တစ်သက်မှာနှစ်ဘဝ(စ/ဆုံး)

Unicode Version

တစ်သက်မှာနှစ်ဘဝ(စ/ဆုံး)
———————————–
ခုနစ်ရက် ခုနစ်လီ အပြင်းဖျားပြီး သတိလစ်မေ့မြောနေတဲ့ ဉာဏ်တင် တစ်ယောက် ဘယ်လိုကုထုံးနဲ့ပဲကုကုအသက်ပြန်ရှင်ဖို့ လမ်းစမမြင်ဘူးရယ်
လို့ တစ်ဆွေတစ်မျိုးလုံးနဲ့ တစ်ရွာလုံး
ကပါ သေချာပေါက် ထင်ကြေးပေးထား ချိန်မှာ သေမင်း လက်မခံတဲ့ ဉာဏ်တင် တစ်ယောက် အသက်ပြန်ရှင်လာပါတယ်။
ဇနီး၊ သမီး မိသားစုတွေကဝမ်းသာ အားရစွာနဲ့ အားရှိတဲ့ နာလန်ထ အစား
အစာတွေကျွေး၊ ဆေးကောင်းဝါး ကောင်းတွေနဲ့ ကုလို့ ကျန်းမာရေးအခြေ အနေ ကိုယ့်ဘက်ပါပြီး ထူထူထောင် ထောင် ဖြစ်လာချိန်မှာတော့ မိသားစုနဲ့ ဝမ်းသာကြည်နူးမှုတွေဟာ အချည်း အနှီး ဖြစ်ရတော့တာပါပဲ။
ဉာဏ်တင်ကိုယ်တိုင်က သူဟာ ဉာဏ်တင်မဟုတ်ပါဘူး၊ ဟန်တင်ပါတဲ့။
အထင်ရှားဆုံးပြောင်းလဲမှုကတော့
အသံ၊ အသံဝါမဟုတ်တဲ့ အသံပြာသွား
တာတစ်ချက်၊ ညာလက်သန်ရာကနေ
ဘယ်လက်သန်ဖြစ်သွားတာ
တစ်ချက်။လူပျိုလူလွတ်ပါဆိုပြီး မိသားစုကို ခပ်
စိမ်းစိမ်းဖြစ်တာတစ်ချက်။ ဒီသုံးချက်
နဲ့တင် ဉာဏ်တင်မဟုတ်တဲ့ အခြားလူ
တစ်ယောက်ဆိုတာ ယုံကြည်လက်ခံ
လိုက်ရပါတယ်။ ဉာဏ်တင်အသက်လေးဆယ်စွန်း
နေပါပြီ။ တစ်သက်လုံး အဖျားအနာ ကင်းစင်ခဲ့ပါလျက် ဒီတစ်ကြိမ်ကျမှ ပြင်း ပြင်းထန်ထန် အဖျားဝင်ပြီး သေလုမြော ပါး ခံစားလိုက်ရခြင်းပါ။
ကျောက်လုံး၊ ကျောက်ကွဲ၊ ကျောက် ဖျာအမည်ရှိတဲ့ ရွာကြီးသုံးရွာဟာမကွေး တိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်ထဲက တောရွာကြီးတွေပါ။
ကျောက်ကွဲအမည်ရှိတဲ့ တောရွာ
ကြီးမှာ မဖျားပဲ ရန်ကုန်၊ ပဲခူး၊ မန္တလေး
မြို့ကြီးတွေကို ဘုရားစုံသွားဖူးရာက အပြန် ငှက်ဖျားမိတာကတော့ အဆန်း
ပါပဲ။
တောမှာပဲဖျားဖျား၊ မြို့မှာပဲဖျားဖျား၊ အဖျားပျောက်ပြီဆိုရင်တော့ ဉာဏ်တင်
ဟာ ဉာဏ်တင်ပဲ ဖြစ်ရမှာပါ။ ခုတော့ ဉာဏ်တင်မဟုတ်ပဲ တစ်ရွာလုံးက မသိ
မမြင်မကြားဘူးတဲ့ ဟန်တင်ရယ်လို့ ဖြစ် သွားတာကတော့ ပိုလို့တောင် ဆန်း ကြယ်လွန်းလှပါတယ်။
ဖြစ်ရိုးဖြစ်စဉ်အရရန်ကုန်မြစ်ရယ်မှ
မဟုတ်ဘဲ မြစ်၊ ချောင်း၊ အင်းအိုင်ထဲမှာ
ရေနစ်သေသူရဲ့အလောင်းဟာ သုံးရက်
မြောက်နေ့မှာ ပုပ်ပွပြီးရေပေါ်ပြန်ပေါ်ရိုး
ထုံးစံရှိပါတယ်။ အခု ဟန်တင်ပျောက်
ဆုံးနေတာဟာ တစ်ပတ်ကျော်ထိ
တောင် အစအန မရသေးပါဘူး။ ဟန်တင် ရေကူးတတ်ပါတယ်။ ကျွမ်းကျွမ်းကျင်ကျင် ကူးတတ်တာပါ။ ရန်ကုန်၊ အလုံ၊ ဆင်မင်းဆိပ်ကမ်း၊ ငါးလုပ်ငန်းဦးစီးဌာနပိုင် ပင်လယ်ကမ်း ဝေးငါးဖမ်းလှေသင်္ဘောတွေမှာ ဆယ်စု
နှစ် နှစ်ခုကြာ ရေလုပ်သားဘဝနဲ့ ကျင် လည်ခဲ့တဲ့ ဟန်တင်အတွက် ရန်ကုန် မြစ်လောက်ဟာ စာမဖွဲ့လောက်ပါဘူး။ နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲတဲ့ စီးပွားရေးအခြေအနေအရ ဌာနပိုင်
ပင်လယ်ငါးဖမ်းလှေ သင်္ဘောတွေကို
ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေ
လက်ထဲ စီးလုံးငှားလိုက်ချိန်မှာတော့
သင်္ဘောဆက်မလိုက်တော့ပဲ အလုံ
ဘက်ကမ်းနဲ့ သင်္ဘောလွန်းကျင်းရှိရာ
ရန်ကုန်မြစ်ရဲ့ အနောက်ဘက်ကမ်းကို
ဖယ်ရီရေယာဉ် အသုံးပြုတဲ့ ဗေလီ
သင်္ဘောငယ်လေးမှာ ဒုတိယ ပဲ့နင်းတာ
ဝန် ထမ်းဆောင်ဆဲမှာ ပျောက်ဆုံးသွား
ခြင်း ဖြစ်ပါတယ်။
ဟန်တင်ဟာ အမှီအခိုကင်းတဲ့ လူပျိုလူလွတ်တစ်ယောက်ပါ။ ပျောက်
ဆုံးချိန် အသက်လေးဆယ်ရွယ်အထိ
ဘယ်မိန်းကလေးနဲ့မှ ငြိစွန်းခြင်းမရှိလို့
အပူအပင်ကင်းတယ်လို့ ထင်ကြေးပေး
နိုင်ပေမယ့်လွန်ခဲ့တဲ့ခြောက်လလောက်
ကစပြီး တငွေ့ငွေ့ လောင်မြိုက်နေတဲ့
အပူမီးတော့ ရှိနေပါတယ်။
အမေ့နာမည် မနှင်းဆီ မုဆိုးမနဲ့
(၁၆)နှစ်အရွယ်အပျိုပေါက်မစံပယ်ရှိတဲ့
သမီး၊ အဲဒီသားအမိနှစ်ယောက်နဲ့ ဇာတ် လမ်းစမိမှ ဖြစ်ပေါ်လာတဲ့ ပြဿနာကို ယောက်ျားပီသစွာ ရဲရဲဝံ့ဝံ့ မဖြေရှင်းဘဲ
အရှုံးပေးလိုက်ရတဲ့အချိန်ကစပြီးရောဂါ
အစပျိုးခဲ့ခြင်းပါပဲ။
မမြင်ဘူးတော့ မူးကို မြစ်ထင်လို့ပဲပြောရမှာပါ။
အညာဒေသ တောရွာကြီးတစ်ရွာ
က ရန်ကုန် ဘုရားစုံဖူးအဖွဲ့ တစ်ဖွဲ့က
လူချင်းကွဲပြီး ဒုက္ခရောက်နေတဲ့အပြင်
ပါလာသမျှ ရွှေငွေလက်စားတွေပါ။
လူလိမ်ခံရလို့ ချုံးပွဲချ ငိုကြွေးနေတဲ့ဟန်
တင်နဲ့ ပက်ပင်းတိုးပြီး ဖြစ်ကြောင်းကုန်
စင်ကို မျက်ရည်ခံထိုးပြီး ပြောပြလို့။
“ကဲ- အဲဒါဆိုလည်း ကျွန်တော်နဲ့ ခဏလိုက်နေ၊ တစ်ပတ်ကြာရင် ကျွန်
တော်လစာထုတ်တော့မှာ။ လမ်းစရိတ်
အလုံအလောက် ထောက်ပံ့ပေးလိုက်မယ်”
ဆိုတာကြောင့် ကယ်တင်ရှင် ဟန် တင်ခေါ်ရာနောက် ကောက်ကောက် ပါအောင် လိုက်ခဲ့ပါတယ်။
အလုံတစ်ဖက်ကမ်း ဂျောင်ဝိုင်းရွာ ဇာတိဖြစ်တဲ့ ဟန်တင်ဟာ တစ်ကောင်
ကြွက်တော့ မဟုတ်ပါဘူး။ ဆွေမျိုးညီ
အစ်ကို မောင်နှမတွေ တောင့်တင်းပါ
တယ်။ ဆွေကြီးမျိုးကြီးဆိုပေမယ့် ဘယ် ဆွေမျိုးနဲ့မှ ဖက်လဲတကင်း မရှိဘဲ တစ် ယောက်တည်း သီးသန့်အိမ်တစ်လုံးဆောက်ပြီး နေပါတယ်။
ဟန်တစ်ယောက်တည်းနေတဲ့အိမ်
ဟာ ခုတော့ အိမ်သားသုံးယောက် ဖြစ်သွားပါပြီ။
အမေ မနှင်းဆီက အသက်လေး
ဆယ်ကျော်၊ ဟန်တင်နဲ့ သက်တူရွယ်တူ
အရွယ်လွန် မုဆိုးမလို့ သိရပေမယ့် ရုပ်
ရှိတယ်၊ ခန္ဓာကိုယ် အချိုးအစား ပြေပြစ်
တယ်။ နှုတ်ချိုတယ်။ မျက်နှာပေးက ဆွဲ
ဆောင်မှု ရှိတယ်။ မျက်လုံးက ညှို့ဓာတ်
ပါတယ်။ ဟန်တင်လို့ အတွေ့အကြုံရှိ
တဲ့လူပျိုတစ်ယောက်ကို ဖမ်းစားနိုင်တဲ့
အရည်အချင်း ရှိတယ် ။
သမီး မစံပယ်ရုပ်က ဖအေဘက် နွယ်တယ် ထင်တယ်။ ရွက်ကြမ်းရေကျို အဆင့်ပဲ ရှိတယ်။ မအေ့အလှကိုတော့ လိုက်မမီတာ အမှန်ပဲ။ ဒါပေမဲ့ – အပျို
