*မောင်သူရိန်နှင့်နဂါးကဝေဖိုးတေ*📖📖📖
*********************************
အရိပ်အာဝါသကောင်းတဲ့ညောင်ပင်ကြီးရဲ့အောက်မှာဆိုရင်ဖြင့် မောင်သူရိန်နှင့်ရှိန်းမော် ဆရာတပည့်နှစ်ယောက်ခရီးတထောက်အနားယူနေခဲ့တယ်…..။
မောင်သူရိန်တို့အနားယူနေတဲ့ညောင်ပင်နားကို လှည်းတစ်စီးကတရွေ့ရွေ့မောင်းလာခဲ့တယ်။
လှည်းကမောင်သူရိန်တို့အနားရောက်တော့တုန့်ခနဲရပ်သွားခဲ့တယ်။ လှည်းသမားလည်း ကြိမ်တံကိုနှင်ကာနွားတွေကို “ဖျန်း”ခနဲရိုက်ကာဆက်မောင်းနေသော်လည်း လှည်းကဘယ်လိုမှမထွက်…။
“လူနာပါပါတယ်ဆိုမှ ဒီနွားကဘာထဖြစ်ရတာပါလိမ့်”
လှည်းပေါ်မှာလူနာပါတာကြောင့် လူနာရဲ့ညည်းတွားအော်ဟစ်သံကိုကြားရှိန်းမော်တစ်ယောက်ကြားလိုက်ရသောကြောင့် လှည်းနားထံလျှောက်သွားကာ
“အဘိုး အဘိုးတို့ဘာဖြစ်ကြတာလည်းဗျ ကျွန်တော်တို့ကူညီနိုင်ရင်ကူညီရအောင်လို့ပါ”
ရှိန်းမော်ရဲ့အမေးကြောင့်လှည်းပေါ်မှအဘိုးအိုက
“ဒါကအဘိုးသမီးကွဲ့ ရောဂါဖြစ်တာတစ်လလောက်ရှိပြီ ရွာမှာကုတာဘယ်လိုမှကုမရလို့မြို့တက်ပြီးပြကြည့်မလို့ကွဲ့”
“ဒါနဲ့…ဒီအစ်မရဲ့လက်တွေကဘာဖြစ်တာလည်းဗျ”
အသားကိုမီးဟက်ထားသလိုအကွက်တွေကိုမြင်လိုက်ရတာကြောင့်ရှိန်းမော်လည်းမေးကြည့်ရာ
“အဘိုးတို့သွားပြမှာ ဒီရောဂါပဲကွဲ့ အဘိုးသမီးတစ်ယောက်ထည်းတင်မဟုတ်ဘူး တစ်ရွာလုံးနီးပါးလောက်ဖြစ်နေတာ”
“ဗျာ….တစ်ရွာလုံးနီးပါ”
“အေးကွဲ့..ရောဂါတွေကဘယ်လိုမှကုသမရဘူး ကုသမရတဲ့အပြင် လပြည့်နေရောက်ပြီးဆိုတနေ့ထက်တနေ့ပိုပိုတိုးတိုးလာတာကွဲ့”
“အဘိုးတို့ရောဂါကို ကျွန်တော်ဆရာကုနိုင်လောက်တယ်ဗျ”
“ဟေ့..ဟုတ်လား ဘယ်မှာလည်းကွ မင်းဆရာ”
ရှိန်းမော်လည်းမောင်သူရိန်ရှိရာစီသို့လက်ညိုးထိုးကာပြလိုက်ကာ
“ဟိုးကအပင်အောက်မှာထိုင်နေတာကျွန်တော်ဆရာပဲဗျ”
အဘိုးအိုလည်းရှိန်းမော်ထိုးပြရာလိုက်ကြည့်လိုက်ရာမျက်စိမှိတ်ကာထိုင်နေတဲ့မောင်သူရိန်ကိုတွေ့လိုက်ရတယ်။
လူနာကလည်းမတရားညည်းငြူနေသဖြင့် မောင်သူရိန်ထံပြဖို့အဘိုးအိုမှဆုံးဖြတ်လိုက်လေတော့သည်….။
အဘိုးနဲ့ရှိန်းမော်မှလူနာမိန်းကလေးကို ထူကာတွဲလျက်မောင်သူရိန်စီခေါ်ဆောင်လာခဲ့တယ်။
အနားရောက်တော့မောင်သူရိန်မျက်လုံးတစ်စုံဟာဖြတ်ရောက်တော့မောင်သူရိန်မျက်လုံးတစ်စုံဟာဖြတ်ခနဲပွင့်ထွက်လာခဲ့ပြီး ရှိန်းမော်နဲ့အတူရပ်နေသောအဘိုးအိုနဲ့မိန်းကလေးတို့ရှိရာထံသိုအကြည့်ကရောက်သွားခဲ့တယ်……။
“ဆရာ…ဒီအဘိုးကသူ့သမီးရောဂါကိုဆရာစီမှာကုသချင်တယ်ဆိုလို့ တပည့်ခေါ်လာတာပါဆရာ”
“ဟုတ်ပါတယ်ဆရာလေး…အဘိုးသမီးလေးရဲ့ရောဂါကိုကုသနိုင်ရင်ကုသပေးပါအုံးကွယ်”
