Unicode Version
‘စုန်းထီးကြီး ဦးဘသာနှင့်မှော်သိုက်နန်းမှလာခဲ့သူ'(စ/ဆုံး)
———————————————————————–
(၁)
သိုက်ဆိုတာ ကျုပ်တို့ငယ်ငယ်တုန်းကတော့ သိပ်စိတ်ကူးယဉ်လို့ကောင်းတဲ့အရာတွေပေါ့ဗျာ၊ ကျုပ်တို့မြင်သာမှာ ပွဲတွေဝင်ပြီဆိုရင် ဇာတ်အဖွဲ့တွေက သိုက်သမိုင်းတို့လာတို့ပဲ ကပြကြတာများတယ်၊ အဲဒီအချိန်က သိုက်တို့၊ နတ်တို့၊ စုန်းတို့ကို ဇာတ်လမ်းတွေ၊ ဇာတ်ပွဲတွေ ကပြခွင့်မရှိပေမယ့် ဒီလိုပဲ နားလည်မှုနဲ့ကပြကြတာပါပဲဗျာ။ အမေတို့လို့ လူကြီးတွေကတော့ ဇာတ်တွေသိပ်ကြိုက်တာပေါ့၊ ဒါပေမယ့် ကျုပ်တို့ကတော့ ဇာတ်ပွဲတွေသိပ်မကြိုက်ဘူးဗျ၊ ဇာတ်ပွဲတွေက ကတာ၊ ဆိုတာ၊ ငိုတာလောက်ပဲများတာကိုး။
ကျုပ်တို့ကြိုက်တာကတော့ သိုက်ကားတွေပဲဗျ၊ သိုက်နန်းတွေအကြောင်း ရိုက်ထားတဲ့ သိုက်ကားတွေဆို ကြည့်လို့သိပ်ကောင်းတာ၊ ရွှေချိုးဖြူသိုက်တို့၊ ငွေယားသိုက်၊ ကိုးသိန်းကိုးသန်းတို့ အဲဒီလိုသိုက်ကားတွေဆိုရင် ဘယ်နှစ်ခါကြည့်ကြည့် မရိုးဘူးဗျို့၊ ရုပ်ရှင်ကြည့်တယ်ဆိုလို့ ကျုပ်တို့ဆီမှာ ရုပ်ရှင်ရုံမရှိပါဘူးဗျာ၊ ဘုရားပွဲခင်းပြီဆိုရင် တစ်ညလုံးကို သုံးကား၊ လေးကားလောက် ဆက်ပြတဲ့ရုပ်ရှင်ရုံတွေရှိတယ်၊ ရုံဆိုပေမယ့် အမိုးမပါဘဲ ဘေးဖက်ကိုဝါးကြမ်းနဲ့ အဖြစ်လောက်သာ ကာထားတာပါဗျာ၊ အဲဒီမှာ ပိတ်ကားကြီးထောင်ပြီးတော့ ပြကြရတာ၊ ကျုပ်တို့တောဖက်တော့ အချစ်ကား၊ အလွမ်းကားတွေထက်။ အဲဒီလိုသိုက်နန်းကားတို့၊ ရာဇဝင်ကားတို့၊ စစ်ကားတို့၊ ဖိုက်တင်ခန်းတွေများများပါတဲ့ အက်ရှင်ကားတွေကို သိပ်ကြိုက်ကြတာပေါ့။
သိုက်နန်းကားတွေဆိုတာကလည်း ရုပ်ရှင်တွေထဲမှာ တော်တော်ကိုရသစုံတယ်ဗျာ၊ မင်းသားတွေဆိုတာကလည်း အမေတို့ကြည့်တဲ့ဇာတ်တွေထဲက မင်းသားလို ပိန်ပိန်သေးသေးမဟုတ်ဘူးဗျ၊ ရာဇဝင်ကား သိုက်ကားထဲက မင်းသားတွေက ဗလတောင့်တောင့်ကြီးတွေဗျ၊ အဲ မင်းသမီးလေးတွေကျတော့လည်း ကိုယ်လုံးကိုယ်ပေါက်လှလှနဲ့ကြည့်ကောင်းတာပေါ့ဗျာ၊ သိုက်ကားတွေဆိုရင် လွမ်းခန်း ဆွေးခန်း၊ ငိုတဲ့အခန်းလဲပါတယ်၊ နောက်ပြီး ဓါးချင်းယှဉ်ခုတ်တာ၊ သိုင်းချတဲ့အခန်းတွေလဲပါတယ်၊ ဒါ့အပြင် ကျုပ်တို့အကြိုက်ဆုံးအခန်းတွေကတော့ သိုက်တူးဆရာနဲ့သိုက်နန်းရှင်နဲ့ ပညာတွေပြိုင်ပြီး စက်လက်နက်တွေနဲ့ ပစ်ခတ်ကြတဲ့အခန်းပေါ့ဗျာ၊ ခုခေတ်တော့ သိုက်ကားတွေသိပ်မရှိတော့ပေမယ်၊ ကျုပ်တို့ငယ်ငယ်က သိုက်နန်းရုပ်ရှင်ကားတွေကတော့ ရိုက်ထားတာလည်းကောင်း၊ သီချင်းတွေလည်းကောင်း၊ ဇာတ်လမ်းတွေဆိုရင်လည်း သိပ်ကောင်းတာဗျ။
သိုက်နန်းကားတွေကြည့်ပြီး အိမ်ကိုပြန်ရောက်ပြီဆိုရင် ကျုပ်တို့မောင်နှမတွေ သိုက်နန်းရှင်လုပ်တိုင်း ဆော့ကြတာပေါ့ဗျာ၊ သစ်ရွက်ခြောက်တွေကို ရတနာတွေဆိုပြီးလုပ်တယ်၊ သိုက်နန်းရှင်လုပ်တဲ့လူကလုပ်၊ သိုက်ဆရာလုပ်တဲ့လူကလုပ်ပေါ့၊ နောက်ပြီး သိုက်စောင့်သရဲကြီးတွေလုပ်ပြီးဆော့တယ်၊ အစုံပါပဲဗျာ။ ဒါပေမယ့် အမေတို့လို လူကြီးတွေက သိရင်တော့ ကျုပ်တို့နာပြီသာမှတ်၊ ဘာကြောင့်လည်းမသိပေမယ့် အမေတို့က သိုက်နန်းအကြောင်းမဆော့ခိုင်းဘူးဗျ။
(၂)
ကျုပ်ရဲ့အငယ်ဆုံးညီမက သိုက်နန်းကလာတာတဲ့ဗျ၊ အမေတို့တော့ ပြောပြောနေတာပါပဲ၊ အငယ်ဆုံးညီမကိုမွေးတော့ လမပြည့်ဘဲမွေးတယ်ဗျာ၊ ကလေးလေးဆိုသေးသေးလေး၊ ဘယ်လောက်သေးသလဲဆို ကျုပ်ဘကြီးကလေးချီတဲ့အခါ ကျုပ်ညီလေးရဲ့လက်မောင်းကလေးဆိုရင် ကျုပ်ဘကြီးရဲ့ လက်ချောင်းသာသာလောက်ရှိတာဗျ၊ မြို့ဆေးရုံတက်မွေးတာဆိုတော့ အသားဝါပိုးကပါလာပါရော၊ ကျုပ်ညီမ မွေးစကဆို အသားဝါဝါထိန်ထိန်နဲ့ မသိရင် လူခြောက်ကလေးနဲ့တောင် တူနေသေးတယ်ဗျာ။
ကြီးလာတော့လည်း တော်တော်ချူချာပါတယ်၊ ညှက်ကလည်း အတော်ညှက်တယ်၊ ဒါနဲ့ အမျိုးတွေက သူ့ကို မိညှက်၊ မိညှက်နဲ့ ခေါ်ရင်း အခုထိ အိမ်နာမည် မိညှက်ဖြစ်သွားပါရောလားဗျာ၊ မိညှက်က ကျောင်းမနေလိုက်ရဘူးဗျ၊ ကျောင်းတက်တဲ့ရက်ထက် ရောဂါဖြစ်လို့ အိမ်မှာနေရတဲ့ရက်က ပိုများနေတာပေါ့ဗျာ၊ တော်ကြာနေရင် ဖျားပြန်ပြီ၊ အဖျားပျောက်တော့ ချောင်းဆိုးပြန်ပြီ၊ မျက်စိနာပြန်ပြီ။ အဲဒီလိုနဲ့ ရောဂါအစုံပတ်ဖြစ်နေပါရော။
ကျုပ်အသက်နှစ်ဆယ်ရောက်တော့ မိညှက်က ဆယ့်သုံးနှစ်ပေါ့၊ နဂိုကတည်းက လူကောင်က ခပ်ညှက်ညှက်ဆိုတဲ့ ရွာထဲက ဆယ်နှစ်မပြည့်သေးတဲ့ကလေးတွေနဲ့ သွားသွားဆော့ပြီး ဗိုလ်ကျနေတဲ့ ကလေးဗိုလ်ပေါ့ဗျာ။
မိညှက်က သိုက်ကလာတယ်ဆိုပေမယ့် ဘာသိုက်ကမှန်းလည်းမသိ၊ ဘာမှလည်းမသိရဘူးပေါ့ဗျာ၊ ကျုပ်တို့ဆိုရင်
“ဟဲ့ မိညှက်၊ နင်က နဂါးသိုက်ကလာတာတော့မဖြစ်နိုင်ဘူး၊ ဖြစ်ချင်းဖြစ် တီကောင်သိုက်ကလာတာဖြစ်မှာ”
လို့ပြောပြီး စaနောက်ကြတာပေါ့ဗျာ၊ ကျုပ်တို့လည်း သိပ်မယုံဘူးပေါ့၊ ဒီလိုနဲ့မိညှက်နဲ့ သိုက်နဲ့ပြန်တွေ့ကြပါရောဗျာ။
(၃)
ကျုပ်တို့ရွာနဲ့ အတော်လှမ်းတဲ့နေရာမှာ မှော်တောရွာဆိုတာရှိတယ်ဗျ၊ တောင်ခြေရွာကလေးတစ်ရွာပါဗျာ။ အဲဒီမှော်တောရွာရဲ့အနောက်ဘက်မှာ နတ်မှော်တောင်ဆိုတဲ့ တောင်ကြီးတစ်လုံးရှိတယ်ဗျ၊
အဲဒီနတ်မှော်တောင်မှာ သခင်မတစ်ပါးရှိတယ်၊ တောင်အတက်တစ်နေရာက ကုန်းကမူလေးအပေါ်မှာ နတ်စင်လေးထိုးပြီး ကိုးကွယ်ကြတာပေါ့ဗျာ၊ သုံးနှစ်တစ်ခါဆိုသလို အဲဒီနတ်မှော်သခင်မကို ပူဇော်တဲ့ပွဲ ကျင်းပတယ်ဗျ၊ သခင်မကို ပူဇော်တဲ့ပွဲကျရင် ကျုပ်တို့ရွာနီးချုပ်စပ်က လယ်သမားတွေအကုန်လုံးက သခင်မဆီကိုသွားရတယ်ဗျ၊ သခင်မကို စားတော်တိုက်ရတယ်ပေါ့ဗျာ၊ စားတော်မတိုက်ရင် လယ်အထွက်ညံ့မယ်၊ အဖျက်ဝင်မယ်၊ ပိုးကျမယ်ဆိုပြီး အယူရှိတယ်ဗျ၊ အဲဒါကလည်း ထူးဆန်းတယ်ဗျ။
ပြောရအုံးမယ်၊ ကျုပ်တို့ရွာမှာ ဘာကိုမှမယုံတဲ့သူတွေရှိတယ်ပေါ့ဗျာ၊ အဲဒီလူတွေထဲကမှ စစ်ပြန်အဘိုးကြီးတစ်ယောက်ရှိတာပေါ့၊ သရဲဆိုတာကိုလည်းမယုံသလို၊ သိုက်တို့၊ နတ်တို့ဆိုတာကိုလည်းမယုံဘူးဗျ၊ ပြီးတော့ ဘုရား၊ တရားဆိုတာကိုလည်း မယုံဘူး။ ဘုရားတောင် မရှိခိုးဘူးတဲ့ဗျာ၊ သူ့မိန်းမကတော့ ကျုပ်တို့ရွာသူပါ၊ သူ့ယောက်ျားက မယုံကြည်ပေမယ့် သူ့မိန်းမကတော့ ယုံယုံကြည်ကြည်နဲ့လုပ်တယ်ပေါ့ဗျာ။
အဲဒီလိုနဲ့ မယ်တော်ကိုစားတော်တိုက်ဖို့အချိန်ရောက်ပါရော၊ သူ့မိန်းမက ဗိုက်ကြီးနဲ့ဆိုတော့ မသွားနိုင်ဘူးပေါ့ဗျာ၊ ဒါနဲ့ သူ့ယောက်ျားစစ်ပြန်ကြီးကိုပဲ လှည်းနဲ့လွှတ်လိုက်ရတာပေါ့၊ စားတော်ကတော့ ဘာရယ်လို့မသတ်မှတ်ထားပေမယ့် ထမင်းတစ်ခွက်၊ ကြက်တစ်ခြမ်းကို မကျက်တကျက်ကင်ထားတာရယ်၊ ကျန်တာကတော့ ကိုယ့်ယာထွက် မြေပဲတို့၊ နှမ်းထောင်းတို့ ထည့်ကြတာပေါ့ဗျာ၊ ဒါပေမယ့် စစ်ပြန်ကြီးက မယုံတော့ မှော်တောရွာကိုရောက်တော့ သခင်မဆီကိုစားတော်မဆက်ဘဲ သူပဲစားသောက်ပြီး ပြန်ခဲ့တာပေါ့ဗျာ။
ဒီလိုနဲ့ စပါးတွေစိုက်ပြီး ရင့်တဲ့အချိန်ပေါ့၊ မိုးနှောင်းလောက်ပေါ့ဗျာ၊ တစ်ရက်တော့ ကျုပ်တို့ရွာက ရိုးချောင်းကလေးထဲကို တောင်ကျရေတွေ ကျလာပါရောဗျာ၊ ရိုးချောင်းက အကျယ်ကြီးဗျ၊ နောက်ပြီး တောင်ကျရေဆိုတာကလည်း နှစ်တိုင်းကျနေကျဆိုတော့ ကျုပ်တို့အတွက်မဆန်းဘူးပေါ့၊ အဲ၊ ဆန်းတာကတော့ အဲဒီတစ်ခါ တောင်ကျရေတွေကျတော့ ရိုးချောင်းလေးကပေါက်ပြီး ဘေးနားက စစ်ပြန်ကြီးတို့ လယ်ထဲကို ရေတွေဖြတ်စီးသွားတာပေါ့ဗျာ၊ စပါးပင်တွေအကုန်လုံး ရေနဲ့မြောကုန်တာ စစ်ပြန်ကြီးခင်ဗျာ မရူးရုံတစ်မယ်ပဲပေါ့၊ သူတို့လယ်ပဲဖြစ်တာဗျ၊ ကျန်တဲ့လယ်က ရေမဝင်ဘူးဗျာ၊ ဒါနဲ့ နောက်တော့ စစ်ပြန်ကြီးတို့လည်း ယုံတာ မယုံတာအပထား သခင်မဆီ စားတော်တိုက်ရပါရောဗျာ။
အဲဒီအကြောင်းတွေ ထားလိုက်ပါတော့ဗျာ၊ ပြန်ဆက်ရရင် မှော်တောရွာကလေးက တောင်ခြေမှာရှိပြီး မစည်ကားတဲ့ရွာကလေးဆိုပေမယ့် သုံးနှစ်တစ်ခါ သခင်မစားတော်fတိုက်ပွဲရောက်ရင်တော့ တော်တော်စည်ကားတာဗျ၊ ရွာတိုင်းလိုလိုက လယ်သမားတွေလာကြတာမဟုတ်လား၊ ဒီတော့ မှော်တောရွာအပြင်ဘက်ကွင်းကြီးထဲမှာ ပွဲကြီးခင်းကြတာပေါ့ဗျာ၊ ပွဲဈေးတန်းဈေးသည်တွေလည်းရှိသလို ဇာတ်ပွဲတွေ၊ ကြည့်ချင်ပွဲတွေလည်း အမျိုးစုံဝင်တာပေါ့၊
အပျော်အပါးငတ်တဲ့ ကျုပ်တို့ရွာသားတွေလည်း ဒီလိုပွဲမျိုးရှိမှ အတိုးချပြီးပျော်ရတာဗျ။ သခင်မစားတော်တိုက်ပွဲက သုံးနှစ်တစ်ခါမှကျင်းပတာဆိုတော့ မရောက်မဖြစ်သွားကြရတာပေါ့ဗျာ။
