Unicode Version
မောင်ရေခဲ နှင့် ဆွဲချကြိုးအတိုက်(စ/ဆုံး)
———————————–
မြွေမိစ္ဆာမကိုနိုင်နင်းပြီး ထွက်လာလေရာ မြိုင်ဟူသောရွာကိုရောက်ရှိလာခဲ့သည်။ မြိုင်ကျေးရွာသည် အရာရာတိုးတက်နေပြီး စံပြရွာတစ်ရွာလည်းဖြစ်၏။ ထိုရွာတွင် အိမ်ကြီးအိမ်ကောင်းများကိုကြည့်ခြင်းခြင်းဖြင့် စိုက်ပျိုးရေး၊စီးပွားရေး ဖြစ်ထွန်းသော ရွာတစ်ရွာဖြစ်မည်ကိုမောင်ရေခဲတို့ကြိုတင်ခန့်မှန်းနိူင်၏။ ရွာထဲသို့ဝင်ဝင်ခြင်း ပင် ရွာတော်ရှင်နတ်အား မေတ္တာပို့ပြီးမှဝင်၏။
ရွာထဲသို့ရောက်သော် ရွာအကြီးအကဲ၏အိမ်သို့လာခဲ့ကြသည်။ ဤရွာသို့လာရသည့်အကြောင်းမှာလည်း အထက်ကညွှန်လိုက်သောကြောင့်ဖြစ်သည်။ အသိမဟုတ်ဘဲသူကြီးအိမ်သို့ချက်ချင်း လာခဲ့သောကြောင့်သူကြီး၏အိမ်သားမှာ အနည်းငယ်အံ့ဩလေဟန်ရှိသည်။
” ဒါက ရွာအကြီးကဲရဲ့အိမ်ဟုတ်ပါသလားခင်ဗျ…”
သူကြီးအိမ်ရှေ့ဝင်းပေါက်မှနေပြီး အထဲမှနွားစာစဉ်းနေသောသူအားမေးလိုက်ခြင်းဖြစ်သည်။ ထိုလူလည်း လှည့်ကြည့်လာပြီး
” ဟုတ်ပါတယ်ခင်ဗျ…ဒီကအစ်ကိုတို့က ခရီးသွားတွေလားဗျ…”
” ဟုတ်ပါတယ်ဗျ…ကျုပ်တို့ဆရာတပည့်နှစ်ယောက်က နယ်လှည့်ဆေးကုနေတဲ့လူတွေပါ…ဒီမှာရက်အနည်းငယ်လောက်တည်းချင်လို့်ပါဗျ…”
” ဪဆေးဆရာတွေလား…လာပါဗျအထဲဝင်လာကြ…အဘကတော့အိမ်မှာမရှိဘူးဗျ….ယာထဲသွားနေလေရဲ့ ကျွန်တော်သွားခေါ်ပေးမယ်ဗျ…”
” နေပါစေညီလေး…သူကြီးပြန်လာတဲ့ထိအစ်ကိုတို့စောင့်နေလိုက်မယ်…”
” ဟုတ်ကဲ့ပါခင်ဗျ…အဲဒါဆိုလည်း အခါးရည်(လက္ဘက်ရည်)နှင့် မုန့်တွေသုံးဆောင်ပြီး အေးဆေးအနားယူကြပါဦးခင်ဗျ…”
သူငယ်မှာ မုန်နှင့်လက္ဘရည်ချပေးပြီး အိမ်မှထွက်သွား၏။ တအောင့်အကြာ လူကြီးတစ်ဦးနှင့်အတူ ပြန်ရောက်လာ၏။ ထိုလူကြီးက အိမ်ရောက်ရောက်ချင်းပင် မောင်ရေခဲ တို့အားလှမ်းနုတ်ဆက်၏။
” ဒီကကျုပ်သားကအိမ်မှာဧည့်သည်ရောက်နေတယ်ဆိုလို့ ကျုပ်အပြေးကလေးပြန်လာခဲ့တာဗျ…နားနားနေနေ နေကြပေါ့ဗျာ…”
” ကျုပ်တို့ကြောင့် သူကြီးအလုပ်ပျက်ရပြီထင်ရဲ့ဗျာ….”
” ဟာမဟုတ္တာ…လူလေးရေ….ကျုပ်ကဘာမှသွားလုပ်တာမဟုတ်ဘူးဗျ…အိမ်မှာနေရတာပျင်းလာလို့ ယာထဲအလည်သွားတဲ့သဘောပါဗျ…ဒါနဲ့လူလေးတို့်က နယ်လှည့်ဆေးကုတဲ့လူတွေဆိုဟုတ်သလား…”
” ဟုတ်ပါတယ် ဦးကြီး…ကျုပ်တို့ကဒီကို ကိစ္စတစ်ခုရှိလို့ လာခဲ့တာဗ်….”
” ဒါဆိုအဆင်သင့်လိုက်တာဗျာ…ကျုပ်ရဲ့ဇနီးသည်လည်း မျက်လုံးတိမ်စွဲသလိုဖြစ်နေလို့ သူလည်းစိတ်ဆင်းရဲနေရှာလေရဲ့…ဆရာလေးတို့တတ်နိုင်ရင် ကုပေးကြပါဦးဗျ…”
” ရပါ့ဗ်ာ…ကျုပ်တို့ပညာက ဝဋ်နာကံနာကလွဲလို့ ဘယ်ရောဂါမဆိုကုလို့ရနိုင်သဗျ…ဦးကြီးရဲ့ဇနီးသည်ကိုသာ ခေါ်ခဲ့ချေဗျာ…ကျွန်တော်ကြည့်ပေးပါရစေ…”
” ဟုတ်ဆရာလေး…သူကယာထဲမယ်ရှိနေတုန်း ဦးကြီးအခေါ်လွတ်လိုက်မယ်..”
” ဖိုးဌေး…ဟေ့…ဖိုးဌေး..မင်းအမယ်ကိုသွားခေါ်ချေကွဲ့…ခုချက်ချင်း ပြန်လာခိုင်းနော်…ဖိုးဌေး..မြန်မြန်သွားမကြာစေနဲ့ကွဲ့…”
သူကြီးမှာနွားစာစဉ်းနေသော သူငယ်အား ယာထဲမှမိခင်ဖြစ်သူကိုသွားခေါ်ခိုင်း၏။
” ဟုတ်အဘ…”
ဆိုကာသူငယ်လည်း ယာထဲအပြေးသွားပြီး ုခဏအကြာပြန်ရောက်လာသော် အဖွားကြီးတစ်ယောက်ပါလာ၏။ သူကြီးကထိုအဖွားအား
” အမယ်ကြီးရေ….ဆေးဆရာလေးတွေ မင့်မျက်စိအနာကိုကုသပေးကြည့်ချင်လို့တဲ့ဟေ့…ကိုယ်လက်သန့်စင်ပြီး ဒီကိုလာခဲ့ချေ
..”
” အေးအေးလာခဲ့မယ်ရှင်ကြီးရေ…”
အဖွားကြီးမှာ ထိုသို့အသံပြန်ပြုပြီး ကိုယ်လက်သန့်စင်ကာ မောင်ရေခဲ တို့အနားလာထိုင်၏။ မောင်ရေခဲက
” လာလာအကြီး…ကျွန်တော်ကြည့်ကြည့်ရအောင်…အကြီးရဲ့မျက်လုံးကကုလို့ရနိုင်မရနိူင်…”
အမယ်ကြီးလည်း မောင်ရေခဲ ထံတိုးလာခဲ့သည်။ မောင်ရေခဲ လည်းအမယ်ကြီး၏ညာဘက်မျက်လုံးကို ကြည့်လိုက်ရာ တိမ်စွဲနေသသည်ကိုတွေ့ရသဖြင့် ကုသ၍ရန်ုင်မှန်းသိလိုက်၏။
” ဝမ်းသာစရာဘဲဗျ…အကြီးရဲ့မျက်လုံးကို အကောင်းတိုင်းပြန်ကုလို့ရတယ်ဗျ…ကဲထင်ပေါ်..ဆရာ့လွယ်အိတ်ထံက အိတ်ရှုံ့ကလေးနဲ့ထဲ့ထားတဲ့ ဆေးကိုယူလိုက်ပြီး ရေသန့်သန့်ခွက်သန့်သန့်နဲ့သွေးပြီးထဲ့လိုက်ကွဲ့…အကြီး…ကျောက်ပျဉ်လေးတချက်ငှါးပါလားဗျ…”
” ရတယ်ဆရာလေး…ဟဲ့..သား..ဖိုးဌေး ..ဒီကဆရာလေးကိုကျောက်ပျဉ်နှင့်ရေသန့်တွေ ခွက်တွေယူလာပေးလိုက်ကွဲ့..”
” ဟုတ်အမယ်…”
အကုန်ရပြီးသော် မောင်ရေခဲ သည် ထင်ပေါ်အား အိတ်ရှုံ့လေးထဲမှ လက်တစ်ဆစ်သာသာရှိသည့်ဖြူလွနေသောအရာတစ်ခုကို ထုတ်ကာသွေးလိုက်၏။
” ရပြီဆရာ…”
” အေးအေး…ပေးဒီကို..”