ဆိုတဲ့ ဂုဏ်ပုဒ်တော့ ရှိတယ်။ မအေနာမည်က မနှင်းဆီ၊ နှင်းဆီ ဆိုတာ သင်းသင်းလေး မွှေးတယ်။ လှ တယ်၊ ယဉ်တယ်။ ဒါပေမဲ့ ဆူးရှိတယ်။ သမီးနာမည်က အနံ့စူးတယ်။ မွှေးရနံ့ကို ကြာကြာမထိန်းနိုင်ဘူး။ ဆူးမရှိလို့
အန္တရာယ်မပေးနိုင်ဘူး။
လူပျိုသိုးကြီးဟန်တင် အမျိုးမျိုး စဉ်းစားတယ်။ စိတ်ကူးယဉ်တယ်။ တစ်
ရက်၊နှစ်ရက်၊တစ်ပတ်ကြာတော့ သနား
ရာက သံယောဇဉ် တွယ်ငြိလာပြီ။ လမ်း
စရိတ်ပေးရင်တော့ လာရာလမ်းကို မြန်း
ကြတော့မှာ ဆွေးရမယ်၊ လွမ်းရမယ်။ ဒါပေမဲ့ – ယောက်ျားကတိက ရှိထား
တော့ မိန်းမ မဆန်ချင်ဘူး။
“ကဲ- မနှင်းဆီ၊ ရော့ – ထုတ်လာတဲ့ လခအကုန်ဆပ်လိုက်တာပဲ”
ငွေတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ဟန်တင်ကို ညှိုးညှိုးငယ် ငယ်နဲ့ ကြည့်ရင်း ရေကာတာကျိုးသလို မျက်ရည်တွေ စီးကျလာတယ်။
“နှင်းဆီတို့ သားအမိ တကယ် သွားရတော့မှာပေါ့နော်”
ရင်ထဲက တဒိန်းဒိန်းခုန်နေတဲ့ ရင်ခုန်သံနဲ့အတူ ဟန်တင် နှုတ်ဖျားက

ခပ်တိမ်တိမ် အသံလေးနဲ့ “မနှင်းဆီတို့သားအမိကို ဘယ်
သူက မောင်းထုတ်လို့လဲ”
ဆိုတဲ့ နှစ်ဦးသားစကားလုံးတွေက ရင်ထဲကလှိုင်းခတ်သံတွေဆိုတာတော့ အပျိုပေါက်လေး မစံပယ် သဘော ပေါက်လိုက်ပါတယ်။
ယုန်ကမတိုးလို့ ပိုက်ကတိုးတယ်။ မြင်းက မလှုပ်လို့ ခုန်က လှုပ်တယ်။
ဟန်တင်ပါးစပ်က တစ်ခွန်းတည်း ဟလိုက်ရုံနဲ့ ပွဲပျက်မယ့်ဟာ၊ မဟဘူး။ ဘေးအပြင်ကစံပယ်လိုလို၊ နှင်းဆီလိုလို
ထင်ကြေးပေးနေကြပြီ။
အနေနီးလာတော့ ရင်းနှီးမှုက ပို
လာတယ်။ အမေနဲ့ နီးစပ်သွားမှာလည်း
စိုးရိမ်တယ်။ ဒါကြောင့် သမီးစံပယ်
ကလည်း ဖက်လဲတကင်း ဆက်ဆံ
တယ်။ အကြည့်ရဲတယ်။ မျက်နှာပေး ချို
တယ်။ မမြင်သင့်တာတွေကို မတော်
တဆ လိုလိုနဲ့ လှစ်ဟပြတယ်။ ဒါပေမဲ့ –
ဟန်တင် စိတ်တိမ်းညွတ်တာက မအေ
မနှင်းဆီ။
နှစ်ဝက်ကျိုးလာပြီ။ အခြေအနေ
မထူးသေးဘူး။ ကြိုးချင်းထားလို့လည်း
ကြိုးချင်းမငြိ။ အိုးချင်းထားလို့လည်း
အိုးချင်းမထိ။ မထိတာ ဟန်တင်ကြောင့်
မထိတာ။ ခိုးချင်လိုက်တာလည်း ပျာ
လို့။ လက်နှေးလိုက်တာလည်း ချာလို့
ဆိုတဲ့ကောင်။ အဲ့လိုနဲ့ နှစ်တစ်ဝက်ကျိုး
လာတဲ့တစ်နေ့။
“ဒကာ – မောင်ဟန်တင်၊ အခု စာနဲ့လာသူမောင်ကျော်အေးဟာ ဆရာ
တော်ရဲ့ တူသားအရင်း ဖြစ်ပါတယ်။ တတ်စွမ်းသမျှ ကူညီပါ”
ဆိုတဲ့ စာတစ်စောင်နဲ့ လူတစ် ယောက်အိမ်ပေါ်ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတယ်။ ကောင်လေးနာမည်
ကကျော်အေးတဲ့။ အသက်ဆယ့်ကိုးနှစ်
လူပျို၊ စေလွှတ်လိုက်တာက ဟန်တင်
မိဘများလက်ထက်ဥပဇ္ဈာယ်ပြုရဟန်း ခံပေးထားတဲ့ ဦးဇင်း။ အခု အညာဒေသ မှာ ကျောင်းထိုင်ဆရာတော် ဖြစ်နေ တယ်။ ဘယ်လိုမှ ငြင်းမရဘူး။ ကျွေးရုံနဲ့ မပြီးဘူး။ အဝတ်အထည် ဆင်ရုံနဲ့ မလုံလောက်ဘူး။ ကောင်လေး က ကားမောင်းတတ်တယ်။ လိုင်စင် –
အနက်။ ဒါကြောင့် မိခင်ဌာန ငါးလုပ်ငန်း
ဦးစီးမှာ ယဉ်မောင်းအလုပ်နဲ့ သွင်းပေးလိုက်တယ်။
မကြာလိုက်ဘူး သုံးလတောင်
မပြည့်တတ်ဘူး။ အိုးတွေထိ ကြိုးတွေ ငြိကုန်ရော။ ဟန်တင်နဲ့ မနှင်းဆီမဟုတ် ဘူး။ ကျော်အေးနဲ့မစံပယ်လည်းမဟုတ် ဘူး။ မအေအရွယ် မနှင်းဆီနဲ့ သား
အရွယ်ကျော်အေးနဲ့..
ဆန်ဆုံစား၊ ကံကုန်သွားဆိုပေမယ့် သားအမိနှစ်ယောက်ရော ကျော်အေး ရော အိမ်မှာ မရှိတော့ဘူးဆိုမှ ပိုးကထလာတယ်။ နေမထိ ထိုင်မသာ ဖြစ်၊ စားမဝင် အိပ်မပျော်တာမို့ သူခိုးပြေးမှ
ထိုးကွင်းထတဲ့ပိုး၊ လွတ်တဲ့ငါး ကြီးတယ် ဆိုတဲ့မိုး။ ဘာပိုးလဲဆိုတော့ အချစ်ပိုး။ ဟန်တင့်စိတ် မူမမှန်တော့ဘူး။ ကျော်အေးဆီကပြန်တောင်းမယ်။ မနှင်းဆီကို တောင်းပန်မယ်။ ဖွင့်ပြော
တော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ရှာပုံ
တော် ဖွင့်တယ်။ တစ်မြို့လုံး ခြေတို
အောင် ရှာတယ်။ ဘယ်မှာမှ မတွေ့ဘူး။
ကောက်ရိုးပုံထဲ ပျောက်တဲ့ အပ်ရှာရသလိုပဲ။
ဗေလီရေယာဉ်သားတွေက ယာဉ် မထွက်နိုင်လို့ ဟန်တင်ကို လိုက်ရှာ
တယ်။ ဟန်တင်က မနှင်းဆီတို့သား
အမိကို လိုက်ရှာတယ်။ သူ့ ကိုယ်ရှာ ကိုယ့်သူရှာ။
တစ်ပတ်အကြာမှာ ဟန်တင် စွယ်
တော်မြတ်စေတီကို ရောက်တယ်။ ပြန် တွေ့ဖို့ ဆုတွေတောင်းပြီး လက်ျာရစ် တစ်ပတ်ပတ်ရင်း (၁၅)မိနစ် ဓာတ်ပုံ ဆိုင်က ကြော်ငြာဘုတ်မှာ တပ်ထားတဲ့

ဓာတ်ပုံတွေဆီ အကြည့် ရောက်သွား တယ်။ အမှတ်တမဲ့ကြည့်ရာက စူးစူး
စိုက်စိုက် ကြည့်ဖြစ်သွားတယ်။ ကြည့် ရင်းကြည့်ရင်းနဲ့ အံ့ဩလွန်းလို့ မျက်လုံး ကြီးပြူး ပါးစပ်ကြီး ဖြဲလို့။ ဓာတ်ပုံတွေကလည်း ဟန်တင့်ကို ကြည့်နေတယ်။ တစ်ယောက်ချင်းပုံ၊ မိသားစုပုံ၊ အနီးအဝေး ကိုယ်တစ်ပိုင်း
ကိုယ်လုံးပေါ်အဲဒီထဲက ယောက်ျားကြီး
ပုံက ဟန်တင်မှ ဟန်တင်။ ဟန်တင်
အံ့ဩမယ်ဆိုလည်း အံ့ဩစရာပဲ။ ဟန် တင်က လူပျိုလူလွတ် မယားတရူး။ ဓာတ်ပုံထဲကဟန်တင်က ဇနီးနဲ့ သမီးနဲ့။ ငါ့မှာ ဇနီးမယားလည်းမရှိ သမီးသား လည်း မရှိ။ ဓာတ်ပုံလာရိုက်ဖို့ မပြော နဲ့။ စွယ်တော်မြတ် စေတီ တောင် မရောက်ဘူးတဲ့ ငါက ဒီဓာတ်ပုံတွေ ဘယ်လိုရောက်လာတာလဲ။ ပုံတွေမြင်
မှ ရောဂါက တိုးသထက်တိုးလာတယ်။ “ဒီက-ဦး-ဦး”
အသံကြားလို့ လှည့်ကြည့်လိုက် တော့ လည်ပင်းမှာ ကင်မရာဆွဲထားတဲ့ ကောင်လေးတစ်ယောက် ဒေါသမျက်လုံးနဲ့စိုက်ကြည့်လိုက်တော့ကောင်
လေးတုန်လှုပ်သွားတယ်။ မျက်နှာသေးလေးနဲ့။
“ဦးကို တောင်းပန်ပါတယ် ဦးရာ။ ဦး ဓာတ်ပုံဖိုး ကျသင့်ငွေ အကုန်ချေပြီး
ပါဆယ်ပို့ဖို့လည်း ပေးကမ်းပြီးပါရဲ့နဲ့။ ဦးလိပ်စာ ပျောက်သွားလို့ မပို့ဖြစ်တာ အနူးအညွတ် တောင်းပန်ပါတယ်” ဟန်တင်တစ်ခွန်းမှ ပြန်မပြောဘူး။ ဘာမှမသိလို့ ဘာမှမပြောတာ။ ဒါပေမဲ့