“ဟုတ်ကဲ့ပါအဘိုးကျွန်တော်ကြည့်ပေးပါ့မယ်”
မောင်သူရိန်ကလူနာမိန်းကလေးရဲ့မီးလောင်ကွက်နေရာသို့ကိုင်ပြီး
အာရုံခံကြည့်နေတယ်။ခဏအကြာတော့လက်ဝါးနဲ့ဒဏ်ရာတွေကိုသပ်ချမည်အလုပ် တစ်စုံတစ်ခုကိုစဉ်းစားလိုက်ပြီး မသပ်ချသေးပဲအဘိုးအိုရှိရာထံခေါင်းမော့ကြည့်ကာ
“အဘိုးတို့ရွာမှာဒီရောဂါကတစ်ရွာလုံးနီးပါးဖြစ်နေတယ်မလား”
“ဟုတ်တယ်ဆရာလေး ဖြစ်တာကလည်းလပြည့်နေ့တွေကြည့်ပဲ ထိုင်နေရာကနေအကောင်းစားကြီးကိုဖြစ်ကျတာ”
မောင်သူရိန်လည်းလူနာမိန်းကလေးကို နဖူးကိုညာဘက်လက်ညိုးနဲ့ထိုးပြီး
“ဆိုင်ရာကရောဂါတွေကိုခဏထိန်းချုပ်ထား”ဆိုပြီး အမိန့်ပေးလိုက်တယ်။
မိန်းကလေးလည်း အရမ်းပူနေတဲ့ဒဏ်ရာတွေကိုကြည့်နေရင်း တမဟုတ်ချင်းဆိုသလို ပပျောက်သွားတာကြောင့်
“အဘ… သမီးသမီးရောဂါတွေပျောက်သွားပြီ အဘရဲ့”
“ဒီကညီမရဲ့ရောဂါတွေက မပျောက်သေးပါဘူး ခဏတာပဲသက်သာအောင်လုပ်ထားတာပါ ရွာကိုသွားကျမယ်အဘ ရောဂါဖြစ်နေတဲ့လူတွေကိုတနေရာထည်းမှကုမှဒီရောဂါကအမြစ်ပြတ်မှာ”
“ကောင်းပါပြီဆရာလေး ကိုဝဲကျော်ရေလှည်းပြန်ကွေ့ထားလိုက်တော့ကွယ်”
လှည်းသမားဖြစ်သူကလည်းလှည်းကိုနောက်ပြန်ကွေ့လိုက်ခဲ့တယ်။
စောနကဘယ်လိုမောင်းမောင်းမသွားတဲ့နွားက အခုတော့သူမဟုတ်သလိုပဲချောချောချူချုနဲ့လှည့်ကာလှည်းပေါ်မှလူများနဲ့အတူ မောင်သူရိန်နှင့်ရှိန်းမော်လည်းကိုးထောင်စဉ်ရွာသို့ လိုက်လာခဲ့တယ်……..။
********.
“ဆရာလေး ဒီမှာဖြစ်နေတဲ့လူနာတွေအကုန်ရောက်ပါပြီကွဲ့”
“ဟုတ်ကဲ့အဘိုး ဒီအင်းပြားတွေကို ခြံထောင့်လေးထောင့်မှာမြုပ်ထားပေးပါ ပြီးတော့မဆိုင်တဲ့သူတွေ ဝိုင်းထည်းကိုအဝင်မခံပါနဲ့”
ခြံဝိုင်းတစ်ခုထည်းမှာဆိုရင်တော့ယခင်မိန်းကလေးသကဲ့သို့ မီးလောင်ဒဏ်ရာတွေကအကွက်လိုက်ကြီးတွေဖြစ်ပေါ်နေတဲ့လူတွေရောက်ရှိနေတယ်
အဘိုးအိုလည်းပေးလိုက်အင်းကိုထောင့်လေးထောင့်တွင်မြုပ်လိုက်စဉ်အတွင်းမှာပဲ ထိုင်နေတဲ့လူအုပ်ကြီးကလှုပ်လှုပ်ရှားရှားဖြစ်လာတယ်။
“သင်တို့ရောက်လာကျပြီလား”
“ငါတို့ကိုအင်းပြားတစ်ချပ်နဲ့တင်ခေါ်တာပဲနင့်ပညာကလည်းမသေးလှပါ့လား”
ထိုအဖြစ်ကြောင့် ရပ်ကြည့်နေသောလူအုပ်ကြီးလည်း တအံတဩဖြစ်သွားတူသည်ဟန်နှင့် ပါးစပ်မှလည်း အာမေဋိတ်သံကိုယ်စီထွက်ပေါ်လာတယ်။
ဝင်ပူးနေသောလူအုပ်ကြီးထည်းမှတစ်ယောက်ကထိုင်ေနရာကထကာမောင်သူရိန်ကိုရန်ပြုမည်အလုပ် ရှိန်းမော်မှသရံဏဂုံအင်းနဲ့လှမ်းပစ်လိုက်ရာ အစွဲကောင်ကအဝေးသို့လွှင့်ထွက်သွားခဲ့တယ်။
“ရှိန်းမော်စိတ်ချော့ပါ ငါစည်းချထားတဲ့အထည်းကသူတို့ထွက်လို့မရဘူး”
“လျှပ်တပြက်ကြောင့်ကျွန်တော်လည်းစက်ကိုပစ်ထုတ်လိုက်မိတာဆရာ”
