Unicode Version
မောင်ရေခဲနှင့်ဘီလူးစွဲသောအိမ်(စ/ဆုံး)
——————————–
စဉ့်တောင်ကျေးရွာသည် မြို့နဲ့အလှမ်းဝေးသောရွာလေးတစ်ရွာဖြစ်၏။ ထိုရွာမှ သားသတ်သူ ဦးလှဆိုသူရှိ၏။ ဦးလှသည် ကျွဲနွားများကို ဒိုင်ခံသတ်ပေးတတ်သည်။ သားသတ်ခအတွက် သားကောင်၏ ဦးခေါင်းနှင့်ခြေလက်တို့ကိုယူသည်။ ထူးဆန်းသည်ကား ဦးလွ သားသတ်သောအခါ တခြားသူများကဲ့သို့တောထဲတွင်သတ်သည်မဟုတ်ဘဲ သူ၏အိမ်အောက်ထပ်၌သာ သတ်ခြင်းဖြစ်သည်။ ဇနီးနှင့်သမီးက အိမ်ထဲတွင်သားသတ်ရန် မလုပ်သင့်ကြောင်းတားသော် သူ့အလုပ်အား အဟန့်အတား လုပ်သည်ဟုဆိုပြီး ဇနီးနှင့်တရားဝင်ကွာရှင်းပစ်သည်။ ဤကားဦးလွဆိုသူ၏ သားသတ်ခြင်းခုံမင်သော အဖြစ်။
ဇနီးနှင့်သမီးတို့အိမ်တွင်မရှိတော့သည့်နောက်ပိုင်း သားသတ်ခြင်းအလုပ်ကိုစိတ်ထင်တိုင်းလုပ်တော့သည်။ သတ်မည့်ကျွဲ၊နွားတို့ကို အိမ်သို့ဆွဲလာပြီး အိမ်အောက်ထပ်ရှိ တိုင်တွင်ချည်ထားသည်။ သူ၏အိမ်သည်ကား နှစ်ထပ်တိုက်အုတ်အိမ်ဖြစ်၏။
သူ့အိမ်တည်ရှိရာနေရာကား ရွာအစွန်တွက်ရှိရာ သူ့အဖို့ပို၍ဟန်ကြ၏။ သူ၏အိမ်ထဲတွင်ကား သွေးညှီနံ့များ၊အညစ်အကြေးနံ့များ ဖုံးလွှမ်းနေသည်။ အိမ်အောက်ထပ်တွင် အသတ္ခံရေသာ တရိစ္ဆာန်တို့၏သွေးများကလည်း ရဲရဲနီနေသည်။ ယင်မမဲများကလည်း တဝီဝီဖြင့် ဟိုပျံသည်ပြေးလုပ်နေကြသည်။ သားသတ်ပြီးသော် အသားမ်ားကို အိမ်အပေါ်ထပ်တွင် တန်းတစ်ခုပြုလုပ်ပြီး အတွဲလိုက်ချိတ်ဆွဲထားသည်။ သူ့အားခိုင်းထားသူက အသားမ်ားလာယူမွသာ အိမ်အပေါ်ထပ်မှာ အိမ်နဲ့တူတော့သည်။
ဦးလွမွာ သမီးနဲ့ဇနီးမရှိတော့သည့်နောက်ဖြစ်သလိုနေဖြစ်သလိုစားသည်။ အောက်ထပ်မှအညစ်အကြေးများကလည်း သိမ်းဆည်းမည့်သူမရှိသဖြင့်ညစ်ပတ်နံဟောင်နေသည်။ ထိုနေရာတွင်နေနိုင်သူတခြားတစ်ယောက်လည်းရှိသေးသည်။ ထိုသူကား မြေဖုတ်ဘီလူးတစ်ကောင်ပင်ဖြစ်တော့သည်။
ဦးလွကား သူ့အိမ်တွင်ဘီလူးတစ်ကောင်ရောက်နေသည်ကို မသိရှာပေ။ သူသိသည်မှာ သားသတ်မည်၊အရက်သောက်မည် ဒါဘဲရှိသည်။
ထိုဘီလူးက ဘယ်နေရာကနေလာသည်မသိ။ ဦးလှ၏သားသတ်သောအိမ်တွင်နေကာ ထိုနေရာမှအသားများကိုစိတ်ကြိုက်စားရသောကြောင့် ထိုအိမ်တွင်သူပျော်သည်။ အမြဲလိုလိုအသားများရှိနေသောကြောင့် ဘီလူးအတွက်စားပေါက်ချောင်နေသည်။ အစပိုင်းတွင် ဦးလွထံမွရေသာအသားမ်ားကို အဝခိုးစားသည်။ သို့သော်ဦးလှကသတိမထားမိချေ။ အသားများကိုဖျက်ပြီး ပိဿာလိုက်ချိန်ကာထားထားသည်။ မနက်မှပိုင်ရှင်လာယူသည်။ ဘီလူးလည်းအဝစားသည်။ ဤနည်းဖြင့်ကာလကြာသော် ပြဿနာစတက်တော့သည်။
” ဦးလွ…ကျုပ်ခင်ဗျားကိုအသေားဖော်ဖို့အပ်တဲ့နွားက ခန့်မှန်းခြေအချိန်လေးဆယ်လောက်ရှိတယ်နော်…ခုကဘာလို့ အချိန်၂၀ဘဲရှိရတာလဲ ခင်ဗျားခိုးရောင်းလိုက်တာလား…”
” ဟာ…ကျုပ်ဒီအလုပ်ကိုတသက်လုံးလုပ်လာတာနော်..ခင်ဗျားစော်စော်ကားကားမပြောနဲ့ကိုသာအောင်…ခင်ဗျားတို့ဆီကကျုပ်အသားဖော်ခတောင် ယူဖူးလို့လား…”
” စော်ကားတာမဟုတ်ဘူးလေဗျာ…ကြည့်ပါဦး ပိဿာချိန်လေးဆယ်လောက်ရှိတဲ့နွားက ပဿာချိန်နှစ်ဆယ်ဘဲ ကျန်တယ်လေ ဘယ်မှာလဲကျန်တဲ့နှစ်ဆယ်က ခင်ဗျားမရောင်းရင် ဘယ်သူလာခိုးမှာတုန်း ခင်ဗျားအိမ်ထဲထိ….”
