Unicode Version
နတ်ဆိုးချစ်သူ(စ/ဆုံး)
—————————
အချိန်ကား ည[၁၁] နာရီကျော်ဝန်းကျင်ခန့်မျရှိချိန်ဖြစ်၏ ။
လမိုက်ညဖြစ်ခြင်းကြောင့်ကောင်းကင်ကား
အနက်ရောင်ဝတ်ရုံလွာကြီးအားဆင်မြန်းထားသလို
ပိန်းပိန်းပိတ်အောင်မှောင်မဲနေသည်။
ယနေ့ညအတွက်မူကား ကြယ်တလုံးတလေမျပင်
ကောင်းကင်ပြင်တွင်မတွေ့နိုင်ချေ ။
လူနေရွာငယ်လေးတစ်ရွာသည်ကား
ညအမှောင်ထုအောက်တွင် တိတ်ဆိတ်စွာဖြင့် အိပ်မောကျနေလျှက်ရှိသည်။
ရွာသားများမှာကား လယ်ယာကိုင်းကျွန်း လုပ်ကိုင်သော ကျေးလက်နေလူတန်းစားများဖြစ်
သောကြောင့် မနက်စောစောထကာ လုပ်ငန်းခွင်ဝင်
ရန်ညဖက်နေဝင်မိုးချုပ်သည်နဲ့ ခနတဖြုတ် ဝိုင်းဖွဲ့ကာ
စကားစမြည်ပြောဆို ကြရင်း လူစုခွဲအိပ်ယာ
ဝင်ခဲ့ကြပြီ ဖြစ်သည်။
ရွာကလေးသည်ကား ယခုမူကား တိတ်ဆိတ်ငြိမ်သက်လျှက်ရှိနေသည်။
တခါ တခါ ရွာလယ် လမ်းတလျှောက် မဲမဲ မြင်ရာ
ထိုးဟောင်နေသော ခွေးတစုမှ လွဲလျှင် ကျန်အသံဗလံများ မရှိပေ ။
ရွာကလေးအပြင်ဖက် ခပ်ကျကျတောစပ်တွင်ကား သစ်လုံးအိမ်ငယ်ကလေးတစ်လုံးရှိနေပြီး
သစ်လုံးအိမ်ကလေးတွင်းမှ ထွန်းညှိထားသောဆီမီးရောင်သည် ဖွင့်ထားသောပြတင်းပေါက်မှ တဆင့် အပြင်သို့ အနည်းငယ်မျ လျံကျလင်းနေလျှက်ရှိနေသည်ကိုတွေ့နေရ၏ ။
သစ်လုံးအိမ်ဧည့်ခန်းအတွင်းတွင်ကား သစ်သားစားပွဲတလုံးရှိနေပြီးထိုစားပွဲအားဝိုင်းပတ်ကာဝါးထိုင်ခုံလေးများအစီအရီချထား၏ ။
ထိုစားပွဲပေါ်တွင် ရေနံဖြင့်ထွန်းညှိရသော လက်ဆွဲ မီးအိမ်တလုံးအား ထွန်းညှိထားပြီး ဧည့်ခန်းအတွင့်သင့်တင့်သော အလင်းရောင်ရရှိနေကာ
အပြင်သို့ လျှံထွက်နေသော အလင်းသည်ကား ထိုမီးအိမ်မှ အလင်းပင်ဖြစ်နေတော့၏ ။
ငြိမ်သက်စွာဖြင့် ရှိသောကြောင့် လူမရှိဟု ထင်စရာရဖိသော်လည်း အခန်းအတွင်း ဝါးကုလားထိုင်ပေါ်တွင် မျက်နှာချင်းဆိုင်အနေအထားဖြင့်
လူနှစ်ယောက်တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ရှိနေကြသည်။
အမျိုးသမီးနှစ်ယောက်ပင်ဖြစ်သည်။
တစ်ယောက်မှာကား ပျို မြစ် နုငယ်သော ၁၈ နှစ်အရွယ်
ကောင်မလေးတစ်ယောက်ဖြစ်ပြီး အခြားတစ်ယောက်မှာကား အသက် ၂၅ ဝန်းကျင်ခန့်မျ
အမျိုးသမီးတစ်ယောက်ပင်ဖြစ်သည်။
ထူးခြားမူအနေဖြင့်ကား အသက်အနည်းငယ်မျ ကြီးသောအမျိုးသမီးသည်သူ၏ရှည်လျှားနက်မှောင်သော ပိတုံးရောင်ကေသာအားဖားလျားချ
ဖြန့်ချထားခြင်းနဲ့အတူအနက်ရောင်ထက်အောက်ဆင်တူဝတ်ဆင်ထားကာထမီအထက်ဆင်အားအောက်ချ ဝတ်ဆင်ထားမူကြောင့်
ယခုလိုညအချိန်မျိုးတွင် ယခုလိုသာမာန်မဟုတ်ပဲ ဝတ်စားထားခြင်းမျိုးကထူးဆန်းနေ၏ ။
ဆီမီးရောင်ဝါကျင့်ကသူတို့မျက်နှာအား ထင်ဟပ်နေသဖြင့်သူတို့နှစ်ယောက်မျက်နှာအား ထင်ရှားစွာဖြင့်တွေ့နေရပြီး နှစ်ယောက်စလုံး၏ မျက်နှာတွင်ကား စိုးရိမ်ခြင်းသောက တခုအား ထိန်းချုပ်ထားနိုင်စွမ်းကင်းမဲ့စွာပေါ်လွင်နေသည်။
“ဒင်…..ဒင်….ဒင်….ဒင်…”
အိမ်ဧည့်ခန်းနံရံတွင်ချိတ်ဆွဲထားသောရှေးဟောင်း တိုင်ကပ်နာရီမှ
ည[၁၂] ထိုးသံသည် တိတ်ဆိတ်ငြိမ်သက်စွာ ထိုမိန်းမနှစ်ယောက် ကိုယ်ခန္ဓာ အားဆတ်ခနဲ တုန်ခါသွားစေသည်။
“ကဲ..ညီမလေး မမ သွားရတော့မယ်
မမ မှာတာတွေ မမေ့ပါနဲ့ ”
“အဟင့် …ဟင့်…မမရယ်..မသွားလို့မရဘူးလား”
အမ ဖြစ်ဟန်တူသော အမျိုးသမီးကြီးပြောစကားကြောင့်
အမျိုးသမီးငယ်လေးမှာနဂိုကတည်းကငိုချင်စိတ်ကိုထိန်းချုပ်ထားရသည်မှာမခံစားနိုင်တော့ဟန်ဖြင့် မျက်ရည်များကျဆင်းလာရင်း ရိူက်သံတဝက်ဖြင့် အစ်မဖြစ်သူကို တားလိုက်ခြင်းပင်ဖြစ်၏ ။
အမ ဖြစ်သူကား ဝဲတက်လာသောမျက်ရည်အား မျက်တောင်တဖျတ်ဖျတ်ခပ်ကာ ထိန်းလိုက်ရင်း….
“မရတော့ဘူး ညီမလေး ဒီနေ့ညဟာ ဒင်းနဲ့မမ
တစ်ယောက်ယောက်သေမှ ဇတ်လမ်းပြီးမှာ..
ဒါပေမယ့်…….”
အစ်မဖြစ်သူသည် စကားအားဖြတ်လိုက်ရင်း အိပ်ခန်းတခုအားလှမ်းကြည့်လိုက်သည်။
ထို့နောက် အိပ်ခန်းဆီသို့ဝင်သွားလိုက်တော့သည်
အခန်းအတွင်းမူကား အသက် ၅ နှစ်အရွယ်ခန့် ကလေးငယ်တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်ကို အပြင်မှဝင်လာသော မီးရောင်တစွန်းတစဖြင့်တွေ့နေရ၏ ။
အမျိုးသမီး သည်ကလေးငယ် အိပ်နေရာအနီးတွင်
ထိုင်ချလိုက်ရင်း ကလေးငယ် နဖူးဆီမှ ဆံစများအားသပ်တင်ပေးရင်း မျက်ရည်များကျဆင်းလာနေတော့၏ ။
ပြီးနောက် ကလေးငယ်ပါးပြင်အား ဖွဖွလေး ငုံနမ်းလိုက်ရင်း…..
“အမေ့ကို ခွင့်လွတ်ပါ သားလေးရယ်..
သားလေးဆီ အမေပြန်လာချင်မှပြန်လာနိုင်တော့မှာ
အဟင့်…..”
အမျိသမီးကားရိူက်သံတိုးတိုးဖြင့် တိုးတိုးလေးသားဖြစ်သူအားကြည့်ကာပြောလိုက်ရင်းမျက်ရည်များသုတ်လိုက်ကာ အပြင်သို့ ပြန်ထွက်လာခဲ့သည်။
ညီမဖြစ်သူကားစားပွဲပေါ် ခေါင်းမှောက်လျှက် ကိုယ်ခန္ဓာတသိမ့်သိမ့် တုန်ယင်လျှက် ရိူက်ငိုနေလျှက်
ရှိနေသည်။
“ညီမလေး တကယ်လို့ မမပြန်မလာနိုင်ရင်
သားလေးကိုခေါ်ပြီးဝေးရာ ထွက်သွားပေးပါ ..သားလေးကိုပြုစုစောင့်ရှောက်ပေးပါ၊
နူတ်ဆက်ခဲ့ပါတယ် ……မမသွားပြီ…”
“ဟင်…မမ…မမ…အဟင့်….အဟင့် ..မမ. ”
အစ်မဖြစ်သူကားစကားဆုံးသည်နဲ့ အိမ်ပြင်ထွက်၍
အမှောင်အတွင်းတိုးဝင်သွားပြီဖြစ်သည်။
ညီမဖြစ်သူ၏ အော်ခေါ်သံအားတချက်မျပင် စောင်းငဲ့မကြည့်ခဲ့ ။မခံစားနိုင်၍ ဖြစ်ဟန်တူသည်။
သူမ မျက်ဝန်းတွင်လည်း မျက်ရည်များက တာကျိုး၍ထွက်လာသော ရေများကဲ့သို့ အတားအဆီး မရှိကျဆင်းနေတော့၏ ။
ညီမဖြစ်သော အမျိုးသမီးငယ်လေးသည် အစ်မဖြစ်သူ
ထွက်သွားပြီးအတန်ကြာသောအခါ ပြတင်းပေါက်ဆီသို့
သွားရောက်ရင်း အပြင်ဖက်သို့ မျော်ကြည့်နေမိသည်။
သူမမျော်ကြည့်ပြီး မရှေးမနှောင်းမှာပင် ကောင်းကင်ပြင်ပေါ်သို့ စကောအရွယ်အစားခန့်ရှိသော
အနီရောင်အလုံးကြီးတစ်လုံးသည် တဖြည်းဖြည်း အောက်ခြေမြေပြင်မှ ကောင်းကင်ပေါ်မြင့်တက်လာသည်။
ထို့အတူ ဆန့်ကျင်ဖက်အရပ်ဆီမှ ပုံစံတူအရွယ်တူ အနီရောင်အလုံးတစ်လုံးတက်လာကာ ထိုအနီရောင်အလုံးကြီးနှစ်လုံးသည် ကောင်းကင်ပေါ်တွင် တစ်လုံးနဲ့တလုံးပြင်းထန်သော အရှိန်ဖြင့်ဆန့်ကျင်ဖက်အရပ်ဆီမှ ရွေ့လျှားလာကြရင်း
ဆောင့်တိုက်ကြလေတော့သည် ။
အနီရောင်အလုံးကြီးနှစ်လုံးမှာ ပုံစံတူ အရွယ်အစားတူ
ဟုအမှတ်တမဲ့ထင်ရသော်လည်း သေချာကြည့်ပါက တစ်လုံးမှာ အနည်းငယ်ကြီးကာ အရောင်များပိုလင်းနေသည်။
တစ်လုံးနဲ့တစ်လုံးသည်ကား ပြင်းထန်သို့အရှိန်ဖြင့်ဆောင့်ရင်းနောက်သို့ ဝေးကွာသွား
လိုက်တဖန်ပြန်လည်၍ ရှေ့သို့ဆောင့်တိုက်ရင်းဖြင့်
ကြိမ်ဖန်များစွာ ရှိနေကြသည်။
ပြတင်းပေါက်မှ ရပ်ကာကောင်းကင်ပေါ်မှ မြင်ကွင်းအား
ရင်တလှပ်လှပ်ဖြင့် မျက်တောင်ခပ်ရန်ပင်မေ့လျှော့နေသည့်အလား စိတ်ဝင်တစား ငေးမောကြည့်နေတော့သည်။
(ယခုလို စကော အရွယ်အစားခန့် အနီရောင်အလုံးကြီးနှစ်လုံး တစ်လုံးနဲ့တလုံးဆောင့်တိုက်နေသော မြင်ကွင်းကို
သာမာန်ကြည့်ပါက အဘယ်ကြောင့်ဟု နားမလည်ပဲ
အံ့အြသင့်ရုံသာ အံ့အြမိမည်ဖြစ်သော်လည်း တတ်သိနားလည်သူများက ယခုမြင်ကွင်းမှာ စုန်းတောက်သည် [ဝါ] တနည်း စုန်းမများပညာပြိုင်နေသော မြင်ကွင်းဟုခန့်မှန်းသိရှိမည်ပင်ဖြစ်သည်။)
တစ်နာရီခန့်မျကြာသွားသောအချိန်။
“အောင်မလေး….မမရယ်…အဖြစ်ဆိုးလှချည်လား
မမရယ်…အီး…ဟီး…ဟီး…”
ပြတင်းဝမှ စုန်းပညာပြိုင်သော မြင်ကွင်းအားရပ်ကြည့်နေသော မိန်းမပျို လေးသည် ယောင်ယမ်းအော်ဟစ်လိုက်ရင်း ခလေးငယ်တစ်ယောက်ကဲ့သို့ပင် အသံထွက်ငိုကြွေးလိုက်တော့၏။
