဗျ”

“စွမ်းတာပေါ့၊ ဒီအရိုးက ကြန်စုံနွားရဲ့ ရှေ့ထွက်ရိုးကွ၊ ရှေ့ထွက်ရိုးဆိုတာက ကြန်စုံနွားကိုလမ်းလျှောက်ခိုင်းရင် အရင်ဆုံးခြေလှမ်းစလျှောက်တဲ့ ခြေထောက်က အရိုးကိုခေါ်တာ၊ အဲဒီအရိုးကို ပုလွေပုံစံလုပ်ပြီး နွားကျောင်းသားမှော်သွင်းထားရင် နွားတွေကို နိုင်တယ်ကွ၊ မင်းတို့ မျက်မြင်ပဲမဟုတ်လား”

“ဟုတ်ပါ့ဗျာ၊ ဒါနဲ့ခင်ဗျား ဒီအရိုးကိုဘယ်ကရတာလဲဗျ”

“ကျုပ်နွားကျောင်းရင်း ရသေ့ကြီးတစ်ပါးနဲ့တွေ့ပြီး ရသေ့ကြီးက ချီးမြှင့်ခဲ့တာပဲဗျာ၊ ပြောရရင်တော့ ရှည်ပါတယ်၊ ဒီအရိုးပုလွေကြောင့် နွားကိုနိုင်နေတာဗျ”

ကျုပ်တို့တွေလည်း ရွာထဲကိုပြေးဝင်လာတာပေါ့ဗျာ၊ မကြာခင်ဦးလူလှဆီကိုရောက်လာကြတာပေါ့၊

“ဟာ၊ ငသောင်းရေ၊ မင်းကိုခေါ်ခိုင်းတာကြာပေါ့၊ မင်းက အခုမှပေါ်လာတော့တယ်၊ လာကွာ ထိုင်ထိုင်”

ငသောင်းက ကွပ်ပျစ်ပေါ်ကိုတစ်ချက်ဝေ့ကြည့်ပြီး

“ဟာ၊ ဘကြီးနောင်၊ ကိုဗလ၊ ကိုမြကြီးတို့လည်း ရောက်နေကြပြီကိုး၊ ကျုပ်ကိုတောင်မပြောဘူးဗျာ”

“တို့လည်း ဆိုင်းသံကြားမှ ပြေးလာခဲ့တာပဲ”

ငသောင်းက ကွပ်ပျစ်ပေါ်ကိုဆက်ကြည့်ရင်း ရေနွေးသောက်နေတဲ့ ဦးဘသာကိုမြင်တော့ သရဲသဘက်ကိုတွေ့သလိုမျိုး ကြောက်လန့်သွားတယ်ဗျ။ ပြီးတော့ ဦးဘသာကို လက်ညှိုးထိုးပြီး

“ဒီ၊ ဒီအဘကြီးက ခုနကတုန်းက စိန်မှန်ကွင်းမှာ ရှိနေတာမဟုတ်လား၊ ဘယ်လိုလုပ်ပြီး ကျုပ်တို့ထက်စောရောက်နေပါလိမ့်”

ဦးလူလှက မျက်မှောင်ကြုတ်ပြီး

“ငသောင်း မင်းဘာတွေပြောနေတာလဲ၊ ကိုဘသာက တစ်ချိန်လုံး ဒီမှာပဲထိုင်ပြီး စကားပြောနေတာပါကွ၊ ဘယ့်နှယ့် စိန်မှန်ကွင်းရောက်ရမှာတုန်း”

“မ၊ မဟုတ်ပါဘူးဗျာ၊ ခုနကပဲ ပေါက်ဆိန်ကြီးထမ်းပြီးတော့ ရောက်လာတာပါ”

ဦးဘသာက ရယ်ကျဲကျဲနဲ့ ငသောင်းကိုကြည့်ရင်း

“မဟုတ်ပါဘူးကွာ၊ မင်းလူမှားတာဖြစ်မှာပါကွ”

ငသောင်းက တစ်ချက်တွေဝေသွားပြီး

“လူမှား၊ အဲ၊ အဲ၊ လူမှား၊ ဟုတ်၊ ဟုတ်မယ်”

ငသောင်းတွေတွေဝေေ၀ဖြစ်သွားကတည်းက ကျုပ်ကတော့ ဦးဘသာကြီး ပညာနဲ့လုပ်လိုက်ပြီလို့ အတပ်သိလိုက်တာပါပဲဗျာ၊ ငသောင်းက အဲဒီအကြောင်းကိုပြန်မပြောတော့ဘဲ တခြားဆိုင်းသမားတွေနဲ့ စကားတွေပြောဆိုနေတော့တာပဲ၊ ကျုပ်နဲ့ချိုတူးလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အားရပါးရ ရယ်လိုက်ကြတော့တယ်၊

ရယ်တာက ကူးစက်တယ်ဆိုတဲ့စကား သိပ်မှန်သဗျ၊ ကျုပ်တို့နှစ်ယောက်ရယ်တော့ ဦးလူလှတို့လည်း ကျုပ်တို့ကိုကြည့်ပြီးတော့ တဝါးဝါးနဲ့ ထပြီးရယ်ကြပါရောဗျာ၊ ကျုပ်တို့ဘာဖြစ်လို့ ရယ်တယ်ဆိုတာကို သူတို့သိမှ သိပါလေစ။

ပြီးပါပြီ။
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ

Zawgyi Version

“စုန္းထီးႀကီး ဦးဘသာႏွင့္ ႏြားတစ္ေထာင္ ငေသာင္း”(စ/ဆုံး)
——————————————————————————
အတြဲ(၄) စာစဥ္(၁၈)

(၁)

ေနာက္တစ္ေန႔မနက္ေစာေစာ မနက္စာစားၿပီးတာနဲ႔ ဦးလူလွက သူ႔တပည့္ခ်ိဳတူးကို ပညာေတြေပးေနေတာ့တာပဲဗ်ာ၊ ခ်ိဳတူးဆိုတဲ့ေကာင္ကလည္း အဆိုကခပ္ေကာင္းေကာင္းဆိုေတာ့ အေျခခံသေဘာတရားေတြကို သင္ယူရတယ္ဆိုပါေတာ့၊ ဦးလူလွက ေရေႏြးၾကမ္းခြက္ကိုင္ထားရင္း ဒူးတစ္ေခ်ာင္းခ်ိတ္ၿပီးထိုင္ထားတယ္၊ ခ်ိဳတူးကေတာ့ သူ႔အနားမွာ ငုတ္တုတ္ကေလးေပါ့ဗ်ာ၊ ဦးဘသာနဲ႔က်ဳပ္နဲ႔ကေတာ့ သူတို႔ကိုထိုင္ၾကည့္ရင္း အၾကမ္းေရေသာက္ေပါ့။

“ျမန္မာဂီတမွာ တ်ာ၊ ေတ၊ ေတ်ာဆိုတဲ့ အေျခခံအသံသုံးပါးရွိတယ္၊ အဲဒီအသံကို ဆက္ၿပီးပြားရင္ေတာ့ အသံခုႏွစ္မ်ိဳးထြက္တယ္၊ ဒါကို သံစဥ္ ခုနစ္ပါးလို႔ေခၚၾကတာေပါ့ကြာ၊ ဒီသံစဥ္ ခုနစ္မ်ိဳးက ျမန္မာ့ဂီတကို ေလ့လာလိုက္စားတဲ့သူတိုင္းသိရတယ္၊ အဆိုပညာသည္တင္မကဘူး၊ အတီးအခတ္ပညာသည္ေတြလည္း သိထားရတယ္ကြ၊ မ်ားေသာအားျဖင့္ကေတာ့ အသံေတြကို နာမည္တပ္ၿပီးမေခၚၾကဘူး၊ နံပါတ္စဥ္ပဲတပ္ၿပီးေတာ့ တစ္၊ ႏွစ္၊ သုံး၊ ေလး လို႔ပဲေခၚၾကတယ္ကြ”

ဦးလူလွက ေရေႏြးၾကမ္းခြက္ကိုမႈတ္ေသာက္လိုက္ၿပီး

“တူရိယာတစ္မ်ိဳးနဲ႔တစ္မ်ိဳးက်ေတာ့ ဒီအသံေတြက အေခၚအေဝၚေတြကြဲသြားတယ္၊ ဥပမာ ေစာင္းဆိုပါစို႔ကြာ၊ ေစာင္းသမားက အဖြဲ႕အႏြဲ႕ႀကိဳက္တယ္ကြ၊ ဒီေတာ့ အသံခုနစ္မ်ိဳးကို ညႇင္းလုံး၊ ေျခာက္သြယ္ၫြန႔္၊ ျမင္စိုင္း၊ ေအာက္ျပန္၊ ျပည္ေတာ္ျပန္၊ ဒူကရေဒြး၊ ပုလဲ ဆိုၿပီးေတာ့ ေခၚၾကတယ္၊ ႏွဲလို၊ ပုေလြလို ေလမႈတ္တူရိယာက်ေတာ့ လက္နဲ႔ပိတ္အုပ္ရတဲ့အေပါက္ကို တင္စားၿပီး၊ တစ္ေပါက္သံ၊ ႏွစ္ေပါက္သံဆိုၿပီး ေခၚၾကေလ့ရွိတယ္ကြ၊ ေဟာ ပတၱလားလို၊ ေၾကးေမာင္းတို႔လို တူရိယာက်ေတာ့ ဘယ္သံညာသံ၊ အနိမ့္အျမင့္၊ အထူအပါးဆိုၿပီးကြဲသြားျပန္ေရာ၊ ဒါေပမယ့္ အားလုံးကိုခ်ဳံၾကည့္လိုက္ရင္ေတာ့ ဒီသံစဥ္ခုနစ္ပါးပါပဲ ကြာ”

“ဟုတ္ကဲ့ပါဆရာႀကီး”

“သံစဥ္ခုနစ္ပါးက သူ႔ခ်ည္းသက္သက္ တည္ရွိေနတာမဟုတ္ဘူးကြ၊ သံစဥ္ခုနစ္ပါးထဲက အသံတစ္ခုကို မူတည္ထားၿပီး တီးခတ္ရတယ္၊ က်န္တဲ့အသံေတြက သူ႔အစဥ္အဆက္အလိုက္ ေ႐ြ႕လ်ားၿပီး လိုက္ပါတီးခတ္ရတယ္ကြ၊ သံစဥ္တစ္ခုကို မူတည္ယူၿပီး ေနာက္ထပ္ သံစဥ္ခုနစ္မ်ိဳး ထပ္ပြားလို႔ရႏိုင္လို႔ စုစုေပါင္း သံစဥ္ ေလးဆယ့္ကိုးမ်ိဳးအထိ ေပါင္းစပ္ႏိုင္သကြ၊ ဒါေၾကာင့္ မာဃေဒ၀ လကၤာသစ္မွာ “ေပါင္း႐ိုး ညိဳးညံ၊ ခုနစ္သံတြင္၊ အသံခုနစ္မ်ိဳး ေလးဆယ့္ကိုးတည့္” လို႔ဆိုၾကတာေပါ့”

က်ဳပ္ေတာင္မွ နားေထာင္ၿပီးခပ္ရႈပ္ရႈပ္ဗ်၊ ပညာဉာဏ္နည္းတဲ့ ခ်ိဳတူးလိုလူမ်ိဳးကေတာ့ ေခါင္းကိုတျဗင္းျဗင္းကုပ္ေနတာပဲဗ်ိဳ႕။ ခ်ိဳတူး အေျခအေနမဟန္တာနဲ႔ က်ဳပ္လည္း ဝင္ေထာက္ရတာပ။

