မောင်ရေခဲ နဲ့ မနာလိုသူ၏အငြိုး(စ/ဆုံး)

Unicode Version

မောင်ရေခဲ နဲ့ မနာလိုသူ၏အငြိုး(စ/ဆုံး)
——————————————-
” အောင်ကောင်း…ရွာလယ်က ဘကြီးစိုးအိမ်မှာ လူတွေရှိနေသေးလားကွ….”
” ရှိတာပေါ့ကိုကြီးရဲ့….သိန်းလှကိုတစ်ယောက်ထဲပစ်ထားလို့မရဘူး…လစ်တာနဲ့ ကြိုးဆွဲချသေဖို့ဘဲကြိုးစားနေတော့တာဗျ…”
” ဒီကေလးမ ဘာဖြစ်နေတာပါလိမ့်ကွယ်…ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာဖြစ်လို့ ဒီလိုအဖန်ငါးရာ ငါးကမ္ဘာပြန်ပေးဆပ်ရမဲ့ အလုပ်မျိူးလုပ်နေပါလိမ့်ကွယ်…”
” အဲဒါ ပြောတာပေါ့ ကိုကြီးမိုးရ…ဒီကေလးမက မိဘတွေလည်းအလိုလိုက်ထားတဲ့သူပါ…စိတ်ညစ်စရာလည်း ရှိမယ်မထင်ဘူး…သူ့လို ကလေးအရွယ်သာရှိသေးတဲ့သူက ဘာတွေများအကြီးအကျယ်စိတ်ညစ်စရာရှိလို့ ဒီလောက်ထိသေချင်နေရတာပါလိမ့်…”
” အေးအကြောင်းတစ်ခုခုသိရအောင် ငါလည်း ဘကြီးစိုးအိမ်ကိုသွားလိုက်ဦးမယ်ဟေ့…”
” အေးအေးသွားလေကိုကြီးမိုး…ကျွန်တော် လည်းခနအိမ်ပြန်ပြီး လာခဲ့မယ္ဗ်…”
အောင်ကောင်းနဲ့ငမိုးတို့ရွာထဲရှိ သိန်းလှအကြောင်းပြောနေကြခြင်းဖြစ်သည်။ သိန်းလှဟူသည်ကား အသက်၁၇နှစ်အရွယ်ရှိ ကလေးမတစ်ဦးဖြစ်သည်။ အျမဲတေစ ပျော်ပျော်နေတတ်သောကလေးမဖြစ်ရာ လွန်ခဲ့သော လခန့်မှစ၍ တမှိုင်မှိုင် ဖြစ်ပြီး ငိုချည်းငိုနေသည်။ ဘာကြောင့်ငိုနေရသည်ဟု မိဘကမေးသော်လည်း အရမ်းသေချင်သည်ဟုသာ တွင်တွင်ဖြေနေသည်။ မိဘများကသမီးဖြစ်သူအတွက် စိတ်နှလုံးပန်းလှသည်ဖြစ်ရာ သမီးငယ်အားချော့၍ မေးကြ၏။
” သမီးလေးဘာဖြစ်နေတာလဲမေမေ့ကိုပြောပြလေနော်…”
” သမီးသေချင်တယ်မေမေ…သမီးသေချင်တာဘဲသိတယ်…အီးဟီးဟီး… ”
” နိမိတ်မရှိတဲ့စကားတွေမပြောရဘူးလေသမီးရဲ့…စကားနောက်တရားပါတတ်တယ်ကွဲ့…”
” တကယ်ပြောတာမေမေ…သမီးစိတ်တွေလေးလံထိုင်းမှိုင်းပြီး နေရတာမပျော်ဘူး….သမီးအရမ်းသေချင်စိတ်ပေါက်နေတယ်…”
” ငါ့သမီးလေးဘာအတွက်စိတ်ညစ်တာလဲပြော…သမီးလေးမှာရည်းစားတွေဘာတွေရှိလို့ သူကသမီးကိုစိတ်ညစ်အောင်လုပ်လို့လား…မေမေ့ကိုပြော…”
” မရှိဘူးမေမေ…သမီးဘာဖြစ်နေမှန်းမသိဘူး…စိတ်ထဲမှာအရမ်းဝမ်းနည်းပြီးငိုချင်တယ်…ပြီးတော့လူ့လောကကြီးထဲကနေ ထွက်သွားချင်တာတစ်ခုဘဲသိတယ်…အဟင့်…..”
” အိုမေမေ့သမီးရယ်…ဘာတွေများဒီလောက်စိတ်ညစ်နေရတာလဲ… ကဲပြောသမီးဘာလိုချင်လဲ မေမေဝယ်ပေးမယ်လေ…”
” ဟင့်အင်း…သမီးဘာမှမလိုချင်ဘူး…သမီးသေချင်တယ်…သမီးကိုယ့်ကိုသတ်သေမယ်…”
” ဟဲ့ဟဲ့…မလုပ်ရဘူးလေသမီးရဲ့…မေမေ့ကိုသနားပါဦး…ကိုစိုးရေ…ကိုစိုးလာပါဦး…တော့သမီးလေး ထွက်ပြေးသွားပြီ….”
သိန်းလှမှာ မိခင်ဖြစ်သူ ချော့မေးနေသည့်ကြားကပင် ဝုန်းခနဲတံခါးထဖွင့်ပြီး ထွက်ပြေး၏။ လက်ထဲတွင်လည်း ဘယ်ကယူမှန်းမသိသော သုံးလွန်းတင်ကြိုးတစ်ချောင်း။
မိဘနှစ်ပါးမှာသမီးလေးကို စိတ်ပူပြီး လိုက်ဖမ်းကာ အိမ်ထဲထည့်ပိတ်ပြီး အမြဲမပြတ်စောင့်ကြည့်နေရ၏။
တနေ့ထက်တနေ့သမီးလေးမှာ ငိုယိုလိုက်၊သေကြောင်းကြံလိုက်ဖြင့် နည်းနည်းမျှပင်အလစ်ပေး၍မရတော့ချေ။ ကြာလာသော် ရွာထဲရှိလူများပါ လာရောက်စောင့်ကူနေရသည့် အဆင့်ထိဖြစ်လာသည်။ ယခုလည်း သိန်းလှတစ်ယောက် အိပ်နေရင်းမှပင်ဆတ်ခနဲထလာပြီး ကြိုးကိုရှာသည်။ သူ၏အိပ်ယာနံဘေးတွင်ကား လူကြီး ၅ယောက်ခန့် စောင့်ကြည့်နေ၏။
” အေမ…သူလာနေပြီ…သူလာခေါ်နေပြီ…ကြိုးရောအမေ….သမီးရဲ့ကြိုးရော…”
” သမီးသိန်းလှ သတိထားပါဦးသမီးရဲ့…ဘယ်သူလာခေါ်တာလဲသမီးကို.
…”
” နတ်သမီးအဖွားကြီးမေမေ…သူကသမီးလိုက်သွားရင်ခုလို ငိုနေစရာမလိုတော့ဘူးတဲ့…ပြီးတော့ဟိုမှာ ဘာစိတ်ညစ်စရာမှမရှိဘူးတဲ့…ဟော…နတ်သမီးဖွားဖွားခေါ်နေပြီ…သမီးရဲ့ကြိုးဘယ်မှာလဲလို့မေမေရဲ့…”
ဆိုကာအတင်းထပြီး တံခါးပေါက်ရှိရာသို့ပြေးရန်ပြု၏။
” ဆွဲထားဟ…သိန်းလှကိုရအောင်ဆွဲထား…ခေါ်တဲ့လူနောက်ပေးမလိုက်နဲ့ဟ…”
ဆိုကာ စောင့်ကြည့်နေသောလူကြီးလေးငါးယောက်က သိန်းလှအားဆွဲထား၏။
” လွတ်…သမီးကိုလွတ်…သမီး…နတ်သမီးဖွားဖွားနဲ့လိုက်သွားမယ်…”
မိန်းကလေးငယ်တစ်ဦး၏အားသည် ယောကျာ်းကြီးငါးယောက် ကပင်မနဲဝိုင်းဆွဲရလောက်သည်အထိ အားကြီးလွန်း၏။ သူ့အားလွတ်ပေးရန်တောင်းဆိုပြီး အတင်းရုန်းကန်၏။
” သမီးမသွားနဲ့…အဲဒီနတ်သမီးနောက်မလိုက်ရဘူးသမီး…”
” လိုက်မှာ..သမီးလိုက်မှာ…ဖေဖေသမီးကိုလွှတ်…ဟိုမွာ..ဖွားဖွားနတ်သမီးပြန်သွားပြီ…အီးဟီးဟီး….အီးဟီးဟီး… ”
တံခါးဝဘက်လက်ညိုးထိုးပြီး ရှိုက်ကြီးတငင်ငိုနေပြန်သည်။ မိဘနှစ်ပါးနှင့် စောင့်ကြည့်နေကြသော လူကြီးများကလည်း သိန်းလှညွှန်ပြသော တံခါးဝဘက္ကို ကြည့်သော်လည်း ဘာမှရှိမနေချေ။ သိန်းလှကသာ နတ်သမီးဖွားဖွားရှိသည်ဟုဆိုသည်။
” သေချင်တယ်…သမီးသေချင်တယ်…”
” သမီး…သမီးလေးသတိထားပါဦးကွဲ့..သမီးလေးဘာဖြစ်တာလဲ ဖေဖေ့ကိုပြောပြ…”
” သမီးသေချင်တယ်ဖေဖေ…သမီးစိတ်တွေအရမ်းလေးလံနေတယ်…တစ်ယောက်ယောက်ကသမီးကိုခေါ်နေတယ်…”
ထိုစကားကြောင့် ဖခင်ဖြစ်သူ ဦးစိုးမွာ ရင်ထဲထိတ်ခနဲဖြစ်သွားသည်။
” သမီး…ဖေဖေပြောမယ်…ဘယ်သူခေါ်ခေါ်သမီးလိုက်မသွားရဘူးနော်…ကြားလားသမီးလေး…..”
