Unicode Version
ဖောက်ပြန်ခြင်း အမှား(စ/ဆုံး)
————————————
ကြောက်စရာကောင်းသော
လူထွားကြီး နှစ်ယောက်
လက်ထဲတွင် ကြီးမားသော ဓားရှည်ကို
တစ်ယောက်တစ်လက် ကိုင်ထားကာ
ဂူထဲမှ ရုတ်တရက် ပေါ်ထွက်လာပြီး
ကျမကို အတင်းဆွဲခေါ်ကြတယ်။
ကျမ ကြောက်လန့်တကြား အော်ကာ
ရုန်းထွက်သော်လည်း မရ
ထိုလူထွားကြီး နှစ်ယောက်
ဆွဲငင် ခေါ်ဆောင်ရာ နောက်ကို
အော်ရုန်းရင်း လိုက်ပါခဲ့ရတယ်။
ကြီးမားသော ဂူကြီးအတွင်းတွင်
မီးရောင်များ ထိန်ထိန်လင်းလျက်
ကျမ လူထွားကြီး နှစ်ယောက်
်ခေါ်ဆောင်ရာနောက်ကို လိုက်ရင်း
ဘေးပတ်လည်တွင်
မိန်းမ ယောကျ်ား စုံလင်လှသော
လူများစွာတွေဟာ ဒုက္ခ မျိုးစုံနဲ့
နှိပ်စက်ညှင်းပန်းခံနေရတာကို
ချောက်ခြားစရာ မြင်တွေ့ခဲ့ရပါတယ်။
အဲတော့မှ ကျမ သဘော ပေါက်တော့တယ်
ဘုရား ဘုရား…ဒါ…ဒါ ငရဲပြည်ပါလား…။
~~~~~~~~~~~~
( ၁ )
-~-~-
ကျမကို အရမ်းချစ်ခဲ့သူတစ်ယောက်
ကျမပေါ် အရာရာ နားလည်ပေးပြီး
အရမ်းကောင်းခဲ့သူတစ်ယောက်ကို
ကျမ သစ္စာ ဖောက်ခဲ့မိတယ်လို့
သိလိုက်ရတဲ့ သူတွေတိုင်းဟာ ကျမကို
ရွံရှာ မုန်းတီးကြမှာ အမှန်ပါပဲ။
ဒါပေမယ့် ကျမဟာ တကယ်ပဲ
ကျမအပေါ် ကောင်းခဲ့သူတစ်ယောက်
အစစအရာရာ နားလည်ပေးပြီး အမြဲခွင့်လွှတ်
ချစ်ခဲ့သူ တစ်ယောက်ဖြစ်တဲ့
မောင့်ကိုသစ္စာ ဖောက်ခဲ့မိပါတယ်။
………မောင်နဲ့ စတွေ့ခဲ့ တဲ့အချိန်ဟာ
ကျမ ဆယ်တန်း ပထမနှစ် မအောင်လို့
ဒုတိယ နှစ် ပြန်တက်နေတဲ့အချိန်ပါ ပဲ။
ဆောင်းရာသီရဲ့ တစ်ခုသော ညနေခင်း အချိန်
ကျမသူငယ်ချင်း ဝါလေးရဲ့ မွေးနေ့ပွဲမှာ
မောင်နဲ့ ကျမ ဆုံတွေ့ကြခဲ့ပြီး
အသိမိတ်ဆွေတွေ စ ဖြစ်ခဲ့ဲကြတယ်။
အဲဒီတုန်းက မောင်ပြောခဲ့စကားလေးကို
ကျမ အခုအချိန်ထိ အမှတ်ရနေသေးပါတယ်
ကျမ သူငယ်ချင်း ဝါလေး က မောင်နဲ့
ကျမကို မိတ်ဆက်ပေးတော့
.”..အခုလို ချောမောလှပပြီး အနေအေးတဲ့
မိန်းကလေး တစ်ယောက်နဲ့
သူငယ်ချင်း ဖြစ်ခွင့်ရတာ ကျနော် ဝမ်းသာ
မိပါတယ်” တဲ့
တကယ်တော့ ကျမဟာ
မောင်ပြောသလို မဟုတ်ခဲ့ပါဘူး
ကျမ အကြောင်းမသိသေးလို့ မောင်ဒီစကား
ပြောမှန်း ကျမသဘောပေါက်လို့
ဘာမှ ပြန်မပြောခဲ့ပါဘူး။
ဝါလေးဟာ မောင့်ရဲ့ ညီမဝမ်းကွဲတယောက်ပါ
အဲဒီတုန်းက မောင်ပြောခဲ့တဲ့
စကားကြောင့် ကျမ အရမ်းပျော်ခဲ့မိပါတယ်။
အမှန်တိုင်းပြောရရင် ကျမ မောင့်ကို
တစ်ဖက်သတ် စွဲလမ်းမိခဲ့တယ်။
အဲ ဒီအချိန်ကစပြီး
မောင်နဲ့ ကျမ ရင်းနီး ခဲ့ကြတယ်။
မောင့်နာမည်က နိုင်ထူး
ကျမနာမည်ကမိုးနွေ
မောင်က ရိုးရိုးလေးနဲ့ အနေအေးသလောက်
ကျမကတော့ အရမ်းကို အနေအထိုင်
စည်းကမ်းမဲ့လွန်းခဲ့တယ်
အစစ အရာရာ ပေါ့
ပြောရမယ်ဆိုရင် ကျမက မျက်နှာများတဲ့
မိန်းမတစ်ယောက်ပါ။
ရည်းစားတွေဆိုလည်း တယောက်ပီး
တစ်ယောက်တွဲခဲ့တယ်။
အသိမိတ်ဆွေ ဖြစ်ပြီးလို့ သိပ်မကြာခင်မှာပဲ
မောင်က ကျမကို ချစ်ရေးဆိုလာခဲ့တယ်။
ကျမအံ့သြခြင်းတွေနဲ့အတူ
ဝမ်းသာမိခဲ့ပါတယ်။
ကျမလို ရည်းစားတွေ မှိုလိုပေါက်နေတဲ့
မိန်းမတစ်ယောက်ကို
မောင့်လို ရိုးရိုး အေးအေး
ရည်းစားတောင်မထားဖူးခဲ့တဲ့
လူက ကျမကို ချစ်ရေးဆိုလာတော့
ကျမ ဝမ်းသာမိတာပေါ့။
ကျမဟာ ရည်းစားတွေများစွာထား
အပျော်အပါးနဲ့ အလှအပတွေကိုပဲ
စိတ်ဝင်စားနေခဲ့လို ပင်ကိုဉာဏ် ကောင်းပေမယ့်
ဆယ်တန်းကို နှစ်နှစ်လုံးလုံး ကျခဲ့တယ်။
“ငါ့…ကို တကယ်ချစ်နိုင်လို့လား
နိင်ထူး ရယ်…ငါ့အကြောင်းလေး
နည်းနည်းပါးပါး စုံစမ်းကြည့်ပါဦး”
ကျမအဲလိုပြောတော့
“မိုးရယ်…နင်အရင်တုန်းက ရည်းစားတွေ
ဘယ်လောက်များများ ဘယ်လောက်ထားထား
ငါစိတ်မဝင်စားဘူး
ငါနဲ့ ချစ်တဲ့ အချိန် ငါ့အချစ်ကို လက်ခံတဲ့အချိန်မှာ
ငါ့ကို သစ္စာ ရှိရှိ ချစ်နေပေးဖို့ပဲလိုတယ်
ငါနဲ့ မပတ်သက်ခင် အချိန်တုန်းက
အကြောင်းတွေ ငါဂရုမစိုက်ဘူး
ငါနဲ့ ပတ်သတ်နေတဲ့ အချိန်တွေမှာ အရှုပ်အရှက်
ကင်းကင်း ရှိရင်ရပါပီဟာ…”
မောင်ဟာ ကျမကို တကယ်ပဲချစ်တာလား
ကျမအကြောင်းသိနေလို့ အပျော်တွဲဖို့
အတွက်လား ဆိုတဲ့ သံသယတွေနဲ့
မောင့်အချစ်ကို ကျမလက်ခံခဲ့ပါတယ်။
ဒါပေမယ့် မောင်ဟာ ကျမထင်သလို
မဟုတ်ပဲ ကျမအပေါ် တစ်ကယ်ချစ်ပီး
အစစအရာရာ နားလည်ပေးခဲ့တယ်
သဘောထားပြည့်ဝစွာနဲ့ ကျမကို မောင့်ချစ်ခဲ့ပါတယ်။
ချစ်ခဲ့တဲ့ အချိန်ကာလတွေမှာ ဘယ်တုန်းကမှ
ကျမအပေါ် အနိုင်မယူခဲ့ပါဘူး
အခွင့်အရေးလဲ မယူခဲ့ပါဘူး
ကျမကို တန်းဖိုးထားချစ်ခဲ့တဲ့ မောင့်အချစ်တွေ
အတွက် ကျမ အရမ်းပဲအားရ ကျေနပ်
မိခဲ့ပါတယ်။
ရည်းစား တွေ အများကြီး ထားခဲ့ပေမယ့်
မောင့်လောက်ချစ်ခဲ့သူ
မရှိခဲ့သလိုပါပဲ မောင်နဲ့ချစ်သူဖြစ်တဲ့
နေ့က စပြီး ကျမ ရည်းစားလည်းမရှုပ်တော့ပါဘူး မောင့်ကိုတော့ ကျမ တကယ်
ချစ်ခဲ့မိပါတယ်။
