*မောင်သူရိန်နှင့်ဆယ်နှစ့်ကြိုးကဝေ၏အရှူပ်တော်ပုံရှိန်းမော်*📖📖📖
***************************************
ဆွမ်းတော်ဗျို့…….ကြေးစည်ခေါက်သံနှင့်အတူ
ရွာဦးကျောင်းကကျောင်းသားဖြစ်သူ ရှိန်းမော်တစ်ယောက်ရဲ့ ဆွမ်းတော်ဟစ်သံကြောင့် အိမ်ထည်းကိုယ်စီ၌အလုပ်ရှူပ်ေနကျေသာမိန်းမသားများက လုပ်လက်စအလုပ်ကိုခနပစ်ထားလျက် ကပြာကယာဖြင့်ဆွမ်းခူးကာ အိမ်ရှေ့သို့ထွက်လာပြီး သံဃာတော်များအား ဆွမ်းလောင်းဖို့အဆင်သင့်ပြင်ထားလေတယ်။
တန်းစီကြွလာသော သံဃာတော်များကို မသိန်းမြဆိုသော အဘွားအိုတစ်ယောက်သည် ဆွမ်းအုပ်ထည်းမှဆွမ်းများကိုတစ်ဇွန်းစီခူးခပ်ကာ တစ်ပါးချင်းစီရဲ့သပိတ်ထည်းသို့ ရိုသေစွာ လောင်းလှူပြီး လက်ဆယ်ဖြာထိပ်မှာမိုး၍ ဦးချလိုက်လေ၏။
အဘွားအိုမသိန်းမြက ဖီးကြမ်းငှက်ပျော်သီးတစ်ဖီးကို
အနောက်တွင် ရွာသားများလောင်းလှူလိုက်သော ဆွမ်းဟင်းများကိုချိုင့်အတွင်းထဲသို့လှယ်ထည့်ပြီး အပြေးအလွှားရောက်လာသောသူအားပေးဖို့ရန်စောင့်နေလေ၏။
ချိန်းမော်အနားသို့ရောက်သောအခါ ငှက်ပျော်သီးကိုင်ထားတဲ့အဘွားက
“သားလေး ချိန်းမော် ဒါကသားလေးစားဖို့” ဟုပြောကာ လက်ထည်းတွင်ကိုင်ထားသော ဖီးကြမ်းငှက်ပျော်သီးအား ကမ်းပေးလိုက်တဲ့အချိန် ချိန်းမော်မှ
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အဖွား”
ထိုသို့ပြန်ပြောပြီး သံဃာတော်များရှိရာဘက်သို့ ပြေးထွက်သွားတဲ့သူရဲ့ကျောပြင်ကိုငေးကာ မသိန်းမြက ဝမ်းသာသဖြင့်ပြုံးလိုက်ကာ အိမ်ထည်းသို့ ပြန်ဝင်သွားသည်။
ချိန်းမော်ကတော့ တစ်ရွာလုံးရဲ့အချစ်တော်ပါ မိမရှိဖမရှ်ိတစ်ကောင်ကြွက်ကို ရွာရဲ့ကျောင်းထိုင်ဆရာေတာ်ဖြစ်တဲ့ ဦးဝိမလက ကောက်ယူမွေးစားခဲ့ခြင်းကြောင့်
ကလေးဘဝကတည်းက တစ်ရွာလုံးက တစ်အိမ်စီ လုယက်လာခေါ်ပြီး ချိန်မော်လေးကိုကျွေးမွေးစောင့်ရှောက်ကျခြင်းပင်ဖြစ်ပေသည်……။
***
တန်ဆောင်မုန်းလဆန်း ၁၀ ရက် အရမ်းခိုက်ခိုက်ချမ်းတုန်ကာအေးလွန်းလှပြီးနှင်းမကွဲသေးသောမနက်မိုးသောက်ယံအာရုံတက်ချိန်တွင် မယ်စိပ်ရွာရဲ့ရွာဦးကျောင်းက သံဃာတော်များသည် အာရုံဆွမ်းအတွက် ရွာထဲသို့ဆွမ်းချိုင့်ယူဖို့ရန်အတွက် အအေးဒဏ်ကိုအံတုကာ စုရုံးစုရုံးဖြင့်လှုပ်ရှားနေကျတယ်။
ကျောင်းရဲ့ကိုရင်ကြီးဖြစ်သူ ကိုရင်ရေဝဒက ကိုရင်တွေကိုဦးဆောင်ကာ ဆွမ်းချိုင့်များရွာထည်းသို့သွားယူကျလေ၏။
ယူဖို့ကုန်သွားသောအချိန် ကိုရင်များက ကျောင်းသို့ပြန်လာရန် ရွာလယ်ခေါင်ကိုဦးတည် လျှောက်လာခဲ့တယ်။
စကားတပြောပြောဖြင့်လျှောက်လာခဲ့ရာ ကျောင်း မုဍ်ဦးဝသို့ရောက်လာသောအချိန်တွင် ကျောင်းနဘေး၏စည်းရိုးဘက်မှ ကလေးငယ်တစ်ယောက်၏ငိုသံကို ကိုရင်နန္ဒသီရိဖြစ်သူက ကြားလိုက်သောကြောင့်ကိုရင်တွေကိုအရင်သွားနှင့်စေပြီး
ကိုရင်ရေဝဒနှင့်အတူ ကလေးငိုရာဘက်သို့သွားကြည့်ရန် ကျန်ခဲ့လေသည်။
“ကိုရင်ရေဝဒ ကလေးငိုသံ ကြားရလားဘုရား”
“တပည့်တော်လည်း ကြားပါတယ်ဘုရား”
“ဒါဆို တပည့်တော်တို့အတူတူ သွားကြည့်ရအောင်”
“ဟာ ကိုရင်နန္ဒသီရိကလည်း ဒီအချိန်ကြီးမှောင်မည်းနေတာ နှင်းတွေကလည်းကျနေတာကို သရဲခြောက်လားမှမသိတာ မသွားရဲပါဘူး ကိုယ်တော်ဘာသာ သွားပါ့လား”
ကိုရင်ကြီးရဲ့စကားကြောင့် ကိုရင်နန္ဒသီရိသည်စိတ်မရှည်သောဟန်ဖြင့် တစ်ယောက်ထည်းသွားဖို့ပြင်လိုက်လေသည်။စိတ်ထည်းမှလည်း
“ကိုရင်ကြီးက ငကြောက်ပဲ” ဟုပြောကာ တဖြေးဖြေးလျှောက်လာသောခြေလှမ်းတွေက ကလေးနှင့်နီးစပ်လာခဲ့လေ၏။
မနက်မိုးသောက်ချိန်ရဲ့ အလင်းရောင်ကြောင့် ညအမှောင်တွင် တခေါက်ဖာထည်းတွင် အနှီးထုတ်လေးကိုသေချာပတ်ကာ တခေါက်ဖာထည်းမှ ပြုံးပြနေသော ကလေးငယ်တစ်ယောက်ကို ကိုရင်နန္ဒသီရိက အတိုင်းသားတွေ့ရှိလိုက်ရသည်။
ကိုရင်နန္ဒသီရိက ကလေးအားပွေချီလျက်ကျောင်းတိုက်ထည်းသို့ အမြန်လျှောက်ကာ။ဆရာတော် ဦးဝိမလသတင်းသုံးရာအခန်းသို့သွားရာ နှစ်ထပ်ကျောင်းဆောင်ဖြစ်သောကြောင့် လှေခထစ်တွေကိုကျော်ဖြတ်ကာ ဆရာတော်ရှိရာအခန်းသို့ ရောက်လာခဲ့စဉ်
“ဒေါက် ဒေါက် ဒေါက်”++++……..