မောင်ထင်ပေါ်လည်း ဆေးခွက်ကိုမောင်ရေခဲထံကမ်းပေးလိုက်၏။ မောင်ရေခဲ လည်းဆေးခွက်ကိုင်ကာ ဂါထာ(၇)အုပ်စုတ်ပြီးသော်
” အကြီး ခေါင်းမော့ထား ကျွန်တော်အကြီးမျက်စိထဲဆေးထဲ့ပေးမယ်…စပ်ခြင်းနာခြင်းမရှိဘူး…ပကတိရေစင်လိုဘဲအေးမြနေလိုက်မယ်…”
ဆိုကာဆေးခွက်ထံမှဆေးရည်အနည်းငယ်ကို သူကြီးကတော်၏မျက်စိထဲမျက်စဉ်းခတ်ပေးလိုက်၏။
” ကဲ…ဒီဆေးရေကို တစ်ရက်သုံးခါ မျက်စဉ်းခပ်ပေးပါ…ခုနှစ်ရက်မြောက်ရင် မျက်စိတိမ်အရှင်းလုံးဝပျောက်သွားမယ်ဗျ…”
” ဝမ်းသာလိုက်တာဆရာလေးရယ်…အကြီးဖြင့် မျက်စိတစ်ဖက်တိမ်စွဲနေလို့ ပွဲလမ်းသဘင်တွေဆို အကြီးရှက်လို့မသွားရဲခဲ့ဘူးကွဲ့.. ”
” အင်းပါ…ခုကစပြီးအကြီးရှက်စရာမလိုတော့ဘူးဗျ…”
ထိုအခါသူကြီးကလည်း မောင်ရေခဲ အားလှိုက်လှိုက်လှဲလှဲကျေးဇူးတင်နေရှာသည်။
” ဒီမျက်စဉ်းဆေးက ဘယ်မှာဝယ်လို့ရနိုင်သလဲဗျဆရာလေး…ဦးကြီးတို့လည်းဒီဆေးစွမ်းကောင်းကို အိမ်မှာဝယ်ထားလိုက်ချင်လို့ဗျ…”
” ဘယ်မှာမှဝယ်လို့မရပါဘူးဦးကြီးရေ…ဒီဆေးက ရှားပါးလှတဲ့နဂါးအရိုးတော်ဘဲ…ကျွန်တော် နဂါးပြည်ရောက်ခဲ့တုန်းက နဂါးဘုရင်ကြီးဆီက အလှူခံခဲ့တာပါဗျ…”
” ဟေ…ဘယ္လိုလူကေလးက နဂါးပြည်ကိုတောင်ရောက်ဖူးတာပေါ့နော်….”
” ပဌာန်းဆက်တွေပေါ့ဦးကြီးရေ…”
” အင်းလူ့လောက ကလည်း ဆန်းကြယ်တာကိုဆရာလေးရေ….”
ညနေရောက်သော် သူကြီးအိမ်မှ ချက်ကျွေးသော အစာအဟာရများကိုသုံးဆောင်ပြီး ဘုရားခန်းဝယ် တရားထိုင်နေ၏။
နောက်နေ့ရောက်သော်ရွာထဲရှိအိမ်တအိမ်တွင် သရဲအလွန်ခြောက်လှန့်သဖြင့် အိမ်သူအိမ်သားမ်ား အိမ်တွင်မနေဝံ့တော့သည့်အကြောင်း သူကြီးအိမ်သို့ လာပြောကြ၏။
” သူကြီးရေ…ကူညီပါဦးဗ်…ရွာထဲကဒေါ်ကောင်းလုံရဲ့အိမ်ကြီးထဲ သရဲခြောက်လွန်းလို့ ဘယ်သူမှမနေရဲကြတော့ဘူးဗျ….”
” ဟေဟုတ်လား….ငထူး…သရဲခြောက်တာရောတကယ်ဟုတ်လို့လားကွ…”
” ဟုတ်တယ်တဲ့သူကြီးရ…ဒေါ်ကောင်းလုံပြောပုံအရဆို…သရဲကသရဲမကြီးတဲ့ဗျ…ညညဆို အိမ်ကြီးကိုသိမ့်ခနဲနေအောင်ကိုင်လှုပ်ပြီး အသားတွေတောင်းစားနေတာတဲ့…မကျွေးရင် ရှိသမျှ အိုးခွက်ပန်းကန်တွေကို ပစ်ပေါက်သောင်းကျန်းတော့တာဘဲတဲ့ဗျ…”
” ဟာ….ဆိုးဝါးလှချေလားကွမင့်သရဲမက…ဒါနဲ့သူ့အိမ်ဘဲခြောက်တာလား…တလြားအိမ်တွေကိုရော မခြောက်ဘူးလားဗျ…”
” ဒေါ်ကောင်းလုံအိမ်ကိုဘဲ ကွက်ပြီးခြောက်တာတဲ့သူကြီးရေ…ဒေါ်ကြီးကောင်းလုံတောင် အိမ်မှမနေရဲတော့လို့ အတွင်းပစ္စည်းတွေသိမ်းပြီး သားသမီးဆီလာနေရတာတဲ့…”
” ဟေ…အဆန်းသားလားကွဲ့..”
” အဲဒါသူကြီးကူညီပေးပါဦး…သူကြီးအိမ်မှာ ဆရာလေးနှစ်ယောက်ရောက်နေတယ်လို့ ရွာထဲကလူတွေပြောတာကြားတယ်..”
” သူတို့ကဧည့်သည်တွေကွငထူးရ..
အကူညီတောင်းရမှာအားနာစရာကြီး…”
အိမ်အပေါ်ထပ်တွင် သူကြီးတို့်ပြောသမျှကို မောင်ရေခဲ တို့အတိုင်းသားကြားနေရသဖြင့် အောက်ထပ်သို့ဆင်းလာခဲ့သည်။
” ဒီကဦးကြီးတို့ပြောနေကြတာ ကျွန်တော်အားလုံးကြားပြီးပြီဗျ…ကျွန်တော်ကူညီပေးပါ့မယ်…”
” ဟေ…တကယ်လားလူလေး…ဒါဆိုဝမ်းသာစရာဘဲပေါ့ကွယ်…လူလေးလိုအပ်တာပြော ဦးကြီးရှာပေးမယ်..”
” ဘာမှတော့မလိုဘူးဦးကြီး အဲဒီသရဲခြောက်တယ်ဆိုတဲ့အိမ်ကြီးကိုဘဲ ကျုပ်ကိုခေါ်သွားပေးပါဗျ…ပြီးတော့ အိမ်ရှင်ဆီကိုလည်း အခွင့်တောင်းပေးပါ…”
” အေးအေးလူလေး…ဒါဆိုခုဘဲသွားကြမလား…”
” သွားကြတာပေါ့ဗျ…ကဲထင်ပေါ်ဆေးလွယ်အိတ်ယူပြီးလိုက်ခဲ့ဟေ့….”
” ဟုတ်ဆရာ…”
မောင်ရေခဲ တို့ဆရာတပည့်နှစ်ယောက်သူကြီးတို့လမ်းပြရာနောက်သို့ လိုက်သွားခဲ့ကြသည်။ ရွာလယ်အထိသွားပြီးသော် ဝင်းနှင့်ခြံနှင့် အကျအနဆောက်ထားသော နှစ်ထပ်အိမ်ကြီးကိုတွေ့လိုက်ရသည်။
” ဒီအိမ်ဘဲဆရာလေး…ဟောဟိုမှာလာနေတာက ဒီအိမ်ရဲ့ပိုင်ရှင်ဘဲကွဲ့…”
မောင်ရေခဲလည်းသူကြီးညွှန်ပြသည့် တဖက်လမ်းမှနေ၍သူတိူ့ထံလျှောက်လာနေသည့် မိန်းမ ကြီးကိုကြည့်လိုက်ရာ အသက်(၅၀)ခန့်ရှိသော ခပ်ဝဝ အမျိူးသမီးတစ်ဦးဖြစ်သည်ကိုတွေ့လိုက်ရသည်။ ထိုအမျိုးသမီးသည် သူတို့အနားရောက်သော်
” သူကြီး…ဒီသူငယ်တွေက သရဲကိုနိူင်နှင်းပေးမဲ့သူတွေလား…”
” ဟုတ်တယ်လေ ဒေါ်ကောင်းလုံ…ဘာဖြစ်လို့လဲ..”
” ဟို…ဘာမှတော့မဖြစ်ပါဘူး…သူတို့တွေကငယ်ငယ်လေးတွေဘဲရှိကြသေးတော့ အိမ်ထဲကသရဲမကို မောင်းထုတ် နိုင်ပါ့မလားလို့ပါ…”
ဒေါ်ကောင်းလုံ ဟူသောအမျိုးသမီးကြီးမှာ မောင်ရေခဲ တို့ဆရာတပည့်ကိုကြည့်ပြီး မယုံသယောင်ပြော၏။ ထိုအခါသူကြီးက
” လူသာငယ်တာပညာတော့ အတော်ထက်တယ်ဒေါ်ကောင်းလုံရေ…ကဲကဲသူတို့ကို
ဒီအိမ်ကသရဲမကြီးကို နိုင်နင်းဖို့ အိမ်ရှင်တစ်ယောက်အနေနဲ့ ခွင့်ပြုသလားဒေါ်ကောင်းလုံ….”