မျက်ထောင့်နီကြီးနဲ့ စိုက်ကြည့်နေတာ
ကို ကင်မရာမင်းလေးက ကြောက်
လန့်နေတယ်။ ကြော်ငြာဘုတ်မှာ ကပ် ထားတဲ့ ဓာတ်ပုံတွေ ပြန် ဖြုတ်နေစဉ် မှာလည်း လက်တွေက တုန်လို့။ အယ် ဘမ်ထဲကဓာတ်ပုံတွေဖြုတ်ယူနေတော့
လည်းတုန်တုန်ချိချိ။
“ရော့ – ဦးဓာတ်ပုံတွေ စိတ်မဆိုးပါနဲ့နော်ဦးနော်”
လို့ပြောပြီးဓာတ်ပုံငါးပုံဟန်တင်ထဲ ထည့်ပေးတယ်။ ဟန်တင် ဓာတ်ပုံတွေ ယူပြီး မိခင်ဌာနကိုပြန်လာတယ်။ ဗေလီသင်္ဘောပေါ်ပြန်တက်တယ်။ ဒါပေမဲ့ −
ပဲ့နင်းကြီးက သင်္ဘောမမောင်းခိုင်းဘူး။ ဘာမှလည်း မခိုင်းတော့ဘူး။ သွက်ချာ
ပါဒလည်အောင် ရူးနေတဲ့ လူတစ်ယောက်။ ဘူးလေးရာ ဖရုံဆင့်ဆိုသလို မယားတရူးနေပါတယ်ဆိုမှ ဓာတ်ပုံတွေကြောင့်ပါ။ အရူး ရောဂါ ထပ်ဆင့်
လာတော့ မသုံးရဲတော့ဘူးပေါ့။
ဘယ်သူမှ မခိုင်းရင်လည်းနေ၊
ဘာတာဝန်မှ မပေးလည်း အကြောင်း
မဟုတ်ဘူး။ ဓာတ်ပုံတွေကြည့်နေရရင်ပြည့်စုံနေပြီ။
အလောင်းရှာမတွေ့ပေမဲ့ဟန်တင့်
ဖိနပ်၊ ဟန်တင့် အဝတ်အထည်၊ အသုံး
အဆောင်နဲ့ ကိုယ်နဲ့မကွာ ရှိနေတတ်တဲ့
ဓာတ်ပုံတွေ သဲလွန်စ ကျန်နေလို့ ဟန်
တင် ဗေလီရေယာဉ်ပေါ်က ပြုတ်ကျပြီး
သေပြီလို့ပဲ လက်ခံလိုက်ရပါတယ်။ တကယ်တော့ ဟန်တင် မသေပါ
ဘူး။ ပျောက်သွားတာပါ။ ပျောက်သော သူ ရှာရင်တွေ့ ဆိုစကားရှိပေမယ့် ကျွန် တော်တို့ မရှာပဲ မေ့မေ့ပျောက်ပျောက် ဖြစ်ချိန်မှာ ဟန်တင်ကို မမျှော်လင့်တဲ့ အချိန်မမျှော်လင့်ဆို နှစ်တစ်ပတ်လည် အောင် ကြာမြင့်သွားလို့ပါပဲ။ မမျှော် လင့်တဲ့နေရာ ရန်ကုန်မြို့ကြီးနဲ့ မိုင်ငါးရာ နီးပါး ကွာဝေးတဲ့နေရာမှာပါ။
မှတ်မှတ်ရရ ၂ဝဝ၃- ခုနှစ်၊ မတ် လဆန်းပိုင်းမှာ ကျွန်တော့် ဆရာ ညွှန် မှူး ဦးလှသောင်းဟာ သူ့မွေးရာဇာတိ
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်
ထဲက ကျောက်ကွဲရွာမှာ။ မဟာဇေယျ
သုခ ဘွဲ့မည်ရှိတဲ့ အာစီနှစ်ထပ်ကျောင်း
ဆောင်ကြီး ရေစက်ချပွဲကျင်းပဖို့ သူ့
မိသားစုအပါအဝင် တပည့်လက်သား
လေးဆယ်ကျော်နဲ့ ခရီးနှင်ခဲ့ပါတယ်။
ရန်ကုန်က မနက်နှစ်နာရီမှာထွက်၊ ချောက်မြို့ကို ညနေလေးနာရီ ရောက် အနော်ရထာတံတားကြီးကို ကူး၊ ဆိပ်
ဖြူမှာ တစ်ညအိပ်၊ နောက်နေ့မနက်
ခုနစ်နာရီမှာ ဆိပ်ဖြူနဲ့ မိုင်ခြောက်ဆယ်
ကျော်ဝေးတဲ့ တောလမ်းခရီးကို ဖြတ်ပြီး
ချိန်မှာတော့ ကျောက်ကွဲရွာကြီးကို
ရောက်ရှိပါတယ်။
ကျောက်ကွဲရွာမှာ စတည်းချမယ့် ဘုန်းတော်ကြီးကျောင်းထဲ ဝင်လာစဉ် မှာတော့ ကြိုဆိုနေတဲ့ ကလေးလူကြီး တစ်အုပ်တစ်မကြီးထဲကမှ သေလွန်ပြီး တဲ့ ဟန်တင်နဲ့ ခွဲခြားမရအောင် တူလွန်း လှတဲ့ လူတစ်ယောက်ကို သတိထားမိ ပါတယ်။ကျွန်တော်တစ်ယောက်တည်း
မဟုတ်ဘဲ ကျွန်တော်တို့ တစ်ဖွဲ့လုံးက သတိထားမိတာပါ။
ကားထိုးဆိုက်ပြီး အလျှိုအလျှို
ဆင်းပြီးတဲ့အခါ ဟန်တင်နဲ့တူတယ်ရယ်
လို့ကျွန်တော်တို့ သတိထားမိတဲ့ လူက
ပြေးလာပြီး။
“ဆရာကြီးလာရင်ပီအေကြီးပါမှာပဲ
ဆိုတာ သိပြီးသားပါ”
ပီအေကြီးဆိုတဲ့ ညွှန်မှူး ဦးလှ
သောင်းရဲ့ကိုယ်ရေးအရာရှိဖြစ်တဲ့ ကျွန်
တော့်ကို ပြောတာပါ။ ကျွန်တော်
မရောက်ဘူးတဲ့အရပ်၊ ကျွန်တော်ရင်းနှီး
ကျွမ်းဝင်ခြင်းမရှိတဲ့ လူစိမ်းတစ်ယောက်
က တိတိကျကျကြီး နှုတ်ဆက်လို့ ဘာ
ပြန်ပြောရမှန်းမသိအောင် အံ့အားသင့်ရ
ပါတယ်။
“ကိုခင်ဝင်း – ကိုခင်မြင့် – ဟော – ဖိုးဇော်ရော ငါ့ဗေလီအဖွဲ့တွေ ဝမ်းသာ
လိုက်တာ”
လူစိမ်းနှုတ်ဆက်တဲ့ လူတွေဟာ
ဗေလီဖယ်ရီ သင်္ဘောလေးက ပဲ့နင်း
စက်ဆရာ သင်္ဘောသားတွေပဲ ဖြစ်ပါ
တယ်။ ကိုခင်ဝင်းတို့အုပ်စုကို ပွေ့ဖက် နှုတ်ဆက်နေစဉ်မှာတော့သူ့ဘက်ကိုယ့် ဘက် မျက်ရည်စတွေနဲ့ပါ။
ဟန်တင်သေတာ အလောင်း တောင်ရှာမရတာအားလုံး သိသိကြီးနဲ့ပဲ
သူစိမ်းလူရဲ့ ပြောဆိုဆက်ဆံပုံ၊ အသံ
အနေအထား ကိုယ်လက်လှုပ်ရှားမှု၊ အမူအရာအားလုံးဟာ တစ်ထပ်တည်း တစ်ပုံစံတည်းလို ဖြစ်နေတော့ဟန်တင် ရယ်လို့ လက်ခံပေးရမလိုပါပဲ။ ကျွန်တော့် ဆရာညွန်မှူး ဦးလှ
သောင်းကတော့ ကျောက်ကွဲရွာ ဇာတိ
ဖြစ်လို့ ဟန်တင် ဟုတ်သည် မဟုတ် သည် သိထားမှာပါ။ ဒါကြောင့်လည်း ကျွန်တော်တို့ တရင်းတနှီး ပွေ့ဖက်နှုတ် ဆက်နေတာကြည့်ပြီး ခေါင်းတဆတ် ဆတ် ညိတ်နေပါတယ်။
“အေး – အဲဒီကောင်က ရန်ကုန်မှာ
ရေနစ်သေတဲ့ဟန်တင်တော့မဟုတ်ဘူး
ကွ။ ကျောက်ကွဲရွာသားစစ်စစ် ဉာဏ်
တင်လို့ ခေါ်တယ်”
ညွန်မှူး ဖြေရှင်းပြပေမယ့် ကိုခင်
ဝင်းတို့ ဗေလီအုပ်စုကတော့ …
“ဟုတ်ရဲ့လား – ဆရာကြီးရာ။ ဟန် တင်မှဟန်တင်ပါ။ကျွန်တော်တို့ဘော်ဒါ
ဟန်တင်ကြီးပါ”
“မဟု တ် ပါဘူးရှ င် – ကျွန် မ
ယောက်ျား ကိုဉာဏ်တင်ပါရှင်”
ဇနီးဖြစ်သူ ငြင်းဆိုခြင်းပါ။ “ကျွန်မတို့အဖေ ဦးဉာဏ်တင်
အပျိုဖြန်းအရွယ် မိန်းကလေးနှစ် ယောက်ကလည်း သူတို့အဖေပါလို့ ဝင်
ရောက်ပြောဆိုပါတယ်။
“ကဲ – ကဲ – ကျောင်းပေါ်တက်ကြ
ငြင်းခုန်မနေကြနဲ့။ ဟန်တင်လား၊ ဉာဏ်
တင်လားဆိုတာ ဒီရက်ပိုင်း ငါတို့ရှိနေ
တုန်းပေါ့ကွာ။ အဖြေထုတ် ကြည့်ကြ
တာပေါ့”
လို့ ညွှန်မှူးပြောဆိုပြီး စကားဖြတ်
လိုက်ပါတယ်။
“စန်းရီမကို ခေါ်ပေးကြစမ်း”
ညွှန်မှူး ခေါ်ခိုင်းတဲ့ စန်းရီမဆိုတာ ကျွန်တော်တို့ ဟန်တင်ရယ်လို့ သမုခ် ထားတဲ့ ဉာဏ်တင်ရဲ့ဇနီးပါ။ ဒေါ်စန်းရီနဲ့ အတူ သမီးပျိုနှစ် ယောက်ပါ။ ညွှန်မှူးရှေ့ရောက်လာချိန် မှာတော့ ညွန်မှူးဟာ သူ့ ပိုက်ဆံအိတ်
ထဲက ဓာတ်ပုံတွေ ထုတ်ပေးလိုက်ပါတယ်။
သားအမိသုံးယောက်သား ဓာတ် ပုံတွေကို တအံ့တဩနဲ့ကြည့်ရင်း ဒေါ် စန်းရီကစလို့ ..
