ညောင်ညိုပင်ကသရဲကြီး

*မိုင်းခပွန်နှင့်ရွာလယ်ညောင်ညိုပင်ကသရဲကြီး*📖📖📖

************************************

မိုင်းခပွန်မင်းလှစည်သူရွာမှထွက်ခွာခဲ့ပြီးနောက်
တစ်ကုန်းပင်ရွာသို့ရောက်ခဲ့လေသည်။

ဆရာလေးဆရာလေးဟုခေါ်သံကြားရသဖြင့်
မိုင်းခပွန်အနောက်သို့လှည့်ကြည့်မိသည်။

ဗျာဦးကြီးဘာများအကူညီတောင်းစရာရှိလို့လဲဗျ
ဦးကြီးတို့ရွာမှာစုန်း၊ကဝေ၊သရဲ၊တစ္ဆေ၊နာနာဘာဝ၊ကဝေအစရှိတဲ့(၃၈)ဘုံသားသတ္တဝါတို့နဲ့
ပတ်သတ်တဲ့အနှောင့်အယှက်တွေရှိသလားဦးကြီး။

တူလေးရေဦးလေးတို့ရွာကအရင်ကအေးချမ်းခဲ့တဲ့ကွယ့်။
ဒါပေမယ့်ခက်တာကညမှောင်ရီပျိုးချိန်ဆိုရွာသူရွာသားတွေအပြင်ကိုမထွက်ရဲဘူးကွဲ့။

ဒါနဲ့ဦးကြီးကဆရာဆိုတော့အသက်ကြီးကြီး
မုတ်ဆိတ်ဖြူဖြူနဲ့ဆရာထင်နေတာ။
ဘယ်ဟုတ်မလဲအခုအသက်ငယ်ငယ်ချောချောလေးဘဲ။
ဆရာလေးလို့ခေါ်မယ်နော်ရတယ်မလားလူလေး။
ဟုကဲ့ကြိုက်သလိုခေါ်ပါဦးကြီး။
ရပါတယ်ဗျ။

လူလေးကဆရာဆိုပေမယ့်ဟိတ်ဟန်မရှိဘူးနော်
ဦးကြီးလေးစားမိပါတယ်။

“ဒါနဲ့ဦးကြီးရွာသူရွာသားတွေညဆိုရွာပြင်မထွက်ရဲတာကဘာအကြောင်းထူးကိစွရှိလို့လဲဗျ။
ကျွန်တော့်ကို အသေးစိတ်ပြောပြပါအုံး”

ဟုတ်ပြီလူလေး

ဒါကတော့ဒီလိုကွဲ့
ဦးကြီးတို့ရွာကအင်္ဂလိပ်မြန်မာစစ်ဖြစ်တုန်းက
ဦးကြီးတို့အဘိုးအဘွားတွေရရာလက်နက်ဆွဲကိုင်ပြီး
အင်္ဂလိပ်မျက်နှာဖြူတွေကိုတိုက်ထုတ်ခဲ့တယ်ကွဲ့။

“ဒီရွာကြီးမှာမကျွတ်မလွတ်သေးတဲ့အင်္ဂလိပ်မျက်နှာဖြူလူတစ်စုရဲ့ဝိညည်တွေရှိသေးတဲ့ဆိုပါတော့လူလေးရယ်”

“ချက်ဆိုနားခွက်ကမီးခွက်ကမီးတောက်”ဆိုသလို
မိုင်းခပွန်အတွေးပေါက်သွားလေသည်။

“ဦးကြီးဆိုလိုတဲ့သဘောကရွာမှာဖြစ်ပျက်သမျှမကောင်းမှုကအင်္ဂလိပ်မျက်နှာဖြူဝိညည်နဲ့ပတ်သတ်နေတာပေါ့နော်”
“ဟုတ်လားဦးကြီး”

“အထက်လမ်းဆရာလို့မပြောရဘူး
လူလေးကစကားလုံးတစ်လုံးပြောလိုက်တာနဲ့
တန်းသိတယ်နော်”
“ဦးကြီးရယ်ဒါကတော့မွေးရာပါ ဗီဇဆိုပါတော့ဗျာ”

