ဖုတ်ကောင်ကလဲ့စား(စ/ဆုံး)
—————————–
မိုး က သည်းသည်းမည်းမည်း ရွာသွန်းနေတာဗျို့။ လရောင်က
မရှိ ကြယ်ရောင်ကင်းမဲ့နေပီး အမှောင်ထုတွေနက်ရှိုင်းစွာနေရာယူထားတဲ့ ညတစ်ညဆိုရင်လည်း မမှားဘူး ပေါ့ဗျာ….
” ဝုတ် !! ဝုတ် !! အူ….ဝူးးးးး ဝူးးးးးး ”
မြခိုင် တစ်ယောက်မူးမူးရူးရူး နဲ့အိပ်မောကျနေရာမှ ရုတ်တရက်
ဆူညံစွာထွက်ပေါ်လာသောခွေးဟောင်သံတွေကြောင့် ဖျတ်ခနဲလန့်နိုးလာတာဗျို့။ ခွေးဟောင်သံတွေက တဖြည်းဖြည်းနဲ့သူရဲ့ ခြံလေးနဲ့ နီးလာသလိုလည်း ခံစားလိုက်မိတယ်။
” ဟင် !! သူ …သူ ငါ့ဆီလာနေပီထင်တယ်…ဘုရား !! ဘုရား !!
ငါ့အလှည့်ရောက်လာပီ လား “…
မြခိုင် တစ်ယောက်ထဲ ကြောက်လန့်ခြောက်ခြားစွာရေရွတ်ရင်း တုန်
ယင်နေတဲ့ လက်အစုံနဲ့ ဘေးက လက်ကျန်အရက်ပုလင်းကိုဆွဲယူပီး
မော့ချလိုက်တယ်။
” ဒေါက် !! ဒေါက် !! ဒေါက် !!..”
ဟာ !! တိတ်ဆိတ် နေတဲ့ ညဦးယံမှာရုတ်တရက်ထွက်ပေါ်လာတဲ့တံခါး
ခေါက်သံကြီး …ကြောင့် မြခိုင် ခန္ဓာကိုယ် ဆတ်ခနဲ တုန်ခါ သွားတာဗျို့။
အထိတ်တလန့် နဲ့လည်း မေးလိုက်မိတယ်။
” ဘယ်…ဘယ်သူလဲ …ဒီအချိန်ကြီး တံခါးလာခေါက်တာ “…
” ဟားးးးးးးးဟားးးးးးးးဟားးးးး ငါလေ မြခိုင် …နင့်ရဲ့ မိန်းမ…မြနှင်း
လေ …နင်ရဲ့ လူမဆန်တဲ့ လုပ်ရပ်ကြောင့် အသက်နဲ့ အရှက်ကိုလဲခဲ့ရတဲ့ မြနှင်းပါဟ … ဟားးးဟားးးဟားးး ”
အပြင်ဘက်မှ အက်ကွဲ ခြောက်ကပ်တဲ့ အသံကြီးကြောင့်မြခိုင် မှာ
အိမ်လေးထဲတွင် ဆောက်တည်ရာမရတော့။ အလွန် ကြောက်လန့်
တုန်ယင်နေသောအသံတို့ ဖြင့် အိမ်ပြင်ဘက်က မြနှင်းဆိုသူ အသံ
ရှင်ကို ပြန်အော်လိုက်တာဗျ။
” နင် !! နင် !! ငါ့မိန်းမ မဟုတ်တော့ဘူး …နင်က သေပီးသွားပီလေ
ငါ့ဆီ မလာနဲ့ ….မလာနဲ့ သွား…သွား …မလာနဲ့ ”
” ဟားးးဟားး !! ဟီးးးဟီးးးးဟီးးး !!
“ကိုယ့်အလှည့်ကျတော့ သိပ်ကြောက်နေပီလား မြခိုင် … နင်ပီးရင်
ကျန်တဲ့ ကောင်တွေအလှည့်ပဲ ဟေ့ …”
” ငါ !! ငါ တောင်းပန်ပါတယ် မြနှင်းရယ်…ငါ့ကို ခွင့်လွှတ်ပါ …
ငါ့ကို မသတ်ပါနဲ့ ချမ်းသာပေးပါဟာ အီးးးဟီးးးဟီးးး ” …
” ခွင့်လွှတ်ရမယ်တဲ့လား….နင့်လိုကောင်ကို ဘယ်တော့မှ ခွင့်မလွှတ်
ဘူး …နင်တို့ကိုကလဲ့စားချေရ မှ ငါ့ရဲ့အငြိုးတွေ ပြေ မှာဟေ့…သေဖို့သာပြင်ထား “…
” ဝုန်းးးးးးးး !! “…
အသံနှင့်အတူ…တံခါးမှာ တစစီ ကျိုးပဲ့ပွင့်ထွက်သွားပီး…မီးဝင်းဝင်း
တောက်နေသော ဒေါသမျက်လုံးအစုံနှင့်လျှာကြီးတစ်တောင်လောက်
ထွက်ကျနေတဲ့ သရဲမကြီးပေါ်လာတာဗျ။ အစွယ်ကြီးတွေကလည်း
ပါးစပ်ထဲမှာ အရှည်ကြီးတွေဗျို့။
” ငါတို့ သားအမိပေါ် အကြင်နာတရားကင်းမဲ့ပီး လူစိတ်မရှိတဲ့
အကောင် သေပေတော့ … ကဲဟာ !! ”
ဟာ !! သရဲ မကြီးက လက်တစ်ဖက်ကို ဆန့်ထုတ်ပီးချွန်မြနေတဲ့
လက်သည်းရှည်ကြီးတွေနဲ့ မြခိုင် ရဲ့ဗိုက်ကြီးကို ဖောက်ထုတ်လိုက်ပီ ဟာ !! အထဲက အူတွေကလီစာတွေကို ရက်ရက်စက်စက် ဆွဲထုတ်
ပစ်နေတာဗျ။
” အားး!!! မလုပ်ပါနဲ့ …ဖုတ်ကောင်ကြီးးးးး…အားးးးးးးသေပါပီ…
ကြောက်ပါပီဗျ … အာ့…အ့… အားးးးးးး!! ”
မြခိုင် ရဲ့ နာနာ ကြည်းကြည်းအော်သံ ကြီးက အမှောင်ထုထဲမှာ
တဖြေးဖြေးနဲ့တိုးတိတ် ပျောက်ကွယ်သွားပီဗျ။
သည်လိုသွေးပျက် ကြောက်လန့်စရာဖြစ်ရပ်ဆိုးကြီးဖြစ်ပေါ်လာရတဲ့
အစကို ခင်များတို့ သိအောင်ပြောပြရမယ် ဆိုရင်တော့ ဒီလိုဗျို့ …….
⏰⏰⏰⏰
ရေနံဆီ မီးအိမ်လေး မှုန်ဝါးဝါးထွန်းထားသော တဲအိမ်ငယ်လေးတစ်
အိမ်အတွင်း မှာဗျ။
” အင်း!! ဟင်း!! ဟင်း !! အမလေး …ချမ်း…ချမ်း … လိုက်တာ
တော်!! အီးးဟီးးဟီးး !! ”
” အမေ !! အမေ !! ဘယ်လိုနေလဲ …မသက်သားဘူးလားဟင်
သား ဘာလုပ်ပေးရမလဲ “…
အသက် ရှစ်နှစ် ခန့်သာရှိသေးသည့် သားငယ်လူမောင်လေးရဲ့
အမေးကြောင့် …အဖျားဒဏ်ကို ကြိတ်မှိတ်ခံစားနေရတဲ့ ကြားက
မြနှင်း ခမျာအား တင်းကာ ပြုံးပြရင်း ပြန်ဖြေလိုက်ရတယ်။
” သက် !! သက်သာပါတယ် လူလေးရယ်…အမေ နည်းနည်းလေးချမ်းစိမ့်စိမ့်လေး ဖြစ်လာလို့ပါ ကွယ် ”
” ဒါဆို စောင်လေးနောက်တစ်ထပ် လောက်ခြုံထားလိုက်နော်အမေ ”
ပြောရင်း နဲ့ကလေးငယ်က မိခင်ဖြစ်သူအား ပါးလွှာဟောင်းနွမ်းနေ
ပီးအရောင်အဆင်းတောင် မပေါ်တောတဲ့ စောင်စုတ်ကလေး တစ်ထည် ကိုလွှမ်းခြုံပေး လိုက်တာ ဗျ။
” အဖေ ကလည်း ဒီအချိန်ထိ ပြန်မလာသေးဘူး…သား ဗိုက်တွေ
အရမ်းဆာလှပီ အမေရယ် “….
သားဖြစ်သူ လူမောင်လေးရဲ့ စကားကြောင့် မြနှင်းတစ်ယောက် ရင်ထဲတွင်အလွန် နာကျင်သွားတယ်။
” ခဏလေး ပါ သားရယ်… သားအဖေ မကြာခင်ပြန်လာတော့မှာ
ပါ သားအတွက် စားစရာတစ်ခုခုဝယ်လာပါလိမ့်မယ် ”
မြနှင်း တစ်ယောက်ရင်နာစွာနဲ့ပဲ လူမောင်လေးကို နှစ်သိမ့်နေရှာတာဗျ။
ဒီနေ့ နေမကောင်းလို့ စျေးရောင်းမထွက်နိုင်ဘူးလေ။ တစ်နေ့လုပ်မှ
တစ်နေ့စားရတဲ့ ဘဝတွေမို့… အိမ်မှာ ဘာမှ မချက်နိုင်ဘူး။
ယောကျာ်းကလည်း ဘာမှ အားကိုးမရတဲ့ ငမူးလေ။
” ဟေ့ !! ငါက ဘာစားစရာ ဝယ်လာရမှာလဲ…စားဖို့မပြောနဲ့ ငါရှာတာ ငါ့အရက်ဖိုးတောင် မလောက်ဘူး…နင်တို့ကစား
ဖို့သောက်ဖို့လာပြောနေသေးတယ်ပေါ့ “….
” ဝေါ့ !! ထွီ!! ”
သလိပ် ခြစ်သံ…စကားသံနဲ့အတူ … မြခိုင်တစ်ယောက်အိမ်အတွင်းသို့ဒယိမ်းဒယိုင်နဲ့လှမ်းဝင်လာတာဗျို့။ မြခိုင်ကိုမြင်တော့ မြနှင်းတစ်
ယောက် အားတတ်သရောနဲ့ မေးမြန်းလိုက်တယ်။
” ကိုမြခိုင် ပြန်လာပီလား!! သားလေး တွက် ဘာမှမဝယ်ခဲ့ဘူး
လား…ခလေးက မနက်ထဲကဘာမှ မစားရသေးဘူးရှင့် “..
” ဟာကွာ !! ငါဟာနဲ့ငါတောင် မလောက်ဘူးပြောနေတာကို…
လျှာရှည်တဲ့မိန်းမ ပါလား … ဟေ့ !! ဟိုကောင် လူမောင် “…
” ဗျာ !! အဖေ ”
ကလေးငယ် ကဖခင်ဖြစ်သူရဲ့ ခပ်ဆတ်ဆတ်ခေါ်သံကြောင့် ထိတ်
ထိတ်လန့်လန့်နဲ့ ပြန်ထူးလိုက်တာဗျ။
” ဗျာ… အဖေတွေ ဘာတွေ လုပ်မနေနဲ့ …ဘာမှ မစားရသေးရင်
ရေသောက် ဗိုက်မှောက်ပီး အိပ်လိုက်…တစ်နေ့ထမင်းမစားလိုက်ရလို့ သေမသွားဘူး… ကြားလားး… ဘာသံ ညာသံ တွေမကြားချင်ဘူး
…အသံထွက်လာရင် ဟိုထောင့်မှာထောင်ထားတဲ့ ဝါးရင်းတုတ်ကို
ကြည့်ထားးးး”
ဖခင် ပြန်လာရင် စားစရာ တစ်ခုခု ပါလာမှာပဲဆိုတဲ့အတွေးနဲ့မျှော်
လင့်နေတဲ့ လူမောင်လေးမှာ မြခိုင်ရဲ့ အကြင်နာတရားကင်းမဲ့လှတဲ့
စကားကြောင့်…ငိုမဲ့မဲ့ မျက်နှာလေးနဲ့မိခင်ဖြစ်သူကို အားကိုးတကြီး လှမ်းကြည့်ရှာတာပေါ့။ မြနှင်းလည်း ရင်ထဲမှာဆစ်ခနဲ နာကျင်သွားပီး
မြခိုင်ကိုဝမ်းနည်းစွာပြောလိုက်မိတယ်။
” ရက်စက်လိုက်တာ ကိုမြခိုင်ရယ်…ဒီကလေးက ရှင်နဲ့ကျမမွေးထားတဲ့ သားအရင်းကြီးပါတော်…ရှင်မို့လို့ ဒီလိုပြောထွက်ရက်တယ် ”
မြနှင်းတစ်ယောက် မနေသာတော့ပဲ ဝင်ပြောလိုက်တာဗျို့။
” ဟာ !! ဒီကောင်မ …ငါအရက် သောက်ရတာမဝ လို့စိတ်တိုနေရ
တဲ့ကြားထဲ …ကိုင်းဟာ !! ဒီလောက်တောင် နားညီးချင်ဦး ”
” ဖုန်းးးးး ဖုန်းးးးး ဖုန်းးးး !! ”
” ခွပ်…ခွပ် !! ”
” အားးးး!! အမလေး …သေပါပီ …ကြောက်ပါပီတော့ ”
မြနှင်း ခမျာ နေမကောင်းသည့်ကြားမှပင် ယောကျာ်းဖြစ်သူ ရဲ့
ထိုးကြိတ်ကန်ကျောက်မူကိုလူးလှိမ့်နေအောင်ခံနေရတော့တာပေါ့ဗျာ။
” ဖေဖေ !! တော်ပါတော့ …မေ့မေ့ ကိုမရိုက်ပါနဲ့တော့ …”
” သွားစမ်းကွာ !! မအေဘေးလေး…လာရှုပ်နေသေးတယ် …”
” ဖြောင်းးးး !!