ထိုသို့စွပ်စွဲပြောဆိုရာ စိတ်ကြမ်းလူကြမ်းရှိလှသောဦးလှတစ်ယောက် ဒေါသထွက်လာ၏။
” ဟာ..ငါကြာ…လုပ်လိုက်ရင်သေတော့မယ်…ဒီမှာကိုသာအောင် ခင်ဗျားရဲ့ခန့်မှန်းခြေနဲ့မကိုက်တာကို ကျုပ်ကိုပြဿနာလာမရှာနဲ့လေ….ကျုပ်အသားတွေရောင်းမစားပါဘူးကွ…ကျုပ်ဒီအလုပ်ကိုမြတ်နိုးလွန်းလို့ အိမ်မှာတောင်လက်ခံပြီးဖော်ပေးနေတာ…ဒီလောက်နဲ့ငါ့နာမည်ပျက်မခံဘူးကွ…”
” အေးခင်ဗျားကိုယုံမိတာ ဒီတစ်ခါနောက်ဆုံးဘဲဦးလှ…ခင်ဗျားကိုဘယ်တော့မှ အသားမဖော်ခိုင်းတော့ဘူး…”
” အေးကောင်းတယ်…မင်းလိုစွပ်စွဲတတ်တဲ့ဖောက်သည်မျိုးကိုလည်း ငါဘယ်တော်မှလက်မခံတော့ဘူးဟေ့…”
ဦးလှနဲ့သူ၏ဖောက်သည် ဦးသာအောင်တို့ အသားအလေးချိန်လျော့သည့်ကိစ္စနဲ့ပတ်သက်ပြီး စကားအခြေအတင်များကြ၏။ ထိုနေ့မှစ၍ ဦးလှနဲ့ဦးသာအောင် မိတ်ပျက်ကြကုန်၏။ ဘီလူးကြီးကား အိမ်အောက်ထပ်တွင် အခန့်သားထိုင်ကာ အသားအကြွင်းအကျန်များကို အကျအနထိုင်စား၏။
ဦးလှလည်းအလုပ်အပေါ်အလွန်သစ္စာရှိသူဖြစ်၏။ သူ့လက်လာအပ်သော ဖောက်သည် စိတ်မပျက်ရအောင်အမြဲလုပ်ပေး၏။ အသားများလည်း အေလးမခိုးဘဲ အပြည့်ချိန်၏။ သို့်သော် သူ၏အကုသိုလ်ကံအကျိူးပေးသည်လားမသိ။ သူ့အလုပ်သည် တဖြေးဖြေး ပါးလာ၏။ သူ့အားယုံကြည်စွာအလုပ်အပ်သည့် ဖောက်သည်များကပင် သူ့ကိုမယုံကြည်ကြတော့။ အကြောင်းမှာ ဖော်ထားသော အသားမ်ား အဆမတန်ပျောက်လွန်းလှသောကြောင့် ဦးလွအား အသားခိုးကာရောင်းစားသည်ဟု တထစ်ချယုံကြည်ထားသောကြောင့်ဖြစ်သည်။
နောက်ပိုင်းတွင်ကားအသားပျောက်သည့်ကိစ္စကိုဦးလှကိုယ်တိုင်ယုံကြည်မိတော့သည်။ မနေ့ကဖော်လိုက်သောအသားအတွက် အဖိုးအခဖြစ်သည့်နွား ခြေထောက်လေးခြောင်းနဲ့ ခေါင်းတစ်လုံးကိုသူထယးနေရာတွင်ထားသော်လည်း ရခုမူထိုအသားမ်ား ပျောက်ချင်းမလှပျောက်သွား၏။ သို့ကြောင့် သူ၏လုပ်ဖော်ကိုင်ဖက် တပည့်ဖြစ်သည့် သီဟထွန်းနားမေးကြည့်၏။
” ဟေ့ကောင်ငထွန်း…မင်းဒီနားက ဟာတွေရောင်းလိုက်သေးလားကွ….”
” ဟာ..မရောင်းရပါဘူးဆရာရယ်…မနေ့ညကတောင်ရှိနေသေးပါတယ်…”
” အေး..ညကရှိပေမဲ့ခုမရှိတော့ဘူးကွ…ဘယ်သူခိုးက လာခိုးသြားတာလဲ…”
” ဟာဆရာရယ်…ဒီအိမ္ကို ဆရာနဲ့ကျုပ်ကလွဲပြီးဘယ်သူမှမလာဝံ့ပါဘူး….အောက်ထက်မှာလည်းကြည့်ဦး အရိုးတွေနဲ့ပြည့်လို့နံဟောင်နေတာ…လာနေကြဖောက်သည်တွေတောင်ပြေးကုန်ပြီလေ…”
” အေး…အသားတွေပျောက်ပျောက်သွားတဲ့ကိစ္စကို ငါလည်း မလုပ်သလိုမင်းလည်းမလုပ်ဘူးဆိုတော့…ငါတို့ ထမင်းငတ်အောင်ကြားထဲကနေ လုပ်တဲ့သူရှိနေပြီကွ…”
” ဟင်…ဘယ်သူလဲဆရာအဲဒီလူက…”
” ငါလည်းဘယ်သိမလဲကွ…သိမှဖြင့်အဲကောင်ကို အရှင်မထားဘူးသတ်ပစ်တာကြာပေါ့…”
” ဟုတ္တယ်ဆရာ…ဘယ်သူခိုးကများအိမ်ထဲထိ လာလာခိုးဝံ့နေပါလိမ့်…”
” အေးကွ…ငါတို့ ကလည်းအချိန်ပြည့်မူးနေတာကိုကွ…ဒီကိစ္စကိုအကြာကြီးလွတ်ထားလို့မရဘူး…ဒီသူခိုးကို ထောင်ဖမ်းမှဖြစ်မယ်…မင်းနဲ့ငါဒီညမသောက်တော့ဘဲ သူခိုးထောင်ဖမ်းရမယ်…မိလို့ကတော့လား…ဟင်း..ဟင်း…”
” ဒီညေတာ့ အဲဒီသူခိုးကို ကျုပ်ရဲ့ဟောဒီလက်နဲ့ရအောင်ဖမ်းပြီး သတ်ပစ်ရမယ်… ”
သီဟထွန်းလည်း သားသတ်သည့်ဓားကိုဝင့်ကာဝင့်ကာလုပ်ပြီး ကျိန်းဝါး၏။ ထိုညကား ဆရာတပည့်နှစ်ယောက် အိမ်အောက်ထပ်ထောင့်တစ်နေရာမှ သူခိုးကိုစောင့်၏။ သူခိုးကိုမျှားခေါ်ရန်အတွက် အောက်ထပ်အခင်းပေါ်တွင်ကား ဖ်က္လက္စ အသားမ်ားကို သည်တိုင်းထားထား၏။ ညအချိန်သည်ကား တဖြေးဖြေး စိုးမိုးလာသည်။
သူတို့နှစ်ယောက်ကား သတိကြီးစွာဖြင့်သူခိုးကိုစောင့်နေကြ၏။ သို့သော် ညကတိတ်ဆိတ်နေမြဲ။ အချိန်ပင်အတော်လင့်နေပြီဘယ်သူခိုးမှပေါ်မလာသေးချေ။ သူတို့နှစ်ယောက်၏ မျက်လုံးကား ကျိန်းစပြုလာသည်။ ထိုအချိန်တွင် သူတို့၏နားထဲမှ ကျိူးကျိူးကျွတ်ကျွတ်အသံများကြားလာရသဖြင့် နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဓားကိုမြဲမြံစွာ ဆုပ်ကိုင်ထားလိုက်၏။
” သူခိုးလာပြီငထွန်း…မင်းဟိုဖက်သွားစောင့်နေ…ငါဒီဖက်မှာေ ထာင်ဖမ်းမယ်…”
” ဟုတ်ဆရာ..”