အခန်းခေါက်လိုက်သောအသံကြောင့် ကျမ်းစာဖတ်ရှူလေ့လာနေသော
ဆရာတော်ဦးဝိမလက
“တံခါးဖွင့်ထားတယ် ဝင်ခဲ့လေ” ထိုသို့ကြားလိုက်ရသောကြောင့် အခန်းရဲ့တံခါးမအားညင်သာစွာဖွင့်ကာ ဆရာတော်ရဲ့အရှေ့တွင်ရိုသောစွာထိုင်ချလိုက်ပြီး ရှင်ခိုးကတော့လိုက်တယ်။
ဆရာတော်မှဖတ်လက်စကျမ်းဂန်စာအုပ်ကိုချကာ တခေါက်ဖာနဲ့အတူအလောတကြီးလျှောက်လှမ်းလာသော က်ိုရင်နန္ဒသီရိအားမြင်တွေ့လိုက်တာကြောင့်
“ဟဲ့….ကိုရင်နန္ဒသီရိ ဘာအရေးဖြစ်လို့လည်းကွဲ့ လက်ထည်းမှာလည်း တခေါက်ဖာကြီးနဲ့”
ဆရာတော်ရဲ့စကားကြောင့် တခေါက်ဖာထည်းတွင် နှင်းကျရင်ကလေးငယ်အားမဆိုအောင်ကာထားသော ပိတ်စကိုဖယ်ရှားလိုက်စဉ် ဖြူဖြူဖွေးဖွေးနဲ့ကလေးငယ်တစ်ယောက်ကို ဆရာတော်ကမြင်တွေ့လိုက်ရတယ်… ကလေးငယ်ကလည်း ဆရာတော်အား ချစ်စရာကောင်းသောအပြုံးဖြင့် ရယ်ပြလျှက်ရှိနေသည်။
ကိုရင်နန္ဒသီရိက ကလေးအားဆရာတော်ကြီးမြင်အောင်ပြပြီး
“ဒီလိုပါ ဆရာတော် တပည့်တော်တို့ ကိုရင်တွေရွာထည်းဆွမ်းချိုင့်ယူပါတယ် ဘုရား တပည့်တော်တို့လည်းဆွမ်းချိုင့်တွေယူတာကုန်စင်သွားသောကြောင့် ကျောင်းကိုပြန်လာတဲ့အချိန် ကျောင်းရဲ့နဘေးအရှေ့စည်းရိုးဘက်က ကလေးငိုသံကြားရပါဘုရား”
“အေးဆိုပါအုံးကွဲ့”……..
“တင်ပါ့ဘုရား အ့တာနဲ့တပည်တော်လည်း ငိုသံရှိရာဘက်သို့ ထူးခြားတာတွေလောက်မလားဆိုတာနဲ့ သွားကြည့်လိုက်စဉ် ထိုကလေးကိုတပည့်တော်တွေ့ရှိလာရကြောင်းပါ ဘုရား”
ဆရာတော်ဦးဝိမလကခေါင်းကိုတငြိမ့်ငြိမ့်လှုပ်ကာ ပြောပြသမျှကို နားထောင်းပြီးစဉ်းစားကာ
” ဟောဒီကကလေးကို ငါ့ကိုပြကြည့်ပါအုံးကွဲ့”
ကလေးပေးဖို့ပြင်ရွယ်နေစဉ်အခန်းဝကနေထွက်ပေါ်လာသောခြေလှမ်းသံကြောင့် ဆရာတော်နဲ့ကိုရင်နန္ဒသီရိတို့ တိုင်ပင်မထားပဲ အသံလာရာဘက်သို့လှမ်းကြည့်လိုက်ရာ အခန်းဝမှာမတ်တပ်လေးရပ်နေသောကိုရင်ရေဝဒကိုတွေ့လိုက်ရတယ်။
“ကိုရင်ရေဝဒပါလား ဝင်ခဲ့လေကွဲ့”
ဆရာတော်ရဲ့စကားကြောင့် ကိုရင်ရေဝဒလည်း အခန်းထည်းသို့ဝင်လာပြီး ဆရာတော်အားရိုသေစွာကတော့ကာ ကိုနန္ဒသီရိနဘေးတွင် တမလင်ခွေထိုင်ချလိုက်သည်။
ကိုရင်နန္ဒသီရိရဲ့စိတ်ထည်းမှာတော့
“ကိုရင်ရေဝဒက ငကြောက်ကြီးပဲ”ဟု ရေရွတ်နေမိတယ်။
ကိုရင်နန္ဒသီရိက ကလေးအားပွေ့ချီကာ ဆရာတော်လက်ထည်းသို့ထည့်ရန်ပြင်လိုက်စဉ် ကလေးတွင်ပတ်ထားသော အနှီးစ က မတော်တဆ ပြေကျသွားသဖြင့် ကိုရင်ရေဝဒက ပြည်ပတ်ပေးဖို့ အနှီးစကိုကိုင်လိုက်တဲ့အခါ မြင်လိုက်ရသောမြင်ကွင်းကြောင့်
“ဆရာတော်ဆရာတော် ဒီကလေးကျောခုံးမှာ ဘာကြီးလည်းမသိဘူး”
“ပေးပေးငါ့ကိုကလေး”
အနှီးစကိုမပတ်ပဲထားကာ ကိုရင်ရေဝဒမှ ထိုင်နေရာမှထ၍ ဆရာတော်ရဲ့အနားကိုကပ်ပြီး ကလေးကိုဆရာတော်ရဲ့လက်ထည်းသို့ ထည့်ပေးလိုက်တယ်။
ဆရာတော်မှ ကျောပြင်ကပါလာသော အမှတ်အသားကိုကြည့်ပြီး အံဩလျှက်သားရှိနေသည်။
“ဆရာတော် အ့တာဘာအမှတ်ကြီးလည်းဘုရား” ကိုရင်ရေဝဒမှလျှောက်ထားစဉ်
