Unicode Version
” စုန်းထီးကြီး ဦးဘသာ နှင့် ခွေးနက်စုန်း ”(စ/ဆုံး)
———————————————————–
အခန်း(၁)
ဒီလိုဗျ၊ ကျုပ်တို့ရွာမှာ အရမ်းအစွမ်းထက်တဲ့ စုန်းထီးကြီးတစ်ယောက်ရှိခဲ့တယ်၊ ကျုပ်တို့ကတော့ သိပ်မမီလိုက်ဘူး၊ ကျုပ်တို့အဘိုးတွေ၊ အဖေတွေကတော့ တော်တော်ကလေးမီလိုက်တာပေါ့။ သူ့နာမည်က ဦးသာစံ လို့ခေါ်တယ်၊ ဒါပေမယ့် ရွာကလူတွေကတော့ ဦးဘသာ လို့ပဲခေါ်တယ်၊ လူကွယ်ရာမှာဆိုရင်တော့ စုန်းထီးကြီးဦးဘသာလို့ ခေါ်ကြတာပေါ့ဗျာ။
သူ့ပုံစံကတော့ လူက ခပ်ပုပု၊ ခပ်၀၀ဖိုင့်ဖိုင့်ဗျ၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးကျိုးတို့ကျဲတဲနဲ့ ခေါင်းကလဲထိပ်ကြီးပြောင်နေတာဗျ၊ မျက်နှာမှာလည်း ကျောက်ပေါက်မာတွေနဲ့ဆိုတော့ ကြည့်လိုက်ရင်ကို ကြောက်စရာကြီးပေါ့ဗျာ၊ ဒါပေမယ့် သူက အမြင်သာကြောက်ဖို့ကောင်းတာ အင်မတန်ခင်ဖို့ကောင်းတဲ့လူကြီးဗျ။ အမြဲတမ်းကွမ်းကြီးမြုံနေပြီးတော့ ခပ်ပြုံးပြုံးကြီးနေတတ်တယ်ဗျ။ အဝတ်အစားဆိုရင်လည်း အကျီအစုတ်ကြီးဖြစ်ဖြစ်၊ စွပ်ကျယ်လက်ပြတ်ကြီးဖြစ်ဖြစ် ဝတ်ထားတတ်ပြီးတော့ အောက်ကလည်းပုဆိုးတိုတိုနဲ့ တာရာဖိနပ်ကြီးဝတ်ထားတတ်တယ်။ သူ့ကိုစုန်းဆိုတာတောင် ရွာကလူတိုင်းသိကြတာမဟုတ်ဘူး၊ ကျုပ်အဘိုးက အရင်ကသူကြိးဖြစ်ခဲ့လို့သာ သူ့အကြောင်းတွေကိုသိနေတာဗျို့။
သူက စုန်းဆိုပေမယ့်လည်း တခြားစုန်းတွေလို ပြုစားတာတွေဘာတွေ မလုပ်ဘူးဗျ။ ရိုးရိုးသားသား လယ်လုပ်တယ်၊ နွားမွေးတယ် ဒီလောက်ပဲလုပ်ကိုင်စားသောက်နေတာ။ ကျုပ်တို့အဘိုးပြောဖူးတာက စုန်းတွေဟာ လက်ကြောမတင်းတဲ့လူတွေတဲ့၊ ကိုယ့်လုပ်စာနဲ့ကိုယ် အလုပ်လုပ်ပြီး ဟင်းကောင်းမစားနိုင်လို့ ဟိုလူကိုဖမ်းစားလိုက်၊ ဒီလူကိုပြုစားလိုက်လုပ်ပြီးတော့ အမဲသားဟင်းတို့၊ ကြက်သားဟင်းတို့ တောင်းပြီးတော့ ခေါစာပစ်ခိုင်းပြီး စားသောက်ကြတာတဲ့၊ ဦးဘသာကတော့ ဒီလိုမဟုတ်ဘူးဗျ။ ကျုပ်တို့ငယ်ငယ်တုန်းကလည်း သူ့ကိုစုန်းမှန်းလုံးဝမသိဘူး၊ နောက်တော့မှ အဘိုးတို့ပြောပြတာရယ်၊ ကျုပ်တို့ ကိုယ်တိုင်ကြုံခဲ့ရတာတွေရယ်ကြောင့် စုန်းမှန်းသိလိုက်တာ။ တစ်ခါကတော့ အဘိုးက မေးဖူးတယ်တဲ့။ အဲဒီတုန်းက ဂျပန်ခေတ်နှောင်းပေါ့ဗျာ၊ ကျုပ်တို့အဘေးကလည်း သူကြီးဗျ၊ သူသေတော့ သူ့သားကို အရေးပိုင်တွေက သူကြီးခန့်လိုက်တော့ ကျုပ်အဘိုးက သူကြီးဖြစ်သွားတာပေါ့ဗျာ၊ အဲဒီတုန်းက သူ့အသက်က နှစ်ဆယ်ကျော်လေးပဲရှိသေးတာ။ ဒါပေမယ့် ရွာသားတွေကတော့ အဘိုး့ကိုလေးစားကြပါတယ်၊ ကိုယ့်တူကိုယ့်သားလို ချစ်ခင်ကြပါတယ်၊ အဘိုးကလည်း သူကြီးဆိုပြီး သြဇာမပြင်းခဲ့ပါဘူး။ ကျုပ်တို့က သူကြီးမျိုးရိုးဗျ၊ ကြွားတယ်တော့မထင်ပါနဲ့၊ ကျုပ်အဘေးကြီးကလည်း အင်္ဂလိပ်ခေတ်ကတည်းက သူကြီး၊ နောက်တော့ ကျုပ်အဘိုးသူကြီးဖြစ်တယ်၊ ကျုပ်အဖေလည်း သူကြီးဖြစ်ခဲ့တယ်၊ အဲ ကျုပ်အလှည့်ကျတော့ သူကြီးမဖြစ်ခဲ့ပါဘူးဗျာ။
တစ်နေ့တော့ သူကြီးပေါက်စ အဘိုးက ဦးဘသာကိုမေးကြည့်တယ်၊
“ဦးဘသာ ခင်ဗျားက စုန်းလို့ရွာကလူတွေပြောနေကြတယ်၊ ကျုပ်ကတော့ သူများပြောစကားမကြားချင်ဘူး ခင်ဗျားပါးစပ်က ပြောတာပဲယုံချင်တယ်”
ဆိုတော့ ဦးဘသာကြီးက ခေါင်းညိတ်ပြီး သူက စုန်းတစ်ယောက်ပါလို့ ဝန်ခံသတဲ့ဗျ၊ ဒါနဲ့အဘိုးက
“အဲဒါဆိုရင်လည်း ခင်ဗျားကတိတစ်ခုပေး၊ ကျုပ်တို့ရွာကလူတွေကို ခင်ဗျားရဲ့ပညာနဲ့ မကောင်းတာတွေမလုပ်ရဘူး၊ မဖမ်းစားရဘူး” လို့အဘိုးက ကတိပေးခိုင်းတယ်။ ဦးဘသာက ကတိတော့မပေးဘူးဗျ၊ ဒါပေမယ့် သူက အကျိုးယုတ်အောင်တော့ သူမလုပ်ပါဘူးလို့ပြန်ကတိပေးတယ်လို့ပြောတာပဲ။
အခန်း (၂)
ကျုပ်တို့ရွာက ဇီးကုန်းလို့ခေါ်တယ်ဗျ၊ ကျုပ်တို့အနားမှာ ပေတောရွာရယ်၊ တန်းမြင့်ရွာရယ်ဆိုပြီး ရွာသုံးရွာက ဖိုခုံလောက်ဆိုင်ပုံနဲ့တည်ရှိနေကြတာ၊ အဲဒီရွာသုံးရွာရဲ့အလယ်မှာ ပုဂံခေတ်ကတည်းကတည်ထားတဲ့ ပုထိုးတစ်ခုရှိတယ်ဗျ။ တစ်ရွာနဲ့တစ်ရွာကို ရှစ်မိုင်စီဝေးတယ်။ ရှေးလူကြီးတွေရွာတည်ခဲ့တာလည်း အံ့သြစရာကြီးဗျာ၊ ဖိုခုံလောက်ဆိုင်ကို တစ်ရွာနဲ့တစ်ရွာ ရှစ်မိုင်ကွက်တိပဲ၊ ထားပါတော့၊ အဲဒီဦးဘသာကြီးအကြောင်းဆက်ပြောရအောင်။
ဦးဘသာကြီးက သဘောကောင်းတယ်ဆိုပေမယ့် သူက အလွန်အစအနောက်သန်တယ်ဗျ၊ ရွာကလူတွေဆိုရင်လည်း သူက ပြုစားတာတို့မလုပ်ပေမယ့် မထင်ရင် မထင်သလို စနောက်တတ်တာ၊ ဒါကြောင့်လည်း ကျုပ်အဘိုးသူကြီးက ခဏခဏ သတိပေးရတာပေါ့ဗျာ၊ အဲ၊ ဒီတစ်ခါပြောပြမှာကတော့ ခုနက ဖမ်းစားတဲ့ဇာတ်လမ်းပဲဗျ။ အဲဒီအဖြစ်အပျက်ဖြစ်တုန်းက ကျုပ်တို့ခပ်ငယ်ငယ်ကပေါ့။
တစ်ရက်တော့ ကျုပ်ရယ်၊ ဖိုးတရုတ်ဆိုတဲ့ ကျုပ်သူငယ်ချင်းရယ်၊ နောက်ပြီးတခြားသူငယ်ချင်းတွေလဲပါတယ်၊ ဘုန်းကြီးကျောင်းဝိုင်းအနောက်ဘက်မှာ ဂုံညင်းဒိုးခင်းကစားကြတာပေါ့ဗျာ၊ ဂုံညင်းဆိုတာကတော့ ဂုံညင်းရဲ့အစေ့ဗျ၊ ခပ်ပြားပြားချောချောကလေးဖြစ်နေတာ၊ အဲဒါနဲ့ပစ်ပြီးကစားရတာပါ၊ ကျုပ်တို့ကတော့ ဂုံညင်းဒိုးလို့ခေါ်ကြတယ်။