(၄)
မှော်တောမှာ အမေ့ညီမတစ်ယောက်အိမ်ထောင်ကျပြီး နေတယ်ဗျ၊ သခင်မပွဲချိန်ရောက်ပြီဆိုရင် ကျုပ်တို့ဖင်တကြွကြွဖြစ်ပြီပေါ့ဗျာ၊ သခင်မပွဲချိန်က လယ်မလုပ်တဲ့ ပွင့်လင်းရာသီ၊ နွေဦးလိုအချိန်မှာလုပ်တာဗျ။
“နင့်အဖေက ရွာလူကြီးဆိုတော့ ရွာစောင့်ရမယ်၊ ငါလည်း သိပ်နေမကောင်းဘူး၊ နင့်အကိုကြီးကလည်း လိုက်နိုင်မှာမဟုတ်တော့၊ ဒီတစ်ခေါက်စားတော်တိုက်ပွဲကို နင်ပဲဦးစီးပြီး သွားရမယ်အလတ်ကောင်”
အမေက ကျုပ်ကိုတာဝန်ပေးလိုက်ပြီလေဗျာ။
“နင်တို့ဒီကနေ သယ်စရာရှိတာတွေသယ်သွား၊ စားတော်တိုက်ဖို့က နင့်ဒေါ်လေးအကုန်စီစဉ်ပေးလိမ့်မယ်၊ သေသေချာချာယုံယုံကြည်ကြည်နဲ့ ဆုတောင်းလာခဲ့၊ ဟုတ်ပြီလား”
ကျုပ်ပါပြီဆိုတော့ ကျုပ်ညီလည်း လိုက်ချင်ပြီလေ၊ နောက်ပြီးတော့ နို့ညှာမနဲ့ အငယ်မကလည်း လိုက်ချင်ကြတယ်၊ အမေကတော့ ကလေးတွေနဲ့ကျုပ်တစ်ယောက်တည်းနဲ့ကို စိတ်မချဘူး၊ ဒါနဲ့ အရီးလေးကို ထည့်ပေးလိုက်ပါရော၊ အရီးလေးဆိုတာက ကျုပ်တို့နေမကောင်းရင်လာပြီး ပြုစုတဲ့အဒေါ်ကြီးလေ၊ မှတ်မိရဲ့လား၊ ဘို့တစ်ထောင်တိုက်နွားနဲ့အတိုက်ခံရတော့ ဦးဘသာကြီးလုပ်တာလို့ လျှောက်ပြောတဲ့ အရီးပေါ့ဗျာ။
ဒါနဲ့ကျုပ်တို့လည်း ပွဲတော်ရက်မတိုင်မီ နှစ်ရက်အလိုကတည်းက လှည်းတစ်စီးနဲ့ထွက်ခဲ့တာ၊ ကျုပ်ကလှည်းမောင်းတာပေါ့၊ အနောက်မှာတော့ ညီမတွေနဲ့ အရီးလေးလိုက်လာတာပေါ့၊ ရာသီဥတုက နွေဦးဆိုတော့လည်း ကျုပ်တို့လှည်းမှာ ပေါင်းမိုးကြီးတပ်ထားတာပေါ့ဗျာ။
မှော်တောက မြိုင်သာနဲ့ဆန့်ကျင်ဘက်ဗျ၊ ရိုးမကြီးအနားကိုသွားရတာ၊ လမ်းကလည်း လှည်းလမ်းပဲရှိတာ၊ ကျုပ်တို့ရွာကနေ မနက်အစောကြီးထွက်ရင် မှော်တောကို နေမဝင်ခင်လောက်ဆိုရောက်ပါတယ်၊ လမ်းခရီးကလည်း သိပ်ပြီးစိုးရိမ်စရာမရှိပါဘူး၊ ကျုပ်တို့လိုမျိုး လှည်းတွေနဲ့ ကိုယ်စီကိုယ်စီ လာတဲ့သူတွေရှိသလို၊ မှော်တောရွာအထိ လိုင်းကားလည်းဆွဲပေးတယ်ဆိုတော့ သွားရေးလာရေး အဆင်ပြေတာပေါ့ဗျာ။
ညနေရောက်တော့ မှော်တောရွာကိုရောက်တယ်၊ ပွဲခင်းကြီးက စည်နေပြီဗျာ၊ ကျုပ်တို့လည်း လှည်းကို ရွာထဲအထိမောင်းပြီး ကျုပ်ဒေါ်လေးတို့ ခြံဝိုင်းထဲအထိ မောင်းထည့်လိုက်တာပေါ့၊ ဒေါ်လေးက အစကကျုပ်တို့ရွာကပဲဗျ၊ မှော်တောသခင်မပွဲလာရင်း ဒီရွာကလူနဲ့ ငြိစွန်းပြီးတော့ အိမ်ထောင်ကျသွားတာ၊ သူ့ယောက်ျားက ရိုးမထဲကနေ သစ်ထုတ်တယ်ဆိုတော့ အခြေအနေရှိတယ်ပေါ့ဗျာ၊ အဲဒီညတော့ ဘယ်မှမသွားနိုင်တော့ဘူး၊ တစ်နေကုန်လှည်းစီးလာရတာဆိုတော့ ပင်ပန်းနေပြီလေ၊ ဒေါ်လေးကျွေးတဲ့ထမင်းကိုစားပြီးတော့ အေးအေးလူလူနားကြရုံပါပဲ၊ ဒီအချိန်မှာ ထူးဆန်းတာက ညီမမိညှက်ပဲဗျ၊ မိညှက်က ထမင်းလည်းကောင်းကောင်းမစားနိုင်ဘူး၊ ထမင်းစားပြီးတော့လည်း အိမ်ရှေ့ထွက်ပြီး ငူငူငိုင်ငိုင်ကြီးဖြစ်နေတာ။ ကျုပ်တို့လည်း လှည်းစီးလာလို့ ပင်ပန်းတယ်လို့ထင်တာပေါ့ဗျာ၊ မိညှက်က အရင်က ဒီကိုတစ်ခါမှ မလာဖူးဘူးလေ။ နည်းနည်းညည့်နက်တော့ ကျုပ်တို့အိပ်ကြတာပေါ့ဗျာ၊ ကျုပ်နဲ့ကျုပ်ညီက အိမ်ရှေ့ဘုရားခန်းခြေရင်းမှာ အိပ်တယ်၊ မိညှက်နဲ့ နို့ညှာမနဲ့ကတော့ အိမ်နောက်အခန်းထဲ အိပ်ကြတာပေါ့ဗျာ၊
အိပ်နေရင်း ညသန်းခေါင်လောက်ကြတာ့ ငိုသံကြားရတယ်ဗျာ၊ ကျုပ်လည်း အိပ်မက်မက်တယ်ထင်နေတာ၊ တစ်ဖက်ကိုလှည့်ပြီးအိပ်လိုက်တော့ အိမ်ရှေ့မှာ ဆံပင်အရှည်ကြီးနဲ့ မိန်းမတစ်ယောက်က မတ်တပ်ရပ်နေတာဗျ၊ အိမ်ကိုလည်း စိုက်ကြည့်နေသေးတယ်၊ ဒေါ်လေးတို့အိမ်ရှေ့ခန်းက သံဇကာတွေကာထားတာဆိုတော့ အပြင်ကိုတန်းမြင်နေရတာပေါ့ဗျာ။ ကျုပ်လည်း ခေါင်းနားပန်းကြီးသွားပြီး ငုတ်တုတ်ထထိုင်လိုက်တယ်၊ ကျုပ်အထင်က ဒေါ်လေးအိမ်မှာ နေတဲ့တစ်ယောက်ယောက်များ အိမ်ပေါ်တက်ချင်လို့ ကြည့်နေတာလားပေါ့၊ ဒါနဲ့ကျုပ်လည်း ပုဆိုးပြင်ဝတ်ပြီးတော့ အိမ်တံခါးသွားဖွင့်လိုက်တော့ ဘယ်သူမှမရှိတော့ဘူးဗျာ၊ ပျောက်ချင်းမလှကိုပျောက်သွားတာ၊ ကျုပ်လည်း အဲဒီတော့မှ လန့်ပြီး တံခါးကိုပြန်ပိတ်လိုက်တာပဲ။
ငိုသံကလည်း ကျယ်လာတယ်ဗျ၊ အသံက အိမ်နောက်ဘက်ကနေလာတာ၊ ကျုပ်လည်း အိမ်နောက်ဖေးက မိန်းကလေးတွေအိပ်တဲ့အခန်းကို အသာကလေးလာကြည့်တာပေါ့၊ အိပ်ခန်းက တံခါးမရှိဘဲ လိုက်ကာပဲတပ်ထားတာဗျ၊ လိုက်ကာခန်းဆီးစကို ဖယ်ကြည့်လိုက်တော့ အရီးလေးကလည်း ဟောက်ပြီးအိပ်နေတယ်၊ သူ့ဘေးမှာ နို့ညှာမကလည်း အိပ်မောကျနေတာပဲ၊ ဒါပမေယ့် မိညှက်ကတော့ ပြတင်းပေါက်တံခါးကနေ အပြင်ကိုကြည့်ပြီး ကြိတ်ငိုနေတာဗျ။ နွေရာသီဆိုတော့ ပြတင်းတံခါးတွေက ပိတ်ထားလေ့မရှိဘူးမဟုတ်လား။
“ဟဲ့ မိညှက်၊ ဘာဖြစ်နေတာလဲ”
ကျုပ်မေးလိုက်တော့ မိညှက်က ကျုပ်ဘက်ကိုလှည့်တောင်မကြည့်ဘူး၊ ကျုပ်လည်း နို့ညှာမတို့ကို ကျော်ခွပြီးတော့ မိညှက်လက်ကိုသွားဆွဲတော့မှ မိညှက်က အိပ်မက်ကနေ လန့်ပြီးနိုးလာသလိုလိုဖြစ်သွားတယ်၊ ပြီးတော့ ကျုပ်ကိုဖက်ပြီးငိုတော့တာပဲ။
“အကိုလတ်၊ ညီမလေးကို လာခေါ်နေပြီ၊ ညီမလေးသွားရတော့မယ်”
“ဟဲ့၊ ဘယ်သူက နင့်ကိုခေါ်နေတာတုန်း”
“အမကြီးလို့တော့ပြောတာပဲ၊ ညီမလေးလည်းမသိဘူး”
“ဒါနဲ့ နင်က ဘာလို့ငိုနေတာတုန်း”
“မသိဘူး၊ အကိုလတ်ရ သူ့မျက်နှာကိုတွေ့ရင် ညီမလေးငိုချင်လာလို့ အီး၊ ဟီး”
ကျုပ်လည်းတစ်ခုခုတော့သိလိုက်ပြီဗျ၊ ခုနကတွေ့ခဲ့တဲ့မိန်းမနဲ့များ သက်ဆိုင်နေမလားလို့ပေါ့၊ ဒါနဲ့ ပြတင်းပေါက်တံခါးပိတ်လိုက်ပြီး ညီမလေးကို ပြန်အိပ်ခိုင်းရတာပေါ့ဗျာ၊ မနက်မိုးလင်းလို့ လူကြီးတွေကိုဒီအကြောင်းပြောတော့ ဘယ်သူမှ မယုံကြဘူး၊ သာမန်ကာ လျှံကာပဲ သဘောထားလိုက်ကြတာပေါ့ဗျာ။
(၅)
ညနေတော့ အဝတ်အစားအသစ်တွေဝတ်ပြီး ပွဲခင်းလျှောက်ပြီပေါ့ဗျာ၊ မနက်ဖြန်ပွဲစမှာဆိုတော့ လူကအတော်စည်ကားနေပြီ၊ ဇာတ်ပွဲလည်း ဝင်နေပြီဗျာ၊ ကျုပ်လည်း ညီမတွေကိုစိတ်မချဘူး၊ နို့ညှာမက အပျိုပေါက်ဆိုတော့ စိတ်ကစားချင်တယ်၊ ဒါနဲ့ ညီမနှစ်ယောက်နောက်ကို ကျုပ်လိုက်ခဲ့တာပေါ့၊ ကျုပ်ညီကတော့ သူတစ်ယောက်တည်း ပွဲခင်းလည်တယ်ပေါ့ဗျာ၊
“ဟယ်၊ ရုပ်ကလေးက သနားကမားနဲ့”
“ဟုတ်ပါရဲ့၊ ဘ၀ပေး ကုသိုလ်တွေများ သနားဖို့ကောင်းလိုက်တာနော်”
လူတွေအုံနေပြီးတော့ တီးတိုးပြောဆိုနေတော့ ကျုပ်လဲသိချင်တာပေါ့ဗျာ၊ ဒါနဲ့ အဲဒီလူအုပ်ထဲကို တိုးကြည့်လိုက်တယ်ဗျ၊ မိန်းကလေးတစ်ယောက်က မီးခွက်ကလေးသုံးလေးခုထွန်းပြီး မြေကြီးမှာထိုင်နေတယ်၊ သူ့အနားမှာတော့ ရေအိုးကလေးတွေကို ဗုံတွေလိုမျိုး အဝတ်စနဲ့ကြပ်ထားတာကို တန်းစီပြီးချထားတယ်ဗျ၊ ကောင်မလေးကတော့ အသားဖြူဖြူကလေးပါ၊ ဒါပေမယ့် အနာကြီးရောဂါ နူနာသည်ထင်ပါတယ်၊ လက်ချောင်းကလေးတွေလည်း ပြတ်လို့ဗျ၊ ပိုဆိုးတာက နှာခေါင်းတစ်ဘက်က ပြတ်ကျနေတာ၊ နားရွက်တွေကိုတော့ ဆံပင်နဲ့ဖုံးထားပုံရတယ်။ အဲဒီကောင်မလေးက အိုးတွေကို ဗုံလိုတီးပြီးသီချင်းတစ်ပုဒ်ဆိုတယ်ဗျာ၊ သီချင်းကလေးကလည်း ကောင်းတယ်၊ သူဆိုတဲ့အသံကလည်း မဆိုးဘူးဗျို့၊ ဒါကြောင့်မို့ လူတွေက သူ့ကိုဝိုင်းပြီး သနားနေတာနေမှာဗျ။
သီချင်းဆိုပြီးတော့ ကြည့်နေတဲ့သူတွေက အနူမိန်းကလေးကို ပိုက်ဆံတွေလှမ်းပေးကြတယ်၊ အဲဒီမိန်းကလေးကလည်း လင်ပန်းကလေးတစ်ခုနဲ့ ပိုက်ဆံတွေတောင်းတာပေါ့၊ ကျုပ်လည်း သနားသွားတာနဲ့ ငါးမူးစေ့တစ်စေ့ကို သူ့လင်ပန်းထဲကိုထည့်ပေးလိုက်ပါရောဗျာ၊ အဲဒီမိန်းကလေးနဲ့ကျုပ်နဲ့ အကြည့်ချင်းဆုံသွားတယ်ဗျ၊ ဒီအခါ အဲဒီမိန်းကလေးက ကျုပ်ကိုသေသေချာခချာစူးစိုက်ကြည့်ပြီး မျက်စောင်းတွေထိုးတာဗျာ၊ မသိရင် ကျုပ်နဲ့သူနဲ့က ရန်သူတွေကျနေတာပဲ။ ကျုပ်လည်းသူ့ကိုတစ်နေရာရာမှာ မြင်ဖူးတယ်လို့ ထင်နေတယ်ဗျ။ သူကလည်း ကျုပ်မထွက်သွားမချင်း ကျုပ်ကိုပဲစိုက်fကြည့်ပြီး ဒေါသတွေထွက်နေတာ။
“ဟိတ်ကောင်”
ကျုပ်ပုခုံးကို အပုတ်ခံလိုက်ရလို့ ကျုပ်လည်းလန့်ပြီး အနောက်လှည့်ကြည့်လိုက်တယ်ဗျ၊ ဦးဘသာကြီးက ကျုပ်ဘေးနားမှာ ဘယ်အချိန်ကတည်းက ရောက်နေသလဲတော့မသိပါဘူးဗျာ၊
“ဟာ၊ ဦးဘသာကြီးဘယ်တုန်းကရောက်နေတာလဲဗျ”
“ဒီနေ့ပဲကွ၊ လိုင်းကားစီးလာတာ၊ ဒါနဲ့မင်းသူ့ကိုမှတ်မိသလား”
