မောင်ရေခဲ နှင့် အောက်လမ်းဖိုးစိန်(စ/ဆုံး)

Unicode Version

မောင်ရေခဲ နှင့် အောက်လမ်းဖိုးစိန်(စ/ဆုံး)
———————————–
ဧရာဝတီတိုင်းထဲရှိ သစ်တောရုံးသို့ သစ်တောဦးစီးအသစ်ရောက်ရှိလာသည်။ သစ်တောဦးစီးအသစ်က ထိုနေရာအသစ်၏အကြောင်းကို စေ့ပေါက်အောင်မသိသေးချေ။ ထိုနေရာ၌အရင်က မီးမဖွားနိုင်သော ကောင်မလေးတစ်ယောက် သေဆုံးခဲ့ဖူးသည်။ သို့သော်ထိုနေရာအား အစိုးရအမိန့်ကြောင့် သစ်တောရုံးကိုဆောက်လုပ်ထား၏။ သစ်တောဦးစီးအသစ်ရောက်ရှိလာချိန်တွင် ခြောက်လှန့်မှုများရှိခဲ့သော်လည်း မကြောက်တတ်သောသူမို့ သည်အတိုင်းသာ ထားခဲ့သည်။ နောင်းပိုင်းတွင် ရုံးဝန်ထမ်းများ အပေါ့အလေးသွားချိန်၌ အိမ်သာရှေ့မှဖြတ်လျှောက်သွားသည့် ခြေသံများ၊ လူငယ်များဂီတာတီးသီချင်းဆိုနေချိန် အနောက်မှနေ၍ လက်ဖျောက်တီးသံများလိုက်လုပ်ခြင်း၊ရုံးဝန်ထမ်းများအားခြောက်လှန့်ခြင်းတို့လုပ်၏။
နောက်ပိုင်းတွင်အမျိူးမျိူးခြောက်လှန့်နေသဖြင့် မကြောက်သော်လည်း စိတ်အနှောက်အယှက်ဖြစ်ရသဖြင့် သစ်တောဦးစီးက ထိုဗိုက်ကြီးသည် သရဲမေလးအား ထိုနေရာတွင်ဆက်နေချင်သေးပါက အေးဆေးနေပြီး ရုံးဝန်ထမ်းများကို အနှောင့်အယှက်မပေးရန်၊ သစ်တောရုံးကိုစောင့်ရှောက်ပေးရန် မေတ္တာရပ်ခံ၏။ သစ်တောဦးစီး၏စကားကို သရဲမလေးကနားလည်ပုံရသည်။ ထိုသို့မေတ္တာရပ်ခံပြီးနောက်ပိုင်း ခြောက်လှန့်နှောက်ယှက်မှုများမရှိတော့ချေ။
များမကြာမှီထိုသစ်တောရုံးသို့ တောအုပ်လင်မယားအသစ်ရောက်လာပြန်ည်။ ထိုတောအုပ်အသစ်ကိုလည်း သရဲမကခြောက်လှန့်ပြန်သဖြင့် ခဏသာနေပြီးနေရပ်သို့ပြန်သွားကြသည်။ တစ်နေ့သော်ဦးစီးမှူးခရီးသွားနေခိုက် သစ်တောစခန်းသို့ သူခိုးများကပ်လာသည်။ ထိုအချိန်သရဲမက အမျိုးမျိုးခြောက်လှန့်သော်လည်း ထိုသူခိုးမ်ားက မကြောက်ဘဲရှိနေ၏။ သို့ကြောင့်သရဲမသည် တနေရာရောက်နေသော ဦးစီးမှူးအားညအိပ်မက်ပေးပြီး သစ်တောရုံးတွင် သစ်ခိုးထုတ်မည့်သူခိုးများရောက်နေကြောင်း၊သူမက ခြောက်လှန့်မောင်းထုတ်သော်လည်း မရကြောင်း အိပ်မက်ပေး၏။ သစ်တောရုံးနဲ့ ဦးစီးမှူးရောက်ရှိနေသောနေရာက နှစ်မိုင်ခန့်သာဝေးသောကြောင့် ချက်ချင်းပြန်လာပြီး သူခိုးဖမ်းလေရာ မိလေ၏။
သစ်တောအုပ်ကဖမ်းမိထားသော သူခိုးကိုသက်ဆိုင်ရာလက်သို့အပ်လိုက်သည်။ သစ်တောဝိုင်းထဲသို့သူခိုးရောက်နေသည့်အကြောင်းအား အိပ်မက်ပေးသော သရဲမလေးကိုလည်းကျေးဇူးတင်နေမိသည်။ နောက်ပိုင်းတွင်သစ်တောရုံးထဲရှိသရဲမလေးကိုလည်းမတွေ့မိကြတော့ချေ။ သစ်တောရုံးဝန်ထမ်းများဒါနလုပ်တိုင်းပေးဝေသော အမျှအတမ်းများကြောင့် ကျွတ်လွတ်သွားပြီဟုပင် ထင်သွားကြသည်။
သို့သော်သစ်တောရုံးသို့သူခိုးဝင်ပြီး လေးငါးလလောက်ရသောအခါ သစ်တောအုပ်သည် ထူးဆန်းသောအိပ်မက်တစ်ခုကိုမြင်မက်ပြန်သည်။ အိပ်မက်ထဲတွင်သူသည် အလွန်မှောင်မဲတိတ့ဆိတ်နေသော နေရာတစ်ခုထဲသို့ရောက်ရှိနေသည်။ ထိုနေရာသည်ခြောက်ခြားဖွယ်ရာကောင်းပြီး ဟိုမှသည်မှတစ်ခါတစ်ခါ ညည်းသံလိုလိုကြားနေရသည်။ သစ်တောအုပ်ကြီးက ထိုနေရာအားကြာကြာမနေလိုသဖြင့် ထွက်ပေါက်ရှာနေသော်လည်း ဝင်္ဂပါ ကဲ့သို့ပင် ထိုနေရာ၌ပင်ထပ်တလဲလဲရောက်ရှိနေသည်။ အလင်းရောင်အားနည်းပြီး ခြောက်ချားဖွယ်ကောင်းသော ထိုနေရာ၌သူ့အနေဖြင့်နဲနဲလေးမှမနှစ်မြို့မိသည်မှာ အမှန်ပင်ဖြစ်သည်။
” ဦးလေး…ဦးလေး……က်….က်မကို…ကယ်ပါ….ကယ်ပေးပါရှင့်….”
ထိုအက်ကွဲကွဲအသံကြောင့်သစ်တောဦးစီးမှူး၏ခြေလှမ်းတို့တုန့်ခနဲရပ်သွားသည်။
” ဘယ်သူလဲဟေ့..ဘယ်သူအကူညီတောင်းနေတာလဲ…”
” ကျွန်…ကျွန်မပါ….”
” ဘယ်ကကျွန်မလဲ…ငါမသိဘူး…”
” ဦးလေးတို့သစ်တောရုံးမှာကပ်နေနေတဲ့ သူပါ…”
” ဟင်…”
သစ်တောရုံးတွင်ကပ်နေနေသောသူ ဆိုသောကြောင့် ဦးစီးမှူးစဉ်းစားရခက်သွားသည်။
” မနောက်နဲ့…အမှန်တိုင်းဖြေ..နင်ကဘယ်သူလဲ…ဘာလို့ငါ့ကိုဒီနေရာခေါ်ရတာလဲ…”
” ကျွန်..ကျွန်မက ဦးလေးတို့ရုံးမှာ သူခိုးဝင်နေကြောင်းအိပ်မက်ပေးတဲ့သူပါ…ဒီလောက်ဆိုဦးလေးသိလောက်ပြီထင်တယ်…”
ထိုစကားကြောင့်ဦးစီးမှူးသည် လွန်ခဲ့သည့်လများက သစ်တောရုံးသို့သူခိုးများဝင်ပြီး အိပ်မက်ကြောင့် လက်ပူးလက်ကြပ်ဖမ်းမိခဲ့သည်များကို ပြန်လည်သတိရလိုက်သည်။ ထို့အတူ အိပ်မက်ပေးသောသရဲမလေးကိုလည်း သတိရသွားသည်။ သို့ကြောင့်
” နင်ကဘာကိစ္စဒီရောက်ရတာ…ငါတို့ကနင်ဘဝကူးသွားပြီထင်နေတာ…”
” မဟုတ္ဘူး…ကျွန်မ အဖမ်းခံရပြီး ဘယ်မှသွားခွင့်မရတော့လို့ပါ…”
” ဟင်…အထူးအဆန်းပါလား..သရဲကိုဘယ်သူက ဘာကိစ္စကြောင့်ဖမ်းနေမှာလဲ..
အဓိပ္ပါယ်မရှိတာတွေ..”
