*တံငါသည်ဖိုးအေး*📖📖📖(စ/ဆုံး)
**********************************
———————–
“ဟေ့ မောင်ဖိုးအေး မနက်ဖြန် ငါးဖမ်း
ထွက်ရမယ် မင်းအဖော်တွေ ပြောထား
ကြားလား”
“ဟုတ်ကဲ့ဆရာ ကျွန်တော်ပြောထားပေးပါမယ်
ခင်ဗျာ”
ဖိုးအေးဆိုသူကို လှေပိုင်ရှင် ဦးကျော်ဟန်မှ
ပြောလိုက်ချင်းဖြစ်သည်။
ကျွန်တော်နာမ်မည်ဖိုးအေးပါ
ကျွန်တော် တံငါသည်အလုပ်ကို သူဌေးကြီး
ဦးကျော်ဟန်ဆီမှာ လာရောက်လုပ်ကိုင်နေသူ
တစ်ဦးပါ ကျွန်တော့အသက် 19နှစ်ရှိပါပြီ
ကျွန်တော် တံငါသည်ဆိုပေမည့် ချောင်းတွေ
ွမြစ် တွေမှာ ငါးဖမ်းတာမဟုတ်ပဲ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် လှေကြီးတွေနဲ့ပင်လယ်ပြင်ထွက်ဖမ်းတဲ့ ပင်လယ်သားတစ်ယောက်ပါ
ကျွန်တော်က အရက်သောက်တတ်တယ်။
ဟဲဟဲ အရက်ဆိုလွှတ်ကြိုက်တာဗျ။
ခုကျွန်တော့်ကို သူဌေးကြီးက အဖွဲ့သားတွေနဲ့
ပင်လယ်ပြင်ငါးဖမ်းဖို့ပြောနေချင်းဖြစ်တယ်လေ
ကျွန်တော်တိုအဖွဲ့က ၁၂ယောက်ရှိတယ်။
ပဲ့မီး( လှေဦးစီး)ဖြစ်တဲ့ ဦးကျော်ဖြူရယ်
ကျွန်တော် ဖိုးအေးရယ် အခြားသူတွေရယ်
ညနေ4နာရီလောက်ကြီး ပင်လယ်ပြင်ထဲငါး
ဖမ်းဖို့ ထွက်လာခဲ့ကြတယ်။ ပင်လယ်ဝဆိုတဲ့
ကျွန်းကြီးရောက်တော့ 6နာရီးထိုးရှိနေပြီ
ပြောရဦးမယ်ဗျ ကျွန်တော်တို့နေတဲ့ရွာ သောင်
ပြင်စံပြကျေးရွာမှာ ကျွန်းတွေ ပတ်ပတ်လည်
ပေါ်တယ်ဗျ ငှက်ပျောကျွန်း……နတ်ကျွန်း
ဝါးကျွန်း…ကြက်တိုက်ကျွန်းနောက်ပြီး ခုကျွန်
တော်တို့ရောက်တဲ့ကျွန်း ..ကျွန်းကြီးဆိုတာပေါ့
အဲ့ကျွန်းက အကြီးဆုံးဗျ….
ကျွန်တော်တို့က ကျွန်းတစ်ကျွန်းကိုရောက်
ပြီဆို ရာသီစားဖြစ်တဲ့ အုန်းသီး …သရက်သီး..
ကတတ်ရွက်….ဖလန်တောင်ဝှေး..မျှစ် ….
