စုန်းပေါသည့်ရွာ(စ/ဆုံး)

Unicode Version

စုန်းပေါသည့်ရွာ(စ/ဆုံး)
—————————–
မောင်ဆောင်းသည်သရဲအလွန်ကြောက်၏သရဲဆိုသည့်အသံကြားသည်နှင့်ဖျားချင်သလိုလိုရှိလှ၏
သူတို့နေသောလမ်းထိပ်တွင်သရဲအလွန်ခြောက်သည်ဆိုသောပိတောက်ပင်ကြီးတစ်ပင်ရှိ၏
မိုးရွာသောတစ်နေ့တွင်ပိတောက်ပင်အောက်ကဖြတ်လာသောမောင်ဆောင်းခေါင်းပေါ်လေတိုက်၍ပိတောက်ကိုင်းပြုတ်ကျသညိကိုသရဲခြောက်သည်ဆိုကာ
ငယ်သံပါအောင်အော်ပြေးသဖြင့်အရပ်ထဲနံမည်ကြီးနေ၏
မောင်ဆောင်းကညဘက်အပြင်သိပ်မသွားသရဲခြောက်ခံရမှာအလွန်စိုး၏အသုဘအိမ်သွားပါကအလောင်းအားကျောပေးကာထိုင်တတ်သည်။
တစ်ခါသော်မောင်ဆောင်းအမျိူ းတစ်ယောက်သေသဖြင့်သူ၏အဖေအတင်းခေါ်၍အသုဘအိမ်လိုက်သွား၏
အသုဘအိမ်တွင်အလောင်းအားအိမ်ထဲမှာပင်ပြင်ထားကာအလောင်းမျက်နှာအားဇာပုဝါတစ်ထည်အုပ်ထား၏
မောင်ဆောင်းတို့ထိုင်နေတုန်းလေအတိုက်တွင်အလောင်းမျက်နှာအုပ်ထားသောဇာပုဝါကလွင့်ကာမောင်ဆောင်းကိုယ်ပေါ်လာတင်သည်။
အလောင်းမျက်နှာပွပွကြီးကိုမြင်၍မောင်ဆောင်းသွေးပျက်၍သွားကာသူ့ကိုယ်ပေါ်ရောက်နေသောအလောင်းမျက်နှာအုပ်ထားသည့်ပုဝါအားမကိုင်ရဲ၍
မောင်ဆောင်းအလွန်ကြောက်ကာသေးများထွက်ကြသည့်အတွက်မောင်ဆောင်းသတင်းသည်အလွန်ကြီးသွား၏
မောင်ဆောင်းအရွယ်ရောက်ပြီးမကြာခင်မိဘများရှေ့ဆင့်နောက်ဆင့်ကွယ်လွန်သွားသောအခါ
အားကိုးရာမဲ့သွားသောမောင်ဆောင်းအားဦးလေးဖြစ်သောဘုန်းကြီးကသူ့နဲ့အတူနေရန်ခေါ်သွား၏
ဘုန်းကြီးကျောင်းသည်ရခိုင်ရိုးမတောင်ခြေနှင့်နီးကာဘုန်းကြီးကျောင်းပြတင်းပေါက်မှကြည့်ပါက
ရခိုင်ရိုးမတောင်တန်းကြီးအားရှု့မညီးဖွယ်မြင်တွေ့နေရသည်မောင်ဆောင်းကဘုန်းကြီးကပ္ပိရတစ်ဦးဖြစ်လာကာဘုန်းကြီးသွားသည့်နောက်သို့လိုက်ပါနေရ၏
ဘုန်းကြီးနေသောရွာသည်စုန်းအလွန်ပေါ၏ထိုရွာကလူအများစုတွင်ကိုယ်ခန္တာ၌မကြာခဏဆိုသလိုအညိုအမဲစွဲနေသောဒဏ်ရာများအကွင်းလိုက်ပေါ်နေ၏