” ခွင့်ပြုပါတယ်သူကြီးမင်း….သူတို့တွေ ကျွန်မအိမ်ထဲက သောင်းကျန်းနေတဲ့သရဲမကို နိုင်နှင်းပေးနိူင်ရင် သူတို့တောင်းသလောက် ပညာကြေးပေးမယ်…”
မောင်ရေခဲကား သူတို့၏ ပညာကိုငွေကြေးဖြင့်တန်ဖိုးဖြတ်သော အဒေါ်ကြီး၏ စကားအား သိပ်ပြီး ဘဝင်မကျလှချေ။
” ကဲဆရာရေ…အိမ်ရှင်ကြီးက အိမ်ထဲကသရဲမကို နိူင်နင်းခွင့်ပြုတယ်တဲ့…”
” ကောင်းပါပြီဦးကြီး…”
မောင်ရေခဲ က အိမ်ဝန်းထဲ ဝင်မည်ပြုရာ ဝင်းတံခါးဘောင်အနီးအရောက်တွင် တုံ့ခနဲရပ်လိုက်၏။
” မဝင်သေးနဲ့ထင်ပေါ်…ဒီတံခါးဘောင်ရဲ့အထဲဖက်မှာ နာမ်နိုမ်ပစ္စည်းတွေရှိတယ်….”
” ဟင်….ဘယ်လိုနာမ်နိူမ်ပစ္စည်းလည်းဆရာ…”
” မီးနေသည်ရဲ့ ထမိန္စ(ထဘီ)ဘဲ…အဲဒါကိုမသိဘဲဝင်မိရင်တော့ ကျုပ်တို့တတ်ထားတဲ့ပညာတွေ အကုန်ပျက်စီးသွားလိမ့်မယ်…”
” ဟုတ်နားလည်ပါပြီဆရာ…”
” ကဲသူကြီး….ဒီဝင်းတံခါးရဲ့အထဲမှာ မီးနေသည်ထမိန်စ ရှိတယ် အဲဒါကိုအရင်ဖယ်ပေးမှ ကျုပ်တို့ အထဲဝင်လို့ရမယ်ဗျ…”
” ဟုတ်ဆရာလေး..”
သူကြီးက သူနှင့်အတူပါလာသော ငထူးဆိုသူကို ရှာခိုင်းလိုက်၏။ ခဏကြာသော် ဝင်းတခါးပေါက် သံလုံးအထဲဘက် တွင်ထည့်ထားသော သွေးများပေကြံနေသည့် အစတစ္ခုကို ငထူးကဆွဲထုတ်လိုက်သည်။
” တွေ့ပြီဆရာလေး…”
” အိမ်း…အဲဒါကိုပလတ်စတစ်အိတ်ထဲ ထည့်ထားလိုက်…”
” ကဲထင်ပေါ်…လာအထဲဝင်ကြစို့…ကျန်တဲ့လူတွေ ဒီမှာဘဲစောင့်နေပေးပါဗျ…”
ဆရာတပည့်နှစ်ယောက် အိမ်ကြီးထဲသို့ဝင်သွား၏။ အိမ်ကြီးထဲတွင်ကား အိုးခွက်အကွဲစများ၊ ခုံကျိုးများ ပွစာကြဲနေ၏။ အိမ်ထဲတွင်လည်း မဲမှောင်နေ၏။ မောင်ရေခဲ လည်း ဘုရားခန်းရှိရာသို့ တက္လာခဲ့၏။
” ဟီး…ဟီး…ဟီး…..”
ထိုစဉ် အပေါ်ထပ်ထုပ်တန်းပေါ်မှ ဇောက်ထိုးတွဲခိုနေသော ရုပ်ပျက်ဆင်းပျင်သရဲမကြီးအားတွေ့လိုက်ရ၏။ မောင်ထင်ပေါ်ကား
သရဲမ၏အသံကိုသာ ကြားရသည်။
” မိချို….ခုချက်ချင်း ငါ့ရှေ့လာခဲ့စမ်း…”
မောင်ရေခဲကထုပ်တန်းပေါ်မှသရဲမကိုမိချိုဟုခေါ်ပြီး သူ့ရှေ့ခေါ်လိုက်၏။
” ဟီး… ဟီး…ဟီး…မလာဘူး…မလာနိုင်ဘူး…မင်းကငါ့နာမည်ကိုတောင်သိနေသေးတာဘဲ…ငါ့ကိုရအောင်ခေါ်ဆင်းလေ…”
သရဲမသည် အက်ကွဲသောအသံဖြင့် မောင်ရေခဲကိုပြန်အာခံ၏။
” အေး…ငါအသာတကြည်ပြောတာကို နင်ကလက်မခံဘူးဆိုတော့လည်း သဘောဘဲလေ…ဟဲ့ဆိုင်ရာက သရဲမကို ငါ့ရှေ့ရောက်အောင် ကန်ချလိုက်စမ်း….”
” ဝုန်း…ဘုန်း…”
ထိုစဉ်ထုပ်တန်းပေါ်မှ အာခံနေသော သရဲမသည် တစ်စုံတစ်ရာ ၏ကန်ချခြင်းကို ခံလိုက်ရပြီး မောင်ရေခဲ ရှေ့ဒူးထောက်လျက်သားဖြစ်သွား၏။
” ကဲ…ငါအသာတကြည်ပြောနေတာ မင်းမှလက်မခံဘဲကိုး…ခုဖြေနင့်ကိုဘယ်သူကခိုင်းထားတာလဲ…”
” မဖြေနိုင်ဘူး… ရှင့်မှာအစွမ်းတွေသိပ်ရှိနေရင် ကွကိုယ်သိရအောင်လုပ်ပါလား…”
” မင်းက အတော်ခေါင်းမာတာဘဲ….အဲဆိုလည်း နင်ဖြေနိုင်အောင်လုပ်ပေးရမှာပေါ့…ကဲဆိုင်ရာတွေ ဒီသရဲမကို ပြောအောင်လုပ်လိုက်စမ်း…”
” အား….ပြော…ပြောပါ့မယ်…ကျုပ်ကို သူများကအစာကျွေးပြီးခိုင်းထားလို့်ပါတော်…”
” သူများကအစာကျွေးပြီးခိုင်းတာကို သင်က လုပ်ပေးတယ်ပေါ့ဟုတ်လား…”
” အို…အစားကောင်းစားရမှတော့ ဘယ်သရဲမဆိုလုပ်မှာပေါ့အေ…”
” ဒါဆိုကောင်းပြီ…သင့်ကိုဘာလို့ခိုင်းထားတာလဲ…ဘာလုပ်ခိုင်းတာလဲ…”
” ဒီကောင်းလုံဆိုတဲ့ မိန်းမကြီးက သူ့မှာ ငွေရှိတော့ မောက်မာနေတယ်လေ…လူတိုင်းကို သူကထမင်းကျွေးထားရသလိုမျက်နှာထားနှင့် ဆက်ဆံနေပုံကို မကြိုက်လို့
သူဆက်ပြီး မမောက်မာနိုင်အောင် သူ့စီးပွားတွေပျက်အောင်လုပ်ခိုင်းထားတာအေ့…”
” ဟင်း…အတော်ဆိုးဝါးပါလား…သံချေးဆိုတာသံကနေဖြစ်လာတာ…အဲဒီသံချေးကဘဲသံကိုပြန်စားသွားတာဘဲမလား…ဒီလိုဘဲ ကိုယ်ပြုတဲ့ကံဆိုတာကလည်း ကိုယ့်ထံဘဲပြန်လာမှာ သူ့ဘာသူဘာလုပ်လုပ် သူ့ကံကအကျိူးပေးလိမ့်မယ်…သင်ကရောဘာလို့ ဝင်ပါနေရတာလဲ…..”
” ကျုပ်က အစားကောင်းစားရလို့ လုပ်ရတာပါဆရာလေးရယ်….”
