” နင်ငါ့ကိုသတ်ခဲ့တယ် ” (စ/ဆုံး)
==============================
အချိန်ကားညနေစောင်း နေဝင်မိုးချုပ်သည့်
အချိန် တရွက်ငယ်ရွာလေးမှ နေ့ပြန်တိုးပေးသူ
မတင်ဌေး တစ်ယောက် တစ်ဖက်ရွာမှ ရစရာရှိသည့် ငွေများအားတောင်းယူကာ
အိမ်သို့ ပြန်လာခဲ့လေသည်။
ရွာနှစ်ရွာအကြား တောလမ်းခရီးလေးတွင်
လူခြေပြတ်နေပြီဖြစ်သည်။
မတင်ဌေးတစ်ယောက်သာ ခပ်သွက်သွက်လျှောက်လှမ်းလာနေသည်။
ထိုစဉ်နောက်မှ ခြေသံကြားသဖြင့်လှည့်ကြည့်လိုက်ရာ
ဖဲသမားဖြစ်သူ ကိုသက်ဖေဖြစ်နေသည်။
“ဟာ မတင်ဌေးပါလား တစ်ယောက်တည်းလား
ဘယ်သူမှမပါဘူးလား အေ့ ဂေ့
ကျုပ်တောင် ဒီရွာကအိမ်မှာဖဲရိုက်နေတာ
အခုပါသမျှအကုန်ပြောင်သွားလို့ ပြန်လာခဲ့တာပဲ”
“နင်မျက်လုံးမပါဘူးလား သက်ဖေ
ငါတစ်ယောက်တည်းမလာလို့
ဘယ်သူပါလာလို့လဲ ဟင် အရက်စော်ကလည်း
နံဟောင်နေတာပဲ ”
မတင်ဌေးက ဖဲသမားကိုသက်အောင်အား
နှာခေါင်းရှုံကာပြောလိုက်လေသည်။
“မျက်လုံးတော့ပါတာပေါ့ဗျ
ဒါနဲ့လက်ထဲမှာလည်း ပိုက်ဆံအိတ်ကြီးနဲ့
အကြွေးတောင်းပြီးပြန်လာတာထင်တယ်
မတင်ဌေး ကျွန်တော့်ကို ပိုက်ဆံချေးပါလား
ကျွန်တော်ဖဲရိုက်ဖို့ ငွေလိုနေလို့”
“နင့်လိုကောင်မျိုးကို ငါကပိုက်ဆံချေးလိုက်ရင်
ပြန်ရပါ့မလား သွား သွား နင်နင့်လမ်းနင်သွားစမ်းပါ သက်ဖေရယ်
ငါ့ကိုမနှောင့်ယှက်စမ်းပါနဲ့ ”
မတင်ဌေးလည်းခပ်ပြတ်ပြတ်ပြောလိုက်မိ
လေသည်။
“မတင်ဌေး ခင်ဗျား အသာတကြည်
ပြောလို့မရရင် ကျုပ်အကြောင်းသိတယ်မလား
ဒီမယ် ကြည့်”
ဖဲသမား သက်ဖေက ခါးကြား၌ဖွက်ထားသောဓါးမြှောင်အား
ထုတ်ပြလိုက်သည်။
“ဟင်…သက်ဖေ နင်ငါ့ကိုမတရားမလုပ်နဲ့နော်
ငါငြိမ်ခံနေမှာမဟုတ်ဘူး သိထား”
“ဟား ဟား မတင်ဌေး ခင်ဗျားက
စွာလှချေလား ဟမ်
သူများဆီကနေအမြတ်ကြီးစားထားတဲ့
ပိုက်ဆံတွေ ဘယ်မလဲ အခုထုတ်ပေး
ကြာတယ်ကွာ”
ပြောရင်းဆိုရင်း မတင်ဌေးလက်ထဲမှ
ငွေအိတ်အား လုယူတော့သည်။
“နင်လွှတ်နော် သက်ဖေ ကဲဟယ်”
“အား…”
မတင်ဌေးလည်း သက်ဖေ၏လက်အား
ကိုက်ဆွဲပစ်လိုက်သည့်အတွက် သက်ဖေ
အလွန်ဒေါသဖြစ်သွားပြီး
“တောက်”
“ခွေးမ နင်သေစမ်း”
“စွပ် စွပ် ”
“အင့်…”
“အောင်မယ်လေး အ အား”
“ကဲ မှတ်ပြီလား နင်လိုကောင်မဆီက
ငွေကိုဟောဒီလို ယူပစ်လိုက်လို့ရတယ်ဆိုတာ
သိထား”
မတင်ဌေးလက်ထဲမှလွတ်ကျသွားသော
ပိုက်ဆံအိတ်အား သက်ဖေကခြေထောက်ဖြင့်
ညှပ်ကာယူလိုက်ပြီး ထိုနေရာမှ
ထွက်သွားတော့သည်။
တောလမ်းနံဘေး၌ မတင်ဌေး၏ ခန္ဓာကိုယ်မှာ
သွေးအလိမ်းလိမ်းထွက်ကာ အသက်မဲ့စွာ
ကျန်နေခဲ့တော့သည်။
================
နောက်တစ်နေ့ မိုးလင်သည်နှင့်
တရွက်ငယ်ရွာလေး၌ လှုပ်လှုပ်ရှားရှား
ဖြစ်သွားလေသည်။
“ဟဲ့ မြင့်မေ မနေ့က နေ့ပြန်တိုးပေးတဲ့
မိတင်ဌေး အသတ်ခံရလို့တဲ့ ”
“ဟင်…ဟုတ်လား မစိုးရဲ့ ဘယ်သူက
သတ်သွားတာတုန်းတော့”
“ဒါတော့ ငါလည်းမသိဘူးအေ့
ရွာထဲကလူတွေ မနက်အစောပိုင်းက
အလောင်းကိုသွားကြည့်ကြတာ
လူတွေမှမနည်းကြဘူး သွားကြည့်ကြတာ”
“ဟုတ်လားဘယ်နားမှာအသတ်ခံရတာလဲ
မစိုးရဲ့”
“တို့ရွာ ကနေဟိုဘက်ရွာကို သွားတဲ့
တောလမ်းလေးလေ အဲ့အနားမှာ
အသတ်ခံရတာအေ့”
“အင်း စိတ်မကောင်းစရာပါ မစိုးရယ်
