‘ ပုဏ္ဏက အတိုက်ခံရတဲ့ရွာ”(စ/ဆုံး)

Unicode Version

” ပုဏ္ဏက အတိုက်ခံရတဲ့ရွာ”(စ/ဆုံး)
———————————-

ဝုန်း…ဒိုင်း…

ဝုန်း…ဒိုင်း…ဂျိန်း…

ည ခုနှစ်နာရီထိုးသည့်နှင့် ရွာအရှေ့ပိုင်းမှသည်
ရွာအလယ်ပိုင်းအထိ တစ်အိမ်ပြီးတစ်အိမ် ခဲများ
အဆက်အပြတ် ကျလာသည်။

“ဟာ…ပစ်ပြန်ပြီဟေ့”

ဒုန်း…ဒုန်း

“ပစ်ပြန်ပြီ …သတိထားကြ”

“ကလေးတွေ အိမ်ထဲဝင်ကြစမ်း”

အိမ်စဉ်တစ်လျှောက် အော်သံဟစ်သံ၊ ကလေး
ခေါ်သံများ ဆူညံသွားသည်။ ခဏနေတော့ လူ
တွေ၏ အော်သံဟစ်သံတို့ ပျောက်သွားသည်။

ဝုန်း…ဒိန်း

လူတွေ၏အော်သံ၊ ကလေးငိုသံတို့၊ တိတ်ဆိတ်
သွားပေမယ့် ခဲကျသံက အိမ်စဉ်ဆက်ပြီး တစ်
အိမ်ပြီး တစ်အိမ် ခဲများ အဆက်မပြတ် ကျနေ
သည်။ စပစ်သည့်အိမ်မှသည် ရပ်သွားသည့်
အိမ်ထိတိုင် နာရီဝက်ခန့် ခဲကျပြီး ရပ်သွားသည်

ထိုသို့ ခဲများ အပစ်ချသွားပြီး နောက်ပိုင်းရောက်
မှ ရပ်ကွက်အတွင်းက လူများ အိမ်ပြင်သို့ ထွက်
လာကာ ရွာမှာ ဖြစ်ပျက်နေပုံကို ပြောဆိုတိုင်ပင်
ကြသည်။ ဆွေးနွေးကြသည်။

တိတ်ဆိတ်နေသော ရွာလေး လှုပ်လှုပ်ရွရွ ဖြစ်
လာသည်။ ဘာကြောင့်မှန်းမသိ။ ရွာကို ခဲနဲ့လာ
ပစ်ခဲ့သော အမျိုးအမည်မသိအရာမှာ နာနာဘာ
ဝလော၊ တစ္ဆေလော၊ သရဲလော၊ ပုဏ္ဏကလော၊
ရွာသားတို့ စိတ်မှာ အဖြေရှာမရ။

သို့ဖြင့် ပထမတစ်ရက် ကုန်လွန်ခဲ့သည်။ ဒုတိ
ယညရောက်တော့ ခုနှစ်နာရီထိုးသည်နှင့် ရွာ
ဦးမှစ၍ ခဲလုံးများနှင့် လာပစ်ပြန်သည်။ ထို့
နောက် တစ်ပြီးတစ်အိမ် ဆက်တိုက် ခဲများ
ကျလာတော့သည်။ ထိုအခါ လူကြီးများက
ပုဏ္ဏကတိုက်သည်ဟု ပြောကြသည်။ ပုဏ္ဏ
က တိုက်သည်ဆိုလျှင် အချိန်မှန်မှန် ဖြစ်ပေါ်
တတ်သည်။ ညစဉ် ခုနှစ်နာရီထိုးသည်နှင့်
ခဲများ ပုံမှန် ကျလာသည်။

လေးရက်ခန့် ရှိနေပြီ၊ ကလေးများ အမျိုးသမီး
များ ကြောက်လန့်နေကြပြီ။ နောက်ပိုင်း ဘာများ
ဆက်ဖြစ်လာမည်နည်းဟု စိုးရိမ်ပိုနေကြသည်။
ရွာလူကြီးများလည်း ထိုကိစ္စကို အလေးပေး
တိုင်ပင်ကြသည်။

မိမိတို့၏ အတွေ့အကြုံများကို ဖလှယ်ကြသည်။
သို့ကြောင့် ထိုပယောဂ၊ စုန်းတိုက်၊ နတ်တိုက်
ပုဏ္ဏကတိုက် အတိုက်မှန်သမျှ နှိမ်နင်းနိုင်မည့်
ဆရာတစ်ဦးကို သူတို့ ရွေးချယ် လိုက်သည်။

XXXXX

ဝုတ်…ဝုတ်

ဝုတ်…ဝုတ်…ဝုတ်

” ဟဲ့ခွေး …ဟဲ့ခွေး၊ ဧည့်သည်လာတယ်ထင်
တယ်။ အိမ်အောက်မှာ ဘယ်သူမှ မရှိကြဘူး
လား။ ဒီခွေးမွေးတဲ့ကောင်ကလည်း ခွေးနား
ဘယ်တော့မှ မရှိဘူး။ ဒီကောင် ရောက်လာ
ပြီးကတည်းက အလုပ်တစ်ခု ရှုပ်လာတယ်”

အသက်ငါးဆယ်ခန့်ရှိ လူကြီးတစ်ယောက်
ခွေးကြည့်ပေးရန် အိမ်အောက်ဆင်းလာသည်။
အိမ်ခြံဝမှာ ဧည့်သည်နှစ်ယောက်က ခွေးကို
ကိုင်ထားပေးသည်နှင့် တွန့်ဆုတ်ခြင်း မရှိဘဲ
အိမ်ပေါ်သို့ တက်လာခဲ့ကြသည်။

နောက်မှ အိမ်ရှင်လူကြီး အိမ်ပေါ်လိုက်တက်
လာခဲ့သည်။

“ဆရာ ဦးထွန်းမောင် ဟုတ်ပါလား ခင်ဗျာ”

“ဟုတ်ကဲ့ …ကျနော်ထွန်းမောင်ပါ”

ဆရာဦးထွန်းမောင်လည်း ရောက်လာသူများ
ကဲ့သို့ အသက်ငါးဆယ်ကျော်ခန့်ပင်ရှိသည်။
သူတို့ ဆရာဦးထွန်းမောင်ရှေ့မှာ ထိုင်လိုက်
ကြသည်။

“ကျနော်တို့က အိမ်မှာ ဆရာမှ ရှိပါ့မလားလို့”

“လာရင်းကိစ္စက”

“အောက်စုရွာက ဦးလေးကျော်အောင် လွှတ်
လိုက်တာပါ။ ဦးလေးကျော်အောင် နေမကောင်း
ဖြစ်နေတာနဲ့ မလိုက်လာနိုင်ဘူးဆရာ”

“ဦးကျော်အောင်နဲ့ ကျတော်သိတာ ကြာပါပြီ
မတွေ့ကြတာလည်း ကြာပြီ၊ အကြောင်းကိစ္စ
ထူးတယ်နဲ့ တူတယ်”

“ထူးဆို ဆရာရယ် လေးရက်တိတိရှိပြီ၊ ရွာကို
ခဲတွေနဲ့ အပစ်ခံနေရလို့ ”

