ဆေးရုံပေါ်မှာတစ်ညတာ(စ/ဆုံး)
———————————
*မြန်မြန်ထည့်စမ်းပါအေ
ဆေးရုံအမြန်ဆုံးသွားမှဖြစ်မယ်
ညည်းတို့အဖွားက အူတတ်ပေါက်နေတာ၊
တော်ကြာ နောက်ကျရင် မကောင်းဘူး*
ဒေါ်ကျင်တစ်ယောက် မိဘဆေးရုံတင်ရသောကြောင့် ဆေးရုံသို့သွားရန် သမီးဖြစ်သူ အိမ်စည် ကိုလိုအပ်တဲ့ပစ္စည်းတွေအမြန်ထည့်ခိုင်းနေခြင်းဖြစ်သည်
**အမေရယ် ပစ္စည်းတွေထည့်နေပါတယ်
အရမ်းလောတာပဲ အမေကလဲ**
*မလောလို့မရဘူး ပြီးပြီဆိုသွားမယ်
အိမ်တံခါးတွေသေချာစစ်ပြီးပြီလား
ဒီညဆေးရုံမှာညအိပ်ရမှာ *
**စစ်ပြီးပါပြီအမေရယ်
ဒါပေမယ့် သမီးမလိုက်ချင်ပါဘူးဆို**
အိမ်စည် ဟာ သူမ၏အမေကိုနူတ်ခမ်းလေးဆူကာပြောလေ၏
*မရဘူး မိအိမ်စည်
သမီးအပျိုလေးကိုတစ်ယောက်ထဲမထားခဲ့နိုင်ဘူး*
**အမေကလဲ သမီးကသရဲကြောက်တတ်တာသိရဲ့နဲ့
သမီးကြောက်လို့နေခဲ့မယ်ပြောတာပါ**
*အမလေး အမေရှိတယ်ဘာမှမကြောက်နဲ့ သရဲဆိုတာတကယ်မရှိပါဘူးအေ ဟုတ်ပြီလားးလာလာသွားမယ် *
ဒီလိုနဲ့ ဒေါ်ကျင်နှင့် အိမ်စည်ဟာ ဆေးရုံသို့သွားခဲ့ကြ၏
* မမ အမေသက်သာလား
အခြေအနေဘာပြောလဲဆရာဝန်တွေက*
°အခုတော့စိတ်ချရပြီတဲ့
ဆေးရုံမှာ ၃ရက်လောက်တော့ နေရအုံးမယ်°
*ဒါဆိုလဲ မမတို့ ဒီညပြန်လိုက်လေ
ငါ စောင့်ပေးမယ်အမေ့ကို*
°အေးလေ ငါလဲပြန်တော့မယ် မနက်ဖြန်ငါပါညစောင့်ပေးမယ်
အခုတော့ ညနေလဲစောင်းနေပြီမို့ ငါပြန်တော့မယ်
တစ်ခုခုဆိုဖုန်းဆက်ပြောအုံးနော်°
*အေးအေး *
ဒေါ်ကျင်နှင့် သူမ၏သမီးအိမ်စည်လေးနဲ့ဟာ ဒေါ်ကျင့်အမေဘေးမှာလူနာစောင့်လုပ်ပေးဖို့ကျန်နေခဲ့ပါတော့သည်
တဖြည်းဖြည်းနဲ့ အချိန်တွေဟာ ကုန်မှန်းမသိကုန်လာခဲ့ရာ ည၉နာရီခန့်ပင်ရှိလို့သွားသည်
**အမေ့ **
*အေးသမီးဘာဖြစ်လို့လဲ*
**သမီး အပေါ့သွားချင်လို့ လိုက်ခဲ့ပေးပါလား**
*သမီး အဖွားဘေးမှာနေမှရမယ်
ဘေးကလူနာစောင့်တွေကလဲအိပ်နေကြတယ်
အိမ်သာဘက်ကိုသွားမယ့့် လူလာရင်လိုက်သွားပါလား
