Unicode Version
နှစ်ဘဝအကျဉ်းသား(စ/ဆုံး)
ရွေးကောက်ပွဲမဲကမနက်မိုးလင်းမှ ပေးလို့ရမှာ ဆိုတော့ အခုလို ညအိပ်ပြီး
စောင့်နေရတုန်း
စကားတပြောပြောနဲ့
စောင့်နေရရင် အချိန်ကုန်မှန်းမသိဘဲ
ကုန်သွားတော့ကောင်းတာပေါ့။ အစ်ကို
တို့ စင်ကာပူ ဘယ်လိုရောက်လာသလဲ
ဆိုတဲ့ အကြောင်း ပြောပြတော့ ကျွန်
တော်လည်း စင်ကာပူ ဘယ်လိုရောက်
ဦးမယ်။
လာသလဲဆိုတဲ့အကြောင်း ပြောပြရ
ကျွန်တော်ဖြစ်ချင်တာကဘုန်းကြီး၊
ဒါပေမဲ့ − ဖြစ်နေတာက သင်္ဘောကျင်း မှာ လက်ထောက်ဖိုမင်၊ ကျွန်တော့်ဘဝ
အကြောင်း ပြောရရင် ကျွန်တော့်အမေ
ကျွန်တော့်ကို မမွေးခင် ကျွန်တော့်
ကိုယ်ဝန်ကို လွယ်မထားရခင် မက်ခဲ့တဲ့
အိပ်မက်အကြောင်းပါပဲ။ အမေဟာ
၁၉၈၈ – ခုနှစ်၊ မှတ်မှတ်ရရ ရှစ်လေးလုံး
အရေးတော်ပုံမတိုင်မီ သုံးရက်အလို
ဩဂုတ်လ (၅) ရက်နေ့မှာ ထူးထူးဆန်း
ဆန်းအိပ်မက်တစ်ခုမက်ခဲ့တယ်။ အိပ်မက်ထဲမှာ ကောင်ကလေး နှစ်ယောက်၊ အသက်ကတော့ နှစ်ဆယ်
ဝန်းကျင်လောက် ရှိမယ်။ အိမ်ရှေ့ခြံ
တံခါးဝမှာ မယောင်မလည်လုပ်နေတာ ကိုတွေ့တော့ အမေကထွက်လာပြီး ..
“ဘာကိစ္စရှိလို့လဲ- မောင်လေး
မေးလိုက်တယ်။
အဲဒီလိုမေးလိုက်တော့ အဲဒီထဲက
တစ်ယောက်က…
“ကျွန်တော်တို့တက္ကသိုလ်ကျောင်း
သားတွေပါ။ ဆန္ဒပြနေတုန်း လုံထိန်း
တွေကရိုက်ပြီးအချုပ်ကားနဲ့ ဖမ်းသွားခဲ့
တယ်။ ကားပေါ်တင်ပြီး ဖမ်းတဲ့ လူတွေ
များတော့အသက်ရှူလို့တောင်ကောင်း
ကောင်းမရဘဲ နှစ်ယောက်စလုံး သတိ
လစ်သွားခဲ့တယ်။ ပြန်သတိရလာတော့
အင်းစိန်ထောင်ထဲမှာ အချုပ်ကားတံခါး
ကိုဖွင့်ပြီး ရဲတွေက ဖမ်းလာတဲ့ ကျောင်း
သားတွေကို လက်ကို ခေါင်းပေါ်တင်
ထားပြီး ကားပေါ်က ဆင်းခိုင်းနေပြီ။ ဒါနဲ့
ကျွန်တော်လည်း ကျွန်တော့်ဘေးမှာ
လဲနေတဲ့ အခု ကျွန်တော်နဲ့အတူ ပါလာ
တဲ့သူငယ်ချင်းကိုအဖမ်းခံလို့မဖြစ်ဘူး။
တို့ အခြေအနေပေးရင် ထွက်ပြေးကြ
မယ်”
လို့ တိုးတိုးပြောတော့ သူကလည်း ခေါင်းညိတ်တယ်။ အဲဒီနောက် ကျွန် တော်တို့နှစ်ယောက်အားယူပြီးထလိုက်
တယ်။ ဒီအချိန်မှာ အချုပ်ကား တံခါးဝ
ကလုံခြုံရေးအရာရှိက …
“လူကုန်ပြီ ဒဏ်ရာရတဲ့လူတွေကို ကားပေါ်ကနေချ”
လို့ပြောလိုက်တယ်။ အဲဒီအချိန်မှာ
သူ့တပည့်တွေက တံခါးဝမှာ ဆင်းလာ
တဲ့ကျွန်တော်တို့နှစ်ယောက်ကိုတောင်
ဆင်းတဲ့အထိမစောင့်ဘဲ ကျွန်တော်တို့
နှစ်ယောက်ကို တွန်းတိုက်ပြီး ဒဏ်ရာ
ရတဲ့လူတွေကို သယ်ချဖို့ ကားထဲ တက်
လာခဲ့တယ်။
ကျွန်တော်တို့နှစ်ယောက်အောက်
မရောက်ခင် အဲဒီလုံခြုံရေးအရာရှိကပဲ
အောက်မှာရောက်နေတဲ့ ကျောင်းသား
တွေရှိရာကိုမျက်နှာမူပြီးဆောင့်ကြောင့်
ထိုင်ခိုင်းနေတယ်။ ကျွန်တော်တို့ နှစ်
ယောက်ကို မမြင်သလိုပဲ ဘာမှမပြော ဘူး။ လက်နက်ကိုင်ထားတဲ့ အစောင့် တွေကလည်းကျွန်တော်တို့နှစ်ယောက်
ကို လှည့်တောင်မကြည့်ဘဲ ထိုင်ခိုင်း ထားတဲ့ ကျောင်းသားတွေအနားမှာပဲ ဝိုင်းပြီးရပ်နေကြတာ။ ဒါနဲ့ ကျွန်တော်တို့
လည်းကြောက်ကြောက်နဲ့ စွန့်ပြီး ထွက်
ပြေးခဲ့တာပဲ။ ဒါပေမဲ့ – နောက်လှည့်
ကြည့်တော့ ကျွန်တော်တို့နောက်ကို
ဘယ်သူမှ လိုက်မလာဘူး။ ကျွန်တော်
တို့ထွက်ပြေးတာမမြင်ကြဘူးလားမသိ ဘူး။ ဒီလိုပြေးရင်းနဲ့ ဂိတ်အပေါက်ဝ
တစ်ခု ရောက်တော့ အပြေးရပ်လိုက်
တယ်။ ပြေးထွက်သွားရင် မသင်္ကာမှာ
စိုးလို့ပါ။ တကယ်လို့ သူတို့က မေးခဲ့ရင်
တော့ ထွက်ပြေးမယ်ပေါ့။ အဲဒီဂိတ်က
အစောင့်ရုံနဲ့ လက်မှတ်ထိုးပြီး ဝင်ထွက်
ရတဲ့ဂိတ်ပေါက်လူအဝင်အထွက်တံခါး
လေးပဲ ဖွင့်ထားတာ ကျွန်တော်တို့နှစ်
ယောက် အဲဒီဂိတ်ကနေ ကြောက်ပေ
မယ့် ခပ်တည်တည်နဲ့ ထွက်လာတာ ဘယ်သူမှ ကျွန်တော်တို့ကို မေးတာ မြန်းတာ မရှိဘူး။ ဂရုတောင် မစိုက်ကြ
ဘူး။ ဒီလိုနဲ့ အပြင်ရောက်တဲ့အထိ ပြေး
လာကြတာပါ။ကျွန်တော်တို့ထမင်းမစား ရတာ သုံးလေးရက်ရှိပါပြီ အစ်မရယ်” လို့ ပြောတယ်တဲ့။ အဲဒီတုန်းက ကျွန်တော်လူဝင်စားမယ့် ကျွန်တော့် အမေကအသက်အစိတ်ပဲရှိသေးတယ်။
အဖေက အသက်သုံးဆယ် ရှိပြီလေ။ အဲဒီအချိန်မှာစကားတစ်လုံးမှမပြောတဲ့
ကောင်လေးက အမေ့ကို.
“ကျွန်တော်တို့ နေစရာလည်း မရှိ၊ စားစရာလည်းမရှိလို့ ဒီအိမ်မှာပဲ အစ်မ တို့နဲ့အတူနေပါရစေ”
ဆိုပြီးခွင့်တောင်းတယ်။ကျွန်တော်
တို့ ပြောသမျှကို ပထမတုန်းက အမေ
ဟာအံ့လည်းအံ့ဩ၊ သနားလည်းသနား
ပြီး နားထောင်နေတာတဲ့။ ဒီအချိန်မှာ
ကျောင်းသားလေးတစ်ယောက်က
သူတို့နဲ့အတူနေပါရစေဆိုပြီး ခွင့်လည်း တောင်းရောသူလည်းကြောက်ကြောက်
လန့်လန့်နဲ့ …
“ဟဲ့ – ဘယ်ဖြစ်မှာလဲ၊ နင်တို့က ထွက်ပြေးလာတဲ့ ကျောင်းသားတွေ၊ နင်တို့ကို လက်ခံလိုက်ရင် ငါတို့ အကုန် လုံး ဒုက္ခရောက်ကုန်မှာပေါ့။ သွားကြ-
သွားကြ”
ဆိုပြီး နှင်ထုတ်လိုက်တယ်တဲ့။
တကယ်ဆိုရင် ကျွန်တော့်အမေဟာ
စိတ်ထား သဘောထားကောင်းတဲ့သူ။
တစ်ဖက်သား ဒုက္ခရောက်ရင် ကူညီ
တတ်တဲ့ သူမျိုးပါ။ ဒါပေမဲ့ – အာဏာရှင်
စနစ်ဟာ လူတွေကို ဘယ်လောက်
အထိ ကြောက်ရွံ့စေခဲ့သလဲဆိုရင် အိပ်
မက်ထဲမှာတောင် အကြောက်တရား
တွေဖြစ်အောင်အုပ်ချုပ်ထားနိုင်ခဲ့တယ်။
စာနာသနားပေမယ့်လို့ အိပ်မက်ထဲမှာ
တောင်အစိုးရဆန့်ကျင်တဲ့ကျောင်းသား
တွေဆိုပြီး လက်မခံရဲခဲ့ဘူးလေ။ ဒါပေမဲ့
အဲဒီကျောင်းသားလေးကလည်းမလျှော့
ဘူးဗျ။မရမကအိမ်ထဲဝင်မယ်လုပ်တယ်၊
အမေကလည်း သူ့ရှေ့ကနေ အတင်း
တားပြီး..