သူမငိုကြွေးရသော အကြောင်းအရင်းကား ပညာယှန်ပြိုင်နေသော စုန်းမီးကြီး နှစ်လုံးမှတစ်လုံး
သည် အရောင်များမှေးမှိန်ကာ အောက်သို့ အရှိန်ဖြင့်
ပြုတ်ကျသွားခြင်းကြောင့်ပင်ဖြစ်သည်။
ပြုတ်ကျသွားသော မီးလုံးကား အတန်ငယ်သေးကာ
အရောင်မှိန်သော မီးလုံးပင် ထိုမီးလုံးမှာ သူမအစ်မဖြစ်
နေသောကြောင့်ပင်ဖြစ်သည်။
ကောင်းကင်ယံတွင်ကား တလုံးတည်း ကျန်နေသော မီးလုံးကြီးကား အရောင်တဝင်းဝင်းဖြင့် သူမတို့ အိမ်ဖက်
အရပ်ဆီသို့ ရွေ့လျှားလာနေသည်ကိုတွေ့လိုက်ရခြင်းကြောင့် မိန်းမပျိုလေးရင်ထိတ်သွားမိသည်။
သူမတို့အမြန်ပြေးမှ ဖြစ်တော့မည် သူမသည် မျက်ရည်များသုတ်ကာ အံကြိတ်လိုက်ရင်း အိပ်ခန်းအတွင်းအိပ်ပျော်နေသော ကလေးငယ်အားနိူးလိုက်ရင်း အိမ်ဘေးတောစပ်မှတဆင့် မီးလုံးကြီးနဲ့
ဆန့်ကျင်ဖက်အရပ်ဆီသို့ကလေးငယ်အားလက်ဆွဲကာပြေးလာခဲ့တော့၏ ။
အမှောင်ထဲတွင်မမြင်မစမ်းမို့ အလဲလဲ အပြို ပြို
ကလေးငယ်ကား အိပ်မူန်စုံဝါးဖြင့် ပြေးသာပြေးနေရသည်ဘာအတွက်ပြေးနေရသည်မသိ။
“အဒေါ်… သားတို့ ဘယ်သွားနေတာလဲဟင်
အမေကော… ဘယ်မှာလဲ”
“အော်..သားအမေ ဆီကို အရေးတကြီးကိစ္စ ရှိလို့
ထွက်သွားတာ အဲဒါ အဒေါ်တို့ကို နောက်ကလိုက်
လာခိုင်းထားလို့ သားလေးရဲ့…”
မိန်းမပျိုလေးသည်ခလေးငယ်အမေးကို ပြန်ဖြေရင်းနောက်သို့ လှည့်ကြည့်လိုက်သောအခါ
အတန်ငယ်ဝေးကျန်ခဲ့သော သူမတို့ အိမ်ကလေးအနီးကောင်းကင်ပြင်တွင် ဝဲပတ်နေလျှက်ရှိသော မီးလုံးကြီးအားတွေ့လိုက်ရသည်။
“ငါတို့ မိသားစုကို ပြိုကွဲအောင်လုပ်ခဲ့တဲ့ နင့်ကိုတသက်လုံး မကျေဘူးဟေ့ ..ဘယ်အချိန်ဖြစ်ဖြစ်
ဒီရန်ကြွေးကို ငါလာယူမယ် . ..တချိန်မှာ ဒီအကြွေးကို
ငါလာယူမယ်….ဘယ်လိုနည်းနဲ့ မဆို နင့်ဆီက
အကြွေးကို ရအောင်လာယူမယ်…”
မိန်းမပျိုလေးမှာ နာကျည်းခက်ထန်စွာရေရွတ်ပြောဆိုလိုက်ရင်း ကလေးငယ် လက်အားဆွဲကာ အမှောင်ထုဆီသို့ တရွေ့ရွေ့ဖြင့်တိုးဝင်သွားလေတော့သည်။
——————————————————-
ရွေတောမြိုင် ရွာကလေးသည် အိမ်ခြေ ငါးဆယ်ကျော်ခန့်မျဖြင့်ဖွဲ့စည်းထားပြီး စနစ်တကျတည်ရှိထားခြင်းမဟုတ်ပဲ တောသဘာဝပီပီ
ဟိုနေရာ တအိမ် ဒီနေရာတစ်အိမ် ဆောက်လုပ်ထား
ခြင်းကြောင့် တအိမ်နဲ့တအိမ်သည်ကား အတန်ငယ်
ဝေးကွာနေသည်။
ရွေတောမြိုင်ကား တောကျကာ မြို့အရပ်နဲ့ ဝေးလံ၍
ခေါင်သီလွန်းလှသည်။
သို့သော်
ရွေတောမြိုင် တွင်အစည်ကားဆုံးကာလတစ်ခုကားရှိသည်။
ယင်းမှာ ရွာဦးထိပ်တွင်တည်ထားသော ရွေတောမြိုင်
ဟုခေတ်အစဉ်အဆက်က ခေါ်တွင်ကာ သမိုင်းအထောက်အထား အတိအကျမရှိသော ရှေးဟောင်း စေတီတော်တဆူရှိသည်။
စေတီတော်၏ သတင်းကား အနယ်နယ်အရပ်ရပ်သို့
တိုင်ကျော်ကြားလွန်းလှသည်။
အကြောင်းမဲ့ကျော်ကြားခြင်းမျိုးကားမဟုတ်နှစ်စဉ် ဘုရားပွဲတော်ကာလဖြစ်သော တန်ခူးလတွင် ဘုရားစိန်ဖူးတော်မှ ဓတ်တော်သည် ကွန့်မြူ းထွန်းလင်း
ခြင်းအတွက်ကြောင့်ပင်ဖြစ်သည်။
သို့အတွက်
တန်ခူးလကာလ ဘုရားပွဲလတွင် ဓတ်တော်ဖူးမျော်လိုသော အနယ်နယ်အရပ်ရပ်ရှိ ဘုရား
ဖူးခရီးသွားများသည် လှည်းဖြင့်တဖုံ၊ လှေဖြင့်တသွယ်
တဖွဲဖွဲရောက်ရှိလာတတ်ပြီး ဘုရားပွဲငါးရက်တာ ကာလအတွင်း နေ့ညမပြတ် ဘုရားတောင်အောက်ခြေရှိ
ကွင်းပြင်ကြီးသည် ကြက်ပျံမကျ စည်ကားလွန်းလှသည်။
ဈေးဆိုင်တန်းများ မိုးလင်းပေါက်ထိ ဖျော်ဖြေကပြတတ်သော ဇတ်ရုံကြီးများကလည်း သုံးလေးရုံသာမက တခြားသော ရဟတ်ကြီးများ
မျက်လှည့်ရုံကြီးများကလည်း နေ့ချင်းညချင်းပင်ပေါ်ပေါက်
လာတော့သည်။
မြနှင်းတစ်ယောက် ရွေတောမြိုင်ဘုရားပွဲနီးကပ်လာသည်နဲ့ အမျ ရင်တခုန်
ခုန်ဖြင့်ရှိနေသည် ။
သူမလည်း အများနည်းတူ ဘုရားပွဲဈေးတွင် လူငယ်သဘာဝလျှောက်လည်လိုသည်။
သို့သော်တခြားလူများအတွက် ယခုလို ကိစ္စမျိုးသည်
အထူးတလည် မခက်ခဲလှသော်လည်း သူမအတွက်ကား မလွယ်ကူလှချေ ။
သူမအသက်(၁၈)နှစ်ပင်ပြည့်ချေပြီ ယခုထိဘုရားပွဲသို့မရောက်ဖူးသေးချေ ။
သူမ မိခင်သည် ဘုရားပွဲလိုက်ပို့ရန်ပြောသမျ အကြောင်း
ပြချက်အမျိုးမျိုးပေးကာ ငြင်းတတ်သည်။
နောက်တခုကားသူမသည် အပေါင်းအသင်းရွယ်တူ
သူငယ်ချင်းမရှိပေ ။
သူမအားရွာထဲမှရွယ်တူ မိန်းခလေးများသည်သူမအား
အပေါင်းအသင်းလုပ်လေ့မရှိ ။
သူမငယ်စဉ်ကပင်ရွယ်တူခလေးများကြားသွားကစားရန်
သွားသော် သူမအားကစားဝိုင်းအတွင်းမည်သူမျပေးမဝင်ကြပေ။
“စုန်းမကြီး သမီးသွား ငါတို့နားမလာနဲ့သွား ”
သူမသည် ငယ်စဉ်ကတည်း ထိုကစကားများအားနားမလည်သော်လည်း အရွယ်အနည်းငယ်ရောက်မှ ထိုစကားများ၏ အဓိပ္ပါယ်
ကိုနားလည်ရတော့သည်။
သူမအမေသည်ရွာထဲမှပြောစကားများအရ စုန်းမကြီးတစ်ယောက်အဖြစ်ရွာသားများသတ်မှတ်ကာ
သူမတို့မိသားစုအားအဆက်အဆံမပြု ကြချေ ။
သို့သော်လည်းသူမအမေအားရွာသားများသည်
စုန်းချွတ် အမှောင့်ပယောဂ တစ်ခုခုကပ်သည်ကအစ
သူမမိခင်အား လာခေါ်တတ်ကြသည် ။
မိခင်ကြီးနဲ့သူမနှစ်ယောက်တည်းသာနေသောအိမ်ကလေးတွင် သူမမိခင်သည် အတူမနေပဲ သီးသန့်အိမ်ငယ်လေးတစ်လုံးတွင်ခွဲနေတတ်သည်။
သူမအားလည်းထိုအိမ်ငယ်လေး တွင်သာအချိန်ပြည့်ရှိနေတတ်သည်။
ထမင်းဟင်းများအားလည်းသူမနဲ့မစားပေ နေ့စဉ် အသား
စိမ်း ငါးစိမ်းများအားသူမကပင်ပို့ပေးရသည်။
သူမမိခင်သည် ထူးခြားသည်ကားအမှန်ပင်ဖြစ်သည်။
အခန်း[၂]
သူမသည်ကား ညနေစောင်းဘုရားပွဲဈေးတလျှောက်စိတ်လွတ်ဖြင့် ဈေးတန်းတလျှာက်လိုက်ကြည့်နေမိသည်။
သူမ မိခင်အားအတင်းကြပ်ပူဆာလွန်းမက ပူဆာသောကြောင့် နောက်ဆုံးတွင် အပြင်
ထွက်ခွင့်ရခဲ့ခြင်းပင်ဖြစ်၏ ။
သူမတစ်ယောက်တည်း လျောက်လည်ရသည်
သို့သော်ကား ညနက်အောင်အထိလျှောက်လည်ခွင့်ကားမရပေ။
ညမနက်ခင်
အစောကြီးအိမ်ပြန်လာရမည်ပင် သူမအတွက်တစ်ခု
ကောင်းသည်ကား ဒီနယ်တဝိုက်တွင်ဘယ်သူမှ သူမအား ကိုယ်ထိလက်ရောက်မပြောနဲ့ စကားပင်ပြောဝံ့
သောယောက်ကျားမရှိချေ ။
သူမမိခင်အားကြောက်လန့်ကြသောကြောင့်ပင်ဖြစ်လိမ့်မည်။
…ဘုန်း….
… အင့်….
…အေမ့……
…အို……
ပွဲဈေးတန်းတလျှောက် ဟိုငေးသည်ငေးဖြင့်လျှောက်လာသော မြနှင်းတစ်ယောက် လူတစ်ယော်အားဝင်တိုက်မိကာထိုသူရင်ခွင်အတွင်း လဲပြို ကျသွားခြင်းပင်ဖြစ်သည်။
“ဟေ့ လူတယောက်လုံးတောင်မမြင်ဘူးလားကွ
ဘာတွေဒီလောက် ငေးလာလို့လဲ…..”
မြင့်မားသောအရပ်အမောင်းဖြင့် အပေါ်စီးမှ ငုံမိုးကာ
ပြုံးစစပြောနေသော ချောမောသောမျက်နှာနဲ့အတူ
စကားသံကြောင့် ယခုအချိန်အထိ ယင်ဖိုပန်မသန်းဖူး
သေးသောမြနှင်း၏ နှလုံးခုန်သံသည်
ဗျောင်းဆန်ခတ်မျ ထိုအတူ သူမလဲပြိုမည်ကို ထိန်းပေး
ထား၍ သူမသည် ထိုလူချော၏ ရင်ခုန်အတွင်းရောက်နေ
သေးသည်။
“မင်းသားကလည်းချော မင်းသမီးကလည်း
ချောလိုက်ဖက်တယ်ဟေ့ ..”
သူမတို့နှစ်ယောက်ကားအဖြစ်ကိုကြည့်ကာ ဖြတ်သွား
ဖြတ်လာကာလသားတစုလှမ်း၍ စနောက်မှ သူမ
ခုမှသတိဝင်လာမိသည်။
“အို…ရှင်…လွတ်…လွတ်..ပါ..”
သူမရှက်လန့်တကြားအော်မိရင်း ထိုသူအလိုက်သင့်ဖက်ထားခြင်းကိုဆတ်ခနဲရုန်း
၍ထိုနေရာမှဝေးရာပြေးထွက်လိုက်တော့၏။
အပျိုမလေးသူမအတွက်ခုလိုယောက်ကျားပျို
တစ်ယောက်နဲ့တွဲဖက်စနောက်မူကို ယခုမှပထမဆုံးအကြိမ်ကြုံဖူးခြင်းဖြစ်သလို၊
ထိုသူရင်ခွင်တွင် လူမြင်ကွင်းရှေ့ရောက်နေမိသော
အဖြစ်ကတွေးကြည့်ရုံဖြင့်ရှက်ရွံရင်တုန်ဖွယ်ဖြစ်
နေတော့၏ ။
“ဟေ့..ကောင်မလေး ဘယ်သွားမလို့လဲ
တစ်ယောက်တည်းလား”
“ဟင်….”