သူ့အမေ ဒေါ်တင်မေ တော့ရင်ကွဲနေရှာမှာပဲ”
“အေးဟဲ့ ငါသွားဦးမယ် နင်လည်း
သွားကြည့်မနေနဲ့ ဦး”
“စိတ်ချပါ မစိုးရယ် ကျွန်မမကြည့်ရဲပါဘူး”
မစိုးလည်း မြင့်မေအားနှုတ်ဆက်ပြီး
ထွက်သွားလေသည်။
==============
“အောင်မယ်လေး သမီးရဲ့
အဖြစ်ဆိုးလိုက်တာ ငါ့သမီးလေးရယ်
ငါ့သမီးကိုဘယ်လိုလူကများ ရက်ရက်စက်စက် အခုလို လုပ်ရက်ကြတာလဲ သမီးလေးရဲ့
အီး ဟီး ဟီး”
“စိတ်ကိုလျှော့ဦးမှပေါ့ ဒေါ်တင်မေရယ်
သေတဲ့သူကသေပြီပဲ မလား”
“ကျွန်မဝမ်းနည်းလွန်းလို့ပါတော်
ကျွန်မတို့မှာ ဒီသားအမိ၂ယောက်ပဲ
ရှိကြတာမလား အခုတော့ သမီးလေးက
ကျွန်မကိုတစ်ယောက်တည်းထားခဲ့ပြီလေ
သမီးလေးရေ ထကြည့်ပါဦး သမီးလေးရဲ့”
“ဒေါ်တင်မေ စိတ်ထိန်းပါဗျာ
ခင်ဗျားသမီးကိုသတ်တဲ့သူကို
ကျုပ်ကိုယ်တိုင်ဖမ်းပေးပါ့မယ်
စိတ်ချ ”
“သူကြီးရယ် ကျွန်မသမီးကိုသ_တ်သွားတဲ့သူကို
ကျွန်မလုံးဝမကျေနပ်ဘူး ဒင်းကိုမိလို့ကတော့
ကျွန်မကိုယ်တိုင် သ_တ်ရမှကျေနပ်မယ်တော့်
အီး ဟီး ဟီး”
================
မတင်ဌေး ၏နာရေးအားအဆင်ပြေစွာဖြင့်
ချနိုင်ခဲ့လေသည်။
သူကြီးဖြစ်သူလည်း ရွာထဲမှ ဆိုးပေ့မိုက်ပေ့ဆိုသော လူမိုက်များအား ခေါ်ယူစစ်ဆေးလေသည်။
“ဟေ့ကောင် သက်ဖေ မင်းမနေ့က
ဘယ်တွေသွားသေးလဲ ”
“ကျုပ် ဟိုဘက်ရွာကဖဲဝိုင်းသွားပြီးဖဲရိုက်တယ်
ဖဲဝိုင်းက
တိုက်တဲ့အရက်ကိုသောက်တယ်
ပြီးတော့အိမ်ကို ပြန်လာတယ် ဒါပဲ
ဒါနဲ့သူကြီးကဘာလို့ ကျုပ်ကိုဒီလိုတွေမေးနေတာလဲဗျ
ကျုပ်နားမရှင်းဘူး”
“အေး မင်းနားရှင်းအောင်ပြောရရင်
မနေ့က မတင်ဌေးအသ-တ်ခံရတာ မင်းလည်း
သိမှာပါ
မင်းမနေ့က ဟိုဘက်ရွာကို ဖဲသွားရိုက်တယ်
ပြီးတော့ မတင်ဌေးလည်း ဟိုဘက်ရွာကို
အကြွေးသွားတောင်းသေးတယ်ဆိုတော့
ငါမင်းကို မတင်ဌေးအသ-တ်ခံရတဲ့ ကိစ္စနဲ့
မင်းကိုသံသယဖြစ်နေမိတယ် သက်ဖေ”
“ဒီမယ် သူကြီး သူကြီးကကျုပ်ကို
လူသ-တ်တရားခံလို့ စွပ်စွဲနေတာလား
ဘယ်မလဲ သက်သေ သက်သေမရှိပဲ
လာစွပ်စွဲလို့ ဘယ်ရမလဲ မဟုတ်ဘူးလား
သူကြီး”
“ဟုတ်ပါတယ် ဒါပေမယ့် ငါက
ဒီရွာကိုအုပ်ချုပ်နေတဲ့ သူကြီး
ဒီရွာရဲ့ လူဆိုးလူမိုက်တွေကို
တာဝန်အရစစ်ဆေးမေးမြန်းရမှာ
ငါ့တာဝန်ပဲ မင်းပြောသလိုသက်သေမရှိသေးတော့ မင်းလို့ငါ အတတ်မပြောနိုင်သေးဘူး
ဒါပေမယ့် ငါစောင့်ကြည့်နေမယ်
မင်းသွားလို့ရပြီ”
“ကောင်းပါပြီ သူကြီး”
သက်ဖေလည်း စားပွဲခုံးအား လက်ထောက်လိုက်ပြီး ထလိုက်လေသည်။
ထိုစဉ် သက်ဖေ လက်မှ အကိုက်ခံရသည့်
သွားရာအား အမှတ်မထင် သူကြီးမြင်လိုက်လေသည်။
“ဒါနဲ့ သက်ဖေ မင်းလက်က ဒဏ်ရာက
ဘယ်လိုဖြစ်တာလဲ”
သူကြီးကမေးလိုက်သဖြင့် သက်ဖေတစ်ယောက်
အနည်းငယ်တုန်လှုပ်သွားလေသည်။
ထိုအမူအရာကို သူကြီးကောင်းစွာမြင်လိုက်ပါသည်။
“သြော် ဒါလား ဒီဒဏ်ရာက ကျုပ်အစ်ကိုကမွေးတဲ့ ကျုပ်တူမက ကိုက်တာ သူ့ကိုမုန့်ဝယ်
မကျွေးလို့တဲ့ဗျာ ”
“သြော် ဒီလိုလား အေးပါ ကောင်းပါပြီ”
သူကြီးလည်း အံ့သြသည့်အမူအရာဖြင့်
နေလိုက်လေသည်။
===============
“မိတုတ်ရေ မိတုတ်”
“ရှင် သူကြီးပါလား မိတုတ်ကိုခေါ်တာ
ဘာပြောမလို့လဲဟင် ”
“သြော် ဒီလိုပါ မိတုတ်ကို ဦးဦးက
မုန့်ကျွေးမလို့လေ ဟောဒီမှာ”