“ဟိုမိစ္ဆာကောင်တွေ…ပြောစမ်းမင်းတို့ဘလိုပြုစားထားလည်းဆိုတာကို”
“ဟားဟားဟားးးးပြောပြစရာလား အစုတ်ပလုတ်ဆရာစုတ်ရဲ့”
“မပြောရင်လည်းပြောအောင်လုပ်ရမှာပေါ့|
သင်တို့ကအဝိစီငရဲကိုကျမှာမကြောက်တဲ့သူတွေပဲ”
“အေးဟုတ်တယ်…ငါတို့မကြောက်ဘူး မကြောက်လို့ဒီလမ်းလျှောက်နေတာ”
“ကောင်းပြီလေ သင်တို့ဘလောက်ထိတောင်ခံနိုင်မလည်းစောင့်ကြည့်ရတာပေါ့….|ရှိန်းမော် သူရိယအင်းချပ်ကိုစည်းဝိုင်းထည်းပစ်လွှတ်လိုက်”
ရှိန်းမော်လည်းဆရာဖြစ်သူရဲ့စကားကြောင့် ထောင့်ချိုးထောင့်ဖြတ်တွေပါတဲ့အင်းတစ်ချပ်ကိုနုတ်ယူကာ အစွဲတွေပူးကပ်ထားတဲ့လူအုပ်ကြားထည်းသို့ပစ်လွတ်လိုက်လေတယ်။
သူရိယအင်းကိုအစပိုင်းမှာတောင်းခံနိုင်ကျပေမဲ့ တဖြေးဖြေးအပူချိန်ကတိုးသထက်တိုးလာတာကြောင့် အလူးအလဲခံစားနေရသော်လည်း မာန်ကမချသေးပေ….။
ထိုချိန်မောင်သူရိန်က ကျိုက်ကဆံဘုရားမှာစောင့်ကြပ်နေတဲ့ ယက္ခညီနောင်နှစ်ပါးကိုပင့်ဖိတ်လိုက်လေတယ်။ချက်ချင်းဆိုသလိုရောက်ရှိလာပြီး မောင်သူရိန်ကိုအရိုအသေပေးကာ အစွဲရှိရာဘက်သို့လှည့်ပြီးတင်းပုတ်နဲ့ထုလိုက်လေသည်။
ငါးချက်လောက်ရိုက်ပြီးသောအချိန်မှာဆိုရင်တော့…
“တော့ပါတော့ ငါတို့..ငါတို့အရှူံးပေးပါတယ်” ဆိုတဲ့အစွဲကောင်ရဲ့စကားကြောင့် ယက္ခညီနောင်နှစ်ပါးကိုနေရပ်ဌာနအရပ်သို့ပြန်ပို့ဆောင်လိုက်ပြီး သူရိအင်းကိုလည်းလက်ဆန့်တန့်တာပြန်လည်ရုတ်သိမ်းလိုက်တယ်..။
“ကဲ့ပြော..သင်တို့ကတိမ်ညွှန့်စားစုန်းဆိုတာကျွန်ုပ်သိတယ် ရွာသူရွာသားတွေကိုဘာကြောင့်ဒီလိုလုပ်ရတာလည်း”
“လပြည့်နေ့ကျရင်ပညာသင်အချင်းချင်းပညာယှဉ်ပြိုင်ကျတယ်|ယှဉ်ပြိုင်တိုက်ခိုက်ရင်း ရလာတဲ့ဒဏ်ရာတွေကို ငါတို့ဆရာကြီးကပညာရပ်တစ်ခုနဲ့ရွာသားတွေကိုလွဲချခဲ့တာပဲ ဘာသိချင်သေးလည်း”
“ဪ…..အ့တာကြောင့်လပြည့်နေ့ညကျရင်အနာရောဂါတွေကပိုပိုတိုးလာတာကို”
မောင်သူရိန်တို့ကိုကိုးထောင်စဉ်ရွာသို့ခေါ်ဆောင်လာသောအဘိုးအိုမှာဖြစ်ပျက်တာတွေကိုပြောပြလေတယ်။
မောင်သူရိန်လည်း ခေါင်းကိုဖြေးဖြေးချင်းခါကာ ရေနွေးကြမ်းတစ်ခွက်သောက်လိုက်ပြီး
“သင်တို့က..အတော်လည်းအောက်တန်းကျလှချေလား|ရွာသားတွေကိုလွဲချထားတဲ့ဒဏ်ရာတွေအကုန်ပြန်နုတ် မြူမှုန့်တမှုန်စာတောင်ကျန်ခဲ့တာမလိုချင်ဘူး”
“ဟုတ်ပြီလေမယှဉ်နိုင်တော့လည်းခိုင်းသမျှလုပ်ရမှာပဲ အခုငါတို့ပညာတွေအကုန်နုတ်သွားမယ် ပေမဲ့မင်းလည်းငါတို့ဆရာကြီးလက်ကမလွတ်ပါဘူး”
အစွဲကောင်တွေလည်း ပြုလုပ်ထားသောပညာတွေကိုပြန်လည်ယူဆောင်သွားပြီးတော့ ခန္တကိုယ်ထည်းကနေပြန်ထွက်သွားလေတော့သည်……။