ဆက်လင်းပါဦး ဦးလေး

ဦးကြီးတို့ရွာက ရွာသူရွာသားတွေကမိုးလင်းမှမိုးချုပ်လယ်ထဲဆင်းကြရတယ်ကွဲ့။
ဦးကြီးတို့ကတောင်သူမျိုးရိုးတွေများတယ်ကွဲ့။
အဲတာကြောင့်တောင်သူအလုပ်ကိုသာလူတိုင်း
အဓိကအသက်မွေးဝမ်းကြောင်းအဖြစ်လုပ်ကြရတယ်။

အစတုန်းကဦးလေးတို့ရွာအေးအေးချမ်းချမ်းပါဘဲ
ရွာလယ်ကညောင်ညိုပင်ကြီးကနေ‌ေကြာက်စရာအဖြစ်အပျက်တွေစတာဘဲလူလေးရယ်။
ရွာအရှေ့ဘက်ခြမ်းနှင့်အနောက်ဘက်ခြမ်းကို
ညောင်ညိုပင်ကြီးကခြားနားထားတယ်လူလေးရယ်။

အရင်ကဆိုညောင်ညိုပင်ကြီးကတိတ်တိတ်ဆိတ်ဆိတ်ပါဘဲ။
ညောင်ညိုပင်ကြီးကဦးကြီးအပါအဝင်
ရွာသူရွာသားတွေဖြတ်သန်းကြတယ်
သွားလာကြတယ်။ခွေးဟောင်သံတောင်မကြားရပါဘူးကွာ။

ဒါပေမယ့်တစ်နေ့မှာ‌ တော့ရွာထဲကကာလသားခေါင်းဆောင်
ဂွန်လင်းတစ်ယောက်ရွာအနောက်ဘက်ခြမ်းက
လယ်ထဲကအပြန်အိမ်မှာချက်ပြုတ်ဖို့
သူ့အမျိုးတွေဆီကအမဲသားတစ်တွဲဆွဲလာခဲ့တယ်။

သူကအမှတ်မထင်ညောင်ညိုပင်ကြီးအောက်က
ဖြတ်ပြန်မိခဲ့တယ်ကွဲ့
ခွေးဟောင်သံတွေကတဖြည်းဖြည်းဆူညံလာတဲ့အချိန်မှာဂွန်လင်းခမျာကြောက်ဒူးတုန်ပြီး
ကြောက်သေးတွေလည်းပါလာပါလေရော

“အသင်လူသား အသင်ငါ့ပိုင်နက်ထဲရောက်နေတယ်
အသင်လူသားကျွန်ုပ်ကိုသင်ကိုင်ထားတဲ့အမဲသားတစ်တွဲပေးခဲ့ပါတဲ့”

သူလည်းလှည့်ကြည့်လိုက်ရော
အရပ်ကဆယ့်နှစ်ပေ၊ဖြူဖပ်ဖြူရောမျက်နှာနဲ့
ရှေးခေတ်အင်္ဂလိပ်စစ်ဗိုလ်တွေဝတ်တဲ့အင်္ကျီနဲ့သရဲကြီးကိုတွေ့လိုက်ရတယ်။

တွေ့တွေ့ခြင်းသူလည်းဆက်မကြည့်ရဲတော့ဘဲ
ပုဆိုးကိုစလွယ်သိုင်းပြီးတစ်ဟုန်ထိုးပြေးလာခဲ့တာပေါ့။
ဖိနပ်ကလည်းညောင်ညိုပင်အောက်မှာကျန်ခဲ့တယ်ကွဲ့။
အမဲသားးတွဲကတော့သရဲကြီးဆီကျန်ခဲ့တယ်ကွဲ့

နေ့တိုင်းနေ့တိုင်း
ညနေမှောင်ရီပျိုးချိန်ရောက်ရော
ညောင်ညိုပင်အောက်ကဖြတ်သွားသူတွေ
အခြောက်ခံရတယ်ကွဲ့