ဦးဘသာကြီးက အနူမိန်းကလေးကို လက်ညှိုးထိုးပြတာမို့လို့ ကျုပ်လည်းနောက်တစ်ခေါက်သေချာအောင်ပြန်ပြီးကြည့်နေမိတာပေါ့ဗျာ။
“တစ်နေရာရာမှာ တွေ့ဖူးခဲ့တယ်လို့ထင်တာပဲဗျ၊ ဒါပေမယ့် ကျုပ်တစ်သက်လုံး အနူတွေနဲ့တော့ မသိကျွမ်းခဲ့ဖူးပါဘူး”
ဦးဘသာကြီးက ကျုပ်ကိုလက်ကုပ်ပြီး ထွက်သွားတာမို့လို့ ကျုပ်လည်း သူ့နောက်ကနေလိုက်လာခဲ့တာပေါ့ဗျာ၊ အဲဒီဝိုင်းနဲ့ခပ်လှမ်းလှမ်းရောက်တော့မှ
“အဲဒါ အောက်လမ်းဘသော်ရဲ့ အမြှောင်မယားလေကွာ”
ကျုပ်လည်း အသေအချာပြန်စဉ်းစားလိုက်တယ်၊ အဲဒီတော့မှ ရုပ်ကိုရေးတေးတေးမှတ်မိလာတယ်။ ဟုတ်တယ်ဗျို့၊ အောက်လမ်းဘသော်ဆီမှာ စာရေးမလုပ်နေတဲ့ ကောင်မလေးဗျာ၊ ကျုပ်တောင်ချောလွန်းလို့ဆိုပြီး ငေးကြည့်ခဲ့ရဖူးတဲ့ကောင်မလေးပေါ့။
“သူက ဘာဖြစ်လို့ အဲဒီလိုဖြစ်သွားတာလဲ”
“ဟေ့ကောင်ရ၊ မင်းကိုသူက စက်လက်နက်နဲ့ပစ်ခဲ့တာ မင်းမှတ်မိသလား”
ကျုပ်လည်း ခေါင်းညိတ်လိုက်တယ်ဗျာ၊ အဲဒီတော့မှ ကျုပ်သေသေချာချာသဘောပေါက်သွားခဲ့တာ၊ ဒီကောင်မလေးက စုန်းမမဟုတ်လား၊ ကျုပ်ကိုစက်လက်နက်နဲ့ပစ်လိုက်တော့ အနူဖြစ်အောင်လို့ပစ်လ်ိုကတာနေမှာဗျ၊ ကျုပ်က ဦးဘသာကြီးရဲ့ တန်ပြင်အစီအရင်ကိုသုံးထားတာကြောင့်မို့လို့ သူ့ကိုယ်သူပြန်ထိသွားတာမဟုတ်လား။
(ထိုအကြောင်းများကို ဦးဘသာနှင့် အောက်လမ်းဘသော်ဇာတ်လမ်းတွင်ဖတ်ရှုပါ)
ကျုပ်လည်း ခေါင်းနားပန်းကြီးသွားတာပေါ့ဗျာ၊ အဲဒီတုန်းက ကျုပ်သာ ဦးဘသာကြီးပေးထားတဲ့ ဆေးလိပ်ကိုမဖွာခဲ့ရင် အခုလောက်ဆို သူပစ်တဲ့စက်လက်နက်ထိပြီးတော့ အနူဖြစ်နေလောက်ပြီဗျ၊ သူ့လိုပဲ လက်ချောင်းတွေပြတ်ကျ၊ နှာခေါင်းတွေပြတ်ကျနဲ့ ဖြစ်နေလောက်ပြီပေါ့ဗျာ။
“မှတ်ထားကွ၊ အဲဒါ သူများမကောင်းကြံလို့ ကိုယ်ပဲခံရတာ၊ သူအခုလိုဖြစ်သွားတော့ရော သူ့ဆရာ၊ သူ့ယောက်ျားဖြစ်တဲ့ အောက်လမ်းကောင်က သူ့ကိုဆက်ခေါ်မထားဘဲ စွန့်ပစ်လိုက်တယ်မဟုတ်လားကွ၊ ငါပြောခဲ့သားပဲ အောက်လမ်းဆရာတွေဆိုတာက တော်ရုံတန်ရုံ ယုတ်မာတဲ့လူတွေမဟုတ်ပါဘူးဆို”
ကျုပ်ဦးဘသာကြီးနဲ့ စကားကောင်းနေတုန်း၊ ကျုပ်ညီမနှစ်ယောက်လည်း ဘယ်ရောက်သွားသလဲမသိတော့ပါဘူးဗျာ၊ ကျုပ်လည်း ညီမနှစ်ယောက်ကိုလိုက်ရှာရတော့မှာပေါ့ဗျာ၊ မရှာလို့လည်းမရဘူးလေ၊ မတော်တရော်တွေနဲ့တွေ့သွားရင် ကျုပ်ညီမလေးတွေ ရေတိမ်နစ်သွားနိုင်တယ်မဟုတ်လားဗျ။
“ကျုပ်သူတို့ကိုလိုက်ရှာရအုံးမယ် ဦးဘသာ၊ မတော်တရော်တွေနဲ့တွေ့သွားရင် မလွယ်ဘူး”
“မင်းကွာ၊ ဒီလောက်လူတွေများနေတဲ့ ပွဲခင်းကြီးထဲမှာ မင်းဘယ်လိုသွားရှာမလဲ”
ဦးဘသာပြောတာလည်း ဟုတ်တယ်ဗျ၊ ရွာတွေရွာတွေက လာလိုက်တဲ့လူတွေဗျာ၊ ပွဲခင်းကြီးကလည်း အရှည်ကြီး၊ လူတွေကလည်း တအားတိုးတာဗျ၊ ကျုပ်ဖြင့်ဘာလုပ်ရမှန်းတောင်မသိဘူးဗျို့။
“ကျုပ်အိမ်ပြန်မယ်ဗျာ၊ သူတို့ကို မှော်တောရွာထိပ်ကနေ စောင့်နေမယ်၊ သူတို့ကရွာထဲမှာတည်းတာဆိုတော့ ရွာထဲကိုတော့ ဝင်မှာပဲ၊ ဒါနဲ့ ဦးဘသာကြီးရော ဘယ်မှာတည်းသလဲဗျ”
“ငါလည်းရွာထဲမှာပဲကွ၊ ငါ့မိတ်ဆွေတစ်ဦးရဲ့ အိမ်မှာတည်းတာပေါ့ကွာ၊ ဒီလိုဆိုရင် မင်းနဲ့ငါနဲ့အကြံတူနေပြီပဲ၊ ငါတို့ပြန်ကြစို့ကွာ”
ကျုပ်နဲ့ဦးဘသာကြီးလည်း ရွာထဲကိုပြန်လာကြတယ်၊ ရွာလယ်လမ်းကလည်း နေ့လည်နေ့ခင်းကြီးလို စည်ကားနေတာဗျာ၊ ကျုပ်တို့လိုရွာမှာတည်းပြီး ပွဲခင်းလျှောက်တဲ့လူတွေက ဥဒဟိုသွားလာနေကြတာ၊ ဒါနဲ့ ကျုပ်နဲ့ဦးဘသာလည်း ရွာထိပ်က ရွာတော်ရှင်နတ်ကွန်းအနားမှာ စောင့်နေကြရင်း လမ်းသွားလမ်းလာတွေကို မျက်ခြေမပြတ်စောင့်ကြည့်နေတာပေါ့ဗျာ၊
“ဒါနဲ့ ဦးဘသာကြီးကိုတစ်ခုပြောရအုံးမယ်၊ ညတုန်းက ကျုပ်တစ်ရေးနိုးတော့ မိန်းမတစ်ယောက်က ကျုပ်တို့တည်းတဲ့ ဒေါ်လေးအိမ်ကိုကြည့်နေတာဗျာ၊ ကျုပ်လည်းထကြည့်လိုက်တော့ ပျောက်သွားတာပဲဗျို့၊ သရဲတွေဘာတွေများလားမသိဘူး၊ နောက်တော့ ကျုပ်ညီမအငယ်ဆုံးကလည်း အိမ်ခေါင်းရင်းပြတင်းပေါက်ကနေ အပြင်ကိုကြည့်ပြီးငိုနေတာဗျာ၊ သွားရတော့မယ်ဆိုပြီးတော့လဲ ပြောသေးတယ်”
ဦးဘသာကြီးက ကျုပ်စကားကိုကြားတော့ မျက်ခုံးပင့်သွားတယ်။
“မင်းဟာက ဟုတ်ရောဟုတ်ရဲ့လားကွာ၊ အခုတစ်လော မင်းညီမ ဘာတွေထူးခြားနေသလဲ”
“ဘာတွေထူးခြားနေသလဲဆိုတော့ ရွာမှာရှိကတည်းက တငူငူတငိုင်ငိုင်နဲ့ဗျ၊ နောက်ပြီး တစ်ယောက်တည်း မျက်ရည်ကလေး စမ်းစမ်းနဲ့ဖြစ်နေတတ်တယ်”
“မင်းညီမက သိုက်ကလာတာများလားမသိပါဘူးကွာ၊ သူ့ကိုသိုက်နှောင့်နေတာဖြစ်ပါလိမ့်မယ်၊ ငါဖြင့် သိပ်ပြီးမသင်္ကာဘူး၊ တကယ်လို့ သိုက်သာဆိုရင်တော့ ငါတို့လက်ဦးအောင်လုပ်ရမယ်ကွ”
ဦးဘသာကြီးက အလန့်တကြားပြောတော့ ကျုပ်လည်း လန့်သွားတာပေါ့ဗျာ။
“ဒါဆိုရင် ကျုပ်တို့ကြားဖူးနေသလို သိုက်နန်းကနေ သူ့ကိုပြန်ခေါ်တော့မှာလား ဦးဘသာကြီး”
“အေးကွ၊ သွားရတော့မယ်ဆိုတာ နီးနေလို့ထုတ်ပြောတာ၊ သူ့မှာအချိန်သိပ်မရှိဘူးကွ”
ကျုပ်လည်းစိတ်ထဲထင့်သွားတာပဲ၊ ဘာပဲပြောပြော ဒီခရီးကို ကျုပ်ကဦးစီးလာတာမဟုတ်လားဗျာ၊ ကျုပ်ညီမသာ သေသွားတယ်ဆိုရင် ကျုပ်ဘယ်လောက်အပြောအဆိုခံရမလဲ၊ နောက်ပြီး ကျုပ်ညီမလေး မိညှက်ကိုကျုပ်ကလည်း သိပ်ချစ်တာဗျ။
“ဒါဆိုရင်လည်း လုပ်စမ်းပါအုံး ဦးဘသာကြီးရယ်၊ ကျုပ်ညီမ တစ်ခုခုဖြစ်ရင် ကျုပ်ရင်ကွဲမှာ”
ဦးဘသာကြီးက ဆတ်ခနဲထလိုက်ပြီး ချောင်းတစ်ချက်ဟန့်လိုက်တယ်ဗျ၊ နောက်ပြီး ကျုပ်တို့အနောက်က ရွာတော်ရှင်နန်းကိုကြည့်နေတယ်၊ လက်နှစ်ဖက်ကိုတော့ နောက်ပစ်ထားတယ်ဗျ၊ ကျုပ်လည်း ဦးဘသာကြီးတစ်ခုခုလုပ်နေပြီဆိုတာ သိတာပေါ့ဗျာ၊ ဦးဘသာက ရွာတော်ရှင်တွေနဲ့ဆက်သွယ်နိုင်တယ်မဟုတ်လား။
“ထူးတော့ထူးပြီဟေ့၊ ရွာတော်ရှင်က မင်းညီမကို ပွဲခင်းအပြင်ဘက် ကိုးတောင်ပြည့်စေတီကလေးအနားမှာ တွေ့လိုက်တယ်တဲ့”
“ဦးဘသာကြီးက ရွာတော်ရှင်နဲ့တွေ့လို့လား”
“မဟုတ်ဘူးကွ၊ သူ့လက်အောက်ငယ်သားထင်တာပဲ၊ မင်းမှတ်ထား၊ ရွာတော်ရှင်ဆိုတာ ရွာတစ်ရွာမှာ ဘာဖြစ်တယ်ဆိုတာအကို သိထားတဲ့လူတွေပဲ၊ အခုမင်းညီမအကြောင်းကိုလည်း သူတို့ကသိထားပြီးသားကွ၊ လာကွာ၊ ငါတို့သူ့ကို မြန်မြန်လိုက်ရှာရအောင်ဟေ့”
ဦးဘသာကြီးနဲ့ကျုပ်လည်း မတ်တပ်ရပ်လိုက်တာပေါ့ဗျာ၊ ရွာနဲ့ ကိုးတောင်ပြည့်စေတီကလေးနဲ့ အလယ်မှာက ပွဲခင်းကြီးကခံနေတာ၊ ဒီပွဲခင်းကိုသာ တိုးလိုက်လို့ကတော့ တစ်နာရီလောက်ကြာသွားနိုင်တယ်ဗျ၊ ဦးဘသာကြီးက ကျုပ်လက်ကိုဆွဲပြီး ရွာအနောက်ဘက်ကနေပတ်ပြီးပြေးတယ်၊ အဲဒီမှာ သစ်တောကြီးတစ်တောရှိပြီး လျှိုကြီးတစ်ခုလည်းရှိတယ်ဗျာ၊ အဲဒီကနေဖြတ်ပြေးရင်တော့ ပွဲခင်းကိုမဖြတ်ဘဲ ကိုးတောင်ပြည့်စေတီကလေးဆီကို ရောက်နိုင်တာပေါ့ဗျာ၊ ကျုပ်တို့နှစ်ယောက်လည်း ဇောနဲ့ဆိုတော့ ညဘက်ကြီး တောအုပ်ထဲကိုတိုးလာခဲ့တာပေါ့၊ ဦးဘသာကြီးက ကျုပ်ထက်မြန်တယ်ဗျာ၊ သူက ကျုပ်ထက်ပိုပြီးလောနေတယ်။
(၆)
ဆယ့်ငါးမိနစ်လောက်ပဲကြာမယ်ဗျာ၊ ကျုပ်တို့ ကိုးတောင်ပြည့်စေတီလေးရဲ့ အပေါ်ဘက်ကိုရောက်သွားကြတယ်၊ စေတီကလေးက တောင်ခြေမှာတည်ထားတာဗျ၊ ကျုပ်တို့တစ်ကိုယ်လုံးလည်း တောထဲက သစ်ကိုင်းတွေ၊ ဝါးကိုင်းတွေနဲ့ မမြင်မစမ်းတိုးခဲ့တော့ စုတ်ပြတ်ပြီး ဒဏ်ရာတွေရနေတာပေါ့ဗျာ။
ကိုးတောင်ပြည့်စေတီကလေးက တောင်ခြေနားမှာတည်ထားတာဗျ၊ ရွာနဲ့ခပ်လှမ်းလှမ်းပေါ့၊ ပွဲခင်းက အဲဒီကိုးတောင်ပြည့်စေတီကလေးအနားမှာမရှိဘူးဗျာ၊ သစ်ရိပ်ဝါးရိပ်ကလည်း ကောင်းတာဆိုတော့ အေးစိမ့်နေတာပေါ့၊ ဘုရားဖူးကတော့ တစ်ယောက်မှကိုမရှိဘူးဗျ၊ စေတီလေးရဲ့ ခြေရင်းနားမှာ မိညှက်က တစ်လှမ်းချင်းလျှောက်နေတယ်။
“ဟေ့ကောင်၊ မင်းညီမကို မင်းသွားခေါ်စမ်း”
ကျုပ်လည်း အပြေးဆင်းခဲ့တာပေါ့ဗျာ။ မိညှက်ဆီကိုရောက်တော့ မိညှက်ရဲ့လက်ကိုလှမ်းဆွဲလိုက်တာပေါ့ဗျာ၊ မိညှက်လက်က အေးစက်နေတာပဲဗျာ၊
“ဟဲ့၊ မိညှက်၊ နင်ဘာလုပ်တာလဲ”
မိညှက်က ကျုပ်ကိုမမြင်ဖူးသလိုလိုနဲ့ စိုက်ပြီးပြန်ကြည့်တာဗျာ၊ အမှောင်ထဲမှာတောင်မှ မိညှက်ရဲ့မျက်လုံးကြီးတွေက စိမ်းရွှေရွှေကြီးလင်းနေသလိုပဲ၊ ဒီအချိန်မှာ ကျုပ်အရှေ့ကိုမြွေနှစ်ကောင်ကျလာတယ်ဗျ၊ မြွေက မြွေဟောက်ဖြစ်ပုံရတယ်၊ ပါးပျဉ်းကြီးထောင်ပြီး နှာတွေမှုတ်လို့ ကျုပ်ကိုရန်မူနေလိုက်တာဗျာ၊ ဦးဘသာကြီးက ပြေးဆင်းလာပြီး မြွေကြီးအရှေ့မှာရပ်လိုက်တယ်။
