* ပညာပြိုင်ခြင်းသို့မဟုတ်မြွေနက်မှော်*📖📖📖
*******************************************
ရေးသားသူ—–ရဲဝင်းထွန်း
ယခုနေ့ကတော့အရင်နေ့များနဲ့မတူမိုးလင်းကတည်းကလည်း မိုးများရွာသွန်းလျှက်ရှိနေခဲ့တယ် အချိန်အခါမဟုတ်ရွာသည့်မိုးကလည်း ရာသီဉတု ဖောက်ပြန်ခြင်းလို့လည်းပြောတတ်ကြသလိုတစ်ချို့ကတော့ မကောင်းတဲ့အရာများဖြစ်မည့်အတွက်အချိန်အခါမဟုတ်ရွာသွန်းနိမိတ်ပြတာလို့လည်းပြောကြပြန်တယ် ကျုပ်ကလည်းအိပ်ယာပေါ်လှဲနေလိုက်ပြီးတော့လည်း ညက ကြုံခဲ့ရတဲ့ဖုတ်ကောင်အကြောင်းနဲ့ ကျုပ်ရဲ့လေးထောင့်ပိတ်မှော်အကြောင်းကိုလည်းတွေးနေမိတယ် ကျုပ်ကတကယ်ပဲပထမဆုံးသောမှော်ဖြစ်တဲ့လေးထောင့်ပိတ်မှော်ကိုတတ်မြောက်သွားပြီလားမဆိုနိုင်ဘူးလေ ကျုပ်ရဲ့ကိုယ်ထည်းမှာကတော့ မှော်မျှင်များရှိနေတယ်ဆိုတာကလည်းအသေအချာဖြစ်တယ် ကျုပ်ကလည်း ဉီးကြီးမောင်ကိုသွား၍ပြောပြမည်တွေးပေမယ့်လည်း မိုးရွာနေတော့မသွားရသေးဘူးပေါ့ဗျာ ကျုပ်ကတော့လှဲနေရာမှထ သေတ္တာလေးကိုဖွင့်လိုက်ပြီးတော့လည်းစာအုပ်ကိုထုတ် ကျျုပ်နားလည်နိုင်တဲ့ နောက်ထပ်အကြောင်းအရာများရှိသေးလားဆိုပြီးတော့လည်းရှာဖွေနေတာပေါ့ ဒါပေမယ့်လည်း ကျုပ်နားလည်နိုင်တဲ့အကြောင်းအရာတစ်ခုမှမရှိဘူးလေ
ကျုပ်ကလည်းစာအုပ်ကိုပြန်သိမ်းလိုက်ပြီးတော့လည်း အိမ်ပေါ်မှ ဆင်းလာခဲ့တယ်
“အဖေနဲ့အမေဒီနေ့အချိန်အခါမဟုတ်မိုးတွေရွာနေတယ်နော်” ကျုပ်ကလည်းတန်းလျားမှာမျက်နှာချင်းဆိုင်အနေအထားနဲ့ထိုင်နေတဲ့အဖေနဲအမေကိုတွေ့တော့လည်းစကားစလိုက်တယ် အဖေကတော့ ရှေ့မှာချထားတဲ့ပန်းကန်ထည်းကထန်းညှက်တစ်ခဲကိုယူကာဝါးလိုက်ပြီးတော့လည်း “ဟုတ်တယ်ငါ့သားရဲ့ဒီနေ့မှထူးထူးခြားခြားမိုးတွေရွာနေတာကွမင်းအမေတောင်မိလှကြည်ဆီကိုသွားမလို့မိုးရွာနေတာနဲ့မသွားဖြစ်လို့ငါနဲ့စကားပြောနေကြတာ” “ဒါနဲ့အမေကအမလှကြည်ဆိီကိုဘာသွားလုပ်မလို့လည်းဗျ” “ဘာရယ်မဟုတ်ပါဘူးဟယ် ဖရုံမျိုးကောင်းကောင်းတွေရှိတယ်လာယူလဲ့ဆိုလု့ိသွားမလို့ ဒါနဲ့နင်မျက်နှာသစ်မယ်ဆိုအိမ်ထည်းမှာပဲသစ်နော်အပြင်မထွက်နဲ့နှာစေးနေမယ်” အမေပြောလိုက်တော့လည်းကျုပ်ကခေါင်းညိတ်ပြရင်း ဆားအိုးထည်းကဆားအနည်းငယ်ကိုလည်းယူပြီးတော့သွားတိုက်မျက်နှာသစ်နေတာပေါ့ မျက်နှာသစ်ပြီးတော့မနက်စာစား မိုးရွာနေတာကြောင့်လည်း အပြင်ကိုသွားစရာမရှိလေ အမေတို့နဲ့စကားခနပြောပြီးတော့လည်း ပြန်အိပ်မယ်ဆိုပြီးအိမ်ပေါ်တက်ခဲ့တယ် ကျုပ်ကလည်း နဖူးပေါ်လက်တင်ဟိုတွေးဒီတွေးတွေးနေရင်းကလည်းဘယ်အချိန်အိပ်ပျော်သွားသည်လည်းမသိဘူးလေ ကျုပ်ကလည်းအိမ်မက်တစ်ခုကိုမက်တယ် အိမ်မက်ထည်းမှာလည်း မြွေများဘေးဘီဝဲယာမှခြံရံလျှက်ရှိနေတဲ့ အသက်၇၀အရွယ်အဘိုးအိုတစ်ယောက်နဲ့ ဉီးကြီးမောင်ကလည်းမျက်နှာချင်းဆိုင်ရပ်လျှက်ရှိနေခဲ့တယ်သူတို့နှစ်ဉီးကြားအကွာအဝေးကလည်းဝါးတစ်ပြန်စာသောက်သာခြားတယ်လေ ဉီးကြီးမောင်ကလည်းခက်ထန်တဲ့မျက်လုံးများနဲ့ထိုသူကိုကြည့် ထိုသူကလည်း ဉီးကြီးမောင်ကိုသေချာစိုက်ကြည့်နေတယ်လေ ရုတ်တရက်လည်း ထိုသူရဲ့ဘေးမှမြွေကြီးများကလည်း အရှိန်အဟုန်နဲ့ ဉီးကြီးမောင်ထံပြေးဝင်လာခဲ့ကြတယ် ဉီးကြီးမောင်ကလည်းခြေတစ်ချက်ဆောင့်လိုက်တော့ ငန်းပုပ်များ မြွေပွေး မြွေဟောက်စသည့်မြွေများကလည်း ဉီးကြီးမောင်အနားရောက်တော့ ကျောက်ရုပ်များဖြစ်သွားကြတယ် ဉီးကြီးမောင်အားပေါက်ရန်ရွယ်ထားသည့်ဟန်နဲ့ကျောက်ရုပ်များလည်းဖြစ်ပါတယ် ဉီးကြီးမောင်ကလက်ဖျောက်တစ်ချက်တီးလိုက်တော့လည်း ထိုမြွေရုပ်များကပဲ့ထွက်ကုန်ကြပြီး ပြောက်ကွယ်သွားကြတယ်