သွား”
“ဟဲ့- သွားကြ-သွားကြ-ထွက်
ဆိုပြီး အော်တယ်။ ဒါပေမဲ့ – အဲဒီ
ကျောင်းသားလေးဟာအမေ့ကိုအတင်း တိုးဝင်တယ်၊ အမေကလည်း ပြန်တိုး၊ နောက်ဆုံးအမေ့ကိုယ်ထဲဝင်ပြီးပျောက် သွားတယ်တဲ့။ အမေလည်း… “ဟဲ့-သွားလေ-သွား-သွား”
ဆိုပြီး အော်ရင်းနဲ့ လန့် နိုးလာ တယ်။ အဖေလည်းလန့်နိုးလာတာပေါ့။
နောက်တော့အဖေကအမေ့ကိုရေတစ် ခွက် တိုက်တယ်။ အိပ်မက်အကြောင်း
မေးတော့ အမေက မနက်ကျရင် ပြော
ပြမယ်လို့ ပြောလိုက်တယ်။ အဖေ
ကတော့ အမေ့ကို အိပ်ပျော်အောင် ပြန်
အိပ်၊ သူ အမေအိပ်တဲ့အထိ မအိပ်ဘဲ
စောင့်နေမယ်လို့ ပြောတယ်တဲ့။ ဒါနဲ့ပဲ
အမေလည်း ပြန်အိပ်ပျော်သွားတယ်။
မနက်မိုးလင်းတော့ အမေက အဖေ့ကို
ညက အိပ်မက်အကြောင်း ပြောပြတာ
ပေါ့။ အဖေက အရေးအခင်းတွေဖြစ်နေ
တော့ စိတ်စွဲပြီး မက်တာနေမှာပေါ့တဲ့။
ဒီလိုနဲ့ သိပ်မကြာဘူးအမေ့မှာကိုယ်ဝန်
ရှိလာတယ်။
ဩော် – အစ်ကိုတို့ – ကျွန်တော် ပြောတာ စိတ်ဝင်စားရဲ့လား။ ဪ –
ဟုတ်ကဲ့ စိတ်ဝင်စားရင် ဆက်ပြောပြပါ့
မယ်။ကျွန်တော့်အကြောင်းကပြောရမှာ
နည်းနည်းရှည်လို့ပါ။ ဒီလိုနဲ့ပဲကျွန်တော့်
ကို မွေးလာတယ် ဆိုပါတော့။ ဒီအထိ
ကတော့ ဘာမှ မထူးခြားသေးဘူး။ ဒါပေမဲ့ ကျွန်တော် အသက်သုံးနှစ်သား
လောက်ရောက်တော့အဲဒီတုန်းက T.V
မှာ နေ့တိုင်းပဲ စစ်သားတွေ တော်လှန် ရေးနေ့ စစ်ချီတာတွေ ပြတယ်လေ။ တကယ်လို့လူကြီးတွေက T.V ဖွင့်လိုက် တဲ့အခါစစ်သားတွေချီတက်တာမြင်ရင် T.V ကို အတင်းပိတ်ခိုင်းတယ်။ “စစ်သားတွေမကြည့်ဘူး၊ မကြိုက်
ဘူး၊ မကြည့်ချင်ပါဘူး”
ဆိုပြီး စူးစူးဝါးဝါး အော်ငိုတော့တာ ပဲတဲ့။ နောက်စစ်ကားတွေ၊သေနတ်ပစ် ကားတွေကို အသက် (၇) နှစ်လောက် အထိ မကြည့်ရဲဘူး။ ကြောက်တယ်ဆို ပြီး ငိုတယ်။ အဖေက စိတ်ရှည်ရှည်နဲ့ ရှင်းပြတယ်။
“သား – ရုပ်ရှင်ဆိုတာ တကယ် မဟုတ်ဘူး။ ဟန်ဆောင်လုပ်ပြတာ” ဆိုပြီး ပြောပြရတာပေါ့။ ဒါပေမဲ့ လည်းမကြည့်ရဲဘူးတဲ့။ ယောက်ျားလေး မို့ အဖေက ကစားစရာ သေနတ်တွေ၊
ဘာတွေဝယ်ပေးရင် ကြောက်တယ်ဆို
ပြီး လွှင့်ပစ်တာလေ။ ကျွန်တော် နည်း
နည်းပါးပါးမှတ်မိတယ်။ဒါကြောင့်အဖေ
နဲ့ အမေက …
“တစ်ဦးတည်းသော သားလေး မွေးထားတာ။ တော်ကြာ မိန်းမလျာ ဖြစ် သွားရင် ဒုက္ခပါပဲ”
ဆိုပြီး စိတ်ပူနေတာဆိုပဲ။ အဲဒီလို ကျွန်တော့်ရဲ့ထူးခြားတဲ့အပြုအမူတွေကို ကြည့်ပြီးတော့ အဖေက ကျွန်တော့် ကိုယ်ဝန်မရခင် အမေမက်တဲ့အိပ်မက်
ကို သွားသတိရပြီး လူဝင်စားလေး ဖြစ်
မယ်လို့ ပြောတော့ အမေကလည်း
လက်ခံခဲ့တယ်။နောက်တော့အဖေရော၊
အမေရောကျွန်တော့်ရဲ့အတိတ်ဘဝကို
သနားခဲ့ကြပြီး ပိုချစ်၊ ပိုကရုဏာသက်မိ တယ်လို့ သူတို့ကပြန်ပြောပြတယ်။ နောက်တစ်ခုက ကျွန်တော် နှစ်တန်းစာမေးပွဲကြီးဖြေပြီးလို့နွေရာသီ ရက်တစ်ရက်မှာ အဖေဟာ ကျွန်တော့် ကို သန်လျင်ဘက်မှာ သူ့သူငယ်ချင်း ဗီဒီယိုဒါရိုက်တာတစ်ယောက် ဗီဒီယို ရိုက်နေတဲ့ ရိုက်ကွင်းတစ်ခုကို ကျွန် တော့်ကို ခေါ်သွားခဲ့တယ်။ အဲဒီနေ့က ရိုက်ကွင်းမှာ မင်းသားနဲ့ လူကြမ်းတွေ သေနတ်ပစ်တဲ့အခန်းရိုက်တယ်။ မင်း
သား သေနတ်နဲ့ပစ်လို့ သေတဲ့လူကြမ်း
တွေ အပြင်မှာ တကယ်မသေဘဲ ဟန် ဆောင် အမူအရာလုပ်တယ်ဆိုတာ
မျက်မြင်ကိုယ်တွေ့ သိလိုက်ရတယ်။
အဖေကလည်း ထပ်ရှင်းပြတယ်။ အဲဒီ တော့မှ စစ်ကားတွေ၊ ဇာတ်ကြမ်းကား
တွေ ကြည့်ရဲလာတယ်လေ။ နောက် – ထူးခြားတာတစ်ခုက အသက် (၁၅)နှစ်ကျော်ကျော် ဆယ် တန်းဖြေခါနီးအချိန် ရွှေတိဂုံဘုရား သွားတော့ ပိတ်ဖြူစင်ကြယ်နဲ့ မျက်နှာ
သုတ်ပဝါကို ခေါင်းမှာ ပေါင်းထားတဲ့
အသက်(၈၀)ကျော်လောက်အဘိုးကြီး
တစ်ယောက်နဲ့ တွေ့တယ်။ လက်မှာ
လည်းသစ်ကိုင်းကိုလုပ်ထားတဲ့တောင်
ဝှေးတစ်ချောင်းကိုင်ထားတယ်။ တွေ့
တယ်ဆိုပေမယ့်ကျွန်တော်ကတွေ့တာ
မဟုတ်ဘူး။ အဘိုးကြီးကနောက်ကနေ
ကျွန်တော့်နာမည်လှမ်းခေါ်တယ်။ “ဟိန်းနန္ဒ – ဟိန်းနန္ဒ”
လှည့်ကြည့်တော့ အဘိုးကြီးကို
တွေ့တော့ ..
“အဘ-ကျွန်တော့်ကို ခေါ်တာ
လား”
လို့မေးတော့ ….
“ဟိန်းနန္ဒက မင်းနာမည် မဟုတ် လား။ မင်းကိုမခေါ်လို့ ဘယ်သူ့ကိုခေါ်ရ
မလဲ”
လို့ပြောတော့…
“ဟင် – အဘ ကျွန်တော်နာမည်
ဘယ်လိုလုပ်သိလဲ”
လို့ မေးတော့ ..
နာမည်တင် ဘယ်ကပါ့မလဲ။ တခြားသိတာတွေ ရှိသေးလို့ မင်းကို
ပြောချင်သေးတယ်ဆိုပြီး သူက … “သားကလူဝင်စားဆိုတာသိတယ်
မဟုတ်လား” တဲ့။
ကျွန်တော်လည်း ရုတ်တရက် ကြောင်တောင်တောင်နဲ့ ဘာပြောရမှန်း မသိ ဖြစ်နေတုန်း …
“မင်းအမေ မင်းကိုယ်ဝန် မရခင် တုန်းက အိပ်မက် မက်တာ ပြောပြဖူး တယ်မဟုတ်လား”တဲ့။
အဲဒီတော့မှ ကျွန်တော်လည်း ခေါင်းညိတ်ပြလိုက်တော့ အဘက … “ငါ့သား အဘပြောတာတွေ သေချာမှတ်ထား။ မင်းက သာသနာ့ ဘောင်ထဲဝင်ပြီး သာသနာ့ပြုရဦးမယ်။ အနှောင့်အယှက်တွေရှိမယ်။စိတ်မပျက်
နဲ့သား။ နှစ်ကြိမ်တိုင်တိုင် သာသနာ့ ဘောင်ထဲဝင်ပြီးသာသနာပြုရလိမ့်မယ်။
နောက်-အဘပြောချင်တာကဝဋ်ကြွေး
ရှိရင် ဘုရား၊ ရဟန္တာတို့ပင်လျှင်ပေးဆပ်
ရတယ်ကွဲ့။ ဘယ်လိုအခက်အခဲအတား
အဆီးတွေရှိပါစေကြံ့ကြံ့ခံပြီးကျော်လွှား
နိုင်အောင်ကြိုးစားရမယ်။ဒါမှယောက်ျား
ကောင်းတစ်ယောက် ပီသမယ် ကြား
လား-ငါ့သား”
ကျွန်တော်က ဟုတ်ကဲ့ဆိုပြီး ငွေ
အချို့လှူတော့ ..
“အဘ-ဘဝမှာငွေကြေးကအသုံး
မဝင်ပါဘူး သားရယ်”
လို့ ပြောတာနဲ့ လက်ထဲမှာ ဘုရား လှူဖို့ ဝယ်လာတဲ့ ပန်းတွေနဲ့ တံခွန်၊
ကုက္ကားတွေ သူ့ကိုပေးပြီး..
