တိုက်မြွေအစီအရင်

*မောင်သူရိန်နှင့်တိုက်မြွေအစီအရင်*

***************************************

++++++++++++++++++++++++
ငြိမ်သက်နေသော ထန်းသုံးပင်ရွာလေးမှာ တစ်ခဏအတွင်းမှာဖြင့် လူတွေစုရုန်းစုရုန်းဖြစ်‌ပေါ်လာခဲ့တယ်။
အဒီထည်းမှာတော့ သွေးသံတရဲရဲဖြင့်လူငယ်တစ်ယောက်နှင့်ဝါးရင်းတုတ်ကိုယ်စီကိုင်ထားသော လူခြောက်ယောက်‌ပြဿနာတက်နေခဲ့တာကို တွေ့လိုက်ရတယ်။
“ဟျောင့် ကျော်သူ အနူလက်နဲ့ရွှေခွက်နှိုက်တဲ့ကောင် သေစမ်းကွာ”
ပြောပြောဆိုဆို တုတ်ကိုင်ထားသောသူတစ်‌ယောက်က အားကုန်လွဲရိုက်‌လိုက်တယ်။
နှင်းမှုံရဲ့အကိုတွေကတော့ နှင်းမှုံနဲ့ကျော်သူကိုသဘောမတူသဖြင့် ခိုးပြေးတဲ့အချိန် တွေ့လိုက်ရသောကြောင့် ကျော်သူအားဝိုင်းပြီး ဆွမ်းကျွေးဝိုင်းလောင်းနေတယ်…..
“တော်ပါတော့ အကိုတို့ရယ် ညီမလေးတောင်းပန်ပါတယ်”
“ဟိုခွေးမ နင့်ပါးစပ်ပိတ်ထားစမ်း”
ဝိုင်းရိုက်နေတာ အချက်ပေါင်းများစွာရှိသဖြင့်အရိုက်ခံနေရသောလူကလည်း သွေးတွေမြင်မ‌ကောင်းအောင်ဖြာထွက်နေတယ်…..။
“တော်ကြတော့ဟျောင့်တွေ ဒီကောင်ဒီလောက်ဆိုမှတ်ပြီ ”
အကြီးဆုံးအကိုဖြစ်သူ မှတ်ကြီးရဲ့စကားကြောင့် အကုန်လုံးရပ်လိုက်ကျတယ်။
“‌ဟိုခွေးမသား ဝေးဝေးနေ ငါညီမနဲ့ နောက်ဆိုဒီထက်နာမယ်”
မှတ်ကြီးလည်းညီမဖြစ်သူရဲ့လက်ကိုဆွဲကာ အိမ်သို့ခေါ်ဆောင်လာခဲ့တယ်။
ကျော်သူလည်း ခေါင်းကမူးဝေလာပြီး ဖူးယောင်နေသောမျက်နှာ|ပါးစပ်မှကျလာသောသွေးများကိုပုဆိုးဖြင့်သုတ်ကာ ရှိသမျှအားနဲ့ အိမ်ကိုရောက်အောင်ပြန်လာခဲ့လေ၏…….။
*****
နှင်းမှုံရဲ့မိဘတွေက မကြာမှုံနဲ့ဦးရာကျော်တို့ဖြစ်ကျတယ်။ မကြာမှုံနဲ့ဦးရာကျော် နှစ်ယောက်လုံးဟာ နှစ်မွေခံတွေဖြစ်ကျပြီး လယ်တွေယာတွေအများကြီးပိုင်ဆိုင်ထားတယ်။သားသမီးကလည်း အစ်ကိုနှစ်ယောက်နှင့်နှင်းမှုံ မောင်နှမသုံးဦးသာ ‌မွေးဖွားတယ်။
ကျော်သူကတော့ အမေတစ်ခုသားတစ်ခု သူ့အမေမယ်ခင်ကလည်း ဈေးထည်းတွင် တပိုင်တနိုင် အသီးရွက်ဆိုင်လေးဖွင့်ထားလေ၏…..သူကလည်းနှင်းမှုံတို့ရဲ့ယာထည်းက အလုပ်သမား ဒါကြောင့် နှင်းမှုံတို့မိဘများက သဘောမတူခဲ့ပေ…..။
နှင်းမှုံကမြို့ကျောင်းကပြန်လာပြီး သုံးလအကြာ မိဘတွေရဲ့ယာထည်းလျှောက်ပတ်ကြည့်ရာ မကြာမှုံတို့ယာထည်းတွင်အလုပ်လုပ်ကိုင်သော ကျော်သူဆိုတဲ့လူငယ်လေးနဲ့ ခင်မင်ခဲ့တယ်။ ကြိုးချင်ထားကြိုးချင်းညှိ အိုးချင်းထားတော့အိုးချင်းညှိဆိုတဲ့အတိုင်း ခင်မင်မှုကနေ တစ်ဆင့်တက်ကာ သမီးရည်းစားဘဝကိုရောက်ရှိလာခဲ့တယ်။
ဒါကို မိဘတွေနဲ့အစ်ကိုဖြစ်သူတွေက ရိပ်မိကျသဖြင့် ဝိုင်းဝန်းဖျောင်းဖျကျပြီး ကျော်သူကိုလည်း နှင်းမှုံနဲ့ထပ်မပတ်သက်ဖို့ သတိပေးခဲ့လေ၏….