” အေး…သူများခိုင်းတိုင်းလိုက်မလုပ်ရဘူးကွဲ့နားလည်သလား…ကဲပြော…သင့်ကိုဒီအိမ်ထဲရောက်အောင်ဘယ်လိုခေါ်လာခဲ့သလဲ…”
” ကျုပ်ကိုယ့်ကိုယ်ကိုသေကြောင်းကြံတုန်းက ကြိုးဆွဲချခဲ့တဲ့ကြိုးနဲ့ခေါ်လာခဲ့တာပါ…”
” အိမ်း… အဲဒီကြိုးကို ဘယ်မှာမြုပ်ခဲ့သလဲ…”
” မသိဘူး ဆရာ ဒီအိမ်ဝန်းထဲမြုပ်ခဲ့တာဘဲသိတယ် ဘယ်နေရာမြုပ်မှန်းတော့ မသိရိုးအမှန်ပါဆရာ…”
မောင်ရေခဲလည်း သရဲမညာနေသည် မဟုတ်မှန်းကိုသိလေသဖြင့်
” အိမ်းကောင်းပြီ…ဒါဆို ငါ့နည်းငါ့ဟန်နဲ့သိရအောင်လုပ်ရတာပေါ့…ကဲထင်ပေါ် လွယ်အိတ်ထဲက ဆန်မန်းထုပ်ကိုယူပြီး အိမ်ဝန်းထဲ နှံ့အောင်ကျဲလိုက်ကွဲ့…ပြီးတော့ဆန်လုံးတွေစုတဲ့နေရာကို လိုက်ရှာပြီး အဲနေရာကိုတူးကြည့် ကြိုးလေးတစ်ချောင်းတွေ့ရလိမ့်မယ်ကွဲ့…”
” ဟုတ်ဆရာ…”
ထင်ပေါ်လည်း မောင်ရေခဲ ပြောသလို ဆန်မန်းကိုအိမ်ဝိုင်းအနှံ့ကျဲချလိုက်ရာ ခဏအကြာတွင် ကျဲပြန့်နေသော ဆန်လုံးစေ့များသည် တစ်နေရာထဲတွင် တစ်ယောက်ယောက်ကစုပြီး ပုံလိုက်သကဲ့သို့ရှိနေသည်ကို တွေ့လိုက်ရသဖြင့် တူးကြည့်လိုက်ရာ တစ်တောင်ခန့်ရှိသော သုံးလွန်းတင်ကြိုးတစ်ချောင်းကိုတွေ့လိုက်ရသည်။
ထင်ပေါ် လည်းထိုကြိုးကိုယူကာဆရာဖြစ်သူထံယူလာပေး၏။
” ဒီကြိုးပါဆရာ…”
” အိမ်း…ဘယ်မှာတွေ့သလဲထင်ပေါ်…”
” အိမ်အနောက်ဘက် ထောင့်မှာတွေ့တာပါဆရာ…”
” အေးအေး..ကဲမိချို…မင်းဒီကဝကနေ လွတ်ချင်သလားကွဲ့…”
” လွတ်ချင်ပါတယ်ဆရာလေး…”
” အဲဒါဆို ငါကိုယ်တိုင် ဒီကြိုးကိုမီးရှို့ပြီး မင်းကိုအမျှဝေပေးမယ် သာဓုခေါ်မှာလား…”
” ဝမ်းသာလိုက်တာဆရာရယ်…ကျုပ်သာဓုခေါ်ပါ့မယ်တော်….”
” အေးအေးဒါဆို ဒီအိမ်ရဲ့ဘေးကသစ်ပင်ပေါ်မှာခနနေခဲ့ ငါကိုယ်တိုင် မင်းကိုအမျှဝေပေးမယ်…”
” ဟုတ်စောင့်နေမယ်နော်ဆရာ…”
မောင်ရေခဲလည်း ထိုအိမ်ပေါ်မှ အေးဆေးတည်ငြိမ်စွာဆင်းလာခဲ့သည်။ အိမ်ဝမှစောင့်မျှော်နေကြသူတို့ကား မောင်ရေခဲ တို့ဆရာတပည့်နှစ်ယောက်ကို မြင်လျှင် အလွန်ဝမ်းသာသွားကြကုန်၏။
” သရဲမကို နိုင်နင်းလိုက်ပြီလားဆရာလေး….”
” ဟုတ်တယ်ဦးကြီး…ခုကစပြီး ဒီအိမ်မှာဘာသရဲမှ မရှိတော့ဘူး…အိမ်ရှင်ကိုတစ်ခုပြောချင်တာက ပတ်ဝန်းကျင်ကိုချေချေငံငံဆက်ဆံပါလေ…ခုဒီကိစ္စဖြစ်သွားရတာကလည်း အိမ်ရှင်ရဲ့တဖက်စောင်းနင်း မာနတရားကြောင့်ဖြစ်ရတာပါ….”
ထိုအခါမွ မောင်ရေခဲ တို့ဆရာတပည့်နှစ်ယောက်အား အထင်မြင်သေးသလို ပြောခဲ့မိသော အိမ်ရှင်ဒေါ်ကောင်းလုံသည် မျက်နှာကိုအောက်သို့်ငုံ့ထားလေ၏။ သူကြီးလည်း ဒေါ်ကောင်းလုံ အားမနာလိုဖြစ်ကာ သရဲအတိုက်နှင့်တိုက်သည့်သူကို သိလိုသဖြင့်မောင်ရေခဲအားမေးလိုက်၏။
” ဆရာ…ဒေါ်ကောင်းလုံ ကိုသရဲအတိုက်လွတ်တဲ့သူကဘယ်သူဖြစ်နိုင်သလဲ…”
” မသိချင်ပါနဲ့ဦးကြီး…ကာယကံရှင်ဒေါ်ကောင်းလုံကိုယ်တိုင်တော့သိမှာပါ…ကဲကဲစောနားက တွေ့ရတဲ့မီးနေသည် ထဘီစကို သချုႋင်းမှာသွားမြုပ်လိုက်ပါ၊ ဒီကြိုးကိုတော့ကျုပ်ကိုယ်တိုင်မီးရှိုံပြီး သရဲမ ကိုဒီဘဝကကျွတ်အောင်လုပ်ပေးလိုက်မယ်…”
” ဆရာလေး ကောင်းသလိုသာစီစဉ်ပါဗျာ..”
ဒေါ်ကောင်းလုံ ကားလွန်ခဲ့သည့်ရှစ်ရက်ခန့်က ရွာတောင်ပိုင်းမှ သူ၏စီးပွားပြိုင်ဖက်ဖြစ်သူ ဒေါ်မေစီနှင့် စကားအချေအတင် ပြောခဲ့သည်ကို ပြန်လည်သတိရမိတော့သည်။ မောင်ရေခဲ လည်းမီးဖိုတစ်ဖိုမွေးခိုင်းလိုက်ပြီး ကြိုးစအားမီးရှို့ကာ သေလွန်လေသူ သရဲမ မိချိုအား အမျှအတမ်းပေးဝေလိုက်တော့သည်။ သရဲမ မိချိုလည်း မောင်ရေခဲ ပေးဝေသောအမျှအတမ်းကိုသာဓုခေါ်ဆိုကာ ကောင်းရာဘုံဘဝသို့ ကူးပြောင်းသွားခဲ့သည်။
ဒေါ်ကောင်းလုံ သည်မောင်ရေခဲကိုအားတုံ့အားနာဖြစ်ပြီး ပြန်လည်တောင်းပန်နေ၏။
” သားရယ်…အန်တီမသိလို့သားတို့ကို အထင်သေးစွာပြောဆိုခဲ့မိပါတယ် အန်တီ့ကိုခွင့်လွတ်ပေးပါကွယ်…ပြီးတော့သရဲမကိုနှင်ထုတ်ပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်လွန်းလို့ ပညာကြေးလေးကန်တော့ပါရစေ…”
” ကျွန်တော်တို့ ခွင့်လွတ်ပါ တယ်အန်တီ…ပညာကြေးလည်း ကျွန်တော် တို့မယူပါဘူးဗျ…ပဌာန်းဆက်ရှိလို့ဆုံတွေ့ကူညီခွင့်ရတာလို့ဘဲမှတ်ပါတယ်ဗျ..အန်တီလည်းနောက်နှောင် အပြောအဆို ဆင်ခြင်ပါဗျ…”
” ဟုတ်မှတ်ထားပါ့မယ်သားရေ..”