စတာတွေကို တတ်ခူးကြလေ့ရှိတယ်။ ခု
လှေထွက်တဲ့ လက ဝါဆိုလ. ခုကျွန်တော်တို့
ကျွန်းကြီးဆိုတဲ့ပင်လယ်ဝကို ရောက်နေကြပြီ
အဲ့တော့ ခုကျွန်တော် တို့ ရာသီစားတွေကို
တတ်ခူးကြတော့မယ် ကျွန်တော်က အရက်
သောက်ထားတဲ့အရှိန်နဲ့ဆိုတော့ အဖော်သုံး
လေးယောက်ကိုခေါ်ပြီး အသီးခူးဖို့ခေါ်နေတာ
အားလုံးလည်း အရက်တွေ ကိုယ်စီသောက်ထားကြတာပဲ အဲ့ထဲမှာမှ ပဲ့နင်းက မသောက်ဘူးပဲ့နင်းက မှောင်နေပြီ အန္တရာယ်တစ်ခုခု
ဖြစ်မှာစိုးတော့ မသွားဖို့တားနေတာ ပြီးတော့
တောက ကြမ်းလည်းကြမ်းတယ် ဘာညာပေါ့
ကျွန်တော်က အရက်အရှိန်နဲ့ဆိုတော့ သွားကို
သွားမှာ ဘယ်သူဘာပြောပြော နားမထောင်ဘူး
ဒါနဲ့ အဖော်4ယောက်လောက်ခေါ်ပြီး ကျွန်းပေါ်
တတ်ခဲ့ကြတယ် ။ ကျွန်းပေါ်ရောက်တော့ လူ
လုံးတောင်မကွဲတော့ဘူး …..
လက်နိပ်ဓာတ်မီးတွေကလဲ
တစ်ယောက်မှ ယူမလာကြဘူး တစ်ယောက်နဲ့
တစ်ယောက်က ကျွန်းပေါ်ရောက်တာ…အချိန်
ကြာလာလေ ဘာမှကို မမြင်ရတော့ဘူး အသံပဲ
ကြားနေရတာ ရာသီက မိုးတွင်းဆိုတော့ မိုးက
တစ်ဖွဲဖွဲ ကျနေတာ …..လျပ်စီးက တစ်ဖျက်ဖျက်
နဲ့ ထိုအလင်းရောင် တစ်ချက်တစ်ချက.်ရတာနဲ့
ကိုယ်သွားမည့်လမ်းကိုမြင်နေရတယ်။
ဒါနဲ့ အုန်းတောဖက်အခြမ်းသွား
တာ…..အဲ့ဒီဖက်သွားတော့ နတ်စင်လေးတစ်ခု
သွားတွေ့တယ်။ တစ်ချို့က အယူရှိသလို တစ်ချို့
ကျတော့လည်း အယူမရှိဘူး တောင်ပန်ဖို့
အတွက် လက်အုပ်လေးချီကာ နတ်စင်လေးဆီ
ဦးတည်ခဲ့ကြတယ်။ ကျွန်းပိုင်ကြီးကို……
အမှားတစ်စုံ….
တစ်ရာရှိပါက ခွင့်လွှတ်ပေးဖို့ သွားရောက်ပြီး
တောင်ပန်ခဲ့ကြတယ်။ အဲ့ထဲမှာမှ ကျွန်တော်
ဖိုးအေးက မူးမုးနဲ့ မင်းတို့ပဲ တောင်းပန်ကြ
ငါကတော့ အယုံကြည်မရှိဘူး …ငါ့အားငါ
ငါကိုးတယ်။ ငါဒုက္ခရောက်
ရင် ….ဘုရားကယ်လိမ့်မယ်လို့ ပြောပြီး
တောထဲသို့. ဝင်ခဲ့ကြတယ်။ မိုးကသဲ
မိုးချူန်းသံတွေက ဆူညံနေပြီး လျှပ်စီးများလျပ်