တနေ့သောအမနက်ခင်းတွင် နှင်းမှုံကကျော်သူနဲ့ခိုးရာလိုက်ဖို့ တိုင်ပင်ထားသဖြင့် မိဘဖြစ်သူနဲ့အကိုတွေ ယာထည်းသွားချိန် အိမ်က‌နေခိုးထွက်လာခဲ့တယ်။
တွေ့နေကျတမာပင်အောက်မှာ ကျော်သူကိုတွေ့လိုက်ရသောကြောင့် နှင်းမှုံတစ်ယောက်အားတက်သွားတယ်။နှင်းမှုံလည်းကျော်သူစီလျှောက်လှမ်းလာပြီး ရင်ခွင်ထည်း၌မှီကာ
“အကို ကျွန်မ အကို့ကိုမခွဲနိုင်ဘူးရှင့်”
“ကိုယ်လည်းဘယ်ခွဲနိုင်ပါ့မလည်း နှင်းမှုံရယ်”
“အကို ကျွန်မတို့ဘယ်ကိုခိုးပြေးကျမလည်း”
“ဟိုဘက်ကတောစပ်မှာ အကို့အသိမိတ်ဆွေရဲ့ အိမ်လေးရှိတယ်နှင်းမှုံ လူအသွားအလာ နည်းတာကြောင့် အဲ့ကိုသွားမယ်နှင်းမှုံ ဒါဆိုနှင်းမှုံရဲ့မိဘတွေလည်းမတွေ့နိုင်လောက်ဘူး”
“အ့တာဆိုလည်း မြန်မြန်‌သွားရအောင်အကို အိမ်ကအမေနဲ့ကိုကြီးတို့ကိုလတ်တို့သိရင် နှင်းမှုံတို့ခွဲရလိမ့်မယ်”
နှင်းမှုံစကားကြောင့် ကျော်သူကနှင်းမှုံလက်ကိုတွဲကာ လျင်မြန်သောခြေလှမ်းတွေနဲ့ ချစ်သူနှစ်ဦးအတူတူလျှောက်လှမ်းလာခဲ့တယ်။
ကံဆိုးချင်တော့ထန်းရည်ဆိုင်မှပြန်လာသော အကိုဖြစ်သူ မှတ်ကြီးညီဖြစ်သူကျော့တင်တို့အုပ်စုနဲ့ နှင်းမှုံကကျော်သူလက်ကိုဆွဲလျက်သားကိုတည့်တည့်တိုးသောကြောင့် ထန်းရည်မူးလာတဲ့ မှတ်ကြီးတို့အုပ်စုက တုတ်ကိုယ်စီဖြင့်ရိုက်ကာ ပြသာနာကိုဖြေရှင်းလေတယ်…..။
ဒါပေမဲ့…… မထင်မှတ်ပဲ ပြဿနာကပိုမိုကြီးထွားခဲ့လေ‌၏….။
*******
သွေးသံတရဲရဲဖြင့် အိမ်ပေါ်မှာသတိမေ့နေသော သားဖြစ်သူကို ဈေးမှအိမ်သို့ပြန်လာသော မယ်ခင်က တွေ့လိုက်ရသောကြောင့် စိုးရိမ်စိတ်တွေက ငယ်ထိတ်စီတက်‌ဆောင့်လာခဲ့တယ်။
“သား သားရေ သားလေး” မယ်ခင်တယောက်သားဖြစ်သူကိုခေါ်မရသောကြောင့်
“လာကျပါအုံး လာကျပါအုံး” ပတ်ဝန်းကျင်ကို အကူအညီလှမ်းတောင်လိုက်တယ်။
မယ်ခင်အော်သံကြောင့် ခြေရင်းက ညီမဖြစ်သူနန်းခင်က
“အစ်မမယ်ခင် အစ်မမယ်ခင် ဘာဖြစ်တာလည်း” ဆိုပြီး
အိမ်ပေါ်သို့အတက် သွေးအလူးလူးနဲ့သတိ‌မေ့နေသော တူဖြစ်သူကို တွေ့လိုက်ရတယ်။
“နန်းခင်ရယ် ကြည့်ပါအုံး ငါ့သားလေး ကိုယ်ကျိုးနည်းပြီ ထင်ပါရဲ့”
နန်းခင်ကတူဖြစ်သူကျော်သူရဲ့နှာခေါင်းဝအား လက်ခံကြည့်ရာ အသက်မ‌ရှူတော့ပေ။
အိမ်ပေါ်သို့လူသုံးလေးယောက်ခန့် တက်လာပြီး ဖြစ်ပျက်ခဲ့သမျှအကြောင်းစုံကို မယ်ခင်နဲ့နန်းခင်တို့အားအသေးစိတ်ရှင်းပြလိုက်သောအခါ
“ဪ….မကြာမှုံ မကြာမှုံ ဒင်းတို့ပယောဂါကြောင့် ငါတူလေး ဒီလိုဖြစ်တာပေါ့လေ နန်းခင်အကြောင်းမကြာခင် သိကြသေးတာပေါ့”
နန်းခင်မှအံကိုကြိတ်လျက်ဖြင့် မကျေနပ်မှုတွေကို ခနတာ သည်းခံလိုက်လေ၏…..။
ရာသီဥတုကလည်း အနည်းငယ်ပူပြင်းတာကြောင့်ကျော်သူရဲ့အလောင်းအား ချက်ချင်းပင် မြေချခဲ့လိုက်လေတော့သည်…….။
********
ရွှီ…….မြွေတွန်သံကြောင့် မကြာမှုံတစ်ယောက် အိပ်နေရာမှ လန့်နိုးလာခဲ့တယ် ယောင်္ကျားဖြစ်သူကို နိုးမည်အပြု
“ကိုရာကျော် ကိုရာကျော် အမလေး…..”