“ဟာ ဒါမိတုတ်စားချင်နေတဲ့ မုန့်ပဲ
ကျေးဇူးပါနော် မိတုတ်ကိုကျွေးလို့”
“ဒါနဲ့ မိတုတ်ကိုမေးရဦးမယ်
မိတုတ်အမှန်အတိုင်းပြောမှာလား”
“မိတုတ် အမှန်အတိုင်းပြောမှာပေါ့
လိမ်ရင် ငရဲကြီးတတ်တယ်တဲ့ အမေက
သင်ထားတယ်”
“ဒါဆို ဦးဦး မေးမယ် မိတုတ် မနေ့က
သမီး ဦးဦး ဦးသက်ဖေကို သွားနဲ့ကိုက်လိုက်သေးလား ”
“ဟင့်အင်း…မိတုတ်မကိုက်ပါဘူး
ဦးဦးသက်ဖေနဲ့ တွေ့တောင်မတွေ့ဘူး”
“အေးအေး ဘာရယ်မဟုတ်ပါဘူး
ဦးကဒီအတိုင်းသိချင်လို့မေးတာ
ဒီအကြောင်းကို မိတုတ်ဘယ်သူ့ကိုမှ
မပြောရဘူးနော် လိမ္မာတယ် နောက်လည်း
မုန့်ကျွေးဦးမယ် ဦးက”
“မိတုတ် ဘယ်သူ့ကိုမှမပြောပါဘူး ”
သူကြီးလည်း သက်ဖေ၏ တူမမိတုတ်အား သိလိုသမျှမေးပြီး ပြန်လာခဲ့တော့သည်။
==============
“အူ ဝူး ဝူး ဝူး”
“အူ ဝူ ဝူး”
“ဒီနေ့ညမှပဲ ခွေးတွေကအူလိုက်တာ လှမြိုင်ရာ”
“ခွေးတွေရဲ့ သဘာဝကိုက အူမယ် ဟောင်မယ်
မလား အထူးအဆန်းလုပ်လို့ ဖိုးတွတ်ရာ”
“ထူးဆန်းတာပေါ့ကွ မင်းနဲ့ငါ ရွာကင်းတဲ
စောင့်လာတာကြာပေါ့ ဒီနေ့ ညလောက်
ခွေးအူတာမင်းကြားဖူးလို့လားကွ”
“အေး အဲ့ဒါတော့ ဟုတ်တယ်ကွ
ဟူး ချမ်းလိုက်တာ ဖိုးတွတ်ရာ
အရက်လေးဘာလေး မပါဘူးလား”
“ဟ ကင်းစောင့်ပါတယ်ဆိုမှ ဘယ်ကအရက်ပါပါ့မလဲ လှမြိုင်ရ”
“ဒါဆို မင်းရွာထဲပြန်ပြီး အရက်တစ်ပုလင်း
လောက်သွားဝယ်ချေကွာ
ဒီပုံအတိုင်းဆို အတော်အေးမှာကွ
နည်းနည်းပါးပါး သောက်လိုက်မှ
နွေးသွားမှာ ဖိုးတွတ်ရ ”
“ဖြစ်ပါ့မလား သူကြီးသိရင် မင်းရောငါရော
မလွယ်ဘူး ”
“မင်းကလည်း လုပ်စမ်းပါကွာ ရှည်ကိုရှည်တယ်”
“ဒါဆို ခဏစောင့် ငါရွာထဲပြန်ပြီး
သွားဝယ်လိုက်ဦးမယ် ”
“အေးအေး မြန်မြန်သွား မြန်မြန်ပြန်လာခဲ့”
“အေးပါ ငါသိပါတယ်”
ဖိုးတွတ်လည်း ကင်းတဲပေါ်မှဆင်းကာ
ရွာထဲထွက်သွားလေတော့သည်။
လှမြိုင်လည်း ကင်းတဲပေါ်၌ တစ်ယောက်တည်း
စောင့်ကာကျန်ခဲ့တော့လေသည်။
“အူ ဝူး ဝူး ဝူ ဝူး”
“တောက် ဘယ်ကသောက်ခွေးတွေက
ထထအူနေသလည်း မသိဘူး
အောင်မယ်လေး ကြက်သီးတောင်ထတယ်”
ထိုစဉ် ခပ်လှမ်းလှမ်းအမှောင်ရိပ်ဆီမှ
တရွေ့ရွေ့ လာနေသော လူတစ်ဦးအား
ကင်းတဲ့ပေါ်မှ လှမ်းမြင်လိုက်လေသည်။
“ဟင် ဒီအချိန်ကြီး ဘယ်သူများပါလိမ့်
တို့ရွာက လူတော့ဟုတ်ပါ့မလား ”
လှမြိုင်လည်း ဓာတ်မီးကို လက်တစ်ဖက်ကိုင်ပြီး
ကျန်လက်တစ်ဖက်မှ တုတ်ကိုကိုင်ထားပြီး
ကင်းတဲပေါ်မှကြည့်နေလိုက်သည်။
ထိုလူက တဖြည်းဖြည်းနှင့် ကင်းတဲ့အနီးသို့
ရောက်လာမှ အမျိုးသမီးဖြစ်မှန်း သိလိုက်ရလေသည်။
ထိုအမျိုးသမီး၏ သွားလာသောပုံစံမှာ
တစ်ခုခုကို အသည်းအသန်လိုက်လံရှာဖွေနေသည့်ပုံစံဖြစ်
သည်။
ကင်းတဲ့ပေါ်၌ ထိုင်နေသော လှမြိုင်ကိုလည်း
အာရုံမထားပဲ သွားလာလှုပ်ရှားနေပေသည်။
ထို့ကြောင့် လှမြိုင်လည်း မနေသာတော့ပဲ
ကင်းတဲပေါ်မှဆင်းလာပြီး
“ဟေ့ မင်းဘယ်သူလဲ ဘယ်ကလဲ
ဘာကြောင့်ဒီကင်းတဲအနားမှာ တဝဲလည်လည်လုပ်နေရတာလဲ”
လှမြိုင်၏ ပြောစကားကို ဂရုမစိုက်
လှမြိုင်ကိုလှည့်မကြည့်ပါပဲ
ရွာဘက်ကိုသာ မျက်နှာမူပြီး ရပ်ကြည့်နေလေသည်။
လှမြိုင်လည်း ကျွဲမြှီးတိုသွာကာ
“ဟေ့ ငါပြောနေတာမကြားဘူးလား
မင်းဘယ်သူလဲ”
