နို့စွဲ

နို့စွဲ📖📖📖(စ/ဆုံး)

*******************
~~~မူရင်းရေးသားသူ _ ဆရာတာတေ

လူ့လောကကြီးထဲမှာ ခင်ဗျားတို့ ကျုပ်တို့
မသိသေးတာတွေအများကြီး ရှိတယ်ဗျ။
တစ်ချို့ကိစ္စဆိုရင် ယုံနိုင်စရာတောင် မရှိ
ပါဘူးဗျာ။ တာတေဆိုတဲ့ကောင်က အင်
မတန်မှ စပ်စုတဲ့ကောင်ဗျ။

ကျုပ်နေတာက ထနောင်းကုန်းလေ။ ကျုပ်
တို့ရွာနီးချုပ်စပ်မှာ လူသတ်တာတို့၊ ကြိုး
ဆွဲချတာတို့ ၊ အဆိပ်သောက်တာတို့ဆို
ရင် ကျုပ်က ရှေ့ဆုံးက ပြေးကြည့်တဲ့
ကောင်ဗျ။ ကျောင်းနေတဲ့အရွယ် ရောက်
ပြန်တော့လည်း ဘထစ်လိုကောင်နဲ့
သူငယ်ချင်းဖြစ်ပြီး သင်္ချိုင်းအကြိုအ
ကြားတွေ လျှောက်သွား၊ စပ်စပ်စုစု
တွေလုပ်၊ လူတွေ မမြင်အပ်တာတွေ
ကျုပ်တို့မြင်ပေါ့ဗျာ။

အဲဒီလောက်တောင် နေရာတကာပါတဲ့
တာတေလို အကောင်တောင် အခုကြုံရ
တဲ့ကိစ္စမှာ မျက်လုံးပြူး မျက်ဆန်ပြူး
ဖြစ်ခဲ့ရတာဗျ။ ကျုပ်တို့ရွာ ထနောင်းကုန်း
မှာ သူကြီးက ဦးဘိုးထင်တဲ့ဗျ။ သူကြီး
သားအငယ်က ကိုသိန်းထင်တဲ့။

ကိုသိန်းထင် အိမ်ထောင်ကျတော့ ဘုရား
ငုတ်တိုက မိန်းမနဲ့ ကျတာဗျ။ ဘုရားငုတ်တို
ဆိုတာက မြို့တောင်ဘက်မှာရှိတဲ့ ရွာလေ
ဗျာ။ ကိုသိန်းထင်မိန်းမနာမည်က မအောင်
မေတဲ့၊ မိန်းမချောပါဗျာ၊ ကိုကြီးသိန်းထင်နဲ့
တော့ အတော်ကလေးလိုက်ဖက်တာက
လား။ ပြောရဦးမယ်ဗျ။ ကျုပ်တို့သူကြီး
ဦးဘိုးထင်က လူပုသလောက် လွှတ်စိတ်
တိုတာဗျ။ သူကြီးက ရွာထဲက လူတွေ
တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ရင်
အားကြီးဒေါသဖြစ်တာဗျ။

ရန်များဖြစ်ပြီ ဆိုလို့ကတော့ တန်းထိပ်တုံး
ခတ်တာဗျ။ စစ်လားမေးလားတောင် သိပ်
လုပ်နေတာ မဟုတ်ပါဘူးဗျာ။ ကိုကြီးသိန်း
ထင်နဲ့ အစ်မ မအောင်မေနဲ့ မင်္ဂလာဆောင်
တော့ ကျုပ်တို့ ကာလသားတွေပဲ အား
လုံးတာဝန်ယူလုပ်ကြရတာပေါ့ဗျာ။

သူကြီးသား မင်္ဂလာဆောင်ကိုဗျ။ ဘာ
ပြောကောင်းလိမ့်မလဲ။ လွှတ်စည်တာပေါ့ဗျာ။

မနီးမဝေးမှာရှိတဲ့ မီးလောင်ကုန်း၊ ဘန့်
ဘွေးကုန်း၊ ငွေတွင်းကုန်း၊ဆရာမနိုင်ဆိုတဲ့
ရွာတွေ၊ ရွာတွေကပေါ့ဗျာ၊ သူကြီးနဲ့ ဆယ်
အိမ်ခေါင်းတွေ၊ အသိအကျွမ်းတွေ လာ
လိုက်ကြတာမှ၊ကျုပ်တို့တွေ ထမင်းကျွေး
လိုက်ရတာမှ လက်တွေပြုတ်ထွက်မလား
မှတ်ရတယ်။ လက်ဖွဲ့တွေလည်း ရလိုက်
တာမှ မနည်းမနောပါဗျာ။

သူတို့မင်္ဂလာဆောင်ပြီး တစ်နှစ်လောက်
မှာ မအောင်မေက ကလေးမီးဖွားတယ်ဗျ။
ယောင်္ကျားလေး။ သားဦးလေးဆိုတော့
ကိုကြီးသိန်းထင်ရော၊ အစ်မ မအောင်မေ
ရော ချစ်လိုက်ကြတာ မပြောပါနဲ့တော့ဗျာ။
ဒါပေမဲ့ ကလေး ခုနှစ်လသားလောက်
ရောက်တော့ ဆုံးသွားတယ်ဗျ။ လင်မယား
နှစ်ယောက် ငိုလိုက်ကြတာလေ။

တာတေတောင် မျက်ရည်ဝဲလာတယ်။
ထနောင်းကုန်းတစ်ရွာလုံးက ကိုကြီးသိန်း
ထင်ကို လွှတ်ခင်ကြတာဗျ။ ကိုကြီးသိန်း
ထင်က သူကြီးသားဆိုပြီး ဆိုက်တွေ ဂိုက်
တွေ လုပ်တဲ့လူ မဟုတ်ဘူးဗျ။ ရပ်ထဲရွာ
ထဲမယ် ဘယ်သူ့အကြောင်းရှိရှိ ကျုပ်
တို့နဲ့ အတူတူ ဝိုင်းဝန်းလုပ်တာဗျ။အနီး
အနား ရွာတွေကလည်း ကိုကြီးသိန်းထင်
ကို အားကြီးခင်ကြတာ။

နောက်တစ်နှစ်လောက်ကျတော့ အစ်မ
မအောင်မေ ဒုတိယအကြိမ် ကလေးမီး
ဖွားပြန်တယ်။ ဒီတစ်ခါကတော့ မိန်းက
လေးတဲ့ဗျ။ သမီးကလေးကိုလည်း ချစ်
လိုက်ကြတာဗျာ။ မိဘကိုဗျ။ သားမွေး
မွေး ချစ်တာချည်းပေါ့ဗျာ။ အဲဒီကလေး
မလေးလည်း တစ်နှစ်သမီးမှာ ဆုံးသွား
ပြန်ရောဗျာ။

ဒီတစ်ခါတော့ တစ်ရွာလုံးက အာရုံစိုက်
သွားကြပြီဗျ။တစ်ခုခုတော့ မှားနေပြီလို့
ထင်သွားကြပြီဗျ။ ဒါပေမဲ့ ဘာမှားနေမှန်း
တော့ မသိပါဘူးပေါ့ဗျာ။ ကျုပ်တို့တော
သူတောင်သားတွေဆိုတာ ဗဟုသုတက
လည်း အားကြီးနည်းကြတာပါဗျာ။ ထင်
ရာမြင်ရာတွေ လျှောက်ပြောကြတာပေါ့
ဗျာ။ တစ်ချို့ကလည်း ရိုးရာမကျေနပ်
လို့ ထင်တယ်လို့ပြောလိုပြော၊ တစ်ချို့
ကလည်း ရုက္ခစိုးဆီမှာ သားဆုတောင်း
လို့ ပြောလို့ပြောပေါ့ဗျာ။

ကျုပ်တို့ကာလသားတွေတောင် လူစု
မိရင် ကိုကြီးသိန်းထင်တို့ကလေးအဖတ်
မတင်တဲ့ကိစ္စကို ပြောကြဆိုကြမိတာဗျ။
တကယ်တော့ ကျုပ်တို့ကာလသားတွေ
နဲ့ ကလေးမွေးတဲ့ကိစ္စက သိပ်ဆိုင်တာ
မှ မဟုတ်တာ။ ဒါပေမဲ့ ကိုကြီးသိန်းထင်
ကို ခင်တော့လည်း စိတ်မကောင်းပြီး
ပြောကြတာပေါ့ဗျာ။

“ကိုကြီးတာတေ၊ ခင်ဗျားရော၊ ဒီကိစ္စ
ဘယ်လိုထင်တုံးဗျ”

လို့ မျက်ပြူးက ကျုပ်ကိုမေးတယ်။ ကျန်
တဲ့အကောင်ငယ်လေးတွေလည်း ကျုပ်
ကို အထင်တကြီးနဲ့ ဝိုင်းကြည့်ကြတာ
ပေါ့ဗျာ။

“ဒီလို ကလေးအဖတ်မတင်တာတွေက
ဖြစ်တတ်ပါတယ် မျက်ပြူးရာ၊ ငါ ကြား
ဖူးတာတော့ ကလေးတစ်ယောက်လောက်
မွေးစားလိုက်ရင် အဖတ်တင်သွားတယ်
လို့ ပြောတာပဲကွ”

မျက်ပြူးတို့ကာလသားပေါက်စလေးတွေ
ငြိမ်ပြီး စဉ်းစားနေကြတယ်ဗျ။

“ကျုပ်အဘကတော့ ပြောတယ်ဗျ။
ကလေးကို ဘုန်းကြီးဆီမှာ စတိရောင်း
ရတယ်ဆိုပဲဗျ။ အခု ကိုကြီးသိန်းထင်