တောင့်တောင့်ကြီးဖြစ်နေသော ယောင်္ကျားဖြစ်သူအဖြစ်ကို သိရှိလိုက်ရတာကြောင့် မကြာမှုံတစ်ယောက် အလန့်တကြားအော်လိုက်တယ်။
မကြာမှုံရဲ့အလန့်တကြားအော်သံကြောင့်အခန်းဝတွင် မောင်နှမသုံးယောက်ရောက်ရှိလာခဲ့ပြီး အကြီးဆုံးသားဖြစ်သူ မှတ်ကြီးက
“ဘာဖြစ်တာလည်း အမေ”
“ဒီမယ် နင်တို့အဖေ တောင့်တောင့်ကြီးဖြစ်နေတာ”
မှတ်ကြီးလည်းအခန်းထည်းဝင်ပြီး ရေနံဆီမီးအိမ်လေးကို အချိန်မြှင့်ကာ ဖေအေဖြစ်သူကိုလှုပ်နိုးကြည့်ရာ ဘာမှမထူးခြားလာပေ အနားပတ်ဝန်းကျင်ကြည့်ရာ ဘာမှမတွေ့ချေ။
ညီဖြစ်သူ ကျော့တင်ကအလန့်တကြားဖြင့်
“ဟာ အကိုကြီး ဒီမယ်ကြည့်စမ်းဗျ”
ကျော့တင်က ဦးရာကျော် ညာခြေထောက်တွင် အပေါက်နှစ်ပေါက်မှ‌ မဲပုဒ်ပုဒ်သွေးတွေ ယိုစီးကျနေတာကို လက်ညိုးထိုးကာ မှတ်ကြီးကိုပြလိုက်တယ်။
“ကျော့တင် ဒါမြွေကိုက်တာဟ ကျန်းမာရေးဌာနမှူးဦးဝင်းစိန်ကိုမြန်မြန်သွားခေါ်ရေ”
ကျော့တင်လည်း အကိုဖြစ်သူစကားကြောင့်သုတ်ခြေတင်ပြေးရာ တစ်ခဏအကြာမှာတော့ ဆေးသတ္တာနဲ့ ကျန်းမာရေးမှူးပါလာခဲ့တယ်။
“ကျုပ်တစ်သက်မှာတော့ အခုလိုအဆိပ်ပြင်းတဲ့မြွေက ပထမဆုံးပဲဗျ လူနာကသေဆုံးနေတာ သန်းခေါင်းယံအချိန်ကတည်းက”
ကျန်းမာရေးမှူးလည်း အချိန်မမှီသဖြင့် လူနာဆုံးပြီဆိုတဲ့အကြောင်းပြောကာ ပြန်ထွက်လာခဲ့လေတယ်….။
မြွေကိုက်ခံရသော သူဌေးကြီးဦးရာကျော်သတင်းဟာ ထန်းသုံးပင်ရွာကို တမဟုတ်ချင်းဆိုသလိုပျံ့သွားခဲ့တယ်။ထိုသတင်းကြောင့် လူတစ်ယောက်သည် သဘောကျနေ‌သောဟန်ဖြင့် မကျေနပ်သော မဲ့ပြုံးတချက်ပြုံးလိုက်ပြီး ဟက်ဟက်ပက်ပက်ရယ်မောနေသည်ကို မည်သူမျှမသိနိုင်ပေ….။
*****
“နန်းခင် နန်းခင်”
အိမ်ဝိုင်းပေါက်မှခေါ်လိုက်သော အစ်မဖြစ်သူမယ်ခင်ရဲ့အသံကြောင့် နန်းခင်တစ်ယောက် ရေနွေးခပ်နေတာကို ခနချ၍ အိမ်ရှေ့ကိုထွက်လာခဲ့တယ်
“ဟော အစ်မမယ်ခင်ပါ့လား ဘာကိစ္စရှိလို့လည်း”
“နန်းခင် ငါပြောစရာရှိတယ်”
“ဟုတ်အစ်မ ဒါဆိုလည်း အိမ်ပေါ်ကိုအရင်တက်လေ”
နန်းခင်နဲ့မယ်ခင်လည်း အိမ်ပေါ်သို့တက်ကာ
“နန်းခင် ဦးရာကျော်ဆုံးပြီတဲ့”
“ညီမကြားတယ်လေအစ်မ ဘာလို့လည်း”
“ရိုးရိုးဆုံးတာမဟုတ်ဘူး မြွေကိုက်ခံရတာတဲ့”
“ဘလိုပဲဆုံးဆုံး အစ်မမယ်ခင်ဝမ်းမသာဘူးလားတော့”
“နန်းခင် အစ်မ အမှန်တိုင်းသိချင်တယ် ဒါနင့်ပယောဂပါလား”
“ဒါဆိုလည်း အစ်မမယ်ခင်သိချင်ရင် ညီမအမှန်တိုင်းပြောပြပါ့မယ်”
++++++++++
“စံဘ နင့်ငါ့ကို တခုလောက်ကူညီနိုင်မလား”
“ဘာများလည်း အစ်မနန်းခင်”
“ဒီအထုတ်လေး လေးထုတ်ကို မကြာမှုံတို့ အရှေ့အနောက်တောင်မြောက်မှာ မြှပ်ရမှာပါ”
“အော် အပန်းမကြီးပါဘူး အစ်မနန်းခင်ရဲ့ သူတို့ယာထည်းသွားချိန် ကျွန်တော် သွားမြှပ်ပေးမယ် ပေးအ့ထုတ်”
စံဘလည်းအဝတ်နဲ့ထုတ်ထားသော အထုတ်လေးထုတ်ကိုယူ၍ မကြာမှုံတို့ဝိုင်းရှိရာသို့ လျှောက်လာခဲ့တယ်။
