“”” စံအိမ်အိုမှ သရဲများ “””📖📖📖 ( စ/ဆုံး )
*********************************
**** **** ***** ***** ***** **** **** **** ****
ည သည်ကား မှောင်မဲ တိတ်ဆိတ်နေ၏။။
” တောက်တဲ့ တောက်တဲ့ တောက်တဲ့ ”
” ကျစ် ကျစ် ကျစ် “
တောက်တဲ့ တစ်ကောင်၏မြည်သံ၊ အိမ်မြှောင်တစ်ကောင်၏
စုတ်ထိုးသံ တို့က ကြားရသူအဖို့ ကျောချမ်းစရာပင်။
” ကဲ ဟေ့ကောင်တွေ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့
အိမ်ကြီးကိုတော့ ရောက်ပြီ၊ ကြောက်တတ်ရင် ခုကတည်းက
လှည့်ပြန်လို့ရတယ်နော် နောက်မကျသေးဘူး “
ဦးဆောင်သူ နိုင်ထူး က မခံချင်အောင် စလိုက်၏။
” ဟေ့ ကောင် နိုင်ထူး ပြန်ချင် မင်းပဲပြန် ငါတို့ကတော့ အေးဆေး”
ဟု သူရကို က ပြန်ပြောလိုက်၏။
” သရဲဆိုတာ ဘယ်လိုမျိုးလဲ တွေ့ချင်နေတာ မစောင့်နိုင်တော့ဘူး
ကြာ ဟား ဟား ဟား ”
ချမ်းအေး က နာမည်နဲ့ မလိုက်အောင်ပင် တတ်ကြွလို့နေ၏။
” ဟုတ်တယ်ဟေ့၊ ငါကတော့ သရဲနဲ့ တစ်ပွဲတလမ်း အကဲစမ်းချင်လှ
ပြီ၊ လူတွေ မမြင်ဖူးပဲ ပြော ပြောနေကြတဲ့ သရဲဆိုတာ တကယ်ပဲ
ကြောက်ဖို့ ကောင်းသလားလို့ ဟား ဟား ဟား ”
ရဲထွဋ် ရဲ့စကားကို အားလုံးက သဘောကျစွာ ရယ်မောကြ၏။
ဘာမှ မပြောပဲ အိမ်ကြီးကို မီးနဲ့ထိုးကာ စိုက်ကြည့်နေသူက မှန်ကြောင်
လင်းသန့် ပင်ဖြစ်၏။
” မှန်ကြောင်၊ ကြောက်ရင်ပြန်နော် သားလေး ဟားဟားဟား”
သူရကို၏ စကားကို လင်းသန့်က ချက်ချင်းတုန့်မပြန်သေးပဲ၊
ခဏလောက်နေပြီးမှ၊
” အင်း၊ ငါ့အထင်တော့ ငါ နေခဲ့သင့်တယ်ထင်တယ်၊
ဘာလို့လဲဆိုတော့ ………
သရဲက မင်းတို့တွေကို ဂုတ်ချိုးသတ်လိုက်ရင် တခြားသူတွေကို
အသိပေးဖို့ လိုသေးတယ်လေ၊ ဟား ဟား ဟား “
“ဟား ဟား ဟား ”
မှန်ကြောင် ရဲ့စကားကို တခြားသူတွေပါ သဘောကျစွာ ရယ်မော
လိုက်ကြ၏။
သူတို့ မကြားလိုက်သည်က သူတို့ နှင့်အတူ လိုက်ရယ်သော
ရယ်သံ တစ်ခုကိုပင်။
****************
” ကဲ ကဲ အချိန်ကြာတယ်၊ ခုက ည ကိုးနာရီတောင် ကျော်နေပြီ၊
ဒီတော့ ငါက တစ်လမ်းသွားမယ်၊
ချမ်းအေးနဲ့ မှန်ကြောင်က တစ်လမ်းသွား၊
ရဲထွဋ် နဲ့ သူရကို က တစ်လမ်းသွား၊ ဒီအိမ်ထဲ အကြာဆုံးနေနိုင်တဲ့
သူကို သရဲတစ်တကယ်မကြောက်ဘူးလို့ ယုံလိုက်မယ်၊
ပြီးတော့
