*ဒေါညိမ် ရွာမှ ဖြစ်ရပ်မှန် ဖြစ်ရပ်ဆန်း *📖📖📖 ( စ/ ဆုံး )
**********************************
ဇာတ်လမ်း 💀 Ever Smine ( ဖူးပွင့်ဦး ကို အရမ်း
ချစ်တဲ့ အောင်ကိုမင်း )
************************
* ရေးသားသူ = wizard *
*********************************
***************************************
မိုးဦးကာလ၊ မိုးအနည်းငယ်ရွာသောတစ်ခုသောလမိုက်
ည ။။
လူငယ်နှစ်ယောက် ရွာရှေ့လယ်ကွင်းတွေဆီလို့ တရွေ့ရွေ့လျှောက်
လာနေ၏။။
ထိုလူငယ်နှစ်ယောက်အနက် ရှေ့ကတစ်ယောက်ကား လုှပ်လုှပ်ရွရွ၊
တစ်ခါတခါ ကန်သင်းပေါ်မှ ပြုတ်ကျတော့မလိုလိုတောင်ဖြစ်သေး၏။
လက်ထဲတွင်ကိုင်ထားသော ဓာတ်မီးကိုလည်း ဟိုဟိုသည်သည်လျှောက်ထိုးနေ၏။
ထိုသူကား အသက် ၂၀ အရွယ် ကိုဝဏ္ဏ ဖြစ်၏။
သူ၏နောက်တွင်ကား ပလိုင်းကိုလွယ်၊ ဓာတ်မီးတစ်ဖက်၊ တုတ်တစ်ဖက် နဲ့ ခြေလှမ်းမှန်မှန်လျှောက်နေတဲ့ အသက် ၁၅ နှစ်အရွယ်
ကိုမင်း ပင်ဖြစ်၏။။
သူတို့နှစ်ယောက်ကား ဖားရိုက်ထွက်လာကြခြင်းဖြစ်၏။။
ကုမင်း က နောက်ကို လှည့်ပြီး ဓာတ်မီးထိုးကာကြည့်တော့ ဒေါညိမ်
ရွာရယ်၊ ရွာအရှေ့ကရေကန် နဲ့ ထန်းပင်တန်းမှာ သူတို့နဲ့ အနည်း
ငယ်ဝေး သွားပြီဖြစ်ကြောင်းလိုက်ရ၏။။
💀 ****************** 💀
💀 ဤနေရာ၌ ဒေါညိမ် ရွာအကြောင်းအနည်းငယ်ပြောပါအံ့။
ဒေါညိမ် ရွာသည်၊ ဖျာပုံခရိုင်၊ အမာ မြို့နယ်၊ တွင်တည်ရှိပြီး၊
အိမ်ခြေတစ်ထောင် နီးပါးရှိသော သာယာအေးချမ်းလှသော ရွာကြီး
တစ်ရွာဖြစ်၏။
ထိုရွာကို ပိုမိုလှပစေသည်က ရွာအလည်၌ ရှိသော ဘယ်ခေတ်ဘယ်
အခါကတည်းက ပေါက်နေမှန်းမသိသော နှစ်ချို့ ဧရာမ ကုက္ကိုလ်
ပင်ကြီးသုံးပင် လို့ ပြောလျှင်မှားအံ့မထင်။။
လယ်ယာ လုပ်ငန်းကို အဓိက လုပ်ကိုင်သော ရွာဖြစ်သလို၊ အင်မတန်
သာယာအေးချမ်းပြီး အလည်လာသူတိုင်း မပြန်ချင်တော့လောက်
အောင်ပျောမွေ့ဖွယ်ကောင်းသလို၊ ရွာသူရွာသားများကလည်း
မိမိတို့ရွာသို့ အလည်လာသော ဧည့်သည်များအား အထူးဧည့်ဝတ်ကျေ
ပွန်လှ၏။။
ဒေါညိမ် ရွာသူလေးတု့ိ၏ အလှသည်လည်း အမရာ၊ ကိန္နရီ၊ မဒ္ဒီ၊
သမ္ဘူလ တို့ထက်မပိုရင်တောင် မလျော့ချေ။။
***********************
ဒေါညိမ် ရွာလို့ပြောပေမယ့် ရပ်ကွက်လိုမျိုး သူ့အုပ်စု သူ့နာမည်နှင့်
သူရှိ၏။။