“ဟဲ့ သိုက်မြွေတွေ၊ နင်တို့ငါ့ကိုမနှောင့်ယှက်နဲ့”
ဦးဘသာက မြွေနှစ်ကောင်ကို လက်ညှိုးထိုးလိုက်တော့ မြွေနှစ်ကောင်က သူတို့ကိုပြောတယ်ဆိုတာ သိလို့လားမသိဘူး၊ ခေါင်းတွေငုံ့ပြီး ဘေးနားက ချုံပုတ်ထဲကို တိုးဝင်သွားတာဗျာ၊ ဦးဘသာက မိညှက်နဖူးကို လက်ဖနောင့်နဲ့ ရိုက်ထည့်လိုက်တယ်။
“ဟဲ့၊ သူ့ကိုနှောင့်ယှက်နေတဲ့ သိုက်တွေထွက်ဟဲ့”
အဲဒီအခါ မိညှက်က မေ့ပြီး ပျော့ခွေကျသွားတယ်၊ ကျုပ်ဖမ်းတာမြန်လို့ဗျို့၊ မဟုတ်ရင် အောက်ကကျောက်သားနဲ့ ခေါင်းနဲ့ဆောင့်သွားလောက်တယ်၊ မကြာပါဘူး ကျုပ်တို့အနားမှာ တဝီဝီနဲ့အသံတွေကြားရတယ်၊ နောက်ပြီး တောက်ခေါက်သံလိုလို၊ လေချွန်သံလိုလို အသံတွေကြားရပြန်ရော။
နောက်တော့ ကိုးတောင်ပြည့်စေတီလေးအနားမှာ ဖယောင်းတိုင်မီးလိုမျိုး တစ်ချက်တစ်ချက်လင်းသွားတယ်၊ အသံတစ်သံလဲထွက်လာတယ်ဗျ။ အသံကတော့ ယောက်ျားအသံကြီးပဲ။
“ငါ့နှမကို ငါပြန်ခေါ်တာ မင်းတို့လာပြီးမနှောင့်ယှက်နဲ့”
ကျုပ်လည်း ဘာပြောရမှန်းမသိဘူးဗျာ၊ ဦးဘသာကြီးကတော့ တစ်ခုခုကိုမြင်နေရသလိုပဲ လိုက်ကြည့်နေတယ်။
“မင်းတို့ခေါ်ချင်တိုင်းခေါ်လို့ရမလားကွ”
“ရတယ်ကွ၊ ငါ့နှမလေး လူ့ပြည်သွားချင်တယ်ဆိုပြီး အတင်းပူဆာလို့ငါလွှတ်လိုက်တာ၊ အခုတော့ ငါတို့အရမ်းလွမ်းနေပြီ၊ ငါထပ်ပြီးမခံစားနိုင်တော့ဘူး၊ ငါ့နှမကို ငါရအောင်ပြန်ခေါ်မယ်”
ကျုပ်လည်းဘာလုပ်ရမှန်းမသိတော့ဘူးလေ၊ ဒါနဲ့ ဦးဘသာကြီးကိုပဲ အကူအညီတောင်းရတာပေါ့။
“ဦးဘသာကြီး လုပ်ပါအုံး၊ တစ်ခုခုလုပ်ပါအုံး”
ဦးဘသာကြီးက ခေါင်းခါတယ်ဗျ။
“မဖြစ်ဘူးကွ၊ ငါကသိုက်နန်းရှင်တွေနဲ့ သွားပတ်သက်လို့မဖြစ်ဘူး”
“ဒါဆိုကျုပ်ညီမကို ဒီအတိုင်းအသေခံလိုက်ရမှာလားဗျ၊ သူတို့က ကျုပ်ညီမအသက်ကိုယူတော့မှာလေ”
ဦးဘသာကြီးက ဘာမှမလုပ်ဘဲ တစ်နေရာကိုတွေတွေကြီးကြည့်နေတယ်ဗျာ၊ မကြာပါဘူး ဘုရားရင်ပြင်အစပ်နားမှာ သိုက်နန်းရှင်တွေပေါ်လာတယ်ဗျ၊ အားလုံးပေါင်း ခြောက်ယောက်လောက်ရှိမယ်၊ ယောက်ျားကြီးကတစ်ယောက်၊ ကျန်တဲ့ငါးယောက်လုံးက မိန်းကလေးတွေဗျ၊ မိန်းကလေးတွေထဲမှာ ကျုပ်အရင်ညကတွေ့ခဲ့တဲ့ ဆံပင်ရှည်ရှည်နဲ့မိန်းမလည်းပါတယ်၊ သူတို့ပုံစံတွေက လူတွေလိုပါပဲဗျာ၊ ကျုပ်တို့ကြည့်ဖူးတဲ့ သိုက်ကားတွေထဲကလို ပြောင်ပြောင်လက်လက်တွေ၊ နတ်ဝတ်နတ်စားတွေ ဝတ်ထားတာမဟုတ်ဘူးဗျ။ သူတို့က တဖြည်းဖြည်းကျုပ်အနားကိုတိုးလာကြတယ်၊ နောက်တော့ ချုံပုတ်တွေထဲကနေလည်း တရှဲရှဲနဲ့အသံစုံတွေကြားနေရတာပေါ့ဗျာ။
သိပ်မကြာပါဘူး အသံတစ်သံထွက်လာတယ်ဗျ။
“ဘသာ၊ နင်ဘာဖြစ်ပြန်ပြီလဲ”
အသံရှင်ကိုမမြင်ရပေမယ့် မိန်းကလေးအသံပဲဗျ၊ ဒါပေမယ့် အသံကခပ်ဩဩကြီးပါ။ ဦးဘသာကြီးက မြေပြင်ပေါ်မှာ ပုဆစ်တုပ်ပြီးထိုင်လိုက်တယ်။
“ဒီမိန်းကလေးကို သူ့မောင်နှမကတွေက သိုက်နန်းကိုပြန်ခေါ်နေလို့ သခင်မဆုံးဖြတ်ပေးပါ”
“ဒါကတော့ ငါနဲ့လည်းမဆိုင်ဘူး၊ သူ့သိုက်နန်းက အကိုအမတွေနဲ့ ညှိကြမှရမယ်၊ ဒါပေမယ့် သိုက်နန်းရှင်တွေကို ငါတစ်ခုတော့တောင်းဆိုလိုက်မယ်၊ ပွဲတော်ရက်အတွင်းမှာ မကောင်းတဲ့အနိဌာရုံတွေမဖြစ်စေချင်ဘူး”
မယ်တော်ပြောလိုက်တော့မှ သိုက်နန်းရှင်တွေက ရပ်တန့်သွားတယ်ဗျာ၊ သိုက်နန်းရှင်ထဲက ယောက်ျားကြီးကတော့ အရှေ့ကိုတိုးလာတယ်။
“ငါ့နှမကို ငါတို့အချိန်ခုနစ်လပေးမယ်”
ကျုပ်လည်း မျက်လုံးပြူးသွားတာပေါ့၊ ဦးဘသာကြီးက ကျုပ်အနားကိုကပ်လာတယ်။
“မင်းအချိန်တိုးတောင်းစမ်းကွာ”
“ဖြစ်ပါ့မလား ကျုပ်က အဖေမှမဟုတ်တာ”
“မဟုတ်ဘူးကွ၊ တို့ရှေးအယူအဆအရဆိုရင် မိန်းကလေးတွေကို အဖေကပိုင်တယ်၊ အဖေမရှိရင် အကိုတွေကပိုင်တယ်ကွ၊ ဒီတော့ အခုမင်းက သူ့ရဲ့အုပ်ထိန်းသူပဲ၊ မင်းသူနဲ့ညှိကြည့်ပေါ့”
“ကျုပ်၊ ကျုပ်ဘယ်လောက်တောင်းရမလဲ”
“သူ့အသက် ကုသိုလ်ကံရှိသလောက် ရှင်ခွင့်ပေးပါလို့တောင်းစမ်းကွာ”
“သူ့အသက်ကုသိုလ်ကံရှိသလောက် အသက်ရှင်ခွင့်ပေးပါဗျာ”
ကျုပ်ဖြင့်ပြောသာပြောနေရတယ်၊ ပါးစပ်ကလျှာခလုပ်တိုက်နေတာဗျို့။
“မရဘူး၊ သုံးနှစ်ပဲထပ်ရမယ်”
ကျုပ်က ဦးဘသာကြီးကိုကြည့်လိုက်တယ် ဦးဘသာကြီးက လက်ရှစ်ချောင်းထောင်ပြပြီးတော့
“ရှစ်ဆယ်တောင်းကွာ”
“အသက်ရှစ်ဆယ် နေခွင့်ပေးပါ”
“များတယ်၊ ဆယ်နှစ်ပဲထပ်ပေးမယ်”
ကျုပ်နဲ့ သိုက်နန်းရှင်နဲ့ အသက်ကိုဈေးဆစ်နေကြရင်း
“ငါ့နှမကို အိမ်ထောင်ရက်သားမချထားပေးဘူးဆိုရင်တော့ အသက်အနှစ်သုံးဆယ်ထပ်ပေးမယ်၊ ဒါငါတိုကပေးနိုင်တဲ့အသက်အကုန်ပဲ၊ ထပ်ပြီးမတောင်းနဲ့၊ ထပ်တောင်းရင်ငါတို့အခုပဲ အသက်နှုတ်ယူလိုက်မယ်”
“ခင်ဗျားနှုတ်ရဲရင် နှုတ်ကြည့်လိုက်စမ်းပါ”
ကျုပ်ကလည်း ဘယ်ခံတော့မလဲဗျာ၊ ဒေါသထွက်ထွက်နဲ့ သိုက်နန်းရှင်ကိုတောင် မကြောက်ဘဲ အော်လိုက်မိတာပေါ့၊ သိုက်နန်းရှင်က မျက်လုံးကတစ်ချက်ဝင်းခနဲလက်သွားတယ်ဗျ၊ နောက်တော့ ချုံကွယ်ထဲကနေ မြွေကြီးနှစ်ကောင်ခုန်ပျံပြီးထွက်လာပါရောဗျာ၊ သိုက်မြွေကြီးတွေထင်ပါတယ်ဗျာ၊ မျက်လုံးကြီးတွေက ဝင်းလက်နေရော၊ သိုက်မြွေက မြေပေါ်ရောက်တော့ ကျုပ်ဆီကိုနှစ်ကောင်စလုံးခုန်ဝင်လာပြန်ရော၊ ဦးဘသာကြီးကလည်း ဘာလက်မြန်သလဲမမေးနဲ့ဗျာ၊ သိုက်မြွေနှစ်ကောင်ကို လက်နှစ်ဖက်နဲ့ဆတ်ခနဲဖမ်းထားတာ၊ သိုက်မြွေက ဦးဘသာကြီးရဲ့လက်ကို လိမ်ပတ်နေတာပဲဗျာ။ နောက်မှာ ဦးဘသာကြီးပြောပြတာကတော့ အဲဒီမြွေတွေက သိုက်မြွေပျံတွေတဲ့ဗျ၊ ကိုက်မိလိုက်တာနဲ့ ဆေးမမီဘူး၊ တန်းပြီးသေတာပဲတဲ့ဗျာ၊ ဦးဘသာက မြွေတွေက ညှစ်လိုက်တော့ မြွေတွေက တွန့်လိမ်နေတာပဲဗျာ။
“ဟေ့ သိုက်နန်းရှင်၊ မင်းရဲ့သိုက်မြွေကို ငါသတ်လိုက်ရမလား”
“တော်စမ်း ဘသာ”
သခင်မအသံက ထွက်လာတယ်ဗျ။
“ကဲ သိုက်နန်းရှင်တွေကလည်း လျော့ပေးလိုကဲ်ကြပါ၊ မင်းတို့ကလည်း ကောင်းမှုကုသိုလ်တွေလုပ်ပေးပြိးတော့ သိုက်နန်းရှင်တွေကို အမျှအတန်းဝေပေးလိုက်ပေါ့”
သခင်မက ကြားဖြတ်ပြီးဝင်ပြောပေးပါတယ်။
“မရဘူး၊ ကျုပ်တို့လိုချင်တာ အမျှအတန်းမဟုတ်ဘူး၊ ကျုပ်တို့က ကျုပ်တို့နှမကိုပဲ လိုချင်တာ”
“ဒါဆိုရင်လည်း မင်းတို့သိုက်နန်းကို ငါပြောင်းပြန်လှန်ပေးမယ်ဟေ့”
ဦးဘသာကြီးက ကြိမ်းဝါးလိုက်တယ်ဗျ၊
“တော်တော့လို့ပြောနေတယ်ဘသာ၊ ကဲ မှော်သိုက်နန်းက သိုက်နန်းရှင်တွေလည်း စိတ်ကိုလျော့ကျ၊ အခုနင်တို့ပေးနိုင်သလောက် ပေးလိုက်ကြ”
သခင်မအသံက ဟိန်းပြီးထွက်လာတယ်ဗျာ၊ ကျုပ်နဲ့ဦးဘသာလည်း မိညှက်ကိုပွေ့ပြီး ပြန်ခဲ့တာပေါ့၊ သိုက်နန်းရှင်တွေကတော့ ကျုပ်တို့ကိုမျက်စောင်းတခဲခဲနဲ့ထိုးရင်း ဝေးကျန်ခဲ့တော့တာပေါ့ဗျာ။
ဆက်ရရင်တော့၊ ကျုပ်က သခင်မကို တော်တော်ယုံကြည်သွားတယ်ဗျ၊ သခင်မက ကျုပ်တို့နယ်တစ်ဝိုက်ရဲ့ စုန်းချုပ်၊ ကဝေချုပ်၊ သိုက်ချုပ်တဲ့ဗျာ၊ ဒါကြောင့်သူက အကုန်လုံးကိုသိနေတာနေမှာ၊ ကျုပ်တို့ရွာကိုပြန်လာတော့ အဖေတို့ကို အကျိုးအကြောင်းပြောပြပြီး မြိုင်သာမှာ ဆရာတစ်ယောက်နဲ့ သိုက်စစ်ကြည့်ကြတယ်၊ စစ်ကြည့်တော့ ဘာတွေ့သလဲဆိုရင် အဲဒီသိုက်နန်းက မှော်သိုက်နန်းလို့ခေါ်သတဲ့ဗျ၊ သိုက်နန်းစောင့်တဲ့လူတွေက အဲဒီအောက်က ရတနာတွေထွက်မယ့် မှော်တစ်ခုကို စောင့်နေတာတဲ့ဗျ၊ အချိန်တန်လို့ ထိုက်သူတွေ့ရင် သူတို့က ပျောက်ကွယ်သွားမှာတဲ့လေ၊ အဖေတို့က အဲဒီဆရာနဲ့သိုက်ဆက်ဖြတ်လိုက်တယ်ဆိုလား လုပ်လိုက်ကြတယ်ဗျာ။
ဒါပေမယ့် ထူးဆန်းတာက ကျုပ်ညီမ မိညှက်က ကျောင်းဆရာမဖြစ်သွားတယ်ဗျ၊ တာဝန်ကျတဲ့နေရာကလည်း မှော်တောရွာက မူလတန်းကျောင်းကို တာဝန်ကျတယ်တဲ့ဗျာ၊ သိုက်ဆက်တွေ သူတို့နဲ့နီးတဲ့နေရာကို ခေါ်ထားတာနေမှာပေါ့ဗျာ။ မိညှက်လည်း တစ်သက်လုံးချစ်သူရည်းစား ရမသွားပါဘူးဗျာ။
ပိုပြီးထူးဆန်းတာကတော့ ကျုပ်ညီမမိညှက်က အပျိုကြီးအဖြစ်နဲ့ မှော်တောရွာမှာတာဝန်ထမ်းဆောင်နေရင်း အသက်လေးဆယ့် နှစ်နှစ်အရောက်မှာ ဦးနှောက်သွေးကြောပိတ်ပြီး သေဆုံးသွားတာပါပဲ၊ ကျုပ်နဲ့တောင်းခဲ့တဲ့ အချိန်အနှစ်သုံးဆယ် ပြည့်သွားတယ်ထင်ပါရဲ့ဗျာ။
ကျုပ်ညီမအကြောင်းတွေ ပြန်ပြောရတာတော့ စိတ်မကောင်းဘူးစာရေးဆရာရေ၊ ဒီနေ့တော့ ဒီလောက်နဲ့ပဲ နားပါပြီဗျာ။