အခြောက်ခံရဖူးတဲ့ဂွန်လင်းပြောတာတော့
သူ့ပိုင်နက်ကနေလွတ်ရင်ဆက်မလိုက်လာဘူးဆိုဘဲ

နောက်ပြီးကြုံဖူးတဲ့သူ‌ေတွပြောကြတာက
ငါ့ပိုင်နက်ရောက်လာတဲ့သတ္တဝါမှန်သမျှအစိမ်းလိုက်ဝါးစားပစ်မယ်။ဂုတ်ချိုးသတ်ပစ်မယ်ဆိုဘဲကွ

ဒါကဒီလိုရှိတယ်ဦးလေး
ကြားဖူးမလားတော့မသိဘူး
ဘုရားရှင်လက်ထက်က ကောင်းကင်ဘုံက
နတ်မင်းကြီးကအဠာဝကဘီလူမင်းကို
သူ့အပင်အောက်ရောက်လာသမျှသက်ရှိတွေကို
စားခွင့်ပေးထားတယ်လေ

“အခုဟာကဒီလိုဘဲ
အင်္ဂလိပ်ဗမာစစ်ဖြစ်တာကြာပြီဆိုတော့
ဦးလေးတို့ရွာကဝိညည်တွေလည်းသရဲကြီးတွေဖြစ်ကုန်ရော
ဒါကြောင့်သူ့ပိုင်နက်နဲ့သူရှိကြတာပေါ့”

“ဒါကြောင့်ကျွန်တော်အကြံပေးချင်တာက
သစ်ပင်ကြီးရင်ညမှောင်မှောင်အချိန်မှာမသွားကြဖို့ဘဲ”

“လူလေး ဦးကြီးတွေးမရတာကအရင်ကဘာလို့မခြောက်ခဲ့လဲဆိုတာကိုပါ”

“ဒါကတော့ဦးကြီးရယ်ကံကံ၏အကျိုးပေါ့”
“ဦးကြီးတို့ရွာကအရင်ကဝက်တွေကြက်တွေသတ်လေ့မရှိဘူးမလား”
“လူလေးပြောမှသတိထားမိတယ်အရင်ကဦးကြီးတို့မသတ်ခဲ့ဘူး”အခြားရွာကဘဲဝယ်စားတာ”

“စကားပြောကောင်းနေတယ်လူလေးရေအခုကအချိန်စောသေးတော့ဦးကြီးတို့အိမ်ထမင်းလိုက်စားပါ့စားလူလေး”
“ဟုကဲ့လိုက်ခဲ့မယ်ဦးကြီး”

“ဒါနဲ့ဦးကြီးကဒီရွာသူကြီးမလား”
“ဟုတယ်လူလေးဘယ်လိုသိလဲ”
“ဒီတိုင်းမှန်းကြည့်လိုက်တာပါဦးကြီးရယ်”

မိုင်းခပွန်တစ်ယောက်ရွာသူကြီးအိမ်သို့လိုက်သွားလေသည်။ရွာသူကြီးအိမ်မှာခြေတံရှည်အိမ်ဖြစ်ပြီး
ကြက်ခြံ၊ဝက်ခြံနှင့်သီးပင်ပျိုးပင်များစိုက်ပျိုးထားလေသည်။ခြံဝင်းမှာအကျယ်ကြီးပင်ဖြစ်သည်။
ဤသည်ကိုကြည့်ပြီးသူကြီးကရွာမှာအချမ်းသာဆုံးဖြစ်မည်ဟု မိုင်းခပွန်ယူဆမိချေဧာ်။

“ရှင်မရေ ဧည်သည့်အတွက်ထမင်းပြင်ဆင်ကွဲ့”
“ဦးကြီးထမင်းဘဲလားဟင်းမပါတော့ဘူးလား”
“ဟင်းကတော့ပါတာတော့လူလေးရ”
“နောက်တာပါဦးကြီးရာသိပါတယ်”
မိုင်းခပွန်သူကြီးစကားကိုကြားပြီး
ပြုံးမိလိုက်လေသည်။