“ဘယ်အချိန် စပစ်တာလဲ”

“ညခုနှစ်နာရီဆို ခဲတွေနဲ့ ဘယ်သူလာပစ်နေ
မှန်း မသိဘူး၊ ရွာဦးထိပ်က စပြီး အိမ်စဉ်တစ်
လျှောက် ခဲတွေကျတာ ရွာလယ်ရောက်တယ်
ခဲတွေ တဝုန်းဝုန်းနဲ့ နာရီဝက်လောက် ကြာ
တယ် ဆရာ”

“ဒီလေးရက်မှာ အချိန်ပုံမှန်လာပစ်တာလား၊
ပစ်ချင်တဲ့အချိန် ပစ်တာလား”

“အချိန်ကတော့ အတိအကျ ခုနှစ်နာရီ ထိုး
စ ပစ်ပြီဆရာ”

“အင်း …ပုဏ္ဏကတိုက်တာပဲ”

ဒီလိုဖြစ်အောင် အောက်လမ်းပညာရပ်နဲ့ လုပ်
ထားတာ။ အတိုက်အခိုက် အောက်လမ်းပညာ
တွေကတော့ စုန်းတိုက်၊ နတ်တိုက်၊ အစိမ်းသ
ရဲတိုက်၊ ပုဏ္ဏကတိုက်တို့ဖြစ်သည်။ ယခု အဖြစ်
အပျက်ကတော့ ပုဏ္ဏတိုက်သည်မှာ သေချာ
သလောက် ဖြစ်သည်။

ပုဏ္ဏကအင်းကိုချပြီး ဘီလူးကို ခိုင်းသောပညာ
ရပ်ဖြစ်သည်။ ထိုသို့သော အတိုက်အခိုက်တို့
အတွက်ဆိုလျှင် အထူးပြုလုပ်သော ရွှေပြား၊
ငွေပြား၊ ခဲမဖြူ၊ ကြေးနီပြား တစ်ခုခုနှင့် စီရင်
ရမည် ဖြစ်သည်။ ထိုအင်းက ဘုရားရှစ်ဆူအင်း
ဖြစ်သည်။ ဌင်းကို စီရင်ရာတွင် ပထမ ဘုရား၊
တရား၊ သံဃာ၊ မိဘ၊ ဆရာတို့ကို သစ်သီး၊
ပန်း၊ ဆီမီးတို့ဖြင့် ရှေးဦးစွာ လှူဒါန်းပူဇော်ရ
မည်ဖြစ်သည်။

ထို့နောက် သဲစုမက ပွင့်တော်မူကြသော မြတ်
စွာဘုရားရှင်တို့အား ပန်း၊ ရေချမ်း၊ ဆီမီးတို့ဖြင့်
လှူဒါန်းပူဇော်ရသည်။ ထို့ပြင် အိမ်စောင့်နတ်။
ရွာစောင့်နတ်၊ ရွာပိုင်၊ ရုက္ခစိုးတို့ကို ဆီမီးလှူ၍
စနေနေ့ ခါးပတ်နက္ခတ် ကြုံသောအခါကိုရွေး၍
သနချေရပါသည်။

သနချေပြီး ရေငုံ၍ နှုတ်ပိတ်၊ နားပေါက်ပိတ်၊
ရေထိုးရပါမည်။ရေထိုးစဉ်အချိန်၌ ကိုင်ဆောင်
ရမည့်သူသည် ဂုဏ်တော်ကိုးပါးကို ရွတ်၍ အင်း
စောင့်ဝိဇ္ဇာအား မီးမပြတ်စေဘဲ ထွန်းညှိပူဇော်
ရမည်။ ထိုအခါ အင်းစီရင်ခြင်း ပြီးဆုံးတော့
သည်။ အင်း၏ အသုံးဝင်ပုံမှာ သူပြု၊ နတ်ပြု၊
ဆရာပြု၊ ရုပ်တား၊ နတ်တား၊ အစာပင်း၊ ဇော်
ဂနီမျိုး(၂၅ )ပါးမှစ၍ ပုဏ္ဏကတိုက်၊ ခုနှစ်စဉ်
တိုက်၊ အတိုက်မျိုး(၃၁)မှစပြီး သုံးနိုင်သည်။

ထိုအင်းကို ဗူးမျက်နှာလွှဲနှင့် စုန်ရေ၊ ဆန်ရေ၊
စိမ်ပြီး ခုနှစ်ခါစပ်ရှိသော အတိုက်ပြေသည်။
အင်းကို မီးပြသော် အတိုက်အခိုက် ပြုလုပ်
ထားသောသူ ဝင်လာသည်။ မီးထဲထည့်၍
အသုံးပြုလျှင် ပြုသောသူ သေတတ်သည်။

(ဗိုက်ကြီးသည်အစိမ်းသရဲမနဲ့ မဖဲဝါ စာ
အုပ်တွင် ကဝေမှော်ရုပ် ဇာတ်လမ်း၌ အဖွန်
ဆိုသော တရုတ်ကြီးအား ကဝေရုပ်နှင့် တိုက်
ထားစဉ် ဆရာက အင်းချထားသော ကြေး
ပြားအား မီးဖြင့် အပူပေးခိုင်းရာ စိတ်မရှည်
သော သမီးက မီးထဲထည့်လိုက်သဖြင့် က
ဝေပညာသည် သေလုမြောပါး ခံလိုက်ရ
သည်။)

သို့ကြောင့် ထိုအင်းကို အသုံးပြုသောအခါ
မီးထဲ မထည့်ရပါ။ သစ္စာရှိစွာ သုံးစွဲရပါသည်။
အလွန်ထက်မြက်သော အင်းဖြစ်သဖြင့် သုံး
စွဲသော ဆရာတို့ ဥာဏ်ရှိသလို အသုံးပြုနိုင်
သည်။ ထို့နောက် ဆရာဦးထွန်းမောင်လည်း
လာရောက်ပင့်ဆောင်သူများနှင့်အတူ အောက်
စုရွာသို့ လိုက်ပါခဲ့သည်။

နွားလှည်းကို တစ်နာရီနီးပါးမျှ စီးခဲ့ရသည်။
မကြာခင်မှာပင် အောက်စုရွာသို့ ရောက်
လာခဲ့တော့သည်။

“ဘယ်အိမ်က စပစ်ခံရတာလဲ”

“ရွာအဝင်အိမ်က စတာပဲဆရာ၊ အဲဒီက စပြီး
ရွာလည်ထဲအထိ တစ်အိမ်ပြီးတစ်အိမ် ပစ်
သွားတာပဲ”

ထိုအခါ ဆရာဦးထွန်းမောင်လည်း လှည်းကို
စပစ်သော အိမ်ရှေ့မှာ ရပ်ခိုင်းလိုက်သည်။
ထိုအိမ်ရှင်နာမည်က ကိုတင့်လွင်ဖြစ်သည်။
ဆရာဦးထွန်းမောင်လည်း ကိုတင့်လွင် အိမ်
ပေါ်သို့ တက်ခဲ့သည်။ ခဏမျှ ထိုင်လိုက်ပြီး
အိမ်သားများအား ကျောက်ငရုတ်ဆုံကို
တောင်းယူလိုက်သည်။