” ဦးလေးလောကီပညာတွေကိုအယုံအကြည်ရှိသလား…”
” အင်းဒါတွေကမယုံလို့မှမရတာ…”
” အင်း…အဲဒီပညာတွေထဲက တချို့သောအောက်ပညာသည်တွေကြောင့် ကျွန်မ ဘယ်မှ သွားလို့မရတော့ဘူး…နေ့တိုင်းလည်းအနှိပ်စက်ခံရတယ်…”
” ငါနားရှုပ်နေပြီ….ငါနားလည်အောင်ပြောစမ်းပါ…”
” ဒါဆိုကျွန်မအစအဆုံးပြောပြမယ်…ဦးလေးတို့ သစ်တောရုံးကိုသူခိုးကပ်တော့ ကျွန်မက အဲဒီသူခိုးတွေကို ခြောက်လှန့်တယ်…ဒါပေမဲ့ အဲဒီသူခိုးတွေက မကြောက်ကြဘူး…ဒီတော့ဘာလုပ်ရမှန်းမသိတာနဲ့ ဦးလေးကိုသတိရမိတော့…စိတ်ထဲကနေသတိပေးလိုက်တာ…အဲဒီချိန်ဦးလေးလည်းနိုးလာပြီး စခန်းကိုချက်ချင်းပြန်လာပြီးသစ်သူခိုးတွေကိုဖမ်းတယ်…အဲဒီမှာစပြီးပြသနာဖြစ်တော့တာဘဲ…”
” မင်းရှင်းခါမှ ငါနားပိုရှုပ်နေပြီ..ဒီ့ထက်ရှင်းအောင်ပြောစမ်းပါ…”
” ပြောပါ့မယ်ရှင့်… အဲဒီသူခိုးတွေကိုဖမ်းမိခဲ့လို့တဖက်ကသူခိုးတွေနဲ့အလိုတူကောင်တွေက မကျေမနပ်ဖြစ်ပြီး ကျွန်မကိုသူတို့ပညာနဲ့ဖမ်းချုပ်ထားလိုက်ကြတယ်လေ…”
” ဟင်…ဘာပညာနဲ့လည်း…နေပါဦး…နင်ကူညီနေမှန်းသူတို့ကဘယ်လိုသိတာ…”
” သူတို့ထဲမှာ အမျိုးအမည်မသိတဲ့စွမ်းအင်တွေရနေတယ်ဦးလေး…သူတို့က သာမာန်လူတွေမဟုတ်ဘူး…ပညာရပ္တစ္ခုခုကို ကျွမ်းကျင်နေအောင်တတ်ထားတဲ့လူတွေဖြစ်ရမယ်…သူတို့က သရဲတစ္ဆေတွေကိုမကြောက်ကြဘူး…သရဲတစ္ဆေတွေသူတို့နားကိုမကပ်နိူင်ဘူးရှင့်..”
” ငါနားလည်ပြီ…ဒါဆိုခုက မင်းအဖမ်းခံထားရတယ်ပေါ့ဟုတ်လား…”
” ဟုတ်ပါတယ်..သူတို့ကကျွန်မကို မှောင်မဲနေတဲ့အခန်းကျဉ်းလေးထဲမှာ ဖမ်းပြီးထည့်ထားကြတယ်…အခန်းနံရံလေးဘက်လေးတန်ကိုလည်း အစီအမံတွေလုပ်ထားတော့ ကျွန်မထွက်ပြေးလို့မရဘူးဖြစ်နေတယ်…ဒါကြောင့် ဦးလေးကိုအကူအညီတောင်းရတာပါ…ကျွန်မကိုကယ်ပေးပါရှင့်…ကျွန်မလွတ်မြောက်ချင်လှပြီ…”
” ငါကဘယ္လိုကူညီရမလဲ…ဒီလူတွေကပညာသည်တွေဆိုငါကဘယ်လိုလုပ်ပြီးမင်းကိုကူညီရမလဲ အကြံရှိရင်လည်းပြောပြပါဦး….”
” အထက်ပညာရပ်တတ်တဲ့သူတစ်ယောက်ယောက်ကိုရှာပြီး ဒီအစီအရင်တွေကိုဖယ်ရှားပေးခိုင်းပါ…ဒီအစီအရင်တွေကြောင့်ကျွန်မအရမ်းနာကျင်ပူလောင်နေရပါတယ်ရှင့်…ကျေးဇူးပြုပြီးကယ်ပေးပါ…”
” ခက္တာဘဲ…အေးအေးမင်းကငါ့အပေါ်ကျေးဇူးရှိခဲ့ဖူးတော့ငါလည်းကျေးဇူးပြန်ဆပ်ရတာပေါ့…ကဲငါမင်းကိုဒီအချုပ်အနှောင်ကနေလွတ်အောင်ကူညီပေးပါ့မယ်…”
” အား…ကျေး…ကျေးဇူးပါရှင့်…ကျွန်…ကျွန်မကိုခေါ်နေကြပြီ…အား…ပူတယ်
..ပူတယ်…မလုပ်နဲ့… ”
ဆိုပြီးကောင်မလေး၏အသံမှာတဖြေးဖြေးဝေဝါးပျောက်ကွယ်သွားလေသည်။ ထိုအချိန်မှ သစ်တောဦးစီးလည်းအိပ်မက်မှလန့်နိုးလာပြီး ချွေးစောများပင်ပြန်နေသည်။
အိမ်မက်ဟုသာဆိုသော်လည်း အမှန်တကယ်ဖြစ်နေသည့်အတိုင်းပင်။ သို့ကြောင့် သစ်တောဦးစီးမှူးသည် အကူညီရလိုရျငား အထက်ပညာလိုက်စားသူများကိုအကူအညီလိုက်တောင်းနေတော့သည်။
ဦးဖိုးစိန်တစ်ယောက်မိမိ၏အခန်းငယ်လေးထဲတွင်တစ်ယောက်ထဲအလုပ်ရှုပ်နေသည်။ လတ္တေလာမွ ဖမ်းဆီးထားသောဝိညာဉ်ပုလင်းလေးက အနီရောင်ပြောင်းနေ၏။ ထိုဝိညာဉ်သည် သူ၏အလုပ်အားနှောင့်ယှက်သည့်အပြင် တပည့်နှစ်ယောက်ကိုပါ.အဖမ်းခံရအောင်လုပ်လိုက်သောကြောင့် သူအလွန်ဒေါသထွက်သွားသည်။ သို့ကြောင့်မြေကြောရှုံ့ပြီး ကောင်အလေး၏ရုပ်အလောင်းမြုပ်နှံထားသောနေရာကို အာရုံခံပြီးရှာဖွေကာ ကောင်မလေး၏ လက်ဖျံရိုးကိုယူပြီး အစီအရင်လုပ်ကာ ဝိညာဉ်ထိန်းချုပ်ထားလိုက်သည်။
သစ်တောစခန်းရှိဦးစီးမှူးကားဝိညာဉ်သရဲမလေးကိုကူညီပေးနိူင်မည့် အထက်လမ်းဆရာများကိုစုံစမ်းရင်း မောင်ရေခဲတို့ဆရာတပည့်သတင်းအစအနကိုကြားလိုက်ရသည်။ သို့ကြောင့် အကူအညီရလိုရညား ကုန်းတတန်လှေတတန်ဖြင့်ခရီးနှင်ရင်း မောင်ရေခဲတို့နဲ့တွေ့ဆုံခဲ့သည်။
” လာရင်းကိစ္စလေးဆိုစမ်းပါဦး ဦးလေးရေ…ကြည့်ရတာအပူတွေပါနေသလိုပါဘဲလား…”
ရွာသူကြီး၏ဦးဆောင်လမ်းပြမှုဖြင့် မောင်ရေခဲ၏အိမ်သို့ရောက်လာခဲ့ပြီး အရွယ်ငယ်ငယ် ဥပဓိရုပ်သန့်သန့်ဖြင့် ရည်မွန်ပုံရှိသောလူငယ်လေးကိုတွေ့ခဲ့ရသည်။ လူငယ်လေးသည် ဖြတ်လတ်ထက်မြက်ပြီး အကဲခတ်ဉာဏ်ကောင်းလွန်းလှသည်။ အမူအရာအပြောအဆိုကိုကြည့်ရုံဖြင့် သာမာန်လူမဟုတ်နိုင်မှန်း သိနိုင်သည်။ လူငယ်လေးက ဧည့်ဝတ်ကျေပွန်စွာ ဧည့်ခံပြီး လာရင်းကိစ္စကိုမေးမြန်းသည်။
” အကူအညီတောင်းစရာရှိလို့ပါ သားရေ…”
” ဦးလေးတို့ကအဝေးကနေ ဒီကိုတောင်လာတယ်ဆိုတော့ပေါ့သေးသေးကိစ္စတော့မဟုတ်လောက်ဘူး…”
” မှန်တာပေါ့သားရာ…ဦးလေးအစအဆုံးပြောပြမယ်…ဦးလေးနာမည်က ဦးရည်မွန်တဲ့…နေတာကဧရာဝတီတိုင်းမှာ..အဲဒီမှာတစ်သက်နဲ့တစိကိုယ်မကြုံဖူးတဲ့အဖြစ်နဲ့ကြုံခဲ့ရလို့ကွဲ့…”
ဆိုကာဦးရည်မွန်ဆိုသူသည် သူကြုံတွေ့ခဲ့ရသော အကြောင်းအရာများကို စေ့စပ်သေချာစွာမချွင်းမချန်ပြောပြလေသည်။ မောင်ရေခဲ ကခေါင်းတဆတ်ဆတ်ငြိမ့်ပြီး
” ဪ…လက်စသတ်တော့ အောက်လမ်းဆရာတစ်ယောက်ရဲ့ ဖမ်းဆီးထိန်းချုပ်မှုကိုခံရတာကိုး…”
” ဗ်ာ…အောက်လမ်းပညာဟုတ်လားသား…”
” ဟုတ်တယ်ဗျ…ကျုပ်တို့ပညာရပ်မှာ မဟာဂန္ဓာရီ၊စူဠဂန္ဓာရီဆိုပြီးရှိတယ်ဗျ…မဟာဂန္ဓာရီကအထက်ပညာရပ်ပေါ့..စူဠဂန္ဓာရီက အောက်ပညာရပ်ပေါ့..အောက်လမ်းပညာရပ်ဆိုပေမဲ့ ကောင်းတဲ့ဘက်မှာသုံးရင် ထွက်ရပ်တောင်မြန်းနိုင်တယ်…မကောင်းတဲ့ဘက်သုံးရင် အဆိုးဆုံးထိလုပ်နိုင်တယ်ဗျ…”