ကိုမင်း တို့ နေတဲ့ အစုသည်ကား သရက်ပင်ဆိပ်သောင်တန်း
ဖြစ်၏။။
ကိုမင်း နှင့် ကိုဝဏ္ဏ သည်ကား ညီအစ်ကို နှစ်ဝမ်းကွဲဖြစ်၏။။
ကိုဝဏ္ဏ သည် ရဲဆေး ဟု ဆိုကာ နည်းနည်းသောက်လာ၍ လုှပ်
လုှပ်ရွရွ လျှောက်လာခြင်းဖြစ်၏။။
*****************
“” ကိုကြီးဝဏ္ဏ ရွာနဲ့သိပ်ဝေးလှပြီဗျ၊ ဒီနေရာမှာပဲ ရှာရိုက်ကြရအောင်၊ ညီလေး ဖားသံတွေ ကြားတယ်ဗျ၊ ပြီးတော့ အမေမသိအောင် ခိုး
ထွက်လာရတာ ကိုကြီးဝဏ္ဏရ”
ကိုမင်း က ထိုသု့ိ ပြောလိုက်တော့
” ဟာ ငါ့ညီ ကိုမင်း မင်းကလည်းကွာ ဒီနေရာမှာ ဖားသေးသေး
လေးတွေပဲ ရှိတော့တာကွ ဖားကြီးကြီးတွေမရှိတော့ဘူး၊ ရွာသားတွေ
ရိုက်လို့ကုန်ရောပေါ့ ငါတို့ ဟိုး အရှေ့က ဘိုးစောမောင် တို့လယ်ကွက် တွေဆီ သွားကြမယ် အဲကို ဘယ်သူမှမရောက်တော့
ဖားဖားကြီးကြီး တွေ အပုံကြီး နေမှာပဲကွ ငါ့ ညီ ရ”” ဟု
ကိုဝဏ္ဏ အမူးသမားလေသံဖြင့်ပြောလိုက်၏။။
” ကိုကြီးဝဏ္ဏ ဘိုးစောမောင် တို့လယ်ကွက်က သရဲခြောက်လို့
ဘယ်သူမှ မလုပ်ကြတော့ဘူး ဆို ”
” ဟားး ဟားး ဟားးး အလကားပါကွာ ဘာသရဲမှမရှိဘူး လူတွေ
ကို တမင်ခြောက်တဲ့စကားတွေပါကွာ မင်း ကောယုံလို့လား “”
” ဟာ ဘယ်ကလာ ညီလေး လည်း မယုံပါဘူးဗျာ”
” ဟားးး ဟားးး ဟားး ဒါမှ ငါ့ညီကွ လာ လာ ဖားတွေအများကြီး
ရရင် မင်း အမေ စိတ်ဆိုးပြေသွားလိမ့်မယ် ”
” ဟုတ်ကဲ့ ကိုကြီးဝဏ္ဏ ” ကိုမင်း အားတတ်သရောပြောလိုက်၏။။
သူတို့ပြောနေသော ဘိုးစောမောင် ဆိုသော အဘိုးကြီးပိုင်သည့်
လယ်ကား စပါးမစိုက်မပျိုးသည်ပင်အတော်ကြာပြီဖြစ်၏။။
အကြောင်းကား ထိုလယ်သည် တစ်နှစ်မှ စပါးမဖြစ်ထွန်းမအောင်မြင်
သလို၊ သူရင်းငှားများကိုလည်း သရဲဆိုးတစ်ကောင်က အမျိုးမျိုး
ခြောက်လှန့် နှိပ်စက်၏ ။ ။ ဟူသော သတင်းစကားတို့ကြောင်းပင်
ဖြစ်၏။။
*****************
” အွတ် အွတ် အွတ် ”
” ကိုကြီးဝဏ္ဏ တကယ်ဗျ၊ ဖားတွေတော်တော်ပေါပုံပဲဗျ၊ ပြီးတော့
အော်သံကို နားထောင်ရတာ ဖားကြီးကြီးတွေ ဖြစ်မယ်နော် ကိုကြီး
ဝဏ္ဏ”
ကိုမင်း ကား အထူးပင်တတ်ကြွစိတ်လုှပ်ရှားနေ၏။။
သူ့အသက် ၁၅ နှစ်အတွင်း ပထမ ဆုံးအကြိမ်အဖြစ် ဖားရိုက်ထွက်ဖူး
ခြင်းလည်းဖြစ်၏။
*********
မိုသည်ကား လုံးဝတိတ်သွားချေပြီ။။
သို့သော်လည်း လေညှင်းကတော့ ညင်သာစွာတိုက်ခတ်နေတုန်းဖြစ်၏။