ယောင်္ကျားမိန်းမ-မရွှေးထိုသို့ဖြစ်ပေါ်နေတတ်သဖြင့်ဘာရောဂါမှန်းမောင်ဆောင်းမသိပေမဲ့ရွာထဲကလူများကတော့စုန်းကိုက်တာဟုဆိုကြသည်။
စုန်းများသည်ချစ်၍ဖြစ်စေမုန်း၍ဖြစ်စေကိုက်တတ်သည်ဟုအဆိုရှိသဖြင့်မောင်ဆောင်းကလန့်လျက်ရှိ၏
ထိုသို့စုန်းကိုက်ခံရသူကအိမ်ရှေ့တွင်အစားအသောက်တစ်မျိူ းမျိူ းချကြွေးလိုက်ရမှအညိုအမဲဒဏ်ရာများပျောက်သွားတတ်သလို
တစ်ပတ်တန်သည်နှစ်ပတ်တန်သည့်အချိန်မှသူ့အလိုလိုပျောက်သွားသည်လဲရှိသဖြင့်ဘာဖြစ်သည်ဆိုတာအတိအကျမသိပေသူတို့ဒေသအစွဲနှင့်သူတို့ရှိနေသည့်အတွက်
မခန်းမှန်းတတ်ပေမဲ့မောင်ဆောင်းတွင်လည်းထိုကဲ့သို့စုန်းကိုက်သည်ဆိုသောဒဏ်ရာများမကြာခဏပေါ်လာလိုက်ပျောက်သွားလိုက်ဖြင့်အလွန်ထူးဆန်းသည့်အဖြစ်ပင်ဖြစ်သည်။
တစ်ရက်တွင်မောင်ဆောင်းသည်သူနှင့်ခင်သောရွာသားတစ်ယောက်အိမ်သွားလည်၏
ထိုရွာသားကထမင်းအတင်းကြွေးသဖြင့်အားနာ၍ထမင်းဝင်စားရာငါးလေးအိုးကပ်ဟင်းနှင့်ငပိထောင်းတိုစရာအစုံအလင်ဖြင့်စားချင်စဖွယ်ပြင်ထားကာပုဇွန်စိတ်ကလေးများခတ်ထားသည့်ဟင်းချို ပင်ပါလိုက်သေး၏
မောင်ဆောင်းလဲငါးလေးအိုးကပ်ဟင်းအားနှိုက်ရန်ပြင်လိုက်ရာငါးကလေးများသည်အသက်ရှု၍လှုပ်ရှားနေ၏
မောင်ဆောင်းကကိုယ့်မျက်လုံးပင်ကိုယ်မယုံချင်ဟင်းဖြစ်နေသောငါးကအဘယ်ကြောင့်အသက်ရှင်နေသနည်းဟုစဉ်းစားမိကာအိမ်ရှင်များအားကြည့်လိုက်ရာအစားမပျက်အားပါးတရစားနေကြသည်ကိုမြင်၍ဘာမှမပြောတော့ပဲ
ဟင်းချိုအားခပ်ရန်ပြင်လိုက်ပြန်ရာဟင်းချို ပန်းကန်ထဲကပုဇွန်ဆိတ်ကလေးများကာရေကူးနေသည်မြင်ရပြန်ရာလက်တွန့်သွား၏
မောင်ဆောင်းတွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသည်ကိုမြင်သဖြင့်အိမ်ရှင်အမျိူ းသားကထမင်းစားနေသောသူ့မိန်းမအားမန်လိုက်သည်။