“ဒါနဲ႔ဦးလူလွ၊ က်ဳပ္တို႔အေမေျပာေျပာေနတာ ခုနစ္သံခ်ီေအာ္တယ္၊ ခုနစ္သံခ်ီေအာ္တယ္နဲ႔ အဲဒါကေရာ ဒီအသံနဲ႔ဆိုင္သလားဗ်”

ဦးလူလွက ေခါင္းညိတ္ၿပီး

“ဆိုင္သေပါ့ကြာ၊ အသံမွာ တစ္သံက အနိမ့္ဆုံး၊ အပါးဆုံးကြ၊ အဲဒါကေန အသံေတြက တျဖည္းျဖည္းထူလာလိုက္တာ၊ ခုနစ္သံေရာက္ေတာ့ အျမင့္ဆုံးျဖစ္သြားတာေပါ့ကြာ၊ ဒါေၾကာင့္ ခုနစ္သံခ်ီေအာ္တယ္ဆိုတာ အသံအက်ယ္ႀကီးနဲ႔ေအာ္တာကိုဆိုလိုတာ၊ သူ႔ထက္အသံက်ယ္တာ မရွိေတာ့ဘူးကိုးကြ၊ သဘင္ေတြ၊ ဇာတ္ပြဲေတြမွာလည္း ခုနစ္သံခ်ီဟစ္ရတဲ့အခန္းေတြရွိတယ္၊ ငိုခ်င္းခ်ရတဲ့အခန္းတို႔၊ ေကြၽးေၾကာ္ရတဲ့အခန္းတို႔ဆို ခုနစ္သံေရာက္ေအာင္ ေအာ္ဟစ္ၿပီး ငိုရ၊ ေျပာရတယ္၊ ဒါေပမယ့္ ခုနစ္သံမေရာက္ရင္ ဇာတ္လုံးလည္းမႂကြေတာ့ဘူး၊ ဇာတ္သမားပညာလည္း နည္းတယ္ဆိုၿပီး ကဲ့ရဲ႕ၾကတာေပါ့ကြာ”

“ေၾသာ္၊ က်ဳပ္သေဘာေပါက္ပါၿပီဆရာႀကီး”

“ခ်ိဳတူး မင္းကအဆိုေကာင္းဆိုေတာ့ တို႔အဖြဲ႕မွာ ေနာက္ထလုပ္စမ္းကြာ”

“ဗ်ာ၊ ေနာက္ထဆိုေတာ့ အေနာက္မွာ မတ္တပ္ရပ္ေနရတဲ့လူလား”

“ဒါေပါ့ကြ၊ မင္းဆိုင္းေတြၾကည့္ဖူးတယ္မဟုတ္လား၊ ေနာက္ထက ေကာင္းသုံးခ်က္ညီရတယ္တဲ့ကြ၊ အဆိုေကာင္းရတယ္၊ အေျပာေကာင္းရတယ္၊ အေသာေကာင္းရတယ္ကြ၊ တို႔ဆိုင္းမွာ ေနာက္ထေတြရွိတယ္၊ ဒါေပမယ့္ ခု႐ြာမွာ ေနာက္ထတစ္ေယာက္ပဲက်န္တယ္ဆိုေတာ့ မင္းနဲ႔ႏွစ္ေယာက္ဆိုရင္ေတာ့ အတိုင္အေဖာက္ရတာေပါ့ကြာ”

ဒီအခ်ိန္မွာပဲ ၿခံဝိုင္းေရွ႕မွာ ေအာ္သံၾကားတယ္ဗ်။

“ဗ်ိဳ႕ ဆိုင္းဆရာႀကီး၊ ဆိုင္းဆရာႀကီး ရွိပါသလား”

အသက္ႀကီးႀကီး လူႀကီးသုံးေယာက္ဗ်၊ လြယ္အိတ္ႀကီးေတြလြယ္၊ ေခါင္းေပါင္းႀကီးေတြေပါင္းလို႔ဗ်၊ ဒါနဲ႔ ဦးလူလွက ျပန္ၿပီးအသံျပဳတယ္။

“ရွိပါတယ္ဗ်၊ ၿခံဝိုင္းထဲဝင္ခဲ့ပါ”

“ေခြးေတြဘာေတြၾကည့္ပါအုံးဗ်ာ၊ က်ဳပ္တို႔ျဖင့္ က်န္တာမေၾကာက္ေပမယ့္ ေခြးေတာ့ေၾကာက္သဗ်”

“အိုဗ်ာ၊ ဆိုင္းဆရာအိမ္မွာ ေခြးေမြးပါ့မလားဗ်၊ လာသာလာစမ္းပါဗ်ာ”

ဒီလူႀကီးသုံးေယာက္ ေရာက္လာတဲ့နဲ႔ ကြပ္ပ်စ္မွာထိုင္ေနတဲ့က်ဳပ္တို႔လည္း အေနာက္ကိုနည္းနည္းဆုတ္ၿပီး ေနရာဖယ္ေပးလိုက္တာေပါ့ဗ်ာ၊ ကြပ္ပ်စ္က က်ယ္ေတာ့ အက်ယ္ႀကီးပါ။

“ထိုင္ပါအုံး ဆရာႀကီးတို႔ရဲ႕ ဘယ္ကဘယ္လို လွည့္လာၾကတာလဲ”

“ဆိုင္းဆရာအိမ္လာမွေတာ့ ဆိုင္းငွားဖို႔ေပါ့ဗ်ာ”

“ဘယ္႐ြာတုန္း၊ ဘာအတြက္တုန္းဗ်”

“သိပ္မေဝးပါဘူးဗ်ာ၊ က်ဳပ္တို႔က ေကြးေကာက္အင္းဘက္က လာခဲ့ၾကတာပါ၊ ႐ြာမွာရွင္ျပဳရွိတာနဲ႔ ဆိုင္းလိုက္ရွာေနတာ၊ ဒီေကာင္က နိဗၺာန္႐ြာက ဦးလူလွဆိုင္း ေကာင္းတယ္ဆိုတာနဲ႔ က်ဳပ္တို႔လည္းလာခဲ့တာ၊ ဒါနဲ႔ ခုနက ၿခံဝမွာေရးထားေတာ့ ဆိုင္းမလိုက္ဘူးဆိုဗ်”

ဦးလူလွက ျပာျပာသလဲနဲ႔

“လိုက္ပါတယ္ဗ်ာ၊ အဲဒီဆိုင္းဘုတ္ကလည္း လြင့္ပစ္ရမွာဗ်၊ ခုထိကို မျဖဳုတ္မိေသးဘူး”

ဒီလူႀကီးေတြက အိမ္ကိုတစ္ခ်က္ေဝ့ၾကည့္ၿပီးေတာ့

“ခင္ဗ်ားက ဆိုင္းလိုက္မယ္သာေျပာတာ ဆိုင္းသမားေတြလည္း မေတြ႕ပါလားဗ်၊ ဟုတ္မွလည္းလုပ္အုံးေနာ္”

ဒီလူႀကီးေတြက မယုံသကၤာျဖစ္ေနတာနဲ႔ ဦးလူလွက ေခါင္းညိတ္ရင္း

“ေကာင္းပါ့ဗ်ာ၊ ဆိုင္းလာငွားၿပီးမွေတာ့ ဆိုင္းလက္သံနားမေထာင္ဘဲငွားလို႔ဘယ္ျဖစ္မလဲဗ်၊ က်ဳပ္လက္သံကို ခင္ဗ်ားတို႔ၾကားဖူးတယ္ရွိေအာင္ နားေထာင္ၾကည့္သြားၾကစမ္းဗ်ာ”

“ေကာင္းတာေပါ့ဗ်ာ၊ က်ဳပ္တို႔လည္း နားေထာင္စမ္းခ်င္သပ”

ဦးလူလွက မတ္တပ္ရပ္လိုက္ၿပီးေတာ့ ေ႐ႊမိကိုလွမ္းေအာ္ရင္း

“သမီးေရ၊ မန္က်ည္းသားကို ျပာက်ေအာင္ဖုတ္ၿပီးေတာ့ ထမင္းနဲ႔ေသခ်ာနယ္ထားစမ္းပါကြာ၊ ပတ္စာလုပ္ရေအာင္”

ၿပီးေတာ့ က်ဳပ္နဲ႔ခ်ိဳတူးကို အိမ္ေအာက္ကိုေခၚသြားတယ္ဗ်၊ အိမ္ေအာက္မွာ ဆင့္တန္းေတြနဲ႔ထပ္ထားတဲ့ တူရိယာပစၥည္းေတြကိုသြားယူထုတ္တယ္။

“ေဟာဒါက ပတ္ဝိုင္းထိမ္းတဲ့ ေျခေထာက္၊ အဲဒါေတြအရင္ယူသြား”

က်ဳပ္တို႔လည္းသယ္ရတာေပါ့ဗ်ာ၊ အဲဒါၿပီးေတာ့ မွန္စီေ႐ႊခ်ထားတဲ့အျပားႀကီးေတြ သယ္ရတယ္ဗ်။

“ေသခ်ာသယ္ကြေနာ္၊ ဒီအျပားႀကီးေတြကို ပန္းျပားလို႔ေခၚသကြ၊ ပတ္ဝိုင္းႀကီးကို ကာရံတဲ့အျပားႀကီးေပါ့ကြာ၊ စုစုေပါင္းရွစ္ျပားရွိတယ္၊ ဒီပန္းျပားေတြက ေဈးႀကီးသကြ၊ မႏၲေလး မဟာျမတ္မုနိဘုရားႀကီးေတာင္ဘက္ ဇြန္းစုရပ္ကေန ဝယ္ထားတာကြ”

ဦးလူလွက ခိုင္းလည္းခိုင္း၊ သင္လည္းသင္တယ္၊

“ဒါနဲ႔ ဒီအခြၽန္ကေလးေတြက ဘာေတြလဲဗ်”

“ေအာ္၊ အဲဒါကေတာ့ ပတ္လုံးေတြခ်ိတ္ဖို႔ေပါ့ကြ၊ စေ႐ြးလို႔ေခၚတယ္၊ ပန္းျပားတစ္ျပားမွာ စေ႐ြးသုံးခုစီပါတယ္ေလကြာ၊ ပတ္လုံးေတြခ်ိတ္တဲ့အခါ ပန္းျပားနဲ႔မထိရေအာင္ ကာရံထားတဲ့ႀကိမ္အထဲမွာပါတယ္မဟုတ္လား အဲဒါကို ပတ္ေခါင္းအုံးေခၚတယ္၊ တစ္ခ်ိဳ႕ကလည္း ပတ္ခံလို႔ေခၚတယ္”

ပန္းျပားေတြထုတ္ၿပီးေတာ့ ဦးလူလွက ပန္းျပားေတြကို ေသခ်ာစီၿပီး တြဲစပ္ေစတယ္ဗ်၊ ဒီလိုတြဲရင္းနဲ႔ ခ်ိဳတူးက ထေအာ္တာပဲ။

“ဟာ ဆရာႀကီး၊ ေဟာဒီပန္းျပားႀကီးက အေပါက္ႀကီးနဲ႔ပါလားဗ်ာ၊ မဟုတ္မွလႊဲေရာ တစ္ေနရာရာမွာမ်ား အထဲကအစာေတြ က်က်န္ခဲ့တာမ်ားလား”

“ဟာကြာ၊ အဲဒါ မင္းေပါက္လို႔ေခၚသကြ၊ ဆိုင္းဆရာက ပတ္ဝိုင္းထဲကိုဝင္ရမယ့္ အေပါက္ေပါ့ကြာ၊ တမင္ေဖာက္ထားတာ၊ ဘယ့္ႏွယ့္ က်က်န္ခဲ့ရမွာလည္း”