လူတွေကိုလဲ သက်သေပြရ ဖြစ်တာပေါ့၊ ဟုတ်ပြီ၊
ဒီနေရာမှာပဲ ပြန်ဆုံကြတာပေါ့။
ကဲ ကျုပ်တော့ ဝင်နှင့်ပြီဗျို့”
နိုင်ထူးက ပြောပြောဆိုဆို နှင့် တံခါးရွတ်မရှိပြီဖြစ်တဲ့၊
ခြံတံခါးက ဝင်သွားသလို တစ်ခြားသူတွေလည်း လိုက်ဝင်သွား
ကြပါတော့၏။
*********
သူတို့ ငါးယောက် ရောက်ရှိနေသည်က …………
တစ်ချိန်တစ်ခါတုန်းက မိသားစုကြီးတစ်စုနေထိုင်ခဲ့တဲ့၊
မြို့နဲ့ တစ်မိုင်နီးပါးဝေးတဲ့ မီးဘေးကြောင်း လူများစွာတို့ရဲ့အသက်တွေ
ဆုံးရႈံးခဲ့ရတဲ့၊
သရဲခြောက်လွန်းလို့ စွန့်ပစ်ခံဖြစ်နေတဲ့ နှစ်ထပ်စံအိမ်ကြီးသို့ပင်တည်း။
****** **
အိမ်ကြီးက မီးဘေးကြောင်း အတော်လေး ပျက်စီးနေပြီဖြစ်၏။
သူတို့ငါးယောက်က အိမ်ရဲ့ပထမအထပ်ကို အရင်ဝင်ကြဖို့
ဆုံးဖြတ်လိုက်ကြ၏။
နိုင်ထူး က မီးဖိုချောင် အခန်းသို့ ဝင်သွားပြီး တစ်ခြားသူတို့လည်း
နှစ်ယောက်တစ်ခန်းစီ ဝင်သွားတော့၏။
*** *** ***
” ရဲထွဋ် ဒီအိမ်မှာ လိုင်းမမိဘူးဟ”
သူရကိုက ဖုန်းကိုကြည့်ရင်းပြော၏။
” ဟုတ်တယ်ဟ ငါ့ဖုန်းလည်း မမိဘူး။ ထူးတော့ထူးဆန်းသား”
ထိုအချိန် ဆိုးရွားသောအနံ့တစ်ခု သူတို့ နှာခေါင်းထဲသို့ ဝင်ရောက်
လာ၏။
” ဟာ ညှော်လိုက်တာကွာ ဒီအချိန်ကြီး ဘယ်သူကများ မီးရှို့နေတာ
လဲကြာ ”
ရဲထွဋ် က နှာခေါင်းကို လက်နဲ့ပိတ်ရင်း ငြီးလိုက်၏။
” ဟ. . . . . ငတုံးရ ဒါက မြို့ပြင်လေ ဘယ်သူကများတစ်ကူးတကလာရှို့နေမှာလဲကွ ဒီအိမ်ကလူတွေ မီးကြောင်းသေထားရတာ
ဆိုတော့ . . . . . .
” ကတတ် ”
” အောင်မလေး ”
သူရကို ရဲ့ စကားမဆုံးမီမှာပင် ပြုတ်ကျလာသော တစ်စုံတခု
ကြောင်း နှစ်ယောက်လုံးလန့်အော်မိကြ၏။
ရဲထွဋ် က မီးထိုးကြည့်တော့ မျက်မှန်တစ်လက်ပင်။
” သူရ မျက်မှန်တစ်လက်ဟ။ မှန်ကြောင့် ဟာလားမသိဘူး”
သူရကို ကလည်း ” ဟုတ်မှာပေါ့ ” ဟုပြောကာ ကုန်းပြီး
အကောက် အမှောင်ထုထဲမှ လက်တစ်ချောင်းထွက်လာကာ
မျက်မှန်ကို ” စွေ့”ကနဲ ကောက်ပြီး။
” တဟီး ဟီး ဟီး” ရယ်ကာ ရဲထွဋ် နဲ့ သူရကို ရဲ့ကြားက ဝင်ရောက်
ပြီး အမှောင်ထုထဲ သို့ ပြေးဝင်သွားတော့၏။
သတ္တိခဲ နှစ်ယောက်ကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ တိုင်ပင်ထားသည့်အလား ထိုအခန်းမှ ထွက်ပြေးကြပါတော့တယ်။