“တော်လာဦးကိုလှဖေ”
“လာပြီမိန်းမရေ”
သူကြီးနဲ့သူကြီးကတော်တိုးတိုးတိုးတိုးနဲ့ပြောနေခိုက်
မိုင်းခပွန်ထမင်းစားပွဲရှိရာတန်းလျားပေါ်တွင်ထိုင်နေဧာ်။

“ရှင်လက်ဖွာတယ်နော်ဘယ်ကဧည့်သည်ခေါ်လာတာတုန်း”
“တော်ကြာရာဇဝတ်သားဖြစ်နေမှဖြင့်”ဟု
ပြောပြီးသူကြီးကတော်မိုင်းခပွန်ကိုတစ်ချက်လှည့်ကြည့်လိုက်ဧာ်။

“အင်း ဒီသူငယ်လေးရဲ့ရုပ်ရည်ကြည့်ရတာ
အပြစ်ကင်းစင်မယ့်ပုံဘဲ
ဒါပေမယ့်မဖြစ်ချေဘူးငါသတိထားမှ”ဟုသူကြီးကတော်စိတ်ထဲမှတွေးမိလေဧာ်။

“တော်သေချာလို့လားကိုလှဖေ”
“တော်ခေါ်လာတဲ့သူငယ်ကရာဇဝတ်သားမဟုတ်ဘူးဆိုတာ”
“သေချာပါတယ်မိန်းမရဲ့သူကတို့ရွာရဲ့ကယ်တင်ရှင်ပါ”
“အထက်လမ်းဆရာလေ”

“တော်သေချာမှလုပ်နော်”
“တော်ကြာကျွန်မတို့ငါးပါးမှောက်နေပါအုံးမယ်”
“သေချာပါတယ်ဆိုမိန်းမကလည်း
“ငါအမှုကိစ္စပေါင်းဆုံးကိုင်တွယ်လာတာ”
“လူအကဲအခတ်မညံ့ပါဘူးကွာ”
“ဟုတ်ပါပြီတော့်ကိုကျွန်မယုံပါတယ်”

“သွားတော့်လူစောင့်နေရော့မယ်”ဟုသူကြီးကတော်ပြောပြီးသူကြီးကိုမျက်စပစ်ပြလေသည်။

“လူလေးစောင့်နေရတာကြာပြီလား”
“ရပါတယ်ဦးကြီးရဲ့”
“ဒါနဲ့ဦးကြီးတို့ဘာပြောနေကျတာလဲဗျ”
“ဒီလိုပါလူလေးရာ ဦးလေးတို့ကဟင်းကောင်းမချက်ထားလို့လူလေးစားနိုင်ပါ့မလားလို့တိုင်ပင်နေတာ”

“ရပါတယ်ဦး‌ကြီးရာ ဘာနဲ့ဖြစ်ဖြစ်ထမင်းကမိန်ပြီးသားဘဲ”
“ဦးကြီးကအားနာနေတာ”

“ရှင်မရေ ဆရာလေးအတွက်ထမင်းနဲ့ဟင်းချပေးပါအုံး”
“လူလေးလက်နဲ့စားမလား”
“ဇွန်းနဲ့စားမလား”
“ရပါတယ်ဦးကြီးရယ်ကျွန်တော်ကတောသားဘဲဟာလက်နဲ့ဘဲစားပါ့မယ်”

သူကြီးကအသင့်ပြင်ထားသောရေဇလုံအားစားပွဲပေါ်တင်ပေးလေသည်။
မိုင်းခပွန်သူကြီးပေးသောရေဇလုံထဲသို့လက်ထည့်ကာလက်ဆေးလေသည်။

ခဏအကြာမှာပင်သူကြီးကတော်ဟင်းပွဲနှင့်ထမင်းပွဲလာချပေးသည်။

“လူလေးစိတ်မရှိနဲ့နော်ဦးကြီးတို့ရှိတာလေးနဲ့ကျွေးလိုက်ရလို့”
“ရပါတယ်ဦးကြီးရယ်”

