ညမှာပျော်တဲ့ဌက်

ညမှာပျော်တဲ့ဌက်(စ/ဆုံး)
——————–
သူ့နာမည်ကညိုမ
အသားညိုညို၊မျက်လုံးမျက်ဖန်ကောင်းကောင်းနဲ့အရပ်မနိမ့်မမြင့်၊နှစ်လိုဖွယ်အပြုံးလေးနဲ့ချစ်ဖို့ကောင်းတယ်။

ွ၁၉၉၅ ခုနှစ်ကျွန်တော်တို့ဘုရင်နောင်ပွဲရုံလောကမှာအတိုက်ချိန်စာရေးအဖြစ်နဲ့ဘုရင့်နောင်ပွဲရုံလောကမှာကျင်လည်ခဲ့စဥ်ကပွဲရုံအနီးမှာညိုမလို့ဆိုလိုက်ရင်မသိသူမရှိအထူးသဖြင့်ဆိုက်ကားဆရာတွေနဲ့ပွဲရုံတန်းမှာကုန်တိုက်နေကျဖြစ်တဲ့ဂါလီသမားတွေအားလုံးသိကြပါတယ်။

အဘယ့်ကြောင်ပါနည်း၊ညိုမဆိုသည်မှာထိုပွဲရုံတန်းအနီးလူသူအသုံးမပြုတဲ့ဂိုတောင်ပျက်ကြီးရဲ့အနီးအနားနဲ့တစ်ခါတစ်ရံငွေကြေးတတ်နိူင်တဲ့ကုန်သည်ပွဲစားတွေအတွက်နီးစပ်ရာတည်းခိုခန်းတွေမှာကျင်လည်ကျက်စားတတ်တဲ့ ညဌက်တစ်ဦးလဲဖြစ်ပါတယ်။

ကျွန်တော်ဘုရင့်နောင်ပွဲရုံကိုရောက်ခါစကအသက် (၁၇) နှစ်ကျော်ကျော် (၁၈) နှစ်မပြည့်တတ်သေးဆယ်တန်းတစ်နှစ်ကျပြီးစိတ်လေနေချိန်မှာသူငယ်ချင်းတွေရဲ့အကူအညီနဲ့ပွဲရုံစာရေးအဖြစ်တစ်လလုပ်အားခကျပ်နှစ်ထောင်နှုန်းနဲ့အလုပ်လုပ်နေတဲ့အချိန်ဘဝရဲ့ရည်ရွယ်ချက်၊ရည်မှန်းချက်ပန်းတိုင်တွေပျောက်ဆုံးနေတဲ့အချိန်ကာလလဲဖြစ်ပါတယ်။

အဖေနဲ့အမေ့ကိုတစ်ဘက်တစ်လမ်းကနေပြီးကူညီထောက်ပံ့နိုင်ဖို့ကျွန်တော့်ရဲ့ဆန္ဒကိုအမေ့ကိုအရင်ဦးဆုံးပြောပြမိတဲ့နေ့တုန်းကအမေမျက်ရည်အဝိုင်းသားနဲ့ဆေးပေါ့လိပ်ကိုခဲရင်းအဝေးတစ်နေရာကိုဆွေးဆွေးမြေ့မြေ့ကြည့်နေရင်း

“သားကြီးဆယ်တန်းစာမေးပွဲကိုဆက်ပြီးမဖြေချင်တော့ဘူးလားကလေးရယ်”

“ဟုတ်ကဲ့အမေသားပညာရေးကိုစိတ်မဝင်စားတော့ဘူးရရာအလုပ်တစ်ခု့လုပ်ပြီးမိသားစုတာဝန်ကိုနိူင်သလောက်ဝင်ထမ်းချင်တယ်အမေ”

“အေးအေးသားကြီးရေ”

“ပြောလို့မှမရတော့လဲသွားပေအုံးတော့သားကြီးရေ”

“အမေတို့မိသားစုရဲ့အခြေအနေကလဲလောလောဆယ်ယိမ်းယိုင်နေတော့သားရဲ့ဆန္ဒကိုအမေရင်နာနာနဲ့ခွင့်ပြုရတော့မှာဘဲ”

“အမေတို့ရဲ့အားကိုရာအိမ်ထောင်ဦးစီးဖြစ်တဲ့သားတို့အဖေကလဲဆေးရုံပေါ်မှာနေ့လား၊ညလားအခြေအနေကိုရောက်နေတော့”

“ကမ္ဘာမီးလောင်၊သားကောင်ချနင်းပေါ့သားကြီးရယ်”