“ဒီဓာတ်ပုံ တွေက ကျွန်မတို
မိသားစု ရန်ကုန် စွယ်တော်မြတ်စေတီ
ဖူးစဉ်က ရိုက်ထားတဲ့ ဓာတ်ပုံတွေ ပိုက်
ဆံလည်း အကျေချေခဲ့တယ်။ ပါဆယ်ခ
လည်းပေးခဲ့တယ်။ လိပ်စာလည်းပေးခဲ့
ရဲ့သားနဲ့ မပို့တဲ့ ပုံတွေပဲ။ ဦး ဘယ်က
ဘယ်လိုရလာတာလဲ”
ဖြေပြော ပြောရင်း အမေးစကားဆိုပါတယ်။
“နင်တို့ ပြောတဲ့ စွယ်တော်မြတ်
စေတီက ဓာတ်ပုံဆိုင်ကဆိုတာလည်း
မှန်ပါတယ်။ ဒါပေမဲ့ – ငါရခဲ့တာတော့
မဟုတ်ဘူး။ လူတစ်ယောက်ရခဲ့တာ၊ ငါ့
တပည့်ဟန်တင်ပါ။ အဲဒီကောင် ဦး
နှောက်ပျက်ပြီးခြေဦးတည့်ရာ လျှောက်
သွားရာက စွယ်တော်ဘုရားရောက်ပြီး
ကြော်ငြာဘုတ်က ဓာတ်ပုံတွေကြည့်
နေတဲ့ဟန်တင်ကို နင့်ယောက်ျားဉာဏ်
တင်အမှတ်နဲ့ တောင်းပန်ပြီး ပေးလိုက်တာ”
“အဲဒီလူက ဟန်တင်တဲ့လား” “အေး – ဟုတ်တယ်”
“အဲဒီဟန်တင်ဆိုတာ အခုရန်ကုန်မှာလား”
“မရှိတော့ဘူး – သေပြီ” “သေတာ ကြာပြီလား- ဦး”
“အင်း – မနှစ်က သင်္ကြန်တွင်းကြီးမှာပေါ့”
ဒေါ်စန်းရီတို့ သားအမိသုံးယောက်
သားတစ်ယောက်မျက်နှာတစ်ယောက်
ကြည့်ပြီး အံ့ဩရိပ်တွေ ပြနေပါတယ်။
ဦးဉာဏ်တင် အပြင်းဖျားရာက သတိ
ပြန်လည်ပြီး အသက်ပြန်ရှင်လာတာ
လည်း မနှစ်က သင်္ကြန်တွင်းထဲမှာပါ။
တိုက်ဆိုင်နေလို့ပါ။
“အဖေနဲ့ တူလို့လား – အဘ”
ဒေါ်စန်းရီ သမီးအကြီးမ အမေးစကားပါ။
“တူတာမှ ချွတ်စွပ်” “အိမ်ထောင်မရှိဘူးလား အဘ”
“မရှိဘူး-လူပျိုကြီး”
“လျှာရှည်တယ်တော့ မထင်ပါနဲ့ အဘ။ အဲဒီ ဦးဟန်တင်ဟာ ဘယ်သန် လား၊ ညာသန်လား၊ သူ့ရဲ့အသံကရော” “ဘယ်သန်၊ ဘယ်သန်၊ အသံကအသံပြာ”

သားအမိသုံးယောက်ကတော့ အံ့ဩလို့မဆုံးနိုင်အောင်ပါ။ တိုက်ပဲ တိုက်ဆိုင်လွန်းလို့ပဲ မဟုတ်လား။ “ကဲ- သမီးတို့ အဲဒီဓာတ်ပုံတွေ နင် တို့အဖေလက်ထဲထည့်ပြီးခပ်လှမ်းလှမ်း
ကနေ အကဲခတ်ကြည့်ကြစမ်း။ အဘ အထင်တော့ သမီးတို့ အဖေ ဒီဓာတ်ပုံ
တွေမြင်ရင် ဉာဏ်တင်ဘဝ ပြန်ရောက်
တန်ကောင်းရဲ့လို့တော့ ထင်တာပဲကွာ”
ညွှန်မှူးစကားအဆုံးမှာ သမီးနှစ် ယောက်လုံး သုတ်ခနဲ ထသွားပါတယ်။ တစ်ယောက်တည်းကျန်တဲ့ဒေါ်စန်းရီကို
ညွှန်မှူးစကား ဆက်ပါတယ်။
“စန်းရီမ ငါမေးမယ်။ နင် မှန်မှန်
ဖြေနော်။ မရှက်နဲ့နော်”
ဒေါ်စန်းရီ မျက်လုံးအဝိုင်းသားနဲ့
ကြည့်ရင်း ခေါင်းညိတ်လိုက်ပါ တယ်။
“နင် – ဟန်တင်နဲ့ ပေါင်းစဉ်မှာ လင်
မယားအရာနဲ့ ပေါင်းတာလား”
“ဦးကလည်း ကြံကြံဖန်ဖန်” ဒေါ်စန်းရီ ရှက်သွေးဖြာပြီး ခေါင်း ငုံ့သွားပါတယ်။ ဒါပေမဲ့ အဓိပ္ပာယ် တစ် ခုခုရှိလို့ မေးတာပဲ ဖြစ်မှာဆိုတာ သိ
လို့ ရှက်ရှက်နဲ့ပဲ ဖြေပါတယ်။

သူ့ဟာသူ အဖျားပျောက်သွား
သလို ဘဝပါ ပြောင်းသွားတာ။ ဘာ တတ်နိုင်မှာလဲ ဦးရယ်။ ဟန်တင် မဟုတ်လို့ ဘယ်သူပဲဖြစ်ဖြစ် ကျွန်မက
တော့ ကျွန်မယောက်ျား ကိုဉာဏ်တင်
လို့ပဲ လက်ခံထားတာလေ။ အဲဒီတော့
သူစိမ်းလူပဲပြောပြော။ လူပျိုလူလွတ်ပါ
လို့ပဲ ငြင်းငြင်း ဟန်တင်လို့ပဲဆိုဆို
တစ်အိမ်တည်းနေ၊တစ်ခန်းတည်းအတူ
အိပ်မှတော့ လင်မယားလို့ပဲ ပေါင်းရတာပေါ့”
ရှင်းတယ် – လူတွင်ပါလို့ နွားကျား
ကိုက်တာ၊ ညွှန်မှူးလိုချင်တဲ့ ပွိုင့်က
ဒေါ်စန်းရီ ဝမ်းဗိုက်အပြင်ဘက် ဖုဖောင်း
နေတဲ့ ပြဿနာအဖြေရှာလိုက်တာပါ။
သူ့တပည့် ဟန်တင် အသက်လေးဆယ်
စွန်းအထိ ဘယ်မိန်းကလေးနဲ့မှ မငြိစွန်း
ဘူးလို့ အဖြေထုတ်ကြည့်ခြင်းပဲ ဖြစ်ပါ
တယ်။
ကျွန်တော့်ဆရာ ညွှန်မှူး တော် ပါတယ်။ စာပေဗဟုသုတ ကြွယ်ဝ အတွေ့အကြုံရင့်ကျက် အတွေးအခေါ်ရှိပြီး အခြေအနေသုံးသပ်တတ်လို့သာ
အဆိုးကနေ အကောင်းဘက် ပြောင်း
လာခြင်းပါပဲ။ ဘာကြောင့်ဆို သူ မျှော်
မှန်းတဲ့အတိုင်း ဟန်တင်မဟုတ်တော့ပဲ
ရန်ကုန် စွယ်တော်မြတ်စေတီမှာ ရိုက်
ထားတဲ့ဓာတ်ပုံတွေတစိမ့်စိမ့်ကြည့်ရင်း
စိတ်ပြန်လည်ပြီး ဉာဏ်တင်ဘဝကို
ကျွန်တော်တို့ကျောက်တွဲရွာမှာရှိနေဆဲ
သုံးရက်အတွင်း ပြန်ရောက် သွားလို့ပါ။
နှစ်တစ်ပတ်လည်လုံး ဖအေမှန်း
သိလျက်နဲ့ ဖေဖေလို့ ခေါ်မရတဲ့ဘဝ၊
သမီးအရင်းတွေ ဖြစ်ပါလျက် စိမ်းစိမ်း ကားကား ဆက်ဆံခဲ့ရတဲ့ ဘဝဆိုးကြီး
ကနေလွတ်မြောက်လို့ဝမ်းသာကြည်နူး
မှု ပုံရိပ်တွေ။ သားသမီးတွေ အပျိုကြီး
ဖားဖားဖြစ်တဲ့ထိ ခင်ပွန်းလင်ရယ်လို့
ပေါင်းသင်းခဲ့တဲ့ဇနီးမယားတစ်ယောက်
အနေနနဲ့ဉာဏ်တင်ဘဝများပြန်ရောက်
လေမလားလို့ အလိုလိုက် အကြိုက်
ဆောင်ပြီး ဆက်ဆံခဲ့ပေမယ့် အော်
ငေါက်ခံရ၊ ဆူပူကြိမ်းမောင်းခံရလို့ အပူ
ရုပ်ကို ဟန်လုပ်နေရတဲ့ ဒေါ်စန်းရီမ
ဘဝက လွတ်မြောက်လို့ ဝမ်းသာကြည်နူးနေတဲ့ ပုံရိပ်။
မိသားစုတစ်စုလုံးရဲ့ဝမ်းသာကြည် နူးတဲ့ပုံရိပ်တွေကျွန်တော်တို့မျှဝေခံစား

ရလို့ ကျောက်ကွဲရွာကို လိုက်လာရကျိုး နပ်တယ်လို့ပဲ မှတ်ချက်ပြုရမှာပါ။ မိသားစုနဲ့ ထပ်တူခံစားနေတဲ့ပျော်ရွှင်မှုတွေဟာ တာရှည်မခံပဲ ရက်
ပိုင်းလေးပါ တဒင်္ဂဆိုတဲ့ အချိန်ကာလလေးပါ။
ကျွန်တော် စဉ်းစားပါတယ် ဖြစ်
လေ့ဖြစ်ထရှိတဲ့ သဘောသဘာဝနဲ့ စဉ်း စားပြီး အဖြေထုတ်လို့ မရပါဘူး။ ဟန်တင် ရေနစ်သေတာ ရန်ကုန် မှာ။ မိုင်ငါးရာကျော်ရှိတဲ့ အရပ်ဒေသ ဘယ်လိုမှ အဆက်အစပ်မရှိတဲ့ အကွာ အဝေး ဘယ်လိုမှ မနီးစပ်တဲ့ ဆွေမျိုး
အသိုင်းအဝိုင်းထဲ ရောက်လာစရာ
အကြောင်း မရှိပါဘူး။ ရုပ်ရော နာမ်ရော
ဝိညာဉ်ရောဟာ ရန်ကုန်မှာပဲ အဆုံး
သတ်သွားရမှာပါ။ ဉာဏ်တင်နဲ့ ပတ်သက်စရာ မရှိပါဘူး။
ရုပ်နာမ်လောက ဝိညာဉ်လောက ဆိုတာ ဂမ္ဘီရဆန်လွန်းလှပါတယ်။ ကျောက်ကွဲရွာသား ဉာဏ်တင် အပြင်းဖျားပြီး သတိလစ်မေ့မြောသွား ရာက ပြန်ရှင်လာတယ်ဆိုတာကရော တကယ်ဟုတ်ရဲ့လား။ ဉာဏ်တင်သေလွန်ပြီး ဟန်တင်အဖြစ်နဲ့ အသက် ဆက်တာရော မဖြစ်နိုင်ဘူးလား။
နောက်ဆုံးဟန်တင်အဖြစ်နဲ့
အသက်ဆက်တယ်လို့ပဲ ကျွန်တော်တို့
လက်ခံရမလို့ပါ။
ဟန်တင် ရေနစ်သေဆုံးပြီး သူ့