” ဒါတွေကိုဦးလေးတို့်က သိပ်ပြီးအယုံအကြည်မရှိဘူးသားရ…အဲဒီကိစ္စဖြစ်ပြီးမှဘဲ လက်တွေ့ယုံကြည်သွားတာ…တကယ်တော့လောကမှာ လူတွေလက်လှမ်းမမှီနိူင်တဲ့အရာတွေအများသားပါလားဗျာ…”
” ဟုတ္တယ္ဗ်…ဒီကိုဦးလေးတို့လာနေတဲ့အချိန်အတောအတွင်းမှာတောင် ဟိုမှာဖမ်းဆီးခံထိထားတဲ့ဝိညာဉ်ဟာ အမျိုးမျိုးသော ညည်းပမ်းနှိပ်စက်မှုကိုခံရနိုင်တယ်…”
မောင်ရေခဲက ထိုသို့ပြောမှ ဦးရည်မွန်သည်သူအိပ်မက်မက်တုန်းက နောက်ဆုံးကြားခဲ့ရသော ကောင်မလေး၏နာကျင်စွာအော်ဟစ်နေသည်ကိုပြန်လည်သတိရမိသွားသည်။
” ဟင်…အိမ်မက်ထဲကတောင် ခေလးမေလးက အရမ်းနာကျင်ပြီးအော်ဟစ်ညည်းညူနေရှာတယ်..သားတို့်ကူညီနိုင်ရင် ကူညီပေးပါဦး…ကျေးဇူးမမေ့ပါဘူး…”
” စိတ်ချပါဦးလေးရေ..ကျွန်တော်အတတ်နိူင်ဆုံးကူညီပေးပါ့မယ်…ဒီနေ့တော့ဦးလေးအရင်ပြန်သွားနှင့်လိုက် ကျွန်တော်တို့လိုက်လာခဲ့မယ်…”
” ဖြစ်ပါ့မလားသားတို့ရာ..ဦးလေးနဲ့တစ်ခါထဲလိုက်ခဲ့ပေးလို့ရမလား…””
” လိုက်ခဲ့လို့တော့ရပါတယ်..ဒါပေမဲ့အရာရာနောက်ကျသွားလိမ့်မယ်ဗျ…”
” ဒါဆိုလည်း သားတို့အဆင်ပြေသလိုလုပ်ပေးပါ…ကျေးဇူးမမေ့ပါဘူး…”
ဆိုကာ မောင်ရေခဲ တို့ကိုနူတ်ဆက်ပြီး ရွာသူကြီးနှင့်အတူပြန်သွားလေသည်။
” ကဲထင်ပေါ်ရေ..တို့တော့တပွဲတလမ်းနွဲရတော့မယ်…ပြင်ဆင်စရာရှိတာပြင်ထား…ဒီညဘဲခရီးထွက်ကြမယ်……”
ဆိုကာဘုရားခန်းထဲဝင်ပြီး လိုအပ်သည့်အရာများကိုပြင်ဆင်ထားလိုက်သည်။ ညသန်းခေါင်အချိန်ရောက်သော် ကောင်းကင်ခရီးဖြင့်ဧရာဝတီတိုင်းထဲရှိ အောက်လမ်းဆရာရှိရာနေရာသို့ရှေးရှူလာခဲ့သည်။
ဦးဖိုးစိန်ဆိုသောသူ၏အိမ်တွင်ကား သစ်ပင်ကြီးငယ်များဖြင့်အုံ့ဆိုင်းနေသည်။ သစ်လုံးအိမ်ထဲရှိမီးအလင်းရောင်အနည်းငယ်ရနေသော နေရာတွင်ကား ဝတ်ရုံမဲကြီးဝတ်ထားသောလူတစ်ယောက်သည် အဆောင်လက်ဖွဲ့များပတ်ထားသော ဖန်ပုလင်းတစ်လုံးအားကိုင်ပြီး လှုပ်ရမ်းခါကာ
” သေစမ်းကောင်မ..ညည်းကအကျဉ်းချထားတာတောင် မနောစိတ်နဲ့အကူအညီရှာရဲသေးတယ်ပေါ့..အကူအညီတော့မရဘူးဒါတော့ရမယ်…ရော့……”
ဆိုကာ ထိုလူသည်ဖန်ပုလင်းထဲသို့ သူတတ်ထားသောငရဲမီးစက်အတတ်ဖြင့် မှုတ်သွင်းကာ လောင်မီးချလေ၏။
” အား…ပူတယ်..ပူတယ်…မလုပ်နဲ့..
ပူတယ်…”
” ခုတော့နာကျင်နေပြီမလား..နှစ်ဘဝမသေချင်ရင် အေးဆေးနေလေ…နင့်ကြောင့်ငါ့တပည့်တွေအဖမ်းခံရသလို ငါ့စီးပွားရေးလဲ ထိုးက်သြားခဲ့ရတာ..သေစမ်း…”
” အား…မလုပ်နဲ့… မလုပ်ပါနဲ့…တောင်းပန်ပါတယ်…ကျွန်မအရမ်းပူလောင်နေပြီ..
တော်ပါတော့… ”
ဆိုကာ ပုလင်းလေးထဲမှဖမ်းချုပ်ညည်းပမ်းခံရသူ ကောင်မလေးသည် ငရဲမီးတောက်၏ ဝါးမျိုခြင်းကိုနာကျင်စွာခံစားရလေသည်။
” ရပ်လိုက်စမ်း မိစ္ဆာကောင်..သင်ကအားနွဲ့သူကိုအားမပေးဘဲ ဘာလို့ညည်းပမ်းနှိပ်စက်နေရတာလဲ…”
တည်ငြိမ်အေးချမ်းသောလေသံဖြင့် လူတစ်ယောက်က သူ့အိမ်ထဲရောက်နေသဖြင့်ဦးဖိုးစိန်ကြောင်တောင်တောင်ဖြစ်သွားသည်။
” ဘယ်သူလဲဟေ့…ငါ့အိမ်ထဲအခွင့်မရှိဘဲဝင်လာတာ…အတင့်ရဲလှချေလား..အသင်တစ်ချောင်းအပိုပါလို့ထင်တယ်…”
ဦးဖိုးစိန္က ကိုင်ထားသောဖန်ပုလင်းကိုခုံပေါ်တင်ထားလိုက်ပြီး မောင်ရေခဲဘက်လှည့်လာသည်။
” ဘယ်ကကလေးပေါက်စလဲ ညကြီးမင်းကြီးငါ့အိမ်ဝန်းထဲဝင်လာရဲတာ…စိန်ခဲတို့ ငမဲတို့ဘာလုပ်နေကြတာလဲ…လူတစ်ယောက်လုံး အိမ်ထဲဝင်လာတာတောင် ဘာလို့မတားကြတာလဲ…တောက်!
ဆိုကာ သူ့အိမ်ဘေးပတ်ဝန်းကျင်မှ သူမွေးထားသောသဘက်ကြီးတို့အားခေါ်လေ၏။
မောင်ရေခဲ လည်း
” နင့်ချုပ်နှောင်ပြီးမွေးထားတဲ့အကောင်တွေအားလုံး ငါလွတ်ပေးလိုက်ပြီ…ရှာမနေနဲ့တော့….”
ထိုစကားကြောင့် ဦးဖိုးစိန်ဒေါသထွက်သလို ကောင်လေး၏ ကိုယ်ရှိန်ကိုယ်ဝါကိုလည်း သတိထားမိသွားပြီး အထက်လမ်းဆရာတစ်ယောက်ဖြစ်မှန်းသဘောပေါက်သွား၏။
” ဪ…လက်စသတ်တော့ ဟိုကောင်မကိုအကူအညီပေးမဲ့သူကိုး…ဟားဟားဟား…လူကဖြင့်နို့နံ့မစင်သေးဘူး…ငါ့အိမ်စည်းဝိုင်းထဲဝင်လာရဲတယ်..ဧကန္တဖိုးစိန်အကြောင်းမသိသေးလို့နဲ့တူတယ်…”
ဆိုကာ ဦးဖိုးစိန်သည်မန္တာန်တစ်ခုအားရွတ်ဖတ်လိုက်၏။ ထိုစဉ်ခွေးများဆွဲဆွဲငင်ငင်အူလာပြီး မကြာမှီ ခြံဝိုင်းအပြင်ဘက်မှထိုးထိုးဟောင်ကြ၏။
” အူး…ဝူး….ဝူး….ဝူး..”
” ဝုတ်…ဝုတ်..ဝုတ်…”
အကောင်သုံးဆယ်ခန့်မကသောခွေးများကခြံဝန်းထဲကြည့်ပြီး ထိုးထိုးဟောင်နေသဖြင့် မောင်ရေခဲ သည် သူ၏မနောဓာတ်အားဖြန့်ကျက်ပြီးကြည့်လိုက်ရာ အောက်လမ်းဖိုးစိန်သည် သက်တမ်းရင့်သရဲသဘက်ကြီးများအား ဆင့်ခေါ်ပြီးသူ့အားသတ်ခိုင်းနေသည်ကို သိလိုက်ရသည်။
” ဟားဟားဟား….ပြေးနိုင်ရင်ပြေးစမ်းကောင်လေး…နင်ကကိုယ့်သေတွင်းကို ကိုယ်တိုင် လာတူးနေတာဘဲ…”
” အပြောမကြီးနဲ့ဦးလေး…အသက်ကြီးပြီးအချိန်မစီးတဲ့အလုပ်တွေလုပ်မနေပါနဲ့တော့…ဖမ်းဆီးထားတဲ့ဝိညာဉ်တွေအကုန်လုံး လွတ်ပေးလိုက်စမ်း…”
” အမယ်…ကလေးသာဆိုတယ် လေ လုံးကသိပ်ထွားနေပါလား…ကဲအပြင်ကကောင်တွေ အထဲဝင်လာပြီး ဒီနှပ်ချေးစားလေးကို တစ်စစီဖြစ်အောင်လုပ်လိုက်ကြစမ်း…ဟား…ဟား..
ဟား..”
အောက်လမ်းဖိုးစိန်က ထိုသို့ခေါ်လိုက်ရာ သစ်လုံးအိမ်လေးမှာသိမ့်ခနဲတုန်သွားပြီး အရွယ်အစားစုံ၊ပုံသဏ္ဍာန်အစုံကောင်များ အိမ်ထဲသို့အလုအယက်ပြေးဝင်လာကြ၏။ မောင်ရေခဲလည်း မနောဓာတ်ဖြင့် သူ၏ပတ်ပတ်လည်အားစည်းချထားလိုက်၏။ ထိုအချိန်ထိထင်ပေါ်သည် မောင်ရေခဲခိုင်းထားသည့်အတိုင်း တစ်နေရာတွင်စောင့်နေလေ၏။
” ဝုန်း….”
” ဖောင်း…ဖောင်း….”
” အာား….”