ဆိုကာသီဟထွန်းက အမှောင်ထဲကုန်းကုန်းကွကွသွားရင်း တံခါးပေါက်ဝ၌ပိတ်ကာနေရာယူလိုက်၏။ ဦးလွကား ဓားကိုသေချာကိုင်လိုက်ပြီး သူခိုးရှိမည့်နေရာထံတိတ်တဆိတ်ဝင်လာ၏။ ခေါင်းမှပတ်ထားသော ဓာတ်မီးကိုလည်း လင်းခနဲနေအောင်ချိန်ထိုးလိုက်၏။
” ဟင်…ဘာကြီးလဲဟ… ”
ဓာတ်မီးအလင်းရောင်အောက်တွင်သူမြင်လိုက်ရသည်က ကျနစွာထိုင်ပြီး အသားစိမ်းများကို စားနေသောအစွယ်ငေါငေါ ဘီလူးကြီးတစ်ကောင်။ ထိုမြင်ကွင်းကြောင့် သူလန့်သွားပြီး လက်မှလက်ကိုင်ထားသောဓားက သံမံတလင်းပေါ်ဒေါက်ခနဲပြုတ်ကျ၏။
” ဒေါက်…”
ဦးလှလည်း ကြက်သေသေသွားပြီးထိုအကောင်အားရပ်ကြည့်နေမိ၏။ တံခါးပေါက်ဝရှိသီဟထွန်းမှာလည်း ဆရာဖြစ်သူ၏ဓာတ်မီးရောင်အောက်တွင်ရှိသော ဘီလူးကြီးတစ်ကောင်။ ထိုအကောင်ကြီး၏လက်တွက်ကား နီနီရဲရဲအသားများကိုကိုင်ထား၏။ ပါးစပ်လည်းသွေးများဖြင့်နီရဲနေသည်။
” ဘာ…ဘာကြီးလဲဆရာ….”
သီဟထွန်းက တုန်တုန်ရီရီလှမ်းမေးလိုက်မှ ဦးလှသတိပြန်ဝင်သွားပြီး နောက်သို့တဖြေးဖြေးပြန်ဆုတ်၏။ ဘီလူးကြီးလည်း ဓာတ်မီးအလင်းရောင်ကြောင့် စားလက္စအသားကိုရပ္ကာ မီးအလင်းရောင်လာသည့်ဖက်ကို ကြည့်လိုက်ရာ လူညှက်လေးတကောင်သူ့လက်တကမ်းတွင်ရောက်နေသည်ကိုတွေ့လိုက်ရ၏။ ထို့အတူ တံခါးဝနားတွင်လည်း ထိုနည်းတူလူညှက်လေးတစ်ကောင်အားတွေ့ရ၏။ ပထမတွင် ဘီလူးလည်း သူခိုးလူမိသွားသကဲ့သို့ မှင်သေသေကာမီးအလင်းရောင်လာရာဖက်သို့ငေးကြည့်နေမိသည်။ ထိုလူညှက်၏စကားသံကြားမှ သူသတိဝင်လာပြီး ကိုင်ထားသောအသားကိုပစ်ချလိုက်သည်။
” ပြေး…ပြေး..ငထွန်း…တံခါးဖွင့်ဟ…”
လှုပ်လှုပ် ရှားရှားဖြစ်လာသောဘီလူးကြီးကိုကြည့်ပြီး ပြေးရန်သီဟထွန်းကို လှမ်းအော်၏။ သီဟထွန်းလည်း စောစောကတံခါးအသေအချာပိတ်ပြီး ဂျက်ထိုးမိသည်ကိုပင် နောင်တရသလိုလိုဖြစ်သွား၏။ တံခါးဂျက်ဆွဲကာ ဆွဲကာလုပ်ပြီး တံခါးဖွင့်ရန်ကြံ၏။ သို့သော်အကြောက်လွန်ပြီး တံခါးဂ်က္က ဆွဲချလို့မရဖြစ်နေ၏။ အနားသို့ရောက်လာနေပြီဖြစ်သော ဦးလွက
” ဟေ့ကောင် မြန်မြန်ဖွင့်လေကွ…မင့်ပထွေးငါ့အနောက်ရောက်နေပြီ…”
” ဖွင့်…ဖွင့်မရဘူးဆရာ…”
” ဟာအေရးထဲ သေကုန်တော့မှာဘဲ ဖယ်ငါဖွင့်မယ်…”
” ချောက်…”
” အား…..”
သူက သီဟထွန်းကိုဖယ်ခိုင်းပြီး တံခါးဂျက်ဆွဲအချ အနောက်မှဘီလူးကြီးကလည်း သီဟထွန်း၏လည်ကုတ်ကိုဆွဲကာ အစွယ်ကြီးဖြင့် ခဲထားလိုက်သည်။ ထိုစဉ် ဦးလှဆွဲချလိုက်သော တံခါးဂျက်သံနှင့်အတူ သီဟထွန်း၏ အလန့်တကြားအော်သံတို့တချိန်ထဲ ထွက်ပေါ်လာ၏။
” ဟင်…င….ငထွန်း…”
” ဆ…ဆရာ…ကယ်…ကယ်ပါဦး…”
ဘီလူးကြီး၏လက်ထဲမှ ယက်ကန်ယက်ကန်ဖြစ်နေသောတပည့်ကို မကြည့်ရက်။ သို့ကြောင့်သီဟထွန်းလက်မှ ကျလာသော အသွားမြမြ သားသတ်ဓားကိုအလျင်အမြန်ကောက်ယူပြီး ဘီလူးကြီးထံပြေးဝင်ကာ ဓားဦးချွန်နဲ့ သားသတ်သလိုတစွပ်စွပ်ဝင်ထိုး၏။
” စွပ်…စွပ်…စွပ်…သေစမ်းဟ…သရဲသဘက်ကောင်…သူခိုးကောင်…မင်းကြောင့်ငါ့အလုပ်ပျက်ရတာ…”
ဟူသောဦးလှ၏ကျိန်းဝါးသံနှင့်အတူ ဘီလူးကြီး၏
” အား….”