”’မင်းကတော့ဧည့်သည်လာတာနဲ့ပညာပြချင်နေပြီသွားမင်းနောက်မှစားဧည့်သည်ကိုအသေအချာခပ်ကျွေးလိုက်””
ထိုအခါမောင်ဆောင်းလဲအိမ်ရှင်လင်မယားအားတောင်းပန်ကာထမင်းမစားတော့ပဲပြန်ပြေးလာ၏
ထိုအိမ်ရှင်လင်မယားကတော့ရန်ဖြစ်ကာကျန်နေခဲ့သည်မောင်ဆောင်းကဘုန်းကြီးကျောင်းရောက်တော့ဦးလေးဘန်းကြီးအားအကြောင်းစုံလျှောက်လိုက်၏
””အေးကွဒီရွာကစုန်းပေါတယ်ဆိုတာမင်းလဲသိသားပဲငါတောင်ကြည့်နေရတာမင်းလဲနောက်ကိုသူများကြွေးတာမစားနဲ့ကွတချို့စုန်းတွေကအစွမ်းထက်သကွ””
ထိုရွာပတ်ဝန်းကျင်တွင်လပြည့်လကွယ်ညများ၌မီးလုံးအကြီးအသေးအရွယ်စုံသည်ကောင်းကင်သို့ပျံတက်နေတာမောင်ဆောင်းအထူးအဆန်းမြင်ဘူး၏
ဦးလေးဘုန်းကြီးအားမေးကြည့်ရာစုန်းကစားသည်ဟုဆို၏ထိုဝင်းဝင်းလုံးများသည်ရခိုင်ရိုးမတောင်ခြေနားအထိပျံဝဲနေကာနိမ့်လိုက်မြင့်လိုက်မြင်နေရသည်။
တစ်ရက်တွင်မောင်ဆောင်းကညဘက်မအိပ်သေးသည့်အချိန်တွင်ဘုန်းကြီးကျောင်းဘေးကသရက်ပင်ပေါ်တွင်ရေနွေးပန်းကန်လုံးလောက်ရှိသောဝင်းဝင်းလုံးကလေးအားတွေ့လိုက်ရာဘာလေးပါလိမ့်လို့အနီးကပ်သွားကြည့်လိုက်သည်။
ထိုအခါထိုဝင်းဝင်းအလုံးကလေးသည်သစ်ပင်ပေါ်တွင်အပေါ်တက်လိုက်အောက်ဆင်းလိုက်ဖြင့်လှုပ်ရှားနေရာဘုန်းကြီးအားအမြန်ပြေးခေါ်ကာပြလိုက်တော့မရှိတော့ပေ
ထိုအရပ်မှာနေသောမောင်ဆောင်းအတွက်အန္တရယ်ကိုကြောက်၍ဘုရားစာအားကျက်ထားရသည်။
ဒီလိုနဲ့ဘုရားစာအတော်များများရလာ၏သို့ပေမဲ့အရေးရယ်အကြောင်းရယ်ဆိုမောင်ဆောင်းကျက်ထားသောဘုရားစာများဘယ်ပျောက်ကုန်သည်မသိအောင်ကြောက်လွန်း၏
ညဘက်အိမ်သည့်အခါသရဲခြောက်မည်စိုး၍ရသမျှဘုရားစာများရွတ်၍အိပ်သည်။
ဒီလိုနဲ့နေလာရင်းမောင်ဆောင်းဦးလေးဘုန်းကြီးပျံလွန်တော်မူသွားသောအခါမောင်ဆောင်းအားရွာထဲကလူများကဘုန်းကြီးဝတ်ရန်တိုက်တွန်းကာကျောင်းထိုင်ခိုင်းကြသည်။