သူမပြေးမိပြေးရာမှပွဲဈေးမှဖယ်ခွာ၍ အိမ်သို့လာရာ လမ်းတွင်
မူးယစ်ယိုင်ထိုးနေသူနှစ်ယောက် သူမသွားလမ်းကို
ပိတ်ရပ်ကာမေးလာမှသတိဝင်လာကာရှက်ရွံ့ထူမူ
များပျောက်၍ကြောက်စိတ်၊စိုးရိမ်စိတ်များဖြင့်
ရှိနေတော့၏ ။
“ကျွန်မရှေ့ကဖယ်ပေးပါ ကျွန်မဘာကျွန်မဘယ်သွား
သွားရှင်တို့အပူမပါဘူး…”
ညကားဆယ်နာရီခန့်ရှိနေပြီ ဖြစ်ခြင်းနဲ့အတူ ပွဲဈေးတန်းနဲ့အတန်ငယ်ဝေးသော တောလမ်းလေးပေါ်သူမရှိနေခြင်းအတွက် စိတ်အနည်းငယ်တော့ပူသွားမိသည်။
လူနှစ်ယောက်ကား သူမတို့နယ်မှဖြစ်ဟန်မတူ ထို့ကြောင်ပင့်သူမအားနှောင့်ယှက်ရဲခြင်းပင်ဖြစ်သည်။
.”စိုးကြီးရေ..စားရကံကြုံလို့မုတ်ဆိတ်ပျားစွဲတာပဲကွ …”
“ဟုတ်ပ အောင်သန်းရေ ….ဟဲ..ဟဲ..ဟဲ.
….”
“ဟင်…ရှင်…ရှင်တို့…အမလေး…ကယ်ကြပါအုံး……”
ထိုလူနှစ်ယောက်ကား သူမအနီးသို့ ပါးစပ်မှညစ်ညစ်ညမ်းညမ်းများပြောကာ တိုးကပ်လာကြ၍အော်ဟစ်အကူအညီတောင်း၍ ပွဲဈေးဖက်လှည့်ပြေးရန်အလုပ်
လူတစ်ယောက်ကသူမလက်အားဆတ်ခနဲဆောင့်ဆွဲခြင်းခံလိုက်ရခြင်းခံလိုက်ရတော့၏ ။
“လွတ်…လွတ်…ခွေးကြီးတွေ….ငါ့ကိုလွှတ်”
.”ဟေ့ကောင်စိုးကြီး ကောင်မလေးဆွဲခဲ့လေကွာဘာကြောင်နေတာလဲ”
“အား…………..ခွေးမ ငါ့လက်ကိုကိုက်တယ်
ကဲဟာ…..ဖြန်း…….”
မြနှင်ူးသူမလက်အားကိုင်ထားသူလက်အား ကုန်းကာကိုက်လိုက်ချိန် ထိုသူကာဒေါသဖြင့်အားကုန်လွဲရိုက်လိုက်ခြင်းကြောင့်သူမခေါင်းတခုလုံးမူးဝေရင်း ယိုင်လဲကျသွားတော့၏ ။
“ဟေ့ကောင်တွေ မင်းတို့ဘာလုပ်ကြတာလဲ
ရပ်လိုက်..”
သူမတို့ရှိနေရာဖက်သို့ လူရိပ်တစ်ခု လျောက်လာနေခြင်းကိုဝိုးတဝါးဖြင့်တွေ့နေလိုက်ရပြီးစကားအော်ပြောသံလူရိပ်များလုံးထွေးသွားသတ်ပုတ်နေကြခြင်းကို ရီဝေဝေမြင်တွေ့နေရပြီး သူမခေါင်းတခုလုံးမှောင်အတိကျကာ သတိလစ်မေ့မြောသွားပါတော့သည်။
“အင်း…ဟင်း…ဟင်း…ဟင်း….”
“မင်းသတိရလာပြီလား…”
“ဟင်….ရှင်..ရှင်..ဟိုလူတွေကောဘယ်ရောက်သွားပြီလဲ ”
မြနှင်းသတိရလာတော့မြနှင်းမှာသစ်ပင်ကြီးတစ်ပင်အား ကျောမှီကာရှိနေခြင်းနဲ့အတူ ညနေခင်းက ပွဲဈေးတန်းတွင်ဝင်တိုက်မိသော
ကိုလူချောမှာ သူမအနီးရှိနေသည်ကို အံ့အြဖွယ်ရာ
တွေ့လိုက်ရတော့သည်။
“လာထ..မင်းအိမ်ဘယ်မှာလဲကိုမင်းအိမ်
လိုက်ပို့ပေးမယ်…
ဟိုကောင်တွေကို စိတ်ပူမနေနဲ့တော့ ကိုကြည့်
ရှင်းလိုက်ပြီ…”
” ကျွန်မအရှက်နဲ့ အသက်ကို ကယ်ပေးလို့ကျေးဇူး
တင်ပါတယ်….. ”
သူမအိမ်ပြန်ရာလမ်းတလျှေက်တွင်မြနှင်းမှာ
ကြောက်စိတ်၊ဝမ်းနည်းစိတ်ရောပြွန်း၍နန္ဒကို
စကားတခွန်းမှမဆိုမိ။နန္ဒမှာလည်း သူမဘေးတွင်
တိတ်ဆိတ်စွာကပ်လိုက်လျက်ရှိနေ၏ ။
လသည်ပင်မွန်းတည့်ချေတော့မည်မို့ ယခုလို ထိန်ထိန်သာနေသောလရောင်အောက်တွင်
ကျေးဇူးရှင်ကိုလူချောနဲ့တွဲလျှောက်နေရသည်က မြနှင်းအဖို့ ရင်ဖိုသလိုလိုအစောနကကြောက်လန့်စရာခံစားမူများဘယ်ဆီသို့လွင့်ပျောက်ကုန်ပြီမှန်းမသိတော့ပေ…။
.”ဒါနဲ့ မင်းနာမည် ဘယ်လိုခေါ်လဲ ….
တိတ်ဆိတ်စွာယှဉ်လျှောက်နေကြရင်းမှကိုလူချောကမေးလိုက်ခြင်းပင်ဖြစ်သည်။
“မြ..မြနှင်းပါ….”
“အော်..မြနှင်း…ကို့နာမည်လည်းမှတ်ထားပေါ့
နန္ဒတဲ့….”
“အော်ကိုနန္ဒ ရှေ့နားကအိမ်ကမြနှင်းတို့အိမ်
ပါပဲ..”
သူမတို့အိမ့်ရှေ့နားအရောက်တွင်လရောင်ဖြင့် ဆံပင်ဖိုးရိုးဖားလျှား ခါးကိုင်းကိုင်းဖြင့် လူရိပ်တခုငြိမ်သက်စွာရပ်နေသည်ကိုတွေ့လိုက်
ကှရ၏ ။
“…ဟင် …အမေ မအိပ်သေးဘူး….”
“သမီး.နောက်ကျလှချည်လား သူကဘယ်သူလဲ
ဘာလို့သမီးနဲ့အတူရှိနေရတာလဲ…မင်းဘယ်သူလဲ …နောက်တခါငါ့သမီးအနားတွေ့ရင်ငါ့အဆိုးမဆိုနဲ့”
”….အော်..အမေ..ကိုနန္ဒကိုအားနာစရာဖြစ်ကုန်ပြီ
ကိုနန္ဒက သမီးကိုကူညီပြီး အိမ်ထိလိုက်ပို့ပေးတာ….”
ခြောက်ကပ်အက်ကွဲသောလည်ခြောင်းသံနဲ့အတူ
လရောင်အောက်တွင် အရောင်တလက်လက်ထနေသည်ဟုထင်မြင်ရသောစူးရှသော မျက်လုံးများဖြင့် နန္ဒအားကြည့်ရင်း မြနှင်းအမေဆိုသော အရိုးပေါ်အရေတင် အဘွားအိုကြီးကမေးလိုက်ခြင်းပင်ဖြစ်၏ ။
မြနှင်းမှာ သူပွဲဈေးမှအပြန် ကြု ံခဲ့ရသည်များအား
ပြန်လည်ပြောပြနေသည်။
“ဘယ်သူတွေလဲ….တောက်…ရာရာစစ
ငါ့သမီးလေးကို …စော်ကားတဲ့ ကောင်တွေ အမေ့ကိုပြောစမ်း…သေချင်လို့… ”
သူမစကားကြောင့်အမေမှာ ကိုယ်ခန္ဓာ တဆတ်တုန်မျထိဒေါသထွက်နေဟန်ရှိနေ၏ ။
“ဒီနယ်ကတော့ ဟုတ်ဟန်မတူဘူး …
အမေ ဘုရားပွဲ လာတဲ့ တခြားနယ်ကသူတွေထင်တယ်
ဒီက ကိုယ်နန္ဒရောက်လာ လို့သာပေါ့… ”
.”အော် ကျေးဇူးပါပဲ တူမောင်ရေ ဒါနဲ့ ဘုရားပွဲလာတဲ့ဧည့်သည်လား.သမီးလည်းအရှက်နဲ့အသက်ကိုကယ်ပေးတာကျေးဇူးတင်ပါတယ်….”
“ဟုတ်ကဲ့ ကျွန်တော်လည်းကြု ံကြိုက်လို့ကူညီ
ခွင့်ရတာပါ ကျွန်တော်ရှေ့မှာမတရားမူကို လက်ပိုက်ကြည့်မနေတတ်တာလည်းပါတာပေါ့
ကျွန်တော့်က နယ်လှည့်မျက်လှည့်
ပညာရှင်အဖွဲ့ ကပါ…ကဲ …ညလည်း နက်နေပြီ မျက်လှည့်ဝိုင်းလည်းစနေလောက်ပြီမို့ ကျွန်တော်ပြန်
လိုက်ပါအုံးမယ်ဒေါ်ဒေါ် နဲ့မြနှင်း …..”
“အော် …မောင်နန္ဒ နေ့လည်နေ့ခင်းပျင်းရင်
ဒေါ်တို့တို့ အမိလာလည်နိုင်ပါတယ်…….”
“ဟုတ်ကဲ့… ဒေါ်ဒေါ် ဒီဘုရားပွဲကာလအတွင်းနေ့လည်ပိုင်း
သွားလာစရာနေရာမရှိတော့ကျွန်တော်လာခဲ့ပါ့မယ် ”
နန္ဒမှာသူမတို့ သားအမိအားကျောခိုင်းကာ လရောင်အောက်တွင် တရွေ့ ရွေ့ဖြင့် ပွဲခင်းရှိရာသို့
နူတ်ဆက်ထွက်ခွာသွားပြီဖြစ်၏ ။
မြနှင်းကား ယခုညအတွက်အိပ်၍ မပျော်တော့ သူမ အမြင်အာရုံတခုလုံး နန္ဒ။ အတွေးစိတ်ကူး ခုလုံးနန္ဒ ။…
မမျော်လင့်ပဲ
ရင်ခွင်ကျယ်ကြီးအတွင်း ခဏတာရောက်ခဲ့မိသည့် အဖြစ်ကိုပင် ရှက်ရွံ စွာရင်ဖိုမိနေဆဲဖြစ်။
“အော်…ကိုနန္ဒရယ်ကျွန်မစိတ်ကို စိုးမိုးလွန်းလို့
မုန်းလိုက်တာရှင်…….”
နောက်တနေ့ နေ့လည်ပိုင်းတွင် သူမတိတ်တခိုးမျော်လင့်နေမိသော နန္ဒသည်အိမ်သို့ဆိုက်မြိုက်စွာရောက်လာခဲ့တော့သည်။
အမေသည်တခြားလူစိမ်းများအား အိမ်ပေါ်ခေါ်လေ့မရှိသော်လည်း နန္ဒ၏ ပြေပြစ်စွာပေါင်းသင်းဆက်ဆံတတ်မူ ၊ နောက်တခု သူမအသက်နဲ့ အရှက်ကိုကာကွယ်သူဖြစ်သောကြောင့်
ဖောရွေစွာဧည့်ဝတ်ကြေစကားတွေဖောင်ဖွဲ့ကာပျော်ဆိုနေတော့၏ ။
“ဒါနဲ့ မောင်နန္ဒ တို့မျက်လှည့်ပြကွက်တွေက ဘယ်လိုပြကွက်မျိုးတွေလဲ….”
“အော်…အစုံပါပဲ ဒေါ်ဒေါ် မျက်လှည့်လက်လှည့်အပြင်
အောက်လမ်းအတတ်နဲ့ ပြရတဲ့ ပြကွက်တွေလည်း
ပါပါတယ်….”
“အောက်လမ်းပြကွက်တွေပြရင် သတိထားမောင်နန္ဒရဲ့
ဒီနယ်မှာက ပညာသည်တွေပေါတယ်
တော်ကြာအနှောင့်အယှက်ဝင်လာရင် အခက်အခဲဖြစ်နိုင်တယ်…..”