တို့က အဲဒီလို ကလေးရောင်းမထားလို့
ဖြစ်တာလို့ ပြောတယ်ဗျ”

မျက်ပြူးတို့အုပ်စုထဲက ဂုတ်တိုဆိုတဲ့
ကောင်ကလည်း ဝင်ပြောတယ်ဗျ။

“ဟေ့ကောင် ဂုတ်တို ဘာမသိ ညာမသိနဲ့
မင်းထင်ရာတွေ လျှောက်ပြောမနေနဲ့ကွ။
ကိုကြီးသိန်းထင်တို့လင်မယား သူတိုသ
မီးကို ပုဗ္ဗာရုံဆရာတော် ဦးဂုဏဆီမှာ
ရောင်းထားတာကွ၊ သူတို့ကလေးကို ဆ
ရာတော်ဆီမှာ စတိလာရောင်းတဲ့နေ့က
ကျောင်းမှာ ငါရှိတယ်ကွ၊ သိလား၊ ငါ့
မျက်စိအောက်မှာကို ရောင်းနေတာ”

“နို့ နေပါဦးကွ၊ ပိုးဟပ်ဖြူရဲ့၊
ဆရာတော်ကရော ဝယ်လိုက်သလား”

သူတို့အထဲက ပိုးဟပ်ဖြူ ဆိုတဲ့ ဖြူဖြူ
ပိန်ပိန်ကောင်လေးကို ဝိုင်းမေးကြပြန်
ရောဗျို့။

“ဟ မျက်ပြူးရဲ့၊ ဒါ စတိလုပ်ရတာလေ
ကွာ၊ ပြီးတော့ ဆရာတော်က ကလေး
ဖိုးဆိုပြီး ငွေမက်စေ့ကလေး ပေးလိုက်
တာကွ၊ ကိုကြီးသိန်းထင်သမီးလေးဆုံး
တော့ မင်းတို့ သွားကြည့်ကြတယ်မို့လား
ကလေးလည်ပင်းမှာ အပေါက်ကလေး
ဖောက်ပြီး ဆွဲထားတဲ့ ငွေမတ်စေ့က
လေးကို တွေ့တယ်မို့လား၊ အဲဒါ ဆ
ရာတော် ပေးတဲ့ ငွေမက်စေ့ပေါ့ကွ”

ဒီတစ်ခါတော့ အားလုံးငြိမ်သွားကြပြီဗျ။
တွေပြီး စဉ်းစားနေကြတယ်။

နွဆေိုတော့လည်း အညာမှာက အား
ကြီးပူတာဗျ။ ဆယ်နာရီလောက်မှာ
ကျုပ် ဒီကောင်တွေအုပ်စုကို နှုတ်ဆက်ပြီး
အိမ်ပြန်လာခဲ့တယ်။ အိမ်ရောက်တော့ အမေ
ချက်ထားတဲ့ ကြက်သားကာလသားချက်နဲ့
ခြံစည်းရိုးဟင်းချိုကို တစ်ဝစားပြီး မျက်စိက
စင်းလာရောဗျို့။ ထုံးစံအတိုင်းပေါ့ဗျာ။
တာတေ စံမြန်းနေကျ ဝိုင်းထဲက မန်ကျည်း
ပင်ကြီးအောက်ကို ဆင်းလာခဲ့တယ်။

သစ်သားကွပ်ပျစ်ပေါ်က ဝါးပိုးခြမ်းခေါင်း
အုံးပေါ်မှာ ပုခုံးပေါ်တင်လာတဲ့ ပုဆိုးကြမ်း
ကလေးကို ခေါက်ပြီးခင်းလိုက်တယ်။ ပြီး
တော့ နဂါးဆေးပေါ့လိပ်ကလေးကို ထုတ်
ပြီး မီးခတ်ကလေးနဲ့ခတ်ပြီး ညှိလိုက်တယ်
မန္တလေးက နဂါးဆေးပေါ့လိပ်ဆိုတာက
အားကြီးမီးညီတာဗျ။

ဘယ်တော့မှ တစ်ခြမ်းစောင်း မလောင်
ဘူး။အထဲက စပ်ထားတဲ့ ဆေးကလည်း
ကျုပ်အကြိုက်နဲ့က အကိုက်ပဲဗျ။သိပ်
လည်းမပြင်း၊ သိပ်လည်းမပေါ့ဘူးဗျ။
တာတေ့အတွက်တော့ ထမင်းဗိုက်တင်း
အောင် စားပြီးရင် နဂါးဆေးပေါ့လိပ်
ကလေး ရှိုက်လိုက်ရတဲ့ အရသာဟာ
ဘာနဲ့မှကို မလဲနိုင်တဲ့ အရသာပါပဲဗျာ။

“တာတေ၊ ဟေ့ တာတေ၊ အိပ်နေပြီလားကွ”

ကျုပ်ဖြင့် ဝါးပိုးခြမ်းကလေးပေါ် ခေါင်းအုံး
ရုံပဲ ရှိပါသေးရောဗျာ၊ ဝိုင်းဝက ခေါ်သံကြား
တော့တာ၊ ကျုပ်ချက်ချင်းခေါင်းထောင်ပြီး
ကြည့်လိုက်ပါတယ်။

“ဟာ ကိုကြီးသိန်းထင်ပါလား လာ
ကိုကြီး လာ”

ကျုပ် တော်တော်အံ့သြသွားတာဗျ။
ကိုသိန်းထင်နဲ့ ကျုပ်နဲ့က အပြင်မှာသာ
ခင်တာ၊ ကျုပ်အိမ်ကို သူတစ်ခါမှ လာဖူး
တာ မဟုတ်ဘူး။

ကိုသိန်းထင်က ကျုပ်ထိုင်နေတဲ့ ကွပ်ပျစ်
မှာဝင်ထိုင်တယ်ဗျ။ ကျုပ်က နဂါးဆေး
ပေါ့လိပ်ကလေးမီးညှိပြီး တည်လိုက်တယ်။
မျက်နှာတော့ ဘယ်ကောင်းပါ့မလဲဗျာ။
ကလေးဆုံးထားတာက သိပ်ကြာလှသေး
တာမှမဟုတ်တာ။ ဆေးပေါ့လိပ်ကို နှစ်ခါ
သုံးခါလောက်  ဆက်တိုက်ရှိုက်လိုက်ပြီး
တော့မှ ကိုသိန်းထင်က စကားစတယ်။

“တာတေ ငါ သားသမီးနှစ်ယောက်မွေး
တယ်၊ နှစ်ယောက်စလုံး ဆုံးပါးခဲ့ရတယ်”

ကျုပ်က ကိုကြီးသိန်းထင်စကားကို လေး
လေးနက်နက် နားထောင်ပြီးတော့မှ
ခေါင်းညိတ်တယ်

“ကျုပ်တို့တစ်ရွာလုံး စိတ်မကောင်း
ကြပါဘူးဗျာ”

ကိုကြီးသိန်းထင်က ခေါင်းလေးညိတ်ပြ
တယ်။ ပြီးတော့မှ ဆေးလိပ်မီးခိုးကို မှုတ်
ထုတ်လိုက်တယ်ဗျ။

“တာတေ အဲဒီလို ဘာကြောင့်ဖြစ်တယ်
ဆိုတယ်ဆိုတာ မင်းသိလား”

ကိုကြီးသိန်းထင် အမှတ်မထင် မေးလိုက်တဲ့
မေးခွန်းကြောင့် ကျုပ်ဖြင့်လန့်တောင်သွား
တယ်ဗျ။ ရုတ်တရက် ဘာကိုပြန်ပြောရမှန်း
တောင် မသိပါဘူးဗျာ။

“ကျုပ်လည်း မတွေးတတ်အောင်ပါပဲဗျာ၊
ကျုပ်က ထူးထူးဆန်းဆန်းကိစ္စတွေမှာ
အတွေ့အကြုံရှိတယ်ဆိုပေမယ့် ဒါမျိုး
တော့ ကျုပ် တစ်ခါမှ မကြုံဘူးသေး
ဘူးဗျ ကိုကြီးသိန်းထင်ရဲ့ “

“အေးလေ၊ ဒါလည်း ဟုတ်တာပါပဲ၊
ဒီလိုအဖြစ်မျိုးကို မင်းလည်း မကြုံ
ဖူးသလို၊ ငါလည်း မကြုံဘူးပါဘူး
ကွာ၊ တခြားသူတွေလည်း ကြုံဖူးတဲ့
သူ သိပ်ရှိမှာ မဟုတ်ဘူး”

ကိုသိန်းထင် စကားကြောင့် ကျုပ်တော်
တော် နားထွေသွားတယ်ဗျ။ ကလေးအ
ဖတ်မတင်တာ ဖြစ်တတ်ကြတာပါပဲ။သူ
ဘာကိုပြောချင်မှန်း ကျုပ်ဖြင့် သိကို
မသိဘူးဗျ။

“ကိုကြီးသိန်းထင်၊ ပြောတာကို ကျုပ်
နားမရှင်းဘူးဗျ”

“ဒီလိုကွ တာတေရဲ့၊ ငါ့ကလေးတွေ
ဆုံးတာ ရိုးရိုးဆုံးကြတာ မဟုတ်ဘူးကွ”

“ဗျာ၊ ဘယ်လိုဗျ”

“ဟုတ်တယ် တာတေ၊ ကလေးတွေက
ဆုံးကာနီးမှာ ဘာမှထူးထူးခြားခြား
ရောဂါဖြစ်တာ မရှိဘူးကွ၊ ကျောပူ
ခေါင်းပူလေးလောက်တာ၊ ဖြစ်တာ
က မင်းအစ်မကွ တာတေရ”

“အစ်မ မအောင်မေက ဘာဖြစ်လို့တုံးဗျ”

“ညဘက် အိပ်မက်ထဲမှာ မိန်းမကြီး
တစ်ယောက်က ကလေး လာယူ
တာတဲ့ကြ”

“ဟင် ဟုတ်လား ကိုကြီးသိန်းထင်”