“ရှိန်းမောင်လည်း အရုပ်ကြိုးပြုတ်လဲကျကုန်တဲ့လူအုပ်ကြီးကိုသတိရလာအောင် သောက်ရေတစ်ခွက်ဖြင့်ရေမန်းမန်းကာ ရွာသူရွာသားတွေကို မန်းပြီးသားရေစင်နဲ့လိုက်လံတောက်ချနေလေတယ်။
ရှိန်းမော်ရဲ့ရေစင်တော်နဲ့ထိတွေ့ပြီး သတိရလာသောသူတွေမှာ လက်ကအနာတွေကိုပြန်ကြည့်ရာတွင် ဘာဒဏ်ရာဒဏ်ချက်မှမရှိသဖြင့် အကုန်လုံးမောင်သူရိန်ကိုအားလုံးကန်တော့လိုက်ရာ မောင်သူရိန်မှအကတော့မခံပဲအကုန်လုံးကို”ငါးပါးသီလလုံအောင်ထိန်းပါ”ဟုပြောကြားခဲ့လေတယ်….။
“အဘိုး ကိုးထောင်စဉ်ရွာရဲ့ရွာပျောက်ကြီးကဘယ်အရပ်မှာလည်းဗျ”
မောင်သူရိန်ရဲ့အမေးကြောင့်အဘိုးအိုက အံဩသဖြင့်မျက်နှာနဲ့ကြည့်ကာ
“ဘယ်လို…ဘယ်လိုလူလေး ကိုးထောင်စဉ်ရွာရဲ့ရွာပျောက်ကြီး ဟုတ်လား”
“ဟုတ်တယ်လေအဘိုး ဘာဖြစ်လို့လည်း”
“လူလေးတို့ကဘာသွားလုပ်ကျမလို့လည်း”
“အထက်ကဆရာသခင်တွေရဲ့အမိန့်ကြောင့် အ့ဒီရွာကိုခရီးဆက်ရမှာဖြစ်လို့ပဲအဘိုး”
“အေးကွယ်…အဘိုးဆရာလေးတို့ သစ္စာသမာရိကိုယုံကြည့်ပါတယ် |အဘိုးပြောပြမယ် ကိုးထောင်စဉ်ရွာအကြောင်း”
******************
လွန်ခဲ့သောနှစ် သုံးဆယ်ခန့်က ချူံနွယ်ပိတ်ပေါင်းတွေပေါက်ရောက်နေသော တောအုပ်အတွင်းတစ်ခုထည်းသို့ မိန်းမပျိုခုနှစ်ယောက်ကရဲရင့်သောခြေလှမ်းတွေနဲ့အတူလျှောက်လှမ်းလာခဲ့တယ်…..။
“ညိုလှ…..ဒါငါတို့တည်မယ်ရွာပဲ”
“ဟုတ်ကဲ့မအိုဇာ”
ဇီးပင်ရုံနောက်ကလှုပ်လှုပ်ဖြစ်နေတာကြောင့် မအိုဇာဖြစ်သူက
“ဟေ့….အနောက်ဘယ်သူလည်း အရှေ့ကိုထွက်ခဲ့ခိုးကြောင်ခိုးဝှက်လုပ်မနေနဲ့”
မိန်းမပျိုခုနှစ်ယောက်ရဲ့အရှေ့သို့မီးလုံးနှစ်လုံးပျံသန်းလာခဲ့တယ်။
“သင်တို့ကဘယ်သူလည်း ဘာကြောင့်ခိုးကြောင်ခိုးဝှက်လုပ်နေရတာလည်း”
“ကျွန်မတို့ကဒီအနားနားမှာနေတဲ့သူတွေပါ စုန်းမီးတောက်စားတဲ့အချိန် ဒီကသူတွေမြင်တွေ့ရလို့ဘာများလုပ်မလည်းကြည့်နေတာပါ”
“ဪ…ဒါနဲ့သင်တို့ကရွာရှိကျရဲ့လား”
“မရှိပါဘူး…ဒီတိုင်းပဲတဲဆောက်နေကျတာပါ”
“ဒါဆိုငါတို့နဲ့အတူမနက်ဖြန်ကစပြီးရွာကိုတူတူတည်ဆောက်ပြီး လာနေလို့ရတယ်”
“ဝမ်းသာလိုက်တာ မနက်ဖြန်ဆက်ဆက်လာခဲ့ပါ့မယ်”
“လာရင်လည်း ပေါက်တူးပေါက်ပြားဓားတွေ ယူဆောင်လာခဲ့အုံး”
မနက်ရောက်တော့ နဘေးပတ်ဝန်းကျင်ကစုန်းအမျိုးစားပေါင်းစုံက မအိုဇာတို့ရွာတွင်နေထိုင်လိုသဖြင့် လာရောက်ပြီးတူတူလုပ်ကြိင်ကျတယ်…။
မအိုဇာကလည်းသူရွာမှာနေရင် လူတွေကိုမပြုစားရဘူး|သူတဖက်သားဒုက္ခရောက်အောင်မပြုလုပ်ရဘူး ဆိုတာကအစပြောပြကာ စည်းကမ်းမလိုနာနိုင်သူများကိုမိမိဆန္ဒသဘောအရထွက်သွားခိုင်းစေခဲ့တယ်….။