” မသိဘူး…သူခေါ်ရင်သမီးမလိုက်ဘဲ နေလို့မရဘူး…သူ့အသံကသမီးနားတွေအူတဲ့အထိအရမ်းစူးတယ်…သမီးစိတ်တွေလေးလံပြီး ငိုချင်တယ်…”
” ငိုချလိုက်သမီးလေး…ငိုချလိုက်ပါကွယ်…ဒါပေမဲ့သမီးကိုခေါ်တဲ့သူနောက်ကိုမလိုက်ရဘူးနော်…ဖေဖေ လိုက်ခွင့်မပြုဘူး…..”
ဦးစိုးမှာသမီးလေးကိုရင်ခွင်ထဲပိုက်ထားလိုက်သည်။ သိန်းလှကား ဘာကိုဝမ်းနည်းသည်မသိ အင်တိုက်အားတိုက်ငိုကြွေးနေရှာသည်။ ထမင်းလည်းမစား၊ရေလည်းမသောက်ချေ။ အမြဲတမ်း ပြုံးပျော်နေတတ်သော သိန်းလှသည် ယခုမူကား သူမ၏မျက်နှာတွင် အပြုံးတစ်ပွင့်မျှပင်မတွေ့ရတော့ချေ။
ညလူခြေတိတ်ချိန်တွင် သိန်းလှသည် အိပ်နေရာမှနိုးလာပြီး ဘေးမှသူ့အားစောင့်အိပ်နေကြသော မိဘနှစ်ပါးနှင့် လူကြီးများမသိအောင် တိတ္တဆိတ္ထကာ ခြေဖော့နင်းပြီး ခြေရင်းမှဘယ်ထဲကရောက်နေမှန်းမသိသော သုံးလွန်းတင်ကြိုးတချောင်းကိုယူလိုက်သည်။ ပြီးသော် တံခါးဝတွင်သူမအား စောင့်နေသော လူတစ်ယောက်ထံလာပြီး တံခါးဖွင့်ကာ အောက်ထပ်သို့တိတ်တဆိတ်ဆင်းလာသည်။ ထိုညသည်ကား လမိုက်ညဖြစ်ပြီး အာကာသတခွင်ဝယ် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော ကြယ်ကလေးမှအပ ဘာမျှရှိမနေချေ။ သူမသည် အမှောင်ထုထဲလမ်းလျှောက်သွားပြီး ခြံထောင့်မှရှိသော သစ်ပင်ကြီးဆီဦးတည်နေ၏။
” သွားသိန်းလှ…အဲဒီသစ်ပင်မှာကြိုးကိုချည်လိုက်…ပြီးတော့ကြိုးကွင်းကို နင့်ရဲ့လည်ပင်းကိုစွပ်လိုက်…”
” ဟုတ္ဖြားဖြားနတ်သမီး…အဲလို့လုပ်ရင် သမီးကဖွားဖွားနတ်သမီးပြောတဲ့နေရာ ရောက်မှာလားဟင်….”
” ရောက်မှာပေါ့…သမီးရဲ့ဖွားဖွားကိုကြည့်…ဖွားဖွားလည်းအရင်ကအဲလို့လုပ်ခဲ့လို့ခုချိန် နတ်သမီးဖြစ်နေတာလဲတွေ့လား…”
” ဟုတ္ဖြားဖြားနတ်သမီး…”
” ပေးအဲဒီကြိုးဖွားဖွားလုပ်ပေးမယ်…”
ဆိုကာဝတ်ရုံမဲကြီးခြုံထားသောလူတစ်ယောက်သည် ကြိုးရှည်ကြီးအား ၈ပေခန့်မြင့်သော သစ်ကိုင်းထက်သို့ချည်လိုက်၏။
” ရော့သမီး…ဒီကြိုးကွင်းကိုသမီးလည်ပင်းကိုစွပ်ချလိုက်…မြန်မြန်လုပ်အချိန်မရှိဘူး…”
” ဟုတ် ဖြားဖြားနတ်သမီး…”
သိန်းလှသည် ထိုဝတ်ရုံနက်ပေးသောကြိုးကွင်းကို လည်ပင်းထက်စွပ်ချလိုက်သည်။ တချက်ထဲမှာပင် ကြိုးရှည်ကြီးသည် အပေါ်သို့တဖြေးဖြေးတက်လာပြီး သူမ၏ခြေထောက်သည်လည်း ကမ္ဘာ မြေမှလွတ်ထွက်သွားသည်ကိုမြင်လိုက်ရသည်။ ထိုအချိန်ဓာတ်မီးရောင်တခုက သူမ၏ မျက်နှာအားလာထိုး၏။
” သမီးလေးမလုပ်နဲ့….”
” အစ်…အစ်…အစ်…”
လေပေါ်တွင်ယက်ကန်ယက်ကန်ဝဲနေသောသူမ၏ ခြေထောက်ကို ဖခင်ဖြစ်သူက ပြေးပွေ့ထားလိုက်သည်။ သူမလည်းအသက်ရှူကြပ်ပြီး အသံများအစ်ထွက်နေ၏။ အိပ်နေသောလူကြီးများကလည်း ဓာတ်မီးကိုယ်စီဖြင့်ပြေးဆင်းလာပြီး သစ်ပင်ထက်မှသူမအားတွဲချည်ထားသောကြိုးကို ဖြတ်လိုက်သည်။ ပြီးသော်သူမအား အိမ်ပေါ်ထမ်းပြေးလာသည်။
” သမီး…သမီးလေးမသေရဘူး..သမီး…”
” အီးဟီးဟီး…သမီးရေ…သိန်းလှ…မျက်လုံးဖွင့်ပြီးမေမေ့ကိုကြည့်ပါဦး…”
မိဘနှစ်ပါးမှာ မျက်လုံးမျက်ဆံပြူးနေသောသမီးလေးအားကြည့်ပြီးလှုပ်နိုး၏။ ထိုအခါလူကြီးတစ်ယောက်က သိန်းလှ၏လည်ပင်းမှသွေးကြောကိုစမ်းလိုက်ကာ ခုန်နေသေးသည်ကိုတွေ့ရ၏။
” ကေလးမမေသေသးဘူး…သူ့ကိုကယ်လို့ရနိူင်သေးတယ်..ဖယ်ဖယ်…”
ဆိုကာ သိန်းလှ၏နှာခေါင်းကိုလက်ဖြင့်ညစ်ကာပိတ်လိုက်ပြီး ပါးစပ်ထဲသို့လေများမှုတ်သွင်းပေး၏။ ခဏကြာသော်
” အင်း…အင်း…မေ…မေ..မေမေ..”
ဟူသောသိန်းလှ၏ ညည်သံကိုကြားလိုက်ရသဖြင့် အားလုံးဝမ်းသာသွားကြကုန်၏။
” ဟင်…မေမေ့သမီးလေးရယ်…မသေကောင်းမပျောက်ကောင်းကွယ်…သမီးလေးဘာလို့ဒီလိုတွေ လုပ်နေရတာလဲဟင်….”
” သမီးကို နတ်သမီး ဖွားဖွားကြီးက လုပ်ခိုင်းလို့ပါမေမေ…”
” ငါနိုးလာလို့တော်သေးတာပေါ့ကွာ..မဟုတ်ရင်သမီးလေးအသက်ကို ကယ်လိုက်နိုင်မှာမဟုတ်ဘူး…”
” အေးကွ..ငါတို့လည်းချက်ချင်းကြီးကနေ ဘယ်လိုအိပ်ပျော်သွားတယ်မသိ…”
” အေးဟုတ်တယ်ကွ…ကိုစိုးကြီးနိုးလို့သမီးသိန်းလှအသက်ကိုအချိန်မှီကယ်လိုက်နိုင်တာဘဲ…”
” အေးဘကြီးမိုးရ…ကျုပ်ကသမီးလေးကိုစိတ်ပူပြီးနိုးလာတာ…ကြည့်လိုက်တော့ သမီးလေးမရှိတာနဲ့ ဓာတ်မီးယူပြီး တံခါးဝကိုထိုးကြည့်လိုက်တော့ တံခါးကဖွင့်ထားရက်သားဖြစ်နေတယ်…ဒါကြောင့် သမီးလေးကိုစိတ်ပူသွားပြီး အောက်ထပ်ကို ဆင်းလာခဲ့တာ လေထဲမှာကြိုးတန်းလန်းနဲ့ ယက်ကန်ယက်ကန်ဖြစ်နေတဲ့သမီးလေးကို တွေ့လိုက်ရတာဘဲ…”
” နင်တို့သမီးလေးသိန်းလှရဲ့ ကိစ္စကမရိုးဘူးထင်တယ်ငစိုး…”
” ဟင်…ဘကြီးက ဘယ်လိုထင်လို့လဲဗျ…”
” အေး…သူ့ရဲ့အခြေအနေအမူအရာစကားပြောပုံတွေကြည့်ရတာ သမီးလေးကို မမြင်ရတဲ့တစ်ယောက်ယောက်က ခိုင်းစေနေလို့ဖြစ်မယ်…သူပြောတယ်လေအသံစူးစူးကြီးက သူ့ကိုဒီလိုလုပ်ဖို့အမြဲပြောတယ်ဆိုတာ…”
” ဟုတ္တယ္ဗ်..ဦးစိုး…ကျူပ်လည်းခုမှဆက်စပ်တွေးကြည့်မိတာ ညီမလေးလှသိန်းပြောတာ နတ်သမီးဖြားဖြားက သူ့ကိုအမြဲလာခေါ်တယ်ဆိုတာလေ…ဘကြီးမိုးပြောတာဖြစ်နိုင်တယ်လို့ကျုပ်ထင်တယ်ဗျ…”
” အင်းဘကြီးတို့ပြောသလိုတကယ်သာဆိုရင် သမီးလေးအတွက် ကျုပ်ဘာလုပ်သင့်သလဲဘကြီး…”
” အထက်လမ်းဆရာကောင်းကောင်းနဲ့ ပြကြည့်သင့်တယ်လို့ဘကြီးထင်တယ်…”
” ဟုတ်ဘကြီး မနက်မိုးလင်းတာနဲ့ သမီးလေးအတွက်လိုအပ်တာလုပ်ပေးရမယ်…ကျွန်တော်တွေးမရသေးတာတစ်ခုက သမီးလေးသေကြောင်းကြံတဲ့ကြိုးက ဘယ္ကေနေရာက္လာတာလဲ…အိမ်မှာလည်းဒီလိုကြိုးတွေမရှိဘူးဗျ…”
” ဆရာနဲ့တွေ့မှဘဲ အဖြေသိရတော့မှာပေါ့ကွ…”
လူကြီးတို့်မှာ အိပ်ပျော်နေသောသိန်းလှကို ဘေးမှစောင့်ကြည့်နေရင်း သိန်းလှ၏အဖြစ်အား တညလုံးထိုင်ကာတိုင်ပင်ဆွေးနွေးကြ၏။ ထိုညမှာတစ်ညလုံးပြန်မအိပ်ကြတော့ဘဲ ညလုံးပေါက်ထိုင်စောင့်နေကြတော့သည်။
မနက်ရောက်သော် သိန်းလှ၏ဖခင်ဖြစ်သူနှင့်ရွာထဲမှလူငယ်တစ်ယောက်သည် နွားလှည်းတစ်စီးဖြင့် တဖက်ရွာမှဆရာကို ပင့်ရန်သွားခဲ့၏။ လမ်းခုလတ်တွင် နွားကလှည်းကိုမဆွဲတော့ဘဲ ပေကပ်ကပ်လုက်နေ၏။
” ဟဲ့ဒီနွားတွေ ဘာဖြစ်နေကြတာလဲ…ဆွဲလေကွယ်….အရေးကြီးပါတယ်ဆိုနေကာမှ…”
ဘကြီးစိုးကား နွားကိုကြိမ်အသာတို့ရင်း ပြော၏။ ထိုအချိန်တွင် တဖက်မှလှည်းလမ်းကြောင်းအတိုင်း လူငယ်နှစ်ယောက် ရောက်လာ၏။ ထိုနှစ်ယောက်ထဲမှ တစ်ယောက်က
” ဒီကဦးကြီးတို့ ဘာဖြစ်ကြတာလဲဗျ…..”