“အဘ – ဒါကို ဘုရားလှူလိုက်၊ ကျွန်တော့်အတွက် ထပ်ဝယ်လိုက်ပါ့
မယ်”
ဆိုတော့သူကသာဓုခေါ်ပြီးယူထား
လိုက်တယ်။ ကျွန်တော့်စိတ်ထဲမှာတော့ ဒီအဘိုးကြီး ပြောထားတဲ့ စကားတွေ ဟာ တစ်မျိုးကြီးပဲ။ ဒီလိုနဲ့ ဆယ်တန်း
စာမေးပွဲ ဖြေပြီးတော့ အမေက “သင်္ကြန်တွင်းကိုရင်ဝတ်ပြီးတရား စခန်းဝင်ပါလား သား၊ ဆယ်တန်းဖြေ ထားတာဆိုတော့ အရေးကြီးတယ်။
စာမေးပွဲအောင်.အောင် ကံကောင်းဖို့ လိုတယ်”
ဆိုတာနဲ့ကျွန်တော်လည်းစိတ်မပါ
တပါနဲ့ ကိုရင်ဝတ်ပြီး တရားစခန်း ဝင် ခဲ့တယ်။ မိုးကုတ်ဝိပဿနာတရားစခန်း မှာလေ။ အဲဒီတော့မှ ပဋိစ္စသမုပ္ပါဒ်နဲ့ ငါ သူတစ်ပါး ယောက်ျား မိန်းမ မရှိတာ တို့၊ ဖြစ်ခြင်းပျက်ခြင်းပဲရှိတာတို့သိလာ တယ်။ တရားကလည်း ထိုင်လို့ကောင်း တုန်းရှိသေးတယ်။ (၇) ရက်တရားစခန်း ကပြီးသွားရော။ ဒါနဲ့ – ကိုရင် ဆက်ဝတ် ချင်သေးတယ်။ လူမထွက်ချင်သေးဘူး လို့ ပြောတော့ အဖေက အောင်စာရင်း
လည်းမထွက်သေးဘူးဆိုတော့ဝတ်ချင် ဝတ်ပေါ့ဆိုပြီး ခွင့်ပြုလိုက်တယ်။ အမေ ကတော့ ကျွန်တော့်ကို သတိရဆိုလို့
အိမ်ကို တစ်ပတ်တစ်ခါ ကြွပေးရသေး
တယ်။ ကိုရင်ဝတ်နဲ့ ဆွမ်းခံကြွရသေး
တယ်။ ကြည်နူးစရာ သိပ်ကောင်းတာပဲ။
တဖြည်းဖြည်းနဲ့ စာမေးပွဲအောင်စာရင်း ထွက်ခါနီးတော့ မိဘတွေက …
“ကိုရင်- အောင်စာရင်းထွက်တော့
မယ်နော်။ လူ မထွက်သေးဘူးလား” လို့မေးတော့ကျွန်တော်တစ်သက် လုံးရဟန်းဘဝနဲ့ပဲနေချင်တယ်လို့ပြော လိုက်တော့လူကြီးတွေမျက်လုံးပြူးသွား
တယ်။ ဆရာတော်ကတော့ပြုံးပြုံးပြုံးပြုံး
နဲ့သဘောကျနေသလိုပဲ။ ဒီတော့အဖေ အမြော်အမြင်ကြီးကြီးနဲ့ စဉ်းစားပြီး ကျွန်တော့်ကိုပြောတယ်။
“ကိုရင်တစ်သက်လုံးသင်္ကန်းစည်း
ပြီး ရဟန်းဘဝနဲ့ပဲ နေမယ်ဆိုတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ – အနာဂတ်ကို
တပည့်တော်လည်း ကြိုမမြင်နိုင်သလို
ကိုရင်လည်း သိနိုင်တာမဟုတ်ဘူး။
အကယ်၍ သာသနာ့ဘောင်မှာ မပျော်
လို့ပဲဖြစ်ဖြစ်အကြောင်းကြောင်းကြောင့်
လူထွက်လာခဲ့ရင်ပညာတစ်ပိုင်းတစ်စနဲ့
ဘာလုပ်စားမလဲ။ တပည့်တော်တို့မှာ
လည်း အမွေ ပေးစရာ ရွှေ၊ ငွေ၊ ဥစ္စာ
ပစ္စည်း ရှိတာမဟုတ်ဘူး။ ဒါကြောင့်
ကိုရင့်ကို ပညာပဲတတ်အောင် သင်ပေး နေရတာဆိုပြီးလျှောက်တယ်”
အဲဒီတုန်းက ကျွန်တော်ကလည်း
သိပ်စိတ်အားထက်သန်နေတော့…
“ဘုန်းကြီးဝတ်နဲ့ အဝေးသင်တက် နေတဲ့ဦးပဉ္စင်းတွေရှိတာပဲ။ ကိုရင်လည်း အဲဒီလို တက္ကသိုလ်လည်းတက်၊ စာဝါ လည်းလိုက်မှာပေါ့”
လို့ ပြန်ပြောလိုက်တယ်။ ဆရာ
တော်ကြီးကလည်းဝင်ပြောတယ်။
“သူ သိပ်ဆန္ဒပြင်းပြရင် လုပ်ပါစေ။ မပျော်တော့လည်းထွက်ပါစေ”
တဲ့။ ဒါနဲ့ လူကြီးတွေလည်း လက် လျှော့လိုက်ရတယ်လေ။ ဒါပေမဲ့-အဖေ
နဲ့ ကျွန်တော် အပေးအယူလုပ်ရသေး
တယ်။ တကယ်လို့ အတန်းကျောင်းကို
နှစ်ချင်းပေါက်မအောင်ခဲ့ရင်လူထွက်ပြီး
ဘွဲ့ရတဲ့အထိကျောင်းတက်ရမယ်ဆိုတဲ့
ကတိပါပဲ။ဒီလိုနဲ့အဝေးသင်တက္ကသိုလ်
တက်ခဲ့တာ။ အဲဒီတုန်းက ကျွန်တော်
ဆယ်တန်းအောင်တဲ့အမှတ်က အခု
စင်ကာပူမှာ အလုပ်ရနိုင်တဲ့ Geology
ယူရင်ရတယ်။ဒါပေမဲ့-ပါဠိပဲယူခဲ့တယ်။
ပရိယတ်မှာ အထောက်အကူပြုအောင်
လို့ပဲ။ဒါနဲ့ပဲပထမနှစ်မှာပထမငယ်တန်း
နဲ့ တက္ကသိုလ် ပထမနှစ်အောင်မြင်ခဲ့
တယ်။ ဒုတိယနှစ်မှာ ပထမလတ်တန်း ကို တစ်နှစ်တည်းနဲ့ အောင်ခဲ့သလို အဝေးသင် ဒုတိယနှစ်ကိုလည်းအောင် ခဲ့ပြန်တယ်။
၂ဝဝ၇- ခုနှစ်၊ အဝေးသင်တတိယ နှစ်တက်နေရင်း ပထမကြီးတန်း စာဝါ လိုက်နေခဲ့တယ်။ အဲဒီနှစ်မှာ ဖြစ်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးနဲ့ အတူ
ကျွန်တော့်ရဲ့ဘဝ၊ကျွန်တော့်ရဲ့မျှော်လင့် ချက်တွေဟာ ပျက်စီးသွားခဲ့ပါတော့
တယ်ဗျာ။ ပထမ သံဃာတော်တွေ မေတ္တသုတ်ရွတ်ပြီး စီတန်းလှည့်လည်
တော့ စိတ်ထဲက ကြိတ်ပြီး သဘောကျ
နေပေမယ့်ကိုယ်တိုင်ကိုယ်ကျမပါသေး
ဘူး။ နောက်တော့ ဘဝတူ သံဃာတွေ
စာဝါမလိုက်ဘဲဒါယကာ၊ဒါယိကာမတွေ
အကျိုးအတွက် မေတ္တသုတ်တွေ ရွတ်၊
စီတန်းလှည့်လည်ချိန်မှာ ကိုယ်မပါဘဲ
နေရတာစိတ်မသန့်သလိုတာဝန်မကျေ
သလို ခံစားမိတယ်။ တကယ်တော့
ကျွန်တော် ဆွမ်းခံကြွခဲ့တဲ့ရပ်ကွက်ဟာ
ဆင်းရဲသားရပ်ကွက်မို့ ဆင်းရဲသား
ပြည်သူတွေရဲ့အကြောင်း ကျွန်တော်
မျက်မြင်ကိုယ်တွေ့ သိခဲ့ရတာပါ။ အခု ခေတ် ဟိုဝန်ကြီးက ထမင်းတစ်နပ်
လျှော့စားပါလို့ ပြောတာ အခုမှ အဲဒီ
အချိန်တုန်းက အဲဒီလက်လုပ်လက်စား
ဆင်းရဲသားရပ်ကွက်မှာ မနက်စာညစာ
ပေါင်းပြီး နေ့လယ်နှစ်နာရီလောက်မှ
ထမင်းတစ်နပ်ပဲ စားရရှာတာပါ။
ဒီလူတွေအတွက် တတ်နိုင်သမျှ
ဆောင်ရွက်ပေးချင်တဲ့ စိတ်လည်း ရှိ
တယ်။ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံမို့
သံဃာတွေက ဦးစီးပြီး တောင်းဆိုရင်
အထိုက်အလျောက်တော့ လိုက်လျော
နိုင်ကောင်းရဲ့လို့ ထင်မိတာလေ။ ဒါ
ကြောင့်မို့စက်တင်ဘာလ (၂၄) ရက်နေ့ ကစပြီး မေတ္တသုတ်ဆိုပြီး စီတန်းလှည့်
လည်တဲ့ သံဃာတွေနဲ့အတူ ပါဝင်ခဲ့
တယ်။ လုပ်မိတဲ့အတူ မထူးဘူး၊ အောင်
မြင်တဲ့အထိ လုပ်မယ်ဆိုပြီး ကျောင်း
မပြန်တော့ဘဲ ဗဟန်းထဲက ကျောင်း
တိုက်တစ်ခုမှာပဲ ကျိန်းလိုက်တယ်။
စက်တင်ဘာ (၂၄)ရက်နေ့ ညနဲ့ (၂၅)
ရက် နှစ်ရက်၊ စက်တင်ဘာ (၂၆)ရက်
နေ့မှာတော့ ပစ်မိန့်ကျထားတယ်ဆိုတဲ့ သတင်းတွေထွက်နေမယ့် ပစ်ခါမှပစ်
ရော ဆိုပြီး ကြွချီလာခဲ့ကြတယ်လေ။
သံဃာတော်တွေကလည်း ရွှေတိဂုံ
အလယ် ပစ္စယံမှာ တစ်ဖွဲ့၊ ညောင်တုန်း