” အ့ !! …”
မြခိုင်တစ်ယောက် အကြင်နာတရားကင်းမဲ့စွာဖြင့် ဝင်တားတဲ့ သားဖြစ်
သူကို လက်ပြန် ဖြတ်ရိုက်ချလိုက်တာဗျ။ အသက် ရှစ်နှစ်သာ ရှိသေး
တဲ့ သနားစရာ လူမောင် လေး နေရာမှာတင် ခွေခနဲလဲကျသွားရာက
ပြန်ကိုမထနိုင်ရှာတော့ဘူးဗျို့။
” မြဲမြဲမှတ်ထား !! နောက်တစ်ခါငါ့ကိုဝင်ရှုပ်ရင် ဒီထက်နာမယ် ”
ဇနီး နဲ့သားဖြစ်သူကို စိတ်ရှိလက်ရှိ ထိုးကြိတ်ကန်ကျောက်ပီး
နောက် မြခိုင်တစ်ယောက် ယစ်ရွှေရည် တန်ခိုးဖြင့် တခူးခူးအိပ်
မောကျသွား တော့ တာပဲဗျို့။
မြနှင်းမှာကတော့ လဲကျနေတဲ့ သားဖြစ်သူကိုရင်ခွင်ထဲဆွဲသွင်းပီး
ဝမ်းပန်းတနဲငိုရှိုက်နေမိတာပေါ့ဗျာ။
⏰⏰⏰⏰⏰
” တောက် !! ဒီအရက်ကလည်း သောက်လို့ကို မဝနိုင်ဘူး…
ပါလာတဲ့ ပိုက်ဆံက ကုန်ပီ …ချီးထဲမှ ပဲ “….
မြခိုင်တစ်ယောက် ထုံးစံအတိုင်း ပါလာသည့်ပိုက်ဆံကကုန်ပီအရက်
ကသောက်လို့မဝ။ အရက်ဘယ်လိုထပ်သောက်ရမလဲ အကြံထုတ်ရင်း ဆိုင်တွင်းသို့မျက်လုံးဝေ့ကြည့်နေတာဗျ။အဲဒီအချိန်မှာပဲ ဆိုင်ထဲသို့ လူသုံးယောက်ဝင်လာတာကို မြခိုင် တွေ့လိုက်ရတာဗျို့။
” ဟာ !! ကိုဘမောင် တို့ပါလား…လုပ်ပါဦးဗျာ… ကျုပ် ရေချိန်မကိုက်
သေးလို့ အရက်လေးနည်းနည်းလောက် တိုက်ပါဦး…ကျေးဇူးမမေ့ပါဘူးဗျ ”
မြခိုင် တစ်ယောက် အရက်သောက်ချင်စိတ်နဲ့ ဆိုင်ထဲဝင်လာတဲ့ တစ်
ရွာထဲသားဖြစ်သူဘမောင်တို့ သူဌေးသား အုပ်စုကို လေချိုသွေးနေတာဗျို့။ မြခိုင်ရဲ့စကားကြောင့် ဘမောင်က ချက်ချင်း မျက်မှောင်ကျုံ့ပီးပြန်
ပြောတယ်။
” ဟ !! ဘာဆိုင်လို့မင်းကို ငါတို့က ဘာကြောင့်အရက်တိုက်ရမှာလဲ
မြခိုင်… သောက်ချင်ရင် မင်းပိုက်ဆံနဲ့ မင်းသောက်ပေါ့ကွ …”
” ကျုပ်… ကျုပ်မှာ ပါလာတဲ့ပိုက်ဆံကုန်သွားလို့ပါဗျာ ကူညီပါဗျာ…
ကျုပ် ကိုအရက်တိုက်ရင် ခင်များတို့ဘာခိုင်းခိုင်းလုပ်ပေးပါ့မယ် ”
” ဟား းး!! ဟားး!! ဟားး!! မင်းစကားသေချာလား မြခိုင်..ငါတို့ ဘာ
ပြောပြော တကယ်လုပ်ပေးမှာ လား… ”
” လုပ်ပေးမယ်ဗျာ !! …ကျုပ်ကို အခု အရက်သာတိုက်…ခင်များတို့ ဘာခိုင်းခိုင်း လုပ်မယ်ဗျာ …”
” ကြိုက်ပီကွာ !! လာခဲ့ တိုးတိုးလေးပြောပြမယ် ”
” ဟုတ် !! ဟုတ်ကဲ့ … လာပါပီဗျာ “…
” ဒီလိုကွ !! ငါတို့ သုံးယောက်လုံး အခုဖြစ်ချင်နေတဲ့ ဆန္ဒကတော့
မိန်းမ တစ်ယောက်နဲ့ပျော်ပါး ချင်တာပဲကွာ…ဒီတော့ မင်းရဲ့ မိန်းမ
မြနှင်းကို ငါတို့နဲ့တစ်ညပေးအိပ်နိုင်မလား ”
” ကဲ !! ဘယ်လိုလဲ … သဘောတူလား မြခိုင်… မင်းသဘော
တူတယ်ဆိုရင်တော့ …အခုကစပီး အရက်ကို မင်းကြိုက်သ
လောက်အဝ သောက် …ဒီနေ့မှ မဟုတ်ဘူးကွာ…နောက်နေ့
တွေလည်း နေ့တိုင်း မင်းကိုအရက်အဝ တိုက်မယ် ….”
ဘမောင်နဲ့အတူ ပါလာတဲ့ လှဦးကပါ ဝင်ပြောလိုက်တာဗျ။ အရက်ရဲ့
ကျေးကျွန် ဖြစ်နေတဲ့ မြခိုင်ရဲ့ အသိတရားတို့က ဘာဆို ဘာမှ စဉ်းစားချင့်ချိန် နိူင်စွမ်း မရှိတော့ပေ။
” ရတယ်ဗျာ !! သဘောတူတယ် …ခင်များ တို့သာ ကတိတည်ပါစေ
…အခုကျုပ်ကို အရက် အဝ တိုက် “…
” ကြိုက်ပီ မြခိုင်…ကိုင်း !! ချစမ်းကွာ …သောက်စမ်း… ဟေ့ !! တစ်
ဆိုင်လုံးရှိသမျှအရက်ငါတို့ဝိုင်းကိုလာချပေးဟေ့…ဟားးးဟားးးဟားးး”
ဘမောင်တို့လူစုရဲ့ ကျေနပ်အားရစွာ ရီမောလိုက်တဲ့ အသံကြီးက
အရက်ဆိုင် တစ်ဆိုင်လုံးကို ဖုံးလွှမ်းသွားတော့တာပါပဲဗျို့။
⏰⏰⏰⏰
လဆုတ် ရက်မို့ လရောင် က ကမ္ဘာမြေပေါ်ကို မဆိုစလောက်
လေးပဲ အလင်းပေးနေတာဗျ။
” ဟေ့ !! မြနှင်း!! မြနှင်း !!…မရှိဘူးလား ဘာလုပ်နေလဲ ”
အိမ်ရှေ့က ယောကျာ်းဖြစ်သူ ခေါ်သံကြောင့် မြနှင်း လည်း
အိပ်ယာထဲကနေ အတင်းလူးလဲ ထရတော့တာပေါ့ဗျာ။
” ရှိ !! ရှိပါတယ်…ကိုမြခိုင် ကျမ နေမကောင်းလို့လှဲနေတာပါ ”
” အေး!! နင့်မှာလဲ စိတ်ရှိ အဲတာကိုပဲ အကြောင်းပြပီး အိပ်နေ…ကဲ !!
ငါ… နင့်ကိုပြောမယ် …ကလန်ကဆန်လုပ်ရင်သေမယ်သာမှတ် …ဒီမှာ ကိူဘမောင်တို့ပါလာတယ်…အဲဒါ…နင်သူတို့ စိတ်ကျေနပ်အောင် အဖော်ပြုပေးလိုက် ”
” ကဲ ကိုယ့်လူတို့ လုပ်စရာ ရှိတာသာ လုပ်ကြပေတော့ …
ကျုပ်အပြင်မှာ အရက်သောက်ရင်း စောင့်နေမယ် …”
မြခိုင်တစ်ယောက် ဇနီးဖြစ်သူကိုပြောရင်းနဲ့အတူ ပါလာတဲ့ ဘမောင်
တို့ကိုပါ တစ်ဆက်တည်း လှမ်းပြောလိုက်တာဗျ။ မြနှင်း ကတော့
မမျှော်လင့်ပဲ ကြားလိုက်တဲ့ ယောကျာ်းဖြစ်သူရဲ့ လူမဆန်သောစကား
ကြောင့်အလိပ်လိုက်တက်လာတဲ့ ဒေါသတို့က ဆိုဖွယ်ရာမရှိတော့ပေ။
” ဟင် !! ကို …ကိုမြခိုင် !! ရှင် ဘယ်လိုလုပ်လိုက်တာလဲ…လူ …လူမှ ဟုတ်သေးရဲ့လား…ကျမက ရှင့်ရဲ့ ဇနီးမယားတစ်ယောက်ပါ …ရှင်မို့ ဒီလို လုပ်ရက်တယ် ဟုတ်လား… ရှင်ဟာ လူမဟုတ်တော့ဘူး…ခွေး
…ခွေး… ”
မြနှင်း စကားတောင် မဆုံးလိုက်ဘူး…အိမ်ထဲကို ဘမောင် တို့သုံး
ယောက်အတင်းဝင်လာကြတော့တာဗျ။
” ဟင် !! ကို ..ကိုဘမောင် ရှင်…ရှင်တို့ ဒါဘာလုပ်ကြတာလဲ
မယုတ်မာနဲ့နော် …သွား … သွား !! မလာနဲ့…ငါ့အနားကို
မလာကြနဲ့ … သွား … သွား ကြ !! “….
” ဟားးး!! ဟားးးး!! ဟားးးး ယုတ်မာ တာမဟုတ်ပါဘူး မြနှင်းရာ…နင့်
ယောကျာ်းကိုယ်တိုင် ကြည်ကြည်ဖြူဖြူ သဘောတူထားတာပါဟ…လာပါ မြနှင်း ရယ် ငါတို့ နဲ့ အသာတကြည်ပျော်ပါး လိုက်စမ်းပါ…နင့်
ယောက်ျား ငမူးထက်သာစေရမယ်…ဟားးးး !! ဟားးးး!! ဟားးး!! ”
မြနှင်း တစ်ယောက် ကာမဘီလူးစီးနေတဲ့ ဘမောင် တို့ရဲ့
လက်ထဲက အတင်းရုန်းကန်အော်ဟစ်ပါသော်လည်း ဘယ်လိုမှ
မလွတ်မြောက်နိုင်ဘူးဖြစ်နေရှာတာဗျ။
” လူယုတ်မာ တွေ … ခွေး တွေ !! လွှတ်!! လွှတ်!! ငါ့အသားကို မထိနဲ့ … အ့ !! အားးးးးးးးး !! “…
“ဟေ့ကောင်တွေ ဘာရပ်ကြည့်နေတာလဲ… လှဦး !! ဒီကောင်မကို
မရုန်းနိုင်အောင် ချုပ်ထား…ဟိုကောင် ဇော်မိုး ဒီကောင်မ ပါးစပ်ကို ပိတ်
ထားစမ်းကွာ ”
ဆူဆူညံညံ အသံများကြောင့် ဘေးနားတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော လူမောင်လေး နိုးလာတယ်။ နိုးနိုးချင်းပဲ မိခင်ဖြစ်သူကို
ဆွဲလားရမ်းလား လုပ်နေတဲ့သူတွေကိုမြင်တော့ ဘာဘာ ညာညာစဉ်း
စားမနေတော့ပဲ ပြေးဝင်သွားတာဗျ။
” ဟေ့လူတွေ !! ဒါဘာလုပ်ကြတာလဲ …အမေ့ကို မထိနဲ့…လာကြပါဦး… ကယ်ကြပါဦး ဗျိုးးးး !! “….