ထိုအထုတ်ထည်းတွင် အစိမ်းသေရဲ့ ဆံပင်|ခြေသည်း(လက်သဲ)|ကိုယ်ဝန်သယ်ရဲ့‌ သွေးစွန်းနေသော ထမိန်စ အစရှိတာတွေကိုစီရင်ပြီး အိမ်ကိုနာမ်နိမ်ကာ မြွေအတိုက်ဖြင့်တိုက်ရန် ကြံစည်နေ‌တယ်။
အမှိုက်သရိုက်ရှင်းနေသော နန်းခင်မှာ ဝိုင်းဝမှ
“အစ်မနန်းခင်ရေ အစ်မနန်းခင်”
“စံဘပါ့လား ဝင်လာခဲ့လေ”
“အစ်မနန်းခင်ခိုင်းတာ လုပ်ပြီးခဲ့ပြီဗျ”
“စံဘ မြန်လှချေလားဟ”
“ဟုတ်တယ်ဗျ သူတို့အကုန် ဟိုဘက်ရွာသွားနေတာနဲ့ကြုံလို့ မြန်သွားတာ”
“ဘာပဲဖြစ်ဖြစ်ကျေးဇူးပါ စံဘရယ်”
နန်းခင်ကအိတ်ကပ်ထည်းမှငွေတချို့ယူကာ စံဘအားကမ်းပေးလိုက်တယ်။
“အစ်မနန်းခင်ကလည်းဗျာ ကျွန်တော်က စေတနာသန့်သန့်နဲ့ကူညီတာပါဗျ”
“အေးပါစံဘရဲ့ ဘာပဲဖြစ်ဖြစ် ဒါလေးတော့ယူပါဟဲ့”
စံဘလည်းအတင်းပေးနေသောကြောင့် ငြင်းရန်အားနာလာခဲ့တယ် ပေးနေသောငွေတချို့ကိုလှမ်းယူလိုက်ပြီး
“အစ်မနန်းခင် ဒါဆိုလည်း ကျွန်တော်ပြန်အုံးမယ်အစ်မ”
“အေးအေး စံဘ ဖြေးဖြေးလည်းပြန်အုံး”
စံဘထွက်သွားပြီး လုပ်စရာရှိသော အလုပ်များကိုလုပ်ကိုင်ပြီး နေကအနောက်ဘက်သိုလျှိုဆင်းသွားကာ ညဘက်သို့ရောက်လာခဲ့တယ်။
နန်းခင်လည်း အိမ်ကို နာမ်နိမ်ထားကာ တိုက်မြွေများစလွတ်ရန် ပြင်ဆင်လိုက်သည်။
အိမ်အပေါ်မှအိမ်အောက်သို့ဆင်းကာ မြေကြီးပေါ်တွင်ရပ်ပြီး ဂါထာတစ်ပုဒ်ရွတ်ဆိုကာ မြေကြီးကို ဖနှောင့်ဖြင့်ပေါက်ချလိုက်တယ်။
နန်းခင်ပေါက်ချလိုက်အပြီး မကြာမှုံတို့အိမ်တွက့် စံဘမြှပ်ထားသော အရှေ့ဘက်ကအထုပ်ထည်းမှ မြွေတစ်ကောင်ထွက်ပေါ်လာခဲ့တယ်။
မြွေက တဖြေးဖြေးမကြာမှုံတို့အိမ်ရာဘက်သို့ တွားသွားလာခဲ့ပြီး ဦးရာ‌ကျော်အားပေါက်ချလိုက်လေ၏…..။
*******
“နန်းခင် နင်ဒါတွေ နင်ဘလိုတက်တာလည်း”
အစ်မဖြစ်သူမယ်ခင်ရဲ့အမေးကြောင့် နန်းခင်က
“ညီမ ယောနယ်ဘက်မှာ ရောက်တုန်း ဆရာမကြီးတစ်ယောက်သင်ပေးလိုက်တာ အစ်မမယ်ခင်ရဲ့”
“နန်းခင် ဒါဆို မခင်စိုးကြည်သေတာလည်း နင့်ပယောဂါကြောင့်ပဲလား”
“သိပ်ဟုတ်တာပေါ့အစ်မရယ်”
**********
“အမလေး လာကျပါအုံးရှင့်”
နှင်းမှုံအော်သံကြောင့် ကျော့တင်အိမ်ရှေ့ကုတင်မှထိုင်နေရာက ပြေးလာကာ
“နှင်းမှုံ နှင်းမှုံ ဘာဖြစ်တာလည်း”
ငိုကြီးရှူက်မဖြစ်နေသော နှင်းမှုံကို မေးလိုက်ရာ ဘာမှမပြောပဲ လက်ညိုးနဲ့သာထိုးပြလေ၏….။
ကျော့တင်လည်း နှင်းမှုံလက်ညိုးထိုးရာဘက်ကိုကြည့်လိုက်ရာ အကိုဖြစ်သူမှတ်ကြီးက အဖေဖြစ်သူသေသောပုံစံဖြင့် မြွေစွယ်ရာအပေါက်နှစ်ပေါက်နဲ့ သေနေသည်ကို တဖန်ပြန်တွေ့လိုက်ရသောကြောင့် ကျော့တင်ကအနည်းငယ်တုန်လှုပ်လာတယ်….။
ဦးရာကျော်မှာ ရက်မလည်သေးပဲ သားကြီးကထပ်ဆုံးကာ နှစ်လောင်းထပ်သွားခဲ့တယ်။
ညညဆို ကျော့တင်လည်းမြွေတွန်သံတွေကြားလာရသဖြင့် သွေးပျက်ခြောက်ချားလာခဲ့တယ်။
တခါတခါ အနားမှာ မြွေဟောက်အကောင်ကြီးတွေ ပဗျင်းထောင်နေတာကိုတွေ့လိုက်ရတာကြောင့် ကျော့တင်တစ်ယောက် တစ်လအကြာမှာ အရူးတစ်ယောက်ဖြစ်သွားကာ ပါးစပ်မှ ပေါက်ကရများအော်ဟစ်နေသည်….။