ဝိညာဉ်ဟာ ဉာဏ်တင်ဘဝကို ကူး
ပြောင်းလာတယ်ဆိုရင် အဲဒီဉာဏ်တင်
ကရော ဘယ်လောက်အထိ အသက် ဇီဝိန်ကို ဆွဲဆန့်ထားနိုင်မှာလဲ။ ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရခြင်းက အဲဒါပါ။
ကျွန်တော်တို့ ရန်ကုန်ပြန်ရောက် ပြီး နောက်နေ့မှာပဲ။ အမင်္ဂလာသတင်း
က ဖုန်းနဲ့ ဝင်လာပါတယ်။
သူ့နေရာသူသွား၊ ကိုယ့်နေရာ
ကိုယ် ပြန်ကြတဲ့ သဘောပါပဲ။ ကျွန်တော်တို့ ရန်ကုန်က ဧည့် သည်တွေကို ဆိပ်ဖြူအထိ လိုက်ပို့တဲ့
ကျောက်ကွဲရွာသားငါးဦးလိုက်ပါစီးနင်း
တဲ့ကား အပြန်ခရီးကားမှောက်လို့
ဉာဏ်တင်တစ်ယောက် ပွဲချင်းပြီး သေ ဆုံးတဲ့သတင်းပါ။
ရှစ်ခွင်ကျော်(ဖောင်တော်သီ)

Zawgyi Version

တစ္သက္မွာႏွစ္ဘဝ(စ/ဆုံး)
———————————–
ခုနစ္ရက္ ခုနစ္လီ အျပင္းဖ်ားၿပီး သတိလစ္ေမ့ေျမာေနတဲ့ ဉာဏ္တင္ တစ္ေယာက္ ဘယ္လိုကုထုံးနဲ႔ပဲကုကုအသက္ျပန္ရွင္ဖို႔ လမ္းစမျမင္ဘူးရယ္
လို႔ တစ္ေဆြတစ္မ်ိဳးလုံးနဲ႔ တစ္႐ြာလုံး
ကပါ ေသခ်ာေပါက္ ထင္ေၾကးေပးထား ခ်ိန္မွာ ေသမင္း လက္မခံတဲ့ ဉာဏ္တင္ တစ္ေယာက္ အသက္ျပန္ရွင္လာပါတယ္။
ဇနီး၊ သမီး မိသားစုေတြကဝမ္းသာ အားရစြာနဲ႔ အားရွိတဲ့ နာလန္ထ အစား
အစာေတြေကြၽး၊ ေဆးေကာင္းဝါး ေကာင္းေတြနဲ႔ ကုလို႔ က်န္းမာေရးအေျခ အေန ကိုယ့္ဘက္ပါၿပီး ထူထူေထာင္ ေထာင္ ျဖစ္လာခ်ိန္မွာေတာ့ မိသားစုနဲ႔ ဝမ္းသာၾကည္ႏူးမႈေတြဟာ အခ်ည္း အႏွီး ျဖစ္ရေတာ့တာပါပဲ။
ဉာဏ္တင္ကိုယ္တိုင္က သူဟာ ဉာဏ္တင္မဟုတ္ပါဘူး၊ ဟန္တင္ပါတဲ့။
အထင္ရွားဆုံးေျပာင္းလဲမႈကေတာ့
အသံ၊ အသံဝါမဟုတ္တဲ့ အသံျပာသြား
တာတစ္ခ်က္၊ ညာလက္သန္ရာကေန
ဘယ္လက္သန္ျဖစ္သြားတာ
တစ္ခ်က္။လူပ်ိဳလူလြတ္ပါဆိုၿပီး မိသားစုကို ခပ္
စိမ္းစိမ္းျဖစ္တာတစ္ခ်က္။ ဒီသုံးခ်က္
နဲ႔တင္ ဉာဏ္တင္မဟုတ္တဲ့ အျခားလူ
တစ္ေယာက္ဆိုတာ ယုံၾကည္လက္ခံ
လိုက္ရပါတယ္။ ဉာဏ္တင္အသက္ေလးဆယ္စြန္း
ေနပါၿပီ။ တစ္သက္လုံး အဖ်ားအနာ ကင္းစင္ခဲ့ပါလ်က္ ဒီတစ္ႀကိမ္က်မွ ျပင္း ျပင္းထန္ထန္ အဖ်ားဝင္ၿပီး ေသလုေျမာ ပါး ခံစားလိုက္ရျခင္းပါ။
ေက်ာက္လုံး၊ ေက်ာက္ကြဲ၊ ေက်ာက္ ဖ်ာအမည္ရွိတဲ့ ႐ြာႀကီးသုံး႐ြာဟာမေကြး တိုင္း၊ ဂန႔္ေဂါခ႐ိုင္၊ ေဆာၿမိဳ႕နယ္ထဲက ေတာ႐ြာႀကီးေတြပါ။
ေက်ာက္ကြဲအမည္ရွိတဲ့ ေတာ႐ြာ
ႀကီးမွာ မဖ်ားပဲ ရန္ကုန္၊ ပဲခူး၊ မႏၲေလး
ၿမိဳ႕ႀကီးေတြကို ဘုရားစုံသြားဖူးရာက အျပန္ ငွက္ဖ်ားမိတာကေတာ့ အဆန္း
ပါပဲ။
ေတာမွာပဲဖ်ားဖ်ား၊ ၿမိဳ႕မွာပဲဖ်ားဖ်ား၊ အဖ်ားေပ်ာက္ၿပီဆိုရင္ေတာ့ ဉာဏ္တင္
ဟာ ဉာဏ္တင္ပဲ ျဖစ္ရမွာပါ။ ခုေတာ့ ဉာဏ္တင္မဟုတ္ပဲ တစ္႐ြာလုံးက မသိ
မျမင္မၾကားဘူးတဲ့ ဟန္တင္ရယ္လို႔ ျဖစ္ သြားတာကေတာ့ ပိုလို႔ေတာင္ ဆန္း ၾကယ္လြန္းလွပါတယ္။
ျဖစ္႐ိုးျဖစ္စဥ္အရရန္ကုန္ျမစ္ရယ္မွ
မဟုတ္ဘဲ ျမစ္၊ ေခ်ာင္း၊ အင္းအိုင္ထဲမွာ
ေရနစ္ေသသူရဲ႕အေလာင္းဟာ သုံးရက္
ေျမာက္ေန႔မွာ ပုပ္ပြၿပီးေရေပၚျပန္ေပၚ႐ိုး
ထုံးစံရွိပါတယ္။ အခု ဟန္တင္ေပ်ာက္
ဆုံးေနတာဟာ တစ္ပတ္ေက်ာ္ထိ
ေတာင္ အစအန မရေသးပါဘူး။ ဟန္တင္ ေရကူးတတ္ပါတယ္။ ကြၽမ္းကြၽမ္းက်င္က်င္ ကူးတတ္တာပါ။ ရန္ကုန္၊ အလုံ၊ ဆင္မင္းဆိပ္ကမ္း၊ ငါးလုပ္ငန္းဦးစီးဌာနပိုင္ ပင္လယ္ကမ္း ေဝးငါးဖမ္းေလွသေဘၤာေတြမွာ ဆယ္စု
ႏွစ္ ႏွစ္ခုၾကာ ေရလုပ္သားဘဝနဲ႔ က်င္ လည္ခဲ့တဲ့ ဟန္တင္အတြက္ ရန္ကုန္ ျမစ္ေလာက္ဟာ စာမဖြဲ႕ေလာက္ပါဘူး။ ႏိုင္ငံေတာ္ရဲ႕ ျပဳျပင္ေျပာင္းလဲတဲ့ စီးပြားေရးအေျခအေနအရ ဌာနပိုင္
ပင္လယ္ငါးဖမ္းေလွ သေဘၤာေတြကို
ပုဂၢလိက စီးပြားေရးလုပ္ငန္းရွင္ေတြ
လက္ထဲ စီးလုံးငွားလိုက္ခ်ိန္မွာေတာ့
သေဘၤာဆက္မလိုက္ေတာ့ပဲ အလုံ
ဘက္ကမ္းနဲ႔ သေဘၤာလြန္းက်င္းရွိရာ
ရန္ကုန္ျမစ္ရဲ႕ အေနာက္ဘက္ကမ္းကို
ဖယ္ရီေရယာဥ္ အသုံးျပဳတဲ့ ေဗလီ
သေဘၤာငယ္ေလးမွာ ဒုတိယ ပဲ့နင္းတာ
ဝန္ ထမ္းေဆာင္ဆဲမွာ ေပ်ာက္ဆုံးသြား
ျခင္း ျဖစ္ပါတယ္။
ဟန္တင္ဟာ အမွီအခိုကင္းတဲ့ လူပ်ိဳလူလြတ္တစ္ေယာက္ပါ။ ေပ်ာက္
ဆုံးခ်ိန္ အသက္ေလးဆယ္႐ြယ္အထိ
ဘယ္မိန္းကေလးနဲ႔မွ ၿငိစြန္းျခင္းမရွိလို႔
အပူအပင္ကင္းတယ္လို႔ ထင္ေၾကးေပး
ႏိုင္ေပမယ့္လြန္ခဲ့တဲ့ေျခာက္လေလာက္
ကစၿပီး တေငြ႕ေငြ႕ ေလာင္ၿမိဳက္ေနတဲ့
အပူမီးေတာ့ ရွိေနပါတယ္။
အေမ့နာမည္ မႏွင္းဆီ မုဆိုးမနဲ႔
(၁၆)ႏွစ္အ႐ြယ္အပ်ိဳေပါက္မစံပယ္ရွိတဲ့
သမီး၊ အဲဒီသားအမိႏွစ္ေယာက္နဲ႔ ဇာတ္ လမ္းစမိမွ ျဖစ္ေပၚလာတဲ့ ျပႆနာကို ေယာက္်ားပီသစြာ ရဲရဲဝံ့ဝံ့ မေျဖရွင္းဘဲ
အရႈံးေပးလိုက္ရတဲ့အခ်ိန္ကစၿပီးေရာဂါ
အစပ်ိဳးခဲ့ျခင္းပါပဲ။
မျမင္ဘူးေတာ့ မူးကို ျမစ္ထင္လို႔ပဲေျပာရမွာပါ။
အညာေဒသ ေတာ႐ြာႀကီးတစ္႐ြာ
က ရန္ကုန္ ဘုရားစုံဖူးအဖြဲ႕ တစ္ဖြဲ႕က
လူခ်င္းကြဲၿပီး ဒုကၡေရာက္ေနတဲ့အျပင္
ပါလာသမွ် ေ႐ႊေငြလက္စားေတြပါ။
လူလိမ္ခံရလို႔ ခ်ဳံးပြဲခ် ငိုေႂကြးေနတဲ့ဟန္
တင္နဲ႔ ပက္ပင္းတိုးၿပီး ျဖစ္ေၾကာင္းကုန္
စင္ကို မ်က္ရည္ခံထိုးၿပီး ေျပာျပလို႔။
“ကဲ- အဲဒါဆိုလည္း ကြၽန္ေတာ္နဲ႔ ခဏလိုက္ေန၊ တစ္ပတ္ၾကာရင္ ကြၽန္
ေတာ္လစာထုတ္ေတာ့မွာ။ လမ္းစရိတ္
အလုံအေလာက္ ေထာက္ပံ့ေပးလိုက္မယ္”
ဆိုတာေၾကာင့္ ကယ္တင္ရွင္ ဟန္ တင္ေခၚရာေနာက္ ေကာက္ေကာက္ ပါေအာင္ လိုက္ခဲ့ပါတယ္။
အလုံတစ္ဖက္ကမ္း ေဂ်ာင္ဝိုင္း႐ြာ ဇာတိျဖစ္တဲ့ ဟန္တင္ဟာ တစ္ေကာင္
ႂကြက္ေတာ့ မဟုတ္ပါဘူး။ ေဆြမ်ိဳးညီ
အစ္ကို ေမာင္ႏွမေတြ ေတာင့္တင္းပါ
တယ္။ ေဆြႀကီးမ်ိဳးႀကီးဆိုေပမယ့္ ဘယ္ ေဆြမ်ိဳးနဲ႔မွ ဖက္လဲတကင္း မရွိဘဲ တစ္ ေယာက္တည္း သီးသန႔္အိမ္တစ္လုံးေဆာက္ၿပီး ေနပါတယ္။
ဟန္တစ္ေယာက္တည္းေနတဲ့အိမ္
ဟာ ခုေတာ့ အိမ္သားသုံးေယာက္ ျဖစ္သြားပါၿပီ။
အေမ မႏွင္းဆီက အသက္ေလး
ဆယ္ေက်ာ္၊ ဟန္တင္နဲ႔ သက္တူ႐ြယ္တူ
အ႐ြယ္လြန္ မုဆိုးမလို႔ သိရေပမယ့္ ႐ုပ္