” ဟာ !! ဟေ့ကောင် ဇော်မိုး !! အဲဒီ ခွေးကောင်လေးကိုအသံပိတ်
သွားအောင်လုပ်လိုက်စမ်း …လူတွေ သိကုန်တော့မယ်…”
” ကဲကွာ !! အော်ချင်ဦး….”
” ဝုန်း !! ခွပ် !! “…
” အားးးးး !! ”
ကာမဘီလူးဇော်မိုး ရဲ့ ဆောင့်တွန်းလိုက်မူကြောင့် လူမောင်လေးက လွှင့်ထွက်သွားပီး အိမ်တိုင်နဲ့ခေါင်းဆောင့်မိကာ သွေးများဖြာထွက်
လာပီး လဲကျသွားတာဗျို့။
အဲဒီအဖြစ်ပျက်ကို မြင်လိုက်ရတဲ့ မြနှင်း တစ်ယောက်မျက်လုံးများပြာဝေသွားပီး ဘမောင်တို့ကို မာန်လျှော့ တောင်းပန် တိုးလျှိုးလိုက်ရပီပေါ့ဗျာ။
” သားးးး သားလေး !! ရှင်တို့ ကျမသားလေးကိုမ…မလုပ်ကြပါနဲ့ရှင်
…ကျမ ရှင်တို့ စိတ်ကျေနပ်တဲ့ထိ လိုက်လျောပါ့မယ်…သား…သား
လေးကိုတော့ မရိုက်ကြပါနဲ့ … ရန်မရှာကြပါနဲ့ရှင် ”
” ဟဲ !! ဟဲ !! ဒီလိုလိမ်မာ မှပေါ့ … မြနှင်းရယ် ဟင်း!!ဟင်း !!”
မြနှင်းတစ်ယောက် သားကိုချစ်တဲ့စိတ်နဲ့ဘမောင် တို့လူယုတ်မာသုံး
ယောက် ပြုသမျှ မျက်ရည်စက်လက်နဲ့ အံ့ကိုတင်းတင်းကြိတ်ကာ
လိုက်လျောလိုက်ရပီဗျို့။ လူစိတ်မရှိတဲ့ မြခိုင်ကတော့ အိမ်ထဲက မြနှင်းတို့အသံကိုဘယ်လိုပဲကြားကြား အရက်သောက် မပျက်ဘူး။ သူ့စိတ်
ထဲမှာ မနက်ဖြန်ကစပီးနေ့တိုင်း အရက်အဝသောက်ရတော့မယ်ဆိုတဲ့အတွေးနဲ့ ပျော်နေတာပေါ့ဗျာ။
ဘမောင် တို့သုံးယောက်က မြနှင်းကို မိုးစင်စင်လင်းခါနီးထိ လူမဆန်
စွာ ခွေးကျင့်ခွေးကြံပြုမူပီးမှ ပြန်သွားကြတာဗျ။ မြနှင်း အတွက်ကတော့
အဲဒီတစ်ညလုံး အရှင်လတ်လတ် ငရဲကျခံနေရသလိုပဲပေါ့ဗျာ။
” အား !! ကျွတ် !! ကျွတ် !! ကျွတ် ”
ဘမောင်တို့ ပြန်သွားမှ ပဲ မြနှင်းတစ်ယောက် နာကျင်မူ တွေကြားက အားတင်းကာ ထပီး တစ်ညလုံးတုတ်တုတ်မျှ မလှုပ်ပဲ လဲနေတဲ့ သား
ငယ် လူမောင်လေးကို ရင်ခွင်ထဲ ကောက်ယူ ပွေ့ချီ လိုက်တာဗျ။ သား
ဖြစ်သူ လူမောင်လေးရဲ့ ကိုယ်ခန္ဓာကိုလက်နဲ့ ထိတွေ့လိုက်မိတာနဲ့
တစ်စုံတစ်ရာထူးဆန်းမူကို ခံစားလိုက်ရပီး…မြနှင်းတစ်ယောက် ငယ်
ထိပ်ကို မိုးကြိုးပစ်ခံရသလို တုန်လှုပ်ခြောက်ချားသွားတယ်။
” ဟင် !! ဘုရား!! ဘုရား !! သားလေး တစ်ကိုယ်လုံးအေးစက်
တောင့်တင်းလို့နေပါလား… သား !! သားလေး!! “…
စိုးရိမ်တကြီးနဲ့ အတင်းပင်လှုပ်ခေါ်ပါသော်လည်း… လူမောင် လေး
က ဘာဆိုဘာမှ…တုံ့ပြန် မူမရှိတော့ဘူးဗျို့ …အိမ်တိုင်နဲ့ဆောင့်မိ
တဲ့အရှိန်နဲ့ ဦးဆက် ပွင့်ကာ ညထဲကပဲ သေဆုံးသွားခဲ့လေပီ မဟုတ်
ပါလား။ ကာမဘီလူး ဘမောင်တို့ လက်ချက်နဲ့ လူမမယ်ကလေး
တစ်ယောက်ရဲ့ အသက်ဝိဥာဉ်ဟာ လူ့လောကထဲကနေ စောစီးစွာ
ချုပ်ငြိမ်း ထွက်ခွာသွားရပီပေါ့ဗျာ။
မြနှင်းမှာ နာကြည်း မုန်းတီးမှုနဲ့အတူ အံကြိတ်ပီး အသက်ကင်းမဲ့နေပီ
ဖြစ်တဲ့ သားငယ်လေးရဲ့အေးစက်စက်ပါးပြင်ကို နောက်ဆုံးအနေနဲ့
နမ်းရှိုက်လို့ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချလိုက်တော့တာပဲဗျို့။
⏰⏰⏰⏰
” ဗျိုးးးးးး !! ဆရာဒေဝ !! ဆရာဒေဝ !! တံခါးဖွင့်ပါဦးဗျ ..”
” ဒုန်း !! ဒုန်း !! ဒုန်း !! “….
” ဟေ့ !! ဘယ်ကောင်လဲကွ…စောစောစီးစီး….အော်ကြီးဟစ်ကျယ်နဲ့”
အောက်လမ်းဆရာ ဒေဝ တစ်ယောက် အိပ်ကောင်းနေသည့်အချိန် လန့်နိုးလာရသည်မို့ စိတ်တိုတိုနဲ့ ပြန်အော် လိုက်တယ်။
” ကျုပ် ပါ ဆရာရဲ့ … ငမိုး ပါ …ဆရာစုံစမ်းခိုင်းထားတဲ့ကိစ္စ
လေ အဲဒါ သတင်းရပီဗျ …”
အောက်လမ်းဆရာဒေဝ တစ်ယောက်တပည့်ဖြစ်သူငမိုးစကား
ကြောင့်စိတ်ဝင်တစားဖြစ်ပီး တံခါးထဖွင့်ပေးလိုက်တယ်။
” ကဲ !! ရေးကြီးသုတ်ဖျာနဲ့ ဘာသတင်းမို့တုန်း ဆိုစမ်းပါဦး “..
” ဆရာဟိုတလောက စုံစမ်းခိုင်းထားတဲ့အစိမ်းသေဆိုတာလေ…
အဲဒါ ကျနော်သတင်းရပီ …ဟိုဘက်ရွာမှာမနေ့ကအမျိုးသမီးတစ်
ယောက် ကိုယ့်ကို ကိုယ် ကြိုးဆွဲချ သတ်သေသွားလို့ ဗျ ”
” ဟေ !! ဟိတ်ကောင်…မင်းသတင်းက သေချာလို့လားဟ ”
” ဟာ !! သိပ်သေချာတာပေါ့ ဆရာဒေဝ ရာ…ကျုပ် ကိုယ်တိုင်သွား
ကြည့်ပီးပီဗျ ….သေသွားတဲ့မိန်းမ ရဲ့နံမည်က မြနှင်း တဲ့ဗျို့ …”
” အိမ်း !! ဒါဆိုရင်တော့ နေရာကျပီပေါ့ တပည့်ကြီးရာ ”
” ဗျာ !! ဘာကိုနေရာကျတာလဲ ဆရာဒေဝ ”
” ဟ !! မင်းကို ငါပြောထားတဲ့ ပီယဆေးဆိုတာလေကွာ…အခု အဲဒီ ပီယဆေး ကို ဖော်လို့ရပီကွ … အဲဒီအစိမ်းသေမရဲ့ပါးမှာသနပ်ခါးလိမ်း
ပေးပီး ဆေးဖော်ရမှာ ငါ့တပည့်ရ ”
” ဟင် !! အစိမ်းသေမရဲ့ ပါးကသနပ်ခါးနဲ့ ဆေးဖော်မယ်ဟုတ်လား…
ဆရာကြီး ”
” အိမ်း !! ဟုတ်တယ်ကွ…အဲဒီသနပ်ခါးသာ ရရင် ငါရဲ့ပညာရပ်တွေ
နဲ့ စီစဉ်လိုက်လို့ကတော့…တို့လိုချင်တဲ့ ပီယဆေး အောင်ပြီ….မင်း နဲ့ ငါ ကြိုက်တဲ့မိန်းမကိုတစ်ယောက်မဟုတ်ဘူး…ဆယ်ယောက်
လောက် ခေါင်းခေါက်ယူလို့ရပီဟေ့ ”
” ဟာ !! ဒါဆိုရင်တော့ ကျုပ်တို့ဆရာတပည့်နှစ်ယောက် အိုရချည်ရဲ့ ပေါ့ ဗျာ… ဟားးးးဟားးးးဟားးးး !! ”
” ဒါပေါ့ကွာ …အေးးး … တစ်ခုတော့ရှိတယ်…မင်း အဲဒီအလောင်းကို မြေမြုပ်တဲ့ချိန်သေချာသာစောင့်ကြည့်ထား နေရာမမှားစေနဲ့…လာမဲ့ လပြည့်နေ့ကျရင် ငါတို့ အစီစဉ်တွေစလုပ်ကြမယ်…ဒီကိစ္စ တခြားသူ
္ဒတွေလုံးဝသိလို့ မဖြစ်ဘူးနော် … ကြားလား ငမိုး ”
” ဟုတ်ကဲ့ !! စိတ်ချ စမ်းပါဆရာကြီးရယ် …မပေါက်ကြားစေရပါဘူး
…ဒါဖြင့် ကျုပ်ပြန်ဦးမယ်နော် ဆရာကြီး “….
” အေး !! အေး !! ငါမှာ ထားတာတွေ မမေ့နဲ့နော် ငမိုး “…
” ဟုတ်ကဲ့ပါ ဆရာကြီး ”
ဆရာဒေဝ ကတော့နှုတ်ခမ်းမွှေးကားကား ကြီးကိုလက်ဖြင့်သပ်ရင်း
အိမ်ပေါ်ကဆင်းသွားတဲ့ တပည့်ဖြစ်သူ ငမိုးရဲ့နောက်ကျောကိုကြည့်ပီး
မိန့်မိန့် ကြီး ပြုံး ကာ ကျန်ခဲ့လေရဲ့ ဗျာ။
×××××××××××××××××××××××××××××××××××××××
* ပီယဆေးဖော်ဖို့သချိုင်္င်းကိုသွားတဲ့ဆရာဒေဝနဲ့တပည့်ဖြစ်
သူ ငမိုးတို့ ဘာတွေ ဆက်ဖြစ်မလဲ ???
* သေသွားတဲ့ မြနှင်းဆိုတဲ့အလောင်းကောင်
ကြီးကကော တကယ်ပဲပြန်ပီး အသက်ဝင်လာမှာလား ???
* မြနှင်းအပေါ် ယုတ်မာခဲ့တဲ့ လူယုတ်မာ သုံးယောက်ကော
ဘယ်လိုကြောက်စရာ အဖြစ်ပျက်တွေ နဲ့ ကြုံတွေ့ရပီး ဇာတ်
သိမ်းမလှ ဖြစ်ကြမလဲ ???
#ဆိုတာအပိုင်း( ၂ ) ဇာတ်သိမ်းပိုင်း လေးမှာ အသည်းတထိတ်
ထိတ်ရင်ဖိုဖိုနဲ့ ဆက်လက်ရှု့စားကြပါဦးဗျာ။
#စာချစ်သူပရိတ်သတ်များအားအစဉ်လေးစားလျက်
– MT
#ဖွင့်မဖတ်ရ
” ဖုတ်ကောင် ကလဲ့စား “အပိုင်း (၂) ဇာတ်သိမ်း
××××××××××××××××××××××××××××××××
ညကား လပြည့်ညမို့အရာအားလုံးရှင်းလင်းပြတ်သားစွာမြင်နေရတယ်။
” အူ !! ဝူးးးးးး !! ဝုတ် !! ဝုတ် !! ဝုတ် !! ”
အချိန်မတော် သချိူင်္င်း ကုန်းအတွင်းခိုးကြောင်ခိုးဝှက်ဝင်လာသူ
နှစ်ယောက်ကတော့ အောက်လမ်းဆရာဒေဝနဲ့ တပည့်ကျော် ငမိုး
တို့ပဲဗျို့။
” ဆ … ဆရာကြီး!! … ခွေး…ခွေးအူသံတွေကလည်း ကျောချမ်းစရာ
ကြီး ဖြစ်…ဖြစ်ပါ့လား …ကျုပ် ကြောက်လာပီ ”
” တယ် !! ဒီကောင်…ငါပိတ်ကန်လိုက်ရ …မကောင်းရှိတော့မယ်…ငါတစ်ယောက်လုံးပါနေတာကို ကြောက်နေရသလား…ကဲပြ …မင်းပြောတဲ့ အစိမ်းသေမ ရဲ့ မြေပုံကို ”
” ဟို !! ဟို ေ့ရှက မြေပုံပဲ ဆရာကြီး…တွေ့လား တစ်နေ့ကမှ
မြုပ်ထားတာဆိုတော့ အရာတောင် မယွင်းသေးဘူး… မှားစရာ
တော့ မရှိပါဘူးဗျာ ”
” အေး !! ဒါဖြင့် ပါလာတဲ့ ပေါက်တူးကို ထုတ်ပီး တူးစမ်းကွာ
အလောင်းကို ပြန်ဖော်ပီး ဆေးစီရင်ရမှာ ကွ”
” ဟုတ် !! ဟုတ်ကဲ့ပါ…ဆရာဒေဝ “…
” ဒုတ် !! ဒုတ် !! ဒုတ်!! ဒုတ်!!