” ဒီနေရာ ရောက်တော့နွားတွေလှည်းကိုဆက်မဆွဲဘဲ ပေကပ်ကပ်လုပ်နေကြလို့ မောင်ရင်ရေ…”
” ဪ…တစ်ခုခုဖြစ်လို့နေမှာပါ…ဒါနဲ့ဦးကြီးတို့က ဘယ်ကိုသွားကြမှာလဲဗျ…”
” ဦးကြီးတို့ ဟိုဖက်ရွာကို ဆရာပင့်သွားမလို့ပါကွာ… ခုတော့ဒီနှစ်ကောင်ကြောင့််မသွားရတော့ဘူးထင်တယ်ဗျို့…”
” ဆရာပင့်သွားမယ်ဟုတ်လားဗျ…ဘယ်သူဘာဖြစ်လို့လဲ သိခွင့်ရှိမလားဦးကြီး…”
” ဟုတ်တယ် လူလေးရေ..ဦးကြီးတို့ ဆရာ ပင့်သွားမို့ပါ…ဦးကြီးရဲ့သမီးလေးနေမကောင်းဖြစ်နေလို့ပါ…”
” ဪ..ဒါဆိုကျုပ်တို့လိုက်ကြည့်ပေးလို့ရမလားဗျ…ကျုပ်တို့နဲနဲပါးပါးကုတတ်ပါတယ်…”
” မောင်ရင်တို့က ဆေးဆရာတွေလား…အဆင့်သင့်လိုက်တာဗျာ…မောင်ရင်တို့်ကုတတ်ရင် ဦးကြီးနဲ့လိုက်ပြီး သမီးလေးကိုကုပေးပါဦးကွယ်…”
” ကျုုပ်တို့်ကနဲနဲပါးပါးလေ့လာထားရုံဘဲဦးကြီးရေ ဆရာအဆင့်တော့မရောက်သေးဘူးဗျ…”
” အေးအေးလိုက်ခဲ့ပြီး ကြည့်ပေးကြည့်ပေါ့မောင်ရင်ရေ…ဒီနှစ်ကောင်ကလည်းဟိုဖက်ရွာအထိဆွဲမှာမဟုတ်တော့ဘူး…”
မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက်လည်း လှည်းပေါ်တက်ပြီး ဦးကြီးတို့ နှင့်အတူလိုက်သွား၏။ သည်အခါတွင်ကား နွားနှစ်ကောင်သည် လှည်းအား ကောင်းစွာဆွဲတော့၏။
တအောင့်ကြာသော် ဦးကြီးတို့ အိမ်သို့ရောက်လာခဲ့သည်။
” ဆရာ…ဒီအိမ်မှာစက်ကြိုးတွေဖြန်ကျက်ထားတယ်…”
” အေးသတိထားထင်ပေါ်…”
ဆရာတပည့်နှစ်ရောက် သတိပေးကြရင်း လှည်းပေါ်မှဆင်းလိုက်၏။
” ဒါဦးကြီးရဲ့အိမ်ဘဲ မောင်ရင်တို့…လာလာအိမ်ပေါ်လိုက်ခဲ့…”
” ဟုတ်ဦးကြီး…”
မောင်ရေခဲ လည်း ဖြန့်ကျက်ထားသော ပညာစက္ကို ဖျက်ဆီးလိုက်ပြီး အိမ်ပေါ်သို့တက်လာခဲ့သည်။ အိမ်တံခါးအဝင်ဝတွင်ကား အနီရောက်စက်ကြိုးတစ်ခု ဖြန့်ထားသည်ကိုတွေ့လိုက်ရပြန်သဖြင့် စက်ဖြတ်ကာထာရွတ်ကာ ဖြတ်လိုက်၏။ ပြီးမှ အိမ်ထဲဝင်လာကာ ဘုရားအားဦးတိုက်၏။ မောင်ထင်ပေါ်လည်း ဆရာနည်းတူ မြတ်စွာဘုရားအား ဦးတိုက်၏။ မောင်ရေခဲတို့ရောက်လာသော် သိန်းလှသည် ချက်ချင်းပင်ပေါ့ပါးသလိုခံစားလိုက်ရပြီး ဝမ်းနည်းခြင်းလည်းမရှိတော့ချေ။
” ကဲဦးကြီးရေ..ဦးကြီးတို့သမီးကို ဒီရှေ့ကိုခေါ်လာပေးပါဗျ..”
” ဟုတ်မောင်ရင်…”
ဆိုကာသမီးငယ်အားတွဲခေါ်ပြီး မောင်ရေခဲရှေ့လာထိုင်ခိုင်း၏။ မောင်ရေခဲက
” ကဲညီမငယ်…ဘုရားကိုဦးတိုက်လိုက်ပါဦးကွယ်…”
သိန်းလှလည်းမောင်ရေခဲပြောသည့်အတိုင်း ဘုရားကိုဦးတိုက်၏။
” ညီမငယ်စိတ်ထဲ လေးလံထိုင်းမှိုင်းနေတာမျိုးဖြစ်သေးလား…”
” မဖြစ်တော့ဘူးဆရာ…အိမ်ထဲကိုဆရာတို့ဝင်လာတာနဲ့..ညီမရဲ့လေးလံထိုင်းမှိုင်းနေတဲ့စိတ်လည်း ချက်ချင်းဆိုသလို လွတ်လပ်ပေါ့ပါးသွားတယ်…”
” အေးအေး..ကောင်းတာပေါ့..ညီမငယ်ရဲ့စိတ်တွေအမြဲပေါ့ပါးနေအောင် ဆရာလုပ်ပေးမယ်ညီမက သောကြာသမီးလား…”
” ဟုတ်ပါတယ် ဆရာ..”
” ကဲသောကြာသမီး…ဘုရားကိုနှလုံးသွင်းထားပါ…”
သိန်းလှ၏အိမ်တွင်ရောက်ရှိနေသော လူများကလည်း မောင်ရေခဲ လုပ်သမျှကိုလိုက်ကြည့်နေ၏။ မောင်ရေခဲလည်း
” ကဲသောကြာသမီးကိုပြုစားထားတဲ့သူ ငါ့အရှေ့ရောက်စေ…”
မောင်ရေခဲကအမိန့်ပြန်လိုက်သည်နဲ့ လှသိန်းမှာ ခေါင်းထောင်လာပြီး
” အမိန့်ကပြင်းလိုက်တာ… ကျုပ်နားတွေအူနေတော့တာဘဲ…”
” ရောက်လာပြီလား…ရောက်ပြီဆိုဘုရားကိုဦးတိုက်လိုက်ပါဦး….”