ကျောင်းတိုက်မှာ တစ်ဖွဲ့၊ မဟာဝိဇယ
ဘုရားမှာ တစ်ဖွဲ့၊ ကြေးသွန်းဘုရား
အနားမှာ တစ် ဖွဲ့အဖွဲ့ကွဲနေကြတယ်
လေ။ ဘာလို့လဲဆိုတော့အဲဒီနေရာတွေ
မှာ ရဲနဲ့တပ်က နေရာယူထားကြတာ
ကိုး။
အဲဒီအချိန်တုန်းက ကျွန်တော်တို့ ကရွှေတိဂုံဘုရားအလယ်ပစ္စယံမှာလေ။ ရဲတပ်ဖွဲ့ရဲ့အကြီးအကဲကလည်း အရှင်
ဘုရားတို့ ကျောင်းပြန်ကြပါ။ တပည့်
တော်တို့ ကျောင်းလိုက်ပို့ပေးပါ့မယ်လို့
ပြောတယ်။ ဒါပေမဲ့- သံဃာတွေကမယုံ
ကြဘူး။ တစ်ခါတည်း ဖမ်းပြီး ထောင်ထဲ
ခေါ်မလို့ဆိုပြီး ထင်ကြတာပဲ။ ဒါနဲ့ ဆရာ
တော်ကြီးတစ်ပါးက…
“ကဲ-ကိုယ်တော်တို့ ကျောင်းပြန် ကြမလား။ ဆက်ပြီးကြွကြမလားလို့”
မေးတော့ သံဃာတွေက ကျောင်း ပြန်ရင်လည်းနောက်ကျောင်းရောက်တဲ့
အခါလိုက်ဖမ်းမယ့်အတူတူပျံလွန်တော်
မူရင် မူပါစေ၊ ဆက်ကြွမယ်ဆိုပြီး ဆက်
ကြွတော့ သူတို့နဲ့ ထိပ်တိုက်တွေ့ကြ
တော့တာပါပဲ။ အဲဒီအချိန်မှာ သံဃာ
တော်တွေကထိုင်လိုက်ပြီးတော့ မေတ္တ
သုတ်ကို ရွတ်ကြတော့တာပါပဲ။ ခေတ်
အဆက်ဆက်က ဆန္ဒပြခဲ့တဲ့အခါလိုက်
လျောတာတို့၊ ညှိနှိုင်းတာတို့ တစ်ခါမှ
မလုပ်ဖူးခဲ့တဲ့အာဏာရှင်စစ်အစိုးရဟာ
သူတို့ဖြေရှင်းတတ်တဲ့အကြမ်းဖက်နှိမ် နင်းတဲ့နည်းနဲ့ပဲ ဖြေရှင်းခဲ့တယ်။
ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်
တုန်းက ကိုယ်တော်တိုင် ရွတ်ဆိုခဲ့တဲ့ မေတ္တသုတ်ကို ဘုရားရှင်ရဲ့သား၊ သံဃာ
တော်များ ရွတ်ဆိုကြတဲ့အခါ ဥပဒေချိုး
ဖောက်တယ်လို့ ယူဆပြီး သေနတ်တွေ
မိုးပေါ်ထောင်ဖောက်။ နောက်တော့
သံဃာတွေထဲကို မျက်ရည်ယိုဗုံးတွေ
ပစ်သွင်းပြီး အတင်းရိုက်နှက်ဖမ်းဆီးခဲ့
ကြတယ်။ ကျွန်တော်လည်း အဲဒီမှာ
တစ်ခါတည်း အဖမ်းခံလိုက်ရတော့တာ
ပဲ။ ထောင်သုံးနှစ်ကျသွားတယ်။ ကိုရင်
ဘဝပဲ ရှိသေးလို့ သက်သက်ညှာညှာနဲ့
ချလိုက်တာထင်တယ်။ ဦးပဉ္စင်းတွေကို
တချို့(၅) နှစ်လောက်ကျတယ်။နောက်
သမ္မတကြီး ဦးသိန်းစိန် တက်လာမှ
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတာ။
ထောင်က လွတ်တော့ မိဘတွေကို
သင်္ကန်းလည်း ပြန်စီးလို့လည်း မရ၊
ကျောင်းပြန်တက်လို့လည်း မရမယ့်
အတူတူ အလုပ်လုပ်မယ်လို့ ပြောလိုက် တယ်။ တကယ်ဆို ထောင်ထဲမှာ
ကတည်းကကျွန်တော့်ဆီထောင်ဝင်စာ လာတွေ့တဲ့ မိဘတွေကို သနားနေတာ၊ ဟိုတစ်ချိန်တုန်းက ဘုရားပေါ်မှာ တွေ့ ခဲ့တဲ့ အဘပြောသလိုပေါ့။ ဝဋ်ကြွေးရှိ တော့ပေးဆပ်ရတာပေါ့။ အဲဒါနဲ့ အလုပ်
လုပ်မယ်၊ မိဘကို ဓမ္မနဲ့ ကျေးဇူးဆပ်ခွင့် မရရင် လူဝတ်နဲ့ လုပ်ကျွေးပါစေဆို
တော့ ..
“ကိုရင်လူထွက်က ဘာလုပ်တတ် မှာလဲ။ ပင်ပင်ပန်းပန်း လုပ်နိုင်လို့လား”
အဖေကပြောတယ်။ ဒါကြောင့်… “ထောင်ထဲမှာ ကြမ်းကြမ်းတမ်း တမ်းနေခဲ့ရတာ၊ ရပါတယ်”
လို့ ပြောတော့ လူကြီးတွေက စိတ်
မကောင်းကြဘူးပေါ့။
“ဒါဆိုလည်း ဒီမှာ လုပ်မနေနဲ့။
နိုင်ငံခြား သွားလုပ်ကွာ”
ဆိုပြီး အဖေက ရှိစုမဲ့စုလေးတွေနဲ့ စင်ကာပူကို ပို့လိုက်တာပဲ။ ကျွန်တော် အခု ဒီရောက်တာ (၄) နှစ် ပြည့်တော့ မယ်။တစ်ခေါက်တော့ပြန်ပြီးပြီ။ (၂)နှစ်
ပြည့်တုန်းက နောက် (၂) နှစ် ပြည့်ရင်
ပြန်ဦးမယ်။ ဟုတ်ကဲ့ – မိဘလုပ်ကျွေးလို့
ထင်ပါရဲ့။ အလုပ်အကိုင် အဆင်ပြေ ပါတယ်။ ပထမတော့ General Worker ပေါ့။ နောက်တော့ Supervisor နဲ့ မန် နေဂျာက ကျွန်တော့်ကို ရိုးသားတယ်။
ကြိုးစားတယ် ဆို ပြီး Assistance Foreman ရာထူးတိုးပေးတယ်။
ကျွန်တော် အခုလို ဒုက္ခခံပြီး မဲလာ
ပေးရတဲ့ရည်ရွယ်ချက်ကကျွန်တော်ဆို
ပထမဘဝတုန်းကလည်း အဖမ်းခံခဲ့
ရတယ်။ဒုတိယဘဝမှာလည်းထောင်ကျ
တယ်။ တကယ်လို့ အခုချိန်မှာမပြောင်း
လဲဘဲနဲ့နောက်မျိုးဆက်သစ်လက်ထက်
ရောက်သွားလို့ ဒီအတိုင်းပဲဆိုရင် သူတို့
ကလည်းလိုချင်တာရှိရင်ဆန္ဒပြတောင်း
ဆို၊ အစိုးရလည်း အကြမ်းဖက်နှိမ်နင်း
ထောင်ချနဲ့ သံသရာ လည်နေမှာပဲ။
ဒါကြောင့် အခုအချိန်မှာ အမှန်တကယ်
ပြောင်းလဲစေချင်တဲ့စိတ်နဲ့ ပြောင်းလဲပါ
စေဆိုပြီးမဲလာပေးခဲ့တာပါ။ ပြောရမယ်
ဆိုရင်ကျွန်တော်လည်းနှစ်ဘဝအကျဉ်း
သားကနေသုံးဘဝမြောက်အကျဉ်းသား
မဖြစ်ချင်တော့ပါဘူးဗျာ။
(ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သူတစ်ဦး၏ ဖြစ်ရပ်မှန်ကို အခြေ
ခံ၍ရေးသားထားပါသည်။)
Zawgyi Version
ႏွစ္ဘ၀အက်ဥ္းသား(စ/ဆံုး)
———————————
ေ႐ြးေကာက္ပြဲမဲကမနက္မိုးလင္းမွ ေပးလို႔ရမွာ ဆိုေတာ့ အခုလို ညအိပ္ၿပီး
ေစာင့္ေနရတုန္း
စကားတေျပာေျပာနဲ႔
ေစာင့္ေနရရင္ အခ်ိန္ကုန္မွန္းမသိဘဲ
ကုန္သြားေတာ့ေကာင္းတာေပါ့။ အစ္ကို
တို႔ စင္ကာပူ ဘယ္လိုေရာက္လာသလဲ
ဆိုတဲ့ အေၾကာင္း ေျပာျပေတာ့ ကြၽန္
ေတာ္လည္း စင္ကာပူ ဘယ္လိုေရာက္
ဦးမယ္။
လာသလဲဆိုတဲ့အေၾကာင္း ေျပာျပရ
ကြၽန္ေတာ္ျဖစ္ခ်င္တာကဘုန္းႀကီး၊
ဒါေပမဲ့ − ျဖစ္ေနတာက သေဘၤာက်င္း မွာ လက္ေထာက္ဖိုမင္၊ ကြၽန္ေတာ့္ဘဝ
အေၾကာင္း ေျပာရရင္ ကြၽန္ေတာ့္အေမ
ကြၽန္ေတာ့္ကို မေမြးခင္ ကြၽန္ေတာ့္
ကိုယ္ဝန္ကို လြယ္မထားရခင္ မက္ခဲ့တဲ့
အိပ္မက္အေၾကာင္းပါပဲ။ အေမဟာ
၁၉၈၈ – ခုႏွစ္၊ မွတ္မွတ္ရရ ရွစ္ေလးလုံး
အေရးေတာ္ပုံမတိုင္မီ သုံးရက္အလို
ဩဂုတ္လ (၅) ရက္ေန႔မွာ ထူးထူးဆန္း
ဆန္းအိပ္မက္တစ္ခုမက္ခဲ့တယ္။ အိပ္မက္ထဲမွာ ေကာင္ကေလး ႏွစ္ေယာက္၊ အသက္ကေတာ့ ႏွစ္ဆယ္
ဝန္းက်င္ေလာက္ ရွိမယ္။ အိမ္ေရွ႕ၿခံ
တံခါးဝမွာ မေယာင္မလည္လုပ္ေနတာ ကိုေတြ႕ေတာ့ အေမကထြက္လာၿပီး ..