လှမြိုင် စိတ်တိုကာ အော်ပြီးမေးလိုက်တော့သည်။
ထိုအခါမှ အမျိုးသမီးက လှမြိုင်ဘက်သို့
တဖြည်းဖြည်းလှည့်လာပြီး
“ငါ့နာမည် တင်ဌေး ငါ့ကိုသတ်သွားတဲ့ကောင်ကိုငါလာရှာတာဟဲ့”
“ဟင်…”
“တင် တင် တင်ဌေး သ သ သရဲ ”
“အား သရဲ သရဲ ”
သွေးအလိမ်းလိမ်းထွက်ကျနေသော
ကိုယ်ခန္ဓာ ရဲရဲတောက်နေသော မျက်လုံး
တစ်စုံ၏အကြည့်ကြောင့် လှမြိုင် အကြောက်လွန်ပြီး ထိုနေရာမှ ထွက်ပြေးကာ
ရွာထဲသို့ပြေးလာခဲ့လေသည်။
=============
“သရဲ သရဲ”
“ဟဲ့ လှမြိုင် ဘာဖြစ်လို့ အတင်းပြေးလာတာလဲ
ဘာဖြစ်လို့လဲ ”
ရွာထဲမှ လူများလှမြိုင်၏အော်သံကြောင့်
အိမ်အပြင်ထွက်လာကြပြီးမေးကြလေသည်။
“ဘာဖြစ်တာလည်း ဘယ်ကသရဲလဲ”
“ကျုပ် ကျုပ်ကို တင် တင်ဌေးခြောက်လို့ဗျ”
“ဟင်…တင်ဌေးဟုတ်လား ဘယ်မှာအခြောက်ခံရတာလဲ လှမြိုင်”
“ကျုပ်ရွာထိပ်မှာ ကင်းစောင့်နေတုန်း
ကင်းတဲနားမှာ ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်နေတဲ့ မိန်းကလေးကိုမြင်တော့
ကျုပ်က ဘယ်သူလဲ ဘယ်ကလဲ မေးမိတယ်
ပထမတော့ သူကဘာမှပြန်မပြောဘူး
ရွာထဲကိုပဲ စိုက်ကြည့်နေတယ်
ဒါနဲ့ ကျုပ်လည်း စိတ်မရှည်တာနဲ့ ဒေါသနဲ့အော်ပြီးမေးလိုက်တော့
သူ့မျက်နှာက ကျုပ်ဘက်ကို လှည့်လာပြီး
ပြောတယ်ဗျ ငါ့ကိုသတ်သွားတဲ့ကောင်ကို
ငါလာရှာတာတဲ့ ငါ့နာမည် တင်ဌေး ဆိုပြီး
ပြောတယ်ဗျာ အသံကြီးကလည်း ဒေါသဖြစ်နေတဲ့အသံဗျ သူ့မျက်လုံးကြီးနှစ်လုံးကလည်း ရဲရဲတောက်နေတာပဲ ဒါနဲ့ ကျုပ်လည်း ကြောက်ပြီး ရွာထဲပြေးလာခဲ့တာပဲ”
“မင်းပြောပုံအရဆို တင်ဌေးက ရွာထဲဝင်ချင်နေပုံပဲ
ဝင်လို့မရလို့ ရွာပြင်မှာပဲ ခေါက်တုံ့ခေါက်ပြန်
လျှောက်နေတာဖြစ်မယ်
ပြီးတော့ သူ့ကိုသတ်သွားတဲ့ကောင်ကို
လာရှာတာဆိုတော့ တို့ရွာထဲက
လူတစ်ယောက်ယောက်က သူ့ကိုသတ်သွားလို့
မကျေမနပ်ဖြစ်ပြီး ရွာထဲဝင်ချင်ပုံပဲ”
“ဘာတွေဖြစ်ကြတာလဲ”
“ဟာ သူကြီးလာတယ်ဟေ့ ”
“သူကြီး ရောက်လာပြီဟ”
“လှမြိုင် မင်းဘာဖြစ်လာတာလဲ”
“ဟို ဟို ”
“ဘာလဲ တဟိုဟိုနဲ့ လိုရင်းကိုပြောစမ်း”
“ဒီ ဒီလိုပါ သူကြီး”
လှမြိုင်လည်း သူကြီးအားဖြစ်ကြောင်းကုန်စင်ပြောပြလိုက်
လေသည်။
“အေး မင်းပြောတဲ့ပုံအရဆို
တင်ဌေးကိုသတ်တာ တို့ရွာထဲကဆိုတာတော့
သေချာသွားပြီ ပြီးတော့ တင်ဌေးက
ရွာထဲကိုဝင်ချင်နေတာ ဝင်မရဖြစ်နေပုံပဲ
တင်ဌေးကိုသတ်သွားတဲ့သူကို
တင်ဌေးသာအသိဆုံးဆိုတော့
တင်ဌေးကို မေးရမယ် ဟုတ်ပြီ ဟုတ်ပြီ”
“သူကြီးက တင်ဌေးကိုဘယ်လိုမေးမှာလဲ
သူကသေပြီးသွားပြီလေ ”
“ငါ့မှာ နည်းလမ်းရှိပါတယ် မကြာခင်
သိရမှာပါကွာ”
ထိုသို့ပြောပြီး သူကြီးလည်းလှည့်ပြန်သွားလေသည်။
===============
နောက်တစ်နေ့ ရောက်တော့
“စိုးမောင်ရေ စိုးမောင်”
“ဗျာ သူကြီး ဘာခိုင်းချင်လို့လဲ သူကြီး”
“အေး ဒီကနေ့ပဲ ငါခရီးသွားစရာရှိတယ်
မင်းပါလိုက်ခဲ့ရမယ် ကြားလား
သွားပြင်စရာရှိတာပြင်တော့”
“ဟုတ်ကဲ့ သူကြီး”
စိုးမောင်လည်း သူကြီးခိုင်း၍သာ
ပြင်ဆင်လိုက်ရပေမယ့် ဘာမှနားမလည်ပဲရှိ
နေသည်။
“သူကြီး အားလုံးအဆင်သင့်ဖြစ်ပါပြီ”
“အေး ဒါဖြင့် သွားကြစို့ ရှင်မရေ
အိမ်ကိုသေချာကြည့်ဦး အပြင်တွေပဲ