သူတို့လည်း ဧည့်ခန်းရောက်ရော ချမ်းအေး နဲ့ မှန်ကြောင် အပေါ်ထပ်
သို့တတ်သွားတာကို မြင်လိုက်ရ၍
သူတို့ နှစ်ယောက်လည်း
” ဟေ့ကောင်တွေ မသွားကြနဲ့ ” ဟု အော်ဟစ်ရင်း မှန်ကြောင်တို့
နောက်သို့ လိုက်ပါသွားတော့၏။
** ** ** ** ** ** ** **
“ဟူး မောလိုက်တာကွာ။ ဘယ်မှာလဲ သရဲ ငါတော့
ဘယ်သရဲမှ မတွေ့ပါလား ”
နိုင်ထူး ညဉ်းလိုက်၏။
နိုင်ထူး ရယ် မှန်ကြောင် နဲ့ ချမ်းအေး တို့က ပထမထပ်မှာ ဘာမှ
မတွေ့၍ ဧည့်ခန်းမှာ ဆုံမိကြခြင်းဖြစ်၏။
ထိုအချိန် ရဲထွဋ်နဲ့ သူရကို မသိခဲ့တာက သူတိုံ အရှေ့မှ တတ်သွားတဲ့
နှစ်ယောက်က သူတို့ထင်သလို လူစင်စစ် မဟုတ်ဘူးဆိုတာကိုပေါ့။
*** ** ** **** ***
” ချမ်းအေး မင်းတို့ ရဲထွဋ် တို့နဲ့ တွေ့ခဲ့သေးလား”
နိုင်ထူး က ချမ်းအေး မျက်နှာကို မီးထိုးရင်းမေးလိုက်၏။
” မတွေ့ခဲ့ပါဘူးကွာ အဲနှစ်ကောင် ကြောက်လို့”
ချမ်းအေး ရဲ့အသံက တိမ်ဝင်သွားတော့၏။
” ဘာလဲ ဟေ့ကောင်၊ ငါ့ကို ခြောက်နေတာလား၊ အဲဒီလောက်နဲ့
မရဘူးနော်” နိုင်ထူး က ရိသဲ့သဲ့ပြောလိုက်၏။
ချမ်းအေး နဲ့ မှန်ကြောင်ကတော့ မျက်လုံးပြူး မျက်ဆံပြူးလို့။
” ဟေ့ကောင်တွေ၊ ဘာဖြစ်နေကြတာလဲ”
ချမ်းအေး က နိုင်ထူးရဲ့ ကျောဘက်ကို လက်ညိုးထိုးပြ၏။
သူတို့နှစ်ယောက်မြင်နေရသည်က နိုင်ထူးရဲ့နောက်မှာရပ်နေတဲ့
အရိပ်မည်းမည်းကြီးတစ်ခုကိုပင်။
နိုင်ထူးလည်း
” တကယ်လားဟ” ဟုပြောကာ လျင်မြန်စွာ နောက်ကို လှည့်ကြည့်
လိုက်တော့
အခန်းတစ်ခုအတွင်းသို့ ပြေးဝင်သွားသော လူတစ်ယောက်ရဲ့
နောက်ကျောကို မြင်လိုက်ရ၍၊
” ခွေးကောင် သူရ၊ ငါ့ကို ခြောက်တယ်ပေါ့၊ နေအုန်း ငါနဲ့တွေ့မယ်”ဟု
ပြောကာ၊ မှန်ကြောင်တို့ တားနေစဉ်မှာပင်၊
နောက်သို့ လိုက်ပါသွားတော့၏။
” ဒီကောင် နဲ့တော့ ခတ်တော့တာပဲ ချမ်းအေး ငါတို့ ဘယ်လိုလုပ်ကြ
မလဲ”
” ဘယ်လို လုပ်ရမလဲဟ၊ သူ့နောက် လိုက်သွားရမှာပေါ့”
ပြောပြော ဆိုဆို နှစ်ယောက်သား နိုင်ထူး ရဲ့ နောက်သို့လိုက်ပါသွား
ကြတော့၏။
**** **** **** *****
အိမ်က မီးဘေးကြောင်း ပျက်စီးနေတာမို့ အကုန်လုံးက တံခါး
မရှိဖြစ်နေ၍ လွယ်ကူစွာ ဝင်ထွက် သွားလာနိုင်၏။
ချမ်းအေး နဲ့ မှန်ကြောင် အခန်းတစ်ခန်း သို့ အရောက်တွင်