လိုက်တိုင်း နှစ်ချို့အပင်ကြီးများ ထင်းကနဲပေါ်
လာလိုက် တစ်ရှဲရှဲ ….တကျွီကျွီနဲ့ ….လေတိုးသံ
တဝီဝီ ….ကျေးငှက်များ …အုပ်လိုက်ထပျံသံတွေ
ရယ် ..မိုးကျလို့ ပုရစ်အော်သံတွေရယ်…
တစ်ကယ့်ကိုခြောက်ခြားစရာကောင်းနေပါ
တော့သည်။
“ဟေ့ကောင်တွေ မှောင်နေပြီးကွ မျှစ်ချိုးလို့
လည်းအဆင်မပြေ. …အုန်းသီးတတ်ခူးမယ်
ဆိုတော့လည်းအပင်တွေက ချောနေတယ်။”
ကျွန်တော်တို့ထဲက တစ်ယောက်က ထပြော
လိုက်ပါတော့သည်။ ဒါဆိုရင်ကောင်းပြီ
ပင်လည်ဝနားက နှစ်ချို့ သရက်ပင် ..၄ပင်
ဆိုင်ပေါက်နေတာ သရက်သီး တတ်ခူးကြမယ်
လာကွာ ဟု ပြောပြီး ကျွန်တော်ဖိုးအေးကိုယ်
တိုင် ဦးဆောင်ပြီးခေါ်သွားပါတော့သည်။
သရက်ပက်ကြီးတွေက လူလေးယောက်ဖက်
စာလောက်ရှိတယ် ၄ပင်စလုံး တရွယ်ထဲတွေ
ဒါနဲ့ အနိမ့်ဆုံး
သရက်ပင်ပေါ် ကျွန်တော်တတ်မို့လုပ်တာ
ဘယ်လိုမှ တတ်မရဘူး သရက်ပင်ခွဆုံလေး
က လူနှစ်ရက်စာလောက်ပဲကို တတ်မရဘူး
ဒါနဲ့ သူငယ်ချင်းတွေက…ခါးကနေကိုင်ပြီံး
မ တင်ပေးတော့ ခွဆုံ
ပေါ်ရောက်သွားတယ်။ မှောင်ပိန်းနေတာ
သရက်သီးကလည်း တစ်လုံးမှ မရှိဘူး
ခဗျားတို့ပဲ စဉ်းစားကြည့် ဝါဆိုလ ဘယ်လိုလုပ်
အသီးက ရှိတော့မှာလည်း ဒါကို သရက်သီးခူး
မယ်ဆိုပြီး သရက်ပင်ပေါ်တတ်လာခဲ့တယ်။
သရက်သီးကလည်းမတွေ့ …သွေးကဆူ
လူကလည်းမူး…
စိတ်တွေက .. တို..ဒါလည်း ကျွန်တော်ရှာ
နေတုန်း ..ဇွဲမလျော့သေးဘူး …အောက်က
စောင့်နေသူတွေကလည်း….ပွစိပွစိနဲ့
မရှိလျင်ပြန်ဆင်းလာခဲ့ဖို့ ပြောနေကျ
တာ မှောင်မဲနေတာ တစ်ယောက်နဲ့
တစ်ယောက်က အသံပဲ ကြားရတယ်။
ဒါနဲ့ ကျွန်တော်လည်း သရက်သီး ရှာရင်းရှာရင်း
ဟိုးး းးးအပင်ထိပ်မှာ သရက်သီးတစ်လုံးသွားတွေ့
တယ်။….ကျွန်တော့် တသက်နဲ့တကိုယ် တခါမှ
မမြင်ဖူးတဲ့ အရွယ်စားဗျ တော်တော်ကြီးတာ
ဒါနဲ့. ..အောက်က ဆူညံနေတဲ့ အဖော်တွေကို
ခဏစောင့် ငါသရက်သီးတစ်လုံးတွေ့ပြီ ..ငါ
တတ်ခုးပြီး ဆင်းခဲ့မယ်ပြောပြီး …မူးမူးနဲ့