မိုးတိတ်သွား၍ တိမ်ကင်းစင်လေသည်သည်လားမသိ၊ ဟိုတစ်စသည်တစ ထွက်ပေါ်နေသော ကြယ်ကလေးများကိုပင် မြင်နေရ၏။။
ပတ်ဝန်းကျင် တစ်ခုလုံး ညအခါမှာပေါ်မြူးတတ်သောပိုးပုရစ်ကလွဲ
ရင် တိတ်ဆိတ်လျှက်ရှိချေ၏။။
**************
ညသည်ကား နက်သထက် နက်လာလေပြီ။။
” ကိုကြီးဝဏ္ဏ ပလိုင်းထဲဖားတွေပြည့်တော့မယ်ဗျ၊ ပျော်လိုက်တာဗျာ”
ကိုမင်း ကား လူငယ်ပီပီ ပျော်ရွှင်အူမြူးနေလေ၏။။
” ငါမင်း ကို ပြောသားပဲ ဒီနေရာမှာ ဖားတွေပေါတယ်လို့ ”
” ဘုတ် ဘုတ် ဘုတ် ”
ကိုဝဏ္ဏ က ပြောပြော ဆိုဆို တွေသမျှဖားတွေကိုရိုက်နေသလို၊ ကိုမင်း
လည်း ကိုဝဏ္ဏ ရိုက်သမျှဖားကို ပလိုင်းထဲကောက်ထည့်နေ၏။။
ထိုစဉ် ရုတ်တရက် ကိုမင်း တစ်ယောက်၊ တစ်စုံတစ်ယောက်က
စိုက်ကြည့်နေသလို ခံစားလာရကာ၊ ကြောထဲစိမ့်လာပြီး၊ နောက်ကျော
မလုံမလဲ ဖြစ်လာ၏။။
” ကိုကြီးဝဏ္ဏ ညီလေး တို့ကို တစ်ယောက်ယောက်စိုက်ကြည့်နေသလိုပဲ၊ ညီလေး ကျောချမ်းလာတယ်ဗျ”
” ဟာ မဟုတ်တာကွာ ဒီမှာ ငါတို့ ညီအစ်ကိုပဲ ရှိတာပါ ဘယ်သူမှ
ကြည့်မနေပါဘူး မင်းစိတ်ထင်လို့နေမှာပါကွာ”
ကိုဝဏ္ဏ က ထိုသို့ပြောတော့ ကိုမင်းလည်း
” ဟုတ်မှာပါ” ဟုတွေးပြီး ကိုဝဏ္ဏ ရိုက်သမျှဖားတွေကိုသာ ကောက်ထည့်နေတော့၏။။
**********
ခဏကြာတော့ ပလိုင်းကိုတစ်ယောက်ယောက်က နှိုက်နေသလို
ကိုမင်း ခံစားလာရ၍ လွယ်ထားတဲ့ပလိုင်းကိုချပြီး ကြည့်တော့လည်း
ဘာမှမရှိပြန်။
ဒါပေမယ့် ဖားတွေလော့လာကြောင်းသတိထားမိလိုက်၏။။
ကိုမင်း လည်း ဘာမှမပြောပဲ ပလိုင်းကိုဆက်လွယ်ထားလိုက်၏။။
နောက်တစ်ခါ ပလိုင်းကို လာနိုှက်နေသလို ခံစားလာရ၍ လျင်မြန်စွာ
နောက်သို့ လှည့်ကာကြည့်လိုက်တော့
မဲနက် ရောင်ကားနေပြီး၊ထောင်ထောင်ထောင်ထောင် ဖြစ်ကာရှည်လျားစွာသောအမွှေးများ နှင့် လက်ကြီတစ်ဖက် အမှောင်ထုထဲတိုးဝင်
သွားသည်ကို ဓာတ်မီရောင်ဖြင့် ကျောချမ်းဖွယ် တွေ့လိုက်ရ၏။
ကိုမင်း တစ်ကိုယ်လုံး သိမ့်ကနဲဖြစ်ကာ ကြက်သီးမွှေးညှင်းများလည်း
ထောင်တတ်သွား၏။။
” ဟမ်းးး ”
” ကိုကြီးဝဏ္ဏ ညီလေး တို့လည်း ကြာနေပြီ၊ ဖားလည်းရပြီဆိုတော့
ပြန်ကြရအောင် ညီလေး ကြောက်လာပြီဗျ”
ကိုမင်း တကယ်ပင်ကြောက်နေလေပြီ။။
” အေး အေး ပြန်ကြတာပေါ့” ကိုဝဏ္ဏ လည်း သဘောတူလိုက်၏။။