ရွိတယ္၊ ခႏၶာကိုယ္ အခ်ိဳးအစား ေျပျပစ္
တယ္။ ႏႈတ္ခ်ိဳတယ္။ မ်က္ႏွာေပးက ဆြဲ
ေဆာင္မႈ ရွိတယ္။ မ်က္လုံးက ညႇိဳ႕ဓာတ္
ပါတယ္။ ဟန္တင္လို႔ အေတြ႕အႀကဳံရွိ
တဲ့လူပ်ိဳတစ္ေယာက္ကို ဖမ္းစားႏိုင္တဲ့
အရည္အခ်င္း ရွိတယ္ ။
သမီး မစံပယ္႐ုပ္က ဖေအဘက္ ႏြယ္တယ္ ထင္တယ္။ ႐ြက္ၾကမ္းေရက်ိဳ အဆင့္ပဲ ရွိတယ္။ မေအ့အလွကိုေတာ့ လိုက္မမီတာ အမွန္ပဲ။ ဒါေပမဲ့ – အပ်ိဳ
ဆိုတဲ့ ဂုဏ္ပုဒ္ေတာ့ ရွိတယ္။ မေအနာမည္က မႏွင္းဆီ၊ ႏွင္းဆီ ဆိုတာ သင္းသင္းေလး ေမႊးတယ္။ လွ တယ္၊ ယဥ္တယ္။ ဒါေပမဲ့ ဆူးရွိတယ္။ သမီးနာမည္က အနံ႔စူးတယ္။ ေမႊးရနံ႔ကို ၾကာၾကာမထိန္းႏိုင္ဘူး။ ဆူးမရွိလို႔
အႏၲရာယ္မေပးႏိုင္ဘူး။
လူပ်ိဳသိုးႀကီးဟန္တင္ အမ်ိဳးမ်ိဳး စဥ္းစားတယ္။ စိတ္ကူးယဥ္တယ္။ တစ္
ရက္၊ႏွစ္ရက္၊တစ္ပတ္ၾကာေတာ့ သနား
ရာက သံေယာဇဥ္ တြယ္ၿငိလာၿပီ။ လမ္း
စရိတ္ေပးရင္ေတာ့ လာရာလမ္းကို ျမန္း
ၾကေတာ့မွာ ေဆြးရမယ္၊ လြမ္းရမယ္။ ဒါေပမဲ့ – ေယာက္်ားကတိက ရွိထား
ေတာ့ မိန္းမ မဆန္ခ်င္ဘူး။
“ကဲ- မႏွင္းဆီ၊ ေရာ့ – ထုတ္လာတဲ့ လခအကုန္ဆပ္လိုက္တာပဲ”
ေငြေတြကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ရင္း ဟန္တင္ကို ညႇိဳးညႇိဳးငယ္ ငယ္နဲ႔ ၾကည့္ရင္း ေရကာတာက်ိဳးသလို မ်က္ရည္ေတြ စီးက်လာတယ္။
“ႏွင္းဆီတို႔ သားအမိ တကယ္ သြားရေတာ့မွာေပါ့ေနာ္”
ရင္ထဲက တဒိန္းဒိန္းခုန္ေနတဲ့ ရင္ခုန္သံနဲ႔အတူ ဟန္တင္ ႏႈတ္ဖ်ားက

ခပ္တိမ္တိမ္ အသံေလးနဲ႔ “မႏွင္းဆီတို႔သားအမိကို ဘယ္
သူက ေမာင္းထုတ္လို႔လဲ”
ဆိုတဲ့ ႏွစ္ဦးသားစကားလုံးေတြက ရင္ထဲကလႈိင္းခတ္သံေတြဆိုတာေတာ့ အပ်ိဳေပါက္ေလး မစံပယ္ သေဘာ ေပါက္လိုက္ပါတယ္။
ယုန္ကမတိုးလို႔ ပိုက္ကတိုးတယ္။ ျမင္းက မလႈပ္လို႔ ခုန္က လႈပ္တယ္။
ဟန္တင္ပါးစပ္က တစ္ခြန္းတည္း ဟလိုက္႐ုံနဲ႔ ပြဲပ်က္မယ့္ဟာ၊ မဟဘူး။ ေဘးအျပင္ကစံပယ္လိုလို၊ ႏွင္းဆီလိုလို
ထင္ေၾကးေပးေနၾကၿပီ။
အေနနီးလာေတာ့ ရင္းႏွီးမႈက ပို
လာတယ္။ အေမနဲ႔ နီးစပ္သြားမွာလည္း
စိုးရိမ္တယ္။ ဒါေၾကာင့္ သမီးစံပယ္
ကလည္း ဖက္လဲတကင္း ဆက္ဆံ
တယ္။ အၾကည့္ရဲတယ္။ မ်က္ႏွာေပး ခ်ိဳ
တယ္။ မျမင္သင့္တာေတြကို မေတာ္
တဆ လိုလိုနဲ႔ လွစ္ဟျပတယ္။ ဒါေပမဲ့ –
ဟန္တင္ စိတ္တိမ္းၫြတ္တာက မေအ
မႏွင္းဆီ။
ႏွစ္ဝက္က်ိဳးလာၿပီ။ အေျခအေန
မထူးေသးဘူး။ ႀကိဳးခ်င္းထားလို႔လည္း
ႀကိဳးခ်င္းမၿငိ။ အိုးခ်င္းထားလို႔လည္း
အိုးခ်င္းမထိ။ မထိတာ ဟန္တင္ေၾကာင့္
မထိတာ။ ခိုးခ်င္လိုက္တာလည္း ပ်ာ
လို႔။ လက္ေႏွးလိုက္တာလည္း ခ်ာလို႔
ဆိုတဲ့ေကာင္။ အဲ့လိုနဲ႔ ႏွစ္တစ္ဝက္က်ိဳး
လာတဲ့တစ္ေန႔။
“ဒကာ – ေမာင္ဟန္တင္၊ အခု စာနဲ႔လာသူေမာင္ေက်ာ္ေအးဟာ ဆရာ
ေတာ္ရဲ႕ တူသားအရင္း ျဖစ္ပါတယ္။ တတ္စြမ္းသမွ် ကူညီပါ”
ဆိုတဲ့ စာတစ္ေစာင္နဲ႔ လူတစ္ ေယာက္အိမ္ေပၚဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေရာက္လာတယ္။ ေကာင္ေလးနာမည္
ကေက်ာ္ေအးတဲ့။ အသက္ဆယ့္ကိုးႏွစ္
လူပ်ိဳ၊ ေစလႊတ္လိုက္တာက ဟန္တင္
မိဘမ်ားလက္ထက္ဥပဇၩာယ္ျပဳရဟန္း ခံေပးထားတဲ့ ဦးဇင္း။ အခု အညာေဒသ မွာ ေက်ာင္းထိုင္ဆရာေတာ္ ျဖစ္ေန တယ္။ ဘယ္လိုမွ ျငင္းမရဘူး။ ေကြၽး႐ုံနဲ႔ မၿပီးဘူး။ အဝတ္အထည္ ဆင္႐ုံနဲ႔ မလုံေလာက္ဘူး။ ေကာင္ေလး က ကားေမာင္းတတ္တယ္။ လိုင္စင္ –
အနက္။ ဒါေၾကာင့္ မိခင္ဌာန ငါးလုပ္ငန္း
ဦးစီးမွာ ယဥ္ေမာင္းအလုပ္နဲ႔ သြင္းေပးလိုက္တယ္။
မၾကာလိုက္ဘူး သုံးလေတာင္
မျပည့္တတ္ဘူး။ အိုးေတြထိ ႀကိဳးေတြ ၿငိကုန္ေရာ။ ဟန္တင္နဲ႔ မႏွင္းဆီမဟုတ္ ဘူး။ ေက်ာ္ေအးနဲ႔မစံပယ္လည္းမဟုတ္ ဘူး။ မေအအ႐ြယ္ မႏွင္းဆီနဲ႔ သား
အ႐ြယ္ေက်ာ္ေအးနဲ႔..
ဆန္ဆုံစား၊ ကံကုန္သြားဆိုေပမယ့္ သားအမိႏွစ္ေယာက္ေရာ ေက်ာ္ေအး ေရာ အိမ္မွာ မရွိေတာ့ဘူးဆိုမွ ပိုးကထလာတယ္။ ေနမထိ ထိုင္မသာ ျဖစ္၊ စားမဝင္ အိပ္မေပ်ာ္တာမို႔ သူခိုးေျပးမွ
ထိုးကြင္းထတဲ့ပိုး၊ လြတ္တဲ့ငါး ႀကီးတယ္ ဆိုတဲ့မိုး။ ဘာပိုးလဲဆိုေတာ့ အခ်စ္ပိုး။ ဟန္တင့္စိတ္ မူမမွန္ေတာ့ဘူး။ ေက်ာ္ေအးဆီကျပန္ေတာင္းမယ္။ မႏွင္းဆီကို ေတာင္းပန္မယ္။ ဖြင့္ေျပာ
ေတာ့မယ္ဆိုတဲ့ ဆုံးျဖတ္ခ်က္နဲ႔ ရွာပုံ
ေတာ္ ဖြင့္တယ္။ တစ္ၿမိဳ႕လုံး ေျခတို
ေအာင္ ရွာတယ္။ ဘယ္မွာမွ မေတြ႕ဘူး။
ေကာက္႐ိုးပုံထဲ ေပ်ာက္တဲ့ အပ္ရွာရသလိုပဲ။
ေဗလီေရယာဥ္သားေတြက ယာဥ္ မထြက္ႏိုင္လို႔ ဟန္တင္ကို လိုက္ရွာ
တယ္။ ဟန္တင္က မႏွင္းဆီတို႔သား
အမိကို လိုက္ရွာတယ္။ သူ႔ ကိုယ္ရွာ ကိုယ့္သူရွာ။
တစ္ပတ္အၾကာမွာ ဟန္တင္ စြယ္
ေတာ္ျမတ္ေစတီကို ေရာက္တယ္။ ျပန္ ေတြ႕ဖို႔ ဆုေတြေတာင္းၿပီး လက္်ာရစ္ တစ္ပတ္ပတ္ရင္း (၁၅)မိနစ္ ဓာတ္ပုံ ဆိုင္က ေၾကာ္ျငာဘုတ္မွာ တပ္ထားတဲ့

ဓာတ္ပုံေတြဆီ အၾကည့္ ေရာက္သြား တယ္။ အမွတ္တမဲ့ၾကည့္ရာက စူးစူး
စိုက္စိုက္ ၾကည့္ျဖစ္သြားတယ္။ ၾကည့္ ရင္းၾကည့္ရင္းနဲ႔ အံ့ဩလြန္းလို႔ မ်က္လုံး ႀကီးျပဴး ပါးစပ္ႀကီး ၿဖဲလို႔။ ဓာတ္ပုံေတြကလည္း ဟန္တင့္ကို ၾကည့္ေနတယ္။ တစ္ေယာက္ခ်င္းပုံ၊ မိသားစုပုံ၊ အနီးအေဝး ကိုယ္တစ္ပိုင္း
ကိုယ္လုံးေပၚအဲဒီထဲက ေယာက္်ားႀကီး
ပုံက ဟန္တင္မွ ဟန္တင္။ ဟန္တင္
အံ့ဩမယ္ဆိုလည္း အံ့ဩစရာပဲ။ ဟန္ တင္က လူပ်ိဳလူလြတ္ မယားတ႐ူး။ ဓာတ္ပုံထဲကဟန္တင္က ဇနီးနဲ႔ သမီးနဲ႔။ ငါ့မွာ ဇနီးမယားလည္းမရွိ သမီးသား လည္း မရွိ။ ဓာတ္ပုံလာ႐ိုက္ဖို႔ မေျပာ နဲ႔။ စြယ္ေတာ္ျမတ္ ေစတီ ေတာင္ မေရာက္ဘူးတဲ့ ငါက ဒီဓာတ္ပုံေတြ ဘယ္လိုေရာက္လာတာလဲ။ ပုံေတြျမင္
မွ ေရာဂါက တိုးသထက္တိုးလာတယ္။ “ဒီက-ဦး-ဦး”
အသံၾကားလို႔ လွည့္ၾကည့္လိုက္ ေတာ့ လည္ပင္းမွာ ကင္မရာဆြဲထားတဲ့ ေကာင္ေလးတစ္ေယာက္ ေဒါသမ်က္လုံးနဲ႔စိုက္ၾကည့္လိုက္ေတာ့ေကာင္
ေလးတုန္လႈပ္သြားတယ္။ မ်က္ႏွာေသးေလးနဲ႔။