အပင်ထိပ်ဖျားကို တစ်ဖြေးဖြေးတတ်သွား
တယ်။…..ထိပ်ဆုံးရောက်သွားတော့ ကျွန်တော်
လေဟာနယ်ထဲရောက်သွားသလိုပဲ ကျွန်တော်
ဘာဖြစ်တယ်မသိဘူး ကြက်သီးမွှေးညှင်းတွေ
အလိုလိုထလာတယ်။…ပြီးတော့ ကျွန်တော်ကို
တစ်ယောက်ယောက်က ကြည့်နေတယ်လို့ခံစား
ရတယ်။ ကျွန်တော်အမူးပါပြေသွားတယ်။
ကျွန်တော်စောနက တွေ့တဲ့သရက်သီးခူး
မည့်လည်းလုပ်ရော ကျွန်တော့ရှေ့က …ဘွား
ကနဲ ရုပ်တစ်ရပ်ကြီးလူတစ်ယောက်ပေါ်လာ
တော့ကျွန်တော် လန့်ပြီး အော်တာ သရက်ပင်
ကို ကိုင်ထားတဲ့လက်ကလည်း ရောင်ပြီးလွှတ်
ပစ်တာ ပြီးတော့ ထိုလူကြီးက အဖြူရောင်ဝတ်စုံ
ကိုဝတ်ဆင်ထားတာ နောက်တော့ အဖြူရောင်
အလင်းတမ်းကြီးလည်းပေါ်ထွက်လာကာ
အစကမှောင်နေတာ..ခုတော့
ပတ်ဝန်းကျင်လည်း…လင်းထိန်ပြီး ..ကျွန်တော်
လည်း လေပေါ်မှာ ဘယ်လောက်ကြာ ဝဲနေ
လည်းမသိဘူး ..ကျွန်တော်သတိရတော့
ဘုရားရှင်ကယ်ပါ …
ဗုဒ်ဓံသရဏံ ဂစ်ဆာမိ
ဓမ်မံသရဏံ ဂစ်ဆာမိ
သံဃံသရဏံ ဂစ္ဆာမိဆိုပြီးရွတ်ဖတ်လိုက်တာ
အောက်က လူတွေကလည်း ကျွန်တော်
ဖိုးအေးပြုတ်ကျသံ ကြားတယ်ဆိုပြီးအသံ
လာရာမှန်းပြီး ဝိုင်းဖမ်းကြတာပေါ့
အဲ့မှာ ကျွန်တော်က အောက်ပြုတ်မကျဘူး
စောနက ထိုင်နေတဲ့ခွဆုံပေါ်ပဲပြန်ကျတာ
အဲ့တော့မှ ကျွန်တော်လညိးအမုးတွေပြေ
ဒူးတွေတုန်ပြီး
အောက်ကို မြန်မြန်ခုန်ဆင်းပြီး လှေဆီ
ခတ်သုတ်သုတ်ပြန်ခဲ့ကြတယ် ..ဒီလိုကျွန်တော်
ဖြစ်ခဲ့တာတွေကို ကျွန်တော်နဲ့ပါလာတဲ့သူငယ်
ချင်းတွေကိုပြောပြတာ တစ်ယောက်မှ မယုံကြ
ဘူးဗျာ ဒါကျွန်တော်တကယ်ကြုံတွေ့ခဲ့တာပါ
ထူးဆန်းတာဆို.. ဒါပထမဦးဆုံးပေါ့
ပြီးပါပြီ
ဒီဇာတ်လမ်းလေးကို ကျွန်မ ကိုဖိုးအေးနေရာ
ကနေ ကိုယ်ကိုတိုင် ခံစားပြီးရေးဖွဲ့ပေးတာပါ
လိုအပ်ချက်များစွာရှ်ိနေမှာပါအားပေးကြပါဦးလို့
ဒီဇာတ်လေးပြောပြပေးသော အကောက်ပိုင်ရှင်
Kyaw Lin Naingကိုလည်းအထူးကျေးဇူး
တင်ပါတယ်ရှင့်
စာရေးသူ-နှင်းဆီမေ