*******
ကိုဝဏ္ဏ က ဒယီးဒယိုင်ရှေ့ကသွား၊ ကိုမင်း က ပလိုင်းလွယ်လျှက်နောက်က။
” ဘုတ် ဘုတ် ဘုတ် ” ရုတ်တရက် နောက်ကလိုက်လာနေသော
ခြေသံလိုလို အသံ တစ်ခုကို ကိုမင်း ပီပီသသကြားလိုက်ရ၏။။
ဓာတ်မီးနဲ့ လှည့်ထိုးကြည့်သော်လည်း ဘာမှမတွေ့ချေ။။
” ညီလေး ဘာဖြစ်လို့လဲ” ကိုဝဏ္ဏ လှည့်ပြီးမေးလိုက်၏။။
” ကိုကြီးဝဏ္ဏ ညီးလေး တို့ရဲ့နောက်က လိုက်လာနေတဲ့ ခြေသံလိုလို
အသံ တစ်သံကြားလိုက်လို့ဗျ”
ပြောရင်းဆိုရင်း ကိုမင်း တစ်ယောက် ကျောပိုချမ်းလာပြီး၊ ကြက်သီး
တွေလည်း တဖြန်းဖြန်းထလာပြန်၏။။
” ကဲ ညီလေး ရှေ့ကသွား ကိုကြီးနောက်ကလိုက်မယ် ဟုတ်ပြီ
လား ”
ဒီလိုနှင့် ကိုမင်း ရှေ့ကသွားသော်လည်း တစ်စုံတစ်ယောက်ကသူ့နဘေးမှာယှဉ်ပြီး လိုက်လာနေသလို” ဘုတ် ဘုတ် ဘုတ် “ဟူသောခြေသံလိုလိုအသံက ပိုပြီး ကျယ်လောင်စွာ ကြားလာရ၏။။
ကိုဝဏ္ဏ ကား အရက်ရှိန်မပြယ်သေးတာကြောင်းလား၊
ခြေသံ ကို တစ်ကယ်ပဲ မကြားလေလားမသိ အေးအေးလူလူပင်၊
တစ်ခါတခါ သီချင်းပင် အော်ဆိုလိုက်သေး၏။။
**********
လာရင်း နှင့် ထန်းပင်တန်းမှ သီးခြားခွဲထွက်နေသော ကုက္ကိုလ်ပင်ကလေးအနားမရောက်မီ အနည်းငယ်အလိုမှာ လူတစ်ယောက်ရပ်နေတာ
ကို ဓာတ်မီးရောင်ဖြင့် မြင်လိုက်ရ၍ ကိုမင်း စိတ်ထဲ
” အဖော် ပိုရပြီ” ဟူ တွေးလိုက်၏။။
ကိုဝဏ္ဏ လည်းတွေ့တော့ နှစ်ယောက်သား အားရဝမ်းသာဖြစ်ကာ
ထိုလူ့အနားသို့ လျင်မြန်စွာလျှောက်လာခဲ့ကြ၏။။
သို့ငြားသော်လည်း ကိုမင်း တု့ိ ရောက်လုလုမှာပဲ၊ သူတို့ရှေ့မှာ ထိုလူ
ပျောက်ခြင်းမလှပျောက်သွားသည်ကို နှစ်ယောက်လုံး တုန်လှုပ်စွာ
တွေ့မြင်လိုက်ရ၏။။
” အမေ့ ”
” အောင်မလေး ” ” ဗုဒေါ္ဓ ”
နှစ်ယောက်လုံးမျက်လုံးပြူးမျက်ဆံပြူးဖြစ်ကာ ကြောင်သွားကြ၏။
ဆက်လျှောက်ရန်ကိုပင် သတိမရကြပဲ တံတွေးအကြိမ်ကြိမ်မျိုချ၊
တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်မိကြတော့၏။။
ထိုစဉ်
” ငါဗိုက်ဆာတယ် ငါ့ကို ကျွေး”
ဟူသော အက်ကွဲကွဲ အသံတစ်သံကို နှစ်ယောက်လုံးနားထဲ ဆိမ့်
ပြီးကြားလိုက်ရ၏။။
သို့သော် အကောင်အထည်ကိုကား မမြင်ရချေ။။
” ငါဗိုက်ဆာတယ် ငါ့ ကိုကျွေး ငါ့ကို ကျွေး ငါ့ကို ကျွေး”
အသံက ပို ကျယ်လောင်လာ၏။။
” ကိုကြီးဝဏ္ဏ ဘယ် ဘယ်လိုလုပ်ကြမလဲ ညီလေး ကြောက်လာပြီ