“ဒါပေမယ့်ငါ့သားကြီးအမေ့ကိုခိုင်မာတဲ့ကတိတစ်ခုတော့ပေးရမယ်”

“ဟုတ်ကဲ့”

“ဘာကတိလဲအမေ”

“အမေတို့မိသားစုနင့်အဖေကျန်းမာရေးကောင်းလာပြီးမြို့တစ်မြို့မှနေသားတစ်ကျဖြစ်သွားရင်သားဆယ်တန်းပြန်ဖြေမယ်လို့ကတိပေးရမယ်သားရယ်”

“ဟုတ်ကဲ့”

“သားကတိပေးပါတယ်အမေ”

ကားဂိတ်သို့မသွားမှီဆေးရုံစောင့်နေတဲ့အမေနဲ့ကုတင်ပေါ်မှာအသာမှိန်းနေတဲ့အဖေ့ကိုရိုသေစွာကန်တော့ရင်းခြေလှမ်းကျဲကျဲဖြင့်အမေ့တို့ရဲ့မြင်ကွင်းမှအမြန်ဆုံးဝေးနိူင်စေရန်ထွက်ခ​ွါခဲ့ပါတော့တယ်၊နောက်ကြောင်းကိုပြန်ပြီးလှည့်မကြည့်ဖြစ်တော့ကျွန်တော်အမေ့ဆီကိုပြန်လှည့်မကြည့်ဖြစ်တော့ပေမယ့်အမေကတော့ကျွန်တော်ကိုမျက်စေ့တစ်ဆုံးကြည့်နေမှာကတော့ဗေဒင်မေးစရာမလိုတော့ပေ။

ဆယ်ကျော်သက်တစ်ဦးအနေနဲ့မိဘရဲ့အရိပ်ကခွဲခွါပြီးတစ်ကယ်တန်းအပြင်လောကနဲ့ရင်ဆိုင်ရတဲ့အခါသိပ်ပြီးတော့မသက်သာလှပေနေ့စဥ်ပွဲရုံပိတ်ရက်၊တနဂ်နွေနေ့မှလွဲ၍မနက် (၄) နာရီခန့်မှအိပ်ယာထရပြီး၊မျက်နာသစ်၊သွားတိုက်၊ကိုယ်လက်သန့်စင်ပြီးတာနဲ့ဆက်တိုက်ဆိုသလိုပွဲရုံကရောင်းချမည့်ငါးခြောက်အလိပ်
မျိုးစုံ၊ခြင်းမျိုးစုံ၊ပုဇွန်ခြောက်နမူနာအိတ်မျိုးစုံတို်ကိုပွဲရုံမှညအိပ်တဲ့အလုပ်သမားတွေနဲ့အတူတူခင်းကျင်းဖို့ပြင်ဆင်ရပါတယ်။

မနက် (၅)နာရီထိုးတာနဲ့ပွဲရုံသူဌေးနဲ့အတူပွဲစားကြီးတွေရောက်ရှိလာပြီးတစ်နေ့တာ
ရောင်းချမည့်ကုန်ပစ္စည်းအမယ်တွေကိုစျေးဖွင့်ကြပါတယ်။မကြာခင်အချိန်အတွင်းမှာတော့အနယ်နယ်အရပ်ရပ်မှအဝယ်တော်ပေါင်းစုံနဲ့ကုန်သည်တွေရောက်ရှိလာပြီးရောင်းကြ၊ဝယ်ကြ၊စျေးညှိနှိုင်းကြနဲ့ပွဲရုံတန်းကြီးတစ်ခုလုံးသက်ဝင်လှုပ်ရှားလို့နေကြပါတယ်။

မနက် (၇) နာရီထိုးပြီးတဲ့အချိန်လောက်မှာတော့လူအလှည့်ကျစံနစ်နဲ့မနက်ပိုင်းအဆာခံကိုတစ်ယောက်တစ်လှည့်စီးလက်ဖက်ရည်ဆိုင်မှာခပ်မြန်မြန်လေးစားကြရပါတယ်။မနက်စာနဲ့ညစာကိုပွဲရုံကတာဝန်ယူကျွေးမွေးသော်လည်းမနက်အစောပိုင်းအဆာခံကိုတော်ကိုယ့်အစီအစဥ်နဲ့ကိုယ်စားရပါတယ်။