မောင်နဲ့ ချစ်ခဲ့ပီး နောက်ပိုင်းမှာတော့
ကျမဟာ အစစအရာရာ ပြောင်းလဲခဲ့ပါတယ်
ဒါကလည်း မောင်ပြု ပြင်ပေးခဲ့တာဆိုရင်
ပိုမှန်ပါတယ်။
မောင်ဟာ ကျမကို အစစအရာရာ ပြောဆို
ဆုံးမ ခဲ့တယ်။
ကျမလည်း မောင့်ကို တကယ်ချစ်ခဲ့မိတော့
လိုက်နာ နားထောင်ခဲ့တာပေါ့လေ။
( ၂ )
~~~
ပတ်ဝန်းကျင် မှာ ကျမဟာ နာမည်ခပ်ဆိုးဆိုးနဲ့
မောင်ဟာ ပတ်ဝန်းကျင်ရဲ့ အထင်သေးတဲ့
အကြည့်နဲ့ကြည့်ကြ ပြောကြတဲ့
အကြည့်တွေ အပြောတွေကို မကြားချင်ယောင်
ဆောင်ပြီး ကျမကို လက်တွဲခဲ့တယ်။
တခါတခါ ကျမ မောင့်ကို အရမ်းအား
နာမိတယ်။
ကျမကြောင့် မောင့်ရဲ့ အဖြူရောင် အထည်လေးဟာ အစွန်းအထင်း တွေ
ထင်တော့မှာ လားဆိုတဲ့ အတွေးနဲ့
စိတ်မကောင်း ဖြစ်ခဲ့ရပြန်ပေါ့။
“မောင်….မိုးတို့ လမ်းခွဲရအောင်”
ကျမအဲလို ပြောတိုင်း
” ဘာလို့လဲ မိုး ဘာကြောင့် လမ်းခွဲရမှာလဲ”
မောင်ဟာ စိုးရိမ်တကြီး နဲ့ အဲလိုပြန်မေးတတ်တယ်။
“” မိုးရေ မောင် ပတ်ဝန်းကျင် ကိုဂရုမစိုက်ပါဘူး
မောင်….မိုး ကို ချစ်တယ်
မိုးလဲ မောင့်ကို ချစ်တယ် ပြီးပြီပဲ မဟုတ်လား
ဘာလိုသေးလို့လည်း
ဘာတွေကိုမှ တွေးနေစရာ မလိုပါဘူးကွာ””
ကျမ စိတ်မကောင်းစွာနဲ့ လမ်းခွဲမယ်
ပြောတိုင်း မောင်က အဲလိုပြောတော့
ကျမ အရမ်းဝမ်းသာ ခဲ့ရတာပေါ့။
ချစ်သူ ဖြစ်ပီးလို့ တစ်နှစ်လောက် ကြာတော့
မောင်က ကျမကို
လက်ထပ်ခွင့်တောင်းလာတယ်။
“မိုး…မောင်တို့ လက်ထပ်ကြရအောင်”
မောင့် ဆီက အဲစကားကြား လိုက်ရချိန်
ကျမ အရမ်းပဲ ပျော်ခဲ့မိတယ်။
.”.မောင် လက်ထပ်ခွင့်တောင်းတာ
မိုး ဘက်က ငြင်းစရာ မရှိပါဘူး မောင်ရယ်.”.
အဲလိုနဲ့ မောင်နဲ့ ကျမ လက်ထပ်ဖြစ်ခဲ့ကြတယ်။
မောင့်မိဘတွေက ကျမနဲ့သဘောမတူကြဘူး
မောင်ဟာ မိဘတွေနဲ့ခွဲပြီး ကျမကို
လက်ထပ်ယူခဲ့တယ်။
ကျမ အပေါ် အဲလောက်ချစ်ခဲ့တာပါ။
အိမ်ထောင် သက်တန်း တစ်နှစ်လောက်
အကြာမှာ မောင်ဟာ အလုပ်ကိက္စ တစ်ခုနဲ့
ရန်ကုန်ကို သွားခဲ့တယ်။
မောင်နဲ့ ခွဲခွာရတဲ့ အချိန်လေးမှာ
ကျမ မောင့်ကို အရမ်း သတိရ လွမ်းဆွတ်
မိခဲ့ပါတယ်။
အမှန် အတိုင်း ပြောရရင် ကျမရဲ့ ဗီဇက
ပြန်ပေါ် လာတယ်လို့ ပြောရမှာပါပဲ
မောင်နဲ့ ဝေးနေတဲ့ လ အနဲငယ်
အချိန်လေးမှာပဲ ကျမဟာ တခြား ကောင်းလေး
တယောက်နဲ့ သံယောဇဉ် ဖြစ်ခဲ့မိတယ်။
သုံးလလောက် အကြာမှာ မောင်ဟာ
ရန်ကုန်ကနေ ကျမတို့ နေတဲ့ နယ်မြို့လေးကို
ပြန်ရောက်လာခဲ့တယ်။
မောင့်ကိုကြည့်ရတာ ဘာမှမသိလိုရှိပေမယ့်
ကျမ လုပ်ထားတဲ့ အမှား အတွက်
ကျမကို ကျမ ကြောက်လန့် နေခဲ့မိတာတော့
အမှန်ပါပဲ။
နောက်ပိုင်းမှာ ကျမဟာ
တစ်ခြား ကောင်လေးတစ်ယောက်နဲ့
ချိန်းတွေ့တဲ့ အထိ ဖြစ်လာခဲ့တယ်။
မောင်ကတော့ ရန်ကုန်သွားပေမယ့်
အရင်လို ကြာကြာ မနေတော့ဘူး
သွားလိုက် တစ်ပါတ်လောက်နေ ပြန်လာလိုက်နဲ့
ကျမ လုပ်ရပ်တွေကို မောင်သိနေသလားလို့
စိုးရိမ်မိသေးတယ်။
ဒါပေမယ့် မောင်က ဘာမှ မမေး မပြော
တာကြောင့် စိတ်နည်းနည်းတော့
သက်သာမိတာပေါ့လေ။
မောင် ကျမ ကို အမြဲ ပြောတဲ့ စကားလေး
တစ်ခွန်းရှိတယ်၊
” မိုး…လိမ်လိမ်မာမာ နေနော်
နေကောင်းအောင်နေ
ကျန်းမာရေး ဂရုစိုက်”
အဲစကားတွေက ကျမကို မောင် အမြဲ
ပြောခဲ့တဲ့ စကားပေါ့။
နောက်ပိုင်းမှာ ကျမဟာ မောင့်ကို သစ္စာ ဖောက်
ပြီး တခြား တစ်ယောက်နဲ့ ဖောက်ပြန်မိတဲ့
အထိ ဖြစ်လာခဲ့တယ်။
မောင်လည်း ရန်ကုန်ကနေ ပြန်မလာတာ
ငါးလလောက်ရှိနေပြီဆိုတော့
လွတ်လပ်စွာ ပါပဲ ကျမ အမှားတွေကို
ကျူးလွန်နေခဲ့မိတယ်။
အဲဒီအချိန်တွေမှာ မောင်ဟာ ကျမကို
အဆက်အသွယ် မလုပ်တော့ပါဘူး
ကျမ ဆက်သွယ်ကြည့်တော့လည်း မောင့်ဖုန်းက
စက်ပိတ်ထားတယ်တဲ့
မောင် သိများ သိသွားလေပြီလား…
နည်းနည်းတော့ စိုးရိမ်မိတာပေါ့
တစ်နေ့ ဝါလေး ကျမ ဆီ ရောက်လာပီး
…မိုးနွေ…နင်ဟာ မိန်းမပျက်မ
နင့်လို မိန်းမ မျိုးနဲ့ ငါ့အစ်ကို နှင့် မိတ်ဆက်ပေး
မိတာကိုက ငါ့အမှား ”
“ဟေ့..ငါ ဘာလုပ်နေလို့ နင်ငါ့ကို ဒီစကား
လာပြော နေတာလည်း ဝါလေး”
“နင် ဘာလုပ်နေတယ် ဘယ်တွေကို
ခြေဦးလှည့်နေတယ် ဆိုတာ
ငါအကုန်သိတယ် မိုးနွေ ဒီအတိုင်းဆို မဖြစ်ဘူး
ငါ့ အစ်ကို ကိုအကုန်ပြောပြပြီး နင်နဲ့
လမ်းခွဲ ခိုင်းရမယ် နင့်လို မိန်းမမျိုးကို
ငါ ရွံတယ် ..ဘယ့်နယ်ဟယ်…ကာမပိုင်
ယောကျ်ား ရှိပါရဲ့နဲ့ တခြားတယောက်နဲ့
ဖောက်ပြန် ရတယ်လို့ …နင့်ကိုငါ အစတုန်းက
အဲလိုမထင်ထားဘူး အခုတော့ဟေ…””
ဝါလေး ကျမကို ပက်ပက်စက်စက် ပြောပြီး
လှည့်ထွက်သွား ခဲ့တယ်။
ကျမ ဘာမှ ပြန်မပြောထွက်ခဲ့
သူပြောတာလည်း ဟုတ်တာပဲလေ
ကျမကို ကျမတော့ ဟုတ်လှပီ ထင်နေတာ
တကယ်တော့ ပတ်ဝန်းကျင် က ကျမလုပ်ရပ်
တွေကို သိနေကြပြီလေ။
ကျမ တခုခုကို ရွေးခြယ် ဆုံးဖြတ်မှ ရတော့မယ်
မထူးတော့ ပါဘူးလေ ကျမ အကြောင်း