ထွက်မနေနဲ့ မင်းခိုင်းချင်ရင် လှမြိုင်တို့ကို
ခေါ်ခိုင်းကြားလား”
“ကျုပ်သိပါတယ်တော့ ရှင်သာဂရုစိုက်ပြီးသွား”
“အေးပါ ကဲ ငါသွားပြီဟေ့”
ဤသို့ဖြင့် သူကြီးလည်း စိုးမောင်နှင့်အတူ ရွာမှထွက်ခဲ့ကြလေသည်။
============
သူကြီးနှင့်ကိုစိုးမောင် တို့ရွာသို့၂ရက်ခန့်
ကြာမှပြန်ရောက်လာကြလေသည်။
“ဟာ သူကြီးပြန်လာပြီ ဧည့်သည်လည်းပါလာတယ်”
လှမြိုင်မှ တအံ့တသြပြောလိုက်ခြင်းပင်။
“လာဦး လှမြိုင် ပစ္စည်းတွေကူချပေးဦး”
“ဟုတ်ကဲ့ လာပါပြီ သူကြီး”
“ဆရာ လှည်းပေါ်ကဖြည်းဖြည်းဆင်း”
ယောင်ထုံးအား ပုဝါ အဖြူလေးပေါင်းထားသည့်
အသက်၆၀ခန့် လူကြီးအား
သူကြီးမှ လှည်းပေါ်ကနေ ဆင်းရန်
ကူပေးလိုက်ကြလေသည်။
“ထိုင်ပါဦးရှင့် ဆရာလည်းပါလာတာပဲ”
“ရှင်မရေ ဒါ ငါ့အသိဆရာကြီး ဦးမင်းခိုင်တဲ့
စုန်း၊ကဝေ၊နာနာဘာဝ၊အောက်လမ်း
ဒါတွေကို ကုသပေးနေတဲ့ ဆရာကြီးလေ”
“သြော် ဟုတ်ကဲ့ ဆရာကြီးမင်္ဂလာပါ”
“မင်္ဂလာပါ ခင်ဗျာ”
“ဒါနဲ့ သူကြီး သူကြီးကပယောဂဆရာကြီးကို
ပင့်လာတယ်ဆိုတော့ ကိစ္စအထူးရှိလို့လား
သူကြီး”
“ဟ ရှိတာပေါ့ လှမြိုင်ရ ”
“ဘာကိစ္စများတုံး သူကြီးရ”
“နောက်တော့ မင်းသိမှာပါ လှမြိုင်ရာ”
“ဟုတ်ကဲ့ သူကြီး”
“ဒါနဲ့ သူကြီးပြောတဲ့ ကလေးမက
အသတ်ခံရတာ ဘယ်နှရက်လောက်ရှိနေပြီလဲ”
“ဒီကနေ့နဲ့ဆို ၄ရက်လောက်တော့ရှိပါပြီဆရာကြီး”
“ဒါဆိုရင် ဒီကနေ့ညပဲ အစီအစဉ်ကို
အကောင်အထည်ဖော်ကြတာပေါ့
သူကြီး”
“ဟုတ်ကဲ့ ဆရာကြီး ဆရာကြီးလိုတာအကုန်ပြောပါကျွန်တော်
အားလုံးစီစဉ်ပေးပါ့မယ်ခင်ဗျာ”
“ဘာတွေလိုအပ်လည်းဆိုတော့
ကန်တော့ပွဲအတွက်လိုအပ်တာအားလုံးစီစဉ်ပေးပါ ပြီးတော့ သတ္တိရှိတဲ့လူ သုံးလေးယောက်လောက်
လိုချင်တယ်ပြီးတော့ နတ်ဝင်သည်တစ်ယောက်ကိုပါ ခေါ်ပေးနိုင်မလား သူကြီး”
“သိပ်ဖြစ်တာပေါ့ ဆရာရယ် အားလုံးဖြစ်စေရပါ့မယ်
စိုးမောင် မင်းက ကန်တော့ပွဲအတွက်လိုအပ်တာမှန်သမျှအားလုံး
ဝယ်ထား လှမြိုင် မင်းက ရွာတောင်ပိုင်းက
နတ်ဝင်သည် မိမျိုးကို သူကြီးကညနေစောင်းရောက်အောင်လာခဲ့
လို့ပြောကြားလား”
“ဟုတ်ကဲ့ သူကြီး”
စိုးမောင်နှင့်လှမြိုင်တို့၂ယောက်သား
ပြိုင်တူဖြေလိုက်ကြလေသည်။
===============
“သူကြီးရေ သူကြီး”
“ဟာ လာဟေ့ မိမျိုး လာလာ”
“ထိုင် မိမျိုး”
“သူကြီးကျွန်မကိုခေါ်တယ်ဆိုလို့ ”
“အေး ဟုတ်တယ်ဟ ငါနင့်ကိုအကူအညီ
တောင်းချင်လို့ဟ”
“ဘာများတုန်း သူကြီးရဲ့ ကျွန်မကူညီနိုင်တာဆိုရင်
ကူညီတာပေါ့ရှင်”
“အေး ကျေးဇူးပါဟာ နင်ဘာလုပ်ရမလဲဆိုတာ
ဟောဒီကဆရာကြီး ဦးမင်းခိုင်က
ပြောပါလိမ့်မယ်”
“အင်း ဒီလိုပါ တူမကြီးရဲ့ ညကြရင်
အစီအရင်တစ်ခုအတွက် တူမကြီးက
ကြားခံအနေနဲ့ ဝင်ရောက်ပူးကပ်ခြင်း
ခံပေးရမှာပါ ဆရာတို့ကိုကူညီနိုင်မလားကွယ်”
“သြော် ရပါတယ်ရှင် မိမျိုး ကူညီနိုင်ပါတယ်
ဒါမျိုးတွေက မိမျိုး လုပ်နေကြပဲဟာကို”
“ကျေးဇူးတင်ပါတယ် မိမျိုးရယ်”
“ရပါတယ် သူကြီးရယ် မလိုပါဘူး
ဒါနဲ့ဘာအတွက်ကြောင့် ဒီလိုလုပ်တာလည်း
သူကြီးရှင့်”
“ဒါတွေညကြသိရမှာပါ မိမျိုး အဲ့အခါကြမှ
နင်အားလုံးနားလည်သွားပါလိမ့်မယ်”
“သြော် ဟုတ်ကဲ့ သူကြီး ဒါဆိုကျွန်မပြန်ဦးမယ်