ထို့ကြောင့်မနက်ပိုင်းအဆာခံကိုတော့ပါးစပ်အလိုမလိုက်ရဲပါ။လက်ဖက်ရည်ဆိုင်ကမနက်ပိုင်းကြော်တဲ့အီကြာကွေးပူပူလေးတစ်ချောင်းကိုငါးကျပ်ပေးရတာမို့်နေ့စဥ်အီကြာကွေးပူပူနှစ်ချောင်းကိုအချဥ်ရည်နဲ့တို့စားရင်းလက်ဖက်ရည်ဖိုးထပ်ပြီးမကုန်စေရန်အခမဲ့ရတဲ့ရေနွေးနဲ့မျှောချရပါတယ်။လစဥ်အမေတို့ဆီကိုအနဲဆုံးတစ်လလျှင် (၁၅၀၀) ကျပ်ခန့်ပို့ချင်တာမို့တစ်လအသုံးစားရိတ်ကျပ်ငါးရာထက်မပိုရန်ချွေတာသုံးစွဲရပါတယ်။

တစ်ခါတစ်ရံညိုမတို့သားအမိကိုကျွန်တော်သောက်နေကျလက်ဖက်ရည်ဆိုင်လေးမှာတွေ့ရတတ်ပါတယ်၊နေတိုင်းတော့မဟုတ်ညိုမငွေရွှင်တဲ့ရက်တွေမှာတွေ့ရတာများပါတယ်။

အလွန်ဆုံးညိုမကကျွန်တော့်ထက်အသက်ကြီးရင်သုံးလေးနှစ်ထက်မပိုပေမယ့်သူမထံတွင်အသက်အရွယ်မတိမ်းမယိမ်းသားသမီးသုံးယောက်ရှိပါတယ်။အကြီးဆုံးသားမှာငါးနှစ်အရွယ်ခန့်ရှိပြီးအလတ်မလေးမှာသုံးနှစ်အရွယ်ခန့်နဲ့အငယ်ဆုံးလေးမှာတစ်နှစ်ကျော်ကျော်အရွယ်ဖြစ်ပြီးထိုကလေးသုံးယောက်မှာသူတို့ရဲ့ဖခင်ဖြစ်သူကိုသိခွင့်မရကြပါညိုမကိုယ်တိုင်လဲကလေးတွေရဲ့အဖေကိုသိချင်မှသိပါလိမ့်မည်။

တစ်ချို့နေ့တွေမှာတော့ညိုမကိုလှလှပပဝတ်စားထားတာတွေ့ရသော်လည်းဘဲတစ်ချို့နေ့တွေမှာတော့ညိုမရဲ့မျက်နှာမှာအညိုအမဲတွေစွဲနေတာကိုတွေ့ရတတ်ပါတယ်။တစ်ခါတစ်ရံပွဲရုံပိတ်ချိန်တွေမှငါးခြောက်ခြင်းတွေထဲမှကျကျန်ရစ်တဲ့ငါးဖောင်ရိုးခေါက်၊ငါးတံခွန်ခြောက်၊ငါးဗူးခြောက်အောက်ကျုံးလေးတွေကိုညိုမတို့သားအမိတွေလာကောက်ကြတဲ့အခါပါးစပ်ဆော့သူပွဲစားအချို့က

“ဟဲ့ညိုမ”

“နင့်မျက်နှာမှာလဲအညိုအမဲတွေစွဲနေပါလား”

“နင့်ကိုဘယ်လင်ကနှိပ်စက်လိုက်ပြန်ပြီလဲဟင်”

“ပြောချင်တော့ပါဘူးတော်”

“ဟိုနေ့ညကငွေရွှင်ပုံရတဲ့ယောကျာ်းသုံးယောက်ကျွန်မကိုဂိုတောင်ပျက်ထဲခေါ်သွားပြီးတစ်ညလုံးပျော်ပါးပြီးမူးမူးနဲ့ပိုက်ဆံတောင်မပေးဘဲသူတို့ကိစ္စပြီးတော့ဘာအလိုမကျတယ်မသိဘူး”

“ပါးတွေနားတွေရိုက်ပြီးထွက်သွားကြတာလူစိတ်မရှိတဲ့ကောင်တွေ”

“ဟဲ့နင်ကသူတို့ရိုက်နေတာပြန်မလုပ်ဘူးလားဟဲ့”

“ယောကျာ်းသုံးယောက်အားနဲ့ကျွန်မတစ်ယောက်ထဲဘယ်ပြန်လုပ်လို့နိူင်မတုန်း”