ပြီးတော့ အခန်း၃ခန်းကျော်တာနဲ့ အိမ်သာရောက်နေပြီသမီးရယ် နီးနီးလေးပဲဟာ ကိုယ့်ဘာသာသွားလိုက်တော့*
**အမေကလဲ
ဒါဆိုသမီးပဲသွားတော့မယ် **
အိမ်စည်တစ်ယောက် အပေါ့သွားချင်လွန်းနေတာကြောင့်တစ်ယောက်ထဲအိမ်သာသို့အရဲစွန့်ပြီးခပ်သွက်သွက်လေးထွက်သွားခဲ့သည်
အခန်း၃ခန်းကိုကျော်မှ အိမ်သာသို့ရောက်မှာမို့ အိမ်စည်ဟာဟိုကြည့်ဒီကြည့်နဲ့ သွားနေသည်
၁ခန်းကိုကျော်လာခဲ့ပြီ
ဓာတ်မီးလေးဟိုဝေ့ဒီဝေ့နဲ့ဆက်လျှောက်လာခဲ့သည်
**ဟင် ဟို၃ခန်းမြောက်က မိန်းမကြီးတစ်ဦးပဲ အိမ်သာကိုသွားနေတယ်
ငါခပ်သုပ်သုပ်လေးသူ့အနောက်ကလိုက်မှပဲ အဖော်တော့ရပြီတော်ပါသေးရဲ့ ဟူးးးးး**
အခန်း၃ခန်းမြောက်က ဗိုက်ကြီးသည်မွေးခန်းပင်ဖြစ်သည်
တစ်နည်းအားဖြင့် မီးနေသည်တွေအခန်းမျိုးပင်၊
အိမ်စည်ဟာ ခပ်သုတ်သုတ်လေးလျှောက်သွားခဲ့ပြီးအိမ်သာထဲသို့အမြန်လေးပြေးဝင်ခဲ့သည်
×××ဝေါ~~~~~~~ဝေါ~~~~~~~~~××
အိမ်သာရေတွေလောင်းချနေတဲ့အသံပင်ဖြစ်သည်၊
အိမ်စည် တစ်ယောက် အိမ်သာထဲမှာ သူ့ရှေ့က ထွက်သွားတဲ့တစ်ယောက်ရှိတယ်ဆိုတဲ့အတွေးနဲ့ ကြောက်စိတ်ပင်သိပ်မရှိတော့ချေ၊
အပေါ့သွားလို့ပြီးစီးတဲ့နောက်
ပြန်ထွက်ဖို့ဓာတ်မီးလေးကိုဖွင့်လိုက်သည်
×ကြှီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး~
အိမ်သာတံခါးဖွင့်လိုက်သည့်အသံပင်ဖြစ်သည်
°သမီးလေး အဒေါ့်ကိုတစ်ချက်လောက်လာတွဲပေးပါလားကွယ်°
**ဟုတ်ဟုတ် ရပါတယ် သမီးလာကူပါ့မယ်**
ဗိုက်ကြီးသည်အဒေါ်ရဲ့အကူညီတောင်းခံတာကြောင့် အိမ်စည်ဟာ ကူညီဖို့အတွက် ဗိုက်ကြီးသည်မိန်းမကြီးဆီလျှောက်သွားခဲ့သည်
အနားသို့အရောက်~~~
**အဒေါ် အဒေါ့်ရဲ့ခြေထောက်မှာသွေးတွေ ကျနေတယ် **
အိမ်စည်တစ်ယောက် အလန့်တကြားပြောလိုက်သည်
ထိုသို့ပြောလို့မဆုံးသေးခင်
ဗိုက်ကြီးသည်မိန်းမရဲ့ခြေထောက်၂ဖက်အောက်ကို ကလေးလေးပြုတ်ကျလို့သွားခဲ့သည်
**ဟင် ဘာတွေလဲမသိဘူး အဒေါ်
သမီးဆရာဝန်တွေသွားခေါ်ပေးမယ်နော် ခဏလေးစောင့်နေနော်**
°မခေါ်နဲ့အုံးသမီးလေး