ဆရာဦးထွန်းမောင်က…

“ငရုတ်ဆုံကြီးပဲ…အကျွမ်းဘယ်ဝင်မလဲ၊ ငရုတ်ကျည်ပွေ့ရှိမှ အကျွမ်းဝင်မှာပေါ့”

ဟု ပြောလိုက်စဉ်…

စကားဆုံးသည်နှင့် ကျည်ပွေ့လည်း ငရုတ်ဆုံ
အတွင်းသို့ သူ့အလိုလို တည့်မတ်စွာ ကျရောက်
လာသည်။ မြင်ရသူများ တအံ့တသြ ဖြစ်သွား
သည်။ ဆရာက အိမ်ရှေ့မှာ မီးဖိုလေးတစ်ခု
ဖိုခိုင်းလိုက်သည်။

“အိမ်အောက်မှာလား ဆရာ”

“မဟုတ်ဘူး…ဆရာရှေ့မှာ ဖိုပေး၊ အောက်က
အုတ်ခဲနှစ်လုံးလောက်ခံ အပေါ်က သွပ်ပြားအ
ပိုင်းအစပဲဖြစ်ဖြစ်၊ ဒန်အိုးဖုံးအကြီးကြီးပဲဖြစ်ဖြစ်
ရှာလိုလွယ်တာတင်ပြီး မီးဖိုသေးသေး ဖိုလိုက်
ပေါ့”

ကိုတင့်လွင်က ဆရာခိုင်းသည့်အတိုင်း မီးဖို
သေးသေးတစ်ခု ဖြစ်ရန် လုပ်ကိုင်နေသည်။
ဆရာက စုန်ရေ၊ ဆန်ရေ၊ ထည့်ထားသော
ပုလင်းထဲမှ ရေသုံးလေးစက်ကို ငရုတ်ဆုံ
အတွင်း လောင်းထည့်လိုက်သည်။

ရွာသားများကို တစ်ယောက်ပြီးတစ်ယောက်
အလှည့်ကျ ထောင်းခိုင်းသည်။ ဆရာရောက်
နေသည်ဆို၍ တစ်ရွာလုံးနီးပါး ယောက်ျား
မိန်းမ၊ ကလေးများမကျန် ကိုတင့်လွင်ခြံဝင်း
အတွင်းသို့ စိတ်ဝင်စား၍ ရောက်နေကြသည်။

ငရုတ်ဆုံကို ရွာသားတို့အလှည့်ကျ၊ ထောင်း
နေစဉ် ဆရာဦးထွန်းမောင်က ကိုတင့်လွင် ဖို
ပေးထားသော မီးဖိုလေးတွင် အင်းပြားကို မီး
အပူပေးနေသည်။

ငရုတ်ဆုံ ထောင်းကြသော ရွာသားခုနှစ်ယောက်
မြောက်တွင် လာရောက်ကြည့်ရှုနေကြသော လူ
အများထဲမှ လူတစ်ယောက်အား ပုဏ္ဏက ဘီလူး
ဝင်၍ ပူးကပ်ပါတော့သည်။

“ကြောက်ပါပြီ…ကြောက်ပါပြီ…ငါ့ကို ပြန်လွှတ်
ပေးပါ”

“မင်း ဘယ်သူလဲ”

” ငါ့အစောင့်ဘီလူးပါ…ငါ့ကို ချုပ်မထားပါနဲ့၊
ငါ ဒီရွာမှာ မနေတော့ဘူး၊ ငါပြန်တော့မယ်”

ဆိုကာ ခေါင်းငုံ့၍ မျက်ရည်များ ကျနေပါသည်။
ထိုအခါ ဆရာဦးထွန်းမောင်က…

“မင်း ဘယ်ကလာတာလဲ၊ မင်းကို ဘယ်သူခိုင်း
တာလဲ၊ မှန်တာကိုပြောရင် မင်းကို ငါပြန်လွှတ်
ပေးမယ်၊ ဒါပေမဲ့ မင်းဆရာဆီကို မင်းပြန်ရမယ်
မင်းဆရာက မင်းကို ဘာအစာတွေ ကျွေးပြီး
ခိုင်းနေတာလဲ”

“ဆရာက ခိုင်းတော့မယ်ဆို အမဲသား အစိတ်
သား ကျွေးတယ်”

ငါတို့ရွာသားတွေက မင်းကို အမဲသား တစ်
ပိဿာ ကျွေးမယ်၊ ဘယ်လိုလဲ ကျေနပ်ရဲ့
လား”

“ကျေနပ်ပါတယ်”

“ကျေနပ်တယ်ဆိုရင် မင်းခဏထွက်ပြီးရင် မင်းကို ပြန်ခေါ်မယ်”

ဆရာဦးထွန်းမောင်လည်း စီရင်စရာရှိသည်ကို
စီရင်ပြီး ငှက်ပျောသီးမှည့်တစ်လုံး တောင်းယူ
ပြီး ပုဏ္ဏကဘီလူးအား ပြန်ဝင်စေလိုက်သည်။

ဆရာဦးထွန်းမောင်က ငှက်ပျော်သီးကို အခွံသုံး
ခု ခွာလိုက်သည်။ ရေတစ်ခွက်ကို ပေးကိုင်ထား
ပြီး…

“ကဲ လိုက်ဆို”

“ကျွန်ပ်သည် …နောက်ကို ဤရွာနှင့် ဤလူတွေ
ကို ဘယ်သောအခါမှ မခြောက်မလှန့် မနှောက်
ယှက်တော့ပါ။ အခြားရွာ အခြားလူများကိုလည်း
မခြောက်မလှန့်ပါဟု သစ္စာဆိုပါသည်၊ သစ္စာပျက်
ယွင်း၍ သစ္စာမတည်ကြည်ပါက အခွံခွာပြီး ငှက်
ပျောခွံ သုံးစိတ်သုံးမြွှာကဲ့သို့ ကျွနိုပ်ရဲ့ခန္ဓာကိုယ်
ကွဲရပါလို၏။ သစ္စာတည်ကြည်ပါက ဤငှက်ပျော
သီးနှင့် ရေတို့သည် ကျွန်ပ်အား ခွန်အားပြည့်ဝစွာ
ပေးနိုင်ပါစေသား”

သစ္စာဆိုခိုင်း၍ ဆိုပြီးသောအခါ ငှက်ပျောသီး
ခွာပြီးသားကို စားစေပြီး ရေကို သောက်ခိုင်းသည်။

“ပြီးရင် …မင်းပြန်တော့၊ မင်းအခု ဘယ်သူဆီ
ပြန်မှာလဲ”

“ဆရာထံ ပြန်ပါမယ်”

“မင်း အခု ပူးကပ်သူထံက ထွက်မည်ဆိုရင် မင်း
တကယ် ထွက်သွားပြီဆိုတာ သိရအောင် အိမ်
ခြံဝင်းအတွင်းက သစ်ပင်ရဲ့သစ်ကိုင်းတစ်ကိုင်း
ကို ချိုးချသွား၊ မနက်ဖြန် ညနေ ခြောက်နာရီ
အမဲသား တစ်ပိဿာချက် ရွာအဝင်မှာ လာစား”