အကုန်သိနေကြပီဆိုတော့
ဒီအသိုင်းအဝိုင်းကြားမှာ အထင်သေးတဲ့
အကြည့်တွေနဲ့ မျက်နာ ငယ်မနေချင်တော့ဘူး
အဲဒီညက ကောင်းကင်မှာ ကြယ်တွေစုံလို့
အာကာ တစ်ခွင် အလှဆင် ထားကြတယ်။
ကျမနဲ့ ချစ်နေကြတဲ့ အောင်ကျော် ဆိုတဲ့
ကောင်လေးဆီကို ကျမ အပြီးသွားဖို့
ထွက်လာခဲ့တယ် ။
အဲဒီ တုန်းက ဘာ့ကြောင့်မှန်းမသိ
ကျမ စိတ်တွေ အရမ်းလှုပ်ခြား
နေခဲ့တယ်။
Taxi ကားလေးပေါ် မှာ ကျမ စိတ်လှုပ်ခြားစွာနဲ့
လိုက်ပါလာရင်း
တစ်နေရာ အရောက်မှာ
…ဝုန်း…ဒုန်း…
ကြယ်လောင်သော ကားဟွန်းတီးသံနှင့်အတူ
ကျမ စီးလာသော ကားကို တစ်ခြားကား
တစ်စီးက ဝင်တိုက်လိုက်တာကိုပဲ
ကျမ သိလိုက်တော့တယ်။
( ၃ )
~~~
ကားပေါ်က ကျမ ထွက်လိုက်တော့
ကားနားမှာ လူတွေ ဝိုင်းအုံနေကြတယ်။
အနားကို သွားကြည့်မိတော့ ကားမောင်း
တဲ့ ဦးလေးကြီး တော့ သွေးအိုင်ထဲမှာ
သေနေလေရဲ့။
ကျမ အဲဒီနေရာက လှည့်ထွက်ခဲ့ပီး
အောင်ကျော်ဆီကို သွားခဲ့တယ်။
သွားရင်း သွားရင်း ဘယ်တွေကို ရောက်သွား
လည်းမသိတော့ဘူး
ဘေးပတ်လည်မှာ မကောင်းဆိုးဝါးတွေပဲ
တွေ့နေရတယ်။
သရဲ တစ္ဆေ နာနာဘာဝတွေ များလိုက်တာ
နေရာတွေ လုကြ လူတွေစွန့်ပစ်ထားတဲ့
အစားအစာ အကြွင်းအကျန် လေးတွေကို
လုယက်စားသောက်နေကြတာတွေကို
တွေ့ရတယ်။
သူတို့တွေ ကြည့်ပြီး စိတ်မကောင်း
ဖြစ်မိသလိုပါပဲ
လမ်းလျောက်ရင်းနဲ့ အိမ်ကြားလေးတွေ နားက
ကျမ ဖြတ်လျောက်သွားမိတော့
တိုးတိုး တိတ်တိတ် ဖောက်ပြန်နေကြတဲ့
လူတွေကို တွေ့ရတယ်။
တစ်ချို့ ယောကျ်ား တွေ မိန်းမရှိရဲ့နှင့်
တခြား မိန်းကလေးတွေနဲ့ ဖောက်ပြား
နေတာတွေကို တွေ့ရတယ်။
..အဲမိန်းမကြီးကို ကို မချစ်ပါဘူးကွာ
ကိုက ချစ်လေးကိုပဲ ချစ်တာပါ..
…အခု မိန်းမကို ကွာရှင်းပြီး
သဲလေး ကို လက်ထပ်မယ်နော်…
ခြုံကြား အိမ်ကြား လေးတွေမှာ
ခိုးတွေ့ နေကြတဲ့ သစ္စာ မရှိတဲ့ လူများစွားကို
ကျမတွေ့ရတယ်။
အဲတော့ မှ ကျမ မောင့်ကို သတိရမိတယ်
…အော်…မောင်ဟာ ကျမအပေါ် အရမ်းကောင်း
ခဲ့ပါလား…ကျမ မြင်တွေ့နေရတဲ့ ယောကျ်ား တွေ
ဟာ မိန်းမရှိရဲ့နဲ့ ဖောက်ပြန်နေကြတယ်
မောင်ကတော့ အဲလို မဟုတ်ပဲ
ကျမကို သစ္စာ ရှိရှိ ချစ်ခဲ့တာကို
ကျမ ဘာလို့ သစ္စာ ဖောက်ရတာလည်း
ကျမ မှားပြီ …တွေးရင်းနဲ့ မျက်ရည်ဝဲလာမိတယ်
ကျမ မောင့်ဆီပဲ ပြန်မယ်
မှားခဲ့တဲ့ အမှားတွေအတွက် ရှိခိုး တောင်းပန်ပီး
မောင့်ကိုပဲ သစ္စာ ရှိရှိနဲ့ တစ်သက်လုံး
အတူနေသွား တော့မယ်လို့
ဆုံးဖြတ်ပြီး ကျမ အိမ်ပြန် ခဲ့ပါတယ်။
ဒါပေမယ့် ကျမ ဘယ်တွေရောက်လို့
ရောက်သွားမှန်းမသိ
ခြုံနွယ်များ ပိတ်ဆို့ထားတဲ့
ကျောက်ဂူ နား အရောက်မှာ လူနှစ်ယောက်
ရုတ်တရက် ပေါ်လာကြတယ်။
ကြောက်စရာကောင်းသော
လူထွားကြီး နှစ်ယောက်
လက်ထဲတွင် ကြီးမားသော ဓားရှည်ကို
တစ်ယောက်တစ်လက် ကိုင်ကာ
ကျမကို အတင်းဆွဲခေါ်ကြတယ်။
ကျမ ကြောက်လန့်တကြား အော်ကာ
ရုန်းထွက်သော်လည်း မရ
ထိုလူထွားကြီး နှစ်ယောက် ဆွဲငင် ခေါ်ဆောင်ရာ နောက်ကို အော်ရုန်းရင်း လိုက်ပါခဲ့ရတယ်။
ကြီးမားသော ဂူကြီးအတွင်းတွင်
မီးရောင်များ ထိန်ထိန်လင်းလျက်
ကျမ လူထွားကြီး နှစ်ယောက်ခေါ်ဆောင်ရာကို
လိုက်ရင်း ဘေးပတ်လည်တွင်
မိန်းမ ယောကျ်ား စုံလင်လှသော
လူများစွာတွေဟာ ဒုက္ခ မျိုးစုံနဲ့
နှိပ်စက်ညှင်းပန်းခံနေရတာကို
ချောက်ခြားစရာ မြင်တွေ့ခဲ့ရပါတယ်။
အဲတော့မှ ကျမ သဘော ပေါက်တော့တယ်
ဘုရား…ဘုရား…ဒါ…ဒါ ငရဲပြည်ပါလား…။
ကျမ တုန်လှုပ်ချောက်ခြားစွာ ငေးမောနေတုန်းမှာပင် လူထွားကြီး နှစ်ယောက်က
ဂူလေး တစ်ဂူနား ခေါ်သွားကြပြီး
အဝတ်ဗလာနဲ့ ကျောက်သား ထိုင်ခုံပေါ်တွင်
တောင့်တောင့်ကြီး ထိုင်နေသော
မျက်နာထား တင်းတင်းနဲ့
လူကြီး တစ်ယောက်ရှေ့တွင်
ကျမကို ထူးထောက်ခိုင်းလိုက်ပြီး။
.”..လူတစ်ယောက် ခေါ်လာတယ်
ငရဲမင်းကြီး.. “.
ကြားလိုက်ရသော စကားကြောင့်
ကျမ အတော်လေး ထိန့်လန့်သွားမိတယ်
အော်…ငါ့ရှေ့မှာ ထိုင်နေတာ
ငရဲမင်းဆိုပါလား…
“မင်း ဘာကြောင့် ဒီကို ရောက်လာတာလဲ
ကလေးမ”
နီရဲသော မျက်လုံးတွေနဲ့ မေးလိုက်သော
ငရဲမင်းဆိုသော လူကြီး၏ အမေးကြောင့်
ကျမတစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့ရတယ်။
…ကျမ ကျမ တကယ်ပဲ ငရဲပြည်
ရောက်နေတာလား ကျမလုပ်ခဲ့မိတဲ့ အပြစ်
အတွက် တကယ်ပဲ ငရဲခံရတော့မှား
တွေးရင်းနဲ့ တုန်လှုပ်ချောက်ခြားပြီး ဇောချွေးတွေ ပြန်လာတယ်။
ကျမ မောင့်ကို သစ္စာ ဖောက်ခဲ့မိလို့
ငရဲပြည်ကို အပြစ်ခံရဖို့
ရောက်လာလေသလား
ကျမ ဇောချွေးတွေ နဲ့အတူ မျက်ရည်တွေပါ
ဝဲလာတယ်။
ဘုရား…ဘုရား…ဒါ..ဒါအိမ်မက်ပဲ ဖြစ်ပါစေ…
ကျမ …ကျမ မှားပီ မောင်
ကျမ ကို ကယ်ပါအူး
ကျမ နောက် မမှားတော့ပါဘူး..