ငမိုးတစ်ယောက် အတန်ကြာ တူးဆွပီးနောက်…
” ဟာ !! ဆရာ ကြီး အခေါင်းတော့ ပေါ်လာပီဗျို့။ဖြစ်သလို မြေ
မြုပ်ထားကြတာပဲ …သိပ်တောင်မတူးရဘူးဗျ “…
” ဟေ !! ဟုတ်လား… ဖြေးဖြေး ငမိုး …အလောင်းကိုထိမိ
မယ်နော် … ဖြေးဖြေးချင်း တူး “…
” ဟုတ် !! ရပီဗျို့ ဆရာဒေဝ …အခေါင်းက ပေါ်လာပီ…
ဘာဆက်လုပ်ရမလဲ ဗျ “…
” ခေါင်း ဖုံးကို ဖွင့်လိုက်ကွာ”…
ငမိုးလည်း ဆရာဒေဝ ပြောတဲ့အတိုင်းအခေါင်းဖုံးကို တူရွှင်းနဲ့ကလန့်
ပီး ဖွင့်လိုက်တာဗျို့။အဖုံးပွင့်သွားတော့…
” ဆ…ဆရာကြီး ကြည့်ပါဦး…အလောင်းပုံစံကကြောက်စရာကြီးဗျ…
မျက်လုံးကြီးပြူးပီး လျှာကြီးက တစ်တောင်လောက်ကြီးထွက်ကျနေတာ…အမလေး !! ကြောက်လိုက်တာ ဆရာ ကြီးရယ် ”
” ဟာ !! ဒီကောင်တော့ !! ငါလုပ်လိုက်ရ ရင် သေတော့မယ်…ဆွဲကြိုး
ချပီးသေတဲ့ မသာ ပါဆိုမှ…မင်းဟာမတွေလို ကြည့်ကောင်းပါ့
မလား…ဒီလောက်တော့ ရှိမှာပေါ့ကွ “…
” ရုတ်တရက် ဆိုတော့ လန့်သွားတာပေါ့ ဆရာကြီးရယ် “…
” တော် !! တိတ် !! အချိန်ကျပီ အစီရင်စမယ်…ငါ စည်းတားတော့
မယ်…ငါတို့အစီစဉ်မှာအနှောက့်ယှက်တွေ..အဖျက်အဆီးတွေဝင်လာ
နိုင်တယ်။ ဘာပဲ မြင်မြင် …ဘာပဲဖြစ်ဖြစ်…ငါ့စည်းထဲကလုံးဝမထွက်နဲ့
စည်းပေါက်ရင် မင်းကော ငါကော…နှစ်ယောက်လုံးသေပီပဲ …ကြားလား ငမိုး ”
” ဟုတ် !! ဟုတ်ကဲ့ပါ ဆရာကြီး ”
ငမိုးတစ်ယောက် ကြောက်ကြောက်လန့်လန့်နဲ့ပဲ ဆရာဖြစ်သူစကား
ကိုသံယောင်လိုက် လိုက်ရတယ်။အောက်လမ်းဆရာဒေဝ ကတော့
တပည့်ဖြစ်သူကိုမှာစရာရှိတာမှာကြားပီး လွတ်အ်ိတ်ထဲ အသင့်ယူ
ဆောင်လာတဲ့ ဆေးဖယောင်းတိုင်တွေထုတ်…အလောင်းထည့်ထားတဲ့
အခေါင်းပေါ်မီးထွန်းညှိပီး ဂါထာမန္တာန်များ ရွတ်ဆိုမန်းမူတ်ကာ စတင်
စည်းချတော့တာ ပေါ့ဗျာ။
ဆရာဒေဝနူတ်မှ ဂါထာများရွတ်တာနဲ့သချိူင်္င်း အတွင်း ချက်ချင်းဆို
သလို” ဝေါ …ဝေါ …ဝုန်း…ဖရော…ဖရော…” အသံတွေထွက်ပေါ်
လာပီး လေပြင်းတွေ တိုက်ခတ်လာတာဗျို့။ သချို င်္င်း တစ်ခုလုံး ကမ္ဘာ
ပျက်နေသလိုပါပဲဗျာ။ ဆရာဒေဝ ဆိုသူကအတန်ကြာအောင် မန်းမူတ်
ပီးတော့… ငမိုးဘက်ကိုလှည့်ပီးပြောလိုက်တယ်။
” ကဲ !! စည်းတော့ ချပီးပီ …အခု ဒီကောင်မရဲ့ ဝိဥာဉ်ကို ခေါ်ပီး
သူ့ခန္ဓာကိုယ်မှာ ဝင်ရောက်ပူး ကပ်ဖို့အမိန့်ပြန်တော့မယ်…အခု
ချိန်ကစပီးငါ မှာထားတာတွေ မမေ့နဲ့နော် ငမိုး ”
” ဟုတ်!! ဟုတ် !! စိတ်ချပါ ဆရာဒေဝ ”
” ရွှမ်း !! ရွှမ်း !! ရွှမ်း !! ”
ဆရာဒေဝတစ်ယောက်လက်ထဲတွင် ကိုင်ထားတဲ့ဆေးကြိမ်
လုံးကိုလေထဲတွင် ဟန်ပါပါ ဝှေ့ရမ်းပီး အမိန့်ပြန်လိုက်တာဗျို့။
” ကပ်ဆိုကပ်… နင်းဆိုနင်း … ချဉ်းဆိုချဉ်း ..ဟေ့… တိမ်းခြင်း
ရှောင်ခြင်း…ပုန်းအောင်းခြင်းမရှိစေရ…မည်သူမှ တားတီးပိတ်
ပင်ခြင်းမပြုစေရ … ဆရာသခင်များရဲ့ အမိန့် … ငါဆရာဒေဝရဲ့
အမိန့် … ” မြနှင်း ” ဆိုတဲ့မိန်းခလေးရဲ့ ဝိဥာဉ် ရောက်ရာအရပ်က
အခုချက်ချင်း ဒီခန္ဓာကိုယ်ကို ဝင်ရောက်စွဲကပ်စေ…ငါ ဆရာအမိန့် ”
” ရွှမ်း !! ရွှမ်း !! ”
အမိန့်ပြန်ပီးနောက် ဆရာဒေဝကကိုင်ထားတဲ့ဆေးကြိမ်လုံးနဲ့အခေါင်းကို နှစ်ချက် ဆင့်ရိုက်ချ လိုက်တယ်ဆိုရင်ပဲ မြနှင်းရဲ့ အလောင်းကောင်
ကြီးကနေကြက်သီးမွှေးညှင်းထဖွယ်ညည်းသံကြီးကိုကြားလိုက်ရတယ်။
” အီးး !! ဟီးး !! ဟီးး!! ”
ဟာ!! ညည်းသံ ကြီးနဲ့ အတူ မြနှင်းရဲ့ အလောင်းကောင်ကြီးက မျက်
လုံးတွေပွင့်လာပီး ဆတ်ခနဲ လှုပ်လာတာဗျို့။
” ဆ …ဆရာကြီး !! အ..အလောင်းကောင်ကြီး လှုပ်…လှုပ်လာပီ ”
ငမိုး ကြောက်လန့်တကြား ဆရာဖြစ်သူကိုလှမ်းပြောလိုက်တာဗျ။
” အေး !! အသာနေ …ငါတွေ့တယ် …မကြောက်နဲ့ “…
” ဟဲ့ !! အစိမ်းသရဲမ အခုချက်ချင်း…ထထိုင်စမ်း…ထထိုင်လိုက်စမ်းး
…ငါ ဆရာအမိန့် !! ”
” ဝုန်းးး ”
အမလေးဗျာ …ဆရာဒေဝရဲ့ စကားလည်းဆုံးတော့ လှဲနေတဲ့
အလောင်းကောင်ကြီးက ဆတ်ဆို ရုတ်တရက် ငုတ်တုပ် ထထိုင်ပါ
လေယော ဗျို့။ ဆရာဒေဝ တောင်လန့်ပီးအနောက်ကိုခြေတစ်လှမ်း
ဆုတ်သွားတယ်။ကြည့်ဦးလေဗျာ။မီးဝင်းဝင်းတောက်မတက် မျက်လုံး
ပြူးပြူးကြီးတွေနဲ့လူကြီးလက်တစ်ထွာစာလောက်ထွက်ကျနေတဲ့ လျှာ
နီနီကြီးနဲ့မျက်နှာကြီးက အရမ်းကိုထိတ်လန့်ကြောက်ရွံ့ဖို့ကောင်း
နေတာဗျ။ မြင်ရသူတိုင်း သည်းခြေပျက်ရူးသွပ် သွားနိုင်လောက်တယ်
လေဗျာ။
” ငမိုး !! ပါလာတဲ့ ကျောက်ပျဉ် နဲ့ သနပ်ခါး တုံးကို သူ့ပေါင်
ပေါ်သွား တင်ပေးလိုက်စမ်း …ရေဘူးကိုဘေးမှာချပေးလိုက် ”
” ဟုတ်!! ဟုတ်ကဲ့ပါ ဆရာကြီး ”
ငမိုးလည်း ကြောက်ကြောက်လန့်လန့် နဲ့ဆရာဖြစ်သူ ခိုင်းတဲ့အတိုင်း
ကျောက်ပျဉ်နဲ့ သနပ်ခါးတုံးကို အလောင်းကောင်ကြီးပေါင်ပေါ်ကို သွားတင်ပေးလိုက်ရတော့တာပေါ့။
” ဟဲ့ အစိမ်းသေမ !! အဲဒီ ကျောက်ပျဉ်ပေါ်ကို သနပ်ခါးတုံးနဲ့
သွေးလိုက်စမ်း ”
“အီး !! ဟီးးး !! ဟီးး !! ”
ဟော !! ဖုတ်ဝင်နေတဲ့အလောင်းကောင်ကြီးက ဆရာဒေဝ ရဲ့ အမိန့်
စကားကိုကြားတော့ …မကျေနပ်တဲ့ပုံစံနဲ့ မျက်လုံးပြူးပြူးကြီးနဲ့ စူးစူးရဲရဲ စိုက်ကြည့်ပီး…သနပ်ခါးတုံးကို ကိုင်လိုက်တယ်။ပီးတော့ သွေးပီဗျ။
” ဂျိ !! ဂျိ !! ဂျစ် !! ဂျစ် !! ”
” ဟဲ့ !! ဒီအတိုင်းသွေးနေရသလား…ဘေးနားက ရေဘူးထဲကရေကို ထည့်ပီး သွေးစမ်း ”
ဟော !! ထည့်ပီ ဗျ ။ အလောင်းကောင်ကြီးက ဆရာဒေဝ ပြောတဲ့
အတိုင်းရေကို ထည့်ပီးသွေးတာ။ အမယ်…သနပ်ခါးတွေတောင်အ
တော်လေး ထွက်လာနေပီဗျို့။
” အေး !! ကောင်းတယ်သွေး…သွေး…များများသွေး …ရေထပ်ထည့်ပီးသွေး ဦး ”
ဟာ!! ဒီတစ်ခါတော့ ဖုတ်ဝင်နေတဲ့ အလောင်းကောင်ကြီးက
ဆရာဒေဝ အမိန့်ကို နားမထောင်ဘူးဗျ။ ဆရာဒေဝကို ဆန့်ကျင်
လိုတဲ့ မျက်နှာအမူအယာနဲ့သနပ်ခါးတုံးကြီးကိုပဲကျောက်ပျဉ်မှာ ဖိဖိ
ပီးသွေးနေတာဗျို။
” တောက် !! သရဲမ ငါ့ပညာကို စမ်းနေတာလား…နောက်တစ်ခေါက်
ထပ်သေချင်နေပီ ထင်တယ်…ရေထည့်ဆို ထည့်စမ်း..”