တံခါးဘောင်ထက်မှာ ရပ်ကာ အောက်သို့ ခုန်ချမည့်ဟန်ပြင်နေသော
နိုင်ထူးကို မြင်လိုက်ရ၍၊
နှစ်ယောက်သား အထိတ်တလန့်ဖြစ်ကာ၊
” ဟေ့ကောင် နိုင်ထူး မလုပ်နဲ့နော်၊ မလုပ်နဲ့ နော်” ဟု အော်ဟစ်ကာ
အပြေးတားကြပေမဲ့၊ သူတို့မြင်နေရသောသူကား၊
ခုန်ချ သွားနှင့်ပြီဖြစ်၏။
” နိုင်ထူး နိုင်ထူး ”
ချမ်းအေး တို့ နှစ်ယောက် အပြေးသွားကာ အောက်ကို ကြည့်လိုက်
တော့ ဘယ်သူမှ ရှိမနေပေ။
” ချမ်းအေး၊ နိုင်ထူး ဘယ်ရောက်သွားတာလဲ၊ နိုင်ထူး နိုင်ထူး”
မှန်ကြောင် သဘောပေါက်သွား၏။
” ဟေ့ကောင်၊ ငါတို့ ဒီအိမ်ထဲက အမြန်ဆုံးထွက်သွားရအောင်ကွာ
ကြာရင် အသက်အန္တရာယ် ရှိနိုင်တယ်၊ မကောင်းတော့ဘူး”
မှန်ကြောင် ရဲ့စကားကို ချမ်းအေးလည်း မငြင်းတော့ပေ။
နှစ်ယောက်သား ထိုအခန်းထဲက ထွက်တော့၊ ထူးဆန်းစွာ တံခါး
ပိတ်ထားတဲ့ အခါးတစ်ခန်းသို့ ရောက်သွားတော့၏။
” မှန်ကြောင်၊ ခုနက ဒီတံခါးရော ဒီအခန်းပါ မရှိဘူးလေ၊
ခုက ဘယ်လို ဖြစ်ရတာလဲ”
ချမ်းအေး ပြောပြောဆိုဆို နှင့် တံခါးကို ထုကြည့်လိုက်၏။
” ဒုန်း ဒုန်း ဒုန်း ”
တံခါးက ပွင့်လုလု။
” မှန်ကြောင်၊ ကူအုန်းဟ၊ ကြည့်ရတာ တစ်ယောက်ယောက် အတွင်း
ဘက်က ပိတ်သွားတာထင်တယ်”
နှစ်ယောက်သား တံခါးကို ပြိုင်တူ အားနဲ့တွန်းလိုက်ကြ၏။
” ဝုန်း ” တံခါးပွင့်သွား၏။
သို့သော် မြင်လိုက်ရသော မြင်ကွင်းကြောင်း အထိတ်တလန့်ဖြစ်သွား
ကြ၏။
သူတို့ မြင်လိုက်ရသည်က. . . . .
မှောက်လျက်လဲနေသော ရဲထွဋ်နဲ့ သူရကို တို့ကိုပင်။
ချမ်းအေး နဲ့ မှန်ကြောင်း လဲ သူရကို တို့ကို အပြေးပွေ့ချီကာ
” သူရ၊ ဟေ့ကောင် ဘာဖြစ်တာလဲ၊ ရဲထွဋ် ဘာဖြစ်တာလဲ”
မှန်ကြောင် စိုးရိမ်ထိတ်လန့်စွာ အော်ခေါ်ပေမဲ့ ရဲထွဋနဲ့သူရကို
တို့က ပြန်လည်တုန့်ပြန်ခြင်းမရှိချေ။
” မှန်ကြောင်၊ နိုင်ထူး ကို ဖုန်းဆက်ခေါ်လိုက်၊ မြန်မြန်”
” အော်၊ အေး အေး ၊ ဟာ ဒါမှ ဒုက္ခ လိုင်းမမိဘူးကွ၊ မင်းဖုန်းရော”
ချမ်းအေး လည်း ဖုန်းကိုကြည့်တော့၊
” ဟာ ငါ့ဖုန်းလဲ မမိဘူးဟ၊ ဘယ်လိုလုပ်ကြမလဲ၊
ရဲထွဋ် ဟေ့ကောင် ထပါအုန်းကွ၊ မင်းတို့ ငါတို့ကို ခြောက်နေတာ
မလား၊ ဟေ့ကောင်”
ချမ်းအေး မှ မငိုရုံတမယ်ဖြစ်နေလေပြီ။
ထိုစဉ် အခန်းမှ လူနှစ်ယောက်ထွက်လာ၍ မှန်ကြောင်နဲ့ချမ်းအေး