“ကျွန်တော်ကတော့ အဲဒါတွေ သိပ်နားမလည်ပါဘူး
ဒေါ်ဒေါ် ရေ ကျွန်တော်တို့က ဝမ်းရေးအတွက်ရှာဖွေစား
သောက်နေရတဲ့သူတွေပါ …ပညာရှင်အဆင့်မဟုတ်ပါဘူး
အနှောင့်အယှက်ဝင်ရင်တော့ ဒုက္ခပဲ ”
“အိမ်းမဖြစ်ချေဘူး… ဒေါ်ဒေါ်… ကူညီမှဖြစ်မှာပါလေ
…ကဲ …ဘာမှစိတ်မပူနဲ့ပွဲကာလအတွင်းဘာအနှောင့်
အယှက်မှမဝင်အောင် ဒေါ်ဒေါ် အစီအရင်တခုပေးလိုက်မယ်…..”
“ကျေးဇူးပါပဲ ဒေါ်ဒေါ် ရေ…..”
“အိမ်း …တခုတော့ရှိတယ်ကွယ်
ဒေါ်ဒေါ် ပေးတဲ့အစီအရင် ပစ္စည်း
ကိုတစ်ညသုံးပြီးရင်နောက်နေ့ ဒေါ်ဒေါ်
ဆီပြန်ရောက်အောင်လာပို့ပေးဖို့ပါပဲ……”
“စိတ်ချပါ ဒေါ်ဒေါ်…ကျေးဇူးလည်းတင်ပါတယ် ကျွန်တော်ဆက်ဆက်လာပို့ပေးပါ့မယ်”
မြနှင်းကားသူမအမေဖြစ်သူနဲ့နန္ဒတို့ပြောစကားများကိုဘေးမှအသာထိုင်နားထောင်နေမိသည်။
ဘာမှတော့နားမလည်ပေ။ သူမနန္ဒမျက်နှာအား
ခိုးကြည့်ရင်း ရင်ဖိုလျက်ဖြင့် ရှိနေ၏ ။
နန္ဒပြန်ခါနီးတွင် ဒေါမြနှင်းက ယွန်းကလပ်ဖြင့်တင်ထားသော ယာပြီးမလိပ်ရသေး
သောပွဲဆက် ကွမ်းသုံးယာ ပေးလိုက်သည်။
သူမအတွက်အထူးပျော်စရာကား သူမအားစိုးရိမ်ကာ
ပွဲဈေးလည်ခွင့်မပေးသော သူမအမေအားနန္ဒက ကူပြောပေသောကြောင့် ပွဲဈေးလည်ခွင့်ရခဲ့သည်။
ထိုအတောအတွင်း သူမနဲ့ နန္ဒတို့ကားရင်းနှီးမူ သံယောဇဉ်လေးများပိုခဲ့ကြမိ၏ ။
သူမအိမ်အပြန်တွင် နန္ဒက အိမ်ရှေ့အထိလိုက်ပို့တတ်သည်။
ဘုရားပွဲကား ၅ ရက် ၅ညတိုင်တိုင်ကပြကာပြီးဆုံးခဲ့ပီဖြစ်သည်။
သူမအတွက်ကားနောက်နေ့ဆိုလျှင် နန္ဒဖြင့်ခွဲရမည်ဖြစ်သောကြောင့် စိတ်မကောင်း ဖြစ်နေမိသည်။
“ဒေါ်ဒေါ်.. .မြနှင်း….ဘုရားပွဲကလည်း ပြီးသွားပါပြီကျွန်တော်တို့လည်း နောက်တနယ်ကူးရပါတော့မယ်
အဲတာလာနူတ်ဆက်တာပါ..
ကျွန်တော်တို့အဖွဲ့အနှောင့်အယှက်မရှိအောင် ကူညီပေးတဲ့ ဒေါ်ဒေါ် ကိုလည်းကျေးဇူးတင်ပါတယ်….
ဒီမှာ ဒေါ်ဒေါ် ပေးတဲ့ ပစ္စည်း ပြန်အပ်တာပါ ခင်မျ..”
နန္ဒက သူမတို့သားအမိအားနူတ်ဆက်ရင်း ယွန်းကလပ်ဖြင့်တင်ထားသော ကွမ်းသုံးယာအားပြန်အပ်လာခြင်းဖြစ်၏ ။
တခုကား ပွဲတစ်ညအတွက် ကွမ်းသုံးယာစီအမေကတနေ့စာစီစဉ်ပေးခြင်းပင်ဖြစ်၏။
“အင်းမောင်နန္ဒနောက်ကြုံရင်လည်းဝင်
လည်ပါအုံးကွယ်…
သမီးရေ ဒီကွမ်းယာတွေ မီးဖိုထဲထည့်ပေးစမ်းပါတချက်လောက်…သေချာထည့်နော်…”
သူမ အမေနဲ့ ကိုနန္ဒကားအပြင်တွင်ရပ်ကာကျန်နေရစ်ခဲ့သည် သူမကား ခွဲရမည်မို့ ရင်ထဲမကောင်းပေ….။
သူမကွမ်းသုံးယာအား မီးအရှိန်မသေးသော မီးဖိုထဲပစ်ထည့်လိုက်ချိန်……
“အား…အောင်မလေး……အား….ပူတယ်…ပူတယ်…
သူမမိခင်အော်ဟစ်သံကြောင့် အိမ်ရှေ့ဆီပြေးထွက်ခဲ့တော့ မြေပြင်ပေါ်လူးလှိမ့်ရင်း
အော်ဟစ်နေသော မိခင်အားတွေ့လိုက်ရသည်။
“အမေ….အမေ….ဘာဖြစ်လို့လဲ.. ..”
“နန္ဒ ဒါမင်းလက်ချက်မဟုတ်လား…..ငါ့ကိုတန်ပြန်တိုက်ထားတယ်……အား…သေပါပြီ…”
“ဟုတ်တယ် ….ဒေါ်မြသာ ကျွန်တော်လုပ်တာပါပဲ..”
“ဟင်း…မင်း .လူယုတ်မာ.မင်းငါ့နာမည်သိတယ်”
“ကိုနန္ဒရှင် ယုတ်မာလှချည်လား”
“ဟား…ဟား….ဟား…ဒီနေ့ကိုရောက်ဖို့
ကျုပ်အကြာကြီးစောင့်ခဲ့ရတာပါ….
ကျုပ်ဘယ်သူလဲသိလား…ကျုပ်ဟာ ခင်များလွန်ခဲ့တဲ့ဆယ်နှစ်ကျော်က
သတ်လို့သေခဲ့ရတဲ့မြပန်းဝါ ဦးသက္ကရဲ့ သားပါပဲ….”
ဒေါ်မြသာကားမြေပေါ်တွင်လူးလှိမ့်ကာ အခြေအနေမဟန့်တော့ချေ ။
သို့စရာတွင်နန္ဒပြောစကားများကိုကြားနေရ၏ ။
နောက်ဆုံးထွက်သက်ရောက်တော့မည်မို့
မိုက်ပြစ်များကိုပြန်တွေးမိကာနောင်တရနေဟန်
ရှိနေ၏ ။
“ခင်များကြီးနောက်ဆုံးထွက်သက်မှာ
သေချာနားထောင်သွားပါအုံး ခင်များကို မချစ်ပဲ ကျုပ်အမေကိုချစ်သွားတဲ့
ကျုပ်အဖေကို ခင်များသတ်တယ်…
နောက်ဆုံးကျုပ်အမေကိုသတ်တယ် ကျုပ်နဲ့ ကျုပ်အဒေါ်တောင်
ကံကောင်းလို့ခင်များလက်က ကျုပ်ကိုခေါ်ပြီး
ထွက်ပြေးလို့လွတ်မြောက်ခဲ့ရတယ် အဒေါ်ဟာပင်ပန်းဆင်းရဲခံပြီးကျုပ်ကို
ကျွေးမွေးစောင့်
ရှောက်ရင်း အလုပ်ပင်ပန်းတဲ့ဒဏ်တွေနဲ့ပဲ အိပ်ယာထဲလဲ
ဆုံးပါးသွားခဲ့ ရတာ …..သူမသေခင် ကျုပ်ကို ဒီအကြောင်းတွေအားလုံးပြောပြခဲ့တယ်…..”
နန္ဒတစ်ယောက် မချိမဆန့်ဝေဒနာခံစားနေရဟန်ဖြင့် မြေပြင်ပေါ်လူးလှိမ့်နေသောဒေါ်မြသာအားကြည့်ရင်း သူ့ဇတ်လမ်းအားဆက်ပြောလာပြန်၏ ။
“ကျုပ်ဒီကိုလာဖို့ အချိန်တွေအများကြီးပြင်ဆင်ခဲ့ရတယ်
ခင်များဒီရွာမှာပဲ မိဘမဲ့ ခလေးတယောက်မွေးစားပြီးရှိနေတဲ့
အကြောင်းတွေ
စုံလင်အောင်သိမှ ခင်များအိမ်ဝင်လို့ရဖို့ ခင်များယုံကြည်မူရဖို့ ခင်များသမီးမြနှင်းကို အသုံးချပြီး
ဇတ်လမ်းတပုတ်ဆင်လိုက်ရတာပါပဲ….
.ဒေါ်မြသာ
ခင်များရဲ့ နောက်ဆုံးခရီးလှပါစေဗျာ….”
မြနှင်းမှာလူးလှိမ့်မူငြိမ်သက်သွားပြီဖြစ်သော
မိခင်ကြီးအနားငိုယိုကာကျန်နေရစ်ခဲ့တော့၏ ။
လှည့်ထွက်လာသော နန္ဒမျက်ဝန်းအိမ်တွင်ကားမျက်ရည်များ ကျဆင်းနေလျှက်ရှိနေ၏။
“ရိုးသားအပြစ်ကင်းတဲ့ မင်းကို မိသားစုရန်ငြို းအတွက်အသုံးချမိတဲ့ ကို့ကိုယ်ခွင့်မလွတ်ပါနဲ့တော့
မြနှင်းရေ. မင်းဘဝကို ဒုက္ခတွေယူလာတဲ့နတ်ဆိုးတကောင်အဖြစ် တသက်လုံးမုန်းနေပါတော့…..
ဒါပေမယ့်…မင်းကို ကိုယ်တကယ်ချစ်ခဲ့မိပါတယ်…မြနှင်းရယ်
ဒါပေမယ့် ကို့ကိုယ်ခွင့်မလွတ်ပါနဲ့တော့.. …
နတ်ဆိုးတကောင်လို တသက်လုံးမုန်းလိုက်ပါတော့…..”