ဆရာဒေဝက ပြောရင်းနဲ့လက်ထဲကဆေးကြိမ်လုံးနဲ့လည်း ရိုက်မလို
ရွယ်လိုက်တယ်။ မရဘူးဗျို့… ဖုတ်ကောင်ကြီးက ဆရာဒေဝစကားကို
ဘယ်လိုမှ မနာခံတော့ဘူးဗျ။
” တောက် !! အစိမ်းသရဲမ ငါ့ အကြောင်းသိစေရမယ်ဟေ့ ”
ဆရာဒေဝ တစ်ယောက်ပြောလည်းပြော စိတ်ကလည်းမရှည်နိုင်တော့ပဲ…လက်ထဲက ကြိမ်လုံးနဲ့ လှမ်းရိုက်ဖို့ရွယ်လိုက်တယ်။ အဲဒီချိန်မှာ
သနပ်ခါးသွေးနေတဲ့ အလောင်းကောင်ကြီးက မထင်မှတ်တဲ့ အပြုမူကို
လုပ်လိုက်တော့တာဗျို့။
” ကဲဟယ် !! စွပ်!! စွတ် !! ”
” အားးး!! အမလေးးး သေပါပီဗျ !! အားးးးးးး “…
ဟာ !!အလောင်းကောင်ကြီးက ရုတ်တရက် ဆရာဒေဝရဲ့ ရင်ဘတ်ကိုလက်သည်းချွန်ချွန်ကြီးတွေနဲ့ထိုးဖောက်လိုက်တာဗျ။ အောက်လမ်း
ဆရာဒေဝရဲ့ရင်ဘတ်က ပန်းထွက်လာတဲ့သွေးတွေကိုလည်း အငမ်းမရ စုပ်ယူမျိုချနေတာဗျို့။
” ငါ့ကို သေတဲ့ အထိတောင် ဒုက္ခပေးနေတဲ့ အကောင်တွေ
သေကြစမ်းးးး !! သေကြစမ်းးး !! ဟားးးဟားးဟားး !! ဟီးးးဟီးးး !! ”
” ငမိုး !! ပြေးတော့ …ပြေးးးးးး…ပြေးးးးးးးး လွတ်အောင်ပြေး ”
ဒါဟာ ဆရာဒေဝ ဆီက နောက်ဆုံးထွက်လာတဲ့ အသံပါပဲဗျာ။ ငမိုး
လည်း ဆရာဖြစ်သူစကားကြားတာနဲ့နောက်ကိုချာခနဲလှည့်ပီးပြေး
တော့တာပဲဗျို့။ ပြေးရင်းနဲ့သချိူင်္င်းကုန်းအထွက်နားရောက်တော့
ဝုန်းဆိုတဲ့အသံနဲ့အတူဖုတ်ဝင်နေတဲ့အလောင်းကောင်ကြီးက ငမိုး
ရဲ့ ရှေ့တည့်တည့်မှာ ရုတ်တရက် ပေါ်လာပါလေယော။
” အောင်မလေး !! ဖုတ် …ဖုတ်ကောင်ကြီးးးး …အားးးး …
မလုပ်ပါနဲ့ ….ကြောက်ပါပီဗျ … အားးးး!!
အလောင်းကောင်ကြီးရဲ့ လက်သည်းချွန်ချွန်ကြီးတွေက ငမိုးရဲ့ဗိုက်
ထဲကို ထိုးဖောက် လိုက်တော့တာပဲဗျို့။ငမိုးတစ်ယောက်ပွင့်ထွက်
သွားတဲ့သူရဲ့ ရင်ဘတ်ကို ငုံ့ကြည့်ပီးကြောက်လန့်တကြားအော်
ဟစ်ရင်းနဲ့ပဲအသက်ပျောက်သွားတာဗျ။
” ဟားးး !! ဟားးးး!! ဟားးးး !! ဟီးးးးးဟီးးးဟီးးးး ဟိုးးဟိုးးဟိုးးး !!
ငါ့ကိုအနိုင်ကျင့်တဲ့ကောင်တွေမှန်သမျှအကုန်သစ်ပစ်မယ်ဟေ့”
သေဆုံးပီးသွားမှ ဆရာဒေဝ ပယောဂကြောင့် ဖုတ်ပြန်ဝင်လာတဲ့ မြနှင်း
ရဲ့ကြောက်မက်ဖွယ်ရာ ကြိမ်းဝါးကြွေးကြော်သံကြီးနဲ့အတူ သချိူင်္င်းကြီးတစ်ခုလုံးဟာ ဘာမှ မဖြစ်ခဲ့သလိုပဲ ပြန်လည်တိတ်ဆိတ်သွားပီဗျ။
⏰⏰⏰⏰
” သူကြီးရေ !! သူကြီး !! သူကြီး ရှိလားဗျ ”
” ဟေ !! ရှိတယ်ကွ…ဘယ်သူတုန်း… ခြံထဲဝင်ခဲ့လေ “…
” ထွန်းကျော် ပါ သူကြီးရ…အရေးကြီးလို့ဗျ…ကျုပ် တို့ရွာသချိူင်္င်းကုန်းမှာရုပ်ပျက်ဆင်းပျက်သေနေတဲ့လူသေအလောင်းနှစ်လောင်းတွေ့
လို့တဲ့ဗျာ ”
” ဟေ !! စောစောစီးစီးကွာ …ကြားရတာ နားဝမှာ စိတ်မချမ်းသာ
လိုက်တာ… ဘယ်သူတွေတဲ့တုန်း ထွန်းကျော်ရ ”
” ဟုတ်တယ် !! သူကြီးရေ ဘယ်သူ့အလောင်းတွေဆိုတာ
တော့မသိသေးဘူး ရွာထဲကလူတွေတော့ သွားကြည့်ကုန်ကြပီ ”
” ကဲ !! ဒါဖြင့် ဆယ်အိမ်ခေါင်းကိုသောင်း ကိုပါ သွားခေါ်…
လိုက်ကွာငါတို့သွားကြည့်ကြရအောင် ”
” ဟုတ်ကဲ့ !! သူကြီး ”
ထွန်းကျော် တစ်ယောက် သူကြီးရဲ့အမိန့် ကြောင့် ဆယ်အိမ်ခေါင်း
ကိုသောင်းကိုအပြေးသွားခေါ်လိုက်တယ်။ သူကြီးနဲ့ ဆယ်အိမ်ခေါင်း ကိုသောင်း…ထွန်းကျော်တို့ သချိူင်္င်းကုန်းကိုရောက်တော့ …ရွာထဲကလူတော်တော်များများရောက်နေတာတွေ့ရတယ်။
သချိူင်္င်းကုန်း အဝကိုခြေချမိတော့…
” ဟာ !! ဒီမှာ တစ်ယောက်မှောက်ခုံကြီး လဲပီးသေနေပါ့လား..
ထွန်းကျော်နဲ့ မောင်သောင်း အလောင်းကိုဆွဲလှန်ကြည့်စမ်းကွာ
ဘယ်သူလဲဆိုတာ သိရအောင် “…
” ဟုတ်ကဲ့ပါ !! သူကြီး ”
” ဟာ !! ဟင် !! အို !! အမလေး !! ကြောက်စရာကြီးပါလား ”
” ဟာ !! သူကြီးရေ အလောင်းက ဗိုက်ကြီးဟောင်းလောင်းနဲ့ဗိုက်
ထဲမှာ ကလီစာတွေလည်းတစ်ခုမှမရှိတော့ဘူး… မျက်လုံးကြီးတွေကလည်းအပြင်ကို အဆမတန်ပြူးထွက်နေတာ မသေခင်ဆိုးဆိုးဝါးဝါး
ဝေဒနာတစ်ခုကိုအတော်လေး မချိမဆန့် ခံစားလိုက်ရပုံပဲဗျို့ ”
” အေးကွာ !! ဘယ်လိုဖြစ်ကြတာလဲမသိဘူး…အလောင်းကြီး
ကိုကြည့်ရတာ…ကြောက်ဖို့ကောင်းတာအမှန်ပဲ… ငါတို့ရွာသား
တော့ မဟုတ်ဘူးကွ…သူဘယ်သူလဲ ဆိုတာ သိကြလား ဟေ့ ”
” ကျုပ်သိတယ်…သူကြီး…ဒါဟိုဘက်ရွာကဖဲသမား ငမိုးပဲ…မြနှင်းကို
အသုဘချတုန်းကတောင် ဒီကောင်လာတာ ကျုပ်တွေ့မိသေးတယ် ”
ဆယ်အိမ်မှုး ကိုသောင်းက ဝင်ပြောတာဗျ။
” ဟေ!! ဟုတ်လား…ကဲ ထွန်းကျော် မင်းပြောတော့အလောင်း
ကနှစ်လောင်းဆို ကျန်တဲ့အလောင်းကဘယ်မှာလဲ …”
” နောက် တစ်လောင်းက မြနှင်း ရဲ့မြေပုံနားမှာဗျ သူကြီးရ ”
” ကဲ !! လာ …လာ သွားကြည့်ရအောင်ကွာ ”
မြနှင်းရဲ့မြေပုံနားကိုရောက်တော့ မြေကျင်းထဲမှာဆန့်ဆန့်ကြီး
သေနေတဲ့ဆရာဒေဝရဲ့ အလောင်းကိုတွေ့လိုက်ရတယ်။
” ဟာ !! သူကျတော့ ဘယ်လိုဖြစ်တာလဲ…ဗိုက်ကြီးပွင့်နေတဲ့အပြင်
ခေါင်းကြီးက ပါအစိတ်စိတ်အမွှာမွှာကွဲကြေနေပါလား…သူကကော
ဘယ်သူလဲ ကွ ”
” ဘယ်လိုသိမလဲ သူကြီးရဲ့ …ခေါင်းကြီးက ဒီလောက် အစိတ်စိတ်
အမွှာမွှာကွဲကြေနေတာ … ”
” ဟာ !! ဒီမှာ သူ့ဘေးနားမှာ လွယ်အိတ်လေးတစ်လုံးကျနေတယ်
ဟေ့ … ”
“ဟေ !! ဟုတ်လား..ကြည့်… ကြည့်စမ်းကွာဘာတွေပါလဲဆိုတာ”
” ဟာ !!သူကြီးရေ..အိတ်ထဲမှာ အင်းချပ်တွေ..လူရုပ်လေးတွေ
…ချည်မန်းကြိုးတွေ …ဆန်မန်းထုတ် တွေရယ်တွေ့ တယ်ဗျို့ ”
” ဟာ !! ဒါဆိုရင် ကျုပ် သိပီသူကြီး… ဒီအလောင်းက ဟိုဘက်ရွာက ပယောဂဆရာ ဒေဝ ရဲ့ အလောင်းပဲဖြစ်ရမယ်။ ”
ထွန်းကျော် က သူကြီးကို ဝင်ပြောလိုက်တာဗျ။
” ဟုတ်ရဲ့လား ထွန်းကျော် …ဒါ မင်းပြောတဲ့အောက်လမ်းဆရာဒေဝရဲ့ အလောင်းဆိုတာသေချာရဲ့လား “…
“သေချာတယ် သူကြီး ကျနော်တို့ရွာနားတစ်ဝိုက်မှာ ဒီလိုပညာ
တွေတက်တဲ့သူဆိုလို့ သူတစ်ယောက်ပဲ ရှိတာ ဗျ ”
” အေးကွာ !! ဘယ်လို ဖြစ်ပီး သူတို့နှစ်ယောက်က ငါတို့ရွာ
သချိူင်္င်းထဲလာသေနေရတာလဲ။ စဉ်းစားလို့ကိုမရတော့ဘူးကွာ
ဒါနဲ့ ဟေ့ကောင်တွေ… မြနှင်း ရဲ့ အလောင်းကော ဘယ်မှာလဲ
ငါ မတွေ့မိပါလား ”
” ဟုတ်တယ် သူကြီး ကျုပ် တို့လည်း အခုပဲ သူကြီးကိုပြော
တော့မလို့ မြနှင်းရဲ့ အလောင်းပျောက်နေတယ် ဗျ ”
” ဟူးးးး !! ငါလည်းခေါင်းတောင်ကိုက်လာပီကွာ… မြနှင်းရဲ့အလောင်းကဘယ်ရောက်သွားရတာတုန်း…တောကောင်ကြီးတစ်ကောင် ကောင်
များ ဒီကိုရောက်လာပီး ဆွဲသွားတာလား ”
” ဒါဆို ကျုပ် တို့ ဘာဆက်လုပ်ကြမလဲ သူကြီး …”
” မြို့ဂတ်ကိုသွားပီးအကြောင်းကြားရမှာပေါ့ကွာ…ဒါဘာပဲဖြစ်ဖြစ်
လူသေမူပဲ… ပီးတော့ မြနှင်းရဲ့ အလောင်းလည်းပျောက်နေတာ
အဲဒါပါ ပြောပြရမှာပေါ့ကွာ ”
” သူကြီးရေ !! သူကြီး !! ဒုက္ခပဲ ဗျို့ ”
” ဟာ !! မှတ်ကြီး အမောတကောနဲ့ပါလား ဘာဖြစ်လာတာလဲ”
” ဟောဟဲ !! ဟောဟဲ !! မောလိုက်တာ သူကြီးရယ်… မြ …မြခိုင်
တစ်ယောက်လည်း သူ့ အိမ်ထဲမှာ သေနေပီဗျ ”
” ဟေ !! ဘယ်လိုဖြစ်ရတာလဲကွာ …ဒီမှာ ပြသနာ တစ်ခုကမပီးသေးဘူး…နောက်ထပ် အမင်္ဂလာ သတင်းဆိုးကလာပြန်ပီ ”
” ဟုတ် …ဟုတ်တယ် သူကြီး…ကျုပ်… မြခိုင်နဲ့ ဆိုင်မှာ
အရက်သွားသောက် မယ်ဆိုပီး သူ့အိမ်ကိုသွားတာ အိမ်ထဲ
ရောက်တော့ မြခိုင်ကိုသေနေတာ တွေ့ရတာပဲ ဗျို့ ”
” ဒီကောင်က ဘယ်လိုသေနေတာလဲ … အရက်အသောက်
များပီး အန်ဖတ်စို့သေနေတာလား ”
” မဟုတ်ဘူး သူကြီး …သချိူင်္င်းရှေ့မှာ တွေ့ခဲ့တဲ့ အလောင်း