မောင်ဆောင်းကသိပ်စိတ်မပါလှပေမဲ့နောက်ဆုံးဘုန်းကြီးဝတ်ကာကျောင်းထိုင်လုပ်၏
တစ်ရက်ရွာထဲကအဖွားကြီးတစ်ယောက်သည်ဘုန်းကြီးအားလာပင့်၏သူအိမ်တွင်နေ့ဆွမ်းကပ်ရန်ဖြစ်သည်။
ဘုန်းကြီးကတော်ရုံတော့မကြွပေမဲ့အဖွားကြီးအားနာ၍ကြွသွား၏
အဖွားကြီးအိမ်ရောက်တော့ဧည့်သည်ဘယ်သူမှမရှိအဖွားကြီးနှင့်သူ့မြေးကလေးသာရှိ၏
ဘုန်းကြီးလဲအဖွားကြီးအရိပ်အခြေအားအကဲခတ်ကာလန့်နေ၏ရွာထဲကလူတွေကအတော်များများစုန်းတတ်သည်ဆိုတော့ဒီအဖွားကြီးများတတ်သလားတွေးနေမိ၏
ဆွမ်းပွဲတွင်ဟင်းကလဲနှစ်ခွက်ထဲသာပါ၏ဟင်းကလဲဘာဟင်းမှန်းခွဲခြားမရပေမေးရမှာလည်းအားနာ၏
ဘုန်းကြီးလဲထိုဟင်းများကိုမစားရဲပေဘုန်းကြီးအခြေအနေအားအဖွားကြီးကသဘောပေါက်သဖြင့်ဘုန်းကြီးအားလျှောက်လိုက်၏
”’အရှင်ဘုရားကစုန်းပြုစားမှာကြောက်လို့လားးစုန်းကောအသေအချာမြင်ဘူးလို့လားး””
””မဟုတ်ပါဘူးတကာမကြီးရယ်-စုန်းလည်းမမြင်ဘူးပါဘူး—စုန်းပညာလဲကောင်းကောင်းမသိပါဘူး”’
‘ ‘
”’ကောင်ပြီဒါဆိုအရှင်ဘုရားကိုစုန်းပညာပြရတာပေါ့””
ထိုအဖွားကြီးကထိုသို့ပြောကာသူ၏ထမိန်အားခြုံလိုက်သည့်အခါလင်းတကြီးတစ်ကောင်ဖြစ်၍သွားကာ
အိမ်ထဲတဟုန်ထိုးအိမ်ပြင်သို့ပျံတက်သွား၏ထိုအဖြစ်ကိုကြည့်ရင်းဘုန်းကြီးမောင်ဆောင်းစိတ်ဂယောင်ခြောက်ခြားဖြစ်၍သွားလေသည်။
ထိုအကြောက်လွန်သောစိတ်ရောဂါဖြင့်ပင်ဘုန်းကြီးသည်ပျံလွန်တော်မူသွားလေသည်။
ထိုအဖြစ်အပျက်သည်ကြာခဲ့ပေမဲ့ထိုဇတ်လမ်းကိုတော့ထိုရွာသို့ရောက်လာသောဘုန်းကြီးအတော်များများကပုံပြင်သဖွယ်သိထားကြလေသည်။
အခြေအနေနဲ့အချိန်အခါသည်ပြောင်လဲတိုးတက်နေသောယခုခေတ်ကြီးမှာတော့ထိုအဖြစ်အပျက်များလည်းရှိတော့မည်မထင်ပါ
သို့ပေမဲ့ဆန်းကြယ်သောဖြစ်ရပ်များသည်လိုက်၍မမှီအောင်များပြားလှပေသေးသည်။
မှားတာရှိလျှင်ပြင်ဖတ်ပါမျက်လုံးရှန်းသောကြောင့်ဖြစ်သည်။
