မယားငယ်(စ/ဆုံး)
——————-
အစကတော့ သူမကို တကယ်ချစ်လို့
သူလက်ထပ်ခဲ့တာ…
အိမ်ထောင်သက်.၁၃နှစ်အတွင်းမှာ..
၅နှစ်အရွယ် ကလေးတစ်ယောက်ပင်ရခဲ့ပြီ..
အရင်က ဖြူဖြူ သွယ်သွယ် လှလှပပနဲ့..
သူချစ်ခဲ့ရတဲ့မိန်းမက..ခုတော့.
ဖြူဖြူဖောင်းဖောင်းနဲ့ ဖက်တီးမကြီး ဖြစ်နေခဲ့ပြီ..
ငယ်ရည်ငယ်သွေး ပျောက်သွားပေမဲ့
သူမက သူ့အပေါ် ဟိုတုန်းကထက်တောင်
ပိုပြီး ပြုစုယုယ ဂရုစိုက်ရှာသည်။
တစ် ခါ တလေ..သူက..
“ပြင်ပြင်ဆင်ဆင်လေး နေပါလားဝေရယ်…
ဆိုပြီးပြောတိုင်း..သူမက ပြုံးပြီး..
“ဘာလဲ..ကိုမိုး မျက် စိ ထဲမှာ ဝေက
မ လှ တော့ဘူးလား…
“မဟုတ်ပါဘူး..ဝေရယ်..ကိုယ်ကဟိုတုန်း
ကလို ဝေ.လှလှပပနဲ့ နေစေချင်လို့ပါ..
သူကအဲဒီလို..လှီးလွှဲပြောတိုင်း သူမက
မိုးအောင်ခေါင်းက ဆံပင် တွေကို
ကလေးတစ်ယောက်လို ပွတ်သပ်ပြီး…
“မအားပါဘူး..ကိုမိုးရယ်..ဝေ မှာ သားတာဝန်
ရယ် ကိုမိုး ဝေရာဝစ္စ ..အိမ်ဗာရီရအလုပ်တွေ
နဲ့တင်.အလှပြင်ဆိုင်တွေဘက် ခြေဦး မလှည့်
နိုင်ပါဘူး.. ဝေက ကိုမိုးမိန်းမ..ကိုမိုး မျက်စိထဲ
လှနေရင်ပြီးတာပဲ..ဟုတ်ဘူးလား…
အလုပ်ထဲမှာ သွက်လက်ချက်ချာပြီး..
လှပတဲ့ မိန်းမတွေ မြင်တိုင်း..သူ့မဟေသီ
အိမ်ကဖက်တီးမကို ပိုပြီး သူစိတ်ကုန်လာသည်။
မြနှင်းဆီ ဆိုတဲ့ မိန်းကလေးနဲ့ သူငြိတော့မှ
အိမ်ကမိန်းမကို စိတ်ကုန်နေတဲ့ သူ့စိတ်က
ပုန်းလျိုးနေရာက..ဝုန်းကနဲ့ ထင်ထင်ရှားရှား
သူ့ကိုယ်သူ သိသာမြင်သာဖြစ်လာခဲ့သည်။
မြနှင်းဆီက ခေတ်ဆန်ပြီး လှပတယ်..
အထူးသဖြင့် သူမမျက်လုံးတောက်တောက်တွေ
ကြည့်တဲ့အကြည့််..နဲ့..သူမ နုတ်ခမ်းထူထူလေးက
ပြုံးလိုက်တဲ့ အပြုံးတွေကို သူစွဲလမ်းသွား
ခဲ့တာ..မြနှင်းဆီ အလှက ခမ်းနားသလောက်
အိမ်ကမိန်းမရဲ့ အလှက မှုန်ဝါးလွန်းတယ်။
နောက်တော့ မြနှင်းဆီ အပေါ် သူ့အချစ်တွေက
တဖြည်းဖြည်း ကြီးထွားလာသလောက်..
အိမ်က မိန်းမ အပေါ် ခံစားချက်က..
မဲ့သထက်မဲ့လာတယ်..ခံစားချက်ကုန်လာတယ်..
သူ..မြနှင်းဆီနဲ့ပဲနေချင်တော့တယ်..
မြနှင်းဆီကလည်း သူ့ကိုပြောသည်။
“ဘာမှမလိုဘူး ..မောင် လာရင်ရပြီ..
သူဆင်ထားတာတွေ အကုန်ထားခဲ့ .
မြဆီကို အဝတ်တစ်ထည်..ကိုယ်တစ်ခုသာလာခဲ့..