ဉီးကြီးမောင်ကလည်းစက်တွေထုတ်ပြီးပြစ်တော့လည်း ထိုအဘိုးကြီးကရှောင်တိမ်းရင်းစက်များနဲ့ပြန်ပြစ်နေတာပေါ့ တစ်ခါတော့လည်း အဘိုးကြီးပြစ်လိုက်တဲ့စက်တစ်ခုကဉီးကြီးမောင်ကိုပြေးမှန်ပြီးတော့လည်းနောက်ကိုလွှင့်ထွက်သွားတယ်လေ “ဉီးကြီးမောင်…..ဉီးကြီးမောင်” ကျုပ်ကလည်းဉီးကြီးမောင်ကိုစိတ်ပူပြီးတော့လည်းအော်ဟစ်လိုက်တော့ အိပ်ယာမှလန့်နိုးအိမ်မက်မက်နေသည်ဆိုမှပဲသက်ပြင်းချလိုက်နိုင်တယ် “ဟဲ့သာလှရယ်ဘာများဖြစ်တာလည်းတကယ်ပဲ အလန့်တကြားနဲ့” ကျုပ်လန့်၍အော်ဟစ်သံကိုလည်းအမေကကြာပြီးတော့လည်း ထမင်းချက်နေရင်းတန်းလန်းယောင်းမကြီးကိုင်ပြီးအိမ်ပေါ်တက်လာတာပေါ့ “ဘာမှမဟုတ်ပါဘူးအမေရယ်အိပ်နေရင်းအိမ်မက်စိုးတွေမက်လို့ပါ” “အော်ဒါဆိုလည်းမျက်နှာသွားသစ်ပြစ်လိုက်မနက်စောစောမက်တဲ့အိမ်မက်စိုးကတကယ်ဖြစ်တတ်တယ်ဟဲ့မြန်မြန်မျက်နှာသစ်ပြစ်”
အမေ့စကားကြားတော့လည်းကျုပ်ရင်ထည်းပူလောလောကြီးဖြစ်သွားတာပေါ့ ကျုပ်ကလည်း ဉီးကြိိးမောင်ကိုအိမ်မက်ထည်းကအတို်င်းမဖြစ်စေလိုဘူးလေ အစိုးရိမ်ကြီးပြီးတော့လည်း မျက်နှာမြန်မြန်သစ်လိုက်တယ် ကျုပ်အိပ်တာကလည်းဘလောက်ကြာသည်မဆိုနိုင် မိုးများပင်စဲသွားခဲ့ပြီ ရွာလမ်းမပေါ်မှာလည်း ရေအိုင်များကိုတွေ့ရတယ် ကျုပ်ကလည်း ဉီးကြီးမောင်အိမ်ကိုထွက်လာခဲ့လိုက်တယ် “ဉီးကြီးမောင်ဗျို့ဉီးကြီးမောင်” “သာလှလားဝင်လာခဲ့လေကွာငါအထည်းမှာရှိတယ်” ကျုပ်ကလည်းအနည်းငယ်ဟနေတဲ့ခြံတံခါးကိုဖွင့်ပြီးတော့လည်းဝင်လာခဲ့တာပေါ့ အိမ်ထည်းဝင်လိုက်တော့လည်း ဆေးတံကြီးသောက်ပြီးတန်းလျားမှာထိုင်နေတဲ့ဉီးကြီးမောင်ကိုလည်းတွေ့ရတယ် ကျုပ်ကလည်းဉီးကြီးမောင်ရဲ့မျက်နှာချင်းဆိုင်မှာထိုင်လိုက်တာပေါ့ “ကဲဆိုစမ်းပါအုံးဘာကိစ္စလည်း” “ကိ္စ္စကတော့မနေ့ညကကြုံခဲ့တဲ့အဖြစ်အပြက်အကြောင်းသိချင်လု့ိဗျ” ကျုပ်ပြောလိုက်တော့လည်းဉီးကြီးမောင်ကမျက်မှောင်တစ်ချက်ကုတ်လိုက်ပြီး “မင်းကမနေ့ညကဘာတွေကြုံခဲ့ကလို့လည်းပြောစမ်းပါအုံး” “မနေ့ညကသဖန်းကုန်းမှာပွဲစျေးရှိတယ်ဆိုတာဉီးကြီးမောင်သိတယ်မဟုလား” “အော်အေးသိတယ်လေကွာအဲ့တာဘာဖြစ်လို့လည်း” “မနေ့ညကကျုပ်သဖန်းကုန်းမှာဖုတ်ကောင်တွေ့ခဲ့သေးတယ်ဗျ”
ကျုပ်ပြောလိုက်တော့လည်းဉီးကြီးမောင်ကအံ့သြသွားဟန်နဲ့ “ဟေမင်းကဖုတ်ကောင်နဲ့တွေ့ခဲ့တယ်ဟုတ်လားဘယ်လိုတွေ့ခဲ့တာလည်း” “တွေ့ခဲ့ရုံတင်ဘယ်ကမလည်းဗျာ ရင်ပါရင်ဆိုင်ခဲ့ရတာ” “ဟမင်းဟာကစိတ်ဝင်စားဖို့တော့အကောင်းသားကွပြောစမ်းပါအုံးမင်းကဖုတ်ကောင်ကိုဘယ်လိုရင်ဆိုင်ခဲ့တာလည်း” ဉီးကြီးမောင်စိတ်ဝင်စားနေပြီမှန်းသိလို့လည်း ကျုပ်က ရေနွေးတစ်ခွက်ကိုအချိန်ပိုကြာအောင်ကောက်သောက်လိုက်တာပေါ့ “ကျုပ်ဖုတ်ကောင်နဲ့ရင်ဆိုင်ပုံကတော့ဒီလိုဗျ” ကျုပ်ကလည်း ကျုပ်တို့သဖန်းကုန်းကညပွဲစျေးကိုသွားပုံကစပြီးတော့လည်း ကျုပ်ဖုတ်ကောင်နဲ့ရင်ဆိုင်ပုံကိုလည်းအစကအဆုံးသေချာပြောပြလိုက်တယ် “ဒါဆိုမင်းကလေးထောင့်ပိတ်မှော်အကြောင်းသိသွားပြီပေါ့ဟုလား” “အတိအကျကြီးအသုံးဝင်ပုံကိုတော့မသိပေမယ့်အသူံးပြုပုံကိုတော့သိသွားပြီဗျဒါနဲ့လေးထောင့်ပိတ်မှော်အကြောင်းကျုပ်ကိုပြောပြပါလား” “လေးထောင့်ပိတ်မှော်ကိုတတ်သွားပြီဆိုတော့လည်းမဆိုးဘူးလို့ပြောလို့ရတယ်…လေးထောင့်ပိတ်မှော်ဆိုတာကလည်းပရလောကသားတွေသရဲတစ္ဆေတွေဖုတ်တွေအတွက်အထူးပြုလုပ်ထားတဲ့မှော်ပဲကွသုံးလိုက်ရင်လည်းလေးထောင့်မှော်ကြိုးကကောင်းကင်ကနေဆင်းလာပြီးရည်ရွယ်တဲ့သူကိုမှော်နဲ့အုပ်ပြီးဖမ်းတာပေါ့ကွာလေးထောင့်ပိတိမှော်နဲ့အဖမ်းခံရရင်ဘာအစွမ်းမှတစ်ရက်အတွင်းသုံးမရတော့ဘူးကွဒါကြောင့်လည်းပရလောကသားတွေကလေးထောင့်ပိတ်မှော်ဆိုတအားကြောက်ကြရတယ်” ဉီကြီးမောင်ပြောသည်များကိုတော့ကျုပ်ကခေါင်းညိတ်ပြီးနားထောင်နေမိတာပေါ့ ရေနွေးလေးသောက်လိုက် စကားလေးပြောလိုက်နဲ့လည်း စကားပြောလို့ကောင်းတာပေါ့ဗျာ “အော်ဒါနဲ့သာလှငါဓားအသစ်တစ်လက်လောက်လိုချင်လို့ညောင်နှစ်ပင်ရွာကပန်းပဲဖိုကိုသွားပေးစမ်းပါ” “ကျုပ်တို့ရွာမှာဉီလေးဖိုးတေရှိတယ်လေဗျာညောင်နှစ်ပင်ကိုသွားစရာလိုလို့လားဗျ” “ရွာမှာဖိုးတေရှိတာငါလည်းသိသားပဲကွ ဖိုးတေကနေမကောင်းဖြစ်နေလို့ညောင်လှကိုသွားခိုင်းတာ” “အော်ဒါနဲ့ဉီးကြီးမောင်ကဘယ်လိုဓားမျိုးလိုချင်တာလည်း” “ဓားကတော့တောရမ်းဖို့အတွက်သုံးမှာဆိုတော့အရှည်ပေါ့” “ဉီးကြီးမောင်ကဘယ်ကတောကိုရမ်းမှာမိုလို့လည်းဗျ”
“အိမ်အနောက်ဘက်မှာမြက်ရိုင်းပင်တွေထွက်ပီးတောဖြစ်နေလု့ိကွအဲ့တာတောရှင်းမလို့” “အော်ဒါဆိုလည်းကျုပ်သွားပေးမယ်လေ” “အေးအေးဒါဆိုလည်းရော့ဒီမှာငွေ ဒါနဲ့ခုသွားမှာမိုလို့လားကွ” “ဟုတ်တယ်ဗျခုသွားမလို့ ကဲကဲ ကျုပ်သွားတော့မယ် တကယ်လို့ဓားရရင်လည်းကျုပ်ကိုပြောအုံးကျုပ်တောလာရှင်းပေးမယ်” “အော်အေးအေးကျေးဇူးပါပဲကွာ” ကျုပ်ကလည်းဉီးကြီးမောင်ပေးတဲ့ငွေ၅၀၀ကုိယူပြီးတော့လည်းပထမဆုံးဖိုးတုတ်အိမ်ဘက်ကိုထွက်လာခဲ့တယ် ဖိုးတုတ်ကိုအဖော်အဖြစ်ခေါ်သွားရန်လည်းဖြစ်ပါတယ် “ဖိုးတုတ်ရေ..ဖိုးတုတ်” “အော်သာလှလားငါတောင်ခုလေးတင်မင်းဆီလာမလို့ကွ” ကျုပ်ခေါ်လိုက်တော့လည်း အိမ်ပေါ်ကဖိုးတုတ်ကဆင်းလာရင်းနဲ့ဖိနပ်စီးရင်းကျုပ်ကိုပြောတာဗျ “ဖိုးတုတ်ငါနဲ့ညောင်နှစ်ပင်ကိုအဖော်လိုက်ခဲ့ပေးအုံး” “ဟေမင်းကညောင်နှစ်ပင်ကိုဘာသွားလုပ်မှာလည်း” “ဉီးကြီးမောင်လေကွာကိုင်းခုတ်ဓားအရှည်တစ်လက်လောက်လိုချင်တယ်ဆိုလို့ညောင်နှစ်ပင်ကပန်းပဲဖိုကိုသွားမလို့ကွ” “ငါတု့ိရွာမှာလည်းဉီးလေးဖိုးတေရှိတယ်လေကွာညောင်နှစ်ပင်ကိုသွားစရာလိုလို့လားကွ” “ဉီးလေးဖိုးတေကနေမကောင်းလို့တဲ့ကွအဲ့တာကြောင့်” “အော်အေးအေးဒါဆိုလည်းသွားကြတာပေါ့” ကျုပ်ကလည်းအိမ်ပြန်လှည်းတပ်ပြီးတော့လည်း ညောင်နှစ်ပင်ကိုထွက်လာခဲ့တယ် မိုးရွာထားတော့လမ်းများကလည်းရေအိုင်များဗွက်များနဲ့ဖြစ်နေတာကြောင့် ခရီးဖင့်တယ်လေ ညောင်နှစ်ပင်ကိုသွားတဲ့လှည်းလမ်းကလည်းမိုးမရွာရင်တောင် ချိုင့်တွေခွက်တွေဖြစ်နေတာဗျ မိုးရွာလိုက်တော့လည်း မြေသားပျော့တဲ့နေရာတွေမှာ ဗွက်အိုင်အကြီးကြီးတွေဖြစ်သွားတာပေါ့ ဒီတော့လည်းနွားများအတွက်ကံဆိုးရှာတယ် ဒူးလောက်နစ်တဲ့ဗွက်အိုင်များကိုလည်း အားသုံးပြီးကျော်ဖြတ်ကြရတယ် ကျုပ်ကတော့ နွားများကိုအမှန်တကယ်သနားတယ် မိုးရွာမရှောင်နေပူမရှောင် သခင်အတွက်လည်း အလုပ်ကြိုးစားပေးရရှာတယ် ထွန်တုံးကိုညီကိုသဖွယ်သဘောထားနေရတဲ့နွားများကလည်း သခင်အပေါ်သစ္စာရှိကြတယ် သူတို့ကိုအသားပေါ်ရန်တခြားသူကိုရောင်းချရင်တောင်လှည်ပြန်လေးကြည့်ရင်းကြည့်ရင်းနဲ့လည်းလိုက်ပါသွားတတ်တယ် ထိုသို့သခင်အပေါ်သံယောစဉ်ကြီးမားသော နွားများကျွဲများကိုကျုပ်ကလည်း နာနာကျင်ကျင်မပြုမှုဘူးလေ အမဲသားကိုတောင်ကျုပ်ကမစားဘူးဗျ ကျုပ်တို့လှည်းလေးကလည်းတဖြည်းဖြည်းနဲ့ညောင်နှစ်ပင်ကိုလည်းရောက်လာခဲ့တယ် ရွာထည်းကသူများကို ပန်းပဲဖိုရှိတဲ့နေရာမေးမြန်းလိုက်တော့လည်း တစ်ဖက်ရွာထိပ်တွင်ရှိသည်လို့လည်းဆိုတာကြောင့် ဆက်သွားရပြန်တယ် ပန်းပဲဖိုသိန်းဝင်းဆိုပြီးတော့လည်းခြံရှေ့မှာသစ်သားပြားဆိုင်းဘုတ်ကပ်ထားတဲ့ခြံဆီကိုလည်းရောက်လာခဲ့တယ် “အိမ်ရှင်တို့…အိမ်ရှင်တို့” “ဘယ်သူလည်းကွဝင်လာခဲ့လေကွာ” ကျုပ်ခေါ်လိုက်တော့လည်းအိမ်ထည်းကတုန့်ပြန်သံကြားရတာပေါ့ ကျုပ်နဲ့ဖိုးတုတ်ကလည်းခြံထည်းကိုလှည်းမောင်းဝင်ပြီးတော့လည်းနွားကိုဖြုတ် မြက်များပေါတဲ့နေရာမှာလည်းလှန်ထားလိုက်တယ် နွားများလှန်ထားပြီးတော့လည်း အိမ်ထည်းဝင်တန်းလျားမှာလည်းဝင်ထိုင်လိုက်တယ် “ဒီကငါ့ညီတို့ကဘယ်ကလည်းကွဘာလိုချင်လို့လည်း” “ကျုပ်တို့ကပေါက်လှကပါကိုင်းခုတ်ဓားရှည်တစ်လက်လောက်လိုချင်လို့ရောက်လာတာပါ” “ပေါက်လှမှာပန်းပဲဆရာကြီးဖိုးတေရှိတယ်မဟုလားသူ့လက်ရာတွေကကျုပ်ထက်တောင်ကောင်းတာကိုဘာလို့ကျုပ်ဆီလာရတာလည်း” “ဉီးလေးဖိုးတေကနေမကောင်းဖြစ်နေလို့ဒီကအကို့ဆီကိုရောက်လာရတာပါ” “အော်အေးအေးဒါဆိုလည်းဒီကငါ့ညီတို့လိုချင်တဲ့ဓားတစ်လက်လုပ်ထားပေးလိုက်မယ်လာမယ့်အပတ်မှာလာယူလို့ရပြီ” “အော်ဟုတ်ကဲ့ဒါနဲ့ဒီမှာဓားအတွက်အဖိုးစရိတ်ပါဗျ” ကျုပ်ကလည်းဉီးကြီးမောင်ပေးလိုက်တဲ့ငွေ၅၀၀ကိုလည်း ပေးရင်းနဲ့ပြောလိုက်တယ် “ကောင်းပါပြီအကိုဒီအပတ်ထည်းအပြီးလုပ်ထားလိုက်ပါ့မယ်” “ဟုတ်အကိုဒါဆိုကျုပ်တို့လည်းပြန်လိုက်အုံးမယ်” “ပြန်တော့မလု့ိလားကွ ပေါက်လှနဲ့ညောင်နှစ်ပင်နဲ့ကလမ်းမကောင်းဘူးလေမောလာကြတာဆိုတော့ရေနွေးလေးဘာလေးသောက်ပြီးမှအေးအေးလူလူပြန်ကြပေါ့အရေးကြီးကိစ္စရှိလို့လား” “အရေးကြီးကိစ္စတော့မရှိပါဘူးအိမ်ကိုခနပဲဆိုပြီးပြောခဲ့လို့ကြာနေရင်စိတ်ပူနေမှာဆိုးလို့ပါ” “အော်ကောင်းပါပြီလမ်းမှာလှည်းကိုဂရုစိုက်မောင်းကြအုံး” “ဟုတ်အကိုဒါဆိုလည်းကျုပ်တို့ပြန်လိုက်ပါအုံးမယ်” ကျုပ်တို့ကလည်း နှုတ်ဆက်ပြီး လှန်ထားတဲ့နွားများကိုလည်းပြန်တပ် ပေါက်လှကိုပြန်လာခဲ့တယ်
“ဒါနဲ့သာလှ မင်းအရင်တစ်ခါပြောပြတဲ့မင်းကောင်မလေးကိုသတိမရဘူးလား” လှည်းစီးနေရင်းကလည်းရုတ်တရက်ဖိုးတုတ်ကလည်းမေးလိုက်တော့ ကျုပ်ကလည်း ရင်ထည်းမှာဟာတာတာကြီးဖြစ်သွားတာပေါ့ဗျာ ဇီးဖြူကွင်းရွာမှာ ဆုံခဲ့ရတဲအတိတ်ဘဝထည်းကချစ်ခဲ့တဲ့သင်းနွယ်ကိုလည်း သတိရလွမ်းဆွတ်လာမိတယ် “လွမ်းတာပေါ့ကွာသတိရတာပေါ့ ခုအချိန်သင်းနွယ်နဲ့တွေ့ရင်ငါပြေးဖက်ထားမိမှာ” ကျုပ်ပြောလိုက်တော့လည်းဖိုးတုတ်ကရီကြဲကြဲနဲ့ “ငါကတော့စလိုက်မိပြီထင်တယ်ဒါနဲ့မင်းကိုမြို့လိပ်စာပေးခဲ့တယ်မဟုတ်လားသွားတွေ့ပေါ့ကွာငါအဖော်လိုက်ခဲ့ပေးမယ်” ဖိုးတုတ်ပြောလိုက်တော့လည်းကျုပ်ကအားတက်သွားတာပေါ့ “မင်းတကယ်ပြောတာလားကွအဲ့တာဆိုလည်းလာမယ့်အပတ်ထည်းသွားကြမယ်” “အေးမင်းကြိမ်းသေတယ်ဆိုလည်းလိုက်ခဲ့မှာပေါ့ကွာ” “ငါ့သူငယ်ချင်းကြီးဒီတစ်ခါတော့ချစ်စရာကောင်းသွားပြီကွာဟားဟား” ကျုပ်ပြောလိုက်တော့လည်းဖိုးတုတ်ကသက်ပြင်းတစ်ချက်ချလိုက်တယ် ကျုပ်ကိုအစဖော်လို့မှားပြီဆိုတဲ့သဘောနဲ့ပေါ့ဗျာ ကျုပ်တို့ကလည်းလှည်းမောင်းလာရင်းနဲ့ရွာလယ်ကိုရောက်လာခဲ့တယ် ကျုပ်ကလည်းဘေးဘီဝဲယာကိုအမှတ်တမဲ့ကြည့်လိုက်တော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်လည်း နှလူံးများပေါက်ထွက်မတတ်ရင်များခုန်သွားခဲ့တယ် “သင်းနွယ်…သင်းနွယ်” “ဟာဒီကောင်ကတော့စမိတာမှားပြီထင်တယ်” ကျုပ်ကလည်းခရေပင်တစ်ပင်အောက်ကိုကြည့်နေရင်းကလည်းရေရွတ်လိုက်တော့ ဖိုးတုတ်ကလည်း ကျုပ်ကိုနားမလည်နို်င်ကြည့်ပြီးပြောနေတာပေါ့ “တကယ်ပြောတာကွဟိုခရေပင်အောက်မှာခရေပန်းတွေကောက်နေတာအဲ့တာငါပြောတဲ့သင်းနွယ်မှသင်းနွယ်ပဲကွ” ကျုပ်ပြောလိုက်တော့လည်းဖိုးတုတ်ကကျုပ်ညွန်ပြရင်ခရေပင်အောက်ကိုလည်းကြည့်ရင်း “ဟာမင်းဟာကဟုတ်လို့လားကွာမင်းသင်းနွယ်ကမြို့မှာလေကွာဘယ်လိုဖြစ်ပြီးညောင်နှစ်ပင်ကိုရောက်နေမှာလည်းမဖြစ်နိုင်ပါဘူးကွာ” “ဟုတ်တယ်ကွသင်းနွယ်မှသင်းနွယ်အစစ်လာကွာသေချာအောင်သွားကြမယ်” “သာလှဒါသူများရွာကြီးထည်းမှာနော်တော်ကြာမိန်းကလေးမိဘတွေမြင်ကာမှပြေးလမ်းပြောက်နေအုံးမယ်” “မင်းကလည်းကွာငါ့ကိုယုံစမ်းပါလာဘာမှမဖြစ်စေရဘူး” ကျုပ်ကလည်းလှည်းကိုရပ်လိုက်ပြီးတော့လည်းဖိုးတုတ်ကိုခေါ်ပြီး ခရေပင်အောက်ကိုလျှောက်လာခဲ့တယ် “သင်းနွယ်…ညမကသင်းနွယ်မဟုတ်လား” ကျုပ်မေးလိုက်တော့လည်းမိန်းကလေးကမတ်တပ်ရပ်လိုက်ပြီးတော့လည်း ကျုပ်ကိုအံ့သြဟန်နဲ့ကြည့်ရင်း “အကုိ…ကိုသာလှမဟုတ်လားညမသင်းနွယ်လေ” ထိုမိန်းကလေးကလည်းသင်းနွယ်ဆိုတာသေချာနေပြီလေ ကျုပ်ကလည်းသင်းနွယ်ရဲ့ပုခုံးကိုကိုင်ပြီးတော့လည်း “သင်းနွယ်ကဘယ်လိုဖြစ်ပြီးညောင်နှစ်ပင်ကိုရောက်နေရတာလည်း” “အဖေ့ရဲ့သစ်လုပ်ငန်းရဲ့အဓိကသစ်တွေကိုဒီညောင်နှစ်ပင်ရွာကိုပို့ပြီးညောင်နှစ်ပင်ကနေတစ်ဆင့်မြို့ကိုပို့တာအကိုရဲ့ သင်းနွယ်ညောင်နှစ်ပင်ကိုရောက်နေတာကလည်းသစ်လုပ်ငန်းကအလုပ်သမားတစ်ယောက်ပေါင်ကိုသစ်တုံးပိတဲ့ကိစ္စနဲ့လိုက်လာတာမြို့မှာလည်းတစ်ယောက်ထည်းထားရမှာစိတ်မချလို့တဲ့လေ” “အော်သင်းနွယ်ရယ်အကိုလေဘယ်လိုပျော်လို့ပျော်မှန်းမသိဘူးသင်းနွယ်ကကောမပျော်ဘူးလား” ကျုပ်မေးလိုက်တော့လည်းသင်းနွယ်က ကျုပ်ရင်ခွင်ထည်းခေါင်းလေးငုံ့ဝင်ရင်းနဲ့ “သတိရတာပေါ့အကိုရယ်ဘယ်လိုများမေးလိုက်တာလည်းညမညောင်နှစ်ပင်စရောက်တုန်းကလည်းပေါက်လှဘယ်မှာလည်းမေးကြည့်တော့အရမ်းမဝေးဘူးဆိုပေမယ့်ညမကမိန်းကလေးဆိုတော့လာတွေ့လို့မရဘူးလေ” “သင်းနွယ်ရယ်” ကျုပ်ကလည်းသင်းနွယ်ကိုပွေ့ဖက်ထားလိုက်တယ် ဖိုးတုတ်ကလည်းကျုပ်တို့ကိုမယုံနိုင်စွာကြည့်နေတာပေါ့ “အကုိသင်းနွယ်နဲ့တွေ့ချင်ရင်မနက်ဖြန်မနက်ညောင်နှစ်ပင်ရွာဉီးစေတီလေးကိုလာခဲ့နော်သင်းနွယ်စောင့်နေမယ်ခုတော့ပြန်တော့နော်လူကြီးတွေအိမ်ထည်းမှာရှိနေလို့” သင်းနွယ်ကလည်းမနက်ဖြန်ညောင်နှစ်ပင်ကရွာဉီးစေတိီလေးမှာရှိမယ်လို့ပြောပြီးတော့လည်း လက်ရှိအခြေနေကိုလည်းပြောတာပေါ့ ကျုပ်ကလည်းသင်းနွယ်ပြောမှပတ်ဝန်းကျင်ကိုကြည့်လိုက်မိတယ် ခရေပင်နဲ့ ဝါးနှစ်ရို်က်လောက်အဝေးမှာအိမ်မဲကြီးတစ်လုံးကိုလည်းတွေ့ရတယ်ေလ ကံကောင်းသည်ဟုပြောရမလား ကျုပ်တို့ကိုတော့မမြင်ကြဘူးလေ ကျုပ်ကလည်းသင်းနွယ်ရဲ့နဖူးလေးကိုတစ်ချက်နမ်းပြီးတော့လည်း နှုတ်ဆက်ပြီးပေါက်လှကိုပြန်လာခဲ့တယ် အပြန်လမ်းမှာတော့တက်ကြွတဲ့ကြက်ဖကြီးတစ်ကောင်လိုဖြစ်နေတာပေါ့ သင်းနွယ်ရဲ့မျက်နှာလေးကိုမြင်ယောင်ပြီးတော့လည်း အလိုလိုနေရင်းနဲ့ပြုံးနေတာပေါ့ “သာလှခုနကမိန်းကလေးက မင်းပြောတဲ့သင်းနွယ်ဆိုတဲ့မိန်းကလေးလား” ဖုိးတုတ်မေးလာတဲ့စကားကိုတော့ကျုပ်ကပြုံးရင်းခေါင်းညိတ်ကာ “ဟုတ်တယ်ကွအဲ့တာငါ့ရဲ့ကောင်မလေးသင်းနွယ်ပဲ” “မင်းပြောတော့သူကမြို့မှာဆိုဘယ်လိုဖြစ်ပြီးဒီကိုရောက်နေတာလည်း” “မင်းနားလည်အောင်ပြောပြရမယ်ဆိုဒီလိုကွ” ကျုပ်ကလည်းသင်းနွယ်ညောင်နှစ်ပင်ရွာကိုဘယ်လိုရောက်နေပုံကိုလည်းဖိုးတုတ်ကိုရှင်းပြရတာပေါ့ “ဒါဆိုဟန်ကျတာပေါ့ကွာညောင်နှစ်ပင်နဲ့ပေါက်လှနဲ့ကလည်းအရမ်းကြီးတော့မဝေးဘူးဆိုတော့မင်းနေ့တိုင်းသွားတွေ့လို့ရတယ်” ဖိုးတုတ်ပြောလိုက်တော့ ကျုပ်ကတော့ ပါးစပ်ကြီးနားရွက်တက်ချိတ်သွားပြီလားလို့တောင်ထင်ရတယ်လေ ရွာကိုပြန်ရောက်တော့လည်း နွားများကိုရေချိုး ရေတိုက်နေလိုက်တယ် ပြီးတော့လည်း နွားထားရာတင်းကုပ်ကိုလည်းသန့်ရှင်းရေးလုပ်လိုက်တယ်