မကြာမှုံကလည်း ယောင်္ကျားအတွက်သားကြီးအတွက်ပူးဆွေးနေချိန် သားလတ်က အခုလိုဖြစ်သွားသောကြောင့် အရူးမီးချာချာလည် ဝိုင်းနေလေသည်။
“အမေ အမေ ကိုလတ်အသက်မရှိတော့ဘူး”
သမီးဖြစ်သူနှင်းမှုံရဲ့စကားကြောင့် မကြာမှုံတယောက် ကျော့တင်ကိုသွာကြည့်ရာ ယခင်ကသဲ့သို့အတိုင်း သေနေတာတွေ့ တွေ့ရှိခဲ့ရတယ်။
မကြာမှုံလည်း ဘာမှမတက်နိုင်သဖြင့် သမီးနှင်းမှုံကိုသာ စိတ်ပူနေခဲ့တယ်။
တကယ်တော့ ‌အရှေ့ဘက်မြှပ်ထားသောမြွေက ဦးရာကျော်
တောင်ဘက်ကမြွေက မှတ်ကြီး
မြောက်ဘက်ကမြွေ ကျော့တင်
အနောက်ဘက်ကမြွေ မကြာမှုံ
ထို့သို့ စီရင်ပြီး မြွေဖြင့်တိုက်သော် နှင်းမှုံအားမြွေအတိုက်ထည်းမှ မပါချေ…။
********
“လူလေးပြောပုံအရဆို အတော်ရက်စက်တဲ့အတိုက်ပဲ”
မောင်သူရိန်မှ ထန်းသုံးပင်ရွာသို့ လမ်းလျှောက်ရင်းလာရာတွင် ထိုအဖြစ်ကို အဘိုးလေးအားပြောပြရင်း လျှောက်လာခဲ့ရာ အဘိုးလေးက ဤကဲ့သို့ပြန်ပြောရာ မောင်သူရိန်က
“ဟုတ်တယ် အဘိုး တချို့အလွန်ရက်စက်တဲ့သူတွေဆို ရွာလုံးကျွတ်တိုက်ကျတဲ့သူတွေလည်းရှိတယ်”
“ဟေ့းးးးတယ်လည်းကြောက်စရာကောင်းလှပါ့လား မောင်သူရိန်ရ”
စကားတပြောပြောဖြင့်လျှောက်လာကာ ထန်းသုံပင်ရွာစပ်ရောက်တော့ မောင်သူရိန်ခြေလှမ်းတွေမှာ တုန့်ခနဲရပ်သွားခဲ့တယ်။
အဘိုးလေးကသဘောပေါက်ခဲ့တယ် မောင်သူရိန်ရဲ့အမေဖြစ်သူလှဲကျပြီးအသက်ထွက်ခဲ့သောနေရာပင်ဖြစ်သည်။
မောင်သူရိန်လည်း ခတ္တခဏရပ်ကာ အနည်းငယ်ကြာသောအခါ ဆက်လျှောက်လာခဲ့တယ်။
ရွာထည်းသို့အဝင် ထန်းပင်အောက်တွင် ထိုင်နေသော မိန်းမငယ်က
“ဆရာ ဆရာကကျွန်မ အိမ်မက်ထည်းကမက်တဲ့ ဆရာလားဟင်”
“ဒီကနှမကဘာတွေမှတ်လို့လည်း တိတ်စိတ်လောက်ပြောပြပါ့လား’
“ဟုတ်ရပါတယ်ဆရာ ဒီလိုပါဆရာအိပ်မက်က……သမီးထထ သမီးထထ ဆိုတဲ့အသံကြောင့် ကျွန်မလည်းနိုးလာပါတယ် ကျွန်မလည်းထကြည့်လိုက်ရာ ပိတ်ဖြူကိုဝတ်ဆင်ထားပြီး အဘိုးအိုတစ်ပါးကိုတွေ့လိုက်ရပါတယ်ဆရာ ”
” ဆက်ပြောပါအုံး….”
“ထိုအဘိုးကမနက်ဖြန်ရွာထိပ်ကို ဆရာတစ်ယောက်လာလိမ့်မယ် အ့တာသမီးသွားခေါ်ရေ ဆိုတာကြောင့် ကျွန်မလာခေါ်ရတာပါဆရာ”
မောင်သူရိန်လည်း မိန်းမပျိုပြောရာကို လျစ်လျူရှူကာ မျက်လုံးကိုမှ်ိတ်၍ အာရုံ‌ခံကြည့်လိုက်စဉ် မကြာမှုံရဲ့မရဏကိန်းက အလွန်နီးကပ်လာသောကြောင့်
“ဒီကနှမအရှေ့ကသွားပါ ကျွန်တော်တို့အနောက်ကလိုက်ခဲ့ပါမယ်”
မိန်းမပျိုနဲ့မောင်သူရိန်တို့လည်း မကြာမှုံတို့အိမ်ကိုခပ်မြန်မြန်လျှောက်လာခဲ့တယ်
မကြာမှုံတို့အိမ်ဝိုင်းသို့ ရောက်သို့အခါ မောင်သူရိန်က အိမ်ဝိုင်းထည်းသို့ဝင်မည်အပြု
အမျိုးအမည်မသိသောလိုင်းတခုက ဟန့်တားထားသည်။
အာရုံခံကြည့်လိုက်သောအခါ သွေးစွန်နေသော ကိုယ်ဝန်သည်ထမိန်စကိုတွေ့လိုက်ရသဖြင့်
“ဟောဒီက နှမက ဒီလိပ်ပြားလေးကောင် နားတဲ့နေရာ မှတ်ပြီး မြေကြီးထည်းသွားတူလိုက်ပါ”