ဆော့နေတုန်း ဖိုးတရုတ်က ဗိုက်အောင့်တယ်ဆိုပြီးတော့ လဲကျသွားတာပဲဗျ၊ သူ့ဗိုက်ကိုလည်း လက်နဲ့ဖိထားပြီး အော်ဟစ်နေတာ၊ အဲဒီတုန်းက ကျုပ်တို့အားလုံး ဆယ်နှစ်သားလောက်ပဲရှိသေးတာဆိုတော့ ဘာလုပ်ရမှန်းမသိဘူးပေါ့၊ ဒါနဲ့ဖိုးတရုတ်ကိုဝိုင်းထမ်းပြီးတော့ သူ့အိမ်ကိုလိုက်ပို့ကြတာပေါ့ဗျာ။ သူ့အိမ်ရောက်တော့ ပိုပိုဆိုးလာတယ်ဗျ၊ ဖိုးတရုတ်မှာ ငိုပြီးတော့ လူးလိမ့်နေတာပဲ။ ဒါနဲ့ ရွာက ဆေးဆရာကြီးကို ပင့်ရတာပေါ့။
ဆေးဆရာကြီးက လာကြည့်တော့လည်း ဘာမှသိပ်မထူးခြားဘူး၊ ဆေးဆရာကြီးက သေချာစမ်းသပ်ကြည့်ပေမယ့် လေလဲမဟုတ်၊ ဓါတ်သဘောလဲမဟုတ်ဘဲ အဖြေရှာမရဘူးဖြစ်နေတာပေါ့၊ ဒါနဲ့ ဆေးဆရာကြီးက ပယောဂလို့ ယူဆပြီးတော့ ပယောဂစစ်ကြည့်တာပေါ့။ ကျုပ်တို့ငယ်ငယ်က ဗိန္ဓောဆေးဆရာကြီးတွေဆိုတာ အထက်လမ်းတွေဘာတွေလည်း အနည်းအကျဉ်းတတ်ကြတယ်ဗျ၊ တော်ရုံဖမ်းစားတာဆိုရင် သူကုရင်ပြီးတယ်၊ ဒါနဲ့ ဖိုးတရုတ်ကိုပယောဂစစ်မယ်လဲဆိုရော ဖိုးတရုတ်က ရုတ်တရက်လေးဖက်ကောက်ထောက်လိုက်ပြီးတော့ ခွေးလိုအူတယ်ဗျာ၊ ကျုပ်တို့လည်း မျက်မြင်မို့လို့ အံ့သြနေမိတာပေါ့။ အူတာမှဗျာ တကယ့်ခွေးတစ်ကောင်နဲ့ တော်တော်ကိုတူတာ၊ ကျုပ်ဖြင့်အဲဒီလိုအူတတ်မှာမဟုတ်ဘူး။
ဒါနဲ့ဆေးဆရာကြီးက ကြိမ်းမောင်းလိုက်တော့မှ အအူရပ်ပြီးတော့ ခွေးထိုင်ကလေး ငုတ်တုတ်ထိုင်နေတယ်။ နောက်တော့ ဆေးဆရာကြီးက နင်ကဘာလဲ၊ ဘာလို့လုပ်ထားတာလဲမေးတော့မှ၊ ဒွေးချောင်းက စုန်းမပါတဲ့၊ နာမည်လည်းပြောလိုက်သေးတယ် ကျုပ်တော့သိပ်မမှတ်မိတော့ဘူး။ မိအေးဆိုလား ဘာလားပဲ၊ သူက အမဲသားစားချင်လို့ ကလေးကိုပြုစားထားတာပါတဲ့၊ အမဲသားလေးပိဿာကို မကျက်တကျက်ကင်ပြီးတော့ စကောထဲထည့် ဖက်ရွက်ခင်းပြီး ထမင်းပေါ်ပုံပေးပါတဲ့၊ ပြီးတော့ ဘုရားငုတ်တိုကုန်းနားကို နွားရိုင်းသွင်းချိန်လောက် လာချပေးပါတဲ့၊ မချပေးမချင်း ကလေးကိုလုပ်ထားမယ်လို့ပြောရော၊ ဒါနဲ့ ဆေးဆရာကြီးလည်း သူတတ်သလောက်တော့ ကုသပေးပါတယ်၊ ဖိုးတရုတ်အမေဆိုရင်လည်းသူ့သားလေးကို ကယ်ခိုင်းတာပေါ့လေ၊ ဒါပေမယ့် ဆေးဆရာကြီးက စုန်းကအဆင့်မြင့်လို့ သူကုလို့မနိုင်ဘူးလို့ပြောတယ်။
ဆေးဆရာကြီးက ရေမန်းတွေပက်၊ ကြိမ်လုံးတွေနဲ့ရိုက်ပေမယ့် ဖိုးတရုတ်က ခွေးထိုင်ထိုင်ပြီး ရယ်နေတာဗျာ၊ ဘယ်နှယ့်မှကိုမနေဘူး၊ ဆေးဆရာကြီး မနိုင်တာလည်းဖြစ်နိုင်ပါတယ်၊ နောက်တော့ ဆေးဆရာကြီးလည်း လက်လျှော့လိုက်ရတယ်၊ ဒါနဲ့ စုန်းနဲ့အပေးအယူလုပ်လိုက်တယ်၊ အမဲသားချပေးရင် ကလေးကိုရန်မပြုနဲ့တော့ နောက်လည်းထပ်မလုပ်နဲ့တော့ဆိုတော့ စုန်းမကလည်း ကတိပေးတယ်တဲ့ အဲဒါနဲ့ အမဲသားရဖို့ စီစဉ်ကြတာပေါ့။
ဒါပေမယ့် ခက်တာက အဲဒီခေတ်တုန်းက အမဲသားတို့၊ ဝက်သားတို့ဆိုတာ အခုခေတ်လိုမလွယ်ဘူးဗျ၊ ရွာတစ်ရွာမှာ အမဲပေါ်တော့မှ အဲဒီရွာကလူတွေက အမဲသားစားရတာ၊ ခုခေတ်လို ဈေးဆိုတာလည်းမရှိဘူး၊ အလှမ်းလဲဝေးတာကိုး၊ ဒါနဲ့ နောက်ဆုံးတော့ ဖိုးတရုတ်အမေက သူကြီးကို အပူကပ်တာပေါ့ဗျာ၊ ရွာထဲက နွားတစ်ကောင်လောက်ရအောင် သူကြီးစီစဉ်ပေးပါ၊ သူကလည်း ငွေပေးပြီးဝယ်ပါ့မယ်ပေါ့၊ စုန်းမကလည်း လူလယ်ဗျ၊ ဖိုးတရုတ်တို့က အတော်အတန်ပိုက်ဆံရှိတဲ့သူတွေပေါ့၊ ဒါကြောင့်မို့လို့လည်း သူ့ကိုပြုစားလိုက်ရင် အမဲသားကြိမ်းသေစားရမယ်လို့တွက်ပုံရတယ်။
ဒါနဲ့ကျုပ်အဖေလည်း ကတိပေးလိုက်တာပေါ့။ အဖေကတော့ စုန်းမအကြိုက်မလိုက်စေချင်ဘူး၊ မြိုင်သာ မြို့က အထက်လမ်းဆရာကြီးတွေကို သွားပင့်ပြီး နှင်ထုတ်ချင်တာ၊ ဒါပေမယ့် ဒီမှာက ဖိုးတရုတ်က လူးလိမ့်နေပြီလေ၊ တစ်ချက်တစ်ချက် ငိုရင်းသတိလစ်ချင်သလိုဖြစ်ဖြစ်သွားသေးတာ၊ အချိန်မရှိတော့ဘူးဆိုတော့ နောက်ဆုံးတော့ အမဲသားရှာကျွေးဖို့ပဲ သဘောတူလိုက်တာပေါ့၊ နောက်တော့ ရွာထဲ နွားရှိမယ့်အိမ်တွေကိုစဉ်းစားတယ်၊ နွားတွေက များသောအားဖြင့် ခိုင်းနွားတွေများတယ်၊ နောက်တော့ ဦးဘသာကို သတိရသွားတာပေါ့၊ သူက နွားတွေမွေးတယ်လေ။
ဦးဘသာအိမ်ကို ကျုပ်အဖေနဲ့လူကြီးတစ်ချို့လိုက်သွားတယ်၊ ရွာကလူတွေကို အဖေက အဲဒီသတင်းကို လှို့ဝှက်ထားခိုင်းတယ်၊ ကျုပ်လည်း မယောင်မလည်နဲ့လိုက်ခဲ့တာပေါ့ဗျာ၊ ဦးဘသာအိမ်ကိုရောက်တော့ ဦးဘသာက နွားစာတွေစဉ်းနေတာ၊ အဖေက ဦးဘသာကို အကျိုးအကြောင်းပြောပြပြီးတော့ နွားတောင်းဝယ်တာပေါ့၊ ဦးဘသာက ခေါင်းခါပြတယ်၊ သူ့နွားတွေကိုမရောင်းဘူးတဲ့၊ သူ့မှာ အသားရှိတယ်ဆိုပြီးတော့ မြက်တစ်ထုံးကိုင်ပြီး အိမ်နောက်ဖေးကိုဝင်သွားတယ်။
ဦးဘသာ အိမ်ရှေ့ပြန်ထွက်လာတော့ နွားပေါင်ကြီးတစ်ပေါင်ကိုင်လာတယ်ဗျ၊ ငါးပိဿာလောက်တော့ ရှိလောက်မယ်၊ အသားကလည်း ရဲနေတာပဲဗျာ၊ ကျုပ်အဖေက ဦးဘသာ နွားပေါ်တယ်ဆိုရင် အသားရှိသေးရင် ကျုပ်ကိုလည်း တစ်ပိဿာလောက်ရောင်းပါလို့ ထပ်တောင်းတာ ဦးဘသာက ပေကပ်ကပ်နဲ့။ မရှိတော့ဘူးသူကြီး၊ ဒီဟာအကုန်ပဲ၊ သူကြီးစားချင်ရင် နောက်နေ့ကျရင် ကျုပ်တစ်ကောင်ပေါ်ကျွေးမယ်ဆိုပြီးပြောလိုက်ပါရော၊အဖေလည်း ဦးဘသာကိုငြင်းဆန်လိုက်ပြီးတော့ ဦးဘသာတို့အိမ်ကနေပြန်ထွက်လာခဲ့ကြတာပေါ့ဗျာ။