နန္ဒ၏ အရူးတယောက်လိုရေရွတ်ပြောဆိုနေသောစကားများအားမြနှင်းတယောက်ကြားခဲ့လျှင်သူမသည်နန္ဒအပေါ်မည်သို့သဘောထားသတ်မှတ်မည်မဆိုနိုင်ပေ။ သို့ရာတွင်နန္ဒရင်တွင်းစကားများမြနှင်းမကြားနိူင်သလို နန္ဒသည်လည်းဖွင့်ပြောလိမ့်မည်မထင်ပေ။
==========================
(ပြီးပါပြီ)
ကြိုးစားလျက်
စာရေသူ= မြူခိုးအလင်္ကာအားလေးစားလျက်
Like&shareလေးနဲ့အားပေးကြပါအုံး
Zawgyi Version
နတ္ဆိုးခ်စ္သူ(စ/ဆုံး)
—————————
အခ်ိန္ကား ည[၁၁] နာရီေက်ာ္ဝန္းက်င္ခန႔္မ်ရွိခ်ိန္ျဖစ္၏ ။
လမိုက္ညျဖစ္ျခင္းေၾကာင့္ေကာင္းကင္ကား
အနက္ေရာင္ဝတ္႐ုံလြာႀကီးအားဆင္ျမန္းထားသလို
ပိန္းပိန္းပိတ္ေအာင္ေမွာင္မဲေနသည္။
ယေန႔ညအတြက္မူကား ၾကယ္တလုံးတေလမ်ပင္
ေကာင္းကင္ျပင္တြင္မေတြ႕ႏိုင္ေခ် ။
လူေန႐ြာငယ္ေလးတစ္႐ြာသည္ကား
ညအေမွာင္ထုေအာက္တြင္ တိတ္ဆိတ္စြာျဖင့္ အိပ္ေမာက်ေနလွ်က္ရွိသည္။
႐ြာသားမ်ားမွာကား လယ္ယာကိုင္းကြၽန္း လုပ္ကိုင္ေသာ ေက်းလက္ေနလူတန္းစားမ်ားျဖစ္
ေသာေၾကာင့္ မနက္ေစာေစာထကာ လုပ္ငန္းခြင္ဝင္
ရန္ညဖက္ေနဝင္မိုးခ်ဳပ္သည္နဲ႔ ခနတျဖဳတ္ ဝိုင္းဖြဲ႕ကာ
စကားစျမည္ေျပာဆို ၾကရင္း လူစုခြဲအိပ္ယာ
ဝင္ခဲ့ၾကၿပီ ျဖစ္သည္။
႐ြာကေလးသည္ကား ယခုမူကား တိတ္ဆိတ္ၿငိမ္သက္လွ်က္ရွိေနသည္။
တခါ တခါ ႐ြာလယ္ လမ္းတေလွ်ာက္ မဲမဲ ျမင္ရာ
ထိုးေဟာင္ေနေသာ ေခြးတစုမွ လြဲလွ်င္ က်န္အသံဗလံမ်ား မရွိေပ ။
႐ြာကေလးအျပင္ဖက္ ခပ္က်က်ေတာစပ္တြင္ကား သစ္လုံးအိမ္ငယ္ကေလးတစ္လုံးရွိေနၿပီး
သစ္လုံးအိမ္ကေလးတြင္းမွ ထြန္းညႇိထားေသာဆီမီးေရာင္သည္ ဖြင့္ထားေသာျပတင္းေပါက္မွ တဆင့္ အျပင္သို႔ အနည္းငယ္မ် လ်ံက်လင္းေနလွ်က္ရွိေနသည္ကိုေတြ႕ေနရ၏ ။
သစ္လုံးအိမ္ဧည့္ခန္းအတြင္းတြင္ကား သစ္သားစားပြဲတလုံးရွိေနၿပီးထိုစားပြဲအားဝိုင္းပတ္ကာဝါးထိုင္ခုံေလးမ်ားအစီအရီခ်ထား၏ ။
ထိုစားပြဲေပၚတြင္ ေရနံျဖင့္ထြန္းညႇိရေသာ လက္ဆြဲ မီးအိမ္တလုံးအား ထြန္းညႇိထားၿပီး ဧည့္ခန္းအတြင့္သင့္တင့္ေသာ အလင္းေရာင္ရရွိေနကာ
အျပင္သို႔ လွ်ံထြက္ေနေသာ အလင္းသည္ကား ထိုမီးအိမ္မွ အလင္းပင္ျဖစ္ေနေတာ့၏ ။
ၿငိမ္သက္စြာျဖင့္ ရွိေသာေၾကာင့္ လူမရွိဟု ထင္စရာရဖိေသာ္လည္း အခန္းအတြင္း ဝါးကုလားထိုင္ေပၚတြင္ မ်က္ႏွာခ်င္းဆိုင္အေနအထားျဖင့္
လူႏွစ္ေယာက္တိတ္ဆိတ္ၿငိမ္သက္စြာျဖင့္ ရွိေနၾကသည္။
အမ်ိဳးသမီးႏွစ္ေယာက္ပင္ျဖစ္သည္။
တစ္ေယာက္မွာကား ပ်ိဳ ျမစ္ ႏုငယ္ေသာ ၁၈ ႏွစ္အ႐ြယ္
ေကာင္မေလးတစ္ေယာက္ျဖစ္ၿပီး အျခားတစ္ေယာက္မွာကား အသက္ ၂၅ ဝန္းက်င္ခန႔္မ်
အမ်ိဳးသမီးတစ္ေယာက္ပင္ျဖစ္သည္။
ထူးျခားမူအေနျဖင့္ကား အသက္အနည္းငယ္မ် ႀကီးေသာအမ်ိဳးသမီးသည္သူ၏ရွည္လွ်ားနက္ေမွာင္ေသာ ပိတုံးေရာင္ေကသာအားဖားလ်ားခ်
ျဖန႔္ခ်ထားျခင္းနဲ႔အတူအနက္ေရာင္ထက္ေအာက္ဆင္တူဝတ္ဆင္ထားကာထမီအထက္ဆင္အားေအာက္ခ် ဝတ္ဆင္ထားမူေၾကာင့္
ယခုလိုညအခ်ိန္မ်ိဳးတြင္ ယခုလိုသာမာန္မဟုတ္ပဲ ဝတ္စားထားျခင္းမ်ိဳးကထူးဆန္းေန၏ ။
ဆီမီးေရာင္ဝါက်င့္ကသူတို႔မ်က္ႏွာအား ထင္ဟပ္ေနသျဖင့္သူတို႔ႏွစ္ေယာက္မ်က္ႏွာအား ထင္ရွားစြာျဖင့္ေတြ႕ေနရၿပီး ႏွစ္ေယာက္စလုံး၏ မ်က္ႏွာတြင္ကား စိုးရိမ္ျခင္းေသာက တခုအား ထိန္းခ်ဳပ္ထားႏိုင္စြမ္းကင္းမဲ့စြာေပၚလြင္ေနသည္။
“ဒင္…..ဒင္….ဒင္….ဒင္…”
အိမ္ဧည့္ခန္းနံရံတြင္ခ်ိတ္ဆြဲထားေသာေရွးေဟာင္း တိုင္ကပ္နာရီမွ
ည[၁၂] ထိုးသံသည္ တိတ္ဆိတ္ၿငိမ္သက္စြာ ထိုမိန္းမႏွစ္ေယာက္ ကိုယ္ခႏၶာ အားဆတ္ခနဲ တုန္ခါသြားေစသည္။
“ကဲ..ညီမေလး မမ သြားရေတာ့မယ္
မမ မွာတာေတြ မေမ့ပါနဲ႔ ”
“အဟင့္ …ဟင့္…မမရယ္..မသြားလို႔မရဘူးလား”
အမ ျဖစ္ဟန္တူေသာ အမ်ိဳးသမီးႀကီးေျပာစကားေၾကာင့္
အမ်ိဳးသမီးငယ္ေလးမွာနဂိုကတည္းကငိုခ်င္စိတ္ကိုထိန္းခ်ဳပ္ထားရသည္မွာမခံစားႏိုင္ေတာ့ဟန္ျဖင့္ မ်က္ရည္မ်ားက်ဆင္းလာရင္း ႐ိူက္သံတဝက္ျဖင့္ အစ္မျဖစ္သူကို တားလိုက္ျခင္းပင္ျဖစ္၏ ။
အမ ျဖစ္သူကား ဝဲတက္လာေသာမ်က္ရည္အား မ်က္ေတာင္တဖ်တ္ဖ်တ္ခပ္ကာ ထိန္းလိုက္ရင္း….
“မရေတာ့ဘူး ညီမေလး ဒီေန႔ညဟာ ဒင္းနဲ႔မမ
တစ္ေယာက္ေယာက္ေသမွ ဇတ္လမ္းၿပီးမွာ..
ဒါေပမယ့္…….”
အစ္မျဖစ္သူသည္ စကားအားျဖတ္လိုက္ရင္း အိပ္ခန္းတခုအားလွမ္းၾကည့္လိုက္သည္။
ထို႔ေနာက္ အိပ္ခန္းဆီသို႔ဝင္သြားလိုက္ေတာ့သည္
အခန္းအတြင္းမူကား အသက္ ၅ ႏွစ္အ႐ြယ္ခန႔္ ကေလးငယ္တစ္ေယာက္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်ေနသည္ကို အျပင္မွဝင္လာေသာ မီးေရာင္တစြန္းတစျဖင့္ေတြ႕ေနရ၏ ။
အမ်ိဳးသမီး သည္ကေလးငယ္ အိပ္ေနရာအနီးတြင္
ထိုင္ခ်လိုက္ရင္း ကေလးငယ္ နဖူးဆီမွ ဆံစမ်ားအားသပ္တင္ေပးရင္း မ်က္ရည္မ်ားက်ဆင္းလာေနေတာ့၏ ။
ၿပီးေနာက္ ကေလးငယ္ပါးျပင္အား ဖြဖြေလး ငုံနမ္းလိုက္ရင္း…..
“အေမ့ကို ခြင့္လြတ္ပါ သားေလးရယ္..
သားေလးဆီ အေမျပန္လာခ်င္မွျပန္လာႏိုင္ေတာ့မွာ
အဟင့္…..”
အမ်ိသမီးကား႐ိူက္သံတိုးတိုးျဖင့္ တိုးတိုးေလးသားျဖစ္သူအားၾကည့္ကာေျပာလိုက္ရင္းမ်က္ရည္မ်ားသုတ္လိုက္ကာ အျပင္သို႔ ျပန္ထြက္လာခဲ့သည္။
ညီမျဖစ္သူကားစားပြဲေပၚ ေခါင္းေမွာက္လွ်က္ ကိုယ္ခႏၶာတသိမ့္သိမ့္ တုန္ယင္လွ်က္ ႐ိူက္ငိုေနလွ်က္
ရွိေနသည္။
“ညီမေလး တကယ္လို႔ မမျပန္မလာႏိုင္ရင္
သားေလးကိုေခၚၿပီးေဝးရာ ထြက္သြားေပးပါ ..သားေလးကိုျပဳစုေစာင့္ေရွာက္ေပးပါ၊
ႏူတ္ဆက္ခဲ့ပါတယ္ ……မမသြားၿပီ…”
“ဟင္…မမ…မမ…အဟင့္….အဟင့္ ..မမ. ”
အစ္မျဖစ္သူကားစကားဆုံးသည္နဲ႔ အိမ္ျပင္ထြက္၍
အေမွာင္အတြင္းတိုးဝင္သြားၿပီျဖစ္သည္။
ညီမျဖစ္သူ၏ ေအာ္ေခၚသံအားတခ်က္မ်ပင္ ေစာင္းငဲ့မၾကည့္ခဲ့ ။မခံစားႏိုင္၍ ျဖစ္ဟန္တူသည္။
သူမ မ်က္ဝန္းတြင္လည္း မ်က္ရည္မ်ားက တာက်ိဳး၍ထြက္လာေသာ ေရမ်ားကဲ့သို႔ အတားအဆီး မရွိက်ဆင္းေနေတာ့၏ ။
ညီမျဖစ္ေသာ အမ်ိဳးသမီးငယ္ေလးသည္ အစ္မျဖစ္သူ
ထြက္သြားၿပီးအတန္ၾကာေသာအခါ ျပတင္းေပါက္ဆီသို႔
သြားေရာက္ရင္း အျပင္ဖက္သို႔ ေမ်ာ္ၾကည့္ေနမိသည္။
သူမေမ်ာ္ၾကည့္ၿပီး မေရွးမေႏွာင္းမွာပင္ ေကာင္းကင္ျပင္ေပၚသို႔ စေကာအ႐ြယ္အစားခန႔္ရွိေသာ
အနီေရာင္အလုံးႀကီးတစ္လုံးသည္ တျဖည္းျဖည္း ေအာက္ေျခေျမျပင္မွ ေကာင္းကင္ေပၚျမင့္တက္လာသည္။
ထို႔အတူ ဆန႔္က်င္ဖက္အရပ္ဆီမွ ပုံစံတူအ႐ြယ္တူ အနီေရာင္အလုံးတစ္လုံးတက္လာကာ ထိုအနီေရာင္အလုံးႀကီးႏွစ္လုံးသည္ ေကာင္းကင္ေပၚတြင္ တစ္လုံးနဲ႔တလုံးျပင္းထန္ေသာ အရွိန္ျဖင့္ဆန႔္က်င္ဖက္အရပ္ဆီမွ ေ႐ြ႕လွ်ားလာၾကရင္း
ေဆာင့္တိုက္ၾကေလေတာ့သည္ ။
အနီေရာင္အလုံးႀကီးႏွစ္လုံးမွာ ပုံစံတူ အ႐ြယ္အစားတူ
ဟုအမွတ္တမဲ့ထင္ရေသာ္လည္း ေသခ်ာၾကည့္ပါက တစ္လုံးမွာ အနည္းငယ္ႀကီးကာ အေရာင္မ်ားပိုလင္းေနသည္။
တစ္လုံးနဲ႔တစ္လုံးသည္ကား ျပင္းထန္သို႔အရွိန္ျဖင့္ေဆာင့္ရင္းေနာက္သို႔ ေဝးကြာသြား
လိုက္တဖန္ျပန္လည္၍ ေရွ႕သို႔ေဆာင့္တိုက္ရင္းျဖင့္
ႀကိမ္ဖန္မ်ားစြာ ရွိေနၾကသည္။
ျပတင္းေပါက္မွ ရပ္ကာေကာင္းကင္ေပၚမွ ျမင္ကြင္းအား
ရင္တလွပ္လွပ္ျဖင့္ မ်က္ေတာင္ခပ္ရန္ပင္ေမ့ေလွ်ာ့ေနသည့္အလား စိတ္ဝင္တစား ေငးေမာၾကည့္ေနေတာ့သည္။
(ယခုလို စေကာ အ႐ြယ္အစားခန႔္ အနီေရာင္အလုံးႀကီးႏွစ္လုံး တစ္လုံးနဲ႔တလုံးေဆာင့္တိုက္ေနေသာ ျမင္ကြင္းကို
သာမာန္ၾကည့္ပါက အဘယ္ေၾကာင့္ဟု နားမလည္ပဲ