ဟုဆိုလိုက်လျှင် သိန်းလှလည်းဘုရားကို ဦးတိုက်လိုက်၏။ ထိုသူအားမောင်ရေခဲကည့်လိုက်ရာ နဖူးမှာတဝင်းဝင်းတောက်နေူည်ကိုတွေ့ရသဖြင့် မောက်ပြားမှန်းသိလိုက်ရ၏။
” ဘာကြောင့်သောကြာသမီးကိုပြုစားရတာလဲ…”
အစွဲရှင်မှာမဆိုင်းမတွဘဲချက်ချင်းပြန်ဖြေသည်။
” သူကအရမ်းတော်နေလို့ဟဲ့…သူနဲ့ရွယ်တူ ကျုပ်သမီးလေးက ဆယ်တန်းမပြောနဲ့ လေးတန်းထိဘဲတက်ရပြီး အလုပ်ကြမ်းတွေလုပ်နေရတယ်..ဒီကောင်မက ဆယ်တန်းပါအောင်ပြီး ငါ့သမီးထက်အရာရာသာနေလို့အေ့…”
” မဖြစ်သင့်တာဘဲ…သင့်ရဲ့မနာလိုဝန်တိုစိတ်ဟာ သူတစ်ပါးကို ထိခိုက်စေတာ သင်မသိဘူးလား…”
” မသိဘူးဒီကောင်မကို မြင်ပြင်းကပ်တယ်…သူကျဆယ်တန်းအောင်ပြီး ငါ့သမီးက် အလုပ်ကြမ်းသမားဖြစ်ရတယ်…ငါမေက်နပ္ဘူး…”
” တယ္ခက္တာဘဲ…ဒီလိုဖြစ်လာဖို့သူအချိန်တွေငွေတွေအများကြီးပေးဆပ်ထားရတာလေ…အဲဒါ ကိုမြင်အောင်ကြည့်ပေးပါလား…”
” မသိဘူး…ကျုပ်သမီးလေးက သူ့ကိုမြင်ရင် အားကျလိုက်တာအမြဲပြောတယ်….ပြီးတော့ သမီး လေးကငါ့ကို အမေကသမီးကိုသူများတွေလိုကျောင်းမထားပေးဘူးအလုပ်ဘဲလုပ်ခိုင်းတယ်တဲ့လေ…သမီးလေးစကားကြားတိုင်းငါ့မှာရင်နာရတယ်အေ့…”
” ဟုတ်နေတာဘဲလေ…”
” မသိဘူးငါ့သမီးလေးက သူ့ကိုအားကျနေလို့ ငါ့ကိုပြန်ခံပြောနေတာ…”
” ကဲဒါတွေထားတော့..ဒီသောကြာသမီးကို ဘယ္လို လုပ္ထားတာလဲ…”
” စိတ်ဓာတ်ကျပြီး သူ့ကိုယ်သူသတ်သေအောင်လုပ်ထားတာဟဲ့..ပြီးတော့ကြိုးကိုလည်းသူ့အနားအမြဲငါလာထားပေးတာ..ဒီကောင်မကအရမ်းပျော့ညံ့တော့ လုပ်ရတာအလွယ်လေး…ဟိုတနေ့ညက သူ့အဖေသာမလာခဲ့ရင် ခုဆိုဒီကောင်မ ငါ့အခိုင်းအစေဖြစ်နေပြီဟင်းဟင်း…သူကံကောင်းသွားလို့သာ…”
” ရှည်ရှည်ဝေးဝေးမပြောတော့ဘူး…သောကြာသမီးကို လုပ်ထားတာတွေပြန်ယူသွားပါ….”
” မယူနိုင်ဘူးဟဲ့…သူရှိနေသ၍ငါ့သမီးလေးသူ့ကိုကြည့်ပြီး အားကျနေမှာဘဲ…ဒီတော့သူသေမှရမယ်…”
” ကောင်းကောင်းပြောနေတာလက်သင့်ခံပါ…ငါအကြမ်းနည်းမသုံးချင်ဘူး…”
” မယူနိုင်ဘူးသေချင်သေပါစေ..”
” ပြောမရလဲ တွေ့ကြသေးတာပေါ့…”
ဆိုကာမောင်ရေခဲက မျက်လုံးမှိတ်ပြီးဂါထာတစ်ပုဒ်ကိုရွတ်လိုက်၏။ ထိုအခါ အိမ်ထဲသို့ အရောင်ဝင်းနေသော နတ်တစ်ပါးရောက်ရှိလာသည်။ ထိုနတ္ကိုကားမောင်ရေခဲသာမြင်ရသည်။ ထိုနတ်၏လက်ထဲတွင်ကား ကုဝေရနတ်မင်းကြီး၏ ရုပ်တုကိုကိုင်ထား၏။ ထိုအခါမွ အစွဲရှင် သည်ချက်ချင်းဒူးတုပ်လိုက်ပြီး နတ်မင်းကြီး အားအရိုအသေပြု၏။ (ကုဝေရနတ်မင်းကြီးကား စုန်းကဝေ၊ကုမ္ဘဏ်ရက္ခတို့၏အချုပ်ဖြစ်သောကြောင့်ဖိန့်ဖိန့်တုန်အောင်ကြောက်ရသည်)
” နင်က အရှင်ကုဝေရနတ်မင်းကြီးကို မကြောက်လေသလား…”
ကုဝေရနတ်မင်းကြီးရုပ်တုကိုကိုင်ထားသော ကုဝေရနတ်မင်းကြီး၏အခြွေအရံနတ်တစ်ပါးကထိုသို့ဆိုလျှင်
” မ..မလုပ်ဝံ့ပါဘူး… ”
” ဒါဆို သင်လုပ်ထားတာတွေပြန်ယူသွားချေ…”
” ဟုတ်…ဟုတ်ကဲ့ပါ…”
ဆိုကာခြေဆင်းထိုင်ပြီး ခေါင်းမှခြေအဆုံးသပ်ချကာ လုပ်ထားသမျှပြန်ယူသွား၏။ မောင်ရေခဲ လည်းကုဝေရနတ်မင်းကြီး၏အခြွေအရံနတ်အား ပြန်လည်ပို့ဆောင်လိုက်သည်။ အစွဲရှင် လည်း ထွက်သွားပြီဖြစ်သောကြောင့် သိန်းလှ မှာပျော့ခွေကျသွား၏။
မောင်ရေခဲလည်း ရေစင်ဖြင့်တောက်ပေးလိုက်ရာ ပြန်သတိရလာသည်။
” ညီမလေးနေရတာအဆင်ပြေသွားပြီလား…”
” ဟုတ်အဆက်ပြေသွားပြီဆရာ…ညီမသိတ်ထဲဘာမှမရှိတော့သလို သေလည်းမသေချင်တော့ဘူး…”
” အေးအေး…ဒါဆို ဘုရားတရားမမေ့နဲ့နော်ညီမငယ်…”
” ဟုတ်ဆရာ ”
ဆိုကာ သိန်းလှ သည်မောင်ရေခဲအား ဦးချကန်တော့၏။ သမီးလေး၏အပြုံးမျက်နှာလေးအား ပြန်မြင်တွေ့ရသောအခါ မိဘနှစ်ပါးလည်း မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက်အား အလွန်ကျေးဇူးတင်သွား၏။
” ကျေးဇူးတင်လိုက်တာမောင်ရင်ရေ…ကျုပ်သမီးလေးရဲ့မျက်နှာမှာခုလို အပြုံးတွေပြန်တွေ့ရလို့ပါ…ဒါပညာကြေးပါဆရာ…”
” ဦးတို့ဝမ်းသာရင်ဘဲ ကျုပ်ကျေနပ်လှပါပြီ…ပညာကြေးတွေမလိုပါဘူးဗျ..ကျုပ်တို့်ကဒီလိုဘဲ အခမဲ့လှည့်လည်ကုသပေးနေကြတာပါ…”
” ရုပ်နဲ့လိုက်အောင်ကို သဘောထားပြည့်ဝလိုက်တာဆရာလေးတို့ရယ်…ကျေးဇူးအထူးပါကွယ်…”
မောင်ရေခဲတို့်လည်း အိမ်ရှင်တို့ကိုနူတ်ဆက်ပြီး ထိုရွာမှထွက်ခွာသွားတော့သည်။
( စာထဲမှအဖြစ်အပျက်သည် လွန်ခဲ့သည့်နှစ်များက စာရေးသူကိုယ်တိုင်ကြုံတွေ့ခဲ့ရသည်။ ထိုအချိန်သာဆရာသမားကောင်းမတွေ့ခဲ့ပါက ယခုချိန်သည်လိုစာရေးနိုင်မည်အဟုတ်ပါ။ ဆရာသမားအား ရှိခိုးကန်တေ့ာပါသည်။ စာရှုသူများကိုယ်စိတ်နှလုံးကျန်းမာကြပါစေ…)
# ပြီး
# ခွန်း

Zawgyi Version

ေမာင္ေရခဲ နဲ႔ မနာလိုသူ၏အၿငိဳး(စ/ဆံုး)
——————————————-
” ေအာင္ေကာင္း…ရြာလယ္က ဘႀကီးစိုးအိမ္မွာ လူေတြ႐ွိေနေသးလားကြ….”