က်ဳပ္နဲ႔ခ်ိဳတူးနဲ႔ စီလိုက္ေတာ့ မၾကာခင္မွာပဲ ပတ္ဝိုင္းႀကီးတစ္ခုျဖစ္သြားၿပီေပါ့ဗ်ာ၊ ဦးလူလွက ပတ္ဝိုင္းတစ္ေလွ်ာက္ကို သူ႔တံေတာင္နဲ႔လိုက္တိုင္းရင္း

“ပတ္ဝိုင္းတစ္ခုလုံးက ဆယ္ေတာင္ထြာရွိတယ္ကြ၊ ေပနဲ႔ေျပာမယ္ဆိုရင္ ဆယ့္ငါးေပဆယ္လက္မခြဲေလာက္ရွိမယ္၊ အျမင့္ကေတာ့ ႏွစ္ေတာင္မိုက္ေလ်ာ့ရွိတယ္၊ ခ်ိဳတူး၊ မင္းမွတ္ထားေနာ္”

ၿပီးေတာ့ အိမ္ေပၚတက္ၿပီး ဗုံကေလးေတြယူလာတယ္ဗ်၊ ဗုံကေလးေတြက လုံးလုံးေသးေသးကေလးေတြဗ်၊

“အဲဒီဗုံေတြ ဒီမွာတပ္မွာမဟုတ္လား ဦးလူလွ”

“ေအးေပါ့၊ မသိတဲ့လူက ဗုံလို႔ေခၚမွာေပါ့၊ တကယ္က ပတ္လုံးလို႔ေခၚတယ္၊ ပိေတာက္သားနဲ႔ႏွစ္ဖက္ဖြင့္လုပ္ထားၿပီးေတာ့ အထက္ေအာက္ကို ႏြားသားေရနဲ႔ က်က္ထားရတာေပါ့ကြာ၊ ပတ္လုံးအစ မေဒါင္းလွ ဆိုတဲ့စကားရွိတယ္၊ အရင္ကေတာ့ မႏၲေလးက မေဒါင္းလွ႐ြာမွာ ပတ္လုံးေတြလုပ္ၾကတာေပါ့ကြာ၊ ခုေခတ္ေတာ့ ေပ်ာ္ဘြယ္က မန္က်ည္းတန္း႐ြာမွာ လုပ္ၾကတယ္”

က်ဳပ္လည္း ပတ္လုံးေတြလွမ္းယူလိုက္ၿပီးေတာ့ ခုနက စေ႐ြးလို႔ေခၚတဲ့အခြၽန္ေလးေတြမွာ လိုက္ခ်ိတ္ဖို႔လုပ္ေနတာေပါ့ဗ်ာ၊ ဦးလူလွက ပတ္လုံးေတြခ်ိတ္ဖို႔လုပ္ေနတဲ့ က်ဳပ္နဲ႔ခ်ိဳတူးကိုၾကည့္လိုက္ၿပီးေတာ့

“ေအာင္မယ္၊ မင္းတို႔က ဘယ္ေနရာမွာ ဘယ္အလုံးခ်ိတ္ရမလဲဆိုတာ သိၾကလို႔လားကြ”

“ဗ်ာ၊ ဘယ္မွာခ်ိတ္ခ်ိတ္ အားလုံးက တူတူပဲမဟုတ္ဘူးလား”

“ေအာင္မယ္ေလးကြာ၊ မတူဘူးကြ၊ မတူဘူး၊ ပတ္ဝိုင္းမွာ ပတ္လုံးေပါင္း ႏွစ္ဆယ့္ႏွစ္လုံးရွိတယ္ကြ၊ အဲဒီႏွစ္ဆယ့္ႏွစ္လုံးမွာလည္း သူ႔နာမည္နဲ႔သူရွိတယ္၊ သူ႔ဟာနဲ႔သူအစဥ္လိုက္ ခ်ိတ္ရသကြ”

ဦးလူလွက ပတ္ဝိုင္းအနားကိုတိုးလာၿပီးေတာ့

“ပတ္လုံးစခ်ိတ္ရင္ ေဟာဒီမင္းေပါက္အနား ဘယ္ဖက္ထိပ္ဆုံး စေ႐ြးတိုင္ကေန အစဥ္လိုက္ ခ်ိတ္သြားရတယ္ကြ၊ ဟိုေကာင္ခ်ိဳတူး၊ မင္းရဲ႕ညာဘက္လက္မွာ ကိုင္ထားတဲ့ ပတ္လုံးက ဒုန္းခဲႀကီးပဲ၊ အဲဒါအရင္စခ်ိတ္ကြာ၊ ၿပီးရင္ေတာ့ အလတ္ေကာင္ရဲ႕ဘယ္ဘက္လက္မွာကိုင္ထားတဲ့ ပတ္လုံးကိုခ်ိတ္၊ အဲဒီပတ္လုံးက လက္သဲပတ္လုံးပဲ”

ဦးလူလွေျပာတဲ့အတိုင္း က်ဳပ္တို႔လည္း လိုက္ခ်ိတ္တာေပါ့ဗ်ာ၊ ပတ္လုံးေတြအားလုံးက တစ္ပုံစံတည္းလို႔ထင္ရေပမယ့္ ဦးလူလွကေတာ့ ဘယ္ပတ္လုံးက ဘယ္ေနရာ၊ ဘာနာမည္ဆိုတာကို အကုန္သိေနတယ္ဗ်ာ၊ က်ဳပ္ျဖင့္ အဲဒီတစ္ခ်က္တည္းနဲ႔တင္ ဦးလူလွကို ေလးစားသြားတာဗ်။

“ဦးလူလွက ဘယ္ပတ္လုံးက ဘာနာမည္၊ ဘယ္ေနရာဆိုတာကို မွတ္မိေနတယ္ေနာ္ဗ်”

“ဒါေပါ့ကြ၊ ဆိုင္းဆရာဆိုတာ တီး႐ုံတင္မဟုတ္ဘူးကြ၊ ဆိုင္းဝိုင္းႀကီးတစ္ခုလုံးရဲ႕ အေရးကိုစီမံရတာကိုး၊ ဒီလိုဆင္တာေလာက္ေတာ့ အေပ်ာ့ေပါ့ကြာ”

“ဒါဆို ပတ္လုံးနာမည္ေတြလည္း ေျပာျပပါအုံးဗ်ာ၊ ဗဟုသုတေပါ့”

“ဘယ္ဖက္အစြန္ဆုံးကေန စေရတြက္ရင္၊ ဒုန္းခဲႀကီး၊ လက္သဲ၊ တဆစ္လုံး၊ ဘယ္ေတ်ာ၊ ဘယ္ေတး၊ ဒူးလုံး၊ ေတးလက္၊ တ်ာလက္၊ ပတ္စာတပ္၊ ငါးေပါက္လုံး၊ ေလးေပါက္လုံး၊ သုံးေပါက္လုံး၊ ႏွစ္ေပါက္လုံး၊ သံကုန္ဖ်ား၊ ေတ်ာဖ်ား၊ ေျခာက္ေပါက္ဖ်ား၊ ငါးေပါက္ဖ်ား၊ ေလးေပါက္ဖ်ား၊ သုံးေပါက္ဖ်ား၊ ႏွစ္ေပါက္ဖ်ား၊ သံကုန္ၫြန႔္၊ ၾကဴသံ ဆူသံ၊ဒုန္းခဲႀကီး၊ လက္သဲ၊ တဆစ္လုံး၊ ဘယ္ေတ်ာ၊ ဘယ္ေတး၊ ဒူးလုံး၊ ေတးလက္၊ တ်ာလက္၊ ပတ္စာတပ္၊ ငါးေပါက္လုံး၊ ေလးေပါက္လုံး၊ သုံးေပါက္လုံး၊ ႏွစ္ေပါက္လုံး၊ သံကုန္ဖ်ား၊ ေတ်ာဖ်ား၊ ေျခာက္ေပါက္ဖ်ား၊ ငါးေပါက္ဖ်ား၊ ေလးေပါက္ဖ်ား၊ သုံးေပါက္ဖ်ား၊ ႏွစ္ေပါက္ဖ်ား၊ သံကုန္ၫြန႔္၊ ၾကဴသံ ဆူသံ၊ စုစုေပါင္း ႏွစ္ဆယ့္ႏွစ္လုံးရွိတယ္ကြ”

ဦးလူလွက မီးဖိုဘက္ကိုၾကည့္ရင္း

“ဟဲ့ေ႐ႊမိ၊ ပတ္စာရၿပီလားဟဲ့”

ေ႐ႊမိက ေႂကြရည္သုတ္ဇလုံႀကီးတစ္လုံးနဲ႔ေျပးလာတယ္ဗ်၊ ဇလုံထဲမွာေတာ့ ထမင္းေတြကို မန္က်ည္းျပာနဲ႔ ညက္ေနေအာင္နယ္ထားတဲ့ ပတ္စာေတြရွိတာေပါ့ဗ်ာ၊ ဦးလူလွက လွမ္းယူလိုက္ၿပီးေတာ့ သူ႔လက္နဲ႔ပတ္စာေတြကို ႏွဲသဗ်။

“ပတ္စာလုပ္တဲ့အခါ မန္က်ည္းသားကို ျပာခ်ထားတာက အေကာင္းဆုံးပဲ၊ မန္က်ည္းျပာက အငန္ဓါတ္ရွိေတာ့ အသံလြင္တယ္၊ မန္က်ည္းျပာမရရင္ေတာ့ ေညာင္သားကိုျပာခ်ၿပီး သုံးလို႔ရတယ္”

ႏွဲၿပီးေတာ့ အဲဒီပတ္စာေတြကို လက္နဲ႔ကေလာ္ၿပီး ခုနက ပတ္လုံးေပၚကိုတင္တယ္ဗ်၊ ၿပီးေတာ့ လက္မအားနဲ႔ ႀကိတ္ေခ်ၿပီးေတာ့ ျဖန႔္တယ္၊

“ပတ္လုံးေကာင္းတာနဲ႔ပဲ အသံေကာင္းတာမဟုတ္ဘူးကြ၊ ပတ္စာေကာင္းမွ၊ ပတ္စာတပ္တာေကာင္းမွလည္း အသံေကာင္းတာ၊ ပတ္စာရဲ႕ အမာအေပ်ာ့၊ အထူအပါးအေပၚမူတည္ၿပီးေတာ့ အသံကလည္းေျပာင္းသြားတယ္၊ ေနာက္ၿပီး ရာသီဥတုေၾကာင့္လည္း ပတ္စာက ေျခာက္တာတို၊ စိုတာတို႔ျဖစ္ေနရင္ အသံကြာတတ္တယ္ကြ”

ဦးလူလွလုပ္ေနတာကို က်ဳပ္တို႔ထိုင္ၾကည့္ေနမိတာေပါ့ဗ်ာ၊ အားလုံးၿပီးသြားေတာ့ ဦးလူလွက လက္ေဆးၿပီးေတာ့ မင္းေပါက္ကေနလက္အုပ္ခ်ီကန္ေတာ့ၿပီး ပတ္ဝိုင္းထဲကိုဝင္တယ္ဗ်၊ ပတ္ဝိုင္းအလယ္မွာ ေခြးေခ်ခုံကေလးခ်ၿပီးေတာ့ ထိုင္လိုက္တယ္။ ၿပီးေတာ့ ပတ္လုံးေတြကို တီးေတာ့တာပဲဗ်ာ၊ ပထမေတာ့ တီးလုံးေတြက အသံနိမ့္ရာကေန ျမင့္ရာကိုတီးတယ္၊ ၿပီးေတာ့ အသံျမင့္ရာကေန နိမ့္ရာကိုတီးတယ္ဗ်။ ၿပီးေတာ့ ေတးသီခ်င္းတစ္ပုဒ္ကို တီးေတာ့တာပဲဗ်ာ၊ လက္သံက ေကာင္းေကာင္းနဲ႔ဆိုေတာ့ ပတ္ဝိုင္းခ်ည္းတီးတာေတာင္မွ ေတာ္ေတာ္နားေထာင္ေကာင္းတယ္ဗ်ာ၊ ဒီေတာ့ ဆိုင္းလာငွားတဲ့လူႀကီးေတြထဲက လူႀကီးတစ္ေယာက္က