ဒါနဲ့ကျုပ်တို့လည်း အမဲသားပေါင်ကြီးကို တောင်းကြီးထဲထည့်ပြီး ပြန်ခဲ့တာပေါ့၊ အဖေကတော့ မလိုက်တော့ဘူး၊ ကျုပ်ကတော့ ဖိုးတရုတ်တို့ဆီလိုက်ချင်တယ်လို့ပြောလိုက်တယ်၊ အဖေက ခွင့်ပြုပါတယ်၊ ဖိုးတရုတ်နဲ့ကျုပ်နဲ့က အခင်ဆုံးသူငယ်ချင်းတွေကိုး၊ စားဖော်၊ စားဖက်၊ ကစားဖော်၊ ကစားဖက်တွေလေ၊ ဒါပေမယ့် အဖေကတစ်ခုတော့ပြောတယ်၊ ညနေ ဘုရားငုတ်တိုကို လိုက်မသွားနဲ့တဲ့။
အခန်း(၃)
ဖိုးတရုတ်တို့အိမ်ရောက်တော့ အမဲပေါင်ကြီးကိုဖျက်ပြီးတော့ ထင်းမီးဖိုမှာ မကျက်တကျက်ကင်တယ်၊ အပေါ်ယံသားလေးတွေကို မီးပြပေမယ့် တကယ်တမ်းကတော့ အမဲသားအစိမ်း နီနီကြီးသာရှိသေးတာဗျ၊ ပြီးတော့ နှီးစကောကြီးထဲကို ဖက်တွေခင်းပြီး အပေါ်က ထမင်းနှစ်လုံးချက်ထားတာကိုပုံလိုက်တယ်၊ ထမင်းကိုဖြန့်ပြီးတော့ အမဲသားကင်အမြှောင်းလိုက်ကြီးတွေကို စကောထဲကိုထည့်ရတာပေါ့ဗျာ၊ အမဲသားက များလွန်းတော့ ထမင်းကိုတောင်ဖုံးသွားတယ်၊ ပြီးတော့ ပုဆိုးပိုင်းတစ်ခုနဲ့အုပ်ထားတာပေါ့။
ကျုပ်တို့ကတော့ ဖိုးတရုတ်အနားမှာသွားနေတယ်၊ ဖိုးတရုတ်က လူးလှိမ့်ပြီးအော်နေပေမယ့် အမဲသားအနံ့ရတော့ ခွေးလေးတစ်ကောင်လိုပဲထိုင်ပြီးတော့ လျှာကြီးထွက်ပြီး သွားရေတွေကျနေတာဗျာ၊ ကျုပ်တို့ဖြင့်ရွံလိုက်တာ၊ သွားရေတွေသုတ်ပေးလည်းမရဘူး၊ စီးကျနေတာ၊ ဗိုက်အောင့်တာလည်း သက်သာသွားပုံပဲဗျ။ ဒါပေမယ့် မကျေနပ်တဲ့သူတွေကတော့ ရှိတယ်။ အဲဒါကတော့ ဖိုးတရုတ်ရဲ့ဦးလေးတွေပေါ့၊ ဖိုးတရုတ်က အဖေမရှိတော့ဘူး၊ သူငယ်ငယ်ကလေးတည်းက သူ့အဖေသေသွားခဲ့တာပေါ့၊ ဒါပေမယ့် ဦးလေးတွေကတော့ သုံးယောက်လောက်ရှိတယ်၊ သူ့ဦးလေးတွေလည်း သန်သန်မာမာထွားထွားကျိုင်ကျိုင်းတွေဗျ။
မကြာခင် နွားရိုင်းသွင်းချိန်ရောက်လာခဲ့ရောဗျ။ ဖိုးတရုတ်အမေက ခေါစာဗန်းကိုရွက်ပြီးတော့ ရွာပြင်ကိုတိတ်တိတ်ကလေးထွက်ခဲ့တယ်၊ ကျုပ်အဖေသူကြီးကသာ လှို့ဝှက်ထားခိုင်းတာ တစ်ယောက်စကားတစ်ယောက်နားနဲ့ ဖိုးတရုတ်သတင်းက ရွာထဲပြန့်နေပြီလေ၊ ရွာသားတွေတစ်ချို့လည်းထွက်ကြည့်ကြတယ်၊ ကျုပ်ကလည်း သိချင်တာနဲ့ အနောက်ကနေ ရွာသားတွေနဲ့လိုက်ကြည့်တာပေါ့။
ဘုရားပျက်ကုန်းဆိုတာ အရမ်းသရဲခြောက်တဲ့နေရာဗျ၊ နေရာအရမ်းကြမ်းတယ်လို့ပြောတယ်၊ ကျုပ်တို့ရွာသုံးရွာအလယ်က ဘုရားတော့မဟုတ်ဘူး၊ ကျုပ်တို့ဇီးကုန်းရွာရဲ့အနောက်ဘက်ယွန်းယွန်းမှာရှိတာပါ၊ ရွာနဲ့ နှစ်မိုင်လောက်ဝေးတယ်၊ အဲဒီအနားမှာ တောတန်းကလေးလဲရှိတယ်၊ နောက်တော့ ဘုရားပျက်ကြီးပေါ့၊ အုတ်ကျိုးအုတ်ပျက်တွေနဲ့ ကုန်းကမူကြီးက ညနေနေရောင်မှာ နီနီရဲရဲကြီးဖြစ်နေတာပေါ့ဗျာ၊ ကျုပ်တို့အဲဒီကိုလည်းရောက်ရော ကျုပ်အဖေနဲ့တွေ့ပါလေရာ၊ အဖေကဆိုကျုပ်ဆီကိုလာပြီး ကျုပ်ဇက်ပိုးကို ဖျောင်းခနဲလက်နဲ့အုပ်သွားတာဗျာ၊ ကျုပ်ဆိုရင် ပူထူပြီး ကြယ်တွေလတွေ မြင်ကုန်တယ်၊ အဖေက ကျုပ်ကိုပြန်ခိုင်းလိုက်တယ်၊ ဟုတ်တော့လဲဟုတ်တယ်ဗျာ၊ လူအုပ်ထဲမှာ တခြားကလေးတွေ တစ်ယောက်မှမပါဘူး၊ ကျုပ်သာစပ်စုလွန်းအားကြီးပြီး လိုက်လာခဲ့တာ၊ ဒါနဲ့ကျုပ်လည်း ရွာဘက်လှည့်ပြန်ခဲ့တာပေါ့၊ ဒါပေမယ့် တစ်နေရာမှာ ချုံပုတ်ကြီးကလှုပ်နေတာနဲ့ ကျုပ်လဲသိချင်လို့သွားကြည့်တော့ ဖိုးတရုတ်တို့ဦးလေးတွေဖြစ်နေတယ်၊ သူတို့ကလည်း ဓါးတွေလှံတွေကိုင်ထားကြတယ်။
ကျုပ်လည်းချုံအကွယ်တစ်ခုကနေ ဆက်ပြီးချောင်းကြည့်နေမိတယ်၊ သူတို့ကတော့ ခေါစာလာစားတဲ့ စုန်းမကိုတွေ့ရင် လှံနဲ့ထိုးမယ်၊ ဓါးနဲ့ခုတ်မယ်ဆိုပြီး ကြိမ်းဝါးနေကြတာပေါ့၊ ဒါမျိုးကျတော့ ကျုပ်လဲ လက်လွတ်မခံချင်တော့ဘူးလေ၊ အဲဒါနဲ့ ကျုပ်လည်းဆက်ပြီးပုန်းနေလိုက်တယ်။ ခဏကြာတော့ အဖေရော ရွာကလူတွေပါအကုန်ပြန်သွားတယ်။ ဖိုးတရုတ်အမေကတော့ ခေါစာစကောကို ဘုရားငုတ်တိုရဲ့အနောက်ဘက် တောစပ်မှာချပေးပြီး ခပ်သုတ်သုတ်ပြန်ပြေးသွားတယ်။ ကျုပ်လည်း အဲဒီတော့မှ ကြောက်စိတ်ဝင်လာတယ်၊ ဒီနားမှာ လူဆိုလို့ ကျုပ်ရယ်၊ ဖိုးတရုတ်ဦးလေးသုံးယောက်ရယ်ပဲ ကျန်နေခဲ့တော့တာကိုး၊ တဖြည်းဖြည်းလည်းမှောင်လာခဲ့ပြီ။
ဒီအချိန်မှာ ခွေးအူသံကြီးတစ်ခုကို ဆွဲဆွဲငင်ငင်ကြီးကြားလိုက်ရတယ်ဗျ၊ မကြာပါဘူး တောတန်းကလေးထဲကနေ ခွေးကြီးတစ်ကောင်ပြေးထွက်လာတယ်၊ အမွှေးစုတ်ဖွားနဲ့ ခွေးကြီးက တော်တော်ကြီးတဲ့အကောင်ကြီးဗျ၊ လူကြီးခါးလောက်အရပ်ရှိမယ်၊ အရွယ်က နွားပေါက်လောက်ကိုရှိတယ်။
ဓါးနဲ့ခုတ်၊ လှံနဲ့ထိုးမယ့် ဖိုးတရုတ်ဦးလေးတွေလည်း ချုံပုတ်ထဲကနေ မထွက်ကြဘူးဖြစ်နေတယ်၊ ခွေးကြီးရဲ့မျက်လုံးတွေက ညနေနေရောင်မှာ နီရဲနေတာပဲဗျာ၊ နောက်တော့ ခေါစာဗန်းကိုငုံ့ပြီးတော့ အမဲသားတွေကို အားရပါးရစားတော့တာပဲ၊ ဒါပေမယ့် အမဲသားတွေကပဲမကျက်လို့လားမသိဘူးခွေးကြီးက အမဲသားတွေကို တော်တော်အားယူပြီးဝါးနေရတယ်၊ ခေါင်းကိုဘေးစောင်းပြီးတော့ အံသွားတွေနဲ့ပါ ဝါးစားနေတယ်၊ နောက်တော့ အမဲသားတွေကို ပါးစပ်ထဲကနေထွေးထုတ်လိုက်တယ်။