” ႐ွိတာေပါ့ကိုႀကီးရဲ႕….သိန္းလွကိုတစ္ေယာက္ထဲပစ္ထားလို႔မရဘူး…လစ္တာနဲ႔ ႀကိဳးဆဲြခ်ေသဖို႔ဘဲႀကိဳးစားေနေတာ့တာဗ်…”
” ဒီေကလးမ ဘာျဖစ္ေနတာပါလိမ့္ကြယ္…ငယ္ငယ္ရြယ္ရြယ္နဲ႔ ဘာျဖစ္လို႔ ဒီလိုအဖန္ငါးရာ ငါးကမၻာျပန္ေပးဆပ္ရမဲ့ အလုပ္မ်ိဴးလုပ္ေနပါလိမ့္ကြယ္…”
” အဲဒါ ေျပာတာေပါ့ ကိုႀကီးမိုးရ…ဒီေကလးမက မိဘေတြလည္းအလိုလိုက္ထားတဲ့သူပါ…စိတ္ညစ္စရာလည္း ႐ွိမယ္မထင္ဘူး…သူ႔လို ကေလးအရြယ္သာ႐ွိေသးတဲ့သူက ဘာေတြမ်ားအႀကီးအက်ယ္စိတ္ညစ္စရာ႐ွိလို႔ ဒီေလာက္ထိေသခ်င္ေနရတာပါလိမ့္…”
” ေအးအေၾကာင္းတစ္ခုခုသိရေအာင္ ငါလည္း ဘႀကီးစိုးအိမ္ကိုသြားလိုက္ဦးမယ္ေဟ့…”
” ေအးေအးသြားေလကိုႀကီးမိုး…ကြၽန္ေတာ္ လည္းခနအိမ္ျပန္ၿပီး လာခဲ့မယၺ္…”
ေအာင္ေကာင္းနဲ႔ငမိုးတို႔ရြာထဲ႐ွိ သိန္းလွအေၾကာင္းေျပာေနၾကျခင္းျဖစ္သည္။ သိန္းလွဟူသည္ကား အသက္၁၇ႏွစ္အရြယ္႐ွိ ကေလးမတစ္ဦးျဖစ္သည္။ အ်မဲေတစ ေပ်ာ္ေပ်ာ္ေနတတ္ေသာကေလးမျဖစ္ရာ လြန္ခဲ့ေသာ လခန္႔မွစ၍ တမိႈင္မႈိင္ ျဖစ္ၿပီး ငိုခ်ည္းငိုေနသည္။ ဘာေၾကာင့္ငိုေနရသည္ဟု မိဘကေမးေသာ္လည္း အရမ္းေသခ်င္သည္ဟုသာ တြင္တြင္ေျဖေနသည္။ မိဘမ်ားကသမီးျဖစ္သူအတြက္ စိတ္ႏွလံုးပန္းလွသည္ျဖစ္ရာ သမီးငယ္အားေခ်ာ့၍ ေမးၾက၏။
” သမီးေလးဘာျဖစ္ေနတာလဲေမေမ့ကိုေျပာျပေလေနာ္…”
” သမီးေသခ်င္တယ္ေမေမ…သမီးေသခ်င္တာဘဲသိတယ္…အီးဟီးဟီး… ”
” နိမိတ္မ႐ွိတဲ့စကားေတြမေျပာရဘူးေလသမီးရဲ႕…စကားေနာက္တရားပါတတ္တယ္ကဲြ႔…”
” တကယ္ေျပာတာေမေမ…သမီးစိတ္ေတြေလးလံထိုင္းမိႈင္းၿပီး ေနရတာမေပ်ာ္ဘူး….သမီးအရမ္းေသခ်င္စိတ္ေပါက္ေနတယ္…”
” ငါ့သမီးေလးဘာအတြက္စိတ္ညစ္တာလဲေျပာ…သမီးေလးမွာရည္းစားေတြဘာေတြ႐ွိလို႔ သူကသမီးကိုစိတ္ညစ္ေအာင္လုပ္လို႔လား…ေမေမ့ကိုေျပာ…”
” မ႐ွိဘူးေမေမ…သမီးဘာျဖစ္ေနမွန္းမသိဘူး…စိတ္ထဲမွာအရမ္းဝမ္းနည္းၿပီးငိုခ်င္တယ္…ၿပီးေတာ့လူ႔ေလာကႀကီးထဲကေန ထြက္သြားခ်င္တာတစ္ခုဘဲသိတယ္…အဟင့္…..”
” အိုေမေမ့သမီးရယ္…ဘာေတြမ်ားဒီေလာက္စိတ္ညစ္ေနရတာလဲ… ကဲေျပာသမီးဘာလိုခ်င္လဲ ေမေမဝယ္ေပးမယ္ေလ…”
” ဟင့္အင္း…သမီးဘာမွမလိုခ်င္ဘူး…သမီးေသခ်င္တယ္…သမီးကိုယ့္ကိုသတ္ေသမယ္…”
” ဟဲ့ဟဲ့…မလုပ္ရဘူးေလသမီးရဲ႕…ေမေမ့ကိုသနားပါဦး…ကိုစိုးေရ…ကိုစိုးလာပါဦး…ေတာ့သမီးေလး ထြက္ေျပးသြားၿပီ….”
သိန္းလွမွာ မိခင္ျဖစ္သူ ေခ်ာ့ေမးေနသည့္ၾကားကပင္ ဝုန္းခနဲတံခါးထဖြင့္ၿပီး ထြက္ေျပး၏။ လက္ထဲတြင္လည္း ဘယ္ကယူမွန္းမသိေသာ သံုးလြန္းတင္ႀကိဳးတစ္ေခ်ာင္း။
မိဘႏွစ္ပါးမွာသမီးေလးကို စိတ္ပူၿပီး လိုက္ဖမ္းကာ အိမ္ထဲထည့္ပိတ္ၿပီး အျမဲမျပတ္ေစာင့္ၾကည့္ေနရ၏။
တေန႔ထက္တေန႔သမီးေလးမွာ ငိုယိုလိုက္၊ေသေၾကာင္းၾကံလိုက္ျဖင့္ နည္းနည္းမ်ွပင္အလစ္ေပး၍မရေတာ့ေခ်။ ၾကာလာေသာ္ ရြာထဲ႐ွိလူမ်ားပါ လာေရာက္ေစာင့္ကူေနရသည့္ အဆင့္ထိျဖစ္လာသည္။ ယခုလည္း သိန္းလွတစ္ေယာက္ အိပ္ေနရင္းမွပင္ဆတ္ခနဲထလာၿပီး ႀကိဳးကို႐ွာသည္။ သူ၏အိပ္ယာနံေဘးတြင္ကား လူႀကီး ၅ေယာက္ခန္႔ ေစာင့္ၾကည့္ေန၏။
” ေအမ…သူလာေနၿပီ…သူလာေခၚေနၿပီ…ႀကိဳးေရာအေမ….သမီးရဲ႕ႀကိဳးေရာ…”
” သမီးသိန္းလွ သတိထားပါဦးသမီးရဲ႕…ဘယ္သဴလာေခၚတာလဲသမီးကို.
…”
” နတ္သမီးအဖြားႀကီးေမေမ…သူကသမီးလိုက္သြားရင္ခုလို ငိုေနစရာမလိုေတာ့ဘူးတဲ့…ၿပီးေတာ့ဟိုမွာ ဘာစိတ္ညစ္စရာမွမ႐ွိဘူးတဲ့…ေဟာ…နတ္သမီးဖြားဖြားေခၚေနၿပီ…သမီးရဲ႕ႀကိဳးဘယ္မွာလဲလို႔ေမေမရဲ႕…”
ဆိုကာအတင္းထၿပီး တံခါးေပါက္႐ွိရာသို႔ေျပးရန္ျပဳ၏။
” ဆဲြထားဟ…သိန္းလွကိုရေအာင္ဆဲြထား…ေခၚတဲ့လူေနာက္ေပးမလိုက္နဲ႔ဟ…”
ဆိုကာ ေစာင့္ၾကည့္ေနေသာလူႀကီးေလးငါးေယာက္က သိန္းလွအားဆဲြထား၏။
” လြတ္…သမီးကိုလြတ္…သမီး…နတ္သမီးဖြားဖြားနဲ႔လိုက္သြားမယ္…”
မိန္းကေလးငယ္တစ္ဦး၏အားသည္ ေယာက်ာ္းႀကီးငါးေယာက္ ကပင္မနဲဝိုင္းဆဲြရေလာက္သည္အထိ အားႀကီးလြန္း၏။ သူ႔အားလြတ္ေပးရန္ေတာင္းဆိုၿပီး အတင္း႐ုန္းကန္၏။
” သမီးမသြားနဲ႔…အဲဒီနတ္သမီးေနာက္မလုိုက္ရဘူးသမီး…”
” လိုက္မွာ..သမီးလိုက္မွာ…ေဖေဖသမီးကိုလႊတ္…ဟိုမြာ..ဖြားဖြားနတ္သမီးျပန္သြားၿပီ…အီးဟီးဟီး….အီးဟီးဟီး… ”
တံခါးဝဘက္လက္ညိဳးထိုးၿပီး ႐ိႈက္ႀကီးတငင္ငိုေနျပန္သည္။ မိဘႏွစ္ပါးႏွင့္ ေစာင့္ၾကည့္ေနၾကေသာ လူႀကီးမ်ားကလည္း သိန္းလွၫႊန္ျပေသာ တံခါးဝဘကၠို ၾကည့္ေသာ္လည္း ဘာမွ႐ွိမေနေခ်။ သိန္းလွကသာ နတ္သမီးဖြားဖြား႐ွိသည္ဟုဆိုသည္။
” ေသခ်င္တယ္…သမီးေသခ်င္တယ္…”
” သမီး…သမီးေလးသတိထားပါဦးကဲြ႔..သမီးေလးဘာျဖစ္တာလဲ ေဖေဖ့ကိုေျပာျပ…”
” သမီးေသခ်င္တယ္ေဖေဖ…သမီးစိတ္ေတြအရမ္းေလးလံေနတယ္…တစ္ေယာက္ေယာက္ကသမီးကိုေခၚေနတယ္…”
ထိုစကားေၾကာင့္ ဖခင္ျဖစ္သူ ဦးစိုးမြာ ရင္ထဲထိတ္ခနဲျဖစ္သြားသည္။
” သမီး…ေဖေဖေျပာမယ္…ဘယ္သူေခၚေခၚသမီးလိုက္မသြားရဘူးေနာ္…ၾကားလားသမီးေလး…..”
” မသိဘူး…သူေခၚရင္သမီးမလုိက္ဘဲ ေနလို႔မရဘူး…သူ႔အသံကသမီးနားေတြအူတဲ့အထိအရမ္းစူးတယ္…သမီးစိတ္ေတြေလးလံၿပီး ငိုခ်င္တယ္…”
” ငိုခ်လိုက္သမီးေလး…ငိုခ်လိုက္ပါကြယ္…ဒါေပမဲ့သမီးကိုေခၚတဲ့သူေနာက္ကိုမလိုက္ရဘူးေနာ္…ေဖေဖ လိုက္ခြင့္မျပဳဘူး…..”
ဦးစိုးမွာသမီးေလးကိုရင္ခြင္ထဲပိုက္ထားလိုက္သည္။ သိန္းလွကား ဘာကိုဝမ္းနည္းသည္မသိ အင္တိုက္အားတိုက္ငိုေႂကြးေန႐ွာသည္။ ထမင္းလည္းမစား၊ေရလည္းမေသာက္ေခ်။ အျမဲတမ္း ျပံဳးေပ်ာ္ေနတတ္ေသာ သိန္းလွသည္ ယခုမူကား သူမ၏မ်က္ႏွာတြင္ အျပံဳးတစ္ပြင့္မွ်ပင္မေတြ႔ရေတာ့ေခ်။
ညလူေျခတိတ္ခ်ိန္တြင္ သိန္းလွသည္ အိပ္ေနရာမွႏိုးလာၿပီး ေဘးမွသူ႔အားေစာင့္အိပ္ေနၾကေသာ မိဘႏွစ္ပါးႏွင့္ လူႀကီးမ်ားမသိေအာင္ တိတၱဆိတၳကာ ေျခေဖာ့နင္းၿပီး ေျခရင္းမွဘယ္ထဲကေရာက္ေနမွန္းမသိေသာ သံုးလြန္းတင္ႀကိဳးတေခ်ာင္းကိုယူလိုက္သည္။ ၿပီးေသာ္ တံခါးဝတြင္သူမအား ေစာင့္ေနေသာ လူတစ္ေယာက္ထံလာၿပီး တံခါးဖြင့္ကာ ေအာက္ထပ္သို႔တိတ္တဆိတ္ဆင္းလာသည္။ ထိုညသည္ကား လမိုက္ညျဖစ္ၿပီး အာကာသတခြင္ဝယ္ မွိတ္တုတ္မွိတ္တုတ္ ျဖစ္ေနေသာ ၾကယ္ကေလးမွအပ ဘာမ်ွ႐ွိမေနေခ်။ သူမသည္ အေမွာင္ထုထဲလမ္းေလ်ွာက္သြားၿပီး ျခံေထာင့္မွ႐ွိေသာ သစ္ပင္ႀကီးဆီဦးတည္ေန၏။
” သြားသိန္းလွ…အဲဒီသစ္ပင္မွာႀကိဳးကိုခ်ည္လိုက္…ၿပီးေတာ့ႀကိဳးကြင္းကို နင့္ရဲ႕လည္ပင္းကိုစြပ္လိုက္…”
” ဟုၾတၹားျဖားနတ္သမီး…အဲလို႔လုပ္ရင္ သမီးကဖြားဖြားနတ္သမီးေျပာတဲ့ေနရာ ေရာက္မွာလားဟင္….”
” ေရာက္မွာေပါ့…သမီးရဲ႕ဖြားဖြားကိုၾကည့္…ဖြားဖြားလည္းအရင္ကအဲလို႔လုပ္ခဲ့လို႔ခုခ်ိန္ နတ္သမီးျဖစ္ေနတာလဲေတြ႔လား…”
” ဟုၾတၹားျဖားနတ္သမီး…”
” ေပးအဲဒီႀကိဳးဖြားဖြားလုပ္ေပးမယ္…”
ဆိုကာဝတ္ရံုမဲႀကီးျခံဳထားေသာလူတစ္ေယာက္သည္ ႀကိဳး႐ွည္ႀကီးအား ၈ေပခန္႔ျမင့္ေသာ သစ္ကိုင္းထက္သို႔ခ်ည္လိုက္၏။
” ေရာ့သမီး…ဒီႀကိဳးကြင္းကိုသမီးလည္ပင္းကိုစြပ္ခ်လိုက္…ျမန္ျမန္လုပ္အခ်ိန္မ႐ွိဘူး…”
” ဟုတ္ ျဖားျဖားနတ္သမီး…”
သိန္းလွသည္ ထိုဝတ္ရံုနက္ေပးေသာႀကိဳးကြင္းကို လည္ပင္းထက္စြပ္ခ်လိုက္သည္။ တခ်က္ထဲမွာပင္ ႀကိဳး႐ွည္ႀကီးသည္ အေပၚသို႔တေျဖးေျဖးတက္လာၿပီး သူမ၏ေျခေထာက္သည္လည္း ကမၻာ ေျမမွလြတ္ထြက္သြားသည္ကိုျမင္လိုက္ရသည္။ ထိုအခ်ိန္ဓာတ္မီးေရာင္တခုက သူမ၏ မ်က္ႏွာအားလာထိုး၏။
” သမီးေလးမလုပ္နဲ႔….”
” အစ္…အစ္…အစ္…”
ေလေပၚတြင္ယက္ကန္ယက္ကန္ဝဲေနေသာသူမ၏ ေျခေထာက္ကို ဖခင္ျဖစ္သူက ေျပးေပြ႔ထားလိုက္သည္။ သူမလည္းအသက္႐ွဴၾကပ္ၿပီး အသံမ်ားအစ္ထြက္ေန၏။ အိပ္ေနေသာလူႀကီးမ်ားကလည္း ဓာတ္မီးကိုယ္စီျဖင့္ေျပးဆင္းလာၿပီး သစ္ပင္ထက္မွသူမအားတဲြခ်ည္ထားေသာႀကိဳးကို ျဖတ္လိုက္သည္။ ၿပီးေသာ္သူမအား အိမ္ေပၚထမ္းေျပးလာသည္။
” သမီး…သမီးေလးမေသရဘူး..သမီး…”
” အီးဟီးဟီး…သမီးေရ…သိန္းလွ…မ်က္လံုးဖြင့္ၿပီးေမေမ့ကိုၾကည့္ပါဦး…”
မိဘႏွစ္ပါးမွာ မ်က္လံုးမ်က္ဆံျပဴးေနေသာသမီးေလးအားၾကည့္ၿပီးလႈပ္ႏိုး၏။ ထိုအခါလူႀကီးတစ္ေယာက္က သိန္းလွ၏လည္ပင္းမွေသြးေၾကာကိုစမ္းလိုက္ကာ ခုန္ေနေသးသည္ကိုေတြ႔ရ၏။
” ေကလးမေမေသသးဘူး…သူ႔ကိုကယ္လို႔ရႏိူင္ေသးတယ္..ဖယ္ဖယ္…”
ဆိုကာ သိန္းလွ၏ႏွာေခါင္းကိုလက္ျဖင့္ညစ္ကာပိတ္လိုက္ၿပီး ပါးစပ္ထဲသို႔ေလမ်ားမႈတ္သြင္းေပး၏။ ခဏၾကာေသာ္
” အင္း…အင္း…ေမ…ေမ..ေမေမ..”
ဟူေသာသိန္းလွ၏ ညည္သံကိုၾကားလိုက္ရသျဖင့္ အားလံုးဝမ္းသာသြားၾကကုန္၏။
” ဟင္…ေမေမ့သမီးေလးရယ္…မေသေကာင္းမေပ်ာက္ေကာင္းကြယ္…သမီးေလးဘာလို႔ဒီလိုေတြ လုပ္ေနရတာလဲဟင္….”
” သမီးကို နတ္သမီး ဖြားဖြားႀကီးက လုပ္ခိုင္းလို႔ပါေမေမ…”
” ငါႏိုးလာလို႔ေတာ္ေသးတာေပါ့ကြာ..မဟုတ္ရင္သမီးေလးအသက္ကို ကယ္လိုက္ႏိုင္မွာမဟုတ္ဘူး…”
” ေအးကြ..ငါတို႔လည္းခ်က္ခ်င္းႀကီးကေန ဘယ္လိုအိပ္ေပ်ာ္သြားတယ္မသိ…”
” ေအးဟုတ္တယ္ကြ…ကိုစိုးႀကီးႏိုးလို႔သမီးသိန္းလွအသက္ကိုအခ်ိန္မွီကယ္လိုက္ႏိုင္တာဘဲ…”
” ေအးဘႀကီးမိုးရ…က်ဳပ္ကသမီးေလးကိုစိတ္ပူၿပီးႏိုးလာတာ…ၾကည့္လိုက္ေတာ့ သမီးေလးမ႐ွိတာနဲ႔ ဓာတ္မီးယူၿပီး တံခါးဝကိုထိုးၾကည့္လိုက္ေတာ့ တံခါးကဖြင့္ထားရက္သားျဖစ္ေနတယ္…ဒါေၾကာင့္ သမီးေလးကိုစိတ္ပူသြားၿပီး ေအာက္ထပ္ကို ဆင္းလာခဲ့တာ ေလထဲမွာႀကိဳးတန္းလန္းနဲ႔ ယက္ကန္ယက္ကန္ျဖစ္ေနတဲ့သမီးေလးကို ေတြ႔လိုက္ရတာဘဲ…”
” နင္တို႔သမီးေလးသိန္းလွရဲ႕ ကိစၥကမ႐ိုးဘူးထင္တယ္ငစိုး…”
” ဟင္…ဘႀကီးက ဘယ္လိုထင္လို႔လဲဗ်…”
” ေအး…သူ႔ရဲ႕အေျခအေနအမူအရာစကားေျပာပံုေတြၾကည့္ရတာ သမီးေလးကို မျမင္ရတဲ့တစ္ေယာက္ေယာက္က ခိုင္းေစေနလို႔ျဖစ္မယ္…သူေျပာတယ္ေလအသံစူးစူးႀကီးက သူ႔ကိုဒီလိုလုပ္ဖို႔အျမဲေျပာတယ္ဆိုတာ…”
” ဟုတၱယၺ္..ဦးစိုး…က်ဴပ္လည္းခုမွဆက္စပ္ေတြးၾကည့္မိတာ ညီမေလးလွသိန္းေျပာတာ နတ္သမီးျဖားျဖားက သူ႔ကိုအျမဲလာေခၚတယ္ဆိုတာေလ…ဘႀကီးမိုးေျပာတာျဖစ္ႏိုင္တယ္လို႔က်ဳပ္ထင္တယ္ဗ်…”
” အင္းဘႀကီးတို႔ေျပာသလိုတကယ္သာဆိုရင္ သမီးေလးအတြက္ က်ဳပ္ဘာလုပ္သင့္သလဲဘႀကီး…”
” အထက္လမ္းဆရာေကာင္းေကာင္းနဲ႔ ျပၾကည့္သင့္တယ္လို႔ဘႀကီးထင္တယ္…”
” ဟုတ္ဘႀကီး မနက္မိုးလင္းတာနဲ႔ သမီးေလးအတြက္လိုအပ္တာလုပ္ေပးရမယ္…ကြၽန္ေတာ္ေတြးမရေသးတာတစ္ခုက သမီးေလးေသေၾကာင္းၾကံတဲ့ႀကိဳးက ဘေယၠေနရာကႅာတာလဲ…အိမ္မွာလည္းဒီလိုႀကိဳးေတြမ႐ွိဘူးဗ်…”
” ဆရာနဲ႔ေတြ႔မွဘဲ အေျဖသိရေတာ့မွာေပါ့ကြ…”
လူႀကီးတို္႔မွာ အိပ္ေပ်ာ္ေနေသာသိန္းလွကို ေဘးမွေစာင့္ၾကည့္ေနရင္း သိန္းလွ၏အျဖစ္အား တညလံုးထိုင္ကာတိုင္ပင္ေဆြးေႏြးၾက၏။ ထိုညမွာတစ္ညလံုးျပန္မအိပ္ၾကေတာ့ဘဲ ညလံုးေပါက္ထိုင္ေစာင့္ေနၾကေတာ့သည္။
မနက္ေရာက္ေသာ္ သိန္းလွ၏ဖခင္ျဖစ္သူႏွင့္ရြာထဲမွလူငယ္တစ္ေယာက္သည္ ႏြားလွည္းတစ္စီးျဖင့္ တဖက္ရြာမွဆရာကို ပင့္ရန္သြားခဲ့၏။ လမ္းခုလတ္တြင္ ႏြားကလွည္းကိုမဆဲြေတာ့ဘဲ ေပကပ္ကပ္လုက္ေန၏။
” ဟဲ့ဒီႏြားေတြ ဘာျဖစ္ေနၾကတာလဲ…ဆဲြေလကြယ္….အေရးႀကီးပါတယ္ဆိုေနကာမွ…”
ဘႀကီးစိုးကား ႏြားကိုႀကိမ္အသာတို႔ရင္း ေျပာ၏။ ထိုအခ်ိန္တြင္ တဖက္မွလွည္းလမ္းေၾကာင္းအတိုင္း လူငယ္ႏွစ္ေယာက္ ေရာက္လာ၏။ ထိုႏွစ္ေယာက္ထဲမွ တစ္ေယာက္က
” ဒီကဦးႀကီးတို႔ ဘာျဖစ္ၾကတာလဲဗ်…..”