“နိူင်တဲ့အားနဲ့ခပ်ဝေးဝေးကနေသူတို့ကိုဆဲနည်းပေါင်းစုံနဲ့စုံနေအောင်တော့ဆဲခဲ့တာပေါ့”

“ဟူး”
“ညိုမရယ်နင့်အဖြစ်ကလဲမလွယ်ပါလားနော်”

“ဟုတ်ပတော်”

“လူတိုင်းကလူစိတ်ရှိတာမဟုတ်ဘူးရှင့်”

ပြောပြောဆိုဆိုကလေးတွေလက်ကိုဆွဲရင်းညိုမထွက်ခွါသွားပါတော့တယ်။

အချို့ကညိုမကိုသနားဂရုနာသက်ကြတယ်အချို့ကတော့ညဌက်တစ်ယောက်မို့သူဖြစ်သူခံလို့သဘောထားဟန်ရှိပါတယ်။

မကြာမှီကျွန်တော်တို့လဲသကြန်ပိတ်ရက်ရောက်ပြီမို့အမေတို့နေထိုင်ရာမိတ္ထီလာမြို့ကိုအလည်ပြန်ကြပါတယ်။ကံကောင်းထောက်မစွာပင်ပန်းတနော်မြို့ကမပြောင်းရွှေ့မှီအဖေဆေးရုံကဆင်းပြီးပြန်လည်ကျန်းမာလာခါတာဝန်ကျတဲ့မြို့ကိုပြောင်းရွှေ့ခွင့်ရခဲ့ပါတယ်။

အညာမြေရဲ့သကြန်ကာလတွေကိုဖြတ်ကျော်ပြီးရန်ကုန်မြို့မှာမူလပွဲရုံလုပ်ငန်းတွေကိုပြန်လည်ထမ်းဆောင်ပြီးသုံးလခန့်အကြာညိုမကိုကျွန်တော်တို့မေ့သွားပါတယ်။နောက်ရက်မှာတော့ညိုမရဲ့သားအကြီးလေးပွဲရုံပိတ်ချိန်မှာကျကျန်ရစ်တဲ့ငါးခြောက်လေးတွေလာကောက်လို့မေးကြည့်တဲ့အခါညိုမဘာရောဂါရမှန်းမသိအိပ်ယာထဲမှာလဲနေတာနှစ်လခန့်ရှိပြီဖြစ်ကြောင်းနဲ့သူ့အမေထံသို့လာနေကျဧည့်သည်များလဲဂိုတောင်ပျက်ဆီကိုခြေဦးပင်မလှည့်တော့ကြောင်းပြောပြရှာပါတယ်။

ရောဂါကိုကြောက်ပြီးညိုမထံဖောက်သည်များမလာရောက်တော့ညိုမတို်သားအမိတွေစားရမဲ့သောက်မဲ့ဖြစ်နေပုံရပါတယ်။

တစ်နေ့ညပိုင်းပွဲရုံရဲ့ထမင်းစားဆောင်မှာကျွန်တော်တို့သူငယ်ချင်းတွေထမင်းစားဖို့အသွားဂိုတောင်ပျက်အနီးမှာလူတွေအုံနေလို့ဝင်ကြည့်ကြရာမျက်လုံးပွင့်လျှက်သားအသက်ကင်းမဲ့နေပြီဖြစ်တဲ့ညိုမရဲ့အလောင်းကိုတွေ့လိုက်ရပါတယ်။

သားအကြီးဆုံးလေးကလွှဲ၍ကျန်ကလေးငယ်နှစ်ဦးသူ့အမေသေဆုံးနေတာကိုငိုရကောင်းမှန်းမသိသေးဘဲညိုမရဲ့အလောင်းနံဘေးမှာကြုံ့ကြုံ့လေးထိုင်နေကြပါတယ်။

ညိုမကွယ်လွန်ပြီးတစ်လခန့်အထိကလေးသုံးဦးပွဲရုံတန်းအတွင်းမှာသွားလာနေတာကိုတွေ့မြင်ခဲ့ရပြီးနောက်ပိုင်းထိုကလေးသုံးယောက်စလုံးကို၊ဘိုကလေးမြို့မှကလေးမရတဲ့လယ်ပိုင်ရှင်လင်မယားမှခေါ်ယူမွေးစားသွားတယ်လို့သာသတင်းရပြီးမည်သူမျှတော့တိတိပပပြောဆိုနိူင်ခြင်းမရှိကြပါ။