ဟင်းပွဲများမှာ
ငပိရည်နဲ့ဝေယာရွက်မြုပ်၊ကုစွန်းရွက်ကြော်၊နှင့်ကြက်ဥချက်တို့ပင်ဖြစ်သည်။

“လူလေးကန်စွန်းရွက်များများစားနော်
ဦးကြီးတို့လယ်ထဲကထွက်တဲ့လယ်ကန်စွန်းကွဲ့”
“ဟုကဲ့ဦးကြီး”

မိုင်းခပွန်မြိန်ရေယှက်ရေစားလေသည်။
သူကြီးမှာမိုင်းခပွန်စားနေသည်ကိုကြည့်ပြီး
သဘောကျနေပုံရသည်
ရယ်လို့မောလို့….

“ဦးကြီးနဲ့ဒေါ်ကြီးရောမစားသေးဘူးလား”
“အေးကွဲ့မဆာသေးလို့လူလေး”

မိုင်းခပွန်ထမင်းစားပြီးသော်
ပြင်ဆင်စရာရှိသည်များကိုပြင်ဆင်လေသည်။

“ဦးကြီး ရွာထဲကကာလသားတွေညအပြင်မထွက်ကြနဲ့ပြောပေးပါ့လား”
“စိတ်ချလူလေး တစ်ယောက်မှကိုမထွက်ရဲဘူး”

“ဒါဖြင့်ဦးကြီးကျွန်တော့်ကိုကြက်ကြော်နှစ်ကောင်နဲ့
ထမင်းသုံးဘူးချက်ပြင်ပေးပါ့လား”
“ဘာကိစ္စရှိလို့လဲလူလေးရဲ့”

“ဒီလိုလေဗျာသရဲကြီးဆိုတော့အစားကောင်း‌အသောက်ကောင်းနဲ့မြှားရမှာမလို့ပါ”
ပြီးတော့အင်္ဂလိပ်မျက်နှာဖြူသရဲလေဗျာ…..

“ရှင်မရေ ကြက်ကြော်နှစ်ကောင်နဲ့ထမင်းသုံးဘူးချက်လူလေးအတွက်ပြင်ပေးလိုက်အုံး”
“ဟာဦးလေးကျွန်တော့်အတွက်မဟုတ်ဘူးလေ”
“ထားပါတော့ရွာသားတွေဘေးကောင်းဖို့ပေါ့ဟုတယ်မလား”
“ဟားဟားဟုပ့ဦးကြီးရာ”


ခဏနေမှောင်ရီပျိုးတော့မယ်
“ဦးကြီးအဖော်လိုက်ပေးရမယ်နော်”
ဟာလူလေးရာဦးကြီးမမြင်ဖူးပေမယ့်သူများတွေပြောတာကြားရရင်ကိုလိပ်ပြာလွင့်‌ချင်နေပါပြီကွာ”

“စတာပါဦးလေးရာကျွန်တော်တစ်ယောက်ထဲဆိုအဆင်ပြေပါတယ်”

“ကိုလှဖေ ဆရာလေးပြင်ခိုင်းထားတဲ့ကြက်ကြော်နှစ်ကောင်နဲ့ထမင်းသုံးဘူးချက်ပြင်ထားပြီလာယူပါအုံး”
“အေးအေးလာပြီလာပြီရှင်မရေ”

ကြက်ကြော်နှစ်ကောင်ကိုလက်ကဆွဲပြီး
ထမင်းသုံးးဘူးချက်ထည့်ထားသောအိုးကိုယူပြီး
သူကြီးထွက်လာလေသည်။

“ဦးကြီးအခုကအချိန်ကောင်းဘဲ”
“ကျွန်တော်သွားတော့မယ်နော်”
“တော်ကြာနောက်ကျရင်သူတို့အချိန်ရောက်နေမှာဆိုးလို့”
“ဂရုစိုက်သွားဦးလူလေးရေ”
“ဟုကဲ့ဗျ”