” ဒီေနရာ ေရာက္ေတာ့ႏြားေတြလွည္းကိုဆက္မဆဲြဘဲ ေပကပ္ကပ္လုပ္ေနၾကလို႔ ေမာင္ရင္ေရ…”
” ဪ…တစ္ခုခုျဖစ္လို႔ေနမွာပါ…ဒါနဲ႔ဦးႀကီးတို႔က ဘယ္ကိုသြားၾကမွာလဲဗ်…”
” ဦးႀကီးတို႔ ဟိုဖက္ရြာကို ဆရာပင့္သြားမလို႔ပါကြာ… ခုေတာ့ဒီႏွစ္ေကာင္ေၾကာင့္္မသြားရေတာ့ဘူးထင္တယ္ဗ်ိဳ႕…”
” ဆရာပင့္သြားမယ္ဟုတ္လားဗ်…ဘယ္သူဘာျဖစ္လို႔လဲ သိခြင့္႐ွိမလားဦးႀကီး…”
” ဟုတ္တယ္ လူေလးေရ..ဦးႀကီးတို႔ ဆရာ ပင့္သြားမို႔ပါ…ဦးႀကီးရဲ႕သမီးေလးေနမေကာင္းျဖစ္ေနလို႔ပါ…”
” ဪ..ဒါဆိုက်ဳပ္တို႔လိုက္ၾကည့္ေပးလို႔ရမလားဗ်…က်ဳပ္တို႔နဲနဲပါးပါးကုတတ္ပါတယ္…”
” ေမာင္ရင္တို႔က ေဆးဆရာေတြလား…အဆင့္သင့္လိုက္တာဗ်ာ…ေမာင္ရင္တို္႔ကုတတ္ရင္ ဦးႀကီးနဲ႔လိုက္ၿပီး သမီးေလးကိုကုေပးပါဦးကြယ္…”
” က်ဳုပ္တို္႔ကနဲနဲပါးပါးေလ့လာထားရံုဘဲဦးႀကီးေရ ဆရာအဆင့္ေတာ့မေရာက္ေသးဘူးဗ်…”
” ေအးေအးလိုက္ခဲ့ၿပီး ၾကည့္ေပးၾကည့္ေပါ့ေမာင္ရင္ေရ…ဒီႏွစ္ေကာင္ကလည္းဟိုဖက္ရြာအထိဆဲြမွာမဟုတ္ေတာ့ဘူး…”
ေမာင္ေရခဲတို႔ဆရာတပည့္ႏွစ္ေယာက္လည္း လွည္းေပၚတက္ၿပီး ဦးႀကီးတို႔ ႏွင့္အတူလိုက္သြား၏။ သည္အခါတြင္ကား ႏြားႏွစ္ေကာင္သည္ လွည္းအား ေကာင္းစြာဆဲြေတာ့၏။
တေအာင့္ၾကာေသာ္ ဦးႀကီးတို႔ အိမ္သို႔ေရာက္လာခဲ့သည္။
” ဆရာ…ဒီအိမ္မွာစက္ႀကိဳးေတြျဖန္က်က္ထားတယ္…”
” ေအးသတိထားထင္ေပၚ…”
ဆရာတပည့္ႏွစ္ေရာက္ သတိေပးၾကရင္း လွည္းေပၚမွဆင္းလိုက္၏။
” ဒါဦးႀကီးရဲ႕အိမ္ဘဲ ေမာင္ရင္တို႔…လာလာအိမ္ေပၚလိုက္ခဲ့…”
” ဟုတ္ဦးႀကီး…”
ေမာင္ေရခဲ လည္း ျဖန္႔က်က္ထားေသာ ပညာစကၠို ဖ်က္ဆီးလိုက္ၿပီး အိမ္ေပၚသို႔တက္လာခဲ့သည္။ အိမ္တံခါးအဝင္ဝတြင္ကား အနီေရာက္စက္ႀကိဳးတစ္ခု ျဖန္႔ထားသည္ကိုေတြ႔လိုက္ရျပန္သျဖင့္ စက္ျဖတ္ကာထာရြတ္ကာ ျဖတ္လိုက္၏။ ၿပီးမွ အိမ္ထဲဝင္လာကာ ဘုရားအားဦးတိုက္၏။ ေမာင္ထင္ေပၚလည္း ဆရာနည္းတူ ျမတ္စြာဘုရားအား ဦးတိုက္၏။ ေမာင္ေရခဲတို႔ေရာက္လာေသာ္ သိန္းလွသည္ ခ်က္ခ်င္းပင္ေပါ့ပါးသလိုခံစားလိုက္ရၿပီး ဝမ္းနည္းျခင္းလည္းမ႐ွိေတာ့ေခ်။
” ကဲဦးႀကီးေရ..ဦးႀကီးတို႔သမီးကို ဒီေ႐ွ႕ကိုေခၚလာေပးပါဗ်..”
” ဟုတ္ေမာင္ရင္…”
ဆိုကာသမီးငယ္အားတဲြေခၚၿပီး ေမာင္ေရခဲေ႐ွ႕လာထိုင္ခိုင္း၏။ ေမာင္ေရခဲက
” ကဲညီမငယ္…ဘုရားကိုဦးတိုက္လိုက္ပါဦးကြယ္…”
သိန္းလွလည္းေမာင္ေရခဲေျပာသည့္အတိုင္း ဘုရားကိုဦးတိုက္၏။
” ညီမငယ္စိတ္ထဲ ေလးလံထိုင္းမိႈင္းေနတာမ်ိဳးျဖစ္ေသးလား…”
” မျဖစ္ေတာ့ဘူးဆရာ…အိမ္ထဲကိုဆရာတို႔ဝင္လာတာနဲ႔..ညီမရဲ႕ေလးလံထိုင္းမိႈင္းေနတဲ့စိတ္လည္း ခ်က္ခ်င္းဆိုသလို လြတ္လပ္ေပါ့ပါးသြားတယ္…”
” ေအးေအး..ေကာင္းတာေပါ့..ညီမငယ္ရဲ႕စိတ္ေတြအျမဲေပါ့ပါးေနေအာင္ ဆရာလုပ္ေပးမယ္ညီမက ေသာၾကာသမီးလား…”
” ဟုတ္ပါတယ္ ဆရာ..”
” ကဲေသာၾကာသမီး…ဘုရားကိုႏွလံုးသြင္းထားပါ…”
သိန္းလွ၏အိမ္တြင္ေရာက္႐ွိေနေသာ လူမ်ားကလည္း ေမာင္ေရခဲ လုပ္သမ်ွကိုလိုက္ၾကည့္ေန၏။ ေမာင္ေရခဲလည္း
” ကဲေသာၾကာသမီးကိုျပဳစားထားတဲ့သူ ငါ့အေ႐ွ႕ေရာက္ေစ…”
ေမာင္ေရခဲကအမိန္႔ျပန္လိုက္သည္နဲ႔ လွသိန္းမွာ ေခါင္းေထာင္လာၿပီး
” အမိန္႔ကျပင္းလိုက္တာ… က်ဳပ္နားေတြအူေနေတာ့တာဘဲ…”
” ေရာက္လာၿပီလား…ေရာက္ၿပီဆိုဘုရားကိုဦးတိုက္လိုက္ပါဦး….”