မျက်ရည်တွေ စီးကျလျက် ကျမ
ကြောကြောက်လန့်လန့်နဲ့ ကယောင်ချောက်ခြား
အော်ပြော နေတုန်း ..ဒုန်း..ခနဲ လှံအရိုးနဲ့
ကျောက်ဆောင်ကို ဆောင့်လိုက်ပြီး
…ငါမေးနေတာ မကြားဘူးလား…
…အမလေး…
ငရဲမင်းကြီးရဲ့ ဒေါသတကြီး အမေးကြောင့်
ကြောက်လန့် တကြားအော်ကာ
ကျမ လန့်နိုးလာခဲ့တယ်။
ကျမ တစ်ကိုယ်လုံး ချွေးတွေပြန်လို့
ကျမ အနားမှာ ကျမ အစ်မနဲ့ အစ်မ သူငယ်ချင်း
နှစ်ယောက်သာ ရှိတယ်။
ပတ်ဝန်းကျင် ကို အကဲခပ်ကြည့်တော့
ဆေးရုံ ရောက်နေမှန်းသိရတယ်။
အစ်မပြောတာကတော့ ကားတိုက်လို့
ဆေးရုံရောက်နေတာ
သတိမေ့နေတာ နှစ်ရက် ရှိပြီတဲ့
လက်တစ်ဘက် မှာ လေးနေပြီး နာသလို
ခံစားရလို့ ကြည့်မိတော့
ဘယ်ဘက်လက် မှာ ကျောက်ပတ်တီးစည်းထားတာကိုတွေ့ရတယ်။
တစ်ပြိုင်တည်း ခေါင်းတွေပါ မူးလာခဲ့တယ်။
အစ်မကတော့ ကျမ သတိရလာသည်ကိုပင်
ဝမ်းသာသလို မရှိလှ
ကျမ အကဲခပ်ကြည့်ရသလောက်
အစ်မဟာ ကျမကို စိတ်ပျက်နေသလို
ခဏ ကြာတော့ ဆရာဝန်မ တယောက်
ရောက်လာတယ်။
” မမိုးနွေ သတိ ရလာပြီ လား
သက်သောင့်သက်သာ ရှိရဲ့လား
တစ်ခုခု တွေ့ရင် ကျမကို ပြောနော်”
“ဟုတ်ကဲ့ရှင့် ကျမ ခေါင်းနည်း နည်း
မူးနေတယ် ပီးတော့ လက်ကလည်း နာတယ်
ကျမ လက်က ကျိုးသွားတာလားဟင်”
“ဟုတ်ပါတယ် မမိုးနွေ လက်က
လက်ကောက်ဝတ် နေရာနားက
ကျိုးသွားတာပါ ခေါင်းလည်း အနည်းငယ်
ထိသွားတယ် ဒါပေမယ့် စိုးရိမ်စရာတော့
ဘာမှ မရှိပါဘူး ကျမတို့ အကုန်လုံး
အဆင်ပြေအောင် လုပ်ပေးထားပါတယ်”
“ဟုတ်ကဲ့ ကျေးဇူးပါ ရှင်”
“ဪ…ကျမ မေ့နေလို့
ဒီမှာ မမိုးနွေကို ဆေးရုံလာပို့တဲ့လူက
စာ တစ်စောင် ထားခဲ့တယ်…ရော့..”
“ဟင် ဘယ်သူများလည်း ဆရာမ”
“”ကျမလည်း သေသေချာချာတော့
မသိဘူးရှင့် သူပြောသွားတာကတော့
ဒီနေ့သူ နိင်ငံခြားကို ထွက်ရမှာမို့
မမိုးနွေ သတိရတဲ့ အချိန်ထိ မစောင့်နိုင်တော့ဘူးတဲ့ အဲဒီ အတွက် သူစိတ်မကောင်းဖြစ်မိ
တယ်လို့လည်း ပြောသွားတယ်
ပီးတော့ မမိုးနွေ ဆေးကု စရိတ်အတွက်
ငွေကိုလည်း ကျမ ဆီမှာ အပ်သွားခဲ့တယ်
မမိုးနွေ သတိရမှ ပေးမလို့ ကျမသိမ်းထား
ပါတယ်။ ဒါကတော့ သူပေးထားခဲ့တဲ့
စာလေးပါ””
ဆရာဝန်မ ပေးခဲ့သော စာကို
ကျမ စိတ်ဝင်တစားနဲ့ အလျင်တလို
ဖွင့်ဖတ်လိုက်မိတယ်။
…သို့
………မိုး… လိမ်လိမ်မာမာ နေနော်
နေကောင်းအောင်နေ
ကျန်းမာရေး ဂရုစိုက် …
မောင် နှုတ်ဆက်ခဲ့တယ်…
အချစ်သစ်နဲ့ ဘဝသစ်မှာ ပျော်ပါစေ မိုးရေ…
……..ချစ်သော မောင်…
မောင် ရေးထားခဲ့တဲ့စာက
တိုလွန်းပေမယ့် ကျမရင်ကို စူးနစ်စွာ
ဝင်ရောက်ခဲ့တယ်။
ဪ…မောင်ဟာ ကျမ အကြောင်း
အကုန်သိနေပေမယ့်
မသိချင်ယောင် ဆောင်နေခဲ့တာပါလား
ကျမ မှားခဲ့ ပေမယ့်
နောက်ဆုံ အချိန်ထိ ကျမကို ခွင့်လွှတ်နား
လည်ပေးခဲ့ပါလား
ကျမ လို သစ္စာ မရှိတဲ့ မိန်းမ တစ်ယောက်ကို
ဆေးရုံ အထိ မောင်လာပို့ ခဲ့တာတဲ့
ပြီးတော့ ဆေးကုစရိတ်တွေပါ
ပေးထားခဲ့တယ်။
ကျမ အပေါ် အဲလောက် ကောင်းခဲ့တာကို
မောင့်ကို ကျမ သစ္စာ ဖောက်ခဲ့မိတယ်။
ကျမ အရမ်း မှားခဲ့ပြီမောင်
ကျမ မောင့်ကို တောင်းပန်ချင်လိုက်တာ
အခုတော့ မောင်က ကျမကိုထားပြီး
နိင်ငံခြားကို ထွက်သွားခဲ့ပီပေါ့
မောင် …မောင်…ကျမ မောင့်ဖုန်းကို
အလျင်တလို လှမ်းခေါ်မိပေမယ့်
စက်ပိတ်ထားတယ်ဆိုတဲ့
စကားကိုသာ ပြန်ကြားရတော့တယ်။
ဪ…မောင်ရေ…
ကျမ…ကျမ…မှားခဲ့ပြီ
ကျမ အပေါ်မှာ အရမ်းကောင်းပြီး
သစ္စာ ရှိရှိ ချစ်ခဲ့တဲ့ မောင့်ကို ကျမ သစ္စာ
ဖောက်ခဲ့မိတယ်။
ကျမ ကို ခွင့်မလွှတ်ပါနဲ့ မောင်ရေ…
မျက်ရည်များ အတားအဆီး မဲ့စွာ စီးကျလျက်
…မိုး…လိမ်လိမ်မာမာ နေနော်
နေကောင်းအောင်နေ
ကျန်းမာရေး ဂရုစိုက်…
ဆိုတဲ့
မောင့် စကားလေး ပြန်ကြားယောင်ရင်း
ရင်ဘတ်ထဲက စူးရှတဲ့ ဝေဒနာတခု
နှလုံးသားထဲမှ နင့်ခနဲ့ ခံစားလိုက်ရပြီး
…ကျမ မှားခဲ့ပြီ..မောင်..ရေ..