ပြီးပါပြီ။
#အဂ္ဂဇော်
Zawgyi Version
‘စုန္းထီးႀကီး ဦးဘသာႏွင့္ေမွာ္သိုက္နန္းမွလာခဲ့သူ'(စ/ဆုံး)
———————————————————————–
(၁)
သိုက္ဆိုတာ က်ဳပ္တို႔ငယ္ငယ္တုန္းကေတာ့ သိပ္စိတ္ကူးယဥ္လို႔ေကာင္းတဲ့အရာေတြေပါ့ဗ်ာ၊ က်ဳပ္တို႔ျမင္သာမွာ ပြဲေတြဝင္ၿပီဆိုရင္ ဇာတ္အဖြဲ႕ေတြက သိုက္သမိုင္းတို႔လာတို႔ပဲ ကျပၾကတာမ်ားတယ္၊ အဲဒီအခ်ိန္က သိုက္တို႔၊ နတ္တို႔၊ စုန္းတို႔ကို ဇာတ္လမ္းေတြ၊ ဇာတ္ပြဲေတြ ကျပခြင့္မရွိေပမယ့္ ဒီလိုပဲ နားလည္မႈနဲ႔ကျပၾကတာပါပဲဗ်ာ။ အေမတို႔လို႔ လူႀကီးေတြကေတာ့ ဇာတ္ေတြသိပ္ႀကိဳက္တာေပါ့၊ ဒါေပမယ့္ က်ဳပ္တို႔ကေတာ့ ဇာတ္ပြဲေတြသိပ္မႀကိဳက္ဘူးဗ်၊ ဇာတ္ပြဲေတြက ကတာ၊ ဆိုတာ၊ ငိုတာေလာက္ပဲမ်ားတာကိုး။
က်ဳပ္တို႔ႀကိဳက္တာကေတာ့ သိုက္ကားေတြပဲဗ်၊ သိုက္နန္းေတြအေၾကာင္း ႐ိုက္ထားတဲ့ သိုက္ကားေတြဆို ၾကည့္လို႔သိပ္ေကာင္းတာ၊ ေ႐ႊခ်ိဳးျဖဴသိုက္တို႔၊ ေငြယားသိုက္၊ ကိုးသိန္းကိုးသန္းတို႔ အဲဒီလိုသိုက္ကားေတြဆိုရင္ ဘယ္ႏွစ္ခါၾကည့္ၾကည့္ မ႐ိုးဘူးဗ်ိဳ႕၊ ႐ုပ္ရွင္ၾကည့္တယ္ဆိုလို႔ က်ဳပ္တို႔ဆီမွာ ႐ုပ္ရွင္႐ုံမရွိပါဘူးဗ်ာ၊ ဘုရားပြဲခင္းၿပီဆိုရင္ တစ္ညလုံးကို သုံးကား၊ ေလးကားေလာက္ ဆက္ျပတဲ့႐ုပ္ရွင္႐ုံေတြရွိတယ္၊ ႐ုံဆိုေပမယ့္ အမိုးမပါဘဲ ေဘးဖက္ကိုဝါးၾကမ္းနဲ႔ အျဖစ္ေလာက္သာ ကာထားတာပါဗ်ာ၊ အဲဒီမွာ ပိတ္ကားႀကီးေထာင္ၿပီးေတာ့ ျပၾကရတာ၊ က်ဳပ္တို႔ေတာဖက္ေတာ့ အခ်စ္ကား၊ အလြမ္းကားေတြထက္။ အဲဒီလိုသိုက္နန္းကားတို႔၊ ရာဇဝင္ကားတို႔၊ စစ္ကားတို႔၊ ဖိုက္တင္ခန္းေတြမ်ားမ်ားပါတဲ့ အက္ရွင္ကားေတြကို သိပ္ႀကိဳက္ၾကတာေပါ့။
သိုက္နန္းကားေတြဆိုတာကလည္း ႐ုပ္ရွင္ေတြထဲမွာ ေတာ္ေတာ္ကိုရသစုံတယ္ဗ်ာ၊ မင္းသားေတြဆိုတာကလည္း အေမတို႔ၾကည့္တဲ့ဇာတ္ေတြထဲက မင္းသားလို ပိန္ပိန္ေသးေသးမဟုတ္ဘူးဗ်၊ ရာဇဝင္ကား သိုက္ကားထဲက မင္းသားေတြက ဗလေတာင့္ေတာင့္ႀကီးေတြဗ်၊ အဲ မင္းသမီးေလးေတြက်ေတာ့လည္း ကိုယ္လုံးကိုယ္ေပါက္လွလွနဲ႔ၾကည့္ေကာင္းတာေပါ့ဗ်ာ၊ သိုက္ကားေတြဆိုရင္ လြမ္းခန္း ေဆြးခန္း၊ ငိုတဲ့အခန္းလဲပါတယ္၊ ေနာက္ၿပီး ဓါးခ်င္းယွဥ္ခုတ္တာ၊ သိုင္းခ်တဲ့အခန္းေတြလဲပါတယ္၊ ဒါ့အျပင္ က်ဳပ္တို႔အႀကိဳက္ဆုံးအခန္းေတြကေတာ့ သိုက္တူးဆရာနဲ႔သိုက္နန္းရွင္နဲ႔ ပညာေတြၿပိဳင္ၿပီး စက္လက္နက္ေတြနဲ႔ ပစ္ခတ္ၾကတဲ့အခန္းေပါ့ဗ်ာ၊ ခုေခတ္ေတာ့ သိုက္ကားေတြသိပ္မရွိေတာ့ေပမယ္၊ က်ဳပ္တို႔ငယ္ငယ္က သိုက္နန္း႐ုပ္ရွင္ကားေတြကေတာ့ ႐ိုက္ထားတာလည္းေကာင္း၊ သီခ်င္းေတြလည္းေကာင္း၊ ဇာတ္လမ္းေတြဆိုရင္လည္း သိပ္ေကာင္းတာဗ်။
သိုက္နန္းကားေတြၾကည့္ၿပီး အိမ္ကိုျပန္ေရာက္ၿပီဆိုရင္ က်ဳပ္တို႔ေမာင္ႏွမေတြ သိုက္နန္းရွင္လုပ္တိုင္း ေဆာ့ၾကတာေပါ့ဗ်ာ၊ သစ္႐ြက္ေျခာက္ေတြကို ရတနာေတြဆိုၿပီးလုပ္တယ္၊ သိုက္နန္းရွင္လုပ္တဲ့လူကလုပ္၊ သိုက္ဆရာလုပ္တဲ့လူကလုပ္ေပါ့၊ ေနာက္ၿပီး သိုက္ေစာင့္သရဲႀကီးေတြလုပ္ၿပီးေဆာ့တယ္၊ အစုံပါပဲဗ်ာ။ ဒါေပမယ့္ အေမတို႔လို လူႀကီးေတြက သိရင္ေတာ့ က်ဳပ္တို႔နာၿပီသာမွတ္၊ ဘာေၾကာင့္လည္းမသိေပမယ့္ အေမတို႔က သိုက္နန္းအေၾကာင္းမေဆာ့ခိုင္းဘူးဗ်။
(၂)
က်ဳပ္ရဲ႕အငယ္ဆုံးညီမက သိုက္နန္းကလာတာတဲ့ဗ်၊ အေမတို႔ေတာ့ ေျပာေျပာေနတာပါပဲ၊ အငယ္ဆုံးညီမကိုေမြးေတာ့ လမျပည့္ဘဲေမြးတယ္ဗ်ာ၊ ကေလးေလးဆိုေသးေသးေလး၊ ဘယ္ေလာက္ေသးသလဲဆို က်ဳပ္ဘႀကီးကေလးခ်ီတဲ့အခါ က်ဳပ္ညီေလးရဲ႕လက္ေမာင္းကေလးဆိုရင္ က်ဳပ္ဘႀကီးရဲ႕ လက္ေခ်ာင္းသာသာေလာက္ရွိတာဗ်၊ ၿမိဳ႕ေဆး႐ုံတက္ေမြးတာဆိုေတာ့ အသားဝါပိုးကပါလာပါေရာ၊ က်ဳပ္ညီမ ေမြးစကဆို အသားဝါဝါထိန္ထိန္နဲ႔ မသိရင္ လူေျခာက္ကေလးနဲ႔ေတာင္ တူေနေသးတယ္ဗ်ာ။
ႀကီးလာေတာ့လည္း ေတာ္ေတာ္ခ်ဴခ်ာပါတယ္၊ ညႇက္ကလည္း အေတာ္ညႇက္တယ္၊ ဒါနဲ႔ အမ်ိဳးေတြက သူ႔ကို မိညႇက္၊ မိညႇက္နဲ႔ ေခၚရင္း အခုထိ အိမ္နာမည္ မိညႇက္ျဖစ္သြားပါေရာလားဗ်ာ၊ မိညႇက္က ေက်ာင္းမေနလိုက္ရဘူးဗ်၊ ေက်ာင္းတက္တဲ့ရက္ထက္ ေရာဂါျဖစ္လို႔ အိမ္မွာေနရတဲ့ရက္က ပိုမ်ားေနတာေပါ့ဗ်ာ၊ ေတာ္ၾကာေနရင္ ဖ်ားျပန္ၿပီ၊ အဖ်ားေပ်ာက္ေတာ့ ေခ်ာင္းဆိုးျပန္ၿပီ၊ မ်က္စိနာျပန္ၿပီ။ အဲဒီလိုနဲ႔ ေရာဂါအစုံပတ္ျဖစ္ေနပါေရာ။
က်ဳပ္အသက္ႏွစ္ဆယ္ေရာက္ေတာ့ မိညႇက္က ဆယ့္သုံးႏွစ္ေပါ့၊ နဂိုကတည္းက လူေကာင္က ခပ္ညႇက္ညႇက္ဆိုတဲ့ ႐ြာထဲက ဆယ္ႏွစ္မျပည့္ေသးတဲ့ကေလးေတြနဲ႔ သြားသြားေဆာ့ၿပီး ဗိုလ္က်ေနတဲ့ ကေလးဗိုလ္ေပါ့ဗ်ာ။
မိညႇက္က သိုက္ကလာတယ္ဆိုေပမယ့္ ဘာသိုက္ကမွန္းလည္းမသိ၊ ဘာမွလည္းမသိရဘူးေပါ့ဗ်ာ၊ က်ဳပ္တို႔ဆိုရင္
“ဟဲ့ မိညႇက္၊ နင္က နဂါးသိုက္ကလာတာေတာ့မျဖစ္ႏိုင္ဘူး၊ ျဖစ္ခ်င္းျဖစ္ တီေကာင္သိုက္ကလာတာျဖစ္မွာ”
လို႔ေျပာၿပီး စaေနာက္ၾကတာေပါ့ဗ်ာ၊ က်ဳပ္တို႔လည္း သိပ္မယုံဘူးေပါ့၊ ဒီလိုနဲ႔မိညႇက္နဲ႔ သိုက္နဲ႔ျပန္ေတြ႕ၾကပါေရာဗ်ာ။
(၃)
က်ဳပ္တို႔႐ြာနဲ႔ အေတာ္လွမ္းတဲ့ေနရာမွာ ေမွာ္ေတာ႐ြာဆိုတာရွိတယ္ဗ်၊ ေတာင္ေျခ႐ြာကေလးတစ္႐ြာပါဗ်ာ။ အဲဒီေမွာ္ေတာ႐ြာရဲ႕အေနာက္ဘက္မွာ နတ္ေမွာ္ေတာင္ဆိုတဲ့ ေတာင္ႀကီးတစ္လုံးရွိတယ္ဗ်၊
အဲဒီနတ္ေမွာ္ေတာင္မွာ သခင္မတစ္ပါးရွိတယ္၊ ေတာင္အတက္တစ္ေနရာက ကုန္းကမူေလးအေပၚမွာ နတ္စင္ေလးထိုးၿပီး ကိုးကြယ္ၾကတာေပါ့ဗ်ာ၊ သုံးႏွစ္တစ္ခါဆိုသလို အဲဒီနတ္ေမွာ္သခင္မကို ပူေဇာ္တဲ့ပြဲ က်င္းပတယ္ဗ်၊ သခင္မကို ပူေဇာ္တဲ့ပြဲက်ရင္ က်ဳပ္တို႔႐ြာနီးခ်ဳပ္စပ္က လယ္သမားေတြအကုန္လုံးက သခင္မဆီကိုသြားရတယ္ဗ်၊ သခင္မကို စားေတာ္တိုက္ရတယ္ေပါ့ဗ်ာ၊ စားေတာ္မတိုက္ရင္ လယ္အထြက္ညံ့မယ္၊ အဖ်က္ဝင္မယ္၊ ပိုးက်မယ္ဆိုၿပီး အယူရွိတယ္ဗ်၊ အဲဒါကလည္း ထူးဆန္းတယ္ဗ်။
ေျပာရအုံးမယ္၊ က်ဳပ္တို႔႐ြာမွာ ဘာကိုမွမယုံတဲ့သူေတြရွိတယ္ေပါ့ဗ်ာ၊ အဲဒီလူေတြထဲကမွ စစ္ျပန္အဘိုးႀကီးတစ္ေယာက္ရွိတာေပါ့၊ သရဲဆိုတာကိုလည္းမယုံသလို၊ သိုက္တို႔၊ နတ္တို႔ဆိုတာကိုလည္းမယုံဘူးဗ်၊ ၿပီးေတာ့ ဘုရား၊ တရားဆိုတာကိုလည္း မယုံဘူး။ ဘုရားေတာင္ မရွိခိုးဘူးတဲ့ဗ်ာ၊ သူ႔မိန္းမကေတာ့ က်ဳပ္တို႔႐ြာသူပါ၊ သူ႔ေယာက္်ားက မယုံၾကည္ေပမယ့္ သူ႔မိန္းမကေတာ့ ယုံယုံၾကည္ၾကည္နဲ႔လုပ္တယ္ေပါ့ဗ်ာ။
အဲဒီလိုနဲ႔ မယ္ေတာ္ကိုစားေတာ္တိုက္ဖို႔အခ်ိန္ေရာက္ပါေရာ၊ သူ႔မိန္းမက ဗိုက္ႀကီးနဲ႔ဆိုေတာ့ မသြားႏိုင္ဘူးေပါ့ဗ်ာ၊ ဒါနဲ႔ သူ႔ေယာက္်ားစစ္ျပန္ႀကီးကိုပဲ လွည္းနဲ႔လႊတ္လိုက္ရတာေပါ့၊ စားေတာ္ကေတာ့ ဘာရယ္လို႔မသတ္မွတ္ထားေပမယ့္ ထမင္းတစ္ခြက္၊ ၾကက္တစ္ျခမ္းကို မက်က္တက်က္ကင္ထားတာရယ္၊ က်န္တာကေတာ့ ကိုယ့္ယာထြက္ ေျမပဲတို႔၊ ႏွမ္းေထာင္းတို႔ ထည့္ၾကတာေပါ့ဗ်ာ၊ ဒါေပမယ့္ စစ္ျပန္ႀကီးက မယုံေတာ့ ေမွာ္ေတာ႐ြာကိုေရာက္ေတာ့ သခင္မဆီကိုစားေတာ္မဆက္ဘဲ သူပဲစားေသာက္ၿပီး ျပန္ခဲ့တာေပါ့ဗ်ာ။
ဒီလိုနဲ႔ စပါးေတြစိုက္ၿပီး ရင့္တဲ့အခ်ိန္ေပါ့၊ မိုးေႏွာင္းေလာက္ေပါ့ဗ်ာ၊ တစ္ရက္ေတာ့ က်ဳပ္တို႔႐ြာက ႐ိုးေခ်ာင္းကေလးထဲကို ေတာင္က်ေရေတြ က်လာပါေရာဗ်ာ၊ ႐ိုးေခ်ာင္းက အက်ယ္ႀကီးဗ်၊ ေနာက္ၿပီး ေတာင္က်ေရဆိုတာကလည္း ႏွစ္တိုင္းက်ေနက်ဆိုေတာ့ က်ဳပ္တို႔အတြက္မဆန္းဘူးေပါ့၊ အဲ၊ ဆန္းတာကေတာ့ အဲဒီတစ္ခါ ေတာင္က်ေရေတြက်ေတာ့ ႐ိုးေခ်ာင္းေလးကေပါက္ၿပီး ေဘးနားက စစ္ျပန္ႀကီးတို႔ လယ္ထဲကို ေရေတြျဖတ္စီးသြားတာေပါ့ဗ်ာ၊ စပါးပင္ေတြအကုန္လုံး ေရနဲ႔ေျမာကုန္တာ စစ္ျပန္ႀကီးခင္ဗ်ာ မ႐ူး႐ုံတစ္မယ္ပဲေပါ့၊ သူတို႔လယ္ပဲျဖစ္တာဗ်၊ က်န္တဲ့လယ္က ေရမဝင္ဘူးဗ်ာ၊ ဒါနဲ႔ ေနာက္ေတာ့ စစ္ျပန္ႀကီးတို႔လည္း ယုံတာ မယုံတာအပထား သခင္မဆီ စားေတာ္တိုက္ရပါေရာဗ်ာ။
အဲဒီအေၾကာင္းေတြ ထားလိုက္ပါေတာ့ဗ်ာ၊ ျပန္ဆက္ရရင္ ေမွာ္ေတာ႐ြာကေလးက ေတာင္ေျခမွာရွိၿပီး မစည္ကားတဲ့႐ြာကေလးဆိုေပမယ့္ သုံးႏွစ္တစ္ခါ သခင္မစားေတာ္fတိုက္ပြဲေရာက္ရင္ေတာ့ ေတာ္ေတာ္စည္ကားတာဗ်၊ ႐ြာတိုင္းလိုလိုက လယ္သမားေတြလာၾကတာမဟုတ္လား၊ ဒီေတာ့ ေမွာ္ေတာ႐ြာအျပင္ဘက္ကြင္းႀကီးထဲမွာ ပြဲႀကီးခင္းၾကတာေပါ့ဗ်ာ၊ ပြဲေဈးတန္းေဈးသည္ေတြလည္းရွိသလို ဇာတ္ပြဲေတြ၊ ၾကည့္ခ်င္ပြဲေတြလည္း အမ်ိဳးစုံဝင္တာေပါ့၊