လှည့်ကြည့်လိုက်တော့ ထိုလူနှစ်ယောက်မှာ ရဲထွဋ် နဲ့ သူရကိုတို့ပင်
ဖြစ်နေ၏။
” ဟေ့ကောင်တွေ၊ မင်းတို့ဘယ်တွေသွားနေကြတာလဲ၊ ငါတို့ မင်းတို့
ကိုလိုက်ရှာနေတာ တစ်အိမ်လုံးနှံ့နေပြီကွ”
ရဲထွဋ် က ထိုသို့ပြောပေမဲ့၊
မှန်ကြောင် နဲ့ ချမ်းအေး ကတော့ မှောက်လျက်လဲနေသော အလောင်း
နှစ်လောင်းနဲ့ သူတို့ရှေ့မှာရပ်နေသော လူနှစ်ယောက်ကိုသာကြည့်
နေမိတော့၏။
ရဲထွဋ်တို့လည်း ထိုအလောင်းနှစ်လောင်းကို မြင်တော့
” ချမ်းအေး၊ မှန်ကြောင် ၊ ဒီဘက်ကိုမြန်မြန်လာ အဲဒါ ငါတို့ မဟုတ်
ဘူးဟ”
သူရကို က အော်ပြောပေမဲ့ ချမ်းအေး တို့က ဘယ်သူ့ကိုယုံရမှန်းမသိ
ဇဝေဇဝါဖြစ်နေတုန်း၊
အလောင်းနှစ်လောင်းမှာ ချက်ချင်း ညိုမဲလာကာ
” ဝုန်း”ကနဲ မီးထလောင်ပြီး၊
” အား အား၊ ကယ်ကြပါအုန်း ကယ်ပါ၊ ကယ်ကြပါ” ဟု
အော်ဟစ်ကာ အခန်းတစ်ခန်းအတွင်းသို့ ဝင်ရောက်သွားတော့၏။
ထိုအခါမှ လေးယောက်သား ပူးကပ်ရပ်လိုက်ကြပြီး၊
” ဟေ့ ကောင်တွေ၊ နိုင်ထူးကော နိုင်ထူး ဘယ်မှာလဲ”
ရဲထွဋ် က မေး၍၊
” မသိတော့ဘူးကွာ၊ ငါ တားနေတုန်း မင်းတို့နောက်လိုက်သွား
တာပဲ” ဟု မှန်ကြောင်က ဖြေလဲဖြေရော၊
ရုတ်တရက် လေးယောက်လုံး၏ ဖုန်းမီး ဖျတ်ကနဲ ပိတ်သွားတော့၏။
” ဟာ” ” အောင်မလေး၊ ” ” အမေ့”
အာမေဋိတ်သံ မျိုးစုံထွက်လာတော့၏။
ဖုန်းမီး ပြန်ထွန်းနိုင်ဖို့ကြိုးစားကြပေမဲ့ အချဉ်းနှီးသာ။
” ဘုရား၊ ဘုရား၊ ငါမသေချင်သေးဘူး”
” အမေရယ် သားကိုကယ်ပါအုန်း”
ချမ်းအေး ခမျာ အကြောက်လွန်၍ ပါးစပ်မှ အမျိုးမျိုးသောစကားလုံး
များထွက်လာပြီး၊ ဖုန်းကို တရမ်းတကြမ်း လှုပ်ခါလိုက်တော့၊
ဖုန်းမီးဖျတ်ကနဲလင်းလာပြီး၊
ထိုအလင်းရောင် နှင့်အတူမြင်လိုက်ရသည်က သူတို့ရှေ့တည့်တည့်
တွင် တင့်တင့်ကြီးရပ်နေသော နိုင်ထူးကိုပင်ဖြစ်၏။
” အောင်မလေး”
ရုတ်တရက်မို့ ချမ်းအေးလန့်သွားပြန်ကာ လက်ထဲမှ ဖုန်းလဲ
လွတ်ကျသွားပါတော့၏။
” ဟေ့ကောင်၊ နိုင်ထူး လန့်လိုက်တာကွာ ”
ချမ်းအေး က ထိုသို့ပြောပြီး ဖုန်းကိုပြန်ကောက်လိုက်၏။
ထိုအချိန် တစ်ခြားသူတွေရဲ့ ဖုန်းမီးလည်း ပြန်လင်းလာ၍
ကြည့်လိုက်တော့ မလှုပ်မယှက်ရပ်မြဲရပ်နေသောနိုင်ထူးကိုတွေ့
လိုက်ရတော့၏။
” ဟေ့ကောင်၊ နိုင်ထူး ဘာဖြစ်လာတာလဲ”