“ဦးကို ေတာင္းပန္ပါတယ္ ဦးရာ။ ဦး ဓာတ္ပုံဖိုး က်သင့္ေငြ အကုန္ေခ်ၿပီး
ပါဆယ္ပို႔ဖို႔လည္း ေပးကမ္းၿပီးပါရဲ႕နဲ႔။ ဦးလိပ္စာ ေပ်ာက္သြားလို႔ မပို႔ျဖစ္တာ အႏူးအၫြတ္ ေတာင္းပန္ပါတယ္” ဟန္တင္တစ္ခြန္းမွ ျပန္မေျပာဘူး။ ဘာမွမသိလို႔ ဘာမွမေျပာတာ။ ဒါေပမဲ့
မ်က္ေထာင့္နီႀကီးနဲ႔ စိုက္ၾကည့္ေနတာ
ကို ကင္မရာမင္းေလးက ေၾကာက္
လန႔္ေနတယ္။ ေၾကာ္ျငာဘုတ္မွာ ကပ္ ထားတဲ့ ဓာတ္ပုံေတြ ျပန္ ျဖဳတ္ေနစဥ္ မွာလည္း လက္ေတြက တုန္လို႔။ အယ္ ဘမ္ထဲကဓာတ္ပုံေတြျဖဳတ္ယူေနေတာ့
လည္းတုန္တုန္ခ်ိခ်ိ။
“ေရာ့ – ဦးဓာတ္ပုံေတြ စိတ္မဆိုးပါနဲ႔ေနာ္ဦးေနာ္”
လို႔ေျပာၿပီးဓာတ္ပုံငါးပုံဟန္တင္ထဲ ထည့္ေပးတယ္။ ဟန္တင္ ဓာတ္ပုံေတြ ယူၿပီး မိခင္ဌာနကိုျပန္လာတယ္။ ေဗလီသေဘၤာေပၚျပန္တက္တယ္။ ဒါေပမဲ့ −
ပဲ့နင္းႀကီးက သေဘၤာမေမာင္းခိုင္းဘူး။ ဘာမွလည္း မခိုင္းေတာ့ဘူး။ သြက္ခ်ာ
ပါဒလည္ေအာင္ ႐ူးေနတဲ့ လူတစ္ေယာက္။ ဘူးေလးရာ ဖ႐ုံဆင့္ဆိုသလို မယားတ႐ူးေနပါတယ္ဆိုမွ ဓာတ္ပုံေတြေၾကာင့္ပါ။ အ႐ူး ေရာဂါ ထပ္ဆင့္
လာေတာ့ မသုံးရဲေတာ့ဘူးေပါ့။
ဘယ္သူမွ မခိုင္းရင္လည္းေန၊
ဘာတာဝန္မွ မေပးလည္း အေၾကာင္း
မဟုတ္ဘူး။ ဓာတ္ပုံေတြၾကည့္ေနရရင္ျပည့္စုံေနၿပီ။
အေလာင္းရွာမေတြ႕ေပမဲ့ဟန္တင့္
ဖိနပ္၊ ဟန္တင့္ အဝတ္အထည္၊ အသုံး
အေဆာင္နဲ႔ ကိုယ္နဲ႔မကြာ ရွိေနတတ္တဲ့
ဓာတ္ပုံေတြ သဲလြန္စ က်န္ေနလို႔ ဟန္
တင္ ေဗလီေရယာဥ္ေပၚက ျပဳတ္က်ၿပီး
ေသၿပီလို႔ပဲ လက္ခံလိုက္ရပါတယ္။ တကယ္ေတာ့ ဟန္တင္ မေသပါ
ဘူး။ ေပ်ာက္သြားတာပါ။ ေပ်ာက္ေသာ သူ ရွာရင္ေတြ႕ ဆိုစကားရွိေပမယ့္ ကြၽန္ ေတာ္တို႔ မရွာပဲ ေမ့ေမ့ေပ်ာက္ေပ်ာက္ ျဖစ္ခ်ိန္မွာ ဟန္တင္ကို မေမွ်ာ္လင့္တဲ့ အခ်ိန္မေမွ်ာ္လင့္ဆို ႏွစ္တစ္ပတ္လည္ ေအာင္ ၾကာျမင့္သြားလို႔ပါပဲ။ မေမွ်ာ္ လင့္တဲ့ေနရာ ရန္ကုန္ၿမိဳ႕ႀကီးနဲ႔ မိုင္ငါးရာ နီးပါး ကြာေဝးတဲ့ေနရာမွာပါ။
မွတ္မွတ္ရရ ၂ဝဝ၃- ခုႏွစ္၊ မတ္ လဆန္းပိုင္းမွာ ကြၽန္ေတာ့္ ဆရာ ၫႊန္ မႉး ဦးလွေသာင္းဟာ သူ႔ေမြးရာဇာတိ
မေကြးတိုင္း၊ ဂန႔္ေဂါခ႐ိုင္၊ ေဆာၿမိဳ႕နယ္
ထဲက ေက်ာက္ကြဲ႐ြာမွာ။ မဟာေဇယ်
သုခ ဘြဲ႕မည္ရွိတဲ့ အာစီႏွစ္ထပ္ေက်ာင္း
ေဆာင္ႀကီး ေရစက္ခ်ပြဲက်င္းပဖို႔ သူ႔
မိသားစုအပါအဝင္ တပည့္လက္သား
ေလးဆယ္ေက်ာ္နဲ႔ ခရီးႏွင္ခဲ့ပါတယ္။
ရန္ကုန္က မနက္ႏွစ္နာရီမွာထြက္၊ ေခ်ာက္ၿမိဳ႕ကို ညေနေလးနာရီ ေရာက္ အေနာ္ရထာတံတားႀကီးကို ကူး၊ ဆိပ္
ျဖဴမွာ တစ္ညအိပ္၊ ေနာက္ေန႔မနက္
ခုနစ္နာရီမွာ ဆိပ္ျဖဴနဲ႔ မိုင္ေျခာက္ဆယ္
ေက်ာ္ေဝးတဲ့ ေတာလမ္းခရီးကို ျဖတ္ၿပီး
ခ်ိန္မွာေတာ့ ေက်ာက္ကြဲ႐ြာႀကီးကို
ေရာက္ရွိပါတယ္။
ေက်ာက္ကြဲ႐ြာမွာ စတည္းခ်မယ့္ ဘုန္းေတာ္ႀကီးေက်ာင္းထဲ ဝင္လာစဥ္ မွာေတာ့ ႀကိဳဆိုေနတဲ့ ကေလးလူႀကီး တစ္အုပ္တစ္မႀကီးထဲကမွ ေသလြန္ၿပီး တဲ့ ဟန္တင္နဲ႔ ခြဲျခားမရေအာင္ တူလြန္း လွတဲ့ လူတစ္ေယာက္ကို သတိထားမိ ပါတယ္။ကြၽန္ေတာ္တစ္ေယာက္တည္း
မဟုတ္ဘဲ ကြၽန္ေတာ္တို႔ တစ္ဖြဲ႕လုံးက သတိထားမိတာပါ။
ကားထိုးဆိုက္ၿပီး အလွ်ိဳအလွ်ိဳ
ဆင္းၿပီးတဲ့အခါ ဟန္တင္နဲ႔တူတယ္ရယ္
လို႔ကြၽန္ေတာ္တို႔ သတိထားမိတဲ့ လူက
ေျပးလာၿပီး။
“ဆရာႀကီးလာရင္ပီေအႀကီးပါမွာပဲ
ဆိုတာ သိၿပီးသားပါ”
ပီေအႀကီးဆိုတဲ့ ၫႊန္မႉး ဦးလွ
ေသာင္းရဲ႕ကိုယ္ေရးအရာရွိျဖစ္တဲ့ ကြၽန္
ေတာ့္ကို ေျပာတာပါ။ ကြၽန္ေတာ္
မေရာက္ဘူးတဲ့အရပ္၊ ကြၽန္ေတာ္ရင္းႏွီး
ကြၽမ္းဝင္ျခင္းမရွိတဲ့ လူစိမ္းတစ္ေယာက္
က တိတိက်က်ႀကီး ႏႈတ္ဆက္လို႔ ဘာ
ျပန္ေျပာရမွန္းမသိေအာင္ အံ့အားသင့္ရ
ပါတယ္။
“ကိုခင္ဝင္း – ကိုခင္ျမင့္ – ေဟာ – ဖိုးေဇာ္ေရာ ငါ့ေဗလီအဖြဲ႕ေတြ ဝမ္းသာ
လိုက္တာ”
လူစိမ္းႏႈတ္ဆက္တဲ့ လူေတြဟာ
ေဗလီဖယ္ရီ သေဘၤာေလးက ပဲ့နင္း
စက္ဆရာ သေဘၤာသားေတြပဲ ျဖစ္ပါ
တယ္။ ကိုခင္ဝင္းတို႔အုပ္စုကို ေပြ႕ဖက္ ႏႈတ္ဆက္ေနစဥ္မွာေတာ့သူ႔ဘက္ကိုယ့္ ဘက္ မ်က္ရည္စေတြနဲ႔ပါ။
ဟန္တင္ေသတာ အေလာင္း ေတာင္ရွာမရတာအားလုံး သိသိႀကီးနဲ႔ပဲ
သူစိမ္းလူရဲ႕ ေျပာဆိုဆက္ဆံပုံ၊ အသံ
အေနအထား ကိုယ္လက္လႈပ္ရွားမႈ၊ အမူအရာအားလုံးဟာ တစ္ထပ္တည္း တစ္ပုံစံတည္းလို ျဖစ္ေနေတာ့ဟန္တင္ ရယ္လို႔ လက္ခံေပးရမလိုပါပဲ။ ကြၽန္ေတာ့္ ဆရာၫြန္မႉး ဦးလွ
ေသာင္းကေတာ့ ေက်ာက္ကြဲ႐ြာ ဇာတိ
ျဖစ္လို႔ ဟန္တင္ ဟုတ္သည္ မဟုတ္ သည္ သိထားမွာပါ။ ဒါေၾကာင့္လည္း ကြၽန္ေတာ္တို႔ တရင္းတႏွီး ေပြ႕ဖက္ႏႈတ္ ဆက္ေနတာၾကည့္ၿပီး ေခါင္းတဆတ္ ဆတ္ ညိတ္ေနပါတယ္။
“ေအး – အဲဒီေကာင္က ရန္ကုန္မွာ
ေရနစ္ေသတဲ့ဟန္တင္ေတာ့မဟုတ္ဘူး
ကြ။ ေက်ာက္ကြဲ႐ြာသားစစ္စစ္ ဉာဏ္
တင္လို႔ ေခၚတယ္”
ၫြန္မႉး ေျဖရွင္းျပေပမယ့္ ကိုခင္
ဝင္းတို႔ ေဗလီအုပ္စုကေတာ့ …
“ဟုတ္ရဲ႕လား – ဆရာႀကီးရာ။ ဟန္ တင္မွဟန္တင္ပါ။ကြၽန္ေတာ္တို႔ေဘာ္ဒါ
ဟန္တင္ႀကီးပါ”
“မဟု တ္ ပါဘူးရွ င္ – ကြၽန္ မ
ေယာက္်ား ကိုဉာဏ္တင္ပါရွင္”
ဇနီးျဖစ္သူ ျငင္းဆိုျခင္းပါ။ “ကြၽန္မတို႔အေဖ ဦးဉာဏ္တင္
အပ်ိဳျဖန္းအ႐ြယ္ မိန္းကေလးႏွစ္ ေယာက္ကလည္း သူတို႔အေဖပါလို႔ ဝင္
ေရာက္ေျပာဆိုပါတယ္။
“ကဲ – ကဲ – ေက်ာင္းေပၚတက္ၾက
ျငင္းခုန္မေနၾကနဲ႔။ ဟန္တင္လား၊ ဉာဏ္
တင္လားဆိုတာ ဒီရက္ပိုင္း ငါတို႔ရွိေန
တုန္းေပါ့ကြာ။ အေျဖထုတ္ ၾကည့္ၾက
တာေပါ့”
လို႔ ၫႊန္မႉးေျပာဆိုၿပီး စကားျဖတ္
လိုက္ပါတယ္။
“စန္းရီမကို ေခၚေပးၾကစမ္း”
ၫႊန္မႉး ေခၚခိုင္းတဲ့ စန္းရီမဆိုတာ ကြၽန္ေတာ္တို႔ ဟန္တင္ရယ္လို႔ သမုခ္ ထားတဲ့ ဉာဏ္တင္ရဲ႕ဇနီးပါ။ ေဒၚစန္းရီနဲ႔ အတူ သမီးပ်ိဳႏွစ္ ေယာက္ပါ။ ၫႊန္မႉးေရွ႕ေရာက္လာခ်ိန္ မွာေတာ့ ၫြန္မႉးဟာ သူ႔ ပိုက္ဆံအိတ္
ထဲက ဓာတ္ပုံေတြ ထုတ္ေပးလိုက္ပါတယ္။
သားအမိသုံးေယာက္သား ဓာတ္ ပုံေတြကို တအံ့တဩနဲ႔ၾကည့္ရင္း ေဒၚ စန္းရီကစလို႔ ..