“အေး အဲဒီမိန်းမက နဖူးမောက်မောက်
ကြီးနဲ့ မျက်လုံးကြီးတွေ ပြူးထွက်နေတာ
တဲ့၊ ဆံပင်ဖားလျားကြီး ချထားတာဆိုပဲ၊
အသားတွေများ မည်းနက်နေတာတဲ့ဟေ့”

“ဟာ အဲဒီမိန်းမကြီးက ကလေးကို
လာလုတာလားဗျ”

“အေး ဟုတ်တယ်၊ မင်းအစ်မနဲ့ ကလေးကို
လုကြတာတဲ့ကွာ၊ ကလေးက အဲဒီမိန်းမဆီ
ကိုပါမသွားဘူးဆိုရင် ဘာမှမဖြစ်ဘူးကွ၊ ဒါ
ဆိုရင် တော်တော်နဲ့ကို ပေါ်မလာတော့ဘူး
ပေါ့။ နှစ်လလောက်ခြားပြီး အဲဒီအိပ်မက်
ထပ်မက်ပြန်ရောကွ၊ အိပ်မက်ထဲမှာ မင်း
အစ်မနဲ့ အဲဒီမိန်းမကြီးနဲ့ ကလေး လုကြ
ပြန်ရောတဲ့ကွာ၊

ကလေးပါမသွားရင် ဘာမှမဖြစ်ဘူးကွ၊
အဲ ကလေးပါသွားတယ်ဆိုရင်တော့ မင်း
အစ်မက ငိုယိုပြီး နိုးလာတော့တာပေါ့
ကွာ၊ ဟဲ့ ဟဲ့ အောင်မေ သတိထား
သတိထားဆိုပြီး လှုပ်နှိုးရတာပေါ့ကွာ။
ကလေး ပါသွားပြီ၊ ကလေး ပါသွား
ပြီဆိုပြီး မင်းအစ်မက မျက်စိစုံမှိတ်
ပြီး ငိုတာဟေ့၊ ဟဲ့ နင်ကလေး ဒီမှာ
လို့ပြောပြီး ကလေးကို သူ့ရင်ခွင်ထဲ
ထည့်ပေးလိုက်မှ သတိရပြီး အငို
တိတ်တော့တာဟေ့၊

ဒါပေမဲ့ တာတေရာ အဲဒီလို ကလေး
ပါသွားတယ်လို့ မက်ပြီး တစ်ပတ်အ
တွင်းမှာပဲ ကလေးက ဆုံးသွားတော့
တာပါပဲကြာ”

“ဟာ ဖြစ်မှဖြစ်ရလေ ကိုကြီးသိန်းထင်ရာ”

ကိုကြီးသိန်းထင်က မျက်ရည်တွေ
ဝေ့နေတဲ့ မျက်လုံးနဲ့ ဆေးလိပ်ကို
ဆက်တိုက်ဖွာနေတယ်။

“သမီးကလေးတုန်းက အခါလည်ကျော်
အထိ ဒီအိပ်မက်ကို မမက်တော့ ငါတို့
လည်း ဝမ်းသာနေတာပေါ့ကွာ၊ အခါလည်
နဲ့ နှစ်လလည်းရောက်ရော မင်းအစ်မမှာ
အဲဒီအိပ်မက်ကို မက်ပြန်ရောဟေ့၊ သမီး
တုန်းကတော့ ပြန်လုလို့ကို မရဘူးတဲ့
ကွာ၊ တစ်ခါတည်း ပါသွားတာဆိုပဲ”

“ဟင် ဟုတ်လား”

“အဲဒီအိပ်မက် မက်ပြီး တစ်ပတ်အတွင်း
မှာပဲ သမီးလေးလည်း ဆုံးသွားတာပါကွာ”

“သြော် ဖြစ်ရလေဗျာ”

“အေး အခုလာတာလည်း ဒီကိစ္စပဲကွ
တာတေရ၊ ဆရာမနိုင်မှာ အထက်လမ်း
ဆရာကြီးတစ်ယောက် ရောက်နေတယ်
ကြားလို့ကွာ၊ သီလ၊ သမာဓိနဲ့ တော်တော်
ပြည့်စုံတယ်တဲ့ကွ၊ ငါ အဲဒီဆရာကြီးဆီကို
သွားချင်လို့ကွ၊ ပြီးတော့ မင်းအစ်မကလည်း
အရမ်းကို ကြောက်နေတယ်ကွ၊ အဲဒီဆရာ
ကြီးဆီကို သွားဖို့ချည်း ငါ့ကိုပြောနေတာ၊
အဲဒါ မင်းကတော့ ဒီဘက်မှာ အတွေ့အကြုံ
ရှိထားတဲ့လူတစ်ယောက်မို့လား၊ ဆရာစစ်
ဆရာမှန် ဟုတ်ရဲ့လား၊ မင်းကတော့
ခွဲခြားတတ်မှာပဲလေ၊ ဒါကြောင့် မင်းကို
ငါတို့ ခေါ်သွားချင်လို့ တာတေရ”

“သြော် ဟုတ်ကဲ့ ကိုကြီးသိန်းထင်၊
အစ်မရော လိုက်မှာလား”

“အေး သူ့ပါခေါ်သွားပြီး ပြကြည့်ရမှာ
ပေါ့ကွာ”

“ဟုတ်တာပေါ့၊ ကဲ သွားလေ ကိုကြီး
သိန်းထင်၊ ကျုပ် လိုက်ခဲ့မှာပေါ့ဗျာ”

“အေး ဒါဆိုရင် မင်းအိမ်ကပဲ စောင့်နေ၊
ငါနဲ့ မင်းအစ်မနဲ့ မင်းကို လှည်းနဲ့
ဝင်ခေါ်မယ်”

“ဟုတ်ကဲ့ပါ ကိုကြီးသိန်းထင်”

ကိုကြီးသိန်းထင် ပြန်သွားတော့ အိမ်ပေါ်
က အသာနားထောင်နေတဲ့ အမေနဲ့ အဘ
က ကျုပ်ကို လှမ်းမေးတယ်ဗျ။

“ဟဲ့ တာတေ၊ အဲဒါ သူကြီးသားမို့လား”

“ဟုတ်တယ် အမေ၊ ကိုကြီးသိန်းထင်ကြီး
လေဗျာ”

“အေး အေး သူ့မှာလည်း ဘယ်လိုဖြစ်
ရတာတုံးဟယ်၊ ကလေးတွေ အဖတ်မတင်
ဖြစ်နေတာ ဘာကြောင့်များတုံးဟယ်”

“အခု အဲဒီကိစ္စပဲ အမေရဲ့၊ ဆရာတစ်
ယောက်နဲ့ ပြသကြည့်မလို့ ကျုပ်ကို
လိုက်ခဲ့ဖို့ လာခေါ်တာ”

“ဟင် ဘယ်မှာပြရမှာတုံး”

“ဆရာမနိုင်မှာတဲ့ဗျ။ မနက်စောစော
လာခေါ်မယ်ပြောတယ်”

“အေးဟယ် လိုက်လုပ်ပေးလိုက်ပါ
သားရယ်၊ ဒီကောင်လေးကြည့်ရတာ
ငါ တော်တော် စိတ်မကောင်းပါဘူးဟယ်”

အမေနဲ့ စကားပြောပြီး ခဏနေတော့
ကျုပ် အိပ်ပျော်သွားတယ်ဗျ။ နောက်
တစ်နေ့ ခြောက်နာရီထိုးလောက်မှာ
ကိုကြီးသိန်းထင်နဲ့ အစ်မ မအောင်မေ
တို့ကျုပ်ကို ဝင်ခေါ်တယ်။ သူကြီး
အိမ်က လှည်းကြီးနဲ့ပေါ့ဗျာ။

“ကဲ ကျုပ်ကို ကြိုးနဲ့ နှင်တံပေး ကိုကြီး၊
လှည်းကို ကျုပ်မောင်းမယ်”

ကျုပ်က ကိုသိန်းထင်ရဲ့လက်ထဲက
ကြိုးနဲ့ နှင်တံကို ယူလိုက်ပြီး လှည်းကို
မောင်းလိုက်တယ်

“ဟဲ့နွား၊ ဟင်း တည့်တည့်ဆွဲလေ၊
ဟာ ဟိုဘက်က နွားညိုကြီး ကပ်
မဆွဲနဲ့လေ၊ ဟာ တောက်”

သူကြီးနွားကြီးတွေက ကောင်းလိုက်တာ
ဗျာ၊ နည်းတဲ့နွားကြီးတွေ မဟုတ်ဘူးဗျို့၊
ဘို့ကြီးတွေကို ကောက်နေတာဗျ။

“ဟင်း ရုန်းလေ ရုန်းလေ၊ ကုန်းတောင်
မတက်ရသေးဘူး ရပ်ပစ်လိုက်တာပဲလား
ဖြန်း”

ကျုပ်က နှင်တံနဲ့ ခပ်ဆတ်ဆတ်တစ်ချက်
ရိုက်လိုက်တယ်။ ရွာပြင်ရောက်တော့ လှည်း
လမ်းပေါ်ကို တင်ပေးလိုက်တယ်။ ဖြောင့်
နေတဲ့လှည်းလမ်းကြောင်းကြီးပေါ်မှာ
နွားကြီးနှစ်ကောင် အသော့နှင်တော့
တာပေါ့ဗျာ။ထမင်းစားချိန်ကျော်ကျော်
လောက်မှာဆရာမနိုင်ကို ကျုပ်တို့
ရောက်တယ်။

ဆရာမနိုင်သူကြီးအိမ်ကို တန်းသွားကြ
တာဗျ။ ဆရာမနိုင်သူကြီးက ပိန်ပိန်ရှည်
ရှည်ကြီးဗျ။ သျှောင်ထုံးကြီးနဲ့ ပုဝါကလေး
ပေါင်းထားတယ်

“လာဟေ့၊ မောင်သိန်းထင် လာကြ၊