အဲဒီအခါမှာပဲ ရယ်သံကြီးတစ်ခုထွက်ပေါ်လာတယ်၊ ကျုပ်တို့ကြည့်လိုက်တော့ ဦးဘသာကြီးဗျာ၊ ခေါင်းပြောင်ပြောင်ကြီးကို သဘက်တစ်ခုနဲ့ခေါင်းပေါင်းထားပြီး ပုဆိုးတိုတိုဝတ်ထားတယ်၊ ခွေးနက်ကြီးကိုကြည့်ပြီးတော့ လက်ညှိုးထိုးပြီး တဟားဟားနဲ့အော်ရယ်နေတာပေါ့ဗျာ။ ခွေးကြီးက သူ့ကိုကြည့်ပြီးတော့ တဂီးဂီးနဲ့မာန်ဖီနေတယ်။
“ဟား၊ ဟား ဘယ်လိုလဲ စားလို့ကောင်းရဲ့လား နွားမရဲ့၊ အဲဒါ အမဲသားမဟုတ်ဘူး၊ ငါ့အိမ်က နွားတွေစားတဲ့ မြက်ထုံးကြီးဟဲ့”
ခွေးကြီးက ဦးဘသာကြီးကိုကြည့်ပြီးတော့ ကိုက်တော့မယ့်ဟန်ပြင်နေတယ်၊ ချုံပုတ်ထဲကနေကြည့်နေတဲ့ ကျုပ်က ဒူးတွေတဆတ်ဆတ်တုန်နေပြီ၊ ဦးဘသာကတော့ တစ်ချက်ကလေးတောင် ကြောက်ပုံမရဘူးဗျာ။
“အောင်မယ်၊ နင်ကများငါ့ကိုကိုက်မယ်တဲ့လား၊ နွားမရဲ့ နင်က ငါကျွေးတဲ့မျက်စားထားမှတော့၊ ငါ့ခိုင်းဖတ်ဖြစ်သွားပြီပေါ့”
ဦးဘသာကြီးက နောက်တော့ ခွေးနက်ကြီးကိုလက်ညှိုးနဲ့ထိုးလိုက်တယ်ဗျ။ ပါးစပ်ကလဲ ခုန်စမ်း လို့အမိန့်ပေးလိုက်တာနဲ့ ခွေးကြီးမှာ ခြေလေးဖက်စလုံးမြေပေါ်က ကြွပြီး ခုန်ဆွခုန်ဆွလုပ်နေတော့တာပဲ၊ ဦးဘသာကြီးက ခွေးကြီးကိုကြည့်ပြီး ခွက်ထိုးခွက်လန်ရယ်နေတာပေါ့၊ ခွေးကြီးရဲ့အကြည့်တွေကတော့ တော်တော်မကျေနပ်တဲ့အကြည့်နဲ့ ကြည့်နေတာ၊ ဒါပေမယ့် သူကိုယ်တိုင်ကတော့ ဦးဘသာခိုင်းသလို ခုန်နေရတာဗျ။
“ဟား၊ ဟား၊ နင့်ကိုငါက ခွေးလို့ထင်နေတာ၊ နင်က မြက်စားတဲ့ယုန်ကိုး”
ဦးဘသာကနောက်တော့ လှိမ့်စမ်းလို့ပြောလိုက်တာ၊ ခွေးကြီးက မြေမှာဝပ်ပြီး ဘယ်လှိမ့်လိုက်၊ ညာလှိမ့်လိုက်နဲ့ လှိမ့်နေတော့တာပဲဗျာ၊ ဦးဘသာကြီးကလည်း ခွေးကြီးကိုထိုင်ခိုင်းလိုက်၊ ထခိုင်းလိုက်နဲ့ အစုံခိုင်းတော့တာပဲ၊ ခွေးကြီးမှာလည်း သူခိုင်းတဲ့အတိုင်းလုပ်ရတာ၊ နောက်ဆုံးတော့ ခွေးကြီးကနေ လူသံထွက်လာတယ်ဗျ၊ လူသံတောင်မှ မိန်းမတစ်ယောက်ရဲ့အသံ။
“ကြောက်ပါပြီရှင့်၊ ကျွန်မကိုလွှတ်ပေးပါတော့၊ ကျွန်မတောင်းပန်ပါတယ်”
ဒီတော့မှ ဦးဘသာကြီးကလည်း ကျေနပ်သွားတယ်။
“ဟဲ့မိအေး၊ နင်ဒွေးချောင်းက မိအေးမဟုတ်လား၊ နင့်ပညာလောက်နဲ့များ ငါ့ရွာကို လာစမ်းရတယ်လို့မိအေးရယ်၊ ဒီရွာမှာ ငါရှိနေတယ်ဆိုတာ နင်မသိဘူးလား”
ခွေးကြီးက ဘာမှမပြောဘဲ ခွေးမှိုင်ကြီးမှိုင်နေတယ်ဗျ။ ဦးဘသာကြီးက ခွေးကြီးအနားကိုလမ်းလျှောက်သွားလိုက်ပြီးတော့ ခွေးကြီးကိုလက်ညှိုးထိုးပြီး
“ကဲ၊ နင်လည်းသွားတော့၊ နောက်ဆိုနင့်ရွာမှာနင်ကြိုက်သလိုလုပ်၊ ငါ့ရွာကိုတော့ လာမကျော်နဲ့မိအေး၊ နင်မကျေနပ်ရင် နင်တို့တစ်မျိုးလုံးခေါ်လာခဲ့၊ သွားစမ်း”
အဲဒီလိုပြောပြီးတော့ ခွေးကြီးရဲ့နှာနုကို ဖြတ်ကန်ထည့်လိုက်တာ ခွေးကြီးမှာ နာလွန်းလို့ တကိန်ကိန်နဲ့အော်ပြီးတော့ အမြီးကုပ်ပြီး တောတန်းထဲကို ဝင်ပြေးသွားတယ်ဗျာ။ မနာခံနိုင်ရိုးလား ဦးဘသာကြီးစီးတဲ့ဖိနပ်က သရက်သားမာမာကိုခုတ်ပြီးလုပ်ထားတဲ့ ခုံဖိနပ်ကြီးဗျ၊ နှာနုကိုထိသွားတာဆိုတော့ တော်တော်တော့နာသွားမယ့်ပုံပဲ။
နောက်တော့ ဦးဘသာကြီးက ရွာဘက်ကိုထွက်သွားတယ်၊ ကျုပ်လည်း ရွာကိုအပြေးပြန်ဖို့လုပ်ရတာပေါ့ဗျာ၊ ကျုပ်က သရဲတော့လုံးဝမကြောက်တတ်ပေမယ့် နည်းနည်းတော့လန့်တယ်ဗျ၊ ပတ်ဝန်းကျင်ကလည်း တော်တော်မှောင်နေပြီလေ၊ ဒါပေမယ့် ဖိုးတရုတ်ဦးလေးသုံးယောက်ကိုသတိရသွားလို့ သူတို့တွေပုန်းနေတဲ့ ချုံပုတ်ဆီကိုသွားလိုက်တယ်၊ အဲဒီကိုရောက်တော့ ဘာတွေ့တယ်ထင်သလဲဗျ၊ စုန်းမလာရင် ဓါးနဲ့ခုတ်မယ်၊ လှံနဲ့ထိုးမယ်ဆိုတဲ့ အားကောင်းမောင်းသန် ယောက်ျားကြီးသုံးယောက်က သတိလစ်နေတယ်ဗျ၊ မျက်ဖြူတွေကိုလန်လို့၊ ဒါကြောင့် သူတို့ခွေးကြီးကို ဓါးနဲ့မခုတ်နိုင်တာနေမှာပေါ့ဗျာ၊ ကျုပ်လည်း ရွာကိုအမြန်ပြေးရတော့တယ်၊ ရွာရောက်တော့မှ ဖိုးတရုတ်အိမ်ကိုသွားပြီး အကျိုးအကြောင်းပြောပြတော့မှ ဖိုးတရုတ်အိမ်ကလူတွေ သွားခေါ်ရတယ်၊ သတိရအောင်မနည်းနှာနှပ်ယူရတယ်တဲ့ဗျာ၊ အဲဒီအချိန်မှာပဲဖိုးတရုတ်အိမ်ကိုအဖေရောက်လာတယ်ဗျ၊ အဖေ့လက်ထဲမှာ ကိုင်ထားတာကလဲ ကြိမ်လုံးကြီး၊ ကြိမ်လုံးနာမည်ကလည်း ထားဝယ်ကြိမ်တဲ့ဗျ။
ကျုပ်လည်း ခွေးနက်ကြီးထွက်ပြေးတာကို ဝမ်းသာအားရ ကြည့်ခဲ့မိလို့ ဝဋ်လည်တာလားတော့မသိပါဘူး၊ ဒီတစ်ခါတော့ ကျုပ်ပြေးအလှည့်ပေါ့၊ ဖိုးတရုတ်တို့အိမ်နောက်ဘက် စည်းရိုးမှာရှိတဲ့ ခွေးတိုးပေါက်ကနေထွက်ပြေးတာပေါ့၊ အဖေကတော့ ကျုပ်ကိုလှမ်းပြီး အော်ဆဲရင်း ကြိမ်လုံးကြီးဝင့်ကာ ဝင့်ကာနဲ့ ပြေးလိုက်လာတာပေါ့ဗျာ။
ကျုပ်လည်း ဖဝါးနဲ့တင်ပါး တစ်သားတည်းကျအောင်ပြေးပြီး နောက်ဆုံးရွာဦးဘုန်းကြီးကျောင်းဆီကိုပြေးရတော့တာ၊ ရွာဦးဘုန်းကြီးက အဖေ့ဘကြီးလေ၊ ကျုပ်တို့အဘိုးတော်တာပေါ့၊ သူက ကျူပ်ကိုသိပ်ချစ်ရှာတာ၊ နောက်ဆုံးဘုန်းကြီးကျောင်းရောက်တော့မှ ကျုပ်လည်း အဘိုးဖြစ်သူရင်ခွင်ထဲအပ်ပြီး ငိုချလိုက်ရတော့တာပေါ့ဗျာ။
ကဲ၊ ဒီနေ့တော့ ဒီလောက်ပဲစာရေးစရာရေ၊ နောက်နေ့မှပဲ ဦးဘသာကြီးအကြောင်းတွေ ထပ်ပြီးပြောပြအုံးမယ်ဗျာ။