ဟူသောအသံနက်ကြီးဖြင့်အော်လိုက်သံတို့က ညအမှောင်ထုကို ဖောက်ခွဲလိုက်သယောင်ဖြစ်သွား၏။ အငိုက်မိသွားသောဘီလူးကြီးက သူအားနာကျင်အောင်လုပ်ရမလားဆိုပြီး ခဲထားသောလူညှက်ကလေးကိုလွတ်ချကာ သူ့ခြေထောက်နားမှ လူညှက်တစ်ကောင်အား လည်ကုတ်မှဆွဲယူလိုက်ပြန်၏။
” ရွှမ်း….ရွှမ်း…”
ဘီလူးကြီးလက်မှတန်းလန်းကြီးပါလာသော ဦးလှကလည်း ဓားကိုဝင့်ကာဝင့်ကာ ရမ်းထိုး၏။ သူလည်းသတ္တိရှိသော သားသတ်သမားတစ်ယောက်ဖြစ်သည့်အတူ အလကားတော့အသေမခံချင်။ တချက်ရရနှစ်ချက်ရရ ပြန်ချချင်သေးသည်။ သို့သော်အားမမျှသောကြောင့် ဘီလူးကြီး၏ ခဲခြင်းကိုခံလိုက်ရတော့သည်။
” အား…အ…အ…”
ဟူသောအသံမျှသာပြုနိုင်ပြီး ဆရာတပည့်နှစ်ယောက် အကုသလိုလ်အကျိူးဆက်အတွက် သံသရာဘဝသို့ကူးပြောင်းသွားကြတော့သည်။ ဘီလူးကြီးကား အသားရှိရာပြန်ထိုင်ပြီး စားနေပြန်သည်။
ဦးလှတို့၏ အဖြစ်ဆိုးကိုသိသူမရှိသေးချေ။ ဦးလှတို့သားတပည့်အရှက်ရ၍ အိမ်တွင်းပုန်းနေကြသည်ဟုပင် မှတ်ကြ၏။ တပတ်ခန့်ကြာသော် အိမ်ထဲမှအသားများကုန်သွား၏။ ဘီလူးကြီးမှာစားပေါက်ပိတ်သွား၏။ သို့ကြောင့် ရွာထဲလှည့်လည်ပြီးသောင်းကျန်းတော့သည်။
” ဘကြီးသာလှရဲ့အိမ်မှာ မီးလောင်နေတယ်တဲ့ဟေ့…”
” ဟုတ္လား…လာလာမီးသွားငြိမ်းကူကြရအောင်…”
” အေးအေးသွားမယ်ဟေ့…”
ကိုထွန်းစီနဲ့ကိုပွကြီးတို့ ရေပုံးလွတ်ကိုယ်စီဆွဲပြီး ဦးသာလှအိမ်ပြေးသွား၏။ ဦးသာလှအိမ်တွင်ကား မီးဟုန်းဟုန်းတောက်နေ၏။
” ငြိမ်းကြဟ…သာဆောင်ရေဆွဲလာရေရေ…”
” ရေနိုင်နိုင်သဲနိုင်နိုင် သယ်လာကြဗျို့…”
” ဦးသာလွေရ အိမ်ထဲကပစ္စည်းတွေရသလောက်ယူဟ….”
” မိန်းမနဲ့ကလေးတွေ ဒီနေရာနဲ့ဝေးရာသွားကြဟေ့…”
” လုပ်ကြပါဦး ရှင့်….ကျွန်မတို့ရဲ့အိမ်ကြီးပြာကျတော့မယ်…”
ရွာသူရွာသားတို့၏ ဆူညံစွာအော်ဟစ်သတိပေးသံနှင့်အတူ အိမ်ရှင်ဒေါ်မဲ၏ နှမြောတသ သံတို့ဆူညံစွာထွက်လာ၏။ သို့်သော် ဟုန်းဟုန်းတောက်နေသောမီးမှာ ရေဖြင့်ပင်သော်လည်း မငြိမ်းဘဲတဖျစ်ဖျစ်တောက်လောင်နေဆဲပင်။ ပို၍ထူးခြားသည်မှာ တအိမ်လုံးကိုဝါးမျိူတောက်လောက်နေသောမီးမှာမီးတောက်အလွန်ကြီးသော်လည်း အိမ်မှာပြာကျမသွားခြင်းပင်ဖြစ်သည်။
” မီးက ငြိမ်းလေ မီးလျှံပိုကြီးလေဟ…”
” မီးဒီလောက်လောင်နေတာ ဘာလို့အိမ်ကြီးက ဒီတိုင်းရှိနေသေးတာလဲဟ…”
ရွာသူရွာသားများမှာ ချွေးဒီးဒီးကျပြီး ပင်ပန်းကုန်၏။ ထိုစဉ်ရွာမြောက်မှ နွားကျောင်းသားဖိုးမောင်က ကရောသောပါးပြေးလာပြီး
” လုပ်ကြပါဦး….ရွာမြောက်ဘက်က ဦးကြီးဖိုးရွှေအိမ်မီးလောင်နေလို့ဗျို့…”
” ဟင်…”
” ဟာ…ဒီမှာတောင် မီးကမေသေသးဘူး ဟိုမွာ လောင်ပြန်ပြီလား…”
ရွာသူရွာသားတို့၏ ညည်းညူသံတို့တစ်ယောက်တစ်ပေါက် ထြက္လာ၏။ ထိုနေ့တွင်ကား စဉ့်တောင်ကျေးရွာသူရွာသားများ ထိတ်ထိတ်လန့်လန့်ဖြင့် ဘယ်အိမ်မီးထပ်လောင်ခံရမည်ကို ရင်တထိတ်ထိတ်ဖြင့် စောင့်မျှော်နေကြ၏။ မီးလောင်ခံရသောအိမ်များလည်း သည်တိုင်းပင်ရှိနေပြီး မီးတောက် မီးလျံှများကသာကြီးစိုးနေသော်လည်း အိမ်မှာပြာကမသွားချေ။ သို့ကြောင့် ဘာမှမတတ်နိုင်ကြဘဲ သည်အတိုင်းသာထိုင်ငေးနေကြတော့သည်။
ညနေစောင်းအချိန်သို့ရောက်သွားသောအခါ မီးလျှံကြီးမှာ သူ့အလိုလိုပြန်ငြိမ်းသွားတော့သည်။ ထိုအခါမွ ရွာသားများသက်ပြင်းချနိုင်တော့သည်။ တစ်ခုသောလမိုက်ညတွင် ဦးလှ၏အိမ်ရှိရာနေရာသည် တိတ်ဆိတ်လက်ရှိပြီး ခြံဝန်းကျယ်ကြီးထဲဝယ် ထီးထီးကြီးရှိနေသည်။ အလင်းရောင်သဲ့သဲ့သာရသောညတွင် ဦးလှ၏အိမ်ကြီးကို ကြည့်ရသည်မှာ ဧရာမဘီလူးကြီးတစ်ကောင် ငုတ်တုတ်ထိုင်နေသည်နှင့်ပင်တူလှတော့သည်။ ထိုအိမ်ဖက်သို့မည်ယူမျှခြေဦးမလှည့်တော့ချေ။ တစ်ညတွင် ထိုအိမ်၏နောက်ဘက်ရှိကန်ကြီးသို့ လူငယ်များဖြစ်သော ဖိုးပုတို့သူငယ်ချင်းသုံးယောက် ငါးသွားဖမ်းကြ၏။ ထိုကန်ကြီးသည် ဦးလှကအသားများဖျက်သောအခါ ကျန်သောဝမ်းတွင်းသားကိုထိုနေရာ၌ဆေးလေ့ရှိသည်။ လူငယ်သုံးယောက်ကား ဓာတ်မီးကိုယ်စီဖြင့် ဦးလှ၏အိမ်ရှေ့ဖြတ်သွားသည်။
” ဟေ့ကောင် ဖိုးပု…ဒီသားသတ်ဦးလှတို့အိမ်ကလဲ ကြောက်စရာကြီးနော် ကြည့်ဦးတိတ်ဆိတ်နေတာဘဲ…ကျောချမ်းစရာကြီး.”