လိုမျိုးပဲ…ဗိုက်ကြီးဟောင်းလောင်းပွင့်ပီးအထဲ မှာလည်း အူတွေ
အသည်းတွေ ဘာဆိုဘာမှ မရှိတော့ဘူး တစ်အိမ်လုံးမှာလည်း
သွေးတွေကြီးပဲ…ပြောရင်းနဲ့တောင်ကြောက်လာပီ သူကြီးရယ် ”
သူကြီးလည်း စိတ်ရှုပ်စွာဖြင့် ခေါင်းကို တဗြင်းး ဗြင်းးကုပ်ရင်း…
” ဟူးးးးး ငါတို့ ရွာမှာ အရင်တုန်းက ဒီလိုအဖြစ်ပျက်ဆိုးမျိုး တစ်ခါမှ
မကြုံဖူး မဖြစ်ဖူး ပါဘူးကွာ…ခုကျမှ ဘယ်လိုတွေဖြစ်ရတာလဲ ”
” ကဲ !! မောင်သောင်းနဲ့ထွန်းကျော် …ငါအခု မြို့ဂတ်ကို သွားမယ်..ငါ နဲ့ မြို့က ပုလိပ်တွေ ပြန်မလာမချင်း ဒီအလောင်းတွေကို ဘယ်သူမှ မထိစေနဲ့ ….ကြားလားးးး ”
” ဟုတ်ကဲ့ !! စိတ်ချပါ သူကြီး ”
သူကြီးတစ်ယောက် ရွာမှာ ဖြစ်ပျက်နေတဲ့ ပြသနာအရှုပ်အထွေးကြီးကို မြို့ဂတ်ကို အကြောင်းကြားဖို့ထွက်လာတဲ့ချိန်မှာတော့ …ရွာထဲက အရက်ဆိုင်လေးထဲမှာ ဘမောင်တို့လူယုတ်မာသုံးယောက်ကတော့ခေါင်းချင်းရိုက်နေကြပီဗျို့။
” ကိုဘမောင်.. မြခိုင် ကအကောင်းကြီးကနေခုလို ရုပ်ပျက်
ဆင်းပျက်နဲ့သေသွားတာ ရိုးတော့မရိုးဘူးထင်တယ်နော် …
ပီးတော့ မြနှင်းရဲ့ မြေပုံမှာ လည်း ဟိုဘက်ရွာက အောက်လမ်း
ဆရာနဲ့ သူ့တပည့် ကလည်း သေနေတာမှ ကြောက်စရာကြီး
ဒီကိစ္စ က တစ်ခုနဲ့တစ်ခုဆက်စပ်နေမယ်လို့ ကျုပ်ထင်တယ် ”
” အေးကွာ !! လှဦးရာ …ငါလည်းအဲတာကိုပဲ စဉ်းစားနေတာ..ပီးတော့
မြနှင်းရဲ့ အလောင်းကြီးကလည်း ပျောက်နေတယ်…မြနှင်းများ မသေပဲနဲ့အသက် ပြန်ရှင်လာပီး …သူ့ယောကျာ်းကို ကလဲ့စားချေ သတ်ဖြတ်
သွား တာလားကွာ ”
” ဟာ!! မဖြစ်နိုင်တာပဲ ကိုဘမောင် ရာ မြနှင်းက ဖြင့် သေသွားပီးလို့
မြေမြုပ် သင်္ဂြုလ် လိုက်ပီပဲဟာ …မသေပဲ အသက်ပြန်ရှင်လာတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား…အေး!!တကယ်လို့အသက် ပြန်ရှင် လာတယ်
ဆိုရင်တောင် … အဲတာ ဖုတ်ဝင်လာ တာပဲဖြစ် … ဖြစ်…ဟာ !!…”
လှဦး မှာပြောလက်စ စကားကိုပင်ဆုံးအောင်မပြောနိုင်တော့…တစ်ဝက်
တစ်ပျက်နဲ့တင်ရပ်တန့်သွားတာဗျ။ ကျန်တဲ့နှစ်ယောက်မှာလည်း
လှဦး ရဲ့ စကားကြောင့် ကြက်သီး များဖြန်းခနဲထကာ ကျောထဲစိမ့်သွားတာ ဗျို့။
” ဟူးးး !! ငါလည်းမင်းပြောသလို…တွေးမိလို့ပါ လှဦးရာ…
မင်းပြောခဲ့သလိုပဲ မြနှင်းက ဖုတ်ဝင်လာပီး…သူ့ယောကျာ်း
မြခိုင်ကို နာကြည်းစိတ်နဲ့ သတ်ခဲ့တယ်ဆိုရင် …သူ့ကို
ဖျက်ဆီးစော်ကားခဲ့တဲ့ငါတို့ကိုကော ချမ်းသာပေးပါ့မလား ”
” အို !! ဘာပဲ ဖြစ်ဖြစ်ဗျာ…ခင်များ တို့ပြောသလို မြနှင်းက ဖုတ်ပြန်ဝင်
လာတာဆိုလည်း…ဘာဖြစ်လဲ…နောက်တစ်ခေါက်ထပ်ပီး…အဲကောင်
မနဲ့ ပျော်ပါးရတာပေါ့ဗျာ…ဒီတစ်ခါဖုတ်ကောင်လေးတွေပါ မွေးခိုင်းပီး ရုံသွင်းပြစားပစ်မယ်..ဘာမှတွေးကြောက်မနေကြနဲ့… သောက်စရာ ရှိတာ သောက်ကြစမ်းပါဗျာ …. ဟားးးးးဟားးးးးဟားးးးး ”
တစ်ချိန်လုံး ဘာတစ်ခွန်းမှဝင်မပြောပဲနားထောင်နေတဲ့ ဇော်မိုး က ရီရီ
မောမောနဲ့ပြောဆို အားပေးလိုက်ပေမဲ့ ကျန်တဲ့နှစ်ယောက်ကမရီနိုင်
ကြဘူးဗျ။ စိတ်ထဲ တထင့်ထင့်နဲ့ စိုးရိမ်ကြောက်လန့်စိတ်တွေဝင်နေ
ကြတာပေါ့ ဗျာ…။
⏰⏰⏰⏰
ညက အသူရာတမျှ နက်ရှိုင်းနေတာဗျ။ လမိုက် ညမို့ အရာအားလုံး
ပိန်းပိတ် အောင်မှောင်မိုက် နေပါ ရောဗျာ။
” အား!! ကျွတ်…ကျွတ်…ကျွတ်… ဒီဗိုက်ကလည်းကွာ
အိပ်ကောင်းနေ မှပဲ…”
လှဦး တစ်ယောက် အိပ်ကောင်းနေရာမှ ဗိုက်ထဲကမခံနိုင်အောင် ရစ်
ရစ်ပီး နာလာတာမို့ မထချင်ထချင် နဲ့ ထကာ လက်နှိပ်ဓာတ်မီးကို ဆွဲယူလိုက်ပီး အ်ိမ်သာသို့ ထွက်လာခဲ့တယ်။
” ဝုတ် !! ဝုတ် !! အူ…ဝူးးးးးးးး ဟူးးးးးး “…
” တောက် !! ဒီခွေးအူသံတွေကလည်း ကြားရတာ တစ်စက်က
လေးမှ ကို ကျက်သရေမရှိဘူး … ဝေါ့ !! ထွီ !! ”
ဗိုက်ပြသနာကို ဖြေရှင်းနေရင်း ကြားလိုက်ရသော ခွေးအူသံ
တွေကြောင့် လှဦး မကျေမနပ် မြည်တွန် တောက်တီးမိတာဗျို့။
” ဒုန်း !! ဝရော …ဝရော…ဖြောက်…ဖြောက်…”
ရုတ်တရက် ခဲလုံးတွေ အိမ်သာခေါင်မိုးပေါ် တဖွဲဖွဲကျလာတာကြောင့်
လှဦးတစ်ယောက် ဒေါသစိတ်နဲ့ အော်လိုက်မိတယ်။
” ဟေ့ !! ဘယ်ခွေးသူတောင်းစားလဲ…အိမ်သာ ကို ခဲနဲ့လာထုတာ”
” အင်းးး !! ဟင်းးး!! ဟင်းးး!! ဟီးးး!!
” ဟင် !! ဘယ်သူလဲ …မေးနေတာ မကြားဘူးလား ”
ကျော ချမ်းစရာ ညည်းသံကြီးသာ ကြားရပီးအပြင်ဘက်မှ ပြန်ဖြေသံ
မကြားရသောကြောင့် လှဦး ကိစ္စကို အမြန်ဖြတ်ပီးအပြင်ကို လှမ်းထွက်
လိုက်တာဗျို့။
အပြင်ကိုရောက်တော့… သူ့ကိုကျောခိုင်းပီးရပ်နေတဲ့ မည်းမည်း
အကောင်ကြီးတစ်ကောင်ကို ကြက်သီးထဖွယ်တွေ့လိုက်ရတယ်။
” ဟေ့ !! မင်းကဘယ်သူလဲ…ဒီချိန်ကြီးကျမှ ဘာလာလုပ်နေ တာလဲ ”
မေးလည်းမေး လက်ကဓာတ်မီးနဲ့ ဆတ်ခနဲ လှမ်းထိုးလိုက်တော့
မည်းမည်းကြီးက မိန်းမတစ်ယောက် ဖြစ်နေတာဗျ။
” ဟင် !! မိန်းမ တစ်ယောက်ပါလား…ဟေ့ !! မိန်းခလေး
မင်းဘယ်ကလဲ… ငါ့ခြံထဲ ဘာဝင်လုပ်နေတာလဲ…ဒီဘက်ကို
လှည့်လိုက်စမ်း “…
လှဦး ရဲ့ စကားအဆုံး ရပ်နေတဲ့မိန်းခလေးက သူ့ဘက်ကိုလှည့်လာ
တယ်။ လှည့်လိုက်တယ်ဆိုပေမဲ့ လူကိုလှည့်လိုက်တာမဟုတ်ဘူး…
လူမလှည့်ပဲခေါင်းကြီးပဲ နောက်ပြန်ကြီး လှည့်လာတာဗျို့။
” ဟားးး !! ဟားးး !! ဟားး!! ဟီးးး!! ဟီးး ဟီးး!! ”
ဓာတ်မီးရောင်အောက်မှာ လှဦး သွေးပျက်ဖွယ် တွေ့လိုက်ရတာက
မျက်လုံးနီနီရဲရဲ ပြူးပြူးကြီးနဲ့လျှာကြီးကလည်းတစ်တောင်လောက်
ထွက်ခါ ပါးစပ်မှာလည်း အစွယ်တဖွေးဖွေးနဲ့ မြနှင်း ဖြစ်နေတာဗျို့။
” အားးး !! နင်..နင်.. မြ…မြနှင်း …ဟာ !! မဟုတ်သေးဘူး မြ…မြနှင်းက သေ …သေ…သေသွားပီမဟုတ်လား ”
” ဟားးဟားးးဟားးး!! ဟီးးးးးဟီးးဟီးးး !! ဟိုးးးဟိုးးးဟိူးး !! “…
” ဟုတ်တယ် !! ငါ မြနှင်းပဲ …နင့်ကို ကလဲ့စားချေဖို့လာတာ
ငါ့ကို ဖျက်ဆီး ခဲ့တဲ့ ကောင် …သေပေတော့ “…
လှဦး အံ့သြ ကြောက်လန့် မှင်သက်မိနေစဉ်မှာပင် ဖုတ်ကောင်ကြီးရဲ့ လက်သည်းချွန်ချွန်ကြီးတွေက ရင်ဘက်ထဲသို့ ထိုးဖောက်ဝင်ရောက်
လာပါ လေယောဗျာ။
” အားးးး!! အမလေး !! သေပါပီဗျ !! မ…မလုပ်ပါနဲ့ အားးးး အားးး !! ”
လှဦးတစ်ယောက် အသံနက်ကြီးနှင့်ငယ်သံပါအောင် အော်ရင်းအသက်
ပျောက်သွားပီဗျို့။
” ဟီးးး!! ဟီးးး !! ဟီးးး !! အူးးးး ဟူးးးဟူးးးး ”
ဖုတ်ဝင်နေတဲ့မြနှင်းက လှဦးရဲ့ တစ်ကိုယ်လုံးကို အငြိုးတကြီးနဲ့အပိုင်း
ပိုင်းပြတ်အောင်ကိုက်ဖဲ့ ဝါးမြိုစားသောက်ပစ်လိုက်တာဗျို့။
⏰⏰⏰⏰
” တောက် !! ဖဲကလည်းကွာ ….ဒီညအဖို့ တော့ အရှုံးသက်
သက်ပဲ နဲ့တူတယ်… ဇော်မိုး မင်းမှာ ကျန်သေးလား “…
” ဟ !! ငါ့မှာ ပါသမျှ မင်းကိုပေးလိုက်တာလေကွာ … ဘယ်လို
လို့ ရှိတော့မှာလဲ “…
ဘမောင် နဲ့ ဇော်မိုး တစ်ဖက်ရွာတွင် ကြိတ်ဝိုင်းလေး ကောင်းလို့ဖဲလာ ရိုက်သော်လည်း …ကံက မလိုက် ပါသမျှပိုက်ဆံသာတက်တက်စင်အောင်ပြောင်ပါ လေယောဗျာ။
” ဟူးးး !! လာကွာ ဒါဆိုလည်း ပြန်ကြမယ် “…
” ဟ !!ဘမောင် အချိန်လည်းကြည့်ပါဦးဟ…ဒီအချိန်ကြီး
ပြန်လို့ဖြစ်ပါ့ မလားကွာ “…
” ပါ သမျှ ပိုက်ဆံ ကပြောင်ပီ…မပြန်လို့ ဒီမှာ ငုတ်တုပ်ထိုင်နေ
ရမှာလား… ကိုယ့်ရွာကိုယ်ပြန်တာပဲ ဘာကြောက်စရာရှိလို့လဲ
မင်း မလိုက်ချင်နေခဲ့ …ငါတော့သွားပီ “…
” ဟ !! ဟ !! နေပါဦးကွာ…လာတုန်းက အတူတူလာခဲ့ကြတာပဲ ပြန်တော့လည်း အတူတူပြန်မှာပေါ့ကွ “….