ဗျ၊”
ကိုမင်း ကတုန်ကယင်မေးလိုက်၏။။
” ငါလည်း ကြောက်တယ်ဟ” ခုတော့ သတ္တိခဲ နှစ်ယောက် ကြောက်
ဒူးတုန်နေကြလေပြီ။။
” မဖြစ်ဘူး မဖြစ်ဘူး ပေး ပေး ပလိုင်းကိုပေး ”
ကိုမင်း လည်း ဘာအထွန့်မှ မတတ်တော့ပဲ ပလိုင်းကိုပေးလိုက်တော့၊
ကိုဝဏ္ဏ က ပလိုင်းကို အသံလာရာသု့ိပစ်ပေးလိုက်၏။။
” ဝှီး”
ကိုမင်း က ပလိုင်းကျရာကို မီးထိုးပြထား၏။
ကိုဝဏ္ဏ ၏ သောက်ထားသမျှအရက်တို့ကား ကြက်ပျောက်ငှက်
ပျောက် ပျောက်ကုန်ပြီ။
ထိုစဉ် လေထဲမှ ရုတ်တရက် ပေ ၂၀ မက မြင့်သော အရပ်အမောင်း
ဖြင့် အကောင်တစ်ကောင် ဘွားကနဲပေါ်လာကာ ပလိုင်းကို လက်တစ်
ဖက်ဖြင့် ဖမ်းထားလိုက်၏။။
ခန္ဓာကိုယ်မှာ ယောကျာ်းကြီတစ်ဖက်စာလောက်ရှိပြီး၊ မျက်လုံးတစ်ဖက်
စီဟာ ဖန်ခွက်လောက်ပင်ရှိ၏။။
ပါးစပ်မှ ရှည်ငေါငေါထွက်နေသော အစွယ်ကား ဓာတ်မီးရောင်အောက်
တွင် ဖွေးဖွေးဖြူလျှက် တစ်ထွာလောက်ပင် ရှိလိမ့်မည် ဟု ကိုမင်း
ထင်မိ၏။။
ခန္ဓာကိုယ်တစ်ခုလုံးလည်း အမွှေးများဖြင့်ဖုံးအုပ်ထားပြီး၊ မီးဖုတ်ခံထား
ရသလို ရောင်ကားနေ၏။။
မီးရောင်အောက်မှာ ရှင်းရှင်းလင်းလင်းမြင်လိုက်ရသော ထိုမြင်ကွင်း
ကြောင့် ကိုမင်း ရော၊ ကို ဝဏ္ဏ ပါ၊ ခန္ဓာကိုယ်တစ်ခုလုံး တုန်လာကာ
ကြောက်သေးပင် ထွက်ကျကုန်၏။။
စိတ်ထဲရသမျှ တရားစာကို ရွတ်မိနေသော်လည်း အဆီအငေါ်မတည့်
ဖြစ်ကာ၊ ရသမျှလည်း ချက်ချင်းမေ့ကုန်၏။။
” ဝေါ ”
ထိုသတ္တဝါသည် ပလိုင်းကိုမှောက်လိုက်ပြီး၊ လေးဖက်ထောက်လျှက်
ဖားသေများကို တကျွတ် ကျွတ် စားပါတော့၏။။
” အောင်မလေး သဘက်ကြီးဟ၊ အမေရေ ကယ်ပါအုန်း၊ ညီလေး
ပြေးတော့ ”
ကိုဝဏ္ဏ ၏ စကားကိုကြားမှ ကိုမင်းယသတိဝင်လာကာ တဟုန်ထိုး
ပြေးပါတော့၏။။
တကျွတ် ကျွတ် ဝါးစားသံကားသူတို့အနောက်တွင် ကျန်နေခဲ့တော့၏။
ထိုသို့ပြေးရင်း ကံကောင်းတယ်ပဲပြောရမလား၊ ကံဆိုးတယ်ပဲပြောရ
မလားမသိ၊
နှစ်ယောက်လုံးအရှိန်လွန်ကာ ရေကန်ထဲသို့ ” ဝုန်း ” ကနဲ ပြုတ်
ကျသွားတော့၏။။
ရေကန်ကလည်း ဘုတ်ဘိုနဲ့ကုတ်ထားတော့ အနက်ကြီးဖြစ်နေ၏။
ကိုမင်း ရေမကူးတတ်သော်လည်း ကြောက်လန့်စိတ်ဖြင့် ရေကန်အနား
သို့ ဘယ်လိုရောက်သွားသည်ကိုပင် မသိလိုက်ချေ။
သရဲက သူတို့နောက်ကိုလိုက်ခြင်းမရှိသော်လည်း ကြောက်စိတ်ဖြင့်