” သားသတ်သမားရဲ့အိမ်ဆိုတော့ဒီလောက်တော့ရှိမှာပေါ့ကွ…ကြည့်ဦးသူ့အိမ်ပတ်ဝန်းကျင်ကလည်း နံဟောင်နေတာဘဲ…”
” ဒီလူကြီးက အရမ်းညစ်ပတ်လို့ သူ့မိန်းမနဲ့သမီးက သူ့ကိုထားသွားတာနေမယ်နော်…”
လူငယ်သုံးယောက်မှာ စကားတပြောပြောဖြင့်ထိုနေရာမှ ကန်ဘက်သို့်ကူးသွား၏။ ထိုစဉ် ကန်ထဲမှကုန်းကုန်းကွကွလူနှစ်ယောက်ကိုတွေ့လိုက်ရသည်။
” ငါတို့ထက်ဦးတဲ့လူရှိနေပြီကွ.. ဟိုမှာတွေ့လား ကန်ထဲမှာကုန်းကုန်းကွကွနဲ့…”
” အေးဟုတ်တယ်ကွဖိုးပု….ဒီဖက္ဘယ်သူမွမလာပါဘူး… ဟိုအိမ်က ဦးလှတို့်ဆရာတပည့်ဘဲဖြစ်မှာပါ…သူတို့ဘာလုပ်နေတာလဲ ငါတို့သွားကြည့်ရအောင်…”
” အေးသွားမယ်…”
ဆိုကာသုံးယောက်သား ဦးလှတို့်ရှိသောနေရာသို့လာခဲ့သည်။ ထိုအထဲမွ ဖိုးလုံးက
” ဘကြီးလှ….ဟေ့ဘကြီးလှ…ညကြီးမင်းကြီး ကန်ထဲဘာလုပ်နေကြတာလဲဟေ့…”
ထိုသို့လှမ်းခေါ်လိုက်ရာ ကန်ထဲမှလူက အက်ကွဲစူးရှသောအသံဖြင့်
” ငါတို့အမဲဝမ်းတွင်းသားဆေးနေတာဟေ့…ဒီမှာငါးတွေလည်းထွက်ချက်…မင်းတို့တွေငါးလာဖမ်းတာမလားဒီမှာလာဖမ်းလေ…”
ငါးဟူသောအသံကြားသဖြင့်ကလေးသုံးယောက် ပျော်သွားကြသည်။
” တကယ္လားဦးလွ…ဒါဆိုကျွန်တော်တို့လာပြီနော်…”
ဆိုရေစပ်သို့ဆင်းလာသည်။ ထိုစဉ်ပုပ်အဲ့အဲ့အနံဆိုးကြီးက သူတို့ဖက်ဝေ့လာသောလေနှင့်အတူပါလာ၏။
” ထွီး…နံလိုက္တာဟ…ဦးလှတို့ဝမ်းတွင်းသားဆေးလို့နံနေတာဖြစ်မယ်…”
အောင်ကိုကထိုသိ့ုပြောပြီး သုံးယောက်သားဦးလှတို့အနားရောက်လာသည်။
” ငါးတွေဘယ်မလဲဦးလှ….”
ဖိုးပုကထိုသို့မေးလိုက်သော် ဦးလှသည်သူကိုင်ထားသောအူများကို ကမ်းပေးလိုက်ပြီး
” ဟဲဟဲ….ဒီမှာလေ….တွေ့လား…ဒီမှာငါးတွေတော့မဟုတ်ဘူး…ငါ့အူတွေကွ..ဟား..ဟား…ဟား…”
” ရော့ဒီမှာ…”
သူတို့အနီးရောက်လာမှ ဦးလှနဲ့သီဟထွန်းမှာ သူတို့ဗိုက်ထဲမှထွက်ကျလာသော အူအေခြလိုက္ကို ဆေးနေကြခြင်းဖြစ်၏။
” အား….သ…သရဲ…သရဲ…”
” အား…ပြေး…ပြေးဟ…”
.” စောင့်ပါဦးဖိုးပုနဲ့အောင်ကို…”
သုံးယောက်သားအော်ရင်းကန်ဘောင်ပေါ်ပြန်၍ပြေးတက်လာသည်။ ဖိုးလုံးကားပုပုလုံးလုံးလေးဖြစ်သဖြင့် နောက်ဆုံးကျန်ခဲ့သည်။ သရဲကြီးဆရာတပည့်ကား အူအခွေလိုက်ဖြင့် တဟားဟားရယ်ရင်းကျန်ရစ်ခဲ့သည်။
နောက်နေ့ရောက်သော် ကန်ထဲမှငါးလာဖမ်းသူကလေးသုံးယောက်သည် အပြင်းဖျားကာ ကယောင်ကတမ်းအော်နေကြ၏။ သို့ကြောင့် ရွာသားများလည်း မသင်္ကာဖြစ်ကာ လူစုပြီး ဦးလှ၏အိမ်သို့လာခဲ့သည်။ အိမ်ဝိုင်းနားရောက်သည်နှင့် အော်ဂလီဆန်စကာကောင်းသော ပုပ်အဲ့အဲ့ညှီစော်စော်အနံ့က ဆီးကြိုနေ၏။ ယင်မမဲများကလည်း တဝီဝီဖြင့် အစာလုနေကြ၏။
” တံခါးတော့ဖွင့်ထားတာဘဲ…အိမ်ထဲဝင်ကြည့်ကြဟေ့….”
လူကြီးတစ်ယောက်က ထိုသို့ပြောလိုက်လျှင် ကျန်လူများလည်း အိမ်ထဲသို့ ဝင်လာကြသည်။
” ဟာ…ဒီမွာ သီဟထွန်းရဲ့အလောင်း…ဟိုရှေ့မှာကသားသတ်သမားဦးလှရဲ့အလောင်းဟေ့…”
” အမေလး…ဘာတွေဖြစ်ကြတာလဲ..”