မိုင်းခပွန်ရွာသူကြီးအားလက်ပြနှုတ်ဆတ်ကာ
ရွာလယ်ညောင်ညိုပင်ကြီးအောက်သို့တစ်ယောက်ချင်းထွက်လာခဲ့ဧာ်။

ညနေမှောင်ရီပျိုးချိန်‌ဖြစ်သော်လည်း
ခွေးများစွာအူနေပြီး
ရွာလယ်ညောင်ညိုပင်ကြီးရဲ့သစ်ကိုင်းများလှုပ်နေသည်ကိုမိုင်းခပွန်အဝေးမှမြင်လိုက်ရသည်။

မိုင်းခပွန်ညောင်ညိုပင်ကြီးအောက်သို့ရောက်တယ်ဆိုရင်ဘဲ”ဘုန်း”ဟူသောအသံဖြင့်လက်နဲ့ရိုက်ပုတ်သံကြီးကိုကြားလိုက်ရသည်။
သစ်ကိုင်းများမှာများစွာကျိုးကျမြေခသွားလေသည်။သို့သော်မိုင်းခပွန်အားမထိမှန်သွားပါ။

“ရော့ဒီမှာအသင်စားဖို့ကြက်ကြော်နှစ်ကောင်နဲ့ထမင်းသုံးဘူးချက်”
ထွက်ခဲ့စမ်းသူရဲကြီး
မိုင်းခပွန်ရဲ့စကားမဆုံးခင်မှာဘဲ
အရပ်ဆယ့်နှစ်ပေ၊ဖြူဖပ်ဖြးရော်မျက်နှာနဲ့အင်္ဂလိပ်မျက်နှာဖြူသရဲကြီးထွက်လာလေသည်။

“အိမ်းအသင်လူသားသင်မကြောက်မရွံ့ငါ့ပိုင်နက်သူဝင်လာတယ်”ပြီးတော့ငါစားဖို့အစားအသောက်တွေယူလာတယ်”
“အသင်ဘယ်သူလည်း”ဟုမျက်ထောင့်နီကြီးနှင့်
လျာကိုအရှည်ကြီးထုတ်ပြကာမေးလေသည်။

“သာမန်လူသားဆိုရင်ငါ့ကိုမြင်တွေ့ရင်တောင်ကြောက်ဒူးတုန်နေတာ သင်ကတစ်စိုးတစ်စေ့မျှကြောက်သည်မဟုတ်”
“အသင်ဘယ်သူလည်း”

“အသင်အင်္ဂလိပ်စစ်ဗိုလ်ချုပ်”
“အကျွန်ုပ်ကခုနှစ်ရက်သားသတ္တဝါတွေကိုမကောင်းမှုမှကယ်တင်နေသောမိုင်းခပွန်ဖြစ်တယ်”
“ထို့ကြောင့်အသင့်ကိုကျွန်ုပ်မကြောက်ခြင်းဖြစ်တယ်”

“ဒါဆိုအသင်ကလူစွမ်းကောင်းပေါ့နော်”
“အမ်းထားပါတော့အသင်မျက်နှာဖြူသရဲကြီး”
“ကျွန်ုပ်ကိုသင်ကမျက်နှာဖြူသရဲမှန်းသိတယ်ဆိုတော့အသင်ကခေသူမဟုတ်မှန်းကျွနုပ်သိပြီ”
“ထို့ကြောင့်အသင်လူသားအသင့်အားကျွန်ုပ်မတိုက်ခိုက်ပါ”

“သင်နဲ့တိုက်ရင်ငါကျရှုံးမည်မုချဖြစ်သည်”
“အသင်သရဲကြီး …အဘယ်ကြောင့်လူသားမျိုးနွယ်တွေကိုအန္တရယ်နွေအနှောင့်အယှက်တွေပေးရတာလဲ”

“ငါလည်းအရင်ကလူသားမလို့ငါမနှောင့်ယှက်ချင်ပါဘူး….ဒါပေမယ့်ငါတို့လူမျိုးတွေကိုသတ်ခဲ့တဲ့လူသားမျိုးနွယ်တွေရဲ့သားတွေမြစ်တွေမလို့ငါနှောင့်ယှက်ရခြင်းဖြစ်တယ်”