နှစ်ယောက်သားတစ်ညလုံးရေကန်ထဲမှ မတတ်ပဲနေလိုက်ကြပါတော့
တယ်။
*****
မနက်ရောက်ကာနီးတော့မှ ကိုဝဏ္ဏ က ကိုမင်း ကို ကျောပိုးပြီးရေကန်
ထဲမှ တတ်လာခဲ့ကြတော့၏။
*****************
ကိုမင်း ၏ အမေကား တစ်ညလုံးပျောက်နေသော သားတော်ချောကို
ဆူပူဆုံးမရန်၊ ကရုဏာ ဒေါသဖြင့် အိမ်ရှေ့မှထွက်စောင့်နေလေတော့
၏။။
**************
ထိုသရဲပြဿနာသည်ကား ဤမျှနှင့်မပြီးသွားပေ။ ။
တစ်ခုသောရောင်နီထွက်ပြုစမနက်ခင်း။
သရက်ပင်ဆိပ်သောင်တန်း အစု၏၊ကျောင်းဖြစ်သော အလယ်စု
ဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော်ဘုရား၊ ဘဒ္ဒန္တ အရှင်
ကောသလ္လထေရ်မြတ် တရားထိုင်နေတုန်း၊ အရှင်မြတ်ကျိန်းစက်
တော်မူသော အခန်းရှေ့ကွင်းပြင်တွင်၊
” တ အုန်း အုန်း တဒိုင်း ဒိုင်း” မြည်သံများထွက်ပေါ်လာတော့၏။။
အရှင်မြတ်လည်း တရားဖြုတ်ကာ
” ဟေ့ ကိုရင် တအုန်း အုန်း တ ဒိုင်း ဒိုင်း နဲ့ ဘာဖြစ်တာတုန်းကွဲ့”
ဟု ကိုရင် တစ်ပါးကို မေးတော်မူလိုက်၏။။
” တင်ပါ့ဘုရား တပည့်တော်လည်း မသိပါဘူးဘုရား အသံကတော့
အရှင်ဘုရား ရဲ့ တိုက်ခန်း အရှေ့ကွင်းပြင်ကလာနေတာပါဘုရား”
” ဟေ”
ဆရာတော်အရှင်မြတ်ကြည့်တော်မူတော့
အကောင်အထည်မမြင်ရပဲ
” ခွပ် ခွပ် ဖုတ် ဘုန်း အုန်း အုန်း” ဟူသော ထိုးသံကြိုက်သံ
များကိုကြားတော်မူသလို၊ ဘေးပတ်လည်မှာရှိတဲ့ အပင်ငယ်များလည်း
လဲကျကာ၊ ထိုနေရာမှ မြေကြီးမှာလည်း တုန်ခါလို့နေသည်ကိုထူးဆန်း
စွာတွေ့မြင်တော်မူလိုက်ရ၏။။
ဆရာတော်အရှင်မြတ်ကား မေတ္တာပို့ကာ အမျှပေးဝေတော်မူ၏။။
ခဏကြာတော့ အသံဗလံများငြိမ်ကျသွားတော့။
************
ထိုနေ့ည။
ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မဲတိတ်ဆိတ်လို့နေ၏။
ည အခါမှာမြည်တတ်သော ပိုးပုရစ်တို့၏အသံကိုပင်မကြားရ။
သို့သော်လည်း
မီးခိုးငွေ့တထောင်းထောင်းထလျှက် အနီရောင်ဖြစ်နေသော အလင်း
ရောင်ရှိသော နေရာတစ်ခုကားရှိချေ၏။။
ထိုအလင်းရောင်ရှိသောနေရာ၏ ကုန်းဂမူလေးတစ်ခုတွင် ဆရာတော်
အရှင်မြတ် တရားထိုင်တော်မူရန် နိသီဒိုင် အခင်းကိုဖြန့်ခင်းတော်
မူနေလေ၏။။
ထိုစဉ် ရုတ်တရက်
” ဆရာတော်ဘုရား” ဟု ခေါ်သံကိုကြားလိုက်တော်မူ၍ ဆရာတော်
ဘုရားလည်း လှည့်ကြည့်တော်မူပြီး