အင်းစမတို့နှင့်ရင်းနှီးနေသောဆရာတော်က
” ဒီအမှတ်က စဓဗဝ အမှတ်ပဲကွ”
” စဓဗဝ ဆိုတာဘာလည်းဘုရား” ကိုရင်နန္ဒသီရိကမေးလိုက်သောခါ
“စဓဗဝ စမ လေးလုံးဟာ ဓာတ်ကြီး(၄)ပါးပေါင်းစပ်ဖွဲ့စည်းထားတာဖြစ်တယ်ကွဲ့
လောကီနယ်ပယ်မှာ ကျင်လည်လေ့လာလိုက်စားကြတဲ့ ပုဂ္ဂိုလ်များအနေနဲ့ ဒီကလေးမှာပါလာသောအမှတ်လိုလို စမ လေးလုံးကို အလွန်ပင် နှစ်သက်မြတ်နိုး တန်ဖိုးထားကြ
တယ်”
ဆရာတော်ရှင်းပြနေတာကိုနားထောင်နေသောကိုရင်နှစ်ပါးထည်းမှာ ကိုနန္ဒသီရိက
“ဆရာတော်ဘုရား ဒါဆို ဒီကလေးက လောကီရေးရာထူးချွန်ထက်မြတ်မဲ့လူလို ပြောချင်တာလား ဘုရား”
“အေးကွဲ့ ကိုရင်နန္ဒသီရိရဲ့ ဘာပဲဖြစ်ဖြစ် အသက်တစ်ချောင်းကယ်ကောင်းပါတယ်လေ
နောက်ပြီး ဒီကလေးကလည်း ငါတို့နဲ့ရေစက်ရှိလို့ရောက်လာတာပဲ”
ဆရာတော်ဦးဝိမလကထိုကလေးအား ကျောင်း၌ခေါ်ယူကာကျွေးမွေးစောင့်ရှောက်လေတော့သည်…….။
*****
ရွာလူကြီးနှင့်ရွာသူရွာသားများကလည်း ဆရာတော်မှကလေးငယ်တစ်ယောကိုမွေးစားလိုက်သော သတင်းကို ဆွမ်းခံကြွလာသောကိုရင်တွေစီကကြားလာပြီး ကလေးအားကြည့်ရှူရန်ကျောင်းသို့အသီးသီးထွက်လာခဲ့ကျတယ်။
ကျောင်းရဲ့ေအာက်ထပ်တွင် အသံဆူဆူညံညံများကြားရသဖြင့် ဆရာတော်ဦးဝိမလက ကျောင်းအပေါ်ထပ်၌ ဆင်းလာခဲ့သည်။
“အားလုံးတိတ်တိတ်နေဟေ့ ဆရာတော် ဆင်းလာပြီ”
ရွာရဲ့ရွာလူကြီး ဦးဖိုးထင်ရဲ့စကားကြောင့် ဆူညံ့နေသောအသံများကလည်း ခနအတွင်းမှာပဲ တိတ်စိတ်သွားခဲ့တယ်
“ဒကာကြီး ဦးဖိုးထင် လူတွေကများလှချေလား ဘယ်အကြောင်းကိစ္စရှိလို့လည်းကွဲ့”
“ဆရာတော်ဘုရား တပည့်တော်တို့ ဟောဒီက ကလေးအားတွေ့ချင်လို့ရောက်ရှိလာချင်းပါဘုရား”
ဆရာတော်ဦးဝိမလက ဦးဖိုးထင်လက်ထည်းတွင် ပွေ့ထားသော တစက်မှမငိုပဲ ပြုံးပျော်ရွှင်နေသော ကလေးအားကြည့်ကာ
“ဒါဆို ဒီလိုလုပ်ပါဒကာကြီးဦးဖိုးထင် ဟောဒီကကလေးကိုရွာထည်းမှတစ်နေ့တစ်အိမ်စီအလှည့်ကျကျွေးမွေးစောင့်ရှောက်ကျရမယ် ဘယ်လိုလည်းကွဲ့ သဘောတူရဲ့လား”
ရွာသူကြီးနဲ့ရွာသူရွာသားများက
“သဘောတူပါတယ်ဘုရား”
“ဆရာတော်ဘုရား ဒီကလေးရဲ့နာမည်ကဘယ်လိုခေါ်ရမလည်းဘုရား တပည်တော်ကတော့ ခွန်သာလှ လို့ပေးချင်တယ်ဘုရား”
ရွာလူကြီးရဲ့စကားကြောင့်ဆရာတော်မှ
“မဖြစ်သေးဘူး ဒကာကြီးဦးဖိုးထင် ဒီကလေးရောက်လာထည်းက သူနဲ့အတူပါလာသော တခေါက်ဖာလေးထည်းမှာ ဟောဒီကကလေးနမည်ကိုကတ်ထူစက္ကူပေါ်မှာရေးသားထားတာ တပါတည်းပါလာတယ်”
“တင်ပါ့ဘုရား နာမည်က ဘယ်လိုခေါ်ပါသလည်းဘုရား”
“ရှိန်းမော် တဲ့ဒကာကြီးဦးဖိုးထင်”
“တင်မဘုရား ဒါဆိုတပည့်တော်တို့မနက်ဖြန်ကနေ တစ်အိမ်စီအလှည့်ကျစောင့်ေရှာက်ချင်ကျပါတယ်ဘုရား”
“အေးကွယ် ကောင်းပါပြီ မနက်ဖြန်ကနေ တစ်အိမ်စီအလှည့်ကျ စောင့်ရှောက်ကျပါ ဒကာတို့ ဒကာမတို့”
ရွာသူရွာသားများလည်း ကလေးအားကြည့်ရှူရန်ဝသွားသောအခါ ေကျာင်းမှပြန်လာခဲ့ကျလေတော့၏။