“က်ဳပ္သိၿပီ၊ ဒါ စံရာေတာင္ကြၽန္း သီခ်င္းပဲဗ်”

ဦးလူလွက ၿပဳံးရင္း

“ခင္ဗ်ားက ဆိုင္းေတာ့နားေထာင္တတ္သားဗ်၊ ကဲ ဒီတစ္ခါ တီးကြက္တစ္ခုေျပာင္းမယ္ဗ်ာ”

ဆိုင္းသံၾကားလို႔ ႐ြာထဲက ကေလးေတြက ေအာ္ဟစ္ၿပီး ေျပးလာၾကတာေပါ့ဗ်ာ၊

(၂)

“ဦးလူလွႀကီး ဆိုင္းတီးေနၿပီေဟ့”

ကေလးေတြက ၿခံထဲဝင္လာၿပီး လာဝိုင္းၾကည့္ၾကတယ္၊ ေဘးအိမ္ေတြကလည္း ျပတင္းတံခါးဖြင့္ၿပီးေတာ့ ထြက္ၾကည့္ၾကတယ္ဗ်ာ၊ အရိပ္ေကာင္းေကာင္းမွာ သန္းတုပ္ေနၾကတဲ့ မိန္းမႀကီးေတြ၊ ထမင္းတစ္ခြက္နဲ႔ ကေလးကိုထမင္းခြံ႕ေနၾကတဲ့ မိန္းမေတြေရာ ၿခံထဲကိုတဖြဲဖြဲနဲ႔ေရာက္လာေတာ့တာပဲဗ်ာ။ ေ႐ႊမိကလည္း စည္းနဲ႔ဝါးကို တီးေပးတယ္။

ဦးလူလွလက္သံကလည္း ခပ္ေျပာင္ေျပာင္၊ ပတ္လုံးေတြကလည္းေကာင္း၊ ပတ္စာေတြကလည္းေကာင္းဆိုေတာ့ ဆိုင္းသံက ႐ြာထဲကိုျပန႔္သြားတာေပါ့ဗ်ာ၊ ဒီအခ်ိန္ ႐ြာလယ္လမ္းမွာ ေရပုံးႀကီးႏွစ္ပုံးကို ထမ္းပိုးနဲ႔ထမ္းရင္း သြားလာေနတဲ့လူႀကီးတစ္ေယာက္က ဆိုင္းသံၾကားေတာ့ ခ်က္ခ်င္းထမ္းပိုးကိုခ်ၿပီး ၿခံထဲကိုေျပးဝင္လာပါေရာဗ်ိဳ႕။

“ေဟာ ျမႀကီး၊ မင္းေတာင္ေရာက္လာပါေရာ၊ သမီးေရ၊ ျမႀကီးအတြက္ ႏွဲေပးလိုက္စမ္းပါေဟ့”

စည္းနဲ႔ဝါးတီးေနတဲ့ ေ႐ႊမိက ႏွဲသြားယူေပးလိုက္တယ္ဗ်၊ ျမႀကီးဆိုတဲ့လူက ဦးလူလွတီးကြက္နဲ႔အညီ ႏွဲကိုလိုက္မႈတ္ေတာ့တာပဲဗ်ိဳ႕၊ တူရိယာတျဖည္းျဖည္းစုံလာေတာ့ အသံကလည္း ၿမိဳင္လာသဗ်။ ေနာက္ေတာ့ ဖုန္အလုံးလုံးနဲ႔ လူႀကီးတစ္ေယာက္ၿခံထဲေျပးဝင္လာပါေရာဗ်ာ။

“ဟာ ဆရာႀကီးကလည္း ဆိုင္းတီးေနတာ က်ဳပ္ေတာင္မေခၚဘူးဗ်ာ”

“ငါ့လက္သံၾကားရင္ မင္းလာမယ္မွန္းသိၿပီးသားပါကြ၊ ဗလရ၊ ကဲ ပတ္မဝင္ထိန္းစမ္းကြာ”

ဗလဆိုတဲ့လူက အိမ္ေပၚကေန ပတ္မႀကီးယူလာၿပီးေတာ့ ဆိုင္းေဘးနားမွာဆင္တယ္ဗ်ာ၊ ၿပီးတာနဲ႔ ပတ္မႀကီးနဲ႔ ေျခာက္လုံးပတ္ကို တထီထီနဲ႔တီးေတာ့တာပဲ။ မၾကာပါဘူး၊ ေသွ်ာင္ထုံးႀကီးနဲ႔ အဘႀကီးတစ္ေယာက္က အူယားဖားလ်ားနဲ႔ေျပးလာပါေရာဗ်ာ။

“ငါ့ျဖင့္ ထမင္းစားမလို႔ရွိေသးသကြာ၊ ပတ္မသံၾကားတာနဲ႔ ထူးၿပီလားဆိုၿပီးေတာ့ ေျပးခ်လာရတာ”

“ကဲ အလတ္ေကာင္နဲ႔ ခ်ိဳတူးေရ၊ ဘႀကီးေနာင္အတြက္ ေၾကးဝိုင္းကေလးဆင္ေပးလိုက္စမ္းေဟ့”

ေ႐ႊမိက ဘယ္လိုဆင္ဆိုၿပီးျပတာနဲ႔ က်ဳပ္တို႔လည္းဆိုင္းဝိုင္းဘယ္ဖက္နားမွာ ေၾကးဝိုင္းဆင္ေပးလိုက္တာေပါ့ဗ်ာ၊ ေၾကးဝိုင္းဆိုတာကေတာ့ ေၾကးေနာင္လို႔ေခၚတဲ့ ေမာင္းကေလး ဆယ့္ကိုးလုံးခ်ိတ္ထားတဲ့ဝိုင္းေပါ့ဗ်ာ၊ ဘႀကီးေနာင္က ေမာင္းတီးတဲ့လက္ခတ္နဲ႔ ခတ္ၿပီးတီးပါေရာဗ်ိဳ႕၊ လူစုံၿပီဆိုေတာ့ နားေထာင္လို႔ေတာ့ေကာင္းသားဗ်၊

“ေဟ့၊ ခ်ိဳတူး၊ ဝါးလက္ခုပ္တီးၿပီး မင္းဝင္စမ္းကြာ”

ခ်ိဳတူးလည္း ဝါးလက္ခုပ္ဆြဲၿပီးေတာ့ ေယာေယာင္ဝင္သြားတာပဲဗ်ာ၊ မေန႔က ညေနက ဦးလူလွက ခ်ိဳတူးကို ဝါးလက္ခုပ္ခတ္နည္းျပထားလို႔ ခ်ိဳုတူးက မတက္တေခါက္ေတာ့ တီးတတ္ေနပါၿပီ။ လာငွားတဲ့သူေတြလည္း တၿပဳံးၿပဳံးနဲ႔သေဘာက်ၾကသဗ်ာ၊ အားလုံးတီးၿပီးသြားေတာ့ ၾကည့္ေနတဲ့သူေတြအကုန္လုံးက လက္ခုပ္လက္ဝါးတီးၿပီးအားေပးၾကတယ္။

“ေကာင္းပါ့ဗ်ာ၊ ဒါေၾကာင့္ နိဗၺာန္႐ြာက ဦးလူလွဆိုင္းဆိုတာ နာမည္ရွိတာကိုး၊ က်ဳုပ္တို႔တစ္ခါတည္းနဲ႔ ခ်ဳပ္ခ်င္တယ္ဗ်ာ၊ ဒါေပမယ့္ ခက္တာက က်ဳပ္တို႔က မင္းသမီးလည္းလိုခ်င္သဗ်”

“မပူပါနဲ႔ဗ်ာ၊ ေဟာဒီက က်ဳပ္သမီး ေ႐ႊမိက အကအလွႏိုင္သဗ်၊ ခင္ဗ်ားတို႔ပြဲ အဆင္ေျပရေစမယ္လို႔ မွတ္လိုက္ေတာ့”

“ေကာင္းတာေပါ့၊ ကဲ ဒါဆို က်ဳပ္တို႔စရံသတ္ခဲ့မယ္၊ ပြဲက နီးၿပီဆိုေတာ့ အဆင္ေျပပါ့မလား”

“ေျပတာေပါ့ဗ်ာ၊ က်ဳပ္တို႔လည္း ပြဲဆက္က်ဲေနတာနဲ႔အေတာ္ပဲ၊ လဆန္းငါးရက္ဆိုေတာ့ ေရွ႕တစ္ပတ္ထဲပဲဗ်”

သူတို႔ေတြ စရံေတြခ်ၿပီး ကတိေတြေပးၾကတယ္ဗ်ာ၊ ေနာက္ေတာ့ ဦးလူလွက က်ဳုပ္တို႔ဘက္လွည့္ၿပီးေတာ့

“ခ်ိဳတူးေရ ေနာက္ထတစ္ေယာက္ေတာ့လိုေနၿပီေဟ့၊ ႐ြာေျမာက္ပိုင္းမွာ ငေသာင္းဆိုတဲ့လူကို သြားရွာကြာ၊ ၿပီးရင္ ငါ့ဆီကိုသာေခၚလာခဲ့”

ခ်ိဳတူးလည္းေခါင္းညိတ္လိုက္တယ္ဗ်၊ ဦးလူလွဆိုင္းနားကတည္းက ဆိုင္းအဖြဲ႕မွာပါတဲ့အဖြဲ႕သားေတြအကုန္လုံးက ႐ြာမွာႀကဳံရာအလုပ္လုပ္ၿပီးေတာ့ ဆိုင္းျပန္ထြက္မယ့္အခ်ိန္ကို ေစာင့္ေနတာတဲ့ဗ်ာ၊ တခ်ိဳ႕ကေတာ့ တျခားဆိုင္းအဖြဲ႕ေတြနဲ႔ ခ်ိတ္ဆက္ၿပီးလုပ္ကိုင္ေနၾကတယ္လို႔ ေျပာတာပါပဲ၊ ခ်ိဳတူးက သူတစ္ေယာက္တည္းမသြားရဲလို႔ က်ဳပ္ကိုအေဖာ္စပ္တယ္။

“ကိုအလတ္ေကာင္ လိုက္ခဲ့ပါဗ်ာ”

“ဟာ ခ်ိဳုတူးရာ ေန႔ခင္းေၾကာင္ေတာင္ႀကီး၊ မင္းဘာေၾကာက္စရာလိုသလဲ”

“မဟုတ္ဘူးဗ်၊ က်ဳပ္က လူေတာတိုးရမွာကိုေၾကာက္တာ၊ ဟီး၊ ဟီး”

ဒါနဲ႔ ခ်ိဳတူးနဲ႔က်ဳပ္လည္း ႐ြာေျမာက္ပိုင္းကိုထြက္ခဲ့တာေပါ့၊ ဦးဘသာကေတာ့ ဆိုင္းအဖြဲ႕ကလူေတြနဲ႔ ကြပ္ပ်စ္မွာထိုင္စကားေျပာရင္း က်န္ေနခဲ့ပါေရာဗ်ာ။

(၃)

က်ဳပ္တို႔႐ြာေျမာက္ပိုင္းေရာက္ေအာင္ ဆယ့္ငါးမိနစ္ေလာက္ေလွ်ာက္ရသဗ်၊ ႐ြာေျမာက္ပိုင္းေရာက္ေတာ့ လမ္းေဘးေတြ႕တဲ့သူကို ေမးၾကည့္တာေပါ့ဗ်ာ။

“ေဟ့ကေလးမ၊ ဒီေျမာက္ပိုင္းမွာ ငေသာင္းဆိုတဲ့လူကို သိသလား”