” အေး !! ဒါဆိုလည်း လာ…သွားကြမယ်…မင်းမှာအရက်
ကျန်သေးတယ်မဟုတ်လား…အရက်လေးမော့ရင်း ပြန်ကြတာပေါ့ ”
ဘမောင်နဲ့ ဇော်မိုးတို့နှစ်ယောက်သား စကားလေးတပြောပြော
အရက်ကလေး တမြမြနဲ့ ရွာကို ပြန်လာကြရော ဗျို့။ရွာ က
သချိူင်္င်ကုန်းလေးကိုတောင် လှမ်းမြင်နေရပီ။ လျှောက်လာရင်းနဲ့ရွာထိပ်
ညောင်ပင်နားရောက်တော့…စူးရှတဲ့အပုတ်နံ့ကြီးက နှစ်ယောက်လုံး
ရဲ့ နှာခေါင်းထဲကို ထောင်းခနဲဝင်လာတာ ဗျို့။
” ဟာ !! ဟေ့ကောင် ဘမောင် အပုတ်နံ့ကြီးပါလား…ဘယ်က
လာတာလဲ…နံလိုက်တာ … အော့ !! ဝေါ့ !! ဝေါ့ !! ”
” ဟုတ်ပါ့ကွာ … အနံ့ကြီးက ဆိုးလိုက်တာ … ငါပါ အန်ချင်လာပီ ”
ပြောရင်းဖြင့် ဘမောင် တစ်ယောက် မျက်လုံးကို ဟို ဟို သည်သည် လိုက်ကြည့်မိတော့ …
” ဟာ !! ဇော် …ဇော်မိုး … မင်းခေါင်းပေါ်က သစ်ကိုင်းပေါ်မှာ
ဘာ …ဘာကြီးလဲ …မီးလုံးလို နီနီရဲရဲ ကြီး နှစ်လုံးနဲ့ “…
” ဟာ !! ဟုတ်ပါရဲ့ …ဘာကောင်ကြီးလဲဟ …ဟေ့ အပင်ပေါ်
ကဘယ်သူလဲ …အခုဆင်းခဲ့စမ်း ”
ဇော်မိုးရဲ့ စကားလည်းအဆုံး…
” ဝုန်းးးး!! ဖြောင်းးး ”
” ဟင် !! ဘာကြီးလဲ … ဟာ !! ဟေ့ … ဟေ့ကောင် ဇော်မိုး…ဒါ … ဒါ မြ …မြနှင်း… မြနှင်း မဟုတ်လား ”
” ဟီးး!! ဟီးးး !! ဟီးးး !! ဟိုးးး !! ဟိုးးး !! ”
ဟာ !! အပင်ပေါ်က ခုန်ချလာတဲ့ မြနှင်းက ထိတ်လန့်ကြောက်ရွံ့
နေတဲ့ဘမောင်နဲ့ ဇော်မိုးကို မီးဝင်းဝင်းတောက်မတက်မျက်လုံးနီနီ ကြီးနဲ့စိုက်ကြည့်ကာ အစွယ်တဖွေးဖွေးဖြစ်နေတဲ့ ပါးစပ်ကြီးကို ဖြဲ ပီး အသံနက်ကြီးနဲ့ ရီနေတာဗျ။
” အားးး!! ဒါ …ဒါ…မြ …မြ… မြနှင်း မဟုတ်ဘူး… ဖုတ်…ဖုတ်ကောင်
ကြီး…ပြေးးးး …ပြေးးး…ဇော်မိုး…လွတ်အောင်ပြေးးးး”
နှစ်ယောက်သားကြောက်လန့်တကြား ထွက်ပြေးကြတာ ဗျို့။
” အားးးး !! ကယ်ကြပါဦးး ဗျို့ … ဖုတ် … ဖုတ်ကောင်ကြီး…
ကျုပ်တို့ကို လိုက်နေလို့ပါ ဗျို့ … အားး!! ”
” ဟားးးဟားးးဟားး !! ဟီးးးဟီးးးး …လူယုတ်မာတွေ ငါ့လက်
ကပြေးလို့ လွတ်မတဲ့ လား “…
” ဖုန်းးးးး !! ဖုန်းးးးးးး !! ”
” အားးးး !! အင့် !!.. သေပါပီ ဗျ “…
ထွက်ပြေးနေတဲ့ ဘမောင်နဲ့ဇော်မိုး တို့နောက်ကို ဖုတ်ကောင်
ကြီးက ပြေးလိုက်လာပီး…လက်ဝါး ကြီးနဲ့ ကျောကုန်းကို ရိုက်
ချလိုက်တာဗျို့။
ဖုတ်ကောင်ကြီးရဲ့လက်ဝါးရိုက်ချက်ကြောင့်ပြေးနေတဲ့ဘမောင်
နဲ့ဇော်မိုး နှစ်ယောက်လုံးလဲကျပီး ပါးစပ်ထဲက သွေးတွေ ပွက်
ခနဲ ပွက်ခနဲ အန်ကျလာပါလေရော ဗျာ။
” ဟားးးးဟားးးးဟားးး !! ဟီးးးဟီးးး !! ငါ့ကို လူ့ဘဝတုန်းက
မတရားစော်ကား ဖျက်ဆီးပီး ငါ့သားကို သတ်ခဲ့တဲ့ အကောင်
တွေ…အခုလာလေ …ငါနဲ့ လာပျော် ပါးပါဦး…ဘယ်သူအရင်
လာမလဲ …ဟားးးဟားးးဟားးး ဟီးးးဟီးးးဟီးးး ဟိုးးးဟိုးးး ဟိူးး”
” ကြောက်…ကြောက်ပါပီ…ငါတို့ မှား…မှားပါတယ်…ငါတို့ကို
မသတ်ပါနဲ့ …ခွင့်…ခွင့်လွှတ်ပေးပါ …”
” ခွင့် မလွှတ်နိုင်ဘူးဟေ့ !! ငါနဲ့ ငါ့သားအပေါ်မှာ ရက်စက်
ယူတ်မာခဲ့တဲ့ လူယုတ်မာတွေ…နင် တို့ကို ငါ့လက်နဲ့ပြန်ပီး
သတ်ရမှ ငါ့ရဲ့ အငြိူးတွေ ဒေါသတွေ ကျေမှာ ဟေ့ ”
ဟာ!! စကားဆုံးတာနဲ့ ဖုတ်ကောင်ကြီးက မြေပေါ်မှာလဲကျနေတဲ့
ဘမောင်ရဲ့ ကိုယ်ပေါ်ကို အရင်ဆုံး ခွထိုင်လိုက်ပီဗျို့။
” ငါ့ရဲ့အသွေးအသားကိုအရသာခံ ဇိမ်ယူ ဝါးမြိုခဲ့တဲ့အကောင်
အခု နင့်ရဲ့ အသွေးသားကလီစာတွေကို ငါပြန်စားရမဲ့ …
အလှည့်ပဲဟေ့ “…
” မ…မလုပ်ပါနဲ့… တောင်း…တောင်းပန် …အ့ …အားးးးး!!”
ဟာ!! ဖုတ်ဝင်နေတဲ့ မြနှင်းက လက်သည်းချွန်ချွန်ကြီးတွေနဲ့
ဗိုက်ကို ထိုးခွဲလိုက်တာဗျ။ဘမောင် စကားကိုတောင်ဆုံးအောင်
မပြောလိုက်နိုင်ဘူးဗျုိ့။
” ဗြိ !! ဗြိ !! ဇွိ !! ဇွိ !! ”
” အားးးးအားးး!! သေပါပီဗျ !! အားးးးး!! ”
ဘမောင် မှာ အရှင်လတ်လတ် ဗိုက်ဗောက်ခံရပီး သူ့ရဲ့ အူတွေ
အသည်းတွေကို နှိုက်ထုတ် စားသောက်နေတဲ့ မြနှင်းကြောင့်
သေတာထက်ဆိုးရွားတဲ့ဝေဒနာကို ခံစားနေရပီး မချိမဆန့်
အော်ဟစ်နေရ တော့တာပေါ့ ဗျာ။
ဇော်မိုး မှာလည်း ဘမောင်ရဲ့ အဖြစ်ဆိုးကို ကြည့်ပီးသွေးပျက်
ခြောက်ချားကာ လဲနေရာက ထပြေးဖို့ ကြိုးစားပေမဲ့ …ဖုတ်
ကောင်ကြီးရဲ့ လက်ဝါးချက်ကြောင့် မထနိုင်တော့ဘူးလေဗျာ။
အသက်ကို ဝအောင်တောင် မနည်းလုရှုနေရတာဗျ။
” အားးးး!! အားးးးး !! အားးးး!!