မောင်သူရိန်က ဘယ်ကမှန်းမသိတဲ့လိပ်ပြာလေးကောင်က လက်ထည်းရောက်နေပြီး လေပေါ်ပစ်တင်လိုက်ရာ မကြာမှုံတို့ဝိုင်းထည်း ပျံသန်းသွားသဖြင့် နှင်းမှုံနဲ့အတူ အဘိုးလေးပါကူ၍ အရှေ့အနောက်တောင်မြောက် အကုန်တူးကာ အထုပ်လေးထွက်ထွက်လာခဲ့တယ်။
“မောင်သူရိန် လေးထုပ်ကွဲ့ တူးလာခဲ့ပြီ”
“အဘိုး မီးရှိူ့ပစ်လိုက်ပါအ့တာတွေကို”
အဘိုးလေးမှမောင်သူရိန်စကားကြောင့် မီးရှိူ့ရာ အကုန်ပြာအတိဖြစ်သွားသောအချိန် မောင်သူရိန်မှ အိမ်ဝိုင်းထည်းသို့ဝင်ရောက်လာခဲ့တယ်။
အိမ်အပေါ်သို့တက်ကာ ဘုရားစင်ဘက်တွင်ထိုင်ပြီး
“နှမရဲ့အမေကို ဒီကိုခေါ်လာခဲ့ပါ”
နှင်းမှုံလည်း အိပ်ရာထည်းမှာလှဲလျောင်းနေသော လူမမာ မကြာမှုံအားတဖြည်းဖြည်း ‌ဆရာဖြစ်သူစီသို့ခေါ်ဆောင်လာပြီး မောင်သူရိန်အရှေ့တွင် ထိုင်ခိုင်းစေခဲ့တယ်။
“ကဲ့ မကြာမှုံ ကျွန်တော်ကို အသက်ခန္တာကိုယ်နဲ့ပိုင်ဆိုင်သမျှအရာအာလုံးကို ကျွန်တော်ကိုအပ်ပါသလား”
“အပ် အပ်ပါတယ်ဆရာ”
မကြာမှုံရဲ့ပါးစပ်မှ အားအင်ချည့်နဲ့စွာဖြင့် အသံထွက်ပေါ်လာခဲ့တယ်။
“ကောင်းပြီလေ”
မောင်သူရိန်လည်း ဘုရားရှင်ခိုးပြီး အထက်ဆရာကြီးများကို ကန်တော့လိုက်လေ၏..
မကြာမှုံရဲ့နဖူးအားညာလက်ညိုးဖြင့်ထိုးကာ
“ဟော့ဒီ အိမ်ကို တိုက်မြွေဖြင့် အသေသတ်ပြီးစိရင်ထားသော အစွဲကောင် ငါ့ရှေ့ကိုရောက်စေ”
နှစ်ခါခေါ်စရာမလိုပဲ အစွဲကရောက်ရှိလာခဲ့တယ်….
အစွဲက ရောက်ရောက်ချင်း လေပေါ်သို့မြှောက်ကာ ထုတ်တန်းအပေါ်သို့ ရောက်ရှိသွားခဲ့တယ်။မောင်သူရိန်မှ လေးကွက်အင်းတစ်ချပ်ကိုပစ်တင်လိုက်ရာ အစွဲက ဗိုင်းခနဲ အောက်ကိုပြန်ကျလာခဲ့တယ်။
“ဟေ့…ကြိုးပိုင် ကြိုးနဲ့တုပ်ထားလိုက်စမ်း” မောင်သူရိန်အမိန့်သံကြောင့် အစွဲရဲ့လက်တွေကနောက်ကျော်ဘက်ကိုရောက်ရှိသွားခဲ့တယ်။
ဖျောင်းခနဲအသံနဲ့အတူ တုတ်ထားသောကြိုးတွေကအံသြစွာပြတ်ထွက်သွားခဲ့‌တယ်
“ကြိုးနဲ့တုပ်လို့ နိုင်မယ်ထင်နေလား နို့မပြတ်သေးတဲ့ ဆရာစုတ်ရဲ့”
အစွဲကဂါထာတစ်ပုဒ်ရွက်လိုက်ကာ မြွေတွေအမြောက်အများ မောင်သူရိန်စီပြေးဝင်လာတယ် မောင်သူရိန်က မျက်စီကိုအစုန်မှိတ်ကာ ဂါထာတစ်ပုဒ်ပြန်ရွတ်လိုက်ချိန် မြွေပါအ ကောင်တွေ မြောက်အများထွက်ပေါ်လာပြီး မြွေတွေကိုတိုက်ခိုက်ကျသဖြင့်မြွေတွေလည်း ဆောက်တည်ရာမရ ထွက်ပြေးသွားတာကြောင့် အစွဲကမျက်နှာတစ်ချက်ပျက်သွားခဲ့တယ်….။
“ကဲ့ဆရာစုတ် သေပေရောဟေ့”
ဝင်ပူးနေသောအစွဲက ‌အင်မတန်အောက်တန်းကျလှသော မီးနေသယ်သွေးနဲ့စီရင်ထားတဲ့စက်ကြိုးဖြင့်ပစ်လွှတ်လိုက်ကာ ‌မောင်သူရိန်ရဲ့ကိုယ်လုံအင်းကိုဖောက်ထွက်သွားခဲ့တယ် စက်ကြိုးကတဖြည်းဖြည်းတိုးလာခဲ့ရာ မောင်သူရိန်ကလည်း ရေယာဉ်ကတော် အချုပ်စမ ကိုပစ်သွင်းလိုက်ချိန် ပြေးဝင်လာတဲ့စက်က ရုတ်ချည်းဆိုသလို ရပ်တန့်သွားခဲ့တယ်။
“ကောင်းပြီလေ ဒါဆိုလည်း ”
မောင်သူရိန်မှ လွယ်အိတ်ထည်းမှ အင်းတချုပ်နုတ်ယူကာ အစွဲရှိရာဘက်သို့ ပစ်လွတ်လိုက်တယ်။