မောင့်ကိုပဲ မြက ..လိုချင်တာ…တဲ့
နောက်တော့သူ ဆုံးဖြတ်လိုက်သည်၊..
ချစ်တဲ့ မြနှင်းဆီနဲ့ သူနေချင်တယ်..
သားသားလေးကို အင်္ကျီလဲပေးနေတဲ့
သူတို့သားအမိ အနား သူသွားလိုက်သည်၊..
သူမက အင်္ကျီအသစ်နဲ့ သူမသားကိုကြည့်ပြီး
“ကိုမိုး သားက ကိုမိုးနဲ့ တစ်နေ့တခြား ပိုတူ
လာတယ်နော်..ကြည့်ပါအုံး.. .
ဘာမှပြန်မပြောပဲ တိတ်ဆိတ်နေတဲ့ သူ့ကို
သူမက မော့ကြည့်လိုက်ပြီး..
“ကိုမိုး..မျက်နှာလည်းမကောင်းဘူး..
နေမကောင်းလို့လား…
“ကိုယ်တို့..ကွာရှင်းရအောင်..
ရှော့ခ်ရိုက်သွားသလိုမျိုး..သူမက..
ပါးစပ်အဟောင်းသားနဲ့ မျက်တောင်တောင်
မခက်ပဲ..သူ့ကိုကြည့်နေသည်။
“ဒီမှာ..ကွာရှင်းစာချုပ် ကိုယ့်ဘက်က..
လက်မှတ် ထိုးထားပြီ..
သူက စာချုပ်ကို သူမအားပေးလိုက်သည်။
“ဘာလို့ကွာချင်တာလဲ…
တုန်အက်နေတဲ့ အသံနဲ့ သူမကမေးရှာသည်။
“ကို..မြ နဲ့… အဲ..
မြနှင်းဆီဆိုတဲ့ မိန်းကလေးနဲ့ ချစ်နေမိပြီ..
မင်းကွယ်ရာ..မဖောက်ပြန်ချင်လိုဖွင့်ပြောတာ..
ငါ..သူနဲ့အတူနေတော့မယ်..
သူမနုတ်ခမ်းက ပထမ မဲ့တယ်..
နောက်..ပြုံးတယ်..မဲ့ပြုံးလို့ခေါ်မယ်ထင်တယ်..
“ပေါ်တင် ..ဗျောင်ဖောက်ပြန်တော့မယ်
ဆိုပါတော့..
ပြောပြီး.သူမ.မျက်လုံးက မျက်ရည်တွေ
တလဟော..စီးကျလာတယ်..
သူမကိုမကြည့်ပဲ သူကျောပေးနေလိုက်တယ်..
မျက်ရည်တွေမြင်ပြီး ဆုံးဖြတ်ချက် ပြိုကျ..
သွားမှာစိုးလို့..
“ငါတောင်းပန်တယ်..ဘာမှငါယူမသွားပါဘူး..
မင်းတို့သားမိအတွက်..အားလုံးထားခဲ့တယ်..
ပြောပြီး..သူထွက်လာလိုက်သည်။
ဖေကြီး….
ကလေးအသံကြောင့် သူ့ခြေလှမ်းတွေ
တန့်သွားသည်။
“ဖေကြီး သားလိုက်မယ်..သားလိုက်မယ်..
ကလေးက.သူ့ပုဆိုးစကိုဆွဲပြီး ငိုမဲ့မဲ့ဖြင့်
ပြောနေသည်။
“နေခဲ့နော်.သား.ဖေကြီးပြန်လာမှာ..
သားလိုက်လို့မရဘူးနော်..
ကလေးကိုချော့နေတုန်း..သူမက သူတို့သားအဖ
နားရောက်လာသည်။နောက်.ကလေးကို
ပွေ့ချီလိုက်သည်။
“ရော့..ဒီနေ့စျေးက ဆေးဆိုင်က ဝယ်လာတာ..
ရှင်က ကွန်ပြူတာနဲ့အလုပ်လုပ်ရတာဆိုတော့
မျက်စိတွေကိုက်ပြီး ဇက်ကြောတက်..
တယ်လေ..ဟိုရောက်လို့ ဇက်ကြောတွေ
တက်နေရင် ရှင်အနေခတ်နေလိမ့်မယ်..
ဒီဆေးဗူးလေးယူသွား…
ပေးပြီး.ကလေးလးကိုချီလျက် သူမအိပ်ခန်းထဲ
ပြေးဝင်သွားသည်၊
လက်ထဲက ဆေးဗူးလေးကိုကိုင်ရင်း
သူငိုင်နေမိသည်၊..သွားရကောင်းနိုး..