“ဘာကိစၥရွိလို႔လဲ- ေမာင္ေလး
ေမးလိုက္တယ္။
အဲဒီလိုေမးလိုက္ေတာ့ အဲဒီထဲက
တစ္ေယာက္က…
“ကြၽန္ေတာ္တို႔တကၠသိုလ္ေက်ာင္း
သားေတြပါ။ ဆႏၵျပေနတုန္း လုံထိန္း
ေတြက႐ိုက္ၿပီးအခ်ဳပ္ကားနဲ႔ ဖမ္းသြားခဲ့
တယ္။ ကားေပၚတင္ၿပီး ဖမ္းတဲ့ လူေတြ
မ်ားေတာ့အသက္ရႉလို႔ေတာင္ေကာင္း
ေကာင္းမရဘဲ ႏွစ္ေယာက္စလုံး သတိ
လစ္သြားခဲ့တယ္။ ျပန္သတိရလာေတာ့
အင္းစိန္ေထာင္ထဲမွာ အခ်ဳပ္ကားတံခါး
ကိုဖြင့္ၿပီး ရဲေတြက ဖမ္းလာတဲ့ ေက်ာင္း
သားေတြကို လက္ကို ေခါင္းေပၚတင္
ထားၿပီး ကားေပၚက ဆင္းခိုင္းေနၿပီ။ ဒါနဲ႔
ကြၽန္ေတာ္လည္း ကြၽန္ေတာ့္ေဘးမွာ
လဲေနတဲ့ အခု ကြၽန္ေတာ္နဲ႔အတူ ပါလာ
တဲ့သူငယ္ခ်င္းကိုအဖမ္းခံလို႔မျဖစ္ဘူး။
တို႔ အေျခအေနေပးရင္ ထြက္ေျပးၾက
မယ္”
လို႔ တိုးတိုးေျပာေတာ့ သူကလည္း ေခါင္းညိတ္တယ္။ အဲဒီေနာက္ ကြၽန္ ေတာ္တို႔ႏွစ္ေယာက္အားယူၿပီးထလိုက္
တယ္။ ဒီအခ်ိန္မွာ အခ်ဳပ္ကား တံခါးဝ
ကလုံၿခဳံေရးအရာရွိက …
“လူကုန္ၿပီ ဒဏ္ရာရတဲ့လူေတြကို ကားေပၚကေနခ်”
လို႔ေျပာလိုက္တယ္။ အဲဒီအခ်ိန္မွာ
သူ႔တပည့္ေတြက တံခါးဝမွာ ဆင္းလာ
တဲ့ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကိုေတာင္
ဆင္းတဲ့အထိမေစာင့္ဘဲ ကြၽန္ေတာ္တို႔
ႏွစ္ေယာက္ကို တြန္းတိုက္ၿပီး ဒဏ္ရာ
ရတဲ့လူေတြကို သယ္ခ်ဖို႔ ကားထဲ တက္
လာခဲ့တယ္။
ကြၽန္ေတာ္တို႔ႏွစ္ေယာက္ေအာက္
မေရာက္ခင္ အဲဒီလုံၿခဳံေရးအရာရွိကပဲ
ေအာက္မွာေရာက္ေနတဲ့ ေက်ာင္းသား
ေတြရွိရာကိုမ်က္ႏွာမူၿပီးေဆာင့္ေၾကာင့္
ထိုင္ခိုင္းေနတယ္။ ကြၽန္ေတာ္တို႔ ႏွစ္
ေယာက္ကို မျမင္သလိုပဲ ဘာမွမေျပာ ဘူး။ လက္နက္ကိုင္ထားတဲ့ အေစာင့္ ေတြကလည္းကြၽန္ေတာ္တို႔ႏွစ္ေယာက္
ကို လွည့္ေတာင္မၾကည့္ဘဲ ထိုင္ခိုင္း ထားတဲ့ ေက်ာင္းသားေတြအနားမွာပဲ ဝိုင္းၿပီးရပ္ေနၾကတာ။ ဒါနဲ႔ ကြၽန္ေတာ္တို႔
လည္းေၾကာက္ေၾကာက္နဲ႔ စြန႔္ၿပီး ထြက္
ေျပးခဲ့တာပဲ။ ဒါေပမဲ့ – ေနာက္လွည့္
ၾကည့္ေတာ့ ကြၽန္ေတာ္တို႔ေနာက္ကို
ဘယ္သူမွ လိုက္မလာဘူး။ ကြၽန္ေတာ္
တို႔ထြက္ေျပးတာမျမင္ၾကဘူးလားမသိ ဘူး။ ဒီလိုေျပးရင္းနဲ႔ ဂိတ္အေပါက္ဝ
တစ္ခု ေရာက္ေတာ့ အေျပးရပ္လိုက္
တယ္။ ေျပးထြက္သြားရင္ မသကၤာမွာ
စိုးလို႔ပါ။ တကယ္လို႔ သူတို႔က ေမးခဲ့ရင္
ေတာ့ ထြက္ေျပးမယ္ေပါ့။ အဲဒီဂိတ္က
အေစာင့္႐ုံနဲ႔ လက္မွတ္ထိုးၿပီး ဝင္ထြက္
ရတဲ့ဂိတ္ေပါက္လူအဝင္အထြက္တံခါး
ေလးပဲ ဖြင့္ထားတာ ကြၽန္ေတာ္တို႔ႏွစ္
ေယာက္ အဲဒီဂိတ္ကေန ေၾကာက္ေပ
မယ့္ ခပ္တည္တည္နဲ႔ ထြက္လာတာ ဘယ္သူမွ ကြၽန္ေတာ္တို႔ကို ေမးတာ ျမန္းတာ မရွိဘူး။ ဂ႐ုေတာင္ မစိုက္ၾက
ဘူး။ ဒီလိုနဲ႔ အျပင္ေရာက္တဲ့အထိ ေျပး
လာၾကတာပါ။ကြၽန္ေတာ္တို႔ထမင္းမစား ရတာ သုံးေလးရက္ရွိပါၿပီ အစ္မရယ္” လို႔ ေျပာတယ္တဲ့။ အဲဒီတုန္းက ကြၽန္ေတာ္လူဝင္စားမယ့္ ကြၽန္ေတာ့္ အေမကအသက္အစိတ္ပဲရွိေသးတယ္။
အေဖက အသက္သုံးဆယ္ ရွိၿပီေလ။ အဲဒီအခ်ိန္မွာစကားတစ္လုံးမွမေျပာတဲ့
ေကာင္ေလးက အေမ့ကို.
“ကြၽန္ေတာ္တို႔ ေနစရာလည္း မရွိ၊ စားစရာလည္းမရွိလို႔ ဒီအိမ္မွာပဲ အစ္မ တို႔နဲ႔အတူေနပါရေစ”
ဆိုၿပီးခြင့္ေတာင္းတယ္။ကြၽန္ေတာ္
တို႔ ေျပာသမွ်ကို ပထမတုန္းက အေမ
ဟာအံ့လည္းအံ့ဩ၊ သနားလည္းသနား
ၿပီး နားေထာင္ေနတာတဲ့။ ဒီအခ်ိန္မွာ
ေက်ာင္းသားေလးတစ္ေယာက္က
သူတို႔နဲ႔အတူေနပါရေစဆိုၿပီး ခြင့္လည္း ေတာင္းေရာသူလည္းေၾကာက္ေၾကာက္
လန႔္လန႔္နဲ႔ …
“ဟဲ့ – ဘယ္ျဖစ္မွာလဲ၊ နင္တို႔က ထြက္ေျပးလာတဲ့ ေက်ာင္းသားေတြ၊ နင္တို႔ကို လက္ခံလိုက္ရင္ ငါတို႔ အကုန္ လုံး ဒုကၡေရာက္ကုန္မွာေပါ့။ သြားၾက-
သြားၾက”
ဆိုၿပီး ႏွင္ထုတ္လိုက္တယ္တဲ့။
တကယ္ဆိုရင္ ကြၽန္ေတာ့္အေမဟာ
စိတ္ထား သေဘာထားေကာင္းတဲ့သူ။
တစ္ဖက္သား ဒုကၡေရာက္ရင္ ကူညီ
တတ္တဲ့ သူမ်ိဳးပါ။ ဒါေပမဲ့ – အာဏာရွင္
စနစ္ဟာ လူေတြကို ဘယ္ေလာက္
အထိ ေၾကာက္႐ြံ႕ေစခဲ့သလဲဆိုရင္ အိပ္
မက္ထဲမွာေတာင္ အေၾကာက္တရား
ေတြျဖစ္ေအာင္အုပ္ခ်ဳပ္ထားႏိုင္ခဲ့တယ္။
စာနာသနားေပမယ့္လို႔ အိပ္မက္ထဲမွာ
ေတာင္အစိုးရဆန႔္က်င္တဲ့ေက်ာင္းသား
ေတြဆိုၿပီး လက္မခံရဲခဲ့ဘူးေလ။ ဒါေပမဲ့
အဲဒီေက်ာင္းသားေလးကလည္းမေလွ်ာ့
ဘူးဗ်။မရမကအိမ္ထဲဝင္မယ္လုပ္တယ္၊
အေမကလည္း သူ႔ေရွ႕ကေန အတင္း
တားၿပီး..