*****
တစ်အိမ်စီအလှည့်ကျစောင့်ရှောက်ပေးနေစဉ်အတွင်းမှာ ရာသီတွေအလီလီပြောင်းရွှေ့ကာ ရှိန်းမော်လေးမှ ခုနှစ်နှစ့်သားအရွယ်သို့ရောက်ရှိလာခဲ့သည်။
ရှိန်းမော်ကလူမှန်းသိတက်အရွယ်ကတည်း တခြားအသားများကိုစားသုံးသော်လည်း အမဲသားကို စားသုံးခြင်းပြုခဲ့ပေ။
တခါတရံရှိန်းမော်တစ်ယောက်ကျောင်းပရဝန်အတွင်း၌ပျောက်ပျောက်သွားလေရှိတယ် ထိုသို့ခဏခဏပျောက်သွားတက်သည်ကို ဆရာတော်မှသတိထားမိခဲ့လေသည်။
ဆွမ်းခံမှပြန်လာကျသောသံဃာတော်များနှင့်အတူအနောက်တွင် ရှိန်းမော်တစ်ယောက် ဆွမ်းပုံးကိုဆွဲကာ ကျောင်းထည်းဝင်လာတာကို ဆရာတော်မှအပေါ်ပြတင်းပေါက်ကနေ လှမ်းမြင်လိုက်သည်။
” မောင်ကျောင်းသား မောင်ကျောင်းသား ”
ဆရာတော်ရဲ့အော်ခေါ်သံကြောင့် ဆွမ်းစားရုံဘက်တွင်ရှိသော ချက်ကြီးက
“ဘုရား…..တပည်တော်တို့ကိုခေါ်တာလားဘုရား”
“ရှိန်းမော်ကို ငါကခေါ်တယ်ခုချက်ချင်းလာခဲ့ပါလို့ပြောလိုက်”
“တင်ပါ့ဘုရား အခုပဲပြောလိုက်ပါမယ်ဘုရား”
ချက်ကြီးတစ်ယောက် ဆွမ်းစားရုံဘက်သို့ပြန်ပြေးကာ ရှိန်းမော်အား ရှိမရှိကြည့်လိုက်ချိန်
ရေအိုးစဉ်ဘက်တွင်ရေသောက်နေတာကိုတွေ့လိုက်ရသည်။
ချက်ကြီးကရေသောက်နေသောရှိန်းမော်အားအနားသို့သွားပြီး ဆရာတော်ကခေါ်ခိုင်းလိုက်တဲ့အကြောင်း ပြောပြလိုက်တယ်။
ချက်ကြီးရဲ့စကားကြောင့်ရှိန်းမော်တစ်ယောက် ဆရာတော်ရှိရာ ကျောင်းအပေါ်ထပ်သို့ လျှောက်လာခဲ့တယ်။ဆရာတော်အခန်းနားသို့ရောက်သောက်အခါ
“ဆရာတော် တပည်တော်ကို ခေါ်တယ်ဆိုလို့ပါဘုရား” အခန်းဝမှရပ်ပြောလိုက်ပြောအသံကြောင့်ဆရာတော်က
“အေးဟုတ်တယ် ဝင်ခဲ့လေ”
ရှိန်းမော်လည်းဆရာတော်အခန်းထည်းသို့ဝင်ကာ ဆရာတော်အားကတော့ဘူး ငြိမ်လျက်သားထိုင်နေလေသည်။
“ရှိန်းမော် ဘုန်းဘုန်းမေးတာ မင်းအမှန်တိုင်းဖြေနိုင်မလားကွဲ”
“တင်ပါ့ဘုရား တပည့်တော်အကုန်ဖြေပါမယ်ဘုရား”
“ဒါဆို ဘုန်းဘုန်းးမေးမယ် ရှိန်းမော် မင်းတခါတရံပျောက်ပျောက်သွားတက်တယ်ဆိုတာဟုတ်လားကွဲ့”
“ဟုတ်ပါတယ်ဘုရား” တုံဆိုင်းခြင်းမရှိပဲဖြေလိုက်သောကြောင့်ဆရာတော်မှထပ်မေးလေသည်။
“ဘယ်တွေသွားနေတာလည်းကွဲ့ အ့လိုပျောက်သွားနေစဉ်”
“တင်ပါ့ဘုရား တပည်တော်ဘယ်မှမသွားပါဘူးဘုရား သိမ်အနောက်ဘက်က တောင်ပို့နားလေးမှာပဲရှိပါတယ်ဘုရား”
“ဘယ်လိုဘယ်လိုရှိန်းမော် ဘုန်းဘုန်းကိုနားလည်အောင်ပြောစမ်းကွဲ့”
“ဒီလိုပါဘုရား တပည့်တော်သိမ်အနောက်ဘက်ကတောင်ပို့ကိုရောက်ရင် အဝတ်ဖြူဖြူနဲ့ဘဘကြီးတစ်ယောက်က လာလာကြိုပါတယ်ဘုရား တပည်တော်မျက်လုံးကိုမှိတ်ခိုင်းပြီး ပြန်ဖွင့်ရင် သာယာလှပတဲ့တောတစ်တောထည်းရောက်နေပါတယ်ဘုရား”
“ဆက်ပြောပါအုံး ရှိန်းမော်”
“အ့ဘဘကြီးက သူနာမည်ကို အဘိုးပွင့်လို့မှတ်ထားတဲ့ ဒါကပြီးတော့မဟာမြိုင်တောတဲ့ အ့လိုပြောပြီး တပည့်တော်ကို အက္ခရာတွေ သင်ပေးပါတယ်ဘုရား”
ဆရာတော်ကြီးကလောကီနယ်ပယ်နဲ့မစိမ်းတာကြောင့် သိသင့်သလောက်သိရပြီမို့ ဆက်မမေးတော့ပဲ ဆရာတော်ကရှိန်းမော်ကိုပြန်ခိုင်းလိုက်တယ်။