အိမ်မှာလုပ်စရာလေးတွေရှိသေးလို့
ညမှတစ်ခေါက်ပြန်လာခဲ့မယ်နော် သူကြီး”
“အေးအေး နင်သာရောက်အောင်လာခဲ့”
“စိတ်ချ သူကြီး စိတ်ချ”
===============
ည၇နာရီခန့်ရောက်တော့ သူကြီး
ဆရာကြီးဦးမင်းခိုင်။စိုးမောင်၊လှမြိုင်နှင့်
နတ်ဝင်သည် မိမျိုးတို့ ရွာအပြင်သို့ထွက်လာခဲ့ကြလေသည်။
“ကိုင်း ကန်တော့ပွဲကို ယူလာတဲ့စားပွဲခုံပေါ်ကိုတင်ထားလိုက်
ဖယောင်းတိုင်နဲ့အမွှေးတိုင်းကိုထွန်းလိုက်ကြ”
“ဟုတ်ကဲ့ ဆရာကြီး”
စိုးမောင်နှင့်လှမြိုင်လည်း ဆရာကြီးဦးမင်းခိုင်
ခိုင်းသည့်အတိုင်းလုပ်ပေးကြလေသည်။
“ငါ့တူမကြီး စတော့မယ် အဆင်သင့်ပြင်ထားပါ”
“ဟုတ်ကဲ့ ဆရာကြီး”
မမိမျိုးလည်း ဆံပင်အားဖားလျားချထားလိုက်ပြီးစိတ်ကို
လျှော့ထားလိုက်လေသည်။
ထို့နောက်တွင်ဆရာကြီးက အောင်မြင်သော
လေသံဖြင့် ရွတ်ဆိုလိုက်လေသည်။
“အထက်ဆရာကြီးများရဲ့ အမိန့်
ငါဆရာ၏အမိန့်ဖြင့် ကွယ်လွန်သူ မတင်ဌေး၏
ဝိညာဉ်အား ဆင့်ခေါ်တယ် မဆိုင်သူ တစ်ဦးတစ်ယောက်မှ မနှောင့်ယှက်စေရ အမိန့်
ရွာတော်များလည်း တားဆီးခြင်းမပြုစေရ
ငါဆရာ ၏စေခိုင်းချက်အရ မတင်ဌေး၏
ဝိညာဉ်အားတားဆီးခြင်းမပြုရ ”
သူကြီးနှင့်စိုးမောင်၊လှမြိုင်တို့ မျက်လုံးအဝိုင်းသားဖြင့် ဟိုကြည့်သည်ကြည့်
လိုက်လံရှာဖွေကြည့်ရှုနေကြလေသည်။
“ဝူး ဝူး ရွဲ ရွဲ ရွဲ”
ရုတ်တရက် လေပြင်းခပ်သဲ့သဲ့တိုက်ခက်သွားပြီးနောက်
နတ်ဝင်သည်မမိမျိုး ၏ကိုယ်ခန္ဓာတစ်ခုလုံး
တုန်ရင်လာကာ
“မကျေနပ်ဘူး မကျေနပ်ဘူးဟေ့”
“ဟာ”
“အလိုလေး”
“ဗုဒ္ဓေါ”
သူကြီးတို့၃ဦးသား ပါးစပ်အဟောင်းသားဖြင့်
တအံ့တသြကြည့်နေမိသည်။
“အခုဝင်ရောလာတာ ဘယ်သူလဲဟေ့
မတင်ဌေးဟုတ်သလား”
ဆရာကြီးဦးမင်းခိုင်က လေသံခပ်ပြတ်ပြတ်မေး
လိုက်လေသည်။
“အင်း…”
ဆရာကြီး၏မေးခွန်းအား ဝင်ရောက်ပူးကပ်ခြင်းကို
ခံနေရသော မိမျိုးက ခေါင်းညှိတ်ပြရင်း
“အင်း” ဟုတစ်ခွန်းတည်းဖြေလိုက်လေသည်။
“ဒါဆို ဆရာမေးမယ် မင်းကိုသတ်တာဘယ်သူလဲ
မင်းကိုသတ်တဲ့သူကို ဆရာတို့ကိုပြပေးနိုင်မလား”
“အင်း ဟင်း ဟင်း”
ဆရာကြီး၏အမေးအား “အင်း ဟင်းဟင်း”ဟု
ဖြေကာရွာထဲသို့ ကြောက်စရာကောင်းသော
မျက်လုံးကြီးများဖြင့် စိုက်ကြည့်နေပေသည်။
“ဒါဖြင့် ကောင်းပြီ မင်းကိုသတ်တဲ့သူကို
ဆရာကြီးတို့ကို လိုက်ပြပါ”
“ဟား ဟား ဟား ဟား ”
“အီး ဟီး ဟီး”
“ဘုတ် ဘုတ် ဘုတ်”
“ဟာပြေးပြီ ဆရာကြီး ပြေးပြီ”
မတင်ဌေးဝင်ရောက်ပူးကပ်ခြင်းအား
ခံနေရသော နတ်ဝင်သည်မမိမျိုးတစ်ယောက်
ဒေါသတကြီးဖြစ်ကာ တရွက်ငယ်ရွာလေးထဲသို့
သုတ်ခြေတင်ပြေးဝင်သွားလေတော့သည်။
“လာ ဆရာကြီးတို့ သူ့နောက်ကိုလိုက်ရမယ်”
“ဟုတ်ကဲ့ ဆရာကြီး”
သူကြီးနှင့်လှမြိုင်၊စိုးမောင် တို့တပြိုင်နက်
ဖြေလိုက်ကြပြီး ရွာထဲသို့ပြေးဝင်သွားသော
နတ်ဝင်သည်မိမျိုးနောက် လိုက်လာကြလေသည်။
မတင်ဌေးဝင်ပူးခြင်းအားခံနေရသော
မိမျိုးတစ်ယောက် ရွာထဲဆီသို့ပြေးလာပြီး
တစ်အိမ်ပြီးတစ်အိမ် ကျော်လာခဲ့ပြီးနောက်
ကိုသက်ဖေ၏အိမ်ရှေ့ရောက်မှ ရပ်တန့်သွားလေတော့သည်။
“သူကြီး သူသက်ဖေတို့အိမ်ရှေ့မှာ
ရပ်နေတယ်”
“အေး ဟုတ်တယ်ကွ လာလာခပ်မြန်မြန်”
ရွာထဲမှ လူများလည်း သူကြီးနှင့်သူ၏တပည့်များ