အေပ်ာ္အပါးငတ္တဲ့ က်ဳပ္တို႔႐ြာသားေတြလည္း ဒီလိုပြဲမ်ိဳးရွိမွ အတိုးခ်ၿပီးေပ်ာ္ရတာဗ်။ သခင္မစားေတာ္တိုက္ပြဲက သုံးႏွစ္တစ္ခါမွက်င္းပတာဆိုေတာ့ မေရာက္မျဖစ္သြားၾကရတာေပါ့ဗ်ာ။
(၄)
ေမွာ္ေတာမွာ အေမ့ညီမတစ္ေယာက္အိမ္ေထာင္က်ၿပီး ေနတယ္ဗ်၊ သခင္မပြဲခ်ိန္ေရာက္ၿပီဆိုရင္ က်ဳပ္တို႔ဖင္တႂကြႂကြျဖစ္ၿပီေပါ့ဗ်ာ၊ သခင္မပြဲခ်ိန္က လယ္မလုပ္တဲ့ ပြင့္လင္းရာသီ၊ ေႏြဦးလိုအခ်ိန္မွာလုပ္တာဗ်။
“နင့္အေဖက ႐ြာလူႀကီးဆိုေတာ့ ႐ြာေစာင့္ရမယ္၊ ငါလည္း သိပ္ေနမေကာင္းဘူး၊ နင့္အကိုႀကီးကလည္း လိုက္ႏိုင္မွာမဟုတ္ေတာ့၊ ဒီတစ္ေခါက္စားေတာ္တိုက္ပြဲကို နင္ပဲဦးစီးၿပီး သြားရမယ္အလတ္ေကာင္”
အေမက က်ဳပ္ကိုတာဝန္ေပးလိုက္ၿပီေလဗ်ာ။
“နင္တို႔ဒီကေန သယ္စရာရွိတာေတြသယ္သြား၊ စားေတာ္တိုက္ဖို႔က နင့္ေဒၚေလးအကုန္စီစဥ္ေပးလိမ့္မယ္၊ ေသေသခ်ာခ်ာယုံယုံၾကည္ၾကည္နဲ႔ ဆုေတာင္းလာခဲ့၊ ဟုတ္ၿပီလား”
က်ဳပ္ပါၿပီဆိုေတာ့ က်ဳပ္ညီလည္း လိုက္ခ်င္ၿပီေလ၊ ေနာက္ၿပီးေတာ့ ႏို႔ညႇာမနဲ႔ အငယ္မကလည္း လိုက္ခ်င္ၾကတယ္၊ အေမကေတာ့ ကေလးေတြနဲ႔က်ဳပ္တစ္ေယာက္တည္းနဲ႔ကို စိတ္မခ်ဘူး၊ ဒါနဲ႔ အရီးေလးကို ထည့္ေပးလိုက္ပါေရာ၊ အရီးေလးဆိုတာက က်ဳပ္တို႔ေနမေကာင္းရင္လာၿပီး ျပဳစုတဲ့အေဒၚႀကီးေလ၊ မွတ္မိရဲ႕လား၊ ဘို႔တစ္ေထာင္တိုက္ႏြားနဲ႔အတိုက္ခံရေတာ့ ဦးဘသာႀကီးလုပ္တာလို႔ ေလွ်ာက္ေျပာတဲ့ အရီးေပါ့ဗ်ာ။
ဒါနဲ႔က်ဳပ္တို႔လည္း ပြဲေတာ္ရက္မတိုင္မီ ႏွစ္ရက္အလိုကတည္းက လွည္းတစ္စီးနဲ႔ထြက္ခဲ့တာ၊ က်ဳပ္ကလွည္းေမာင္းတာေပါ့၊ အေနာက္မွာေတာ့ ညီမေတြနဲ႔ အရီးေလးလိုက္လာတာေပါ့၊ ရာသီဥတုက ေႏြဦးဆိုေတာ့လည္း က်ဳပ္တို႔လွည္းမွာ ေပါင္းမိုးႀကီးတပ္ထားတာေပါ့ဗ်ာ။
ေမွာ္ေတာက ၿမိဳင္သာနဲ႔ဆန႔္က်င္ဘက္ဗ်၊ ႐ိုးမႀကီးအနားကိုသြားရတာ၊ လမ္းကလည္း လွည္းလမ္းပဲရွိတာ၊ က်ဳပ္တို႔႐ြာကေန မနက္အေစာႀကီးထြက္ရင္ ေမွာ္ေတာကို ေနမဝင္ခင္ေလာက္ဆိုေရာက္ပါတယ္၊ လမ္းခရီးကလည္း သိပ္ၿပီးစိုးရိမ္စရာမရွိပါဘူး၊ က်ဳပ္တို႔လိုမ်ိဳး လွည္းေတြနဲ႔ ကိုယ္စီကိုယ္စီ လာတဲ့သူေတြရွိသလို၊ ေမွာ္ေတာ႐ြာအထိ လိုင္းကားလည္းဆြဲေပးတယ္ဆိုေတာ့ သြားေရးလာေရး အဆင္ေျပတာေပါ့ဗ်ာ။
ညေနေရာက္ေတာ့ ေမွာ္ေတာ႐ြာကိုေရာက္တယ္၊ ပြဲခင္းႀကီးက စည္ေနၿပီဗ်ာ၊ က်ဳပ္တို႔လည္း လွည္းကို ႐ြာထဲအထိေမာင္းၿပီး က်ဳပ္ေဒၚေလးတို႔ ၿခံဝိုင္းထဲအထိ ေမာင္းထည့္လိုက္တာေပါ့၊ ေဒၚေလးက အစကက်ဳပ္တို႔႐ြာကပဲဗ်၊ ေမွာ္ေတာသခင္မပြဲလာရင္း ဒီ႐ြာကလူနဲ႔ ၿငိစြန္းၿပီးေတာ့ အိမ္ေထာင္က်သြားတာ၊ သူ႔ေယာက္်ားက ႐ိုးမထဲကေန သစ္ထုတ္တယ္ဆိုေတာ့ အေျခအေနရွိတယ္ေပါ့ဗ်ာ၊ အဲဒီညေတာ့ ဘယ္မွမသြားႏိုင္ေတာ့ဘူး၊ တစ္ေနကုန္လွည္းစီးလာရတာဆိုေတာ့ ပင္ပန္းေနၿပီေလ၊ ေဒၚေလးေကြၽးတဲ့ထမင္းကိုစားၿပီးေတာ့ ေအးေအးလူလူနားၾက႐ုံပါပဲ၊ ဒီအခ်ိန္မွာ ထူးဆန္းတာက ညီမမိညႇက္ပဲဗ်၊ မိညႇက္က ထမင္းလည္းေကာင္းေကာင္းမစားႏိုင္ဘူး၊ ထမင္းစားၿပီးေတာ့လည္း အိမ္ေရွ႕ထြက္ၿပီး ငူငူငိုင္ငိုင္ႀကီးျဖစ္ေနတာ။ က်ဳပ္တို႔လည္း လွည္းစီးလာလို႔ ပင္ပန္းတယ္လို႔ထင္တာေပါ့ဗ်ာ၊ မိညႇက္က အရင္က ဒီကိုတစ္ခါမွ မလာဖူးဘူးေလ။ နည္းနည္းညည့္နက္ေတာ့ က်ဳပ္တို႔အိပ္ၾကတာေပါ့ဗ်ာ၊ က်ဳပ္နဲ႔က်ဳပ္ညီက အိမ္ေရွ႕ဘုရားခန္းေျခရင္းမွာ အိပ္တယ္၊ မိညႇက္နဲ႔ ႏို႔ညႇာမနဲ႔ကေတာ့ အိမ္ေနာက္အခန္းထဲ အိပ္ၾကတာေပါ့ဗ်ာ၊
အိပ္ေနရင္း ညသန္းေခါင္ေလာက္ၾကတာ့ ငိုသံၾကားရတယ္ဗ်ာ၊ က်ဳပ္လည္း အိပ္မက္မက္တယ္ထင္ေနတာ၊ တစ္ဖက္ကိုလွည့္ၿပီးအိပ္လိုက္ေတာ့ အိမ္ေရွ႕မွာ ဆံပင္အရွည္ႀကီးနဲ႔ မိန္းမတစ္ေယာက္က မတ္တပ္ရပ္ေနတာဗ်၊ အိမ္ကိုလည္း စိုက္ၾကည့္ေနေသးတယ္၊ ေဒၚေလးတို႔အိမ္ေရွ႕ခန္းက သံဇကာေတြကာထားတာဆိုေတာ့ အျပင္ကိုတန္းျမင္ေနရတာေပါ့ဗ်ာ။ က်ဳပ္လည္း ေခါင္းနားပန္းႀကီးသြားၿပီး ငုတ္တုတ္ထထိုင္လိုက္တယ္၊ က်ဳပ္အထင္က ေဒၚေလးအိမ္မွာ ေနတဲ့တစ္ေယာက္ေယာက္မ်ား အိမ္ေပၚတက္ခ်င္လို႔ ၾကည့္ေနတာလားေပါ့၊ ဒါနဲ႔က်ဳပ္လည္း ပုဆိုးျပင္ဝတ္ၿပီးေတာ့ အိမ္တံခါးသြားဖြင့္လိုက္ေတာ့ ဘယ္သူမွမရွိေတာ့ဘူးဗ်ာ၊ ေပ်ာက္ခ်င္းမလွကိုေပ်ာက္သြားတာ၊ က်ဳပ္လည္း အဲဒီေတာ့မွ လန႔္ၿပီး တံခါးကိုျပန္ပိတ္လိုက္တာပဲ။
ငိုသံကလည္း က်ယ္လာတယ္ဗ်၊ အသံက အိမ္ေနာက္ဘက္ကေနလာတာ၊ က်ဳပ္လည္း အိမ္ေနာက္ေဖးက မိန္းကေလးေတြအိပ္တဲ့အခန္းကို အသာကေလးလာၾကည့္တာေပါ့၊ အိပ္ခန္းက တံခါးမရွိဘဲ လိုက္ကာပဲတပ္ထားတာဗ်၊ လိုက္ကာခန္းဆီးစကို ဖယ္ၾကည့္လိုက္ေတာ့ အရီးေလးကလည္း ေဟာက္ၿပီးအိပ္ေနတယ္၊ သူ႔ေဘးမွာ ႏို႔ညႇာမကလည္း အိပ္ေမာက်ေနတာပဲ၊ ဒါပေမယ့္ မိညႇက္ကေတာ့ ျပတင္းေပါက္တံခါးကေန အျပင္ကိုၾကည့္ၿပီး ႀကိတ္ငိုေနတာဗ်။ ေႏြရာသီဆိုေတာ့ ျပတင္းတံခါးေတြက ပိတ္ထားေလ့မရွိဘူးမဟုတ္လား။
“ဟဲ့ မိညႇက္၊ ဘာျဖစ္ေနတာလဲ”
က်ဳပ္ေမးလိုက္ေတာ့ မိညႇက္က က်ဳပ္ဘက္ကိုလွည့္ေတာင္မၾကည့္ဘူး၊ က်ဳပ္လည္း ႏို႔ညႇာမတို႔ကို ေက်ာ္ခြၿပီးေတာ့ မိညႇက္လက္ကိုသြားဆြဲေတာ့မွ မိညႇက္က အိပ္မက္ကေန လန႔္ၿပီးႏိုးလာသလိုလိုျဖစ္သြားတယ္၊ ၿပီးေတာ့ က်ဳပ္ကိုဖက္ၿပီးငိုေတာ့တာပဲ။
“အကိုလတ္၊ ညီမေလးကို လာေခၚေနၿပီ၊ ညီမေလးသြားရေတာ့မယ္”
“ဟဲ့၊ ဘယ္သူက နင့္ကိုေခၚေနတာတုန္း”
“အမႀကီးလို႔ေတာ့ေျပာတာပဲ၊ ညီမေလးလည္းမသိဘူး”
“ဒါနဲ႔ နင္က ဘာလို႔ငိုေနတာတုန္း”
“မသိဘူး၊ အကိုလတ္ရ သူ႔မ်က္ႏွာကိုေတြ႕ရင္ ညီမေလးငိုခ်င္လာလို႔ အီး၊ ဟီး”
က်ဳပ္လည္းတစ္ခုခုေတာ့သိလိုက္ၿပီဗ်၊ ခုနကေတြ႕ခဲ့တဲ့မိန္းမနဲ႔မ်ား သက္ဆိုင္ေနမလားလို႔ေပါ့၊ ဒါနဲ႔ ျပတင္းေပါက္တံခါးပိတ္လိုက္ၿပီး ညီမေလးကို ျပန္အိပ္ခိုင္းရတာေပါ့ဗ်ာ၊ မနက္မိုးလင္းလို႔ လူႀကီးေတြကိုဒီအေၾကာင္းေျပာေတာ့ ဘယ္သူမွ မယုံၾကဘူး၊ သာမန္ကာ လွ်ံကာပဲ သေဘာထားလိုက္ၾကတာေပါ့ဗ်ာ။
(၅)
ညေနေတာ့ အဝတ္အစားအသစ္ေတြဝတ္ၿပီး ပြဲခင္းေလွ်ာက္ၿပီေပါ့ဗ်ာ၊ မနက္ျဖန္ပြဲစမွာဆိုေတာ့ လူကအေတာ္စည္ကားေနၿပီ၊ ဇာတ္ပြဲလည္း ဝင္ေနၿပီဗ်ာ၊ က်ဳပ္လည္း ညီမေတြကိုစိတ္မခ်ဘူး၊ ႏို႔ညႇာမက အပ်ိဳေပါက္ဆိုေတာ့ စိတ္ကစားခ်င္တယ္၊ ဒါနဲ႔ ညီမႏွစ္ေယာက္ေနာက္ကို က်ဳပ္လိုက္ခဲ့တာေပါ့၊ က်ဳပ္ညီကေတာ့ သူတစ္ေယာက္တည္း ပြဲခင္းလည္တယ္ေပါ့ဗ်ာ၊
“ဟယ္၊ ႐ုပ္ကေလးက သနားကမားနဲ႔”
“ဟုတ္ပါရဲ႕၊ ဘ၀ေပး ကုသိုလ္ေတြမ်ား သနားဖို႔ေကာင္းလိုက္တာေနာ္”
လူေတြအုံေနၿပီးေတာ့ တီးတိုးေျပာဆိုေနေတာ့ က်ဳပ္လဲသိခ်င္တာေပါ့ဗ်ာ၊ ဒါနဲ႔ အဲဒီလူအုပ္ထဲကို တိုးၾကည့္လိုက္တယ္ဗ်၊ မိန္းကေလးတစ္ေယာက္က မီးခြက္ကေလးသုံးေလးခုထြန္းၿပီး ေျမႀကီးမွာထိုင္ေနတယ္၊ သူ႔အနားမွာေတာ့ ေရအိုးကေလးေတြကို ဗုံေတြလိုမ်ိဳး အဝတ္စနဲ႔ၾကပ္ထားတာကို တန္းစီၿပီးခ်ထားတယ္ဗ်၊ ေကာင္မေလးကေတာ့ အသားျဖဴျဖဴကေလးပါ၊ ဒါေပမယ့္ အနာႀကီးေရာဂါ ႏူနာသည္ထင္ပါတယ္၊ လက္ေခ်ာင္းကေလးေတြလည္း ျပတ္လို႔ဗ်၊ ပိုဆိုးတာက ႏွာေခါင္းတစ္ဘက္က ျပတ္က်ေနတာ၊ နား႐ြက္ေတြကိုေတာ့ ဆံပင္နဲ႔ဖုံးထားပုံရတယ္။ အဲဒီေကာင္မေလးက အိုးေတြကို ဗုံလိုတီးၿပီးသီခ်င္းတစ္ပုဒ္ဆိုတယ္ဗ်ာ၊ သီခ်င္းကေလးကလည္း ေကာင္းတယ္၊ သူဆိုတဲ့အသံကလည္း မဆိုးဘူးဗ်ိဳ႕၊ ဒါေၾကာင့္မို႔ လူေတြက သူ႔ကိုဝိုင္းၿပီး သနားေနတာေနမွာဗ်။
သီခ်င္းဆိုၿပီးေတာ့ ၾကည့္ေနတဲ့သူေတြက အႏူမိန္းကေလးကို ပိုက္ဆံေတြလွမ္းေပးၾကတယ္၊ အဲဒီမိန္းကေလးကလည္း လင္ပန္းကေလးတစ္ခုနဲ႔ ပိုက္ဆံေတြေတာင္းတာေပါ့၊ က်ဳပ္လည္း သနားသြားတာနဲ႔ ငါးမူးေစ့တစ္ေစ့ကို သူ႔လင္ပန္းထဲကိုထည့္ေပးလိုက္ပါေရာဗ်ာ၊ အဲဒီမိန္းကေလးနဲ႔က်ဳပ္နဲ႔ အၾကည့္ခ်င္းဆုံသြားတယ္ဗ်၊ ဒီအခါ အဲဒီမိန္းကေလးက က်ဳပ္ကိုေသေသခ်ာခခ်ာစူးစိုက္ၾကည့္ၿပီး မ်က္ေစာင္းေတြထိုးတာဗ်ာ၊ မသိရင္ က်ဳပ္နဲ႔သူနဲ႔က ရန္သူေတြက်ေနတာပဲ။ က်ဳပ္လည္းသူ႔ကိုတစ္ေနရာရာမွာ ျမင္ဖူးတယ္လို႔ ထင္ေနတယ္ဗ်။ သူကလည္း က်ဳပ္မထြက္သြားမခ်င္း က်ဳပ္ကိုပဲစိုက္fၾကည့္ၿပီး ေဒါသေတြထြက္ေနတာ။
“ဟိတ္ေကာင္”
က်ဳပ္ပုခုံးကို အပုတ္ခံလိုက္ရလို႔ က်ဳပ္လည္းလန႔္ၿပီး အေနာက္လွည့္ၾကည့္လိုက္တယ္ဗ်၊ ဦးဘသာႀကီးက က်ဳပ္ေဘးနားမွာ ဘယ္အခ်ိန္ကတည္းက ေရာက္ေနသလဲေတာ့မသိပါဘူးဗ်ာ၊
“ဟာ၊ ဦးဘသာႀကီးဘယ္တုန္းကေရာက္ေနတာလဲဗ်”
“ဒီေန႔ပဲကြ၊ လိုင္းကားစီးလာတာ၊ ဒါနဲ႔မင္းသူ႔ကိုမွတ္မိသလား”