ဒေါ်ကောင်းလုံ ၏စိတ်ထဲတွင်ကား အရွယ်ငယ်သလောက် စကားပြောရည်မွန်သော လူငယ်နှစ်ယောက်အား ချီုးကျုးမိနေတော့သည်။ မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက်လည်း သူကြီးတို့ကို နူတ်ဆက်ကာ မြိုင်ရွာမှ ထွက်လာခဲ့တော့သည်။….။
(စိတ်ကူးမျှသာဖြစ်သည်။သဘောထားခြင်းမတိုက်ဆိုင်ပါက စာရေးသူ၏ ညံ့ဖျင်းမှုသာဖြစ်ပါသည်။ စာပေချစ်မြတ်နိုးသူစာချစ်သူများ ကိုယ်စိတ်နှလုံး ကျန်းမာကြပါစေ)
# ပြီး
# ခွန်း
Zawgyi Version
ေမာင္ေရခဲ ႏွင့္ ဆြဲခ်ႀကိဳးအတိုက္(စ/ဆံုး)
———————————–
ေႁမြမိစာၦမကိုႏိုင္နင္းၿပီး ထြက္လာေလရာ ၿမိဳင္ဟူေသာ႐ြာကိုေရာက္ရွိလာခဲ့သည္။ ၿမိဳင္ေက်း႐ြာသည္ အရာရာတိုးတက္ေနၿပီး စံျပ႐ြာတစ္႐ြာလည္းျဖစ္၏။ ထို႐ြာတြင္ အိမ္ႀကီးအိမ္ေကာင္းမ်ားကိုၾကည့္ျခင္းျခင္းျဖင့္ စိုက္ပ်ိဳးေရး၊စီးပြားေရး ျဖစ္ထြန္းေသာ ႐ြာတစ္႐ြာျဖစ္မည္ကိုေမာင္ေရခဲတို႔ႀကိဳတင္ခန႔္မွန္းႏိူင္၏။ ႐ြာထဲသို႔ဝင္ဝင္ျခင္း ပင္ ႐ြာေတာ္ရွင္နတ္အား ေမတၱာပို႔ၿပီးမွဝင္၏။
႐ြာထဲသို႔ေရာက္ေသာ္ ႐ြာအႀကီးအကဲ၏အိမ္သို႔လာခဲ့ၾကသည္။ ဤ႐ြာသို႔လာရသည့္အေၾကာင္းမွာလည္း အထက္ကၫႊန္လိုက္ေသာေၾကာင့္ျဖစ္သည္။ အသိမဟုတ္ဘဲသူႀကီးအိမ္သို႔ခ်က္ခ်င္း လာခဲ့ေသာေၾကာင့္သူႀကီး၏အိမ္သားမွာ အနည္းငယ္အံ့ဩေလဟန္ရွိသည္။
” ဒါက ႐ြာအႀကီးကဲရဲ႕အိမ္ဟုတ္ပါသလားခင္ဗ်…”
သူႀကီးအိမ္ေရွ႕ဝင္းေပါက္မွေနၿပီး အထဲမွႏြားစာစဥ္းေနေသာသူအားေမးလိုက္ျခင္းျဖစ္သည္။ ထိုလူလည္း လွည့္ၾကည့္လာၿပီး
” ဟုတ္ပါတယ္ခင္ဗ်…ဒီကအစ္ကိုတို႔က ခရီးသြားေတြလားဗ်…”
” ဟုတ္ပါတယ္ဗ်…က်ဳပ္တို႔ဆရာတပည့္ႏွစ္ေယာက္က နယ္လွည့္ေဆးကုေနတဲ့လူေတြပါ…ဒီမွာရက္အနည္းငယ္ေလာက္တည္းခ်င္လို႔္ပါဗ်…”
” ဪေဆးဆရာေတြလား…လာပါဗ်အထဲဝင္လာၾက…အဘကေတာ့အိမ္မွာမရွိဘူးဗ်….ယာထဲသြားေနေလရဲ႕ ကြၽန္ေတာ္သြားေခၚေပးမယ္ဗ်…”
” ေနပါေစညီေလး…သူႀကီးျပန္လာတဲ့ထိအစ္ကိုတို႔ေစာင့္ေနလိုက္မယ္…”
” ဟုတ္ကဲ့ပါခင္ဗ်…အဲဒါဆိုလည္း အခါးရည္(လကၻက္ရည္)ႏွင့္ မုန႔္ေတြသုံးေဆာင္ၿပီး ေအးေဆးအနားယူၾကပါဦးခင္ဗ်…”
သူငယ္မွာ မုန္ႏွင့္လကၻရည္ခ်ေပးၿပီး အိမ္မွထြက္သြား၏။ တေအာင့္အၾကာ လူႀကီးတစ္ဦးႏွင့္အတူ ျပန္ေရာက္လာ၏။ ထိုလူႀကီးက အိမ္ေရာက္ေရာက္ခ်င္းပင္ ေမာင္ေရခဲ တို႔အားလွမ္းႏုတ္ဆက္၏။
” ဒီကက်ဳပ္သားကအိမ္မွာဧည့္သည္ေရာက္ေနတယ္ဆိုလို႔ က်ဳပ္အေျပးကေလးျပန္လာခဲ့တာဗ်…နားနားေနေန ေနၾကေပါ့ဗ်ာ…”
” က်ဳပ္တို႔ေၾကာင့္ သူႀကီးအလုပ္ပ်က္ရၿပီထင္ရဲ႕ဗ်ာ….”
” ဟာမဟုတၱာ…လူေလးေရ….က်ဳပ္ကဘာမွသြားလုပ္တာမဟုတ္ဘူးဗ်…အိမ္မွာေနရတာပ်င္းလာလို႔ ယာထဲအလည္သြားတဲ့သေဘာပါဗ်…ဒါနဲ႔လူေလးတို႔္က နယ္လွည့္ေဆးကုတဲ့လူေတြဆိုဟုတ္သလား…”
” ဟုတ္ပါတယ္ ဦးႀကီး…က်ဳပ္တို႔ကဒီကို ကိစၥတစ္ခုရွိလို႔ လာခဲ့တာဗ္….”
” ဒါဆိုအဆင္သင့္လိုက္တာဗ်ာ…က်ဳပ္ရဲ႕ဇနီးသည္လည္း မ်က္လုံးတိမ္စြဲသလိုျဖစ္ေနလို႔ သူလည္းစိတ္ဆင္းရဲေနရွာေလရဲ႕…ဆရာေလးတို႔တတ္ႏိုင္ရင္ ကုေပးၾကပါဦးဗ်…”
” ရပါ့ဗ္ာ…က်ဳပ္တို႔ပညာက ဝဋ္နာကံနာကလြဲလို႔ ဘယ္ေရာဂါမဆိုကုလို႔ရႏိုင္သဗ်…ဦးႀကီးရဲ႕ဇနီးသည္ကိုသာ ေခၚခဲ့ေခ်ဗ်ာ…ကြၽန္ေတာ္ၾကည့္ေပးပါရေစ…”
” ဟုတ္ဆရာေလး…သူကယာထဲမယ္ရွိေနတုန္း ဦးႀကီးအေခၚလြတ္လိုက္မယ္..”
” ဖိုးေဌး…ေဟ့…ဖိုးေဌး..မင္းအမယ္ကိုသြားေခၚေခ်ကြဲ႕…ခုခ်က္ခ်င္း ျပန္လာခိုင္းေနာ္…ဖိုးေဌး..ျမန္ျမန္သြားမၾကာေစနဲ႔ကြဲ႕…”
သူႀကီးမွာႏြားစာစဥ္းေနေသာ သူငယ္အား ယာထဲမွမိခင္ျဖစ္သူကိုသြားေခၚခိုင္း၏။
” ဟုတ္အဘ…”
ဆိုကာသူငယ္လည္း ယာထဲအေျပးသြားၿပီး ုခဏအၾကာျပန္ေရာက္လာေသာ္ အဖြားႀကီးတစ္ေယာက္ပါလာ၏။ သူႀကီးကထိုအဖြားအား
” အမယ္ႀကီးေရ….ေဆးဆရာေလးေတြ မင့္မ်က္စိအနာကိုကုသေပးၾကည့္ခ်င္လို႔တဲ့ေဟ့…ကိုယ္လက္သန႔္စင္ၿပီး ဒီကိုလာခဲ့ေခ်
..”
” ေအးေအးလာခဲ့မယ္ရွင္ႀကီးေရ…”
အဖြားႀကီးမွာ ထိုသို႔အသံျပန္ျပဳၿပီး ကိုယ္လက္သန႔္စင္ကာ ေမာင္ေရခဲ တို႔အနားလာထိုင္၏။ ေမာင္ေရခဲက
” လာလာအႀကီး…ကြၽန္ေတာ္ၾကည့္ၾကည့္ရေအာင္…အႀကီးရဲ႕မ်က္လုံးကကုလို႔ရႏိုင္မရႏိူင္…”
အမယ္ႀကီးလည္း ေမာင္ေရခဲ ထံတိုးလာခဲ့သည္။ ေမာင္ေရခဲ လည္းအမယ္ႀကီး၏ညာဘက္မ်က္လုံးကို ၾကည့္လိုက္ရာ တိမ္စြဲေနသသည္ကိုေတြ႕ရသျဖင့္ ကုသ၍ရႏ္ုင္မွန္းသိလိုက္၏။
” ဝမ္းသာစရာဘဲဗ်…အႀကီးရဲ႕မ်က္လုံးကို အေကာင္းတိုင္းျပန္ကုလို႔ရတယ္ဗ်…ကဲထင္ေပၚ..ဆရာ့လြယ္အိတ္ထံက အိတ္ရႈံ႕ကေလးနဲ႔ထဲ့ထားတဲ့ ေဆးကိုယူလိုက္ၿပီး ေရသန႔္သန႔္ခြက္သန႔္သန႔္နဲ႔ေသြးၿပီးထဲ့လိုက္ကြဲ႕…အႀကီး…ေက်ာက္ပ်ဥ္ေလးတခ်က္ငွါးပါလားဗ်…”
” ရတယ္ဆရာေလး…ဟဲ့..သား..ဖိုးေဌး ..ဒီကဆရာေလးကိုေက်ာက္ပ်ဥ္ႏွင့္ေရသန႔္ေတြ ခြက္ေတြယူလာေပးလိုက္ကြဲ႕..”
” ဟုတ္အမယ္…”
အကုန္ရၿပီးေသာ္ ေမာင္ေရခဲ သည္ ထင္ေပၚအား အိတ္ရႈံ႕ေလးထဲမွ လက္တစ္ဆစ္သာသာရွိသည့္ျဖဴလြေနေသာအရာတစ္ခုကို ထုတ္ကာေသြးလိုက္၏။
” ရၿပီဆရာ…”
” ေအးေအး…ေပးဒီကို..”