အံ့ျအသင့္႐ုံသာ အံ့ျအမိမည္ျဖစ္ေသာ္လည္း တတ္သိနားလည္သူမ်ားက ယခုျမင္ကြင္းမွာ စုန္းေတာက္သည္ [ဝါ] တနည္း စုန္းမမ်ားပညာၿပိဳင္ေနေသာ ျမင္ကြင္းဟုခန႔္မွန္းသိရွိမည္ပင္ျဖစ္သည္။)
တစ္နာရီခန႔္မ်ၾကာသြားေသာအခ်ိန္။
“ေအာင္မေလး….မမရယ္…အျဖစ္ဆိုးလွခ်ည္လား
မမရယ္…အီး…ဟီး…ဟီး…”
ျပတင္းဝမွ စုန္းပညာၿပိဳင္ေသာ ျမင္ကြင္းအားရပ္ၾကည့္ေနေသာ မိန္းမပ်ိဳ ေလးသည္ ေယာင္ယမ္းေအာ္ဟစ္လိုက္ရင္း ခေလးငယ္တစ္ေယာက္ကဲ့သို႔ပင္ အသံထြက္ငိုေႂကြးလိုက္ေတာ့၏။
သူမငိုေႂကြးရေသာ အေၾကာင္းအရင္းကား ပညာယွန္ၿပိဳင္ေနေသာ စုန္းမီးႀကီး ႏွစ္လုံးမွတစ္လုံး
သည္ အေရာင္မ်ားေမွးမွိန္ကာ ေအာက္သို႔ အရွိန္ျဖင့္
ျပဳတ္က်သြားျခင္းေၾကာင့္ပင္ျဖစ္သည္။
ျပဳတ္က်သြားေသာ မီးလုံးကား အတန္ငယ္ေသးကာ
အေရာင္မွိန္ေသာ မီးလုံးပင္ ထိုမီးလုံးမွာ သူမအစ္မျဖစ္
ေနေသာေၾကာင့္ပင္ျဖစ္သည္။
ေကာင္းကင္ယံတြင္ကား တလုံးတည္း က်န္ေနေသာ မီးလုံးႀကီးကား အေရာင္တဝင္းဝင္းျဖင့္ သူမတို႔ အိမ္ဖက္
အရပ္ဆီသို႔ ေ႐ြ႕လွ်ားလာေနသည္ကိုေတြ႕လိုက္ရျခင္းေၾကာင့္ မိန္းမပ်ိဳေလးရင္ထိတ္သြားမိသည္။
သူမတို႔အျမန္ေျပးမွ ျဖစ္ေတာ့မည္ သူမသည္ မ်က္ရည္မ်ားသုတ္ကာ အံႀကိတ္လိုက္ရင္း အိပ္ခန္းအတြင္းအိပ္ေပ်ာ္ေနေသာ ကေလးငယ္အားႏိူးလိုက္ရင္း အိမ္ေဘးေတာစပ္မွတဆင့္ မီးလုံးႀကီးနဲ႔
ဆန႔္က်င္ဖက္အရပ္ဆီသို႔ကေလးငယ္အားလက္ဆြဲကာေျပးလာခဲ့ေတာ့၏ ။
အေမွာင္ထဲတြင္မျမင္မစမ္းမို႔ အလဲလဲ အၿပိဳ ၿပိဳ
ကေလးငယ္ကား အိပ္မူန္စုံဝါးျဖင့္ ေျပးသာေျပးေနရသည္ဘာအတြက္ေျပးေနရသည္မသိ။
“အေဒၚ… သားတို႔ ဘယ္သြားေနတာလဲဟင္
အေမေကာ… ဘယ္မွာလဲ”
“ေအာ္..သားအေမ ဆီကို အေရးတႀကီးကိစၥ ရွိလို႔
ထြက္သြားတာ အဲဒါ အေဒၚတို႔ကို ေနာက္ကလိုက္
လာခိုင္းထားလို႔ သားေလးရဲ႕…”
မိန္းမပ်ိဳေလးသည္ခေလးငယ္အေမးကို ျပန္ေျဖရင္းေနာက္သို႔ လွည့္ၾကည့္လိုက္ေသာအခါ
အတန္ငယ္ေဝးက်န္ခဲ့ေသာ သူမတို႔ အိမ္ကေလးအနီးေကာင္းကင္ျပင္တြင္ ဝဲပတ္ေနလွ်က္ရွိေသာ မီးလုံးႀကီးအားေတြ႕လိုက္ရသည္။
“ငါတို႔ မိသားစုကို ၿပိဳကြဲေအာင္လုပ္ခဲ့တဲ့ နင့္ကိုတသက္လုံး မေက်ဘူးေဟ့ ..ဘယ္အခ်ိန္ျဖစ္ျဖစ္
ဒီရန္ေႂကြးကို ငါလာယူမယ္ . ..တခ်ိန္မွာ ဒီအေႂကြးကို
ငါလာယူမယ္….ဘယ္လိုနည္းနဲ႔ မဆို နင့္ဆီက
အေႂကြးကို ရေအာင္လာယူမယ္…”
မိန္းမပ်ိဳေလးမွာ နာက်ည္းခက္ထန္စြာေရ႐ြတ္ေျပာဆိုလိုက္ရင္း ကေလးငယ္ လက္အားဆြဲကာ အေမွာင္ထုဆီသို႔ တေ႐ြ႕ေ႐ြ႕ျဖင့္တိုးဝင္သြားေလေတာ့သည္။
——————————————————-
ေ႐ြေတာၿမိဳင္ ႐ြာကေလးသည္ အိမ္ေျခ ငါးဆယ္ေက်ာ္ခန႔္မ်ျဖင့္ဖြဲ႕စည္းထားၿပီး စနစ္တက်တည္ရွိထားျခင္းမဟုတ္ပဲ ေတာသဘာဝပီပီ
ဟိုေနရာ တအိမ္ ဒီေနရာတစ္အိမ္ ေဆာက္လုပ္ထား
ျခင္းေၾကာင့္ တအိမ္နဲ႔တအိမ္သည္ကား အတန္ငယ္
ေဝးကြာေနသည္။
ေ႐ြေတာၿမိဳင္ကား ေတာက်ကာ ၿမိဳ႕အရပ္နဲ႔ ေဝးလံ၍
ေခါင္သီလြန္းလွသည္။
သို႔ေသာ္
ေ႐ြေတာၿမိဳင္ တြင္အစည္ကားဆုံးကာလတစ္ခုကားရွိသည္။
ယင္းမွာ ႐ြာဦးထိပ္တြင္တည္ထားေသာ ေ႐ြေတာၿမိဳင္
ဟုေခတ္အစဥ္အဆက္က ေခၚတြင္ကာ သမိုင္းအေထာက္အထား အတိအက်မရွိေသာ ေရွးေဟာင္း ေစတီေတာ္တဆူရွိသည္။
ေစတီေတာ္၏ သတင္းကား အနယ္နယ္အရပ္ရပ္သို႔
တိုင္ေက်ာ္ၾကားလြန္းလွသည္။
အေၾကာင္းမဲ့ေက်ာ္ၾကားျခင္းမ်ိဳးကားမဟုတ္ႏွစ္စဥ္ ဘုရားပြဲေတာ္ကာလျဖစ္ေသာ တန္ခူးလတြင္ ဘုရားစိန္ဖူးေတာ္မွ ဓတ္ေတာ္သည္ ကြန႔္ျမဴ းထြန္းလင္း
ျခင္းအတြက္ေၾကာင့္ပင္ျဖစ္သည္။
သို႔အတြက္
တန္ခူးလကာလ ဘုရားပြဲလတြင္ ဓတ္ေတာ္ဖူးေမ်ာ္လိုေသာ အနယ္နယ္အရပ္ရပ္ရွိ ဘုရား
ဖူးခရီးသြားမ်ားသည္ လွည္းျဖင့္တဖုံ၊ ေလွျဖင့္တသြယ္
တဖြဲဖြဲေရာက္ရွိလာတတ္ၿပီး ဘုရားပြဲငါးရက္တာ ကာလအတြင္း ေန႔ညမျပတ္ ဘုရားေတာင္ေအာက္ေျခရွိ
ကြင္းျပင္ႀကီးသည္ ၾကက္ပ်ံမက် စည္ကားလြန္းလွသည္။
ေဈးဆိုင္တန္းမ်ား မိုးလင္းေပါက္ထိ ေဖ်ာ္ေျဖကျပတတ္ေသာ ဇတ္႐ုံႀကီးမ်ားကလည္း သုံးေလး႐ုံသာမက တျခားေသာ ရဟတ္ႀကီးမ်ား
မ်က္လွည့္႐ုံႀကီးမ်ားကလည္း ေန႔ခ်င္းညခ်င္းပင္ေပၚေပါက္
လာေတာ့သည္။
ျမႏွင္းတစ္ေယာက္ ေ႐ြေတာၿမိဳင္ဘုရားပြဲနီးကပ္လာသည္နဲ႔ အမ် ရင္တခုန္
ခုန္ျဖင့္ရွိေနသည္ ။
သူမလည္း အမ်ားနည္းတူ ဘုရားပြဲေဈးတြင္ လူငယ္သဘာဝေလွ်ာက္လည္လိုသည္။
သို႔ေသာ္တျခားလူမ်ားအတြက္ ယခုလို ကိစၥမ်ိဳးသည္
အထူးတလည္ မခက္ခဲလွေသာ္လည္း သူမအတြက္ကား မလြယ္ကူလွေခ် ။
သူမအသက္(၁၈)ႏွစ္ပင္ျပည့္ေခ်ၿပီ ယခုထိဘုရားပြဲသို႔မေရာက္ဖူးေသးေခ် ။
သူမ မိခင္သည္ ဘုရားပြဲလိုက္ပို႔ရန္ေျပာသမ် အေၾကာင္း
ျပခ်က္အမ်ိဳးမ်ိဳးေပးကာ ျငင္းတတ္သည္။
ေနာက္တခုကားသူမသည္ အေပါင္းအသင္း႐ြယ္တူ
သူငယ္ခ်င္းမရွိေပ ။
သူမအား႐ြာထဲမွ႐ြယ္တူ မိန္းခေလးမ်ားသည္သူမအား
အေပါင္းအသင္းလုပ္ေလ့မရွိ ။
သူမငယ္စဥ္ကပင္႐ြယ္တူခေလးမ်ားၾကားသြားကစားရန္
သြားေသာ္ သူမအားကစားဝိုင္းအတြင္းမည္သူမ်ေပးမဝင္ၾကေပ။
“စုန္းမႀကီး သမီးသြား ငါတို႔နားမလာနဲ႔သြား ”
သူမသည္ ငယ္စဥ္ကတည္း ထိုကစကားမ်ားအားနားမလည္ေသာ္လည္း အ႐ြယ္အနည္းငယ္ေရာက္မွ ထိုစကားမ်ား၏ အဓိပၸါယ္
ကိုနားလည္ရေတာ့သည္။
သူမအေမသည္႐ြာထဲမွေျပာစကားမ်ားအရ စုန္းမႀကီးတစ္ေယာက္အျဖစ္႐ြာသားမ်ားသတ္မွတ္ကာ
သူမတို႔မိသားစုအားအဆက္အဆံမျပဳ ၾကေခ် ။
သို႔ေသာ္လည္းသူမအေမအား႐ြာသားမ်ားသည္
စုန္းခြၽတ္ အေမွာင့္ပေယာဂ တစ္ခုခုကပ္သည္ကအစ
သူမမိခင္အား လာေခၚတတ္ၾကသည္ ။
မိခင္ႀကီးနဲ႔သူမႏွစ္ေယာက္တည္းသာေနေသာအိမ္ကေလးတြင္ သူမမိခင္သည္ အတူမေနပဲ သီးသန႔္အိမ္ငယ္ေလးတစ္လုံးတြင္ခြဲေနတတ္သည္။
သူမအားလည္းထိုအိမ္ငယ္ေလး တြင္သာအခ်ိန္ျပည့္ရွိေနတတ္သည္။
ထမင္းဟင္းမ်ားအားလည္းသူမနဲ႔မစားေပ ေန႔စဥ္ အသား
စိမ္း ငါးစိမ္းမ်ားအားသူမကပင္ပို႔ေပးရသည္။
သူမမိခင္သည္ ထူးျခားသည္ကားအမွန္ပင္ျဖစ္သည္။
အခန္း[၂]
သူမသည္ကား ညေနေစာင္းဘုရားပြဲေဈးတေလွ်ာက္စိတ္လြတ္ျဖင့္ ေဈးတန္းတလွ်ာက္လိုက္ၾကည့္ေနမိသည္။
သူမ မိခင္အားအတင္းၾကပ္ပူဆာလြန္းမက ပူဆာေသာေၾကာင့္ ေနာက္ဆုံးတြင္ အျပင္
ထြက္ခြင့္ရခဲ့ျခင္းပင္ျဖစ္၏ ။
သူမတစ္ေယာက္တည္း ေလ်ာက္လည္ရသည္
သို႔ေသာ္ကား ညနက္ေအာင္အထိေလွ်ာက္လည္ခြင့္ကားမရေပ။
ညမနက္ခင္
အေစာႀကီးအိမ္ျပန္လာရမည္ပင္ သူမအတြက္တစ္ခု
ေကာင္းသည္ကား ဒီနယ္တဝိုက္တြင္ဘယ္သူမွ သူမအား ကိုယ္ထိလက္ေရာက္မေျပာနဲ႔ စကားပင္ေျပာဝံ့
ေသာေယာက္က်ားမရွိေခ် ။
သူမမိခင္အားေၾကာက္လန႔္ၾကေသာေၾကာင့္ပင္ျဖစ္လိမ့္မည္။
…ဘုန္း….
… အင့္….
…ေအမ့……
…အို……
ပြဲေဈးတန္းတေလွ်ာက္ ဟိုေငးသည္ေငးျဖင့္ေလွ်ာက္လာေသာ ျမႏွင္းတစ္ေယာက္ လူတစ္ေယာ္အားဝင္တိုက္မိကာထိုသူရင္ခြင္အတြင္း လဲၿပိဳ က်သြားျခင္းပင္ျဖစ္သည္။
“ေဟ့ လူတေယာက္လုံးေတာင္မျမင္ဘူးလားကြ
ဘာေတြဒီေလာက္ ေငးလာလို႔လဲ…..”
ျမင့္မားေသာအရပ္အေမာင္းျဖင့္ အေပၚစီးမွ ငုံမိုးကာ
ၿပဳံးစစေျပာေနေသာ ေခ်ာေမာေသာမ်က္ႏွာနဲ႔အတူ
စကားသံေၾကာင့္ ယခုအခ်ိန္အထိ ယင္ဖိုပန္မသန္းဖူး
ေသးေသာျမႏွင္း၏ ႏွလုံးခုန္သံသည္
ေဗ်ာင္းဆန္ခတ္မ် ထိုအတူ သူမလဲၿပိဳမည္ကို ထိန္းေပး
ထား၍ သူမသည္ ထိုလူေခ်ာ၏ ရင္ခုန္အတြင္းေရာက္ေန
ေသးသည္။
“မင္းသားကလည္းေခ်ာ မင္းသမီးကလည္း
ေခ်ာလိုက္ဖက္တယ္ေဟ့ ..”
သူမတို႔ႏွစ္ေယာက္ကားအျဖစ္ကိုၾကည့္ကာ ျဖတ္သြား
ျဖတ္လာကာလသားတစုလွမ္း၍ စေနာက္မွ သူမ
ခုမွသတိဝင္လာမိသည္။
“အို…ရွင္…လြတ္…လြတ္..ပါ..”