ရွာတည်စအခါမှာတော့အိမ်ခြေဆယ့်ငါးလုံးလောက်ခန့်ရှိပြီး လူဦးရေကလည်းအယောက်ခြောက်ဆယ်လောက်ရှိလေတယ်။
မအိုဇာလည်းရွာကြီးကိုတည်ထောင်ပြီး ပညာစခန်းကိုတက်လှမ်းကာနှစ်တွေကပြောင်းလည်းလာကာ အသက်ရှစ်ဆယ်အဘွားအိုအရွယ်ရောက်ရှိလာခဲ့တယ်။
ပညာတွေကလည်းအတော်အတန့်သင့်တက်မြောက်ကာ အသက်ကိုလည်းဆွဲဆန့်နိုင်အောင် ပေါက်မြောက်ခဲ့တယ်။
တစ်နေ့မှာတော့ နဂါးတောင်မွေးကြီးကိုကိုင်ကာအသက်ငါးဆယ်ခန့်လူတစ်ယောက်နှင့်အတူ သူရဲ့အနောက်မှာလည်းလူအယောက်နှစ်ဆယ်လောက်လိုက်ပါလာခဲ့တယ်။
“အမေကြီး အမေကြီး…ရွာကိုဒုက္ခပေးမဲ့သူတွေရောက်လာပြီ”
“ဘယ်မလည်းဟဲ့ အဲဒီသူတွေက”
“ရွာအပြငိမှာပါအမေကြီး”
ထိုစကားကြောင့် မအိုဇာလည်းအချိန်တွေဆွဲမနေတော့ပဲ ရွာအပြင်သို့ချက်ချင်းပင်ထွက်လာခဲ့လေတယ်။
ဇယာကစကားပြောလာပြီဆိုတာ မအိုဇာရဲ့အတွေးထည်းမှာမရှိပါဘူးဆယ့်ရှစ်နှစ်သမီးတစ်ယောက်လိုလျင်မြန်သွက်လက်စွာရွာအပြင်ကိုရွာလာခဲ့တာကြောင့်ပဲဖြစ်ပါတယ်။
မအိုဇာရွာအပြင်ကိုရောက်တော့ ပုဆိုးကအကွက်ကျဲကြီးဝတ်ဆင်ထားပြီး အပေါ်ကတော့ဖျင်ကြမ်းအင်္ကျီနှင့်အတူ လက်တစ်ဖက်က နဂါးတောင်မွေး ကိုင်ဆောက်ပြီး စိန်ခေါ်နေသောသူအား မအိုဇာတစ်ယောက်တွေ့လိုက်ရလေသည်….။
“ရောက်လာပြီလားမအိုဇာ”
“နင်ကဘယ်သူလည်း ဘာကြောင့်ငါရွာကိုလာပြီး ဒုက္ခပေးရတာလည်း”
“ကျုပ်နာမည်ကဖိုးတေနဂါးကဝေဖိုးတေပေါ့ဗျာ ဒီရွာကိုကျူပ်အုပ်ချုပ်မယ် သဘောတူရဲ့လားမအိုဇာ”
“ငါကိုသေမှ နင်ဒီရွာကိုအုပ်ချုပ်လို့ရချင်ရလိမ့်မယ် ဟဲ့ကဝေကောင်”
“ကောင်းပြီလေဒါဆိုလည်းစတိုက်ကျတာပေါ့”
“ဒီအယုတ်တမာကောင်တွေကိုသတ်ကျစမ်း” မအိုဇာလည်းစက်တန်းတွေနဲ့ပစ်ခတ်ကာအမိန့်ပေးလိုက်သဖြင့် ရွာသူရွာသားများတိုက်ခိုက်ပါလေရော နဂါးကဝေဖိုးတေနဲ့သူ့ရဲ့အပေါင်းအပါတွေရဲ့အရှေ့ကိုရောက်တော့ အပြာ|အဝါ|အနီ|အစိမ်း စတဲ့ရောင်စုံစက်အလင်းတန်းတွေကတုန့်ခနဲ့ရပ်ကာ တစ်ခုခုကိုထိကန်လာပြီးအနောက်သို့စက်တွေကပြန်လှည့်လာခဲ့တယ်။
မအိုဇာလည်းစက်တွေကို အတာအစီးဖြစ်တဲ့ သုံးဆယ့်ခြောက်ကွက်
အင်းကိုအကျယ်ချူဲ့ကာ အောက်လမ်းပညာစမနဲ့တူတူရေးဆွဲကာ ပစ်လွတ်လိုက်တာ ဝုန်း ခနဲမည်ကမီးခုံးလုံးကြီးထွက်ပေါ်လာခဲ့တယ်။
မီးခုံးအငွေ့တွေကတဖြည်းဖြည်းပျောက်ကွယ်သွားချိန်ဆိုရင်ဖြင့် မအိုဇာတစ်ယောက် ယလျှပ်တပြက် မျက်လုံးနှစ်ဖက်နဲ့အတူနဖူးအလည်တည့်တည့်က အဖြူရောင်အလင်းတန်းသုံးခုကိုထုတ်လွတ်လိုက်ပြီးကဝေရှိရာဘက်သို့ပစ်လွှတ်လိုက်လေတယ်။
ကဝေလည်းရုတ်တရုတ်လာချိန်မို့ရှောင်ချိန်မရပဲ ရင်ဝတည့်တည့်သို့စက်တွေကထိုးဖောက်ဝင်ရောက်သွားခဲ့တယ်။