“ငေသာင္းနဲ႔ေတြ႕ခ်င္ရင္ ဒီအခ်ိန္ ကြင္းထဲလိုက္သြားမွရမယ္”

“ကြင္းထဲ၊ ဘယ္ကြင္းလဲ”

“႐ြာျပင္ကိုဆက္ထြက္သြား၊ စိန္မွန္ကြင္းေရာက္ရင္ ငေသာင္းနဲ႔ေတြ႕လိမ့္မယ္”

က်ဳပ္တို႔လည္း ႐ြာျပင္ကိုဆက္ထြက္သြားတာေပါ့ဗ်ာ၊ ႐ြာျပင္ေရာက္ေတာ့ စိန္မွန္ကြင္းလို႔ေခၚတဲ့ ကြင္းကိုေမးစမ္းသြားရတာေပါ့၊ ႐ြာနဲ႔အေတာ္လွမ္းလွမ္းမွာရွိတဲ့ ကြင္းႀကီးတစ္ခုကို ႐ြာသားေတြလက္ လက္ညႇိဳးထိုးျပတာပဲဗ်ာ၊ ကြင္းမွာ ႐ိုးျပတ္ေတြဖုံးလို႔ဗ်၊ ဆက္သြားရင္း မၾကာခင္ ဆီးပင္ကေလးတစ္ပင္ေအာက္ေရာက္ေတာ့ ႏြားေတြနဲ႔အတူတူထိုင္ေနတဲ့ လူတစ္ေယာက္ကိုျမင္တယ္ဗ်။

“ေဟ့လူ၊ ဒီမွာ ငေသာင္းဆိုတဲ့လူရွိလား”

အဲဒီလူက က်ဳပ္တို႔ကိုေမာ့ၾကည့္ရင္း

“ဘယ္က ငေသာင္းလဲ”

“ဆိုင္းေနာက္ထလုပ္တဲ့ ငေသာင္းကိုေျပာတာ”

အဲဒီလူက ေခါင္းခါျပရင္း

“အဲဒီငေသာင္းကိုေတာ့ မၾကားဖူးဘူး၊ ဒီမွာရွိတဲ့ငေသာင္းကေတာ့ ႏြားလားတစ္ေထာင္တစ္ေယာက္တည္းထိန္းတဲ့ ငေသာင္းပဲရွိတယ္”

ခ်ိဳတူးက မ်က္ေမွာင္ၾကဳတ္လိုက္ၿပီးေတာ့

“ကိုယ့္လူက ေလထြားလွခ်ည္လားဗ်ာ၊ ခင္ဗ်ားအနားမွာ ႏြားက အလြန္ဆုံးရွိမွ ႏွစ္ဆယ္ေပါ့ဗ်၊ ဒါကိုေတာင္ ႏြားလားတစ္ေထာင္တစ္ယာက္တည္း ထိန္းသတဲ့၊ ဖြီ”

ဒီလူက မေက်မနပ္နဲ႔မတ္တပ္ရပ္ထၿပီးေတာ့ ပုဆိုးကိုခပ္တိုတိုျပင္ဝတ္ရင္း

“ေအာင္မယ္ ခင္ဗ်ားက မယုံဘူးေပါ့”

“ဒီသုံးဆယ္ေလာက္ပဲ ရေအာင္ထိန္းစမ္းပါအုံးဗ်ာ”

ဒီလူက ေလတစ္ခ်က္ခြၽန္လိုက္တယ္ဗ်၊ သူေလခြၽန္လိုက္တာနဲ႔ ေနပူပူမို႔ဇီးပင္ရိပ္ေအာက္ ထိုင္မွိန္းေနတဲ့ ႏြားေတြအကုန္လုံး ေခါင္းေတြေထာင္လာကုန္ေတာ့တာပါပဲဗ်ာ၊ ၿပီးေတာ့ ႏြားေတြက ေငါက္ခနဲေကာက္ထၿပီးေတာ့ ခြာေတြယက္ေနတာ ဖုန္ေတြတေထာင္းေထာင္းထလို႔ဗ်။

“ခ်ိဳတူးေရ၊ ႏြားအေၾကာင္းေတာ့ ငါေကာင္းေကာင္းမသိေပမယ့္၊ ခုလိုႏြားေတြခြာယက္ေနတာမ်ိဳးကေတာ့ လူကိုေျပးထိုးခ်င္လို႔ပဲကြ၊ ေျပးေဟ့”

က်ဳပ္နဲ႔ခ်ိဳတူးလည္း လွည့္ေျပးတာေပါ့ဗ်ာ၊ က်ဳပ္ေျပာတဲ့အတိုင္းပါပဲ၊ ႏြားေတြက က်ဳပ္တို႔အေနာက္ကို အေျပးလိုက္လာပါေရာဗ်ာ၊ ငေသာင္းဆိုတဲ့လူက ရယ္က်ဲက်ဲနဲ႔

“ကိုယ့္လူတို႔ကို ငေသာင္းႏြားဘယ္လိုေက်ာင္းတယ္ဆိုတာ ျပရေသးတာေပါ့၊ လာဟဲ့”

လို႔ေအာ္ၿပီးေတာ့ ႏြားေက်ာကုန္းေပၚကို အသာကေလးခုန္တက္လိုက္တယ္ဗ်ာ၊ ႏြားမတစ္ေကာင္ရဲ႕ေက်ာေပၚမွာ ငေသာင္းက မတ္တပ္ရပ္ၿပီး လိုက္စီးတယ္ဗ်။

“ကဲ ေဖ့သားႀကီးတို႔ ဘယ္ကိုခ်ိဳးဟဲ့”

က်ဳပ္တို႔လည္းေျပးရင္း ဘယ္ဖက္ကိုခ်ိဳးေျပးတာေပါ့ဗ်ာ၊ ႏြားအုပ္ကလည္း က်ဳပ္တို႔ကိုလိုက္တာေပါ့၊

“ခ်ိဳတူးေရ ႐ြာထဲကိုဝင္ေျပးဟ”

က်ဳပ္နဲ႔ခ်ိဳတူးလည္း ႐ြာဖက္ကိုလွည့္လိုက္တယ္၊ မၾကာပါဘူး ႐ြာတံခါးနားေရာက္လာၾကတယ္ဗ်၊ ဒီေတာ့ ငေသာင္းက ေလတစ္ခ်က္ခြၽန္လိုက္တာနဲ႔ ႐ြာတံခါးနားမွာ ျမက္စားေနတဲ့ ႏြားဆယ္ေကာင္ေလာက္က က်ဳပ္တို႔ဆီကိုေျပးလာပါေရာဗ်ာ။

“ေဟ့ မျဖစ္ဘူး၊ မတိုးနဲ႔ခ်ိဳတူးေရ၊ ညာဘက္ကို ပတ္ေျပးဟ”

က်ဳပ္တို႔လည္း ႐ြာထဲကိုမဝင္ရဲေတာ့ဘူးဗ်ာ၊ ႏြားေတြက အဲဒီဘက္ကေန ေျပးလာတာမဟုတ္လား၊ ႏြားကခ်ိဳနဲ႔၊ က်ဳပ္တို႔က ခ်ိဳမပါဘူး၊ ၿပိဳင္တိုးရင္က်ဳုပ္တို႔နာမွာေပါ့ဗ်ာ၊ ဒါနဲ႔ ညာဘက္ကို ပန္းတက္ၿပီးေျပးရတယ္၊ အဲဒီညာဘက္ကြင္းထဲက ႏြားေတြကလည္း က်ဳပ္တို႔ႏွစ္ေယာက္ကိုျမင္တာနဲ႔ ေျပးလိုက္တာပဲဗ်ာ၊ ေနာက္ဆုံး ႏြားေတြက က်ဳပ္တို႔ကိုလိုက္ရင္းနဲ႔ အေကာင္တစ္ရာေလာက္ကိုျဖစ္သြားတယ္ဗ်၊ လမ္းမွာ ရွိသမွ်ႏြားေတြကလည္း က်ဳပ္တို႔ကိုလိုက္တာပဲ၊ က်ဳပ္လည္း ေျပးရင္းအေနာက္လွည့္ၾကည့္ေတာ့ ငေသာင္းက ႏြားေက်ာကုန္းတစ္ခုေပၚကေန ေနာက္တစ္ေကာင္ရဲ႕ေက်ာကုန္းေပၚကို လႊားခနဲခုန္တက္ၿပီး ေအးေအးလူလူသြားလာေနတာပါပဲဗ်ာ။

ေျပးရင္းလႊားရင္းနဲ႔ အေရွ႕ကြင္းထဲမွာ လူႏွစ္ရပ္အျမင့္ေလာက္ရွိတဲ့ သစ္ပင္ကေလးတစ္ခုေတြ႕သဗ်၊ ဒါနဲ႔က်ဳပ္လည္း အဲဒီသစ္ပင္ဆီကိုေျပးတာေပါ့ဗ်ာ၊ ႏြားဘယ္ေလာက္မာမာသစ္ပင္ကိုေတာ့ မေဝွ႔ဘူးမဟုတ္လား၊ ခ်ိဳတူးကေတာ့ သူ႔ဖာသာသူ ဘယ္ဆက္ေျပးေျပးေပါ့ဗ်ာ၊ အသက္ေဘးဆိုေတာ့ ကိုယ္လြတ္ေအာင္ပဲ ႀကံရတာပဲမဟုတ္လား။

က်ဳပ္လည္းေျပးရင္း သစ္ပင္နားေရာက္ေတာ့ သစ္ပင္ေပၚကိုတစ္ခါတည္းေျပးခုန္တက္လိုက္တယ္၊ က်ဳပ္နဲ႔ခ်ိဳတူးက အႀကံတူသဗ်၊ ဒီေကာင္လည္း သစ္ပင္ကေလးအေပၚကို လွမ္းခုန္တက္လိုက္တာ၊ လက္ေမာင္းလုံးေလာက္ေတာင္ မတုတ္တဲ့သစ္ပင္ကေလးအေပၚကို က်ဳပ္တို႔ႏွစ္ေယာက္ၿပိဳင္ ခုန္တက္တာဆိုေတာ့ သစ္ပင္ကေလးဆိုရင္ ၫႊတ္ကိုက်သြားတာဗ်ာ၊ က်ဳပ္တို႔လည္း ႏြားတစ္ရပ္လႊတ္တဲ့အထိ သစ္ပင္ေပၚကိုကုပ္ဖက္တက္ရေတာ့တယ္၊ သစ္ပင္ကေသးေသး လူႀကီးကႏွစ္ေယာက္ဆိုေတာ့ သစ္ပင္က ေလတိုက္တိုင္း ဘယ္ယိမ္း၊ ညာယိမ္းနဲ႔ ၫြတ္ေနပါေရာလားဗ်ာ။

ႏြားအုပ္က သစ္ပင္နားေရာက္ေတာ့ တန႔္သြားတယ္ဗ်၊ ငေသာင္းကေတာ့ ႏြားေတြေက်ာေပၚမွာ ေဘးတစ္ေစာင္းလက္ေထာက္အိပ္ရင္း လိုက္လာတာဗ်၊ ႏြားေတြက သစ္ပင္အဝန္းအဝိုင္းနားကို တိုးမလာဘဲ သစ္ပင္ကိုခ်ည္း လွည့္ပတ္ေျပးေနေတာ့တာပဲ၊ ငေသာင္းဆိုတဲ့လူကေတာ့ ႏြားလားတစ္ေကာင္ေပၚကေနၿပီး ပုံစံမ်ိဳးစုံနဲ႔ တက္စီးျပေနတာဗ်ာ၊ က်ဳုပ္ျဖင့္ တစ္သက္နဲ႔တစ္ကိုယ္ ႏြားကိုဒီလိုအမ်ိဳးမ်ိဳးစီးႏိုင္တဲ့လူ ဒီတစ္ခါပဲ ျမင္ဖူးေသးတယ္။