*****
နံနက် ကိုးနာရီခန့်အချိန်တွင် ရွာထည်းသို့ ဆွမ်းချိုင့်သွားယူရန် ကိုရင်တွေအားလိုက်ခေါ်စဉ် တစ်ယောက်မှ မတွေ့လေသောကြောင့် တစ်ယောက်ထည်းသွားဖို့ပြင်နေစဉ်အနောက်ကနေ
“ဦးလေးဆန်းမောင်” ဟု ခေါ်သံကြားလိုက်ရသဖြင့် အနောက်ဘက်ကိုလှည့်ပြီးကြည့်လိုက်ချိန်မှာ ရှိန်းမော်ကိုတွေ့လိုက်ရတယ်။
“ခေါ်တာဘာဖြစ်လို့လည်း ရှိန်းမော် ဦးလေးကဆွမ်းချိုင့်တွေသွားယူရအုံးမှာကွ”
“ဦးလေးနဲ့အတူ လိုက်ခဲ့ပြီး သယ်ကူမလို့ပါဗျ”
“အေးဒါဆိုလည်း သွားကျမယ် လာလေကွာရှိန်းမော်”
ကျောင်းရဲ့ကပ္ပိယဆန်းမောင်နဲ့အတူရှိန်းမော်တို့ ဆွမ်းချိုင့်များယူရန်ရွာအရှေ့ဘက်ခြမ်းသို့ ထွက်လာခဲ့တယ်။
ရွာရှေ့ဘက်ခြမ်းမှာနေတဲ့ ဒေါ်လုံးကြည့်တို့အိမ်က နေ့ဆွမ်းအတွက်တာဝန်ယူချက်ပေးကပ်လှူလျှက်ရှိတယ်။
ဒေါ်လုံးကြည်တို့အိမ်ရှေ့ နှစ်ယောက်သားရောက်လာပြီး ဆွမ်းချိုင်းယူရန်အော်ခေါ်ဖို့ပြင်လိုက်စဉ် အိမ်ထည်းမှ ဝူးးးဝူးးဝါးးးဝါးးအသံများကြားလိုက်ရသောကြောင့် အော်မခေါ်တော့ပဲ အိမ်ထည်းသို့ဝင်ရန် ဆန်းမောင်မှ စိတ်ထည်းမှဆုံးဖြတ်လိုက်လေသည်။
အိမ်ထည်းသို့ရောက်လာသောအခါ ဘုရားစင်ဘက်တွင်ထိုင်နေသောသူနဲ့ လက်တွင် ဘာအတုပ်အနှောင်မှမရှိပဲ နောက်သို့ကပ်လျက်သားရှိနေတာကိုမြင်လိုက်တယ်။
ကပ္ပိယဆန်းမောင်နဲ့ရှိန်းမော်လည်း ထိုမြင်ကွင်းကိုထိုင်ကြည့်နေသော လူအုပ်ကြားထည်းမှာဝင်ထိုင်နေလိုက်၏။
“ဟဲ့ ကောင်မ နင်လုပ်ထားတဲ့ပညာတွေမြန်မြန် ပြန်နှုတ်စမ်း” ဘုရားစင်အရှေ့မှာထိုင်နေသောဆရာဖြစ်သူက လက်ကိုနောက်မှာတုပ်ထားသောမိန်းကလေးအားမေးလိုက်တယ် မိန်းကလေးကလည်း
“ဟဲ့ ဆရာစုတ် နင်လိုကောင်ကများ ငါကိုတုပ်ထားရုံနဲ့နိုင်မယ်ထင်နေလား”
“အောင်မယ် ဒီလောက်ခံနေရတာတောင် မမှတ်သေးဘူးဟုတ်လား”
ဆရာကြီးမှပရောဂကုနေချိန် အမျိုးအမည်မသိသော စက်ကြိုးများက အိမ်ရဲ့ပြတင်းပေါက်ကနေ ဝင်ရောက်လာခဲ့ပြီး ထိုဆရာကြီးရဲ့ခေါင်းပေါ်မှာပျံဝဲနေသည်။ထိုစက်ကြိုးများကိုလည်း ပရောဂဆရာနှင့်အစွဲမိန်းကလေး ။ရှိန်းမော်တို့ကလွဲ၍ ကျန်တဲ့သည် မည်သူတစ်ဦးတစ်ယောက် မမြင်ကျဘူး။
လေပေါ်သို့တံတောင်သာသာမြှောက်တက်သွားသော ဆရာကြီးကို ကြည့်နေသော ပရိတ်သတ်အပေါင်းက အစွမ်းပြတဲ့အထင်နဲ့ လက်ခုတ်ဩဘာများတီး၍အားပေးနေတယ်။ဆန်းမောင်နားတွင်ထိုင်နေသော ရှိန်းမော်က ထကာ ဆရာကြီးနားသို့သွားကာ လည်ပတ်တွင် ရစ်ပတ်နေသော ကြိုးများကို အသာအယာ လက်ဝါးစောင်းဖြင့်ခုတ်ဖြတ်လိုက်သည်။
ဆရာကြီးမှ ဘုတ်ကနဲ ကြမ်းပြင်ပေါ်သို့ပြန်ကျကာ ဆေးလွယ်အိတ်ကိုလွယ်ပြီး ပါးစပ်မှ
“ငါမနိုင်ဘူး ငါမနိုင်ဘူး မောင်ကို မင်းမိန်းမအစွဲက ဆယ့်နှစ်ကြိုးကဝေနဲ့ပတ်သက်နေတယ်”
ထိုသို့ပြောပြီး အိမ်ပေါ်မှဆင်းပြေးသွားသည်။
ချိန်းမော်လည်း ပူးကပ်ခံနေရတဲ့ မိန်းကလေးအားကြည့်ကာ ဘုရားစင်မှာကပ်ထားသောသောက်တော်ရေခွက်ကိုယူ၍ လက်ညိုးနစ်ပြီးပါးစပ်မှ ဂါထာတစ်ပုဒ် တီးတိုရွတ်ဆိုနေတယ်။