ေမာင္ထင္ေပၚလည္း ေဆးခြက္ကိုေမာင္ေရခဲထံကမ္းေပးလိုက္၏။ ေမာင္ေရခဲ လည္းေဆးခြက္ကိုင္ကာ ဂါထာ(၇)အုပ္စုတ္ၿပီးေသာ္
” အႀကီး ေခါင္းေမာ့ထား ကြၽန္ေတာ္အႀကီးမ်က္စိထဲေဆးထဲ့ေပးမယ္…စပ္ျခင္းနာျခင္းမရွိဘူး…ပကတိေရစင္လိုဘဲေအးျမေနလိုက္မယ္…”
ဆိုကာေဆးခြက္ထံမွေဆးရည္အနည္းငယ္ကို သူႀကီးကေတာ္၏မ်က္စိထဲမ်က္စဥ္းခတ္ေပးလိုက္၏။
” ကဲ…ဒီေဆးေရကို တစ္ရက္သုံးခါ မ်က္စဥ္းခပ္ေပးပါ…ခုႏွစ္ရက္ေျမာက္ရင္ မ်က္စိတိမ္အရွင္းလုံးဝေပ်ာက္သြားမယ္ဗ်…”
” ဝမ္းသာလိုက္တာဆရာေလးရယ္…အႀကီးျဖင့္ မ်က္စိတစ္ဖက္တိမ္စြဲေနလို႔ ပြဲလမ္းသဘင္ေတြဆို အႀကီးရွက္လို႔မသြားရဲခဲ့ဘူးကြဲ႕.. ”
” အင္းပါ…ခုကစၿပီးအႀကီးရွက္စရာမလိုေတာ့ဘူးဗ်…”
ထိုအခါသူႀကီးကလည္း ေမာင္ေရခဲ အားလႈိက္လႈိက္လွဲလွဲေက်းဇူးတင္ေနရွာသည္။
” ဒီမ်က္စဥ္းေဆးက ဘယ္မွာဝယ္လို႔ရႏိုင္သလဲဗ်ဆရာေလး…ဦးႀကီးတို႔လည္းဒီေဆးစြမ္းေကာင္းကို အိမ္မွာဝယ္ထားလိုက္ခ်င္လို႔ဗ်…”
” ဘယ္မွာမွဝယ္လို႔မရပါဘူးဦးႀကီးေရ…ဒီေဆးက ရွားပါးလွတဲ့နဂါးအ႐ိုးေတာ္ဘဲ…ကြၽန္ေတာ္ နဂါးျပည္ေရာက္ခဲ့တုန္းက နဂါးဘုရင္ႀကီးဆီက အလႉခံခဲ့တာပါဗ်…”
” ေဟ…ဘယႅိဳလူေကလးက နဂါးျပည္ကိုေတာင္ေရာက္ဖူးတာေပါ့ေနာ္….”
” ပဌာန္းဆက္ေတြေပါ့ဦးႀကီးေရ…”
” အင္းလူ႔ေလာက ကလည္း ဆန္းၾကယ္တာကိုဆရာေလးေရ….”
ညေနေရာက္ေသာ္ သူႀကီးအိမ္မွ ခ်က္ေကြၽးေသာ အစာအဟာရမ်ားကိုသုံးေဆာင္ၿပီး ဘုရားခန္းဝယ္ တရားထိုင္ေန၏။
ေနာက္ေန႔ေရာက္ေသာ္႐ြာထဲရွိအိမ္တအိမ္တြင္ သရဲအလြန္ေျခာက္လွန႔္သျဖင့္ အိမ္သူအိမ္သားမ္ား အိမ္တြင္မေနဝံ့ေတာ့သည့္အေၾကာင္း သူႀကီးအိမ္သို႔ လာေျပာၾက၏။
” သူႀကီးေရ…ကူညီပါဦးဗ္…႐ြာထဲကေဒၚေကာင္းလုံရဲ႕အိမ္ႀကီးထဲ သရဲေျခာက္လြန္းလို႔ ဘယ္သူမွမေနရဲၾကေတာ့ဘူးဗ်….”
” ေဟဟုတ္လား….ငထူး…သရဲေျခာက္တာေရာတကယ္ဟုတ္လို႔လားကြ…”
” ဟုတ္တယ္တဲ့သူႀကီးရ…ေဒၚေကာင္းလုံေျပာပုံအရဆို…သရဲကသရဲမႀကီးတဲ့ဗ်…ညညဆို အိမ္ႀကီးကိုသိမ့္ခနဲေနေအာင္ကိုင္လႈပ္ၿပီး အသားေတြေတာင္းစားေနတာတဲ့…မေကြၽးရင္ ရွိသမွ် အိုးခြက္ပန္းကန္ေတြကို ပစ္ေပါက္ေသာင္းက်န္းေတာ့တာဘဲတဲ့ဗ်…”
” ဟာ….ဆိုးဝါးလွေခ်လားကြမင့္သရဲမက…ဒါနဲ႔သူ႔အိမ္ဘဲေျခာက္တာလား…တၾလားအိမ္ေတြကိုေရာ မေျခာက္ဘူးလားဗ်…”
” ေဒၚေကာင္းလုံအိမ္ကိုဘဲ ကြက္ၿပီးေျခာက္တာတဲ့သူႀကီးေရ…ေဒၚႀကီးေကာင္းလုံေတာင္ အိမ္မွမေနရဲေတာ့လို႔ အတြင္းပစၥည္းေတြသိမ္းၿပီး သားသမီးဆီလာေနရတာတဲ့…”
” ေဟ…အဆန္းသားလားကြဲ႕..”
” အဲဒါသူႀကီးကူညီေပးပါဦး…သူႀကီးအိမ္မွာ ဆရာေလးႏွစ္ေယာက္ေရာက္ေနတယ္လို႔ ႐ြာထဲကလူေတြေျပာတာၾကားတယ္..”
” သူတို႔ကဧည့္သည္ေတြကြငထူးရ..
အကူညီေတာင္းရမွာအားနာစရာႀကီး…”
အိမ္အေပၚထပ္တြင္ သူႀကီးတို႔္ေျပာသမွ်ကို ေမာင္ေရခဲ တို႔အတိုင္းသားၾကားေနရသျဖင့္ ေအာက္ထပ္သို႔ဆင္းလာခဲ့သည္။
” ဒီကဦးႀကီးတို႔ေျပာေနၾကတာ ကြၽန္ေတာ္အားလုံးၾကားၿပီးၿပီဗ်…ကြၽန္ေတာ္ကူညီေပးပါ့မယ္…”
” ေဟ…တကယ္လားလူေလး…ဒါဆိုဝမ္းသာစရာဘဲေပါ့ကြယ္…လူေလးလိုအပ္တာေျပာ ဦးႀကီးရွာေပးမယ္..”
” ဘာမွေတာ့မလိုဘူးဦးႀကီး အဲဒီသရဲေျခာက္တယ္ဆိုတဲ့အိမ္ႀကီးကိုဘဲ က်ဳပ္ကိုေခၚသြားေပးပါဗ်…ၿပီးေတာ့ အိမ္ရွင္ဆီကိုလည္း အခြင့္ေတာင္းေပးပါ…”
” ေအးေအးလူေလး…ဒါဆိုခုဘဲသြားၾကမလား…”
” သြားၾကတာေပါ့ဗ်…ကဲထင္ေပၚေဆးလြယ္အိတ္ယူၿပီးလိုက္ခဲ့ေဟ့….”
” ဟုတ္ဆရာ…”
ေမာင္ေရခဲ တို႔ဆရာတပည့္ႏွစ္ေယာက္သူႀကီးတို႔လမ္းျပရာေနာက္သို႔ လိုက္သြားခဲ့ၾကသည္။ ႐ြာလယ္အထိသြားၿပီးေသာ္ ဝင္းႏွင့္ၿခံႏွင့္ အက်အနေဆာက္ထားေသာ ႏွစ္ထပ္အိမ္ႀကီးကိုေတြ႕လိုက္ရသည္။
” ဒီအိမ္ဘဲဆရာေလး…ေဟာဟိုမွာလာေနတာက ဒီအိမ္ရဲ႕ပိုင္ရွင္ဘဲကြဲ႕…”
ေမာင္ေရခဲလည္းသူႀကီးၫႊန္ျပသည့္ တဖက္လမ္းမွေန၍သူတိူ႔ထံေလွ်ာက္လာေနသည့္ မိန္းမ ႀကီးကိုၾကည့္လိုက္ရာ အသက္(၅၀)ခန႔္ရွိေသာ ခပ္ဝဝ အမ်ိဴးသမီးတစ္ဦးျဖစ္သည္ကိုေတြ႕လိုက္ရသည္။ ထိုအမ်ိဳးသမီးသည္ သူတို႔အနားေရာက္ေသာ္
” သူႀကီး…ဒီသူငယ္ေတြက သရဲကိုႏိူင္ႏွင္းေပးမဲ့သူေတြလား…”
” ဟုတ္တယ္ေလ ေဒၚေကာင္းလုံ…ဘာျဖစ္လို႔လဲ..”
” ဟို…ဘာမွေတာ့မျဖစ္ပါဘူး…သူတို႔ေတြကငယ္ငယ္ေလးေတြဘဲရွိၾကေသးေတာ့ အိမ္ထဲကသရဲမကို ေမာင္းထုတ္ ႏိုင္ပါ့မလားလို႔ပါ…”
ေဒၚေကာင္းလုံ ဟူေသာအမ်ိဳးသမီးႀကီးမွာ ေမာင္ေရခဲ တို႔ဆရာတပည့္ကိုၾကည့္ၿပီး မယုံသေယာင္ေျပာ၏။ ထိုအခါသူႀကီးက
” လူသာငယ္တာပညာေတာ့ အေတာ္ထက္တယ္ေဒၚေကာင္းလုံေရ…ကဲကဲသူတို႔ကို
ဒီအိမ္ကသရဲမႀကီးကို ႏိုင္နင္းဖို႔ အိမ္ရွင္တစ္ေယာက္အေနနဲ႔ ခြင့္ျပဳသလားေဒၚေကာင္းလုံ….”