ဦးလှနဲ့သီဟထွန်းတို့၏အလောင်းမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်။ အူများလည်းအခွေလိုက်ထွက်ကျနေသည်။ တချို့လူများမှာ ပုပ်အဲ့အဲ့အနံ့ကြောင့် ပျို့အန်ကြ၏။
သည်တိုင်းထား၍မရသောကြောင့် မြို့နယ်စခန်းသို့သတင်းပို့ကြ၏။ အားလုံးပြီးစီးသော် ဦးလှတို့ဆရာတပည့်နှစ်ယောက်၏ အလောင်းအား ကောင်းမွန်စွာ သင်္ဂြိ ုလ်ပေးလိုက်ကြသည်။
နောက်နေ့များတွင်ကားရွာထဲ၌ ထုံးစံအတိုင်း ဟိုအိမ်သည်အိမ်မီးလောင်ပြန်သည်။ ရွာသားများလည်းဘာမှမတွေးတတ်အောင် စိတ်ရှုပ်နေကြတော့သည်။ မောင်ရေခဲ တို့ဆရာနပည့်နှစ်ယောက်လည်း ခရီးလှည့်လည်လာရင်း စဉ့်တောင်ရွာသို့ရောက်လာသည်။
” ဆရာ…ဒီရွာမှာမကောင်းတဲ့အငွေ့အသက်ရနေတယ်…”
” ဟုတ်တယ်ထင်ပေါ်…ဒီရွာမှာပုဏ္ဏကတိုက်နေတဲ့မြေဖုတ်ဘီလူးတစ်ကောင်ရောက်နေတယ်…”
” ဘယ္လိုဆရာ…ပုဏ္ဏကတိုက်တယ်ဟုတ်လား…”
” အေးဟုတ်တယ်ကွ…သူ့တန်ခိုးနဲ့လောင်မီးတွေဖန်ဆင်းပြီး လူတွေကိုခြောက်လှန့်နေတယ်…လာရွာထဲသွားကြစို့…”
ဆိုကာနှစ်ယောက်သားရွာထဲသို့ဝင်လာခဲ့၏။ ထိုစဉ် ရွာသားတစ်ယောက်သည် အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင်ထိုင်ရင်း သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။
” ဟူး….ရွာထဲလည်းဘာတွေဖြစ်နေမှန်းကိုမသိဘူး…ရင်တထိတ်ထိတ်နဲ့… ”
ထိုသို့ညည်းညူသံကို မောင်ရေခဲ ကကြားဖြစ်အောင်ကြားလိုက်ရသဖြင့် ထိုလူထံလျှောက်လာခဲ့သည်။
” ဒီကမိတ်ဆွေဘာတွေသက်ပြင်းမောချနေတာလဲဗျ…”
ထိုလူကမော့ကြည့်ပြီး
” ဒီကမိတ်ဆွေတို့က ဘယ်သူတွေလဲဗျ…”
” ကျွန်တော်တို့က နယ်လှည့်သွားလာနေတဲ့လူပါ…”
” ဪဧည့်သည်ကိုး…မပြောချင်တော့ပါဘူးမိတ်ဆွေတို့ရယ်…ကျုပ်တို့ရွာမှာ တအိမ်ပြီးတအိမ်မီးလောင်နေလို့ဟေ့…လောင်တဲ့မီးကလည်း မီးတောက်မီးလျှံကြီးတွေ ငြိမ်းသတ်လို့လဲမရဘူး…”
” ဒီလိုဖြစ်တာကြာပြီလားဗျ…”
” ပြီးခဲ့တဲ့တစ်ပတ်ခန့်ကဖြစ်တာပါ…”
” ဪ…ဒါဆို ရွာသူရွာသားတွေမဆင်မခြင်လုပ်မိလို့ ရွာကိုပုဏ္ဏကတိုက်တာနေမှာ…”
” ဗ်ာ…ဘယ်ကပုဏ္ဏားကလာတိုက်ရမှာတုံးဗျ…ကျုပ်တို့ရွာမှာ ပုဏ္ဏားမှမရှိတာ…”
” ကျုပ်ပြောတာ အဲဒီပုဏ္ဏားမဟုတ်ဘူးဗျ…နတ်ဘီလူးတွေဖြစ်တဲ့ ပုဏ္ဏက ကိုပြောတာ…”
” ဪ…ခွင့်လွတ်ပါဗျာ ကျုပ်ဒါတွေမကြားဖူးလို့ပါ…ဒါထက်မိတ်ဆွေတို့က ဘာလို့ဒီလိုပြောနိုင်တာလဲဗျ…”
” ကြားဖူးနားဝပါဗျာ…ကျုပ်ကို မီးလောင်နေတဲ့အိမ်ဆီခေါ်သွားပေးလို့ရမလားဗျ…ကျုပ်ကြည့်ကြည့်ချင်လို့ပါ…”
” ရပါ့ဗ်ာ…ရပါ့…ပြောမယုံကြုံဖူးမှသိဆိုသလိုပေါ့…မီးလောင်ပြီး အိမ်ကဘာမှမဖြစ်တဲ့ အဖြစ်မျိုးကို မြင်ဖူးတယ်ရှိအောင်ကျုပ်လိုက်ပြပေးမယ်ဗျာ…”
ဆိုကာ ရွာမြောက်ဘက်မီးလောင်နေသောအိမ်ထံ ခေါ်လာခဲ့သည်။ မောင်ရေခဲ လည်းပုဏ္ဏကတိုက်သည်မှာ သေချာသွားသောကြောင့်ရေတစ်ခွက်ခပ်ခိုင်းကာ မန်းမှုတ်လိုက်၏။
” ရော့ထင်ပေါ်…ဒီရေကို လောင်နေတဲ့မီးကိုပက်ပြီးငြိမ်းလိုက်…”
ရွာရှိလူများကားသူတို့ရွာကမဟုတ်သော သူစိမ်းကောင်လေးနှစ်ယောက်မီးငြိမ်းရန်လုပ်သည်ကို အထူးအဆန်းကြည့်နေကြသည်။ ထင်ပေါ်လည်း ဆရာဖြစ်သူပြောသည့်အတိုင်း လောင်နေသောမီးလှံျကြီးအား ရေစင်ဖြင့် ပက်လိုက်ရာ မီးငြိမ်းသွားသည်။
” ဟင်…ရေတခွက်ထဲနဲ့မီးကိုငြိမ်းနိုင်တယ်…”
” ဟယ်ထူးဆန်းလိုက်တာ…ကျုပ်တို့ တရွာလုံးကရေပုံးလိုက်ခပ်ပြီး ငြိမ်းတာတောင်မီးကမငြိမ်းဘဲ ခုကျရေတစ်ခွက်ထဲနဲ့ မီးငြိမ်းသွားတာလား…”
ရွာသူရွာသားတို့ထံမှ ကြွက်စိကြွက်စိ အသံဗလံမ်ားထြက္လာ၏။ မောင်ရေခဲလည်း ရိုးရိုးမီးလောင်နေသည်မဟုတ်ဘဲ နတ်တို့တိုက်သောလောင်မီးဖြစ်ကြောင်းရှင်းပြ၏။
” ထူးဆန်းလိုက်တာ…”
” ဒါဆိုငါတို့်ရွာကို နတ်ဘီလူးတွေ အငြိုးထားထားတာပေါ့…ကြောက်စရာကောင်းလိုက်တာ…”
ရွာသားများထင်ကြေးပေးနေကြစဉ်မောင်ရေခဲက
” အဟမ်း…အဟမ်း…” ဟုချောင်းဟန့်လိုက်ရာ အကုန်ငြိမ်သွား၏။
” ကျုပ်မေးစရာတစ်လူရှိတယ်…ဒီရွာမှာသားကြီးငါးကြီးသတ်တဲ့သူရှိလားဗျ…ဒီဘီလူးကသူနဲ့အတူကပ်ပါလာတာ….”