” ဝူး..ဝါး…အား..”
မောင်ရေခဲထံပြေးဝင်လာသော သရဲသဘက်တို့မှာ မောင်ရေခဲတားထားသော စည်းနဲ့ရိုက်မိပြီး ပေါက်ကွဲကာအဝေးသို့လွင့်စင်ပြီး ပျောက်ကွယ်သွားကုန်၏။ ထိုအဖြစ်ကိုမြင်သော ဦးဖိုးစိန်ကမောင်ရေခဲကိုပို၍ဒေါသထွက်သွား၏။
” တောက်! မင်းပညာလေးနဲ့ငါ့ကိုအာခံတယ်လား….ရော့ငါ့ရဲ့သံသေဓားအစွမ်းကိုမြည်းကြည့်စမ်း”
ဆိုကာ တစ်ထွာသာသာဓားလေးတစ်ချောင်းကိုဓားအိမ်ထဲမှထုတ်ပြီး အသက်သွင်းလိုက်၏။ ထိုအခါသံသေဓားမှာ လှုပ်လှုပ်ကြွကြွဖြစ်လာပြီး အလွန်သွေးဆာလာ၏။ ဖိုးစိန်ကထိုဓားဦးချွန်ဖြင့်သူ၏လက်မောင်းအား ထိုးဖောက်လိုက်၏။ နုတ်မှလည်း
” သင်သည်ကျွန်ုပ်၏ သွေးကိုသောက်ပြီးချေပြီ…သို့အတွက်သင်သည် ကျွန်ုပ်၏အမိန့်အားတသွေမတိမ်းနာခံရမည်…ယခုကျွန်ုပ်သင့်ကိုအမိန့်ပေးမယ်…သင့်ရှေ့ကလူရဲ့ဦးခေါင်းကိုဖြတ်ပြီး သူ့လည်ချောင်းသွေးဖြင့် ငါ့အားပူဇော်စေ…”
ဆိုကာဓားအား မောင်ရေခဲထံပစ်လိုက်၏။
မောင်ရေခဲလည်း လေထဲသို့အကာအကွယ်အင်းတစ်ချပ်ကိုဆွဲပြီး ကာလိုက်၏။
” ရွှီး..”
” ဖုန်း…ဝုန်း…”
အင်းချပ်နဲ့သံသေဓားတို့၏ ထိတွေ့သံကြောင့် တဖုန်းဖုန်းမြည်သွားသည်။ သို့သော်ဓားမှ ာ ရပ္မသြားဘဲ အတင်းအဓမ္မတိုးဝင်ပြီးမောင်ရေခဲ၏ လည်ပင်းအားဖြတ်ရန်တကဲကဲဖြစ်နေသည်။
” ဟားဟားဟား..ဘာတတ်နိူင်သေးလဲကောင်လေးရေ…သေပေတော့…”
ဆိုကာဦးဖိုးစိန်သည် မန္တာတစ်ပုဒ်အားထပ်မံရွတ်ဆိုလိုက်၏။ မောင်ရေခဲလည်း ရန်မူနေသောအောက်လမ်းကောင်အား ဆုံးမမှရတော့မည်ဟုတွေးကာ တန်ပြန်အင်းချပ်အားအသက်သွင်းပြီး ဓား၏အရိုးပေါ်ပညာဖြင့်ကပ်လိုက်၏။ ထိုအခါသံသေဓားသည် ဦးတည်ချက်ပြောင်းသွားပြီး ပိုင်ရှင်ထံပြေးဝင်လာ၏။ ထိုအဖြစ်ကြောင့် ဦးဖိုးစိန်သည်ဟန်ချက်ပျက်သွားပြီး မန္တာန်ကိုလည်း ဌာန်ဂရိုဏ်းကျစွာမဆိုနိူင်ဘဲဖြစ်သွား၏။
” ဟာ…..”
ဓားဦးမှာသူ၏ရှေ့တည့်တည့်သို့ရောက်ရှိနေ၏။ ဖိုးစိန်လည်း သူ၏ငရဲမီးစက်အင်းဖြင့်အမြန်ကာပစ်လိုက်၏။
” ဝုန်း…”
” ဖောင်း..ဖောင်း….”
ဟူသောအသံကျယ်လောင်စွာမြည်သွားပြီး အောက်လမ်းဖိုးစိန်၏ စက်များပြတ်ထွက်ကုန်၏။ ထိုအခါအခြေအနေမဟန်တော့မှန်းသိသဖြင့် ဦးဖိုးစိန်တစ်ယောက်အမှောင်မဲထဲလစ်ပြေးတော့၏။ သို့သော် နောက်ကျသွားချေပြီ။ သံသေဓားသည် အောက်လမ်းဖိုးစိန်၏လည်ပင်းအားတိခနဲနေအောင်ဖြတ်ပြီး ဓားတစ်ခုလုံးသွေးများစွန်းထင်းသွားသည်။ သွေးဝသွားသော ဓားသည်ကား သွေးအိုင်ထဲငြိမ်သက်လျက်ရှိနေသည်။ အပြစ်ကြီးမားလွန်းသူဖိုးစိန်ကား သေပြီးသည်နှင့်ချက်ချင်းမီးတောက်လောင်ပြီးပြာကျသွားလေသည်။ မောင်ရေခဲ လည်း သစ်လုံးအိမ်ထဲရှိဖန်ပုလင်းငယ်ကိုဖွင့်ကာဝိညာဉ်မလေးကို လွတ်ပေးလိုက်၏။ ထိုအခါ မှဖမ်းဆီးခံရသူဝိညာဉ်မလေးမှာ မောင်ရေခဲအား ကျေးဇူးတင်သောမျက်ဝန်းဖြင့်ကြည့်ပြီး ဝေဝါးပျောက်ကွယ်သွားလေတော့သည်။ မောင်ရေခဲ လည်းသံသေဓားကိုယူပြီး အဝတ်ဖြူစဖြင့်ပတ်ကာသိမ်းထားလိုက်သည်။ ကိစ္စအားလုံးပြီးစီးသွားသဖြင့် မောင်ရေခဲ ကပြန်မည်အလုပ်နားထဲတွင် တေဇ၏အကူအညီတောင်းသံကိုကြားလိုက်ရသဖြင့်
” ကဲထွက်လာလို့ရပြီထင်ပေါ်ရေ…အောက်လမ်းကောင်တော့သူ့လမ်းသူသွားပြီ…ငါတို့အရေးကြီးသွားစရာရှိတယ်…တေဇတို့ဘီလူးကဝေကြောင့်အကူအညီလိုအပ်နေတယ်..ခုချက်ချင်း သွားကူညီရမယ်…”
” ဟုတ်သွားကြမယ်ဆရာ…”
ဆိုကာနှစ်ယောက်သား တေဇတို့ရှိရာသို့ သွားရောက်အကူအညီပေးရန်အလျှင်အမြန်သွားကြလေတော့သည်။
မောင်ရေခဲ တို့ကူညီပေးပြီးနောက်ပိုင်း သစ်တောဦးစီးက ဝိညာဉ်မလေးအားနောက်ဆုံးအကြိမ်အဖြစ်အိပ်မက်မက်လေ၏။ အိပ်မက်ထဲတွင်ကား သူမသည်လူတစ်ယောက်၏အကူအညီကြောင့် အချုပ်အနှောင်ဘဝမှ လွတ်မြောက်သွားပြီဖြစ်ကြောင်း၊ဦးစီးမှူးကိုလည်း ကျေးဇူး တင်ကြောင်းပြောပြီး ပျောက်ကွယ်သွားလေသည်။ ထိုအိမ်မက်ကြောင့် သစ်တောဦးစီးမှူးက ဝမ်းသာမဆုံးဖြစ်ပြီး လူငယ်လေးနှစ်ယောက်ကိုလည်း အထူးပင်ကျေးဇူးတင်နေမိတော့သည်။……။
( ဇာတ်လမ်းကျောရိုးကိုပြောပြပေးသော သူအားအထူးကျေးဇူးတင်ပါသည်။ အားပေးဖတ်ရှုသူတစ်ဦးတစ်ယောက်ချင်းစီကိုလည်းအထူးကျေးဇူးတင်ပါသည်။ ကိုယ်စိတ်နှလုံးကျန်းမာကြစေသောဝ်)
# ပြီး
# ခွန်း

Zawgyi Version

ေမာင္ေရခဲ ႏွင့္ ေအာက္လမ္းဖိုးစိန္(စ/ဆံုး)
———————————–
ဧရာဝတီတိုင္းထဲရွိ သစ္ေတာ႐ုံးသို႔ သစ္ေတာဦးစီးအသစ္ေရာက္ရွိလာသည္။ သစ္ေတာဦးစီးအသစ္က ထိုေနရာအသစ္၏အေၾကာင္းကို ေစ့ေပါက္ေအာင္မသိေသးေခ်။ ထိုေနရာ၌အရင္က မီးမဖြားႏိုင္ေသာ ေကာင္မေလးတစ္ေယာက္ ေသဆုံးခဲ့ဖူးသည္။ သို႔ေသာ္ထိုေနရာအား အစိုးရအမိန႔္ေၾကာင့္ သစ္ေတာ႐ုံးကိုေဆာက္လုပ္ထား၏။ သစ္ေတာဦးစီးအသစ္ေရာက္ရွိလာခ်ိန္တြင္ ေျခာက္လွန႔္မႈမ်ားရွိခဲ့ေသာ္လည္း မေၾကာက္တတ္ေသာသူမို႔ သည္အတိုင္းသာ ထားခဲ့သည္။ ေနာင္းပိုင္းတြင္ ႐ုံးဝန္ထမ္းမ်ား အေပါ့အေလးသြားခ်ိန္၌ အိမ္သာေရွ႕မွျဖတ္ေလွ်ာက္သြားသည့္ ေျခသံမ်ား၊ လူငယ္မ်ားဂီတာတီးသီခ်င္းဆိုေနခ်ိန္ အေနာက္မွေန၍ လက္ေဖ်ာက္တီးသံမ်ားလိုက္လုပ္ျခင္း၊႐ုံးဝန္ထမ္းမ်ားအားေျခာက္လွန႔္ျခင္းတို႔လုပ္၏။