မသွားရကောင်းနိုးနဲ့ ချီတုန်ချတုန်ဖြစ်နေမိသည်။
သူဝေခွဲရခက်နေတုန်း..သူ့အင်္ကျီအိပ်ကပ်ထဲက
ဖုန်းမြည်သံကြားရသည်။
သူကိုင်လိုက်တာနဲ့…
“မောင်..မလာသေးဘူးလား…
မြကမျှော်နေတာနော်..
မလာလည်းနေတော့….
ဒီတော့သူက ပျာပျာသလဲနဲ့..
“မောင်လာပြီ..မြ..လာပြီနော်..
“ဟွန့်..မြန်မြန်လာခဲ့..အရမ်းချစ်တယ်….
သူဆုံးဖြတ်လိုက်တယ်..
မြနှင်းဆီကို သူချစ်တယ်..
မြနှင်းဆီနဲ့သာ..သူ့ဘဝကုန်ဆုံးချင်တယ်..
နောက်ဆုံးတော့ ၁၃နှစ်လုံးလုံး ကြိုးစား
တည်ဆောက်ခဲ့တဲ့ ..အိမ်ထောင်းရေးတစ်ခုကို
တခဏအတွင်းမှာပဲ..သူဖျက်စီးပစ်လိုက်သည်၊..
သူမြနှင်းဆီနဲ့နေရတာပျော်သည်။
မြနှင်းဆီက နှစ်လိုဖွယ်ပိုပြီးကောင်းတယ်လို့
သူထင်သည်။မြနှင်းဆီရဲ့ အချစ်ရေတိမ်မှာ သူ
နစ်နေခဲ့တာ တစ်နှစ်ကျော်လာခဲ့ပြီ..
ဒီတောအတွင်း..ဝေတို့သားအမိကို
ယောင်လို့တောင် သူသတိမရ…
မြနှင်းဆီရဲ့ အပြုစုအယုယတွေကြားမှာ..
သူ.နစ်မျောနေခဲ့ခြင်းဖြစ်သည်။
လူတစ်ယောက်ရဲ့ ဗီဇသည် ..ဖုံးကွယ်၍မရ..
ရလျင်လည်း ခဏသာတည်း…
တဖြည်းဖြည်း ကြာလာတော့ မြနှင်းဆီရဲ့
စရိုက်တွေ ကွက်ကွက်ကွင်းကွင်းပေါ်လာသည်။
ဝေနဲ့တုန်းက[အရင်မိန်းမ] အလုပ်မသွားခင်
ရေချိုးပြီးတာနဲ့ .
“ကိုမိုးရေ..ဒီနေ့ဝတ်ဖို့ အဝတ်စားတစုံ
ဝေအခန်းထဲမှာ ပြင်ပေးထားတယ်နော်..
ဆိုပြီး အသေချာ မီးကြွေထိုးပြီး သပ်သပ်ရပ်ရပ်
ခေါက်ထားထားတဲ့ အဝတ်စားတစုံ က
အခန်းထဲမှာ အဆင့်သင့်…
ခုတော့ မြနှင်းဆီက ပြင်ထားပေးဖို့ဝေး..
သူကိုယ်တိုင်ဝတ်တဲ့ အဝတ်တောင်..
ပိုက်ဆံပေးပြီးလျှော်ခိုင်းနေတော့..
မိုးအောင်..သူ့အဝတ်ကို..ကိုယ်တိုင်လျှော်
နေရသည်။ တစ်ခါတစ်ရံ မီးကြွေမထိုးလိုက်
ရပဲ ..အလုပ်ကို တွန့်ကြေနေတဲ့ အဝတ်စားတွေ
ဝတ်ရတာတောင်ရှိလာသည်။
“ကိုမိုးရေ..မနက်စာစားရအောင်..
ကိုမိုးကြိုက်တဲ့ ဆက်သားခြောက်လေးဖုတ်ပြီး
ထမင်းကြော်နဲ့ ကော်ဖီလေးသောက်သွားနော်..
ဒါက..နေ့ခင်းဘက်စားဖို့..ဒန့်သလွန်သီး ..
ချဉ်ရည်နဲ့ ကြက်သားဆီပြန်ဟင်းလေး..
ထည့်ပေးလိုက်တယ်နော် ကိုမိုး..
သူငယ်ချင်း တွေအတွက်ပါ ..များများထည့်
ပေးလိုက်တယ်…
သူကိုယ်တိုင် မနက်စာအတွက်ပြင်ဆင်ရင်း
ဝေကို သတိရနေမိသည်။
“ဟယ်..ကိုမိုး ပြန်လာပြီ..
ပေးပေး..အဲဒီအိတ်နဲ့ ထမင်းချိုင့် ဝေကိုပေး..