” ရှိတယ်ညီ…ဒါပေမဲ့တလောကမှသေ သြားတာ ဆရာတပည့်နှစ်ယောက်လုံး…”
” ဟေ…ဘယ်လိုဖြစ်လို့လဲဗျ…”
” ဒါတော့ ကျုပ်တို့ရွာသားတွေလည်း မသိဘူးဗ်…ရွာထဲက ကလေးတွေသရဲခြောက်ခံရလို့ မသင်္ကာတာနဲ့ သူ့အိမ်သွားကြည့်လိုက်မှ သူတို့ဆရာတပည့်နှစ်ယောက်စလုံး ပုံပျက်ပန်းပျက်သေနေကြတာတွေ့ရတာဗျ..”
ရွာသားက မောင်ရေခဲ အမေးကိုပြန်လည်ဖြေကြားသည်။
” ဒါဆိုကျုပ်အဲဒီအိမ်သွားကြည့်ချင်တယ်…လိုက်ပို့ပေး လို့ရမလားဗျ…”
” အဲဒီနေရာမှာ ညစ်ပတ်နံစော်နေတာညီရေ…မသြားတာကောင်းမယ်ဗျ…”
” မသွားလို့မရဘူးဗျ…အဲဒီမြေဖုတ်ဘီဘူးက အဲအိမ်မှာကပ်နေနေတာဗျ…”
” ဟေ…ဒါဆို ခုဘဲသွားကြစို့…”
မောင်ရေခဲက ထိုအိမ်တွင်မြေဖုတ်ဘီလူးရှိသည်ဟုပြောပြလိုက်မှ လိုက်ပို့ပေးကြ၏။ ထိုအိမ်သို့ရောက်သော် ဆရာတပည့်နှစ်ယောက်နှစ်ထပ်အိမ်ကြီးထဲဝင်လာ၏။ အနံဆိုးမ်ားက သာမန်လူတို့အတွက်ပျို့အန်ချင်စရာ။ မောင်ရေခဲ တို့ကမူ ထိုအနံ့ကို ဂရုမထားဘဲ အိမ်ကြီးထဲသို့ဝင်လာ၏။ အိမ်ကြီးထဲတွင်ကား သွေးညှီနံများနှင့်အတူနွားအရိုးများပုံနေ၏။
” ထင်ပေါ်… မြေဖုတ်ဘီလူးရုပ်လေးတစ်နေရာမှာရှိလိမ့်မယ်ရအောင်ရှာချေ…”
” ဟုတ်ဆရာ..”
မောင်ရေခဲကား အိမ်ပတ်ပတ်လည်ကိုစည်းချထားလိုက်သည်။ ပြီးသော်အိမ်အပေါ်ထပ်သို့လာကာ ဘုရားခန်းအားသန့်ရှင်းရေးလုပ်ပြီး ပရိတ်ကြီးဆယ့်တစ်သုတ်ကို ရွတ်ဖတ်ပူဇော်သည်။ အားလုံးပြီးသော် အမိန့်ပြန်ပြီး မြေဖုတ်ဘီလူးကိုဆင့်ခေါ်သည်။
” ဤအိမ်ဌာနတွင် ကပ်ခိုနေထိုင်နေသော
မြေဖုတ်ဘီလူးကောင် ခုချက်ချင်းငါ့အရှေ့ရောက်လာစေ…ဘုရားငါးဆူအမိန့်အထက်ဆရာကြီးများ၏အာဏာ…ငါရေခဲ၏အမိန့်…”
” ဝုန်း…”
မောင်ရေခဲကအမိန့်ပြန်လိုက်ရာ ဝုန်းဟူသောအသံနှင့်အတူ ဘီလူးကြီးတစ်ကောင်သူ့အရှေ့ပေါ်လာခဲ့သည်။ သားစိမ်းငါးစိမ်းများသားသောက်ရသောကြောင့် ဘီလူးကြီးမှာ ပုံမှန်ထက်နှစ်ဆပိုကြီးလေသည်။
” ဟင်း…ဟင်း…ဟင်း…”
ဘီလူးကြီးမှာရင်ခေါင်းသံဖြင့် တဟင်းဟင်းအသံပြု၏။ မောင်ရေခဲက
” သင်…ဘာလို့သည်အိမ်မှာကပ်နေရတာလဲ…”
” ငါ့ကိုသူခေါ်လာတာ…ငါလည်းဒီရောက်တော့ကောင်းကောင်းစားရတာနဲ့ ဒီမှာနေရတာပျော်သွားတာ….”
” သင့်ကိုဘယ်သူခေါ်လာတာလဲ…”
” ဒီအိမ်ကလူကြီးတစ်ယောက်ခေါ်လာတာ…ငါ့ဘာသာငါညောင်ပင်အောက်မှာနေနေတာ..သူကငါ့ကိုယ်ပွားရုပ်ကိုကောက်ပြီး သူ့အိမ်မှာထားထားတာ…တနေ့သူက သားသတ်တော့…အဲဒီကနေပန်းထွက်လာတဲ့အမဲသွေးတွေက ငါ့ရုပ်တုလေးကိုလာမှန်တယ်..ဒီတော့ငါလည်း အသက်ပြန်ဝင်လာတာ…”
” ဒါဖြင့် အဲဒီမတိုင်ခင်မှာ မင်းက ရုပ်တုထဲမှာအကျဉ်းချခံရတာလား..”