သြား”
“ဟဲ့- သြားၾက-သြားၾက-ထြက္
ဆိုၿပီး ေအာ္တယ္။ ဒါေပမဲ့ – အဲဒီ
ေက်ာင္းသားေလးဟာအေမ့ကိုအတင္း တိုးဝင္တယ္၊ အေမကလည္း ျပန္တိုး၊ ေနာက္ဆုံးအေမ့ကိုယ္ထဲဝင္ၿပီးေပ်ာက္ သြားတယ္တဲ့။ အေမလည္း… “ဟဲ့-သြားေလ-သြား-သြား”
ဆိုၿပီး ေအာ္ရင္းနဲ႔ လန႔္ ႏိုးလာ တယ္။ အေဖလည္းလန႔္ႏိုးလာတာေပါ့။
ေနာက္ေတာ့အေဖကအေမ့ကိုေရတစ္ ခြက္ တိုက္တယ္။ အိပ္မက္အေၾကာင္း
ေမးေတာ့ အေမက မနက္က်ရင္ ေျပာ
ျပမယ္လို႔ ေျပာလိုက္တယ္။ အေဖ
ကေတာ့ အေမ့ကို အိပ္ေပ်ာ္ေအာင္ ျပန္
အိပ္၊ သူ အေမအိပ္တဲ့အထိ မအိပ္ဘဲ
ေစာင့္ေနမယ္လို႔ ေျပာတယ္တဲ့။ ဒါနဲ႔ပဲ
အေမလည္း ျပန္အိပ္ေပ်ာ္သြားတယ္။
မနက္မိုးလင္းေတာ့ အေမက အေဖ့ကို
ညက အိပ္မက္အေၾကာင္း ေျပာျပတာ
ေပါ့။ အေဖက အေရးအခင္းေတြျဖစ္ေန
ေတာ့ စိတ္စြဲၿပီး မက္တာေနမွာေပါ့တဲ့။
ဒီလိုနဲ႔ သိပ္မၾကာဘူးအေမ့မွာကိုယ္ဝန္
ရွိလာတယ္။
ေဩာ္ – အစ္ကိုတို႔ – ကြၽန္ေတာ္ ေျပာတာ စိတ္ဝင္စားရဲ႕လား။ ဪ –
ဟုတ္ကဲ့ စိတ္ဝင္စားရင္ ဆက္ေျပာျပပါ့
မယ္။ကြၽန္ေတာ့္အေၾကာင္းကေျပာရမွာ
နည္းနည္းရွည္လို႔ပါ။ ဒီလိုနဲ႔ပဲကြၽန္ေတာ့္
ကို ေမြးလာတယ္ ဆိုပါေတာ့။ ဒီအထိ
ကေတာ့ ဘာမွ မထူးျခားေသးဘူး။ ဒါေပမဲ့ ကြၽန္ေတာ္ အသက္သုံးႏွစ္သား
ေလာက္ေရာက္ေတာ့အဲဒီတုန္းက T.V
မွာ ေန႔တိုင္းပဲ စစ္သားေတြ ေတာ္လွန္ ေရးေန႔ စစ္ခ်ီတာေတြ ျပတယ္ေလ။ တကယ္လို႔လူႀကီးေတြက T.V ဖြင့္လိုက္ တဲ့အခါစစ္သားေတြခ်ီတက္တာျမင္ရင္ T.V ကို အတင္းပိတ္ခိုင္းတယ္။ “စစ္သားေတြမၾကည့္ဘူး၊ မႀကိဳက္
ဘူး၊ မၾကည့္ခ်င္ပါဘူး”
ဆိုၿပီး စူးစူးဝါးဝါး ေအာ္ငိုေတာ့တာ ပဲတဲ့။ ေနာက္စစ္ကားေတြ၊ေသနတ္ပစ္ ကားေတြကို အသက္ (၇) ႏွစ္ေလာက္ အထိ မၾကည့္ရဲဘူး။ ေၾကာက္တယ္ဆို ၿပီး ငိုတယ္။ အေဖက စိတ္ရွည္ရွည္နဲ႔ ရွင္းျပတယ္။
“သား – ႐ုပ္ရွင္ဆိုတာ တကယ္ မဟုတ္ဘူး။ ဟန္ေဆာင္လုပ္ျပတာ” ဆိုၿပီး ေျပာျပရတာေပါ့။ ဒါေပမဲ့ လည္းမၾကည့္ရဲဘူးတဲ့။ ေယာက္်ားေလး မို႔ အေဖက ကစားစရာ ေသနတ္ေတြ၊
ဘာေတြဝယ္ေပးရင္ ေၾကာက္တယ္ဆို
ၿပီး လႊင့္ပစ္တာေလ။ ကြၽန္ေတာ္ နည္း
နည္းပါးပါးမွတ္မိတယ္။ဒါေၾကာင့္အေဖ
နဲ႔ အေမက …
“တစ္ဦးတည္းေသာ သားေလး ေမြးထားတာ။ ေတာ္ၾကာ မိန္းမလ်ာ ျဖစ္ သြားရင္ ဒုကၡပါပဲ”
ဆိုၿပီး စိတ္ပူေနတာဆိုပဲ။ အဲဒီလို ကြၽန္ေတာ့္ရဲ႕ထူးျခားတဲ့အျပဳအမူေတြကို ၾကည့္ၿပီးေတာ့ အေဖက ကြၽန္ေတာ့္ ကိုယ္ဝန္မရခင္ အေမမက္တဲ့အိပ္မက္
ကို သြားသတိရၿပီး လူဝင္စားေလး ျဖစ္
မယ္လို႔ ေျပာေတာ့ အေမကလည္း
လက္ခံခဲ့တယ္။ေနာက္ေတာ့အေဖေရာ၊
အေမေရာကြၽန္ေတာ့္ရဲ႕အတိတ္ဘဝကို
သနားခဲ့ၾကၿပီး ပိုခ်စ္၊ ပိုက႐ုဏာသက္မိ တယ္လို႔ သူတို႔ကျပန္ေျပာျပတယ္။ ေနာက္တစ္ခုက ကြၽန္ေတာ္ ႏွစ္တန္းစာေမးပြဲႀကီးေျဖၿပီးလို႔ေႏြရာသီ ရက္တစ္ရက္မွာ အေဖဟာ ကြၽန္ေတာ့္ ကို သန္လ်င္ဘက္မွာ သူ႔သူငယ္ခ်င္း ဗီဒီယိုဒါ႐ိုက္တာတစ္ေယာက္ ဗီဒီယို ႐ိုက္ေနတဲ့ ႐ိုက္ကြင္းတစ္ခုကို ကြၽန္ ေတာ့္ကို ေခၚသြားခဲ့တယ္။ အဲဒီေန႔က ႐ိုက္ကြင္းမွာ မင္းသားနဲ႔ လူၾကမ္းေတြ ေသနတ္ပစ္တဲ့အခန္း႐ိုက္တယ္။ မင္း
သား ေသနတ္နဲ႔ပစ္လို႔ ေသတဲ့လူၾကမ္း
ေတြ အျပင္မွာ တကယ္မေသဘဲ ဟန္ ေဆာင္ အမူအရာလုပ္တယ္ဆိုတာ
မ်က္ျမင္ကိုယ္ေတြ႕ သိလိုက္ရတယ္။
အေဖကလည္း ထပ္ရွင္းျပတယ္။ အဲဒီ ေတာ့မွ စစ္ကားေတြ၊ ဇာတ္ၾကမ္းကား
ေတြ ၾကည့္ရဲလာတယ္ေလ။ ေနာက္ – ထူးျခားတာတစ္ခုက အသက္ (၁၅)ႏွစ္ေက်ာ္ေက်ာ္ ဆယ္ တန္းေျဖခါနီးအခ်ိန္ ေ႐ႊတိဂုံဘုရား သြားေတာ့ ပိတ္ျဖဴစင္ၾကယ္နဲ႔ မ်က္ႏွာ
သုတ္ပဝါကို ေခါင္းမွာ ေပါင္းထားတဲ့
အသက္(၈၀)ေက်ာ္ေလာက္အဘိုးႀကီး
တစ္ေယာက္နဲ႔ ေတြ႕တယ္။ လက္မွာ
လည္းသစ္ကိုင္းကိုလုပ္ထားတဲ့ေတာင္
ေဝွးတစ္ေခ်ာင္းကိုင္ထားတယ္။ ေတြ႕
တယ္ဆိုေပမယ့္ကြၽန္ေတာ္ကေတြ႕တာ
မဟုတ္ဘူး။ အဘိုးႀကီးကေနာက္ကေန
ကြၽန္ေတာ့္နာမည္လွမ္းေခၚတယ္။ “ဟိန္းနႏၵ – ဟိန္းနႏၵ”
လွည့္ၾကည့္ေတာ့ အဘိုးႀကီးကို
ေတြ႕ေတာ့ ..
“အဘ-ကြၽန္ေတာ့္ကို ေခၚတာ
လား”
လို႔ေမးေတာ့ ….
“ဟိန္းနႏၵက မင္းနာမည္ မဟုတ္ လား။ မင္းကိုမေခၚလို႔ ဘယ္သူ႔ကိုေခၚရ
မလဲ”
လို႔ေျပာေတာ့…
“ဟင္ – အဘ ကြၽန္ေတာ္နာမည္
ဘယ္လိုလုပ္သိလဲ”
လို႔ ေမးေတာ့ ..
နာမည္တင္ ဘယ္ကပါ့မလဲ။ တျခားသိတာေတြ ရွိေသးလို႔ မင္းကို
ေျပာခ်င္ေသးတယ္ဆိုၿပီး သူက … “သားကလူဝင္စားဆိုတာသိတယ္
မဟုတ္လား” တဲ့။
ကြၽန္ေတာ္လည္း ႐ုတ္တရက္ ေၾကာင္ေတာင္ေတာင္နဲ႔ ဘာေျပာရမွန္း မသိ ျဖစ္ေနတုန္း …
“မင္းအေမ မင္းကိုယ္ဝန္ မရခင္ တုန္းက အိပ္မက္ မက္တာ ေျပာျပဖူး တယ္မဟုတ္လား”တဲ့။
အဲဒီေတာ့မွ ကြၽန္ေတာ္လည္း ေခါင္းညိတ္ျပလိုက္ေတာ့ အဘက … “ငါ့သား အဘေျပာတာေတြ ေသခ်ာမွတ္ထား။ မင္းက သာသနာ့ ေဘာင္ထဲဝင္ၿပီး သာသနာ့ျပဳရဦးမယ္။ အေႏွာင့္အယွက္ေတြရွိမယ္။စိတ္မပ်က္
နဲ႔သား။ ႏွစ္ႀကိမ္တိုင္တိုင္ သာသနာ့ ေဘာင္ထဲဝင္ၿပီးသာသနာျပဳရလိမ့္မယ္။
ေနာက္-အဘေျပာခ်င္တာကဝဋ္ေႂကြး
ရွိရင္ ဘုရား၊ ရဟႏၲာတို႔ပင္လွ်င္ေပးဆပ္
ရတယ္ကြဲ႕။ ဘယ္လိုအခက္အခဲအတား
အဆီးေတြရွိပါေစႀကံ့ႀကံ့ခံၿပီးေက်ာ္လႊား
ႏိုင္ေအာင္ႀကိဳးစားရမယ္။ဒါမွေယာက္်ား
ေကာင္းတစ္ေယာက္ ပီသမယ္ ၾကား
လား-ငါ့သား”
ကြၽန္ေတာ္က ဟုတ္ကဲ့ဆိုၿပီး ေငြ
အခ်ိဳ႕လႉေတာ့ ..
“အဘ-ဘဝမွာေငြေၾကးကအသုံး
မဝင္ပါဘူး သားရယ္”
လို႔ ေျပာတာနဲ႔ လက္ထဲမွာ ဘုရား လႉဖို႔ ဝယ္လာတဲ့ ပန္းေတြနဲ႔ တံခြန္၊
ကုကၠားေတြ သူ႔ကိုေပးၿပီး..