သူမရွက္လန႔္တၾကားေအာ္မိရင္း ထိုသူအလိုက္သင့္ဖက္ထားျခင္းကိုဆတ္ခနဲ႐ုန္း
၍ထိုေနရာမွေဝးရာေျပးထြက္လိုက္ေတာ့၏။
အပ်ိဳမေလးသူမအတြက္ခုလိုေယာက္က်ားပ်ိဳ
တစ္ေယာက္နဲ႔တြဲဖက္စေနာက္မူကို ယခုမွပထမဆုံးအႀကိမ္ႀကဳံဖူးျခင္းျဖစ္သလို၊
ထိုသူရင္ခြင္တြင္ လူျမင္ကြင္းေရွ႕ေရာက္ေနမိေသာ
အျဖစ္ကေတြးၾကည့္႐ုံျဖင့္ရွက္႐ြံရင္တုန္ဖြယ္ျဖစ္
ေနေတာ့၏ ။
“ေဟ့..ေကာင္မေလး ဘယ္သြားမလို႔လဲ
တစ္ေယာက္တည္းလား”
“ဟင္….”
သူမေျပးမိေျပးရာမွပြဲေဈးမွဖယ္ခြာ၍ အိမ္သို႔လာရာ လမ္းတြင္
မူးယစ္ယိုင္ထိုးေနသူႏွစ္ေယာက္ သူမသြားလမ္းကို
ပိတ္ရပ္ကာေမးလာမွသတိဝင္လာကာရွက္႐ြံ႕ထူမူ
မ်ားေပ်ာက္၍ေၾကာက္စိတ္၊စိုးရိမ္စိတ္မ်ားျဖင့္
ရွိေနေတာ့၏ ။
“ကြၽန္မေရွ႕ကဖယ္ေပးပါ ကြၽန္မဘာကြၽန္မဘယ္သြား
သြားရွင္တို႔အပူမပါဘူး…”
ညကားဆယ္နာရီခန႔္ရွိေနၿပီ ျဖစ္ျခင္းနဲ႔အတူ ပြဲေဈးတန္းနဲ႔အတန္ငယ္ေဝးေသာ ေတာလမ္းေလးေပၚသူမရွိေနျခင္းအတြက္ စိတ္အနည္းငယ္ေတာ့ပူသြားမိသည္။
လူႏွစ္ေယာက္ကား သူမတို႔နယ္မွျဖစ္ဟန္မတူ ထို႔ေၾကာင္ပင့္သူမအားေႏွာင့္ယွက္ရဲျခင္းပင္ျဖစ္သည္။
.”စိုးႀကီးေရ..စားရကံႀကဳံလို႔မုတ္ဆိတ္ပ်ားစြဲတာပဲကြ …”
“ဟုတ္ပ ေအာင္သန္းေရ ….ဟဲ..ဟဲ..ဟဲ.
….”
“ဟင္…ရွင္…ရွင္တို႔…အမေလး…ကယ္ၾကပါအုံး……”
ထိုလူႏွစ္ေယာက္ကား သူမအနီးသို႔ ပါးစပ္မွညစ္ညစ္ညမ္းညမ္းမ်ားေျပာကာ တိုးကပ္လာၾက၍ေအာ္ဟစ္အကူအညီေတာင္း၍ ပြဲေဈးဖက္လွည့္ေျပးရန္အလုပ္
လူတစ္ေယာက္ကသူမလက္အားဆတ္ခနဲေဆာင့္ဆြဲျခင္းခံလိုက္ရျခင္းခံလိုက္ရေတာ့၏ ။
“လြတ္…လြတ္…ေခြးႀကီးေတြ….ငါ့ကိုလႊတ္”
.”ေဟ့ေကာင္စိုးႀကီး ေကာင္မေလးဆြဲခဲ့ေလကြာဘာေၾကာင္ေနတာလဲ”
“အား…………..ေခြးမ ငါ့လက္ကိုကိုက္တယ္
ကဲဟာ…..ျဖန္း…….”
ျမႏွင္ူးသူမလက္အားကိုင္ထားသူလက္အား ကုန္းကာကိုက္လိုက္ခ်ိန္ ထိုသူကာေဒါသျဖင့္အားကုန္လြဲ႐ိုက္လိုက္ျခင္းေၾကာင့္သူမေခါင္းတခုလုံးမူးေဝရင္း ယိုင္လဲက်သြားေတာ့၏ ။
“ေဟ့ေကာင္ေတြ မင္းတို႔ဘာလုပ္ၾကတာလဲ
ရပ္လိုက္..”
သူမတို႔ရွိေနရာဖက္သို႔ လူရိပ္တစ္ခု ေလ်ာက္လာေနျခင္းကိုဝိုးတဝါးျဖင့္ေတြ႕ေနလိုက္ရၿပီးစကားေအာ္ေျပာသံလူရိပ္မ်ားလုံးေထြးသြားသတ္ပုတ္ေနၾကျခင္းကို ရီေဝေဝျမင္ေတြ႕ေနရၿပီး သူမေခါင္းတခုလုံးေမွာင္အတိက်ကာ သတိလစ္ေမ့ေျမာသြားပါေတာ့သည္။
“အင္း…ဟင္း…ဟင္း…ဟင္း….”
“မင္းသတိရလာၿပီလား…”
“ဟင္….ရွင္..ရွင္..ဟိုလူေတြေကာဘယ္ေရာက္သြားၿပီလဲ ”
ျမႏွင္းသတိရလာေတာ့ျမႏွင္းမွာသစ္ပင္ႀကီးတစ္ပင္အား ေက်ာမွီကာရွိေနျခင္းနဲ႔အတူ ညေနခင္းက ပြဲေဈးတန္းတြင္ဝင္တိုက္မိေသာ
ကိုလူေခ်ာမွာ သူမအနီးရွိေနသည္ကို အံ့ျအဖြယ္ရာ
ေတြ႕လိုက္ရေတာ့သည္။
“လာထ..မင္းအိမ္ဘယ္မွာလဲကိုမင္းအိမ္
လိုက္ပို႔ေပးမယ္…
ဟိုေကာင္ေတြကို စိတ္ပူမေနနဲ႔ေတာ့ ကိုၾကည့္
ရွင္းလိုက္ၿပီ…”
” ကြၽန္မအရွက္နဲ႔ အသက္ကို ကယ္ေပးလို႔ေက်းဇူး
တင္ပါတယ္….. ”
သူမအိမ္ျပန္ရာလမ္းတေလွ်က္တြင္ျမႏွင္းမွာ
ေၾကာက္စိတ္၊ဝမ္းနည္းစိတ္ေရာႁပြန္း၍နႏၵကို
စကားတခြန္းမွမဆိုမိ။နႏၵမွာလည္း သူမေဘးတြင္
တိတ္ဆိတ္စြာကပ္လိုက္လ်က္ရွိေန၏ ။
လသည္ပင္မြန္းတည့္ေခ်ေတာ့မည္မို႔ ယခုလို ထိန္ထိန္သာေနေသာလေရာင္ေအာက္တြင္
ေက်းဇူးရွင္ကိုလူေခ်ာနဲ႔တြဲေလွ်ာက္ေနရသည္က ျမႏွင္းအဖို႔ ရင္ဖိုသလိုလိုအေစာနကေၾကာက္လန႔္စရာခံစားမူမ်ားဘယ္ဆီသို႔လြင့္ေပ်ာက္ကုန္ၿပီမွန္းမသိေတာ့ေပ…။
.”ဒါနဲ႔ မင္းနာမည္ ဘယ္လိုေခၚလဲ ….
တိတ္ဆိတ္စြာယွဥ္ေလွ်ာက္ေနၾကရင္းမွကိုလူေခ်ာကေမးလိုက္ျခင္းပင္ျဖစ္သည္။
“ျမ..ျမႏွင္းပါ….”
“ေအာ္..ျမႏွင္း…ကို႔နာမည္လည္းမွတ္ထားေပါ့
နႏၵတဲ့….”
“ေအာ္ကိုနႏၵ ေရွ႕နားကအိမ္ကျမႏွင္းတို႔အိမ္
ပါပဲ..”
သူမတို႔အိမ့္ေရွ႕နားအေရာက္တြင္လေရာင္ျဖင့္ ဆံပင္ဖိုး႐ိုးဖားလွ်ား ခါးကိုင္းကိုင္းျဖင့္ လူရိပ္တခုၿငိမ္သက္စြာရပ္ေနသည္ကိုေတြ႕လိုက္
ကွရ၏ ။
“…ဟင္ …အေမ မအိပ္ေသးဘူး….”
“သမီး.ေနာက္က်လွခ်ည္လား သူကဘယ္သူလဲ
ဘာလို႔သမီးနဲ႔အတူရွိေနရတာလဲ…မင္းဘယ္သူလဲ …ေနာက္တခါငါ့သမီးအနားေတြ႕ရင္ငါ့အဆိုးမဆိုနဲ႔”
”….ေအာ္..အေမ..ကိုနႏၵကိုအားနာစရာျဖစ္ကုန္ၿပီ
ကိုနႏၵက သမီးကိုကူညီၿပီး အိမ္ထိလိုက္ပို႔ေပးတာ….”
ေျခာက္ကပ္အက္ကြဲေသာလည္ေျခာင္းသံနဲ႔အတူ
လေရာင္ေအာက္တြင္ အေရာင္တလက္လက္ထေနသည္ဟုထင္ျမင္ရေသာစူးရွေသာ မ်က္လုံးမ်ားျဖင့္ နႏၵအားၾကည့္ရင္း ျမႏွင္းအေမဆိုေသာ အ႐ိုးေပၚအေရတင္ အဘြားအိုႀကီးကေမးလိုက္ျခင္းပင္ျဖစ္၏ ။
ျမႏွင္းမွာ သူပြဲေဈးမွအျပန္ ၾကဳ ံခဲ့ရသည္မ်ားအား
ျပန္လည္ေျပာျပေနသည္။
“ဘယ္သူေတြလဲ….ေတာက္…ရာရာစစ
ငါ့သမီးေလးကို …ေစာ္ကားတဲ့ ေကာင္ေတြ အေမ့ကိုေျပာစမ္း…ေသခ်င္လို႔… ”
သူမစကားေၾကာင့္အေမမွာ ကိုယ္ခႏၶာ တဆတ္တုန္မ်ထိေဒါသထြက္ေနဟန္ရွိေန၏ ။
“ဒီနယ္ကေတာ့ ဟုတ္ဟန္မတူဘူး …
အေမ ဘုရားပြဲ လာတဲ့ တျခားနယ္ကသူေတြထင္တယ္
ဒီက ကိုယ္နႏၵေရာက္လာ လို႔သာေပါ့… ”
.”ေအာ္ ေက်းဇူးပါပဲ တူေမာင္ေရ ဒါနဲ႔ ဘုရားပြဲလာတဲ့ဧည့္သည္လား.သမီးလည္းအရွက္နဲ႔အသက္ကိုကယ္ေပးတာေက်းဇူးတင္ပါတယ္….”
“ဟုတ္ကဲ့ ကြၽန္ေတာ္လည္းၾကဳ ံႀကိဳက္လို႔ကူညီ
ခြင့္ရတာပါ ကြၽန္ေတာ္ေရွ႕မွာမတရားမူကို လက္ပိုက္ၾကည့္မေနတတ္တာလည္းပါတာေပါ့
ကြၽန္ေတာ့္က နယ္လွည့္မ်က္လွည့္
ပညာရွင္အဖြဲ႕ ကပါ…ကဲ …ညလည္း နက္ေနၿပီ မ်က္လွည့္ဝိုင္းလည္းစေနေလာက္ၿပီမို႔ ကြၽန္ေတာ္ျပန္
လိုက္ပါအုံးမယ္ေဒၚေဒၚ နဲ႔ျမႏွင္း …..”
“ေအာ္ …ေမာင္နႏၵ ေန႔လည္ေန႔ခင္းပ်င္းရင္
ေဒၚတို႔တို႔ အမိလာလည္ႏိုင္ပါတယ္…….”
“ဟုတ္ကဲ့… ေဒၚေဒၚ ဒီဘုရားပြဲကာလအတြင္းေန႔လည္ပိုင္း
သြားလာစရာေနရာမရွိေတာ့ကြၽန္ေတာ္လာခဲ့ပါ့မယ္ ”
နႏၵမွာသူမတို႔ သားအမိအားေက်ာခိုင္းကာ လေရာင္ေအာက္တြင္ တေ႐ြ႕ ေ႐ြ႕ျဖင့္ ပြဲခင္းရွိရာသို႔
ႏူတ္ဆက္ထြက္ခြာသြားၿပီျဖစ္၏ ။
ျမႏွင္းကား ယခုညအတြက္အိပ္၍ မေပ်ာ္ေတာ့ သူမ အျမင္အာ႐ုံတခုလုံး နႏၵ။ အေတြးစိတ္ကူး ခုလုံးနႏၵ ။…
မေမ်ာ္လင့္ပဲ
ရင္ခြင္က်ယ္ႀကီးအတြင္း ခဏတာေရာက္ခဲ့မိသည့္ အျဖစ္ကိုပင္ ရွက္႐ြံ စြာရင္ဖိုမိေနဆဲျဖစ္။
“ေအာ္…ကိုနႏၵရယ္ကြၽန္မစိတ္ကို စိုးမိုးလြန္းလို႔
မုန္းလိုက္တာရွင္…….”