မင်းတို့ လာမယ်ဆိုလို့ ကျုပ်စောင့်နေ
တာ၊ကဲ ပြီးမှ ဆရာကြီးဆီကို သွားကြ
တာပေါ့၊ ထမင်းပွဲကြီး ပြင်ပြီးသားဗျ။
ထမင်း အရင်စားကြဟေ့”

“ကျုပ်တို့ သိပ်မဆာပါဘူး သူကြီးရဲ့၊
မနက်ကတင် ကောက်ညှင်းပေါင်းတွေ
စားလာတာပါ၊ တာတေတော့ ဆာနေ
ရောပေါ့ “

“ဟာ ကျုပ်လည်း သိပ်မဆာပါဘူးဗျ”

“ဘယ်ဟုတ်မတုံးကွဲ့၊ စားချိန်ကျော်
သွားလို့ မဆာသလို ဖြစ်သွားတာပါ၊
လာ လာ လှည်း ဒီအတိုင်းထားလိုက်၊
ကျုပ်လူတွေ နွားတွေဖြုတ်ပြီး ရေတိုက်၊
အစာကျွေးလိမ့်မယ်”

ထနောင်းကုန်းသူကြီး ဦးဘိုးထင်ရဲ့
သားနဲ့ချွေးမ လာတာဆိုတော့
ပြာနေအောင်ဧည့်ခံတာကလား။
ဘာမှလိုလေးမရှိအောင်ပါပဲဗျာ။
ဆရာမနိုင်သူကြီးအိမ်က ထမင်း
ဟင်းတွေ စားကောင်းလိုက်တာဗျာ။
စားသောက်ပြီးတော့ ရွာဦးကျောင်း
ကို ကျုပ်တို့ လိုက်သွားကြတယ်။

သူကြီးကိုယ်တိုင် လိုက်ပို့တာဗျို့။
ဘုန်းကြီးကျောင်းရောက်တော့
ဆရာကြီးကို အခန့်သင့် တွေ့ရ
ပါတယ်။ဖျင်ကြမ်းအင်္ကျီအဖြူနဲ့
ပုဆိုးအပြာကွက်တုံးကြီး ဝတ်
ထားတဲ့ ဆရာကြီးကလည်း သျှောင်
တစောင်းနဲ့ ခေါင်းမှာ ပုဝါဖြူကလေး
ပေါင်းလို့ဗျ။ ကျုပ်ကြည့်တာနဲ့ သိပါ
တယ်ဗျာ။ ဒါဟာ ဆရာအစစ်ပါ။
အောက်လမ်းတွေ အယောင်ဆောင်
ထားတာ မဟုတ်ပါဘူး။

“ဘာဖြစ်လို့တုံးကွဲ့”

ဆရာကြီးက သူကြီးလည်း ပါလာတော့
လေးလေးစားစား မေးပါတယ်။ ကိုကြီး
သိန်းထင်က အကျိုးအကြောင်းတွေကို
သေသေချာချာ ပြောပြလိုက်တယ်ဗျ။
ဒီတော့ ဆရာကြီးက မျက်စိကိုမှိတ်ပြီး
အာရုံပြုကြည့်နေတယ်ဗျ။

“အင်း ဒါ နို့စွဲပဲ ကလေးမရဲ့ “

“ရှင် နို့စွဲဆိုတာ ဘာပါလိမ့် ဆရာ”

အစ်မ မအောင်မေက ဆရာကြီးကို
ပြန်မေးတယ်။

“နို့စွဲဆိုတာ ဘဝက ပါလာတဲ့ ဝဋ်ကြွေး
တစ်ခုပေါ့ကွယ်။ အရင်ဘဝတစ်ခုမှာ
မင်းက သူ့သားသမီးတွေကို သတ်ဖြတ်
စားသောက်ခဲ့လို့ သူက မင်းရဲ့သားသ
မီးတွေကို ပြန်ပြီး လက်တုန့်ပြန်တာ
ပဲကွဲ့၊ ဒေါသတကြီးနဲ့ မှားမှားယွင်းယွင်း
ဆုတောင်းခဲ့တဲ့ အဲဒီမိန်းမရဲ့ အမှား
ကြောင့် အခုလို ဖြစ်ရတာပေါ့ကွယ်၊
ဆရာကြီးတို့က သူ့ကိုခေါ်ပြီး ရိုက်လား
နှက်လား မလုပ်ဘူးကွဲ့၊ မေတ္တာရပ်
ခံပေးမယ်၊ အာဃာတတွေကို သင်
ပုန်းချေလိုက်ဖို့ မေတ္တာရပ်ခံပေးမယ်
ပြီးတော့ အထက်ဆရာကြီးတွေရဲ့
ရေမန်းလည်း ပေးလိုက်ပါ့မယ်”

ဆရာကြီးက ပြောပြောဆိုဆိုနဲ့ ဘုရား
စင်မှာ ဖယောင်းတိုင်၊ အမွှေးတိုင်တွေ
ထွန်းတယ်၊ ပြီးတော့ ဘုရားရှိခိုးတယ်။
အထက်ဆရာကြီးတွေကိုပင့်ပြီး သေ
သေချာချာ တိုင်တည်တယ်။ ပြီးတော့
မှ အိပ်မက်ထဲမှာ ကလေး လာလုတဲ့
မကောင်းဆိုးဝါးကို မေတ္တာရပ်ခံပြီး
ရပ်တန်းက ရပ်ဖို့ပြောတယ်။

သူပြုခဲ့တဲ့ ကောင်းမှုကုသိုလ်တွေ၊
ကျင့်ကြံအားထုတ်ခဲ့တဲ့ ကုသိုလ်
တွေကို အမျှပေးဝေပေးတယ်။ မ
အောင်မေကိုလည်း ဘုရားရှိခိုးခိုင်း
ပြီး ကလေး လာလုတဲ့ မကောင်းဆိုး
ဝါးမကြီးကို တောင်ပန်းပြီး အာဃာ
တတွေ ကျေစေဖို့ပြောခိုင်းတယ်။
ပြီးတော့မှ မအောင်မေကို အထက်
ဆရာကြီးတွေ ပေးတဲ့ ရေစင်ပုလင်း
ကို ပေးလိုက်တယ်။

ညနေသုံးနာရီလောက်မှာ ကျုပ်တို့
ဆရာမနိုင်ကနေ ပြန်ခဲ့ကြတယ်။
ရွာကိုတော့ မိုးချုပ်မှ ပြန်ရောက်
ကြတာပေါ့ဗျာ။ ကျုပ်က ကျုပ်တို့
ဝိုင်းမှာ ဆင်းနေခဲ့တယ်။ ကိုသိန်း
ထင်က လှည်းကို ဆက်မောင်း
သွားတာပေါ့လေ။ အစ်မ မအောင်
မေ အဆင်ပြေပါစေလို့ ကျုပ်လည်း
စိတ်ထဲက ဆုတောင်းပေးလိုက်
ပါတယ်။

ကျုပ်လည်း သူကြီးအိမ်ဘက် မရောက်
ဘူးဗျ။ကိုကြီးသိန်းထင်နဲ့လည်း မဆုံဖြစ်
ဘူး၊ဒီကြားထဲမှာ ကျုပ်ကလည်း ကျုပ်ဆရာ
နွံဖ လာခေါ်လို့ လိုက်သွားသေးတယ်ဗျ။
ကျုပ် ရွာကိုပြန်ရောက်တဲ့အချိန်မှာ ကျုပ်
အမေက ကျုပ်ကို ပြောတာဗျ။

“ဟဲ့ တာတေ၊ သိန်းထင်မိန်းမတော့
ကိုယ်ဝန်ကြီးနဲ့ ဖြစ်နေပြန်ပြီ၊ ဒီတစ်
ခါတော့ အောင်အောင်မြင်မြင်ဖြစ်ဖို့
ရွာထဲကလူတွေ ဆုတောင်းနေကြ
တယ်”

“ဟင် ဟုတ်လား အမေ၊ ကျုပ်လည်း
ဆုတောင်းပါတယ်ဗျာ၊ ဒီတစ်ခါတော့
ချောချောရှူရှူ ဖြစ်ပါစေလို့ “

ကျုပ် ရွာပြန်ရောက်တာနဲ့ ဟိုလူလာ၊
ဒီလူလာပေါ့ဗျာ၊ ကျုပ် ဘယ်တွေသွား
ပြီး ဘာတွေလုပ်လာတယ်၊ ဘာတွေ
တွေ့လာတယ်ဆိုတာကို လာပြီးနား
ထောင်ကြတာပေါ့ဗျာ၊ ကျုပ်ကလည်း
ကျုပ်ရဲ့အတွေ့အကြုံအသစ်တွေကို
အမြဲပြန်ပြောပြနေကြလေ။ သူတို့
ကလည်း ကျုပ်ပြောပြသမျှကို နား
ထောင်နေကြပေါ့ဗျာ။ အဲ ကျုပ်ပြော
တာတွေကို နားထောင်ဖို့ မဟုတ်ဘဲ
ရောက်လာတဲ့သူကတော့ ကိုကြီး
သိန်းထင်ပဲဗျ။

မနက်အစောကြီး ရောက်ချလာတာဗျို့။
ကျုပ်တောင် မျက်နှာသစ်နေတုန်း ရှိ
သေးတာ။ အိမ်ရှေ့ခန်းမှာ အဘနဲ့အ
မေက ကိုကြီးသိန်းထင်ကို ဧည့်ခံထား
ကြတာပေါ့ဗျာ။

“ဟာ ကိုကြီးသိန်းထင်ပါလား”

“အေးကွ တာတေရ၊ မင်းပြန်ရောက်ပြီ
ကြားလို့ လာခဲ့တာ”

“အစ်မ ကိုယ်ဝန် ရှိနေပြီဆို”

“အဲဒီကိစ္စ မင်းနဲ့ ပြောချင်ဆိုချင်လို့
ငါလာခဲ့တာကွ”