” ဟေ ဘယ်သူများတုန်းကွဲ့” ဟု မိန့်တော်မူလိုက်၏။။
” တပည့်တော် ကတုံ ပါဘုရား” ထိုလူက မျက်နှာအောက်စိုက်ကာ
ပြော၏။။
ထိုလူသည် ရှေးခေတ်ရှေးအခါကာလူများကဲ့သို့ ဝတ်စားဆင်ယင်ထား
ပြီး လက်အုပ်ကလေးချီက ရပ်နေ၏။။
” ကတုံ ဟုတ်လား ဘုန်ကြီးဒီရွာမှ အရင်က ဒီနာမည်ကိုမကြားဖူး
ပါဘူး ဒကာကတုံက ဘယ်ကများတုန်းကွဲ့”
” တင်ပါ့ဘုရား တပည့်တော်က အရှင်ဘုရားရဲ့ လွန်ခဲ့တဲ့ဘဝက
အစ်ကိုပါဘုရား အရင်ဘဝက တပည့်တော်နဲ့ အရှင်ဘုရားနဲ့က
ညီအစ်ကိုအရင်းတွေပါဘုရား”
” ဟေ ” ဆရာတော်ဘုရား စဉ်းငယ်အံ့သြသွားတော်မူ၏။။
” ဟုတ်ပါတယ်ဘုရား အရင်ဘဝတုန်းက တပည့်တော်က အရှင်ဘုရားရဲ့ အစ်ကို ဖြစ်ခဲ့ပါတယ်ဘုရား ခုတော့ တပည့်တော်
ကျောင်းရဲ့တစ်ဖက်က ခြံဝင်းမှာနေပါတယ်ဘုရား”
ထိုခြံသည်ကား လူမနေသည်မှာ နှစ်အတော်ကြာပြီဖြစ်၍ သစ်ပင်များ
အုပ်ဆိုင်းလျှက်ရှိပြီး၊ ကြောက်မက်ဖွယ်ရာခြံဟောင်းတစ်ခုဖြစ်၏။။
” အင်း အဝိဇ္ဇာအမှောင်တွေဖုန်းလွှမ်းကုန်တော့လည်း ဘဝဟောင်း
ကိုမမြင် နိုင်တော့ဘူးပေါ့ ကွယ်”
” တပည့်တော်ခုလို လာလျောက်တာက တစ်နေ့က အရှင်ဘုရား
ကျိန်းစက်တော်မူတဲ့ အခန်းရှေ့ကွင်းပြင် ဘက်က အသံတွေ
အရှင်ဘုရား ကြားလိုက်တာ တပည့်တော်သိပါတယ်ဘုရား”
” အေးကွဲ့ ဘုန်းကြီးလည်း ထူးဆန်းတယ်လို့တောင်တွေးမိသေးတယ်ကွဲ့ ”
” တင်ပါ့ဘုရား အဲဒါက၊ ကလေးနှစ်ယောက်ကိုခြောက်လှန့်ပြီး ဟိုလယ်ကွင်းထဲက ရောက်လာတဲ့ အကောင်ကြောင်းပါဘုရား”
” ဟေ”
ဆရာတော်အရှင်မြတ် အံ့သြတော်မူရပြန်၏။။
” တင်ပါ့ဘုရား အရှင်ဘုရား ရဲ့ သက်တော်
အန္တရာယ်၊ သာသနာ့အန္တရာယ်၊ ဗြဟ္မစရိယအန္တရယ် ပြုမလို့
ရောက်လာတဲ့ အကောင်ကြောင်းပါဘုရား ”
” ဆရာတော်ဘုရားရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ တွေ
ကြောင်း ဘယ်သတ္တဝါ တစ်ဦးတစ်ယောက်မှ မနှောက်ယှက်နိုင်ပါဘူး
ဘုရား တပည့် တော် ကတုံ
လယ်ကွင်းထဲကအကောင်ကို အရှင်ဘုရားရဲ့ကျောင်းအပြင်က
သင်္ကန်းပတ်ထားတဲ့ ထန်ပင်မှာ ချုပ်နှောင်ထားပါတယ်ဘုရား
အဲဒီသင်္ကန်းကို ချည်ကြိုးမပြုတ်စေရန် တပည့်တော်လာရောက်
လျောက်ထားခြင်းဖြစ်ပါတယ်ဘုရား
တပည့်တော် ကတုံ အရှင်ဘုရားကို အမြဲစောင့်ရှောက်နေမှာပါ
ဘုရား”
****************
ဆရာတော် အရှင်မြတ် အိမ်မက်မှ နိုးထတော်မူခဲ့လေ၏။။