ပြီး
D Moe Moe
ll

Zawgyi Version

စုန္းေပါသည့္႐ြာ(စ/ဆံုး)
—————————–
ေမာင္ေဆာင္းသည္သရဲအလြန္ေၾကာက္၏သရဲဆိုသည့္အသံၾကားသည္ႏွင့္ဖ်ားခ်င္သလိုလိုရွိလွ၏
သူတို႔ေနေသာလမ္းထိပ္တြင္သရဲအလြန္ေျခာက္သည္ဆိုေသာပိေတာက္ပင္ႀကီးတစ္ပင္ရွိ၏
မိုး႐ြာေသာတစ္ေန႔တြင္ပိေတာက္ပင္ေအာက္ကျဖတ္လာေသာေမာင္ေဆာင္းေခါင္းေပၚေလတိုက္၍ပိေတာက္ကိုင္းျပဳတ္က်သညိကိုသရဲေျခာက္သည္ဆိုကာ
ငယ္သံပါေအာင္ေအာ္ေျပးသျဖင့္အရပ္ထဲနံမည္ႀကီးေန၏
ေမာင္ေဆာင္းကညဘက္အျပင္သိပ္မသြားသရဲေျခာက္ခံရမွာအလြန္စိုး၏အသုဘအိမ္သြားပါကအေလာင္းအားေက်ာေပးကာထိုင္တတ္သည္။
တစ္ခါေသာ္ေမာင္ေဆာင္းအမ်ိဴ းတစ္ေယာက္ေသသျဖင့္သူ၏အေဖအတင္းေခၚ၍အသုဘအိမ္လိုက္သြား၏
အသုဘအိမ္တြင္အေလာင္းအားအိမ္ထဲမွာပင္ျပင္ထားကာအေလာင္းမ်က္ႏွာအားဇာပုဝါတစ္ထည္အုပ္ထား၏
ေမာင္ေဆာင္းတို႔ထိုင္ေနတုန္းေလအတိုက္တြင္အေလာင္းမ်က္ႏွာအုပ္ထားေသာဇာပုဝါကလြင့္ကာေမာင္ေဆာင္းကိုယ္ေပၚလာတင္သည္။
အေလာင္းမ်က္ႏွာပြပြႀကီးကိုျမင္၍ေမာင္ေဆာင္းေသြးပ်က္၍သြားကာသူ႔ကိုယ္ေပၚေရာက္ေနေသာအေလာင္းမ်က္ႏွာအုပ္ထားသည့္ပုဝါအားမကိုင္ရဲ၍
ေမာင္ေဆာင္းအလြန္ေၾကာက္ကာေသးမ်ားထြက္ၾကသည့္အတြက္ေမာင္ေဆာင္းသတင္းသည္အလြန္ႀကီးသြား၏
ေမာင္ေဆာင္းအ႐ြယ္ေရာက္ၿပီးမၾကာခင္မိဘမ်ားေရွ႕ဆင့္ေနာက္ဆင့္ကြယ္လြန္သြားေသာအခါ
အားကိုးရာမဲ့သြားေသာေမာင္ေဆာင္းအားဦးေလးျဖစ္ေသာဘုန္းႀကီးကသူ႔နဲ႔အတူေနရန္ေခၚသြား၏
ဘုန္းႀကီးေက်ာင္းသည္ရခိုင္႐ိုးမေတာင္ေျခႏွင့္နီးကာဘုန္းႀကီးေက်ာင္းျပတင္းေပါက္မွၾကည့္ပါက
ရခိုင္႐ိုးမေတာင္တန္းႀကီးအားရႈ႕မညီးဖြယ္ျမင္ေတြ႕ေနရသည္ေမာင္ေဆာင္းကဘုန္းႀကီးကပၸိရတစ္ဦးျဖစ္လာကာဘုန္းႀကီးသြားသည့္ေနာက္သို႔လိုက္ပါေနရ၏