အဘနဲ့ အမေက ကိုကြီးသိန်းထင်
ကျုပ်ဆီလာတာကို ဝမ်းသာဂုဏ်ယူ
နေကြတဲ့ပုံပဲဗျ။ ကိုကြီးသိန်းထင်က
ကျုပ်တို့ရွာရဲ့သူကြီးသားလေဗျာ။
အဘတို့အမေတို့က လူရိုးကြီးတွေ
ကိုဗျ။ အိမ်ကို သူကြီးလာလည်ရင်
ဖြစ်ဖြစ်၊ သူကြီးသား လာလည်ရင်ဖြစ်ဖြစ်
ဂုဏ်ရှိတယ်လို့ကို ထင်နေတော့တာဗျို့။

“ဟင် ဟုတ်လား ကိုကြီးရ ပြောပါဦး
ဘာတွေထူးလို့တုံး”

“မင်းအစ်မက အခု ကိုယ်ဝန် ခုနှစ်လ
ရှိနေပြီကွ၊ ကိုယ်ဝန်စရှိကာစကတော့
ဘာပြသာနာမှ မရှိဘူး တာတေ၊ ငါလည်း
မင်းနဲ့ အတူတူသွားခဲ့တဲ့ အထက်လမ်း
ဆရာကြီးရဲ့ ရေစင်ကို မှန်မှန်တိုက်ပေး
တယ်၊ တို့လင်မယားလည်း ကိုယ်ဝန်
စရှိကတည်းက ဘုရားပုထိုးမှန်မှန်
ရှိခိုးကြ၊ ပုတီးစိပ်ကြ လုပ်တာပါပဲကွာ၊
တစ်ခါ မြို့တောင်ဘက်က မအောင်မေ
တို့ နေတဲ့ ဘုရားငုတ်တိုက ဘုန်းကြီး
ဆီမှာ သွားပြီး ဆေးပေါက်ပေးလိုက်
သေးတယ်၊ ကိုယ်ဝန်ခြောက်လကျော်
လည်းလာရော ဇာတ်လမ်းက
စေတာ့တာပါပဲကြာ”

ကိုကြီးသိန်းထင်က ပြောရင်း မျက်နှာ
ပျက်လာတယ်ဗျ။ နဂိုက အသားခပ်
လတ်လတ်လူက အခုတော့ အသား
တွေတောင် ညိုညစ်ညစ် ဖြစ်နေရော
ဗျာ။ စိတ်တွေလည်း တော်တော်ကို
ရှုပ်နေတဲ့ပုံပဲဗျ။

“ဟင် ဘယ်လိုစတာတုံးဗျ”

“ဘယ်လိုစရမလဲ ငါ့ညီရာ၊ မင်းအစ်မ
အိပ်မက် မက်ပြန်တာပေါ့ကွာ၊ ဟို
မိန်းမကြီးက အိပ်မက်ထဲမှာ ရောက်
လာပြီး နင်ကလေး မြန်မြန်မွေး၊
ငါ စားချင်လှပြီလို့ ပြောသတဲ့ကွ”

“ဗျာ စားမှာဟုတ်လား”

“ဟုတ်တယ် တာတေ၊ ဒီလိုကို ပြော
တာတဲ့၊ အရင်ကလေးတုန်းကလည်း
သူ စားပစ်တာနေမှာပေါ့ကွာ၊ ငါလည်း
ဆရာတွေ လိုက်မေးတာ တော်တော်
ကို စုံနေပြီကွာ၊ အားလုံးပြောတာတော့
နို့စွဲလို့ ပြောတာပဲ၊ ဘဝကပါလာတဲ့
အတုံ့အလှည့်တွေ ရန်ငြိုးရန်စတွေမို့
သူတို့ ကုလို့ရမှာ မဟုတ်ဘူးလို့ချည်း
ပြောကြတာကွ၊ ငါလည်း ဘာလုပ်ရ
ဦးမှန်း မသိပါဘူးကွာ”

“ဒါဆိုရင် ကျုပ်တို့သွားတဲ့ ဆရာမနိုင်
က ဆရာကြီးလည်း ဒီကိစ္စကို မနိုင်လို့
ရှိမှာပေါ့ဗျ”

“ဒါရှိမှာပေါ့ကွာ၊ အဲဒီဆရာကြီးတင်
မကဘူး၊ ဘုရားငုတ်တိုက ဆေးပေါက်
ပေးတဲ့ ဘုန်းကြီးလည်း နိုင်ပုံမပေါ်ဘူး
ကွ၊ အခု မင်းဆီကို ငါလာတာ ငါ့သ
ဘောနဲ့ငါ လာတာမဟုတ်ဘူးကွ၊
အဖေလွှတ်လိုက်လို့ တာတေ”

“ဗျာ သူကြီး လွှတ်လိုက်တာ ဟုတ်လား”

“အေး  အဖေလည်း စိတ်ညစ်တာပေါ့
တာတေရာ၊ မွေးလာသမျှ သူ့မြေးက
လေးတွေ အဖတ်မတင်ဘူး ဖြစ်နေတာ
ကို မင်းသိတဲ့အတိုင်းပေါ့ကွာ၊ ငါ့အစ်
ကို စိမ်းထင်တို့လင်မယားက ကလေး
မရကြဘူးလေကွာ၊ ငါ့ကလေးတွေက
အဖေတို့အတွက် မြေးဦးတွေ ဖြစ်နေ
တာပေါ့ “

“အင်း ဟုတ်သားဗျ”

“နို့ နေပါဦး ကိုကြီးရဲ့၊ သူကြီးက
ဘာပြောလို့တုံး”

“တာတေကို ခေါ်ခဲ့ပါတဲ့၊ မင်းနဲ့ တိုင်ပင်
ချင်တယ်တဲ့ကွာ”

“သြော် ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ကျုပ် လိုက်ခဲ့
ပါမယ်၊ ခဏတော့ စောင့် ကိုကြီးသိန်းထင်
ရာ၊ ကျုပ် ထမင်းကြမ်းကလေး နည်းနည်း
စားဦးမယ်ဗျာ”

“ဟာ မစားနဲ့၊ မစားနဲ့၊ အိမ်ကျမှစား၊
ဒီနေ့ အိမ်မှာ နတ်တင်တာကွ၊ ကောက်
ညှင်းပေါင်းရော၊ ငါးကြော်ရော၊ မုန့်ဖြူ
မုန့်နီရော၊ မုန့်ကြာစေ့ရော မင်းကြိုက်
တာသာစား၊ ဒီမှာစားမနေနဲ့ “

အဘနဲ့ အမေက ပြုံးပြုံးကြီးတွေ
လုပ်နေကြတာဗျ။ သူတို့တစ်သက်
မှာ သူကြီးအိမ်က နတ်တင်တာ
စားခဲ့ဖူးတာ မဟုတ်ကြဘူးလေဗျာ
အခု ကျုပ်က သူကြီးအိမ်က နတ်
တင်တာကို စားဖို့ သူကြီးသားကိုယ်
တိုင် လာခေါ်တာဆိုတော့ ကျုပ်
အတွက် တော်တော်ကို ဂုဏ်ရှိ
သွားတဲ့ပုံဗျ။ ကျုပ်ဖြင့် တွေးပြီး
ရယ်လည်း ရယ်ချင်ပါရဲ့ဗျာ။

“ကဲ ဒါဆိုလည်း သွားကြစို့ဗျာ”

ဟုတ်တော့ ဟုတ်သားဗျ။ သူကြီး
အိမ်ရောက်တော့ သူကြီး ကျုပ်ကို
စောင့်နေတာဗျို့။

“ဟာ တာတေ၊ လာဟေ့ လာ”

အောင်မာ ဘယ်တုန်းကမှ ရယ်ခြင်း
ပြုံးခြင်း မရှိတဲ့ သူကြီးဂျပုက ခုတော့
ရယ်ရယ်မောမောနဲ့ ကျုပ်ကို ဆီးကြို
တာဗျ။ လွန်ခဲ့တဲ့ ငါးနှစ် ခြောက်နှစ်
လောက်တုန်းက တာတေကို ရန်ဖြစ်
လို့ ဆိုပြီး သူကိုယ်တိုင် ထိတ်တုံး
ခတ်ထားတာကို မေ့သွားရော့လား။

လူပုတိုကြီးရဲ့လို့ တာတေ မေးလိုက်
ချင်သဗျ။သြော် ဒီလိုမေးလို့တော့ ဘယ်
ဖြစ်မှာတုံး။သူက သူကြီးပဲ။ သူကြီးအလုပ်
လုပ်ရတာပေါ့။ တာတေကလည်း ရန်ဖြစ်
မိတာကိုး။

“ထိုင်ကွ တာတေ၊ ထိုင်”

ရော် ခက်တော့နေမှပဲဗျာ၊ သူကြီးဆိုတာ
ဒီလို ကို့ယိုကားယားလူတွေ ဖြစ်တာနဲ့
တူပါရဲ့၊ တာတေကဖြင့် ထိုင်ပြီးနေပြီ။
ဒီတော့မှ ထိုင်ကွ တာတေ ဆိုတော့
ပြန်တောင်ထပေးရမလိုကို ဖြစ်ရတော့
တာပေါ့ဗျာ။ သူကြီးက စိတ်ထားတော့
ကောင်းသားဗျ။ ကျုပ်ကို ကျွေးလိုက်
မွေးလိုက်တာဗျာ။ ကောက်ညှင်းပေါင်း
နဲ့ ငါးကြော်၊ မုန့်ဆီကြော်၊ အုန်းသီး
စိတ်တွေ ပန်းကန်ထဲကို ထပ်ထပ်
ထည့်ပေးနေတာဗျ။

တာတေတို့က တောသားတွေပဲဗျာ။
အခုလို တောဓလေ့နတ်တင်တဲ့