ေနာက္ပိုင္းတြင္အမ်ိဴးမ်ိဴးေျခာက္လွန႔္ေနသျဖင့္ မေၾကာက္ေသာ္လည္း စိတ္အေႏွာက္အယွက္ျဖစ္ရသျဖင့္ သစ္ေတာဦးစီးက ထိုဗိုက္ႀကီးသည္ သရဲေမလးအား ထိုေနရာတြင္ဆက္ေနခ်င္ေသးပါက ေအးေဆးေနၿပီး ႐ုံးဝန္ထမ္းမ်ားကို အေႏွာင့္အယွက္မေပးရန္၊ သစ္ေတာ႐ုံးကိုေစာင့္ေရွာက္ေပးရန္ ေမတၱာရပ္ခံ၏။ သစ္ေတာဦးစီး၏စကားကို သရဲမေလးကနားလည္ပုံရသည္။ ထိုသို႔ေမတၱာရပ္ခံၿပီးေနာက္ပိုင္း ေျခာက္လွန႔္ေႏွာက္ယွက္မႈမ်ားမရွိေတာ့ေခ်။
မ်ားမၾကာမွီထိုသစ္ေတာ႐ုံးသို႔ ေတာအုပ္လင္မယားအသစ္ေရာက္လာျပန္ည္။ ထိုေတာအုပ္အသစ္ကိုလည္း သရဲမကေျခာက္လွန႔္ျပန္သျဖင့္ ခဏသာေနၿပီးေနရပ္သို႔ျပန္သြားၾကသည္။ တစ္ေန႔ေသာ္ဦးစီးမႉးခရီးသြားေနခိုက္ သစ္ေတာစခန္းသို႔ သူခိုးမ်ားကပ္လာသည္။ ထိုအခ်ိန္သရဲမက အမ်ိဳးမ်ိဳးေျခာက္လွန႔္ေသာ္လည္း ထိုသူခိုးမ္ားက မေၾကာက္ဘဲရွိေန၏။ သို႔ေၾကာင့္သရဲမသည္ တေနရာေရာက္ေနေသာ ဦးစီးမႉးအားညအိပ္မက္ေပးၿပီး သစ္ေတာ႐ုံးတြင္ သစ္ခိုးထုတ္မည့္သူခိုးမ်ားေရာက္ေနေၾကာင္း၊သူမက ေျခာက္လွန႔္ေမာင္းထုတ္ေသာ္လည္း မရေၾကာင္း အိပ္မက္ေပး၏။ သစ္ေတာ႐ုံးနဲ႔ ဦးစီးမႉးေရာက္ရွိေနေသာေနရာက ႏွစ္မိုင္ခန႔္သာေဝးေသာေၾကာင့္ ခ်က္ခ်င္းျပန္လာၿပီး သူခိုးဖမ္းေလရာ မိေလ၏။
သစ္ေတာအုပ္ကဖမ္းမိထားေသာ သူခိုးကိုသက္ဆိုင္ရာလက္သို႔အပ္လိုက္သည္။ သစ္ေတာဝိုင္းထဲသို႔သူခိုးေရာက္ေနသည့္အေၾကာင္းအား အိပ္မက္ေပးေသာ သရဲမေလးကိုလည္းေက်းဇူးတင္ေနမိသည္။ ေနာက္ပိုင္းတြင္သစ္ေတာ႐ုံးထဲရွိသရဲမေလးကိုလည္းမေတြ႕မိၾကေတာ့ေခ်။ သစ္ေတာ႐ုံးဝန္ထမ္းမ်ားဒါနလုပ္တိုင္းေပးေဝေသာ အမွ်အတမ္းမ်ားေၾကာင့္ ကြၽတ္လြတ္သြားၿပီဟုပင္ ထင္သြားၾကသည္။
သို႔ေသာ္သစ္ေတာ႐ုံးသို႔သူခိုးဝင္ၿပီး ေလးငါးလေလာက္ရေသာအခါ သစ္ေတာအုပ္သည္ ထူးဆန္းေသာအိပ္မက္တစ္ခုကိုျမင္မက္ျပန္သည္။ အိပ္မက္ထဲတြင္သူသည္ အလြန္ေမွာင္မဲတိတ့ဆိတ္ေနေသာ ေနရာတစ္ခုထဲသို႔ေရာက္ရွိေနသည္။ ထိုေနရာသည္ေျခာက္ျခားဖြယ္ရာေကာင္းၿပီး ဟိုမွသည္မွတစ္ခါတစ္ခါ ညည္းသံလိုလိုၾကားေနရသည္။ သစ္ေတာအုပ္ႀကီးက ထိုေနရာအားၾကာၾကာမေနလိုသျဖင့္ ထြက္ေပါက္ရွာေနေသာ္လည္း ဝဂၤပါ ကဲ့သို႔ပင္ ထိုေနရာ၌ပင္ထပ္တလဲလဲေရာက္ရွိေနသည္။ အလင္းေရာင္အားနည္းၿပီး ေျခာက္ခ်ားဖြယ္ေကာင္းေသာ ထိုေနရာ၌သူ႔အေနျဖင့္နဲနဲေလးမွမႏွစ္ၿမိဳ႕မိသည္မွာ အမွန္ပင္ျဖစ္သည္။
” ဦးေလး…ဦးေလး……က္….က္မကို…ကယ္ပါ….ကယ္ေပးပါရွင့္….”
ထိုအက္ကြဲကြဲအသံေၾကာင့္သစ္ေတာဦးစီးမႉး၏ေျခလွမ္းတို႔တုန႔္ခနဲရပ္သြားသည္။
” ဘယ္သူလဲေဟ့..ဘယ္သူအကူညီေတာင္းေနတာလဲ…”
” ကြၽန္…ကြၽန္မပါ….”
” ဘယ္ကကြၽန္မလဲ…ငါမသိဘူး…”
” ဦးေလးတို႔သစ္ေတာ႐ုံးမွာကပ္ေနေနတဲ့ သူပါ…”
” ဟင္…”
သစ္ေတာ႐ုံးတြင္ကပ္ေနေနေသာသူ ဆိုေသာေၾကာင့္ ဦးစီးမႉးစဥ္းစားရခက္သြားသည္။
” မေနာက္နဲ႔…အမွန္တိုင္းေျဖ..နင္ကဘယ္သူလဲ…ဘာလို႔ငါ့ကိုဒီေနရာေခၚရတာလဲ…”
” ကြၽန္..ကြၽန္မက ဦးေလးတို႔႐ုံးမွာ သူခိုးဝင္ေနေၾကာင္းအိပ္မက္ေပးတဲ့သူပါ…ဒီေလာက္ဆိုဦးေလးသိေလာက္ၿပီထင္တယ္…”
ထိုစကားေၾကာင့္ဦးစီးမႉးသည္ လြန္ခဲ့သည့္လမ်ားက သစ္ေတာ႐ုံးသို႔သူခိုးမ်ားဝင္ၿပီး အိပ္မက္ေၾကာင့္ လက္ပူးလက္ၾကပ္ဖမ္းမိခဲ့သည္မ်ားကို ျပန္လည္သတိရလိုက္သည္။ ထို႔အတူ အိပ္မက္ေပးေသာသရဲမေလးကိုလည္း သတိရသြားသည္။ သို႔ေၾကာင့္
” နင္ကဘာကိစၥဒီေရာက္ရတာ…ငါတို႔ကနင္ဘဝကူးသြားၿပီထင္ေနတာ…”
” မဟုတၻဴး…ကြၽန္မ အဖမ္းခံရၿပီး ဘယ္မွသြားခြင့္မရေတာ့လို႔ပါ…”
” ဟင္…အထူးအဆန္းပါလား..သရဲကိုဘယ္သူက ဘာကိစၥေၾကာင့္ဖမ္းေနမွာလဲ..
အဓိပၸါယ္မရွိတာေတြ..”
” ဦးေလးေလာကီပညာေတြကိုအယုံအၾကည္ရွိသလား…”
” အင္းဒါေတြကမယုံလို႔မွမရတာ…”
” အင္း…အဲဒီပညာေတြထဲက တခ်ိဳ႕ေသာေအာက္ပညာသည္ေတြေၾကာင့္ ကြၽန္မ ဘယ္မွ သြားလို႔မရေတာ့ဘူး…ေန႔တိုင္းလည္းအႏွိပ္စက္ခံရတယ္…”
” ငါနားရႈပ္ေနၿပီ….ငါနားလည္ေအာင္ေျပာစမ္းပါ…”
” ဒါဆိုကြၽန္မအစအဆုံးေျပာျပမယ္…ဦးေလးတို႔ သစ္ေတာ႐ုံးကိုသူခိုးကပ္ေတာ့ ကြၽန္မက အဲဒီသူခိုးေတြကို ေျခာက္လွန႔္တယ္…ဒါေပမဲ့ အဲဒီသူခိုးေတြက မေၾကာက္ၾကဘူး…ဒီေတာ့ဘာလုပ္ရမွန္းမသိတာနဲ႔ ဦးေလးကိုသတိရမိေတာ့…စိတ္ထဲကေနသတိေပးလိုက္တာ…အဲဒီခ်ိန္ဦးေလးလည္းႏိုးလာၿပီး စခန္းကိုခ်က္ခ်င္းျပန္လာၿပီးသစ္သူခိုးေတြကိုဖမ္းတယ္…အဲဒီမွာစၿပီးျပသနာျဖစ္ေတာ့တာဘဲ…”
” မင္းရွင္းခါမွ ငါနားပိုရႈပ္ေနၿပီ..ဒီ့ထက္ရွင္းေအာင္ေျပာစမ္းပါ…”
” ေျပာပါ့မယ္ရွင့္… အဲဒီသူခိုးေတြကိုဖမ္းမိခဲ့လို႔တဖက္ကသူခိုးေတြနဲ႔အလိုတူေကာင္ေတြက မေက်မနပ္ျဖစ္ၿပီး ကြၽန္မကိုသူတို႔ပညာနဲ႔ဖမ္းခ်ဳပ္ထားလိုက္ၾကတယ္ေလ…”
” ဟင္…ဘာပညာနဲ႔လည္း…ေနပါဦး…နင္ကူညီေနမွန္းသူတို႔ကဘယ္လိုသိတာ…”
” သူတို႔ထဲမွာ အမ်ိဳးအမည္မသိတဲ့စြမ္းအင္ေတြရေနတယ္ဦးေလး…သူတို႔က သာမာန္လူေတြမဟုတ္ဘူး…ပညာရပၱစၡဳခုကို ကြၽမ္းက်င္ေနေအာင္တတ္ထားတဲ့လူေတြျဖစ္ရမယ္…သူတို႔က သရဲတေစၦေတြကိုမေၾကာက္ၾကဘူး…သရဲတေစၦေတြသူတို႔နားကိုမကပ္ႏိူင္ဘူးရွင့္..”