ပြီးပါပြီ။
#အဂ္ဂဇော်
Zawgyi Version
” စုန္းထီးႀကီး ဦးဘသာ ႏွင့္ ေခြးနက္စုန္း ”(စ/ဆုံး)
———————————————————–
အခန္း(၁)
ဒီလိုဗ်၊ က်ဳပ္တို႔႐ြာမွာ အရမ္းအစြမ္းထက္တဲ့ စုန္းထီးႀကီးတစ္ေယာက္ရွိခဲ့တယ္၊ က်ဳပ္တို႔ကေတာ့ သိပ္မမီလိုက္ဘူး၊ က်ဳပ္တို႔အဘိုးေတြ၊ အေဖေတြကေတာ့ ေတာ္ေတာ္ကေလးမီလိုက္တာေပါ့။ သူ႔နာမည္က ဦးသာစံ လို႔ေခၚတယ္၊ ဒါေပမယ့္ ႐ြာကလူေတြကေတာ့ ဦးဘသာ လို႔ပဲေခၚတယ္၊ လူကြယ္ရာမွာဆိုရင္ေတာ့ စုန္းထီးႀကီးဦးဘသာလို႔ ေခၚၾကတာေပါ့ဗ်ာ။
သူ႔ပုံစံကေတာ့ လူက ခပ္ပုပု၊ ခပ္၀၀ဖိုင့္ဖိုင့္ဗ်၊ ႏႈတ္ခမ္းေမႊး၊ မုတ္ဆိတ္ေမႊးက်ိဳးတို႔က်ဲတဲနဲ႔ ေခါင္းကလဲထိပ္ႀကီးေျပာင္ေနတာဗ်၊ မ်က္ႏွာမွာလည္း ေက်ာက္ေပါက္မာေတြနဲ႔ဆိုေတာ့ ၾကည့္လိုက္ရင္ကို ေၾကာက္စရာႀကီးေပါ့ဗ်ာ၊ ဒါေပမယ့္ သူက အျမင္သာေၾကာက္ဖို႔ေကာင္းတာ အင္မတန္ခင္ဖို႔ေကာင္းတဲ့လူႀကီးဗ်။ အၿမဲတမ္းကြမ္းႀကီးၿမဳံေနၿပီးေတာ့ ခပ္ၿပဳံးၿပဳံးႀကီးေနတတ္တယ္ဗ်။ အဝတ္အစားဆိုရင္လည္း အက်ီအစုတ္ႀကီးျဖစ္ျဖစ္၊ စြပ္က်ယ္လက္ျပတ္ႀကီးျဖစ္ျဖစ္ ဝတ္ထားတတ္ၿပီးေတာ့ ေအာက္ကလည္းပုဆိုးတိုတိုနဲ႔ တာရာဖိနပ္ႀကီးဝတ္ထားတတ္တယ္။ သူ႔ကိုစုန္းဆိုတာေတာင္ ႐ြာကလူတိုင္းသိၾကတာမဟုတ္ဘူး၊ က်ဳပ္အဘိုးက အရင္ကသူႀကိးျဖစ္ခဲ့လို႔သာ သူ႔အေၾကာင္းေတြကိုသိေနတာဗ်ိဳ႕။
သူက စုန္းဆိုေပမယ့္လည္း တျခားစုန္းေတြလို ျပဳစားတာေတြဘာေတြ မလုပ္ဘူးဗ်။ ႐ိုး႐ိုးသားသား လယ္လုပ္တယ္၊ ႏြားေမြးတယ္ ဒီေလာက္ပဲလုပ္ကိုင္စားေသာက္ေနတာ။ က်ဳပ္တို႔အဘိုးေျပာဖူးတာက စုန္းေတြဟာ လက္ေၾကာမတင္းတဲ့လူေတြတဲ့၊ ကိုယ့္လုပ္စာနဲ႔ကိုယ္ အလုပ္လုပ္ၿပီး ဟင္းေကာင္းမစားႏိုင္လို႔ ဟိုလူကိုဖမ္းစားလိုက္၊ ဒီလူကိုျပဳစားလိုက္လုပ္ၿပီးေတာ့ အမဲသားဟင္းတို႔၊ ၾကက္သားဟင္းတို႔ ေတာင္းၿပီးေတာ့ ေခါစာပစ္ခိုင္းၿပီး စားေသာက္ၾကတာတဲ့၊ ဦးဘသာကေတာ့ ဒီလိုမဟုတ္ဘူးဗ်။ က်ဳပ္တို႔ငယ္ငယ္တုန္းကလည္း သူ႔ကိုစုန္းမွန္းလုံးဝမသိဘူး၊ ေနာက္ေတာ့မွ အဘိုးတို႔ေျပာျပတာရယ္၊ က်ဳပ္တို႔ ကိုယ္တိုင္ႀကဳံခဲ့ရတာေတြရယ္ေၾကာင့္ စုန္းမွန္းသိလိုက္တာ။ တစ္ခါကေတာ့ အဘိုးက ေမးဖူးတယ္တဲ့။ အဲဒီတုန္းက ဂ်ပန္ေခတ္ေႏွာင္းေပါ့ဗ်ာ၊ က်ဳပ္တို႔အေဘးကလည္း သူႀကီးဗ်၊ သူေသေတာ့ သူ႔သားကို အေရးပိုင္ေတြက သူႀကီးခန႔္လိုက္ေတာ့ က်ဳပ္အဘိုးက သူႀကီးျဖစ္သြားတာေပါ့ဗ်ာ၊ အဲဒီတုန္းက သူ႔အသက္က ႏွစ္ဆယ္ေက်ာ္ေလးပဲရွိေသးတာ။ ဒါေပမယ့္ ႐ြာသားေတြကေတာ့ အဘိုး့ကိုေလးစားၾကပါတယ္၊ ကိုယ့္တူကိုယ့္သားလို ခ်စ္ခင္ၾကပါတယ္၊ အဘိုးကလည္း သူႀကီးဆိုၿပီး ၾသဇာမျပင္းခဲ့ပါဘူး။ က်ဳပ္တို႔က သူႀကီးမ်ိဳး႐ိုးဗ်၊ ႂကြားတယ္ေတာ့မထင္ပါနဲ႔၊ က်ဳပ္အေဘးႀကီးကလည္း အဂၤလိပ္ေခတ္ကတည္းက သူႀကီး၊ ေနာက္ေတာ့ က်ဳပ္အဘိုးသူႀကီးျဖစ္တယ္၊ က်ဳပ္အေဖလည္း သူႀကီးျဖစ္ခဲ့တယ္၊ အဲ က်ဳပ္အလွည့္က်ေတာ့ သူႀကီးမျဖစ္ခဲ့ပါဘူးဗ်ာ။
တစ္ေန႔ေတာ့ သူႀကီးေပါက္စ အဘိုးက ဦးဘသာကိုေမးၾကည့္တယ္၊
“ဦးဘသာ ခင္ဗ်ားက စုန္းလို႔႐ြာကလူေတြေျပာေနၾကတယ္၊ က်ဳပ္ကေတာ့ သူမ်ားေျပာစကားမၾကားခ်င္ဘူး ခင္ဗ်ားပါးစပ္က ေျပာတာပဲယုံခ်င္တယ္”
ဆိုေတာ့ ဦးဘသာႀကီးက ေခါင္းညိတ္ၿပီး သူက စုန္းတစ္ေယာက္ပါလို႔ ဝန္ခံသတဲ့ဗ်၊ ဒါနဲ႔အဘိုးက
“အဲဒါဆိုရင္လည္း ခင္ဗ်ားကတိတစ္ခုေပး၊ က်ဳပ္တို႔႐ြာကလူေတြကို ခင္ဗ်ားရဲ႕ပညာနဲ႔ မေကာင္းတာေတြမလုပ္ရဘူး၊ မဖမ္းစားရဘူး” လို႔အဘိုးက ကတိေပးခိုင္းတယ္။ ဦးဘသာက ကတိေတာ့မေပးဘူးဗ်၊ ဒါေပမယ့္ သူက အက်ိဳးယုတ္ေအာင္ေတာ့ သူမလုပ္ပါဘူးလို႔ျပန္ကတိေပးတယ္လို႔ေျပာတာပဲ။
အခန္း (၂)
က်ဳပ္တို႔႐ြာက ဇီးကုန္းလို႔ေခၚတယ္ဗ်၊ က်ဳပ္တို႔အနားမွာ ေပေတာ႐ြာရယ္၊ တန္းျမင့္႐ြာရယ္ဆိုၿပီး ႐ြာသုံး႐ြာက ဖိုခုံေလာက္ဆိုင္ပုံနဲ႔တည္ရွိေနၾကတာ၊ အဲဒီ႐ြာသုံး႐ြာရဲ႕အလယ္မွာ ပုဂံေခတ္ကတည္းကတည္ထားတဲ့ ပုထိုးတစ္ခုရွိတယ္ဗ်။ တစ္႐ြာနဲ႔တစ္႐ြာကို ရွစ္မိုင္စီေဝးတယ္။ ေရွးလူႀကီးေတြ႐ြာတည္ခဲ့တာလည္း အံ့ၾသစရာႀကီးဗ်ာ၊ ဖိုခုံေလာက္ဆိုင္ကို တစ္႐ြာနဲ႔တစ္႐ြာ ရွစ္မိုင္ကြက္တိပဲ၊ ထားပါေတာ့၊ အဲဒီဦးဘသာႀကီးအေၾကာင္းဆက္ေျပာရေအာင္။
ဦးဘသာႀကီးက သေဘာေကာင္းတယ္ဆိုေပမယ့္ သူက အလြန္အစအေနာက္သန္တယ္ဗ်၊ ႐ြာကလူေတြဆိုရင္လည္း သူက ျပဳစားတာတို႔မလုပ္ေပမယ့္ မထင္ရင္ မထင္သလို စေနာက္တတ္တာ၊ ဒါေၾကာင့္လည္း က်ဳပ္အဘိုးသူႀကီးက ခဏခဏ သတိေပးရတာေပါ့ဗ်ာ၊ အဲ၊ ဒီတစ္ခါေျပာျပမွာကေတာ့ ခုနက ဖမ္းစားတဲ့ဇာတ္လမ္းပဲဗ်။ အဲဒီအျဖစ္အပ်က္ျဖစ္တုန္းက က်ဳပ္တို႔ခပ္ငယ္ငယ္ကေပါ့။
တစ္ရက္ေတာ့ က်ဳပ္ရယ္၊ ဖိုးတ႐ုတ္ဆိုတဲ့ က်ဳပ္သူငယ္ခ်င္းရယ္၊ ေနာက္ၿပီးတျခားသူငယ္ခ်င္းေတြလဲပါတယ္၊ ဘုန္းႀကီးေက်ာင္းဝိုင္းအေနာက္ဘက္မွာ ဂုံညင္းဒိုးခင္းကစားၾကတာေပါ့ဗ်ာ၊ ဂုံညင္းဆိုတာကေတာ့ ဂုံညင္းရဲ႕အေစ့ဗ်၊ ခပ္ျပားျပားေခ်ာေခ်ာကေလးျဖစ္ေနတာ၊ အဲဒါနဲ႔ပစ္ၿပီးကစားရတာပါ၊ က်ဳပ္တို႔ကေတာ့ ဂုံညင္းဒိုးလို႔ေခၚၾကတယ္။