မိုးရွာလို့အနည်းငယ်မိုးစိုသွားတဲ့ထင်းများကိုလည်းနေထုတ်လှန်းလိုက်တယ် အဖေနဲ့အမေကတော့ကျုပ်ကိုတအံ့တသြနဲ့ကြည့်နေကြတယ် ကျုပ်ကလည်းဒီအလုပ်များကိုလုပ်သည်ကရှားတယ်လေ အဖေနဲ့အမေခိုင်းမှသာ ပြီးပြီးရောလုပ်တတ်တာလေ ခုတော့လည်းကျုပ်စိတ်နဲ့ကျုပ်ကိုယ်သေချာစွာလုပ်နေတဲ့ကျုပ်ကိုမြင်တော့လည်းထူးဆန်းကြတာမဆန်းပါဘူး ကျုပ်ကလည်းသီချင်းလေးဆိုလိုက်လေလေးရွှင်လိုက်နဲ့ရှိနေတာပေါ့ “ကိုသောင်းတင်ရှင့်သားထီများပေါက်လာသလားမသိဘူး” “အေးငါလည်းအဲ့တာကြည့်နေတာဒီကောင်ဘာကိုများဒီလောက်ဘဝင်ကြနေလည်းမသိဘူး” အဖေနဲ့အမေကလည်းထူးဆန်းနေတဲ့ကျုပ်ကိုကြည့်ပြီးမှတ်ချက်များပေးနေတာပေါ့ ကျုပ်ကလည်း အိမ်အလုပ်များလုပ်ပြီးတော့လည်းညရောက်တော့ညစာစားအိပ်ယာစောစောဝင်ခဲ့တယ် ကျုပ်အိမ်မက်ထည်းမှာလည်းမနက်ကမက်ခဲ့တဲ့အိမ်မက်ကိုနောက်ထပ်မက်ပြန်တယ်လေ ကျုပ်ကလည်းအိပ်ယာကလန့်နိုးတော့ မနက်၅နာရီတောင်ရှိပြီ ပြန်၍အိပ်မရတာကြောင့်လည်း ဟိုတွေးဒိီတွေးနဲ့သင်းနွယ်နဲ့မကြာခင်တွေ့ရတော့မှာကိုတွေးမိတော့လည်း ဘာရယ်မသိပြုံးမိတာပေါ့ မနက်လည်းမိုးလင်းခဲ့ပါပီ မနက်ရောက်တော့လည်းအရင်ဆုံးနိုးနေတဲ့ကျုပ်ကိုကြည့်ပြီးတော့လည်း အဖေနဲ့အမေကပြုံးစိစိဖြစ်နေကြတာပေါ့ “ငါ့သားမင်းသာလှအစစ်ပါနော်” “အဖေကလည်းဗျာကျုပ်က မတင်စိန်နဲ့ဉီးသောင်းတင်ရဲ့တစ်ဉီးတည်းသောသားသာလှမှသာလှအစစ်ပါဗျ” “မသိပါဘူးကွာမင်းပုံကြည့်ရတာထူးဆန်းနေလို့ဘယ်သူကများမင်းကိုဒီလိုဖြစ်သွားစေလည်းမသိဘုးဟေ့” “ဟဲဟဲအဓိကကတော့စိတ်ပေါ့အဖေရယ်စိတ်ကိုနိုင်ရင်ကိုယ်ဖြစ်ချင်တာဖြစ်ပါတယ်ဗျ” “ငါ့ကိုတောင်တရားလာချနေသေးတယ်အေးပါအေးပါနောက်နေ့တွေလည်းစောင့်ကြည့်ရအုံးမှာပေါ့ကွာ” အဖေကလည်းကျုပ်ကိုစတော့လည်းကျုပ်ကဆရာကြီးပြန်လုပ်လိုက်တာပေါ့ အဖေကလည်း သဘောကျစွာရီရင်းနဲ့လည်း ကျုပ်ကိုကြည့်နေတာပေါ့ မနက်စာစားပြီးတော့လည်းနာရီကြည့်လို်က်တော့၇နာရီကျော်ပဲရှိသေးတယ်လေ ဉီးကြီးမောင်ရဲ့အိမ်မက်ကိုလည်းနှစ်ခါတောင်ပြန်မက်ထားတာကြောင့် ဉီးကြီးမောင်ဘာများဖြစ်နေလည်းသွားကြည့်တာပေါ့ “ဉိးကြီးမောင်ကျုပ်ဝင်ခဲ့မယ်နော်” ကျုပ်ကလည်းအိမ်ရှေ့ကွပ်ပြစ်မှာထိုင်နေတဲ့ဉီးကြီးမောင်ကိုမြင်တော့လည်းလှမ်းအော်လိုက်တာပေါ့ “ကဲထိုင်မနက်စောစောစီးစီးဘာကိစ္စရှိလု့ိလည်းကွ” “ဘာကိစ္စမှတော့ထွေထွေထူးထူးမရှိပါဘူးဗျာညကအိမ်မက်မကောင်းလို့ဉီးကြီးမောင်ကိုလာကြည့်တာ” “ဟေမင်းဟာမင်းဘုရားမရှိခိုးပဲအိပ်လို့အိမ်မက်မကောင်းတာနဲ့ငါ့ကိုလာကြည့်ရသလားကွ” “ဉီးကြီးမောင်ကလည်းပြောတော့မယ်ဗျာကျုပ်ညတိုင်းဘုရားရှိခိုးပါတယ်ဗျမက်တဲ့အိမ်မက်ကလည်းတူနေလို့ဗျ” “နေပါအုံး မင်းကဘာအိမ်မက်တွေများမက်လို့လည်း” ကျုပ်ကလည်းကျုပ်မက်ခဲ့တဲ့အိမ်မက်အကြောင်းကိုလည်းဉီးကြီးမောက်ကိုပြန်ပြောပြတာပေါ့ “တိုက်ဆိုင်လို့မက်တာပါသာလှရာဘာမှစိတ်ထည်းထားမနေနဲ့ခုကြည့်ပါလားငါချောင်းတောင်မစိုးနေဘူးလေ” ကျုပ်ပြောပြပီးတော့လည်းဉီးကြီးမောင်ကမစိုးရိမ်ဖို့ပြောတာပေါ့ “ဒါတော့ဒါပေါ့ဗျာ ဒါပေမယ့်ခုရက်ပိုင်းသတိနဲ့လည်းနေအုံးနော်ကျုပ်ကဉီးကြီးမောင်ကိုစိတ်ပူလို့ပါ” “ကျေးဇူးတင်ပါတယ်သာလှရာငါဘာမှမဖြစ်ပါဘူး” “ကဲပါဘာမှမဖြစ်ရင်လည်းကျုပ်ပြန်လိုက်အုံးမယ်ဗျ” “အေးအေးဒါနဲ့ငါ့ဓားဘယ်တော့ရမှာလည်းကွ” “ကျုပ်လည်းခုမနက်ညောင်နှစ်ပင်ကိုသွားမလို့ဗျပြန်လာမှပြောပြတော့မယ်သွားပြီ” ကျုပ်ကလည်းဉီးကြီးမောု်ကိုပြောရင်းနဲ့လည်းထွက်လာခဲ့တယ် ကျုပ်ကလည်း ဖိုးတုတ်ကိုအဖော်မခေါ်တော့ဘူးလေ အကြောင်းကလည်း လှည်းနဲ့သွားမှာမဟုတ်ဘဲနဲ့ခြေလျှင်သွားမှာမိုလို့လည်းဖြစ်တယ် ကျုပ်ကလည်းနာရီဝက်ကျော်ကျော်ခရီးနှင်လာတော့လည်း ေညာင်နှစ်ပင်ရွာကိုရောက်လာခဲ့တယ် ရွာဉီးစေတီလေးကို ရောက်သွားတော့လည်း ဘုရားရှိခိုးနေတဲ့သင်းနွယ်ကိုတွေ့တာနဲ့ဘေးမှာရပ်စောင့်နေတာပေါ့ ဘုရားရှိခိုးပြီးတော့လည်းသင်းနွယ်ကကျုပ်ကိုမြင်တော့ပြုံးပြတာပေါ့ ခုနေ့တော့ရာသီဉတုကသာယာလှပါတယ် မိုးတိမ်မျာကင်းစင်ပြီးတော့လည်း ကောင်းကင်ကရှင်းလင်းလျှက်ရှိတယ် သင်းနွယ်ကတော့ ကျုပ်ရဲ့ပုခုံးပေါ်ကိုခေါင်းတင်ရင်းနဲ့လည်းကျုပ်နဲ့စကားတွေ တစ်သီကြီးပြောနေတာပေါ့ တစ်နာရီနီးပါးကြာတော့လည်း သင်းနွယ်ကပြန်ရတော့မယ်ဆိုပြီးပြန်သွားတယ်လေကျုပ်ကလည်းတစ်နာရီဆိုတဲ့အချိန်ဟာခနလေးနဲ့ကုန်သွားတယ်လို့တောင်ထင်နေမိတယ် ကျုပ်ကလည်းလာခဲ့ရာလမ်းလေးအတိုင်းပြန်လာခဲ့တယ် သင်းနွယ်ရဲ့ကျော့ရှင်းတဲ့ဆံနွယ် သွယ်လှတဲ့လက်ချောင်းလေးများ ပါးမို့မို့လေးတွေကလည်း ကျုပ်အတွေးထည်းမှာနေရာကြီးစိုးနေတာပေါ့ ကျုပ်ကလည်းအိမ်ကိုပြန်ရောက်တော့ ဖိုးတုတ်ရောက်နေတာကိုလည်းတွေ့ရတယ် ဖိုးတုတ်အဖေနဲ့အမေကလည်းမျက်နှာများမကောင်းကြဘဲကွပ်ပြစ်မှာထိုင်နေကြတယ် “အဖေ့ဘာတွေဖြစ်ကြတာလည်းမျက်နှာတွေလည်းမကောင်းပါလား ဖိုးတုတ်ငါ့ကိုပြောပြစမ်းပါဘာတွေဖြစ်ကြတာလည်း” ကျုပ်မေးလိုက်တော့လည်း ဖိုးတုတ်ကကျုပ်အနားတိုးလာရင်းနဲ့ “မင်းမပြန်ရောက်ခင်နာရီဝက်လောက်ကရွာကိုအဘိုးကြီးတစ်ယောက်ရောက်လာတယ်သူကလည်းရွာလယ်မှာရပ်ပြီး
ဉီးကြီးမောင်ဆိုတဲ့သူကိုလည်းခေါ်ပေးဖို့ပြောတယ်ငါကလည်းသူ့အနားကလျှောက်မိတော့ငါ့ကိုလည်းဉီးကြီးမောင်ကိုသွားခေါ်ခိုင်းတယ်ငါကလည်းဉီးကြီးမောင်ရဲ့အသိလားဆိုပြီးတော့ဉီးကြီးမောင်အိ်မ်ကိုလိုက်ပို့ပေးမယ်ဆိုတော့လည်းမလိုက်ဘူးဉီးကြီးမောင်ကိုခေါ်ပေးလို့ပဲပြောတယ်ငါကလည်းဉီးကြီးမောင်ကိုသွားခေါ်တော့ဉီးကြီးမောင်ကဘာပြောတယ်ထင်လည်းကွ” “ဟေဘာပြောလို့လည်း” “အော်ငါမနိုင်တဲ့မြွေနက်မှော်နဲ့ပြိုင်ရတော့မှာပဲတဲ့လေ ငါကလည်းအဲ့တော့မှငါတွေ့ခဲ့ရတဲ့သူကြီးကမှော်ဆရာကြီးမှန်းသိတာ” “ဟာကွာ…ဒါနဲ့ဉီးကြီးမောင်ကလို်က်ခဲ့ပြီးအဲ့လူနဲ့တွေ့သေးလားကွ” “လိုက်လာတာပေါ့ကွာသူမလိုက်ရင်လည်းအားလုံးဒုက္ခရောက်မယ်ဆိုပြီးလိုက်တွေ့တယ်” “ဒီတော့ဘာတွေဖြစ်ကုန်ကြသေးလည်းကွ” ကျုပ်ကလည်းဖိုးတုတ်ပြောပြသည်များကိုကြားတော့လည်းဉီးကြီးမောင်အတွက်စိတ်ပူလာခဲ့တယ် “ဘာမှတော့မဖြစ်သေးဘူးကွညနေ၃နာရီမှာအဲ့လူကြီးနဲ့ဉိးကြီးမောင်နဲ့ပညာပြိုင်လိမ့်မယ်အဲ့လူကြီးကလည်းပြောသေးတယ်ကွထွက်ပြေးရင်တော့ မြွေနက်မှော်တွေရဲ့လုပ်ရိုးလုပ်စဉ်အတိုင်းလုပ်ရလိမ့်မယ်တဲ့” “ဒါဆိုညနေကျရင်ဉီးကြီးမောင်နဲ့အဲ့လူနဲ့ကပြိုင်ကြမှာပေါ့” “ဟုတ်တယ်ငါ့သားပုံမှန်ဆိုအဖေတို့စိတ်မပူပေမယ့််ဉီးကြီးမောင်ပြောတဲ့အထည်းမှာ သူမနိုင်တဲ့မြွေနက်မှော်လို့ ပြောတာကြောင့်ဉီးကြီးမောင်နိုင်မှနိုင်ပ့မလားစိုးရိမ်နေကြတာ” ကျုပ်မေးလိုက်တော့လည်းအဖေကခေါင်းညိတ်ရင်းပြောတာဗျ “ဒါနဲ့အဲ့လူကဘယ်ရောက်သွားတာလည်း” “ပြောက်သွားတာကွပြောပြီးတာနဲ့ပြောက်သွားတာပဲဉီးကြီးမောင်ကတော့သူ့အိမ်မှာရှိမှာပါညနေအတွက်လည်းပြင်ဆင်နေပုံရတယ်” ကျုပ်ရင်ထည်းမှာလည်းအလူံးကြီးတစ်လုံးပိတ်သွားသလိုစို့နစ်သွားတယ် ကျုပ်ကလည်းဉီးကြီးမောင်အိမ်ကိုထွက်လာခဲ့တယ် ဉီးကြီးမောင်ကိုခြံပြင်ကတောင်မခေါ်ပဲနဲ့လည်းအိမ်ထည်းတန်းဝင်ခဲ့တယ် “ဉီးကြီးမောင်တကယ်ပဲအဲ့လူကိုမနိုင်ဘူးလား” ကျွန်းသေတ္တာလေးဘေးမှာချပြီးထိုင်နေတဲ့ဉီးကြိးမောင်ကိုတွေ့တော့လည်းကျုပ်ကမေးလိုက်တာပေါ့ “အေးငါမနိုင်ဘူးကွ ဒါပေမယ့်လည်းငါအရှုံးတော့မပေးဘူးငါသေမှငါရှုံးမယ်” “ဟာဗျာမနိုင်တာကြီးသိရက်နဲမပြိုင်စမ်းပါနဲ့ဗျာရှုံးသွားရင်အသက်ပေးရမှာနော်တခြားရွာကိုသွားပြီးခနရှောင်နေလိုက်ပါလားဗျာနော်” “မရဘူးသာလှရဲ့အဲ့ဒီလိုရှောင်လိုက်ရင်လည််းဒီရွာကမြွေနက်မှော်ကြောင့်ပျက်သွားလိမ့်မယ်ဒီတော့ငါ့အတွက်နဲ့ရွာပျက်ခံလို့မဖြစ်ဘူးသာလှငါကိုယ်တိုင်ကလည်းရှောင်မပြေးချင်ဘူး” ကျုပ်ကလည်းဘာမှဆက်မပြောတတ်တော့ဘူးလေ ဉီးကြီးမောင်ကိုလည်း နောက်ဆုံးတွေ့ရတော့မယ်သူလိုသေချာကြည့်နေမိတယ် “ကဲသာလှအိမ်ပြန်တော့ငါလည်းလုပ်စရာလေးတွေရှိသေးတယ်သွားသွား” “ကျုပ်ထင်တယ်ကျူပ်ထင်တယ်ဉီးကြီးမောင်မကောင်းတာတစ်ခုခုကြုံရတော့မယ်ဆိုတာကျုပ်သိနေတယ်” “ကံကြမ္မာဆိုတာဒီလိုပါပဲကိုယ်လုပ်ယူလို့ရတာမှမဟုတ်ဘဲငါ့အတွက်စိတ်မကောင်းဖြစ်မနေနဲ့ပြန်တော့” ကျုပ်ကလည်းမျက်ရည်များစီးကျလာတယ်လေ ကျလာတဲ့မျက်ရည်များကိုလည်းသုတ်ရင်းအိမ်ပြန်လာခဲ့တယ် ညနေ၃နာရီလည်းထိုးပါပြီ ကျုပ်တို့ရွာထိပ်က တစ်မာနှစ်ပင် ကြားကကွင်းမှာလည်းလူ၄၀ ၅၀လောက်ရောက်နေကြတယ် တစ်ယောက်စကားတစ်ယောက်နားကြားပြီးတော့လည်းရောက်နေကြခြင်းဖြစ်ပါတယ် ကျုပ်ကလည်း လူအုပ်ကြားထည်းမှာရှိတယ် ကွင်းပြင်ရဲ့အလယ်မှာတော့ ဉီးကြီးမောင်ကရပ်လျှက်ရှိတယ် ကျုပ်တို့ကြည့်နေတုန်းမှာလည်းဉီးကြီးမောင်ရှေ့ခပ်လှမ်းလှမ်းမှာလည်း
အဘိုးကြီးတစ်ယောက်ပေါ်လာခဲ့တယ် လက်ထည်းမှာလည်းသစ်သားတောင်ဝှေးကြီးကိုလည်းကိုင်ထားတယ်လေ လူများအားလုံးကလည်းတိတ်ဆိတ်ပြီးတော့အပ်ကျသံကိုပင်ကြားနိုင်လောက်တယ် ရုတ်တရက်လည်းနှစ်ဉီးလုံးက လက်များကိုဝှေ့ရမ်းလိုက်တော့လည်း မီးတောက်များကလက်မှာပေါ်လာကြတယ် ထိုိမီးတောက်များနဲ့လည်း တစ်ယောက်နဲ့တစ်ယောက်ပြစ်ကြတာကလည်း ကြည့်နေတဲ့ကျုပ်တောင်လန့်နေမိတယ် မီးတောက်များကလည်း သစ်ပင်များကိုမှန်တော့ ေဖာက်ထွက်သွားတယ် မီးတောက်များပြီးတော့လည်း အလင်းတန်းများနဲ့ပြစ်ကြတယ် အလင်းတန်းများကလည်း လင်းလွန်း၍ကျုပ်တို့မျက်စိတွေပါကျိန်းတဲ့အထိပဲ တစ်ခါတော့လည်း အဘိုးကြိ်းကတော့ မုဆိုးဒူးထောက်ထိုင်ချလိုက်တယ် အဘိူးကြီးနောက်ကမြေလွှာများကလည်း တစ်ဖြည်းဖြည်း အုံပွလာပြီး ကွဲထွက် အနက်ရောင်မြွေနက်ကြီးကလည်း မြေကြီးထည်းကထွက်လာခဲ့တယ် ဉီးကြီးမောင်ကလည်း တစ်ခုခုကိုရွတ်ဆိုရင်းနဲ့လည်း သူလွယ်ထားတဲ့လွယ်အိပ်ထည်းကတစ်ခုခုကိုနှိုက်ပြီးတော့ ရှေ့ကိုပြစ်ချလိုက်တော့ ကိုးတောင်ကျားကြီးဖြစ်သွားခဲ့တယ် ပွဲကြည့်နေတဲ့သူများကလည်းကျားကြီးနဲ့မြွေကြီးကိုမြင်တော့ ၃ပုံ၂ပုံလောက်ကထွက်ပြေးကုန်ကြတယ် ကျုပ်တို့ကတော့မပြေးမဲ့အပြင် ဉီးကြီးမောင်အတွက်လည်းစိတ်ပူနေမိတယ် ဉီးကြီးမောင်ရဲ့ကျားကြီးကလည်းတစ်ချက်ဟိန်းလိုက်ပြီး ေမြွကြီးထံကိုခုန်ဝင်သွားခဲ့တယ် မြွေကြီးကလည်း ခုန်ဝင်လာတဲ့ကျားကြီးရဲ့ရင်ဘက်ကိုလည်း ပေါက်တိုး တိုးလိုက်တော့ ကျားကြီးရဲ့ဝမ်းဗိုက်ကိုဖောက်ထွက်ပြီးတော့လည်း ကျောကနေပြန်ထွက်လာခဲ့တယ် ဉီးကြီးမောင်ကလည်းအောက်ကိုစို်က်ကျပြီးတော့ပါးစပ်မှသွေးများကျနေတယ် “ဉီးကြီးမောင်ဉီးကြီးမောင်” မြေွနက်ကြီးကလည်းဉီးကြီးမောင်ဆီကိုတရွေ့ရွေ့နဲ့သွားနေတော့လည်းကျုပ်ကအော်ဟစ်လိုက်တယ် “သားသား….ဘာဖြစ်တာလည်း…မင်းဘာဖြစ်သွားတာလည်း” ကျုပ်ကလည်းမြွေကြီးကိုဒေါသတကြီးနဲ့ကြည့် အံကိုကြိတ်လိုက်တယ် ကျုပ်အမြင်အာရုံများကလည်း သွေးနီရောင်လွှမ်းသွားခဲ့တယ် ကျုပ်ပါးစပ်ထည်းမှာလည်း အစွယ်နှစ်ခုတိုးထွက်လာခဲ့တယ် ကျုပ်ရဲ့ ရင်ဘက်များထည်းကလည်းအဖြူရောင်ငွေမျှင်များထွက်လာပြီးတော့လည်း ကျုပ်လက်ထည်းမှာလာစုပြီး သုံးချောင်းချွန်မှိန်းတစ်ချောင်းလည်းဖြစ်သွားခဲ့တယ် ကျုပ်ရဲ့ခြေထောက်များကလည်း တစ်ဖြည်းဖြည်းလုံးချောလာပြီး နောက်ဆုံးမြရောင်ကဲ့သို့ဆုံးရှုံးသွားရတော့သည်။