ဦးဘသာႀကီးက အႏူမိန္းကေလးကို လက္ညႇိဳးထိုးျပတာမို႔လို႔ က်ဳပ္လည္းေနာက္တစ္ေခါက္ေသခ်ာေအာင္ျပန္ၿပီးၾကည့္ေနမိတာေပါ့ဗ်ာ။
“တစ္ေနရာရာမွာ ေတြ႕ဖူးခဲ့တယ္လို႔ထင္တာပဲဗ်၊ ဒါေပမယ့္ က်ဳပ္တစ္သက္လုံး အႏူေတြနဲ႔ေတာ့ မသိကြၽမ္းခဲ့ဖူးပါဘူး”
ဦးဘသာႀကီးက က်ဳပ္ကိုလက္ကုပ္ၿပီး ထြက္သြားတာမို႔လို႔ က်ဳပ္လည္း သူ႔ေနာက္ကေနလိုက္လာခဲ့တာေပါ့ဗ်ာ၊ အဲဒီဝိုင္းနဲ႔ခပ္လွမ္းလွမ္းေရာက္ေတာ့မွ
“အဲဒါ ေအာက္လမ္းဘေသာ္ရဲ႕ အေျမႇာင္မယားေလကြာ”
က်ဳပ္လည္း အေသအခ်ာျပန္စဥ္းစားလိုက္တယ္၊ အဲဒီေတာ့မွ ႐ုပ္ကိုေရးေတးေတးမွတ္မိလာတယ္။ ဟုတ္တယ္ဗ်ိဳ႕၊ ေအာက္လမ္းဘေသာ္ဆီမွာ စာေရးမလုပ္ေနတဲ့ ေကာင္မေလးဗ်ာ၊ က်ဳပ္ေတာင္ေခ်ာလြန္းလို႔ဆိုၿပီး ေငးၾကည့္ခဲ့ရဖူးတဲ့ေကာင္မေလးေပါ့။
“သူက ဘာျဖစ္လို႔ အဲဒီလိုျဖစ္သြားတာလဲ”
“ေဟ့ေကာင္ရ၊ မင္းကိုသူက စက္လက္နက္နဲ႔ပစ္ခဲ့တာ မင္းမွတ္မိသလား”
က်ဳပ္လည္း ေခါင္းညိတ္လိုက္တယ္ဗ်ာ၊ အဲဒီေတာ့မွ က်ဳပ္ေသေသခ်ာခ်ာသေဘာေပါက္သြားခဲ့တာ၊ ဒီေကာင္မေလးက စုန္းမမဟုတ္လား၊ က်ဳပ္ကိုစက္လက္နက္နဲ႔ပစ္လိုက္ေတာ့ အႏူျဖစ္ေအာင္လို႔ပစ္လ္ိုကတာေနမွာဗ်၊ က်ဳပ္က ဦးဘသာႀကီးရဲ႕ တန္ျပင္အစီအရင္ကိုသုံးထားတာေၾကာင့္မို႔လို႔ သူ႔ကိုယ္သူျပန္ထိသြားတာမဟုတ္လား။
(ထိုအေၾကာင္းမ်ားကို ဦးဘသာႏွင့္ ေအာက္လမ္းဘေသာ္ဇာတ္လမ္းတြင္ဖတ္ရႈပါ)
က်ဳပ္လည္း ေခါင္းနားပန္းႀကီးသြားတာေပါ့ဗ်ာ၊ အဲဒီတုန္းက က်ဳပ္သာ ဦးဘသာႀကီးေပးထားတဲ့ ေဆးလိပ္ကိုမဖြာခဲ့ရင္ အခုေလာက္ဆို သူပစ္တဲ့စက္လက္နက္ထိၿပီးေတာ့ အႏူျဖစ္ေနေလာက္ၿပီဗ်၊ သူ႔လိုပဲ လက္ေခ်ာင္းေတြျပတ္က်၊ ႏွာေခါင္းေတြျပတ္က်နဲ႔ ျဖစ္ေနေလာက္ၿပီေပါ့ဗ်ာ။
“မွတ္ထားကြ၊ အဲဒါ သူမ်ားမေကာင္းႀကံလို႔ ကိုယ္ပဲခံရတာ၊ သူအခုလိုျဖစ္သြားေတာ့ေရာ သူ႔ဆရာ၊ သူ႔ေယာက္်ားျဖစ္တဲ့ ေအာက္လမ္းေကာင္က သူ႔ကိုဆက္ေခၚမထားဘဲ စြန႔္ပစ္လိုက္တယ္မဟုတ္လားကြ၊ ငါေျပာခဲ့သားပဲ ေအာက္လမ္းဆရာေတြဆိုတာက ေတာ္႐ုံတန္႐ုံ ယုတ္မာတဲ့လူေတြမဟုတ္ပါဘူးဆို”
က်ဳပ္ဦးဘသာႀကီးနဲ႔ စကားေကာင္းေနတုန္း၊ က်ဳပ္ညီမႏွစ္ေယာက္လည္း ဘယ္ေရာက္သြားသလဲမသိေတာ့ပါဘူးဗ်ာ၊ က်ဳပ္လည္း ညီမႏွစ္ေယာက္ကိုလိုက္ရွာရေတာ့မွာေပါ့ဗ်ာ၊ မရွာလို႔လည္းမရဘူးေလ၊ မေတာ္တေရာ္ေတြနဲ႔ေတြ႕သြားရင္ က်ဳပ္ညီမေလးေတြ ေရတိမ္နစ္သြားႏိုင္တယ္မဟုတ္လားဗ်။
“က်ဳပ္သူတို႔ကိုလိုက္ရွာရအုံးမယ္ ဦးဘသာ၊ မေတာ္တေရာ္ေတြနဲ႔ေတြ႕သြားရင္ မလြယ္ဘူး”
“မင္းကြာ၊ ဒီေလာက္လူေတြမ်ားေနတဲ့ ပြဲခင္းႀကီးထဲမွာ မင္းဘယ္လိုသြားရွာမလဲ”
ဦးဘသာေျပာတာလည္း ဟုတ္တယ္ဗ်၊ ႐ြာေတြ႐ြာေတြက လာလိုက္တဲ့လူေတြဗ်ာ၊ ပြဲခင္းႀကီးကလည္း အရွည္ႀကီး၊ လူေတြကလည္း တအားတိုးတာဗ်၊ က်ဳပ္ျဖင့္ဘာလုပ္ရမွန္းေတာင္မသိဘူးဗ်ိဳ႕။
“က်ဳပ္အိမ္ျပန္မယ္ဗ်ာ၊ သူတို႔ကို ေမွာ္ေတာ႐ြာထိပ္ကေန ေစာင့္ေနမယ္၊ သူတို႔က႐ြာထဲမွာတည္းတာဆိုေတာ့ ႐ြာထဲကိုေတာ့ ဝင္မွာပဲ၊ ဒါနဲ႔ ဦးဘသာႀကီးေရာ ဘယ္မွာတည္းသလဲဗ်”
“ငါလည္း႐ြာထဲမွာပဲကြ၊ ငါ့မိတ္ေဆြတစ္ဦးရဲ႕ အိမ္မွာတည္းတာေပါ့ကြာ၊ ဒီလိုဆိုရင္ မင္းနဲ႔ငါနဲ႔အႀကံတူေနၿပီပဲ၊ ငါတို႔ျပန္ၾကစို႔ကြာ”
က်ဳပ္နဲ႔ဦးဘသာႀကီးလည္း ႐ြာထဲကိုျပန္လာၾကတယ္၊ ႐ြာလယ္လမ္းကလည္း ေန႔လည္ေန႔ခင္းႀကီးလို စည္ကားေနတာဗ်ာ၊ က်ဳပ္တို႔လို႐ြာမွာတည္းၿပီး ပြဲခင္းေလွ်ာက္တဲ့လူေတြက ဥဒဟိုသြားလာေနၾကတာ၊ ဒါနဲ႔ က်ဳပ္နဲ႔ဦးဘသာလည္း ႐ြာထိပ္က ႐ြာေတာ္ရွင္နတ္ကြန္းအနားမွာ ေစာင့္ေနၾကရင္း လမ္းသြားလမ္းလာေတြကို မ်က္ေျခမျပတ္ေစာင့္ၾကည့္ေနတာေပါ့ဗ်ာ၊
“ဒါနဲ႔ ဦးဘသာႀကီးကိုတစ္ခုေျပာရအုံးမယ္၊ ညတုန္းက က်ဳပ္တစ္ေရးႏိုးေတာ့ မိန္းမတစ္ေယာက္က က်ဳပ္တို႔တည္းတဲ့ ေဒၚေလးအိမ္ကိုၾကည့္ေနတာဗ်ာ၊ က်ဳပ္လည္းထၾကည့္လိုက္ေတာ့ ေပ်ာက္သြားတာပဲဗ်ိဳ႕၊ သရဲေတြဘာေတြမ်ားလားမသိဘူး၊ ေနာက္ေတာ့ က်ဳပ္ညီမအငယ္ဆုံးကလည္း အိမ္ေခါင္းရင္းျပတင္းေပါက္ကေန အျပင္ကိုၾကည့္ၿပီးငိုေနတာဗ်ာ၊ သြားရေတာ့မယ္ဆိုၿပီးေတာ့လဲ ေျပာေသးတယ္”
ဦးဘသာႀကီးက က်ဳပ္စကားကိုၾကားေတာ့ မ်က္ခုံးပင့္သြားတယ္။
“မင္းဟာက ဟုတ္ေရာဟုတ္ရဲ႕လားကြာ၊ အခုတစ္ေလာ မင္းညီမ ဘာေတြထူးျခားေနသလဲ”
“ဘာေတြထူးျခားေနသလဲဆိုေတာ့ ႐ြာမွာရွိကတည္းက တငူငူတငိုင္ငိုင္နဲ႔ဗ်၊ ေနာက္ၿပီး တစ္ေယာက္တည္း မ်က္ရည္ကေလး စမ္းစမ္းနဲ႔ျဖစ္ေနတတ္တယ္”
“မင္းညီမက သိုက္ကလာတာမ်ားလားမသိပါဘူးကြာ၊ သူ႔ကိုသိုက္ေႏွာင့္ေနတာျဖစ္ပါလိမ့္မယ္၊ ငါျဖင့္ သိပ္ၿပီးမသကၤာဘူး၊ တကယ္လို႔ သိုက္သာဆိုရင္ေတာ့ ငါတို႔လက္ဦးေအာင္လုပ္ရမယ္ကြ”
ဦးဘသာႀကီးက အလန႔္တၾကားေျပာေတာ့ က်ဳပ္လည္း လန႔္သြားတာေပါ့ဗ်ာ။
“ဒါဆိုရင္ က်ဳပ္တို႔ၾကားဖူးေနသလို သိုက္နန္းကေန သူ႔ကိုျပန္ေခၚေတာ့မွာလား ဦးဘသာႀကီး”
“ေအးကြ၊ သြားရေတာ့မယ္ဆိုတာ နီးေနလို႔ထုတ္ေျပာတာ၊ သူ႔မွာအခ်ိန္သိပ္မရွိဘူးကြ”
က်ဳပ္လည္းစိတ္ထဲထင့္သြားတာပဲ၊ ဘာပဲေျပာေျပာ ဒီခရီးကို က်ဳပ္ကဦးစီးလာတာမဟုတ္လားဗ်ာ၊ က်ဳပ္ညီမသာ ေသသြားတယ္ဆိုရင္ က်ဳပ္ဘယ္ေလာက္အေျပာအဆိုခံရမလဲ၊ ေနာက္ၿပီး က်ဳပ္ညီမေလး မိညႇက္ကိုက်ဳပ္ကလည္း သိပ္ခ်စ္တာဗ်။
“ဒါဆိုရင္လည္း လုပ္စမ္းပါအုံး ဦးဘသာႀကီးရယ္၊ က်ဳပ္ညီမ တစ္ခုခုျဖစ္ရင္ က်ဳပ္ရင္ကြဲမွာ”
ဦးဘသာႀကီးက ဆတ္ခနဲထလိုက္ၿပီး ေခ်ာင္းတစ္ခ်က္ဟန႔္လိုက္တယ္ဗ်၊ ေနာက္ၿပီး က်ဳပ္တို႔အေနာက္က ႐ြာေတာ္ရွင္နန္းကိုၾကည့္ေနတယ္၊ လက္ႏွစ္ဖက္ကိုေတာ့ ေနာက္ပစ္ထားတယ္ဗ်၊ က်ဳပ္လည္း ဦးဘသာႀကီးတစ္ခုခုလုပ္ေနၿပီဆိုတာ သိတာေပါ့ဗ်ာ၊ ဦးဘသာက ႐ြာေတာ္ရွင္ေတြနဲ႔ဆက္သြယ္ႏိုင္တယ္မဟုတ္လား။
“ထူးေတာ့ထူးၿပီေဟ့၊ ႐ြာေတာ္ရွင္က မင္းညီမကို ပြဲခင္းအျပင္ဘက္ ကိုးေတာင္ျပည့္ေစတီကေလးအနားမွာ ေတြ႕လိုက္တယ္တဲ့”
“ဦးဘသာႀကီးက ႐ြာေတာ္ရွင္နဲ႔ေတြ႕လို႔လား”
“မဟုတ္ဘူးကြ၊ သူ႔လက္ေအာက္ငယ္သားထင္တာပဲ၊ မင္းမွတ္ထား၊ ႐ြာေတာ္ရွင္ဆိုတာ ႐ြာတစ္႐ြာမွာ ဘာျဖစ္တယ္ဆိုတာအကို သိထားတဲ့လူေတြပဲ၊ အခုမင္းညီမအေၾကာင္းကိုလည္း သူတို႔ကသိထားၿပီးသားကြ၊ လာကြာ၊ ငါတို႔သူ႔ကို ျမန္ျမန္လိုက္ရွာရေအာင္ေဟ့”
ဦးဘသာႀကီးနဲ႔က်ဳပ္လည္း မတ္တပ္ရပ္လိုက္တာေပါ့ဗ်ာ၊ ႐ြာနဲ႔ ကိုးေတာင္ျပည့္ေစတီကေလးနဲ႔ အလယ္မွာက ပြဲခင္းႀကီးကခံေနတာ၊ ဒီပြဲခင္းကိုသာ တိုးလိုက္လို႔ကေတာ့ တစ္နာရီေလာက္ၾကာသြားႏိုင္တယ္ဗ်၊ ဦးဘသာႀကီးက က်ဳပ္လက္ကိုဆြဲၿပီး ႐ြာအေနာက္ဘက္ကေနပတ္ၿပီးေျပးတယ္၊ အဲဒီမွာ သစ္ေတာႀကီးတစ္ေတာရွိၿပီး လွ်ိဳႀကီးတစ္ခုလည္းရွိတယ္ဗ်ာ၊ အဲဒီကေနျဖတ္ေျပးရင္ေတာ့ ပြဲခင္းကိုမျဖတ္ဘဲ ကိုးေတာင္ျပည့္ေစတီကေလးဆီကို ေရာက္ႏိုင္တာေပါ့ဗ်ာ၊ က်ဳပ္တို႔ႏွစ္ေယာက္လည္း ေဇာနဲ႔ဆိုေတာ့ ညဘက္ႀကီး ေတာအုပ္ထဲကိုတိုးလာခဲ့တာေပါ့၊ ဦးဘသာႀကီးက က်ဳပ္ထက္ျမန္တယ္ဗ်ာ၊ သူက က်ဳပ္ထက္ပိုၿပီးေလာေနတယ္။
(၆)
ဆယ့္ငါးမိနစ္ေလာက္ပဲၾကာမယ္ဗ်ာ၊ က်ဳပ္တို႔ ကိုးေတာင္ျပည့္ေစတီေလးရဲ႕ အေပၚဘက္ကိုေရာက္သြားၾကတယ္၊ ေစတီကေလးက ေတာင္ေျခမွာတည္ထားတာဗ်၊ က်ဳပ္တို႔တစ္ကိုယ္လုံးလည္း ေတာထဲက သစ္ကိုင္းေတြ၊ ဝါးကိုင္းေတြနဲ႔ မျမင္မစမ္းတိုးခဲ့ေတာ့ စုတ္ျပတ္ၿပီး ဒဏ္ရာေတြရေနတာေပါ့ဗ်ာ။
ကိုးေတာင္ျပည့္ေစတီကေလးက ေတာင္ေျခနားမွာတည္ထားတာဗ်၊ ႐ြာနဲ႔ခပ္လွမ္းလွမ္းေပါ့၊ ပြဲခင္းက အဲဒီကိုးေတာင္ျပည့္ေစတီကေလးအနားမွာမရွိဘူးဗ်ာ၊ သစ္ရိပ္ဝါးရိပ္ကလည္း ေကာင္းတာဆိုေတာ့ ေအးစိမ့္ေနတာေပါ့၊ ဘုရားဖူးကေတာ့ တစ္ေယာက္မွကိုမရွိဘူးဗ်၊ ေစတီေလးရဲ႕ ေျခရင္းနားမွာ မိညႇက္က တစ္လွမ္းခ်င္းေလွ်ာက္ေနတယ္။
“ေဟ့ေကာင္၊ မင္းညီမကို မင္းသြားေခၚစမ္း”
က်ဳပ္လည္း အေျပးဆင္းခဲ့တာေပါ့ဗ်ာ။ မိညႇက္ဆီကိုေရာက္ေတာ့ မိညႇက္ရဲ႕လက္ကိုလွမ္းဆြဲလိုက္တာေပါ့ဗ်ာ၊ မိညႇက္လက္က ေအးစက္ေနတာပဲဗ်ာ၊
“ဟဲ့၊ မိညႇက္၊ နင္ဘာလုပ္တာလဲ”
မိညႇက္က က်ဳပ္ကိုမျမင္ဖူးသလိုလိုနဲ႔ စိုက္ၿပီးျပန္ၾကည့္တာဗ်ာ၊ အေမွာင္ထဲမွာေတာင္မွ မိညႇက္ရဲ႕မ်က္လုံးႀကီးေတြက စိမ္းေ႐ႊေ႐ႊႀကီးလင္းေနသလိုပဲ၊ ဒီအခ်ိန္မွာ က်ဳပ္အေရွ႕ကိုေႁမြႏွစ္ေကာင္က်လာတယ္ဗ်၊ ေႁမြက ေႁမြေဟာက္ျဖစ္ပုံရတယ္၊ ပါးပ်ဥ္းႀကီးေထာင္ၿပီး ႏွာေတြမႈတ္လို႔ က်ဳပ္ကိုရန္မူေနလိုက္တာဗ်ာ၊ ဦးဘသာႀကီးက ေျပးဆင္းလာၿပီး ေႁမြႀကီးအေရွ႕မွာရပ္လိုက္တယ္။