ေဆာ့ေနတုန္း ဖိုးတ႐ုတ္က ဗိုက္ေအာင့္တယ္ဆိုၿပီးေတာ့ လဲက်သြားတာပဲဗ်၊ သူ႔ဗိုက္ကိုလည္း လက္နဲ႔ဖိထားၿပီး ေအာ္ဟစ္ေနတာ၊ အဲဒီတုန္းက က်ဳပ္တို႔အားလုံး ဆယ္ႏွစ္သားေလာက္ပဲရွိေသးတာဆိုေတာ့ ဘာလုပ္ရမွန္းမသိဘူးေပါ့၊ ဒါနဲ႔ဖိုးတ႐ုတ္ကိုဝိုင္းထမ္းၿပီးေတာ့ သူ႔အိမ္ကိုလိုက္ပို႔ၾကတာေပါ့ဗ်ာ။ သူ႔အိမ္ေရာက္ေတာ့ ပိုပိုဆိုးလာတယ္ဗ်၊ ဖိုးတ႐ုတ္မွာ ငိုၿပီးေတာ့ လူးလိမ့္ေနတာပဲ။ ဒါနဲ႔ ႐ြာက ေဆးဆရာႀကီးကို ပင့္ရတာေပါ့။
ေဆးဆရာႀကီးက လာၾကည့္ေတာ့လည္း ဘာမွသိပ္မထူးျခားဘူး၊ ေဆးဆရာႀကီးက ေသခ်ာစမ္းသပ္ၾကည့္ေပမယ့္ ေလလဲမဟုတ္၊ ဓါတ္သေဘာလဲမဟုတ္ဘဲ အေျဖရွာမရဘူးျဖစ္ေနတာေပါ့၊ ဒါနဲ႔ ေဆးဆရာႀကီးက ပေယာဂလို႔ ယူဆၿပီးေတာ့ ပေယာဂစစ္ၾကည့္တာေပါ့။ က်ဳပ္တို႔ငယ္ငယ္က ဗိေႏၶာေဆးဆရာႀကီးေတြဆိုတာ အထက္လမ္းေတြဘာေတြလည္း အနည္းအက်ဥ္းတတ္ၾကတယ္ဗ်၊ ေတာ္႐ုံဖမ္းစားတာဆိုရင္ သူကုရင္ၿပီးတယ္၊ ဒါနဲ႔ ဖိုးတ႐ုတ္ကိုပေယာဂစစ္မယ္လဲဆိုေရာ ဖိုးတ႐ုတ္က ႐ုတ္တရက္ေလးဖက္ေကာက္ေထာက္လိုက္ၿပီးေတာ့ ေခြးလိုအူတယ္ဗ်ာ၊ က်ဳပ္တို႔လည္း မ်က္ျမင္မို႔လို႔ အံ့ၾသေနမိတာေပါ့။ အူတာမွဗ်ာ တကယ့္ေခြးတစ္ေကာင္နဲ႔ ေတာ္ေတာ္ကိုတူတာ၊ က်ဳပ္ျဖင့္အဲဒီလိုအူတတ္မွာမဟုတ္ဘူး။
ဒါနဲ႔ေဆးဆရာႀကီးက ႀကိမ္းေမာင္းလိုက္ေတာ့မွ အအူရပ္ၿပီးေတာ့ ေခြးထိုင္ကေလး ငုတ္တုတ္ထိုင္ေနတယ္။ ေနာက္ေတာ့ ေဆးဆရာႀကီးက နင္ကဘာလဲ၊ ဘာလို႔လုပ္ထားတာလဲေမးေတာ့မွ၊ ေဒြးေခ်ာင္းက စုန္းမပါတဲ့၊ နာမည္လည္းေျပာလိုက္ေသးတယ္ က်ဳပ္ေတာ့သိပ္မမွတ္မိေတာ့ဘူး။ မိေအးဆိုလား ဘာလားပဲ၊ သူက အမဲသားစားခ်င္လို႔ ကေလးကိုျပဳစားထားတာပါတဲ့၊ အမဲသားေလးပိႆာကို မက်က္တက်က္ကင္ၿပီးေတာ့ စေကာထဲထည့္ ဖက္႐ြက္ခင္းၿပီး ထမင္းေပၚပုံေပးပါတဲ့၊ ၿပီးေတာ့ ဘုရားငုတ္တိုကုန္းနားကို ႏြား႐ိုင္းသြင္းခ်ိန္ေလာက္ လာခ်ေပးပါတဲ့၊ မခ်ေပးမခ်င္း ကေလးကိုလုပ္ထားမယ္လို႔ေျပာေရာ၊ ဒါနဲ႔ ေဆးဆရာႀကီးလည္း သူတတ္သေလာက္ေတာ့ ကုသေပးပါတယ္၊ ဖိုးတ႐ုတ္အေမဆိုရင္လည္းသူ႔သားေလးကို ကယ္ခိုင္းတာေပါ့ေလ၊ ဒါေပမယ့္ ေဆးဆရာႀကီးက စုန္းကအဆင့္ျမင့္လို႔ သူကုလို႔မႏိုင္ဘူးလို႔ေျပာတယ္။
ေဆးဆရာႀကီးက ေရမန္းေတြပက္၊ ႀကိမ္လုံးေတြနဲ႔႐ိုက္ေပမယ့္ ဖိုးတ႐ုတ္က ေခြးထိုင္ထိုင္ၿပီး ရယ္ေနတာဗ်ာ၊ ဘယ္ႏွယ့္မွကိုမေနဘူး၊ ေဆးဆရာႀကီး မႏိုင္တာလည္းျဖစ္ႏိုင္ပါတယ္၊ ေနာက္ေတာ့ ေဆးဆရာႀကီးလည္း လက္ေလွ်ာ့လိုက္ရတယ္၊ ဒါနဲ႔ စုန္းနဲ႔အေပးအယူလုပ္လိုက္တယ္၊ အမဲသားခ်ေပးရင္ ကေလးကိုရန္မျပဳနဲ႔ေတာ့ ေနာက္လည္းထပ္မလုပ္နဲ႔ေတာ့ဆိုေတာ့ စုန္းမကလည္း ကတိေပးတယ္တဲ့ အဲဒါနဲ႔ အမဲသားရဖို႔ စီစဥ္ၾကတာေပါ့။
ဒါေပမယ့္ ခက္တာက အဲဒီေခတ္တုန္းက အမဲသားတို႔၊ ဝက္သားတို႔ဆိုတာ အခုေခတ္လိုမလြယ္ဘူးဗ်၊ ႐ြာတစ္႐ြာမွာ အမဲေပၚေတာ့မွ အဲဒီ႐ြာကလူေတြက အမဲသားစားရတာ၊ ခုေခတ္လို ေဈးဆိုတာလည္းမရွိဘူး၊ အလွမ္းလဲေဝးတာကိုး၊ ဒါနဲ႔ ေနာက္ဆုံးေတာ့ ဖိုးတ႐ုတ္အေမက သူႀကီးကို အပူကပ္တာေပါ့ဗ်ာ၊ ႐ြာထဲက ႏြားတစ္ေကာင္ေလာက္ရေအာင္ သူႀကီးစီစဥ္ေပးပါ၊ သူကလည္း ေငြေပးၿပီးဝယ္ပါ့မယ္ေပါ့၊ စုန္းမကလည္း လူလယ္ဗ်၊ ဖိုးတ႐ုတ္တို႔က အေတာ္အတန္ပိုက္ဆံရွိတဲ့သူေတြေပါ့၊ ဒါေၾကာင့္မို႔လို႔လည္း သူ႔ကိုျပဳစားလိုက္ရင္ အမဲသားႀကိမ္းေသစားရမယ္လို႔တြက္ပုံရတယ္။
ဒါနဲ႔က်ဳပ္အေဖလည္း ကတိေပးလိုက္တာေပါ့။ အေဖကေတာ့ စုန္းမအႀကိဳက္မလိုက္ေစခ်င္ဘူး၊ ၿမိဳင္သာ ၿမိဳ႕က အထက္လမ္းဆရာႀကီးေတြကို သြားပင့္ၿပီး ႏွင္ထုတ္ခ်င္တာ၊ ဒါေပမယ့္ ဒီမွာက ဖိုးတ႐ုတ္က လူးလိမ့္ေနၿပီေလ၊ တစ္ခ်က္တစ္ခ်က္ ငိုရင္းသတိလစ္ခ်င္သလိုျဖစ္ျဖစ္သြားေသးတာ၊ အခ်ိန္မရွိေတာ့ဘူးဆိုေတာ့ ေနာက္ဆုံးေတာ့ အမဲသားရွာေကြၽးဖို႔ပဲ သေဘာတူလိုက္တာေပါ့၊ ေနာက္ေတာ့ ႐ြာထဲ ႏြားရွိမယ့္အိမ္ေတြကိုစဥ္းစားတယ္၊ ႏြားေတြက မ်ားေသာအားျဖင့္ ခိုင္းႏြားေတြမ်ားတယ္၊ ေနာက္ေတာ့ ဦးဘသာကို သတိရသြားတာေပါ့၊ သူက ႏြားေတြေမြးတယ္ေလ။
ဦးဘသာအိမ္ကို က်ဳပ္အေဖနဲ႔လူႀကီးတစ္ခ်ိဳ႕လိုက္သြားတယ္၊ ႐ြာကလူေတြကို အေဖက အဲဒီသတင္းကို လႈိ႕ဝွက္ထားခိုင္းတယ္၊ က်ဳပ္လည္း မေယာင္မလည္နဲ႔လိုက္ခဲ့တာေပါ့ဗ်ာ၊ ဦးဘသာအိမ္ကိုေရာက္ေတာ့ ဦးဘသာက ႏြားစာေတြစဥ္းေနတာ၊ အေဖက ဦးဘသာကို အက်ိဳးအေၾကာင္းေျပာျပၿပီးေတာ့ ႏြားေတာင္းဝယ္တာေပါ့၊ ဦးဘသာက ေခါင္းခါျပတယ္၊ သူ႔ႏြားေတြကိုမေရာင္းဘူးတဲ့၊ သူ႔မွာ အသားရွိတယ္ဆိုၿပီးေတာ့ ျမက္တစ္ထုံးကိုင္ၿပီး အိမ္ေနာက္ေဖးကိုဝင္သြားတယ္။
ဦးဘသာ အိမ္ေရွ႕ျပန္ထြက္လာေတာ့ ႏြားေပါင္ႀကီးတစ္ေပါင္ကိုင္လာတယ္ဗ်၊ ငါးပိႆာေလာက္ေတာ့ ရွိေလာက္မယ္၊ အသားကလည္း ရဲေနတာပဲဗ်ာ၊ က်ဳပ္အေဖက ဦးဘသာ ႏြားေပၚတယ္ဆိုရင္ အသားရွိေသးရင္ က်ဳပ္ကိုလည္း တစ္ပိႆာေလာက္ေရာင္းပါလို႔ ထပ္ေတာင္းတာ ဦးဘသာက ေပကပ္ကပ္နဲ႔။ မရွိေတာ့ဘူးသူႀကီး၊ ဒီဟာအကုန္ပဲ၊ သူႀကီးစားခ်င္ရင္ ေနာက္ေန႔က်ရင္ က်ဳပ္တစ္ေကာင္ေပၚေကြၽးမယ္ဆိုၿပီးေျပာလိုက္ပါေရာ၊အေဖလည္း ဦးဘသာကိုျငင္းဆန္လိုက္ၿပီးေတာ့ ဦးဘသာတို႔အိမ္ကေနျပန္ထြက္လာခဲ့ၾကတာေပါ့ဗ်ာ။