“သင်ကံကံရဲ့အကျိုးကိုသိလား”
“ကျွန်ုပ်သိပါတယ်အသင်လူသား”
“ဒါဆိုသင်ဘာကြောင့်အမှားတွေကျူးလွန်သလည်းသရဲကြီး”
“ကျွန်ုပ်မှားမှန်းသိပါပြီ”

“ကျွန်ုပ်ဤရွာကရော၊ဤညောင်ညိုပင်ကြီးအောက်ကရောထွက်သွားပေးပါ့မယ်အသင်လူသား”

“နေအုံးသင့်ဘဝကောင်းဖို့အတွက်ငါပြုသမျှ‌ကုသိုလ်ကောင်းမှုတွေကိုအမျှပေးဝေမယ် သာဓုခေါ်ပါအသင်သရဲကြီး”
“ကောင်းပြီ”ဟူသောအသံနက်ကြီးကတစ်ရွာလုံးဟိန်းသွားလေသည်။
ခွေးဟောင်သံများပင်တိတ်သွားချေဧာ်။

သူကြီးမှာမိုင်းခပွန်ကိုစိတ်ပူနေလေသည်။

“ငါရဲ့ပြုပြုသမျှကုသိုလ်ကောင်းမှုများကို
မကျွတ်မလွတ်သေးသောဝေနေယျသတ္တဝါများအားအမျှ‌ပေးဝေပါတယ် အားလုံးရရှိကြပြီးသာဓုခေါ်ဆိုနိုင်ပါစေသတည်း”

သာဓု သာဓု သာဓုဟူသောသာဓုခေါ်ဆိုသံအဆုံးတွင်သရဲကြီးရုတ်ချည်းပျောက်ကွယ်သွားကာ
လောကကြီးမှာလည်းအေးချမ်းသွား‌ေလတော့သည်

မိုင်းခပွန်ပျော်ရွင်စွာနဲ့သူကြီးတို့အိမ်သို့ပြန်ခဲ့လေသည်။

သူကြီးကအပေါက်ဝမှဆီးကြိုကာ
“လူလေးအဆင်ပြေခဲ့ရဲ့လား”
“ဉီးကြီးကအန္တရယ်နဲ့ကြုံနေပြီထင်နေတာ”
“အဆင်ပြေပါတယ်ဦးကြီးရယ်”
“ဦးကြီးတို့ရွာအေးချမ်းသွားပ့ါပြီ”

“ကျေးဇူးတင်ပါတယ်လူလေးရယ်”
“ရပါတယ်ဦးကြီးရယ်
“လောကမှာရှိရှိသမျှခုနှစ်ရက်သားသမီးအားလုံးကျန်းမားခြင်းဟာကျွန်တော့်ရဲ့တောင်းဆုပါဘဲ”
“လူလေးဆီကဒီစကားကြည့်ရတာဦးကြီးဝမ်းသာပါတယ်ကွာ”

“ရှင်မရေလူလေးပြန်လာပြီ”
“ဆရာလေး ဆရာလေးကိုအရင်ကအထင်သေးခဲ့မိတာကျွန်မကိုခွင့်လွတ်ပါနော်”
“ရပါတယ်ဒေါ်ကြီးရဲ့”

မိုင်းခပွန်သူကြီးအိမ်တွင်တစ်ညအိပ်ပြီး
ခုနှစ်ရက်သားသမီးများကိုကယ်တင်ရန်ထွက်ခွာလာခဲ့ဧာ်။
တစ်ကုန်းပင်ရွာသူကြီးအပါအဝင်ရွာသူရွာသားများမှမိုင်းခပွန်အားနှုတ်ဆတ်ကြလေသည်🖤🖤

ဆက်လက်၍‌ကြိုးစားပါဦးမယ်

မိုင်းခပွန်ကိုကြိုက်နှစ်သက်ကြရင်sharedပေးခဲ့ကြနော်
အားပေးကြပါဦး💓ချစ်တို့ရေ
Followသွားခဲ့နော်