“ဟဲ့ သိုက္ေႁမြေတြ၊ နင္တို႔ငါ့ကိုမေႏွာင့္ယွက္နဲ႔”
ဦးဘသာက ေႁမြႏွစ္ေကာင္ကို လက္ညႇိဳးထိုးလိုက္ေတာ့ ေႁမြႏွစ္ေကာင္က သူတို႔ကိုေျပာတယ္ဆိုတာ သိလို႔လားမသိဘူး၊ ေခါင္းေတြငုံ႔ၿပီး ေဘးနားက ခ်ဳံပုတ္ထဲကို တိုးဝင္သြားတာဗ်ာ၊ ဦးဘသာက မိညႇက္နဖူးကို လက္ဖေနာင့္နဲ႔ ႐ိုက္ထည့္လိုက္တယ္။
“ဟဲ့၊ သူ႔ကိုေႏွာင့္ယွက္ေနတဲ့ သိုက္ေတြထြက္ဟဲ့”
အဲဒီအခါ မိညႇက္က ေမ့ၿပီး ေပ်ာ့ေခြက်သြားတယ္၊ က်ဳပ္ဖမ္းတာျမန္လို႔ဗ်ိဳ႕၊ မဟုတ္ရင္ ေအာက္ကေက်ာက္သားနဲ႔ ေခါင္းနဲ႔ေဆာင့္သြားေလာက္တယ္၊ မၾကာပါဘူး က်ဳပ္တို႔အနားမွာ တဝီဝီနဲ႔အသံေတြၾကားရတယ္၊ ေနာက္ၿပီး ေတာက္ေခါက္သံလိုလို၊ ေလခြၽန္သံလိုလို အသံေတြၾကားရျပန္ေရာ။
ေနာက္ေတာ့ ကိုးေတာင္ျပည့္ေစတီေလးအနားမွာ ဖေယာင္းတိုင္မီးလိုမ်ိဳး တစ္ခ်က္တစ္ခ်က္လင္းသြားတယ္၊ အသံတစ္သံလဲထြက္လာတယ္ဗ်။ အသံကေတာ့ ေယာက္်ားအသံႀကီးပဲ။
“ငါ့ႏွမကို ငါျပန္ေခၚတာ မင္းတို႔လာၿပီးမေႏွာင့္ယွက္နဲ႔”
က်ဳပ္လည္း ဘာေျပာရမွန္းမသိဘူးဗ်ာ၊ ဦးဘသာႀကီးကေတာ့ တစ္ခုခုကိုျမင္ေနရသလိုပဲ လိုက္ၾကည့္ေနတယ္။
“မင္းတို႔ေခၚခ်င္တိုင္းေခၚလို႔ရမလားကြ”
“ရတယ္ကြ၊ ငါ့ႏွမေလး လူ႔ျပည္သြားခ်င္တယ္ဆိုၿပီး အတင္းပူဆာလို႔ငါလႊတ္လိုက္တာ၊ အခုေတာ့ ငါတို႔အရမ္းလြမ္းေနၿပီ၊ ငါထပ္ၿပီးမခံစားႏိုင္ေတာ့ဘူး၊ ငါ့ႏွမကို ငါရေအာင္ျပန္ေခၚမယ္”
က်ဳပ္လည္းဘာလုပ္ရမွန္းမသိေတာ့ဘူးေလ၊ ဒါနဲ႔ ဦးဘသာႀကီးကိုပဲ အကူအညီေတာင္းရတာေပါ့။
“ဦးဘသာႀကီး လုပ္ပါအုံး၊ တစ္ခုခုလုပ္ပါအုံး”
ဦးဘသာႀကီးက ေခါင္းခါတယ္ဗ်။
“မျဖစ္ဘူးကြ၊ ငါကသိုက္နန္းရွင္ေတြနဲ႔ သြားပတ္သက္လို႔မျဖစ္ဘူး”
“ဒါဆိုက်ဳပ္ညီမကို ဒီအတိုင္းအေသခံလိုက္ရမွာလားဗ်၊ သူတို႔က က်ဳပ္ညီမအသက္ကိုယူေတာ့မွာေလ”
ဦးဘသာႀကီးက ဘာမွမလုပ္ဘဲ တစ္ေနရာကိုေတြေတြႀကီးၾကည့္ေနတယ္ဗ်ာ၊ မၾကာပါဘူး ဘုရားရင္ျပင္အစပ္နားမွာ သိုက္နန္းရွင္ေတြေပၚလာတယ္ဗ်၊ အားလုံးေပါင္း ေျခာက္ေယာက္ေလာက္ရွိမယ္၊ ေယာက္်ားႀကီးကတစ္ေယာက္၊ က်န္တဲ့ငါးေယာက္လုံးက မိန္းကေလးေတြဗ်၊ မိန္းကေလးေတြထဲမွာ က်ဳပ္အရင္ညကေတြ႕ခဲ့တဲ့ ဆံပင္ရွည္ရွည္နဲ႔မိန္းမလည္းပါတယ္၊ သူတို႔ပုံစံေတြက လူေတြလိုပါပဲဗ်ာ၊ က်ဳပ္တို႔ၾကည့္ဖူးတဲ့ သိုက္ကားေတြထဲကလို ေျပာင္ေျပာင္လက္လက္ေတြ၊ နတ္ဝတ္နတ္စားေတြ ဝတ္ထားတာမဟုတ္ဘူးဗ်။ သူတို႔က တျဖည္းျဖည္းက်ဳပ္အနားကိုတိုးလာၾကတယ္၊ ေနာက္ေတာ့ ခ်ဳံပုတ္ေတြထဲကေနလည္း တရွဲရွဲနဲ႔အသံစုံေတြၾကားေနရတာေပါ့ဗ်ာ။
သိပ္မၾကာပါဘူး အသံတစ္သံထြက္လာတယ္ဗ်။
“ဘသာ၊ နင္ဘာျဖစ္ျပန္ၿပီလဲ”
အသံရွင္ကိုမျမင္ရေပမယ့္ မိန္းကေလးအသံပဲဗ်၊ ဒါေပမယ့္ အသံကခပ္ဩဩႀကီးပါ။ ဦးဘသာႀကီးက ေျမျပင္ေပၚမွာ ပုဆစ္တုပ္ၿပီးထိုင္လိုက္တယ္။
“ဒီမိန္းကေလးကို သူ႔ေမာင္ႏွမကေတြက သိုက္နန္းကိုျပန္ေခၚေနလို႔ သခင္မဆုံးျဖတ္ေပးပါ”
“ဒါကေတာ့ ငါနဲ႔လည္းမဆိုင္ဘူး၊ သူ႔သိုက္နန္းက အကိုအမေတြနဲ႔ ညႇိၾကမွရမယ္၊ ဒါေပမယ့္ သိုက္နန္းရွင္ေတြကို ငါတစ္ခုေတာ့ေတာင္းဆိုလိုက္မယ္၊ ပြဲေတာ္ရက္အတြင္းမွာ မေကာင္းတဲ့အနိဌာ႐ုံေတြမျဖစ္ေစခ်င္ဘူး”
မယ္ေတာ္ေျပာလိုက္ေတာ့မွ သိုက္နန္းရွင္ေတြက ရပ္တန႔္သြားတယ္ဗ်ာ၊ သိုက္နန္းရွင္ထဲက ေယာက္်ားႀကီးကေတာ့ အေရွ႕ကိုတိုးလာတယ္။
“ငါ့ႏွမကို ငါတို႔အခ်ိန္ခုနစ္လေပးမယ္”
က်ဳပ္လည္း မ်က္လုံးျပဴးသြားတာေပါ့၊ ဦးဘသာႀကီးက က်ဳပ္အနားကိုကပ္လာတယ္။
“မင္းအခ်ိန္တိုးေတာင္းစမ္းကြာ”
“ျဖစ္ပါ့မလား က်ဳပ္က အေဖမွမဟုတ္တာ”
“မဟုတ္ဘူးကြ၊ တို႔ေရွးအယူအဆအရဆိုရင္ မိန္းကေလးေတြကို အေဖကပိုင္တယ္၊ အေဖမရွိရင္ အကိုေတြကပိုင္တယ္ကြ၊ ဒီေတာ့ အခုမင္းက သူ႔ရဲ႕အုပ္ထိန္းသူပဲ၊ မင္းသူနဲ႔ညႇိၾကည့္ေပါ့”
“က်ဳပ္၊ က်ဳပ္ဘယ္ေလာက္ေတာင္းရမလဲ”
“သူ႔အသက္ ကုသိုလ္ကံရွိသေလာက္ ရွင္ခြင့္ေပးပါလို႔ေတာင္းစမ္းကြာ”
“သူ႔အသက္ကုသိုလ္ကံရွိသေလာက္ အသက္ရွင္ခြင့္ေပးပါဗ်ာ”
က်ဳပ္ျဖင့္ေျပာသာေျပာေနရတယ္၊ ပါးစပ္ကလွ်ာခလုပ္တိုက္ေနတာဗ်ိဳ႕။
“မရဘူး၊ သုံးႏွစ္ပဲထပ္ရမယ္”
က်ဳပ္က ဦးဘသာႀကီးကိုၾကည့္လိုက္တယ္ ဦးဘသာႀကီးက လက္ရွစ္ေခ်ာင္းေထာင္ျပၿပီးေတာ့
“ရွစ္ဆယ္ေတာင္းကြာ”
“အသက္ရွစ္ဆယ္ ေနခြင့္ေပးပါ”
“မ်ားတယ္၊ ဆယ္ႏွစ္ပဲထပ္ေပးမယ္”
က်ဳပ္နဲ႔ သိုက္နန္းရွင္နဲ႔ အသက္ကိုေဈးဆစ္ေနၾကရင္း
“ငါ့ႏွမကို အိမ္ေထာင္ရက္သားမခ်ထားေပးဘူးဆိုရင္ေတာ့ အသက္အႏွစ္သုံးဆယ္ထပ္ေပးမယ္၊ ဒါငါတိုကေပးႏိုင္တဲ့အသက္အကုန္ပဲ၊ ထပ္ၿပီးမေတာင္းနဲ႔၊ ထပ္ေတာင္းရင္ငါတို႔အခုပဲ အသက္ႏႈတ္ယူလိုက္မယ္”
“ခင္ဗ်ားႏႈတ္ရဲရင္ ႏႈတ္ၾကည့္လိုက္စမ္းပါ”
က်ဳပ္ကလည္း ဘယ္ခံေတာ့မလဲဗ်ာ၊ ေဒါသထြက္ထြက္နဲ႔ သိုက္နန္းရွင္ကိုေတာင္ မေၾကာက္ဘဲ ေအာ္လိုက္မိတာေပါ့၊ သိုက္နန္းရွင္က မ်က္လုံးကတစ္ခ်က္ဝင္းခနဲလက္သြားတယ္ဗ်၊ ေနာက္ေတာ့ ခ်ဳံကြယ္ထဲကေန ေႁမြႀကီးႏွစ္ေကာင္ခုန္ပ်ံၿပီးထြက္လာပါေရာဗ်ာ၊ သိုက္ေႁမြႀကီးေတြထင္ပါတယ္ဗ်ာ၊ မ်က္လုံးႀကီးေတြက ဝင္းလက္ေနေရာ၊ သိုက္ေႁမြက ေျမေပၚေရာက္ေတာ့ က်ဳပ္ဆီကိုႏွစ္ေကာင္စလုံးခုန္ဝင္လာျပန္ေရာ၊ ဦးဘသာႀကီးကလည္း ဘာလက္ျမန္သလဲမေမးနဲ႔ဗ်ာ၊ သိုက္ေႁမြႏွစ္ေကာင္ကို လက္ႏွစ္ဖက္နဲ႔ဆတ္ခနဲဖမ္းထားတာ၊ သိုက္ေႁမြက ဦးဘသာႀကီးရဲ႕လက္ကို လိမ္ပတ္ေနတာပဲဗ်ာ။ ေနာက္မွာ ဦးဘသာႀကီးေျပာျပတာကေတာ့ အဲဒီေႁမြေတြက သိုက္ေႁမြပ်ံေတြတဲ့ဗ်၊ ကိုက္မိလိုက္တာနဲ႔ ေဆးမမီဘူး၊ တန္းၿပီးေသတာပဲတဲ့ဗ်ာ၊ ဦးဘသာက ေႁမြေတြက ညႇစ္လိုက္ေတာ့ ေႁမြေတြက တြန႔္လိမ္ေနတာပဲဗ်ာ။
“ေဟ့ သိုက္နန္းရွင္၊ မင္းရဲ႕သိုက္ေႁမြကို ငါသတ္လိုက္ရမလား”
“ေတာ္စမ္း ဘသာ”
သခင္မအသံက ထြက္လာတယ္ဗ်။
“ကဲ သိုက္နန္းရွင္ေတြကလည္း ေလ်ာ့ေပးလိုကဲ္ၾကပါ၊ မင္းတို႔ကလည္း ေကာင္းမႈကုသိုလ္ေတြလုပ္ေပးၿပိးေတာ့ သိုက္နန္းရွင္ေတြကို အမွ်အတန္းေဝေပးလိုက္ေပါ့”
သခင္မက ၾကားျဖတ္ၿပီးဝင္ေျပာေပးပါတယ္။
“မရဘူး၊ က်ဳပ္တို႔လိုခ်င္တာ အမွ်အတန္းမဟုတ္ဘူး၊ က်ဳပ္တို႔က က်ဳပ္တို႔ႏွမကိုပဲ လိုခ်င္တာ”
“ဒါဆိုရင္လည္း မင္းတို႔သိုက္နန္းကို ငါေျပာင္းျပန္လွန္ေပးမယ္ေဟ့”
ဦးဘသာႀကီးက ႀကိမ္းဝါးလိုက္တယ္ဗ်၊
“ေတာ္ေတာ့လို႔ေျပာေနတယ္ဘသာ၊ ကဲ ေမွာ္သိုက္နန္းက သိုက္နန္းရွင္ေတြလည္း စိတ္ကိုေလ်ာ့က်၊ အခုနင္တို႔ေပးႏိုင္သေလာက္ ေပးလိုက္ၾက”
သခင္မအသံက ဟိန္းၿပီးထြက္လာတယ္ဗ်ာ၊ က်ဳပ္နဲ႔ဦးဘသာလည္း မိညႇက္ကိုေပြ႕ၿပီး ျပန္ခဲ့တာေပါ့၊ သိုက္နန္းရွင္ေတြကေတာ့ က်ဳပ္တို႔ကိုမ်က္ေစာင္းတခဲခဲနဲ႔ထိုးရင္း ေဝးက်န္ခဲ့ေတာ့တာေပါ့ဗ်ာ။
ဆက္ရရင္ေတာ့၊ က်ဳပ္က သခင္မကို ေတာ္ေတာ္ယုံၾကည္သြားတယ္ဗ်၊ သခင္မက က်ဳပ္တို႔နယ္တစ္ဝိုက္ရဲ႕ စုန္းခ်ဳပ္၊ ကေဝခ်ဳပ္၊ သိုက္ခ်ဳပ္တဲ့ဗ်ာ၊ ဒါေၾကာင့္သူက အကုန္လုံးကိုသိေနတာေနမွာ၊ က်ဳပ္တို႔႐ြာကိုျပန္လာေတာ့ အေဖတို႔ကို အက်ိဳးအေၾကာင္းေျပာျပၿပီး ၿမိဳင္သာမွာ ဆရာတစ္ေယာက္နဲ႔ သိုက္စစ္ၾကည့္ၾကတယ္၊ စစ္ၾကည့္ေတာ့ ဘာေတြ႕သလဲဆိုရင္ အဲဒီသိုက္နန္းက ေမွာ္သိုက္နန္းလို႔ေခၚသတဲ့ဗ်၊ သိုက္နန္းေစာင့္တဲ့လူေတြက အဲဒီေအာက္က ရတနာေတြထြက္မယ့္ ေမွာ္တစ္ခုကို ေစာင့္ေနတာတဲ့ဗ်၊ အခ်ိန္တန္လို႔ ထိုက္သူေတြ႕ရင္ သူတို႔က ေပ်ာက္ကြယ္သြားမွာတဲ့ေလ၊ အေဖတို႔က အဲဒီဆရာနဲ႔သိုက္ဆက္ျဖတ္လိုက္တယ္ဆိုလား လုပ္လိုက္ၾကတယ္ဗ်ာ။
ဒါေပမယ့္ ထူးဆန္းတာက က်ဳပ္ညီမ မိညႇက္က ေက်ာင္းဆရာမျဖစ္သြားတယ္ဗ်၊ တာဝန္က်တဲ့ေနရာကလည္း ေမွာ္ေတာ႐ြာက မူလတန္းေက်ာင္းကို တာဝန္က်တယ္တဲ့ဗ်ာ၊ သိုက္ဆက္ေတြ သူတို႔နဲ႔နီးတဲ့ေနရာကို ေခၚထားတာေနမွာေပါ့ဗ်ာ။ မိညႇက္လည္း တစ္သက္လုံးခ်စ္သူရည္းစား ရမသြားပါဘူးဗ်ာ။
ပိုၿပီးထူးဆန္းတာကေတာ့ က်ဳပ္ညီမမိညႇက္က အပ်ိဳႀကီးအျဖစ္နဲ႔ ေမွာ္ေတာ႐ြာမွာတာဝန္ထမ္းေဆာင္ေနရင္း အသက္ေလးဆယ့္ ႏွစ္ႏွစ္အေရာက္မွာ ဦးေႏွာက္ေသြးေၾကာပိတ္ၿပီး ေသဆုံးသြားတာပါပဲ၊ က်ဳပ္နဲ႔ေတာင္းခဲ့တဲ့ အခ်ိန္အႏွစ္သုံးဆယ္ ျပည့္သြားတယ္ထင္ပါရဲ႕ဗ်ာ။
က်ဳပ္ညီမအေၾကာင္းေတြ ျပန္ေျပာရတာေတာ့ စိတ္မေကာင္းဘူးစာေရးဆရာေရ၊ ဒီေန႔ေတာ့ ဒီေလာက္နဲ႔ပဲ နားပါၿပီဗ်ာ။
ၿပီးပါၿပီ။
#အဂၢေဇာ္