” ငါနားလည္ၿပီ…ဒါဆိုခုက မင္းအဖမ္းခံထားရတယ္ေပါ့ဟုတ္လား…”
” ဟုတ္ပါတယ္..သူတို႔ကကြၽန္မကို ေမွာင္မဲေနတဲ့အခန္းက်ဥ္းေလးထဲမွာ ဖမ္းၿပီးထည့္ထားၾကတယ္…အခန္းနံရံေလးဘက္ေလးတန္ကိုလည္း အစီအမံေတြလုပ္ထားေတာ့ ကြၽန္မထြက္ေျပးလို႔မရဘူးျဖစ္ေနတယ္…ဒါေၾကာင့္ ဦးေလးကိုအကူအညီေတာင္းရတာပါ…ကြၽန္မကိုကယ္ေပးပါရွင့္…ကြၽန္မလြတ္ေျမာက္ခ်င္လွၿပီ…”
” ငါကဘယႅိဳကူညီရမလဲ…ဒီလူေတြကပညာသည္ေတြဆိုငါကဘယ္လိုလုပ္ၿပီးမင္းကိုကူညီရမလဲ အႀကံရွိရင္လည္းေျပာျပပါဦး….”
” အထက္ပညာရပ္တတ္တဲ့သူတစ္ေယာက္ေယာက္ကိုရွာၿပီး ဒီအစီအရင္ေတြကိုဖယ္ရွားေပးခိုင္းပါ…ဒီအစီအရင္ေတြေၾကာင့္ကြၽန္မအရမ္းနာက်င္ပူေလာင္ေနရပါတယ္ရွင့္…ေက်းဇူးျပဳၿပီးကယ္ေပးပါ…”
” ခကၱာဘဲ…ေအးေအးမင္းကငါ့အေပၚေက်းဇူးရွိခဲ့ဖူးေတာ့ငါလည္းေက်းဇူးျပန္ဆပ္ရတာေပါ့…ကဲငါမင္းကိုဒီအခ်ဳပ္အေႏွာင္ကေနလြတ္ေအာင္ကူညီေပးပါ့မယ္…”
” အား…ေက်း…ေက်းဇူးပါရွင့္…ကြၽန္…ကြၽန္မကိုေခၚေနၾကၿပီ…အား…ပူတယ္
..ပူတယ္…မလုပ္နဲ႔… ”
ဆိုၿပီးေကာင္မေလး၏အသံမွာတေျဖးေျဖးေဝဝါးေပ်ာက္ကြယ္သြားေလသည္။ ထိုအခ်ိန္မွ သစ္ေတာဦးစီးလည္းအိပ္မက္မွလန႔္ႏိုးလာၿပီး ေခြၽးေစာမ်ားပင္ျပန္ေနသည္။
အိမ္မက္ဟုသာဆိုေသာ္လည္း အမွန္တကယ္ျဖစ္ေနသည့္အတိုင္းပင္။ သို႔ေၾကာင့္ သစ္ေတာဦးစီးမႉးသည္ အကူညီရလိုရ်ငား အထက္ပညာလိုက္စားသူမ်ားကိုအကူအညီလိုက္ေတာင္းေနေတာ့သည္။
ဦးဖိုးစိန္တစ္ေယာက္မိမိ၏အခန္းငယ္ေလးထဲတြင္တစ္ေယာက္ထဲအလုပ္ရႈပ္ေနသည္။ လေတၱလာမြ ဖမ္းဆီးထားေသာဝိညာဥ္ပုလင္းေလးက အနီေရာင္ေျပာင္းေန၏။ ထိုဝိညာဥ္သည္ သူ၏အလုပ္အားေႏွာင့္ယွက္သည့္အျပင္ တပည့္ႏွစ္ေယာက္ကိုပါ.အဖမ္းခံရေအာင္လုပ္လိုက္ေသာေၾကာင့္ သူအလြန္ေဒါသထြက္သြားသည္။ သို႔ေၾကာင့္ေျမေၾကာရႈံ႕ၿပီး ေကာင္အေလး၏႐ုပ္အေလာင္းျမဳပ္ႏွံထားေသာေနရာကို အာ႐ုံခံၿပီးရွာေဖြကာ ေကာင္မေလး၏ လက္ဖ်ံ႐ိုးကိုယူၿပီး အစီအရင္လုပ္ကာ ဝိညာဥ္ထိန္းခ်ဳပ္ထားလိုက္သည္။
သစ္ေတာစခန္းရွိဦးစီးမႉးကားဝိညာဥ္သရဲမေလးကိုကူညီေပးႏိူင္မည့္ အထက္လမ္းဆရာမ်ားကိုစုံစမ္းရင္း ေမာင္ေရခဲတို႔ဆရာတပည့္သတင္းအစအနကိုၾကားလိုက္ရသည္။ သို႔ေၾကာင့္ အကူအညီရလိုရညား ကုန္းတတန္ေလွတတန္ျဖင့္ခရီးႏွင္ရင္း ေမာင္ေရခဲတို႔နဲ႔ေတြ႕ဆုံခဲ့သည္။
” လာရင္းကိစၥေလးဆိုစမ္းပါဦး ဦးေလးေရ…ၾကည့္ရတာအပူေတြပါေနသလိုပါဘဲလား…”
႐ြာသူႀကီး၏ဦးေဆာင္လမ္းျပမႈျဖင့္ ေမာင္ေရခဲ၏အိမ္သို႔ေရာက္လာခဲ့ၿပီး အ႐ြယ္ငယ္ငယ္ ဥပဓိ႐ုပ္သန႔္သန႔္ျဖင့္ ရည္မြန္ပုံရွိေသာလူငယ္ေလးကိုေတြ႕ခဲ့ရသည္။ လူငယ္ေလးသည္ ျဖတ္လတ္ထက္ျမက္ၿပီး အကဲခတ္ဉာဏ္ေကာင္းလြန္းလွသည္။ အမူအရာအေျပာအဆိုကိုၾကည့္႐ုံျဖင့္ သာမာန္လူမဟုတ္ႏိုင္မွန္း သိႏိုင္သည္။ လူငယ္ေလးက ဧည့္ဝတ္ေက်ပြန္စြာ ဧည့္ခံၿပီး လာရင္းကိစၥကိုေမးျမန္းသည္။
” အကူအညီေတာင္းစရာရွိလို႔ပါ သားေရ…”
” ဦးေလးတို႔ကအေဝးကေန ဒီကိုေတာင္လာတယ္ဆိုေတာ့ေပါ့ေသးေသးကိစၥေတာ့မဟုတ္ေလာက္ဘူး…”
” မွန္တာေပါ့သားရာ…ဦးေလးအစအဆုံးေျပာျပမယ္…ဦးေလးနာမည္က ဦးရည္မြန္တဲ့…ေနတာကဧရာဝတီတိုင္းမွာ..အဲဒီမွာတစ္သက္နဲ႔တစိကိုယ္မႀကဳံဖူးတဲ့အျဖစ္နဲ႔ႀကဳံခဲ့ရလို႔ကြဲ႕…”
ဆိုကာဦးရည္မြန္ဆိုသူသည္ သူႀကဳံေတြ႕ခဲ့ရေသာ အေၾကာင္းအရာမ်ားကို ေစ့စပ္ေသခ်ာစြာမခြၽင္းမခ်န္ေျပာျပေလသည္။ ေမာင္ေရခဲ ကေခါင္းတဆတ္ဆတ္ၿငိမ့္ၿပီး
” ဪ…လက္စသတ္ေတာ့ ေအာက္လမ္းဆရာတစ္ေယာက္ရဲ႕ ဖမ္းဆီးထိန္းခ်ဳပ္မႈကိုခံရတာကိုး…”
” ဗ္ာ…ေအာက္လမ္းပညာဟုတ္လားသား…”
” ဟုတ္တယ္ဗ်…က်ဳပ္တို႔ပညာရပ္မွာ မဟာဂႏၶာရီ၊စူဠဂႏၶာရီဆိုၿပီးရွိတယ္ဗ်…မဟာဂႏၶာရီကအထက္ပညာရပ္ေပါ့..စူဠဂႏၶာရီက ေအာက္ပညာရပ္ေပါ့..ေအာက္လမ္းပညာရပ္ဆိုေပမဲ့ ေကာင္းတဲ့ဘက္မွာသုံးရင္ ထြက္ရပ္ေတာင္ျမန္းႏိုင္တယ္…မေကာင္းတဲ့ဘက္သုံးရင္ အဆိုးဆုံးထိလုပ္ႏိုင္တယ္ဗ်…”
” ဒါေတြကိုဦးေလးတို႔္က သိပ္ၿပီးအယုံအၾကည္မရွိဘူးသားရ…အဲဒီကိစၥျဖစ္ၿပီးမွဘဲ လက္ေတြ႕ယုံၾကည္သြားတာ…တကယ္ေတာ့ေလာကမွာ လူေတြလက္လွမ္းမမွီႏိူင္တဲ့အရာေတြအမ်ားသားပါလားဗ်ာ…”
” ဟုတၱယၺ္…ဒီကိုဦးေလးတို႔လာေနတဲ့အခ်ိန္အေတာအတြင္းမွာေတာင္ ဟိုမွာဖမ္းဆီးခံထိထားတဲ့ဝိညာဥ္ဟာ အမ်ိဳးမ်ိဳးေသာ ညည္းပမ္းႏွိပ္စက္မႈကိုခံရႏိုင္တယ္…”
ေမာင္ေရခဲက ထိုသို႔ေျပာမွ ဦးရည္မြန္သည္သူအိပ္မက္မက္တုန္းက ေနာက္ဆုံးၾကားခဲ့ရေသာ ေကာင္မေလး၏နာက်င္စြာေအာ္ဟစ္ေနသည္ကိုျပန္လည္သတိရမိသြားသည္။