ဂါထာတစ်ပုဒ်အပြီး လက်ညိုးနစ်ထားသောလက်ဖြင့်ရေကိုမွှေကာ ဆွဲထုတ်လိုက်၏။ဆွဲထုတ်လိုက်သောလက်ညိုးမှပါလာသောရေများဖြင့် အရှေ့ကမိန်းကလေးအား တောက်လိုက်စဉ် ထိုင်နေသောမိန်းကလေးက အရုပ်ကြိုးပြတ်လဲကျသွားတယ်။
ဤမြင်ကွင်းကြောင့် ဆန်းမောင်နဲ့ကြည့်နေတဲ့သူအချို့ အလွန်ပင်အံဩမင်သက်ပြီး ကိုယ့်မျက်လုံးကိုယ်မယုံနိုင်အောင် ထပ်တလဲလဲ ပွတ်ပြီးကြည့်မိနေတယ်။
**********
ဆန်းမောင်လည်း ဆွမ်းချိုင့်ယူကာရှိန်းမော်နှင့် အိမ်ထည်းမှထွက်ခဲ့ပြီး ကျောင်းဘက်သို့သွားနေစဉ်လမ်းမှာ ဆန်းမောင်မှ
“ဟေ့ကောင်ရှိန်းမော် စောနကမင်းဘာထလုပ်လိုက်တာလည်းကွ”
“မသိဘူးဦးလေး နားထည်းမှာကြားသလိုလိုက်လုပ်လိုက်တာ”
“ဟမ်…ဘလိုဘလိုရှိန်းမော်”
“ဟုတ်တယ်ဦးလေးဆန်းမောင် နားထည်းကြားသလို စက်ကြိုးထဖြတ်ဆိုတာနဲ့ထဖြတ်ပြီး အနောက်ကသောက်တော်ရေခွက်ကိုယူ လက်ညိုးနစ်ပြီးဂါထာတွေ ကြားရသလိုရွတ်ပြီး အရှေ့ကသူကိုတောက်ချလိုက်ဆိုတာနဲ့ တောက်ချလိုက်တာ”
ဆန်းမောင်မှဘာမှနားမလည်သောကြောင့် ဆက်မမေးပဲကျောင်းသို့သာ သုတ်ခြေအမြန်တင်ခဲ့လိုက်တော့လေသည်။
*******
“ဘွားစန်းကြည် ဟိုကောင် လေးက တစ်ခုခုတော့ခုခုပဲ”
“အေးဟ ခုသထိ ငါစက်ကြိုးတွေ ဖျက်ပစ်နိုင်တဲ့ဆရာတွေတစ်ယောက်မှမရှိဘူး”
“ဒါဆိုအဘွား ဒီကောင်လေးကို မီးမလောင်ခင်ကြိုတားကျမလား”
“လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရက်ပဲ အေးပု။သူ့ကြောင့်ငါတပည့်တစ်ယောက်လည်း သေဆုံးသွားရတယ်”
“ဒါဆိုအဘွား ဘလိုစီစဉ်မတုန်း”
” သူပညာတွေကို မထုတ်သုံးတက်သေးဘူး ဒါကြောင့် ငါတို့သက်သာရာ ရခဲ့တာ ငါကဒီကောင်လေးကို ရှစ်မြှောက်အင်းနဲ့ ပညာတွေချုပ်ထားမယ် နင့်ကသူကို ရွာအပြင်ရအောင်ခေါလာခဲ့ကြားလား”
“ဟုတ်ကဲ့ ဘွား”
ဆယ်နှစ်ကြိုးကဝေဘွားစန်းကြည်နှင့်သမီးရင်ပမာ အားပညာတွေသင်ညားပေးတဲ့အေးပုနဲ့အတူ နှစ်ယောက်ထည်းတီးတိုးတိုင်ပင်နေသည်။
****
တန်ဆောင်းမုန်းလဆန်း ၁၀ ရက်နေ့ ဧရာဝတီတိုင်းရှိမယ်စိပ်ရွာလေးရဲ့ရွာဦးကျောင်းမှာ သံဃာတော်များနှင့်အတူရှိန်းမော်တစ်ယောက် ကျောင်းရဲ့သန့်ရှင်းရေးလုပ်ကိုင်နေလျက်ရှိသည်။
ဆရာတော်ကနေကျောင်းအပေါ်ထပ်ကနေစဉ်းကာ ရွာထည်းသို့ ဦးဖိုးထင်အား ခေါ်ခိုင်းလိုက်တယ်။
ရှိန်းမော်လည်းဆရာတော်ခိုင်းတဲ့အတိုင်းသွားစဉ် လမ်းမှာ အမျိုးသမီးတစ်ယောက်က
“ကောင်လေး ဘယ်သွားမှာလည်း”
“ရွာသူကြီးဦးဖိုးထင်ကိုဆရာတော်ကခေါ်ခိုင်းလို့ သွားခေါ်မလို့ဗျ”
“လာလာကောင်လေး ဦးဖိုးထင်က ရွာပြင်က လယ်ကွင်းထည်းမှာ”
ရှိန်းမော်လည်းအဟုတ်မှတ်သည်နှင့်ခေါ်ဆောင်ရာ အနောက်သို့လိုက်သွားတယ်။
ရွာပြင်လယ်ကွင်းဘက်သို့ရောက်သောအခါ ဦးဖိုးထင်ကိုမတွေ့ပဲ အပေါ်အနက်အောက်အနက်နဲ့မိန်းမတစ်ဦးကိုသာတွေ့လိုက်ရတယ်။