ကဝေကြီးလည်းဒူးထောက်ကြီးကျသွားပြီး သွေးတွေတပွက်ပွက်ပါးစပ်မှစီးကျလျက်သားရှိနေသည်။
မအိုဇာလည်းကဝေကြီးသေပြီအထင်လှည့်ထွက်သွားချိန် ပါးစပ်မှစီးကျလာသောသွေးတွေကိုသုတ်ကာ
“ဒီလိုလွယ်လွယ်နိုင်မယ်ထင်နေတာလား မအိုဇာ” ဆိုသောစကားသံကိုကြားရတာကြောင့်မအိုဇာလည်းအနောက်ကိုလှည့်ကာကြည့်ကာ
ကဝေကမသေသေးပဲ နဂါးပုံသဏ္ဍကိုတွေမြင်လိုက်ရတာကြောင့် အနောက်ကိုရွာသူရွာသားတွေထံကိုတစ်ချက်လှည့်ကြည့်ကာ သက်ပြင်းရှည်တချက်ချလိုက်ပြီး ဒူးထောက်ကာအရှူံးပေးလိုက်ရလေတော့သည်…….။
****************
မောင်သူရိန်နှင့်ရှိန်းမော်လည်းလည်း အဘိုးအိုပြောသမျှကိုခေါင်းတညိမ့်ညိမ့်ဖြင့်နားထောင်းကာ လိုရင်းကိုသိကပြီဖြစ်တာကြောင့် အဘိုးအိုကိုနှုတ်ဆက်ကာ ရွာရဲ့မြောက်ဘက်လယ်ကွင်းပြင်သို့ထွက်လာခဲ့လေသည်။
ရွာမှာ အရှေ့အနောက်တောင်မှာ လူနေအိမ်များရှိနေသော်လည်းမြောက်အရပ်မှာကွင်းပြင်ကြီးဖြစ်နေပြီး နဂါးကဝေဖိုးတေရဲ့အုပ်ချုပ်မှုအောက်တွင်ရှိနေပြီး ပညာအစွမ်းဖြင့်ရွာကိုဖျောက်ဖျက်ထားသောရွာရဲ့ပထမအစမူလရဲ့တစိတ်တစ်ပိုင်းပင်ဖြစ်လေတယ်။
မောင်သူရိန်တို့ဆရာတပည့်နှစ်ယောက်လယ်ကွင်းပြင်ကြီးနားထံရောက်တော့
“ရှိန်းမော်..မင်းဘာတွေမြင်ရလည်း”
ဆရာဖြစ်သူရဲ့ ပညာစမ်းလိုက်တာကြောင့် ရှိန်းမော်လည်းအာရုံစူးစိုက်ကာကြည့်လိုက်ချိန် ကောင်းကင်မှာစက်ကြိုးများရှူပ်ထွေးစွာ တည်ရှိနေတာကိုမြင်တွေ့လိုက်ရတယ်။
“ဒီပျောက်နေတဲ့ရွာရဲ့အပေါမှာစက်ကြိုးတွေလွတ်ထားတယ်ဆရာ”
မောင်သူရိန်လည်းနှုတ်ခမ်းလေးတွန့်အောင် ပြုံးပြလိုက်ပြီး လေပေါ်မှာ လေးကြီးအင်းတချပ်ရေးဆွဲကာ ထိုလေးကြီးအင်းထည်းသို့ဝင်ရောက်သွားစဉ် အေးစက်စက်အထွေ့အတွေ့နဲ့အတူကျေးငှက်သာဓကတို့ရဲ့ အသံကိုကြားလိုက်ရပြီး ရွာရဲ့အပြင်စပ်တစ်နေရာတောတန်းတစ်နေရာကိုရောက်လာခဲ့တယ်။
“အမေကြီး…ရွာထည်းကိုဆရာနှစ်ယောက်ဝင်လာတယ်”
“ဟိုကဝေကောင်နဲ့အတူတူတစ်ဂိုဏ်းထဲပဲလား”
“မဟုတ်ဘူးအမေကြီးရဲ့ အခုကအထက်လမ်းဆရာတွေ”
“အ့တာဆို စက်ကြိုးတွေကိုပြန်ပြီးတော့ရုတ်သိမ်းလိုက် မယ်ညို|ဒီဆရာတွေကငါတို့ကိုကူညီကောင်းကူညီနိုင်တယ်”
“ဆရာ စက်ကြိုးတွေမရှိတော့ဘူးဗျ”
မောင်သူရိန်လည်းကောင်းကင်ကိုမော့ကြည့်ကာ
“ရှိန်းမော် သတိထားပြီးသွားရမယ် ငြိမ်သက်နေခြင်းကအန္ထရယ်ကိုကြိုပြီးဖတ်ခေါ်ထားချင်းပဲကွ ငါမပြောပဲဘာမှမလုပ်ဆောင်ပါနဲ့”
“ဟုတ်ကဲ့ပါဆရာ”
မောင်သူရိန်နှင့်ရှိန်းမော်လည်း ရွာထည်းကိုသတိဝီရိယထားကာ ရွာထည်ကိုရွာလာခဲ့တယ်။