” ဟင္…အိမ္မက္ထဲကေတာင္ ေခလးေမလးက အရမ္းနာက်င္ၿပီးေအာ္ဟစ္ညည္းညဴေနရွာတယ္..သားတို႔္ကူညီႏိုင္ရင္ ကူညီေပးပါဦး…ေက်းဇူးမေမ့ပါဘူး…”
” စိတ္ခ်ပါဦးေလးေရ..ကြၽန္ေတာ္အတတ္ႏိူင္ဆုံးကူညီေပးပါ့မယ္…ဒီေန႔ေတာ့ဦးေလးအရင္ျပန္သြားႏွင့္လိုက္ ကြၽန္ေတာ္တို႔လိုက္လာခဲ့မယ္…”
” ျဖစ္ပါ့မလားသားတို႔ရာ..ဦးေလးနဲ႔တစ္ခါထဲလိုက္ခဲ့ေပးလို႔ရမလား…””
” လိုက္ခဲ့လို႔ေတာ့ရပါတယ္..ဒါေပမဲ့အရာရာေနာက္က်သြားလိမ့္မယ္ဗ်…”
” ဒါဆိုလည္း သားတို႔အဆင္ေျပသလိုလုပ္ေပးပါ…ေက်းဇူးမေမ့ပါဘူး…”
ဆိုကာ ေမာင္ေရခဲ တို႔ကိုႏူတ္ဆက္ၿပီး ႐ြာသူႀကီးႏွင့္အတူျပန္သြားေလသည္။
” ကဲထင္ေပၚေရ..တို႔ေတာ့တပြဲတလမ္းႏြဲရေတာ့မယ္…ျပင္ဆင္စရာရွိတာျပင္ထား…ဒီညဘဲခရီးထြက္ၾကမယ္……”
ဆိုကာဘုရားခန္းထဲဝင္ၿပီး လိုအပ္သည့္အရာမ်ားကိုျပင္ဆင္ထားလိုက္သည္။ ညသန္းေခါင္အခ်ိန္ေရာက္ေသာ္ ေကာင္းကင္ခရီးျဖင့္ဧရာဝတီတိုင္းထဲရွိ ေအာက္လမ္းဆရာရွိရာေနရာသို႔ေရွးရႉလာခဲ့သည္။
ဦးဖိုးစိန္ဆိုေသာသူ၏အိမ္တြင္ကား သစ္ပင္ႀကီးငယ္မ်ားျဖင့္အုံ႔ဆိုင္းေနသည္။ သစ္လုံးအိမ္ထဲရွိမီးအလင္းေရာင္အနည္းငယ္ရေနေသာ ေနရာတြင္ကား ဝတ္႐ုံမဲႀကီးဝတ္ထားေသာလူတစ္ေယာက္သည္ အေဆာင္လက္ဖြဲ႕မ်ားပတ္ထားေသာ ဖန္ပုလင္းတစ္လုံးအားကိုင္ၿပီး လႈပ္ရမ္းခါကာ
” ေသစမ္းေကာင္မ..ညည္းကအက်ဥ္းခ်ထားတာေတာင္ မေနာစိတ္နဲ႔အကူအညီရွာရဲေသးတယ္ေပါ့..အကူအညီေတာ့မရဘူးဒါေတာ့ရမယ္…ေရာ့……”
ဆိုကာ ထိုလူသည္ဖန္ပုလင္းထဲသို႔ သူတတ္ထားေသာငရဲမီးစက္အတတ္ျဖင့္ မႈတ္သြင္းကာ ေလာင္မီးခ်ေလ၏။
” အား…ပူတယ္..ပူတယ္…မလုပ္နဲ႔..
ပူတယ္…”
” ခုေတာ့နာက်င္ေနၿပီမလား..ႏွစ္ဘဝမေသခ်င္ရင္ ေအးေဆးေနေလ…နင့္ေၾကာင့္ငါ့တပည့္ေတြအဖမ္းခံရသလို ငါ့စီးပြားေရးလဲ ထိုးက္ၾသားခဲ့ရတာ..ေသစမ္း…”
” အား…မလုပ္နဲ႔… မလုပ္ပါနဲ႔…ေတာင္းပန္ပါတယ္…ကြၽန္မအရမ္းပူေလာင္ေနၿပီ..
ေတာ္ပါေတာ့… ”
ဆိုကာ ပုလင္းေလးထဲမွဖမ္းခ်ဳပ္ညည္းပမ္းခံရသူ ေကာင္မေလးသည္ ငရဲမီးေတာက္၏ ဝါးမ်ိဳျခင္းကိုနာက်င္စြာခံစားရေလသည္။
” ရပ္လိုက္စမ္း မိစာၦေကာင္..သင္ကအားႏြဲ႕သူကိုအားမေပးဘဲ ဘာလို႔ညည္းပမ္းႏွိပ္စက္ေနရတာလဲ…”
တည္ၿငိမ္ေအးခ်မ္းေသာေလသံျဖင့္ လူတစ္ေယာက္က သူ႔အိမ္ထဲေရာက္ေနသျဖင့္ဦးဖိုးစိန္ေၾကာင္ေတာင္ေတာင္ျဖစ္သြားသည္။
” ဘယ္သူလဲေဟ့…ငါ့အိမ္ထဲအခြင့္မရွိဘဲဝင္လာတာ…အတင့္ရဲလွေခ်လား..အသင္တစ္ေခ်ာင္းအပိုပါလို႔ထင္တယ္…”
ဦးဖိုးစိႏၠ ကိုင္ထားေသာဖန္ပုလင္းကိုခုံေပၚတင္ထားလိုက္ၿပီး ေမာင္ေရခဲဘက္လွည့္လာသည္။
” ဘယ္ကကေလးေပါက္စလဲ ညႀကီးမင္းႀကီးငါ့အိမ္ဝန္းထဲဝင္လာရဲတာ…စိန္ခဲတို႔ ငမဲတို႔ဘာလုပ္ေနၾကတာလဲ…လူတစ္ေယာက္လုံး အိမ္ထဲဝင္လာတာေတာင္ ဘာလို႔မတားၾကတာလဲ…ေတာက္!
ဆိုကာ သူ႔အိမ္ေဘးပတ္ဝန္းက်င္မွ သူေမြးထားေသာသဘက္ႀကီးတို႔အားေခၚေလ၏။
ေမာင္ေရခဲ လည္း
” နင့္ခ်ဳပ္ေႏွာင္ၿပီးေမြးထားတဲ့အေကာင္ေတြအားလုံး ငါလြတ္ေပးလိုက္ၿပီ…ရွာမေနနဲ႔ေတာ့….”
ထိုစကားေၾကာင့္ ဦးဖိုးစိန္ေဒါသထြက္သလို ေကာင္ေလး၏ ကိုယ္ရွိန္ကိုယ္ဝါကိုလည္း သတိထားမိသြားၿပီး အထက္လမ္းဆရာတစ္ေယာက္ျဖစ္မွန္းသေဘာေပါက္သြား၏။
” ဪ…လက္စသတ္ေတာ့ ဟိုေကာင္မကိုအကူအညီေပးမဲ့သူကိုး…ဟားဟားဟား…လူကျဖင့္ႏို႔နံ႔မစင္ေသးဘူး…ငါ့အိမ္စည္းဝိုင္းထဲဝင္လာရဲတယ္..ဧကႏၲဖိုးစိန္အေၾကာင္းမသိေသးလို႔နဲ႔တူတယ္…”
ဆိုကာ ဦးဖိုးစိန္သည္မႏၲာန္တစ္ခုအား႐ြတ္ဖတ္လိုက္၏။ ထိုစဥ္ေခြးမ်ားဆြဲဆြဲငင္ငင္အူလာၿပီး မၾကာမွီ ၿခံဝိုင္းအျပင္ဘက္မွထိုးထိုးေဟာင္ၾက၏။
” အူး…ဝူး….ဝူး….ဝူး..”
” ဝုတ္…ဝုတ္..ဝုတ္…”
အေကာင္သုံးဆယ္ခန႔္မကေသာေခြးမ်ားကၿခံဝန္းထဲၾကည့္ၿပီး ထိုးထိုးေဟာင္ေနသျဖင့္ ေမာင္ေရခဲ သည္ သူ၏မေနာဓာတ္အားျဖန႔္က်က္ၿပီးၾကည့္လိုက္ရာ ေအာက္လမ္းဖိုးစိန္သည္ သက္တမ္းရင့္သရဲသဘက္ႀကီးမ်ားအား ဆင့္ေခၚၿပီးသူ႔အားသတ္ခိုင္းေနသည္ကို သိလိုက္ရသည္။
” ဟားဟားဟား….ေျပးႏိုင္ရင္ေျပးစမ္းေကာင္ေလး…နင္ကကိုယ့္ေသတြင္းကို ကိုယ္တိုင္ လာတူးေနတာဘဲ…”
” အေျပာမႀကီးနဲ႔ဦးေလး…အသက္ႀကီးၿပီးအခ်ိန္မစီးတဲ့အလုပ္ေတြလုပ္မေနပါနဲ႔ေတာ့…ဖမ္းဆီးထားတဲ့ဝိညာဥ္ေတြအကုန္လုံး လြတ္ေပးလိုက္စမ္း…”
” အမယ္…ကေလးသာဆိုတယ္ ေလ လုံးကသိပ္ထြားေနပါလား…ကဲအျပင္ကေကာင္ေတြ အထဲဝင္လာၿပီး ဒီႏွပ္ေခ်းစားေလးကို တစ္စစီျဖစ္ေအာင္လုပ္လိုက္ၾကစမ္း…ဟား…ဟား..