“အဘ – ဒါကို ဘုရားလႉလိုက္၊ ကြၽန္ေတာ့္အတြက္ ထပ္ဝယ္လိုက္ပါ့
မယ္”
ဆိုေတာ့သူကသာဓုေခၚၿပီးယူထား
လိုက္တယ္။ ကြၽန္ေတာ့္စိတ္ထဲမွာေတာ့ ဒီအဘိုးႀကီး ေျပာထားတဲ့ စကားေတြ ဟာ တစ္မ်ိဳးႀကီးပဲ။ ဒီလိုနဲ႔ ဆယ္တန္း
စာေမးပြဲ ေျဖၿပီးေတာ့ အေမက “သၾကၤန္တြင္းကိုရင္ဝတ္ၿပီးတရား စခန္းဝင္ပါလား သား၊ ဆယ္တန္းေျဖ ထားတာဆိုေတာ့ အေရးႀကီးတယ္။
စာေမးပြဲေအာင္.ေအာင္ ကံေကာင္းဖို႔ လိုတယ္”
ဆိုတာနဲ႔ကြၽန္ေတာ္လည္းစိတ္မပါ
တပါနဲ႔ ကိုရင္ဝတ္ၿပီး တရားစခန္း ဝင္ ခဲ့တယ္။ မိုးကုတ္ဝိပႆနာတရားစခန္း မွာေလ။ အဲဒီေတာ့မွ ပဋိစၥသမုပၸါဒ္နဲ႔ ငါ သူတစ္ပါး ေယာက္်ား မိန္းမ မရွိတာ တို႔၊ ျဖစ္ျခင္းပ်က္ျခင္းပဲရွိတာတို႔သိလာ တယ္။ တရားကလည္း ထိုင္လို႔ေကာင္း တုန္းရွိေသးတယ္။ (၇) ရက္တရားစခန္း ကၿပီးသြားေရာ။ ဒါနဲ႔ – ကိုရင္ ဆက္ဝတ္ ခ်င္ေသးတယ္။ လူမထြက္ခ်င္ေသးဘူး လို႔ ေျပာေတာ့ အေဖက ေအာင္စာရင္း
လည္းမထြက္ေသးဘူးဆိုေတာ့ဝတ္ခ်င္ ဝတ္ေပါ့ဆိုၿပီး ခြင့္ျပဳလိုက္တယ္။ အေမ ကေတာ့ ကြၽန္ေတာ့္ကို သတိရဆိုလို႔
အိမ္ကို တစ္ပတ္တစ္ခါ ႂကြေပးရေသး
တယ္။ ကိုရင္ဝတ္နဲ႔ ဆြမ္းခံႂကြရေသး
တယ္။ ၾကည္ႏူးစရာ သိပ္ေကာင္းတာပဲ။
တျဖည္းျဖည္းနဲ႔ စာေမးပြဲေအာင္စာရင္း ထြက္ခါနီးေတာ့ မိဘေတြက …
“ကိုရင္- ေအာင္စာရင္းထြက္ေတာ့
မယ္ေနာ္။ လူ မထြက္ေသးဘူးလား” လို႔ေမးေတာ့ကြၽန္ေတာ္တစ္သက္ လုံးရဟန္းဘဝနဲ႔ပဲေနခ်င္တယ္လို႔ေျပာ လိုက္ေတာ့လူႀကီးေတြမ်က္လုံးျပဴးသြား
တယ္။ ဆရာေတာ္ကေတာ့ၿပဳံးၿပဳံးၿပဳံးၿပဳံး
နဲ႔သေဘာက်ေနသလိုပဲ။ ဒီေတာ့အေဖ အေျမာ္အျမင္ႀကီးႀကီးနဲ႔ စဥ္းစားၿပီး ကြၽန္ေတာ့္ကိုေျပာတယ္။
“ကိုရင္တစ္သက္လုံးသကၤန္းစည္း
ၿပီး ရဟန္းဘဝနဲ႔ပဲ ေနမယ္ဆိုတာေတာ့ ေကာင္းပါတယ္။ ဒါေပမဲ့ – အနာဂတ္ကို
တပည့္ေတာ္လည္း ႀကိဳမျမင္ႏိုင္သလို
ကိုရင္လည္း သိႏိုင္တာမဟုတ္ဘူး။
အကယ္၍ သာသနာ့ေဘာင္မွာ မေပ်ာ္
လို႔ပဲျဖစ္ျဖစ္အေၾကာင္းေၾကာင္းေၾကာင့္
လူထြက္လာခဲ့ရင္ပညာတစ္ပိုင္းတစ္စနဲ႔
ဘာလုပ္စားမလဲ။ တပည့္ေတာ္တို႔မွာ
လည္း အေမြ ေပးစရာ ေ႐ႊ၊ ေငြ၊ ဥစၥာ
ပစၥည္း ရွိတာမဟုတ္ဘူး။ ဒါေၾကာင့္
ကိုရင့္ကို ပညာပဲတတ္ေအာင္ သင္ေပး ေနရတာဆိုၿပီးေလွ်ာက္တယ္”
အဲဒီတုန္းက ကြၽန္ေတာ္ကလည္း
သိပ္စိတ္အားထက္သန္ေနေတာ့…
“ဘုန္းႀကီးဝတ္နဲ႔ အေဝးသင္တက္ ေနတဲ့ဦးပၪၥင္းေတြရွိတာပဲ။ ကိုရင္လည္း အဲဒီလို တကၠသိုလ္လည္းတက္၊ စာဝါ လည္းလိုက္မွာေပါ့”
လို႔ ျပန္ေျပာလိုက္တယ္။ ဆရာ
ေတာ္ႀကီးကလည္းဝင္ေျပာတယ္။
“သူ သိပ္ဆႏၵျပင္းျပရင္ လုပ္ပါေစ။ မေပ်ာ္ေတာ့လည္းထြက္ပါေစ”
တဲ့။ ဒါနဲ႔ လူႀကီးေတြလည္း လက္ ေလွ်ာ့လိုက္ရတယ္ေလ။ ဒါေပမဲ့-အေဖ
နဲ႔ ကြၽန္ေတာ္ အေပးအယူလုပ္ရေသး
တယ္။ တကယ္လို႔ အတန္းေက်ာင္းကို
ႏွစ္ခ်င္းေပါက္မေအာင္ခဲ့ရင္လူထြက္ၿပီး
ဘြဲ႕ရတဲ့အထိေက်ာင္းတက္ရမယ္ဆိုတဲ့
ကတိပါပဲ။ဒီလိုနဲ႔အေဝးသင္တကၠသိုလ္
တက္ခဲ့တာ။ အဲဒီတုန္းက ကြၽန္ေတာ္
ဆယ္တန္းေအာင္တဲ့အမွတ္က အခု
စင္ကာပူမွာ အလုပ္ရႏိုင္တဲ့ Geology
ယူရင္ရတယ္။ဒါေပမဲ့-ပါဠိပဲယူခဲ့တယ္။
ပရိယတ္မွာ အေထာက္အကူျပဳေအာင္
လို႔ပဲ။ဒါနဲ႔ပဲပထမႏွစ္မွာပထမငယ္တန္း
နဲ႔ တကၠသိုလ္ ပထမႏွစ္ေအာင္ျမင္ခဲ့
တယ္။ ဒုတိယႏွစ္မွာ ပထမလတ္တန္း ကို တစ္ႏွစ္တည္းနဲ႔ ေအာင္ခဲ့သလို အေဝးသင္ ဒုတိယႏွစ္ကိုလည္းေအာင္ ခဲ့ျပန္တယ္။
၂ဝဝ၇- ခုႏွစ္၊ အေဝးသင္တတိယ ႏွစ္တက္ေနရင္း ပထမႀကီးတန္း စာဝါ လိုက္ေနခဲ့တယ္။ အဲဒီႏွစ္မွာ ျဖစ္ခဲ့တဲ့ ေ႐ႊဝါေရာင္ေတာ္လွန္ေရးနဲ႔ အတူ
ကြၽန္ေတာ့္ရဲ႕ဘဝ၊ကြၽန္ေတာ့္ရဲ႕ေမွ်ာ္လင့္ ခ်က္ေတြဟာ ပ်က္စီးသြားခဲ့ပါေတာ့
တယ္ဗ်ာ။ ပထမ သံဃာေတာ္ေတြ ေမတၱသုတ္႐ြတ္ၿပီး စီတန္းလွည့္လည္
ေတာ့ စိတ္ထဲက ႀကိတ္ၿပီး သေဘာက်
ေနေပမယ့္ကိုယ္တိုင္ကိုယ္က်မပါေသး
ဘူး။ ေနာက္ေတာ့ ဘဝတူ သံဃာေတြ
စာဝါမလိုက္ဘဲဒါယကာ၊ဒါယိကာမေတြ
အက်ိဳးအတြက္ ေမတၱသုတ္ေတြ ႐ြတ္၊
စီတန္းလွည့္လည္ခ်ိန္မွာ ကိုယ္မပါဘဲ
ေနရတာစိတ္မသန႔္သလိုတာဝန္မေက်
သလို ခံစားမိတယ္။ တကယ္ေတာ့
ကြၽန္ေတာ္ ဆြမ္းခံႂကြခဲ့တဲ့ရပ္ကြက္ဟာ
ဆင္းရဲသားရပ္ကြက္မို႔ ဆင္းရဲသား
ျပည္သူေတြရဲ႕အေၾကာင္း ကြၽန္ေတာ္
မ်က္ျမင္ကိုယ္ေတြ႕ သိခဲ့ရတာပါ။ အခု ေခတ္ ဟိုဝန္ႀကီးက ထမင္းတစ္နပ္
ေလွ်ာ့စားပါလို႔ ေျပာတာ အခုမွ အဲဒီ
အခ်ိန္တုန္းက အဲဒီလက္လုပ္လက္စား
ဆင္းရဲသားရပ္ကြက္မွာ မနက္စာညစာ
ေပါင္းၿပီး ေန႔လယ္ႏွစ္နာရီေလာက္မွ
ထမင္းတစ္နပ္ပဲ စားရရွာတာပါ။
ဒီလူေတြအတြက္ တတ္ႏိုင္သမွ်
ေဆာင္႐ြက္ေပးခ်င္တဲ့ စိတ္လည္း ရွိ
တယ္။ ဗုဒၶဘာသာထြန္းကားတဲ့ ႏိုင္ငံမို႔
သံဃာေတြက ဦးစီးၿပီး ေတာင္းဆိုရင္
အထိုက္အေလ်ာက္ေတာ့ လိုက္ေလ်ာ
ႏိုင္ေကာင္းရဲ႕လို႔ ထင္မိတာေလ။ ဒါ
ေၾကာင့္မို႔စက္တင္ဘာလ (၂၄) ရက္ေန႔ ကစၿပီး ေမတၱသုတ္ဆိုၿပီး စီတန္းလွည့္