ကျမ ဟာ အဲဒီစကားကို တိုးတိုးလေသာ ပြောထွက်ရင်း
ကုတင်ပေါ်မှာ ပြန်လည် လဲကျသွားခဲ့ပါတော့တယ်။
ပြီးပါပြီ
ကြိုးစားလျက်
………………. ဟယ်ရီဇော်
Zawgyi Version
ေဖာက္ျပန္ျခင္း အမွား(စ/ဆုံး)
————————————
ေၾကာက္စရာေကာင္းေသာ
လူထြားႀကီး ႏွစ္ေယာက္
လက္ထဲတြင္ ႀကီးမားေသာ ဓားရွည္ကို
တစ္ေယာက္တစ္လက္ ကိုင္ထားကာ
ဂူထဲမွ ႐ုတ္တရက္ ေပၚထြက္လာၿပီး
က်မကို အတင္းဆြဲေခၚၾကတယ္။
က်မ ေၾကာက္လန႔္တၾကား ေအာ္ကာ
႐ုန္းထြက္ေသာ္လည္း မရ
ထိုလူထြားႀကီး ႏွစ္ေယာက္
ဆြဲငင္ ေခၚေဆာင္ရာ ေနာက္ကို
ေအာ္႐ုန္းရင္း လိုက္ပါခဲ့ရတယ္။
ႀကီးမားေသာ ဂူႀကီးအတြင္းတြင္
မီးေရာင္မ်ား ထိန္ထိန္လင္းလ်က္
က်မ လူထြားႀကီး ႏွစ္ေယာက္
္ေခၚေဆာင္ရာေနာက္ကို လိုက္ရင္း
ေဘးပတ္လည္တြင္
မိန္းမ ေယာက်္ား စုံလင္လွေသာ
လူမ်ားစြာေတြဟာ ဒုကၡ မ်ိဳးစုံနဲ႔
ႏွိပ္စက္ညႇင္းပန္းခံေနရတာကို
ေခ်ာက္ျခားစရာ ျမင္ေတြ႕ခဲ့ရပါတယ္။
အဲေတာ့မွ က်မ သေဘာ ေပါက္ေတာ့တယ္
ဘုရား ဘုရား…ဒါ…ဒါ ငရဲျပည္ပါလား…။
~~~~~~~~~~~~
( ၁ )
-~-~-
က်မကို အရမ္းခ်စ္ခဲ့သူတစ္ေယာက္
က်မေပၚ အရာရာ နားလည္ေပးၿပီး
အရမ္းေကာင္းခဲ့သူတစ္ေယာက္ကို
က်မ သစၥာ ေဖာက္ခဲ့မိတယ္လို႔
သိလိုက္ရတဲ့ သူေတြတိုင္းဟာ က်မကို
႐ြံရွာ မုန္းတီးၾကမွာ အမွန္ပါပဲ။
ဒါေပမယ့္ က်မဟာ တကယ္ပဲ
က်မအေပၚ ေကာင္းခဲ့သူတစ္ေယာက္
အစစအရာရာ နားလည္ေပးၿပီး အၿမဲခြင့္လႊတ္
ခ်စ္ခဲ့သူ တစ္ေယာက္ျဖစ္တဲ့
ေမာင့္ကိုသစၥာ ေဖာက္ခဲ့မိပါတယ္။
………ေမာင္နဲ႔ စေတြ႕ခဲ့ တဲ့အခ်ိန္ဟာ
က်မ ဆယ္တန္း ပထမႏွစ္ မေအာင္လို႔
ဒုတိယ ႏွစ္ ျပန္တက္ေနတဲ့အခ်ိန္ပါ ပဲ။
ေဆာင္းရာသီရဲ႕ တစ္ခုေသာ ညေနခင္း အခ်ိန္
က်မသူငယ္ခ်င္း ဝါေလးရဲ႕ ေမြးေန႔ပြဲမွာ
ေမာင္နဲ႔ က်မ ဆုံေတြ႕ၾကခဲ့ၿပီး
အသိမိတ္ေဆြေတြ စ ျဖစ္ခဲ့ဲၾကတယ္။
အဲဒီတုန္းက ေမာင္ေျပာခဲ့စကားေလးကို
က်မ အခုအခ်ိန္ထိ အမွတ္ရေနေသးပါတယ္
က်မ သူငယ္ခ်င္း ဝါေလး က ေမာင္နဲ႔
က်မကို မိတ္ဆက္ေပးေတာ့
.”..အခုလို ေခ်ာေမာလွပၿပီး အေနေအးတဲ့
မိန္းကေလး တစ္ေယာက္နဲ႔
သူငယ္ခ်င္း ျဖစ္ခြင့္ရတာ က်ေနာ္ ဝမ္းသာ
မိပါတယ္” တဲ့
တကယ္ေတာ့ က်မဟာ
ေမာင္ေျပာသလို မဟုတ္ခဲ့ပါဘူး
က်မ အေၾကာင္းမသိေသးလို႔ ေမာင္ဒီစကား
ေျပာမွန္း က်မသေဘာေပါက္လို႔
ဘာမွ ျပန္မေျပာခဲ့ပါဘူး။
ဝါေလးဟာ ေမာင့္ရဲ႕ ညီမဝမ္းကြဲတေယာက္ပါ
အဲဒီတုန္းက ေမာင္ေျပာခဲ့တဲ့
စကားေၾကာင့္ က်မ အရမ္းေပ်ာ္ခဲ့မိပါတယ္။
အမွန္တိုင္းေျပာရရင္ က်မ ေမာင့္ကို
တစ္ဖက္သတ္ စြဲလမ္းမိခဲ့တယ္။
အဲ ဒီအခ်ိန္ကစၿပီး
ေမာင္နဲ႔ က်မ ရင္းနီး ခဲ့ၾကတယ္။
ေမာင့္နာမည္က ႏိုင္ထူး
က်မနာမည္ကမိုးေႏြ
ေမာင္က ႐ိုး႐ိုးေလးနဲ႔ အေနေအးသေလာက္
က်မကေတာ့ အရမ္းကို အေနအထိုင္
စည္းကမ္းမဲ့လြန္းခဲ့တယ္
အစစ အရာရာ ေပါ့
ေျပာရမယ္ဆိုရင္ က်မက မ်က္ႏွာမ်ားတဲ့
မိန္းမတစ္ေယာက္ပါ။
ရည္းစားေတြဆိုလည္း တေယာက္ပီး
တစ္ေယာက္တြဲခဲ့တယ္။
အသိမိတ္ေဆြ ျဖစ္ၿပီးလို႔ သိပ္မၾကာခင္မွာပဲ
ေမာင္က က်မကို ခ်စ္ေရးဆိုလာခဲ့တယ္။
က်မအံ့ၾသျခင္းေတြနဲ႔အတူ
ဝမ္းသာမိခဲ့ပါတယ္။
က်မလို ရည္းစားေတြ မႈိလိုေပါက္ေနတဲ့
မိန္းမတစ္ေယာက္ကို
ေမာင့္လို ႐ိုး႐ိုး ေအးေအး
ရည္းစားေတာင္မထားဖူးခဲ့တဲ့
လူက က်မကို ခ်စ္ေရးဆိုလာေတာ့
က်မ ဝမ္းသာမိတာေပါ့။
က်မဟာ ရည္းစားေတြမ်ားစြာထား
အေပ်ာ္အပါးနဲ႔ အလွအပေတြကိုပဲ
စိတ္ဝင္စားေနခဲ့လို ပင္ကိုဉာဏ္ ေကာင္းေပမယ့္
ဆယ္တန္းကို ႏွစ္ႏွစ္လုံးလုံး က်ခဲ့တယ္။
“ငါ့…ကို တကယ္ခ်စ္ႏိုင္လို႔လား
နိင္ထူး ရယ္…ငါ့အေၾကာင္းေလး
နည္းနည္းပါးပါး စုံစမ္းၾကည့္ပါဦး”
က်မအဲလိုေျပာေတာ့
“မိုးရယ္…နင္အရင္တုန္းက ရည္းစားေတြ
ဘယ္ေလာက္မ်ားမ်ား ဘယ္ေလာက္ထားထား
ငါစိတ္မဝင္စားဘူး
ငါနဲ႔ ခ်စ္တဲ့ အခ်ိန္ ငါ့အခ်စ္ကို လက္ခံတဲ့အခ်ိန္မွာ
ငါ့ကို သစၥာ ရွိရွိ ခ်စ္ေနေပးဖို႔ပဲလိုတယ္
ငါနဲ႔ မပတ္သက္ခင္ အခ်ိန္တုန္းက
အေၾကာင္းေတြ ငါဂ႐ုမစိုက္ဘူး
ငါနဲ႔ ပတ္သတ္ေနတဲ့ အခ်ိန္ေတြမွာ အရႈပ္အရွက္
ကင္းကင္း ရွိရင္ရပါပီဟာ…”
ေမာင္ဟာ က်မကို တကယ္ပဲခ်စ္တာလား
က်မအေၾကာင္းသိေနလို႔ အေပ်ာ္တြဲဖို႔
အတြက္လား ဆိုတဲ့ သံသယေတြနဲ႔
ေမာင့္အခ်စ္ကို က်မလက္ခံခဲ့ပါတယ္။
ဒါေပမယ့္ ေမာင္ဟာ က်မထင္သလို
မဟုတ္ပဲ က်မအေပၚ တစ္ကယ္ခ်စ္ပီး
အစစအရာရာ နားလည္ေပးခဲ့တယ္
သေဘာထားျပည့္ဝစြာနဲ႔ က်မကို ေမာင့္ခ်စ္ခဲ့ပါတယ္။
ခ်စ္ခဲ့တဲ့ အခ်ိန္ကာလေတြမွာ ဘယ္တုန္းကမွ
က်မအေပၚ အႏိုင္မယူခဲ့ပါဘူး
အခြင့္အေရးလဲ မယူခဲ့ပါဘူး
က်မကို တန္းဖိုးထားခ်စ္ခဲ့တဲ့ ေမာင့္အခ်စ္ေတြ
အတြက္ က်မ အရမ္းပဲအားရ ေက်နပ္
မိခဲ့ပါတယ္။
ရည္းစား ေတြ အမ်ားႀကီး ထားခဲ့ေပမယ့္
ေမာင့္ေလာက္ခ်စ္ခဲ့သူ
မရွိခဲ့သလိုပါပဲ ေမာင္နဲ႔ခ်စ္သူျဖစ္တဲ့
ေန႔က စၿပီး က်မ ရည္းစားလည္းမရႈပ္ေတာ့ပါဘူး ေမာင့္ကိုေတာ့ က်မ တကယ္
ခ်စ္ခဲ့မိပါတယ္။
ေမာင္နဲ႔ ခ်စ္ခဲ့ပီး ေနာက္ပိုင္းမွာေတာ့
က်မဟာ အစစအရာရာ ေျပာင္းလဲခဲ့ပါတယ္
ဒါကလည္း ေမာင္ျပဳ ျပင္ေပးခဲ့တာဆိုရင္
ပိုမွန္ပါတယ္။
ေမာင္ဟာ က်မကို အစစအရာရာ ေျပာဆို
ဆုံးမ ခဲ့တယ္။
က်မလည္း ေမာင့္ကို တကယ္ခ်စ္ခဲ့မိေတာ့
လိုက္နာ နားေထာင္ခဲ့တာေပါ့ေလ။
( ၂ )
~~~
ပတ္ဝန္းက်င္ မွာ က်မဟာ နာမည္ခပ္ဆိုးဆိုးနဲ႔
ေမာင္ဟာ ပတ္ဝန္းက်င္ရဲ႕ အထင္ေသးတဲ့
အၾကည့္နဲ႔ၾကည့္ၾက ေျပာၾကတဲ့
အၾကည့္ေတြ အေျပာေတြကို မၾကားခ်င္ေယာင္
ေဆာင္ၿပီး က်မကို လက္တြဲခဲ့တယ္။
တခါတခါ က်မ ေမာင့္ကို အရမ္းအား
နာမိတယ္။
က်မေၾကာင့္ ေမာင့္ရဲ႕ အျဖဴေရာင္ အထည္ေလးဟာ အစြန္းအထင္း ေတြ
ထင္ေတာ့မွာ လားဆိုတဲ့ အေတြးနဲ႔
စိတ္မေကာင္း ျဖစ္ခဲ့ရျပန္ေပါ့။
“ေမာင္….မိုးတို႔ လမ္းခြဲရေအာင္”
က်မအဲလို ေျပာတိုင္း
” ဘာလို႔လဲ မိုး ဘာေၾကာင့္ လမ္းခြဲရမွာလဲ”
ေမာင္ဟာ စိုးရိမ္တႀကီး နဲ႔ အဲလိုျပန္ေမးတတ္တယ္။
“” မိုးေရ ေမာင္ ပတ္ဝန္းက်င္ ကိုဂ႐ုမစိုက္ပါဘူး
ေမာင္….မိုး ကို ခ်စ္တယ္
မိုးလဲ ေမာင့္ကို ခ်စ္တယ္ ၿပီးၿပီပဲ မဟုတ္လား
ဘာလိုေသးလို႔လည္း
ဘာေတြကိုမွ ေတြးေနစရာ မလိုပါဘူးကြာ””
က်မ စိတ္မေကာင္းစြာနဲ႔ လမ္းခြဲမယ္
ေျပာတိုင္း ေမာင္က အဲလိုေျပာေတာ့
က်မ အရမ္းဝမ္းသာ ခဲ့ရတာေပါ့။
ခ်စ္သူ ျဖစ္ပီးလို႔ တစ္ႏွစ္ေလာက္ ၾကာေတာ့
ေမာင္က က်မကို
လက္ထပ္ခြင့္ေတာင္းလာတယ္။
“မိုး…ေမာင္တို႔ လက္ထပ္ၾကရေအာင္”
ေမာင့္ ဆီက အဲစကားၾကား လိုက္ရခ်ိန္
က်မ အရမ္းပဲ ေပ်ာ္ခဲ့မိတယ္။
.”.ေမာင္ လက္ထပ္ခြင့္ေတာင္းတာ
မိုး ဘက္က ျငင္းစရာ မရွိပါဘူး ေမာင္ရယ္.”.