အားလုံးက စိုးရိမ်စွာ မေးကြပေမဲ့၊ နိုင်ထူး ကတော့
မျက်လုံးပြူးမျက်ဆံပြူးဖြစ်ကာ ချွေးတဒီးဒီးကျလျှက်၊
” သ သ သ သရဲ သရဲ ” ဟု အထစ်ထစ်အငေါ့ငေါ့ပြောကာ
ရဲထွဋ် တို့ရဲ့ နောက်ကျောဘက် အမှောင်ထဲကိုလက်ညိုးထိုးပြ၍၊
အားလုံးက လှည့်ကြည့်လိုက်တော့ အမှောင်ထုထဲ ရပ်နေကြသော
အရိပ်များစွာကို တွေ့လိုက်ရတော့၏။
” အောင်မလေး၊ ဘုရားကယ်ပါ ဘုရားကယ်ပါ၊ ဟေ့ကောင်တွေ
ပြေး ပြေး ပြေး” ဟု အော်ကာ ထွက်ပြေးကြတော့
နိုင်ထူး မှာ မပြေးပဲ ရပ်နေ၍၊
ရဲထွဋ် နဲ့ ချမ်းအေး က နိုင်းထူး ရဲ့လက်နှစ်ဖက်ကို ဆွဲတော့၊
နိုင်ထူး ရဲ့ခြေနှစ်ဖက်ကို ကိုင်ဆွဲထားသော မီးလောင်ဒဏ်ရာ
ဗရပွနဲ့ လက်မည်းတစ်စုံကိုတွေ့လိုက်ရတော့၏။
” အောင်မလေး၊ ဘုရား၊ မှန်ကြောင် သူရကို ကူဆွဲအုန်းဟ”
ထိုအခါမှ မှန်ကြောင်နဲ့ သူရကိုလည်း ကူဆွဲကြတော့၏။
သို့သော်လည်း ဘယ်လိုမှမရတာကြောင်း မှန်ကြောင် ဖုန်းမီးကို
လက်မည်းလာရာဘက်သို့ ထိုးကြည့်လိုက်တော့၊
” ဟီး ဟီး ” အော်မြည်ကာ နိုင်ထူးရဲ့ခြေကိုဆွဲထားသော
လက်ပိုင်ရှင်ကို တွေ့လိုက်ရတော့၏။
ထိုပုဂ္ဂိုလ်သည်ကား ယောကျာ်းလား မိန်းမလား မသဲကွဲအောင်ပင်
ရုပ်ပျက်ဆင်းပျက်ဖြစ်နေ၏။
မျက်နှာမှ အရေထူအရေပါးများ တွဲလျားကျနေ၍ မျက်လုံးကိုရော
ပါးစပ်ကိုပါမမြင်ရချေ။
ပါးတစ်ဖက်ကတော့ ကျိုးတိုးကျဲတဲဖြစ်နေသောအရိုးများကို
မြင်တွေ့ရ၏။
” ဟေ့ ကောင်တွေ မီးထိုး မီးထိုး သူတို့က မီးကိုကြောက်ကြတယ်ဟ”
မှန်ကြောင် အော်ပြောလိုက်၍၊
တခြားသူတွေလဲ ပြိုင်တူ မီးထွန်းပြီး လက်ပိုင်ရှင်ဖက်ထိုးလိုက်တော့
လက်ပိုင်ရှင်မှာ နာကျင်စွ အော်ဟစ်ကာ အမှောင်ထုထဲ ဝင်ရောက်
ပျောက်ကွယ်သွားတော့၏။
ထိုအခါမှ နိုင်ထူးလည်းလှုပ်ရှားလို့ရသွားပြီး၊
ငါးယောက်သား ခြံပြင်သို့ အမြန်ဆုံး သုတ်ခြေတင်ကြပါတော့၏။
ခြံပြင်ရောက် မှ အိမ်အိုကြီးဘက် လှည့်ကြည့်လိုက်ကြတော့၊
မီး တဝုန်းဝုန်း တောက်လောင်လျက်ကြည့်နေကြသော
ပရလောကသားများစွာ ကို မြင်တွေ့လိုက်ကြရပါတော့သတည်း။။
*************************
××××× ××××× ××××× ××××× ××××× ×××××
{ ပြီးပါပြီ။ }
ရွှင်လန်း ချမ်းမြေ့ကြပါစေ။။
အစဉ် ထာဝရ လေးစားစွာဖြင့် = wizard