ရော့..ရေအေးအေးလေးတစ်ခွက်သောက်
လိုက်အုံးနော်.ကိုမိုး…
သူအလုပ်ကပြန်လာတိုင်း..ဝမ်းပမ်းတသာ
ကြိုတက်တဲ့ဝေကို..ခုလို ကြိုမဲ့သူမရှိ..
ရေတစ်ခွက် ခပ်တိုက်ဖို့ဆိုတာ..ဝေလာဝေး
အိမ်ကိုကြိုရောက်နေရင်တောင်..လက်ထဲက
ဖုန်းကို အပွတ်မပျက်တဲ့ မြနှင်းဆီကို မြင်တိုင်း
သေလောက်အောင် ဝေကို သတိရလာသည်။
“အိပ်ချင်ရင် အိပ်ရာပြင်ထားပြီကိုမိုး…
သူအိပ်ရာထဲဝင်လိုက်တဲ့ ခြင်ထောင်ထဲမှာ
ဝေဆီက ရှင်မတောင်သနပ်ခါး အနံ့လေးက
မွှေးပျံ့ နေသည်။
“ဝေ နှိပ်ပေးရအုံး မလားကိုမိုး..
အိပ်ရာထဲမှာ သူ့အနားလာပြီး ပြောတက်တဲ့ဝေ..
“အိပ်နှင့်နော်..ကိုမိုး..ဝေဘုရားရှိခိုးအုံးမယ်..
ခုလို သူကိုယ်တိုင် ခြင်ထောင် ထောင်..
အိပ်ရာခင်းနေရင်းက ဝေကိုပိုလို့တောင် သူ
လွမ်းလာမိသည်။
ညနက်သည်အထိ အိပ်ရာထဲမဝင်ပဲ..
မြနှင်းဆီက ဖုန်းပွတ်ကောင်းတုန်း..
သူကတော့ အိပ်ရာထဲ တစ်ယောက်ထဲ
ပက်လက်လှန်ပြီး ခြင်ထောင်အမိုးအဖြူဖြူ
ကိုကြည်ရင်း..နောင်တတွေ နင့်နင့်သီးသီး
ရနေမိသည်။
တကယ်က မြနှင်းဆီဟာ
.[မျက်နှာမှာမိတ်ကပ်
ပေါင်က သေးစီးကြောင်းနဲ့…
ဆိုတဲ့ မိန်းမမျိုး
ဖြစ်သည်။ယောက်ျားအပေါ်ထားရမဲ့ မယား
ဝတ္တရားဆိုတာ..ဘာမှမသိ..
အထိအတွေ့အသစ်မှာ သာယာပြီး
သူကအချစ်လို့ထင်ခဲ့တာ ..
နောက်ဆုံးတော့ သူ မျက်စိမှိတ်ခေါင်းရမ်း
လိုက်သည်။
“ငါပြုခဲ့တဲ့ကံ ငါခံရမှာပေါ့”
……………………………
အဲဒီညက..
သူက စာအုပ်တစ်အုပ် ဖတ်နေပြီး..
မြနှင်းဆီက ဖုန်းပွတ်နေသည်..
ခဏနေတော့ လက်ထဲက ဖုန်းကိုချပြီး
မြနှင်းဆီက တွိုင်းလက် ထဲဝင်သွားတယ်..
နောက်မြနှင်းဆီဖုန်းက.တဒီးဒီးနဲ့
ဖုန်းလာနေသည်။
ဖုန်းRing ကိုပိတ်ပြီးVibrate လုပ်ထားတော့
ဒီးဒီးနဲ့ပဲ မြည်နေတာ..
ပထမတစ်ကြိမ်..သူထမကြည့်ဘူး
ဒုတိယတစ်ကြိမ်.လျစ်လျူရှု့လိုက်ပြန်တယ်
တတိယအကြိမ်ခေါ်တော့..အရေးတကြီးဖုန်း
များလားဆိုပြီး ကိုင်လိုက်တယ်..
သူဖုန်းကိုင်လိုက်တာနဲ့ တစ်ဖက်က..
“မမ ဘာလုပ်နေတာလဲ ..ဟိုလူကြီးနဲ့
ပျော်မွေ့နေတာမဟုတ်လား…
ဒီကတော့ နေ့ခင်းဘက်က မမရဲ့အပြုစု
အထိတွေ့တွေကို သတိရပြီး အိပ်မရဘူး…
“ဘာလုပ်တာလဲ….