အဲလိုနဲ႔ ေမာင္နဲ႔ က်မ လက္ထပ္ျဖစ္ခဲ့ၾကတယ္။
ေမာင့္မိဘေတြက က်မနဲ႔သေဘာမတူၾကဘူး
ေမာင္ဟာ မိဘေတြနဲ႔ခြဲၿပီး က်မကို
လက္ထပ္ယူခဲ့တယ္။
က်မ အေပၚ အဲေလာက္ခ်စ္ခဲ့တာပါ။
အိမ္ေထာင္ သက္တန္း တစ္ႏွစ္ေလာက္
အၾကာမွာ ေမာင္ဟာ အလုပ္ကိကၥ တစ္ခုနဲ႔
ရန္ကုန္ကို သြားခဲ့တယ္။
ေမာင္နဲ႔ ခြဲခြာရတဲ့ အခ်ိန္ေလးမွာ
က်မ ေမာင့္ကို အရမ္း သတိရ လြမ္းဆြတ္
မိခဲ့ပါတယ္။
အမွန္ အတိုင္း ေျပာရရင္ က်မရဲ႕ ဗီဇက
ျပန္ေပၚ လာတယ္လို႔ ေျပာရမွာပါပဲ
ေမာင္နဲ႔ ေဝးေနတဲ့ လ အနဲငယ္
အခ်ိန္ေလးမွာပဲ က်မဟာ တျခား ေကာင္းေလး
တေယာက္နဲ႔ သံေယာဇဥ္ ျဖစ္ခဲ့မိတယ္။
သုံးလေလာက္ အၾကာမွာ ေမာင္ဟာ
ရန္ကုန္ကေန က်မတို႔ ေနတဲ့ နယ္ၿမိဳ႕ေလးကို
ျပန္ေရာက္လာခဲ့တယ္။
ေမာင့္ကိုၾကည့္ရတာ ဘာမွမသိလိုရွိေပမယ့္
က်မ လုပ္ထားတဲ့ အမွား အတြက္
က်မကို က်မ ေၾကာက္လန႔္ ေနခဲ့မိတာေတာ့
အမွန္ပါပဲ။
ေနာက္ပိုင္းမွာ က်မဟာ
တစ္ျခား ေကာင္ေလးတစ္ေယာက္နဲ႔
ခ်ိန္းေတြ႕တဲ့ အထိ ျဖစ္လာခဲ့တယ္။
ေမာင္ကေတာ့ ရန္ကုန္သြားေပမယ့္
အရင္လို ၾကာၾကာ မေနေတာ့ဘူး
သြားလိုက္ တစ္ပါတ္ေလာက္ေန ျပန္လာလိုက္နဲ႔
က်မ လုပ္ရပ္ေတြကို ေမာင္သိေနသလားလို႔
စိုးရိမ္မိေသးတယ္။
ဒါေပမယ့္ ေမာင္က ဘာမွ မေမး မေျပာ
တာေၾကာင့္ စိတ္နည္းနည္းေတာ့
သက္သာမိတာေပါ့ေလ။
ေမာင္ က်မ ကို အၿမဲ ေျပာတဲ့ စကားေလး
တစ္ခြန္းရွိတယ္၊
” မိုး…လိမ္လိမ္မာမာ ေနေနာ္
ေနေကာင္းေအာင္ေန
က်န္းမာေရး ဂ႐ုစိုက္”
အဲစကားေတြက က်မကို ေမာင္ အၿမဲ
ေျပာခဲ့တဲ့ စကားေပါ့။
ေနာက္ပိုင္းမွာ က်မဟာ ေမာင့္ကို သစၥာ ေဖာက္
ၿပီး တျခား တစ္ေယာက္နဲ႔ ေဖာက္ျပန္မိတဲ့
အထိ ျဖစ္လာခဲ့တယ္။
ေမာင္လည္း ရန္ကုန္ကေန ျပန္မလာတာ
ငါးလေလာက္ရွိေနၿပီဆိုေတာ့
လြတ္လပ္စြာ ပါပဲ က်မ အမွားေတြကို
က်ဴးလြန္ေနခဲ့မိတယ္။
အဲဒီအခ်ိန္ေတြမွာ ေမာင္ဟာ က်မကို
အဆက္အသြယ္ မလုပ္ေတာ့ပါဘူး
က်မ ဆက္သြယ္ၾကည့္ေတာ့လည္း ေမာင့္ဖုန္းက
စက္ပိတ္ထားတယ္တဲ့
ေမာင္ သိမ်ား သိသြားေလၿပီလား…
နည္းနည္းေတာ့ စိုးရိမ္မိတာေပါ့
တစ္ေန႔ ဝါေလး က်မ ဆီ ေရာက္လာပီး
…မိုးေႏြ…နင္ဟာ မိန္းမပ်က္မ
နင့္လို မိန္းမ မ်ိဳးနဲ႔ ငါ့အစ္ကို ႏွင့္ မိတ္ဆက္ေပး
မိတာကိုက ငါ့အမွား ”
“ေဟ့..ငါ ဘာလုပ္ေနလို႔ နင္ငါ့ကို ဒီစကား
လာေျပာ ေနတာလည္း ဝါေလး”
“နင္ ဘာလုပ္ေနတယ္ ဘယ္ေတြကို
ေျခဦးလွည့္ေနတယ္ ဆိုတာ
ငါအကုန္သိတယ္ မိုးေႏြ ဒီအတိုင္းဆို မျဖစ္ဘူး
ငါ့ အစ္ကို ကိုအကုန္ေျပာျပၿပီး နင္နဲ႔
လမ္းခြဲ ခိုင္းရမယ္ နင့္လို မိန္းမမ်ိဳးကို
ငါ ႐ြံတယ္ ..ဘယ့္နယ္ဟယ္…ကာမပိုင္
ေယာက်္ား ရွိပါရဲ႕နဲ႔ တျခားတေယာက္နဲ႔
ေဖာက္ျပန္ ရတယ္လို႔ …နင့္ကိုငါ အစတုန္းက
အဲလိုမထင္ထားဘူး အခုေတာ့ေဟ…””
ဝါေလး က်မကို ပက္ပက္စက္စက္ ေျပာၿပီး
လွည့္ထြက္သြား ခဲ့တယ္။
က်မ ဘာမွ ျပန္မေျပာထြက္ခဲ့
သူေျပာတာလည္း ဟုတ္တာပဲေလ
က်မကို က်မေတာ့ ဟုတ္လွပီ ထင္ေနတာ
တကယ္ေတာ့ ပတ္ဝန္းက်င္ က က်မလုပ္ရပ္
ေတြကို သိေနၾကၿပီေလ။
က်မ တခုခုကို ေ႐ြးျခယ္ ဆုံးျဖတ္မွ ရေတာ့မယ္
မထူးေတာ့ ပါဘူးေလ က်မ အေၾကာင္း
အကုန္သိေနၾကပီဆိုေတာ့
ဒီအသိုင္းအဝိုင္းၾကားမွာ အထင္ေသးတဲ့
အၾကည့္ေတြနဲ႔ မ်က္နာ ငယ္မေနခ်င္ေတာ့ဘူး
အဲဒီညက ေကာင္းကင္မွာ ၾကယ္ေတြစုံလို႔
အာကာ တစ္ခြင္ အလွဆင္ ထားၾကတယ္။
က်မနဲ႔ ခ်စ္ေနၾကတဲ့ ေအာင္ေက်ာ္ ဆိုတဲ့
ေကာင္ေလးဆီကို က်မ အၿပီးသြားဖို႔
ထြက္လာခဲ့တယ္ ။
အဲဒီ တုန္းက ဘာ့ေၾကာင့္မွန္းမသိ
က်မ စိတ္ေတြ အရမ္းလႈပ္ျခား
ေနခဲ့တယ္။
Taxi ကားေလးေပၚ မွာ က်မ စိတ္လႈပ္ျခားစြာနဲ႔
လိုက္ပါလာရင္း
တစ္ေနရာ အေရာက္မွာ
…ဝုန္း…ဒုန္း…
ၾကယ္ေလာင္ေသာ ကားဟြန္းတီးသံႏွင့္အတူ
က်မ စီးလာေသာ ကားကို တစ္ျခားကား
တစ္စီးက ဝင္တိုက္လိုက္တာကိုပဲ
က်မ သိလိုက္ေတာ့တယ္။
( ၃ )
~~~
ကားေပၚက က်မ ထြက္လိုက္ေတာ့
ကားနားမွာ လူေတြ ဝိုင္းအုံေနၾကတယ္။