” ခြင့္ျပဳပါတယ္သူႀကီးမင္း….သူတို႔ေတြ ကြၽန္မအိမ္ထဲက ေသာင္းက်န္းေနတဲ့သရဲမကို ႏိုင္ႏွင္းေပးႏိူင္ရင္ သူတို႔ေတာင္းသေလာက္ ပညာေၾကးေပးမယ္…”
ေမာင္ေရခဲကား သူတို႔၏ ပညာကိုေငြေၾကးျဖင့္တန္ဖိုးျဖတ္ေသာ အေဒၚႀကီး၏ စကားအား သိပ္ၿပီး ဘဝင္မက်လွေခ်။
” ကဲဆရာေရ…အိမ္ရွင္ႀကီးက အိမ္ထဲကသရဲမကို ႏိူင္နင္းခြင့္ျပဳတယ္တဲ့…”
” ေကာင္းပါၿပီဦးႀကီး…”
ေမာင္ေရခဲ က အိမ္ဝန္းထဲ ဝင္မည္ျပဳရာ ဝင္းတံခါးေဘာင္အနီးအေရာက္တြင္ တုံ႔ခနဲရပ္လိုက္၏။
” မဝင္ေသးနဲ႔ထင္ေပၚ…ဒီတံခါးေဘာင္ရဲ႕အထဲဖက္မွာ နာမ္ႏိုမ္ပစၥည္းေတြရွိတယ္….”
” ဟင္….ဘယ္လိုနာမ္ႏိူမ္ပစၥည္းလည္းဆရာ…”
” မီးေနသည္ရဲ႕ ထမိႏၥ(ထဘီ)ဘဲ…အဲဒါကိုမသိဘဲဝင္မိရင္ေတာ့ က်ဳပ္တို႔တတ္ထားတဲ့ပညာေတြ အကုန္ပ်က္စီးသြားလိမ့္မယ္…”
” ဟုတ္နားလည္ပါၿပီဆရာ…”
” ကဲသူႀကီး….ဒီဝင္းတံခါးရဲ႕အထဲမွာ မီးေနသည္ထမိန္စ ရွိတယ္ အဲဒါကိုအရင္ဖယ္ေပးမွ က်ဳပ္တို႔ အထဲဝင္လို႔ရမယ္ဗ်…”
” ဟုတ္ဆရာေလး..”
သူႀကီးက သူႏွင့္အတူပါလာေသာ ငထူးဆိုသူကို ရွာခိုင္းလိုက္၏။ ခဏၾကာေသာ္ ဝင္းတခါးေပါက္ သံလုံးအထဲဘက္ တြင္ထည့္ထားေသာ ေသြးမ်ားေပႀကံေနသည့္ အစတစၡဳကို ငထူးကဆြဲထုတ္လိုက္သည္။
” ေတြ႕ၿပီဆရာေလး…”
” အိမ္း…အဲဒါကိုပလတ္စတစ္အိတ္ထဲ ထည့္ထားလိုက္…”
” ကဲထင္ေပၚ…လာအထဲဝင္ၾကစို႔…က်န္တဲ့လူေတြ ဒီမွာဘဲေစာင့္ေနေပးပါဗ်…”
ဆရာတပည့္ႏွစ္ေယာက္ အိမ္ႀကီးထဲသို႔ဝင္သြား၏။ အိမ္ႀကီးထဲတြင္ကား အိုးခြက္အကြဲစမ်ား၊ ခုံက်ိဳးမ်ား ပြစာႀကဲေန၏။ အိမ္ထဲတြင္လည္း မဲေမွာင္ေန၏။ ေမာင္ေရခဲ လည္း ဘုရားခန္းရွိရာသို႔ တကႅာခဲ့၏။
” ဟီး…ဟီး…ဟီး…..”
ထိုစဥ္ အေပၚထပ္ထုပ္တန္းေပၚမွ ေဇာက္ထိုးတြဲခိုေနေသာ ႐ုပ္ပ်က္ဆင္းပ်င္သရဲမႀကီးအားေတြ႕လိုက္ရ၏။ ေမာင္ထင္ေပၚကား
သရဲမ၏အသံကိုသာ ၾကားရသည္။
” မိခ်ိဳ….ခုခ်က္ခ်င္း ငါ့ေရွ႕လာခဲ့စမ္း…”
ေမာင္ေရခဲကထုပ္တန္းေပၚမွသရဲမကိုမိခ်ိဳဟုေခၚၿပီး သူ႔ေရွ႕ေခၚလိုက္၏။
” ဟီး… ဟီး…ဟီး…မလာဘူး…မလာႏိုင္ဘူး…မင္းကငါ့နာမည္ကိုေတာင္သိေနေသးတာဘဲ…ငါ့ကိုရေအာင္ေခၚဆင္းေလ…”
သရဲမသည္ အက္ကြဲေသာအသံျဖင့္ ေမာင္ေရခဲကိုျပန္အာခံ၏။
” ေအး…ငါအသာတၾကည္ေျပာတာကို နင္ကလက္မခံဘူးဆိုေတာ့လည္း သေဘာဘဲေလ…ဟဲ့ဆိုင္ရာက သရဲမကို ငါ့ေရွ႕ေရာက္ေအာင္ ကန္ခ်လိုက္စမ္း….”
” ဝုန္း…ဘုန္း…”
ထိုစဥ္ထုပ္တန္းေပၚမွ အာခံေနေသာ သရဲမသည္ တစ္စုံတစ္ရာ ၏ကန္ခ်ျခင္းကို ခံလိုက္ရၿပီး ေမာင္ေရခဲ ေရွ႕ဒူးေထာက္လ်က္သားျဖစ္သြား၏။
” ကဲ…ငါအသာတၾကည္ေျပာေနတာ မင္းမွလက္မခံဘဲကိုး…ခုေျဖနင့္ကိုဘယ္သူကခိုင္းထားတာလဲ…”
” မေျဖႏိုင္ဘူး… ရွင့္မွာအစြမ္းေတြသိပ္ရွိေနရင္ ကြကိုယ္သိရေအာင္လုပ္ပါလား…”
” မင္းက အေတာ္ေခါင္းမာတာဘဲ….အဲဆိုလည္း နင္ေျဖႏိုင္ေအာင္လုပ္ေပးရမွာေပါ့…ကဲဆိုင္ရာေတြ ဒီသရဲမကို ေျပာေအာင္လုပ္လိုက္စမ္း…”
” အား….ေျပာ…ေျပာပါ့မယ္…က်ဳပ္ကို သူမ်ားကအစာေကြၽးၿပီးခိုင္းထားလို႔္ပါေတာ္…”
” သူမ်ားကအစာေကြၽးၿပီးခိုင္းတာကို သင္က လုပ္ေပးတယ္ေပါ့ဟုတ္လား…”
” အို…အစားေကာင္းစားရမွေတာ့ ဘယ္သရဲမဆိုလုပ္မွာေပါ့ေအ…”
” ဒါဆိုေကာင္းၿပီ…သင့္ကိုဘာလို႔ခိုင္းထားတာလဲ…ဘာလုပ္ခိုင္းတာလဲ…”
” ဒီေကာင္းလုံဆိုတဲ့ မိန္းမႀကီးက သူ႔မွာ ေငြရွိေတာ့ ေမာက္မာေနတယ္ေလ…လူတိုင္းကို သူကထမင္းေကြၽးထားရသလိုမ်က္ႏွာထားႏွင့္ ဆက္ဆံေနပုံကို မႀကိဳက္လို႔
သူဆက္ၿပီး မေမာက္မာႏိုင္ေအာင္ သူ႔စီးပြားေတြပ်က္ေအာင္လုပ္ခိုင္းထားတာေအ့…”
” ဟင္း…အေတာ္ဆိုးဝါးပါလား…သံေခ်းဆိုတာသံကေနျဖစ္လာတာ…အဲဒီသံေခ်းကဘဲသံကိုျပန္စားသြားတာဘဲမလား…ဒီလိုဘဲ ကိုယ္ျပဳတဲ့ကံဆိုတာကလည္း ကိုယ့္ထံဘဲျပန္လာမွာ သူ႔ဘာသူဘာလုပ္လုပ္ သူ႔ကံကအက်ိဴးေပးလိမ့္မယ္…သင္ကေရာဘာလို႔ ဝင္ပါေနရတာလဲ…..”
” က်ဳပ္က အစားေကာင္းစားရလို႔ လုပ္ရတာပါဆရာေလးရယ္….”