ဒေါသတွေဖြစ်ပြီး အသားတွေ တဆက်ဆက်
တုန်နေတဲ့ သူ့လက်ထဲကနေ မြနှင်းဆီက
ဖုန်းကိုလုယူလိုက်သည်။
“ဘာလုပ်တာလဲဆိုတာမင်းကိုမေးရမှာ
မြနှင်းဆီ….
“သူများဖုန်းကိုနားထောင်တာဟာ
သူများပါစင်နယ်ကိစ္စကို ဝင်စွတ်ဖတ်တာပဲ…
“မင်းလင်ငါက မင်းခွေးဇာတ်ခင်းပြီး
လင်ငယ်နေနေတာကို.ဒီတိုင်းကြည့်နေရမှာလား..
“နင်..မစွတ်စွဲနဲ့နော်….
“အဲဒါဆို ခုန မမဆိုတဲ့ကောင်ကဘာလဲ..
နေ့ခင်းဘက်တုန်းက မင်းဘယ်သွားလဲပြော…
သူက ဒေါသတကြီးပြောတော့..မြနှင်းဆီက
ခပ်ထေ့ထေ့ ရယ်လိုက်သည်။
“မိုးအောင်..ငါကခွေးဇာတ်ခင်းတယ်..
ဟုတ်လား..နင်ကရော..ဘာထူးလဲ..
ဟိုပင်ဒီပင်ကူးနေတဲ့ မျောက်ကြီးလေ..
ဟင်းဟင်းးး ..နင်လည်း နင့်မိန်းမ
ကွယ်ရာမှာ ငါနဲ့ဖောက်ပြန်ပြီး မယားငယ်နေ
တာပဲလေ..အတူတူနဲ့ အနူနူ လက်တစ်ဆစ်
ပိုမတိုချင်စမ်းပါနဲ့….
“ဟာကွာ..ဒီခွေးမ..
ဖျန်း..
ဖျန်း..
မိုးအောင် မြနှင်းဆီ ပါးကို နှစ်ချက်ဆင့်ရိုက်
ပစ်လိုက်သည်။
“အမလေး..
သန်မာတဲ့ ယောက်ျားရင့်မာကြီးလက်ချက်ကြောင့်
မြနှင်းဆီ သတိလစ်သွားသည်။
သူလည်း စိတ်ပျက်လက်ပျက် နဲ့ ကုလားထိုင်
ပေါ်ထိုင်ရင်း နောင်တတွေ အကြီးအကျယ်
ရနေသည်။
“တော်ပြီ..ဝေဆီပြန်ပြီး ဝေကျေနပ်အောင်..
တောင်းပန်မယ်..သားလေးကိုလည်း
ငါလွမ်းလှပြီ.. ဟုတ်တယ်..ငါပြန်မယ်..
သူ.ထိုသို့တွေးနေတုန်း..
“စောက်ရေးမပါတဲ့.. စောက်ကောင်.သေစမ်း.
သူအလန့်တကြားမော့ကြည့်လိုက်တော့
ကြောက်စရာကောင်းတဲ့ ဘီလူးမ မျက်နှာနဲ့
မြနှင်းဆီက သူ့ရင်ဘတ်ကို ဓားနဲ့ ထိုးချ
လိုက်သည်။
သူဘယ်လို့မှ ရှောင်ချိန်မရလိုက်တော့…
အား…
နာကျင်စွာနဲ့ တစ်ချက်အော်ပြီး သူ.မြနှင်းဆီ
လက်ထဲက ဓားကို လုလိုက်သည်။
“နောက်မီးလင်းတဲ့ခွေးမ သေစမ်း..
“စွပ်..စွပ်..စွပ်…
ညကတဖြည်းတဖြည်း နက်လာသည်။
လူသားနှစ်ယောက်ရဲ့ အလောင်းကသွေးတွေက..
လည်း အိမ်ကြမ်းပြင်မှာ မြင်မကောင်းအောင်
ပြန့်ကျဲစီးကျနေသည်။
အကျည်းတန်တဲ့ည..
နောက်..လောကသစ္စာတရားကို..
ဖောက်ဖျက်ကြတဲ့ လူသားနှစ်ယောက်ရဲ့
ကံကြမ္မာ.. ..
“အချစ်ဆိုတာ..အရေပြားတစ်ထောက်ပဲ
ရှိတဲ့ ရုပ်ရည်ပေါ်မှာ ..မတည်မှီဘူး..
ချစ်တဲ့သူတိုင်းဟာ..ခွင့်လွှတ်ကြတယ်..
ချစ်တဲ့သူတိုင်းဟာ သစ္စာရှိကြတယ်…
၂ ၉.. ၆. ၂ ၃.[ ၅ နာရီ : ၁၄]
#ပီယ[ရွှေညာမြေ]