ခဏအကြာ ပုဏ္ဏက ဘီလူးဝင်စီးခံရသူလည်း
ထိုင်နေရာမှ တုန်တုန်ရီရီဖြစ်ပြီး လဲကျသွားသည်။
ထိုအချိန်နှင့် မရှေးမနှောင်း အိမ်ရှေ့ခြံဝရှိ သရက်
ကိုင်း တစ်ကိုင်း ဖြောင်းခနဲ ရိုက်ချိုးလိုက်သံမျိုး
ကြားလိုက်ရပြီး သစ်ကိုင်းအောက်သို့ ကျလာသည်။

“ကဲ ပုဏ္ဏကတိုက်တဲ့ ဘီလူးတော့ ထွက်သွားပြီ၊
နောက်ကို ဒီရွာကို လာပြီး အနှောင့်အယှက် ပြု
ဝံ့တော့မှာ မဟုတ်ဘူး အခုဖြစ်တဲ့အကြောင်းက
စ္စကိုလည်း သိပြီးပြီ၊ ဘီလူးကိုယ်တိုင်ကလည်း
နောက်ကို မခြောက်မလှန့်တော့ဘူးလို့ ဂတိပေး
သွားတယ်၊ ဒါကြောင့် လုပ်ခိုင်းတဲ့ပညာသည်ကို
မသိချင်ပါနဲ့တော့ ”

” အဲဒီပညာသည်ကို သိထားချင်ပါတယ်ဆရာ
ကြီး။ ရွာကို အခုလို လုပ်တာ ဘာမကျေနပ်လဲ
ဆိုတာ သိချင်ပါသေးတယ်”

“အင်း…ခင်ဗျားတို့ ပြောတာလည်း မှန်တာပါပဲ။
ဒါပေမဲ့ သိတော့ ဘာတတ်နိုင်မှာလဲ။ သူလက်
သက်မွေးထားတဲ့ ဘီလူးကိုယ်တိုင်က နောက်
ကို ဆရာခိုင်းသမျှ မလုပ်တော့ပါဘူးလို့ သစ္စာ
ဆိုသွားပြီးပဲ။ အခု…သူ့တပည့်ကို ချုပ်ကိုင်
လိုက်ပြီဆိုမှတော့ သူလည်း သူ့တပည့်အား
ကိုးနဲ့ မလုပ်ဝံ့တော့ပါဘူး။ စိတ်ချလက်ချ
သာ နေပါတော့”

ဆရာဦးထွန်းမောင်၏ တောင်းပန်စကားကြောင့်
ရွာသူရွာသားတို့လည်း မိမိတို့ရွာကို ပုဏ္ဏက ဘီ
လူးလွှတ်၍ တိုက်သောပညာရှင်ကို သိချင်စိတ်
မရှိတော့ပါ။ သို့ကြောင့် ဆရာဦးထွန်းမောင်အား
လှည်းနှင့် ပြန်ပို့ရန် စီစဉ်ကြတော့သည်။

ဆရာဦးထွန်းမောင်က ရွာသားတို့အား နောက်နေ့ အမဲသားချက်နှင့် ဆန်လေးလုံးချက်သော ထမင်း
တို့ကို ဇကောအပေါ် ငှက်ပျောရွက်ခင်းထည့်ပြီး
ရွာပြင် အစပ်မှာ ၆ နာရီ သွားကျွေးရန် မှာသည်။

နောက်နောင် ရွာနှင့် မည်သူ့ကိုမှ မခြောက်မလှန့်
ပါနဲ့လို့ ပြောဆိုခဲ့ရန်လည်း မှာသေးသည်။ အသေ
အချာ မှာပြီးမှ လိုက်ပို့သော လှည်းနှင့် ပြန်သွား
တော့သည်။

XXXXX

နောက်နေ့ ညနေ ငါးနာရီခွဲကျော်သည်နှင့် ဆရာမှာ
သည့်အတိုင်း အမဲသားဟင်းနှင့် ထမင်းတို့ကို ရွာပြင်
ရွာထိပ်သို့ ယူသွားပါသည်။ ရွာထိပ်ရောက်တော့
ဇကောကို ချလိုက်ပြီး လူကြီးတစ်ယောက်က ဆ
ရာမှာသည့်အတိုင်း ရွာနှင့်လူများကို မနှောင့်မယှက်
ရန် ပြောဆိုလိုက်သည်။

ထို့နောက် ဇကောကို ထားခဲ့ကာ ရွာသို့ ပြန်ခဲ့ကြ
သည်။ ရွာထဲသည့်နှင့် နောက်မှ ကျန်ခဲ့သော
ဇကောကိုကြည့်လိုက်သော ကိုတင့်လွင်လည်း
ကြီးမားသော ခွေးကြီးတစ်ကောင် လာရောက်စား
သောက် နေသည်ကို တွေ့လိုက်ရသည်။

ထိုည…ခုနှစ်နာရီသို့ရောက်သောအခါ ရွာသား
တို့လည်း စိုးရိမ်မှု မပျောက်သေး၍ အိမ်ထဲက
အိမ်ပြင်မထွက်ဘဲ အခြေအနေကို အကဲခတ်
နေကြသည်။

ခုနှစ်နာရီကျော်သွားပြီး ခဲမကျ။ ဆရာပြန်သွား
သည့်ညကလည်း ခဲမကျ။ ယနေ့ညလည်း ခဲ
မကျတော့။

ထိုအခါမှပင် အောက်စုရွာသားတို့လည်း ဆရာ
၏ ပညာစွမ်းကို သိကြတော့သည်။

ထို့နောက်မှာတော့ အောက်စုရွာတွင် စုန်းတိုက်၊
နတ်တိုက်၊ ပုဏ္ဏကတိုက်ခြင်းကို မကြုံရတော့ပေ။

မူရင်းရေးသူ ဆရာ ဧကန်မင်း

စာဖတ်သူကို ကူးယူဝေမျှသူ လက်ခ(ရွှေပေါက်ကံ)

Zawgyi Version

” ပုဏၰက အတိုက္ခံရတဲ့႐ြာ”(စ/ဆုံး)
———————————-

ဝုန္း…ဒိုင္း…

ဝုန္း…ဒိုင္း…ဂ်ိန္း…

ည ခုႏွစ္နာရီထိုးသည့္ႏွင့္ ႐ြာအေရွ႕ပိုင္းမွသည္
႐ြာအလယ္ပိုင္းအထိ တစ္အိမ္ၿပီးတစ္အိမ္ ခဲမ်ား
အဆက္အျပတ္ က်လာသည္။

“ဟာ…ပစ္ျပန္ၿပီေဟ့”

ဒုန္း…ဒုန္း

“ပစ္ျပန္ၿပီ …သတိထားၾက”

“ကေလးေတြ အိမ္ထဲဝင္ၾကစမ္း”

အိမ္စဥ္တစ္ေလွ်ာက္ ေအာ္သံဟစ္သံ၊ ကေလး
ေခၚသံမ်ား ဆူညံသြားသည္။ ခဏေနေတာ့ လူ
ေတြ၏ ေအာ္သံဟစ္သံတို႔ ေပ်ာက္သြားသည္။