အစွဲရဲ့ခေါင်းပေါ်မှာ ပျံသန်းနေပြီး ခဏအကြာ ယက္ခဘီလူးလေးကောင် အင်းထည်းမှ ခုန်ထွက်လာခဲ့တယ်။
မောင်သူရိန်ပစ်လွတ်လိုက်တာက ဘီလူးလေးကောင်အင်း တစ်ချပ်ပါ
ယက္ခညီနောင်လေးဖော်က တင်းပုတ် ကိုယ်စီဖြင့်အစွဲကို ထုဖို့ချိန်ရွယ်နေစဉ်
“အမလေးဆရာရဲ့ ကြောက်ပါပြီ အမြန်ပြန်သိမ်းပေးပါ”
အစွဲက‌မောင်သူရိန်ပစ်လွတ်လိုက်တဲ့အင်းချပ်ကြောင့် ဘီးလူးလေးကောင်ရဲ့တင်းပုတ်စာကိုကြောက်သဖြင့် လက်မြှောက်အရှုံးပေးခဲ့တယ်။
မောင်သူရိန်လည်း လက်ဆန့်တန်းက ပစ်တင်ထားသော အင်းချပ်ကို ပြန်ဆွဲယူလိုက်သည်။
“သင်ဘာကြောင့် ဒီလိုရက်စက်ရတာလည်း”
“ဆရာ ကျွန်မတူလေးရက်ရက်စက်စက်သေတာ ဒင်းတို့လက်ချက်ကြောင့်”
“တယ်လည်းအညိုးကြီးပ့ါလား သင်တူသေတာကအသက်တစ်ချောင်း အခုသေတာကသုံးချောင်း ဟောဒီဝင်ပူးခံနေရတဲ့သူရော အသေတိုက်ဖို့ပြင်နေတာ”
“ဟုတ်ပါတယ်ဆရာ ဒင်းကိုလည်းအသေသတ်ဖို့ပါ အခု..ဆရာရောက်လာတော့ ကျွန်မ မသတ်ရတော့ဘူး”
“ဟုတ်ပြီ ကျွန်တော်မေးစရာရှိတယ်သင်အမှတ်တိုင်းဖြေပါ”
“မေးပါ ဆရာလေး ”
“လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သင်လူတစ်ယောက်ကို သတ်ဖူးတယ်မလား”
မောင်သူရိန်ရဲ့အမေးကြောင့်အစွဲကမျက်နှာတချက်ပျက်ကာ
“ဟုတ်..သတ်….သတ်ဖူးပါတယ်ဆရာ”
“သင်ဘာကြောင့် သူတို့ကိုသတ်ရတာလည်း”
“သူကကျွန်မချစ်ရတဲ့သူနဲ့လက်ထပ်သွားတာ မနာလိုလို့သတ်လိုက်တာပါ”
ခင်စိုးကြည့်ယောင်္ကျာ်း ကိုသိန်းဝင်းဖြစ်သူကို နန်းခင်ကတိတ်တခိုးသဘောကျခဲ့တာပါ ကိုသိန်းဝင်းကတော့ နန်းခင်ကိုမနှစ်သက်ပဲ မောင်သူရိန်အမေ ခင်စိုးကြည်ကိုသာရွေးချယ်သွားတာကြောင့် နန်းခင်တစ်ယောက်ခံပြင်းသွားခဲ့တယ်။
နန်းခင်လည်း‌ ယောနယ်ဘက်ကိုတက်ကာ အောက်လမ်းပညာရပ်ကိုသင်ယူပြီး ကျွမ်းကျွမ်းကျင်ကျင်တက်မြှောက်ခဲ့တာကြောင့် ရွာကိုပြန်ရောက်လာခဲ့တယ်။ သူအရမ်းချစ်ရတဲ့ ကိုသိန်းဝင်း မခင်စိုးကြည့်တို့ နှစ်ဦးလုံးကိုမြွေအတိုက်ဖြင့် သတ်ပစ်ခဲ့သောသူမှာ နန်းခင်သာဖြစ်တယ်။
“ဪ…သင်က ဘာမဟုတ်တဲ့ကိစ္စအတွက်နဲ့ လူသတ်ရတယ်ပေါ့ သူတို့သားကိုရောသင်သိလား”
“သူ့သားကိုတော့ မသိပါဘူးဆရာ ”
“သင်သတ်လိုက်တဲ့ ကိုသိန်းဝင်းနဲ့မခင်စိုးကြည်တို့ရဲ့သား မောင်သူရိန်ဆိုတာကျွန်တော်ပဲ”
မောင်သူရိန်က လေပေါ်ကိုညာဘက်လက်ဖြင့်ဝှေ့ရမ်းလိုက်ချိန် လက်ထည်းသို့ ကြိမ်လုံးတစ်လုံးရောက်လာခဲ့ရာ အစွဲအား‌ရိုက်ရန် ချိန်ရွယ်နေစဉ်
“မောင်သူရိန် မေတ္တာရှေ့ထားပြီး ဂရုဏာထားလိုက်ပါကွယ်”
ဆရာဦးယက္ခ‌ရဲ့အသံကိုကြားရသဖြင့် မောင်သူရိန်လည်းလက်ကိုအောက်ပြန်ချကာ ကြေးပြားပေါ်အင်းတစ်ချပ်ရေးဆွဲနေတယ်။အစွဲကတော့ ခြေတွေလက်တွေ တုန်နေပြီး ကြောက်ကြောက်ကလေး ဝပ်နေလေတယ်။
“သင်ဒီပညာတွေလှူရမယ် ဘုရားစီကို”
အစွဲက အစပိုင်းတုန်းက အင်တင်တင်ဖြစ်နေခဲ့သော်လည်း မောင်သူရိန်ရဲ့အာဏာစက်ကို မခံနိုင်တာကြောင့် ပညာတွေအကုန်လှူခဲ့ရတယ်။