ဆရာတော်ဘုရားလည်း ဘဝဟောင်းမှ အကိုဖြစ်သူအတွက် စိတ်
မကောင်းဖြစ်တော်မူ၍၊
ပြန်လည်ကျိန်းစက်တော်မမူတော့ပဲ
မျက်နှာသစ်တော်မူပြီး ဘုရားဆီမီးထွန်းညှိပူဇော်ကာ တရားထိုင်
တော်မူပြီး အဘဝဟောင်းမှ အစ်ကိုဖြစ်သူ ကတုံ၊
လယ်ကွင်းထဲမှ ရောက်လာသော သရဲ ဆိုးနှင့်တကွ အားလုံးသော
ဝေနေယျ သတ္တဝါ အပေါင်းတို့အား မေတ္တာပို့ အမျှပေးဝေတော်
မူ၏။။
****************
နံနက်လင်းအားကြီးမှ ရွာသူရွာသားများကိုခေါ်တော်မူပြီး အိမ်မက်
အကြောင်းကို မိန့်တော်မူလျက် ကတုံ နှင့် လယ်ကွင်းထဲမှ သရဲဆိုး
တို့ကိုရည်စူးကာ ကုသိုလ်ပြုကြရန် မိန့်ကြားတော်မူပြီး၊
တစ်ခြားကျောင်းမှ သံဃာတော်အချို့ကို ပင့်ဖိတ်တော်မူကာ
ကုသိုလ်အဖို့ဘာဂ ကို ရေစက်သွန်းချ၊ အမျှပေးဝေတော်မူ၏။။
*************
💀 လယ်ကွင်းထဲမှ သရဲဆိုး ကျွတ်တမ်းဝင်လေသလား၊ ကျွတ်
တမ်းမဝင်လေသလား မသိရပေမဲ့။
ဆရာတော်ဘုရားကား နေ့စဉ်နေ့တိုင်း ကတုံ နှင့် လယ်ကွင်းထဲမှ
သရဲဆိုးတို့ကို အထူးရည်ညွှန်းကာ မေတ္တာပို့အမျှဝေတော်မူဆဲဖြစ်
သလို၊
ထန်းပင်၌ချည်ထားသောသင်္ကန်းမှာလည်း ယနေ့ထက်တိုင်ချည်ထား
ဆဲပင် ဖြစ်၏။။
ကတုံ အား အမြဲတမ်း မေတ္တာပို့ အမျှပေးဝေပေမဲ့ အချိန်မတန်သေး
၍ကြောင်းလား၊ ဘဝဟောင်းမှ သံယောဇဉ်ကြောင်းလားရယ်မသိ
ယနေ့တိုင်ရှိနေဆဲဟု ဆရာတေ်ာအရှင်မြတ်၏ မိန့်ကြားတော်မူ
ချက်အရ သိရ၏။။
ဘိုစောမောင်တို့လယ်ကား ယနေ့ထိုင် ထွန်ယက်စိုက်ပျိုးမဲ့သူမရှိချေ။
ကိုမင်း လည်း ထိုအခါမှစပြီး ညဘက်ဆို အပြင်လုံးဝမထွက်တော့ပေ။။
******************************
ပြီးပါပြီ။။
*************************
” ဤဇာတ်လမ်း၌ နားလည်မုှ့လွဲစေနိုင်သော၊ ဘာသာရေးအဆစ်အတောက်ဖြစ်စေနိုင်သော အသုံးအနှုန်းများ ပါရှိခဲ့လျှင် ဖြစ်ရပ်မှန်ကို
ပြောပြပေးသော( Ever Smine ( ဖူးပွင့်ဦး ကို အရမ်း
ချစ်တဲ့ အောင်ကိုမင်း )) ၏
အပြစ်မဟုတ်ပါ၊ မိမိ၏ အားနည်းချက်ကြောင်းသာဖြစ်ပါလိမ့်မည်။
ထို့ကြောင်း ” ငယ်သူမို့” ခွင့်လွှတ်ပေးကြပါ ဟု မေတ္တာရပ်ခံအပ်ပါသည်။။
*********************
ရွှင်လန်း ချမ်းမြေ့ကြပါစေ။
***************************
အစဉ်ထာဝရ လေးစားစွာဖြင့် = wizard