ဆရာကြီးဦးမင်းခိုင် နတ်ဝင်သည်မမိမျိုးတို့အား မြင်ပြီးစူးစမ်းလိုစိတ်များကြောင့်
အိမ်ထဲမှ ကိုယ်စီကိုယ်စီအပြင်ထွက်
ကြည့်နေကြလေသည်။
…………………………
“သက်ဖေ နင်ထွက်လာခဲ့စမ်း သက်ဖေ”
“ဟေ့ဘယ်သူလဲ ငါ့အိမ်ရှေ့လာပြီး
အော်ဟစ်နေတာ”
ကိုသက်ဖေလည်း အိမ်ထဲမှထွက်လာပြီး
သူ့အားရန်တွေ့နေသော သူအားသိရန်
အိမ်အပြင်သို့ထွက်လာခဲ့သည်။
“ဟင်…နတ်ကတော် မိမျိုးပါလား
ဘာကိစ္စ ငါ့အိမ်ရှေ့လာပြီး အော်နေတာလဲ
ဒါနင့်လင်အိမ်မဟုတ်ဘူး နားလည်လား”
“ဟား ဟား ဟား ငါမိမျိုးမဟုတ်ဘူး
ကောင်စုတ်ရဲ့ ငါဘယ်သူလည်း နင်သိလား”
“နင်က မိမျိုးမဟုတ်လို့ ဘာလဲ
ဘယ်သူလဲပြောလေ ”
“ငါ့နာမည် တင်ဌေးဟေ့ တင်ဌေး”
“ဟင်…”
“နင်ငါ့ကိုသတ်ခဲ့တယ် နင်ငါ့ကိုသတ်ခဲ့တာလေ
နင်မေ့နေပြီလား”
“မ မ မဟုတ်ဘူး နင့်ကိုဘယ်မှာ
ငါသတ်လို့လဲ ငါ့ကိုမဟုတ်တာတွေ
လာမပြောနဲ့ ”
နတ်ဝင်သည်မိမျိုးနှင့်ကိုသက်ဖေတို့
ပြောဆိုနေသောစကားများအား
ရွာထဲမှလူများ သူကြီးနှင့်တပည့်များ
ဆရာကြီးဦးမင်းခိုင်တို့ စိတ်ဝင်တစား
ကြည့်နေကြလေသည်။
“နင်ငါ့ကိုရွာအစပ်တောရိုးနားမှာ
ဓါးနဲ့_ထိုး_သ_တ်ခဲ့တာနင်မေ့နေပြီလား”
“မ မဟုတ်ဘူးနော် မိမျိုး နင်လျှောက်မပြောနဲ့”
“ဘာမိမျိုးလဲ ငါတင်ဌေးပဲ နင်ငါ့ဆီက
ငွေတွေလုနေတုန်း ငါနင့်လက်ကို
ကိုက်ခဲ့တာနင်သိတယ်မလား
နင့်လက်မှာ သွားကိုက်ရာအခုထိ ရှိနေတယ်မဟုတ်လား သက်ဖေ”
“မောင်သက်ဖေ မင်းမလိမ်ချင်ပါနဲ့တော့
မင်းလက်ကသွားကိုက်ရာက သက်သေပဲ
မင်းတူမ မိတုတ်ကိုလည်း ငါမေးပြီးပြီ
သူကိုက်တာမဟုတ်ပါဘူးတဲ့
မင်းထပ်မလိမ်ပါနဲ့တော့ ဝန်ခံလိုက်တာ
မင်းအတွက်အပြစ်လျော့စေမှာပါ
မောင်သက်ဖေ မင်း မတင်ဌေးကို
သတ္ခဲ့တာမလား”
“နင်ငါ့ကိုသ-တ်ခဲ့တယ် သက်ဖေ ငါ့ကိုနင်
သ-တ်တာ”
ထိုသို့ပြောပြီး နတ်ဝင်သည်မိမျိုးအား
ဝင်ရောက်ပူးကပ်နေသော မတင်ဌေးလည်း
ထွက်ခွာသွားတော့သည်။
“သတိရအောင် လုပ်လိုက်ကြဦး လဲသွားပြီ”
“မိမျိုး ဟဲ့မိမျိုး ”
“ရော့ ရေမန်းလေးတောက်လိုက်”
လူတစ်ယောက်မှရေမန်းခွက်အား
ပေးသဖြင့် မိမျိုး၏မျက်နှာအားတောက်လိုက်ကာမှ
“အင်း ဟင်း ‘
“သတိရလာပြီ သတိရလာပြီ”
“ဘာဖြစ်နေကြတာလဲဟင်”
မိမျိုးတစ်ယောက် လူတွေဝိုင်းအုံနေ၍ဘာဖြစ်မှန်းမသိ၍
မေးလိုက်လေသည်။
“နင့်ကို တင်ဌေးဝင်ပူးတာဟဲ့ ”
“ဟုတ်တယ်ဟဲ့ နင့်ကိုတင်ဌေးဝင်ပူးသွားတာ
သက်ဖေက တင်ဌေးကိုသတ်လိုက်တာလို့
ပြောသွားတယ်”
“သြော် ဒီလိုလား”
“ဝန်ခံလိုက်ပါ သက်ဖေ မင်းမသတ်ပဲ
မတင်ဌေးကဝင်ပူးပြီးပြောပါ့မလားကွ”
“ဟုတ်တယ် ဟုတ်တယ် မင်းသ-တ်တာပဲ
မဟုတ်လား”
“အခုကတည်းကဝန်ခံလိုက်တာ
အကောင်းဆုံးပဲ မောင်သက်ဖေ”
ရွာထဲမှလူများက တစ်ယောက်တစ်ခွန်း
ဝိုင်းပြောနေကြလေသည်။
ထိုအခါမှ ကိုသက်ဖေက
“ဟုတ် ဟုတ်ပါတယ်သူကြီး ကျွန်တော်တောင်းပန်ပါတယ်
ကျွန်တော် မတင်ဌေးကိုသတ်ခဲ့မိပါတယ်
ကျွန်တော့်ရဲ့အမှားတွေပါ
ဖဲကြွေးတွေနစ်ပြီး ကြံရာမရတဲ့အဆုံး
အခုလိုလုပ်ခဲ့မိတာပါ သူကြီး”
“ဟင်”
“ထင်တော့ထင်သားပဲ သူမသ-တ်လို့
ဘယ်သူကသ-တ်မှာလဲအေ”
ရွာထဲမှအမျိုးသမီးများ တစ်ယောက်တပေါက်
ပြောဆိုနေကြလေသည်။