ဟား..”
ေအာက္လမ္းဖိုးစိန္က ထိုသို႔ေခၚလိုက္ရာ သစ္လုံးအိမ္ေလးမွာသိမ့္ခနဲတုန္သြားၿပီး အ႐ြယ္အစားစုံ၊ပုံသ႑ာန္အစုံေကာင္မ်ား အိမ္ထဲသို႔အလုအယက္ေျပးဝင္လာၾက၏။ ေမာင္ေရခဲလည္း မေနာဓာတ္ျဖင့္ သူ၏ပတ္ပတ္လည္အားစည္းခ်ထားလိုက္၏။ ထိုအခ်ိန္ထိထင္ေပၚသည္ ေမာင္ေရခဲခိုင္းထားသည့္အတိုင္း တစ္ေနရာတြင္ေစာင့္ေနေလ၏။
” ဝုန္း….”
” ေဖာင္း…ေဖာင္း….”
” အာား….”
” ဝူး..ဝါး…အား..”
ေမာင္ေရခဲထံေျပးဝင္လာေသာ သရဲသဘက္တို႔မွာ ေမာင္ေရခဲတားထားေသာ စည္းနဲ႔႐ိုက္မိၿပီး ေပါက္ကြဲကာအေဝးသို႔လြင့္စင္ၿပီး ေပ်ာက္ကြယ္သြားကုန္၏။ ထိုအျဖစ္ကိုျမင္ေသာ ဦးဖိုးစိန္ကေမာင္ေရခဲကိုပို၍ေဒါသထြက္သြား၏။
” ေတာက္! မင္းပညာေလးနဲ႔ငါ့ကိုအာခံတယ္လား….ေရာ့ငါ့ရဲ႕သံေသဓားအစြမ္းကိုျမည္းၾကည့္စမ္း”
ဆိုကာ တစ္ထြာသာသာဓားေလးတစ္ေခ်ာင္းကိုဓားအိမ္ထဲမွထုတ္ၿပီး အသက္သြင္းလိုက္၏။ ထိုအခါသံေသဓားမွာ လႈပ္လႈပ္ႂကြႂကြျဖစ္လာၿပီး အလြန္ေသြးဆာလာ၏။ ဖိုးစိန္ကထိုဓားဦးခြၽန္ျဖင့္သူ၏လက္ေမာင္းအား ထိုးေဖာက္လိုက္၏။ ႏုတ္မွလည္း
” သင္သည္ကြၽႏ္ုပ္၏ ေသြးကိုေသာက္ၿပီးေခ်ၿပီ…သို႔အတြက္သင္သည္ ကြၽႏ္ုပ္၏အမိန႔္အားတေသြမတိမ္းနာခံရမည္…ယခုကြၽႏ္ုပ္သင့္ကိုအမိန႔္ေပးမယ္…သင့္ေရွ႕ကလူရဲ႕ဦးေခါင္းကိုျဖတ္ၿပီး သူ႔လည္ေခ်ာင္းေသြးျဖင့္ ငါ့အားပူေဇာ္ေစ…”
ဆိုကာဓားအား ေမာင္ေရခဲထံပစ္လိုက္၏။
ေမာင္ေရခဲလည္း ေလထဲသို႔အကာအကြယ္အင္းတစ္ခ်ပ္ကိုဆြဲၿပီး ကာလိုက္၏။
” ႐ႊီး..”
” ဖုန္း…ဝုန္း…”
အင္းခ်ပ္နဲ႔သံေသဓားတို႔၏ ထိေတြ႕သံေၾကာင့္ တဖုန္းဖုန္းျမည္သြားသည္။ သို႔ေသာ္ဓားမွ ာ ရပၼၾသားဘဲ အတင္းအဓမၼတိုးဝင္ၿပီးေမာင္ေရခဲ၏ လည္ပင္းအားျဖတ္ရန္တကဲကဲျဖစ္ေနသည္။
” ဟားဟားဟား..ဘာတတ္ႏိူင္ေသးလဲေကာင္ေလးေရ…ေသေပေတာ့…”
ဆိုကာဦးဖိုးစိန္သည္ မႏၲာတစ္ပုဒ္အားထပ္မံ႐ြတ္ဆိုလိုက္၏။ ေမာင္ေရခဲလည္း ရန္မူေနေသာေအာက္လမ္းေကာင္အား ဆုံးမမွရေတာ့မည္ဟုေတြးကာ တန္ျပန္အင္းခ်ပ္အားအသက္သြင္းၿပီး ဓား၏အ႐ိုးေပၚပညာျဖင့္ကပ္လိုက္၏။ ထိုအခါသံေသဓားသည္ ဦးတည္ခ်က္ေျပာင္းသြားၿပီး ပိုင္ရွင္ထံေျပးဝင္လာ၏။ ထိုအျဖစ္ေၾကာင့္ ဦးဖိုးစိန္သည္ဟန္ခ်က္ပ်က္သြားၿပီး မႏၲာန္ကိုလည္း ဌာန္ဂ႐ိုဏ္းက်စြာမဆိုႏိူင္ဘဲျဖစ္သြား၏။
” ဟာ…..”
ဓားဦးမွာသူ၏ေရွ႕တည့္တည့္သို႔ေရာက္ရွိေန၏။ ဖိုးစိန္လည္း သူ၏ငရဲမီးစက္အင္းျဖင့္အျမန္ကာပစ္လိုက္၏။
” ဝုန္း…”
” ေဖာင္း..ေဖာင္း….”
ဟူေသာအသံက်ယ္ေလာင္စြာျမည္သြားၿပီး ေအာက္လမ္းဖိုးစိန္၏ စက္မ်ားျပတ္ထြက္ကုန္၏။ ထိုအခါအေျခအေနမဟန္ေတာ့မွန္းသိသျဖင့္ ဦးဖိုးစိန္တစ္ေယာက္အေမွာင္မဲထဲလစ္ေျပးေတာ့၏။ သို႔ေသာ္ ေနာက္က်သြားေခ်ၿပီ။ သံေသဓားသည္ ေအာက္လမ္းဖိုးစိန္၏လည္ပင္းအားတိခနဲေနေအာင္ျဖတ္ၿပီး ဓားတစ္ခုလုံးေသြးမ်ားစြန္းထင္းသြားသည္။ ေသြးဝသြားေသာ ဓားသည္ကား ေသြးအိုင္ထဲၿငိမ္သက္လ်က္ရွိေနသည္။ အျပစ္ႀကီးမားလြန္းသူဖိုးစိန္ကား ေသၿပီးသည္ႏွင့္ခ်က္ခ်င္းမီးေတာက္ေလာင္ၿပီးျပာက်သြားေလသည္။ ေမာင္ေရခဲ လည္း သစ္လုံးအိမ္ထဲရွိဖန္ပုလင္းငယ္ကိုဖြင့္ကာဝိညာဥ္မေလးကို လြတ္ေပးလိုက္၏။ ထိုအခါ မွဖမ္းဆီးခံရသူဝိညာဥ္မေလးမွာ ေမာင္ေရခဲအား ေက်းဇူးတင္ေသာမ်က္ဝန္းျဖင့္ၾကည့္ၿပီး ေဝဝါးေပ်ာက္ကြယ္သြားေလေတာ့သည္။ ေမာင္ေရခဲ လည္းသံေသဓားကိုယူၿပီး အဝတ္ျဖဴစျဖင့္ပတ္ကာသိမ္းထားလိုက္သည္။ ကိစၥအားလုံးၿပီးစီးသြားသျဖင့္ ေမာင္ေရခဲ ကျပန္မည္အလုပ္နားထဲတြင္ ေတဇ၏အကူအညီေတာင္းသံကိုၾကားလိုက္ရသျဖင့္
” ကဲထြက္လာလို႔ရၿပီထင္ေပၚေရ…ေအာက္လမ္းေကာင္ေတာ့သူ႔လမ္းသူသြားၿပီ…ငါတို႔အေရးႀကီးသြားစရာရွိတယ္…ေတဇတို႔ဘီလူးကေဝေၾကာင့္အကူအညီလိုအပ္ေနတယ္..ခုခ်က္ခ်င္း သြားကူညီရမယ္…”
” ဟုတ္သြားၾကမယ္ဆရာ…”
ဆိုကာႏွစ္ေယာက္သား ေတဇတို႔ရွိရာသို႔ သြားေရာက္အကူအညီေပးရန္အလွ်င္အျမန္သြားၾကေလေတာ့သည္။
ေမာင္ေရခဲ တို႔ကူညီေပးၿပီးေနာက္ပိုင္း သစ္ေတာဦးစီးက ဝိညာဥ္မေလးအားေနာက္ဆုံးအႀကိမ္အျဖစ္အိပ္မက္မက္ေလ၏။ အိပ္မက္ထဲတြင္ကား သူမသည္လူတစ္ေယာက္၏အကူအညီေၾကာင့္ အခ်ဳပ္အေႏွာင္ဘဝမွ လြတ္ေျမာက္သြားၿပီျဖစ္ေၾကာင္း၊ဦးစီးမႉးကိုလည္း ေက်းဇူး တင္ေၾကာင္းေျပာၿပီး ေပ်ာက္ကြယ္သြားေလသည္။ ထိုအိမ္မက္ေၾကာင့္ သစ္ေတာဦးစီးမႉးက ဝမ္းသာမဆုံးျဖစ္ၿပီး လူငယ္ေလးႏွစ္ေယာက္ကိုလည္း အထူးပင္ေက်းဇူးတင္ေနမိေတာ့သည္။……။
( ဇာတ္လမ္းေက်ာ႐ိုးကိုေျပာျပေပးေသာ သူအားအထူးေက်းဇူးတင္ပါသည္။ အားေပးဖတ္ရႈသူတစ္ဦးတစ္ေယာက္ခ်င္းစီကိုလည္းအထူးေက်းဇူးတင္ပါသည္။ ကိုယ္စိတ္ႏွလုံးက်န္းမာၾကေစေသာဝ္)
# ၿပီး
# ခြန္း