လည္တဲ့ သံဃာေတြနဲ႔အတူ ပါဝင္ခဲ့
တယ္။ လုပ္မိတဲ့အတူ မထူးဘူး၊ ေအာင္
ျမင္တဲ့အထိ လုပ္မယ္ဆိုၿပီး ေက်ာင္း
မျပန္ေတာ့ဘဲ ဗဟန္းထဲက ေက်ာင္း
တိုက္တစ္ခုမွာပဲ က်ိန္းလိုက္တယ္။
စက္တင္ဘာ (၂၄)ရက္ေန႔ ညနဲ႔ (၂၅)
ရက္ ႏွစ္ရက္၊ စက္တင္ဘာ (၂၆)ရက္
ေန႔မွာေတာ့ ပစ္မိန႔္က်ထားတယ္ဆိုတဲ့ သတင္းေတြထြက္ေနမယ့္ ပစ္ခါမွပစ္
ေရာ ဆိုၿပီး ႂကြခ်ီလာခဲ့ၾကတယ္ေလ။
သံဃာေတာ္ေတြကလည္း ေ႐ႊတိဂုံ
အလယ္ ပစၥယံမွာ တစ္ဖြဲ႕၊ ေညာင္တုန္း
ေက်ာင္းတိုက္မွာ တစ္ဖြဲ႕၊ မဟာဝိဇယ
ဘုရားမွာ တစ္ဖြဲ႕၊ ေၾကးသြန္းဘုရား
အနားမွာ တစ္ ဖြဲ႕အဖြဲ႕ကြဲေနၾကတယ္
ေလ။ ဘာလို႔လဲဆိုေတာ့အဲဒီေနရာေတြ
မွာ ရဲနဲ႔တပ္က ေနရာယူထားၾကတာ
ကိုး။
အဲဒီအခ်ိန္တုန္းက ကြၽန္ေတာ္တို႔ ကေ႐ႊတိဂုံဘုရားအလယ္ပစၥယံမွာေလ။ ရဲတပ္ဖြဲ႕ရဲ႕အႀကီးအကဲကလည္း အရွင္
ဘုရားတို႔ ေက်ာင္းျပန္ၾကပါ။ တပည့္
ေတာ္တို႔ ေက်ာင္းလိုက္ပို႔ေပးပါ့မယ္လို႔
ေျပာတယ္။ ဒါေပမဲ့- သံဃာေတြကမယုံ
ၾကဘူး။ တစ္ခါတည္း ဖမ္းၿပီး ေထာင္ထဲ
ေခၚမလို႔ဆိုၿပီး ထင္ၾကတာပဲ။ ဒါနဲ႔ ဆရာ
ေတာ္ႀကီးတစ္ပါးက…
“ကဲ-ကိုယ္ေတာ္တို႔ ေက်ာင္းျပန္ ၾကမလား။ ဆက္ၿပီးႂကြၾကမလားလို႔”
ေမးေတာ့ သံဃာေတြက ေက်ာင္း ျပန္ရင္လည္းေနာက္ေက်ာင္းေရာက္တဲ့
အခါလိုက္ဖမ္းမယ့္အတူတူပ်ံလြန္ေတာ္
မူရင္ မူပါေစ၊ ဆက္ႂကြမယ္ဆိုၿပီး ဆက္
ႂကြေတာ့ သူတို႔နဲ႔ ထိပ္တိုက္ေတြ႕ၾက
ေတာ့တာပါပဲ။ အဲဒီအခ်ိန္မွာ သံဃာ
ေတာ္ေတြကထိုင္လိုက္ၿပီးေတာ့ ေမတၱ
သုတ္ကို ႐ြတ္ၾကေတာ့တာပါပဲ။ ေခတ္
အဆက္ဆက္က ဆႏၵျပခဲ့တဲ့အခါလိုက္
ေလ်ာတာတို႔၊ ညႇိႏႈိင္းတာတို႔ တစ္ခါမွ
မလုပ္ဖူးခဲ့တဲ့အာဏာရွင္စစ္အစိုးရဟာ
သူတို႔ေျဖရွင္းတတ္တဲ့အၾကမ္းဖက္ႏွိမ္ နင္းတဲ့နည္းနဲ႔ပဲ ေျဖရွင္းခဲ့တယ္။
ဘုရားရွင္သက္ေတာ္ထင္ရွားရွိစဥ္
တုန္းက ကိုယ္ေတာ္တိုင္ ႐ြတ္ဆိုခဲ့တဲ့ ေမတၱသုတ္ကို ဘုရားရွင္ရဲ႕သား၊ သံဃာ
ေတာ္မ်ား ႐ြတ္ဆိုၾကတဲ့အခါ ဥပေဒခ်ိဳး
ေဖာက္တယ္လို႔ ယူဆၿပီး ေသနတ္ေတြ
မိုးေပၚေထာင္ေဖာက္။ ေနာက္ေတာ့
သံဃာေတြထဲကို မ်က္ရည္ယိုဗုံးေတြ
ပစ္သြင္းၿပီး အတင္း႐ိုက္ႏွက္ဖမ္းဆီးခဲ့
ၾကတယ္။ ကြၽန္ေတာ္လည္း အဲဒီမွာ
တစ္ခါတည္း အဖမ္းခံလိုက္ရေတာ့တာ
ပဲ။ ေထာင္သုံးႏွစ္က်သြားတယ္။ ကိုရင္
ဘဝပဲ ရွိေသးလို႔ သက္သက္ညႇာညႇာနဲ႔
ခ်လိုက္တာထင္တယ္။ ဦးပၪၥင္းေတြကို
တခ်ိဳ႕(၅) ႏွစ္ေလာက္က်တယ္။ေနာက္
သမၼတႀကီး ဦးသိန္းစိန္ တက္လာမွ
လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ လြတ္လာတာ။
ေထာင္က လြတ္ေတာ့ မိဘေတြကို
သကၤန္းလည္း ျပန္စီးလို႔လည္း မရ၊
ေက်ာင္းျပန္တက္လို႔လည္း မရမယ့္
အတူတူ အလုပ္လုပ္မယ္လို႔ ေျပာလိုက္ တယ္။ တကယ္ဆို ေထာင္ထဲမွာ
ကတည္းကကြၽန္ေတာ့္ဆီေထာင္ဝင္စာ လာေတြ႕တဲ့ မိဘေတြကို သနားေနတာ၊ ဟိုတစ္ခ်ိန္တုန္းက ဘုရားေပၚမွာ ေတြ႕ ခဲ့တဲ့ အဘေျပာသလိုေပါ့။ ဝဋ္ေႂကြးရွိ ေတာ့ေပးဆပ္ရတာေပါ့။ အဲဒါနဲ႔ အလုပ္
လုပ္မယ္၊ မိဘကို ဓမၼနဲ႔ ေက်းဇူးဆပ္ခြင့္ မရရင္ လူဝတ္နဲ႔ လုပ္ေကြၽးပါေစဆို
ေတာ့ ..
“ကိုရင္လူထြက္က ဘာလုပ္တတ္ မွာလဲ။ ပင္ပင္ပန္းပန္း လုပ္ႏိုင္လို႔လား”
အေဖကေျပာတယ္။ ဒါေၾကာင့္… “ေထာင္ထဲမွာ ၾကမ္းၾကမ္းတမ္း တမ္းေနခဲ့ရတာ၊ ရပါတယ္”
လို႔ ေျပာေတာ့ လူႀကီးေတြက စိတ္
မေကာင္းၾကဘူးေပါ့။
“ဒါဆိုလည္း ဒီမွာ လုပ္မေနနဲ႔။
ႏိုင္ငံျခား သြားလုပ္ကြာ”
ဆိုၿပီး အေဖက ရွိစုမဲ့စုေလးေတြနဲ႔ စင္ကာပူကို ပို႔လိုက္တာပဲ။ ကြၽန္ေတာ္ အခု ဒီေရာက္တာ (၄) ႏွစ္ ျပည့္ေတာ့ မယ္။တစ္ေခါက္ေတာ့ျပန္ၿပီးၿပီ။ (၂)ႏွစ္
ျပည့္တုန္းက ေနာက္ (၂) ႏွစ္ ျပည့္ရင္
ျပန္ဦးမယ္။ ဟုတ္ကဲ့ – မိဘလုပ္ေကြၽးလို႔
ထင္ပါရဲ႕။ အလုပ္အကိုင္ အဆင္ေျပ ပါတယ္။ ပထမေတာ့ General Worker ေပါ့။ ေနာက္ေတာ့ Supervisor နဲ႔ မန္ ေနဂ်ာက ကြၽန္ေတာ့္ကို ႐ိုးသားတယ္။
ႀကိဳးစားတယ္ ဆို ၿပီး Assistance Foreman ရာထူးတိုးေပးတယ္။
ကြၽန္ေတာ္ အခုလို ဒုကၡခံၿပီး မဲလာ
ေပးရတဲ့ရည္႐ြယ္ခ်က္ကကြၽန္ေတာ္ဆို
ပထမဘဝတုန္းကလည္း အဖမ္းခံခဲ့
ရတယ္။ဒုတိယဘဝမွာလည္းေထာင္က်
တယ္။ တကယ္လို႔ အခုခ်ိန္မွာမေျပာင္း
လဲဘဲနဲ႔ေနာက္မ်ိဳးဆက္သစ္လက္ထက္
ေရာက္သြားလို႔ ဒီအတိုင္းပဲဆိုရင္ သူတို႔
ကလည္းလိုခ်င္တာရွိရင္ဆႏၵျပေတာင္း
ဆို၊ အစိုးရလည္း အၾကမ္းဖက္ႏွိမ္နင္း
ေထာင္ခ်နဲ႔ သံသရာ လည္ေနမွာပဲ။
ဒါေၾကာင့္ အခုအခ်ိန္မွာ အမွန္တကယ္
ေျပာင္းလဲေစခ်င္တဲ့စိတ္နဲ႔ ေျပာင္းလဲပါ
ေစဆိုၿပီးမဲလာေပးခဲ့တာပါ။ ေျပာရမယ္
ဆိုရင္ကြၽန္ေတာ္လည္းႏွစ္ဘဝအက်ဥ္း
သားကေနသုံးဘဝေျမာက္အက်ဥ္းသား
မျဖစ္ခ်င္ေတာ့ပါဘူးဗ်ာ။
(ေ႐ႊဝါေရာင္ေတာ္လွန္ေရးတြင္ ပါဝင္ခဲ့သူတစ္ဦး၏ ျဖစ္ရပ္မွန္ကို အေျခ
ခံ၍ေရးသားထားပါသည္။)