ဘုန္းႀကီးေနေသာ႐ြာသည္စုန္းအလြန္ေပါ၏ထို႐ြာကလူအမ်ားစုတြင္ကိုယ္ခႏၲာ၌မၾကာခဏဆိုသလိုအညိဳအမဲစြဲေနေသာဒဏ္ရာမ်ားအကြင္းလိုက္ေပၚေန၏
ေယာက်ၤားမိန္းမ-မေ႐ႊးထိုသို႔ျဖစ္ေပၚေနတတ္သျဖင့္ဘာေရာဂါမွန္းေမာင္ေဆာင္းမသိေပမဲ့႐ြာထဲကလူမ်ားကေတာ့စုန္းကိုက္တာဟုဆိုၾကသည္။
စုန္းမ်ားသည္ခ်စ္၍ျဖစ္ေစမုန္း၍ျဖစ္ေစကိုက္တတ္သည္ဟုအဆိုရွိသျဖင့္ေမာင္ေဆာင္းကလန႔္လ်က္ရွိ၏
ထိုသို႔စုန္းကိုက္ခံရသူကအိမ္ေရွ႕တြင္အစားအေသာက္တစ္မ်ိဴ းမ်ိဴ းခ်ေႂကြးလိုက္ရမွအညိဳအမဲဒဏ္ရာမ်ားေပ်ာက္သြားတတ္သလို
တစ္ပတ္တန္သည္ႏွစ္ပတ္တန္သည့္အခ်ိန္မွသူ႔အလိုလိုေပ်ာက္သြားသည္လဲရွိသျဖင့္ဘာျဖစ္သည္ဆိုတာအတိအက်မသိေပသူတို႔ေဒသအစြဲႏွင့္သူတို႔ရွိေနသည့္အတြက္
မခန္းမွန္းတတ္ေပမဲ့ေမာင္ေဆာင္းတြင္လည္းထိုကဲ့သို႔စုန္းကိုက္သည္ဆိုေသာဒဏ္ရာမ်ားမၾကာခဏေပၚလာလိုက္ေပ်ာက္သြားလိုက္ျဖင့္အလြန္ထူးဆန္းသည့္အျဖစ္ပင္ျဖစ္သည္။
တစ္ရက္တြင္ေမာင္ေဆာင္းသည္သူႏွင့္ခင္ေသာ႐ြာသားတစ္ေယာက္အိမ္သြားလည္၏
ထို႐ြာသားကထမင္းအတင္းေႂကြးသျဖင့္အားနာ၍ထမင္းဝင္စားရာငါးေလးအိုးကပ္ဟင္းႏွင့္ငပိေထာင္းတိုစရာအစုံအလင္ျဖင့္စားခ်င္စဖြယ္ျပင္ထားကာပုဇြန္စိတ္ကေလးမ်ားခတ္ထားသည့္ဟင္းခ်ိဳ ပင္ပါလိုက္ေသး၏
ေမာင္ေဆာင္းလဲငါးေလးအိုးကပ္ဟင္းအားႏႈိက္ရန္ျပင္လိုက္ရာငါးကေလးမ်ားသည္အသက္ရႈ၍လႈပ္ရွားေန၏
ေမာင္ေဆာင္းကကိုယ့္မ်က္လုံးပင္ကိုယ္မယုံခ်င္ဟင္းျဖစ္ေနေသာငါးကအဘယ္ေၾကာင့္အသက္ရွင္ေနသနည္းဟုစဥ္းစားမိကာအိမ္ရွင္မ်ားအားၾကည့္လိုက္ရာအစားမပ်က္အားပါးတရစားေနၾကသည္ကိုျမင္၍ဘာမွမေျပာေတာ့ပဲ
ဟင္းခ်ိဳအားခပ္ရန္ျပင္လိုက္ျပန္ရာဟင္းခ်ိဳ ပန္းကန္ထဲကပုဇြန္ဆိတ္ကေလးမ်ားကာေရကူးေနသည္ျမင္ရျပန္ရာလက္တြန႔္သြား၏
ေမာင္ေဆာင္းတြန႔္ဆုတ္တြန႔္ဆုတ္ျဖစ္ေနသည္ကိုျမင္သျဖင့္အိမ္ရွင္အမ်ိဴ းသားကထမင္းစားေနေသာသူ႔မိန္းမအားမန္လိုက္သည္။