“ဒီဓာတ္ပုံ ေတြက ကြၽန္မတို
မိသားစု ရန္ကုန္ စြယ္ေတာ္ျမတ္ေစတီ
ဖူးစဥ္က ႐ိုက္ထားတဲ့ ဓာတ္ပုံေတြ ပိုက္
ဆံလည္း အေက်ေခ်ခဲ့တယ္။ ပါဆယ္ခ
လည္းေပးခဲ့တယ္။ လိပ္စာလည္းေပးခဲ့
ရဲ႕သားနဲ႔ မပို႔တဲ့ ပုံေတြပဲ။ ဦး ဘယ္က
ဘယ္လိုရလာတာလဲ”
ေျဖေျပာ ေျပာရင္း အေမးစကားဆိုပါတယ္။
“နင္တို႔ ေျပာတဲ့ စြယ္ေတာ္ျမတ္
ေစတီက ဓာတ္ပုံဆိုင္ကဆိုတာလည္း
မွန္ပါတယ္။ ဒါေပမဲ့ – ငါရခဲ့တာေတာ့
မဟုတ္ဘူး။ လူတစ္ေယာက္ရခဲ့တာ၊ ငါ့
တပည့္ဟန္တင္ပါ။ အဲဒီေကာင္ ဦး
ေႏွာက္ပ်က္ၿပီးေျခဦးတည့္ရာ ေလွ်ာက္
သြားရာက စြယ္ေတာ္ဘုရားေရာက္ၿပီး
ေၾကာ္ျငာဘုတ္က ဓာတ္ပုံေတြၾကည့္
ေနတဲ့ဟန္တင္ကို နင့္ေယာက္်ားဉာဏ္
တင္အမွတ္နဲ႔ ေတာင္းပန္ၿပီး ေပးလိုက္တာ”
“အဲဒီလူက ဟန္တင္တဲ့လား” “ေအး – ဟုတ္တယ္”
“အဲဒီဟန္တင္ဆိုတာ အခုရန္ကုန္မွာလား”
“မရွိေတာ့ဘူး – ေသၿပီ” “ေသတာ ၾကာၿပီလား- ဦး”
“အင္း – မႏွစ္က သၾကၤန္တြင္းႀကီးမွာေပါ့”
ေဒၚစန္းရီတို႔ သားအမိသုံးေယာက္
သားတစ္ေယာက္မ်က္ႏွာတစ္ေယာက္
ၾကည့္ၿပီး အံ့ဩရိပ္ေတြ ျပေနပါတယ္။
ဦးဉာဏ္တင္ အျပင္းဖ်ားရာက သတိ
ျပန္လည္ၿပီး အသက္ျပန္ရွင္လာတာ
လည္း မႏွစ္က သၾကၤန္တြင္းထဲမွာပါ။
တိုက္ဆိုင္ေနလို႔ပါ။
“အေဖနဲ႔ တူလို႔လား – အဘ”
ေဒၚစန္းရီ သမီးအႀကီးမ အေမးစကားပါ။
“တူတာမွ ခြၽတ္စြပ္” “အိမ္ေထာင္မရွိဘူးလား အဘ”
“မရွိဘူး-လူပ်ိဳႀကီး”
“လွ်ာရွည္တယ္ေတာ့ မထင္ပါနဲ႔ အဘ။ အဲဒီ ဦးဟန္တင္ဟာ ဘယ္သန္ လား၊ ညာသန္လား၊ သူ႔ရဲ႕အသံကေရာ” “ဘယ္သန္၊ ဘယ္သန္၊ အသံကအသံျပာ”

သားအမိသုံးေယာက္ကေတာ့ အံ့ဩလို႔မဆုံးႏိုင္ေအာင္ပါ။ တိုက္ပဲ တိုက္ဆိုင္လြန္းလို႔ပဲ မဟုတ္လား။ “ကဲ- သမီးတို႔ အဲဒီဓာတ္ပုံေတြ နင္ တို႔အေဖလက္ထဲထည့္ၿပီးခပ္လွမ္းလွမ္း
ကေန အကဲခတ္ၾကည့္ၾကစမ္း။ အဘ အထင္ေတာ့ သမီးတို႔ အေဖ ဒီဓာတ္ပုံ
ေတြျမင္ရင္ ဉာဏ္တင္ဘဝ ျပန္ေရာက္
တန္ေကာင္းရဲ႕လို႔ေတာ့ ထင္တာပဲကြာ”
ၫႊန္မႉးစကားအဆုံးမွာ သမီးႏွစ္ ေယာက္လုံး သုတ္ခနဲ ထသြားပါတယ္။ တစ္ေယာက္တည္းက်န္တဲ့ေဒၚစန္းရီကို
ၫႊန္မႉးစကား ဆက္ပါတယ္။
“စန္းရီမ ငါေမးမယ္။ နင္ မွန္မွန္
ေျဖေနာ္။ မရွက္နဲ႔ေနာ္”
ေဒၚစန္းရီ မ်က္လုံးအဝိုင္းသားနဲ႔
ၾကည့္ရင္း ေခါင္းညိတ္လိုက္ပါ တယ္။
“နင္ – ဟန္တင္နဲ႔ ေပါင္းစဥ္မွာ လင္
မယားအရာနဲ႔ ေပါင္းတာလား”
“ဦးကလည္း ႀကံႀကံဖန္ဖန္” ေဒၚစန္းရီ ရွက္ေသြးျဖာၿပီး ေခါင္း ငုံ႔သြားပါတယ္။ ဒါေပမဲ့ အဓိပၸာယ္ တစ္ ခုခုရွိလို႔ ေမးတာပဲ ျဖစ္မွာဆိုတာ သိ
လို႔ ရွက္ရွက္နဲ႔ပဲ ေျဖပါတယ္။

သူ႔ဟာသူ အဖ်ားေပ်ာက္သြား
သလို ဘဝပါ ေျပာင္းသြားတာ။ ဘာ တတ္ႏိုင္မွာလဲ ဦးရယ္။ ဟန္တင္ မဟုတ္လို႔ ဘယ္သူပဲျဖစ္ျဖစ္ ကြၽန္မက
ေတာ့ ကြၽန္မေယာက္်ား ကိုဉာဏ္တင္
လို႔ပဲ လက္ခံထားတာေလ။ အဲဒီေတာ့
သူစိမ္းလူပဲေျပာေျပာ။ လူပ်ိဳလူလြတ္ပါ
လို႔ပဲ ျငင္းျငင္း ဟန္တင္လို႔ပဲဆိုဆို
တစ္အိမ္တည္းေန၊တစ္ခန္းတည္းအတူ
အိပ္မွေတာ့ လင္မယားလို႔ပဲ ေပါင္းရတာေပါ့”
ရွင္းတယ္ – လူတြင္ပါလို႔ ႏြားက်ား
ကိုက္တာ၊ ၫႊန္မႉးလိုခ်င္တဲ့ ပြိဳင့္က
ေဒၚစန္းရီ ဝမ္းဗိုက္အျပင္ဘက္ ဖုေဖာင္း
ေနတဲ့ ျပႆနာအေျဖရွာလိုက္တာပါ။
သူ႔တပည့္ ဟန္တင္ အသက္ေလးဆယ္
စြန္းအထိ ဘယ္မိန္းကေလးနဲ႔မွ မၿငိစြန္း
ဘူးလို႔ အေျဖထုတ္ၾကည့္ျခင္းပဲ ျဖစ္ပါ
တယ္။
ကြၽန္ေတာ့္ဆရာ ၫႊန္မႉး ေတာ္ ပါတယ္။ စာေပဗဟုသုတ ႂကြယ္ဝ အေတြ႕အႀကဳံရင့္က်က္ အေတြးအေခၚရွိၿပီး အေျခအေနသုံးသပ္တတ္လို႔သာ
အဆိုးကေန အေကာင္းဘက္ ေျပာင္း
လာျခင္းပါပဲ။ ဘာေၾကာင့္ဆို သူ ေမွ်ာ္
မွန္းတဲ့အတိုင္း ဟန္တင္မဟုတ္ေတာ့ပဲ
ရန္ကုန္ စြယ္ေတာ္ျမတ္ေစတီမွာ ႐ိုက္
ထားတဲ့ဓာတ္ပုံေတြတစိမ့္စိမ့္ၾကည့္ရင္း
စိတ္ျပန္လည္ၿပီး ဉာဏ္တင္ဘဝကို
ကြၽန္ေတာ္တို႔ေက်ာက္တြဲ႐ြာမွာရွိေနဆဲ
သုံးရက္အတြင္း ျပန္ေရာက္ သြားလို႔ပါ။
ႏွစ္တစ္ပတ္လည္လုံး ဖေအမွန္း
သိလ်က္နဲ႔ ေဖေဖလို႔ ေခၚမရတဲ့ဘဝ၊
သမီးအရင္းေတြ ျဖစ္ပါလ်က္ စိမ္းစိမ္း ကားကား ဆက္ဆံခဲ့ရတဲ့ ဘဝဆိုးႀကီး
ကေနလြတ္ေျမာက္လို႔ဝမ္းသာၾကည္ႏူး
မႈ ပုံရိပ္ေတြ။ သားသမီးေတြ အပ်ိဳႀကီး
ဖားဖားျဖစ္တဲ့ထိ ခင္ပြန္းလင္ရယ္လို႔
ေပါင္းသင္းခဲ့တဲ့ဇနီးမယားတစ္ေယာက္
အေနနနဲ႔ဉာဏ္တင္ဘဝမ်ားျပန္ေရာက္
ေလမလားလို႔ အလိုလိုက္ အႀကိဳက္
ေဆာင္ၿပီး ဆက္ဆံခဲ့ေပမယ့္ ေအာ္
ေငါက္ခံရ၊ ဆူပူႀကိမ္းေမာင္းခံရလို႔ အပူ
႐ုပ္ကို ဟန္လုပ္ေနရတဲ့ ေဒၚစန္းရီမ
ဘဝက လြတ္ေျမာက္လို႔ ဝမ္းသာၾကည္ႏူးေနတဲ့ ပုံရိပ္။
မိသားစုတစ္စုလုံးရဲ႕ဝမ္းသာၾကည္ ႏူးတဲ့ပုံရိပ္ေတြကြၽန္ေတာ္တို႔မွ်ေဝခံစား

ရလို႔ ေက်ာက္ကြဲ႐ြာကို လိုက္လာရက်ိဳး နပ္တယ္လို႔ပဲ မွတ္ခ်က္ျပဳရမွာပါ။ မိသားစုနဲ႔ ထပ္တူခံစားေနတဲ့ေပ်ာ္႐ႊင္မႈေတြဟာ တာရွည္မခံပဲ ရက္
ပိုင္းေလးပါ တဒဂၤဆိုတဲ့ အခ်ိန္ကာလေလးပါ။
ကြၽန္ေတာ္ စဥ္းစားပါတယ္ ျဖစ္
ေလ့ျဖစ္ထရွိတဲ့ သေဘာသဘာဝနဲ႔ စဥ္း စားၿပီး အေျဖထုတ္လို႔ မရပါဘူး။ ဟန္တင္ ေရနစ္ေသတာ ရန္ကုန္ မွာ။ မိုင္ငါးရာေက်ာ္ရွိတဲ့ အရပ္ေဒသ ဘယ္လိုမွ အဆက္အစပ္မရွိတဲ့ အကြာ အေဝး ဘယ္လိုမွ မနီးစပ္တဲ့ ေဆြမ်ိဳး
အသိုင္းအဝိုင္းထဲ ေရာက္လာစရာ
အေၾကာင္း မရွိပါဘူး။ ႐ုပ္ေရာ နာမ္ေရာ
ဝိညာဥ္ေရာဟာ ရန္ကုန္မွာပဲ အဆုံး
သတ္သြားရမွာပါ။ ဉာဏ္တင္နဲ႔ ပတ္သက္စရာ မရွိပါဘူး။
႐ုပ္နာမ္ေလာက ဝိညာဥ္ေလာက ဆိုတာ ဂမၻီရဆန္လြန္းလွပါတယ္။ ေက်ာက္ကြဲ႐ြာသား ဉာဏ္တင္ အျပင္းဖ်ားၿပီး သတိလစ္ေမ့ေျမာသြား ရာက ျပန္ရွင္လာတယ္ဆိုတာကေရာ တကယ္ဟုတ္ရဲ႕လား။ ဉာဏ္တင္ေသလြန္ၿပီး ဟန္တင္အျဖစ္နဲ႔ အသက္ ဆက္တာေရာ မျဖစ္ႏိုင္ဘူးလား။
ေနာက္ဆုံးဟန္တင္အျဖစ္နဲ႔
အသက္ဆက္တယ္လို႔ပဲ ကြၽန္ေတာ္တို႔
လက္ခံရမလို႔ပါ။
ဟန္တင္ ေရနစ္ေသဆုံးၿပီး သူ႔
ဝိညာဥ္ဟာ ဉာဏ္တင္ဘဝကို ကူး
ေျပာင္းလာတယ္ဆိုရင္ အဲဒီဉာဏ္တင္
ကေရာ ဘယ္ေလာက္အထိ အသက္ ဇီဝိန္ကို ဆြဲဆန႔္ထားႏိုင္မွာလဲ။ ကြၽန္ေတာ္တို႔ စိတ္မေကာင္းျဖစ္ရျခင္းက အဲဒါပါ။
ကြၽန္ေတာ္တို႔ ရန္ကုန္ျပန္ေရာက္ ၿပီး ေနာက္ေန႔မွာပဲ။ အမဂၤလာသတင္း
က ဖုန္းနဲ႔ ဝင္လာပါတယ္။
သူ႔ေနရာသူသြား၊ ကိုယ့္ေနရာ
ကိုယ္ ျပန္ၾကတဲ့ သေဘာပါပဲ။ ကြၽန္ေတာ္တို႔ ရန္ကုန္က ဧည့္ သည္ေတြကို ဆိပ္ျဖဴအထိ လိုက္ပို႔တဲ့
ေက်ာက္ကြဲ႐ြာသားငါးဦးလိုက္ပါစီးနင္း
တဲ့ကား အျပန္ခရီးကားေမွာက္လို႔
ဉာဏ္တင္တစ္ေယာက္ ပြဲခ်င္းၿပီး ေသ ဆုံးတဲ့သတင္းပါ။
ရွစ္ခြင္ေက်ာ္(ေဖာင္ေတာ္သီ)