” ေအး…သူမ်ားခိုင္းတိုင္းလိုက္မလုပ္ရဘူးကြဲ႕နားလည္သလား…ကဲေျပာ…သင့္ကိုဒီအိမ္ထဲေရာက္ေအာင္ဘယ္လိုေခၚလာခဲ့သလဲ…”
” က်ဳပ္ကိုယ့္ကိုယ္ကိုေသေၾကာင္းႀကံတုန္းက ႀကိဳးဆြဲခ်ခဲ့တဲ့ႀကိဳးနဲ႔ေခၚလာခဲ့တာပါ…”
” အိမ္း… အဲဒီႀကိဳးကို ဘယ္မွာျမဳပ္ခဲ့သလဲ…”
” မသိဘူး ဆရာ ဒီအိမ္ဝန္းထဲျမဳပ္ခဲ့တာဘဲသိတယ္ ဘယ္ေနရာျမဳပ္မွန္းေတာ့ မသိ႐ိုးအမွန္ပါဆရာ…”
ေမာင္ေရခဲလည္း သရဲမညာေနသည္ မဟုတ္မွန္းကိုသိေလသျဖင့္
” အိမ္းေကာင္းၿပီ…ဒါဆို ငါ့နည္းငါ့ဟန္နဲ႔သိရေအာင္လုပ္ရတာေပါ့…ကဲထင္ေပၚ လြယ္အိတ္ထဲက ဆန္မန္းထုပ္ကိုယူၿပီး အိမ္ဝန္းထဲ ႏွံ႔ေအာင္က်ဲလိုက္ကြဲ႕…ၿပီးေတာ့ဆန္လုံးေတြစုတဲ့ေနရာကို လိုက္ရွာၿပီး အဲေနရာကိုတူးၾကည့္ ႀကိဳးေလးတစ္ေခ်ာင္းေတြ႕ရလိမ့္မယ္ကြဲ႕…”
” ဟုတ္ဆရာ…”
ထင္ေပၚလည္း ေမာင္ေရခဲ ေျပာသလို ဆန္မန္းကိုအိမ္ဝိုင္းအႏွံ႔က်ဲခ်လိုက္ရာ ခဏအၾကာတြင္ က်ဲျပန႔္ေနေသာ ဆန္လုံးေစ့မ်ားသည္ တစ္ေနရာထဲတြင္ တစ္ေယာက္ေယာက္ကစုၿပီး ပုံလိုက္သကဲ့သို႔ရွိေနသည္ကို ေတြ႕လိုက္ရသျဖင့္ တူးၾကည့္လိုက္ရာ တစ္ေတာင္ခန႔္ရွိေသာ သုံးလြန္းတင္ႀကိဳးတစ္ေခ်ာင္းကိုေတြ႕လိုက္ရသည္။
ထင္ေပၚ လည္းထိုႀကိဳးကိုယူကာဆရာျဖစ္သူထံယူလာေပး၏။
” ဒီႀကိဳးပါဆရာ…”
” အိမ္း…ဘယ္မွာေတြ႕သလဲထင္ေပၚ…”
” အိမ္အေနာက္ဘက္ ေထာင့္မွာေတြ႕တာပါဆရာ…”
” ေအးေအး..ကဲမိခ်ိဳ…မင္းဒီကဝကေန လြတ္ခ်င္သလားကြဲ႕…”
” လြတ္ခ်င္ပါတယ္ဆရာေလး…”
” အဲဒါဆို ငါကိုယ္တိုင္ ဒီႀကိဳးကိုမီးရႈိ႕ၿပီး မင္းကိုအမွ်ေဝေပးမယ္ သာဓုေခၚမွာလား…”
” ဝမ္းသာလိုက္တာဆရာရယ္…က်ဳပ္သာဓုေခၚပါ့မယ္ေတာ္….”
” ေအးေအးဒါဆို ဒီအိမ္ရဲ႕ေဘးကသစ္ပင္ေပၚမွာခနေနခဲ့ ငါကိုယ္တိုင္ မင္းကိုအမွ်ေဝေပးမယ္…”
” ဟုတ္ေစာင့္ေနမယ္ေနာ္ဆရာ…”
ေမာင္ေရခဲလည္း ထိုအိမ္ေပၚမွ ေအးေဆးတည္ၿငိမ္စြာဆင္းလာခဲ့သည္။ အိမ္ဝမွေစာင့္ေမွ်ာ္ေနၾကသူတို႔ကား ေမာင္ေရခဲ တို႔ဆရာတပည့္ႏွစ္ေယာက္ကို ျမင္လွ်င္ အလြန္ဝမ္းသာသြားၾကကုန္၏။
” သရဲမကို ႏိုင္နင္းလိုက္ၿပီလားဆရာေလး….”
” ဟုတ္တယ္ဦးႀကီး…ခုကစၿပီး ဒီအိမ္မွာဘာသရဲမွ မရွိေတာ့ဘူး…အိမ္ရွင္ကိုတစ္ခုေျပာခ်င္တာက ပတ္ဝန္းက်င္ကိုေခ်ေခ်ငံငံဆက္ဆံပါေလ…ခုဒီကိစၥျဖစ္သြားရတာကလည္း အိမ္ရွင္ရဲ႕တဖက္ေစာင္းနင္း မာနတရားေၾကာင့္ျဖစ္ရတာပါ….”
ထိုအခါမြ ေမာင္ေရခဲ တို႔ဆရာတပည့္ႏွစ္ေယာက္အား အထင္ျမင္ေသးသလို ေျပာခဲ့မိေသာ အိမ္ရွင္ေဒၚေကာင္းလုံသည္ မ်က္ႏွာကိုေအာက္သို႔္ငုံ႔ထားေလ၏။ သူႀကီးလည္း ေဒၚေကာင္းလုံ အားမနာလိုျဖစ္ကာ သရဲအတိုက္ႏွင့္တိုက္သည့္သူကို သိလိုသျဖင့္ေမာင္ေရခဲအားေမးလိုက္၏။
” ဆရာ…ေဒၚေကာင္းလုံ ကိုသရဲအတိုက္လြတ္တဲ့သူကဘယ္သူျဖစ္ႏိုင္သလဲ…”
” မသိခ်င္ပါနဲ႔ဦးႀကီး…ကာယကံရွင္ေဒၚေကာင္းလုံကိုယ္တိုင္ေတာ့သိမွာပါ…ကဲကဲေစာနားက ေတြ႕ရတဲ့မီးေနသည္ ထဘီစကို သခ်ဳႋင္းမွာသြားျမဳပ္လိုက္ပါ၊ ဒီႀကိဳးကိုေတာ့က်ဳပ္ကိုယ္တိုင္မီးရႈိံၿပီး သရဲမ ကိုဒီဘဝကကြၽတ္ေအာင္လုပ္ေပးလိုက္မယ္…”
” ဆရာေလး ေကာင္းသလိုသာစီစဥ္ပါဗ်ာ..”
ေဒၚေကာင္းလုံ ကားလြန္ခဲ့သည့္ရွစ္ရက္ခန႔္က ႐ြာေတာင္ပိုင္းမွ သူ၏စီးပြားၿပိဳင္ဖက္ျဖစ္သူ ေဒၚေမစီႏွင့္ စကားအေခ်အတင္ ေျပာခဲ့သည္ကို ျပန္လည္သတိရမိေတာ့သည္။ ေမာင္ေရခဲ လည္းမီးဖိုတစ္ဖိုေမြးခိုင္းလိုက္ၿပီး ႀကိဳးစအားမီးရႈိ႕ကာ ေသလြန္ေလသူ သရဲမ မိခ်ိဳအား အမွ်အတမ္းေပးေဝလိုက္ေတာ့သည္။ သရဲမ မိခ်ိဳလည္း ေမာင္ေရခဲ ေပးေဝေသာအမွ်အတမ္းကိုသာဓုေခၚဆိုကာ ေကာင္းရာဘုံဘဝသို႔ ကူးေျပာင္းသြားခဲ့သည္။
ေဒၚေကာင္းလုံ သည္ေမာင္ေရခဲကိုအားတုံ႔အားနာျဖစ္ၿပီး ျပန္လည္ေတာင္းပန္ေန၏။
” သားရယ္…အန္တီမသိလို႔သားတို႔ကို အထင္ေသးစြာေျပာဆိုခဲ့မိပါတယ္ အန္တီ့ကိုခြင့္လြတ္ေပးပါကြယ္…ၿပီးေတာ့သရဲမကိုႏွင္ထုတ္ေပးခဲ့တဲ့အတြက္လည္းေက်းဇူးတင္လြန္းလို႔ ပညာေၾကးေလးကန္ေတာ့ပါရေစ…”
” ကြၽန္ေတာ္တို႔ ခြင့္လြတ္ပါ တယ္အန္တီ…ပညာေၾကးလည္း ကြၽန္ေတာ္ တို႔မယူပါဘူးဗ်…ပဌာန္းဆက္ရွိလို႔ဆုံေတြ႕ကူညီခြင့္ရတာလို႔ဘဲမွတ္ပါတယ္ဗ်..အန္တီလည္းေနာက္ေႏွာင္ အေျပာအဆို ဆင္ျခင္ပါဗ်…”
” ဟုတ္မွတ္ထားပါ့မယ္သားေရ..”
ေဒၚေကာင္းလုံ ၏စိတ္ထဲတြင္ကား အ႐ြယ္ငယ္သေလာက္ စကားေျပာရည္မြန္ေသာ လူငယ္ႏွစ္ေယာက္အား ခ်ီဳးက်ဳးမိေနေတာ့သည္။ ေမာင္ေရခဲတို႔ဆရာတပည့္ႏွစ္ေယာက္လည္း သူႀကီးတို႔ကို ႏူတ္ဆက္ကာ ၿမိဳင္႐ြာမွ ထြက္လာခဲ့ေတာ့သည္။….။
(စိတ္ကူးမွ်သာျဖစ္သည္။သေဘာထားျခင္းမတိုက္ဆိုင္ပါက စာေရးသူ၏ ညံ့ဖ်င္းမႈသာျဖစ္ပါသည္။ စာေပခ်စ္ျမတ္ႏိုးသူစာခ်စ္သူမ်ား ကိုယ္စိတ္ႏွလုံး က်န္းမာၾကပါေစ)
# ၿပီး
# ခြန္း