က်ဳပ္နဲ႔ခ်ိဳတူးလည္း ႏြားေတြကို သစ္ပင္ေပၚကေန အမ်ိဳးမ်ိဳးေျပာင္ျပၾကတာေပါ့ဗ်ာ၊ ႏြားေတြက ေဒါသေတာ့ေတာ္ေတာ္ထြက္တယ္ဗ်၊ ဒါေပမယ့္ သစ္ပင္ကိုေတာ့ မတိုးဝံ့ၾကဘူး၊ သစ္ပင္ကိုဝိုင္းပတ္ၿပီးေတာ့ ခဏၾကာေတာ့ ႏြားေတြေမာသြားတယ္ထင္ပါရဲ႕ အကုန္လုံးရပ္ၿပီး လာရာလမ္းကို တညီတၫြတ္တည္းစုၿပီး ျပန္ပါေရာလားဗ်ာ၊ ငေသာင္းဆိုတဲ့လူကေတာ့ ႏြားလားတစ္ေကာင္နဲ႔ က်န္ခဲ့သဗ်။

“ဟိုလူႏွစ္ေယာက္၊ က်ဳပ္ဘယ္လိုႏြားေက်ာင္းသလဲဆိုတာ ယုံၿပီမဟုတ္လား”

ငေသာင္းက ခပ္ႂကြားႂကြားေျပာတယ္ဗ်။

“ေအး၊ ယုံၿပီေဟ့၊ ႏြားလားတစ္ေထာင္ တစ္ေကာင္တည္းေက်ာင္းတယ္ဆိုတာ ငါတို႔လက္ေတြ႕ပါပဲ”

“ဒါဆိုရင္လည္း အပင္ေပၚကေနဆင္းလာၾကေတာ့ေလဗ်ာ”

ငေသာင္းကို က်ဳပ္က ယုံခ်င္ေပမယ့္ ခ်ိဳတူးကလုံးဝမယုံဘူး။

“ကိုအလတ္ေကာင္ မဆင္းနဲ႔ေနာ္၊ ေတာ္ၾကာ က်ဳပ္တို႔ဆင္းေတာ့မွ သူ႔ႏြားနဲ႔လိုက္ေဝွ႔ခိုင္းေနရင္ ထပ္ေျပးေနရအုံးမယ္”

“မင္းကလည္း ဟုတ္ပါ့မလား”

“သတိဆိုတာ ပိုတယ္မရွိဘူးကိုအလတ္ေကာင္ေရ၊ ခုနက ႏြားေတြကလည္း ခပ္လွမ္းလွမ္းကိုေရာက္ေသးတာမဟုတ္ဘူး”

က်ဳပ္လည္း ခ်ိဳတူးေျပာတာဟုတ္တာနဲ႔ သစ္ပင္ေပၚက မဆင္းဘူးေပါ့ဗ်ာ၊ ခဏၾကာေတာ့ ငေသာင္းက ထပ္ေအာ္သဗ်။

“ဆင္းလာခဲ့ပါေတာ့ဗ်ာ၊ အဲဒီအပင္မွာ ၾကာၾကာမေနေကာင္းဘူးဗ်”

“ေအာင္မာ၊ မဆင္းဘူးေဟ့၊ မင္းက ငါတို႔ကို ႏြားနဲ႔လိုက္ေဝွ႔ခိုင္းေနရင္ ဘယ့္ႏွယ့္လုပ္မလဲ”

“မေဝွ႔ခိုင္းေတာ့ပါဘူးဗ်ာ၊ ခင္ဗ်ားတို႔ မယုံဘူးဆိုလို႔ က်ဳပ္က ျပတာပါဗ်”

“ဟား၊ ဟား တကယ္မလုပ္ဘူးဆိုရင္ ခင္ဗ်ားစီးထားတဲ့ ႏြားလားႀကီးကို ျပန္လႊတ္လိုက္ေလဗ်ာ၊ ဟုတ္တယ္မဟုတ္လား ခ်ိဳတူး”

က်ဳပ္ခ်ိဳတူးဘက္ကိုလွည့္ၾကည့္လိုက္ေတာ့ ခ်ိဳတူးတစ္ေယာက္မရွိေတာ့ဘူးဗ်၊ ဒါနဲ႔ သစ္ပင္ေအာက္မ်ားဆင္းသြားသလားဆိုၿပီးၾကည့္လိုက္ေတာ့ သစ္ပင္ေအာက္မွာလည္းမရွိဘူး၊ ဒါနဲ႔ အေပၚကိုေမာ့ၾကည့္လိုက္ေတာ့ ခ်ိဳတူးက သစ္ပင္ေပၚမွာ ေဇာက္ထိုးႀကီး တြဲေလာင္းျဖစ္ေနတယ္ဗ်။

“ေဟ့ ခ်ိဳတူး၊ ေဇာက္ထိုးႀကီးဘယ္လိုျဖစ္တာလဲ”

ခ်ိဳတူးမ်က္ႏွာက ေတာ္ေတာ္ထိတ္လန႔္ေနတဲ့မ်က္ႏွာနဲ႔

“ကိုအလတ္ေကာင္၊ က်ဳပ္ကေဇာက္ထိုးေနမလားဗ်၊ အေပၚမွာ၊ အေပၚမွာ”

က်ဳပ္ဆက္ၾကည့္ေတာ့မွ ခ်ိဳတူးရဲ႕ေျခသလုံးႏွစ္ဖက္ကို ဆြဲကိုင္ထားတဲ့အေကာင္ႀကီးကိုေတြ႕လိုက္ရေရာဗ်ိဳ႕။ အေကာင္ႀကီးက ေမ်ာက္ဝံႀကီးနဲ႔ေတာင္ တူသဗ်ာ၊ တစ္ကိုယ္လုံးလည္း အက်ိအခြၽဲေတြကပ္လို႔၊ ဒီေတာ့မွ က်ဳပ္လည္း သစ္ပင္ေပၚက ခုန္ဆင္းဖို႔လုပ္ေတာ့ က်ဳပ္လည္ကုတ္ကို လက္ႀကီးတစ္ဖက္က ဆြဲထည့္လိုက္ပါေရာဗ်ာ၊ က်ဳပ္လည္း သစ္ပင္အဖ်ားေလာက္ကို ပါသြားတာေပါ့၊ ငေသာင္းက အဲဒီအေကာင္ႀကီးကို ေလးခြနဲ႔ပစ္တယ္ဗ်။

“ကယ္ၾကပါအုံး၊ ကယ္ၾကပါအုံး”

“ခင္ဗ်ားတို႔ကို က်ဳပ္ေျပာသားပဲ သစ္ပင္ေပၚက ျပန္ဆင္းလာၾကပါဆို”

ခ်ိဳတူးက ေဇာက္ထိုးႀကီးနဲ႔ေအာ္တယ္၊ က်ဳပ္ကလည္း ဂုတ္ကိုအဆြဲခံထားရတာဆိုေတာ့ တန္းလန္းႀကီးေပါ့ဗ်ာ၊ က်ဳပ္က အေရးႀကဳံရင္ ဘယ္သူ႔ေခၚရမလဲဆိုတာ သိၿပီးသားပါ၊ ဒါနဲ႔ စိတ္ထဲက ဦးဘသာမ်က္ႏွာကိုျမင္ေယာင္လိုက္ၿပီးေတာ့ ဦးဘသာကို တမ္းတလိုက္တယ္။

“ဦးဘသာ လုပ္ပါအုံးဗ်ာ”

သစ္ပင္ႀကီးက တခ်က္ျဖန္းခနဲုတုန္သြားၿပီးေတာ့ ဒီေကာင္ႀကီးက က်ဳပ္ကိုသူ႔မ်က္ႏွာအေရွ႕ကိုဆြဲလိုက္ပါေရာဗ်ာ၊ သူ႔မ်က္ႏွာက လူဝံမ်က္ႏွာႀကီးလိုပဲ အတြန႔္အတြန႔္ေတြနဲ႔ ေၾကာက္စရာႀကီးဗ်ာ၊ အစြယ္ႀကီးေတြေငါထြက္ေနတဲ့ သူ႔ပါးစပ္ကိုဟလိုက္တာ ပါးစပ္ေပါက္ႀကီးက စေကာတစ္ခ်ပ္စာေလာက္ကို က်ယ္သြားတာဗ်ာ၊ ပါးစပ္ထဲမွာေတာ့ သြားေတြ၊ အစြယ္ေတြက အျပည့္ပဲ။ က်ဳပ္ကို ဂုတ္ကေနကိုင္ၿပီးေတာ့ သူ႔ပါးစပ္ႀကီးထဲ ေျခေထာက္ကေနစထည့္တာဗ်ာ၊ စေကာေလာက္အေပါက္ဆိုေတာ့ က်ဳပ္တို႔တစ္ကိုယ္လုံး ဝင္ဆန႔္မယ္ေတာင္ထင္တယ္ဗ်ာ၊ က်ဳပ္ေျခေထာက္ေတြ သူ႔သြားေတြနဲ႔ထိေတာ့ ေျခေထာက္မွာ အက်ိအခြၽဲေတြကပ္လာေသးသဗ်ာ။

သစ္ပင္ႀကီးက တစ္ခ်က္သိမ့္ခနဲတုန္သြားၿပီးေတာ့ သစ္႐ြက္ေတြေႂကြသြားပါေရာဗ်ာ၊ ဒီေတာ့အေကာင္ႀကီးက သစ္ပင္ေအာက္ကိုငုံ႔ၾကည့္တယ္ဗ်။ သစ္ပင္ေအာက္မွာေတာ့ ဦးဘသာက ေပါက္ဆိန္တစ္လက္ကိုင္ၿပီး သစ္ပင္ကို ေပါက္ေနပါေရာ။

(၄)

အေကာင္ႀကီးက စိတ္ဆိုးမာန္ဆိုးနဲ႔ သစ္ပင္ေျခရင္းကို ခုန္ဆင္းလိုက္ပါေရာဗ်ာ၊ လက္ထဲကိုင္ထားတဲ့ က်ဳပ္ကိုလည္း ေလေပၚေျမႇာက္တင္လိုက္တာဗ်၊ ဝါးႏွစ္ျပန္စာေလာက္ ေလေပၚေျမာက္တက္သြားတာဗ်ာ၊ ရင္ကိုေအးသြားတာပဲ၊ ဒီေလာက္အျမင့္ကေန ေအာက္ကိုျပန္က်ရင္ေတာ့ ေသရင္ေသ၊ မေသရင္က်ိဳးၿပီလို႔ က်ဳပ္စိတ္ထဲကေတြးၿပီး မ်က္စိမွိတ္ထားလိုက္တာပဲ၊ ေလေပၚတက္ၿပီး မၾကာပါဘူး ခ်က္ခ်င္းျပန္ျပဳတ္က်တာပဲဗ်ာ၊ ဒါေပမယ့္ က်ဳပ္ေျမႀကီးနဲ႔ကိုယ္နဲ႔မထိဘူးဗ်၊ မာမာေက်ာေက်ာ၊ ပြပြအိအိ အထိအေတြ႕ရလို႔ မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ ငေသာင္းရဲ႕ႏြားႀကီးေပၚကိုက်တာဗ်။ ႏြားက က်ဳပ္ကိုေျပးခံတယ္ထင္ပါတယ္၊ က်ဳပ္လည္း ဒီေတာ့မွ ေျမေပၚကိုဆင္းလိုက္ရတယ္၊ ခ်ိဳတူးတစ္ေယာက္ကေတာ့ သစ္ပင္ထိပ္ဖ်ားမွာပဲ ေပါ့။