မုန့်တွေဆိုရင် ကျုပ်တို့က အားကြီး
ကြိုက်တာဗျ။ ကျုပ်စားသောက်ပြီး
မှ သူကြီးက ပြောတယ်ဗျ။

“တာတေ ငါတို့ ကြုံနေရတဲ့အဖြစ်ဆိုး
ကြီးကို မင်း အသိပါ လူလေးရာ၊ မင်း
အစ်ကိုနဲ့ မင်း ဆရာမနိုင်သွားပြီး အ
ထက်လမ်းဆရာကြီးနဲ့ တွေ့ကြတာ
လည်း ငါသိပါတယ်။ အခုပုံကြည့်
ရတာ သိပ်မထူးဘူးကွ၊ ဒီတစ်ခါ
မွေးရင်လည်း အဖတ်တင်မယ်
မထင်ဘူး၊ အေး အဖြစ်ကတော့
ယုံစရာတောင် မရှိတာကွာ၊ အိပ်
မက်ထဲမှာ ဒီမိန်းမကြီးက ပေါ်
ပေါ်လာပြီး ကလေးကို လုလု
သွားတာနဲ့ အပြင်မှာ ကလေးက
တကယ်ကို ဆုံးပါးသွားတာကွ၊
ငါ့တစ်သက်မှာ ဒါမျိုးကို ဒီတစ်ခါပဲ
တွေ့ဖူးသေးတာကွ တာတေရ”

“ဟုတ်တယ် သူကြီး၊ ကျုပ်လည်း
ဆရာတွေနဲ့ လျှောက်လိုက်ပြီး ဗဟု
သုတ ရှာနေတာ သူကြီး သိပါတယ်
ဒါပေမဲ့ ဒါမျိုးတော့ ကျုပ် တစ်ခါမှ
မတွေ့ဖူးခဲ့ဘူး သူကြီးရဲ့”

“အေး အခု ငါ မင်းကို ခေါ်ခိုင်းတာက
ဒီကိစ္စကို ဘယ်လိုလုပ်ရင်ကောင်းမလဲ
လို့ တိုင်ပင်ချင်လို့ကွ”

ကျုပ်က ခေါင်းညိတ်ပြလိုက်တယ်
ပြီးတော့ ကျုပ်စဉ်းစားတာပေါ့ဗျာ။

“ကျုပ်မှာတော့ ဆရာအသိအကျွမ်း
တွေ ရှိပါတယ် သူကြီး၊ ဒါပေမဲ့ သူကြီး
စဉ်းစားကြည့်ဗျာ၊ ဆရာတစ်ယောက်
က ကုပေးလို့ ရမလားဆိုတာ ကျုပ်တို့
က  ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေ
ရမှာ မဟုတ်ဘူးဗျ၊ပြီးတော့မှ မရဘူးဆို
ရင် အချိန်ကလွန်နေပြီဖြစ်မှာ”

သူကြီးနဲ့ ကျုပ်နဲ့ ပြောနေတာကို
ကိုကြီးသိန်းထင်က ဘေးက ထိုင်
နားထောင်နေတယ်ဗျ။ ကိုကြီးသိန်း
ထင်ရဲ့ နောက်မှာ ထိုင်နေတဲ့ အစ်မ
မအောင်မေက ဝင်ပြောတယ်။

“တာတေရေ ဒီတစ်ခါ အိပ်မက်ထဲမှာ
အဲဒီမိန်းမကြီးက ပိုပြီးကြမ်းတမ်းလာ
သလိုပဲဟ၊ ငါတော့ ဒီအကြောင်း တွေး
မိတိုင်း ကြောက်လိုက်တာဟယ်၊ ငါ
ဘုရားရှိခိုးတိုင်း သူ့ကိုအမျှဝေ မေတ္တာ
ပို့ အမြဲလုပ်ပါတယ်၊ ငါလုပ်ခဲ့တဲ့ အတုံ့
အလှည့်ရှိရင်လည်း ကြေပါလို့တောင်း
ပန်ပါတယ်ဟာ၊ အရင်ဘဝတစ်ခုခုမှာ
သူ့သားသမီးတွေကို ငါသတ်ပစ်ခဲ့
လို့လား ဆိုတာတော့ ဘယ်သိနိုင်
ပါ့မလဲ တာတေရာ”

“ဟုတ်တာပေါ့ဗျာ၊ ဘယ်သူက အရင်
ဘဝဆိုတာတွေကို သိနိုင်မှာတုံး
အမရာ”

အားလုံးငြိမ်သွားကြပြန်တယ်။တွေးနေ
ကြတာပေါ့ဗျာ။ ကျုပ်လည်း တွေးနေ
တာပါပဲ။

“ကျုပ် လုပ်ချင်တာတစ်ခုရှိတယ် သူကြီး”

“ဟေ ဟုတ်လား၊ ပြောစမ်းကွ တာတေ၊
မင်း လုပ်ချင်တာ ဘာတုံး”

“ကျုပ် မဖဲဝါကိုပင့်ပြီး ဒီကိစ္စကို မေးကြည့်
ချင်တယ်၊ သူကူညီနိုင်မလားလို့လည်း
မေးချင်တယ်”

“ဟေ မဖဲဝါဆိုတာ သင်္ချိုင်းစောင့်သရဲမ
လို့ ပြောကြတာပဲ တာတေရ၊ ဒီကိစ္စမှာ
သရဲမကို လုပ်ခိုင်းလို့ ဖြစ်ပါမလား၊
ပိုဆိုးကုန်မှဖြင့် ခက်နေပါဦးမယ်ကွာ”

“ဟာ သူကြီး၊ မဖဲဝါက နာနာဘာဝတွေ၊
ယုတ်မာတဲ့ အောက်လမ်းဆရာတွေကို
နှိမ်နင်းနိုင်တာ ကျုပ်ကိုယ်တွေ့ဗျ”

“ဟေ ဟုတ်လား တာတေ၊ ဒါဆိုရင်
လည်း မင်းသဘောအတိုင်း လုပ်ပေ
တော့ကွာ၊ အဓိကကတော့ မွေးလာ
မယ့် ငါ့မြေးကလေး အဖတ်တင်ဖို့
ပါပဲ တာတေရာ”

“ဟုတ်တာပေါ့ သူကြီးရာ”

“အေး ဒါဆိုရင် မင်းပြောတဲ့ မဖဲဝါ
ကို အခုပင့်လိုက်ကွာ၊ မင်း ပင့်လို့
မရရင် သူကြီးဘိုးထင်အမိန့်လို့
ထည့်ပြောလိုက်ကွာ”

သူကြီးက သူ့နှုတ်ခမ်းမွေးကြီးကို
လက်နဲ့သပ်ပြီး မာန်ပါပါပြောလိုက်
တယ်ဗျ။ ကျုပ်ဖြင့် စိတ်ထဲမှာ
တော်တော်ကို ရယ်ချင်သွားတာ
ဗျ။ ဒါပေမဲ့ သူကြီးကို ကျုပ် ဘယ်
ရယ်ရဲ့ပါမလဲဗျာ။

“ရတယ်၊ သူကြီး ရတယ်၊ ဒီအဆင့်
လောက်နဲ့တော့ သူကြီးရဲ့နာမည်ကို
ထုတ်သုံးဖို့ မသင့်ပါဘူးဗျာ”

လို့ ကျုပ်က သူကြီးကို ခပ်ပင့်ပင့်က
လေး ပြောလိုက်တယ်ဗျ။ သူကြီးဂျပု
က ခပ်ဝေးဝေးကို ငေးသလိုလုပ်ပြီး

“အင်း ဒါလည်း ဟုတ်တာပဲကွဲ့”

ဘာပဲပြောပြော ကျုပ်တို့ရွာက သူ
ကြီးက လူသာပုတာဗျ။ ဟန်ပန်က
တော့ အကောင်းသားဗျ။တခြားရွာ
က သူကြီးတွေကတော့ ခပ်ရိုးရိုး
ကြီးတွေဗျ

“ကဲ တာတေ ပြော၊ မဖဲဝါကြီးကို
ပင့်ဖို့ ဘာတွေလိုတုံးကွ”

“ဟာ သူကြီး မဖဲဝါကို ဒီရွာတွေထဲက
ပင့်လို့မရဘူးဗျ။ သင်္ချိုင်းမှာ ပင့်ရတာ၊
ညဘက်မှာမှ ပင့်ရတာဗျ။ ဆန်တစ်
ပြည်ချက်ထမင်းနဲ့ ကြက်ကြီးထွား
ထွားတစ်ကောင် ချက်ပေးထားပါ
ဒီည ကျုပ်ပင့်မယ်”

“သြော် ဒီလိုလုပ်ရတာကိုး၊ ပြီးတော့
ဘာလိုသေးတုံး”

သူကြီးက စိတ်ပါလက်ပါကို မေးတာဗျ။
ကျုပ်က ပြောရတာပေါ့ဗျ။

“ပြီးတော့ နတ်ဝင်သည်တစ်ယောက်
လိုတယ် သူကြီး”

“ဟေ နတ်ဝင်သည်၊ ဟ ငါ့ရွာမှာ
နတ်ဝင်သည်မှာ မရှိတာ ဘယ်သွား
ရှာမတုံး၊ ဟိုဘက်ရွာက သွားငှားကွာ၊
ဘယ်လောက် ပေးရ ပေးရ၊ အဖေ
ပေးမယ် သိန်းထင်”

“ကျုပ် ခါတိုင်းခေါ်တာတော့ မီးလောင်
ကုန်းက နတ်ကတော် ဒေါ်တုတ်ကြီးဗျ၊
ခုတော့ ရွာမှာ ရှိမှရှိပါမလား မသိဘူး”

“သြော် မီးလောင်ကုန်းက နတ်ဝင်သည်
မတုတ်လား ရှိတယ်၊ မနေ့ကတောင်
ဒီလာသေးတယ်”