ဝုန္း…ဒိန္း

လူေတြ၏ေအာ္သံ၊ ကေလးငိုသံတို႔၊ တိတ္ဆိတ္
သြားေပမယ့္ ခဲက်သံက အိမ္စဥ္ဆက္ၿပီး တစ္
အိမ္ၿပီး တစ္အိမ္ ခဲမ်ား အဆက္မျပတ္ က်ေန
သည္။ စပစ္သည့္အိမ္မွသည္ ရပ္သြားသည့္
အိမ္ထိတိုင္ နာရီဝက္ခန္႔ ခဲက်ၿပီး ရပ္သြားသည္

ထိုသို႔ ခဲမ်ား အပစ္ခ်သြားၿပီး ေနာက္ပိုင္းေရာက္
မွ ရပ္ကြက္အတြင္းက လူမ်ား အိမ္ျပင္သို႔ ထြက္
လာကာ ႐ြာမွာ ျဖစ္ပ်က္ေနပုံကို ေျပာဆိုတိုင္ပင္
ၾကသည္။ ေဆြးေႏြးၾကသည္။

တိတ္ဆိတ္ေနေသာ ႐ြာေလး လႈပ္လႈပ္႐ြ႐ြ ျဖစ္
လာသည္။ ဘာေၾကာင့္မွန္းမသိ။ ႐ြာကို ခဲနဲ႔လာ
ပစ္ခဲ့ေသာ အမ်ိဳးအမည္မသိအရာမွာ နာနာဘာ
ဝေလာ၊ တေစၦေလာ၊ သရဲေလာ၊ ပုဏၰကေလာ၊
႐ြာသားတို႔ စိတ္မွာ အေျဖရွာမရ။

သို႔ျဖင့္ ပထမတစ္ရက္ ကုန္လြန္ခဲ့သည္။ ဒုတိ
ယညေရာက္ေတာ့ ခုႏွစ္နာရီထိုးသည္ႏွင့္ ႐ြာ
ဦးမွစ၍ ခဲလုံးမ်ားႏွင့္ လာပစ္ျပန္သည္။ ထို႔
ေနာက္ တစ္ၿပီးတစ္အိမ္ ဆက္တိုက္ ခဲမ်ား
က်လာေတာ့သည္။ ထိုအခါ လူႀကီးမ်ားက
ပုဏၰကတိုက္သည္ဟု ေျပာၾကသည္။ ပုဏၰ
က တိုက္သည္ဆိုလွ်င္ အခ်ိန္မွန္မွန္ ျဖစ္ေပၚ
တတ္သည္။ ညစဥ္ ခုႏွစ္နာရီထိုးသည္ႏွင့္
ခဲမ်ား ပုံမွန္ က်လာသည္။

ေလးရက္ခန္႔ ရွိေနၿပီ၊ ကေလးမ်ား အမ်ိဳးသမီး
မ်ား ေၾကာက္လန္႔ေနၾကၿပီ။ ေနာက္ပိုင္း ဘာမ်ား
ဆက္ျဖစ္လာမည္နည္းဟု စိုးရိမ္ပိုေနၾကသည္။
႐ြာလူႀကီးမ်ားလည္း ထိုကိစၥကို အေလးေပး
တိုင္ပင္ၾကသည္။

မိမိတို႔၏ အေတြ႕အႀကဳံမ်ားကို ဖလွယ္ၾကသည္။
သို႔ေၾကာင့္ ထိုပေယာဂ၊ စုန္းတိုက္၊ နတ္တိုက္
ပုဏၰကတိုက္ အတိုက္မွန္သမွ် ႏွိမ္နင္းႏိုင္မည့္
ဆရာတစ္ဦးကို သူတို႔ ေ႐ြးခ်ယ္ လိုက္သည္။

XXXXX

ဝုတ္…ဝုတ္

ဝုတ္…ဝုတ္…ဝုတ္

” ဟဲ့ေခြး …ဟဲ့ေခြး၊ ဧည့္သည္လာတယ္ထင္
တယ္။ အိမ္ေအာက္မွာ ဘယ္သူမွ မရွိၾကဘူး
လား။ ဒီေခြးေမြးတဲ့ေကာင္ကလည္း ေခြးနား
ဘယ္ေတာ့မွ မရွိဘူး။ ဒီေကာင္ ေရာက္လာ
ၿပီးကတည္းက အလုပ္တစ္ခု ရႈပ္လာတယ္”

အသက္ငါးဆယ္ခန္႔ရွိ လူႀကီးတစ္ေယာက္
ေခြးၾကည့္ေပးရန္ အိမ္ေအာက္ဆင္းလာသည္။
အိမ္ၿခံဝမွာ ဧည့္သည္ႏွစ္ေယာက္က ေခြးကို
ကိုင္ထားေပးသည္ႏွင့္ တြန္႔ဆုတ္ျခင္း မရွိဘဲ
အိမ္ေပၚသို႔ တက္လာခဲ့ၾကသည္။

ေနာက္မွ အိမ္ရွင္လူႀကီး အိမ္ေပၚလိုက္တက္
လာခဲ့သည္။

“ဆရာ ဦးထြန္းေမာင္ ဟုတ္ပါလား ခင္ဗ်ာ”

“ဟုတ္ကဲ့ …က်ေနာ္ထြန္းေမာင္ပါ”

ဆရာဦးထြန္းေမာင္လည္း ေရာက္လာသူမ်ား
ကဲ့သို႔ အသက္ငါးဆယ္ေက်ာ္ခန္႔ပင္ရွိသည္။
သူတို႔ ဆရာဦးထြန္းေမာင္ေရွ႕မွာ ထိုင္လိုက္
ၾကသည္။

“က်ေနာ္တို႔က အိမ္မွာ ဆရာမွ ရွိပါ့မလားလို႔”

“လာရင္းကိစၥက”

“ေအာက္စု႐ြာက ဦးေလးေက်ာ္ေအာင္ လႊတ္
လိုက္တာပါ။ ဦးေလးေက်ာ္ေအာင္ ေနမေကာင္း
ျဖစ္ေနတာနဲ႔ မလိုက္လာႏိုင္ဘူးဆရာ”

“ဦးေက်ာ္ေအာင္နဲ႔ က်ေတာ္သိတာ ၾကာပါၿပီ
မေတြ႕ၾကတာလည္း ၾကာၿပီ၊ အေၾကာင္းကိစၥ
ထူးတယ္နဲ႔ တူတယ္”

“ထူးဆို ဆရာရယ္ ေလးရက္တိတိရွိၿပီ၊ ႐ြာကို
ခဲေတြနဲ႔ အပစ္ခံေနရလို႔ ”

“ဘယ္အခ်ိန္ စပစ္တာလဲ”

“ညခုႏွစ္နာရီဆို ခဲေတြနဲ႔ ဘယ္သူလာပစ္ေန
မွန္း မသိဘူး၊ ႐ြာဦးထိပ္က စၿပီး အိမ္စဥ္တစ္
ေလွ်ာက္ ခဲေတြက်တာ ႐ြာလယ္ေရာက္တယ္
ခဲေတြ တဝုန္းဝုန္းနဲ႔ နာရီဝက္ေလာက္ ၾကာ
တယ္ ဆရာ”