မောင်သူရိန်တို့ကိုအပြုံးလေးဖြင့်နှုတ်ခွန်းဆက်သပြီး တချို့ကလည်းမျက်နှာငယ်လေးတွေဖြင့်ကြည့်နေခဲ့တာကို တွေ့ရှိလိုက်ရတယ်..။
လူတချို့ကတော့မောင်သူရိန်နဲ့ရှိန်းမော်တို့ကိုတွေ့ရသဖြင့် ကြောက်အားလန့်အားဖြင့် ထွက်ပြေးတိမ်းရှောင်သွားတာကိုသတိထားမိခဲ့လေတယ်။
မောင်သူရိန်လည်းဇရပ်တွေ့ရှိလိုက်ရတာကြောင့် ဝင်ထိုင်ပြီးမျက်လုံးအလုံကိုမှိတ်ကာ မအိုဇာကိုစိတ်ရဲ့စွမ်းအားနဲ့ဆက်သွယ်ကာ ဇရပ်အတွင်းသို့ခေါ်ဆောင်ခဲ့လေသည်….။
ခြေသံကိုကြားရသဖြင့်မောင်သူရိန်ကထိုင်နေကာနေထကာ
“သင်တို့ရောက်လာကျပြီလား”
“ဟုတ်ကဲ့ဆရာလေး အခုလိုအင်းနဲ့စမပညာကိုတဖက်ကမ်းခက်အောင်ကျွမ်းကျင်ပြီးထွက်ရပ်းမြန်းသွားတဲ့ဆရာလေးကိုယ်တိုင် လာရောက်ပြီးပြီးကူညီပေးတော့ အဘွားတို့ကျေနပ်ပါတယ်”
“သင်တို့တပည့်သားတွေဘယ်နှစ်ယောက်လောက်ဆုံးပါးသွားပြီလည်း”
“ကိုးယောက်လောက်ရှိတယ် ဆရာလေး”
“ရှိန်းမော် ဒီအဘွားအိုတို့ကိုသံကွန်ခြားအင်းကိုခုနှစ်ထပ်ထပ်ပြီး ဂန္ဓဗ္ပနတ်သူစစ်သူတွေကိုခဏခေါ်ဆောင်ထားပြီး ကာကွယ်ပေးထားလိုက်”
ရှိန်းမော်လည်းသံကွန်ခြာအင်းကိုခုနှစ်ထပ်အုပ်ကာ ဂန္ဓဗ္ပနတ်စစ်သူတွေကိုကိုခေါ်ဆောင်ပြီး မအိုဇာတို့ကိုကာရံပေးထားလိုက်တယ်။
“ဒီရွာကိုမကောင်းကျိုးကျွန်ပြုထားတဲ့ကဝေကောင် ငါအရှေ့ကိုခုချက်ချက်ရောက်စမ်း”
လူအုပ်တစ်ကွနှင့်အတူ အသက်ကိုလိုသလိုဆွဲဆန့်ထားပြီးယခင်အတိုင်းရှိနေတဲ့ကဝေကမောင်သူရိန်ထံလျှောက်လာခဲ့တယ်။
“ဪ…ဘယ်သူများလည်းလို့ အသက်ငယ်ငယ်ရွယ်ပွယ်နဲ့ထွက်ရပ်စခန်းကိုမြန်းသွားတဲ့ မောင်သူရိန်ဆိုတာမင်းကို နာမည်ကကြားဖူးတာကြာပါပြီ လူကအခုမှပဲတွေ့ဖူးတယ် |အေးပေါ့လေ ငယ်ငယ်ရွယ်ရွယ်နဲ့ထွပ်ရက်မြန်းသွားတော့လည်း ငယ်ငယ်ရွယ်ရွယ်နဲ့သတ်ပေးရမှာပေါ့”
ထိုသို့ပြောပြီး သဘောကျနေသောကြောက့် တဟားဟားဖြင့်ရယ်နေလေတယ်။
“ပဏီတ တရာ-ဇလာဗုဇ၊ဂဗ္ဘသေယျ၊ဥပပါတိ ဆိုတဲ့နဂါးမင်းကြီးထံက နဂါးအမြူတေဓာတ်လုံးကိုသင့်ခိုးဆောင်သွားတာကိုရောမေ့နေပြီလား ကျွန်ုပ်အခုလာရောက်ရတာလည်း သူခိုးယူလာတဲ့ပစ္စည်းကိုပြန်လည်သိမ်းယူဖို့ပဲ”
“နဂါးအမြူတေတောါမရဘူးကွာ ဒါပဲရမယ်”
ကဝေကမောင်သူရိန်ထံအနီမှုန့်ကြမ်းများဖြင့်လှမ်းပက်လိုက်တာကြောင့် မောင်သူရိန်ရဲ့မျက်လုံးတွေဟာဖွင့်မရတော့ပဲအမည်းရောင်တွေကိုသာတွေ့လိုက်ရတယ်။
မောင်သူရိန်လည်းစိတ်ဝိဉာဉ့်ကိုအပြင်သို့ထုတ်လွှတ်စေခဲ့ပြီး ခန္တကိုယ်ကိုသံကွန်ခြာအင်းဖြင့်အုပ်ခဲ့လေသည်။
ကဝေကောင်လည်း မောင်သူရိန်ရဲ့ ရုပ်ကြမ်းခန္တကြီးကိုစက်များတလျပ်လျပ်ဖြင့်ပစ်သော်လည်း အနားသို့မရောက်ပဲ စက်တွေကရပ်တန့်သွားခဲ့တယ်။