ဘယ်သူပြောတာတုံးတော့ မသိဘူးဗျ။
အိမ်အနောက်ဘက်က လှမ်းပြောလိုက်
တာပဲ။ သူကြီးအိမ်မှာက လူက များသာ
ဗျ။ သူ့နှမကြီးတွေလည်း ဒီမှာပဲနေတာ။

“ကဲ ဒါဆိုရင် မင်းပြောတာတွေကို
ကိုကြီးသိန်းထင် အကုန်လုပ်ထား
လိုက်မယ်၊ ဒေါ်တုတ်လည်း သွား
ခေါ်ပေးမယ်၊ ညကျရင် မင်း ဘယ်
အချိန်လာမတုံး”

“ဒါဆိုရင် ကျုပ်ညကျမှပဲ လာတော့
မယ်၊ ညရှစ်နာရီလောက် လာမယ်
ငှက်ပျောဖက်သန့်သန့်နဲ့ ထမင်းထုပ်
ရမယ်၊ ငှက်ပျောဖက်လည်း ခုတ်
ထားဗျာ ကျုပ်လာမှ ထုပ်မယ်”

“အေး အေး ဟုတ်ပြီ စိတ်ချ၊ စိတ်ချ၊
မောင်တာတေ ငါ့ကို မင်းပြောတာတွေ
ကို အားလုံးလုပ်ထားမယ်”

ကျုပ်လည်း ခဏနေပြီး အိမ်ပြန်
လာခဲ့တယ်။ အိမ်ရောက်တော့
အမေနဲ့ အဘကို အကျိုးအကြောင်း
တွေ ပြောပြတာပေါ့ဗျာ။ အဘတို့
ကလည်း သူတို့သား တာတေဆိုတဲ့
ကောင်ကို သူကြီးကတောင် အား
ကိုးရတာဆိုတဲ့ အတွေးနဲ့ ပြုံးပြီး
ခေါင်းတညိတ်ညိတ် လုပ်နေကြ
တာဗျို့။

ညရောက်တော့ ထမင်းပွဲအသင့်
ပြင်ပြီး ဒေါ်တုတ်ကို ခါတိုင်းလိုပဲ
ဆံပင်ဖားလျားချပြီး လက်အုပ်
ချီခိုင်းရတာပေါ့ဗျာ။

“သင်္ချိုင်းမှန်သမျှမှာ ခိုအောင်း
နေထိုင်ကြတဲ့ နာနာဘာဝအားလုံး
ရဲ့သခင်မကြီးဖြစ်တဲ့ သင်္ချိုင်းရှင်မ
မဖဲဝါဗျာ၊ ကျုပ်တာတေက လေး
လေးစားစား ဖိတ်ကြားပါတယ်
ရောက်ရာအရပ်ကနေ အမြန်
ကြွလှမ်းခဲ့ပါ သင်္ချိုင်းရှင်မကြီး
ခင်ဗျား”

ဒေါ်တုတ်က လှုပ်တောင် မလှုပ်ဘူးဗျ။
နတ်ပင့်ရင်သာ တကယ်မဝင်ဘဲ ဟန်
လုပ်ချင် လုပ်မှာဗျ။မဖဲဝါဆိုတော့ တ
ကယ်မဝင်ဘဲ ဟန်ဆောင်ရဲမှာ
မဟုတ်ဘူး။

“သင်္ချိုင်းရှင်မကြီးခင်ဗျာ၊ စားပွဲသောက်
ပွဲတွေနဲ့ ကျုပ်တာတေ ကြိုနေပါတယ်
အမြန်ကြွပါဗျာ၊ အမြန်ကြွခဲ့ပါ “

“ဟီး ဟီး ဟီး ဟီး ဟီး”

ဟာ လာပြီဗျို့၊ လာပြီ၊ သင်္ချိုင်းရှင်မ
ကြွလာပြီဗျို့။ ခုန်ပြီ၊ ခုန်ပြီ။ လွှားကနဲ
ပဲဗျာ။ ဂူကြီးပေါ်ကို ခုန်တက်သွားတာ
ထမင်း ဟင်းတွေကို သေသေချာကြည့်
ပြီးမှ အားရပါးရ စားတော့တာဗျို့။
ကျုပ်က ခဏစောင့်ပြီးမှ မဖဲဝါက
ကျုပ်ကို တစ်ချက်လှမ်းကြည့်တယ်
ဗျ။ ဒီတော့မှ ကျုပ်က

“သင်္ချိုင်းရှင်မကြီးဗျာ၊ ကျုပ်တို့ရွာမှာ
သူကြီးချွေးမ မအောင်မေဟာ က
လေးနှစ်ယောက် မွေးပေမယ့် အဖတ်
မတင်ခဲ့ဘူးဗျ၊ အိပ်မက်ထဲမှာ ကလေး
ကို မိန်းမကြီးတစ်ယောက်က လာ
လာပြီး လုသွားတယ်၊ အခုလည်း
မအောင်မေမှာ ကိုယ်ဝန်ရှိနေပါ
တယ်၊ အဲဒီမိန်းမကြီးက နင်ကလေး
မမွေးသေးဘူးလား၊ ငါ စားချင်နေပြီ
ဟဲ့လို့ ပြောတယ် မဖဲဝါ၊ အဲဒီမအောင်
မေကို သင်္ချိုင်းရှင်မကြီး ကယ်ပေးပါ
လို့ ပြောချင်တာပါဗျာ”

ခေါင်းညိတ်တယ်ဗျ။ မဖဲဝါ ခေါင်းညိတ်
တယ်။ ထမင်းတစ်ပြည်ချက်နဲ့ ကြက်
တစ်ကောင်ကို အသာကလေးပဲဗျာ။
စားသောက်လို့ ပြီးတဲ့အခါကျတော့

“အဲဒါ အတုံ့အလှည့်ကိစ္စဟဲ့၊ နို့စွဲလို့
ခေါ်တယ်၊ ဒီကောင်မက သရဲ မဟုတ်
ဘူး၊ ဘီလူးမဟေ့၊ နားလုံးဝမကြားဘူး၊
နားပင်းနေတယ်၊ ဒါပေမဲ့ ဒီဘီလူးမက
လွန်လာတာ၊ သူနဲ့ သူကြီးချွေးမနဲ့
အတုံ့အလှည့်ရှိတာ ကလေးနှစ်ယောက်
တည်း။ ပြန်ပြီးပေးဆပ်ပြီးသွားပြီ၊ ဒါကို
ထပ်ပြီးစားဖို့ ရောက်လာတာ၊ နင်တို့
သေသေချာချာ နားထောင်၊

ဒီကလေးမွေးပြီး ဆယ်လတိတိပြည့်တဲ့
ညမှာ ဘီလူးမ လာပြီးလုလိမ့်မယ်၊ ငါ
လာမယ်၊ ဒီကောင်မကို ငါအပြီးနှင်ပေး
မယ်။ ဒါပေမဲ့ အိပ်မက်ထဲကို ဝင်လိုက်
ပြီး လုပ်ရမှာဟေ့၊ ဒီတော့ ဒီလိုလုပ်၊
ကလေးမွေးပြီးလို့ ဆယ်လသားရောက်
ရင် အဲဒီည ကလေးရော မအေရော
ဟောဒီသင်္ချိုင်းထဲမှာ လာအိပ်ကြ၊
ငါ့ပိုင်နက်ထဲရောက်ရင် ငါနိုင်တယ်၊
ဒီကိစ္စ ငါရှင်းပေးမယ်၊ အိပ်မက်ထဲ
ကို ငါ ဝင်ရမှာ ကြားလား”

“ဟုတ်ကဲ့ပါ မဖဲဝါ၊ ဟုတ်ကဲ့ပါ အဲဒီ
ည ဒီသင်္ချိုင်းထဲကို လာအိပ်ပါ့မယ်”

ကျုပ်ဖြင့်အံ့သြလိုက်တာဗျာ။ကျုပ်
လုံးဝထင်မထားတဲ့ စကားတွေဗျ
ဒါပေမဲ့ ဘယ်လိုလုပ်မလဲ၊ အိပ်ရ
မှာပဲပေါ့။ ကိုကြီးသိန်းထင်ရယ်၊
ကျုပ်ရယ်၊ ဒေါ်တုတ်ရယ် ကိစ္စ
ပြီးတော့ ပြန်လာတယ်။ အိမ်ရောက်
တော့ သူကြီးကို ပြောပြတဲ့အခါ သူ
ကြီး တော်တော်စိုးရိမ်သွားတယ်ဗျ။

“ဖြစ်ပါမလား တာတေ၊ သင်္ချိုင်းထဲ
ကို ကလေးငယ်ငယ်လေးခေါ်ပြီး
သွားအိပ်လို့ ဖြစ်ပါ့မလားကွ”

“တခြားနည်းမှ မရှိတာ လုပ်ရမှာ
ပဲပေါ့ သူကြီးရာ”

သူကြီးလည်း နောက်ဆုံးတော့ သဘော
တူရတာပေါ့ဗျာ။ ဒီကိစ္စကို ဒီလိုမရှင်းရင်
ပြီးမှာမှ မဟုတ်တာ။ အစ်မ မအောင်မေ
တပေါင်းလမှာ ကလေး မီးဖွားတယ်ဗျ။
ယောင်္ကျားလေဗျာ၊ ဝဝကစ်ကစ် ဖြူဖြူ
ဖွေးဖွေးလေးဗျ။ တကယ်ကို ချစ်စရာပါ
ဗျာ။ ပြာသိုလရောက်တော့ ကလေး
ဆယ်လပြည့်မှာပေါ့ဗျာ။ သူကြီးဆို
တာ သူမြေးကလေးကို ချစ်လိုက်တာ
တုန်နေတာပေါ့ဗျာ။

“တာတေ မင်းလုပ်တဲ့ကိစ္စ သေချာရဲ့
လားကြာ”

လို့ ကျုပ်ကိုမေးတယ်။ ကျုပ် မဖဲဝါ
ကို ယုံတယ်ဗျ။

“စိတ်ချပါ သူကြီး၊ သူကြီးမြေးလေး
အသက်ရှင်စေရမယ်၊ နောက်လည်း