ေနာက္တေန႔ ေန႔လည္ပိုင္းတြင္ သူမတိတ္တခိုးေမ်ာ္လင့္ေနမိေသာ နႏၵသည္အိမ္သို႔ဆိုက္ၿမိဳက္စြာေရာက္လာခဲ့ေတာ့သည္။
အေမသည္တျခားလူစိမ္းမ်ားအား အိမ္ေပၚေခၚေလ့မရွိေသာ္လည္း နႏၵ၏ ေျပျပစ္စြာေပါင္းသင္းဆက္ဆံတတ္မူ ၊ ေနာက္တခု သူမအသက္နဲ႔ အရွက္ကိုကာကြယ္သူျဖစ္ေသာေၾကာင့္
ေဖာေ႐ြစြာဧည့္ဝတ္ေၾကစကားေတြေဖာင္ဖြဲ႕ကာေပ်ာ္ဆိုေနေတာ့၏ ။
“ဒါနဲ႔ ေမာင္နႏၵ တို႔မ်က္လွည့္ျပကြက္ေတြက ဘယ္လိုျပကြက္မ်ိဳးေတြလဲ….”
“ေအာ္…အစုံပါပဲ ေဒၚေဒၚ မ်က္လွည့္လက္လွည့္အျပင္
ေအာက္လမ္းအတတ္နဲ႔ ျပရတဲ့ ျပကြက္ေတြလည္း
ပါပါတယ္….”
“ေအာက္လမ္းျပကြက္ေတြျပရင္ သတိထားေမာင္နႏၵရဲ႕
ဒီနယ္မွာက ပညာသည္ေတြေပါတယ္
ေတာ္ၾကာအေႏွာင့္အယွက္ဝင္လာရင္ အခက္အခဲျဖစ္ႏိုင္တယ္…..”
“ကြၽန္ေတာ္ကေတာ့ အဲဒါေတြ သိပ္နားမလည္ပါဘူး
ေဒၚေဒၚ ေရ ကြၽန္ေတာ္တို႔က ဝမ္းေရးအတြက္ရွာေဖြစား
ေသာက္ေနရတဲ့သူေတြပါ …ပညာရွင္အဆင့္မဟုတ္ပါဘူး
အေႏွာင့္အယွက္ဝင္ရင္ေတာ့ ဒုကၡပဲ ”
“အိမ္းမျဖစ္ေခ်ဘူး… ေဒၚေဒၚ… ကူညီမွျဖစ္မွာပါေလ
…ကဲ …ဘာမွစိတ္မပူနဲ႔ပြဲကာလအတြင္းဘာအေႏွာင့္
အယွက္မွမဝင္ေအာင္ ေဒၚေဒၚ အစီအရင္တခုေပးလိုက္မယ္…..”
“ေက်းဇူးပါပဲ ေဒၚေဒၚ ေရ…..”
“အိမ္း …တခုေတာ့ရွိတယ္ကြယ္
ေဒၚေဒၚ ေပးတဲ့အစီအရင္ ပစၥည္း
ကိုတစ္ညသုံးၿပီးရင္ေနာက္ေန႔ ေဒၚေဒၚ
ဆီျပန္ေရာက္ေအာင္လာပို႔ေပးဖို႔ပါပဲ……”
“စိတ္ခ်ပါ ေဒၚေဒၚ…ေက်းဇူးလည္းတင္ပါတယ္ ကြၽန္ေတာ္ဆက္ဆက္လာပို႔ေပးပါ့မယ္”
ျမႏွင္းကားသူမအေမျဖစ္သူနဲ႔နႏၵတို႔ေျပာစကားမ်ားကိုေဘးမွအသာထိုင္နားေထာင္ေနမိသည္။
ဘာမွေတာ့နားမလည္ေပ။ သူမနႏၵမ်က္ႏွာအား
ခိုးၾကည့္ရင္း ရင္ဖိုလ်က္ျဖင့္ ရွိေန၏ ။
နႏၵျပန္ခါနီးတြင္ ေဒါျမႏွင္းက ယြန္းကလပ္ျဖင့္တင္ထားေသာ ယာၿပီးမလိပ္ရေသး
ေသာပြဲဆက္ ကြမ္းသုံးယာ ေပးလိုက္သည္။
သူမအတြက္အထူးေပ်ာ္စရာကား သူမအားစိုးရိမ္ကာ
ပြဲေဈးလည္ခြင့္မေပးေသာ သူမအေမအားနႏၵက ကူေျပာေပေသာေၾကာင့္ ပြဲေဈးလည္ခြင့္ရခဲ့သည္။
ထိုအေတာအတြင္း သူမနဲ႔ နႏၵတို႔ကားရင္းႏွီးမူ သံေယာဇဥ္ေလးမ်ားပိုခဲ့ၾကမိ၏ ။
သူမအိမ္အျပန္တြင္ နႏၵက အိမ္ေရွ႕အထိလိုက္ပို႔တတ္သည္။
ဘုရားပြဲကား ၅ ရက္ ၅ညတိုင္တိုင္ကျပကာၿပီးဆုံးခဲ့ပီျဖစ္သည္။
သူမအတြက္ကားေနာက္ေန႔ဆိုလွ်င္ နႏၵျဖင့္ခြဲရမည္ျဖစ္ေသာေၾကာင့္ စိတ္မေကာင္း ျဖစ္ေနမိသည္။
“ေဒၚေဒၚ.. .ျမႏွင္း….ဘုရားပြဲကလည္း ၿပီးသြားပါၿပီကြၽန္ေတာ္တို႔လည္း ေနာက္တနယ္ကူးရပါေတာ့မယ္
အဲတာလာႏူတ္ဆက္တာပါ..
ကြၽန္ေတာ္တို႔အဖြဲ႕အေႏွာင့္အယွက္မရွိေအာင္ ကူညီေပးတဲ့ ေဒၚေဒၚ ကိုလည္းေက်းဇူးတင္ပါတယ္….
ဒီမွာ ေဒၚေဒၚ ေပးတဲ့ ပစၥည္း ျပန္အပ္တာပါ ခင္မ်..”
နႏၵက သူမတို႔သားအမိအားႏူတ္ဆက္ရင္း ယြန္းကလပ္ျဖင့္တင္ထားေသာ ကြမ္းသုံးယာအားျပန္အပ္လာျခင္းျဖစ္၏ ။
တခုကား ပြဲတစ္ညအတြက္ ကြမ္းသုံးယာစီအေမကတေန႔စာစီစဥ္ေပးျခင္းပင္ျဖစ္၏။
“အင္းေမာင္နႏၵေနာက္ႀကဳံရင္လည္းဝင္
လည္ပါအုံးကြယ္…
သမီးေရ ဒီကြမ္းယာေတြ မီးဖိုထဲထည့္ေပးစမ္းပါတခ်က္ေလာက္…ေသခ်ာထည့္ေနာ္…”
သူမ အေမနဲ႔ ကိုနႏၵကားအျပင္တြင္ရပ္ကာက်န္ေနရစ္ခဲ့သည္ သူမကား ခြဲရမည္မို႔ ရင္ထဲမေကာင္းေပ….။
သူမကြမ္းသုံးယာအား မီးအရွိန္မေသးေသာ မီးဖိုထဲပစ္ထည့္လိုက္ခ်ိန္……
“အား…ေအာင္မေလး……အား….ပူတယ္…ပူတယ္…
သူမမိခင္ေအာ္ဟစ္သံေၾကာင့္ အိမ္ေရွ႕ဆီေျပးထြက္ခဲ့ေတာ့ ေျမျပင္ေပၚလူးလွိမ့္ရင္း
ေအာ္ဟစ္ေနေသာ မိခင္အားေတြ႕လိုက္ရသည္။
“အေမ….အေမ….ဘာျဖစ္လို႔လဲ.. ..”
“နႏၵ ဒါမင္းလက္ခ်က္မဟုတ္လား…..ငါ့ကိုတန္ျပန္တိုက္ထားတယ္……အား…ေသပါၿပီ…”
“ဟုတ္တယ္ ….ေဒၚျမသာ ကြၽန္ေတာ္လုပ္တာပါပဲ..”
“ဟင္း…မင္း .လူယုတ္မာ.မင္းငါ့နာမည္သိတယ္”
“ကိုနႏၵရွင္ ယုတ္မာလွခ်ည္လား”
“ဟား…ဟား….ဟား…ဒီေန႔ကိုေရာက္ဖို႔
က်ဳပ္အၾကာႀကီးေစာင့္ခဲ့ရတာပါ….
က်ဳပ္ဘယ္သူလဲသိလား…က်ဳပ္ဟာ ခင္မ်ားလြန္ခဲ့တဲ့ဆယ္ႏွစ္ေက်ာ္က
သတ္လို႔ေသခဲ့ရတဲ့ျမပန္းဝါ ဦးသကၠရဲ႕ သားပါပဲ….”
ေဒၚျမသာကားေျမေပၚတြင္လူးလွိမ့္ကာ အေျခအေနမဟန႔္ေတာ့ေခ် ။
သို႔စရာတြင္နႏၵေျပာစကားမ်ားကိုၾကားေနရ၏ ။
ေနာက္ဆုံးထြက္သက္ေရာက္ေတာ့မည္မို႔
မိုက္ျပစ္မ်ားကိုျပန္ေတြးမိကာေနာင္တရေနဟန္
ရွိေန၏ ။
“ခင္မ်ားႀကီးေနာက္ဆုံးထြက္သက္မွာ
ေသခ်ာနားေထာင္သြားပါအုံး ခင္မ်ားကို မခ်စ္ပဲ က်ဳပ္အေမကိုခ်စ္သြားတဲ့
က်ဳပ္အေဖကို ခင္မ်ားသတ္တယ္…
ေနာက္ဆုံးက်ဳပ္အေမကိုသတ္တယ္ က်ဳပ္နဲ႔ က်ဳပ္အေဒၚေတာင္
ကံေကာင္းလို႔ခင္မ်ားလက္က က်ဳပ္ကိုေခၚၿပီး
ထြက္ေျပးလို႔လြတ္ေျမာက္ခဲ့ရတယ္ အေဒၚဟာပင္ပန္းဆင္းရဲခံၿပီးက်ဳပ္ကို
ေကြၽးေမြးေစာင့္
ေရွာက္ရင္း အလုပ္ပင္ပန္းတဲ့ဒဏ္ေတြနဲ႔ပဲ အိပ္ယာထဲလဲ
ဆုံးပါးသြားခဲ့ ရတာ …..သူမေသခင္ က်ဳပ္ကို ဒီအေၾကာင္းေတြအားလုံးေျပာျပခဲ့တယ္…..”
နႏၵတစ္ေယာက္ မခ်ိမဆန႔္ေဝဒနာခံစားေနရဟန္ျဖင့္ ေျမျပင္ေပၚလူးလွိမ့္ေနေသာေဒၚျမသာအားၾကည့္ရင္း သူ႔ဇတ္လမ္းအားဆက္ေျပာလာျပန္၏ ။
“က်ဳပ္ဒီကိုလာဖို႔ အခ်ိန္ေတြအမ်ားႀကီးျပင္ဆင္ခဲ့ရတယ္
ခင္မ်ားဒီ႐ြာမွာပဲ မိဘမဲ့ ခေလးတေယာက္ေမြးစားၿပီးရွိေနတဲ့
အေၾကာင္းေတြ
စုံလင္ေအာင္သိမွ ခင္မ်ားအိမ္ဝင္လို႔ရဖို႔ ခင္မ်ားယုံၾကည္မူရဖို႔ ခင္မ်ားသမီးျမႏွင္းကို အသုံးခ်ၿပီး
ဇတ္လမ္းတပုတ္ဆင္လိုက္ရတာပါပဲ….
.ေဒၚျမသာ
ခင္မ်ားရဲ႕ ေနာက္ဆုံးခရီးလွပါေစဗ်ာ….”
ျမႏွင္းမွာလူးလွိမ့္မူၿငိမ္သက္သြားၿပီျဖစ္ေသာ
မိခင္ႀကီးအနားငိုယိုကာက်န္ေနရစ္ခဲ့ေတာ့၏ ။
လွည့္ထြက္လာေသာ နႏၵမ်က္ဝန္းအိမ္တြင္ကားမ်က္ရည္မ်ား က်ဆင္းေနလွ်က္ရွိေန၏။
“႐ိုးသားအျပစ္ကင္းတဲ့ မင္းကို မိသားစုရန္ၿငိဳ းအတြက္အသုံးခ်မိတဲ့ ကို႔ကိုယ္ခြင့္မလြတ္ပါနဲ႔ေတာ့
ျမႏွင္းေရ. မင္းဘဝကို ဒုကၡေတြယူလာတဲ့နတ္ဆိုးတေကာင္အျဖစ္ တသက္လုံးမုန္းေနပါေတာ့…..
ဒါေပမယ့္…မင္းကို ကိုယ္တကယ္ခ်စ္ခဲ့မိပါတယ္…ျမႏွင္းရယ္
ဒါေပမယ့္ ကို႔ကိုယ္ခြင့္မလြတ္ပါနဲ႔ေတာ့.. …
နတ္ဆိုးတေကာင္လို တသက္လုံးမုန္းလိုက္ပါေတာ့…..”
နႏၵ၏ အ႐ူးတေယာက္လိုေရ႐ြတ္ေျပာဆိုေနေသာစကားမ်ားအားျမႏွင္းတေယာက္ၾကားခဲ့လွ်င္သူမသည္နႏၵအေပၚမည္သို႔သေဘာထားသတ္မွတ္မည္မဆိုႏိုင္ေပ။ သို႔ရာတြင္နႏၵရင္တြင္းစကားမ်ားျမႏွင္းမၾကားႏိူင္သလို နႏၵသည္လည္းဖြင့္ေျပာလိမ့္မည္မထင္ေပ။
==========================
(ၿပီးပါၿပီ)
ႀကိဳးစားလ်က္
စာေရသူ= ျမဴခိုးအလကၤာအားေလးစားလ်က္
Like&shareေလးနဲ႔အားေပးၾကပါအုံး