အနားကို သြားၾကည့္မိေတာ့ ကားေမာင္း
တဲ့ ဦးေလးႀကီး ေတာ့ ေသြးအိုင္ထဲမွာ
ေသေနေလရဲ႕။
က်မ အဲဒီေနရာက လွည့္ထြက္ခဲ့ပီး
ေအာင္ေက်ာ္ဆီကို သြားခဲ့တယ္။
သြားရင္း သြားရင္း ဘယ္ေတြကို ေရာက္သြား
လည္းမသိေတာ့ဘူး
ေဘးပတ္လည္မွာ မေကာင္းဆိုးဝါးေတြပဲ
ေတြ႕ေနရတယ္။
သရဲ တေစၦ နာနာဘာဝေတြ မ်ားလိုက္တာ
ေနရာေတြ လုၾက လူေတြစြန႔္ပစ္ထားတဲ့
အစားအစာ အႂကြင္းအက်န္ ေလးေတြကို
လုယက္စားေသာက္ေနၾကတာေတြကို
ေတြ႕ရတယ္။
သူတို႔ေတြ ၾကည့္ၿပီး စိတ္မေကာင္း
ျဖစ္မိသလိုပါပဲ
လမ္းေလ်ာက္ရင္းနဲ႔ အိမ္ၾကားေလးေတြ နားက
က်မ ျဖတ္ေလ်ာက္သြားမိေတာ့
တိုးတိုး တိတ္တိတ္ ေဖာက္ျပန္ေနၾကတဲ့
လူေတြကို ေတြ႕ရတယ္။
တစ္ခ်ိဳ႕ ေယာက်္ား ေတြ မိန္းမရွိရဲ႕ႏွင့္
တျခား မိန္းကေလးေတြနဲ႔ ေဖာက္ျပား
ေနတာေတြကို ေတြ႕ရတယ္။
..အဲမိန္းမႀကီးကို ကို မခ်စ္ပါဘူးကြာ
ကိုက ခ်စ္ေလးကိုပဲ ခ်စ္တာပါ..
…အခု မိန္းမကို ကြာရွင္းၿပီး
သဲေလး ကို လက္ထပ္မယ္ေနာ္…
ၿခဳံၾကား အိမ္ၾကား ေလးေတြမွာ
ခိုးေတြ႕ ေနၾကတဲ့ သစၥာ မရွိတဲ့ လူမ်ားစြားကို
က်မေတြ႕ရတယ္။
အဲေတာ့ မွ က်မ ေမာင့္ကို သတိရမိတယ္
…ေအာ္…ေမာင္ဟာ က်မအေပၚ အရမ္းေကာင္း
ခဲ့ပါလား…က်မ ျမင္ေတြ႕ေနရတဲ့ ေယာက်္ား ေတြ
ဟာ မိန္းမရွိရဲ႕နဲ႔ ေဖာက္ျပန္ေနၾကတယ္
ေမာင္ကေတာ့ အဲလို မဟုတ္ပဲ
က်မကို သစၥာ ရွိရွိ ခ်စ္ခဲ့တာကို
က်မ ဘာလို႔ သစၥာ ေဖာက္ရတာလည္း
က်မ မွားၿပီ …ေတြးရင္းနဲ႔ မ်က္ရည္ဝဲလာမိတယ္
က်မ ေမာင့္ဆီပဲ ျပန္မယ္
မွားခဲ့တဲ့ အမွားေတြအတြက္ ရွိခိုး ေတာင္းပန္ပီး
ေမာင့္ကိုပဲ သစၥာ ရွိရွိနဲ႔ တစ္သက္လုံး
အတူေနသြား ေတာ့မယ္လို႔
ဆုံးျဖတ္ၿပီး က်မ အိမ္ျပန္ ခဲ့ပါတယ္။
ဒါေပမယ့္ က်မ ဘယ္ေတြေရာက္လို႔
ေရာက္သြားမွန္းမသိ
ၿခဳံႏြယ္မ်ား ပိတ္ဆို႔ထားတဲ့
ေက်ာက္ဂူ နား အေရာက္မွာ လူႏွစ္ေယာက္
႐ုတ္တရက္ ေပၚလာၾကတယ္။
ေၾကာက္စရာေကာင္းေသာ
လူထြားႀကီး ႏွစ္ေယာက္
လက္ထဲတြင္ ႀကီးမားေသာ ဓားရွည္ကို
တစ္ေယာက္တစ္လက္ ကိုင္ကာ
က်မကို အတင္းဆြဲေခၚၾကတယ္။
က်မ ေၾကာက္လန႔္တၾကား ေအာ္ကာ
႐ုန္းထြက္ေသာ္လည္း မရ
ထိုလူထြားႀကီး ႏွစ္ေယာက္ ဆြဲငင္ ေခၚေဆာင္ရာ ေနာက္ကို ေအာ္႐ုန္းရင္း လိုက္ပါခဲ့ရတယ္။
ႀကီးမားေသာ ဂူႀကီးအတြင္းတြင္
မီးေရာင္မ်ား ထိန္ထိန္လင္းလ်က္
က်မ လူထြားႀကီး ႏွစ္ေယာက္ေခၚေဆာင္ရာကို
လိုက္ရင္း ေဘးပတ္လည္တြင္
မိန္းမ ေယာက်္ား စုံလင္လွေသာ
လူမ်ားစြာေတြဟာ ဒုကၡ မ်ိဳးစုံနဲ႔
ႏွိပ္စက္ညႇင္းပန္းခံေနရတာကို
ေခ်ာက္ျခားစရာ ျမင္ေတြ႕ခဲ့ရပါတယ္။
အဲေတာ့မွ က်မ သေဘာ ေပါက္ေတာ့တယ္
ဘုရား…ဘုရား…ဒါ…ဒါ ငရဲျပည္ပါလား…။
က်မ တုန္လႈပ္ေခ်ာက္ျခားစြာ ေငးေမာေနတုန္းမွာပင္ လူထြားႀကီး ႏွစ္ေယာက္က
ဂူေလး တစ္ဂူနား ေခၚသြားၾကၿပီး
အဝတ္ဗလာနဲ႔ ေက်ာက္သား ထိုင္ခုံေပၚတြင္
ေတာင့္ေတာင့္ႀကီး ထိုင္ေနေသာ
မ်က္နာထား တင္းတင္းနဲ႔
လူႀကီး တစ္ေယာက္ေရွ႕တြင္
က်မကို ထူးေထာက္ခိုင္းလိုက္ၿပီး။
.”..လူတစ္ေယာက္ ေခၚလာတယ္
ငရဲမင္းႀကီး.. “.
ၾကားလိုက္ရေသာ စကားေၾကာင့္
က်မ အေတာ္ေလး ထိန႔္လန႔္သြားမိတယ္
ေအာ္…ငါ့ေရွ႕မွာ ထိုင္ေနတာ
ငရဲမင္းဆိုပါလား…
“မင္း ဘာေၾကာင့္ ဒီကို ေရာက္လာတာလဲ
ကေလးမ”
နီရဲေသာ မ်က္လုံးေတြနဲ႔ ေမးလိုက္ေသာ
ငရဲမင္းဆိုေသာ လူႀကီး၏ အေမးေၾကာင့္
က်မတစ္ကိုယ္လုံး တုန္လႈပ္သြားခဲ့ရတယ္။
…က်မ က်မ တကယ္ပဲ ငရဲျပည္
ေရာက္ေနတာလား က်မလုပ္ခဲ့မိတဲ့ အျပစ္
အတြက္ တကယ္ပဲ ငရဲခံရေတာ့မွား
ေတြးရင္းနဲ႔ တုန္လႈပ္ေခ်ာက္ျခားၿပီး ေဇာေခြၽးေတြ ျပန္လာတယ္။
က်မ ေမာင့္ကို သစၥာ ေဖာက္ခဲ့မိလို႔
ငရဲျပည္ကို အျပစ္ခံရဖို႔
ေရာက္လာေလသလား
က်မ ေဇာေခြၽးေတြ နဲ႔အတူ မ်က္ရည္ေတြပါ
ဝဲလာတယ္။
ဘုရား…ဘုရား…ဒါ..ဒါအိမ္မက္ပဲ ျဖစ္ပါေစ…
က်မ …က်မ မွားပီ ေမာင္
က်မ ကို ကယ္ပါအူး
က်မ ေနာက္ မမွားေတာ့ပါဘူး..