ဒီဝဋ်ဒုက္ခကြီး အပြီးသတ်သွားစေရမယ်”

ကျုပ်တို့ သင်္ချိုင်းထဲမှာ တဲတစ်လုံး
ဆောက်ကြတယ်။ တဲဆိုပေမယ့်
အိမ်ပုံစံကလေး ဆောက်ကြတာဗျ။
ဝါးနဲ့ ဆောက်ကြတာပေါ့ဗျာ။ သက်
ကယ်မိုးတယ်။ ကလေးဆယ်လပြည့်
ကာနီး တစ်ပတ်အလိုမှာ ကျုပ်နဲ့
ကာလသားလေးငါးယောက်
ဆောက်ကြရတာပေါ့ဗျာ

ကျုပ်တစ်သက် ဘယ်တော့မှ မမေ့မဲ့
ညကို ရောက်ခဲ့ပြီပေါ့ဗျာ၊ ပြာသိုလကြီး
ဗျာ၊ အေးလိုက်တာ ခိုက်ခိုက်ကို တုန်
နေတာဗျို့။ အိမ်ကလေးထဲမှာ မီးအိမ်
ကလေး ထွန်းထားတယ်။ မအောင်မေ
နဲ့ ကလေးကို အိပ်ရာနွေးနွေးခင်းပြီး
ကျကျနန သိပ်ထားတာဗျ။

ကိုကြီးသိန်းထင်နဲ့ ကျုပ်တို့ကတော့
အိမ်ဘေးနားမှာ မီးဖိုပြီး မီးလှုံနေကြ
တာပေါ့ဗျာ။ ညဦးကတည်းက ကျုပ်
က မဖဲဝါကို ပင့်ဖိတ်ပြီးကျွေးမွေးထား
တာဗျ။ ဒေါ်တုတ်ကို ခေါ်ရတာပေါ့
ဗျာ။ မဖဲဝါက စားသောက်ပြီးတော့
ပြောတယ်ဗျ။

“တာတေ နင်တို့ ဘာမှမပူနဲ့၊ ငါ
ဒီည အိပ်မက်ထဲကို ဝင်လိုက်မှာ”

ကိစ္စပြီးတော့ ဒေါ်တုတ်ကို ရွာပြန်ပို့။
ကျုပ်နဲ့အတူနေပေးတဲ့ ကာလသား
လေးငါးယောက်ကိုလည်း အရက်
ကလေး ဘာလေးတိုက်ပြီး ရဲဆေး
တင်ပေးထားရတာပေါ့ဗျာ။ ဒီကောင်
တွေလည်း ဘယ်သူမှ မအိပ်ကြ
ဘူးဗျ။ အားလုံးထိုင်စောင့်နေကြ
တာ။ ဒါပေမဲ့ အင်မတန် ဆန်းကြယ်
တဲ့ လောကကြီးပဲဗျာ။

ဘယ်ရပါ့မလဲ။ သန်းခေါင်လောက်
ရောက်တော့ ကျုပ်တို့ အားလုံးထိုင်
ပြီး မီးလှုံရင်းနဲ့ အိပ်ပျော်သွားကြ
တာဗျို့။ အိမ်ပေါ်က ဝုန်းဝုန်းဒုန်း
ဒုန်း အသံတွေရော အော်သံတွေ
ရော ကြားတော့မှ ကျုပ်တို့ လန့်
ပြီးနိုးသွားကြတာဗျ။

“ဝုန်း ဒုန်း ဝုန်း မပေးဘူး၊ ငါ့
ကလေးကို မပေးဘူး၊ ငါ သေ
ပစေ၊ အသေခံမယ်၊ ဝုန်း ဒုန်း”

ဟာ အစ်မ မအောင်မေတော့
အိပ်မက်ထဲမှာ ကလေးလုနေပြီပဲ
လို့ ကျုပ် တွေးလိုက်မိတယ်
ကိုကြီးသိန်းထင်က ငှက်ကြီး
တောင် ဓါးကို ဆွဲပြီး အိမ်ပေါ်
ပြေးတက်မယ်လုပ်လို့ ကျုပ်က
ဆွဲထားရတယ်ဗျ။ ပြီးမှ လေသံ
ကလေးနဲ့

“မသွားနဲ့ ကိုကြီး မသွားနဲ့၊
ဒီကိစ္စကို မဖဲဝါ ရှင်းမှာ အသာ
ငြိမ်နေ၊ မစိုးရိမ်နဲ့ “

ဒီတော့မှ ကိုကြီးသိန်းထင် သတိရပြီး
ငြိမ်နေတယ်ဗျာ၊ ရွာကအဖော်လိုက်
လာတဲ့ ကာလသားတွေလည်း ဓါးတွေ
ကိုင်ပြီး ငြိမ်နေကြတယ်။ မျက်လုံးတွေ
ကတော့ ပတ်ဝန်းကျင်ကို မျက်ခြည်မ
ပြတ် ကြည့်နေရတာပေါ့ဗျာ။ ဝုန်း၊ ဒုန်း
ဆိုတဲ့ အသံတွေက အစ်မ မအောင်မေ
အိပ်ရင်းနဲ့ ရုန်းတဲ့ကန်တဲ့ အသံတွေ
ပေါ့ဗျာ။

“ကယ်ပါရှင်၊ ကျမကို ကယ်ပါ၊
ဒီမိန်းမကြီးကို ဒီမျိနျးမကွီးကို”

အစ်မအောင်မေရဲ့ အသံက ပျောက်
သွားတယ်ဗျ။ ဝုန်းဝုန်းဒိုင်းဒိုင်း အသံ
တွေလည်း ငြိမ်သွားတယ်၊ ကျုပ်တို့
လည်း ငြိမ်ပြီး နားထောင်နေရတာ
ပေါ့ဗျာ။ တော်တော်ကြာသွားတယ်ဗျ။

“ကိုသိန်းထင်၊ ကိုသိန်းထင်”

“ဟေ အောင်မေ၊ ဘာတုံး၊ ငါတို့
ဒီမှာ ရှိတယ်လေ”

“လာကြဦးတော့၊ ကျုပ် ပြောပြဦးမယ်”

ကျုပ်တို့အားလုံး အိမ်ပေါ်တက်ခဲ့ကြ
တယ်ဗျ။ မအောင်မေက အိပ်နေတဲ့
ကလေးကို ရင်ခွင်ထဲမှာ ကျစ်ကျစ်
ပါအောင် ပွေ့ထားတယ်။

“ကျုပ် အိပ်မက် မက်တာတော့၊ ဟို
မိန်းမကြီး ကျုပ်ကလေးကိုလာပြီး
လုတာပေါ့တော်၊ ကျုပ်လည်း ဒီ
တစ်ခါတော့ အသက်ချင်းလဲမယ်
ဆိုပြီး ခံသတ်တာတော့၊ ဒီတုန်းမှာ
တာတေပြောတဲ့ မဖဲဝါကြီးထင်
တယ်၊ ဗြုန်းခနဲ ရောက်ချလာပြီး
ဟိုမိန်းမကြီးကို ဆံပင်ဆွဲပြီး သူ့
လက်ဝါးကြီးနဲ့ ရိုက်တော့ပဲတော်
ပြီးတော့ ပါးစပ်က ပြောသေး
သတော်၊ ဟဲ့ ဘီလူးမ၊ နင်နဲ့
သူနဲ့ အတုံ့အလှည့်ကိစ္စက
ပြီးနေပြီပဲ၊ နင် သက်သက်လာ
လုပ်တာ၊ ပြီးတော့ ငါ့ပိုင်နက်ထဲ
မှာ နင်လာပြီး ငါ့ကိုစော်ကားတာ၊

ကဲဟာ ကဲဟာ ဆိုပြီး ရိုက်တာ တော်ရေ၊
ဟိုမိန်းမကြီးက ဒူးတုပ်ပြီး နောက်မလုပ်
တော့ပါဘူးဆိုပြီး မဖဲဝါကို ဝန်ချတောင်း
ပန်တယ်။ ကျုပ်ဘက်ကို လှည့်ပြီးတော့
လည်း ဘဝရဲ့ အတုံ့အလှည့်တွေ၊ ရန်
ငြိုးတွေ ကျေပါပြီ၊ နောက် ဘယ်တော့
မှ မလာတော့ပါဘူးလို့ ကတိပေးတယ်
အဲဒါပြီးတော့ ကျုပ်လည်း လန့်နိုးသွား
တာပဲတော့ “

“ဟာ ဒါဆိုရင် ကိစ္စပြီးသွားပြီပေါ့ဟ”

ကိုကြီးသိန်းထင်က ဝမ်းသာအားရ
ပြောတယ်ဗျ။ အဲဒီညတော့ ကျုပ်တို့
အားလုံး မိုးလင်းတဲ့အထိ သင်္ချိုင်းမှာပဲ
နေလိုက်ကြတယ်၊ ဒီသတင်းကတော့
နောက်နေ့ မိုးလင်းတာနဲ့ ရွာထဲမှာ
ပျံ့သွားတော့တာပေါ့ဗျာ။

အဲဒီကောင်လေးကို ကိုသိန်းထင်နဲ့
မအောင်မေက ရန်ရှင်းလို့ ခေါ်တယ်
ဗျ။ အခုဆို ရန်ရှင်းတောင် ခုနှစ်နှစ်
လောက် ရှိပြီပေါ့ဗျာ။

မနှစ်က ရှင်ပြုတယ်လေ။ ပြီးတော့
ရန်ရှင်းမှာ ညီတစ်ယောက်လည်း
ရနေပြီဗျ။

အငယ်ကောင်က ရန်လင်းတဲ့ဗျာ။

ပြီးပါပြီခဗျာ

ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and shre လေးနဲ့
အားပေးသွားပါအုံးဗျာ။

စာဖတ်ပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