“ဟာ အန်တီကလည်း ဆရာတော်ခေါ်ခိုင်းတာ ဒီမိန်းမကြီးမှမဟုတ်တာ”
“အေး မဟုတ်ဘူးဆိုလည်း မင်းကဘာလုပ်ချင်လို့လည်း” ခေါ်ဆောင်လာသောအမျိုးသမီးမှ ထိုသို့ပြောစဉ်
“မဟုတ်မှတော့ ရွာသူကြီးအိမ်သွားခေါ်ရမှာပေါ့ဗျ”
“ငါတို့ကသွားခွင့်မပြုဘူးဆိုရင်ရော ကောင်လေး”
******
ဧရာဝတီတိုင်း မယ်စိပ်ရွာလေးကို ရောက်ဖို့ ကျုံမငဲ့ရွာလေးကို ဖြတ်ကာ မောင်သူရိန်တစ်ယောက် ခပ်မြန်သောခြေလှမ်းတွေနဲ့အတူ လှမ်းလာခဲ့တယ်။ညနေကလည်း နေဝင်ရီတယောအချိန်ဖြစ်တာကြောင့် မောင်သူရိန်မှာ မြန်သထက်မြန်အောင်လျှောက်လာခဲ့တယ်။
မယ်စိပ်ရွာကိုရောက်ဖို့ရန်အတွက် တောစပ်လေးတစ်ခုသာ ဖြတ်ရန်ကျန်တော့ပါတယ်။
မောင်သူရိန်မှ မဖြတ်ခင်ကောင်းကင်ကိုမော့ကြည့်လိုက်စဉ် တလက်လက်ဖြင့် အရောင်တောက်ပနေသော စက်ကြိုးများကို မြင်လိုက်သည်။
စက်ကြိုးများအား စက်ဖြတ်ဂါထာရွတ်ကာ စက်များကိုလက်ညိုးဖြင့်ထ်ိုးပြီး စက်များဖြတ်ကာ အရှေ့သို့ဆက်လျှောက်သွားနေ၏။
တောတစ်အား ဖြတ်ကျော်လာပြီး မယ်စိတ်ရွာရဲ့ လယ်ကွင်းဘက်သို့ရောက်လာသောအခါ အမျိုးသမီးနှစ်ဦးနှင့်အတူလဲလျောင်းနေသောဆယ့်ငါးနှစ်ကောင်လေးအား တွေ့ရှိလိုက်သည်။
အနားသို့ ကိုယ်ဖော့နင်းပြီး လျှောက်သွားချိန် ဓားတိုတစ်လက်ကိုကိုင်ထားသောမိန်းမတစ်ဦးနှင့်သွေးခံရန်ဖလားသေးသေးလေး ကိုင်ထားပြီး လဲလျောင်းနေသော ကောင်လေးလည်ပင်းကိုဖြတ်ရန်ရွယ်လိုက်စဉ် ညောင်ပင်ဘက်ကနေ
လက်ခုပ်တီးသံကနှင့်အတူ တည်လည်းယုတ်ညံ့တဲ့ဆယ့်နှစ်ကြိုးကဝေပါ့လား ဆိုတဲ့ စကားပြောသံထွက်ပေါ်လာပြီး ယောအင်္ကျီကိုဝတ်စင်ထားတဲ့ မောင်သူရိန်ကိုေညာင်ပင်ရဲ့အနောက်ကနေထွက်လာပြီးရပ်နေသည်ကိုတွေ့ရှိလိုက်သည်။
“ကဲ့……အေးပုရေ ငါတို့အလုပ်ကို သောက်လုပ်ရှူပ်မဲ့သူတစ်ယောက်ကတော့ပေါ်လာပြန်ပြီဟေ့ သူကိုအရင်ရှင်းရအောင် နောက်မှဒီကောင်လေရဲ့သွေးကိုနောက်မှယူကျတာပေါ့”
“ဟုတ်ကဲ့အဘွား”
“ဒါကြောင့် ငါစက်ကြိးတွေပျက်ပျက်သွားပါတယ်သတိထားမိနေတာ နင့်လက်ချက်ကို နင့်ပညာကလည်းမသေးပါလား”
“စမ်းကြည့်ရင် ဘယ်သူကတော်တယ် မတော်ဘူး သိရတာပေါ့ဗျာ”
အဘွားစန်းကြည်ဖြစ်သူက ဆယ်နှစ်ကြိုးတည်းမှ တစ်ကြိုးဖြစ်သည့် နွယ်စင်စက်ကြိုးကိုအားအသုံးပြုကာ မောင်သူရိန်စီ နွယ်ပင်ကဲ့သို့မြွေပုံသဏ္ဍရစ်ပတ်ဖို့ လာနေစဉ် မောင်သူရိန်က မြေကြီးကို ဖနှောင့်ဖြင့်ပေါက်ကာ နွယ်စင်စက်ကြိုးကို လက်ညိုထိုးကာ ရပ်စမ်း ပြောလိုက်ချိန် တုန့်ခနဲရပ်ကာ တဖျောက်ဖျောက်မည်ကာ နွယ်စင်စက်ကြိုးများပြတ်တော်သွားခဲ့သည်။
နွယ်စင်ကြိုးမရသည့်အတွက် တခြားစက်များကို အသုံးပြုသောလည်း အနိုင်မရရှိသောကြောင့် လက်ကိုနောကိပစ်ပြီးရပ်နေသောသူအား အနည်းငယ်ကြောက်ရွံလာပြီး
နောက်ဆုံးပညာဖြစ်သည့် နတ်စက်သုံးကြိုးစက်ကိုအသုံးပြုကာ တိုက်ခိုက်ဖို့ပြင်ဆင်လိုက်ချိန် မောင်သူရိန်မှလေပေါ်တွင် စမ အက္ခရာ တချို့ရေးဆွဲကာ ဘွားစန်းကြည်ဘက်ရှိရာသို့စမများကိုလက်ဖြင့်ဝှေ့ရမ်းကာ ပစ်ထုတ်လိုက်တယ်။