“ကိုင်း မင်းလည်းမင်းအပြစ်ကို
ဝန်ခံပြီးပြီဆိုတော့ ငါလည်းလုပ်စရာရှိတာ
လုပ်ရမှာပဲ သက်ဖေ လာငါ့အိမ်ကို
မင်းလိုက်ခဲ့ရမယ် ဟေ့ကောင်တွေ
သက်ဖေကိုခေါ်ခဲ့ကြ”
“ဟုတ်ကဲ့ သူကြီး”
ကိုသက်ဖေအား စိုးမောင်နှင့်လှမြိုင်တို့က
လက်မှချုပ်ကိုင်ပြီး သူကြီးအိမ်သို့ခေါ်လာခဲ့ကြလေသည်။
…………………………
“သူ့ကိုထိပ်တုံး ခက်လိုက်ကြ မနက်လင်းမှ
သူ့ကိုမြို့ ကစခန်းကိုပို့ပြီးအရေးယူ ထောင်ချခိုင်းမယ်”
“ဟုတ်ကဲ့ သူကြီး လာသက်ဖေ”
“အင်း သက်ဖေ သက်ဖေ ဖဲလောင်းကစားကြောင့်
မင်းမလုပ်သင့်တာလုပ်ပြီး
မဖြစ်သင့်တာတွေဖြစ်ရပြီမဟုတ်လား”
“ဟုတ်တယ် သူကြီးရေ လူတွေက
မလုပ်သင့်တာတွေလုပ် မကြံကောင်းတာတွေကြံပြီး
အခုလိုမဖြစ်သင့်တာတွေဖြစ်ကုန်ကြတာပေါ့ဗျာ”
“ဆရာကြီး ကူညီလို့ အခုလိုအဖြစ်မှန်ပေါ်ပေါက်သွားရတဲ့အတွက်
ဆရာကြီးကိုကျေးဇူးတင်ပါတယ်ဗျာ”
“မလိုပါဘူး သူကြီးရယ် ဒါတွေက
အမှန်တရားတွေပဲလေ အမှန်တရားကို
ဘယ်သူမှကြာကြာဖုံးဖိမထားနိုင်ကြပါဘူးလေ”
“ဒါနဲ့ ဆရာကြီးရေ အခုအားလုံးလည်း
့ပြီးသွားပြီဆိုတော့ ဆရာကြီး ဘယ်နေ့လောက်
ပြန်ဖို့စဉ်းစားထားလည်းခင်ဗျ”
“သူကြီးက ဆရာ့ကိုပြန်စေချင်နေပြီလား”
“ဟား ဟား ဟား မဟုတ်ရပါဘူး
ဆရာကြီးရယ် ကျွန်တော်ကမေးကြည့်ရုံပါ
ဆရာကြီးသာနေမယ်ဆိုရင် တစ်သက်လုံးလည်း
နေလို့ရပါတယ်ဗျာ”
“စတာပါဗျာ ဆရာလည်း သန်ဘက်ခါ
ပြန်မယ်လို့စိတ်ကူးထားတယ်
ဟိုမှာလည်း လုပ်စရာလေးတွေကရှိနေသေး
တယ်မလား”
“ဆရာကြီးပြန်ရင် လိုက်ပို့ပါရစေဗျာ”
“ကောင်းပါပြီဗျာ ကောင်းပါပြီ”
================
နောက်တစ်နေ့ ရောက်သည်နှင့်
တရွက်ငယ်ရွာသူကြီးနှင့်ရွာမှ လူများက
မတင်ဌေးအားရက်ရက်စက်စက်
သ_တ်ခဲ့သော ဖဲသမားကိုသက်ဖေအား
မြို့ မှ စခန်းသို့ပို့ကာ လူသ-တ်မှုဖြင့်
အရေးယူစေခဲ့ကြလေသည်။
================
“သာဓု သာဓု သာဓု စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေ”
“ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ဆရာကြီးရှင်
ဆရာကြီးကူညီလို့ ကျွန်မသမီးလေးကို
သ-တ်သွားတဲ့ သူကိုလည်း ဖမ်းမိခဲ့ပါပြီ
ဆရာကြီးကိုကျေးဇူးအထူးတင်လို့ ဒီပစ္စည်းလေးတွေနဲ့လာကန်တော့ရတာပါ
ဆရာကြီးရှင် ”
“ရပါတယ်ဗျာ ရပါတယ်
ဒီရွာရဲ့ နွေးထွေးတဲ့စေတနာမေတ္တာတွေနဲ့တင်
လုံလောက်ပါပြီ”
“လှမြိုင်ရေ ဆရာကြီးကိုလိုက်ပို့ဖို့ လှည်းအဆင်သင့်လုပ်ထားကွာ”
“လုပ်ထားပြီးပါပြီ သူကြီး အားလုံးအဆင်သင့်ပါပဲ”
“အေးအေး”
“ကဲ ပြန်ဦးမယ် သူကြီးရေ ကံမကုန်ရင်ပြန်ဆုံကြဦးစို့ ”
“ဆုံနိုင်ပါစေဗျာ ဆုံနိုင်ပါစေ”
ဆရာကြီးဦးမင်းခိုင်လည်း တရွက်ငယ်ရွာမှ
နှုတ်ဆက်ကာပြန်သွားတော့လေသည်။
သူကြီးလည်း ဆရာကြီး၏အကူအညီဖြင့်
သူဖော်ထုတ်ချင်နေသော လူသတ်တရားခံကို
လည်းအမြန်ဆုံးဖော်ထုတ်နိုင်ခဲ့ပေပြီဖြစ်သည်။
အသ-တ်ခံရသည့် မတင်ဌေးတစ်ယောက်လည်း
ဆရာကြီးအကူအညီကြောင့် အမှန်တရားကို
ပြောပြနိုင်ခဲ့ကာ တမလွန်ဘဝ၌ အေးချမ်းစွာနေနိုင်ခဲ့ပြီဖြစ်လေသည်။
ပြီးပါပြီ…
ရေးသားသူ- အောင်ဓူဝံ
လိုအပ်ချက်များစွာဖြင့်
ဇာတ်လမ်းလေးဖတ်ပြီးရင် လက်မလေးနှိပ်ပြီး
အားပေးခဲ့ကြနော်
#crd