”’မင္းကေတာ့ဧည့္သည္လာတာနဲ႔ပညာျပခ်င္ေနၿပီသြားမင္းေနာက္မွစားဧည့္သည္ကိုအေသအခ်ာခပ္ေကြၽးလိုက္””
ထိုအခါေမာင္ေဆာင္းလဲအိမ္ရွင္လင္မယားအားေတာင္းပန္ကာထမင္းမစားေတာ့ပဲျပန္ေျပးလာ၏
ထိုအိမ္ရွင္လင္မယားကေတာ့ရန္ျဖစ္ကာက်န္ေနခဲ့သည္ေမာင္ေဆာင္းကဘုန္းႀကီးေက်ာင္းေရာက္ေတာ့ဦးေလးဘန္းႀကီးအားအေၾကာင္းစုံေလွ်ာက္လိုက္၏
””ေအးကြဒီ႐ြာကစုန္းေပါတယ္ဆိုတာမင္းလဲသိသားပဲငါေတာင္ၾကည့္ေနရတာမင္းလဲေနာက္ကိုသူမ်ားေႂကြးတာမစားနဲ႔ကြတခ်ိဳ႕စုန္းေတြကအစြမ္းထက္သကြ””
ထို႐ြာပတ္ဝန္းက်င္တြင္လျပည့္လကြယ္ညမ်ား၌မီးလုံးအႀကီးအေသးအ႐ြယ္စုံသည္ေကာင္းကင္သို႔ပ်ံတက္ေနတာေမာင္ေဆာင္းအထူးအဆန္းျမင္ဘူး၏
ဦးေလးဘုန္းႀကီးအားေမးၾကည့္ရာစုန္းကစားသည္ဟုဆို၏ထိုဝင္းဝင္းလုံးမ်ားသည္ရခိုင္႐ိုးမေတာင္ေျခနားအထိပ်ံဝဲေနကာနိမ့္လိုက္ျမင့္လိုက္ျမင္ေနရသည္။
တစ္ရက္တြင္ေမာင္ေဆာင္းကညဘက္မအိပ္ေသးသည့္အခ်ိန္တြင္ဘုန္းႀကီးေက်ာင္းေဘးကသရက္ပင္ေပၚတြင္ေရေႏြးပန္းကန္လုံးေလာက္ရွိေသာဝင္းဝင္းလုံးကေလးအားေတြ႕လိုက္ရာဘာေလးပါလိမ့္လို႔အနီးကပ္သြားၾကည့္လိုက္သည္။
ထိုအခါထိုဝင္းဝင္းအလုံးကေလးသည္သစ္ပင္ေပၚတြင္အေပၚတက္လိုက္ေအာက္ဆင္းလိုက္ျဖင့္လႈပ္ရွားေနရာဘုန္းႀကီးအားအျမန္ေျပးေခၚကာျပလိုက္ေတာ့မရွိေတာ့ေပ
ထိုအရပ္မွာေနေသာေမာင္ေဆာင္းအတြက္အႏၲရယ္ကိုေၾကာက္၍ဘုရားစာအားက်က္ထားရသည္။
ဒီလိုနဲ႔ဘုရားစာအေတာ္မ်ားမ်ားရလာ၏သို႔ေပမဲ့အေရးရယ္အေၾကာင္းရယ္ဆိုေမာင္ေဆာင္းက်က္ထားေသာဘုရားစာမ်ားဘယ္ေပ်ာက္ကုန္သည္မသိေအာင္ေၾကာက္လြန္း၏
ညဘက္အိမ္သည့္အခါသရဲေျခာက္မည္စိုး၍ရသမွ်ဘုရားစာမ်ား႐ြတ္၍အိပ္သည္။
ဒီလိုနဲ႔ေနလာရင္းေမာင္ေဆာင္းဦးေလးဘုန္းႀကီးပ်ံလြန္ေတာ္မူသြားေသာအခါေမာင္ေဆာင္းအား႐ြာထဲကလူမ်ားကဘုန္းႀကီးဝတ္ရန္တိုက္တြန္းကာေက်ာင္းထိုင္ခိုင္းၾကသည္။