လောလောဆယ် အဒေါ့်ကို အခန်းထဲတွဲသွားပေးပါ°
**ဟုတ်ဟုတ် သမီးတွဲသွားပေးပါ့မယ်**
အိမ်စည် ဟာ ဗိုက်ကြီးသည်အဒေါ်ကို မွေးခန်းထဲသို့လိုက်ပို့ပေးခဲ့သည်
အခန်းရဲ့အဝသို့အရောက်တွင်~~~
°သမီးလေး °
**ဟုတ် ပြောလေအဒေါ်**
°အဒေါ့်ကလေးလေးကို အဒေါ့်ဗိုက်ထဲပြန်ထည့်လိုက်ပြီ ရပြီနော်သမီးလေးးးးးးးးးး°
အိမ်စည်တစ်ယောက် မျက်လုံးတွေပြူးလို့သွားသည်
အခန်းဝကိုဓာတ်မီးနဲ့ အထိုးးးးးးး
ဆံပင်ကြီးဖားလျားချလျက်နဲ့ ရပ်နေတဲ့ဗိုက်ကြီးသည်အမျိုးသမီးကြီးကို အိမ်စည်တွေ့သွားသည်
အသံပင်မထွက်ရဲ ခြေလက်တွေတုန်ကာ အခန်းထဲသို့အမြန်ပြေးပါတော့သည်
**အမရေ အမရေ းးးးးးးးးသရဲသရဲ**
သမီးအိမ်စည်ရဲ့ကြောက်လန့်တကြားအော်ပြီးပြေးလာတဲ့အသံကို ကြားသွားခဲ့သည်
*သမီး သမီး ဘာဖြစ်လာတာလဲ *
**ဗိုက် ဗိုက်ကြီးသည် သရဲမကြီးးးးးးးးအီးးဟီးးးးး**
ကြောက်အားလွန်ပြီးငိုနေတဲ့သမီးဖြစ်သူကို ရေအရင်င်တိုက်လိုက်သည်
*သမီး သမီး စိတ်အေးအေးထား ဘာမှမကြောက်နဲ့နော် ဘာမှမဖြစ်ဘူး *
တခြားလူနာစောင့်တွေကလဲကြားကုန်တော့ လန့့်နိုးကုန်ကြသည်
အိမ်စည်ရဲ့အဖွားကလဲ ထိုအချိန်မှာ ဗိုက်အောင့်လာလို့ ဆရာဝန်ထပ်ပြီးသွားခေါ်ခိုင်းနေသည်
ဒေါ်ကျင်လဲဆရာဝန်ကို အမြန်သွားခေါ်လိုက်ရသည်ည်
အိမ်စည် သရဲခြောက်ခံမှုလဲဲ ခနတဖြုတ်မေ့ထားခဲ့ကြသည်
ဆရာဝန်လာပြီးနောက် စမ်းသပ်ပေးပြီး ဆေးလိုက်ယူဖို့ပြောသည်
ဒေါ်ကျင်ဟာ မိခင်ဖြစ်သူအနားမှာနေမှဖြစ်မှာမို့ အိမ်စည်ကိုဆေးအမြန်လိုက်ယူခိုင်းလိုက်သည်
အဖွားဖြစ်သူရဲ့အခြေအနေကြောင့် အိမ်စည်လဲအားကျင်းဆရာဝန်နဲ့လိုက်သွားခဲ့သည်
အသွားတုန်းက ဆေးယူမယ်ဇောနဲ့သွားခဲ့၏
ဆေးယူပြီးနောက် အိမ်စည်ဟာ တစ်ယောက်ထဲပြန်လာရသည်
ထိုအချိန်မှ သရဲခြောက်ခံရတာကိုတွေးမိပြီး မသွားရဲဖြစ်နေခဲ့သည်
** ငါ ဘယ်လိုပြန်ရပါ့မလဲ
ငါအလာတုန်းက ရေခဲတိုက်နားကဖြတ်လျှောက်လာတာသတိမထားမိဘူး
အခုမှတွေ့ရတယ်လို့ ငါကြောက်လို့သေတော့မယ်