နတ်စက်ကြိုးကိုအသုံးပြုဖို့ပညာစက်ထုတ်လိုက်ချိန် ပညာစက်တွေကထုတ်မရတော့ပဲ သာမာန်လူတစ်ယောက်သာဖြစ်သွားခဲ့သည်။
“နင် နင့်ငါကို ဘာနဲ့ပစ်လိုက်တာလည်း” ဘွားစန်းကြည်မှမေးလိုက်စဉ် မောင်သူရိန်မှခပ်တည်တည်အနေအထားဖြင့်
“ကျုပ်ပစ်လိုက်တာ ပညာဖျက်စမပဲ”
ဘွားစန်းကြည်ကမောင်သူရိန်စကားကြောင့် အနှစ်နှစ်ကြိုးစားခဲ့သောပညာရပ်ကိုဆုံးရှူံးလိုက်ရသဖြင့် ရင်ကွဲမတက်ရှူတ်ဖွဲ့မတက် ငိုကြေးနေလေတယ်။
မောင်သူရိန်မှ ရှိန်းမော်အားနိူးကာ ရွာပြင်နားကဇရပ်မှာခနတည်း၍ ဖြစ်ပျက်ပုံကို အကျိုးအကြောင်းပြန်ပြောနေရာတွင် ရှိန်းမော်မှ တစ်ခုခုသတိရသွားသဖြင့် ပြန်စဉ်းစားတွေးတောနေ၏။
“သတိရပြီဗျ ဦးလေးနာမည်က မောင်သူရိန်လားဗျ”
“အေးကွ မင်းကဘလိုသိတာလည်း”
“မဟာမြိုတောထည်းက ဘဘပွင့်ပြောတာဗျ ဒီချိန်ဒီလိုဖြစ်ချိန် လူတစ်ယောက်လာကယ်လိမ့်မယ်တဲ့”
“တယ်ဟုတ်ပါလားကွ ဆက်ပြောပါအုံး”
“လာကယ်တဲ့လူရောက်လာရင် သူနောက်ကိုလိုက်သွားပြီးခုနှစ်ရက်သားသမီးတွေရဲ့အကျိုးကိုသယ်ပိုးရမယ်တဲ့ အစကကျောင်းကိုမခွဲချင်ဘူးဆိုတာနဲ့မလိုက်ဘူးပြောလိုက်တယ်ဗျ ။နောက်တော့ ဦးလေးနောက်လိုက်ပြီး ဒီလိုပညာတွေသင်ယူချင်တယ်ဗျ”
“ဒါနဲ့ မင်းနှုတ်ဆက်ချင်တဲ့သူတွေရှိသေးလား”
“မနှုတ်ဆက်တော့ပါဘူးဦးလေး ဆရာတော်နဲ့ဦးဇင်းတွေကိုပြောမထွက်လို့ပါ”
“အေးဒါဆိုလည်းကောင်းပြီ ရှိန်းမော် ခရီးဆက်ကျတာပေါ့”
*******
ကိုရင်ကနေဦးဇင်းဖြစ်သွားတဲ့ဦးဇင်းနန္ဒသီရိက အပြေးအလွှားကျောင်းပေါ်သို့တက်ကာ
“ဆရာတော်ဘုရား ဆရာတော်ဘုရား”
“ဟဲ့ နန္ဒသီရိ ဘာဖြစ်တာလည်းကွဲ့”
“ရှိန်း…ရှိန်းမော် ကျောင်းကိုပြန်ရောက်မလာသေးလို့ပါဘုရား”
ထိုအခါဆရာတော်မှ ရှိန်းမော်စရောက်စတဲ့ တခေါက်ဖာလေးကိုယူကာ တခေါက်ဖာလေးထည်းမှ စာရွက်လေးကို ဦးဇင်းနန္ဒသီရီအား ပြလိုက်လေသည်။
“တန်ဆောင်းမုန်းလဆန်း ၁၀ ရက်နေ့ အသက်ဆယ်ငါးနှစ်ပြည့်သည့်အချိန်တွင် ပဌာန်းဆက်ရှိသူတစ်ယောက်လာခေါ်လိမ့်မည်” ရေးထားသောစာကိုဖတ်ကာ ဦးဇင်းနန္ဒသီရိမှ မျက်ရည်တချို့စီးကာပါးပြင်ပေါ်သို့ကျလာခဲ့တယ်။
ဤအချိန်မှစ၍ ရှိန်းမော်တစ်ယောက်သည် မယ်စိတ်ရွာမှ အစအနမပေါ်အောင် ပျောက်သွားခဲ့လေ၏။
*******
မောင်သူရိန်နှင့်ချိန်းမော်လည်း ဧရာဝတီတိုင်းရှိ မယ်စိတ်ရွာလေးကိုစွန့်ခွာပြီး ခြေဦးတည့်ရွာထွက်လာခဲ့ပြီး ဘီလင်းဘက်မှာရှိတဲ့ ဝင်းကရွာ ရွာလေးကိုရောက်ရှိလာခဲ့တယ်။
ဆရာတပည့်လည်းဝင်းကရွာစေတီဖြစ်တဲ့ ကြောင်တစ်ရာဘုရားပေါ်၌ တက်ကာ ခဏအနားယူကာ တရားထိုင်နေလျက်ရှိသည်။
တရားထိုင်နေသော မောင်သူရိန်၏ အာရုံထည်းသို့ အလောင်းခုနလောင်းကိုမြင်တွေ့လိုက်သည်။ထိုမြင်ကွင်း၏နောက်ကွယ်မှာ ဘာတွေဘလိုဖြစ်မလည်းဆိုတာတော့
“မောင်သူရိန်နှင့်ခုနစင်အတိုက်”ဆိုတဲ့ဇာတ်လမ်းလေးပါ ဆက်လက်ဖတ်ရှူနိုင်ပါသည်ခင်ဗျာ…….။