ဒါနဲ႔က်ဳပ္တို႔လည္း အမဲသားေပါင္ႀကီးကို ေတာင္းႀကီးထဲထည့္ၿပီး ျပန္ခဲ့တာေပါ့၊ အေဖကေတာ့ မလိုက္ေတာ့ဘူး၊ က်ဳပ္ကေတာ့ ဖိုးတ႐ုတ္တို႔ဆီလိုက္ခ်င္တယ္လို႔ေျပာလိုက္တယ္၊ အေဖက ခြင့္ျပဳပါတယ္၊ ဖိုးတ႐ုတ္နဲ႔က်ဳပ္နဲ႔က အခင္ဆုံးသူငယ္ခ်င္းေတြကိုး၊ စားေဖာ္၊ စားဖက္၊ ကစားေဖာ္၊ ကစားဖက္ေတြေလ၊ ဒါေပမယ့္ အေဖကတစ္ခုေတာ့ေျပာတယ္၊ ညေန ဘုရားငုတ္တိုကို လိုက္မသြားနဲ႔တဲ့။
အခန္း(၃)
ဖိုးတ႐ုတ္တို႔အိမ္ေရာက္ေတာ့ အမဲေပါင္ႀကီးကိုဖ်က္ၿပီးေတာ့ ထင္းမီးဖိုမွာ မက်က္တက်က္ကင္တယ္၊ အေပၚယံသားေလးေတြကို မီးျပေပမယ့္ တကယ္တမ္းကေတာ့ အမဲသားအစိမ္း နီနီႀကီးသာရွိေသးတာဗ်၊ ၿပီးေတာ့ ႏွီးစေကာႀကီးထဲကို ဖက္ေတြခင္းၿပီး အေပၚက ထမင္းႏွစ္လုံးခ်က္ထားတာကိုပုံလိုက္တယ္၊ ထမင္းကိုျဖန႔္ၿပီးေတာ့ အမဲသားကင္အေျမႇာင္းလိုက္ႀကီးေတြကို စေကာထဲကိုထည့္ရတာေပါ့ဗ်ာ၊ အမဲသားက မ်ားလြန္းေတာ့ ထမင္းကိုေတာင္ဖုံးသြားတယ္၊ ၿပီးေတာ့ ပုဆိုးပိုင္းတစ္ခုနဲ႔အုပ္ထားတာေပါ့။
က်ဳပ္တို႔ကေတာ့ ဖိုးတ႐ုတ္အနားမွာသြားေနတယ္၊ ဖိုးတ႐ုတ္က လူးလွိမ့္ၿပီးေအာ္ေနေပမယ့္ အမဲသားအနံ႔ရေတာ့ ေခြးေလးတစ္ေကာင္လိုပဲထိုင္ၿပီးေတာ့ လွ်ာႀကီးထြက္ၿပီး သြားေရေတြက်ေနတာဗ်ာ၊ က်ဳပ္တို႔ျဖင့္႐ြံလိုက္တာ၊ သြားေရေတြသုတ္ေပးလည္းမရဘူး၊ စီးက်ေနတာ၊ ဗိုက္ေအာင့္တာလည္း သက္သာသြားပုံပဲဗ်။ ဒါေပမယ့္ မေက်နပ္တဲ့သူေတြကေတာ့ ရွိတယ္။ အဲဒါကေတာ့ ဖိုးတ႐ုတ္ရဲ႕ဦးေလးေတြေပါ့၊ ဖိုးတ႐ုတ္က အေဖမရွိေတာ့ဘူး၊ သူငယ္ငယ္ကေလးတည္းက သူ႔အေဖေသသြားခဲ့တာေပါ့၊ ဒါေပမယ့္ ဦးေလးေတြကေတာ့ သုံးေယာက္ေလာက္ရွိတယ္၊ သူ႔ဦးေလးေတြလည္း သန္သန္မာမာထြားထြားက်ိဳင္က်ိဳင္းေတြဗ်။
မၾကာခင္ ႏြား႐ိုင္းသြင္းခ်ိန္ေရာက္လာခဲ့ေရာဗ်။ ဖိုးတ႐ုတ္အေမက ေခါစာဗန္းကို႐ြက္ၿပီးေတာ့ ႐ြာျပင္ကိုတိတ္တိတ္ကေလးထြက္ခဲ့တယ္၊ က်ဳပ္အေဖသူႀကီးကသာ လႈိ႕ဝွက္ထားခိုင္းတာ တစ္ေယာက္စကားတစ္ေယာက္နားနဲ႔ ဖိုးတ႐ုတ္သတင္းက ႐ြာထဲျပန႔္ေနၿပီေလ၊ ႐ြာသားေတြတစ္ခ်ိဳ႕လည္းထြက္ၾကည့္ၾကတယ္၊ က်ဳပ္ကလည္း သိခ်င္တာနဲ႔ အေနာက္ကေန ႐ြာသားေတြနဲ႔လိုက္ၾကည့္တာေပါ့။
ဘုရားပ်က္ကုန္းဆိုတာ အရမ္းသရဲေျခာက္တဲ့ေနရာဗ်၊ ေနရာအရမ္းၾကမ္းတယ္လို႔ေျပာတယ္၊ က်ဳပ္တို႔႐ြာသုံး႐ြာအလယ္က ဘုရားေတာ့မဟုတ္ဘူး၊ က်ဳပ္တို႔ဇီးကုန္း႐ြာရဲ႕အေနာက္ဘက္ယြန္းယြန္းမွာရွိတာပါ၊ ႐ြာနဲ႔ ႏွစ္မိုင္ေလာက္ေဝးတယ္၊ အဲဒီအနားမွာ ေတာတန္းကေလးလဲရွိတယ္၊ ေနာက္ေတာ့ ဘုရားပ်က္ႀကီးေပါ့၊ အုတ္က်ိဳးအုတ္ပ်က္ေတြနဲ႔ ကုန္းကမူႀကီးက ညေနေနေရာင္မွာ နီနီရဲရဲႀကီးျဖစ္ေနတာေပါ့ဗ်ာ၊ က်ဳပ္တို႔အဲဒီကိုလည္းေရာက္ေရာ က်ဳပ္အေဖနဲ႔ေတြ႕ပါေလရာ၊ အေဖကဆိုက်ဳပ္ဆီကိုလာၿပီး က်ဳပ္ဇက္ပိုးကို ေဖ်ာင္းခနဲလက္နဲ႔အုပ္သြားတာဗ်ာ၊ က်ဳပ္ဆိုရင္ ပူထူၿပီး ၾကယ္ေတြလေတြ ျမင္ကုန္တယ္၊ အေဖက က်ဳပ္ကိုျပန္ခိုင္းလိုက္တယ္၊ ဟုတ္ေတာ့လဲဟုတ္တယ္ဗ်ာ၊ လူအုပ္ထဲမွာ တျခားကေလးေတြ တစ္ေယာက္မွမပါဘူး၊ က်ဳပ္သာစပ္စုလြန္းအားႀကီးၿပီး လိုက္လာခဲ့တာ၊ ဒါနဲ႔က်ဳပ္လည္း ႐ြာဘက္လွည့္ျပန္ခဲ့တာေပါ့၊ ဒါေပမယ့္ တစ္ေနရာမွာ ခ်ဳံပုတ္ႀကီးကလႈပ္ေနတာနဲ႔ က်ဳပ္လဲသိခ်င္လို႔သြားၾကည့္ေတာ့ ဖိုးတ႐ုတ္တို႔ဦးေလးေတြျဖစ္ေနတယ္၊ သူတို႔ကလည္း ဓါးေတြလွံေတြကိုင္ထားၾကတယ္။
က်ဳပ္လည္းခ်ဳံအကြယ္တစ္ခုကေန ဆက္ၿပီးေခ်ာင္းၾကည့္ေနမိတယ္၊ သူတို႔ကေတာ့ ေခါစာလာစားတဲ့ စုန္းမကိုေတြ႕ရင္ လွံနဲ႔ထိုးမယ္၊ ဓါးနဲ႔ခုတ္မယ္ဆိုၿပီး ႀကိမ္းဝါးေနၾကတာေပါ့၊ ဒါမ်ိဳးက်ေတာ့ က်ဳပ္လဲ လက္လြတ္မခံခ်င္ေတာ့ဘူးေလ၊ အဲဒါနဲ႔ က်ဳပ္လည္းဆက္ၿပီးပုန္းေနလိုက္တယ္။ ခဏၾကာေတာ့ အေဖေရာ ႐ြာကလူေတြပါအကုန္ျပန္သြားတယ္။ ဖိုးတ႐ုတ္အေမကေတာ့ ေခါစာစေကာကို ဘုရားငုတ္တိုရဲ႕အေနာက္ဘက္ ေတာစပ္မွာခ်ေပးၿပီး ခပ္သုတ္သုတ္ျပန္ေျပးသြားတယ္။ က်ဳပ္လည္း အဲဒီေတာ့မွ ေၾကာက္စိတ္ဝင္လာတယ္၊ ဒီနားမွာ လူဆိုလို႔ က်ဳပ္ရယ္၊ ဖိုးတ႐ုတ္ဦးေလးသုံးေယာက္ရယ္ပဲ က်န္ေနခဲ့ေတာ့တာကိုး၊ တျဖည္းျဖည္းလည္းေမွာင္လာခဲ့ၿပီ။
ဒီအခ်ိန္မွာ ေခြးအူသံႀကီးတစ္ခုကို ဆြဲဆြဲငင္ငင္ႀကီးၾကားလိုက္ရတယ္ဗ်၊ မၾကာပါဘူး ေတာတန္းကေလးထဲကေန ေခြးႀကီးတစ္ေကာင္ေျပးထြက္လာတယ္၊ အေမႊးစုတ္ဖြားနဲ႔ ေခြးႀကီးက ေတာ္ေတာ္ႀကီးတဲ့အေကာင္ႀကီးဗ်၊ လူႀကီးခါးေလာက္အရပ္ရွိမယ္၊ အ႐ြယ္က ႏြားေပါက္ေလာက္ကိုရွိတယ္။
ဓါးနဲ႔ခုတ္၊ လွံနဲ႔ထိုးမယ့္ ဖိုးတ႐ုတ္ဦးေလးေတြလည္း ခ်ဳံပုတ္ထဲကေန မထြက္ၾကဘူးျဖစ္ေနတယ္၊ ေခြးႀကီးရဲ႕မ်က္လုံးေတြက ညေနေနေရာင္မွာ နီရဲေနတာပဲဗ်ာ၊ ေနာက္ေတာ့ ေခါစာဗန္းကိုငုံ႔ၿပီးေတာ့ အမဲသားေတြကို အားရပါးရစားေတာ့တာပဲ၊ ဒါေပမယ့္ အမဲသားေတြကပဲမက်က္လို႔လားမသိဘူးေခြးႀကီးက အမဲသားေတြကို ေတာ္ေတာ္အားယူၿပီးဝါးေနရတယ္၊ ေခါင္းကိုေဘးေစာင္းၿပီးေတာ့ အံသြားေတြနဲ႔ပါ ဝါးစားေနတယ္၊ ေနာက္ေတာ့ အမဲသားေတြကို ပါးစပ္ထဲကေနေထြးထုတ္လိုက္တယ္။