“ေဟ့ေကာင္၊ မင္းဘာေကာင္လည္း၊ ဒီအပင္က ဘာအပင္လို႔မင္းထင္ေနတာလဲ”

ဦးဘသာက မထုံတတ္ေတး႐ုပ္နဲ႔ဗ်။

“ထင္းစိုက္ပါမယ္ဆိုမွ ဘာအပင္လည္းလို႔ သိစရာလိုေနမွာလား၊ က်ဳပ္ထင္းလိုတယ္၊ ဒီအပင္ကို ခ်ိဳင္မွျဖစ္မယ္”

“ေအာင္မယ္၊ ရာရာစစ၊ လူပါးဝလို႔ ဒါငါ့အပင္ဟဲ့၊ ငါေနတဲ့အပင္၊ မင္းငါဘယ္သူလဲဆိုတာသိသလား”

ဦးဘသာက ေခါင္းခါျပတယ္။ အေကာင္ႀကီးက သူ႔ကိုယ္သူလက္ညႇိဳးထိုးျပၿပီးေတာ့

“ငါ့နာမည္စိန္မွန္တဲ့ေဟ့၊ ကြင္းပိုင္ႀကီးက ေဟာဒီအပင္ေနရာကို အပိုင္စားေပးထားတာ၊ ငါ့အပင္အရိပ္ေအာက္ ေရာက္လာတဲ့ သတၱဝါမွန္သမွ် ငါ့မွာဖမ္းဆီးစားပိုင္ခြင့္ရွိတယ္ဆိုတာ မင္းသိသလား”

ဦးဘသာက လက္ႏွစ္ဖက္ကို ေဘးကိုဆန႔္တန္းလိုက္ၿပီး

“ေအးကြာ၊ ငါ့ကိုစားမယ္ဆိုရင္လည္း စားစမ္း”

“ဟား၊ ဟား ငါ့တစ္သက္နဲ႔တစ္ကိုယ္ ဒီလိုသတၱိရွိတဲ့လူကို အခုမွပဲ ျမင္ဖူးတာပဲေဟ့”

ငေသာင္းက အေတာ္စိုးထိတ္ေနတယ္ဗ်၊

“မျဖစ္ဘူးေနာ္၊ ဒီအဘႀကီးေတာ့ ေသေတာ့မွာပဲ”

“ဘာျဖစ္လို႔လဲ၊ ဒီသရဲႀကီးက တကယ္ပဲလူစားသလား”

“စားတာေပါ့ဗ်ာ၊ အဲဒီစိန္မွန္ဆိုတဲ့လူက လူတုန္းကတည္းက ခပ္ၾကမ္းၾကမ္းဗ်၊ ေသၿပီးေတာ့လည္း သရဲျဖစ္သြားေတာ့ ပိုၾကမ္းေနတာ၊ ေဟာဒီကြင္းထဲက အဲဒီသစ္ပင္ကေလးမွာေနထိုင္လို႔ ဒီကြင္းကိုေတာင္ စိန္မွန္ကြင္းလို႔ လူေတြေခၚၾကတာ၊ အဲဒီသစ္ပင္ေအာက္ကို လူမေျပာနဲ႔၊ ႏြားေတြ၊ ဆိတ္ေတြေတာင္မသြားဝံ့ဘူး၊ ယုတ္စြအဆုံး ငွက္ေတာင္မွ အဲဒီအပင္မွာ မနားရဲ႕ဘူးတဲ့ဗ်၊ သူ႔အပင္ဆီေရာက္တဲ့အရာ မွန္သမွ်ကို စားပစ္တယ္ဆိုပဲ”

“ဟာဗ်ာ၊ ခင္ဗ်ား ဒါကိုေစာေစာစီးစီးမေျပာဘူး”

“ေျပာမလို႔ပါဘဲ၊ သစ္ပင္အနားမွာ မေျပာဝံ့တာနဲ႔ ခင္ဗ်ားတို႔ကိုျမန္ျမန္ျပန္ဆင္းလာခိုင္းတာ”

သရဲႀကီးစိန္မွန္က ဦးဘသာလက္ကို သူ႔လက္ႀကီးနဲ႔ကိုင္ၿပီး လိမ္ခ်ိဳးခ်လိုက္ပါေရာဗ်ာ၊ ဂြၽတ္၊ ေျဖာင္း ဆိုတဲ့အသံႀကီးနဲ႔အတူ သစ္ကိုင္းက်ိဳးသံလိုအသံႀကီးထြက္ေပၚလာၿပီးေတာ့ သရဲႀကီးက အသံကုန္ဟစ္ေအာ္တယ္ဗ်၊ က်ဳပ္တို႔လွမ္းၾကည့္လိုက္ေတာ့ သရဲႀကီးရဲ႕ လက္တစ္ဖက္က တြဲေလာင္းႀကီးက်လို႔ဗ်၊ ဦးဘသာက သရဲကိုၾကည့္ၿပီး

“ငါဘာမွမလုပ္ရေသးဘူးေနာ္၊ မင္းပဲ ငါ့လက္ကိုအရင္ခ်ိဳးတာ”

သရဲႀကီးက မေက်နပ္ဘဲ ဦးဘသာရဲ႕ေျခေထာက္ကို သူ႔ေျခေထာက္နဲ႔ျဖတ္ကန္ထည့္လိုက္တယ္ဗ်ာ၊ ဝုန္းခနဲအသံႀကီးနဲ႔ သရဲႀကီးက ေျမေပၚလဲက်သြားတာပဲ၊ ၿပီးေတာ့ သူ႔ေျခေထာက္ကိုသူျပန္ပြတ္တယ္။ ေတာ္ေတာ္နာသြားပုံရတယ္။

“ခင္ဗ်ားဘာလုပ္ထားတာလဲအဘိုးႀကီး”

“ေဟ့ေအး၊ ငါဘာမွမလုပ္ရေသးပါဘူးကြာ၊ မင္းပဲငါ့ကိုလုပ္ေနတာမဟုတ္လား”

ဦးဘသာ ျပန္ေျပာေတာ့ သရဲႀကီးစိန္မွန္က ပါးစပ္ႀကိးကိုၿပဲေနေအာင္ၿဖဲၿပီးေတာ့ ဦးဘသာေခါင္းကို ကိုက္ခ်လိုက္ပါေရာဗ်ာ၊ ဒါေပမယ့္ ပါးစပ္မပိတ္ရခင္မွာပဲ သရဲႀကီးက သူ႔ေခါင္းကို လက္ႏွစ္ဖက္နဲ႔ အုပ္ကိုင္ၿပီးေတာ့ ညည္းညဴေနေတာ့တာပါပဲဗ်ာ။

“ဘယ္လိုလဲကြ စိန္မွန္ရ၊ မင္းငါ့ကို စားမရဘူးလား”

“က်ဳပ္ခင္ဗ်ားကို မစားေတာ့ဘူးအဘိုးႀကီး၊ ခင္ဗ်ားကိုလႊတ္ေပးလိုက္ၿပီ၊ ခင္ဗ်ားက်ဳပ္ေနရာကေန အခုခ်က္ခ်င္းထြက္သြား”

ဦးဘသာက ေပါက္ဆိန္ကိုလွမ္းေကာက္ၿပီးေတာ့

“မင္းငါ့ကိုမစားဘူးဆိုလည္း မင္းသေဘာေပါ့ကြာ၊ ငါကေတာ့ ဒီသစ္ပင္ႀကီးကို ခုတ္ရမယ္ေဟ့”

“ခင္ဗ်ားကို မစားဘူးလို႔ေျပာၿပီးၿပီဘဲ သြားပါေတာ့ဗ်ာ”

“ဟ၊ မင္းငါ့ကိုမစားတာ မင္းအပိုင္း၊ ငါကေတာ့ အိမ္မွာခ်က္ျပဳတ္စားဖို႔ ထင္းလိုတယ္၊ ဒီေတာ့ ဒီသစ္ပင္ကို ငါခုတ္ရမယ္”

ဦးဘသာက ပင္စည္ကိုေပါက္ဆိန္နဲ႔တအားလႊဲခုတ္မယ္လုပ္ေတာ့မွ သရဲႀကီးစိန္မွန္က ေတာင္းပန္ရွာတယ္။

“မလုပ္ပါနဲ႔ဗ်ာ၊ က်ဳပ္ေနတဲ့အပင္ကိုေတာ့ မဖ်က္ဆီးပါနဲ႔ဗ်ာ၊ ကြင္းထဲလည္း ဒီတစ္ပင္ပဲရွိေတာ့တာ၊ ဒီအပင္မရွိရင္ က်ဳပ္ေနစရာမရွိေတာ့ဘူးဗ်”

ဦးဘသာက ေပါက္ဆိန္ထမ္းရင္း

“ေအး၊ ဒါဆို ငါေျပာမယ္ စိန္မွန္၊ သစ္ပင္ဆိုတာက လူသားေတြနဲ႔ သဟာဇာတျဖစ္တည္လာတာကြ၊ ေနပူႀကီးထဲကလာၿပီးေတာ့ သစ္ရိပ္ဝါးရိပ္ခိုတဲ့လူေတြ ေအးျမပါေစလို႔ စိတ္ထားရင္ ကုသိုလ္ေတာင္ရေသးသကြ၊ ဒါေၾကာင့္ ေရွးလူႀကီးသူမေတြက လမ္းနံေဘးေတြ၊ လြင္ထီးေခါင္ေတြမွာ သစ္ပင္ေတြရေအာင္စိုက္ခဲ့ၾကတာေပါ့ကြာ၊ ဒါကို မင္းက မင္းအရိပ္ကိုလာတဲ့လူမွန္သမွ် ဖမ္းစားတယ္တဲ့လား”

သရဲႀကီးစိန္မွန္တစ္ခ်က္ၿငိမ္သြားတယ္၊ ဦးဘသာက သရဲႀကီးကိုလက္ညႇိဳးထိုးၿပီးေတာ့

“ဒီမယ္စိန္မွန္ မင္းအရိပ္ကိုဝင္တဲ့သူေတြကို မင္းဖမ္းစားပိုင္ခြင့္ရွိတယ္၊ ကြင္းပိုင္ကလည္း ခြင့္ျပဳထားတယ္ဆိုေတာ့ ငါမတားဘူး၊ ဒါေပမယ့္ မင္းအရိပ္ကို ငါဝင္ခဲ့ၿပီ၊ ဒီေတာ့ မင္းငါ့ကိုအရင္စားရမယ္၊ စားမလား”

သရဲႀကီးက ေခါင္းတခါခါနဲ႔

“မစားဝံ့ပါ၊ မစားဝံ့ပါဆရာႀကီး”

“ဒီေတာ့ ဒီေန႔ကစၿပီး မင္းအရိပ္မွာဝင္တဲ့တျခားလူေတြကို ဖမ္းစားခ်င္ရင္ ငါ့ကိုအရင္စားရမယ္၊ ငါ့ကိုစားၿပီးမွ တျခားသူကိုစားရမယ္၊ မင္းငါ့ကိုမစားရေသးမခ်င္း တျခားသူေတြကို စားခြင့္မရွိဘူး၊ ဟုတ္ၿပီလား”

သရဲစိန္မွန္က ေၾကာက္ေၾကာက္နဲ႔ေခါင္းညိတ္တယ္။ ဦးဘသာက ေပါက္ဆိန္ကိုလက္ဝါးေပၚတက္ၿပီး တျခားလက္တစ္ဖက္နဲ႔အုပ္လိုက္တယ္ဗ်၊ ဒီအခ်ိန္မွာ ေပါက္ဆိန္က တျဖည္းျဖည္းေသးသြားတာပဲဗ်ာ၊ ဦးဘသာလက္ထဲ တစ္လက္မေလာက္ရွိတဲ့ ေပါက္ဆိန္ကေလးျဖစ္သြားေရာဗ်ိဳ႕၊ ဦးဘသာက ေပါက္ဆိန္ကိုလက္ညႇိဳးထိုးျပရင္း