” ဟုတ်ပါတယ်…ဆရာတစ်ယောက်ကချုပ်ထားတာပါ…အဲဆရာကငါ့ကိုအချုပ်ကြိုးနဲ့ချည်နှောင်ထားတာ…ဒီအိမ်ကလူကြီးကငါ့ကိုအဲဒီကြိုးတွေဖြုတ်ပေးလိုက်တော့ ငါအသက်ပြန်ဝင်သွားတယ်…”
” ဟုတ်ပြီ…ဒါနဲ့ သင်ကဒီအိမ်ကလူနှစ်ယောက်ကိုလည်း သတ်လိုက်တယ်ပေါ့ဟုတ်လား…”
” ဟုတ်ပါတယ်…ကျုပ်သူတို့ကိုလန့်သွားလို့ပါ…ကျုပ်ရဲ့ရုပ်အမှန်ကိုသူတို့မြင်သွားပြီလေ…ကျုပ်လည်းဒီကနေထွက်သွားရမှာစိုးလို့ သူတို့ကိုသတ်လိုက်တာပါ…”
” ဒါဖြင့်ရင် ဘာလို့ရွာသားတွေကို လောင်မီးနဲ့တိုက်ရတာလဲ…”
” ကျုပ်အစာမစားရတော့လို့….ကျုပ်ရှိနေမှန်းလူတွေသိအောင်လို့ပါ…”
” သင်က အထက်ကပုဂ္ဂိုလ်တွေ ဒဏ်ခတ်ထားတာတောင် မိုက်မဲနေတုန်းပါလား..အပြစ်ကနေမလွတ်ချင်သေးလို့လား…”
” ကျုပ်ကိုဘယ်သူကဒဏ်ခတ်လိုက်လို့လဲ…ကျုပ်ဟာကျုပ် လွတ်လွတ်လပ်လပ် နေရပါတယ်ဘယ်သူမှဒဏ်ခတ်မထားဘူး….”
” သင်မညာနဲ့ သင်ဟာသတာဂီရိနတ်ဘီလူးစစ်သူကြီးရဲ့ လက်အောက်ခံအစေအပါးနတ်ဘဲ…သင်အပြစ်လုပ်ခဲ့လို့ အပြစ်တွေပြန်ဆေးကြောဖို့ လြတ္လိုက္တာ သင်ကအပြစ်တွေထပ်လုပ်နေပါလား….”
” သင်..သင်ဒီအကြောင်းတွေ ဘယ္လိုသိတာလဲ…”
” ဘယ္လိုဘဲသိရသိရ အေရးမပါဘူး…သင်သာဒီနေရာကနေထွက်သွားပါ….မဟုတ်ရင်သင့်ရဲ့သခင် နတ်ဘီလူးစစ်သူကြီးကို သွားတိုင်ရလိမ့်မယ်…”
” မ…မလုပ်ပါနဲ့… အရှင်သိသွားရင် ကျုပ်ဦးခေါင်း…ရှစ်စိတ်ကွဲသွားလိမ့်မယ်…”
” ဒါဆို လူ့စည်းထဲကနေထွက်သွားပေးပါ…”
” ဟုတ်…ကျုပ်ထွက်သွားပါ့မယ်…”
ဆိုရာကိုယ်ဖျောက်၏။
” ဘုန်း….”
” အာ့…”
မြေဖုတ်ဘီလူးမှာ သူ၏မူလရုပ်တုထဲပြန်မဝင်လိုဘဲ ကိုယ်ဖျောက်ကာထွက်သွားသော်လည်းမောင်ရေခဲတားထားသောစည်းကြောင့် ဘုန်းခနဲမြည်ကာ မောင်ရေခဲရှေ့ပြန်ပေါ်လာ၏။
” သင်ဒီတိုင်းထွက်သွားလို့မရဘူး….သင့်အပြစ်တွေကြေအောင်ရုပ်တုထဲမှာအကျဉ်းချခံပြီး အပြစ်ကြေအောင်လုပ်ရမယ်
….”
” ကျုပ်နာခံပါ့မယ်….”
ထိုစဉ်ထင်ပေါ်က အောက်ထပ်မှအပေါ်ထပ်သို့လာခဲ့ပြီး လက်ထဲတွင်လည်း ဘီလူးရုပ်ကလေးတစ်ရုပ်ကိုကိုင်လာ၏။
” ဒီမွာပါဆရာ…ဘီလူးရုပ်က..”
” ကဲ.အသင်သင့်နေရာပြန်ပါ…”
မောင်ရေခဲကထိုသို့ပြောလိုက်သော်ရှေ့ရှိဘီလူးကြီးလည်း အခိုးအငွေ့ဖြစ်သွားပြီး မူလနေရာဘီလူးရုပ်တုထဲသို့ပြန်ဝင်သွား၏။
” ထင်ပေါ်…အဲဒီဘီလူးရုပ်လေးကိုဒီကြိုးလေးနဲ့သုံးပတ်ပတ်ပြီး အနောက်ကရေကန်ထဲပစ်လိုက်….သူ့အပြစ်ကြေသွားရင် သူ့အရှင်ပြန်လာခေါ်လိမ့်မယ်…”
” ဟုတ်ဆရာ…”
ထင်ပေါ်လည်း မောင်ရေခဲ ပြောသည့်အတိုင်းဘီလူးရုပ်အား ရွှေအင်းပြားလိပ်ပါသော ချည်မန်းကျိုးနီဖြင့် သုံးပတ်ပတ်ပြီး ရေကန်ထဲပစ်လိုက်သည်။ မောင်ရေခဲ လည်းလုပ်စရာများပြီးစီးသွားသော် စဉ့်တောင်ရွာမှ ထွက်သွားတော့သည်။ ထိုနေ့မှစ၍ စဉ့်တောင်ရွာတွင် ပုဏ္ဏကတိုက်ခြင်းမခံရတော့ပေ။ သို့သော် ဦးလှ၏အိမ်ကြီးထဲတွင်ကား အကုသိုလ်အကျိူးပေးဆပ်နေရသော သရဲနှစ်ကောင်ရှိနေသည်။ ထိုသူနှစ်ယောက်ကား……။
( စိတ်ကူးမျှသာဖြစ်သည်။ သဘောထားချင်းမတိုက်ဆိုင်ပါက ခွင့်လွတ်ကြပါကုန်။)
# ပြီး
# ခွန်း
Zawgyi Version
——————————–
” ဟုတ်ဆရာ..”
” ဟင်…ဘာကြီးလဲဟ… ”
” ဒေါက်…”
” ဘာ…ဘာကြီးလဲဆရာ….”
” ဖွင့်…ဖွင့်မရဘူးဆရာ…”
” ချောက်…”
” အား…..”
” ဟင်…င….ငထွန်း…”
” ဆ…ဆရာ…ကယ်…ကယ်ပါဦး…”
” အား….”
” ရွှမ်း….ရွှမ်း…”
” အား…အ…အ…”
” အေးအေးသွားမယ်ဟေ့…”
” ဟင်…”
” အေးသွားမယ်…”
အောင်ကိုကထိုသို့ပြောပြီး သုံးယောက်သားဦးလှတို့အနားရောက်လာသည်။
” ငါးတွေဘယ်မလဲဦးလှ….”
” ရော့ဒီမှာ…”
” အား….သ…သရဲ…သရဲ…”
” အား…ပြေး…ပြေးဟ…”
ထိုလူကမော့ကြည့်ပြီး
” ထူးဆန်းလိုက်တာ…”
” ဟုတ်ဆရာ..”
” ဝုန်း…”
” ဟင်း…ဟင်း…ဟင်း…”
ဆိုရာကိုယ်ဖျောက်၏။
” ဘုန်း….”
” အာ့…”
….”
” ကျုပ်နာခံပါ့မယ်….”
” ဟုတ်ဆရာ…”
# ပြီး
# ခွန်း