ကဝေကောင်ကမလှုပ်မယှက်ရပ်နေတာကိုသတိထားမိသဖြင့် စက်တွေပစ်လွတ်တွေကိုရပ်ခိုင်းလိုက်ပြီးအနောက်သို့ဆိုတ်ခိုင်းကာ နဂါးပုံသဏ္ဍကိုပြောင်းလည်းသွားခဲ့တယ်။
ကဝေလည်းနဂါးပုံသဏ္ဍပြောင်းလိုက်မှ တရားထိုင်နေသောမောင်သူရိန်ရဲ့ဝိညဉ့်ကိုတွေ့ရလေတယ်။
“ဆရာလေးသတိထား” မအိုဇာရဲ့စကားကြောင့် မောင်သူရိန်မှမျက်လုံးဖွင့်ပြီးကြည့်လိုက်စဉ် နဂါးတို့မျက်စောင်းအကြောင်းသုံးပါးမရွေးဘူးဆိုသလို နဂါးပုံစံသို့ပြောင်းလည်းထားတဲ့ကဝေရဲ့မျက်လုံးအိမ်ထည်းမှ အနီရောင်မီးလုံးကြီးတစ်လုံးထွက်ပေါ်လာခဲ့တယ်။
မောင်သူရိန်လည်း မီးလုံးကြီးကိုဘယ်ဘက်လက်နဲ့ကာထားတာညာဘက်လက်ဖြင့် ကောင်းကင်ကိုပစ်တင်လိုက်လေတယ်။
ကဝေကနောက်ထပ်မီးလုံးကြီးထုတ်မည်အပြု ဖျောင်းခနဲမြည်ကာ ကဝေရဲ့ပါးကိုလက်ဝါးဖြင့်ရိုက်ချလိုက်တာကြောင့် နဂါးပုံစံကနေလူပုံစံသို့ပြောင်းလဲသွားခဲ့လေတယ်။
“ငမိုက်သားဖိုးတေ သင်ကအတော်အတင့်ရဲ့ပါ့လား ပထမဆုံးနဂါးအမြူတွေကိုခိုးတယ် ကဝေပညာသင်ယူတယ် ပြီးတော့ရွာဖျောက်ပြီးနေတယ် အခုသူတော်ကောင်းကိုပစ်မှားပြန်တယ် သင့်အပြစ်သင်သိလား”
“သိသိပါတယ် နတ်မင်းကြီး”
“သိရင် ဆရာလေးကိုချက်ချင်းတောင်းပန်လိုက်”
ဖိုးတေလည်းမောင်သူရိန်ကိုရှင်ခိုးဦးချကတော့ကာ တောင်းပန်လေတယ်။
မောင်သူရိန်လည်းခွင့်လွှတ်လိုက်ပြီဖြသ်တာကြောင့် ဝိရူပက္ခနတ်မင်းကြီးကနဂါးငွေ့ကြောင့်မျက်စိကွယ်နေတဲ့မောင်သူရိန်ကို နတ်ရေစင်ဖြင့် မျက်လုံးအစုံကိုဖွင့်ပေးခဲ့လေတယ်….။
အနောက်အရပ်မှာစောင့်ရှောက်နေပြီး နဂါးမင်းတွေကိုအုပ်ချပ်ရတဲ့ ဝိရူပက္ခနတ်မင်းကြီးရောက်ရှိလာခဲ့ပြီး နဂါးကဝေဖိုးတေကိုခေါ်ဆောင်သွားလေတော့သည်။
“ကျေးဇူးတင်ပါတယ်ဆရာလေး ကျွန်မတို့ကွာကိုအခုလိုကယ်တင်စောင့်ရှောက်ပေးတာ”
“ရပါတယ် ဟောဒီကပတ္တမြားတစ်လုံးကိုအသေချာသိမ်းထားပေးပါ ပဌာန်ုးဆက်ရှိတဲ့သူတစ်ယောက်လာယူပါလိမ့်မယ်”
တောက်နေတဲ့ပတ္တမြားကိုလက်ဝါးပေါ်ဖြန့်ကာမအိုဇာစီအပ်ပေးခဲ့ပြီး တသ်ရွာလုံးကိုပညာတွေသိမ်းကာ ဘုရား တရား သံဃာစတဲ့ရတနာမြတ်သုံးပါးကိုဆည်းကပ်ကိုးကွယ်ပြီး ငါးပါးသီလကိုအတက်နိုင်ဆုံးထိန်းခိုင်းကာ ရွာထည်းမှာရှိန်းမော်နှင့်အတူထွက်ခဲ့လေတော့သည်။
************
ရွာထည်းမှထွက်ကာ မြန်မာပြည်ရဲ့မန္တလေးတိုင်းဒေသကြီးရဲ့ မဟာမြတ်မုနိဘုရားကြီးကိုသွားရောက်ဖူးမြော်ပြီး ဆရာဖြစ်သူကအဓိဌာန်ဝင်နေစဉ်မှာဆိုရင်ဖြင့် ရှိန်းမော်တစ်ယောက်ရေစင်တစက်ဆရာသက်နှင့်တွေ့ကာ ဘာတွေဘလိုကြုံရမလည်းဆိုတာ “မောင်သူရိန်နှင့်ရေစင်တစက်ဆရာသက်”ဆိုတဲ့တတ္ထုလေးမှာဖတ်ရှူပေးကျပါအုံးခဗျ……။