၁၉၉၇ ခုနှစ်မှာကျွန်တော်ပွဲရုံလောကမှထွက်ခွါပြီးဆယ်တန်းဖြေဆိုအောင်မြင်ခဲ့ပါတယ်။

၂၀၀၅ခု နှစ်မှာအိမ်ထောင်ကျပြီးကိုယ်ပိုင်မိသားစုလေးထူထောင်ပြီးတဲ့နောက်ပိုင်း၂၀၂၀ပြည့်နှစ်မတ်လရဲ့နေ့တစ်နေ့မှာတော့ပန်းဘဲတန်းမြို့နယ် (၂၉) လမ်းကျောက်ဝိုင်းအနီးရှိလက်ဖက်ရည်ဆိုင်လေးမှာကျွန်တော်တစ်ဦးထိုင်နေရင်းဘေးဝိုင်းမှအစ်ကိုတစ်ယောက်နဲ့စကားပြောနေတာကိုစူးစမ်းတဲ့အကြည့်နဲ့ကြည့်နေတဲ့ရုပ်ရည်ခပ်သန့်သန့်နဲ့လူရွယ်တစ်ဦးကိုသတိထားမိခဲ့ပါတယ်။

“ဗျို့ကိုဌက်ကြီး”

“ဗျို့ကိုဌက်ကြီး”

“ဟေ”

ကျွန်တော်ဆတ်ကနဲ့တွန့်သွားပါတယ်

ထိုနာမည်ကိုပွဲရုံလောကမှလူများမှလွဲ၍အခြားမည်သူမှမသိကြပါပွဲရုံမှာအလုပ်လုပ်စဥ်မှာကျွန်တော်ကပါဝါမျက်မှန်ခပ်ဝိုင်းဝိုင်းအထူကြီးတပ်ရတာမို့ကျွန်တော့်ကို (ထူးအိမ်သင်) ကိုဌက်ကြီးနဲ့ဆင်တယ်ဆိုပြီးဌက်ကြီးလို့ချစ်စနိူးခေါ်ကြပါတယ်။

“ငါ့ညီအစ်ကိုကိုသိလို့လားကွ”

“သိသလိုလိုဘဲခင်ဗျာအစ်ကိုဘုရင်နောင်ပွဲရုံတန်းမှာအလုပ်လုပ်ဖူးတယ်မဟုတ်လား”

“ကျွန်တော်မညိုမရဲ့သားအကြီးပါ”

“ဟင်”

“အေးအေး”

“အစ်ကို့ကိုလူပုံစံခပ်ရေးရေးမှတ်မိပေမယ့်စကားပြောတဲ့အသံကိုရင်းနှီးနေလို့မရဲတစ်ရဲနဲ့ခေါ်လိုက်တာပါ”

“ညီလေးတို့ကိုလယ်ပိုင်ရှင်တစ်ဦးကမွေးစားလိုက်တာဆို”

“ဟုတ်တယ်အစ်ကိုအမွေစားအမွေခံနဲ့အခု့တော့အဖေကောအမေကောမရှိတော့ဘူးအစ်ကို”

“အမွေတွေအားလုံးလဲကျွန်တော်တို့မောင်နှမတစ်တွေရလိုက်ကြတယ်အခု့တော့ကိုယ်ပိုင်လုပ်ငန်းတွေနဲ့မောင်နှမတွေအားလုံးအဆင်ပြေကြတယ်အစ်ကို”

“ပြီးခဲ့တဲ့နှစ်ကတောင်အမေ့အတွက်အလှူလုပ်ပေးရင်းအမေ့ရဲ့မွေးရပ်မြေမှာဘုန်းကြီးကျောင်းတစ်ကျောင်းလှူခဲ့သေးတယ်”

“ဟာကောင်းတာပေါ့ညီလေးရာ”

“ဒါကျွန်တော်ရဲ့ဖုန်းနံပတ်ပါအစ်ကိုအကြောင်းရှိရင်ဆက်သွယ်ပါ့ခင်ဗျာ့”

“​ေဩာ်”

“အေးအေး”

သူပေးခဲ့တဲ့လိပ်စာကဒ်လေးကိုကြည့်ရင်းဘဝရဲ့မျက်လှည့်ဆန်လှတဲ့အပြောင်းအလဲတွေကြောင့်မညိုမတစ်ယောက်တစ်မလွန်ခရီးကနေသူ့သားသမီးတွေအတွက်စိတ်ချလက်ချနေနိူင်လောက်ပြီလို့ယုံကြည်မိပါတော့တယ်ခင်ဗျာ။

8.9.2023
Photo crd
ကိုချမ်း (ထီလာမြေ)