“မင္း င့ါကိုမစားရေသးဘဲနဲ႔ တျခားလူကို ရန္ျပဳမယ္ႀကံရင္၊ ေဟာဒီ ေမွာ္ေပါက္ဆိန္က ဒီအပင္ကို သူ႔အလိုလိုခုတ္ပိုင္းသြားလိမ့္မယ္၊ မင္းမယုံရင္ စမ္းၾကည့္လိုက္ စိန္မွန္”

ဦးဘသာကေျပာၿပီးေတာ့ သူ႔လက္ဝါးကို သစ္ပင္ပင္စည္နဲ႔႐ိုက္ထည့္လိုက္တာ သစ္ပင္ႀကီးလႈပ္သြားၿပီးေတာ့ လက္ထဲကေပါက္ဆိန္ကေလးေပ်ာက္သြားၿပီး သစ္ပင္ပင္စည္ထဲကို ဝင္သြားတယ္ဗ်၊ ေဇာက္ထိုးႀကီးျဖစ္ေနတဲ့ ခ်ိဳတူးလည္း သစ္ပင္ေပၚကေန ဒလိမ့္ေခါက္ေကြး ျပဳတ္က်လာေတာ့တာပါပဲ၊ သစ္ပင္က သိပ္မျမင့္လို႔သာ ေတာ္ေသးတာေပါ့ဗ်ာ၊ က်ဳပ္လည္း ခ်ိဳတူးကိုေျပးဆြဲရတယ္၊ ငေသာင္းက သစ္ပင္အရိပ္ေအာက္ မဝင္ဝံ့ေသးဘူးဗ်၊ ခ်ိဳတူးကိုဆြဲထူၿပီးၾကည့္လိုက္ေတာ့ ဦးဘသာ မရွိေတာ့ဘူး။ သရဲႀကီးစိန္မွန္လည္း သစ္ပင္ေပၚကိုတေျဖာေျဖာနဲ႔ ျပန္တက္ၿပီးေတာ့ ေပ်ာက္သြားတာပဲဗ်။

က်ဳပ္တို႔သစ္ပင္ရိပ္က ထြက္လာေတာ့ ငေသာင္းက အနားေရာက္လာတယ္၊ ခ်ိဳတူးက ငေသာင္းကိုလက္ညႇိဳုးထိုးၿပီး

“အဲဒါခင္ဗ်ားေၾကာင့္၊ ခင္ဗ်ားသာ ႏြားေတြနဲ႔မလိုက္ရင္ က်ဳပ္တို႔ဒီလိုျဖစ္မွာမဟုတ္ဘူး”

ငေသာင္းက ရယ္က်ဲက်ဲနဲ႔ ေခါင္းကုပ္ရင္း

“ဒါနဲ႔ မင္းတို႔က ဘာလို႔ ဆိုင္းေနာက္ထ ငေသာင္းကို လိုက္ရွာေနၾကတာလဲ”

“ဘာလို႔ရွာရမလဲဗ်၊ ဦးလူလွဆိုင္း ျပန္စေနၿပီ၊ မနက္ကပဲ ဆိုင္းငွားတဲ့လူေတြလာေတာ့ ေနာက္ထတစ္ေယာက္လိုေနတယ္ဆိုတာနဲ႔ ငေသာင္းကိုလိုက္ရွာေခၚတာပဲ၊ ဘယ္မလဲ အဲဒီဆိုင္းေနာက္ထ ငေသာင္း”

ငေသာင္းက ေပ်ာ္သြားၿပီးေတာ့

“ဟာ၊ ခင္ဗ်ားတို႔ဗ်ာ၊ အဲဒါမ်ား ေစာေစာကမေျပာဘူး၊ ဆိုင္းေနာက္ထငေသာင္းဆိုတာ ႏြားလားတစ္ေထာင္တစ္ေယာက္တည္းေက်ာင္းတဲ့ ေဟာဒီက ႏြားေက်ာင္းသား ငေသာင္းေပါ့ဗ်”

က်ဳပ္နဲ႔ခ်ိဳတူး တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္လိုက္မိတယ္။

“ဘယ္လိုဗ်”

“ဟုတ္တယ္၊ ဦးလူလွဆိုင္းနားသြားေတာ့ က်ဳပ္လည္း အလုပ္မရွိတာနဲ႔ ဒီ႐ြာမွာပဲ သူမ်ားႏြားကို အငွားလိုက္ေက်ာင္းေနရတာပဲ၊ ခင္ဗ်ားတို႔သာ ေစာေစာေျပာရင္ က်ဳပ္ႏြားနဲ႔မတိုက္ပါဘူးဗ်ာ”

ဒါနဲ႔ ငေသာင္းကိုေခၚၿပီး က်ဳပ္တို႔႐ြာထဲကို ျပန္ဝင္ခဲ့တာေပါ့ဗ်ာ၊

“ဒါနဲ႔ ခင္ဗ်ားက ဘယ္လိုလုပ္ၿပီး ႏြားလားတစ္ေထာင္ကို တစ္ေယာက္တည္းေက်ာင္းႏိုင္ရတာလဲ၊ နည္းေကာင္းေလး ဘာေလးရွိရင္ က်ဳပ္ကိုမွ်ပါအုံးဗ်ာ”

က်ဳပ္ေမးေတာ့ ငေသာင္းကၿပဳံးရင္း လြယ္အိတ္ကိုႏႈိက္တယ္ဗ်၊ ၿပီးေတာ့ လြယ္အိတ္ထဲကေန ေျခာက္လက္မေလာက္ရွိတဲ့ အ႐ိုးတစ္ခုကိုထုတ္ျပတယ္၊ အ႐ိုးကေတာ့ ခပ္ႀကီးႀကီးပါဗ်ာ၊ အေပါက္ေတြလည္းပါေသးတယ္။

“ဒီအ႐ိုးက ဘာစြမ္းလို႔လဲဗ်”

“စြမ္းတာေပါ့၊ ဒီအ႐ိုးက ၾကန္စုံႏြားရဲ႕ ေရွ႕ထြက္႐ိုးကြ၊ ေရွ႕ထြက္႐ိုးဆိုတာက ၾကန္စုံႏြားကိုလမ္းေလွ်ာက္ခိုင္းရင္ အရင္ဆုံးေျခလွမ္းစေလွ်ာက္တဲ့ ေျခေထာက္က အ႐ိုးကိုေခၚတာ၊ အဲဒီအ႐ိုးကို ပုေလြပုံစံလုပ္ၿပီး ႏြားေက်ာင္းသားေမွာ္သြင္းထားရင္ ႏြားေတြကို ႏိုင္တယ္ကြ၊ မင္းတို႔ မ်က္ျမင္ပဲမဟုတ္လား”

“ဟုတ္ပါ့ဗ်ာ၊ ဒါနဲ႔ခင္ဗ်ား ဒီအ႐ိုးကိုဘယ္ကရတာလဲဗ်”

“က်ဳပ္ႏြားေက်ာင္းရင္း ရေသ့ႀကီးတစ္ပါးနဲ႔ေတြ႕ၿပီး ရေသ့ႀကီးက ခ်ီးျမႇင့္ခဲ့တာပဲဗ်ာ၊ ေျပာရရင္ေတာ့ ရွည္ပါတယ္၊ ဒီအ႐ိုးပုေလြေၾကာင့္ ႏြားကိုႏိုင္ေနတာဗ်”

က်ဳပ္တို႔ေတြလည္း ႐ြာထဲကိုေျပးဝင္လာတာေပါ့ဗ်ာ၊ မၾကာခင္ဦးလူလွဆီကိုေရာက္လာၾကတာေပါ့၊

“ဟာ၊ ငေသာင္းေရ၊ မင္းကိုေခၚခိုင္းတာၾကာေပါ့၊ မင္းက အခုမွေပၚလာေတာ့တယ္၊ လာကြာ ထိုင္ထိုင္”

ငေသာင္းက ကြပ္ပ်စ္ေပၚကိုတစ္ခ်က္ေဝ့ၾကည့္ၿပီး

“ဟာ၊ ဘႀကီးေနာင္၊ ကိုဗလ၊ ကိုျမႀကီးတို႔လည္း ေရာက္ေနၾကၿပီကိုး၊ က်ဳပ္ကိုေတာင္မေျပာဘူးဗ်ာ”

“တို႔လည္း ဆိုင္းသံၾကားမွ ေျပးလာခဲ့တာပဲ”

ငေသာင္းက ကြပ္ပ်စ္ေပၚကိုဆက္ၾကည့္ရင္း ေရေႏြးေသာက္ေနတဲ့ ဦးဘသာကိုျမင္ေတာ့ သရဲသဘက္ကိုေတြ႕သလိုမ်ိဳး ေၾကာက္လန႔္သြားတယ္ဗ်။ ၿပီးေတာ့ ဦးဘသာကို လက္ညႇိဳးထိုးၿပီး

“ဒီ၊ ဒီအဘႀကီးက ခုနကတုန္းက စိန္မွန္ကြင္းမွာ ရွိေနတာမဟုတ္လား၊ ဘယ္လိုလုပ္ၿပီး က်ဳပ္တို႔ထက္ေစာေရာက္ေနပါလိမ့္”

ဦးလူလွက မ်က္ေမွာင္ၾကဳတ္ၿပီး

“ငေသာင္း မင္းဘာေတြေျပာေနတာလဲ၊ ကိုဘသာက တစ္ခ်ိန္လုံး ဒီမွာပဲထိုင္ၿပီး စကားေျပာေနတာပါကြ၊ ဘယ့္ႏွယ့္ စိန္မွန္ကြင္းေရာက္ရမွာတုန္း”

“မ၊ မဟုတ္ပါဘူးဗ်ာ၊ ခုနကပဲ ေပါက္ဆိန္ႀကီးထမ္းၿပီးေတာ့ ေရာက္လာတာပါ”

ဦးဘသာက ရယ္က်ဲက်ဲနဲ႔ ငေသာင္းကိုၾကည့္ရင္း

“မဟုတ္ပါဘူးကြာ၊ မင္းလူမွားတာျဖစ္မွာပါကြ”

ငေသာင္းက တစ္ခ်က္ေတြေဝသြားၿပီး

“လူမွား၊ အဲ၊ အဲ၊ လူမွား၊ ဟုတ္၊ ဟုတ္မယ္”

ငေသာင္းေတြေတြေဝေ၀ျဖစ္သြားကတည္းက က်ဳပ္ကေတာ့ ဦးဘသာႀကီး ပညာနဲ႔လုပ္လိုက္ၿပီလို႔ အတပ္သိလိုက္တာပါပဲဗ်ာ၊ ငေသာင္းက အဲဒီအေၾကာင္းကိုျပန္မေျပာေတာ့ဘဲ တျခားဆိုင္းသမားေတြနဲ႔ စကားေတြေျပာဆိုေနေတာ့တာပဲ၊ က်ဳပ္နဲ႔ခ်ိဳတူးလည္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီး အားရပါးရ ရယ္လိုက္ၾကေတာ့တယ္၊

ရယ္တာက ကူးစက္တယ္ဆိုတဲ့စကား သိပ္မွန္သဗ်၊ က်ဳပ္တို႔ႏွစ္ေယာက္ရယ္ေတာ့ ဦးလူလွတို႔လည္း က်ဳပ္တို႔ကိုၾကည့္ၿပီးေတာ့ တဝါးဝါးနဲ႔ ထၿပီးရယ္ၾကပါေရာဗ်ာ၊ က်ဳပ္တို႔ဘာျဖစ္လို႔ ရယ္တယ္ဆိုတာကို သူတို႔သိမွ သိပါေလစ။

ၿပီးပါၿပီ။
#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