မ်က္ရည္ေတြ စီးက်လ်က္ က်မ
ေၾကာေၾကာက္လန႔္လန႔္နဲ႔ ကေယာင္ေခ်ာက္ျခား
ေအာ္ေျပာ ေနတုန္း ..ဒုန္း..ခနဲ လွံအ႐ိုးနဲ႔
ေက်ာက္ေဆာင္ကို ေဆာင့္လိုက္ၿပီး
…ငါေမးေနတာ မၾကားဘူးလား…
…အမေလး…
ငရဲမင္းႀကီးရဲ႕ ေဒါသတႀကီး အေမးေၾကာင့္
ေၾကာက္လန႔္ တၾကားေအာ္ကာ
က်မ လန႔္ႏိုးလာခဲ့တယ္။
က်မ တစ္ကိုယ္လုံး ေခြၽးေတြျပန္လို႔
က်မ အနားမွာ က်မ အစ္မနဲ႔ အစ္မ သူငယ္ခ်င္း
ႏွစ္ေယာက္သာ ရွိတယ္။
ပတ္ဝန္းက်င္ ကို အကဲခပ္ၾကည့္ေတာ့
ေဆး႐ုံ ေရာက္ေနမွန္းသိရတယ္။
အစ္မေျပာတာကေတာ့ ကားတိုက္လို႔
ေဆး႐ုံေရာက္ေနတာ
သတိေမ့ေနတာ ႏွစ္ရက္ ရွိၿပီတဲ့
လက္တစ္ဘက္ မွာ ေလးေနၿပီး နာသလို
ခံစားရလို႔ ၾကည့္မိေတာ့
ဘယ္ဘက္လက္ မွာ ေက်ာက္ပတ္တီးစည္းထားတာကိုေတြ႕ရတယ္။
တစ္ၿပိဳင္တည္း ေခါင္းေတြပါ မူးလာခဲ့တယ္။
အစ္မကေတာ့ က်မ သတိရလာသည္ကိုပင္
ဝမ္းသာသလို မရွိလွ
က်မ အကဲခပ္ၾကည့္ရသေလာက္
အစ္မဟာ က်မကို စိတ္ပ်က္ေနသလို
ခဏ ၾကာေတာ့ ဆရာဝန္မ တေယာက္
ေရာက္လာတယ္။
” မမိုးေႏြ သတိ ရလာၿပီ လား
သက္ေသာင့္သက္သာ ရွိရဲ႕လား
တစ္ခုခု ေတြ႕ရင္ က်မကို ေျပာေနာ္”
“ဟုတ္ကဲ့ရွင့္ က်မ ေခါင္းနည္း နည္း
မူးေနတယ္ ပီးေတာ့ လက္ကလည္း နာတယ္
က်မ လက္က က်ိဳးသြားတာလားဟင္”
“ဟုတ္ပါတယ္ မမိုးေႏြ လက္က
လက္ေကာက္ဝတ္ ေနရာနားက
က်ိဳးသြားတာပါ ေခါင္းလည္း အနည္းငယ္
ထိသြားတယ္ ဒါေပမယ့္ စိုးရိမ္စရာေတာ့
ဘာမွ မရွိပါဘူး က်မတို႔ အကုန္လုံး
အဆင္ေျပေအာင္ လုပ္ေပးထားပါတယ္”
“ဟုတ္ကဲ့ ေက်းဇူးပါ ရွင္”
“ဪ…က်မ ေမ့ေနလို႔
ဒီမွာ မမိုးေႏြကို ေဆး႐ုံလာပို႔တဲ့လူက
စာ တစ္ေစာင္ ထားခဲ့တယ္…ေရာ့..”
“ဟင္ ဘယ္သူမ်ားလည္း ဆရာမ”
“”က်မလည္း ေသေသခ်ာခ်ာေတာ့
မသိဘူးရွင့္ သူေျပာသြားတာကေတာ့
ဒီေန႔သူ နိင္ငံျခားကို ထြက္ရမွာမို႔
မမိုးေႏြ သတိရတဲ့ အခ်ိန္ထိ မေစာင့္ႏိုင္ေတာ့ဘူးတဲ့ အဲဒီ အတြက္ သူစိတ္မေကာင္းျဖစ္မိ
တယ္လို႔လည္း ေျပာသြားတယ္
ပီးေတာ့ မမိုးေႏြ ေဆးကု စရိတ္အတြက္
ေငြကိုလည္း က်မ ဆီမွာ အပ္သြားခဲ့တယ္
မမိုးေႏြ သတိရမွ ေပးမလို႔ က်မသိမ္းထား
ပါတယ္။ ဒါကေတာ့ သူေပးထားခဲ့တဲ့
စာေလးပါ””
ဆရာဝန္မ ေပးခဲ့ေသာ စာကို
က်မ စိတ္ဝင္တစားနဲ႔ အလ်င္တလို
ဖြင့္ဖတ္လိုက္မိတယ္။
…သို႔
………မိုး… လိမ္လိမ္မာမာ ေနေနာ္
ေနေကာင္းေအာင္ေန
က်န္းမာေရး ဂ႐ုစိုက္ …
ေမာင္ ႏႈတ္ဆက္ခဲ့တယ္…
အခ်စ္သစ္နဲ႔ ဘဝသစ္မွာ ေပ်ာ္ပါေစ မိုးေရ…
……..ခ်စ္ေသာ ေမာင္…
ေမာင္ ေရးထားခဲ့တဲ့စာက
တိုလြန္းေပမယ့္ က်မရင္ကို စူးနစ္စြာ
ဝင္ေရာက္ခဲ့တယ္။
ဪ…ေမာင္ဟာ က်မ အေၾကာင္း
အကုန္သိေနေပမယ့္
မသိခ်င္ေယာင္ ေဆာင္ေနခဲ့တာပါလား
က်မ မွားခဲ့ ေပမယ့္
ေနာက္ဆုံ အခ်ိန္ထိ က်မကို ခြင့္လႊတ္နား
လည္ေပးခဲ့ပါလား
က်မ လို သစၥာ မရွိတဲ့ မိန္းမ တစ္ေယာက္ကို
ေဆး႐ုံ အထိ ေမာင္လာပို႔ ခဲ့တာတဲ့
ၿပီးေတာ့ ေဆးကုစရိတ္ေတြပါ
ေပးထားခဲ့တယ္။
က်မ အေပၚ အဲေလာက္ ေကာင္းခဲ့တာကို
ေမာင့္ကို က်မ သစၥာ ေဖာက္ခဲ့မိတယ္။
က်မ အရမ္း မွားခဲ့ၿပီေမာင္
က်မ ေမာင့္ကို ေတာင္းပန္ခ်င္လိုက္တာ
အခုေတာ့ ေမာင္က က်မကိုထားၿပီး
နိင္ငံျခားကို ထြက္သြားခဲ့ပီေပါ့
ေမာင္ …ေမာင္…က်မ ေမာင့္ဖုန္းကို
အလ်င္တလို လွမ္းေခၚမိေပမယ့္
စက္ပိတ္ထားတယ္ဆိုတဲ့
စကားကိုသာ ျပန္ၾကားရေတာ့တယ္။
ဪ…ေမာင္ေရ…
က်မ…က်မ…မွားခဲ့ၿပီ
က်မ အေပၚမွာ အရမ္းေကာင္းၿပီး
သစၥာ ရွိရွိ ခ်စ္ခဲ့တဲ့ ေမာင့္ကို က်မ သစၥာ
ေဖာက္ခဲ့မိတယ္။
က်မ ကို ခြင့္မလႊတ္ပါနဲ႔ ေမာင္ေရ…
မ်က္ရည္မ်ား အတားအဆီး မဲ့စြာ စီးက်လ်က္
…မိုး…လိမ္လိမ္မာမာ ေနေနာ္
ေနေကာင္းေအာင္ေန
က်န္းမာေရး ဂ႐ုစိုက္…
ဆိုတဲ့
ေမာင့္ စကားေလး ျပန္ၾကားေယာင္ရင္း
ရင္ဘတ္ထဲက စူးရွတဲ့ ေဝဒနာတခု
ႏွလုံးသားထဲမွ နင့္ခနဲ႔ ခံစားလိုက္ရၿပီး
…က်မ မွားခဲ့ၿပီ..ေမာင္..ေရ..
က်မ ဟာ အဲဒီစကားကို တိုးတိုးေလသာ ေျပာထြက္ရင္း
ကုတင္ေပၚမွာ ျပန္လည္ လဲက်သြားခဲ့ပါေတာ့တယ္။
ၿပီးပါၿပီ
ႀကိဳးစားလ်က္
………………. ဟယ္ရီေဇာ္