အဲဒီအခါမွာပဲ ရယ္သံႀကီးတစ္ခုထြက္ေပၚလာတယ္၊ က်ဳပ္တို႔ၾကည့္လိုက္ေတာ့ ဦးဘသာႀကီးဗ်ာ၊ ေခါင္းေျပာင္ေျပာင္ႀကီးကို သဘက္တစ္ခုနဲ႔ေခါင္းေပါင္းထားၿပီး ပုဆိုးတိုတိုဝတ္ထားတယ္၊ ေခြးနက္ႀကီးကိုၾကည့္ၿပီးေတာ့ လက္ညႇိဳးထိုးၿပီး တဟားဟားနဲ႔ေအာ္ရယ္ေနတာေပါ့ဗ်ာ။ ေခြးႀကီးက သူ႔ကိုၾကည့္ၿပီးေတာ့ တဂီးဂီးနဲ႔မာန္ဖီေနတယ္။
“ဟား၊ ဟား ဘယ္လိုလဲ စားလို႔ေကာင္းရဲ႕လား ႏြားမရဲ႕၊ အဲဒါ အမဲသားမဟုတ္ဘူး၊ ငါ့အိမ္က ႏြားေတြစားတဲ့ ျမက္ထုံးႀကီးဟဲ့”
ေခြးႀကီးက ဦးဘသာႀကီးကိုၾကည့္ၿပီးေတာ့ ကိုက္ေတာ့မယ့္ဟန္ျပင္ေနတယ္၊ ခ်ဳံပုတ္ထဲကေနၾကည့္ေနတဲ့ က်ဳပ္က ဒူးေတြတဆတ္ဆတ္တုန္ေနၿပီ၊ ဦးဘသာကေတာ့ တစ္ခ်က္ကေလးေတာင္ ေၾကာက္ပုံမရဘူးဗ်ာ။
“ေအာင္မယ္၊ နင္ကမ်ားငါ့ကိုကိုက္မယ္တဲ့လား၊ ႏြားမရဲ႕ နင္က ငါေကြၽးတဲ့မ်က္စားထားမွေတာ့၊ ငါ့ခိုင္းဖတ္ျဖစ္သြားၿပီေပါ့”
ဦးဘသာႀကီးက ေနာက္ေတာ့ ေခြးနက္ႀကီးကိုလက္ညႇိဳးနဲ႔ထိုးလိုက္တယ္ဗ်။ ပါးစပ္ကလဲ ခုန္စမ္း လို႔အမိန႔္ေပးလိုက္တာနဲ႔ ေခြးႀကီးမွာ ေျခေလးဖက္စလုံးေျမေပၚက ႂကြၿပီး ခုန္ဆြခုန္ဆြလုပ္ေနေတာ့တာပဲ၊ ဦးဘသာႀကီးက ေခြးႀကီးကိုၾကည့္ၿပီး ခြက္ထိုးခြက္လန္ရယ္ေနတာေပါ့၊ ေခြးႀကီးရဲ႕အၾကည့္ေတြကေတာ့ ေတာ္ေတာ္မေက်နပ္တဲ့အၾကည့္နဲ႔ ၾကည့္ေနတာ၊ ဒါေပမယ့္ သူကိုယ္တိုင္ကေတာ့ ဦးဘသာခိုင္းသလို ခုန္ေနရတာဗ်။
“ဟား၊ ဟား၊ နင့္ကိုငါက ေခြးလို႔ထင္ေနတာ၊ နင္က ျမက္စားတဲ့ယုန္ကိုး”
ဦးဘသာကေနာက္ေတာ့ လွိမ့္စမ္းလို႔ေျပာလိုက္တာ၊ ေခြးႀကီးက ေျမမွာဝပ္ၿပီး ဘယ္လွိမ့္လိုက္၊ ညာလွိမ့္လိုက္နဲ႔ လွိမ့္ေနေတာ့တာပဲဗ်ာ၊ ဦးဘသာႀကီးကလည္း ေခြးႀကီးကိုထိုင္ခိုင္းလိုက္၊ ထခိုင္းလိုက္နဲ႔ အစုံခိုင္းေတာ့တာပဲ၊ ေခြးႀကီးမွာလည္း သူခိုင္းတဲ့အတိုင္းလုပ္ရတာ၊ ေနာက္ဆုံးေတာ့ ေခြးႀကီးကေန လူသံထြက္လာတယ္ဗ်၊ လူသံေတာင္မွ မိန္းမတစ္ေယာက္ရဲ႕အသံ။
“ေၾကာက္ပါၿပီရွင့္၊ ကြၽန္မကိုလႊတ္ေပးပါေတာ့၊ ကြၽန္မေတာင္းပန္ပါတယ္”
ဒီေတာ့မွ ဦးဘသာႀကီးကလည္း ေက်နပ္သြားတယ္။
“ဟဲ့မိေအး၊ နင္ေဒြးေခ်ာင္းက မိေအးမဟုတ္လား၊ နင့္ပညာေလာက္နဲ႔မ်ား ငါ့႐ြာကို လာစမ္းရတယ္လို႔မိေအးရယ္၊ ဒီ႐ြာမွာ ငါရွိေနတယ္ဆိုတာ နင္မသိဘူးလား”
ေခြးႀကီးက ဘာမွမေျပာဘဲ ေခြးမႈိင္ႀကီးမႈိင္ေနတယ္ဗ်။ ဦးဘသာႀကီးက ေခြးႀကီးအနားကိုလမ္းေလွ်ာက္သြားလိုက္ၿပီးေတာ့ ေခြးႀကီးကိုလက္ညႇိဳးထိုးၿပီး
“ကဲ၊ နင္လည္းသြားေတာ့၊ ေနာက္ဆိုနင့္႐ြာမွာနင္ႀကိဳက္သလိုလုပ္၊ ငါ့႐ြာကိုေတာ့ လာမေက်ာ္နဲ႔မိေအး၊ နင္မေက်နပ္ရင္ နင္တို႔တစ္မ်ိဳးလုံးေခၚလာခဲ့၊ သြားစမ္း”
အဲဒီလိုေျပာၿပီးေတာ့ ေခြးႀကီးရဲ႕ႏွာႏုကို ျဖတ္ကန္ထည့္လိုက္တာ ေခြးႀကီးမွာ နာလြန္းလို႔ တကိန္ကိန္နဲ႔ေအာ္ၿပီးေတာ့ အၿမီးကုပ္ၿပီး ေတာတန္းထဲကို ဝင္ေျပးသြားတယ္ဗ်ာ။ မနာခံႏိုင္႐ိုးလား ဦးဘသာႀကီးစီးတဲ့ဖိနပ္က သရက္သားမာမာကိုခုတ္ၿပီးလုပ္ထားတဲ့ ခုံဖိနပ္ႀကီးဗ်၊ ႏွာႏုကိုထိသြားတာဆိုေတာ့ ေတာ္ေတာ္ေတာ့နာသြားမယ့္ပုံပဲ။
ေနာက္ေတာ့ ဦးဘသာႀကီးက ႐ြာဘက္ကိုထြက္သြားတယ္၊ က်ဳပ္လည္း ႐ြာကိုအေျပးျပန္ဖို႔လုပ္ရတာေပါ့ဗ်ာ၊ က်ဳပ္က သရဲေတာ့လုံးဝမေၾကာက္တတ္ေပမယ့္ နည္းနည္းေတာ့လန႔္တယ္ဗ်၊ ပတ္ဝန္းက်င္ကလည္း ေတာ္ေတာ္ေမွာင္ေနၿပီေလ၊ ဒါေပမယ့္ ဖိုးတ႐ုတ္ဦးေလးသုံးေယာက္ကိုသတိရသြားလို႔ သူတို႔ေတြပုန္းေနတဲ့ ခ်ဳံပုတ္ဆီကိုသြားလိုက္တယ္၊ အဲဒီကိုေရာက္ေတာ့ ဘာေတြ႕တယ္ထင္သလဲဗ်၊ စုန္းမလာရင္ ဓါးနဲ႔ခုတ္မယ္၊ လွံနဲ႔ထိုးမယ္ဆိုတဲ့ အားေကာင္းေမာင္းသန္ ေယာက္်ားႀကီးသုံးေယာက္က သတိလစ္ေနတယ္ဗ်၊ မ်က္ျဖဴေတြကိုလန္လို႔၊ ဒါေၾကာင့္ သူတို႔ေခြးႀကီးကို ဓါးနဲ႔မခုတ္ႏိုင္တာေနမွာေပါ့ဗ်ာ၊ က်ဳပ္လည္း ႐ြာကိုအျမန္ေျပးရေတာ့တယ္၊ ႐ြာေရာက္ေတာ့မွ ဖိုးတ႐ုတ္အိမ္ကိုသြားၿပီး အက်ိဳးအေၾကာင္းေျပာျပေတာ့မွ ဖိုးတ႐ုတ္အိမ္ကလူေတြ သြားေခၚရတယ္၊ သတိရေအာင္မနည္းႏွာႏွပ္ယူရတယ္တဲ့ဗ်ာ၊ အဲဒီအခ်ိန္မွာပဲဖိုးတ႐ုတ္အိမ္ကိုအေဖေရာက္လာတယ္ဗ်၊ အေဖ့လက္ထဲမွာ ကိုင္ထားတာကလဲ ႀကိမ္လုံးႀကီး၊ ႀကိမ္လုံးနာမည္ကလည္း ထားဝယ္ႀကိမ္တဲ့ဗ်။
က်ဳပ္လည္း ေခြးနက္ႀကီးထြက္ေျပးတာကို ဝမ္းသာအားရ ၾကည့္ခဲ့မိလို႔ ဝဋ္လည္တာလားေတာ့မသိပါဘူး၊ ဒီတစ္ခါေတာ့ က်ဳပ္ေျပးအလွည့္ေပါ့၊ ဖိုးတ႐ုတ္တို႔အိမ္ေနာက္ဘက္ စည္း႐ိုးမွာရွိတဲ့ ေခြးတိုးေပါက္ကေနထြက္ေျပးတာေပါ့၊ အေဖကေတာ့ က်ဳပ္ကိုလွမ္းၿပီး ေအာ္ဆဲရင္း ႀကိမ္လုံးႀကီးဝင့္ကာ ဝင့္ကာနဲ႔ ေျပးလိုက္လာတာေပါ့ဗ်ာ။
က်ဳပ္လည္း ဖဝါးနဲ႔တင္ပါး တစ္သားတည္းက်ေအာင္ေျပးၿပီး ေနာက္ဆုံး႐ြာဦးဘုန္းႀကီးေက်ာင္းဆီကိုေျပးရေတာ့တာ၊ ႐ြာဦးဘုန္းႀကီးက အေဖ့ဘႀကီးေလ၊ က်ဳပ္တို႔အဘိုးေတာ္တာေပါ့၊ သူက က်ဴပ္ကိုသိပ္ခ်စ္ရွာတာ၊ ေနာက္ဆုံးဘုန္းႀကီးေက်ာင္းေရာက္ေတာ့မွ က်ဳပ္လည္း အဘိုးျဖစ္သူရင္ခြင္ထဲအပ္ၿပီး ငိုခ်လိုက္ရေတာ့တာေပါ့ဗ်ာ။
ကဲ၊ ဒီေန႔ေတာ့ ဒီေလာက္ပဲစာေရးစရာေရ၊ ေနာက္ေန႔မွပဲ ဦးဘသာႀကီးအေၾကာင္းေတြ ထပ္ၿပီးေျပာျပအုံးမယ္ဗ်ာ။
ၿပီးပါၿပီ။
#အဂၢေဇာ္