ဟုဆိုလိုက္လ်ွင္ သိန္းလွလည္းဘုရားကို ဦးတိုက္လိုက္၏။ ထိုသူအားေမာင္ေရခဲကည့္လိုက္ရာ နဖူးမွာတဝင္းဝင္းေတာက္ေႏူည္ကိုေတြ႕ရသျဖင့္ ေမာက္ျပားမွန္းသိလိုက္ရ၏။
” ဘာေၾကာင့္ေသာၾကာသမီးကိုျပဳစားရတာလဲ…”
အစဲြ႐ွင္မွာမဆိုင္းမတြဘဲခ်က္ခ်င္းျပန္ေျဖသည္။
” သူကအရမ္းေတာ္ေနလို႔ဟဲ့…သူနဲ႔ရြယ္တူ က်ဳပ္သမီးေလးက ဆယ္တန္းမေျပာနဲ႔ ေလးတန္းထိဘဲတက္ရၿပီး အလုပ္ၾကမ္းေတြလုပ္ေနရတယ္..ဒီေကာင္မက ဆယ္တန္းပါေအာင္ၿပီး ငါ့သမီးထက္အရာရာသာေနလို႔ေအ့…”
” မျဖစ္သင့္တာဘဲ…သင့္ရဲ႕မနာလိုဝန္တိုစိတ္ဟာ သူတစ္ပါးကို ထိခိုက္ေစတာ သင္မသိဘူးလား…”
” မသိဘူးဒီေကာင္မကို ျမင္ျပင္းကပ္တယ္…သူက်ဆယ္တန္းေအာင္ၿပီး ငါ့သမီးက္ အလုပ္ၾကမ္းသမားျဖစ္ရတယ္…ငါေမက္နပၻဴး…”
” တယၡကၱာဘဲ…ဒီလိုျဖစ္လာဖို႔သူအခ်ိန္ေတြေငြေတြအမ်ားႀကီးေပးဆပ္ထားရတာေလ…အဲဒါ ကိုျမင္ေအာင္ၾကည့္ေပးပါလား…”
” မသိဘူး…က်ဳပ္သမီးေလးက သူ႔ကိုျမင္ရင္ အားက်လိုက္တာအျမဲေျပာတယ္….ၿပီးေတာ့ သမီး ေလးကငါ့ကို အေမကသမီးကိုသူမ်ားေတြလိုေက်ာင္းမထားေပးဘူးအလုပ္ဘဲလုပ္ခိုင္းတယ္တဲ့ေလ…သမီးေလးစကားၾကားတိုင္းငါ့မွာရင္နာရတယ္ေအ့…”
” ဟုတ္ေနတာဘဲေလ…”
” မသိဘူးငါ့သမီးေလးက သူ႔ကိုအားက်ေနလို႔ ငါ့ကိုျပန္ခံေျပာေနတာ…”
” ကဲဒါေတြထားေတာ့..ဒီေသာၾကာသမီးကို ဘယႅို လုပၳားတာလဲ…”
” စိတ္ဓာတ္က်ၿပီး သူ႔ကိုယ္သူသတ္ေသေအာင္လုပ္ထားတာဟဲ့..ၿပီးေတာ့ႀကိဳးကိုလည္းသူ႔အနားအျမဲငါလာထားေပးတာ..ဒီေကာင္မကအရမ္းေပ်ာ့ညံ့ေတာ့ လုပ္ရတာအလြယ္ေလး…ဟိုတေန႔ညက သူ႔အေဖသာမလာခဲ့ရင္ ခုဆိုဒီေကာင္မ ငါ့အခိုင္းအေစျဖစ္ေနၿပီဟင္းဟင္း…သူကံေကာင္းသြားလို႔သာ…”
” ႐ွည္႐ွည္ေဝးေဝးမေျပာေတာ့ဘူး…ေသာၾကာသမီးကို လုပ္ထားတာေတြျပန္ယူသြားပါ….”
” မယူႏိုင္ဘူးဟဲ့…သူ႐ွိေနသ၍ငါ့သမီးေလးသူ႔ကိုၾကည့္ၿပီး အားက်ေနမွာဘဲ…ဒီေတာ့သူေသမွရမယ္…”
” ေကာင္းေကာင္းေျပာေနတာလက္သင့္ခံပါ…ငါအၾကမ္းနည္းမသံုးခ်င္ဘူး…”
” မယူႏိုင္ဘူးေသခ်င္ေသပါေစ..”
” ေျပာမရလဲ ေတြ႔ၾကေသးတာေပါ့…”
ဆိုကာေမာင္ေရခဲက မ်က္လံုးမွိတ္ၿပီးဂါထာတစ္ပုဒ္ကိုရြတ္လိုက္၏။ ထိုအခါ အိမ္ထဲသို႔ အေရာင္ဝင္းေနေသာ နတ္တစ္ပါးေရာက္႐ွိလာသည္။ ထိုနတၠိုကားေမာင္ေရခဲသာျမင္ရသည္။ ထိုနတ္၏လက္ထဲတြင္ကား ကုေဝရနတ္မင္းႀကီး၏ ႐ုပ္တုကိုကိုင္ထား၏။ ထိုအခါမြ အစဲြ႐ွင္ သည္ခ်က္ခ်င္းဒူးတုပ္လိုက္ၿပီး နတ္မင္းႀကီး အားအ႐ိုအေသျပဳ၏။ (ကုေဝရနတ္မင္းႀကီးကား စုန္းကေဝ၊ကုမၻဏ္ရကၡတို႔၏အခ်ဳပ္ျဖစ္ေသာေၾကာင့္ဖိန္႔ဖိန္႔တုန္ေအာင္ေၾကာက္ရသည္)
” နင္က အ႐ွင္ကုေဝရနတ္မင္းႀကီးကို မေၾကာက္ေလသလား…”
ကုေဝရနတ္မင္းႀကီး႐ုပ္တုကိုကိုင္ထားေသာ ကုေဝရနတ္မင္းႀကီး၏အေႁခြအရံနတ္တစ္ပါးကထိုသို႔ဆိုလ်ွင္
” မ..မလုပ္ဝံ့ပါဘူး… ”
” ဒါဆို သင္လုပ္ထားတာေတြျပန္ယူသြားေခ်…”
” ဟုတ္…ဟုတ္ကဲ့ပါ…”
ဆိုကာေျခဆင္းထိုင္ၿပီး ေခါင္းမွေျခအဆံုးသပ္ခ်ကာ လုပ္ထားသမွ်ျပန္ယူသြား၏။ ေမာင္ေရခဲ လည္းကုေဝရနတ္မင္းႀကီး၏အေႁခြအရံနတ္အား ျပန္လည္ပို႔ေဆာင္လိုက္သည္။ အစဲြ႐ွင္ လည္း ထြက္သြားၿပီျဖစ္ေသာေၾကာင့္ သိန္းလွ မွာေပ်ာ့ေခြက်သြား၏။
ေမာင္ေရခဲလည္း ေရစင္ျဖင့္ေတာက္ေပးလိုက္ရာ ျပန္သတိရလာသည္။
” ညီမေလးေနရတာအဆင္ေျပသြားၿပီလား…”
” ဟုတ္အဆက္ေျပသြားၿပီဆရာ…ညီမသိတ္ထဲဘာမွမ႐ွိေတာ့သလို ေသလည္းမေသခ်င္ေတာ့ဘူး…”
” ေအးေအး…ဒါဆို ဘုရားတရားမေမ့နဲ႔ေနာ္ညီမငယ္…”
” ဟုတ္ဆရာ ”
ဆိုကာ သိန္းလွ သည္ေမာင္ေရခဲအား ဦးခ်ကန္ေတာ့၏။ သမီးေလး၏အျပံဳးမ်က္ႏွာေလးအား ျပန္ျမင္ေတြ႔ရေသာအခါ မိဘႏွစ္ပါးလည္း ေမာင္ေရခဲတို႔ဆရာတပည့္ႏွစ္ေယာက္အား အလြန္ေက်းဇူးတင္သြား၏။
” ေက်းဇူးတင္လိုက္တာေမာင္ရင္ေရ…က်ဳပ္သမီးေလးရဲ႕မ်က္ႏွာမွာခုလို အျပံဳးေတြျပန္ေတြ႔ရလို႔ပါ…ဒါပညာေၾကးပါဆရာ…”
” ဦးတို႔ဝမ္းသာရင္ဘဲ က်ဳပ္ေက်နပ္လွပါၿပီ…ပညာေၾကးေတြမလိုပါဘူးဗ်..က်ဳပ္တို္႔ကဒီလိုဘဲ အခမဲ့လွည့္လည္ကုသေပးေနၾကတာပါ…”
” ႐ုပ္နဲ႔လိုက္ေအာင္ကို သေဘာထားျပည့္ဝလိုက္တာဆရာေလးတို႔ရယ္…ေက်းဇူးအထူးပါကြယ္…”
ေမာင္ေရခဲတို္႔လည္း အိမ္႐ွင္တို႔ကိုႏူတ္ဆက္ၿပီး ထိုရြာမွထြက္ခြာသြားေတာ့သည္။
( စာထဲမွအျဖစ္အပ်က္သည္ လြန္ခဲ့သည့္ႏွစ္မ်ားက စာေရးသူကိုယ္တိုင္ၾကံဳေတြ႔ခဲ့ရသည္။ ထိုအခ်ိန္သာဆရာသမားေကာင္းမေတြ႔ခဲ့ပါက ယခုခ်ိန္သည္လိုစာေရးႏိုင္မည္အဟုတ္ပါ။ ဆရာသမားအား ႐ွိခိုးကန္ေတ့ာပါသည္။ စာ႐ႈသူမ်ားကိုယ္စိတ္ႏွလံုးက်န္းမာၾကပါေစ…)
# ၿပီး
# ခြန္း