ဟာ !! အူတွေအသည်းတွေ ဖောက်ထုတ်အစားခံနေရတဲ့ဘမောင်ရဲ့ နာ နာ ကြည်းကြည်းအော်သံကြီးကတဖြည်းဖြည်းတိုး သွားပီ။ လူလည်း
ငြိမ်သွားပီဗျ…တုတ်တုတ်တောင်မလှုပ်တော့ဘူး။
” အီးးးးဟီးးးဟီးးး … ဒီတစ်ခါ နင့်အလှည့်ပဲ “…
ဖုတ်ကောင်ကြီးရဲ့ ကြောက်မက်ဖွယ် အသံနက်ကြီးနဲ့ပြောလိုက်တဲ့
စကားကြောင့် ဇော်မိုး သွေးပျက်ခြောက်ချားပီး သေးတွေ ချီးတွေ ပါ
ထွက်ကျလာတာဗျို့။
” ငါ့ကို စော်ကားပီး …ငါ့သားကို သတ်လိုက်တာ နင်…ဒီတော့
နင့်ကို ဖြေးဖြေးချင်း နှိပ်စက်ပီး သတ်ရမယ်ဟေ့ “…
” ကဲဟာ !! ဂျွတ် …ဂျွတ် …ဂျွတ် … ဖြောင်းးး !! ”
” အားးးး !! အမလေးးး !! သေပီ…သေပါပီဗျ !! အားးးးးးး ”
ဟာ !! ဖုတ်ကောင်ကြီးက ဇော်မိုးရဲ့ ခြေထောက်တွေ လက်တွေကို
အရင်းကနေတစ်ချောင်းပီးတစ်ချောင်း ဆွဲဖြုတ်နေတာဗျ။
” ကဲဟယ် !! ဖြောင်းးးးဖြောင်းးးးး !! ဂျွတ် … ဂျွတ် !! ”
” အား!! ကယ်ကြပါဦးဗျို့ !! အားးးး ”
အရှင်လတ်လတ် ခြေတွေ လက်တွေတစ်ချောင်းပီး တစ်ချောင်းဆွဲဖြုတ်
တာကို ခံစားရတဲ့ဇော်မိုးတစ်ယောက် ပြင်းထန်တဲ့ဝေဒနာကို ခံစားရပီး မြေပေါ်မှာ လူးလိမ့်နေတော့တာပဲ ဗျာ။
” ဒီတစ်ခါတော့ လူစိတ်မရှိတဲ့နင်ရဲ့ နှလုံးပဲ … ကဲဟယ် !! ”
စကားနဲ့ အတူ လူးလှိမ့်နေတဲ့ ဖုတ်ကောင်ကြီးက ဇော်မိုးရဲ့ ဗိုက်ကို
လက်သည်းချွန်ကြီးတွေနဲ့ ထိုးဖောက် နိုက်ထုတ်လိုက်ပီဗျို့။
” ဗြိ !! ဗြိ !! ဇွိ !! ဇွိ !! ”
” အ့ !! အားးးးးးးးးးးး!! ”
ဇော်မိုး တစ်ယောက် မြနှင်း ရဲ့ လက်ထဲမှာပါသွားတဲ့ တဆတ်ဆတ်
ခုန်နေတဲ့ သူ့ရဲ့ နှလုံးကြီးကို ကြည့်ပီး အသံနက်ကြီးနဲ့အော်ရင်း
မျက်လုံးကြီးပြူး မချိမဆန့် အသက်ထွက်သွားပီဗျို့။
” ဟီးးးဟီးးးးဟီးးး !! ဟိုးးးးဟိုးးးးး!! ”
ဟာ !! မြနှင်းက ကျေနပ်အားရတဲ့ အသံကြီးနဲ့ ရီမောရင်း
ရုတ်တရက် ထရပ်လိုက်တာဗျ။
” ဟီးးးဟီးးးဟီးး !! ငါ့ ကိုအနိုင်ကျင့်စော်ကားခဲ့တဲ့ လူယုတ်မာ
တွေအကုန် ငါကလဲ့စားချေနိုင်ပီ “…
” ဟားးးးဟားးးးးဟားးး ဟီးးးးးးဟီးးးး အူးးးးဟူးးးးဟူးးး ”
ဟော!! ဝင်သွားပီ…ဝင်သွားပီဗျို့။သူ့ကို အနိုင်ကျင့်စော်ကားခဲ့တဲ့လူယုတ်မာတွေနဲ့ လူစိတ်မရှိတဲ့ ယောကျာ်းဖြစ်သူကို ကလဲ့စားချေလိုက်
နိုင်ပီဖြစ်တာကြောင့် ကျေနပ်အားရတဲ့ အသံကြီးနဲ့ရီမောနေတဲ့ ဖုတ်
ကောင်ကြီးဟာ တရွေ့ရွေ့နဲ့ ရွာထိပ်က သချိူင်္င်း ကြီးထဲကို ပြန်ဝင်လာပီဗျို့။ သချိူင်္င်းထဲရောက်တော့…ရုတ်တရက်…ကြည်လင်အေးမြတဲ့ အသံတစ်ခုထွက်ပေါ်လာတာဗျ။
” အိမ်း !! ကြောက်မက်ဖွယ် ကောင်းတဲ့ ဘဝသံသရာအငြိုးအတေး
တွေပါလားကွယ်”…
” အီးးးးးးးး !! အူးးးးးးးး !!
ဟာ !! သချိူင်္င်းထဲကိုဝင်လာတဲ့ ဖုတ်ကောင် မြနှင်းက အသံနက်ကြီးနဲ့
စူးစူးဝါးဝါး ထအော်လိုက်ပီး အသံကြားရာဆီကိုလိုက်ကြည့် နေတာဗျို့။
ဟော !! တွေ့သွားပီဗျ။ ရုတ်တရက် ထွက်ပေါ်လာတဲ့အသံကြားရာဆီ
လှမ်းကြည့်လိုက်တော့ အုတ်ဂူတစ်ခုပေါ်မှာ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ ထိုင်ပီး သီတင်းသုံးနေတဲ့ကြည်ညိုဖွယ်အဆင်းရှိတဲ့ ရဟန်းအိုကြီးတစ်
ပါးကိုတွေ့သွားပီ ဗျို့။
” တယ် !! ရဟန်း သံဃာ ကိုတွေ့နေပါလျက် အရိုသေတန်ရမယ်ဆိုတာနားမလည်ဘူးလား ဒကာမ ”
ဟာ !! မြနှင်း တဖြစ်လဲ ဖုတ်ကောင်ကြီးက ရဟန်းအိုကြီးရဲ့စကားဆုံးတာနဲ့စူးစူးရဲရဲ စိုက်ကြည့်နေရာကပုဆစ်တုပ်ထိုင်ချပီး သူရဲ့လက်
သည်း ချွန်ချွန်ကြီးတွေရှိတဲ့ လက်နှစ်ဖက်နဲ့ဦးချလိုက်တာ ဗျို့။အံ့သြစရာပဲဗျာ။
” မှန်လှ ပါ တပည့်တော် မကို ခွင့်လွှတ်ပေးတော်မူပါဘုရား “..
ဖုတ်ဝင်နေတဲ့မြနှင်းက ရဟန်းအိုကြီးကို အသံသြသြကြီးနဲ့တောင်းပန်စကားဆိုလိုက်တာဗျို့။
” အိမ်း !! ဒကာမဟာ ရှေးဘဝက အကုသိုလ်ကံတွေကြောင့်လူ့ဘဝမှာ သူများ အနိုင်ကျင့်တာခံရပီး…သေတော့လည်း ဒီလိုဘဝဆိုးကြီးကို
ရောက်လာခဲ့ရတာပဲ…အတိတ်ကံဝဋ်ကြွေးများ သိပ်ကြောက်ဖို့ကောင်းသတဲ့ကွယ် ”
” တင် … တင် ပါ့ဘုရား !! တပည့်တော် မဟာ လူ့ဘဝမှာ အရှင်
ဘုရားပြောခဲ့သလိုပဲ အဖြစ်ဆိုးနဲ့ သေခဲ့ရပီး အောက်လမ်းဆရာတစ်
ယောက်ရဲ့ စနက်နဲ့ ဒီလိုဘဝကို ကူးပြောင်းလာခဲ့တာပါဘုရား ”
” အေး !! ခုလည်း ဒကာမကြီးကို မတရားလုပ်ခဲ့တဲ့သူတွေကို
ကလဲ့စားချေလာခဲ့ပီမဟုတ်လား…ဘယ်နဲ့နေသတုန်း…ခုလို
လက်စားချေလာခဲ့ရတာကို ပျော်ပိုက်ရဲ့လား…အဲဒီလူတွေအပေါ်
ဒကာမကြီးတကယ်ပဲ အနိုင်ယူလိုက်နိုင်ပီလားကွဲ့”
ရဟန်းအိုကြီး မိန့်တော်မူလိုက်တဲ့စကားကြောင့် ဖုတ်ကောင်မြနှင်းရဲ့ ခန္ဓာကိုယ်ကြီးဟာ ဆတ်ခနဲတစ်ချက် တုန်ခါသွား တယ်။ အတန်ကြာ
အောင် စဉ်းစားတွေဝေနေပီးတော့မှ ရဟန်းအိုကြီးကို ပြန်လည်
လျှောက်တင်လိုက်တာဗျို့။
” မှန် … မှန်လှပါ !! တပည့်တော်မနဲ့ တပည့်တော်မရဲ့သား
ငယ်လေး အပေါ် ယုတ်မာခဲ့တဲ့ လူယုတ်မာတွေ ကို တပည့်တော်
ကိုယ်တိုင်သတ်ခဲ့ရတာကိုတော့ ကျေနပ်မိ ကြောင်းပါ ”
” အိမ်း !! လွဲမှားတဲ့ အယူအဆတွေပါလား …. ပြုသူအသစ်…
ဖြစ်သူ အဟောင်းတဲ့ဒကာမကြီးရဲ့…ဒီလိုသာတစ်ဦး နဲ့တစ်ဦး
ကလဲ့စားချေ သတ်ဖြတ်နေရင် ဒကာမကြီးတို့ သံသရာ ဝဋ် ကြွေး
တွေက ဆုံးနိုင်ပါ ဦးမလား…ပြောစမ်း ဒကာမ ”
ဟာ !! မျက်လုံးနီနီကြီးနဲ့ လျှာကြီး လက်တစ်ထွာလောက်ထွက်က
နေတဲ့ ကြောက်လန့်စရာ ဖုတ်ကောင်ကြီးဟာ ရဟန်းအိုကြီး ရဲ့စကား
ကြောင့် အတန်ကြာအောင် ငြိမ်သက်ပီးတွေဝေသွားတယ်ဗျို့။ လူ့ဘဝမှာထဲက စိတ်ကောင်းအခြေခံရှိပီးဘုရားတရားကို နေ့ညမပျက် ကိုး
ကွယ်ဆည်းကပ်ခဲ့တဲ့ မြနှင်းဟာ ရဟန်းအိုကြီးရဲ့ ဆိုလိုရင်းကို နား
လည် သဘောပေါက်သွားပုံပဲဗျ။
” တင်…တင်ပါ့ဘုရား !! တပည့်တော်သဘောပေါက်ပါပီဘုရား ”
” ကဲ !! ဒါဖြင့် ခုလိုယုတ်ညံ့တဲ့ဘဝကြီးနဲ့ ဒီတိုင်းပဲဆက်နေသွားမှာလား … နေချင်သေးရဲ့လား ဒကာမ “…
” မှန်လှ ပါ တပည့်တော် မနေချင်တော့ပါဘူးဘုရား ”
” ကိုင်း !! ဒါဖြင့်ဘုန်းကြီး အမျှအတန်းပေးဝေမယ် သာဓုခေါ်ဆိုပီး
ကောင်းရာမွန်ရာမြင့်မြတ်ရာဘုံဘဝကိုတက်လှမ်းပေတော့ဒကာမကြီး ”
” တင် … တင်ပါ့ ပါဘုရား ”
မြနှင်းရဲ့ ကျေနပ်လက်ခံလိုက်တဲ့ စကားအဆုံးမှာတော့ ရဟန်းအိုကြီးဟာ ပြုခဲ့သမျှသော ကောင်းမူကုသိုလ်အစုစုကို မြနှင်းအတွက်ရည်စူး
ပီးအမျှအတန်း ပေးဝေလိုက်ပီဗျို့။
ဟာ !! လဲသွားပီ … လဲသွားပီ ဗျ။ရဟန်းအိုကြီးရဲ့ အမျှဝေမူကိုခံယူပီး သာဓု သုံးကြိမ် ခေါ်ဆိုလိုက်တဲ့ ဖုတ်ကောင်ကြီးဟာထိုင်နေရာကနေ
ရုတ်တရက် အနောက်ကိုပစ် လဲကျသွားတာဗျို့။
” အိမ်း !! သတ္တဝါ တွေကျန်းမာကြပါစေ… ချမ်းသာကြပါစေ…
ရန်ငြိုးအချင်းချင်း ကင်းရှင်းကြပါစေကွယ် ”
ဟော !! ရဟန်းအိုကြီးဟာ …လဲကျသွားတဲ့ မြနှင်းကို ကြည့်ပီး အရပ်
လေးမျက်နှာကိုမေတ္တာပို့ကာ သချိူင်္င်း အပြင်ဘက်ကို တည်ငြိမ်တဲ့ခြေ
လှမ်းအစုံနဲ့ ဖြေးဖြေးချင်းလျှောက်လှမ်းထွက်ခွာ လို့သွားပီ ဗျို.။
သနားစရာကောင်းအောင်အင်မတန်ကံဆိုးရှာခဲ့တဲ့မြနှင်းတစ်ယောက်
လည်း ရဟန်းအိုကြီးရဲ့အမျှပေးဝေမူနဲ့အတူ ကောင်းရာ မွန်ရာဘုံဘဝကို ရောက်ရှိ ကူးပြောင်းသွားပီ ထင်ပါရဲ့ဗျာ။
ဘာပဲပြောပြောဗျာ ….နောက်တစ်နေ့ မနက်မိုးလင်းရင် တော့ ဗိုက်ကြီး
တွေဟောင်းလောင်းနဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ… မြင်မကောင်း
အောင် အပိုင်းပိုင်းပြတ်ထွက်နေတဲ့ လူသေအလောင်းကောင်ကြီးတွေ
ရယ်….
သချိူင်းထဲမှာ လဲကျနေတဲ့ကြောက်မက်ဖွယ် ပုံပန်းသဏ္ဏာန်ကြီးနဲ့
မြနှင်းရဲ့အလောင်းကြီးရယ်ကိုမြင်ပီး ဒီရွာကသူကြီးနဲ့ရွာသားတွေ
အလွန်အံ့သြ ထိတ်လန့်ကြောက်ရွံ့နေကြမှာတော့ အသေချာပဲဗျို့။
××××××××××××××××××××××××××××××××××
ပြီးပါပြီ။
#စာချစ်သူပရိတ်သတ်များအားအစဉ်လေးစားလျက် – M T