ေမာင္ေဆာင္းကသိပ္စိတ္မပါလွေပမဲ့ေနာက္ဆုံးဘုန္းႀကီးဝတ္ကာေက်ာင္းထိုင္လုပ္၏
တစ္ရက္႐ြာထဲကအဖြားႀကီးတစ္ေယာက္သည္ဘုန္းႀကီးအားလာပင့္၏သူအိမ္တြင္ေန႔ဆြမ္းကပ္ရန္ျဖစ္သည္။
ဘုန္းႀကီးကေတာ္႐ုံေတာ့မႂကြေပမဲ့အဖြားႀကီးအားနာ၍ႂကြသြား၏
အဖြားႀကီးအိမ္ေရာက္ေတာ့ဧည့္သည္ဘယ္သူမွမရွိအဖြားႀကီးႏွင့္သူ႔ေျမးကေလးသာရွိ၏
ဘုန္းႀကီးလဲအဖြားႀကီးအရိပ္အေျခအားအကဲခတ္ကာလန႔္ေန၏႐ြာထဲကလူေတြကအေတာ္မ်ားမ်ားစုန္းတတ္သည္ဆိုေတာ့ဒီအဖြားႀကီးမ်ားတတ္သလားေတြးေနမိ၏
ဆြမ္းပြဲတြင္ဟင္းကလဲႏွစ္ခြက္ထဲသာပါ၏ဟင္းကလဲဘာဟင္းမွန္းခြဲျခားမရေပေမးရမွာလည္းအားနာ၏
ဘုန္းႀကီးလဲထိုဟင္းမ်ားကိုမစားရဲေပဘုန္းႀကီးအေျခအေနအားအဖြားႀကီးကသေဘာေပါက္သျဖင့္ဘုန္းႀကီးအားေလွ်ာက္လိုက္၏
”’အရွင္ဘုရားကစုန္းျပဳစားမွာေၾကာက္လို႔လားးစုန္းေကာအေသအခ်ာျမင္ဘူးလို႔လားး””
””မဟုတ္ပါဘူးတကာမႀကီးရယ္-စုန္းလည္းမျမင္ဘူးပါဘူး—စုန္းပညာလဲေကာင္းေကာင္းမသိပါဘူး”’
‘ ‘
”’ေကာင္ၿပီဒါဆိုအရွင္ဘုရားကိုစုန္းပညာျပရတာေပါ့””
ထိုအဖြားႀကီးကထိုသို႔ေျပာကာသူ၏ထမိန္အားၿခဳံလိုက္သည့္အခါလင္းတႀကီးတစ္ေကာင္ျဖစ္၍သြားကာ
အိမ္ထဲတဟုန္ထိုးအိမ္ျပင္သို႔ပ်ံတက္သြား၏ထိုအျဖစ္ကိုၾကည့္ရင္းဘုန္းႀကီးေမာင္ေဆာင္းစိတ္ဂေယာင္ေျခာက္ျခားျဖစ္၍သြားေလသည္။
ထိုအေၾကာက္လြန္ေသာစိတ္ေရာဂါျဖင့္ပင္ဘုန္းႀကီးသည္ပ်ံလြန္ေတာ္မူသြားေလသည္။
ထိုအျဖစ္အပ်က္သည္ၾကာခဲ့ေပမဲ့ထိုဇတ္လမ္းကိုေတာ့ထို႐ြာသို႔ေရာက္လာေသာဘုန္းႀကီးအေတာ္မ်ားမ်ားကပုံျပင္သဖြယ္သိထားၾကေလသည္။
အေျခအေနနဲ႔အခ်ိန္အခါသည္ေျပာင္လဲတိုးတက္ေနေသာယခုေခတ္ႀကီးမွာေတာ့ထိုအျဖစ္အပ်က္မ်ားလည္းရွိေတာ့မည္မထင္ပါ
သို႔ေပမဲ့ဆန္းၾကယ္ေသာျဖစ္ရပ္မ်ားသည္လိုက္၍မမွီေအာင္မ်ားျပားလွေပေသးသည္။
မွားတာရွိလွ်င္ျပင္ဖတ္ပါမ်က္လုံးရွန္းေသာေၾကာင့္ျဖစ္သည္။
ၿပီး
D Moe Moe
ll