“ဒီေလးရက္မွာ အခ်ိန္ပုံမွန္လာပစ္တာလား၊
ပစ္ခ်င္တဲ့အခ်ိန္ ပစ္တာလား”

“အခ်ိန္ကေတာ့ အတိအက် ခုႏွစ္နာရီ ထိုး
စ ပစ္ၿပီဆရာ”

“အင္း …ပုဏၰကတိုက္တာပဲ”

ဒီလိုျဖစ္ေအာင္ ေအာက္လမ္းပညာရပ္နဲ႔ လုပ္
ထားတာ။ အတိုက္အခိုက္ ေအာက္လမ္းပညာ
ေတြကေတာ့ စုန္းတိုက္၊ နတ္တိုက္၊ အစိမ္းသ
ရဲတိုက္၊ ပုဏၰကတိုက္တို႔ျဖစ္သည္။ ယခု အျဖစ္
အပ်က္ကေတာ့ ပုဏၰတိုက္သည္မွာ ေသခ်ာ
သေလာက္ ျဖစ္သည္။

ပုဏၰကအင္းကိုခ်ၿပီး ဘီလူးကို ခိုင္းေသာပညာ
ရပ္ျဖစ္သည္။ ထိုသို႔ေသာ အတိုက္အခိုက္တို႔
အတြက္ဆိုလွ်င္ အထူးျပဳလုပ္ေသာ ေ႐ႊျပား၊
ေငြျပား၊ ခဲမျဖဴ၊ ေၾကးနီျပား တစ္ခုခုႏွင့္ စီရင္
ရမည္ ျဖစ္သည္။ ထိုအင္းက ဘုရားရွစ္ဆူအင္း
ျဖစ္သည္။ ဌင္းကို စီရင္ရာတြင္ ပထမ ဘုရား၊
တရား၊ သံဃာ၊ မိဘ၊ ဆရာတို႔ကို သစ္သီး၊
ပန္း၊ ဆီမီးတို႔ျဖင့္ ေရွးဦးစြာ လႉဒါန္းပူေဇာ္ရ
မည္ျဖစ္သည္။

ထို႔ေနာက္ သဲစုမက ပြင့္ေတာ္မူၾကေသာ ျမတ္
စြာဘုရားရွင္တို႔အား ပန္း၊ ေရခ်မ္း၊ ဆီမီးတို႔ျဖင့္
လႉဒါန္းပူေဇာ္ရသည္။ ထို႔ျပင္ အိမ္ေစာင့္နတ္။
႐ြာေစာင့္နတ္၊ ႐ြာပိုင္၊ ႐ုကၡစိုးတို႔ကို ဆီမီးလႉ၍
စေနေန႔ ခါးပတ္နကၡတ္ ႀကဳံေသာအခါကိုေ႐ြး၍
သနေခ်ရပါသည္။

သနေခ်ၿပီး ေရငုံ၍ ႏႈတ္ပိတ္၊ နားေပါက္ပိတ္၊
ေရထိုးရပါမည္။ေရထိုးစဥ္အခ်ိန္၌ ကိုင္ေဆာင္
ရမည့္သူသည္ ဂုဏ္ေတာ္ကိုးပါးကို ႐ြတ္၍ အင္း
ေစာင့္ဝိဇၨာအား မီးမျပတ္ေစဘဲ ထြန္းညႇိပူေဇာ္
ရမည္။ ထိုအခါ အင္းစီရင္ျခင္း ၿပီးဆုံးေတာ့
သည္။ အင္း၏ အသုံးဝင္ပုံမွာ သူျပဳ၊ နတ္ျပဳ၊
ဆရာျပဳ၊ ႐ုပ္တား၊ နတ္တား၊ အစာပင္း၊ ေဇာ္
ဂနီမ်ိဳး(၂၅ )ပါးမွစ၍ ပုဏၰကတိုက္၊ ခုႏွစ္စဥ္
တိုက္၊ အတိုက္မ်ိဳး(၃၁)မွစၿပီး သုံးႏိုင္သည္။

ထိုအင္းကို ဗူးမ်က္ႏွာလႊဲႏွင့္ စုန္ေရ၊ ဆန္ေရ၊
စိမ္ၿပီး ခုႏွစ္ခါစပ္ရွိေသာ အတိုက္ေျပသည္။
အင္းကို မီးျပေသာ္ အတိုက္အခိုက္ ျပဳလုပ္
ထားေသာသူ ဝင္လာသည္။ မီးထဲထည့္၍
အသုံးျပဳလွ်င္ ျပဳေသာသူ ေသတတ္သည္။

(ဗိုက္ႀကီးသည္အစိမ္းသရဲမနဲ႔ မဖဲဝါ စာ
အုပ္တြင္ ကေဝေမွာ္႐ုပ္ ဇာတ္လမ္း၌ အဖြန္
ဆိုေသာ တ႐ုတ္ႀကီးအား ကေဝ႐ုပ္ႏွင့္ တိုက္
ထားစဥ္ ဆရာက အင္းခ်ထားေသာ ေၾကး
ျပားအား မီးျဖင့္ အပူေပးခိုင္းရာ စိတ္မရွည္
ေသာ သမီးက မီးထဲထည့္လိုက္သျဖင့္ က
ေဝပညာသည္ ေသလုေျမာပါး ခံလိုက္ရ
သည္။)

သို႔ေၾကာင့္ ထိုအင္းကို အသုံးျပဳေသာအခါ
မီးထဲ မထည့္ရပါ။ သစၥာရွိစြာ သုံးစြဲရပါသည္။
အလြန္ထက္ျမက္ေသာ အင္းျဖစ္သျဖင့္ သုံး
စြဲေသာ ဆရာတို႔ ဥာဏ္ရွိသလို အသုံးျပဳႏိုင္
သည္။ ထို႔ေနာက္ ဆရာဦးထြန္းေမာင္လည္း
လာေရာက္ပင့္ေဆာင္သူမ်ားႏွင့္အတူ ေအာက္
စု႐ြာသို႔ လိုက္ပါခဲ့သည္။

ႏြားလွည္းကို တစ္နာရီနီးပါးမွ် စီးခဲ့ရသည္။
မၾကာခင္မွာပင္ ေအာက္စု႐ြာသို႔ ေရာက္
လာခဲ့ေတာ့သည္။

“ဘယ္အိမ္က စပစ္ခံရတာလဲ”

“႐ြာအဝင္အိမ္က စတာပဲဆရာ၊ အဲဒီက စၿပီး
႐ြာလည္ထဲအထိ တစ္အိမ္ၿပီးတစ္အိမ္ ပစ္
သြားတာပဲ”

ထိုအခါ ဆရာဦးထြန္းေမာင္လည္း လွည္းကို
စပစ္ေသာ အိမ္ေရွ႕မွာ ရပ္ခိုင္းလိုက္သည္။
ထိုအိမ္ရွင္နာမည္က ကိုတင့္လြင္ျဖစ္သည္။
ဆရာဦးထြန္းေမာင္လည္း ကိုတင့္လြင္ အိမ္
ေပၚသို႔ တက္ခဲ့သည္။ ခဏမွ် ထိုင္လိုက္ၿပီး
အိမ္သားမ်ားအား ေက်ာက္င႐ုတ္ဆုံကို
ေတာင္းယူလိုက္သည္။