မောင်သူရိန်က ကြေးပြားပေါတွင်ရေးဆွဲပြီးသော ပညာနုတ်အားကို မိုးပေါ်ပစ်တင်လိုက်ရာ နန်းခင်ရဲ့ပညာစက်တွေအကုန်လုံးကို ထိုအင်းကစုပ်ယူသွားခဲ့တယ်။
“အမေ အမေ ”
အစွဲထွက်သွားပြီဖြစ်တာကြောင့် မကြာမှုံတစ်ယောက် အရုပ်ကြိုးပြတ်ကျသလို လဲခွေသွားရာ နှင်းမှုံကပွေ့ထူကာ မကြာမှုံအားလှုပ်နိုးလိုက်တယ်။မနိုးတာကြောင့် မောင်သူရိန်ကအရှေ့မှာချထားသော ရေစင်တော်ထည်းကိုလက်နှိုက်ကာ မကြာမှုံအပေါ်တောက်ချလိုက်ရာ ချက်ချင်းဆိုသလို သတိရလာခဲ့တယ်……..။
“ကဲ့ နှမ ဟောဒီကလူနာကို ‌အာဟာရရှိတဲ့အစားစာလေးကျွေးပါ တစ်ပါတ်လောက်နေရင် ပြန်ထူထူထောင်ထောင်ဖြစ်လာပါလိမ့်မယ်”
“ဟုတ်ကဲ့ပါဆရာ”
မောင်သူရိန်နှင့်အဘိုးလည်း ထန်းသုံးပင်ရွာမှပြန်ထွက်ကာ ကြို့ပင်ရွာလေးစီပြန်လာခဲ့လေ၏…။
မောင်သူရိန်က အဘိုးအိမ်ကိုပြန်မလိုက်တော့ပဲ ရွာအဝင်ဇရပ်လေးတွင်သာ ကျန်ရစ်ကာနေခဲ့ပြီး အဘိုးက‌တော့မောင်သူရိန်နှင့်လမ်းခွဲလျက် အိမ်သို့ပြန်လာခဲ့တယ်။
********
“ဟာ…ဟိုမှာ ကြည့်စမ်း သာလှ ”
ဇရပ်ပေါ်မှာတရားထိုင်နေသော မောင်သူရိန်ရဲ့ ခန္တာကိုယ်မှ အရောင်တလျှပ်လျှပ်နဲ့အလင်းတန်းတွေထွက်ပေါ်နေသဖြင့် သာလှနဲ့ညွှန့်တင်က တအံတသြတွေ့ရှိခဲ့တယ်။
ကိုယ်မျက်လုံးကိုမယုံနိုင်သဖြင့် အကြိမ်ကြိမ်ပွတ်ကာကြည့်သော်လည်း အရောင်များကပျောက်မသွားချေ….။ထိုအဖြစ်ကို သာလှနဲ့ညွှန့်တင်တို့ နှစ်ဦးက အဘိုးသာဆိုင်အားပြောပြရန် အဘိုး‌လေးနေအိမ်သိုအပြေးအလွှားခေါ်ပြီး ဖြစ်ပျက်သမျှကိုပြောပြရင်း ဇရပ်သို့ပြန်ရောက်လာခဲ့တယ်။
ဇရပ်သို့သုံးဦးရောက်သောအခါ မောင်သူရိန်အားမတွေ့ရပေ မောင်သူရိန်ဝတ်ထားသော အဝတ်အစားလေးသာ ခေါက်လျက်သား တွေ့ရှိခဲ့၏…။
“ဘလိုဖြစ်တာလည်းဟညွှန့်တင် စောနကမှ ဒီမှာရှိနေပါသေးတယ်”
“အေးဟ သာလှရ ငါလည်းဘာမှမပြောတက်တော့ဘူး”
အဘိုးလေးရဲ့မျက်ဝန်းအိမ်ထည်းမှာတော့ ဝမ်းသာပီတီမျက်ရည်စတွေကျခဲ့တာကို သာလှနဲ့ညွှန့်တင် မရိပ်မိခဲ့ချေ…..။
မောင်သူရိန်ထွက်ရပ်စခန်းမြန်းသွားခဲ့သည်ကို ‌အဘိုးလေးကအကြောင်းစုံသိသောကြောင့် ဝမ်းသာလို့ကျတဲ့ မျက်ရည်ဖြစ်ချင်းသာဖြစ်ပေသည်……။
*******
စာဖတ်သူများခင်ဗျ
မောင်သူရိန်ထွက်ရပ်မြန်းပြီးမဟာမြိုင်တောကနေလူပြည်လူရွာသို့တဖန်ပြည်‌တော်ပြန်အဝင် ခရီးမှာ ပဠာန်းဆက်ရှိသောတပည့်တစ်ဦးကိုသွားရောက်ရှာဖွေရန် ခရီးဆက်နေစဉ် တညမှာတော့လမ်းခရီးမှာ မောင်သူရိန် တရားထိုင်နေချိန် မည်းနက်နေတဲ့ နွယ်စင်ဆက်ကြိုးကို အာရုံထည်းမြင်လိုက်ရသဖြင့်
ဘာတွေဘလိုဆက်ဖြစ်မလည်းဆိုတာကို လာမည့် ” မောင်သူရိန်နှင့်ဆယ်နှစ့်ကြိုးကဝေ၏အရှူပ်တော်ပုံရှိန်းမော်”ဆိုတဲ့ ဇာတ်လမ်းလေးမှာ ဆက်လက်ဖတ်ရှူပေးကျပါအုံးဗျ……..။
” မောင်သူရိန်နှင့်ဆယ်နှစ့်ကြိုးကဝေ၏အရှူပ်တော်ပုံရှိန်းမော်”
မျှော်………