ငါပြေးရင်ကောင်းမလား **
အိမ်စည်တစ်ယောက် ကြောက်စိတ်တွေဖုံးလွှမ်းလို့
တံတွေးပင်မျိုမချရဲလောက်အောင်ပင်၊
ရေခဲတိုက်ရှေ့မှာလဲ ဝှီးချဲတစ်စီးက ရှိနေသေးသည်
**ဒီဝှီးချဲကြီးကလဲ ဘာလို့ဒီနားမှာရှိနေရတာလဲ ငါရှေ့ဆက်ပြီးဘယ်လိုသွားရပါ့မလဲ အမေရေးးး**
ညည့်နက်ပြီမို့ ဆေးရုံတစ်ခုလုံးကတိတ်ဆိတ်လို့နေ၏
ဆေးရုံမီးသီးတွေကလဲမှိတ်တုတ်တုတ်နဲ့ ခြောက်ခြားစရာအတိပင်၊
ထိုဝှီးချဲကြီးကို အိမ်စည်တစ်ယောက်ကြည့်နေစဥ်မှာပင် ဝှီးချဲကြီးက တဖြည်းဖြည်းနဲ့ရွေ့လျားလာပါတော့သည်
ရေခဲတိုက်မီးကလဲ ပွင့်လို့သွားခဲ့သည်
ထိုအဖြစ်ပျက်ကို အိမ်စည်တစ်ယောက် မလူပ်မယှက်ပဲ ငေးကြည့်နေမိသည်
ရေခဲတိုက်တံခါးဟာ ပွင့်သွားပြီး ဝှီးချဲကြီးဟာ သူ့အလိုလိုရေခဲတိုက်ထဲသို့ဝင်သွားခဲ့သည်
ထို့နောက် ရေခဲတိုက်ထဲမှ ငိုသံတွေထွက်ပေါ်လာခဲ့၏
×အီးးးးးးးးးဟီးးးးးးးးးးးးးးးအီးးးးးးဟီးးးးးးးးးး×
ဝှီးချဲကြီးကလဲ ရှေ့တိုးနောက်ဆုတ်လိုက်နဲ့ ရုတ်တရက်ရေခဲတိုက်မီးဟာပြန်ပိတ်သွားပြီး
အိမ်စည် ရဲ့အရှေ့သို့ဝှီးချဲကြီးကရောက်ရှိလို့လာခဲ့သည်
အိမ်စည်ဟာ အကြောက်လွန်ပြီး ထိုနေရာမှာတင် သတိမေ့လို့သွားခဲ့သည်
မိခင်ဖြစ်သူဒေါ်ကျင်လဲ သမီးဖြစ်သူပြန်မလာသေးတာကြောင့်ဘေးကလူနာစောင့်ကို ခဏကြည့်ခိုင်းထားခဲ့ပြီး
ဆရာဝန်အခန်းဘက်ရှိရာသို့ ဦးတည်၍လျှောက်သွားခဲ့သည်
*သမီး သမီးအိမ်စည်
လာကြပါအုံး ကျွန်မသမီးလေးခေါ်လို့မရတော့ဘူး
လာကြပါအုံးးးး*
ဒေါ်ကျင် အော်လိုက်တဲ့အသံကြောင့် ဆရာဝန်တွေဆရာမတွေကြားပြီး အမြန်ထွက်လာကြပါသည်
•ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ•
*မသိပါဘူးရှင် ဆေးသွားယူပြီးပြန်မလာသေးလို့ လိုက်လာတာ အခုလိုတွေ့ရတာပါပဲ*
•ဖယ်ဖယ် ကျွန်မစမ်းသပ်ပေးမယ်•
ဆရာဝန်မလေးဟာ အိမ်စည့် ကို စမ်းသပ်ပေးပြီး ဆေးထိုးပေးခဲ့သည်
•သတိမေ့နေတာပါ ပြန်နိုးလာပါလိမ့်မယ်
စိတ်မပူပါနဲ့•
*ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်*
အိမ်စည်လေးကို အခန်းထဲသို့ခေါ်သွားပြီး သတိပြန်ရလာမယ့်အချိန်ကိုစောင့်ဆိုင်းလို့နေလေ၏
နာရီအားဖြင့် ည၁၂နာရီထိုးဖို့ ၅မိနစ်အလိုသို့ပင်ရှိလို့နေလေပြီ
ဒေါ်ကျင်တစ်ယောက်လဲ ပင်ပန်းနေပြီဖြစ်တာကြောင့် အိပ်ဖို့ဟန်ပြင်လိုက်သည်
×ဗနျြးးးးးးးးးးးးဗနျြးးးးးးးးးးးးးးး×
အခန်းအပြင်ကရေဖျန်းလိုက်တဲ့အသံပင်ဖြစ်သည်
*ဒီအချိန်ကြီး ဘယ်သူကအပြင်မှာရေဖျန်းနေတာလဲမသိဘူး ကြည့်လိုက်အုံးမယ်*
လျှောက်လမ်းတစ်ခုလုံး ရေတွေဖျန်းလို့ထားသည်
သို့ပေမယ့် မည်သူတစ်ဦးမျှပင်မရှိ၊
*ဘယ်သူမှလဲမရှိပါလား
ထားလိုက်ပါတော့ အိပ်တော့မယ်*
ဒေါ်ကျင်ဟာ အခန်းတံခါးပြန်ပိတ်ပြီး အလှည့်
အခန်းပြတင်းပေါက်မှာ ဆံပင်ဖားလျားနဲ့ ဒေါ်ကျင့်ကိုစိုက်ကြည့်နေတဲ့ မိန်းကလေးကို ဒေါ်ကျင်မြင်သွားခဲ့သည်
ဒေါ်ကျင်လန့့်သွားသည်
ဘေးကလူတွေအနှောင့်ယှက်ဖြစ်မှာဆိုးလွန်းတာကြောင့် တစ်ယောက်ထဲကြိတ်မှိတ်ပြီး အကြောက်လွန်လို့နေလေပြီ
ပြတင်းပေါက်ကနေကြည့်နေတဲ့သရဲမဟာ ဒေါ်ကျင့်ကိုရီပြလိုက် စိုက်ကြည့်လိုက်နဲ့
ဒေါ်ကျင်တစ်ယောက် သေးတွေတောင်ထွက်လို့နေလေ၏
အခန်းအပြင်ဘက်ကလဲ တရှပ်ရှပ်နဲ့ လမ်းတွေကလျှောက်လို့နေကြပြန်သည်
ရသမျှဘုရားစာတွေရွတ်ပေမယ့်လဲ ထိုသရဲမဟာ ပျောက်ကွယ်၍မသွားပေ၊
နံနက် ၄နာရီလောက်မှ ပျောက်ကွယ်လို့သွားခဲ့သည်
ဒေါ်ကျင်လဲ အိပ်မောကျနေလိုက်တာ သူ၏အမဖြစ်သူ ဆေးရုံရောက်တာတောင်မသိရှာဘူး၊
°ဟဲ့ အကျင် အကျင် မနက်မိုးလင်းနေပြီ ၊
ညကမအိပ်ရလို့လား°
ဒေါ်ကျင်ဟာ ဖြစ်ကြောင်းကုန်စင်ကို အမဖြစ်သူကိုရှင်းပြလိုက်သည်
*တော်ပြီ ငါညအိပ်မစောင့်ပေးတော့ဘူး *
°နင်ကလဲလေ အဲ့တာစိတ်ကဖြစ်နေတာ
သရဲဆိုတာတကယ်မရှိပါဘူး*
**ငါလဲအဲ့လိုပြောခဲ့တာပါပဲ**
ဒေါ်ကျင်ဟာ သရဲတကယ်ရှိတာကိုတော့ထိုတစ်ညထဲနဲ့တင်ယုံလို့သွားခဲ့ပါသည်။
ပြီးပါပြီ။
နှောင်းနွေ (ကိုယ်တိုင်ရေး)