ဆရာဦးထြန္းေမာင္က…

“င႐ုတ္ဆုံႀကီးပဲ…အကြၽမ္းဘယ္ဝင္မလဲ၊ င႐ုတ္က်ည္ေပြ႕ရွိမွ အကြၽမ္းဝင္မွာေပါ့”

ဟု ေျပာလိုက္စဥ္…

စကားဆုံးသည္ႏွင့္ က်ည္ေပြ႕လည္း င႐ုတ္ဆုံ
အတြင္းသို႔ သူ႔အလိုလို တည့္မတ္စြာ က်ေရာက္
လာသည္။ ျမင္ရသူမ်ား တအံ့တၾသ ျဖစ္သြား
သည္။ ဆရာက အိမ္ေရွ႕မွာ မီးဖိုေလးတစ္ခု
ဖိုခိုင္းလိုက္သည္။

“အိမ္ေအာက္မွာလား ဆရာ”

“မဟုတ္ဘူး…ဆရာေရွ႕မွာ ဖိုေပး၊ ေအာက္က
အုတ္ခဲႏွစ္လုံးေလာက္ခံ အေပၚက သြပ္ျပားအ
ပိုင္းအစပဲျဖစ္ျဖစ္၊ ဒန္အိုးဖုံးအႀကီးႀကီးပဲျဖစ္ျဖစ္
ရွာလိုလြယ္တာတင္ၿပီး မီးဖိုေသးေသး ဖိုလိုက္
ေပါ့”

ကိုတင့္လြင္က ဆရာခိုင္းသည့္အတိုင္း မီးဖို
ေသးေသးတစ္ခု ျဖစ္ရန္ လုပ္ကိုင္ေနသည္။
ဆရာက စုန္ေရ၊ ဆန္ေရ၊ ထည့္ထားေသာ
ပုလင္းထဲမွ ေရသုံးေလးစက္ကို င႐ုတ္ဆုံ
အတြင္း ေလာင္းထည့္လိုက္သည္။

႐ြာသားမ်ားကို တစ္ေယာက္ၿပီးတစ္ေယာက္
အလွည့္က် ေထာင္းခိုင္းသည္။ ဆရာေရာက္
ေနသည္ဆို၍ တစ္႐ြာလုံးနီးပါး ေယာက္်ား
မိန္းမ၊ ကေလးမ်ားမက်န္ ကိုတင့္လြင္ၿခံဝင္း
အတြင္းသို႔ စိတ္ဝင္စား၍ ေရာက္ေနၾကသည္။

င႐ုတ္ဆုံကို ႐ြာသားတို႔အလွည့္က်၊ ေထာင္း
ေနစဥ္ ဆရာဦးထြန္းေမာင္က ကိုတင့္လြင္ ဖို
ေပးထားေသာ မီးဖိုေလးတြင္ အင္းျပားကို မီး
အပူေပးေနသည္။

င႐ုတ္ဆုံ ေထာင္းၾကေသာ ႐ြာသားခုႏွစ္ေယာက္
ေျမာက္တြင္ လာေရာက္ၾကည့္ရႈေနၾကေသာ လူ
အမ်ားထဲမွ လူတစ္ေယာက္အား ပုဏၰက ဘီလူး
ဝင္၍ ပူးကပ္ပါေတာ့သည္။

“ေၾကာက္ပါၿပီ…ေၾကာက္ပါၿပီ…ငါ့ကို ျပန္လႊတ္
ေပးပါ”

“မင္း ဘယ္သူလဲ”

” ငါ့အေစာင့္ဘီလူးပါ…ငါ့ကို ခ်ဳပ္မထားပါနဲ႔၊
ငါ ဒီ႐ြာမွာ မေနေတာ့ဘူး၊ ငါျပန္ေတာ့မယ္”

ဆိုကာ ေခါင္းငုံ႔၍ မ်က္ရည္မ်ား က်ေနပါသည္။
ထိုအခါ ဆရာဦးထြန္းေမာင္က…

“မင္း ဘယ္ကလာတာလဲ၊ မင္းကို ဘယ္သူခိုင္း
တာလဲ၊ မွန္တာကိုေျပာရင္ မင္းကို ငါျပန္လႊတ္
ေပးမယ္၊ ဒါေပမဲ့ မင္းဆရာဆီကို မင္းျပန္ရမယ္
မင္းဆရာက မင္းကို ဘာအစာေတြ ေကြၽးၿပီး
ခိုင္းေနတာလဲ”

“ဆရာက ခိုင္းေတာ့မယ္ဆို အမဲသား အစိတ္
သား ေကြၽးတယ္”

ငါတို႔႐ြာသားေတြက မင္းကို အမဲသား တစ္
ပိႆာ ေကြၽးမယ္၊ ဘယ္လိုလဲ ေက်နပ္ရဲ႕
လား”

“ေက်နပ္ပါတယ္”

“ေက်နပ္တယ္ဆိုရင္ မင္းခဏထြက္ၿပီးရင္ မင္းကို ျပန္ေခၚမယ္”

ဆရာဦးထြန္းေမာင္လည္း စီရင္စရာရွိသည္ကို
စီရင္ၿပီး ငွက္ေပ်ာသီးမွည့္တစ္လုံး ေတာင္းယူ
ၿပီး ပုဏၰကဘီလူးအား ျပန္ဝင္ေစလိုက္သည္။

ဆရာဦးထြန္းေမာင္က ငွက္ေပ်ာ္သီးကို အခြံသုံး
ခု ခြာလိုက္သည္။ ေရတစ္ခြက္ကို ေပးကိုင္ထား
ၿပီး…

“ကဲ လိုက္ဆို”

“ကြၽန္ပ္သည္ …ေနာက္ကို ဤ႐ြာႏွင့္ ဤလူေတြ
ကို ဘယ္ေသာအခါမွ မေျခာက္မလွန္႔ မေႏွာက္
ယွက္ေတာ့ပါ။ အျခား႐ြာ အျခားလူမ်ားကိုလည္း
မေျခာက္မလွန္႔ပါဟု သစၥာဆိုပါသည္၊ သစၥာပ်က္
ယြင္း၍ သစၥာမတည္ၾကည္ပါက အခြံခြာၿပီး ငွက္
ေပ်ာခြံ သုံးစိတ္သုံးႁမႊာကဲ့သို႔ ကြၽႏိုပ္ရဲ႕ခႏၶာကိုယ္
ကြဲရပါလို၏။ သစၥာတည္ၾကည္ပါက ဤငွက္ေပ်ာ
သီးႏွင့္ ေရတို႔သည္ ကြၽန္ပ္အား ခြန္အားျပည့္ဝစြာ
ေပးႏိုင္ပါေစသား”

သစၥာဆိုခိုင္း၍ ဆိုၿပီးေသာအခါ ငွက္ေပ်ာသီး
ခြာၿပီးသားကို စားေစၿပီး ေရကို ေသာက္ခိုင္းသည္။

“ၿပီးရင္ …မင္းျပန္ေတာ့၊ မင္းအခု ဘယ္သူဆီ
ျပန္မွာလဲ”

“ဆရာထံ ျပန္ပါမယ္”

“မင္း အခု ပူးကပ္သူထံက ထြက္မည္ဆိုရင္ မင္း
တကယ္ ထြက္သြားၿပီဆိုတာ သိရေအာင္ အိမ္
ၿခံဝင္းအတြင္းက သစ္ပင္ရဲ႕သစ္ကိုင္းတစ္ကိုင္း
ကို ခ်ိဳးခ်သြား၊ မနက္ျဖန္ ညေန ေျခာက္နာရီ
အမဲသား တစ္ပိႆာခ်က္ ႐ြာအဝင္မွာ လာစား”

ခဏအၾကာ ပုဏၰက ဘီလူးဝင္စီးခံရသူလည္း
ထိုင္ေနရာမွ တုန္တုန္ရီရီျဖစ္ၿပီး လဲက်သြားသည္။
ထိုအခ်ိန္ႏွင့္ မေရွးမေႏွာင္း အိမ္ေရွ႕ၿခံဝရွိ သရက္
ကိုင္း တစ္ကိုင္း ေျဖာင္းခနဲ ႐ိုက္ခ်ိဳးလိုက္သံမ်ိဳး
ၾကားလိုက္ရၿပီး သစ္ကိုင္းေအာက္သို႔ က်လာသည္။

“ကဲ ပုဏၰကတိုက္တဲ့ ဘီလူးေတာ့ ထြက္သြားၿပီ၊
ေနာက္ကို ဒီ႐ြာကို လာၿပီး အေႏွာင့္အယွက္ ျပဳ
ဝံ့ေတာ့မွာ မဟုတ္ဘူး အခုျဖစ္တဲ့အေၾကာင္းက
စၥကိုလည္း သိၿပီးၿပီ၊ ဘီလူးကိုယ္တိုင္ကလည္း
ေနာက္ကို မေျခာက္မလွန္႔ေတာ့ဘူးလို႔ ဂတိေပး
သြားတယ္၊ ဒါေၾကာင့္ လုပ္ခိုင္းတဲ့ပညာသည္ကို
မသိခ်င္ပါနဲ႔ေတာ့ ”

” အဲဒီပညာသည္ကို သိထားခ်င္ပါတယ္ဆရာ
ႀကီး။ ႐ြာကို အခုလို လုပ္တာ ဘာမေက်နပ္လဲ
ဆိုတာ သိခ်င္ပါေသးတယ္”

“အင္း…ခင္ဗ်ားတို႔ ေျပာတာလည္း မွန္တာပါပဲ။
ဒါေပမဲ့ သိေတာ့ ဘာတတ္ႏိုင္မွာလဲ။ သူလက္
သက္ေမြးထားတဲ့ ဘီလူးကိုယ္တိုင္က ေနာက္
ကို ဆရာခိုင္းသမွ် မလုပ္ေတာ့ပါဘူးလို႔ သစၥာ
ဆိုသြားၿပီးပဲ။ အခု…သူ႔တပည့္ကို ခ်ဳပ္ကိုင္
လိုက္ၿပီဆိုမွေတာ့ သူလည္း သူ႔တပည့္အား
ကိုးနဲ႔ မလုပ္ဝံ့ေတာ့ပါဘူး။ စိတ္ခ်လက္ခ်
သာ ေနပါေတာ့”

ဆရာဦးထြန္းေမာင္၏ ေတာင္းပန္စကားေၾကာင့္
႐ြာသူ႐ြာသားတို႔လည္း မိမိတို႔႐ြာကို ပုဏၰက ဘီ
လူးလႊတ္၍ တိုက္ေသာပညာရွင္ကို သိခ်င္စိတ္
မရွိေတာ့ပါ။ သို႔ေၾကာင့္ ဆရာဦးထြန္းေမာင္အား
လွည္းႏွင့္ ျပန္ပို႔ရန္ စီစဥ္ၾကေတာ့သည္။

ဆရာဦးထြန္းေမာင္က ႐ြာသားတို႔အား ေနာက္ေန႔ အမဲသားခ်က္ႏွင့္ ဆန္ေလးလုံးခ်က္ေသာ ထမင္း
တို႔ကို ဇေကာအေပၚ ငွက္ေပ်ာ႐ြက္ခင္းထည့္ၿပီး
႐ြာျပင္ အစပ္မွာ ၆ နာရီ သြားေကြၽးရန္ မွာသည္။

ေနာက္ေနာင္ ႐ြာႏွင့္ မည္သူ႔ကိုမွ မေျခာက္မလွန္႔
ပါနဲ႔လို႔ ေျပာဆိုခဲ့ရန္လည္း မွာေသးသည္။ အေသ
အခ်ာ မွာၿပီးမွ လိုက္ပို႔ေသာ လွည္းႏွင့္ ျပန္သြား
ေတာ့သည္။

XXXXX

ေနာက္ေန႔ ညေန ငါးနာရီခြဲေက်ာ္သည္ႏွင့္ ဆရာမွာ
သည့္အတိုင္း အမဲသားဟင္းႏွင့္ ထမင္းတို႔ကို ႐ြာျပင္
႐ြာထိပ္သို႔ ယူသြားပါသည္။ ႐ြာထိပ္ေရာက္ေတာ့
ဇေကာကို ခ်လိုက္ၿပီး လူႀကီးတစ္ေယာက္က ဆ
ရာမွာသည့္အတိုင္း ႐ြာႏွင့္လူမ်ားကို မေႏွာင့္မယွက္
ရန္ ေျပာဆိုလိုက္သည္။

ထို႔ေနာက္ ဇေကာကို ထားခဲ့ကာ ႐ြာသို႔ ျပန္ခဲ့ၾက
သည္။ ႐ြာထဲသည့္ႏွင့္ ေနာက္မွ က်န္ခဲ့ေသာ
ဇေကာကိုၾကည့္လိုက္ေသာ ကိုတင့္လြင္လည္း
ႀကီးမားေသာ ေခြးႀကီးတစ္ေကာင္ လာေရာက္စား
ေသာက္ ေနသည္ကို ေတြ႕လိုက္ရသည္။

ထိုည…ခုႏွစ္နာရီသို႔ေရာက္ေသာအခါ ႐ြာသား
တို႔လည္း စိုးရိမ္မႈ မေပ်ာက္ေသး၍ အိမ္ထဲက
အိမ္ျပင္မထြက္ဘဲ အေျခအေနကို အကဲခတ္
ေနၾကသည္။

ခုႏွစ္နာရီေက်ာ္သြားၿပီး ခဲမက်။ ဆရာျပန္သြား
သည့္ညကလည္း ခဲမက်။ ယေန႔ညလည္း ခဲ
မက်ေတာ့။

ထိုအခါမွပင္ ေအာက္စု႐ြာသားတို႔လည္း ဆရာ
၏ ပညာစြမ္းကို သိၾကေတာ့သည္။

ထို႔ေနာက္မွာေတာ့ ေအာက္စု႐ြာတြင္ စုန္းတိုက္၊
နတ္တိုက္၊ ပုဏၰကတိုက္ျခင္းကို မႀကဳံရေတာ့ေပ။

မူရင္းေရးသူ ဆရာ ဧကန္မင္း

စာဖတ္သူကို ကူးယူေဝမွ်သူ လက္ခ(ေ႐ႊေပါက္ကံ)